(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၅၈)🔥
လေညှင်းလေးတွေ ပုံရိပ်၏ဆံပင်လေးတွေကိုလာထိခတ်လိုက်တိုင်း လည်ပင်းမှာပတ်ထားသော မာဖလာလေးကပါ တလူလူနှင့်လွင့်ပျံနေလေသည်။
မာဖလာလေး ပြုတ်ကျမကျန်ခဲ့အောင်
လက်တစ်ဖက်နှင့် ဖိထားပြီးကျန်လက်တစ်ဖက်ကတော့ ဆရာ့ခါးကိုအရဲစွန့်ကာဖက်ထားမိသည်။
တောင်တက်လမ်းဖြစ်၍ တစ်ချက်တစ်ချက်
ဆိုင်ကယ်ယမ်းခါသွားတာကို ကြောက်တာလည်းပါသည်။
အားကိုးလိုသောနူးညံ့သည့်အတွေးစလေးတွေပါ ဘာကြောင့်ပေါက်ဖွားလာသလဲမသိတော့ပါဘူး။
"ဆရာ...အခုဘယ်ကိုသွားနေတာလဲဟင်.."
"...အရမ်းလှတဲ့နေရာတစ်ခုဆိုတာတော့ အာမခံပါတယ်..."
"ဘာကြောင့်အခြားသူတွေကိုပါ မခေါ်တာလဲဟင်..."
"အရိပ်တစ်ယောက်တည်းကိုပဲ ခေါ်သွားချင်လို့ပေါ့..သေချာဖက်ထားနော်...ခေါင်းစွပ်လေးလည်းမကျွတ်စေနဲ့...လေတိုက်တော့ပိုအေးတယ်...."
"ဟုတ်ကဲ့..."
"အရိပ်တစ်ယောက်တည်းကိုပဲ ခေါ်သွားချင်လို့ပေါ့.."ဟူသောစကားတစ်ခွန်းတည်းနှင့်
ပုံရိပ်မှာ အလွန်ပျော်ရွှင်နေမိလေပြီ။
ဆရာကိုယ်တိုင်ကခွင့်ပြုလိုက်သောကြောင့်
ဆရာ့ခါးကို ပိုမိုတင်းကြပ်စွာဖက်ထားလိုက်ပြီး အနောက်ကနေမြင်နေရတဲ့ လောင်းကုတ်
အနက်ရောင်ဖုံးအုပ်နေသော ကျောပြင်ကျယ်ကြီးပေါ်သို့ ခေါင်းလေးကိုမှီလိုက်မိသည်။
မျက်လုံးကိုအသာမှိတ်လိုက်တဲ့အခါ ပုံရိပ်ဟာ
တိမ်တွေပေါ်မှာ ဆိုင်ကယ်စီးနေရသလိုပါပဲ။
အေးစက်တဲ့လေထုက မျက်နှာကိုတအားထိခတ်ပြီး နှာခေါင်းတွေပါအေးစက်နီရဲလာပေမဲ့
ဆရာ့ကျောပြင်ကို ထိကပ်နေသော
ပါးတစ်ခြမ်းနှင့် ကိုယ်တစ်ခြမ်းကတော့
နွေးထွေးနေတာပါပဲ။
ဆရာ့ကိုယ်သင်းရနံ့ကလည်း မွှေးလိုက်တာ
ရှမ်းရိုးရာအမှတ်တရအင်္ကျီလေးတွေသွား၀ယ်ပြီးအပြန်မှာ အခြားသူတွေကိုအရင်ပြန်ခိုင်းပြီး
"ပုံရိပ်ကိုအရမ်းလှတဲ့နေရာတစ်ခုကိုလိုက်ပြမည်"
ဟုပြောကာ ခေါ်လာခဲ့ခြင်းပင်။
ဆရာသာခေါ်လျှင် ဘယ်အရပ်ဒေသဖြစ်ဖြစ်
လိုက်ဖြစ်မည်မို့ပုံရိပ်ကလည်း လုံး၀မငြင်းဆိုခဲ့ပေ။
ဆရာကပုံရိပ်ကိုမာဖလာလေးတစ်ခုပါ ၀ယ်ပေးပြီး ဆိုင်ကယ်စီးနေရင်းနှင့် လည်ပင်းတွေအေးမှာကို စိုးရိမ်ပေးခဲ့သည်။
အသေးစိတ်ကအစ စိုးရိမ်တတ်တဲ့
ဒီလိုအမျိုးသားကို မရွေးချယ်ခဲ့သည့်"နွယ်"ဆိုသော
မိန်းမကရူးနေတာပဲ ဖြစ်လိမ့်မည်။
ပြီးတော့"နွယ်"ရဲ့လက်ကိုတွဲထားတဲ့
ဟိုသူတောင်းစား..မန္တလေးကိုရောက်တာနဲ့
ဒင်းကိုအရေခွံခွာပြမယ်။
ဘာပဲဖြစ်ဖြစ်အဲ့မိန်းမကိုလည်း ကျေးဇူးတင်မိပါတယ်။သူ့ကြောင့်သာမဟုတ်ရင် အခုလိုဆရာနဲ့
နှစ်ယောက်တည်း ဆိုင်ကယ်စီးခွင့်တောင်ရနိုင်မယ်မထင်ဘူး။
ပုံရိပ်ရဲ့ရင်ထဲမှာ ဆရာ့ကိုဆုံးရှူံးရမှာ
သိပ်ကြောက်နေမိတယ်။
"အရိပ်...ရောက်ပြီလေ...အိပ်နေတာလား..."
ဆရာ့ခါးကိုဖက်ထားသည့် ပုံရိပ်၏လက်ဖမိုးပေါ်သို့ အေးစက်သောအထိအတွေ့တစ်ခုရောက်ရှိလာသောကြောင့် မျက်လုံးတွေကိုမှိတ်ထားမိရာမှ တဖြည်းဖြည်းဖွင့်ကြည့်လိုက်မိသည်။
"ဟာ...လှလိုက်တာ..."
ဆရာ့ခါးကိုဖက်ထားသောလက်တွေအား
ဖြုတ်လိုက်ပြီး အောက်ကိုဆင်းလိုက်မိသည်။
ပုံရိပ်၏မျက်၀န်းထဲတွင် ပန်းတွေနှင့်သာပြည့်နေလေသည်။
*ကုန်းပြေပြေလေး၏လမ်းတစ်ဖက်တွင်နေကြာပန်းခင်းကြီးက နေထွက်ရာအရပ်သို့
မျက်နှာမူထားကြပြီး ဝါဝါရဲရဲလေးတွေနှင့်
သိပ်ကိုလှလွန်းသည်။
လမ်းကျဉ်းလေး၏တစ်ဖက်ခြမ်းမှာတော့
စတော်ဘယ်ရီသီးအခင်းကြီးရှိနေပြီး
ဟိုးအနောက်ဘက်မှာတော့ စပျစ်သီးခြံကြီးပင်။
တကယ့်ကိုအိပ်မက်ကမ္ဘာထဲသို့ရောက်လာသလိုပါပဲ။
*လှလိုက်တဲ့ နေကြာပန်းတွေ...စားချင်စရာ
စတော်ဘယ်ရီသီးတွေ...*
"ဆရာ...ဒီနေရာကိုဘယ်လိုသိတာလဲဟင်..."
"ဒါကဆရာ့အလုပ်ရှင်ရဲ့ခြံလေ...
ဆရာ့ကကြည့်ပေးနေရတာကြာပြီ...ဝိုင်လုပ်ချင်သူတွေက ဒီမှာစပျစ်သီးတွေလာ၀ယ်လေ့ရှိတယ်...
စတော်ဘယ်ရီတွေလည်းဖောက်သည်လာယူလေ့
ရှိကြတယ်....နေကြာတွေရောပေါ့..."
"ဒါနဲ့များဆရာရယ်...ပုံရိပ်တို့အဖွဲ့ကိုဈေးထဲကအသီးတွေကိုဘာလို့၀ယ်ပေးနေသေးလဲ...
ဒီခြံကိုခေါ်လာလိုက်ပြီးရောကို..."
"ဒီခြံကအသီးတွေနဲ့ဈေးထဲကအသီးတွေကမတူဘူးအရိပ်ရဲ့...ဒီကပိုလတ်ဆတ်ပြီးအလုံးလည်း
ပိုကြီးတယ်...ပြီးတော့ကိုယ်က
အရိပ်တစ်ယောက်တည်းကိုပဲ ခေါ်လာချင်တာ..."
ဆရာ့စကားက ပုံရိပ်၏ပါးပြင်ပေါ်ကို
လေပြည်နွေးနွေးလေး ပက်ဖြန်းလိုက်သလိုပါပဲ။ဆိုင်ကယ်ကို မှီထားပြီးသူ့ရဲ့ရှည်လျားသော
ခြေတံဖြောင့်ဖြောင့်ကိုရှေ့ထုတ်ကာ
လက်ပိုက်ထားပုံမှာ လောင်းကုတ်အမဲရောင်ကို
၀တ်ထားတာနဲ့ဆိုတော့ သိပ်စမက်ကျနေသည်။
ပြီးတော့ ပြုံးနေတာလေးကလည်း
အလွန်ကြည့်ကောင်းသည်။
"ဆရာက...ဒီနေရာကိုအခြားသူတွေရော
ခဏခဏခေါ်လာဖူးသေးလား..."
"ဘယ်သူတွေကိုပြောတာလဲ..."
ဆရာ့မျက်ခုံးနှစ်ဖက်က အနည်းငယ်တွန့်ကျုံ့သွားသောကြောင့် ပုံရိပ်လည်းမာဖလာလေးကို
ဆုပ်ကိုင်လိုက်ပြီး သက်ပြင်းချကာခေါင်းကိုငုံ့၍
"အခြားမိန်းကလေးတစ်ယောက်ယောက်"ဟု
အရဲစွန့်ပြီး မေးလိုက်မိသည်။
ပုံရိပ်ဘက်ကစည်းကျော်သွားမိပြီလား။
"ပုံရိပ်ကပထမဆုံးပါပဲဗျာ..."
