(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၅၇)🔥
ဆရာက စကားအများကြီးပြောရတာကြိုက်နှစ်သက်သူမဟုတ်ပေမဲ့ ဖော်ရွေပျူငှာတတ်သူဆိုတာ သူ့ပတ်၀န်းကျင်ရှိ လူတိုင်းသိလေသည်။
သူတစ်ပါး၏ ဆန္ဒကိုသာဦးစားပေးလေ့ရှိသော ဆရာသည် ယခုတော့မိတ်ဆွေတစ်ယောက်က
လက်ကမ်းပြီး နှုတ်ဆက်ဖို့တောင်းဆိုလာတာတောင် သူ့ဘက်ကတော့တင်းမာစွာကြည့်နေခဲ့သည်။
"ဘာလဲ နှစ်တွေအများကြီးကြာပြီးမှပြန်တွေ့လို့
မမှတ်မိတော့တာလား..."
ထိုလူ၏စကားပြောသောလေသံက ရိသဲ့သဲ့နှင့်လေးနက်မှုမရှိပဲ အထင်သေးရှုံ့ချနေသလို
ပျက်ရယ်ပြုနေသလို လေသံမျိုးဖြစ်နေသည်။
သူ့အကြည့်တွေကတော့ နှိမ်ချဆက်ဆံလိုမှုတွေနဲ့သာပြည့်နေပြီး သူတစ်ယောက်တည်းကိုသာ
နေရိပ်ထိုးနေသလို ဂုဏ်ယူဝံ့ကြွားလိုဟန်ပေါ်သည်။
"ငါ့ကိုလက်ဆွဲနှုတ်ဆက်ဖို့တောင်
တွန့်တိုနေတယ်ဆိုတော့..မင်းက
အရမ်းအောင်မြင်နေပြီနဲ့တူတယ်..ဟုတ်လား...."
"မောင်ရယ်...တို့တွေဒီကိုလာတာအေးဆေးအပန်းဖြေဖို့လေကွာ...သူနှုတ်မဆက်ချင်လည်းနေပါစေ...အခြားဝိုင်းမှာသွားထိုင်ရအောင်..."
"မင်းအသာနေစမ်းပါ...ငါစကားပြောရင်
မင်း၀င်ပါစရာမလိုဘူး...."
အခြားသူစိမ်းတွေရှေ့မှာတောင် ကိုယ့်မိန်းကလေးကို ရန်စကားပြောပြီး တွန်းထုတ်လိုက်သော
ထိုလူကိုတစ်ခဏလေးအတွင်းမှာ ရွံရှာလာသည်။
မနွယ်၏မျက်နှာကိုကြည့်လိုက်ခြင်းအားဖြင့်
ဒီလူ့ကို ကြောက်ပုံရလေသည်။
"မပြောနဲ့.."လို့ အော်လိုက်ရုံနဲ့စကားတစ်လုံးတောင်မထွက်တော့ပေ။
ဆရာ့ကိုပြန်ကြည့်လိုက်တော့ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး
အံ့ကြိတ်ထားပုံရလေသည်။မေးရိုးတွေရော နားထင်ကြောတွေပါတင်းလာတယ်။
သေချာတာကတော့ ဒီလူဟာဆရာ့ရဲ့အတိတ်မှာ
ကောင်းသောမိတ်ဆွေ မဟုတ်ခဲ့မှာသေချာတယ်။
ပုံရိပ်ခန့်မှန်းတာမှန်နေရင်တော့ ဒီလူကမနွယ်နဲ့
ဆရာ့ကြားမှာ ခလောက်ဆန်ခဲ့မှာသေချာတယ်။
*ဒီလူနဲ့ပတ်သတ်ပြီး ဆရာဘာတွေခံစားခဲ့ရတာလဲ?
မတွေ့တာကြာပြီဆိုပေမဲ့ ပြန်တွေ့တဲ့အချိန်မှာ
ဆရာ့ကို ဘာကြောင့်ဒီလိုအထင်သေးတဲ့
အကြည့်တွေနဲ့ ကြည့်နေရတာလဲ..."
"မင်းတို့ဝိုင်းကကျယ်သားပဲ...ခုံနှစ်ခုံလည်းလွတ်နေတယ်...ငါတို့ဒီမှာပဲထိုင်လိုက်မယ်နော်..."
"ရှင့်ကိုကျွန်မတို့က ၀မ်းပန်းတသာနဲ့
ဖိတ်ခေါ်လိုက်မိလို့လား...."
လေသံမာမာနှင့်ပြောလိုက်မိသော ပုံရိပ်ထံသို့
အားလုံး၏အကြည့်တွေက ဒိုင်းကနဲရောက်ရှိလာကြသည်။
ဆရာသည်ပင် အံ့ဩသွားတာကိုတွေ့လိုက်ရသည်။
ပုံရိပ်အတွက်ကတော့ ဆရာ့ကိုထိရင်လုံး၀
သည်းခံနေမှာမဟုတ်တဲ့အတွက် ဒီလူ့ကိုခုံမှာ
ထိုင်ခိုင်းပြီး ဆရာ့ကိုနှိပ်ကွက်မှာလည်း
ခွင့်မပြုနိုင်ပေ။
အသားဖြူတာနဲ့ပိုက်ဆံချမ်းသာတာကလွဲလို့
ရုပ်ရည်နဲ့အကျင့်စာရိတ္တက ဆရာ့ခြေဖျားတောင်
မမှီပဲ လာယှဉ်ချင်နေသေးတယ်။
"ကောင်မလေး...မင်းကိုကြည့်ရတာငါ့ကိုတစ်ဖက်သတ်အမြင်စောင်းနေသလိုပဲ...
မင်းကနေမျိုးနဲ့ ဘာတော်လို့လဲ...."
"အဲ့ဒါရှင့်ကိစ္စလား...ကိုယ့်အကြောင်းကိုယ်ပဲ
စိတ်၀င်စားစမ်းပါ..."
"ဟ..အလာကြီးပါလား..."
ပုံရိပ်၏စကားကြောင့် ထိုလူမျက်နှာနှာပျက်သွားပြီး ဒေါသလည်းထွက်သွားပုံရသည်။
ရှေ့သို့တစ်လှမ်းတိုးလာပြီး ပုံရိပ်ကိုခေါင်းအစ၊
ခြေအဆုံးအကဲခတ်သလိုကြည့်နေသောကြောင့်
စိတ်ရှိလက်ရှိသာဆိုရင် ပါးကိုဖြတ်ရိုက်လိုက်ချင်သည်။
ဒီလူ့ကို ပုံရိပ်မြင်ဖူးပါတယ်။
ဦးတမာန်ထက်၏သား တမာန်မင်းဆက်ဖြစ်သည်။
သူတို့ချမ်းသာတယ်ဆိုတာက ပုံရိပ်တို့ကုမ္ပဏီမှာ
ရှယ်ယာ၀င်ထားနိုင်ရုံလောက်လေးပါပဲ။
အဲ့ဒီ့ရှယ်ယာလေးလောက်ကိုတော့ ခုချက်ချင်း
ခြေမနှင့်ကော်ထုတ်ပစ်တောင်ရသည်။
ဒီလောက်လေးပိုက်ဆံရှိတာကို မာန်တက်နေရင်
ဖွားညိုလိုသာဆို သကြားမင်းဖင်တောင်
ပြေးဆောင့်မလားမသိဘူး။
"မဆိုးပါဘူး...မင်းကလှတော့လှသားပဲ..
ဒါပေမဲ့ နွယ့်လိုတော့ဂုဏ်ယူစရာကောင်းတဲ့
ဆရာ၀န်မလေးမဟုတ်ဘူးပေါ့....."
ထိုလူကပုံရိပ်နှင့်သူ့ဘေးမှာရပ်နေသောမိန်းမကို
ယှဉ်ကြည့်ပြီး လှောင်ရယ်လိုက်လေသည်။
ဒီတစ်ခါတော့ မျှားဦးကပုံရိပ်ဘက်သို့
လှည့်လာသည်မို့ ခန္ဓာကိုယ်တစ်ခုလုံးကို
မီးမြှိုက်လိုက်သလို ဒေါသမီးတွေ
ဟုန်းကနဲထတောက်လာသည်။
အထူးသဖြင့် *နွယ်*ဆိုသောသူနှင့်
နှိုင်းယှဉ်ခံရတာကို လုံး၀မကြိုက်ပေ။
ဒေါသဒီဂရီက ဂိတ်ဆုံးထိရောက်နေပြီမို့
ထရပ်ပြီး ရန်တွေ့ဖို့ကြိုးစားလိုက်စဉ်မှာ
ပုံရိပ်၏ ပခုံးပေါ်သို့နွေးထွေးသောလက်တစ်စုံ
ရောက်လာပြီး တားမြစ်ခြင်းခံလိုက်ရသည်။
"မင်းဘာဖြစ်ချင်နေတာလဲမင်းဆက်...
နှစ်တွေဒီလောက်ကြာနေပြီပဲ မင်းဘာကြောင့်
အခုထိငါ့ကိုအနိုင်လိုချင်နေရသေးတာလဲ...
ငါရှုံးခဲ့ပြီးပြီလေ...မင်းမကျေနပ်နိုင်သေးဘူးလား..
လူအများရှေ့မှာ တစ်ချိန်ကသူရှုံးနိမ့်ခဲ့သူကို
ပြဿနာဖြစ်မှာစိုးလို့ ထပ်မံဖြောင်းဖျနေရတာ
ဘယ်လောက်အာက်ကျလိုက်သလဲ။
ပုံရိပ်ဆရာ့ကိုနားလည်ပါတယ်။
ဆရာသာ ၀င်မဖြန်ဖြည်ရင် မကြာခင်မှာ
ဒီလူ့ပါးစပ်ကနေ ပုံရိပ်ကိုဝေဖန်သံတွေ
ထွက်ပေါ်လာတော့မှာ..အသားလွတ်ဘ၀င်မြင့်နေတဲ့
ဒီလူ့အတွက် မပြောရဲတဲ့စကားရှိလောက်မယ်မထင်ဘူး။
*ဒါပေမဲ့...ဒီတစ်ခါတော့ဘာအကြောင်းနဲ့မှ
ဆရာမရှုံးနိမ့်စေရဘူး..ပုံရိပ်ကဆရာ့ကို
ကာကွယ်ပေးမှာ...*
"မင်းငါ့ကို အမြဲရှုံးခဲ့တာကိုတော့ မှတ်မိသေးတဲ့အတွက်..မင်းတော်ပါတယ်..ဒါပေမဲ့ငါကမင်းကို
အမြဲအနိုင်လိုချင်နေတော့ဘယ်လိုလုပ်ရမလဲ..
ငါကလေ..မင်းကိုဘယ်အချိန်ဘယ်နေရာမှာပဲ
တွေ့ရပါစေ..အမြဲငါ့ခြေရင်းမှာ၀ပ်ဆင်းနေတာပဲ
လိုချင်တာ...."
"ရှင်ဘာစကားပြောတာလဲ...."
"ခင်ဗျားလူစကားပြောရင်ကောင်းမယ်ထင်တယ်.."
ပုံရိပ်နှင့်ဆရာ့ရဲ့လက်ဖော်ကိုင်ဖက်
ကိုသက်တံ့မှာ မနေနိုင်ကြတော့ပဲ
ထအော်လိုက်မိကြသည်။
ဆရာကတော့ သူ့ဒေါသတွေကိုမျိုချထားကာ
လက်သီးကိုသာ ကျစ်ကျစ်ပါအောင်
ဆုပ်ထားသည်။
ဆရာ့ရဲ့အခုပုံစံကို ပုံရိပ်လုံး၀မကြိုက်ဘူး။
ကိုယ့်ဂုဏ်သိက္ခာကို လူကြားထဲမှာဒီလောက်အထိ
စော်ကားနေတာကို ဘာကြောင့်များ
သည်းခံနိုင်နေရတာလဲ။
ဒီလူကိုအမြဲအရှုံးပေးနေရလို့ အကျင့်ပါနေခဲ့တာလား။
ဒါမှမဟုတ် "နွယ်ဆိုတဲ့.."မိန်းမရဲ့မျက်နှာကြောင့်များလား။အခြားသူတွေတောင် သည်းမခံနိုင်တော့တဲ့အခြေအနေမှာ တည်ငြိမ်နေနိုင်တာကို
ပုံရိပ်တကယ်အံ့ဩတယ်။
"မောင်ရယ်..တော်ပါတော့...ပြီးခဲ့တဲ့ကိစ္စတွေကို
အစပြန်ဖော်မနေပါနဲ့တော့....
သူ့ရဲ့နွယ်ကဆွဲခေါ်နေလည်းပဲ တစ်ခွန်းမှပြန်မပြောတဲ့ ဆရာ့ရဲ့မျက်နှာကိုသာကြည့်ပြီး
လှောင်ရယ်ပြန်သည်။
ဒီလူဟာ အရှုံ့ပေးနေတာတောင်
မကျေနပ်နိုင်တဲ့ လူယုတ်မာအကြီးစားပဲ။
"မင်းငါ့ကိုအမြဲတမ်းရှုံးနေတဲ့အတွက်
ငါကျေနပ်ပါတယ်..
မင်းရဲ့ကောင်မလေးကိုကြည့်ရတာ
တော်တော်ငယ်အုံးမဲ့ပုံပဲ...
*နွဲ့*လိုတော်ပြီးထက်မြတ်တဲ့ဒေါက်တာမလေးကိုတော့ မင်းဘယ်ရနိုင်မလဲနော်...
တန်ရာတန်ရာပေါ့ကွာ...
မင်းအဲ့လို...ဖြစ်နေလေ..ငါက၀မ်းသာလေပဲ..."
"ဆရာ၀န်ဖြစ်တော့ရော...ဘာလုပ်ရမှာလည်း...
ကျွန်တော့်သူငယ်ချင်းနဲ့နှိုင်းစရာကိုမလိုတာ...
ဂုဏ်ထူးငါးဘာသာထွက်ထားပေမဲ့...
