(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥🌹ဆူးကြိုး(အခန်း၅၅)🔥
ညနေခင်း၏ဆည်းဆာသည်
တောင်ပေါ်မြေ၏အလှကို ပို၍ပေါ်လွင်စေသည်။
နေ၀န်းနီနီသည် တောင်တန်းတို့၏
အနောက်သို့ ကွန်းခိုစပြုနေသလို
ငှက်ငယ်တို့သည်လည်း အိပ်တန်းတက်ဖို့ရာ
ဆိုင်းပြင်နေကြလေသည်။
ရှမ်းပြည်၏ရာသီဥတုသည် ပို၍အေးစိမ့်လာရာ
အမှောင်အတိမဖုံးသေးသော်ငြားလည်း
မြူငွေ့ရေးရေးလေးများ ကျဆင်းလာခဲ့သည်။
လမ်းသွားလမ်းလာများသည်
အနွေးထည်ထူထူကို ၀တ်ထားရသည်အထိ
အအေးဓာတ်ကကျောထဲသို့
စိမ့်၀င်လောက်လေသည်။
ပုံရိပ်တို့အဖွဲ့ကတော့ အပူချိန်ထိန်းညှိထားသော
အခန်းလေးထဲတွင် စောင်ပုံကြားထဲ၍
ကွေးလို့ကောင်းနေကြလေသည်။
ကုတင်တစ်ခုကို နှစ်ယောက်မျှသုံးလျှက်
ပြောင်းပြန်ပက်လက်တွေ အိပ်နေကြသောအဖွဲ့သည် ဆင်တက်နင်းရင်တောင်
မနိုးနိုင်လောက်သည့် အနေအထားဖြစ်နေသည်။
"ဒုန်း...ဒုန်း...ပုံရိပ်တို့..အိမိုးသော်တို့ရေ...
ဟေ့...ထကြတော့လေ...."
"တီချူး...နှိုးလို့လည်းမရဘူး..."
"ထပ်နှိုးကြည့်ပါအုံးသားရယ်..."
အခန်း၏အပြင်မှနေ၍ ဘိုဘိုနှင့်မေချူးသည်
အိပ်ပုပ်လေးများကို နှိုးဖို့ရန်တံခါးကိုတဒုန်းဒုန်း
ထုနေရလေသည်။
ဘိုဘိုက တံခါးကိုထုသလောက် အခန်းထဲမှအဖွဲ့က
ခြေမ၊လက်မတောင်လှုပ်မလာပေ။
"ဒုန်း!!!ဒုန်း!!!အိပ်ပုပ်မတွေရေထကြတော့လို့
နင်တို့မထရင်...ငါတစ်ယောက်တည်း
တီချူးနောက်ကို လိုက်သွားတော့မှာနော်...
မူကထမစားကြဘူးလား.."
တံခါးကိုထုလွန်းမကထုလာတော့
ပုံရိပ်လန့်နိုးသွားလေသည်။
ပုံမှန်ဆိုရင် အအိပ်ဆက်သလောက်ယခုတော့
ခရီးပန်းပြီး တော်တော်အိပ်ပျော်သွားခဲ့တာဖြစ်သည်။ရှုပ်ပွနေသော ငှက်သိုက်လိုဆံပင်ကိုလက်ချောင်းတွေနှင့်ထိုးဖွလိုက်ပြီး
အိပ်ခန်းတံခါးကိုသွားဖွင့်ပေးလိုက်တော့
တီချူးက ပုံရိပ်၏အိပ်ယာထအလှကို
ကြည့်ကာ သဘောတကျရယ်နေပြီး
ဘိုဘိုစုတ်ကတော့ ခါးကြီးထောက်ကာရန်စတွေ့
တော့သည်။
"ကာလနဂါးမတွေ...
နင်တို့ခေါင်းကိုဆင်တက်နင်းတာတောင်
နိုးမှနိုးပါ့မလားလို့စိတ်ပူနေတာ...
အိပ်ရင်းနဲ့လည်း တစ်ခါတည်း
အသက်ထွက်သွားအုံးမယ်...."
ဆူပုပ်ကာ အာကျယ်အာကျယ်ပြောနေသော
ဘို့ဘို့ကြောင့် ကျန်သည့်သူများလည်း
လန့်နိုးလာကြလေသည်။
"ဟဲ့..ဘိုဘိုရယ်..နင်ဘာတွေဖြစ်နေတာလဲ...
ဒီမှာအေးဆေးမအိပ်ရဘူး..."
"ဟဲ့..နင်တို့ဟာက ကားပေါ်မှာလည်း
ကုလားသောကုလားမော အိပ်လာကြပြီးပြီ
မဟုတ်ဘူးလား...ဒီကိုခရီးထွက်ဖို့လာတာလား
အိပ်ဖို့လာကြတာလား..စဉ်းစားအုံး...."
"ဘာပဲဖြစ်ဖြစ်...ခရီးထွက်တယ်ဆိုတာလည်း
စိတ်လန်းဆန်းနေမှလေဟာ...ဒီနေ့မှရောက်တာကို
ခဏနားပါရစေအုံး..."
"နင်တို့နားမယ်ဆိုတာ..သေချာတယ်နော်...
တီချူးကသူတို့အဆောင်မှာ
မူကထလုပ်စားကြမလို့ လာခေါ်တာ...
ဒီလိုဆိုနင်တို့မလိုက်ဖြစ်တော့ဘူးပေါ့...
ငါပဲလိုက်သွားလိုက်တော့မယ်...."
"ဟာ...အဲ့လိုမလုပ်နဲ့လေ..."
အစားအစာအသံကိုကြားသည်နှင့် တီချူးကို
လက်ဆွဲ၍ အခန်းအပြင်သို့ထွက်တော့မည့်
ဘိုဘို့ကို ၀ရုန်းသုန်းကားနှင့်ကုတင်ပေါ်မှ
ပြေးဆင်းကာတားကြလေတော့သည်။
"မူကထစားမယ်ဆိုရင် ဒဲ့ပြောပါလား...
ဘိုဘိုမနော်..အကျင့်ကိုမကောင်းတာ....
တီချူး...သမီးတို့ကိုသုံးမိနစ်ပဲအချိန်ပေးပါနော်..
ခဏလေးပါပဲ..."
မုန့်မစားရမှာစိုး၍ အသနားခံကြတော့
တီချူးကလည်းဟက်ဟက်ပက်ပက်ရယ်ကာ
ခေါင်းငြိမ့်ပြလေသည်။
အစက ဆိုင်မှာသွားစားမယ်ပြောပေမဲ့
အခုတော့ ဘယ်လိုဖြစ်ပြီးပြောင်းသွားသလဲမသိပေ။အဓိကကတော့ စားရဖို့ပါပဲ။
တက္ကသိုလ်ကျောင်းသူတွေဖြစ်နေကြပေမဲ
တစ်ဖွဲ့လုံးက အင်မတန်ကလေးဆန်ကြလေသည်။
စာကြိုးစားကြသောအဖွဲ့ဖြစ်သလို
အစားအသောက်ကိစ္စနှင့်လည်ပတ်ဖို့ရန်လည်း
မလစ်ဟင်းတတ်ကြသော ကလေးသာသာစိတ်လေးများသာ ရှိကြသည်ဟု
ဆိုရလောက်အောင် ဖြူစင်ကြသည်။
ထို့ကြောင့်လည်း သူငယ်ချင်းများအချင်းချင်း
စိတ်၀မ်းကွဲသော ကိစ္စမျိုးသူတို့ကြားတွင်
မရှိခဲ့ဖူးပေ။
"အေးအေးဆေးဆေးလုပ်ကြပါ...
တီချူးစောင့်ပေးပါ့မယ်...အစကတော့
ဒီနားကဆိုင်မှာ ကျွေးမလို့ပဲ...အခုတော့
မနက်ဖြန်လပြည့်နေ့လေ..
တီချူးတို့အလုပ်ပိတ်ကြလို့ ဒီညအလုပ်သမားတွေ
အားလုံးစုပြီး မူကထလုပ်စားကြမှာ..."
"ဟား...မိုက်တယ်ကွာ...အဲ့လိုအဖွဲ့လိုက်ကြီးက
ပျော်စရာကောင်းတာ...ခဏလေးပဲစောင့်ပေးနော်..."
အခုတော့ အကုန်လုံးရေချိုးခန်းထဲသို့
ပြိုင်တူ၀င်ကာ ဆူညံပွက်လောရိုက်နေကြတော့သည်။
ပုံရိပ်ကတော့ ဂျင်းဘောင်းဘီအပွကိုတီရှပ်
အဖြူရောင် မထူမပါးတစ်ထည်နှင့်တွဲ၀တ်လိုက်ပြီး
အပေါ်မှ ကုဒ်အိင်္ကျီထပ်၀တ်လိုက်သည်။
အပြင်မှာအေးရင် မခံနိုင်မှာစိုး၍ လက်အိတ်တွေလည်းစွပ်လိုက်ပြီး ခေါင်းစွပ်စွပ်ဖို့လုပ်လိုက်တော့
သည်။
"ဟင်...ငါ့ခေါင်းစွပ်ဘယ်ရောက်သွားတာလဲ..."
"ဘာဖြစ်လို့လည်း...ပုံရိပ်ရဲ့...ခေါင်းစွပ်ပျောက်နေလို့လား..."
"အေးဟ.."
"ဟဲ့..နင်နေ့လည်က တီချူးတို့အဆောင်ကိုလိုက်
သွားတယ်လေ...နင်ပြန်လာတော့
ခေါင်းစွပ်ပါမလာဘူးနော်...ငါသတိထားမိတယ်..."
သေချာပြန်စဉ်းစားကြည့်လိုက်တော့
ဆရာ့အခန်းကနေပြန်လာတဲ့အချိန်မှာ
ခေါင်းစွပ်ကျန်ခဲ့တာပဲ ဖြစ်လိမ့်မယ်။
ထိုကိစ္စကို တွေးလိုက်မိတော့ရင်ထဲမှာလေးလံလာသည်။
ထို့ကြောင့် အတွေးတွေကိုဖျောက်ပစ်ဖို့ရန်
ခေါင်းကိုခါရမ်းလိုက်ပြီး သိုးမွေးခေါင်းစွပ်အသစ်ကိုပဲ ထုတ်ဆောင်းလိုက်သည်။
ရာသီဥတုကအေးတော့ ချွေးမထွက်မှာသိ၍ မျက်နှာကိုဘာမှမလိမ်းတော့ပေ။
အိမိုးသော်ကတော့ အသားညိုသူမို့
မိတ်ကပ်ပါးပါးလေး လိမ်းပြီးနှုတ်ခမ်းနီတောင်
ဆိုးလိုက်သေးသည်။
ပုံရိပ်သည် နဂိုကမှအသားဖြူသူဖြစ်ပြီး
အသားမွှတ်သည့်အထဲတွင်ပါ၍ မျက်နှာလေးဟာ
ကြည်ရှင်းကာ ပါးလေးတွေ၊
နှာခေါင်းလေးတွေကအစ ရဲနေလေသည်။
မျက်ခုံး၊မျက်လုံးလှသူဖြစ်၍ အထူးတလည်
ခြယ်သနေစရာ မလိုသူဖြစ်လေသည်။
ခေါင်းစွပ်စွပ်ထား၍ ဆံပင်တွေကိုဖြန့်ချထားမိရာ
အုံထူသော ဆံပင်ဆင်းဆင်းလေးများသည်
ကျောပြင်မှာ ဖြာကျနေသည်မှာ
မေချူးသွယ်တောင် ကြည့်ရင်းနှင့်
ကလေးမ၏အလှကို မချီးကျူးပဲမနေနိုင်ပေ။
"ကဲ...အားလုံးပြီးသွားပြီဆိုတော့ သွားကြရအောင်.."
ပုံရိပ်တို့အဖွဲ့ ဟော်တယ်ထဲမှထွက်လာကြတော့
မှောင်ရီသန်းစတောင်ပြု၍နေလေပြီ။
လုံး၀န်းဝိုင်းစက်သော အသွင်ဆောင်ချင်နေပြီ
ဖြစ်သည့် တိမ်ထုများကြားမှလမင်းကြီးကို
လှမ်းကြည့်ပြီး တစ်ဖွဲ့လုံးသဘောကျမဆုံးဖြစ်နေကြသည်။
ညှို့မှိုင်းမှိုင်းတောင်တန်းများကို လှမ်းမြင်နေရ၍
ကြည်နူးကြရသလို မြူတွေဆိုင်းပြီးတောင်ပေါ်ဒေသအလျှောက်
လေတဟူးဟူးတိုက်ကာ ချမ်းလွန်း၍လည်း
တစ်ယောက်နှင့်တစ်ယောက်ပူးကပ်မိကာ
ရယ်နေကြရလေသည်။
"ဟာ...လူတွေအများကြီးပဲနော်...."
ပုံရိပ်တို့တစ်ဖွဲ့လုံးအံ့ဩကြရသည်က
ယောက်ျားလေးအဆောင်နှင့်မိန်းကလေးအဆောင်နှစ်ခုအကြားရှိ မြေကွက်လပ်ပေါ်တွင်
သူ့အစုနှင့်သူ ပျော်ပျော်ပါးပါးရှိနေကြသော
လူအများကိုတွေ့လိုက်ကြရ၍ဖြစ်သည်။
အဖွဲ့တစ်ခုဆီတွင် အလယ်၌မူကထလုပ်စားဖို့အသားနှင့်အရွက်ဗန်းတစ်ခုဆီရှိသလို
ဟင်းရည်အိုးကိုလည်း ဂတ်မီးဖိုသေးသေးလေးတစ်ခုစီနှင့် တည်ထားကြကာ
ပျော်ပျော်ပါးပါးစားသောက်နေကြလေသည်။
မသိလျှင် ပွဲဈေးကဒီမှာလာကျင်းပနေသလိုပါပဲ။
"တီချူး...လူတွေအများကြီးပဲနော်..."
"ဟုတ်တယ်..ဒီမှာကနယ်ပေါင်းစုံက
လူတွေလာစုနေတာလေ...မနက်ဖြန်တန်ဆောင်မုန်း
လပြည့်နေ့ဆိုတော့...ဒီနေ့အလုပ်စောစောလွှတ်ပေးတာနဲ့...ယောက်ျားလေးအဆောင်နဲ့မိန်းကလေးအဆောင်ပေါင်းပြီး မူကထလုပ်စားကြတာလေ..
မနက်ဖြန်မီးပုံးပျံပွဲကို သွားကြမှာရှင်လေးတို့
အဖွဲ့လည်း လိုက်ခဲ့ပေါ့..."
"ဟား...လိုက်မှာပေါ့...မီးပုံးပျံပွဲတော်ကိုရော
အဖွဲ့လိုက်ကြီးသွားကြမှာလား..."
"ဟုတ်တယ်..."
"ဟေး...ပျော်စရာကြီး...."
"လာ...ဟိုဘက်မှာတီချူးရဲ့သူငယ်ချင်းတွေဝိုင်းပြီး
ထိုင်နေကြတယ်...အဲ့ဘက်မှာသွားထိုင်ရအောင်..."
အကုန်လုံးကပျော်ပါးစွာနှင့် မူကထစားဖို့
ဝိုင်းဖွဲ့ကာထိုင်လိုက်ကြပေမဲ့ ပုံရိပ်ကတော့ယောက်ျားလေးတွေစုနေသော နေရာတိုင်းမှာ
ဆရာ့ကို ရှာနေမိသည်။
ဆရာအဖျားသက်သာသွားပြီလားဆိုတာကိုလည်း
သိချင်မိတယ်။
ဆရာ့ကို မတွေ့ပုံထောက်ရင်တော့
နေပြန်မကောင်းသေးလို့ ဖြစ်နိုင်သည်။
"စားလို့ကောင်းတယ်ဟ...၀က်သားကိုအပြားလိုက်လေးဖြစ်အောင်လုပ်ထားတာ တကယ့်ကျွမ်းကျင်အဆင့်ပဲ...ပုံရိပ်...ရော့..နင်ကပုစွန်နဲ့မှိုကြိုက်တယ်မဟုတ်လား..ဒီမှာ၀က်သားလုံးလည်းစား..."
ဘိုဘိုကပုံရိပ်၏ ပန်းကန်ထဲသို့သူပြုတ်ပြီးသား
တွေကိုလာထည့်ပေးလေသည်။
ပုံရိပ်လည်း ဆရာ့ကိုရှာနေတာကိုရပ်လိုက်ပြီး
သက်ပြင်းတစ်ချက်ချလိုက်ကာ စားစရာရှိတာကို
စားလိုက်သည်။
"ဟေ့ကောင်...နေကြီးကိုမခေါ်ဘူးလား...
သူဖျားနေတုန်းပဲလား..."
"ဘာမှမဖျားတော့ဘူး...အဖျားကကျသွားပြီ...
သူ့ကောင်မလေးချက်ခဲ့တဲ့ ကြက်ဆန်ပြုတ်ကို
သောက်ပြီး ကြောင်သွားလို့ဆင်းမလာတာ..."
"ဘာ...သူ့ကောင်မလေးဟုတ်လား...
ဘယ်တုန်းကလာခဲ့တာလဲ..."
