(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၄၆)
"ဒေါ်လေးရေ..ထမင်းချိုင့်တွေထည့်ပြီးသွားပြီ .."
"ဟဲ့..ထမင်းချိုင့်ကဘာလုပ်ဖို့ထည့်တာလဲ.."
"ဟာ..ဒီနေ့ဘုန်းကြီးကျောင်းမှာတစ်နေကုန်နေမှာမဟုတ်ဘူးလား..."
"ဟယ်..ပုံပုံကတော့လုပ်ပြီ ပိစိမကလည်းပြောပြထားတာကိုမတားဘူးလား..…ကျောင်းဆင်းဥပုဒ်ပဲစောင့်မှာလေ..ကလေးတွေနဲ့ကျောင်းမှာတစ်နေကုန်နေလို့ဘယ်ဖြစ်မှာလဲ..."
ဒေါ်လေးသည်ပိစိကိုတစ်လှည့်ပုံရိပ်ကိုတစ်လှည့်ကြည့်၍ ဥပုဒ်သွားစောင့်ခါနီးတောင်ဆူနေလေတော့သည်။အစကတော့သင်္ကြန်အတက်နေ့မို့ကျောင်းမှာ သုံးနာရီ၊လေးနာရီလောက်အထိနေမည်ဟုစဉ်းစားထားခဲ့တာပါ။
အခုတော့ဟိုဂျိုလေးနှစ်ကောင်ကြောင့်ပျက်လေပြီ။
"အဲဒါဆိုလည်း..အိုးထဲကိုပဲပြန်ထည့်လိုက်တော့မယ်...သမီးတို့ကဥပုဒ်စောင့်တော့ကလေးတွေကဘယ်လိုလုပ်မှာလဲ
"..ကျောင်းကိုပဲခေါ်သွားရတော့မှာပေါ့..
အမယ်လေး...သူတို့လည်းဥပုဒ်စောင့်တတ်ပါတယ်
..တရားနာတဲ့အချိန်ကြရင်သူ့အလိုလိုငြိမ်နေကြလိမ့်မယ်..ဒါပေမယ့်တစ်နေကုန်တော့နေလို့ရမှာမဟုတ်ဘူး.."
"ဟုတ်ကဲ့ပါ..အဲဒါဆိုလည်းအိုးထဲကိုဟင်းတွေအကုန်ပြန်ထည့်လိုက်တော့မယ်.."
ချိုင့်ထဲသို့ထည့်ပြီးသားဟင်းတွေ၊ထမင်းတွေကို
အိုးထဲသို့ပြန်ထည့်နေရသောအခါ ပိစိမသည်ဘေးမှာတစ်ခစ်ခစ်နှင့်ထိုင်ရယ်နေလေတော့သည်။
"ဘာရယ်တာလဲ.."
"..အော်..တို့မမကဘာကြောင့်ဘုန်းကြီးကျောင်းမှာတစ်နေကုန်နေချင်သလဲဆိုတာသိနေလို့ပေါ့..."
"..ပိစီမနော်ငါ့ကိုရန်လာမစနဲ့ဥပုဒ်နေ့ကြီးကိုကျောင်းမှာတစ်နေကုန်နေချင်မှတော့ ကုသိုလ်လိုချင်လို့ပေါ့..တစ်ခြားဘာဖြစ်နိုင်ဦးမှာလဲ..."
"..အဲ့တာတော့ကိုယ့်ဘာသာကိုယ်အသိဆုံးနေမှာပေါ့.."
"သိချင်ဦးဟယ်.."
"အာ့..ဟာ..ဥပုဒ်သည်ကြီးကလည်းဒေါသကြီးပဲဟေ့"
"..အေးဒါကလက်ဆစ်ပဲရှိသေးတယ်..နောက်တစ်ခါဆိုရင်ယောက်မစာမိမယ်..*
"ဟဲ...ဟဲ..စတင်ဟာကို..မမကလည်းစိတ်ကြီးပဲ."
ပိစိမနဲ့တစ်ပွဲတစ်လမ်းနွှဲလိုက်ပြီးနောက်
ယောဂီဝတ်စုံကိုလဲဝတ်လိုက်ပြီးဘုန်းကြီးကျောင်းသို့မိသားစုလိုက်ထွက်လာမိကြလေသည်။
ရေပက်နေကြသော ကလေးတွေလည်းရှိနေကြ
သလို့ ပုံရိပ်တို့နည်းတူ ဥပုဒ်စောင့်လိုသူတွေကလည်း မနည်းပေ။
"ရှင်းသန့်ကျောင်းကိုသွားမလို့လား..."
"..ဟုတ်တယ်အစ်မရဲ့အရင်နေ့ကတော့ဓမ္မာရုံမှာပဲစောင့်ပေမယ့်..ဒီနေ့တော့ဘုန်းကြီးကျောင်းမှာသွားပြီးဥပုဒ်စောင့်မလားလို့...*
"..ဟုတ်လား..ဒါဆိုအတူသွားကြတာပေါ့..
တို့သားအမိတွေလည်းကျောင်းမှာပဲသွားစောင့်မှာလေ..."
ခေါင်းရင်းအိမ်မှဦးလင်းခေတ်၏အမေကအဖော်စပ်နေပြန်တော့ သူ့တို့သားအမိနှစ်ယောက်ရယ် ပုံရိပ်တို့ငါးယောက်ရယ်နဲ့ပေါင်းပြီးဥပုဒ်ကျောင်းသို့တစ်အုံတမကြီးသွားကြရလေတော့သည်။
မသိလျှင်ပွဲစျေးတန်းကိုသွားနေရသလိုပါပဲ။
"ပုံရိပ်..ဟိုတစ်နေ့ကကိစ္စကိုအစ်ကိုတောင်းပန်ပါတယ်နော်..."
အဒေါ်ကြီးနှစ်ယောက်သည်အရှေ့မှ
ကော့တော့ကော့တော့နှင့်သွားနေကြ၍အနောက်မှာကလေးထိန်းရင်းလိုက်နေရသောပုံရိပ်၏အနားသို့ဦးလင်းခေတ်ကရောက်လာပြီးစကားတွေလာပြောနေလေတော့သည်။
"ကိုယ့်ကို..စကားလေးတစ်ခွန်းလောက်တော့ပြန်ပြောပါဦးကွာ..ဟိုတစ်နေ့ကကိစ္စနဲ့ပတ်သက်ပြီးကိုယ်တကယ်တောင်းပန်ပါတယ်.."
"..ဘယ်တစ်နေ့ကကိစ္စကိုလာပြောနေတာလဲ.."
"..ဟိုသင်္ကြန်လည်တဲ့နေ့ကလေ..ဖက်လိုက်မိတဲ့ကိစ္စ"
"ပြီးသွားပြီပဲဥစ္စာအစပြန်ဖော်မနေနဲ့တော့..."
"..ပြန်မဖော်လို့မရဘူးကွာ..အစ်ကို့ဘက်ကနေ
စည်းမစောင့်သလိုဖြစ်သွားခဲ့တာလေ...*
"..တော်ပါတော့..အဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်မပြောပါနဲ့တော့..ကျွန်မဘာမှထပ်မကြားချင်တော့ဘူး.."
"ဟာ..ဒါဆိုရင်ပုံရိပ်အစ်ကို့အပေါ်မှာစိတ်ကွက်နေသေးတာပဲ...ကိုယ်တောင်းပန်ပါတယ်ကွာ...
ကိုယ့်အမှားတွေပါ..ပုံရိပ်ရဲ့ခွင့်ပြုချက်မရဘဲ
လုပ်လိုက်မိတယ်ဆိုတာကကိုယ်ပုံရိပ်ကိုသဘောကျနေမိလို့ပါ...."
"..ရှင်ဘာစကားပြောလိုက်တယ်..ရှင်တော်တော်
လူပေါင်းဝတာပဲ...ဥပုဒ်နေ့ကြီးမှမရှောင်.."
"..အစကတော့အချိန်တစ်ခုယူဦးမလို့ပါပဲ..ပုံရိပ်ကမန္တလေးကိုမနက်ဖြန်ပြန်ရတော့မှာဆိုတော့
အချိန်ထပ်ဆွဲနေရင် သူများနောက်ကိုပါသွားမှာပေါ့.."
"..ဘာဆိုင်လို့လဲ..ရှင်ဘာသာနှစ်တစ်ထောင်မကလို့နှင့်တစ်သောင်းလောက်အချိန်ဆွဲပြီးပြောလည်းကျွန်မအဖြေကတော့NOပဲ..."
"ဟာ...ပြတ်သားလှချည်လား..."
"..ဟုတ်တယ်ခပ်ပြတ်ပြတ်ပဲဘာဖြစ်လဲ.."
ပုံရိပ်သူ့ကိုမျက်စောင်းထိုးလိုက်ပြီး
ကလေးနှစ်ယောက်၏လက်ကိုဆွဲကာခပ်မြန်မြန်လျောက်မိတော့ဘေးကနေထပ်ကြပ်မကွာလိုက်လာပြန်တယ်။ဒီလောက်ငြင်းထားတာတောင်မျက်နှာပိုးမသတ်နိုင်သေးသောသူ့ကိုမြင်ပြင်းကပ်လာမိသည်။
ကလေးတွေတောင်အသံထွက်လာကြသည်အထိပင်...
"မကြီးရေ..သားမောနေပြီနော်...*
"..အေးဟေ့..နင်တို့ဘိုးအေကရည်းစားစကားလိုက်ပြောနေလို့မြန်မှရမယ်...နင်တို့ကိုစောင့်ခေါ်နေရလို့ငါဒီလိုနှေးနှေးလေးလျှောက်နေရတာ...
အားလုံးနင်တို့ကြောင့် ဥပုဒ်နေ့ကြီးကိုကုသိုလ်မရပဲငရဲပြည်ကို ဇောက်ထိုးပြုတ်ကျတော့မယ်..."
"..ပုံရိပ်ကိုယ့်ကိုစောင့်ပါဦးကွာ.."
"..လာပြန်ပြီ..ရှင့်ကိုမကြိုက်ပါဘူးလို့ဘယ်နှစ်ခါပြောရမလဲ.."
"..အခါတစ်ရာပြောလည်း..ကိုယ်ကလုံးဝလက်မလျှော့ဘူး..."
"သေလိုက်...အဲ့မှာ...လဲသေလိုက်တော့..
သင်္ကြန်ရက်ကြီးမှာအကုသိုလ်မဖြစ်ချင်ဘူးနော်.."
"လွဲပါစေကွာ..သူများရဲ့ဆန္ဒကိုဖြည့်ပေးတာဘယ်လောက်မြတ်သလဲ..ယူတတ်ရင်ကုသိုလ်တောင်ရပါသေးတယ်..."
"..စဉ်းစားလေ..ရှင့်ကိုပြန်ကြိုက်ပြီးကုသိုလ်ယူမယ့်အစား..ငရဲပြည်မှာပဲဂျိုးကပ်ခံလိုက်တော့မယ်..
ရှင့်ကိုတော့အဖန်ငါးရာ၊ငါးကမ္ဘာငရဲခံပြီးလည်း
ပြန်ကြိုက်မှာမဟုတ်ဘူး..."
"ဘာကြောင့်ကိုယ့်ကိုအဲ့လောက်တောင်ခါးခါးသီးသီးဖြစ်နေရတာလဲကွာ..မင်းမှာချစ်သူတွေဘာတွေရှိနေလို့လား...ကိုယ်ကတော့မင်းကို
စတွေ့ကတည်းကသဘောကျပြီးချစ်မိခဲ့တာ....
ညတိုင်းမင်းအကြောင်းပဲတွေးနေမိခဲ့တာ
ကိုယ့်အိပ်မက်ထဲမှာတောင်မင်းကိုထည့်မက်မိတဲ့အထိပဲ..."
"...အဲဒါကရှင့်ကိစ္စလေ.."
"..ကိုယ်သိပါတယ်ကွာ...မင်းကအရမ်းငယ်သေးတော့အချစ်နဲ့ပတ်သက်ပြီး သိပ်မခံစားတတ်သေးဘူးဆိုတာ..ကိုယ်သိပ်သိတာပေါ့..
ဆရာတစ်ယောက်လုပ်နေပြီးဆယ်ကျော်သက်လေးကိုမှချစ်မိတဲ့အတွက်ကိုယ့်ကိုယ်ကိုယ်လည်းအပြစ်ရှိတယ်လို့ခံစားရပါတယ်..ဒါပေမယ့်မင်းကိုတွေ့လိုက်ရတိုင်းကိုယ့်ရင်ထဲမှာပူလောင်လာတယ်..
အခြားသူတွေမင်းကိုသဘောကျသွားမှာကို
မလိုလားဘူး..မင်းကအရွယ်ငယ်သေးသလိုလှလွန်းအားကြီးတော့..ကိုယ်စိတ်လည်းမချဘူး..
ဒါကြောင့်ကိုယ့်ခံစားချက်ကိုစောစောဝန်ခံလိုက်တာပါ..ကိုယ်မင်းကိုသိပ်ချစ်တယ်ကလေး..
မင်းဘယ်လောက်ဆိုးဆိုး..ကိုယ်သည်းခံပေးမှာပါ..မင်းကိုယ့်ကိုသဘောကျပေးဖို့ပြန်တွေးကြည့်ပါလားဟင်..."
"ထွန်းကို..မိစုကိုလက်တွဲပြီးဒေါ်လေးတို့ဆီမှီအောင်ပြေးလိုက်သွားစမ်း..."
