🔥ဆူးကြိုး...🔥အခန်း(၄၆)

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၆)


"ဒေါ်လေးရေ..ထမင်းချိုင့်တွေထည့်ပြီးသွားပြီ .."


"ဟဲ့..ထမင်းချိုင့်ကဘာလုပ်ဖို့ထည့်တာလဲ.."


"ဟာ..ဒီနေ့ဘုန်းကြီးကျောင်းမှာတစ်နေကုန်နေမှာမဟုတ်ဘူးလား..."


"ဟယ်..ပုံပုံကတော့လုပ်ပြီ ပိစိမကလည်းပြောပြထားတာကိုမတားဘူးလား..…ကျောင်းဆင်းဥပုဒ်ပဲစောင့်မှာလေ..ကလေးတွေနဲ့ကျောင်းမှာတစ်နေကုန်နေလို့ဘယ်ဖြစ်မှာလဲ..."


ဒေါ်လေးသည်ပိစိကိုတစ်လှည့်ပုံရိပ်ကိုတစ်လှည့်ကြည့်၍ ဥပုဒ်သွားစောင့်ခါနီးတောင်ဆူနေလေတော့သည်။အစကတော့သင်္ကြန်အတက်နေ့မို့ကျောင်းမှာ သုံးနာရီ၊လေးနာရီလောက်အထိနေမည်ဟုစဉ်းစားထားခဲ့တာပါ။

အခုတော့ဟိုဂျိုလေးနှစ်ကောင်ကြောင့်ပျက်လေပြီ။


"အဲဒါဆိုလည်း..အိုးထဲကိုပဲပြန်ထည့်လိုက်တော့မယ်...သမီးတို့ကဥပုဒ်စောင့်တော့ကလေးတွေကဘယ်လိုလုပ်မှာလဲ


"..ကျောင်းကိုပဲခေါ်သွားရတော့မှာပေါ့..

အမယ်လေး...သူတို့လည်းဥပုဒ်စောင့်တတ်ပါတယ်

..တရားနာတဲ့အချိန်ကြရင်သူ့အလိုလိုငြိမ်နေကြလိမ့်မယ်..ဒါပေမယ့်တစ်နေကုန်တော့နေလို့ရမှာမဟုတ်ဘူး.."


"ဟုတ်ကဲ့ပါ..အဲဒါဆိုလည်းအိုးထဲကိုဟင်းတွေအကုန်ပြန်ထည့်လိုက်တော့မယ်.."


ချိုင့်ထဲသို့ထည့်ပြီးသားဟင်းတွေ၊ထမင်းတွေကို

အိုးထဲသို့ပြန်ထည့်နေရသောအခါ ပိစိမသည်ဘေးမှာတစ်ခစ်ခစ်နှင့်ထိုင်ရယ်နေလေတော့သည်။


"ဘာရယ်တာလဲ.."


"..အော်..တို့မမကဘာကြောင့်ဘုန်းကြီးကျောင်းမှာတစ်နေကုန်နေချင်သလဲဆိုတာသိနေလို့ပေါ့..."



"..ပိစီမနော်ငါ့ကိုရန်လာမစနဲ့ဥပုဒ်နေ့ကြီးကိုကျောင်းမှာတစ်နေကုန်နေချင်မှတော့ ကုသိုလ်လိုချင်လို့ပေါ့..တစ်ခြားဘာဖြစ်နိုင်ဦးမှာလဲ..."


"..အဲ့တာတော့ကိုယ့်ဘာသာကိုယ်အသိဆုံးနေမှာပေါ့.."


"သိချင်ဦးဟယ်.."


"အာ့..ဟာ..ဥပုဒ်သည်ကြီးကလည်းဒေါသကြီးပဲဟေ့"


"..အေးဒါကလက်ဆစ်ပဲရှိသေးတယ်..နောက်တစ်ခါဆိုရင်ယောက်မစာမိမယ်..*


"ဟဲ...ဟဲ..စတင်ဟာကို..မမကလည်းစိတ်ကြီးပဲ."


ပိစိမနဲ့တစ်ပွဲတစ်လမ်းနွှဲလိုက်ပြီးနောက်

ယောဂီဝတ်စုံကိုလဲဝတ်လိုက်ပြီးဘုန်းကြီးကျောင်းသို့မိသားစုလိုက်ထွက်လာမိကြလေသည်။

ရေပက်နေကြသော ကလေးတွေလည်းရှိနေကြ

သလို့ ပုံရိပ်တို့နည်းတူ ဥပုဒ်စောင့်လိုသူတွေကလည်း မနည်းပေ။


"ရှင်းသန့်ကျောင်းကိုသွားမလို့လား..."


"..ဟုတ်တယ်အစ်မရဲ့အရင်နေ့ကတော့ဓမ္မာရုံမှာပဲစောင့်ပေမယ့်..ဒီနေ့တော့ဘုန်းကြီးကျောင်းမှာသွားပြီးဥပုဒ်စောင့်မလားလို့...*


"..ဟုတ်လား..ဒါဆိုအတူသွားကြတာပေါ့..

တို့သားအမိတွေလည်းကျောင်းမှာပဲသွားစောင့်မှာလေ..."


ခေါင်းရင်းအိမ်မှဦးလင်းခေတ်၏အမေကအဖော်စပ်နေပြန်တော့ သူ့တို့သားအမိနှစ်ယောက်ရယ် ပုံရိပ်တို့ငါးယောက်ရယ်နဲ့ပေါင်းပြီးဥပုဒ်ကျောင်းသို့တစ်အုံတမကြီးသွားကြရလေတော့သည်။

မသိလျှင်ပွဲစျေးတန်းကိုသွားနေရသလိုပါပဲ။


"ပုံရိပ်..ဟိုတစ်နေ့ကကိစ္စကိုအစ်ကိုတောင်းပန်ပါတယ်နော်..."


အဒေါ်ကြီးနှစ်ယောက်သည်အရှေ့မှ‌

ကော့တော့ကော့တော့နှင့်သွားနေကြ၍အနောက်မှာကလေးထိန်းရင်းလိုက်နေရသောပုံရိပ်၏အနားသို့ဦးလင်းခေတ်ကရောက်လာပြီးစကားတွေလာပြောနေလေတော့သည်။


"ကိုယ့်ကို..စကားလေးတစ်ခွန်းလောက်တော့ပြန်ပြောပါဦးကွာ..ဟိုတစ်နေ့ကကိစ္စနဲ့ပတ်သက်ပြီးကိုယ်တကယ်တောင်းပန်ပါတယ်.."


"..ဘယ်တစ်နေ့ကကိစ္စကိုလာပြောနေတာလဲ.."


"..ဟိုသင်္ကြန်လည်တဲ့နေ့ကလေ..ဖက်လိုက်မိတဲ့ကိစ္စ"


"ပြီးသွားပြီပဲဥစ္စာအစပြန်ဖော်မနေနဲ့တော့..."


"..ပြန်မဖော်လို့မရဘူးကွာ..အစ်ကို့ဘက်ကနေ

စည်းမစောင့်သလိုဖြစ်သွားခဲ့တာလေ...*


"..တော်ပါတော့..အဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်မပြောပါနဲ့တော့..ကျွန်မဘာမှထပ်မကြားချင်တော့ဘူး.."


"ဟာ..ဒါဆိုရင်ပုံရိပ်အစ်ကို့အပေါ်မှာစိတ်ကွက်နေသေးတာပဲ...ကိုယ်တောင်းပန်ပါတယ်ကွာ...

ကိုယ့်အမှားတွေပါ..ပုံရိပ်ရဲ့ခွင့်ပြုချက်မရဘဲ

လုပ်လိုက်မိတယ်ဆိုတာကကိုယ်ပုံရိပ်ကိုသဘောကျနေမိလို့ပါ...."


"..ရှင်ဘာစကားပြောလိုက်တယ်..ရှင်တော်တော်

လူပေါင်းဝတာပဲ...ဥပုဒ်နေ့ကြီးမှမရှောင်.."


"..အစကတော့အချိန်တစ်ခုယူဦးမလို့ပါပဲ..ပုံရိပ်ကမန္တလေးကိုမနက်ဖြန်ပြန်ရတော့မှာဆိုတော့

အချိန်ထပ်ဆွဲနေရင် သူများနောက်ကိုပါသွားမှာပေါ့.."


"..ဘာဆိုင်လို့လဲ..ရှင်ဘာသာနှစ်တစ်ထောင်မကလို့နှင့်တစ်သောင်းလောက်အချိန်ဆွဲပြီးပြောလည်းကျွန်မအဖြေကတော့NOပဲ..."


"ဟာ...ပြတ်သားလှချည်လား..."


"..ဟုတ်တယ်ခပ်ပြတ်ပြတ်ပဲဘာဖြစ်လဲ.."


ပုံရိပ်သူ့ကိုမျက်စောင်းထိုးလိုက်ပြီး 

ကလေးနှစ်ယောက်၏လက်ကိုဆွဲကာခပ်မြန်မြန်လျောက်မိတော့ဘေးကနေထပ်ကြပ်မကွာလိုက်လာပြန်တယ်။ဒီလောက်ငြင်းထားတာတောင်မျက်နှာပိုးမသတ်နိုင်သေးသောသူ့ကိုမြင်ပြင်းကပ်လာမိသည်။

ကလေးတွေတောင်အသံထွက်လာကြသည်အထိပင်...


"မကြီးရေ..သားမောနေပြီနော်...*


"..အေးဟေ့..နင်တို့ဘိုးအေကရည်းစားစကားလိုက်ပြောနေလို့မြန်မှရမယ်...နင်တို့ကိုစောင့်ခေါ်နေရလို့ငါဒီလိုနှေးနှေးလေးလျှောက်နေရတာ...

အားလုံးနင်တို့ကြောင့် ဥပုဒ်နေ့ကြီးကိုကုသိုလ်မရပဲငရဲပြည်ကို ဇောက်ထိုးပြုတ်ကျတော့မယ်..."


"..ပုံရိပ်ကိုယ့်ကိုစောင့်ပါဦးကွာ.."


"..လာပြန်ပြီ..ရှင့်ကိုမကြိုက်ပါဘူးလို့ဘယ်နှစ်ခါပြောရမလဲ.."


"..အခါတစ်ရာပြောလည်း..ကိုယ်ကလုံးဝလက်မလျှော့ဘူး..."


"သေလိုက်...အဲ့မှာ...လဲသေလိုက်တော့..

သင်္ကြန်ရက်ကြီးမှာအကုသိုလ်မဖြစ်ချင်ဘူးနော်.."


"လွဲပါစေကွာ..သူများရဲ့ဆန္ဒကိုဖြည့်ပေးတာဘယ်လောက်မြတ်သလဲ..ယူတတ်ရင်ကုသိုလ်တောင်ရပါသေးတယ်..."


"..စဉ်းစားလေ..ရှင့်ကိုပြန်ကြိုက်ပြီးကုသိုလ်ယူမယ့်အစား..ငရဲပြည်မှာပဲဂျိုးကပ်ခံလိုက်တော့မယ်..

ရှင့်ကိုတော့အဖန်ငါးရာ၊ငါးကမ္ဘာငရဲခံပြီးလည်း

ပြန်ကြိုက်မှာမဟုတ်ဘူး..."


"ဘာကြောင့်ကိုယ့်ကိုအဲ့လောက်တောင်ခါးခါးသီးသီးဖြစ်နေရတာလဲကွာ..မင်းမှာချစ်သူတွေဘာတွေရှိနေလို့လား...ကိုယ်ကတော့မင်းကို

စတွေ့ကတည်းကသဘောကျပြီးချစ်မိခဲ့တာ....

ညတိုင်းမင်းအကြောင်းပဲတွေးနေမိခဲ့တာ

ကိုယ့်အိပ်မက်ထဲမှာတောင်မင်းကိုထည့်မက်မိတဲ့အထိပဲ..."


"...အဲဒါကရှင့်ကိစ္စလေ.."


"..ကိုယ်သိပါတယ်ကွာ...မင်းကအရမ်းငယ်သေးတော့အချစ်နဲ့ပတ်သက်ပြီး သိပ်မခံစားတတ်သေးဘူးဆိုတာ..ကိုယ်သိပ်သိတာပေါ့..


ဆရာတစ်ယောက်လုပ်နေပြီးဆယ်ကျော်သက်လေးကိုမှချစ်မိတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်ရှိတယ်လို့ခံစားရပါတယ်..ဒါပေမယ့်မင်းကိုတွေ့လိုက်ရတိုင်းကိုယ့်ရင်ထဲမှာပူလောင်လာတယ်..


အခြားသူတွေမင်းကိုသဘောကျသွားမှာကို

မလိုလားဘူး..မင်းကအရွယ်ငယ်သေးသလိုလှလွန်းအားကြီးတော့..ကိုယ်စိတ်လည်းမချဘူး..

ဒါကြောင့်ကိုယ့်ခံစားချက်ကိုစောစောဝန်ခံလိုက်တာပါ..ကိုယ်မင်းကိုသိပ်ချစ်တယ်ကလေး..

မင်းဘယ်လောက်ဆိုးဆိုး..ကိုယ်သည်းခံပေးမှာပါ..မင်းကိုယ့်ကိုသဘောကျပေးဖို့ပြန်တွေးကြည့်ပါလားဟင်..."


"ထွန်းကို..မိစုကိုလက်တွဲပြီးဒေါ်လေးတို့ဆီမှီအောင်ပြေးလိုက်သွားစမ်း..."


ဒေါ်လေးတို့ကလမ်းထိပ်နားလောက်အထိရောက်နေပြီမို့ပုံရိပ်လည်းကလေးတွေကိုလက်တွဲပြီးပြေးခိုင်းလိုက်သည်။ကလေးတွေရှေ့မှာစကားမပြောချင်တာလဲပါသည်။ပုံရိပ်သူကိုငြင်းဆန်နေပေမယ့်သူကလက်မခံတော့ခက်နေလေပြီ။


တစ်ဖက်သတ်အချစ်ဆိုတာကို ကိုယ်လည်းခံစားနေရသောကြောင့် နားလည်ပေးနိုင်ပေမယ့်ခံစားချက်ဆိုတာနှစ်ဦးနှစ်ဖက်ညီမျှမှသာသာယာနာပျော်ဖွယ်ဖြစ်မှာပေါ့။အခုတော့ပုံရိပ်ထက်အသက်များစွာကြီးနေပါလျက်နှင့်ပုံရိပ်ငြင်းဆန်နေတာကို

သူလုံးဝလက်မခံဘူးဖြစ်နေသည်။

အဲဒါကတစ်ကိုယ်ကောင်းဆန်လွန်းနေခြင်းပင်။


"..ဒီမှာဆက်ကျော်သက်အရွယ်ဆိုပေမယ့်..

ကျွန်မ..မကြိုက်နိုင်လို့မကြိုက်ဘူးလို့ပြောတာလေ


ကျွန်မကကိုယ့်ခံစားချက်ကိုကိုယ်မသိရအောင်..

ရူးနေတာမှမဟုတ်ပဲ...ဦးလင်းခေတ်ကိုကျွန်မ

မချစ်နိုင်ရုံတင်မဟုတ်ဘူး..တစ်စက်မှကိုကြိုက်လို့မရတာ စတွေ့တည်းကအမြင်ကပ်နေတာ..

အခုထိပဲ..အဲ့လောက်ဆိုရင်ကျွန်မရဲ့သဘောထားကိုကွဲကွဲပြားပြားသိလောက်ပါပြီနော်.."


"..ဒါဆိုရင်သင်္ကြန်လည်တော့..ကိုယ်ဖက်လိုက်မိတဲ့ကိစ္စကိုဘာကြောင့်မပေါက်ကွဲခဲ့တဲ့အပြင်ပြန်ပြီးတော့တောင် အားလုံးကိုဖြန်ဖြည်တဲ့စကားတွေပြောခဲ့ရတာလဲ.."


"အော်...ရှင်အထင်လွဲနေတာဒါကြောင့်ကို

..မသိရင်မှတ်ထား..အဲ့နေ့ကကျွန်မပြဿနာမရှာခဲ့တာက ဆရာနေမျိုးကြောင့်ပဲ...ဆရာနဲ့ပြဿနာတွေဖြစ်ရင်ကျွန်မကြောင့်မျက်နှာပျက်စေရာတွေ

ဖြစ်ကုန်မှာစိုးလို့ငြိမ်နေခဲ့တာကို အကောင်းမှတ်နေတာလား...ကျွန်မကကိုယ့်အသားကိုမကြည်ဖြူပဲ..

လာထိကိုင်ရင် အသေမုန်းတတ်တဲ့လူပဲ..."

ကျွန်မမုန်းတဲ့အထဲမှာရှင်ပါနေတယ်ဆိုတာတော့သေချာတယ်..."


"..မင်းတကယ်ပြောနေတာလား..ကိုယ့်ရုပ်ရည်

ကိုယ့်အနေအထားကိုလက်ခံချင်တဲ့လူတွေမှတစ်ပုံကြီးပဲ...မင်းကကိုယ့်ကိုပထမဆုံးငြင်းတဲ့လူပဲ.."


"အော်..ကျွန်မကပြန်ပြီးဂုဏ်ယူနေရမလိုဖြစ်နေပါရောလား...ဒီလောက်ဆိုရင်

ဦးလင်းခေတ်ဟာ ရည်းစားတွေမှိုလိုပေါက်ခဲ့တဲ့

စားဘဲကြီးဆိုတာရိပ်မိလိုက်ပါပြီ...

ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးတာပဲနော်...

သွားချင်တယ်ဆိုရင်တော့လမ်းညွှန်ပေးလိုက်ပါ့မယ်...အရူးထောင်ကဟိုဘက်မှာ.."


"ငါမင်းထက်ကြီးတယ်နော်..မင်းမခန့်လေးစားပြောနေတာကိုနားထောင်ကောင်းလို့နားထောင်နေတယ်

မထင်နဲ့.."


"အောင်မာ...သူကများ..အဲလိုပြောရကြေးဆိုရင်ကျွန်မကလည်းရှင့်ထက်ငယ်တယ်နော်...

အလိုမတူဘဲငြင်းဆန်နေရင်နောက်ဆုတ်ရမှန်း

ရှင်သိသင့်တယ်...

..ရယ်တော့ရယ်ရသားပဲ..ခုနကတော့မင်းဆိုးသမျှသည်းခံပါမယ်တဲ့အခုကြတော့ဒေါသတွေလှိမ့်ထွက်နေလိုက်တာ...အမျိုးမျိုးတတ်နိုင်တယ်နော်ရှင်တွဲခဲ့ဖူးတဲ့မိန်းမတွေလို..အလကားရမယ်ထင်ပြီးလာမကြံနဲ့..ကျွန်မကပေါပေါပဲပဲမိန်းမမဟုတ်ဘူး


ရှင့်အဆင့်အတန်းကဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး

ရှင်းလား..သင်္ကြန်မှာအကုသိုလ်လားမပေးနဲ့...

ကိုယ့်ကိုကိုယ်ကျောင်းဆရာဆိုတာလည်းသတိရဦး.."


အံကြိတ်သံကြီးနဲ့ပြောခဲ့လိုက်ပြီးခြေစောင့်ကာမြန်မြန်ထွက်လာခဲ့လိုက်သည်။ ပိစိမသည်လည်းပုံရိပ်ဆီသို့ပြန်လှည့်လာကာဟိုလူကြီးနဲ့ဘာတွေပြောနေသလဲဟုမေးပေမယ့် ပုံရိပ်ကတော့တစ်ခွန်းမှပြန်မ ဖြေခဲ့ပေ။သေချာတာကတော့ဒီလူကြီးဟာ

ဦးသက်ဆွေပြီးလျှင်ပုံရိပ်အမုန်းဆုံးလူပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ဆယ့်တစ်နာရီထိုးလောက်အထိ ဥပုဒ်‌‌စောင့်ကာ ကျောင်းမှာနေခဲ့ပေမဲ့ တစ်မနက်ခင်းလုံးဆရာ့ကိုအရိပ်အယောင်တောင် မတွေ့ရပေ။

ဦးလင်းခောတ်သည်လည်း သူ့အမေနှင့်သာယှဉ်၍ ထိုင်နေပြီး ပုံရိပ်၏အနားသို့ ကပ်မလာတော့ပေ။


ကျောင်း၀န်းကြီးတစ်ခုလုံးသည်လည်း ဥပုဒ်သည်တွေနှင့်သာ ပြည့်နှက်နေပြီး ကျေးငှက်သံ‌တွေနှင့်ဆည်းလည်းသံတွေကိုသာ ကြားနေရလေသည်။

တိတ်ဆိတ်ငြိမ်းအေးလွန်းသောကြောင့်  ဝါးနက်ပင်များအနီးရှိ ခုံတန်းလေးတွင်သွားထိုင်ကာ ပုတီးစိပ်နေလိုက်သည်။


"မမရေ..ငါးစာသွား‌ကျွေးရအောင်..."


"အေး..လာခဲ့မယ်.."


 ပိစိမသည်ကလေးနှစ်ယောက်ကို လက်ဆွဲကာ

ခေါ်နေသဖြင့် ပုံရိပ်လည်းသူတို့ရှိရာကန်ဘက်အခြမ်းသို့ သွားလိုက်သည်။ကလေးတွေဆီမှပေါင်မုန့်ခြောက်နှင့်ပေါက်ပေါက်တွေကိုခွဲယူကာ 

ငါးနှင့်လိပ်တွေကိုအစာကျွေးလိုက်သည်။


"ဟဲ့...ဟိုမှာကြည့်စမ်း..ပါးဟပ်ကြီးနဲ့ ငါးကအကြီးကြီးပဲ .."


"ကိုကြီး..ဟိုမှာလိပ်လေးတွေ့လား.."


"အေးဟ..ရေထဲကိုပြန်ငုတ်သွားပြီ..တို့ကိုတွေ့လိုက်လို့နေမယ်.."


"မကြီးပိစိရယ်..သားရေကူးချင်လိုက်တာ."


"သမီးလည်းကူးချင်တယ်..."


"ကူးချင်ရင်ကူးလေ..တစ်ခါတည်းနှစ်‌လောင်းပြိုင်ဖြစ်တာပေါ့..."


"ဟဲ့..ပိစိမ..ကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲ..."


   ကလေးတွေကိုသေစကားပြောနေ၍ ပိစိမ၏

ကျောကုန်းကိုလှမ်းပုတ်လိုက်ရသည်။

နဂါးဘုရားကြီးဘက်‌တွင်ရှိသော ပိတောက်ပင်ကြီးကို ငေးမောကြည့်လိုက်မိတော့ ပိတောက်ပန်းတွေကအုံခဲပြီး ပွင့်နေလေသည်။အိပ်မက်ထဲမှာ ဆရာကပုံရိပ်ကို ထွေးပွေ့ထားပြီး ပါးလေးကိုနမ်းလိုက်သည့်အဖြစ်အား ပြန်သတိရမိတော့ မျက်နှာတွေထူပူလာသည်။ဥပုဒ်သည်က ဘာတွေလျှောက်တွေးနေတာလဲ။


"နင့်ပါးကိုနမ်းခဲ့တယ်လူကို ပြန်တောင်းပန်မလို့လား" ဆိုသည့်ဟိန်းကို၏စကားသံကိုသာ

ကြားယောင်နေမိတော့ ထိုနေ့ကအဖြစ်အပျက်ကို

မယုံနိုင်ခဲ့ပေ။ဟိန်းကို အမြင်မှားသွားတာများလား။

ဆရာက ပုံရိပ်ကိုနမ်းစရာအကြောင်းမှမရှိတာ။

တကယ် ဟုတ်ကြောင်းဆရာက၀န်ခံလာခဲ့ရင်ရော ပုံရိပ်ဘယ်လိုတုန့်ပြန်ရပါ့မလဲ။


"ပိတောက်ပန်းလေးတွေကို သက်သေတည်ပြီးပုံရိပ်ကြိမ်ဆိုပါတယ်..ဆရာ့ကိုပုံရိပ်တကယ်စစ်မှန်စွာ

ချစ်မြတ်နိုးတာမို့..ဆရာ့ဆီကနေအချစ်စစ်ကိုသာ 

ရရှိခံစားလိုပါတယ်.."


ဆရာ့အကြောင်းတွေ၊ဆရာ့စိတ်ဓာတ်တွေကိုသိပေမဲ့ ဦးလင်းခောတ်လိုစိတ်သဘောထားမျိုးရှိမှာကို တော့ ပုံရိပ်သိပ်ကြောက်တယ်။


"ပုံရိပ်လည်း ဥပုဒ်လာစောင့်တာလား.."


"ဟင်..မမခင်ရူပလှိုင်..."


"အဟင်း..တို့ကိုမမလှိုင်လို့ပဲခေါ်ပါ..သူများတွေလည်းအဲ့လိုပဲ ခေါ်ကြတာများတယ်..."


"မမလှိုင်ကတစ်နေကုန်ဥပုဒ်စောင့်မှာလား...

သမီးတို့ကခဏနေရင် ပြန်ကြတော့မှာ..."


ပိစိမနှင့်အတူ ကလေးတွေကိုထားခဲ့လိုက်ပြီး

မမလှိုင်အနောက်သို့ လိုက်လာမိလေသည်။

မမလှိုင်သည် ဆရာ၀န်မလေးဆိုသည့်အတိုင်းစကားအပြောအဆိုနှင့် လေယူလေသိမ်းကအစ

အေးချမ်းလေသည်။


အသားအရမ်းမဖြူပေမဲ့ ညိုညက်ညက်ကလေးဖြစ်ကာ ကော်ဖီရောင်ဆံပင်လေးတွေကို လှိုင်းတွန့်ပုံစံ ကောက်ထားသောကြောင့် ကြည့်ရတာတစ်မျိုးလေးဆန်းနေသည်။

ဆရာမကြည်ပြာရဲ့ ယောက်ျားကမမလှိုင်နှင့်ဆရာ့ကိုသဘောတူကြတာလည်းမပြောနဲ့ ပုံရိပ်တောင်သူတို့နှစ်ယောက်ကို လိုက်ဖက်သည်ဟု ခံစားမိသည်။ဒါပေမဲ့ ဆရာကမမလှိုင်ကိုရွေးချယ်သွားခဲ့ရင် ပုံရိပ်သိပ်ကို ၀မ်းနည်းပက်လက်ဖြစ်နေလိမ့်မယ်။


"မမလှိုင်ဆရာနေမျိုးကိုတွေ့မိသေးလား ဆရာ့ကိုကျောင်းမှာမတွေ့မိလို့


မတွေ့ဖြစ်ပါဘူး။ဦးဇင်းတစ်ပါးပြောတာကတော့ဆရာတော်ကြီးရဲ့မိတ်ဆွေဆေးရုံတက်နေရလို့သီတင်းသွားမေးခိုင်းရင်းနဲ့လက်ဆောင်သွားအို့တယ်တဲ့။


"အော်..ဒါကြောင့်ဆရာ့ကိုမတွေ့မိတာကို.."


"ပုံရိပ်ကတော့မှတ်မိသလားမသိဘူး..တို့ကတော့သင်္ကြန်လည်တဲ့နေ့ထဲကဆေးရုံမှာတွေ့ခဲ့ဖူးတဲ့ကောင်မလေးဆိုပြီးပုံရိပ်ကိုမှတ်မိနေတာ.."


"ဟုတ်လား..မမလှိုင်ကလူနာတွေအများကြီးနဲ့ထိတ တွေ့ရတဲ့လူဆိုတော့ သမီးကိုမမှတ်မိဘူးထင်နေတာ"


"..ပုံမှန်ဆိုရင်တော့မှတ်မိလောက်မှာမဟုတ်ဘူး...

ဒါပေမယ့်ကိုနေနဲ့ပတ်သက်တဲ့လူနာဆိုတော့ပိုသတိထားမိသွားတာပါ..ပုံရိပ်သိလား...

ကိုနေကတို့ဆီကနေတော်ယုံအကူအညီတောင်းဖူးတာမဟုတ်ဘူး...ဒါပေမယ့်အဲဒီနေ့ကတော့

..တို့ထိုင်နေတဲ့အခန်းအထိရောက်လာပြီးရေခွက်တွေရော ထမင်းချိုင့်တွေရောလာငှားသွားတာစုံနေတာပါပဲ...ကိုနေနဲ့တို့စသိခဲ့တဲ့အချိန်တည်းက..

သတိထားမိလာတာတစ်ခုရှိတယ်..


အဲဒါကတော့..ကိုနေဟာမိန်းကလေးတွေနဲ့ပတ်သက်ရင်စည်းတစ်ခုအမြဲခြားထားတတ်တယ်ဆိုတာပဲ..သူ့မှာမိန်းကလေးသူငယ်ချင်းတောင်သိပ်မရှိဘူး...တို့နဲ့တောင်မှဆရာတော်ကြီးဆီဆေးလာကုရင်းကနေမဖြစ်မနေဆက်ဆံရလို့ရင်းနှီးသွားခဲ့တာ...ဒါပေမယ့်ပုံရိပ်ကတော့မတူဘူး..."


"ဟမ်..မမလှိုင်ဘာကိုဆိုလိုချင်တာလဲ...."


"..အင်း... မမလှိုင်လည်းသေချာတော့မပြောတတ်ဘူးမမရဲ့စိတ်ထဲမှာပဲခံစားမိတာလားတော့မသိပေမယ့် ကိုနေကပုံရိပ်အပေါ်ဆက်ဆံပုံဟာကွဲပြားနေတယ်.."


"မမလှိုင်ထင်လို့ပါ...ဆရာကသူ့တပည့်တိုင်းအပေါ်မှာအခြားသူတွေထက်ပိုကောင်းပေးတတ်တယ်.."


မမလှိုင်၏မျက်နှာကိုကြည့်လိုက်တော့ပုံရိပ်ပြောလိုက်သောစကားကိုသဘောကျနေဟန်နဲ့ပြုံးလိုက်တာသေချာသည်။မမလှိုင်ကဘာကိုကျေနပ်သွားတာလည်းဆရာကသူ့တပည့်တိုင်းအပေါ်မှာ

ထူးထူးခြားခြားဆက်ဆံတတ်သည်ဆိုသောအချက်ကြောင့်ထင်ပါတယ်။မမလှိုင်ဟာပုံရိပ်နှင့်ဆရာ့ကို

မသင်္ကာလို့သတင်းနိုက်နေတာလား။


"..မမလှိုင်နဲ့ဆရာကချစ်သူတွေလားဟင်..*


"ပုံရိပ်ကဘယ်လိုထင်လဲ.."


မမလှိုင်ကိုမယုံကြည်နိုင်စွာကြည့်လိုက်မိသည်.။

မမလှိုင်ကပုံရိပ်ကိုဘယ်လိုထင်စေချင်တာလဲ။ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက်သူ့ဂုဏ်သိက္ခာအကျဆင်းခံပြီးတော့ စကားတစ်ခုကိုလက်လွတ်စပယ်ပြောမှာမဟုတ်ပါဘူးလေ။

ဟုတ်တယ်လို့ပြောချင်တယ်ဆိုရင်ဒဲ့ပြောသင့်တာပေါ့။


"..တို့နှင့်သူနဲ့စပြီးတွေ့ဆုံမှုကသိပ်ကိုရိုးရှင်းပါတယ်..သူကတို့ထက်ငယ်ပေမယ့်ရင့်ကျက်တယ်

..တည်ငြိမ်တယ်..ကိုယ်ချင်းစာတရားအပည့်ရှိပြီးတာဝန်ခံမှု၊တာဝန်ယူမှုလည်းအပြည့်ရှိတယ်..

ကျောင်းမှာလိုအပ်တဲ့ဆေးဝါးတွေကိုလှူဒါန်းဖို့အပြင်သွားရင်းနဲ့ တို့ဖိနပ်လေးပြတ်သွားတော့ချက်ချင်းပဲဖိနပ်ဆိုင်မှာဖိနပ်ပြေးဝယ်ပေးတယ်..

တို့မိဘတွေကအစသူ့ကိုဆို အရမ်းအရေးပေးကြတယ်...တို့အဖိုးဆိုရင်သူနဲ့တို့နဲ့ချက်ခ်ထိုးရင်သဘောတွေကျနေတတ်တာ...


ဘယ်သူနဲ့မဆိုပေါင်းတတ်သင်းတတ်တယ်ကွာ

..သူ့မှာချို့ယွင်းချက်ဆိုလို့တစ်ကောင်ကြွက်ဖြစ်နေတာလေးပဲရှိတယ်..သူ့လိုလူမျိုးကိုပဲတို့သေချာပေါက်ရွေးချယ်မှာ သူနဲ့တို့ရဲ့ကြားကဆက်ဆံရေးကပုံရိပ်ထင်တာထက်...ပိုလေးနက်တယ်"


မမလှိုင်၏စကားကိုနားထောင်ရင်းနဲ့မျက်ရည်၀ဲချင်လာ၍ ခေါင်းကိုငုံ့ထားကာလက်နှစ်ဖက်ကို

ယှက်ထွေးထားမိသည်။

ဆရာကမမရဲ့မိသားစုနဲ့ဒီလောက်တောင်ပဲရင်းနှီးတာလား။ရက်စက်လိုက်တာ။မမလှိုင်ရဲ့ရင်ထဲမှာဆရာ့ကိုလက်တွဲဖော်အဖြစ်ရွေးထားပြီးရးလျှက်နဲ့

ဘာကြောင့်ပုံရိပ်လိုကလေးသာသာလူတစ်ယောက်ဆီကနေအကြံဉာဏ်လာတောင်းသလိုလုပ်နေရတာလဲ။


မမလှိုင်ရဲ့ရည်ရွယ်ချက်ကဆရာဘေးနားမှာ

ပုံရိပ်တွယ်ကပ်မလာဖို့ပညာသားပါပါနဲ့သတိပေးချင်နေတာလား။

သေချာတာကတော့ ဘာရည်ရွယ်ချက်မှမရှိဘဲပုံရိပ်ကိုဒီလိုအသိပေးစရာအကြောင်းမရှိဘူး။

ငါတို့ဟာဆွေပြမျိုးပြဖြစ်ပြီးသားဖြစ်လို့ဆရာ့အနားမှာအရိပ်အယောင်င်လာပြမနေနဲ့ဟု

နှင်လွှတ်လိုက်သလိုပါပဲ။


"..ကျမကိုသွားခွင့်ပြုပါဦး..မမလှိုင်.."


မမလှိုင်၏ဘေးနားမှ ပုံရိပ်ထလာလိုက်သည်။

မမလှိုင်၏ စကားတွေကိုကြားနာဖို့အားအင်မရှိတော့ပါဘူး။


"တစ်ခုလောက်ထပ်ပြောချင်တယ်ပုံရိပ်

...ကိုနေကသူ့တပည့်တစ်ယောက်ကိုတော့လက်တွဲဖော်အဖြစ်ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး..

ကိုနေကသူ့စည်းကိုသူပြန်ဖောက်မယ်လူမျိုးမဟုတ်ဘူး စိတ်ကစားတာမျိုးဖြစ်ခဲ့ရင်တောင်ဆင်ခြင်သင့်လို့....ဆင်ခြင်လိုက်ပါ..."


"..မမလှိုင်..အချို့စကားတွေကအားကြီးသူတွေအတွက်တော့..အောင်နိုင်မှုတစ်ရက်ဖြစ်ပေမယ့်အင်အားနဲသူတွေအတွက်တော့အရမ်းနာကျင်ရပါတယ်...မမလှိုင်ကအောင်နိုင်သူတစ်ယောက်ပါ...

ကျွန်မကပိုင်ရှင်ရှိပြီးသားပစ္စည်းတစ်ခုကိုအတင်းလုယူတတ်တဲ့မိန်းမစားမျိုးမဟုတ်ဘူး.."


"..တို့စကားတွေအရမ်းလွန်သွားရင်တောင်းပန်ပါတယ်..ဥပုဒ်နေ့ကြီးမှာမင်းကိုစိတ်ဆင်းရအောင်လုပ်မိပြီကွယ်...တို့ကိုမုန်းသွားပြီလား..."


"မမလှိုင်ကိုမမုန်းပါဘူး..မမလှိုင်မှာပြောပိုင်ခွင့်တွေအများကြီးရှိလို့ ပြောတာလို့ပဲသတ်မှတ်ပါတယ်...

ဒါပေမဲ့ မမလှိုင်ရဲ့ စကားတွေကပုံရိပ်ရဲ့သိက္ခာကိုထိခိုက်စေတယ်...


မျက်ရည်ကိုသုတ်ပြီးပုံရိပ်ထိုနေရာမှထထွက်လာခဲ့လိုက်သည်။နှလုံးသားထဲတွင်ဝမ်းနည်းမှုတွေဟာ

ပြည့်နှက်၍နာကျင်နေတုန်းပါပဲ။

ဒီနေ့ဟာ ပုံရိပ်၏အသည်းကွဲသောရက်ရာဇာနေ့ဖြစ်သည်။

သင်္ကြန်ရေစင်သည်လည်းပုံရိပ်ကိုအေးချမ်းစေမှာမဟုတ်တော့သလို တရားဘာဝနာသည်လည်းပုံရိပ်ကိုငြိမ်းချမ်းအောင်လုပ်နိုင်တော့မည်မဟုတ်ပေ။

ဆရာရယ်လို အခုကစပြီးဆရာနဲ့ဝေးရာအရပ်မှာပဲပုံရိပ်နေပါတော့မယ်။


🌹🌹🌹🌹🌹🌹🌹


"မမရေ...ဘာထပ်ဝယ်အုံးမှာလဲ..."


"အင်း..မုန့်တွေလည်းအကုန်၀ယ်ပြီးပြီဆိုတော့...

ပြန်ကြတာပေါ့..."


"မမကလည်း...မခု၀ယ်သွားတဲ့မုန့်တွေက...ဖွားညိုတို့စားပါ့မလား..အန်တီယဉ်တင့်တို့ကိုပိုက်ဆံအိတ်လေးဖြစ်ဖြစ် ဖိနပ်လေးဖြစ်ဖြစ်၀ယ်သွားပေးလိုက်ပြီးရောကို...."


