အခန်း(၁၅) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၁၅)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


KGကုမ္ပဏီမှာသုံးလအလုပ်သင်ဆင်းခဲ့ရပေမဲ့

အလုပ်ထုတ်ခံလိုက်ရတဲ့နေ့က သူဌေးကို

ပထမဆုံးတွေ့ခွင့်ရတဲ့နေ့ပါပဲ။

ပထမဆုံးတွေ့တဲ့အချိန်မှာတင်

သူဌေးဦးမင်းစက်အာဏာ၏ မျက်၀န်းအကြည့်တွေက မီးတောက်နေသလားမှတ်ရအောင်ကိုခါးခါးသီးသီးဖြစ်နေခဲ့တယ်။

သူ့နှုတ်ကထွက်လာတဲ့ စကားတစ်လုံးချင်းဆီဟာ

ဝိုင်းလေးကို သိမ်ငယ်စေပြီး မျက်လုံးချင်းဆုံ၍

မကြည့်ရဲသည်အထိ ကြောက်ရွံ့အောင်

လုပ်နိုင်ခဲ့တယ်။


ဘွဲ့ရပြီးနောက်ပထမဆုံး လုပ်ခွင့်ရတဲ့အလုပ်၊

ပထမဆုံးပြင်ပအတွေ့အကြုံ..

မိဘရဲ့ရင်ခွင်ကနေထွက်ပြီး အပြင်လောကမှာ ရှင်သန်ရပ်တည်ရတာသိပ်ခက်ခဲမှန်း 

သိလိုက်ရတဲ့အခိုက်အတန့်တစ်ခု..

ကိုယ်တိုင်တောင်မသိလိုက်ပဲ ချောက်တွန်းခံလိုက်ရတဲ့ အတွေ့အကြုံတွေကို ဒီKGအဖွဲ့အစည်းကပဲ

ပေးခဲ့တာပါ။


လူတိုင်းကို ယုံကြည်လို့မရနိုင်တဲ့အသိတစ်ခု

ရသွားခဲ့ပြီး အမြဲတမ်းလူကောင်းလုပ်နေရင်

ကိုယ်ပဲခံရနိုင်လို့ တစ်ခါတစ်လေမှာ

ဗီလိန်လုပ်တတ်ရသည်ဆိုသော အသိ၀င်ခဲ့တယ်။

ကိုယ်ကလူတိုင်းအပေါ်မှာ ကောင်းပေးချင်ပေမဲ့

အရာရာကို ကိုယ့်ပေတံနဲ့ပဲတိုင်းနေလို့မရဘူးလေ။

လူတိုင်းကကိုယ့်အပေါ်ကို ကောင်းပေးနိုင်တာမှ

မဟုတ်ပဲ။


နောက်တစ်ခုသိလိုက်ရတာက မမှီတဲ့ပန်းကို

တုံးခုပြီး ခူးရင်သာရရင်ရမယ်။

ကောင်းကင်ကြီးကိုတော့ ခေါင်းနဲ့ပြေးတိုက်လို့

မဖြစ်နိုင်ဘူးဆိုတဲ့အသိပေါ့။

ဝိုင်းလေးရဲ့အဖြစ်က ကိုယ့်အိမ်ကိုဖြတ်စီးသွားတဲ့

ဆင်ကြီးကို တစ်နေ့နေ့တော့ကလဲ့စားပြန်ချေ

နိုင်မှာပဲဆိုပြီး အိပ်မက်အကြီးကြီးမက်နေမိတာမျိုးပါ။မင်းစက်အာဏာလို ဆင်ကြီးကိုပြေးကိုက်လည်း

ကိုယ့်သွားတွေပဲ ကျွတ်ကျကုန်မှာပေါ့။

သူကတော့ ဖြုံတောင်ဖြုံမှာမဟုတ်ဘူး။


အခုလည်းစတိုလ်ခန်းအရှေ့မှာ ဝိုင်းလေးကို

ဖမ်းမိသွားလို့ အာဏာအသံကြီးနဲ့အော်ခံရပြီး

သူ့ရုံးခန်းထဲသို့ ဆွဲခေါ်လာခံရတယ်။

စိုက်ကြည့်နေတဲ့မျက်လုံးတွေက တရားခံကို

စစ်မေးနေတဲ့ရှေ့နေလိုအကြည့်မျိုးတွေ။


ဝိုင်းလေးက မတ်တပ်ရပ်နေရပြီး သူကတော့

ဥက္ကဠကြီးပီပီ ပြောင်လက်နေတဲ့သူ့အလုပ်စားပွဲ

နောက်က စုံလည်ခုံပေါ်မှာ ဟန်ကျပန်ကျထိုင်နေလေရဲ့။အားလုံးကသူ့ကို နတ်ဘုရားတစ်ပါးလို

အထင်ကြီးလေးစားကြပေမဲ့ ဝိုင်းလေးကတော့

နတ်ဆိုးတစ်ကောင်လို့ပဲမြင်တယ်။


"ငါ့ကိုအသိမပေးပဲ ကုမ္ပဏီထဲကိုဘယ်လို၀င်လာတာလဲ.."


မေးပုံကိုက..မသိရင်ကိုယ်ကပဲသူ့ကုမ္ပဏီထဲကို

ခိုး၀င်လာသလိုလိုနဲ့..။ဒီလူကိုယူလိုက်မိတာဟာ

ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးအထပ်ကို

ကျသွားတဲ့အတိုင်းပဲ။တည်တင်းလွန်းနေတဲ့

မျက်နှာအနေအထားက မာန်ဖီချင်နေတဲ့

ကျားကြီးလိုပဲ။တစ်ကျွတ်ကျွတ်မြည်အောင်

စားတော့ဝါးတော့မလို မျက်လုံးနဲ့...။


"ငါမေးနေတယ်လေ..ကုမ္ပဏီထဲကိုဘယ်လို

၀င်လာခဲ့တာလဲ.."


"ဘယ်လို၀င်လာရမှာလဲ အလုပ်သမားကဒ်ပြပြီး

၀င်လာတာပေါ့.."


"ဘာ..အလုပ်သမားကဒ်ပြပြီး၀င်လာတာဟုတ်လား

မဖြစ်နိုင်တာ မင်းကိုအလုပ်ထုတ်ထားပြီးပြီလေ

ကဒ်ပါပြန်သိမ်းထားတာကို ဘယ်လိုလုပ်ပြီး

၀င်လို့ရတာလဲ..တစ်ယောက်ယောက်ကမင်းကို

ကူညီလိုက်တာလား.."


"ဟေ့..ငါမေးတာဖြေလေ.."


"ဘာလို့ပြောပြရမှာလဲ..ရှင့်အကျင့်ကိုဝိုင်းလေး

သိပြီးသား..ဝိုင်းလေးကိုကူညီခဲ့တဲ့လူကို

ရှင်ဒီအတိုင်းထားမှာမဟုတ်ဘူး..."


"မန်နေဂျာဦးသန့်ဇင်မဟုတ်လား.."


"ဟင်..ရှင်ဘယ်လိုသိတာလဲ.."


ဟာ..သွားပြီ။ဝိုင်းလေးတို့ဌာနကမန်နေဂျာနာမည်ကို သူကထုတ်ပြောလိုက်တယ်ဆိုရင်တောင်

ခန့်မှန်းတာလောက်ပဲပေါ့။

အခုတော့ ဝိုင်းလေးရဲ့အမူအရာကိုကြည့်ပြီး

အောင်နိုင်သူကြီးလို ပြုံးလိုက်ကာဖုန်းကို

နှိပ်လိုက်လေတော့သည်။


"ဟယ်လို..ကောင်းသန့်လား..စီမံဌာနကမန်နေဂျာကို

ငါ့ဆီလွှတ်လိုက်စမ်းပါကွာ..အခုချက်ချင်း

လွှတ်လိုက်.."


သူဖုန်းချလိုက်တာနဲ့ ဝိုင်းလေးလည်းသက်ပြင်းချလိုက်မိလေသည်။အခုဝိုင်းလေးရဲ့ပုံစံက

ဖခင်ရဲ့အရှေ့မှာအဆူခံရဖို့ ရပ်စောင့်နေရတဲ့

ကလေးတစ်ယောက်လိုဖြစ်နေသည်။

အလုပ်ပြန်လုပ်တဲ့နှစ်ရက်မြောက်နေ့မှာပဲ

သူ့လက်နဲ့ကိုယ်တိုင် ဖမ်းမိသွားရတယ်လို့..။

ကုမ္ပဏီကြီးက ဒီလောက်ကျယ်တာတောင်

ဘာလို့သူ့ကို ရှောင်လို့မရရတာလဲ။

စိတ်ထဲမှာလည်း ငိုချင်သလို၊ရယ်ချင်သလိုနဲ့

တော်တော်နေရခက်လာတယ်။


အခုလိုပုံစံ၊အခုလိုအနေအထားမျိုးက

ကိုယ့်အတွက်တော့ အသားကျနေသလိုပါပဲ။

သူနဲ့တွေ့တဲ့အချိန်တိုင်းက ဒီလိုကြီးပဲ။

ထိုင်ခုံမှာတိတ်ဆိတ်စွာထိုင်နေပြီး လူကို

အပြစ်သားတစ်ယောက်လို၊သူ့လက်ခုပ်ထဲက

ရေစက်တွေလို ကြည့်နေခဲ့တာ။

ရာဇသံကြီးမားတဲ့ ဘုရင်တစ်ပါးလိုမျိုး

မျက်နှာကိုအမြဲမော်ချီထားတတ်ပြီး သူသည်သာဘုရင်တစ်ပါးလို့ ကြွေးကြော်နေသယောင်

ဟန်ပန်အမူအရာတွေကို သိပ်မုန်းတာပဲ။


ဝိုင်းလေးအသက်ဆယ်နှစ်လောက်တုန်းက

(ကလော)ကို သူ့အမေနဲ့အတူ အလည်လိုက်လာခဲ့ဖူးတယ်။သူ့ကိုစတွေ့တဲ့အချိန်တည်းက 

ကလေးတန်မဲ့တောင် မျက်နှာကြောကို

ပြေလျှော့ထားတယ်ရယ်လို့မရှိခဲ့ဘူး။

သူ့ရဲ့အစ်ကိုနဲ့အစ်မတွေက

နည်းနည်းပေါင်းရသင်းရ လွယ်ပေမဲ့

သူ့အနားကိုတော့ ဝိုင်းလေးမကပ်ရဲခဲ့ဖူး။


ဆောင်းရာသီရောက်တိုင်း ကလောရဲ့ရာသီဥတုက

အသဲခိုက်မတတ်အေးတော့ သူ့နှာခေါင်းတွေရော

ပါးလေးတွေရော နီရဲတွတ်နေတာပဲ။

အမြဲလိုလို သူ့အစ်ကို၊အစ်မတွေနဲ့ရန်ဖြစ်တတ်တော့

သူ့မျက်လုံးတွေကပါ နီအစ်နေတတ်တယ်။


သူကငယ်ငယ်တည်းက သိပ်အပြုံးအရယ်နဲတဲ့လူ။

အရာရာတိုင်းကို ကန့်လန့်တိုက်နေတတ်သူလို့ပဲ

ဝိုင်းလေးမြင်တယ်။

သူ့အမေက သူစင်္ကာပူကို ပြန်တော့လက်ဆောင်အကြီးကြီးပေးတာကိုတောင် အဲ့ဒီ့လက်ဆောင်ကို

ချိုးဖဲ့ပြီးလွှင့်ပြစ်ခဲ့တာ။

ဘာတွေကိုအလိုမကျမှန်းမသိပေမဲ့ 

ဟိုအရင်တည်းက လောကကြီးနှင့်

ဆန့်ကျင်ဘက်ဖြစ်နေသည့်လူ..။


အကျင့်မကောင်းတဲ့ အဲ့ဒီ့ဆယ့်‌လေးနှစ်သားအရွယ်

ကောင်စုတ်လေးပြုံးရယ်တာကို ရှားရှားပါးပါး

တစ်ခါတော့ တွေ့ခဲ့ရဖူးတယ်။

ကံဆိုးချင်တော့ သူရယ်တဲ့အချိန်ကဝိုင်းလေး

ငိုနေတဲ့အချိန်ဖြစ်နေခဲ့တယ်။


ဖွားဖွားမိစံတို့ဟာ ဟိုအရင်က..ကလောမှာ

စိုက်ပျိုးရေးခြံတွေတော်တော်များများရှိခဲ့တယ်။ချယ်ရီသီးတွေပေါစအချိန်မှာပေါ့ ခြံထဲကို

လူကြီးတွေရော ကလေးတွေပါအသီးအနှံတွေ

ခူးဖို့ထွက်လာခဲ့ကြတယ်။

နောက်နေ့ဆို ကိုစက်တို့မိသားစုကပြန်တော့မှာမို့

လက်ဆောင်ပေးလိုက်ရအောင်ဆိုကာ

မေမေတို့သည် စိုက်ပျိုးရေးခြံထဲက

လိမ္မော်သီးတွေကို ခြင်းလိုက်ခူးနေခဲ့ကြတာပေါ့။


ဝိုင်းလေးရယ်၊မမထိပ်ထားရယ်အပြင်

ကိုစက်တို့‌မောင်နှမတစ်စုကတော့ အနီရဲရဲချယ်ရီသီးလေးတွေဟာ သိပ်ဆွဲဆောင်နေလေတော့

ခူးရင်းစားရင်း လုပ်နေခဲ့ကြတာပေါ့။

အချဉ်ကြောက်တဲ့ဝိုင်းလေးက ချယ်ရီသီးကို

သိပ်ကြိုက်တာ။


စတော်ဘယ်ရီကိုတောင်

သိပ်မကြိုက်တတ်ပေမဲ့ အညှာစိမ်းလေးမှာ

အနီရောင်အသီးလေးရှိပြီး အရသာကအစ

ချိုရဲနေတဲ့ ချယ်ရီသီးတွေကိုတစ်နေကုန်

ထိုင်စားတောင် စားမ၀တဲ့အထိပဲ။

တစ်ခါတစ်လေ အစားလွန်ပြီးချောင်းတောင်

ဆိုးတယ်။


ချယ်ရီသီးဖျော်ရည်ဆို သိပ်ကြိုက်လွန်းလို့

သူများတွေက တစ်လုံးခူး၊တစ်လုံးစားလုပ်နေပေမဲ့

ဝိုင်းလေးကတော့ ခြင်းတောင်းလေးထဲကိုသာ

ခူးပြီး ထည့်နေခဲ့တာပေါ့။ကိုယ့်အကြံကတော့

မေမေ့ကို ဖျော်ရည်လုပ်ခိုင်းမလို့ပေါ့လေ။


အံ့ဩစရာကောင်းတာကတော့

အခြားကလေးတွေက အသီးပင်တွေကြားမှာ

ဆော့ကစားနေခဲ့ပေမဲ့ ကိုစက်ကတော့

ခပ်ဝေးဝေးက သစ်တုံးလေးပေါ်မှာပဲ

ထိုင်ကာဝိုင်းလေးကိုစိုက်ကြည့်နေခဲ့တယ်။


အခုရုံးခန်းထဲမှာ ထိုင်ကြည့်နေတဲ့အကြည့်မျိုးပေါ့

ချယ်ရီးသီးခြင်းလေးကို မနိုင်မနင်းဆွဲဆွဲပြီး

မဲ့တာလေးတွေ ရွေးခူးနေတဲ့ကိုယ့်ကို

မျက်မှောင်ကြီး ကြုံ့ပြီးကြည့်နေခဲ့တာ။

အသက်ဆယ်နှစ်ဆိုပေမဲ့ ဝိုင်းလေးဟာ

ငယ်ငယ်က လူကောင်သိပ်ညှပ်ပြီး သိပ်ပျော့ခဲ့တာ။


ထိုအချိန်တုန်းက ဝိုင်းလေးဟာအရမ်း

ငယ်သေးတော့ လူကဲခက်သိပ်ညံ့ခဲ့တာပဲ။

သူများတွေကိုခိုင်းလို့ရလျှက်နဲ့ကိုယ်ဘာသာ

အပင်ပန်းခံနေလို့ တုံးအတဲ့ကောင်မလေးဆိုသည့်

အတွေးနဲ့သူကြည့်နေခဲ့တာကို အခြားသူတွေက

သူ့ကိုဆော့ဖို့မခေါ်လို့ စိတ်မကောင်းဖြစ်နေတယ်

ထင်မိလိုက်တာ။

ထို့ကြောင့် ချယ်ရီသီးမှဲ့မှဲ့ပြောင်ပြောင်လေးတွေကို

လက်လေးနဲ့ဆန့်သလောက်ယူပြီး သူ့ဆီကို

သွားပေးခဲ့မိတယ်။


"ဘာလို့ငါ့ကို ဒါတွေလာပေးတာလဲ.."


"ကိုစက်ကိုသနားလို့.."


"ဘာ.."


"ချယ်ရီသီးလေးတွေကအရမ်းချိုတာ

ဝိုင်းလေးဆို သိပ်ကြိုက်လွန်းလို့

စားရရင်ကို ပျော်နေတာ.."


"နင်ကြိုက်ပေမဲ့..ငါမှမကြိုက်တာ.."


သူ့လိုလူ့ဂွစာလေးအပေါ်မှာ စေတနာထားခဲ့မိတာ

သိပ်မှားသွားခဲ့တယ်။အပင်ပန်းခံပြီး ခူးထားခဲ့ရတဲ့

အသီးလေးတွေကို သနားလို့ကျွေးမိပေမဲ့

ကျေးဇူးမသိတတ်စွာ လက်ကိုပုတ်ချပစ်တယ်။

ချယ်ရီသီးလေးတွေဟာ ဖုန်တွေနဲ့လူးသွားတော့တာပေါ့။

ခါးလေးထောက်ပြီး နှုတ်ခမ်းလေးဆူကာ

သူ့ကိုရန်တွေ့မည်အလုပ်  ဝိုင်းလေးရဲ့ချယ်ရီခြင်းလေးကို ဆွဲသွားတဲ့မမထိပ်ထားကြောင့် 

ခလုတ်တိုက်မတတ်ပြေးသွားပြီး

ခြင်းကိုဆွဲလုခဲ့ရသည်။


"ဝိုင်းလေးရဲ့ဟာကို ပြန်ပေးလို့.."


"မပေးဘူးဟာ..မပေးတော့ဘာလုပ်ချင်လဲ.."


"မမကလည်းဝိုင်းလေးခူးထားရတာကို..

အီးဟီး..မေကြီးရေ..မေကြီး..ဝိုင်းလေးဥစ္စာကို

လာလုနေတယ်.."


ဝိုင်းလေးကထိုသို့အော်တိုင်တော့ မမထိပ်ထားဟာ

စိတ်ဆိုးသွားပြီး သူဆွဲထားတဲ့ခြင်းလက်ကိုင်ကို

လွှတ်ချလိုက်ပါတော့တယ်။

ထိုအခါ  ဝိုင်းလေးဟာအနောက်သို့ပက်လက်လန်

ကျသွားခဲ့ပြီး ချယ်ရီသီးတွေဟာလည်း

ပြန့်ကျဲကုန်တော့တယ်။


၀မ်းနည်းလွန်းလို့ တအားအော်ငိုပြစ်လိုက်တော့

မမထိပ်ထားက အသံပြဲလို့ဆိုပြီး ခြင်းနဲ့ပါ

ကောက်ထုပြီး ပြေးလေရော..။

မျက်၀န်းအိမ်ထဲမှာ မျက်ရည်တွေပြည့်လျှံနေခဲ့ပြီး

၀မ်းနည်းနာကျင်စွာငိုလျှက် အခြားဘက်သို့လှည့်ကြည့်လိုက်မိတော့ ကိုစက်ဟာဝိုင်းလေးကို

ကြည့်ပြီး သွားကြီးဖြီးကာရယ်နေတာကို

တွေ့လိုက်ရတယ်။


တကယ်ကို ဟက်ဟက်ပက်ပက်ရယ်နေခဲ့တာ။

မျက်ရည်တွေကြားမှ ကြည့်လိုက်တဲ့အခါ

ရယ်လွန်း၍သူ့ရဲ့သွားဖြူဖြူတွေပေါ်နေတာကို

တွေလိုက်ရတော့ ကံကောင်းတာလား၊

ကံဆိုးတာလား မဝေခွဲတတ်အောင်ပါပဲ။


*သူတစ်ပါးရဲ့မျက်ရည်ဟာ..သူ့ကို

သိပ်ပျော်ရွှင်စေတယ်ထင်ပါရဲ့..*


အနိုင်ကျင့်ခံလိုက်ရတဲ့အချိန်မှာ ဘာကြောင့်များ

သူ့ကိုလှည့်ကြည့်ခဲ့မိတာပါလိမ့်။

ဒီလိုလူဆီက‌နေ လာနှစ်သိမ့်ပေးဖို့

မျှော်လင့်ခဲ့မိတဲ့ ကိုယ်ကသာရူးလွန်းခဲ့တာ။

သူထွက်သွားတဲ့အချိန်မှာ ချယ်ရီသီးလေးတွေ

ကိုတောင် ဖြတ်နင်းသွားခဲ့ပါသေးတယ်။

နောက်တစ်နေ့မှာ မေမေတို့ကသာချယ်ရီသီး

တစ်ခြင်းအစားမပေးခဲ့လျှင် နှစ်ရက်၊သုံးရက်လောက်အထိငိုမိလိမ့်မယ်ထင်တယ်။


"မောင်မင်းစက်..ဦး၀င်လာမယ်နော်..."


ရုံးခန်းတံခါး၀အနားမှ မန်နေဂျာဦးသန့်ဇင်၏

အသံကိုကြားတော့မှသာ ဝိုင်းလေးလည်း

အတွေးတွေကို ရပ်တန့်လိုက်မိလေသည်။

ဂျာကြီးနှင့်အတူ ဦးမင်းစက်၏လက်ထောက်

ကိုကောင်းသန့်ကပါ အတူလိုက်၀င်လာခဲ့သည်။


မင်းစက်အာဏာကတော့ ထုံးစံအတိုင်း

ထိုင်ခုံပေါ်တွင် ထိုင်လျှက်နှင့်ပင် ဦးသန့်ဇင်ကို

ကြည့်ကာ..


"မေဝိုင်းလေးကို ဒီမှာဘာလို့အလုပ်ခန့်ဖို့

ကူညီပေးခဲ့တာလဲ..သူ့ကိုကျွန်တော်တရား၀င်အလုပ်ထုတ်ထားပြီးသားဆိုတာ ဦးသန့်ဇင်

မသိဘူးလား..ကျွန်တော့်နောက်ကွယ်မှာ

လက်ပေးလက်ယူလုပ်တာကို ကျွန်တော်မကြိုက်ဘူးနော်..ဘယ်လောက်ပဲအဖွားကတွန်းအားပေးပေး

ကျွန်တော်မသိပဲလုပ်တာက..ကျွန်တော့်ကို

မခန့်လေးစားလုပ်တာနဲ့အတူတူပဲ.."


မင်းစက်အာဏာကတော့ တကယ်ကိုဆရာကြီးပါပဲ။ဘာမှမဖြေပဲနဲ့တောင် ဖွားဖွားနုကနောက်ကွယ်မှာ အကူအညီတောင်းထားမှန်း ချက်ချင်း

တန်းသိသွားတာ။

ဦးသန့်ဇင်ကတော့ မျက်နှာပျက်သွားကာ

ပြာပြာသလဲ တောင်းပန်ရှာလေသည်။


"ဦးတောင်းပန်ပါတယ်ကွာ..မောင်မင်းစက်ကို

မခန့်လေးစားလုပ်တာလည်းမဟုတ်ရပါဘူး..

လက်ပေးလက်ယူလည်း တကယ်ကိုမလုပ်ရပါဘူး..ဒေါ်နုယဉ်ကမလုပ်ပေးရင်သူတစ်ခုခု

ဖြစ်တာမြင်ချင်လားဆိုပြီး ပြောလာလို့ပါ.."


ကြည့်စမ်း..ဒီဦးသန့်ဇင်တစ်ယောက်ကတော့

မမေးတာလဲ ၊ဖြေနေတော့တာပဲ။

မင်းစက်အာဏာကို ကြောက်နေလိုက်တာများ

ဒူးတွေတောင် တုန်နေပုံပဲ။

ဟိုတစ်ယောက်ရဲ့ရုပ်ကလည်း အေးစက်နေလိုက်တာများ ဦးသန့်ဇင်ကြောက်လည်း

ကြောက်ချင်စရာပဲ သူပိုင်တဲ့ ကုမ္ပဏီဆိုပြီး

မာနတွေတက်နေလိုက်တာများ။


"အဖွားကဘယ်လိုပဲအကူအညီတောင်းတောင်း

လုပ်ပေးစရာလား..ဒီလိုစည်းမရှိ၊ကမ်းမရှိနဲ့

၀န်ထမ်းတွေကို သွင်းချင်သလိုသွင်းနေတာကို

နောက်မလုပ်မိစေနဲ့..အခုချက်ချင်းပြန်သွားပြီး

မေဝိုင်းလေးကို black listထဲထည့်လိုက်

ဒီကုမ္ပဏီမှာ နောက်ထပ်သူဘယ်တော့မှ

အလုပ်၀င်လို့မရတော့ဘူးလို့ အဖွားမေးလာရင်

ပြောင်ပြောင်တင်းတင်းဖြေလိုက်..."


"ဝိုင်းလေးကိုအမည်ပျက်စာရင်းထဲသွင်းမယ်

ဆိုရအောင် ဝိုင်းလေးကဘာအမှားတွေများ

လုပ်ထားမိလို့လဲ.."


ဦးသန့်ဇင်၏အရှေ့မှ မေဝိုင်းလေးပိတ်ရပ်ပြီး

ပြောလိုက်တော့ ဦးသန်ဇင်နှင့်ကောင်းသန့်သည်

"တိုက်ပွဲအကြီးကြီးစတော့မည်ဟေ့.."ဟု

ပြိုင်တူတွေးလိုက်မိကြသည်။

ဒီနှစ်ယောက်ကို ရုံးခန်းထဲမှာဒီအတိုင်းမထားခဲ့လို၍

သူတို့လည်း လင်မယားကြား၀င်ပါရတော့အဖြစ်သို့

ရောက်နေရလေသည်။


"အမည်ပျက်စာရင်းသွင်းမယ်ပြောရအောင်

ဝိုင်းလေးကရှင့်ကုမ္ပဏီကို ဘာတွေများ

အကျိုးယုတ်အောင် လုပ်ခဲ့မိလို့လဲ.."


မေဝိုင်းလေးက သူ့ကိုအော်လိုက်တော့

လုံးကြီးတင်ဖို့မပြောနှင့် သေးသေးတောင်

အတင်မခံနိုင်သည့် မင်းစက်အာဏာကလည်း

ခုံပေါ်မှချက်ချင်းထရပ်လိုက်လေတော့သည်။

ကောင်းသန့်နှင့် ဦးသန့်ဇင်ကတော့အခြေအနေ

မဟန်ရင် ဆွဲရန်အသင့်အနေအထား၌

ရှိနေကြသည်။


"အခုအထိကိုယ့်အမှားကိုယ် မသိသေးဘူးလား

စားရင်းအမှားတွေကိုတင်ပြပြီး ငါ့ကုမ္ပဏီကို

နာမည်ဖြတ်တာကအမှားမဟုတ်ဘူးလား..

အခုထပ်ပြီး ငါ့ခွင့်ပြုချက်မရှိပဲအလုပ်ခိုးဆင်းတယ်..ဒီကိစ္စကိုသာအခြားသူတွေသိသွားရင်

စည်းမရှိ၊ကမ်းမရှိတဲ့ကုမ္ပဏီဖြစ်သွားမှာ

သေချာတယ်..ဒီကုမ္ပဏီကအရည်အချင်းရှိတဲ့

လူတွေကိုပဲ ကြိုဆိုတာကွ..အကပ်ကောင်းပြီးအလောင်းလှဖို့အတွက် အပျော်ဖွင့်ထားတာမဟုတ်ဘူး.."


"အော်..တကယ်ကိုအရည်အချင်းရှိတဲ့လူတွေ

အတွက်ပေါ့လေ..သိပ်ကိုစည်းကမ်းရှိပြီး

သိပ်ကိုတိကျမှန်ကန်နေတယ်ပေါ့..

အရူးကိုပဲသွားပြောလိုက်..

ရှင့်စကားတွေကို ကျပ်မပြည့်တဲ့လူပဲယုံလိမ့်မယ်.."


"မေဝိုင်းလေး..မင်းအခုချက်ချင်းငါ့ကုမ္ပဏီထဲကနေ

ထွက်သွားလိုက်တော့..ငါသည်းခံနေတုန်း

မင်းထွက်သွားလိုက်တော့.."