ဒေါ်လေးတို့ကလမ်းထိပ်နားလောက်အထိရောက်နေပြီမို့ပုံရိပ်လည်းကလေးတွေကိုလက်တွဲပြီးပြေးခိုင်းလိုက်သည်။ကလေးတွေရှေ့မှာစကားမပြောချင်တာလဲပါသည်။ပုံရိပ်သူကိုငြင်းဆန်နေပေမယ့်သူကလက်မခံတော့ခက်နေလေပြီ။
တစ်ဖက်သတ်အချစ်ဆိုတာကို ကိုယ်လည်းခံစားနေရသောကြောင့် နားလည်ပေးနိုင်ပေမယ့်ခံစားချက်ဆိုတာနှစ်ဦးနှစ်ဖက်ညီမျှမှသာသာယာနာပျော်ဖွယ်ဖြစ်မှာပေါ့။အခုတော့ပုံရိပ်ထက်အသက်များစွာကြီးနေပါလျက်နှင့်ပုံရိပ်ငြင်းဆန်နေတာကို
သူလုံးဝလက်မခံဘူးဖြစ်နေသည်။
အဲဒါကတစ်ကိုယ်ကောင်းဆန်လွန်းနေခြင်းပင်။
"..ဒီမှာဆက်ကျော်သက်အရွယ်ဆိုပေမယ့်..
ကျွန်မ..မကြိုက်နိုင်လို့မကြိုက်ဘူးလို့ပြောတာလေ
ကျွန်မကကိုယ့်ခံစားချက်ကိုကိုယ်မသိရအောင်..
ရူးနေတာမှမဟုတ်ပဲ...ဦးလင်းခေတ်ကိုကျွန်မ
မချစ်နိုင်ရုံတင်မဟုတ်ဘူး..တစ်စက်မှကိုကြိုက်လို့မရတာ စတွေ့တည်းကအမြင်ကပ်နေတာ..
အခုထိပဲ..အဲ့လောက်ဆိုရင်ကျွန်မရဲ့သဘောထားကိုကွဲကွဲပြားပြားသိလောက်ပါပြီနော်.."
"..ဒါဆိုရင်သင်္ကြန်လည်တော့..ကိုယ်ဖက်လိုက်မိတဲ့ကိစ္စကိုဘာကြောင့်မပေါက်ကွဲခဲ့တဲ့အပြင်ပြန်ပြီးတော့တောင် အားလုံးကိုဖြန်ဖြည်တဲ့စကားတွေပြောခဲ့ရတာလဲ.."
"အော်...ရှင်အထင်လွဲနေတာဒါကြောင့်ကို
..မသိရင်မှတ်ထား..အဲ့နေ့ကကျွန်မပြဿနာမရှာခဲ့တာက ဆရာနေမျိုးကြောင့်ပဲ...ဆရာနဲ့ပြဿနာတွေဖြစ်ရင်ကျွန်မကြောင့်မျက်နှာပျက်စေရာတွေ
ဖြစ်ကုန်မှာစိုးလို့ငြိမ်နေခဲ့တာကို အကောင်းမှတ်နေတာလား...ကျွန်မကကိုယ့်အသားကိုမကြည်ဖြူပဲ..
လာထိကိုင်ရင် အသေမုန်းတတ်တဲ့လူပဲ..."
ကျွန်မမုန်းတဲ့အထဲမှာရှင်ပါနေတယ်ဆိုတာတော့သေချာတယ်..."
"..မင်းတကယ်ပြောနေတာလား..ကိုယ့်ရုပ်ရည်
ကိုယ့်အနေအထားကိုလက်ခံချင်တဲ့လူတွေမှတစ်ပုံကြီးပဲ...မင်းကကိုယ့်ကိုပထမဆုံးငြင်းတဲ့လူပဲ.."
"အော်..ကျွန်မကပြန်ပြီးဂုဏ်ယူနေရမလိုဖြစ်နေပါရောလား...ဒီလောက်ဆိုရင်
ဦးလင်းခေတ်ဟာ ရည်းစားတွေမှိုလိုပေါက်ခဲ့တဲ့
စားဘဲကြီးဆိုတာရိပ်မိလိုက်ပါပြီ...
ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးတာပဲနော်...
သွားချင်တယ်ဆိုရင်တော့လမ်းညွှန်ပေးလိုက်ပါ့မယ်...အရူးထောင်ကဟိုဘက်မှာ.."
"ငါမင်းထက်ကြီးတယ်နော်..မင်းမခန့်လေးစားပြောနေတာကိုနားထောင်ကောင်းလို့နားထောင်နေတယ်
မထင်နဲ့.."
"အောင်မာ...သူကများ..အဲလိုပြောရကြေးဆိုရင်ကျွန်မကလည်းရှင့်ထက်ငယ်တယ်နော်...
အလိုမတူဘဲငြင်းဆန်နေရင်နောက်ဆုတ်ရမှန်း
ရှင်သိသင့်တယ်...
..ရယ်တော့ရယ်ရသားပဲ..ခုနကတော့မင်းဆိုးသမျှသည်းခံပါမယ်တဲ့အခုကြတော့ဒေါသတွေလှိမ့်ထွက်နေလိုက်တာ...အမျိုးမျိုးတတ်နိုင်တယ်နော်ရှင်တွဲခဲ့ဖူးတဲ့မိန်းမတွေလို..အလကားရမယ်ထင်ပြီးလာမကြံနဲ့..ကျွန်မကပေါပေါပဲပဲမိန်းမမဟုတ်ဘူး
ရှင့်အဆင့်အတန်းကဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး
ရှင်းလား..သင်္ကြန်မှာအကုသိုလ်လားမပေးနဲ့...
ကိုယ့်ကိုကိုယ်ကျောင်းဆရာဆိုတာလည်းသတိရဦး.."
အံကြိတ်သံကြီးနဲ့ပြောခဲ့လိုက်ပြီးခြေစောင့်ကာမြန်မြန်ထွက်လာခဲ့လိုက်သည်။ ပိစိမသည်လည်းပုံရိပ်ဆီသို့ပြန်လှည့်လာကာဟိုလူကြီးနဲ့ဘာတွေပြောနေသလဲဟုမေးပေမယ့် ပုံရိပ်ကတော့တစ်ခွန်းမှပြန်မ ဖြေခဲ့ပေ။သေချာတာကတော့ဒီလူကြီးဟာ
ဦးသက်ဆွေပြီးလျှင်ပုံရိပ်အမုန်းဆုံးလူပဲ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဆယ့်တစ်နာရီထိုးလောက်အထိ ဥပုဒ်စောင့်ကာ ကျောင်းမှာနေခဲ့ပေမဲ့ တစ်မနက်ခင်းလုံးဆရာ့ကိုအရိပ်အယောင်တောင် မတွေ့ရပေ။
ဦးလင်းခောတ်သည်လည်း သူ့အမေနှင့်သာယှဉ်၍ ထိုင်နေပြီး ပုံရိပ်၏အနားသို့ ကပ်မလာတော့ပေ။
ကျောင်း၀န်းကြီးတစ်ခုလုံးသည်လည်း ဥပုဒ်သည်တွေနှင့်သာ ပြည့်နှက်နေပြီး ကျေးငှက်သံတွေနှင့်ဆည်းလည်းသံတွေကိုသာ ကြားနေရလေသည်။
တိတ်ဆိတ်ငြိမ်းအေးလွန်းသောကြောင့် ဝါးနက်ပင်များအနီးရှိ ခုံတန်းလေးတွင်သွားထိုင်ကာ ပုတီးစိပ်နေလိုက်သည်။
"မမရေ..ငါးစာသွားကျွေးရအောင်..."
"အေး..လာခဲ့မယ်.."
ပိစိမသည်ကလေးနှစ်ယောက်ကို လက်ဆွဲကာ
ခေါ်နေသဖြင့် ပုံရိပ်လည်းသူတို့ရှိရာကန်ဘက်အခြမ်းသို့ သွားလိုက်သည်။ကလေးတွေဆီမှပေါင်မုန့်ခြောက်နှင့်ပေါက်ပေါက်တွေကိုခွဲယူကာ
ငါးနှင့်လိပ်တွေကိုအစာကျွေးလိုက်သည်။
"ဟဲ့...ဟိုမှာကြည့်စမ်း..ပါးဟပ်ကြီးနဲ့ ငါးကအကြီးကြီးပဲ .."
"ကိုကြီး..ဟိုမှာလိပ်လေးတွေ့လား.."
"အေးဟ..ရေထဲကိုပြန်ငုတ်သွားပြီ..တို့ကိုတွေ့လိုက်လို့နေမယ်.."
"မကြီးပိစိရယ်..သားရေကူးချင်လိုက်တာ."
"သမီးလည်းကူးချင်တယ်..."
"ကူးချင်ရင်ကူးလေ..တစ်ခါတည်းနှစ်လောင်းပြိုင်ဖြစ်တာပေါ့..."
"ဟဲ့..ပိစိမ..ကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲ..."
ကလေးတွေကိုသေစကားပြောနေ၍ ပိစိမ၏
ကျောကုန်းကိုလှမ်းပုတ်လိုက်ရသည်။
နဂါးဘုရားကြီးဘက်တွင်ရှိသော ပိတောက်ပင်ကြီးကို ငေးမောကြည့်လိုက်မိတော့ ပိတောက်ပန်းတွေကအုံခဲပြီး ပွင့်နေလေသည်။အိပ်မက်ထဲမှာ ဆရာကပုံရိပ်ကို ထွေးပွေ့ထားပြီး ပါးလေးကိုနမ်းလိုက်သည့်အဖြစ်အား ပြန်သတိရမိတော့ မျက်နှာတွေထူပူလာသည်။ဥပုဒ်သည်က ဘာတွေလျှောက်တွေးနေတာလဲ။
"နင့်ပါးကိုနမ်းခဲ့တယ်လူကို ပြန်တောင်းပန်မလို့လား" ဆိုသည့်ဟိန်းကို၏စကားသံကိုသာ
ကြားယောင်နေမိတော့ ထိုနေ့ကအဖြစ်အပျက်ကို
မယုံနိုင်ခဲ့ပေ။ဟိန်းကို အမြင်မှားသွားတာများလား။
ဆရာက ပုံရိပ်ကိုနမ်းစရာအကြောင်းမှမရှိတာ။
တကယ် ဟုတ်ကြောင်းဆရာက၀န်ခံလာခဲ့ရင်ရော ပုံရိပ်ဘယ်လိုတုန့်ပြန်ရပါ့မလဲ။
"ပိတောက်ပန်းလေးတွေကို သက်သေတည်ပြီးပုံရိပ်ကြိမ်ဆိုပါတယ်..ဆရာ့ကိုပုံရိပ်တကယ်စစ်မှန်စွာ
ချစ်မြတ်နိုးတာမို့..ဆရာ့ဆီကနေအချစ်စစ်ကိုသာ
ရရှိခံစားလိုပါတယ်.."
ဆရာ့အကြောင်းတွေ၊ဆရာ့စိတ်ဓာတ်တွေကိုသိပေမဲ့ ဦးလင်းခောတ်လိုစိတ်သဘောထားမျိုးရှိမှာကို တော့ ပုံရိပ်သိပ်ကြောက်တယ်။
"ပုံရိပ်လည်း ဥပုဒ်လာစောင့်တာလား.."
"ဟင်..မမခင်ရူပလှိုင်..."
"အဟင်း..တို့ကိုမမလှိုင်လို့ပဲခေါ်ပါ..သူများတွေလည်းအဲ့လိုပဲ ခေါ်ကြတာများတယ်..."
"မမလှိုင်ကတစ်နေကုန်ဥပုဒ်စောင့်မှာလား...
သမီးတို့ကခဏနေရင် ပြန်ကြတော့မှာ..."
ပိစိမနှင့်အတူ ကလေးတွေကိုထားခဲ့လိုက်ပြီး
မမလှိုင်အနောက်သို့ လိုက်လာမိလေသည်။
မမလှိုင်သည် ဆရာ၀န်မလေးဆိုသည့်အတိုင်းစကားအပြောအဆိုနှင့် လေယူလေသိမ်းကအစ
အေးချမ်းလေသည်။
အသားအရမ်းမဖြူပေမဲ့ ညိုညက်ညက်ကလေးဖြစ်ကာ ကော်ဖီရောင်ဆံပင်လေးတွေကို လှိုင်းတွန့်ပုံစံ ကောက်ထားသောကြောင့် ကြည့်ရတာတစ်မျိုးလေးဆန်းနေသည်။
ဆရာမကြည်ပြာရဲ့ ယောက်ျားကမမလှိုင်နှင့်ဆရာ့ကိုသဘောတူကြတာလည်းမပြောနဲ့ ပုံရိပ်တောင်သူတို့နှစ်ယောက်ကို လိုက်ဖက်သည်ဟု ခံစားမိသည်။ဒါပေမဲ့ ဆရာကမမလှိုင်ကိုရွေးချယ်သွားခဲ့ရင် ပုံရိပ်သိပ်ကို ၀မ်းနည်းပက်လက်ဖြစ်နေလိမ့်မယ်။
"မမလှိုင်ဆရာနေမျိုးကိုတွေ့မိသေးလား ဆရာ့ကိုကျောင်းမှာမတွေ့မိလို့
မတွေ့ဖြစ်ပါဘူး။ဦးဇင်းတစ်ပါးပြောတာကတော့ဆရာတော်ကြီးရဲ့မိတ်ဆွေဆေးရုံတက်နေရလို့သီတင်းသွားမေးခိုင်းရင်းနဲ့လက်ဆောင်သွားအို့တယ်တဲ့။
"အော်..ဒါကြောင့်ဆရာ့ကိုမတွေ့မိတာကို.."
"ပုံရိပ်ကတော့မှတ်မိသလားမသိဘူး..တို့ကတော့သင်္ကြန်လည်တဲ့နေ့ထဲကဆေးရုံမှာတွေ့ခဲ့ဖူးတဲ့ကောင်မလေးဆိုပြီးပုံရိပ်ကိုမှတ်မိနေတာ.."
"ဟုတ်လား..မမလှိုင်ကလူနာတွေအများကြီးနဲ့ထိတ တွေ့ရတဲ့လူဆိုတော့ သမီးကိုမမှတ်မိဘူးထင်နေတာ"
"..ပုံမှန်ဆိုရင်တော့မှတ်မိလောက်မှာမဟုတ်ဘူး...
ဒါပေမယ့်ကိုနေနဲ့ပတ်သက်တဲ့လူနာဆိုတော့ပိုသတိထားမိသွားတာပါ..ပုံရိပ်သိလား...