ခြောက်ဘာသာဂုဏ်ထူးရှင်နဲ့အမှတ်နဲနဲလေးပဲကွာတာ..မန္တလေးတစ်တိုင်းလုံးမှာ..ဒုတိယရတဲ့လူကို
ခင်ဗျားလာဝေဖန်စရာအကြောင်းမရှိဘူး...
ဆရာ၀န်ဖြစ်တာလေးလောက်နဲ့ တလောကလုံးမှာ
အတော်ဆုံးစတိုင်လ်လာဖမ်းနေတယ်...
ကြည့်လုပ်အုံး..
ဘ၀င်လေဟပ်ပြီးရွဲ့စောင်းနေအုံးမယ်..."
တမန်မင်းဆက်ဆိုတဲ့လူကြီးက ပုံရိပ်ကို
ဆရာ့ကောင်မလေးအထင်နဲ့ သူ့ဟာမကို
ပွဲလုံးထုတ်ပြီးကြွားပြနေတော့
ဘိုဘိုကထပြီးရန်တွေ့လိုက်လေသည်။
ဘိုဘိုစလိုက်တဲ့ ဇာတ်လမ်းကအိမိုးသော်တို့
ပိုးအိတို့ကိုပါ ဆက်သွားလေသည်။
"ကျွန်မသူငယ်ချင်းက ရှင့်ကောင်မနဲ့ဘယ်နားကမသာတာလဲ..အသားအရည်ကိုပဲယှဉ်ကြည့်ပါအုံး
ကျွန်မသူငယ်ချင်းကမြေဖြူခဲ...
ရှင့်ဟာမက..မီးသွေးခဲ..ရှင်းလား..."
"မနွယ်"ဆိုသူသည် အရပ်ရှည်ကာရုပ်ရည်လှပေမဲ့အသားညိုသောကြောင့် အိမိုးသော်က
မနိုင်နိုင်အောင် ပြောလေတော့သည်။
ဒေါ်အိမိုးသော်ဆိုတာ စကားရည်လုပွဲတွေမှာ
အမြဲဗိုလ်ဆွဲနေကြလူမဟုတ်ပါလား။
"ရုပ်ရည်ကိုတော့မယှဉ်တော့ဘူး...
ဘယ်လိုပဲဖြစ်ဖြစ်
ကျွန်မသူငယ်ချင်းကသာပြီးသားပဲ...
တစ်ခုပဲပြောလိုက်မယ်..
ကျွန်မသူငယ်ချင်းက ရှင့်ရည်းစားရဲ့
အဆင့်လောက်ကိုမပြောနဲ့...
ရှင်တောင်သူ့အဆင့်ကို မမှီဘူး..
ပုံရိပ်ရဲ့ခြေထောက်က ခြေကျင်းရဲ့တန်ဖိုးနဲ့တင်...
ရှင်တို့နှစ်ယောက်လုံးကို
ဖို့သတ်လို့လုံလောက်နေပြီရှင်းလား...
မန္တလေးကကျောက်မျက်ရတနာကုမ္ပဏီပိုင်ရှင်
ဒေါ်ရိပ်ညိုရဲ့မြေးက..ရည်းစား၀ယ်ထားတဲ့ကားကိုသွားရည်တမျှမျှနဲ့လိုက်စီးရမဲ့
အတန်းအစားတောင်မဟုတ်ဘူး..
လှေယာဉ်စီးလုံးငှားပြီး...
ရှင်တို့ခေါင်းပေါ်ကို သေးပန်းချလို့ရတယ်ဆိုတာ
မှတ်ထား..."
"ဟဲ့...."
စကားရည်လုပွဲတွေမှာ အမြဲဗိုလ်ဆွဲခဲ့သလောက်
အခုလည်း မနိုင်နိုင်အောင်ထပြောလိုက်သည်မှာ
ပုံရိပ်တောင် လန့်သွားလေသည်။
ဘယ်လိုတွေတောင် ပြောချလိုက်ပါလိမ့်။
"မင်းက...ဒေါ်ရိပ်ညိုရဲ့မြေးလား..."
"ဟုတ်တယ်..."
ပုံရိပ်၏အဖြေကို ကြားသည်နှင့်သူ့မျက်နှာသည်
ဟိုးတွင်းနက်ထဲသို့ ကျသွားသလိုမဲမှောင်သွားလေတော့သည်။ဒီလိုမှန်းသိလျှင် အစောတည်းက
ထုတ်ပြောလိုက်ပါတယ်။
"ဦးမင်းဆက်ကကျွန်မကိုမသိပေမဲ့...ကျွန်မကတော့
ရှင့်အဖေဦးတမန်ထက်ကိုရော...ရှင့်ကိုရော
ကောင်းကောင်းသိတယ်...
အခုရန်ကုန်မှာအသစ်လုပ်မဲ့ပရောဂျက်ကနေ
ရှင့်အဖေကိုအဖွားကထုတ်လိုက်တယ်ဆိုတာကို
သိရဲ့လား...ဘာဖြစ်လို့လဲဆိုတော့..ရှင့်အဖေက
ရှင့်လို...အပြောပဲရှိပြီး..
အရည်အချင်းကအာပလာဖြစ်နေလို့လေ.."
"မင်းဘာစကားပြောတာလဲ...
ငါကမိန်းကလေးလည်း ညှာမယ်ထင်နေတာလား.."
သူများကိုတော့ ရစရာမရှိအောင်ပြောပြီး
သူ့မျက်နှာကိုပြန်ရိုက်တော့ နာတတ်နေလိုက်တာများ။ဆရာနေမျိုးဆိုတာ ပုံရိပ်ရဲ့နှလုံးသားထဲမှာ
နေရာယူထားတဲ့ တန်ဖိုးရှိလူသားတစ်ယောက်
ဖြစ်တဲ့အတွက် ဆရာ့ကိုစော်ကားခဲ့တာတွေကို
လုံး၀မကျေဘူး။
သူက ရှေ့ကိုခြေတစ်လှမ်းတိုးလာတဲ့အခါ
ပုံရိပ်ကလည်း ကြောက်တတ်သူမဟုတ်တော့
နောက်ဆုတ်စရာ အကြောင်းမရှိပေ။
မဲ့ပြုံးနှင့် သူ့ကိုတမင်ခနဲ့ပြစ်လိုက်သည်
"ရှင်သတ္တိရှိရင်..ထိကြည့်လိုက်လေ...
ရှင်တို့သားအဖတွေ...မြက်ခြောက်ကိုတောင်
ကောက်စားလို့မရတဲ့နွားဘ၀ရောက်သွားမယ်ဆိုတာ..သိလိုက်နော်...ကျွန်မကိုထိရဲရင်...
ရှင်ထောင်ထဲကိုလဲ ၀င်ရဲရမယ်ဆိုတာမှတ်ထားလိုက်အုံး..."
"မင်းတော်တော်တရားလွန်လာပြီနော်..."
"ရှင်လွန်တာကြတော့ရော...မှန်တယ်ထင်နေတာလား...ဆရာနေမျိုးကသမာသမတ်ကြပြီး
စိတ်ထားကောင်းတဲ့လူတစ်ယောက်ပဲ
ရှင့်လိုပုတ်ပွပြီး ယုတ်ညံ့တဲ့စိတ်ဓာတ်မျိုးမရှိဘူး...
ရှင်စော်ကားခဲ့တဲ့ စကားတစ်လုံးချင်းဆီအတွက်..
ရှင်သူ့ကိုပြန်တောင်းပန်ပါ..."
ပုံရိပ်၏အပြုအမူကြောင့် နေမျိုးအဖို့
ကြက်သီးမွှေးညှင်းတွေတောင်
ထလောက်သည်အထိ
အံ့ဩတုန်လှုပ်သွားမိလေသည်။
ငယ်ငယ်လေးတည်းက သူတစ်ပါးရဲ့
နှိမ့်ချဆက်ဆံမှုတွေနှင့်သာ
အသားကျခဲ့ရသောသူဟာ
ယခင်က ဆုံခဲ့ဖူးသောလူများနှင့်ထပ်တွေ့ရမှာကို
အင်မတန်ကြောက်ခဲ့မိသည်။
ဒါဟာ သူ့ရဲ့စိတ်ဒဏ်ရာတစ်မျိုးဆိုလည်း
မှားမယ်မထင်ပါဘူး။
အတိတ်ဆိုးထဲက လူတစ်ယောက်နဲ့ပြန်ဆုံတဲ့အခါ
ဟိုယခင်ကလို သိမ်ငယ်စိတ်တွေပြန်ပေါ်လာနေတုန်းဆိုပေမဲ့ ဒီကောင်မလေးရဲ့စကားလေးတစ်ခွန်းနဲ့တင် ခွန်အားတွေပြန်ရှင်သန်လာသလိုပါပဲ။
သူလေးဟာ အင်အားသေးသေးလေးနဲ့
ကိုယ့်အရှေ့ကနေ တံတိုင်းလေးလိုကာပေးနေတာ
တကယ်ကို ပီတိဖြစ်ရပါတယ်။
"ငါ့ကိုတောင်းပန်ဖို့...မင်းမှာပြောပိုင်ခွင့်မရှိဘူး..."
"မင်းဆက်!!!မင်းငါတို့ဝိုင်းကနေထွက်သွားလိုက်ရင်
ကောင်းမယ်...ငါသည်းခံနေတာက
အတိုင်းအတာတစ်ခုကို ကျော်လွန်နေပြီနော်...
မင်းလည်းအသက်အရွယ်တစ်ခုကို
ရောက်လာပြီပဲ...
မင်းကအရင်လိုချာတိတ်လေးမဟုတ်တော့သလို
ငါကလည်း အရင်ကနေမျိုးမဟုတ်တော့ဘူး...
ငါ့ကိုမင်းအမြဲအနိုင်လိုချင်တယ်ဟုတ်လား...
မင်းကငါ့ထက်အစစအရာရာသာနေပြီးသားကို
အခုထိ ငါ့ကိုလိုက်ပြိုင်လို့မ၀သေးဘူးလား...
မင်းငါနဲ့လိုက်ပြိုင်ပြီး..နွယ့်ကိုလိုက်ခဲ့လို့
အခုနွယ်ကမင်းလက်ကို တွဲထားပြီးပြီ
မင်းမကျေနပ်သေးဘူးလား...
မင်းရထားတာထက်..ဘာတွေကိုထပ်လိုချင်နေသေးတာလဲ..."
"မောင်ရယ်...တော်ပါတော့...ဒီနေ့ကနွယ်တို့
ချစ်သူသက်တမ်း...၆နှစ်ပြည့်လေ...
မောင်နွယ့်ကိုစိတ်ချမ်းသာအောင်ထားပေးပါနော်.."
"ခင်ဗျားကို ဒီဝိုင်းကအလိုမရှိဘူး.…"
"..ခင်ဗျားလာမနှောက်ယှက်ပဲ ကိုယ့်ဘာသာကိုယ်နေပေးပါ.."
အကုန်လုံးတစ်ယောက်တစ်ပေါက်နှင့် ဝိုင်း၍
ပြောကြသောအခါ ထိုသူသည်အမျက်ဒေါသ
ချောင်းချောင်းထွက်လျှက် ဆိုင်ပြင်သို့ပြန်ထွက်သွားလေသည်။
ပုံရိပ်ကတော့ ပြန်မတောင်းပန်သွားတဲ့အတွက်
စိတ်ထဲမှာ လုံး၀အခဲမကျေပေ။
ဆရာ့ကိုကြည့်လိုက်တော့ ဆရာသည်မျက်၀န်းလေး
တွေကအစ ပြုံးနေပြီး ပုံရိပ်ကိုအဓိပ္ပာယ်တသ်ချို့ ပါ၀င်သောအကြည့်မျိူးနှင့် ကြည့်လာခဲ့သည်
*ဒီလောက် အပြောခံခဲ့ရတာတောင်
ရယ်နိုင်သေးတယ်ပေါ့.."
🌹🌹🌹🌹🌹🌹🌹🌹🌹
လပြည့်နေ့တွင် ၅ရက်ဈေးနှင့်တိုက်ဆိုင်သွားသောမနက်ပိုင်းဈေးနေ့သည်
ဒီလောက်လူစည်မယ်မှန်း တကယ်ကိုမသိခဲ့ပေ။
လူတွေလည်းများသလို ၀ယ်ချင်သောစားသောက်ကုန်ကို ၀ယ်လို့ရလောက်သည်အထိ
စုံလင်လေသည်။
ပုံရိပ်အတွက်ကတော့ တကယ်ကိုအသစ်အဆန်းတစ်ခုလို ဖြစ်နေတဲ့အတွက်ခေါ်လာပေးတဲ့
ဆရာ့ကိုအရမ်းကျေးဇူးတင်မိသည်။
အထူးသဖြင့် ပအိုဝ်းလူမျိုးအများအပြားကို
တွေ့ရ၍ ပိုသဘောကျမိလေသည်။
ရှမ်းရိုးရာ ခမောက်လေးများကိုဆောင်းထားကြတာကပင် အလှတစ်မျိုးဖြစ်နေသည်။
တီချူးကတော့ ဈေးကိုရောက်တုန်း
အသီးအရွက်နှင့်အသားငါးတန်းတွေကို
လျှောက်သွားပြီးစုံနေအောင် ၀ယ်လေသည်။
ဈေးကလည်းဆစ်လိုက်တာပြောမနေပါနဲ့။
ဒီလိုဈေးနေ့မျိုးမှာ ဈေးအရမ်းသက်သာတဲ့အတွက်ကြောင့် လူတွေကငါးရက်တစ်ခါမှ
ပိုပြီး ဈေး၀ယ်တတ်ကြသည်ဟုဆိုလေသည်။
ထို့ကြောင့် ဈေးဆစ်တာကတော့ တီချူးတစ်ယောက်တည်းမဟုတ်ပဲ ၀ယ်သူတိုင်းနီးပါးက
ဈေးဆစ်လွန်းကြသည်။
ထိုအရာကပဲ ဒီဈေး၏ကျက်သရည်တစ်မျိုးလို
ဖြစ်နေလေသည်။
"ကိုနေမျိုး...ကျွန်တော့်သူငယ်ချင်းက လှတယ်လို့
ခင်ဗျားမထင်ဘူးလား.."
