အခန်း(၂၂) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

Unicode/Zawgyi 🚩 


🌺အခန်း(၂၂)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


ပြီးခဲ့သည့်ညက မိုးများသည်းထန်စွာ

ရွာခဲ့ပေမယ့်ယခုအချိန်တွင်တော့

ကောင်းကင်ပြင်ကြီးတစ်ခုလုံးသည်

ကြည်လင်လျှက်ရှိနေပြီး 

နေရောင်လေးလွှမ်းနေကာ

အလွန်သာယာနေလေသည်။


အလုပ်နားရက်ဖြစ်၍သက်လွန်းပိုသည်

သူမ၏အိပ်ခန်းထဲတွင်ရှိသော

ပြတင်းပေါက်ဘေးနား၌ထိုင်လျက်

အေးအေးလူလူစာအုပ်ဖတ်နေလိုက်သည်။


စိတ်အပြောင်းအလဲဖြစ်အောင်

စာအုပ်ဖတ်နေမိပေမယ့်

တကယ်တမ်းတော့ ဘေးမှာချထားသည့်

ဖုန်းလေးဆီသို့သာ 

စိတ်ကရောက်နေမိလေသည်။


ဒီနိုင်ငံကိုပြန်ရောက်ပြီးတည်းက

ရှိုင်းဖုန်းခေါ်မည်နေ့ကို စောင့်နေမိပေမယ့်

ယနေ့အထိ ရှိုင်းဘက်မှ

ဘာလှုပ်ရှားမှုမှမရှိခဲ့ပေ။


သူမဟာဆရာဝန်တယောက်ဖြစ်သလို

မိန်းကလေးလည်းဖြစ်လေသည်။

အမြဲတမ်းကိုယ့်ဘက်ကပဲ

အလျှော့ပေးလိုက်၊ချဉ်းကပ်လိုက်

လုပ်နေရသည့်ကိစ္စကို စိတ်ကုန်နေ၍

ရှိုင်းဘက်မှစပြီးချော့လာမည့်ရက်ကို

 စိတ်ရှည်ရှည်နှင့် စောင့်နေခဲ့မိသည်။


သို့ပေမယ့် အခြေအနေကတော့

ထင်ထားသည့်အတိုင်းပါပဲ။

ရှိုင်းဆိုသည့်မာနကိုယ်တော်လေးဟာ

ဘယ်သူ့ကိုမှ သူ့ဘက်ကစပြီး

ဒူးထောက်ရိုးထုံးစံမရှိသည့်နည်းတူ

သူနဲ့လက်ထပ်ရမည့်အမျိုးသမီးကိုလည်း

အညံ့ခံဖို့စိတ်ကူးလေးတောင်

ရှိမယ့်ပုံမပေါ်ပါဘူး။


*ဒီလိုဆိုရင် ခါတိုင်းလိုပဲ

ပိုပို့ဘက်ကနေ 

အညံ့ခံရဦးမှာသေချာပါတယ်..*


"ဒေါက်!!!.." "ဒေါက်!!!"


ရှိုင်းအကြောင်းတွေးနေစဉ်မှာပဲ

တံခါးခေါက်သံကြားလိုက်ရလေသည်။


"ဘယ်သူလဲ.."


"မမပို..အပြင်မှာဧည့်သည်တွေရောက်နေလို့

အန်တီသက်က

အောက်ခဏဆင်းခဲ့ပါဦးတဲ့..."


တံခါးကိုဖွင့်မပေးမိပေမယ့် အပြင်ဘက်မှ

အိမ်အကူအလုပ်သမားလေး၏ 

အသံကို သေချာကြားနေရပါသည်။


"ဘယ်ကဧည့်သည်တွေလဲ.."


"အိမ်ကိုလာနေကြအန်တီစံပယ်တို့ပါ.."


"ဟုတ်လား...

အေးအေး...အဲဒါဆိုငါဆင်းလာခဲ့မယ်.."


ရှိုင်း၏အမေဆိုသည်နှင့်

 သက်လွန်းပိုလည်း

အခန်းတံခါးကိုအမြန်ဖွင့်ပြီး 

အောက်ထပ်ရှိ ဧည့်ခန်းထဲသို့

ဆင်းလာခဲ့လိုက်သည်။


အောက်ထပ်ဧည့်ခန်းထဲတွင်တော့

ထူးထူးဆန်းဆန်းလူတွေစုံလင်နေလေသည်။

ပိုပိုထင်ခဲ့သည်က 

အန်တီစံပယ်တစ်ယောက်တည်း

လာလည်သည်ဟုပေါ့။


ယခုတော့ ဧည့်ခန်းထဲတွင်

အန်တီစံပယ်ရော 

သူ့ယောက်ျားပါရောက်နေပြီး

ဖေဖေနှင့်မေမေကလည်း

အတူတကွထိုင်နေကြလေသည်။

ဘာကြောင့်မှန်းမသိပေမယ့်

ပိုပို့စိတ်ထဲမှာ အနည်းငယ်

လေးလံလာသလိုခံစားလိုက်ရသည်။


"ထူးထူးဆန်းဆန်းပါလား

အန်တီရော၊ဦးလေးရောအတူလာကြတယ်...

နေကောင်းကြတယ်မဟုတ်လား..."


ဧည့်ခန်းထဲသို့ဝင်လာသည့် 

သက်လွန်းပို၏မျက်နှာကို

မြင်လိုက်ရသောအခါ

ဒေါ်စံပယ်မွေးတစ်ယောက်

အလိုလိုစိတ်မလုံမလဲဖြစ်သွားရလေသည်။


မိန်းကလေးဘက်မှ

 ဘာအမှားတစ်စုံတစ်ရာမျှ

မလုပ်ထားပါပဲ ကိုယ်တွေက

စေ့စပ်ပွဲဖျက်သိမ်းရမည့်ကိစ္စကို

တွေးမိတိုင်း ချွေးပြန်နေရသည်။


သက်လွန်းပိုဆိုတာ ကိုယ်တွေနဲ့

တရပ်ကွက်ထဲသားချင်းတွေမို့

စေ့စပ်ပွဲဖြတ်သိမ်းလိုက်ပါက

အချင်းချင်းမျက်နှာမပြရဲလောက်အောင်

ဖြစ်သွားနိုင်သည်။

ဒါ့အပြင် ကိုယ်တွေကိုပါ

အမုန်းကြီး မုန်းသွားနိုင်တယ်။


ဒါပေမယ့်လည်း ကံကြမ္မာကိုက

ဒီလိုမျိုးဖန်လာပြီဆိုတော့ 

ကိုယ့်မျက်နှာကိုယ် အိုးမဲပြန်သုတ်ရုံကလွဲပြီး

ဘာမှမတတ်နိုင်တော့ပေ။


"အန်တီတို့ ဒီကိုလမ်းကြုံလို့

၀င်လာကြတာလား

သမီးလည်းခုရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့

အန်တီတို့ဆီကို လာမလည်ဖြစ်လိုက်ဘူး"

ဒီနေ့ညနေတော့ လာမယ်လို့

စဉ်းစားထားခဲ့တာ...ရှိုင်းရော

အဆင်ပြေတယ်မဟုတ်လား..."


ဒေါ်စံပယ်မွေးလည်း ဘယ်နားကစပြီး

ပြောရမှန်းမသိဖြစ်နေလေရာ

ဦးနေဂုဏ်ကို အားကိုးတကြီးနှင့်

ကြည့်လိုက်မိလေသည်။


ဦးနေဂုဏ်မာန်လည်း သူ့ဇနီး

စိတ်ညစ်နေသည်ကိုသိ၍ ဇနီးလေး၏

ညာဘက်လက်ကို 

ဆုပ်ကိုင်ပေးထားလိုက်သည်။

ပြီးနောက် သူကပဲဦးဆောင်၍

ကိစ္စအားလုံးကိုဖြေရှင်းဖို့

ဆုံးဖြတ်လိုက်သည်။


"ဦးတို့လာရင်းကိစ္စက မောင်မောင်နဲ့

သမီးသက်လွန်းပိုတို့ရဲ့ကိစ္စပါပဲ

အဲဒီကိစ္စကိုပြောဖို့ဆိုရင်

ဦးတို့အစကနေပြန်ပြောမှ..ရပါလိမ့်မယ်

ဦးနဲ့မွှေးတို့ ပြီးခဲ့တဲ့ရက်က 

ရန်ဖြစ်ခဲ့ကြတယ်

.....

မွှေးက ဦးကိုစိတ်ဆိုးပြီး အိမ်ပေါ်ကနေ

ဆင်းသွားခဲ့တယ်

သူ့ရွာကို ပြန်သွားတယ်ဆိုပါတော့

အဲ့ဒါနဲ့ဦးရဲ့သား မောင်မောင်ကလည်း

သူ့အမေနောက်ကိုလိုက်ပြီး

သွားခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်....

.........

မွှေးက စိတ်ဆိုးမပြေသေးပဲ

ရန်ကုန်ကိုပြန်မလိုက်ချင်သေးဘူးငြင်းတော့

မောင်မောင်ကလည်းရွာမှာပဲ..သူ့အမေနဲ့

ခဏအဖော်ပြုပေးရင်း

ဓနုဖြူမြို့ကို လည်ကြမယ်ဆိုပြီး

ထပ်ယံနဲ့ ကယ်ရီငှားပြီး

လျှောက်လည်ခဲ့ကြတယ်ဆိုပါတော့...

................

ပြဿနာက အဲဒီမှာစတာပါပဲ..."


"ဘာပြဿနာလဲဦးလေး.."


သက်လွန်းပိုက ထမေးလိုက်‌လေရာ

နေဂုဏ်မာန်လည်း ဖြေရမည့်အရေး

ဇောချွေးပြန်သွားရလေသည်။

သက်လွန်းပို၏မိဘတွေကလည်း

ထိုင်ပြီးနားထောင်နေကြ၍ 

ပိုပြီး စိတ်ရှုပ်ရသည်။


သို့ပေမဲ့ဒီကိစ္စက မပြောပြန်လျှင်လည်း

ပိုပြီးရှုပ်ထွေးသွားနိုင်သည်။

ထို့ကြောင့် တစ်ဖက်လူတွေ

ဘယ်လိုပဲတုံ့ပြန်လာပါစေ 

ကျေကျေနပ်နပ်ကြီးခံလိုက်မည်ဟု

 ကြိုတွေးထားလိုက်သည်။


"ပြဿနာကတော့ ဒီလိုပါ

မောင်မောင်တို့ ကယ်ရီနဲ့

ရွာကမိန်းကလေးတယောက်ကလည်း

မြို့ကိုစျေးဝယ်ဖို့..လမ်းကြုံလိုက်ခဲ့တယ်

............

ဖြစ်ချင်တော့ အဲဒီနေ့က

မုန်တိုင်းမိပြီး မောင်မောင်တို့

အိမ်ကိုပြန်မလာနိုင်ခဲ့ဘူး..."


"ဦးလေးကလည်း အဲဒါပြဿနာမှမဟုတ်ပဲ

အခုလည်း ရှိုင်းက

ပြန်ရောက်နေပြီမဟုတ်လား..."