"ဟဲ့...အန်တီယဉ်တင့်ကိုင်တဲ့ပိုက်ဆံအိတ်တွေက 

သိန်းကိုဆယ်နဲ့ချီနေတာဟဲ့...ငါကအဲ့လောက်မတတ်နိုင်ဘူးလေဟာ...ဒီမုန့်တွေကိုအိမ်ကအလုပ်သမားတွေအတွက်၀ယ်တာပါ...ဖွားညိုတို့ကအကုန်၀ယ်နိုင်နေတဲ့ဥစ္စာ...ငါ့လက်ဆောင်တွေက

သူတို့အတွက်...အသုံးမှမလိုတာ...

ဒါပေမဲ့...လက်ဆောင်တော့ပေးရမှာပေါ့..

လက်ဆောင်ရရင်မပျော်တဲ့လူတော့ မရှိလောက်ပါဘူး.."


"မမနေခြည်တို့အတွက်ကရော..."


"မပါဘူး...သူတို့က‌အမြဲတမ်းခရီးထွက်နေတဲ့လူတွေလေ..ဟိုတစ်ခါပုဂံကိုသွားတောကတောင်

ငါ့အတွက်ဘာပါလို့လဲ..သူတို့တောင်မပေးတာ...

ငါလည်းဘာပေးစရာလိုသလဲ...ဟဲ့ဟိုမှာ..ဟိုပဝါလေးလှတယ်နော်...ဖွားညိုအတွက်၀ယ်သွားအုံးမယ်..."


ဆိုင်ထဲသို့ ပြေး၀င်သွားသော မမကိုကြည့်၍ပိစိမပြုံးလိုက်မိပါသည်။

ပါးစပ်ကတော့ မ၀ယ်ဘူးဆိုပြီးဇွတ်ငြင်းနေပေမဲ့

ပိစိမ၏လက်ထဲမှာရော မမ၏လက်ထဲမှာပါအထုပ်တွေကမနည်းမနောဖြစ်နေသည်။

ဈေးတွင်းထဲမှာပင် တစ်ဆိုင်၀င်တစ်ဆိုင်ထွင်နှင့်အထုပ်တွေသယ်ရတာလည်း လက်တွေညောင်းနေလေပြီ။


"မမရယ်...တော်ပါတော့..မ၀ယ်ပါနဲ့တော့နော်..."


"နင်ကလည်းခဏလေးပါ...ဒါလေးကိုငါကြိုက်လို့...ဘုရားသွားကျောင်းတက်ရင်ဖွားညိုနဲ့သိပ်လိုက်မှာဟ...ဒေါ်လေးအတွက်ပါတစ်ခု၀ယ်သွားလိုက်မယ်..."


"၀ယ်ပါရှင်...၀ယ်ပါ...ပြီးရင်ဒီအထုပ်တွေမဆန့်မပြဲနဲ့...ဘယ်လိုပြန်ရမလဲမသိဘူး..."


"နင့်ကိုဆိုက်ကားငှားပြီး အထုပ်တွေနဲ့အရင်ပြန်လွှတ်လိုက်မယ်လေ...ငါကတော့အသုပ်ဆိုင်မှာ၀င်စားအုံးမှာမို့ လမ်းလျှောက်ပြီးပြန်လာခဲ့လိုက်မယ်.."


"ဒီလိုကြေးလား...သူပဲစားမယ်ပေါ့..."


"အမယ်လေး...ညနေကြရင်...မုန့်တီသွားသောက်ကြမယ်လေ...အစ်မကြီးကိုကျွန်မချော့ပါ့မယ်ရှင်...

ကဲ..ကဲ..၀ယ်တာတွေလည်းတော်တော်များနေပြီဆိုတော့ တော်လောက်ပြီ...ပြန်ကြတာပေါ့..."


"ဟင်း...တော်ပါသေးရဲ့..."


မမသည် ပဝါဆိုင်မှာအညိုထည် ပုဝါလှလှလေးကို၀ယ်လိုက်ပြီးနောက်  ပိုက်ဆံရှင်းလိုက်ကာ

အထုပ်တွေ တသီကြီးဆွဲ၍ ဈေးထဲမှထွက်လာလိုက်သည်။ပိစိမသည်လည်း အနောက်မှအထုပ်တွေဆွဲကာ လိုက်လာမိရင်းမှ ဆိုက်ကားဂိတ်သို့ရောက်သောအခါ မမကသူပြောခဲ့တဲ့အတိုင်း ဆိုက်ကားတစ်စီးကိုငှားပြီး အထုတ်တွေကိုတင်နေလေတော့သည်။


"မမ..တကယ်ကြီးလား...သမီးတစ်ယောက်တည်းအိမ်ကိုပြန်ရမှာလား...မမကိုစိတ်မချဘူးနော်..."


"ဒီနေရာတွေကို ငါအမြဲလာနေကြပါဟယ်...

ကိုယ့်ရပ်ကွက်ထဲမှာတော့ ကိုယ်လမ်းမပျောက်ပါဘူး...အိမ်နဲ့ဈေးက ဘယ်လောက်ဝေးတာမှတ်လို့....

ဆိုက်ကားဆရာရေ...ဆိုက်ကားခပါပေးလိုက်ပါ့မယ်...."


ပုံရိပ်လည်း ဆိုက်ကားခရှင်းပေးပြီးတာနှင့် 

လမ်းကူးလိုက်ပြီး တာလမ်းမကြီးအတိုင်းလျှောက်လာလိုက်ကာ ကြာဇံသုတ်နှင့်တုတ်ထိုးစားဖို့ရန် အသွားတုန်းကတွေ့ခဲ့သော ဆိုင်လေးကိုရှာနေမိလေသည်။


"ဟေ့...ချွတ်...ချွတ်..."


"ဟေ့...ဆံပင်ရှည်လေးနဲ့..အဝါရောင်လေး...."


အနောက်ဘက်မှ ခေါ်သံကြား၍လှည့်ကြည့်လိုက်မိတော့ ကောင်လေးသုံးယောက်က ပုံရိပ်ကိုလှမ်းစပြီး အနောက်မှလိုက်နေကြလေသည်။


"အရမ်းလှတယ်ကွာ..."


"တောက်!!!!!"


တက်ခေါက်ကာ..အံကြိတ်လိုက်ပြီးခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေမိသည်။

ထိုစဉ်တေလေကြမ်းပိုးတွေက ပုံရိပ်၏ဘေးနားမှာကပ်ပြီး အရည်မရအဖက်မရစကားတွေနှင့် ဖွန်လာကြောင်နေလေတော့သည်။

ပိုးစိုးပက်စက်ပြောလွှတ်လိုက်ချင်ပေမဲ့ အန္တရာယ်ပေးမှာလည်း ကြောက်ရသေးသည်။


ဘယ်လောက်ပဲ သတ္တိရှိပါသည်ဆိုစေအုံး

သုံးယောက်နှင့်တစ်ယောက်ဖြစ်နေတော့ စိတ်ကိုမနည်းထိန်းချုပ်နေရသည်။

သူတို့ဘာသာ ပြောချင်တာပြော ကိုယ်သွားစရာရှိတာကိုပဲ အာရုံစိုက်နေလိုက်သည်။

အသားကို လာထိရင်တော့ပါးရှစ်စိပ်ကွဲအောင်ကို ချပစ်လိုက်မယ်။


"ဟေ့ကောင်...ညီမလေးတွေကမမတွေထက်ပိုဆွဲဆောင်မှုရှိတယ်နော်..."


"ဟုတ်ပါ့ကွာ...ညီမလေးရဲ့နာမည်လေးကဘယ်လိုခေါ်လဲဟင်..."


"ဟွာကွာ...မာနကြီးလိုက်တာ နာမည်လေးတော့ပြောပြပါလားကွာ..."


.............


"သနပ်ခါးလေးနဲ့ သိပ်လှတယ်သိလား..."


"ငါတော့မွှေးချင်တာပဲ သိတယ်....."


"ရှင်တို့ မမိုက်ရိုင်းနဲ့နော်...ကိုယ့်လမ်းကိုယ်သွားကြ.."


"ကိုယ့်လမ်းကိုယ်သွားနေတာပဲလေ...ဒီလမ်းကညီမလေးရဲ့ အမေပိုင်တဲ့လမ်းမို့လို့လား..."


"ဟား...ဟား....ပြောတတ်တယ်သားကြီးရာ..."


ဒီလူတွေကို စကားတုပြောနေရင် ရှေ့ဆက်ပြီးပြဿနာတွေ အကြီးအကျယ်ဖြစ်နိုင်တာကြောင့် 

ကြာဇံသုပ်ဆိုင်ကိုလည်း သွားဖို့စိတ်မကူးတော့ပဲ ဆိုက်ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ်ငှားဖို့သာ

တွေးလိုက်သည်။


ထိုစဉ် ပုံရိပ်တို့ဘက်သို့ လာနေသောဆိုင်ကယ်

တစ်စီးကို တွေ့လိုက်ရ၍အားတက်သွားမိလေသည်။

ဆိုင်ကယ်စီးလာသော သူမှာဆရာနေမျိုးဖြစ်ပြီး

 ပုံရိပ်ကိုတွေ့သည်နှင့် လမ်းချိုးထဲသို့ကွေ့၀င်တော့မည့်ဆဲဆဲမှ ပြန်လှည့်လာခြင်းဖြစ်သည်။


"ပုံရိပ်....ဒီကိုလာခဲ့...အိမ်ကိုပြန်လိုက်ပို့ပေးမယ်..."


"ဟုတ်ကဲ့..."


ပုံရိပ်လည်း ငြင်းမနေတော့ပဲ ဆရာ့ဆိုင်ကယ်နောက်သို့ စွေ့ခနဲတက်လိုက်မိလေသည်။

ဟိုငနဲသုံးကောင်ကတော့ ယောင်လည်လည်နှင့်

ပြန်ထွက်သွားတော့သည်။ထိုအခါမှသာ ပုံရိပ်လည်း သက်ပြင်းချလိုက်ပြီး ကြောက်စိတ်ကိုထိန်းနေရသည်။ခုတလောသတင်းတွေထဲမှာ ရာဇ၀တ်မှုတွေကခဏခဏ ပါနေတော့‌ နည်းနည်းလန့်နေမိသည်။သူတို့မှာကိုယ့်ကို ဒုက္ခပေးဖို့လက်နက်ပါမလာဘူးလို့ မပြောနိုင်ပေ။


"ဆရာ...ဒီနေရာမှာပဲ ဆိုင်ကယ်ရပ်လိုက်ပါ...

သမီးဒီမှာပဲ ဆင်းခဲ့လိုက်မယ်...."


ဆရာ့နောက်ကျောနားကို နည်းနည်းကပ်ပြီးပြောလိုက်တော့ ဆရာသည်ချက်ချင်းဆိုင်ကယ်ကို

ရပ်လိုက်လေသည်။ပုံရိပ်လည်း ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ပြီး ဆရာ့မျက်နှာကိုမဝံ့မရဲကြည့်လိုက်မိသည်။


"ကျေးဇူးတင်ပါတယ်ဆရာ...ဆရာနဲ့သာမတွေ့ရင်..

အဲ့လူတွေလိုက်ပြီး နှောက်ယှက်တာကိုခံနေရမှာ...

ဆရာ သွားစရာရှိတဲ့နေရာကိုသာသွားပါ...သမီးဒီမှာပဲ ဆင်းနေခဲ့လိုက်ပါ့မယ်..."


"ဘာလို့နေခဲ့မှာလဲ....အိမ်အထိလိုက်ပို့ပေးမယ်လေ..."


"နေပါစေဆရာ...သမီးဒီကနေလမ်းလျှောက်သွားလိုက်ပါတော့‌မယ်...."


"နောက်တစ်ခါ အပြင်သွားရင်တစ်ယောက်တည်း

မသွားနဲ့..."


"ဟုတ်ကဲ့...."


မျက်နှာကို ခပ်တည်တည်ပုံစံဖမ်းလိုက်ပြီး

ဆရာ့ဆိုင်ကယ်ကို လွန်ကာမြန်မြန်လမ်းလျှောက်လာလိုက်သည်။ဆရာနဲ့ မျက်နှာချင်းမဆိုင်ပါရစေနဲ့။အခြားသူတွေကို အားမနာစွာငြင်းပယ်တတ်ပေမဲ့။ဆရာ့ရှေ့မှာဆိုရင် ပုံရိပ်ဟာဦးကျိုးပြီးသား

ဖြစ်နေတတ်လို့ပါ။ဆရာ့အသံလေးကို ကြားလိုက်ယုံနဲ့ ငိုချင်နေမိတယ်။ခွဲရတော့မယ်ဆရာရယ်။

ကျွန်မတစ်ယောက်တည်းရဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကို ၀မ်းနည်းစရာဇာတ်သိမ်းပြီး

ခွဲရပါတော့မယ်။


"ဆရာက ငါ့အပေါ်မှာတကယ်ကို ဘာခံစားချက်မှ

မရှိတာပါလား..."


ဆိုင်ကယ်လေး ပုံရိပ်အနောက်သို့လိုက်လာပါစေဟု ဆုတောင်းခဲ့ပေမဲ့။ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ဆိုင်ကယ်လေးဟာ ပုံရိပ်ကိုကျောခိုင်းလျှက်

လမ်းချိုးတစ်ခုထဲသို့ ချိုးကွေ့၀င်သွားခဲ့လေပြီ။

ထိုနေရာမှာ ခဏလောက်မိုက်ရူးရဲဆန်စွာ ရပ်စောင့်နေမိပေမဲ့ ဆရာ့ဆိုင်ကယ်လေးက လုံး၀အစအနတောင်မမြင်ရတော့ပေ။

ဆရာသာ  နောက်တစ်ခွန်းလောက်ထပ်ခေါ်ခဲ့ရင်

ပုံရိပ်၀မ်းသာမိပြီး ဆရာ့ဆိုင်ကယ်နောက်ကနေပြန်လိုက်မိမှာပါပဲ။


"ဒီညကိုကျော်လွန်သွားခဲ့ရင် ဝေးရပြီဆရာရယ်...

နောက်ထပ်ဆုံချိန်လေးက ပိုလို့ဝေးပြီပေါ့...

သူများတွေအတွက်တော့...နှစ်ဆန်းတစ်ရက်နေ့ဆိုတာ...မင်္ဂလာရှိတဲ့နှစ်သစ်အချိန်အခါလေးဖြစ်ပေမဲ့

ပုံရိပ်အတွက်တော့...၀မ်းနည်းမှုတွေနဲ့အိမ်ပြန်ရတဲ့အချိန်တစ်ခုဖြစ်နေပါလိမ့်မယ်...."


အခန်း(၄၇)ဆက်ရန်


🌹🌹🌹🌹🌹🌹🌹


အခြားသူတွေကို အကုန်ချေချခဲ့သမျှ ဆရာ့ကိုတော့မချေနိုင်တော့ပါလား....


=========================================================================


🌹ဆူးႀကိဳး(အခန္း၄၆)🌹


"ေဒၚေလးေရ..ထမင္းခ်ိဳင့္ေတြထၫ့္ၿပီးသြားၿပီ .."


"ဟဲ့..ထမင္းခ်ိဳင့္ကဘာလုပ္ဖို႔ထၫ့္တာလဲ.."


"ဟာ..ဒီေန့ဘုန္းႀကီးေက်ာင္းမွာတစ္ေနကုန္ေနမွာမဟုတ္ဘူးလား..."


"ဟယ္..ပံုပံုကေတာ့လုပ္ၿပီ ပိစိမကလည္းေျပာျပထားတာကိုမတားဘူးလား..…ေက်ာင္းဆင္းဥပုဒ္ပဲေစာင့္မွာေလ..ကေလးေတြနဲ႔ေက်ာင္းမွာတစ္ေနကုန္ေနလို႔ဘယ္ျဖစ္မွာလဲ..."


ေဒၚေလးသည္ပိစိကိုတစ္လွၫ့္ပံုရိပ္ကိုတစ္လွၫ့္ၾကၫ့္၍ ဥပုဒ္သြားေစာင့္ခါနီးေတာင္ဆူေနေလေတာ့သည္။အစကေတာ့သႀကၤန္အတက္ေန့မို႔ေက်ာင္းမွာ သံုးနာရီ၊ေလးနာရီေလာက္အထိေနမည္ဟုစဉ္းစားထားခဲ့တာပါ။

အခုေတာ့ဟိုဂ်ိဳေလးႏွစ္ေကာင္ေၾကာင့္ပ်က္ေလၿပီ။


"အဲဒါဆိုလည္း..အိုးထဲကိုပဲျပန္ထၫ့္လိုက္ေတာ့မယ္...သမီးတို႔ကဥပုဒ္ေစာင့္ေတာ့ကေလးေတြကဘယ္လိုလုပ္မွာလဲ


"..ေက်ာင္းကိုပဲေခၚသြားရေတာ့မွာေပါ့..

အမယ္ေလး...သူတို႔လည္းဥပုဒ္ေစာင့္တတ္ပါတယ္

..တရားနာတဲ့အခ်ိန္ၾကရင္သူ႔အလိုလိုၿငိမ္ေနၾကလိမ့္မယ္..ဒါေပမယ့္တစ္ေနကုန္ေတာ့ေနလို႔ရမွာမဟုတ္ဘူး.."


"ဟုတ္ကဲ့ပါ..အဲဒါဆိုလည္းအိုးထဲကိုဟင္းေတြအကုန္ျပန္ထၫ့္လိုက္ေတာ့မယ္.."


ခ်ိဳင့္ထဲသို႔ထၫ့္ၿပီးသားဟင္းေတြ၊ထမင္းေတြကို

အိုးထဲသို႔ျပန္ထၫ့္ေနရေသာအခါ ပိစိမသည္ေဘးမွာတစ္ခစ္ခစ္ႏွင့္ထိုင္ရယ္ေနေလေတာ့သည္။


"ဘာရယ္တာလဲ.."


"..ေအာ္..တို႔မမကဘာေၾကာင့္ဘုန္းႀကီးေက်ာင္းမွာတစ္ေနကုန္ေနခ်င္သလဲဆိုတာသိေနလို႔ေပါ့..."



"..ပိစီမေနာ္ငါ့ကိုရန္လာမစနဲ႔ဥပုဒ္ေန့ႀကီးကိုေက်ာင္းမွာတစ္ေနကုန္ေနခ်င္မွေတာ့ ကုသိုလ္လိုခ်င္လို႔ေပါ့..တစ္ျခားဘာျဖစ္ႏိုင္ဦးမွာလဲ..."


"..အဲ့တာေတာ့ကိုယ့္ဘာသာကိုယ္အသိဆံုးေနမွာေပါ့.."


"သိခ်င္ဦးဟယ္.."


"အာ့..ဟာ..ဥပုဒ္သည္ႀကီးကလည္းေဒါသႀကီးပဲေဟ့"


"..ေအးဒါကလက္ဆစ္ပဲရိွေသးတယ္..ေနာက္တစ္ခါဆိုရင္ေယာက္မစာမိမယ္..*


"ဟဲ...ဟဲ..စတင္ဟာကို..မမကလည္းစိတ္ႀကီးပဲ."


ပိစိမနဲ႔တစ္ပဲြတစ္လမ္းႏႊဲလိုက္ၿပီးေနာက္

ေယာဂီဝတ္စံုကိုလဲဝတ္လိုက္ၿပီးဘုန္းႀကီးေက်ာင္းသို႔မိသားစုလိုက္ထြက္လာမိၾကေလသည္။

ေရပက္ေနၾကေသာ ကေလးေတြလည္းရိွေနၾက

သလို႔ ပံုရိပ္တို႔နည္းတူ ဥပုဒ္ေစာင့္လိုသူေတြကလည္း မနည္းေပ။


"ရွင္းသန႔္ေက်ာင္းကိုသြားမလို႔လား..."


"..ဟုတ္တယ္အစ္မရဲ့အရင္ေန့ကေတာ့ဓမၼာရံုမွာပဲေစာင့္ေပမယ့္..ဒီေန့ေတာ့ဘုန္းႀကီးေက်ာင္းမွာသြားၿပီးဥပုဒ္ေစာင့္မလားလို႔...*


"..ဟုတ္လား..ဒါဆိုအတူသြားၾကတာေပါ့..

တို႔သားအမိေတြလည္းေက်ာင္းမွာပဲသြားေစာင့္မွာေလ..."


ေခါင္းရင္းအိမ္မွဦးလင္းေခတ္၏အေမကအေဖာ္စပ္ေနျပန္ေတာ့ သူ႔တို႔သားအမိႏွစ္ေယာက္ရယ္ ပံုရိပ္တို႔ငါးေယာက္ရယ္နဲ႔ေပါင္းၿပီးဥပုဒ္ေက်ာင္းသို႔တစ္အံုတမႀကီးသြားၾကရေလေတာ့သည္။

မသိလ်ွင္ပဲြေစ်းတန္းကိုသြားေနရသလိုပါပဲ။


"ပံုရိပ္..ဟိုတစ္ေန့ကကိစၥကိုအစ္ကိုေတာင္းပန္ပါတယ္ေနာ္..."


အေဒၚႀကီးႏွစ္ေယာက္သည္အေရ႔ွမွ‌

ေကာ့ေတာ့ေကာ့ေတာ့ႏွင့္သြားေနၾက၍အေနာက္မွာကေလးထိန္းရင္းလိုက္ေနရေသာပံုရိပ္၏အနားသို႔ဦးလင္းေခတ္ကေရာက္လာၿပီးစကားေတြလာေျပာေနေလေတာ့သည္။


"ကိုယ့္ကို..စကားေလးတစ္ခြန္းေလာက္ေတာ့ျပန္ေျပာပါဦးကြာ..ဟိုတစ္ေန့ကကိစၥနဲ႔ပတ္သက္ၿပီးကိုယ္တကယ္ေတာင္းပန္ပါတယ္.."


"..ဘယ္တစ္ေန့ကကိစၥကိုလာေျပာေနတာလဲ.."


"..ဟိုသႀကၤန္လည္တဲ့ေန့ကေလ..ဖက္လိုက္မိတဲ့ကိစၥ"


"ၿပီးသြားၿပီပဲဥစၥာအစျပန္ေဖာ္မေနနဲ႔ေတာ့..."


"..ျပန္မေဖာ္လို႔မရဘူးကြာ..အစ္ကို႔ဘက္ကေန

စည္းမေစာင့္သလိုျဖစ္သြားခဲ့တာေလ...*


"..ေတာ္ပါေတာ့..အဲ့ကိစၥနဲ႔ပတ္သက္ၿပီးျပန္မေျပာပါနဲ႔ေတာ့..ကၽြန္မဘာမွထပ္မၾကားခ်င္ေတာ့ဘူး.."


"ဟာ..ဒါဆိုရင္ပံုရိပ္အစ္ကို႔အေပၚမွာစိတ္ကြက္ေနေသးတာပဲ...ကိုယ္ေတာင္းပန္ပါတယ္ကြာ...

ကိုယ့္အမွားေတြပါ..ပံုရိပ္ရဲ့ခြင့္ျပဳခ်က္မရဘဲ

လုပ္လိုက္မိတယ္ဆိုတာကကိုယ္ပံုရိပ္ကိုသေဘာက်ေနမိလို႔ပါ...."


"..ရွင္ဘာစကားေျပာလိုက္တယ္..ရွင္ေတာ္ေတာ္

လူေပါင္းဝတာပဲ...ဥပုဒ္ေန့ႀကီးမွမေရွာင္.."


"..အစကေတာ့အခ်ိန္တစ္ခုယူဦးမလို႔ပါပဲ..ပံုရိပ္ကမႏၲေလးကိုမနက္ျဖန္ျပန္ရေတာ့မွာဆိုေတာ့

အခ်ိန္ထပ္ဆဲြေနရင္ သူမ်ားေနာက္ကိုပါသြားမွာေပါ့.."


"..ဘာဆိုင္လို႔လဲ..ရွင္ဘာသာႏွစ္တစ္ေထာင္မကလို႔ႏွင့္တစ္ေသာင္းေလာက္အခ်ိန္ဆဲြၿပီးေျပာလည္းကၽြန္မအေျဖကေတာ့NOပဲ..."


"ဟာ...ျပတ္သားလွခ်ည္လား..."


"..ဟုတ္တယ္ခပ္ျပတ္ျပတ္ပဲဘာျဖစ္လဲ.."


ပံုရိပ္သူ႔ကိုမ်က္ေစာင္းထိုးလိုက္ၿပီး 

ကေလးႏွစ္ေယာက္၏လက္ကိုဆဲြကာခပ္ျမန္ျမန္ေလ်ာက္မိေတာ့ေဘးကေနထပ္ၾကပ္မကြာလိုက္လာျပန္တယ္။ဒီေလာက္ျငင္းထားတာေတာင္မ်က္ႏွာပိုးမသတ္ႏိုင္ေသးေသာသူ႔ကိုျမင္ျပင္းကပ္လာမိသည္။

ကေလးေတြေတာင္အသံထြက္လာၾကသည္အထိပင္...


"မႀကီးေရ..သားေမာေနၿပီေနာ္...*


"..ေအးေဟ့..နင္တို႔ဘိုးေအကရည္းစားစကားလိုက္ေျပာေနလို႔ျမန္မွရမယ္...နင္တို႔ကိုေစာင့္ေခၚေနရလို႔ငါဒီလိုေနွးေနွးေလးေလ်ွာက္ေနရတာ...

အားလံုးနင္တို႔ေၾကာင့္ ဥပုဒ္ေန့ႀကီးကိုကုသိုလ္မရပဲငရဲျပည္ကို ေဇာက္ထိုးျပဳတ္က်ေတာ့မယ္..."


"..ပံုရိပ္ကိုယ့္ကိုေစာင့္ပါဦးကြာ.."


"..လာျပန္ၿပီ..ရွင့္ကိုမႀကိဳက္ပါဘူးလို႔ဘယ္ႏွစ္ခါေျပာရမလဲ.."


"..အခါတစ္ရာေျပာလည္း..ကိုယ္ကလံုးဝလက္မေလ်ွာ့ဘူး..."


"ေသလိုက္...အဲ့မွာ...လဲေသလိုက္ေတာ့..

သႀကၤန္ရက္ႀကီးမွာအကုသိုလ္မျဖစ္ခ်င္ဘူးေနာ္.."


"လဲြပါေစကြာ..သူမ်ားရဲ့ဆႏၵကိုျဖၫ့္ေပးတာဘယ္ေလာက္ျမတ္သလဲ..ယူတတ္ရင္ကုသိုလ္ေတာင္ရပါေသးတယ္..."


"..စဉ္းစားေလ..ရွင့္ကိုျပန္ႀကိဳက္ၿပီးကုသိုလ္ယူမယ့္အစား..ငရဲျပည္မွာပဲဂ်ိဳးကပ္ခံလိုက္ေတာ့မယ္..

ရွင့္ကိုေတာ့အဖန္ငါးရာ၊ငါးကမ႓ာငရဲခံၿပီးလည္း

ျပန္ႀကိဳက္မွာမဟုတ္ဘူး..."


"ဘာေၾကာင့္ကိုယ့္ကိုအဲ့ေလာက္ေတာင္ခါးခါးသီးသီးျဖစ္ေနရတာလဲကြာ..မင္းမွာခ်စ္သူေတြဘာေတြရိွေနလို႔လား...ကိုယ္ကေတာ့မင္းကို

စေတြ့ကတည္းကသေဘာက်ၿပီးခ်စ္မိခဲ့တာ....

ညတိုင္းမင္းအေၾကာင္းပဲေတြးေနမိခဲ့တာ

ကိုယ့္အိပ္မက္ထဲမွာေတာင္မင္းကိုထၫ့္မက္မိတဲ့အထိပဲ..."


"...အဲဒါကရွင့္ကိစၥေလ.."


"..ကိုယ္သိပါတယ္ကြာ...မင္းကအရမ္းငယ္ေသးေတာ့အခ်စ္နဲ႔ပတ္သက္ၿပီး သိပ္မခံစားတတ္ေသးဘူးဆိုတာ..ကိုယ္သိပ္သိတာေပါ့..


ဆရာတစ္ေယာက္လုပ္ေနၿပီးဆယ္ေက်ာ္သက္ေလးကိုမွခ်စ္မိတဲ့အတြက္ကိုယ့္ကိုယ္ကိုယ္လည္းအျပစ္ရိွတယ္လို႔ခံစားရပါတယ္..ဒါေပမယ့္မင္းကိုေတြ့လိုက္ရတိုင္းကိုယ့္ရင္ထဲမွာပူေလာင္လာတယ္..


အျခားသူေတြမင္းကိုသေဘာက်သြားမွာကို

မလိုလားဘူး..မင္းကအရြယ္ငယ္ေသးသလိုလွလြန္းအားႀကီးေတာ့..ကိုယ္စိတ္လည္းမခ်ဘူး..

ဒါေၾကာင့္ကိုယ့္ခံစားခ်က္ကိုေစာေစာဝန္ခံလိုက္တာပါ..ကိုယ္မင္းကိုသိပ္ခ်စ္တယ္ကေလး..

မင္းဘယ္ေလာက္ဆိုးဆိုး..ကိုယ္သည္းခံေပးမွာပါ..မင္းကိုယ့္ကိုသေဘာက်ေပးဖို႔ျပန္ေတြးၾကၫ့္ပါလားဟင္..."


"ထြန္းကို..မိစုကိုလက္တဲြၿပီးေဒၚေလးတို႔ဆီမွီေအာင္ေျပးလိုက္သြားစမ္း..."


ေဒၚေလးတို႔ကလမ္းထိပ္နားေလာက္အထိေရာက္ေနၿပီမို႔ပံုရိပ္လည္းကေလးေတြကိုလက္တဲြၿပီးေျပးခိုင္းလိုက္သည္။ကေလးေတြေရ႔ွမွာစကားမေျပာခ်င္တာလဲပါသည္။ပံုရိပ္သူကိုျငင္းဆန္ေနေပမယ့္သူကလက္မခံေတာ့ခက္ေနေလၿပီ။


တစ္ဖက္သတ္အခ်စ္ဆိုတာကို ကိုယ္လည္းခံစားေနရေသာေၾကာင့္ နားလည္ေပးႏိုင္ေပမယ့္ခံစားခ်က္ဆိုတာႏွစ္ဦးႏွစ္ဖက္ညီမ်ွမွသာသာယာနာေပ်ာ္ဖြယ္ျဖစ္မွာေပါ့။အခုေတာ့ပံုရိပ္ထက္အသက္မ်ားစြာႀကီးေနပါလ်က္ႏွင့္ပံုရိပ္ျငင္းဆန္ေနတာကို

သူလံုးဝလက္မခံဘူးျဖစ္ေနသည္။

အဲဒါကတစ္ကိုယ္ေကာင္းဆန္လြန္းေနျခင္းပင္။


"..ဒီမွာဆက္ေက်ာ္သက္အရြယ္ဆိုေပမယ့္..

ကၽြန္မ..မႀကိဳက္ႏိုင္လို႔မႀကိဳက္ဘူးလို႔ေျပာတာေလ


ကၽြန္မကကိုယ့္ခံစားခ်က္ကိုကိုယ္မသိရေအာင္..

ရူးေနတာမွမဟုတ္ပဲ...ဦးလင္းေခတ္ကိုကၽြန္မ

မခ်စ္ႏိုင္ရံုတင္မဟုတ္ဘူး..တစ္စက္မွကိုႀကိဳက္လို႔မရတာ စေတြ့တည္းကအျမင္ကပ္ေနတာ..

အခုထိပဲ..အဲ့ေလာက္ဆိုရင္ကၽြန္မရဲ့သေဘာထားကိုကဲြကဲြျပားျပားသိေလာက္ပါၿပီေနာ္.."


"..ဒါဆိုရင္သႀကၤန္လည္ေတာ့..ကိုယ္ဖက္လိုက္မိတဲ့ကိစၥကိုဘာေၾကာင့္မေပါက္ကဲြခဲ့တဲ့အျပင္ျပန္ၿပီးေတာ့ေတာင္ အားလံုးကိုျဖန္ျဖည္တဲ့စကားေတြေျပာခဲ့ရတာလဲ.."


"ေအာ္...ရွင္အထင္လဲြေနတာဒါေၾကာင့္ကို

..မသိရင္မွတ္ထား..အဲ့ေန့ကကၽြန္မျပႆနာမရွာခဲ့တာက ဆရာေနမ်ိဳးေၾကာင့္ပဲ...ဆရာနဲ႔ျပႆနာေတျြဖစ္ရင္ကၽြန္မေၾကာင့္မ်က္ႏွာပ်က္ေစရာေတြ

ျဖစ္ကုန္မွာစိုးလို႔ၿငိမ္ေနခဲ့တာကို အေကာင္းမွတ္ေနတာလား...ကၽြန္မကကိုယ့္အသားကိုမၾကည္ျဖဴပဲ..

လာထိကိုင္ရင္ အေသမုန္းတတ္တဲ့လူပဲ..."

ကၽြန္မမုန္းတဲ့အထဲမွာရွင္ပါေနတယ္ဆိုတာေတာ့ေသခ်ာတယ္..."


"..မင္းတကယ္ေျပာေနတာလား..ကိုယ့္ရုပ္ရည္

ကိုယ့္အေနအထားကိုလက္ခံခ်င္တဲ့လူေတြမွတစ္ပံုႀကီးပဲ...မင္းကကိုယ့္ကိုပထမဆံုးျငင္းတဲ့လူပဲ.."


"ေအာ္..ကၽြန္မကျပန္ၿပီးဂုဏ္ယူေနရမလိုျဖစ္ေနပါေရာလား...ဒီေလာက္ဆိုရင္

ဦးလင္းေခတ္ဟာ ရည္းစားေတြမိႈလိုေပါက္ခဲ့တဲ့

စားဘဲႀကီးဆိုတာရိပ္မိလိုက္ပါၿပီ...

ကိုယ့္ကိုယ္ကိုယ္သိပ္အထင္ႀကီးတာပဲေနာ္...

သြားခ်င္တယ္ဆိုရင္ေတာ့လမ္းၫႊန္ေပးလိုက္ပါ့မယ္...အရူးေထာင္ကဟိုဘက္မွာ.."


"ငါမင္းထက္ႀကီးတယ္ေနာ္..မင္းမခန႔္ေလးစားေျပာေနတာကိုနားေထာင္ေကာင္းလို႔နားေထာင္ေနတယ္

မထင္နဲ႔.."


"ေအာင္မာ...သူကမ်ား..အဲလိုေျပာရေၾကးဆိုရင္ကၽြန္မကလည္းရွင့္ထက္ငယ္တယ္ေနာ္...

အလိုမတူဘဲျငင္းဆန္ေနရင္ေနာက္ဆုတ္ရမွန္း

ရွင္သိသင့္တယ္...

..ရယ္ေတာ့ရယ္ရသားပဲ..ခုနကေတာ့မင္းဆိုးသမ်ွသည္းခံပါမယ္တဲ့အခုၾကေတာ့ေဒါသေတြလိွမ့္ထြက္ေနလိုက္တာ...အမ်ိဳးမ်ိဳးတတ္ႏိုင္တယ္ေနာ္ရွင္တဲြခဲ့ဖူးတဲ့မိန္းမေတြလို..အလကားရမယ္ထင္ၿပီးလာမႀကံနဲ႔..ကၽြန္မကေပါေပါပဲပဲမိန္းမမဟုတ္ဘူး


ရွင့္အဆင့္အတန္းကဘာျဖစ္ျဖစ္ဂရုမစိုက္ဘူး

ရွင္းလား..သႀကၤန္မွာအကုသိုလ္လားမေပးနဲ႔...

ကိုယ့္ကိုကိုယ္ေက်ာင္းဆရာဆိုတာလည္းသတိရဦး.."


အံႀကိတ္သံႀကီးနဲ႔ေျပာခဲ့လိုက္ၿပီးေျခေစာင့္ကာျမန္ျမန္ထြက္လာခဲ့လိုက္သည္။ ပိစိမသည္လည္းပံုရိပ္ဆီသို႔ျပန္လွၫ့္လာကာဟိုလူႀကီးနဲ႔ဘာေတြေျပာေနသလဲဟုေမးေပမယ့္ ပံုရိပ္ကေတာ့တစ္ခြန္းမျွပန္မ ေျဖခဲ့ေပ။ေသခ်ာတာကေတာ့ဒီလူႀကီးဟာ

ဦးသက္ေဆြၿပီးလ်ွင္ပံုရိပ္အမုန္းဆံုးလူပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ဆယ့္တစ္နာရီထိုးေလာက္အထိ ဥပုဒ္‌‌ေစာင့္ကာ ေက်ာင္းမွာေနခဲ့ေပမဲ့ တစ္မနက္ခင္းလံုးဆရာ့ကိုအရိပ္အေယာင္ေတာင္ မေတြ့ရေပ။

ဦးလင္းေခာတ္သည္လည္း သူ႔အေမႏွင့္သာယွဉ္၍ ထိုင္ေနၿပီး ပံုရိပ္၏အနားသို႔ ကပ္မလာေတာ့ေပ။


ေက်ာင္း၀န္းႀကီးတစ္ခုလံုးသည္လည္း ဥပုဒ္သည္ေတြႏွင့္သာ ျပၫ့္ႏွက္ေနၿပီး ေက်းငွက္သံ‌ေတြႏွင့္ဆည္းလည္းသံေတြကိုသာ ၾကားေနရေလသည္။

တိတ္ဆိတ္ၿငိမ္းေအးလြန္းေသာေၾကာင့္  ဝါးနက္ပင္မ်ားအနီးရိွ ခံုတန္းေလးတြင္သြားထိုင္ကာ ပုတီးစိပ္ေနလိုက္သည္။


"မမေရ..ငါးစာသြား‌ကၽြေးရေအာင္..."


"ေအး..လာခဲ့မယ္.."


