🔥ဆူးကြိုး...🔥အခန်း(၄၅)


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၄၅)


သင်္ကြန်မိုးက ရွာသွန်းလေပြီ။ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံးသည်  အုံ့မှိုင်းလာကာ

ခဲပုပ်ရောင် လွင်ပြင်ကြီးကဲ့သို့ ဖြစ်သွားလေသည်။

တစ်ပေါက်စနှစ်ပေါက်စ မိုးစက်များမှသည် နေရာအနှံ့အပြားသို့ အဆက်မပြတ်ကျဆင်းလာတော့သည်။


ဖုန်ထနေသော လမ်းမကြီးများသည် ရေနှင့်ပက်ဖြန်းလိုက်သလို အငွေ့တလူလူဖြစ်သွားကြပြီး သိပ်သိပ်သည်းသည်းဖြစ်ကုန်ကြသည်။

 သင်္ကြန်၏သင်္ကေတဖြစ်သည့် ပိတောက်ပန်းတို့သည်လည်း အမိန့်သံမပါပဲ နုသစ်စွာပွင့်လန်းချင်လာကြသည်။


ပုံရိပ်ကတော့ ပြတင်းပေါက်မှနေ၍ အိမ်ခြေရင်းဘက်ရှိ စံပယ်ရုံတွေပေါ်သို့ကျဆင်းနေသော

မိုးစက်တို့ကိုသာ ငေးကြည့်နေမိသည်။

ဒေါ်လေး၏ စံပယ်ပန်းလေးများသည် ဆယ့်နှစ်ရာသီလုံးပွင့်ဖူးကြလောက်အောင်အထိ အပွင့်သန်သည်ဟု ဆိုရမည်။

အိမ်မှာ တကူးတကလာ၀ယ်ကြသူတွေတောင်

ရှိလေသည်။


"မမရေ...မအေးဘူးလား...မိုးတွေပက်မယ်လေ..."


"မပက်ပါဘူးဟာ..အဝေးကြီးရယ်...လေကအရှေ့ဖက်ကနေတိုက်တာထင်တယ်.."


"မမဘာတွေ တွေးနေတာလဲ.."


ပိစိမသည်လည်း ပြူတင်းပေါက်၏တစ်ဖက်တွင်မှီ၍ထိုင်လိုက်လေသည်။ပိစိမ၏မျက်နှာကို ကြည့်လိုက်ပြီးနောက် ပြူတင်းပေါက်အပြင်ဘက်ရှိ

မိုးစက်တွေသည်းထန်စွာ ကျဆင်းနေသော ကောင်းကင်ကြီးအပေါ်သို့မော့ကြည့်လိုက်မိသည်။

အေးစက်စက် ရေပေါက်လေးတွေသည် ပုံရိပ်၏

ပါးပြင်လေးတွေအပေါ်သို့ လာထိနေသောခံစားချက်ကို သိပ်သဘောကျတယ်။


"ငါတို့ပြန်ရတော့မယ်နော်...မနက်ဖြန်တစ်ရက်ပဲ

ရှိတော့တယ်...ဒီကလူတွေအားလုံးနဲ့‌ထပ်ဝေးရအုံးမယ်.."


"အင်း...သမီး‌လည်း...တကယ်ပြန်ရတော့မယ်ဆိုတော့...ရင်ထဲမှာဟာတာတာကြီးဖြစ်ဖြစ်သွားတယ်

...ငိုချင်သလိုပဲ...မမရဲ့ဒေါ်လေးကသိပ်သဘော

ကောင်းတာပဲနော်..တကယ်တော့သမီးကမမနောက်ကို စောင့်ရှောက်ဖို့လိုက်လာတဲ့ အိမ်ဖော်ပေမဲ့

သမီးကိုလည်း မမနဲ့တန်းတူချစ်ခင်ပေးတယ်..

သမီးရဲ့ဘ၀မှာလေ..အမြဲတမ်းမတူမတန်သလိုပဲ ဆက်ဆံခံခဲ့ရတော့...ဒီနေရာလေးမှာသမီးပျော်နေမိတယ်...."


"ဒါဆိုရင်...ဒီမှာနေခဲ့မလား....ဖွားညိုကိုပြောပြီး

နင့်ကိုအလုပ်ထုတ်လိုက်မယ်လေ...ဒေါ်လေးလည်းကူဖော်လောင်ဖက်ရတာပေါ့...လစာလိုချင်ရင်လည်းပေးမယ်...ဒါမှမဟုတ်မိသားစုလိုနေချင်ရင်လည်း...နေလို့ရတယ်...ဘယ်လိုလဲ..."


"ဟင့်အင်း...သမီးကမမရဲ့နောက်ကိုပဲအမြဲလိုက်နေမှာ...မမလိုအပ်တာတွေကိုဖြည့်ဆည်းပေးချင်တာ..


"ဟုတ်ပါပြီ..ဒါဆိုလည်းတို့နဲ့ပဲ ပြန်လိုက်ခဲ့တော့...

တစ်ခုတော့ရှိ‌တယ်နော်...ဒီမှာကဟိုမှာလောက်

မပင်ပန်းဘူး...ဒေါ်လေးကလည်းနင့်ကိုတူမအရင်းလို စောင့်ရှောက်မှာ သေချာတယ်..."


"သမီးက..မမရှိတဲ့‌နေရာမှာပဲနေမှာပါဆို..."


"ပြီးရော...."


နွေးထွေးကြင်နာတတ်လွန်းသော မမ၏မျက်နှာလေးကိုကြည့်ပြီး ပိစိမပြုံးလိုက်မိသည်။

အရမ်းကို စိတ်ထားလှလွန်းလို့ လူလေးကလည်းဖြူစင်ပြီး လှလွန်းနေတာပေါ့။

မြန်မာ၀မ်းဆက်ရင်စေ့လက်ပျက်လေးကိုမှ

အပေါ်ကနေဆွယ်တာလက်ရှည်လေးကို ထပ်၀တ်ထားသောကြောင့် သိမ်မွေ့နူးညံ့လွန်းနေသည်။


ဆရာဆိုတဲ့လူရယ် ခင်ဗျားသိပ်ကံကောင်းပါတယ်။

မမလိုလူတစ်ယောက်က လူတိုင်းအပေါ်မှာကြင်နာသနားတတ်ပေမဲ့ လူတစ်ယောက်တည်းအပေါ်မှာပဲ

နင့်နင့်နဲနဲ ချစ်မြတ်နိုးတတ်တဲ့လူပါ။

ခင်ဗျားသာ မမရဲ့‌ချစ်ခြင်းမေတ္တာတွေကိုမြင်နိုင်ရင်

ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူဖြစ်လာလိမ့်မယ်။


"မမနဲ့ဆရာ့ရဲ့ အခြေအနေကဘယ်လိုရှိပြီလဲ..."


"ဒီအတိုင်းပါပဲ...."


"ဟင်...မမရဲ့စကားကြီးကလည်း ဘယ်လိုကြီးတုန်း

ဒီအတိုင်းပါပဲဆိုတော့...မမကပြန်ရတော့မယ်လေ...

မြန်မြန်မလှုပ်ရှားရင် သူများနောက်ကိုပါသွားမှာပေါ့.."


ပိစိမ၏စကားကြောင့် ပုံရိပ်ပြုံးလိုက်မိသည်။

မိုးကောင်းကင်ပေါ်သို့ မျက်တောင်မခတ်စတမ်းငေးကြည့်နေမိရင်းမှ ရင်ထဲမှာလည်း၀မ်းနည်းလာသလို ခံစားနေရသည်။


"ခံစားချက်ဆိုတာ လုပ်ယူလို့မရဘူးဟ...ဆရာက

ငါ့အပေါ်မှာ ဘယ်လိုမြင်သလဲဆိုတာငါမသိဘူး...

လူနှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့ ဆက်ဆံရေး

တစ်ခုမှာငါ့တစ်ယောက်တည်းဘက်ကနေ ရင်ခုန်ရုံနဲ့ပြီးတာမှမဟုတ်ပဲ...သူကရောငါ့ကိုရင်ခုန်နေတာမဟုတ်ရင် ငါဘာမှမတတ်နိုင်ဘူး...


ငါသူ့ကိုချစ်ပေမဲ့...သူငါ့ကိုပြန်မချစ်လည်းရတယ်

သူငါ့အပေါ်မှာ အထင်သေးသွားမှာမျိုးတော့

ငါမဖြစ်ချင်ဘူး...

ဒါကြောင့်အခုလက်ရှိ ငါတို့ရဲ့ဆက်ဆံရေးကို

ဒီအတိုင်းလေးပဲ ထားလိုက်တာကောင်းမယ်လို့ထင်တယ်...


ဖူးစားဆိုတာက လူ့ပြည်ကအပ်တစ်စင်းနဲ့ဗြမ္မာ့ပြည်ကအပ်တစ်စင်းထိတဲ့အချိန်လို့ပဲ ပြောရမလား

ဖူးစာမပါရင် ငါတို့တွေဘာမှမတတ်နိုင်ဘူး...

တွဲပြီးသားလက်တွေတောင် ပြန်ပြတ်တောက်ကြရသေးတာပဲလေ...


နောက်ပြီး..ငါကငါ့ရဲ့အချိန်အခါတစ်ခုကိုသိတယ်..

ငါ့အသက်ကအရမ်းငယ်လွန်းသေးတယ်..

ဆရာ့အပေါ်မှာထားတဲ့ ငါ့ရဲ့ခံစားချက်ကိုလည်း

ငါသချာပြန်စမ်းစစ်ရအုံးမယ်..ဝေးကွာသွားတဲ့အချိန်အတိုင်းအတာတစ်ခုမှာသူ့ဘက်မှာလည်းတစ်ယောက်ယောက်နဲ့ လက်တွဲသွားနိုင်သလို

 ငါ့ဘက်မှာလည်း သူ့ကိုမေ့သွားနိုင်တာပဲလေ

...တကယ်လို့ ဒီအရာတွေတစ်ခုမှ ဖြစ်မလာဘူးဆိုရင်တော့...ဖူးစာရေးနတ်မင်းကြီးဟာ 

ငါတို့နှစ်ယောက်ကိုသေချာပေါက် ချည်နှောင်ပေးထားတာလို့သတ်မှတ်လိုက်မယ်..."


"ဒီလိုဆိုတော့ မမရဲ့အတွေးကသဘာ၀ကျပါတယ်

...ဒီလိုကိစ္စမျိုးကို အတင်းလုပ်ယူတိုင်းလည်း

ရတာမှမဟုတ်ပဲ...ဒါပေမဲ့မမပြောသလိုဆို 

မမကသူ့ကိုတကယ်ချစ်တာလား..မချစ်တာလား..."


"ချစ်တယ်လို့တော့ထင်တာပဲ...ငါလည်းသေချာ

မသိဘူး...ငါတို့အရွယ်ကစိတ်ကစားတတ်တဲ့အရွယ်လို့ လူတိုင်းကပြောနေကြတော့...ငါလည်းကိုယ့်ကိုကိုယ်တောင် သံသယ၀င်ချင်နေပြီ..."