"ဒီလိုကွ...ငါအလုပ်ကနေပြန်လာတော့
သူ့စာအုပ်စင်ပေါ်မှာ မိန်းကလေးခေါင်းစွပ်လေးတစ်ခုတွေ့တယ်..."
"ဟာ...ကိုဗျောကြီးရာ..ခင်ဗျားဟာကလည်း
ခေါင်းစွပ်တွေ့တာများ သူ့ဟာလည်းဖြစ်နိုင်တာပဲ"
"ဟာ..မင်းကလည်း..ကိုယ်တိုင်မတွေ့ပဲ
လျှောက်ပြောနေတယ်...ခေါင်းစွပ်က
၀က်ဝံရုပ်ကြီးမှပြူးလို့...ပန်းရောင်ကြီးဟ..
အဲ့ဒါကိုသူ့က စောင်းရအောင်အခြောက်ကြီးမှ
မဟုတ်တာ...ဒယ်အိုးကိုဖွင့်ကြည့်လိုက်တော့လည်း
ကြက်သားဆန်ပြုတ်က မွှေးနေတာပဲ...
ငါတောင်မြည်းကြည့်လိုက်သေးတယ်
သေချာတာကတော့ နေမကောင်းတဲ့လူက
ဒီလောက်အရသာရှိအောင် ချက်နိုင်မှာမဟုတ်ဘူး
ဒီကောင့်လက်စကို ငါသိတယ်...
အဲ့ဒါနဲ့ငါလည်း မသင်္ကာလို့အောက်ထပ်ကိုဆင်းပြီး
အစောင့်ဦးလေးကိုမေးလိုက်တော့...
နေ့ခင်းကမိန်းကလေးတစ်ယောက်
လာသွားတယ်တဲ့
နေမျိုးရဲ့ ညီမ၀မ်းကွဲလို့ပြောတယ်တဲ့..."
"ဟ...ဒီကောင်က..တစ်ကောင်ကြွက်မဟုတ်ဘူးလား.."
"အဲ့ဒါပြောတာလေ....ဒီကောင်စွံတော့မယ်ဟ..."
"ဟား...ဟား..ဒီလိုတော့ဘယ်ရမလဲ...
ကျွန်တော်မရရအောင် သွားခေါ်လာခဲ့မယ်..."
"အေးရအောင်သာ ဆွဲချလာခဲ့ကွာ..ဒီကောင့်ကို
ပုလိပ်စစ်နည်းနဲ့စစ်ရမယ်..."
ပုံရိပ်၏နောက်ကျောဘက်အခြမ်းမှ အုပ်စုဖွဲ့၍
ပြောနေကြသည်ကို ကြားလိုက်မိပြီး
လူကတစ်ကိုယ်လုံး ထူပူလာသည်။
မျက်နှာတွေပါပူလာပြီး မိတ်ကပ်မလိန်းထား၍
ပါးပြင်လေးနီရဲလာသည်က ပိုသိသာနေလေသည်။
ဘေးမှာကပ်လျှက်ထိုင်နေသော အိမိုးသော်ကို
ကြည့်လိုက်တော့ သွားကြီးဖြီးပြီးပုံရိပ်ကို
ပြုံးပြလာသည်။
"မထင်ရဘူးနော်ကောင်မ...ခေါင်းစွပ်က
ပျောက်သွားတာမဟုတ်ဘူးပဲ...."
အခြားသူတွေတော့ ကြားသလားမသိပေမဲ့
အိမိုးသော်ကတော့ ပုံရိပ်နှင့်ကပ်လျှက်ထိုင်နေသူ
ဖြစ်၍ ပုံရိပ်ကိုလှောင်နေတော့သည်။
သူ့ကိုမျက်စောင်းထိုးပစ်လိုက်ပြီး
ဆလက်ရွက်ထဲသို့ ၀က်သားပြားကိုထည့်ကာ
ပါးစပ်ထဲသို့ အပြည့်ထည့်ပြီး ဝါးနေလိုက်သည်။
"ဟဲ့...ဟိုမှာ..တို့တွေနဲ့မနက်ပိုင်းကတွေ့တဲ့
အစ်ကိုကြီးမဟုတ်လား..."
မျက်နှာချင်းဆိုင်မှာထိုင်နေသောဘိုဘိုက
၀မ်းသာအားရ လက်ညှိုးတွေထိုးပြနေ၍
လှည့်ကြည့်လိုက်မိတော့...
"အဟွတ်...အဟွတ်..."
"ဟဲ့...ပုံရိပ်ရယ်ဘယ်လိုဖြစ်တာလဲဟယ်..."
"အေးလေ...ငါတို့စားတဲ့ပန်းကန်ထဲကိုတောင်
၀င်တော့မယ်...."
"ဟဲ့ရရဲ့လား...ရော့ရေသောက်လိုက်အုံး..."
ပုံရိပ်သည် ဆရာနှင့်အကြည့်ချင်းဆုံလိုက်မိတိုင်း
ဘာကြောင့်များရင်တုန်နေရသလဲမသိပါဘူး။
ပုံရိပ်တို့၏အနောက်ဝိုင်းတွင် ဆရာနေမျိုးလာထိုင်နေသည်ကို သိလိုက်တာကြောင့်
ကြောထဲမှာ ချမ်းစိမ့်စိမ့်ဖြစ်သွားသလို
ခံစားလိုက်ရသည်။
အစားအစာတွေအားလုံးဟာ ပုံရိပ်၏
လျှာဖျားပေါ်တွင် ဘာအရသာမှမရှိတော့သလိုဖြစ်နေသည်။
လမင်းကြီးသည်ပုံရိပ်တစ်ယောက်တည်းအပေါ်တွင်သာ ထွန်းလင်းနေသလားဟု
ထင်နေမိသည်။ခပ်လှမ်းလှမ်းတွင်
မီးလုံ၍ဂစ်တာတစ်လက်နှင့်
သီချင်းညည်းနေကြသော အဖွဲ့၏
သီဆိုသံတွေကိုလည်း မကြားနိုင်တော့ပြီ။
"နေကြီး..ညနေတုန်းကမင်းဆီကို
ကောင်မလေးတစ်ယောက်လာတယ်ဆို..."
နောက်ကျောဘက်ဆီမှ ဆရာ့ကိုမေးလိုက်သည့် မေးခွန်းကိုပုံရိပ်နားစွင့်နေမိသည်။
ဒါပေမဲ့ စကားနည်းသောဆရာကတော့
ဘာစကားမှပြန်မဖြေပဲ ခဏတာလောက်
ငြိမ်နေပြီးမှ သူ၏တိုးလျှလျှအသံကို
အသုံးပြုလိုက်လေသည်။
"အဲ့တော့...*
"အောင်မာ..ဟေ့ကောင်ဟန်လုပ်မနေနဲ့
ငါတို့ကအမှန်အကန်သိချင်လို့..မင်းဟန်လုပ်နေတာမဟုတ်လား...ပြောစမ်းပါ..
ငါ့ကောင်ကြီးက အချစ်ရေးမှာသွေးအေးတတ်လို့ တို့ကသိပ်သိချင်နေပြီ..."
"အေးကွာ...ကောင်မလေးက
ဘယ်လိုပုံလေးလဲ..မြန်မြန်ပြောစမ်းပါကွာ
သိချင်လွန်းလို့အသဲတွေ...ကျလိကျလိဖြစ်နေပြီ..."
ပုံရိပ်သည် ဆရာဘယ်လိုပြန်ဖြေမလဲဆိုတာကို
သိချင်လွန်းလို့ခေါင်းကိုတောင်အနည်းငယ် နောက်ဆုတ်လိုက်မိသည်။
အေးတိအေးစက်နိုင်လွန်းသော ဆရာသည်
တကယ်ကိုနေနိုင်လွန်းစွာ တစ်ခွန်းတောင်
ပြန်မပြောခဲ့ပေ။စိတ်မရှည်တော့လို့
တွေ့ကရာခွက်ကိုမော့ချလိုက်မိသည်။
"ခွီး...ဖီ...အား...ဒါဘာကြီးတုန်း...."
အချိုရည်ထင်လို့သောက်လိုက်ပြီးမှ
ပါးစပ်ထဲမှာ အရသာကြီးကတစ်မျိုးကြီးဖြစ်နေ၍ ရှေ့ကလူတွေကိုလည်းအားမနာနိုင်စွာ
ထွေးထုတ်ပစ်လိုက်မိသည်။
ဒါတောင် တစ်ငုံလောက်မျိုချလိုက်မိသေးသည်။သေချာကြည့်လိုက်တော့မှ ဘီယာဘူးကြီး..
"ဟဲ့...ဒါဘာကြီးတုန်း..."
"ဟား..ဟား...ဟဲ့..ပုံရိပ်မအဲ့ဒါ
မိသော်သွားယူထားတာဟဲ့..."
"ဟဲ့နင်တို့ကဘယ်တုန်းက သွားယူလိုက်တာလဲ..."
"ဟိုမှာလေ...ဘီယာတွေကပ်လိုက်ကြီးချထားတာ
မတွေ့ဘူးလား..ငါတို့လည်းမသောက်ဖူးလို့
တစ်ငုံနှစ်ငုံလောက် သောက်ကြည့်မလို့လေ...
နင်ကဘယ်ကိုအာရုံရောက်နေသလဲမှ မသိတာ...
ငါယူပြီးချထားတာတောင်မသိလိုက်ဘူးလား....
ငါတို့သောက်ဖို့ချထားတဲ့
ဥစ္စာကိုနင်ကအရင်ဦးသွားတယ်.."
"မသိဘူးလေဟာ...ငါကအချိုရေထင်လို့
သောက်လိုက်တာ...တစ်ငုံလေးသောက်တာတောင် ခေါင်းတွေအုံလာပြီ..."
အရက်နံ့တွေတောင်မခံနိုင်သည့် ပုံရိပ်ဟာ
ဘီယာကိုတစ်ငုံလောက်လေးသောက်လိုက်ရုံနှင့် ခေါင်းကမူးနောက်နောက်ဖြစ်လာသည်။
ငယ်ငယ်ကဖေကြီးစားတဲ့ ကွမ်းကို
ဖေကြီးမသိတုန်းခိုးစားမိပြီး မူးခဲ့ဖူးသလိုပါပဲ။
ယခုလည်း အသက်သာကြီးသွားတယ်
ဆေးလိပ်၊အရက်နှင့်ကွမ်းဆိုသည်မှာ
ပုံရိပ်အတွက်တော့ ယောင်လို့တောင်မစမ်းသင့်သော အရာများဖြစ်နေသည်။
"ပုံရိပ်...."
ခပ်တိုးတိုးခေါ်သံတစ်ခုကြောင့် အနောက်သို့
လှည့်ကြည့်လိုက်မိတော့ နူးညံ့သောမျက်၀န်းများနှင့် လမင်းကြီးကိုနောက်ခံထားလျှက်
ပုံရိပ်ကိုငုံ့မိုးကြည့်နေသော ဆရာ့ကိုတွေ့လိုက်ရသည်။
ဆရာသည် သူ၏လက်ညှိုးနှင့်လက်မကြားတွင် ညှပ်၍ကိုင်ထားသော
ဖန်ခွက်လေးကို ပုံရိပ်ဆီသို့ကမ်းပေးလာခဲ့သည်။
အခြားသူတွေဝိုင်းကြည့်နေတာကို
သတိမထားလိုက်မိပဲ
အယောင်ယောင်အမှားမှားနှင့် ပုံရိပ်လှမ်း၍
ယူလိုက်မိသည်။
စတိုင်ပဲန်ဘောင်းဘီအိတ်ကပ်ထဲသို့
လက်ထည့်လိုက်ပြီး အချိုရည်ကိုသောက်ဖို့ရန်
မေးငေါ့ပြနေသောဆရာ့ပုံစံသည်
နူးညံ့တာလား အမိန့်ဆန်နေတာလား မပြောတတ်ပေမဲ့ ဆောင်းညမှာအေးခဲနေသော
ပုံရိပ်၏နှလုံးသားလေးသည် သွေးပူလေ့ကျင့်ခန်းလုပ်ရန် ထခုန်လာခဲ့သည်။
ဆရာ့ကိုမော့ကြည့်နေရင်းမှ မူးတာတွေပါပျောက်ကုန်ပြီး လက်တွေတုန်ယင်လာသည်။
"သောက်လိုက်လေ...သံပုရည်အစစ်မဟုတ်ပေမဲ့ ချဉ်ချဉ်လေးဆိုတော့..
ခေါင်းမူးပြေလောက်တယ်..."
"နေကြီးရေ...အား..တို့လည်းခေါင်းမူးလာပြီ.."
"ဟာ..ကိုဗျောကြီးခေါင်းမူးလိူ့လား..
လာလာ..ကျွန်တော့ရင်ခွင်ထဲကိုလာခဲ့...
ချိုချိုတိုက်မယ်..."
"ဟား...ဟား...မစကြပါနဲ့ကွာ...
ပွင့်ကာစအချစ်ပန်းကလေးတွေ
ပြန်ငုံသွားကြပါအုံးမယ်..."
ဆရာနှင့်အကြည့်တစ်ချက်ဆုံလိုက်မိပြီး
ဟိုဘက်ဝိုင်းကစနောက်သံတွေကြောင့်
ရှက်လာမိလေသည်။
ဆရာလည်းသူ့အဖွဲ့ကို မျက်စလှမ်းပစ်လိုက်ပြီး
သူ့နေရာမှာ သူသွားထိုင်နေသလို
ပုံရိပ်လည်းမျက်နှာကိုအောက်သို့ငုံထားလိုက်မိသည်။
သံပုရာရည်ကို သောက်ပြီးအရှေ့သို့လှည့်ကြည့်လိုက်တော့ သူငယ်ချင်းတွေ
အကုန်လုံးက မျက်လုံးကြီးတွေ
ဝိုင်းပြီးပြူးကြည့်လာကြသည်။
"ပုံရိပ်...ဘာတွေလဲ...ရိုးမှရိုးရဲ့လား..."
သူတို့မေးတာကို ပြန်မဖြေပဲသံပုရာရည်ကိုသာဆက်သောက်နေလိုက်သည်။
ပုံရိပ်ဘယ်လိုဖြေရမှန်းလည်းမသိရိုးအမှန်ပါ။ပုံရိပ်တို့ရဲ့ ခင်မင်မှုကကြာနေလေပြီ။
ဆရာဟာပုံရိပ်အပေါ်မှာ အမြဲတမ်း
ကောင်းပေး၊ကြင်နာပေးတတ်သူပါ။
အခုလေးတင် ပုံရိပ်ကိုမူးမှာစိုးလို့
သံပုရာရည်လာပေးခဲ့သည်။
ပုံရိပ်ဆရာ့ကို မေးခွန်းထုတ်ချင်တာမှ
အများကြီးပါပဲ။
ဘာကြောင့် ဆေးရုံတတ်နေတုန်းက
၀င်ကူညီခဲ့ရတာလဲ။
ဘာကြောင့် ပုံရိပ်ပြောသမျှစကားတိုင်းကို
စိတ်ရှည်ရှည်နဲ့နားထောင်ပေးပြီး
ပုံရိပ်ကို ကြိုးစားချင်စိတ်ဖြစ်လာအောင်
တွန်းအားပေးခဲ့ရတာလဲ။
ပုံရိပ်လိုအပ်နေတဲ့စာအုပ်တွေကို
သူ့လုပ်အားခထဲကနေ၀ယ်ပေးတတ်ပြီး
ပုံရိပ်၏ဘ၀မှာ ပထမဆုံးသောဆိုတဲ့အရာတွေကို ပြုလုပ်ပေးခဲ့တယ်။
ဆရာ့အပေါ်မှာ ခိုင်မြဲတဲ့ခံစားချက်တွေနဲ့
ချည်နှောင်မိအောင် ဆရာကိုယ်တိုင်ပဲ
ဖန်တီးပြီး အခုတော့ဘာကြောင့်
မသိချင်ယောင်ဆောင်နေရတာလဲ။
"မချူးရေ...ခင်ဗျားတို့အဖွဲ့နဲ့ကျွန်တော်တို့အဖွဲ့ပေါင်းကြမလား..."
"ဘာရှင့်..."
"အာ..မဟုတ်ဘူး...ကျွန်တော်ပြောတာက
အဖွဲ့ပေါင်းပြီးထိုင်ကြမလားလို့ပါ..."
"အဲ့လိုလား...ရတယ်လေ..လာထိုင်ကြပါ..."
ဆရာတို့ဝိုင်းဘက်အခြမ်းမှာ
လူနှစ်ယောက်က ဝိုင်းပေါင်းဖို့
လာပြောကြတော့ တီချူးကလက်ခံလိုက်လေသည်။အနောက်ကိုလှည့်ကြည့်လိုက်မိတော့
ထိုဝိုင်းမှ လူတွေအကုန်ထလာပြီး
ပုံရိပ်တို့ဘက်အခြမ်းသို့ အခင်းတွေနှင့်
စားစရာတွေ သယ်လာကြလေသည်။
ထိုအချိန်မှာ ဆရာသည်ပုံရိပ်နှင့်
မျက်နှာချင်းဆိုင်ဘက်တွင် ၀င်ထိုင်လိုက်လေသည်။
"ကလေးတို့ကို မိတ်ဆက်ပေးရအုံးမယ်
ဦးနာမည်ကဗျောကြီးလို့ခေါ်တယ်..