အရှေ့မှာတောင်ပေါ်ဈေးကို စရောက်ခါစဖြစ်၍
မျောက်ကလေးတွေလို ဟိုပြေးကြည့်၊ဒီပြေးကြည့်လုပ်နေသော ကလေးမကိုမျက်ခြေမပျက်အောင်
လိုက်ကြည့်နေရင်း သူ့ကိုဘိုဘိုကပခုံးဖက်၍
မေးခွန်းထုတ်လေသည်။
အမှန်အတိုင်းပြောရရင်တော့..ဒီကောင်မလေးဟာ
သူမြင်ဖူးသမျှ မိန်းကလေးတွေထဲမှာအလှဆုံးလို့
ဆိုရလောက်သည်အထိကို အပြစ်ဆိုစရာမရှိအောင်
လှရက်သူဖြစ်သည်။
မျက်နှာမှာ ဘာမှမလိမ်းထားရင်တောင်
ပါးလေးတွေနီနေတတ်သော နှင်းဆီပွင့်လေးလို
မိန်းကလေးပင်။
အဓိကအချက်ကတော့ သူလေးဟာအရမ်းကိုစိတ်ထားဖြူစင်တာပါပဲ။
ချမ်းသာတဲ့အသိုင်းအ၀န်းကို ရောက်သွားပေမဲ့
မာန်မာနထောင်လွှားမှုမရှိပဲ ပကတိရိုးစင်းလွန်းတယ်။အဲ့ဒီ့အရာကပဲ သူ့ရဲ့စိတ်ကို
စတင်အရောင်ဆိုးလာတယ်ထင်ပါရဲ့။
"ခင်ဗျားသိအောင်တစ်ခုတော့ ပြောပြလိုက်အုံးမယ်..ပုံရိပ်ကလေ..ကွင်း၀င်ပြိုင်ဖို့ဝါသနာမပါလို့သာ..ကျောင်းပေါင်းစုံကရွေးထားတဲ့ကွင်းထက်တောင်..သူကပိုလှသေးတယ်...ဒါကြောင့်လဲ...
ကျောင်းမှာဆိုရင်...သူ့ကိုပိုးပန်းတဲ့လူတွေက
လုံး၀ပျက်တယ်ဆိုတာမရှိဘူး..သူက
အရည်အချင်းပိုင်းရော..အလှပိုင်းရောရော
ပန်းစားတော့...သူ့အတွက်ဆိုအသက်တောင်ပေးမဲ့လူတွေက ပုံလို့.."
"မင်းဟာကလည်း နည်းနည်းတော့ပိုပြီထင်တယ်.."
"ဟာ...လုံး၀မပိုဘူး...ခင်ဗျားစဉ်းစားကြည့်ဗျာ..
တကယ်ချစ်မိရင်...အသက်တောင်ပေးနိုင်ပါတယ်..
ဟုတ်တယ်မှတ်လား...ကျွန်တော်ခင်ဗျားကို
ပြောချင်တာက..အခုတည်းကလှုပ်ရှားဖို့..."
နေမျိုးတစ်ချက်တွေဝေသွားလေသည်။
ပုံရိပ်သည် ဒီလောက်အထိပဲသူတို့ကျောင်းမှာ
ပေါ်ပြူလာဖြစ်တာလား။
ဘိုဘို့ကိုကြည့်ရတာလည်း ပိုပိုသာသာပြောနေပေမဲ့
အမှန်တွေချည်းပဲဆိုတာတော့သေချာတယ်။
"အဟမ်း...မိန်းကလေးတစ်ယောက်ကို
ချည်းကပ်ဖို့ဆိုရင် အလွယ်ဆုံးနည်းက
သူတို့ကြိုက်တာလေးတွေကို ၀ယ်ပေးပြီး
သူတို့သဘောကျအောင် နေထိုင်ပြုမူဖို့ပဲ
အဲ့ဒါကအဓိကအခြေခံအချက်ပဲ...."
ဘိုဘိုသည်သူ့စကားကို အလေးအနက်ထားပြီး
တွေးတောနေသော ကိုနေမျိုးကြီးကိုကြည့်ပြီး
ရယ်ချင်နေမိသည်။
အမှန်တော့ ကိုယ့်သူငယ်ချင်းရဲ့အမူအရာတွေကို
ကြည့်ရုံနဲ့ ဒီလူ့ကိုစိတ်၀င်စားနေမှန်းရိပ်မိလို့
လှော်ပေးနေခြင်းပင်။
သူကိုယ်တိုင်လည်း ကိုနေမျိုးကြီးနှင့်သာဆိုလျှင်
ပုံရိပ်ကိုစိတ်ချလေသည်။
ကိုနေမျိုးက တည်ငြိမ်ပြီးရင့်ကျက်တဲ့လူတစ်ယောက်မှန်း စတင်တွေ့ဆုံမှုမှာတင်
အကဲခတ်နိုင်ခဲ့သည်။
ပုံရိပ်လေးက ဘီယာနဲ့အချိုရည်ခွက်ကို
မှားသောက်မိလို့ဆိုပြီး ချက်ချင်းပဲ
သံပုရာရည်ခွက်လာပေးတာကို ကြည့်ခြင်းအားဖြင့်
ကိုယ့်သူငယ်ချင်းလေးအပေါ်ကို သိပ်ဂရုစိုက်မှန်း
သိသာတယ်။
အထူးသဖြင့် ပုံရိပ်လိုစိတ်ထားနူးညံ့ပြီး
အဘက်ဘက်က ပြည့်စုံနေသူလေးကို
ဒီလိုကြင်နာပေးတတ်တဲ့လူမျိုးနှင့်ပဲ
ဖူးစာဆုံစေချင်သည်။
🌹🌹🌹🌹🌹🌹🌹🌹🌹
"အန်တီ...စတော်ဘယ်ရီသီးတစ်ပုံးကို
ဘယ်လောက်လဲ..."
"ခြောက်ထောင်ပါ.."
"ငါးထောင်နဲ့မရဘူးလားဟင်..."
အသီးတွေက လက်ဆက်ပြီးတန်လည်းတန်ကာ
စားချင်စရာမို့ ၀ယ်မလို့လုပ်နေတုန်းမှာပဲ
အိမိုးသော်က စတင်ဈေးဆစ်လေသည်။
ပိုးအိကတော့ အသီးတစ်လုံးကိုအမြည်းတောင်းကာ
စားကြည့်သေးသည်။
ပုံရိပ်ကတော့ ဈေးသည်တွေကိုစာနာမိတာရော
ဒီလိုဈေးနှုန်းနှင့် ဒီလောက်ပမာဏကို
ဒီဈေးမျိုးမှာပဲ ရနိုင်၍ဈေးမစစ်ချင်ပေ။
ရန်ကုန်၊မန္တလေးတို့မှာဆို စတော်ဘယ်ရီသီးက
သိပ်ဈေးကြီးတာပဲ။
"စတော်ဘယ်ရီသီးစားချင်လို့လား.."
စတော်ဘယ်ရီပုံးလေးတွေကို လိုက်ကြည့်နေမိသော
ပုံရိပ်၏လက်တွေ တွန့်ဆုတ်သွားမိလေသည်။
ပုံရိပ်၏အနောက်ဘက်မှာ ရပ်နေသောကြောင့်
သူ့ခြေသလုံးက ပုံရိပ်၏ကျော်ကုန်းနှင့်
ထိလုထိခင်ဖြစ်နေလေသည်။
ပုံရိပ်သူ့ကိုမော့ကြည့်လိုက်တော့ ပြန်၍ငုံ့ကြည့်နေသော သူ့မျက်နှာသည် တကယ်ကိုကြည်ရှင်းကာ
ခန့်လွန်းနေပြီး သူ့အပြုံးလေးကမျက်လုံးမှာ
သွားထင်ဟပ်နေတာကို တွေ့လိုက်ရသည်။
"စတော်ဘယ်ရီသီးယူမယ်မို့လား..
ကိုယ်ရွေးပေးပါ့မယ်..."
အရမ်းထူးဆန်းတာကတော့
ဆရာကဘာကြောင့်"ကိုယ်"ဆိုသော
အသုံးအနှုန်းကိုပဲသုံးနေရတာလဲ။
အဲ့ဒီ့အသုံးအနှုန်းက တောင်ကြီးကိုရောက်လာတည်းက ကြားနေရတာ။
"ဖက်မခံထားပါဘူးနော်..."
"မခံထားပါဘူးကွယ်...အပြည့်ပါပဲ..စားကြည့်ပါ
ချိုရဲနေရမယ်လို့ အာမခံပါတယ်..."
"စိတ်မရှိပါနဲ့ဗျာ..အချို့ကဖက်ခံထားတာတွေရှိလို့ပါ..."
"မဖြစ်ပါဘူး...စိတ်ကြိုက်ကြည့်နိုင်ပါတယ်..."
ဆရာက၀ယ်နေကြထင်ပါရဲ့ စတော်ဘယ်ရီ
ပုံးလေးထဲမှာ ဖက်ခံထားပြီးအများကြီးပါတဲ့ပုံစံအတုလုပ်မှာကို စစ်ဆေးနေလေသည်။
အခုလိုပုံစံကြတော့ အိမ်ရှင်ထီးပုံစံပေါ်နေသလိုပဲ။
လောင်းကုဒ်ကိုချွတ်ပြီး လက်တစ်ဖက်အပေါ်မှာ
တင်ထားတာလေးကအစ ကြည့်ကောင်းနေတာ။
ယောက်ျားပီသပြီး သိပ်ဆွဲဆောင်မှုရှိသည်။
"ပုံရိပ်ရေ..ငါတို့တွေနဂါးမောက်သီးတွေ၀ယ်သွားရအောင်...ဟော်တယ်မှာခဏပြန်နားရင်
သကြားနဲ့ခေါက်စားကြမယ်လေ..."
"အေးကောင်းတယ်...."
ထိုစဉ်ဆရာက ပုံရိပ်တို့စကားပြောနေတာကိုကြားပြီး နဂါးမောက်သီးတွေကိုရွေးနေလေသည်။
တကယ်ကို အလိုက်သိလွန်းတဲ့အမျိုးသားပါ။
နဂါးမောက်သီးတွေက ခြင်းလိုက်ကြီးတွေ
ရောင်းသောကြောင့် ပုံရိပ်တို့အကုန်လုံးခွဲပြီး
အိမ်ပြန်လက်ဆောင်သယ်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
"အဒေါ်..ဒီမှာပိုက်ဆံပါဗျ..."
"ဟာ..ဆရာရယ်..မပေးပါနဲ့သမီးတို့က
၀ယ်ထားတာမနည်းဘူး..."
"ရပါတယ်...ဆရာ၀ယ်ပေးချင်လို့ပါ..
လက်ဆောင်လို့သဘောထားလိုက်ပေါ့..."
"ဟုတ်ကဲ့ပါ..."
ပုံရိပ်သည် ဆရာ့ဆန္ဒကိုခေါင်းတစ်ခါပဲ
ညိမ့်လိုက်မိတာကို နောင်တအကြီးကြီးရနေမိတော့သည်။
အဘယ်ကြောင့်ဆိုသော် ပုံရိပ်လက်ညှိုးထိုက်လိုက်သော အရာမှန်သမျှကို ဆရာကလိုက်၀ယ်ပေးနေသောကြောင့်ပင်။
ရိုးရာမုန့်လေးတွေကို လက်ညှိုးထိုးလိုက်ရင်
ခဏတောင်မကြာပဲ ဆရာက၀ယ်လာပြီး
လက်ထဲသို့ထည့်ပေးလေသည်။
ထို့ကြောင့် ဆရာပိုက်ဆံကုန်မည်စိုး၍ဘာကိုမှလက်ညှိုးမထိုးရဲတော့ပေ။
ဘိုဘိုနှင့်သက်တံ့တို့နှစ်ယောက်ကတော့
နေမျိုး၏ အနားသို့သွားကာ စနောက်ကြလေတော့သည်။
"ကိုနေမျိုးရေ..ကျွန်တော်ကပုံရိပ်ကိုပိုးပန်းသူတွေများတယ်လို့ပြောလိုက်ရုံပါပဲဗျာ..ခင်ဗျားကို
(sugar daddy)သကြားဒယ်ဒီလုပ်ဖို့မပြောမိပါဘူး.."
"မင်းကဘာသိလို့လဲကွ...
သူကလစာကောင်းတယ်လေ..
သကြားဒယ်ဒီတင်မကဘူး..သကြားစက်ရုံပါ
ထောင်လို့ရတယ်သိရဲ့လား...ဒါပေမဲ့
သူ့ဘာသာဆိုရင် သွားတိုက်ဆေးကိုတစ်စက်ပဲ
ကျန်တော့ရင်တောင် ရအောင်ထုတ်သုံးတတ်တဲ့အထိ ကပ်စေးနဲချက်ကလက်လန်တာကွာ..
အခုတော့ဘယ်လိုဖြစ်သွားသလဲမသိဘူး..."
"ဟား..ဟား..အချစ်ကိုယုံတော့မုန့်ဖိုးကုန်တာပေါ့
အဲ..ဟုတ်ပါဘူး..စုံလုံးကန်းတာပြောပါတယ်.."
ဘိုဘိုတို့သက်တံ့တို့က လှောင်လေနေမျိုးက
သူ့လက်ဂုတ်ကိုပွတ်၍ မျက်နှာကြီးရဲကာ
ရှက်လာလေဖြစ်နေသည်။
သူ့အတွက်တော့ ရယူခြင်းထက်ပေးဆပ်ခြင်းကိုပဲ
ပိုနှစ်သက်တယ်....
............…...............