"မမကလည်း...အသက်အရွယ်နဲ့ဘာဆိုင်လည်း..

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ...

အသက်ကြီးလာတာနဲ့အမျှ အတွေ့အကြုံများပြီး ရင့်ကျက်လာတာပဲရှိတာ  အချစ်မှာအတွေ့အကြုံ

မရှိရင်တော့ သမီးရည်းစားကိစ္စမှာ ဆယ်ကျော်သက် ဖြစ်နေအုံးမှာပဲ...."


"ဟား...ဟား...ဟုတ်ပါတယ်...ဟုတ်ပါတယ်...

ငါကရည်းစားတော့ထားကြည့်ချင်ပါတယ်...

ဒါပေမဲ့ ရည်းစားထားရင်အနမ်းခံရတာတို့ဘာတို့ဖြစ်လာမှာကို ကြောက်တယ်ဟ..."


"ဟား...မမကလည်း...ရည်းစားထားပါတယ်ဆိုမှ

ဟိုကအလှကြည့်နေမလား..သမီးရည်းစားတို့သဘာ၀...နမ်းတာတော့ရှိမှာပေါ့...သမီးဆိုရင်လေ

..မမနေခြည်ကြည့်တဲ့ကိုရီးယားကားတွေကို

သူ့အခန်းမှာသန့်ရှင်းရေးလုပ်ရင်းနဲ့ ချောင်းကြည့်ဖူးတယ်သိလား...မင်းသားနဲ့မင်းသမီးက ဟိုဒင်း...

မရိုသေ့စကားမမရယ်...ဒါချင်းနမ်းနေတာမရွံဘူးလားမသိဘူး...တွေးရင်းနဲ့တောင်အံချင်လာပြီ...

ဒါပေမဲ့ ကြည့်လို့တော့ကောင်းတယ်..ဟိ..ဟိ..."


ပိစိမက သူ့နှုတ်ခမ်းကို လက်နဲ့ဖိပြပြီးပြောပြတာကြောင့် ပုံရိပ်မှာမျက်လုံးတွေပြူးသွားသလို 

ရယ်လည်းရယ်ချင်မိသည်။

ဒါဆို ပြင်ပအတွေ့အကြုံရှိထားအောင် အရင်ဆုံး

ကိုရီးယားကားတွေကို ကြည့်ထားသင့်တာလား။

ဒါလည်းမဟုတ်သေးပါဘူး။


ပုံရိပ်ကတော့ မရပါဘူး။ရည်းစားထားလို့

ရည်းစားကလာနမ်းရင် နမ်းတဲ့နှုတ်သီးကိုဖြတ်ရိုက်ပစ်မယ်။


"မမသိလား...တစ်ခါလေ...အန်တီယဉ်တင့်တို့အခန်းရှေ့ကနေဖြတ်လျှောက်တော့ အခန်းထဲမှာရန်ဖြစ်နေကြတာထင်လို့ တံခါးကလည်းဟနေတာနဲ့ချောင်းကြည့်လိုက်တာ..ဦးခန့်ကြီးကအန်တီယဉ်တင့်ကို နမ်းလိုက်တာနဲ့ကြုံရော..ပိစိကတော့မီးဖိုချောင်ထဲကို တစ်ချိုးတည်းပြေးမိတော့တာပဲ..."


"ဟား...ဟား...နင်ကချောင်းကြည့်တဲ့နေရာမှာတော့ ဆရာကြီးပဲနော်.."


"ဟဲ..ဟဲ...အတွေ့အကြုံဆိုတာ..ရတဲ့နေရာမှာယူထားရတာလေ..."


"အေးပါ...ဆရာမကြီးရဲ့စကားကိုမှတ်ထားပါ့မယ်..."


"မှတ်ထား...မှတ်ထား..နောက်လည်းမသိတာရှိရင်လာမေး..."


"အမယ်လေး.…"


ပိစိမနှင့် ပုံရိပ်သည်ဒီလိုပွင့်လင်းသောစကား၀ိုင်းမျိုးကို တည်ဆောက်နိုင်သည်အထိရင်နှီးခင်မင်မိနေလေပြီ။ဒေါ်လေးဆီမှာ နေခဲ့လို့သာပြောနေ‌မိပေမဲ့ ပိစိမသာမရှိရင်ပုံရိပ်လည်း နေတတ်မည်မထင်ပေ။


မိုးစက်ကလေးများကို ကြည့်မိပြီး နေ့လည်ကအတူယှဉ်ထိုင်မိစဉ် အနီးကပ်တွေ့ခွင့်ရလိုက်သည့်

ဆရာ့ပါးပြင်လေးကို တွေးကြည့်လိုက်မိတော့

ရင်ခုန်နေမိသည်။

ဟင်...ငါဘာတွေတွေးနေတာလဲ...


===========================


"မမရေ...ပိတောက်ပန်းတွေပွင့်နေပြီ....."


ပိစိမ၏အော်သံကြောင့် ဒေါ်လေးနှင့်အတူမီးဖိုထဲတွင် ကူလုပ်ပေးနေမိရင်းမှ လူတွေလန့်ဖြန့်သွားလေသည်။


"မမရေ..."


"ဟဲ့...ငါဒီမှာ..."


မီးဖိုထဲကနေ အသံလှမ်းပေးတော့ မီးဖိုထဲသို့ပြေးလာပြန်သည်။အိမ်ကသစ်သားအိမ်ပါဆိုနေမှ

တစ်အိမ်လုံးလည်း သူ့ခြေသံတွေချည်းပဲ။


"မမ...ပိတောက်ပန်းတွေပွင့်နေပြီသိလား...."


"ဟဲ့...နေ့လည်ဆယ့်နှစ်လောက်ကမှမိုးရွာတာလေ...

အခုမှလေးနာရီပဲထိုးသေးတယ်...ချက်ချင်းကြီး

ပန်းကထပွင့်လာပါ့မလား..."


"ဟုတ်ပါတယ်ဆိုနေ...ဒီမှာတွေ့လား...

လမ်းကဖြတ်သွားတဲ့အဒေါ်ကြီးတစ်ယောက်

 ခူးလာတာတွေ့လို့ဘယ်အိမ်မှာလည်း မေးပြီးသွားခူးလာတာ..."


ပိစိမသည်သူ့အနောက်တွင်ဖွက်လာသော ပိတောက်ပန်းခိုင်ကြီးကို ‌ပြလိုက်သောအခါ

ပိတောက်ပန်းရနံ့လေးသင်းသွားသလို ဒေါ်လေးနှင့်ပုံရိပ်လည်း အံ့ဩသွားရသည်။

ပိတောက်က မိုးရွာပြီးနောက်နေ့လောက်မှ

ပွင့်တာမဟုတ်ဘူးလား။


"ရော့...မမနဲ့ဒေါ်လေးကတစ်ယောက်နည်းနည်းဆီပန်ကြ သမီးကကျန်တာကိုဘုရားအိုးထိုးလိုက်အုံးမယ်..."


ပုံရိပ်နှင့်ဒေါ်လေး၏ လက်ထဲသို့ပန်းခက်တွေကို ပေးခဲ့ကာကျန်တာကိုပြန်ပွေ့ပိုက်၍ အိမ်ရှေ့ခန်းသို့ပြေးထွက်သွားပြန်လေသည်။

ပိစိမက ကလေးတစ်ယောက်လိုပါပဲလား။

ဒါပေမဲ့ သူကစကားပြောကောင်းတယ်။

သူတစ်ပါး စိတ်ချမ်းသာအောင်လည်း

သိပ်ပြောတတ်တဲ့ကောင်မလေး။


"အော်...ပုံရိပ်ရေ...ဒေါ်လေးမေ့နေတာ...

မနက်ဖြန်ဥပုဒ်နေ့မှာ...ကျောင်းမှာမနက်ဖက်

အစာပြေအတွက်လှူဖို့လုပ်ထားတာ...သမီးရဲ့ဆရာကိုတောင် နေ့ခင်းကအလှူငွေနှစ်သိန်းပေးလိုက်မလို့ မေ့သွားတယ်..သွားပေးပေးစမ်းပါကွယ်.."


"ဟုတ်ကဲ့...သမီးသွားပေးပါ့မယ်...ဒေါ်လေးရဲ့သေတ္တာထဲကနေပဲ ပိုက်ဆံကိုယူလိုက်ရမလား..."


"အေး...အေး...ယူလိုက်..."


ဒေါ်လေးဆီမှ ခွင့်ပြုချက်ရသည်နှင့် ပိုက်ဆံကိုသွားယူလိုက်ပြီး  ဆွယ်တာလေးကိုထပ်၀တ်လိုက်ကာ

ပိစိမပေးသော ပိတောက်ပန်းလေးကိုလည်း

ကလစ်နှင့်ထိုးပန်လိုက်သည်။

ကျစ်ဆံမြီးကျစ်ထားသော ဆံပင်‌ရှည်လေးကို အရှေ့သို့ချကာ ဘုန်းကြီးကျောင်းသို့ထွက်လာခဲ့လိုက်သည်။


🎶ပါးပြင်မှာ...သနပ်ခါးလေးနဲ့🎶

🎶ချစ်စရာကောင်းလိုက်တာကွာ..."🎶

🎶သူများတွေထက် မထင်မရှားလည်းပဲ🎶

🎶ကိုယ့်အတွက် လမင်းလေးပါ🎶

🎶အမြဲတမ်းပြုံးနေလိုက်ပါ🎶

🎶ရိုးရိုးလေး မင်းမျက်နှာ🎶

🎶ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ...."🎶


အုတ်ခုံမှာ ထိုင်၍သီချင်းညည်းနေသော အုပ်စုကြောင့် လမ်းလျှောက်ရင်းနှင့် ခြေလှမ်းတွေတောင်မှားချင်သည်။

ကိုယ်ကလည်း သနပ်ခါးလူးထားတဲ့အပြင် 

မြန်မာ၀မ်းဆက်နဲ့ဆိုတော့ သုတို့၏သီချင်းနှင့်က ကွက်တိဖြစ်နေသည်။

ခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းပြီး ဘုန်းကြီးကျောင်းသို့ ရောက်မှသာစိတ်အေးရတော့သည်။


ကျောင်းထဲတွင်တော့ ဥပုဒ့်နေမို့ ညနေစောင်းနေပြီဆိုပေမဲ့ ဥပုဒ်သည်တွေလည်း တစ်ယောက်စ

နှစ်ယောက်စရှိနေလေသည်။

ဆရာ့အခန်းသို့ သွားကြည့်လိုက်တော့လည်း

ဆရာကရှိမနေ၍ ကျောင်းဆောင်ကြီးဘက်သို့သာ လျှောက်လာလိုက်သည်။

ကံကောင်းချင်တော့ ကျောင်းဆောင်ပေါ်ကနေဆင်းလာသော ဦးဇင်းပြုံးချိုနှင့် ဆုံလေသည်။


"ဦးဇင်း...ဆရာနေမျိုးရော..."


