အခန်း(၂၈) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၂၈)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


မျက်၀န်းတွေကို မှိတ်ထားမိပေမဲ့ဝိုင်းလေး၏

အသိဉာဏ်အားလုံးသည် လေဟာနယ်တစ်ခုထဲသို့ရောက်သလိုဖြစ်နေပြီး ‌အမှောင်ရိပ်သည်

ဝိုင်းလေး၏ စိတ်ဝိဉာဉ်တွေအားလုံးကို

လွှမ်းခြုံထားတယ်။


ဘယ်နေရာကိုရောက်နေသလဲမသိပေမဲ့

မှောင်မဲပြီး ကြောက်စရာကောင်းသည့်

ပတ်၀န်းကျင်ကိုရောက်နေတာတော့ သေချာတယ်။

ခပ်မြင့်မြင့်ပြူတင်းပေါက်ငယ်လေးဆီမှ

လရောင်က အခန်းထဲသို့၀င်လာပေမဲ့

ထူးထူးခြားခြား ထိန်လင်းသွားတာမျိုးတော့

ဖြစ်မလာခဲ့ပေ။


ထိုအချိန်မှာ အခန်းထဲသို့အရိပ်မဲကြီးတစ်ခု

၀င်လာတာကို သိလိုက်ပြီးနောက်

ခဏအကြာမှာ အသံနက်ကြီးတစ်ခုက 

ပတ်၀န်းကျင်ကို လွှမ်းခြုံသွားစေသည်။

ထိုအသံဟာ ဝိုင်းလေး၏အော်ငိုသံဖြစ်ပြီး

ကြောက်ရွံ့မှုတွေပြည့်နှက်နေကာ စူးရှနေသည်။

ခန္ဓာကိုယ်ကိုရစ်ပတ်ချုပ်နှောင်ထားသော

ထိုအရိပ်မည်းကြီးကြောင့် နှလုံးသားအောက်ခြေ

ကနေပါ ကြောက်ရွံ့ထိတ်လန့်နေမိတယ်။

တစ်ကိုယ်လုံးကထုံကျဉ်အေးစက်နေပြီး

အင်အားသေးသေးလေးနဲ့တတ်နိုင်သလောက်

ကြိုးစားရုန်းကန်မိပေမဲ့ မျက်ရည်တွေကသာ

အားကိုးရာ လက်နက်ဖြစ်နေခဲ့တယ်။


"အမေရေ....သမီးကိုကယ်ပါအုံး.."


ည၏အမှောင်ကို ဖောက်ခွင်းပြီး ကလေးအသံလေးသည် စူးရှစွာထွက်ပေါ်လာခဲ့ပေမဲ့ ရုတ်တရတ်

ထိုအရိပ်မဲကြီးက ဝိုင်းလေး၏ပါးစပ်ကို

၎င်း၏အေးစက်နေသော လက်ကြီးများအား

အသုံးပြုကာ ဆွဲပိတ်ချလိုက်တယ်။


"အမေ့... 


အိပ်မက်ဆိုးက ဘယ်လောက်တောင်ကြာမြင့်သွားသလဲ မသိပေမဲ့ဝိုင်းလေးလန့်နိုးလာတဲ့အချိန်မှာ

ခေါင်းအုံးပေါ်၌ မျက်ရည်တွေရွှဲနေလေပြီ။

နှလုံးခုန်နှုန်းတွေပါ မြန်ဆန်လာပြီး

ရင်တုန်နေ၍ ရေသောက်ရန်အိပ်ယာမှ

ထဖို့ပြင်လိုက်တော့ ခါးပေါ်တွင်တင်ထားသော

လက်တစ်စုံကြောင့် ချက်ချင်းထဖို့ရန်

အခက်အခဲဖြစ်သွားခဲ့သည်။


ရုတ်တရက်ဆိုတော့ ထိတ်လန့်သွားပြီး

ခေါင်းကို နဲနဲကြွကာအနောက်သို့

ဖြည်းဖြည်း လှည့်ကြည့်လိုက်မိတော့

"ဘုရားရေ..!!"အိပ်မက်ဆိုးမက်တာထက်ပင်

ပို‌ထိတ်လန့်စရာကောင်းနေသည့် လူကို

တွေ့လိုက်ရသလို မျက်လုံးအိမ်တွေပါ

ပြူးကျယ်ကုန်သည်။


ကုတင်ကကြီးပြီး မွေ့ယာကအိစက်နေကာ

နေရာကျယ်ပေမဲ့ နှစ်ယောက်သားကတော့

တစ်နေရာတည်းမှာသာ နီးနီးကပ်ကပ်ရှိနေကြ

လေသည်။

သေးသွယ်သော ဝိုင်းလေး၏ခန္ဓာကိုယ်သည်

ရင်ခွင်ကျယ်ကြီးတစ်ခုထဲတွင်

နစ်‌မြှုပ်နေလေသည်။


ဦးမင်းစက်အာဏာသည် ဝိုင်းလေး၏

အနားမှာ လာကပ်ပြီးအိပ်နေသည်တဲ့။

သူကစင်္ကာပူမှာ မဟုတ်ဘူးလား။

ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ။

နံရံကပ်နာရီကို လှမ်းကြည့်လိုက်မိတော့

မနက်ခြောက်နာရီထိုးနေလေပြီ။


"ကိုမင်းစက်...ကိုမင်းစက်.."


"အင်း!!!"


သူ့နာမည်ကိုခေါ်ကာ နှိုးကြည့်ပေမဲ့ညီးတွားသံ

သာ ကြားလိုက်ရပြီးဝိုင်းလေး၏

ခါးပေါ်တွင်ရှိနေသော လက်မောင်းအားက

ပိုမိုတင်းကြပ်သွားတာကို ခံစားလိုက်ရပြီးနောက်

သူ့ရင်ခွင်ထဲသို့ လုံးလုံးလျားလျားကျရောက်သွားတော့သည်။

ဝိုင်းလေး၏ သေးသွယ်သောခြေထောက်လေးပေါ်သို့ တင်ထားသောသူ့ခြေထောင်တစ်ချောင်းကြောင့်

လူက လှုပ်၍တောင်မရတော့သလိုပဲ။

ဒီလူက ဖက်ထားတာလား..ချုပ်ထားတာလား

မသဲ‌ကွဲတော့ဘူး။


ဝိုင်းလေး၏မျက်နှာတစ်ခုလုံးဟာ ထူပူပြီး

နီရဲလာသလို ခံစားလိုက်ရသည်။

အခုအခြေအနေက ဘယ်လိုကြီးလဲ။

ခရီးထွက်သွားတုန်းက လူကိုအသိတောင်မပေးခဲ့ပဲ

ပြန်ရောက်လာတော့ ဒီလိုမျိုးထူးထူးဆန်းဆန်းတွေ

လုပ်နေခဲ့တယ်။


သူခရီးပန်းနေလို့ အိပ်နေသည်ဟုတွေးလိုက်မိ၍

ညိမ်ညိမ်လေးနေဖို့ရန် တွေးလိုက်မိစဉ်မှာပဲ

နောက်ထပ် ထူးခြားမှုတစ်ခုကို

ထပ်ပြီး သတိထားလိုက်မိသည်။

ဝိုင်းလေးသည် ခေါင်းအုံးနဲ့အိပ်နေခြင်းမဟုတ်ပဲ

သူ့လက်မောင်းအပေါ် ခေါင်းတင်ကာအိပ်နေမိခြင်း

ဖြစ်သည်။


ဘာကြောင့် ဒီလိုကြီးအိပ်နေမိရတာလဲ။

သူကပဲ လိုလိုလားလားဒီလိုဖြစ်ခွင့်ပေးထားတာလား။ဝိုင်းလေးကပဲ သူ့ဆီကိုတိုး၀င်ခဲ့တာလား

မခွဲခြားတတ်တော့ပေ။


ဝိုင်းလေး၏ကျောပြင်သည် သူ့ရင်အုံနှင့်

ထိကပ်နေ၍ စည်းချက်ညီညီရွေ့လျားနေသော

သူ့နှလုံးခုန်သံတွေကိုပင် ကြားနေရသလို

ခံစားလိုက်မိသည်။


ဝိုင်းလေး၏ ခန္ဓာကိုယ်ဟာရှက်စိတ်ကြောင့်

အေးခဲနေသလောက် သူ့ရင်ခွင်ကတော့

တကယ်ကို နွေးထွေးလွန်းတယ်။

ခါးပေါ်မှာ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသော

သူ့လက်၏အပူချိန်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ

သွေးတွေကိုတောင် ပြောင်းပြန်စီးဆင်း

 စေနိုင်သည်။


ရုန်းထွက်ချင်ပေမဲ့ ဒီခံစားချက်ကိုလည်း

နှစ်သက်နေမိတယ်။

တစ်စုံတစ်ယောက်ကို အားကိုးလိုသည့်ခံစားချက်

တစ်ခုက မဖိတ်ခေါ်ပဲအလိုလိုရောက်ရှိလာကာ

နှလုံးသားတစ်ခုလုံးကို နွေးထွေးစေသည်။

နေသားမကျသေးသောအထိအတွေ့တစ်ခုပေမဲ့

သဘောကျနေမိတာ ဘာကြောင့်များလဲ။


ဒီနေ့အိပ်မက်ဆိုးမက်ခဲ့ပေမဲ့ သူကနွေးနွေးထွေးထွေးဖက်ပေးထားလို့သာ

အရင်လိုဆိုး၀ါးစွာလန့်မနိုးတာ ဖြစ်လိမ့်မည်။

သူဟာ ဝိုင်းလေးအငိုတိတ်အောင် လျှို့ဝှက်ပြီး

ချယ်ရီသီးခြင်း လာပေးခဲ့တဲ့လူဖြစ်တဲ့အပြင်

ဝိုင်းလေးရဲ့ ကယ်တင်ရှင်လည်းဖြစ်တယ်။

အခုသူက ဝိုင်းလေး၏အမျိုးသားပါဖြစ်လာခဲ့ပြီ။

ဒါဟာ တကယ်ပဲဖူးစာလို့ခေါ်တာလား။


ညိမ်ညိမ်လေးနေကာ အတွေးများနေစဉ်မှာပဲ

ခါးပေါ်မှ သူ့လက်ကိုဖယ်ပေးလာပြီး 

မွေ့ရာ၏အခြားဘက်သို့ လှည့်သွားသောကြောင့်

ဝိုင်းလေးလည်း ချက်ချင်းထလိုက်မိသည်။

နာရီကိုကြည့်လိုက်တော့ ခြောက်နာရီခွဲတော့မည်မို့

အိပ်ယာမှ ချက်ချင်းထပြီး

ရေချိုးခန်းထဲသို့သာ ပြေးလာခဲ့လိုက်သည်။


"ဘုရားရေ..ငါ့မျက်နှာကြီးတကယ်နီနေတာပဲ.."


မှန်ထဲကိုကြည့်လိုက်တော့ ပါးမို့တွေရော၊

နားရွက်တွေပါ နီနေတာကိုတွေ့လိုက်ရသည်။

စိတ်လှုပ်ရှားနေတာကို အမြန်ပြန်ပြင်လိုက်ပြီး

တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ကာ

အခန်းထဲသို့ပြန်ရောက်တော့

ဦးမင်းစက်က အိပ်နေတုန်းမို့သာ တော်တော့သည်။

ဝိုင်းလေးလည်း အမြန်ပြင်ဆင်လိုက်ပြီးနောက်

မနက်စာ စားရန်အောက်ထပ်သို့အမြန်ဆင်းသွားလိုက်သည်။


ကိုယ်ကသာ ဒီနေ့တမူထူးခြားနေတယ်လို့

ခံစားနေရပေမဲ့ အိမ်အလုပ်သမားတွေကတော့ 

သူတို့အလုပ်ကိုသာ ပုံမှန်အတိုင်းလုပ်နေကြပြီး

ဘာမှထူးခြားမနေပေ။

ထမင်းစားခန်းထဲသို့ ၀င်လိုက်တော့ကြည်ကြည်က

မနက်စာကို ပြင်ပေးလာသည်။


"မမဝိုင်းလေး..နေကောင်းရဲ့လား.."


"ကောင်းပါတယ်..ဘာဖြစ်လို့လဲ.."


"ဟိုလေ..မမရဲ့နားရွက်တွေနီနေလို့

ဖျားများဖျားနေတာလားလို့.."


"မဖျားပါဘူးဟယ်.."


"ဒါဆိုရင်ဘယလို့ နားရွက်တွေနီနေရတာလဲ

တစ်ကောင်ကောင်ကိုက်လိုက်လို့လား.."


"ဟာ..ကြည်ကြည်..နင်နော်ဘာတွေ

လျှောက်ပြောနေတာလဲ..

တော်ပြီဟာငါသွားတော့မယ်.."


ကြည်ကြည်က အတင်းမေးနေတော့

မနက်ကအခြေအနေကို ပြန်တွေးမိပြီး

ရှက်ကြောက တဖန်နိုးကြားလာပြန်သည်။

ထို့ကြောင့် ထမင်းချိုင့်နှင့်အိတ်ကိုယူပြီး

ထမင်းစားခန်းထဲမှ ထပြေးမိတော့အပေါက်၀တွင်

တစ်စုံတစ်ယောက်နှင့် သွား၍တိုက်မိသည်။


"ဖြည်းဖြည်းလျှောက်မှပေါ့ 

ဘာလို့အလျှင်လိုနေတာလဲ.."


ကြည်လင်ပြီး ဩရှသောအသံတစ်ခုက နားထဲသို့

၀င်လာ၍ ကိုယ်တိုက်မိသည့်လူကိုမော့ကြည့်

လိုက်တော့...


"ကိုမင်းစက်..ရှင်လား.."


"ဟုတ်တယ်လေကိုယ်ပဲ..!!!"


လက်ကိုပိုက်ထားပြီး ပြောနေပုံကဝိုင်းလေးကို

ဖက်လုံးလိုသဘောထားခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ။

ဝိုင်းလေးကသာ ရှက်နေတာသူ့ရုပ်ကတော့

ဘယ်လိုမှ မနေသလိုပဲ။


"မင်းနေကောင်းရဲ့လား..."


"ကောင်းပါတယ်..ဘာဖြစ်လို့လဲ.."


"နားရွက်တွေနီနေလို့လေ..နေမကောင်းရင်လည်း

ဒီနေ့အလုပ်နားလိုက်ပေါ့.."


"ဟာ..ဘာတွေလာပြောနေတာလဲ.."


ရှက်ရှက်နှင့် သူ့ဘေးနားမှာ ကျော်လျှောက်လာတဲ့

အချိန်၌ ဝိုင်းလေး၏လက်ကောက်၀တ်လေးဟာ

နွေးကနဲဖြစ်သွားခဲ့သည်။

သူဆုပ်ကိုင်ထားသည့် လက်ကောက်၀တ်နေရာကို

ကြည့်လိုက်ကာ သူ့မျက်နှာဆီသို့အကြည့်တဖန်

ရောက်သွားမိတော့ ပြုံးပြလာသော

အပြုံးလွင်လွင်လေးက လူကိုကြက်သေသေသွားစေနိုင်လောက်သည်။

*အမယ်လေး..ရေခဲနတ်ဘုရားကငါ့ကို

ပြုံးပြနေတာပါလား..*


"အလုပ်ကို..ကိုယ်နဲ့အတူသွားရအောင်.."


သူပြောလိုက်တာက တစ်ခွန်းတည်းဆိုပေမဲ့

ဝိုင်းလေး၏နားထဲမှာတော့ ထိုစကားကိုပဲ

ထပ်ခါထပ်ခါ ပြန်ကြားယောင်နေမိသည်။

သူ့အသံက ထူးခြားစွာနူးညံ့နေပြီး

သူ့အပြုံးကလည်း ဟန်ဆောင်နေတာနဲ့မတူဘူး။

သူနဲ့ အခြားဘာပြဿနာမှမရှိထားရင် 

ဒီလောက်နတ်ဘုရားလို ချောတဲ့ရုပ်ရည်နဲ့

ပြုံးပြနေတာကို ဘယ်သူကအရည်မပျော်ပဲ

ရှိပါ့မလဲ။


ဖျားနေတာက..သူမဟုတ်ဘူးလား..

ခရီးသွားပြီး ပြန်လာတည်းကထူးဆန်းနေတာ။

ဇာတ်ကားတွေထဲကလို နောက်တစ်ကိုယ်ခွဲများလား။

အမျိုးမျိူး လျှောက်တွေးနေမိပြီးနောက်

ဝိုင်းလေး၏လက်ကို သူဖမ်းဆုပ်ထားသေးမှန်း

သတိရသွား၍ ပြန်ရုန်းလိုက်ကာ သူ့မျက်၀န်းတွေကို

မဝံ့မရဲ ပြန်ကြည့်လိုက်မိသည်။


"ကျေးဇူးတင်ပါတယ်..ဒါပေမဲ့မလိုပါဘူး.."


ချက်ချင်းလှည့်ထွက်လာလိုက်ပြီးနောက်

သူ့ကွယ်ရာသို့ရောက်မှ သက်ပြင်းချနိုင်တော့သည်။

စိတ်ထဲက ခံစားချက်ကိုမျက်နှာမှာ မပေါ်အောင်

ထိန်းထားလိုက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း

ပြန်၍ချီးကျူးနေမိသည်။


"အရမ်းတော်တဲ့ငါပါလား..နောက်ဆုံးတော့

သူ့ကိုချေမိုးနိုင်ခဲ့ပြီ..သူအရင်ကငါ့အပေါ်မှာ

ကောင်းပေးခဲ့တယ်ဆိုရင်တောင်

ငါ့နဲ့ငါ့မိသားစုကိုငွေမက်တယ်ဆိုပြီး 

စွပ်စွဲခဲ့တာကိုတော့မေ့ပြစ်လို့မရဘူး..

မင်္ဂလာဦးညမှာတင်

နှစ်လတိတိအဆက်အသွယ်ဖြတ်ပြီး

 ခရီးထွက်သွားတဲ့လူကို ညှာတာပေးစရာမလိုဘူး

..သူ့လိုလူမျိုးရဲ့စိတ်က

အစိုးရတာမဟုတ်ဘူး..ငါ့တန်ဖိုးကိုငါ

မြှင့်တင်ရမှာပဲ..သူစွဲဆောင်တာကို

လုံး၀ပါသွားလို့မဖြစ်ဘူး.."


"တူမကြီး တစ်ယောက်တည်းစကားတွေ

ပြောနေတာလား.."


"ဟင်.."


အသံကြားတော့မှ ဘေးသို့လှမ်းကြည့်လိုက်တော့

ခြံစောင့် ဦးလေးကြီးကိုက ဝိုင်းလေးကို

ပြူးတူးတူးလေး ကြည့်နေမှန်းသိလိုက်ရ၍

အရမ်းရှက်သွားမိသည်။

ထို့ကြောင့် ကိုယ်ဘာမှမလုပ်ခဲ့သလိုရယ်ကျဲကျဲ

လေးသာ လုပ်လိုက်ပြီးလမ်းထိပ်သို့

ပြေးမိလေတော့သည်။


❤️❤️❤️❤️❤️❤️❤️


"မေဝိုင်းလေးရေ..နင့်ကိုလာတွေ့တဲ့လူရှိတယ်.."


ပစ္စည်းတွေထုတ်ပိုးနေတုန်း

သိမ့်သိမ့်က အခန်းထဲသို့၀င်လာပြီး

ပြောလိုက်လေသည်။

ကုမ္ပဏီအထိ လာတွေ့ရအောင်ဘယ်သူများပါလိမ့်။


"ဘယ်သူလာတွေ့တာလဲ.."


"အဲ့ဒါတော့ငါလည်းမမေးလိုက်မိဘူး..

receptionကကောင်မလေးနဲ့အပေါက်၀မှာ

ဆုံလို့ သူကနင့်ကိုပြောပေးပါဆိုတာနဲ့

ငါလည်းလာပြောတာ .."