အနားသို့တစ်လှမ်းချင်းလျှောက်လာကာ
ပခုံးနှစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်လိုက်သော
လက်နွေးနွေးကြီးများကြောင့် လိပ်ပြာတွေ
တဖြတ်ဖြတ်ပျံတက်သွားသလို
လန့်ဖြတ်သွားမိသည်။
သူ့ရဲ့ရှူးဖိနပ်ကိုကြည့်နေမိရာမှ အပေါ်သို့
မော့ကြည့်လိုက်မိတော့ ပုံရိပ်၏
မျက်၀န်းတွေထဲအထိ ရွှန်းရွှန်းစားစား
စိုက်ကြည့်နေသော ညှို့ငင်မှုကိုခံစားလိုက်ရသည်။
*သူ့အပြုံးတွေကဘာကြောင့် နွေးထွေးရတာလဲ..
သူ့မျက်၀န်းတွေကဘာကြောင့်များဒီလောက်အထိ တောက်ပနေရတာလဲ..."
"ဟောဟိုမှာမြင်နေရတဲ့ အပင်တွေကနေ
ကြိုက်တာကိုခူးစားလို့ရတယ်...
ကြိုက်တဲ့ပန်းအပွင့်ကိုခူးလို့ရတယ်..."
ဆရာ့ဘက်သို့ မျက်နှာမူနေသောပုံရိပ်ကို
ပခုံးနှစ်ဖက်မှကိုင်ပြီး နေကြာပန်းတွေဘက်ကို
ဆွဲလှည့်ကာ ရှေ့သို့တစ်လှမ်းနှစ်လှမ်းလောက်ရောက်သည်အထိ တွန်းလိုက်လေသည်။
ဆရာ့ဘက်သို့ ပြန်ကြည့်လိုက်ပြီး
ကလေးတစ်ယောက်ကဲ့သို့ ပြုံးလိုက်ကာ
နေကြာပန်းခင်းကြီးဆီသို့ တဟုန်ထိုးပြေးသွားလိုက်မိသည်။
*နေမျိုးသည်လည်း နေကြာပန်းခင်းကြီးထဲသို့
တိုးဝေ့ကာဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်နေသော ကလေးမလေးကို သဘောတကျနှင့်ကြည့်နေမိသည်။
*သိပ်ချစ်စရာကောင်းပြီး ဖြူစင်လွန်းသည့်ကောင်မလေးဖြစ်သည်။
သူအပြင်းအထန်ဖျားခဲ့သော နှစ်ကြိမ်လုံးတွင်
ဒီကောင်မလေးက သူ့ဘေးနားမှာ
ရှိနေပေးခဲ့တယ်။
အဲ့ဒီ့အရာကပဲ သူ့ရဲ့စိတ်ကိုတုန်လှုပ်စေခဲ့တယ်။
မန္တလေးမှာရှိနေတဲ့ကောင်မလေးက တောင်ကြီးကို
ရောက်တာနဲ့ သူ့ရဲ့ကျန်းမာရေးကိုစိုးရိမ်ပေးနေတာဟာ သူ့အတွက်အရမ်းတန်ဖိုးကြီးတဲ့
အခိုက်အတန့်လေး တစ်ခုပါပဲ။
ကျေးလတ်ဒေသတစ်ခုမှာစသိခဲ့တဲ့
"နွယ်"ဆိုသောမိန်းကလေးဟာ သူ့ရင်ထဲမှာ
ဝှက်သိမ်းထားတဲ့ ပန်းကလေးတစ်ပွင့်ဖြစ်ခဲ့ဖူးတယ်။
ဆယ်ကျော်သက်အရွယ်အထိ နွယ့်ကိုတိတ်တခိုး
မျှော်လင့်ခဲ့ပြီး လိုအပ်တာလေးတွေကို
ဖြည့်ဆည်းပေးခဲ့ပေမဲ့ အရောင်တွေဆိုးတတ်သော
တက္ကသိုလ်ကျောင်းတော်ကြီးကို
ရောက်တဲ့အခါမှာတော့ နွယ်ဟာသူ့ရဲ့ဆယ်ကျော်သက်ဘ၀တစ်လျှောက်လုံး
ကြင်နာပေးခဲ့မှုတွေကို လျစ်လျှူရှုပြီး
သူ့ကိုနင်းချေခဲ့ကာ အခြားသူတစ်ယောက်ရဲ့
လက်ကို တွဲသွားခဲ့တယ်။
*နွယ်နဲ့သူက ချစ်သူတွေမဖြစ်ခဲ့ပေမဲ့..
နွယ့်ရဲ့အပြုအမူတွေဟာ သူ့ကိုအတွေးများစေခဲ့တယ်..ကိုယ့်ဘက်ကပေးဆပ်ထားသလောက်
ပြန်တုန့်ပြန်ခံရမှာပဲလို့ ထင်ခဲ့မိပေမဲ့...
တကယ်တော့အရာအားလုံးဟာ အစီစဉ်တကျဖြစ်လာခဲ့တာပါပဲ။
နွယ့်ဘေးနားမှာ သူရှိနေခဲ့တာဟာ
ပိုက်ကွန်တစ်ခုမှာ ကပ်ငြိနေတဲ့
ငါးတစ်ကောင်ရဲ့ဘ၀မှန်း သူမသိခဲ့ဘူး။
နွယ်ဟာ ကျွမ်းကျင်တဲ့ငါးဖမ်းသမလေးပါပဲ။
နွယ်ဟာသူ့ကို ချစ်တယ်လို့မပြောခဲ့ဖူးပဲ
ချစ်ဟန်ဆောင်ပြခဲ့တယ်။
ဒါဟာမိန်းမ မာယာတွေပေါ့။
နွယ်ဟာ ညှို့ဓာတ်ပြင်းတဲ့မိန်းမတစ်ယောက်ဖြစ်ပြီး
သူမရဲ့သနားစရာကောင်းတဲ့ဘက်အခြမ်းနဲ့
သူ့ရဲ့ ဂရုဏာတွေ၊မေတ္တာတွေကိုခြွေယူခဲ့တယ်...
နွယ်စီးတဲ့ ဖိနပ်နဲ့၊နွယ်ဆောင်းတဲ့ထီးကအစ
သူ့ရဲ့ချွေးစက်တွေ၊အားအင်တွေနဲ့ မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ရတာပေမဲ့..
နွယ်ကတန်ဖိုးမထားခဲ့ပါဘူး...
နွယ့်အတွက်တော့မင်းဆက်ရဲ့..
ပြိုင်ကားပေါ်မှာ လေညှင်းခံရတာက
ပိုပြီးဇိမ်ရှိပုံပါပဲ...
မင်းဆက်ရဲ့လက်ကိုတွဲပြီးနောက်မှာ
နွယ့်ခြေထောက်လေးမှာ သူ၀ယ်ပေးခဲ့တဲ့ဒေါက်အနိမ့်လေးအစာ အရောင်စုံဒေါက်အမြင့်လေးတွေ
နေရာယူလာခဲ့တယ်...
နွယ်စောင်းတဲ့ထီးလေးတွေဟာ ဈေးကြီးတံဆိပ်လေးတွေဖြစ်လာခဲ့ပြီး..
.နှုတ်ခမ်းနီအရောင်ကလည်း..ပိုရဲလာခဲ့တယ်...
သူဟာမစားရတဲ့အမဲကို သဲနဲ့ပက်တတ်တဲ့
လူစားမျိုးမဟုတ်သလို...
နွယ့်အတွက်လည်း၀မ်းသာပေးခဲ့ပါတယ်...
နွယ်လိုချင်တဲ့အရာက ဘာလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့အတွက်...
နွယ်နဲ့သူဟာ လက်တွဲလို့မရသော မတူညီတဲ့
လူနှစ်ယောက်ဆိုတာကိုလည်း နားလည်ခဲ့ပါတယ်..
ဒါကြောင့် မင်းဆက်နဲ့နွယ်တို့နှစ်ယောက်ကို
လုံး၀မနှောက်ယှက်ခဲ့ပါဘူး...
ကိုယ့်ထိုက်နဲ့ကိုယ်သာ ရှိပါစေလေပေါ့...
ဒါပေမဲ့ ဒီနေ့မှာသိလိုက်ရတာက...
မင်းဆက်ဟာနွယ့်ကိုတကယ်ချစ်လို့
ချဉ်းကပ်ခဲ့တာမဟုတ်ပဲ သူ့ကိုအနိုင်ယူချင်လို့
ဆိုတာကို သဘောပေါက်ခဲ့တယ်...
နေမျိုးဆိုတာ...အနေဆင်းရဲပေမဲ့...ကျန်တဲ့နေရာတွေမှာထူးချွန်သောသူတစ်ယောက်ဖြစ်သည်။
ပညာရေးဖောင်ဒေးရှင်းတစ်ခုကနေနိုင်ငံခြားမှာ ပညာသင်ခွင့်ရမဲ့အခွင့်အရေးကိုတောင်
ဖမ်းဆုပ်နိုင်ခဲ့သည်အထိ သူကြိုးစားနိုင်ခဲ့သလို ဆရာ၊ဆရာမတိုင်းကလည်း
သူ့ကိုအလေးထားခဲ့ကြတယ်။
ဒါပေမဲ့ အခြေအနေအရပ်ရပ်ကြောင့်
ထိုအခွင့်အရေးကို တမင်လက်လွှတ်ခဲ့တယ်။
ဒါကပဲ မင်းဆက်ကိုမျက်မုန်းကျိုးစေခဲ့တယ်
ထင်ပါရဲ့။
"ဟင်...ပုံရိပ်ရော...ဟာဒီကလေးမဘယ်ပျောက်သွားတာလဲ...."