ကိုနေကတို့ဆီကနေတော်ယုံအကူအညီတောင်းဖူးတာမဟုတ်ဘူး...ဒါပေမယ့်အဲဒီနေ့ကတော့
..တို့ထိုင်နေတဲ့အခန်းအထိရောက်လာပြီးရေခွက်တွေရော ထမင်းချိုင့်တွေရောလာငှားသွားတာစုံနေတာပါပဲ...ကိုနေနဲ့တို့စသိခဲ့တဲ့အချိန်တည်းက..
သတိထားမိလာတာတစ်ခုရှိတယ်..
အဲဒါကတော့..ကိုနေဟာမိန်းကလေးတွေနဲ့ပတ်သက်ရင်စည်းတစ်ခုအမြဲခြားထားတတ်တယ်ဆိုတာပဲ..သူ့မှာမိန်းကလေးသူငယ်ချင်းတောင်သိပ်မရှိဘူး...တို့နဲ့တောင်မှဆရာတော်ကြီးဆီဆေးလာကုရင်းကနေမဖြစ်မနေဆက်ဆံရလို့ရင်းနှီးသွားခဲ့တာ...ဒါပေမယ့်ပုံရိပ်ကတော့မတူဘူး..."
"ဟမ်..မမလှိုင်ဘာကိုဆိုလိုချင်တာလဲ...."
"..အင်း... မမလှိုင်လည်းသေချာတော့မပြောတတ်ဘူးမမရဲ့စိတ်ထဲမှာပဲခံစားမိတာလားတော့မသိပေမယ့် ကိုနေကပုံရိပ်အပေါ်ဆက်ဆံပုံဟာကွဲပြားနေတယ်.."
"မမလှိုင်ထင်လို့ပါ...ဆရာကသူ့တပည့်တိုင်းအပေါ်မှာအခြားသူတွေထက်ပိုကောင်းပေးတတ်တယ်.."
မမလှိုင်၏မျက်နှာကိုကြည့်လိုက်တော့ပုံရိပ်ပြောလိုက်သောစကားကိုသဘောကျနေဟန်နဲ့ပြုံးလိုက်တာသေချာသည်။မမလှိုင်ကဘာကိုကျေနပ်သွားတာလည်းဆရာကသူ့တပည့်တိုင်းအပေါ်မှာ
ထူးထူးခြားခြားဆက်ဆံတတ်သည်ဆိုသောအချက်ကြောင့်ထင်ပါတယ်။မမလှိုင်ဟာပုံရိပ်နှင့်ဆရာ့ကို
မသင်္ကာလို့သတင်းနိုက်နေတာလား။
"..မမလှိုင်နဲ့ဆရာကချစ်သူတွေလားဟင်..*
"ပုံရိပ်ကဘယ်လိုထင်လဲ.."
မမလှိုင်ကိုမယုံကြည်နိုင်စွာကြည့်လိုက်မိသည်.။
မမလှိုင်ကပုံရိပ်ကိုဘယ်လိုထင်စေချင်တာလဲ။ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက်သူ့ဂုဏ်သိက္ခာအကျဆင်းခံပြီးတော့ စကားတစ်ခုကိုလက်လွတ်စပယ်ပြောမှာမဟုတ်ပါဘူးလေ။
ဟုတ်တယ်လို့ပြောချင်တယ်ဆိုရင်ဒဲ့ပြောသင့်တာပေါ့။
"..တို့နှင့်သူနဲ့စပြီးတွေ့ဆုံမှုကသိပ်ကိုရိုးရှင်းပါတယ်..သူကတို့ထက်ငယ်ပေမယ့်ရင့်ကျက်တယ်
..တည်ငြိမ်တယ်..ကိုယ်ချင်းစာတရားအပည့်ရှိပြီးတာဝန်ခံမှု၊တာဝန်ယူမှုလည်းအပြည့်ရှိတယ်..
ကျောင်းမှာလိုအပ်တဲ့ဆေးဝါးတွေကိုလှူဒါန်းဖို့အပြင်သွားရင်းနဲ့ တို့ဖိနပ်လေးပြတ်သွားတော့ချက်ချင်းပဲဖိနပ်ဆိုင်မှာဖိနပ်ပြေးဝယ်ပေးတယ်..
တို့မိဘတွေကအစသူ့ကိုဆို အရမ်းအရေးပေးကြတယ်...တို့အဖိုးဆိုရင်သူနဲ့တို့နဲ့ချက်ခ်ထိုးရင်သဘောတွေကျနေတတ်တာ...
ဘယ်သူနဲ့မဆိုပေါင်းတတ်သင်းတတ်တယ်ကွာ
..သူ့မှာချို့ယွင်းချက်ဆိုလို့တစ်ကောင်ကြွက်ဖြစ်နေတာလေးပဲရှိတယ်..သူ့လိုလူမျိုးကိုပဲတို့သေချာပေါက်ရွေးချယ်မှာ သူနဲ့တို့ရဲ့ကြားကဆက်ဆံရေးကပုံရိပ်ထင်တာထက်...ပိုလေးနက်တယ်"
မမလှိုင်၏စကားကိုနားထောင်ရင်းနဲ့မျက်ရည်၀ဲချင်လာ၍ ခေါင်းကိုငုံ့ထားကာလက်နှစ်ဖက်ကို
ယှက်ထွေးထားမိသည်။
ဆရာကမမရဲ့မိသားစုနဲ့ဒီလောက်တောင်ပဲရင်းနှီးတာလား။ရက်စက်လိုက်တာ။မမလှိုင်ရဲ့ရင်ထဲမှာဆရာ့ကိုလက်တွဲဖော်အဖြစ်ရွေးထားပြီးရးလျှက်နဲ့
ဘာကြောင့်ပုံရိပ်လိုကလေးသာသာလူတစ်ယောက်ဆီကနေအကြံဉာဏ်လာတောင်းသလိုလုပ်နေရတာလဲ။
မမလှိုင်ရဲ့ရည်ရွယ်ချက်ကဆရာဘေးနားမှာ
ပုံရိပ်တွယ်ကပ်မလာဖို့ပညာသားပါပါနဲ့သတိပေးချင်နေတာလား။
သေချာတာကတော့ ဘာရည်ရွယ်ချက်မှမရှိဘဲပုံရိပ်ကိုဒီလိုအသိပေးစရာအကြောင်းမရှိဘူး။
ငါတို့ဟာဆွေပြမျိုးပြဖြစ်ပြီးသားဖြစ်လို့ဆရာ့အနားမှာအရိပ်အယောင်င်လာပြမနေနဲ့ဟု
နှင်လွှတ်လိုက်သလိုပါပဲ။
"..ကျမကိုသွားခွင့်ပြုပါဦး..မမလှိုင်.."
မမလှိုင်၏ဘေးနားမှ ပုံရိပ်ထလာလိုက်သည်။
မမလှိုင်၏ စကားတွေကိုကြားနာဖို့အားအင်မရှိတော့ပါဘူး။
"တစ်ခုလောက်ထပ်ပြောချင်တယ်ပုံရိပ်
...ကိုနေကသူ့တပည့်တစ်ယောက်ကိုတော့လက်တွဲဖော်အဖြစ်ဘယ်တော့မှရွေးချယ်မှာမဟုတ်ဘူး..
ကိုနေကသူ့စည်းကိုသူပြန်ဖောက်မယ်လူမျိုးမဟုတ်ဘူး စိတ်ကစားတာမျိုးဖြစ်ခဲ့ရင်တောင်ဆင်ခြင်သင့်လို့....ဆင်ခြင်လိုက်ပါ..."
"..မမလှိုင်..အချို့စကားတွေကအားကြီးသူတွေအတွက်တော့..အောင်နိုင်မှုတစ်ရက်ဖြစ်ပေမယ့်အင်အားနဲသူတွေအတွက်တော့အရမ်းနာကျင်ရပါတယ်...မမလှိုင်ကအောင်နိုင်သူတစ်ယောက်ပါ...
ကျွန်မကပိုင်ရှင်ရှိပြီးသားပစ္စည်းတစ်ခုကိုအတင်းလုယူတတ်တဲ့မိန်းမစားမျိုးမဟုတ်ဘူး.."
"..တို့စကားတွေအရမ်းလွန်သွားရင်တောင်းပန်ပါတယ်..ဥပုဒ်နေ့ကြီးမှာမင်းကိုစိတ်ဆင်းရအောင်လုပ်မိပြီကွယ်...တို့ကိုမုန်းသွားပြီလား..."
"မမလှိုင်ကိုမမုန်းပါဘူး..မမလှိုင်မှာပြောပိုင်ခွင့်တွေအများကြီးရှိလို့ ပြောတာလို့ပဲသတ်မှတ်ပါတယ်...
ဒါပေမဲ့ မမလှိုင်ရဲ့ စကားတွေကပုံရိပ်ရဲ့သိက္ခာကိုထိခိုက်စေတယ်...
မျက်ရည်ကိုသုတ်ပြီးပုံရိပ်ထိုနေရာမှထထွက်လာခဲ့လိုက်သည်။နှလုံးသားထဲတွင်ဝမ်းနည်းမှုတွေဟာ
ပြည့်နှက်၍နာကျင်နေတုန်းပါပဲ။
ဒီနေ့ဟာ ပုံရိပ်၏အသည်းကွဲသောရက်ရာဇာနေ့ဖြစ်သည်။
သင်္ကြန်ရေစင်သည်လည်းပုံရိပ်ကိုအေးချမ်းစေမှာမဟုတ်တော့သလို တရားဘာဝနာသည်လည်းပုံရိပ်ကိုငြိမ်းချမ်းအောင်လုပ်နိုင်တော့မည်မဟုတ်ပေ။
ဆရာရယ်လို အခုကစပြီးဆရာနဲ့ဝေးရာအရပ်မှာပဲပုံရိပ်နေပါတော့မယ်။
🌹🌹🌹🌹🌹🌹🌹
"မမရေ...ဘာထပ်ဝယ်အုံးမှာလဲ..."
"အင်း..မုန့်တွေလည်းအကုန်၀ယ်ပြီးပြီဆိုတော့...
ပြန်ကြတာပေါ့..."
"မမကလည်း...မခု၀ယ်သွားတဲ့မုန့်တွေက...ဖွားညိုတို့စားပါ့မလား..အန်တီယဉ်တင့်တို့ကိုပိုက်ဆံအိတ်လေးဖြစ်ဖြစ် ဖိနပ်လေးဖြစ်ဖြစ်၀ယ်သွားပေးလိုက်ပြီးရောကို...."
"ဟဲ့...အန်တီယဉ်တင့်ကိုင်တဲ့ပိုက်ဆံအိတ်တွေက
သိန်းကိုဆယ်နဲ့ချီနေတာဟဲ့...ငါကအဲ့လောက်မတတ်နိုင်ဘူးလေဟာ...ဒီမုန့်တွေကိုအိမ်ကအလုပ်သမားတွေအတွက်၀ယ်တာပါ...ဖွားညိုတို့ကအကုန်၀ယ်နိုင်နေတဲ့ဥစ္စာ...ငါ့လက်ဆောင်တွေက
သူတို့အတွက်...အသုံးမှမလိုတာ...
ဒါပေမဲ့...လက်ဆောင်တော့ပေးရမှာပေါ့..
လက်ဆောင်ရရင်မပျော်တဲ့လူတော့ မရှိလောက်ပါဘူး.."
"မမနေခြည်တို့အတွက်ကရော..."
"မပါဘူး...သူတို့ကအမြဲတမ်းခရီးထွက်နေတဲ့လူတွေလေ..ဟိုတစ်ခါပုဂံကိုသွားတောကတောင်
ငါ့အတွက်ဘာပါလို့လဲ..သူတို့တောင်မပေးတာ...
ငါလည်းဘာပေးစရာလိုသလဲ...ဟဲ့ဟိုမှာ..ဟိုပဝါလေးလှတယ်နော်...ဖွားညိုအတွက်၀ယ်သွားအုံးမယ်..."
ဆိုင်ထဲသို့ ပြေး၀င်သွားသော မမကိုကြည့်၍ပိစိမပြုံးလိုက်မိပါသည်။
ပါးစပ်ကတော့ မ၀ယ်ဘူးဆိုပြီးဇွတ်ငြင်းနေပေမဲ့
ပိစိမ၏လက်ထဲမှာရော မမ၏လက်ထဲမှာပါအထုပ်တွေကမနည်းမနောဖြစ်နေသည်။
ဈေးတွင်းထဲမှာပင် တစ်ဆိုင်၀င်တစ်ဆိုင်ထွင်နှင့်အထုပ်တွေသယ်ရတာလည်း လက်တွေညောင်းနေလေပြီ။
"မမရယ်...တော်ပါတော့..မ၀ယ်ပါနဲ့တော့နော်..."
"နင်ကလည်းခဏလေးပါ...ဒါလေးကိုငါကြိုက်လို့...ဘုရားသွားကျောင်းတက်ရင်ဖွားညိုနဲ့သိပ်လိုက်မှာဟ...ဒေါ်လေးအတွက်ပါတစ်ခု၀ယ်သွားလိုက်မယ်..."
"၀ယ်ပါရှင်...၀ယ်ပါ...ပြီးရင်ဒီအထုပ်တွေမဆန့်မပြဲနဲ့...ဘယ်လိုပြန်ရမလဲမသိဘူး..."
"နင့်ကိုဆိုက်ကားငှားပြီး အထုပ်တွေနဲ့အရင်ပြန်လွှတ်လိုက်မယ်လေ...ငါကတော့အသုပ်ဆိုင်မှာ၀င်စားအုံးမှာမို့ လမ်းလျှောက်ပြီးပြန်လာခဲ့လိုက်မယ်.."
"ဒီလိုကြေးလား...သူပဲစားမယ်ပေါ့..."
"အမယ်လေး...ညနေကြရင်...မုန့်တီသွားသောက်ကြမယ်လေ...အစ်မကြီးကိုကျွန်မချော့ပါ့မယ်ရှင်...
ကဲ..ကဲ..၀ယ်တာတွေလည်းတော်တော်များနေပြီဆိုတော့ တော်လောက်ပြီ...ပြန်ကြတာပေါ့..."