"မဟုတ်ဘူးတူမကြီး

အပြန်ကြတော့ မောင်မောင်နဲ့

အဲဒီ့ကကောင်မလေးနဲ့က 

ဆိုင်ကယ်တစ်စီးတည်း

အတူတူစီးလာကြတာ

မုန်တိုင်းမိတဲ့အချိန် ဆိုင်ကယ်ကလည်းပျက်

လမ်းတွေကလည်းမကောင်းတော့

သူတို့နှစ်ယောက်လည်း

နီးရာနေရာမှာဝင်ပြီး ခိုခဲ့ကြတယ်

............

နောက်တစ်နေ့မနက်မှ သူတို့နှစ်ယောက်

ရွာကိုပြန်ရောက်လာခဲ့ကြတယ်

...........

ကောင်မလေးရဲ့အစ်ကိုကလည်း

သူညီမကို မောင်မောင်က

ခိုးသွားတယ်ဆိုပြီး..ပြဿနာလာရှာရော

...........

အဲ့ဒါနဲ့ ပြဿနာတွေက

အကျယ်အကျယ်တွေဖြစ်သွားပြီး

မောင်မောင်ကကောင်မလေးကို

ခိုးပြေးတယ်လို့

တစ်ရွာလုံးကပါ ထင်ခဲ့ကြတယ်..."


"ဒါဆို ဘယ်လိုဆက်ဖြစ်ကြလဲ

ပိုပို့ကိုပြောစမ်းပါ..."


ဦးနေဂုဏ်မာန်၏ ပြောစကားသည်

သက်လွန်းပိုအတွက် 

ကမ္ဘာပျက်လောက်သည်အထိ

ဖြစ်သွားလေသည်။

သူမ၏ရင်ထဲမှာ တစ်ခုခုကို

ဆုံးရှုံးလိုက်ရသည်ဟု ထင်နေမိသည်။


"ကိုနေဂုဏ်မာန်..ပြောချင်တဲ့အဓိပ္ပါယ်က

အဲဒီ့ရွာကကောင်မလေးနဲ့

ရှိုင်းကယူလိုက်ရတယ်လို့ ဆိုချင်တာလား

ဒီနေ့ရှင်တို့လင်မယား

 ဒီကိုရောက်လာရတဲ့အကြောင်းက

ကျွန်မသမီးနဲ့ စေ့စပ်ထားတာကို

ဖြတ်သိမ်းချင်လို့မဟုတ်လား..."


သက်လွန်းပို၏အမေ

ဒေါ်သက်သက်နွယ်သည်လည်း

ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပဲ

ဒေါသထွက်နေသည့်အသံနှင့်

ပြောလာလေသည်။


ဒေါ်စံပယ်မွှေးကတော့ ကိုယ့်ဘက်က

စမှားတာဖြစ်သည့်အတွက်

မိန်းကလေးရှင်ဘက်က ဘာပဲပြောပြော

ခေါင်းငုံ့ငြိမ်ခံလိုက်မည်ဟု

တွေ့ထားလိုက်သည်။


"မျက်နှာပူပေမယ့် မပြောမဖြစ်တဲ့ကိစ္စမို့

ရှေ့မျက်နှာနောက်ထားပြီး

ပြောရတော့မှာပဲ..မသက်သက်ရယ်

...........

ဟုတ်ပါတယ်..အဲ့ဒီကောင်မလေးနဲ့

မယူမဖြစ် အခြေအနေမို့

ရွာမှာပဲ လက်ထပ်ပေးလိုက်ရပါတယ်...

…........

ဒီလိုလုပ်လိုက်တာဟာ 

သမီးလေးသက်လွန်းပိုအတွက်

မတရားရာရောက်ပေမယ့်

ကျွန်တော်တို့လည်း မဖြစ်မနေမို့လို့ပါဗျာ

တကယ်ကိုအနူးအညွှတ်

တောင်းပန်ပါတယ်.....

............

မသက်သက်တို့၊ကိုစောထွန်းတို့

ကျေနပ်မှာမဟုတ်မှန်းသိပေမယ့်

ကျေနပ်တဲ့အထိ ကျွန်တော်တို့ဘက်က

တောင်းပန်ပါရစေ..."


"ဒီမှာ..ကိုနေဂုဏ်..အခုကိစ္စက

တောင်းပန်ရုံနဲ့ မရဘူးဗျ

ကျုပ်သမီးနဲ့ခင်ဗျားသားရဲ့

စေ့စပ်ထားတဲ့ကိစ္စကို ကျုပ်တို့အသိုင်းအဝိုင်း

တစ်ခုလုံးကို အသိပေးထားတာ

............

အခုဒီလိုဖြတ်ချင်တိုင်း

ဖြတ်လိုက်မယ်ဆိုတော့

ကျုပ်သမီးလေး 

ဘယ်လောက်သိက္ခာကျရမလဲ

ဒါကိုမတွေးမိကြဘူးလား..ဟမ်..."


သက်လွန်းပို၏အဖေ

 ဦးစောထွန်းလည်း သမီးဇောနှင့် 

ထသောင်းကျန်းလာလေသည်။

နေဂုဏ်မာန်နှင့် စံပယ်မွှေးကတော့

သားသမီးမကောင်း 

မိဘခေါင်းဆိုသည့်အတိုင်း

တစ်ဖက်လူတွေဘယ်လိုပဲပြောပြော

ငြိမ်ခံနေရတော့သည်။


"ခင်ဗျားတို့ ဘယ်လိုအတွေးတွေနဲ့များ

အဲဒီ့တောကဟာနဲ့

ပေးစားလိုက်ရတာလဲ...

..........

ခင်ဗျားတို့အတွေးထဲမှာ 

အဲဒီမိန်းကလေးက

ကျုပ်သမီးထက် ဘယ်နေရာကများ

သာသွားလို့..ကျုပ်သမီးရဲ့ဂုဏ်သိက္ခာကို

ချနင်းလိုက်ရတာလဲ

..........

ကျုပ်သမီးကဆရာဝန်၊ပညာတတ်

စေ့စပ်ပွဲလုပ်ထားတာကလည်း

မနေ့တနေ့ကမှမဟုတ်ဘူး...

............

ပြောရရင် လက်ထပ်ဖို့ကို

ဖိတ်စာတစ်ခြမ်းရိုက်ထားပြီးတဲ့

အခြေအနေလောက်ဖြစ်နေပြီ

ဒါတောင်မှ အဲဒီဘာမဟုတ်တဲ့မိန်းကလေးရဲ့

အရှက်ကိုဆယ်ဖို့

ကျုပ်သမီးကိုလွှတ်ချခဲ့တယ်ပေါ့....."


"ကိုစောထွန်းရယ်...ကျွန်မတို့လည်း

ပိုပို့ကို သမီးလေးတယောက်လိုချစ်ပါတယ်

ပိုပို့အပေါ်မှာ နစ်နာစေလိုတဲ့စိတ်မျိုး

မရှိခဲ့ရိုးအမှန်ပါ....

...........

ဘာဖြစ်လို့ ကျွန်မတို့သားလေးမှာမှ

ဒီလိုကိစ္စမျိုး လာကြုံနေရသလဲဆိုတာ

ကျွန်မလည်းမသိတော့ပါဘူးရှင်...

..........

ကျေးဇူးပြုပြီး နားလည်ပေးပါလို့ပဲ

တောင်းဆိုချင်ပါတယ်"


"ဟင့်အင်း..မဟုတ်ဘူး!!!!

မယုံဘူး!!!ရှိုင်းက

တခြားမိန်းမတစ်ယောက်ကို

လက်ထပ်လိုက်စရာ

ဘာအကြောင်းမှမရှိဘူး...

ရှိုင်းကသမီးကိုပဲချစ်တာ

သူ့သမီးကိုပဲ လက်ထပ်ရမှာပေါ့...

မဟုတ်ဘူး!!!သမီးမယုံဘူး!!!"


မိဘတွေအချင်းချင်း အပြန်အလှန်

ပြောဆိုနေကြသောစကားများကို

ကြားပြီးနောက် မျက်ရည်များ

ကျဆင်းလာကာ မယုံကြည်နိုင်စွာဖြင့်

သက်လွန်းပို ငိုလေတော့သည်။


တစ်ချိန်လုံးဆုပ်ကိုင်ထားသည့်

တန်ဖိုးကြီးအရာတစ်ခုကို ရုတ်တရက်

လွတ်ချလိုက်ရတော့မည်ဟု

သိလိုက်ရတဲ့အခါ သူမဘယ်လိုမှ

မခံစားနိုင်တော့ပေ။


"ဟဲ့...သမီး...စိတ်အေးအေးထားလေ

သူ့ကိုမယူရလို့လဲ...

ငါ့သမီး ဘာမှမဖြစ်သွားပါဘူးကွယ်...

ငါ့သမီးဘေးနားမှာ အရည်အချင်းရှိတဲ့

ယောက်ျားတွေများပေါလို့...

ဘာမဟုတ်တဲ့ ရုပ်ရှင်မင်းသားကို

စိတ်ကူးထဲမှာ ထည့်မနေစမ်းပါနဲ့...."


ရှိုင်း၏မိဘနှစ်ပါးကိုရွဲ့ချင်၍ 

ဒေါ်သက်သက်နွယ်က ထပြောလိုက်ပေမယ့်

သက်လွန်းပို၏ပုံစံကတော့

မယုံကြည်နိုင်မှုများစွာနဲ့ အရူးတစ်ပိုင်း

ဖြစ်၍နေလေသည်။


"ဦးနဲ့အန်တီ..သမီးမျက်နှာကို

သေချာကြည့်ပြီး...မှန်မှန်ပြောကြစမ်းပါ

ရှိုင်းကတကယ်ပဲ အဲဒီ့မိန်းကလေးနဲ့

လက်ထပ်လိုက်တာလား..."


"ဟုတ်ပါတယ်သမီးရယ်...

ဒီကိစ္စက လိမ်စရာမှမဟုတ်ဘဲ

အခုရှိုင်းက အဲဒီမိန်းကလေးနဲ့အတူ

သူ့ရဲ့ကွန်ဒိုမှာ နေပါတယ်...

ငါ့သမီးရဲ့နစ်နာမှုအတွက်

သမီးဘက်က ဘာပဲတောင်းဆိုတောင်းဆို

ဦးတို့ဖြည့်ဆည်းပေးပါ့မယ်ကွယ်..."


"ဟင့်အင်း...ပိုပိုဘာမှမလိုချင်ဘူး

ဦးတို့ပြောနေတာတွေကိုလဲ

ပိုပိုမယုံဘူး...

ဒါတွေအားလုံးက အမှန်တကယ်ဆိုရင်

ရိုင်းကိုယ်တိုင် မျက်နှာချင်းဆိုင်ပြီး

ပြောပြမှယုံမယ်...."


"ဟဲ့..သက်လွန်းပို...သူ့မိဘတွေကိုယ်တိုင်

ဒီလောက်ပြောနေတာတောင်

နင်ကမယုံဘူးဆိုတော့

နင်ကဘယ်လိုမျိုးကိုမှယုံမှာလဲ

..............

မရူးစမ်းပါနဲ့..."


"သမီးရူးနေတာမဟုတ်ဘူး...

