🔥ဆူးကြိုး...🔥အခန်း(၂၆)🔥 ပထမပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၆)🔥  ပထမပိုင်း


ငှက်ငယ်တစ်ကောင်၏အတောင်ပံသည်

 ငှက်ငယ်လေး၏စိတ်ခွန်အားဖြစ်၍ အတောင်ကျိုးသောငှက်ငယ်ဟာ အပျံမသင်ခဲ့မိတာပိုကောင်းမည်ဟု တွေးတောနေနိုင်သည်။

ငှက်ကလေးဟာ မိုးကုတ်စက်ဝိုင်းကြီးရဲ့

ဘယ်နေရာအထိပျံသန်းနိုင်မှာလဲ။

လောဘမုဆိုးတို့၏လက်မှာ သက်ဆင်းရမည်လား။သူလိုရာအရပ်မှာ ရပ်တန့်လိုက်မည်ဆိုလျှင်

ခရီးအဆုံးလို့သူသတ်မှတ်ထားသည့်အရပ်ဒေသဟာ ဘယ်လိုနေရာများလဲ။


ပြဇာတ်တစ်ပုဒ်တွင် ဇာတ်သိမ်းခန်းရှိသည်။

ရထားတစ်စင်းသည် ဘယ်လိုအလျှင်မျိုးနှင့်ပဲ

ခုတ်မောင်းလာပါစေ နောက်ဆုံးဘူတာတွင်ဆိုက်ရပ်ရစမြဲပင်။ဒါဆိုလျှင် ပုံရိပ်၏ဘ၀ကရော

ဘယ်ဘူတာမှာအဆုံးသတ်သွားရမှာလဲ။


ဇာတ်သိမ်းခန်းမှာတော့ ဇာတ်နာ၍ရင်ကွဲနာကျ

လျှက် အရာအားလုံးဆုံးရှုံးလိုက်ရသောသူ

မဖြစ်လိုပါ။ဇာတ်နာခဲ့လျှင်တောင် အရာအားလုံးကိုအသစ်တဖန်ပြန်ပြင်မည်။သိမ်းငှက်တစ်ကောင်လိုပေါ့။


သက်တမ်း၇၀ကျော်လောက်အထိ နေနိုင်တဲ့သိမ်းငှက်တွေဟာ စူးရှသောမျက်၀န်းတွေနဲ့

ချွန်ထက်လျှက် အညှာအတာမဲ့တတ်သော လက်သည်းတွေကိုပိုင်ဆိုင်သည့်အပြင် အမြင့်၅ကီလိုမီတာလောက်ရှိတဲ့ ကောင်းကင်ယံထက်မှာ ကြာမြင့်စွာယီးလေးခိုလျှက်သားကောင်ကို မြင်ရနိုင်သတဲ့။

ခြင်္သေ့ဟာသားရဲတို့၏ဘုရင်ဆိုပါက သိမ်းငှက်ဟာ ငှက်တို့၏ဘုရင်ပဲ။

ဆိုကြပါစို့သိမ်းငှက်ဟာ ရက်စက်သောအသားစားသတ္တိဝါ...။


သို့သော် အခြားငှက်များနှင့်မတူသောအချက်ဟာ ၎င်း၏အနာခံမှအသာစံနိုင်မည်ဆိုသော ရဲရဲတောက်သည့် စိတ်ဓာတ်ဖြစ်သည်။

အသက်ကြီးလာတာနှင့်အမျှ ထူထဲလာသောလက်သည်းခွံများနှင့် နှုတ်သီးတွေကိုကျောက်တောင်တွေနဲ့ပွတ်တိုက်ကာ အသစ်တဖန်နုသစ်လာဖို့ကြိုးစားရသည်။ရှည်လျားထူပိန်းလာသော အမွှေး၊အတောင်တို့ကိုလည်း အသစ်တဖန်လဲလှယ်ဖို့ ကိုယ့်နှုတ်သီးနှင့်ပင် နာကျင်မှုကိုအံတုလျှက်

ဆွဲနှုတ်ပစ်သည်။

ဒီလိုအရာအားလုံး ပြောင်းလဲပစ်နိုင်ဖို့

ရက်ပေါင်း၁၅၀လောက်ကြာအောင် သေကောင်ပေါင်းလဲနာကျင်မှုကို ကြိတ်မှိတ်သည်းခံခဲ့ရရှာသည်။


ဒီ့အတွက်အကျိုးကျေးဇူးကတော့ သစ်လွင်သောအတောင်အမွှေးတို့နှင့် တဖန်ပြန်လည်ဝံ့ကြွားနိုင်ပြီး ချွန်ထက်သည့်လက်သည်းခွံအသစ်များဖြင့် သားကောင်ကိုလျှင်မြန်စွာ ထိုးဆိုက်သုတ်ချီနိုင်မည်ဖြစ်သလို လေအဟုန်တွင် တဖန်ပြန်၍ရဲစွမ်းသတ္တိပြနိုင်မည်ဖြစ်သည်။

ထိုသို့အနာမခံခဲ့ပါက အသက်ဇီဝိန်ချုပ်သည်အထိ ကြမ်းရှအိုရင့်သောအမွှေးအတောင်တို့ကို

ထမ်းထားရမှာဖြစ်သလို ထုတက်နေသောနှုတ်သီးနှင့် အသုံးမတည့်တော့သောခြေသည်းတွေကို 

ချိနဲ့အားပျက်စွာလက်ခံထားရပေလိမ့်မည်။


ပုံရိပ်သည် တခါတရံ စိတ်ထွက်ပေါက်အဖြစ်ညည်းတွားမိသည်။အော်ငိုမိသည်။ပြန်တွေးကြည့်တဲ့အခါ ကိုယ်ခံစားရသည့် ဝေဒနာဟာသိမ်းငှက်လိုကိုယ့်အတောင်ပံကို ကိုယ်တိုင်ထိုးဆိတ်ချွတ်နေရသလောက်ရော နာရဲ့လား။ထိုအခါ သိမ်းငှက်တစ်ကောင်လောက်တောင် သတ္တိမရှိသောကိုယ့်ကိုကိုယ်ပြန်ရှုံ့ချမိတယ်။


ရက်ပေါင်း၁၅၀ကြာအောင် နာကျင်မှုကို သည်းခံနိုင်ခဲ့တဲ့သိမ်းငှက်တစ်ကောင်ရဲ့ အတိတ်တစ်ခုဟာကိုယ်ထက်ပဲကြမ်းတမ်းနေခဲ့တာလား။

ဒါမှမဟုတ် တော၏မာယာ၊ပတ်၀န်းကျင်၏ပရိယာယ်တွေကို အသားကျသွားခဲ့၍ သန်မာနေခဲ့တာများလား။

သူတို့ကဲ့သို့ မိုးကုတ်စက်ဝိုင်းကြီးထဲမှာ လွတ်လပ်စွာလှည့်ပတ် ပျံသန်းချင်ပါရဲ့။အပေါ်စီးမှနေ၍ ဝေဖန်ကဲ့ရဲ့ပြစ်တင်မှုများကို လျှစ်လျှူရှုနိုင်ပြီး ဘ၀ကိုအေးဆေးတည်ငြိမ်စွာပဲ ရှင်သန်ရပ်တည်နေနိုင်ချင်သည်။

"အော် ပုံရိပ်၏အဖြစ်ဟာငှက်တစ်ကောင်ကိုတောင်အားကျနေမိတဲ့အဖြစ်ပါလား"


အခြားသူများက သူတို့အာရုံနှင့်သူတို့ရှိနေကြပေမဲ့ ပုံရိပ်ကတော့ ကားပြတင်းပေါက်မှနေ၍ သန်လျှင်တံတားကြီး၏ အလည်ခေါင်တွင်ဖောက်ထားသော ရထားသံလမ်းကြီးကိုကြည့်နေမိသည်။

ဘ၀မှာ တစ်သတ်လုံးအမှတ်ရသွားနိုင်မည့်နေရာပဲ။ ခန့်ထည်ပြီး ခိုင်ခံ့လှသည့် ရထားသံလမ်းကြီးသည် ဘယ်နေရာမှာဆုံးမလဲမသိပေမဲ့ တည်ဆောက်ထားခဲ့သောလူတွေကိုတော့ ချီးကျူးလေးစားမိသည်။


 တံတားကြီးပေါ်ကနေ ကားကိုအရှိန်နှင့်ဖြတ်မောင်းနေတာတောင် မြစ်ပြင်ကြီးကလည်းကမ်းတစ်ဖက်နှင့်တစ်ဖက်အတော်လေးလှမ်းသည်။နေထွက်နေ‌ပြီဖြစ်၍ ကြည်ပြာလဲ့နေသောကောင်းကင်ပေါ်တွင် တိမ်သားဖြူဖြူတို့က အဆုပ်လိုက်‌အထွေးလိုက်နှင့် ဟိုတစ်စုသည်တစ်စုရွေ့လျားနေကြသည်။

ငှက်ကလေး‌တွေဟာ ကောင်းကင်မှာပျံဝဲနေကြသလို တံတားကြီး၏ဘောင်၊တန်းတွေပေါ်မှာ ခိုနားနေကြတာဟာ မျက်စိပသာဒဖြစ်လှသည်။


"ပုံရိပ်....ဟိုမှာကြည့်စမ်း...တိုင်းရင်းသားကျေးရွာရဲ့နန်းမြင့်မျှော်စင်ကြီးကိုတောင်မြင်နေရပြီ....အရမ်းလှတာပဲနော်...ဒီနေ့တော့ငါတို့တိုင်းရင်းသားကျေးရွာကို ၀င်ဖြစ်မှာမဟုတ်ဘူး....

ရေလယ်ကျောက်တန်းကိုပဲ သွားကြမယ်...."


ပုံရိပ်၏ဘေးတွင် လက်ကိုချိတ်ထားလျှက်လိုက်ပါလာသော ယမင်းသည်တစ်ခုခုထူးထူးဆန်းဆန်းတွေ့တိုင်း ပုံရိပ်ကိုလက်ညှိုးတစ်ထိုးထိုးဖြင့် ရှင်းပြပြောပြ‌တတ်သည်။ဆံပင်လေးကို ထိပ်မှာစုချည်ထားပြီး ပန်းခရမ်းရောင်ပိုးသား၀မ်းဆက်လေးကိုမှ လက်တိုချုပ်၍၀တ်ထားလေသည်။

ဒီကနေ့ရဲ့မွေးနေ့ရှင်လေးဆိုတဲ့အတိုင်း မျက်နှာလေးကိုလည်း ပြင်ဆင်ချယ်သထားသည်မှာ ယမင်းရုပ်ကလေးနှင့်ပင်တူနေသည်။

နုနုဥဥချစ်စရာလေးပင်။ဖြူစင်သောအပြုံးပိုင်ရှင်လေးဖြစ်တဲ့အပြင် အဆင့်အတန်းခွဲခြားမှုလည်း လုံး၀မရှိဘူး။


ဟိန်းဇေယျာထက်ကတော့ ဒီခရီးကိုအခေါက်ခေါက်အခါခါသွားဖူး၍လားမသိပေ

အသံကို တိတ်ကျနေသည်။ကျူရှင်အိမ်ကအပြန်မှာ ပုံရိပ်၏အနောက်သို့စက်ဘီးနှင့် တစ်လျှောက်လုံးလိုက်၍ ရေပက်မ၀င်အောင်စကားတွေပြောနေသော ကောင်လေးနှင့်ပင်မတူတော့ပေ။လည်ကတုံးလက်ရှည်ဖွေးဖွေးကို သပ်ရက်စွာ၀တ်ဆင်ထားပြီး အနက်ရောင်ချည်ချောပုဆိုးလေးနှင့် သန့်ပြန့်နေသည်။


ဆံပင်ကလည်း နဖူးအုပ်လျှက် မိန်းမချောချောသည့် သူဖြစ်၍နားကျပ်ကိုနားထဲတွင်ထည့်ကာ မျက်လုံးမှိတ်လျှက်ခပ်တည်တည်သီချင်းနားထောင်နေသောပုံမှာ အခြေကြီးသောမင်းသားနှင့်ပင်တူနေလေသည်။

သူ့အဒေါ်ပါနေ၍ တစ်မျိုးထင်မည်စိုးပြီးပုံရိပ်ကိုစကားမပြောတာလည်း ဖြစ်နိုင်သည်။

ပုံရိပ်သည်လည်း မာနနှင့်ပင်။

သူကမခင်လျှင် ကိုယ်ကလည်းမမင်တော့ 

နှစ်ယောက်သားဟာ တစ်ခါမျှမတွေ့ဖူးသော သူစိမ်းတွေလိုဖြစ်နေသည်။


"ယမင်း...နင်တိုင်းရင်းသားကျေးရွာကိုရောက်ဖူးလား...."


"ရောက်ဖူးတာပေါ့ဟ...ငါတို့ကရန်ကုန်ဇာတိမဟုတ်ပေမဲ့ နှစ်ကြိမ်တောင်ရောက်ဖူးတယ်...

တိုင်းရင်းသားကျေးရွာမှာလေ...

တိုင်းရင်းသား၁၀၀ကျော်ရဲ့ ရိုးရာတွေကိုလေ့လာနိုင်တယ်...တို့ဆိုရှမ်းရိုရာ...ရခိုင်ရိုးရာအိမ်လေးတွေကို၀င်ပြီး...ရိုးရာ၀တ်စုံလေးတွေကိုပါ၀တ်ရင်းဓာတ်ပုံရိုက်ခဲ့သေးတယ်...နောက်မှငါကျောင်းကို

အဲ့ဒီ့ဓာတ်ပုံကိုယူလာပြမယ်...နင်ရော...

တိုင်းရင်းသားကျေးရွာကိုရောက်ဖူးလား..."


"မရောက်ဖူးပါဘူးဟာ...."


ပုံရိပ်ညာလိုက်မိလေပြီ။တိုင်းရင်းသားကျေးရွာကိုရောက်ဖူးတာပေါ့။ဧရာ၀တီတိုင်းမှာမွေးခဲ့ပေမဲ့ အဖေကရန်ကုန်မှာအနေများတဲ့ ရန်ကုန်သားတစ်၀က်၊မန္တလေးသားတစ်၀က်မဟုတ်ပါလား။သံလျင်အမှတ်(၁)တံတားကြီးအပေါ်မှမြင်နေရသော ခပ်ဝေးဝေးမှ ညို့ညို့မှိုင်းမှိုင်းနှင့် သစ်ရိပ်တို့ဝိုင်းရံထားသော နန်းမြင့်မျှော်စင်ကိုငေးကြည့်

လျှက် အတိတ်ခြေရာတွေကို တစ်စဆီပြန်ကောက်နေမိသည်။


အဲ့ဒီ့မျှော်စင်ကြီးပေါ်ကို ဖေဖေရယ်မေမေရယ်နှင့်အတူတက်ခဲ့ဖူးသည်။သို့ပေမဲ့အရမ်းငယ်သော

အချိန်တစ်ခုကဖြစ်၍ အတိတ်ကောက်ကြောင်းတွေကတော့ မှုန်ဝါးလျှက်ခပ်ရေးရေးသာ ပေါ်လာခဲ့သည်။

"အော်...တစ်ခုတည်းသောကြည်နူးစရာမှတ်ဉာဏ်လေးကိုတော့ ဦးနှောက်ကဘာကြောင့်ပီပီပြင်ပြင်

မမှတ်မိရတာလဲ...."

ကိုယ့်ကိုကိုယ်သာ အပြစ်ဆိုမိသည်။

သားမိ၊သားဖသုံးယောက် စက်ဘီးလေးနှင့်တိုင်းရင်းသားကျေးရွာထဲတွင် ပျော်ပျော်ပါးပါးလှည့်ပတ်သွားခဲ့ကြသည့် ပုံရိပ်များကိုလည်း

မြင်ယောင်လာခဲ့သည်။


ပဲခူးမြစ်ကြီးကိုအပေါ်စီးမှတွေ့ရသောအခါ တစ်ဖက်မှာ ပုံရိပ်ကိုပွေ့ချီထားလျှက်

သံလျှင်တံတားကြီးကို လက်ညှိုးထိုးပြနေသော

အဖေ့စကားသံတွေကိုယခုအထိကြားယောင်နေရတုန်းပင်။

ပုံရိပ်မှတ်မိသလောက်မှာတော့ ငသန်လျင်ကိုအစွဲပြုပြီးအလောင်းဘုရားလက်ထက်မှာ

 သန်လျှင်မြို့ဟုအမည်ပေးခဲ့ပုံတွေ သံလျှင်တစ်ဖက်ကမ်းရှိ ဥက္ကလာပတိုင်းပြည်မှ အိမ်ရှေ့စံမင်းနန္ဒာနှင့် ဘောဂသေနမင်း၏သမီးတော်ဖြစ်သော သုသာန်တွင်နေရသူရှင်မွေ့နွန်းမင်းသမီးလေးတို့၏ အချစ်ဇာတ်လမ်းအကြောင်းကိုလည်းပြောပြခဲ့သည်။


ငမိုးရိပ်မိကျောင်းကြီးဆိုသော ရေနတ်သတ္တဝါ

အကြောင်းကိုပြောပြခဲ့၍ ပုံရိပ်ကတောင်

"ဖေဖေရေ...သမီးတို့လည်းတစ်နေ့ကြရင်ငမိုးရိပ်မိကျောင်းကြီးကိုစီးရအောင်....မြိုတော့မချလောက်ပါဘူးနော်..."လို့ပြောတော့ ဖေကြီးကရယ်သည်။


"သမီးရယ်...ငမိုးရိပ်ဆိုတာနတ်မိကျောင်းကွဲ့...

ဖေဖေတို့မမြင်နိုင်ဘူး...ရှိချင်မှလည်းရှိတော့မှာတဲ့လေ...."


ထိုအချိန်ကဆိုလျှင် ချစ်သူနှစ်ယောက်ကိုသေကွဲကွဲစေခဲ့သော မိကျောင်းကြီးကိုပုံရိပ်မုန်းလည်းမုန်းသည်။ ကြိမ်စင်္ကြာနှင့်အရိုက်ခံရ၍သနားလည်းသနားမိသည်။‌

ယခုပစ္စုပ္ပန်မှာ‌ရော၊နောင်သံသရာအဆက်ဆက်မှာပါ ချစ်ရသူများနှင့်သေကွဲ၊ရှင်ကွဲ ကွဲရသောဝေဒနာကိုမခံစားလိုပါပေ။

မေမေသည် ရိုးသားသော‌ တောသူမလေး

တစ်ယောက်ဖြစ်ပြီး ဖေ‌ကြီးကတော့မျိုးရိုးစဉ်ဆက်ပညာတတ်၊ဥစ္စာရှိမျိုးရိုးမှဆင်းသက်လာသူဖြစ်သည်။


"ဖေဖေတို့မျိုးရိုးထဲမှာလေ...ဆရာ၀န်တစ်‌ယောက်တော့အမြဲထွက်တယ်ကွ..."ဟုဖေကြီးတစ်ခါကလက်ခမောင်းခတ်၍ပြောပြခဲ့ဖူးသည်။


"သမီးရဲ့အဖိုးက နာမည်ကြီးခွဲစိတ်ဆရာ၀န်ကြီးလေ...ဘယ်‌လောက်တောင်ချမ်းသာသလဲဆိုရင်

သူတို့ခောတ်မှာတော်ရုံဆရာ၀န်‌တွေကနိုင်ငံခြားမှာ ပညာတော်သင်မသွားနိုင်ဘူး...သမီးရဲ့အဖိုးကတော့ကာလကတ္တားက‌နေတစ်ဆင့်...UKအထိသွားပြီး‌ ဆေးပညာသင်ယူခွင့်ရခဲ့တာ...ဖေကြီးကတော့...

ဆရာ၀န်အလုပ်ကိုလုံး၀စိတ်မ၀င်စားဘူး....


ဖေကြီးကရှေ့နေလုပ်ချင်တာသမီးရဲ့..

မတရားသဖြင့်ခံနေရတဲ့ လူတွေကိုကူညီပေးချင်တာ...တရားခွင်မှာ...တရားမျှတစွာစီရင်ပေးဖို့လျှောက်လွှဲချက်ပေးချင်တာ...ဒါပေမဲ့သမီးရဲ့

အဖိုးကခွင့်မပြုဘူး...ဆရာ၀န်ပဲဖြစ်စေချင်တယ်...

ပြောရရင်သမိုင်းပေးတာ၀န်ကို ဆက်ထမ်းရွက်စေချင်တာပေါ့လေ...ဘိုးဘေးဘီဘင်မှာလည်း...

ခောတ်အဆက်ဆက်ကသမားတော်တွေထွက်ခဲ့တဲ့မျိုးရိုးကို...ဖေဖေကငြင်းဆန်တော့...မျက်နှာကိုလက်သီးနဲ့နှစ်ချက်ဆင့်ထိုးတယ်...


အဲ့ဒီ့နေ့ပြီးတော့ ပါးဆောင်နာလို့ထမင်းတောင်မစားနိုင်ဘူး...အမေကတော့ငိုလို့ပေါ့....အငယ်ဆုံးသားအဆိုးလေးကိုချစ်ရှာမှာပေါ့လေ ..ဖေကြီးကလည်းပါးစပ်ကသာကြီးကျယ်မိတာပါ...မိဘကချမ်းသာတော့...လူ့ပေါ်ကျော့လေးပေါ့...အစ်ကိုကြီးကဆရာ၀န်လိုင်းမှီတော့မှ....သမိုင်းပေးတာ၀န်ကအစ်ကိုကြီးရဲ့ပခုံးပေါ်ကိုပြောင်းသွားတော့တာ...


မန္တလေးကနေခြံခုန်ပြီး...ရန်ကုန်သားလုပ်ရင်း

အိမ်ကိုမပြန်ဖြစ်တော့ဘူး...တကယ်တော့အဖေနဲ့

ရင်မဆိုင်ချင်လို့....သမီးရဲ့အဖိုးကဖေကြီးကို...

နဂါးမျက်စောင်းအမြဲထိုးနေတတ်တာလေ...

ဒါကြောင့်တမင်မပြန်တာ...သမီးအမေနဲ့ညားပြီးနောက်...မင်္ဂလာဆောင်ကိုတောင်လိုက်မလာတဲ့အပြင်...အမေတို့ကိုပါအတင်းပြန်ခေါ်တဲ့အဖေ့ကိုစိတ်နာတယ်...သူတောင်မှသားခန်းပြတ်သေးတာပဲလေ..ဒေါက်တာကြီးဦးမိုးမင်းရဲ့သားက....

သူ့ထက်အကြောတင်းရမှာပေါ့...

ဒီလိုနဲ့မန္တလေးနဲ့ဖေကြီး တစ်စခန်းပျက်သွားပါရော..

.

အင်း...အမေ့အိမ်ကိုလွမ်းတာတော့လွမ်းတာပေါ့...ကိုယ့်မွေးရပ်လေ...ရန်ကင်းတောင်ဆိုတာခြေသလုံးဖက်ပြီးပေါင်းလာတဲ့သူငယ်ချင်းလို

ဖြစ်နေတဲ့နေရာလေ...ကျုံးအရှေ့ဘက်ဆိုတာ 

အားအားတိုင်းသွားထိုင်နေတဲ့နေရာ...မန္တ‌လေးမှာကလည်း လည်ပတ်စရာကတစ်နေရာနဲ့တစ်နေရာ အဝေးကြီးမဟုတ်တော့ အဲ့အချိန်ကဆိုင်ကယ်လ်စီးနိုင်တဲ့အဖေတို့က မင်းသားပဲ...ဂျစ်ကားပေါ်ကိုသူငယ်ချင်း‌‌တွေ တရုန်းရုန်းတင်ပြီးသင်္ကြန်လည်ထွက်တာ....မြို့မယိမ်းအဖွဲ့ကအကမယ်လေးနဲ့တောင် သိကျွမ်း၀င်ခဲ့ရသေးတယ်....

သမီးအမေကိုတော့မပြောနဲ့နော်...ဟား...ဟား....


အဲ့ဒီ့ဂျစ်ကားကြီးနဲ့ပဲ..ကုသိုလ်တော်ရှေ့မှာပန်းရောင်းရတဲ့သူငယ်ချင်းရဲ့ရည်းစားကိုခိုးပေးမိလို့....ကျောတစ်ရာရင်တစ်ရာအပြစ်ပေးခံရတဲ့အပြင်...ဂျစ်ကားစီးရတဲ့ဘ၀ကနေ....

စက်ဘီးပြောင်းစီးလိုက်ရတယ်...

သူငယ်ချင်းတွေရဲ့ကောင်းမှုပေါ့....

သမီးလေးကိုလည်းဆွေပြမျိုးပြ...

သွားပြချင်ပါရဲ့....တစ်နေ့နေ့ပေါ့...."


ဖေကြီးပြောသောတစ်နေ့နေ့ဆိုတာဟာ ရောက်လာနိုင်တော့မယ်မထင်ပါဘူး။မန္တလေးကို စာပို့လိုက်တာကလည်းဘာမှအကြောင်းပြန်မလာခဲ့ဘူး။

ပုံရိပ်ရဲ့ဘ၀ဟာ မိဘတွေနဲ့တွေ့ဖို့ကံပါမလာတော့မဲ့အတူတူ တွေးပြီးတော့ဆွေးမနေချင်တော့ပေ။


                                        🔥ဆူးကြိုး...🔥အခန်း(၂၆)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥  ပထမပိုင္း


ငွက္ငယ္တစ္ေကာင္၏အေတာင္ပံသည္

 ငွက္ငယ္ေလး၏စိတ္ခြန္အားျဖစ္၍ အေတာင္က်ိဳးေသာငွက္ငယ္ဟာ အပ်ံမသင္ခဲ့မိတာပိုေကာင္းမည္ဟု ေတြးေတာေနႏိုင္သည္။

ငွက္ကေလးဟာ မိုးကုတ္စက္ဝိုင္းႀကီးရဲ့

ဘယ္ေနရာအထိပ်ံသန္းႏိုင္မွာလဲ။

ေလာဘမုဆိုးတို႔၏လက္မွာ သက္ဆင္းရမည္လား။သူလိုရာအရပ္မွာ ရပ္တန႔္လိုက္မည္ဆိုလ်ွင္

ခရီးအဆံုးလို႔သူသတ္မွတ္ထားသၫ့္အရပ္ေဒသဟာ ဘယ္လိုေနရာမ်ားလဲ။


ျပဇာတ္တစ္ပုဒ္တြင္ ဇာတ္သိမ္းခန္းရိွသည္။

ရထားတစ္စင္းသည္ ဘယ္လိုအလ်ွင္မ်ိဳးႏွင့္ပဲ

ခုတ္ေမာင္းလာပါေစ ေနာက္ဆံုးဘူတာတြင္ဆိုက္ရပ္ရစၿမဲပင္။ဒါဆိုလ်ွင္ ပံုရိပ္၏ဘ၀ကေရာ

ဘယ္ဘူတာမွာအဆံုးသတ္သြားရမွာလဲ။


ဇာတ္သိမ္းခန္းမွာေတာ့ ဇာတ္နာ၍ရင္ကဲြနာက်

လ်ွက္ အရာအားလံုးဆံုးရႈံးလိုက္ရေသာသူ

မျဖစ္လိုပါ။ဇာတ္နာခဲ့လ်ွင္ေတာင္ အရာအားလံုးကိုအသစ္တဖန္ျပန္ျပင္မည္။သိမ္းငွက္တစ္ေကာင္လိုေပါ့။


သက္တမ္း၇၀ေက်ာ္ေလာက္အထိ ေနႏိုင္တဲ့သိမ္းငွက္ေတြဟာ စူးရွေသာမ်က္၀န္းေတြနဲ႔

ခၽြန္ထက္လ်ွက္ အၫွာအတာမဲ့တတ္ေသာ လက္သည္းေတြကိုပိုင္ဆိုင္သည့္အျပင္ အျမင့္၅ကီလိုမီတာေလာက္ရိွတဲ့ ေကာင္းကင္ယံထက္မွာ ၾကာျမင့္စြာယီးေလးခိုလ်ွက္သားေကာင္ကို ျမင္ရႏိုင္သတဲ့။

ျခေသၤ့ဟာသားရဲတို႔၏ဘုရင္ဆိုပါက သိမ္းငွက္ဟာ ငွက္တို႔၏ဘုရင္ပဲ။

ဆိုၾကပါစို႔သိမ္းငွက္ဟာ ရက္စက္ေသာအသားစားသတၲိဝါ...။


သို႔ေသာ္ အျခားငွက္မ်ားႏွင့္မတူေသာအခ်က္ဟာ ၄၏အနာခံမွအသာစံႏိုင္မည္ဆိုေသာ ရဲရဲေတာက္သၫ့္ စိတ္ဓာတ္ျဖစ္သည္။

အသက္ႀကီးလာတာႏွင့္အမ်ွ ထူထဲလာေသာလက္သည္းခြံမ်ားႏွင့္ ႏႈတ္သီးေတြကိုေက်ာက္ေတာင္ေတြနဲ႔ပြတ္တိုက္ကာ အသစ္တဖန္ႏုသစ္လာဖို႔ႀကိဳးစားရသည္။ရွည္လ်ားထူပိန္းလာေသာ အေမႊး၊အေတာင္တို႔ကိုလည္း အသစ္တဖန္လဲလွယ္ဖို႔ ကိုယ့္ႏႈတ္သီးႏွင့္ပင္ နာက်င္မႈကိုအံတုလ်ွက္

ဆဲြႏႈတ္ပစ္သည္။

ဒီလိုအရာအားလံုး ေျပာင္းလဲပစ္ႏိုင္ဖို႔

ရက္ေပါင္း၁၅၀ေလာက္ၾကာေအာင္ ေသေကာင္ေပါင္းလဲနာက်င္မႈကို ႀကိတ္မိွတ္သည္းခံခဲ့ရရွာသည္။


ဒီ့အတြက္အက်ိဳးေက်းဇူးကေတာ့ သစ္လြင္ေသာအေတာင္အေမႊးတို႔ႏွင့္ တဖန္ျပန္လည္ဝံ့ႂကြားႏိုင္ၿပီး ခၽြန္ထက္သည့္လက္သည္းခြံအသစ္မ်ားျဖင့္ သားေကာင္ကိုလ်ွင္ျမန္စြာ ထိုးဆိုက္သုတ္ခ်ီႏိုင္မည္ျဖစ္သလို ေလအဟုန္တြင္ တဖန္ျပန္၍ရဲစြမ္းသႄတၲပႏိုင္မည္ျဖစ္သည္။

ထိုသို႔အနာမခံခဲ့ပါက အသက္ဇီဝိန္ခ်ဳပ္သည္အထိ ၾကမ္းရွအိုရင့္ေသာအေမႊးအေတာင္တို႔ကို

ထမ္းထားရမွာျဖစ္သလို ထုတက္ေနေသာႏႈတ္သီးႏွင့္ အသံုးမတၫ့္ေတာ့ေသာေျခသည္းေတြကို 

ခ်ိနဲ႔အားပ်က္စြာလက္ခံထားရေပလိမ့္မည္။


ပံုရိပ္သည္ တခါတရံ စိတ္ထြက္ေပါက္အျဖစ္ညည္းတြားမိသည္။ေအာ္ငိုမိသည္။ျပန္ေတြးၾကၫ့္တဲ့အခါ ကိုယ္ခံစားရသၫ့္ ေဝဒနာဟာသိမ္းငွက္လိုကိုယ့္အေတာင္ပံကို ကိုယ္တိုင္ထိုးဆိတ္ခၽြတ္ေနရသေလာက္ေရာ နာရဲ့လား။ထိုအခါ သိမ္းငွက္တစ္ေကာင္ေလာက္ေတာင္ သတၲိမရိွေသာကိုယ့္ကိုကိုယ္ျပန္ရႈံ႔ခ်မိတယ္။


ရက္ေပါင္း၁၅၀ၾကာေအာင္ နာက်င္မႈကို သည္းခံႏိုင္ခဲ့တဲ့သိမ္းငွက္တစ္ေကာင္ရဲ့ အတိတ္တစ္ခုဟာကိုယ္ထက္ပဲၾကမ္းတမ္းေနခဲ့တာလား။

ဒါမွမဟုတ္ ေတာ၏မာယာ၊ပတ္၀န္းက်င္၏ပရိယာယ္ေတြကို အသားက်သြားခဲ့၍ သန္မာေနခဲ့တာမ်ားလား။

သူတို႔ကဲ့သို႔ မိုးကုတ္စက္ဝိုင္းႀကီးထဲမွာ လြတ္လပ္စြာလွၫ့္ပတ္ ပ်ံသန္းခ်င္ပါရဲ့။အေပၚစီးမွေန၍ ေဝဖန္ကဲ့ရဲ့ျပစ္တင္မႈမ်ားကို လ်ွစ္လ်ွူရႈႏိုင္ၿပီး ဘ၀ကိုေအးေဆးတည္ၿငိမ္စြာပဲ ရွင္သန္ရပ္တည္ေနႏိုင္ခ်င္သည္။

"ေအာ္ ပံုရိပ္၏အျဖစ္ဟာငွက္တစ္ေကာင္ကိုေတာင္အားက်ေနမိတဲ့အျဖစ္ပါလား"


အျခားသူမ်ားက သူတို႔အာရံုႏွင့္သူတို႔ရိွေနၾကေပမဲ့ ပံုရိပ္ကေတာ့ ကားျပတင္းေပါက္မွေန၍ သန္လ်ွင္တံတားႀကီး၏ အလည္ေခါင္တြင္ေဖာက္ထားေသာ ရထားသံလမ္းႀကီးကိုၾကၫ့္ေနမိသည္။

ဘ၀မွာ တစ္သတ္လံုးအမွတ္ရသြားႏိုင္မၫ့္ေနရာပဲ။ ခန႔္ထည္ၿပီး ခိုင္ခံ့လွသၫ့္ ရထားသံလမ္းႀကီးသည္ ဘယ္ေနရာမွာဆံုးမလဲမသိေပမဲ့ တည္ေဆာက္ထားခဲ့ေသာလူေတြကိုေတာ့ ခ်ီးက်ူးေလးစားမိသည္။


 တံတားႀကီးေပၚကေန ကားကိုအရိွန္ႏွင့္ျဖတ္ေမာင္းေနတာေတာင္ ျမစ္ျပင္ႀကီးကလည္းကမ္းတစ္ဖက္ႏွင့္တစ္ဖက္အေတာ္ေလးလွမ္းသည္။ေနထြက္ေန‌ၿပီျဖစ္၍ ၾကည္ျပာလဲ့ေနေသာေကာင္းကင္ေပၚတြင္ တိမ္သားျဖဴႁဖူတို႔က အဆုပ္လိုက္‌အေထြးလိုက္ႏွင့္ ဟိုတစ္စုသည္တစ္စုေရြ့လ်ားေနၾကသည္။

ငွက္ကေလး‌ေတြဟာ ေကာင္းကင္မွာပ်ံဝဲေနၾကသလို တံတားႀကီး၏ေဘာင္၊တန္းေတြေပၚမွာ ခိုနားေနၾကတာဟာ မ်က္စိပသာဒျဖစ္လွသည္။


"ပံုရိပ္....ဟိုမွာၾကၫ့္စမ္း...တိုင္းရင္းသားေက်းရြာရဲ့နန္းျမင့္ေမ်ွာ္စင္ႀကီးကိုေတာင္ျမင္ေနရၿပီ....အရမ္းလွတာပဲေနာ္...ဒီေန့ေတာ့ငါတို႔တိုင္းရင္းသားေက်းရြာကို ၀င္ျဖစ္မွာမဟုတ္ဘူး....