"ဟုတ်ကဲ့..အဲ့ဒါဆိုဝိုင်းလေးထွက်တွေ့လိုက်အုံးမယ်.."


သိမ့်သိမ့်ကို ပြောခဲ့ပြီးဝိုင်းလေးလည်း

ဧည့်တွေ့သည့်နေရာသို့ ထွက်လာခဲ့လိုက်သည်။ဧည့်တွေ့သည့် နေရာသို့ရောက်တော့

မဇင်နှင့်အတူ ယောက်ျားတစ်ယောက်က

အတူထိုင်စောင့်နေတာကို တွေ့လိုက်ရသည်။


မဇင်ကတော့ ပုံမှန်အတိုင်းစမတ်ကျကျ

၀တ်စားထားပေမဲ့ ဘေးနားကကောင်လေးကတော့ လျှာထိုးဦးထုပ်အနက်ရောင်ကို

ဆောင်းထားပြီး နှာခေါင်းစည်းကိုပါ

တပ်ထားလေသည်။

သူဟာ ကိုဦးမှန်းရိပ်မိလိုက်သည့်

အချိန်မှာတော့ ဝိုင်းလေးသူတို့ဆီသို့

ပြေးသွားလိုက်မိလေသည်။


"မဇင်တို့..ကိုဦးတို့ကအလုပ်ကို

ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ.."


ဝိုင်းလေးက မေးလိုက်တော့မဇင်က

ဘာမှမပြောပဲ ပြုံးရုံသာပြုံးပြလာသည်။

ကိုဦးကလည်း ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီးပြုံးနေသည်ဟု ထင်ရလောက်အောင်

မျက်လုံးလေးတွေက လခြမ်းကဲ့သို့

ကွေးညွှတ်သွားလေသည်။


"ကိုယ့်သူငယ်ချင်းဆီကိုလာလည်တာလေ

ကိုယ်မြန်မာပြည်ကို ပြန်လာပြီးတည်းက

သူရောကိုယ်ရော မအားတာနဲ့မတွေ့ဖြစ်ကြဘူး..အဲ့ဒါသူ့ဆီကိုအလည်လာရင်းနဲ့

ဝိုင်းလေးကို လာတွေ့လိုက်တာ

ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မသွားပါဘူးနော်.."


"မဖြစ်ပါဘူးကိုဦးရဲ့.."


၀င်း၏ဟန်ဆောင်ကောင်းမှုကြောင့် 

သဇင်တစ်ယောက် အံကိုကြိတ်ပြီး

မရယ်မိအောင် မနည်းထိန်းနေလေသည်။

နောက်ရက်နည်းနည်းဆို ရှိုးပွဲကစတော့မှာမို့

ရီဟာဇယ်လုပ်နေရင်းတန်းလန်းကြီး

လစ်ထွက်မယ်လုပ်လေရဲ့။

ကိုယ်လည်းဘယ်ရမလဲ။


သူ့မန်နေဂျာဖြစ်တည်းက သူ့အကြောင်းကို

သိတာ အံတောင်တိုနေပြီ။

ဒါပေမဲ့ အချစ်နဲ့ထိတွေ့မိတဲ့

အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို

ဘယ်လိုလုပ်ပြီး တားနိုင်ပါ့မလဲ။

ကိုယ်လည်း အိမ်ထောင်မကျသေးတော့

၀ဋ်အလည်မခံနိုင်ပေ။


ဒီတော့ သူ့နောက်ကိုကိုယ်ပါလိုက်ခဲ့ရတာပေါ့။ကိုယ်သာ မလိုက်ရင်၀င်းတစ်ယောက်

ဒီနေ့တစ်နေ့လုံး ရီဟာဇယ်လုပ်ဖို့ပြန်လာတော့မှာ မလုပ်လောက်တော့ဘူး‌လေ။

ဒီမျောက်လောင်းက နာမည်ကြီးအဆိုတော်

ဆိုပေမဲ့ တကယ်ထိန်းရခက်တယ်။


"ဝိုင်း၀ိုင်းဒီနေ့ မျက်နှာလေးပြည့်နေတယ်နော်..ည‌တုန်းကအိပ်ရေး၀ခဲ့လို့ထင်တယ်.."


"ရှင်.."


ညတုန်းကအိပ်ရေး၀ခဲ့တဲ့ ကိစ္စကပါလာတော့

မျက်နှာတွေ ပြန်၍ထူပူချင်လာလေသည်။

ဒီနေ့တစ်နေ့လုံး ဘာဖြစ်နေကြတာလဲမသိဘူး။လူတိုင်းက ဝိုင်းလေးရဲ့မျက်နှာကိုပဲ

ကြည့်နေကြသလိုပဲ။


"ဝိုင်းဝိုင်း..ဒီနေ့ဘယ်အချိန်အလုပ်ဆင်းမှာလဲ"


"ဘာဖြစ်လို့လဲကိုဦးရဲ့.."


"ကိုယ်..အရေးတကြီးပြောစရာရှိလို့.."


"အရေးကြီးတယ်ဟုတ်လား..ဒါဆိုရင်

အခုပြောလိုက်ပါလား.."


"ဟာ..အခုတော့ပြောလို့မဖြစ်ဘူး..

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြောမဲ့စကားက

ခဏလေးပြောလို့ရတဲ့ အကြောင်းအရာ

မဟုတ်လို့...တစ်နာရီလောက်ပါပဲ..

ကိုယ့်ကိုတစ်နာရီလောက်ပဲ အချိန်ပေးပါကွာ"


"ကောင်းပြီလေ..အဲ့ဒါဆိုလည်း

ညနေအလုပ်ဆင်းခါနီးကျရင်

ဝိုင်းလေးဖုန်းဆက်လိုက်မယ်နော်..

ဝိုင်းလေးတို့ ဆားဗစ်သမားတွေက

အချိန်အတိအကျသိပ်မရှိလို့

အရမ်းစောရင်လည်း စောသွားနိုင်တယ်.."


"ကောင်းပြီ..ဘယ်အချိန်ပဲအလုပ်ဆင်းဆင်း

ကိုယ့်ကိုဖုန်းဆက်လိုက်နော်.."


"ဟုတ်ကဲ့..အခုလောလောဆယ်တော့

ဝိုင်းလေးအလုပ်ပြန်၀င်လိုက်အုံးမယ်နော်.."


"အင်း.."


ဝိုင်းလေးထွက်သွားသည်နှင့် ၀င်းနှင့်မဇင်သည်လည်း ဓာတ်လှေကားဖြင့်စီအီးအို၏

ရုံးခန်းဆီသို့ တက်လာခဲ့လိုက်သည်။

ဓာတ်လှေကားထဲသို့ရောက်သည်နှင့်

နှာခေါင်းစည်းကိုချွတ်ကာ ပြုံးပျော်နေသော

၀င်းကိုကြည့်ပြီး မဇင်ပါအလိုလိုလိုက်ပြုံးမိလေသည်။


"ဘာလဲ..ဒီညကောင်မလေးကိုချစ်ခွင့်

ပန်မလို့လား.."


"ဟာ..မဇင်ကဘယ်လိုသိသွားတာလဲ.."


"အမယ်လေး..အစ်မကမင်းရဲ့မန်နေဂျာပါနော် ၀င်းဘယ်ခြေလှမ်း..လှမ်းမလဲဆိုတာ

မရိပ်မိပဲ နေပါ့မလား.."


မဇင်က ပွင့်ပွင့်လင်းလင်းမေးလိုက်တော့

၀င်းလည်း အနည်းငယ်ရှက်သွားပြီး

သူ့လည်ဂုတ်ကို သူပြန်ပွတ်သပ်လိုက်မိသည်။


"ကျွန်တော့်ပုံစံက အဲ့လောက်ပဲသိသာနေတာလား..ဟုတ်တယ်..ကျွန်တော်ဝိုင်းဝိုင်းကို

ပရိုပို့စ်လုပ်မလို့စဉ်းစားထားတာ..

ကျွန်တော်အကြာကြီးမစောင့်ချင်တော့ဘူး

ဖြစ်နိုင်ရင် လက်ထက်ခွင့်ပါတောင်းချင်တာ.."


"အမယ်လေး၀င်းရယ်..

တစ်ဆင့်ချင်းပဲသွားစမ်းပါ..ကောင်မလေးလန့်သွားပါအုံးမယ်..နင့်ဟာက

ပြန်တွေ့တာဖြင့် သိပ်မကြာသေးဘူး

အရမ်းအကဲပိုလွန်းမနေဘူးလား.."


"ဟုတ်တယ်..သူ့အတွက်အရမ်းကြီး

ရုတ်တရက်ဆန်သွားမှာစိုးလို့သာ

လက်ထက်ခွင့်တောင်းမဲ့ အစီအစဉ်ကို

ရုတ်သိမ်းလိုက်တာ.."


"၀င်းသူ့အပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာ အစ်မမြင်နေရပါတယ်..

ကံကောင်းပါစေနော်.."


"ကျေးဇူးတင်ပါတယ်မဇင်.."


"ဒါနဲ့အခု၀င်းကကိုမင်းစက်ကို ဘာကိစ္စ

တွေ့ချင်ရတာလဲ.."


"ကျွန်တော်လည်း မကြာခင်မှာစွံတော့မဲ့

အကြောင်း ကြွားရအောင်လို့လေ

ဝိုင်းလေးနဲ့ပြန်တွေ့တော့မှ သူ့ကိုကြွားမယ်လို့

ဆုံးဖြတ်ထားတာ အခုအချိန်တန်ပြီလေ.."


ပြုံးပျော်နေသော ၀င်း၏မျက်နှာသည်

ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ဟုသဇင်တွေးလိုက်မိသည်။မေဝိုင်းလေး အရမ်းကံကောင်းမှာပါ။

၀င်းဟာ ကျော်ကြားတဲ့လူတစ်ယောက်ဆိုပေမဲ့ 

ပျော်တတ်ပြီးပွင့်လင်းစွာ‌ နေတတ်သူမို့

လူတစ်ယောက်ကိုချစ်ရင်လည်း အစွမ်းကုန်

ပုံအောပြီး ချစ်မှာသေချာတယ်။


ကောင်မလေးကသာ "ချစ်တယ်.."လို့

အဖြေပြန်ပေးရင် အခုချက်ချင်းတစ်ကမ္ဘာလုံး

သိအောင် ချပြတော့မဲ့အတိုင်းပဲ။

၀င်းလိုချစ်တတ်လွန်းသူကို မေဝိုင်းလေးလည်း တကယ့်မေတ္တာအစစ်နဲ့တုန့်ပြန်ပါစေလို့ ဆုတောင်းမိပါတယ်။


🌹🌹🌹🌹🌹🌹


၀င်းအတွက်အရင်ငိုလိုက်အုံးမယ်နော်😭


နောက်အခန်းကစပြီး ဇာတ်ရှိန်အမြင့်ပိုင်းကို

ရောက်လာမှာပါ

=========================================================================


အခန္း(၂၈)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


မ်က္၀န္းေတြကို မိွတ္ထားမိေပမဲ့ဝိုင္းေလး၏

အသိဉာဏ္အားလံုးသည္ ေလဟာနယ္တစ္ခုထဲသို႔ေရာက္သလိုျဖစ္ေနၿပီး ‌အေမွာင္ရိပ္သည္

ဝိုင္းေလး၏ စိတ္ဝိဉာဉ္ေတြအားလံုးကို

လႊမ္းႃခံုထားတယ္။


ဘယ္ေနရာကိုေရာက္ေနသလဲမသိေပမဲ့

ေမွာင္မဲၿပီး ေၾကာက္စရာေကာင္းသၫ့္

ပတ္၀န္းက်င္ကိုေရာက္ေနတာေတာ့ ေသခ်ာတယ္။

ခပ္ျမင့္ျမင့္ျပဴတင္းေပါက္ငယ္ေလးဆီမွ

လေရာင္က အခန္းထဲသို႔၀င္လာေပမဲ့

ထူးထူးျခားျခား ထိန္လင္းသြားတာမ်ိဳးေတာ့

ျဖစ္မလာခဲ့ေပ။


ထိုအခ်ိန္မွာ အခန္းထဲသို႔အရိပ္မဲႀကီးတစ္ခု

၀င္လာတာကို သိလိုက္ၿပီးေနာက္

ခဏအၾကာမွာ အသံနက္ႀကီးတစ္ခုက 

ပတ္၀န္းက်င္ကို လႊမ္းႃခံုသြားေစသည္။

ထိုအသံဟာ ဝိုင္းေလး၏ေအာ္ငိုသံျဖစ္ၿပီး

ေၾကာက္ရြံ႔မႈေတျြပၫ့္ႏွက္ေနကာ စူးရွေနသည္။

ခႏၶာကိုယ္ကိုရစ္ပတ္ခ်ဳပ္ေနွာင္ထားေသာ

ထိုအရိပ္မည္းႀကီးေၾကာင့္ ႏွလံုးသားေအာက္ေျခ

ကေနပါ ေၾကာက္ရြံ႔ထိတ္လန႔္ေနမိတယ္။

တစ္ကိုယ္လံုးကထံုက်ဉ္ေအးစက္ေနၿပီး

အင္အားေသးေသးေလးနဲ႔တတ္ႏိုင္သေလာက္

ႀကိဳးစားရုန္းကန္မိေပမဲ့ မ်က္ရည္ေတြကသာ

အားကိုးရာ လက္နက္ျဖစ္ေနခဲ့တယ္။


"အေမေရ....သမီးကိုကယ္ပါအံုး.."


ည၏အေမွာင္ကို ေဖာက္ခြင္းၿပီး ကေလးအသံေလးသည္ စူးရွစြာထြက္ေပၚလာခဲ့ေပမဲ့ ရုတ္တရတ္

ထိုအရိပ္မဲႀကီးက ဝိုင္းေလး၏ပါးစပ္ကို

၄၏ေအးစက္ေနေသာ လက္ႀကီးမ်ားအား

အသံုးျပဳကာ ဆဲြပိတ္ခ်လိုက္တယ္။


"အေမ့... 


အိပ္မက္ဆိုးက ဘယ္ေလာက္ေတာင္ၾကာျမင့္သြားသလဲ မသိေပမဲ့ဝိုင္းေလးလန႔္ႏိုးလာတဲ့အခ်ိန္မွာ

ေခါင္းအံုးေပၚ၌ မ်က္ရည္ေတြရႊဲေနေလၿပီ။

ႏွလံုးခုန္ႏႈန္းေတြပါ ျမန္ဆန္လာၿပီး

ရင္တုန္ေန၍ ေရေသာက္ရန္အိပ္ယာမွ

ထဖို႔ျပင္လိုက္ေတာ့ ခါးေပၚတြင္တင္ထားေသာ

လက္တစ္စံုေၾကာင့္ ခ်က္ခ်င္းထဖို႔ရန္

အခက္အခဲျဖစ္သြားခဲ့သည္။


ရုတ္တရက္ဆိုေတာ့ ထိတ္လန႔္သြားၿပီး

ေခါင္းကို နဲနဲႂကြကာအေနာက္သို႔

ျဖည္းျဖည္း လွၫ့္ၾကၫ့္လိုက္မိေတာ့

"ဘုရားေရ..!!"အိပ္မက္ဆိုးမက္တာထက္ပင္

ပို‌ထိတ္လန႔္စရာေကာင္းေနသၫ့္ လူကို

ေတြ့လိုက္ရသလို မ်က္လံုးအိမ္ေတြပါ

ျပဴးက်ယ္ကုန္သည္။


ကုတင္ကႀကီးၿပီး ေမြ့ယာကအိစက္ေနကာ

ေနရာက်ယ္ေပမဲ့ ႏွစ္ေယာက္သားကေတာ့

တစ္ေနရာတည္းမွာသာ နီးနီးကပ္ကပ္ရိွေနၾက

ေလသည္။

ေသးသြယ္ေသာ ဝိုင္းေလး၏ခႏၶာကိုယ္သည္

ရင္ခြင္က်ယ္ႀကီးတစ္ခုထဲတြင္

နစ္‌ၿမွဳပ္ေနေလသည္။


ဦးမင္းစက္အာဏာသည္ ဝိုင္းေလး၏

အနားမွာ လာကပ္ၿပီးအိပ္ေနသည္တဲ့။

သူကစကၤာပူမွာ မဟုတ္ဘူးလား။

ဘယ္အခ်ိန္တည္းက ျပန္ေရာက္ေနတာလဲ။

နံရံကပ္နာရီကို လွမ္းၾကၫ့္လိုက္မိေတာ့

မနက္ေျခာက္နာရီထိုးေနေလၿပီ။


"ကိုမင္းစက္...ကိုမင္းစက္.."


"အင္း!!!"