တကယ်ပြောနေတာ...

ရှိုင်းကိုယ်တိုင်လာပြောမှ သမီးယုံမယ်

ဦးတို့အန်တီတို့လည်းပြန်ကြပါတော့

သမီးအနားယူချင်နေပြီ..."


အပေါ်ထပ်သို့ သက်လွန်းပို

ပြေးတက်သွားလေရာ 

ဒေါ်စံပယ်မွေးတို့

လင်မယားနှစ်ယောက်လည်း

တစ်ယောက်မျက်နှာကိုတစ်ယောက်

ပြန်ကြည့်ရင်း မျက်နှာမကောင်းစွာနှင့်

ဒေါ်သက်သက်နွယ်တို့၏ ခြံထဲမှ

ထွက်လာခဲ့ရလေတော့သည်။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ဘယ်လိုလဲရှိုင်း အဆင်ပြေခဲ့ရဲ့လား...

မင်းကိုတော်တော်မှ ရစ်လိုက်ရဲ့လား"


စီအီးအို၏ရုံးခန်းထဲမှ ထွက်လာသောရှိုင်းကို

ထက်ယံက စိုးရိမ်တကြီး

မေးလိုက်လေသည်။

ရှိုင်းကတော့ စိတ်အိုက်အိုက်နှင့်

ဝတ်လာသော ကုတ်အင်္ကျီကိုပါ

ဆွဲချွတ်လိုက်လေတော့သည်။


"မင်းရုပ်ကဘာဖြစ်နေတာလဲ

ဘာလဲဟိုလူကြီးက 

မင်းကိုကောလိုက်လို့လား.."


"ဟုတ်တယ်ဟေ့..ငါလက်ထပ်လိုက်တဲ့ကိစ္စကို

ရစ်လို့ကိုမဆုံးနိုင်တော့ဘူး...

အဲတာနဲ့ငါလည်း...မကျေနပ်ရင်

လျော်ကြေးပေးပြီး

အေဂျင်စီကနေ နှုတ်ထွက်မယ်လို့

ပြောပစ်လိုက်တယ်

.............

အဲဒီ့တော့မှ...သူ့ဘက်ကစကားလွန်သွားရင်

ခွင့်လွှတ်ပါ...ဘာညာပေါ့ကွာ..

ငါ့ကိုရည်းစားမထားရဘူး...

လက်မထပ်ရဘူးလို့

ပြောတာမဟုတ်ပါဘူးတဲ့....

............

အခုအချိန်လက်ထပ်လိုက်တဲ့အတွက်

စန်းတွေကျပြီး...အောင်မြင်မှုတွေ

လျော့သွားမှာစိုးလို့ပါတဲ့....."


"အလကားပါရှိုင်းရာ...အဲ့ဒီ့လူကြီးက

မင်းမို့လို့...မလုပ်ရဲတာ

မနေ့ညကငါ့ကိုတော့ ဖုန်းထဲမှာ

ပြောနေ..ဆိုနေလိုက်တာများ 

ရစရာကိုမရှိဘူး....

.............

မင်းကသူတို့ကုမ္ပဏီရဲ့ နံပါတ်တစ်

သရုပ်ဆောင်ဖြစ်တဲ့အပြင်

ငွေဝင်လမ်းကြီးဆိုတော့ 

သူတို့ပြောလို့မရဘူးလေ....

ငါ့ကိုပြောတုန်းကတော့...

ရှိုင်းက..ရူးနေတာလားတဲ့...

..........

သူတို့ဆီကခွင့်ပြုချက်မတောင်းလို့

တရားစွဲမယ်တွေရော၊ဘာတွေရော

စုံနေတာပဲကွာ...

အခုမင်းနဲ့ကြတော့..တစ်မျိုးဖြစ်သွားရော

တတ်လည်းတတ်နိုင်တဲ့ဟာတွေ...."


"ငါလည်းဒီတစ်ခါ

စာချုပ်သက်တမ်းကုန်ရင်တော့

ဒီစတားလိုက်ထ်(Starlight)ကုမ္ပဏီနဲ့

ဇယားဖြတ်တော့မှာပါ...

..............

စိတ်အရှုပ်မခံနိုင်တော့ဘူးကွာ

သူတို့က ကိုယ့်အနုပညာကြေးကို

ဖြတ်လည်းယူသေးတယ်.:

ကိုယ်ကိုလည်း

ဖိအားလာပေးနေကြတဲ့ဒဏ်ကို

ငါမခံနိုင်တော့ဘူး.."


"ကောင်းတယ်..

ကိုယ်ပိုင်စတူဒီယိုထောင်ပြီး..

ဘော့စ်ပဲလုပ်ပစ်လိုက်တော့ကွာ.."


"ငါလည်းသိပါတယ်

ဒါပေမဲ့ ရေရှည်လက်တွဲလာတဲ့

ကုမ္ပဏီမို့လို့

လက်တွဲမဖြုတ်ရက်တဲ့သဘောပါ..."


"အဲဒါဆိုလည်း..

ရှယ်ယာဝင်လိုက်လေကွာ

ငါအတွင်းသတင်းတစ်ခုရထားတယ်

ဒုတိယရှယ်ယာအများဆုံး

ဦးလူဇော်က လောင်းကစားတွေ

လုပ်လွန်းလို့ သူတို့အိမ်အခု 

အတွင်းပစ္စည်းတွေတောင်

ရောင်းနေရတယ်တဲ့...

............

သူမိန်းမက ရှယ်ယာတွေကို

ရောင်းမယ်လို့ သတင်းထွက်နေတယ်

တကယ်လို့မင်းဝယ်မယ်ဆိုရင်

ငါသူတို့ကို ပွင့်ပွင့်လင်းလင်း

လှမ်းချိတ်ကြည့်လိုက်မယ်...

..........

မင်းသာ စတားလိုက်ထ်ရဲ့

ဒုတိယအများဆုံးရှယ်ယာရှင်ဖြစ်သွားရင်

မင်းဘာလုပ်လုပ် သူတို့မင်းကို

ထိန်းချုပ်လို့ရတော့မှာမဟုတ်ဘူး...

ဘယ်လိုလဲ...."


ထက်ယံ၏စကားကြောင့်

ရှိုင်း၏မျက်လုံးတွေ

အရောင်လက်သွားလေသည်။

ဒီကုမ္ပဏီနဲ့ စပြီးလက်တွဲခါစတုန်းက

ကိုယ်ဟာသရုပ်ဆောင်ဖြစ်ကာစ

အရှိန်ယူနေသော အချိန်ကာလဖြစ်သည်။


ရှိုင်း၏အောင်မြင်မှုအားလုံးဟာ

ဒီကုမ္ပဏီကနေ

စတင်ပေါက်ဖွားလာသည်ဟုဆိုနိုင်သည်။


ထို့ကြောင့်ဒီကုမ္ပဏီနှင့်

ဒီကုမ္ပဏီမှဝန်ထမ်းတွေကို

လက်တွဲမဖြုတ်ရက်ပေ။

ဒါကြောင့်လည်း ကိုယ့်အပေါ်မှာ

အမြတ်ကြီးစားနေမှန်းသိပေမယ့်

တမင် မသိချင်ယောင်ဆောင်နေခဲ့တာပေါ့။


ထက်ယံပြောသည့်အတိုင်း

ဦးလူဇော်ဆီမှရှယ်ယာတွေကို

ဝယ်နိုင်လိုက်ပါက

ကိုယ်ဝါသနာပါသည့် 

အနုပညာအလုပ်တွေကို

လွတ်လွတ်လပ်လပ် 

ပုံဖော်နိုင်တော့မှာသေချာသည်။


ရှိုင်းကျေနပ်စွာဖြင့် တစ်ချက်ပြုံးလိုက်ပြီး

ကိုယ့်အတွေးနဲ့ကိုယ် 

ကျေနပ်သွားလေသည်။


"ထက်ယံ...ဦးလူဇော်ကိစ္စကို

မင်းသေချာစုံစမ်းပေး...

တကယ်လို့မှန်ကန်တယ်ဆိုရင်

ဦးလူဇော်နဲ့ ငါကိုယ်တိုင်တွေ့မယ်..."


"ကောင်းပြီလေ...ငါစုံစမ်းလိုက်ပါ့မယ်..

အော်..ဒါနဲ့မနက်ဖြန်

ငါတို့တောင်ကြီးကိုသွားရမှာနော်

မင်းမေ့နေမှာစိုးလို့ ငါသတိပေးတာ"


"ငါသတိရပါတယ်..."


တောင်ကြီးတွင် 

ရိုက်ကူးရေးရှိသည့်အတွက်

နှစ်ယောက်လုံး ခရီးထွက်ဖို့ရှိလေသည်။


ရှိုင်းလည်းရန်ကုန်မှာမနေချင်တာနှင့်

အတော်ပဲဖြစ်သွားတာကြောင့်

ထိုရိုက်ကွင်းကို ရက်နောက်မဆုတ်ခိုင်းဘဲ

ထုတ်လုပ်သူ၏ဆန္ဒအတိုင်း

လိုက်လျောခဲ့မိသည်။


"ရှိုင်း..မင်းရဲ့ဖုန်းလာနေတယ်...

ကိုင်လိုက်အုံးလေ..."


ကားပေါ်သို့ရောက်ခါနီးဆဲဆဲတွင်

ရှိုင်းဆီမှဖုန်းမြည်သံကြား၍

ထက်ယံက သတိပေးလာရာ

ဖုန်းကိုကြည့်လိုက်တော့

အမေ့ဆီမှဖြစ်နေသည်။


အစိမ်းရောင်အကွက်လေးကို

နှိပ်လိုက်ပြီး တဖက်မှစကားပြောသံကို

နားထောင်ကြည့်လိုက်လေရာ

ရှိုင်း၏မျက်လုံးတွေ

ပြူးကျယ်သွားရလေသည်။

ရှိုင်းလည်း ဖုန်းကိုချက်ချင်းချပစ်လိုက်ပြီး

ကားပေါ်သို့အလျင်အမြန်ပဲ

တက်သွားလိုက်သည်။


"ဟာ..ဟေ့ကောင်..ဘာဖြစ်တာလဲကွ

အလောတကြီးနဲ့..."


ရိုင်း၏ကားနှင့် လမ်းကြုံလိုက်မည်ဟု

တွေးထားသော ထက်ယံလည်း

ရှိုင်း၏အပြုအမူကြောင့် 

ထိတ်လန့်သွားလေသည်။


"ပိုပိုက အခုငါ့ကွန်ဒိုကိုသွားနေတယ်တဲ့

ကြည့်ရတာ ချစ်ပန်းဝေကို

ပြဿနာသွားရှာမလို့နဲ့တူတယ်..."


"ဟာ...မင်းပြောတော့

မင်းရဲ့မိဘတွေက ပိုပိုတို့အိမ်ကို

စေ့စပ်ပွဲဖြတ်မယ့်ကိစ္စ သွားပြောပြီးပြီဆို..."


"ဟုတ်တယ်...ဒါပေမဲ့

အမေငါ့ကိုပြောတာတော့..

ပိုပိုက ငါကိုယ်တိုင်ပြောမှလက်ခံမယ်တဲ့..