"ဘာကိစ္စရှိလို့လည်းဒကာမလေးရဲ့...နေမျိုးကငရုတ်သီးမုန့်တွေကုန်နေလို့ ဈေးထဲကိုသွားတယ်..."


"ဟာ...ဒါဆိုရင်လည်းမနက်ဖြန်ဥပုဒ်အတွက်...

မနက်စာလေးလှူဖို့ ဒေါ်လေးကပိုက်ဆံပေးခိုင်းလိုက်လို့..ဆရာ့အစားဦးဇင်းယူထားပေးလို့မရဘူးလား..."


"ဟာ..ဒါတော့မဖြစ်ဘူးကွဲ့...စာရင်းကနေမျိုးဆီမှာ

ဒီကိစ္စတွေကနေမျိုးကိုပဲ အပ်ထားတာလေ...

ခဏလေးပဲ စောင့်လိုက်ပါကွယ်...ခဏနေရင်ပြန်ရောက်တော့မှာပါ..."


"ဒါဆိုလည်း တပည့်တော်ဆရာ့အခန်းအရှေ့ကနေပဲ သွားစောင့်နေလိုက်မယ်..."


"အေး...အေး..."


ပိုက်ဆံနှစ်သိန်းကိုပိုက်ပြီး ဆရာ့အခန်းအရှေ့မှာ စောင့်နေမိပေမဲ့ မိနစ်နှစ်ဆယ်လောက်ကြာသည်အထိ ရောက်မလာသေးသောကြောင့်

မတ်တပ်မရပ်နိုင်တော့၍ ဆရာ့အခန်းထဲသို့

၀င်လိုက်ကာစာရေးခုံဘေးနားမှာ အသင့်ရှိနေသောခုံလေးပေါ်သို့ ထိုင်၍နားနေမိသည်။

ခုံပေါ်သို့ မေးထောက်ပြီး ဆရာ့အခန်းကို

လိုက်ကြည့်နေမိရာ ရာသီဥတုကလည်းအေးစက်စက်ဖြစ်နေသလို အခန်းကလည်းတိတ်ဆိတ်လွန်းနေ၍ လူကငိုက်မြည်းချင်လာသည်။


"ဆရာလာရင်တော့ ငါ့ကိုနှိုးလောက်မှာပါ..."


မျက်လုံးတွေကိုမှိတ်ချလိုက်ပြီး စာရေးခုံပေါ်မှာပဲ လက်မောင်းပေါ်သို့ ပါးကိုတင်ကာအိပ်လိုက်မိတော့သည်။ထိုစဉ်ပုံရိပ်၏ အာရုံထဲ၍ဘုန်းကြီး

ကျောင်း၏ရေကန်နဘေးက ပိတောက်ပင်ကြီးသည် ပိတောက်ပန်းဝါဝါလေးတွေ အုံလိုက်ခဲလိုက်ပွင့်နေခဲ့သည်။


ချူတံနှင့် ခူးယူပေးသူမှာ ဆရာနေမျိုးဖြစ်ပြီး

ဆရာကပုံရိပ်၏ဆံထုံးပုံ့ပုံ့လေးတွင် ပိတောက်ပန်းလေးများကို တယုတယပန်ပေးနေလေသည်။


ရှက်မျက်နှာလေးနှင့် ပန်းရောင်သန်းနေသော

ပါးပြင်လေးပေါ်သို့ ဆရာ့၏လက်သွယ်သွယ်လေးများက တိုးခိုက်ကာထိကိုင်လာသောအခါ

လျှင်မြန်စွာခေါင်းကို ငုံ့ထားလိုက်မိတော့ဆရာသည်ပုံရိပ်၏ မေးဖျားလေးမှ ‌မျက်နှာလေးကိုမော့ပင့်လိုက်ပြီး ၀င်းမွှတ်သောပါးပြင်လေးကို အနမ်းနုနုလေးများ ခြွေချလိုက်ကာ သူ့ရင်ခွင်ထဲသို့ဆွဲခေါ်ရင်း ထွေးဖက်ထားလေသည်။


"ပုံရိပ်!!!!!တောက်!!!ပုံရိပ်...နင်ထစမ်း..."


နားထဲမှာ တက်ခေါက်သံတွေရော ခပ်ဆောင့်ဆောင့်အော်ခေါ်သံကိုပါ ကြားလိုက်ရ၍အိပ်မက်တွေလည်း လွင့်ပြယ်ကုန်ကာမျက်လုံးကိုအမြန်ပွတ်ပြီး ကြည့်လိုက်မိတော့ ပုံရိပ်၏ဘေးနားမှာ

ဆရာကရပ်နေပြီး အနောက်ဘက်မှာဟိန်းကိုက 

ဒေါသမျက်လုံးများနှင့် ကြည့်၍လက်ကိုအတင်းဆောင့်ဆွဲ၍ ခေါ်နေလေသည်။


"ဟိန်းကို....ပုံရိပ်ကိုဒီလိုအကြမ်းပတမ်းမဆက်ဆံပါနဲ့..."


"အမယ်လေး...."


ဆရာ့ရင်ဘတ်ကို ဆောင့်တွန်းလိုက်သောကြောင့်

ပုံရိပ်ထအော်လိုက်မိလေသည်။အာရုံကြောတွေ

ပွင့်ထွက်သွားမတတ်ဖြစ်သွားပြီး မျက်မှောင်ကြုံ့ကာ ဟိန်းကိုအား မော့ကြည့်လိုက်တော့

သူမျက်နှာသည်ဒေါသအရှိန်နှင့် ပိုခက်ထန်နေသည်။

ဆရာ့ကိုလည်း ဆွဲထိုးတော့မလိုမျက်နှာပေးနဲ့ လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောနေတာများ ကြောက်ဖို့တောင်ကောင်းသေးသည်။


"ကျုပ်ကကြမ်းတမ်းပေမဲ့ ခင်ဗျားလိုတော့

မယုတ်မာဘူး...ကျုပ်သူငယ်ချင်းကိုတော့

ကျုပ်ကာကွယ်ရမှာပဲ...နောက်တစ်ခါပုံရိပ်ကို

ထိပါးလာရင်...ကျုပ်အဆိုးမဆိုနဲ့...

ကြောင်သူတော်ကြွက်သူခိုး....လာ...ပုံရိပ်..."


"ဟိန်းကို နင်ဘာဖြစ်နေတာလည်း...ငါဆရာ့ကိုအလှူငွေနှစ်သိန်းလာပေးတာ..."


"ဒီပိုက်ဆံလား...ဆရာယူထားလိုက်ပါ့မယ်...."


"ခင်ဗျားကိုခင်ဗျား...ဆရာလို့မပြောပါနဲ့...

ကျုပ်ရွံလွန်းလို့....ပုံရိပ်...နင်လာခဲ့..."


ဆရာ့ကို ရက်စက်တဲ့စကားလုံးတွေရွေးသုံးပြီး 

ပြောခဲ့ကာ ပုံရိပ်ကိုလည်းကျောင်းရှေ့သို့ အတင်းဆွဲခေါ်လာလေသည်။ရုန်းကန်ချင်ပေမဲ့ ဥပုဒ်သည်တွေလည်း ကျောင်းထဲမှာရှိတာကြောင့် ပုံရိပ်သူ့ကိုဒေါသထွက်စွာနှင့်ပဲ ကျောင်းအရှေ့ထိလိုက်လာခဲ့မိသည်။


"နင်ငါ့ကို အခုလွတ်...မိုက်ရိုင်းတဲ့အကောင်..."


"ဘာ...ငါကမိုက်ရိုင်းတယ်ဟုတ်လား...အေး..

ငါကရိုင်းပဲရိုင်းတာ...သူ့လိုမယုတ်မာဘူး...

သူကမှကိုယ်မွေးတဲ့ကြက်ကို ကိုချက်စားချင်တဲ့...

အယုတ်တမာကြီး...."


"နင်နော်...နင်ဆရာ့ကိုအဲ့လိုမပြောနဲ့...နင်အခုချက်ချင်းဆရာ့ကို ပြန်သွားတောင်းပန်...

နင်အရမ်းတရားလွန်တယ်...ဆရာ့လိုသဘောထားပြည့်၀ပြီး..အားလုံးအပေါ်မှာကောင်းတဲ့

လူကောင်းတစ်ယောက်ကို...နင်အခုဆက်ဆံလိုက်တဲ့ပုံက...သိပ်ရမ်းကားလွန်းတယ်..."


"ဟား...ငါကရမ်းကားတယ်ဟုတ်လား...နင့်ကိုသူဘာလုပ်လိုက်လည်း...နင်တကယ်မသိဘူးလား...

ငါ...ငါဟာ...ပြောလိုက်ရင်မကောင်းရှိတော့မယ်..."


"မကောင်းရင်လည်း ပြောမနေနဲ့တော့...ငါကတော့ဆရာ့ကိုသွားတောင်းပန်မယ်...."


"နင့်ပါးကိုနမ်းလိုက်တဲ့လူကို နင်ကသွားတောင်းပန်မယ်ဟုတ်လား...."


"ဘာ....!!!!နင်ဘာပြောလိုက်တယ်...."


ဟိန်းကို၏စကား‌ကို ပုံရိပ်တကယ်ကိုနားမလည်ပေ။ဆရာကပုံရိပ်ကို နမ်းလိုက်သည်တဲ့။

ဘယ်တုန်းကလည်း အိပ်မက်ထဲမှာလား။

မဖြစ်နိုင်တာ ။ဆရာကဒီလိုလုပ်မဲ့လူမှမဟုတ်တာ။

ပုံရိပ်ကို ဆရာကတပည့်တစ်ယောက်အနေနဲ့ပဲ

မြင်တာပါ။ဟိန်းကိုအမြင်တွေဘာတွေ မှုန်သွားတာလား။ဒါမှမဟုတ် အမြင်မှားနေတာများလား။


"ဟိန်းကို...နင့်မျက်လုံးကိုသွားပြီးစမ်းသပ်ကြည့်ပါလားဟင်...အဝေးမှုန်နေသလား...."


"အရူးမ...ဘာတွေလျှောက်ပြောနေတာလဲ...."


"ဟဲ့...နင့်မျက်လုံးတွေမှုန်နေလို့သာ မဟုတ်တာတွေလျှောက်မြင်တာပေါ့...ဥပမာဆရာကငါ့ဘေးနားကပစ္စည်းတစ်ခုခုကို လှမ်းယူလိုက်တာကို နင်ကအမြင်မှားတာမဖြစ်နိုင်ဘူးလား..."


"အရူးမ...သူကလည်းယောက်ျားတစ်ယောက်ပဲနော်...အသက်လည်းငါတို့ထက်၇နှစ်လောက်ပဲကြီးတာ....နင်သူ့ကိုသိပ်ယုံမနေနဲ့...ငါလည်းသူ့ကိုလေးစားခဲ့ပေမဲ့ ဒီလိုကိစ္စမျိုးကိုတော့လုံး၀လက်မခံနိုင်ဘူး...."


"ဒါဆို...နင်ပြောနေတာကတကယ်ပေါ့....