သူ႔နာမည္ကိုေခၚကာ ႏိႈးၾကၫ့္ေပမဲ့ညီးတြားသံ

သာ ၾကားလိုက္ရၿပီးဝိုင္းေလး၏

ခါးေပၚတြင္ရိွေနေသာ လက္ေမာင္းအားက

ပိုမိုတင္းၾကပ္သြားတာကို ခံစားလိုက္ရၿပီးေနာက္

သူ႔ရင္ခြင္ထဲသို႔ လံုးလံုးလ်ားလ်ားက်ေရာက္သြားေတာ့သည္။

ဝိုင္းေလး၏ ေသးသြယ္ေသာေျခေထာက္ေလးေပၚသို႔ တင္ထားေသာသူ႔ေျခေထာင္တစ္ေခ်ာင္းေၾကာင့္

လူက လႈပ္၍ေတာင္မရေတာ့သလိုပဲ။

ဒီလူက ဖက္ထားတာလား..ခ်ဳပ္ထားတာလား

မသဲ‌ကဲြေတာ့ဘူး။


ဝိုင္းေလး၏မ်က္ႏွာတစ္ခုလံုးဟာ ထူပူၿပီး

နီရဲလာသလို ခံစားလိုက္ရသည္။

အခုအေျခအေနက ဘယ္လိုႀကီးလဲ။

ခရီးထြက္သြားတုန္းက လူကိုအသိေတာင္မေပးခဲ့ပဲ

ျပန္ေရာက္လာေတာ့ ဒီလိုမ်ိဳးထူးထူးဆန္းဆန္းေတြ

လုပ္ေနခဲ့တယ္။


သူခရီးပန္းေနလို႔ အိပ္ေနသည္ဟုေတြးလိုက္မိ၍

ညိမ္ညိမ္ေလးေနဖို႔ရန္ ေတြးလိုက္မိစဉ္မွာပဲ

ေနာက္ထပ္ ထူးျခားမႈတစ္ခုကို

ထပ္ၿပီး သတိထားလိုက္မိသည္။

ဝိုင္းေလးသည္ ေခါင္းအံုးနဲ႔အိပ္ေနျခင္းမဟုတ္ပဲ

သူ႔လက္ေမာင္းအေပၚ ေခါင္းတင္ကာအိပ္ေနမိျခင္း

ျဖစ္သည္။


ဘာေၾကာင့္ ဒီလိုႀကီးအိပ္ေနမိရတာလဲ။

သူကပဲ လိုလိုလားလားဒီလိုျဖစ္ခြင့္ေပးထားတာလား။ဝိုင္းေလးကပဲ သူ႔ဆီကိုတိုး၀င္ခဲ့တာလား

မခဲြျခားတတ္ေတာ့ေပ။


ဝိုင္းေလး၏ေက်ာျပင္သည္ သူ႔ရင္အံုႏွင့္

ထိကပ္ေန၍ စည္းခ်က္ညီညီေရြ့လ်ားေနေသာ

သူ႔ႏွလံုးခုန္သံေတြကိုပင္ ၾကားေနရသလို

ခံစားလိုက္မိသည္။


ဝိုင္းေလး၏ ခႏၶာကိုယ္ဟာရွက္စိတ္ေၾကာင့္

ေအးခဲေနသေလာက္ သူ႔ရင္ခြင္ကေတာ့

တကယ္ကို ေနြးေထြးလြန္းတယ္။

ခါးေပၚမွာ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားေသာ

သူ႔လက္၏အပူခ်ိန္သည္ ခႏၶာကိုယ္တစ္ခုလံုးရိွ

ေသြးေတြကိုေတာင္ ေျပာင္းျပန္စီးဆင္း

 ေစႏိုင္သည္။


ရုန္းထြက္ခ်င္ေပမဲ့ ဒီခံစားခ်က္ကိုလည္း

ႏွစ္သက္ေနမိတယ္။

တစ္စံုတစ္ေယာက္ကို အားကိုးလိုသည့္ခံစားခ်က္

တစ္ခုက မဖိတ္ေခၚပဲအလိုလိုေရာက္ရိွလာကာ

ႏွလံုးသားတစ္ခုလံုးကို ေနြးေထြးေစသည္။

ေနသားမက်ေသးေသာအထိအေတြ့တစ္ခုေပမဲ့

သေဘာက်ေနမိတာ ဘာေၾကာင့္မ်ားလဲ။


ဒီေန့အိပ္မက္ဆိုးမက္ခဲ့ေပမဲ့ သူကေနြးေနြးေထြးေထြးဖက္ေပးထားလို႔သာ

အရင္လိုဆိုးဝါးစြာလန႔္မႏိုးတာ ျဖစ္လိမ့္မည္။

သူဟာ ဝိုင္းေလးအငိုတိတ္ေအာင္ လ်ိႈ႔ဝွက္ၿပီး

ခ်ယ္ရီသီးျခင္း လာေပးခဲ့တဲ့လူျဖစ္တဲ့အျပင္

ဝိုင္းေလးရဲ့ ကယ္တင္ရွင္လည္းျဖစ္တယ္။

အခုသူက ဝိုင္းေလး၏အမ်ိဳးသားပါျဖစ္လာခဲ့ၿပီ။

ဒါဟာ တကယ္ပဲဖူးစာလို႔ေခၚတာလား။


ညိမ္ညိမ္ေလးေနကာ အေတြးမ်ားေနစဉ္မွာပဲ

ခါးေပၚမွ သူ႔လက္ကိုဖယ္ေပးလာၿပီး 

ေမြ့ရာ၏အျခားဘက္သို႔ လွၫ့္သြားေသာေၾကာင့္

ဝိုင္းေလးလည္း ခ်က္ခ်င္းထလိုက္မိသည္။

နာရီကိုၾကၫ့္လိုက္ေတာ့ ေျခာက္နာရီခဲြေတာ့မည္မို႔

အိပ္ယာမွ ခ်က္ခ်င္းထၿပီး

ေရခ်ိဳးခန္းထဲသို႔သာ ေျပးလာခဲ့လိုက္သည္။


"ဘုရားေရ..ငါ့မ်က္ႏွာႀကီးတကယ္နီေနတာပဲ.."


မွန္ထဲကိုၾကၫ့္လိုက္ေတာ့ ပါးမို႔ေတြေရာ၊

နားရြက္ေတြပါ နီေနတာကိုေတြ့လိုက္ရသည္။

စိတ္လႈပ္ရွားေနတာကို အျမန္ျပန္ျပင္လိုက္ၿပီး

တစ္ကိုယ္ရည္သန႔္ရွင္းေရး လုပ္ကာ

အခန္းထဲသို႔ျပန္ေရာက္ေတာ့

ဦးမင္းစက္က အိပ္ေနတုန္းမို႔သာ ေတာ္ေတာ့သည္။

ဝိုင္းေလးလည္း အျမန္ျပင္ဆင္လိုက္ၿပီးေနာက္

မနက္စာ စားရန္ေအာက္ထပ္သို႔အျမန္ဆင္းသြားလိုက္သည္။


ကိုယ္ကသာ ဒီေန့တမူထူးျခားေနတယ္လို႔

ခံစားေနရေပမဲ့ အိမ္အလုပ္သမားေတြကေတာ့ 

သူတို႔အလုပ္ကိုသာ ပံုမွန္အတိုင္းလုပ္ေနၾကၿပီး

ဘာမွထူးျခားမေနေပ။

ထမင္းစားခန္းထဲသို႔ ၀င္လိုက္ေတာ့ၾကည္ၾကည္က

မနက္စာကို ျပင္ေပးလာသည္။


"မမဝိုင္းေလး..ေနေကာင္းရဲ့လား.."


"ေကာင္းပါတယ္..ဘာျဖစ္လို႔လဲ.."


"ဟိုေလ..မမရဲ့နားရြက္ေတြနီေနလို႔

ဖ်ားမ်ားဖ်ားေနတာလားလို႔.."


"မဖ်ားပါဘူးဟယ္.."


"ဒါဆိုရင္ဘယလို႔ နားရြက္ေတြနီေနရတာလဲ

တစ္ေကာင္ေကာင္ကိုက္လိုက္လို႔လား.."


"ဟာ..ၾကည္ၾကည္..နင္ေနာ္ဘာေတြ

ေလ်ွာက္ေျပာေနတာလဲ..

ေတာ္ၿပီဟာငါသြားေတာ့မယ္.."


ၾကည္ၾကည္က အတင္းေမးေနေတာ့

မနက္ကအေျခအေနကို ျပန္ေတြးမိၿပီး

ရွက္ေၾကာက တဖန္ႏိုးၾကားလာျပန္သည္။

ထို႔ေၾကာင့္ ထမင္းခ်ိဳင့္ႏွင့္အိတ္ကိုယူၿပီး

ထမင္းစားခန္းထဲမွ ထေျပးမိေတာ့အေပါက္၀တြင္

တစ္စံုတစ္ေယာက္ႏွင့္ သြား၍တိုက္မိသည္။


"ျဖည္းျဖည္းေလ်ွာက္မွေပါ့ 

ဘာလို႔အလ်ွင္လိုေနတာလဲ.."


ၾကည္လင္ၿပီး ဩရွေသာအသံတစ္ခုက နားထဲသို႔

၀င္လာ၍ ကိုယ္တိုက္မိသၫ့္လူကိုေမာ့ၾကၫ့္

လိုက္ေတာ့...


"ကိုမင္းစက္..ရွင္လား.."


"ဟုတ္တယ္ေလကိုယ္ပဲ..!!!"


လက္ကိုပိုက္ထားၿပီး ေျပာေနပံုကဝိုင္းေလးကို

ဖက္လံုးလိုသေဘာထားခဲ့တာ သူမဟုတ္တဲ့အတိုင္းပဲ။

ဝိုင္းေလးကသာ ရွက္ေနတာသူ႔ရုပ္ကေတာ့

ဘယ္လိုမွ မေနသလိုပဲ။


"မင္းေနေကာင္းရဲ့လား..."


"ေကာင္းပါတယ္..ဘာျဖစ္လို႔လဲ.."


"နားရြက္ေတြနီေနလို႔ေလ..ေနမေကာင္းရင္လည္း

ဒီေန့အလုပ္နားလိုက္ေပါ့.."


"ဟာ..ဘာေတြလာေျပာေနတာလဲ.."


ရွက္ရွက္ႏွင့္ သူ႔ေဘးနားမွာ ေက်ာ္ေလ်ွာက္လာတဲ့

အခ်ိန္၌ ဝိုင္းေလး၏လက္ေကာက္၀တ္ေလးဟာ

ေနြးကနဲျဖစ္သြားခဲ့သည္။

သူဆုပ္ကိုင္ထားသၫ့္ လက္ေကာက္၀တ္ေနရာကို

ၾကၫ့္လိုက္ကာ သူ႔မ်က္ႏွာဆီသို႔အၾကၫ့္တဖန္

ေရာက္သြားမိေတာ့ ႃပံုးျပလာေသာ

အႃပံုးလြင္လြင္ေလးက လူကိုၾကက္ေသေသသြားေစႏိုင္ေလာက္သည္။

*အမယ္ေလး..ေရခဲနတ္ဘုရားကငါ့ကို

ႃပံုးျပေနတာပါလား..*


"အလုပ္ကို..ကိုယ္နဲ႔အတူသြားရေအာင္.."


သူေျပာလိုက္တာက တစ္ခြန္းတည္းဆိုေပမဲ့

ဝိုင္းေလး၏နားထဲမွာေတာ့ ထိုစကားကိုပဲ

ထပ္ခါထပ္ခါ ျပန္ၾကားေယာင္ေနမိသည္။

သူ႔အသံက ထူးျခားစြာႏူးညံ့ေနၿပီး

သူ႔အႃပံုးကလည္း ဟန္ေဆာင္ေနတာနဲ႔မတူဘူး။

သူနဲ႔ အျခားဘာျပႆနာမွမရိွထားရင္ 

ဒီေလာက္နတ္ဘုရားလို ေခ်ာတဲ့ရုပ္ရည္နဲ႔

ႃပံုးျပေနတာကို ဘယ္သူကအရည္မေပ်ာ္ပဲ

ရိွပါ့မလဲ။


ဖ်ားေနတာက..သူမဟုတ္ဘူးလား..

ခရီးသြားၿပီး ျပန္လာတည္းကထူးဆန္းေနတာ။

ဇာတ္ကားေတြထဲကလို ေနာက္တစ္ကိုယ္ခဲြမ်ားလား။

အမ်ိဳးမ်ိူး ေလ်ွာက္ေတြးေနမိၿပီးေနာက္

ဝိုင္းေလး၏လက္ကို သူဖမ္းဆုပ္ထားေသးမွန္း

သတိရသြား၍ ျပန္ရုန္းလိုက္ကာ သူ႔မ်က္၀န္းေတြကို

မဝံ့မရဲ ျပန္ၾကၫ့္လိုက္မိသည္။


"ေက်းဇူးတင္ပါတယ္..ဒါေပမဲ့မလိုပါဘူး.."


ခ်က္ခ်င္းလွၫ့္ထြက္လာလိုက္ၿပီးေနာက္

သူ႔ကြယ္ရာသို႔ေရာက္မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။

စိတ္ထဲက ခံစားခ်က္ကိုမ်က္ႏွာမွာ မေပၚေအာင္

ထိန္းထားလိုက္ႏိုင္တဲ့ ကိုယ့္ကိုကိုယ္လည္း

ျပန္၍ခ်ီးက်ူးေနမိသည္။


"အရမ္းေတာ္တဲ့ငါပါလား..ေနာက္ဆံုးေတာ့

သူ႔ကိုေခ်မိုးႏိုင္ခဲ့ၿပီ..သူအရင္ကငါ့အေပၚမွာ

ေကာင္းေပးခဲ့တယ္ဆိုရင္ေတာင္

ငါ့နဲ႔ငါ့မိသားစုကိုေငြမက္တယ္ဆိုၿပီး 

စြပ္စဲြခဲ့တာကိုေတာ့ေမ့ျပစ္လို႔မရဘူး..

မဂၤလာဦးညမွာတင္

ႏွစ္လတိတိအဆက္အသြယ္ျဖတ္ၿပီး

 ခရီးထြက္သြားတဲ့လူကို ၫွာတာေပးစရာမလိုဘူး

..သူ႔လိုလူမ်ိဳးရဲ့စိတ္က

အစိုးရတာမဟုတ္ဘူး..ငါ့တန္ဖိုးကိုငါ

ၿမွင့္တင္ရမွာပဲ..သူစဲြေဆာင္တာကို

လံုး၀ပါသြားလို႔မျဖစ္ဘူး.."


"တူမႀကီး တစ္ေယာက္တည္းစကားေတြ

ေျပာေနတာလား.."


"ဟင္.."


အသံၾကားေတာ့မွ ေဘးသို႔လွမ္းၾကၫ့္လိုက္ေတာ့

ၿခံေစာင့္ ဦးေလးႀကီးကိုက ဝိုင္းေလးကို

ျပဴးတူးတူးေလး ၾကၫ့္ေနမွန္းသိလိုက္ရ၍

အရမ္းရွက္သြားမိသည္။

ထို႔ေၾကာင့္ ကိုယ္ဘာမွမလုပ္ခဲ့သလိုရယ္က်ဲက်ဲ

ေလးသာ လုပ္လိုက္ၿပီးလမ္းထိပ္သို႔

ေျပးမိေလေတာ့သည္။


❤️❤️❤️❤️❤️❤️❤️


"ေမဝိုင္းေလးေရ..နင့္ကိုလာေတြ့တဲ့လူရိွတယ္.."


ပစၥည္းေတြထုတ္ပိုးေနတုန္း

သိမ့္သိမ့္က အခန္းထဲသို႔၀င္လာၿပီး

ေျပာလိုက္ေလသည္။

ကုမၸဏီအထိ လာေတြ့ရေအာင္ဘယ္သူမ်ားပါလိမ့္။


"ဘယ္သူလာေတြ့တာလဲ.."


"အဲ့ဒါေတာ့ငါလည္းမေမးလိုက္မိဘူး..

receptionကေကာင္မေလးနဲ႔အေပါက္၀မွာ

ဆံုလို႔ သူကနင့္ကိုေျပာေပးပါဆိုတာနဲ႔

ငါလည္းလာေျပာတာ .."


"ဟုတ္ကဲ့..အဲ့ဒါဆိုဝိုင္းေလးထြက္ေတြ့လိုက္အံုးမယ္.."


သိမ့္သိမ့္ကို ေျပာခဲ့ၿပီးဝိုင္းေလးလည္း

ဧၫ့္ေတြ့သၫ့္ေနရာသို႔ ထြက္လာခဲ့လိုက္သည္။ဧၫ့္ေတြ့သၫ့္ ေနရာသို႔ေရာက္ေတာ့

မဇင္ႏွင့္အတူ ေယာက္်ားတစ္ေယာက္က

အတူထိုင္ေစာင့္ေနတာကို ေတြ့လိုက္ရသည္။


မဇင္ကေတာ့ ပံုမွန္အတိုင္းစမတ္က်က်

၀တ္စားထားေပမဲ့ ေဘးနားကေကာင္ေလးကေတာ့ လ်ွာထိုးဦးထုပ္အနက္ေရာင္ကို

ေဆာင္းထားၿပီး ႏွာေခါင္းစည္းကိုပါ

တပ္ထားေလသည္။

သူဟာ ကိုဦးမွန္းရိပ္မိလိုက္သၫ့္

အခ်ိန္မွာေတာ့ ဝိုင္းေလးသူတို႔ဆီသို႔

ေျပးသြားလိုက္မိေလသည္။


"မဇင္တို႔..ကိုဦးတို႔ကအလုပ္ကို

ဘယ္လိုျဖစ္ၿပီး ေရာက္လာၾကတာလဲ.."


ဝိုင္းေလးက ေမးလိုက္ေတာ့မဇင္က

ဘာမွမေျပာပဲ ႃပံုးရံုသာႃပံုးျပလာသည္။

ကိုဦးကလည္း ေရ႔ွသို႔ေျခတစ္လွမ္းတိုးလာၿပီးႃပံုးေနသည္ဟု ထင္ရေလာက္ေအာင္

မ်က္လံုးေလးေတြက လျခမ္းကဲ့သို႔

ေကြးၫႊတ္သြားေလသည္။


"ကိုယ့္သူငယ္ခ်င္းဆီကိုလာလည္တာေလ

ကိုယ္ျမန္မာျပည္ကို ျပန္လာၿပီးတည္းက

သူေရာကိုယ္ေရာ မအားတာနဲ႔မေတြ့ျဖစ္ၾကဘူး..အဲ့ဒါသူ႔ဆီကိုအလည္လာရင္းနဲ႔

ဝိုင္းေလးကို လာေတြ့လိုက္တာ

ကိုယ့္ေၾကာင့္ အေနွာက္အယွက္ျဖစ္မသြားပါဘူးေနာ္.."


"မျဖစ္ပါဘူးကိုဦးရဲ့.."


၀င္း၏ဟန္ေဆာင္ေကာင္းမႈေၾကာင့္ 

သဇင္တစ္ေယာက္ အံကိုႀကိတ္ၿပီး

မရယ္မိေအာင္ မနည္းထိန္းေနေလသည္။

ေနာက္ရက္နည္းနည္းဆို ရိႈးပဲြကစေတာ့မွာမို႔

ရီဟာဇယ္လုပ္ေနရင္းတန္းလန္းႀကီး

လစ္ထြက္မယ္လုပ္ေလရဲ့။

ကိုယ္လည္းဘယ္ရမလဲ။


သူ႔မန္ေနဂ်ာျဖစ္တည္းက သူ႔အေၾကာင္းကို

သိတာ အံေတာင္တိုေနၿပီ။

ဒါေပမဲ့ အခ်စ္နဲ႔ထိေတြ့မိတဲ့

အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္ကို

ဘယ္လိုလုပ္ၿပီး တားႏိုင္ပါ့မလဲ။

ကိုယ္လည္း အိမ္ေထာင္မက်ေသးေတာ့

၀ဋ္အလည္မခံႏိုင္ေပ။


ဒီေတာ့ သူ႔ေနာက္ကိုကိုယ္ပါလိုက္ခဲ့ရတာေပါ့။ကိုယ္သာ မလိုက္ရင္၀င္းတစ္ေယာက္

ဒီေန့တစ္ေန့လံုး ရီဟာဇယ္လုပ္ဖို႔ျပန္လာေတာ့မွာ မလုပ္ေလာက္ေတာ့ဘူး‌ေလ။

ဒီေမ်ာက္ေလာင္းက နာမည္ႀကီးအဆိုေတာ္

ဆိုေပမဲ့ တကယ္ထိန္းရခက္တယ္။


"ဝိုင္းဝိုင္းဒီေန့ မ်က္ႏွာေလးျပၫ့္ေနတယ္ေနာ္..ည‌တုန္းကအိပ္ေရး၀ခဲ့လို႔ထင္တယ္.."


"ရွင္.."


ညတုန္းကအိပ္ေရး၀ခဲ့တဲ့ ကိစၥကပါလာေတာ့

မ်က္ႏွာေတြ ျပန္၍ထူပူခ်င္လာေလသည္။

ဒီေန့တစ္ေန့လံုး ဘာျဖစ္ေနၾကတာလဲမသိဘူး။လူတိုင္းက ဝိုင္းေလးရဲ့မ်က္ႏွာကိုပဲ

ၾကၫ့္ေနၾကသလိုပဲ။


"ဝိုင္းဝိုင္း..ဒီေန့ဘယ္အခ်ိန္အလုပ္ဆင္းမွာလဲ"


"ဘာျဖစ္လို႔လဲကိုဦးရဲ့.."


"ကိုယ္..အေရးတႀကီးေျပာစရာရိွလို႔.."


"အေရးႀကီးတယ္ဟုတ္လား..ဒါဆိုရင္

အခုေျပာလိုက္ပါလား.."


"ဟာ..အခုေတာ့ေျပာလို႔မျဖစ္ဘူး..

ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ေျပာမဲ့စကားက

ခဏေလးေျပာလို႔ရတဲ့ အေၾကာင္းအရာ

မဟုတ္လို႔...တစ္နာရီေလာက္ပါပဲ..

ကိုယ့္ကိုတစ္နာရီေလာက္ပဲ အခ်ိန္ေပးပါကြာ"


"ေကာင္းၿပီေလ..အဲ့ဒါဆိုလည္း

ညေနအလုပ္ဆင္းခါနီးက်ရင္

ဝိုင္းေလးဖုန္းဆက္လိုက္မယ္ေနာ္..

ဝိုင္းေလးတို႔ ဆားဗစ္သမားေတြက

အခ်ိန္အတိအက်သိပ္မရိွလို႔

အရမ္းေစာရင္လည္း ေစာသြားႏိုင္တယ္.."