ေရလယ္ေက်ာက္တန္းကိုပဲ သြားၾကမယ္...."


ပံုရိပ္၏ေဘးတြင္ လက္ကိုခ်ိတ္ထားလ်ွက္လိုက္ပါလာေသာ ယမင္းသည္တစ္ခုခုထူးထူးဆန္းဆန္းေတြ့တိုင္း ပံုရိပ္ကိုလက္ၫွိုးတစ္ထိုးထိုးျဖင့္ ရွင္းျပေျပာျပ‌တတ္သည္။ဆံပင္ေလးကို ထိပ္မွာစုခ်ည္ထားၿပီး ပန္းခရမ္းေရာင္ပိုးသား၀မ္းဆက္ေလးကိုမွ လက္တိုခ်ဳပ္၍၀တ္ထားေလသည္။

ဒီကေန့ရဲ့ေမြးေန့ရွင္ေလးဆိုတဲ့အတိုင္း မ်က္ႏွာေလးကိုလည္း ျပင္ဆင္ခ်ယ္သထားသည္မွာ ယမင္းရုပ္ကေလးႏွင့္ပင္တူေနသည္။

ႏုႏုဥဥခ်စ္စရာေလးပင္။ျဖဴစင္ေသာအႃပံုးပိုင္ရွင္ေလးျဖစ္တဲ့အျပင္ အဆင့္အတန္းခဲြျခားမႈလည္း လံုး၀မရိွဘူး။


ဟိန္းေဇယ်ာထက္ကေတာ့ ဒီခရီးကိုအေခါက္ေခါက္အခါခါသြားဖူး၍လားမသိေပ

အသံကို တိတ္က်ေနသည္။က်ူရွင္အိမ္ကအျပန္မွာ ပံုရိပ္၏အေနာက္သို႔စက္ဘီးႏွင့္ တစ္ေလ်ွာက္လံုးလိုက္၍ ေရပက္မ၀င္ေအာင္စကားေတြေျပာေနေသာ ေကာင္ေလးႏွင့္ပင္မတူေတာ့ေပ။လည္ကတံုးလက္ရွည္ေဖြးေဖြးကို သပ္ရက္စြာ၀တ္ဆင္ထားၿပီး အနက္ေရာင္ခ်ည္ေခ်ာပုဆိုးေလးႏွင့္ သန႔္ျပန႔္ေနသည္။


ဆံပင္ကလည္း နဖူးအုပ္လ်ွက္ မိန္းမေခ်ာေခ်ာသၫ့္ သူျဖစ္၍နားက်ပ္ကိုနားထဲတြင္ထၫ့္ကာ မ်က္လံုးမိွတ္လ်ွက္ခပ္တည္တည္သီခ်င္းနားေထာင္ေနေသာပံုမွာ အေျခၾကီးေသာမင္းသားႏွင့္ပင္တူေနေလသည္။

သူ႔အေဒၚပါေန၍ တစ္မ်ိဳးထင္မည္စိုးၿပီးပံုရိပ္ကိုစကားမေျပာတာလည္း ျဖစ္ႏိုင္သည္။

ပံုရိပ္သည္လည္း မာနႏွင့္ပင္။

သူကမခင္လ်ွင္ ကိုယ္ကလည္းမမင္ေတာ့ 

ႏွစ္ေယာက္သားဟာ တစ္ခါမ်ွမေတြ့ဖူးေသာ သူစိမ္းေတြလိုျဖစ္ေနသည္။


"ယမင္း...နင္တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးလား...."


"ေရာက္ဖူးတာေပါ့ဟ...ငါတို႔ကရန္ကုန္ဇာတိမဟုတ္ေပမဲ့ ႏွစ္ႀကိမ္ေတာင္ေရာက္ဖူးတယ္...

တိုင္းရင္းသားေက်းရြာမွာေလ...

တိုင္းရင္းသား၁၀၀ေက်ာ္ရဲ့ ရိုးရာေတြကိုေလ့လာႏိုင္တယ္...တို႔ဆိုရွမ္းရိုရာ...ရခိုင္ရိုးရာအိမ္ေလးေတြကို၀င္ၿပီး...ရိုးရာ၀တ္စံုေလးေတြကိုပါ၀တ္ရင္းဓာတ္ပံုရိုက္ခဲ့ေသးတယ္...ေနာက္မွငါေက်ာင္းကို

အဲ့ဒီ့ဓာတ္ပံုကိုယူလာျပမယ္...နင္ေရာ...

တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးလား..."


"မေရာက္ဖူးပါဘူးဟာ...."


ပံုရိပ္ညာလိုက္မိေလၿပီ။တိုင္းရင္းသားေက်းရြာကိုေရာက္ဖူးတာေပါ့။ဧရာ၀တီတိုင္းမွာေမြးခဲ့ေပမဲ့ အေဖကရန္ကုန္မွာအေနမ်ားတဲ့ ရန္ကုန္သားတစ္၀က္၊မႏၲေလးသားတစ္၀က္မဟုတ္ပါလား။သံလ်င္အမွတ္(၁)တံတားႀကီးအေပၚမျွမင္ေနရေသာ ခပ္ေဝးေဝးမွ ညို႔ညို႔မိႈင္းမိႈင္းႏွင့္ သစ္ရိပ္တို႔ဝိုင္းရံထားေသာ နန္းျမင့္ေမ်ွာ္စင္ကိုေငးၾကၫ့္

လ်ွက္ အတိတ္ေျခရာေတြကို တစ္စဆီျပန္ေကာက္ေနမိသည္။


အဲ့ဒီ့ေမ်ွာ္စင္ႀကီးေပၚကို ေဖေဖရယ္ေမေမရယ္ႏွင့္အတူတက္ခဲ့ဖူးသည္။သို႔ေပမဲ့အရမ္းငယ္ေသာ

အခ်ိန္တစ္ခုကျဖစ္၍ အတိတ္ေကာက္ေၾကာင္းေတြကေတာ့ မႈန္ဝါးလ်ွက္ခပ္ေရးေရးသာ ေပၚလာခဲ့သည္။

"ေအာ္...တစ္ခုတည္းေသာၾကည္ႏူးစရာမွတ္ဉာဏ္ေလးကိုေတာ့ ဦးေနွာက္ကဘာေၾကာင့္ပီပီျပင္ျပင္

မမွတ္မိရတာလဲ...."

ကိုယ့္ကိုကိုယ္သာ အျပစ္ဆိုမိသည္။

သားမိ၊သားဖသံုးေယာက္ စက္ဘီးေလးႏွင့္တိုင္းရင္းသားေက်းရြာထဲတြင္ ေပ်ာ္ေပ်ာ္ပါးပါးလွၫ့္ပတ္သြားခဲ့ၾကသည့္ ပံုရိပ္မ်ားကိုလည္း

ျမင္ေယာင္လာခဲ့သည္။


ပဲခူးျမစ္ႀကီးကိုအေပၚစီးမွေတြ့ရေသာအခါ တစ္ဖက္မွာ ပံုရိပ္ကိုေပြ့ခ်ီထားလ်ွက္

သံလ်ွင္တံတားႀကီးကို လက္ၫွိုးထိုးျပေနေသာ

အေဖ့စကားသံေတြကိုယခုအထိၾကားေယာင္ေနရတုန္းပင္။

ပံုရိပ္မွတ္မိသေလာက္မွာေတာ့ ငသန္လ်င္ကိုအစဲြျပဳျပီးအေလာင္းဘုရားလက္ထက္မွာ

 သန္လ်ွင္ၿမိဳ႔ဟုအမည္ေပးခဲ့ပံုေတြ သံလ်ွင္တစ္ဖက္ကမ္းရိွ ဥကၠလာပတိုင္းျပည္မွ အိမ္ေရ႔ွစံမင္းနႏၵာႏွင့္ ေဘာဂေသနမင္း၏သမီးေတာ္ျဖစ္ေသာ သုသာန္တြင္ေနရသူရွင္ေမြ့ႏြန္းမင္းသမီးေလးတို႔၏ အခ်စ္ဇာတ္လမ္းအေၾကာင္းကိုလည္းေျပာျပခဲ့သည္။


ငမိုးရိပ္မိေက်ာင္းႀကီးဆိုေသာ ေရနတ္သတၲဝါ

အေၾကာင္းကိုေျပာျပခဲ့၍ ပံုရိပ္ကေတာင္

"ေဖေဖေရ...သမီးတို႔လည္းတစ္ေန့ၾကရင္ငမိုးရိပ္မိေက်ာင္းႀကီးကိုစီးရေအာင္....ၿမိဳေတာ့မခ်ေလာက္ပါဘူးေနာ္..."လို႔ေျပာေတာ့ ေဖႀကီးကရယ္သည္။


"သမီးရယ္...ငမိုးရိပ္ဆိုတာနတ္မိေက်ာင္းကဲြ႔...

ေဖေဖတို႔မျမင္ႏိုင္ဘူး...ရိွခ်င္မွလည္းရိွေတာ့မွာတဲ့ေလ...."


ထိုအခ်ိန္ကဆိုလ်ွင္ ခ်စ္သူႏွစ္ေယာက္ကိုေသကဲြကဲြေစခဲ့ေသာ မိေက်ာင္းႀကီးကိုပံုရိပ္မုန္းလည္းမုန္းသည္။ ႀကိမ္စႀကၤာႏွင့္အရိုက္ခံရ၍သနားလည္းသနားမိသည္။‌

ယခုပစၥုပၸန္မွာ‌ေရာ၊ေနာင္သံသရာအဆက္ဆက္မွာပါ ခ်စ္ရသူမ်ားႏွင့္ေသကဲြ၊ရွင္ကဲြ ကဲြရေသာေဝဒနာကိုမခံစားလိုပါေပ။

ေမေမသည္ ရိုးသားေသာ‌ ေတာသူမေလး

တစ္ေယာက္ျဖစ္ၿပီး ေဖ‌ႀကီးကေတာ့မ်ိဳးရိုးစဉ္ဆက္ပညာတတ္၊ဥစၥာရိွမ်ိဳးရိုးမွဆင္းသက္လာသူျဖစ္သည္။


"ေဖေဖတို႔မ်ိဳးရိုးထဲမွာေလ...ဆရာ၀န္တစ္‌ေယာက္ေတာ့အၿမဲထြက္တယ္ကြ..."ဟုေဖႀကီးတစ္ခါကလက္ခေမာင္းခတ္၍ေျပာျပခဲ့ဖူးသည္။


                🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

🔥ဆူးကြိုး...🔥အခန်း(၂၆)🔥 ဒုတိယပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၆)🔥  ဒုတိယပိုင်း 


"ပုံရိပ်...နင်ဘာတွေတွေးနေတာလဲ.….နင့်ကြည့်ရတာ...ဒီခရီးကိုလိုက်လာရတာမပျော်သလိုပဲ..."


"မဟုတ်ပါဘူး...ငါပျော်ပါတယ်...ခေါင်းနဲနဲမူးချင်နေလို့ပါ....ကားကအလုံကားဆိုတော့...."


"ဟုတ်လား...ကားမှန်တွေချရင်ငါကအသက်ရှူကျပ်တတ်တယ်ဟ...ကိုထက်ဆီမှာ...ရှူဆေးဗူးတောင်းလိုက်မယ်..."


အမှန်တော့ပုံရိပ်သည် ခေါင်းမူးနေခြင်းမဟုတ်ပဲ

ရင်တွင်းနက်နက်ထဲမှ ၀မ်းနည်းနေခြင်းဖြစ်သည်။

သို့ပေမဲ့အခြားသူတွေကိုဘယ်လိုထုတ်ပြောရမှာလဲ။ယမင်းကတော့ ဟိန်းဇေယျာထက်ဆီမှရှူဆေးဗူးကိုတောင်းနေလေသည်။အစက နားကျပ်တပ်ပြီးညိမ့်နေသော ဟိန်းဇေယျာထက်သည်လည်း ပုံရိပ်ခေါင်းမူးတယ်ဆိုသောအခါ ပြူးပြူးပြာပြာဖြစ်သွားလေသည်။


"ပုံရိပ်...နင်ခေါင်းမူးနေတယ်ဆိုရင်...ငါကားမှန်တွေချလိုက်မယ်လေ...နင်အံချင်နေသလား...ကားရပ်လိုက်မယ်...."


"ဟဲ့ကိုထက်...ရှူးဆေးဗူးပဲထုတ်ပေးစမ်းပါ...

အန်တီညိုပြော‌အုံးမယ်...."


ယမင်းသည်အရှေ့ကားခေါင်းခန်းထဲမှ  မျက်မှောင်ကြုံ့၍ကြည့်နေသော သူတို့၏အဒေါ်ဖြစ်သူကိုမေးငေါ့ပြလိုက်သောအခါမှ ဟိန်းဇေယျာထက်သည်လည်း အဒေါ်ကိုကြောက်ရတယ်ထင်ပါရဲ့ ရှူဆေးဗူးကိုထုတ်ပြီး ပုံရိပ်ကိုကမ်းပေးကာ သီချင်းသာပြန်နားထောင်နေလေသည်။ပုံရိပ်လည်း ရှူဆေးဗူးလေးကိုနှာခေါင်းမှာကပ်ထားလိုက်ပြီး ကားပြတင်းအပြင်သို့သာ ကြည့်နေလိုက်သည်။


ယမင်းတို့၏ အဒေါ်ကြီးသည်ပုံရိပ်ကို ခဏခဏအရိပ်အခြေလှမ်းကြည့်နေ၍ မနေတတ်မထိုင်တတ်ဖြစ်မိသည်။ကြည့်ရတာတော့ ပုံရိပ်၏၀တ်စားဆင်ယင်မှုကြောင့်ဖြစ်နိုင်သည်။ဈေးပေါသော တချည်သားအကွက်၀မ်းဆက်လေးကို

၀တ်ထား သောပုံရိပ်ဟာ သူတို့လိုကြည့်လိုက်တာနှင့်ဈေးကြီးသော တော်၀န်သဇင်ပန်းတွေကဲ့သို့ အရောင်ပျိုးပျိုးပြက်ပြက်ဖြစ်မနေခဲ့တော့ ပစ္စည်းတွေဘာတွေပျောက်ရှမည်ကိုစိုးရိမ်နေသည်ထင်ပါရဲ့။


"ပုံရိပ်ရယ်....ငါ့မွေးနေ့အတွက်ဘုရားကိုသွားမလို့လိုက်ခဲ့စမ်းပါဟာနော်...ဒီနှစ်ဖေဖေကလည်းအလုပ်ရှုပ်နေတော့...လိုက်နိုင်မှာမဟုတ်ဘူး...

ကိုထက်ကလည်းမတတ်သာလို့သာလိုက်ခဲ့မှာ...

ဘုရားကိုရောက်ရင်...သူကသူ့ဘာသူလျှောက်သွားနေမှာ....နော်လိုက်ခဲ့ပါနော်...."


နှလုံးရောဂါသည်လေးဖြစ်နေသောကြောင့် အတင်းပူဆာလွန်းသောအခါ ပုံရိပ်လည်းမနေနိုင်တော့ပဲ

အဒေါ့်ဆီမှခွင့်တောင်းပြီးလိုက်ခဲ့ရသည်။

ဦးသက်ဆွေကတော့ ထုံးစံအတိုင်း မကျေမနပ်

ဖြစ်ကာမြည်တွန်တောက်တီးလျှက်ပေါ့။

ထို့ကြောင့် စုရပ်ကိုကျောင်းရှေ့မှာပဲသတ်မှတ်ပြီး

သူတို့ကားကိုစောင့်ခိုင်းခဲ့သည်။

အခုတော့ ကျီးကန်းတောင်းမှောက်သလိုလိုက်ကြည့်နေတတ်သော သူတို့၏အဒေါ်ကြီးကြောင့်စိတ်ကျဉ်းကြပ်နေရလေပြီ။


ရေလည်ကျောက်တန်းသို့မသွားခင်တွင် ရွှေတိဂုံဘုရားသို့ အရင်၀င်ဖူးခဲ့ကြသည်။

ယမင်းကတော့ သူ့နေ့နာမ်ထောင့်တွင် ရေသပ္ပာယ်ပြီး ပန်းကပ်ကာဘုရား၀တ်ပြုခဲ့လေသည်။

ဘုရားဂေါပကသို့လည်း ငွေလေးသိန်းတိတိလှူဒါန်းခဲ့သည်။ပုံရိပ်သူ့ကိုအားကျမိပါရဲ့ အဒေါ်ဖြစ်သူကလည်း နှလုံးရောဂါသည်တူမလေးကို ဖေးဖေးမမနှင့်အရိပ်တကြည့်ကြည့်စောင့်ရှောက်ရှာလေသည်။

တစ်ခုခုလိုချင်ရင်လည်း ပြာပြာသလဲကိုဖြစ်လို့။


"အော်...သူတို့ကြပြန်တော့လည်းမိဘမရှိတာတောင်...ကုသိုလ်ကံကကောင်းလိုက်တာ...ကိုယ်တွေနှင့်မိုးနဲ့မြေလိုပါပဲလား...."


"ရေး...ရောက်ပြီဟေ့....ပုံရိပ်ရေ...ဆင်းကြမယ်..."


လှေဆိပ်သို့သွားနေစဉ်လမ်းတစ်လျှောက်တွင်လည်း ဈေးဆိုင်တန်းအများအပြားကိုတွေ့ရလေသည်။ပန်းရောင်သူများကလည်း တစ်ယောက်နှင့်တစ်ယောက်အပြိုင်အော်နေကြ၍ နားညည်းပေမဲ့ပျော်စရာတော့ကောင်းသည်။မုန့်ဖိုးပေးဖို့ရန်လာရောက် တောင်းပန်ကြသောကလေးများကိုတွေ့သောအခါ သနားမိ၍ငွေနှစ်ရာတန်လေးတစ်ရွက်ကို ပေးလိုက်မိသည်။


ရေလယ်ကျောက်တန်းဆိုတာရန်ကုန်တိုင်း၏တောင်ဘက်အခြမ်း

ကျောက်တန်းမြို့၊မှော်၀န်းချောင်းထဲမှာတည်ရှိ

သောနေရာလေးပေါ့။ဈေးဆိုင်တန်းတွေလည်းအများအပြားရှိပြီး အမှတ်တရအင်္ကျီဆိုင်တန်းတွေ၊ဦးထုတ်ဆိုင်တွေ၊ဘုရားပန်းဆိုင်၊စားသောက်ဆိုင်

နှင့်အအေးဆို‌င်လေးများလည်းရှိသည်။စီးပွားရေးဈေးကွက်ဆိုတာဒါပေါ့။ဆရာပြော‌ဖူးသောနိုင်ငံတစ်ခုမှာ tourismလုပ်ငန်းကအရေးကြီးတယ်ဆိုသောအချက်ကို နားလည်သလိုတော့ရှိမိသည်။

နာမည်ကြီးသော လည်ပတ်စရာနေရာလေးကိုအရင်းပြုပြီး ပြည်သူတွေကလည်းအကျိုးအမြတ်ရ အစိုးရလည်းအခွန်ငွေရပေါ့။


ဘာတွေဘယ်လောက်ပေါပေါ ကိုယ်ကတော့မ၀ယ်နိုင်ပါဘူးလေ။ပုံရိပ်၏အိတ်ကလေးထဲမှာတော့ အလွန်ဆုံးပါမှတစ်သောင်းပေါ့။ပုံရိပ်ကအဖော်လိုက်ပေးရုံဖြစ်၍ ကိုယ့်အတွက်ကဘာမျှကုန်စရိတ်မရှိပေ။က‌စားစရာအရုပ်ကလေးတွေကို တွေ့တဲ့အခါမှာတော့ ထွန်းကိုနှင့်မိစုကိုသတိရမိလေသည်။ ပုံရိပ်အိမ်ကထွက်လာ‌တော့ အိပ်ရာတောင်မနိုးကြသေးတဲ့ သူတို့လေးတွေဒီနေရာကို လိုက်ခွင့်များရရင် ဘယ်လောက်တောင်ပျော်လိုက်ကြမလဲ။


အလှကြိုက်သူလေးမိစုကတော့ ဦးထုပ်လေးတွေ၊ခြုံပဝါလှလှလေးတွေကို ပူဆာလိုက်မှာပြောမနေနဲ့။

အရမ်းမချမ်းသာရင်နေပါစေ။ကိုယ့်မောင်လေးတွေညီမလေးတွေကိုတော့ တင့်တောင်းတင့်တယ်ထားနိုင်ချင်သည်။မိစုလေးအပျိုရွယ်ရောက်လာတဲ့အခါ ပုံရိပ်လိုမဖြစ်စေချင်ဘူး။


မ၀တ်နိုင်မစားနိုင်နဲ့ သူများအထင်အမြင်သေးတဲ့ဘ၀လေးတွေနှင့်မကြုံစေချင်ပေ။အဒေါ်ကလည်းအသက်ကြီးလာတော့ ဒီကလေးတွေ၏နောင်ရေးဟာ ပုံရိပ်ပခုံးအပေါ်ကိုလွှဲပြောင်းယူရမှာပေါ့။အတွေးနှင့်တင် ရုန်းကန်နေမိသောပုံရိပ်သည် ရင့်ကျက်သောမိန်းကလေးအသွင်ပြောင်းသွားသလိုလို ရှိနေသည်။


"လှေကဘယ်လိုငှားရတာလဲ...."


လှေဆိပ်ရှိ စက်လှေလက်မှတ်၀ယ်သည့်နေရာမှာ

တစ်ဦးကို၂၀၀ကျပ်အထက်ပေးရပြီး

(လှေအသေးငှားလျှင်တစ်စီးလုံးကိုမှ၃၀၀၀သာကျ

သင့်လေသည်။အကြီးဆိုလျှင်‌တော့၅၀၀၀ကျပ်ကျသင့်သည်။ပုံရိပ်တို့ကတော့ သုံးယောက်တည်းသာရှိ၍ လှေအသေးကိုငှားလိုက်သည်။

ဒီနေ့သည် ပိတ်ရက်ဖြစ်သောကြောင့် ခရီးသွားတွေနှင့်ကြိတ်ကြိတ်တိုးနေလေသည်။‌

ဒါဟာဘုရားရဲ့ ဘုန်းတန်ခိုးအာနုဘော်ကြောင့်ထင်ပါရဲ့။ရေလယ်ခေါင်မှာရှိသောဒီနေရာလေးကို

လူတွေသွားလာနေလိုက်ကြတာများ ကိုယ်အပါအ၀င်ပေါ့။ဖိနပ်လည်းအပ်ခဲ့လို့ရသောကြောင့် ဖိနပ်များကိုအပ်ခဲ့ပြီး ကိုယ်စီးရမည့်စက်လှေနံပါတ်ကိုစောင့်ကာ ကမ်းစပ်မှာရပ်နေမိကြသည်။


'ကိုထက်....ဒီနားကိုလာနေ...."


"အန်တီညိုကလည်း...ဒီမှာပုံရိပ်တစ်ယောက်တည်းပျင်းနေမှာစိုးလို့ပါ..."


"ငါခေါ်နေတယ်နော်....နင့်အကြောင်းကိုမသိဘူးမှတ်လို့လား....ဂျိုမပေါက်ချင်နဲ့....လာဆိုလာ..."


"အဲ့ဒါဆိုလည်း....ယမင်းရယ်...နင်ဒီကိုလာစမ်းပါ..."


သူတို့၏အဒေါ်ဟာ ပုံရိပ်ကိုတကယ်ကိုမျက်မုန်းကျိုးနေလေသည်။ကိုယ်လည်းဘာအပြစ်မှမလုပ်ထားပဲ တစ်ဖက်သတ်မျက်စောင်းထိုးနေတာကိုတော့ မခံနိုင်ပေ။ဆင်းရဲတဲ့လူတစ်ယောက်ဟာ သူတို့အတွက်ရွံစရာသတ္တဝါဖြစ်နေတာလား။

ဒါဆိုရင် ပုံရိပ်ကလည်းထိုသူမျိုးကိုပို၍ရွံပါသည်။

လူကတော့ဘုံဖျားမှာရောက်နေပေမဲ့ အသားလွတ်မောက်မာနေသော စိတ်ဓာတ်တွေကတော့ချုံကြားထဲမှာပဲ။ပုံရိပ်ဟာ သူတို့အဖွဲ့မှကွဲထွက်လာရသော သင်းကွဲလေးလိုဖြစ်နေလေပြီ။ဘယ်တတ်နိုင်မှာလဲ။


"ဟဲ့....ဟိုမှာတို့လှေလာပြီ...တက်..တက်..."


"ဒေါ်လေး....သားလက်ကိုကိုင်...."


ဘေးမှကလေးတွေရော လှေပေါ်မှလူကြီးကပါ လှမ်းဆွဲတင်ပေးပေမဲ့ အဒေါ်ကြီးနှင့်ယမင်းကတော့  လှေဦးတွင်စောင့်နေသောဟိန်းဇေယျာထက်ကိုသာ တွဲ၍တက်ကြသည်။


"ပုံရိပ်...ငါ့လက်ကိုလှမ်းဆွဲ...."


ကမ်းပေါ်မှစက်လှေပေါ်သို့ ပျဉ်ပြားထိုးပေးထားပေမဲ့ ရေလှိုင်းထတိုင်းလှေကအနည်းငယ်ယမ်းခါနေ၍ ပုံရိပ်လည်းသူ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး လှေပေါ်သို့တက်လိုက်သည်။ဆွမ်းခံရင်းငှက်သင့်တာပဲလားတော့ မသိပေ။ကိုယ့်ကိုမျက်မုန်းကျိုးနေသော သူရှေ့တွင်မှ‌လှိုင်းပုတ်၍ လှေယမ်းသွားရာ

ဟိန်းဇေယျာ၏လက်မောင်းကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ဟိန်းဇေယျာထက်သည်လည်း ပုံရိပ်ကိုစိုးရိမ်ပြီး ပခုံးကိုထိန်း၍ကိုင်ပေးထားလေသည်။

လျှပ်တပြတ်အကြည့်မှာတင် အန်တီညို့ထံမှ

စိမ်းညှို့သော အကြည့်စိမ်းစိမ်းတွေကို ခံစားတွေ့ရှိလိုက်ရသည်။


"ဖယ်....ငါ့ဘာသာလျှောက်လို့ရတယ်...."


"လှေကလူးနေတာလေ...ငါ့ကိုကိုင်ထားပါ...."


ပုံရိပ်ဆိုသည်မှာလည်း ‌ဧရာ၀တီတိုင်းမှာမွေးခဲ့ပေမဲ့ ရေကြောက်သူဖြစ်၍ သူ့လက်ကိုကိုင်လိုက်ရသည်။လှေ၀မ်းထဲရှိ ခုံတွင်၀င်ထိုင်လိုက်တော့ အန်တီညို၏ခနဲ့တဲ့တဲ့စကားကိုကြားလိုက်ရ၍ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။


"အမယ်လေး....ကိုယ့်နှမကိုယ်တော့ဂရုမစိုက်ဘူး...

ဂီလာနမဟုတ်တဲ့သူကိုတော့တယုတယနဲ့...

ကိုထက်နော်...ငါကြည့်မရတော့ဘူး...ကိုယ့်တူ၀ရီးတွေအေးအေးဆေးဆေးလာလို့ရပါလျှက်နဲ့...

အပိုလူကခေါ်လာရသေးတယ်....နင်တို့ဟာကမဟုတ်တော့ဘူးနော်....."


အန်တီညို၏စကားတွေကို ပုံရိပ်အဖို့လုံး၀နားမခံသာနိုင်ပေ။သူ့တူကိုစိတ်မချရင်လည်း ရင်ခွင်ထဲမှာပိုက်ထားလိုက်ပါလား။

ယခုတော့ ဟန်တောင်မစောင်နိုင်တော့ပဲ ကိုယ့်တူမအရွယ်ကိုမစာမနာတွေပြောနေလေသည်။

ငိုချင်စိတ်တော့မဖြစ်ပေမဲ့ ၀မ်းနည်း၍မခံမရပ်နိုင်တော့ဖြစ်မိသည်။


"ယမင်းရေ...တို့ဒီကနေပဲ...ဆင်းပြီးအိမ်ပြန်လိုက်ရတော့မလား...."


"ဟယ်....ပုံရိပ်ရယ်....ငါတောင်းပန်ပါတယ်ဟာ...

အန်တီညိုက ကိုထက်နဲ့ပတ်သတ်ရင်အဲ့လိုပဲ...

ငါတောင်းပန်ပါတယ်စိတ်ထဲမထားပါနဲ့နော်..

.ငါ့မွေးနေ့မှာနင်ရှိမှလေဟာ...."


ယမင်း၏တိုးလျှိုးတောင်းပန်သော စကားကြောင့်သာပုံရိပ်သည်းခံပေးလိုက်မိသည်။

ဖြစ်နိုင်လျှင် ရေထဲသို့ဒိုင်ပင်ထိုးချပြီးတော့ကို

အိမ်ကိုပြန်ချင်နေတော့သည်။သက်ပြင်းတွေကိုသာ အကြိမ်ကြိမ်ချနေမိသောပုံရိပ်ဟာ ဘုရားလာဖူးရ၍ရင်မအေးနိုင်တော့ပေ။စိတ်ညစ်ငြူးစွာနှင့်

ကမ်းပေါ်သို့ကြည့်လိုက်မိသောအခါမှာတော အံ့ဩမှုနှင့်အတူ ၀မ်းသာပျော်ရွှင်မှုပါယှက်ပြေးသွားရလေသည်။


"ဆရာ....."


အဖြူရောင်လည်ကတုံးနှင့်ပုဆိုးအစိမ်းပုပ်ရောင်လေးကို ၀တ်ဆင်ထားသောဆရာသည် ပုံရိပ်နှင့်ဆန်ကျင်ဘက်ဖြစ်နေသည်။ဆရာ့ကိုတွေ့လိုက်ရ၍ ပုံရိပ်ကသာ ၀မ်းသာသွားပေမဲ့ ဆရာကတော့မျက်နှာမကောင်းပေ။မျက်မှောင်ကြုံ့လျှက် နေရိပ်ထိုး၍ထင်သည် မျက်လုံးတွေကိုမှေးကျဉ်းထားပြီး ပုံရိပ်ကိုကြည့်လာသည်။

မျက်တောင်တစ်ချက်မခတ်သွားပဲ တင်းမာနေသောမျက်နှာထားနှင့်တစ်ခုခုကို အလိုမကျဖြစ်နေပုံရသည်။ပုံရိပ်ဆရာ့ဆီသို့ပြေးသွားလိုက်ချင်ပေမဲ့ စက်နှိုးနေပြီဖြစ်သော စက်လှေကြောင့်စိတ်ဆန္ဒကိုထိန်းချုပ်ထားလိုက်ရသည်။


"ဟေ့ကောင်....မျက်နှာကဘာဖြစ်နေတာလဲ...."