ဆိုင်ကယ်ကို မှီရပ်နေရင်းနှင့် အတွေးထဲမှာ
မျောနေမိရာမှ နေကြာခင်းဘက်သို့
ကြည့်လိုက်မိတော့ ပုံရိပ်ကိုမတွေ့ရတော့ပေ။
နေကြာခင်းထဲမှာက ပိုးမွှားတွေရှိနိုင်တာမို့
စိုးရိမ်စိတ်တွေ ပြင်ထန်သွားသည်။
"ပုံရိပ်ရေ.... ပုံရိပ်...ဘယ်အနားမှာလဲ...
အသံလှမ်းပြုစမ်းပါ...."
နေကြာခင်းထဲသို့ သူပြေး၀င်သွားပြီး အသံကုန်အော်နေမိလေသည်။
ဒီနေရာကို ခေါ်လာမိတာမှားများသွားပြီလားဟု
တွေးလိုက်မိတော့ သူ့ကိုယ်သူဒေါသထွက်နေမိသည်။တဆက်တည်းမှာ တစ်ခုခုကိုဆုံးရှုံးရမှာ
ကြောက်ရွှံ့နေသလို ခံစားချက်ကြီးဖြစ်ပေါ်လာသည်။
"ဆရာ့...သမီးကဒီမှာလေ...."
******
နေကြာပန်းခင်းကြီး၏ အောက်ခြေမှာ
ငုတ်တုတ်ထိုင်နေမိရာမှာ နားထဲမှာ
စူးထွက်သွားသည့် ဆရာ့ခေါ်သံကြောင့်
မတ်တပ်ထရပ်လိုက်ရသည်။
နေကြာပန်းပင်တွေ၏အရှည်ဟာ ပုံရိပ်နဲ့ဆိုရင်ပုခုံးလောက်ရှိပြီး ဆရာနှင့်ဆိုရင် ရင်အုပ်နေရာတောင်
မရောက်လောက်ပေ။
ခပ်လှမ်းလှမ်းမှာ ပုံရိပ်ကိုကျောပေးပြီး
အော်ခေါ်နေသောဆရာ့ကို အသံလှမ်းပြုလိုက်မိတော့ အရည်လဲ့နေသောသူ့မျက်၀န်းတောက်တောက်တွေနှင့် ခေတ္တမျှအံ့ဩစွာ
စိုက်ကြည့်လိုက်ပြီး ပုံရိပ်ဆီသို့ ပြေးလာတော့သည်။
"ဆရာ...ဘာ...."
ပုံရိပ်၏စကားမဆုံးခင်မှာပဲ နေကြာပန်းခင်းကြီးထဲတွင် ပွေ့ဖက်ခံလိုက်ရလေသည်။
အရှိန်နှင့်ပြေးလာပြီး တင်းကြပ်စွာ
အဖက်ခံလိုက်ရ၍ အနောက်သို့ယိုင်သွားမိပေမဲ့
ဆရာက ပုံရိပ်ကိုထိန်းပေးထားခဲ့သည်။
*မဟုတ်ဘူး..ပုံရိပ်ရဲ့ခြေထောက်တွေကမြေကြီးနဲ့
မထိတော့တာ သေချာတယ်။
စိတ်ထဲမှာ အသက်ရှူတောင်ကြပ်လာသလိုပဲ။
ဆရာ့၏လက်နှစ်ဖက်ဟာ ပုံရိပ်၏သေးသိမ်သောခါးနေရာလေးမှာ တင်းတင်းကြပ်ကြပ်
စည်းနှောင်ထားသလိုဖြစ်နေပြီး
ကိုယ်ကိုကိုင်းညွှတ်ထားသည့်အတွက်
ဆရာ့ပခုံးပေါ်မှာ ပုံရိပ်၏မေးကို
တင်ထားသလိုဖြစ်နေသည်။
ဆရာ့ချိုင်းကြားထဲမှာ ရောက်နေသောပုံရိပ်၏
လက်တွေကိုမြောက်လိုက်ပြီး ဆရာ့ကျောကုန်းကို
ပုတ်ကြည့်လိုက်သည်။
"ဆရာ...သမီးအသက်ရှူကြပ်လာပြီ...
တစ်ခုခုဖြစ်လို့လား..."
ပုံရိပ်၏အသံလေးကိုကြားတော့မှ နေမျိုးလည်း
အလောတကြီးလုပ်လိုက်မိသော ကိစ္စကို
သတိမူမိသွားကာ ဖက်ထားသောလက်တွေကိုဖြေလျှော့လိုက်မိလေသည်။
သူရှက်တဲ့အခါ လုပ်နေမိတဲ့အကျင့်အတိုင်း
သူ့လည်ဂုတ်ကိုပြန်ပွတ်သတ်နေမိလေသည်။
"ငါဘာဖြစ်သွားတာလဲ...
ငါဘာကြောင့်ဒီလိုလုပ်လိုက်မိတာလဲ....."
"ဆရာ...ခုဏကဘာလို့အဲ့လိုလုပ်တာလဲ...."
"ဟို...စိုးရိမ်သွားလို့ပါ...ပုံရိပ်တစ်ခုခုဖြစ်နေပြီလို့ထင်လိုက်တာ...တစ်နေရာရာထိခိုက်မိသွားသေးလား..."
"ဟင့်အင်း...ဘာမှမထိခိုက်ပါဘူး...သမီးကဓာတ်ပုံရိုက်ပြီးလို့...ပုံတွေကိုပြင်ချင်တာနဲ့
အောက်မှာထိုင်ချလိုက်မိတာ...နဲနဲကြာသွားတယ်...
ဆရာစိတ်ပူအောင်လုပ်လိုက်မိလို့ တောင်းပန်ပါတယ်နော်..."
သူ့ကြောင့် ရှက်သွားပြီးမျက်နှာလေးက
စတော်ဘယ်ရီသီးလို ဖြစ်သွားတဲ့ကောင်မလေးကို
သူပြုံး၍ ကြည့်လိုက်မိသည်။
ဘာကြောင့်မှန်းမသိပေမဲ့ သူ့စိတ်ထဲမှာခုဏကလို
သူလေးကို တစ်ကြိမ်လောက်ပြန်ပွေ့ဖက်ချင်နေမိတယ်။
*သူသက်ပြင်းလေးလေးကြီးအား
မှုတ်ထုတ်လိုက်မိပြီး စိတ်ကိုအတတ်နိုင်ဆုံး
ထိန်းထားလိုက်မိသည်။
ပြီးနောက် အနောက်သို့ခြေနှစ်လှမ်းလောက်
ဆုတ်လိုက်ကာ ကလေးမနှင့်သူ့ ရဲ့အကွာအဝေးကို
ထိန်းညှိထားလိုက်သည်။
"ဓာတ်ပုံရိုက်ပေးရမလား...."
"ဆရာတကယ်ပြောနေတာလား..."
"အင်း...."
သူခေါင်းညိမ့်ပြလိုက်လိုက်တာနှင့် သူ့လက်ထဲသို့
ဖုန်းကိုအတင်းလာထိုးထည့်ပြီး ပုံလှလှလေးတွေ
ထွက်ဖို့ရာ အမူအရာအမျိုးမျိုးလုပ်နေ၍
သူရယ်ချင်သွားမိသည်။
မိန်းမငယ်လေးတွေက ဓာတ်ပုံရိုက်ရတာကို
ဒီလောက်စွဲလမ်းလိမ့်မယ်လို့ သူမထင်မိခဲ့ပေ။
သူလေးဟာ အသီးအနှံလေးတွေကို စားရဖို့ထက်
ဓာတ်ပုံရိုက်ဖို့ကို ပိုအားသန်နေခဲ့တာပဲ။
ဒီလိုမှန်းသိရင် ဒီကလေးကိုအစတည်းက
ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့သင့်တယ်။
"လှလားဟင်...သမီးကိုပြကြည့်...."
သူ့လက်ထဲမှ ဖုန်းကိုပြန်လုယူသွားပြီး
ဓာတ်ပုံတွေကို လက်လေးနှင့်ထောက်ပြီး
ကြည့်ကာပြုံးနေလေသည်။
နေထွက်လာပြီမို့ သူလေး၏ပါးပြင်နုနုလေးပေါ်သို့ နေရောင်လေးကထိတွေ့နေသည်။
အနီးကပ်မြင်ရတဲ့အခါ ပိုချစ်စရာကောင်းမှန်း
သူသဘောပေါက်လိုက်၍ သူ့နှုတ်ခမ်းတွေ
ကွေးညွှတ်တက်သွားသည်အထိပြုံးလိုက်မိသည်။
သူလေးကတော့ ပုံတွေကိုအသဲအသန်ထောက်ကြည့်နေ၍ မမြင်လိုက်ပေ။
"ဆရာကဘယ်ဆိုးလို့လဲ...ဓာတ်ပုံရိုက်တဲ့နေရာမှာ
တော်သားပဲ...ဒီလိုမှန်းသိရင်ခုဏတည်းက
ဓာတ်ပုံရိုက်ခိုင်းပါတယ်..."
"ဘာလဲ...ကိုယ့်ကိုဓာတ်ပုံရိုက်တဲ့နေရာမှာ
ညံ့တယ်လို့ထင်နေတာလား...."
"အင်း...."
"ဟား...ဟား.."
အမှန်အတိုင်းဖြေလိုက်တဲ့ပုံရိပ်ကို စိတ်မဆိုးတဲ့အပြင် ရယ်သွမ်းနေလေတော့သည်။
ဆရာဘာကို ဒီလောက်သဘောကျနေတာပါလိမ့်။
"ပုံရိပ်ကို အရမ်းလှတဲ့မြင်ကွင်းလေးကို
အတူကြည့်ဖို့ ခေါ်သွားပေးမယ်..
ကိုယ့်နောက်ကနေလိုက်ခဲ့နော်.."