မေးကြောတွေထင်းထွက်နေပြီး အံကိုကြိတ်ကာ

ဝိုင်းလေးကို တစ်ခုခုမလုပ်မိခင်ထွက်သွားဖို့

သူ့ရုံးခန်းတံခါး၀ကို လက်ညှိုးထိုးပြနေခဲ့သည်။

သူ့မျက်နှာကို စေ့စေ့ကြည့်နေမိရင်းနှင့်

ရင်ထဲမှာ အရမ်းနာကျင်လာမိတယ်။

အံ့လည်း အံ့ဩမိတယ်။


အလုပ်ထုတ်ရုံတင်မဟုတ်ပဲ ဝိုင်းလေးကို

သူ့ကုမ္ပဏီမှာ နာမည်ပျက်စာရင်းပါသွင်းမည်တဲ့လေ။

ဝိုင်းလေးကသူနဲ့ဘာတော်သလဲဆိုတာအထိ

မေ့ပြစ်လိုက်တာများလား။

ရက်စက်လိုက်တဲ့ စကားလုံးတွေ။

လူတစ်ယောက်ကို နာကျင်အောင်ပဲသူလုပ်တတ်တယ်။

ဟိုးငယ်ငယ်ကနေ အခုအချိန်အထိ။


ရင်ထဲမှာ နာကျင်လွန်းလို့မျက်လုံးတွေကို

မှိတ်ချလိုက်မိတော့ မျက်ရည်တွေကျလာတဲ့အခါ

သူ့မမြင်အောင် တုန်ယင်နေသောလက်ကလေးနှင့်

ကာလိုက်မိလေသည်။

ဒါပေမဲ့ ဝိုင်းလေးငိုနေတာကို သူလည်းသိမှာပါ။

သူ့လိုလူဘေးမှာ ဝိုင်းလေးတကယ်ကိုသည်းခံပြီး

ဆက်မနေနိုင်တော့တာအမှန်ပဲ။


"ဦးမင်းစက်..ရှင်ကဝိုင်းလေးကိုအမြဲ

ထွက်သွားဖို့ပဲပြောတယ်..ကျွန်မတို့ကလက်ထက်

ထားတာပါ..ရှင်ဘာလို့ဒီလောက်တောင်ခါးခါးသီးသီးဖြစ်နေရတာလဲ..

အမြဲတမ်းရှင်ပြောချင်တာပြောတယ်..

အော်ထုတ်ချင်သလို အော်ထုတ်တယ်..

ဖြေရှင်းချက်လေးတစ်ခုတောင် မပေးခိုင်းဘူး

ရှင့်ကုမ္ပဏီကို နစ်နာအောင်ဝိုင်းလေးဘာတစ်ခုမှ

မလုပ်ခဲ့ဖူးပါဘူး..ကျိန်ပြောရဲပါတယ်..

စိတ်ချ..အခုအချိန်ကစပြီး..ရှင့်အနီးမှာ

ဝိုင်းလေးရဲ့အရိပ်ကိုတောင် မမြင်စေရဘူး.."


ရုံးခန်းထဲမှ မေဝိုင်းလေးပြေးထွက်သွားသောအခါမှာတော့ မင်းစက်အာဏာသည်လည်း ခုံကိုလက်သီးနှင့် ထုချလိုက်မိလေတော့သည်။

လက်သီးတွေကို ဆုပ်ထားရင်းမှ 

ဘာကိုမကျေမနပ်ဖြစ်နေမှန်းကို မသိတော့ပေ။

ရင်ထဲမှာလည်း တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို

နာကျင်နေမိတယ်။


"မောင်မင်းဆက်..တကယ်တော့စာရင်းတွေမှားပြီး

တင်ပြတာက မေဝိုင်းလေးမဟုတ်ပါဘူး.."


စီမံဘက်ကမန်နေဂျာဦးသန့်ဇင်က

အရဲစွန့်ပြီး ဖြန်ဖြေရေးစကားပြောလိုက်တော့

မင်းစက်က သူ့အားခပ်စူးစူးစိုက်ကြည့်လာပြီးနောက်..


"ဆက်ပြော..."


ဩရှရှအသံပိုင်ရှင်၏ ခွင့်ပြုချက်ကိုရသည်နှင့်

ဦးသန့်ဇင်လည်း အလွန်‌၀မ်းသာသွားရကာ

သူ့ဌာနမှ ယုမွန်ဆိုသည့်၀န်ထမ်းမလေး ပြန်၍

ပြောပြထားသည့် ကိစ္စများကိုတစ်လုံးမကျန်

ဖွင့်ဟလေတော့သည်။


ဦးသန့်ဇင်၏ စကားအဆုံးမှာတော့

မင်းစက်အာဏာ၏မျက်နှာထက်၀ယ်

ပထမဆုံးအကြိမ်အဖြစ် နောင်တတရားတို့ဖြင့်

ဖုံးလွှမ်းသွားလေတော့သည်။

သထွေးကိုမြိုချလိုက်မိကာ မျက်လုံးတွေကို

မှိတ်ထားလျှက်နှင့် သူ့အမှားကိုသူပြန်၍

သုံးသပ်နေမိသည်။


တော်ရုံအမှားမလုပ်တတ်သူမို့ သူတစ်ပါးကို

တောင်းပန်လေ့မရှိပေမဲ့ ဒီတစ်ခါတော့

သူ့အမှားကြီးက သူ့စိတ်ကိုလေးလံစေသည်။

ထို့ကြောင့်ပဲ ရုံးခန်းထဲမှ

အမြန်ပြေးထွက်လာလိုက်ပြီး ဒါရိုင်ဘာမင်းသစ်ဆီမှ ကားသော့ကိုတောင်းကာ ကိုယ်တိုင်မောင်း၍

အိမ်သို့ပြန်လာခဲ့လိုက်သည်။

ရွှေတောင်ကြားလမ်းရှိ သူ့ဗီလာကိုရောက်တဲ့အခါမှာတော့ မေဝိုင်းလေးဟာသူ့အခန်းထဲမှ

အ၀တ်တွေကိုပါ အကုန်ပြန်၍ မသွားခဲ့ကြောင်း

သိလိုက်ရလေသည်။


"ဒီမိန်းမကတော့..ကုမ္ပဏီအလုပ်ပဲမလုပ်ခိုင်းတာကို

အိမ်ပေါ်ကနေ..နှင်ချလိုက်တာကြနေတာပဲ

လူကောင်သေးသလောက်

ပြေးတာကြမြန်နေရောပဲ"


တစ်ယောက်တည်း ခါးထောက်ကာအလိုမကျ

ဖြစ်နေချိန်မှာပဲ ဖုန်းမြည်လာ၍ကိုင်လိုက်မိတော့

အိမ်မှအဖွားဖြစ်နေလေသည်။


"ဟယ်လိုအဖွား.."


"ဘာဟယ်လိုလဲ..လူစိတ်မရှိတဲ့ကောင်စုတ်လေး

ကိုယ့်မိန်းမကိုအလုပ်ထုတ်တာနင်တစ်ယောက်ပဲ

ရှိလိမ့်မယ်ကောင်စုတ်ရဲ့..ဘာတဲ့

အမည်ပျက်စာရင်းတောင်သွင်းမယ်ဟုတ်လား..

ဒီမှာမင်းစက်..

နင်ငါ့မြေးကိုမပေါင်းရင်မပေါင်းနဲ့တော့..

သူ့ကိုငါကိုယ်တိုင် မရှိရှိတာနဲ့ကုမ္ပဏီထောင်ပေးလိုက်မယ်ဟဲ့.."


ဖုန်းကိုနားမှာကပ်လိုက်သည်နှင့် မီးပူအတိုက်ခံလိုက်ရသလို တရစပ်အပူလာတိုက်နေ၍

စိတ်ညစ်သွားလေသည်။


"နေပါအုံး..အခုအဖွားကဒီအကြောင်းတွေကို

သိသွားပြီဆိုတော့ မေဝိုင်းလေးက

အဖွားရဲ့အိမ်ကိုပြန်ရောက်နေတာလား..


"ဒီမှာ..မင်းစက်အာဏာ..‌မေဝိုင်းလေးက

ငါ့အိမ်မှာဆိုတာ..ငါနင့်ကိုတစ်သက်လုံး

မပြောဘူးမှတ်..

နင့်ဘာသာတစ်ယောက်တည်း

နေချင်သပဆိုလည်းနေတော့..

မိန်းမတစ်ယောက်ရတာကို

 ဒီလောက်ဖြတ်ဖြတ်လူးပြီးနာနေရင်လည်း

ဂတုံးတုံးပြီးဘုန်းကြီး၀တ်ချင်လည်း

၀တ်လိုက်‌တော့..."


အဖွား၏စကားကြောင့်လည်း ပြုံးမိသွားလေသည်။

"..‌မေဝိုင်းလေးကငါ့အိမ်မှာဆိုတာ..

ငါနင့်ကိုတစ်သက်လုံးမပြောဘူး.."ဆိုပြီး

လာခေါ်စေချင်လို့ အရိပ်အမြွှတ်ပြနေတာများ

မသိရင်ခက်မယ်။


"ကျွန်တော်သူ့ကိုလာခေါ်မယ်..."


အခန်း(၁၆)ဆက်ရန်...


❤️❤️❤️❤️❤️❤️❤️


"..‌မေဝိုင်းလေးကငါ့အိမ်မှာဆိုတာ..

ငါနင့်ကိုတစ်သက်လုံး

မပြောဘူး.."🤣


ဖတ်ရှုပေးသူ တစ်‌ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူးတင်ရှိပါတယ်


=========================================================================


အခန္း(၁၅)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


KGကုမၸဏီမွာသံုးလအလုပ္သင္ဆင္းခဲ့ရေပမဲ့

အလုပ္ထုတ္ခံလိုက္ရတဲ့ေန့က သူေဌးကို

ပထမဆံုးေတြ့ခြင့္ရတဲ့ေန့ပါပဲ။

ပထမဆံုးေတြ့တဲ့အခ်ိန္မွာတင္

သူေဌးဦးမင္းစက္အာဏာ၏ မ်က္၀န္းအၾကၫ့္ေတြက မီးေတာက္ေနသလားမွတ္ရေအာင္ကိုခါးခါးသီးသီးျဖစ္ေနခဲ့တယ္။

သူ႔ႏႈတ္ကထြက္လာတဲ့ စကားတစ္လံုးခ်င္းဆီဟာ

ဝိုင္းေလးကို သိမ္ငယ္ေစၿပီး မ်က္လံုးခ်င္းဆံု၍

မၾကၫ့္ရဲသည္အထိ ေၾကာက္ရြံ႔ေအာင္

လုပ္ႏိုင္ခဲ့တယ္။


ဘဲြ႔ရၿပီးေနာက္ပထမဆံုး လုပ္ခြင့္ရတဲ့အလုပ္၊

ပထမဆံုးျပင္ပအေတြ့အႄကံု..

မိဘရဲ့ရင္ခြင္ကေနထြက္ၿပီး အျပင္ေလာကမွာ ရွင္သန္ရပ္တည္ရတာသိပ္ခက္ခဲမွန္း 

သိလိုက္ရတဲ့အခိုက္အတန႔္တစ္ခု..

ကိုယ္တိုင္ေတာင္မသိလိုက္ပဲ ေခ်ာက္တြန္းခံလိုက္ရတဲ့ အေတြ့အႄကံုေတြကို ဒီKGအဖဲြ႔အစည္းကပဲ

ေပးခဲ့တာပါ။


လူတိုင္းကို ယံုၾကည္လို႔မရႏိုင္တဲ့အသိတစ္ခု

ရသြားခဲ့ၿပီး အၿမဲတမ္းလူေကာင္းလုပ္ေနရင္

ကိုယ္ပဲခံရႏိုင္လို႔ တစ္ခါတစ္ေလမွာ

ဗီလိန္လုပ္တတ္ရသည္ဆိုေသာ အသိ၀င္ခဲ့တယ္။

ကိုယ္ကလူတိုင္းအေပၚမွာ ေကာင္းေပးခ်င္ေပမဲ့

အရာရာကို ကိုယ့္ေပတံနဲ႔ပဲတိုင္းေနလို႔မရဘူးေလ။

လူတိုင္းကကိုယ့္အေပၚကို ေကာင္းေပးႏိုင္တာမွ

မဟုတ္ပဲ။


ေနာက္တစ္ခုသိလိုက္ရတာက မမွီတဲ့ပန္းကို

တံုးခုၿပီး ခူးရင္သာရရင္ရမယ္။

ေကာင္းကင္ႀကီးကိုေတာ့ ေခါင္းနဲ႔ေျပးတိုက္လို႔

မျဖစ္ႏိုင္ဘူးဆိုတဲ့အသိေပါ့။

ဝိုင္းေလးရဲ့အျဖစ္က ကိုယ့္အိမ္ကိုျဖတ္စီးသြားတဲ့

ဆင္ႀကီးကို တစ္ေန့ေန့ေတာ့ကလဲ့စားျပန္ေခ်

ႏိုင္မွာပဲဆိုၿပီး အိပ္မက္အႀကီးႀကီးမက္ေနမိတာမ်ိဳးပါ။မင္းစက္အာဏာလို ဆင္ႀကီးကိုေျပးကိုက္လည္း

ကိုယ့္သြားေတြပဲ ကၽြတ္က်ကုန္မွာေပါ့။

သူကေတာ့ ႃဖံုေတာင္ႃဖံုမွာမဟုတ္ဘူး။


အခုလည္းစတိုလ္ခန္းအေရ႔ွမွာ ဝိုင္းေလးကို

ဖမ္းမိသြားလို႔ အာဏာအသံႀကီးနဲ႔ေအာ္ခံရၿပီး

သူ႔ရံုးခန္းထဲသို႔ ဆဲြေခၚလာခံရတယ္။

စိုက္ၾကၫ့္ေနတဲ့မ်က္လံုးေတြက တရားခံကို

စစ္ေမးေနတဲ့ေရ႔ွေနလိုအၾကၫ့္မ်ိဳးေတြ။


ဝိုင္းေလးက မတ္တပ္ရပ္ေနရၿပီး သူကေတာ့

ဥကၠဠႀကီးပီပီ ေျပာင္လက္ေနတဲ့သူ႔အလုပ္စားပဲြ

ေနာက္က စံုလည္ခံုေပၚမွာ ဟန္က်ပန္က်ထိုင္ေနေလရဲ့။အားလံုးကသူ႔ကို နတ္ဘုရားတစ္ပါးလို

အထင္ႀကီးေလးစားၾကေပမဲ့ ဝိုင္းေလးကေတာ့

နတ္ဆိုးတစ္ေကာင္လို႔ပဲျမင္တယ္။


"ငါ့ကိုအသိမေပးပဲ ကုမၸဏီထဲကိုဘယ္လို၀င္လာတာလဲ.."


ေမးပံုကိုက..မသိရင္ကိုယ္ကပဲသူ႔ကုမၸဏီထဲကို

ခိုး၀င္လာသလိုလိုနဲ႔..။ဒီလူကိုယူလိုက္မိတာဟာ

ငရဲႀကီးရွစ္ထပ္ရဲ့ ေအာက္ဆံုးအထပ္ကို

က်သြားတဲ့အတိုင္းပဲ။တည္တင္းလြန္းေနတဲ့

မ်က္ႏွာအေနအထားက မာန္ဖီခ်င္ေနတဲ့

က်ားႀကီးလိုပဲ။တစ္ကၽြတ္ကၽြတ္ျမည္ေအာင္

စားေတာ့ဝါးေတာ့မလို မ်က္လံုးနဲ႔...။


"ငါေမးေနတယ္ေလ..ကုမၸဏီထဲကိုဘယ္လို

၀င္လာခဲ့တာလဲ.."


"ဘယ္လို၀င္လာရမွာလဲ အလုပ္သမားကဒ္ျပၿပီး

၀င္လာတာေပါ့.."


"ဘာ..အလုပ္သမားကဒ္ျပၿပီး၀င္လာတာဟုတ္လား

မျဖစ္ႏိုင္တာ မင္းကိုအလုပ္ထုတ္ထားၿပီးၿပီေလ

ကဒ္ပါျပန္သိမ္းထားတာကို ဘယ္လိုလုပ္ၿပီး

၀င္လို႔ရတာလဲ..တစ္ေယာက္ေယာက္ကမင္းကို

ကူညီလိုက္တာလား.."


"ေဟ့..ငါေမးတာေျဖေလ.."


"ဘာလို႔ေျပာျပရမွာလဲ..ရွင့္အက်င့္ကိုဝိုင္းေလး

သိၿပီးသား..ဝိုင္းေလးကိုကူညီခဲ့တဲ့လူကို

ရွင္ဒီအတိုင္းထားမွာမဟုတ္ဘူး..."


"မန္ေနဂ်ာဦးသန႔္ဇင္မဟုတ္လား.."


"ဟင္..ရွင္ဘယ္လိုသိတာလဲ.."


ဟာ..သြားၿပီ။ဝိုင္းေလးတို႔ဌာနကမန္ေနဂ်ာနာမည္ကို သူကထုတ္ေျပာလိုက္တယ္ဆိုရင္ေတာင္

ခန႔္မွန္းတာေလာက္ပဲေပါ့။

အခုေတာ့ ဝိုင္းေလးရဲ့အမူအရာကိုၾကၫ့္ၿပီး

ေအာင္ႏိုင္သူႀကီးလို ႃပံုးလိုက္ကာဖုန္းကို

ႏိွပ္လိုက္ေလေတာ့သည္။


"ဟယ္လို..ေကာင္းသန႔္လား..စီမံဌာနကမန္ေနဂ်ာကို

ငါ့ဆီလႊတ္လိုက္စမ္းပါကြာ..အခုခ်က္ခ်င္း

လႊတ္လိုက္.."


သူဖုန္းခ်လိုက္တာနဲ႔ ဝိုင္းေလးလည္းသက္ျပင္းခ်လိုက္မိေလသည္။အခုဝိုင္းေလးရဲ့ပံုစံက

ဖခင္ရဲ့အေရ႔ွမွာအဆူခံရဖို႔ ရပ္ေစာင့္ေနရတဲ့

ကေလးတစ္ေယာက္လိုျဖစ္ေနသည္။

အလုပ္ျပန္လုပ္တဲ့ႏွစ္ရက္ေျမာက္ေန့မွာပဲ

သူ႔လက္နဲ႔ကိုယ္တိုင္ ဖမ္းမိသြားရတယ္လို႔..။

ကုမၸဏီႀကီးက ဒီေလာက္က်ယ္တာေတာင္

ဘာလို႔သူ႔ကို ေရွာင္လို႔မရရတာလဲ။

စိတ္ထဲမွာလည္း ငိုခ်င္သလို၊ရယ္ခ်င္သလိုနဲ႔

ေတာ္ေတာ္ေနရခက္လာတယ္။


အခုလိုပံုစံ၊အခုလိုအေနအထားမ်ိဳးက

ကိုယ့္အတြက္ေတာ့ အသားက်ေနသလိုပါပဲ။

သူနဲ႔ေတြ့တဲ့အခ်ိန္တိုင္းက ဒီလိုႀကီးပဲ။

ထိုင္ခံုမွာတိတ္ဆိတ္စြာထိုင္ေနၿပီး လူကို

အျပစ္သားတစ္ေယာက္လို၊သူ႔လက္ခုပ္ထဲက

ေရစက္ေတြလို ၾကၫ့္ေနခဲ့တာ။

ရာဇသံႀကီးမားတဲ့ ဘုရင္တစ္ပါးလိုမ်ိဳး

မ်က္ႏွာကိုအၿမဲေမာ္ခ်ီထားတတ္ၿပီး သူသည္သာဘုရင္တစ္ပါးလို႔ ႂကြေးေၾကာ္ေနသေယာင္

ဟန္ပန္အမူအရာေတြကို သိပ္မုန္းတာပဲ။


ဝိုင္းေလးအသက္ဆယ္ႏွစ္ေလာက္တုန္းက

(ကေလာ)ကို သူ႔အေမနဲ႔အတူ အလည္လိုက္လာခဲ့ဖူးတယ္။သူ႔ကိုစေတြ့တဲ့အခ်ိန္တည္းက 

ကေလးတန္မဲ့ေတာင္ မ်က္ႏွာေၾကာကို

ေျပေလ်ွာ့ထားတယ္ရယ္လို႔မရိွခဲ့ဘူး။

သူ႔ရဲ့အစ္ကိုနဲ႔အစ္မေတြက

နည္းနည္းေပါင္းရသင္းရ လြယ္ေပမဲ့

သူ႔အနားကိုေတာ့ ဝိုင္းေလးမကပ္ရဲခဲ့ဖူး။


ေဆာင္းရာသီေရာက္တိုင္း ကေလာရဲ့ရာသီဥတုက

အသဲခိုက္မတတ္ေအးေတာ့ သူ႔ႏွာေခါင္းေတြေရာ

ပါးေလးေတြေရာ နီရဲတြတ္ေနတာပဲ။

အၿမဲလိုလို သူ႔အစ္ကို၊အစ္မေတြနဲ႔ရန္ျဖစ္တတ္ေတာ့

သူ႔မ်က္လံုးေတြကပါ နီအစ္ေနတတ္တယ္။


သူကငယ္ငယ္တည္းက သိပ္အႃပံုးအရယ္နဲတဲ့လူ။

အရာရာတိုင္းကို ကန႔္လန႔္တိုက္ေနတတ္သူလို႔ပဲ

ဝိုင္းေလးျမင္တယ္။

သူ႔အေမက သူစကၤာပူကို ျပန္ေတာ့လက္ေဆာင္အႀကီးႀကီးေပးတာကိုေတာင္ အဲ့ဒီ့လက္ေဆာင္ကို

ခ်ိဳးဖဲ့ၿပီးလႊင့္ျပစ္ခဲ့တာ။

ဘာေတြကိုအလိုမက်မွန္းမသိေပမဲ့ 

ဟိုအရင္တည္းက ေလာကႀကီးႏွင့္

ဆန႔္က်င္ဘက္ျဖစ္ေနသၫ့္လူ..။


အက်င့္မေကာင္းတဲ့ အဲ့ဒီ့ဆယ့္‌ေလးႏွစ္သားအရြယ္

ေကာင္စုတ္ေလးႃပံုးရယ္တာကို ရွားရွားပါးပါး

တစ္ခါေတာ့ ေတြ့ခဲ့ရဖူးတယ္။

ကံဆိုးခ်င္ေတာ့ သူရယ္တဲ့အခ်ိန္ကဝိုင္းေလး

ငိုေနတဲ့အခ်ိန္ျဖစ္ေနခဲ့တယ္။


ဖြားဖြားမိစံတို႔ဟာ ဟိုအရင္က..ကေလာမွာ

စိုက္ပ်ိဳးေရးၿခံေတြေတာ္ေတာ္မ်ားမ်ားရိွခဲ့တယ္။ခ်ယ္ရီသီးေတြေပါစအခ်ိန္မွာေပါ့ ၿခံထဲကို

လူႀကီးေတြေရာ ကေလးေတြပါအသီးအႏွံေတြ

ခူးဖို႔ထြက္လာခဲ့ၾကတယ္။

ေနာက္ေန့ဆို ကိုစက္တို႔မိသားစုကျပန္ေတာ့မွာမို႔

လက္ေဆာင္ေပးလိုက္ရေအာင္ဆိုကာ

ေမေမတို႔သည္ စိုက္ပ်ိဳးေရးၿခံထဲက

လိမၼော္သီးေတြကို ျခင္းလိုက္ခူးေနခဲ့ၾကတာေပါ့။


ဝိုင္းေလးရယ္၊မမထိပ္ထားရယ္အျပင္

ကိုစက္တို႔‌ေမာင္ႏွမတစ္စုကေတာ့ အနီရဲရဲခ်ယ္ရီသီးေလးေတြဟာ သိပ္ဆဲြေဆာင္ေနေလေတာ့

ခူးရင္းစားရင္း လုပ္ေနခဲ့ၾကတာေပါ့။

အခ်ဉ္ေၾကာက္တဲ့ဝိုင္းေလးက ခ်ယ္ရီသီးကို

သိပ္ႀကိဳက္တာ။


စေတာ္ဘယ္ရီကိုေတာင္

သိပ္မႀကိဳက္တတ္ေပမဲ့ အၫွာစိမ္းေလးမွာ

အနီေရာင္အသီးေလးရိွၿပီး အရသာကအစ

ခ်ိဳရဲေနတဲ့ ခ်ယ္ရီသီးေတြကိုတစ္ေနကုန္

ထိုင္စားေတာင္ စားမ၀တဲ့အထိပဲ။

တစ္ခါတစ္ေလ အစားလြန္ၿပီးေခ်ာင္းေတာင္

ဆိုးတယ္။


ခ်ယ္ရီသီးေဖ်ာ္ရည္ဆို သိပ္ႀကိဳက္လြန္းလို႔

သူမ်ားေတြက တစ္လံုးခူး၊တစ္လံုးစားလုပ္ေနေပမဲ့

ဝိုင္းေလးကေတာ့ ျခင္းေတာင္းေလးထဲကိုသာ

ခူးၿပီး ထၫ့္ေနခဲ့တာေပါ့။ကိုယ့္အႀကံကေတာ့

ေမေမ့ကို ေဖ်ာ္ရည္လုပ္ခိုင္းမလို႔ေပါ့ေလ။


အံ့ဩစရာေကာင္းတာကေတာ့

အျခားကေလးေတြက အသီးပင္ေတြၾကားမွာ

ေဆာ့ကစားေနခဲ့ေပမဲ့ ကိုစက္ကေတာ့

ခပ္ေဝးေဝးက သစ္တံုးေလးေပၚမွာပဲ

ထိုင္ကာဝိုင္းေလးကိုစိုက္ၾကၫ့္ေနခဲ့တယ္။


အခုရံုးခန္းထဲမွာ ထိုင္ၾကၫ့္ေနတဲ့အၾကၫ့္မ်ိဳးေပါ့

ခ်ယ္ရီးသီးျခင္းေလးကို မႏိုင္မနင္းဆဲြဆဲြၿပီး

မဲ့တာေလးေတြ ေရြးခူးေနတဲ့ကိုယ့္ကို

မ်က္ေမွာင္ႀကီး ႄကံု႔ၿပီးၾကၫ့္ေနခဲ့တာ။

အသက္ဆယ္ႏွစ္ဆိုေပမဲ့ ဝိုင္းေလးဟာ

ငယ္ငယ္က လူေကာင္သိပ္ၫွပ္ၿပီး သိပ္ေပ်ာ့ခဲ့တာ။


ထိုအခ်ိန္တုန္းက ဝိုင္းေလးဟာအရမ္း

ငယ္ေသးေတာ့ လူကဲခက္သိပ္ညံ့ခဲ့တာပဲ။

သူမ်ားေတြကိုခိုင္းလို႔ရလ်ွက္နဲ႔ကိုယ္ဘာသာ

အပင္ပန္းခံေနလို႔ တံုးအတဲ့ေကာင္မေလးဆိုသၫ့္

အေတြးနဲ႔သူၾကၫ့္ေနခဲ့တာကို အျခားသူေတြက

သူ႔ကိုေဆာ့ဖို႔မေခၚလို႔ စိတ္မေကာင္းျဖစ္ေနတယ္

ထင္မိလိုက္တာ။

ထို႔ေၾကာင့္ ခ်ယ္ရီသီးမွဲ႔မွဲ႔ေျပာင္ေျပာင္ေလးေတြကို

လက္ေလးနဲ႔ဆန႔္သေလာက္ယူၿပီး သူ႔ဆီကို

သြားေပးခဲ့မိတယ္။


"ဘာလို႔ငါ့ကို ဒါေတြလာေပးတာလဲ.."


"ကိုစက္ကိုသနားလို႔.."


"ဘာ.."


"ခ်ယ္ရီသီးေလးေတြကအရမ္းခ်ိဳတာ

ဝိုင္းေလးဆို သိပ္ႀကိဳက္လြန္းလို႔

စားရရင္ကို ေပ်ာ္ေနတာ.."


"နင္ႀကိဳက္ေပမဲ့..ငါမွမႀကိဳက္တာ.."


သူ႔လိုလူ႔ဂြစာေလးအေပၚမွာ ေစတနာထားခဲ့မိတာ

သိပ္မွားသြားခဲ့တယ္။အပင္ပန္းခံၿပီး ခူးထားခဲ့ရတဲ့

အသီးေလးေတြကို သနားလို႔ကၽြေးမိေပမဲ့

ေက်းဇူးမသိတတ္စြာ လက္ကိုပုတ္ခ်ပစ္တယ္။

ခ်ယ္ရီသီးေလးေတြဟာ ဖုန္ေတြနဲ႔လူးသြားေတာ့တာေပါ့။

ခါးေလးေထာက္ၿပီး ႏႈတ္ခမ္းေလးဆူကာ

သူ႔ကိုရန္ေတြ့မည္အလုပ္  ဝိုင္းေလးရဲ့ခ်ယ္ရီျခင္းေလးကို ဆဲြသြားတဲ့မမထိပ္ထားေၾကာင့္ 

ခလုတ္တိုက္မတတ္ေျပးသြားၿပီး

ျခင္းကိုဆဲြလုခဲ့ရသည္။


"ဝိုင္းေလးရဲ့ဟာကို ျပန္ေပးလို႔.."