"ေကာင္းၿပီ..ဘယ္အခ်ိန္ပဲအလုပ္ဆင္းဆင္း

ကိုယ့္ကိုဖုန္းဆက္လိုက္ေနာ္.."


"ဟုတ္ကဲ့..အခုေလာေလာဆယ္ေတာ့

ဝိုင္းေလးအလုပ္ျပန္၀င္လိုက္အံုးမယ္ေနာ္.."


"အင္း.."


ဝိုင္းေလးထြက္သြားသည္ႏွင့္ ၀င္းႏွင့္မဇင္သည္လည္း ဓာတ္ေလွကားျဖင့္စီအီးအို၏

ရံုးခန္းဆီသို႔ တက္လာခဲ့လိုက္သည္။

ဓာတ္ေလွကားထဲသို႔ေရာက္သည္ႏွင့္

ႏွာေခါင္းစည္းကိုခၽြတ္ကာ ႃပံုးေပ်ာ္ေနေသာ

၀င္းကိုၾကၫ့္ၿပီး မဇင္ပါအလိုလိုလိုက္ႃပံုးမိေလသည္။


"ဘာလဲ..ဒီညေကာင္မေလးကိုခ်စ္ခြင့္

ပန္မလို႔လား.."


"ဟာ..မဇင္ကဘယ္လိုသိသြားတာလဲ.."


"အမယ္ေလး..အစ္မကမင္းရဲ့မန္ေနဂ်ာပါေနာ္ ၀င္းဘယ္ေျခလွမ္း..လွမ္းမလဲဆိုတာ

မရိပ္မိပဲ ေနပါ့မလား.."


မဇင္က ပြင့္ပြင့္လင္းလင္းေမးလိုက္ေတာ့

၀င္းလည္း အနည္းငယ္ရွက္သြားၿပီး

သူ႔လည္ဂုတ္ကို သူျပန္ပြတ္သပ္လိုက္မိသည္။


"ကၽြန္ေတာ့္ပံုစံက အဲ့ေလာက္ပဲသိသာေနတာလား..ဟုတ္တယ္..ကၽြန္ေတာ္ဝိုင္းဝိုင္းကို

ပရိုပို႔စ္လုပ္မလို႔စဉ္းစားထားတာ..

ကၽြန္ေတာ္အၾကာႀကီးမေစာင့္ခ်င္ေတာ့ဘူး

ျဖစ္ႏိုင္ရင္ လက္ထက္ခြင့္ပါေတာင္းခ်င္တာ.."


"အမယ္ေလး၀င္းရယ္..

တစ္ဆင့္ခ်င္းပဲသြားစမ္းပါ..ေကာင္မေလးလန႔္သြားပါအံုးမယ္..နင့္ဟာက

ျပန္ေတြ့တာျဖင့္ သိပ္မၾကာေသးဘူး

အရမ္းအကဲပိုလြန္းမေနဘူးလား.."


"ဟုတ္တယ္..သူ႔အတြက္အရမ္းႀကီး

ရုတ္တရက္ဆန္သြားမွာစိုးလို႔သာ

လက္ထက္ခြင့္ေတာင္းမဲ့ အစီအစဉ္ကို

ရုတ္သိမ္းလိုက္တာ.."


"၀င္းသူ႔အေပၚမွာ ဘယ္ေလာက္ခ်စ္သလဲဆိုတာ အစ္မျမင္ေနရပါတယ္..

ကံေကာင္းပါေစေနာ္.."


"ေက်းဇူးတင္ပါတယ္မဇင္.."


"ဒါနဲ႔အခု၀င္းကကိုမင္းစက္ကို ဘာကိစၥ

ေတြ့ခ်င္ရတာလဲ.."


"ကၽြန္ေတာ္လည္း မၾကာခင္မွာစြံေတာ့မဲ့

အေၾကာင္း ႂကြားရေအာင္လို႔ေလ

ဝိုင္းေလးနဲ႔ျပန္ေတြ့ေတာ့မွ သူ႔ကိုႂကြားမယ္လို႔

ဆံုးျဖတ္ထားတာ အခုအခ်ိန္တန္ၿပီေလ.."


ႃပံုးေပ်ာ္ေနေသာ ၀င္း၏မ်က္ႏွာသည္

ကမ႓ာေပၚမွာ အေပ်ာ္ဆံုးလူသားတစ္ေယာက္ကဲ့သို႔ ျဖစ္ေနသည္ဟုသဇင္ေတြးလိုက္မိသည္။ေမဝိုင္းေလး အရမ္းကံေကာင္းမွာပါ။

၀င္းဟာ ေက်ာ္ၾကားတဲ့လူတစ္ေယာက္ဆိုေပမဲ့ 

ေပ်ာ္တတ္ၿပီးပြင့္လင္းစြာ‌ ေနတတ္သူမို႔

လူတစ္ေယာက္ကိုခ်စ္ရင္လည္း အစြမ္းကုန္

ပံုေအာၿပီး ခ်စ္မွာေသခ်ာတယ္။


ေကာင္မေလးကသာ "ခ်စ္တယ္.."လို႔

အေျဖျပန္ေပးရင္ အခုခ်က္ခ်င္းတစ္ကမ႓ာလံုး

သိေအာင္ ခ်ျပေတာ့မဲ့အတိုင္းပဲ။

၀င္းလိုခ်စ္တတ္လြန္းသူကို ေမဝိုင္းေလးလည္း တကယ့္ေမတၲာအစစ္နဲ႔တုန႔္ျပန္ပါေစလို႔ ဆုေတာင္းမိပါတယ္။


🌹🌹🌹🌹🌹🌹


၀င္းအတြက္အရင္ငိုလိုက္အံုးမယ္ေနာ္😭


ေနာက္အခန္းကစၿပီး ဇာတ္ရိွန္အျမင့္ပိုင္းကို

ေရာက္လာမွာပါ

အခန်း(၂၇) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၂၇)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


မိသားစုနဲ့အတူရှိနေရတဲ့ခံစားချက်က တကယ်ကို

ပျော်ရွှင်ကြည်နူးရလွန်းလို့ ဘာနဲ့မှမလဲလှယ်နိုင်တဲ့

အခိုက်အတန့်လေးပါပဲ။

မိသားစုစကားဝိုင်းက နှလုံးသားကို

သစ်လွင်လာစေပြီး နွေးထွေးစေ‌တယ်။

မိသားစုစုံစုံညီညီနဲ့မြိန်ရည်ယှက်ရည်စားရတဲ့

ထမင်းဝိုင်းလေးက ကမ္ဘာပေါ်မှာအရသာအရှိဆုံး

ပါပဲ။


 အိမ်ထောင်ပြုလိုက်ခြင်းက

ဝိုင်းလေးနဲ့မိသားစုရဲ့ အကွာအဝေးကို

ထိန်းညှိလိုက်သလိုဖြစ်ခဲ့တယ်။

လူကြီးသူမတွေ ပြောနေကြတဲ့စကားအရ

အိမ်ထောင်ကျသွားတဲ့အခါ မိဘကသားသမီးကို

ဆိုင်သာဆိုင်မပိုင်တော့ဘူးဆိုတဲ့အတိုင်း

ကိုယ့်ဘ၀ထဲကနေ မိဘတွေဟာတဖြည်းဖြည်း

ခြေတစ်လှမ်းနောက်ဆုတ်ပေးသွားသလို

ခံစားရတယ်။


ကိုယ့်အနေနဲ့လည်း ကိုယ့်ဘာသာ

ရွေးချယ်လိုက်တဲ့ဘ၀မို့

ကောင်းကောင်းဆိုးဆိုး ခါးစည်းခံပြီး

ငယ်ငယ်ကလို အနိုင်ကျင့်ခံရတိုင်း

မေမေ့ဆီ၊ဖေဖေ့ဆီနဲ့အန်တီလေးဆီ

ပြေးတိုင်တတ်တဲ့ အကျင့်တွေပျောက်လာခဲ့တယ်။

ငါဟာကလေးမဟုတ်တော့ဘူး ‌အိမ်ထောင်ရှင်မ

ဖြစ်နေပြီဆိုတဲ့ အသိတွေနဲ့ရင့်ကျက်ချင်ယောင်

ဆောင်နေရတယ်။

တစ်ခါတစ်လေသိပ်မွန်းကြပ်တာပဲ။


အခြားသူတွေတော့မသိပေမဲ့ ဝိုင်းလေးအတွက်တော့ အိမ်ထောင်ပြုလိုက်တာဟာ မှန်ကန်တဲ့

ဆုံးဖြတ်ချက်တစ်ခုလို့ အခုထိမထင်မိသေးဘူး။

ဝိုင်းလေးဟာ ဘွဲ့ရပြီးတာအရမ်းမကြာ‌သေးဘူး၊၊လုပ်ငန်းခွင်အတွေ့အကြုံကိုအခုမှ 

သင်ယူနေတဲ့လူတစ်ယောက်ဖြစ်ပြီး

ဘ၀အတွေ့အကြုံတွေအများကြီးလိုအပ်သေးသလို

လေ့လာသင်ယူစရာတွေလည်း အများကြီး

ရှိသေးတယ်။


ဘ၀မှာအိပ်မက်တွေ၊ဖြစ်ချင်တဲ့အရာလေးတွေကို

အမျိုးမျိုးစိတ်ကူးယဉ်ခဲ့ဖူးတယ်။

ငါအသက်၃၀လောက်ဆိုရင် ကိုယ်ပိုင်အိမ်လေး

တစ်လုံးနဲ့ကား‌လေးတစ်စီးလောက်ပိုင်ဆိုင်ပြီး

 ခရီးတွေထွက်နိုင်မလား၊အဲ့အချိန်မှာ ချစ်သူရှိခဲ့ရင်ဘယ်လိုလေးလက်ထက်ပွဲကို ကျင်းပမလဲဆိုပြီး

မဖြစ်လာသေးတဲ့အနာဂတ်တွေကို

တိမ်တွေပေါ်မှာ အရုပ်ဆွဲသလို စိတ်ကူးကြည့်မိခဲ့တယ်။


အခုတော့ အသက်(၂၃)နှစ်ဆယ့်သုံးနှစ်မှာတင်

ရည်မှန်းချက်တွေအကုန်လုံးက

တက်တက်စင်အောင် လွဲပါလေရော။

ကံကြမ္မာကလည်း သိပ်ကိုဆန်းကျယ်တယ်။

အခြေအနေအရပ်ရပ်ကြောင့် 

ကိုယ်အရမ်းမုန်းတဲ့လူနဲ့မှလက်ထက်ခဲ့ရတယ်။

သူကလည်း ကိုယ့်ကိုမကြင်နာသလို

ကိုယ်ကလည်း သူ့ကိုဘယ်လိုမှအမုန်းတွေကို

သင်ပုန်းမချေနိုင်ခဲ့ဘူး။


အခုကြပြန်တော့ အတိတ်ကိုပြန်တူးဖော်ပေးတဲ့

အမေတို့ကြောင့် ကိုယ်သိပ်မုန်းခဲ့တဲ့လူဟာ

ကိုယ့်ရဲ့အသက်သခင် ကျေးဇူးရှင်ဖြစ်နေတယ်

ဆိုတာကို သိလိုက်ရတယ်။


သူဟာဝိုင်းလေးကို အနာပေးလိုက်၊ဆေးပေးလိုက်

လုပ်ခဲ့သလိုပါပဲ။

ဒါပေမဲ့ ဝိုင်းလေးသူ့ကိုလက်ထက်လိုက်မိပြီလေ။

သူဟာဝိုင်းလေးရဲ့ ခင်ပွန်းဖြစ်နေပြီ

သူ့ကိုမုန်းသင့်သေးရဲ့လား။???


"ကဲ..စားလို့ရပါပြီ..."


"ဝိုင်းလေးများများထည့်စားနော်..ငါ့တူမလေး

ပိန်သွားသလိုပဲ.."


ညနေစာ စားချိန်ဖြစ်၍မေမေတို့က

ထမင်းအတူစားဖို့ ဖိတ်ခေါ်လာခဲ့သည်။

ဝိုင်းလေးလည်း မေမေတို့ရဲ့လက်ရာကို

မစားရတာ ကြာနေ၍ လွမ်းနေခဲ့တာပါ။

ဒါပေမဲ့  မပြောမဆိုနဲ့ဗြုန်းစားကြီးရောက်ချလာပြီး

အမေတို့၏ နေ့ဖို့ညစာကိုလည်း မစားရက်ဘူး

ဖြစ်နေသည်။


"အမေ..ဒီဟင်းတွေကအမေတို့ညမနက်စာ

ချက်ထားတာမဟုတ်လား သမီးပါ၀င်စားလိုက်ရင်

ကျန်တဲ့လူတွေအတွက် မကျန်တော့ပဲ

နေမှာပေါ့..."


"အဲ့ဒီ့အတွက်တော့ စိတ်ပူမနေစမ်းပါနဲ့

ကိုယ့်သမီးလေးတစ်ခါတစ်လေလာလို့

ကျွေးရတာပဲဥစ္စာ..ကုန်သွားလည်းအခုချက်ချင်း

ဈေးသွားပြီးပြန်ချက်လိုက်လို့ရပါတယ်အေ..

သမီးအဖေအတွက်လည်းချန်ထားပြီးပါပြီ

ထိပ်ထားကတော့ ဒီနေ့အိမ်ပြန်နောက်ကျမယ်‌တဲ့

ပြောထားခဲ့တယ်..နောက်ကျမယ်ဆိုရင်

ညစာလည်းသူကစားတော့မှာမဟုတ်ဘူးလေ.."


"အဲ့ဒါဆိုလည်း..ဆွဲပြီပေါ့..."


နဂိုတည်းကအမေ့လက်ရာကို လွမ်းနေခဲ့တာမို့

ပန်းကန်ထဲသို့အမေထည့်ပေးလာသော

ကြက်ချဉ်စပ်တွေကို ထမင်းနှင့်ရောပြီး

တစ်လုတ်မြည်းကြည့်လိုက်လေသည်။


"ဟာ..အမေရယ်..အမေ့လက်ရာကဆိုင်ထမင်း၊

ဟင်းထက်တောင်ကောင်းသေးတယ်သိလား

ခရမ်းချဉ်သီးနဲ့ကြက်သွန်ဖြူနံ့လေးက မွှေးနေတာပဲ

ရှမ်းနံနံကိုသမီးကကြိုက်တော့ကွက်တိပဲ..."


"အ‌မယ်လေး..ကိုယ့်အမေကိုပြန်ပြီး

အမွှန်းတင်နေပြန်ပါပြီ.."


"တကယ်ပြောတာအမေရဲ့..ခရမ်းချဉ်သီး၊

ကြက်သွန်အဖြူ၊အနီနဲ့ရှမ်းနံနံပင်ကို‌

အနှစ်ရအောင် နှပ်ထားတာကတကယ်ကို

စားကောင်းတာ ခရုဆီအရသာလေးပါတော့

လျှာပေါ်မှာ စိမ့်သွားတာပဲ.."


"အဲ့ဒါဆိုရင်..အိမ်ရှေ့မှာအအေးဆိုင်နဲ့အတူ

ထမင်း၊ဟင်းဆိုင်လေးပါ ဖွင့်လိုက်ရင်

ကောင်းမလား.."


"အမေကလည်း အဲ့ဒါဆိုအမေကအလုပ်

နှစ်လုပ်ဖြစ်နေတော့ တအားပင်ပန်းမှာပေါ့.."


"ဘာပင်ပန်းစရာရှိလည်းသမီးရယ်..ထမင်း၊ဟင်းက

ချက်ထားပြီးသားကို အဆင်သင့်ရောင်းမှာလေ

အအေးဖျော်တာသာ လက်၀င်တာပါ..

တို့လမ်းထဲမှာလည်း အဆောင်တွေများတော့

အလုပ်သမားပေါတယ်လေ..ထမင်းဆိုင်က

သိပ်မရှိတော့ ရောင်းကောင်းလောက်တယ်.."


"အစ်မပြောတော့မှ ငါ့တူမလေးအရင်က

စားသောက်ဆိုင်ဖွင့်မဲ့ကိစ္စကို ပြန်သတိရမိတယ်

အဲ့ပိုက်ဆံတွေကို ထိပ်ထားဦးကျောင်းတက်ဖို့

အတွက်သာ မသုံးခဲ့ကြရင် အခုလောက်ဆို

အစ်မနဲ့ဝိုင်းလေးတို့နှစ်ယောက်ပေါင်းပြီး

စားသောက်ဆိုင်လေးက အောင်မြင်နေလောက်မှာ

သေချာတယ်..အဲ့ဒါဆိုငါ့တူမလေးလည်း

လက်ထက်စရာမလိုတော့ဘူးပေါ့..."


"ဖြစ်ခဲ့ပြီးတာတွေကို ပြန်အစမဖော်ပါနဲ့တော့

ရွှေရည်၀င်းရယ်..နောက်ပြန်လှည့်လို့

ရတော့တာလည်း မဟုတ်ဘူး.."


အန်တီလေးက အတိတ်ကိုပြန်တွေးပြီး

ဒေါသထွက်နေ၍ အဖွားက

ကြိုပိတ်လိုက်ရလေသည်။

အမေ့ကိုကြည့်လိုက်တော့ မျက်နှာလေး

ညှိုးကျသွားပြီး မျက်ရည်ဝဲသွားတာကို

တွေ့လိုက်ရသည်။

ဘယ်လောက်ပဲ အားလုံးကမင်းစက်အာဏာကို

သဘောကျတယ်ဆိုအုံးတော့ ပိုက်ဆံကိစ္စကြောင့်

လက်ထက်ခိုင်းလိုက်ရတယ်ဆိုသည့် နောင်တတွေကတော့ သူတို့ရင်ထဲမှာထုတ်မရသေးဘူးထင်ပါရဲ့။

 

"ဟာ..ဒီငါးခေါင်းချဉ်ရည်ဟင်းက တကယ်ကို

သောက်လို့ကောင်းတယ်နော်..

ရော့..အမေကခေါင်းများများသား

ဒါမှ..ဘုရင်မဖြစ်မှာ.."


"အော်..အန်တီလေးကတော့အမှီးကိုစားပေါ့..

ဒါမှနောင်ဘ၀ကျရင်..အကောင်ကြီးရုံတင်မကပဲ

အမှီးရှည်တာကြီးနဲ့ဖူးစာဆုံနိုင်မှာ.."


"ငါ့မြေးရယ်...ကြည့်လုပ်ပါဟယ်..တော်ကြာ

နောင်ဘ၀ကြရင်..အမှီရှည်တဲ့ငါးကြီးနဲ့

ဖူးစာဆုံနေပါအုံးမယ်.."


"အဲ့ဒါလဲကောင်းတာပေါ့...

ရေကူးရတာဘယ်လောက်ပျော်စရာကောင်းလဲ.."


"မေဝိုင်းလေးနော်..ညည်းသာရေကူးရမှာဟဲ့

ငါ့ကိုများစော်စော်ကားကား.."


"ဟင်..သမီးတို့ကရေကူးရရင်ပိုတောင်ပျော်အုံးမယ်

တူနှစ်ကိုယ် တဲအိုပျက်မှာမနေရရင်ပြီးရော.."


"ဒီကောင်မလေးဟယ်..သူမို့ပေါက်ပေါက်ရှာရှာ

ပြောတယ်.."


အားလုံးစိတ်ညစ်နေသောကြောင့် တမင်အရွှန်းဖောက်‌လိုက်တော့ မျက်နှာလေးတွေ

ပြန်၍ ကြည်လင်သွားကြ၍

ဝိုင်းလေးလည်း စိတ်သက်သာရာရသွားလေတော့သည်။


"အမေ့..ဒီငါးနီတူလေးကိုရခိုင်သုပ်လေးလုပ်ထားတာ အရမ်းစားကောင်းတာပဲ.."