"ဟင်း...တော်ပါသေးရဲ့..."
မမသည် ပဝါဆိုင်မှာအညိုထည် ပုဝါလှလှလေးကို၀ယ်လိုက်ပြီးနောက် ပိုက်ဆံရှင်းလိုက်ကာ
အထုပ်တွေ တသီကြီးဆွဲ၍ ဈေးထဲမှထွက်လာလိုက်သည်။ပိစိမသည်လည်း အနောက်မှအထုပ်တွေဆွဲကာ လိုက်လာမိရင်းမှ ဆိုက်ကားဂိတ်သို့ရောက်သောအခါ မမကသူပြောခဲ့တဲ့အတိုင်း ဆိုက်ကားတစ်စီးကိုငှားပြီး အထုတ်တွေကိုတင်နေလေတော့သည်။
"မမ..တကယ်ကြီးလား...သမီးတစ်ယောက်တည်းအိမ်ကိုပြန်ရမှာလား...မမကိုစိတ်မချဘူးနော်..."
"ဒီနေရာတွေကို ငါအမြဲလာနေကြပါဟယ်...
ကိုယ့်ရပ်ကွက်ထဲမှာတော့ ကိုယ်လမ်းမပျောက်ပါဘူး...အိမ်နဲ့ဈေးက ဘယ်လောက်ဝေးတာမှတ်လို့....
ဆိုက်ကားဆရာရေ...ဆိုက်ကားခပါပေးလိုက်ပါ့မယ်...."
ပုံရိပ်လည်း ဆိုက်ကားခရှင်းပေးပြီးတာနှင့်
လမ်းကူးလိုက်ပြီး တာလမ်းမကြီးအတိုင်းလျှောက်လာလိုက်ကာ ကြာဇံသုတ်နှင့်တုတ်ထိုးစားဖို့ရန် အသွားတုန်းကတွေ့ခဲ့သော ဆိုင်လေးကိုရှာနေမိလေသည်။
"ဟေ့...ချွတ်...ချွတ်..."
"ဟေ့...ဆံပင်ရှည်လေးနဲ့..အဝါရောင်လေး...."
အနောက်ဘက်မှ ခေါ်သံကြား၍လှည့်ကြည့်လိုက်မိတော့ ကောင်လေးသုံးယောက်က ပုံရိပ်ကိုလှမ်းစပြီး အနောက်မှလိုက်နေကြလေသည်။
"အရမ်းလှတယ်ကွာ..."
"တောက်!!!!!"
တက်ခေါက်ကာ..အံကြိတ်လိုက်ပြီးခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းနေမိသည်။
ထိုစဉ်တေလေကြမ်းပိုးတွေက ပုံရိပ်၏ဘေးနားမှာကပ်ပြီး အရည်မရအဖက်မရစကားတွေနှင့် ဖွန်လာကြောင်နေလေတော့သည်။
ပိုးစိုးပက်စက်ပြောလွှတ်လိုက်ချင်ပေမဲ့ အန္တရာယ်ပေးမှာလည်း ကြောက်ရသေးသည်။
ဘယ်လောက်ပဲ သတ္တိရှိပါသည်ဆိုစေအုံး
သုံးယောက်နှင့်တစ်ယောက်ဖြစ်နေတော့ စိတ်ကိုမနည်းထိန်းချုပ်နေရသည်။
သူတို့ဘာသာ ပြောချင်တာပြော ကိုယ်သွားစရာရှိတာကိုပဲ အာရုံစိုက်နေလိုက်သည်။
အသားကို လာထိရင်တော့ပါးရှစ်စိပ်ကွဲအောင်ကို ချပစ်လိုက်မယ်။
"ဟေ့ကောင်...ညီမလေးတွေကမမတွေထက်ပိုဆွဲဆောင်မှုရှိတယ်နော်..."
"ဟုတ်ပါ့ကွာ...ညီမလေးရဲ့နာမည်လေးကဘယ်လိုခေါ်လဲဟင်..."
"ဟွာကွာ...မာနကြီးလိုက်တာ နာမည်လေးတော့ပြောပြပါလားကွာ..."
.............
"သနပ်ခါးလေးနဲ့ သိပ်လှတယ်သိလား..."
"ငါတော့မွှေးချင်တာပဲ သိတယ်....."
"ရှင်တို့ မမိုက်ရိုင်းနဲ့နော်...ကိုယ့်လမ်းကိုယ်သွားကြ.."
"ကိုယ့်လမ်းကိုယ်သွားနေတာပဲလေ...ဒီလမ်းကညီမလေးရဲ့ အမေပိုင်တဲ့လမ်းမို့လို့လား..."
"ဟား...ဟား....ပြောတတ်တယ်သားကြီးရာ..."
ဒီလူတွေကို စကားတုပြောနေရင် ရှေ့ဆက်ပြီးပြဿနာတွေ အကြီးအကျယ်ဖြစ်နိုင်တာကြောင့်
ကြာဇံသုပ်ဆိုင်ကိုလည်း သွားဖို့စိတ်မကူးတော့ပဲ ဆိုက်ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ်ငှားဖို့သာ
တွေးလိုက်သည်။
ထိုစဉ် ပုံရိပ်တို့ဘက်သို့ လာနေသောဆိုင်ကယ်
တစ်စီးကို တွေ့လိုက်ရ၍အားတက်သွားမိလေသည်။
ဆိုင်ကယ်စီးလာသော သူမှာဆရာနေမျိုးဖြစ်ပြီး
ပုံရိပ်ကိုတွေ့သည်နှင့် လမ်းချိုးထဲသို့ကွေ့၀င်တော့မည့်ဆဲဆဲမှ ပြန်လှည့်လာခြင်းဖြစ်သည်။
"ပုံရိပ်....ဒီကိုလာခဲ့...အိမ်ကိုပြန်လိုက်ပို့ပေးမယ်..."
"ဟုတ်ကဲ့..."
ပုံရိပ်လည်း ငြင်းမနေတော့ပဲ ဆရာ့ဆိုင်ကယ်နောက်သို့ စွေ့ခနဲတက်လိုက်မိလေသည်။
ဟိုငနဲသုံးကောင်ကတော့ ယောင်လည်လည်နှင့်
ပြန်ထွက်သွားတော့သည်။ထိုအခါမှသာ ပုံရိပ်လည်း သက်ပြင်းချလိုက်ပြီး ကြောက်စိတ်ကိုထိန်းနေရသည်။ခုတလောသတင်းတွေထဲမှာ ရာဇ၀တ်မှုတွေကခဏခဏ ပါနေတော့ နည်းနည်းလန့်နေမိသည်။သူတို့မှာကိုယ့်ကို ဒုက္ခပေးဖို့လက်နက်ပါမလာဘူးလို့ မပြောနိုင်ပေ။
"ဆရာ...ဒီနေရာမှာပဲ ဆိုင်ကယ်ရပ်လိုက်ပါ...
သမီးဒီမှာပဲ ဆင်းခဲ့လိုက်မယ်...."
ဆရာ့နောက်ကျောနားကို နည်းနည်းကပ်ပြီးပြောလိုက်တော့ ဆရာသည်ချက်ချင်းဆိုင်ကယ်ကို
ရပ်လိုက်လေသည်။ပုံရိပ်လည်း ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ပြီး ဆရာ့မျက်နှာကိုမဝံ့မရဲကြည့်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်ဆရာ...ဆရာနဲ့သာမတွေ့ရင်..
အဲ့လူတွေလိုက်ပြီး နှောက်ယှက်တာကိုခံနေရမှာ...
ဆရာ သွားစရာရှိတဲ့နေရာကိုသာသွားပါ...သမီးဒီမှာပဲ ဆင်းနေခဲ့လိုက်ပါ့မယ်..."
"ဘာလို့နေခဲ့မှာလဲ....အိမ်အထိလိုက်ပို့ပေးမယ်လေ..."
"နေပါစေဆရာ...သမီးဒီကနေလမ်းလျှောက်သွားလိုက်ပါတော့မယ်...."
"နောက်တစ်ခါ အပြင်သွားရင်တစ်ယောက်တည်း
မသွားနဲ့..."
"ဟုတ်ကဲ့...."
မျက်နှာကို ခပ်တည်တည်ပုံစံဖမ်းလိုက်ပြီး
ဆရာ့ဆိုင်ကယ်ကို လွန်ကာမြန်မြန်လမ်းလျှောက်လာလိုက်သည်။ဆရာနဲ့ မျက်နှာချင်းမဆိုင်ပါရစေနဲ့။အခြားသူတွေကို အားမနာစွာငြင်းပယ်တတ်ပေမဲ့။ဆရာ့ရှေ့မှာဆိုရင် ပုံရိပ်ဟာဦးကျိုးပြီးသား
ဖြစ်နေတတ်လို့ပါ။ဆရာ့အသံလေးကို ကြားလိုက်ယုံနဲ့ ငိုချင်နေမိတယ်။ခွဲရတော့မယ်ဆရာရယ်။
ကျွန်မတစ်ယောက်တည်းရဲ့ တစ်ဖက်သတ်ဇာတ်လမ်းလေးကို ၀မ်းနည်းစရာဇာတ်သိမ်းပြီး
ခွဲရပါတော့မယ်။
"ဆရာက ငါ့အပေါ်မှာတကယ်ကို ဘာခံစားချက်မှ
မရှိတာပါလား..."
ဆိုင်ကယ်လေး ပုံရိပ်အနောက်သို့လိုက်လာပါစေဟု ဆုတောင်းခဲ့ပေမဲ့။ဆုတောင်းတွေမပြည့်ခဲ့ပါဘူး။ဆိုင်ကယ်လေးဟာ ပုံရိပ်ကိုကျောခိုင်းလျှက်
လမ်းချိုးတစ်ခုထဲသို့ ချိုးကွေ့၀င်သွားခဲ့လေပြီ။
ထိုနေရာမှာ ခဏလောက်မိုက်ရူးရဲဆန်စွာ ရပ်စောင့်နေမိပေမဲ့ ဆရာ့ဆိုင်ကယ်လေးက လုံး၀အစအနတောင်မမြင်ရတော့ပေ။
ဆရာသာ နောက်တစ်ခွန်းလောက်ထပ်ခေါ်ခဲ့ရင်
ပုံရိပ်၀မ်းသာမိပြီး ဆရာ့ဆိုင်ကယ်နောက်ကနေပြန်လိုက်မိမှာပါပဲ။
"ဒီညကိုကျော်လွန်သွားခဲ့ရင် ဝေးရပြီဆရာရယ်...
နောက်ထပ်ဆုံချိန်လေးက ပိုလို့ဝေးပြီပေါ့...
သူများတွေအတွက်တော့...နှစ်ဆန်းတစ်ရက်နေ့ဆိုတာ...မင်္ဂလာရှိတဲ့နှစ်သစ်အချိန်အခါလေးဖြစ်ပေမဲ့
ပုံရိပ်အတွက်တော့...၀မ်းနည်းမှုတွေနဲ့အိမ်ပြန်ရတဲ့အချိန်တစ်ခုဖြစ်နေပါလိမ့်မယ်...."
အခန်း(၄၇)ဆက်ရန်
🌹🌹🌹🌹🌹🌹🌹
အခြားသူတွေကို အကုန်ချေချခဲ့သမျှ ဆရာ့ကိုတော့မချေနိုင်တော့ပါလား....
=========================================================================
🌹ဆူးႀကိဳး(အခန္း၄၆)🌹
"ေဒၚေလးေရ..ထမင္းခ်ိဳင့္ေတြထၫ့္ၿပီးသြားၿပီ .."
"ဟဲ့..ထမင္းခ်ိဳင့္ကဘာလုပ္ဖို႔ထၫ့္တာလဲ.."
"ဟာ..ဒီေန့ဘုန္းႀကီးေက်ာင္းမွာတစ္ေနကုန္ေနမွာမဟုတ္ဘူးလား..."
"ဟယ္..ပံုပံုကေတာ့လုပ္ၿပီ ပိစိမကလည္းေျပာျပထားတာကိုမတားဘူးလား..…ေက်ာင္းဆင္းဥပုဒ္ပဲေစာင့္မွာေလ..ကေလးေတြနဲ႔ေက်ာင္းမွာတစ္ေနကုန္ေနလို႔ဘယ္ျဖစ္မွာလဲ..."
ေဒၚေလးသည္ပိစိကိုတစ္လွၫ့္ပံုရိပ္ကိုတစ္လွၫ့္ၾကၫ့္၍ ဥပုဒ္သြားေစာင့္ခါနီးေတာင္ဆူေနေလေတာ့သည္။အစကေတာ့သႀကၤန္အတက္ေန့မို႔ေက်ာင္းမွာ သံုးနာရီ၊ေလးနာရီေလာက္အထိေနမည္ဟုစဉ္းစားထားခဲ့တာပါ။
အခုေတာ့ဟိုဂ်ိဳေလးႏွစ္ေကာင္ေၾကာင့္ပ်က္ေလၿပီ။
"အဲဒါဆိုလည္း..အိုးထဲကိုပဲျပန္ထၫ့္လိုက္ေတာ့မယ္...သမီးတို႔ကဥပုဒ္ေစာင့္ေတာ့ကေလးေတြကဘယ္လိုလုပ္မွာလဲ
"..ေက်ာင္းကိုပဲေခၚသြားရေတာ့မွာေပါ့..
အမယ္ေလး...သူတို႔လည္းဥပုဒ္ေစာင့္တတ္ပါတယ္
..တရားနာတဲ့အခ်ိန္ၾကရင္သူ႔အလိုလိုၿငိမ္ေနၾကလိမ့္မယ္..ဒါေပမယ့္တစ္ေနကုန္ေတာ့ေနလို႔ရမွာမဟုတ္ဘူး.."
"ဟုတ္ကဲ့ပါ..အဲဒါဆိုလည္းအိုးထဲကိုဟင္းေတြအကုန္ျပန္ထၫ့္လိုက္ေတာ့မယ္.."