ဆရာ့ပခုံးကို သူ့သူငယ်ချင်းတစ်ယောက်လာပုတ်သောအချိန်တွင် ဆရာသည်လည်းပုံရိပ်ထံမှမျက်နှာလွှဲလိုက်သလို ပုံရိပ်တို့၏စက်လှေသည်လည်း ကမ်းနှင့်တဖြည်းဖြည်းဝေးကွာလာခဲ့သည်။

ကြည့်ရတာတော့ ဆရာတို့လည်းပိတ်ရက်မှသူငယ်ချင်းတွေနဲ့ ဘုရားလာဖူးတာထင်ပါတယ်။

ဒါဆိုရင် ကိုယ့်တပည့်မတစ်ယောက်ကို

ဘာကြောင့်၀တ်ကျေတန်းကျေတောင် ပြုံးမပြနိုင်ရတာလဲ။၀မ်းနည်းလိုက်တာ။


ဘုရားရေ...ဆရာလည်းလှေ‌ကိုစောင့်နေတာဆိုလျှင် ပုံရိပ်ကိုဘယ်အချိန်တည်းကစိုက်ကြည့်နေခဲ့တာလဲ။လှေပေါ်ကိုစတက်ခါစအချိန်ကဆိုလျှင် 

 လှေလူး၍ ဟိန်းဇေယျာထက် ပုံရိပ်ကိုဖက်လိုက်သောအချိန်မှာများလား။ဖြစ်နိုင်သည်။

ဆရာဟာ လူမှုရေးခေါင်းပါးတဲ့လူမှမဟုတ်ပဲ။

ပုံရိပ်ကို အမြဲဆူပူဆုံးမပြီး လမ်းမှန်ရောက်အောင်တွန်းပို့နေသောသူတစ်ယောက်ဟာ အနည်းဆုံးတော့ပြုံး၍နှုတ်ဆက်ပေလိမ့်မည်။


ပုံရိပ်နှင့်ဟိန်းဇေယျာထက်ကို တစ်မျိုးထင်သွားခဲ့လို့သာ ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားထားတယ်ထင်သွားခဲ့တာများလား။သို့မဟုတ်လျှင် မိဘ၊‌ဆွေမျိုး

မပါပဲသူစိမ်းတွေနှင့်ခရီးအတူသွား၍များလား။

ဆရာ့ကိုပုံရိပ်ရှင်းပြချင်ပါတယ်။

ရေထဲကိုခုန်ချလို့မရတာခက်သည်။

အိုးမလုံတာကို အပေါက်ကလေးနှင့်လို့ပြောလျှင် 

ပုံရိပ်စိတ်မလုံတာဟာ ဘာကြောင့်များလဲ။

အခြားသူတွေ ပုံရိပ်ကိုစိတ်ပျက်ချင်ပျက်ပါစေ။

ဆရာကတော့ ပုံရိပ်ကိုစိတ်ပျက်လို့မရဘူး။

ပုံရိပ်၏ခွန်အားတံတိုင်းကြီး ကျိုးပျက်သွားလျှင်

 ပုံရိပ်သည် နုံးခွေ၍အင်အားချိနဲ့သွားနိုင်သည်။


ရေလယ်ဘုရား၏ရင်ပြင်တော်ပေါ်သို့ရောက်သောအခါမှာတော့  ပထမဦးဆုံး၀င်သည့် 

ဇောင်းတန်းတွင် ဆုတောင်းပြည့်လာဘမုနိဘုရားကို ဖူးမျှော်ကြရသည်။

ဆုတောင်းပြည့်ငါးဆက်ဘုရားမှာလည်း

 ပိုက်ဆံတစ်ထောင်လောက်လှူဒါန်းခဲ့လိုက်သည်။

နေပူနေ၍ ဘုရားရင်ပြင်တော်ဟာ သိပ်ပြီးမအေးရိပ်လှပေမဲ့ ဘယ်လောက်ဘုရားဖူးတွေတိုးကြိတ်နေပါစေ ရင်ပြင်ပေါ်မှာလူများနှင့်ကြပ်သိပ်မှုလုံး၀မမရှိတာကိုတော့ အံ့ဩမိသည်။


ရှေးဟောင်းသမိုင်း၀င်ကျိုက်မှော်၀န်ရေလယ်စေတီတော်ကိုတည်ရာမှာအဓိဌာန်သုံးချက်နှင့်တည်ထားသည်ဟု ဆိုလေသည်။

(၁)ဤစေတီ၏ရင်ပြင်ကိုရေမလွှမ်းမိုးနိုင်စေသတည်း

(၂)လာသမျှ ရဟန်းရှင်လူအပေါင်းရင်ပြင်တော်ပေါ်၌နေလောက်စေသတည်း

(၃)ဤစေတည်ကိုပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားတိုးတက်ပါစေသတည်းဆိုသော အချက်များပင်ဖြစ်သည်။


ပုံရိပ်တို့လည်း ဘုရားများကိုလှည့်ပတ်ဖူးပြီးနောက် ငါးစာကျွေးဖို့ရန်ပေါက်ပေါက်ဆုပ်၀ယ်ကြလေသည်။ဟိန်းဇေယျာထက်ကတော့ သူ့အဒေါ်မျက်စောင်းထိုးနေသောကြားမှပင် ပေါက်ပေါက်တွေကိုအတင်းလာထိုးထည့်ပေးလေသည်။

ပုံရိပ်လည်း သူပေးသောပေါက်ပေါက်တွေနှင့်ပဲ ငါးစာကျွေးလိုက်သည်။


ပုံရိပ်တို့စတက်လာခါစအချိန်သည် ရေကျချိန်ဖြစ်နေပြီး ယခုတွင်ရေများတက်လာ၍ ‌ငါးတွေကလည်း ပွက်လိုက်တာမှ အံ့ဩလောက်စရာပင်ကောင်းနေသည်။ ပြောင်းဖူးပေါက်ပေါက်တွေသည်လည်း ချ၍မဆုံးဖြစ်နေသည်။ယမင်းကတော့ အပျော်ကြီးပျော်နေသည်ပေါ့။ဟိန်းဇေယျာထက်ကတော့ စစနောက်နောက်နှင့် ပုံရိပ်ကိုပါ ပေါက်ပေါက်ဆုပ်နှင့်လှမ်းပေါက်သည်။

သူ့အဒေါ်ကြီးကိုကြည့်လိုက်တော့လည်း

မျက်စောင်းကတခဲခဲ။အနေကျဉ်းကြပ်လိုက်တာ။

နောက်တစ်ခါ သေတာတောင်မလိုက်တော့ဘူးဟုဆုံးဖြတ်လိုက်သည်။


ဆရာ့ကိုရှာကြည့်တော့လည်း လုံး၀မတွေ့ပေ။

ဆရာဆိုသည်မှာလည်း ကိုယ့်တပည့်မလေးကိုလိုက်၍တောင်မရှာပေ။

စိမ်းပြက်လိုက်တာဟု ဘာမဆိုင်ညာမဆိုင် ကြံဖန်၍အပြစ်တင်နေမိသည်။

လိုက်လာတာက ကိုယ့်စိတ်သဘောနှင့်ကိုယ်ဆိုပေမဲ့ 

ဆရာ့ကိုစိတ်ဆိုးနေမိသည်။ဆရာသာအခုနေလာခေါ်လျှင် ချက်ချင်းလိုက်သွားမိမှာပဲ။

သို့ပေမဲ့ ထိုနေ့တွင်ပုံရိပ်ဆရာ့ကိုရှာ၍မတွေ့ခဲ့ပါ။

ဆရာသည်လည်း ပုံရိပ်ကိုရှာမည်မထင်ပေ။


သို့ပေမဲ့မထင်မှတ်ထားသောအခြေအနေတစ်ခုနှင့်

သူမအသဲအသန်စောင့်မျှော်နေခဲ့သော သတင်းကတော့ အိမ်တွင်အသင့်စောင့်ကြိုနေခဲ့လေပြီ။

ထိုနေ့ဟာပုံရိပ်အတွက်တော့ ပြဿဒါးနေ့.....။


(နောက်အခန်းတွေမှာတော့ ဇာတ်ရှိန်ပိုမြင့်ပါပြီ)


========================================================================


 🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥  ဒုတိယပိုင္း 


"သမီးရဲ့အဖိုးက နာမည္ႀကီးခဲြစိတ္ဆရာ၀န္ႀကီးေလ...ဘယ္‌ေလာက္ေတာင္ခ်မ္းသာသလဲဆိုရင္

သူတို႔ေခာတ္မွာေတာ္ရံုဆရာ၀န္‌ေတြကႏိုင္ငံျခားမွာ ပညာေတာ္သင္မသြားႏိုင္ဘူး...သမီးရဲ့အဖိုးကေတာ့ကာလကတၲားက‌ေနတစ္ဆင့္...UKအထိသြားၿပီး‌ ေဆးပညာသင္ယူခြင့္ရခဲ့တာ...ေဖႀကီးကေတာ့...

ဆရာ၀န္အလုပ္ကိုလံုး၀စိတ္မ၀င္စားဘူး....


ေဖႀကီးကေရ႔ွေနလုပ္ခ်င္တာသမီးရဲ့..

မတရားသျဖင့္ခံေနရတဲ့ လူေတြကိုကူညီေပးခ်င္တာ...တရားခြင္မွာ...တရားမ်ွတစြာစီရင္ေပးဖို႔ေလ်ွာက္လႊဲခ်က္ေပးခ်င္တာ...ဒါေပမဲ့သမီးရဲ့

အဖိုးကခြင့္မျပဳဘူး...ဆရာ၀န္ပဲျဖစ္ေစခ်င္တယ္...

ေျပာရရင္သမိုင္းေပးတာ၀န္ကို ဆက္ထမ္းရြက္ေစခ်င္တာေပါ့ေလ...ဘိုးေဘးဘီဘင္မွာလည္း...

ေခာတ္အဆက္ဆက္ကသမားေတာ္ေတြထြက္ခဲ့တဲ့မ်ိဳးရိုးကို...ေဖေဖကျငင္းဆန္ေတာ့...မ်က္ႏွာကိုလက္သီးနဲ႔ႏွစ္ခ်က္ဆင့္ထိုးတယ္...


အဲ့ဒီ့ေန့ၿပီးေတာ့ ပါးေဆာင္နာလို႔ထမင္းေတာင္မစားႏိုင္ဘူး...အေမကေတာ့ငိုလို႔ေပါ့....အငယ္ဆံုးသားအဆိုးေလးကိုခ်စ္ရွာမွာေပါ့ေလ ..ေဖႀကီးကလည္းပါးစပ္ကသာႀကီးက်ယ္မိတာပါ...မိဘကခ်မ္းသာေတာ့...လူ႔ေပၚေက်ာ့ေလးေပါ့...အစ္ကိုႀကီးကဆရာ၀န္လိုင္းမွီေတာ့မွ....သမိုင္းေပးတာ၀န္ကအစ္ကိုႀကီးရဲ့ပခံုးေပၚကိုေျပာင္းသြားေတာ့တာ...


မႏၲေလးကေနၿခံခုန္ၿပီး...ရန္ကုန္သားလုပ္ရင္း

အိမ္ကိုမျပန္ျဖစ္ေတာ့ဘူး...တကယ္ေတာ့အေဖနဲ႔

ရင္မဆိုင္ခ်င္လို႔....သမီးရဲ့အဖိုးကေဖႀကီးကို...

နဂါးမ်က္ေစာင္းအၿမဲထိုးေနတတ္တာေလ...

ဒါေၾကာင့္တမင္မျပန္တာ...သမီးအေမနဲ႔ညားၿပီးေနာက္...မဂၤလာေဆာင္ကိုေတာင္လိုက္မလာတဲ့အျပင္...အေမတို႔ကိုပါအတင္းျပန္ေခၚတဲ့အေဖ့ကိုစိတ္နာတယ္...သူေတာင္မွသားခန္းျပတ္ေသးတာပဲေလ..ေဒါက္တာႀကီးဦးမိုးမင္းရဲ့သားက....

သူ႔ထက္အေၾကာတင္းရမွာေပါ့...

ဒီလိုနဲ႔မႏၲေလးနဲ႔ေဖႀကီး တစ္စခန္းပ်က္သြားပါေရာ..

.

အင္း...အေမ့အိမ္ကိုလြမ္းတာေတာ့လြမ္းတာေပါ့...ကိုယ့္ေမြးရပ္ေလ...ရန္ကင္းေတာင္ဆိုတာေျခသလံုးဖက္ၿပီးေပါင္းလာတဲ့သူငယ္ခ်င္းလို

ျဖစ္ေနတဲ့ေနရာေလ...က်ဳံးအေရ႔ွဘက္ဆိုတာ 

အားအားတိုင္းသြားထိုင္ေနတဲ့ေနရာ...မႏၲ‌ေလးမွာကလည္း လည္ပတ္စရာကတစ္ေနရာနဲ႔တစ္ေနရာ အေဝးႀကီးမဟုတ္ေတာ့ အဲ့အခ်ိန္ကဆိုင္ကယ္လ္စီးႏိုင္တဲ့အေဖတို႔က မင္းသားပဲ...ဂ်စ္ကားေပၚကိုသူငယ္ခ်င္း‌‌ေတြ တရုန္းရုန္းတင္ၿပီးသႀကၤန္လည္ထြက္တာ....ၿမိဳ႔မယိမ္းအဖဲြ႔ကအကမယ္ေလးနဲ႔ေတာင္ သိကၽြမ္း၀င္ခဲ့ရေသးတယ္....

သမီးအေမကိုေတာ့မေျပာနဲ႔ေနာ္...ဟား...ဟား....


အဲ့ဒီ့ဂ်စ္ကားႀကီးနဲ႔ပဲ..ကုသိုလ္ေတာ္ေရ႔ွမွာပန္းေရာင္းရတဲ့သူငယ္ခ်င္းရဲ့ရည္းစားကိုခိုးေပးမိလို႔....ေက်ာတစ္ရာရင္တစ္ရာအျပစ္ေပးခံရတဲ့အျပင္...ဂ်စ္ကားစီးရတဲ့ဘ၀ကေန....

စက္ဘီးေျပာင္းစီးလိုက္ရတယ္...

သူငယ္ခ်င္းေတြရဲ့ေကာင္းမႈေပါ့....

သမီးေလးကိုလည္းေဆျြပမ်ိဳးျပ...

သြားျပခ်င္ပါရဲ့....တစ္ေန့ေန့ေပါ့...."


ေဖႀကီးေျပာေသာတစ္ေန့ေန့ဆိုတာဟာ ေရာက္လာႏိုင္ေတာ့မယ္မထင္ပါဘူး။မႏၲေလးကို စာပို႔လိုက္တာကလည္းဘာမွအေၾကာင္းျပန္မလာခဲ့ဘူး။

ပံုရိပ္ရဲ့ဘ၀ဟာ မိဘေတြနဲ႔ေတြ့ဖို႔ကံပါမလာေတာ့မဲ့အတူတူ ေတြးၿပီးေတာ့ေဆြးမေနခ်င္ေတာ့ေပ။


"ပံုရိပ္...နင္ဘာေတြေတြးေနတာလဲ.….နင့္ၾကၫ့္ရတာ...ဒီခရီးကိုလိုက္လာရတာမေပ်ာ္သလိုပဲ..."


"မဟုတ္ပါဘူး...ငါေပ်ာ္ပါတယ္...ေခါင္းနဲနဲမူးခ်င္ေနလို႔ပါ....ကားကအလံုကားဆိုေတာ့...."


"ဟုတ္လား...ကားမွန္ေတြခ်ရင္ငါကအသက္ရႉက်ပ္တတ္တယ္ဟ...ကိုထက္ဆီမွာ...ရႉေဆးဗူးေတာင္းလိုက္မယ္..."


အမွန္ေတာ့ပံုရိပ္သည္ ေခါင္းမူးေနျခင္းမဟုတ္ပဲ

ရင္တြင္းနက္နက္ထဲမွ ၀မ္းနည္းေနျခင္းျဖစ္သည္။

သို႔ေပမဲ့အျခားသူေတြကိုဘယ္လိုထုတ္ေျပာရမွာလဲ။ယမင္းကေတာ့ ဟိန္းေဇယ်ာထက္ဆီမွရႉေဆးဗူးကိုေတာင္းေနေလသည္။အစက နားက်ပ္တပ္ၿပီးညိမ့္ေနေသာ ဟိန္းေဇယ်ာထက္သည္လည္း ပံုရိပ္ေခါင္းမူးတယ္ဆိုေသာအခါ ျပဴးျပဴးျပာျပာျဖစ္သြားေလသည္။


"ပံုရိပ္...နင္ေခါင္းမူးေနတယ္ဆိုရင္...ငါကားမွန္ေတြခ်လိုက္မယ္ေလ...နင္အံခ်င္ေနသလား...ကားရပ္လိုက္မယ္...."


"ဟဲ့ကိုထက္...ရႉးေဆးဗူးပဲထုတ္ေပးစမ္းပါ...

အန္တီညိုေျပာ‌အံုးမယ္...."


ယမင္းသည္အေရ႔ွကားေခါင္းခန္းထဲမွ  မ်က္ေမွာင္ႄကံု႔၍ၾကၫ့္ေနေသာ သူတို႔၏အေဒၚျဖစ္သူကိုေမးေငါ့ျပလိုက္ေသာအခါမွ ဟိန္းေဇယ်ာထက္သည္လည္း အေဒၚကိုေၾကာက္ရတယ္ထင္ပါရဲ့ ရႉေဆးဗူးကိုထုတ္ၿပီး ပံုရိပ္ကိုကမ္းေပးကာ သီခ်င္းသာျပန္နားေထာင္ေနေလသည္။ပံုရိပ္လည္း ရႉေဆးဗူးေလးကိုႏွာေခါင္းမွာကပ္ထားလိုက္ၿပီး ကားျပတင္းအျပင္သို႔သာ ၾကၫ့္ေနလိုက္သည္။


ယမင္းတို႔၏ အေဒၚႀကီးသည္ပံုရိပ္ကို ခဏခဏအရိပ္အေျခလွမ္းၾကၫ့္ေန၍ မေနတတ္မထိုင္တတ္ျဖစ္မိသည္။ၾကၫ့္ရတာေတာ့ ပံုရိပ္၏၀တ္စားဆင္ယင္မႈေၾကာင့္ျဖစ္ႏိုင္သည္။ေဈးေပါေသာ တခ်ည္သားအကြက္၀မ္းဆက္ေလးကို

၀တ္ထား ေသာပံုရိပ္ဟာ သူတို႔လိုၾကၫ့္လိုက္တာႏွင့္ေဈးႀကီးေသာ ေတာ္၀န္သဇင္ပန္းေတြကဲ့သို႔ အေရာင္ပ်ိဳးပ်ိဳးျပက္ျပက္ျဖစ္မေနခဲ့ေတာ့ ပစၥည္းေတြဘာေတြေပ်ာက္ရွမည္ကိုစိုးရိမ္ေနသည္ထင္ပါရဲ့။


"ပံုရိပ္ရယ္....ငါ့ေမြးေန့အတြက္ဘုရားကိုသြားမလို႔လိုက္ခဲ့စမ္းပါဟာေနာ္...ဒီႏွစ္ေဖေဖကလည္းအလုပ္ရႈပ္ေနေတာ့...လိုက္ႏိုင္မွာမဟုတ္ဘူး...

ကိုထက္ကလည္းမတတ္သာလို႔သာလိုက္ခဲ့မွာ...

ဘုရားကိုေရာက္ရင္...သူကသူ႔ဘာသူေလ်ွာက္သြားေနမွာ....ေနာ္လိုက္ခဲ့ပါေနာ္...."


ႏွလံုးေရာဂါသည္ေလးျဖစ္ေနေသာေၾကာင့္ အတင္းပူဆာလြန္းေသာအခါ ပံုရိပ္လည္းမေနႏိုင္ေတာ့ပဲ

အေဒါ့္ဆီမွခြင့္ေတာင္းၿပီးလိုက္ခဲ့ရသည္။

ဦးသက္ေဆြကေတာ့ ထံုးစံအတိုင္း မေက်မနပ္

ျဖစ္ကာျမည္တြန္ေတာက္တီးလ်ွက္ေပါ့။

ထို႔ေၾကာင့္ စုရပ္ကိုေက်ာင္းေရ႔ွမွာပဲသတ္မွတ္ၿပီး

သူတို႔ကားကိုေစာင့္ခိုင္းခဲ့သည္။

အခုေတာ့ က်ီးကန္းေတာင္းေမွာက္သလိုလိုက္ၾကၫ့္ေနတတ္ေသာ သူတို႔၏အေဒၚႀကီးေၾကာင့္စိတ္က်ဉ္းၾကပ္ေနရေလၿပီ။


ေရလည္ေက်ာက္တန္းသို႔မသြားခင္တြင္ ေရႊတိဂံုဘုရားသို႔ အရင္၀င္ဖူးခဲ့ၾကသည္။

ယမင္းကေတာ့ သူ႔ေန့နာမ္ေထာင့္တြင္ ေရသပၸာယ္ၿပီး ပန္းကပ္ကာဘုရား၀တ္ျပဳခဲ့ေလသည္။

ဘုရားေဂါပကသို႔လည္း ေငြေလးသိန္းတိတိလႉဒါန္းခဲ့သည္။ပံုရိပ္သူ႔ကိုအားက်မိပါရဲ့ အေဒၚျဖစ္သူကလည္း ႏွလံုးေရာဂါသည္တူမေလးကို ေဖးေဖးမမႏွင့္အရိပ္တၾကၫ့္ၾကၫ့္ေစာင့္ေရွာက္ရွာေလသည္။

တစ္ခုခုလိုခ်င္ရင္လည္း ျပာျပာသလဲကိုျဖစ္လို႔။


"ေအာ္...သူတို႔ၾကျပန္ေတာ့လည္းမိဘမရိွတာေတာင္...ကုသိုလ္ကံကေကာင္းလိုက္တာ...ကိုယ္ေတြႏွင့္မိုးနဲ႔ေျမလိုပါပဲလား...."


"ေရး...ေရာက္ၿပီေဟ့....ပံုရိပ္ေရ...ဆင္းၾကမယ္..."


ေလွဆိပ္သို႔သြားေနစဉ္လမ္းတစ္ေလ်ွာက္တြင္လည္း ေဈးဆိုင္တန္းအမ်ားအျပားကိုေတြ့ရေလသည္။ပန္းေရာင္သူမ်ားကလည္း တစ္ေယာက္ႏွင့္တစ္ေယာက္အၿပိဳင္ေအာ္ေနၾက၍ နားညည္းေပမဲ့ေပ်ာ္စရာေတာ့ေကာင္းသည္။မုန္႔ဖိုးေပးဖို႔ရန္လာေရာက္ ေတာင္းပန္ၾကေသာကေလးမ်ားကိုေတြ့ေသာအခါ သနားမိ၍ေငြႏွစ္ရာတန္ေလးတစ္ရြက္ကို ေပးလိုက္မိသည္။


ေရလယ္ေက်ာက္တန္းဆိုတာရန္ကုန္တိုင္း၏ေတာင္ဘက္အျခမ္း

ေက်ာက္တန္းၿမိဳ႔၊ေမွာ္၀န္းေခ်ာင္းထဲမွာတည္ရိွ

ေသာေနရာေလးေပါ့။ေဈးဆိုင္တန္းေတြလည္းအမ်ားအျပားရိွၿပီး အမွတ္တရအက်ႌဆိုင္တန္းေတြ၊ဦးထုတ္ဆိုင္ေတြ၊ဘုရားပန္းဆိုင္၊စားေသာက္ဆိုင္

ႏွင့္အေအးဆို‌င္ေလးမ်ားလည္းရိွသည္။စီးပြားေရးေဈးကြက္ဆိုတာဒါေပါ့။ဆရာေျပာ‌ဖူးေသာႏိုင္ငံတစ္ခုမွာ tourismလုပ္ငန္းကအေရးႀကီးတယ္ဆိုေသာအခ်က္ကို နားလည္သလိုေတာ့ရိွမိသည္။

နာမည္ႀကီးေသာ လည္ပတ္စရာေနရာေလးကိုအရင္းျပဳျပီး ျပည္သူေတြကလည္းအက်ိဳးအျမတ္ရ အစိုးရလည္းအခြန္ေငြရေပါ့။


ဘာေတြဘယ္ေလာက္ေပါေပါ ကိုယ္ကေတာ့မ၀ယ္ႏိုင္ပါဘူးေလ။ပံုရိပ္၏အိတ္ကေလးထဲမွာေတာ့ အလြန္ဆံုးပါမွတစ္ေသာင္းေပါ့။ပံုရိပ္ကအေဖာ္လိုက္ေပးရံုျဖစ္၍ ကိုယ့္အတြက္ကဘာမ်ွကုန္စရိတ္မရိွေပ။က‌စားစရာအရုပ္ကေလးေတြကို ေတြ့တဲ့အခါမွာေတာ့ ထြန္းကိုႏွင့္မိစုကိုသတိရမိေလသည္။ ပံုရိပ္အိမ္ကထြက္လာ‌ေတာ့ အိပ္ရာေတာင္မႏိုးၾကေသးတဲ့ သူတို႔ေလးေတြဒီေနရာကို လိုက္ခြင့္မ်ားရရင္ ဘယ္ေလာက္ေတာင္ေပ်ာ္လိုက္ၾကမလဲ။


အလွႀကိဳက္သူေလးမိစုကေတာ့ ဦးထုပ္ေလးေတြ၊ႃခံုပဝါလွလွေလးေတြကို ပူဆာလိုက္မွာေျပာမေနနဲ႔။

အရမ္းမခ်မ္းသာရင္ေနပါေစ။ကိုယ့္ေမာင္ေလးေတြညီမေလးေတြကိုေတာ့ တင့္ေတာင္းတင့္တယ္ထားႏိုင္ခ်င္သည္။မိစုေလးအပ်ိဳရြယ္ေရာက္လာတဲ့အခါ ပံုရိပ္လိုမျဖစ္ေစခ်င္ဘူး။


မ၀တ္ႏိုင္မစားႏိုင္နဲ႔ သူမ်ားအထင္အျမင္ေသးတဲ့ဘ၀ေလးေတြႏွင့္မႄကံုေစခ်င္ေပ။အေဒၚကလည္းအသက္ႀကီးလာေတာ့ ဒီကေလးေတြ၏ေနာင္ေရးဟာ ပံုရိပ္ပခံုးအေပၚကိုလႊဲေျပာင္းယူရမွာေပါ့။အေတြးႏွင့္တင္ ရုန္းကန္ေနမိေသာပံုရိပ္သည္ ရင့္က်က္ေသာမိန္းကေလးအသြင္ေျပာင္းသြားသလိုလို ရိွေနသည္။


"ေလွကဘယ္လိုငွားရတာလဲ...."


ေလွဆိပ္ရိွ စက္ေလွလက္မွတ္၀ယ္သၫ့္ေနရာမွာ

တစ္ဦးကို၂၀၀က်ပ္အထက္ေပးရၿပီး

(ေလွအေသးငွားလ်ွင္တစ္စီးလံုးကိုမွ၃၀၀၀သာက်

သင့္ေလသည္။အႀကီးဆိုလ်ွင္‌ေတာ့၅၀၀၀က်ပ္က်သင့္သည္။ပံုရိပ္တို႔ကေတာ့ သံုးေယာက္တည္းသာရိွ၍ ေလွအေသးကိုငွားလိုက္သည္။

ဒီေန့သည္ ပိတ္ရက္ျဖစ္ေသာေၾကာင့္ ခရီးသြားေတြႏွင့္ႀကိတ္ႀကိတ္တိုးေနေလသည္။‌

ဒါဟာဘုရားရဲ့ ဘုန္းတန္ခိုးအာႏုေဘာ္ေၾကာင့္ထင္ပါရဲ့။ေရလယ္ေခါင္မွာရိွေသာဒီေနရာေလးကို

လူေတြသြားလာေနလိုက္ၾကတာမ်ား ကိုယ္အပါအ၀င္ေပါ့။ဖိနပ္လည္းအပ္ခဲ့လို႔ရေသာေၾကာင့္ ဖိနပ္မ်ားကိုအပ္ခဲ့ၿပီး ကိုယ္စီးရမၫ့္စက္ေလွနံပါတ္ကိုေစာင့္ကာ ကမ္းစပ္မွာရပ္ေနမိၾကသည္။


'ကိုထက္....ဒီနားကိုလာေန...."


"အန္တီညိုကလည္း...ဒီမွာပံုရိပ္တစ္ေယာက္တည္းပ်င္းေနမွာစိုးလို႔ပါ..."


"ငါေခၚေနတယ္ေနာ္....နင့္အေၾကာင္းကိုမသိဘူးမွတ္လို႔လား....ဂ်ိဳမေပါက္ခ်င္နဲ႔....လာဆိုလာ..."


"အဲ့ဒါဆိုလည္း....ယမင္းရယ္...နင္ဒီကိုလာစမ္းပါ..."


သူတို႔၏အေဒၚဟာ ပံုရိပ္ကိုတကယ္ကိုမ်က္မုန္းက်ိဳးေနေလသည္။ကိုယ္လည္းဘာအျပစ္မွမလုပ္ထားပဲ တစ္ဖက္သတ္မ်က္ေစာင္းထိုးေနတာကိုေတာ့ မခံႏိုင္ေပ။ဆင္းရဲတဲ့လူတစ္ေယာက္ဟာ သူတို႔အတြက္ရြံစရာသတၲဝါျဖစ္ေနတာလား။

ဒါဆိုရင္ ပံုရိပ္ကလည္းထိုသူမ်ိဳးကိုပို၍ရြံပါသည္။

လူကေတာ့ဘံုဖ်ားမွာေရာက္ေနေပမဲ့ အသားလြတ္ေမာက္မာေနေသာ စိတ္ဓာတ္ေတြကေတာ့ခ်ဳံၾကားထဲမွာပဲ။ပံုရိပ္ဟာ သူတို႔အဖဲြ႔မွကဲြထြက္လာရေသာ သင္းကဲြေလးလိုျဖစ္ေနေလၿပီ။ဘယ္တတ္ႏိုင္မွာလဲ။


"ဟဲ့....ဟိုမွာတို႔ေလွလာၿပီ...တက္..တက္..."


"ေဒၚေလး....သားလက္ကိုကိုင္...."


ေဘးမွကေလးေတြေရာ ေလွေပၚမွလူႀကီးကပါ လွမ္းဆဲြတင္ေပးေပမဲ့ အေဒၚႀကီးႏွင့္ယမင္းကေတာ့  ေလွဦးတြင္ေစာင့္ေနေသာဟိန္းေဇယ်ာထက္ကိုသာ တဲြ၍တက္ၾကသည္။


"ပံုရိပ္...ငါ့လက္ကိုလွမ္းဆဲြ...."


ကမ္းေပၚမွစက္ေလွေပၚသို႔ ပ်ဉ္ျပားထိုးေပးထားေပမဲ့ ေရလိႈင္းထတိုင္းေလွကအနည္းငယ္ယမ္းခါေန၍ ပံုရိပ္လည္းသူ႔လက္ေမာင္းကို ဆုပ္ကိုင္ထားၿပီး ေလွေပၚသို႔တက္လိုက္သည္။ဆြမ္းခံရင္းငွက္သင့္တာပဲလားေတာ့ မသိေပ။ကိုယ့္ကိုမ်က္မုန္းက်ိဳးေနေသာ သူေရ႔ွတြင္မွ‌လိႈင္းပုတ္၍ ေလွယမ္းသြားရာ

ဟိန္းေဇယ်ာ၏လက္ေမာင္းကို ပို၍တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္မိသည္။ဟိန္းေဇယ်ာထက္သည္လည္း ပံုရိပ္ကိုစိုးရိမ္ၿပီး ပခံုးကိုထိန္း၍ကိုင္ေပးထားေလသည္။

လ်ွပ္တျပတ္အၾကၫ့္မွာတင္ အန္တီညို႔ထံမွ

စိမ္းၫွို႔ေသာ အၾကၫ့္စိမ္းစိမ္းေတြကို ခံစားေတြ့ရိွလိုက္ရသည္။


"ဖယ္....ငါ့ဘာသာေလ်ွာက္လို႔ရတယ္...."


"ေလွကလူးေနတာေလ...ငါ့ကိုကိုင္ထားပါ...."


ပံုရိပ္ဆိုသည္မွာလည္း ‌ဧရာ၀တီတိုင္းမွာေမြးခဲ့ေပမဲ့ ေရေၾကာက္သူျဖစ္၍ သူ႔လက္ကိုကိုင္လိုက္ရသည္။ေလွ၀မ္းထဲရိွ ခံုတြင္၀င္ထိုင္လိုက္ေတာ့ အန္တီညို၏ခနဲ႔တဲ့တဲ့စကားကိုၾကားလိုက္ရ၍ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္မိသည္။


"အမယ္ေလး....ကိုယ့္ႏွမကိုယ္ေတာ့ဂရုမစိုက္ဘူး...

ဂီလာနမဟုတ္တဲ့သူကိုေတာ့တယုတယနဲ႔...

ကိုထက္ေနာ္...ငါၾကၫ့္မရေတာ့ဘူး...ကိုယ့္တူ၀ရီးေတြေအးေအးေဆးေဆးလာလို႔ရပါလ်ွက္နဲ႔...