...........

အခုလည်းပိုပို ငါ့ကွန်ဒိုကိုသွားတဲ့ကိစ္စ

သူ့မိဘတွေကနေတဆင့်

အမေတို့သိရပြီး 

ငါ့ကိုလှမ်းအကြောင်းကြားတာ

မင်းနဲ့စကားပြောဖို့အချိန်မရှိဘူး..

ငါအမြန်သွားမှဖြစ်မယ်..."


"အေး..အေး..အဲဒါဆိုလည်းအမြန်သွား

ပိုပိုနဲ့ကိစ္စကို

တစ်ခါတည်းအပြတ်ဖြတ်လိုက်တော့

မဟုတ်ရင် ဇာတ်လမ်းတွေကရည်နေမှာ

...........

ပိုပိုလည်း သနားပါတယ်ကွာ

သူမင်းကိုတကယ်ချစ်ရှာတာပါ...."


"အဲဒါတွေ နောက်မှပြောစမ်းပါကွာ

ငါသွားပြီ..."


အရှိန်နှင့်မောင်းထွက်သွားသော

ရှိုင်း၏ကားလေးကိုကြည့်ပြီး

ထက်ယံကတော့ ခေါင်းခါရုံမှတပါး

အခြားမတတ်နိုင်ခဲ့ပေ။


သို့ပေမယ့် အလောတကြီးဖြစ်နေသော

ရှိုင်း၏ပုံစံကြောင့် ထက်ယံတစ်ခုခုကို

 သေချာနားလည်သွားသည်။


"ပိုပို့ဘက်ကစပြီး မင်းကိုလိုက်ခဲ့ပေမယ့်

မင်းလည်းပိုပို့ကို တကယ်ချစ်တာကြောင့်

လက်တွဲဖို့ဆုံးဖြတ်ခဲ့တာလို့

ငါထင်ခဲ့မိတယ်...

.............

ဒါပေမဲ့..အခု..ငါသေချာသိလိုက်ပြီရှိုင်း

မင်းတကယ်ချစ်တဲ့သူဟာ

ပိုပိုမဟုတ်ဘူး...

..........

မင်းနဲ့ပိုပိုဟာ...အပြင်ပန်းကကြည့်တော့သာ

လိုက်ဖက်ပေမယ့်

တကယ်တော့..မှားယွင်းတဲ့အချိန်တစ်ခုမှာ

စုံစည်းခဲ့ကြတဲ့...စရိုက်မတူ

ဖူးစာလည်းမပါတဲ့..လူနှစ်ယောက်ပေါ့...

...........

ငါစိုးရိမ်မိတာကတော့...

မင်းရင်ထဲကခံစားချက်တွေကို

မင်းကိုယ်တိုင်မသိလိုက်မှာကိုပဲ...

..........

အခုမင်းရဲ့ ကမ္ဘာငယ်လေးထဲကို

ရောက်နေတဲ့ မိန်းကလေးဟာ

မင်းရဲ့အနီရောင်မှိုင်းတွေကို

အမြန်ဆုံးဖယ်ရှားပေးနိုင်ပါစေလို့

ငါဆုတောင်းပေးပါတယ်ရှိုင်း.."


🚩🚩🚩🚩🚩🚩🚩🚩


"တင်း!!..တောင်!!!"


အိပ်ခန်းထဲမှာ အမေနှင့်အဖော်ပြုကာ

တီဗွီအတူကြည့်ပေးနေသည့်အချိန်တွင်

အိမ်ရှေ့တံခါးမှ လူခေါ်ဘဲလ်မြည်သံ

ထွက်လာလေသည်။


"ချစ်ချစ်ရေ..အဲ့ဒါဘာအသံကြီးလဲ.."


အမေကပါ ကာတွန်းကားကြည့်နေရင်းနဲ့

ခေါင်းလေးထောင်ပြီး 

ချစ်ချစ်ကိုမေးလာလေသည်။


"ဧည့်သည်လာတာနေမယ်...

ကိုယ်ပိုင်ဇော်တို့ 

အလုပ်ရှုပ်နေလို့လားမသိဘူး...

သမီးတံခါးသွားဖွင့်ပေးလိုက်ဦးမယ်နော်..

အမေဒီမှာကာတွန်းကားကြည့်နှင့်..."


"မြန်မြန်တော့ပြန်လာနော်...

အိပ်ခန်းထဲမှာ

ငါတစ်ယောက်တည်း ကြောက်တယ်ဟ..."


"အင်းပါ...သမီးချက်ချင်းပြန်လာခဲ့ပါ့မယ်"


မေမေ့ကိုကတိပေး၍ 

ဧည့်ခန်းရှေ့မှ ဖြတ်လျှောက်ကာ

အိမ်ရှေ့တံခါးဖွင့်ပေးလိုက်စဉ်မှာတော့

အမျိုးသမီးတစ်ယောက်

ရပ်နေသည်ကိုတွေ့လိုက်ရလေသည်။


ချစ်ချစ်ရော၊ထိုအမျိုးသမီးရောက

တစ်ယောက်ကိုတစ်ယောက်

ထူးဆန်းသလို ကြည့်လိုက်မိကြလေသည်။

ချစ်ချစ်ကတော့ ဘယ်သူမှန်းမသိ၍

သာမာန်အတိုင်းပဲကြည့်လိုက်ပေမယ့်

ထိုအမျိုးသမီး၏ မျက်လုံးတွေကတော့

မီးပွားတွေ ထွက်လာတော့မည့်အလား

အလွန်ကြောက်စရာ ကောင်းနေလေသည်။


ထိုအမျိုးသမီးသည် သူ့လက်သီးတွေကို

ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး

အံကိုလည်းကြိတ်ထားသောကြောင့်

မေးကြောတွေပါ ထောင်တက်လာလေသည်။


"ရှိုင်းနဲ့လက်ထပ်ထားတဲ့မိန်းမက..

...နင်လား..."


"ဟုတ်ပါတယ်...."


"ဖြန်း!!!!!"


"အာ့!!!!"


ချစ်ချစ်၏စကားအဆုံးမှာ 

မထင်မှတ်ထားသည့် နာကျင်မှုက


ပါးပြင်ပေါ်သို့ ရောက်လာလေတော့သည်။


ကျိန်းစပ်ထူပူသွားသည့် ပါးပြင်ပေါ်မှ

နာကျင်မှုကို တုန်ယင်နေသော 

လက်ဖဝါးလေးနဲ့

အုပ်လိုက်ကာ ထိုအမျိုးသမီးကို

မယုံနိုင်စွာ ပြန်ကြည့်လိုက်မိလေသည်။


နာကျင်မှု၏ နောက်ဆက်တွဲအနေနှင့်

ချစ်ချစ်၏မျက်ဝန်းထဲ၌ မျက်ရည်တွေ

ဝေ့တက်လာပေမယ့် 

မျက်ရည်မကျအောင် 

ကြိုးစားလိုက်မိသည်။


"ရှင်..ရှင်ကဘယ်သူလဲ!!!

ဘာဖြစ်လို့ကျွန်မကို..ပါးရိုက်ရတာလဲ.."


ချစ်ချစ်မေးလိုက်သည့်အခါ

ထိုအမျိုးသမီးက မဲ့ပြုံးပြုံး၍

ချစ်ချစ်ကိုမုန်းတီးစွာ

ကြည့်လာခဲ့သည်။


"ငါ့နာမည်..သက်လွန်းပို..

ရှိုင်းနဲ့စေ့စပ်ထားတဲ့..ရှိုင်းရဲ့ချစ်သူ...."


"ဘာ!!!!


**အခန်း(၂၃)ဆက်ရန်***


🚩🚩🚩🚩🚩🚩🚩🚩🚩


(..သက်လွန်းပိုကတော့

ကြမ်းနေပြီနော်...ချစ်ချစ်ကတော့

အကြိုက်ဆုံး ရုပ်ရှင်မင်းသားကို

ယူမိပြီး...သောကတွေများနေရပြီ...)

❗❗❗❗❗❗❗❗❗

❗❗❗❗❗❗❗❗❗


🌺အခန္း(၂၂)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


ၿပီးခဲ့သည့္ညက မိုးမ်ားသည္းထန္စြာ

႐ြာခဲ့ေပမယ့္ယခုအခ်ိန္တြင္ေတာ့

ေကာင္းကင္ျပင္ႀကီးတစ္ခုလုံးသည္

ၾကည္လင္လွ်က္ရွိေနၿပီး 

ေနေရာင္ေလးလႊမ္းေနကာ

အလြန္သာယာေနေလသည္။


အလုပ္နားရက္ျဖစ္၍သက္လြန္းပိုသည္

သူမ၏အိပ္ခန္းထဲတြင္ရွိေသာ

ျပတင္းေပါက္ေဘးနား၌ထိုင္လ်က္

ေအးေအးလူလူစာအုပ္ဖတ္ေနလိုက္သည္။


စိတ္အေျပာင္းအလဲျဖစ္ေအာင္

စာအုပ္ဖတ္ေနမိေပမယ့္

တကယ္တမ္းေတာ့ ေဘးမွာခ်ထားသည့္

ဖုန္းေလးဆီသို႔သာ 

စိတ္ကေရာက္ေနမိေလသည္။


ဒီႏိုင္ငံကိုျပန္ေရာက္ၿပီးတည္းက

ရႈိင္းဖုန္းေခၚမည္ေန႔ကို ေစာင့္ေနမိေပမယ့္

ယေန႔အထိ ရႈိင္းဘက္မွ

ဘာလႈပ္ရွားမႈမွမရွိခဲ့ေပ။


သူမဟာဆရာဝန္တေယာက္ျဖစ္သလို

မိန္းကေလးလည္းျဖစ္ေလသည္။

အၿမဲတမ္းကိုယ့္ဘက္ကပဲ

အေလွ်ာ့ေပးလိုက္၊ခ်ဥ္းကပ္လိုက္

လုပ္ေနရသည့္ကိစၥကို စိတ္ကုန္ေန၍

ရႈိင္းဘက္မွစၿပီးေခ်ာ့လာမည့္ရက္ကို

 စိတ္ရွည္ရွည္ႏွင့္ ေစာင့္ေနခဲ့မိသည္။


သို႔ေပမယ့္ အေျခအေနကေတာ့

ထင္ထားသည့္အတိုင္းပါပဲ။

ရႈိင္းဆိုသည့္မာနကိုယ္ေတာ္ေလးဟာ

ဘယ္သူ႔ကိုမွ သူ႔ဘက္ကစၿပီး

ဒူးေထာက္႐ိုးထုံးစံမရွိသည့္နည္းတူ

သူနဲ႔လက္ထပ္ရမည့္အမ်ိဳးသမီးကိုလည္း

အညံ့ခံဖို႔စိတ္ကူးေလးေတာင္

ရွိမယ့္ပုံမေပၚပါဘူး။


*ဒီလိုဆိုရင္ ခါတိုင္းလိုပဲ

ပိုပို႔ဘက္ကေန 

အညံ့ခံရဦးမွာေသခ်ာပါတယ္..*


"ေဒါက္!!!.." "ေဒါက္!!!"