ကောင်မလေးတွေက ရှမ်းရိုးရာ၀တ်စုံလေးတွေကို
၀တ်ကြည့်ချင်တယ်ဆို၍ ဆိုင်ကယ်ကိုယ်စီနှင့်
ရိုးရာ၀တ်စုံလှလှလေးတွေရောင်းသော ဆိုင်သို့
သွားဖြစ်ကြလေသည်။
ပုံရိပ်လေးတို့အုပ်စုကတော့ ရိုးရာ၀တ်စုံလေးတွေကို တွေ့သည်နှင့်မိန်းကလေးတွေပီသစွာ
အထည်ပြီးတစ်ထည်ယူပြီး ကိုယ်မှာကပ်ကြည့်နေကြလေသည်။
"ပုံရိပ်..ဒီရက္ကန်းချည်ထည်လေးနဲ့လိုက်လား..
ပိုးထည်နဲ့လိုက်လား..."
"နင်လိုချင်ရင်...နှစ်ခုလုံးယူလိုက်ပါလား...."
"အေး...ရောက်တုန်းရောက်ခိုက်..
လေး၊ငါးထည်လောက်အားပေးသွားလိုက်မယ်ဟာ..
ငါကရှမ်းစင်လေးတွေကို သိပ်ကြိုက်တာ...
ငါတို့တွေဒီမှာတစ်ခါတည်း၀တ်သွားကြမလား..."
"အေးလေ...အဲ့ဒါဆိုရင်..ပတ်ထဘီ၀ယ်သွားကြမယ်..ညကြရင်...မီးပုံးပျံပွဲကိုရှမ်း၀တ်စုံလေးတွေ၀တ်ပြီး သွားကြမယ်..."
"အေး..ကောင်းသားပဲ..."
တီချူးကတော့ သူ့ဆီမှာရှမ်း၀တ်စုံလေးတွေ ချုပ်ထားတာရှိ၍မ၀ယ်တော့ပေမဲ့ ပုံရိပ်တို့
သုံးယောက်ကတော့ ၀ယ်ပြီးဆိုင်မှာတစ်ခါတည်းလဲ၀တ်လိုက်ကြသည်။
ပုံရိပ်၏အိင်္ကျီလေးက အဖြူလက်ရှည်ပေါ်မှာ
အပွင့်အနီ သေးသေးလေးတွေပါသောကြောင့် အသားအရည်နှင့် ဟပ်နေပြီးရိုးရိုးလေးနှင့်
ကြည့်ကောင်းနေလေသည်။
"ဟဲ့ပုံရိပ်...နင်ကအသားဖြူတော့..တကယ်ကို
ရှမ်းမလေးအတိုင်းပဲသိလား...ဆံထုံးလေးကို
မြင့်မြင့်လေးထုံးပြီး ဆံထိုးလေးပါတပ်လိုက်ရင်..
တကယ်ကို ရှမ်းမလေးဖြစ်သွားမယ်ထင်တယ်..."
"အမယ်လေး..မြှောက်နေပြန်ပါပြီ...ဒါနဲ့လေ..
ငါတို့ညကြရင်တော့ ဒါ၀တ်ပြီးပွဲကိုသွားလို့
အဆင်ပြေမယ်မထင်ဘူးနော်...ပတ်ထဘီဆိုတော့
ညဘက်ဆိုတအားအေးမှာ..."
"အေးလေ..အဲ့ဒါဆိုလည်းမ၀တ်တော့ဘူးပေါ့...
ငွေသွားရှင်းရအောင်..."
ကောင်တာဆီသို့လျှောက်လာသောအခါ
ကောင်တာနားတွင် ငွေရှင်းနေသောဆရာ့ကို
တွေ့လိုက်ရတော့ ပုံရိပ်ထိုနေရာသို့ မြန်မြန်
လျှောက်သွားလိုက်မိသည်။
"ဆရာရယ်...အ၀တ်အစားဖိုးတော့မရှင်းပါနဲ့နော်...
သမီးတို့အားနာလို့ပါ..."
"ရပါတယ်...လက်ဆောင်အဖြစ်သဘောထားလိုက်
ပေါ့..."
ငွေရှင်းပြီးတော့လည်း ပုံရိပ်ကိုပြုံး၍ကြည့်နေပြန်သည်။
ဆရာ့မျက်၀န်းအကြည့်တွေကို ပုံရိပ်ဘယ်လိုအဓိပ္ပာယ်ကောက်ရပါ့မလဲ။
ပြေစာရွက်ကို ယူပြီးသောအခါ ရပ်ကြည့်နေသော
ပုံရိပ်၏အနီးဆုံးသို့တိုးကပ်လာပြီး....
"ရှမ်း၀တ်စုံလေးနဲ့...အရမ်းလှတယ်..."
"ဟို...ပုံရိပ်...ငါတို့ဆိုင်အောက်ကိုအရင်ဆင်းနှင့်မယ်နော်...ဘိုဘိုတို့နဲ့အတူဆိုင်အပြင်မှာပဲ
စောင့်နေတော့မယ်..."
ပုံရိပ်ကိုမစောင့်ပဲ ဆိုင်အပြင်သို့
ပြေးထွက်သွားကြသော နှစ်ယောက်ကြောင့်
ဘာပြောရမှန်းတောင် မသိတော့ပေ။
ရှက်တာတစ်ခုတည်းပဲ ပုံရိပ်သိတော့တယ်။
ကောင်တာမှာရပ်နေသော အစ်မတွေကို
ကြည့်လိုက်တော့လည်း ပြုံးစိစိတွေဖြစ်နေသည်။
အခုအခြေအနေကြီးက ဘယ်လိုကြီးလဲ။
ဆရာက ပုံရိပ်ကိုတမင်ကျီစားနေတာလား။
ပုံရိပ်လည်း ရှက်လွန်းနေမိ၍ ဆိုင်အပြင်သို့
ထွက်မည်လုပ်တော့ ပုံရ်ပ်၏လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲလိုက်လေသည်။
လက်ထဲမှာလည်း အိမ်ကမိသားစုတွေ
အကုန်နီးပါးအတွက် ၀ယ်ထားတာကမနည်းမနောမို့ လူကဆရာ့ဘက်သို့ ယိုင်သွားမိလေသည်။
တော်သေးသည်က မြန်မာကားတွေထဲကလို
သူ့ရင်ခွင်ထဲကို ပစ်မကျသွားတာပဲ။
"ကြိုးပြုတ်နေပြီ...."
"ရှင်..."
ဆရာဘာကိုပြောမလဲမသိပဲ ကြောင်ပြီးဆရာ့ကို
ပြန်ကြည့်နေမိစဉ်မှာ...
"ကိုယ်ချည်ပေးမယ်...ငြိမ်ငြိမ်လေးနေ..."
နှစ်ကိုယ်သားကြားယုံသာ အသံတိုးတိုးမျှင်မျှင်လေးနှင့် ပြောလိုက်ပြီးပုံရိပ်၏အနားသို့
သူ့အရိပ်ထိုးလောက်သည်အထိ တိုးကပ်လာကာ
သူ့လက်ချောင်းသွယ်သွယ်များသည်
ပုံရိပ်၏ခါးနေရာသို့ ရောက်ရှိလာလေသည်။
ပုံရိပ်၏အသားကို မထိပေမဲ့ခါးအထက်နားလေး
တွင် ပြုတ်နေသောကြိုးလေးကို
ချည်ပေးနေသည်ဟူသော အသိက
ရည်းစားတောင်တစ်ခါမှမထားဖူးသော
ပုံရိပ်အတွက်တော့ သွေးလန့်၍မူးမေ့လဲချင်စရာ
ကောင်းလောက်အောင် ခံစားချက်ဖြစ်ပေါ်လာစေ
သည်။
လက်ထဲက အထုတ်တွေကိုပစ်ချလိုက်ချင်မိသည်အထိပါပဲ။
အသက်ရှူအောင့်ထားမိ၍ အသက်ပါတစ်ခါတည်းထွက်သွားမလား စိုးရိမ်နေရသည်။
"ပြီးပြီ...နောက်တစ်ခါဒီကြိုးလေးမပြုတ်စေနဲ့နော်...
အထုတ်တွေဒီကိုပေး..."
ကြိုးကို ခေါက်ထုတ်လေးသေချာချည်ပေးသွား၍
ရင်ဘတ်နားလေမှာ ပွမနေတော့ပဲ ကပ်သွားလေသည်။
"နောက်တစ်ခါမပြုတ်စေနဲ့တဲ့..."
ဘာကြောင့် သူ့စကားမှာအမိန့်သံပါနေရတာလဲ။
ဆရာထွက်သွားတဲ့အခါမှာ ယောင်ယမ်းပြီးအနောက်သို့လှည့်ကြည့်လိုက်မိတော့
ကောင်တာမှအမကြီးများသည်
တစ်ဖွဲ့လုံးပါးတွေနီရဲနေကြသည်။
သူတို့တောင် ရှက်နေကြတာလား။
ပုံရိပ်လည်း ရင်ခုန်ရလွန်းလို့ ရူးမတက်ပါပဲ။
"တီ...တီ...တီ...."
ဖုန်းမြည်သံကြား၍ ပိုက်ဆီအိတ်ထဲမှဖုန်းကို
ထုတ်ကြည့်လိုက်မိတော့ ပုံရိပ်၏မျက်လုံးတွေ
ဝိုင်းစက်သွားခဲ့သည်။
ဖုန်းမှာပေါ်နေသော နံပါတ်မှာအခြားသူမဟုတ်ပဲ
ဟိန်းဇေယျာထက်၏ ဖုန်းနံပါတ်ဖြစ်နေသည်။
"ဟယ်လို...."
"ပုံရိပ်...ငါတောင်ကြီးကိုရောက်နေပြီ...အခုနင်တို့တည်းတဲ့ဟော်တယ်မှာပဲ..ငါရောက်နေပြီ..."
"ဟဲ့နေပါအုံး...ငါတို့တည်းတဲ့ဟော်တယ်ကိုနင်က
ဘယ်လိုလုပ်ပြီး သိတာလဲ..."
"နင့်သူငယ်ချင်းဘိုဘိုပြောပြတာလေ...
နင်တို့ဒီညမီးပုံးပျံပွဲသွားကြည့်မှာလို့လည်း
သူပြောတယ်...ဒါကြောင့်ငါအမှီလာလိုက်တာ..
ဟော်တယ်ကိုပြန်ရောက်ရင် ငါ့ကိုဖုန်းဆက်အုံး..."
ဖုန်းချလိုက်ပြီးသည်နှင့် အံကိုကြိတ်လိုက်မိသည်။
ဘိုဘို့ကိုလည်း ကျိန်ဆဲနေမိတာအခါခါပါပဲ။
ပုံရိပ်ရဲ့ တောင်ကြီးမှာလွတ်လပ်နေရတဲ့
နေ့ရက်လေး ကုန်ဆုံးပြီလား မသိပါဘူး။
🌹🌹🌹🌹🌹🌹🌹
စိတ်ရှည်ရှည်နဲ့စောင့်မျှော်ဖတ်ရှုပေးသူ တစ်ဦးတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်
လျှက် ရှိပါတယ်ရှင့်
ဒီရက်ပိုင်းမှာ သိပ်မအားတဲ့အတွက် updatလေးတွေ
နဲနဲကျဲသွားတဲ့အခါ စိတ်မရှိကြပါနဲ့နော်😊
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၅၇)🔥
ဆရာက စကားအမ်ားႀကီးေျပာရတာႀကိဳက္ႏွစ္သက္သူမဟုတ္ေပမဲ့ ေဖာ္ေရြပ်ူငွာတတ္သူဆိုတာ သူ႔ပတ္၀န္းက်င္ရိွ လူတိုင္းသိေလသည္။
သူတစ္ပါး၏ ဆႏၵကိုသာဦးစားေပးေလ့ရိွေသာ ဆရာသည္ ယခုေတာ့မိတ္ေဆြတစ္ေယာက္က
လက္ကမ္းၿပီး ႏႈတ္ဆက္ဖို႔ေတာင္းဆိုလာတာေတာင္ သူ႔ဘက္ကေတာ့တင္းမာစြာၾကၫ့္ေနခဲ့သည္။
"ဘာလဲ ႏွစ္ေတြအမ်ားႀကီးၾကာၿပီးမျွပန္ေတြ့လို႔
မမွတ္မိေတာ့တာလား..."
ထိုလူ၏စကားေျပာေသာေလသံက ရိသဲ့သဲ့ႏွင့္ေလးနက္မႈမရိွပဲ အထင္ေသးရႈံ႔ခ်ေနသလို
ပ်က္ရယ္ျပဳေနသလို ေလသံမ်ိဳးျဖစ္ေနသည္။
သူ႔အၾကၫ့္ေတြကေတာ့ ႏိွမ္ခ်ဆက္ဆံလိုမႈေတြနဲ႔သာျပၫ့္ေနၿပီး သူတစ္ေယာက္တည္းကိုသာ
ေနရိပ္ထိုးေနသလို ဂုဏ္ယူဝံ့ႂကြားလိုဟန္ေပၚသည္။
"ငါ့ကိုလက္ဆဲြႏႈတ္ဆက္ဖို႔ေတာင္
တြန႔္တိုေနတယ္ဆိုေတာ့..မင္းက
အရမ္းေအာင္ျမင္ေနၿပီနဲ႔တူတယ္..ဟုတ္လား...."
"ေမာင္ရယ္...တို႔ေတြဒီကိုလာတာေအးေဆးအပန္းေျဖဖို႔ေလကြာ...သူႏႈတ္မဆက္ခ်င္လည္းေနပါေစ...အျခားဝိုင္းမွာသြားထိုင္ရေအာင္..."
"မင္းအသာေနစမ္းပါ...ငါစကားေျပာရင္
မင္း၀င္ပါစရာမလိုဘူး...."