သူကတော့ပိုင်ဖြိုး..သူကသက်တံ့..သူကတော့
နေမျိုးပေါ့..ဟိုဘက်မှထိုင်နေတာက
အညာသားလေး...ဇေရတုလေ..ဒါနဲ့...
ဟိုကောင်မလေးနာမည်ဘယ်လိုခေါ်လဲဟင်..."
"ဟာ...ကိုဗျောကြီး...ခင်ဗျားဟာကအဆင့်တွေကျော်ကုန်ပြီ...ရှေ့ကလူကိုအရင်မေးလေ..."
လူတွေအများကြီးဝိုင်း၍ ထိုင်နေသည့်ကြားမှ
ပုံရိပ်ကိုလက်ညှိုးထိုး၍မေးလိုက်သောကြောင့်
ဖြေဖို့ပါးစပ်ပြင်လိုက်သော
ဘိုဘိုတောင် ကြောင်သွားလေသည်။
"ငါကသူ့ကိုပဲ သိချင်တာလေ..."
"ကျွန်မပဲဖြေလိုက်ပါ့မယ်..သူ့နာမည်က
ပုံရိပ်လို့ခေါ်ပါတယ်..သူလေးကပိုးအိခန့်၊
သူကကျွန်မရဲ့တူဘိုဘိုပါ..သူကတော့အိမိုးသော်လို့ခေါ်ပါတယ်...."
"ကဲ...ဘာသိချင်သေးလဲ..."
ဘာသိချင်သေးသလဲဟု တီချူးကမေးလိုက်တော့ ဦးဗျောကြီးက ပုံရိပ်ကိုရယ်ကျဲကျဲနှင့်ကြည့်လာလေသည်။
သူ့ကိုကြည့်ရတာလည်း တော်တော်လေးကို
စကားများလောက်မည်။
"ဟို...ပုံရိပ်ကရည်းစားတွေဘာတွေရှိနေပြီလား..."
"ရှင်.."
"ကိုဗျောကြီးရေ..ကလေးကိုနော်..."
တီချူးကလှမ်းစသလို အားလုံးကလည်း
ရယ်နေကြလေသည်။
ဆရာ့ကိုလှမ်းကြည့်လိုက်တော့
တည်တည်ငြိမ်ငြိမ်နှင့်နေသည်ဆိုပေမဲ့
သူ့လည်းရယ်လိုက်သည်။
ဘာတွေများရယ်စရာပါနေလို့လဲ။
"ကိုဗျောကြီးရေ..ခင်ဗျားမှာမိန်းမနဲ့နော်..."
"လျှာမရှည်ပါနဲ့..ငါကငါ့အတွက်မေးနေတာမဟုတ်ဘူး..."
"ဒါဆို...ဘယ်သူ့အတွက်လဲ.."
"နေမျိုးအတွက်လေ..."
"ဟာ..ကိုဗျောကြီး..ခင်ဗျား...
ခပ်ဆောင့်ဆောင့်အော်လိုက်သော
အသံနှင့်အတူ ဆရာ့မျက်နှာတစ်ခုလုံး
ရဲထွက်သွားတာကိုပုံရိပ်တွေ့လိုက်ရသည်။
ဆရာရှက်သွားတာများလား။
ဒါမှမဟုတ် စိတ်ဆိုးသွားတာများလား။
သေချာတာကတော့ ထိုစကားကို
ဆရာနှစ်သက်ပုံမပေါ်ဘူး။
"သူတို့ကိုဂရုစိုက်မနေနဲ့
ဦးမေးတာကိုပဲဖြေသိလား..."
"ဦးလေးမေးတာကို သူကဖြေမှာမဟုတ်ဘူး..
သူကအဲ့လိုကိစ္စမျိုးတွေဆို အသေရှက်တာ
...ကျွန်တော်ပဲဖြေလိုက်မယ်...
သူမှာလက်ရှိရည်းစားမရှိဘူး..
လိုက်နေတဲ့ကောင်လေးတွေကတော့ ဒုနဲ့ဒေးပဲ..
သူတို့မေဂျာကကွင်းတောင်သူ့လောက်မလှဘူးဆိုရင်သိလိုက်တော့...
စာလည်းအရမ်းတော်လို့ပထမနှစ်မှာတင်
ဒဂုန်မှာပြိုင်တဲ့အဖွဲ့နဲ့အတူဆုရထားသေးတယ်...
ကဲ..ဘာသိချင်သေးလဲ..."
ဘိုဘိုစုတ်ကတော့ ရှည်ပြန်ပြီ။
သူ့လည်းဘယ်သူမှမမေးပဲ လျှာမရှည်ပဲကို
မနေနိုင်တာ။ဟော်တယ်ကိုရောက်မှ ကောင်းကောင်းတီးပြစ်အုံးမယ်။
ဦးဗျောကြီးဆိုသူကလည်း ဆရာနေမျိုးနဲ့
အမျိုးတော်သလားမသိပါဘူး။
ရေခဲတုံးကို တော်တော်အရည်ပျော်စေချင်ပုံရတယ်။
သူ့ရေခဲတုံးကဖြင့်
ခဲလိုက်တာမှမာတောင့်နေတာကို။
"ကဲ...ဒီလောက်မေးမြန်းချင်နေမှတော့
တို့တွေ အမှန်ပြောမလား၊ခိုင်းတာလုပ်မလားဆိုတဲ့
ဂိမ်းကိုဆော့ကြရအောင်...ဘယ်လိုလဲ..."
"ဟာ...အဲ့ဒါကောင်းတယ်...ဆော့မယ်..."
အားလုံးကဝိုင်းထောက်ခံကြတော့
အရက်ပုလင်းအခွံကို အလယ်ခေါင်မှာချပြီး
လှိမ့်တိုင်းဆော့ကြလေသည်။
အရက်ပုလင်း၏ခေါင်းသည် ဦးဗျောကြီးဘက်သို့လှည့်သွားသောအခါ အားလုံးဝိုင်းရယ်ကြလေသည်။
အခြားဝိုင်းမှလူတွေလည်း ပုံရိပ်တို့ဝိုင်းဘေးနားမှာ လာ၍ရပ်ကြည့်ကြည့်ကြတော့
တဟားဟားတဟီးဟီးနှင့် အသံတွေစုံနေတော့သည်။
"ကိုဗျောကြီး...ခင်ဗျားငယ်ငယ်တုန်းက
အတန်းထဲမှာ ချီးဘယ်နှစ်ခါထွက်ဖူးလဲ..."
"ဟာ..ဟေ့ကောင်တွေ
မင်းတို့ဒါကတော့ တမင်ညစ်တာပဲ...
လူလည်ခေါင်မှာပြောလို့ကောင်းတဲ့
ကိစ္စမဟုတ်ဘူးကွ...ပြီးရင်
မင်းတို့ကောင်တွေက ဖွလို့ပြီးမှာမဟုတ်တော့ဘူး...."
"မရဘူးဗျာ...မဖြေရင်တော့ခိုင်းတာလုပ်တဲ့အနေနဲ့ နှစ်ထပ်တိုက်ပေါ်ကနေခုန်ချပြ..."
"ဟာ...တော်တော်ညစ်တဲ့ကောင်တွေပဲ...
ဖြေမယ်ကွာ...မှတ်မှတ်ရရဆိုရင်မူလတန်းမှာ
တစ်ခါ အလယ်တန်းမှာတစ်ခါ..."
"ဟာ...ခင်ဗျားဟာက..တော်တော်ကြီးနေပြီပဲ"
"မင်းကဘာသိလို့လည်း ဆရာမက
ကြိမ်လုံးကြီးကိုင်ပြီး စာမေးဖို့လုပ်နေတာလေ...
အဲ့အချိန်ကြမှ အိမ်သာတက်ချင်တယ်လို့
ပြောလိုက်ရင် စာမရလို့ဆင်ခြေပေးတယ်
ထင်သွားမှာပေါ့...ငါလည်းကြောက်ကြောက်နဲ့
ဖင်လှိမ်ထားရင်းက ထွက်သွားတော့တာပဲ.."
"ဒါဆို...ခင်ဗျားဟာကကြောက်ချီးပါတာပေါ့"
"မင်းဘိုးအေ..ကြောက်ချီးပါရမှာလား..."
"ဟား...ဟား..."
ဦးဗျောကြီးကို ဝိုင်းရယ်လိုက်ကြပြီးနောက်
ပုလင်းကိုလှည့်လိုက်တော့ ဘိုဘို့ဘက်သို့
ရောက်သွားလေသည်။
"အမှန်ဖြေမှာလား..ခိုင်းတာလုပ်မလား..."
"အမှန်ပဲဖြေမယ်.."
"ဟုတ်ပြီ..ညီလေးကအနာဂတ်မှာဘယ်လိုလူမျိုးဖြစ်ချင်လဲ..."
ဘိုဘိုသည် မျက်နှာကိုတည်လိုက်ပြီး မျက်လုံးတွေကိုမိုးပေါ်သို့ကြည့်လိုက်ကာ
မေးစေ့ကို လက်နှင့်ပွတ်သတ်ရင်း
စဉ်းစားခန်းဖွင့်လေတော့သည်။
အကုန်လုံးကလည်း သူဘာဖြေမလဲဆိုတာကို
စိတ်၀င်စားနေကြလေသည်။
"ကျွန်တော်က...အနာဂတ်မှာအရမ်းထူးချွန်ပြီး...အရမ်းတော်တဲ့မိတ်ကပ်ဖန်တီးရှင်ဖြစ်ချင်တယ်..."
"ဟမ်!!!!"
"ဟုတ်တယ်...အဲ့အချိန်ကြရင်အစ်ကိုကြီးတို့လည်း ကျွန်တော့်ဆီကိုလာခဲ့ကြနော်
မှုန်နေအောင်ပြင်ပေးမယ်...အခမဲ့နော်"
"ခွီး!!!!ဟား...ဟား..."
အကုန်လုံးကဘိုဘို့အဖြေကို ပါးစပ်အဟောင်းသားဖြစ်သွားချိန်မှာ ပုံရိပ်တို့အုပ်စုကတော့
ရယ်လိုက်ရတာအအေးသောက်
နေရင်းနှင့်သီးတောင်သီးသည်။
ဘိုဘိုဆိုတာက အပြင်ပန်းကကြည့်ရင်သာ
ယောက်ျားလေးလို ၀တ်တတ်စားတတ်လို့
သူ့ကို ယောက်ျားစစ်စစ်ကြီးဟု ထင်ကြတာများသည်။
အခုတော့ ဟာသလုပ်တတ်သော ဦးဗျောကြီးတောင် ဘာပြောရမှန်းမသိတော့ပဲ
ရယ်မလို ငိုမလိုဖြစ်သွားလေသည်။
တကယ်တော့ပုံရိပ်တို့ သူငယ်ချင်းတွေဟာ
ပေါတောတောနေတတ်ကြပေမဲ့
အိပ်မက်ကိုယ်စီရှိကြသည်။
ဘိုဘိုက တကယ်ကိုမိတ်ကပ်ပြင်ရတာ
ဝါသနာပါပြီး ပုံရိပ်တို့ကိုတောင်
တခါတလေပြင်ပေးတတ်သည်။
ဖေ့ဘွတ်မှာဘိုဘိုဆိုပြီး မိတ်ကပ်tutorial
လုပ်ပြလေ့ရှိသောသူ့ရဲ့ ဘလော့များသည်
ကြည့်ရှုသူသိန်းနဲ့ချီနေလေပြီ။
အမှန်အတိုင်းပြောရရင်တော့ ဘိုဘိုကပုံရိပ်တို့အဖွဲ့ထဲတွင် ဆိုရှယ်မီဒီယာ၌
အကျော်ကြားဆုံးသူဖြစ်ပြီး သူ့မှာအားပေးတဲ့
ပရိသတ်တွေတောင် ရှိပါသေးတယ်။
အနာဂတ်မှာ သူဟာသေချာပေါက်ထူးချွန်တဲ့
မိတ်ကပ်ဖန်တီးသူ ဖြစ်လာမယ်လိုပုံရိပ်ကတော့ ယုံကြည်တယ်။
"ဟာ..ပုံရိပ်အလှည့်ပဲဟေ့...အမှန်ပြောမှာလား
ခိုင်းတာလုပ်မှာလား.."
တစ်ခြားအကြောင်းအရာကိုတွေးနေမိ၍
ပုလင်းခေါင်းက ကိုယ့်ဘက်လှည့်နေမှန်း
မသိလိုက်ပေ။
ခိုင်းတာလုပ်ရင် တော်ကြာဦးဗျောကြီးလို
တိုက်ပေါ်ကနေ ခုန်ချခိုင်းနေမှဒုက္ခ...။
"အမှန်ပဲပြောမယ်..."
"ဟုတ်ပြီ...ဒါဆိုနေမျိုးကိုဘယ်လိုမြင်လဲ..."
"ဟင်...."
မထင်မှတ်ထားသော မေးခွန်းကြောင့်
အခက်တွေ့သွားပြီး ဆရာ့ကိုကြည့်လိုက်မိသည်။
ဆရာသည်လည်း ပုံရိပ်၏အဖြေကို
စောင့်စားနေပုံပေါ်လေသည်။
ဒီအချိန်က တစ်ခုခုကိုထုတ်ပြောလိုက်သင့်တဲ့အချိန်လား။
မဟုတ်သေးဘူး။
လူတွေအများကြီး ဝိုင်းကြည့်နေတဲ့အချိန်မှာ
ပြောလိုက်ရင် မိန်းကလေးဘက်ကပဲ
အရှက်ကွဲရမှာ...
"ဆရာက...အရမ်းစိတ်ထားကောင်းတယ်
ဆရာ့စကားတစ်ခွန်းဆီတိုင်းက
သမီးကိုစိတ်ခွန်အားဖြစ်စေတယ်...
အရင်ကဆရာ့ကို မုန်းခဲ့ဖူးတယ်
ဒါပေမဲ့ သမီးကိုဆရာကိုယ်တိုင်ကပဲ
လမ်းကြောင်းအမှန်ပေါ်ပြန်ရောက်အောင်
လုပ်ပေးခဲ့တယ်...
ဆရာက အရမ်းကြင်နာတတ်တယ်...
သူ့ဘေးနားမှာရှိတဲ့ လူတိုင်းကိုသူက
ပျော်ရွှင်စေချင်တဲ့ လူတစ်ယောက်ပါ...
ဆရာက နေရောင်ခြည်အလင်းတန်းလို
လူတစ်ယောက်ဖြစ်ပြီး လူတိုင်းရဲ့အချစ်ကို
ခံရသင့်တဲ့ လူတစ်ယောက်ပါ...
ဆရာက အခွင့်အလမ်းကောင်းတွေ
ရှာပေးတတ်ပေမဲ့ အခွင့်အရေးယူတတ်တဲ့
လူတစ်ယောက်တော့ မဟုတ်ဘူး...."
"ဟ..နေပါအုံး...ဒါဆိုရင်နေမျိုးနဲ့ပုံရိပ်က..."
"သမီးကိုးတန်းတုန်းက ဆရာကသမီးကို
စာသင်ပေးခဲ့တာပါ...."
ပုံရိပ်ဆရာ့ကို ငေးကြည့်လိုက်မိတော့
ဆရာသည် သူ့လက်ထဲမှ ဖန်ခွက်ကလေးကိုသာ
မျက်မှောင်ကြုံ့၍ ငုံ့ကြည့်နေလေသည်။
ပုံရိပ်၏စကားထဲမှာ ဆရာ..မကြိုက်တာများ
ပါသလားဟု ပြန်စဉ်းစားနေရသည်။
"ပုံရိပ်...နင်လျှိုတယ်နော်..ငါတို့ကိုလုံး၀မပြောဘူး.."
"နင်တို့ကမှမမေးတဲ့ဥစ္စာ.."
"အေးပါ...ဟော်တယ်ရောက်မှတွေ့မယ်..."
သူငယ်ချင်းတွေကလည်း မေးဖို့
မေးခွန်းပေါင်းများစွာကြိုစုနေသလို
ဟန်ပြင်နေကြပြီး ဦးဗျောကြီးတို့ကလည်း
"၀က်ဝံရုပ်ခေါင်းစွပ်လေး၏ ပိုင်ရှင်ကိုသိပြီဟု.."
မကြားတကြားစနောက်ကြလေသည်။
"ဟေး...ဒီတစ်ခါတော့နေမျိုးအလှည့်ဟေ့...
အမှန်အတိုင်းဖြေမလား..ခိုင်းတာလုပ်မလား..."
"ဖြေမယ်..."
"ဟုတ်ပြီ...ဒါဆိုရင်မင်းချစ်ခဲ့ဖူးတဲ့အချစ်ဦးရှိလား"
"ရှိတယ်..."