ရႈိင္းအေၾကာင္းေတြးေနစဥ္မွာပဲ

တံခါးေခါက္သံၾကားလိုက္ရေလသည္။


"ဘယ္သူလဲ.."


"မမပို..အျပင္မွာဧည့္သည္ေတြေရာက္ေနလို႔

အန္တီသက္က

ေအာက္ခဏဆင္းခဲ့ပါဦးတဲ့..."


တံခါးကိုဖြင့္မေပးမိေပမယ့္ အျပင္ဘက္မွ

အိမ္အကူအလုပ္သမားေလး၏ 

အသံကို ေသခ်ာၾကားေနရပါသည္။


"ဘယ္ကဧည့္သည္ေတြလဲ.."


"အိမ္ကိုလာေနၾကအန္တီစံပယ္တို႔ပါ.."


"ဟုတ္လား...

ေအးေအး...အဲဒါဆိုငါဆင္းလာခဲ့မယ္.."


ရႈိင္း၏အေမဆိုသည္ႏွင့္

 သက္လြန္းပိုလည္း

အခန္းတံခါးကိုအျမန္ဖြင့္ၿပီး 

ေအာက္ထပ္ရွိ ဧည့္ခန္းထဲသို႔

ဆင္းလာခဲ့လိုက္သည္။


ေအာက္ထပ္ဧည့္ခန္းထဲတြင္ေတာ့

ထူးထူးဆန္းဆန္းလူေတြစုံလင္ေနေလသည္။

ပိုပိုထင္ခဲ့သည္က 

အန္တီစံပယ္တစ္ေယာက္တည္း

လာလည္သည္ဟုေပါ့။


ယခုေတာ့ ဧည့္ခန္းထဲတြင္

အန္တီစံပယ္ေရာ 

သူ႔ေယာက္်ားပါေရာက္ေနၿပီး

ေဖေဖႏွင့္ေမေမကလည္း

အတူတကြထိုင္ေနၾကေလသည္။

ဘာေၾကာင့္မွန္းမသိေပမယ့္

ပိုပို႔စိတ္ထဲမွာ အနည္းငယ္

ေလးလံလာသလိုခံစားလိုက္ရသည္။


"ထူးထူးဆန္းဆန္းပါလား

အန္တီေရာ၊ဦးေလးေရာအတူလာၾကတယ္...

ေနေကာင္းၾကတယ္မဟုတ္လား..."


ဧည့္ခန္းထဲသို႔ဝင္လာသည့္ 

သက္လြန္းပို၏မ်က္ႏွာကို

ျမင္လိုက္ရေသာအခါ

ေဒၚစံပယ္ေမြးတစ္ေယာက္

အလိုလိုစိတ္မလုံမလဲျဖစ္သြားရေလသည္။


မိန္းကေလးဘက္မွ

 ဘာအမွားတစ္စုံတစ္ရာမွ်

မလုပ္ထားပါပဲ ကိုယ္ေတြက

ေစ့စပ္ပြဲဖ်က္သိမ္းရမည့္ကိစၥကို

ေတြးမိတိုင္း ေခြၽးျပန္ေနရသည္။


သက္လြန္းပိုဆိုတာ ကိုယ္ေတြနဲ႔

တရပ္ကြက္ထဲသားခ်င္းေတြမို႔

ေစ့စပ္ပြဲျဖတ္သိမ္းလိုက္ပါက

အခ်င္းခ်င္းမ်က္ႏွာမျပရဲေလာက္ေအာင္

ျဖစ္သြားႏိုင္သည္။

ဒါ့အျပင္ ကိုယ္ေတြကိုပါ

အမုန္းႀကီး မုန္းသြားႏိုင္တယ္။


ဒါေပမယ့္လည္း ကံၾကမၼာကိုက

ဒီလိုမ်ိဳးဖန္လာၿပီဆိုေတာ့ 

ကိုယ့္မ်က္ႏွာကိုယ္ အိုးမဲျပန္သုတ္႐ုံကလြဲၿပီး

ဘာမွမတတ္ႏိုင္ေတာ့ေပ။


"အန္တီတို႔ ဒီကိုလမ္းႀကဳံလို႔

၀င္လာၾကတာလား

သမီးလည္းခုရက္ပိုင္း အလုပ္ရႈပ္ေနတာနဲ႔

အန္တီတို႔ဆီကို လာမလည္ျဖစ္လိုက္ဘူး"

ဒီေန႔ညေနေတာ့ လာမယ္လို႔

စဥ္းစားထားခဲ့တာ...ရႈိင္းေရာ

အဆင္ေျပတယ္မဟုတ္လား..."


ေဒၚစံပယ္ေမြးလည္း ဘယ္နားကစၿပီး

ေျပာရမွန္းမသိျဖစ္ေနေလရာ

ဦးေနဂုဏ္ကို အားကိုးတႀကီးႏွင့္

ၾကည့္လိုက္မိေလသည္။


ဦးေနဂုဏ္မာန္လည္း သူ႔ဇနီး

စိတ္ညစ္ေနသည္ကိုသိ၍ ဇနီးေလး၏

ညာဘက္လက္ကို 

ဆုပ္ကိုင္ေပးထားလိုက္သည္။

ၿပီးေနာက္ သူကပဲဦးေဆာင္၍

ကိစၥအားလုံးကိုေျဖရွင္းဖို႔

ဆုံးျဖတ္လိုက္သည္။


"ဦးတို႔လာရင္းကိစၥက ေမာင္ေမာင္နဲ႔

သမီးသက္လြန္းပိုတို႔ရဲ႕ကိစၥပါပဲ

အဲဒီကိစၥကိုေျပာဖို႔ဆိုရင္

ဦးတို႔အစကေနျပန္ေျပာမွ..ရပါလိမ့္မယ္

ဦးနဲ႔ေမႊးတို႔ ၿပီးခဲ့တဲ့ရက္က 

ရန္ျဖစ္ခဲ့ၾကတယ္

.....

ေမႊးက ဦးကိုစိတ္ဆိုးၿပီး အိမ္ေပၚကေန

ဆင္းသြားခဲ့တယ္

သူ႔႐ြာကို ျပန္သြားတယ္ဆိုပါေတာ့

အဲ့ဒါနဲ႔ဦးရဲ႕သား ေမာင္ေမာင္ကလည္း

သူ႔အေမေနာက္ကိုလိုက္ၿပီး

သြားေခၚဖို႔ ဆုံးျဖတ္လိုက္တယ္....

.........

ေမႊးက စိတ္ဆိုးမေျပေသးပဲ

ရန္ကုန္ကိုျပန္မလိုက္ခ်င္ေသးဘူးျငင္းေတာ့

ေမာင္ေမာင္ကလည္း႐ြာမွာပဲ..သူ႔အေမနဲ႔

ခဏအေဖာ္ျပဳေပးရင္း

ဓႏုျဖဴၿမိဳ႕ကို လည္ၾကမယ္ဆိုၿပီး

ထပ္ယံနဲ႔ ကယ္ရီငွားၿပီး

ေလွ်ာက္လည္ခဲ့ၾကတယ္ဆိုပါေတာ့...

................

ျပႆနာက အဲဒီမွာစတာပါပဲ..."


"ဘာျပႆနာလဲဦးေလး.."


သက္လြန္းပိုက ထေမးလိုက္‌ေလရာ

ေနဂုဏ္မာန္လည္း ေျဖရမည့္အေရး

ေဇာေခြၽးျပန္သြားရေလသည္။

သက္လြန္းပို၏မိဘေတြကလည္း

ထိုင္ၿပီးနားေထာင္ေနၾက၍ 

ပိုၿပီး စိတ္ရႈပ္ရသည္။


သို႔ေပမဲ့ဒီကိစၥက မေျပာျပန္လွ်င္လည္း

ပိုၿပီးရႈပ္ေထြးသြားႏိုင္သည္။

ထို႔ေၾကာင့္ တစ္ဖက္လူေတြ

ဘယ္လိုပဲတုံ႔ျပန္လာပါေစ 

ေက်ေက်နပ္နပ္ႀကီးခံလိုက္မည္ဟု

 ႀကိဳေတြးထားလိုက္သည္။


"ျပႆနာကေတာ့ ဒီလိုပါ

ေမာင္ေမာင္တို႔ ကယ္ရီနဲ႔

႐ြာကမိန္းကေလးတေယာက္ကလည္း

ၿမိဳ႕ကိုေစ်းဝယ္ဖို႔..လမ္းႀကဳံလိုက္ခဲ့တယ္

............

ျဖစ္ခ်င္ေတာ့ အဲဒီေန႔က

မုန္တိုင္းမိၿပီး ေမာင္ေမာင္တို႔

အိမ္ကိုျပန္မလာႏိုင္ခဲ့ဘူး..."


"ဦးေလးကလည္း အဲဒါျပႆနာမွမဟုတ္ပဲ

အခုလည္း ရႈိင္းက

ျပန္ေရာက္ေနၿပီမဟုတ္လား..."


"မဟုတ္ဘူးတူမႀကီး

အျပန္ၾကေတာ့ ေမာင္ေမာင္နဲ႔

အဲဒီ့ကေကာင္မေလးနဲ႔က 

ဆိုင္ကယ္တစ္စီးတည္း

အတူတူစီးလာၾကတာ

မုန္တိုင္းမိတဲ့အခ်ိန္ ဆိုင္ကယ္ကလည္းပ်က္

လမ္းေတြကလည္းမေကာင္းေတာ့

သူတို႔ႏွစ္ေယာက္လည္း

နီးရာေနရာမွာဝင္ၿပီး ခိုခဲ့ၾကတယ္

............

ေနာက္တစ္ေန႔မနက္မွ သူတို႔ႏွစ္ေယာက္

႐ြာကိုျပန္ေရာက္လာခဲ့ၾကတယ္

...........

ေကာင္မေလးရဲ႕အစ္ကိုကလည္း

သူညီမကို ေမာင္ေမာင္က

ခိုးသြားတယ္ဆိုၿပီး..ျပႆနာလာရွာေရာ

...........

အဲ့ဒါနဲ႔ ျပႆနာေတြက

အက်ယ္အက်ယ္ေတြျဖစ္သြားၿပီး

ေမာင္ေမာင္ကေကာင္မေလးကို

ခိုးေျပးတယ္လို႔

တစ္႐ြာလုံးကပါ ထင္ခဲ့ၾကတယ္..."


"ဒါဆို ဘယ္လိုဆက္ျဖစ္ၾကလဲ

ပိုပို႔ကိုေျပာစမ္းပါ..."


ဦးေနဂုဏ္မာန္၏ ေျပာစကားသည္

သက္လြန္းပိုအတြက္ 

ကမာၻပ်က္ေလာက္သည္အထိ

ျဖစ္သြားေလသည္။

သူမ၏ရင္ထဲမွာ တစ္ခုခုကို

ဆုံးရႈံးလိုက္ရသည္ဟု ထင္ေနမိသည္။


"ကိုေနဂုဏ္မာန္..ေျပာခ်င္တဲ့အဓိပၸါယ္က

အဲဒီ့႐ြာကေကာင္မေလးနဲ႔

ရႈိင္းကယူလိုက္ရတယ္လို႔ ဆိုခ်င္တာလား

ဒီေန႔ရွင္တို႔လင္မယား

 ဒီကိုေရာက္လာရတဲ့အေၾကာင္းက

ကြၽန္မသမီးနဲ႔ ေစ့စပ္ထားတာကို

ျဖတ္သိမ္းခ်င္လို႔မဟုတ္လား..."