အျခားသူစိမ္းေတြေရ႔ွမွာေတာင္ ကိုယ့္မိန္းကေလးကို ရန္စကားေျပာၿပီး တြန္းထုတ္လိုက္ေသာ
ထိုလူကိုတစ္ခဏေလးအတြင္းမွာ ရြံရွာလာသည္။
မႏြယ္၏မ်က္ႏွာကိုၾကၫ့္လိုက္ျခင္းအားျဖင့္
ဒီလူ႔ကို ေၾကာက္ပံုရေလသည္။
"မေျပာနဲ႔.."လို႔ ေအာ္လိုက္ရံုနဲ႔စကားတစ္လံုးေတာင္မထြက္ေတာ့ေပ။
ဆရာ့ကိုျပန္ၾကၫ့္လိုက္ေတာ့ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး
အံ့ႀကိတ္ထားပံုရေလသည္။ေမးရိုးေတြေရာ နားထင္ေၾကာေတြပါတင္းလာတယ္။
ေသခ်ာတာကေတာ့ ဒီလူဟာဆရာ့ရဲ့အတိတ္မွာ
ေကာင္းေသာမိတ္ေဆြ မဟုတ္ခဲ့မွာေသခ်ာတယ္။
ပံုရိပ္ခန႔္မွန္းတာမွန္ေနရင္ေတာ့ ဒီလူကမႏြယ္နဲ႔
ဆရာ့ၾကားမွာ ခေလာက္ဆန္ခဲ့မွာေသခ်ာတယ္။
*ဒီလူနဲ႔ပတ္သတ္ၿပီး ဆရာဘာေတြခံစားခဲ့ရတာလဲ?
မေတြ့တာၾကာၿပီဆိုေပမဲ့ ျပန္ေတြ့တဲ့အခ်ိန္မွာ
ဆရာ့ကို ဘာေၾကာင့္ဒီလိုအထင္ေသးတဲ့
အၾကည့္ေတြနဲ႔ ၾကၫ့္ေနရတာလဲ..."
"မင္းတို႔ဝိုင္းကက်ယ္သားပဲ...ခံုႏွစ္ခံုလည္းလြတ္ေနတယ္...ငါတို႔ဒီမွာပဲထိုင္လိုက္မယ္ေနာ္..."
"ရွင့္ကိုကၽြန္မတို႔က ၀မ္းပန္းတသာနဲ႔
ဖိတ္ေခၚလိုက္မိလို႔လား...."
ေလသံမာမာႏွင့္ေျပာလိုက္မိေသာ ပံုရိပ္ထံသို႔
အားလံုး၏အၾကၫ့္ေတြက ဒိုင္းကနဲေရာက္ရိွလာၾကသည္။
ဆရာသည္ပင္ အံ့ဩသြားတာကိုေတြ့လိုက္ရသည္။
ပံုရိပ္အတြက္ကေတာ့ ဆရာ့ကိုထိရင္လံုး၀
သည္းခံေနမွာမဟုတ္တဲ့အတြက္ ဒီလူ႔ကိုခံုမွာ
ထိုင္ခိုင္းၿပီး ဆရာ့ကိုႏိွပ္ကြက္မွာလည္း
ခြင့္မျပဳႏိုင္ေပ။
အသားျဖဴတာနဲ႔ပိုက္ဆံခ်မ္းသာတာကလဲြလို႔
ရုပ္ရည္နဲ႔အက်င့္စာရိတၲက ဆရာ့ေျခဖ်ားေတာင္
မမွီပဲ လာယွဉ္ခ်င္ေနေသးတယ္။
"ေကာင္မေလး...မင္းကိုၾကၫ့္ရတာငါ့ကိုတစ္ဖက္သတ္အျမင္ေစာင္းေနသလိုပဲ...
မင္းကေနမ်ိဳးနဲ႔ ဘာေတာ္လို႔လဲ...."
"အဲ့ဒါရွင့္ကိစၥလား...ကိုယ့္အေၾကာင္းကိုယ္ပဲ
စိတ္၀င္စားစမ္းပါ..."
"ဟ..အလာႀကီးပါလား..."
ပံုရိပ္၏စကားေၾကာင့္ ထိုလူမ်က္ႏွာႏွာပ်က္သြားၿပီး ေဒါသလည္းထြက္သြားပံုရသည္။
ေရ႔ွသို႔တစ္လွမ္းတိုးလာၿပီး ပံုရိပ္ကိုေခါင္းအစ၊
ေျခအဆံုးအကဲခတ္သလိုၾကၫ့္ေနေသာေၾကာင့္
စိတ္ရိွလက္ရိွသာဆိုရင္ ပါးကိုျဖတ္ရိုက္လိုက္ခ်င္သည္။
ဒီလူ႔ကို ပံုရိပ္ျမင္ဖူးပါတယ္။
ဦးတမာန္ထက္၏သား တမာန္မင္းဆက္ျဖစ္သည္။
သူတို႔ခ်မ္းသာတယ္ဆိုတာက ပံုရိပ္တို႔ကုမၸဏီမွာ
ရွယ္ယာ၀င္ထားႏိုင္ရံုေလာက္ေလးပါပဲ။
အဲ့ဒီ့ရွယ္ယာေလးေလာက္ကိုေတာ့ ခုခ်က္ခ်င္း
ေျခမႏွင့္ေကာ္ထုတ္ပစ္ေတာင္ရသည္။
ဒီေလာက္ေလးပိုက္ဆံရိွတာကို မာန္တက္ေနရင္
ဖြားညိုလိုသာဆို သၾကားမင္းဖင္ေတာင္
ေျပးေဆာင့္မလားမသိဘူး။
"မဆိုးပါဘူး...မင္းကလွေတာ့လွသားပဲ..
ဒါေပမဲ့ ႏြယ့္လိုေတာ့ဂုဏ္ယူစရာေကာင္းတဲ့
ဆရာ၀န္မေလးမဟုတ္ဘူးေပါ့....."
ထိုလူကပံုရိပ္ႏွင့္သူ႔ေဘးမွာရပ္ေနေသာမိန္းမကို
ယွဉ္ၾကၫ့္ၿပီး ေလွာင္ရယ္လိုက္ေလသည္။
ဒီတစ္ခါေတာ့ မ်ွားဦးကပံုရိပ္ဘက္သို႔
လွၫ့္လာသည္မို႔ ခႏၶာကိုယ္တစ္ခုလံုးကို
မီးႃမွိုက္လိုက္သလို ေဒါသမီးေတြ
ဟုန္းကနဲထေတာက္လာသည္။
အထူးသျဖင့္ *ႏြယ္*ဆိုေသာသူႏွင့္
ႏိႈင္းယွဉ္ခံရတာကို လံုး၀မႀကိဳက္ေပ။
ေဒါသဒီဂရီက ဂိတ္ဆံုးထိေရာက္ေနၿပီမို႔
ထရပ္ၿပီး ရန္ေတြ့ဖို႔ႀကိဳးစားလိုက္စဉ္မွာ
ပံုရိပ္၏ ပခံုးေပၚသို႔ေနြးေထြးေသာလက္တစ္စံု
ေရာက္လာၿပီး တားျမစ္ျခင္းခံလိုက္ရသည္။
"မင္းဘာျဖစ္ခ်င္ေနတာလဲမင္းဆက္...
ႏွစ္ေတြဒီေလာက္ၾကာေနၿပီပဲ မင္းဘာေၾကာင့္
အခုထိငါ့ကိုအႏိုင္လိုခ်င္ေနရေသးတာလဲ...
ငါရႈံးခဲ့ၿပီးၿပီေလ...မင္းမေက်နပ္ႏိုင္ေသးဘူးလား..
လူအမ်ားေရ႔ွမွာ တစ္ခ်ိန္ကသူရႈံးနိမ့္ခဲ့သူကို
ျပႆနာျဖစ္မွာစိုးလို႔ ထပ္မံေျဖာင္းဖ်ေနရတာ
ဘယ္ေလာက္အာက္က်လိုက္သလဲ။
ပံုရိပ္ဆရာ့ကိုနားလည္ပါတယ္။
ဆရာသာ ၀င္မျဖန္ျဖည္ရင္ မၾကာခင္မွာ
ဒီလူ႔ပါးစပ္ကေန ပံုရိပ္ကိုေဝဖန္သံေတြ
ထြက္ေပၚလာေတာ့မွာ..အသားလြတ္ဘ၀င္ျမင့္ေနတဲ့
ဒီလူ႔အတြက္ မေျပာရဲတဲ့စကားရိွေလာက္မယ္မထင္ဘူး။
*ဒါေပမဲ့...ဒီတစ္ခါေတာ့ဘာအေၾကာင္းနဲ႔မွ
ဆရာမရႈံးနိမ့္ေစရဘူး..ပံုရိပ္ကဆရာ့ကို
ကာကြယ္ေပးမွာ...*
"မင္းငါ့ကို အၿမဲရႈံးခဲ့တာကိုေတာ့ မွတ္မိေသးတဲ့အတြက္..မင္းေတာ္ပါတယ္..ဒါေပမဲ့ငါကမင္းကို
အၿမဲအႏိုင္လိုခ်င္ေနေတာ့ဘယ္လိုလုပ္ရမလဲ..
ငါကေလ..မင္းကိုဘယ္အခ်ိန္ဘယ္ေနရာမွာပဲ
ေတြ့ရပါေစ..အၿမဲငါ့ေျခရင္းမွာ၀ပ္ဆင္းေနတာပဲ
လိုခ်င္တာ...."
"ရွင္ဘာစကားေျပာတာလဲ...."
"ခင္ဗ်ားလူစကားေျပာရင္ေကာင္းမယ္ထင္တယ္.."
ပံုရိပ္ႏွင့္ဆရာ့ရဲ့လက္ေဖာ္ကိုင္ဖက္
ကိုသက္တံ့မွာ မေနႏိုင္ၾကေတာ့ပဲ
ထေအာ္လိုက္မိၾကသည္။
ဆရာကေတာ့ သူ႔ေဒါသေတြကိုမ်ိဳခ်ထားကာ
လက္သီးကိုသာ က်စ္က်စ္ပါေအာင္
ဆုပ္ထားသည္။
ဆရာ့ရဲ့အခုပံုစံကို ပံုရိပ္လံုး၀မႀကိဳက္ဘူး။
ကိုယ့္ဂုဏ္သိကၡာကို လူၾကားထဲမွာဒီေလာက္အထိ
ေစာ္ကားေနတာကို ဘာေၾကာင့္မ်ား
သည္းခံႏိုင္ေနရတာလဲ။
ဒီလူကိုအၿမဲအရႈံးေပးေနရလို႔ အက်င့္ပါေနခဲ့တာလား။
ဒါမွမဟုတ္ "ႏြယ္ဆိုတဲ့.."မိန္းမရဲ့မ်က္ႏွာေၾကာင့္မ်ားလား။အျခားသူေတြေတာင္ သည္းမခံႏိုင္ေတာ့တဲ့အေျခအေနမွာ တည္ၿငိမ္ေနႏိုင္တာကို
ပံုရိပ္တကယ္အံ့ဩတယ္။
"ေမာင္ရယ္..ေတာ္ပါေတာ့...ၿပီးခဲ့တဲ့ကိစၥေတြကို
အစျပန္ေဖာ္မေနပါနဲ႔ေတာ့....
သူ႔ရဲ့ႏြယ္ကဆဲြေခၚေနလည္းပဲ တစ္ခြန္းမျွပန္မေျပာတဲ့ ဆရာ့ရဲ့မ်က္ႏွာကိုသာၾကၫ့္ၿပီး
ေလွာင္ရယ္ျပန္သည္။
ဒီလူဟာ အရႈံ႔ေပးေနတာေတာင္
မေက်နပ္ႏိုင္တဲ့ လူယုတ္မာအႀကီးစားပဲ။
"မင္းငါ့ကိုအၿမဲတမ္းရႈံးေနတဲ့အတြက္
ငါေက်နပ္ပါတယ္..
မင္းရဲ့ေကာင္မေလးကိုၾကၫ့္ရတာ
ေတာ္ေတာ္ငယ္အံုးမဲ့ပံုပဲ...
*ႏဲြ႔*လိုေတာ္ၿပီးထက္ျမတ္တဲ့ေဒါက္တာမေလးကိုေတာ့ မင္းဘယ္ရႏိုင္မလဲေနာ္...
တန္ရာတန္ရာေပါ့ကြာ...
မင္းအဲ့လို...ျဖစ္ေနေလ..ငါက၀မ္းသာေလပဲ..."
"ဆရာ၀န္ျဖစ္ေတာ့ေရာ...ဘာလုပ္ရမွာလည္း...
ကၽြန္ေတာ့္သူငယ္ခ်င္းနဲ႔ႏိႈင္းစရာကိုမလိုတာ...
ဂုဏ္ထူးငါးဘာသာထြက္ထားေပမဲ့...
ေျခာက္ဘာသာဂုဏ္ထူးရွင္နဲ႔အမွတ္နဲနဲေလးပဲကြာတာ..မႏၲေလးတစ္တိုင္းလံုးမွာ..ဒုတိယရတဲ့လူကို
ခင္ဗ်ားလာေဝဖန္စရာအေၾကာင္းမရိွဘူး...
ဆရာ၀န္ျဖစ္တာေလးေလာက္နဲ႔ တေလာကလံုးမွာ
အေတာ္ဆံုးစတိုင္လ္လာဖမ္းေနတယ္...
ၾကၫ့္လုပ္အံုး..
ဘ၀င္ေလဟပ္ၿပီးရဲြ႔ေစာင္းေနအံုးမယ္..."
တမန္မင္းဆက္ဆိုတဲ့လူႀကီးက ပံုရိပ္ကို
ဆရာ့ေကာင္မေလးအထင္နဲ႔ သူ႔ဟာမကို
ပဲြလံုးထုတ္ၿပီးႂကြားျပေနေတာ့
ဘိုဘိုကထၿပီးရန္ေတြ့လိုက္ေလသည္။
ဘိုဘိုစလိုက္တဲ့ ဇာတ္လမ္းကအိမိုးေသာ္တို႔
ပိုးအိတို႔ကိုပါ ဆက္သြားေလသည္။
"ကၽြန္မသူငယ္ခ်င္းက ရွင့္ေကာင္မနဲ႔ဘယ္နားကမသာတာလဲ..အသားအရည္ကိုပဲယွဉ္ၾကၫ့္ပါအံုး
ကၽြန္မသူငယ္ခ်င္းကေျမျဖဴခဲ...