တုန့်ဆိုင်းမနေပဲ ဖြေလိုက်သောဆရာ့ကြောင့်
ပုံရိပ်မျက်လွှာချလိုက်မိလေသည်။
ရင်ထဲမှာလည်း နာကျင်လာသလိုပါပဲ။
၀န်ခံစကားမဆိုပဲ အငြင်းခံလိုက်ရလေပြီ။
စိမ်းရက်တဲ့နွယ်ဆိုသော ကဗျာလေးကိုတောင်
သတိရမိပါတယ်။
အချစ်ဦးကို သူတကယ်မမေ့ပါလား။
အော်..ပုံရိပ်ကရောဘာကြောင့် ၀မ်းနည်းနေရတာလဲ။
ပုံရိပ်မှာလည်း အချစ်ဦးရှိပါတယ်။
အဲ့ဒါကဆရာပေါ့။
ဗျောကြီးတို့လည်း မရှိဘူးဟုဖြေမည်
ထင်ထားခဲ့ပေမဲ့ ချက်ချင်းပြန်ဖြေလာသော
နေမျိုးကြောင့် အံ့ဩသွားကြလေသည်။
သေချာတာကတော့ ဒီမှာရှိနေတဲ့လူတိုင်းက
နေမျိုး၏အချစ်ဦးအကြောင်းကို သိချင်နေကြတာ
သေချာသည်။
"မင်းရဲ့အချစ်ဦးနာမည်က ဘယ်သူလဲ...."
ထိုမေးခွန်းကိုမေးတဲ့အခါမှာ ဆရာ့မျက်နှာသည်
သိသိသာသာ မှိုင်ကျသွားခဲ့သည်။
ပုံရိပ်ကို တစ်ချက်မျှ မော့ကြည့်လိုက်ပြီး
ဆရာပြောလိုက်သည်က..
"ခိုင်းတာလုပ်လို့ရမလား..."
"ရတာပေါ့ကွ..ဟား..ဟား..မင်းရဲ့အရှေ့က
ဘီယာဘူးကိုကုန်အောင်သောက်..."
"ဟ...ကိုဗျောကြီးကလည်း
သူမှမသောက်တတ်တာ"
"အေးလေအဲ့ဒါကြောင့်သောက်ခိုင်းတာပေါ့
မသောက်ချင်ရင်...ဟာ..."
ဦးဗျောကြီး၏စကားမဆုံးခင်မှာပဲ ဆရာသည်
ဘီယာဘူးကို ဖောက်လိုက်ပြီး
တစ်ခါတည်းမော့ချပစ်လိုက်သည်။
ဘီယာအရည်တွေသည် ဆရာ့မေးစေ့နားမှတစ်ဆင့် ဆရာ့လည်ပင်းတစ်လျှောက်စီးကျလာတာတွေလည်းရှိသည်။
အပြင်းအထန်ရွေ့လျှားနေသော လည်စလုတ်ကိုကြည့်ရုံဖြင့် အချစ်ဦးနှင့်ပတ်သတ်ပြီး
ခံစားချက်ပြင်းထန်ခဲ့မှန်းသိသာလေသည်။
နားမည်လေးပဲဥစ္စာ ဘာကြောင့်မပြောနိုင်ရတာလဲ?
"ကဲ...ရပြီလား...."
ဘီယာတစ်ဗူးကုန်ပြီးနောက် နေမျိုး၏မျက်လုံးတွေ
ပြာဝေသွားလေသည်။
တစ်ခါမှမသောက်ဖူး၍ခံနိုင်ရည်အားက
တအားနည်းသည်။
နေမကောင်းဖြစ်ထားသည့် အရှိန်ကြောင့်လည်း
အခြေအနေကပိုဆိုးချင်နေသည်။
သို့ပေမဲ့ အရာအားလုံးကိုသူတောင့်ခံကာ
တည်တည်ငြိမ်ငြိမ်ပဲ သူထိုင်နေလိုက်သည်။
🌹🌹🌹🌹🌹🌹🌹🌹
တစ်စထက်တစ်စညဉ့်နက်လာပြီဖြစ်၍
ပုံရိပ်တို့အဖွဲ့လည်း ပြန်ဖို့လုပ်ရလေသည်။
အကုန်လုံးလည်း ကိုယ့်ပစ္စည်းကို
ကိုယ်သိမ်းလိုက်ကြပြီး အဆောင်တွေထဲသို့
အသီးသီး၀င်ကုန်ကြသည်။
အပြင်ဘက်မှာ ကျန်ရှိတာဆိုလို့
လမင်းကြီးရယ်သာ ဖြစ်လေသည်။
အဆောင်နှင့်ဟော်တယ်ကသိပ်မဝေးသောကြောင့်
လမ်းကိုလည်း မှတ်မိနေ၍တီချူးကို လိုက်မပို့ရန်
ပြောလိုက်ပြီး ကိုယ့်ဘာသာပဲအုပ်စုလိုက်ပြန်ဖြစ်ကြသည်။
"ဟဲ့...နေအုံး....ငါ့ခေါင်းစွပ်ကျန်ခဲ့တယ်...
ပြန်ယူလိုက်အုံးမယ်...ခဏစောင့်ကြနော်..."
"နင်ကလည်း...မေ့တတ်လိုက်တာ..
သွားမြန်မြန်ပြေး ဒီမှာချမ်းလာပြီဟ..."
"အေးပါ...ခဏပဲ..."
အဆောင်နှင့်နည်းနည်းလေးလှမ်းလာပြီးမှ
ပုံရိပ်သည် အဆောင်ဘက်သို့ပြန်ပြေးရလေသည်။
ပုံရိပ်တို့ထိုင်ခဲ့သော နေရာအနားသို့ရောက်တော့
ပုံရိပ်၏ ခြေလှမ်းတွေရပ်တန့်သွားမိသည်။
ထိုနေရာအနီးကခုံတစ်ခုအပေါ်တွင် ဆရာသည်မြေကြီးပေါ်သို့ခြေထောက်ချပြီး
ခေါင်းကိုငုံ့ချထားကာ ငြိမ်နေသည်။
ရာသီဥတုက တအားအေးနေတော့
ဆရာပြန်ဖျားမှာကို ပုံရိပ်စိတ်ပူလာသည်။
"ဆရာ...အထဲကို၀င်တော့လေ...
အပြင်မှာအေးတယ်."
ပုံရိပ်၏အသံသည် အရမ်းတိုးပေမဲ့
ဆရာကြားတယ်ထင်ပါရဲ့ ရီဝေဝေဖြစ်နေသော
မျက်၀န်းနီဆွေးဆွေးများသည်
အရည်ကြည်များရစ်ဝိုင်းလျှက်
ပုံရိပ်ကိုစိုက်ကြည့်လာသည်။
"ဆရာ....ဘာဖြစ်နေတာလဲ...
မူးပြီးမထနိုင်ဖြစ်နေတာလား..."
ဆရာ့လက်မောင်းကိုတွဲထူပေးဖို့
ပုံရိပ်လက်လှမ်းလိုက်ပေမဲ့ သူသည်
ပုံရိပ်၏လက်ကို ဖမ်းဆွဲလိုက်လေသည်။
သူ့ရင်အုံနှင့် သတိလက်လွတ်
ပြစ်တိုက်မိသွားပြီးနောက် ပုံရိပ်သည်
လူတစ်ယောက်၏ နွေးထွေးသောရင်ခွင်ထဲမှာ နစ်မြုပ်သွားတော့သည်။
ကျောပြင်ထက်မှ သူ့ရဲ့လက်တွေ
ပိုမိုအားပြုလာတာနှင့်အမျှ ပုံရိပ်၏ခန္ဓာကိုယ်သည်
ပိုမိုသေးငယ်သွားသလို ကျုံ့၀င်သွားသည်။
သူ့အိင်္ကျီခါးစကိုဆွဲပြီး အနောက်သို့ရုန်းထွက်လိုက်တာကို သိသိကြီးနဲ့သူလွှတ်မပေးခဲ့ချေ။
ပုံရိပ်ဘာလုပ်သင့်လဲ။သူ့ကိုပြန်ဖက်တွယ်သင့်လား။
ဟင့်အင်း..။
အချစ်ဦးကိုမမေ့နိုင်တဲ့လူတစ်ယောက်ကို
ပုံရိပ်ဘာကြောင့် ပြန်ဖက်တွယ်ရမှာလဲ။
တစ်ယောက်တည်းအတွေးတွေထဲမှာ
ရုန်းကန်နေမိစဉ် သူ့ရဲ့လက်ဖဝါးတစ်ဖက်သည်
ပုံရိပ်၏ လည်တိုင်မှတစ်ဆင့်
ဆံသားတွေပေါ်သို့ရောက်လာကာ
ထိန်းကိုင်ထားသလို ပုံဖမ်းနေသည်။
"ဆရာ...မူးနေရင်လည်း...ဟင်...."
ရုတ်တရက်ညာဘက်လည်ပင်းသားက
နွေးကနဲဖြစ်သွားသည်။ထိုအထိအတွေ့သည်
စက္ကန်းပိုင်းစာလောက်မဟုတ်ပဲ
ကုဍေပေါင်းများစွာ ကြာမြင့်သကဲ့သို့
ခံစားလိုက်ရသည်။
ထိုစဉ် ပါးပြင်နုနုပေါ်တွင် ယှက်ပြေးနေသော
လေငွေ့နွေးနွေးကြောင့် ရှိသမျှအားအင်တွေ
ကုန်ခမ်းသည်အထိ သူ့ကိုတွန်းထုတ်လိုက်မိသည်။
ဒါပေမဲ့ ပုရွက်ဆိတ်ကဆင်ကောင်ကြီးကို
ကျီစားသလိုသာ ဖြစ်နေခဲ့သည်။
"ကိုယ်အခွင့်အရေးယူတဲ့အခါ
အရိပ်လေးမုန်းသလား...."
ဆရာ့မျက်နှာနှင့် ပုံရိပ်၏မျက်နှာသည်
တစ်လက်မလောက်သာခြားတော့သည်။
ပုံရိပ်၏မျက်၀န်းမှ မျက်ရည်တွေကိုမြင်တဲ့အခါ
ပါးပြင်ရဲရဲလေးကို စိတ်မကောင်းစွာ
ခပ်ဖွဖွအုပ်ကိုင်ပြီး
သူ့ရဲ့လက်သွယ်သွယ်လေးများဖြင့်
မျက်ရည်စလေးတွေကို ဖယ်ရှားပေးသည်။
ပုံရိပ်၏နှဖူးကို သူ့နှဖူးနှင့်လာတိုက်သည့်အခါ
သူ့ရှူထုတ်လိုက်သော လေငွေ့သည်ပုံရိပ်၏
မျက်၀န်းမှ မျက်ရည်တွေကိုခြောက်သွေ့ဖို့
လုံလောက်စေသည်။
ပုံရိပ်မခံနိုင်သော ဘီယာရနံ့တစ်ခုကို
ရနေပေမဲ့ ဘာကြောင့်များထိုရနံ့သည်
ပုံရိပ်ကို ယစ်မူးအောင်ဆွဲဆောင်နေသလဲဟု
မေးခွန်းထုတ်မိသည်။
"နွယ့်ကိုချစ်သေးလားဟင်...."
တိတ်ဆိတ်သောအချိန်တစ်ခုတွင် မျက်နှာချင်း
နီးကပ်လွန်းသောအနေအထားတစ်ခုသည်
တိုးတိတ်သော အသံလေးကိုမသယ်ဆောင်နိုင်စရာ
အကြောင်းမရှိပေ။
"နွယ့်ကို သတိရသေးလား...."
ဒုတိယမြောက်မေးခွန်းအဆုံးမှာ မိန်းမောနေသော
သူ့မျက်၀န်းတွေ အရောင်တောက်လာခဲ့သည်။
ပုံရိပ်၏မျက်၀န်းတွေထဲတွင် အကြောင်းအရာ
တစ်ခုကို အဖြေရှာနေပြီး သူ့ဆံပင်တွေကို
သူပြန်ထိုးဖွကာ ယိုင်နဲ့နဲ့နှင့်
အနောက်သို့နှစ်လှမ်းမျှဆုတ်သွားခဲ့သည်။
"ဆရာ...ပုံရိပ်အပေါ်မှာ
ဘယ်လိုသဘောထားတာလဲ.."
အရှက်တရားဆိုတာကို ဘေးချပြီးပုံရိပ်မေးလိုက်မိသည်။
သူစိမ်းယောက်ကျားတစ်ယောက်ဆီမှ
အရိုင်းဆန်သော အနမ်းကိုလက်ခံရရှိတာဟာ
ဒါပထမဦးဆုံးပါပဲ။
ထိုလူဟာလည်း ဆရာဖြစ်နေတဲ့အတွက်
ပုံရိပ်မေးကို မေးရမယ်။
"ကိုယ်...."
"နေမျိုး...မင်းမ၀င်သေးဘူးလား...
ဟာ...ကလေးမ..."
ပုံရိပ်သည် ယောက်ျားလေးအဆောင်ကို
ကျောပေးထား၍ အနောက်ဘက်မှအသံတစ်ခုကိုကြားတာနှင့် ခေါင်းစွပ်ကိုကောက်ယူလိုက်ပြီး
ကိုယ်မျက်ရည်ကျတာကို သူများမသိစေလို၍
ဆရာ့ကိုပါ ကျောခိုင်းပြီးထိုနေရာမှ
ပြေးထွက်လာလိုက်သည်။
ပြန်လမ်းတစ်လျှောက်လုံးမှာ လမင်းကြီးကို
ငေးကြည့်၍ မေးနေမိသောမေးခွန်းက
တစ်ခုသာရှိလေသည်။
"ဆရာ..ပုံရိပ်ကိုဘယ်လိုသဘောထားတာလဲ...
မူးနေလို့ ဒီလိုလုပ်တာလား..."
သေချာတာတစ်ခုကတော့ အရက်သာမမူးရင်
ဆရာနေမျိုးဆိုတာ ဒီလိုလုပ်ရပ်ကို
ကျူးလွန်ဖို့ ဆုတောင်းရင်တောင်ပြည့်လိမ့်မည်
မထင်ပေ။
*အဲ့တော့ ပုံရိပ်ကဆရာ့ကိုစိတ်ဆိုးရမည်လား..
စိတ်ကောက်ရမည်လား..."
🌹🌹🌹🌹🌹🌹🌹🌹
ဒီနှစ်ယောက်ကို ဝိုင်းဖြောင့်ပေးလိုက်ကြစမ်းပါ
ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်
=========================================================================
🔥🌹ဆူးႀကိဳး(အခန္း၅၅)🔥
ညေနခင္း၏ဆည္းဆာသည္
ေတာင္ေပၚေျမ၏အလွကို ပို၍ေပၚလြင္ေစသည္။
ေန၀န္းနီနီသည္ ေတာင္တန္းတို႔၏
အေနာက္သို႔ ကြန္းခိုစျပဳေနသလို
ငွက္ငယ္တို႔သည္လည္း အိပ္တန္းတက္ဖို႔ရာ
ဆိုင္းျပင္ေနၾကေလသည္။
ရွမ္းျပည္၏ရာသီဥတုသည္ ပို၍ေအးစိမ့္လာရာ
အေမွာင္အတိမဖံုးေသးေသာ္ျငားလည္း
ျမဴေငြ့ေရးေရးေလးမ်ား က်ဆင္းလာခဲ့သည္။
လမ္းသြားလမ္းလာမ်ားသည္
အေနြးထည္ထူထူကို ၀တ္ထားရသည္အထိ
အေအးဓာတ္ကေက်ာထဲသို႔
စိမ့္၀င္ေလာက္ေလသည္။
ပံုရိပ္တို႔အဖဲြ႔ကေတာ့ အပူခ်ိန္ထိန္းၫွိထားေသာ
အခန္းေလးထဲတြင္ ေစာင္ပံုၾကားထဲ၍
ေကြးလို႔ေကာင္းေနၾကေလသည္။
ကုတင္တစ္ခုကို ႏွစ္ေယာက္မ်ွသံုးလ်ွက္
ေျပာင္းျပန္ပက္လက္ေတြ အိပ္ေနၾကေသာအဖဲြ႔သည္ ဆင္တက္နင္းရင္ေတာင္
မႏိုးႏိုင္ေလာက္သၫ့္ အေနအထားျဖစ္ေနသည္။
"ဒုန္း...ဒုန္း...ပံုရိပ္တို႔..အိမိုးေသာ္တို႔ေရ...
ေဟ့...ထၾကေတာ့ေလ...."
"တီခ်ူး...ႏိႈးလို႔လည္းမရဘူး..."
"ထပ္ႏိႈးၾကၫ့္ပါအံုးသားရယ္..."
အခန္း၏အျပင္မွေန၍ ဘိုဘိုႏွင့္ေမခ်ူးသည္
အိပ္ပုပ္ေလးမ်ားကို ႏိႈးဖို႔ရန္တံခါးကိုတဒုန္းဒုန္း
ထုေနရေလသည္။
ဘိုဘိုက တံခါးကိုထုသေလာက္ အခန္းထဲမွအဖဲြ႔က
ေျခမ၊လက္မေတာင္လႈပ္မလာေပ။
"ဒုန္း!!!ဒုန္း!!!အိပ္ပုပ္မေတြေရထၾကေတာ့လို႔
နင္တို႔မထရင္...ငါတစ္ေယာက္တည္း
တီခ်ူးေနာက္ကို လိုက္သြားေတာ့မွာေနာ္...
မူကထမစားၾကဘူးလား.."