 ပိစိမသည္ကေလးႏွစ္ေယာက္ကို လက္ဆဲြကာ

ေခၚေနသျဖင့္ ပံုရိပ္လည္းသူတို႔ရိွရာကန္ဘက္အျခမ္းသို႔ သြားလိုက္သည္။ကေလးေတြဆီမွေပါင္မုန႔္ေျခာက္ႏွင့္ေပါက္ေပါက္ေတြကိုခဲြယူကာ 

ငါးႏွင့္လိပ္ေတြကိုအစာကၽြေးလိုက္သည္။


"ဟဲ့...ဟိုမွာၾကၫ့္စမ္း..ပါးဟပ္ႀကီးနဲ႔ ငါးကအႀကီးႀကီးပဲ .."


"ကိုႀကီး..ဟိုမွာလိပ္ေလးေတြ့လား.."


"ေအးဟ..ေရထဲကိုျပန္ငုတ္သြားၿပီ..တို႔ကိုေတြ့လိုက္လို႔ေနမယ္.."


"မႀကီးပိစိရယ္..သားေရကူးခ်င္လိုက္တာ."


"သမီးလည္းကူးခ်င္တယ္..."


"ကူးခ်င္ရင္ကူးေလ..တစ္ခါတည္းႏွစ္‌ေလာင္းၿပိဳင္ျဖစ္တာေပါ့..."


"ဟဲ့..ပိစိမ..ကေလးေတြကိုဘာေတြေလ်ွာက္ေျပာေနတာလဲ..."


   ကေလးေတြကိုေသစကားေျပာေန၍ ပိစိမ၏

ေက်ာကုန္းကိုလွမ္းပုတ္လိုက္ရသည္။

နဂါးဘုရားႀကီးဘက္‌တြင္ရိွေသာ ပိေတာက္ပင္ႀကီးကို ေငးေမာၾကၫ့္လိုက္မိေတာ့ ပိေတာက္ပန္းေတြကအံုခဲၿပီး ပြင့္ေနေလသည္။အိပ္မက္ထဲမွာ ဆရာကပံုရိပ္ကို ေထြးေပြ့ထားၿပီး ပါးေလးကိုနမ္းလိုက္သၫ့္အျဖစ္အား ျပန္သတိရမိေတာ့ မ်က္ႏွာေတြထူပူလာသည္။ဥပုဒ္သည္က ဘာေတြေလ်ွာက္ေတြးေနတာလဲ။


"နင့္ပါးကိုနမ္းခဲ့တယ္လူကို ျပန္ေတာင္းပန္မလို႔လား" ဆိုသၫ့္ဟိန္းကို၏စကားသံကိုသာ

ၾကားေယာင္ေနမိေတာ့ ထိုေန့ကအျဖစ္အပ်က္ကို

မယံုႏိုင္ခဲ့ေပ။ဟိန္းကို အျမင္မွားသြားတာမ်ားလား။

ဆရာက ပံုရိပ္ကိုနမ္းစရာအေၾကာင္းမွမရိွတာ။

တကယ္ ဟုတ္ေၾကာင္းဆရာက၀န္ခံလာခဲ့ရင္ေရာ ပံုရိပ္ဘယ္လိုတုန႔္ျပန္ရပါ့မလဲ။


"ပိေတာက္ပန္းေလးေတြကို သက္ေသတည္ၿပီးပံုရိပ္ႀကိမ္ဆိုပါတယ္..ဆရာ့ကိုပံုရိပ္တကယ္စစ္မွန္စြာ

ခ်စ္ျမတ္ႏိုးတာမို႔..ဆရာ့ဆီကေနအခ်စ္စစ္ကိုသာ 

ရရိွခံစားလိုပါတယ္.."


ဆရာ့အေၾကာင္းေတြ၊ဆရာ့စိတ္ဓာတ္ေတြကိုသိေပမဲ့ ဦးလင္းေခာတ္လိုစိတ္သေဘာထားမ်ိဳးရိွမွာကို ေတာ့ ပံုရိပ္သိပ္ေၾကာက္တယ္။


"ပံုရိပ္လည္း ဥပုဒ္လာေစာင့္တာလား.."


"ဟင္..မမခင္ရူပလိႈင္..."


"အဟင္း..တို႔ကိုမမလိႈင္လို႔ပဲေခၚပါ..သူမ်ားေတြလည္းအဲ့လိုပဲ ေခၚၾကတာမ်ားတယ္..."


"မမလိႈင္ကတစ္ေနကုန္ဥပုဒ္ေစာင့္မွာလား...

သမီးတို႔ကခဏေနရင္ ျပန္ၾကေတာ့မွာ..."


ပိစိမႏွင့္အတူ ကေလးေတြကိုထားခဲ့လိုက္ၿပီး

မမလိႈင္အေနာက္သို႔ လိုက္လာမိေလသည္။

မမလိႈင္သည္ ဆရာ၀န္မေလးဆိုသၫ့္အတိုင္းစကားအေျပာအဆိုႏွင့္ ေလယူေလသိမ္းကအစ

ေအးခ်မ္းေလသည္။


အသားအရမ္းမျဖဴေပမဲ့ ညိုညက္ညက္ကေလးျဖစ္ကာ ေကာ္ဖီေရာင္ဆံပင္ေလးေတြကို လိႈင္းတြန႔္ပံုစံ ေကာက္ထားေသာေၾကာင့္ ၾကၫ့္ရတာတစ္မ်ိဳးေလးဆန္းေနသည္။

ဆရာမၾကည္ျပာရဲ့ ေယာက္်ားကမမလိႈင္ႏွင့္ဆရာ့ကိုသေဘာတူၾကတာလည္းမေျပာနဲ႔ ပံုရိပ္ေတာင္သူတို႔ႏွစ္ေယာက္ကို လိုက္ဖက္သည္ဟု ခံစားမိသည္။ဒါေပမဲ့ ဆရာကမမလိႈင္ကိုေရြးခ်ယ္သြားခဲ့ရင္ ပံုရိပ္သိပ္ကို ၀မ္းနည္းပက္လက္ျဖစ္ေနလိမ့္မယ္။


"မမလိႈင္ဆရာေနမ်ိဳးကိုေတြ့မိေသးလား ဆရာ့ကိုေက်ာင္းမွာမေတြ့မိလို႔


မေတြ့ျဖစ္ပါဘူး။ဦးဇင္းတစ္ပါးေျပာတာကေတာ့ဆရာေတာ္ႀကီးရဲ့မိတ္ေဆြေဆးရံုတက္ေနရလို႔သီတင္းသြားေမးခိုင္းရင္းနဲ႔လက္ေဆာင္သြားအို႔တယ္တဲ့။


"ေအာ္..ဒါေၾကာင့္ဆရာ့ကိုမေတြ့မိတာကို.."


"ပံုရိပ္ကေတာ့မွတ္မိသလားမသိဘူး..တို႔ကေတာ့သႀကၤန္လည္တဲ့ေန့ထဲကေဆးရံုမွာေတြ့ခဲ့ဖူးတဲ့ေကာင္မေလးဆိုၿပီးပံုရိပ္ကိုမွတ္မိေနတာ.."


"ဟုတ္လား..မမလိႈင္ကလူနာေတြအမ်ားႀကီးနဲ႔ထိတ ေတြ့ရတဲ့လူဆိုေတာ့ သမီးကိုမမွတ္မိဘူးထင္ေနတာ"


"..ပံုမွန္ဆိုရင္ေတာ့မွတ္မိေလာက္မွာမဟုတ္ဘူး...

ဒါေပမယ့္ကိုေနနဲ႔ပတ္သက္တဲ့လူနာဆိုေတာ့ပိုသတိထားမိသြားတာပါ..ပံုရိပ္သိလား...

ကိုေနကတို႔ဆီကေနေတာ္ယံုအကူအညီေတာင္းဖူးတာမဟုတ္ဘူး...ဒါေပမယ့္အဲဒီေန့ကေတာ့

..တို႔ထိုင္ေနတဲ့အခန္းအထိေရာက္လာၿပီးေရခြက္ေတြေရာ ထမင္းခ်ိဳင့္ေတြေရာလာငွားသြားတာစံုေနတာပါပဲ...ကိုေနနဲ႔တို႔စသိခဲ့တဲ့အခ်ိန္တည္းက..

သတိထားမိလာတာတစ္ခုရိွတယ္..


အဲဒါကေတာ့..ကိုေနဟာမိန္းကေလးေတြနဲ႔ပတ္သက္ရင္စည္းတစ္ခုအၿမဲျခားထားတတ္တယ္ဆိုတာပဲ..သူ႔မွာမိန္းကေလးသူငယ္ခ်င္းေတာင္သိပ္မရိွဘူး...တို႔နဲ႔ေတာင္မွဆရာေတာ္ႀကီးဆီေဆးလာကုရင္းကေနမျဖစ္မေနဆက္ဆံရလို႔ရင္းႏွီးသြားခဲ့တာ...ဒါေပမယ့္ပံုရိပ္ကေတာ့မတူဘူး..."


"ဟမ္..မမလိႈင္ဘာကိုဆိုလိုခ်င္တာလဲ...."


"..အင္း... မမလိႈင္လည္းေသခ်ာေတာ့မေျပာတတ္ဘူးမမရဲ့စိတ္ထဲမွာပဲခံစားမိတာလားေတာ့မသိေပမယ့္ ကိုေနကပံုရိပ္အေပၚဆက္ဆံပံုဟာကဲြျပားေနတယ္.."


"မမလိႈင္ထင္လို႔ပါ...ဆရာကသူ႔တပၫ့္တိုင္းအေပၚမွာအျခားသူေတြထက္ပိုေကာင္းေပးတတ္တယ္.."


မမလိႈင္၏မ်က္ႏွာကိုၾကၫ့္လိုက္ေတာ့ပံုရိပ္ေျပာလိုက္ေသာစကားကိုသေဘာက်ေနဟန္နဲ႔ႃပံုးလိုက္တာေသခ်ာသည္။မမလိႈင္ကဘာကိုေက်နပ္သြားတာလည္းဆရာကသူ႔တပၫ့္တိုင္းအေပၚမွာ

ထူးထူးျခားျခားဆက္ဆံတတ္သည္ဆိုေသာအခ်က္ေၾကာင့္ထင္ပါတယ္။မမလိႈင္ဟာပံုရိပ္ႏွင့္ဆရာ့ကို

မသကၤာလို႔သတင္းႏိုက္ေနတာလား။


"..မမလိႈင္နဲ႔ဆရာကခ်စ္သူေတြလားဟင္..*


"ပံုရိပ္ကဘယ္လိုထင္လဲ.."


မမလိႈင္ကိုမယံုၾကည္ႏိုင္စြာၾကၫ့္လိုက္မိသည္.။

မမလိႈင္ကပံုရိပ္ကိုဘယ္လိုထင္ေစခ်င္တာလဲ။ဆရာဝန္တစ္ေယာက္ျဖစ္တဲ့အတြက္သူ႔ဂုဏ္သိကၡာအက်ဆင္းခံၿပီးေတာ့ စကားတစ္ခုကိုလက္လြတ္စပယ္ေျပာမွာမဟုတ္ပါဘူးေလ။

ဟုတ္တယ္လို႔ေျပာခ်င္တယ္ဆိုရင္ဒဲ့ေျပာသင့္တာေပါ့။


"..တို႔ႏွင့္သူနဲ႔စၿပီးေတြ့ဆံုမႈကသိပ္ကိုရိုးရွင္းပါတယ္..သူကတို႔ထက္ငယ္ေပမယ့္ရင့္က်က္တယ္

..တည္ၿငိမ္တယ္..ကိုယ္ခ်င္းစာတရားအပည့္ရိွၿပီးတာဝန္ခံမႈ၊တာဝန္ယူမႈလည္းအျပၫ့္ရိွတယ္..

ေက်ာင္းမွာလိုအပ္တဲ့ေဆးဝါးေတြကိုလႉဒါန္းဖို႔အျပင္သြားရင္းနဲ႔ တို႔ဖိနပ္ေလးျပတ္သြားေတာ့ခ်က္ခ်င္းပဲဖိနပ္ဆိုင္မွာဖိနပ္ေျပးဝယ္ေပးတယ္..

တို႔မိဘေတြကအစသူ႔ကိုဆို အရမ္းအေရးေပးၾကတယ္...တို႔အဖိုးဆိုရင္သူနဲ႔တို႔နဲ႔ခ်က္ခ္ထိုးရင္သေဘာေတြက်ေနတတ္တာ...


ဘယ္သူနဲ႔မဆိုေပါင္းတတ္သင္းတတ္တယ္ကြာ

..သူ႔မွာခ်ိဳ႕ယြင္းခ်က္ဆိုလို႔တစ္ေကာင္ႂကြက္ျဖစ္ေနတာေလးပဲရိွတယ္..သူ႔လိုလူမ်ိဳးကိုပဲတို႔ေသခ်ာေပါက္ေရြးခ်ယ္မွာ သူနဲ႔တို႔ရဲ့ၾကားကဆက္ဆံေရးကပံုရိပ္ထင္တာထက္...ပိုေလးနက္တယ္"


မမလိႈင္၏စကားကိုနားေထာင္ရင္းနဲ႔မ်က္ရည္ဝဲခ်င္လာ၍ ေခါင္းကိုငံု႔ထားကာလက္ႏွစ္ဖက္ကို

ယွက္ေထြးထားမိသည္။

ဆရာကမမရဲ့မိသားစုနဲ႔ဒီေလာက္ေတာင္ပဲရင္းႏွီးတာလား။ရက္စက္လိုက္တာ။မမလိႈင္ရဲ့ရင္ထဲမွာဆရာ့ကိုလက္တဲြေဖာ္အျဖစ္ေရြးထားၿပီးရးလ်ွက္နဲ႔

ဘာေၾကာင့္ပံုရိပ္လိုကေလးသာသာလူတစ္ေယာက္ဆီကေနအႀကံဉာဏ္လာေတာင္းသလိုလုပ္ေနရတာလဲ။


မမလိႈင္ရဲ့ရည္ရြယ္ခ်က္ကဆရာေဘးနားမွာ

ပံုရိပ္တြယ္ကပ္မလာဖို႔ပညာသားပါပါနဲ႔သတိေပးခ်င္ေနတာလား။

ေသခ်ာတာကေတာ့ ဘာရည္ရြယ္ခ်က္မွမရိွဘဲပံုရိပ္ကိုဒီလိုအသိေပးစရာအေၾကာင္းမရိွဘူး။

ငါတို႔ဟာေဆျြပမ်ိဳးျပျဖစ္ၿပီးသားျဖစ္လို႔ဆရာ့အနားမွာအရိပ္အေယာင္င္လာျပမေနနဲ႔ဟု

ႏွင္လႊတ္လိုက္သလိုပါပဲ။


"..က်မကိုသြားခြင့္ျပဳပါဦး..မမလိႈင္.."


မမလိႈင္၏ေဘးနားမွ ပံုရိပ္ထလာလိုက္သည္။

မမလိႈင္၏ စကားေတြကိုၾကားနာဖို႔အားအင္မရိွေတာ့ပါဘူး။


"တစ္ခုေလာက္ထပ္ေျပာခ်င္တယ္ပံုရိပ္

...ကိုေနကသူ႔တပၫ့္တစ္ေယာက္ကိုေတာ့လက္တဲြေဖာ္အျဖစ္ဘယ္ေတာ့မွေရြးခ်ယ္မွာမဟုတ္ဘူး..

ကိုေနကသူ႔စည္းကိုသူျပန္ေဖာက္မယ္လူမ်ိဳးမဟုတ္ဘူး စိတ္ကစားတာမ်ိဳးျဖစ္ခဲ့ရင္ေတာင္ဆင္ျခင္သင့္လို႔....ဆင္ျခင္လိုက္ပါ..."


"..မမလိႈင္..အခ်ိဳ႕စကားေတြကအားႀကီးသူေတြအတြက္ေတာ့..ေအာင္ႏိုင္မႈတစ္ရက္ျဖစ္ေပမယ့္အင္အားနဲသူေတြအတြက္ေတာ့အရမ္းနာက်င္ရပါတယ္...မမလိႈင္ကေအာင္ႏိုင္သူတစ္ေယာက္ပါ...

ကၽြန္မကပိုင္ရွင္ရိွၿပီးသားပစၥည္းတစ္ခုကိုအတင္းလုယူတတ္တဲ့မိန္းမစားမ်ိဳးမဟုတ္ဘူး.."


"..တို႔စကားေတြအရမ္းလြန္သြားရင္ေတာင္းပန္ပါတယ္..ဥပုဒ္ေန့ႀကီးမွာမင္းကိုစိတ္ဆင္းရေအာင္လုပ္မိၿပီကြယ္...တို႔ကိုမုန္းသြားၿပီလား..."


"မမလိႈင္ကိုမမုန္းပါဘူး..မမလိႈင္မွာေျပာပိုင္ခြင့္ေတြအမ်ားႀကီးရိွလို႔ ေျပာတာလို႔ပဲသတ္မွတ္ပါတယ္...

ဒါေပမဲ့ မမလိႈင္ရဲ့ စကားေတြကပံုရိပ္ရဲ့သိကၡာကိုထိခိုက္ေစတယ္...


မ်က္ရည္ကိုသုတ္ၿပီးပံုရိပ္ထိုေနရာမွထထြက္လာခဲ့လိုက္သည္။ႏွလံုးသားထဲတြင္ဝမ္းနည္းမႈေတြဟာ

ျပည့္ႏွက္၍နာက်င္ေနတုန္းပါပဲ။

ဒီေန့ဟာ ပံုရိပ္၏အသည္းကဲြေသာရက္ရာဇာေန့ျဖစ္သည္။

သႀကၤန္ေရစင္သည္လည္းပံုရိပ္ကိုေအးခ်မ္းေစမွာမဟုတ္ေတာ့သလို တရားဘာဝနာသည္လည္းပံုရိပ္ကိုၿငိမ္းခ်မ္းေအာင္လုပ္ႏိုင္ေတာ့မည္မဟုတ္ေပ။

ဆရာရယ္လို အခုကစၿပီးဆရာနဲ႔ေဝးရာအရပ္မွာပဲပံုရိပ္ေနပါေတာ့မယ္။


🌹🌹🌹🌹🌹🌹🌹


"မမေရ...ဘာထပ္ဝယ္အံုးမွာလဲ..."


"အင္း..မုန႔္ေတြလည္းအကုန္၀ယ္ၿပီးၿပီဆိုေတာ့...

ျပန္ၾကတာေပါ့..."


"မမကလည္း...မခု၀ယ္သြားတဲ့မုန႔္ေတြက...ဖြားညိုတို႔စားပါ့မလား..အန္တီယဉ္တင့္တို႔ကိုပိုက္ဆံအိတ္ေလးျဖစ္ျဖစ္ ဖိနပ္ေလးျဖစ္ျဖစ္၀ယ္သြားေပးလိုက္ၿပီးေရာကို...."


"ဟဲ့...အန္တီယဉ္တင့္ကိုင္တဲ့ပိုက္ဆံအိတ္ေတြက 

သိန္းကိုဆယ္နဲ႔ခ်ီေနတာဟဲ့...ငါကအဲ့ေလာက္မတတ္ႏိုင္ဘူးေလဟာ...ဒီမုန႔္ေတြကိုအိမ္ကအလုပ္သမားေတြအတြက္၀ယ္တာပါ...ဖြားညိုတို႔ကအကုန္၀ယ္ႏိုင္ေနတဲ့ဥစၥာ...ငါ့လက္ေဆာင္ေတြက

သူတို႔အတြက္...အသံုးမွမလိုတာ...

ဒါေပမဲ့...လက္ေဆာင္ေတာ့ေပးရမွာေပါ့..

လက္ေဆာင္ရရင္မေပ်ာ္တဲ့လူေတာ့ မရိွေလာက္ပါဘူး.."


"မမေနျခည္တို႔အတြက္ကေရာ..."


"မပါဘူး...သူတို႔က‌အၿမဲတမ္းခရီးထြက္ေနတဲ့လူေတြေလ..ဟိုတစ္ခါပုဂံကိုသြားေတာကေတာင္

ငါ့အတြက္ဘာပါလို႔လဲ..သူတို႔ေတာင္မေပးတာ...

ငါလည္းဘာေပးစရာလိုသလဲ...ဟဲ့ဟိုမွာ..ဟိုပဝါေလးလွတယ္ေနာ္...ဖြားညိုအတြက္၀ယ္သြားအံုးမယ္..."


ဆိုင္ထဲသို႔ ေျပး၀င္သြားေသာ မမကိုၾကၫ့္၍ပိစိမႃပံုးလိုက္မိပါသည္။

ပါးစပ္ကေတာ့ မ၀ယ္ဘူးဆိုၿပီးဇြတ္ျငင္းေနေပမဲ့

ပိစိမ၏လက္ထဲမွာေရာ မမ၏လက္ထဲမွာပါအထုပ္ေတြကမနည္းမေနာျဖစ္ေနသည္။

ေဈးတြင္းထဲမွာပင္ တစ္ဆိုင္၀င္တစ္ဆိုင္ထြင္ႏွင့္အထုပ္ေတြသယ္ရတာလည္း လက္ေတြေညာင္းေနေလၿပီ။


"မမရယ္...ေတာ္ပါေတာ့..မ၀ယ္ပါနဲ႔ေတာ့ေနာ္..."


"နင္ကလည္းခဏေလးပါ...ဒါေလးကိုငါႀကိဳက္လို႔...ဘုရားသြားေက်ာင္းတက္ရင္ဖြားညိုနဲ႔သိပ္လိုက္မွာဟ...ေဒၚေလးအတြက္ပါတစ္ခု၀ယ္သြားလိုက္မယ္..."


"၀ယ္ပါရွင္...၀ယ္ပါ...ၿပီးရင္ဒီအထုပ္ေတြမဆန႔္မၿပဲနဲ႔...ဘယ္လိုျပန္ရမလဲမသိဘူး..."


"နင့္ကိုဆိုက္ကားငွားၿပီး အထုပ္ေတြနဲ႔အရင္ျပန္လႊတ္လိုက္မယ္ေလ...ငါကေတာ့အသုပ္ဆိုင္မွာ၀င္စားအံုးမွာမို႔ လမ္းေလ်ွာက္ၿပီးျပန္လာခဲ့လိုက္မယ္.."


"ဒီလိုေၾကးလား...သူပဲစားမယ္ေပါ့..."


"အမယ္ေလး...ညေနၾကရင္...မုန႔္တီသြားေသာက္ၾကမယ္ေလ...အစ္မႀကီးကိုကၽြန္မေခ်ာ့ပါ့မယ္ရွင္...

ကဲ..ကဲ..၀ယ္တာေတြလည္းေတာ္ေတာ္မ်ားေနၿပီဆိုေတာ့ ေတာ္ေလာက္ၿပီ...ျပန္ၾကတာေပါ့..."


"ဟင္း...ေတာ္ပါေသးရဲ့..."


မမသည္ ပဝါဆိုင္မွာအညိုထည္ ပုဝါလွလွေလးကို၀ယ္လိုက္ၿပီးေနာက္  ပိုက္ဆံရွင္းလိုက္ကာ

အထုပ္ေတြ တသီႀကီးဆဲြ၍ ေဈးထဲမွထြက္လာလိုက္သည္။ပိစိမသည္လည္း အေနာက္မွအထုပ္ေတြဆဲြကာ လိုက္လာမိရင္းမွ ဆိုက္ကားဂိတ္သို႔ေရာက္ေသာအခါ မမကသူေျပာခဲ့တဲ့အတိုင္း ဆိုက္ကားတစ္စီးကိုငွားၿပီး အထုတ္ေတြကိုတင္ေနေလေတာ့သည္။


"မမ..တကယ္ႀကီးလား...သမီးတစ္ေယာက္တည္းအိမ္ကိုျပန္ရမွာလား...မမကိုစိတ္မခ်ဘူးေနာ္..."


"ဒီေနရာေတြကို ငါအၿမဲလာေနၾကပါဟယ္...

ကိုယ့္ရပ္ကြက္ထဲမွာေတာ့ ကိုယ္လမ္းမေပ်ာက္ပါဘူး...အိမ္နဲ႔ေဈးက ဘယ္ေလာက္ေဝးတာမွတ္လို႔....

ဆိုက္ကားဆရာေရ...ဆိုက္ကားခပါေပးလိုက္ပါ့မယ္...."


ပံုရိပ္လည္း ဆိုက္ကားခရွင္းေပးၿပီးတာႏွင့္ 

လမ္းကူးလိုက္ၿပီး တာလမ္းမႀကီးအတိုင္းေလ်ွာက္လာလိုက္ကာ ၾကာဇံသုတ္ႏွင့္တုတ္ထိုးစားဖို႔ရန္ အသြားတုန္းကေတြ့ခဲ့ေသာ ဆိုင္ေလးကိုရွာေနမိေလသည္။


"ေဟ့...ခၽြတ္...ခၽြတ္..."


"ေဟ့...ဆံပင္ရွည္ေလးနဲ႔..အဝါေရာင္ေလး...."


အေနာက္ဘက္မွ ေခၚသံၾကား၍လွၫ့္ၾကၫ့္လိုက္မိေတာ့ ေကာင္ေလးသံုးေယာက္က ပံုရိပ္ကိုလွမ္းစၿပီး အေနာက္မွလိုက္ေနၾကေလသည္။


"အရမ္းလွတယ္ကြာ..."


"ေတာက္!!!!!"


တက္ေခါက္ကာ..အံႀကိတ္လိုက္ၿပီးေျခလွမ္းေတြကို ခပ္သြက္သြက္လွမ္းေနမိသည္။

ထိုစဉ္ေတေလၾကမ္းပိုးေတြက ပံုရိပ္၏ေဘးနားမွာကပ္ၿပီး အရည္မရအဖက္မရစကားေတြႏွင့္ ဖြန္လာေၾကာင္ေနေလေတာ့သည္။

ပိုးစိုးပက္စက္ေျပာလႊတ္လိုက္ခ်င္ေပမဲ့ အႏၲရာယ္ေပးမွာလည္း ေၾကာက္ရေသးသည္။


ဘယ္ေလာက္ပဲ သတၲိရိွပါသည္ဆိုေစအံုး

သံုးေယာက္ႏွင့္တစ္ေယာက္ျဖစ္ေနေတာ့ စိတ္ကိုမနည္းထိန္းခ်ဳပ္ေနရသည္။

သူတို႔ဘာသာ ေျပာခ်င္တာေျပာ ကိုယ္သြားစရာရိွတာကိုပဲ အာရံုစိုက္ေနလိုက္သည္။

အသားကို လာထိရင္ေတာ့ပါးရွစ္စိပ္ကဲြေအာင္ကို ခ်ပစ္လိုက္မယ္။


"ေဟ့ေကာင္...ညီမေလးေတြကမမေတြထက္ပိုဆဲြေဆာင္မႈရိွတယ္ေနာ္..."


"ဟုတ္ပါ့ကြာ...ညီမေလးရဲ့နာမည္ေလးကဘယ္လိုေခၚလဲဟင္..."


"ဟြာကြာ...မာနႀကီးလိုက္တာ နာမည္ေလးေတာ့ေျပာျပပါလားကြာ..."


.............


"သနပ္ခါးေလးနဲ႔ သိပ္လွတယ္သိလား..."


"ငါေတာ့ေမႊးခ်င္တာပဲ သိတယ္....."


"ရွင္တို႔ မမိုက္ရိုင္းနဲ႔ေနာ္...ကိုယ့္လမ္းကိုယ္သြားၾက.."


"ကိုယ့္လမ္းကိုယ္သြားေနတာပဲေလ...ဒီလမ္းကညီမေလးရဲ့ အေမပိုင္တဲ့လမ္းမို႔လို႔လား..."


"ဟား...ဟား....ေျပာတတ္တယ္သားႀကီးရာ..."


ဒီလူေတြကို စကားတုေျပာေနရင္ ေရ႔ွဆက္ၿပီးျပႆနာေတြ အႀကီးအက်ယ္ျဖစ္ႏိုင္တာေၾကာင့္ 

ၾကာဇံသုပ္ဆိုင္ကိုလည္း သြားဖို႔စိတ္မကူးေတာ့ပဲ ဆိုက္ကားျဖစ္ျဖစ္ ဆိုင္ကယ္ျဖစ္ျဖစ္ငွားဖို႔သာ

ေတြးလိုက္သည္။


ထိုစဉ္ ပံုရိပ္တို႔ဘက္သို႔ လာေနေသာဆိုင္ကယ္

တစ္စီးကို ေတြ့လိုက္ရ၍အားတက္သြားမိေလသည္။

ဆိုင္ကယ္စီးလာေသာ သူမွာဆရာေနမ်ိဳးျဖစ္ၿပီး

 ပံုရိပ္ကိုေတြ့သည္ႏွင့္ လမ္းခ်ိဳးထဲသို႔ေကြ့၀င္ေတာ့မၫ့္ဆဲဆဲမွ ျပန္လွၫ့္လာျခင္းျဖစ္သည္။


"ပံုရိပ္....ဒီကိုလာခဲ့...အိမ္ကိုျပန္လိုက္ပို႔ေပးမယ္..."


"ဟုတ္ကဲ့..."


ပံုရိပ္လည္း ျငင္းမေနေတာ့ပဲ ဆရာ့ဆိုင္ကယ္ေနာက္သို႔ ေစြ့ခနဲတက္လိုက္မိေလသည္။

ဟိုငနဲသံုးေကာင္ကေတာ့ ေယာင္လည္လည္ႏွင့္

ျပန္ထြက္သြားေတာ့သည္။ထိုအခါမွသာ ပံုရိပ္လည္း သက္ျပင္းခ်လိုက္ၿပီး ေၾကာက္စိတ္ကိုထိန္းေနရသည္။ခုတေလာသတင္းေတြထဲမွာ ရာဇ၀တ္မႈေတြကခဏခဏ ပါေနေတာ့‌ နည္းနည္းလန္႔ေနမိသည္။သူတို႔မွာကိုယ့္ကို ဒုကၡေပးဖို႔လက္နက္ပါမလာဘူးလို႔ မေျပာႏိုင္ေပ။


"ဆရာ...ဒီေနရာမွာပဲ ဆိုင္ကယ္ရပ္လိုက္ပါ...

သမီးဒီမွာပဲ ဆင္းခဲ့လိုက္မယ္...."


ဆရာ့ေနာက္ေက်ာနားကို နည္းနည္းကပ္ၿပီးေျပာလိုက္ေတာ့ ဆရာသည္ခ်က္ခ်င္းဆိုင္ကယ္ကို

ရပ္လိုက္ေလသည္။ပံုရိပ္လည္း ဆိုင္ကယ္ေပၚမွ ဆင္းလိုက္ၿပီး ဆရာ့မ်က္ႏွာကိုမဝံ့မရဲၾကၫ့္လိုက္မိသည္။


"ေက်းဇူးတင္ပါတယ္ဆရာ...ဆရာနဲ႔သာမေတြ့ရင္..

အဲ့လူေတြလိုက္ၿပီး ေနွာက္ယွက္တာကိုခံေနရမွာ...

ဆရာ သြားစရာရိွတဲ့ေနရာကိုသာသြားပါ...သမီးဒီမွာပဲ ဆင္းေနခဲ့လိုက္ပါ့မယ္..."


"ဘာလို႔ေနခဲ့မွာလဲ....အိမ္အထိလိုက္ပို႔ေပးမယ္ေလ..."


"ေနပါေစဆရာ...သမီးဒီကေနလမ္းေလ်ွာက္သြားလိုက္ပါေတာ့‌မယ္...."


"ေနာက္တစ္ခါ အျပင္သြားရင္တစ္ေယာက္တည္း

မသြားနဲ႔..."


"ဟုတ္ကဲ့...."


မ်က္ႏွာကို ခပ္တည္တည္ပံုစံဖမ္းလိုက္ၿပီး

ဆရာ့ဆိုင္ကယ္ကို လြန္ကာျမန္ျမန္လမ္းေလ်ွာက္လာလိုက္သည္။ဆရာနဲ႔ မ်က္ႏွာခ်င္းမဆိုင္ပါရေစနဲ႔။အျခားသူေတြကို အားမနာစြာျငင္းပယ္တတ္ေပမဲ့။ဆရာ့ေရ႔ွမွာဆိုရင္ ပံုရိပ္ဟာဦးက်ိဳးၿပီးသား

ျဖစ္ေနတတ္လို႔ပါ။ဆရာ့အသံေလးကို ၾကားလိုက္ယံုနဲ႔ ငိုခ်င္ေနမိတယ္။ခဲြရေတာ့မယ္ဆရာရယ္။

ကၽြန္မတစ္ေယာက္တည္းရဲ့ တစ္ဖက္သတ္ဇာတ္လမ္းေလးကို ၀မ္းနည္းစရာဇာတ္သိမ္းၿပီး

ခဲြရပါေတာ့မယ္။


"ဆရာက ငါ့အေပၚမွာတကယ္ကို ဘာခံစားခ်က္မွ

မရိွတာပါလား..."


ဆိုင္ကယ္ေလး ပံုရိပ္အေနာက္သို႔လိုက္လာပါေစဟု ဆုေတာင္းခဲ့ေပမဲ့။ဆုေတာင္းေတြမျပၫ့္ခဲ့ပါဘူး။ဆိုင္ကယ္ေလးဟာ ပံုရိပ္ကိုေက်ာခိုင္းလ်ွက္

လမ္းခ်ိဳးတစ္ခုထဲသို႔ ခ်ိဳးေကြ့၀င္သြားခဲ့ေလၿပီ။

ထိုေနရာမွာ ခဏေလာက္မိုက္ရူးရဲဆန္စြာ ရပ္ေစာင့္ေနမိေပမဲ့ ဆရာ့ဆိုင္ကယ္ေလးက လံုး၀အစအနေတာင္မျမင္ရေတာ့ေပ။

ဆရာသာ  ေနာက္တစ္ခြန္းေလာက္ထပ္ေခၚခဲ့ရင္

ပံုရိပ္၀မ္းသာမိၿပီး ဆရာ့ဆိုင္ကယ္ေနာက္ကေနျပန္လိုက္မိမွာပါပဲ။


"ဒီညကိုေက်ာ္လြန္သြားခဲ့ရင္ ေဝးရၿပီဆရာရယ္...

ေနာက္ထပ္ဆံုခ်ိန္ေလးက ပိုလို႔ေဝးၿပီေပါ့...

သူမ်ားေတြအတြက္ေတာ့...ႏွစ္ဆန္းတစ္ရက္ေန့ဆိုတာ...မဂၤလာရိွတဲ့ႏွစ္သစ္အခ်ိန္အခါေလးျဖစ္ေပမဲ့

ပံုရိပ္အတြက္ေတာ့...၀မ္းနည္းမႈေတြနဲ႔အိမ္ျပန္ရတဲ့အခ်ိန္တစ္ခုျဖစ္ေနပါလိမ့္မယ္...."


အခန္း(၄၇)ဆက္ရန္


🌹🌹🌹🌹🌹🌹🌹


အျခားသူေတြကို အကုန္ေခ်ခ်ခဲ့သမ်ွ ဆရာ့ကိုေတာ့မေခ်ႏိုင္ေတာ့ပါလား....

🔥ဆူးကြိုး...🔥အခန်း(၄၅)


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၅)


သင်္ကြန်မိုးက ရွာသွန်းလေပြီ။ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးသည်  အုံ့မှိုင်းလာကာ

ခဲပုပ်ရောင် လွင်ပြင်ကြီးကဲ့သို့ ဖြစ်သွားလေသည်။

တစ်ပေါက်စနှစ်ပေါက်စ မိုးစက်များမှသည် နေရာအနှံ့အပြားသို့ အဆက်မပြတ်ကျဆင်းလာတော့သည်။


ဖုန်ထနေသော လမ်းမကြီးများသည် ရေနှင့်ပက်ဖြန်းလိုက်သလို အငွေ့တလူလူဖြစ်သွားကြပြီး သိပ်သိပ်သည်းသည်းဖြစ်ကုန်ကြသည်။

 သင်္ကြန်၏သင်္ကေတဖြစ်သည့် ပိတောက်ပန်းတို့သည်လည်း အမိန့်သံမပါပဲ နုသစ်စွာပွင့်လန်းချင်လာကြသည်။


ပုံရိပ်ကတော့ ပြတင်းပေါက်မှနေ၍ အိမ်ခြေရင်းဘက်ရှိ စံပယ်ရုံတွေပေါ်သို့ကျဆင်းနေသော

မိုးစက်တို့ကိုသာ ငေးကြည့်နေမိသည်။

ဒေါ်လေး၏ စံပယ်ပန်းလေးများသည် ဆယ့်နှစ်ရာသီလုံးပွင့်ဖူးကြလောက်အောင်အထိ အပွင့်သန်သည်ဟု ဆိုရမည်။

အိမ်မှာ တကူးတကလာ၀ယ်ကြသူတွေတောင်

ရှိလေသည်။


"မမရေ...မအေးဘူးလား...မိုးတွေပက်မယ်လေ..."


"မပက်ပါဘူးဟာ..အဝေးကြီးရယ်...လေကအရှေ့ဖက်ကနေတိုက်တာထင်တယ်.."


"မမဘာတွေ တွေးနေတာလဲ.."


ပိစိမသည်လည်း ပြူတင်းပေါက်၏တစ်ဖက်တွင်မှီ၍ထိုင်လိုက်လေသည်။ပိစိမ၏မျက်နှာကို ကြည့်လိုက်ပြီးနောက် ပြူတင်းပေါက်အပြင်ဘက်ရှိ

မိုးစက်တွေသည်းထန်စွာ ကျဆင်းနေသော ကောင်းကင်ကြီးအပေါ်သို့မော့ကြည့်လိုက်မိသည်။

အေးစက်စက် ရေပေါက်လေးတွေသည် ပုံရိပ်၏

ပါးပြင်လေးတွေအပေါ်သို့ လာထိနေသောခံစားချက်ကို သိပ်သဘောကျတယ်။


"ငါတို့ပြန်ရတော့မယ်နော်...မနက်ဖြန်တစ်ရက်ပဲ

ရှိတော့တယ်...ဒီကလူတွေအားလုံးနဲ့‌ထပ်ဝေးရအုံးမယ်.."