ဆရာကငါ့ကို..."


"မယုံဘူးလား...မယုံရင်ငါပြန်လုပ်ပြရမလား..."


"သေနာ...ပါးရိုက်ပစ်မှာနော်..."


ဟိန်းကို၏မျက်နှာတည့်တည့်ကို လက်ဝါးထောင်ပြခဲ့လိုက်ပြီး အိမ်သို့မြန်မြန်ပြန်လာခဲ့လိုက်သည်။

အိမ်ပေါ်သို့ အမြန်ပြေးတက်လိုက်ပြီး အိပ်ယာထဲတွင်ခေါင်းကိုမှောက်ကာ ယခုမှရှက်အားပိုနေမိသည်။


"တကယ်ကြီးလား...အိပ်မက်လို့ထင်နေခဲ့တာ...

ဘယ်လိုမှမနေသလိုပဲ...အာ...ဘာတွေတွေးနေတာလဲ..."


ကိုယ့်ဘာသာစကားတွေပြောရင်းနှင့် ပါးပြင်တွေပါပူတက်လာလေသည်။

တကယ်ဆိုရင် ဆရာကဘာလို့ပုံရိပ်ကို နမ်းတာလဲ။

ဆရာက ပုံရိပ်ကိုချစ်ကြောင်း၊ကြိုက်ကြောင်းလည်း မပြောသလိုစိတ်၀င်စားတဲ့ အရိပ်အယောင်တောင်မပြဖူးပဲ ဘာကြောင့်နမ်းရတာလဲ။


သူ့အခန်းထဲမှာ ၀င်အိပ်နေတဲ့မိန်းကလေး၊

သူခူးချင်ရင် အချိန်မရွေးရတဲ့ပန်းတစ်ပွင့်ဆိုပြီး အထင်သေးလို့ ဒီလိုပြုမူလိုက်တာလား။

ဆရာ့ရင်ထဲမှာရော ဘာတွေတွေးနေမလဲ။


ပုံရိပ် သိသလောက်တော့ဆရာက ဒီလိုလူမျိုးမဟုတ်ပါဘူး။ပုံရိပ်ကိုသူခေါ်တာမရလို့ စိတ်‌ဆိုးပြီးဆွဲခေါ်ရင်တောင် လက်ဖဝါးကနေမကိုင်ပဲ ‌လက်ကောက်၀တ်ကနေပဲကိုင်ဖူးတယ်။

ဒါတောင် နှစ်ခါလားပါပဲ။

အခုလို နမ်းလိုက်တာကြတော့ ဆရာနေမျိုးမှ ဟုတ်ရဲ့လား။

ဆရာ့ကို သွားမေးရအောင်လည်း ပုံရိပ်ကအရှက်မဲ့နေရာကျမှာပေါ့။


"မမ...ပိုက်ဆံသွားပေးပြီးပြန်လာတာလား...."


"အေး...."


"ဆရာနေမျိူးနဲ့ရော...တွေ့ခဲ့ရဲ့လား..."


"အင်း..."


"မမဘာဖြစ်နေတာလဲ...."အေး.."နဲ့"အင်း.."နှစ်လုံးပဲပြောတတ်တော့တာလား...ဆရာနဲ့ဘာဖြစ်လာလို့လဲ..."


"ဟာ...နင်နော်...ငါနဲ့ဆရာကဘာဖြစ်စရာအကြောင်းရှိလို့လဲ..."


ပိစိမကို အနီးမှာရှိနေသောခေါင်းအုံးနဲ့လှမ်းပေါက်ပစ်လိုက်ပြီး နှုတ်ခမ်းကိုဖိကိုက်ထားလိုက်မိလေသည်။ရင်ခုန်ရလွန်းလို့ ရူးရပါတော့မယ်။

ဘယ်လိုလုပ်လိုက်တာလည်း ဆရာရေလို့သာ

သွားအော်ပြောလိုက်ချင်တော့သည်။


"ပိစိမ...တကယ်လို့ဟာ...သူစိမ်းယောက်ကျား

တစ်ယောက်က သူနဲ့ချစ်သူတွေမဟုတ်တဲ့မိန်းကလေးကို အိပ်နေတဲ့အချိန်ပါးကိုခိုးနမ်းမယ်ဆိုပါစို့...အဲ့ဒါက ဘာဖြစ်လို့ထင်လဲ..."


"နမ်းချင်လို့ နမ်းတာပေါ့..."


"ဟာ...အရူးကိုမေးမိတာမှားပါတယ်ဟယ်..."


"ဟား..ဟား...သမီးကစတာပါနော်...စဉ်စားကြည့်လေမမရယ်...ချစ်သူလည်းမဟုတ်ဘူးဆိုတော့...

အဲ့ဒီ့ကောင်မလေးက ချစ်စရာ‌ကောင်းလို့နမ်းတာဖြစ်နိုင်သလို...ကြိုက်နေလို့လည်းဖြစ်နိုင်တာပဲ..."


"အဲ့ဒါတွေ တစ်ခုမှမဟုတ်ဘူးဆိုရင်ရော.…

နမ်းပြီးတော့မသိချင်ယောင်ဆောင်နေရင်ရော..."


"အဲ့ဒါကတော့ အထင်သေးလို့ပေါ့...လုပ်လို့ရလို့လုပ်တာ..."


"ဟင်...ဟုတ်လား.."


"မမရုပ်ကြီးကလည်း ဘာဖြစ်နေတာလဲ...မဟုတ်မှ

...မမကအနမ်းခံလိုက်ရလို့လား..."


"မဟုတ်...မဟုတ်ပါဘူး..စိတ်ထဲမှာပေါ်လာလို့လျှောက်မေးတာ...ငါကဖြစ်စရာလား..ငါ့ကိုလာ

နမ်းကြည့်ပါလား...ပါးရှစ်စိပ်ကွဲသွားမှာပေါ့..."


"ဆရာနေမျိုးဆိုရင်ရော..."


"ဟင်...."


"အဲ...မဖြေနိုင်တော့ဘူးမဟုတ်လား...လူတွေဟာကိုယ်ချစ်တဲ့လူရှေ့မှာဆိုရင် အလိုလိုနေရင်းအရှုံးပေးရတော့တာပဲနော်...လူတစ်ယောက်ကိုဘယ်တော့မှသဲသဲလှုပ်ချစ်မပြနဲ့...အဲ့လူကအချစ်ခံရလွန်းလို့ ကိုယ့်တန်ဖိုးကိုမသိပဲ...ကိုယ့်ကိုအနိုင်ယူလာယုံတင်မကဘူး...ကိုယ့်အချစ်ကိုပါတန်ဖိုးထားဖို့မေ့သွားလိမ့်မယ်...

ပိစိမရဲ့အမေကသက်သေပဲလေ...

အဖေ့ကိုချစ်လွန်းလို့ ဆိုးသမျှသည်းခံပြီးနေခဲ့ပေမဲ့

ဖောက်ပြန်ခြင်းပဲ ပြန်ရလိုက်တယ်...

ချစ်တော့ချစ်..ဒါပေမဲ့အနှစ်ချည်းပဲမပေးနဲ့..."


အရူးစကားက ဒီတစ်ခါတော့မှတ်သားစရာကောင်းနေပြန်ရော။သူ့အမေရဲ့အဖြစ်ကို ဥပမာယူပြီးပြောနေပေမဲ့ ဆရာနေမျိုးကသူ့အဖေလိုမှမဟုတ်တာ။

ပုံရိပ် တစ်ခုပဲသိချင်တယ်။


ဆရာ..ဘာလို့ပုံရိပ်ကိုနမ်းတာလဲ..


ဟိန်းကိုက ပုံရိပ်ကိုအတင်းဆွဲခေါ်‌တဲ့အချိန်မှာဆရာသည်နေရာမှာပဲ ရပ်မြဲရပ်နေခဲ့တယ်။ဘာတုန့်ပြန်မှုမှ မရှိခဲ့ဘူး။ဟိန်းကို၏ ရင်းသီးလွန်းသောစကားတွေကိုလည်း ပြန်မချေပခဲ့တဲ့အပြင် ပုံရိပ်ကိုကြည့်နေခဲ့တဲ့ ဆရာ့မျက်၀န်းတွေသည် အားနာစိတ်၊သိမ်ငယ်စိတ်နဲ့အတူ ညှိုးနွမ်းနေခဲ့တယ်။


(စာရေးသူ..ဆောင်းငွေ့ဝေ)


🌹🌹🌹🌹🌹🌹🌹🌹


နမ်းရင် နှုတ်သီးကိုဖြတ်ရိုက်မယ်ဆိုတဲ့ 

အမကြီးကရိုက်ချိန်တောင်မရလိုက်ပါလား😁


(အမှားပါရင် ခွင့်လွှတ်ပေးပါနော်...

ဖတ်ရတာ ရင်ထဲမရောက်ပါက အရေးအသား

ညံ့သေးလို့ မှတ်ပါနော်)❤️


ဖတ်ရှုသူတစ်ဦးတစ်ယောက်ချင်းဆီကို

အထူးကျေးဇူးတင်ရှိပါတယ်..

=========================================================================


ဆူးႀကိဳး(အခန္း၄၅)


သႀကၤန္မိုးက ရြာသြန္းေလၿပီ။ရုတ္တရက္ ေကာင္းကင္ႀကီးတစ္ခုလံုးသည္  အံု႔မိႈင္းလာကာ

ခဲပုပ္ေရာင္ လြင္ျပင္ႀကီးကဲ့သို႔ ျဖစ္သြားေလသည္။

တစ္ေပါက္စႏွစ္ေပါက္စ မိုးစက္မ်ားမွသည္ ေနရာအႏွံ႔အျပားသို႔ အဆက္မျပတ္က်ဆင္းလာေတာ့သည္။


ဖုန္ထေနေသာ လမ္းမႀကီးမ်ားသည္ ေရႏွင့္ပက္ျဖန္းလိုက္သလို အေငြ့တလူလူျဖစ္သြားၾကၿပီး သိပ္သိပ္သည္းသည္းျဖစ္ကုန္ၾကသည္။

 သႀကၤန္၏သေကၤတျဖစ္သည့္ ပိေတာက္ပန္းတို႔သည္လည္း အမိန႔္သံမပါပဲ ႏုသစ္စြာပြင့္လန္းခ်င္လာၾကသည္။


ပံုရိပ္ကေတာ့ ျပတင္းေပါက္မွေန၍ အိမ္ေျခရင္းဘက္ရိွ စံပယ္ရံုေတြေပၚသို႔က်ဆင္းေနေသာ

မိုးစက္တို႔ကိုသာ ေငးၾကၫ့္ေနမိသည္။

ေဒၚေလး၏ စံပယ္ပန္းေလးမ်ားသည္ ဆယ့္ႏွစ္ရာသီလံုးပြင့္ဖူးၾကေလာက္ေအာင္အထိ အပြင့္သန္သည္ဟု ဆိုရမည္။

အိမ္မွာ တကူးတကလာ၀ယ္ၾကသူေတြေတာင္

ရိွေလသည္။


"မမေရ...မေအးဘူးလား...မိုးေတြပက္မယ္ေလ..."