ခ်ိဳင့္ထဲသို႔ထၫ့္ၿပီးသားဟင္းေတြ၊ထမင္းေတြကို
အိုးထဲသို႔ျပန္ထၫ့္ေနရေသာအခါ ပိစိမသည္ေဘးမွာတစ္ခစ္ခစ္ႏွင့္ထိုင္ရယ္ေနေလေတာ့သည္။
"ဘာရယ္တာလဲ.."
"..ေအာ္..တို႔မမကဘာေၾကာင့္ဘုန္းႀကီးေက်ာင္းမွာတစ္ေနကုန္ေနခ်င္သလဲဆိုတာသိေနလို႔ေပါ့..."
"..ပိစီမေနာ္ငါ့ကိုရန္လာမစနဲ႔ဥပုဒ္ေန့ႀကီးကိုေက်ာင္းမွာတစ္ေနကုန္ေနခ်င္မွေတာ့ ကုသိုလ္လိုခ်င္လို႔ေပါ့..တစ္ျခားဘာျဖစ္ႏိုင္ဦးမွာလဲ..."
"..အဲ့တာေတာ့ကိုယ့္ဘာသာကိုယ္အသိဆံုးေနမွာေပါ့.."
"သိခ်င္ဦးဟယ္.."
"အာ့..ဟာ..ဥပုဒ္သည္ႀကီးကလည္းေဒါသႀကီးပဲေဟ့"
"..ေအးဒါကလက္ဆစ္ပဲရိွေသးတယ္..ေနာက္တစ္ခါဆိုရင္ေယာက္မစာမိမယ္..*
"ဟဲ...ဟဲ..စတင္ဟာကို..မမကလည္းစိတ္ႀကီးပဲ."
ပိစိမနဲ႔တစ္ပဲြတစ္လမ္းႏႊဲလိုက္ၿပီးေနာက္
ေယာဂီဝတ္စံုကိုလဲဝတ္လိုက္ၿပီးဘုန္းႀကီးေက်ာင္းသို႔မိသားစုလိုက္ထြက္လာမိၾကေလသည္။
ေရပက္ေနၾကေသာ ကေလးေတြလည္းရိွေနၾက
သလို႔ ပံုရိပ္တို႔နည္းတူ ဥပုဒ္ေစာင့္လိုသူေတြကလည္း မနည္းေပ။
"ရွင္းသန႔္ေက်ာင္းကိုသြားမလို႔လား..."
"..ဟုတ္တယ္အစ္မရဲ့အရင္ေန့ကေတာ့ဓမၼာရံုမွာပဲေစာင့္ေပမယ့္..ဒီေန့ေတာ့ဘုန္းႀကီးေက်ာင္းမွာသြားၿပီးဥပုဒ္ေစာင့္မလားလို႔...*
"..ဟုတ္လား..ဒါဆိုအတူသြားၾကတာေပါ့..
တို႔သားအမိေတြလည္းေက်ာင္းမွာပဲသြားေစာင့္မွာေလ..."
ေခါင္းရင္းအိမ္မွဦးလင္းေခတ္၏အေမကအေဖာ္စပ္ေနျပန္ေတာ့ သူ႔တို႔သားအမိႏွစ္ေယာက္ရယ္ ပံုရိပ္တို႔ငါးေယာက္ရယ္နဲ႔ေပါင္းၿပီးဥပုဒ္ေက်ာင္းသို႔တစ္အံုတမႀကီးသြားၾကရေလေတာ့သည္။
မသိလ်ွင္ပဲြေစ်းတန္းကိုသြားေနရသလိုပါပဲ။
"ပံုရိပ္..ဟိုတစ္ေန့ကကိစၥကိုအစ္ကိုေတာင္းပန္ပါတယ္ေနာ္..."
အေဒၚႀကီးႏွစ္ေယာက္သည္အေရ႔ွမွ
ေကာ့ေတာ့ေကာ့ေတာ့ႏွင့္သြားေနၾက၍အေနာက္မွာကေလးထိန္းရင္းလိုက္ေနရေသာပံုရိပ္၏အနားသို႔ဦးလင္းေခတ္ကေရာက္လာၿပီးစကားေတြလာေျပာေနေလေတာ့သည္။
"ကိုယ့္ကို..စကားေလးတစ္ခြန္းေလာက္ေတာ့ျပန္ေျပာပါဦးကြာ..ဟိုတစ္ေန့ကကိစၥနဲ႔ပတ္သက္ၿပီးကိုယ္တကယ္ေတာင္းပန္ပါတယ္.."
"..ဘယ္တစ္ေန့ကကိစၥကိုလာေျပာေနတာလဲ.."
"..ဟိုသႀကၤန္လည္တဲ့ေန့ကေလ..ဖက္လိုက္မိတဲ့ကိစၥ"
"ၿပီးသြားၿပီပဲဥစၥာအစျပန္ေဖာ္မေနနဲ႔ေတာ့..."
"..ျပန္မေဖာ္လို႔မရဘူးကြာ..အစ္ကို႔ဘက္ကေန
စည္းမေစာင့္သလိုျဖစ္သြားခဲ့တာေလ...*
"..ေတာ္ပါေတာ့..အဲ့ကိစၥနဲ႔ပတ္သက္ၿပီးျပန္မေျပာပါနဲ႔ေတာ့..ကၽြန္မဘာမွထပ္မၾကားခ်င္ေတာ့ဘူး.."
"ဟာ..ဒါဆိုရင္ပံုရိပ္အစ္ကို႔အေပၚမွာစိတ္ကြက္ေနေသးတာပဲ...ကိုယ္ေတာင္းပန္ပါတယ္ကြာ...
ကိုယ့္အမွားေတြပါ..ပံုရိပ္ရဲ့ခြင့္ျပဳခ်က္မရဘဲ
လုပ္လိုက္မိတယ္ဆိုတာကကိုယ္ပံုရိပ္ကိုသေဘာက်ေနမိလို႔ပါ...."
"..ရွင္ဘာစကားေျပာလိုက္တယ္..ရွင္ေတာ္ေတာ္
လူေပါင္းဝတာပဲ...ဥပုဒ္ေန့ႀကီးမွမေရွာင္.."
"..အစကေတာ့အခ်ိန္တစ္ခုယူဦးမလို႔ပါပဲ..ပံုရိပ္ကမႏၲေလးကိုမနက္ျဖန္ျပန္ရေတာ့မွာဆိုေတာ့
အခ်ိန္ထပ္ဆဲြေနရင္ သူမ်ားေနာက္ကိုပါသြားမွာေပါ့.."
"..ဘာဆိုင္လို႔လဲ..ရွင္ဘာသာႏွစ္တစ္ေထာင္မကလို႔ႏွင့္တစ္ေသာင္းေလာက္အခ်ိန္ဆဲြၿပီးေျပာလည္းကၽြန္မအေျဖကေတာ့NOပဲ..."
"ဟာ...ျပတ္သားလွခ်ည္လား..."
"..ဟုတ္တယ္ခပ္ျပတ္ျပတ္ပဲဘာျဖစ္လဲ.."
ပံုရိပ္သူ႔ကိုမ်က္ေစာင္းထိုးလိုက္ၿပီး
ကေလးႏွစ္ေယာက္၏လက္ကိုဆဲြကာခပ္ျမန္ျမန္ေလ်ာက္မိေတာ့ေဘးကေနထပ္ၾကပ္မကြာလိုက္လာျပန္တယ္။ဒီေလာက္ျငင္းထားတာေတာင္မ်က္ႏွာပိုးမသတ္ႏိုင္ေသးေသာသူ႔ကိုျမင္ျပင္းကပ္လာမိသည္။
ကေလးေတြေတာင္အသံထြက္လာၾကသည္အထိပင္...
"မႀကီးေရ..သားေမာေနၿပီေနာ္...*
"..ေအးေဟ့..နင္တို႔ဘိုးေအကရည္းစားစကားလိုက္ေျပာေနလို႔ျမန္မွရမယ္...နင္တို႔ကိုေစာင့္ေခၚေနရလို႔ငါဒီလိုေနွးေနွးေလးေလ်ွာက္ေနရတာ...
အားလံုးနင္တို႔ေၾကာင့္ ဥပုဒ္ေန့ႀကီးကိုကုသိုလ္မရပဲငရဲျပည္ကို ေဇာက္ထိုးျပဳတ္က်ေတာ့မယ္..."
"..ပံုရိပ္ကိုယ့္ကိုေစာင့္ပါဦးကြာ.."
"..လာျပန္ၿပီ..ရွင့္ကိုမႀကိဳက္ပါဘူးလို႔ဘယ္ႏွစ္ခါေျပာရမလဲ.."
"..အခါတစ္ရာေျပာလည္း..ကိုယ္ကလံုးဝလက္မေလ်ွာ့ဘူး..."
"ေသလိုက္...အဲ့မွာ...လဲေသလိုက္ေတာ့..
သႀကၤန္ရက္ႀကီးမွာအကုသိုလ္မျဖစ္ခ်င္ဘူးေနာ္.."
"လဲြပါေစကြာ..သူမ်ားရဲ့ဆႏၵကိုျဖၫ့္ေပးတာဘယ္ေလာက္ျမတ္သလဲ..ယူတတ္ရင္ကုသိုလ္ေတာင္ရပါေသးတယ္..."
"..စဉ္းစားေလ..ရွင့္ကိုျပန္ႀကိဳက္ၿပီးကုသိုလ္ယူမယ့္အစား..ငရဲျပည္မွာပဲဂ်ိဳးကပ္ခံလိုက္ေတာ့မယ္..
ရွင့္ကိုေတာ့အဖန္ငါးရာ၊ငါးကမ႓ာငရဲခံၿပီးလည္း
ျပန္ႀကိဳက္မွာမဟုတ္ဘူး..."
"ဘာေၾကာင့္ကိုယ့္ကိုအဲ့ေလာက္ေတာင္ခါးခါးသီးသီးျဖစ္ေနရတာလဲကြာ..မင္းမွာခ်စ္သူေတြဘာေတြရိွေနလို႔လား...ကိုယ္ကေတာ့မင္းကို
စေတြ့ကတည္းကသေဘာက်ၿပီးခ်စ္မိခဲ့တာ....
ညတိုင္းမင္းအေၾကာင္းပဲေတြးေနမိခဲ့တာ
ကိုယ့္အိပ္မက္ထဲမွာေတာင္မင္းကိုထၫ့္မက္မိတဲ့အထိပဲ..."
"...အဲဒါကရွင့္ကိစၥေလ.."
"..ကိုယ္သိပါတယ္ကြာ...မင္းကအရမ္းငယ္ေသးေတာ့အခ်စ္နဲ႔ပတ္သက္ၿပီး သိပ္မခံစားတတ္ေသးဘူးဆိုတာ..ကိုယ္သိပ္သိတာေပါ့..
ဆရာတစ္ေယာက္လုပ္ေနၿပီးဆယ္ေက်ာ္သက္ေလးကိုမွခ်စ္မိတဲ့အတြက္ကိုယ့္ကိုယ္ကိုယ္လည္းအျပစ္ရိွတယ္လို႔ခံစားရပါတယ္..ဒါေပမယ့္မင္းကိုေတြ့လိုက္ရတိုင္းကိုယ့္ရင္ထဲမွာပူေလာင္လာတယ္..
အျခားသူေတြမင္းကိုသေဘာက်သြားမွာကို
မလိုလားဘူး..မင္းကအရြယ္ငယ္ေသးသလိုလွလြန္းအားႀကီးေတာ့..ကိုယ္စိတ္လည္းမခ်ဘူး..
ဒါေၾကာင့္ကိုယ့္ခံစားခ်က္ကိုေစာေစာဝန္ခံလိုက္တာပါ..ကိုယ္မင္းကိုသိပ္ခ်စ္တယ္ကေလး..
မင္းဘယ္ေလာက္ဆိုးဆိုး..ကိုယ္သည္းခံေပးမွာပါ..မင္းကိုယ့္ကိုသေဘာက်ေပးဖို႔ျပန္ေတြးၾကၫ့္ပါလားဟင္..."
"ထြန္းကို..မိစုကိုလက္တဲြၿပီးေဒၚေလးတို႔ဆီမွီေအာင္ေျပးလိုက္သြားစမ္း..."
ေဒၚေလးတို႔ကလမ္းထိပ္နားေလာက္အထိေရာက္ေနၿပီမို႔ပံုရိပ္လည္းကေလးေတြကိုလက္တဲြၿပီးေျပးခိုင္းလိုက္သည္။ကေလးေတြေရ႔ွမွာစကားမေျပာခ်င္တာလဲပါသည္။ပံုရိပ္သူကိုျငင္းဆန္ေနေပမယ့္သူကလက္မခံေတာ့ခက္ေနေလၿပီ။
တစ္ဖက္သတ္အခ်စ္ဆိုတာကို ကိုယ္လည္းခံစားေနရေသာေၾကာင့္ နားလည္ေပးႏိုင္ေပမယ့္ခံစားခ်က္ဆိုတာႏွစ္ဦးႏွစ္ဖက္ညီမ်ွမွသာသာယာနာေပ်ာ္ဖြယ္ျဖစ္မွာေပါ့။အခုေတာ့ပံုရိပ္ထက္အသက္မ်ားစြာႀကီးေနပါလ်က္ႏွင့္ပံုရိပ္ျငင္းဆန္ေနတာကို
သူလံုးဝလက္မခံဘူးျဖစ္ေနသည္။
အဲဒါကတစ္ကိုယ္ေကာင္းဆန္လြန္းေနျခင္းပင္။
"..ဒီမွာဆက္ေက်ာ္သက္အရြယ္ဆိုေပမယ့္..
ကၽြန္မ..မႀကိဳက္ႏိုင္လို႔မႀကိဳက္ဘူးလို႔ေျပာတာေလ
ကၽြန္မကကိုယ့္ခံစားခ်က္ကိုကိုယ္မသိရေအာင္..