"စားကောင်းရင် များများစား.."


ငါးနီတူလေးတွေကို ချဉ်ချဉ်စပ်စပ်လေးသုတ်ထား၍ ခံတွင်းအလွန်မြိန်လေသည်။

အမေတို့နှင့် ထမင်းလက်စုံစားရ၍

ပိုပြီး အရဟာရှိတာဆိုရင်ပိုမှန်ပါလိမ့်မည်။

ညနေစာစားပြီးနောက် အဖေ့ဆီကိုသွားပြီး

စာကားပြောခွင့်ရခဲ့သောကြောင့် ဒီနေ့တစ်နေ့လုံး

သည်ဝိုင်းလေးအတွက် အဖိုးဖြတ်မရသော 

နေ့ရက်ဖြစ်မည်ဟုဆိုရင် မမှားနိုင်ပေ။


🍒🍒🍒🍒🍒🍒🍒


ဒီနေ့က တနင်္ဂနွေနေ့ဖြစ်သောကြောင့် စနေနေ့တွင်

အနားယူလိုက်သော ဝိုင်းလေးနှင့်အခြားအဖွဲ့များသည် ဒီနေ့မှာအလုပ်ပြန်ဆင်းပေးရလေသည်။

ထို့ကြောင့် တနင်္ဂနွေတွင် နားရက်ရသော

သိမ့်သိမ့်၊ကိုရှိုင်းတို့အဖွဲ့နှင့်

ကွဲသွားပြီး မဂျူးကပါပိတ်သည့်အတွက် 

ဝိုင်းလေးတို့အဖွဲ့ကို ခေါင်းဆောင်သော

သူမှာ အခြားတစ်ယောက်ပြောင်းသွားလေသည်။


ခေါင်းဆောင်၏နာမည်က ကိုညီညီဇော်ဖြစ်ပြီး

အသက်က၃၀ကျော်ရှိနေပြီဖြစ်သည်။

အဖွဲ့သားတွေကတော့ ကိုညီလို့

ခေါ်လေ့ရှိကြပြီး သဘောလည်းအင်မတန်

ကောင်းသည်။


ဝိုင်းလေးကတော့ ကိုညီဦးဆောင်သည့်အဖွဲ့မှာပဲ

အမြဲနေချင်မိသည်အထိဖြစ်မိတယ်။

ခေါင်းဆောင် မဂျူးနဲ့ဆိုရင်အမှားလုံး၀

မလုပ်ရဲသလို တာ၀န်ချိန်မှာပင်ပန်းလို့

ခဏထိုင်နားရင်တောင် သူ့မျက်လုံးအောက်မှာ

လုပ်၀မထိုင်ရဲဘူး။သူတွေ့တာနဲ့  ပိုးစိုးပက်စက်

ပြောလွှတ်တော့တာပဲ။

*သေချာတာပေါ့။

ထိုသို့အ‌ဆူခံရသည့်အထဲမှာ ဝိုင်းလေးလည်း

ပါတယ်။*


မဂျူးရဲ့ မျက်လုံးဟာ ကြည့်မိတာနဲ့ကျောက်ရုပ်

ဖြစ်သွားတတ်‌သော မက်ဒူဆာ၏ဦးခေါင်း

ထက်ပင် ကြောက်စရာကောင်းပါသည်။

သူ့မျက်လုံးကြီးနှင့် တစ်ချက်တစ်ချက်

ဆွေကြည့်လာရင် ဘာအမှားမှမလုပ်ထားလည်း

နောက်ကျောမလုံချင်တော့ပေ။

စည်းကမ်းတင်းကြပ်တာထက် အပေါက်ဆိုးပြီး

အပြစ်မရှိအပြစ်ရှာတတ်‌သောခေါင်းဆောင်ဟု

ဆိုရပေမည်။


ဒီနေ့ကတော့ မြေနီကုန်းကစင်တာမှာ

တာ၀န်ကျပေမဲ့ ကိုညီ၏လက်အောက်မှာမို့

မိန်းကလေးတွေက သိပ်မပင်ပန်းပဲ

သက်သာသည်ဟု ဆိုရမည်။

ဒီတစ်ခါက မိတ်ကပ်ပရိုမိုးရှင်းပွဲဖြစ်၍

မိတ်ကပ်ကို စမ်းလိမ်းနေကြသည့်အတွက်

အချိန်ပိုကြာမြင့်သလို ဝိုင်းလေးတို့ဆားဗစ်သမား

တွေလည်း ပို၍သက်သာလေသည်။


"တူ..တူ..တူ.."


ထိုအချိန်မှာ ဖုန်းမြည်သံကြား၍ ကြည့်လိုက်မိတော့

ကိုဦးဆီမှဖြစ်နေလေသည်။


"ဟယ်လို..ကိုဦး.."


"ဝိုင်းလေး..အခုအလုပ်လုပ်နေတာလား.."


"ဟုတ်တယ်လေ..မနေ့ကနားရက်ဆိုတော့

ဒီနေ့အလုပ်ပြန်ဆင်းရတာပေါ့.."


"ဟုတ်လား..ဝိုင်းလေးကဆားဗစ်မှာအလုပ်လုပ်တာလို့ ပြောဖူးတယ်နော်..ဟိုတစ်ခါလိုမြေနီကုန်းက

စင်တာမှာပဲလား.."


"ဟုတ်တယ်ကိုဦးရဲ့ မြေနီကုန်းကစင်တာမှာ.."


"ဟုတ်ပြီ..ဒါဆိုဘယ်အချိန်လောက်နားရမှာလဲ.."


"နောက်နာရီ၀က်လောက်နေမှ ထမင်းစား

နားခွင့်ရမှာ..အဲ့တာတောင်

အလှည့်ကျနားရတာလေ..

အကုန်နားရမှာမဟုတ်ဘူး"


"အိုခေ..ဒါဆိုရင်နောက်နာရီ၀က်ကြာရင်..

ဝိုင်းဝိုင်းကိုလူတစ်ယောက်လာခေါ်လိမ့်မယ်..

အဲ့လူကကိုယ့်ရဲ့ Dear Mayဆိုင်က၀န်ထမ်းလေးပဲ

ဝိုင်းဝိုင်းသူ့နောက်ကနေလိုက်သွားလိုက်နော်..

ကိုယ်အခုအလျှင်လိုနေလို့ ဒါပဲနော်.."


ဘာမှထွေထွေထူးထူးပြောမသွား၍

ဝိုင်းလေးကြောင်သွားမိလေသည်။

ဒီလိုနဲ့နောက်နာရီ၀က်အကြာ၌ ဝိုင်းလေးရဲ့

နားချိန်ရောက်တဲ့အခါ ကိုဦးတို့ဆိုင်လေးမှ

၀န်ထမ်းတစ်ယောက်က လာခေါ်နေ၍

ထပ်ပြီးအံ့ဩသွားရသည်။


"ခဏလေးပါအစ်မရယ်..အစ်မရဲ့အလုပ်ကို

အနှောက်အယှက်မဖြစ်စေရပါဘူး..."


၀န်ထမ်းကောင်မလေးကလည်း ကတိအထပ်ထပ်‌

ပေးပြီး ခေါ်နေ၍ဝိုင်းလေးလည်း

ကိုယ့်ထမင်းချိုင့်လေးကို ကိုင်ပြီးအနောက်မှ

လိုက်သွားမိသည်။


"အစ်မ..ရုံးခန်းထဲကို၀င်သွားလိုက်ပါနော်..

အထဲမှာ အစ်မကိုစောင့်နေတဲ့လူရှိတယ်.."


"ဘယ်သူလဲ..."


"အဲ့ဒါတော့ အထဲကိုရောက်ရင်သိပါလိမ့်မယ်.."


၀န်းထမ်းကောင်မလေးက ဗဟေဠိတွေထုတ်နေ၍

အလိုမကျစွာ မျက်မှောင်ကြုံ့လိုက်မိလေသည်။

အလုပ်ပြန်၀င်ရင် နောက်ကျမည်စိုး၍

ရုံးခန်းတံခါးကို တွန်းဖွင့်ပြီးအထဲသို့၀င်လိုက်တော့


"စပရိုက်စ်..."


"ဟင်..ကိုဦးရောက်နေတာလား.."


"ဟုတ်တယ်လေ..အလုပ်ကြိုးစားတဲ့ကလေးမနဲ့

နေ့လည်စာ အတူစားချင်လို့လစ်ထွက်လာခဲ့တာ.."


အမှန်တကယ်မှာတော့ သူလေးကိုသတိရလွန်း၍

ရှိုးပွဲအတွက် ရီဟာဇယ်လုပ်နေရင်းမှ

မဇင်မသိအောင် ခိုးထွက်လာခဲ့ခြင်းဖြစ်သည်။

အခြားအဆိုတော်တွေလည်း ရီဟာဇယ်လုပ်ဖို့

ရှိတော့ သူပျောက်သွားတာကအရမ်းကြီးမားတဲ့

အပြစ်မဟုတ်ပေမဲ့ နှောက်နှေးမှုရှိသွားတာတော့

အမှန်ပါပဲ။

ဒါကြောင့်ပဲ ခုဏကမဇင်လှမ်းဆူတာကို

ခံလိုက်ရသေးသည်။


"ဒီဗူးတွေကဘာတွေလဲဟင်.."


"ကိုယ်တို့နှစ်ယောက်အတူတူ ထမင်းစားဖို့အတွက်

မှာထားတာတွေလေ..ဝိုင်းဝိုင်းကခဏနေရင်

အလုပ်ပြန်လုပ်ရမှာမဟုတ်လား..

ဒီမှာမြန်မြန်လာထိုင်‌လိုက်လေ..."


"ဝိုင်းလေးအတွက်တကူးတကစီစဉ်ပေးစရာ

မလိုပါဘူးကိုဦးရယ်..ဝိုင်းလေးကဒီနေ့

ထမင်းချို့င်ပါတယ်.."


"ဟာ..ဟင်းတစ်မျိုးတည်းဆိုရင် ဘယ်လိုလုပ်ပြီး

အရသာရှိမှာလဲကွာ..လာစမ်းပါ..ပြီးရင်ပဲ

အလုပ်ပြန်ဆင်းရတော့မဲ့ဥစ္စာ

စကားတွေအများကြီး မပြောနဲ့တော့.."


ကိုဦးကအတင်းခေါ်နေ၍ ဝိုင်းလေးလည်း

အားနာပြီး ထိုင်ခုံမှာ၀င်ထိုင်လိုက်ရလေသည်။

သူကမှ အရမ်းအလုပ်များသည့်သူဟု

ထင်မိတဲ့အတွက် အိုက်တင်ခံမနေတော့ပဲ

အလကားရ‌တဲ့ အရသာရှိသောနေ့လည်စာကို

စားဖိုဆုံးဖြတ်လိုက်သည်။


ဟင်းတွေကစုံသလို အရသာလည်းအင်မတန်ရှိ၍

ဝိုင်းလေးမှာ ဟန်တောင်မဆောင်နိုင်တော့ပဲ

အ၀တီးမိလေတော့သည်။


"ရော့..ပုဇွန်ထုတ်လေးစားကြည့်..

ငရုတ်သီးမပါတော့ ၀က်ခြံလည်းမထွက်သလို..

ဆံပင်လည်းမကျွတ်တော့ဘူးပေါ့.."


"ပြီးတော့..ဒီ၀က်ချိုချဉ်လေးလည်းစားကြည့်.."


"ဒီအသုပ်လေးရောပဲ.."


"ဝိုင်းဝိုင်းက လူကောင်နည်းနည်းညှပ်သလိုပဲ..

အသားများများစားမှပေါ့ကွာ

ရော့ဒီငါးသံပုရာပေါင်းလေးပါစားကြည့်.."


ဝိုင်းလေး၏ပန်းကန်ထဲသို့ ပါးစပ်ကလည်း

တတွတ်တွတ်ပြောရင်း ဟင်းအမျိုးစုံအောင်

ထည့်ပေးနေ၍ အားနာနာနှင့်စားနေရတာ

ဗိုက်တောင် တင်းလာလေပြီ။

မသိရင်ဝိုင်းလေးက ၀က်ကြီးကြနေတာပဲ။

ဝိုင်းလေးပုံစံက အစား‌ပုတ်တဲ့ပုံပေါက်နေလို့များလား။သူ့ပန်းကန်ဆီသို့ကြည့်လိုက်မိတော့်

မုန်လာဥနီ ပန်းကော်ဖီစိမ်းနှင့်ပုဇွန်နဲနဲရယ်ကိုသာ

တွေ့လိုက်ရသည်။


"ကိုဦးကလည်း ဝိုင်းလေးကိုပဲထည့်ပေးနေတယ်

သူ့ပန်းကန်ထဲမှာကြတော့ ဘာမှလည်းမရှိဘူး.."


"ကိုယ်ကရှိုးပွဲရှိလို့..ဝိတ်ချနေတာလေ..

ဒါကြောင့်အများကြီးစားလို့မရဘူး.."


ပါးစပ်ထဲမှာ ထမင်းတွေပလုတ်ပလောင်းနှင့်

ပါးလေးဖောင်းပြီး စကားပြောလာသည့်

ကောင်မလေးကို အသံယားလွန်း၍

ခေါင်းလေးကို ပုတ်ပြီးပြောလိုက်တော့

သူ့ကို ကြောင်တောင်တောင်လေးပြန်ကြည့်လာလေသည်။


ကြောင်‌လေးလို အညိုရောင်သန်းနေတဲ့

မျက်၀န်းဝိုင်းလေးတွေက သူ့ကိုညှို့ယူနေသလိုပဲ။

အရမ်းသဘောကျမိ၍ သူပြုံးလိုက်သည်။

ဖြစ်နိုင်ရင် အခုပဲဖြစ်ဖြစ်ဖွင့်ပြောလိုက်ချင်တယ်။

ဒါပေမဲ့....


"ရှိုးပွဲဟုတ်လား..."


"အင်း..တရား၀င်မကြော်ငြာရသေးဘူးလေ.."


"အော်..ဒါကြောင့်ဝိုင်းလေးမသိတာပဲ.."


"ကိုယ်ဝိုင်းဝိုင်းကို ကတိတစ်ခုပေးခဲ့တယ်လေ

တစ်နေ့ကိုယ်အောင်မြင်တဲ့အခါ ပရိတ်သတ်တွေအများကြီးရှိတဲ့ ပွဲခင်းထဲအထိ

ဝိုင်းဝိုင်းကို ခေါ်သွားပေးမယ်ဆိုတာလေ..."


ဝိုင်းလေး..ကိုဦးကို အံ့ဩစွာကြည့်လိုက်မိသည်။

ဒီလောက်နှစ်တွေကြာသွားပြီးတာတောင်

ကိုဦးက ဒီစကားကိုမှတ်မိသေးတာပဲ။

ဝိုင်းလေးက သူမေ့နေပြီလို့တောင်ထင်ခဲ့တာ။


"ရှိုးပွဲနေ့ကြရင် စင်ပေါ်ကနေကိုယ်သီချင်းဆိုတာကို အားပေးလို့ရအောင်လုပ်ပေးမယ်..

ဝိုင်းဝိုင်းလာမယ်မဟုတ်လား.."


"လာမှာပေါ့ကိုဦးရဲ့..ဒါပေမဲ့စင်ပေါ်အထိတော့

မတက်ရဲပါဘူး..လက်မှတ်၀ယ်ပြီး

ပရိတ်သတ်နေရာကပဲ အားပေးပါ့မယ်.."


"အဲ့လိုမလုပ်ရပါဘူး..လူတွေအများကြီးနဲ့ဆိုတော့

ယောက်ျားလေးတွေလည်းပါမှာလေ..

ကိုယ်ဝိုင်းဝိုင်းကို စိတ်မချဘူး.."


"ကိုဦးကလည်း ကြံဖန်ပြီးစိတ်ပူ‌နေပြန်ပြီ

ဝိုင်းလေးက သူငယ်ချင်းတွေနဲ့စုပြီး

လာကြည့်မှာလေ..ဘာစိတ်မချစရာရှိလို့လဲ.."


"ဘာဖြစ်လို့လဲဆိုတော့..ကိုယ်က.."


ဖြူစင်သည့် မျက်၀န်းလေးတွေကိုမြင်လိုက်ရတော့

သူ့စကားက တစ်၀က်တစ်ပျက်မှာတင်

ရပ်တန့်သွားလေတော့သည်။

ခုံပေါ်တွင် တင်ထားသောဝိုင်းဝိုင်း၏

လက်ကလေးကို ကိုင်မိတော့မည့်အခြေအနေကနေ

သူလေး၏ နှုတ်ခမ်းထောင့်တွင် ကပ်တင်နေသော

ထမင်းလုံးလေးကိုသာ ဖယ်ရှားပေးလိုက်မိသည်။


"နှုတ်ခမ်းမှာ ထမင်းလုံးကပ်နေလို့.."


ထမင်းလုံးလေးကို ဖယ်ရှားပေးလိုက်စဉ်မှာ

တွန့်ခနဲဖြစ်သွားသော ဝိုင်းဝိုင်းဟာ

ကြောင်ပေါက်လေးလိုမျိုး ထပ်ကြည့်လာပြန်သည်။

ဘယ်လိုလုပ်ရပါ့မလဲ။

အဲ့ဒီ့မျက်၀န်းလေးတွေကို သူတကယ်ရင်ဆိုင်ဖို့

ခက်လွန်းတယ်။

ဖြစ်နိုင်ရင် နှလုံးသားထဲမှာအပြီးအပိုင်

သော့ခတ်ပြီး သိမ်းထားလိုက်ချင်မိတဲ့အထိပဲ။


"တူ!!!တူ!!တူ..."


"ဟာ..ခေါင်းဆောင်ဆီကနေ ဖုန်းလာနေပြီ...

ဆူခံရတော့မယ်ထင်တယ်..ဝိုင်းလေးသွားတော့

မယ်နော်..နေ့လည်စာကျွေးတဲ့အတွက်

ကိုဦးကိုကျေးဇူးတင်ပါတယ်..နောက်တစ်ခါမှ

ဝိုင်းလေး၀ယ်ကျွေးမယ်နော်..."


ကျေးဇူးတင်စကားတွေကို မလိုအပ်ပါဘူး

ပြောလည်း ထပ်ပြီးကျေးဇူးတင်ခဲ့ကာ

ပြေးထွက်သွားလေသည်။


သူလည်း သက်ပြင်းချလိုက်မိတယ်။

ကိုယ့်ဘက်ကသာ ချစ်နေပါကြောင်း

သေချာနေပေမဲ့ သူမဘက်ကတော့

သိပ်ရိုးသားမှန်း မျက်လုံးလေးတွေကို

ကြည့်ရုံနဲ့ သိနိုင်တယ်။

ဖွင့်ပြောလိုက်တဲ့အခါမှ လက်မခံရင်ကိုယ်ပဲ

ဂွမ်းမှာ။

ဒါပေမဲ့ မပြောပြန်ရင်လည်းကောင်မလေးက

ဘယ်လိုလုပ်ပြီး သိမှာလဲ။

ဒီတစ်ခါတော့ သူသိပ်ညံ့လွန်းသည်ဟု

တွေးလိုက်မိသည်။အခွင့်အရေးရနေပါလျှက်နဲ့

ခဏခဏ လက်လွှတ်ဆုံးရှုံးနေရတယ်။


🍒🍒🍒🍒🍒


"ကောင်းသန့်..ပစ္စည်းတွေအကုန်လုံးကားထဲကို

ထည့်ပြီးပြီလား.."


"ထည့်ပြီးပါပြီဆရာ..ဆရာ့လက်ကေ့ခ်ျတွေရော

လက်ဆောင်အိတ်တွေရော ထည့်ပြီးပါပြီ.."