"မေပးဘူးဟာ..မေပးေတာ့ဘာလုပ္ခ်င္လဲ.."


"မမကလည္းဝိုင္းေလးခူးထားရတာကို..

အီးဟီး..ေမႀကီးေရ..ေမႀကီး..ဝိုင္းေလးဥစၥာကို

လာလုေနတယ္.."


ဝိုင္းေလးကထိုသို႔ေအာ္တိုင္ေတာ့ မမထိပ္ထားဟာ

စိတ္ဆိုးသြားၿပီး သူဆဲြထားတဲ့ျခင္းလက္ကိုင္ကို

လႊတ္ခ်လိုက္ပါေတာ့တယ္။

ထိုအခါ  ဝိုင္းေလးဟာအေနာက္သို႔ပက္လက္လန္

က်သြားခဲ့ၿပီး ခ်ယ္ရီသီးေတြဟာလည္း

ျပန႔္က်ဲကုန္ေတာ့တယ္။


၀မ္းနည္းလြန္းလို႔ တအားေအာ္ငိုျပစ္လိုက္ေတာ့

မမထိပ္ထားက အသံၿပဲလို႔ဆိုၿပီး ျခင္းနဲ႔ပါ

ေကာက္ထုၿပီး ေျပးေလေရာ..။

မ်က္၀န္းအိမ္ထဲမွာ မ်က္ရည္ေတျြပၫ့္လ်ွံေနခဲ့ၿပီး

၀မ္းနည္းနာက်င္စြာငိုလ်ွက္ အျခားဘက္သို႔လွၫ့္ၾကၫ့္လိုက္မိေတာ့ ကိုစက္ဟာဝိုင္းေလးကို

ၾကၫ့္ၿပီး သြားႀကီးၿဖီးကာရယ္ေနတာကို

ေတြ့လိုက္ရတယ္။


တကယ္ကို ဟက္ဟက္ပက္ပက္ရယ္ေနခဲ့တာ။

မ်က္ရည္ေတြၾကားမွ ၾကၫ့္လိုက္တဲ့အခါ

ရယ္လြန္း၍သူ႔ရဲ့သြားျဖဴႁဖူေတြေပၚေနတာကို

ေတြလိုက္ရေတာ့ ကံေကာင္းတာလား၊

ကံဆိုးတာလား မေဝခဲြတတ္ေအာင္ပါပဲ။


*သူတစ္ပါးရဲ့မ်က္ရည္ဟာ..သူ႔ကို

သိပ္ေပ်ာ္ရႊင္ေစတယ္ထင္ပါရဲ့..*


အႏိုင္က်င့္ခံလိုက္ရတဲ့အခ်ိန္မွာ ဘာေၾကာင့္မ်ား

သူ႔ကိုလွၫ့္ၾကၫ့္ခဲ့မိတာပါလိမ့္။

ဒီလိုလူဆီက‌ေန လာႏွစ္သိမ့္ေပးဖို႔

ေမ်ွာ္လင့္ခဲ့မိတဲ့ ကိုယ္ကသာရူးလြန္းခဲ့တာ။

သူထြက္သြားတဲ့အခ်ိန္မွာ ခ်ယ္ရီသီးေလးေတြ

ကိုေတာင္ ျဖတ္နင္းသြားခဲ့ပါေသးတယ္။

ေနာက္တစ္ေန့မွာ ေမေမတို႔ကသာခ်ယ္ရီသီး

တစ္ျခင္းအစားမေပးခဲ့လ်ွင္ ႏွစ္ရက္၊သံုးရက္ေလာက္အထိငိုမိလိမ့္မယ္ထင္တယ္။


"ေမာင္မင္းစက္..ဦး၀င္လာမယ္ေနာ္..."


ရံုးခန္းတံခါး၀အနားမွ မန္ေနဂ်ာဦးသန႔္ဇင္၏

အသံကိုၾကားေတာ့မွသာ ဝိုင္းေလးလည္း

အေတြးေတြကို ရပ္တန႔္လိုက္မိေလသည္။

ဂ်ာႀကီးႏွင့္အတူ ဦးမင္းစက္၏လက္ေထာက္

ကိုေကာင္းသန႔္ကပါ အတူလိုက္၀င္လာခဲ့သည္။


မင္းစက္အာဏာကေတာ့ ထံုးစံအတိုင္း

ထိုင္ခံုေပၚတြင္ ထိုင္လ်ွက္ႏွင့္ပင္ ဦးသန႔္ဇင္ကို

ၾကၫ့္ကာ..


"ေမဝိုင္းေလးကို ဒီမွာဘာလို႔အလုပ္ခန႔္ဖို႔

ကူညီေပးခဲ့တာလဲ..သူ႔ကိုကၽြန္ေတာ္တရား၀င္အလုပ္ထုတ္ထားၿပီးသားဆိုတာ ဦးသန႔္ဇင္

မသိဘူးလား..ကၽြန္ေတာ့္ေနာက္ကြယ္မွာ

လက္ေပးလက္ယူလုပ္တာကို ကၽြန္ေတာ္မႀကိဳက္ဘူးေနာ္..ဘယ္ေလာက္ပဲအဖြားကတြန္းအားေပးေပး

ကၽြန္ေတာ္မသိပဲလုပ္တာက..ကၽြန္ေတာ့္ကို

မခန္႔ေလးစားလုပ္တာနဲ႔အတူတူပဲ.."


မင္းစက္အာဏာကေတာ့ တကယ္ကိုဆရာႀကီးပါပဲ။ဘာမွမေျဖပဲနဲ႔ေတာင္ ဖြားဖြားႏုကေနာက္ကြယ္မွာ အကူအညီေတာင္းထားမွန္း ခ်က္ခ်င္း

တန္းသိသြားတာ။

ဦးသန႔္ဇင္ကေတာ့ မ်က္ႏွာပ်က္သြားကာ

ျပာျပာသလဲ ေတာင္းပန္ရွာေလသည္။


"ဦးေတာင္းပန္ပါတယ္ကြာ..ေမာင္မင္းစက္ကို

မခန႔္ေလးစားလုပ္တာလည္းမဟုတ္ရပါဘူး..

လက္ေပးလက္ယူလည္း တကယ္ကိုမလုပ္ရပါဘူး..ေဒၚႏုယဉ္ကမလုပ္ေပးရင္သူတစ္ခုခု

ျဖစ္တာျမင္ခ်င္လားဆိုၿပီး ေျပာလာလို႔ပါ.."


ၾကၫ့္စမ္း..ဒီဦးသန႔္ဇင္တစ္ေယာက္ကေတာ့

မေမးတာလဲ ၊ေျဖေနေတာ့တာပဲ။

မင္းစက္အာဏာကို ေၾကာက္ေနလိုက္တာမ်ား

ဒူးေတြေတာင္ တုန္ေနပံုပဲ။

ဟိုတစ္ေယာက္ရဲ့ရုပ္ကလည္း ေအးစက္ေနလိုက္တာမ်ား ဦးသန႔္ဇင္ေၾကာက္လည္း

ေၾကာက္ခ်င္စရာပဲ သူပိုင္တဲ့ ကုမၸဏီဆိုၿပီး

မာနေတြတက္ေနလိုက္တာမ်ား။


"အဖြားကဘယ္လိုပဲအကူအညီေတာင္းေတာင္း

လုပ္ေပးစရာလား..ဒီလိုစည္းမရိွ၊ကမ္းမရိွနဲ႔

၀န္ထမ္းေတြကို သြင္းခ်င္သလိုသြင္းေနတာကို

ေနာက္မလုပ္မိေစနဲ႔..အခုခ်က္ခ်င္းျပန္သြားၿပီး

ေမဝိုင္းေလးကို black listထဲထၫ့္လိုက္

ဒီကုမၸဏီမွာ ေနာက္ထပ္သူဘယ္ေတာ့မွ

အလုပ္၀င္လို႔မရေတာ့ဘူးလို႔ အဖြားေမးလာရင္

ေျပာင္ေျပာင္တင္းတင္းေျဖလိုက္..."


"ဝိုင္းေလးကိုအမည္ပ်က္စာရင္းထဲသြင္းမယ္

ဆိုရေအာင္ ဝိုင္းေလးကဘာအမွားေတြမ်ား

လုပ္ထားမိလို႔လဲ.."


ဦးသန႔္ဇင္၏အေရ႔ွမွ ေမဝိုင္းေလးပိတ္ရပ္ၿပီး

ေျပာလိုက္ေတာ့ ဦးသန္ဇင္ႏွင့္ေကာင္းသန႔္သည္

"တိုက္ပဲြအႀကီးႀကီးစေတာ့မည္ေဟ့.."ဟု

ၿပိဳင္တူေတြးလိုက္မိၾကသည္။

ဒီႏွစ္ေယာက္ကို ရံုးခန္းထဲမွာဒီအတိုင္းမထားခဲ့လို၍

သူတို႔လည္း လင္မယားၾကား၀င္ပါရေတာ့အျဖစ္သို႔

ေရာက္ေနရေလသည္။


"အမည္ပ်က္စာရင္းသြင္းမယ္ေျပာရေအာင္

ဝိုင္းေလးကရွင့္ကုမၸဏီကို ဘာေတြမ်ား

အက်ိဳးယုတ္ေအာင္ လုပ္ခဲ့မိလို႔လဲ.."


ေမဝိုင္းေလးက သူ႔ကိုေအာ္လိုက္ေတာ့

လံုးႀကီးတင္ဖို႔မေျပာႏွင့္ ေသးေသးေတာင္

အတင္မခံႏိုင္သၫ့္ မင္းစက္အာဏာကလည္း

ခံုေပၚမွခ်က္ခ်င္းထရပ္လိုက္ေလေတာ့သည္။

ေကာင္းသန႔္ႏွင့္ ဦးသန႔္ဇင္ကေတာ့အေျခအေန

မဟန္ရင္ ဆဲြရန္အသင့္အေနအထား၌

ရိွေနၾကသည္။


"အခုအထိကိုယ့္အမွားကိုယ္ မသိေသးဘူးလား

စားရင္းအမွားေတြကိုတင္ျပၿပီး ငါ့ကုမၸဏီကို

နာမည္ျဖတ္တာကအမွားမဟုတ္ဘူးလား..

အခုထပ္ၿပီး ငါ့ခြင့္ျပဳခ်က္မရိွပဲအလုပ္ခိုးဆင္းတယ္..ဒီကိစၥကိုသာအျခားသူေတြသိသြားရင္

စည္းမရိွ၊ကမ္းမရိွတဲ့ကုမၸဏီျဖစ္သြားမွာ

ေသခ်ာတယ္..ဒီကုမၸဏီကအရည္အခ်င္းရိွတဲ့

လူေတြကိုပဲ ႀကိဳဆိုတာကြ..အကပ္ေကာင္းၿပီးအေလာင္းလွဖို႔အတြက္ အေပ်ာ္ဖြင့္ထားတာမဟုတ္ဘူး.."


"ေအာ္..တကယ္ကိုအရည္အခ်င္းရိွတဲ့လူေတြ

အတြက္ေပါ့ေလ..သိပ္ကိုစည္းကမ္းရိွၿပီး

သိပ္ကိုတိက်မွန္ကန္ေနတယ္ေပါ့..

အရူးကိုပဲသြားေျပာလိုက္..

ရွင့္စကားေတြကို က်ပ္မျပၫ့္တဲ့လူပဲယံုလိမ့္မယ္.."


"ေမဝိုင္းေလး..မင္းအခုခ်က္ခ်င္းငါ့ကုမၸဏီထဲကေန

ထြက္သြားလိုက္ေတာ့..ငါသည္းခံေနတုန္း

မင္းထြက္သြားလိုက္ေတာ့.."


ေမးေၾကာေတြထင္းထြက္ေနၿပီး အံကိုႀကိတ္ကာ

ဝိုင္းေလးကို တစ္ခုခုမလုပ္မိခင္ထြက္သြားဖို႔

သူ႔ရံုးခန္းတံခါး၀ကို လက္ၫွိုးထိုးျပေနခဲ့သည္။

သူ႔မ်က္ႏွာကို ေစ့ေစ့ၾကၫ့္ေနမိရင္းႏွင့္

ရင္ထဲမွာ အရမ္းနာက်င္လာမိတယ္။

အံ့လည္း အံ့ဩမိတယ္။


အလုပ္ထုတ္ရံုတင္မဟုတ္ပဲ ဝိုင္းေလးကို

သူ႔ကုမၸဏီမွာ နာမည္ပ်က္စာရင္းပါသြင္းမည္တဲ့ေလ။

ဝိုင္းေလးကသူနဲ႔ဘာေတာ္သလဲဆိုတာအထိ

ေမ့ျပစ္လိုက္တာမ်ားလား။

ရက္စက္လိုက္တဲ့ စကားလံုးေတြ။

လူတစ္ေယာက္ကို နာက်င္ေအာင္ပဲသူလုပ္တတ္တယ္။

ဟိုးငယ္ငယ္ကေန အခုအခ်ိန္အထိ။


ရင္ထဲမွာ နာက်င္လြန္းလို႔မ်က္လံုးေတြကို

မိွတ္ခ်လိုက္မိေတာ့ မ်က္ရည္ေတြက်လာတဲ့အခါ

သူ႔မျမင္ေအာင္ တုန္ယင္ေနေသာလက္ကေလးႏွင့္

ကာလိုက္မိေလသည္။

ဒါေပမဲ့ ဝိုင္းေလးငိုေနတာကို သူလည္းသိမွာပါ။

သူ႔လိုလူေဘးမွာ ဝိုင္းေလးတကယ္ကိုသည္းခံၿပီး

ဆက္မေနႏိုင္ေတာ့တာအမွန္ပဲ။


"ဦးမင္းစက္..ရွင္ကဝိုင္းေလးကိုအၿမဲ

ထြက္သြားဖို႔ပဲေျပာတယ္..ကၽြန္မတို႔ကလက္ထက္

ထားတာပါ..ရွင္ဘာလို႔ဒီေလာက္ေတာင္ခါးခါးသီးသီးျဖစ္ေနရတာလဲ..

အၿမဲတမ္းရွင္ေျပာခ်င္တာေျပာတယ္..

ေအာ္ထုတ္ခ်င္သလို ေအာ္ထုတ္တယ္..

ေျဖရွင္းခ်က္ေလးတစ္ခုေတာင္ မေပးခိုင္းဘူး

ရွင့္ကုမၸဏီကို နစ္နာေအာင္ဝိုင္းေလးဘာတစ္ခုမွ

မလုပ္ခဲ့ဖူးပါဘူး..က်ိန္ေျပာရဲပါတယ္..

စိတ္ခ်..အခုအခ်ိန္ကစၿပီး..ရွင့္အနီးမွာ

ဝိုင္းေလးရဲ့အရိပ္ကိုေတာင္ မျမင္ေစရဘူး.."


ရံုးခန္းထဲမွ ေမဝိုင္းေလးေျပးထြက္သြားေသာအခါမွာေတာ့ မင္းစက္အာဏာသည္လည္း ခံုကိုလက္သီးႏွင့္ ထုခ်လိုက္မိေလေတာ့သည္။

လက္သီးေတြကို ဆုပ္ထားရင္းမွ 

ဘာကိုမေက်မနပ္ျဖစ္ေနမွန္းကို မသိေတာ့ေပ။

ရင္ထဲမွာလည္း တစ္ခုခုကိုဆံုးရႈံးလိုက္ရသလို

နာက်င္ေနမိတယ္။


"ေမာင္မင္းဆက္..တကယ္ေတာ့စာရင္းေတြမွားၿပီး

တင္ျပတာက ေမဝိုင္းေလးမဟုတ္ပါဘူး.."


စီမံဘက္ကမန္ေနဂ်ာဦးသန႔္ဇင္က

အရဲစြန႔္ၿပီး ျဖန္ေျဖေရးစကားေျပာလိုက္ေတာ့

မင္းစက္က သူ႔အားခပ္စူးစူးစိုက္ၾကၫ့္လာၿပီးေနာက္..


"ဆက္ေျပာ..."


ဩရွရွအသံပိုင္ရွင္၏ ခြင့္ျပဳခ်က္ကိုရသည္ႏွင့္

ဦးသန႔္ဇင္လည္း အလြန္‌၀မ္းသာသြားရကာ

သူ႔ဌာနမွ ယုမြန္ဆိုသၫ့္၀န္ထမ္းမေလး ျပန္၍

ေျပာျပထားသၫ့္ ကိစၥမ်ားကိုတစ္လံုးမက်န္

ဖြင့္ဟေလေတာ့သည္။


ဦးသန႔္ဇင္၏ စကားအဆံုးမွာေတာ့

မင္းစက္အာဏာ၏မ်က္ႏွာထက္၀ယ္

ပထမဆံုးအႀကိမ္အျဖစ္ ေနာင္တတရားတို႔ျဖင့္

ဖံုးလႊမ္းသြားေလေတာ့သည္။

သေထြးကိုၿမိဳခ်လိုက္မိကာ မ်က္လံုးေတြကို

မိွတ္ထားလ်ွက္ႏွင့္ သူ႔အမွားကိုသူျပန္၍

သံုးသပ္ေနမိသည္။


ေတာ္ရံုအမွားမလုပ္တတ္သူမို႔ သူတစ္ပါးကို

ေတာင္းပန္ေလ့မရိွေပမဲ့ ဒီတစ္ခါေတာ့

သူ႔အမွားႀကီးက သူ႔စိတ္ကိုေလးလံေစသည္။

ထို႔ေၾကာင့္ပဲ ရံုးခန္းထဲမွ

အျမန္ေျပးထြက္လာလိုက္ၿပီး ဒါရိုင္ဘာမင္းသစ္ဆီမွ ကားေသာ့ကိုေတာင္းကာ ကိုယ္တိုင္ေမာင္း၍

အိမ္သို႔ျပန္လာခဲ့လိုက္သည္။

ေရႊေတာင္ၾကားလမ္းရိွ သူ႔ဗီလာကိုေရာက္တဲ့အခါမွာေတာ့ ေမဝိုင္းေလးဟာသူ႔အခန္းထဲမွ

အ၀တ္ေတြကိုပါ အကုန္ျပန္၍ မသြားခဲ့ေၾကာင္း

သိလိုက္ရေလသည္။


"ဒီမိန္းမကေတာ့..ကုမၸဏီအလုပ္ပဲမလုပ္ခိုင္းတာကို

အိမ္ေပၚကေန..ႏွင္ခ်လိုက္တာၾကေနတာပဲ

လူေကာင္ေသးသေလာက္

ေျပးတာၾကျမန္ေနေရာပဲ"


တစ္ေယာက္တည္း ခါးေထာက္ကာအလိုမက်

ျဖစ္ေနခ်ိန္မွာပဲ ဖုန္းျမည္လာ၍ကိုင္လိုက္မိေတာ့

အိမ္မွအဖြားျဖစ္ေနေလသည္။


"ဟယ္လိုအဖြား.."


"ဘာဟယ္လိုလဲ..လူစိတ္မရိွတဲ့ေကာင္စုတ္ေလး

ကိုယ့္မိန္းမကိုအလုပ္ထုတ္တာနင္တစ္ေယာက္ပဲ

ရိွလိမ့္မယ္ေကာင္စုတ္ရဲ့..ဘာတဲ့

အမည္ပ်က္စာရင္းေတာင္သြင္းမယ္ဟုတ္လား..

ဒီမွာမင္းစက္..

နင္ငါ့ေျမးကိုမေပါင္းရင္မေပါင္းနဲ႔ေတာ့..

သူ႔ကိုငါကိုယ္တိုင္ မရိွရိွတာနဲ႔ကုမၸဏီေထာင္ေပးလိုက္မယ္ဟဲ့.."


ဖုန္းကိုနားမွာကပ္လိုက္သည္ႏွင့္ မီးပူအတိုက္ခံလိုက္ရသလို တရစပ္အပူလာတိုက္ေန၍

စိတ္ညစ္သြားေလသည္။


"ေနပါအံုး..အခုအဖြားကဒီအေၾကာင္းေတြကို

သိသြားၿပီဆိုေတာ့ ေမဝိုင္းေလးက

အဖြားရဲ့အိမ္ကိုျပန္ေရာက္ေနတာလား..


"ဒီမွာ..မင္းစက္အာဏာ..‌ေမဝိုင္းေလးက

ငါ့အိမ္မွာဆိုတာ..ငါနင့္ကိုတစ္သက္လံုး

မေျပာဘူးမွတ္..

နင့္ဘာသာတစ္ေယာက္တည္း

ေနခ်င္သပဆိုလည္းေနေတာ့..

မိန္းမတစ္ေယာက္ရတာကို

 ဒီေလာက္ျဖတ္ျဖတ္လူးၿပီးနာေနရင္လည္း

ဂတံုးတံုးၿပီးဘုန္းႀကီး၀တ္ခ်င္လည္း

၀တ္လိုက္‌ေတာ့..."


အဖြား၏စကားေၾကာင့္လည္း ႃပံုးမိသြားေလသည္။

"..‌ေမဝိုင္းေလးကငါ့အိမ္မွာဆိုတာ..

ငါနင့္ကိုတစ္သက္လံုးမေျပာဘူး.."ဆိုၿပီး

လာေခၚေစခ်င္လို႔ အရိပ္အႃမြွတ္ျပေနတာမ်ား

မသိရင္ခက္မယ္။


"ကၽြန္ေတာ္သူ႔ကိုလာေခၚမယ္..."


အခန္း(၁၆)ဆက္ရန္...


❤️❤️❤️❤️❤️❤️❤️


"..‌ေမဝိုင္းေလးကငါ့အိမ္မွာဆိုတာ..

ငါနင့္ကိုတစ္သက္လံုး

မေျပာဘူး.."🤣


ဖတ္ရႈေပးသူ တစ္‌ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူးတင္ရိွပါတယ္

အခန်း(၁၄) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၁၄)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဝိုင်းလေးရဲ့စိတ်တွေအနည်းငယ်လှုပ်ရှားနေမိသည်။အစည်းအဝေးကျင်းပမည့်အချိန်

မရောက်သေးပေမဲ့ မင်းစက်အာဏာ

ရောက်ချလာပြီး ဝိုင်းလေးကိုတွေ့သွားမှာကို

အရမ်းစိုးရိမ်နေမိတယ်။


ဌာနခေါင်းဆောင်ကလည်း မီတင်တက်ရမည်ဖြစ်၍

မိတ္တူကူးထားသည့်စာရင်းစာရွက်တွေကို

အရင်လာထားခိုင်းလိုက်ခြင်းဖြစ်သည်။

ဝိုင်းလေးလည်း စာရွက်စာတန်းတွေကို

ခုံနေရာအသီးသီးမှာ တင်ထားလိုက်ပြီး

ခုံတန်းအရှည်ကြီး၏ ထိပ်ဆုံးတွင်ရှိသော

နေရာလွတ်တစ်ခုကို ကြည့်လိုက်မိသည်။


ဒီကုမ္ပဏီကို ရောက်ခါစတုန်းကဆိုရင် အလုပ်သင်ကနေ တရား၀င်၀န်ထမ်းဖြစ်ဖို့ကြိုးစားလိုက်ရတာ။

မျက်နှာကို မိတ္တူစာရွက်တွေနဲ့ ပြစ်အပေါက်ခံရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။

သည်းမခံနိုင်တော့လို့ ငိုခဲ့ရတဲ့အချိန်တွေ၊

သူများပြောသမျှကို ပိုက်ဆံလေးသုံး၊လေးသိန်း

ရဖို့အတွက် ခေါင်းငုံ့ပြီးညိမ်ခံခဲ့ရတာတွေဟာ

မနေ့တစ်နေ့ကလိုပါပဲ။


ဘယ်သူကထင်မှာလဲ။ ဒီအထပ်ပေါင်းများစွာ

မြင့်တဲ့ ကုမ္ပဏီကြီးထဲကဌာနပေါင်းများစွာရဲ့

၀န်ထမ်းပေါင်းများစွာထဲမှ မေဝိုင်းလေးဆိုတဲ့

သူဟာ ဒီခုံတန်းအရှည်ကြီးရဲ့ ထိပ်ဆုံးထိုင်ခုံမှာ

ထိုင်ရမဲ့ စီအီးအိုရဲ့ဇနီးဖြစ်လာလိမ့်မယ်လို့လေ။

ဘယ်သူမှ စိတ်ကူးတောင်မယဉ်ကြမဲ့

အဖြစ်အပျက်မျိုးဟာ တကယ်ဖြစ်လာခဲ့တာပဲ။

ဒါပေမဲ့ သူ့ဘ၀ထဲမှာဝိုင်းလေးရဲ့ဖြစ်တည်မှုဟာ

အရမ်းကိုသေးငယ်လွန်းတယ်။


မင်္ဂလာပွဲကိုခမ်းခမ်းနားနားမလုပ်လိုက်မိတဲ့

အချက်က ဝိုင်းလေးဟာသူ့ရဲ့တိတ်တိတ်ပုန်း

ယူထားတဲ့ မယားတစ်ယောက်လိုဖြစ်နေခဲ့တယ်။

သူ့ကုမ္ပဏီတစ်ခုလုံးက လူတော်တော်များများဟာ

သူ့ဇနီးဘယ်သူမှန်းလည်း မသိကြသလို၊

အချို့ဆိုသူအိမ်ထောင်ပြုပြီးတာတောင် 

မသိကြသေးပေ။

လက်ထက်ပြီးတာ နှစ်လကျော်သွားပြီ

ဆိုပေမဲ့ စာချုပ်မှာလက်မှတ်ထိုးထားတဲ့

ဆက်နွယ်မှုကလွဲလို့ သူစိမ်းဆန်နေတုန်းပါပဲ။


သူ့ကိုမချစ်၊မနှစ်သက်ပေမဲ့လို့ တဖြည်းဖြည်း

ရင်းနှီးမှုယူကာ တစ်ယောက်နဲ့တစ်ယောက်

နားလည်မှုယူမည်ဟု အစကတွေးလိုက်မိသေးတယ်။ဒါပေမဲ့ သူ့အတွက်တော့ဒီလက်ထက်ပွဲဟာ

အပေးအယူတစ်ခုသာသာဖြစ်နေပြီး

ဝိုင်းလေးကိုတော့ သူ့ဆီကနေအမြတ်ထုတ်ချင်လို့

ချည်းကပ်သူတစ်ယောက်လို့ပဲ အမြဲအထင်သေး

နေခဲ့တယ်။


ကိုယ့်ရဲ့အိမ်ထောင်ဖက်က ကိုယ့်ကို

အထင်သေးနေမှတော့ တန်းဖိုးထားဖို့ဆိုတာဟာ

ပိုဝေးသွားပြီပေါ့။ဒီတော့ ကိုယ့်ကိုတန်ဖိုးမထားတဲ့

ယောက်ျားတစ်ယောက်အနားမှာ

ဆက်နေချင်မိရင်တော့ တကယ်ကိုရူးသွပ်သွားလို့ပဲ။


"ဟိုကောင်မလေး..ဟိုထောင့်နားကပါကင်အိတ်ကို

ခွဲပြီး ရေသန့်ဗူးလေးတွေကိုချပေးပါအုံး

ပြီးရင် မိုက်တွေကိုလည်းပိတ်ထားသလား

လိုက်စစ်ကြည့်ပေးအုံးနော်..."


ပရိုဂျက်တာစင်နေသော ၀န်ထမ်းကအကူအညီတောင်းလာ၍ အစည်းအဝေးအခန်း၏တံခါး၀နားတွင်ထောင်ထားသောရေသန့်ပါကင်ဆီသို့

အသွား အစည်းအဝေးတံခါးကြီးက ရုတ်တရက်

ပွင့်သွားပြီး လူတစ်ယောက်၀င်လာ၍

လန့်သွားမိသည်။


"မချစ်သဲ..."


ကံကောင်းချင်တော့ ၀င်လာသည့်သူမှာ

စီအီးအိုမဟုတ်ပဲအတွင်းရေးမှုးမချစ်သဲဖြစ်၍နေသည်။မချစ်သဲသည် စီအီးအိုထိုင်ရမည့်

ထိပ်ဆုံးနေရာသို့သွားကာ လက်ပ်တော့ကို

ခဏမျှနှိပ်လိုက်ပြီးနောက် အခန်းထဲသို့ဝေ့ဝဲ

ကြည့်လိုက်ပြီး ဝိုင်းလေးကိုလက်ညှိုးထိုး၍

လှမ်းခေါ်လာလေသည်။


"ညီမရေ..ခဏလာအုံး.."


"ဘာခိုင်းစရာရှိလို့လဲအစ်မ.."