ရွင့္ဟာမက..မီးေသြးခဲ..ရွင္းလား..."
"မႏြယ္"ဆိုသူသည္ အရပ္ရွည္ကာရုပ္ရည္လွေပမဲ့အသားညိုေသာေၾကာင့္ အိမိုးေသာ္က
မႏိုင္ႏိုင္ေအာင္ ေျပာေလေတာ့သည္။
ေဒၚအိမိုးေသာ္ဆိုတာ စကားရည္လုပဲြေတြမွာ
အၿမဲဗိုလ္ဆဲြေနၾကလူမဟုတ္ပါလား။
"ရုပ္ရည္ကိုေတာ့မယွဉ္ေတာ့ဘူး...
ဘယ္လိုပဲျဖစ္ျဖစ္
ကၽြန္မသူငယ္ခ်င္းကသာၿပီးသားပဲ...
တစ္ခုပဲေျပာလိုက္မယ္..
ကၽြန္မသူငယ္ခ်င္းက ရွင့္ရည္းစားရဲ့
အဆင့္ေလာက္ကိုမေျပာနဲ႔...
ရွင္ေတာင္သူ႔အဆင့္ကို မမွီဘူး..
ပံုရိပ္ရဲ့ေျခေထာက္က ေျခက်င္းရဲ့တန္ဖိုးနဲ႔တင္...
ရွင္တို႔ႏွစ္ေယာက္လံုးကို
ဖို႔သတ္လို႔လံုေလာက္ေနၿပီရွင္းလား...
မႏၲေလးကေက်ာက္မ်က္ရတနာကုမၸဏီပိုင္ရွင္
ေဒၚရိပ္ညိုရဲ့ေျမးက..ရည္းစား၀ယ္ထားတဲ့ကားကိုသြားရည္တမ်ွမ်ွနဲ႔လိုက္စီးရမဲ့
အတန္းအစားေတာင္မဟုတ္ဘူး..
ေလွယာဉ္စီးလံုးငွားၿပီး...
ရွင္တို႔ေခါင္းေပၚကို ေသးပန္းခ်လို႔ရတယ္ဆိုတာ
မွတ္ထား..."
"ဟဲ့...."
စကားရည္လုပဲြေတြမွာ အၿမဲဗိုလ္ဆဲြခဲ့သေလာက္
အခုလည္း မႏိုင္ႏိုင္ေအာင္ထေျပာလိုက္သည္မွာ
ပံုရိပ္ေတာင္ လန႔္သြားေလသည္။
ဘယ္လိုေတြေတာင္ ေျပာခ်လိုက္ပါလိမ့္။
"မင္းက...ေဒၚရိပ္ညိုရဲ့ေျမးလား..."
"ဟုတ္တယ္..."
ပံုရိပ္၏အေျဖကို ၾကားသည္ႏွင့္သူ႔မ်က္ႏွာသည္
ဟိုးတြင္းနက္ထဲသို႔ က်သြားသလိုမဲေမွာင္သြားေလေတာ့သည္။ဒီလိုမွန္းသိလ်ွင္ အေစာတည္းက
ထုတ္ေျပာလိုက္ပါတယ္။
"ဦးမင္းဆက္ကကၽြန္မကိုမသိေပမဲ့...ကၽြန္မကေတာ့
ရွင့္အေဖဦးတမန္ထက္ကိုေရာ...ရွင့္ကိုေရာ
ေကာင္းေကာင္းသိတယ္...
အခုရန္ကုန္မွာအသစ္လုပ္မဲ့ပေရာဂ်က္ကေန
ရွင့္အေဖကိုအဖြားကထုတ္လိုက္တယ္ဆိုတာကို
သိရဲ့လား...ဘာျဖစ္လို႔လဲဆိုေတာ့..ရွင့္အေဖက
ရွင့္လို...အေျပာပဲရိွၿပီး..
အရည္အခ်င္းကအာပလာျဖစ္ေနလို႔ေလ.."
"မင္းဘာစကားေျပာတာလဲ...
ငါကမိန္းကေလးလည္း ၫွာမယ္ထင္ေနတာလား.."
သူမ်ားကိုေတာ့ ရစရာမရိွေအာင္ေျပာၿပီး
သူ႔မ်က္ႏွာကိုျပန္ရိုက္ေတာ့ နာတတ္ေနလိုက္တာမ်ား။ဆရာေနမ်ိဳးဆိုတာ ပံုရိပ္ရဲ့ႏွလံုးသားထဲမွာ
ေနရာယူထားတဲ့ တန္ဖိုးရိွလူသားတစ္ေယာက္
ျဖစ္တဲ့အတြက္ ဆရာ့ကိုေစာ္ကားခဲ့တာေတြကို
လံုး၀မေက်ဘူး။
သူက ေရ႔ွကိုေျခတစ္လွမ္းတိုးလာတဲ့အခါ
ပံုရိပ္ကလည္း ေၾကာက္တတ္သူမဟုတ္ေတာ့
ေနာက္ဆုတ္စရာ အေၾကာင္းမရိွေပ။
မဲ့ႃပံုးႏွင့္ သူ႔ကိုတမင္ခနဲ႔ျပစ္လိုက္သည္
"ရွင္သတၲိရိွရင္..ထိၾကၫ့္လိုက္ေလ...
ရွင္တို႔သားအဖေတြ...ျမက္ေျခာက္ကိုေတာင္
ေကာက္စားလို႔မရတဲ့ႏြားဘ၀ေရာက္သြားမယ္ဆိုတာ..သိလိုက္ေနာ္...ကၽြန္မကိုထိရဲရင္...
ရွင္ေထာင္ထဲကိုလဲ ၀င္ရဲရမယ္ဆိုတာမွတ္ထားလိုက္အံုး..."
"မင္းေတာ္ေတာ္တရားလြန္လာၿပီေနာ္..."
"ရွင္လြန္တာၾကေတာ့ေရာ...မွန္တယ္ထင္ေနတာလား...ဆရာေနမ်ိဳးကသမာသမတ္ၾကၿပီး
စိတ္ထားေကာင္းတဲ့လူတစ္ေယာက္ပဲ
ရွင့္လိုပုတ္ပြၿပီး ယုတ္ညံ့တဲ့စိတ္ဓာတ္မ်ိဳးမရိွဘူး...
ရွင္ေစာ္ကားခဲ့တဲ့ စကားတစ္လံုးခ်င္းဆီအတြက္..
ရွင္သူ႔ကိုျပန္ေတာင္းပန္ပါ..."
ပံုရိပ္၏အျပဳအမူေၾကာင့္ ေနမ်ိဳးအဖို႔
ၾကက္သီးေမႊးၫွင္းေတြေတာင္
ထေလာက္သည္အထိ
အံ့ဩတုန္လႈပ္သြားမိေလသည္။
ငယ္ငယ္ေလးတည္းက သူတစ္ပါးရဲ့
ႏိွမ့္ခ်ဆက္ဆံမႈေတြႏွင့္သာ
အသားက်ခဲ့ရေသာသူဟာ
ယခင္က ဆံုခဲ့ဖူးေသာလူမ်ားႏွင့္ထပ္ေတြ့ရမွာကို
အင္မတန္ေၾကာက္ခဲ့မိသည္။
ဒါဟာ သူ႔ရဲ့စိတ္ဒဏ္ရာတစ္မ်ိဳးဆိုလည္း
မွားမယ္မထင္ပါဘူး။
အတိတ္ဆိုးထဲက လူတစ္ေယာက္နဲ႔ျပန္ဆံုတဲ့အခါ
ဟိုယခင္ကလို သိမ္ငယ္စိတ္ေတျြပန္ေပၚလာေနတုန္းဆိုေပမဲ့ ဒီေကာင္မေလးရဲ့စကားေလးတစ္ခြန္းနဲ႔တင္ ခြန္အားေတျြပန္ရွင္သန္လာသလိုပါပဲ။
သူေလးဟာ အင္အားေသးေသးေလးနဲ႔
ကိုယ့္အေရ႔ွကေန တံတိုင္းေလးလိုကာေပးေနတာ
တကယ္ကို ပီတိျဖစ္ရပါတယ္။
"ငါ့ကိုေတာင္းပန္ဖို႔...မင္းမွာေျပာပိုင္ခြင့္မရိွဘူး..."
"မင္းဆက္!!!မင္းငါတို႔ဝိုင္းကေနထြက္သြားလိုက္ရင္
ေကာင္းမယ္...ငါသည္းခံေနတာက
အတိုင္းအတာတစ္ခုကို ေက်ာ္လြန္ေနၿပီေနာ္...
မင္းလည္းအသက္အရြယ္တစ္ခုကို
ေရာက္လာၿပီပဲ...
မင္းကအရင္လိုခ်ာတိတ္ေလးမဟုတ္ေတာ့သလို
ငါကလည္း အရင္ကေနမ်ိဳးမဟုတ္ေတာ့ဘူး...
ငါ့ကိုမင္းအၿမဲအႏိုင္လိုခ်င္တယ္ဟုတ္လား...
မင္းကငါ့ထက္အစစအရာရာသာေနၿပီးသားကို
အခုထိ ငါ့ကိုလိုက္ၿပိဳင္လို႔မ၀ေသးဘူးလား...
မင္းငါနဲ႔လိုက္ၿပိဳင္ၿပီး..ႏြယ့္ကိုလိုက္ခဲ့လို႔
အခုႏြယ္ကမင္းလက္ကို တဲြထားၿပီးၿပီ
မင္းမေက်နပ္ေသးဘူးလား...
မင္းရထားတာထက္..ဘာေတြကိုထပ္လိုခ်င္ေနေသးတာလဲ..."
"ေမာင္ရယ္...ေတာ္ပါေတာ့...ဒီေန့ကႏြယ္တို႔
ခ်စ္သူသက္တမ္း...၆ႏွစ္ျပၫ့္ေလ...
ေမာင္ႏြယ့္ကိုစိတ္ခ်မ္းသာေအာင္ထားေပးပါေနာ္.."
"ခင္ဗ်ားကို ဒီဝိုင္းကအလိုမရိွဘူး.…"
"..ခင္ဗ်ားလာမေနွာက္ယွက္ပဲ ကိုယ့္ဘာသာကိုယ္ေနေပးပါ.."
အကုန္လံုးတစ္ေယာက္တစ္ေပါက္ႏွင့္ ဝိုင္း၍
ေျပာၾကေသာအခါ ထိုသူသည္အမ်က္ေဒါသ
ေခ်ာင္းေခ်ာင္းထြက္လ်ွက္ ဆိုင္ျပင္သို႔ျပန္ထြက္သြားေလသည္။
ပံုရိပ္ကေတာ့ ျပန္မေတာင္းပန္သြားတဲ့အတြက္
စိတ္ထဲမွာ လံုး၀အခဲမေက်ေပ။
ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ဆရာသည္မ်က္၀န္းေလး
ေတြကအစ ႃပံုးေနၿပီး ပံုရိပ္ကိုအဓိပၸာယ္တသ္ခ်ိဳ႕ ပါ၀င္ေသာအၾကၫ့္မ်ိူးႏွင့္ ၾကၫ့္လာခဲ့သည္
*ဒီေလာက္ အေျပာခံခဲ့ရတာေတာင္
ရယ္ႏိုင္ေသးတယ္ေပါ့.."
🌹🌹🌹🌹🌹🌹🌹🌹🌹
လျပည့္ေန့တြင္ ၅ရက္ေဈးႏွင့္တိုက္ဆိုင္သြားေသာမနက္ပိုင္းေဈးေန့သည္
ဒီေလာက္လူစည္မယ္မွန္း တကယ္ကိုမသိခဲ့ေပ။
လူေတြလည္းမ်ားသလို ၀ယ္ခ်င္ေသာစားေသာက္ကုန္ကို ၀ယ္လို႔ရေလာက္သည္အထိ
စံုလင္ေလသည္။
ပံုရိပ္အတြက္ကေတာ့ တကယ္ကိုအသစ္အဆန္းတစ္ခုလို ျဖစ္ေနတဲ့အတြက္ေခၚလာေပးတဲ့
ဆရာ့ကိုအရမ္းေက်းဇူးတင္မိသည္။
အထူးသျဖင့္ ပအိုဝ္းလူမ်ိဳးအမ်ားအျပားကို
ေတြ့ရ၍ ပိုသေဘာက်မိေလသည္။
ရွမ္းရိုးရာ ခေမာက္ေလးမ်ားကိုေဆာင္းထားၾကတာကပင္ အလွတစ္မ်ိဳးျဖစ္ေနသည္။
တီခ်ူးကေတာ့ ေဈးကိုေရာက္တုန္း
အသီးအရြက္ႏွင့္အသားငါးတန္းေတြကို
ေလ်ွာက္သြားၿပီးစံုေနေအာင္ ၀ယ္ေလသည္။
ေဈးကလည္းဆစ္လိုက္တာေျပာမေနပါနဲ႔။
ဒီလိုေဈးေန့မ်ိဳးမွာ ေဈးအရမ္းသက္သာတဲ့အတြက္ေၾကာင့္ လူေတြကငါးရက္တစ္ခါမွ
ပိုၿပီး ေဈး၀ယ္တတ္ၾကသည္ဟုဆိုေလသည္။
ထို႔ေၾကာင့္ ေဈးဆစ္တာကေတာ့ တီခ်ူးတစ္ေယာက္တည္းမဟုတ္ပဲ ၀ယ္သူတိုင္းနီးပါးက
ေဈးဆစ္လြန္းၾကသည္။
ထိုအရာကပဲ ဒီေဈး၏က်က္သရည္တစ္မ်ိဳးလို
ျဖစ္ေနေလသည္။
"ကိုေနမ်ိဳး...ကၽြန္ေတာ့္သူငယ္ခ်င္းက လွတယ္လို႔
ခင္ဗ်ားမထင္ဘူးလား.."