"ကောင်းပြီ..မင်းအတွက်ငါတက္ကစီခေါ်ပေးထားတယ် ဒီမှာခဏစောင့်လိုက်နေလိုက်ပေါ့

မကြာခင်ရောက်လာလိမ့်မယ်.."


"ကျွန်တော့်ကိုဆရာနဲ့အတူ ခေါ်မသွားပေးဘူးလား"


ကောင်းသန့်မှာ တစ်ခွန်းလေးပဲအပိုစောင်း၍

မေးမိလိုက်ပါတယ်။

ဆရာက"အပိုတွေမပြောနဲ့.."ဆိုသောအကြည့်နှင့်

သတိပေးလာ၍ ကိုယ့်ပါးစပ်ကိုယ်သာ

ပြန်ပိတ်လိုက်ရလေသည်။

သွားတုန်းက နှစ်ယောက်အတူသွားပြီး

အခုပြန်ရောက်တော့ အတူခေါ်သွားပေးလိုက်

ပြီးရောကို..။တက္ကစီခအကုန်ခံနေရသေးတယ်။

ကြည့်ရတာ သူ့မိန်းမကိုသတိရနေလို့များလား။


"ကျွန်တော်စကားပြောမှားသွားရင်

 ခွင့်လွတ်ပါဆရာ..ကြင်စဦးဇနီးမောင်နှံဆိုတာ

ဘယ်အကြာကြီးခွဲနေလို့ကောင်းပါ့မလဲ..

အိမ်ပြန်နောက်ကျရင်

မိန်းမကဘယ်ကြိုက်ပါ့မလဲနော်..

ကျွန်တော်နားလည်ပါတယ်.."


"မင်းတော်တော်လျှာရှည်တာပဲ..

လစာထဲကအဖြတ်ခံချင်နေတာလား.."


"အင်..လစာထဲကတော့မဖြတ်ပါနဲ့ဆရာ.."


မနက်စောစောစီးစီး မိန်းမထက်ရာဇသံ

ပြင်းနေသော ကိုယ့်ဆရာကြောင့်ကောင်းသန့်မှာ

အခက်တွေ့နေရလေသည်။

ဆက်ပြောမိရင် ရှည်မိတဲ့လျှာပါအဖြတ်ခံရကိန်း

ဆိုက်တော့မည်မို့ ကားထဲသို့၀င်သွားသော

ဆရာ့ကိုသာ ပါးစပ်ပိတ်ပြီးပြုံးကာ

နှုတ်ဆက်လိုက်ရလေသည်။


မနက်လေးနာရီခွဲဆိုပေမဲ့ ကားလမ်းပေါ်တွင်တော့

ကားများစွာ ဥဒဟိုသွားနေကြလေသည်။

မင်းစက်ကတော့ ခရီးသွားရင် လေယာဉ်ပေါ်မှာ

မအိပ်တတ်၍ခေါင်းတွေကိုက်လာလေရာ လက်ပိုက်ပြီး‌အနောက်ကိုသာ မှီထားလိုက်သည်။


"မင်းသစ်..ငါမရှိတုန်းအိမ်မှာတစ်ခုခုထူးခြားတာ

ဖြစ်သေးလား.."


"မဖြစ်ပါဘူးဆရာ..ဘာဖြစ်လို့လဲ.."


"ဟင့်အင်း..ဒီတိုင်းမေးကြည့်တာ..

ဒါနဲ့..မေဝိုင်းလေးရော..အလုပ်သွား၊

အလုပ်ပြန်အဆင်ပြေရဲ့လား.."


"အဆင်ပြေမယ်ထင်တယ်ဆရာ..ကားဂိတ်ကလည်း

အရမ်းမဝေးတော့ လမ်းလျှောက်ရတာ

သိပ်မပင်ပန်းပါဘူး.."


မင်းသစ်လည်း ‌ကားမှန်ထဲမှမြင်နေရသော

ဆရာ့မျက်နှာကြီးကို လှမ်းကြည့်ပြီး

ရယ်ချင်စိတ်ကို ထိန်းလိုက်ရသည်။

သူ့မိန်းမအကြောင်းမေးချင်တာများ

ထူးခြားတာတွေ၊မထူးခြားတာတွေ လုပ်နေသေးတယ်။


"ဒါပေမဲ့...တစ်ခုတော့ရှိတယ်ဆရာ"


"ဘာရှိတာလဲ.."


မင်းသစ်၏နောက်ဆက်တွဲ ထွက်လာသည့်

စကားကြောင့် မင်းစက်အာဏာ၏

မှိတ်ထားမိသော မျက်၀န်းတွေဟာ

ချက်ချင်းပွင့်သွားလေတော့သည်။

ကိုယ်ကိုမတ်မတ်ပြန်ထိုင်ကာ လေးနက်သော

အသံဖြင့် မေးလိုက်တော့မင်းသစ်ကလည်း

ပြောမည့်အရေး ချောင်းဟန့်လိုက်သေးသည်။


"ကျွန်တော်ဆရာ‌ကတော်အလုပ်လုပ်တဲ့

ဌာနကို တိတ်တိတ်လေးစုံစမ်းကြည့်တော့

ဆရာကတော်တို့အဖွဲ့ခေါင်းဆောင်က

အပေါက်အရမ်းဆိုးတယ်တဲ့ဆရာ..

ဆရာကတော်လည်း ခဏခဏအဆူခံရတယ်တဲ့.."


မင်းသစ်၏စကားအဆုံးမှာမင်းစက်အာဏာ၏

မျက်၀န်းတွေဟာ မကျေမနပ်ဖြစ်သွားဟန်ဖြင့်

ဒေါသတရားတို့ ဖုံးလွှမ်းသွားလေသည်။

အလုပ်ခွင်မှာ လက်အောက်ငယ်သားက

အမှားလုပ်မိရင် ခေါင်းဆောင်တွေခေါ်ဆူတာဟာ

သဘာ၀ကျပေမဲ့ မေဝိုင်းလေးဆိုတာ

ကိုယ့်ဇနီးလေ။


အခုသူ့ရင်ထဲမှာ ခံစားနေရတဲ့ခံစားချက်က

ဘာနဲ့တူလည်းဆိုတော့ ကျောင်းခန်းထဲမှာ

ကိုယ့်ကလေးကစာမရလို့ ကြိမ်လုံးနဲ့ရိုက်လိုက်

သော ဆရာမကို မကျေနပ်သည့်

ခံစားချက်မျိုးဖြစ်နေတာ။

ဘယ်မိဘကများ ကိုယ့်ကလေးကို

သူများရိုက်တာကြိုက်ပါ့မလဲ။

ကိုယ်သာစကားနားမထောင်လို့ ကလေးကို

ဆုံးမရင်ဆုံးမမယ်။

သူများက အသားနာအောင်လုပ်ရင်တော့

ခါးရိုးကနေ လှန်ချိုးပစ်ချင်တာမျိုး။


ရုတ်တရက်ကြည်လင်နေသောစိတိတွေဟာ

မေဝိုင်းလေး၏ကိစ္စကြောင့် နောက်ကျိသွားရလေသည်။

မိန်းမငယ်ငယ်လေးကို ယူထားရတာလည်း

တကယ်ကိုမလွယ်ပါလား။

သူများအနိုင်ကျင့်မှာကို လိုက်စိတ်ပူနေရတယ်။

အသက်ကသာ ၂၃နှစ်ရှိနေပြီပေမဲ့ 

လူကောင်ကသေးပြီး ပုံစံကိုကသူများ

တက်နင်းတိုင်း ပြားသွားနိုင်တဲ့ပိုးဟပ်ဖြူလေးလို

ဖြစ်နေတော့ ဘယ်အချိန်ငိုပြီးပြန်လာမလဲ

တွေးပူနေရတယ်။


ကားလေးဟာ တဖြည်းဖြည်းနှင့်သူ့ဗီလာရှိသည့်

နေရာသို့ ရောက်လာပြီးခြံထဲသို့ မောင်း၀င်လိုက်လေသည်။

မင်းစက်လည်း ကားပေါ်မှဆင်းပြီးမှ

အကြောအခြင်တွေ ဆန့်ထုတ်ပြစ်လိုက်မိသည်။


"မင်းသစ်..ပစ္စည်းတွေကိုစာကြည့်ခန်းထဲကိုသာ

ရွှေ့ထားလိုက်.."


"ဆရာ့အခန်းထဲကို တန်းမသွင်းဘူးလား.."


"သူများအိပ်နေတယ်လေ..."


ထိုတော့မှ မင်းသစ်လည်းသဘောပေါက်

သွားလေတော့သည်။

ဆရာက သူ့မိန်းမအိပ်နေ‌တော့ပစ္စည်းချတဲ့

အသံတွေကြားရင် နိုးသွားမှာစိုးလို့ထင်ပါရဲ့။


"ဒါများ..ငါ့မိန်းမအိပ်နေတယ်လေ.."လို့

တိုက်ရိုက်ပြောလိုက်လည်း ရတဲ့ဟာကို

သူများတဲ့..။

တို့ဆရာဟာလေ ကိုယ်လုပ်တဲ့ကောင်းမှုကို

လူသိမှာ တော်တော်ဆိုးတာပဲ။


အိမ်အပေါ်ထပ်သို့ တက်သွားနှင့်ပြီဖြစ်သော

ဆရာ့ကိုကြည့်ပြီး မင်းသစ်လည်း

ခေါင်းတခါခါလုပ်ရင်း ကျန်ခဲ့လေသည်။


မင်းစက်အာဏာကတော့ သူ့အိပ်ခန်းတခါးကို

အပိုဆောင်ထားသည့် သော့ဖြင့်ဖွင့်လိုက်သည်။

အခန်းထဲသို့ ၀င်လိုက်တော့ လင်းထိန်နေသော

အခန်းမီးရောင်နှင့်အတူ ကြီးမားသောသူ့ရဲ့

မွေ့ယာပေါ်တွင် အသက်ရှူသံမှန်မှန်ဖြင့်

အိပ်စက်နေသည့် သူ့ဇနီးကိုတွေ့လိုက်ရ၍

သူ့စိတ်ထဲမှာ အမည်မသိခံစားချက်တစ်ခုက

စီး၀င်လာခဲ့သည်။


အလုပ်တွေပြီးပြီးချင်း စောစောပြန်လာခဲ့ရသည့်

အကြောင်းအရာကို ရှာတွေ့သွားသလိုပါပဲ။

နက်ခ်တိုင်ကို ဖြေလျှော့ပြစ်လိုက်ကာ

ကုတင်အနားသို့ တဖြည်းဖြည်းတိုးကပ်သွား

လိုက်ပြီး ခါးထောက်၍အပေါ်စီးမှ

မေဝိုင်းလေး၏ ဖြူနုနေသောမျက်နှာလေးကို

ငုံ့ကြည့်လိုက်မိသည်။

ကျယ်ပြန်သော ကျောပြင်နှင့်လက်ပြင်ကားသော

သူဖြစ်၍ သူ့အရိပ်သည်မေဝိုင်းလေး၏

ခန္ဓာကိုယ် တစ်၀က်လောက်ကို လွှမ်းခြုံသွားခဲ့တယ်။


"ကောင်မလေး..ကိုယ်မင်းကို

ထင်ထားတာထက် သဘောကျနေမိပြီထင်တယ်.."


🔥🔥🔥🔥🔥🔥🔥


ဆရာကြီးပြန်ရောက်လာပြီဆိုတော့

သုံးပွင့်ဆိုင်လာတော့မယ်နော်...


========================================================================


အခန္း(၂၇)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


မိသားစုနဲ႔အတူရိွေနရတဲ့ခံစားခ်က္က တကယ္ကို

ေပ်ာ္ရႊင္ၾကည္ႏူးရလြန္းလို႔ ဘာနဲ႔မွမလဲလွယ္ႏိုင္တဲ့

အခိုက္အတန္႔ေလးပါပဲ။

မိသားစုစကားဝိုင္းက ႏွလံုးသားကို

သစ္လြင္လာေစၿပီး ေနြးေထြးေစ‌တယ္။

မိသားစုစံုစံုညီညီနဲ႔ၿမိန္ရည္ယွက္ရည္စားရတဲ့

ထမင္းဝိုင္းေလးက ကမ႓ာေပၚမွာအရသာအရိွဆံုး

ပါပဲ။


 အိမ္ေထာင္ျပဳလိုက္ျခင္းက

ဝိုင္းေလးနဲ႔မိသားစုရဲ့ အကြာအေဝးကို

ထိန္းၫွိလိုက္သလိုျဖစ္ခဲ့တယ္။

လူႀကီးသူမေတြ ေျပာေနၾကတဲ့စကားအရ

အိမ္ေထာင္က်သြားတဲ့အခါ မိဘကသားသမီးကို

ဆိုင္သာဆိုင္မပိုင္ေတာ့ဘူးဆိုတဲ့အတိုင္း

ကိုယ့္ဘ၀ထဲကေန မိဘေတြဟာတျဖည္းျဖည္း

ေျခတစ္လွမ္းေနာက္ဆုတ္ေပးသြားသလို

ခံစားရတယ္။


ကိုယ့္အေနနဲ႔လည္း ကိုယ့္ဘာသာ

ေရြးခ်ယ္လိုက္တဲ့ဘ၀မို႔

ေကာင္းေကာင္းဆိုးဆိုး ခါးစည္းခံၿပီး

ငယ္ငယ္ကလို အႏိုင္က်င့္ခံရတိုင္း

ေမေမ့ဆီ၊ေဖေဖ့ဆီနဲ႔အန္တီေလးဆီ

ေျပးတိုင္တတ္တဲ့ အက်င့္ေတြေပ်ာက္လာခဲ့တယ္။

ငါဟာကေလးမဟုတ္ေတာ့ဘူး ‌အိမ္ေထာင္ရွင္မ

ျဖစ္ေနၿပီဆိုတဲ့ အသိေတြနဲ႔ရင့္က်က္ခ်င္ေယာင္

ေဆာင္ေနရတယ္။

တစ္ခါတစ္ေလသိပ္မြန္းၾကပ္တာပဲ။


အျခားသူေတြေတာ့မသိေပမဲ့ ဝိုင္းေလးအတြက္ေတာ့ အိမ္ေထာင္ျပဳလိုက္တာဟာ မွန္ကန္တဲ့

ဆံုးျဖတ္ခ်က္တစ္ခုလို႔ အခုထိမထင္မိေသးဘူး။

ဝိုင္းေလးဟာ ဘဲြ႔ရၿပီးတာအရမ္းမၾကာ‌ေသးဘူး၊၊လုပ္ငန္းခြင္အေတြ့အႄကံုကိုအခုမွ 

သင္ယူေနတဲ့လူတစ္ေယာက္ျဖစ္ၿပီး

ဘ၀အေတြ့အႄကံုေတြအမ်ားႀကီးလိုအပ္ေသးသလို

ေလ့လာသင္ယူစရာေတြလည္း အမ်ားႀကီး

ရိွေသးတယ္။


ဘ၀မွာအိပ္မက္ေတြ၊ျဖစ္ခ်င္တဲ့အရာေလးေတြကို

အမ်ိဳးမ်ိဳးစိတ္ကူးယဉ္ခဲ့ဖူးတယ္။

ငါအသက္၃၀ေလာက္ဆိုရင္ ကိုယ္ပိုင္အိမ္ေလး

တစ္လံုးနဲ႔ကား‌ေလးတစ္စီးေလာက္ပိုင္ဆိုင္ၿပီး

 ခရီးေတြထြက္ႏိုင္မလား၊အဲ့အခ်ိန္မွာ ခ်စ္သူရိွခဲ့ရင္ဘယ္လိုေလးလက္ထက္ပဲြကို က်င္းပမလဲဆိုၿပီး

မျဖစ္လာေသးတဲ့အနာဂတ္ေတြကို

တိမ္ေတြေပၚမွာ အရုပ္ဆဲြသလို စိတ္ကူးၾကၫ့္မိခဲ့တယ္။


အခုေတာ့ အသက္(၂၃)ႏွစ္ဆယ့္သံုးႏွစ္မွာတင္

ရည္မွန္းခ်က္ေတြအကုန္လံုးက

တက္တက္စင္ေအာင္ လဲြပါေလေရာ။

ကံၾကမၼာကလည္း သိပ္ကိုဆန္းက်ယ္တယ္။

အေျခအေနအရပ္ရပ္ေၾကာင့္ 

ကိုယ္အရမ္းမုန္းတဲ့လူနဲ႔မွလက္ထက္ခဲ့ရတယ္။

သူကလည္း ကိုယ့္ကိုမၾကင္နာသလို

ကိုယ္ကလည္း သူ႔ကိုဘယ္လိုမွအမုန္းေတြကို

သင္ပုန္းမေခ်ႏိုင္ခဲ့ဘူး။


အခုၾကျပန္ေတာ့ အတိတ္ကိုျပန္တူးေဖာ္ေပးတဲ့

အေမတို႔ေၾကာင့္ ကိုယ္သိပ္မုန္းခဲ့တဲ့လူဟာ

ကိုယ့္ရဲ့အသက္သခင္ ေက်းဇူးရွင္ျဖစ္ေနတယ္

ဆိုတာကို သိလိုက္ရတယ္။


သူဟာဝိုင္းေလးကို အနာေပးလိုက္၊ေဆးေပးလိုက္

လုပ္ခဲ့သလိုပါပဲ။

ဒါေပမဲ့ ဝိုင္းေလးသူ႔ကိုလက္ထက္လိုက္မိၿပီေလ။

သူဟာဝိုင္းေလးရဲ့ ခင္ပြန္းျဖစ္ေနၿပီ

သူ႔ကိုမုန္းသင့္ေသးရဲ့လား။???


"ကဲ..စားလို႔ရပါၿပီ..."


"ဝိုင္းေလးမ်ားမ်ားထၫ့္စားေနာ္..ငါ့တူမေလး

ပိန္သြားသလိုပဲ.."


ညေနစာ စားခ်ိန္ျဖစ္၍ေမေမတို႔က

ထမင္းအတူစားဖို႔ ဖိတ္ေခၚလာခဲ့သည္။

ဝိုင္းေလးလည္း ေမေမတို႔ရဲ့လက္ရာကို

မစားရတာ ၾကာေန၍ လြမ္းေနခဲ့တာပါ။

ဒါေပမဲ့  မေျပာမဆိုနဲ႔ျဗဳန္းစားႀကီးေရာက္ခ်လာၿပီး

အေမတို႔၏ ေန့ဖို႔ညစာကိုလည္း မစားရက္ဘူး

ျဖစ္ေနသည္။


"အေမ..ဒီဟင္းေတြကအေမတို႔ညမနက္စာ

ခ်က္ထားတာမဟုတ္လား သမီးပါ၀င္စားလိုက္ရင္

က်န္တဲ့လူေတြအတြက္ မက်န္ေတာ့ပဲ

ေနမွာေပါ့..."


"အဲ့ဒီ့အတြက္ေတာ့ စိတ္ပူမေနစမ္းပါနဲ႔

ကိုယ့္သမီးေလးတစ္ခါတစ္ေလလာလို႔

ကၽြေးရတာပဲဥစၥာ..ကုန္သြားလည္းအခုခ်က္ခ်င္း

ေဈးသြားၿပီးျပန္ခ်က္လိုက္လို႔ရပါတယ္ေအ..

သမီးအေဖအတြက္လည္းခ်န္ထားၿပီးပါၿပီ

ထိပ္ထားကေတာ့ ဒီေန့အိမ္ျပန္ေနာက္က်မယ္‌တဲ့

ေျပာထားခဲ့တယ္..ေနာက္က်မယ္ဆိုရင္

ညစာလည္းသူကစားေတာ့မွာမဟုတ္ဘူးေလ.."


"အဲ့ဒါဆိုလည္း..ဆဲြၿပီေပါ့..."