"မပက္ပါဘူးဟာ..အေဝးႀကီးရယ္...ေလကအေရ႔ွဖက္ကေနတိုက္တာထင္တယ္.."


"မမဘာေတြ ေတြးေနတာလဲ.."


ပိစိမသည္လည္း ျပဴတင္းေပါက္၏တစ္ဖက္တြင္မွီ၍ထိုင္လိုက္ေလသည္။ပိစိမ၏မ်က္ႏွာကို ၾကၫ့္လိုက္ၿပီးေနာက္ ျပဴတင္းေပါက္အျပင္ဘက္ရိွ

မိုးစက္ေတြသည္းထန္စြာ က်ဆင္းေနေသာ ေကာင္းကင္ႀကီးအေပၚသို႔ေမာ့ၾကၫ့္လိုက္မိသည္။

ေအးစက္စက္ ေရေပါက္ေလးေတြသည္ ပံုရိပ္၏

ပါးျပင္ေလးေတြအေပၚသို႔ လာထိေနေသာခံစားခ်က္ကို သိပ္သေဘာက်တယ္။


"ငါတို႔ျပန္ရေတာ့မယ္ေနာ္...မနက္ျဖန္တစ္ရက္ပဲ

ရိွေတာ့တယ္...ဒီကလူေတြအားလံုးနဲ႔‌ထပ္ေဝးရအံုးမယ္.."


"အင္း...သမီး‌လည္း...တကယ္ျပန္ရေတာ့မယ္ဆိုေတာ့...ရင္ထဲမွာဟာတာတာႀကီးျဖစ္ျဖစ္သြားတယ္

...ငိုခ်င္သလိုပဲ...မမရဲ့ေဒၚေလးကသိပ္သေဘာ

ေကာင္းတာပဲေနာ္..တကယ္ေတာ့သမီးကမမေနာက္ကို ေစာင့္ေရွာက္ဖို႔လိုက္လာတဲ့ အိမ္ေဖာ္ေပမဲ့

သမီးကိုလည္း မမနဲ႔တန္းတူခ်စ္ခင္ေပးတယ္..

သမီးရဲ့ဘ၀မွာေလ..အၿမဲတမ္းမတူမတန္သလိုပဲ ဆက္ဆံခံခဲ့ရေတာ့...ဒီေနရာေလးမွာသမီးေပ်ာ္ေနမိတယ္...."


"ဒါဆိုရင္...ဒီမွာေနခဲ့မလား....ဖြားညိုကိုေျပာၿပီး

နင့္ကိုအလုပ္ထုတ္လိုက္မယ္ေလ...ေဒၚေလးလည္းကူေဖာ္ေလာင္ဖက္ရတာေပါ့...လစာလိုခ်င္ရင္လည္းေပးမယ္...ဒါမွမဟုတ္မိသားစုလိုေနခ်င္ရင္လည္း...ေနလို႔ရတယ္...ဘယ္လိုလဲ..."


"ဟင့္အင္း...သမီးကမမရဲ့ေနာက္ကိုပဲအၿမဲလိုက္ေနမွာ...မမလိုအပ္တာေတြကိုျဖၫ့္ဆည္းေပးခ်င္တာ..


"ဟုတ္ပါၿပီ..ဒါဆိုလည္းတို႔နဲ႔ပဲ ျပန္လိုက္ခဲ့ေတာ့...

တစ္ခုေတာ့ရိွ‌တယ္ေနာ္...ဒီမွာကဟိုမွာေလာက္

မပင္ပန္းဘူး...ေဒၚေလးကလည္းနင့္ကိုတူမအရင္းလို ေစာင့္ေရွာက္မွာ ေသခ်ာတယ္..."


"သမီးက..မမရိွတဲ့‌ေနရာမွာပဲေနမွာပါဆို..."


"ၿပီးေရာ...."


ေနြးေထြးၾကင္နာတတ္လြန္းေသာ မမ၏မ်က္ႏွာေလးကိုၾကၫ့္ၿပီး ပိစိမႃပံုးလိုက္မိသည္။

အရမ္းကို စိတ္ထားလွလြန္းလို႔ လူေလးကလည္းျဖဴစင္ၿပီး လွလြန္းေနတာေပါ့။

ျမန္မာ၀မ္းဆက္ရင္ေစ့လက္ပ်က္ေလးကိုမွ

အေပၚကေနဆြယ္တာလက္ရွည္ေလးကို ထပ္၀တ္ထားေသာေၾကာင့္ သိမ္ေမြ့ႏူးညံ့လြန္းေနသည္။


ဆရာဆိုတဲ့လူရယ္ ခင္ဗ်ားသိပ္ကံေကာင္းပါတယ္။

မမလိုလူတစ္ေယာက္က လူတိုင္းအေပၚမွာၾကင္နာသနားတတ္ေပမဲ့ လူတစ္ေယာက္တည္းအေပၚမွာပဲ

နင့္နင့္နဲနဲ ခ်စ္ျမတ္ႏိုးတတ္တဲ့လူပါ။

ခင္ဗ်ားသာ မမရဲ့‌ခ်စ္ျခင္းေမတၲာေတြကိုျမင္ႏိုင္ရင္

ဒီကမ႓ာေပၚမွာ ကံအေကာင္းဆံုးလူျဖစ္လာလိမ့္မယ္။


"မမနဲ႔ဆရာ့ရဲ့ အေျခအေနကဘယ္လိုရိွၿပီလဲ..."


"ဒီအတိုင္းပါပဲ...."


"ဟင္...မမရဲ့စကားႀကီးကလည္း ဘယ္လိုႀကီးတုန္း

ဒီအတိုင္းပါပဲဆိုေတာ့...မမကျပန္ရေတာ့မယ္ေလ...

ျမန္ျမန္မလႈပ္ရွားရင္ သူမ်ားေနာက္ကိုပါသြားမွာေပါ့.."


ပိစိမ၏စကားေၾကာင့္ ပံုရိပ္ႃပံုးလိုက္မိသည္။

မိုးေကာင္းကင္ေပၚသို႔ မ်က္ေတာင္မခတ္စတမ္းေငးၾကၫ့္ေနမိရင္းမွ ရင္ထဲမွာလည္း၀မ္းနည္းလာသလို ခံစားေနရသည္။


"ခံစားခ်က္ဆိုတာ လုပ္ယူလို႔မရဘူးဟ...ဆရာက

ငါ့အေပၚမွာ ဘယ္လိုျမင္သလဲဆိုတာငါမသိဘူး...

လူႏွစ္ေယာက္လံုးနဲ႔သက္ဆိုင္တဲ့ ဆက္ဆံေရး

တစ္ခုမွာငါ့တစ္ေယာက္တည္းဘက္ကေန ရင္ခုန္ရံုနဲ႔ၿပီးတာမွမဟုတ္ပဲ...သူကေရာငါ့ကိုရင္ခုန္ေနတာမဟုတ္ရင္ ငါဘာမွမတတ္ႏိုင္ဘူး...


ငါသူ႔ကိုခ်စ္ေပမဲ့...သူငါ့ကိုျပန္မခ်စ္လည္းရတယ္

သူငါ့အေပၚမွာ အထင္ေသးသြားမွာမ်ိဳးေတာ့

ငါမျဖစ္ခ်င္ဘူး...

ဒါေၾကာင့္အခုလက္ရိွ ငါတို႔ရဲ့ဆက္ဆံေရးကို

ဒီအတိုင္းေလးပဲ ထားလိုက္တာေကာင္းမယ္လို႔ထင္တယ္...


ဖူးစားဆိုတာက လူ႔ျပည္ကအပ္တစ္စင္းနဲ႔ျဗမၼာ့ျပည္ကအပ္တစ္စင္းထိတဲ့အခ်ိန္လို႔ပဲ ေျပာရမလား

ဖူးစာမပါရင္ ငါတို႔ေတြဘာမွမတတ္ႏိုင္ဘူး...

တဲြၿပီးသားလက္ေတြေတာင္ ျပန္ျပတ္ေတာက္ၾကရေသးတာပဲေလ...


ေနာက္ၿပီး..ငါကငါ့ရဲ့အခ်ိန္အခါတစ္ခုကိုသိတယ္..

ငါ့အသက္ကအရမ္းငယ္လြန္းေသးတယ္..

ဆရာ့အေပၚမွာထားတဲ့ ငါ့ရဲ့ခံစားခ်က္ကိုလည္း

ငါသခ်ာျပန္စမ္းစစ္ရအံုးမယ္..ေဝးကြာသြားတဲ့အခ်ိန္အတိုင္းအတာတစ္ခုမွာသူ႔ဘက္မွာလည္းတစ္ေယာက္ေယာက္နဲ႔ လက္တဲြသြားႏိုင္သလို

 ငါ့ဘက္မွာလည္း သူ႔ကိုေမ့သြားႏိုင္တာပဲေလ

...တကယ္လို႔ ဒီအရာေတြတစ္ခုမွ ျဖစ္မလာဘူးဆိုရင္ေတာ့...ဖူးစာေရးနတ္မင္းႀကီးဟာ 

ငါတို႔ႏွစ္ေယာက္ကိုေသခ်ာေပါက္ ခ်ည္ေနွာင္ေပးထားတာလို႔သတ္မွတ္လိုက္မယ္..."


"ဒီလိုဆိုေတာ့ မမရဲ့အေတြးကသဘာ၀က်ပါတယ္

...ဒီလိုကိစၥမ်ိဳးကို အတင္းလုပ္ယူတိုင္းလည္း

ရတာမွမဟုတ္ပဲ...ဒါေပမဲ့မမေျပာသလိုဆို 

မမကသူ႔ကိုတကယ္ခ်စ္တာလား..မခ်စ္တာလား..."


"ခ်စ္တယ္လို႔ေတာ့ထင္တာပဲ...ငါလည္းေသခ်ာ

မသိဘူး...ငါတို႔အရြယ္ကစိတ္ကစားတတ္တဲ့အရြယ္လို႔ လူတိုင္းကေျပာေနၾကေတာ့...ငါလည္းကိုယ့္ကိုကိုယ္ေတာင္ သံသယ၀င္ခ်င္ေနၿပီ..."


"မမကလည္း...အသက္အရြယ္နဲ႔ဘာဆိုင္လည္း..

အသက္အရြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုပါပဲ...

အသက္ႀကီးလာတာနဲ႔အမ်ွ အေတြ့အႄကံုမ်ားၿပီး ရင့္က်က္လာတာပဲရိွတာ  အခ်စ္မွာအေတြ့အႄကံု

မရိွရင္ေတာ့ သမီးရည္းစားကိစၥမွာ ဆယ္ေက်ာ္သက္ ျဖစ္ေနအံုးမွာပဲ...."


"ဟား...ဟား...ဟုတ္ပါတယ္...ဟုတ္ပါတယ္...

ငါကရည္းစားေတာ့ထားၾကၫ့္ခ်င္ပါတယ္...