"အင်း...သမီး‌လည်း...တကယ်ပြန်ရတော့မယ်ဆိုတော့...ရင်ထဲမှာဟာတာတာကြီးဖြစ်ဖြစ်သွားတယ်

...ငိုချင်သလိုပဲ...မမရဲ့ဒေါ်လေးကသိပ်သဘော

ကောင်းတာပဲနော်..တကယ်တော့သမီးကမမနောက်ကို စောင့်ရှောက်ဖို့လိုက်လာတဲ့ အိမ်ဖော်ပေမဲ့

သမီးကိုလည်း မမနဲ့တန်းတူချစ်ခင်ပေးတယ်..

သမီးရဲ့ဘ၀မှာလေ..အမြဲတမ်းမတူမတန်သလိုပဲ ဆက်ဆံခံခဲ့ရတော့...ဒီနေရာလေးမှာသမီးပျော်နေမိတယ်...."


"ဒါဆိုရင်...ဒီမှာနေခဲ့မလား....ဖွားညိုကိုပြောပြီး

နင့်ကိုအလုပ်ထုတ်လိုက်မယ်လေ...ဒေါ်လေးလည်းကူဖော်လောင်ဖက်ရတာပေါ့...လစာလိုချင်ရင်လည်းပေးမယ်...ဒါမှမဟုတ်မိသားစုလိုနေချင်ရင်လည်း...နေလို့ရတယ်...ဘယ်လိုလဲ..."


"ဟင့်အင်း...သမီးကမမရဲ့နောက်ကိုပဲအမြဲလိုက်နေမှာ...မမလိုအပ်တာတွေကိုဖြည့်ဆည်းပေးချင်တာ..


"ဟုတ်ပါပြီ..ဒါဆိုလည်းတို့နဲ့ပဲ ပြန်လိုက်ခဲ့တော့...

တစ်ခုတော့ရှိ‌တယ်နော်...ဒီမှာကဟိုမှာလောက်

မပင်ပန်းဘူး...ဒေါ်လေးကလည်းနင့်ကိုတူမအရင်းလို စောင့်ရှောက်မှာ သေချာတယ်..."


"သမီးက..မမရှိတဲ့‌နေရာမှာပဲနေမှာပါဆို..."


"ပြီးရော...."


နွေးထွေးကြင်နာတတ်လွန်းသော မမ၏မျက်နှာလေးကိုကြည့်ပြီး ပိစိမပြုံးလိုက်မိသည်။

အရမ်းကို စိတ်ထားလှလွန်းလို့ လူလေးကလည်းဖြူစင်ပြီး လှလွန်းနေတာပေါ့။

မြန်မာ၀မ်းဆက်ရင်စေ့လက်ပျက်လေးကိုမှ

အပေါ်ကနေဆွယ်တာလက်ရှည်လေးကို ထပ်၀တ်ထားသောကြောင့် သိမ်မွေ့နူးညံ့လွန်းနေသည်။


ဆရာဆိုတဲ့လူရယ် ခင်ဗျားသိပ်ကံကောင်းပါတယ်။

မမလိုလူတစ်ယောက်က လူတိုင်းအပေါ်မှာကြင်နာသနားတတ်ပေမဲ့ လူတစ်ယောက်တည်းအပေါ်မှာပဲ

နင့်နင့်နဲနဲ ချစ်မြတ်နိုးတတ်တဲ့လူပါ။

ခင်ဗျားသာ မမရဲ့‌ချစ်ခြင်းမေတ္တာတွေကိုမြင်နိုင်ရင်

ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူဖြစ်လာလိမ့်မယ်။


"မမနဲ့ဆရာ့ရဲ့ အခြေအနေကဘယ်လိုရှိပြီလဲ..."


"ဒီအတိုင်းပါပဲ...."


"ဟင်...မမရဲ့စကားကြီးကလည်း ဘယ်လိုကြီးတုန်း

ဒီအတိုင်းပါပဲဆိုတော့...မမကပြန်ရတော့မယ်လေ...

မြန်မြန်မလှုပ်ရှားရင် သူများနောက်ကိုပါသွားမှာပေါ့.."


ပိစိမ၏စကားကြောင့် ပုံရိပ်ပြုံးလိုက်မိသည်။

မိုးကောင်းကင်ပေါ်သို့ မျက်တောင်မခတ်စတမ်းငေးကြည့်နေမိရင်းမှ ရင်ထဲမှာလည်း၀မ်းနည်းလာသလို ခံစားနေရသည်။


"ခံစားချက်ဆိုတာ လုပ်ယူလို့မရဘူးဟ...ဆရာက

ငါ့အပေါ်မှာ ဘယ်လိုမြင်သလဲဆိုတာငါမသိဘူး...

လူနှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့ ဆက်ဆံရေး

တစ်ခုမှာငါ့တစ်ယောက်တည်းဘက်ကနေ ရင်ခုန်ရုံနဲ့ပြီးတာမှမဟုတ်ပဲ...သူကရောငါ့ကိုရင်ခုန်နေတာမဟုတ်ရင် ငါဘာမှမတတ်နိုင်ဘူး...


ငါသူ့ကိုချစ်ပေမဲ့...သူငါ့ကိုပြန်မချစ်လည်းရတယ်

သူငါ့အပေါ်မှာ အထင်သေးသွားမှာမျိုးတော့

ငါမဖြစ်ချင်ဘူး...

ဒါကြောင့်အခုလက်ရှိ ငါတို့ရဲ့ဆက်ဆံရေးကို

ဒီအတိုင်းလေးပဲ ထားလိုက်တာကောင်းမယ်လို့ထင်တယ်...


ဖူးစားဆိုတာက လူ့ပြည်ကအပ်တစ်စင်းနဲ့ဗြမ္မာ့ပြည်ကအပ်တစ်စင်းထိတဲ့အချိန်လို့ပဲ ပြောရမလား

ဖူးစာမပါရင် ငါတို့တွေဘာမှမတတ်နိုင်ဘူး...

တွဲပြီးသားလက်တွေတောင် ပြန်ပြတ်တောက်ကြရသေးတာပဲလေ...


နောက်ပြီး..ငါကငါ့ရဲ့အချိန်အခါတစ်ခုကိုသိတယ်..

ငါ့အသက်ကအရမ်းငယ်လွန်းသေးတယ်..

ဆရာ့အပေါ်မှာထားတဲ့ ငါ့ရဲ့ခံစားချက်ကိုလည်း

ငါသချာပြန်စမ်းစစ်ရအုံးမယ်..ဝေးကွာသွားတဲ့အချိန်အတိုင်းအတာတစ်ခုမှာသူ့ဘက်မှာလည်းတစ်ယောက်ယောက်နဲ့ လက်တွဲသွားနိုင်သလို

 ငါ့ဘက်မှာလည်း သူ့ကိုမေ့သွားနိုင်တာပဲလေ

...တကယ်လို့ ဒီအရာတွေတစ်ခုမှ ဖြစ်မလာဘူးဆိုရင်တော့...ဖူးစာရေးနတ်မင်းကြီးဟာ 

ငါတို့နှစ်ယောက်ကိုသေချာပေါက် ချည်နှောင်ပေးထားတာလို့သတ်မှတ်လိုက်မယ်..."


"ဒီလိုဆိုတော့ မမရဲ့အတွေးကသဘာ၀ကျပါတယ်

...ဒီလိုကိစ္စမျိုးကို အတင်းလုပ်ယူတိုင်းလည်း

ရတာမှမဟုတ်ပဲ...ဒါပေမဲ့မမပြောသလိုဆို 

မမကသူ့ကိုတကယ်ချစ်တာလား..မချစ်တာလား..."


"ချစ်တယ်လို့တော့ထင်တာပဲ...ငါလည်းသေချာ

မသိဘူး...ငါတို့အရွယ်ကစိတ်ကစားတတ်တဲ့အရွယ်လို့ လူတိုင်းကပြောနေကြတော့...ငါလည်းကိုယ့်ကိုကိုယ်တောင် သံသယ၀င်ချင်နေပြီ..."


"မမကလည်း...အသက်အရွယ်နဲ့ဘာဆိုင်လည်း..

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ...

အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံများပြီး ရင့်ကျက်လာတာပဲရှိတာ  အချစ်မှာအတွေ့အကြုံ

မရှိရင်တော့ သမီးရည်းစားကိစ္စမှာ ဆယ်ကျော်သက် ဖြစ်နေအုံးမှာပဲ...."


"ဟား...ဟား...ဟုတ်ပါတယ်...ဟုတ်ပါတယ်...

ငါကရည်းစားတော့ထားကြည့်ချင်ပါတယ်...

ဒါပေမဲ့ ရည်းစားထားရင်အနမ်းခံရတာတို့ဘာတို့ဖြစ်လာမှာကို ကြောက်တယ်ဟ..."


"ဟား...မမကလည်း...ရည်းစားထားပါတယ်ဆိုမှ

ဟိုကအလှကြည့်နေမလား..သမီးရည်းစားတို့သဘာ၀...နမ်းတာတော့ရှိမှာပေါ့...သမီးဆိုရင်လေ

..မမနေခြည်ကြည့်တဲ့ကိုရီးယားကားတွေကို

သူ့အခန်းမှာသန့်ရှင်းရေးလုပ်ရင်းနဲ့ ချောင်းကြည့်ဖူးတယ်သိလား...မင်းသားနဲ့မင်းသမီးက ဟိုဒင်း...

မရိုသေ့စကားမမရယ်...ဒါချင်းနမ်းနေတာမရွံဘူးလားမသိဘူး...တွေးရင်းနဲ့တောင်အံချင်လာပြီ...

ဒါပေမဲ့ ကြည့်လို့တော့ကောင်းတယ်..ဟိ..ဟိ..."


ပိစိမက သူ့နှုတ်ခမ်းကို လက်နဲ့ဖိပြပြီးပြောပြတာကြောင့် ပုံရိပ်မှာမျက်လုံးတွေပြူးသွားသလို 

ရယ်လည်းရယ်ချင်မိသည်။

ဒါဆို ပြင်ပအတွေ့အကြုံရှိထားအောင် အရင်ဆုံး

ကိုရီးယားကားတွေကို ကြည့်ထားသင့်တာလား။

ဒါလည်းမဟုတ်သေးပါဘူး။


ပုံရိပ်ကတော့ မရပါဘူး။ရည်းစားထားလို့

ရည်းစားကလာနမ်းရင် နမ်းတဲ့နှုတ်သီးကိုဖြတ်ရိုက်ပစ်မယ်။


"မမသိလား...တစ်ခါလေ...အန်တီယဉ်တင့်တို့အခန်းရှေ့ကနေဖြတ်လျှောက်တော့ အခန်းထဲမှာရန်ဖြစ်နေကြတာထင်လို့ တံခါးကလည်းဟနေတာနဲ့ချောင်းကြည့်လိုက်တာ..ဦးခန့်ကြီးကအန်တီယဉ်တင့်ကို နမ်းလိုက်တာနဲ့ကြုံရော..ပိစိကတော့မီးဖိုချောင်ထဲကို တစ်ချိုးတည်းပြေးမိတော့တာပဲ..."


"ဟား...ဟား...နင်ကချောင်းကြည့်တဲ့နေရာမှာတော့ ဆရာကြီးပဲနော်.."


"ဟဲ..ဟဲ...အတွေ့အကြုံဆိုတာ..ရတဲ့နေရာမှာယူထားရတာလေ..."


"အေးပါ...ဆရာမကြီးရဲ့စကားကိုမှတ်ထားပါ့မယ်..."


"မှတ်ထား...မှတ်ထား..နောက်လည်းမသိတာရှိရင်လာမေး..."


"အမယ်လေး.…"


ပိစိမနှင့် ပုံရိပ်သည်ဒီလိုပွင့်လင်းသောစကား၀ိုင်းမျိုးကို တည်ဆောက်နိုင်သည်အထိရင်နှီးခင်မင်မိနေလေပြီ။ဒေါ်လေးဆီမှာ နေခဲ့လို့သာပြောနေ‌မိပေမဲ့ ပိစိမသာမရှိရင်ပုံရိပ်လည်း နေတတ်မည်မထင်ပေ။


မိုးစက်ကလေးများကို ကြည့်မိပြီး နေ့လည်ကအတူယှဉ်ထိုင်မိစဉ် အနီးကပ်တွေ့ခွင့်ရလိုက်သည့်

ဆရာ့ပါးပြင်လေးကို တွေးကြည့်လိုက်မိတော့

ရင်ခုန်နေမိသည်။

ဟင်...ငါဘာတွေတွေးနေတာလဲ...


===========================


"မမရေ...ပိတောက်ပန်းတွေပွင့်နေပြီ....."


ပိစိမ၏အော်သံကြောင့် ဒေါ်လေးနှင့်အတူမီးဖိုထဲတွင် ကူလုပ်ပေးနေမိရင်းမှ လူတွေလန့်ဖြန့်သွားလေသည်။


"မမရေ..."


"ဟဲ့...ငါဒီမှာ..."


မီးဖိုထဲကနေ အသံလှမ်းပေးတော့ မီးဖိုထဲသို့ပြေးလာပြန်သည်။အိမ်ကသစ်သားအိမ်ပါဆိုနေမှ

တစ်အိမ်လုံးလည်း သူ့ခြေသံတွေချည်းပဲ။


"မမ...ပိတောက်ပန်းတွေပွင့်နေပြီသိလား...."


"ဟဲ့...နေ့လည်ဆယ့်နှစ်လောက်ကမှမိုးရွာတာလေ...

အခုမှလေးနာရီပဲထိုးသေးတယ်...ချက်ချင်းကြီး

ပန်းကထပွင့်လာပါ့မလား..."


"ဟုတ်ပါတယ်ဆိုနေ...ဒီမှာတွေ့လား...

လမ်းကဖြတ်သွားတဲ့အဒေါ်ကြီးတစ်ယောက်

 ခူးလာတာတွေ့လို့ဘယ်အိမ်မှာလည်း မေးပြီးသွားခူးလာတာ..."


ပိစိမသည်သူ့အနောက်တွင်ဖွက်လာသော ပိတောက်ပန်းခိုင်ကြီးကို ‌ပြလိုက်သောအခါ

ပိတောက်ပန်းရနံ့လေးသင်းသွားသလို ဒေါ်လေးနှင့်ပုံရိပ်လည်း အံ့ဩသွားရသည်။

ပိတောက်က မိုးရွာပြီးနောက်နေ့လောက်မှ

ပွင့်တာမဟုတ်ဘူးလား။


"ရော့...မမနဲ့ဒေါ်လေးကတစ်ယောက်နည်းနည်းဆီပန်ကြ သမီးကကျန်တာကိုဘုရားအိုးထိုးလိုက်အုံးမယ်..."


ပုံရိပ်နှင့်ဒေါ်လေး၏ လက်ထဲသို့ပန်းခက်တွေကို ပေးခဲ့ကာကျန်တာကိုပြန်ပွေ့ပိုက်၍ အိမ်ရှေ့ခန်းသို့ပြေးထွက်သွားပြန်လေသည်။

ပိစိမက ကလေးတစ်ယောက်လိုပါပဲလား။

ဒါပေမဲ့ သူကစကားပြောကောင်းတယ်။

သူတစ်ပါး စိတ်ချမ်းသာအောင်လည်း

သိပ်ပြောတတ်တဲ့ကောင်မလေး။


"အော်...ပုံရိပ်ရေ...ဒေါ်လေးမေ့နေတာ...

မနက်ဖြန်ဥပုဒ်နေ့မှာ...ကျောင်းမှာမနက်ဖက်

အစာပြေအတွက်လှူဖို့လုပ်ထားတာ...သမီးရဲ့ဆရာကိုတောင် နေ့ခင်းကအလှူငွေနှစ်သိန်းပေးလိုက်မလို့ မေ့သွားတယ်..သွားပေးပေးစမ်းပါကွယ်.."


"ဟုတ်ကဲ့...သမီးသွားပေးပါ့မယ်...ဒေါ်လေးရဲ့သေတ္တာထဲကနေပဲ ပိုက်ဆံကိုယူလိုက်ရမလား..."


"အေး...အေး...ယူလိုက်..."


ဒေါ်လေးဆီမှ ခွင့်ပြုချက်ရသည်နှင့် ပိုက်ဆံကိုသွားယူလိုက်ပြီး  ဆွယ်တာလေးကိုထပ်၀တ်လိုက်ကာ

ပိစိမပေးသော ပိတောက်ပန်းလေးကိုလည်း

ကလစ်နှင့်ထိုးပန်လိုက်သည်။

ကျစ်ဆံမြီးကျစ်ထားသော ဆံပင်‌ရှည်လေးကို အရှေ့သို့ချကာ ဘုန်းကြီးကျောင်းသို့ထွက်လာခဲ့လိုက်သည်။


🎶ပါးပြင်မှာ...သနပ်ခါးလေးနဲ့🎶

🎶ချစ်စရာကောင်းလိုက်တာကွာ..."🎶

🎶သူများတွေထက် မထင်မရှားလည်းပဲ🎶

🎶ကိုယ့်အတွက် လမင်းလေးပါ🎶

🎶အမြဲတမ်းပြုံးနေလိုက်ပါ🎶

🎶ရိုးရိုးလေး မင်းမျက်နှာ🎶

🎶ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ...."🎶


အုတ်ခုံမှာ ထိုင်၍သီချင်းညည်းနေသော အုပ်စုကြောင့် လမ်းလျှောက်ရင်းနှင့် ခြေလှမ်းတွေတောင်မှားချင်သည်။

ကိုယ်ကလည်း သနပ်ခါးလူးထားတဲ့အပြင် 

မြန်မာ၀မ်းဆက်နဲ့ဆိုတော့ သုတို့၏သီချင်းနှင့်က ကွက်တိဖြစ်နေသည်။

ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းပြီး ဘုန်းကြီးကျောင်းသို့ ရောက်မှသာစိတ်အေးရတော့သည်။


ကျောင်းထဲတွင်တော့ ဥပုဒ့်နေမို့ ညနေစောင်းနေပြီဆိုပေမဲ့ ဥပုဒ်သည်တွေလည်း တစ်ယောက်စ

နှစ်ယောက်စရှိနေလေသည်။

ဆရာ့အခန်းသို့ သွားကြည့်လိုက်တော့လည်း

ဆရာကရှိမနေ၍ ကျောင်းဆောင်ကြီးဘက်သို့သာ လျှောက်လာလိုက်သည်။

ကံကောင်းချင်တော့ ကျောင်းဆောင်ပေါ်ကနေဆင်းလာသော ဦးဇင်းပြုံးချိုနှင့် ဆုံလေသည်။


"ဦးဇင်း...ဆရာနေမျိုးရော..."


"ဘာကိစ္စရှိလို့လည်းဒကာမလေးရဲ့...နေမျိုးကငရုတ်သီးမုန့်တွေကုန်နေလို့ ဈေးထဲကိုသွားတယ်..."


"ဟာ...ဒါဆိုရင်လည်းမနက်ဖြန်ဥပုဒ်အတွက်...

မနက်စာလေးလှူဖို့ ဒေါ်လေးကပိုက်ဆံပေးခိုင်းလိုက်လို့..ဆရာ့အစားဦးဇင်းယူထားပေးလို့မရဘူးလား..."


"ဟာ..ဒါတော့မဖြစ်ဘူးကွဲ့...စာရင်းကနေမျိုးဆီမှာ

ဒီကိစ္စတွေကနေမျိုးကိုပဲ အပ်ထားတာလေ...

ခဏလေးပဲ စောင့်လိုက်ပါကွယ်...ခဏနေရင်ပြန်ရောက်တော့မှာပါ..."


"ဒါဆိုလည်း တပည့်တော်ဆရာ့အခန်းအရှေ့ကနေပဲ သွားစောင့်နေလိုက်မယ်..."


"အေး...အေး..."


ပိုက်ဆံနှစ်သိန်းကိုပိုက်ပြီး ဆရာ့အခန်းအရှေ့မှာ စောင့်နေမိပေမဲ့ မိနစ်နှစ်ဆယ်လောက်ကြာသည်အထိ ရောက်မလာသေးသောကြောင့်

မတ်တပ်မရပ်နိုင်တော့၍ ဆရာ့အခန်းထဲသို့

၀င်လိုက်ကာစာရေးခုံဘေးနားမှာ အသင့်ရှိနေသောခုံလေးပေါ်သို့ ထိုင်၍နားနေမိသည်။

ခုံပေါ်သို့ မေးထောက်ပြီး ဆရာ့အခန်းကို

လိုက်ကြည့်နေမိရာ ရာသီဥတုကလည်းအေးစက်စက်ဖြစ်နေသလို အခန်းကလည်းတိတ်ဆိတ်လွန်းနေ၍ လူကငိုက်မြည်းချင်လာသည်။


"ဆရာလာရင်တော့ ငါ့ကိုနှိုးလောက်မှာပါ..."


မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး စာရေးခုံပေါ်မှာပဲ လက်မောင်းပေါ်သို့ ပါးကိုတင်ကာအိပ်လိုက်မိတော့သည်။ထိုစဉ်ပုံရိပ်၏ အာရုံထဲ၍ဘုန်းကြီး

ကျောင်း၏ရေကန်နဘေးက ပိတောက်ပင်ကြီးသည် ပိတောက်ပန်းဝါဝါလေးတွေ အုံလိုက်ခဲလိုက်ပွင့်နေခဲ့သည်။


ချူတံနှင့် ခူးယူပေးသူမှာ ဆရာနေမျိုးဖြစ်ပြီး

ဆရာကပုံရိပ်၏ဆံထုံးပုံ့ပုံ့လေးတွင် ပိတောက်ပန်းလေးများကို တယုတယပန်ပေးနေလေသည်။


ရှက်မျက်နှာလေးနှင့် ပန်းရောင်သန်းနေသော

ပါးပြင်လေးပေါ်သို့ ဆရာ့၏လက်သွယ်သွယ်လေးများက တိုးခိုက်ကာထိကိုင်လာသောအခါ

လျှင်မြန်စွာခေါင်းကို ငုံ့ထားလိုက်မိတော့ဆရာသည်ပုံရိပ်၏ မေးဖျားလေးမှ ‌မျက်နှာလေးကိုမော့ပင့်လိုက်ပြီး ၀င်းမွှတ်သောပါးပြင်လေးကို အနမ်းနုနုလေးများ ခြွေချလိုက်ကာ သူ့ရင်ခွင်ထဲသို့ဆွဲခေါ်ရင်း ထွေးဖက်ထားလေသည်။


"ပုံရိပ်!!!!!တောက်!!!ပုံရိပ်...နင်ထစမ်း..."


နားထဲမှာ တက်ခေါက်သံတွေရော ခပ်ဆောင့်ဆောင့်အော်ခေါ်သံကိုပါ ကြားလိုက်ရ၍အိပ်မက်တွေလည်း လွင့်ပြယ်ကုန်ကာမျက်လုံးကိုအမြန်ပွတ်ပြီး ကြည့်လိုက်မိတော့ ပုံရိပ်၏ဘေးနားမှာ

ဆရာကရပ်နေပြီး အနောက်ဘက်မှာဟိန်းကိုက 

ဒေါသမျက်လုံးများနှင့် ကြည့်၍လက်ကိုအတင်းဆောင့်ဆွဲ၍ ခေါ်နေလေသည်။


"ဟိန်းကို....ပုံရိပ်ကိုဒီလိုအကြမ်းပတမ်းမဆက်ဆံပါနဲ့..."


"အမယ်လေး...."


ဆရာ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်သောကြောင့်

ပုံရိပ်ထအော်လိုက်မိလေသည်။အာရုံကြောတွေ

ပွင့်ထွက်သွားမတတ်ဖြစ်သွားပြီး မျက်မှောင်ကြုံ့ကာ ဟိန်းကိုအား မော့ကြည့်လိုက်တော့

သူမျက်နှာသည်ဒေါသအရှိန်နှင့် ပိုခက်ထန်နေသည်။

ဆရာ့ကိုလည်း ဆွဲထိုးတော့မလိုမျက်နှာပေးနဲ့ လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောနေတာများ ကြောက်ဖို့တောင်ကောင်းသေးသည်။


"ကျုပ်ကကြမ်းတမ်းပေမဲ့ ခင်ဗျားလိုတော့

မယုတ်မာဘူး...ကျုပ်သူငယ်ချင်းကိုတော့

ကျုပ်ကာကွယ်ရမှာပဲ...နောက်တစ်ခါပုံရိပ်ကို

ထိပါးလာရင်...ကျုပ်အဆိုးမဆိုနဲ့...

ကြောင်သူတော်ကြွက်သူခိုး....လာ...ပုံရိပ်..."


"ဟိန်းကို နင်ဘာဖြစ်နေတာလည်း...ငါဆရာ့ကိုအလှူငွေနှစ်သိန်းလာပေးတာ..."


"ဒီပိုက်ဆံလား...ဆရာယူထားလိုက်ပါ့မယ်...."


"ခင်ဗျားကိုခင်ဗျား...ဆရာလို့မပြောပါနဲ့...

ကျုပ်ရွံလွန်းလို့....ပုံရိပ်...နင်လာခဲ့..."


ဆရာ့ကို ရက်စက်တဲ့စကားလုံးတွေရွေးသုံးပြီး 

ပြောခဲ့ကာ ပုံရိပ်ကိုလည်းကျောင်းရှေ့သို့ အတင်းဆွဲခေါ်လာလေသည်။ရုန်းကန်ချင်ပေမဲ့ ဥပုဒ်သည်တွေလည်း ကျောင်းထဲမှာရှိတာကြောင့် ပုံရိပ်သူ့ကိုဒေါသထွက်စွာနှင့်ပဲ ကျောင်းအရှေ့ထိလိုက်လာခဲ့မိသည်။


"နင်ငါ့ကို အခုလွတ်...မိုက်ရိုင်းတဲ့အကောင်..."


"ဘာ...ငါကမိုက်ရိုင်းတယ်ဟုတ်လား...အေး..

ငါကရိုင်းပဲရိုင်းတာ...သူ့လိုမယုတ်မာဘူး...

သူကမှကိုယ်မွေးတဲ့ကြက်ကို ကိုချက်စားချင်တဲ့...

အယုတ်တမာကြီး...."


"နင်နော်...နင်ဆရာ့ကိုအဲ့လိုမပြောနဲ့...နင်အခုချက်ချင်းဆရာ့ကို ပြန်သွားတောင်းပန်...

နင်အရမ်းတရားလွန်တယ်...ဆရာ့လိုသဘောထားပြည့်၀ပြီး..အားလုံးအပေါ်မှာကောင်းတဲ့

လူကောင်းတစ်ယောက်ကို...နင်အခုဆက်ဆံလိုက်တဲ့ပုံက...သိပ်ရမ်းကားလွန်းတယ်..."


"ဟား...ငါကရမ်းကားတယ်ဟုတ်လား...နင့်ကိုသူဘာလုပ်လိုက်လည်း...နင်တကယ်မသိဘူးလား...

ငါ...ငါဟာ...ပြောလိုက်ရင်မကောင်းရှိတော့မယ်..."


"မကောင်းရင်လည်း ပြောမနေနဲ့တော့...ငါကတော့ဆရာ့ကိုသွားတောင်းပန်မယ်...."


"နင့်ပါးကိုနမ်းလိုက်တဲ့လူကို နင်ကသွားတောင်းပန်မယ်ဟုတ်လား...."


"ဘာ....!!!!နင်ဘာပြောလိုက်တယ်...."


ဟိန်းကို၏စကား‌ကို ပုံရိပ်တကယ်ကိုနားမလည်ပေ။ဆရာကပုံရိပ်ကို နမ်းလိုက်သည်တဲ့။

ဘယ်တုန်းကလည်း အိပ်မက်ထဲမှာလား။

မဖြစ်နိုင်တာ ။ဆရာကဒီလိုလုပ်မဲ့လူမှမဟုတ်တာ။

ပုံရိပ်ကို ဆရာကတပည့်တစ်ယောက်အနေနဲ့ပဲ

မြင်တာပါ။ဟိန်းကိုအမြင်တွေဘာတွေ မှုန်သွားတာလား။ဒါမှမဟုတ် အမြင်မှားနေတာများလား။


"ဟိန်းကို...နင့်မျက်လုံးကိုသွားပြီးစမ်းသပ်ကြည့်ပါလားဟင်...အဝေးမှုန်နေသလား...."


"အရူးမ...ဘာတွေလျှောက်ပြောနေတာလဲ...."


"ဟဲ့...နင့်မျက်လုံးတွေမှုန်နေလို့သာ မဟုတ်တာတွေလျှောက်မြင်တာပေါ့...ဥပမာဆရာကငါ့ဘေးနားကပစ္စည်းတစ်ခုခုကို လှမ်းယူလိုက်တာကို နင်ကအမြင်မှားတာမဖြစ်နိုင်ဘူးလား..."


"အရူးမ...သူကလည်းယောက်ျားတစ်ယောက်ပဲနော်...အသက်လည်းငါတို့ထက်၇နှစ်လောက်ပဲကြီးတာ....နင်သူ့ကိုသိပ်ယုံမနေနဲ့...ငါလည်းသူ့ကိုလေးစားခဲ့ပေမဲ့ ဒီလိုကိစ္စမျိုးကိုတော့လုံး၀လက်မခံနိုင်ဘူး...."


"ဒါဆို...နင်ပြောနေတာကတကယ်ပေါ့....

ဆရာကငါ့ကို..."


"မယုံဘူးလား...မယုံရင်ငါပြန်လုပ်ပြရမလား..."


"သေနာ...ပါးရိုက်ပစ်မှာနော်..."


ဟိန်းကို၏မျက်နှာတည့်တည့်ကို လက်ဝါးထောင်ပြခဲ့လိုက်ပြီး အိမ်သို့မြန်မြန်ပြန်လာခဲ့လိုက်သည်။

အိမ်ပေါ်သို့ အမြန်ပြေးတက်လိုက်ပြီး အိပ်ယာထဲတွင်ခေါင်းကိုမှောက်ကာ ယခုမှရှက်အားပိုနေမိသည်။


"တကယ်ကြီးလား...အိပ်မက်လို့ထင်နေခဲ့တာ...

ဘယ်လိုမှမနေသလိုပဲ...အာ...ဘာတွေတွေးနေတာလဲ..."


ကိုယ့်ဘာသာစကားတွေပြောရင်းနှင့် ပါးပြင်တွေပါပူတက်လာလေသည်။

တကယ်ဆိုရင် ဆရာကဘာလို့ပုံရိပ်ကို နမ်းတာလဲ။

ဆရာက ပုံရိပ်ကိုချစ်ကြောင်း၊ကြိုက်ကြောင်းလည်း မပြောသလိုစိတ်၀င်စားတဲ့ အရိပ်အယောင်တောင်မပြဖူးပဲ ဘာကြောင့်နမ်းရတာလဲ။


သူ့အခန်းထဲမှာ ၀င်အိပ်နေတဲ့မိန်းကလေး၊

သူခူးချင်ရင် အချိန်မရွေးရတဲ့ပန်းတစ်ပွင့်ဆိုပြီး အထင်သေးလို့ ဒီလိုပြုမူလိုက်တာလား။

ဆရာ့ရင်ထဲမှာရော ဘာတွေတွေးနေမလဲ။


ပုံရိပ် သိသလောက်တော့ဆရာက ဒီလိုလူမျိုးမဟုတ်ပါဘူး။ပုံရိပ်ကိုသူခေါ်တာမရလို့ စိတ်‌ဆိုးပြီးဆွဲခေါ်ရင်တောင် လက်ဖဝါးကနေမကိုင်ပဲ ‌လက်ကောက်၀တ်ကနေပဲကိုင်ဖူးတယ်။

ဒါတောင် နှစ်ခါလားပါပဲ။

အခုလို နမ်းလိုက်တာကြတော့ ဆရာနေမျိုးမှ ဟုတ်ရဲ့လား။

ဆရာ့ကို သွားမေးရအောင်လည်း ပုံရိပ်ကအရှက်မဲ့နေရာကျမှာပေါ့။


"မမ...ပိုက်ဆံသွားပေးပြီးပြန်လာတာလား...."


"အေး...."


"ဆရာနေမျိူးနဲ့ရော...တွေ့ခဲ့ရဲ့လား..."


"အင်း..."


"မမဘာဖြစ်နေတာလဲ...."အေး.."နဲ့"အင်း.."နှစ်လုံးပဲပြောတတ်တော့တာလား...ဆရာနဲ့ဘာဖြစ်လာလို့လဲ..."


"ဟာ...နင်နော်...ငါနဲ့ဆရာကဘာဖြစ်စရာအကြောင်းရှိလို့လဲ..."


ပိစိမကို အနီးမှာရှိနေသောခေါင်းအုံးနဲ့လှမ်းပေါက်ပစ်လိုက်ပြီး နှုတ်ခမ်းကိုဖိကိုက်ထားလိုက်မိလေသည်။ရင်ခုန်ရလွန်းလို့ ရူးရပါတော့မယ်။

ဘယ်လိုလုပ်လိုက်တာလည်း ဆရာရေလို့သာ

သွားအော်ပြောလိုက်ချင်တော့သည်။


"ပိစိမ...တကယ်လို့ဟာ...သူစိမ်းယောက်ကျား

တစ်ယောက်က သူနဲ့ချစ်သူတွေမဟုတ်တဲ့မိန်းကလေးကို အိပ်နေတဲ့အချိန်ပါးကိုခိုးနမ်းမယ်ဆိုပါစို့...အဲ့ဒါက ဘာဖြစ်လို့ထင်လဲ..."


"နမ်းချင်လို့ နမ်းတာပေါ့..."


"ဟာ...အရူးကိုမေးမိတာမှားပါတယ်ဟယ်..."


"ဟား..ဟား...သမီးကစတာပါနော်...စဉ်စားကြည့်လေမမရယ်...ချစ်သူလည်းမဟုတ်ဘူးဆိုတော့...

အဲ့ဒီ့ကောင်မလေးက ချစ်စရာ‌ကောင်းလို့နမ်းတာဖြစ်နိုင်သလို...ကြိုက်နေလို့လည်းဖြစ်နိုင်တာပဲ..."


"အဲ့ဒါတွေ တစ်ခုမှမဟုတ်ဘူးဆိုရင်ရော.…

နမ်းပြီးတော့မသိချင်ယောင်ဆောင်နေရင်ရော..."


"အဲ့ဒါကတော့ အထင်သေးလို့ပေါ့...လုပ်လို့ရလို့လုပ်တာ..."


"ဟင်...ဟုတ်လား.."


"မမရုပ်ကြီးကလည်း ဘာဖြစ်နေတာလဲ...မဟုတ်မှ

...မမကအနမ်းခံလိုက်ရလို့လား..."


"မဟုတ်...မဟုတ်ပါဘူး..စိတ်ထဲမှာပေါ်လာလို့လျှောက်မေးတာ...ငါကဖြစ်စရာလား..ငါ့ကိုလာ

နမ်းကြည့်ပါလား...ပါးရှစ်စိပ်ကွဲသွားမှာပေါ့..."


"ဆရာနေမျိုးဆိုရင်ရော..."


"ဟင်...."


"အဲ...မဖြေနိုင်တော့ဘူးမဟုတ်လား...လူတွေဟာကိုယ်ချစ်တဲ့လူရှေ့မှာဆိုရင် အလိုလိုနေရင်းအရှုံးပေးရတော့တာပဲနော်...လူတစ်ယောက်ကိုဘယ်တော့မှသဲသဲလှုပ်ချစ်မပြနဲ့...အဲ့လူကအချစ်ခံရလွန်းလို့ ကိုယ့်တန်ဖိုးကိုမသိပဲ...ကိုယ့်ကိုအနိုင်ယူလာယုံတင်မကဘူး...ကိုယ့်အချစ်ကိုပါတန်ဖိုးထားဖို့မေ့သွားလိမ့်မယ်...

ပိစိမရဲ့အမေကသက်သေပဲလေ...

အဖေ့ကိုချစ်လွန်းလို့ ဆိုးသမျှသည်းခံပြီးနေခဲ့ပေမဲ့

ဖောက်ပြန်ခြင်းပဲ ပြန်ရလိုက်တယ်...

ချစ်တော့ချစ်..ဒါပေမဲ့အနှစ်ချည်းပဲမပေးနဲ့..."


အရူးစကားက ဒီတစ်ခါတော့မှတ်သားစရာကောင်းနေပြန်ရော။သူ့အမေရဲ့အဖြစ်ကို ဥပမာယူပြီးပြောနေပေမဲ့ ဆရာနေမျိုးကသူ့အဖေလိုမှမဟုတ်တာ။

ပုံရိပ် တစ်ခုပဲသိချင်တယ်။


ဆရာ..ဘာလို့ပုံရိပ်ကိုနမ်းတာလဲ..


ဟိန်းကိုက ပုံရိပ်ကိုအတင်းဆွဲခေါ်‌တဲ့အချိန်မှာဆရာသည်နေရာမှာပဲ ရပ်မြဲရပ်နေခဲ့တယ်။ဘာတုန့်ပြန်မှုမှ မရှိခဲ့ဘူး။ဟိန်းကို၏ ရင်းသီးလွန်းသောစကားတွေကိုလည်း ပြန်မချေပခဲ့တဲ့အပြင် ပုံရိပ်ကိုကြည့်နေခဲ့တဲ့ ဆရာ့မျက်၀န်းတွေသည် အားနာစိတ်၊သိမ်ငယ်စိတ်နဲ့အတူ ညှိုးနွမ်းနေခဲ့တယ်။


(စာရေးသူ..ဆောင်းငွေ့ဝေ)


🌹🌹🌹🌹🌹🌹🌹🌹


နမ်းရင် နှုတ်သီးကိုဖြတ်ရိုက်မယ်ဆိုတဲ့ 

အမကြီးကရိုက်ချိန်တောင်မရလိုက်ပါလား😁


(အမှားပါရင် ခွင့်လွှတ်ပေးပါနော်...