သက္လြန္းပို၏အေမ

ေဒၚသက္သက္ႏြယ္သည္လည္း

ၿငိမ္ၿငိမ္ထိုင္မေနႏိုင္ေတာ့ပဲ

ေဒါသထြက္ေနသည့္အသံႏွင့္

ေျပာလာေလသည္။


ေဒၚစံပယ္ေမႊးကေတာ့ ကိုယ့္ဘက္က

စမွားတာျဖစ္သည့္အတြက္

မိန္းကေလးရွင္ဘက္က ဘာပဲေျပာေျပာ

ေခါင္းငုံ႔ၿငိမ္ခံလိုက္မည္ဟု

ေတြ႕ထားလိုက္သည္။


"မ်က္ႏွာပူေပမယ့္ မေျပာမျဖစ္တဲ့ကိစၥမို႔

ေရွ႕မ်က္ႏွာေနာက္ထားၿပီး

ေျပာရေတာ့မွာပဲ..မသက္သက္ရယ္

...........

ဟုတ္ပါတယ္..အဲ့ဒီေကာင္မေလးနဲ႔

မယူမျဖစ္ အေျခအေနမို႔

႐ြာမွာပဲ လက္ထပ္ေပးလိုက္ရပါတယ္...

…........

ဒီလိုလုပ္လိုက္တာဟာ 

သမီးေလးသက္လြန္းပိုအတြက္

မတရားရာေရာက္ေပမယ့္

ကြၽန္ေတာ္တို႔လည္း မျဖစ္မေနမို႔လို႔ပါဗ်ာ

တကယ္ကိုအႏူးအၫႊတ္

ေတာင္းပန္ပါတယ္.....

............

မသက္သက္တို႔၊ကိုေစာထြန္းတို႔

ေက်နပ္မွာမဟုတ္မွန္းသိေပမယ့္

ေက်နပ္တဲ့အထိ ကြၽန္ေတာ္တို႔ဘက္က

ေတာင္းပန္ပါရေစ..."


"ဒီမွာ..ကိုေနဂုဏ္..အခုကိစၥက

ေတာင္းပန္႐ုံနဲ႔ မရဘူးဗ်

က်ဳပ္သမီးနဲ႔ခင္ဗ်ားသားရဲ႕

ေစ့စပ္ထားတဲ့ကိစၥကို က်ဳပ္တို႔အသိုင္းအဝိုင္း

တစ္ခုလုံးကို အသိေပးထားတာ

............

အခုဒီလိုျဖတ္ခ်င္တိုင္း

ျဖတ္လိုက္မယ္ဆိုေတာ့

က်ဳပ္သမီးေလး 

ဘယ္ေလာက္သိကၡာက်ရမလဲ

ဒါကိုမေတြးမိၾကဘူးလား..ဟမ္..."


သက္လြန္းပို၏အေဖ

 ဦးေစာထြန္းလည္း သမီးေဇာႏွင့္ 

ထေသာင္းက်န္းလာေလသည္။

ေနဂုဏ္မာန္ႏွင့္ စံပယ္ေမႊးကေတာ့

သားသမီးမေကာင္း 

မိဘေခါင္းဆိုသည့္အတိုင္း

တစ္ဖက္လူေတြဘယ္လိုပဲေျပာေျပာ

ၿငိမ္ခံေနရေတာ့သည္။


"ခင္ဗ်ားတို႔ ဘယ္လိုအေတြးေတြနဲ႔မ်ား

အဲဒီ့ေတာကဟာနဲ႔

ေပးစားလိုက္ရတာလဲ...

..........

ခင္ဗ်ားတို႔အေတြးထဲမွာ 

အဲဒီမိန္းကေလးက

က်ဳပ္သမီးထက္ ဘယ္ေနရာကမ်ား

သာသြားလို႔..က်ဳပ္သမီးရဲ႕ဂုဏ္သိကၡာကို

ခ်နင္းလိုက္ရတာလဲ

..........

က်ဳပ္သမီးကဆရာဝန္၊ပညာတတ္

ေစ့စပ္ပြဲလုပ္ထားတာကလည္း

မေန႔တေန႔ကမွမဟုတ္ဘူး...

............

ေျပာရရင္ လက္ထပ္ဖို႔ကို

ဖိတ္စာတစ္ျခမ္း႐ိုက္ထားၿပီးတဲ့

အေျခအေနေလာက္ျဖစ္ေနၿပီ

ဒါေတာင္မွ အဲဒီဘာမဟုတ္တဲ့မိန္းကေလးရဲ႕

အရွက္ကိုဆယ္ဖို႔

က်ဳပ္သမီးကိုလႊတ္ခ်ခဲ့တယ္ေပါ့....."


"ကိုေစာထြန္းရယ္...ကြၽန္မတို႔လည္း

ပိုပို႔ကို သမီးေလးတေယာက္လိုခ်စ္ပါတယ္

ပိုပို႔အေပၚမွာ နစ္နာေစလိုတဲ့စိတ္မ်ိဳး

မရွိခဲ့႐ိုးအမွန္ပါ....

...........

ဘာျဖစ္လို႔ ကြၽန္မတို႔သားေလးမွာမွ

ဒီလိုကိစၥမ်ိဳး လာႀကဳံေနရသလဲဆိုတာ

ကြၽန္မလည္းမသိေတာ့ပါဘူးရွင္...

..........

ေက်းဇူးျပဳၿပီး နားလည္ေပးပါလို႔ပဲ

ေတာင္းဆိုခ်င္ပါတယ္"


"ဟင့္အင္း..မဟုတ္ဘူး!!!!

မယုံဘူး!!!ရႈိင္းက

တျခားမိန္းမတစ္ေယာက္ကို

လက္ထပ္လိုက္စရာ

ဘာအေၾကာင္းမွမရွိဘူး...

ရႈိင္းကသမီးကိုပဲခ်စ္တာ

သူ႔သမီးကိုပဲ လက္ထပ္ရမွာေပါ့...

မဟုတ္ဘူး!!!သမီးမယုံဘူး!!!"


မိဘေတြအခ်င္းခ်င္း အျပန္အလွန္

ေျပာဆိုေနၾကေသာစကားမ်ားကို

ၾကားၿပီးေနာက္ မ်က္ရည္မ်ား

က်ဆင္းလာကာ မယုံၾကည္ႏိုင္စြာျဖင့္

သက္လြန္းပို ငိုေလေတာ့သည္။


တစ္ခ်ိန္လုံးဆုပ္ကိုင္ထားသည့္

တန္ဖိုးႀကီးအရာတစ္ခုကို ႐ုတ္တရက္

လြတ္ခ်လိုက္ရေတာ့မည္ဟု

သိလိုက္ရတဲ့အခါ သူမဘယ္လိုမွ

မခံစားႏိုင္ေတာ့ေပ။


"ဟဲ့...သမီး...စိတ္ေအးေအးထားေလ

သူ႔ကိုမယူရလို႔လဲ...

ငါ့သမီး ဘာမွမျဖစ္သြားပါဘူးကြယ္...

ငါ့သမီးေဘးနားမွာ အရည္အခ်င္းရွိတဲ့

ေယာက္်ားေတြမ်ားေပါလို႔...

ဘာမဟုတ္တဲ့ ႐ုပ္ရွင္မင္းသားကို

စိတ္ကူးထဲမွာ ထည့္မေနစမ္းပါနဲ႔...."


ရႈိင္း၏မိဘႏွစ္ပါးကို႐ြဲ႕ခ်င္၍ 

ေဒၚသက္သက္ႏြယ္က ထေျပာလိုက္ေပမယ့္

သက္လြန္းပို၏ပုံစံကေတာ့

မယုံၾကည္ႏိုင္မႈမ်ားစြာနဲ႔ အ႐ူးတစ္ပိုင္း

ျဖစ္၍ေနေလသည္။


"ဦးနဲ႔အန္တီ..သမီးမ်က္ႏွာကို

ေသခ်ာၾကည့္ၿပီး...မွန္မွန္ေျပာၾကစမ္းပါ

ရႈိင္းကတကယ္ပဲ အဲဒီ့မိန္းကေလးနဲ႔

လက္ထပ္လိုက္တာလား..."


"ဟုတ္ပါတယ္သမီးရယ္...

ဒီကိစၥက လိမ္စရာမွမဟုတ္ဘဲ

အခုရႈိင္းက အဲဒီမိန္းကေလးနဲ႔အတူ

သူ႔ရဲ႕ကြန္ဒိုမွာ ေနပါတယ္...

ငါ့သမီးရဲ႕နစ္နာမႈအတြက္

သမီးဘက္က ဘာပဲေတာင္းဆိုေတာင္းဆို

ဦးတို႔ျဖည့္ဆည္းေပးပါ့မယ္ကြယ္..."


"ဟင့္အင္း...ပိုပိုဘာမွမလိုခ်င္ဘူး

ဦးတို႔ေျပာေနတာေတြကိုလဲ

ပိုပိုမယုံဘူး...

ဒါေတြအားလုံးက အမွန္တကယ္ဆိုရင္

႐ိုင္းကိုယ္တိုင္ မ်က္ႏွာခ်င္းဆိုင္ၿပီး

ေျပာျပမွယုံမယ္...."


"ဟဲ့..သက္လြန္းပို...သူ႔မိဘေတြကိုယ္တိုင္

ဒီေလာက္ေျပာေနတာေတာင္

နင္ကမယုံဘူးဆိုေတာ့

နင္ကဘယ္လိုမ်ိဳးကိုမွယုံမွာလဲ

..............

မ႐ူးစမ္းပါနဲ႔..."


"သမီး႐ူးေနတာမဟုတ္ဘူး...

တကယ္ေျပာေနတာ...

ရႈိင္းကိုယ္တိုင္လာေျပာမွ သမီးယုံမယ္

ဦးတို႔အန္တီတို႔လည္းျပန္ၾကပါေတာ့

သမီးအနားယူခ်င္ေနၿပီ..."


အေပၚထပ္သို႔ သက္လြန္းပို

ေျပးတက္သြားေလရာ 

ေဒၚစံပယ္ေမြးတို႔

လင္မယားႏွစ္ေယာက္လည္း

တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္

ျပန္ၾကည့္ရင္း မ်က္ႏွာမေကာင္းစြာႏွင့္

ေဒၚသက္သက္ႏြယ္တို႔၏ ၿခံထဲမွ

ထြက္လာခဲ့ရေလေတာ့သည္။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ဘယ္လိုလဲရႈိင္း အဆင္ေျပခဲ့ရဲ႕လား...