အပိုလူကေခၚလာရေသးတယ္....နင္တို႔ဟာကမဟုတ္ေတာ့ဘူးေနာ္....."


အန္တီညို၏စကားေတြကို ပံုရိပ္အဖို႔လံုး၀နားမခံသာႏိုင္ေပ။သူ႔တူကိုစိတ္မခ်ရင္လည္း ရင္ခြင္ထဲမွာပိုက္ထားလိုက္ပါလား။

ယခုေတာ့ ဟန္ေတာင္မေစာင္ႏိုင္ေတာ့ပဲ ကိုယ့္တူမအရြယ္ကိုမစာမနာေတြေျပာေနေလသည္။

ငိုခ်င္စိတ္ေတာ့မျဖစ္ေပမဲ့ ၀မ္းနည္း၍မခံမရပ္ႏိုင္ေတာ့ျဖစ္မိသည္။


"ယမင္းေရ...တို႔ဒီကေနပဲ...ဆင္းၿပီးအိမ္ျပန္လိုက္ရေတာ့မလား...."


"ဟယ္....ပံုရိပ္ရယ္....ငါေတာင္းပန္ပါတယ္ဟာ...

အန္တီညိုက ကိုထက္နဲ႔ပတ္သတ္ရင္အဲ့လိုပဲ...

ငါေတာင္းပန္ပါတယ္စိတ္ထဲမထားပါနဲ႔ေနာ္..

.ငါ့ေမြးေန့မွာနင္ရိွမွေလဟာ...."


ယမင္း၏တိုးလ်ိႈးေတာင္းပန္ေသာ စကားေၾကာင့္သာပံုရိပ္သည္းခံေပးလိုက္မိသည္။

ျဖစ္ႏိုင္လ်ွင္ ေရထဲသို႔ဒိုင္ပင္ထိုးခ်ၿပီးေတာ့ကို

အိမ္ကိုျပန္ခ်င္ေနေတာ့သည္။သက္ျပင္းေတြကိုသာ အႀကိမ္ႀကိမ္ခ်ေနမိေသာပံုရိပ္ဟာ ဘုရားလာဖူးရ၍ရင္မေအးႏိုင္ေတာ့ေပ။စိတ္ညစ္ျငဴးစြာႏွင့္

ကမ္းေပၚသို႔ၾကၫ့္လိုက္မိေသာအခါမွာေတာ အံ့ဩမႈႏွင့္အတူ ၀မ္းသာေပ်ာ္ရႊင္မႈပါယွက္ေျပးသြားရေလသည္။


"ဆရာ....."


အျဖဴေရာင္လည္ကတံုးႏွင့္ပုဆိုးအစိမ္းပုပ္ေရာင္ေလးကို ၀တ္ဆင္ထားေသာဆရာသည္ ပံုရိပ္ႏွင့္ဆန္က်င္ဘက္ျဖစ္ေနသည္။ဆရာ့ကိုေတြ့လိုက္ရ၍ ပံုရိပ္ကသာ ၀မ္းသာသြားေပမဲ့ ဆရာကေတာ့မ်က္ႏွာမေကာင္းေပ။မ်က္ေမွာင္ႄကံု႔လ်ွက္ ေနရိပ္ထိုး၍ထင္သည္ မ်က္လံုးေတြကိုေမွးက်ဉ္းထားၿပီး ပံုရိပ္ကိုၾကၫ့္လာသည္။

မ်က္ေတာင္တစ္ခ်က္မခတ္သြားပဲ တင္းမာေနေသာမ်က္ႏွာထားႏွင့္တစ္ခုခုကို အလိုမက်ျဖစ္ေနပံုရသည္။ပံုရိပ္ဆရာ့ဆီသို႔ေျပးသြားလိုက္ခ်င္ေပမဲ့ စက္ႏိႈးေနၿပီျဖစ္ေသာ စက္ေလွေၾကာင့္စိတ္ဆႏၵကိုထိန္းခ်ဳပ္ထားလိုက္ရသည္။


"ေဟ့ေကာင္....မ်က္ႏွာကဘာျဖစ္ေနတာလဲ...."


ဆရာ့ပခံုးကို သူ႔သူငယ္ခ်င္းတစ္ေယာက္လာပုတ္ေသာအခ်ိန္တြင္ ဆရာသည္လည္းပံုရိပ္ထံမွမ်က္ႏွာလႊဲလိုက္သလို ပံုရိပ္တို႔၏စက္ေလွသည္လည္း ကမ္းႏွင့္တျဖည္းျဖည္းေဝးကြာလာခဲ့သည္။

ၾကၫ့္ရတာေတာ့ ဆရာတို႔လည္းပိတ္ရက္မွသူငယ္ခ်င္းေတြနဲ႔ ဘုရားလာဖူးတာထင္ပါတယ္။

ဒါဆိုရင္ ကိုယ့္တပၫ့္မတစ္ေယာက္ကို

ဘာေၾကာင့္၀တ္ေက်တန္းေက်ေတာင္ ႃပံုးမျပႏိုင္ရတာလဲ။၀မ္းနည္းလိုက္တာ။


ဘုရားေရ...ဆရာလည္းေလွ‌ကိုေစာင့္ေနတာဆိုလ်ွင္ ပံုရိပ္ကိုဘယ္အခ်ိန္တည္းကစိုက္ၾကၫ့္ေနခဲ့တာလဲ။ေလွေပၚကိုစတက္ခါစအခ်ိန္ကဆိုလ်ွင္ 

 ေလွလူး၍ ဟိန္းေဇယ်ာထက္ ပံုရိပ္ကိုဖက္လိုက္ေသာအခ်ိန္မွာမ်ားလား။ျဖစ္ႏိုင္သည္။

ဆရာဟာ လူမႈေရးေခါင္းပါးတဲ့လူမွမဟုတ္ပဲ။

ပံုရိပ္ကို အၿမဲဆူပူဆံုးမၿပီး လမ္းမွန္ေရာက္ေအာင္တြန္းပို႔ေနေသာသူတစ္ေယာက္ဟာ အနည္းဆံုးေတာ့ႃပံုး၍ႏႈတ္ဆက္ေပလိမ့္မည္။


ပံုရိပ္ႏွင့္ဟိန္းေဇယ်ာထက္ကို တစ္မ်ိဳးထင္သြားခဲ့လို႔သာ ငယ္ငယ္ရြယ္ရြယ္နဲ႔ရည္းစားထားတယ္ထင္သြားခဲ့တာမ်ားလား။သို႔မဟုတ္လ်ွင္ မိဘ၊‌ေဆြမ်ိဳး

မပါပဲသူစိမ္းေတြႏွင့္ခရီးအတူသြား၍မ်ားလား။

ဆရာ့ကိုပံုရိပ္ရွင္းျပခ်င္ပါတယ္။

ေရထဲကိုခုန္ခ်လို႔မရတာခက္သည္။

အိုးမလံုတာကို အေပါက္ကေလးႏွင့္လို႔ေျပာလ်ွင္ 

ပံုရိပ္စိတ္မလံုတာဟာ ဘာေၾကာင့္မ်ားလဲ။

အျခားသူေတြ ပံုရိပ္ကိုစိတ္ပ်က္ခ်င္ပ်က္ပါေစ။

ဆရာကေတာ့ ပံုရိပ္ကိုစိတ္ပ်က္လို႔မရဘူး။

ပံုရိပ္၏ခြန္အားတံတိုင္းႀကီး က်ိဳးပ်က္သြားလ်ွင္

 ပံုရိပ္သည္ ႏံုးေခြ၍အင္အားခ်ိနဲ႔သြားႏိုင္သည္။


ေရလယ္ဘုရား၏ရင္ျပင္ေတာ္ေပၚသို႔ေရာက္ေသာအခါမွာေတာ့  ပထမဦးဆံုး၀င္သည့္ 

ေဇာင္းတန္းတြင္ ဆုေတာင္းျပၫ့္လာဘမုနိဘုရားကို ဖူးေမ်ွာ္ၾကရသည္။

ဆုေတာင္းျပၫ့္ငါးဆက္ဘုရားမွာလည္း

 ပိုက္ဆံတစ္ေထာင္ေလာက္လႉဒါန္းခဲ့လိုက္သည္။

ေနပူေန၍ ဘုရားရင္ျပင္ေတာ္ဟာ သိပ္ၿပီးမေအးရိပ္လွေပမဲ့ ဘယ္ေလာက္ဘုရားဖူးေတြတိုးႀကိတ္ေနပါေစ ရင္ျပင္ေပၚမွာလူမ်ားႏွင့္ၾကပ္သိပ္မႈလံုး၀မမရိွတာကိုေတာ့ အံ့ဩမိသည္။


ေရွးေဟာင္းသမိုင္း၀င္က်ိဳက္ေမွာ္၀န္ေရလယ္ေစတီေတာ္ကိုတည္ရာမွာအဓိဌာန္သံုးခ်က္ႏွင့္တည္ထားသည္ဟု ဆိုေလသည္။

(၁)ဤေစတီ၏ရင္ျပင္ကိုေရမလႊမ္းမိုးႏိုင္ေစသတည္း

(၂)လာသမ်ွ ရဟန္းရွင္လူအေပါင္းရင္ျပင္ေတာ္ေပၚ၌ေနေလာက္ေစသတည္း

(၃)ဤေစတည္ကိုျပဳျပင္လႉဒါန္းသူသည္ ပစၥုပၸန္၌ပင္လ်ွင္ ေလာကီစီးပြားတိုးတက္ပါေစသတည္းဆိုေသာ အခ်က္မ်ားပင္ျဖစ္သည္။


ပံုရိပ္တို႔လည္း ဘုရားမ်ားကိုလွၫ့္ပတ္ဖူးၿပီးေနာက္ ငါးစာကၽြေးဖို႔ရန္ေပါက္ေပါက္ဆုပ္၀ယ္ၾကေလသည္။ဟိန္းေဇယ်ာထက္ကေတာ့ သူ႔အေဒၚမ်က္ေစာင္းထိုးေနေသာၾကားမွပင္ ေပါက္ေပါက္ေတြကိုအတင္းလာထိုးထၫ့္ေပးေလသည္။

ပံုရိပ္လည္း သူေပးေသာေပါက္ေပါက္ေတြႏွင့္ပဲ ငါးစာကၽြေးလိုက္သည္။


ပံုရိပ္တို႔စတက္လာခါစအခ်ိန္သည္ ေရက်ခ်ိန္ျဖစ္ေနၿပီး ယခုတြင္ေရမ်ားတက္လာ၍ ‌ငါးေတြကလည္း ပြက္လိုက္တာမွ အံ့ဩေလာက္စရာပင္ေကာင္းေနသည္။ ေျပာင္းဖူးေပါက္ေပါက္ေတြသည္လည္း ခ်၍မဆံုးျဖစ္ေနသည္။ယမင္းကေတာ့ အေပ်ာ္ႀကီးေပ်ာ္ေနသည္ေပါ့။ဟိန္းေဇယ်ာထက္ကေတာ့ စစေနာက္ေနာက္ႏွင့္ ပံုရိပ္ကိုပါ ေပါက္ေပါက္ဆုပ္ႏွင့္လွမ္းေပါက္သည္။

သူ႔အေဒၚႀကီးကိုၾကၫ့္လိုက္ေတာ့လည္း

မ်က္ေစာင္းကတခဲခဲ။အေနက်ဉ္းၾကပ္လိုက္တာ။

ေနာက္တစ္ခါ ေသတာေတာင္မလိုက္ေတာ့ဘူးဟုဆံုးျဖတ္လိုက္သည္။


ဆရာ့ကိုရွာၾကၫ့္ေတာ့လည္း လံုး၀မေတြ့ေပ။

ဆရာဆိုသည္မွာလည္း ကိုယ့္တပၫ့္မေလးကိုလိုက္၍ေတာင္မရွာေပ။

စိမ္းျပက္လိုက္တာဟု ဘာမဆိုင္ညာမဆိုင္ ႀကံဖန္၍အျပစ္တင္ေနမိသည္။

လိုက္လာတာက ကိုယ့္စိတ္သေဘာႏွင့္ကိုယ္ဆိုေပမဲ့ 

ဆရာ့ကိုစိတ္ဆိုးေနမိသည္။ဆရာသာအခုေနလာေခၚလ်ွင္ ခ်က္ခ်င္းလိုက္သြားမိမွာပဲ။

သို႔ေပမဲ့ ထိုေန့တြင္ပံုရိပ္ဆရာ့ကိုရွာ၍မေတြ့ခဲ့ပါ။

ဆရာသည္လည္း ပံုရိပ္ကိုရွာမည္မထင္ေပ။


သို႔ေပမဲ့မထင္မွတ္ထားေသာအေျခအေနတစ္ခုႏွင့္

သူမအသဲအသန္ေစာင့္ေမ်ွာ္ေနခဲ့ေသာ သတင္းကေတာ့ အိမ္တြင္အသင့္ေစာင့္ႀကိဳေနခဲ့ေလၿပီ။

ထိုေန့ဟာပံုရိပ္အတြက္ေတာ့ ျပႆဒါးေန့.....။


(ေနာက္အခန္းေတြမွာေတာ့ ဇာတ္ရိွန္ပိုျမင့္ပါၿပီ)

🔥ဆူးကြိုး...🔥အခန်း(၂၅)🔥 ပထမပိုင်း


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၅)🔥  ပထမပိုင်း


လူ့ဘ၀ကြီးသည် အင်မတန်ကြောက်စရာကောင်းသည်။ကွေးသောလက်မဆန့်မှီ၊

ဆန့်သောလက်တို့မကွေးမှီတွင် သေကြ၊ကြေကြရသည်မှ လူ‌တိုင်းတွေ့နိုင်သောဖြစ်ပျက်သဘောများပင်ဖြစ်သည်။


အလိုလောဘ၊မာန်မာနဆိုသည်မှာ အင်မတန်ပူလောင်ရသည်။ထိုလောဘစိတ်ဆန္ဒများကို ရင်ဝယ်ပိုက်ထားသောသူသည် မီးဟုန်းဟုန်းလောင်မြိုက်နေသော မီးတောက်ကြီးအား မိုက်ရူးရဲစွာတိုးတိုက်ဖြတ်သန်းသွားလာလိုသော ပိုးဖလံငယ်နှင့်အလားသဏ္ဍန်တူနေသည်။


တကယ့်တကယ် ဒုက္ခပင်လယ်ဝေ‌ပြီး ခန္ဓာကိုယ်ပါထိခိုက်ပျက်ယွင်းလာသည့်အခါ ဥစ္စာပစ္စည်းဆိုတာကလည်း ရောဂါတစ်၀က်၏ဆေးဆရာဖြစ်ပြီး ကျန်တစ်၀က်ကတော့ ယခုဘ၀နှင့်‌ ရှေးဘ၀မှကိုယ်ပြုခဲ့သောကုသိုလ်ကံ၏ အကျိုးပေးနှင့်သက်ဆိုင်နေသည်။


ကံဆိုသည်မှာအလုပ်ဟုဆိုလျှင် ဘ၀၏

အသက်ဆက်ဆေးမှာကုသိုလ်ဖြစ်သည်။

သီလကုသိုလ်သည်နောင်သံသရာဘ၀ဆက်တိုင်း အကျိုးကြီးသောအရာပင်ဖြစ်သည်။‌ ရေဗူးနှင့်ဖိနပ်မပါလျှင်‌ နွေခါမှသိမည်။

သီလနှင်ဒါနမပါလျှင်သေခါမှသိပေလိမ့်မည်။


ဇာတ်ကြီးဆယ်ဘွဲ့ရှိနေမိဇာတ်တွင် သီကြားမင်းပြောကြားတော်မူခဲ့သည့်သီလသည်ဒါနထက်အကျိုးကြီးသည်ဟူသော စကားကို

အမြဲမှတ်သားထားသည်။

ကိုယ်ကတော့ ဤအချက်ကိုသဘောပေါက်၍

သီလကုသိုလ်ကို အသိုက်ထဲတွင်အစာဖြည့်သကဲ့သို့ အမြဲဖြည့်စွမ်းသည်။


ထို့ကြောင့် နေ့စဉ်မပြတ် ခင်ပွန်းကြီးဆယ်ပါးကိုရှစ်ခိုးဦးချလျှက် ရှစ်ပါးသီလကိုလည်းခံယူသည်။ခင်ပွန်းသည်နှင့်ပင် လက်ပွန်းတတီးမနေဖြစ်တော့၍ စိတ်ပျက်ချင်ပျက်ပါစေ။


မိန်းမတို့၏ ၀တ္တရားအရကျေပွန်အောင်ဆောင်ရွက်ပေးသည်။အိမ်ထောင်မှု၏အဓိကသော့ချက်ဖြစ်သော သစ္စာတရားကိုလက်ကိုင်ထားပြီးဖြစ်သည်။ခင်ပွန်းသည် မည်မျှပွေရှုပ်ပါစေ အပြစ်မြင်မည်မဟုတ်ပါ။ကိုယ်တိုင်ဟာ အတိတ်ဘ၀ကုသိုလ်ကြောင့် အမြုံမဖြစ်နေရသည်မဟုတ်ပါလား။


ပတ်၀န်းကျင်မှလူတွေသည် မိဘမောင်ဘွားတွေနှင့်ကိုယ့်အဆင့်အတန်းဆွေမျိုးညာတိတို့၏မျက်နှာကြောင့်သာ စကားလှလှသုံးကြပေမဲ့ သူတို့တိုက်ရိုက်စော်ကားပုတ်ခတ်လာပါကလည်းအပြစ်မမြင်တော့ပါဘူး။


အမှန်တရားဆိုတာ ခါးသက်သည်မဟုတ်ပါလား။ပြောကြပါစေ။ကိုယ်ကတော့ ခွန်းတုန့်ပြန်ဖို့ကြိုးစားမှာမဟုတ်ဘူး။ငရဲကြီးရှစ်ထပ်၏ အောက်ဆုံးထပ်ဖြစ်သောအဝီဇိငရဲတွင် ဂျိုးမကပ်ချင်ပေ။


ယခုပင်လျှင် ကိုယ့်မျက်မှောက်မှာတင် အရာအားလုံးကလျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေပြီ။


ဘ၀ဇာတ်ဆရာ၏ လှည့်ကွက်တွေဟာအင်မတန်မြန်ဆန်ပြီး ကြောက်ခမန်းလိလိရက်စက်ပါသည်။လူတွေဟာ ကြိုးဆွဲရုပ်တွေဖြစ်နေကြပြီး တကယ်ဒုက္ခလားရာသို့ 

တည့်တည့်သွားရမည်ဆိုပါက မလှုပ်မယှက်တုပ်နှောင်ချည်ကာ မရဏတွင်း၀မှသူ့အလိုလိုခုန်ချမိလိမ့်မည်ဖြစ်သည်။


ငါတို့ဟာ သေမင်း၏သားကောင်တွေပါလား။

နေ့စံ၊ညခံဆိုတာမျိုးတွေကို ကိုယ်တိုင်မမြင်ဖူးပေမဲ့ ရွှေပုံကြီးပေါ်တွင်ထိုင်လျှက်ကနေ ဒုက္ခိတဘ၀သို့ ကူးပြောင်းရသောလူတစ်‌ယောက်၏အဖြစ်ကိုတော့ မျက်ဝါးထင်ထင်မြင်နေရလေသည်။


တစ်နေ့...တစ်နေ့စိတ်ဓာတ်တွေကျ၍ ငါသေလိုက်ချင်သည်ဟု ညည်းငြူနေ‌တတ်သောယောက္ခမကြီးဒေါ်ရိပ်ညို၏အဖြစ်သည် ဘေးကကြည့်နေသူတွေအဖို့ မည်သည့်စကားမျိုးဖြင့် နှစ်သိမ့်ရမှန်းတောင်မတွေးတတ်တော့ပေ။


မိုးကုတ်တွင်ရှိသော အသစ်တူးဖော်သည့်ကျောက်တွင်းသို့အသွားတွင် ကားအက်စီးဒဲန့်ဖြစ်၍ ခြေထောက်အရိုးတို့ကျိုးသွားခဲ့သည်။

 အရိုးပြန်ဆက်ရန်ခွဲစိတ်မှုပြုလုပ်ထားပေမဲ့ ယခုနှစ်ပတ်လောက်အထိ ခြေထောက်တွေကလှုပ်လို့ရရုံသာရှိသေးပြီး လမ်းလျှောက်၍မရသေးသောကြောင့်

တစ်နေရာရာသို့သွားလိုလျှင် ဝှီးချဲလ်နှင့်သာသွားရသည်။


နဂိုတည်းကစိတ်မြန်၊လက်မြန်အမျိုးသမီးကြီးဖြစ်တဲ့အပြင် မိမိကိုယ်ကိုကလွဲလျှင်

မည်သူ့ကိုမှအယုံအကြည်မရှိသူဖြစ်၍ 

အခုအသက်၇၀ကျော်သည်အထိ အနားမယူခဲ့သည့် အမျိုးသမီးကြီးဖြစ်သည်။‌


သွေးတိုးရောဂါလောက်သာရှိသူပေမဲ့ လှုပ်ရှား၍မရသောခွဲစိတ်ထားပြီးခါစခြေထောက်တွေ၏ နာကျင်မှုကိုအလူးအလဲခံနေရရှာသည်။ဒါတောင် သူ့လုပ်ငန်းတွေကိုစိတ်မချချင်ပဲ သူ့လက်ထောက်ကိုအလုပ်နှင့်ပတ်သတ်သည့် အထွေအထူးကိစ္စများကို

ဖုန်းနှင့်လှမ်းလှမ်းမေးသေးသည်။အသက်၇၀ကျော်ပေမဲ့ ဘေးနားမှာခွေးအာတွေကဝိုင်းနေလေတော့ ပင်စင်ယူလို့မရသေးသည့်အမျိုးသမီးကြီးပါပဲ။

လူ့လောဘများ သိပ်ကြောက်ဖို့ကောင်းပါသည်။


"အန်တီတင့်ရေ...ဒီမှာငါးဆန်ပြုတ်လေးရပါပြီ..."


"အေး...ကွပ်ကီးနဲ့အိုဗာတင်းရော..."


"အဆင်သင့်ပါပဲ...."


"ဒါဆို...ပေးပေး...ညနေကျရင်တော့ငါပဲစီမံပေးလိုက်မယ်....ငါလည်းလေ...

မေမေကောင်းစဉ်ကအငြိမ်နေပြီး ဘေးရှောင်နေခဲ့သမျှ..အခုတော့အတိုးရော..အရင်းရောပြန်ဆပ်နေရပြီ...တရားခွေလေးလည်း

ကောင်းကောင်းနားမထောင်ရတော့သလို

...ပုတီးလေးတောင်တစ်ပတ်ပြည့်အောင်

စိပ်ခွင့်မရတော့ဘူး..အင်း..မေညို့ကိုညှင်းဆဲခဲ့သမျှ..ပြန်ခံနေရတာပါပဲ...သူ့သားကတော့ဆေးကုဖို့လောက်ပဲတတ်တယ်..."


ဒေါ်ယဉ်တင့်တစ်ယောက် ထဘီအဖျားတွေကိုတဖျပ်ဖျပ်မြည်အောင်ခပ်ပြီး

လမ်းလျှောက်လျှက်အိမ်အတွင်းပိုင်းရှိ အိပ်ခန်းကျယ်ကြီးတစ်ခုထဲသို့၀င်သွားလေသည်။အိပ်ခန်းထဲသို့၀င်လိုက်စဉ်မှာပဲ မျက်နှာလေးအိုလျှက် ယခုမှအမယ်အိုပုံစံဖြစ်၍နေသော ဒေါ်ရိပ်ညိုကိုတွေ့လိုက်ရသည်။ပြတင်ပေါက်မှနေ၍ ဝှီးချဲလ်ပေါ်တွင်ထိုင်ကာ ခြံထဲတွင်စိုက်ထားသောအပင်

စိမ်းစိမ်းစိုစိုတို့ကို မျှော်ကြည့်နေလေသည်။


ငါးဆန်ပြုတ်ပန်းကန်လေးကိုကိုင်လျှက် အနောက်တွင်ရပ်နေသော ဒေါ်ယဉ်တင့်ကိုယ်တိုင်ပင် တွေတွေကြီးဖြစ်လျှက်မျက်ရည်ဝဲရရှာသည်။ကိုယ်ကချွေးမပေမဲ့ မိခင်ရင်းတစ်ယောက်ကို သဘောထားမိပါသည်။

သားကိုရော လင်ယောက်ျားကိုပါဆုံးရှုံးထားရသည့်ဒေါ်ရိပ်ညိုသည် အင်မတန်အသဲမာသောမိန်းမတစ်ယောက်ပါလေ။


ပုံမှန်လူဆိုပါက အိပ်ယာထဲတွင်ဗုန်း‌ဗုန်းလဲနေလောက်ပေမဲ့ ယခုအထိကားတိုက်ထားသည့် ဒဏ်ရာတွေမကျက်သေးတာတောင်

ဒီအမျိုးသမီးဟာ သူ့ကိုယ်သူအားကိုးနေတုန်းပါပဲ။


ဒီအသက်အရွယ်မှာ တစ်သတ်စားမကုန်

သည့်စည်းစိမ်တွေနှင့်အေးအေးချမ်းချမ်းနေလို့ရပါလျှက်နှင့် သံယောဇဉ်အနွယ်အနှောင်းတွေကမပျက်သေးသလို ဥစ္စာကိုမက်၍

လောဘကမကုန်ခမ်းသေးပဲကိုး။


ဒီတော့လည်း ဒုက္ခတွင်းထဲမှာလောင်မြိုက်နေရုံမှတပါး အခြားမရှိတော့ဘူးပေါ့။

သူ့နေရာမှ ကိုယ်တွေးပြန်လျှင်လည်း အတိုင်းအစမရှိ များပြားလှသော စည်းစိမ်တွေဟာနှစ်ပေါင်းများစွာ စုဆောင်းပြီးမှဖြစ်တည်လာခဲ့တော့ဘယ်လက်လွတ်စပယ်ပစ်ထားရပ်မှာလဲ။


"တင့်တင့်ရောက်လာပြီလား...."


"ဟုတ်ကဲ့မေညို...ဒီမှာအမေ့အတွက်ငါးဆန်ပြုတ်လေးပါလာတယ်...တင့်တင့်...

ခွံ့ကျွေးမယ်နော်...."


"နေပါ...အမေပြောစရာရှိတယ်...အစားကနောက်မှစားလည်းရပါတယ်..."


ဒေါ်ယဉ်တင့်ကခွံ့ကျွေးချင်ပေမဲ့ မေညိုသည်အတင်းပဲလက်ကာ၍ တားဆီးလာသောကြောင့် လင်ဗန်းလေးကိုခုံပေါ်တွင်သာချထားလိုက်ရသည်။အမှန်ကမနက်စာအဖြစ် ဆန်ပြုတ်လေးတိုက်ဖို့ရည်ရွယ်ထားပေမဲ့ စိတ်ဓာတ်ကျနေသော မေညိုသည်ခံတွင်းတွေပါပျက်ပြီး အစာစားချင်စိတ်ကင်းမဲ့နေ၍ အိုဗာတင်းနှင့်ကွတ်ကီးလေးကိုပါ အပိုယူလာခဲ့ရသည်။


ဒီအိမ်မှာ မေညို့ကိုလက်ပွန်းတတီးနှင့်စိတ်ရှည်စွာ ပြုစုယုယပေးသည်မှာဒေါ်ယဉ်တင့်တစ်ယောက်တည်းသာရှိလေသည်။

ဒေါ်ရိပ်ညို၏ သမီးအရင်းဖြစ်သော

ယွန်းမေဦးနှင့်အခြားသောသူများကတော့ အရိပ်ပြရုံလောက်သာရှိကြပြီး တခါတလေအကျိုးအမြတ်ပါ ရအောင်ယူသွားကြသေးသည်။


ဒါကြောင့်လည်း အဖွားကြီးခမျာ ဒုက္ခိတဖြစ်နေသော သူ့ကိုယ်သူလည်း ဒေါသထွက်နေသလို အားမလိုအားမရဖြစ်စွာ အနာဂတ်ကိုကြိုတွေးရင်း ရင်တမမဖြစ်နေလေသည်။

သူ့အားနည်းချက်ကို ‌ကျားချောင်းချောင်း၍ နောက်ကျောသို့ဓားနှင့်ထိုးဖို့ရန် အသင့်စောင့်နေသောလူများထဲတွင် အနီးဆုံးလူတွေလည်း ပါ၀င်နေသောကြောင့်ပင်။


"အခန်းတံခါးကိုသွားပိတ်လိုက်တင့်တင့်...

ပြောမဲ့စကားကအရေးကြီးတယ်...ဟိုလူတွေကြားလို့မဖြစ်ဘူး..."


"ဟုတ်ကဲ့...."


ဒေါ်ယဉ်တင့်သည် အခန်းတံခါးကြီးကို

ခပ်ဖြည်းဖြည်းပိတ်လိုက်ပြီး ဒေါ်ရိပ်ညို၏

ဝှီးချဲလ်ဘေးရှိ ထိုင်ခုံအပုလေးတွင် ထိုင်လိုက်လေသည်။စကားပြောလျှင်မျက်လုံးချင်းဆုံပြီးမှပြောတတ်သော ဒေါ်ရိပ်ညို

၏အကျင့်အတိုင်း ဝှီးချဲလ်၏ဘီးကို

အနောက်ကို့ဖြည်းဖြည်းတွန်းလျှက်

ဒေါ်တင့်နှင့်မျက်နှာချင်းဆိုင်အောင်လုပ်လိုက်သည်။


"ပုံရိပ်ကိုသွားခေါ်ခိုင်းတဲ့ကိစ္စ...ဘာထူးသေးလဲ...အခုချိန်မှာပုံရိပ်ကိုငါအရေးတကြီးတွေ့ချင်တယ်.."


"တင့်တောင်းပန်ပါတယ်မေညိုရယ်...

တင့်တင့်အဲ့ဒီ့ကိစ္စကိုတကယ်မေ့နေတာ...

တင့်ရဲ့ယွန်းဆိုင်လေးကို အော်ဒါတင်တဲ့ကိစ္စတွေပျက်ရင်ရန်ကုန်ကိုဆင်းမလို့စဉ်းစားထားခဲ့တာ...အမေကလည်းဒီလိုထဖြစ်တော့ မေ့သွားခဲ့တယ်..."


"အင်း...ငါထင်ပါတယ်...ယဉ်တင့်တို့မေ့နေပြီဆိုတာ...ငါ့စကားကိုအလေးမထားရင်တော့ငါမကြိုက်ဘူးနော်...."


ဒေါ်ယဉ်တင့်တစ်ယောက် မေညို၏ခပ်တည်တည် ခပ်တင်းတင်းဖြစ်သွားသောမျက်နှာထားကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်။‌ဒေါ်ရိပ်ညိုဆိုသည့် အမျိုးသမီးသည် ထက်မြတ်ပြီးပျက်သားရုံသာမက ကတိတစ်လုံးကိုအာဂုဏ်ဆောင်ထားသကဲ့သို့ တန်ဖိုးထားသူဖြစ်သည်။


ဂုဏ်မောက်သူဖြစ်၍ အဆင့်အတန်းလည်းခွဲခြားလွန်းသလို သူအမိန့်ပေးထားသည့်အလုပ်ကို ချက်ခြင်းလက်ငင်းထလုပ်မှကြိုက်တတ်သူဖြစ်သည်။

အခုလည်း ကိုယ့်မှာယွန်းဆိုင်ကတစ်ဖက်နှင့် သူ့မြေးကိုသွားရှာပေးဖို့စဉ်းစားထားပေမဲ့ 

သူကနာမကျန်းဖြစ်ပြီးခြေထောက်မကောင်းတော့ သားသမီးမရှိသည့်ကိုယ်ကပဲ 

အမေ့လုပ်ငန်းတွေကိုပါ ရောပြီးကြီးကြပ်နေရသည်။ဒါကိုသိပါလျှက်နဲ့ အမေစိတ်ဆိုးရက်တယ်။မေညိုဟာ သူ့ဆွေမျိုးသားချင်းမှ လွဲ၍အခြားသူတွေကို အမြဲသူစိမ်းဆန်တတ်သူပါလား။


"အမေရယ်...အမေ့သားကလည်းဆေးကုတဲ့အလုပ်ကိုပဲ စိတ်၀င်စားတဲ့လူလေ...

အမေ့စီးပွားရေးတွေပြုန်းသွားလည်း 

သူကစိတ်မ၀င်စားဘူး...သမီးမှာသာတရားလည်းမမှတ်နိုင်တော့ပဲ...အလုပ်တောင်းထဲကိုဇောက်ထိုးကျနေရလို့...ကလေးရှာတဲ့ဘက်

မလှည့်နိုင်တာပါ...သမီးတမင်မရှာပေးချင်လို့မဟုတ်ရပါဘူး...."