ဖတ်ရတာ ရင်ထဲမရောက်ပါက အရေးအသား

ညံ့သေးလို့ မှတ်ပါနော်)❤️


ဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းဆီကို

အထူးကျေးဇူးတင်ရှိပါတယ်..

=========================================================================


ဆူးႀကိဳး(အခန္း၄၅)


သႀကၤန္မိုးက ရြာသြန္းေလၿပီ။ရုတ္တရက္ ေကာင္းကင္ႀကီးတစ္ခုလံုးသည္  အံု႔မိႈင္းလာကာ

ခဲပုပ္ေရာင္ လြင္ျပင္ႀကီးကဲ့သို႔ ျဖစ္သြားေလသည္။

တစ္ေပါက္စႏွစ္ေပါက္စ မိုးစက္မ်ားမွသည္ ေနရာအႏွံ႔အျပားသို႔ အဆက္မျပတ္က်ဆင္းလာေတာ့သည္။


ဖုန္ထေနေသာ လမ္းမႀကီးမ်ားသည္ ေရႏွင့္ပက္ျဖန္းလိုက္သလို အေငြ့တလူလူျဖစ္သြားၾကၿပီး သိပ္သိပ္သည္းသည္းျဖစ္ကုန္ၾကသည္။

 သႀကၤန္၏သေကၤတျဖစ္သည့္ ပိေတာက္ပန္းတို႔သည္လည္း အမိန႔္သံမပါပဲ ႏုသစ္စြာပြင့္လန္းခ်င္လာၾကသည္။


ပံုရိပ္ကေတာ့ ျပတင္းေပါက္မွေန၍ အိမ္ေျခရင္းဘက္ရိွ စံပယ္ရံုေတြေပၚသို႔က်ဆင္းေနေသာ

မိုးစက္တို႔ကိုသာ ေငးၾကၫ့္ေနမိသည္။

ေဒၚေလး၏ စံပယ္ပန္းေလးမ်ားသည္ ဆယ့္ႏွစ္ရာသီလံုးပြင့္ဖူးၾကေလာက္ေအာင္အထိ အပြင့္သန္သည္ဟု ဆိုရမည္။

အိမ္မွာ တကူးတကလာ၀ယ္ၾကသူေတြေတာင္

ရိွေလသည္။


"မမေရ...မေအးဘူးလား...မိုးေတြပက္မယ္ေလ..."


"မပက္ပါဘူးဟာ..အေဝးႀကီးရယ္...ေလကအေရ႔ွဖက္ကေနတိုက္တာထင္တယ္.."


"မမဘာေတြ ေတြးေနတာလဲ.."


ပိစိမသည္လည္း ျပဴတင္းေပါက္၏တစ္ဖက္တြင္မွီ၍ထိုင္လိုက္ေလသည္။ပိစိမ၏မ်က္ႏွာကို ၾကၫ့္လိုက္ၿပီးေနာက္ ျပဴတင္းေပါက္အျပင္ဘက္ရိွ

မိုးစက္ေတြသည္းထန္စြာ က်ဆင္းေနေသာ ေကာင္းကင္ႀကီးအေပၚသို႔ေမာ့ၾကၫ့္လိုက္မိသည္။

ေအးစက္စက္ ေရေပါက္ေလးေတြသည္ ပံုရိပ္၏

ပါးျပင္ေလးေတြအေပၚသို႔ လာထိေနေသာခံစားခ်က္ကို သိပ္သေဘာက်တယ္။


"ငါတို႔ျပန္ရေတာ့မယ္ေနာ္...မနက္ျဖန္တစ္ရက္ပဲ

ရိွေတာ့တယ္...ဒီကလူေတြအားလံုးနဲ႔‌ထပ္ေဝးရအံုးမယ္.."


"အင္း...သမီး‌လည္း...တကယ္ျပန္ရေတာ့မယ္ဆိုေတာ့...ရင္ထဲမွာဟာတာတာႀကီးျဖစ္ျဖစ္သြားတယ္

...ငိုခ်င္သလိုပဲ...မမရဲ့ေဒၚေလးကသိပ္သေဘာ

ေကာင္းတာပဲေနာ္..တကယ္ေတာ့သမီးကမမေနာက္ကို ေစာင့္ေရွာက္ဖို႔လိုက္လာတဲ့ အိမ္ေဖာ္ေပမဲ့

သမီးကိုလည္း မမနဲ႔တန္းတူခ်စ္ခင္ေပးတယ္..

သမီးရဲ့ဘ၀မွာေလ..အၿမဲတမ္းမတူမတန္သလိုပဲ ဆက္ဆံခံခဲ့ရေတာ့...ဒီေနရာေလးမွာသမီးေပ်ာ္ေနမိတယ္...."


"ဒါဆိုရင္...ဒီမွာေနခဲ့မလား....ဖြားညိုကိုေျပာၿပီး

နင့္ကိုအလုပ္ထုတ္လိုက္မယ္ေလ...ေဒၚေလးလည္းကူေဖာ္ေလာင္ဖက္ရတာေပါ့...လစာလိုခ်င္ရင္လည္းေပးမယ္...ဒါမွမဟုတ္မိသားစုလိုေနခ်င္ရင္လည္း...ေနလို႔ရတယ္...ဘယ္လိုလဲ..."


"ဟင့္အင္း...သမီးကမမရဲ့ေနာက္ကိုပဲအၿမဲလိုက္ေနမွာ...မမလိုအပ္တာေတြကိုျဖၫ့္ဆည္းေပးခ်င္တာ..


"ဟုတ္ပါၿပီ..ဒါဆိုလည္းတို႔နဲ႔ပဲ ျပန္လိုက္ခဲ့ေတာ့...

တစ္ခုေတာ့ရိွ‌တယ္ေနာ္...ဒီမွာကဟိုမွာေလာက္

မပင္ပန္းဘူး...ေဒၚေလးကလည္းနင့္ကိုတူမအရင္းလို ေစာင့္ေရွာက္မွာ ေသခ်ာတယ္..."


"သမီးက..မမရိွတဲ့‌ေနရာမွာပဲေနမွာပါဆို..."


"ၿပီးေရာ...."


ေနြးေထြးၾကင္နာတတ္လြန္းေသာ မမ၏မ်က္ႏွာေလးကိုၾကၫ့္ၿပီး ပိစိမႃပံုးလိုက္မိသည္။

အရမ္းကို စိတ္ထားလွလြန္းလို႔ လူေလးကလည္းျဖဴစင္ၿပီး လွလြန္းေနတာေပါ့။

ျမန္မာ၀မ္းဆက္ရင္ေစ့လက္ပ်က္ေလးကိုမွ

အေပၚကေနဆြယ္တာလက္ရွည္ေလးကို ထပ္၀တ္ထားေသာေၾကာင့္ သိမ္ေမြ့ႏူးညံ့လြန္းေနသည္။


ဆရာဆိုတဲ့လူရယ္ ခင္ဗ်ားသိပ္ကံေကာင္းပါတယ္။

မမလိုလူတစ္ေယာက္က လူတိုင္းအေပၚမွာၾကင္နာသနားတတ္ေပမဲ့ လူတစ္ေယာက္တည္းအေပၚမွာပဲ

နင့္နင့္နဲနဲ ခ်စ္ျမတ္ႏိုးတတ္တဲ့လူပါ။

ခင္ဗ်ားသာ မမရဲ့‌ခ်စ္ျခင္းေမတၲာေတြကိုျမင္ႏိုင္ရင္

ဒီကမ႓ာေပၚမွာ ကံအေကာင္းဆံုးလူျဖစ္လာလိမ့္မယ္။


"မမနဲ႔ဆရာ့ရဲ့ အေျခအေနကဘယ္လိုရိွၿပီလဲ..."


"ဒီအတိုင္းပါပဲ...."


"ဟင္...မမရဲ့စကားႀကီးကလည္း ဘယ္လိုႀကီးတုန္း

ဒီအတိုင္းပါပဲဆိုေတာ့...မမကျပန္ရေတာ့မယ္ေလ...

ျမန္ျမန္မလႈပ္ရွားရင္ သူမ်ားေနာက္ကိုပါသြားမွာေပါ့.."


ပိစိမ၏စကားေၾကာင့္ ပံုရိပ္ႃပံုးလိုက္မိသည္။

မိုးေကာင္းကင္ေပၚသို႔ မ်က္ေတာင္မခတ္စတမ္းေငးၾကၫ့္ေနမိရင္းမွ ရင္ထဲမွာလည္း၀မ္းနည္းလာသလို ခံစားေနရသည္။


"ခံစားခ်က္ဆိုတာ လုပ္ယူလို႔မရဘူးဟ...ဆရာက

ငါ့အေပၚမွာ ဘယ္လိုျမင္သလဲဆိုတာငါမသိဘူး...

လူႏွစ္ေယာက္လံုးနဲ႔သက္ဆိုင္တဲ့ ဆက္ဆံေရး

တစ္ခုမွာငါ့တစ္ေယာက္တည္းဘက္ကေန ရင္ခုန္ရံုနဲ႔ၿပီးတာမွမဟုတ္ပဲ...သူကေရာငါ့ကိုရင္ခုန္ေနတာမဟုတ္ရင္ ငါဘာမွမတတ္ႏိုင္ဘူး...


ငါသူ႔ကိုခ်စ္ေပမဲ့...သူငါ့ကိုျပန္မခ်စ္လည္းရတယ္

သူငါ့အေပၚမွာ အထင္ေသးသြားမွာမ်ိဳးေတာ့

ငါမျဖစ္ခ်င္ဘူး...

ဒါေၾကာင့္အခုလက္ရိွ ငါတို႔ရဲ့ဆက္ဆံေရးကို

ဒီအတိုင္းေလးပဲ ထားလိုက္တာေကာင္းမယ္လို႔ထင္တယ္...


ဖူးစားဆိုတာက လူ႔ျပည္ကအပ္တစ္စင္းနဲ႔ျဗမၼာ့ျပည္ကအပ္တစ္စင္းထိတဲ့အခ်ိန္လို႔ပဲ ေျပာရမလား

ဖူးစာမပါရင္ ငါတို႔ေတြဘာမွမတတ္ႏိုင္ဘူး...

တဲြၿပီးသားလက္ေတြေတာင္ ျပန္ျပတ္ေတာက္ၾကရေသးတာပဲေလ...


ေနာက္ၿပီး..ငါကငါ့ရဲ့အခ်ိန္အခါတစ္ခုကိုသိတယ္..

ငါ့အသက္ကအရမ္းငယ္လြန္းေသးတယ္..

ဆရာ့အေပၚမွာထားတဲ့ ငါ့ရဲ့ခံစားခ်က္ကိုလည္း

ငါသခ်ာျပန္စမ္းစစ္ရအံုးမယ္..ေဝးကြာသြားတဲ့အခ်ိန္အတိုင္းအတာတစ္ခုမွာသူ႔ဘက္မွာလည္းတစ္ေယာက္ေယာက္နဲ႔ လက္တဲြသြားႏိုင္သလို

 ငါ့ဘက္မွာလည္း သူ႔ကိုေမ့သြားႏိုင္တာပဲေလ

...တကယ္လို႔ ဒီအရာေတြတစ္ခုမွ ျဖစ္မလာဘူးဆိုရင္ေတာ့...ဖူးစာေရးနတ္မင္းႀကီးဟာ 

ငါတို႔ႏွစ္ေယာက္ကိုေသခ်ာေပါက္ ခ်ည္ေနွာင္ေပးထားတာလို႔သတ္မွတ္လိုက္မယ္..."


"ဒီလိုဆိုေတာ့ မမရဲ့အေတြးကသဘာ၀က်ပါတယ္

...ဒီလိုကိစၥမ်ိဳးကို အတင္းလုပ္ယူတိုင္းလည္း

ရတာမွမဟုတ္ပဲ...ဒါေပမဲ့မမေျပာသလိုဆို 

မမကသူ႔ကိုတကယ္ခ်စ္တာလား..မခ်စ္တာလား..."


"ခ်စ္တယ္လို႔ေတာ့ထင္တာပဲ...ငါလည္းေသခ်ာ

မသိဘူး...ငါတို႔အရြယ္ကစိတ္ကစားတတ္တဲ့အရြယ္လို႔ လူတိုင္းကေျပာေနၾကေတာ့...ငါလည္းကိုယ့္ကိုကိုယ္ေတာင္ သံသယ၀င္ခ်င္ေနၿပီ..."


"မမကလည္း...အသက္အရြယ္နဲ႔ဘာဆိုင္လည္း..

အသက္အရြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုပါပဲ...

အသက္ႀကီးလာတာနဲ႔အမ်ွ အေတြ့အႄကံုမ်ားၿပီး ရင့္က်က္လာတာပဲရိွတာ  အခ်စ္မွာအေတြ့အႄကံု

မရိွရင္ေတာ့ သမီးရည္းစားကိစၥမွာ ဆယ္ေက်ာ္သက္ ျဖစ္ေနအံုးမွာပဲ...."


"ဟား...ဟား...ဟုတ္ပါတယ္...ဟုတ္ပါတယ္...

ငါကရည္းစားေတာ့ထားၾကၫ့္ခ်င္ပါတယ္...

ဒါေပမဲ့ ရည္းစားထားရင္အနမ္းခံရတာတို႔ဘာတို႔ျဖစ္လာမွာကို ေၾကာက္တယ္ဟ..."


"ဟား...မမကလည္း...ရည္းစားထားပါတယ္ဆိုမွ

ဟိုကအလွၾကၫ့္ေနမလား..သမီးရည္းစားတို႔သဘာ၀...နမ္းတာေတာ့ရိွမွာေပါ့...သမီးဆိုရင္ေလ

..မမေနျခည္ၾကၫ့္တဲ့ကိုရီးယားကားေတြကို

သူ႔အခန္းမွာသန႔္ရွင္းေရးလုပ္ရင္းနဲ႔ ေခ်ာင္းၾကၫ့္ဖူးတယ္သိလား...မင္းသားနဲ႔မင္းသမီးက ဟိုဒင္း...

မရိုေသ့စကားမမရယ္...ဒါခ်င္းနမ္းေနတာမရြံဘူးလားမသိဘူး...ေတြးရင္းနဲ႔ေတာင္အံခ်င္လာၿပီ...

ဒါေပမဲ့ ၾကၫ့္လို႔ေတာ့ေကာင္းတယ္..ဟိ..ဟိ..."


ပိစိမက သူ႔ႏႈတ္ခမ္းကို လက္နဲ႔ဖိျပၿပီးေျပာျပတာေၾကာင့္ ပံုရိပ္မွာမ်က္လံုးေတျြပဴးသြားသလို 

ရယ္လည္းရယ္ခ်င္မိသည္။

ဒါဆို ျပင္ပအေတြ့အႄကံုရိွထားေအာင္ အရင္ဆံုး

ကိုရီးယားကားေတြကို ၾကၫ့္ထားသင့္တာလား။

ဒါလည္းမဟုတ္ေသးပါဘူး။


ပံုရိပ္ကေတာ့ မရပါဘူး။ရည္းစားထားလို႔

ရည္းစားကလာနမ္းရင္ နမ္းတဲ့ႏႈတ္သီးကိုျဖတ္ရိုက္ပစ္မယ္။


"မမသိလား...တစ္ခါေလ...အန္တီယဉ္တင့္တို႔အခန္းေရ႔ွကေနျဖတ္ေလ်ွာက္ေတာ့ အခန္းထဲမွာရန္ျဖစ္ေနၾကတာထင္လို႔ တံခါးကလည္းဟေနတာနဲ႔ေခ်ာင္းၾကၫ့္လိုက္တာ..ဦးခန႔္ႀကီးကအန္တီယဉ္တင့္ကို နမ္းလိုက္တာနဲ႔ႄကံုေရာ..ပိစိကေတာ့မီးဖိုေခ်ာင္ထဲကို တစ္ခ်ိဳးတည္းေျပးမိေတာ့တာပဲ..."


"ဟား...ဟား...နင္ကေခ်ာင္းၾကၫ့္တဲ့ေနရာမွာေတာ့ ဆရာႀကီးပဲေနာ္.."


"ဟဲ..ဟဲ...အေတြ့အႄကံုဆိုတာ..ရတဲ့ေနရာမွာယူထားရတာေလ..."


"ေအးပါ...ဆရာမႀကီးရဲ့စကားကိုမွတ္ထားပါ့မယ္..."


"မွတ္ထား...မွတ္ထား..ေနာက္လည္းမသိတာရိွရင္လာေမး..."


"အမယ္ေလး.…"


ပိစိမႏွင့္ ပံုရိပ္သည္ဒီလိုပြင့္လင္းေသာစကားဝိုင္းမ်ိဳးကို တည္ေဆာက္ႏိုင္သည္အထိရင္ႏွီးခင္မင္မိေနေလၿပီ။ေဒၚေလးဆီမွာ ေနခဲ့လို႔သာေျပာေန‌မိေပမဲ့ ပိစိမသာမရိွရင္ပံုရိပ္လည္း ေနတတ္မည္မထင္ေပ။


မိုးစက္ကေလးမ်ားကို ၾကၫ့္မိၿပီး ေန့လည္ကအတူယွဉ္ထိုင္မိစဉ္ အနီးကပ္ေတြ့ခြင့္ရလိုက္သည့္

ဆရာ့ပါးျပင္ေလးကို ေတြးၾကၫ့္လိုက္မိေတာ့

ရင္ခုန္ေနမိသည္။

ဟင္...ငါဘာေတြေတြးေနတာလဲ...


===========================


"မမေရ...ပိေတာက္ပန္းေတြပြင့္ေနၿပီ....."


ပိစိမ၏ေအာ္သံေၾကာင့္ ေဒၚေလးႏွင့္အတူမီးဖိုထဲတြင္ ကူလုပ္ေပးေနမိရင္းမွ လူေတြလန႔္ျဖန႔္သြားေလသည္။


"မမေရ..."


"ဟဲ့...ငါဒီမွာ..."


မီးဖိုထဲကေန အသံလွမ္းေပးေတာ့ မီးဖိုထဲသို႔ေျပးလာျပန္သည္။အိမ္ကသစ္သားအိမ္ပါဆိုေနမွ

တစ္အိမ္လံုးလည္း သူ႔ေျခသံေတြခ်ည္းပဲ။


"မမ...ပိေတာက္ပန္းေတြပြင့္ေနၿပီသိလား...."


"ဟဲ့...ေန့လည္ဆယ့္ႏွစ္ေလာက္ကမွမိုးရြာတာေလ...

အခုမွေလးနာရီပဲထိုးေသးတယ္...ခ်က္ခ်င္းႀကီး

ပန္းကထပြင့္လာပါ့မလား..."


"ဟုတ္ပါတယ္ဆိုေန...ဒီမွာေတြ့လား...

လမ္းကျဖတ္သြားတဲ့အေဒၚႀကီးတစ္ေယာက္

 ခူးလာတာေတြ့လို႔ဘယ္အိမ္မွာလည္း ေမးၿပီးသြားခူးလာတာ..."


ပိစိမသည္သူ႔အေနာက္တြင္ဖြက္လာေသာ ပိေတာက္ပန္းခိုင္ႀကီးကို ‌ျပလိုက္ေသာအခါ

ပိေတာက္ပန္းရနံ႔ေလးသင္းသြားသလို ေဒၚေလးႏွင့္ပံုရိပ္လည္း အံ့ဩသြားရသည္။

ပိေတာက္က မိုးရြာၿပီးေနာက္ေန့ေလာက္မွ

ပြင့္တာမဟုတ္ဘူးလား။


"ေရာ့...မမနဲ႔ေဒၚေလးကတစ္ေယာက္နည္းနည္းဆီပန္ၾက သမီးကက်န္တာကိုဘုရားအိုးထိုးလိုက္အံုးမယ္..."


ပံုရိပ္ႏွင့္ေဒၚေလး၏ လက္ထဲသို႔ပန္းခက္ေတြကို ေပးခဲ့ကာက်န္တာကိုျပန္ေပြ့ပိုက္၍ အိမ္ေရ႔ွခန္းသို႔ေျပးထြက္သြားျပန္ေလသည္။

ပိစိမက ကေလးတစ္ေယာက္လိုပါပဲလား။

ဒါေပမဲ့ သူကစကားေျပာေကာင္းတယ္။

သူတစ္ပါး စိတ္ခ်မ္းသာေအာင္လည္း

သိပ္ေျပာတတ္တဲ့ေကာင္မေလး။


"ေအာ္...ပံုရိပ္ေရ...ေဒၚေလးေမ့ေနတာ...

မနက္ျဖန္ဥပုဒ္ေန့မွာ...ေက်ာင္းမွာမနက္ဖက္

အစာေျပအတြက္လႉဖို႔လုပ္ထားတာ...သမီးရဲ့ဆရာကိုေတာင္ ေန့ခင္းကအလႉေငြႏွစ္သိန္းေပးလိုက္မလို႔ ေမ့သြားတယ္..သြားေပးေပးစမ္းပါကြယ္.."


"ဟုတ္ကဲ့...သမီးသြားေပးပါ့မယ္...ေဒၚေလးရဲ့ေသတၲာထဲကေနပဲ ပိုက္ဆံကိုယူလိုက္ရမလား..."


"ေအး...ေအး...ယူလိုက္..."


ေဒၚေလးဆီမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ ပိုက္ဆံကိုသြားယူလိုက္ၿပီး  ဆြယ္တာေလးကိုထပ္၀တ္လိုက္ကာ

ပိစိမေပးေသာ ပိေတာက္ပန္းေလးကိုလည္း

ကလစ္ႏွင့္ထိုးပန္လိုက္သည္။

က်စ္ဆံၿမီးက်စ္ထားေသာ ဆံပင္‌ရွည္ေလးကို အေရ႔ွသို႔ခ်ကာ ဘုန္းႀကီးေက်ာင္းသို႔ထြက္လာခဲ့လိုက္သည္။


🎶ပါးျပင္မွာ...သနပ္ခါးေလးနဲ႔🎶

🎶ခ်စ္စရာေကာင္းလိုက္တာကြာ..."🎶

🎶သူမ်ားေတြထက္ မထင္မရွားလည္းပဲ🎶

🎶ကိုယ့္အတြက္ လမင္းေလးပါ🎶

🎶အၿမဲတမ္းႃပံုးေနလိုက္ပါ🎶

🎶ရိုးရိုးေလး မင္းမ်က္ႏွာ🎶

🎶ကမ႓ာေက်ာ္ေတာင္ မမွီႏိုင္ဘူးကြာ...."🎶


အုတ္ခံုမွာ ထိုင္၍သီခ်င္းညည္းေနေသာ အုပ္စုေၾကာင့္ လမ္းေလ်ွာက္ရင္းႏွင့္ ေျခလွမ္းေတြေတာင္မွားခ်င္သည္။

ကိုယ္ကလည္း သနပ္ခါးလူးထားတဲ့အျပင္ 

ျမန္မာ၀မ္းဆက္နဲ႔ဆိုေတာ့ သုတို႔၏သီခ်င္းႏွင့္က ကြက္တိျဖစ္ေနသည္။

ေျခလွမ္းေတြကို ခပ္သြက္သြက္လွမ္းၿပီး ဘုန္းႀကီးေက်ာင္းသို႔ ေရာက္မွသာစိတ္ေအးရေတာ့သည္။


ေက်ာင္းထဲတြင္ေတာ့ ဥပုဒ့္ေနမို႔ ညေနေစာင္းေနၿပီဆိုေပမဲ့ ဥပုဒ္သည္ေတြလည္း တစ္ေယာက္စ

ႏွစ္ေယာက္စရိွေနေလသည္။

ဆရာ့အခန္းသို႔ သြားၾကၫ့္လိုက္ေတာ့လည္း

ဆရာကရိွမေန၍ ေက်ာင္းေဆာင္ႀကီးဘက္သို႔သာ ေလ်ွာက္လာလိုက္သည္။

ကံေကာင္းခ်င္ေတာ့ ေက်ာင္းေဆာင္ေပၚကေနဆင္းလာေသာ ဦးဇင္းႃပံုးခ်ိဳႏွင့္ ဆံုေလသည္။


"ဦးဇင္း...ဆရာေနမ်ိဳးေရာ..."


"ဘာကိစၥရိွလို႔လည္းဒကာမေလးရဲ့...ေနမ်ိဳးကငရုတ္သီးမုန႔္ေတြကုန္ေနလို႔ ေဈးထဲကိုသြားတယ္..."


"ဟာ...ဒါဆိုရင္လည္းမနက္ျဖန္ဥပုဒ္အတြက္...

မနက္စာေလးလႉဖို႔ ေဒၚေလးကပိုက္ဆံေပးခိုင္းလိုက္လို႔..ဆရာ့အစားဦးဇင္းယူထားေပးလို႔မရဘူးလား..."


"ဟာ..ဒါေတာ့မျဖစ္ဘူးကဲြ႔...စာရင္းကေနမ်ိဳးဆီမွာ

ဒီကိစၥေတြကေနမ်ိဳးကိုပဲ အပ္ထားတာေလ...

ခဏေလးပဲ ေစာင့္လိုက္ပါကြယ္...ခဏေနရင္ျပန္ေရာက္ေတာ့မွာပါ..."


"ဒါဆိုလည္း တပၫ့္ေတာ္ဆရာ့အခန္းအေရ႔ွကေနပဲ သြားေစာင့္ေနလိုက္မယ္..."


"ေအး...ေအး..."


ပိုက္ဆံႏွစ္သိန္းကိုပိုက္ၿပီး ဆရာ့အခန္းအေရ႔ွမွာ ေစာင့္ေနမိေပမဲ့ မိနစ္ႏွစ္ဆယ္ေလာက္ၾကာသည္အထိ ေရာက္မလာေသးေသာေၾကာင့္

မတ္တပ္မရပ္ႏိုင္ေတာ့၍ ဆရာ့အခန္းထဲသို႔

၀င္လိုက္ကာစာေရးခံုေဘးနားမွာ အသင့္ရိွေနေသာခံုေလးေပၚသို႔ ထိုင္၍နားေနမိသည္။

ခံုေပၚသို႔ ေမးေထာက္ၿပီး ဆရာ့အခန္းကို

လိုက္ၾကၫ့္ေနမိရာ ရာသီဥတုကလည္းေအးစက္စက္ျဖစ္ေနသလို အခန္းကလည္းတိတ္ဆိတ္လြန္းေန၍ လူကငိုက္ျမည္းခ်င္လာသည္။


"ဆရာလာရင္ေတာ့ ငါ့ကိုႏိႈးေလာက္မွာပါ..."


မ်က္လံုးေတြကိုမိွတ္ခ်လိုက္ၿပီး စာေရးခံုေပၚမွာပဲ လက္ေမာင္းေပၚသို႔ ပါးကိုတင္ကာအိပ္လိုက္မိေတာ့သည္။ထိုစဉ္ပံုရိပ္၏ အာရံုထဲ၍ဘုန္းႀကီး

ေက်ာင္း၏ေရကန္နေဘးက ပိေတာက္ပင္ႀကီးသည္ ပိေတာက္ပန္းဝါဝါေလးေတြ အံုလိုက္ခဲလိုက္ပြင့္ေနခဲ့သည္။


ခ်ူတံႏွင့္ ခူးယူေပးသူမွာ ဆရာေနမ်ိဳးျဖစ္ၿပီး

ဆရာကပံုရိပ္၏ဆံထံုးပံု႔ပံု႔ေလးတြင္ ပိေတာက္ပန္းေလးမ်ားကို တယုတယပန္ေပးေနေလသည္။


ရွက္မ်က္ႏွာေလးႏွင့္ ပန္းေရာင္သန္းေနေသာ

ပါးျပင္ေလးေပၚသို႔ ဆရာ့၏လက္သြယ္သြယ္ေလးမ်ားက တိုးခိုက္ကာထိကိုင္လာေသာအခါ

လ်ွင္ျမန္စြာေခါင္းကို ငံု႔ထားလိုက္မိေတာ့ဆရာသည္ပံုရိပ္၏ ေမးဖ်ားေလးမွ ‌မ်က္ႏွာေလးကိုေမာ့ပင့္လိုက္ၿပီး ၀င္းမႊတ္ေသာပါးျပင္ေလးကို အနမ္းႏုႏုေလးမ်ား ႁခြေခ်လိုက္ကာ သူ႔ရင္ခြင္ထဲသို႔ဆဲြေခၚရင္း ေထြးဖက္ထားေလသည္။


"ပံုရိပ္!!!!!ေတာက္!!!ပံုရိပ္...နင္ထစမ္း..."


နားထဲမွာ တက္ေခါက္သံေတြေရာ ခပ္ေဆာင့္ေဆာင့္ေအာ္ေခၚသံကိုပါ ၾကားလိုက္ရ၍အိပ္မက္ေတြလည္း လြင့္ျပယ္ကုန္ကာမ်က္လံုးကိုအျမန္ပြတ္ၿပီး ၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏ေဘးနားမွာ

ဆရာကရပ္ေနၿပီး အေနာက္ဘက္မွာဟိန္းကိုက 

ေဒါသမ်က္လံုးမ်ားႏွင့္ ၾကၫ့္၍လက္ကိုအတင္းေဆာင့္ဆဲြ၍ ေခၚေနေလသည္။


"ဟိန္းကို....ပံုရိပ္ကိုဒီလိုအၾကမ္းပတမ္းမဆက္ဆံပါနဲ႔..."


"အမယ္ေလး...."


ဆရာ့ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ေသာေၾကာင့္

ပံုရိပ္ထေအာ္လိုက္မိေလသည္။အာရံုေၾကာေတြ

ပြင့္ထြက္သြားမတတ္ျဖစ္သြားၿပီး မ်က္ေမွာင္ႄကံု႔ကာ ဟိန္းကိုအား ေမာ့ၾကၫ့္လိုက္ေတာ့

သူမ်က္ႏွာသည္ေဒါသအရိွန္ႏွင့္ ပိုခက္ထန္ေနသည္။

ဆရာ့ကိုလည္း ဆဲြထိုးေတာ့မလိုမ်က္ႏွာေပးနဲ႔ လက္ၫွိုးေငါက္ေငါက္ထိုး၍ ေျပာေနတာမ်ား ေၾကာက္ဖို႔ေတာင္ေကာင္းေသးသည္။


"က်ဳပ္ကၾကမ္းတမ္းေပမဲ့ ခင္ဗ်ားလိုေတာ့

မယုတ္မာဘူး...က်ဳပ္သူငယ္ခ်င္းကိုေတာ့

က်ဳပ္ကာကြယ္ရမွာပဲ...ေနာက္တစ္ခါပံုရိပ္ကို

ထိပါးလာရင္...က်ဳပ္အဆိုးမဆိုနဲ႔...

ေၾကာင္သူေတာ္ႂကြက္သူခိုး....လာ...ပံုရိပ္..."


"ဟိန္းကို နင္ဘာျဖစ္ေနတာလည္း...ငါဆရာ့ကိုအလႉေငြႏွစ္သိန္းလာေပးတာ..."


"ဒီပိုက္ဆံလား...ဆရာယူထားလိုက္ပါ့မယ္...."


"ခင္ဗ်ားကိုခင္ဗ်ား...ဆရာလို႔မေျပာပါနဲ႔...

က်ဳပ္ရြံလြန္းလို႔....ပံုရိပ္...နင္လာခဲ့..."


ဆရာ့ကို ရက္စက္တဲ့စကားလံုးေတြေရြးသံုးၿပီး 

ေျပာခဲ့ကာ ပံုရိပ္ကိုလည္းေက်ာင္းေရ႔ွသို႔ အတင္းဆဲြေခၚလာေလသည္။ရုန္းကန္ခ်င္ေပမဲ့ ဥပုဒ္သည္ေတြလည္း ေက်ာင္းထဲမွာရိွတာေၾကာင့္ ပံုရိပ္သူ႔ကိုေဒါသထြက္စြာႏွင့္ပဲ ေက်ာင္းအေရ႔ွထိလိုက္လာခဲ့မိသည္။


"နင္ငါ့ကို အခုလြတ္...မိုက္ရိုင္းတဲ့အေကာင္..."


"ဘာ...ငါကမိုက္ရိုင္းတယ္ဟုတ္လား...ေအး..

ငါကရိုင္းပဲရိုင္းတာ...သူ႔လိုမယုတ္မာဘူး...

သူကမွကိုယ္ေမြးတဲ့ၾကက္ကို ကိုခ်က္စားခ်င္တဲ့...

အယုတ္တမာႀကီး...."


"နင္ေနာ္...နင္ဆရာ့ကိုအဲ့လိုမေျပာနဲ႔...နင္အခုခ်က္ခ်င္းဆရာ့ကို ျပန္သြားေတာင္းပန္...

နင္အရမ္းတရားလြန္တယ္...ဆရာ့လိုသေဘာထားျပၫ့္၀ၿပီး..အားလံုးအေပၚမွာေကာင္းတဲ့

လူေကာင္းတစ္ေယာက္ကို...နင္အခုဆက္ဆံလိုက္တဲ့ပံုက...သိပ္ရမ္းကားလြန္းတယ္..."


"ဟား...ငါကရမ္းကားတယ္ဟုတ္လား...နင့္ကိုသူဘာလုပ္လိုက္လည္း...နင္တကယ္မသိဘူးလား...

ငါ...ငါဟာ...ေျပာလိုက္ရင္မေကာင္းရိွေတာ့မယ္..."


"မေကာင္းရင္လည္း ေျပာမေနနဲ႔ေတာ့...ငါကေတာ့ဆရာ့ကိုသြားေတာင္းပန္မယ္...."


"နင့္ပါးကိုနမ္းလိုက္တဲ့လူကို နင္ကသြားေတာင္းပန္မယ္ဟုတ္လား...."


"ဘာ....!!!!နင္ဘာေျပာလိုက္တယ္...."


ဟိန္းကို၏စကား‌ကို ပံုရိပ္တကယ္ကိုနားမလည္ေပ။ဆရာကပံုရိပ္ကို နမ္းလိုက္သည္တဲ့။

ဘယ္တုန္းကလည္း အိပ္မက္ထဲမွာလား။

မျဖစ္ႏိုင္တာ ။ဆရာကဒီလိုလုပ္မဲ့လူမွမဟုတ္တာ။

ပံုရိပ္ကို ဆရာကတပၫ့္တစ္ေယာက္အေနနဲ႔ပဲ

ျမင္တာပါ။ဟိန္းကိုအျမင္ေတြဘာေတြ မႈန္သြားတာလား။ဒါမွမဟုတ္ အျမင္မွားေနတာမ်ားလား။


"ဟိန္းကို...နင့္မ်က္လံုးကိုသြားၿပီးစမ္းသပ္ၾကၫ့္ပါလားဟင္...အေဝးမႈန္ေနသလား...."


"အရူးမ...ဘာေတြေလ်ွာက္ေျပာေနတာလဲ...."


"ဟဲ့...နင့္မ်က္လံုးေတြမႈန္ေနလို႔သာ မဟုတ္တာေတြေလ်ွာက္ျမင္တာေပါ့...ဥပမာဆရာကငါ့ေဘးနားကပစၥည္းတစ္ခုခုကို လွမ္းယူလိုက္တာကို နင္ကအျမင္မွားတာမျဖစ္ႏိုင္ဘူးလား..."


"အရူးမ...သူကလည္းေယာက္်ားတစ္ေယာက္ပဲေနာ္...အသက္လည္းငါတို႔ထက္၇ႏွစ္ေလာက္ပဲႀကီးတာ....နင္သူ႔ကိုသိပ္ယံုမေနနဲ႔...ငါလည္းသူ႔ကိုေလးစားခဲ့ေပမဲ့ ဒီလိုကိစၥမ်ိဳးကိုေတာ့လံုး၀လက္မခံႏိုင္ဘူး...."


"ဒါဆို...နင္ေျပာေနတာကတကယ္ေပါ့....

ဆရာကငါ့ကို..."


"မယံုဘူးလား...မယံုရင္ငါျပန္လုပ္ျပရမလား..."


"ေသနာ...ပါးရိုက္ပစ္မွာေနာ္..."


ဟိန္းကို၏မ်က္ႏွာတၫ့္တၫ့္ကို လက္ဝါးေထာင္ျပခဲ့လိုက္ၿပီး အိမ္သို႔ျမန္ျမန္ျပန္လာခဲ့လိုက္သည္။

အိမ္ေပၚသို႔ အျမန္ေျပးတက္လိုက္ၿပီး အိပ္ယာထဲတြင္ေခါင္းကိုေမွာက္ကာ ယခုမွရွက္အားပိုေနမိသည္။


"တကယ္ႀကီးလား...အိပ္မက္လို႔ထင္ေနခဲ့တာ...

ဘယ္လိုမွမေနသလိုပဲ...အာ...ဘာေတြေတြးေနတာလဲ..."


ကိုယ့္ဘာသာစကားေတြေျပာရင္းႏွင့္ ပါးျပင္ေတြပါပူတက္လာေလသည္။

တကယ္ဆိုရင္ ဆရာကဘာလို႔ပံုရိပ္ကို နမ္းတာလဲ။

ဆရာက ပံုရိပ္ကိုခ်စ္ေၾကာင္း၊ႀကိဳက္ေၾကာင္းလည္း မေျပာသလိုစိတ္၀င္စားတဲ့ အရိပ္အေယာင္ေတာင္မျပဖူးပဲ ဘာေၾကာင့္နမ္းရတာလဲ။


သူ႔အခန္းထဲမွာ ၀င္အိပ္ေနတဲ့မိန္းကေလး၊

သူခူးခ်င္ရင္ အခ်ိန္မေရြးရတဲ့ပန္းတစ္ပြင့္ဆိုၿပီး အထင္ေသးလို႔ ဒီလိုျပဳမူလိုက္တာလား။

ဆရာ့ရင္ထဲမွာေရာ ဘာေတြေတြးေနမလဲ။


ပံုရိပ္ သိသေလာက္ေတာ့ဆရာက ဒီလိုလူမ်ိဳးမဟုတ္ပါဘူး။ပံုရိပ္ကိုသူေခၚတာမရလို႔ စိတ္‌ဆိုးၿပီးဆဲြေခၚရင္ေတာင္ လက္ဖဝါးကေနမကိုင္ပဲ ‌လက္ေကာက္၀တ္ကေနပဲကိုင္ဖူးတယ္။

ဒါေတာင္ ႏွစ္ခါလားပါပဲ။

အခုလို နမ္းလိုက္တာၾကေတာ့ ဆရာေနမ်ိဳးမွ ဟုတ္ရဲ့လား။

ဆရာ့ကို သြားေမးရေအာင္လည္း ပံုရိပ္ကအရွက္မဲ့ေနရာက်မွာေပါ့။


"မမ...ပိုက္ဆံသြားေပးၿပီးျပန္လာတာလား...."