နဂိုတည္းကအေမ့လက္ရာကို လြမ္းေနခဲ့တာမို႔

ပန္းကန္ထဲသို႔အေမထၫ့္ေပးလာေသာ

ၾကက္ခ်ဉ္စပ္ေတြကို ထမင္းႏွင့္ေရာၿပီး

တစ္လုတ္ျမည္းၾကၫ့္လိုက္ေလသည္။


"ဟာ..အေမရယ္..အေမ့လက္ရာကဆိုင္ထမင္း၊

ဟင္းထက္ေတာင္ေကာင္းေသးတယ္သိလား

ခရမ္းခ်ဉ္သီးနဲ႔ၾကက္သြန္ျဖဴနံ႔ေလးက ေမႊးေနတာပဲ

ရွမ္းနံနံကိုသမီးကႀကိဳက္ေတာ့ကြက္တိပဲ..."


"အ‌မယ္ေလး..ကိုယ့္အေမကိုျပန္ၿပီး

အမႊန္းတင္ေနျပန္ပါၿပီ.."


"တကယ္ေျပာတာအေမရဲ့..ခရမ္းခ်ဉ္သီး၊

ၾကက္သြန္အျဖဴ၊အနီနဲ႔ရွမ္းနံနံပင္ကို‌

အႏွစ္ရေအာင္ ႏွပ္ထားတာကတကယ္ကို

စားေကာင္းတာ ခရုဆီအရသာေလးပါေတာ့

လ်ွာေပၚမွာ စိမ့္သြားတာပဲ.."


"အဲ့ဒါဆိုရင္..အိမ္ေရ႔ွမွာအေအးဆိုင္နဲ႔အတူ

ထမင္း၊ဟင္းဆိုင္ေလးပါ ဖြင့္လိုက္ရင္

ေကာင္းမလား.."


"အေမကလည္း အဲ့ဒါဆိုအေမကအလုပ္

ႏွစ္လုပ္ျဖစ္ေနေတာ့ တအားပင္ပန္းမွာေပါ့.."


"ဘာပင္ပန္းစရာရိွလည္းသမီးရယ္..ထမင္း၊ဟင္းက

ခ်က္ထားၿပီးသားကို အဆင္သင့္ေရာင္းမွာေလ

အေအးေဖ်ာ္တာသာ လက္၀င္တာပါ..

တို႔လမ္းထဲမွာလည္း အေဆာင္ေတြမ်ားေတာ့

အလုပ္သမားေပါတယ္ေလ..ထမင္းဆိုင္က

သိပ္မရိွေတာ့ ေရာင္းေကာင္းေလာက္တယ္.."


"အစ္မေျပာေတာ့မွ ငါ့တူမေလးအရင္က

စားေသာက္ဆိုင္ဖြင့္မဲ့ကိစၥကို ျပန္သတိရမိတယ္

အဲ့ပိုက္ဆံေတြကို ထိပ္ထားဦးေက်ာင္းတက္ဖို႔

အတြက္သာ မသံုးခဲ့ၾကရင္ အခုေလာက္ဆို

အစ္မနဲ႔ဝိုင္းေလးတို႔ႏွစ္ေယာက္ေပါင္းၿပီး

စားေသာက္ဆိုင္ေလးက ေအာင္ျမင္ေနေလာက္မွာ

ေသခ်ာတယ္..အဲ့ဒါဆိုငါ့တူမေလးလည္း

လက္ထက္စရာမလိုေတာ့ဘူးေပါ့..."


"ျဖစ္ခဲ့ၿပီးတာေတြကို ျပန္အစမေဖာ္ပါနဲ႔ေတာ့

ေရႊရည္၀င္းရယ္..ေနာက္ျပန္လွၫ့္လို႔

ရေတာ့တာလည္း မဟုတ္ဘူး.."


အန္တီေလးက အတိတ္ကိုျပန္ေတြးၿပီး

ေဒါသထြက္ေန၍ အဖြားက

ႀကိဳပိတ္လိုက္ရေလသည္။

အေမ့ကိုၾကၫ့္လိုက္ေတာ့ မ်က္ႏွာေလး

ၫွိုးက်သြားၿပီး မ်က္ရည္ဝဲသြားတာကို

ေတြ့လိုက္ရသည္။

ဘယ္ေလာက္ပဲ အားလံုးကမင္းစက္အာဏာကို

သေဘာက်တယ္ဆိုအံုးေတာ့ ပိုက္ဆံကိစၥေၾကာင့္

လက္ထက္ခိုင္းလိုက္ရတယ္ဆိုသၫ့္ ေနာင္တေတြကေတာ့ သူတို႔ရင္ထဲမွာထုတ္မရေသးဘူးထင္ပါရဲ့။

 

"ဟာ..ဒီငါးေခါင္းခ်ဉ္ရည္ဟင္းက တကယ္ကို

ေသာက္လို႔ေကာင္းတယ္ေနာ္..

ေရာ့..အေမကေခါင္းမ်ားမ်ားသား

ဒါမွ..ဘုရင္မျဖစ္မွာ.."


"ေအာ္..အန္တီေလးကေတာ့အမွီးကိုစားေပါ့..

ဒါမွေနာင္ဘ၀က်ရင္..အေကာင္ႀကီးရံုတင္မကပဲ

အမွီးရွည္တာႀကီးနဲ႔ဖူးစာဆံုႏိုင္မွာ.."


"ငါ့ေျမးရယ္...ၾကၫ့္လုပ္ပါဟယ္..ေတာ္ၾကာ

ေနာင္ဘ၀ၾကရင္..အမွီရွည္တဲ့ငါးႀကီးနဲ႔

ဖူးစာဆံုေနပါအံုးမယ္.."


"အဲ့ဒါလဲေကာင္းတာေပါ့...

ေရကူးရတာဘယ္ေလာက္ေပ်ာ္စရာေကာင္းလဲ.."


"ေမဝိုင္းေလးေနာ္..ညည္းသာေရကူးရမွာဟဲ့

ငါ့ကိုမ်ားေစာ္ေစာ္ကားကား.."


"ဟင္..သမီးတို႔ကေရကူးရရင္ပိုေတာင္ေပ်ာ္အံုးမယ္

တူႏွစ္ကိုယ္ တဲအိုပ်က္မွာမေနရရင္ၿပီးေရာ.."


"ဒီေကာင္မေလးဟယ္..သူမို႔ေပါက္ေပါက္ရွာရွာ

ေျပာတယ္.."


အားလံုးစိတ္ညစ္ေနေသာေၾကာင့္ တမင္အရႊန္းေဖာက္‌လိုက္ေတာ့ မ်က္ႏွာေလးေတြ

ျပန္၍ ၾကည္လင္သြားၾက၍

ဝိုင္းေလးလည္း စိတ္သက္သာရာရသြားေလေတာ့သည္။


"အေမ့..ဒီငါးနီတူေလးကိုရခိုင္သုပ္ေလးလုပ္ထားတာ အရမ္းစားေကာင္းတာပဲ.."


"စားေကာင္းရင္ မ်ားမ်ားစား.."


ငါးနီတူေလးေတြကို ခ်ဉ္ခ်ဉ္စပ္စပ္ေလးသုတ္ထား၍ ခံတြင္းအလြန္ၿမိန္ေလသည္။

အေမတို႔ႏွင့္ ထမင္းလက္စံုစားရ၍

ပိုၿပီး အရဟာရိွတာဆိုရင္ပိုမွန္ပါလိမ့္မည္။

ညေနစာစားၿပီးေနာက္ အေဖ့ဆီကိုသြားၿပီး

စာကားေျပာခြင့္ရခဲ့ေသာေၾကာင့္ ဒီေန့တစ္ေန့လံုး

သည္ဝိုင္းေလးအတြက္ အဖိုးျဖတ္မရေသာ 

ေန့ရက္ျဖစ္မည္ဟုဆိုရင္ မမွားႏိုင္ေပ။


🍒🍒🍒🍒🍒🍒🍒


ဒီေန့က တနဂၤေနြေန့ျဖစ္ေသာေၾကာင့္ စေနေန့တြင္

အနားယူလိုက္ေသာ ဝိုင္းေလးႏွင့္အျခားအဖဲြ႔မ်ားသည္ ဒီေန့မွာအလုပ္ျပန္ဆင္းေပးရေလသည္။

ထို႔ေၾကာင့္ တနဂၤေနြတြင္ နားရက္ရေသာ

သိမ့္သိမ့္၊ကိုရိႈင္းတို႔အဖဲြ႔ႏွင့္

ကဲြသြားၿပီး မဂ်ူးကပါပိတ္သၫ့္အတြက္ 

ဝိုင္းေလးတို႔အဖဲြ႔ကို ေခါင္းေဆာင္ေသာ

သူမွာ အျခားတစ္ေယာက္ေျပာင္းသြားေလသည္။


ေခါင္းေဆာင္၏နာမည္က ကိုညီညီေဇာ္ျဖစ္ၿပီး

အသက္က၃၀ေက်ာ္ရိွေနၿပီျဖစ္သည္။

အဖဲြ႔သားေတြကေတာ့ ကိုညီလို႔

ေခၚေလ့ရိွၾကၿပီး သေဘာလည္းအင္မတန္

ေကာင္းသည္။


ဝိုင္းေလးကေတာ့ ကိုညီဦးေဆာင္သၫ့္အဖဲြ႔မွာပဲ

အၿမဲေနခ်င္မိသည္အထိျဖစ္မိတယ္။

ေခါင္းေဆာင္ မဂ်ူးနဲ႔ဆိုရင္အမွားလံုး၀

မလုပ္ရဲသလို တာ၀န္ခ်ိန္မွာပင္ပန္းလို႔

ခဏထိုင္နားရင္ေတာင္ သူ႔မ်က္လံုးေအာက္မွာ

လုပ္၀မထိုင္ရဲဘူး။သူေတြ့တာနဲ႔  ပိုးစိုးပက္စက္

ေျပာလႊတ္ေတာ့တာပဲ။

*ေသခ်ာတာေပါ့။

ထိုသို႔အ‌ဆူခံရသည့္အထဲမွာ ဝိုင္းေလးလည္း

ပါတယ္။*


မဂ်ူးရဲ့ မ်က္လံုးဟာ ၾကၫ့္မိတာနဲ႔ေက်ာက္ရုပ္

ျဖစ္သြားတတ္‌ေသာ မက္ဒူဆာ၏ဦးေခါင္း

ထက္ပင္ ေၾကာက္စရာေကာင္းပါသည္။

သူ႔မ်က္လံုးႀကီးႏွင့္ တစ္ခ်က္တစ္ခ်က္

ေဆြၾကၫ့္လာရင္ ဘာအမွားမွမလုပ္ထားလည္း

ေနာက္ေက်ာမလံုခ်င္ေတာ့ေပ။

စည္းကမ္းတင္းၾကပ္တာထက္ အေပါက္ဆိုးၿပီး

အျပစ္မရိွအျပစ္ရွာတတ္‌ေသာေခါင္းေဆာင္ဟု

ဆိုရေပမည္။


ဒီေန့ကေတာ့ ေျမနီကုန္းကစင္တာမွာ

တာ၀န္က်ေပမဲ့ ကိုညီ၏လက္ေအာက္မွာမို႔

မိန္းကေလးေတြက သိပ္မပင္ပန္းပဲ

သက္သာသည္ဟု ဆိုရမည္။

ဒီတစ္ခါက မိတ္ကပ္ပရိုမိုးရွင္းပဲြျဖစ္၍

မိတ္ကပ္ကို စမ္းလိမ္းေနၾကသၫ့္အတြက္

အခ်ိန္ပိုၾကာျမင့္သလို ဝိုင္းေလးတို႔ဆားဗစ္သမား

ေတြလည္း ပို၍သက္သာေလသည္။


"တူ..တူ..တူ.."


ထိုအခ်ိန္မွာ ဖုန္းျမည္သံၾကား၍ ၾကၫ့္လိုက္မိေတာ့

ကိုဦးဆီမျွဖစ္ေနေလသည္။


"ဟယ္လို..ကိုဦး.."


"ဝိုင္းေလး..အခုအလုပ္လုပ္ေနတာလား.."


"ဟုတ္တယ္ေလ..မေန့ကနားရက္ဆိုေတာ့

ဒီေန့အလုပ္ျပန္ဆင္းရတာေပါ့.."


"ဟုတ္လား..ဝိုင္းေလးကဆားဗစ္မွာအလုပ္လုပ္တာလို႔ ေျပာဖူးတယ္ေနာ္..ဟိုတစ္ခါလိုေျမနီကုန္းက

စင္တာမွာပဲလား.."


"ဟုတ္တယ္ကိုဦးရဲ့ ေျမနီကုန္းကစင္တာမွာ.."


"ဟုတ္ၿပီ..ဒါဆိုဘယ္အခ်ိန္ေလာက္နားရမွာလဲ.."


"ေနာက္နာရီ၀က္ေလာက္ေနမွ ထမင္းစား

နားခြင့္ရမွာ..အဲ့တာေတာင္

အလွၫ့္က်နားရတာေလ..

အကုန္နားရမွာမဟုတ္ဘူး"


"အိုေခ..ဒါဆိုရင္ေနာက္နာရီ၀က္ၾကာရင္..

ဝိုင္းဝိုင္းကိုလူတစ္ေယာက္လာေခၚလိမ့္မယ္..

အဲ့လူကကိုယ့္ရဲ့ Dear Mayဆိုင္က၀န္ထမ္းေလးပဲ

ဝိုင္းဝိုင္းသူ႔ေနာက္ကေနလိုက္သြားလိုက္ေနာ္..

ကိုယ္အခုအလ်ွင္လိုေနလို႔ ဒါပဲေနာ္.."


ဘာမွေထြေထြထူးထူးေျပာမသြား၍

ဝိုင္းေလးေၾကာင္သြားမိေလသည္။

ဒီလိုနဲ႔ေနာက္နာရီ၀က္အၾကာ၌ ဝိုင္းေလးရဲ့

နားခ်ိန္ေရာက္တဲ့အခါ ကိုဦးတို႔ဆိုင္ေလးမွ

၀န္ထမ္းတစ္ေယာက္က လာေခၚေန၍

ထပ္ၿပီးအံ့ဩသြားရသည္။


"ခဏေလးပါအစ္မရယ္..အစ္မရဲ့အလုပ္ကို

အေနွာက္အယွက္မျဖစ္ေစရပါဘူး..."


၀န္ထမ္းေကာင္မေလးကလည္း ကတိအထပ္ထပ္‌

ေပးၿပီး ေခၚေန၍ဝိုင္းေလးလည္း

ကိုယ့္ထမင္းခ်ိဳင့္ေလးကို ကိုင္ၿပီးအေနာက္မွ

လိုက္သြားမိသည္။


"အစ္မ..ရံုးခန္းထဲကို၀င္သြားလိုက္ပါေနာ္..

အထဲမွာ အစ္မကိုေစာင့္ေနတဲ့လူရိွတယ္.."


"ဘယ္သူလဲ..."


"အဲ့ဒါေတာ့ အထဲကိုေရာက္ရင္သိပါလိမ့္မယ္.."


၀န္းထမ္းေကာင္မေလးက ဗေဟဠိေတြထုတ္ေန၍

အလိုမက်စြာ မ်က္ေမွာင္ႄကံု႔လိုက္မိေလသည္။

အလုပ္ျပန္၀င္ရင္ ေနာက္က်မည္စိုး၍

ရံုးခန္းတံခါးကို တြန္းဖြင့္ၿပီးအထဲသို႔၀င္လိုက္ေတာ့


"စပရိုက္စ္..."


"ဟင္..ကိုဦးေရာက္ေနတာလား.."


"ဟုတ္တယ္ေလ..အလုပ္ႀကိဳးစားတဲ့ကေလးမနဲ႔

ေန့လည္စာ အတူစားခ်င္လို႔လစ္ထြက္လာခဲ့တာ.."


အမွန္တကယ္မွာေတာ့ သူေလးကိုသတိရလြန္း၍

ရိႈးပဲြအတြက္ ရီဟာဇယ္လုပ္ေနရင္းမွ

မဇင္မသိေအာင္ ခိုးထြက္လာခဲ့ျခင္းျဖစ္သည္။

အျခားအဆိုေတာ္ေတြလည္း ရီဟာဇယ္လုပ္ဖို႔

ရိွေတာ့ သူေပ်ာက္သြားတာကအရမ္းႀကီးမားတဲ့

အျပစ္မဟုတ္ေပမဲ့ ေနွာက္ေနွးမႈရိွသြားတာေတာ့

အမွန္ပါပဲ။

ဒါေၾကာင့္ပဲ ခုဏကမဇင္လွမ္းဆူတာကို

ခံလိုက္ရေသးသည္။


"ဒီဗူးေတြကဘာေတြလဲဟင္.."


"ကိုယ္တို႔ႏွစ္ေယာက္အတူတူ ထမင္းစားဖို႔အတြက္

မွာထားတာေတြေလ..ဝိုင္းဝိုင္းကခဏေနရင္

အလုပ္ျပန္လုပ္ရမွာမဟုတ္လား..

ဒီမွာျမန္ျမန္လာထိုင္‌လိုက္ေလ..."


"ဝိုင္းေလးအတြက္တကူးတကစီစဉ္ေပးစရာ

မလိုပါဘူးကိုဦးရယ္..ဝိုင္းေလးကဒီေန့

ထမင္းခ်ိဳ႕င္ပါတယ္.."


"ဟာ..ဟင္းတစ္မ်ိဳးတည္းဆိုရင္ ဘယ္လိုလုပ္ၿပီး

အရသာရိွမွာလဲကြာ..လာစမ္းပါ..ၿပီးရင္ပဲ

အလုပ္ျပန္ဆင္းရေတာ့မဲ့ဥစၥာ

စကားေတြအမ်ားႀကီး မေျပာနဲ႔ေတာ့.."


ကိုဦးကအတင္းေခၚေန၍ ဝိုင္းေလးလည္း

အားနာၿပီး ထိုင္ခံုမွာ၀င္ထိုင္လိုက္ရေလသည္။

သူကမွ အရမ္းအလုပ္မ်ားသၫ့္သူဟု

ထင္မိတဲ့အတြက္ အိုက္တင္ခံမေနေတာ့ပဲ

အလကားရ‌တဲ့ အရသာရိွေသာေန့လည္စာကို

စားဖိုဆံုးျဖတ္လိုက္သည္။


ဟင္းေတြကစံုသလို အရသာလည္းအင္မတန္ရိွ၍

ဝိုင္းေလးမွာ ဟန္ေတာင္မေဆာင္ႏိုင္ေတာ့ပဲ

အ၀တီးမိေလေတာ့သည္။


"ေရာ့..ပုဇြန္ထုတ္ေလးစားၾကၫ့္..

ငရုတ္သီးမပါေတာ့ ၀က္ၿခံလည္းမထြက္သလို..

ဆံပင္လည္းမကၽြတ္ေတာ့ဘူးေပါ့.."


"ၿပီးေတာ့..ဒီ၀က္ခ်ိဳခ်ဉ္ေလးလည္းစားၾကၫ့္.."


"ဒီအသုပ္ေလးေရာပဲ.."


"ဝိုင္းဝိုင္းက လူေကာင္နည္းနည္းၫွပ္သလိုပဲ..

အသားမ်ားမ်ားစားမွေပါ့ကြာ

ေရာ့ဒီငါးသံပုရာေပါင္းေလးပါစားၾကၫ့္.."