"အေးပါ...ယဉ်တင့်ရယ်...နင့်မှာလည်း..အမေ့ကြောင့်၀န်ပိနေရပြီ...အခုနေသေသွားခဲ့သည်ရှိသော် သားငယ်ရဲ့သမီးလေးကိုမတွေ့လိုက်ရမှာစိုးလို့ပါ...ငါ့တို့မျိုးရိုးထဲကကလေးတစ်ယောက် လူမသိသူမသိပဲဆင်းရဲတွင်းမှနစ်နေမှာစိုးလို့ပါ...သားငယ်ရဲ့အရိပ်ဆိုလို့ သူလေးပဲရှိတော့တာမဟုတ်လား...ငါ့သားလေးက

ငါ့ကိုဘယ်လောက်ချစ်သလဲဆိုရင် သူ့သမီးရဲ့နာမည်ကိုတောင် ပုံရိပ်ဆိုပြီးပေးခဲ့တာပဲကြည့်...မေသန့်တို့မျိုးရိုးကချမ်းသာတဲ့လူဆိုလို့ခပ်ရှားရှားရယ်...သူ့ညီမဆိုတာကလည်း

...ဘာထူးလောက်မှာလည်း...ငါ့မြေးကိုငါတွေ့ချင်တယ်...မသေခင်လေးပေါ့ဟယ်..."


"မေညိုရယ်...သမီးဒီနေ့ညနေပဲရန်ကုန်ကို

ဆင်းပါ့မယ်...ကလေးကိုမတွေ့တွေ့အောင်‌ရှာပြီး ခေါ်လာခဲ့ပါ့မယ်...သမီးကတိပေးပါတယ်..."


ဒေါ်ယဉ်တင့်ထံမှ ကတိပေးပါသည်ဆိုသောစကားကိုကြားသောအခါမှ ဒေါ်ရိပ်ညို၏မျက်နှာသည် ထွန်းသစ်စလမင်းကဲ့သို့ ၀င်း၀င်းပပနှင့်ရွှန်းလဲ့‌သွားတော့သည်။

                                            🔥ဆူးကြိုး...🔥အခန်း(၂၅)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်

=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥  ပထမပိုင္း


လူ႔ဘ၀ႀကီးသည္ အင္မတန္ေၾကာက္စရာေကာင္းသည္။ေကြးေသာလက္မဆန႔္မွီ၊

ဆန႔္ေသာလက္တို႔မေကြးမွီတြင္ ေသၾက၊ေၾကၾကရသည္မွ လူ‌တိုင္းေတြ့ႏိုင္ေသာျဖစ္ပ်က္သေဘာမ်ားပင္ျဖစ္သည္။


အလိုေလာဘ၊မာန္မာနဆိုသည္မွာ အင္မတန္ပူေလာင္ရသည္။ထိုေလာဘစိတ္ဆႏၵမ်ားကို ရင္ဝယ္ပိုက္ထားေသာသူသည္ မီးဟုန္းဟုန္းေလာင္ၿမိဳက္ေနေသာ မီးေတာက္ႀကီးအား မိုက္ရူးရဲစြာတိုးတိုက္ျဖတ္သန္းသြားလာလိုေသာ ပိုးဖလံငယ္ႏွင့္အလားသ႑န္တူေနသည္။


တကယ့္တကယ္ ဒုကၡပင္လယ္ေဝ‌ၿပီး ခႏၶာကိုယ္ပါထိခိုက္ပ်က္ယြင္းလာသၫ့္အခါ ဥစၥာပစၥည္းဆိုတာကလည္း ေရာဂါတစ္၀က္၏ေဆးဆရာျဖစ္ၿပီး က်န္တစ္၀က္ကေတာ့ ယခုဘ၀ႏွင့္‌ ေရွးဘ၀မွကိုယ္ျပဳခဲ့ေသာကုသိုလ္ကံ၏ အက်ိဳးေပးႏွင့္သက္ဆိုင္ေနသည္။


ကံဆိုသည္မွာအလုပ္ဟုဆိုလ်ွင္ ဘ၀၏

အသက္ဆက္ေဆးမွာကုသိုလ္ျဖစ္သည္။

သီလကုသိုလ္သည္ေနာင္သံသရာဘ၀ဆက္တိုင္း အက်ိဳးႀကီးေသာအရာပင္ျဖစ္သည္။‌ ေရဗူးႏွင့္ဖိနပ္မပါလ်ွင္‌ ေနြခါမွသိမည္။

သီလႏွင္ဒါနမပါလ်ွင္ေသခါမွသိေပလိမ့္မည္။


ဇာတ္ႀကီးဆယ္ဘဲြ႔ရိွေနမိဇာတ္တြင္ သီၾကားမင္းေျပာၾကားေတာ္မူခဲ့သၫ့္သီလသည္ဒါနထက္အက်ိဳးႀကီးသည္ဟူေသာ စကားကို

အၿမဲမွတ္သားထားသည္။

ကိုယ္ကေတာ့ ဤအခ်က္ကိုသေဘာေပါက္၍

သီလကုသိုလ္ကို အသိုက္ထဲတြင္အစာျဖၫ့္သကဲ့သို႔ အၿမဲျဖၫ့္စြမ္းသည္။


ထို႔ေၾကာင့္ ေန့စဉ္မျပတ္ ခင္ပြန္းႀကီးဆယ္ပါးကိုရွစ္ခိုးဦးခ်လ်ွက္ ရွစ္ပါးသီလကိုလည္းခံယူသည္။ခင္ပြန္းသည္ႏွင့္ပင္ လက္ပြန္းတတီးမေနျဖစ္ေတာ့၍ စိတ္ပ်က္ခ်င္ပ်က္ပါေစ။


မိန္းမတို႔၏ ၀တၲရားအရေက်ပြန္ေအာင္ေဆာင္ရြက္ေပးသည္။အိမ္ေထာင္မႈ၏အဓိကေသာ့ခ်က္ျဖစ္ေသာ သစၥာတရားကိုလက္ကိုင္ထားၿပီးျဖစ္သည္။ခင္ပြန္းသည္ မည္မ်ွေပြရႈပ္ပါေစ အျပစ္ျမင္မည္မဟုတ္ပါ။ကိုယ္တိုင္ဟာ အတိတ္ဘ၀ကုသိုလ္ေၾကာင့္ အႃမံုမျဖစ္ေနရသည္မဟုတ္ပါလား။


ပတ္၀န္းက်င္မွလူေတြသည္ မိဘေမာင္ဘြားေတြႏွင့္ကိုယ့္အဆင့္အတန္းေဆြမ်ိဳးညာတိတို႔၏မ်က္ႏွာေၾကာင့္သာ စကားလွလွသံုးၾကေပမဲ့ သူတို႔တိုက္ရိုက္ေစာ္ကားပုတ္ခတ္လာပါကလည္းအျပစ္မျမင္ေတာ့ပါဘူး။


အမွန္တရားဆိုတာ ခါးသက္သည္မဟုတ္ပါလား။ေျပာၾကပါေစ။ကိုယ္ကေတာ့ ခြန္းတုန႔္ျပန္ဖို႔ႀကိဳးစားမွာမဟုတ္ဘူး။ငရဲႀကီးရွစ္ထပ္၏ ေအာက္ဆံုးထပ္ျဖစ္ေသာအဝီဇိငရဲတြင္ ဂ်ိဳးမကပ္ခ်င္ေပ။


ယခုပင္လ်ွင္ ကိုယ့္မ်က္ေမွာက္မွာတင္ အရာအားလံုးကလ်ွင္ျမန္စြာ ျဖစ္ပ်က္သြားခဲ့ေလၿပီ။


ဘ၀ဇာတ္ဆရာ၏ လွၫ့္ကြက္ေတြဟာအင္မတန္ျမန္ဆန္ၿပီး ေၾကာက္ခမန္းလိလိရက္စက္ပါသည္။လူေတြဟာ ႀကိဳးဆဲြရုပ္ေတျြဖစ္ေနၾကၿပီး တကယ္ဒုကၡလားရာသို႔ 

တၫ့္တည့္သြားရမည္ဆိုပါက မလႈပ္မယွက္တုပ္ေနွာင္ခ်ည္ကာ မရဏတြင္း၀မွသူ႔အလိုလိုခုန္ခ်မိလိမ့္မည္ျဖစ္သည္။


ငါတို႔ဟာ ေသမင္း၏သားေကာင္ေတြပါလား။

ေန့စံ၊ညခံဆိုတာမ်ိဳးေတြကို ကိုယ္တိုင္မျမင္ဖူးေပမဲ့ ေရႊပံုႀကီးေပၚတြင္ထိုင္လ်ွက္ကေန ဒုကၡိတဘ၀သို႔ ကူးေျပာင္းရေသာလူတစ္‌ေယာက္၏အျဖစ္ကိုေတာ့ မ်က္ဝါးထင္ထင္ျမင္ေနရေလသည္။


တစ္ေန့...တစ္ေန့စိတ္ဓာတ္ေတြက်၍ ငါေသလိုက္ခ်င္သည္ဟု ညည္းျငဴေန‌တတ္ေသာေယာကၡမႀကီးေဒၚရိပ္ညို၏အျဖစ္သည္ ေဘးကၾကၫ့္ေနသူေတြအဖို႔ မည္သၫ့္စကားမ်ိဳးျဖင့္ ႏွစ္သိမ့္ရမွန္းေတာင္မေတြးတတ္ေတာ့ေပ။


မိုးကုတ္တြင္ရိွေသာ အသစ္တူးေဖာ္သၫ့္ေက်ာက္တြင္းသို႔အသြားတြင္ ကားအက္စီးဒဲန႔္ျဖစ္၍ ေျခေထာက္အရိုးတို႔က်ိဳးသြားခဲ့သည္။

 အရိုးျပန္ဆက္ရန္ခဲြစိတ္မႈျပဳလုပ္ထားေပမဲ့ ယခုႏွစ္ပတ္ေလာက္အထိ ေျခေထာက္ေတြကလႈပ္လို႔ရရံုသာရိွေသးၿပီး လမ္းေလ်ွာက္၍မရေသးေသာေၾကာင့္

တစ္ေနရာရာသို႔သြားလိုလ်ွင္ ဝွီးခ်ဲလ္ႏွင့္သာသြားရသည္။


နဂိုတည္းကစိတ္ျမန္၊လက္ျမန္အမ်ိဳးသမီးႀကီးျဖစ္တဲ့အျပင္ မိမိကိုယ္ကိုကလဲြလ်ွင္

မည္သူ႔ကိုမွအယံုအၾကည္မရိွသူျဖစ္၍ 

အခုအသက္၇၀ေက်ာ္သည္အထိ အနားမယူခဲ့သၫ့္ အမ်ိဳးသမီးႀကီးျဖစ္သည္။‌


ေသြးတိုးေရာဂါေလာက္သာရိွသူေပမဲ့ လႈပ္ရွား၍မရေသာခဲြစိတ္ထားၿပီးခါစေျခေထာက္ေတြ၏ နာက်င္မႈကိုအလူးအလဲခံေနရရွာသည္။ဒါေတာင္ သူ႔လုပ္ငန္းေတြကိုစိတ္မခ်ခ်င္ပဲ သူ႔လက္ေထာက္ကိုအလုပ္ႏွင့္ပတ္သတ္သၫ့္ အေထြအထူးကိစၥမ်ားကို

ဖုန္းႏွင့္လွမ္းလွမ္းေမးေသးသည္။အသက္၇၀ေက်ာ္ေပမဲ့ ေဘးနားမွာေခြးအာေတြကဝိုင္းေနေလေတာ့ ပင္စင္ယူလို႔မရေသးသၫ့္အမ်ိဳးသမီးႀကီးပါပဲ။

လူ႔ေလာဘမ်ား သိပ္ေၾကာက္ဖို႔ေကာင္းပါသည္။


"အန္တီတင့္ေရ...ဒီမွာငါးဆန္ျပဳတ္ေလးရပါၿပီ..."


"ေအး...ကြပ္ကီးနဲ႔အိုဗာတင္းေရာ..."


"အဆင္သင့္ပါပဲ...."


"ဒါဆို...ေပးေပး...ညေနက်ရင္ေတာ့ငါပဲစီမံေပးလိုက္မယ္....ငါလည္းေလ...

ေမေမေကာင္းစဉ္ကအၿငိမ္ေနၿပီး ေဘးေရွာင္ေနခဲ့သမ်ွ..အခုေတာ့အတိုးေရာ..အရင္းေရာျပန္ဆပ္ေနရၿပီ...တရားေခြေလးလည္း

ေကာင္းေကာင္းနားမေထာင္ရေတာ့သလို

...ပုတီးေလးေတာင္တစ္ပတ္ျပၫ့္ေအာင္

စိပ္ခြင့္မရေတာ့ဘူး..အင္း..ေမညို႔ကိုၫွင္းဆဲခဲ့သမ်ွ..ျပန္ခံေနရတာပါပဲ...သူ႔သားကေတာ့ေဆးကုဖို႔ေလာက္ပဲတတ္တယ္..."


ေဒၚယဉ္တင့္တစ္ေယာက္ ထဘီအဖ်ားေတြကိုတဖ်ပ္ဖ်ပ္ျမည္ေအာင္ခပ္ၿပီး

လမ္းေလ်ွာက္လ်ွက္အိမ္အတြင္းပိုင္းရိွ အိပ္ခန္းက်ယ္ႀကီးတစ္ခုထဲသို႔၀င္သြားေလသည္။အိပ္ခန္းထဲသို႔၀င္လိုက္စဉ္မွာပဲ မ်က္ႏွာေလးအိုလ်ွက္ ယခုမွအမယ္အိုပံုစံျဖစ္၍ေနေသာ ေဒၚရိပ္ညိုကိုေတြ့လိုက္ရသည္။ျပတင္ေပါက္မွေန၍ ဝွီးခ်ဲလ္ေပၚတြင္ထိုင္ကာ ၿခံထဲတြင္စိုက္ထားေသာအပင္

စိမ္းစိမ္းစိုစိုတို႔ကို ေမ်ွာ္ၾကၫ့္ေနေလသည္။


ငါးဆန္ျပဳတ္ပန္းကန္ေလးကိုကိုင္လ်ွက္ အေနာက္တြင္ရပ္ေနေသာ ေဒၚယဉ္တင့္ကိုယ္တိုင္ပင္ ေတြေတြႀကီးျဖစ္လ်ွက္မ်က္ရည္ဝဲရရွာသည္။ကိုယ္ကခၽြေးမေပမဲ့ မိခင္ရင္းတစ္ေယာက္ကို သေဘာထားမိပါသည္။

သားကိုေရာ လင္ေယာက္်ားကိုပါဆံုးရႈံးထားရသၫ့္ေဒၚရိပ္ညိုသည္ အင္မတန္အသဲမာေသာမိန္းမတစ္ေယာက္ပါေလ။


ပံုမွန္လူဆိုပါက အိပ္ယာထဲတြင္ဗုန္း‌ဗုန္းလဲေနေလာက္ေပမဲ့ ယခုအထိကားတိုက္ထားသၫ့္ ဒဏ္ရာေတြမက်က္ေသးတာေတာင္

ဒီအမ်ိဳးသမီးဟာ သူ႔ကိုယ္သူအားကိုးေနတုန္းပါပဲ။


ဒီအသက္အရြယ္မွာ တစ္သတ္စားမကုန္

သည့္စည္းစိမ္ေတြႏွင့္ေအးေအးခ်မ္းခ်မ္းေနလို႔ရပါလ်ွက္ႏွင့္ သံေယာဇဉ္အႏြယ္အေနွာင္းေတြကမပ်က္ေသးသလို ဥစၥာကိုမက္၍

ေလာဘကမကုန္ခမ္းေသးပဲကိုး။


ဒီေတာ့လည္း ဒုကၡတြင္းထဲမွာေလာင္ၿမိဳက္ေနရံုမွတပါး အျခားမရိွေတာ့ဘူးေပါ့။

သူ႔ေနရာမွ ကိုယ္ေတြးျပန္လ်ွင္လည္း အတိုင္းအစမရိွ မ်ားျပားလွေသာ စည္းစိမ္ေတြဟာႏွစ္ေပါင္းမ်ားစြာ စုေဆာင္းၿပီးမျွဖစ္တည္လာခဲ့ေတာ့ဘယ္လက္လြတ္စပယ္ပစ္ထားရပ္မွာလဲ။


"တင့္တင့္ေရာက္လာၿပီလား...."


"ဟုတ္ကဲ့ေမညို...ဒီမွာအေမ့အတြက္ငါးဆန္ျပဳတ္ေလးပါလာတယ္...တင့္တင့္...

ခြံ႔ကၽြေးမယ္ေနာ္...."


"ေနပါ...အေမေျပာစရာရိွတယ္...အစားကေနာက္မွစားလည္းရပါတယ္..."


ေဒၚယဉ္တင့္ကခြံ႔ကၽြေးခ်င္ေပမဲ့ ေမညိုသည္အတင္းပဲလက္ကာ၍ တားဆီးလာေသာေၾကာင့္ လင္ဗန္းေလးကိုခံုေပၚတြင္သာခ်ထားလိုက္ရသည္။အမွန္ကမနက္စာအျဖစ္ ဆန္ျပဳတ္ေလးတိုက္ဖို႔ရည္ရြယ္ထားေပမဲ့ စိတ္ဓာတ္က်ေနေသာ ေမညိုသည္ခံတြင္းေတြပါပ်က္ၿပီး အစာစားခ်င္စိတ္ကင္းမဲ့ေန၍ အိုဗာတင္းႏွင့္ကြတ္ကီးေလးကိုပါ အပိုယူလာခဲ့ရသည္။


ဒီအိမ္မွာ ေမညို႔ကိုလက္ပြန္းတတီးႏွင့္စိတ္ရွည္စြာ ျပဳစုယုယေပးသည္မွာေဒၚယဉ္တင့္တစ္ေယာက္တည္းသာရိွေလသည္။

ေဒၚရိပ္ညို၏ သမီးအရင္းျဖစ္ေသာ

ယြန္းေမဦးႏွင့္အျခားေသာသူမ်ားကေတာ့ အရိပ္ျပရံုေလာက္သာရိွၾကၿပီး တခါတေလအက်ိဳးအျမတ္ပါ ရေအာင္ယူသြားၾကေသးသည္။


ဒါေၾကာင့္လည္း အဖြားႀကီးခမ်ာ ဒုကၡိတျဖစ္ေနေသာ သူ႔ကိုယ္သူလည္း ေဒါသထြက္ေနသလို အားမလိုအားမရျဖစ္စြာ အနာဂတ္ကိုႀကိဳေတြးရင္း ရင္တမမျဖစ္ေနေလသည္။

သူ႔အားနည္းခ်က္ကို ‌က်ားေခ်ာင္းေခ်ာင္း၍ ေနာက္ေက်ာသို႔ဓားႏွင့္ထိုးဖို႔ရန္ အသင့္ေစာင့္ေနေသာလူမ်ားထဲတြင္ အနီးဆံုးလူေတြလည္း ပါ၀င္ေနေသာေၾကာင့္ပင္။


"အခန္းတံခါးကိုသြားပိတ္လိုက္တင့္တင့္...

ေျပာမဲ့စကားကအေရးႀကီးတယ္...ဟိုလူေတြၾကားလို႔မျဖစ္ဘူး..."


"ဟုတ္ကဲ့...."


ေဒၚယဉ္တင့္သည္ အခန္းတံခါးႀကီးကို

ခပ္ျဖည္းျဖည္းပိတ္လိုက္ၿပီး ေဒၚရိပ္ညို၏

ဝွီးခ်ဲလ္ေဘးရိွ ထိုင္ခံုအပုေလးတြင္ ထိုင္လိုက္ေလသည္။စကားေျပာလ်ွင္မ်က္လံုးခ်င္းဆံုၿပီးမွေျပာတတ္ေသာ ေဒၚရိပ္ညို

၏အက်င့္အတိုင္း ဝွီးခ်ဲလ္၏ဘီးကို

အေနာက္ကို႔ျဖည္းျဖည္းတြန္းလ်ွက္

ေဒၚတင့္ႏွင့္မ်က္ႏွာခ်င္းဆိုင္ေအာင္လုပ္လိုက္သည္။


"ပံုရိပ္ကိုသြားေခၚခိုင္းတဲ့ကိစၥ...ဘာထူးေသးလဲ...အခုခ်ိန္မွာပံုရိပ္ကိုငါအေရးတႀကီးေတြ့ခ်င္တယ္.."


"တင့္ေတာင္းပန္ပါတယ္ေမညိုရယ္...

တင့္တင့္အဲ့ဒီ့ကိစၥကိုတကယ္ေမ့ေနတာ...

တင့္ရဲ့ယြန္းဆိုင္ေလးကို ေအာ္ဒါတင္တဲ့ကိစၥေတြပ်က္ရင္ရန္ကုန္ကိုဆင္းမလို႔စဉ္းစားထားခဲ့တာ...အေမကလည္းဒီလိုထျဖစ္ေတာ့ ေမ့သြားခဲ့တယ္..."


"အင္း...ငါထင္ပါတယ္...ယဉ္တင့္တို႔ေမ့ေနၿပီဆိုတာ...ငါ့စကားကိုအေလးမထားရင္ေတာ့ငါမႀကိဳက္ဘူးေနာ္...."


ေဒၚယဉ္တင့္တစ္ေယာက္ ေမညို၏ခပ္တည္တည္ ခပ္တင္းတင္းျဖစ္သြားေသာမ်က္ႏွာထားေၾကာင့္ အနည္းငယ္စိတ္မသက္မသာျဖစ္သြားရသည္။‌ေဒၚရိပ္ညိုဆိုသၫ့္ အမ်ိဳးသမီးသည္ ထက္ျမတ္ၿပီးပ်က္သားရံုသာမက ကတိတစ္လံုးကိုအာဂုဏ္ေဆာင္ထားသကဲ့သို႔ တန္ဖိုးထားသူျဖစ္သည္။


ဂုဏ္ေမာက္သူျဖစ္၍ အဆင့္အတန္းလည္းခဲြျခားလြန္းသလို သူအမိန႔္ေပးထားသၫ့္အလုပ္ကို ခ်က္ျခင္းလက္ငင္းထလုပ္မွႀကိဳက္တတ္သူျဖစ္သည္။

အခုလည္း ကိုယ့္မွာယြန္းဆိုင္ကတစ္ဖက္ႏွင့္ သူ႔ေျမးကိုသြားရွာေပးဖို႔စဉ္းစားထားေပမဲ့ 

သူကနာမက်န္းျဖစ္ၿပီးေျခေထာက္မေကာင္းေတာ့ သားသမီးမရိွသၫ့္ကိုယ္ကပဲ 

အေမ့လုပ္ငန္းေတြကိုပါ ေရာၿပီးႀကီးၾကပ္ေနရသည္။ဒါကိုသိပါလ်ွက္နဲ႔ အေမစိတ္ဆိုးရက္တယ္။ေမညိုဟာ သူ႔ေဆြမ်ိဳးသားခ်င္းမွ လဲြ၍အျခားသူေတြကို အၿမဲသူစိမ္းဆန္တတ္သူပါလား။


"အေမရယ္...အေမ့သားကလည္းေဆးကုတဲ့အလုပ္ကိုပဲ စိတ္၀င္စားတဲ့လူေလ...

အေမ့စီးပြားေရးေတျြပဳန္းသြားလည္း 

သူကစိတ္မ၀င္စားဘူး...သမီးမွာသာတရားလည္းမမွတ္ႏိုင္ေတာ့ပဲ...အလုပ္ေတာင္းထဲကိုေဇာက္ထိုးက်ေနရလို႔...ကေလးရွာတဲ့ဘက္

မလွၫ့္ႏိုင္တာပါ...သမီးတမင္မရွာေပးခ်င္လို႔မဟုတ္ရပါဘူး...."


"ေအးပါ...ယဉ္တင့္ရယ္...နင့္မွာလည္း..အေမ့ေၾကာင့္၀န္ပိေနရၿပီ...အခုေနေသသြားခဲ့သည္ရိွေသာ္ သားငယ္ရဲ့သမီးေလးကိုမေတြ့လိုက္ရမွာစိုးလို႔ပါ...ငါ့တို႔မ်ိဳးရိုးထဲကကေလးတစ္ေယာက္ လူမသိသူမသိပဲဆင္းရဲတြင္းမွနစ္ေနမွာစိုးလို႔ပါ...သားငယ္ရဲ့အရိပ္ဆိုလို႔ သူေလးပဲရိွေတာ့တာမဟုတ္လား...ငါ့သားေလးက

ငါ့ကိုဘယ္ေလာက္ခ်စ္သလဲဆိုရင္ သူ႔သမီးရဲ့နာမည္ကိုေတာင္ ပံုရိပ္ဆိုၿပီးေပးခဲ့တာပဲၾကၫ့္...ေမသန႔္တို႔မ်ိဳးရိုးကခ်မ္းသာတဲ့လူဆိုလို႔ခပ္ရွားရွားရယ္...သူ႔ညီမဆိုတာကလည္း

...ဘာထူးေလာက္မွာလည္း...ငါ့ေျမးကိုငါေတြ့ခ်င္တယ္...မေသခင္ေလးေပါ့ဟယ္..."


"ေမညိုရယ္...သမီးဒီေန့ညေနပဲရန္ကုန္ကို

ဆင္းပါ့မယ္...ကေလးကိုမေတြ့ေတြ့ေအာင္‌ရွာၿပီး ေခၚလာခဲ့ပါ့မယ္...သမီးကတိေပးပါတယ္..."


ေဒၚယဉ္တင့္ထံမွ ကတိေပးပါသည္ဆိုေသာစကားကိုၾကားေသာအခါမွ ေဒၚရိပ္ညို၏မ်က္ႏွာသည္ ထြန္းသစ္စလမင္းကဲ့သို႔ ၀င္း၀င္းပပႏွင့္ရႊန္းလဲ့‌သြားေတာ့သည္။

သူ႔ေျမးကို သိပ္ေတြ့ခ်င္ေနတယ္ထင္ပါရဲ့။

ေျမးသံုးေယာက္က လိမၼာေရးျခားမရိွေလေတာ့ သူလည္းေကာက္ရိုးတစ္မ်ွင္ျဖစ္ျဖစ္ ျမက္တစ္ပင္ျဖစ္ျဖစ္ ယံုၾကည္ကိုးစားစြာလွမ္းဆဲြဖို႔ႀကိဳးစားၿပီေပါ့။


ပံုရိပ္တဲ့။ဘယ္လိုပံုစံေလး ျဖစ္လိမ့္မလဲ။

အေဖတူသလား။အေမတူသလား။

ဒါမွမဟုတ္ အဖိုး၊အဖြားေတြႏွင့္မ်ားလာတူရင္ေတာ့ ဒီအိမ္မွာေဒၚရိပ္ညိုလိုလူႏွစ္ေယာက္ ထိပ္တိုက္ေတြ့ရင္ခက္ရခ်ည္ရဲ့။


"ေဒါက္...ေဒါက္...အေမ...သမီးလာႏႈတ္ဆက္တာပါ...ဘာလို႔တံခါးႀကီးပိတ္ထားရတာလဲ...."


"တင့္တင့္...ဟိုမိန္းမကိုတံခါးသြားဖြင့္ေပးလိုက္ပါဟယ္...."


သူ႔သမီး၏အသံကိုၾကားသည္ႏွင့္ ငရဲမီးႏွင့္အတို႔ခံလိုက္ရသလို ခ်က္ခ်င္းအိုစာသြားေလသည္။အရင္ပံုစံအတိုင္း ျပတင္းဘက္သို႔မ်က္ႏွာကိုမူထားလိုက္ေလသည္။

ခံုေပၚတြင္တင္ထားေသာ ငါးဆန္ျပဳတ္ကေတာ့ လက္ရာေတာင္မယြင္းေသးေပ။


"အေမရယ္...တံခါးႀကီးကိုဘာလို႔ပိတ္ထားရတာလည္း...အထဲမွာတစ္ခုခုျဖစ္ေနရင္

..ဘယ္ႏွယ့္လုပ္ပါ့မလဲ....အေမတို႔ကေတာ့သိပ္ခက္တာပဲ...."


တံခါးကိုဖြင့္ေပးလိုက္‌ေသာအခါ အခန္းထဲသို႔အသဲက်ယ္က်ယ္ႏွင့္ အိုးစည္လိုနားၿငီးေလာက္ေအာင္ေျပာလ်ွက္ ၀င္လာသည္။

ပံုစံကေတာ့ အျပင္သြားမၫ့္ပံုစံျဖစ္သည္။

LVအိတ္ကိုလက္မွာခ်ိတ္ထားလ်ွက္ 

ေဒၚရိပ္ညိုမႏွစ္သက္ေသာ ‌ဂါ၀န္ကိုယ္ၾကပ္ကိုလည္း ၀တ္ထားေသးသည္။


                                        🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

🔥ဆူးကြိုး...🔥အခန်း(၂၅)🔥 ဒုတိယပိုင်း


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၅)🔥  ဒုတိယပိုင်း 


သူ့မြေးကို သိပ်တွေ့ချင်နေတယ်ထင်ပါရဲ့။

မြေးသုံးယောက်က လိမ္မာရေးခြားမရှိလေတော့ သူလည်းကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် မြက်တစ်ပင်ဖြစ်ဖြစ် ယုံကြည်ကိုးစားစွာလှမ်းဆွဲဖို့ကြိုးစားပြီပေါ့။


ပုံရိပ်တဲ့။ဘယ်လိုပုံစံလေး ဖြစ်လိမ့်မလဲ။

အဖေတူသလား။အမေတူသလား။

ဒါမှမဟုတ် အဖိုး၊အဖွားတွေနှင့်များလာတူရင်တော့ ဒီအိမ်မှာဒေါ်ရိပ်ညိုလိုလူနှစ်ယောက် ထိပ်တိုက်တွေ့ရင်ခက်ရချည်ရဲ့။


"ဒေါက်...ဒေါက်...အမေ...သမီးလာနှုတ်ဆက်တာပါ...ဘာလို့တံခါးကြီးပိတ်ထားရတာလဲ...."


"တင့်တင့်...ဟိုမိန်းမကိုတံခါးသွားဖွင့်ပေးလိုက်ပါဟယ်...."


သူ့သမီး၏အသံကိုကြားသည်နှင့် ငရဲမီးနှင့်အတို့ခံလိုက်ရသလို ချက်ချင်းအိုစာသွားလေသည်။အရင်ပုံစံအတိုင်း ပြတင်းဘက်သို့မျက်နှာကိုမူထားလိုက်လေသည်။

ခုံပေါ်တွင်တင်ထားသော ငါးဆန်ပြုတ်ကတော့ လက်ရာတောင်မယွင်းသေးပေ။


"အမေရယ်...တံခါးကြီးကိုဘာလို့ပိတ်ထားရတာလည်း...အထဲမှာတစ်ခုခုဖြစ်နေရင်

..ဘယ်နှယ့်လုပ်ပါ့မလဲ....အမေတို့ကတော့သိပ်ခက်တာပဲ...."


တံခါးကိုဖွင့်ပေးလိုက်‌သောအခါ အခန်းထဲသို့အသဲကျယ်ကျယ်နှင့် အိုးစည်လိုနားငြီးလောက်အောင်ပြောလျှက် ၀င်လာသည်။

ပုံစံကတော့ အပြင်သွားမည့်ပုံစံဖြစ်သည်။

LVအိတ်ကိုလက်မှာချိတ်ထားလျှက် 

ဒေါ်ရိပ်ညိုမနှစ်သက်သော ‌ဂါ၀န်ကိုယ်ကြပ်ကိုလည်း ၀တ်ထားသေးသည်။


သူ့ယောက်ျားက နိုင်ငံခြားတွင်အနေများခဲ့သူဖြစ်၍ သူ့မိန်းမကိုလည်း မိဘလက်ထက်ကပုံစံအားလုံးကိုပြောင်းပစ်လိုက်ပြီး ဘိုဆန်အောင်နေခိုင်းလေသည်။ဒေါ်ရိပ်ညိုဆိုသည်မှာလည်း လုပ်ငန်းကိစ္စများဖြင့် နိုင်ငံခြားသို့ခရီးခဏခဏထွက်ရသော 

သူဖြစ်သောကြောင့် အသိဉာဏ်၊အ‌တွေးအခေါ်ဟာခောတ်မှီပြီးသားပင်။

သို့ပေမဲ့၀တ်စားဆင်ယင်မှုကိုတော့ ဘယ်တော့မှ ကူးလူးရောယှက်ခြင်းမပြုပေ။

မြန်မာမိန်းကလေးဟာ မြန်မာဆန်သောအသွင်တို့ ဖုံးလွှမ်းနေရမည်။


"အမေ..အမေ့ခြေထောက်တွေကသိပ်မသန်ပေမဲ့ လှုပ်လို့ရတဲ့အနေအထားဆိုတော့ ရေထဲမှာလေ့ကျင့်ခန်းလုပ်ကြည့်ပါလားဟင် ...

အင်း..ဘယ်လိုပဲဖြစ်ဖြစ်အသက်၇၀ဆိုတာ အနားယူသင့်တဲ့အသက်အရွယ်ကိုရောက်နေပါပြီ....ကျွန်မသာအမေ့‌နေရာမှာဆိုရင်...

အိမ်ထဲမှာပဲအေးဆေးနေတယ်သိလား...

အမေရယ်...ကိုယ့်အသက်အရွယ်နဲ့...ဟိုသွားဒီသွားမလုပ်စမ်းပါနဲ့..."


"မေဦးရယ်...ကိုယ့်အမေအကြောင်းကို

ကိုယ်သိလျှက်နဲ့ဘာလို့ဒီလိုတွေပြောနေရတာလဲ...."