"ေအး...."


"ဆရာေနမ်ိူးနဲ႔ေရာ...ေတြ့ခဲ့ရဲ့လား..."


"အင္း..."


"မမဘာျဖစ္ေနတာလဲ...."ေအး.."နဲ႔"အင္း.."ႏွစ္လံုးပဲေျပာတတ္ေတာ့တာလား...ဆရာနဲ႔ဘာျဖစ္လာလို႔လဲ..."


"ဟာ...နင္ေနာ္...ငါနဲ႔ဆရာကဘာျဖစ္စရာအေၾကာင္းရိွလို႔လဲ..."


ပိစိမကို အနီးမွာရိွေနေသာေခါင္းအံုးနဲ႔လွမ္းေပါက္ပစ္လိုက္ၿပီး ႏႈတ္ခမ္းကိုဖိကိုက္ထားလိုက္မိေလသည္။ရင္ခုန္ရလြန္းလို႔ ရူးရပါေတာ့မယ္။

ဘယ္လိုလုပ္လိုက္တာလည္း ဆရာေရလို႔သာ

သြားေအာ္ေျပာလိုက္ခ်င္ေတာ့သည္။


"ပိစိမ...တကယ္လို႔ဟာ...သူစိမ္းေယာက္က်ား

တစ္ေယာက္က သူနဲ႔ခ်စ္သူေတြမဟုတ္တဲ့မိန္းကေလးကို အိပ္ေနတဲ့အခ်ိန္ပါးကိုခိုးနမ္းမယ္ဆိုပါစို႔...အဲ့ဒါက ဘာျဖစ္လို႔ထင္လဲ..."


"နမ္းခ်င္လို႔ နမ္းတာေပါ့..."


"ဟာ...အရူးကိုေမးမိတာမွားပါတယ္ဟယ္..."


"ဟား..ဟား...သမီးကစတာပါေနာ္...စဉ္စားၾကၫ့္ေလမမရယ္...ခ်စ္သူလည္းမဟုတ္ဘူးဆိုေတာ့...

အဲ့ဒီ့ေကာင္မေလးက ခ်စ္စရာ‌ေကာင္းလို႔နမ္းတာျဖစ္ႏိုင္သလို...ႀကိဳက္ေနလို႔လည္းျဖစ္ႏိုင္တာပဲ..."


"အဲ့ဒါေတြ တစ္ခုမွမဟုတ္ဘူးဆိုရင္ေရာ.…

နမ္းၿပီးေတာ့မသိခ်င္ေယာင္ေဆာင္ေနရင္ေရာ..."


"အဲ့ဒါကေတာ့ အထင္ေသးလို႔ေပါ့...လုပ္လို႔ရလို႔လုပ္တာ..."


"ဟင္...ဟုတ္လား.."


"မမရုပ္ႀကီးကလည္း ဘာျဖစ္ေနတာလဲ...မဟုတ္မွ

...မမကအနမ္းခံလိုက္ရလို႔လား..."


"မဟုတ္...မဟုတ္ပါဘူး..စိတ္ထဲမွာေပၚလာလို႔ေလ်ွာက္ေမးတာ...ငါကျဖစ္စရာလား..ငါ့ကိုလာ

နမ္းၾကၫ့္ပါလား...ပါးရွစ္စိပ္ကဲြသြားမွာေပါ့..."


"ဆရာေနမ်ိဳးဆိုရင္ေရာ..."


"ဟင္...."


"အဲ...မေျဖႏိုင္ေတာ့ဘူးမဟုတ္လား...လူေတြဟာကိုယ္ခ်စ္တဲ့လူေရ႔ွမွာဆိုရင္ အလိုလိုေနရင္းအရႈံးေပးရေတာ့တာပဲေနာ္...လူတစ္ေယာက္ကိုဘယ္ေတာ့မွသဲသဲလႈပ္ခ်စ္မျပနဲ႔...အဲ့လူကအခ်စ္ခံရလြန္းလို႔ ကိုယ့္တန္ဖိုးကိုမသိပဲ...ကိုယ့္ကိုအႏိုင္ယူလာယံုတင္မကဘူး...ကိုယ့္အခ်စ္ကိုပါတန္ဖိုးထားဖို႔ေမ့သြားလိမ့္မယ္...

ပိစိမရဲ့အေမကသက္ေသပဲေလ...

အေဖ့ကိုခ်စ္လြန္းလို႔ ဆိုးသမ်ွသည္းခံၿပီးေနခဲ့ေပမဲ့

ေဖာက္ျပန္ျခင္းပဲ ျပန္ရလိုက္တယ္...

ခ်စ္ေတာ့ခ်စ္..ဒါေပမဲ့အႏွစ္ခ်ည္းပဲမေပးနဲ႔..."


အရူးစကားက ဒီတစ္ခါေတာ့မွတ္သားစရာေကာင္းေနျပန္ေရာ။သူ႔အေမရဲ့အျဖစ္ကို ဥပမာယူၿပီးေျပာေနေပမဲ့ ဆရာေနမ်ိဳးကသူ႔အေဖလိုမွမဟုတ္တာ။

ပံုရိပ္ တစ္ခုပဲသိခ်င္တယ္။


ဆရာ..ဘာလို႔ပံုရိပ္ကိုနမ္းတာလဲ..


ဟိန္းကိုက ပံုရိပ္ကိုအတင္းဆဲြေခၚ‌တဲ့အခ်ိန္မွာဆရာသည္ေနရာမွာပဲ ရပ္ၿမဲရပ္ေနခဲ့တယ္။ဘာတုန႔္ျပန္မႈမွ မရိွခဲ့ဘူး။ဟိန္းကို၏ ရင္းသီးလြန္းေသာစကားေတြကိုလည္း ျပန္မေခ်ပခဲ့တဲ့အျပင္ ပံုရိပ္ကိုၾကၫ့္ေနခဲ့တဲ့ ဆရာ့မ်က္၀န္းေတြသည္ အားနာစိတ္၊သိမ္ငယ္စိတ္နဲ႔အတူ ၫွိုးႏြမ္းေနခဲ့တယ္။


(စာေရးသူ..ေဆာင္းေငြ့ေဝ)


🌹🌹🌹🌹🌹🌹🌹🌹


နမ္းရင္ ႏႈတ္သီးကိုျဖတ္ရိုက္မယ္ဆိုတဲ့ 

အမႀကီးကရိုက္ခ်ိန္ေတာင္မရလိုက္ပါလား😁


(အမွားပါရင္ ခြင့္လႊတ္ေပးပါေနာ္...

ဖတ္ရတာ ရင္ထဲမေရာက္ပါက အေရးအသား

ညံ့ေသးလို႔ မွတ္ပါေနာ္)❤️


ဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

အထူးေက်းဇူးတင္ရိွပါတယ္..

🔥ဆူးကြိုး...🔥အခန်း(၄၄)

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၄)



"မမရေ....ဖုန်းလာနေတယ်...ဖွားညိုဆီကတဲ့...."


"အေး...ငါလာပြီ...."


မီးဖိုချောင်ထဲတွင် ထမင်းစားပြီး၍ဆေးလက်စပန်းကန်ကို အမြန်လက်စသတ်ကာဖုန်းဆီသို့အပြေးသွားရလေသည်။ဖွားညိုဆို၍ ရင်တော့ထိတ်မိသည်။ဖုန်းဆက်တိုင်း ပြန်လာဖို့ချည်းပဲပြောနေ၍ မနည်းချွဲထားရသည်မဟုတ်ပါလား။


"မမရေ....ရော့....ကွိုင်နော်.."


ပိစိမ၏ လက်ထဲမှဖုန်းကိုလှမ်းယူလိုက်မိပေမဲ့

မကိုင်မိသေးပေ။ပိစိမ၏ မျက်နှာကြီးမသာမယာဖြစ်နေပုံရရင်တော့ ဟိုကဆူလိုက်လို့ပဲနေမည်။

ဖွားညိုဟာလေ ပြောတော့ပုံရိပ်ကိုတစ်ကိုယ်တည်းကောင်းကောင်းရပ်တည်စေချင်တယ်ဆိုပြီး

ဘယ်နေရာသို့သွားသွားစိတ်မချ‌တတ်ပေ။


ဘယ်လောက်ပဲ ထက်မြက်သည့်အမျိုးသမီးဖြစ်နေပါစေ အသက်ကြီးလာတော့လည်း သားသမီးမြေးမြစ်တွေကို အနီးမှာပဲရှိစေချင်ပုံရသည်။


"နင့်ကို ဘာပြောသေးလဲ..."


"သင်္ကြန်လည်တဲ့ကိစ္စကို ဆူနေတာ...ပိစိကတော့

ကျွင်းတူးပြီးသာ ပုန်းနေလိုက်ချင်တော့တယ်...."


မျက်နှာလေး ငိုမဲ့မဲ့နှင့် အိမ်ရှေ့ခန်းတွင်ရှိနေကြသော ကလေးနှစ်ယောက်နှင့်သွားဆော့နေလေသည်။ပုံရိပ်ကိုလည်း ဘာတွေဆူအုံးမလဲမသိပေ။

 သက်ပြင်းမောကိုမှုတ်ထုတ်လိုက်ကာ 

ဖုန်းကိုကိုင်လိုက်ရသည်။


"ဟယ်လို...ဖွားညို...နေကောင်းရဲ့လား....."


".............…...….."


"အင်း....ဘယ်တွေမှမသွားပါဘူးအဖွားရယ်...

အဲ့တစ်ရက်လေးပဲ ထွက်လည်တာပါ.."


"..................….…"


"ဖွားကလည်း ကြံဖန်ပြီးစိတ်ပူနေပြန်ပါပြီ...ဒီမှာဒေါ်လေးကလည်း အပြင်တွေအရမ်းထွက်တာကို

 မကြိုက်ဘူးလေ...ဒါကြောင့်..ခြံပြင်မှာလောက်ပဲ...ရေထွက်ပက်တာပါ...."


"........…......."


"တကယ်ပါဖွားရယ်...မလိမ်ပါဘူး...အားတဲ့အချိန်ဆိုရင် ဘုန်းကြီးကျောင်းမှာသွားနေတယ်လေ..."


..............


"ဒေါ်လေးက...အခုအိမ်မှာမရှိဘူးလေ...ဒီနားကဈေးဆိုင်ကိုသွားတယ်...ဖွားညိုရောညနေစာစားပြီးပြီလား ....ဆေးရောသောက်ပြီးပြီလား...."


........


"ဟုတ်ကဲ့ပါ...နှစ်ဆန်းတစ်ရက်နေ့ကိုရောက်တာနဲ့ ချက်ချင်းပြန်လာခဲ့ပါ့မယ်...စိတ်ချပါ...ပြန်လာတာနဲ့..အဖွားစိတ်တိုင်းကျအောင်အထိ ကြိုးစားမှာပါ.."


.......


"ဟုတ်ကဲ့...အဖွားလည်းကျန်းမာရေးကို ဂရုစိုက်ပါနော်...ဒါပဲနော်...ဟူး!!!!"


‌ဖုန်းပြောအပြီးမှာ လေကိုအ၀ရှူသွင်းပြီး ရှိုက်ထုတ်လိုက်ရသည်။

အဖွားကတော့ ပုံရ်ပ်ကိုအတင်းပြန်ခေါ်နေလေပြီ။

ဒီနေ့ကအကြက်နေ့ဆိုတော့ မနက်ဖြန်တစ်ရက်စာနေပြီးရင် ပုံရိပ်မန္တလေးသို့ ပြန်ရတော့မည်။


ထပ်ပြီးတော့ ဒီကလူတွေနှင့်တစ်နှစ်ပတ်လုံး ခွဲရအုံးတော့မည်။ပုံရိပ် ဘာလုပ်ရမလဲ။

ဆရာနဲ့ တွေ့ရဖို့ဆိုရင် ဒီနေ့ကအကောင်းဆုံးပါပဲ။မနက်ဖြန်ဆိုရင် မနက်ပိုင်းမှာ ဥပုဒ်စောင့်ပြီးတာနဲ့ ကားလတ်မှတ်ကြိုဖြတ်ရအုံးမည်။ခရီးသွားဖို့အတွက် ပြင်ဆင်ရမှာဖြစ်ပြီး လက်ဆောင်ပစ္စည်းတွေလည်း သွား၀ယ်ရအုံးမည်မို့ တစ်နေကုန်အားနိုင်မည်မထင်ပေ။


"ပိစိမရေ...ဒေါ်လေးပြန်လာရင်...

ငါဘုန်းကြီးကျောင်းကို ခဏသွားတယ်လို့ပြောလိုက်နော်...."


"ဟုတ်ကဲ့...မကြီးကဘယ်အချိန်ပြန်လာမှာလဲ....."


"သိပ်မကြာပါဘူး...."


ချက်ချင်းပဲ အိမ်အပြင်သို့ ပြေးထွက်လိုက်ပြီ ခြေလှမ်းသွက်သွက်နှင့်ပင် ဘုန်းကြီးကျောင်းသို့လျှောက်လာခဲ့လိုက်သည်။

ပုံရိပ်သည် ယောက်ျားတစ်ယောက်ဆီကို အရှက်မဲ့စွာလှမ်းသွားနေမိပြီ။

ဆရာ့ကြောင့် ပုံရိပ်တွင်မာနတွေ ကင်းစင်ကုန်လေပြီ။


ဒါပေမဲ့ ဆရာကတော့ပုံရိပ်အပေါ်မှာ တပည့်

တစ်ယောက်ထက်တော့ ပို၍မြင်နိုင်မည်မထင်ပေ။ပုံရိပ်ကလှသည်ဟု အခြားလူတွေကခဏခဏ

ပြောဖူးပေမဲ့ ဆရာ့ကတော့ ပုံရိပ်ကိုထိုသို့မြင်မည်မဟုတ်ပေ။ပုံရိပ်ကို ကလေးဟုပဲသတ်မှတ်သည်။ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံသည်။


သူ့စိတ်ကို ပုံရိပ်ဘယ်လို ပြောင်းလဲရပါ့မလဲ။

ပုံရိပ်ဟာ ပန်းကလေးတစ်ပွင့်ဖြစ်နေပြီး ဆရာ့ရှေ့တည့်တည့်မှာ ကြွေကျပြရင်တောင်

 ဆရာကကောက်ယူမည်မထင်ပေ။

ယမင်းကဲ့သို့ ပုံရိပ်သည်လည်းအချစ်ရူးဖြစ်နေလေပြီ။


"ကိုရင်....ဆရာနေမျိုးရှိလား..."


ဘုန်းကြီးကျောင်း၀န်းထဲသို့ ရောက်သည်နှင့်

ကိုရင်တစ်ပါးကို မေးလိုက်မိလေသည်။


"ဆရာမရှိဘူး...အပြင်ခဏသွားတယ်..."


"ဘယ်တော့ပြန်လာမယ်လို့ပြောခဲ့လဲ..."


"သိဘူးလေ...အဲ့ဒါတော့..."


ကိုရင်လေးကလည်း ခေါင်းတကုတ်ကုတ်နှင့်

သူမသိကြောင်းပြောပြီး ဘောဇနဆောင်ထဲသို့

၀င်သွားလေသည်။ ပုံရိပ်မှာတော့ ဘုန်းကြီးကျောင်းထဲတွင်ပဲ ထိုင်စောင့်နေရမလား။

အိမ်ကိုပဲ ပြန်ရတော့မလားနှင့် တိုင်ပတ်နေတော့သည်။

သို့ပေမဲ့ ဆရာပြန်လာနိုးနှင့် မထူးဇာတ်ခင်းပြီး 

ကျောင်းဂိတ်ပေါက်၀နှင့် တန်းနေသော

ဘောဇနဆောင်အနီးမှ ခုံတန်းလေးတွေပေါ်တွင် ထိုင်၍စောင့်နေလိုက်သည်။


"ဒူ....ဒူ....ဒူ"


ဘောဇနဆောင်ဘက်မှ မောင်းထုသံကြားလိုက်ရ၍ 

ကိုယ်ရင်တွေ ဆွမ်းစားချိန်ရောက်နေပြီမှန်း

သိလိုက်ရသည်။စောင့်နေရတာ နာရီ၀က်‌နီးပါးလောက်ရှိနေပေမဲ့ ဆရာပြန်မလာခဲ့ပေ။


"ဒကာမကြီး...ဘယ်သူ့ကိုစောင့်နေတာလဲ...."


"ဆရာနေမျိုးကို စောင့်နေတာပါ..."


"ဟုတ်လား..နေမျိုးကထွက်သွားတာ နည်းနည်းကြာပြီကွဲ့..အသိတစ်ယောက်ရဲ့အိမ်မှာ ပြင်စရာလေးတွေရှိလို့ သွားကူပေးအုံးမယ်‌လို့တော့

 ပြောသွားတာပဲ...ပြန်လာတာနောက်ကျမယ်ထင်တယ်...အရေးကြီးကိစ္စရှိရင်....ဦးဇင်းကိုပြောခဲ့လေ..."


"အရမ်းတော့အရေးမကြီးပါဘူး...တပည့်တော်ကနောက်တစ်ရက်လောက်ဆိုရင်...မန္တလေးကိုပြန်ရတော့မှာမို့လို့...ကြိုပြီးလာနှုတ်ဆက်တာပါ..

ဒါဆိုတပည့်တော်...ညနေဘက်မှပဲပြန်လာပါတော့မယ်..."


"ကောင်းပါပြီကွယ်...."


ဦးဇင်းလည်း ကျောင်းပေါ်သို့တက်သွားသလို

ပုံရိပ်လည်း ကျောင်းထဲမှထွက်လာခဲ့လိုက်သည်။

‌အနောက်ဘက်တွင်ကျန်ခဲ့သော ကန်စွန်းခင်းတွေရှိသည့် ဘက်သို့ကြည့်လိုက်ပြီး ဒီနေရာလေးကို နောက်ထပ်နှစ်တွေထပ်စောင့်ပြီးမှ လာနိုင်မည့်အရေးကို တွေးပူနေမိသည်။


"ဆရာ...."


ပုံရိပ်တို့၏ ခြံထဲသို့ လှမ်း၀င်လိုက်သောအခါ 

မထင်မှတ်ထားသော  လူနှင့်တွေ့လိုက်ရ၍

အံ့ဩသွားမိသလို ရင်ထဲမှလည်းလှိုက်ဖိုကြည်နူးရပါသည်။

ဆရာကတော့ ပုံရိပ်ကိုမမြင်ပေမဲ့ ပုံရိပ်ကတော့

ဆရာ့လှုပ်ရှားမှု တစ်ခုဆီတိုင်းကို

မျက်တောင်မခတ်စတမ်း ငေး၍ကြည့်နေမိလေသည်။

ဘောင်းဘီအတို ဒူးအုပ်လောက်နှင့် ရှပ်အိင်္ကျီလက်တိုကို ၀တ်ဆင်ထားသည်မှာအသက်၂၄နှစ်အရွယ် အမျိုးကောင်းသားလေးမှန်း ပို၍ထင်ပေါ်နေသလိုပင်။


"ဆရာတို့...ဘာလုပ်နေတာလဲ...."


ရေမော်တာနှင့်ရေစည်ရှိသောနေရာတွင် အခြားလက်သမားနှစ်‌ယောက်နှင့်အတူတစ်ခုခုဆောက်လုပ်နေဟန်ရှိ၍ ဆရာ့ဆီသို့ပြေးသွားကာ မေးလိုက်မိသည်။


"ရေချိုးတဲ့နေရာကိုကာနေတာလေ.…."


"ဟင်...ဟိန်းကို..."


ဆရာ့ကို မေးလိုက်ပေမဲ့ဖြေလိုက်တာက ဟိန်းကိုဖြစ်နေသည်။သေချာကြည့်လိုက်တော့မှ

အခြားအလုပ်သမားတစ်ယောက်နှင့်အတူ

အကာလုပ်နေသော ဘက်အခြမ်းတွင် ရှိနေသူမှာဟိန်းကို ဖြစ်နေသည်။ဟိန်းကိုကရော ဘာကြောင့်ရောက်နေတာပါလိမ့်။


"ဟဲ့...နင်ကရော...ဘာလာလုပ်တာလဲ..."


"အမယ်...အစ်မကြီးရယ်..မေးလိုက်ပုံကြီးကလည်း

အစ်မကြီးတို့ရဲ့ အိမ်သားတွေလုံလုံခြုံခြုံရေချိုးလို့ရအောင်...လာကာပေးတာလေ...ငါကတော့ဆရာလုပ်နေတာတွေ့လို့..လာကူပေးတာ..."


"ပုံရိပ်...ဒီမှာကနေပူတယ်...အိမ်ထဲကို၀င်တော့..."


"ဟုတ်ကဲ့...."


သံကိုတူနှင့်ထုနေရင်းမှ ပုံရိပ်ကိုအတင်းနှင်လွှတ်နေသောဆရာ့ကြောင့် အိမ်ထဲသို့၀င်ဖို့လုပ်ရတော့သည်။ဒေါ်လေးတို့ပိစိမတို့ကတော့

အိမ်အပေါက်၀မှနေ၍ သူတို့လုပ်တာကို ထိုင်ကြည့်နေကြလေသည်။


ပုံရိပ်ကတော့ ဒေါ်သတွေအလိပ်လိုက်ထွက်လာတာပဲသိတယ်။

သူများဆရာကိုများ နေပူကြီးထဲမှာ ဒေါ်လေးမို့လို့ခိုင်းရက်တယ်။

ပိစိမကို အနောက်သို့တွန်းထုတ်ပြီး သူ့နေရာမှာလုထိုင်ပြစ်လိုက်သည်။


"ဟဲ့...ဘယ်လိုဖြစ်နေတာလဲ..."


"ဘာဖြစ်ရမှာလဲဒေါ်လေးရဲ့...သူများဆရာကို

အခုလိုနေပူကြီးထဲမှာ အလုပ်လုပ်ခိုင်းတာကောင်းသလားလို့...အားနာစရာကြီး.."


"ဟဲ့....နင့်ဆရာကိုငါကဘာလို့လုပ်ခိုင်းရမှာလည်း..

သူကပန်းရံသမားမှမဟုတ်တာ..."


"ကြည့်ဒေါ်လေးတို့က ‌ဗြောင်လိမ်ပြီ..."


"အံမယ်..ငါခေါက်ထည့်လိုက်ရ....."


"ကောင်းတယ်...."


"ပိစိမ...နင်နော်..."


ဒေါ်လေးက ပုံရိပ်ကိုခေါက်မယ်ဆို၍ အပျော်ကြီးပျော်နေသော ပိစိမကိုမျက်စောင်းလှမ်းထိုးလိုက်မိသည်။

အကျင့်ယုတ်မ...ဆရာ့ကိုရှာဖို့‌ဘုန်းကြီးကျောင်းကို သွားမှန်းသိလျှက်နဲ့ ဆရာကဒီရောက်နေတာတောင် လာမခေါ်ဘူး။

ပုံရိပ်မှာတော့ ဘုန်းကြီးကျောင်းမှာ ဟိုလူကြည့်တာခံလိုက်ရ ဒီလူကြည့်တာခံလိုက်ရနှင့် အရှက်မရှိစောင့်လိုက်ရတာ။


"ဘာမှ ပိစိမကိုသွားပြီးအပြစ်တင်မနေနဲ့...နင့်ဆရာကိုလည်း ကျုပ်တို့ကခိုင်းတာမဟုတ်ပါဘူးတော်...

သူ့ဘာသာ ဒေါ်လေးတို့အိမ်မှာက မိန်းမသားတွေချည်းပဲတဲ့...ရေချိုးတာအကာအရံလေးနဲ့မှ သင့်တော်တယ်ဆိုပြီး လာလုပ်ပေးနေတာပဲ..

ဟိန်းကိုလေးကတော့ လမ်းသွားရင်းနဲ့၀င်ကူညီတာပေါ့.…"


နေပူထဲမှာ ချွေးသီးချွေးပေါက်တွေ ခိုတွဲ၍မောနေရှာသော ဆရာ့ကိုလှမ်းကြည့်လိုက်မိရင် ပြုံးလိုက်မိပါသည်။ဆရာက ပုံရိပ်၏အတွင်းစိတ်ကို သိနေသလိုပဲကွယ်။ဟိုဘက်အိမ်က ယောက်ျားလေးတွေက ပုံရိပ်တို့ရေချိုးတဲ့အချိန်မှာ အပေါက်၀မှာရပ်နေတာနဲ့ ဆုံတဲ့အခါတိုင်းစိတ်မသိုးမသန့်ဖြစ်ခဲ့ရသည်။

အကာအရံလေးနဲ့ဆိုတော့ လုံခြုံသွားတာပေါ့။


"ဟဲ့...သူတို့ပြီးပြီထင်တယ်...နောက်ဖေးမှာလက်ဖက်သုပ်ပန်းကန်နဲ့ဓာတ်ဗူးတင်ထားတဲ့

လင်ဗန်းကို သွားယူစမ်းပါမိပုံရယ်...."


"ဟုတ်ကဲ့...ဒေါ်လေး...."


နောက်ဖေးမီးဖိုထဲသို့ ပုံရိပ်၀င်သွားလိုက်တော့

ပိစိမကလည်းအနောက်မှ လိုက်လာလေသည်။

လိုက်ကူညီတာတော့ မဟုတ်ပဲစကားလိုက်များခြင်းဖြစ်နေလေသည်။


"မမရဲ့လူကြီးက....အလိုက်တော့သိသားပဲနော်...

တို့မမလေး..ရေချိုးရင်ရှက်နေမှာသိလို့ချက်ချင်းကို အကာအရံတွေလာလုပ်ပေးတာ...."


"ဟာ...ဆရာကငါ့တစ်ယောက်တည်းအတွက်

 လာလုပ်ပေးတာမဟုတ်လောက်ပါဘူးဟယ်...

ဒီအိမ်မှာကမိန်းမတွေပဲနေတာလေ...အကုန်လုံးအတွက်ပေါ့.."


"မဟုတ်ပါဘူးနော်...ဒေါ်လေးကအသက်ကြီးနေပြီလေ...သူ့ကိုဘယ်သူကကြည့်ကြမှာလဲ...

သမီးကလည်းလှမှမလှတဲ့ဥစ္စာ...ငမဲခြောက်ကိုတော့ အရေးအရာလုပ်ပြီး လာမကြည့်လောက်ပါဘူး..အဲ့တော့ဟော့ဒီကအချောအလှ...

တို့မမအတွက်မဟုတ်ရင်..

ဘယ်သူ့အတွက်ဖြစ်နိုင်မှာလဲ...."


"နင်ပြောသလိုဆိုရင်တော့...ကောင်းတာပေါ့..."


"ဟုတ်ပါတယ်ဆိုနေမှ...မယုံဘူးနော်..."


"အေးပါ...ထားလိုက်တော့...ငါရေနွေးသွားပို့လိုက်အုံးမယ်..."


ရေနွေးကြမ်းဗန်းကို အိမ်ရှေ့သို့သယ်ထုတ်လာတော့ ဆရာနှင့်ဟိန်းကိုက အိမ်ကြီးနှင့်ကပ်လျှက်ရှိ နှင်းဆီပန်းအိုးတွေ စိုက်ထားသောအရိပ်ရသည့်နေရာတွင် ထိုင်နေကြလေသည်။

ဒေါ်လေးကတော့ အိမ်အပေါက်၀မှနေ၍စကားတွေလှမ်းပြောနေလေသည်။


"ဒါနဲ့...နယ်ကိုပြောင်းရတော့မယ်ဆို...ဟုတ်လား.."


"ဟုတ်ကဲ့...ဒါပေမဲ့လိုပါသေးတယ်...ခြောက်လပိုင်းကျော်ကျော်လောက်မှပါဒေါ်‌လေး...."


"အင်း...တောင်ကြီးကိုမဟုတ်ပဲ...မန္တလေးကိုကျရင်ကောင်းမှာပဲ...ဒါဆိုရင်မင်းရဲ့နှမလေးကိုလည်း စောင့်ရှောက်လို့ရတာပေါ့...."


ဒေါ်လေးက ဒီနေရာမှာတော့အားကိုးရသားဟု

တွေးလိုက်မိပြီး ပုံရိပ်ကြိတ်၍ပြုံးလိုက်မိသည်။ဆရာတို့ဘေးနားသို့ သွားထိုင်ပြီး ရေနွေးကြမ်းကိုငဲ့ပေးလိုက်ကာ တစ်ယောက်တစ်ခွက် ကမ်းပေးလိုက်သောအခါ ဟိန်းကိုက ပုံရိပ်ကိုမျက်လုံးလေးဝိုင်းကာ အံ့ဩဟန်နှင့်မော့ကြည့်လာလေသည်။

ပုံရိပ်လည်း သူ့ကိုပြုံးပြလိုက်မိပါသည်။

ယမင်းရဲ့ ကိစ္စကလည်းလွှတ်ချလိုက်ဖို့အချိန်တန်ပါပြီလေ။သူ့ကိုလည်း ခွင့်လွှတ်လိုက်ပါပြီ။


"ဒါနဲ့ဆရာ...ဆရာကဘယ်ဌာနမှာလုပ်တာလဲ...."


"ဆရာကHRအနေနဲ့လုပ်တာလေ...."


"ဟာ...ဒါဆိုရင်ဆရာကလစာကောင်းတာပေါ့..."


"အဲ့လောက်လည်းမဟုတ်ပါဘူး...၁၀သိန်းအထက်လောက်ပါပဲ..."


"ဟာ...မိုက်လိုက်တာ...အင်ဂျင်နီယာတောင်ဆရာ့လောက်ရပါ့မလား..."


"ရတဲ့လူတွေလည်းရှိမှာပေါ့ကွာ...."


"ဆရာကအဲ့လောက်လစာများတာ...မန္တလေးကို

သာပြောင်းလာရင်...ပုံရိပ်ကခဏခဏမုန့်၀ယ်ကျွေးခိုင်းမှာ...."


တမင်တကာဆရာ့ကို စမ်းသပ်သည့်အနေနဲ့မေးလိုက်ခြင်းဖြစ်သည်။

ပုံရိပ်၏စကားကြောင့် ဆရာသည်အနည်းငယ်တွေဝေသွားပုံပေါ်လေသည်။

နဖူးကို လက်ချောင်းတွေနှင့်ကုတ်ခြစ်နေတာကအစ

ချစ်စရာကောင်းနေပြန် ၏။

ဆရာ့၏ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများကအစ ပုံရိပ်လိုက်ငေးနေမိသည်။

ဆရာပြန်ပြောမည့်စကားအတွက်လည်း ရင်ခုန်နေမိလေပြီ။


"မုန့်၀ယ်ကျွေးတာကတော့ ပုံရိပ်ကဆရာ့ထက်တောင်၀င်ငွေကောင်းသေးတယ်...ဆရာ့ကိုပြန်၀ယ်ကျွေးရမှာမဟုတ်ဘူးလား...ဆရာ့အလုပ်ကပုံရိပ်ထက်အများကြီး လစာနည်းတယ်..."


"ဟာ...ဆရာကလည်း...လစာကမနည်းပါဘူးနော်...

ဆရာကအရမ်းတော်တာ...ကြိုးစားနေတဲ့လူတိုင်း

ကို သမီးကအထင်ကြီးပြီးသားပဲ...ငွေကအဓိကမဟုတ်ဘူး..."


"မမရေ..."


ပုံရိပ်ဘက်မှ စကားကျွံသွားတာကြောင့် ပိစိမကလှမ်း၍ဟန့်လေသည်။စိတ်ထိန်းနေသည့်ကြားထဲကနေ ဘာလို့များမြောင်းဖောက်တဲ့ စကားတွေပြောမိရပြန်တာလဲ။ဆရာနဲ့တွေ့ရင် စကားပြောတာကအစအဲ့လိုကပြောင်းကပြန်တွေ အမြဲဖြစ်သည်။


"ဆရာက တောင်ကြီးကိုသွားဖို့သဘောတူလိုက်ပြီဆိုတော့ မန္တလေးကိုအခြားတစ်ယောက်က သွားရမှာလေ..."


"အင်း...ဒါဆိုရင်တော့...နောက်နောင်ဆရာနဲ့တွေ့ဖို့ကအဆင်မပြေနိုင်တော့ဘူး...သမီးကလည်းမန္တလေးမှာ ကျောင်းတက်ရမှာနဲ့...လုပ်ငန်းအကြောင်းတွေကို လေ့လာရမှာနဲ့...ဆရာကလည်းဒီမှာရှိတော့မှာ မဟုတ်ဘူး...."


"ဖုန်းဆက်လို့ရတယ်လေ...ဆရာ့ဖုန်းနံပါတ်ကို ပုံရိပ်သိနေတာပဲ....."


"အော်...ဒါနဲ့ဆရာဖေ့ဘွတ်ခ်သုံးလား...သမီးလည်းမနေ့ကမှဖွင့်လိုက်တာ..."


"ပုံရိပ်...နင်ဖေ့ဘွတ်ခ်သုံးရင်...ငါလာaddလိုက်မယ်လေ..."


"အေး...ငါဖုန်းသွားယူလိုက်အုံးမယ်..."


ပုံရိပ်လည်း အပေါ်မှာဖုန်းပြေးယူလိုက်ပြီး

အင်တာနက်ဖွင့်လိုက်ကာ အောက်သို့ပြန်ဆင်းလာခဲ့လိုက်သည်။ Facebook ဖွင့်တာက သိပ်မကြာသေးတော့ သုံးနေသုံးထတော့ မရှိသေးပေ။


"ဆရာ...ဆရာ့အကောင့်ကိုရိုက်လိုက်ပါလား....

သမီးကဖုန်းလက်ကွက်ကို နှိပ်ရတာမသွက်သေးလို့.."


ဆရာ့လက်ထဲသို့ ပုံရိပ်၏ဖုန်းလေးကို ပေးလိုက်တော့ ဆရာသည်သူ့လက်ချောင်းရှည်ရှည်သွယ်သွယ်လေးများကို အလုပ်ပေးနေလေတော့သည်။

ခဏအကြာမှာ Nay(နေ)ဆိုပြီးအင်္ဂလိပ်စာလုံးနှင့် အမည်ပေးထားသော အကောင့်ကိုပုံရိပ်ကိုပြလေသည်။


ဆရာ့အကောင့်၏profileတွင် ဆရာတို့ရုံး၏

ယူနီဖောင်းနှင့် ရိုက်ထားသောပုံကိုတင်ထားလေသည်။ဆရာက HRဆိုတော့အလုပ်သမားတွေကလာ၍ followထားပုံရသည်။လိုက်ခ်ပေးထားသူတွေရော followထားသူတွေရောများတဲ့အပြင် friendအရေအတွက်လက်ခံထားတာကလည်း

ထောင်ကျော်သည်။

အသက်လည်းငယ်တယ်၊ရုပ်လည်းချောတဲ့အပြင် တော်‌လည်းတော်တော့ အလုပ်မှာဝိုင်းဝိုင်းလည်နေမှာ သေချာသည်။


ဆရာ့၏ အပြင်လူနေမှုပုံစံကို စပ်စုခွင့်ရလေပြီမို့အနည်းငယ်တော့ ပျော်သွားမိပါသည်။

ဆရာ့အကောင့်ကတော့ ဆယ်လီအကောင့်လိုဖြစ်နေပေမဲ့ ပုံရိပ်၏အကောင့်ကတော့ profileကနှင်းဆီပန်းပုံကြီး ဖြစ်နေကာဘာသူငယ်ချင်းမှလည်း မရှိသေးပဲအကောင့်အတုကြီးလို

ဖြစ်နေသည်။ဆယ်တန်းဖြေပြီးမှ ဖုန်းကိုင်ခွင့်ပေးသောအဖွားကိုလည်း စိတ်ဆိုးမိပါသည်။


"ပုံရိပ်...ငါ့အကောင့်ကိုရိုက်ပေးမယ်လေ..."


"အေး...ရိုက်ရှာပေး...."


ဟိန်းကိုသည်လည်း သူ့အကောင့်ကိုရိုက်ပေးနေ၍ ရှေ့တိုးပြီးကြည့်လိုက်တော့....


"အမယ်..Ko Koဆိုပါလား... followerတွေကလည်း၅၀၀၀တောင်များလှချည်လား...ဟိန်းကို..

နင်ကဆယ်လီဖြစ်နေပြီပေါ့...."


"ဟာ...မဟုတ်ပါဘူးဟာ...ငါကttဆော့တယ်လေ...အဲ့ဒါကြောင့်..ttကလူတွေကလာပြီး

Followလုပ်ကြတာပါ..."


"ttဟုတ်လား..အဲ့ဒါကဘာကြီးလည်း...."


"ဟာ...နင်ကလည်းသူဌေးအိမ်မှာနေပြီးတော့

ဒါလေးတောင်မသိဘူးလား..တစ်တော့ခ်ကိုပြောတာလေဟာ..ဖျော်ဖြေရေးအပလီကေးရှင်းပေါ့...

လူတိုင်းttဆော့နေတာ နင်ပဲကျောက်ခောတ်ရောက်နေသိလား...."