ဆရာ့အသံကဘာကြောင့်
အမြဲနူးညံ့နေသလဲမတွေးတတ်တော့ပါဘူး။
ဆရာက တကယ်ကိုအပြောအဆို၊အပြုအမူ
တစ်ခုချင်းဆီကအစ အစိမ်းရောင်သစ်တောကြီးလိုပါပဲလား။
"ဆိုင်ကယ်ပေါ်ကိုတက်....."
"ဟင်..ဆိုင်ကယ်နဲ့သွားမှာလား...."
"ဟုတ်တယ်လေ..လမ်းလျှောက်ရင်ကြာနေလိမ့်မယ်..."
ပုံရိပ်လည်းခေါင်းညိမ့်လိုက်ပြီး ဆိုင်ကယ်နောက်မှာထိုင်ကာ ဆရာ့ခါးကိုဖက်ထားလိုက်သည်။
ဆိုင်ကယ်လေးကမောင်းနှင်သွားသောအခါ
ပိုမြင့်တဲ့နေရာသို့သွားနေတာကို
သတိထားလိုက်မိသည်။
ထင်းရှူးပင်တန်းတွေကိုလည်း အမြောက်အများ
တွေ့ရသလို ကိုလိုနီခောတ်ကလက်ရာလိုမျိုး
အိမ်အချို့ကိုလည်း လမ်းမှာတွေ့ခဲ့ရသည်။
အင်္ဂလိပ်အစိုးရလက်ထက်က ညောင်ရွှေနယ်ထဲကနေ ခွဲထွက်ပြီးမြို့သစ်အဖြစ်ခွဲထွက်ထားသောကြောင့် ဒီနယ်တွင်ကိုလိုနီခောတ်ကအဆောက်အဦးတွေကို တွေ့ရတာမဆန်းဘူးဟု
ထင်မိသည်။
နေသာနေသောကြောင့် အရမ်းမအေးတော့ပေမဲ့
တောင်ပေါ်သို့ပိုတက်လာလေ
လေပိုတိုက်လေဖြစ်နေသည်။
တောင်ပေါ်သို့တက်လာနေရင်းမှာ ခရီးတော်တော်ပေါ်လာသောအချိန်တွင် ဆရာသည်ဆိုင်ကယ်ကိုရပ်လိုက်လေသည်။
ပြီးနောက် ဆိုင်ကယ်ပေါ်မှ ဆင်းသွားကာ
လမ်းဘေးရှိ တောင်စောင်းတစ်ခုအပေါ်မှာ
ရပ်လိုက်လေသည်။
"ဒီကိုလာခဲ့လေ...ဘာလဲ...ကြောက်လို့လား..."
အမှန်စင်စစ်ပင် ပုံရိပ်ကြောက်နေမိသည်။
တောင်တက်လမ်းတစ်လျှောက်လုံးမှာလည်း
တစ်ခုခုဖြစ်မည်ဆိုး၍ ဘုရားစာတပြီးလိုက်လာ
ခဲ့တာကို ဆရာကတော့သိမည်မထင်ပေ။
ခြေလှမ်းကို တရွေ့ရွေ့လုပ်လိုက်ပြီး ဆရာ့ဘေးနားသို့အရဲစွန့်ကာ သွားလိုက်သည်။
"မကြောက်ပါနဲ့ကွ...မျက်လုံးဖွင့်ကြည့်လိုက်...
သိပ်လှတဲ့တောင်ပေါ်မြင်ကွင်းလေးက
အရိပ်ကိုကြိုဆိုနေတယ်...."
မျက်လုံးကိုစုံမှိတ်ထားသောကြောင့်
ပုံရိပ်ကြောက်နေမှန်းသိသွားကာ
ပုံရိပ်၏လက်ဖဝါးလေးကိုဆုပ်ကိုင်ပေးလာသည်။
ဆရာဘေးမှာ ရှိနေသည်ဟူသောစိတ်ကြောင့်
လုံခြုံသွားသလိုတော့ ခံစားရသည်။
ထို့ကြောင့်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိသောအခါ....
"ဟာ...လှလိုက်တာ...."
"အခုတော့သဘောကျသွားပြီမဟုတ်လား...."
"အင်း...သိပ်သဘောကျတာပဲ...."
တောင်ကြီးမြို့ကို အပေါ်စီးမှမြင်လိုက်ရသောအခါ
စိတ်နှလုံး အေးချမ်းသွားသလိုပါပဲ။
ရှမ်းတောင်တန်းကြီးတွေက ဒီလောက်လှလိမ့်မယ်လို့မထင်ထားခဲ့မိဘူး။
ကြည့်စမ်းပါအုံး။အရာအားလုံးက အစိတ်အပိုင်းသေးသေးလေးတွေဖြစ်နေပြီး
အရောင်စုံချယ်သထားသလိုပါပဲ။
တောင်ပေါ်ကို တက်လာတုန်းက
စိုးရိမ်ထိတ်လန့်နေသောအရာတွေအားလုံး
လွင့်စင်သွားလေသည်။
"ဆရာ...ဟိုဟာကဘာလဲဟင်...."
"အဲ့ဒါ...အင်းလေးကန်လေ..."
"ဟုတ်လား...သမီးတို့မနက်ဖြန်ကြရင်....
အင်းလေးကိုသွားကြမှာ..."
"အရိပ်တို့ကဘယ်တော့ပြန်ကြမှာလဲ..."
"အင်း...မနက်ဖြန်အင်းလေးကိုလည်ပြီးရင်
သန်ဘက်ခါပြန်ကြမှာလေ..."
"ဟုတ်လား..."
ဆရာ့အသံလေး ဖျော့သွားတာကြောင့်
ဆရာ့မျက်နှာကို မသိမသာလေးကြည့်လိုက်မိသည်။
ဘာကြောင့် ဆရာကစိတ်မကောင်းသလို
ဖြစ်နေရတာလဲ။
သေချာတာကတော့ ပုံရိပ်ကဆရာ့ကို
ခွဲသွားရမှာကိုလုံး၀မကြိုက်ဘူး။
"အရမ်းချမ်းနေလား...လက်တွေအေးနေတယ်..."
"ဟုတ်တယ်...ဒီမှာလေအရမ်းတိုက်တာပဲ..."
"နွေးအောင်လုပ်ပေးရမလား...*
ပုံရိပ်၏ပြန်ဖြေသံကိုမစောင့်ပဲ ဆရာသည်
သူ့ကုတ်အိင်္ကျီ၏အပြင်ဘက်အိတ်ကပ်ထဲသို့
ပုံရိပ်၏ လက်ကလေးကိုဆုပ်ကိုင်ကာ
သွင်းလိုက်ပြီး နွေးထွေးအောင်လိုက်လိုက်လေသည်။
အခုဆိုရင် ပုံရိပ်နဲ့ဆရာဟာလက်ချင်းတွဲထားပြီး
အိတ်ကပ်တစ်ခုထဲမှာအနွေးဓာတ်ကို ခိုလှုံနေမိကြသည်။
*ဆရာဘာကြောင့် ဒီနေ့တစ်နေ့လုံးပုံရိပ်ကို
ထူးထူးခြားခြားဆက်ဆံနေရတာလဲ???*
အိင်္ကျီကိုကြိုးချည်ပေးပြီး...ဓာတ်ပုံလည်းရိုက်ပေးတယ်...အခုလည်းပုံရိပ်ရဲ့လက်တွေကိုနွေးအောင်လုပ်ပေးနေပြန်တယ်..
ဒီလိုလုပ်ရပ်တွေဟာ...သာမန်ဆက်ဆံရေးတစ်ခုမှာ
ရှိနိုင်ပါရဲ့လား...ဒါမှမဟုတ်..ဆရာများပုံရိပ်ကို"
အခန်း(၅၉)ဆက်ရန်ရှိသည်...
🌹🌹🌹🌹🌹🌹🌹🌹
(ဆရာကပုံရိပ်ကိုဘာဖြစ်လဲဟင်...😊)
Facebookက"TNH Channel''ကိုလည်း
Like and followလုပ်ထားကြပါအုံးနော်
ဒီတစ်ခါupdateကတော်တော်ကြာသွားပါတယ်..
ဒီလထဲမှာဝေဝေလုံး၀မအားလို့ပါနော်...
၁၀လပိုင်းလောက်ဆို...၀တ္ထုအသစ်တွေလာတော့မှာပါ.."
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်
========================================================================
🔥🌹ဆူးႀကိဳး(အခန္း၅၈)🔥
ေလၫွင္းေလးေတြ ပံုရိပ္၏ဆံပင္ေလးေတြကိုလာထိခတ္လိုက္တိုင္း လည္ပင္းမွာပတ္ထားေသာ မာဖလာေလးကပါ တလူလူႏွင့္လြင့္ပ်ံေနေလသည္။
မာဖလာေလး ျပဳတ္က်မက်န္ခဲ့ေအာင္
လက္တစ္ဖက္ႏွင့္ ဖိထားၿပီးက်န္လက္တစ္ဖက္ကေတာ့ ဆရာ့ခါးကိုအရဲစြန႔္ကာဖက္ထားမိသည္။
ေတာင္တက္လမ္းျဖစ္၍ တစ္ခ်က္တစ္ခ်က္
ဆိုင္ကယ္ယမ္းခါသြားတာကို ေၾကာက္တာလည္းပါသည္။
အားကိုးလိုေသာႏူးညံ့သၫ့္အေတြးစေလးေတြပါ ဘာေၾကာင့္ေပါက္ဖြားလာသလဲမသိေတာ့ပါဘူး။
"ဆရာ...အခုဘယ္ကိုသြားေနတာလဲဟင္.."
"...အရမ္းလွတဲ့ေနရာတစ္ခုဆိုတာေတာ့ အာမခံပါတယ္..."
"ဘာေၾကာင့္အျခားသူေတြကိုပါ မေခၚတာလဲဟင္..."
"အရိပ္တစ္ေယာက္တည္းကိုပဲ ေခၚသြားခ်င္လို႔ေပါ့..ေသခ်ာဖက္ထားေနာ္...ေခါင္းစြပ္ေလးလည္းမကၽြတ္ေစနဲ႔...ေလတိုက္ေတာ့ပိုေအးတယ္...."