"ဒီမှာပရိုဂျက်တာနဲ့တွဲပြီး လက်ပ်တော့ကိုဖွင့်လျှက်

ခဏထားခဲ့မလို့..နင်ခဏစောင့်ကြည့်ပေးထား

နိုင်မလား..သူဌေးလာတဲ့အချိန်အထိလေ

အခြားဘာလုပ်စရာရှိသေးလဲ..."


"ဟိုလေ..အဲ့ဒါက.."


ဝိုင်းလေးငြင်းမလို့လုပ်နေစဉ်မှာပဲ မချစ်သဲ၏

ဖုန်းကထမြည်လာ၍ ဝိုင်းလေးကိုသတိပေးသလိုနှင့် လက်ပ်တော့အားလက်ညှိုးထိုးပြလာပြီး

အစည်းအဝေးအခန်းထဲမှ ပြန်ထွက်သွားလေတော့သည်။

ဒီမှာကြာကြာနေရင်ဦးမင်းစက်နဲ့တိုးမှာစိုးလို့

မြန်မြန်ထွက်ချင်ပါတယ်ဆိုနေမှ အဲ့ဒီ့မချစ်သဲက

ဒုက္ခပေးသွားပြန်သည်။


*နေဦး..ဒီလက်ပ်တော့ကအစည်းအဝေးလုပ်ရင်

ဦးမင်းစက်သုံးမှာထင်တယ်..."


အကြံဉာဏ်လှလှလေးတစ်ခုက ခေါင်းထဲ၌

လင်းလက်သွား၍ လူယုတ်မာအပြုံးလေးကို

ပြုံးလိုက်မိသည်။

ပြီးနောက် လက်ပ်တော့နားသို့သွား၍

ကြည့်လိုက်တော့လက်ပ်တော့က

shutdownမချထားပဲ

ဖွင့်လျှက်သားထားကာ ပရိုဂျက်တာနှင့်

တွဲထားမှန်း သိလိုက်ရသည်။

ဘေးဘီသို့ကြည့်လိုက်ပြီးနောက် ဘယ်သူမှကိုယ့်ကို

သတိမထားနမှန်းသေချာတော့မှ

ပရိုဂျက်တာနှင့်တွဲထားတာကို ခဏဖြုတ်လိုက်ပြီး

ဘေးနားမှ ‌mouse(မောက်စ်)လေးကိုရွေ့လျားလိုက်မိလေသည်။


အားလုံးပြီးသွားသည့်အခါ ပရိုက်ဂျက်တာနှင့်

ပြန်တွဲလိုက်ပြီး လက်ပ်တော့screenမှောင်

သွားသည်အထိ စောင့်ကာMeeting roomအပြင်သို့

ထွက်လာခဲ့လိုက်သည်။

အစည်းအဝေးအခန်း၏ အပြင်ဘက်သို့

ရောက်သောအခါ မစ်ရှင်တစ်ခုအောင်မြင်သွားသလို ထခုန်မိမတတ်ကို၀မ်းသာ‌နေမိသည်။


"ကိုယ့်အပြစ်ကိုဖုံးကွယ်ပြီး ကျွန်မကိုချောက်တွန်း

ခဲ့တဲ့အတွက်..ဒါဟာရှင်ပြန်ခံရမဲ့အပြစ်ဒဏ်ပဲ

မချစ်သဲ..အချိန်သုံးလတိတိသူများအပြောအဆို

ခံပြီး ဖြတ်သန်းခဲ့ရတဲ့အလုပ်သမားဘ၀က

သိပ်ကိုလွယ်ကူနေခဲ့တာမဟုတ်ဘူး..*


အံကြိတ်၍ တစ်ယောက်တည်းရေရွတ်လိုက်ပြီး ကိုယ့်ဌာနဆီသို့သာ ပြန်လာခဲ့လိုက်သည်။


ခဏအကြာ၌ မင်းစက်အာဏာအပါအ၀င်

ရှယ်ရာရှင်များနှင့် ခေါင်းဆောင်ပိုင်းမှလူများသည်

အစည်းအဝေးခန်းထဲသို့ အသီးသီး၀င်၍

နေရာယူကုန်ကြလေသည်။


"ကဲ..လူစုံပြီဆိုတော့ အစည်းအဝေးစကြရအောင်.."


မင်းစက်အာဏာက စတင်၍စကားလမ်းကြောင်း

လိုက်သောအခါ အားလုံး၏အာရုံသည်

စားပွဲတန်းကြီး၏ထိပ်ဆုံးထိုင်ခုံတွင်သာ

စုဝေးသွားကြလေသည်။

မင်းစက်အာဏာကတော့ ခုံပေါ်တွင်လက်နှစ်ဖက်ကို ထောက်ကာမျက်နှာတည်မျက်နှာထားနှင့်ပင်

လေးလေးနက်နက် ဆွေးနွေးခန်းဖွင့်နေခဲ့သည်။


"အားလုံးသိတဲ့အတိုင်းပဲ ဘန်ကောက်က

ပရောဂျက်အသစ်မှာအွန်လိုင်းစနစ်ကို

အသုံးပြုသွားမယ်ဆိုတာ

ဒီအတွက် အားလုံးအဆင်သင့်ဖြစ်နေရအောင်

အွန်လိုင်းစနစ်ကို မြန်မာနိုင်ငံမှာစပြီးတော့

တွင်ကျယ်အောင်လုပ်ဖို့ စဉ်းစားထားပါတယ်..."


"ကောင်းတာပေါ့..ဒါဆိုဘန်ကောက်မှာစပြီး

အကောင်အထည်ဖော်တဲ့အခါ နည်းပညာ

ချို့ယွင်းချက်တွေနည်းသွားတာပေါ့.."


"ဟုတ်တယ်..အဓိကကတော့နည်းပညာနဲ့

ပတ်သတ်ပြီး နှောက်နှေးမှုတွေမဖြစ်ချင်လို့ပဲ

ဒီမှာကKGလုပ်ငန်းဟာ တွင်ကျယ်ပြီးသားမို့

အရည်အသွေးကိုပဲအဓိကထားရမှာဆိုတော့

ဈေးကွက်ဘက်ကနေ ထိုးဖောက်ဖို့

သိပ်ပူပန်စရာမလိုဘူး..အွန်လိုင်းစနစ်ကို

လူထုကြားမှာ တွင်ကျယ်အောင်

လုပ်ဖို့ကိစ္စကတော့ ပလန်ဆွဲပြီးပါပြီ

ဒါကပထမအချက်ပါ..ဒုတိယအချက်ကတော့

သု၀ဏ္ဏဘက်ကKGဈေး၀ယ်စင်တာကို

ထပ်ပြီးဆန်းသစ်ဖို့စဉ်းစားထားတဲ့ကိစ္စပါပဲ.."


"ဘယ်လိုမျိုးလဲမောင်မင်းစက်.."


"စင်တာနားမှာဟိုတယ်ကိုထပ်ပြီးဆောက်ဖို့ပါ

ဒါဆိုနိုင်ငံခြားခရီးသွားတွေအတွက်

ပိုပြီးအဆင်ပြေနိုင်သလို အခြားလာတည်းခိုတဲ့

လူတွေအတွက်လည်း ရှော့ပဲင်းထွက်တာရော

တည်းခိုတာရောပါ တစ်ချိန်တည်း၊တစ်နေရာတည်းမှာ လုပ်လို့ရသွားတာပေါ့..."


"နမူနာဒီဇိုင်းလေးအရင်ကြည့်လို့ရမလား.."


"အစောတည်းက ကျွန်တော်ပြင်ဆင်ထား

ပြီးသားပါ.."


စီအီးအိုမင်းစက်ဟာ အတွင်းရေးမှူး၏

လက်ပ်တော့သည် ပရိုဂျက်တာနှင့်တွဲထားပြီး

ပါဝါဖွင့်ထားမှန်းသိ၍မောက်စ်ကို

တစ်ချက်နှိပ်လိုက်သည့်အခါမှာတော့...


"ဟာ..."


"အဲ့ဒါမောင်မင်းစက်ရဲ့ပုံမဟုတ်လား.."


"ဟယ်တော့..."


အလုပ်သမားခေါင်းဆောင်တွေရော

ရှယ်ယာရှင်တွေပါ ပရိုဂျက်တာကိုကြည့်၍ မျက်လုံးပြူးကုန်ကြလေသည်။

ပြီးနောက် အားလုံး၏လှောင်ရယ်သလို

မျက်နှာများနှင့် တီးတိုးစကားပြောဆိုမှုများဟာ

စတင်ထွက်ပေါ်လာခဲ့လေသည်။

ပရိုဂျက်တာတွင် ပေါ်နေသောလက်ပ်တော့၏

နောက်ခံထားသည့်ပုံမှာ မင်းစက်အာဏာနှင့်

သူ့အတွင်းရေးမှူး၏ ပုံဖြစ်နေပြီးAIနှင့်

ပြုပြင်ထားသော မင်္ဂလာစုံတွဲပုံပင်ဖြစ်သည်။


မင်းစက်အာဏာကတော့ လက်ပ်တော့ကို

အားနဲ့ပိတ်ချလိုက်ပြီး အတွင်းရေးမှူးကိုသာ

မျက်ထောက်နီကြီးနှင့် ‌ဒေါသတကြီး

စိုက်ကြည့်နေခဲ့လေသည်။

အတွင်းရေးမှူးမချစ်သဲကတော့ တစ်ကိုယ်လုံးကြောက်စိတ်ကြောင့်ရော၊ရှက်စိတ်ကြောင့်ပါ

တုန်ယင်နေကာ မျက်ရည်များသာကျနေခဲ့သည်။

နဂိုကမှ စီအီးအို၏အမြင်ကြည်မှုပျောက်ဆုံးနေရာကနေ အခုတော့သူ့ဘေးနားကနေ

လူကိုယ်တိုင်ပျောက်သွားလိုက်စမ်းဟု

အမိန့်ပေးနေသည့်အကြည့်မျိုးအထိ

ပြောင်းသွားခဲ့လေပြီ။


🔥🔥🔥🔥🔥🔥🔥🔥


"သတင်းထူးဟေ့..သတင်းထူး.."


"ဟဲ့..ဘာသတင်းတွေထူးတာလဲ.."


နေ့လည်စာစားချိန်တွင် မအိတို့ကစတင်၍

သတင်းပေးသတင်းယူလုပ်လာခဲ့လေသည်။

အလုပ်ကန်တဲင်းသို့ သွားမည့်.ဌာနမှလူများသည်

သူ့သတင်းကို နားထောင်ဖို့စုပြုံနေကြလေတော့သည်။ဝိုင်းလေးနှင့်မယုမွန်လည်း

အနားသို့ ကပ်သွားလိုက်ကြသည်။


"နင်တို့သိလား..ဒီနေ့အစည်းအဝေးခန်းထဲမှာ

ထူးခြားတဲ့ကိစ္စရပ်ကြီးဖြစ်သွားခဲ့တယ်.."


"ဘာဖြစ်သွားတာလဲ..တို့သူဌေးကစိတ်ဆိုးပြီး

ခုံကိုထုလိုက်တာနှစ်ခြမ်းကွဲသွားလို့လား.."


"ဟာ..ဘာတွေလျှောက်ပြောနေတာလဲ..

အခုကအဲ့ထက်ထူးခြားတယ်..မချစ်သဲနဲ့

ဖြစ်တဲ့ကိစ္စ..."


"ဟယ်..သူဌေးကအစည်းအဝေးအခန်းထဲမှာ

မချစ်သဲကိုဘာလုပ်လိုက်လို့လဲ.."


"ပါးရိုက်လိုက်လို့လား.."


"ဟာ..နင်တို့ပြောနေတာတွေ တစ်ခုမှမဟုတ်ဘူး

ဒီလိုဟ..အစည်းအဝေးအခန်းထဲမှာ

ဒီနေ့တို့ရဲ့သူဌေးက

မချစ်သဲရဲ့လက်ပ်တော့ကိုယူသုံးတာတဲ့

အဲ့ဒါလက်ပ်တော့ကိုဖွင့်လိုက်တော့

ပေါ်လာတဲ့ Wallpaperပုံကြီးက

မင်္ဂလာစုံတွဲပုံကြီးဖြစ်နေတယ်.."


"ဟာ..နင်ကလည်းအဲ့ဒါများ

ဘာထူးဆန်းတာမှတ်လို့.."


"ဟဲ့..ဘာလို့မထူးဆန်းရမှာလဲ..အဲ့ဒီ့မင်္ဂလာစုံတွဲက

မချစ်သဲနဲ့သူဌေးမင်းစက်အာဏာရဲ့ပုံဖြစ်နေတာလေ..ပြီးတော့လက်ပ်တော့ကိုပရိုဂျက်တာနဲ့

တွဲထားတော့ မီတင်အခန်းထဲကလူ‌တွေ

အကုန်မြင်ကုန်တာပေါ့အဲ့ဒါကမထူးဆန်းလို့

ဘာကထူးဆန်းရမှာလဲ.."


"ဟယ်..မချစ်သဲနဲ့သူဌေးကဘယ်တုန်းကများ

ယူလိုက်ကြတာလဲ..ဟိုတလောကတို့သူဌေး

မင်္ဂလာဆောင်တဲ့သတင်းကို ကြားလိုက်ပါတယ်

အဲ့ဒါဆို သူ့သတို့သမီးကမချစ်သဲများလား.."


"မဟုတ်လောက်ပါဘူးဟယ်..အစည်းအဝေးတက်တဲ့ လူတွေပြောကြတာတော့AIနဲ့ဖန်တီးထားတာတဲ့

အတုကြီးတဲ့..သူဌေးကတော့အရမ်းဒေါသထွက်သွားတယ်တဲ့..လက်ပ်တော့ကြီးကိုတောင်

လွှင့်ပစ်လိုက်တယ်လို့ပြောကြတာပဲ.."


"အမယ်လေး..မချစ်သဲရဲ့ဘ၀ကတော့

မတွေးရဲစရာပဲ..ရာဇ၀တ်အိုးကိုမှ

တုတ်နဲ့သွားထိုးရတယ်လို့.."


"အဲ့မိန်းမကလည်းအရှက်မရှိတာပါဟယ်

မိန်းကလေးဖြစ်ပြီး အဲ့လိုလုပ်စရာလား.."


"နင်ကလည်း ကိုယ့်အိုင်ဒေါပုံတွေဆို

အဲ့လိုပဲလုပ်ပြီးရူးကြတာထုံးစံပဲကို.."


"ဟဲ့..အဲ့ဒါကကိုယ့်အဝေးကလေ..အခုက

တစ်ရုံးထဲမှာအလုပ်အတူတူလုပ်နေတဲ့

ကိုယ့်သူဌေးလေ..ဟိုကသူ့ကိုကြိုက်နေရင်လည်းတစ်မျိုး..အတွင်းရေးမှူးဖြစ်ပြီး..

ကိုယ့်အထက်လူကြီးအကြောင်း မသိတာလည်းမဟုတ်ဘူး.. 

Wallpaperထားတာကြီးကလွန်တာပေါ့လို့.."


"မချစ်သဲက..ဒီကရှယ်ယာရှင်ရဲ့သမီးလေ..

ဒါကြောင့်လုပ်ရဲတာပေါ့..အစက..

သူတို့နှစ်ယောက်ကိုညားမယ်လို့တောင်

ထင်လိုက်တာ.."


"ငါရောပဲလေ..မချစ်သဲကအခြားမိန်းကလေး

၀န်ထမ်းတွေကိုတောင် သူဌေးရဲ့ရုံးခန်းထဲကို

မ၀င်ခိုင်းတော့..သူတို့နှစ်ယောက်ကဘာလိုလို

ထင်လိုက်မိသေးတာ.."


"လုပ်ဇာတ်ကြီးလေ..လင်ဒရူးနည်းတစ်မျိုး..

အခုတော့ မျက်‌စိနောက်သက်သာတော့မယ်.."


စီအီးအိုမင်းစက်အာဏာနှင့်သူ့အတွင်းရေးမှူး

ဇာတ်လမ်းသည် ထိုနေ့ကတစ်ရုံးလုံး၏

အထူးသတင်းဖြစ်သွားခဲ့တယ်။

အလုပ်ကန်တဲင်းထဲကိုရောက်တော့လည်း

အကုန်လုံးက ဒီသတင်းကိုသာပြောကြ၍

နားတွေကိုညီးနေတာပါပဲ။


ထိုအတင်းအဖျင်းကို မပြောတာဆိုလို့

ဝိုင်းလေးတစ်ယောက်သာ ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ဝိုင်းလေးဟာ

ထိုပြဿနာကို မီမွှေးခဲ့သူဖြစ်နေသောကြောင့်ပါပဲ။

တကယ်တော့ မင်္ဂလာ၀တ်စုံကိုသာ

Wallpaperအဖြစ်ထားခဲ့ခြင်းဟာ မချစ်သဲကို

သက်ညှာပေးခဲ့တာပါ။


သူ့လက်ပ်တော့ထဲမှာAIနှင့် မင်းစက်အာဏာရဲ့

မျက်နှာပုံကိုယူပြီး နှစ်ယောက်သားယှဉ်ရပ်နေရုံမဟုတ်သော ပုံတွေပါရှိလေသည်။

အခြားသူရဲ့ ကာမပိုင်ယောက်ျားမှန်းသိလျှက်နဲ့

ပစ်မှားနေတဲ့မိန်းမကို လူပုံအလည်မှာအရှက်ခွဲလိုက်ခြင်းက သူ့တစ်ယောက်တည်းကိုရည်ရွယ်တာမဟုတ်ပဲ မင်းစက်ဆိုတဲ့လူကိုပါ

မချစ်သဲဟာ ဘယ်လိုလူမှန်းသိစေချင်၍

ဖြစ်သည်။


..ဒီကိစ္စကို မင်းစက်အာဏာဘယ်လိုဆုံးဖြတ်မလဲသိပ်သိချင်မိတယ်..


🔥🔥🔥🔥🔥🔥🔥


"ကျွန်မတောင်းပန်ပါတယ်..

နောက်ဒီလိုမဖြစ်စေရပါဘူး.."


"ဦးလည်းတောင်းပန်ပါတယ်ကွာ..သမီးက

အသက်ကသာကြီးပေမဲ့ ကလေးစိတ်က

မကုန်‌သေးတော့

သူလုပ်ချင်ရာ‌တွေ လျှောက်လုပ်ထားတာပါ

ဦး‌လည်းတော်တော်လေး..အရှက်ရမိပါတယ်ကွာ

မျက်နှာတွေလည်းပူပါတယ်.."


ရုံးခန်းထဲတွင်တော့ဦးချစ်‌မောင်သည်လည်း

မျက်နှာပူစွာ သမီးလုပ်သူ၏အမှားအတွက်တောင်းပန်နေခဲ့သလို ချစ်သဲသည်လည်း

ဒူးထောက်ကာဖြင့် ငိုယို၍တောင်းပန်လို့

မဆုံးတော့ပေ။


မင်းစက်အာဏာကတော့ မေးကြောတွေထောင်တက်နေသည်အထိ ဒေါသထွက်နေကာမျက်နှာကို

တစ်ဖက်သို့လွှဲထားလိုက်လေသည်။

ဘယ်အရာကိုမှ အတိမ်းအစောင်းမခံတတ်သူဖြစ်၍

အလုပ်လုပ်နေသည့်အချိန်မှာ အာရုံနောက်စရာ

ပေါ်လာရင် သိပ်စိတ်ပျက်တာပဲ။


ဒီနေ့အစည်းအဝေးအတွက် မနေ့ညကတစ်ညလုံးနီးပါး မနားပဲရေးခဲ့ရတဲ့ပရောဂျက်ကိစ္စကို

ဆွေးနွေးမလို့ အားခဲထားတာကနေ

အခုတော့ အစည်းအဝေးအခန်းထဲမှာ

လှောင်ရယ်စရာဖြစ်ခဲ့ရတယ်။

တွေးမိတိုင်း ဒေါသထွက်ရလွန်းလို့ အဲ့မိန်းမရဲ့

မျက်နှာကို ကြည့်ကိုမကြည့်ချင်ဘူး။


ပိုပြီးဒေါသထွက်မိတာက ဦးချစ်မောင်ကိုပဲ

သူ့သမီးရဲ့အရည်အချင်းက စုတ်ပြတ်နေတာကို

မမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်အနားကို

လာချထားခဲ့တယ်။

ပြန်တွေးမိတိုင်း နှစ်ယောက်လုံးကိုရော

ကိုယ့်ကိုကိုယ်ပါ မကျေမနပ်ဖြစ်လာလေပဲ။

သက်ပြင်းချလိုက်မိရင်းနှင့် ညကပင်ပန်းထား၍

ကိုက်ခဲနေသော မျက်ရိုးတွေကိုဖိထားလိုက်မိလေသည်။


"သွားကြတော့ဗျာ..ကျွန်တော်တစ်ခုခုမလုပ်မိခင်

ခင်ဗျားသမီးကိုပါခေါ်သွားတော့..နောက်နောင်

သူ့ကို ဒီကုမ္ပဏီထဲကိုတောင် ပေးမ၀င်နဲ့.."


"အဲ့လိုတော့မလုပ်လိုက်ပါနဲ့ကိုစက်ရယ်..

ချစ်သဲတောင်းပန်ပါတယ်..ကိုစက်ရဲ့ဘေးမှာပဲ

နေပါရစေနော်..နောက်ထပ်ပြဿနာမဖြစ်စေရတော့ပါဘူး.."


"သမီး..နင်ဘယ်လိုဖြစ်နေတာလဲ..စိတ်ချပါ

မောင်မင်းစက်..ဦးရဲ့သမီးကိုဒီကုမ္ပဏီမှာ

ထပ်မမြင်စေရတော့ပါဘူး.."


ဦးချစ်မောင်သည်လည်း သမီးဖြစ်သူကို

အတင်းဆွဲလွဲပြီး ခေါ်သွားခဲ့လေတော့သည်။

မင်းစက်ကတော့ ကုမ္ပဏီမှာနေရင်

ခေါင်းပိုကိုက်လာသောကြောင့် ကုတ်အိင်္ကျီကို

ယူ၀တ်ကာ ရုံးခန်းထဲမှထွက်လာခဲ့လိုက်သည်။

‌မှာချင်တာတွေအကုန်လုံး ကောင်းသန့်ကို

မှာခဲ့လိုက်ပြီး ဓာတ်လှေကားစီးဖို့အသွားမှာတော့

ဖုန်းကထမြည်လာလေသည်။

ဖုန်းကိုထုတ်ကြည့်လိုက်မိ‌တော့ ခေါ်ဆိုသူမှာ

အဖွားဒေါ်နုယဉ်ဖြစ်နေ၍ ချက်ချင်းကိုင်လိုက်မိသည်။


"ဟယ်လို...အဖွား..နေကောင်းလား.."


"ဘာအခုမှနေကောင်းလားမေးနေတာလဲ

ငါဖုန်းဆက်တော့မှမေးရမှန်းသတိရတာ

မဟုတ်လား.."


"မဟုတ်ပါဘူး..ကျွန်တော်အလုပ်မအားလို့ပါ.."


"အမယ်လေး..ဆင်ခြေတွေပါဟယ်..

အားအောင်လုပ်ရင်အားပါတယ်..

မင်းကချီးမပါ၊သေးမပေါက်နိုင်လောက်အောင်

အလုပ်ရှုပ်နေလို့လား..

ဖုန်းလေးဆက်ပြီးသတင်းမေးတာများ

အိမ်သာတက်နေရင်းနဲ့တောင်ရတယ်.."


"ဟာ..အဖွားကလည်း.."


ဖွားဖွားနုတို့က စကားကိုအဲ့လိုကပ်ဖဲ့ပြီး

ပြောတတ်သူများဖြစ်လေသည်။

သူလည်းဘယ်လို ပြန်ဖြေရှင်းရမလဲမသိတာနှင့်

မိတ္တူစက်တွေထားသော ဘက်သို့လျှောက်လာလိုက်ကာ ပြူတင်းပေါက်ဘေးတွင်ရပ်နေလိုက်မိသည်။


"အခုအဖွားကျွန်တော့်ကိုဖုန်းဆက်တာက

ဘာမေးချင်လို့လဲ..."


"အေး..ငါမေးစေချင်တာကအဲ့ဒီ့မေးခွန်းပဲ

နင်နဲ့နင်ရဲ့အတွင်းရေးမှူးနဲ့ကဘာတွေလဲ.."


"ဟာ..မန်နေဂျာကအဖွားကိုချွန်လိုက်ပြန်ပြီလား.."


"ဟဲ့သူများကိုဘာမှသွားမပြောနဲ့

ဟုတ်‌ရင်ကျော်မယ်ပုပ်ရင်ပေါ်မှာပဲလေ..

ဓာတ်ပုံကိစ္စကဘာတွေလဲ..ငါ့မြေးလေးကို

သစ္စာဖောက်ဖို့တော့မကြံနဲ့နော်.."


"ဘာတွေပြောနေတာလဲအဖွားရယ်..

အကြောင်းအရင်းအမှန်ကိုမသိပဲ

ဇွတ်ပြောနေတော့တာပဲ..

သူနဲ့သားကဘာမှမပတ်သတ်ဘူး..

အဲ့ဒီ့ဓာတ်ပုံကလည်း လုပ်ကြံဖန်တီးထားတာကြီးပါ

အတွင်းရေးမှူးကိုလည်းအလုပ်ထုတ်ပြစ်လိုက်ပြီ

အစကသူ့အဖေအကူအညီတောင်းလို့

အတွင်းရေးမှူးလုပ်ဖို့ခန့်ထားတာ..

အခုတော့အပြတ်ပြောလိုက်ပြီ.."


"တကယ်နော်..အဖွားကြီးဆိုပြီးလာမညာနဲ့.."


"တကယ်ပြောတာပါအဖွားရယ်..."


အဖွားကိုရှင်းပြနေရင်းနှင့်အနောက်ဘက်သို့

လှည့်ကြည့်လိုက်မိတော့ အခန်းတစ်ခုထဲသို့

၀င်သွားသော အရိပ်တစ်ခုကိုတွေ့လိုက်ရလေသည်။


"အဖွား..ဒါပဲနော်..ကျွန်တော်လုပ်စရာလေးရှိလို့.."


ဖုန်းကိုချပြစ်လိုက်ပြီး ခုဏကအရိပ်ကို

မြင်လိုက်ရသည့် အခန်းအရှေ့မှာရပ်လိုက်မိလေသည်။

ဒီအခန်းဟာ စတိုလ်ခန်းဖြစ်ပြီး နှစ်အလိုက်

စာရင်းတွေကို ထားသောအခန်းဖြစ်လေသည်။မဟုတ်မှ သူခိုးများလား။

ဒါလည်းမဖြစ်နိုင်ပါဘူး။ဒီကုမ္ပဏီထဲကို အလုပ်သမားကလွဲပြီး ခွင့်ပြုချက်မရှိပဲ

ဘယ်သူမှ၀င်လို့မရပေ။ဒါဆိုအလုပ်သမားတစ်ယောက်ယောက်များလား။

ဘာကြောင့် သူတစ်ယောက်လုံးရပ်နေတာကို

နှုတ်မဆက်ပဲ ၀င်ပုန်းနေရတာလဲ။


"အထဲမှာလူရှိလား.."


အခန်းထဲမှအသံမကြားရ၍ အထဲသို့၀င်ကြည့်လိုက်မိတော့ ဘယ်သူမှရှိမနေပေ။

တံခါးကြားတွေကို သေချာကြည့်တော့လည်း

ရှိမနေ၍ သူလည်းပြန်ထွက်လာခဲ့လိုက်သည်။


မေဝိုင်းလေးကတော့ စတိုလ်ခန်း၏အတွင်းဘက်ရှိ

ပုံးကြီးထဲတွင် ၀င်ပုန်းနေမိရာမှမင်းစက်အာဏာ၏

အသံကို နားစွင့်နေမိလေသည်။

ဘာအသံမှမကြားရတော့မှသာ ‌ပုံးထဲမှထရပ်၍

ကြည့်လိုက်ပြီး ကိုယ့်ရင်ဘတ်ကိုယ် ဖိလိုက်မိသည်။

ဝိုင်းလေးတို့အထပ်ရှိ မိတ္တူစက်ပျက်နေလို့

ပြင်တဲ့လူကိုမစောင့်ချင်တာနဲ့ စတိုလ်ခန်းဘက်က

မိတ္တူစက်နဲ့လာသုံးမိတာ မထင်မှတ်ပဲ

လူမိတော့မလို့။

ဒီဘက်မှာက သူဌေးရုံးခန်းရှိပေမဲ့ စတိုလ်ခန်းနဲ့တော့ နည်းနည်းလှမ်းပါတယ်။

ဒါတောင် ရောက်ဖြစ်အောင်ရောက်ချလာတယ်။


"တော်ပါသေးရဲ့မမိလို့..."