"ဟဲ့...ငါကဆယ်တန်းပြီးမှဖုန်းကိုင်ခွင့်ရတာလေ...

Websiteထဲမှာတော့အဲ့ဒီအပလီကေးရှင်းကိုတွေ့ဖူးပါတယ်...ဒါပေမဲ့စိတ်မ၀င်စားလို့ဝင်မကြည့်မိပါဘူး...နင်ပြောမှပဲငါလည်းDownloadပြီးဆော့ကြည့်ရမယ်...."


"ဟာ..မလုပ်နဲ့နော်...နင့်ရုပ်နင့်ရည်နဲ့ဆိုရင်...နှာဘူးတွေဝိုင်းပြီး... followလုပ်ကြလိမ့်မယ်...မလုပ်နဲ့"


"ဟုတ်လား...ဆရာ...ဆရာရော..ttဆော့လားဟင်.."


မျက်လုံးဝိုင်းလေးများနှင့် မေးလာသောပုံရိပ်ကိုကြည့်ပြီး ဆရာ‌သည်သွားစွယ်လေးများပေါ်အောင် ရယ်လိုက်လေတော့သည်။ပြီးနောက် ပုံရိပ်၏ခေါင်းလေးကို ပုတ်လိုက်ပြီး...


"ဆရာကတော့...ဝါသနာမပါလို့မဆော့ဖြစ်ဘူး...

ပုံရိပ်ကအပြင်းပြေကြည့်ချင်ရင်တော့ဖွင့်ထားပေါ့..

သူများဆော့တာကို လိုက်ကြည့်ပြီး...ဆော့တတ်ရင်ဆော့ပေါ့...ဒါပေမဲ့လျှပ်ပေါ်လော်လီတာတွေတော့

မတင်နဲ့ပေါ့..."


"ဟုတ်တယ်...နင်မဟုတ်တာတွေလျှောင်မတင်နဲ့နော်...အချို့ကောင်မလေးတွေဆိုရင်...

အလကားနေ ဒီလိုဒီလိုခါပြနေတာ...."


"ဟား...ဟား..."


"ဟဲ့..ဟိန်းကိုအခြောက်မ...ဘာကြီးတုံး...."


"ဟိန်းကိုရယ်...နင့်ဟာကလည်းဟယ်...."


"ဒေါ်လေးကလည်း အဲ့လိုလှုပ်တာပါဆို...."


ဟိန်းကိုက မတ်တပ်ထရပ်လိုက်ပြီး ခါးကိုဘယ်ညာရမ်းကာ ခပ်နွဲ့နွဲ့နှင့်အိုးလေးလှုပ်ပါဟေ့ သီချင်းလိုသူ့အိုးကို လှုပ်ပြနေတော့ ပုံရိပ်တို့တစ်သိုက်လုံး 

ဝါးလုံးကွဲအောင် ရယ်မိကြလေသည်။


"ဟဲ့...ငါကအဲ့လိုလုပ်စရာလား...ဒီတိုင်းပဲအပြင်းပြေကြည့်မှာ...."


"သိဘူးလေ...လုပ်မှာစိုးလို့ပြောပြတာ...

ကောင်မလေးတေများ...မြန်မာ၀တ်စုံတွေနဲ့လည်းအဲ့လိုလှုပ်ပြနေတာပဲ...အောက်ကနှာဘူးတွေကလည်း သွားရည်တမျှမျှနဲ့...အချစ်လေးဘာလေးနဲ့...

ကောလ်မန့်တွေဝိုင်းရေးကြတာဟာ..."


"အံမယ်...အဲ့နှာဘူးထဲမှာနင်လည်းပါတယ်မဟုတ်လား...အဲ့လိုမဟုတ်ပဲနဲ့..နင်ကအိုးလှုပ်တာရော...

ကောမန့်မှာရေးထားကြတာရော...ဘယ်လိုသိမလဲ...


"ဟာ....နင်ကလဲ..."


ရှက်ပြီး သူ့လည်ဂုတ်ကိုသူပွတ်နေ၍ ပုံရိပ်နှင့်ပိစိမကတော့ တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ကာ ရယ်လိုက်မိသည်။

ဆရာ့ကိုကြည့်လိုက်တော့ ပုံရိပ်၏ဖုန်းကိုကိုင်ပြီးttဖွင့်ပေးနေလေသည်။


"ပုံရိပ်..ဒီမှာကြည့်လို့ရပြီ...."


ဟိန်းကိုက မတ်တပ်ရပ်နေသည့်အတွက်သူ့နေရာမှ၀င်ထိုင်လိုက်ပြီး ဆရာညွှန်ပြလိုက်သည့်

ဖုန်းစခရင်မ်ကို ကြည့်လိုက်သည်။

ဆရာ့လက်ချောင်းလေးတွေက အကွက်လေးတွေကို လိုက်ထောက်နေ၍ ရွေ့လျှားမှုတစ်ခုဆီတိုင်းကို အလွတ်မပေးမိချေ။ဘေးခြင်းယှဉ်လျှက်ထိုင်နေမိ၍ ဆရာ့ဆီကအမျိုးသားသုံး အမွှေးနံ့သင်းသင်းလေးကိုလည်း ရနေလေသည်။


ပခုံးချင်းထိမိသည့်အခါ ပုံရိပ်၏လက်ဖျားတွေအေးတက်လာပေမဲ့ နှလုံးသွေးတွေကတော့ ပူလောင်လာကာ ရင်ခုန်နှုန်းတွေပါ မြန်ဆန်လာသည်။ပုံရိပ်က အနောက်သို့‌နည်းနည်းရောက်နေသဖြင့် ဆရာ့နားသယ်စလေးကို မြင်နေရလေသည်။

ပုံရိပ်၏ နှာသီး၀မှလေပူလေးတွေ မှုတ်ထုတ်လိုက်တိုင်း ဆရာ့နားသယ်စပ်လေးကို တိုးတိုက်သွားတာကို ဆရာကရောသတိမှထားမိရဲ့လား။


"ဆရာ...ဒီဟာကဘာလဲဟင်..."


ဆရာထောက်ပြနေသော အ‌ကွက်လေးဘေးနားကိုလက်ညှိုးလေးနှင့် ထောက်ပြလိုက်တော့

ဆရာ့လက်ချောင်းနှင့်ပုံရိပ်၏လက်ညှိုးလေးက တိုက်မိသွားသည်။


တမင်ဒီလိုဖြစ်အောင် လုပ်လိုက်တာမို့ 

နှုတ်ခမ်းကိုစိပြီး ပြုံးလိုက်မိသည်။

ပါးစပ်ကို လက်ဖဝါးနဲ့အုပ်ကာပြုံးလိုက်ရင်း

အပေါ်သို့မော့ကြည့်လိုက်တော့ ဒေါ်လေးနှင့်ပိစိက အဓိပ္ပာယ်ပါသော မျက်၀န်းများဖြင့် ကြည့်လာကြသည်။

သွားပြီ...ဒေါ်လေးရိပ်မိသွားပြီလားမသိဘူး


"ရပြီ...ဆရာ...သမီးဒီလောက်ဆိုရင်...

နားလည်ပါပြီ...ဒါကသုံးချင်မှလည်းသုံးမှာပါ..."


"အာ...မမကလည်း...သူများလိုကပြစရာမှမလိုတာ..၀တ်စုံလှလှလေး၀တ်ပြီးစန္ဒယားတီးပြလိုက်လေ...ပိစိကဗီဒီယိုရိုက်ပေးမှာပေါ့..."


"ပုံရိပ်ကစန္ဒယား‌လည်းတီးတတ်တာလား..."


"ဟုတ်ကဲ့...သမီးတီးတတ်ပါတယ်...."


"တယ်ဟုတ်ပါလား..."


ဆရာက အချိုသာဆုံးပြုံးပြီး ချီးမွမ်းခန့်ဖွင့်လာတော့ လူကအလိုလိုလေထဲသို့မြောက်ချင်လာသည်။ဒီလိုမှန်းသာသိရင် ဆရာချီးကျူးအောင် ခဏခဏကိုယ်တတ်တဲ့အရာတွေကို ထုတ်ကြွားခဲ့ပါတယ်။


"ပုံရိပ်...နင်သာစန္ဒယားတီးပြရင်...ဆယ်လီဖြစ်သွားမှာကျိန်းသေတယ်..."


"ဟုတ်တယ်...ဖွားညိုကမမကို...ယဉ်ကျေးမှုတက္ကသိုလ်က တကယ်တော်တဲ့ဆရာကြီးနဲ့သင်ခိုင်းထားတာလေ...ပထမဆရာလေးတုန်းကတော့ 

မမကို ကြိတ်ကြွေနေပုံရတယ်သိလား...မမစန္ဒယားတီးနေရင်...ခိုးခိုးကြည့်တာ...ပိစိမမြင်သားပဲ...

အဲ့ဒါကြောင့် ဖွားညိုကအလုပ်ဖြုတ်လိုက်တာ...

ဖွားညိုကမမကိုသိပ်ချစ်တာ...

အခြားမြေးတွေထက်ကို ပိုချစ်တယ်

ဖွားညိုကလေ...မမကိုဘယ်သူနဲ့မှသဘောတူတာမဟုတ်ဘူး..."


"ပိစိမ...ဘာတွေလျှောက်ပြောနေတာလဲ...."


စကားတွေ တအားမလွန်လာခင်ပိစိမကို ပုံရိပ်လှမ်းဟန့်လိုက်ရသည်။ဖွားညိုက ပုံရိပ်ကိုမဖြစ်သင့်တာမဖြစ်ရအောင် ကာကွယ်ပေးတတ်ပေမဲ့ပုံရိပ်၏ ရွေးချယ်မှုကိုတော့ အမြဲအလေးထားတတ်သူပါလေ။


"ရေချိုးဖို့ ကာတာလည်းပြီးသွားပြီဆိုတော့ ကျွန်တော်ပြန်လိုက်ပါအုံးမယ်ဒေါ်လေး...

လက်သမားခကတော့ ကျွန်တော်ပေးပြီးသွားပါပြီ.."


"ဟယ်...အဲ့လိုတော့မလုပ်ပါနဲ့နေမျိုးရယ်...

ကူလည်းဆောက်ပေးသေးတယ်...လက်သမားခလည်းဆိုက်ပြီး ပေးလိုက်တယ်ဆိုတော့..

အားနာစရာကြီးကွယ်.."


"ရပါတယ်...ကျွန်တော်ပြန်လိုက်ပါအုံးမယ်...."


"နေ့လယ်စာတော့ စားသွားအုံးလေကွယ်..."


"ကျွန်တော်စားပြီးပါပြီ..."


"အေး..အေး..."


ပုံရိပ်၏စိတ်ထဲမှာ ဝေခွဲမရသည့်ခံစားချက်ကြီးတိုး၀င်လာသည်။ချက်ချင်းကြီး ထပြန်ရလောက်သည်အထိ ဆရာဘာကိုစိတ်ဆိုးသွားတာဖြစ်မလဲ။

ပိစိမရဲ့ စကားကြောင့်များလား။

မဖြစ်နိုင်တာ ဆရာကပုံရိပ်ကိုစိတ်၀င်စားနေရင်တော့ တစ်မျိုးပေါ့။အခုကြတော့ ချက်ချင်းလက်ငင်းကြီးကို မျက်နှာကမသာမယာဖြစ်သွားပြီး ထပြန်သွားသည်။


ဆရာ့ရဲ့အတွေးတွေကို ပုံရိပ်လိုက်မမှီတော့ဘူးဆရာရယ်။ဆရာ့နှလုံးသားထဲက သွေးကြောမျှင်တစ်ခုစီတိုင်းကို မြင်နိုင်စွမ်းရှိရင်သိပ်ကောင်းမှာပဲ။

ပုံရိပ်ဘက်ကနေ စပြီးပွင့်လင်းရအောင်လည်း 

ဆရာ့ဘက်ကခံစားချက်ကို ပုံရိပ်နားမလည်ဘူး။

ပြီးတော့ ပုံရိပ်ရဲ့အသက်ကအရမ်းငယ်သေးတယ်။


အခုချိန်မှာ ရည်းစားထားမိရင် ဖွားညိုနဲ့တကွ အကုန်လုံးက ပုံရိပ်ကိုအပြစ်တင်ကြလိမ့်မယ်။

ချစ်တတ်တာပဲ သိပေမဲ့။

ဖွင့်ဟဖို့တော့ မရဲဘူးဆရာရယ်။အခြားနေရာမှာ လုပ်ရဲကိုင်ရဲ ရှိချင်ရှိမယ်။

ဒါပေမဲ့ အချစ်နဲ့ပတ်သတ်ရင်တော့ အသက်အရွယ်ရော၊အတွေ့အကြုံရောက အနုတ်အောက်မှပါ။

ပုံရိပ်အများကြီး မမျှော်မှန်းတော့ပါဘူး။

ဆရာပေးသမျှ ကြင်နာမှုလေးတွေကိုသာ

 မြတ်နိုးခြင်းသေတ္တာလေးထဲမှာ အမှတ်တရသိမ်းထားချင်ပါတယ်။သိမ်းထားခွင့်ပြုပါ။


"ပုံရိပ်...ငါလည်းပြန်တော့မယ်...အိမ်ရောက်တော့မှ..ဖေ့ဘွတ်ခ်မှာ...နင်addထားတာကိုလက်ခံလိုက်မယ်..."


"အေးပါ..."


ဟိန်းကိုအား လက်ပြလိုက်ပြီးနောက် ခုံပေါ်မှာတင်ထားသော ဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး 

ကိုယ့်အိပ်ခန်းထဲသို့ ပြန်၀င်လာခဲ့လိုက်သည်။

အင်တာနက်ချိတ်ပြီးသားမို့ ဆရာ့အကောင့်ထဲသို့ တစ်ချက်၀င်မွှေလိုက်ပါသည်။

ဆရာက ဆေးကုမ္ပဏီမှာလုပ်တာဆိုတော့ 

သူ့ဝေါလ်ထမှာက ဆေးဝါးထုတ်ကုန်အ ကြောင်းတွေနှင့် အလုပ်သမားတွေအလုပ်လုပ်နေသည့် 

ပုံတွေကိုသာ တင်ထားလေသည်။


နောက်ဆုံးတင်ထားတာကတော့ သင်္ကြန်အကြို

နေ့ကဖြစ်သည်။ဘာပုံမှတွဲပြီးမတင်ထားပဲ

စာသားချည်းပဲတင်ထားလေသည်...


**မျက်၀န်းဝိုင်းလေးတွေနှင့် ဆုံသည်..

   ကြည်လင်းပြီး မွှေးပျံ့တဲ့ရနံ့လေး

    အသက်ရှုဖို့တောင် 

    မေ့ခဲ့တဲ့ တခဏဟာ သူမကြောင့်တဲ့လား..*


"ဘာလဲဟဒါက..ကဗျာလား..ဒါဆိုရင်ဘာလို့တိုတိုလေးဖြစ်နေရတာလဲ...."


ပုံရိပ်လည်း အရမ်းသိချင်နေတာမို့ ကောမန့်နေရာကိုလက်ထောက်ကြည့်လိုက်မိသည်။

သူတို့အလုပ်ကလား သူငယ်ချင်းတွေလားမသိပေမဲ့ မန့်ထားတာတော့ မနည်းမနောပင်။

ပုံရိပ်လည်း စိတ်ရှည်ရှည်နဲ့တစ်ခုချင်းဆီကို 

လိုက်ဖတ်ကြည့်လိုက်မိသည်။

ဆရာကလည်း မေးခွန်းတစ်ခုဆီကိုစာပြန်ထားလေသည်။


ဆရာကြီးရေ...ဘယ်ကမျက်၀န်းဝိုင်းလေးလဲဗျ


ပြောပြစရာလား


ကြောင်မြတ်ရှင်နဲ့တွေ့ခဲ့တာလား...


ဟ...ခင်ဗျားက..ကွီးနေထူးနိုင်ဖန်များလား


"ဟား..ဟား...မထင်ထားဘူး...ဆရာကလည်းပြန်နောက်တတ်တာပဲ..."


Commentမှာဆရာစာပြန်ထားတာကို လိုက်ဖတ်ပြီးတစ်ယောက်တည်း သွားကြီးဖြဲပြီး ရယ်နေမိတာ ပါးစပ်ကို ပြန်၍မစိနိုင်တော့ပေ။အသက်တွေသာ ကြီးကြတာ ပေါက်ကရတော့ ပြော၍မဆုံးကြပေ။


ကျုပ်သိတယ်နော်...ဆရာမကိုပဲအသဲစွဲအောင်ချစ်တော့မည်မဟုတ်လား...


ဟာဗျာ...လုပ်ပြီ...တင်းပုတ်နဲ့အထုခံရမယ်နော်


"ဒါကဆရာမကြည်ပြာရဲ့ ယောက်ျားအကောင့်မဟုတ်လား...ဆရာမကိုပဲဆိုတာ...

မမခင်ရူပကိုပြောတာများလား...ဆရာကလည်း

မငြင်းထားဘူးဆိုတော့...ဟင်း...အသဲကွာဖို့ရာခိုင်နှုန်းကများနေပြီပေါ့...."


ကြည်လင်ပြီး မွှေးပျံ့တာ...ဗျူးတီးခေါင်းလျှော်ရေလား ဆရာ


Ha..Ha😁


အစ်မတစ်ယောက်က ပြောထားတာကို‌ကြတော့ ဆရာကအီမိုဂျီလေးပို့ပြီး ရယ်ထားသေးသည်။

သူ့ရုံးကလူတွေနေမှာပေါ့ ။


တို့ဆရာကြီးတော့ အချစ်ဒဿနတွေ ဖွင့်ဟပြနေပြီပေါ့


နေမျိုးရေ...မလျှိုနဲ့နော်


ရင်ကိုခွဲပြီး...ဆားသိပ်တော့မှာလားဟေ...


အသက်ရှူဖို့မေ့တယ်ဆိုတော့...အောက်စီဂျင်ဗူးယူလာပေးရမလား


ဆေးရုံတက်ဖို့ မှီသေးတယ်မဟုတ်လား..


ဘာပန်းလေးလဲဆရာ....


ကော့မန့်တွေထဲမှာ ဒီတစ်ယောက်ပဲ အဆင်ပြေပြေမန့်ထားတာကြောင့် အောက်ကစာပြန်ထားသောနေရာလေးကို ထောက်ကြည့်လိုက်တော့ ဆရာကစာပြန်ထားလေသည်။ဆရာရေးထားတဲ့ စာလေးကိုစိတ်လှုပ်ရှားစွာ ပုံရိပ်ဖတ်ကြည့်လိုက်မိသည်..


ဖြူစင်တဲ့....တောပန်းကလေးပါ...


စံပယ်လား...ခရေလား...စကားပန်းလား...


ထိုလူကထပ်မေးထားတော့ ဆရာကစာနဲ့ပြန်မဖြေပဲ ထိုcommentလေးကို❤️အသဲလေးသာပေးထားလေသည်။

ဘာကိုဆိုလိုချင်တာလဲ။

ဒီပန်းတွေထဲက တစ်ခုခုများလား။

ပဟေဠိဆန်လိုက်တာဆရာရယ် ရှေ့နေမလုပ်ပဲစုံထောက်လိုင်းကို ပြောင်းရမလိုတောင်ဖြစ်နေပြီ။

ဆရာ့ရင်ထဲက စာတွေကိုပုံရိပ်ကဘယ်လိုလုပ်ပြီး ဖတ်တတ်မှာလဲ။


"ဟူး...."


လေပူတွေကိုမှုတ်ထုတ်လိုက်ပြီး ဖုန်းကိုပိတ်ထားလိုက်မိသည်။

ဆရာပြောတဲ့ ပန်း‌ကလေးကဘယ်ပန်းများလဲ။

ဆရာပြောတဲ့ မျက်၀န်းဝိုင်းလေးကရော

ဘယ်တစ်ခုကလဲ။

ဆရာက အလုပ်သမားပေါင်းများစွာနဲ့ တွဲပြီး

အလုပ်လုပ်နေရသူဆိုတော့ မမခင်ရူပမဟုတ်လည်း သူ့အလုပ်ထဲကတစ်ယောက်ယောက်ဖြစ်နိုင်တာပဲ။

ပုံရိပ်သာ လိုက်ပြီးသ၀န်တိုရရင် အသက်အရင်

တိုလိမ့်မယ်ဆရာကြီးရေ။


🌹🌹🌹🌹🌹🌹🌹


(ပုံရိပ်ကို စုံထောက်လိုင်းကိုပြောင်းကူပေးလိုက်ကြပါ)


=======================================================================

ဆူးႀကိဳး(အခန္း၄၄)


"မမေရ....ဖုန္းလာေနတယ္...ဖြားညိုဆီကတဲ့...."


"ေအး...ငါလာၿပီ...."


မီးဖိုေခ်ာင္ထဲတြင္ ထမင္းစားၿပီး၍ေဆးလက္စပန္းကန္ကို အျမန္လက္စသတ္ကာဖုန္းဆီသို႔အေျပးသြားရေလသည္။ဖြားညိုဆို၍ ရင္ေတာ့ထိတ္မိသည္။ဖုန္းဆက္တိုင္း ျပန္လာဖို႔ခ်ည္းပဲေျပာေန၍ မနည္းခၽဲြထားရသည္မဟုတ္ပါလား။


"မမေရ....ေရာ့....ကြိုင္ေနာ္.."


ပိစိမ၏ လက္ထဲမွဖုန္းကိုလွမ္းယူလိုက္မိေပမဲ့

မကိုင္မိေသးေပ။ပိစိမ၏ မ်က္ႏွာႀကီးမသာမယာျဖစ္ေနပံုရရင္ေတာ့ ဟိုကဆူလိုက္လို႔ပဲေနမည္။

ဖြားညိုဟာေလ ေျပာေတာ့ပံုရိပ္ကိုတစ္ကိုယ္တည္းေကာင္းေကာင္းရပ္တည္ေစခ်င္တယ္ဆိုၿပီး

ဘယ္ေနရာသို႔သြားသြားစိတ္မခ်‌တတ္ေပ။


ဘယ္ေလာက္ပဲ ထက္ျမက္သၫ့္အမ်ိဳးသမီးျဖစ္ေနပါေစ အသက္ႀကီးလာေတာ့လည္း သားသမီးေျမးျမစ္ေတြကို အနီးမွာပဲရိွေစခ်င္ပံုရသည္။


"နင့္ကို ဘာေျပာေသးလဲ..."


"သႀကၤန္လည္တဲ့ကိစၥကို ဆူေနတာ...ပိစိကေတာ့

ကၽြင္းတူးၿပီးသာ ပုန္းေနလိုက္ခ်င္ေတာ့တယ္...."


မ်က္ႏွာေလး ငိုမဲ့မဲ့ႏွင့္ အိမ္ေရ႔ွခန္းတြင္ရိွေနၾကေသာ ကေလးႏွစ္ေယာက္ႏွင့္သြားေဆာ့ေနေလသည္။ပံုရိပ္ကိုလည္း ဘာေတြဆူအံုးမလဲမသိေပ။

 သက္ျပင္းေမာကိုမႈတ္ထုတ္လိုက္ကာ 

ဖုန္းကိုကိုင္လိုက္ရသည္။


"ဟယ္လို...ဖြားညို...ေနေကာင္းရဲ့လား....."


".............…...….."


"အင္း....ဘယ္ေတြမွမသြားပါဘူးအဖြားရယ္...

အဲ့တစ္ရက္ေလးပဲ ထြက္လည္တာပါ.."


"..................….…"


"ဖြားကလည္း ႀကံဖန္ၿပီးစိတ္ပူေနျပန္ပါၿပီ...ဒီမွာေဒၚေလးကလည္း အျပင္ေတြအရမ္းထြက္တာကို

 မႀကိဳက္ဘူးေလ...ဒါေၾကာင့္..ၿခံျပင္မွာေလာက္ပဲ...ေရထြက္ပက္တာပါ...."


"........…......."


"တကယ္ပါဖြားရယ္...မလိမ္ပါဘူး...အားတဲ့အခ်ိန္ဆိုရင္ ဘုန္းႀကီးေက်ာင္းမွာသြားေနတယ္ေလ..."


..............


"ေဒၚေလးက...အခုအိမ္မွာမရိွဘူးေလ...ဒီနားကေဈးဆိုင္ကိုသြားတယ္...ဖြားညိုေရာညေနစာစားၿပီးၿပီလား ....ေဆးေရာေသာက္ၿပီးၿပီလား...."


........


"ဟုတ္ကဲ့ပါ...ႏွစ္ဆန္းတစ္ရက္ေန့ကိုေရာက္တာနဲ႔ ခ်က္ခ်င္းျပန္လာခဲ့ပါ့မယ္...စိတ္ခ်ပါ...ျပန္လာတာနဲ႔..အဖြားစိတ္တိုင္းက်ေအာင္အထိ ႀကိဳးစားမွာပါ.."


.......


"ဟုတ္ကဲ့...အဖြားလည္းက်န္းမာေရးကို ဂရုစိုက္ပါေနာ္...ဒါပဲေနာ္...ဟူး!!!!"


‌ဖုန္းေျပာအၿပီးမွာ ေလကိုအ၀ရႉသြင္းၿပီး ရိႈက္ထုတ္လိုက္ရသည္။

အဖြားကေတာ့ ပံုရ္ပ္ကိုအတင္းျပန္ေခၚေနေလၿပီ။

ဒီေန့ကအၾကက္ေန့ဆိုေတာ့ မနက္ျဖန္တစ္ရက္စာေနၿပီးရင္ ပံုရိပ္မႏၲေလးသို႔ ျပန္ရေတာ့မည္။


ထပ္ၿပီးေတာ့ ဒီကလူေတြႏွင့္တစ္ႏွစ္ပတ္လံုး ခဲြရအံုးေတာ့မည္။ပံုရိပ္ ဘာလုပ္ရမလဲ။

ဆရာနဲ႔ ေတြ့ရဖို႔ဆိုရင္ ဒီေန့ကအေကာင္းဆံုးပါပဲ။မနက္ျဖန္ဆိုရင္ မနက္ပိုင္းမွာ ဥပုဒ္ေစာင့္ၿပီးတာနဲ႔ ကားလတ္မွတ္ႀကိဳျဖတ္ရအံုးမည္။ခရီးသြားဖို႔အတြက္ ျပင္ဆင္ရမွာျဖစ္ၿပီး လက္ေဆာင္ပစၥည္းေတြလည္း သြား၀ယ္ရအံုးမည္မို႔ တစ္ေနကုန္အားႏိုင္မည္မထင္ေပ။


"ပိစိမေရ...ေဒၚေလးျပန္လာရင္...

ငါဘုန္းႀကီးေက်ာင္းကို ခဏသြားတယ္လို႔ေျပာလိုက္ေနာ္...."


"ဟုတ္ကဲ့...မႀကီးကဘယ္အခ်ိန္ျပန္လာမွာလဲ....."


"သိပ္မၾကာပါဘူး...."


ခ်က္ခ်င္းပဲ အိမ္အျပင္သို႔ ေျပးထြက္လိုက္ၿပီ ေျခလွမ္းသြက္သြက္ႏွင့္ပင္ ဘုန္းႀကီးေက်ာင္းသို႔ေလ်ွာက္လာခဲ့လိုက္သည္။

ပံုရိပ္သည္ ေယာက္်ားတစ္ေယာက္ဆီကို အရွက္မဲ့စြာလွမ္းသြားေနမိၿပီ။

ဆရာ့ေၾကာင့္ ပံုရိပ္တြင္မာနေတြ ကင္းစင္ကုန္ေလၿပီ။


ဒါေပမဲ့ ဆရာကေတာ့ပံုရိပ္အေပၚမွာ တပၫ့္

တစ္ေယာက္ထက္ေတာ့ ပို၍ျမင္ႏိုင္မည္မထင္ေပ။ပံုရိပ္ကလွသည္ဟု အျခားလူေတြကခဏခဏ

ေျပာဖူးေပမဲ့ ဆရာ့ကေတာ့ ပံုရိပ္ကိုထိုသို႔ျမင္မည္မဟုတ္ေပ။ပံုရိပ္ကို ကေလးဟုပဲသတ္မွတ္သည္။ကေလးတစ္ေယာက္ကဲ့သို႔ ဆက္ဆံသည္။


သူ႔စိတ္ကို ပံုရိပ္ဘယ္လို ေျပာင္းလဲရပါ့မလဲ။

ပံုရိပ္ဟာ ပန္းကေလးတစ္ပြင့္ျဖစ္ေနၿပီး ဆရာ့ေရ႔ွတၫ့္တၫ့္မွာ ႂကြေက်ျပရင္ေတာင္

 ဆရာကေကာက္ယူမည္မထင္ေပ။

ယမင္းကဲ့သို႔ ပံုရိပ္သည္လည္းအခ်စ္ရူးျဖစ္ေနေလၿပီ။


"ကိုရင္....ဆရာေနမ်ိဳးရိွလား..."


ဘုန္းႀကီးေက်ာင္း၀န္းထဲသို႔ ေရာက္သည္ႏွင့္

ကိုရင္တစ္ပါးကို ေမးလိုက္မိေလသည္။


"ဆရာမရိွဘူး...အျပင္ခဏသြားတယ္..."


"ဘယ္ေတာ့ျပန္လာမယ္လို႔ေျပာခဲ့လဲ..."


"သိဘူးေလ...အဲ့ဒါေတာ့..."


ကိုရင္ေလးကလည္း ေခါင္းတကုတ္ကုတ္ႏွင့္

သူမသိေၾကာင္းေျပာၿပီး ေဘာဇနေဆာင္ထဲသို႔

၀င္သြားေလသည္။ ပံုရိပ္မွာေတာ့ ဘုန္းႀကီးေက်ာင္းထဲတြင္ပဲ ထိုင္ေစာင့္ေနရမလား။

အိမ္ကိုပဲ ျပန္ရေတာ့မလားႏွင့္ တိုင္ပတ္ေနေတာ့သည္။

သို႔ေပမဲ့ ဆရာျပန္လာႏိုးႏွင့္ မထူးဇာတ္ခင္းၿပီး 

ေက်ာင္းဂိတ္ေပါက္၀ႏွင့္ တန္းေနေသာ

ေဘာဇနေဆာင္အနီးမွ ခံုတန္းေလးေတြေပၚတြင္ ထိုင္၍ေစာင့္ေနလိုက္သည္။


"ဒူ....ဒူ....ဒူ"


ေဘာဇနေဆာင္ဘက္မွ ေမာင္းထုသံၾကားလိုက္ရ၍ 

ကိုယ္ရင္ေတြ ဆြမ္းစားခ်ိန္ေရာက္ေနၿပီမွန္း

သိလိုက္ရသည္။ေစာင့္ေနရတာ နာရီ၀က္‌နီးပါးေလာက္ရိွေနေပမဲ့ ဆရာျပန္မလာခဲ့ေပ။


"ဒကာမႀကီး...ဘယ္သူ႔ကိုေစာင့္ေနတာလဲ...."


"ဆရာေနမ်ိဳးကို ေစာင့္ေနတာပါ..."


"ဟုတ္လား..ေနမ်ိဳးကထြက္သြားတာ နည္းနည္းၾကာၿပီကဲြ႔..အသိတစ္ေယာက္ရဲ့အိမ္မွာ ျပင္စရာေလးေတြရိွလို႔ သြားကူေပးအံုးမယ္‌လို႔ေတာ့

 ေျပာသြားတာပဲ...ျပန္လာတာေနာက္က်မယ္ထင္တယ္...အေရးႀကီးကိစၥရိွရင္....ဦးဇင္းကိုေျပာခဲ့ေလ..."


"အရမ္းေတာ့အေရးမႀကီးပါဘူး...တပၫ့္ေတာ္ကေနာက္တစ္ရက္ေလာက္ဆိုရင္...မႏၲေလးကိုျပန္ရေတာ့မွာမို႔လို႔...ႀကိဳၿပီးလာႏႈတ္ဆက္တာပါ..

ဒါဆိုတပၫ့္ေတာ္...ညေနဘက္မွပဲျပန္လာပါေတာ့မယ္..."


"ေကာင္းပါၿပီကြယ္...."


ဦးဇင္းလည္း ေက်ာင္းေပၚသို႔တက္သြားသလို

ပံုရိပ္လည္း ေက်ာင္းထဲမွထြက္လာခဲ့လိုက္သည္။

‌အေနာက္ဘက္တြင္က်န္ခဲ့ေသာ ကန္စြန္းခင္းေတြရိွသၫ့္ ဘက္သို႔ၾကၫ့္လိုက္ၿပီး ဒီေနရာေလးကို ေနာက္ထပ္ႏွစ္ေတြထပ္ေစာင့္ၿပီးမွ လာႏိုင္မၫ့္အေရးကို ေတြးပူေနမိသည္။


"ဆရာ...."


ပံုရိပ္တို႔၏ ၿခံထဲသို႔ လွမ္း၀င္လိုက္ေသာအခါ 

မထင္မွတ္ထားေသာ  လူႏွင့္ေတြ့လိုက္ရ၍

အံ့ဩသြားမိသလို ရင္ထဲမွလည္းလိႈက္ဖိုၾကည္ႏူးရပါသည္။

ဆရာကေတာ့ ပံုရိပ္ကိုမျမင္ေပမဲ့ ပံုရိပ္ကေတာ့

ဆရာ့လႈပ္ရွားမႈ တစ္ခုဆီတိုင္းကို

မ်က္ေတာင္မခတ္စတမ္း ေငး၍ၾကၫ့္ေနမိေလသည္။

ေဘာင္းဘီအတို ဒူးအုပ္ေလာက္ႏွင့္ ရွပ္အိက်ႌလက္တိုကို ၀တ္ဆင္ထားသည္မွာအသက္၂၄ႏွစ္အရြယ္ အမ်ိဳးေကာင္းသားေလးမွန္း ပို၍ထင္ေပၚေနသလိုပင္။


"ဆရာတို႔...ဘာလုပ္ေနတာလဲ...."


ေရေမာ္တာႏွင့္ေရစည္ရိွေသာေနရာတြင္ အျခားလက္သမားႏွစ္‌ေယာက္ႏွင့္အတူတစ္ခုခုေဆာက္လုပ္ေနဟန္ရိွ၍ ဆရာ့ဆီသို႔ေျပးသြားကာ ေမးလိုက္မိသည္။


"ေရခ်ိဳးတဲ့ေနရာကိုကာေနတာေလ.…."


"ဟင္...ဟိန္းကို..."


ဆရာ့ကို ေမးလိုက္ေပမဲ့ေျဖလိုက္တာက ဟိန္းကိုျဖစ္ေနသည္။ေသခ်ာၾကၫ့္လိုက္ေတာ့မွ

အျခားအလုပ္သမားတစ္ေယာက္ႏွင့္အတူ

အကာလုပ္ေနေသာ ဘက္အျခမ္းတြင္ ရိွေနသူမွာဟိန္းကို ျဖစ္ေနသည္။ဟိန္းကိုကေရာ ဘာေၾကာင့္ေရာက္ေနတာပါလိမ့္။


"ဟဲ့...နင္ကေရာ...ဘာလာလုပ္တာလဲ..."


"အမယ္...အစ္မႀကီးရယ္..ေမးလိုက္ပံုႀကီးကလည္း

အစ္မႀကီးတို႔ရဲ့ အိမ္သားေတြလံုလံုႃခံုျခဳံေရခ်ိဳးလို႔ရေအာင္...လာကာေပးတာေလ...ငါကေတာ့ဆရာလုပ္ေနတာေတြ့လို႔..လာကူေပးတာ..."


"ပံုရိပ္...ဒီမွာကေနပူတယ္...အိမ္ထဲကို၀င္ေတာ့..."


"ဟုတ္ကဲ့...."


သံကိုတူႏွင့္ထုေနရင္းမွ ပံုရိပ္ကိုအတင္းႏွင္လႊတ္ေနေသာဆရာ့ေၾကာင့္ အိမ္ထဲသို႔၀င္ဖို႔လုပ္ရေတာ့သည္။ေဒၚေလးတို႔ပိစိမတို႔ကေတာ့

အိမ္အေပါက္၀မွေန၍ သူတို႔လုပ္တာကို ထိုင္ၾကၫ့္ေနၾကေလသည္။


ပံုရိပ္ကေတာ့ ေဒၚသေတြအလိပ္လိုက္ထြက္လာတာပဲသိတယ္။

သူမ်ားဆရာကိုမ်ား ေနပူႀကီးထဲမွာ ေဒၚေလးမို႔လို႔ခိုင္းရက္တယ္။

ပိစိမကို အေနာက္သို႔တြန္းထုတ္ၿပီး သူ႔ေနရာမွာလုထိုင္ျပစ္လိုက္သည္။


"ဟဲ့...ဘယ္လိုျဖစ္ေနတာလဲ..."


"ဘာျဖစ္ရမွာလဲေဒၚေလးရဲ့...သူမ်ားဆရာကို

အခုလိုေနပူႀကီးထဲမွာ အလုပ္လုပ္ခိုင္းတာေကာင္းသလားလို႔...အားနာစရာႀကီး.."


"ဟဲ့....နင့္ဆရာကိုငါကဘာလို႔လုပ္ခိုင္းရမွာလည္း..

သူကပန္းရံသမားမွမဟုတ္တာ..."


"ၾကၫ့္ေဒၚေလးတို႔က ‌ေျဗာင္လိမ္ၿပီ..."


"အံမယ္..ငါေခါက္ထၫ့္လိုက္ရ....."


"ေကာင္းတယ္...."


"ပိစိမ...နင္ေနာ္..."