ဒါေပမဲ့ ရည္းစားထားရင္အနမ္းခံရတာတို႔ဘာတို႔ျဖစ္လာမွာကို ေၾကာက္တယ္ဟ..."


"ဟား...မမကလည္း...ရည္းစားထားပါတယ္ဆိုမွ

ဟိုကအလွၾကၫ့္ေနမလား..သမီးရည္းစားတို႔သဘာ၀...နမ္းတာေတာ့ရိွမွာေပါ့...သမီးဆိုရင္ေလ

..မမေနျခည္ၾကၫ့္တဲ့ကိုရီးယားကားေတြကို

သူ႔အခန္းမွာသန႔္ရွင္းေရးလုပ္ရင္းနဲ႔ ေခ်ာင္းၾကၫ့္ဖူးတယ္သိလား...မင္းသားနဲ႔မင္းသမီးက ဟိုဒင္း...

မရိုေသ့စကားမမရယ္...ဒါခ်င္းနမ္းေနတာမရြံဘူးလားမသိဘူး...ေတြးရင္းနဲ႔ေတာင္အံခ်င္လာၿပီ...

ဒါေပမဲ့ ၾကၫ့္လို႔ေတာ့ေကာင္းတယ္..ဟိ..ဟိ..."


ပိစိမက သူ႔ႏႈတ္ခမ္းကို လက္နဲ႔ဖိျပၿပီးေျပာျပတာေၾကာင့္ ပံုရိပ္မွာမ်က္လံုးေတျြပဴးသြားသလို 

ရယ္လည္းရယ္ခ်င္မိသည္။

ဒါဆို ျပင္ပအေတြ့အႄကံုရိွထားေအာင္ အရင္ဆံုး

ကိုရီးယားကားေတြကို ၾကၫ့္ထားသင့္တာလား။

ဒါလည္းမဟုတ္ေသးပါဘူး။


ပံုရိပ္ကေတာ့ မရပါဘူး။ရည္းစားထားလို႔

ရည္းစားကလာနမ္းရင္ နမ္းတဲ့ႏႈတ္သီးကိုျဖတ္ရိုက္ပစ္မယ္။


"မမသိလား...တစ္ခါေလ...အန္တီယဉ္တင့္တို႔အခန္းေရ႔ွကေနျဖတ္ေလ်ွာက္ေတာ့ အခန္းထဲမွာရန္ျဖစ္ေနၾကတာထင္လို႔ တံခါးကလည္းဟေနတာနဲ႔ေခ်ာင္းၾကၫ့္လိုက္တာ..ဦးခန႔္ႀကီးကအန္တီယဉ္တင့္ကို နမ္းလိုက္တာနဲ႔ႄကံုေရာ..ပိစိကေတာ့မီးဖိုေခ်ာင္ထဲကို တစ္ခ်ိဳးတည္းေျပးမိေတာ့တာပဲ..."


"ဟား...ဟား...နင္ကေခ်ာင္းၾကၫ့္တဲ့ေနရာမွာေတာ့ ဆရာႀကီးပဲေနာ္.."


"ဟဲ..ဟဲ...အေတြ့အႄကံုဆိုတာ..ရတဲ့ေနရာမွာယူထားရတာေလ..."


"ေအးပါ...ဆရာမႀကီးရဲ့စကားကိုမွတ္ထားပါ့မယ္..."


"မွတ္ထား...မွတ္ထား..ေနာက္လည္းမသိတာရိွရင္လာေမး..."


"အမယ္ေလး.…"


ပိစိမႏွင့္ ပံုရိပ္သည္ဒီလိုပြင့္လင္းေသာစကားဝိုင္းမ်ိဳးကို တည္ေဆာက္ႏိုင္သည္အထိရင္ႏွီးခင္မင္မိေနေလၿပီ။ေဒၚေလးဆီမွာ ေနခဲ့လို႔သာေျပာေန‌မိေပမဲ့ ပိစိမသာမရိွရင္ပံုရိပ္လည္း ေနတတ္မည္မထင္ေပ။


မိုးစက္ကေလးမ်ားကို ၾကၫ့္မိၿပီး ေန့လည္ကအတူယွဉ္ထိုင္မိစဉ္ အနီးကပ္ေတြ့ခြင့္ရလိုက္သည့္

ဆရာ့ပါးျပင္ေလးကို ေတြးၾကၫ့္လိုက္မိေတာ့

ရင္ခုန္ေနမိသည္။

ဟင္...ငါဘာေတြေတြးေနတာလဲ...


===========================


"မမေရ...ပိေတာက္ပန္းေတြပြင့္ေနၿပီ....."


ပိစိမ၏ေအာ္သံေၾကာင့္ ေဒၚေလးႏွင့္အတူမီးဖိုထဲတြင္ ကူလုပ္ေပးေနမိရင္းမွ လူေတြလန႔္ျဖန႔္သြားေလသည္။


"မမေရ..."


"ဟဲ့...ငါဒီမွာ..."


မီးဖိုထဲကေန အသံလွမ္းေပးေတာ့ မီးဖိုထဲသို႔ေျပးလာျပန္သည္။အိမ္ကသစ္သားအိမ္ပါဆိုေနမွ

တစ္အိမ္လံုးလည္း သူ႔ေျခသံေတြခ်ည္းပဲ။


"မမ...ပိေတာက္ပန္းေတြပြင့္ေနၿပီသိလား...."


"ဟဲ့...ေန့လည္ဆယ့္ႏွစ္ေလာက္ကမွမိုးရြာတာေလ...

အခုမွေလးနာရီပဲထိုးေသးတယ္...ခ်က္ခ်င္းႀကီး

ပန္းကထပြင့္လာပါ့မလား..."


"ဟုတ္ပါတယ္ဆိုေန...ဒီမွာေတြ့လား...

လမ္းကျဖတ္သြားတဲ့အေဒၚႀကီးတစ္ေယာက္

 ခူးလာတာေတြ့လို႔ဘယ္အိမ္မွာလည္း ေမးၿပီးသြားခူးလာတာ..."


ပိစိမသည္သူ႔အေနာက္တြင္ဖြက္လာေသာ ပိေတာက္ပန္းခိုင္ႀကီးကို ‌ျပလိုက္ေသာအခါ

ပိေတာက္ပန္းရနံ႔ေလးသင္းသြားသလို ေဒၚေလးႏွင့္ပံုရိပ္လည္း အံ့ဩသြားရသည္။

ပိေတာက္က မိုးရြာၿပီးေနာက္ေန့ေလာက္မွ

ပြင့္တာမဟုတ္ဘူးလား။


"ေရာ့...မမနဲ႔ေဒၚေလးကတစ္ေယာက္နည္းနည္းဆီပန္ၾက သမီးကက်န္တာကိုဘုရားအိုးထိုးလိုက္အံုးမယ္..."


ပံုရိပ္ႏွင့္ေဒၚေလး၏ လက္ထဲသို႔ပန္းခက္ေတြကို ေပးခဲ့ကာက်န္တာကိုျပန္ေပြ့ပိုက္၍ အိမ္ေရ႔ွခန္းသို႔ေျပးထြက္သြားျပန္ေလသည္။

ပိစိမက ကေလးတစ္ေယာက္လိုပါပဲလား။

ဒါေပမဲ့ သူကစကားေျပာေကာင္းတယ္။

သူတစ္ပါး စိတ္ခ်မ္းသာေအာင္လည္း

သိပ္ေျပာတတ္တဲ့ေကာင္မေလး။


"ေအာ္...ပံုရိပ္ေရ...ေဒၚေလးေမ့ေနတာ...

မနက္ျဖန္ဥပုဒ္ေန့မွာ...ေက်ာင္းမွာမနက္ဖက္

အစာေျပအတြက္လႉဖို႔လုပ္ထားတာ...သမီးရဲ့ဆရာကိုေတာင္ ေန့ခင္းကအလႉေငြႏွစ္သိန္းေပးလိုက္မလို႔ ေမ့သြားတယ္..သြားေပးေပးစမ္းပါကြယ္.."


"ဟုတ္ကဲ့...သမီးသြားေပးပါ့မယ္...ေဒၚေလးရဲ့ေသတၲာထဲကေနပဲ ပိုက္ဆံကိုယူလိုက္ရမလား..."


"ေအး...ေအး...ယူလိုက္..."


ေဒၚေလးဆီမွ ခြင့္ျပဳခ်က္ရသည္ႏွင့္ ပိုက္ဆံကိုသြားယူလိုက္ၿပီး  ဆြယ္တာေလးကိုထပ္၀တ္လိုက္ကာ

ပိစိမေပးေသာ ပိေတာက္ပန္းေလးကိုလည္း

ကလစ္ႏွင့္ထိုးပန္လိုက္သည္။

က်စ္ဆံၿမီးက်စ္ထားေသာ ဆံပင္‌ရွည္ေလးကို အေရ႔ွသို႔ခ်ကာ ဘုန္းႀကီးေက်ာင္းသို႔ထြက္လာခဲ့လိုက္သည္။


🎶ပါးျပင္မွာ...သနပ္ခါးေလးနဲ႔🎶

🎶ခ်စ္စရာေကာင္းလိုက္တာကြာ..."🎶

🎶သူမ်ားေတြထက္ မထင္မရွားလည္းပဲ🎶

🎶ကိုယ့္အတြက္ လမင္းေလးပါ🎶

🎶အၿမဲတမ္းႃပံုးေနလိုက္ပါ🎶

🎶ရိုးရိုးေလး မင္းမ်က္ႏွာ🎶

🎶ကမ႓ာေက်ာ္ေတာင္ မမွီႏိုင္ဘူးကြာ...."🎶


အုတ္ခံုမွာ ထိုင္၍သီခ်င္းညည္းေနေသာ အုပ္စုေၾကာင့္ လမ္းေလ်ွာက္ရင္းႏွင့္ ေျခလွမ္းေတြေတာင္မွားခ်င္သည္။

ကိုယ္ကလည္း သနပ္ခါးလူးထားတဲ့အျပင္ 

ျမန္မာ၀မ္းဆက္နဲ႔ဆိုေတာ့ သုတို႔၏သီခ်င္းႏွင့္က ကြက္တိျဖစ္ေနသည္။

ေျခလွမ္းေတြကို ခပ္သြက္သြက္လွမ္းၿပီး ဘုန္းႀကီးေက်ာင္းသို႔ ေရာက္မွသာစိတ္ေအးရေတာ့သည္။


ေက်ာင္းထဲတြင္ေတာ့ ဥပုဒ့္ေနမို႔ ညေနေစာင္းေနၿပီဆိုေပမဲ့ ဥပုဒ္သည္ေတြလည္း တစ္ေယာက္စ

ႏွစ္ေယာက္စရိွေနေလသည္။

ဆရာ့အခန္းသို႔ သြားၾကၫ့္လိုက္ေတာ့လည္း

ဆရာကရိွမေန၍ ေက်ာင္းေဆာင္ႀကီးဘက္သို႔သာ ေလ်ွာက္လာလိုက္သည္။

ကံေကာင္းခ်င္ေတာ့ ေက်ာင္းေဆာင္ေပၚကေနဆင္းလာေသာ ဦးဇင္းႃပံုးခ်ိဳႏွင့္ ဆံုေလသည္။


"ဦးဇင္း...ဆရာေနမ်ိဳးေရာ..."