ဘာအသံမှမကြားရတော့မှသာ ခန္ဓာကိုယ်မှ

ဖုန်တွေကိုခါလိုက်ပြီး အခန်းအပြင်သို့

ထွက်လာခဲ့လိုက်သည်။


"အမယ်လေး!!!!!"


တံခါး၀သို့ ရောက်ရောက်ချင်းမှာ

လက်မောင်းကနေ လှမ်းအဆွဲခံလိုက်ရ၍

တစ်ပတ်လည်သွားသောဝိုင်းလေးသည်

နံရံနှင့်ကျောဆောင့်မိသွား၍ အောင့်တက်သွား‌ရသည်။လက်ကိုရုန်းလိုက်သည့်အခါ နံရံမှာဖိကပ်ခံလိုက်ရ၍ အပေါ်ကိုမော့ကြည့်လိုက်တော့။


သူ..မင်းစက်အာဏာ..


...အခန်း(၁၅)ဆက်ရန်

စာရေးသူ..ဆောင်းငွေ့ဝေ


❤️❤️❤️❤️❤️❤️


လည်လွန်းလို့တပတ်ပြည့်သွားတဲ့မမကြီးတော့

အဖမ်းခံလိုက်ရပါပြီ


ဖတ်‌ရှုပေးသူတစ်ဦးတစ်ယောက်ချင်းစီကို

အထူးကျေးဇူးတင်ရှိပါတယ်


=========================================================================


အခန္း(၁၄)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ဝိုင္းေလးရဲ့စိတ္ေတြအနည္းငယ္လႈပ္ရွားေနမိသည္။အစည္းအေဝးက်င္းပမၫ့္အခ်ိန္

မေရာက္ေသးေပမဲ့ မင္းစက္အာဏာ

ေရာက္ခ်လာၿပီး ဝိုင္းေလးကိုေတြ့သြားမွာကို

အရမ္းစိုးရိမ္ေနမိတယ္။


ဌာနေခါင္းေဆာင္ကလည္း မီတင္တက္ရမည္ျဖစ္၍

မိတၲူကူးထားသၫ့္စာရင္းစာရြက္ေတြကို

အရင္လာထားခိုင္းလိုက္ျခင္းျဖစ္သည္။

ဝိုင္းေလးလည္း စာရြက္စာတန္းေတြကို

ခံုေနရာအသီးသီးမွာ တင္ထားလိုက္ၿပီး

ခံုတန္းအရွည္ႀကီး၏ ထိပ္ဆံုးတြင္ရိွေသာ

ေနရာလြတ္တစ္ခုကို ၾကၫ့္လိုက္မိသည္။


ဒီကုမၸဏီကို ေရာက္ခါစတုန္းကဆိုရင္ အလုပ္သင္ကေန တရား၀င္၀န္ထမ္းျဖစ္ဖို႔ႀကိဳးစားလိုက္ရတာ။

မ်က္ႏွာကို မိတၲူစာရြက္ေတြနဲ႔ ျပစ္အေပါက္ခံရတဲ့အခ်ိန္ေတြလည္း ရိွခဲ့တယ္။

သည္းမခံႏိုင္ေတာ့လို႔ ငိုခဲ့ရတဲ့အခ်ိန္ေတြ၊

သူမ်ားေျပာသမ်ွကို ပိုက္ဆံေလးသံုး၊ေလးသိန္း

ရဖို႔အတြက္ ေခါင္းငံု႔ၿပီးညိမ္ခံခဲ့ရတာေတြဟာ

မေန့တစ္ေန့ကလိုပါပဲ။


ဘယ္သူကထင္မွာလဲ။ ဒီအထပ္ေပါင္းမ်ားစြာ

ျမင့္တဲ့ ကုမၸဏီႀကီးထဲကဌာနေပါင္းမ်ားစြာရဲ့

၀န္ထမ္းေပါင္းမ်ားစြာထဲမွ ေမဝိုင္းေလးဆိုတဲ့

သူဟာ ဒီခံုတန္းအရွည္ႀကီးရဲ့ ထိပ္ဆံုးထိုင္ခံုမွာ

ထိုင္ရမဲ့ စီအီးအိုရဲ့ဇနီးျဖစ္လာလိမ့္မယ္လို႔ေလ။

ဘယ္သူမွ စိတ္ကူးေတာင္မယဉ္ၾကမဲ့

အျဖစ္အပ်က္မ်ိဳးဟာ တကယ္ျဖစ္လာခဲ့တာပဲ။

ဒါေပမဲ့ သူ႔ဘ၀ထဲမွာဝိုင္းေလးရဲ့ျဖစ္တည္မႈဟာ

အရမ္းကိုေသးငယ္လြန္းတယ္။


မဂၤလာပဲြကိုခမ္းခမ္းနားနားမလုပ္လိုက္မိတဲ့

အခ်က္က ဝိုင္းေလးဟာသူ႔ရဲ့တိတ္တိတ္ပုန္း

ယူထားတဲ့ မယားတစ္ေယာက္လိုျဖစ္ေနခဲ့တယ္။

သူ႔ကုမၸဏီတစ္ခုလံုးက လူေတာ္ေတာ္မ်ားမ်ားဟာ

သူ႔ဇနီးဘယ္သူမွန္းလည္း မသိၾကသလို၊

အခ်ိဳ႕ဆိုသူအိမ္ေထာင္ျပဳျပီးတာေတာင္ 

မသိၾကေသးေပ။

လက္ထက္ၿပီးတာ ႏွစ္လေက်ာ္သြားၿပီ

ဆိုေပမဲ့ စာခ်ဳပ္မွာလက္မွတ္ထိုးထားတဲ့

ဆက္ႏြယ္မႈကလဲြလို႔ သူစိမ္းဆန္ေနတုန္းပါပဲ။


သူ႔ကိုမခ်စ္၊မႏွစ္သက္ေပမဲ့လို႔ တျဖည္းျဖည္း

ရင္းႏွီးမႈယူကာ တစ္ေယာက္နဲ႔တစ္ေယာက္

နားလည္မႈယူမည္ဟု အစကေတြးလိုက္မိေသးတယ္။ဒါေပမဲ့ သူ႔အတြက္ေတာ့ဒီလက္ထက္ပဲြဟာ

အေပးအယူတစ္ခုသာသာျဖစ္ေနၿပီး

ဝိုင္းေလးကိုေတာ့ သူ႔ဆီကေနအျမတ္ထုတ္ခ်င္လို႔

ခ်ည္းကပ္သူတစ္ေယာက္လို႔ပဲ အၿမဲအထင္ေသး

ေနခဲ့တယ္။


ကိုယ့္ရဲ့အိမ္ေထာင္ဖက္က ကိုယ့္ကို

အထင္ေသးေနမွေတာ့ တန္းဖိုးထားဖို႔ဆိုတာဟာ

ပိုေဝးသြားၿပီေပါ့။ဒီေတာ့ ကိုယ့္ကိုတန္ဖိုးမထားတဲ့

ေယာက္်ားတစ္ေယာက္အနားမွာ

ဆက္ေနခ်င္မိရင္ေတာ့ တကယ္ကိုရူးသြပ္သြားလို႔ပဲ။


"ဟိုေကာင္မေလး..ဟိုေထာင့္နားကပါကင္အိတ္ကို

ခဲြၿပီး ေရသန႔္ဗူးေလးေတြကိုခ်ေပးပါအံုး

ၿပီးရင္ မိုက္ေတြကိုလည္းပိတ္ထားသလား

လိုက္စစ္ၾကၫ့္ေပးအံုးေနာ္..."


ပရိုဂ်က္တာစင္ေနေသာ ၀န္ထမ္းကအကူအညီေတာင္းလာ၍ အစည္းအေဝးအခန္း၏တံခါး၀နားတြင္ေထာင္ထားေသာေရသန႔္ပါကင္ဆီသို႔

အသြား အစည္းအေဝးတံခါးႀကီးက ရုတ္တရက္

ပြင့္သြားၿပီး လူတစ္ေယာက္၀င္လာ၍

လန႔္သြားမိသည္။


"မခ်စ္သဲ..."


ကံေကာင္းခ်င္ေတာ့ ၀င္လာသၫ့္သူမွာ

စီအီးအိုမဟုတ္ပဲအတြင္းေရးမႈးမခ်စ္သဲျဖစ္၍ေနသည္။မခ်စ္သဲသည္ စီအီးအိုထိုင္ရမၫ့္

ထိပ္ဆံုးေနရာသို႔သြားကာ လက္ပ္ေတာ့ကို

ခဏမ်ွႏိွပ္လိုက္ၿပီးေနာက္ အခန္းထဲသို႔ေဝ့ဝဲ

ၾကၫ့္လိုက္ၿပီး ဝိုင္းေလးကိုလက္ၫွိုးထိုး၍

လွမ္းေခၚလာေလသည္။


"ညီမေရ..ခဏလာအံုး.."


"ဘာခိုင္းစရာရိွလို႔လဲအစ္မ.."


"ဒီမွာပရိုဂ်က္တာနဲ႔တဲြၿပီး လက္ပ္ေတာ့ကိုဖြင့္လ်ွက္

ခဏထားခဲ့မလို႔..နင္ခဏေစာင့္ၾကၫ့္ေပးထား

ႏိုင္မလား..သူေဌးလာတဲ့အခ်ိန္အထိေလ

အျခားဘာလုပ္စရာရိွေသးလဲ..."


"ဟိုေလ..အဲ့ဒါက.."


ဝိုင္းေလးျငင္းမလို႔လုပ္ေနစဉ္မွာပဲ မခ်စ္သဲ၏

ဖုန္းကထျမည္လာ၍ ဝိုင္းေလးကိုသတိေပးသလိုႏွင့္ လက္ပ္ေတာ့အားလက္ၫွိုးထိုးျပလာၿပီး

အစည္းအေဝးအခန္းထဲမွ ျပန္ထြက္သြားေလေတာ့သည္။

ဒီမွာၾကာၾကာေနရင္ၪီးမင္းစက္နဲ႔တိုးမွာစိုးလို႔

ျမန္ျမန္ထြက္ခ်င္ပါတယ္ဆိုေနမွ အဲ့ဒီ့မခ်စ္သဲက

ဒုကၡေပးသြားျပန္သည္။


*ေနဦး..ဒီလက္ပ္ေတာ့ကအစည္းအေဝးလုပ္ရင္

ဦးမင္းစက္သံုးမွာထင္တယ္..."


အႀကံဉာဏ္လွလွေလးတစ္ခုက ေခါင္းထဲ၌

လင္းလက္သြား၍ လူယုတ္မာအႃပံုးေလးကို

ႃပံုးလိုက္မိသည္။

ၿပီးေနာက္ လက္ပ္ေတာ့နားသို႔သြား၍

ၾကၫ့္လိုက္ေတာ့လက္ပ္ေတာ့က

shutdownမခ်ထားပဲ

ဖြင့္လ်ွက္သားထားကာ ပရိုဂ်က္တာႏွင့္

တဲြထားမွန္း သိလိုက္ရသည္။

ေဘးဘီသို႔ၾကၫ့္လိုက္ၿပီးေနာက္ ဘယ္သူမွကိုယ့္ကို

သတိမထားနမွန္းေသခ်ာေတာ့မွ

ပရိုဂ်က္တာႏွင့္တဲြထားတာကို ခဏျဖဳတ္လိုက္ၿပီး

ေဘးနားမွ ‌mouse(ေမာက္စ္)ေလးကိုေရြ့လ်ားလိုက္မိေလသည္။


အားလံုးၿပီးသြားသၫ့္အခါ ပရိုက္ဂ်က္တာႏွင့္

ျပန္တဲြလိုက္ၿပီး လက္ပ္ေတာ့screenေမွာင္

သြားသည္အထိ ေစာင့္ကာMeeting roomအျပင္သို႔

ထြက္လာခဲ့လိုက္သည္။

အစည္းအေဝးအခန္း၏ အျပင္ဘက္သို႔

ေရာက္ေသာအခါ မစ္ရွင္တစ္ခုေအာင္ျမင္သြားသလို ထခုန္မိမတတ္ကို၀မ္းသာ‌ေနမိသည္။


"ကိုယ့္အျပစ္ကိုဖံုးကြယ္ၿပီး ကၽြန္မကိုေခ်ာက္တြန္း

ခဲ့တဲ့အတြက္..ဒါဟာရွင္ျပန္ခံရမဲ့အျပစ္ဒဏ္ပဲ

မခ်စ္သဲ..အခ်ိန္သံုးလတိတိသူမ်ားအေျပာအဆို

ခံၿပီး ျဖတ္သန္းခဲ့ရတဲ့အလုပ္သမားဘ၀က

သိပ္ကိုလြယ္ကူေနခဲ့တာမဟုတ္ဘူး..*


အံႀကိတ္၍ တစ္ေယာက္တည္းေရရြတ္လိုက္ၿပီး ကိုယ့္ဌာနဆီသို႔သာ ျပန္လာခဲ့လိုက္သည္။


ခဏအၾကာ၌ မင္းစက္အာဏာအပါအ၀င္

ရွယ္ရာရွင္မ်ားႏွင့္ ေခါင္းေဆာင္ပိုင္းမွလူမ်ားသည္

အစည္းအေဝးခန္းထဲသို႔ အသီးသီး၀င္၍

ေနရာယူကုန္ၾကေလသည္။


"ကဲ..လူစံုၿပီဆိုေတာ့ အစည္းအေဝးစၾကရေအာင္.."


မင္းစက္အာဏာက စတင္၍စကားလမ္းေၾကာင္း

လိုက္ေသာအခါ အားလံုး၏အာရံုသည္

စားပဲြတန္းႀကီး၏ထိပ္ဆံုးထိုင္ခံုတြင္သာ

စုေဝးသြားၾကေလသည္။

မင္းစက္အာဏာကေတာ့ ခံုေပၚတြင္လက္ႏွစ္ဖက္ကို ေထာက္ကာမ်က္ႏွာတည္မ်က္ႏွာထားႏွင့္ပင္

ေလးေလးနက္နက္ ေဆြးေနြးခန္းဖြင့္ေနခဲ့သည္။


"အားလံုးသိတဲ့အတိုင္းပဲ ဘန္ေကာက္က

ပေရာဂ်က္အသစ္မွာအြန္လိုင္းစနစ္ကို

အသံုးျပဳသြားမယ္ဆိုတာ

ဒီအတြက္ အားလံုးအဆင္သင့္ျဖစ္ေနရေအာင္

အြန္လိုင္းစနစ္ကို ျမန္မာႏိုင္ငံမွာစၿပီးေတာ့

တြင္က်ယ္ေအာင္လုပ္ဖို႔ စဉ္းစားထားပါတယ္..."


"ေကာင္းတာေပါ့..ဒါဆိုဘန္ေကာက္မွာစၿပီး

အေကာင္အထည္ေဖာ္တဲ့အခါ နည္းပညာ

ခ်ိဳ႕ယြင္းခ်က္ေတြနည္းသြားတာေပါ့.."


"ဟုတ္တယ္..အဓိကကေတာ့နည္းပညာနဲ႔

ပတ္သတ္ၿပီး ေနွာက္ေနွးမႈေတြမျဖစ္ခ်င္လို႔ပဲ

ဒီမွာကKGလုပ္ငန္းဟာ တြင္က်ယ္ၿပီးသားမို႔

အရည္အေသြးကိုပဲအဓိကထားရမွာဆိုေတာ့

ေဈးကြက္ဘက္ကေန ထိုးေဖာက္ဖို႔

သိပ္ပူပန္စရာမလိုဘူး..အြန္လိုင္းစနစ္ကို

လူထုၾကားမွာ တြင္က်ယ္ေအာင္

လုပ္ဖို႔ကိစၥကေတာ့ ပလန္ဆဲြၿပီးပါၿပီ

ဒါကပထမအခ်က္ပါ..ဒုတိယအခ်က္ကေတာ့

သု၀ဏၰဘက္ကKGေဈး၀ယ္စင္တာကို

ထပ္ၿပီးဆန္းသစ္ဖို႔စဉ္းစားထားတဲ့ကိစၥပါပဲ.."


"ဘယ္လိုမ်ိဳးလဲေမာင္မင္းစက္.."


"စင္တာနားမွာဟိုတယ္ကိုထပ္ၿပီးေဆာက္ဖို႔ပါ

ဒါဆိုႏိုင္ငံျခားခရီးသြားေတြအတြက္

ပိုၿပီးအဆင္ေျပႏိုင္သလို အျခားလာတည္းခိုတဲ့

လူေတြအတြက္လည္း ေရွာ့ပဲင္းထြက္တာေရာ

တည္းခိုတာေရာပါ တစ္ခ်ိန္တည္း၊တစ္ေနရာတည္းမွာ လုပ္လို႔ရသြားတာေပါ့..."


"နမူနာဒီဇိုင္းေလးအရင္ၾကၫ့္လို႔ရမလား.."


"အေစာတည္းက ကၽြန္ေတာ္ျပင္ဆင္ထား

ၿပီးသားပါ.."


စီအီးအိုမင္းစက္ဟာ အတြင္းေရးမွဴး၏

လက္ပ္ေတာ့သည္ ပရိုဂ်က္တာႏွင့္တဲြထားၿပီး

ပါဝါဖြင့္ထားမွန္းသိ၍ေမာက္စ္ကို

တစ္ခ်က္ႏိွပ္လိုက္သၫ့္အခါမွာေတာ့...


"ဟာ..."


"အဲ့ဒါေမာင္မင္းစက္ရဲ့ပံုမဟုတ္လား.."


"ဟယ္ေတာ့..."


အလုပ္သမားေခါင္းေဆာင္ေတြေရာ

ရွယ္ယာရွင္ေတြပါ ပရိုဂ်က္တာကိုၾကၫ့္၍ မ်က္လံုးျပဴးကုန္ၾကေလသည္။

ၿပီးေနာက္ အားလံုး၏ေလွာင္ရယ္သလို

မ်က္ႏွာမ်ားႏွင့္ တီးတိုးစကားေျပာဆိုမႈမ်ားဟာ

စတင္ထြက္ေပၚလာခဲ့ေလသည္။

ပရိုဂ်က္တာတြင္ ေပၚေနေသာလက္ပ္ေတာ့၏

ေနာက္ခံထားသၫ့္ပံုမွာ မင္းစက္အာဏာႏွင့္

သူ႔အတြင္းေရးမွဴး၏ ပံုျဖစ္ေနၿပီးAIႏွင့္

ျပဳျပင္ထားေသာ မဂၤလာစံုတဲြပံုပင္ျဖစ္သည္။


မင္းစက္အာဏာကေတာ့ လက္ပ္ေတာ့ကို

အားနဲ႔ပိတ္ခ်လိုက္ၿပီး အတြင္းေရးမွဴးကိုသာ

မ်က္ေထာက္နီႀကီးႏွင့္ ‌ေဒါသတႀကီး

စိုက္ၾကၫ့္ေနခဲ့ေလသည္။

အတြင္းေရးမွဴးမခ်စ္သဲကေတာ့ တစ္ကိုယ္လံုးေၾကာက္စိတ္ေၾကာင့္ေရာ၊ရွက္စိတ္ေၾကာင့္ပါ

တုန္ယင္ေနကာ မ်က္ရည္မ်ားသာက်ေနခဲ့သည္။

နဂိုကမွ စီအီးအို၏အျမင္ၾကည္မႈေပ်ာက္ဆံုးေနရာကေန အခုေတာ့သူ႔ေဘးနားကေန

လူကိုယ္တိုင္ေပ်ာက္သြားလိုက္စမ္းဟု

အမိန႔္ေပးေနသၫ့္အၾကၫ့္မ်ိဳးအထိ

ေျပာင္းသြားခဲ့ေလၿပီ။


🔥🔥🔥🔥🔥🔥🔥🔥


"သတင္းထူးေဟ့..သတင္းထူး.."


"ဟဲ့..ဘာသတင္းေတြထူးတာလဲ.."


ေန့လည္စာစားခ်ိန္တြင္ မအိတို႔ကစတင္၍

သတင္းေပးသတင္းယူလုပ္လာခဲ့ေလသည္။

အလုပ္ကန္တဲင္းသို႔ သြားမၫ့္.ဌာနမွလူမ်ားသည္

သူ႔သတင္းကို နားေထာင္ဖို႔စုႃပံုေနၾကေလေတာ့သည္။ဝိုင္းေလးႏွင့္မယုမြန္လည္း

အနားသို႔ ကပ္သြားလိုက္ၾကသည္။


"နင္တို႔သိလား..ဒီေန့အစည္းအေဝးခန္းထဲမွာ

ထူးျခားတဲ့ကိစၥရပ္ႀကီးျဖစ္သြားခဲ့တယ္.."


"ဘာျဖစ္သြားတာလဲ..တို႔သူေဌးကစိတ္ဆိုးၿပီး

ခံုကိုထုလိုက္တာႏွစ္ျခမ္းကဲြသြားလို႔လား.."


"ဟာ..ဘာေတြေလ်ွာက္ေျပာေနတာလဲ..

အခုကအဲ့ထက္ထူးျခားတယ္..မခ်စ္သဲနဲ႔

ျဖစ္တဲ့ကိစၥ..."


"ဟယ္..သူေဌးကအစည္းအေဝးအခန္းထဲမွာ

မခ်စ္သဲကိုဘာလုပ္လိုက္လို႔လဲ.."


"ပါးရိုက္လိုက္လို႔လား.."


"ဟာ..နင္တို႔ေျပာေနတာေတြ တစ္ခုမွမဟုတ္ဘူး

ဒီလိုဟ..အစည္းအေဝးအခန္းထဲမွာ

ဒီေန့တို႔ရဲ့သူေဌးက

မခ်စ္သဲရဲ့လက္ပ္ေတာ့ကိုယူသံုးတာတဲ့

အဲ့ဒါလက္ပ္ေတာ့ကိုဖြင့္လိုက္ေတာ့

ေပၚလာတဲ့ Wallpaperပံုႀကီးက

မဂၤလာစံုတဲြပံုႀကီးျဖစ္ေနတယ္.."


"ဟာ..နင္ကလည္းအဲ့ဒါမ်ား

ဘာထူးဆန္းတာမွတ္လို႔.."


"ဟဲ့..ဘာလို႔မထူးဆန္းရမွာလဲ..အဲ့ဒီ့မဂၤလာစံုတဲြက

မခ်စ္သဲနဲ႔သူေဌးမင္းစက္အာဏာရဲ့ပံုျဖစ္ေနတာေလ..ၿပီးေတာ့လက္ပ္ေတာ့ကိုပရိုဂ်က္တာနဲ႔

တဲြထားေတာ့ မီတင္အခန္းထဲကလူ‌ေတြ

အကုန္ျမင္ကုန္တာေပါ့အဲ့ဒါကမထူးဆန္းလို႔

ဘာကထူးဆန္းရမွာလဲ.."


"ဟယ္..မခ်စ္သဲနဲ႔သူေဌးကဘယ္တုန္းကမ်ား

ယူလိုက္ၾကတာလဲ..ဟိုတေလာကတို႔သူေဌး

မဂၤလာေဆာင္တဲ့သတင္းကို ၾကားလိုက္ပါတယ္

အဲ့ဒါဆို သူ႔သတို႔သမီးကမခ်စ္သဲမ်ားလား.."


"မဟုတ္ေလာက္ပါဘူးဟယ္..အစည္းအေဝးတက္တဲ့ လူေတြေျပာၾကတာေတာ့AIနဲ႔ဖန္တီးထားတာတဲ့

အတုႀကီးတဲ့..သူေဌးကေတာ့အရမ္းေဒါသထြက္သြားတယ္တဲ့..လက္ပ္ေတာ့ႀကီးကိုေတာင္

လႊင့္ပစ္လိုက္တယ္လို႔ေျပာၾကတာပဲ.."


"အမယ္ေလး..မခ်စ္သဲရဲ့ဘ၀ကေတာ့

မေတြးရဲစရာပဲ..ရာဇ၀တ္အိုးကိုမွ

တုတ္နဲ႔သြားထိုးရတယ္လို႔.."


"အဲ့မိန္းမကလည္းအရွက္မရိွတာပါဟယ္

မိန္းကေလးျဖစ္ၿပီး အဲ့လိုလုပ္စရာလား.."


"နင္ကလည္း ကိုယ့္အိုင္ေဒါပံုေတြဆို

အဲ့လိုပဲလုပ္ၿပီးရူးၾကတာထံုးစံပဲကို.."


"ဟဲ့..အဲ့ဒါကကိုယ့္အေဝးကေလ..အခုက

တစ္ရံုးထဲမွာအလုပ္အတူတူလုပ္ေနတဲ့

ကိုယ့္သူေဌးေလ..ဟိုကသူ႔ကိုႀကိဳက္ေနရင္လည္းတစ္မ်ိဳး..အတြင္းေရးမွဴးျဖစ္ၿပီး..

ကိုယ့္အထက္လူႀကီးအေၾကာင္း မသိတာလည္းမဟုတ္ဘူး.. 

Wallpaperထားတာႀကီးကလြန္တာေပါ့လို႔.."


"မခ်စ္သဲက..ဒီကရွယ္ယာရွင္ရဲ့သမီးေလ..

ဒါေၾကာင့္လုပ္ရဲတာေပါ့..အစက..

သူတို႔ႏွစ္ေယာက္ကိုညားမယ္လို႔ေတာင္

ထင္လိုက္တာ.."


"ငါေရာပဲေလ..မခ်စ္သဲကအျခားမိန္းကေလး

၀န္ထမ္းေတြကိုေတာင္ သူေဌးရဲ့ရံုးခန္းထဲကို

မ၀င္ခိုင္းေတာ့..သူတို႔ႏွစ္ေယာက္ကဘာလိုလို

ထင္လိုက္မိေသးတာ.."


"လုပ္ဇာတ္ႀကီးေလ..လင္ဒရူးနည္းတစ္မ်ိဳး..

အခုေတာ့ မ်က္‌စိေနာက္သက္သာေတာ့မယ္.."


စီအီးအိုမင္းစက္အာဏာႏွင့္သူ႔အတြင္းေရးမွဴး

ဇာတ္လမ္းသည္ ထိုေန့ကတစ္ရံုးလံုး၏

အထူးသတင္းျဖစ္သြားခဲ့တယ္။

အလုပ္ကန္တဲင္းထဲကိုေရာက္ေတာ့လည္း

အကုန္လံုးက ဒီသတင္းကိုသာေျပာၾက၍

နားေတြကိုညီးေနတာပါပဲ။


ထိုအတင္းအဖ်င္းကို မေျပာတာဆိုလို႔

ဝိုင္းေလးတစ္ေယာက္သာ ရိွေလသည္။

အဘယ္ေၾကာင့္ဆိုေသာ္ ဝိုင္းေလးဟာ

ထိုျပႆနာကို မီေမႊးခဲ့သူျဖစ္ေနေသာေၾကာင့္ပါပဲ။

တကယ္ေတာ့ မဂၤလာ၀တ္စံုကိုသာ

Wallpaperအျဖစ္ထားခဲ့ျခင္းဟာ မခ်စ္သဲကို

သက္ၫွာေပးခဲ့တာပါ။


သူ႔လက္ပ္ေတာ့ထဲမွာAIႏွင့္ မင္းစက္အာဏာရဲ့

မ်က္ႏွာပံုကိုယူၿပီး ႏွစ္ေယာက္သားယွဉ္ရပ္ေနရံုမဟုတ္ေသာ ပံုေတြပါရိွေလသည္။

အျခားသူရဲ့ ကာမပိုင္ေယာက္်ားမွန္းသိလ်ွက္နဲ႔

ပစ္မွားေနတဲ့မိန္းမကို လူပံုအလည္မွာအရွက္ခဲြလိုက္ျခင္းက သူ႔တစ္ေယာက္တည္းကိုရည္ရြယ္တာမဟုတ္ပဲ မင္းစက္ဆိုတဲ့လူကိုပါ

မခ်စ္သဲဟာ ဘယ္လိုလူမွန္းသိေစခ်င္၍

ျဖစ္သည္။


..ဒီကိစၥကို မင္းစက္အာဏာဘယ္လိုဆံုးျဖတ္မလဲသိပ္သိခ်င္မိတယ္..


🔥🔥🔥🔥🔥🔥🔥


"ကၽြန္မေတာင္းပန္ပါတယ္..

ေနာက္ဒီလိုမျဖစ္ေစရပါဘူး.."


"ဦးလည္းေတာင္းပန္ပါတယ္ကြာ..သမီးက

အသက္ကသာႀကီးေပမဲ့ ကေလးစိတ္က

မကုန္‌ေသးေတာ့

သူလုပ္ခ်င္ရာ‌ေတြ ေလ်ွာက္လုပ္ထားတာပါ

ဦး‌လည္းေတာ္ေတာ္ေလး..အရွက္ရမိပါတယ္ကြာ

မ်က္ႏွာေတြလည္းပူပါတယ္.."