တံခါးကိုထုလြန္းမကထုလာေတာ့
ပံုရိပ္လန႔္ႏိုးသြားေလသည္။
ပံုမွန္ဆိုရင္ အအိပ္ဆက္သေလာက္ယခုေတာ့
ခရီးပန္းၿပီး ေတာ္ေတာ္အိပ္ေပ်ာ္သြားခဲ့တာျဖစ္သည္။ရႈပ္ပြေနေသာ ငွက္သိုက္လိုဆံပင္ကိုလက္ေခ်ာင္းေတြႏွင့္ထိုးဖြလိုက္ၿပီး
အိပ္ခန္းတံခါးကိုသြားဖြင့္ေပးလိုက္ေတာ့
တီခ်ူးက ပံုရိပ္၏အိပ္ယာထအလွကို
ၾကၫ့္ကာ သေဘာတက်ရယ္ေနၿပီး
ဘိုဘိုစုတ္ကေတာ့ ခါးႀကီးေထာက္ကာရန္စေတြ့
ေတာ့သည္။
"ကာလနဂါးမေတြ...
နင္တို႔ေခါင္းကိုဆင္တက္နင္းတာေတာင္
ႏိုးမွႏိုးပါ့မလားလို႔စိတ္ပူေနတာ...
အိပ္ရင္းနဲ႔လည္း တစ္ခါတည္း
အသက္ထြက္သြားအံုးမယ္...."
ဆူပုပ္ကာ အာက်ယ္အာက်ယ္ေျပာေနေသာ
ဘို႔ဘို႔ေၾကာင့္ က်န္သၫ့္သူမ်ားလည္း
လန႔္ႏိုးလာၾကေလသည္။
"ဟဲ့..ဘိုဘိုရယ္..နင္ဘာေတျြဖစ္ေနတာလဲ...
ဒီမွာေအးေဆးမအိပ္ရဘူး..."
"ဟဲ့..နင္တို႔ဟာက ကားေပၚမွာလည္း
ကုလားေသာကုလားေမာ အိပ္လာၾကၿပီးၿပီ
မဟုတ္ဘူးလား...ဒီကိုခရီးထြက္ဖို႔လာတာလား
အိပ္ဖို႔လာၾကတာလား..စဉ္းစားအံုး...."
"ဘာပဲျဖစ္ျဖစ္...ခရီးထြက္တယ္ဆိုတာလည္း
စိတ္လန္းဆန္းေနမွေလဟာ...ဒီေန့မွေရာက္တာကို
ခဏနားပါရေစအံုး..."
"နင္တို႔နားမယ္ဆိုတာ..ေသခ်ာတယ္ေနာ္...
တီခ်ူးကသူတို႔အေဆာင္မွာ
မူကထလုပ္စားၾကမလို႔ လာေခၚတာ...
ဒီလိုဆိုနင္တို႔မလိုက္ျဖစ္ေတာ့ဘူးေပါ့...
ငါပဲလိုက္သြားလိုက္ေတာ့မယ္...."
"ဟာ...အဲ့လိုမလုပ္နဲ႔ေလ..."
အစားအစာအသံကိုၾကားသည္ႏွင့္ တီခ်ူးကို
လက္ဆဲြ၍ အခန္းအျပင္သို႔ထြက္ေတာ့မည့္
ဘိုဘို႔ကို ၀ရုန္းသုန္းကားႏွင့္ကုတင္ေပၚမွ
ေျပးဆင္းကာတားၾကေလေတာ့သည္။
"မူကထစားမယ္ဆိုရင္ ဒဲ့ေျပာပါလား...
ဘိုဘိုမေနာ္..အက်င့္ကိုမေကာင္းတာ....
တီခ်ူး...သမီးတို႔ကိုသံုးမိနစ္ပဲအခ်ိန္ေပးပါေနာ္..
ခဏေလးပါပဲ..."
မုန႔္မစားရမွာစိုး၍ အသနားခံၾကေတာ့
တီခ်ူးကလည္းဟက္ဟက္ပက္ပက္ရယ္ကာ
ေခါင္းၿငိမ့္ျပေလသည္။
အစက ဆိုင္မွာသြားစားမယ္ေျပာေပမဲ့
အခုေတာ့ ဘယ္လိုျဖစ္ၿပီးေျပာင္းသြားသလဲမသိေပ။အဓိကကေတာ့ စားရဖို႔ပါပဲ။
တကၠသိုလ္ေက်ာင္းသူေတျြဖစ္ေနၾကေပမဲ
တစ္ဖဲြ႔လံုးက အင္မတန္ကေလးဆန္ၾကေလသည္။
စာႀကိဳးစားၾကေသာအဖဲြ႔ျဖစ္သလို
အစားအေသာက္ကိစၥႏွင့္လည္ပတ္ဖို႔ရန္လည္း
မလစ္ဟင္းတတ္ၾကေသာ ကေလးသာသာစိတ္ေလးမ်ားသာ ရိွၾကသည္ဟု
ဆိုရေလာက္ေအာင္ ျဖဴစင္ၾကသည္။
ထို႔ေၾကာင့္လည္း သူငယ္ခ်င္းမ်ားအခ်င္းခ်င္း
စိတ္၀မ္းကဲြေသာ ကိစၥမ်ိဳးသူတို႔ၾကားတြင္
မရိွခဲ့ဖူးေပ။
"ေအးေအးေဆးေဆးလုပ္ၾကပါ...
တီခ်ူးေစာင့္ေပးပါ့မယ္...အစကေတာ့
ဒီနားကဆိုင္မွာ ကၽြေးမလို႔ပဲ...အခုေတာ့
မနက္ျဖန္လျပၫ့္ေန့ေလ..
တီခ်ူးတို႔အလုပ္ပိတ္ၾကလို႔ ဒီညအလုပ္သမားေတြ
အားလံုးစုၿပီး မူကထလုပ္စားၾကမွာ..."
"ဟား...မိုက္တယ္ကြာ...အဲ့လိုအဖဲြ႔လိုက္ႀကီးက
ေပ်ာ္စရာေကာင္းတာ...ခဏေလးပဲေစာင့္ေပးေနာ္..."
အခုေတာ့ အကုန္လံုးေရခ်ိဳးခန္းထဲသို႔
ၿပိဳင္တူ၀င္ကာ ဆူညံပြက္ေလာရိုက္ေနၾကေတာ့သည္။
ပံုရိပ္ကေတာ့ ဂ်င္းေဘာင္းဘီအပြကိုတီရွပ္
အျဖဴေရာင္ မထူမပါးတစ္ထည္ႏွင့္တဲြ၀တ္လိုက္ၿပီး
အေပၚမွ ကုဒ္အိက်ႌထပ္၀တ္လိုက္သည္။
အျပင္မွာေအးရင္ မခံႏိုင္မွာစိုး၍ လက္အိတ္ေတြလည္းစြပ္လိုက္ၿပီး ေခါင္းစြပ္စြပ္ဖို႔လုပ္လိုက္ေတာ့
သည္။
"ဟင္...ငါ့ေခါင္းစြပ္ဘယ္ေရာက္သြားတာလဲ..."
"ဘာျဖစ္လို႔လည္း...ပံုရိပ္ရဲ့...ေခါင္းစြပ္ေပ်ာက္ေနလို႔လား..."
"ေအးဟ.."
"ဟဲ့..နင္ေန့လည္က တီခ်ူးတို႔အေဆာင္ကိုလိုက္
သြားတယ္ေလ...နင္ျပန္လာေတာ့
ေခါင္းစြပ္ပါမလာဘူးေနာ္...ငါသတိထားမိတယ္..."
ေသခ်ာျပန္စဉ္းစားၾကၫ့္လိုက္ေတာ့
ဆရာ့အခန္းကေနျပန္လာတဲ့အခ်ိန္မွာ
ေခါင္းစြပ္က်န္ခဲ့တာပဲ ျဖစ္လိမ့္မယ္။
ထိုကိစၥကို ေတြးလိုက္မိေတာ့ရင္ထဲမွာေလးလံလာသည္။
ထို႔ေၾကာင့္ အေတြးေတြကိုေဖ်ာက္ပစ္ဖို႔ရန္
ေခါင္းကိုခါရမ္းလိုက္ၿပီး သိုးေမြးေခါင္းစြပ္အသစ္ကိုပဲ ထုတ္ေဆာင္းလိုက္သည္။
ရာသီဥတုကေအးေတာ့ ခၽြေးမထြက္မွာသိ၍ မ်က္ႏွာကိုဘာမွမလိမ္းေတာ့ေပ။
အိမိုးေသာ္ကေတာ့ အသားညိုသူမို႔
မိတ္ကပ္ပါးပါးေလး လိမ္းၿပီးႏႈတ္ခမ္းနီေတာင္
ဆိုးလိုက္ေသးသည္။
ပံုရိပ္သည္ နဂိုကမွအသားျဖဴသူျဖစ္ၿပီး
အသားမႊတ္သၫ့္အထဲတြင္ပါ၍ မ်က္ႏွာေလးဟာ
ၾကည္ရွင္းကာ ပါးေလးေတြ၊
ႏွာေခါင္းေလးေတြကအစ ရဲေနေလသည္။
မ်က္ခံုး၊မ်က္လံုးလွသူျဖစ္၍ အထူးတလည္
ျခယ္သေနစရာ မလိုသူျဖစ္ေလသည္။
ေခါင္းစြပ္စြပ္ထား၍ ဆံပင္ေတြကိုျဖန႔္ခ်ထားမိရာ
အံုထူေသာ ဆံပင္ဆင္းဆင္းေလးမ်ားသည္
ေက်ာျပင္မွာ ျဖာက်ေနသည္မွာ
ေမခ်ူးသြယ္ေတာင္ ၾကၫ့္ရင္းႏွင့္
ကေလးမ၏အလွကို မခ်ီးက်ူးပဲမေနႏိုင္ေပ။
"ကဲ...အားလံုးၿပီးသြားၿပီဆိုေတာ့ သြားၾကရေအာင္.."
ပံုရိပ္တို႔အဖဲြ႔ ေဟာ္တယ္ထဲမွထြက္လာၾကေတာ့
ေမွာင္ရီသန္းစေတာင္ျပဳ၍ေနေလၿပီ။
လံုး၀န္းဝိုင္းစက္ေသာ အသြင္ေဆာင္ခ်င္ေနၿပီ
ျဖစ္သည့္ တိမ္ထုမ်ားၾကားမွလမင္းႀကီးကို
လွမ္းၾကၫ့္ၿပီး တစ္ဖဲြ႔လံုးသေဘာက်မဆံုးျဖစ္ေနၾကသည္။
ၫွို႔မိႈင္းမိႈင္းေတာင္တန္းမ်ားကို လွမ္းျမင္ေနရ၍
ၾကည္ႏူးၾကရသလို ျမဴေတြဆိုင္းၿပီးေတာင္ေပၚေဒသအေလ်ွာက္
ေလတဟူးဟူးတိုက္ကာ ခ်မ္းလြန္း၍လည္း
တစ္ေယာက္ႏွင့္တစ္ေယာက္ပူးကပ္မိကာ
ရယ္ေနၾကရေလသည္။
"ဟာ...လူေတြအမ်ားႀကီးပဲေနာ္...."
ပံုရိပ္တို႔တစ္ဖဲြ႔လံုးအံ့ဩၾကရသည္က
ေယာက္်ားေလးအေဆာင္ႏွင့္မိန္းကေလးအေဆာင္ႏွစ္ခုအၾကားရိွ ေျမကြက္လပ္ေပၚတြင္
သူ႔အစုႏွင့္သူ ေပ်ာ္ေပ်ာ္ပါးပါးရိွေနၾကေသာ
လူအမ်ားကိုေတြ့လိုက္ၾကရ၍ျဖစ္သည္။
အဖဲြ႔တစ္ခုဆီတြင္ အလယ္၌မူကထလုပ္စားဖို႔အသားႏွင့္အရြက္ဗန္းတစ္ခုဆီရိွသလို
ဟင္းရည္အိုးကိုလည္း ဂတ္မီးဖိုေသးေသးေလးတစ္ခုစီႏွင့္ တည္ထားၾကကာ
ေပ်ာ္ေပ်ာ္ပါးပါးစားေသာက္ေနၾကေလသည္။
မသိလ်ွင္ ပဲြေဈးကဒီမွာလာက်င္းပေနသလိုပါပဲ။
"တီခ်ူး...လူေတြအမ်ားႀကီးပဲေနာ္..."
"ဟုတ္တယ္..ဒီမွာကနယ္ေပါင္းစံုက
လူေတြလာစုေနတာေလ...မနက္ျဖန္တန္ေဆာင္မုန္း
လျပၫ့္ေန့ဆိုေတာ့...ဒီေန့အလုပ္ေစာေစာလႊတ္ေပးတာနဲ႔...ေယာက္်ားေလးအေဆာင္နဲ႔မိန္းကေလးအေဆာင္ေပါင္းၿပီး မူကထလုပ္စားၾကတာေလ..
မနက္ျဖန္မီးပံုးပ်ံပဲြကို သြားၾကမွာရွင္ေလးတို႔
အဖဲြ႔လည္း လိုက္ခဲ့ေပါ့..."
"ဟား...လိုက္မွာေပါ့...မီးပံုးပ်ံပဲြေတာ္ကိုေရာ
အဖဲြ႔လိုက္ႀကီးသြားၾကမွာလား..."
"ဟုတ္တယ္..."
"ေဟး...ေပ်ာ္စရာႀကီး...."
"လာ...ဟိုဘက္မွာတီခ်ူးရဲ့သူငယ္ခ်င္းေတြဝိုင္းၿပီး
ထိုင္ေနၾကတယ္...အဲ့ဘက္မွာသြားထိုင္ရေအာင္..."
အကုန္လံုးကေပ်ာ္ပါးစြာႏွင့္ မူကထစားဖို႔
ဝိုင္းဖဲြ႔ကာထိုင္လိုက္ၾကေပမဲ့ ပံုရိပ္ကေတာ့ေယာက္်ားေလးေတြစုေနေသာ ေနရာတိုင္းမွာ
ဆရာ့ကို ရွာေနမိသည္။
ဆရာအဖ်ားသက္သာသြားၿပီလားဆိုတာကိုလည္း
သိခ်င္မိတယ္။
ဆရာ့ကို မေတြ့ပံုေထာက္ရင္ေတာ့
ေနျပန္မေကာင္းေသးလို႔ ျဖစ္ႏိုင္သည္။
"စားလို႔ေကာင္းတယ္ဟ...၀က္သားကိုအျပားလိုက္ေလးျဖစ္ေအာင္လုပ္ထားတာ တကယ့္ကၽြမ္းက်င္အဆင့္ပဲ...ပံုရိပ္...ေရာ့..နင္ကပုစြန္နဲ႔မိႈႀကိဳက္တယ္မဟုတ္လား..ဒီမွာ၀က္သားလံုးလည္းစား..."
ဘိုဘိုကပံုရိပ္၏ ပန္းကန္ထဲသို႔သူျပဳတ္ၿပီးသား
ေတြကိုလာထၫ့္ေပးေလသည္။
ပံုရိပ္လည္း ဆရာ့ကိုရွာေနတာကိုရပ္လိုက္ၿပီး
သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ စားစရာရိွတာကို
စားလိုက္သည္။
"ေဟ့ေကာင္...ေနႀကီးကိုမေခၚဘူးလား...
သူဖ်ားေနတုန္းပဲလား..."
"ဘာမွမဖ်ားေတာ့ဘူး...အဖ်ားကက်သြားၿပီ...
သူ႔ေကာင္မေလးခ်က္ခဲ့တဲ့ ၾကက္ဆန္ျပဳတ္ကို
ေသာက္ၿပီး ေၾကာင္သြားလို႔ဆင္းမလာတာ..."
"ဘာ...သူ႔ေကာင္မေလးဟုတ္လား...
ဘယ္တုန္းကလာခဲ့တာလဲ..."
"ဒီလိုကြ...ငါအလုပ္ကေနျပန္လာေတာ့
သူ႔စာအုပ္စင္ေပၚမွာ မိန္းကေလးေခါင္းစြပ္ေလးတစ္ခုေတြ့တယ္..."
"ဟာ...ကိုေဗ်ာႀကီးရာ..ခင္ဗ်ားဟာကလည္း
ေခါင္းစြပ္ေတြ့တာမ်ား သူ႔ဟာလည္းျဖစ္ႏိုင္တာပဲ"
"ဟာ..မင္းကလည္း..ကိုယ္တိုင္မေတြ့ပဲ
ေလ်ွာက္ေျပာေနတယ္...ေခါင္းစြပ္က
၀က္ဝံရုပ္ႀကီးမျွပဴးလို႔...ပန္းေရာင္ႀကီးဟ..
အဲ့ဒါကိုသူ႔က ေစာင္းရေအာင္အေျခာက္ႀကီးမွ
မဟုတ္တာ...ဒယ္အိုးကိုဖြင့္ၾကၫ့္လိုက္ေတာ့လည္း
ၾကက္သားဆန္ျပဳတ္က ေမႊးေနတာပဲ...
ငါေတာင္ျမည္းၾကၫ့္လိုက္ေသးတယ္
ေသခ်ာတာကေတာ့ ေနမေကာင္းတဲ့လူက
ဒီေလာက္အရသာရိွေအာင္ ခ်က္ႏိုင္မွာမဟုတ္ဘူး
ဒီေကာင့္လက္စကို ငါသိတယ္...