"အို...ကျွန်မအမေကိုကျွန်မပြောတာရှင်ကဘာကိုလာနာနေရတာလဲ...."


"မေဦး...ညည်းတိတ်စမ်း...ငါ့ကိုသေအောင်တစ်ဖက်လှည့်နဲ့လာလုပ်နေတာလား..."


"အို...အမေရယ်...ပြောရက်လိုက်တာကိုယ့်

အမေကို ဘယ်သားသမီးကသေစေချင်မှာလည်း...အခုကလည်းအမေပင်ပန်းတာကို

မကြည့်ရက်လို့ပါ...တစ်မျိုးမထင်ပါနဲ့အမေရယ်..."


သမီးဖြစ်သူ၏ ပလီပလာစကားများကြောင့် ဒေါ်ရိပ်ညိုခပ်မဲ့မဲ့ပြုံးလိုက်သည်။

ကိုယ်မွေးထားတဲ့သား၊သမီးအကြောင်းကို

အူမကနေခြေဖျားအဆုံးမသိပဲနေပါ့မလား။

စကားထဲကကို ဇာတိတွေပြနေသည်။

ဒီအမေအိုးကြီးကို အိပ်ခန်းထဲမှာပိတ်လှောင်ထားပြီး ရှိသမျှအရာအားလုံးကိုဒင်းတို့မွှေချင်သလို မွှေလို့ရအောင်စကားလမ်းကြောင်းကမ်းနေလိုက်တာ တော်တော်မေတ္တာထားချင်စရာသမီးပဲ။


မိဘဘာဖြစ်လို့ဖြစ်နေမှန်းလည်းဂရုမစိုက်ဘူး။ခွဲစိတ်ထားတာ သိပ်မကြာသေးတဲ့ခြေထောက်ကို ရေကူးကန်မှာလေ့ကျင့်ခန်းလုပ်စေချင်ပါသတဲ့။အရောင်တောင်မကျချင်သေးလို့ တဆစ်ဆစ်ကိုက်ခဲနေတာကို

အမေနာသလားလို့ တစ်ချက်မမေးပဲတောင်စဉ်ရေမရပြောချင်ရာတွေလျှောက်ပြောနေတယ်။တစ်ဦးတည်းသောသမီးလေးမို့ ကူဖော်လောင်ဖက်များရမလားမှတ်တယ်။

မီးလိုပူလောင်တဲ့သမီးပါလေ။


"ညည်းအပိုတွေပြောမနေပါနဲ့ ..အခုကဘာလိုချင်လို့လာတာလဲ...ပုံစံကြည့်ရတာတော့အပြင်သွားပြီးအလေလိုက်မလို့ပဲနေမယ်...

ကိုယ့်ကိုကိုယ်လည်း...ပြန်ကြည့်ပါအုံး...

ကလေးသုံးယောက်အမေဖြစ်နေပြီ...

ညည်းသားတောင်...ဘွဲ့ရပြီးနေပြီနော်..

အနေအထိုင်တွေကိုဆင်ခြင်စမ်းပါ...

ရှေ့‌နွားကဖြောင့်ဖြောင့်မသွားရင်...နောက်နွားတွေကလည်းဖြောင့်ဖြောင့်လိုက်တော့မှာမဟုတ်ဘူး...."


"အဲ့ဒါအသာထားစမ်းပါအမေရယ်...

ခုလောလောဆယ်...အပြင်သွားချင်လို့...နီလာလေးတစ်ကုံးလောက်ငှားစမ်းပါ

အမေရယ်..."


"ဟယ်...ညည်းရဲ့အတွင်းပစ္စည်းတွေရော...ဘယ်ရောက်ကုန်ပြီလဲ..."


"အလုပ်ထဲမှာအသုံးလိုလို့ ခဏထည့်ထားရတယ်အမေရယ်...အမေကကျောက်တွင်းတွေပိုင်တာပဲဥစ္စာ...ဒီတစ်ကုံးလောက်ကဘာမှမဖြစ်ပါဘူး..."


"အော်...."


ညည်းတွားရုံသာတတ်နိုင်သောဒေါ်ရိပ်ညိုသည် နီလာတစ်ကုံးကိုပေးလိုက်ရလေသည်။ပြန်ပေးမယ်လို့ပြောသွားပေမဲ့ သားသမီးဆီကပစ္စည်းများ ဘယ်နှစ်ခါပြန်ရဖူးလို့လဲ။

ကျောက်တွင်းများစွာကိုပိုင်ဆိုင်ထားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည့်အားလျှော်စွာ ဒီလောက်ပမာဏလေးက အသေးအဖွဲပေမဲ့ သူသည်ကိုယ့်လက်ထဲကပစ္စည်းတိုင်းကို တန်းဖိုးထားတတ်သူဖြစ်သည်။

ကိုယ်ပေးလိုက်သည့် သူဟာတန်ဖိုးမဲ့စွာသုံးဖြုန်းပစ်မည်ကိုသိ၍လည်း ပိုစိတ်မောရသည်။


"ဖွားညိုရေ...နေကောင်းလား...."


"သမီးတို့ကိုမုန့်ဖိုးပေးအုံး...မေမေက

ဒီတလောမှာ မုန့်ဖိုးတွေလည်းမပေးဘူး...."


သမီးအလှည့်ပြီးတော့ မြေးတွေကလာ၍ပခုံးနှိပ်သလို ဘာလိုလိုနှင့်ဖင်ပူအောင်တောင်အခန်းထဲမှာမနေကြပဲ မုန့်ဖိုးရပြီဆိုသည်နှင့်ပြန်ထွက်သွားကြသည်။အရာအားလုံးကို ခေါင်းတငြိမ့်ငြိမ့်နှင့်ကြည့်နေသူကတော့

ဒေါ်ယဉ်တင့်ဖြစ်သည်။


ဒီဖွားအေကြီးဟာ ရတနာတွေအလို

အလျှောက်ထွက်သော ကျွန်းကြီးတစ်ခုလိုဖြစ်နေသည်။

သင်္ဘောတွေဟာ တစ်စင်းပြီးတစ်စင်းကမ်းကပ်လာလိုက်ကြ၊ရတနာတွေကိုမသွားပြီး အဝေးကိုပြန်ထွက်သွားလိုက်ကြနှင့် ဖြစ်နေသည်။ကျွန်းကြီးကိုတော့ ဘယ်သူမှသာယာနာပျော်ဖွယ်ကောင်းအောင်၊ငြိမ်းအေးအောင်မပြုလုပ်ပေးခဲ့ကြဘူး။

မြင်ယောင်ပါတယ်။သူတို့အလိုရှိတာကို

ရသွားခဲ့ကြလျှင် သည်ကျွန်းကြီးကိုသူတို့မီးလောင်တိုက်သွင်းသွားကြမှာ။


ယွန်း‌မေဦးတဲ့ မိသားစုထဲတွင် တစ်ဦးတည်းသောမိန်းကလေးပေမဲ့ မိဘကိုပြန်ငဲ့မကြည့်ပဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်‌သောသူဖြစ်ပြီး သူ့ခင်ပွန်းနာမည်က သီဟနောင်ဖြစ်သည်။နိုင်ငံခြားကနေ ခရိုနီတွေ၊အာဏာရှိသူတွေနဲ့ပေါင်းပြီး ကားတွေခိုးသွင်းရင်းကနေကြီးပွားလာသည်။


အစကတော့ အိမ်ထောင်ခွဲ‌နေကြပေမဲ့

သီဟနောင်တို့ကား‌တွေတင်လာသည့် သင်္ဘောသည်ပင်လယ်ထဲမှာနစ်တော့ ယောက္ခမအိမ်ကိုတပြုံတခေါင်းကြီးတက်လာကြ‌ရော။‌ ယောက္ခက ကျောက်တွင်းတစ်တွင်းပေးထားပြီး စက်ရုံတစ်ခုကို အုပ်ချုပ်ခိုင်းထားပေမဲ့ မရောင့်ရဲသည့် ဒီလူဟာပစ္စည်းတွေကိုခိုးထုတ်ပြီး မသမာသည့်နည်းတွေသုံးလာခဲ့တယ်။


ဦးမိုးမင်းရှိစဉ်က ဒီ့အတွက်စကားများခဲ့ပါသေးတယ်။သူ့သားမက်ကိုတောင် သူကိုယ်တိုင်အချုပ်ထဲကို ထည့်လိုက်လို့သမီးဖြစ်သူနဲ့ စကားအချေအတင်တွေဖြစ်ခဲ့သည်။

အခုဦးမိုးမင်းဆိုသောတောင်ကြီးပြိုသွားခဲ့တော့ ဒေါ်ရိပ်ညိုကိုသိပ်မလှည့်ရဲပေမဲ့ 

သိပ်တော့မလေးစားတာအမှန်ဖြစ်သည်။


အရှေ့မှာသာ မခုတ်တတ်သလိုလုပ်နေကြပေမဲ့ နောက်ကွယ်မှာတော့ခြေရာကြီးကြီးချထားသူဖြစ်သည်။ဒေါ်ရိပ်ညိုက အုပ်နိုင်လွန်းလို့သာသိပ်မလှုပ်ရဲခဲ့တာပါ။

ယခုတော့ ဒေါ်ရိပ်ညို၏ယာဉ်တိုက်မှုဖြစ်စဉ်ဟာ သူတို့အတွက်အခြေအနေကောင်းဖြစ်သွားခဲ့သည်။

မေညိုကလည်း ဒါကြောင့်ပဲသူ့မြေးဖြစ်သူ

ပုံရိပ်ကို သူ့ရဲ့ နားနှင့်မျက်စိအဖြစ်သဘောထားကာခေါ်ထားချင်တာဖြစ်လိမ့်မည်။


အခြားမြေးသုံးယောက်ကတော့ အတော်ထိန်းရခက်သည်။မိဘတွေကိုတောင်ပြောမရတာ မြေးဆိုလျှင်ပိုလို့တောင် ဆိုးတော့မည်။

ယွန်းနေခြည်၊ယွန်းနန္ဒာ နှင့်ဇွဲသီဟမင်းဆိုတဲ့ 

ဗိုလ်သုံးယောက်ကတော့ တောသုံးထောင်ကျားတွေဖြစ်ကြသည်။


ယွန်းနေခြည်သည် အသက်က(၁၆)နှစ်ဖြစ်ပေမဲ့ ကိုးတန်းကိုတောင်တစ်နှစ်ကျ၍ ယခုလည်းကိုးတန်းဒုတိယနှစ်တက်နေရသည်။

အရွယ်နဲ့မလိုက် အလှအပမက်လွန်းပြီး ကျောင်းမှာရန်ဖြစ်ရ၍ သူအမေဆိုကျောင်းနှင့်အိမ်ကိုကန်ထရိုက်ဆွဲထားရသည်။

ရုပ်ကလေးကလှတော့ ရည်းစားကိစ္စကလည်းအရွယ်နှင့်မမျှ ရှုပ်သည်။


မိဘကလည်း သားသမီးကိုငွေပဲပေးထားပြီး

ဂရုမစိုက်ပဲထင်တိုင်းကျဲပါစေဆိုကာ ပစ်ထားတော့ ကလေးကလည်းထင်သလိုနေသည်။‌ မေညိုကသာ တွေ့တိုင်းဆူပူတတ်လွန်း၍ အဖွား၏အနားတွင် သူတို့မနေရဲကြပေ။

နေလျှင်လည်း မလှုပ်ရဲကြပေ။အဘယ်ကြောင့်ဆိုသော် သူတို့ယခုတက်နေသောအိမ်သည် မေညို၏အိမ်ဖြစ်နေသောကြောင့်ပင်။


ယွန်းနန္ဒာကတော့ အသက်(၁၉)နှစ်ဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာဓာတုဗေဒဘာသာတွဲဖြင့် ဒုတိယနှစ်တက်နေလေသည်။

တက္ကိသိုလ်ကို သံ‌ယောဇဉ်ကြီးသူဖြစ်၍ ပထမနှစ်မှာတည်းကစာမေးပွဲကျခဲ့သည်။

ပရယ်တီကယ်လ်လည်း မှန်မှန်မဆင်းပဲ 

မော်လမြိုင်သွားလိုက်၊ပုဂံကိုသွားလိုက်၊

စစ်ကိုင်းကိုကူးလိုက်နှင့် သူငယ်ချင်းများနဲ့ ဟေးလားဝါးလားအလေလိုက်နေတတ်သူဖြစ်သည်။


မန္တလေးမြို့မှာဆိုလျှင် ဘယ်နေရာကြည့်ကြည့်သူ့ခြေရာကြီးပါပဲ။

ခြေထောက်မှာ ဗွေပါသလားတော့မသိပေ။မိန်းကလေးတန်မဲ့ အိမ်ကပ်တယ်လို့မရှိဘူး။

ပထနှစ်စာ‌မေးပွဲကျတော့ ‌သူ့အဖွားက

ဒီတစ်ခါစာမေးပွဲထပ်ကျရင် ကားကိုသိမ်းမယ်ဆို၍ဒုတိယနှစ်ကို ဖင်လိမ်ပြီး၊မျက်စိလည်လမ်းမှားကာ ရောက်လာသူဖြစ်သည်။


ကိုယ့်ပုသိမ်ကြီးမြို့မှာလည်း တက္ကသိုလ်တွေရှိလျှက်နဲ့ တစ်ခုမှ၀င်ခွင့်မအောင်ပဲ၇၃လမ်းက မဟာအောင်မြေမြို့နယ်ကိုသွားတက်ရသတဲ့။ပုပ္ပါးဆိုလည်း ကိုယ်တွေသာ သိပ်မသွားဖြစ်တာ သူကတော့ပုပ္ပါးကနတ်တွေနဲ့တောင် ရင်နှီးနေပြီလားမသိပေ။ကိုယ်ကလည်း သားသမီးမရှိသူဖြစ်၍ ကလေးတွေကို ထိန်းကျောင်းပြော‌ဆိုပေးချင်ပေမဲ့ သူ့မိဘတွေမကြိုက်မည်စိုး၍ နှုတ်ဆိတ်သာနေရသည်။


အကြီးဆုံးကောင်ဖြစ်သည့်ဇွဲသီဟမင်းကြပြန်တော့‌လည်း ဆယ်တန်းကိုထွန်းထွန်း‌ ပေါက်ပေါက်နဲ့အောင်ခဲ့ပြီး တီဘီရောဂါဆေးရုံ‌ဘေးကပုသိမ်ကြီးဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှာ ဘွဲ့ရပြီးခဲ့ပေမဲ့ 

အသက်သာ၂၃နှစ်ပြည့်တယ် အခုထိအလုပ်မ၀င်သေးပေ။


သူ့အရွယ်ဆို သူများတွေများဆေးရုံတွေမှာ အလုပ်ဆင်းပြီးငွေရှာကာ မိဘကိုလုပ်ကျွေးနေကြလေပြီ။သူကတော့အလေလိုက်လို့ကောင်းတုန်းပါပဲ။

ဦးလေးဖြစ်သူကလည်း သူ့ဆေးရုံမှလာလုပ်ဖို့ခေါ်ပေမဲ့ "အလုပ်ကတစ်သက်လုံးလုပ်ရမှာ နားလို့ရတုန်းနားထားမည်၊ပျော်လို့ရတုန်းပျော်မည်တဲ့လေ။"


ရန်ကုန်ကဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှာက မေဂျာများလို့ သွားတက်ပါလားလို့ပြောတော့ "ကိုယ့်ပြည်၊ကိုယ့်မြို့ဟာအကောင်းဆုံးပဲ..အဆောင်မှာနေပြီးစိတ်ဆင်းရဲမခံနိုင်ပါဘူးတဲ့။"

ဘယ်သွားသွား ဆိုင်ကယ်လ်တကားကားနှင့် သူ့ကိုယ်သူနိုင်ငံခြားမင်းသားပုံဖမ်းနေတတ်သည်။ဘုရားဆူး ဒေါက်တာပါ။

အလုပ်အကိုင်မရှိသော ဒေါက်တာပေါ့။


အော်...ပုံရိပ်ဆိုတဲ့ကလေးရယ်။

မင်းကရောဘယ်လို ကလေးများလဲ။

ဒီညနေရန်ကုန်ကို ဆင်းရမည့်အ‌ရေးတွေးပြီး

စိတ်လှုပ်ရှားမှုတော့ ဖြစ်မိသည်။


(ပုံရိပ်သာဒေါ်ရိပ်ညိုရဲ့လက်ထဲကိုရောက်သွားခဲ့ရင် ဘယ်လိုပြောင်းလဲမှုတွေဖြစ်သွားမလဲ

နောက်နေ့ထပ်ဖတ်ချင်ရင် fbမှာများများshareပေးကြပါနော်)


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥  ဒုတိယပိုင္း 


သူ႔ေယာက္်ားက ႏိုင္ငံျခားတြင္အေနမ်ားခဲ့သူျဖစ္၍ သူ႔မိန္းမကိုလည္း မိဘလက္ထက္ကပံုစံအားလံုးကိုေျပာင္းပစ္လိုက္ၿပီး ဘိုဆန္ေအာင္ေနခိုင္းေလသည္။ေဒၚရိပ္ညိုဆိုသည္မွာလည္း လုပ္ငန္းကိစၥမ်ားျဖင့္ ႏိုင္ငံျခားသို႔ခရီးခဏခဏထြက္ရေသာ 

သူျဖစ္ေသာေၾကာင့္ အသိဉာဏ္၊အ‌ေတြးအေခၚဟာေခာတ္မွီၿပီးသားပင္။

သို႔ေပမဲ့၀တ္စားဆင္ယင္မႈကိုေတာ့ ဘယ္ေတာ့မွ ကူးလူးေရာယွက္ျခင္းမျပဳေပ။

ျမန္မာမိန္းကေလးဟာ ျမန္မာဆန္ေသာအသြင္တို႔ ဖံုးလႊမ္းေနရမည္။


"အေမ..အေမ့ေျခေထာက္ေတြကသိပ္မသန္ေပမဲ့ လႈပ္လို႔ရတဲ့အေနအထားဆိုေတာ့ ေရထဲမွာေလ့က်င့္ခန္းလုပ္ၾကၫ့္ပါလားဟင္ ...

အင္း..ဘယ္လိုပဲျဖစ္ျဖစ္အသက္၇၀ဆိုတာ အနားယူသင့္တဲ့အသက္အရြယ္ကိုေရာက္ေနပါၿပီ....ကၽြန္မသာအေမ့‌ေနရာမွာဆိုရင္...

အိမ္ထဲမွာပဲေအးေဆးေနတယ္သိလား...

အေမရယ္...ကိုယ့္အသက္အရြယ္နဲ႔...ဟိုသြားဒီသြားမလုပ္စမ္းပါနဲ႔..."


"ေမဦးရယ္...ကိုယ့္အေမအေၾကာင္းကို

ကိုယ္သိလ်ွက္နဲ႔ဘာလို႔ဒီလိုေတြေျပာေနရတာလဲ...."


"အို...ကၽြန္မအေမကိုကၽြန္မေျပာတာရွင္ကဘာကိုလာနာေနရတာလဲ...."


"ေမဦး...ညည္းတိတ္စမ္း...ငါ့ကိုေသေအာင္တစ္ဖက္လွၫ့္နဲ႔လာလုပ္ေနတာလား..."


"အို...အေမရယ္...ေျပာရက္လိုက္တာကိုယ့္

အေမကို ဘယ္သားသမီးကေသေစခ်င္မွာလည္း...အခုကလည္းအေမပင္ပန္းတာကို

မၾကၫ့္ရက္လို႔ပါ...တစ္မ်ိဳးမထင္ပါနဲ႔အေမရယ္..."


သမီးျဖစ္သူ၏ ပလီပလာစကားမ်ားေၾကာင့္ ေဒၚရိပ္ညိုခပ္မဲ့မဲ့ႃပံုးလိုက္သည္။

ကိုယ္ေမြးထားတဲ့သား၊သမီးအေၾကာင္းကို

အူမကေနေျခဖ်ားအဆံုးမသိပဲေနပါ့မလား။

စကားထဲကကို ဇာတိေတျြပေနသည္။

ဒီအေမအိုးႀကီးကို အိပ္ခန္းထဲမွာပိတ္ေလွာင္ထားၿပီး ရိွသမ်ွအရာအားလံုးကိုဒင္းတို႔ေမႊခ်င္သလို ေမႊလို႔ရေအာင္စကားလမ္းေၾကာင္းကမ္းေနလိုက္တာ ေတာ္ေတာ္ေမတၲာထားခ်င္စရာသမီးပဲ။


မိဘဘာျဖစ္လို႔ျဖစ္ေနမွန္းလည္းဂရုမစိုက္ဘူး။ခဲြစိတ္ထားတာ သိပ္မၾကာေသးတဲ့ေျခေထာက္ကို ေရကူးကန္မွာေလ့က်င့္ခန္းလုပ္ေစခ်င္ပါသတဲ့။အေရာင္ေတာင္မက်ခ်င္ေသးလို႔ တဆစ္ဆစ္ကိုက္ခဲေနတာကို

အေမနာသလားလို႔ တစ္ခ်က္မေမးပဲေတာင္စဉ္ေရမရေျပာခ်င္ရာေတြေလ်ွာက္ေျပာေနတယ္။တစ္ဦးတည္းေသာသမီးေလးမို႔ ကူေဖာ္ေလာင္ဖက္မ်ားရမလားမွတ္တယ္။

မီးလိုပူေလာင္တဲ့သမီးပါေလ။


"ညည္းအပိုေတြေျပာမေနပါနဲ႔ ..အခုကဘာလိုခ်င္လို႔လာတာလဲ...ပံုစံၾကၫ့္ရတာေတာ့အျပင္သြားၿပီးအေလလိုက္မလို႔ပဲေနမယ္...

ကိုယ့္ကိုကိုယ္လည္း...ျပန္ၾကၫ့္ပါအံုး...

ကေလးသံုးေယာက္အေမျဖစ္ေနၿပီ...

ညည္းသားေတာင္...ဘဲြ႔ရၿပီးေနၿပီေနာ္..

အေနအထိုင္ေတြကိုဆင္ျခင္စမ္းပါ...

ေရ႔ွ‌ႏြားကေျဖာင့္ေျဖာင့္မသြားရင္...ေနာက္ႏြားေတြကလည္းေျဖာင့္ေျဖာင့္လိုက္ေတာ့မွာမဟုတ္ဘူး...."


"အဲ့ဒါအသာထားစမ္းပါအေမရယ္...

ခုေလာေလာဆယ္...အျပင္သြားခ်င္လို႔...နီလာေလးတစ္ကံုးေလာက္ငွားစမ္းပါ

အေမရယ္..."


"ဟယ္...ညည္းရဲ့အတြင္းပစၥည္းေတြေရာ...ဘယ္ေရာက္ကုန္ၿပီလဲ..."


"အလုပ္ထဲမွာအသံုးလိုလို႔ ခဏထၫ့္ထားရတယ္အေမရယ္...အေမကေက်ာက္တြင္းေတြပိုင္တာပဲဥစၥာ...ဒီတစ္ကံုးေလာက္ကဘာမွမျဖစ္ပါဘူး..."


"ေအာ္...."


ညည္းတြားရံုသာတတ္ႏိုင္ေသာေဒၚရိပ္ညိုသည္ နီလာတစ္ကံုးကိုေပးလိုက္ရေလသည္။ျပန္ေပးမယ္လို႔ေျပာသြားေပမဲ့ သားသမီးဆီကပစၥည္းမ်ား ဘယ္ႏွစ္ခါျပန္ရဖူးလို႔လဲ။

ေက်ာက္တြင္းမ်ားစြာကိုပိုင္ဆိုင္ထားသၫ့္အမ်ိဳးသမီးတစ္ေယာက္ျဖစ္သၫ့္အားေလ်ွာ္စြာ ဒီေလာက္ပမာဏေလးက အေသးအဖဲြေပမဲ့ သူသည္ကိုယ့္လက္ထဲကပစၥည္းတိုင္းကို တန္းဖိုးထားတတ္သူျဖစ္သည္။

ကိုယ္ေပးလိုက္သၫ့္ သူဟာတန္ဖိုးမဲ့စြာသံုးျဖဳန္းပစ္မည္ကိုသိ၍လည္း ပိုစိတ္ေမာရသည္။


"ဖြားညိုေရ...ေနေကာင္းလား...."


"သမီးတို႔ကိုမုန႔္ဖိုးေပးအံုး...ေမေမက

ဒီတေလာမွာ မုန႔္ဖိုးေတြလည္းမေပးဘူး...."


သမီးအလွၫ့္ၿပီးေတာ့ ေျမးေတြကလာ၍ပခံုးႏိွပ္သလို ဘာလိုလိုႏွင့္ဖင္ပူေအာင္ေတာင္အခန္းထဲမွာမေနၾကပဲ မုန႔္ဖိုးရၿပီဆိုသည္ႏွင့္ျပန္ထြက္သြားၾကသည္။အရာအားလံုးကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ၾကၫ့္ေနသူကေတာ့

ေဒၚယဉ္တင့္ျဖစ္သည္။


ဒီဖြားေအႀကီးဟာ ရတနာေတြအလို

အေလ်ွာက္ထြက္ေသာ ကၽြန္းႀကီးတစ္ခုလိုျဖစ္ေနသည္။

သေဘၤာေတြဟာ တစ္စင္းၿပီးတစ္စင္းကမ္းကပ္လာလိုက္ၾက၊ရတနာေတြကိုမသြားၿပီး အေဝးကိုျပန္ထြက္သြားလိုက္ၾကႏွင့္ ျဖစ္ေနသည္။ကၽြန္းႀကီးကိုေတာ့ ဘယ္သူမွသာယာနာေပ်ာ္ဖြယ္ေကာင္းေအာင္၊ၿငိမ္းေအးေအာင္မျပဳလုပ္ေပးခဲ့ၾကဘူး။

ျမင္ေယာင္ပါတယ္။သူတို႔အလိုရိွတာကို

ရသြားခဲ့ၾကလ်ွင္ သည္ကၽြန္းႀကီးကိုသူတို႔မီးေလာင္တိုက္သြင္းသြားၾကမွာ။


ယြန္း‌ေမဦးတဲ့ မိသားစုထဲတြင္ တစ္ဦးတည္းေသာမိန္းကေလးေပမဲ့ မိဘကိုျပန္ငဲ့မၾကည့္ပဲ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္‌ေသာသူျဖစ္ၿပီး သူ႔ခင္ပြန္းနာမည္က သီဟေနာင္ျဖစ္သည္။ႏိုင္ငံျခားကေန ခရိုနီေတြ၊အာဏာရိွသူေတြနဲ႔ေပါင္းၿပီး ကားေတြခိုးသြင္းရင္းကေနႀကီးပြားလာသည္။


အစကေတာ့ အိမ္ေထာင္ခဲြ‌ေနၾကေပမဲ့

သီဟေနာင္တို႔ကား‌ေတြတင္လာသည့္ သေဘၤာသည္ပင္လယ္ထဲမွာနစ္ေတာ့ ေယာကၡမအိမ္ကိုတႃပံုတေခါင္းႀကီးတက္လာၾက‌ေရာ။‌ ေယာကၡက ေက်ာက္တြင္းတစ္တြင္းေပးထားၿပီး စက္ရံုတစ္ခုကို အုပ္ခ်ဳပ္ခိုင္းထားေပမဲ့ မေရာင့္ရဲသၫ့္ ဒီလူဟာပစၥည္းေတြကိုခိုးထုတ္ၿပီး မသမာသည့္နည္းေတြသံုးလာခဲ့တယ္။


ဦးမိုးမင္းရိွစဉ္က ဒီ့အတြက္စကားမ်ားခဲ့ပါေသးတယ္။သူ႔သားမက္ကိုေတာင္ သူကိုယ္တိုင္အခ်ဳပ္ထဲကို ထၫ့္လိုက္လို႔သမီးျဖစ္သူနဲ႔ စကားအေခ်အတင္ေတျြဖစ္ခဲ့သည္။

အခုဦးမိုးမင္းဆိုေသာေတာင္ႀကီးၿပိဳသြားခဲ့ေတာ့ ေဒၚရိပ္ညိုကိုသိပ္မလွၫ့္ရဲေပမဲ့ 

သိပ္ေတာ့မေလးစားတာအမွန္ျဖစ္သည္။


အေရ႔ွမွာသာ မခုတ္တတ္သလိုလုပ္ေနၾကေပမဲ့ ေနာက္ကြယ္မွာေတာ့ေျခရာႀကီးႀကီးခ်ထားသူျဖစ္သည္။ေဒၚရိပ္ညိုက အုပ္ႏိုင္လြန္းလို႔သာသိပ္မလႈပ္ရဲခဲ့တာပါ။

ယခုေတာ့ ေဒၚရိပ္ညို၏ယာဉ္တိုက္မႈျဖစ္စဉ္ဟာ သူတို႔အတြက္အေျခအေနေကာင္းျဖစ္သြားခဲ့သည္။

ေမညိုကလည္း ဒါေၾကာင့္ပဲသူ႔ေျမးျဖစ္သူ

ပံုရိပ္ကို သူ႔ရဲ့ နားႏွင့္မ်က္စိအျဖစ္သေဘာထားကာေခၚထားခ်င္တာျဖစ္လိမ့္မည္။


အျခားေျမးသံုးေယာက္ကေတာ့ အေတာ္ထိန္းရခက္သည္။မိဘေတြကိုေတာင္ေျပာမရတာ ေျမးဆိုလ်ွင္ပိုလို႔ေတာင္ ဆိုးေတာ့မည္။

ယြန္းေနျခည္၊ယြန္းနႏၵာ ႏွင့္ဇဲြသီဟမင္းဆိုတဲ့ 

ဗိုလ္သံုးေယာက္ကေတာ့ ေတာသံုးေထာင္က်ားေတျြဖစ္ၾကသည္။


ယြန္းေနျခည္သည္ အသက္က(၁၆)ႏွစ္ျဖစ္ေပမဲ့ ကိုးတန္းကိုေတာင္တစ္ႏွစ္က်၍ ယခုလည္းကိုးတန္းဒုတိယႏွစ္တက္ေနရသည္။

အရြယ္နဲ႔မလိုက္ အလွအပမက္လြန္းၿပီး ေက်ာင္းမွာရန္ျဖစ္ရ၍ သူအေမဆိုေက်ာင္းႏွင့္အိမ္ကိုကန္ထရိုက္ဆဲြထားရသည္။

ရုပ္ကေလးကလွေတာ့ ရည္းစားကိစၥကလည္းအရြယ္ႏွင့္မမ်ွ ရႈပ္သည္။


မိဘကလည္း သားသမီးကိုေငြပဲေပးထားၿပီး

ဂရုမစိုက္ပဲထင္တိုင္းက်ဲပါေစဆိုကာ ပစ္ထားေတာ့ ကေလးကလည္းထင္သလိုေနသည္။‌ ေမညိုကသာ ေတြ့တိုင္းဆူပူတတ္လြန္း၍ အဖြား၏အနားတြင္ သူတို႔မေနရဲၾကေပ။

ေနလ်ွင္လည္း မလႈပ္ရဲၾကေပ။အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔ယခုတက္ေနေသာအိမ္သည္ ေမညို၏အိမ္ျဖစ္ေနေသာေၾကာင့္ပင္။


ယြန္းနႏၵာကေတာ့ အသက္(၁၉)ႏွစ္ျဖစ္ၿပီး မႏၲေလးတကၠသိုလ္မွာဓာတုေဗဒဘာသာတဲြျဖင့္ ဒုတိယႏွစ္တက္ေနေလသည္။

တကၠိသိုလ္ကို သံ‌ေယာဇဉ္ႀကီးသူျဖစ္၍ ပထမႏွစ္မွာတည္းကစာေမးပဲြက်ခဲ့သည္။

ပရယ္တီကယ္လ္လည္း မွန္မွန္မဆင္းပဲ 

ေမာ္လၿမိဳင္သြားလိုက္၊ပုဂံကိုသြားလိုက္၊

စစ္ကိုင္းကိုကူးလိုက္ႏွင့္ သူငယ္ခ်င္းမ်ားနဲ႔ ေဟးလားဝါးလားအေလလိုက္ေနတတ္သူျဖစ္သည္။


မႏၲေလးၿမိဳ႔မွာဆိုလ်ွင္ ဘယ္ေနရာၾကၫ့္ၾကၫ့္သူ႔ေျခရာႀကီးပါပဲ။

ေျခေထာက္မွာ ေဗြပါသလားေတာ့မသိေပ။မိန္းကေလးတန္မဲ့ အိမ္ကပ္တယ္လို႔မရိွဘူး။

ပထႏွစ္စာ‌ေမးပဲြက်ေတာ့ ‌သူ႔အဖြားက

ဒီတစ္ခါစာေမးပဲြထပ္က်ရင္ ကားကိုသိမ္းမယ္ဆို၍ဒုတိယႏွစ္ကို ဖင္လိမ္ၿပီး၊မ်က္စိလည္လမ္းမွားကာ ေရာက္လာသူျဖစ္သည္။


ကိုယ့္ပုသိမ္ႀကီးၿမိဳ႔မွာလည္း တကၠသိုလ္ေတြရိွလ်ွက္နဲ႔ တစ္ခုမွ၀င္ခြင့္မေအာင္ပဲ၇၃လမ္းက မဟာေအာင္ေျမၿမိဳ႔နယ္ကိုသြားတက္ရသတဲ့။ပုပၸါးဆိုလည္း ကိုယ္ေတြသာ သိပ္မသြားျဖစ္တာ သူကေတာ့ပုပၸါးကနတ္ေတြနဲ႔ေတာင္ ရင္ႏွီးေနၿပီလားမသိေပ။ကိုယ္ကလည္း သားသမီးမရိွသူျဖစ္၍ ကေလးေတြကို ထိန္းေက်ာင္းေျပာ‌ဆိုေပးခ်င္ေပမဲ့ သူ႔မိဘေတြမႀကိဳက္မည္စိုး၍ ႏႈတ္ဆိတ္သာေနရသည္။


အႀကီးဆံုးေကာင္ျဖစ္သၫ့္ဇဲြသီဟမင္းၾကျပန္ေတာ့‌လည္း ဆယ္တန္းကိုထြန္းထြန္း‌ ေပါက္ေပါက္နဲ႔ေအာင္ခဲ့ၿပီး တီဘီေရာဂါေဆးရံု‌ေဘးကပုသိမ္ႀကီးေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မွာ ဘဲြ႔ရၿပီးခဲ့ေပမဲ့ 

အသက္သာ၂၃ႏွစ္ျပၫ့္တယ္ အခုထိအလုပ္မ၀င္ေသးေပ။


သူ႔အရြယ္ဆို သူမ်ားေတြမ်ားေဆးရံုေတြမွာ အလုပ္ဆင္းၿပီးေငြရွာကာ မိဘကိုလုပ္ကၽြေးေနၾကေလၿပီ။သူကေတာ့အေလလိုက္လို႔ေကာင္းတုန္းပါပဲ။

ဦးေလးျဖစ္သူကလည္း သူ႔ေဆးရံုမွလာလုပ္ဖို႔ေခၚေပမဲ့ "အလုပ္ကတစ္သက္လံုးလုပ္ရမွာ နားလို႔ရတုန္းနားထားမည္၊ေပ်ာ္လို႔ရတုန္းေပ်ာ္မည္တဲ့ေလ။"


ရန္ကုန္ကေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မွာက ေမဂ်ာမ်ားလို႔ သြားတက္ပါလားလို႔ေျပာေတာ့ "ကိုယ့္ျပည္၊ကိုယ့္ၿမိဳ႔ဟာအေကာင္းဆံုးပဲ..အေဆာင္မွာေနၿပီးစိတ္ဆင္းရဲမခံႏိုင္ပါဘူးတဲ့။"

ဘယ္သြားသြား ဆိုင္ကယ္လ္တကားကားႏွင့္ သူ႔ကိုယ္သူႏိုင္ငံျခားမင္းသားပံုဖမ္းေနတတ္သည္။ဘုရားဆူး ေဒါက္တာပါ။

အလုပ္အကိုင္မရိွေသာ ေဒါက္တာေပါ့။


ေအာ္...ပံုရိပ္ဆိုတဲ့ကေလးရယ္။

မင္းကေရာဘယ္လို ကေလးမ်ားလဲ။

ဒီညေနရန္ကုန္ကို ဆင္းရမၫ့္အ‌ေရးေတြးၿပီး

စိတ္လႈပ္ရွားမႈေတာ့ ျဖစ္မိသည္။


(ပံုရိပ္သာေဒၚရိပ္ညိုရဲ့လက္ထဲကိုေရာက္သြားခဲ့ရင္ ဘယ္လိုေျပာင္းလဲမႈေတျြဖစ္သြားမလဲ

ေနာက္ေန့ထပ္ဖတ္ခ်င္ရင္ fbမွာမ်ားမ်ားshareေပးၾကပါေနာ္)

🔥ဆူးကြိုး...🔥အခန်း(၂၄)🔥 ပထမပိုင်း

  


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၄)🔥  ပထမပိုင်း


"ကလင်...ကလင်..."