ေဒၚေလးက ပံုရိပ္ကိုေခါက္မယ္ဆို၍ အေပ်ာ္ႀကီးေပ်ာ္ေနေသာ ပိစိမကိုမ်က္ေစာင္းလွမ္းထိုးလိုက္မိသည္။

အက်င့္ယုတ္မ...ဆရာ့ကိုရွာဖို႔‌ဘုန္းႀကီးေက်ာင္းကို သြားမွန္းသိလ်ွက္နဲ႔ ဆရာကဒီေရာက္ေနတာေတာင္ လာမေခၚဘူး။

ပံုရိပ္မွာေတာ့ ဘုန္းႀကီးေက်ာင္းမွာ ဟိုလူၾကၫ့္တာခံလိုက္ရ ဒီလူၾကၫ့္တာခံလိုက္ရႏွင့္ အရွက္မရိွေစာင့္လိုက္ရတာ။


"ဘာမွ ပိစိမကိုသြားၿပီးအျပစ္တင္မေနနဲ႔...နင့္ဆရာကိုလည္း က်ဳပ္တို႔ကခိုင္းတာမဟုတ္ပါဘူးေတာ္...

သူ႔ဘာသာ ေဒၚေလးတို႔အိမ္မွာက မိန္းမသားေတြခ်ည္းပဲတဲ့...ေရခ်ိဳးတာအကာအရံေလးနဲ႔မွ သင့္ေတာ္တယ္ဆိုၿပီး လာလုပ္ေပးေနတာပဲ..

ဟိန္းကိုေလးကေတာ့ လမ္းသြားရင္းနဲ႔၀င္ကူညီတာေပါ့.…"


ေနပူထဲမွာ ခၽြေးသီးခၽြေးေပါက္ေတြ ခိုတဲြ၍ေမာေနရွာေသာ ဆရာ့ကိုလွမ္းၾကၫ့္လိုက္မိရင္ ႃပံုးလိုက္မိပါသည္။ဆရာက ပံုရိပ္၏အတြင္းစိတ္ကို သိေနသလိုပဲကြယ္။ဟိုဘက္အိမ္က ေယာက္်ားေလးေတြက ပံုရိပ္တို႔ေရခ်ိဳးတဲ့အခ်ိန္မွာ အေပါက္၀မွာရပ္ေနတာနဲ႔ ဆံုတဲ့အခါတိုင္းစိတ္မသိုးမသန႔္ျဖစ္ခဲ့ရသည္။

အကာအရံေလးနဲ႔ဆိုေတာ့ လံုႃခံုသြားတာေပါ့။


"ဟဲ့...သူတို႔ၿပီးၿပီထင္တယ္...ေနာက္ေဖးမွာလက္ဖက္သုပ္ပန္းကန္နဲ႔ဓာတ္ဗူးတင္ထားတဲ့

လင္ဗန္းကို သြားယူစမ္းပါမိပံုရယ္...."


"ဟုတ္ကဲ့...ေဒၚေလး...."


ေနာက္ေဖးမီးဖိုထဲသို႔ ပံုရိပ္၀င္သြားလိုက္ေတာ့

ပိစိမကလည္းအေနာက္မွ လိုက္လာေလသည္။

လိုက္ကူညီတာေတာ့ မဟုတ္ပဲစကားလိုက္မ်ားျခင္းျဖစ္ေနေလသည္။


"မမရဲ့လူႀကီးက....အလိုက္ေတာ့သိသားပဲေနာ္...

တို႔မမေလး..ေရခ်ိဳးရင္ရွက္ေနမွာသိလို႔ခ်က္ခ်င္းကို အကာအရံေတြလာလုပ္ေပးတာ...."


"ဟာ...ဆရာကငါ့တစ္ေယာက္တည္းအတြက္

 လာလုပ္ေပးတာမဟုတ္ေလာက္ပါဘူးဟယ္...

ဒီအိမ္မွာကမိန္းမေတြပဲေနတာေလ...အကုန္လံုးအတြက္ေပါ့.."


"မဟုတ္ပါဘူးေနာ္...ေဒၚေလးကအသက္ႀကီးေနၿပီေလ...သူ႔ကိုဘယ္သူကၾကၫ့္ၾကမွာလဲ...

သမီးကလည္းလွမွမလွတဲ့ဥစၥာ...ငမဲေျခာက္ကိုေတာ့ အေရးအရာလုပ္ၿပီး လာမၾကၫ့္ေလာက္ပါဘူး..အဲ့ေတာ့ေဟာ့ဒီကအေခ်ာအလွ...

တို႔မမအတြက္မဟုတ္ရင္..

ဘယ္သူ႔အတြက္ျဖစ္ႏိုင္မွာလဲ...."


"နင္ေျပာသလိုဆိုရင္ေတာ့...ေကာင္းတာေပါ့..."


"ဟုတ္ပါတယ္ဆိုေနမွ...မယံုဘူးေနာ္..."


"ေအးပါ...ထားလိုက္ေတာ့...ငါေရႏြေးသြားပို႔လိုက္အံုးမယ္..."


ေရႏြေးၾကမ္းဗန္းကို အိမ္ေရ႔ွသို႔သယ္ထုတ္လာေတာ့ ဆရာႏွင့္ဟိန္းကိုက အိမ္ႀကီးႏွင့္ကပ္လ်ွက္ရိွ ႏွင္းဆီပန္းအိုးေတြ စိုက္ထားေသာအရိပ္ရသၫ့္ေနရာတြင္ ထိုင္ေနၾကေလသည္။

ေဒၚေလးကေတာ့ အိမ္အေပါက္၀မွေန၍စကားေတြလွမ္းေျပာေနေလသည္။


"ဒါနဲ႔...နယ္ကိုေျပာင္းရေတာ့မယ္ဆို...ဟုတ္လား.."


"ဟုတ္ကဲ့...ဒါေပမဲ့လိုပါေသးတယ္...ေျခာက္လပိုင္းေက်ာ္ေက်ာ္ေလာက္မွပါေဒၚ‌ေလး...."


"အင္း...ေတာင္ႀကီးကိုမဟုတ္ပဲ...မႏၲေလးကိုက်ရင္ေကာင္းမွာပဲ...ဒါဆိုရင္မင္းရဲ့ႏွမေလးကိုလည္း ေစာင့္ေရွာက္လို႔ရတာေပါ့...."


ေဒၚေလးက ဒီေနရာမွာေတာ့အားကိုးရသားဟု

ေတြးလိုက္မိၿပီး ပံုရိပ္ႀကိတ္၍ႃပံုးလိုက္မိသည္။ဆရာတို႔ေဘးနားသို႔ သြားထိုင္ၿပီး ေရႏြေးၾကမ္းကိုငဲ့ေပးလိုက္ကာ တစ္ေယာက္တစ္ခြက္ ကမ္းေပးလိုက္ေသာအခါ ဟိန္းကိုက ပံုရိပ္ကိုမ်က္လံုးေလးဝိုင္းကာ အံ့ဩဟန္ႏွင့္ေမာ့ၾကၫ့္လာေလသည္။

ပံုရိပ္လည္း သူ႔ကိုႃပံုးျပလိုက္မိပါသည္။

ယမင္းရဲ့ ကိစၥကလည္းလႊတ္ခ်လိုက္ဖို႔အခ်ိန္တန္ပါၿပီေလ။သူ႔ကိုလည္း ခြင့္လႊတ္လိုက္ပါၿပီ။


"ဒါနဲ႔ဆရာ...ဆရာကဘယ္ဌာနမွာလုပ္တာလဲ...."


"ဆရာကHRအေနနဲ႔လုပ္တာေလ...."


"ဟာ...ဒါဆိုရင္ဆရာကလစာေကာင္းတာေပါ့..."


"အဲ့ေလာက္လည္းမဟုတ္ပါဘူး...၁၀သိန္းအထက္ေလာက္ပါပဲ..."


"ဟာ...မိုက္လိုက္တာ...အင္ဂ်င္နီယာေတာင္ဆရာ့ေလာက္ရပါ့မလား..."


"ရတဲ့လူေတြလည္းရိွမွာေပါ့ကြာ...."


"ဆရာကအဲ့ေလာက္လစာမ်ားတာ...မႏၲေလးကို

သာေျပာင္းလာရင္...ပံုရိပ္ကခဏခဏမုန႔္၀ယ္ကၽြေးခိုင္းမွာ...."


တမင္တကာဆရာ့ကို စမ္းသပ္သၫ့္အေနနဲ႔ေမးလိုက္ျခင္းျဖစ္သည္။

ပံုရိပ္၏စကားေၾကာင့္ ဆရာသည္အနည္းငယ္ေတြေဝသြားပံုေပၚေလသည္။

နဖူးကို လက္ေခ်ာင္းေတြႏွင့္ကုတ္ျခစ္ေနတာကအစ

ခ်စ္စရာေကာင္းေနျပန္ ၏။

ဆရာ့၏ လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္ေလးမ်ားကအစ ပံုရိပ္လိုက္ေငးေနမိသည္။

ဆရာျပန္ေျပာမၫ့္စကားအတြက္လည္း ရင္ခုန္ေနမိေလၿပီ။


"မုန႔္၀ယ္ကၽြေးတာကေတာ့ ပံုရိပ္ကဆရာ့ထက္ေတာင္၀င္ေငြေကာင္းေသးတယ္...ဆရာ့ကိုျပန္၀ယ္ကၽြေးရမွာမဟုတ္ဘူးလား...ဆရာ့အလုပ္ကပံုရိပ္ထက္အမ်ားႀကီး လစာနည္းတယ္..."


"ဟာ...ဆရာကလည္း...လစာကမနည္းပါဘူးေနာ္...

ဆရာကအရမ္းေတာ္တာ...ႀကိဳးစားေနတဲ့လူတိုင္း

ကို သမီးကအထင္ႀကီးၿပီးသားပဲ...ေငြကအဓိကမဟုတ္ဘူး..."


"မမေရ..."


ပံုရိပ္ဘက္မွ စကားကၽြံသြားတာေၾကာင့္ ပိစိမကလွမ္း၍ဟန႔္ေလသည္။စိတ္ထိန္းေနသၫ့္ၾကားထဲကေန ဘာလို႔မ်ားေျမာင္းေဖာက္တဲ့ စကားေတြေျပာမိရျပန္တာလဲ။ဆရာနဲ႔ေတြ့ရင္ စကားေျပာတာကအစအဲ့လိုကေျပာင္းကျပန္ေတြ အၿမဲျဖစ္သည္။


"ဆရာက ေတာင္ႀကီးကိုသြားဖို႔သေဘာတူလိုက္ၿပီဆိုေတာ့ မႏၲေလးကိုအျခားတစ္ေယာက္က သြားရမွာေလ..."


"အင္း...ဒါဆိုရင္ေတာ့...ေနာက္ေနာင္ဆရာနဲ႔ေတြ့ဖို႔ကအဆင္မေျပႏိုင္ေတာ့ဘူး...သမီးကလည္းမႏၲေလးမွာ ေက်ာင္းတက္ရမွာနဲ႔...လုပ္ငန္းအေၾကာင္းေတြကို ေလ့လာရမွာနဲ႔...ဆရာကလည္းဒီမွာရိွေတာ့မွာ မဟုတ္ဘူး...."


"ဖုန္းဆက္လို႔ရတယ္ေလ...ဆရာ့ဖုန္းနံပါတ္ကို ပံုရိပ္သိေနတာပဲ....."


"ေအာ္...ဒါနဲ႔ဆရာေဖ့ဘြတ္ခ္သံုးလား...သမီးလည္းမေန့ကမွဖြင့္လိုက္တာ..."


"ပံုရိပ္...နင္ေဖ့ဘြတ္ခ္သံုးရင္...ငါလာaddလိုက္မယ္ေလ..."


"ေအး...ငါဖုန္းသြားယူလိုက္အံုးမယ္..."


ပံုရိပ္လည္း အေပၚမွာဖုန္းေျပးယူလိုက္ၿပီး

အင္တာနက္ဖြင့္လိုက္ကာ ေအာက္သို႔ျပန္ဆင္းလာခဲ့လိုက္သည္။ Facebook ဖြင့္တာက သိပ္မၾကာေသးေတာ့ သံုးေနသံုးထေတာ့ မရိွေသးေပ။


"ဆရာ...ဆရာ့အေကာင့္ကိုရိုက္လိုက္ပါလား....

သမီးကဖုန္းလက္ကြက္ကို ႏိွပ္ရတာမသြက္ေသးလို႔.."


ဆရာ့လက္ထဲသို႔ ပံုရိပ္၏ဖုန္းေလးကို ေပးလိုက္ေတာ့ ဆရာသည္သူ႔လက္ေခ်ာင္းရွည္ရွည္သြယ္သြယ္ေလးမ်ားကို အလုပ္ေပးေနေလေတာ့သည္။

ခဏအၾကာမွာ Nay(ေန)ဆိုၿပီးအဂၤလိပ္စာလံုးႏွင့္ အမည္ေပးထားေသာ အေကာင့္ကိုပံုရိပ္ကိုျပေလသည္။


ဆရာ့အေကာင့္၏profileတြင္ ဆရာတို႔ရံုး၏

ယူနီေဖာင္းႏွင့္ ရိုက္ထားေသာပံုကိုတင္ထားေလသည္။ဆရာက HRဆိုေတာ့အလုပ္သမားေတြကလာ၍ followထားပံုရသည္။လိုက္ခ္ေပးထားသူေတြေရာ followထားသူေတြေရာမ်ားတဲ့အျပင္ friendအေရအတြက္လက္ခံထားတာကလည္း

ေထာင္ေက်ာ္သည္။

အသက္လည္းငယ္တယ္၊ရုပ္လည္းေခ်ာတဲ့အျပင္ ေတာ္‌လည္းေတာ္ေတာ့ အလုပ္မွာဝိုင္းဝိုင္းလည္ေနမွာ ေသခ်ာသည္။


ဆရာ့၏ အျပင္လူေနမႈပံုစံကို စပ္စုခြင့္ရေလၿပီမို႔အနည္းငယ္ေတာ့ ေပ်ာ္သြားမိပါသည္။

ဆရာ့အေကာင့္ကေတာ့ ဆယ္လီအေကာင့္လိုျဖစ္ေနေပမဲ့ ပံုရိပ္၏အေကာင့္ကေတာ့ profileကႏွင္းဆီပန္းပံုႀကီး ျဖစ္ေနကာဘာသူငယ္ခ်င္းမွလည္း မရိွေသးပဲအေကာင့္အတုႀကီးလို

ျဖစ္ေနသည္။ဆယ္တန္းေျဖၿပီးမွ ဖုန္းကိုင္ခြင့္ေပးေသာအဖြားကိုလည္း စိတ္ဆိုးမိပါသည္။


"ပံုရိပ္...ငါ့အေကာင့္ကိုရိုက္ေပးမယ္ေလ..."


"ေအး...ရိုက္ရွာေပး...."


ဟိန္းကိုသည္လည္း သူ႔အေကာင့္ကိုရိုက္ေပးေန၍ ေရ႔ွတိုးၿပီးၾကၫ့္လိုက္ေတာ့....


"အမယ္..Ko Koဆိုပါလား... followerေတြကလည္း၅၀၀၀ေတာင္မ်ားလွခ်ည္လား...ဟိန္းကို..

နင္ကဆယ္လီျဖစ္ေနၿပီေပါ့...."


"ဟာ...မဟုတ္ပါဘူးဟာ...ငါကttေဆာ့တယ္ေလ...အဲ့ဒါေၾကာင့္..ttကလူေတြကလာၿပီး

Followလုပ္ၾကတာပါ..."


"ttဟုတ္လား..အဲ့ဒါကဘာႀကီးလည္း...."


"ဟာ...နင္ကလည္းသူေဌးအိမ္မွာေနၿပီးေတာ့

ဒါေလးေတာင္မသိဘူးလား..တစ္ေတာ့ခ္ကိုေျပာတာေလဟာ..ေဖ်ာ္ေျဖေရးအပလီေကးရွင္းေပါ့...

လူတိုင္းttေဆာ့ေနတာ နင္ပဲေက်ာက္ေခာတ္ေရာက္ေနသိလား...."


"ဟဲ့...ငါကဆယ္တန္းၿပီးမွဖုန္းကိုင္ခြင့္ရတာေလ...

Websiteထဲမွာေတာ့အဲ့ဒီအပလီေကးရွင္းကိုေတြ့ဖူးပါတယ္...ဒါေပမဲ့စိတ္မ၀င္စားလို႔ဝင္မၾကၫ့္မိပါဘူး...နင္ေျပာမွပဲငါလည္းDownloadၿပီးေဆာ့ၾကၫ့္ရမယ္...."


"ဟာ..မလုပ္နဲ႔ေနာ္...နင့္ရုပ္နင့္ရည္နဲ႔ဆိုရင္...ႏွာဘူးေတြဝိုင္းၿပီး... followလုပ္ၾကလိမ့္မယ္...မလုပ္နဲ႔"


"ဟုတ္လား...ဆရာ...ဆရာေရာ..ttေဆာ့လားဟင္.."


မ်က္လံုးဝိုင္းေလးမ်ားႏွင့္ ေမးလာေသာပံုရိပ္ကိုၾကၫ့္ၿပီး ဆရာ‌သည္သြားစြယ္ေလးမ်ားေပၚေအာင္ ရယ္လိုက္ေလေတာ့သည္။ၿပီးေနာက္ ပံုရိပ္၏ေခါင္းေလးကို ပုတ္လိုက္ၿပီး...


"ဆရာကေတာ့...ဝါသနာမပါလို႔မေဆာ့ျဖစ္ဘူး...

ပံုရိပ္ကအျပင္းေျပၾကၫ့္ခ်င္ရင္ေတာ့ဖြင့္ထားေပါ့..

သူမ်ားေဆာ့တာကို လိုက္ၾကၫ့္ၿပီး...ေဆာ့တတ္ရင္ေဆာ့ေပါ့...ဒါေပမဲ့လ်ွပ္ေပၚေလာ္လီတာေတြေတာ့

မတင္နဲ႔ေပါ့..."


"ဟုတ္တယ္...နင္မဟုတ္တာေတြေလ်ွာင္မတင္နဲ႔ေနာ္...အခ်ိဳ႕ေကာင္မေလးေတြဆိုရင္...

အလကားေန ဒီလိုဒီလိုခါျပေနတာ...."


"ဟား...ဟား..."


"ဟဲ့..ဟိန္းကိုအေျခာက္မ...ဘာႀကီးတံုး...."


"ဟိန္းကိုရယ္...နင့္ဟာကလည္းဟယ္...."


"ေဒၚေလးကလည္း အဲ့လိုလႈပ္တာပါဆို...."


ဟိန္းကိုက မတ္တပ္ထရပ္လိုက္ၿပီး ခါးကိုဘယ္ညာရမ္းကာ ခပ္ႏဲြ႔ႏဲြ့ႏွင့္အိုးေလးလႈပ္ပါေဟ့ သီခ်င္းလိုသူ႔အိုးကို လႈပ္ျပေနေတာ့ ပံုရိပ္တို႔တစ္သိုက္လံုး 

ဝါးလံုးကဲြေအာင္ ရယ္မိၾကေလသည္။


"ဟဲ့...ငါကအဲ့လိုလုပ္စရာလား...ဒီတိုင္းပဲအျပင္းေျပၾကၫ့္မွာ...."


"သိဘူးေလ...လုပ္မွာစိုးလို႔ေျပာျပတာ...

ေကာင္မေလးေတမ်ား...ျမန္မာ၀တ္စံုေတြနဲ႔လည္းအဲ့လိုလႈပ္ျပေနတာပဲ...ေအာက္ကႏွာဘူးေတြကလည္း သြားရည္တမ်ွမ်ွနဲ႔...အခ်စ္ေလးဘာေလးနဲ႔...

ေကာလ္မန႔္ေတြဝိုင္းေရးၾကတာဟာ..."


"အံမယ္...အဲ့ႏွာဘူးထဲမွာနင္လည္းပါတယ္မဟုတ္လား...အဲ့လိုမဟုတ္ပဲနဲ႔..နင္ကအိုးလႈပ္တာေရာ...

ေကာမန႔္မွာေရးထားၾကတာေရာ...ဘယ္လိုသိမလဲ...


"ဟာ....နင္ကလဲ..."


ရွက္ၿပီး သူ႔လည္ဂုတ္ကိုသူပြတ္ေန၍ ပံုရိပ္ႏွင့္ပိစိမကေတာ့ တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ၾကၫ့္ကာ ရယ္လိုက္မိသည္။

ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ပံုရိပ္၏ဖုန္းကိုကိုင္ၿပီးttဖြင့္ေပးေနေလသည္။


"ပံုရိပ္..ဒီမွာၾကၫ့္လို႔ရၿပီ...."


ဟိန္းကိုက မတ္တပ္ရပ္ေနသၫ့္အတြက္သူ႔ေနရာမွ၀င္ထိုင္လိုက္ၿပီး ဆရာၫႊန္ျပလိုက္သၫ့္

ဖုန္းစခရင္မ္ကို ၾကၫ့္လိုက္သည္။

ဆရာ့လက္ေခ်ာင္းေလးေတြက အကြက္ေလးေတြကို လိုက္ေထာက္ေန၍ ေရြ့လ်ွားမႈတစ္ခုဆီတိုင္းကို အလြတ္မေပးမိေခ်။ေဘးျခင္းယွဉ္လ်ွက္ထိုင္ေနမိ၍ ဆရာ့ဆီကအမ်ိဳးသားသံုး အေမႊးနံ႔သင္းသင္းေလးကိုလည္း ရေနေလသည္။


ပခံုးခ်င္းထိမိသၫ့္အခါ ပံုရိပ္၏လက္ဖ်ားေတြေအးတက္လာေပမဲ့ ႏွလံုးေသြးေတြကေတာ့ ပူေလာင္လာကာ ရင္ခုန္ႏႈန္းေတြပါ ျမန္ဆန္လာသည္။ပံုရိပ္က အေနာက္သို႔‌နည္းနည္းေရာက္ေနသျဖင့္ ဆရာ့နားသယ္စေလးကို ျမင္ေနရေလသည္။

ပံုရိပ္၏ ႏွာသီး၀မွေလပူေလးေတြ မႈတ္ထုတ္လိုက္တိုင္း ဆရာ့နားသယ္စပ္ေလးကို တိုးတိုက္သြားတာကို ဆရာကေရာသတိမွထားမိရဲ့လား။


"ဆရာ...ဒီဟာကဘာလဲဟင္..."


ဆရာေထာက္ျပေနေသာ အ‌ကြက္ေလးေဘးနားကိုလက္ၫွိုးေလးႏွင့္ ေထာက္ျပလိုက္ေတာ့

ဆရာ့လက္ေခ်ာင္းႏွင့္ပံုရိပ္၏လက္ၫွိုးေလးက တိုက္မိသြားသည္။


တမင္ဒီလိုျဖစ္ေအာင္ လုပ္လိုက္တာမို႔ 

ႏႈတ္ခမ္းကိုစိၿပီး ႃပံုးလိုက္မိသည္။

ပါးစပ္ကို လက္ဖဝါးနဲ႔အုပ္ကာႃပံုးလိုက္ရင္း

အေပၚသို႔ေမာ့ၾကၫ့္လိုက္ေတာ့ ေဒၚေလးႏွင့္ပိစိက အဓိပၸာယ္ပါေသာ မ်က္၀န္းမ်ားျဖင့္ ၾကၫ့္လာၾကသည္။

သြားၿပီ...ေဒၚေလးရိပ္မိသြားၿပီလားမသိဘူး


"ရၿပီ...ဆရာ...သမီးဒီေလာက္ဆိုရင္...

နားလည္ပါၿပီ...ဒါကသံုးခ်င္မွလည္းသံုးမွာပါ..."


"အာ...မမကလည္း...သူမ်ားလိုကျပစရာမွမလိုတာ..၀တ္စံုလွလွေလး၀တ္ၿပီးစႏၵယားတီးျပလိုက္ေလ...ပိစိကဗီဒီယိုရိုက္ေပးမွာေပါ့..."


"ပံုရိပ္ကစႏၵယား‌လည္းတီးတတ္တာလား..."


"ဟုတ္ကဲ့...သမီးတီးတတ္ပါတယ္...."


"တယ္ဟုတ္ပါလား..."


ဆရာက အခ်ိဳသာဆံုးႃပံုးၿပီး ခ်ီးမြမ္းခန႔္ဖြင့္လာေတာ့ လူကအလိုလိုေလထဲသို႔ေျမာက္ခ်င္လာသည္။ဒီလိုမွန္းသာသိရင္ ဆရာခ်ီးက်ူးေအာင္ ခဏခဏကိုယ္တတ္တဲ့အရာေတြကို ထုတ္ႂကြားခဲ့ပါတယ္။


"ပံုရိပ္...နင္သာစႏၵယားတီးျပရင္...ဆယ္လီျဖစ္သြားမွာက်ိန္းေသတယ္..."


"ဟုတ္တယ္...ဖြားညိုကမမကို...ယဉ္ေက်းမႈတကၠသိုလ္က တကယ္ေတာ္တဲ့ဆရာႀကီးနဲ႔သင္ခိုင္းထားတာေလ...ပထမဆရာေလးတုန္းကေတာ့ 

မမကို ႀကိတ္ႂကြေနပံုရတယ္သိလား...မမစႏၵယားတီးေနရင္...ခိုးခိုးၾကၫ့္တာ...ပိစိမျမင္သားပဲ...

အဲ့ဒါေၾကာင့္ ဖြားညိုကအလုပ္ျဖဳတ္လိုက္တာ...

ဖြားညိုကမမကိုသိပ္ခ်စ္တာ...

အျခားေျမးေတြထက္ကို ပိုခ်စ္တယ္

ဖြားညိုကေလ...မမကိုဘယ္သူနဲ႔မွသေဘာတူတာမဟုတ္ဘူး..."


"ပိစိမ...ဘာေတြေလ်ွာက္ေျပာေနတာလဲ...."


စကားေတြ တအားမလြန္လာခင္ပိစိမကို ပံုရိပ္လွမ္းဟန႔္လိုက္ရသည္။ဖြားညိုက ပံုရိပ္ကိုမျဖစ္သင့္တာမျဖစ္ရေအာင္ ကာကြယ္ေပးတတ္ေပမဲ့ပံုရိပ္၏ ေရြးခ်ယ္မႈကိုေတာ့ အၿမဲအေလးထားတတ္သူပါေလ။


"ေရခ်ိဳးဖို႔ ကာတာလည္းၿပီးသြားၿပီဆိုေတာ့ ကၽြန္ေတာ္ျပန္လိုက္ပါအံုးမယ္ေဒၚေလး...

လက္သမားခကေတာ့ ကၽြန္ေတာ္ေပးၿပီးသြားပါၿပီ.."


"ဟယ္...အဲ့လိုေတာ့မလုပ္ပါနဲ႔ေနမ်ိဳးရယ္...

ကူလည္းေဆာက္ေပးေသးတယ္...လက္သမားခလည္းဆိုက္ၿပီး ေပးလိုက္တယ္ဆိုေတာ့..

အားနာစရာႀကီးကြယ္.."


"ရပါတယ္...ကၽြန္ေတာ္ျပန္လိုက္ပါအံုးမယ္...."


"ေန့လယ္စာေတာ့ စားသြားအံုးေလကြယ္..."


"ကၽြန္ေတာ္စားၿပီးပါၿပီ..."


"ေအး..ေအး..."


ပံုရိပ္၏စိတ္ထဲမွာ ေဝခဲြမရသၫ့္ခံစားခ်က္ႀကီးတိုး၀င္လာသည္။ခ်က္ခ်င္းႀကီး ထျပန္ရေလာက္သည္အထိ ဆရာဘာကိုစိတ္ဆိုးသြားတာျဖစ္မလဲ။

ပိစိမရဲ့ စကားေၾကာင့္မ်ားလား။

မျဖစ္ႏိုင္တာ ဆရာကပံုရိပ္ကိုစိတ္၀င္စားေနရင္ေတာ့ တစ္မ်ိဳးေပါ့။အခုၾကေတာ့ ခ်က္ခ်င္းလက္ငင္းႀကီးကို မ်က္ႏွာကမသာမယာျဖစ္သြားၿပီး ထျပန္သြားသည္။


ဆရာ့ရဲ့အေတြးေတြကို ပံုရိပ္လိုက္မမွီေတာ့ဘူးဆရာရယ္။ဆရာ့ႏွလံုးသားထဲက ေသြးေၾကာမ်ွင္တစ္ခုစီတိုင္းကို ျမင္ႏိုင္စြမ္းရိွရင္သိပ္ေကာင္းမွာပဲ။

ပံုရိပ္ဘက္ကေန စၿပီးပြင့္လင္းရေအာင္လည္း 

ဆရာ့ဘက္ကခံစားခ်က္ကို ပံုရိပ္နားမလည္ဘူး။

ၿပီးေတာ့ ပံုရိပ္ရဲ့အသက္ကအရမ္းငယ္ေသးတယ္။


အခုခ်ိန္မွာ ရည္းစားထားမိရင္ ဖြားညိုနဲ႔တကြ အကုန္လံုးက ပံုရိပ္ကိုအျပစ္တင္ၾကလိမ့္မယ္။

ခ်စ္တတ္တာပဲ သိေပမဲ့။

ဖြင့္ဟဖို႔ေတာ့ မရဲဘူးဆရာရယ္။အျခားေနရာမွာ လုပ္ရဲကိုင္ရဲ ရိွခ်င္ရိွမယ္။

ဒါေပမဲ့ အခ်စ္နဲ႔ပတ္သတ္ရင္ေတာ့ အသက္အရြယ္ေရာ၊အေတြ့အႄကံုေရာက အႏုတ္ေအာက္မွပါ။

ပံုရိပ္အမ်ားႀကီး မေမ်ွာ္မွန္းေတာ့ပါဘူး။

ဆရာေပးသမ်ွ ၾကင္နာမႈေလးေတြကိုသာ

 ျမတ္ႏိုးျခင္းေသတၲာေလးထဲမွာ အမွတ္တရသိမ္းထားခ်င္ပါတယ္။သိမ္းထားခြင့္ျပဳပါ။


"ပံုရိပ္...ငါလည္းျပန္ေတာ့မယ္...အိမ္ေရာက္ေတာ့မွ..ေဖ့ဘြတ္ခ္မွာ...နင္addထားတာကိုလက္ခံလိုက္မယ္..."


"ေအးပါ..."


ဟိန္းကိုအား လက္ျပလိုက္ၿပီးေနာက္ ခံုေပၚမွာတင္ထားေသာ ဖုန္းေလးကိုေကာက္ကိုင္လိုက္ၿပီး 

ကိုယ့္အိပ္ခန္းထဲသို႔ ျပန္၀င္လာခဲ့လိုက္သည္။

အင္တာနက္ခ်ိတ္ၿပီးသားမို႔ ဆရာ့အေကာင့္ထဲသို႔ တစ္ခ်က္၀င္ေမႊလိုက္ပါသည္။

ဆရာက ေဆးကုမၸဏီမွာလုပ္တာဆိုေတာ့ 

သူ႔ေဝါလ္ထမွာက ေဆးဝါးထုတ္ကုန္အ ေၾကာင္းေတြႏွင့္ အလုပ္သမားေတြအလုပ္လုပ္ေနသၫ့္ 

ပံုေတြကိုသာ တင္ထားေလသည္။


ေနာက္ဆံုးတင္ထားတာကေတာ့ သႀကၤန္အႀကိဳ

ေန့ကျဖစ္သည္။ဘာပံုမွတဲြၿပီးမတင္ထားပဲ

စာသားခ်ည္းပဲတင္ထားေလသည္...


**မ်က္၀န္းဝိုင္းေလးေတြႏွင့္ ဆံုသည္..

   ၾကည္လင္းၿပီး ေမႊးပ်ံ႔တဲ့ရနံ႔ေလး

    အသက္ရႈဖို႔ေတာင္ 

    ေမ့ခဲ့တဲ့ တခဏဟာ သူမေၾကာင့္တဲ့လား..*


"ဘာလဲဟဒါက..ကဗ်ာလား..ဒါဆိုရင္ဘာလို႔တိုတိုေလးျဖစ္ေနရတာလဲ...."


ပံုရိပ္လည္း အရမ္းသိခ်င္ေနတာမို႔ ေကာမန႔္ေနရာကိုလက္ေထာက္ၾကၫ့္လိုက္မိသည္။

သူတို႔အလုပ္ကလား သူငယ္ခ်င္းေတြလားမသိေပမဲ့ မန႔္ထားတာေတာ့ မနည္းမေနာပင္။

ပံုရိပ္လည္း စိတ္ရွည္ရွည္နဲ႔တစ္ခုခ်င္းဆီကို 

လိုက္ဖတ္ၾကၫ့္လိုက္မိသည္။

ဆရာကလည္း ေမးခြန္းတစ္ခုဆီကိုစာျပန္ထားေလသည္။


ဆရာႀကီးေရ...ဘယ္ကမ်က္၀န္းဝိုင္းေလးလဲဗ်


ေျပာျပစရာလား


ေၾကာင္ျမတ္ရွင္နဲ႔ေတြ့ခဲ့တာလား...


ဟ...ခင္ဗ်ားက..ကီြးေနထူးႏိုင္ဖန္မ်ားလား


"ဟား..ဟား...မထင္ထားဘူး...ဆရာကလည္းျပန္ေနာက္တတ္တာပဲ..."


Commentမွာဆရာစာျပန္ထားတာကို လိုက္ဖတ္ၿပီးတစ္ေယာက္တည္း သြားႀကီးၿဖဲျပီး ရယ္ေနမိတာ ပါးစပ္ကို ျပန္၍မစိႏိုင္ေတာ့ေပ။အသက္ေတြသာ ႀကီးၾကတာ ေပါက္ကရေတာ့ ေျပာ၍မဆံုးၾကေပ။


က်ဳပ္သိတယ္ေနာ္...ဆရာမကိုပဲအသဲစဲြေအာင္ခ်စ္ေတာ့မည္မဟုတ္လား...


ဟာဗ်ာ...လုပ္ၿပီ...တင္းပုတ္နဲ႔အထုခံရမယ္ေနာ္


"ဒါကဆရာမၾကည္ျပာရဲ့ ေယာက္်ားအေကာင့္မဟုတ္လား...ဆရာမကိုပဲဆိုတာ...

မမခင္ရူပကိုေျပာတာမ်ားလား...ဆရာကလည္း

မျငင္းထားဘူးဆိုေတာ့...ဟင္း...အသဲကြာဖို႔ရာခိုင္ႏႈန္းကမ်ားေနၿပီေပါ့...."


ၾကည္လင္ၿပီး ေမႊးပ်ံ႔တာ...ဗ်ူးတီးေခါင္းေလ်ွာ္ေရလား ဆရာ


Ha..Ha😁


အစ္မတစ္ေယာက္က ေျပာထားတာကို‌ၾကေတာ့ ဆရာကအီမိုဂ်ီေလးပို႔ၿပီး ရယ္ထားေသးသည္။

သူ႔ရံုးကလူေတြေနမွာေပါ့ ။


တို႔ဆရာႀကီးေတာ့ အခ်စ္ဒႆနေတြ ဖြင့္ဟျပေနၿပီေပါ့


ေနမ်ိဳးေရ...မလ်ိႈနဲ႔ေနာ္


ရင္ကိုခဲြၿပီး...ဆားသိပ္ေတာ့မွာလားေဟ...


အသက္ရႉဖို႔ေမ့တယ္ဆိုေတာ့...ေအာက္စီဂ်င္ဗူးယူလာေပးရမလား


ေဆးရံုတက္ဖို႔ မွီေသးတယ္မဟုတ္လား..


ဘာပန္းေလးလဲဆရာ....


ေကာ့မန႔္ေတြထဲမွာ ဒီတစ္ေယာက္ပဲ အဆင္ေျပျပေမန႔္ထားတာေၾကာင့္ ေအာက္ကစာျပန္ထားေသာေနရာေလးကို ေထာက္ၾကၫ့္လိုက္ေတာ့ ဆရာကစာျပန္ထားေလသည္။ဆရာေရးထားတဲ့ စာေလးကိုစိတ္လႈပ္ရွားစြာ ပံုရိပ္ဖတ္ၾကၫ့္လိုက္မိသည္..


ျဖဴစင္တဲ့....ေတာပန္းကေလးပါ...


စံပယ္လား...ခေရလား...စကားပန္းလား...


ထိုလူကထပ္ေမးထားေတာ့ ဆရာကစာနဲ႔ျပန္မေျဖပဲ ထိုcommentေလးကို❤️အသဲေလးသာေပးထားေလသည္။

ဘာကိုဆိုလိုခ်င္တာလဲ။

ဒီပန္းေတြထဲက တစ္ခုခုမ်ားလား။

ပေဟဠိဆန္လိုက္တာဆရာရယ္ ေရ႔ွေနမလုပ္ပဲစံုေထာက္လိုင္းကို ေျပာင္းရမလိုေတာင္ျဖစ္ေနၿပီ။

ဆရာ့ရင္ထဲက စာေတြကိုပံုရိပ္ကဘယ္လိုလုပ္ၿပီး ဖတ္တတ္မွာလဲ။


"ဟူး...."


ေလပူေတြကိုမႈတ္ထုတ္လိုက္ၿပီး ဖုန္းကိုပိတ္ထားလိုက္မိသည္။

ဆရာေျပာတဲ့ ပန္း‌ကေလးကဘယ္ပန္းမ်ားလဲ။

ဆရာေျပာတဲ့ မ်က္၀န္းဝိုင္းေလးကေရာ

ဘယ္တစ္ခုကလဲ။

ဆရာက အလုပ္သမားေပါင္းမ်ားစြာနဲ႔ တဲြၿပီး

အလုပ္လုပ္ေနရသူဆိုေတာ့ မမခင္ရူပမဟုတ္လည္း သူ႔အလုပ္ထဲကတစ္ေယာက္ေယာက္ျဖစ္ႏိုင္တာပဲ။

ပံုရိပ္သာ လိုက္ၿပီးသ၀န္တိုရရင္ အသက္အရင္

တိုလိမ့္မယ္ဆရာႀကီးေရ။


🌹🌹🌹🌹🌹🌹🌹


(ပံုရိပ္ကို စံုေထာက္လိုင္းကိုေျပာင္းကူေပးလိုက္ၾကပါ)