ရံုးခန္းထဲတြင္ေတာ့ဦးခ်စ္‌ေမာင္သည္လည္း

မ်က္ႏွာပူစြာ သမီးလုပ္သူ၏အမွားအတြက္ေတာင္းပန္ေနခဲ့သလို ခ်စ္သဲသည္လည္း

ဒူးေထာက္ကာျဖင့္ ငိုယို၍ေတာင္းပန္လို႔

မဆံုးေတာ့ေပ။


မင္းစက္အာဏာကေတာ့ ေမးေၾကာေတြေထာင္တက္ေနသည္အထိ ေဒါသထြက္ေနကာမ်က္ႏွာကို

တစ္ဖက္သို႔လႊဲထားလိုက္ေလသည္။

ဘယ္အရာကိုမွ အတိမ္းအေစာင္းမခံတတ္သူျဖစ္၍

အလုပ္လုပ္ေနသၫ့္အခ်ိန္မွာ အာရံုေနာက္စရာ

ေပၚလာရင္ သိပ္စိတ္ပ်က္တာပဲ။


ဒီေန့အစည္းအေဝးအတြက္ မေန့ညကတစ္ညလံုးနီးပါး မနားပဲေရးခဲ့ရတဲ့ပေရာဂ်က္ကိစၥကို

ေဆြးေနြးမလို႔ အားခဲထားတာကေန

အခုေတာ့ အစည္းအေဝးအခန္းထဲမွာ

ေလွာင္ရယ္စရာျဖစ္ခဲ့ရတယ္။

ေတြးမိတိုင္း ေဒါသထြက္ရလြန္းလို႔ အဲ့မိန္းမရဲ့

မ်က္ႏွာကို ၾကၫ့္ကိုမၾကၫ့္ခ်င္ဘူး။


ပိုၿပီးေဒါသထြက္မိတာက ဦးခ်စ္ေမာင္ကိုပဲ

သူ႔သမီးရဲ့အရည္အခ်င္းက စုတ္ျပတ္ေနတာကို

မျမင္ခ်င္ေယာင္ေဆာင္ၿပီး ကိုယ့္အနားကို

လာခ်ထားခဲ့တယ္။

ျပန္ေတြးမိတိုင္း ႏွစ္ေယာက္လံုးကိုေရာ

ကိုယ့္ကိုကိုယ္ပါ မေက်မနပ္ျဖစ္လာေလပဲ။

သက္ျပင္းခ်လိုက္မိရင္းႏွင့္ ညကပင္ပန္းထား၍

ကိုက္ခဲေနေသာ မ်က္ရိုးေတြကိုဖိထားလိုက္မိေလသည္။


"သြားၾကေတာ့ဗ်ာ..ကၽြန္ေတာ္တစ္ခုခုမလုပ္မိခင္

ခင္ဗ်ားသမီးကိုပါေခၚသြားေတာ့..ေနာက္ေနာင္

သူ႔ကို ဒီကုမၸဏီထဲကိုေတာင္ ေပးမ၀င္နဲ႔.."


"အဲ့လိုေတာ့မလုပ္လိုက္ပါနဲ႔ကိုစက္ရယ္..

ခ်စ္သဲေတာင္းပန္ပါတယ္..ကိုစက္ရဲ့ေဘးမွာပဲ

ေနပါရေစေနာ္..ေနာက္ထပ္ျပႆနာမျဖစ္ေစရေတာ့ပါဘူး.."


"သမီး..နင္ဘယ္လိုျဖစ္ေနတာလဲ..စိတ္ခ်ပါ

ေမာင္မင္းစက္..ဦးရဲ့သမီးကိုဒီကုမၸဏီမွာ

ထပ္မျမင္ေစရေတာ့ပါဘူး.."


ဦးခ်စ္ေမာင္သည္လည္း သမီးျဖစ္သူကို

အတင္းဆဲြလဲြၿပီး ေခၚသြားခဲ့ေလေတာ့သည္။

မင္းစက္ကေတာ့ ကုမၸဏီမွာေနရင္

ေခါင္းပိုကိုက္လာေသာေၾကာင့္ ကုတ္အိက်ႌကို

ယူ၀တ္ကာ ရံုးခန္းထဲမွထြက္လာခဲ့လိုက္သည္။

‌မွာခ်င္တာေတြအကုန္လံုး ေကာင္းသန္႔ကို

မွာခဲ့လိုက္ၿပီး ဓာတ္ေလွကားစီးဖို႔အသြားမွာေတာ့

ဖုန္းကထျမည္လာေလသည္။

ဖုန္းကိုထုတ္ၾကၫ့္လိုက္မိ‌ေတာ့ ေခၚဆိုသူမွာ

အဖြားေဒၚႏုယဉ္ျဖစ္ေန၍ ခ်က္ခ်င္းကိုင္လိုက္မိသည္။


"ဟယ္လို...အဖြား..ေနေကာင္းလား.."


"ဘာအခုမွေနေကာင္းလားေမးေနတာလဲ

ငါဖုန္းဆက္ေတာ့မွေမးရမွန္းသတိရတာ

မဟုတ္လား.."


"မဟုတ္ပါဘူး..ကၽြန္ေတာ္အလုပ္မအားလို႔ပါ.."


"အမယ္ေလး..ဆင္ေျခေတြပါဟယ္..

အားေအာင္လုပ္ရင္အားပါတယ္..

မင္းကခ်ီးမပါ၊ေသးမေပါက္ႏိုင္ေလာက္ေအာင္

အလုပ္ရႈပ္ေနလို႔လား..

ဖုန္းေလးဆက္ၿပီးသတင္းေမးတာမ်ား

အိမ္သာတက္ေနရင္းနဲ႔ေတာင္ရတယ္.."


"ဟာ..အဖြားကလည္း.."


ဖြားဖြားႏုတို႔က စကားကိုအဲ့လိုကပ္ဖဲ့ၿပီး

ေျပာတတ္သူမ်ားျဖစ္ေလသည္။

သူလည္းဘယ္လို ျပန္ေျဖရွင္းရမလဲမသိတာႏွင့္

မိတၲူစက္ေတြထားေသာ ဘက္သို႔ေလ်ွာက္လာလိုက္ကာ ျပဴတင္းေပါက္ေဘးတြင္ရပ္ေနလိုက္မိသည္။


"အခုအဖြားကၽြန္ေတာ့္ကိုဖုန္းဆက္တာက

ဘာေမးခ်င္လို႔လဲ..."


"ေအး..ငါေမးေစခ်င္တာကအဲ့ဒီ့ေမးခြန္းပဲ

နင္နဲ႔နင္ရဲ့အတြင္းေရးမွဴးနဲ႔ကဘာေတြလဲ.."


"ဟာ..မန္ေနဂ်ာကအဖြားကိုခၽြန္လိုက္ျပန္ၿပီလား.."


"ဟဲ့သူမ်ားကိုဘာမွသြားမေျပာနဲ႔

ဟုတ္‌ရင္ေက်ာ္မယ္ပုပ္ရင္ေပၚမွာပဲေလ..

ဓာတ္ပံုကိစၥကဘာေတြလဲ..ငါ့ေျမးေလးကို

သစၥာေဖာက္ဖို႔ေတာ့မႀကံနဲ႔ေနာ္.."


"ဘာေတြေျပာေနတာလဲအဖြားရယ္..

အေၾကာင္းအရင္းအမွန္ကိုမသိပဲ

ဇြတ္ေျပာေနေတာ့တာပဲ..

သူနဲ႔သားကဘာမွမပတ္သတ္ဘူး..

အဲ့ဒီ့ဓာတ္ပံုကလည္း လုပ္ႀကံဖန္တီးထားတာႀကီးပါ

အတြင္းေရးမွဴးကိုလည္းအလုပ္ထုတ္ျပစ္လိုက္ၿပီ

အစကသူ႔အေဖအကူအညီေတာင္းလို႔

အတြင္းေရးမွဴးလုပ္ဖို႔ခန႔္ထားတာ..

အခုေတာ့အျပတ္ေျပာလိုက္ၿပီ.."


"တကယ္ေနာ္..အဖြားႀကီးဆိုၿပီးလာမညာနဲ႔.."


"တကယ္ေျပာတာပါအဖြားရယ္..."


အဖြားကိုရွင္းျပေနရင္းႏွင့္အေနာက္ဘက္သို႔

လွၫ့္ၾကၫ့္လိုက္မိေတာ့ အခန္းတစ္ခုထဲသို႔

၀င္သြားေသာ အရိပ္တစ္ခုကိုေတြ့လိုက္ရေလသည္။


"အဖြား..ဒါပဲေနာ္..ကၽြန္ေတာ္လုပ္စရာေလးရိွလို႔.."


ဖုန္းကိုခ်ျပစ္လိုက္ၿပီး ခုဏကအရိပ္ကို

ျမင္လိုက္ရသၫ့္ အခန္းအေရ႔ွမွာရပ္လိုက္မိေလသည္။

ဒီအခန္းဟာ စတိုလ္ခန္းျဖစ္ၿပီး ႏွစ္အလိုက္

စာရင္းေတြကို ထားေသာအခန္းျဖစ္ေလသည္။မဟုတ္မွ သူခိုးမ်ားလား။

ဒါလည္းမျဖစ္ႏိုင္ပါဘူး။ဒီကုမၸဏီထဲကို အလုပ္သမားကလဲြၿပီး ခြင့္ျပဳခ်က္မရိွပဲ

ဘယ္သူမွ၀င္လို႔မရေပ။ဒါဆိုအလုပ္သမားတစ္ေယာက္ေယာက္မ်ားလား။

ဘာေၾကာင့္ သူတစ္ေယာက္လံုးရပ္ေနတာကို

ႏႈတ္မဆက္ပဲ ၀င္ပုန္းေနရတာလဲ။


"အထဲမွာလူရိွလား.."


အခန္းထဲမွအသံမၾကားရ၍ အထဲသို႔၀င္ၾကၫ့္လိုက္မိေတာ့ ဘယ္သူမွရိွမေနေပ။

တံခါးၾကားေတြကို ေသခ်ာၾကၫ့္ေတာ့လည္း

ရိွမေန၍ သူလည္းျပန္ထြက္လာခဲ့လိုက္သည္။


ေမဝိုင္းေလးကေတာ့ စတိုလ္ခန္း၏အတြင္းဘက္ရိွ

ပံုးႀကီးထဲတြင္ ၀င္ပုန္းေနမိရာမွမင္းစက္အာဏာ၏

အသံကို နားစြင့္ေနမိေလသည္။

ဘာအသံမွမၾကားရေတာ့မွသာ ‌ပံုးထဲမွထရပ္၍

ၾကၫ့္လိုက္ၿပီး ကိုယ့္ရင္ဘတ္ကိုယ္ ဖိလိုက္မိသည္။

ဝိုင္းေလးတို႔အထပ္ရိွ မိတၲူစက္ပ်က္ေနလို႔

ျပင္တဲ့လူကိုမေစာင့္ခ်င္တာနဲ႔ စတိုလ္ခန္းဘက္က

မိတၲူစက္နဲ႔လာသံုးမိတာ မထင္မွတ္ပဲ

လူမိေတာ့မလို႔။

ဒီဘက္မွာက သူေဌးရံုးခန္းရိွေပမဲ့ စတိုလ္ခန္းနဲ႔ေတာ့ နည္းနည္းလွမ္းပါတယ္။

ဒါေတာင္ ေရာက္ျဖစ္ေအာင္ေရာက္ခ်လာတယ္။


"ေတာ္ပါေသးရဲ့မမိလို႔..."


ဘာအသံမွမၾကားရေတာ့မွသာ ခႏၶာကိုယ္မွ

ဖုန္ေတြကိုခါလိုက္ၿပီး အခန္းအျပင္သို႔

ထြက္လာခဲ့လိုက္သည္။


"အမယ္ေလး!!!!!"


တံခါး၀သို႔ ေရာက္ေရာက္ခ်င္းမွာ

လက္ေမာင္းကေန လွမ္းအဆဲြခံလိုက္ရ၍

တစ္ပတ္လည္သြားေသာဝိုင္းေလးသည္

နံရံႏွင့္ေက်ာေဆာင့္မိသြား၍ ေအာင့္တက္သြား‌ရသည္။လက္ကိုရုန္းလိုက္သၫ့္အခါ နံရံမွာဖိကပ္ခံလိုက္ရ၍ အေပၚကိုေမာ့ၾကၫ့္လိုက္ေတာ့။


သူ..မင္းစက္အာဏာ..


...အခန္း(၁၅)ဆက္ရန္

စာေရးသူ..ေဆာင္းေငြ့ေဝ


❤️❤️❤️❤️❤️❤️


လည္လြန္းလို႔တပတ္ျပၫ့္သြားတဲ့မမႀကီးေတာ့

အဖမ္းခံလိုက္ရပါၿပီ


ဖတ္‌ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းစီကို

အထူးေက်းဇူးတင္ရိွပါတယ္

အခန်း (၁၃) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း  (၁၃)

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


အလုပ်က၈နာရီမှာ၏၀င်ရမှာဆိုပေမဲ့

ဘက်စ်ကားတိုးစီးလာခဲ့ရ၍ ကားလမ်းပိတ်တာနှင့် ကြုံကာ အလုပ်ကိုအချိန်ကွက်တိလောက်မှ

ရောက်လေသည်။

ကားမှတ်တိုင်ကကုမ္ပဏီအရှေ့မှာရှိနေ၍

ဖယ်ရီကားမစီးရင်တောင် ရလေသည်။

ဒါပေမဲ့ ဒီနေ့ကအလုပ်ပြန်ဆင်းရပြီဆိုတော့

ညနေအပြန်တော့ ဖယ်ရီစီးလို့ရလောက်ပါပြီ။


KG၏ကုမ္ပဏီအဆောက်အဦးအရှေ့မှာမတ်တပ်ရပ်၍ ကုမ္ပဏီကြီးကိုသေချာကြည့်နေမိလေသည်။

ယခုမြင်နေရသည့်အဆောက်အဦးသည်

 တစ်နိုင်ငံလုံးရှိKGနှင့်သက်ဆိုင်သည့်

ကုန်တိုက်များ၏ ရုံးချုပ်ဖြစ်ပြီး ဒီကုမ္ပဏီမှာ

အလုပ်၀င်ခွင့်ရဖို့ဟာ အင်မတန်ခက်လေသည်။


အပြင်ဘက်ကနေကြည့်ရင်တော့ အရမ်းခမ်းနားတဲ့

ဒီနေရာဟာ လူငယ်တွေရဲ့အိမ်မက်တစ်ခုဖြစ်နေပေမဲ့ အတွင်းထဲမှာတော့ရှေးအစဉ်အလာမပျက်တဲ့

ခြေထိုးခံတဲ့လုပ်ရပ်တွေ၊တစ်ဦးတိုးတက်သွားမှာကို

မနာလို၀န်တိုမှုတွေ၊လူငယ်ဆိုရင်နေရာမပေးချင်တဲ့

အခြေအနေတွေနှင့်အတူ ကိုယ့်ထက်နဲနဲလေးနိမ့်ကျ

တာနဲ့ ဖိနှိပ်ချင်တဲ့ဉာဉ်ဆိုးတွေကပ်ငြိနေသော

ငရဲခန်းတစ်ခုပါပဲ။


"အခုတော့ငါလည်းဒီငရဲခန်းကို ပြန်ရောက်လာခဲ့ပြီပေါ့.."


သုံးလတိတိအလုပ်သင်ဆင်းပေးခဲ့ရပြီးမှ

အမြဲတမ်း၀န်ထမ်းဖြစ်ပြီးလစာတိုးမဲ့အချိန်လေးမှာ

မတရားစွပ်စွဲခံရပြီး အလုပ်ထုတ်ခံလိုက်ရတဲ့

နေရာကို မထင်မှတ်ပဲပြန်ရောက်လို့လာလေပြီ။

တကယ်အမှားလုပ်တဲ့လူဟာ အတွင်းရေးမှူး

မချစ်သဲဖြစ်ပြီး အလုပ်ထုတ်ခံလိုက်ရတာက

ဝိုင်းလေးဖြစ်နေခဲ့တယ်။


"ရှင်တို့နဲ့တန်တဲ့အရာကို ကျွန်မပြန်ပေးမယ်.."


အဓိကကတော့ အတွင်းရေးမှူးမချစ်သဲပဲ။

သူ့ကြောင့်သာဝိုင်းလေးအခုလို ကုမ္ပဏီကနေ

နာမည်ပျက်နဲ့အလုပ်ထုတ်ခံခဲ့ရတာ

သူသာစိတ်ထားကောင်းတဲ့လူဆိုရင်

မင်းစက်အာဏာကို အနည်းငယ်ဖျောင်းပြပြီး

သူ့အပြစ်ကိုထုတ်မပြောချင်ရင်တောင်

ဝိုင်းလေးကိုလည်း သူဌေးဘက်ကနေအထင်လွဲမှု

လျော့အောင် ပြောပေးလို့ရပါလျှက်နဲ့

သက်သက်အကျင့်ယုတ်ခဲ့တာ။


အခုတော့ ဖွားဖွားနုကိုယ်တိုင်ကမင်းစက်အာဏာကို

စောင့်ကြည့်ဖို့ အလုပ်ပြန်လုပ်ခိုင်းတာ

ဖြစ်တဲ့အတွက် အဖွားကိုယ်တိုင်ပဲအလုပ်ဖြုတ်လို့

ရတော့မယ်။


ကုမ္ပဏီအရှေ့၌ ခါးထောက်ကာ

ကျေကျေနပ်နပ်ကြီး

ဟားတိုက်၍ရယ်ချလိုက်မိလေသည်။


"ဟား..ဟား.."


"ဟေ့ကောင်မလေး..အဲ့မှာဘာရပ်လုပ်နေတာလဲ

ဒီကအလုပ်သမားလား..၀င်မယ်ဆိုလည်း၀င်လေ.."


လုံခြုံရေးကြီးနှစ်ယောက်ကထအော်လိုက်၍

ရယ်နေသည့်ပါးစပ်တောင်ပြန်စေ့သွားရလေသည်။


"အော်..စိတ်ကူးယဉ်တာတောင်မဖြောင့်ရပါလား.."

ကိုယ့်အဖြစ်ကိုယ် ပြန်တွေးကြည့်တော့လည်း

တကယ်ကိုရင်နာဖို့ကောင်းပါတယ်။

တကယ်တမ်းတော့ ဝိုင်းလေးရဲ့အတွေးဟာ

ဓာတ်တိုင်ကို ခေါင်းနှင့်ပြေးဆောင့်ရန်

အတွေးသာဖြစ်လေသည်။

မင်းစက်အာဏာက ဓာတ်တိုင်ကြီးဖြစ်ပြီး

ကိုယ်ကသာ ခေါင်းကွဲပြီးမသာပေါ်သွားနိုင်ပေမဲ့

ဓာတ်တိုင်ကြီးကလဲမယ်မထင်ပေ။


"မသိတော့ဘူးဟာ..အနည်းဆုံးတော့ဓာတ်တိုင်ကြီး

အက်ကွဲသွားလဲအမြတ်ပဲ.."


"ဟဲ့ကောင်မလေး..တစ်ယောက်တည်းစကားတွေ

ပြောနေတာ ရူးများနေလား.."


ကိုယ့်ဘာသာတွေးတွေးပြောပြောလုပ်နေမိတာကို

သူတို့ကို ပြောတာကြနေတာပဲ။

ဒီလုံခြုံရေးနှစ်ယောက်က နေရာတကာကိုပါတယ်။

ထိုလူကြီးနှစ်ယောက်ကို နှုတ်ခမ်းဆူကာ

တမင်စောင်းမဲမဲနှင့်ကြည့်လိုက်ပြီး ကုမ္ပဏီထဲသို့

လှမ်းသာ၀င်လိုက်သည်။


"ဟွန့်..ကြည့်လို့ကိုမရဘူး..နေရာတကာကိုပါတယ်"


ထိုလူနှစ်ယောက်ကို တမင်မျက်စောင်းထိုးပစ်ခဲ့လိုက်သည်။မင်းစက်အာဏာရဲ့ကားကိုတားလိုက်တဲ့နေ့တုန်းက ဒီနှစ်ယောက်ပေါ့

ဝိုင်းလေးကိုလိုက်ဖမ်းလို့ပြေးလိုက်ရတာ

ပြောမနေနဲ့။သူတို့ကတော့ ကိုယ့်ကိုမမှတ်မိပေမဲ့ ကိုယ်ကတော့ ဒီနှစ်ယောက်မျက်နှာကိုသေတောင်

မမေ့ဘူး။


တစ်ယောက်ကလူရွှင်‌တော်မော့လိုနှုတ်ခမ်းမွှေး

ကားကားနဲ့ဖြစ်ကာ နောက်တစ်ယောက်ကတော့

ကင်းကောင်လို မျက်လုံးကတောင်တစ်လုံး

မြောက်တစ်လုံးဖြစ်လေသည်။


"လုံခြုံရေးခန့်ရင်လည်း..ကြည့်ပျော်ရှုပျော်လေးတွေကိုမခန့်ဘူး..အခုတော့

တွေ့တာနဲ့လန့်ပြေးချင်စရာရုပ်တွေနဲ့

အပေါက်၀မှာ

ဘီလူးရုပ်ထုကြီး‌တွေချထားသလားမှတ်ရတယ်.."


"ဟေ့မင်းဘာပြောလိုက်တာလဲ.."


တမင်သူတို့ကြားအောင်ပြောလိုက်တာဖြစ်၍

ဝိုင်းလေးလည်းပြောပြီးတာနှင့်တန်း၍

ပြေးလာခဲ့လိုက်တော့သည်။

ကိုယ်အလုပ်လုပ်ရမည့် ဌာနသို့ရောက်တော့

မယုမွန်ကဝိုင်းလေးကို ပြုံးရွှင်စွာကြိုဆိုလာခဲ့သည်။

စီမံခန့်ခွဲရေးဌာနကအခြားအလုပ်သမားတွေကပါ

ဝိုင်းလေးအလုပ်ပြန်၀င်တာကို အံ့ဩနေကြလေသည်။အလုပ်အဖြုတ်ခံရပြီးမှ ပြန်၀င်လာတာဆိုတော့ သေချာပေါက်အကပ်ရှိလို့ဆိုတာတော့

သူတို့တွေသိကြမှာပါ။

ဝိုင်းလေးလည်း ဘယ်တတ်နိုင်မှာလဲ။


❤️❤️❤️❤️❤️❤️❤️


"ဝိုင်းလေးရေ..ခဏနေကြရင်သူဌေးက

ဒီစာချုပ်ကိုလာယူလိမ့်မယ်..ဂျပန်က

သူဌေးနဲ့ပူးပေါင်းဖို့ရေးထားတဲ့စာချုပ်လေ...

အစ်မကအလုပ်အားမှာမဟုတ်ဘူး..

အဲ့တော့ လာတောင်းရင်ဝိုင်းလေးပဲ

ပေးလိုက်ပါနော်.."


"ဟင်..သူဌေးကိုယ်တိုင်လာယူမှာဟုတ်လား..."


"ဟုတ်တယ်လေ..သူဌေးကခဏနေကြရင်

လာလိမ့်မယ်..အစ်မလုပ်စရာလေးရှိသေးလို့

ညီမ‌ပဲပေးလိုက်နော်..."


ဒုက္ခပဲ..ဝိုင်းလေးကသူ့ကုမ္ပဏီမှာအလုပ်ပြန်၀င်

နေတာကို သူလုံး၀မသိသေးဘူး။

သိသွားခဲ့ရင်လည်းလက်ခံမှာမဟုတ်ဘူး။

ကိုယ်နဲ့ယူထားတဲ့မိန်းကလေးက ကုမ္ပဏီမှာအလုပ်သင်လေးဆိုတဲ့ ကိစ္စကို

သူလိုလူကလုံး၀လက်သင့်ခံမှာမဟုတ်လောက်ဘူး။

မဖြစ်ဘူး။အခုလောလောဆယ်တော့ သူနဲ့လုံး၀ထိပ်တိုက်တွေ့လို့မဖြစ်ဘူး။


"အား...မယုမွန်ရေ..ဝိုင်းလေးဗိုက်တွေတအားနာလာပြီ..."


"ဟဲ့ဘာဖြစ်လို့လဲ..ဘယ်နားကနာတာလဲ..

ရုံးဆေးခန်းကိုလိုက်ပို့ပေးရမလား..."


ဝိုင်းလေးသရုပ်ဆောင်ပြလိုက်တာ တော်တော်

ပီပြင်သွားပုံပါပဲ။မယုမွန်ဟာပြာပြာသလဲဖြစ်သွားလျှက် ထိုင်ခုံမှထလာခဲ့လေသည်။

ဝိုင်းလေးကတော့ ခန္ဓာကိုယ်ကိုကုန်းလိုက်ပြီး

ကိုယ့်ဗိုက်ကိုယ် ပြန်အုပ်ကာ

အသဲအသန်ဖြစ်နေသလို

ပုံစံဖမ်းယူလိုက်သည်။


"အား..မယုပြောသလိုပဲရုံးဆေးခန်းကိုသွားပြမှ

ဖြစ်မယ်နဲ့တူတယ်..မရတော့ဘူးအစ်မရေ.."


ဝိုင်လေးလည်းမတတ်နိုင်တော့၍ သန့်စင်ခန်းဆီသို့

သာပြေးသွားလိုက်မိလေသည်။

သန့်စင်ခန်းထဲသို့အမြန်၀င်ပုန်းနေလိုက်ပြီးမှသာ

 သက်ပြင်းချနိုင်တော့သည်။အခုအချိန်မှာ

အလုပ်စ၀င်၀င်ချင်း ဝိုင်းလေးရှောင်ရမည့်လူက

မင်းစက်အာဏာနဲ့ သူ့အတွင်းရေးမှူးကိုပဲ။

အတွင်းရေးမှူးမချစ်သဲက ဝိုင်းလေးကို

အလုပ်ပြုတ်အောင်လုပ်ခဲ့သူမို့ ဝိုင်းလေးအလုပ်ပြန်၀င်တာကို သူလိုလားမှာမဟုတ်ဘူး။


အိမ်သာထဲမှာ၀င်ထိုင်နေတာလည်းကြာနေပြီမို့

ရေအိမ်ပေါ်မှအမြန်ထကာအိမ်သာတံခါးကို

ဖွင့်လိုက်မိစဉ်မှာတော့..


"မချစ်သဲ..."


မချစ်သဲနဲ့မတွေ့ချင်ပါဘူးဆိုနေမှ မချစ်သဲက

ကိုယ့်တက်တဲ့အိမ်သာတံခါးအ၀မှာလာ၍

ရပ်နေလေသည်။

အချိန်ကလည်း နေ့လည်စာစားချိန်ဖြစ်နေ၍

သန့်စင်ခန်းတစ်ခုလုံးလည်း လူတွေပြည့်‌နေလေသည်။


"နင့်ကိုငါတွေ့ဖူးသလိုပဲ..."


"အဟင်း..ဟုတ်ကဲ့..ကျွန်မက.."


"နောက်မှပဲပြောပါဟယ်..အခုကအရမ်းအိမ်သာ

တက်ချင်နေလို့..ဖယ်‌စမ်းပါ..."


အိမ်သာတံခါးအ၀မှာ ရပ်နေမိသောဝိုင်းလေးကို

အတင်းဆွဲထုတ်ပြီး အိမ်သာထဲသို့၀င်ကာ

တံခါးကိုဆောင့်ပိတ်သွားခဲ့လေသည်။

သူ့ကြည့်ရတာ ဝိုင်းလေးကိုသိပ်ပြီး

မှတ်မိပုံမရဘူး။


ဒီလိုနဲ့ဝိုင်းလေးလည်း နေ့လည်စာစားပြီးချိန်တည်းက ကိုယ့်နေရာ၌သာပြန်၍ထိုင်ကာအလုပ်လုပ်

နေမိလေသည်။အလုပ်ဆင်းချိန်ရောက်တော့မှ

ကိုယ့်နေရာကနေ ပြန်ထလိုက်ပြီး

မယုမွန်တို့နင့်အတူ ဖယ်ရီကားတွေဆီသို့

အတူသွားဖြစ်ကြသည်။

ကုမ္ပဏီထဲမှ ထွက်ပြီးနောက်ဖယ်ရီကားဆီသို့သွားနေစဉ်မှာပဲ ကားပါကင်မှထွက်လာသော

မင်းစက်အာဏာ၏ကားကိုလှမ်းမြင်လိုက်ရတဲ့

အခါမှာတော့ ...


"ဟဲ့..မေဝိုင်းလေး..ဘာဖြစ်လို့ပုန်းနေတာလဲ.."


"အစ်မသာဖယ်ရီဆီကိုရောက်အောင် အရင်သွားလိုက်ပါ..ဝိုင်းလေးအနောက်ကနေလိုက်လာခဲ့မယ်.."