ရူးေနတာမွမဟုတ္ပဲ...ဦးလင္းေခတ္ကိုကၽြန္မ
မခ်စ္ႏိုင္ရံုတင္မဟုတ္ဘူး..တစ္စက္မွကိုႀကိဳက္လို႔မရတာ စေတြ့တည္းကအျမင္ကပ္ေနတာ..
အခုထိပဲ..အဲ့ေလာက္ဆိုရင္ကၽြန္မရဲ့သေဘာထားကိုကဲြကဲြျပားျပားသိေလာက္ပါၿပီေနာ္.."
"..ဒါဆိုရင္သႀကၤန္လည္ေတာ့..ကိုယ္ဖက္လိုက္မိတဲ့ကိစၥကိုဘာေၾကာင့္မေပါက္ကဲြခဲ့တဲ့အျပင္ျပန္ၿပီးေတာ့ေတာင္ အားလံုးကိုျဖန္ျဖည္တဲ့စကားေတြေျပာခဲ့ရတာလဲ.."
"ေအာ္...ရွင္အထင္လဲြေနတာဒါေၾကာင့္ကို
..မသိရင္မွတ္ထား..အဲ့ေန့ကကၽြန္မျပႆနာမရွာခဲ့တာက ဆရာေနမ်ိဳးေၾကာင့္ပဲ...ဆရာနဲ႔ျပႆနာေတျြဖစ္ရင္ကၽြန္မေၾကာင့္မ်က္ႏွာပ်က္ေစရာေတြ
ျဖစ္ကုန္မွာစိုးလို႔ၿငိမ္ေနခဲ့တာကို အေကာင္းမွတ္ေနတာလား...ကၽြန္မကကိုယ့္အသားကိုမၾကည္ျဖဴပဲ..
လာထိကိုင္ရင္ အေသမုန္းတတ္တဲ့လူပဲ..."
ကၽြန္မမုန္းတဲ့အထဲမွာရွင္ပါေနတယ္ဆိုတာေတာ့ေသခ်ာတယ္..."
"..မင္းတကယ္ေျပာေနတာလား..ကိုယ့္ရုပ္ရည္
ကိုယ့္အေနအထားကိုလက္ခံခ်င္တဲ့လူေတြမွတစ္ပံုႀကီးပဲ...မင္းကကိုယ့္ကိုပထမဆံုးျငင္းတဲ့လူပဲ.."
"ေအာ္..ကၽြန္မကျပန္ၿပီးဂုဏ္ယူေနရမလိုျဖစ္ေနပါေရာလား...ဒီေလာက္ဆိုရင္
ဦးလင္းေခတ္ဟာ ရည္းစားေတြမိႈလိုေပါက္ခဲ့တဲ့
စားဘဲႀကီးဆိုတာရိပ္မိလိုက္ပါၿပီ...
ကိုယ့္ကိုယ္ကိုယ္သိပ္အထင္ႀကီးတာပဲေနာ္...
သြားခ်င္တယ္ဆိုရင္ေတာ့လမ္းၫႊန္ေပးလိုက္ပါ့မယ္...အရူးေထာင္ကဟိုဘက္မွာ.."
"ငါမင္းထက္ႀကီးတယ္ေနာ္..မင္းမခန႔္ေလးစားေျပာေနတာကိုနားေထာင္ေကာင္းလို႔နားေထာင္ေနတယ္
မထင္နဲ႔.."
"ေအာင္မာ...သူကမ်ား..အဲလိုေျပာရေၾကးဆိုရင္ကၽြန္မကလည္းရွင့္ထက္ငယ္တယ္ေနာ္...
အလိုမတူဘဲျငင္းဆန္ေနရင္ေနာက္ဆုတ္ရမွန္း
ရွင္သိသင့္တယ္...
..ရယ္ေတာ့ရယ္ရသားပဲ..ခုနကေတာ့မင္းဆိုးသမ်ွသည္းခံပါမယ္တဲ့အခုၾကေတာ့ေဒါသေတြလိွမ့္ထြက္ေနလိုက္တာ...အမ်ိဳးမ်ိဳးတတ္ႏိုင္တယ္ေနာ္ရွင္တဲြခဲ့ဖူးတဲ့မိန္းမေတြလို..အလကားရမယ္ထင္ၿပီးလာမႀကံနဲ႔..ကၽြန္မကေပါေပါပဲပဲမိန္းမမဟုတ္ဘူး
ရွင့္အဆင့္အတန္းကဘာျဖစ္ျဖစ္ဂရုမစိုက္ဘူး
ရွင္းလား..သႀကၤန္မွာအကုသိုလ္လားမေပးနဲ႔...
ကိုယ့္ကိုကိုယ္ေက်ာင္းဆရာဆိုတာလည္းသတိရဦး.."
အံႀကိတ္သံႀကီးနဲ႔ေျပာခဲ့လိုက္ၿပီးေျခေစာင့္ကာျမန္ျမန္ထြက္လာခဲ့လိုက္သည္။ ပိစိမသည္လည္းပံုရိပ္ဆီသို႔ျပန္လွၫ့္လာကာဟိုလူႀကီးနဲ႔ဘာေတြေျပာေနသလဲဟုေမးေပမယ့္ ပံုရိပ္ကေတာ့တစ္ခြန္းမျွပန္မ ေျဖခဲ့ေပ။ေသခ်ာတာကေတာ့ဒီလူႀကီးဟာ
ဦးသက္ေဆြၿပီးလ်ွင္ပံုရိပ္အမုန္းဆံုးလူပဲ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဆယ့္တစ္နာရီထိုးေလာက္အထိ ဥပုဒ္ေစာင့္ကာ ေက်ာင္းမွာေနခဲ့ေပမဲ့ တစ္မနက္ခင္းလံုးဆရာ့ကိုအရိပ္အေယာင္ေတာင္ မေတြ့ရေပ။
ဦးလင္းေခာတ္သည္လည္း သူ႔အေမႏွင့္သာယွဉ္၍ ထိုင္ေနၿပီး ပံုရိပ္၏အနားသို႔ ကပ္မလာေတာ့ေပ။
ေက်ာင္း၀န္းႀကီးတစ္ခုလံုးသည္လည္း ဥပုဒ္သည္ေတြႏွင့္သာ ျပၫ့္ႏွက္ေနၿပီး ေက်းငွက္သံေတြႏွင့္ဆည္းလည္းသံေတြကိုသာ ၾကားေနရေလသည္။
တိတ္ဆိတ္ၿငိမ္းေအးလြန္းေသာေၾကာင့္ ဝါးနက္ပင္မ်ားအနီးရိွ ခံုတန္းေလးတြင္သြားထိုင္ကာ ပုတီးစိပ္ေနလိုက္သည္။
"မမေရ..ငါးစာသြားကၽြေးရေအာင္..."
"ေအး..လာခဲ့မယ္.."
ပိစိမသည္ကေလးႏွစ္ေယာက္ကို လက္ဆဲြကာ
ေခၚေနသျဖင့္ ပံုရိပ္လည္းသူတို႔ရိွရာကန္ဘက္အျခမ္းသို႔ သြားလိုက္သည္။ကေလးေတြဆီမွေပါင္မုန႔္ေျခာက္ႏွင့္ေပါက္ေပါက္ေတြကိုခဲြယူကာ
ငါးႏွင့္လိပ္ေတြကိုအစာကၽြေးလိုက္သည္။
"ဟဲ့...ဟိုမွာၾကၫ့္စမ္း..ပါးဟပ္ႀကီးနဲ႔ ငါးကအႀကီးႀကီးပဲ .."
"ကိုႀကီး..ဟိုမွာလိပ္ေလးေတြ့လား.."
"ေအးဟ..ေရထဲကိုျပန္ငုတ္သြားၿပီ..တို႔ကိုေတြ့လိုက္လို႔ေနမယ္.."
"မႀကီးပိစိရယ္..သားေရကူးခ်င္လိုက္တာ."
"သမီးလည္းကူးခ်င္တယ္..."
"ကူးခ်င္ရင္ကူးေလ..တစ္ခါတည္းႏွစ္ေလာင္းၿပိဳင္ျဖစ္တာေပါ့..."
"ဟဲ့..ပိစိမ..ကေလးေတြကိုဘာေတြေလ်ွာက္ေျပာေနတာလဲ..."
ကေလးေတြကိုေသစကားေျပာေန၍ ပိစိမ၏
ေက်ာကုန္းကိုလွမ္းပုတ္လိုက္ရသည္။
နဂါးဘုရားႀကီးဘက္တြင္ရိွေသာ ပိေတာက္ပင္ႀကီးကို ေငးေမာၾကၫ့္လိုက္မိေတာ့ ပိေတာက္ပန္းေတြကအံုခဲၿပီး ပြင့္ေနေလသည္။အိပ္မက္ထဲမွာ ဆရာကပံုရိပ္ကို ေထြးေပြ့ထားၿပီး ပါးေလးကိုနမ္းလိုက္သၫ့္အျဖစ္အား ျပန္သတိရမိေတာ့ မ်က္ႏွာေတြထူပူလာသည္။ဥပုဒ္သည္က ဘာေတြေလ်ွာက္ေတြးေနတာလဲ။
"နင့္ပါးကိုနမ္းခဲ့တယ္လူကို ျပန္ေတာင္းပန္မလို႔လား" ဆိုသၫ့္ဟိန္းကို၏စကားသံကိုသာ
ၾကားေယာင္ေနမိေတာ့ ထိုေန့ကအျဖစ္အပ်က္ကို
မယံုႏိုင္ခဲ့ေပ။ဟိန္းကို အျမင္မွားသြားတာမ်ားလား။
ဆရာက ပံုရိပ္ကိုနမ္းစရာအေၾကာင္းမွမရိွတာ။
တကယ္ ဟုတ္ေၾကာင္းဆရာက၀န္ခံလာခဲ့ရင္ေရာ ပံုရိပ္ဘယ္လိုတုန႔္ျပန္ရပါ့မလဲ။
"ပိေတာက္ပန္းေလးေတြကို သက္ေသတည္ၿပီးပံုရိပ္ႀကိမ္ဆိုပါတယ္..ဆရာ့ကိုပံုရိပ္တကယ္စစ္မွန္စြာ
ခ်စ္ျမတ္ႏိုးတာမို႔..ဆရာ့ဆီကေနအခ်စ္စစ္ကိုသာ
ရရိွခံစားလိုပါတယ္.."
ဆရာ့အေၾကာင္းေတြ၊ဆရာ့စိတ္ဓာတ္ေတြကိုသိေပမဲ့ ဦးလင္းေခာတ္လိုစိတ္သေဘာထားမ်ိဳးရိွမွာကို ေတာ့ ပံုရိပ္သိပ္ေၾကာက္တယ္။
"ပံုရိပ္လည္း ဥပုဒ္လာေစာင့္တာလား.."
"ဟင္..မမခင္ရူပလိႈင္..."
"အဟင္း..တို႔ကိုမမလိႈင္လို႔ပဲေခၚပါ..သူမ်ားေတြလည္းအဲ့လိုပဲ ေခၚၾကတာမ်ားတယ္..."
"မမလိႈင္ကတစ္ေနကုန္ဥပုဒ္ေစာင့္မွာလား...
သမီးတို႔ကခဏေနရင္ ျပန္ၾကေတာ့မွာ..."
ပိစိမႏွင့္အတူ ကေလးေတြကိုထားခဲ့လိုက္ၿပီး
မမလိႈင္အေနာက္သို႔ လိုက္လာမိေလသည္။
မမလိႈင္သည္ ဆရာ၀န္မေလးဆိုသၫ့္အတိုင္းစကားအေျပာအဆိုႏွင့္ ေလယူေလသိမ္းကအစ
ေအးခ်မ္းေလသည္။
အသားအရမ္းမျဖဴေပမဲ့ ညိုညက္ညက္ကေလးျဖစ္ကာ ေကာ္ဖီေရာင္ဆံပင္ေလးေတြကို လိႈင္းတြန႔္ပံုစံ ေကာက္ထားေသာေၾကာင့္ ၾကၫ့္ရတာတစ္မ်ိဳးေလးဆန္းေနသည္။
ဆရာမၾကည္ျပာရဲ့ ေယာက္်ားကမမလိႈင္ႏွင့္ဆရာ့ကိုသေဘာတူၾကတာလည္းမေျပာနဲ႔ ပံုရိပ္ေတာင္သူတို႔ႏွစ္ေယာက္ကို လိုက္ဖက္သည္ဟု ခံစားမိသည္။ဒါေပမဲ့ ဆရာကမမလိႈင္ကိုေရြးခ်ယ္သြားခဲ့ရင္ ပံုရိပ္သိပ္ကို ၀မ္းနည္းပက္လက္ျဖစ္ေနလိမ့္မယ္။
"မမလိႈင္ဆရာေနမ်ိဳးကိုေတြ့မိေသးလား ဆရာ့ကိုေက်ာင္းမွာမေတြ့မိလို႔
မေတြ့ျဖစ္ပါဘူး။ဦးဇင္းတစ္ပါးေျပာတာကေတာ့ဆရာေတာ္ႀကီးရဲ့မိတ္ေဆြေဆးရံုတက္ေနရလို႔သီတင္းသြားေမးခိုင္းရင္းနဲ႔လက္ေဆာင္သြားအို႔တယ္တဲ့။
"ေအာ္..ဒါေၾကာင့္ဆရာ့ကိုမေတြ့မိတာကို.."
"ပံုရိပ္ကေတာ့မွတ္မိသလားမသိဘူး..တို႔ကေတာ့သႀကၤန္လည္တဲ့ေန့ထဲကေဆးရံုမွာေတြ့ခဲ့ဖူးတဲ့ေကာင္မေလးဆိုၿပီးပံုရိပ္ကိုမွတ္မိေနတာ.."
"ဟုတ္လား..မမလိႈင္ကလူနာေတြအမ်ားႀကီးနဲ႔ထိတ ေတြ့ရတဲ့လူဆိုေတာ့ သမီးကိုမမွတ္မိဘူးထင္ေနတာ"
"..ပံုမွန္ဆိုရင္ေတာ့မွတ္မိေလာက္မွာမဟုတ္ဘူး...