"ဟုတ္ကဲ့..."
"အရိပ္တစ္ေယာက္တည္းကိုပဲ ေခၚသြားခ်င္လို႔ေပါ့.."ဟူေသာစကားတစ္ခြန္းတည္းႏွင့္
ပံုရိပ္မွာ အလြန္ေပ်ာ္ရႊင္ေနမိေလၿပီ။
ဆရာကိုယ္တိုင္ကခြင့္ျပဳလိုက္ေသာေၾကာင့္
ဆရာ့ခါးကို ပိုမိုတင္းၾကပ္စြာဖက္ထားလိုက္ၿပီး အေနာက္ကေနျမင္ေနရတဲ့ ေလာင္းကုတ္
အနက္ေရာင္ဖံုးအုပ္ေနေသာ ေက်ာျပင္က်ယ္ႀကီးေပၚသို႔ ေခါင္းေလးကိုမွီလိုက္မိသည္။
မ်က္လံုးကိုအသာမိွတ္လိုက္တဲ့အခါ ပံုရိပ္ဟာ
တိမ္ေတြေပၚမွာ ဆိုင္ကယ္စီးေနရသလိုပါပဲ။
ေအးစက္တဲ့ေလထုက မ်က္ႏွာကိုတအားထိခတ္ၿပီး ႏွာေခါင္းေတြပါေအးစက္နီရဲလာေပမဲ့
ဆရာ့ေက်ာျပင္ကို ထိကပ္ေနေသာ
ပါးတစ္ျခမ္းႏွင့္ ကိုယ္တစ္ျခမ္းကေတာ့
ေနြးေထြးေနတာပါပဲ။
ဆရာ့ကိုယ္သင္းရနံ႔ကလည္း ေမႊးလိုက္တာ
ရွမ္းရိုးရာအမွတ္တရအက်ႌေလးေတြသြား၀ယ္ၿပီးအျပန္မွာ အျခားသူေတြကိုအရင္ျပန္ခိုင္းၿပီး
"ပံုရိပ္ကိုအရမ္းလွတဲ့ေနရာတစ္ခုကိုလိုက္ျပမည္"
ဟုေျပာကာ ေခၚလာခဲ့ျခင္းပင္။
ဆရာသာေခၚလ်ွင္ ဘယ္အရပ္ေဒသျဖစ္ျဖစ္
လိုက္ျဖစ္မည္မို႔ပံုရိပ္ကလည္း လံုး၀မျငင္းဆိုခဲ့ေပ။
ဆရာကပံုရိပ္ကိုမာဖလာေလးတစ္ခုပါ ၀ယ္ေပးၿပီး ဆိုင္ကယ္စီးေနရင္းႏွင့္ လည္ပင္းေတြေအးမွာကို စိုးရိမ္ေပးခဲ့သည္။
အေသးစိတ္ကအစ စိုးရိမ္တတ္တဲ့
ဒီလိုအမ်ိဳးသားကို မေရြးခ်ယ္ခဲ့သၫ့္"ႏြယ္"ဆိုေသာ
မိန္းမကရူးေနတာပဲ ျဖစ္လိမ့္မည္။
ၿပီးေတာ့"ႏြယ္"ရဲ့လက္ကိုတဲြထားတဲ့
ဟိုသူေတာင္းစား..မႏၲေလးကိုေရာက္တာနဲ႔
ဒင္းကိုအေရခြံခြာျပမယ္။
ဘာပဲျဖစ္ျဖစ္အဲ့မိန္းမကိုလည္း ေက်းဇူးတင္မိပါတယ္။သူ႔ေၾကာင့္သာမဟုတ္ရင္ အခုလိုဆရာနဲ႔
ႏွစ္ေယာက္တည္း ဆိုင္ကယ္စီးခြင့္ေတာင္ရႏိုင္မယ္မထင္ဘူး။
ပံုရိပ္ရဲ့ရင္ထဲမွာ ဆရာ့ကိုဆံုးရႉံးရမွာ
သိပ္ေၾကာက္ေနမိတယ္။
"အရိပ္...ေရာက္ၿပီေလ...အိပ္ေနတာလား..."
ဆရာ့ခါးကိုဖက္ထားသၫ့္ ပံုရိပ္၏လက္ဖမိုးေပၚသို႔ ေအးစက္ေသာအထိအေတြ့တစ္ခုေရာက္ရိွလာေသာေၾကာင့္ မ်က္လံုးေတြကိုမိွတ္ထားမိရာမွ တျဖည္းျဖည္းဖြင့္ၾကၫ့္လိုက္မိသည္။
"ဟာ...လွလိုက္တာ..."
ဆရာ့ခါးကိုဖက္ထားေသာလက္ေတြအား
ျဖဳတ္လိုက္ၿပီး ေအာက္ကိုဆင္းလိုက္မိသည္။
ပံုရိပ္၏မ်က္၀န္းထဲတြင္ ပန္းေတြႏွင့္သာျပၫ့္ေနေလသည္။
*ကုန္းေျပျပေလး၏လမ္းတစ္ဖက္တြင္ေနၾကာပန္းခင္းႀကီးက ေနထြက္ရာအရပ္သို႔
မ်က္ႏွာမူထားၾကၿပီး ဝါဝါရဲရဲေလးေတြႏွင့္
သိပ္ကိုလွလြန္းသည္။
လမ္းက်ဉ္းေလး၏တစ္ဖက္ျခမ္းမွာေတာ့
စေတာ္ဘယ္ရီသီးအခင္းႀကီးရိွေနၿပီး
ဟိုးအေနာက္ဘက္မွာေတာ့ စပ်စ္သီးၿခံႀကီးပင္။
တကယ့္ကိုအိပ္မက္ကမ႓ာထဲသို႔ေရာက္လာသလိုပါပဲ။
*လွလိုက္တဲ့ ေနၾကာပန္းေတြ...စားခ်င္စရာ
စေတာ္ဘယ္ရီသီးေတြ...*
"ဆရာ...ဒီေနရာကိုဘယ္လိုသိတာလဲဟင္..."
"ဒါကဆရာ့အလုပ္ရွင္ရဲ့ၿခံေလ...
ဆရာ့ကၾကၫ့္ေပးေနရတာၾကာၿပီ...ဝိုင္လုပ္ခ်င္သူေတြက ဒီမွာစပ်စ္သီးေတြလာ၀ယ္ေလ့ရိွတယ္...
စေတာ္ဘယ္ရီေတြလည္းေဖာက္သည္လာယူေလ့
ရိွၾကတယ္....ေနၾကာေတြေရာေပါ့..."
"ဒါနဲ႔မ်ားဆရာရယ္...ပံုရိပ္တို႔အဖဲြ႔ကိုေဈးထဲကအသီးေတြကိုဘာလို႔၀ယ္ေပးေနေသးလဲ...
ဒီၿခံကိုေခၚလာလိုက္ၿပီးေရာကို..."
"ဒီၿခံကအသီးေတြနဲ႔ေဈးထဲကအသီးေတြကမတူဘူးအရိပ္ရဲ့...ဒီကပိုလတ္ဆတ္ၿပီးအလံုးလည္း
ပိုႀကီးတယ္...ၿပီးေတာ့ကိုယ္က
အရိပ္တစ္ေယာက္တည္းကိုပဲ ေခၚလာခ်င္တာ..."
ဆရာ့စကားက ပံုရိပ္၏ပါးျပင္ေပၚကို
ေလျပည္ေနြးေနြးေလး ပက္ျဖန္းလိုက္သလိုပါပဲ။ဆိုင္ကယ္ကို မွီထားၿပီးသူ႔ရဲ့ရွည္လ်ားေသာ
ေျခတံေျဖာင့္ေျဖာင့္ကိုေရ႔ွထုတ္ကာ
လက္ပိုက္ထားပံုမွာ ေလာင္းကုတ္အမဲေရာင္ကို
၀တ္ထားတာနဲ႔ဆိုေတာ့ သိပ္စမက္က်ေနသည္။
ၿပီးေတာ့ ႃပံုးေနတာေလးကလည္း
အလြန္ၾကၫ့္ေကာင္းသည္။
"ဆရာက...ဒီေနရာကိုအျခားသူေတြေရာ
ခဏခဏေခၚလာဖူးေသးလား..."
"ဘယ္သူေတြကိုေျပာတာလဲ..."
ဆရာ့မ်က္ခံုးႏွစ္ဖက္က အနည္းငယ္တြန႔္က်ဳံ႔သြားေသာေၾကာင့္ ပံုရိပ္လည္းမာဖလာေလးကို
ဆုပ္ကိုင္လိုက္ၿပီး သက္ျပင္းခ်ကာေခါင္းကိုငံု႔၍
"အျခားမိန္းကေလးတစ္ေယာက္ေယာက္"ဟု
အရဲစြန႔္ၿပီး ေမးလိုက္မိသည္။
ပံုရိပ္ဘက္ကစည္းေက်ာ္သြားမိၿပီလား။
"ပံုရိပ္ကပထမဆံုးပါပဲဗ်ာ..."
အနားသို႔တစ္လွမ္းခ်င္းေလ်ွာက္လာကာ
ပခံုးႏွစ္ဖက္ကို ႏူးညံ့စြာဆုပ္ကိုင္လိုက္ေသာ
လက္ေနြးေနြးႀကီးမ်ားေၾကာင့္ လိပ္ျပာေတြ
တျဖတ္ျဖတ္ပ်ံတက္သြားသလို
လန႔္ျဖတ္သြားမိသည္။
သူ႔ရဲ့ရႉးဖိနပ္ကိုၾကည့္ေနမိရာမွ အေပၚသို႔
ေမာ့ၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏
မ်က္၀န္းေတြထဲအထိ ရႊန္းရႊန္းစားစား
စိုက္ၾကၫ့္ေနေသာ ၫွို႔ငင္မႈကိုခံစားလိုက္ရသည္။
*သူ႔အႃပံုးေတြကဘာေၾကာင့္ ေနြးေထြးရတာလဲ..