"ဟဲ့ဖြစ်လို့လား.."


"ဖြစ်တယ်..ဖြစ်တယ်.."


နီးစပ်ရာဖယ်ရီကားဘေးသို့၀င်ပုန်းနေလိုက်ရ၍

မယုမွန်ကို အရင်သွားခိုင်းလိုက်ရလေသည်။

သူ့ကားလေး ကုမ္ပဏီအရှေ့မှထွက်သွားတော့မှသာ

စိတ်အေးရတော့သည်။

ဒီအတိုင်းဆိုရင်တော့ သူအနှေးနဲ့အမြန်သိမှာပဲ။

နောက်နေ့တွေလည်း ဒီလိုပဲဆက်ပုန်းနေလို့တော့

မဖြစ်ဘူး။

သူကလည်း ဝိုင်းလေးအလုပ်၀င်နေမှန်းသိရင်

သေချာပေါက်အလုပ်ထွက်ခိုင်းမှာပဲ။

ဘယ်လိုလုပ်ရပါ့မလဲ???.


❤️❤️❤️❤️❤️❤️


"နောက်ဆုံးတော့အပြီးသတ်သွားပြီပေါ့.."


"အခုမှပဲသက်ပြင်းချနိုင်တော့တယ်.."


ဒီလအတွက်လချုပ်စာရင်းတွေကိုအပြီးသတ်သွားပြီဖြစ်၍ ဝိုင်းလေးတို့ဌာနတစ်ခုလုံး

အသံတွေစုံကာ ပျော်နေကြလေသည်။

မယုမွန်တို့အဖွဲ့ကလည်း အခုမှစိတ်လက်ပေါ့ပါး

သွားကြပုံပါပဲ။ဝိုင်းလေးအလုပ်၀င်သည့်အချိန်ဟာ

လကုန်ခါနီးဖြစ်နေ၍ ကိုယ်ကတော့

သူတို့ကိုအနည်းငယ်ကူညီပေးရုံကလွဲပြီး

အများကြီးတော့ မပင်ပန်းလိုက်ပေ။

မန်နေဂျာရဲ့အကပ်နဲ့ အလုပ်၀င်တဲ့သတင်းကြောင့်လည်း အရင်လိုဟောက်စားလုပ်ချင်သူတွေ

မရှိတော့တာကိုတော့ သတိထားမိလေသည်။


"ဝိုင်းလေး..ကော်ဖီသောက်မလား..

အစ်မသွားဖျော်ပေးမယ်လေ.."


"ရပါတယ်..အစ်မတို့ကပိုပင်ပန်းတာပါ..

ဝိုင်းလေးဖျော်ခဲ့လိုက်မယ်လေ..

ဗန်းနဲ့ပါမလာခဲ့မယ်..ဘယ်သူတွေကော်ဖီ

သောက်ချင်ကြလဲ.."


"အားနာတယ်ဝိုင်းလေးရယ်..ဒါပေမဲ့အစ်မကိုလည်း

တစ်ခွက်လောက်ဖျော်ခဲ့ပေးနော်.."


"အစ်ကိုရောပဲ စိတ်လန်းအောင်တစ်ခွက်လောက်

သောက်ချင်တယ်..ဘယ်ကော်ဖီမဆိုရတယ်ကွာ..."


"စိတ်ချကောင်းကောင်းလေး ဖျော်လာပေးပါ့မယ်.."


ဝိုင်းလေးတို့ဌာနကအရေးကြီးစားရင်းတွေကို

ကိုင်ရသည့်ဌာနဖြစ်သလို ဒီအထပ်မှာမန်နေဂျာရဲ့

ရုံးခန်းလည်းရှိနေသည့်အတွက် ဘားအသေးလေးတစ်ခုထားရှိလေသည်။

ထိုဘားမှာ ကော်ဖီထုတ်မျိုးစုံရှိကာ အအေးတွေဘာတွေလည်း ကိုယ့်ဘာသာဖျော်၍သောက်နိုင်လေသည်။

ဝိုင်းလေးလည်း လင်ဗန်းတစ်ခုကိုယူလိုက်ကာ

ဖိုင်ဘာခွက်လေးများကို စီ၍တင်လိုက်ပြီး

ကော်ဖီဖျော်ဖို့ပြင်လိုက်သည်။


"ကော်ဖီခွက်တွေကများလှချည်လား..."


အတွင်းရေးမချစ်သဲက ရုတ်တရက်ကြီးရောက်ချလာ၍ လန့်တောင်လန့်သွားမိသည်။

ရှောင်လွှဲလို့လည်း မရတော့သည်မို့

ဝိုင်းလေးလည်း မပြုံးချင်ပဲပြုံးပြလိုက်ရလေသည်။


"ဟုတ်တယ်..ဝိုင်းလေးတို့ဌာနက

လချုပ်စာရင်းတွေ

အပြီးသတ်သွားလို့လေ..အားလုံးအရမ်းပင်ပန်း

ထားကြတော့ ဝိုင်းလေးကကော်ဖီဖျော်တိုင်တာပါ.."


"နေပါအုံး...ညီမကိုအစ်မမြင်ဖူးသလိုပဲနော်..

ညီမနာမည်ကဘယ်သူလဲ...."


"ဟို...ညီမနာမည်က..."


"မေဝိုင်းလေးမဟုတ်လား.."


"ရှင်..."


ဝိုင်းလေးရဲ့နာမည်ကို သူမှတ်မိနေတာလား။

ဒါဆိုရင် ဝိုင်းလေးအလုပ်ပြုတ်ဖူးတာကိုလည်း

သူမှတ်မိနေမှာပေါ့။အတွင်းရေးမှူး

တစ်ယောက်က ဒီလောက်အထိတော့

မှတ်ဉာဏ်မချို့ယွင်းလောက်ပါဘူး။


"ဒီမှာလေ..အလုပ်သမားကပ်ပြားကမေဝိုင်းလေးဆိုတာ မင်းရဲ့နာမည်မဟုတ်လား..."


"ဟား..ဟား..ဟုတ်တာပေါ့..."


အော်..အလုပ်သမားကပ်ပြားကနာမည်ကို

ဖတ်လိုက်မိတာကို။ငါ့နယ် သူကမှတ်မိသွားပြီလို့

ထင်လိုက်မိတာ။

ဒီလိုဆိုရင် ထင်သလောက်လည်း

မှတ်ဉာဏ်မကောင်းဘူးနဲ့တူတယ်။

ငါတောင်သူ့ကိုမှတ်မိတယ်။

သူကတော့ အခုထိကိုမမှတ်မိသေးဘူး။


ဒါနဲ့များဘယ်လိုအတွင်းရေးမှူးလုပ်နေသလဲ

မသိဘူး။ဒီလိုမေ့တတ်လို့လည်း စာရင်းတွေ

တလွဲဖြစ်ပြီး ငါအလုပ်ဖြုတ်ခံခဲ့ရတာနေမယ်။

မင်းစက်အာဏာက ကိုကောင်းသန့်ကိုပဲ

သွားလေရာခေါ်သွားတာလည်း မပြောနဲ့

မချစ်သဲကအသုံးမှမကျတာ။

ကြည့်ရတာ သူကလည်းအကပ်နဲ့၀င်လာတာများလား။


"မင်းရဲ့နာမည်က တို့သူဌေးရဲ့အမျိုးသမီးနာမည်နဲ့

ဆင်သလိုပဲနော်..."


ဆင်တာမဟုတ်ဘူးရှင့် တစ်ယောက်တည်းပဲ

သိရဲ့လား။နေပါအုံး မင်းစက်အာဏာက

မင်္ဂလာဆောင်တုန်းက သူ့ကိုဖိတ်လိုက်လို့များလား။

မင်္ဂလာဆောင်မှာတော့ မချစ်သဲကိုမတွေ့မိပါဘူး။


"ကျွန်မကအလုပ်သင်ပါ..နာမည်တူမရှား

လူတူမရှားဆိုတာရှိတာပဲမဟုတ်လား..."


"အင်း..တို့ကနာမည်တူလို့မေးကြည့်တာပါ.."


"ဒါနဲ့..မချစ်သဲကဘယ်သူ့အတွက်ကော်ဖီဖျော်နေတာလဲဟင်..ကော်ဖီစေ့တွေကိုကြိတ်နေတော့

မခါးဘူးလား..."


"Espresso(အက်စပရက်ဆို)ဖျော်နေတာလေ..

နောက်နှစ်နာရီဆိုအစည်းအဝေးစတော့မှာ

ဆိုတော့ ကိုစက်ကခေါင်းကြည်အောင်

"Espressoသောက်ချင်တယ်လို့

ပြောလာလို့..ကိုစက်ကတို့ဖျော်တဲ့

အက်စပရက်ဆိုကိုသိပ်ကြိုက်တာလေ...

အခြားသူတွေဖျော်ရင်အနံ့တောင်ခံတာမဟုတ်ဘူး"


"အော်..ဟုတ်လား.."


မင်းစက်အာဏာက သူ့အတွင်းရေးမှူးဖျော်တဲ့

ကော်ဖီခါးခါးကြီးကိုသိပ်ကြိုက်တယ်ပေါ့လေ။

ကော်ဖီစေ့တွေကို သေချာကြိတ်ပြီး စစ်ထုတ်နေလိုက်တာများ သူ့ရည်းစားအတွက်တယုတယ

လုပ်ပေးနေသလားမှတ်ရတယ်။

မင်းစက်အာဏာရဲ့မင်္ဂလာပွဲကို မတက်လိုက်ရရင်တောင် သူ့မှာအိမ်ထောင်ရှိတာကိုတော့

သိသင့်ပါတယ်။သိလည်းရှောင်မှာမဟုတ်ပါဘူး။


*ဟာ..ဒါတွေကငါနဲ့မဆိုင်ပါဘူး...သူတို့နှစ်ယောက်

ဖောက်ပြန်ရင်ပိုတောင်ကောင်းသေးတယ်

သူတို့ကိုအမြန်ဆုံး အမိဖမ်းပြီး

ကွာရှင်းခွင့်တောင်းလို့ရတာပေါ့

ဒါဆိုငါလွတ်လပ်ပြီ...*


"အစ်မဘယ်သွားမလို့လည်း..ဒါကြီးကိုဒီအတိုင်း

ထားခဲ့မလို့လား.."


"ပူနေပါသေးတယ်..မန်နေဂျာရုံးခန်းမှာ

စာချုပ်တစ်ခုသွားယူခဲ့ဖို့

ကိုစက်ကမှာလိုက်လို့.."


မချစ်သဲကသူဖျော်ထားတဲ့espressoကို

အုပ်ထားခဲ့ကာ မန်နေဂျရုံးခန်းသို့

ထွက်သွားခဲ့လေသည်။

ဝိုင်းလေးလည်းကော်ဖီတွေကိုဖျော်လို့ ပြီးသွားပြီ

ဖြစ်၍ ဗန်းကိုမဖို့ပြင်လိုက်မိ‌စဉ် ကိုစက်အတွက်ဟု

ချွဲချွဲနွဲ့နွဲ့ပြောသွားသည့် အတွင်းရေးမှူး၏အသံကိုပြန်ကြားယောင်လိုက်မိပြီး မဲ့ပြုံးပြုံးလိုက်မိသည်။


မချစ်သဲကကော်ဖီကို အရသာမြည်းပြီးသွားပြီ

ဆိုတော့ သူထပ်ပြီးမြည်းတော့မှာမဟုတ်လောက်ဘူး။ဒါဆို....


အနီးကအအေးတွေဖျော်ဖို့ အအေးပုလင်းတွေတင်ထားသည့် စင်အပေါ်မှသံပုရာသီးတစ်လုံးကို

‌လှမ်းယူလိုက်ပြီး အခွံခွာလိုက်သည်။

ညိုစိုနေသော espressoခွက်ထဲသို့

သံပုရာသီးကိုညှစ်ထည့်ပြစ်ခဲ့လိုက်ကာ

ထိုနေရာမှ အမြန်ထွက်ခွာလာခဲ့လိုက်သည်။


"ကော်ဖီရပါပြီ.."


ဌာနကိုပြန်ရောက်တော့ ကော်ဖီခွက်တွေကို

လုပ်ဖော်ကိုင်ဖက်များအား ဝေပေးလိုက်ပါသည်။


"အံမယ်..ဝိုင်းလေးက ပြုံးရွှင်နေပါလား

ပိုက်ဆံကောက်ရခဲ့လို့လား..."


"မဟုတ်ပါဘူးအစ်မတို့ရယ်..ဘ၀မှာအလုပ်ချင်ဆုံး

အရာတစ်ခုအောင်မြင်သွားလို့ပါ.."


"တယ်ဟုတ်ပါလား..တို့တွေကိုလည်းပြောပြပါအုံး.."


"ဟင့်အင်းနော်..လျို့ဝှက်ချက်.."


ဘ၀မှာအလုပ်ချင်ဆုံးကမင်းစက်အာဏာကို

နောင်ကျင်‌အောင်ဆုံးမချင်တာ..။

Espressoကလည်းခါးခါး..သံပုရာသီးက

ချဉ်ချဉ်ဆိုတော့..ချဉ်ခါးလေးပေါ့။

အဲ့ဒီကော်ဖီကိုသောက်ပြီး ဖြစ်သွားမဲ့

သူ့ရုပ်ကြီးကိုမြင်ချင်လိုက်တာ..။


❤️❤️❤️❤️❤️❤️


"ဖီ!!!!အား!!!ဘယ်လိုအရသာကြီးလဲဟ..."


"ဘာ..ဘာဖြစ်လို့လဲဟင်..."


မင်းစက်၏မျက်နှာကြီးတစ်ခုလုံးသည်

ရှုံ့တွနီရဲ‌နေကာ ခံတွင်းတစ်ခုလုံးလည်းချဉ်စုပ်နေတာပဲ။

သွားတွေတောင် အကပ်လိုက်ကျွတ်ထွက်တော့

မလိုခံစားလိုက်ရတယ်။

ပါးဆောင်တစ်ခုလုံးချဉ်တက်သွားကာ

တော်တော်ခံရခက်လေသည်။


"ကော်ဖီကိုမင်းဘယ်လိုဖျော်လာတာလဲ!!!"


"ဘာဖြစ်လို့လဲဆရာရယ်...

ကျွန်မပုံမှန်အတိုင်းပဲ ဖျော်လာခဲ့တာပါ...

ဆရာ့အကြိုက်espressoခါးခါးလေး..."


"ဘာခါးတာလဲ..ဒီလောက်ချဉ်စုပ်နေတာကြီးကို

ငါ့သွားတွေကျွတ်မထွက်တာကံကောင်း...

မင်းငါ့ကိုတမင် ရွဲ့နေတာလား..."


ဒေါသအရှိန်ပြင်းလာသည့် ဆရာ့မျက်နှာကိုကြည့်ပြီး ချစ်သဲအဖို့ တိုင်နဲ့ခေါင်းနဲ့ပြေးစောင့်တာမှ

သက်သာအုံးမည်ဟု တွေးနေမိလေသည်။

ကော်ဖီက ဖျော်တုန်းက‌တော့အကောင်းပါပဲ

မြည်းတုန်းကလည်း ခါးတူးနေတာအသေအချာပဲ။

ဆရာ့လက်ထဲကိုရောက်မှ ဘာကြောင့်ချဉ်သွားရတာလဲ။


"ကော်ဖီလေးတစ်ခွက်တောင် ဖြောင့်အောင်မဖျော်နိုင်ရင် မင်းဒီမှာဘာလုပ်မှာလဲ...

မင်းရဲ့အဖေကြောင့်သာငါသည်းခံနေတာနော်

မင်းလုပ်တဲ့အမှားတွေကမနည်းတော့ဘူး.."


"ချစ်သဲတောင်းပန်ပါတယ်..အလုပ်တော့

ဆက်လုပ်ပါရစေနော်..အဖေ့ကိုတော့

မပြောလိုက်ပါနဲ့...."


ချစ်သဲတစ်ယောက် ရုံးခန်းထဲတွင်ငိုကြီးချက်မနှင့်

ဖြစ်နေသည်မို့ မင်းစက်ဟာပို၍စိတ်ရှုပ်လာလေသည်။ချဉ်စုပ်နေတဲ့ကော်ဖီကို သောက်လိုက်ရတာက ကိုယ်ဖြစ်ပြီးအခုတော့ အမှားလုပ်တဲ့လူက

ငိုနေသည်တဲ့။ဒါကြောင့်မို့ အတွင်းရေးမှူးကို

မိန်းကလေးမခန့်ချင်တာ။

သူ့အဖေက ကိုယ့်အတွင်းရေးမှူးနေရာကို

အတင်းလာထည့်လို့သာ မကောင်းတတ်လို့

မပြောပဲနေလိုက်တာကို အဟုတ်ကြီးမှတ်နေတယ်။


"ငါ့အရှေ့မှာလာငိုမနေနဲ့..မင်းအဖေနဲ့တော့

ငါစကားပြောရမှာပဲ..မင်းကိုဆက်ထားလို့တော့

မဖြစ်တော့ဘူး..."


"အဲ့လိုမလုပ်ပါနဲ့..."


"အစည်းအဝေးအတွက် သွားပြင်ဆင်တော့.."


စကားကိုပိတ်ပြောလိုက်တာကြောင့် ချစ်သဲလည်း

မျက်ရည်ကိုသုတ်ကာ ငိုချင်ပေမဲ့ကိုစက်ခိုင်းတဲ့

အတိုင်းပဲ လုပ်လိုက်ရလေသည်။

ကိုယ့်လက်ပ်တော့ကို ယူလိုက်ပြီး

ကိုစက်ပို့ပေးထားတဲ့ ပရောဂျက်ဇယားကို

စစ်လိုက်ကာ အစည်းအဝေးအခန်းဆီသို့

ထွက်လာခဲ့လိုက်သည်။


ဒီကုမ္ပဏီကို ၀င်ရသည့်အဓိကရည်ရွယ်ချက်မှာ

ကိုစက်ကြောင့်ပါပဲ။အဖေက ကိုစက်တို့ပြီးရင်

ဒီကုမ္ပဏီ၏ ရှယ်ယာအများဆုံးဖြစ်၍

အတွင်းရေးမှူးနေရာကို အဖေ့ကြောင့်ရအောင်

လုပ်နိုင်ခဲ့တယ်။


ကိုစက်က ချစ်သဲရဲ့အိပ်မက်မင်းသားလေးတစ်ပါးပဲ။သူ့ရဲ့ဘေးနာမှာ နေရရင်ကိုပျော်နေမိတာပါ။

အခုတော့ အလုပ်ထုတ်ခံရတော့မယ်ထင်ပါတယ်။

ကိုစက်မင်္ဂလာဆောင်တုန်းကတောင် 

မခံစားနိုင်လို့မသွားခဲ့မိဘူး။အခုတော့ပိုဝေးရတော့မယ်ထင်ပါတယ်။


"မဖြစ်ဘူးအလုပ်မထွက်ရဖို့

တစ်ခုခုတော့ လုပ်ရမှာပဲ..."


အခန်း(၁၄)ဆက်ရန်...


စာရေးသူ..ဆောင်းငွေ့ဝေ


❤️❤️❤️❤️❤️


ဝိုင်းလေးကလည်း ပညာတွေထုတ်သုံးနေပါပြီ


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းစီကို

အထူးကျေးဇူးတင်ရှိပါတယ်။


=========================================================================


အခန္း  (၁၃)

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


အလုပ္က၈နာရီမွာ၏၀င္ရမွာဆိုေပမဲ့

ဘက္စ္ကားတိုးစီးလာခဲ့ရ၍ ကားလမ္းပိတ္တာႏွင့္ ႄကံုကာ အလုပ္ကိုအခ်ိန္ကြက္တိေလာက္မွ

ေရာက္ေလသည္။

ကားမွတ္တိုင္ကကုမၸဏီအေရ႔ွမွာရိွေန၍

ဖယ္ရီကားမစီးရင္ေတာင္ ရေလသည္။

ဒါေပမဲ့ ဒီေန့ကအလုပ္ျပန္ဆင္းရၿပီဆိုေတာ့

ညေနအျပန္ေတာ့ ဖယ္ရီစီးလို႔ရေလာက္ပါၿပီ။


KG၏ကုမၸဏီအေဆာက္အဦးအေရ႔ွမွာမတ္တပ္ရပ္၍ ကုမၸဏီႀကီးကိုေသခ်ာၾကၫ့္ေနမိေလသည္။

ယခုျမင္ေနရသၫ့္အေဆာက္အဦးသည္

 တစ္ႏိုင္ငံလံုးရိွKGႏွင့္သက္ဆိုင္သၫ့္

ကုန္တိုက္မ်ား၏ ရံုးခ်ဳပ္ျဖစ္ၿပီး ဒီကုမၸဏီမွာ

အလုပ္၀င္ခြင့္ရဖို႔ဟာ အင္မတန္ခက္ေလသည္။


အျပင္ဘက္ကေနၾကၫ့္ရင္ေတာ့ အရမ္းခမ္းနားတဲ့

ဒီေနရာဟာ လူငယ္ေတြရဲ့အိမ္မက္တစ္ခုျဖစ္ေနေပမဲ့ အတြင္းထဲမွာေတာ့ေရွးအစဉ္အလာမပ်က္တဲ့

ေျခထိုးခံတဲ့လုပ္ရပ္ေတြ၊တစ္ဦးတိုးတက္သြားမွာကို

မနာလို၀န္တိုမႈေတြ၊လူငယ္ဆိုရင္ေနရာမေပးခ်င္တဲ့

အေျခအေနေတြႏွင့္အတူ ကိုယ့္ထက္နဲနဲေလးနိမ့္က်

တာနဲ႔ ဖိႏိွပ္ခ်င္တဲ့ဉာဉ္ဆိုးေတြကပ္ၿငိေနေသာ

ငရဲခန္းတစ္ခုပါပဲ။


"အခုေတာ့ငါလည္းဒီငရဲခန္းကို ျပန္ေရာက္လာခဲ့ၿပီေပါ့.."


သံုးလတိတိအလုပ္သင္ဆင္းေပးခဲ့ရၿပီးမွ

အၿမဲတမ္း၀န္ထမ္းျဖစ္ၿပီးလစာတိုးမဲ့အခ်ိန္ေလးမွာ

မတရားစြပ္စဲြခံရၿပီး အလုပ္ထုတ္ခံလိုက္ရတဲ့

ေနရာကို မထင္မွတ္ပဲျပန္ေရာက္လို႔လာေလၿပီ။

တကယ္အမွားလုပ္တဲ့လူဟာ အတြင္းေရးမွဴး

မခ်စ္သဲျဖစ္ၿပီး အလုပ္ထုတ္ခံလိုက္ရတာက

ဝိုင္းေလးျဖစ္ေနခဲ့တယ္။


"ရွင္တို႔နဲ႔တန္တဲ့အရာကို ကၽြန္မျပန္ေပးမယ္.."


အဓိကကေတာ့ အတြင္းေရးမွဴးမခ်စ္သဲပဲ။

သူ႔ေၾကာင့္သာဝိုင္းေလးအခုလို ကုမၸဏီကေန

နာမည္ပ်က္နဲ႔အလုပ္ထုတ္ခံခဲ့ရတာ

သူသာစိတ္ထားေကာင္းတဲ့လူဆိုရင္

မင္းစက္အာဏာကို အနည္းငယ္ေဖ်ာင္းျပၿပီး

သူ႔အျပစ္ကိုထုတ္မေျပာခ်င္ရင္ေတာင္

ဝိုင္းေလးကိုလည္း သူေဌးဘက္ကေနအထင္လဲြမႈ

ေလ်ာ့ေအာင္ ေျပာေပးလို႔ရပါလ်ွက္နဲ႔

သက္သက္အက်င့္ယုတ္ခဲ့တာ။


အခုေတာ့ ဖြားဖြားႏုကိုယ္တိုင္ကမင္းစက္အာဏာကို

ေစာင့္ၾကၫ့္ဖို႔ အလုပ္ျပန္လုပ္ခိုင္းတာ

ျဖစ္တဲ့အတြက္ အဖြားကိုယ္တိုင္ပဲအလုပ္ျဖဳတ္လို႔

ရေတာ့မယ္။


ကုမၸဏီအေရ႔ွ၌ ခါးေထာက္ကာ

ေက်ေက်နပ္နပ္ႀကီး

ဟားတိုက္၍ရယ္ခ်လိုက္မိေလသည္။


"ဟား..ဟား.."


"ေဟ့ေကာင္မေလး..အဲ့မွာဘာရပ္လုပ္ေနတာလဲ

ဒီကအလုပ္သမားလား..၀င္မယ္ဆိုလည္း၀င္ေလ.."


လံုႃခံုေရးႀကီးႏွစ္ေယာက္ကထေအာ္လိုက္၍

ရယ္ေနသၫ့္ပါးစပ္ေတာင္ျပန္ေစ့သြားရေလသည္။


"ေအာ္..စိတ္ကူးယဉ္တာေတာင္မေျဖာင့္ရပါလား.."

ကိုယ့္အျဖစ္ကိုယ္ ျပန္ေတြးၾကၫ့္ေတာ့လည္း

တကယ္ကိုရင္နာဖို႔ေကာင္းပါတယ္။

တကယ္တမ္းေတာ့ ဝိုင္းေလးရဲ့အေတြးဟာ

ဓာတ္တိုင္ကို ေခါင္းႏွင့္ေျပးေဆာင့္ရန္

အေတြးသာျဖစ္ေလသည္။

မင္းစက္အာဏာက ဓာတ္တိုင္ႀကီးျဖစ္ၿပီး

ကိုယ္ကသာ ေခါင္းကဲြၿပီးမသာေပၚသြားႏိုင္ေပမဲ့

ဓာတ္တိုင္ႀကီးကလဲမယ္မထင္ေပ။


"မသိေတာ့ဘူးဟာ..အနည္းဆံုးေတာ့ဓာတ္တိုင္ႀကီး

အက္ကဲြသြားလဲအျမတ္ပဲ.."


"ဟဲ့ေကာင္မေလး..တစ္ေယာက္တည္းစကားေတြ

ေျပာေနတာ ရူးမ်ားေနလား.."


ကိုယ့္ဘာသာေတြးေတြးေျပာေျပာလုပ္ေနမိတာကို

သူတို႔ကို ေျပာတာၾကေနတာပဲ။

ဒီလံုႃခံုေရးႏွစ္ေယာက္က ေနရာတကာကိုပါတယ္။

ထိုလူႀကီးႏွစ္ေယာက္ကို ႏႈတ္ခမ္းဆူကာ

တမင္ေစာင္းမဲမဲႏွင့္ၾကၫ့္လိုက္ၿပီး ကုမၸဏီထဲသို႔

လွမ္းသာ၀င္လိုက္သည္။


"ဟြန႔္..ၾကၫ့္လို႔ကိုမရဘူး..ေနရာတကာကိုပါတယ္"


ထိုလူႏွစ္ေယာက္ကို တမင္မ်က္ေစာင္းထိုးပစ္ခဲ့လိုက္သည္။မင္းစက္အာဏာရဲ့ကားကိုတားလိုက္တဲ့ေန့တုန္းက ဒီႏွစ္ေယာက္ေပါ့

ဝိုင္းေလးကိုလိုက္ဖမ္းလို႔ေျပးလိုက္ရတာ

ေျပာမေနနဲ႔။သူတို႔ကေတာ့ ကိုယ့္ကိုမမွတ္မိေပမဲ့ ကိုယ္ကေတာ့ ဒီႏွစ္ေယာက္မ်က္ႏွာကိုေသေတာင္

မေမ့ဘူး။


တစ္ေယာက္ကလူရႊင္‌ေတာ္ေမာ့လိုႏႈတ္ခမ္းေမႊး

ကားကားနဲ႔ျဖစ္ကာ ေနာက္တစ္ေယာက္ကေတာ့

ကင္းေကာင္လို မ်က္လံုးကေတာင္တစ္လံုး

ေျမာက္တစ္လံုးျဖစ္ေလသည္။


"လံုႃခံုေရးခန႔္ရင္လည္း..ၾကၫ့္ေပ်ာ္ရႈေပ်ာ္ေလးေတြကိုမခန႔္ဘူး..အခုေတာ့

ေတြ့တာနဲ႔လန႔္ေျပးခ်င္စရာရုပ္ေတြနဲ႔

အေပါက္၀မွာ

ဘီလူးရုပ္ထုႀကီး‌ေတြခ်ထားသလားမွတ္ရတယ္.."


"ေဟ့မင္းဘာေျပာလိုက္တာလဲ.."