မင္းကိုေတာ္ေတာ္မွ ရစ္လိုက္ရဲ႕လား"


စီအီးအို၏႐ုံးခန္းထဲမွ ထြက္လာေသာရႈိင္းကို

ထက္ယံက စိုးရိမ္တႀကီး

ေမးလိုက္ေလသည္။

ရႈိင္းကေတာ့ စိတ္အိုက္အိုက္ႏွင့္

ဝတ္လာေသာ ကုတ္အက်ႌကိုပါ

ဆြဲခြၽတ္လိုက္ေလေတာ့သည္။


"မင္း႐ုပ္ကဘာျဖစ္ေနတာလဲ

ဘာလဲဟိုလူႀကီးက 

မင္းကိုေကာလိုက္လို႔လား.."


"ဟုတ္တယ္ေဟ့..ငါလက္ထပ္လိုက္တဲ့ကိစၥကို

ရစ္လို႔ကိုမဆုံးႏိုင္ေတာ့ဘူး...

အဲတာနဲ႔ငါလည္း...မေက်နပ္ရင္

ေလ်ာ္ေၾကးေပးၿပီး

ေအဂ်င္စီကေန ႏႈတ္ထြက္မယ္လို႔

ေျပာပစ္လိုက္တယ္

.............

အဲဒီ့ေတာ့မွ...သူ႔ဘက္ကစကားလြန္သြားရင္

ခြင့္လႊတ္ပါ...ဘာညာေပါ့ကြာ..

ငါ့ကိုရည္းစားမထားရဘူး...

လက္မထပ္ရဘူးလို႔

ေျပာတာမဟုတ္ပါဘူးတဲ့....

............

အခုအခ်ိန္လက္ထပ္လိုက္တဲ့အတြက္

စန္းေတြက်ၿပီး...ေအာင္ျမင္မႈေတြ

ေလ်ာ့သြားမွာစိုးလို႔ပါတဲ့....."


"အလကားပါရႈိင္းရာ...အဲ့ဒီ့လူႀကီးက

မင္းမို႔လို႔...မလုပ္ရဲတာ

မေန႔ညကငါ့ကိုေတာ့ ဖုန္းထဲမွာ

ေျပာေန..ဆိုေနလိုက္တာမ်ား 

ရစရာကိုမရွိဘူး....

.............

မင္းကသူတို႔ကုမၸဏီရဲ႕ နံပါတ္တစ္

သ႐ုပ္ေဆာင္ျဖစ္တဲ့အျပင္

ေငြဝင္လမ္းႀကီးဆိုေတာ့ 

သူတို႔ေျပာလို႔မရဘူးေလ....

ငါ့ကိုေျပာတုန္းကေတာ့...

ရႈိင္းက..႐ူးေနတာလားတဲ့...

..........

သူတို႔ဆီကခြင့္ျပဳခ်က္မေတာင္းလို႔

တရားစြဲမယ္ေတြေရာ၊ဘာေတြေရာ

စုံေနတာပဲကြာ...

အခုမင္းနဲ႔ၾကေတာ့..တစ္မ်ိဳးျဖစ္သြားေရာ

တတ္လည္းတတ္ႏိုင္တဲ့ဟာေတြ...."


"ငါလည္းဒီတစ္ခါ

စာခ်ဳပ္သက္တမ္းကုန္ရင္ေတာ့

ဒီစတားလိုက္ထ္(Starlight)ကုမၸဏီနဲ႔

ဇယားျဖတ္ေတာ့မွာပါ...

..............

စိတ္အရႈပ္မခံႏိုင္ေတာ့ဘူးကြာ

သူတို႔က ကိုယ့္အႏုပညာေၾကးကို

ျဖတ္လည္းယူေသးတယ္.:

ကိုယ္ကိုလည္း

ဖိအားလာေပးေနၾကတဲ့ဒဏ္ကို

ငါမခံႏိုင္ေတာ့ဘူး.."


"ေကာင္းတယ္..

ကိုယ္ပိုင္စတူဒီယိုေထာင္ၿပီး..

ေဘာ့စ္ပဲလုပ္ပစ္လိုက္ေတာ့ကြာ.."


"ငါလည္းသိပါတယ္

ဒါေပမဲ့ ေရရွည္လက္တြဲလာတဲ့

ကုမၸဏီမို႔လို႔

လက္တြဲမျဖဳတ္ရက္တဲ့သေဘာပါ..."


"အဲဒါဆိုလည္း..

ရွယ္ယာဝင္လိုက္ေလကြာ

ငါအတြင္းသတင္းတစ္ခုရထားတယ္

ဒုတိယရွယ္ယာအမ်ားဆုံး

ဦးလူေဇာ္က ေလာင္းကစားေတြ

လုပ္လြန္းလို႔ သူတို႔အိမ္အခု 

အတြင္းပစၥည္းေတြေတာင္

ေရာင္းေနရတယ္တဲ့...

............

သူမိန္းမက ရွယ္ယာေတြကို

ေရာင္းမယ္လို႔ သတင္းထြက္ေနတယ္

တကယ္လို႔မင္းဝယ္မယ္ဆိုရင္

ငါသူတို႔ကို ပြင့္ပြင့္လင္းလင္း

လွမ္းခ်ိတ္ၾကည့္လိုက္မယ္...

..........

မင္းသာ စတားလိုက္ထ္ရဲ႕

ဒုတိယအမ်ားဆုံးရွယ္ယာရွင္ျဖစ္သြားရင္

မင္းဘာလုပ္လုပ္ သူတို႔မင္းကို

ထိန္းခ်ဳပ္လို႔ရေတာ့မွာမဟုတ္ဘူး...

ဘယ္လိုလဲ...."


ထက္ယံ၏စကားေၾကာင့္

ရႈိင္း၏မ်က္လုံးေတြ

အေရာင္လက္သြားေလသည္။

ဒီကုမၸဏီနဲ႔ စၿပီးလက္တြဲခါစတုန္းက

ကိုယ္ဟာသ႐ုပ္ေဆာင္ျဖစ္ကာစ

အရွိန္ယူေနေသာ အခ်ိန္ကာလျဖစ္သည္။


ရႈိင္း၏ေအာင္ျမင္မႈအားလုံးဟာ

ဒီကုမၸဏီကေန

စတင္ေပါက္ဖြားလာသည္ဟုဆိုႏိုင္သည္။


ထို႔ေၾကာင့္ဒီကုမၸဏီႏွင့္

ဒီကုမၸဏီမွဝန္ထမ္းေတြကို

လက္တြဲမျဖဳတ္ရက္ေပ။

ဒါေၾကာင့္လည္း ကိုယ့္အေပၚမွာ

အျမတ္ႀကီးစားေနမွန္းသိေပမယ့္

တမင္ မသိခ်င္ေယာင္ေဆာင္ေနခဲ့တာေပါ့။


ထက္ယံေျပာသည့္အတိုင္း

ဦးလူေဇာ္ဆီမွရွယ္ယာေတြကို

ဝယ္ႏိုင္လိုက္ပါက

ကိုယ္ဝါသနာပါသည့္ 

အႏုပညာအလုပ္ေတြကို

လြတ္လြတ္လပ္လပ္ 

ပုံေဖာ္ႏိုင္ေတာ့မွာေသခ်ာသည္။


ရႈိင္းေက်နပ္စြာျဖင့္ တစ္ခ်က္ၿပဳံးလိုက္ၿပီး

ကိုယ့္အေတြးနဲ႔ကိုယ္ 

ေက်နပ္သြားေလသည္။


"ထက္ယံ...ဦးလူေဇာ္ကိစၥကို

မင္းေသခ်ာစုံစမ္းေပး...

တကယ္လို႔မွန္ကန္တယ္ဆိုရင္

ဦးလူေဇာ္နဲ႔ ငါကိုယ္တိုင္ေတြ႕မယ္..."


"ေကာင္းၿပီေလ...ငါစုံစမ္းလိုက္ပါ့မယ္..

ေအာ္..ဒါနဲ႔မနက္ျဖန္

ငါတို႔ေတာင္ႀကီးကိုသြားရမွာေနာ္

မင္းေမ့ေနမွာစိုးလို႔ ငါသတိေပးတာ"


"ငါသတိရပါတယ္..."


ေတာင္ႀကီးတြင္ 

႐ိုက္ကူးေရးရွိသည့္အတြက္

ႏွစ္ေယာက္လုံး ခရီးထြက္ဖို႔ရွိေလသည္။


ရႈိင္းလည္းရန္ကုန္မွာမေနခ်င္တာႏွင့္

အေတာ္ပဲျဖစ္သြားတာေၾကာင့္

ထို႐ိုက္ကြင္းကို ရက္ေနာက္မဆုတ္ခိုင္းဘဲ

ထုတ္လုပ္သူ၏ဆႏၵအတိုင္း

လိုက္ေလ်ာခဲ့မိသည္။


"ရႈိင္း..မင္းရဲ႕ဖုန္းလာေနတယ္...

ကိုင္လိုက္အုံးေလ..."


ကားေပၚသို႔ေရာက္ခါနီးဆဲဆဲတြင္

ရႈိင္းဆီမွဖုန္းျမည္သံၾကား၍

ထက္ယံက သတိေပးလာရာ

ဖုန္းကိုၾကည့္လိုက္ေတာ့

အေမ့ဆီမွျဖစ္ေနသည္။


အစိမ္းေရာင္အကြက္ေလးကို

ႏွိပ္လိုက္ၿပီး တဖက္မွစကားေျပာသံကို

နားေထာင္ၾကည့္လိုက္ေလရာ

ရႈိင္း၏မ်က္လုံးေတြ

ျပဴးက်ယ္သြားရေလသည္။

ရႈိင္းလည္း ဖုန္းကိုခ်က္ခ်င္းခ်ပစ္လိုက္ၿပီး

ကားေပၚသို႔အလ်င္အျမန္ပဲ

တက္သြားလိုက္သည္။


"ဟာ..ေဟ့ေကာင္..ဘာျဖစ္တာလဲကြ

အေလာတႀကီးနဲ႔..."


႐ိုင္း၏ကားႏွင့္ လမ္းႀကဳံလိုက္မည္ဟု

ေတြးထားေသာ ထက္ယံလည္း

ရႈိင္း၏အျပဳအမူေၾကာင့္ 

ထိတ္လန႔္သြားေလသည္။


"ပိုပိုက အခုငါ့ကြန္ဒိုကိုသြားေနတယ္တဲ့

ၾကည့္ရတာ ခ်စ္ပန္းေဝကို

ျပႆနာသြားရွာမလို႔နဲ႔တူတယ္..."


"ဟာ...မင္းေျပာေတာ့

မင္းရဲ႕မိဘေတြက ပိုပိုတို႔အိမ္ကို

ေစ့စပ္ပြဲျဖတ္မယ့္ကိစၥ သြားေျပာၿပီးၿပီဆို..."


"ဟုတ္တယ္...ဒါေပမဲ့

အေမငါ့ကိုေျပာတာေတာ့..

ပိုပိုက ငါကိုယ္တိုင္ေျပာမွလက္ခံမယ္တဲ့..

...........

အခုလည္းပိုပို ငါ့ကြန္ဒိုကိုသြားတဲ့ကိစၥ

သူ႔မိဘေတြကေနတဆင့္

အေမတို႔သိရၿပီး 

ငါ့ကိုလွမ္းအေၾကာင္းၾကားတာ

မင္းနဲ႔စကားေျပာဖို႔အခ်ိန္မရွိဘူး..