သူ႔မ်က္၀န္းေတြကဘာေၾကာင့္မ်ားဒီေလာက္အထိ ေတာက္ပေနရတာလဲ..."
"ေဟာဟိုမွာျမင္ေနရတဲ့ အပင္ေတြကေန
ႀကိဳက္တာကိုခူးစားလို႔ရတယ္...
ႀကိဳက္တဲ့ပန္းအပြင့္ကိုခူးလို႔ရတယ္..."
ဆရာ့ဘက္သို႔ မ်က္ႏွာမူေနေသာပံုရိပ္ကို
ပခံုးႏွစ္ဖက္မွကိုင္ၿပီး ေနၾကာပန္းေတြဘက္ကို
ဆဲြလွၫ့္ကာ ေရ႔ွသို႔တစ္လွမ္းႏွစ္လွမ္းေလာက္ေရာက္သည္အထိ တြန္းလိုက္ေလသည္။
ဆရာ့ဘက္သို႔ ျပန္ၾကၫ့္လိုက္ၿပီး
ကေလးတစ္ေယာက္ကဲ့သို႔ ႃပံုးလိုက္ကာ
ေနၾကာပန္းခင္းႀကီးဆီသို႔ တဟုန္ထိုးေျပးသြားလိုက္မိသည္။
*ေနမ်ိဳးသည္လည္း ေနၾကာပန္းခင္းႀကီးထဲသို႔
တိုးေဝ့ကာဓာတ္ပံုေတြတျဖတ္ျဖတ္ရိုက္ေနေသာ ကေလးမေလးကို သေဘာတက်ႏွင့္ၾကၫ့္ေနမိသည္။
*သိပ္ခ်စ္စရာေကာင္းၿပီး ျဖဴစင္လြန္းသၫ့္ေကာင္မေလးျဖစ္သည္။
သူအျပင္းအထန္ဖ်ားခဲ့ေသာ ႏွစ္ႀကိမ္လံုးတြင္
ဒီေကာင္မေလးက သူ႔ေဘးနားမွာ
ရိွေနေပးခဲ့တယ္။
အဲ့ဒီ့အရာကပဲ သူ႔ရဲ့စိတ္ကိုတုန္လႈပ္ေစခဲ့တယ္။
မႏၲေလးမွာရိွေနတဲ့ေကာင္မေလးက ေတာင္ႀကီးကို
ေရာက္တာနဲ႔ သူ႔ရဲ့က်န္းမာေရးကိုစိုးရိမ္ေပးေနတာဟာ သူ႔အတြက္အရမ္းတန္ဖိုးႀကီးတဲ့
အခိုက္အတန႔္ေလး တစ္ခုပါပဲ။
ေက်းလတ္ေဒသတစ္ခုမွာစသိခဲ့တဲ့
"ႏြယ္"ဆိုေသာမိန္းကေလးဟာ သူ႔ရင္ထဲမွာ
ဝွက္သိမ္းထားတဲ့ ပန္းကေလးတစ္ပြင့္ျဖစ္ခဲ့ဖူးတယ္။
ဆယ္ေက်ာ္သက္အရြယ္အထိ ႏြယ့္ကိုတိတ္တခိုး
ေမ်ွာ္လင့္ခဲ့ၿပီး လိုအပ္တာေလးေတြကို
ျဖၫ့္ဆည္းေပးခဲ့ေပမဲ့ အေရာင္ေတြဆိုးတတ္ေသာ
တကၠသိုလ္ေက်ာင္းေတာ္ႀကီးကို
ေရာက္တဲ့အခါမွာေတာ့ ႏြယ္ဟာသူ႔ရဲ့ဆယ္ေက်ာ္သက္ဘ၀တစ္ေလ်ွာက္လံုး
ၾကင္နာေပးခဲ့မႈေတြကို လ်စ္လ်ွူရႈၿပီး
သူ႔ကိုနင္းေခ်ခဲ့ကာ အျခားသူတစ္ေယာက္ရဲ့
လက္ကို တဲြသြားခဲ့တယ္။
*ႏြယ္နဲ႔သူက ခ်စ္သူေတြမျဖစ္ခဲ့ေပမဲ့..
ႏြယ့္ရဲ့အျပဳအမူေတြဟာ သူ႔ကိုအေတြးမ်ားေစခဲ့တယ္..ကိုယ့္ဘက္ကေပးဆပ္ထားသေလာက္
ျပန္တုန႔္ျပန္ခံရမွာပဲလို႔ ထင္ခဲ့မိေပမဲ့...
တကယ္ေတာ့အရာအားလံုးဟာ အစီစဉ္တက်ျဖစ္လာခဲ့တာပါပဲ။
ႏြယ့္ေဘးနားမွာ သူရိွေနခဲ့တာဟာ
ပိုက္ကြန္တစ္ခုမွာ ကပ္ၿငိေနတဲ့
ငါးတစ္ေကာင္ရဲ့ဘ၀မွန္း သူမသိခဲ့ဘူး။
ႏြယ္ဟာ ကၽြမ္းက်င္တဲ့ငါးဖမ္းသမေလးပါပဲ။
ႏြယ္ဟာသူ႔ကို ခ်စ္တယ္လို႔မေျပာခဲ့ဖူးပဲ
ခ်စ္ဟန္ေဆာင္ျပခဲ့တယ္။
ဒါဟာမိန္းမ မာယာေတြေပါ့။
ႏြယ္ဟာ ၫွို႔ဓာတ္ျပင္းတဲ့မိန္းမတစ္ေယာက္ျဖစ္ၿပီး
သူမရဲ့သနားစရာေကာင္းတဲ့ဘက္အျခမ္းနဲ႔
သူ႔ရဲ့ ဂရုဏာေတြ၊ေမတၲာေတြကိုႁခြေယူခဲ့တယ္...
ႏြယ္စီးတဲ့ ဖိနပ္နဲ႔၊ႏြယ္ေဆာင္းတဲ့ထီးကအစ
သူ႔ရဲ့ခၽြေးစက္ေတြ၊အားအင္ေတြနဲ႔ မျဖစ္ျဖစ္ေအာင္ဖန္တီးေပးခဲ့ရတာေပမဲ့..
ႏြယ္ကတန္ဖိုးမထားခဲ့ပါဘူး...
ႏြယ့္အတြက္ေတာ့မင္းဆက္ရဲ့..
ၿပိဳင္ကားေပၚမွာ ေလၫွင္းခံရတာက
ပိုၿပီးဇိမ္ရိွပံုပါပဲ...
မင္းဆက္ရဲ့လက္ကိုတဲြၿပီးေနာက္မွာ
ႏြယ့္ေျခေထာက္ေလးမွာ သူ၀ယ္ေပးခဲ့တဲ့ေဒါက္အနိမ့္ေလးအစာ အေရာင္စံုေဒါက္အျမင့္ေလးေတြ
ေနရာယူလာခဲ့တယ္...
ႏြယ္ေစာင္းတဲ့ထီးေလးေတြဟာ ေဈးႀကီးတံဆိပ္ေလးေတျြဖစ္လာခဲ့ၿပီး..
.ႏႈတ္ခမ္းနီအေရာင္ကလည္း..ပိုရဲလာခဲ့တယ္...
သူဟာမစားရတဲ့အမဲကို သဲနဲ႔ပက္တတ္တဲ့
လူစားမ်ိဳးမဟုတ္သလို...
ႏြယ့္အတြက္လည္း၀မ္းသာေပးခဲ့ပါတယ္...
ႏြယ္လိုခ်င္တဲ့အရာက ဘာလဲဆိုတာကိုရွင္းရွင္းလင္းလင္းသိလိုက္ရတဲ့အတြက္...
ႏြယ္နဲ႔သူဟာ လက္တဲြလို႔မရေသာ မတူညီတဲ့
လူႏွစ္ေယာက္ဆိုတာကိုလည္း နားလည္ခဲ့ပါတယ္..
ဒါေၾကာင့္ မင္းဆက္နဲ႔ႏြယ္တို႔ႏွစ္ေယာက္ကို
လံုး၀မေနွာက္ယွက္ခဲ့ပါဘူး...
ကိုယ့္ထိုက္နဲ႔ကိုယ္သာ ရိွပါေစေလေပါ့...
ဒါေပမဲ့ ဒီေန့မွာသိလိုက္ရတာက...
မင္းဆက္ဟာႏြယ့္ကိုတကယ္ခ်စ္လို႔
ခ်ဉ္းကပ္ခဲ့တာမဟုတ္ပဲ သူ႔ကိုအႏိုင္ယူခ်င္လို႔
ဆိုတာကို သေဘာေပါက္ခဲ့တယ္...
ေနမ်ိဳးဆိုတာ...အေနဆင္းရဲေပမဲ့...က်န္တဲ့ေနရာေတြမွာထူးခၽြန္ေသာသူတစ္ေယာက္ျဖစ္သည္။
ပညာေရးေဖာင္ေဒးရွင္းတစ္ခုကေနႏိုင္ငံျခားမွာ ပညာသင္ခြင့္ရမဲ့အခြင့္အေရးကိုေတာင္
ဖမ္းဆုပ္ႏိုင္ခဲ့သည္အထိ သူႀကိဳးစားႏိုင္ခဲ့သလို ဆရာ၊ဆရာမတိုင္းကလည္း
သူ႔ကိုအေလးထားခဲ့ၾကတယ္။
ဒါေပမဲ့ အေျခအေနအရပ္ရပ္ေၾကာင့္
ထိုအခြင့္အေရးကို တမင္လက္လႊတ္ခဲ့တယ္။
ဒါကပဲ မင္းဆက္ကိုမ်က္မုန္းက်ိဳးေစခဲ့တယ္
ထင္ပါရဲ့။
"ဟင္...ပံုရိပ္ေရာ...ဟာဒီကေလးမဘယ္ေပ်ာက္သြားတာလဲ...."