"ဘာကိစၥရိွလို႔လည္းဒကာမေလးရဲ့...ေနမ်ိဳးကငရုတ္သီးမုန႔္ေတြကုန္ေနလို႔ ေဈးထဲကိုသြားတယ္..."


"ဟာ...ဒါဆိုရင္လည္းမနက္ျဖန္ဥပုဒ္အတြက္...

မနက္စာေလးလႉဖို႔ ေဒၚေလးကပိုက္ဆံေပးခိုင္းလိုက္လို႔..ဆရာ့အစားဦးဇင္းယူထားေပးလို႔မရဘူးလား..."


"ဟာ..ဒါေတာ့မျဖစ္ဘူးကဲြ႔...စာရင္းကေနမ်ိဳးဆီမွာ

ဒီကိစၥေတြကေနမ်ိဳးကိုပဲ အပ္ထားတာေလ...

ခဏေလးပဲ ေစာင့္လိုက္ပါကြယ္...ခဏေနရင္ျပန္ေရာက္ေတာ့မွာပါ..."


"ဒါဆိုလည္း တပၫ့္ေတာ္ဆရာ့အခန္းအေရ႔ွကေနပဲ သြားေစာင့္ေနလိုက္မယ္..."


"ေအး...ေအး..."


ပိုက္ဆံႏွစ္သိန္းကိုပိုက္ၿပီး ဆရာ့အခန္းအေရ႔ွမွာ ေစာင့္ေနမိေပမဲ့ မိနစ္ႏွစ္ဆယ္ေလာက္ၾကာသည္အထိ ေရာက္မလာေသးေသာေၾကာင့္

မတ္တပ္မရပ္ႏိုင္ေတာ့၍ ဆရာ့အခန္းထဲသို႔

၀င္လိုက္ကာစာေရးခံုေဘးနားမွာ အသင့္ရိွေနေသာခံုေလးေပၚသို႔ ထိုင္၍နားေနမိသည္။

ခံုေပၚသို႔ ေမးေထာက္ၿပီး ဆရာ့အခန္းကို

လိုက္ၾကၫ့္ေနမိရာ ရာသီဥတုကလည္းေအးစက္စက္ျဖစ္ေနသလို အခန္းကလည္းတိတ္ဆိတ္လြန္းေန၍ လူကငိုက္ျမည္းခ်င္လာသည္။


"ဆရာလာရင္ေတာ့ ငါ့ကိုႏိႈးေလာက္မွာပါ..."


မ်က္လံုးေတြကိုမိွတ္ခ်လိုက္ၿပီး စာေရးခံုေပၚမွာပဲ လက္ေမာင္းေပၚသို႔ ပါးကိုတင္ကာအိပ္လိုက္မိေတာ့သည္။ထိုစဉ္ပံုရိပ္၏ အာရံုထဲ၍ဘုန္းႀကီး

ေက်ာင္း၏ေရကန္နေဘးက ပိေတာက္ပင္ႀကီးသည္ ပိေတာက္ပန္းဝါဝါေလးေတြ အံုလိုက္ခဲလိုက္ပြင့္ေနခဲ့သည္။


ခ်ူတံႏွင့္ ခူးယူေပးသူမွာ ဆရာေနမ်ိဳးျဖစ္ၿပီး

ဆရာကပံုရိပ္၏ဆံထံုးပံု႔ပံု႔ေလးတြင္ ပိေတာက္ပန္းေလးမ်ားကို တယုတယပန္ေပးေနေလသည္။


ရွက္မ်က္ႏွာေလးႏွင့္ ပန္းေရာင္သန္းေနေသာ

ပါးျပင္ေလးေပၚသို႔ ဆရာ့၏လက္သြယ္သြယ္ေလးမ်ားက တိုးခိုက္ကာထိကိုင္လာေသာအခါ

လ်ွင္ျမန္စြာေခါင္းကို ငံု႔ထားလိုက္မိေတာ့ဆရာသည္ပံုရိပ္၏ ေမးဖ်ားေလးမွ ‌မ်က္ႏွာေလးကိုေမာ့ပင့္လိုက္ၿပီး ၀င္းမႊတ္ေသာပါးျပင္ေလးကို အနမ္းႏုႏုေလးမ်ား ႁခြေခ်လိုက္ကာ သူ႔ရင္ခြင္ထဲသို႔ဆဲြေခၚရင္း ေထြးဖက္ထားေလသည္။


"ပံုရိပ္!!!!!ေတာက္!!!ပံုရိပ္...နင္ထစမ္း..."


နားထဲမွာ တက္ေခါက္သံေတြေရာ ခပ္ေဆာင့္ေဆာင့္ေအာ္ေခၚသံကိုပါ ၾကားလိုက္ရ၍အိပ္မက္ေတြလည္း လြင့္ျပယ္ကုန္ကာမ်က္လံုးကိုအျမန္ပြတ္ၿပီး ၾကၫ့္လိုက္မိေတာ့ ပံုရိပ္၏ေဘးနားမွာ

ဆရာကရပ္ေနၿပီး အေနာက္ဘက္မွာဟိန္းကိုက 

ေဒါသမ်က္လံုးမ်ားႏွင့္ ၾကၫ့္၍လက္ကိုအတင္းေဆာင့္ဆဲြ၍ ေခၚေနေလသည္။


"ဟိန္းကို....ပံုရိပ္ကိုဒီလိုအၾကမ္းပတမ္းမဆက္ဆံပါနဲ႔..."


"အမယ္ေလး...."


ဆရာ့ရင္ဘတ္ကို ေဆာင့္တြန္းလိုက္ေသာေၾကာင့္

ပံုရိပ္ထေအာ္လိုက္မိေလသည္။အာရံုေၾကာေတြ

ပြင့္ထြက္သြားမတတ္ျဖစ္သြားၿပီး မ်က္ေမွာင္ႄကံု႔ကာ ဟိန္းကိုအား ေမာ့ၾကၫ့္လိုက္ေတာ့

သူမ်က္ႏွာသည္ေဒါသအရိွန္ႏွင့္ ပိုခက္ထန္ေနသည္။

ဆရာ့ကိုလည္း ဆဲြထိုးေတာ့မလိုမ်က္ႏွာေပးနဲ႔ လက္ၫွိုးေငါက္ေငါက္ထိုး၍ ေျပာေနတာမ်ား ေၾကာက္ဖို႔ေတာင္ေကာင္းေသးသည္။


"က်ဳပ္ကၾကမ္းတမ္းေပမဲ့ ခင္ဗ်ားလိုေတာ့

မယုတ္မာဘူး...က်ဳပ္သူငယ္ခ်င္းကိုေတာ့

က်ဳပ္ကာကြယ္ရမွာပဲ...ေနာက္တစ္ခါပံုရိပ္ကို

ထိပါးလာရင္...က်ဳပ္အဆိုးမဆိုနဲ႔...

ေၾကာင္သူေတာ္ႂကြက္သူခိုး....လာ...ပံုရိပ္..."


"ဟိန္းကို နင္ဘာျဖစ္ေနတာလည္း...ငါဆရာ့ကိုအလႉေငြႏွစ္သိန္းလာေပးတာ..."


"ဒီပိုက္ဆံလား...ဆရာယူထားလိုက္ပါ့မယ္...."


"ခင္ဗ်ားကိုခင္ဗ်ား...ဆရာလို႔မေျပာပါနဲ႔...

က်ဳပ္ရြံလြန္းလို႔....ပံုရိပ္...နင္လာခဲ့..."


ဆရာ့ကို ရက္စက္တဲ့စကားလံုးေတြေရြးသံုးၿပီး 

ေျပာခဲ့ကာ ပံုရိပ္ကိုလည္းေက်ာင္းေရ႔ွသို႔ အတင္းဆဲြေခၚလာေလသည္။ရုန္းကန္ခ်င္ေပမဲ့ ဥပုဒ္သည္ေတြလည္း ေက်ာင္းထဲမွာရိွတာေၾကာင့္ ပံုရိပ္သူ႔ကိုေဒါသထြက္စြာႏွင့္ပဲ ေက်ာင္းအေရ႔ွထိလိုက္လာခဲ့မိသည္။


"နင္ငါ့ကို အခုလြတ္...မိုက္ရိုင္းတဲ့အေကာင္..."


"ဘာ...ငါကမိုက္ရိုင္းတယ္ဟုတ္လား...ေအး..

ငါကရိုင္းပဲရိုင္းတာ...သူ႔လိုမယုတ္မာဘူး...

သူကမွကိုယ္ေမြးတဲ့ၾကက္ကို ကိုခ်က္စားခ်င္တဲ့...

အယုတ္တမာႀကီး...."


"နင္ေနာ္...နင္ဆရာ့ကိုအဲ့လိုမေျပာနဲ႔...နင္အခုခ်က္ခ်င္းဆရာ့ကို ျပန္သြားေတာင္းပန္...

နင္အရမ္းတရားလြန္တယ္...ဆရာ့လိုသေဘာထားျပၫ့္၀ၿပီး..အားလံုးအေပၚမွာေကာင္းတဲ့

လူေကာင္းတစ္ေယာက္ကို...နင္အခုဆက္ဆံလိုက္တဲ့ပံုက...သိပ္ရမ္းကားလြန္းတယ္..."


"ဟား...ငါကရမ္းကားတယ္ဟုတ္လား...နင့္ကိုသူဘာလုပ္လိုက္လည္း...နင္တကယ္မသိဘူးလား...

ငါ...ငါဟာ...ေျပာလိုက္ရင္မေကာင္းရိွေတာ့မယ္..."


"မေကာင္းရင္လည္း ေျပာမေနနဲ႔ေတာ့...ငါကေတာ့ဆရာ့ကိုသြားေတာင္းပန္မယ္...."


"နင့္ပါးကိုနမ္းလိုက္တဲ့လူကို နင္ကသြားေတာင္းပန္မယ္ဟုတ္လား...."


"ဘာ....!!!!နင္ဘာေျပာလိုက္တယ္...."


ဟိန္းကို၏စကား‌ကို ပံုရိပ္တကယ္ကိုနားမလည္ေပ။ဆရာကပံုရိပ္ကို နမ္းလိုက္သည္တဲ့။

ဘယ္တုန္းကလည္း အိပ္မက္ထဲမွာလား။

မျဖစ္ႏိုင္တာ ။ဆရာကဒီလိုလုပ္မဲ့လူမွမဟုတ္တာ။

ပံုရိပ္ကို ဆရာကတပၫ့္တစ္ေယာက္အေနနဲ႔ပဲ

ျမင္တာပါ။ဟိန္းကိုအျမင္ေတြဘာေတြ မႈန္သြားတာလား။ဒါမွမဟုတ္ အျမင္မွားေနတာမ်ားလား။


"ဟိန္းကို...နင့္မ်က္လံုးကိုသြားၿပီးစမ္းသပ္ၾကၫ့္ပါလားဟင္...အေဝးမႈန္ေနသလား...."