အဲ့ဒါနဲ႔ငါလည္း မသကၤာလို႔ေအာက္ထပ္ကိုဆင္းၿပီး
အေစာင့္ဦးေလးကိုေမးလိုက္ေတာ့...
ေန့ခင္းကမိန္းကေလးတစ္ေယာက္
လာသြားတယ္တဲ့
ေနမ်ိဳးရဲ့ ညီမ၀မ္းကဲြလို႔ေျပာတယ္တဲ့..."
"ဟ...ဒီေကာင္က..တစ္ေကာင္ႂကြက္မဟုတ္ဘူးလား.."
"အဲ့ဒါေျပာတာေလ....ဒီေကာင္စြံေတာ့မယ္ဟ..."
"ဟား...ဟား..ဒီလိုေတာ့ဘယ္ရမလဲ...
ကၽြန္ေတာ္မရရေအာင္ သြားေခၚလာခဲ့မယ္..."
"ေအးရေအာင္သာ ဆဲြခ်လာခဲ့ကြာ..ဒီေကာင့္ကို
ပုလိပ္စစ္နည္းနဲ႔စစ္ရမယ္..."
ပံုရိပ္၏ေနာက္ေက်ာဘက္အျခမ္းမွ အုပ္စုဖဲြ႔၍
ေျပာေနၾကသည္ကို ၾကားလိုက္မိၿပီး
လူကတစ္ကိုယ္လံုး ထူပူလာသည္။
မ်က္ႏွာေတြပါပူလာၿပီး မိတ္ကပ္မလိန္းထား၍
ပါးျပင္ေလးနီရဲလာသည္က ပိုသိသာေနေလသည္။
ေဘးမွာကပ္လ်ွက္ထိုင္ေနေသာ အိမိုးေသာ္ကို
ၾကၫ့္လိုက္ေတာ့ သြားႀကီးၿဖီးၿပီးပံုရိပ္ကို
ႃပံုးျပလာသည္။
"မထင္ရဘူးေနာ္ေကာင္မ...ေခါင္းစြပ္က
ေပ်ာက္သြားတာမဟုတ္ဘူးပဲ...."
အျခားသူေတြေတာ့ ၾကားသလားမသိေပမဲ့
အိမိုးေသာ္ကေတာ့ ပံုရိပ္ႏွင့္ကပ္လ်ွက္ထိုင္ေနသူ
ျဖစ္၍ ပံုရိပ္ကိုေလွာင္ေနေတာ့သည္။
သူ႔ကိုမ်က္ေစာင္းထိုးပစ္လိုက္ၿပီး
ဆလက္ရြက္ထဲသို႔ ၀က္သားျပားကိုထၫ့္ကာ
ပါးစပ္ထဲသို႔ အျပၫ့္ထၫ့္ၿပီး ဝါးေနလိုက္သည္။
"ဟဲ့...ဟိုမွာ..တို႔ေတြနဲ႔မနက္ပိုင္းကေတြ့တဲ့
အစ္ကိုႀကီးမဟုတ္လား..."
မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနေသာဘိုဘိုက
၀မ္းသာအားရ လက္ၫွိုးေတြထိုးျပေန၍
လွၫ့္ၾကၫ့္လိုက္မိေတာ့...
"အဟြတ္...အဟြတ္..."
"ဟဲ့...ပံုရိပ္ရယ္ဘယ္လိုျဖစ္တာလဲဟယ္..."
"ေအးေလ...ငါတို႔စားတဲ့ပန္းကန္ထဲကိုေတာင္
၀င္ေတာ့မယ္...."
"ဟဲ့ရရဲ့လား...ေရာ့ေရေသာက္လိုက္အံုး..."
ပံုရိပ္သည္ ဆရာႏွင့္အၾကၫ့္ခ်င္းဆံုလိုက္မိတိုင္း
ဘာေၾကာင့္မ်ားရင္တုန္ေနရသလဲမသိပါဘူး။
ပံုရိပ္တို႔၏အေနာက္ဝိုင္းတြင္ ဆရာေနမ်ိဳးလာထိုင္ေနသည္ကို သိလိုက္တာေၾကာင့္
ေၾကာထဲမွာ ခ်မ္းစိမ့္စိမ့္ျဖစ္သြားသလို
ခံစားလိုက္ရသည္။
အစားအစာေတြအားလံုးဟာ ပံုရိပ္၏
လ်ွာဖ်ားေပၚတြင္ ဘာအရသာမွမရိွေတာ့သလိုျဖစ္ေနသည္။
လမင္းႀကီးသည္ပံုရိပ္တစ္ေယာက္တည္းအေပၚတြင္သာ ထြန္းလင္းေနသလားဟု
ထင္ေနမိသည္။ခပ္လွမ္းလွမ္းတြင္
မီးလံု၍ဂစ္တာတစ္လက္ႏွင့္
သီခ်င္းညည္းေနၾကေသာ အဖဲြ႔၏
သီဆိုသံေတြကိုလည္း မၾကားႏိုင္ေတာ့ၿပီ။
"ေနႀကီး..ညေနတုန္းကမင္းဆီကို
ေကာင္မေလးတစ္ေယာက္လာတယ္ဆို..."
ေနာက္ေက်ာဘက္ဆီမွ ဆရာ့ကိုေမးလိုက္သၫ့္ ေမးခြန္းကိုပံုရိပ္နားစြင့္ေနမိသည္။
ဒါေပမဲ့ စကားနည္းေသာဆရာကေတာ့
ဘာစကားမျွပန္မေျဖပဲ ခဏတာေလာက္
ၿငိမ္ေနၿပီးမွ သူ၏တိုးလ်ွလ်ွအသံကို
အသံုးျပဳလိုက္ေလသည္။
"အဲ့ေတာ့...*
"ေအာင္မာ..ေဟ့ေကာင္ဟန္လုပ္မေနနဲ႔
ငါတို႔ကအမွန္အကန္သိခ်င္လို႔..မင္းဟန္လုပ္ေနတာမဟုတ္လား...ေျပာစမ္းပါ..
ငါ့ေကာင္ႀကီးက အခ်စ္ေရးမွာေသြးေအးတတ္လို႔ တို႔ကသိပ္သိခ်င္ေနၿပီ..."
"ေအးကြာ...ေကာင္မေလးက
ဘယ္လိုပံုေလးလဲ..ျမန္ျမန္ေျပာစမ္းပါကြာ
သိခ်င္လြန္းလို႔အသဲေတြ...က်လိက်လိျဖစ္ေနၿပီ..."
ပံုရိပ္သည္ ဆရာဘယ္လိုျပန္ေျဖမလဲဆိုတာကို
သိခ်င္လြန္းလို႔ေခါင္းကိုေတာင္အနည္းငယ္ ေနာက္ဆုတ္လိုက္မိသည္။
ေအးတိေအးစက္ႏိုင္လြန္းေသာ ဆရာသည္
တကယ္ကိုေနႏိုင္လြန္းစြာ တစ္ခြန္းေတာင္
ျပန္မေျပာခဲ့ေပ။စိတ္မရွည္ေတာ့လို႔
ေတြ့ကရာခြက္ကိုေမာ့ခ်လိုက္မိသည္။
"ခီြး...ဖီ...အား...ဒါဘာႀကီးတုန္း...."
အခ်ိဳရည္ထင္လို႔ေသာက္လိုက္ၿပီးမွ
ပါးစပ္ထဲမွာ အရသာႀကီးကတစ္မ်ိဳးႀကီးျဖစ္ေန၍ ေရ႔ွကလူေတြကိုလည္းအားမနာႏိုင္စြာ
ေထြးထုတ္ပစ္လိုက္မိသည္။
ဒါေတာင္ တစ္ငံုေလာက္မ်ိဳခ်လိုက္မိေသးသည္။ေသခ်ာၾကၫ့္လိုက္ေတာ့မွ ဘီယာဘူးႀကီး..
"ဟဲ့...ဒါဘာႀကီးတုန္း..."
"ဟား..ဟား...ဟဲ့..ပံုရိပ္မအဲ့ဒါ
မိေသာ္သြားယူထားတာဟဲ့..."
"ဟဲ့နင္တို႔ကဘယ္တုန္းက သြားယူလိုက္တာလဲ..."
"ဟိုမွာေလ...ဘီယာေတြကပ္လိုက္ႀကီးခ်ထားတာ
မေတြ့ဘူးလား..ငါတို႔လည္းမေသာက္ဖူးလို႔
တစ္ငံုႏွစ္ငံုေလာက္ ေသာက္ၾကၫ့္မလို႔ေလ...
နင္ကဘယ္ကိုအာရံုေရာက္ေနသလဲမွ မသိတာ...
ငါယူၿပီးခ်ထားတာေတာင္မသိလိုက္ဘူးလား....
ငါတို႔ေသာက္ဖို႔ခ်ထားတဲ့
ဥစၥာကိုနင္ကအရင္ဦးသြားတယ္.."
"မသိဘူးေလဟာ...ငါကအခ်ိဳေရထင္လို႔
ေသာက္လိုက္တာ...တစ္ငံုေလးေသာက္တာေတာင္ ေခါင္းေတြအံုလာၿပီ..."
အရက္နံ႔ေတြေတာင္မခံႏိုင္သၫ့္ ပံုရိပ္ဟာ
ဘီယာကိုတစ္ငံုေလာက္ေလးေသာက္လိုက္ရံုႏွင့္ ေခါင္းကမူးေနာက္ေနာက္ျဖစ္လာသည္။
ငယ္ငယ္ကေဖႀကီးစားတဲ့ ကြမ္းကို
ေဖႀကီးမသိတုန္းခိုးစားမိၿပီး မူးခဲ့ဖူးသလိုပါပဲ။
ယခုလည္း အသက္သာႀကီးသြားတယ္
ေဆးလိပ္၊အရက္ႏွင့္ကြမ္းဆိုသည္မွာ
ပံုရိပ္အတြက္ေတာ့ ေယာင္လို႔ေတာင္မစမ္းသင့္ေသာ အရာမ်ားျဖစ္ေနသည္။
"ပံုရိပ္...."
ခပ္တိုးတိုးေခၚသံတစ္ခုေၾကာင့္ အေနာက္သို႔
လွၫ့္ၾကၫ့္လိုက္မိေတာ့ ႏူးညံ့ေသာမ်က္၀န္းမ်ားႏွင့္ လမင္းႀကီးကိုေနာက္ခံထားလ်ွက္
ပံုရိပ္ကိုငံု႔မိုးၾကၫ့္ေနေသာ ဆရာ့ကိုေတြ့လိုက္ရသည္။
ဆရာသည္ သူ၏လက္ၫွိုးႏွင့္လက္မၾကားတြင္ ၫွပ္၍ကိုင္ထားေသာ
ဖန္ခြက္ေလးကို ပံုရိပ္ဆီသို႔ကမ္းေပးလာခဲ့သည္။
အျခားသူေတြဝိုင္းၾကၫ့္ေနတာကို
သတိမထားလိုက္မိပဲ
အေယာင္ေယာင္အမွားမွားႏွင့္ ပံုရိပ္လွမ္း၍
ယူလိုက္မိသည္။
စတိုင္ပဲန္ေဘာင္းဘီအိတ္ကပ္ထဲသို႔
လက္ထၫ့္လိုက္ၿပီး အခ်ိဳရည္ကိုေသာက္ဖို႔ရန္
ေမးေငါ့ျပေနေသာဆရာ့ပံုစံသည္
ႏူးညံ့တာလား အမိန႔္ဆန္ေနတာလား မေျပာတတ္ေပမဲ့ ေဆာင္းညမွာေအးခဲေနေသာ
ပံုရိပ္၏ႏွလံုးသားေလးသည္ ေသြးပူေလ့က်င့္ခန္းလုပ္ရန္ ထခုန္လာခဲ့သည္။
ဆရာ့ကိုေမာ့ၾကၫ့္ေနရင္းမွ မူးတာေတြပါေပ်ာက္ကုန္ၿပီး လက္ေတြတုန္ယင္လာသည္။
"ေသာက္လိုက္ေလ...သံပုရည္အစစ္မဟုတ္ေပမဲ့ ခ်ဉ္ခ်ဉ္ေလးဆိုေတာ့..
ေခါင္းမူးေျပေလာက္တယ္..."
"ေနႀကီးေရ...အား..တို႔လည္းေခါင္းမူးလာၿပီ.."
"ဟာ..ကိုေဗ်ာႀကီးေခါင္းမူးလိူ႔လား..
လာလာ..ကၽြန္ေတာ့ရင္ခြင္ထဲကိုလာခဲ့...
ခ်ိဳခ်ိဳတိုက္မယ္..."
"ဟား...ဟား...မစၾကပါနဲ႔ကြာ...
ပြင့္ကာစအခ်စ္ပန္းကေလးေတြ
ျပန္ငံုသြားၾကပါအံုးမယ္..."
ဆရာႏွင့္အၾကၫ့္တစ္ခ်က္ဆံုလိုက္မိၿပီး
ဟိုဘက္ဝိုင္းကစေနာက္သံေတြေၾကာင့္
ရွက္လာမိေလသည္။
ဆရာလည္းသူ႔အဖဲြ႔ကို မ်က္စလွမ္းပစ္လိုက္ၿပီး
သူ႔ေနရာမွာ သူသြားထိုင္ေနသလို
ပံုရိပ္လည္းမ်က္ႏွာကိုေအာက္သို႔ငံုထားလိုက္မိသည္။
သံပုရာရည္ကို ေသာက္ၿပီးအေရ႔ွသို႔လွၫ့္ၾကၫ့္လိုက္ေတာ့ သူငယ္ခ်င္းေတြ
အကုန္လံုးက မ်က္လံုးႀကီးေတြ
ဝိုင္းၿပီးျပဴးၾကၫ့္လာၾကသည္။
"ပံုရိပ္...ဘာေတြလဲ...ရိုးမွရိုးရဲ့လား..."
သူတို႔ေမးတာကို ျပန္မေျဖပဲသံပုရာရည္ကိုသာဆက္ေသာက္ေနလိုက္သည္။
ပံုရိပ္ဘယ္လိုေျဖရမွန္းလည္းမသိရိုးအမွန္ပါ။ပံုရိပ္တို႔ရဲ့ ခင္မင္မႈကၾကာေနေလၿပီ။
ဆရာဟာပံုရိပ္အေပၚမွာ အၿမဲတမ္း
ေကာင္းေပး၊ၾကင္နာေပးတတ္သူပါ။
အခုေလးတင္ ပံုရိပ္ကိုမူးမွာစိုးလို႔
သံပုရာရည္လာေပးခဲ့သည္။
ပံုရိပ္ဆရာ့ကို ေမးခြန္းထုတ္ခ်င္တာမွ
အမ်ားႀကီးပါပဲ။
ဘာေၾကာင့္ ေဆးရံုတတ္ေနတုန္းက
၀င္ကူညီခဲ့ရတာလဲ။
ဘာေၾကာင့္ ပံုရိပ္ေျပာသမ်ွစကားတိုင္းကို
စိတ္ရွည္ရွည္နဲ႔နားေထာင္ေပးၿပီး
ပံုရိပ္ကို ႀကိဳးစားခ်င္စိတ္ျဖစ္လာေအာင္
တြန္းအားေပးခဲ့ရတာလဲ။
ပံုရိပ္လိုအပ္ေနတဲ့စာအုပ္ေတြကို
သူ႔လုပ္အားခထဲကေန၀ယ္ေပးတတ္ၿပီး
ပံုရိပ္၏ဘ၀မွာ ပထမဆံုးေသာဆိုတဲ့အရာေတြကို ျပဳလုပ္ေပးခဲ့တယ္။
ဆရာ့အေပၚမွာ ခိုင္ၿမဲတဲ့ခံစားခ်က္ေတြနဲ႔
ခ်ည္ေနွာင္မိေအာင္ ဆရာကိုယ္တိုင္ပဲ
ဖန္တီးၿပီး အခုေတာ့ဘာေၾကာင့္
မသိခ်င္ေယာင္ေဆာင္ေနရတာလဲ။
"မခ်ူးေရ...ခင္ဗ်ားတို႔အဖဲြ႔နဲ႔ကၽြန္ေတာ္တို႔အဖဲြ႔ေပါင္းၾကမလား..."
"ဘာရွင့္..."
"အာ..မဟုတ္ဘူး...ကၽြန္ေတာ္ေျပာတာက
အဖဲြ႔ေပါင္းၿပီးထိုင္ၾကမလားလို႔ပါ..."
"အဲ့လိုလား...ရတယ္ေလ..လာထိုင္ၾကပါ..."
ဆရာတို႔ဝိုင္းဘက္အျခမ္းမွာ
လူႏွစ္ေယာက္က ဝိုင္းေပါင္းဖို႔
လာေျပာၾကေတာ့ တီခ်ူးကလက္ခံလိုက္ေလသည္။အေနာက္ကိုလွၫ့္ၾကၫ့္လိုက္မိေတာ့
ထိုဝိုင္းမွ လူေတြအကုန္ထလာၿပီး
ပံုရိပ္တို႔ဘက္အျခမ္းသို႔ အခင္းေတြႏွင့္
စားစရာေတြ သယ္လာၾကေလသည္။
ထိုအခ်ိန္မွာ ဆရာသည္ပံုရိပ္ႏွင့္
မ်က္ႏွာခ်င္းဆိုင္ဘက္တြင္ ၀င္ထိုင္လိုက္ေလသည္။
"ကေလးတို႔ကို မိတ္ဆက္ေပးရအံုးမယ္
ဦးနာမည္ကေဗ်ာႀကီးလို႔ေခၚတယ္..