ဆိုင္ကယ္ကို မွီရပ္ေနရင္းႏွင့္ အေတြးထဲမွာ
ေမ်ာေနမိရာမွ ေနၾကာခင္းဘက္သို႔
ၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုမေတြ့ရေတာ့ေပ။
ေနၾကာခင္းထဲမွာက ပိုးမႊားေတြရိွႏိုင္တာမို႔
စိုးရိမ္စိတ္ေတြ ျပင္ထန္သြားသည္။
"ပံုရိပ္ေရ.... ပံုရိပ္...ဘယ္အနားမွာလဲ...
အသံလွမ္းျပဳစမ္းပါ...."
ေနၾကာခင္းထဲသို႔ သူေျပး၀င္သြားၿပီး အသံကုန္ေအာ္ေနမိေလသည္။
ဒီေနရာကို ေခၚလာမိတာမွားမ်ားသြားၿပီလားဟု
ေတြးလိုက္မိေတာ့ သူ႔ကိုယ္သူေဒါသထြက္ေနမိသည္။တဆက္တည္းမွာ တစ္ခုခုကိုဆံုးရႈံးရမွာ
ေၾကာက္ရႊံ႔ေနသလို ခံစားခ်က္ႀကီးျဖစ္ေပၚလာသည္။
"ဆရာ့...သမီးကဒီမွာေလ...."
******
ေနၾကာပန္းခင္းႀကီး၏ ေအာက္ေျခမွာ
ငုတ္တုတ္ထိုင္ေနမိရာမွာ နားထဲမွာ
စူးထြက္သြားသၫ့္ ဆရာ့ေခၚသံေၾကာင့္
မတ္တပ္ထရပ္လိုက္ရသည္။
ေနၾကာပန္းပင္ေတြ၏အရွည္ဟာ ပံုရိပ္နဲ႔ဆိုရင္ပုခံုးေလာက္ရိွၿပီး ဆရာႏွင့္ဆိုရင္ ရင္အုပ္ေနရာေတာင္
မေရာက္ေလာက္ေပ။
ခပ္လွမ္းလွမ္းမွာ ပံုရိပ္ကိုေက်ာေပးၿပီး
ေအာ္ေခၚေနေသာဆရာ့ကို အသံလွမ္းျပဳလိုက္မိေတာ့ အရည္လဲ့ေနေသာသူ႔မ်က္၀န္းေတာက္ေတာက္ေတြႏွင့္ ေခတၲမ်ွအံ့ဩစြာ
စိုက္ၾကၫ့္လိုက္ၿပီး ပံုရိပ္ဆီသို႔ ေျပးလာေတာ့သည္။
"ဆရာ...ဘာ...."
ပံုရိပ္၏စကားမဆံုးခင္မွာပဲ ေနၾကာပန္းခင္းႀကီးထဲတြင္ ေပြ့ဖက္ခံလိုက္ရေလသည္။
အရိွန္ႏွင့္ေျပးလာၿပီး တင္းၾကပ္စြာ
အဖက္ခံလိုက္ရ၍ အေနာက္သို႔ယိုင္သြားမိေပမဲ့
ဆရာက ပံုရိပ္ကိုထိန္းေပးထားခဲ့သည္။
*မဟုတ္ဘူး..ပံုရိပ္ရဲ့ေျခေထာက္ေတြကေျမၾကီးနဲ႔
မထိေတာ့တာ ေသခ်ာတယ္။
စိတ္ထဲမွာ အသက္ရႉေတာင္ၾကပ္လာသလိုပဲ။
ဆရာ့၏လက္ႏွစ္ဖက္ဟာ ပံုရိပ္၏ေသးသိမ္ေသာခါးေနရာေလးမွာ တင္းတင္းၾကပ္ၾကပ္
စည္းေနွာင္ထားသလိုျဖစ္ေနၿပီး
ကိုယ္ကိုကိုင္းၫႊတ္ထားသၫ့္အတြက္
ဆရာ့ပခံုးေပၚမွာ ပံုရိပ္၏ေမးကို
တင္ထားသလိုျဖစ္ေနသည္။
ဆရာ့ခ်ိဳင္းၾကားထဲမွာ ေရာက္ေနေသာပံုရိပ္၏
လက္ေတြကိုေျမာက္လိုက္ၿပီး ဆရာ့ေက်ာကုန္းကို
ပုတ္ၾကၫ့္လိုက္သည္။
"ဆရာ...သမီးအသက္ရႉၾကပ္လာၿပီ...
တစ္ခုခုျဖစ္လို႔လား..."
ပံုရိပ္၏အသံေလးကိုၾကားေတာ့မွ ေနမ်ိဳးလည္း
အေလာတႀကီးလုပ္လိုက္မိေသာ ကိစၥကို
သတိမူမိသြားကာ ဖက္ထားေသာလက္ေတြကိုေျဖေလ်ွာ့လိုက္မိေလသည္။
သူရွက္တဲ့အခါ လုပ္ေနမိတဲ့အက်င့္အတိုင္း
သူ႔လည္ဂုတ္ကိုျပန္ပြတ္သတ္ေနမိေလသည္။
"ငါဘာျဖစ္သြားတာလဲ...
ငါဘာေၾကာင့္ဒီလိုလုပ္လိုက္မိတာလဲ....."
"ဆရာ...ခုဏကဘာလို႔အဲ့လိုလုပ္တာလဲ...."
"ဟို...စိုးရိမ္သြားလို႔ပါ...ပံုရိပ္တစ္ခုခုျဖစ္ေနၿပီလို႔ထင္လိုက္တာ...တစ္ေနရာရာထိခိုက္မိသြားေသးလား..."
"ဟင့္အင္း...ဘာမွမထိခိုက္ပါဘူး...သမီးကဓာတ္ပံုရိုက္ၿပီးလို႔...ပံုေတြကိုျပင္ခ်င္တာနဲ႔
ေအာက္မွာထိုင္ခ်လိုက္မိတာ...နဲနဲၾကာသြားတယ္...
ဆရာစိတ္ပူေအာင္လုပ္လိုက္မိလို႔ ေတာင္းပန္ပါတယ္ေနာ္..."
သူ႔ေၾကာင့္ ရွက္သြားၿပီးမ်က္ႏွာေလးက
စေတာ္ဘယ္ရီသီးလို ျဖစ္သြားတဲ့ေကာင္မေလးကို
သူႃပံုး၍ ၾကၫ့္လိုက္မိသည္။
ဘာေၾကာင့္မွန္းမသိေပမဲ့ သူ႔စိတ္ထဲမွာခုဏကလို
သူေလးကို တစ္ႀကိမ္ေလာက္ျပန္ေပြ့ဖက္ခ်င္ေနမိတယ္။
*သူသက္ျပင္းေလးေလးႀကီးအား
မႈတ္ထုတ္လိုက္မိၿပီး စိတ္ကိုအတတ္ႏိုင္ဆံုး
ထိန္းထားလိုက္မိသည္။
ၿပီးေနာက္ အေနာက္သို႔ေျခႏွစ္လွမ္းေလာက္
ဆုတ္လိုက္ကာ ကေလးမႏွင့္သူ႔ ရဲ့အကြာအေဝးကို
ထိန္းၫွိထားလိုက္သည္။
"ဓာတ္ပံုရိုက္ေပးရမလား...."
"ဆရာတကယ္ေျပာေနတာလား..."
"အင္း...."
သူေခါင္းညိမ့္ျပလိုက္လိုက္တာႏွင့္ သူ႔လက္ထဲသို႔
ဖုန္းကိုအတင္းလာထိုးထၫ့္ၿပီး ပံုလွလွေလးေတြ
ထြက္ဖို႔ရာ အမူအရာအမ်ိဳးမ်ိဳးလုပ္ေန၍
သူရယ္ခ်င္သြားမိသည္။
မိန္းမငယ္ေလးေတြက ဓာတ္ပံုရိုက္ရတာကို
ဒီေလာက္စဲြလမ္းလိမ့္မယ္လို႔ သူမထင္မိခဲ့ေပ။
သူေလးဟာ အသီးအႏွံေလးေတြကို စားရဖို႔ထက္
ဓာတ္ပံုရိုက္ဖို႔ကို ပိုအားသန္ေနခဲ့တာပဲ။
ဒီလိုမွန္းသိရင္ ဒီကေလးကိုအစတည္းက
ဓာတ္ပံုရိုက္ဖို႔ ကမ္းလွမ္းခဲ့သင့္တယ္။
"လွလားဟင္...သမီးကိုျပၾကၫ့္...."
သူ႔လက္ထဲမွ ဖုန္းကိုျပန္လုယူသြားၿပီး
ဓာတ္ပံုေတြကို လက္ေလးႏွင့္ေထာက္ၿပီး
ၾကၫ့္ကာႃပံုးေနေလသည္။
ေနထြက္လာၿပီမို႔ သူေလး၏ပါးျပင္ႏုႏုေလးေပၚသို႔ ေနေရာင္ေလးကထိေတြ့ေနသည္။
အနီးကပ္ျမင္ရတဲ့အခါ ပိုခ်စ္စရာေကာင္းမွန္း
သူသေဘာေပါက္လိုက္၍ သူ႔ႏႈတ္ခမ္းေတြ
ေကြးၫႊတ္တက္သြားသည္အထိႃပံုးလိုက္မိသည္။
သူေလးကေတာ့ ပံုေတြကိုအသဲအသန္ေထာက္ၾကၫ့္ေန၍ မျမင္လိုက္ေပ။
"ဆရာကဘယ္ဆိုးလို႔လဲ...ဓာတ္ပံုရိုက္တဲ့ေနရာမွာ
ေတာ္သားပဲ...ဒီလိုမွန္းသိရင္ခုဏတည္းက
ဓာတ္ပံုရိုက္ခိုင္းပါတယ္..."