အေရ႔ွမွာေတာင္ေပၚေဈးကို စေရာက္ခါစျဖစ္၍
ေမ်ာက္ကေလးေတြလို ဟိုေျပးၾကၫ့္၊ဒီေျပးၾကၫ့္လုပ္ေနေသာ ကေလးမကိုမ်က္ေျခမပ်က္ေအာင္
လိုက္ၾကၫ့္ေနရင္း သူ႔ကိုဘိုဘိုကပခံုးဖက္၍
ေမးခြန္းထုတ္ေလသည္။
အမွန္အတိုင္းေျပာရရင္ေတာ့..ဒီေကာင္မေလးဟာ
သူျမင္ဖူးသမ်ွ မိန္းကေလးေတြထဲမွာအလွဆံုးလို႔
ဆိုရေလာက္သည္အထိကို အျပစ္ဆိုစရာမရိွေအာင္
လွရက္သူျဖစ္သည္။
မ်က္ႏွာမွာ ဘာမွမလိမ္းထားရင္ေတာင္
ပါးေလးေတြနီေနတတ္ေသာ ႏွင္းဆီပြင့္ေလးလို
မိန္းကေလးပင္။
အဓိကအခ်က္ကေတာ့ သူေလးဟာအရမ္းကိုစိတ္ထားျဖဴစင္တာပါပဲ။
ခ်မ္းသာတဲ့အသိုင္းအ၀န္းကို ေရာက္သြားေပမဲ့
မာန္မာနေထာင္လႊားမႈမရိွပဲ ပကတိရိုးစင္းလြန္းတယ္။အဲ့ဒီ့အရာကပဲ သူ႔ရဲ့စိတ္ကို
စတင္အေရာင္ဆိုးလာတယ္ထင္ပါရဲ့။
"ခင္ဗ်ားသိေအာင္တစ္ခုေတာ့ ေျပာျပလိုက္အံုးမယ္..ပံုရိပ္ကေလ..ကြင္း၀င္ၿပိဳင္ဖို႔ဝါသနာမပါလို႔သာ..ေက်ာင္းေပါင္းစံုကေရြးထားတဲ့ကြင္းထက္ေတာင္..သူကပိုလွေသးတယ္...ဒါေၾကာင့္လဲ...
ေက်ာင္းမွာဆိုရင္...သူ႔ကိုပိုးပန္းတဲ့လူေတြက
လံုး၀ပ်က္တယ္ဆိုတာမရိွဘူး..သူက
အရည္အခ်င္းပိုင္းေရာ..အလွပိုင္းေရာေရာ
ပန္းစားေတာ့...သူ႔အတြက္ဆိုအသက္ေတာင္ေပးမဲ့လူေတြက ပံုလို႔.."
"မင္းဟာကလည္း နည္းနည္းေတာ့ပိုၿပီထင္တယ္.."
"ဟာ...လံုး၀မပိုဘူး...ခင္ဗ်ားစဉ္းစားၾကၫ့္ဗ်ာ..
တကယ္ခ်စ္မိရင္...အသက္ေတာင္ေပးႏိုင္ပါတယ္..
ဟုတ္တယ္မွတ္လား...ကၽြန္ေတာ္ခင္ဗ်ားကို
ေျပာခ်င္တာက..အခုတည္းကလႈပ္ရွားဖို႔..."
ေနမ်ိဳးတစ္ခ်က္ေတြေဝသြားေလသည္။
ပံုရိပ္သည္ ဒီေလာက္အထိပဲသူတို႔ေက်ာင္းမွာ
ေပၚျပဴလာျဖစ္တာလား။
ဘိုဘို႔ကိုၾကၫ့္ရတာလည္း ပိုပိုသာသာေျပာေနေပမဲ့
အမွန္ေတြခ်ည္းပဲဆိုတာေတာ့ေသခ်ာတယ္။
"အဟမ္း...မိန္းကေလးတစ္ေယာက္ကို
ခ်ည္းကပ္ဖို႔ဆိုရင္ အလြယ္ဆံုးနည္းက
သူတို႔ႀကိဳက္တာေလးေတြကို ၀ယ္ေပးၿပီး
သူတို႔သေဘာက်ေအာင္ ေနထိုင္ျပဳမူဖို႔ပဲ
အဲ့ဒါကအဓိကအေျခခံအခ်က္ပဲ...."
ဘိုဘိုသည္သူ႔စကားကို အေလးအနက္ထားၿပီး
ေတြးေတာေနေသာ ကိုေနမ်ိဳးႀကီးကိုၾကၫ့္ၿပီး
ရယ္ခ်င္ေနမိသည္။
အမွန္ေတာ့ ကိုယ့္သူငယ္ခ်င္းရဲ့အမူအရာေတြကို
ၾကၫ့္ရံုနဲ႔ ဒီလူ႔ကိုစိတ္၀င္စားေနမွန္းရိပ္မိလို႔
ေလွာ္ေပးေနျခင္းပင္။
သူကိုယ္တိုင္လည္း ကိုေနမ်ိဳးႀကီးႏွင့္သာဆိုလ်ွင္
ပံုရိပ္ကိုစိတ္ခ်ေလသည္။
ကိုေနမ်ိဳးက တည္ၿငိမ္ၿပီးရင့္က်က္တဲ့လူတစ္ေယာက္မွန္း စတင္ေတြ့ဆံုမႈမွာတင္
အကဲခတ္ႏိုင္ခဲ့သည္။
ပံုရိပ္ေလးက ဘီယာနဲ႔အခ်ိဳရည္ခြက္ကို
မွားေသာက္မိလို႔ဆိုၿပီး ခ်က္ခ်င္းပဲ
သံပုရာရည္ခြက္လာေပးတာကို ၾကၫ့္ျခင္းအားျဖင့္
ကိုယ့္သူငယ္ခ်င္းေလးအေပၚကို သိပ္ဂရုစိုက္မွန္း
သိသာတယ္။
အထူးသျဖင့္ ပံုရိပ္လိုစိတ္ထားႏူးညံ့ၿပီး
အဘက္ဘက္က ျပၫ့္စံုေနသူေလးကို
ဒီလိုၾကင္နာေပးတတ္တဲ့လူမ်ိဳးႏွင့္ပဲ
ဖူးစာဆံုေစခ်င္သည္။
🌹🌹🌹🌹🌹🌹🌹🌹🌹
"အန္တီ...စေတာ္ဘယ္ရီသီးတစ္ပံုးကို
ဘယ္ေလာက္လဲ..."
"ေျခာက္ေထာင္ပါ.."
"ငါးေထာင္နဲ႔မရဘူးလားဟင္..."
အသီးေတြက လက္ဆက္ၿပီးတန္လည္းတန္ကာ
စားခ်င္စရာမို႔ ၀ယ္မလို႔လုပ္ေနတုန္းမွာပဲ
အိမိုးေသာ္က စတင္ေဈးဆစ္ေလသည္။
ပိုးအိကေတာ့ အသီးတစ္လံုးကိုအျမည္းေတာင္းကာ
စားၾကၫ့္ေသးသည္။
ပံုရိပ္ကေတာ့ ေဈးသည္ေတြကိုစာနာမိတာေရာ
ဒီလိုေဈးႏႈန္းႏွင့္ ဒီေလာက္ပမာဏကို
ဒီေဈးမ်ိဳးမွာပဲ ရႏိုင္၍ေဈးမစစ္ခ်င္ေပ။
ရန္ကုန္၊မႏၲေလးတို႔မွာဆို စေတာ္ဘယ္ရီသီးက
သိပ္ေဈးႀကီးတာပဲ။
"စေတာ္ဘယ္ရီသီးစားခ်င္လို႔လား.."
စေတာ္ဘယ္ရီပံုးေလးေတြကို လိုက္ၾကၫ့္ေနမိေသာ
ပံုရိပ္၏လက္ေတြ တြန႔္ဆုတ္သြားမိေလသည္။
ပံုရိပ္၏အေနာက္ဘက္မွာ ရပ္ေနေသာေၾကာင့္
သူ႔ေျခသလံုးက ပံုရိပ္၏ေက်ာ္ကုန္းႏွင့္
ထိလုထိခင္ျဖစ္ေနေလသည္။
ပံုရိပ္သူ႔ကိုေမာ့ၾကၫ့္လိုက္ေတာ့ ျပန္၍ငံု႔ၾကၫ့္ေနေသာ သူ႔မ်က္ႏွာသည္ တကယ္ကိုၾကည္ရွင္းကာ
ခန႔္လြန္းေနၿပီး သူ႔အႃပံုးေလးကမ်က္လံုးမွာ
သြားထင္ဟပ္ေနတာကို ေတြ့လိုက္ရသည္။
"စေတာ္ဘယ္ရီသီးယူမယ္မို႔လား..
ကိုယ္ေရြးေပးပါ့မယ္..."
အရမ္းထူးဆန္းတာကေတာ့
ဆရာကဘာေၾကာင့္"ကိုယ္"ဆိုေသာ
အသံုးအႏႈန္းကိုပဲသံုးေနရတာလဲ။
အဲ့ဒီ့အသံုးအႏႈန္းက ေတာင္ႀကီးကိုေရာက္လာတည္းက ၾကားေနရတာ။
"ဖက္မခံထားပါဘူးေနာ္..."
"မခံထားပါဘူးကြယ္...အျပၫ့္ပါပဲ..စားၾကၫ့္ပါ
ခ်ိဳရဲေနရမယ္လို႔ အာမခံပါတယ္..."
"စိတ္မရိွပါနဲ႔ဗ်ာ..အခ်ိဳ႕ကဖက္ခံထားတာေတြရိွလို႔ပါ..."
"မျဖစ္ပါဘူး...စိတ္ႀကိဳက္ၾကၫ့္ႏိုင္ပါတယ္..."
ဆရာက၀ယ္ေနၾကထင္ပါရဲ့ စေတာ္ဘယ္ရီ
ပံုးေလးထဲမွာ ဖက္ခံထားၿပီးအမ်ားႀကီးပါတဲ့ပံုစံအတုလုပ္မွာကို စစ္ေဆးေနေလသည္။
အခုလိုပံုစံၾကေတာ့ အိမ္ရွင္ထီးပံုစံေပၚေနသလိုပဲ။
ေလာင္းကုဒ္ကိုခၽြတ္ၿပီး လက္တစ္ဖက္အေပၚမွာ
တင္ထားတာေလးကအစ ၾကၫ့္ေကာင္းေနတာ။
ေယာက္်ားပီသၿပီး သိပ္ဆဲြေဆာင္မႈရိွသည္။
"ပံုရိပ္ေရ..ငါတို႔ေတြနဂါးေမာက္သီးေတြ၀ယ္သြားရေအာင္...ေဟာ္တယ္မွာခဏျပန္နားရင္
သၾကားနဲ႔ေခါက္စားၾကမယ္ေလ..."
"ေအးေကာင္းတယ္...."
ထိုစဉ္ဆရာက ပံုရိပ္တို႔စကားေျပာေနတာကိုၾကားၿပီး နဂါးေမာက္သီးေတြကိုေရြးေနေလသည္။
တကယ္ကို အလိုက္သိလြန္းတဲ့အမ်ိဳးသားပါ။
နဂါးေမာက္သီးေတြက ျခင္းလိုက္ႀကီးေတြ
ေရာင္းေသာေၾကာင့္ ပံုရိပ္တို႔အကုန္လံုးခဲြၿပီး
အိမ္ျပန္လက္ေဆာင္သယ္သြားရန္ ဆံုးျဖတ္လိုက္ၾကသည္။
"အေဒၚ..ဒီမွာပိုက္ဆံပါဗ်..."
"ဟာ..ဆရာရယ္..မေပးပါနဲ႔သမီးတို႔က
၀ယ္ထားတာမနည္းဘူး..."
"ရပါတယ္...ဆရာ၀ယ္ေပးခ်င္လို႔ပါ..
လက္ေဆာင္လို႔သေဘာထားလိုက္ေပါ့..."
"ဟုတ္ကဲ့ပါ..."
ပံုရိပ္သည္ ဆရာ့ဆႏၵကိုေခါင္းတစ္ခါပဲ
ညိမ့္လိုက္မိတာကို ေနာင္တအႀကီးႀကီးရေနမိေတာ့သည္။
အဘယ္ေၾကာင့္ဆိုေသာ္ ပံုရိပ္လက္ၫွိုးထိုက္လိုက္ေသာ အရာမွန္သမ်ွကို ဆရာကလိုက္၀ယ္ေပးေနေသာေၾကာင့္ပင္။
ရိုးရာမုန႔္ေလးေတြကို လက္ၫွိုးထိုးလိုက္ရင္
ခဏေတာင္မၾကာပဲ ဆရာက၀ယ္လာၿပီး
လက္ထဲသို႔ထၫ့္ေပးေလသည္။
ထို႔ေၾကာင့္ ဆရာပိုက္ဆံကုန္မည္စိုး၍ဘာကိုမွလက္ၫွိုးမထိုးရဲေတာ့ေပ။
ဘိုဘိုႏွင့္သက္တံ့တို႔ႏွစ္ေယာက္ကေတာ့
ေနမ်ိဳး၏ အနားသို႔သြားကာ စေနာက္ၾကေလေတာ့သည္။
"ကိုေနမ်ိဳးေရ..ကၽြန္ေတာ္ကပံုရိပ္ကိုပိုးပန္းသူေတြမ်ားတယ္လို႔ေျပာလိုက္ရံုပါပဲဗ်ာ..ခင္ဗ်ားကို
(sugar daddy)သၾကားဒယ္ဒီလုပ္ဖို႔မေျပာမိပါဘူး.."
"မင္းကဘာသိလို႔လဲကြ...