"အရူးမ...ဘာေတြေလ်ွာက္ေျပာေနတာလဲ...."


"ဟဲ့...နင့္မ်က္လံုးေတြမႈန္ေနလို႔သာ မဟုတ္တာေတြေလ်ွာက္ျမင္တာေပါ့...ဥပမာဆရာကငါ့ေဘးနားကပစၥည္းတစ္ခုခုကို လွမ္းယူလိုက္တာကို နင္ကအျမင္မွားတာမျဖစ္ႏိုင္ဘူးလား..."


"အရူးမ...သူကလည္းေယာက္်ားတစ္ေယာက္ပဲေနာ္...အသက္လည္းငါတို႔ထက္၇ႏွစ္ေလာက္ပဲႀကီးတာ....နင္သူ႔ကိုသိပ္ယံုမေနနဲ႔...ငါလည္းသူ႔ကိုေလးစားခဲ့ေပမဲ့ ဒီလိုကိစၥမ်ိဳးကိုေတာ့လံုး၀လက္မခံႏိုင္ဘူး...."


"ဒါဆို...နင္ေျပာေနတာကတကယ္ေပါ့....

ဆရာကငါ့ကို..."


"မယံုဘူးလား...မယံုရင္ငါျပန္လုပ္ျပရမလား..."


"ေသနာ...ပါးရိုက္ပစ္မွာေနာ္..."


ဟိန္းကို၏မ်က္ႏွာတၫ့္တၫ့္ကို လက္ဝါးေထာင္ျပခဲ့လိုက္ၿပီး အိမ္သို႔ျမန္ျမန္ျပန္လာခဲ့လိုက္သည္။

အိမ္ေပၚသို႔ အျမန္ေျပးတက္လိုက္ၿပီး အိပ္ယာထဲတြင္ေခါင္းကိုေမွာက္ကာ ယခုမွရွက္အားပိုေနမိသည္။


"တကယ္ႀကီးလား...အိပ္မက္လို႔ထင္ေနခဲ့တာ...

ဘယ္လိုမွမေနသလိုပဲ...အာ...ဘာေတြေတြးေနတာလဲ..."


ကိုယ့္ဘာသာစကားေတြေျပာရင္းႏွင့္ ပါးျပင္ေတြပါပူတက္လာေလသည္။

တကယ္ဆိုရင္ ဆရာကဘာလို႔ပံုရိပ္ကို နမ္းတာလဲ။

ဆရာက ပံုရိပ္ကိုခ်စ္ေၾကာင္း၊ႀကိဳက္ေၾကာင္းလည္း မေျပာသလိုစိတ္၀င္စားတဲ့ အရိပ္အေယာင္ေတာင္မျပဖူးပဲ ဘာေၾကာင့္နမ္းရတာလဲ။


သူ႔အခန္းထဲမွာ ၀င္အိပ္ေနတဲ့မိန္းကေလး၊

သူခူးခ်င္ရင္ အခ်ိန္မေရြးရတဲ့ပန္းတစ္ပြင့္ဆိုၿပီး အထင္ေသးလို႔ ဒီလိုျပဳမူလိုက္တာလား။

ဆရာ့ရင္ထဲမွာေရာ ဘာေတြေတြးေနမလဲ။


ပံုရိပ္ သိသေလာက္ေတာ့ဆရာက ဒီလိုလူမ်ိဳးမဟုတ္ပါဘူး။ပံုရိပ္ကိုသူေခၚတာမရလို႔ စိတ္‌ဆိုးၿပီးဆဲြေခၚရင္ေတာင္ လက္ဖဝါးကေနမကိုင္ပဲ ‌လက္ေကာက္၀တ္ကေနပဲကိုင္ဖူးတယ္။

ဒါေတာင္ ႏွစ္ခါလားပါပဲ။

အခုလို နမ္းလိုက္တာၾကေတာ့ ဆရာေနမ်ိဳးမွ ဟုတ္ရဲ့လား။

ဆရာ့ကို သြားေမးရေအာင္လည္း ပံုရိပ္ကအရွက္မဲ့ေနရာက်မွာေပါ့။


"မမ...ပိုက္ဆံသြားေပးၿပီးျပန္လာတာလား...."


"ေအး...."


"ဆရာေနမ်ိူးနဲ႔ေရာ...ေတြ့ခဲ့ရဲ့လား..."


"အင္း..."


"မမဘာျဖစ္ေနတာလဲ...."ေအး.."နဲ႔"အင္း.."ႏွစ္လံုးပဲေျပာတတ္ေတာ့တာလား...ဆရာနဲ႔ဘာျဖစ္လာလို႔လဲ..."


"ဟာ...နင္ေနာ္...ငါနဲ႔ဆရာကဘာျဖစ္စရာအေၾကာင္းရိွလို႔လဲ..."


ပိစိမကို အနီးမွာရိွေနေသာေခါင္းအံုးနဲ႔လွမ္းေပါက္ပစ္လိုက္ၿပီး ႏႈတ္ခမ္းကိုဖိကိုက္ထားလိုက္မိေလသည္။ရင္ခုန္ရလြန္းလို႔ ရူးရပါေတာ့မယ္။

ဘယ္လိုလုပ္လိုက္တာလည္း ဆရာေရလို႔သာ

သြားေအာ္ေျပာလိုက္ခ်င္ေတာ့သည္။


"ပိစိမ...တကယ္လို႔ဟာ...သူစိမ္းေယာက္က်ား

တစ္ေယာက္က သူနဲ႔ခ်စ္သူေတြမဟုတ္တဲ့မိန္းကေလးကို အိပ္ေနတဲ့အခ်ိန္ပါးကိုခိုးနမ္းမယ္ဆိုပါစို႔...အဲ့ဒါက ဘာျဖစ္လို႔ထင္လဲ..."


"နမ္းခ်င္လို႔ နမ္းတာေပါ့..."


"ဟာ...အရူးကိုေမးမိတာမွားပါတယ္ဟယ္..."


"ဟား..ဟား...သမီးကစတာပါေနာ္...စဉ္စားၾကၫ့္ေလမမရယ္...ခ်စ္သူလည္းမဟုတ္ဘူးဆိုေတာ့...

အဲ့ဒီ့ေကာင္မေလးက ခ်စ္စရာ‌ေကာင္းလို႔နမ္းတာျဖစ္ႏိုင္သလို...ႀကိဳက္ေနလို႔လည္းျဖစ္ႏိုင္တာပဲ..."


"အဲ့ဒါေတြ တစ္ခုမွမဟုတ္ဘူးဆိုရင္ေရာ.…

နမ္းၿပီးေတာ့မသိခ်င္ေယာင္ေဆာင္ေနရင္ေရာ..."


"အဲ့ဒါကေတာ့ အထင္ေသးလို႔ေပါ့...လုပ္လို႔ရလို႔လုပ္တာ..."


"ဟင္...ဟုတ္လား.."


"မမရုပ္ႀကီးကလည္း ဘာျဖစ္ေနတာလဲ...မဟုတ္မွ

...မမကအနမ္းခံလိုက္ရလို႔လား..."


"မဟုတ္...မဟုတ္ပါဘူး..စိတ္ထဲမွာေပၚလာလို႔ေလ်ွာက္ေမးတာ...ငါကျဖစ္စရာလား..ငါ့ကိုလာ

နမ္းၾကၫ့္ပါလား...ပါးရွစ္စိပ္ကဲြသြားမွာေပါ့..."


"ဆရာေနမ်ိဳးဆိုရင္ေရာ..."


"ဟင္...."


"အဲ...မေျဖႏိုင္ေတာ့ဘူးမဟုတ္လား...လူေတြဟာကိုယ္ခ်စ္တဲ့လူေရ႔ွမွာဆိုရင္ အလိုလိုေနရင္းအရႈံးေပးရေတာ့တာပဲေနာ္...လူတစ္ေယာက္ကိုဘယ္ေတာ့မွသဲသဲလႈပ္ခ်စ္မျပနဲ႔...အဲ့လူကအခ်စ္ခံရလြန္းလို႔ ကိုယ့္တန္ဖိုးကိုမသိပဲ...ကိုယ့္ကိုအႏိုင္ယူလာယံုတင္မကဘူး...ကိုယ့္အခ်စ္ကိုပါတန္ဖိုးထားဖို႔ေမ့သြားလိမ့္မယ္...

ပိစိမရဲ့အေမကသက္ေသပဲေလ...

အေဖ့ကိုခ်စ္လြန္းလို႔ ဆိုးသမ်ွသည္းခံၿပီးေနခဲ့ေပမဲ့

ေဖာက္ျပန္ျခင္းပဲ ျပန္ရလိုက္တယ္...

ခ်စ္ေတာ့ခ်စ္..ဒါေပမဲ့အႏွစ္ခ်ည္းပဲမေပးနဲ႔..."


အရူးစကားက ဒီတစ္ခါေတာ့မွတ္သားစရာေကာင္းေနျပန္ေရာ။သူ႔အေမရဲ့အျဖစ္ကို ဥပမာယူၿပီးေျပာေနေပမဲ့ ဆရာေနမ်ိဳးကသူ႔အေဖလိုမွမဟုတ္တာ။

ပံုရိပ္ တစ္ခုပဲသိခ်င္တယ္။


ဆရာ..ဘာလို႔ပံုရိပ္ကိုနမ္းတာလဲ..


ဟိန္းကိုက ပံုရိပ္ကိုအတင္းဆဲြေခၚ‌တဲ့အခ်ိန္မွာဆရာသည္ေနရာမွာပဲ ရပ္ၿမဲရပ္ေနခဲ့တယ္။ဘာတုန႔္ျပန္မႈမွ မရိွခဲ့ဘူး။ဟိန္းကို၏ ရင္းသီးလြန္းေသာစကားေတြကိုလည္း ျပန္မေခ်ပခဲ့တဲ့အျပင္ ပံုရိပ္ကိုၾကၫ့္ေနခဲ့တဲ့ ဆရာ့မ်က္၀န္းေတြသည္ အားနာစိတ္၊သိမ္ငယ္စိတ္နဲ႔အတူ ၫွိုးႏြမ္းေနခဲ့တယ္။


(စာေရးသူ..ေဆာင္းေငြ့ေဝ)


🌹🌹🌹🌹🌹🌹🌹🌹


နမ္းရင္ ႏႈတ္သီးကိုျဖတ္ရိုက္မယ္ဆိုတဲ့ 

အမႀကီးကရိုက္ခ်ိန္ေတာင္မရလိုက္ပါလား😁


(အမွားပါရင္ ခြင့္လႊတ္ေပးပါေနာ္...

ဖတ္ရတာ ရင္ထဲမေရာက္ပါက အေရးအသား

ညံ့ေသးလို႔ မွတ္ပါေနာ္)❤️


ဖတ္ရႈသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

အထူးေက်းဇူးတင္ရိွပါတယ္..

No comments:

Post a Comment