စက်ဘီးကလင်လေးကိုလက်မလေးနှင့်အသာဖိလိုက်ချိန်တွင် ထွက်ပေါ်လာသောရိုက်ခက်သံလေးသည်ပင် နှုတ်ခမ်းပါးထက်မှအပြုံးကိုပေါ်လွှင်စေသည်။ဆောင်းလေညှင်းသွဲ့သွဲ့သည် ဆံနွယ်များအားယှက်တိုက်လျှက် စိတ်နှလုံးအားနှင်းဖွဲဖွဲတို့

ယစ်သိုင်းဖြန်းပက်သကဲ့သို့ အေးချမ်းမှုအတိဖြစ်စေသည်။


‌စိတ်အခြေအနေချမ်းငြိမ်းသည့်အခါ မြေသားကျောက်စိုင်တွေအပေါ်မှာလမ်းလျှောက်နေရသော်ငြား နုနုထွေးထွေးပန်းခင်းကလေးထဲမှာ  ဖြတ်သန်းရှင်သန်နေရသလို ညွှတ်နူးကြည်နူးမှုအပြည့်

ရင်မှာလှိုက်တက်လေသည်။


လွှတ်လပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဟာအခြားသူတွေအတွက်တော့ စိတ်မှာအနှောင်အဖွဲ့တွေကင်းလွှတ်သွားတဲ့အခါမျိုး၊ကိုယ်နေချင်ရာနေ၊ကိုယ်သွားချင်ရာသွားပြီး ကိုယ်လုပ်ချင်သောအရာလေးတွေကို စိတ်လွတ်လက်လွှတ်လုပ်ရသောအခါမျိုးတွေလည်းဖြစ်နိုင်သည်။


အနောက်နိုင်ငံသားတွေအတွက်တော့ခရီးသွားခြင်းသည် မရှိမဖြစ်အရာတစ်ခုလို့သတ်မှတ်ထားသည့်အတိုင်း လုပ်ငန်းခွင်၏စိတ်ဖိစီးမှုများ၊ပတ်၀န်းကျင်နှင့်မိသားစုအရေးများကို ပစ်ချခဲ့လျှက်ခရီးထွက်ကာ လွတ်လပ်သောစိတ်အရသာကို ခံစားကြသည်။


ပုံရိပ်အတွက်တော့လွတ်လပ်ခြင်းဆိုတာ

စိတ်သန့်သန့်နှင့်ရှင်သန်ရပ်တည်နေနိုင်ခြင်းပါပဲ။

ပုံရိပ်သည် အတွင်းစိတ်မာသည်။

ပျော့ညံ့ပြီး အငိုလွယ်၊အရှိုက်လွယ်သောလူမျိုးမဟုတ်ပေမဲ့ တွေ့ကြုံခဲ့ရသောအချိုးအကွေ့များကြောင့် စိတ်ခံစားမှုဒဏ်ရာတွေကများခဲ့သည်။


ယခုတော့ သံဆူးကြိုးတွေယစ်ခွေသိုင်းခဲ့သော

စိတ်အနှောင်အဖွဲ့များထဲမှလွတ်မြောက်ခဲ့ပြီ။

သွင်ပြင်မဲ့ စိတ်ဝိဉာဉ်ဟာ ချောက်ကမ်းပါးနက်နက်ထဲပြုတ်ကျခဲ့၍ ငိုရှိုက်နေခဲ့မိရာမှ ကမ်းပေါ်သို့ပြန်တက်နိုင်ခဲ့ပြီ။


မြက်ရိုင်းပင်သည် နေရောင်စူးစူးကြောင့်

ညှိုးနွဲ့မည့်ဘ၀မှ ‌နှင်းရည်ပတ်ဖြန်း၍လန်းဆန်းခဲ့ပြီ။

အားနွဲ့၍ကြက်ခိုးဝေလျှက် မှိုင်းတက်နေသောစိတ်၏နံရံတို့သည် အနီရောင်သွေးတို့ကြောင့် ပြန်လည်အသက်၀င်ခဲ့ပြီ။


ဒါတွေအားလုံး၏အစကနေဦးဟာ 

ပုံရိပ်၏ကြည်ညှိုလေးစားအပ်သော ဆရာ့ကြောင့်ပါပဲ။ဆရာ့ကြောင့်သာပုံရိပ်၏ဘ၀ရွက်နုကလေးတွေ ရှင်သန်ခဲ့ရတာပါ။ပူပြင်း‌လွန်းသည့်သဲကန္တာရထဲမှာ ရေကြည်တစ်ပေါက်ကမ်းလင့်သောသူဟာ ဆရာနေမျိုးပါပဲ။


အကြောင်းအရာကိုရေရာစွာရှာမတွေ့ပေမဲ့

အဒေါ့်ကိုအားကိုးသည်ထက်ဆရာနေမျိုးကိုပို၍ ကိုးစားယုံကြည်မိသည်။

အဒေါ်သည် ပုံရိပ်၏မေတ္တာတံတိုင်းဆိုလျှင်

ဆရာနေမျိုးသည်ပုံရိပ်၏ခွန်အားတံတိုင်းဖြစ်သည်။ပုံရိပ်ကိုအမြဲတမ်းစိတ်ခွန်အားတွေပေးတတ်သောဆရာ့ကို ပုံရိပ်တဆထက်တဆသံယောဇဉ်ပိုလာခဲ့သည်။

ပို၍ချစ်ခင်လေးစားမိသည်။


ဆရာ့ကျေးဇူးကြောင့် မူလတန်းကလေးတွေကိုစာသင်ပေးခွင့်ရတာလေးရက်လောက်ရှိနေပေပြီ။ကံကောင်းချင်တာကတော့ ထိန်းရခက်သည့်အရွယ်ကလေးတွေမပါပေ။

နှစ်တန်းကျောင်းသား(၃)ယောက်နှင့်သုံးတန်းကလေးက(၄)ယောက်ဖြစ်သည်။ကျောင်းတွင်သင်လာသော အိမ်စာများကိုကူလုပ်ပေးရခြင်းဖြစ်ပြီး တစ်နေ့စာ‌တစ်နေ့ကိုပုံမှန်ပြန်နွေးပေးရသည်။

သူတို့လေးတွေနားမလည်သောစာများ၊ပုစ္ဆာများအား ပြန်ရှင်းပြရသည်။


အိမ်မှာလည်း ထွန်းကိုနှင့်မိစုကိုထိန်းနေကြဖြစ်၍

ပုံရိပ်အတွက်ကတော့ထူး၍မခက်ခဲပေ။ပိုက်ဆံရှိသောအိမ်မှကလေးတွေဖြစ်သောကြောင့် 

ဆိုးမည်ဟုထင်ခဲ့မိပေမဲ့ အင်မတန်လိမ္မာရေးခြားရှိကြသည်။

စာကိုလည်းစိတ်၀င်စားကြသောကြောင့် ပုံရိပ်အတွက်တော့ အခက်အခဲထွေထွေထူးထူးမရှိပဲအဆင်ချောနေခဲ့သည်။


ပုံရိပ်သည်မနက်တစ်ပိုင်းသာ ကျောင်းတက်ရသောကြောင့် ကျောင်းမှပြန်ရောက်သည်နှင့် ဒေါ်လေးမရှိသည့်အခါမျိုးတွင်ညနေစာအတွက် ထမင်းအိုးတည်ရသည်။ညနေစာ၀ယ်ထားတာအဆင်သင့်ရှိပါက တစ်ခါတည်းဟင်းအိုးပါရော၍တည်ထားလိုက်သည်။မိစုနှင့်ထွန်းကိုတို့ကိုလည်း ထမင်းစာလျှင်ကျွေးမွေးလိုက်ပြီးနောက် ကလေးတွေလည်းသူဟာနှင့်သူဆော့ ကိုယ်လည်းကိုယ့်ဘာသာစာလုပ်စရာရှိလျှင်လုပ်သည်။


သည်ရက်ပိုင်းတွင် ဦးသက်ဆွေကတော့ပန်းရံလိုက်လုပ်၍အချိုးကျနေလေသည်။

သို့ပေမဲ့ သူ့လုပ်ခဟာသူ့အရပ်အိုးထဲသာ၀င်သည်။မိန်းမ၏လက်ထဲကိုတော့ အရက်ငွေ့သာရောက်သည်။ဒေါ်လေးနှင့်ဦးသက်တွေသည် ကမ္ဘာ့ရန်ဖက်တွေဖြစ်တာကြောင့် မျက်နှာချင်းဆိုင်မိတာနှင့်စကားကတတွတ်တွတ်များသည်။

ပုံရိပ်ကတော့ မသိချင်ယောင်ဆောင်လိုက်သည်ကများပါတယ်။


ကြားသုံးကြားမ၀င်ကောင်းဘူးဆိုပေမဲ့ အရမ်းလွန်လာလျှင်တော့ ကိုယ်လည်း၀င်ပါသင့်လျှင်ပါရမှာပါပဲ။ဒါပေမဲ့ ငါးနာရီနောက်ပိုင်းဆိုလျှင်

ပုံရိပ်ကအိမ်မကပ်ရတော့သည့်အတွက် ရန်ပွဲတွေနှင့်ဝေးရာမှာနားအေးပါးအေးရှိနေခဲ့သည်။


ကိုယ်ပြန်ရသည့်အချိန်ကလည်း များသောအားဖြင့်ဦးသက်‌ဆွေအိမ်မှာမရှိတော့သည့်အချိန်၊မူး၍အိပ်နေသောအချိန်တွေဖြစ်၍ ကံကောင်းလေသည်။ဒေါ်လေးတို့သားအမိသုံးယောက်ကတော့

ပုံရိပ်၏အိပ်ခန်းထဲတွင်သာအ‌ခြေချကြတော့သည်။သူလည်း သူ့ယောက်ျားအမူးသမားနှင့်ဘယ်အတူအိပ်ချင်ပါ့မလဲ။


အိမ်မှာကျန်ခဲ့သည့် ကလေးတွေကတော့မိဘတွေရန်ဖြစ်တိုင်း ငိုနေကြမလား ကိုယ်ချင်းစာမိပေမဲ့ အပျိုကြီးတို့ကလာလာခေါ်သွားတတ်၍ တဆိတ်ရင်အေးရသည်။သို့ပေမဲ့ ကိုယ်မရှိတုန်း အဒေါ့်ကိုရိုက်နှက်၊ကန်ကြောက်မှာလည်းစိုးရသည်။


ဘယ်တတ်နိုင်မှာလည်း ကျွဲဖြစ်မှတော့ရွှံ့ကြောက်နေတာသဘာ၀မကျပေ။ဒီယောက်ျားကို အိမ်ပေါ်မှာလက်ခံထားလိုက်မိမှတော့ ကောင်းကောင်းဆိုးဆိုးခံပေတော့လို့ပဲ ပြောနိုင်ပါတော့မည်။


ညနေငါးနာရီထိုးခါနီးတိုင်း ရေမိုးချိုးရပြီးသနပ်ခါးရေကျဲလူးကာ မြန်မာ၀တ်စုံကိုရွေး၀တ်ရလေသည်။ကိုယ်ကအသက်၁၅နှစ်‌ကျော်ရုံသာရှိသေးပေမဲ့ ကလေးတွေကိုစာသင်ပေးရသောကြောင့် သူများအမြင်မရိုင်းချင်ပေ။

နောက်ပိုင်းရင်းနှီး၍နေသားကျသွားလျှင်တော့ ကိုယ့်ဘာသာဂါ၀န်၀တ်၀တ်၊ဘောင်းဘီ၀တ်၀တ်ရပေမဲ့ ယခုတော့စာသင်ခါစမှာ လူအထင်ကြီးအောင်တော့နေရမည်။


ဆရာနေမျိုး၏တပည့်ဖြစ်၍ ဆရာ့ကိုတော့သိက္ခာ

မကျစေချင်ပေ။ကိုယ်စာသွားသင်ရသောအိမ်မှာက ကိုယ်နှင့်သက်တူရွယ်တူတွေတစ်ယောက်မျှမရှိပေမဲ့ လူကြီးတွေရှေ့မို့ပို၍အနေအထိုင်ဆင်ခြင်ရသည်။


စာသင်ပေးရသည့်အချိန်တွင် အစာပြေစားဖို့မုန့်တွေ၊အချိုရည်တွေလာချပေးပြီး သဘောကောင်းစွာဆက်ဆံပေမဲ့ မျက်စိဒေါက်ထောက်ကာကြည့်နေကြ၍ စိတ်မလုံမလဲတော့ဖြစ်ရသည်။ကိုယ်တွေကဆင်းရဲတော့ သူတို့အိမ်ကပစ္စည်းတွေတစ်ခုခုပါမှာစိုးလို့ထင်ပါရဲ့။

ဒါ့အပြင် ကလေးတွေတစ်ခုခုပြောမကောင်းတာမျိုးရှိလျှင်လည်း မဆူရဲပေ။


ကိုယ့်အိမ်က‌ ကလေးမဟုတ်တဲ့အပြင် သူများမျက်စိအောက်မှာ သူတို့ကလေးတွေကိုဆူမိ၍

ငိုသွားခဲ့သည်ရှိသော ကိုယ့်ကိုထ၍ရန်တွေ့နိုင်သည်။ကိုယ့်ရွာမှာကြက်ဖပေမဲ့ သူများရွာမှာကြက်မဖြစ်တာကြောင့် အုပ်စုဖွဲ့၍ဝိုင်းတော့အခွပ်မခံနိုင်ပါ။

ကလေးတွေကလိမ္မာပေမဲ့ လိုလေသေးမရှိအောင် အရာရာဖြည့်ဆည်းပေးခံနေရသော မိသားစုမှကလေးများဖြစ်၍ ကိုယ်လိုချင်သောပုံစံကိုသွင်းပေးရတာမျိုးထက် သူတို့နေစေချင်သောပုံအတိုင်းကိုယ်ကနေပေးရသည်။


စာမလုပ်ချင်ပါက လုပ်ချင်လာအောင် သူတို့စိတ်၀င်စားသောအရာလေးတွေကိုပြောပြ၍

ချော့ရသည်။ပုံရိပ်ကထိုသို့ သင်ပြပေးသောအခါ အိမ်ရှင်တွေကလည်းသဘောကျကြသည်။စာသင်တာတစ်ပတ်လောက်ပဲရှိသေးပေမဲ့ ပုံရိပ်ကိုကလေးတွေရော၊ကလေးမိဘတွေကပါ ကြိုဆိုကြသည့်အတွက် ၀မ်းသာပီတိဖြစ်ပါသည်။


ကလေးတွေကိုစာသင်မည်ဆိုတော့ အိမ်ရှေ့တိုက်မှအပျိုကြီးတို့က မြန်မာ၀တ်စုံ၀မ်းဆက်ကလေးကို ချုပ်၍လက်ဆောင်ပေးလာသည်။အပျိုကြီး၏ညီ‌မ အန်တီသက်မေကစက်ချုပ်တတ်သည့်အတွက် ပိတောက်ခြောက်ရောင် ရင်စေ့လက်စကနှင့်ထဘီ

စကပ်လေးကို ကိုယ်တိုင်ချုပ်ပေးလေသည်။

ဒီနေ့တော့ ကိုယ်ရဲ့တစ်ခုတည်းသောရှားရှားပါးပါးထို၀တ်စုံလေးကို ၀တ်ဖို့စဉ်းစားလိုက်သည်။


ပင်ကိုယ်အသားဖြူသူမို့ ပိတောက်ခြောက်ရောင်၀တ်စုံလေးကို ကိုယ်မှာကပ်လိုက်သည့်အခါ ၀င်း၀င်းပပစန္ဒာလမင်းကဲ့သို့ အရောင်အဝါတွေထွန်းလင်းသွားသလိုပင်။

ဆံထုံးလေးကိုထိပ်မှာစုထုံးထား၍ လည်တိုင်ကျော့ကျော့ကပေါ်လွင်နေသည်။အလှကြိုက်သူမဟုတ်ပေမဲ့ မှန်ထဲတွင်မြင်နေရသောကိုယ့်မျက်နှာကိုတော့ ဒီနေ့မှထူးထူးခြားခြား သေချာကြည့်မိသည်။


စိတ်ချမ်းသာ၍ထင်ပါရဲ့ မျက်နှာလေးကကြည်နေသည်။ဆံပင်ကိုနဖူးပြောင်အောင် လှန်စည်းထားပေမဲ့ နဖူးပေါ်တွင်ကျနေသော ဆံစလေးတွေကိုသက်တင်မိကာ အပြုံးခပ်ရေးရေးလေး ဖန်ဆင်းကြည့်မိသည်။ပုံရိပ်ဟာ အမေဒေါ်မေသန့်နှင့်တူပါသည်တဲ့ ။


အခြားရွာကကာလသားတွေပါ လာပိုးပန်းရလောက်သည်အထိ ဂုဏ်ရနံ့သတင်းမွှေးခဲ့သော

အမေ့ကိုတော့ ပုံရိပ်မှီနိုင်မည်မထင်ပါဘူး။

အဖေကလည်းအမေ့ကိုသိပ်ချစ်မှာပဲနော်။

ဒါဆို ပုံရိပ်ကိုရော။


"အင်း...မတွေးမိအောင်နေလည်း...သတိကရလာပြန်ပြီ...မချစ်လို့ထားခဲ့ကြတာပဲ...

ငါကရော၀မ်းနည်းစရာလိုသလား..."


မှန်လေးထဲမှ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်လိုက်မိတော့ အိမ်အပေါက်၀မှဦးသက်ဆွေကိုမှန်ထဲမှမြင်လိုက်ရသည်။အနည်းငယ်ထိတ်လန့်

လျှက်နောက်သို့ ပြန်လှည့်ကြည့်လိုက်မိတော့

ထိုလူကြီးကလည်းပုံရိပ်ကို မျက်လုံးကြီးနီလျှက်

မကျေမနပ်ကြည့်လာသည်။


ပြီးနောက် အိမ်ခေါင်းရင်းဘက်၌ ခြေပစ်လက်ပစ်လှချလိုက်လေသည်။သနပ်ခါးလိမ်းသည့်နေရာကလည်း အိမ်အပေါက်၀နှင့်တန်းနေတော့ မမြင်ချင်လည်းမြင်နေရလေသည်။ဆံပင်ကိုတစ်ချက်ဖီးသင်လိုက်ပြီး လွယ်အိတ်ထဲသို့ စာအုပ်လေးတွေကိုပေါင်းထည့်ကာ အပျိုကြီးတို့ဆီမှ စက်ဘီးသွားငှားဖို့လုပ်ရသည်။


"လူလေးကြည့်တော့ လက်တောင့်လောက်နဲ့...

အလှအပကမက်လာပြီ..ယောက်ျားနောက်မြန်မြန်လိုက်သွားတော့...မြန်မြန်အေးတာပဲ...ငါတို့အိမ်မှာစားပေါက်တစ်ပေါက်လျှော့တယ်..."


"ဦးလေးစကားကိုဆင်ခြင်ပြောပါ...သူ့ကြည့်တော့ သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေပြီ..."


"ဘာ..သေချင်းဆိုးလေး...ငနာမလေးနင်ဘာပြောတာလည်း...နင်ပြန်လာခဲ့စမ်း...."


ဦးသက်ဆွေဟာ ပုံရိပ်နှင့်စကားနိုင်လုတိုင်းတစ်ခါမျှမနိုင်ပေ။ယခုလည်းအရက်မူးနေရာမှအလူးအလဲထရပ်ပြီး အနောက်မှာဆွေ့ဆွေ့ခုန်ကာကျန်ခဲ့သည်။ပုံရိပ်ကတော့ ထုံးစံအတိုင်းအပျိုကြီးတို့အိမ်မှစက်ဘီးကိုယူစီးဖို့ကြံရပြန်သည်။


ကျူရှင်သွားသင်ရသောအိမ်သည် ကားလမ်းတစ်ဖက်ကမ်းတွင်ရှိသောကြောင့် စက်ဘီးကလေးနှင့်ကပို၍အဆင်ပြေသည်။ကျူရှင်သင်ပြီးပြန်လာမှ စက်ဘီးကိုအပျိုကြီးတို့အိမ်မှာပြန်ထားပြီး ဆရာနေမျိုးဆီမှာ စာသွားသင်ရပေမည်။

ဒီစက်ဘီးကလေးသည် ပုံရိပ်၏ကျေးဇူးရှင်ဟုဆိုရမည်။


"ပုံရိပ်တို့ကတော့ဟေ့...အပျိုကြီးတို့အိမ်ကစက်ဘီးကိုကန်ထရိုက်ဆွဲထားတော့တာပဲ..အခွင့်အရေးဆိုတာယူတိုင်းမကောင်းဘူးအေ့...ဟိုကငြိုငြင်သွားမယ်..."


စက်ဘီးကလေးကိုဒေါက်ဖြုတ်နေတုန်းအောက်ထပ်မှအိမ်ပိုင်ရှင်အဖွားကြီးကတ တငြူငြူတစူစူလာလုပ်နေလေသည်။သူ့အိမ်ကစက်ဘီးလည်းမဟုတ်ပဲ ကြားကနေ၀င်နာနေပြန်ပြီ။

လူကြည့်တော့ ခေါင်းမွှေးကပြောင်နေပြီ

မရှိတဲ့လူတွေကိုသနားရမှန်း၊စာနာရမှန်းမသိပဲ

ခနဲ့ဖို့လောက်ပဲတတ်တယ်။

ပုံရိပ်တို့ကလည်း ဂါရ၀တရားဆိုတာထားသင့်တဲ့လူမှထားစမြဲပင်။


"အဖွားရယ်...အဖွားတို့တောင်ခွေးတွေမွေးပြီးသနားလို့ဈေးကြီးတာတွေ၀ယ်ကျွေးနေသေးတာပဲ...သူများကလူချင်းစာနာသနားလို့ စက်ဘီးလေးပေးစီးတာကိုဘာတွေမရှုစိတ်ပွားနေရတာလဲ...

အဖွားရဲ့အောက်တည့်တည့်မှာငရဲပြည်..အပေါ်မှာနတ်ပြည်...ဘယ်လောက်ကုသိုလ်လုပ်လုပ် မစ္ဆရိယစိတ်ပွားရင်တော့ငရဲပြည်ပဲနော်....

ဥစ္စာအစ္စည်းတွေလည်းသိပ်စွဲမနေနဲ့...

သေရင်မကျွတ်ပဲနေအုံးမယ်...."


"ကြည့်စမ်း...မိပုံ.ညည်းငါ့ကိုမခန့်လေးစားနဲ့...

လူကြီးကိုလူကြီးမှန်းမသိဘူး..."


"သွားပြီအဖွားရေ..."


"သွား...သွား...ညည်းငါ့ခြံထဲကိုဘယ်တော့မှမလာခဲ့နဲ့..."


"အဲ့ဒါတော့မရဘူး...စက်ဘီးလာပြန်ထားရအုံးမယ်..."


အသက်ကြီးတဲ့လူတွေကို စိတ်ဒုက္ခမပေးချင်ပေမဲ့ သူ့ခြံထဲကို၀င်လာတိုင်းလူကိုသူခိုးကြည့်ကြည့်နေတတ်တဲ့အဖွားကြီးကို တမင်ပညာပြပစ်ခဲ့ခြင်းပင်။လူတွေများ မရှိတဲ့လူဆိုသိပ်နှိမ်ချင်တာပဲ။


စားစရာမရှိလျှင် ဆားကိုမီးမြိုက်ပြီးစားလိုက်မယ် သူများပစ္စည်းကိုတော့ဘယ်တော့မှမခိုးဘူး။ဦးလေးဖြစ်သူက အရက်သမား၊အဒေါ်ဖြစ်သူကပဲပြုတ်သည်ဖြစ်တဲ့အပြင် သူများမလုပ်ချင်တဲ့တစ်အိမ်၀င်တစ်အိမ်ထွက်လျှက် အ၀တ်လျှော်သောအလုပ်ကိုလိုက်လုပ်ရသူ။


ဒီလိုဆိုတော့ ဒီအိမ်ကကလေးတွေကိုလည်း

အများအမြင်မှာဘယ်ယုံကြည်မှုရှိကြပါတော့မလဲ။အပျိုကြီးတို့လို စိတ်ရင်းကောင်းသူတွေရှိနေလို့သာပေါ့။မဟုတ်ရင်ကိုယ်တွေဟာ သူများမကြင်ချင်တဲ့ချဉ်ဖက်တွေဖြစ်နေရမှာ သေချာသည်။


ထွန်းကိုတို့မိစုတို့ဆိုလျှင်လည်း အ၀တ်နွမ်းလေးတွေနှင့်မပြည့်မစုံနေရသောကလေးတွေဖြစ်၍

သူတို့နှင့်ဆော့ကစားသောကလေးတွေဟာလည်း သူတို့ကဲ့သို့ဆင်းရဲတွင်းမှမွေးဖွားလာသော အသွင်တူကလေးတွေသာဖြစ်သည်။


အချို့အခြေကြီး၊အနေကြီးများကမူ သူတို့ကလေးများနှင့်ဆော့သည်ကိုပင် သိပ်မကြိုက်ချင်ကြပေ။သူတို့ခြံထဲသို့၀င်လျှင်မောင်းထုတ်တတ်ကြသည်။ကိုယ့်ကလေးတွေကလည်း နူဝဲနေတာမဟုတ်ပဲ အထင်သေးကြသည်။


အဓိက‌ကတော့ မိဘအသိုင်းအဝန်းကြောင့်ပါပဲ။

အသိုင်းအဝန်းမြင့်လေ လူတွေဟာပိုအထင်ကြီးတတ်ကြ၊ပိုအရေးပေးကြတာသဘာ၀ပင်ဖြစ်သည်။ထို့ကြောင့်မိမိသားသမီးကို မျက်နှာမငယ်စေချင်ပါက မိမိ၏လူနေမှုဘ၀ကိုမြင့်တက်အောင်အရင်ကြိုးစားရမည်ဟု ထင်မြင်မိသည်။

အပျိုကြီးတို့၏အိမ်ရှင်အဖွားကြီးဟာလည်း

ထိုကဲ့သို့အမြင်နှင့်ဆုံးဖြတ်သည်ထင်ပါရဲ့။


ကားလမ်းကိုကျော်လာခဲ့ပြီးနောက် ငါးနားရီထိုးခါနီးလောက်တွင် ကလေးတွေကိုစာသင်ပေးရသောအိမ်သို့ရောက်လေသည်။အိမ်ကလေးသည်

ခြံနှင့်၀န်းနှင့်ဖြစ်ပြီး သံပန်းတံခါးလည်းရှိလေသည်။နှစ်ထပ်အိမ်ကလေးဖြစ်ပြီး ပေးသုံးဆယ်အကျယ်ဖြစ်၍အိမ်ကကြီးပြီး အတွင်းဘက်တွင်ကျယ်သည်။


ခြံထဲတွင်မြေကွက်လပ်များရှိ၍ ယုဇပန်းပင်တွေလည်းအများအပြားစိုက်ပျိုးထားပြီး ပိတောက်ပင်ကြီးတစ်ပင်လည်းရှိလေသည်။

အိမ်ပိုင်ရှင်အဘိုးကြီးက အပင်စိုက်ဝါသနာပါသူဖြစ်၍ ခြံထဲတွင်အရိပ်လည်းရ၊အေးလည်းအေးသည်။ပိုက်ဆံရှိတော့လည်း ကိုယ်လိုသလိုပုံဖော်၍ ရနေတာပေါ့လေ။မသိလျှင် သူတို့အိမ်ဟာ ပျိုးပင်တွေရောင်းသောအိမ်ကြီးနှင့်ပင်တူနေသည်။ပန်းအိုးကြီး၊ငယ်နှင့် ဂမုန်းပင်တွေဆိုတာလည်း ဝေနေတာပါပဲ။


"တင်း...တောင်..."


လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ အိမ်ထဲမှသူတို့ခိုင်းဖို့ရန်ရွာမှခေါ်ထားသော မိန်းကလေးထွက်လာလေသည်။ပုံရိပ်နှင့်ရွယ်တူလောက်ရှိပေမဲ့ သူလေးကတော့တစ်ခါမှကျောင်းမနေခဲ့ရပေ။ထို့ကြောင့်လည်း သူများအိမ်မှာခိုင်းချင်တိုင်းအခိုင်းခံနေရသည်မဟုတ်ပါလား။


🔥ဆူးကြိုး...🔥အခန်း(၂၄)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်

=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥  ပထမပိုင္း


"ကလင္...ကလင္..."