သူကလစာေကာင္းတယ္ေလ..
သၾကားဒယ္ဒီတင္မကဘူး..သၾကားစက္ရံုပါ
ေထာင္လို႔ရတယ္သိရဲ့လား...ဒါေပမဲ့
သူ႔ဘာသာဆိုရင္ သြားတိုက္ေဆးကိုတစ္စက္ပဲ
က်န္ေတာ့ရင္ေတာင္ ရေအာင္ထုတ္သံုးတတ္တဲ့အထိ ကပ္ေစးနဲခ်က္ကလက္လန္တာကြာ..
အခုေတာ့ဘယ္လိုျဖစ္သြားသလဲမသိဘူး..."
"ဟား..ဟား..အခ်စ္ကိုယံုေတာ့မုန္႔ဖိုးကုန္တာေပါ့
အဲ..ဟုတ္ပါဘူး..စံုလံုးကန္းတာေျပာပါတယ္.."
ဘိုဘိုတို႔သက္တံ့တို႔က ေလွာင္ေလေနမ်ိဳးက
သူ႔လက္ဂုတ္ကိုပြတ္၍ မ်က္ႏွာႀကီးရဲကာ
ရွက္လာေလျဖစ္ေနသည္။
သူ႔အတြက္ေတာ့ ရယူျခင္းထက္ေပးဆပ္ျခင္းကိုပဲ
ပိုႏွစ္သက္တယ္....
............…...............
ေကာင္မေလးေတြက ရွမ္းရိုးရာ၀တ္စံုေလးေတြကို
၀တ္ၾကၫ့္ခ်င္တယ္ဆို၍ ဆိုင္ကယ္ကိုယ္စီႏွင့္
ရိုးရာ၀တ္စံုလွလွေလးေတြေရာင္းေသာ ဆိုင္သို႔
သြားျဖစ္ၾကေလသည္။
ပံုရိပ္ေလးတို႔အုပ္စုကေတာ့ ရိုးရာ၀တ္စံုေလးေတြကို ေတြ့သည္ႏွင့္မိန္းကေလးေတြပီသစြာ
အထည္ၿပီးတစ္ထည္ယူၿပီး ကိုယ္မွာကပ္ၾကၫ့္ေနၾကေလသည္။
"ပံုရိပ္..ဒီရကၠန္းခ်ည္ထည္ေလးနဲ႔လိုက္လား..
ပိုးထည္နဲ႔လိုက္လား..."
"နင္လိုခ်င္ရင္...ႏွစ္ခုလံုးယူလိုက္ပါလား...."
"ေအး...ေရာက္တုန္းေရာက္ခိုက္..
ေလး၊ငါးထည္ေလာက္အားေပးသြားလိုက္မယ္ဟာ..
ငါကရွမ္းစင္ေလးေတြကို သိပ္ႀကိဳက္တာ...
ငါတို႔ေတြဒီမွာတစ္ခါတည္း၀တ္သြားၾကမလား..."
"ေအးေလ...အဲ့ဒါဆိုရင္..ပတ္ထဘီ၀ယ္သြားၾကမယ္..ညၾကရင္...မီးပံုးပ်ံပဲြကိုရွမ္း၀တ္စံုေလးေတြ၀တ္ၿပီး သြားၾကမယ္..."
"ေအး..ေကာင္းသားပဲ..."
တီခ်ူးကေတာ့ သူ႔ဆီမွာရွမ္း၀တ္စံုေလးေတြ ခ်ဳပ္ထားတာရိွ၍မ၀ယ္ေတာ့ေပမဲ့ ပံုရိပ္တို႔
သံုးေယာက္ကေတာ့ ၀ယ္ၿပီးဆိုင္မွာတစ္ခါတည္းလဲ၀တ္လိုက္ၾကသည္။
ပံုရိပ္၏အိက်ႌေလးက အျဖဴလက္ရွည္ေပၚမွာ
အပြင့္အနီ ေသးေသးေလးေတြပါေသာေၾကာင့္ အသားအရည္ႏွင့္ ဟပ္ေနၿပီးရိုးရိုးေလးႏွင့္
ၾကၫ့္ေကာင္းေနေလသည္။
"ဟဲ့ပံုရိပ္...နင္ကအသားျဖဴေတာ့..တကယ္ကို
ရွမ္းမေလးအတိုင္းပဲသိလား...ဆံထံုးေလးကို
ျမင့္ျမင့္ေလးထံုးၿပီး ဆံထိုးေလးပါတပ္လိုက္ရင္..
တကယ္ကို ရွမ္းမေလးျဖစ္သြားမယ္ထင္တယ္..."
"အမယ္ေလး..ၿမွောက္ေနျပန္ပါၿပီ...ဒါနဲ႔ေလ..
ငါတို႔ညၾကရင္ေတာ့ ဒါ၀တ္ၿပီးပဲြကိုသြားလို႔
အဆင္ေျပမယ္မထင္ဘူးေနာ္...ပတ္ထဘီဆိုေတာ့
ညဘက္ဆိုတအားေအးမွာ..."
"ေအးေလ..အဲ့ဒါဆိုလည္းမ၀တ္ေတာ့ဘူးေပါ့...
ေငြသြားရွင္းရေအာင္..."
ေကာင္တာဆီသို႔ေလ်ွာက္လာေသာအခါ
ေကာင္တာနားတြင္ ေငြရွင္းေနေသာဆရာ့ကို
ေတြ့လိုက္ရေတာ့ ပံုရိပ္ထိုေနရာသို႔ ျမန္ျမန္
ေလ်ွာက္သြားလိုက္မိသည္။
"ဆရာရယ္...အ၀တ္အစားဖိုးေတာ့မရွင္းပါနဲ႔ေနာ္...
သမီးတို႔အားနာလို႔ပါ..."
"ရပါတယ္...လက္ေဆာင္အျဖစ္သေဘာထားလိုက္
ေပါ့..."
ေငြရွင္းၿပီးေတာ့လည္း ပံုရိပ္ကိုႃပံုး၍ၾကၫ့္ေနျပန္သည္။
ဆရာ့မ်က္၀န္းအၾကၫ့္ေတြကို ပံုရိပ္ဘယ္လိုအဓိပၸာယ္ေကာက္ရပါ့မလဲ။
ေျပစာရြက္ကို ယူၿပီးေသာအခါ ရပ္ၾကၫ့္ေနေသာ
ပံုရိပ္၏အနီးဆံုးသို႔တိုးကပ္လာၿပီး....
"ရွမ္း၀တ္စံုေလးနဲ႔...အရမ္းလွတယ္..."
"ဟို...ပံုရိပ္...ငါတို႔ဆိုင္ေအာက္ကိုအရင္ဆင္းႏွင့္မယ္ေနာ္...ဘိုဘိုတို႔နဲ႔အတူဆိုင္အျပင္မွာပဲ
ေစာင့္ေနေတာ့မယ္..."
ပံုရိပ္ကိုမေစာင့္ပဲ ဆိုင္အျပင္သို႔
ေျပးထြက္သြားၾကေသာ ႏွစ္ေယာက္ေၾကာင့္
ဘာေျပာရမွန္းေတာင္ မသိေတာ့ေပ။
ရွက္တာတစ္ခုတည္းပဲ ပံုရိပ္သိေတာ့တယ္။
ေကာင္တာမွာရပ္ေနေသာ အစ္မေတြကို
ၾကၫ့္လိုက္ေတာ့လည္း ႃပံုးစိစိေတျြဖစ္ေနသည္။
အခုအေျခအေနႀကီးက ဘယ္လိုႀကီးလဲ။
ဆရာက ပံုရိပ္ကိုတမင္က်ီစားေနတာလား။
ပံုရိပ္လည္း ရွက္လြန္းေနမိ၍ ဆိုင္အျပင္သို႔
ထြက္မည္လုပ္ေတာ့ ပံုရ္ပ္၏လက္ေမာင္းတစ္ဖက္ကို ဖမ္းဆဲြလိုက္ေလသည္။
လက္ထဲမွာလည္း အိမ္ကမိသားစုေတြ
အကုန္နီးပါးအတြက္ ၀ယ္ထားတာကမနည္းမေနာမို႔ လူကဆရာ့ဘက္သို႔ ယိုင္သြားမိေလသည္။
ေတာ္ေသးသည္က ျမန္မာကားေတြထဲကလို
သူ႔ရင္ခြင္ထဲကို ပစ္မက်သြားတာပဲ။
"ႀကိဳးျပဳတ္ေနၿပီ...."
"ရွင္..."
ဆရာဘာကိုေျပာမလဲမသိပဲ ေၾကာင္ၿပီးဆရာ့ကို
ျပန္ၾကၫ့္ေနမိစဉ္မွာ...
"ကိုယ္ခ်ည္ေပးမယ္...ၿငိမ္ၿငိမ္ေလးေန..."
ႏွစ္ကိုယ္သားၾကားယံုသာ အသံတိုးတိုးမ်ွင္မ်ွင္ေလးႏွင့္ ေျပာလိုက္ၿပီးပံုရိပ္၏အနားသို႔
သူ႔အရိပ္ထိုးေလာက္သည္အထိ တိုးကပ္လာကာ
သူ႔လက္ေခ်ာင္းသြယ္သြယ္မ်ားသည္
ပံုရိပ္၏ခါးေနရာသို႔ ေရာက္ရိွလာေလသည္။
ပံုရိပ္၏အသားကို မထိေပမဲ့ခါးအထက္နားေလး
တြင္ ျပဳတ္ေနေသာႀကိဳးေလးကို
ခ်ည္ေပးေနသည္ဟူေသာ အသိက
ရည္းစားေတာင္တစ္ခါမွမထားဖူးေသာ
ပံုရိပ္အတြက္ေတာ့ ေသြးလန႔္၍မူးေမ့လဲခ်င္စရာ
ေကာင္းေလာက္ေအာင္ ခံစားခ်က္ျဖစ္ေပၚလာေစ
သည္။
လက္ထဲက အထုတ္ေတြကိုပစ္ခ်လိုက္ခ်င္မိသည္အထိပါပဲ။
အသက္ရႉေအာင့္ထားမိ၍ အသက္ပါတစ္ခါတည္းထြက္သြားမလား စိုးရိမ္ေနရသည္။
"ၿပီးၿပီ...ေနာက္တစ္ခါဒီႀကိဳးေလးမျပဳတ္ေစနဲ႔ေနာ္...
အထုတ္ေတြဒီကိုေပး..."
ႀကိဳးကို ေခါက္ထုတ္ေလးေသခ်ာခ်ည္ေပးသြား၍
ရင္ဘတ္နားေလမွာ ပြမေနေတာ့ပဲ ကပ္သြားေလသည္။
"ေနာက္တစ္ခါမျပဳတ္ေစနဲ႔တဲ့..."
ဘာေၾကာင့္ သူ႔စကားမွာအမိန႔္သံပါေနရတာလဲ။
ဆရာထြက္သြားတဲ့အခါမွာ ေယာင္ယမ္းၿပီးအေနာက္သို႔လွၫ့္ၾကၫ့္လိုက္မိေတာ့
ေကာင္တာမွအမႀကီးမ်ားသည္
တစ္ဖဲြ႔လံုးပါးေတြနီရဲေနၾကသည္။
သူတို႔ေတာင္ ရွက္ေနၾကတာလား။
ပံုရိပ္လည္း ရင္ခုန္ရလြန္းလို႔ ရူးမတက္ပါပဲ။
"တီ...တီ...တီ...."
ဖုန္းျမည္သံၾကား၍ ပိုက္ဆီအိတ္ထဲမွဖုန္းကို
ထုတ္ၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏မ်က္လံုးေတြ
ဝိုင္းစက္သြားခဲ့သည္။
ဖုန္းမွာေပၚေနေသာ နံပါတ္မွာအျခားသူမဟုတ္ပဲ
ဟိန္းေဇယ်ာထက္၏ ဖုန္းနံပါတ္ျဖစ္ေနသည္။
"ဟယ္လို...."
"ပံုရိပ္...ငါေတာင္ႀကီးကိုေရာက္ေနၿပီ...အခုနင္တို႔တည္းတဲ့ေဟာ္တယ္မွာပဲ..ငါေရာက္ေနၿပီ..."
"ဟဲ့ေနပါအံုး...ငါတို႔တည္းတဲ့ေဟာ္တယ္ကိုနင္က
ဘယ္လိုလုပ္ၿပီး သိတာလဲ..."
"နင့္သူငယ္ခ်င္းဘိုဘိုေျပာျပတာေလ...
နင္တို႔ဒီညမီးပံုးပ်ံပဲြသြားၾကၫ့္မွာလို႔လည္း
သူေျပာတယ္...ဒါေၾကာင့္ငါအမွီလာလိုက္တာ..
ေဟာ္တယ္ကိုျပန္ေရာက္ရင္ ငါ့ကိုဖုန္းဆက္အံုး..."
ဖုန္းခ်လိုက္ၿပီးသည္ႏွင့္ အံကိုႀကိတ္လိုက္မိသည္။
ဘိုဘို႔ကိုလည္း က်ိန္ဆဲေနမိတာအခါခါပါပဲ။
ပံုရိပ္ရဲ့ ေတာင္ႀကီးမွာလြတ္လပ္ေနရတဲ့
ေန့ရက္ေလး ကုန္ဆံုးၿပီလား မသိပါဘူး။
🌹🌹🌹🌹🌹🌹🌹
စိတ္ရွည္ရွည္နဲ႔ေစာင့္ေမ်ွာ္ဖတ္ရႈေပးသူ တစ္ဦးတစ္ေယာက္ခ်င္းဆီကို အထူးေက်းဇူးတင္
လ်ွက္ ရိွပါတယ္ရွင့္
ဒီရက္ပိုင္းမွာ သိပ္မအားတဲ့အတြက္ updatေလးေတြ
နဲနဲက်ဲသြားတဲ့အခါ စိတ္မရိွၾကပါနဲ႔ေနာ္😊
No comments:
Post a Comment