"ဘာလဲ...ကိုယ့္ကိုဓာတ္ပံုရိုက္တဲ့ေနရာမွာ
ညံ့တယ္လို႔ထင္ေနတာလား...."
"အင္း...."
"ဟား...ဟား.."
အမွန္အတိုင္းေျဖလိုက္တဲ့ပံုရိပ္ကို စိတ္မဆိုးတဲ့အျပင္ ရယ္သြမ္းေနေလေတာ့သည္။
ဆရာဘာကို ဒီေလာက္သေဘာက်ေနတာပါလိမ့္။
"ပံုရိပ္ကို အရမ္းလွတဲ့ျမင္ကြင္းေလးကို
အတူၾကၫ့္ဖို႔ ေခၚသြားေပးမယ္..
ကိုယ့္ေနာက္ကေနလိုက္ခဲ့ေနာ္.."
ဆရာ့အသံကဘာေၾကာင့္
အၿမဲႏူးညံ့ေနသလဲမေတြးတတ္ေတာ့ပါဘူး။
ဆရာက တကယ္ကိုအေျပာအဆို၊အျပဳအမူ
တစ္ခုခ်င္းဆီကအစ အစိမ္းေရာင္သစ္ေတာႀကီးလိုပါပဲလား။
"ဆိုင္ကယ္ေပၚကိုတက္....."
"ဟင္..ဆိုင္ကယ္နဲ႔သြားမွာလား...."
"ဟုတ္တယ္ေလ..လမ္းေလ်ွာက္ရင္ၾကာေနလိမ့္မယ္..."
ပံုရိပ္လည္းေခါင္းညိမ့္လိုက္ၿပီး ဆိုင္ကယ္ေနာက္မွာထိုင္ကာ ဆရာ့ခါးကိုဖက္ထားလိုက္သည္။
ဆိုင္ကယ္ေလးကေမာင္းႏွင္သြားေသာအခါ
ပိုျမင့္တဲ့ေနရာသို႔သြားေနတာကို
သတိထားလိုက္မိသည္။
ထင္းရႉးပင္တန္းေတြကိုလည္း အေျမာက္အမ်ား
ေတြ့ရသလို ကိုလိုနီေခာတ္ကလက္ရာလိုမ်ိဳး
အိမ္အခ်ိဳ႕ကိုလည္း လမ္းမွာေတြ့ခဲ့ရသည္။
အဂၤလိပ္အစိုးရလက္ထက္က ေညာင္ေရႊနယ္ထဲကေန ခဲြထြက္ၿပီးၿမိဳ႔သစ္အျဖစ္ခဲြထြက္ထားေသာေၾကာင့္ ဒီနယ္တြင္ကိုလိုနီေခာတ္ကအေဆာက္အဦးေတြကို ေတြ့ရတာမဆန္းဘူးဟု
ထင္မိသည္။
ေနသာေနေသာေၾကာင့္ အရမ္းမေအးေတာ့ေပမဲ့
ေတာင္ေပၚသို႔ပိုတက္လာေလ
ေလပိုတိုက္ေလျဖစ္ေနသည္။
ေတာင္ေပၚသို႔တက္လာေနရင္းမွာ ခရီးေတာ္ေတာ္ေပၚလာေသာအခ်ိန္တြင္ ဆရာသည္ဆိုင္ကယ္ကိုရပ္လိုက္ေလသည္။
ၿပီးေနာက္ ဆိုင္ကယ္ေပၚမွ ဆင္းသြားကာ
လမ္းေဘးရိွ ေတာင္ေစာင္းတစ္ခုအေပၚမွာ
ရပ္လိုက္ေလသည္။
"ဒီကိုလာခဲ့ေလ...ဘာလဲ...ေၾကာက္လို႔လား..."
အမွန္စင္စစ္ပင္ ပံုရိပ္ေၾကာက္ေနမိသည္။
ေတာင္တက္လမ္းတစ္ေလ်ွာက္လံုးမွာလည္း
တစ္ခုခုျဖစ္မည္ဆိုး၍ ဘုရားစာတၿပီးလိုက္လာ
ခဲ့တာကို ဆရာကေတာ့သိမည္မထင္ေပ။
ေျခလွမ္းကို တေရြ့ေရြ့လုပ္လိုက္ၿပီး ဆရာ့ေဘးနားသို႔အရဲစြန႔္ကာ သြားလိုက္သည္။
"မေၾကာက္ပါနဲ႔ကြ...မ်က္လံုးဖြင့္ၾကၫ့္လိုက္...
သိပ္လွတဲ့ေတာင္ေပၚျမင္ကြင္းေလးက
အရိပ္ကိုႀကိဳဆိုေနတယ္...."
မ်က္လံုးကိုစံုမိွတ္ထားေသာေၾကာင့္
ပံုရိပ္ေၾကာက္ေနမွန္းသိသြားကာ
ပံုရိပ္၏လက္ဖဝါးေလးကိုဆုပ္ကိုင္ေပးလာသည္။
ဆရာေဘးမွာ ရိွေနသည္ဟူေသာစိတ္ေၾကာင့္
လံုႃခံုသြားသလိုေတာ့ ခံစားရသည္။
ထို႔ေၾကာင့္မ်က္လံုးေတြကိုဖြင့္ၾကၫ့္လိုက္မိေသာအခါ....
"ဟာ...လွလိုက္တာ...."
"အခုေတာ့သေဘာက်သြားၿပီမဟုတ္လား...."
"အင္း...သိပ္သေဘာက်တာပဲ...."
ေတာင္ႀကီးၿမိဳ႔ကို အေပၚစီးမျွမင္လိုက္ရေသာအခါ
စိတ္ႏွလံုး ေအးခ်မ္းသြားသလိုပါပဲ။
ရွမ္းေတာင္တန္းႀကီးေတြက ဒီေလာက္လွလိမ့္မယ္လို႔မထင္ထားခဲ့မိဘူး။
ၾကၫ့္စမ္းပါအံုး။အရာအားလံုးက အစိတ္အပိုင္းေသးေသးေလးေတျြဖစ္ေနၿပီး
အေရာင္စံုခ်ယ္သထားသလိုပါပဲ။
ေတာင္ေပၚကို တက္လာတုန္းက
စိုးရိမ္ထိတ္လန႔္ေနေသာအရာေတြအားလံုး
လြင့္စင္သြားေလသည္။
"ဆရာ...ဟိုဟာကဘာလဲဟင္...."
"အဲ့ဒါ...အင္းေလးကန္ေလ..."
"ဟုတ္လား...သမီးတို႔မနက္ျဖန္ၾကရင္....
အင္းေလးကိုသြားၾကမွာ..."
"အရိပ္တို႔ကဘယ္ေတာ့ျပန္ၾကမွာလဲ..."
"အင္း...မနက္ျဖန္အင္းေလးကိုလည္ၿပီးရင္
သန္ဘက္ခါျပန္ၾကမွာေလ..."
"ဟုတ္လား..."
ဆရာ့အသံေလး ေဖ်ာ့သြားတာေၾကာင့္
ဆရာ့မ်က္ႏွာကို မသိမသာေလးၾကၫ့္လိုက္မိသည္။
ဘာေၾကာင့္ ဆရာကစိတ္မေကာင္းသလို
ျဖစ္ေနရတာလဲ။
ေသခ်ာတာကေတာ့ ပံုရိပ္ကဆရာ့ကို
ခဲြသြားရမွာကိုလံုး၀မႀကိဳက္ဘူး။
"အရမ္းခ်မ္းေနလား...လက္ေတြေအးေနတယ္..."
"ဟုတ္တယ္...ဒီမွာေလအရမ္းတိုက္တာပဲ..."
"ေနြးေအာင္လုပ္ေပးရမလား...*
ပံုရိပ္၏ျပန္ေျဖသံကိုမေစာင့္ပဲ ဆရာသည္
သူ႔ကုတ္အိက်ႌ၏အျပင္ဘက္အိတ္ကပ္ထဲသို႔
ပံုရိပ္၏ လက္ကေလးကိုဆုပ္ကိုင္ကာ
သြင္းလိုက္ၿပီး ေနြးေထြးေအာင္လိုက္လိုက္ေလသည္။
အခုဆိုရင္ ပံုရိပ္နဲ႔ဆရာဟာလက္ခ်င္းတဲြထားၿပီး
အိတ္ကပ္တစ္ခုထဲမွာအေနြးဓာတ္ကို ခိုလႈံေနမိၾကသည္။
*ဆရာဘာေၾကာင့္ ဒီေန့တစ္ေန့လံုးပံုရိပ္ကို
ထူးထူးျခားျခားဆက္ဆံေနရတာလဲ???*
အိက်ႌကိုႀကိဳးခ်ည္ေပးၿပီး...ဓာတ္ပံုလည္းရိုက္ေပးတယ္...အခုလည္းပံုရိပ္ရဲ့လက္ေတြကိုေနြးေအာင္လုပ္ေပးေနျပန္တယ္..
ဒီလိုလုပ္ရပ္ေတြဟာ...သာမန္ဆက္ဆံေရးတစ္ခုမွာ
ရိွႏိုင္ပါရဲ့လား...ဒါမွမဟုတ္..ဆရာမ်ားပံုရိပ္ကို"
အခန္း(၅၉)ဆက္ရန္ရိွသည္...
🌹🌹🌹🌹🌹🌹🌹🌹
(ဆရာကပံုရိပ္ကိုဘာျဖစ္လဲဟင္...😊)
Facebookက"TNH Channel''ကိုလည္း
Like and followလုပ္ထားၾကပါအံုးေနာ္
ဒီတစ္ခါupdateကေတာ္ေတာ္ၾကာသြားပါတယ္..
ဒီလထဲမွာေဝေဝလံုး၀မအားလို႔ပါေနာ္...
၁၀လပိုင္းေလာက္ဆို...၀တၴုအသစ္ေတြလာေတာ့မွာပါ.."
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကိုေက်းဇူးအထူးတင္ရိွပါတယ္ရွင္