သူကေတာ့ပိုင္ၿဖိဳး..သူကသက္တံ့..သူကေတာ့
ေနမ်ိဳးေပါ့..ဟိုဘက္မွထိုင္ေနတာက
အညာသားေလး...ေဇရတုေလ..ဒါနဲ႔...
ဟိုေကာင္မေလးနာမည္ဘယ္လိုေခၚလဲဟင္..."
"ဟာ...ကိုေဗ်ာႀကီး...ခင္ဗ်ားဟာကအဆင့္ေတြေက်ာ္ကုန္ၿပီ...ေရ႔ွကလူကိုအရင္ေမးေလ..."
လူေတြအမ်ားႀကီးဝိုင္း၍ ထိုင္ေနသၫ့္ၾကားမွ
ပံုရိပ္ကိုလက္ၫွိုးထိုး၍ေမးလိုက္ေသာေၾကာင့္
ေျဖဖို႔ပါးစပ္ျပင္လိုက္ေသာ
ဘိုဘိုေတာင္ ေၾကာင္သြားေလသည္။
"ငါကသူ႔ကိုပဲ သိခ်င္တာေလ..."
"ကၽြန္မပဲေျဖလိုက္ပါ့မယ္..သူ႔နာမည္က
ပံုရိပ္လို႔ေခၚပါတယ္..သူေလးကပိုးအိခန႔္၊
သူကကၽြန္မရဲ့တူဘိုဘိုပါ..သူကေတာ့အိမိုးေသာ္လို႔ေခၚပါတယ္...."
"ကဲ...ဘာသိခ်င္ေသးလဲ..."
ဘာသိခ်င္ေသးသလဲဟု တီခ်ူးကေမးလိုက္ေတာ့ ဦးေဗ်ာႀကီးက ပံုရိပ္ကိုရယ္က်ဲက်ဲႏွင့္ၾကၫ့္လာေလသည္။
သူ႔ကိုၾကၫ့္ရတာလည္း ေတာ္ေတာ္ေလးကို
စကားမ်ားေလာက္မည္။
"ဟို...ပံုရိပ္ကရည္းစားေတြဘာေတြရိွေနၿပီလား..."
"ရွင္.."
"ကိုေဗ်ာႀကီးေရ..ကေလးကိုေနာ္..."
တီခ်ူးကလွမ္းစသလို အားလံုးကလည္း
ရယ္ေနၾကေလသည္။
ဆရာ့ကိုလွမ္းၾကၫ့္လိုက္ေတာ့
တည္တည္ၿငိမ္ၿငိမ္ႏွင့္ေနသည္ဆိုေပမဲ့
သူ႔လည္းရယ္လိုက္သည္။
ဘာေတြမ်ားရယ္စရာပါေနလို႔လဲ။
"ကိုေဗ်ာႀကီးေရ..ခင္ဗ်ားမွာမိန္းမနဲ႔ေနာ္..."
"လ်ွာမရွည္ပါနဲ႔..ငါကငါ့အတြက္ေမးေနတာမဟုတ္ဘူး..."
"ဒါဆို...ဘယ္သူ႔အတြက္လဲ.."
"ေနမ်ိဳးအတြက္ေလ..."
"ဟာ..ကိုေဗ်ာႀကီး..ခင္ဗ်ား...
ခပ္ေဆာင့္ေဆာင့္ေအာ္လိုက္ေသာ
အသံႏွင့္အတူ ဆရာ့မ်က္ႏွာတစ္ခုလံုး
ရဲထြက္သြားတာကိုပံုရိပ္ေတြ့လိုက္ရသည္။
ဆရာရွက္သြားတာမ်ားလား။
ဒါမွမဟုတ္ စိတ္ဆိုးသြားတာမ်ားလား။
ေသခ်ာတာကေတာ့ ထိုစကားကို
ဆရာႏွစ္သက္ပံုမေပၚဘူး။
"သူတို႔ကိုဂရုစိုက္မေနနဲ႔
ဦးေမးတာကိုပဲေျဖသိလား..."
"ဦးေလးေမးတာကို သူကေျဖမွာမဟုတ္ဘူး..
သူကအဲ့လိုကိစၥမ်ိဳးေတြဆို အေသရွက္တာ
...ကၽြန္ေတာ္ပဲေျဖလိုက္မယ္...
သူမွာလက္ရိွရည္းစားမရိွဘူး..
လိုက္ေနတဲ့ေကာင္ေလးေတြကေတာ့ ဒုနဲ႔ေဒးပဲ..
သူတို႔ေမဂ်ာကကြင္းေတာင္သူ႔ေလာက္မလွဘူးဆိုရင္သိလိုက္ေတာ့...
စာလည္းအရမ္းေတာ္လို႔ပထမႏွစ္မွာတင္
ဒဂုန္မွာၿပိဳင္တဲ့အဖဲြ႔နဲ႔အတူဆုရထားေသးတယ္...
ကဲ..ဘာသိခ်င္ေသးလဲ..."
ဘိုဘိုစုတ္ကေတာ့ ရွည္ျပန္ၿပီ။
သူ႔လည္းဘယ္သူမွမေမးပဲ လ်ွာမရွည္ပဲကို
မေနႏိုင္တာ။ေဟာ္တယ္ကိုေရာက္မွ ေကာင္းေကာင္းတီးျပစ္အံုးမယ္။
ဦးေဗ်ာႀကီးဆိုသူကလည္း ဆရာေနမ်ိဳးနဲ႔
အမ်ိဳးေတာ္သလားမသိပါဘူး။
ေရခဲတံုးကို ေတာ္ေတာ္အရည္ေပ်ာ္ေစခ်င္ပံုရတယ္။
သူ႔ေရခဲတံုးကျဖင့္
ခဲလိုက္တာမွမာေတာင့္ေနတာကို။
"ကဲ...ဒီေလာက္ေမးျမန္းခ်င္ေနမွေတာ့
တို႔ေတြ အမွန္ေျပာမလား၊ခိုင္းတာလုပ္မလားဆိုတဲ့
ဂိမ္းကိုေဆာ့ၾကရေအာင္...ဘယ္လိုလဲ..."
"ဟာ...အဲ့ဒါေကာင္းတယ္...ေဆာ့မယ္..."
အားလံုးကဝိုင္းေထာက္ခံၾကေတာ့
အရက္ပုလင္းအခြံကို အလယ္ေခါင္မွာခ်ၿပီး
လိွမ့္တိုင္းေဆာ့ၾကေလသည္။
အရက္ပုလင္း၏ေခါင္းသည္ ဦးေဗ်ာႀကီးဘက္သို႔လွၫ့္သြားေသာအခါ အားလံုးဝိုင္းရယ္ၾကေလသည္။
အျခားဝိုင္းမွလူေတြလည္း ပံုရိပ္တို႔ဝိုင္းေဘးနားမွာ လာ၍ရပ္ၾကၫ့္ၾကၫ့္ၾကေတာ့
တဟားဟားတဟီးဟီးႏွင့္ အသံေတြစံုေနေတာ့သည္။
"ကိုေဗ်ာႀကီး...ခင္ဗ်ားငယ္ငယ္တုန္းက
အတန္းထဲမွာ ခ်ီးဘယ္ႏွစ္ခါထြက္ဖူးလဲ..."
"ဟာ..ေဟ့ေကာင္ေတြ
မင္းတို႔ဒါကေတာ့ တမင္ညစ္တာပဲ...
လူလည္ေခါင္မွာေျပာလို႔ေကာင္းတဲ့
ကိစၥမဟုတ္ဘူးကြ...ၿပီးရင္
မင္းတို႔ေကာင္ေတြက ဖြလို႔ၿပီးမွာမဟုတ္ေတာ့ဘူး...."
"မရဘူးဗ်ာ...မေျဖရင္ေတာ့ခိုင္းတာလုပ္တဲ့အေနနဲ႔ ႏွစ္ထပ္တိုက္ေပၚကေနခုန္ခ်ျပ..."
"ဟာ...ေတာ္ေတာ္ညစ္တဲ့ေကာင္ေတြပဲ...
ေျဖမယ္ကြာ...မွတ္မွတ္ရရဆိုရင္မူလတန္းမွာ
တစ္ခါ အလယ္တန္းမွာတစ္ခါ..."
"ဟာ...ခင္ဗ်ားဟာက..ေတာ္ေတာ္ႀကီးေနၿပီပဲ"
"မင္းကဘာသိလို႔လည္း ဆရာမက
ႀကိမ္လံုးႀကီးကိုင္ၿပီး စာေမးဖို႔လုပ္ေနတာေလ...
အဲ့အခ်ိန္ၾကမွ အိမ္သာတက္ခ်င္တယ္လို႔
ေျပာလိုက္ရင္ စာမရလို႔ဆင္ေျခေပးတယ္
ထင္သြားမွာေပါ့...ငါလည္းေၾကာက္ေၾကာက္နဲ႔
ဖင္လိွမ္ထားရင္းက ထြက္သြားေတာ့တာပဲ.."
"ဒါဆို...ခင္ဗ်ားဟာကေၾကာက္ခ်ီးပါတာေပါ့"
"မင္းဘိုးေအ..ေၾကာက္ခ်ီးပါရမွာလား..."
"ဟား...ဟား..."
ဦးေဗ်ာႀကီးကို ဝိုင္းရယ္လိုက္ၾကၿပီးေနာက္
ပုလင္းကိုလွၫ့္လိုက္ေတာ့ ဘိုဘို႔ဘက္သို႔
ေရာက္သြားေလသည္။
"အမွန္ေျဖမွာလား..ခိုင္းတာလုပ္မလား..."
"အမွန္ပဲေျဖမယ္.."
"ဟုတ္ၿပီ..ညီေလးကအနာဂတ္မွာဘယ္လိုလူမ်ိဳးျဖစ္ခ်င္လဲ..."
ဘိုဘိုသည္ မ်က္ႏွာကိုတည္လိုက္ၿပီး မ်က္လံုးေတြကိုမိုးေပၚသို႔ၾကၫ့္လိုက္ကာ
ေမးေစ့ကို လက္ႏွင့္ပြတ္သတ္ရင္း
စဉ္းစားခန္းဖြင့္ေလေတာ့သည္။
အကုန္လံုးကလည္း သူဘာေျဖမလဲဆိုတာကို
စိတ္၀င္စားေနၾကေလသည္။
"ကၽြန္ေတာ္က...အနာဂတ္မွာအရမ္းထူးခၽြန္ၿပီး...အရမ္းေတာ္တဲ့မိတ္ကပ္ဖန္တီးရွင္ျဖစ္ခ်င္တယ္..."
"ဟမ္!!!!"
"ဟုတ္တယ္...အဲ့အခ်ိန္ၾကရင္အစ္ကိုႀကီးတို႔လည္း ကၽြန္ေတာ့္ဆီကိုလာခဲ့ၾကေနာ္
မႈန္ေနေအာင္ျပင္ေပးမယ္...အခမဲ့ေနာ္"
"ခီြး!!!!ဟား...ဟား..."
အကုန္လံုးကဘိုဘို႔အေျဖကို ပါးစပ္အေဟာင္းသားျဖစ္သြားခ်ိန္မွာ ပံုရိပ္တို႔အုပ္စုကေတာ့
ရယ္လိုက္ရတာအေအးေသာက္
ေနရင္းႏွင့္သီးေတာင္သီးသည္။
ဘိုဘိုဆိုတာက အျပင္ပန္းကၾကၫ့္ရင္သာ
ေယာက္်ားေလးလို ၀တ္တတ္စားတတ္လို႔
သူ႔ကို ေယာက္်ားစစ္စစ္ႀကီးဟု ထင္ၾကတာမ်ားသည္။
အခုေတာ့ ဟာသလုပ္တတ္ေသာ ဦးေဗ်ာႀကီးေတာင္ ဘာေျပာရမွန္းမသိေတာ့ပဲ
ရယ္မလို ငိုမလိုျဖစ္သြားေလသည္။
တကယ္ေတာ့ပံုရိပ္တို႔ သူငယ္ခ်င္းေတြဟာ
ေပါေတာေတာေနတတ္ၾကေပမဲ့
အိပ္မက္ကိုယ္စီရိွၾကသည္။
ဘိုဘိုက တကယ္ကိုမိတ္ကပ္ျပင္ရတာ
ဝါသနာပါၿပီး ပံုရိပ္တို႔ကိုေတာင္
တခါတေလျပင္ေပးတတ္သည္။
ေဖ့ဘြတ္မွာဘိုဘိုဆိုၿပီး မိတ္ကပ္tutorial
လုပ္ျပေလ့ရိွေသာသူ႔ရဲ့ ဘေလာ့မ်ားသည္
ၾကၫ့္ရႈသူသိန္းနဲ႔ခ်ီေနေလၿပီ။
အမွန္အတိုင္းေျပာရရင္ေတာ့ ဘိုဘိုကပံုရိပ္တို႔အဖဲြ႔ထဲတြင္ ဆိုရွယ္မီဒီယာ၌
အေက်ာ္ၾကားဆံုးသူျဖစ္ၿပီး သူ႔မွာအားေပးတဲ့
ပရိသတ္ေတြေတာင္ ရိွပါေသးတယ္။
အနာဂတ္မွာ သူဟာေသခ်ာေပါက္ထူးခၽြန္တဲ့
မိတ္ကပ္ဖန္တီးသူ ျဖစ္လာမယ္လိုပံုရိပ္ကေတာ့ ယံုၾကည္တယ္။
"ဟာ..ပံုရိပ္အလွၫ့္ပဲေဟ့...အမွန္ေျပာမွာလား
ခိုင္းတာလုပ္မွာလား.."
တစ္ျခားအေၾကာင္းအရာကိုေတြးေနမိ၍
ပုလင္းေခါင္းက ကိုယ့္ဘက္လွၫ့္ေနမွန္း
မသိလိုက္ေပ။
ခိုင္းတာလုပ္ရင္ ေတာ္ၾကာဦးေဗ်ာႀကီးလို
တိုက္ေပၚကေန ခုန္ခ်ခိုင္းေနမွဒုကၡ...။
"အမွန္ပဲေျပာမယ္..."
"ဟုတ္ၿပီ...ဒါဆိုေနမ်ိဳးကိုဘယ္လိုျမင္လဲ..."
"ဟင္...."
မထင္မွတ္ထားေသာ ေမးခြန္းေၾကာင့္
အခက္ေတြ့သြားၿပီး ဆရာ့ကိုၾကၫ့္လိုက္မိသည္။
ဆရာသည္လည္း ပံုရိပ္၏အေျဖကို
ေစာင့္စားေနပံုေပၚေလသည္။
ဒီအခ်ိန္က တစ္ခုခုကိုထုတ္ေျပာလိုက္သင့္တဲ့အခ်ိန္လား။
မဟုတ္ေသးဘူး။
လူေတြအမ်ားႀကီး ဝိုင္းၾကၫ့္ေနတဲ့အခ်ိန္မွာ
ေျပာလိုက္ရင္ မိန္းကေလးဘက္ကပဲ
အရွက္ကဲြရမွာ...
"ဆရာက...အရမ္းစိတ္ထားေကာင္းတယ္
ဆရာ့စကားတစ္ခြန္းဆီတိုင္းက
သမီးကိုစိတ္ခြန္အားျဖစ္ေစတယ္...
အရင္ကဆရာ့ကို မုန္းခဲ့ဖူးတယ္
ဒါေပမဲ့ သမီးကိုဆရာကိုယ္တိုင္ကပဲ
လမ္းေၾကာင္းအမွန္ေပၚျပန္ေရာက္ေအာင္
လုပ္ေပးခဲ့တယ္...
ဆရာက အရမ္းၾကင္နာတတ္တယ္...
သူ႔ေဘးနားမွာရိွတဲ့ လူတိုင္းကိုသူက
ေပ်ာ္ရႊင္ေစခ်င္တဲ့ လူတစ္ေယာက္ပါ...
ဆရာက ေနေရာင္ျခည္အလင္းတန္းလို
လူတစ္ေယာက္ျဖစ္ၿပီး လူတိုင္းရဲ့အခ်စ္ကို
ခံရသင့္တဲ့ လူတစ္ေယာက္ပါ...
ဆရာက အခြင့္အလမ္းေကာင္းေတြ
ရွာေပးတတ္ေပမဲ့ အခြင့္အေရးယူတတ္တဲ့
လူတစ္ေယာက္ေတာ့ မဟုတ္ဘူး...."
"ဟ..ေနပါအံုး...ဒါဆိုရင္ေနမ်ိဳးနဲ႔ပံုရိပ္က..."
"သမီးကိုးတန္းတုန္းက ဆရာကသမီးကို
စာသင္ေပးခဲ့တာပါ...."
ပံုရိပ္ဆရာ့ကို ေငးၾကၫ့္လိုက္မိေတာ့
ဆရာသည္ သူ႔လက္ထဲမွ ဖန္ခြက္ကေလးကိုသာ
မ်က္ေမွာင္ႄကံု႔၍ ငံု႔ၾကၫ့္ေနေလသည္။
ပံုရိပ္၏စကားထဲမွာ ဆရာ..မႀကိဳက္တာမ်ား
ပါသလားဟု ျပန္စဉ္းစားေနရသည္။
"ပံုရိပ္...နင္လ်ိႈတယ္ေနာ္..ငါတို႔ကိုလံုး၀မေျပာဘူး.."