ဒါေပမယ့္ကိုေနနဲ႔ပတ္သက္တဲ့လူနာဆိုေတာ့ပိုသတိထားမိသြားတာပါ..ပံုရိပ္သိလား...
ကိုေနကတို႔ဆီကေနေတာ္ယံုအကူအညီေတာင္းဖူးတာမဟုတ္ဘူး...ဒါေပမယ့္အဲဒီေန့ကေတာ့
..တို႔ထိုင္ေနတဲ့အခန္းအထိေရာက္လာၿပီးေရခြက္ေတြေရာ ထမင္းခ်ိဳင့္ေတြေရာလာငွားသြားတာစံုေနတာပါပဲ...ကိုေနနဲ႔တို႔စသိခဲ့တဲ့အခ်ိန္တည္းက..
သတိထားမိလာတာတစ္ခုရိွတယ္..
အဲဒါကေတာ့..ကိုေနဟာမိန္းကေလးေတြနဲ႔ပတ္သက္ရင္စည္းတစ္ခုအၿမဲျခားထားတတ္တယ္ဆိုတာပဲ..သူ႔မွာမိန္းကေလးသူငယ္ခ်င္းေတာင္သိပ္မရိွဘူး...တို႔နဲ႔ေတာင္မွဆရာေတာ္ႀကီးဆီေဆးလာကုရင္းကေနမျဖစ္မေနဆက္ဆံရလို႔ရင္းႏွီးသြားခဲ့တာ...ဒါေပမယ့္ပံုရိပ္ကေတာ့မတူဘူး..."
"ဟမ္..မမလိႈင္ဘာကိုဆိုလိုခ်င္တာလဲ...."
"..အင္း... မမလိႈင္လည္းေသခ်ာေတာ့မေျပာတတ္ဘူးမမရဲ့စိတ္ထဲမွာပဲခံစားမိတာလားေတာ့မသိေပမယ့္ ကိုေနကပံုရိပ္အေပၚဆက္ဆံပံုဟာကဲြျပားေနတယ္.."
"မမလိႈင္ထင္လို႔ပါ...ဆရာကသူ႔တပၫ့္တိုင္းအေပၚမွာအျခားသူေတြထက္ပိုေကာင္းေပးတတ္တယ္.."
မမလိႈင္၏မ်က္ႏွာကိုၾကၫ့္လိုက္ေတာ့ပံုရိပ္ေျပာလိုက္ေသာစကားကိုသေဘာက်ေနဟန္နဲ႔ႃပံုးလိုက္တာေသခ်ာသည္။မမလိႈင္ကဘာကိုေက်နပ္သြားတာလည္းဆရာကသူ႔တပၫ့္တိုင္းအေပၚမွာ
ထူးထူးျခားျခားဆက္ဆံတတ္သည္ဆိုေသာအခ်က္ေၾကာင့္ထင္ပါတယ္။မမလိႈင္ဟာပံုရိပ္ႏွင့္ဆရာ့ကို
မသကၤာလို႔သတင္းႏိုက္ေနတာလား။
"..မမလိႈင္နဲ႔ဆရာကခ်စ္သူေတြလားဟင္..*
"ပံုရိပ္ကဘယ္လိုထင္လဲ.."
မမလိႈင္ကိုမယံုၾကည္ႏိုင္စြာၾကၫ့္လိုက္မိသည္.။
မမလိႈင္ကပံုရိပ္ကိုဘယ္လိုထင္ေစခ်င္တာလဲ။ဆရာဝန္တစ္ေယာက္ျဖစ္တဲ့အတြက္သူ႔ဂုဏ္သိကၡာအက်ဆင္းခံၿပီးေတာ့ စကားတစ္ခုကိုလက္လြတ္စပယ္ေျပာမွာမဟုတ္ပါဘူးေလ။
ဟုတ္တယ္လို႔ေျပာခ်င္တယ္ဆိုရင္ဒဲ့ေျပာသင့္တာေပါ့။
"..တို႔ႏွင့္သူနဲ႔စၿပီးေတြ့ဆံုမႈကသိပ္ကိုရိုးရွင္းပါတယ္..သူကတို႔ထက္ငယ္ေပမယ့္ရင့္က်က္တယ္
..တည္ၿငိမ္တယ္..ကိုယ္ခ်င္းစာတရားအပည့္ရိွၿပီးတာဝန္ခံမႈ၊တာဝန္ယူမႈလည္းအျပၫ့္ရိွတယ္..
ေက်ာင္းမွာလိုအပ္တဲ့ေဆးဝါးေတြကိုလႉဒါန္းဖို႔အျပင္သြားရင္းနဲ႔ တို႔ဖိနပ္ေလးျပတ္သြားေတာ့ခ်က္ခ်င္းပဲဖိနပ္ဆိုင္မွာဖိနပ္ေျပးဝယ္ေပးတယ္..
တို႔မိဘေတြကအစသူ႔ကိုဆို အရမ္းအေရးေပးၾကတယ္...တို႔အဖိုးဆိုရင္သူနဲ႔တို႔နဲ႔ခ်က္ခ္ထိုးရင္သေဘာေတြက်ေနတတ္တာ...
ဘယ္သူနဲ႔မဆိုေပါင္းတတ္သင္းတတ္တယ္ကြာ
..သူ႔မွာခ်ိဳ႕ယြင္းခ်က္ဆိုလို႔တစ္ေကာင္ႂကြက္ျဖစ္ေနတာေလးပဲရိွတယ္..သူ႔လိုလူမ်ိဳးကိုပဲတို႔ေသခ်ာေပါက္ေရြးခ်ယ္မွာ သူနဲ႔တို႔ရဲ့ၾကားကဆက္ဆံေရးကပံုရိပ္ထင္တာထက္...ပိုေလးနက္တယ္"
မမလိႈင္၏စကားကိုနားေထာင္ရင္းနဲ႔မ်က္ရည္ဝဲခ်င္လာ၍ ေခါင္းကိုငံု႔ထားကာလက္ႏွစ္ဖက္ကို
ယွက္ေထြးထားမိသည္။
ဆရာကမမရဲ့မိသားစုနဲ႔ဒီေလာက္ေတာင္ပဲရင္းႏွီးတာလား။ရက္စက္လိုက္တာ။မမလိႈင္ရဲ့ရင္ထဲမွာဆရာ့ကိုလက္တဲြေဖာ္အျဖစ္ေရြးထားၿပီးရးလ်ွက္နဲ႔
ဘာေၾကာင့္ပံုရိပ္လိုကေလးသာသာလူတစ္ေယာက္ဆီကေနအႀကံဉာဏ္လာေတာင္းသလိုလုပ္ေနရတာလဲ။
မမလိႈင္ရဲ့ရည္ရြယ္ခ်က္ကဆရာေဘးနားမွာ
ပံုရိပ္တြယ္ကပ္မလာဖို႔ပညာသားပါပါနဲ႔သတိေပးခ်င္ေနတာလား။
ေသခ်ာတာကေတာ့ ဘာရည္ရြယ္ခ်က္မွမရိွဘဲပံုရိပ္ကိုဒီလိုအသိေပးစရာအေၾကာင္းမရိွဘူး။
ငါတို႔ဟာေဆျြပမ်ိဳးျပျဖစ္ၿပီးသားျဖစ္လို႔ဆရာ့အနားမွာအရိပ္အေယာင္င္လာျပမေနနဲ႔ဟု
ႏွင္လႊတ္လိုက္သလိုပါပဲ။
"..က်မကိုသြားခြင့္ျပဳပါဦး..မမလိႈင္.."
မမလိႈင္၏ေဘးနားမွ ပံုရိပ္ထလာလိုက္သည္။
မမလိႈင္၏ စကားေတြကိုၾကားနာဖို႔အားအင္မရိွေတာ့ပါဘူး။
"တစ္ခုေလာက္ထပ္ေျပာခ်င္တယ္ပံုရိပ္
...ကိုေနကသူ႔တပၫ့္တစ္ေယာက္ကိုေတာ့လက္တဲြေဖာ္အျဖစ္ဘယ္ေတာ့မွေရြးခ်ယ္မွာမဟုတ္ဘူး..
ကိုေနကသူ႔စည္းကိုသူျပန္ေဖာက္မယ္လူမ်ိဳးမဟုတ္ဘူး စိတ္ကစားတာမ်ိဳးျဖစ္ခဲ့ရင္ေတာင္ဆင္ျခင္သင့္လို႔....ဆင္ျခင္လိုက္ပါ..."
"..မမလိႈင္..အခ်ိဳ႕စကားေတြကအားႀကီးသူေတြအတြက္ေတာ့..ေအာင္ႏိုင္မႈတစ္ရက္ျဖစ္ေပမယ့္အင္အားနဲသူေတြအတြက္ေတာ့အရမ္းနာက်င္ရပါတယ္...မမလိႈင္ကေအာင္ႏိုင္သူတစ္ေယာက္ပါ...
ကၽြန္မကပိုင္ရွင္ရိွၿပီးသားပစၥည္းတစ္ခုကိုအတင္းလုယူတတ္တဲ့မိန္းမစားမ်ိဳးမဟုတ္ဘူး.."
"..တို႔စကားေတြအရမ္းလြန္သြားရင္ေတာင္းပန္ပါတယ္..ဥပုဒ္ေန့ႀကီးမွာမင္းကိုစိတ္ဆင္းရေအာင္လုပ္မိၿပီကြယ္...တို႔ကိုမုန္းသြားၿပီလား..."
"မမလိႈင္ကိုမမုန္းပါဘူး..မမလိႈင္မွာေျပာပိုင္ခြင့္ေတြအမ်ားႀကီးရိွလို႔ ေျပာတာလို႔ပဲသတ္မွတ္ပါတယ္...
ဒါေပမဲ့ မမလိႈင္ရဲ့ စကားေတြကပံုရိပ္ရဲ့သိကၡာကိုထိခိုက္ေစတယ္...
မ်က္ရည္ကိုသုတ္ၿပီးပံုရိပ္ထိုေနရာမွထထြက္လာခဲ့လိုက္သည္။ႏွလံုးသားထဲတြင္ဝမ္းနည္းမႈေတြဟာ
ျပည့္ႏွက္၍နာက်င္ေနတုန္းပါပဲ။
ဒီေန့ဟာ ပံုရိပ္၏အသည္းကဲြေသာရက္ရာဇာေန့ျဖစ္သည္။
သႀကၤန္ေရစင္သည္လည္းပံုရိပ္ကိုေအးခ်မ္းေစမွာမဟုတ္ေတာ့သလို တရားဘာဝနာသည္လည္းပံုရိပ္ကိုၿငိမ္းခ်မ္းေအာင္လုပ္ႏိုင္ေတာ့မည္မဟုတ္ေပ။
ဆရာရယ္လို အခုကစၿပီးဆရာနဲ႔ေဝးရာအရပ္မွာပဲပံုရိပ္ေနပါေတာ့မယ္။
🌹🌹🌹🌹🌹🌹🌹
"မမေရ...ဘာထပ္ဝယ္အံုးမွာလဲ..."
"အင္း..မုန႔္ေတြလည္းအကုန္၀ယ္ၿပီးၿပီဆိုေတာ့...
ျပန္ၾကတာေပါ့..."
"မမကလည္း...မခု၀ယ္သြားတဲ့မုန႔္ေတြက...ဖြားညိုတို႔စားပါ့မလား..အန္တီယဉ္တင့္တို႔ကိုပိုက္ဆံအိတ္ေလးျဖစ္ျဖစ္ ဖိနပ္ေလးျဖစ္ျဖစ္၀ယ္သြားေပးလိုက္ၿပီးေရာကို...."
"ဟဲ့...အန္တီယဉ္တင့္ကိုင္တဲ့ပိုက္ဆံအိတ္ေတြက
သိန္းကိုဆယ္နဲ႔ခ်ီေနတာဟဲ့...ငါကအဲ့ေလာက္မတတ္ႏိုင္ဘူးေလဟာ...ဒီမုန႔္ေတြကိုအိမ္ကအလုပ္သမားေတြအတြက္၀ယ္တာပါ...ဖြားညိုတို႔ကအကုန္၀ယ္ႏိုင္ေနတဲ့ဥစၥာ...ငါ့လက္ေဆာင္ေတြက
သူတို႔အတြက္...အသံုးမွမလိုတာ...
ဒါေပမဲ့...လက္ေဆာင္ေတာ့ေပးရမွာေပါ့..
လက္ေဆာင္ရရင္မေပ်ာ္တဲ့လူေတာ့ မရိွေလာက္ပါဘူး.."
"မမေနျခည္တို႔အတြက္ကေရာ..."
"မပါဘူး...သူတို႔ကအၿမဲတမ္းခရီးထြက္ေနတဲ့လူေတြေလ..ဟိုတစ္ခါပုဂံကိုသြားေတာကေတာင္
ငါ့အတြက္ဘာပါလို႔လဲ..သူတို႔ေတာင္မေပးတာ...
ငါလည္းဘာေပးစရာလိုသလဲ...ဟဲ့ဟိုမွာ..ဟိုပဝါေလးလွတယ္ေနာ္...ဖြားညိုအတြက္၀ယ္သြားအံုးမယ္..."
ဆိုင္ထဲသို႔ ေျပး၀င္သြားေသာ မမကိုၾကၫ့္၍ပိစိမႃပံုးလိုက္မိပါသည္။
ပါးစပ္ကေတာ့ မ၀ယ္ဘူးဆိုၿပီးဇြတ္ျငင္းေနေပမဲ့
ပိစိမ၏လက္ထဲမွာေရာ မမ၏လက္ထဲမွာပါအထုပ္ေတြကမနည္းမေနာျဖစ္ေနသည္။
ေဈးတြင္းထဲမွာပင္ တစ္ဆိုင္၀င္တစ္ဆိုင္ထြင္ႏွင့္အထုပ္ေတြသယ္ရတာလည္း လက္ေတြေညာင္းေနေလၿပီ။
"မမရယ္...ေတာ္ပါေတာ့..မ၀ယ္ပါနဲ႔ေတာ့ေနာ္..."