ငါအျမန္သြားမွျဖစ္မယ္..."


"ေအး..ေအး..အဲဒါဆိုလည္းအျမန္သြား

ပိုပိုနဲ႔ကိစၥကို

တစ္ခါတည္းအျပတ္ျဖတ္လိုက္ေတာ့

မဟုတ္ရင္ ဇာတ္လမ္းေတြကရည္ေနမွာ

...........

ပိုပိုလည္း သနားပါတယ္ကြာ

သူမင္းကိုတကယ္ခ်စ္ရွာတာပါ...."


"အဲဒါေတြ ေနာက္မွေျပာစမ္းပါကြာ

ငါသြားၿပီ..."


အရွိန္ႏွင့္ေမာင္းထြက္သြားေသာ

ရႈိင္း၏ကားေလးကိုၾကည့္ၿပီး

ထက္ယံကေတာ့ ေခါင္းခါ႐ုံမွတပါး

အျခားမတတ္ႏိုင္ခဲ့ေပ။


သို႔ေပမယ့္ အေလာတႀကီးျဖစ္ေနေသာ

ရႈိင္း၏ပုံစံေၾကာင့္ ထက္ယံတစ္ခုခုကို

 ေသခ်ာနားလည္သြားသည္။


"ပိုပို႔ဘက္ကစၿပီး မင္းကိုလိုက္ခဲ့ေပမယ့္

မင္းလည္းပိုပို႔ကို တကယ္ခ်စ္တာေၾကာင့္

လက္တြဲဖို႔ဆုံးျဖတ္ခဲ့တာလို႔

ငါထင္ခဲ့မိတယ္...

.............

ဒါေပမဲ့..အခု..ငါေသခ်ာသိလိုက္ၿပီရႈိင္း

မင္းတကယ္ခ်စ္တဲ့သူဟာ

ပိုပိုမဟုတ္ဘူး...

..........

မင္းနဲ႔ပိုပိုဟာ...အျပင္ပန္းကၾကည့္ေတာ့သာ

လိုက္ဖက္ေပမယ့္

တကယ္ေတာ့..မွားယြင္းတဲ့အခ်ိန္တစ္ခုမွာ

စုံစည္းခဲ့ၾကတဲ့...စ႐ိုက္မတူ

ဖူးစာလည္းမပါတဲ့..လူႏွစ္ေယာက္ေပါ့...

...........

ငါစိုးရိမ္မိတာကေတာ့...

မင္းရင္ထဲကခံစားခ်က္ေတြကို

မင္းကိုယ္တိုင္မသိလိုက္မွာကိုပဲ...

..........

အခုမင္းရဲ႕ ကမာၻငယ္ေလးထဲကို

ေရာက္ေနတဲ့ မိန္းကေလးဟာ

မင္းရဲ႕အနီေရာင္မႈိင္းေတြကို

အျမန္ဆုံးဖယ္ရွားေပးႏိုင္ပါေစလို႔

ငါဆုေတာင္းေပးပါတယ္ရႈိင္း.."


🚩🚩🚩🚩🚩🚩🚩🚩


"တင္း!!..ေတာင္!!!"


အိပ္ခန္းထဲမွာ အေမႏွင့္အေဖာ္ျပဳကာ

တီဗြီအတူၾကည့္ေပးေနသည့္အခ်ိန္တြင္

အိမ္ေရွ႕တံခါးမွ လူေခၚဘဲလ္ျမည္သံ

ထြက္လာေလသည္။


"ခ်စ္ခ်စ္ေရ..အဲ့ဒါဘာအသံႀကီးလဲ.."


အေမကပါ ကာတြန္းကားၾကည့္ေနရင္းနဲ႔

ေခါင္းေလးေထာင္ၿပီး 

ခ်စ္ခ်စ္ကိုေမးလာေလသည္။


"ဧည့္သည္လာတာေနမယ္...

ကိုယ္ပိုင္ေဇာ္တို႔ 

အလုပ္ရႈပ္ေနလို႔လားမသိဘူး...

သမီးတံခါးသြားဖြင့္ေပးလိုက္ဦးမယ္ေနာ္..

အေမဒီမွာကာတြန္းကားၾကည့္ႏွင့္..."


"ျမန္ျမန္ေတာ့ျပန္လာေနာ္...

အိပ္ခန္းထဲမွာ

ငါတစ္ေယာက္တည္း ေၾကာက္တယ္ဟ..."


"အင္းပါ...သမီးခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္"


ေမေမ့ကိုကတိေပး၍ 

ဧည့္ခန္းေရွ႕မွ ျဖတ္ေလွ်ာက္ကာ

အိမ္ေရွ႕တံခါးဖြင့္ေပးလိုက္စဥ္မွာေတာ့

အမ်ိဳးသမီးတစ္ေယာက္

ရပ္ေနသည္ကိုေတြ႕လိုက္ရေလသည္။


ခ်စ္ခ်စ္ေရာ၊ထိုအမ်ိဳးသမီးေရာက

တစ္ေယာက္ကိုတစ္ေယာက္

ထူးဆန္းသလို ၾကည့္လိုက္မိၾကေလသည္။

ခ်စ္ခ်စ္ကေတာ့ ဘယ္သူမွန္းမသိ၍

သာမာန္အတိုင္းပဲၾကည့္လိုက္ေပမယ့္

ထိုအမ်ိဳးသမီး၏ မ်က္လုံးေတြကေတာ့

မီးပြားေတြ ထြက္လာေတာ့မည့္အလား

အလြန္ေၾကာက္စရာ ေကာင္းေနေလသည္။


ထိုအမ်ိဳးသမီးသည္ သူ႔လက္သီးေတြကို

က်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး

အံကိုလည္းႀကိတ္ထားေသာေၾကာင့္

ေမးေၾကာေတြပါ ေထာင္တက္လာေလသည္။


"ရႈိင္းနဲ႔လက္ထပ္ထားတဲ့မိန္းမက..

...နင္လား..."


"ဟုတ္ပါတယ္...."


"ျဖန္း!!!!!"


"အာ့!!!!"


ခ်စ္ခ်စ္၏စကားအဆုံးမွာ 

မထင္မွတ္ထားသည့္ နာက်င္

မႈက

ပါးျပင္ေပၚသို႔ ေရာက္လာေလေတာ့သည္။


က်ိန္းစပ္ထူပူသြားသည့္ ပါးျပင္ေပၚမွ

နာက်င္မႈကို တုန္ယင္ေနေသာ 

လက္ဖဝါးေလးနဲ႔

အုပ္လိုက္ကာ ထိုအမ်ိဳးသမီးကို

မယုံႏိုင္စြာ ျပန္ၾကည့္လိုက္မိေလသည္။


နာက်င္မႈ၏ ေနာက္ဆက္တြဲအေနႏွင့္

ခ်စ္ခ်စ္၏မ်က္ဝန္းထဲ၌ မ်က္ရည္ေတြ

ေဝ့တက္လာေပမယ့္ 

မ်က္ရည္မက်ေအာင္ 

ႀကိဳးစားလိုက္မိသည္။


"ရွင္..ရွင္ကဘယ္သူလဲ!!!

ဘာျဖစ္လို႔ကြၽန္မကို..ပါး႐ိုက္ရတာလဲ.."


ခ်စ္ခ်စ္ေမးလိုက္သည့္အခါ

ထိုအမ်ိဳးသမီးက မဲ့ၿပဳံးၿပဳံး၍

ခ်စ္ခ်စ္ကိုမုန္းတီးစြာ

ၾကည့္လာခဲ့သည္။


"ငါ့နာမည္..သက္လြန္းပို..

ရႈိင္းနဲ႔ေစ့စပ္ထားတဲ့..ရႈိင္းရဲ႕ခ်စ္သူ...."


"ဘာ!!!!


**အခန္း(၂၃)ဆက္ရန္***


🚩🚩🚩🚩🚩🚩🚩🚩🚩


(..သက္လြန္းပိုကေတာ့


ၾကမ္းေနၿပီေနာ္...ခ်စ္ခ်စ္ကေတာ့


အႀကိဳက္ဆုံး ႐ုပ္ရွင္မင္းသားကို


ယူမိၿပီး...ေသာကေတြမ်ားေနရၿပီ...)



21 comments:

  1. နေ့တိုင်း မျှော် 🥹

    ReplyDelete
  2. ချစ်ချစ်ရေ မင်းသားနဲ့မနေနဲ့တော့
    ကိုယ့်အားကိုယ်ကိုးစေချင်တယ်
    ကိုဘဝကိုဦးဆောင်နိုင်တဲ့သူ အမေကိုလဲကိုယ်ပိုက်ဆံနဲ့ကျွေးမွေးစေချင်တယ် ကျွေးတာစားပေးတာယူဘဝနဲ့မနေပါနဲ့တော့.ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ..အားအငယ်နဲ့

    ReplyDelete
  3. ချစ်ချစ်ရေ ပြန်ကျွေးလိုက်ဘာမဆိုင်ညာမဆိုင်လာရိုက်နေတာ မင်းသားကလဲ ကောင်းကောင်းမွန်မွန်ဆက်ဆံတာမှမဟုတ်တာ ပြောရင် သူများပါးရိုက်တော့မခံနဲ့ချစ်ချစ်ရေ

    ReplyDelete
  4. မခံနဲ့ပါးပြန်ချလိုက်ချစ်ချစ်

    ReplyDelete
  5. ချစ်ပန်းဝေဘဝကလူတကာအဖိအနှိပ်ခံအစော်ကားခံ၊အနှိမ်ခံဘဝဘယ်တော့များမှလွတ်မြှောက်နိုင်ပါလိမ့်မလည်း

    ReplyDelete
  6. အ ြမဲအားပေးလျှက်ပါ

    ReplyDelete
  7. ပြန်ချ ချစ်ချစ်ရေ စိတ်ဓါတ်မကျနဲ့

    ReplyDelete
  8. မျှော်နေပါတယ်ရှင့်

    ReplyDelete
  9. နေ့တိုင်းမျှော်

    ReplyDelete
  10. ဆရာမရေ အသစ်ကမတင်သေးဘူးလားနေ့တိုင်းဝင်ကြည့်နေရတာမောပြီ

    ReplyDelete
    Replies
    1. တင်မှာပါ ခုရက်ပိုင်းအလုပ်များနေလို့ပါ💗

      Delete
  11. အသစ် မတင်တော့ဘူးလား မင်

    ReplyDelete
  12. တင်မှာပါ ခုရက်ပိုင်းအလုပ်များနေလို့ပါ💗

    ReplyDelete
  13. မဂ်လာပါ ဆရာမ ဝေ

    ReplyDelete
  14. ဆရာမ အသစ်မတင်တော့ဘူးလား

    ReplyDelete
  15. ဆရာမရေစာအသစ်တင်တာမတွေ့လို့ကျန်းမာရေးများမကောင်းသလားလို့စိတ်ပူမိတယ်

    ReplyDelete
  16. ဆရာမနေမကောင်းလို့လား

    ReplyDelete
  17. ဆရာအသစ်မတင်တော့ဘူးလာဆရာ

    ReplyDelete
  18. ထပ်မတင်တော့ဘူးလားရှင့်

    ReplyDelete