"နင္တို႔ကမွမေမးတဲ့ဥစၥာ.."
"ေအးပါ...ေဟာ္တယ္ေရာက္မွေတြ့မယ္..."
သူငယ္ခ်င္းေတြကလည္း ေမးဖို႔
ေမးခြန္းေပါင္းမ်ားစြာႀကိဳစုေနသလို
ဟန္ျပင္ေနၾကၿပီး ဦးေဗ်ာႀကီးတို႔ကလည္း
"၀က္ဝံရုပ္ေခါင္းစြပ္ေလး၏ ပိုင္ရွင္ကိုသိၿပီဟု.."
မၾကားတၾကားစေနာက္ၾကေလသည္။
"ေဟး...ဒီတစ္ခါေတာ့ေနမ်ိဳးအလွၫ့္ေဟ့...
အမွန္အတိုင္းေျဖမလား..ခိုင္းတာလုပ္မလား..."
"ေျဖမယ္..."
"ဟုတ္ၿပီ...ဒါဆိုရင္မင္းခ်စ္ခဲ့ဖူးတဲ့အခ်စ္ဦးရိွလား"
"ရိွတယ္..."
တုန႔္ဆိုင္းမေနပဲ ေျဖလိုက္ေသာဆရာ့ေၾကာင့္
ပံုရိပ္မ်က္လႊာခ်လိုက္မိေလသည္။
ရင္ထဲမွာလည္း နာက်င္လာသလိုပါပဲ။
၀န္ခံစကားမဆိုပဲ အျငင္းခံလိုက္ရေလၿပီ။
စိမ္းရက္တဲ့ႏြယ္ဆိုေသာ ကဗ်ာေလးကိုေတာင္
သတိရမိပါတယ္။
အခ်စ္ဦးကို သူတကယ္မေမ့ပါလား။
ေအာ္..ပံုရိပ္ကေရာဘာေၾကာင့္ ၀မ္းနည္းေနရတာလဲ။
ပံုရိပ္မွာလည္း အခ်စ္ဦးရိွပါတယ္။
အဲ့ဒါကဆရာေပါ့။
ေဗ်ာႀကီးတို႔လည္း မရိွဘူးဟုေျဖမည္
ထင္ထားခဲ့ေပမဲ့ ခ်က္ခ်င္းျပန္ေျဖလာေသာ
ေနမ်ိဳးေၾကာင့္ အံ့ဩသြားၾကေလသည္။
ေသခ်ာတာကေတာ့ ဒီမွာရိွေနတဲ့လူတိုင္းက
ေနမ်ိဳး၏အခ်စ္ဦးအေၾကာင္းကို သိခ်င္ေနၾကတာ
ေသခ်ာသည္။
"မင္းရဲ့အခ်စ္ဦးနာမည္က ဘယ္သူလဲ...."
ထိုေမးခြန္းကိုေမးတဲ့အခါမွာ ဆရာ့မ်က္ႏွာသည္
သိသိသာသာ မိႈင္က်သြားခဲ့သည္။
ပံုရိပ္ကို တစ္ခ်က္မ်ွ ေမာ့ၾကၫ့္လိုက္ၿပီး
ဆရာေျပာလိုက္သည္က..
"ခိုင္းတာလုပ္လို႔ရမလား..."
"ရတာေပါ့ကြ..ဟား..ဟား..မင္းရဲ့အေရ႔ွက
ဘီယာဘူးကိုကုန္ေအာင္ေသာက္..."
"ဟ...ကိုေဗ်ာႀကီးကလည္း
သူမွမေသာက္တတ္တာ"
"ေအးေလအဲ့ဒါေၾကာင့္ေသာက္ခိုင္းတာေပါ့
မေသာက္ခ်င္ရင္...ဟာ..."
ဦးေဗ်ာႀကီး၏စကားမဆံုးခင္မွာပဲ ဆရာသည္
ဘီယာဘူးကို ေဖာက္လိုက္ၿပီး
တစ္ခါတည္းေမာ့ခ်ပစ္လိုက္သည္။
ဘီယာအရည္ေတြသည္ ဆရာ့ေမးေစ့နားမွတစ္ဆင့္ ဆရာ့လည္ပင္းတစ္ေလ်ွာက္စီးက်လာတာေတြလည္းရိွသည္။
အျပင္းအထန္ေရြ့လ်ွားေနေသာ လည္စလုတ္ကိုၾကၫ့္ရံုျဖင့္ အခ်စ္ဦးႏွင့္ပတ္သတ္ၿပီး
ခံစားခ်က္ျပင္းထန္ခဲ့မွန္းသိသာေလသည္။
နားမည္ေလးပဲဥစၥာ ဘာေၾကာင့္မေျပာႏိုင္ရတာလဲ?
"ကဲ...ရၿပီလား...."
ဘီယာတစ္ဗူးကုန္ၿပီးေနာက္ ေနမ်ိဳး၏မ်က္လံုးေတြ
ျပာေဝသြားေလသည္။
တစ္ခါမွမေသာက္ဖူး၍ခံႏိုင္ရည္အားက
တအားနည္းသည္။
ေနမေကာင္းျဖစ္ထားသၫ့္ အရိွန္ေၾကာင့္လည္း
အေျခအေနကပိုဆိုးခ်င္ေနသည္။
သို႔ေပမဲ့ အရာအားလံုးကိုသူေတာင့္ခံကာ
တည္တည္ၿငိမ္ၿငိမ္ပဲ သူထိုင္ေနလိုက္သည္။
🌹🌹🌹🌹🌹🌹🌹🌹
တစ္စထက္တစ္စညဉ့္နက္လာၿပီျဖစ္၍
ပံုရိပ္တို႔အဖဲြ႔လည္း ျပန္ဖို႔လုပ္ရေလသည္။
အကုန္လံုးလည္း ကိုယ့္ပစၥည္းကို
ကိုယ္သိမ္းလိုက္ၾကၿပီး အေဆာင္ေတြထဲသို႔
အသီးသီး၀င္ကုန္ၾကသည္။
အျပင္ဘက္မွာ က်န္ရိွတာဆိုလို႔
လမင္းႀကီးရယ္သာ ျဖစ္ေလသည္။
အေဆာင္ႏွင့္ေဟာ္တယ္ကသိပ္မေဝးေသာေၾကာင့္
လမ္းကိုလည္း မွတ္မိေန၍တီခ်ူးကို လိုက္မပို႔ရန္
ေျပာလိုက္ၿပီး ကိုယ့္ဘာသာပဲအုပ္စုလိုက္ျပန္ျဖစ္ၾကသည္။
"ဟဲ့...ေနအံုး....ငါ့ေခါင္းစြပ္က်န္ခဲ့တယ္...
ျပန္ယူလိုက္အံုးမယ္...ခဏေစာင့္ၾကေနာ္..."
"နင္ကလည္း...ေမ့တတ္လိုက္တာ..
သြားျမန္ျမန္ေျပး ဒီမွာခ်မ္းလာၿပီဟ..."
"ေအးပါ...ခဏပဲ..."
အေဆာင္ႏွင့္နည္းနည္းေလးလွမ္းလာၿပီးမွ
ပံုရိပ္သည္ အေဆာင္ဘက္သို႔ျပန္ေျပးရေလသည္။
ပံုရိပ္တို႔ထိုင္ခဲ့ေသာ ေနရာအနားသို႔ေရာက္ေတာ့
ပံုရိပ္၏ ေျခလွမ္းေတြရပ္တန႔္သြားမိသည္။
ထိုေနရာအနီးကခံုတစ္ခုအေပၚတြင္ ဆရာသည္ေျမၾကီးေပၚသို႔ေျခေထာက္ခ်ၿပီး
ေခါင္းကိုငံု႔ခ်ထားကာ ၿငိမ္ေနသည္။
ရာသီဥတုက တအားေအးေနေတာ့
ဆရာျပန္ဖ်ားမွာကို ပံုရိပ္စိတ္ပူလာသည္။
"ဆရာ...အထဲကို၀င္ေတာ့ေလ...
အျပင္မွာေအးတယ္."
ပံုရိပ္၏အသံသည္ အရမ္းတိုးေပမဲ့
ဆရာၾကားတယ္ထင္ပါရဲ့ ရီေဝေဝျဖစ္ေနေသာ
မ်က္၀န္းနီေဆြးေဆြးမ်ားသည္
အရည္ၾကည္မ်ားရစ္ဝိုင္းလ်ွက္
ပံုရိပ္ကိုစိုက္ၾကၫ့္လာသည္။
"ဆရာ....ဘာျဖစ္ေနတာလဲ...
မူးၿပီးမထႏိုင္ျဖစ္ေနတာလား..."
ဆရာ့လက္ေမာင္းကိုတဲြထူေပးဖို႔
ပံုရိပ္လက္လွမ္းလိုက္ေပမဲ့ သူသည္
ပံုရိပ္၏လက္ကို ဖမ္းဆဲြလိုက္ေလသည္။
သူ႔ရင္အံုႏွင့္ သတိလက္လြတ္
ျပစ္တိုက္မိသြားၿပီးေနာက္ ပံုရိပ္သည္
လူတစ္ေယာက္၏ ေနြးေထြးေသာရင္ခြင္ထဲမွာ နစ္ျမဳပ္သြားေတာ့သည္။
ေက်ာျပင္ထက္မွ သူ႔ရဲ့လက္ေတြ
ပိုမိုအားျပဳလာတာႏွင့္အမ်ွ ပံုရိပ္၏ခႏၶာကိုယ္သည္
ပိုမိုေသးငယ္သြားသလို က်ဳံ႔၀င္သြားသည္။
သူ႔အိက်ႌခါးစကိုဆဲြၿပီး အေနာက္သို႔ရုန္းထြက္လိုက္တာကို သိသိႀကီးနဲ႔သူလႊတ္မေပးခဲ့ေခ်။
ပံုရိပ္ဘာလုပ္သင့္လဲ။သူ႔ကိုျပန္ဖက္တြယ္သင့္လား။
ဟင့္အင္း..။
အခ်စ္ဦးကိုမေမ့ႏိုင္တဲ့လူတစ္ေယာက္ကို
ပံုရိပ္ဘာေၾကာင့္ ျပန္ဖက္တြယ္ရမွာလဲ။
တစ္ေယာက္တည္းအေတြးေတြထဲမွာ
ရုန္းကန္ေနမိစဉ္ သူ႔ရဲ့လက္ဖဝါးတစ္ဖက္သည္
ပံုရိပ္၏ လည္တိုင္မွတစ္ဆင့္
ဆံသားေတြေပၚသို႔ေရာက္လာကာ
ထိန္းကိုင္ထားသလို ပံုဖမ္းေနသည္။
"ဆရာ...မူးေနရင္လည္း...ဟင္...."
ရုတ္တရက္ညာဘက္လည္ပင္းသားက
ေနြးကနဲျဖစ္သြားသည္။ထိုအထိအေတြ့သည္
စကၠန္းပိုင္းစာေလာက္မဟုတ္ပဲ
ကုေဍေပါင္းမ်ားစြာ ၾကာျမင့္သကဲ့သို႔
ခံစားလိုက္ရသည္။
ထိုစဉ္ ပါးျပင္ႏုႏုေပၚတြင္ ယွက္ေျပးေနေသာ
ေလေငြ့ေနြးေနြးေၾကာင့္ ရိွသမ်ွအားအင္ေတြ
ကုန္ခမ္းသည္အထိ သူ႔ကိုတြန္းထုတ္လိုက္မိသည္။
ဒါေပမဲ့ ပုရြက္ဆိတ္ကဆင္ေကာင္ႀကီးကို
က်ီစားသလိုသာ ျဖစ္ေနခဲ့သည္။
"ကိုယ္အခြင့္အေရးယူတဲ့အခါ
အရိပ္ေလးမုန္းသလား...."
ဆရာ့မ်က္ႏွာႏွင့္ ပံုရိပ္၏မ်က္ႏွာသည္
တစ္လက္မေလာက္သာျခားေတာ့သည္။
ပံုရိပ္၏မ်က္၀န္းမွ မ်က္ရည္ေတြကိုျမင္တဲ့အခါ
ပါးျပင္ရဲရဲေလးကို စိတ္မေကာင္းစြာ
ခပ္ဖြဖြအုပ္ကိုင္ၿပီး
သူ႔ရဲ့လက္သြယ္သြယ္ေလးမ်ားျဖင့္
မ်က္ရည္စေလးေတြကို ဖယ္ရွားေပးသည္။
ပံုရိပ္၏ႏွဖူးကို သူ႔ႏွဖူးႏွင့္လာတိုက္သၫ့္အခါ
သူ႔ရႉထုတ္လိုက္ေသာ ေလေငြ့သည္ပံုရိပ္၏
မ်က္၀န္းမွ မ်က္ရည္ေတြကိုေျခာက္ေသြ့ဖို႔
လံုေလာက္ေစသည္။
ပံုရိပ္မခံႏိုင္ေသာ ဘီယာရနံ႔တစ္ခုကို
ရေနေပမဲ့ ဘာေၾကာင့္မ်ားထိုရနံ႔သည္
ပံုရိပ္ကို ယစ္မူးေအာင္ဆဲြေဆာင္ေနသလဲဟု
ေမးခြန္းထုတ္မိသည္။
"ႏြယ့္ကိုခ်စ္ေသးလားဟင္...."
တိတ္ဆိတ္ေသာအခ်ိန္တစ္ခုတြင္ မ်က္ႏွာခ်င္း
နီးကပ္လြန္းေသာအေနအထားတစ္ခုသည္
တိုးတိတ္ေသာ အသံေလးကိုမသယ္ေဆာင္ႏိုင္စရာ
အေၾကာင္းမရိွေပ။
"ႏြယ့္ကို သတိရေသးလား...."
ဒုတိယေျမာက္ေမးခြန္းအဆံုးမွာ မိန္းေမာေနေသာ
သူ႔မ်က္၀န္းေတြ အေရာင္ေတာက္လာခဲ့သည္။
ပံုရိပ္၏မ်က္၀န္းေတြထဲတြင္ အေၾကာင္းအရာ
တစ္ခုကို အေျဖရွာေနၿပီး သူ႔ဆံပင္ေတြကို
သူျပန္ထိုးဖြကာ ယိုင္နဲ႔နဲ႔ႏွင့္
အေနာက္သို႔ႏွစ္လွမ္းမ်ွဆုတ္သြားခဲ့သည္။
"ဆရာ...ပံုရိပ္အေပၚမွာ
ဘယ္လိုသေဘာထားတာလဲ.."
အရွက္တရားဆိုတာကို ေဘးခ်ၿပီးပံုရိပ္ေမးလိုက္မိသည္။
သူစိမ္းေယာက္က်ားတစ္ေယာက္ဆီမွ
အရိုင္းဆန္ေသာ အနမ္းကိုလက္ခံရရိွတာဟာ
ဒါပထမဦးဆံုးပါပဲ။
ထိုလူဟာလည္း ဆရာျဖစ္ေနတဲ့အတြက္
ပံုရိပ္ေမးကို ေမးရမယ္။
"ကိုယ္...."
"ေနမ်ိဳး...မင္းမ၀င္ေသးဘူးလား...
ဟာ...ကေလးမ..."
ပံုရိပ္သည္ ေယာက္်ားေလးအေဆာင္ကို
ေက်ာေပးထား၍ အေနာက္ဘက္မွအသံတစ္ခုကိုၾကားတာႏွင့္ ေခါင္းစြပ္ကိုေကာက္ယူလိုက္ၿပီး
ကိုယ္မ်က္ရည္က်တာကို သူမ်ားမသိေစလို၍
ဆရာ့ကိုပါ ေက်ာခိုင္းၿပီးထိုေနရာမွ
ေျပးထြက္လာလိုက္သည္။
ျပန္လမ္းတစ္ေလ်ွာက္လံုးမွာ လမင္းႀကီးကို
ေငးၾကၫ့္၍ ေမးေနမိေသာေမးခြန္းက
တစ္ခုသာရိွေလသည္။
"ဆရာ..ပံုရိပ္ကိုဘယ္လိုသေဘာထားတာလဲ...
မူးေနလို႔ ဒီလိုလုပ္တာလား..."
ေသခ်ာတာတစ္ခုကေတာ့ အရက္သာမမူးရင္
ဆရာေနမ်ိဳးဆိုတာ ဒီလိုလုပ္ရပ္ကို
က်ူးလြန္ဖို႔ ဆုေတာင္းရင္ေတာင္ျပၫ့္လိမ့္မည္
မထင္ေပ။
*အဲ့ေတာ့ ပံုရိပ္ကဆရာ့ကိုစိတ္ဆိုးရမည္လား..
စိတ္ေကာက္ရမည္လား..."
🌹🌹🌹🌹🌹🌹🌹🌹
ဒီႏွစ္ေယာက္ကို ဝိုင္းေျဖာင့္ေပးလိုက္ၾကစမ္းပါ
ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ဆီတိုင္းကို ေက်းဇူးအထူးတင္ရိွပါတယ္