"နင္ကလည္းခဏေလးပါ...ဒါေလးကိုငါႀကိဳက္လို႔...ဘုရားသြားေက်ာင္းတက္ရင္ဖြားညိုနဲ႔သိပ္လိုက္မွာဟ...ေဒၚေလးအတြက္ပါတစ္ခု၀ယ္သြားလိုက္မယ္..."
"၀ယ္ပါရွင္...၀ယ္ပါ...ၿပီးရင္ဒီအထုပ္ေတြမဆန႔္မၿပဲနဲ႔...ဘယ္လိုျပန္ရမလဲမသိဘူး..."
"နင့္ကိုဆိုက္ကားငွားၿပီး အထုပ္ေတြနဲ႔အရင္ျပန္လႊတ္လိုက္မယ္ေလ...ငါကေတာ့အသုပ္ဆိုင္မွာ၀င္စားအံုးမွာမို႔ လမ္းေလ်ွာက္ၿပီးျပန္လာခဲ့လိုက္မယ္.."
"ဒီလိုေၾကးလား...သူပဲစားမယ္ေပါ့..."
"အမယ္ေလး...ညေနၾကရင္...မုန႔္တီသြားေသာက္ၾကမယ္ေလ...အစ္မႀကီးကိုကၽြန္မေခ်ာ့ပါ့မယ္ရွင္...
ကဲ..ကဲ..၀ယ္တာေတြလည္းေတာ္ေတာ္မ်ားေနၿပီဆိုေတာ့ ေတာ္ေလာက္ၿပီ...ျပန္ၾကတာေပါ့..."
"ဟင္း...ေတာ္ပါေသးရဲ့..."
မမသည္ ပဝါဆိုင္မွာအညိုထည္ ပုဝါလွလွေလးကို၀ယ္လိုက္ၿပီးေနာက္ ပိုက္ဆံရွင္းလိုက္ကာ
အထုပ္ေတြ တသီႀကီးဆဲြ၍ ေဈးထဲမွထြက္လာလိုက္သည္။ပိစိမသည္လည္း အေနာက္မွအထုပ္ေတြဆဲြကာ လိုက္လာမိရင္းမွ ဆိုက္ကားဂိတ္သို႔ေရာက္ေသာအခါ မမကသူေျပာခဲ့တဲ့အတိုင္း ဆိုက္ကားတစ္စီးကိုငွားၿပီး အထုတ္ေတြကိုတင္ေနေလေတာ့သည္။
"မမ..တကယ္ႀကီးလား...သမီးတစ္ေယာက္တည္းအိမ္ကိုျပန္ရမွာလား...မမကိုစိတ္မခ်ဘူးေနာ္..."
"ဒီေနရာေတြကို ငါအၿမဲလာေနၾကပါဟယ္...
ကိုယ့္ရပ္ကြက္ထဲမွာေတာ့ ကိုယ္လမ္းမေပ်ာက္ပါဘူး...အိမ္နဲ႔ေဈးက ဘယ္ေလာက္ေဝးတာမွတ္လို႔....
ဆိုက္ကားဆရာေရ...ဆိုက္ကားခပါေပးလိုက္ပါ့မယ္...."
ပံုရိပ္လည္း ဆိုက္ကားခရွင္းေပးၿပီးတာႏွင့္
လမ္းကူးလိုက္ၿပီး တာလမ္းမႀကီးအတိုင္းေလ်ွာက္လာလိုက္ကာ ၾကာဇံသုတ္ႏွင့္တုတ္ထိုးစားဖို႔ရန္ အသြားတုန္းကေတြ့ခဲ့ေသာ ဆိုင္ေလးကိုရွာေနမိေလသည္။
"ေဟ့...ခၽြတ္...ခၽြတ္..."
"ေဟ့...ဆံပင္ရွည္ေလးနဲ႔..အဝါေရာင္ေလး...."
အေနာက္ဘက္မွ ေခၚသံၾကား၍လွၫ့္ၾကၫ့္လိုက္မိေတာ့ ေကာင္ေလးသံုးေယာက္က ပံုရိပ္ကိုလွမ္းစၿပီး အေနာက္မွလိုက္ေနၾကေလသည္။
"အရမ္းလွတယ္ကြာ..."
"ေတာက္!!!!!"
တက္ေခါက္ကာ..အံႀကိတ္လိုက္ၿပီးေျခလွမ္းေတြကို ခပ္သြက္သြက္လွမ္းေနမိသည္။
ထိုစဉ္ေတေလၾကမ္းပိုးေတြက ပံုရိပ္၏ေဘးနားမွာကပ္ၿပီး အရည္မရအဖက္မရစကားေတြႏွင့္ ဖြန္လာေၾကာင္ေနေလေတာ့သည္။
ပိုးစိုးပက္စက္ေျပာလႊတ္လိုက္ခ်င္ေပမဲ့ အႏၲရာယ္ေပးမွာလည္း ေၾကာက္ရေသးသည္။
ဘယ္ေလာက္ပဲ သတၲိရိွပါသည္ဆိုေစအံုး
သံုးေယာက္ႏွင့္တစ္ေယာက္ျဖစ္ေနေတာ့ စိတ္ကိုမနည္းထိန္းခ်ဳပ္ေနရသည္။
သူတို႔ဘာသာ ေျပာခ်င္တာေျပာ ကိုယ္သြားစရာရိွတာကိုပဲ အာရံုစိုက္ေနလိုက္သည္။
အသားကို လာထိရင္ေတာ့ပါးရွစ္စိပ္ကဲြေအာင္ကို ခ်ပစ္လိုက္မယ္။
"ေဟ့ေကာင္...ညီမေလးေတြကမမေတြထက္ပိုဆဲြေဆာင္မႈရိွတယ္ေနာ္..."
"ဟုတ္ပါ့ကြာ...ညီမေလးရဲ့နာမည္ေလးကဘယ္လိုေခၚလဲဟင္..."
"ဟြာကြာ...မာနႀကီးလိုက္တာ နာမည္ေလးေတာ့ေျပာျပပါလားကြာ..."
.............
"သနပ္ခါးေလးနဲ႔ သိပ္လွတယ္သိလား..."
"ငါေတာ့ေမႊးခ်င္တာပဲ သိတယ္....."
"ရွင္တို႔ မမိုက္ရိုင္းနဲ႔ေနာ္...ကိုယ့္လမ္းကိုယ္သြားၾက.."
"ကိုယ့္လမ္းကိုယ္သြားေနတာပဲေလ...ဒီလမ္းကညီမေလးရဲ့ အေမပိုင္တဲ့လမ္းမို႔လို႔လား..."
"ဟား...ဟား....ေျပာတတ္တယ္သားႀကီးရာ..."
ဒီလူေတြကို စကားတုေျပာေနရင္ ေရ႔ွဆက္ၿပီးျပႆနာေတြ အႀကီးအက်ယ္ျဖစ္ႏိုင္တာေၾကာင့္
ၾကာဇံသုပ္ဆိုင္ကိုလည္း သြားဖို႔စိတ္မကူးေတာ့ပဲ ဆိုက္ကားျဖစ္ျဖစ္ ဆိုင္ကယ္ျဖစ္ျဖစ္ငွားဖို႔သာ
ေတြးလိုက္သည္။
ထိုစဉ္ ပံုရိပ္တို႔ဘက္သို႔ လာေနေသာဆိုင္ကယ္
တစ္စီးကို ေတြ့လိုက္ရ၍အားတက္သြားမိေလသည္။
ဆိုင္ကယ္စီးလာေသာ သူမွာဆရာေနမ်ိဳးျဖစ္ၿပီး
ပံုရိပ္ကိုေတြ့သည္ႏွင့္ လမ္းခ်ိဳးထဲသို႔ေကြ့၀င္ေတာ့မၫ့္ဆဲဆဲမွ ျပန္လွၫ့္လာျခင္းျဖစ္သည္။
"ပံုရိပ္....ဒီကိုလာခဲ့...အိမ္ကိုျပန္လိုက္ပို႔ေပးမယ္..."
"ဟုတ္ကဲ့..."
ပံုရိပ္လည္း ျငင္းမေနေတာ့ပဲ ဆရာ့ဆိုင္ကယ္ေနာက္သို႔ ေစြ့ခနဲတက္လိုက္မိေလသည္။
ဟိုငနဲသံုးေကာင္ကေတာ့ ေယာင္လည္လည္ႏွင့္
ျပန္ထြက္သြားေတာ့သည္။ထိုအခါမွသာ ပံုရိပ္လည္း သက္ျပင္းခ်လိုက္ၿပီး ေၾကာက္စိတ္ကိုထိန္းေနရသည္။ခုတေလာသတင္းေတြထဲမွာ ရာဇ၀တ္မႈေတြကခဏခဏ ပါေနေတာ့ နည္းနည္းလန္႔ေနမိသည္။သူတို႔မွာကိုယ့္ကို ဒုကၡေပးဖို႔လက္နက္ပါမလာဘူးလို႔ မေျပာႏိုင္ေပ။
"ဆရာ...ဒီေနရာမွာပဲ ဆိုင္ကယ္ရပ္လိုက္ပါ...
သမီးဒီမွာပဲ ဆင္းခဲ့လိုက္မယ္...."
ဆရာ့ေနာက္ေက်ာနားကို နည္းနည္းကပ္ၿပီးေျပာလိုက္ေတာ့ ဆရာသည္ခ်က္ခ်င္းဆိုင္ကယ္ကို
ရပ္လိုက္ေလသည္။ပံုရိပ္လည္း ဆိုင္ကယ္ေပၚမွ ဆင္းလိုက္ၿပီး ဆရာ့မ်က္ႏွာကိုမဝံ့မရဲၾကၫ့္လိုက္မိသည္။
"ေက်းဇူးတင္ပါတယ္ဆရာ...ဆရာနဲ႔သာမေတြ့ရင္..
အဲ့လူေတြလိုက္ၿပီး ေနွာက္ယွက္တာကိုခံေနရမွာ...
ဆရာ သြားစရာရိွတဲ့ေနရာကိုသာသြားပါ...သမီးဒီမွာပဲ ဆင္းေနခဲ့လိုက္ပါ့မယ္..."
"ဘာလို႔ေနခဲ့မွာလဲ....အိမ္အထိလိုက္ပို႔ေပးမယ္ေလ..."
"ေနပါေစဆရာ...သမီးဒီကေနလမ္းေလ်ွာက္သြားလိုက္ပါေတာ့မယ္...."
"ေနာက္တစ္ခါ အျပင္သြားရင္တစ္ေယာက္တည္း
မသြားနဲ႔..."
"ဟုတ္ကဲ့...."
မ်က္ႏွာကို ခပ္တည္တည္ပံုစံဖမ္းလိုက္ၿပီး
ဆရာ့ဆိုင္ကယ္ကို လြန္ကာျမန္ျမန္လမ္းေလ်ွာက္လာလိုက္သည္။ဆရာနဲ႔ မ်က္ႏွာခ်င္းမဆိုင္ပါရေစနဲ႔။အျခားသူေတြကို အားမနာစြာျငင္းပယ္တတ္ေပမဲ့။ဆရာ့ေရ႔ွမွာဆိုရင္ ပံုရိပ္ဟာဦးက်ိဳးၿပီးသား
ျဖစ္ေနတတ္လို႔ပါ။ဆရာ့အသံေလးကို ၾကားလိုက္ယံုနဲ႔ ငိုခ်င္ေနမိတယ္။ခဲြရေတာ့မယ္ဆရာရယ္။
ကၽြန္မတစ္ေယာက္တည္းရဲ့ တစ္ဖက္သတ္ဇာတ္လမ္းေလးကို ၀မ္းနည္းစရာဇာတ္သိမ္းၿပီး
ခဲြရပါေတာ့မယ္။
"ဆရာက ငါ့အေပၚမွာတကယ္ကို ဘာခံစားခ်က္မွ
မရိွတာပါလား..."
ဆိုင္ကယ္ေလး ပံုရိပ္အေနာက္သို႔လိုက္လာပါေစဟု ဆုေတာင္းခဲ့ေပမဲ့။ဆုေတာင္းေတြမျပၫ့္ခဲ့ပါဘူး။ဆိုင္ကယ္ေလးဟာ ပံုရိပ္ကိုေက်ာခိုင္းလ်ွက္
လမ္းခ်ိဳးတစ္ခုထဲသို႔ ခ်ိဳးေကြ့၀င္သြားခဲ့ေလၿပီ။
ထိုေနရာမွာ ခဏေလာက္မိုက္ရူးရဲဆန္စြာ ရပ္ေစာင့္ေနမိေပမဲ့ ဆရာ့ဆိုင္ကယ္ေလးက လံုး၀အစအနေတာင္မျမင္ရေတာ့ေပ။
ဆရာသာ ေနာက္တစ္ခြန္းေလာက္ထပ္ေခၚခဲ့ရင္
ပံုရိပ္၀မ္းသာမိၿပီး ဆရာ့ဆိုင္ကယ္ေနာက္ကေနျပန္လိုက္မိမွာပါပဲ။
"ဒီညကိုေက်ာ္လြန္သြားခဲ့ရင္ ေဝးရၿပီဆရာရယ္...
ေနာက္ထပ္ဆံုခ်ိန္ေလးက ပိုလို႔ေဝးၿပီေပါ့...
သူမ်ားေတြအတြက္ေတာ့...ႏွစ္ဆန္းတစ္ရက္ေန့ဆိုတာ...မဂၤလာရိွတဲ့ႏွစ္သစ္အခ်ိန္အခါေလးျဖစ္ေပမဲ့
ပံုရိပ္အတြက္ေတာ့...၀မ္းနည္းမႈေတြနဲ႔အိမ္ျပန္ရတဲ့အခ်ိန္တစ္ခုျဖစ္ေနပါလိမ့္မယ္...."
အခန္း(၄၇)ဆက္ရန္
🌹🌹🌹🌹🌹🌹🌹
အျခားသူေတြကို အကုန္ေခ်ခ်ခဲ့သမ်ွ ဆရာ့ကိုေတာ့မေခ်ႏိုင္ေတာ့ပါလား....