တမင္သူတို႔ၾကားေအာင္ေျပာလိုက္တာျဖစ္၍

ဝိုင္းေလးလည္းေျပာၿပီးတာႏွင့္တန္း၍

ေျပးလာခဲ့လိုက္ေတာ့သည္။

ကိုယ္အလုပ္လုပ္ရမၫ့္ ဌာနသို႔ေရာက္ေတာ့

မယုမြန္ကဝိုင္းေလးကို ႃပံုးရႊင္စြာႀကိဳဆိုလာခဲ့သည္။

စီမံခန႔္ခဲြေရးဌာနကအျခားအလုပ္သမားေတြကပါ

ဝိုင္းေလးအလုပ္ျပန္၀င္တာကို အံ့ဩေနၾကေလသည္။အလုပ္အျဖဳတ္ခံရၿပီးမွ ျပန္၀င္လာတာဆိုေတာ့ ေသခ်ာေပါက္အကပ္ရိွလို႔ဆိုတာေတာ့

သူတို႔ေတြသိၾကမွာပါ။

ဝိုင္းေလးလည္း ဘယ္တတ္ႏိုင္မွာလဲ။


❤️❤️❤️❤️❤️❤️❤️


"ဝိုင္းေလးေရ..ခဏေနၾကရင္သူေဌးက

ဒီစာခ်ဳပ္ကိုလာယူလိမ့္မယ္..ဂ်ပန္က

သူေဌးနဲ႔ပူးေပါင္းဖို႔ေရးထားတဲ့စာခ်ဳပ္ေလ...

အစ္မကအလုပ္အားမွာမဟုတ္ဘူး..

အဲ့ေတာ့ လာေတာင္းရင္ဝိုင္းေလးပဲ

ေပးလိုက္ပါေနာ္.."


"ဟင္..သူေဌးကိုယ္တိုင္လာယူမွာဟုတ္လား..."


"ဟုတ္တယ္ေလ..သူေဌးကခဏေနၾကရင္

လာလိမ့္မယ္..အစ္မလုပ္စရာေလးရိွေသးလို႔

ညီမ‌ပဲေပးလိုက္ေနာ္..."


ဒုကၡပဲ..ဝိုင္းေလးကသူ႔ကုမၸဏီမွာအလုပ္ျပန္၀င္

ေနတာကို သူလံုး၀မသိေသးဘူး။

သိသြားခဲ့ရင္လည္းလက္ခံမွာမဟုတ္ဘူး။

ကိုယ္နဲ႔ယူထားတဲ့မိန္းကေလးက ကုမၸဏီမွာအလုပ္သင္ေလးဆိုတဲ့ ကိစၥကို

သူလိုလူကလံုး၀လက္သင့္ခံမွာမဟုတ္ေလာက္ဘူး။

မျဖစ္ဘူး။အခုေလာေလာဆယ္ေတာ့ သူနဲ႔လံုး၀ထိပ္တိုက္ေတြ့လို႔မျဖစ္ဘူး။


"အား...မယုမြန္ေရ..ဝိုင္းေလးဗိုက္ေတြတအားနာလာၿပီ..."


"ဟဲ့ဘာျဖစ္လို႔လဲ..ဘယ္နားကနာတာလဲ..

ရံုးေဆးခန္းကိုလိုက္ပို႔ေပးရမလား..."


ဝိုင္းေလးသရုပ္ေဆာင္ျပလိုက္တာ ေတာ္ေတာ္

ပီျပင္သြားပံုပါပဲ။မယုမြန္ဟာျပာျပာသလဲျဖစ္သြားလ်ွက္ ထိုင္ခံုမွထလာခဲ့ေလသည္။

ဝိုင္းေလးကေတာ့ ခႏၶာကိုယ္ကိုကုန္းလိုက္ၿပီး

ကိုယ့္ဗိုက္ကိုယ္ ျပန္အုပ္ကာ

အသဲအသန္ျဖစ္ေနသလို

ပံုစံဖမ္းယူလိုက္သည္။


"အား..မယုေျပာသလိုပဲရံုးေဆးခန္းကိုသြားျပမွ

ျဖစ္မယ္နဲ႔တူတယ္..မရေတာ့ဘူးအစ္မေရ.."


ဝိုင္ေလးလည္းမတတ္ႏိုင္ေတာ့၍ သန႔္စင္ခန္းဆီသို႔

သာေျပးသြားလိုက္မိေလသည္။

သန႔္စင္ခန္းထဲသို႔အျမန္၀င္ပုန္းေနလိုက္ၿပီးမွသာ

 သက္ျပင္းခ်ႏိုင္ေတာ့သည္။အခုအခ်ိန္မွာ

အလုပ္စ၀င္၀င္ခ်င္း ဝိုင္းေလးေရွာင္ရမၫ့္လူက

မင္းစက္အာဏာနဲ႔ သူ႔အတြင္းေရးမွဴးကိုပဲ။

အတြင္းေရးမွဴးမခ်စ္သဲက ဝိုင္းေလးကို

အလုပ္ျပဳတ္ေအာင္လုပ္ခဲ့သူမို႔ ဝိုင္းေလးအလုပ္ျပန္၀င္တာကို သူလိုလားမွာမဟုတ္ဘူး။


အိမ္သာထဲမွာ၀င္ထိုင္ေနတာလည္းၾကာေနၿပီမို႔

ေရအိမ္ေပၚမွအျမန္ထကာအိမ္သာတံခါးကို

ဖြင့္လိုက္မိစဉ္မွာေတာ့..


"မခ်စ္သဲ..."


မခ်စ္သဲနဲ႔မေတြ့ခ်င္ပါဘူးဆိုေနမွ မခ်စ္သဲက

ကိုယ့္တက္တဲ့အိမ္သာတံခါးအ၀မွာလာ၍

ရပ္ေနေလသည္။

အခ်ိန္ကလည္း ေန့လည္စာစားခ်ိန္ျဖစ္ေန၍

သန႔္စင္ခန္းတစ္ခုလံုးလည္း လူေတျြပၫ့္‌ေနေလသည္။


"နင့္ကိုငါေတြ့ဖူးသလိုပဲ..."


"အဟင္း..ဟုတ္ကဲ့..ကၽြန္မက.."


"ေနာက္မွပဲေျပာပါဟယ္..အခုကအရမ္းအိမ္သာ

တက္ခ်င္ေနလို႔..ဖယ္‌စမ္းပါ..."


အိမ္သာတံခါးအ၀မွာ ရပ္ေနမိေသာဝိုင္းေလးကို

အတင္းဆဲြထုတ္ၿပီး အိမ္သာထဲသို႔၀င္ကာ

တံခါးကိုေဆာင့္ပိတ္သြားခဲ့ေလသည္။

သူ႔ၾကၫ့္ရတာ ဝိုင္းေလးကိုသိပ္ၿပီး

မွတ္မိပံုမရဘူး။


ဒီလိုနဲ႔ဝိုင္းေလးလည္း ေန့လည္စာစားၿပီးခ်ိန္တည္းက ကိုယ့္ေနရာ၌သာျပန္၍ထိုင္ကာအလုပ္လုပ္

ေနမိေလသည္။အလုပ္ဆင္းခ်ိန္ေရာက္ေတာ့မွ

ကိုယ့္ေနရာကေန ျပန္ထလိုက္ၿပီး

မယုမြန္တို႔နင့္အတူ ဖယ္ရီကားေတြဆီသို႔

အတူသြားျဖစ္ၾကသည္။

ကုမၸဏီထဲမွ ထြက္ၿပီးေနာက္ဖယ္ရီကားဆီသို႔သြားေနစဉ္မွာပဲ ကားပါကင္မွထြက္လာေသာ

မင္းစက္အာဏာ၏ကားကိုလွမ္းျမင္လိုက္ရတဲ့

အခါမွာေတာ့ ...


"ဟဲ့..ေမဝိုင္းေလး..ဘာျဖစ္လို႔ပုန္းေနတာလဲ.."


"အစ္မသာဖယ္ရီဆီကိုေရာက္ေအာင္ အရင္သြားလိုက္ပါ..ဝိုင္းေလးအေနာက္ကေနလိုက္လာခဲ့မယ္.."


"ဟဲ့ျဖစ္လို႔လား.."


"ျဖစ္တယ္..ျဖစ္တယ္.."


နီးစပ္ရာဖယ္ရီကားေဘးသို႔၀င္ပုန္းေနလိုက္ရ၍

မယုမြန္ကို အရင္သြားခိုင္းလိုက္ရေလသည္။

သူ႔ကားေလး ကုမၸဏီအေရ႔ွမွထြက္သြားေတာ့မွသာ

စိတ္ေအးရေတာ့သည္။

ဒီအတိုင္းဆိုရင္ေတာ့ သူအေနွးနဲ႔အျမန္သိမွာပဲ။

ေနာက္ေန့ေတြလည္း ဒီလိုပဲဆက္ပုန္းေနလို႔ေတာ့

မျဖစ္ဘူး။

သူကလည္း ဝိုင္းေလးအလုပ္၀င္ေနမွန္းသိရင္

ေသခ်ာေပါက္အလုပ္ထြက္ခိုင္းမွာပဲ။

ဘယ္လိုလုပ္ရပါ့မလဲ???.


❤️❤️❤️❤️❤️❤️


"ေနာက္ဆံုးေတာ့အၿပီးသတ္သြားၿပီေပါ့.."


"အခုမွပဲသက္ျပင္းခ်ႏိုင္ေတာ့တယ္.."


ဒီလအတြက္လခ်ဳပ္စာရင္းေတြကိုအၿပီးသတ္သြားၿပီျဖစ္၍ ဝိုင္းေလးတို႔ဌာနတစ္ခုလံုး

အသံေတြစံုကာ ေပ်ာ္ေနၾကေလသည္။

မယုမြန္တို႔အဖဲြ႔ကလည္း အခုမွစိတ္လက္ေပါ့ပါး

သြားၾကပံုပါပဲ။ဝိုင္းေလးအလုပ္၀င္သၫ့္အခ်ိန္ဟာ

လကုန္ခါနီးျဖစ္ေန၍ ကိုယ္ကေတာ့

သူတို႔ကိုအနည္းငယ္ကူညီေပးရံုကလဲြၿပီး

အမ်ားႀကီးေတာ့ မပင္ပန္းလိုက္ေပ။

မန္ေနဂ်ာရဲ့အကပ္နဲ႔ အလုပ္၀င္တဲ့သတင္းေၾကာင့္လည္း အရင္လိုေဟာက္စားလုပ္ခ်င္သူေတြ

မရိွေတာ့တာကိုေတာ့ သတိထားမိေလသည္။


"ဝိုင္းေလး..ေကာ္ဖီေသာက္မလား..

အစ္မသြားေဖ်ာ္ေပးမယ္ေလ.."


"ရပါတယ္..အစ္မတို႔ကပိုပင္ပန္းတာပါ..

ဝိုင္းေလးေဖ်ာ္ခဲ့လိုက္မယ္ေလ..

ဗန္းနဲ႔ပါမလာခဲ့မယ္..ဘယ္သူေတြေကာ္ဖီ

ေသာက္ခ်င္ၾကလဲ.."


"အားနာတယ္ဝိုင္းေလးရယ္..ဒါေပမဲ့အစ္မကိုလည္း

တစ္ခြက္ေလာက္ေဖ်ာ္ခဲ့ေပးေနာ္.."


"အစ္ကိုေရာပဲ စိတ္လန္းေအာင္တစ္ခြက္ေလာက္

ေသာက္ခ်င္တယ္..ဘယ္ေကာ္ဖီမဆိုရတယ္ကြာ..."


"စိတ္ခ်ေကာင္းေကာင္းေလး ေဖ်ာ္လာေပးပါ့မယ္.."


ဝိုင္းေလးတို႔ဌာနကအေရးႀကီးစားရင္းေတြကို

ကိုင္ရသၫ့္ဌာနျဖစ္သလို ဒီအထပ္မွာမန္ေနဂ်ာရဲ့

ရံုးခန္းလည္းရိွေနသၫ့္အတြက္ ဘားအေသးေလးတစ္ခုထားရိွေလသည္။

ထိုဘားမွာ ေကာ္ဖီထုတ္မ်ိဳးစံုရိွကာ အေအးေတြဘာေတြလည္း ကိုယ့္ဘာသာေဖ်ာ္၍ေသာက္ႏိုင္ေလသည္။

ဝိုင္းေလးလည္း လင္ဗန္းတစ္ခုကိုယူလိုက္ကာ

ဖိုင္ဘာခြက္ေလးမ်ားကို စီ၍တင္လိုက္ၿပီး

ေကာ္ဖီေဖ်ာ္ဖို႔ျပင္လိုက္သည္။


"ေကာ္ဖီခြက္ေတြကမ်ားလွခ်ည္လား..."


အတြင္းေရးမခ်စ္သဲက ရုတ္တရက္ႀကီးေရာက္ခ်လာ၍ လန႔္ေတာင္လန႔္သြားမိသည္။

ေရွာင္လႊဲလို႔လည္း မရေတာ့သည္မို႔

ဝိုင္းေလးလည္း မႃပံုးခ်င္ပဲႃပံုးျပလိုက္ရေလသည္။


"ဟုတ္တယ္..ဝိုင္းေလးတို႔ဌာနက

လခ်ဳပ္စာရင္းေတြ

အၿပီးသတ္သြားလို႔ေလ..အားလံုးအရမ္းပင္ပန္း

ထားၾကေတာ့ ဝိုင္းေလးကေကာ္ဖီေဖ်ာ္တိုင္တာပါ.."


"ေနပါအံုး...ညီမကိုအစ္မျမင္ဖူးသလိုပဲေနာ္..

ညီမနာမည္ကဘယ္သူလဲ...."


"ဟို...ညီမနာမည္က..."


"ေမဝိုင္းေလးမဟုတ္လား.."


"ရွင္..."


ဝိုင္းေလးရဲ့နာမည္ကို သူမွတ္မိေနတာလား။

ဒါဆိုရင္ ဝိုင္းေလးအလုပ္ျပဳတ္ဖူးတာကိုလည္း

သူမွတ္မိေနမွာေပါ့။အတြင္းေရးမွဴး

တစ္ေယာက္က ဒီေလာက္အထိေတာ့

မွတ္ဉာဏ္မခ်ိဳ႕ယြင္းေလာက္ပါဘူး။


"ဒီမွာေလ..အလုပ္သမားကပ္ျပားကေမဝိုင္းေလးဆိုတာ မင္းရဲ့နာမည္မဟုတ္လား..."


"ဟား..ဟား..ဟုတ္တာေပါ့..."


ေအာ္..အလုပ္သမားကပ္ျပားကနာမည္ကို

ဖတ္လိုက္မိတာကို။ငါ့နယ္ သူကမွတ္မိသြားၿပီလို႔

ထင္လိုက္မိတာ။

ဒီလိုဆိုရင္ ထင္သေလာက္လည္း

မွတ္ဉာဏ္မေကာင္းဘူးနဲ႔တူတယ္။

ငါေတာင္သူ႔ကိုမွတ္မိတယ္။

သူကေတာ့ အခုထိကိုမမွတ္မိေသးဘူး။


ဒါနဲ႔မ်ားဘယ္လိုအတြင္းေရးမွဴးလုပ္ေနသလဲ

မသိဘူး။ဒီလိုေမ့တတ္လို႔လည္း စာရင္းေတြ

တလဲြျဖစ္ၿပီး ငါအလုပ္ျဖဳတ္ခံခဲ့ရတာေနမယ္။

မင္းစက္အာဏာက ကိုေကာင္းသန႔္ကိုပဲ

သြားေလရာေခၚသြားတာလည္း မေျပာနဲ႔

မခ်စ္သဲကအသံုးမွမက်တာ။

ၾကၫ့္ရတာ သူကလည္းအကပ္နဲ႔၀င္လာတာမ်ားလား။


"မင္းရဲ့နာမည္က တို႔သူေဌးရဲ့အမ်ိဳးသမီးနာမည္နဲ႔

ဆင္သလိုပဲေနာ္..."


ဆင္တာမဟုတ္ဘူးရွင့္ တစ္ေယာက္တည္းပဲ

သိရဲ့လား။ေနပါအံုး မင္းစက္အာဏာက

မဂၤလာေဆာင္တုန္းက သူ႔ကိုဖိတ္လိုက္လို႔မ်ားလား။

မဂၤလာေဆာင္မွာေတာ့ မခ်စ္သဲကိုမေတြ့မိပါဘူး။


"ကၽြန္မကအလုပ္သင္ပါ..နာမည္တူမရွား

လူတူမရွားဆိုတာရိွတာပဲမဟုတ္လား..."


"အင္း..တို႔ကနာမည္တူလို႔ေမးၾကၫ့္တာပါ.."


"ဒါနဲ႔..မခ်စ္သဲကဘယ္သူ႔အတြက္ေကာ္ဖီေဖ်ာ္ေနတာလဲဟင္..ေကာ္ဖီေစ့ေတြကိုႀကိတ္ေနေတာ့

မခါးဘူးလား..."


"Espresso(အက္စပရက္ဆို)ေဖ်ာ္ေနတာေလ..

ေနာက္ႏွစ္နာရီဆိုအစည္းအေဝးစေတာ့မွာ

ဆိုေတာ့ ကိုစက္ကေခါင္းၾကည္ေအာင္

"Espressoေသာက္ခ်င္တယ္လို႔

ေျပာလာလို႔..ကိုစက္ကတို႔ေဖ်ာ္တဲ့

အက္စပရက္ဆိုကိုသိပ္ႀကိဳက္တာေလ...

အျခားသူေတြေဖ်ာ္ရင္အနံ႔ေတာင္ခံတာမဟုတ္ဘူး"


"ေအာ္..ဟုတ္လား.."


မင္းစက္အာဏာက သူ႔အတြင္းေရးမွဴးေဖ်ာ္တဲ့

ေကာ္ဖီခါးခါးႀကီးကိုသိပ္ႀကိဳက္တယ္ေပါ့ေလ။

ေကာ္ဖီေစ့ေတြကို ေသခ်ာႀကိတ္ၿပီး စစ္ထုတ္ေနလိုက္တာမ်ား သူ႔ရည္းစားအတြက္တယုတယ

လုပ္ေပးေနသလားမွတ္ရတယ္။

မင္းစက္အာဏာရဲ့မဂၤလာပဲြကို မတက္လိုက္ရရင္ေတာင္ သူ႔မွာအိမ္ေထာင္ရိွတာကိုေတာ့

သိသင့္ပါတယ္။သိလည္းေရွာင္မွာမဟုတ္ပါဘူး။


*ဟာ..ဒါေတြကငါနဲ႔မဆိုင္ပါဘူး...သူတို႔ႏွစ္ေယာက္

ေဖာက္ျပန္ရင္ပိုေတာင္ေကာင္းေသးတယ္

သူတို႔ကိုအျမန္ဆံုး အမိဖမ္းၿပီး

ကြာရွင္းခြင့္ေတာင္းလို႔ရတာေပါ့

ဒါဆိုငါလြတ္လပ္ၿပီ...*


"အစ္မဘယ္သြားမလို႔လည္း..ဒါႀကီးကိုဒီအတိုင္း

ထားခဲ့မလို႔လား.."


"ပူေနပါေသးတယ္..မန္ေနဂ်ာရံုးခန္းမွာ

စာခ်ဳပ္တစ္ခုသြားယူခဲ့ဖို႔

ကိုစက္ကမွာလိုက္လို႔.."


မခ်စ္သဲကသူေဖ်ာ္ထားတဲ့espressoကို

အုပ္ထားခဲ့ကာ မန္ေနဂ်ရံုးခန္းသို႔

ထြက္သြားခဲ့ေလသည္။

ဝိုင္းေလးလည္းေကာ္ဖီေတြကိုေဖ်ာ္လို႔ ၿပီးသြားၿပီ

ျဖစ္၍ ဗန္းကိုမဖို႔ျပင္လိုက္မိ‌စဉ္ ကိုစက္အတြက္ဟု

ခၽဲြခၽဲြႏဲြ႔ႏဲြ့ေျပာသြားသၫ့္ အတြင္းေရးမွဴး၏အသံကိုျပန္ၾကားေယာင္လိုက္မိၿပီး မဲ့ႃပံုးႃပံုးလိုက္မိသည္။


မခ်စ္သဲကေကာ္ဖီကို အရသာျမည္းၿပီးသြားၿပီ

ဆိုေတာ့ သူထပ္ၿပီးျမည္းေတာ့မွာမဟုတ္ေလာက္ဘူး။ဒါဆို....


အနီးကအေအးေတြေဖ်ာ္ဖို႔ အေအးပုလင္းေတြတင္ထားသၫ့္ စင္အေပၚမွသံပုရာသီးတစ္လံုးကို

‌လွမ္းယူလိုက္ၿပီး အခြံခြာလိုက္သည္။

ညိုစိုေနေသာ espressoခြက္ထဲသို႔

သံပုရာသီးကိုၫွစ္ထၫ့္ျပစ္ခဲ့လိုက္ကာ

ထိုေနရာမွ အျမန္ထြက္ခြာလာခဲ့လိုက္သည္။


"ေကာ္ဖီရပါၿပီ.."


ဌာနကိုျပန္ေရာက္ေတာ့ ေကာ္ဖီခြက္ေတြကို

လုပ္ေဖာ္ကိုင္ဖက္မ်ားအား ေဝေပးလိုက္ပါသည္။


"အံမယ္..ဝိုင္းေလးက ႃပံုးရႊင္ေနပါလား

ပိုက္ဆံေကာက္ရခဲ့လို႔လား..."


"မဟုတ္ပါဘူးအစ္မတို႔ရယ္..ဘ၀မွာအလုပ္ခ်င္ဆံုး

အရာတစ္ခုေအာင္ျမင္သြားလို႔ပါ.."


"တယ္ဟုတ္ပါလား..တို႔ေတြကိုလည္းေျပာျပပါအံုး.."


"ဟင့္အင္းေနာ္..လ်ိဳ႕ဝွက္ခ်က္.."


ဘ၀မွာအလုပ္ခ်င္ဆံုးကမင္းစက္အာဏာကို

ေနာင္က်င္‌ေအာင္ဆံုးမခ်င္တာ..။

Espressoကလည္းခါးခါး..သံပုရာသီးက

ခ်ဉ္ခ်ဉ္ဆိုေတာ့..ခ်ဉ္ခါးေလးေပါ့။

အဲ့ဒီေကာ္ဖီကိုေသာက္ၿပီး ျဖစ္သြားမဲ့

သူ႔ရုပ္ႀကီးကိုျမင္ခ်င္လိုက္တာ..။


❤️❤️❤️❤️❤️❤️


"ဖီ!!!!အား!!!ဘယ္လိုအရသာႀကီးလဲဟ..."


"ဘာ..ဘာျဖစ္လို႔လဲဟင္..."


မင္းစက္၏မ်က္ႏွာႀကီးတစ္ခုလံုးသည္

ရႈံ႔တြနီရဲ‌ေနကာ ခံတြင္းတစ္ခုလံုးလည္းခ်ဉ္စုပ္ေနတာပဲ။

သြားေတြေတာင္ အကပ္လိုက္ကၽြတ္ထြက္ေတာ့

မလိုခံစားလိုက္ရတယ္။

ပါးေဆာင္တစ္ခုလံုးခ်ဉ္တက္သြားကာ

ေတာ္ေတာ္ခံရခက္ေလသည္။


"ေကာ္ဖီကိုမင္းဘယ္လိုေဖ်ာ္လာတာလဲ!!!"


"ဘာျဖစ္လို႔လဲဆရာရယ္...

ကၽြန္မပံုမွန္အတိုင္းပဲ ေဖ်ာ္လာခဲ့တာပါ...

ဆရာ့အႀကိဳက္espressoခါးခါးေလး..."


"ဘာခါးတာလဲ..ဒီေလာက္ခ်ဉ္စုပ္ေနတာႀကီးကို

ငါ့သြားေတြကၽြတ္မထြက္တာကံေကာင္း...

မင္းငါ့ကိုတမင္ ရဲြ႔ေနတာလား..."


ေဒါသအရိွန္ျပင္းလာသၫ့္ ဆရာ့မ်က္ႏွာကိုၾကၫ့္ၿပီး ခ်စ္သဲအဖို႔ တိုင္နဲ႔ေခါင္းနဲ႔ေျပးေစာင့္တာမွ

သက္သာအံုးမည္ဟု ေတြးေနမိေလသည္။

ေကာ္ဖီက ေဖ်ာ္တုန္းက‌ေတာ့အေကာင္းပါပဲ

ျမည္းတုန္းကလည္း ခါးတူးေနတာအေသအခ်ာပဲ။

ဆရာ့လက္ထဲကိုေရာက္မွ ဘာေၾကာင့္ခ်ဉ္သြားရတာလဲ။


"ေကာ္ဖီေလးတစ္ခြက္ေတာင္ ေျဖာင့္ေအာင္မေဖ်ာ္ႏိုင္ရင္ မင္းဒီမွာဘာလုပ္မွာလဲ...

မင္းရဲ့အေဖေၾကာင့္သာငါသည္းခံေနတာေနာ္

မင္းလုပ္တဲ့အမွားေတြကမနည္းေတာ့ဘူး.."


"ခ်စ္သဲေတာင္းပန္ပါတယ္..အလုပ္ေတာ့

ဆက္လုပ္ပါရေစေနာ္..အေဖ့ကိုေတာ့

မေျပာလိုက္ပါနဲ႔...."


ခ်စ္သဲတစ္ေယာက္ ရံုးခန္းထဲတြင္ငိုႀကီးခ်က္မႏွင့္

ျဖစ္ေနသည္မို႔ မင္းစက္ဟာပို၍စိတ္ရႈပ္လာေလသည္။ခ်ဉ္စုပ္ေနတဲ့ေကာ္ဖီကို ေသာက္လိုက္ရတာက ကိုယ္ျဖစ္ၿပီးအခုေတာ့ အမွားလုပ္တဲ့လူက

ငိုေနသည္တဲ့။ဒါေၾကာင့္မို႔ အတြင္းေရးမွဴးကို

မိန္းကေလးမခန႔္ခ်င္တာ။

သူ႔အေဖက ကိုယ့္အတြင္းေရးမွဴးေနရာကို

အတင္းလာထၫ့္လို႔သာ မေကာင္းတတ္လို႔

မေျပာပဲေနလိုက္တာကို အဟုတ္ႀကီးမွတ္ေနတယ္။


"ငါ့အေရ႔ွမွာလာငိုမေနနဲ႔..မင္းအေဖနဲ႔ေတာ့

ငါစကားေျပာရမွာပဲ..မင္းကိုဆက္ထားလို႔ေတာ့

မျဖစ္ေတာ့ဘူး..."


"အဲ့လိုမလုပ္ပါနဲ႔..."


"အစည္းအေဝးအတြက္ သြားျပင္ဆင္ေတာ့.."


စကားကိုပိတ္ေျပာလိုက္တာေၾကာင့္ ခ်စ္သဲလည္း

မ်က္ရည္ကိုသုတ္ကာ ငိုခ်င္ေပမဲ့ကိုစက္ခိုင္းတဲ့

အတိုင္းပဲ လုပ္လိုက္ရေလသည္။

ကိုယ့္လက္ပ္ေတာ့ကို ယူလိုက္ၿပီး

ကိုစက္ပို႔ေပးထားတဲ့ ပေရာဂ်က္ဇယားကို

စစ္လိုက္ကာ အစည္းအေဝးအခန္းဆီသို႔

ထြက္လာခဲ့လိုက္သည္။


ဒီကုမၸဏီကို ၀င္ရသၫ့္အဓိကရည္ရြယ္ခ်က္မွာ

ကိုစက္ေၾကာင့္ပါပဲ။အေဖက ကိုစက္တို႔ၿပီးရင္

ဒီကုမၸဏီ၏ ရွယ္ယာအမ်ားဆံုးျဖစ္၍

အတြင္းေရးမွဴးေနရာကို အေဖ့ေၾကာင့္ရေအာင္

လုပ္ႏိုင္ခဲ့တယ္။


ကိုစက္က ခ်စ္သဲရဲ့အိပ္မက္မင္းသားေလးတစ္ပါးပဲ။သူ႔ရဲ့ေဘးနာမွာ ေနရရင္ကိုေပ်ာ္ေနမိတာပါ။

အခုေတာ့ အလုပ္ထုတ္ခံရေတာ့မယ္ထင္ပါတယ္။

ကိုစက္မဂၤလာေဆာင္တုန္းကေတာင္ 

မခံစားႏိုင္လို႔မသြားခဲ့မိဘူး။အခုေတာ့ပိုေဝးရေတာ့မယ္ထင္ပါတယ္။


"မျဖစ္ဘူးအလုပ္မထြက္ရဖို႔

တစ္ခုခုေတာ့ လုပ္ရမွာပဲ..."


အခန္း(၁၄)ဆက္ရန္...


စာေရးသူ..ေဆာင္းေငြ့ေဝ


❤️❤️❤️❤️❤️


ဝိုင္းေလးကလည္း ပညာေတြထုတ္သံုးေနပါၿပီ


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းစီကို

အထူးေက်းဇူးတင္ရိွပါတယ္။