စက္ဘီးကလင္ေလးကိုလက္မေလးႏွင့္အသာဖိလိုက္ခ်ိန္တြင္ ထြက္ေပၚလာေသာရိုက္ခက္သံေလးသည္ပင္ ႏႈတ္ခမ္းပါးထက္မွအႃပံုးကိုေပၚလႊင္ေစသည္။ေဆာင္းေလၫွင္းသဲြ႔သဲြ႔သည္ ဆံႏြယ္မ်ားအားယွက္တိုက္လ်ွက္ စိတ္ႏွလံုးအားႏွင္းဖဲြဖဲြတို႔

ယစ္သိုင္းျဖန္းပက္သကဲ့သို႔ ေအးခ်မ္းမႈအတိျဖစ္ေစသည္။


‌စိတ္အေျခအေနခ်မ္းၿငိမ္းသၫ့္အခါ ေျမသားေက်ာက္စိုင္ေတြအေပၚမွာလမ္းေလ်ွာက္ေနရေသာ္ျငား ႏုႏုေထြးေထြးပန္းခင္းကေလးထဲမွာ  ျဖတ္သန္းရွင္သန္ေနရသလို ၫႊတ္ႏူးၾကည္ႏူးမႈအျပၫ့္

ရင္မွာလိႈက္တက္ေလသည္။


လႊတ္လပ္ျခင္းဆိုတဲ့ အဓိပၸာယ္ဟာအျခားသူေတြအတြက္ေတာ့ စိတ္မွာအေနွာင္အဖဲြ႔ေတြကင္းလႊတ္သြားတဲ့အခါမ်ိဳး၊ကိုယ္ေနခ်င္ရာေန၊ကိုယ္သြားခ်င္ရာသြားၿပီး ကိုယ္လုပ္ခ်င္ေသာအရာေလးေတြကို စိတ္လြတ္လက္လႊတ္လုပ္ရေသာအခါမ်ိဳးေတြလည္းျဖစ္ႏိုင္သည္။


အေနာက္ႏိုင္ငံသားေတြအတြက္ေတာ့ခရီးသြားျခင္းသည္ မရိွမျဖစ္အရာတစ္ခုလို႔သတ္မွတ္ထားသၫ့္အတိုင္း လုပ္ငန္းခြင္၏စိတ္ဖိစီးမႈမ်ား၊ပတ္၀န္းက်င္ႏွင့္မိသားစုအေရးမ်ားကို ပစ္ခ်ခဲ့လ်ွက္ခရီးထြက္ကာ လြတ္လပ္ေသာစိတ္အရသာကို ခံစားၾကသည္။


ပံုရိပ္အတြက္ေတာ့လြတ္လပ္ျခင္းဆိုတာ

စိတ္သန႔္သန႔္ႏွင့္ရွင္သန္ရပ္တည္ေနႏိုင္ျခင္းပါပဲ။

ပံုရိပ္သည္ အတြင္းစိတ္မာသည္။

ေပ်ာ့ညံ့ၿပီး အငိုလြယ္၊အရိႈက္လြယ္ေသာလူမ်ိဳးမဟုတ္ေပမဲ့ ေတြ့ႄကံုခဲ့ရေသာအခ်ိဳးအေကြ့မ်ားေၾကာင့္ စိတ္ခံစားမႈဒဏ္ရာေတြကမ်ားခဲ့သည္။


ယခုေတာ့ သံဆူးႀကိဳးေတြယစ္ေခြသိုင္းခဲ့ေသာ

စိတ္အေနွာင္အဖဲြ႔မ်ားထဲမွလြတ္ေျမာက္ခဲ့ၿပီ။

သြင္ျပင္မဲ့ စိတ္ဝိဉာဉ္ဟာ ေခ်ာက္ကမ္းပါးနက္နက္ထဲျပဳတ္က်ခဲ့၍ ငိုရိႈက္ေနခဲ့မိရာမွ ကမ္းေပၚသို႔ျပန္တက္ႏိုင္ခဲ့ၿပီ။


ျမက္ရိုင္းပင္သည္ ေနေရာင္စူးစူးေၾကာင့္

ၫွိုးႏဲြ႔မၫ့္ဘ၀မွ ‌ႏွင္းရည္ပတ္ျဖန္း၍လန္းဆန္းခဲ့ၿပီ။

အားႏဲြ႔၍ၾကက္ခိုးေဝလ်ွက္ မိႈင္းတက္ေနေသာစိတ္၏နံရံတို႔သည္ အနီေရာင္ေသြးတို႔ေၾကာင့္ ျပန္လည္အသက္၀င္ခဲ့ၿပီ။


ဒါေတြအားလံုး၏အစကေနဦးဟာ 

ပံုရိပ္၏ၾကည္ၫွိုေလးစားအပ္ေသာ ဆရာ့ေၾကာင့္ပါပဲ။ဆရာ့ေၾကာင့္သာပံုရိပ္၏ဘ၀ရြက္ႏုကေလးေတြ ရွင္သန္ခဲ့ရတာပါ။ပူျပင္း‌လြန္းသည့္သဲကႏၲာရထဲမွာ ေရၾကည္တစ္ေပါက္ကမ္းလင့္ေသာသူဟာ ဆရာေနမ်ိဳးပါပဲ။


အေၾကာင္းအရာကိုေရရာစြာရွာမေတြ့ေပမဲ့

အေဒါ့္ကိုအားကိုးသည္ထက္ဆရာေနမ်ိဳးကိုပို၍ ကိုးစားယံုၾကည္မိသည္။

အေဒၚသည္ ပံုရိပ္၏ေမတၲာတံတိုင္းဆိုလ်ွင္

ဆရာေနမ်ိဳးသည္ပံုရိပ္၏ခြန္အားတံတိုင္းျဖစ္သည္။ပံုရိပ္ကိုအၿမဲတမ္းစိတ္ခြန္အားေတြေပးတတ္ေသာဆရာ့ကို ပံုရိပ္တဆထက္တဆသံေယာဇဉ္ပိုလာခဲ့သည္။

ပို၍ခ်စ္ခင္ေလးစားမိသည္။


ဆရာ့ေက်းဇူးေၾကာင့္ မူလတန္းကေလးေတြကိုစာသင္ေပးခြင့္ရတာေလးရက္ေလာက္ရိွေနေပၿပီ။ကံေကာင္းခ်င္တာကေတာ့ ထိန္းရခက္သၫ့္အရြယ္ကေလးေတြမပါေပ။

ႏွစ္တန္းေက်ာင္းသား(၃)ေယာက္ႏွင့္သံုးတန္းကေလးက(၄)ေယာက္ျဖစ္သည္။ေက်ာင္းတြင္သင္လာေသာ အိမ္စာမ်ားကိုကူလုပ္ေပးရျခင္းျဖစ္ၿပီး တစ္ေန့စာ‌တစ္ေန့ကိုပံုမွန္ျပန္ေနြးေပးရသည္။

သူတို႔ေလးေတြနားမလည္ေသာစာမ်ား၊ပုစၧာမ်ားအား ျပန္ရွင္းျပရသည္။


အိမ္မွာလည္း ထြန္းကိုႏွင့္မိစုကိုထိန္းေနၾကျဖစ္၍

ပံုရိပ္အတြက္ကေတာ့ထူး၍မခက္ခဲေပ။ပိုက္ဆံရိွေသာအိမ္မွကေလးေတျြဖစ္ေသာေၾကာင့္ 

ဆိုးမည္ဟုထင္ခဲ့မိေပမဲ့ အင္မတန္လိမၼာေရးျခားရိွၾကသည္။

စာကိုလည္းစိတ္၀င္စားၾကေသာေၾကာင့္ ပံုရိပ္အတြက္ေတာ့ အခက္အခဲေထြေထြထူးထူးမရိွပဲအဆင္ေခ်ာေနခဲ့သည္။


ပံုရိပ္သည္မနက္တစ္ပိုင္းသာ ေက်ာင္းတက္ရေသာေၾကာင့္ ေက်ာင္းမျွပန္ေရာက္သည္ႏွင့္ ေဒၚေလးမရိွသၫ့္အခါမ်ိဳးတြင္ညေနစာအတြက္ ထမင္းအိုးတည္ရသည္။ညေနစာ၀ယ္ထားတာအဆင္သင့္ရိွပါက တစ္ခါတည္းဟင္းအိုးပါေရာ၍တည္ထားလိုက္သည္။မိစုႏွင့္ထြန္းကိုတို႔ကိုလည္း ထမင္းစာလ်ွင္ကၽြေးေမြးလိုက္ၿပီးေနာက္ ကေလးေတြလည္းသူဟာႏွင့္သူေဆာ့ ကိုယ္လည္းကိုယ့္ဘာသာစာလုပ္စရာရိွလ်ွင္လုပ္သည္။


သည္ရက္ပိုင္းတြင္ ဦးသက္ေဆြကေတာ့ပန္းရံလိုက္လုပ္၍အခ်ိဳးက်ေနေလသည္။

သို႔ေပမဲ့ သူ႔လုပ္ခဟာသူ႔အရပ္အိုးထဲသာ၀င္သည္။မိန္းမ၏လက္ထဲကိုေတာ့ အရက္ေငြ့သာေရာက္သည္။ေဒၚေလးႏွင့္ဦးသက္ေတြသည္ ကမ႓ာ့ရန္ဖက္ေတျြဖစ္တာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္မိတာႏွင့္စကားကတတြတ္တြတ္မ်ားသည္။

ပံုရိပ္ကေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္သည္ကမ်ားပါတယ္။


ၾကားသံုးၾကားမ၀င္ေကာင္းဘူးဆိုေပမဲ့ အရမ္းလြန္လာလ်ွင္ေတာ့ ကိုယ္လည္း၀င္ပါသင့္လ်ွင္ပါရမွာပါပဲ။ဒါေပမဲ့ ငါးနာရီေနာက္ပိုင္းဆိုလ်ွင္

ပံုရိပ္ကအိမ္မကပ္ရေတာ့သၫ့္အတြက္ ရန္ပဲြေတြႏွင့္ေဝးရာမွာနားေအးပါးေအးရိွေနခဲ့သည္။


ကိုယ္ျပန္ရသည့္အခ်ိန္ကလည္း မ်ားေသာအားျဖင့္ၪီးသက္‌ေဆြအိမ္မွာမရိွေတာ့သၫ့္အခ်ိန္၊မူး၍အိပ္ေနေသာအခ်ိန္ေတျြဖစ္၍ ကံေကာင္းေလသည္။ေဒၚေလးတို႔သားအမိသံုးေယာက္ကေတာ့

ပံုရိပ္၏အိပ္ခန္းထဲတြင္သာအ‌ေျခခ်ၾကေတာ့သည္။သူလည္း သူ႔ေယာက္်ားအမူးသမားႏွင့္ဘယ္အတူအိပ္ခ်င္ပါ့မလဲ။


အိမ္မွာက်န္ခဲ့သၫ့္ ကေလးေတြကေတာ့မိဘေတြရန္ျဖစ္တိုင္း ငိုေနၾကမလား ကိုယ္ခ်င္းစာမိေပမဲ့ အပ်ိဳႀကီးတို႔ကလာလာေခၚသြားတတ္၍ တဆိတ္ရင္ေအးရသည္။သို႔ေပမဲ့ ကိုယ္မရိွတုန္း အေဒါ့္ကိုရိုက္ႏွက္၊ကန္ေၾကာက္မွာလည္းစိုးရသည္။


ဘယ္တတ္ႏိုင္မွာလည္း ကၽဲြျဖစ္မွေတာ့ရႊံ႔ေၾကာက္ေနတာသဘာ၀မက်ေပ။ဒီေယာက္်ားကို အိမ္ေပၚမွာလက္ခံထားလိုက္မိမွေတာ့ ေကာင္းေကာင္းဆိုးဆိုးခံေပေတာ့လို႔ပဲ ေျပာႏိုင္ပါေတာ့မည္။


ညေနငါးနာရီထိုးခါနီးတိုင္း ေရမိုးခ်ိဳးရၿပီးသနပ္ခါးေရက်ဲလူးကာ ျမန္မာ၀တ္စံုကိုေရြး၀တ္ရေလသည္။ကိုယ္ကအသက္၁၅ႏွစ္‌ေက်ာ္ရံုသာရိွေသးေပမဲ့ ကေလးေတြကိုစာသင္ေပးရေသာေၾကာင့္ သူမ်ားအျမင္မရိုင္းခ်င္ေပ။

ေနာက္ပိုင္းရင္းႏွီး၍ေနသားက်သြားလ်ွင္ေတာ့ ကိုယ့္ဘာသာဂါ၀န္၀တ္၀တ္၊ေဘာင္းဘီ၀တ္၀တ္ရေပမဲ့ ယခုေတာ့စာသင္ခါစမွာ လူအထင္ႀကီးေအာင္ေတာ့ေနရမည္။


ဆရာေနမ်ိဳး၏တပၫ့္ျဖစ္၍ ဆရာ့ကိုေတာ့သိကၡာ

မက်ေစခ်င္ေပ။ကိုယ္စာသြားသင္ရေသာအိမ္မွာက ကိုယ္ႏွင့္သက္တူရြယ္တူေတြတစ္ေယာက္မ်ွမရိွေပမဲ့ လူႀကီးေတြေရ႔ွမို႔ပို၍အေနအထိုင္ဆင္ျခင္ရသည္။


စာသင္ေပးရသၫ့္အခ်ိန္တြင္ အစာေျပစားဖို႔မုန႔္ေတြ၊အခ်ိဳရည္ေတြလာခ်ေပးၿပီး သေဘာေကာင္းစြာဆက္ဆံေပမဲ့ မ်က္စိေဒါက္ေထာက္ကာၾကၫ့္ေနၾက၍ စိတ္မလံုမလဲေတာ့ျဖစ္ရသည္။ကိုယ္ေတြကဆင္းရဲေတာ့ သူတို႔အိမ္ကပစၥည္းေတြတစ္ခုခုပါမွာစိုးလို႔ထင္ပါရဲ့။

ဒါ့အျပင္ ကေလးေတြတစ္ခုခုေျပာမေကာင္းတာမ်ိဳးရိွလ်ွင္လည္း မဆူရဲေပ။


ကိုယ့္အိမ္က‌ ကေလးမဟုတ္တဲ့အျပင္ သူမ်ားမ်က္စိေအာက္မွာ သူတို႔ကေလးေတြကိုဆူမိ၍

ငိုသြားခဲ့သည္ရိွေသာ ကိုယ့္ကိုထ၍ရန္ေတြ့ႏိုင္သည္။ကိုယ့္ရြာမွာၾကက္ဖေပမဲ့ သူမ်ားရြာမွာၾကက္မျဖစ္တာေၾကာင့္ အုပ္စုဖဲြ႔၍ဝိုင္းေတာ့အခြပ္မခံႏိုင္ပါ။

ကေလးေတြကလိမၼာေပမဲ့ လိုေလေသးမရိွေအာင္ အရာရာျဖၫ့္ဆည္းေပးခံေနရေသာ မိသားစုမွကေလးမ်ားျဖစ္၍ ကိုယ္လိုခ်င္ေသာပံုစံကိုသြင္းေပးရတာမ်ိဳးထက္ သူတို႔ေနေစခ်င္ေသာပံုအတိုင္းကိုယ္ကေနေပးရသည္။


စာမလုပ္ခ်င္ပါက လုပ္ခ်င္လာေအာင္ သူတို႔စိတ္၀င္စားေသာအရာေလးေတြကိုေျပာျပ၍

ေခ်ာ့ရသည္။ပံုရိပ္ကထိုသို႔ သင္ျပေပးေသာအခါ အိမ္ရွင္ေတြကလည္းသေဘာက်ၾကသည္။စာသင္တာတစ္ပတ္ေလာက္ပဲရိွေသးေပမဲ့ ပံုရိပ္ကိုကေလးေတြေရာ၊ကေလးမိဘေတြကပါ ႀကိဳဆိုၾကသၫ့္အတြက္ ၀မ္းသာပီတိျဖစ္ပါသည္။


ကေလးေတြကိုစာသင္မည္ဆိုေတာ့ အိမ္ေရ႔ွတိုက္မွအပ်ိဳႀကီးတို႔က ျမန္မာ၀တ္စံု၀မ္းဆက္ကေလးကို ခ်ဳပ္၍လက္ေဆာင္ေပးလာသည္။အပ်ိဳႀကီး၏ညီ‌မ အန္တီသက္ေမကစက္ခ်ဳပ္တတ္သၫ့္အတြက္ ပိေတာက္ေျခာက္ေရာင္ ရင္ေစ့လက္စကႏွင့္ထဘီ

စကပ္ေလးကို ကိုယ္တိုင္ခ်ဳပ္ေပးေလသည္။

ဒီေန့ေတာ့ ကိုယ္ရဲ့တစ္ခုတည္းေသာရွားရွားပါးပါးထို၀တ္စံုေလးကို ၀တ္ဖို႔စဉ္းစားလိုက္သည္။


ပင္ကိုယ္အသားျဖဴသူမို႔ ပိေတာက္ေျခာက္ေရာင္၀တ္စံုေလးကို ကိုယ္မွာကပ္လိုက္သၫ့္အခါ ၀င္း၀င္းပပစႏၵာလမင္းကဲ့သို႔ အေရာင္အဝါေတြထြန္းလင္းသြားသလိုပင္။

ဆံထံုးေလးကိုထိပ္မွာစုထံုးထား၍ လည္တိုင္ေက်ာ့ေက်ာ့ကေပၚလြင္ေနသည္။အလွႀကိဳက္သူမဟုတ္ေပမဲ့ မွန္ထဲတြင္ျမင္ေနရေသာကိုယ့္မ်က္ႏွာကိုေတာ့ ဒီေန့မွထူးထူးျခားျခား ေသခ်ာၾကၫ့္မိသည္။


စိတ္ခ်မ္းသာ၍ထင္ပါရဲ့ မ်က္ႏွာေလးကၾကည္ေနသည္။ဆံပင္ကိုနဖူးေျပာင္ေအာင္ လွန္စည္းထားေပမဲ့ နဖူးေပၚတြင္က်ေနေသာ ဆံစေလးေတြကိုသက္တင္မိကာ အႃပံုးခပ္ေရးေရးေလး ဖန္ဆင္းၾကၫ့္မိသည္။ပံုရိပ္ဟာ အေမေဒၚေမသန႔္ႏွင့္တူပါသည္တဲ့ ။


အျခားရြာကကာလသားေတြပါ လာပိုးပန္းရေလာက္သည္အထိ ဂုဏ္ရနံ႔သတင္းေမႊးခဲ့ေသာ

အေမ့ကိုေတာ့ ပံုရိပ္မွီႏိုင္မည္မထင္ပါဘူး။

အေဖကလည္းအေမ့ကိုသိပ္ခ်စ္မွာပဲေနာ္။

ဒါဆို ပံုရိပ္ကိုေရာ။


"အင္း...မေတြးမိေအာင္ေနလည္း...သတိကရလာျပန္ၿပီ...မခ်စ္လို႔ထားခဲ့ၾကတာပဲ...

ငါကေရာ၀မ္းနည္းစရာလိုသလား..."


မွန္ေလးထဲမွ ကိုယ့္ရုပ္ကိုယ္ျပန္ၾကၫ့္လိုက္မိေတာ့ အိမ္အေပါက္၀မွဦးသက္ေဆြကိုမွန္ထဲမျွမင္လိုက္ရသည္။အနည္းငယ္ထိတ္လန႔္

လ်ွက္ေနာက္သို႔ ျပန္လွၫ့္ၾကၫ့္လိုက္မိေတာ့

ထိုလူႀကီးကလည္းပံုရိပ္ကို မ်က္လံုးႀကီးနီလ်ွက္

မေက်မနပ္ၾကၫ့္လာသည္။


ၿပီးေနာက္ အိမ္ေခါင္းရင္းဘက္၌ ေျခပစ္လက္ပစ္လွခ်လိုက္ေလသည္။သနပ္ခါးလိမ္းသၫ့္ေနရာကလည္း အိမ္အေပါက္၀ႏွင့္တန္းေနေတာ့ မျမင္ခ်င္လည္းျမင္ေနရေလသည္။ဆံပင္ကိုတစ္ခ်က္ဖီးသင္လိုက္ၿပီး လြယ္အိတ္ထဲသို႔ စာအုပ္ေလးေတြကိုေပါင္းထၫ့္ကာ အပ်ိဳႀကီးတို႔ဆီမွ စက္ဘီးသြားငွားဖို႔လုပ္ရသည္။


"လူေလးၾကၫ့္ေတာ့ လက္ေတာင့္ေလာက္နဲ႔...

အလွအပကမက္လာၿပီ..ေယာက္်ားေနာက္ျမန္ျမန္လိုက္သြားေတာ့...ျမန္ျမန္ေအးတာပဲ...ငါတို႔အိမ္မွာစားေပါက္တစ္ေပါက္ေလ်ွာ့တယ္..."


"ဦးေလးစကားကိုဆင္ျခင္ေျပာပါ...သူ႔ၾကၫ့္ေတာ့ သခ်ၤိဳင္းကုန္းကိုေျခတစ္ဖက္လွမ္းေနၿပီ..."


"ဘာ..ေသခ်င္းဆိုးေလး...ငနာမေလးနင္ဘာေျပာတာလည္း...နင္ျပန္လာခဲ့စမ္း...."


ဦးသက္ေဆြဟာ ပံုရိပ္ႏွင့္စကားႏိုင္လုတိုင္းတစ္ခါမ်ွမႏိုင္ေပ။ယခုလည္းအရက္မူးေနရာမွအလူးအလဲထရပ္ၿပီး အေနာက္မွာေဆြ့ေဆြ့ခုန္ကာက်န္ခဲ့သည္။ပံုရိပ္ကေတာ့ ထံုးစံအတိုင္းအပ်ိဳႀကီးတို႔အိမ္မွစက္ဘီးကိုယူစီးဖို႔ႀကံရျပန္သည္။


က်ူရွင္သြားသင္ရေသာအိမ္သည္ ကားလမ္းတစ္ဖက္ကမ္းတြင္ရိွေသာေၾကာင့္ စက္ဘီးကေလးႏွင့္ကပို၍အဆင္ေျပသည္။က်ူရွင္သင္ၿပီးျပန္လာမွ စက္ဘီးကိုအပ်ိဳႀကီးတို႔အိမ္မွာျပန္ထားၿပီး ဆရာေနမ်ိဳးဆီမွာ စာသြားသင္ရေပမည္။

ဒီစက္ဘီးကေလးသည္ ပံုရိပ္၏ေက်းဇူးရွင္ဟုဆိုရမည္။


"ပံုရိပ္တို႔ကေတာ့ေဟ့...အပ်ိဳႀကီးတို႔အိမ္ကစက္ဘီးကိုကန္ထရိုက္ဆဲြထားေတာ့တာပဲ..အခြင့္အေရးဆိုတာယူတိုင္းမေကာင္းဘူးေအ့...ဟိုကၿငိဳျငင္သြားမယ္..."


စက္ဘီးကေလးကိုေဒါက္ျဖဳတ္ေနတုန္းေအာက္ထပ္မွအိမ္ပိုင္ရွင္အဖြားႀကီးကတ တျငဴႁငူတစူစူလာလုပ္ေနေလသည္။သူ႔အိမ္ကစက္ဘီးလည္းမဟုတ္ပဲ ၾကားကေန၀င္နာေနျပန္ၿပီ။

လူၾကၫ့္ေတာ့ ေခါင္းေမႊးကေျပာင္ေနၿပီ

မရိွတဲ့လူေတြကိုသနားရမွန္း၊စာနာရမွန္းမသိပဲ

ခနဲ႔ဖို႔ေလာက္ပဲတတ္တယ္။

ပံုရိပ္တို႔ကလည္း ဂါရ၀တရားဆိုတာထားသင့္တဲ့လူမွထားစၿမဲပင္။


"အဖြားရယ္...အဖြားတို႔ေတာင္ေခြးေတြေမြးၿပီးသနားလို႔ေဈးႀကီးတာေတြ၀ယ္ကၽြေးေနေသးတာပဲ...သူမ်ားကလူခ်င္းစာနာသနားလို႔ စက္ဘီးေလးေပးစီးတာကိုဘာေတြမရႈစိတ္ပြားေနရတာလဲ...

အဖြားရဲ့ေအာက္တၫ့္တၫ့္မွာငရဲျပည္..အေပၚမွာနတ္ျပည္...ဘယ္ေလာက္ကုသိုလ္လုပ္လုပ္ မစၧရိယစိတ္ပြားရင္ေတာ့ငရဲျပည္ပဲေနာ္....

ဥစၥာအစၥည္းေတြလည္းသိပ္စဲြမေနနဲ႔...

ေသရင္မကၽြတ္ပဲေနအံုးမယ္...."


"ၾကၫ့္စမ္း...မိပံု.ညည္းငါ့ကိုမခန႔္ေလးစားနဲ႔...

လူႀကီးကိုလူႀကီးမွန္းမသိဘူး..."


"သြားၿပီအဖြားေရ..."


"သြား...သြား...ညည္းငါ့ၿခံထဲကိုဘယ္ေတာ့မွမလာခဲ့နဲ႔..."


"အဲ့ဒါေတာ့မရဘူး...စက္ဘီးလာျပန္ထားရအံုးမယ္..."


အသက္ႀကီးတဲ့လူေတြကို စိတ္ဒုကၡမေပးခ်င္ေပမဲ့ သူ႔ၿခံထဲကို၀င္လာတိုင္းလူကိုသူခိုးၾကၫ့္ၾကၫ့္ေနတတ္တဲ့အဖြားႀကီးကို တမင္ပညာျပပစ္ခဲ့ျခင္းပင္။လူေတြမ်ား မရိွတဲ့လူဆိုသိပ္ႏိွမ္ခ်င္တာပဲ။


စားစရာမရိွလ်ွင္ ဆားကိုမီးၿမိဳက္ၿပီးစားလိုက္မယ္ သူမ်ားပစၥည္းကိုေတာ့ဘယ္ေတာ့မွမခိုးဘူး။ဦးေလးျဖစ္သူက အရက္သမား၊အေဒၚျဖစ္သူကပဲျပဳတ္သည္ျဖစ္တဲ့အျပင္ သူမ်ားမလုပ္ခ်င္တဲ့တစ္အိမ္၀င္တစ္အိမ္ထြက္လ်ွက္ အ၀တ္ေလ်ွာ္ေသာအလုပ္ကိုလိုက္လုပ္ရသူ။


ဒီလိုဆိုေတာ့ ဒီအိမ္ကကေလးေတြကိုလည္း

အမ်ားအျမင္မွာဘယ္ယံုၾကည္မႈရိွၾကပါေတာ့မလဲ။အပ်ိဳႀကီးတို႔လို စိတ္ရင္းေကာင္းသူေတြရိွေနလို႔သာေပါ့။မဟုတ္ရင္ကိုယ္ေတြဟာ သူမ်ားမၾကင္ခ်င္တဲ့ခ်ဉ္ဖက္ေတျြဖစ္ေနရမွာ ေသခ်ာသည္။


ထြန္းကိုတို႔မိစုတို႔ဆိုလ်ွင္လည္း အ၀တ္ႏြမ္းေလးေတြႏွင့္မျပၫ့္မစံုေနရေသာကေလးေတျြဖစ္၍

သူတို႔ႏွင့္ေဆာ့ကစားေသာကေလးေတြဟာလည္း သူတို႔ကဲ့သို႔ဆင္းရဲတြင္းမွေမြးဖြားလာေသာ အသြင္တူကေလးေတြသာျဖစ္သည္။


အခ်ိဳ႕အေျခၾကီး၊အေနႀကီးမ်ားကမူ သူတို႔ကေလးမ်ားႏွင့္ေဆာ့သည္ကိုပင္ သိပ္မႀကိဳက္ခ်င္ၾကေပ။သူတို႔ၿခံထဲသို႔၀င္လ်ွင္ေမာင္းထုတ္တတ္ၾကသည္။ကိုယ့္ကေလးေတြကလည္း ႏူဝဲေနတာမဟုတ္ပဲ အထင္ေသးၾကသည္။


အဓိက‌ကေတာ့ မိဘအသိုင္းအဝန္းေၾကာင့္ပါပဲ။

အသိုင္းအဝန္းျမင့္ေလ လူေတြဟာပိုအထင္ႀကီးတတ္ၾက၊ပိုအေရးေပးၾကတာသဘာ၀ပင္ျဖစ္သည္။ထို႔ေၾကာင့္မိမိသားသမီးကို မ်က္ႏွာမငယ္ေစခ်င္ပါက မိမိ၏လူေနမႈဘ၀ကိုျမင့္တက္ေအာင္အရင္ႀကိဳးစားရမည္ဟု ထင္ျမင္မိသည္။

အပ်ိဳႀကီးတို႔၏အိမ္ရွင္အဖြားႀကီးဟာလည္း

ထိုကဲ့သို႔အျမင္ႏွင့္ဆံုးျဖတ္သည္ထင္ပါရဲ့။


ကားလမ္းကိုေက်ာ္လာခဲ့ၿပီးေနာက္ ငါးနားရီထိုးခါနီးေလာက္တြင္ ကေလးေတြကိုစာသင္ေပးရေသာအိမ္သို႔ေရာက္ေလသည္။အိမ္ကေလးသည္

ၿခံႏွင့္၀န္းႏွင့္ျဖစ္ၿပီး သံပန္းတံခါးလည္းရိွေလသည္။ႏွစ္ထပ္အိမ္ကေလးျဖစ္ၿပီး ေပးသံုးဆယ္အက်ယ္ျဖစ္၍အိမ္ကႀကီးၿပီး အတြင္းဘက္တြင္က်ယ္သည္။


ၿခံထဲတြင္ေျမကြက္လပ္မ်ားရိွ၍ ယုဇပန္းပင္ေတြလည္းအမ်ားအျပားစိုက္ပ်ိဳးထားၿပီး ပိေတာက္ပင္ႀကီးတစ္ပင္လည္းရိွေလသည္။

အိမ္ပိုင္ရွင္အဘိုးႀကီးက အပင္စိုက္ဝါသနာပါသူျဖစ္၍ ၿခံထဲတြင္အရိပ္လည္းရ၊ေအးလည္းေအးသည္။ပိုက္ဆံရိွေတာ့လည္း ကိုယ္လိုသလိုပံုေဖာ္၍ ရေနတာေပါ့ေလ။မသိလ်ွင္ သူတို႔အိမ္ဟာ ပ်ိဳးပင္ေတြေရာင္းေသာအိမ္ႀကီးႏွင့္ပင္တူေနသည္။ပန္းအိုးႀကီး၊ငယ္ႏွင့္ ဂမုန္းပင္ေတြဆိုတာလည္း ေဝေနတာပါပဲ။


"တင္း...ေတာင္..."


လူေခၚဘဲလ္ကိုႏိွပ္လိုက္ေတာ့ အိမ္ထဲမွသူတို႔ခိုင္းဖို႔ရန္ရြာမွေခၚထားေသာ မိန္းကေလးထြက္လာေလသည္။ပံုရိပ္ႏွင့္ရြယ္တူေလာက္ရိွေပမဲ့ သူေလးကေတာ့တစ္ခါမွေက်ာင္းမေနခဲ့ရေပ။ထို႔ေၾကာင့္လည္း သူမ်ားအိမ္မွာခိုင္းခ်င္တိုင္းအခိုင္းခံေနရသည္မဟုတ္ပါလား။


"ညီမေလး...လာေလ ..အစ္မစက္ဘီးတြန္းခဲ့မယ္..."


"ရပါတယ္အစ္မ...ညီမဘာသာပဲတြန္းခဲ့ပါ့မယ္..."


"မဟုတ္တာ...အစ္မတြန္းခဲ့ပါ့မယ္..."


အညာသူမေရႊေခ်ာဆိုေတာ့ အသားအရည္ကညိုဖန႔္ဖန႔္ေပမဲ့ သေဘာျဖဴအူစင္းျဖစ္သည္။

ပံုရိပ္သည္ သူ႔ထက္လပိုင္းေလာက္ပဲငယ္ေပမဲ့ စာလာသင္ေပးသူျဖစ္၍ရိုရိုေသေသပံုစံမ်ိဳးဆက္ဆံေလသည္။အိမ္ႀကီးရွင္ေတြကေတာ့ လစာေပးရလို႔ထင္ပါရဲ့ ၾကည္ျဖဴသေဘာေကာင္းေပးၾကေပမဲ့ ရင္ထဲကျဖစ္တည္လာတာမ်ိဳးမဟုတ္ၾကဘူး။


"ဆရာမေလးေရာက္ၿပီလား..."


"ဟုတ္ကဲ့...."


ဧၫ့္ခန္းတြင္ထိုင္ေနၾကေသာ အိမ္ရွင္အဖိုးႀကီးကလွမ္းေမးေသာေၾကာင့္ ႃပံုး၍ျပလ်ွက္ယဉ္ယဉ္ေက်းေက်း ေလႏုေအးႏွင့္သာ ေျဖလိုက္သည္။

ဒီအိမ္တြင္လူဦးေရမ်ားမ်ားစားစားမရိွေပမဲ့ အဖိုးႀကီးအဖြားႀကီးႏွင့္ဒီအိမ္မွကေလးေတြ၏မိဘေတြမွလႊဲ၍ အစ္မအပ်ိဳႀကီးကမ်က္ႏွာနဲနဲတင္းခ်င္သည္။ပံုရိပ္ကလည္း စာသင္ဖို႔အတြက္သာ

၀င္ရံုထြက္ရံုဆိုေတာ့သူတို႔ႏွင့္ ၿငိစရာေတာ့အေၾကာင္းမရိွေပ။


"ဆရာမလာၿပီလား..."


"ဟုတ္ကဲ့..."


ထပ္မံ၍ကေလးအေမျဖစ္သူက ေနာက္ဘက္အခန္းမွထြက္လာလ်ွက္ေမးေလသည္။ပံုရိပ္လည္းေခါင္းၿငိမ့္ျပလိုက္ၿပီး အေပၚထပ္သို႔တက္ေသာေလွကားမွတစ္ဆင့္ ကေလးေတြကိုစာသင္ေသာအခန္းထဲသို႔၀င္လာလိုက္သည္။


🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္