ဝိုင္းေလး၏ပန္းကန္ထဲသို႔ ပါးစပ္ကလည္း

တတြတ္တြတ္ေျပာရင္း ဟင္းအမ်ိဳးစံုေအာင္

ထၫ့္ေပးေန၍ အားနာနာႏွင့္စားေနရတာ

ဗိုက္ေတာင္ တင္းလာေလၿပီ။

မသိရင္ဝိုင္းေလးက ၀က္ႀကီးၾကေနတာပဲ။

ဝိုင္းေလးပံုစံက အစား‌ပုတ္တဲ့ပံုေပါက္ေနလို႔မ်ားလား။သူ႔ပန္းကန္ဆီသို႔ၾကၫ့္လိုက္မိေတာ့္

မုန္လာဥနီ ပန္းေကာ္ဖီစိမ္းႏွင့္ပုဇြန္နဲနဲရယ္ကိုသာ

ေတြ့လိုက္ရသည္။


"ကိုဦးကလည္း ဝိုင္းေလးကိုပဲထၫ့္ေပးေနတယ္

သူ႔ပန္းကန္ထဲမွာၾကေတာ့ ဘာမွလည္းမရိွဘူး.."


"ကိုယ္ကရိႈးပဲြရိွလို႔..ဝိတ္ခ်ေနတာေလ..

ဒါေၾကာင့္အမ်ားႀကီးစားလို႔မရဘူး.."


ပါးစပ္ထဲမွာ ထမင္းေတြပလုတ္ပေလာင္းႏွင့္

ပါးေလးေဖာင္းၿပီး စကားေျပာလာသၫ့္

ေကာင္မေလးကို အသံယားလြန္း၍

ေခါင္းေလးကို ပုတ္ၿပီးေျပာလိုက္ေတာ့

သူ႔ကို ေၾကာင္ေတာင္ေတာင္ေလးျပန္ၾကၫ့္လာေလသည္။


ေၾကာင္‌ေလးလို အညိုေရာင္သန္းေနတဲ့

မ်က္၀န္းဝိုင္းေလးေတြက သူ႔ကိုၫွို႔ယူေနသလိုပဲ။

အရမ္းသေဘာက်မိ၍ သူႃပံုးလိုက္သည္။

ျဖစ္ႏိုင္ရင္ အခုပဲျဖစ္ျဖစ္ဖြင့္ေျပာလိုက္ခ်င္တယ္။

ဒါေပမဲ့....


"ရိႈးပဲြဟုတ္လား..."


"အင္း..တရား၀င္မေၾကာ္ျငာရေသးဘူးေလ.."


"ေအာ္..ဒါေၾကာင့္ဝိုင္းေလးမသိတာပဲ.."


"ကိုယ္ဝိုင္းဝိုင္းကို ကတိတစ္ခုေပးခဲ့တယ္ေလ

တစ္ေန့ကိုယ္ေအာင္ျမင္တဲ့အခါ ပရိတ္သတ္ေတြအမ်ားႀကီးရိွတဲ့ ပဲြခင္းထဲအထိ

ဝိုင္းဝိုင္းကို ေခၚသြားေပးမယ္ဆိုတာေလ..."


ဝိုင္းေလး..ကိုဦးကို အံ့ဩစြာၾကၫ့္လိုက္မိသည္။

ဒီေလာက္ႏွစ္ေတြၾကာသြားၿပီးတာေတာင္

ကိုဦးက ဒီစကားကိုမွတ္မိေသးတာပဲ။

ဝိုင္းေလးက သူေမ့ေနၿပီလို႔ေတာင္ထင္ခဲ့တာ။


"ရိႈးပဲြေန့ၾကရင္ စင္ေပၚကေနကိုယ္သီခ်င္းဆိုတာကို အားေပးလို႔ရေအာင္လုပ္ေပးမယ္..

ဝိုင္းဝိုင္းလာမယ္မဟုတ္လား.."


"လာမွာေပါ့ကိုဦးရဲ့..ဒါေပမဲ့စင္ေပၚအထိေတာ့

မတက္ရဲပါဘူး..လက္မွတ္၀ယ္ၿပီး

ပရိတ္သတ္ေနရာကပဲ အားေပးပါ့မယ္.."


"အဲ့လိုမလုပ္ရပါဘူး..လူေတြအမ်ားႀကီးနဲ႔ဆိုေတာ့

ေယာက္်ားေလးေတြလည္းပါမွာေလ..

ကိုယ္ဝိုင္းဝိုင္းကို စိတ္မခ်ဘူး.."


"ကိုဦးကလည္း ႀကံဖန္ၿပီးစိတ္ပူ‌ေနျပန္ၿပီ

ဝိုင္းေလးက သူငယ္ခ်င္းေတြနဲ႔စုၿပီး

လာၾကၫ့္မွာေလ..ဘာစိတ္မခ်စရာရိွလို႔လဲ.."


"ဘာျဖစ္လို႔လဲဆိုေတာ့..ကိုယ္က.."


ျဖဴစင္သၫ့္ မ်က္၀န္းေလးေတြကိုျမင္လိုက္ရေတာ့

သူ႔စကားက တစ္၀က္တစ္ပ်က္မွာတင္

ရပ္တန႔္သြားေလေတာ့သည္။

ခံုေပၚတြင္ တင္ထားေသာဝိုင္းဝိုင္း၏

လက္ကေလးကို ကိုင္မိေတာ့မၫ့္အေျခအေနကေန

သူေလး၏ ႏႈတ္ခမ္းေထာင့္တြင္ ကပ္တင္ေနေသာ

ထမင္းလံုးေလးကိုသာ ဖယ္ရွားေပးလိုက္မိသည္။


"ႏႈတ္ခမ္းမွာ ထမင္းလံုးကပ္ေနလို႔.."


ထမင္းလံုးေလးကို ဖယ္ရွားေပးလိုက္စဉ္မွာ

တြန႔္ခနဲျဖစ္သြားေသာ ဝိုင္းဝိုင္းဟာ

ေၾကာင္ေပါက္ေလးလိုမ်ိဳး ထပ္ၾကၫ့္လာျပန္သည္။

ဘယ္လိုလုပ္ရပါ့မလဲ။

အဲ့ဒီ့မ်က္၀န္းေလးေတြကို သူတကယ္ရင္ဆိုင္ဖို႔

ခက္လြန္းတယ္။

ျဖစ္ႏိုင္ရင္ ႏွလံုးသားထဲမွာအၿပီးအပိုင္

ေသာ့ခတ္ၿပီး သိမ္းထားလိုက္ခ်င္မိတဲ့အထိပဲ။


"တူ!!!တူ!!တူ..."


"ဟာ..ေခါင္းေဆာင္ဆီကေန ဖုန္းလာေနၿပီ...

ဆူခံရေတာ့မယ္ထင္တယ္..ဝိုင္းေလးသြားေတာ့

မယ္ေနာ္..ေန့လည္စာကၽြေးတဲ့အတြက္

ကိုဦးကိုေက်းဇူးတင္ပါတယ္..ေနာက္တစ္ခါမွ

ဝိုင္းေလး၀ယ္ကၽြေးမယ္ေနာ္..."


ေက်းဇူးတင္စကားေတြကို မလိုအပ္ပါဘူး

ေျပာလည္း ထပ္ၿပီးေက်းဇူးတင္ခဲ့ကာ

ေျပးထြက္သြားေလသည္။


သူလည္း သက္ျပင္းခ်လိုက္မိတယ္။

ကိုယ့္ဘက္ကသာ ခ်စ္ေနပါေၾကာင္း

ေသခ်ာေနေပမဲ့ သူမဘက္ကေတာ့

သိပ္ရိုးသားမွန္း မ်က္လံုးေလးေတြကို

ၾကၫ့္ရံုနဲ႔ သိႏိုင္တယ္။

ဖြင့္ေျပာလိုက္တဲ့အခါမွ လက္မခံရင္ကိုယ္ပဲ

ဂြမ္းမွာ။

ဒါေပမဲ့ မေျပာျပန္ရင္လည္းေကာင္မေလးက

ဘယ္လိုလုပ္ၿပီး သိမွာလဲ။

ဒီတစ္ခါေတာ့ သူသိပ္ညံ့လြန္းသည္ဟု

ေတြးလိုက္မိသည္။အခြင့္အေရးရေနပါလ်ွက္နဲ႔

ခဏခဏ လက္လႊတ္ဆံုးရႈံးေနရတယ္။


🍒🍒🍒🍒🍒


"ေကာင္းသန႔္..ပစၥည္းေတြအကုန္လံုးကားထဲကို

ထၫ့္ၿပီးၿပီလား.."


"ထၫ့္ၿပီးပါၿပီဆရာ..ဆရာ့လက္ေက့ခ္်ေတြေရာ

လက္ေဆာင္အိတ္ေတြေရာ ထၫ့္ၿပီးပါၿပီ.."


"ေကာင္းၿပီ..မင္းအတြက္ငါတကၠစီေခၚေပးထားတယ္ ဒီမွာခဏေစာင့္လိုက္ေနလိုက္ေပါ့

မၾကာခင္ေရာက္လာလိမ့္မယ္.."


"ကၽြန္ေတာ့္ကိုဆရာနဲ႔အတူ ေခၚမသြားေပးဘူးလား"


ေကာင္းသန႔္မွာ တစ္ခြန္းေလးပဲအပိုေစာင္း၍

ေမးမိလိုက္ပါတယ္။

ဆရာက"အပိုေတြမေျပာနဲ႔.."ဆိုေသာအၾကၫ့္ႏွင့္

သတိေပးလာ၍ ကိုယ့္ပါးစပ္ကိုယ္သာ

ျပန္ပိတ္လိုက္ရေလသည္။

သြားတုန္းက ႏွစ္ေယာက္အတူသြားၿပီး

အခုျပန္ေရာက္ေတာ့ အတူေခၚသြားေပးလိုက္

ၿပီးေရာကို..။တကၠစီခအကုန္ခံေနရေသးတယ္။

ၾကၫ့္ရတာ သူ႔မိန္းမကိုသတိရေနလို႔မ်ားလား။


"ကၽြန္ေတာ္စကားေျပာမွားသြားရင္

 ခြင့္လြတ္ပါဆရာ..ၾကင္စဦးဇနီးေမာင္ႏွံဆိုတာ

ဘယ္အၾကာႀကီးခဲြေနလို႔ေကာင္းပါ့မလဲ..

အိမ္ျပန္ေနာက္က်ရင္

မိန္းမကဘယ္ႀကိဳက္ပါ့မလဲေနာ္..

ကၽြန္ေတာ္နားလည္ပါတယ္.."


"မင္းေတာ္ေတာ္လ်ွာရွည္တာပဲ..

လစာထဲကအျဖတ္ခံခ်င္ေနတာလား.."


"အင္..လစာထဲကေတာ့မျဖတ္ပါနဲ႔ဆရာ.."


မနက္ေစာေစာစီးစီး မိန္းမထက္ရာဇသံ

ျပင္းေနေသာ ကိုယ့္ဆရာေၾကာင့္ေကာင္းသန႔္မွာ

အခက္ေတြ့ေနရေလသည္။

ဆက္ေျပာမိရင္ ရွည္မိတဲ့လ်ွာပါအျဖတ္ခံရကိန္း

ဆိုက္ေတာ့မည္မို႔ ကားထဲသို႔၀င္သြားေသာ

ဆရာ့ကိုသာ ပါးစပ္ပိတ္ၿပီးႃပံုးကာ

ႏႈတ္ဆက္လိုက္ရေလသည္။


မနက္ေလးနာရီခဲြဆိုေပမဲ့ ကားလမ္းေပၚတြင္ေတာ့

ကားမ်ားစြာ ဥဒဟိုသြားေနၾကေလသည္။

မင္းစက္ကေတာ့ ခရီးသြားရင္ ေလယာဉ္ေပၚမွာ

မအိပ္တတ္၍ေခါင္းေတြကိုက္လာေလရာ လက္ပိုက္ၿပီး‌အေနာက္ကိုသာ မွီထားလိုက္သည္။


"မင္းသစ္..ငါမရိွတုန္းအိမ္မွာတစ္ခုခုထူးျခားတာ

ျဖစ္ေသးလား.."


"မျဖစ္ပါဘူးဆရာ..ဘာျဖစ္လို႔လဲ.."


"ဟင့္အင္း..ဒီတိုင္းေမးၾကၫ့္တာ..

ဒါနဲ႔..ေမဝိုင္းေလးေရာ..အလုပ္သြား၊

အလုပ္ျပန္အဆင္ေျပရဲ့လား.."


"အဆင္ေျပမယ္ထင္တယ္ဆရာ..ကားဂိတ္ကလည္း

အရမ္းမေဝးေတာ့ လမ္းေလ်ွာက္ရတာ

သိပ္မပင္ပန္းပါဘူး.."


မင္းသစ္လည္း ‌ကားမွန္ထဲမျွမင္ေနရေသာ

ဆရာ့မ်က္ႏွာႀကီးကို လွမ္းၾကၫ့္ၿပီး

ရယ္ခ်င္စိတ္ကို ထိန္းလိုက္ရသည္။

သူ႔မိန္းမအေၾကာင္းေမးခ်င္တာမ်ား

ထူးျခားတာေတြ၊မထူးျခားတာေတြ လုပ္ေနေသးတယ္။


"ဒါေပမဲ့...တစ္ခုေတာ့ရိွတယ္ဆရာ"


"ဘာရိွတာလဲ.."


မင္းသစ္၏ေနာက္ဆက္တဲြ ထြက္လာသၫ့္

စကားေၾကာင့္ မင္းစက္အာဏာ၏

မိွတ္ထားမိေသာ မ်က္၀န္းေတြဟာ

ခ်က္ခ်င္းပြင့္သြားေလေတာ့သည္။

ကိုယ္ကိုမတ္မတ္ျပန္ထိုင္ကာ ေလးနက္ေသာ

အသံျဖင့္ ေမးလိုက္ေတာ့မင္းသစ္ကလည္း

ေျပာမၫ့္အေရး ေခ်ာင္းဟန႔္လိုက္ေသးသည္။


"ကၽြန္ေတာ္ဆရာ‌ကေတာ္အလုပ္လုပ္တဲ့

ဌာနကို တိတ္တိတ္ေလးစံုစမ္းၾကၫ့္ေတာ့

ဆရာကေတာ္တို႔အဖဲြ႔ေခါင္းေဆာင္က

အေပါက္အရမ္းဆိုးတယ္တဲ့ဆရာ..

ဆရာကေတာ္လည္း ခဏခဏအဆူခံရတယ္တဲ့.."


မင္းသစ္၏စကားအဆံုးမွာမင္းစက္အာဏာ၏

မ်က္၀န္းေတြဟာ မေက်မနပ္ျဖစ္သြားဟန္ျဖင့္

ေဒါသတရားတို႔ ဖံုးလႊမ္းသြားေလသည္။

အလုပ္ခြင္မွာ လက္ေအာက္ငယ္သားက

အမွားလုပ္မိရင္ ေခါင္းေဆာင္ေတြေခၚဆူတာဟာ

သဘာ၀က်ေပမဲ့ ေမဝိုင္းေလးဆိုတာ

ကိုယ့္ဇနီးေလ။


အခုသူ႔ရင္ထဲမွာ ခံစားေနရတဲ့ခံစားခ်က္က

ဘာနဲ႔တူလည္းဆိုေတာ့ ေက်ာင္းခန္းထဲမွာ

ကိုယ့္ကေလးကစာမရလို႔ ႀကိမ္လံုးနဲ႔ရိုက္လိုက္

ေသာ ဆရာမကို မေက်နပ္သည့္

ခံစားခ်က္မ်ိဳးျဖစ္ေနတာ။

ဘယ္မိဘကမ်ား ကိုယ့္ကေလးကို

သူမ်ားရိုက္တာႀကိဳက္ပါ့မလဲ။

ကိုယ္သာစကားနားမေထာင္လို႔ ကေလးကို

ဆံုးမရင္ဆံုးမမယ္။

သူမ်ားက အသားနာေအာင္လုပ္ရင္ေတာ့

ခါးရိုးကေန လွန္ခ်ိဳးပစ္ခ်င္တာမ်ိဳး။


ရုတ္တရက္ၾကည္လင္ေနေသာစိတိေတြဟာ

ေမဝိုင္းေလး၏ကိစၥေၾကာင့္ ေနာက္က်ိသြားရေလသည္။

မိန္းမငယ္ငယ္ေလးကို ယူထားရတာလည္း

တကယ္ကိုမလြယ္ပါလား။

သူမ်ားအႏိုင္က်င့္မွာကို လိုက္စိတ္ပူေနရတယ္။

အသက္ကသာ ၂၃ႏွစ္ရိွေနၿပီေပမဲ့ 

လူေကာင္ကေသးၿပီး ပံုစံကိုကသူမ်ား

တက္နင္းတိုင္း ျပားသြားႏိုင္တဲ့ပိုးဟပ္ျဖဴေလးလို

ျဖစ္ေနေတာ့ ဘယ္အခ်ိန္ငိုၿပီးျပန္လာမလဲ

ေတြးပူေနရတယ္။


ကားေလးဟာ တျဖည္းျဖည္းႏွင့္သူ႔ဗီလာရိွသၫ့္

ေနရာသို႔ ေရာက္လာၿပီးၿခံထဲသို႔ ေမာင္း၀င္လိုက္ေလသည္။

မင္းစက္လည္း ကားေပၚမွဆင္းၿပီးမွ

အေၾကာအျခင္ေတြ ဆန႔္ထုတ္ျပစ္လိုက္မိသည္။


"မင္းသစ္..ပစၥည္းေတြကိုစာၾကၫ့္ခန္းထဲကိုသာ

ေရႊ့ထားလိုက္.."


"ဆရာ့အခန္းထဲကို တန္းမသြင္းဘူးလား.."


"သူမ်ားအိပ္ေနတယ္ေလ..."


ထိုေတာ့မွ မင္းသစ္လည္းသေဘာေပါက္

သြားေလေတာ့သည္။

ဆရာက သူ႔မိန္းမအိပ္ေန‌ေတာ့ပစၥည္းခ်တဲ့

အသံေတြၾကားရင္ ႏိုးသြားမွာစိုးလို႔ထင္ပါရဲ့။


"ဒါမ်ား..ငါ့မိန္းမအိပ္ေနတယ္ေလ.."လို႔

တိုက္ရိုက္ေျပာလိုက္လည္း ရတဲ့ဟာကို

သူမ်ားတဲ့..။

တို႔ဆရာဟာေလ ကိုယ္လုပ္တဲ့ေကာင္းမႈကို

လူသိမွာ ေတာ္ေတာ္ဆိုးတာပဲ။


အိမ္အေပၚထပ္သို႔ တက္သြားႏွင့္ၿပီျဖစ္ေသာ

ဆရာ့ကိုၾကၫ့္ၿပီး မင္းသစ္လည္း

ေခါင္းတခါခါလုပ္ရင္း က်န္ခဲ့ေလသည္။


မင္းစက္အာဏာကေတာ့ သူ႔အိပ္ခန္းတခါးကို

အပိုေဆာင္ထားသၫ့္ ေသာ့ျဖင့္ဖြင့္လိုက္သည္။

အခန္းထဲသို႔ ၀င္လိုက္ေတာ့ လင္းထိန္ေနေသာ

အခန္းမီးေရာင္ႏွင့္အတူ ႀကီးမားေသာသူ႔ရဲ့

ေမြ့ယာေပၚတြင္ အသက္ရႉသံမွန္မွန္ျဖင့္

အိပ္စက္ေနသၫ့္ သူ႔ဇနီးကိုေတြ့လိုက္ရ၍

သူ႔စိတ္ထဲမွာ အမည္မသိခံစားခ်က္တစ္ခုက

စီး၀င္လာခဲ့သည္။


အလုပ္ေတြၿပီးၿပီးခ်င္း ေစာေစာျပန္လာခဲ့ရသၫ့္

အေၾကာင္းအရာကို ရွာေတြ့သြားသလိုပါပဲ။

နက္ခ္တိုင္ကို ေျဖေလ်ွာ့ျပစ္လိုက္ကာ

ကုတင္အနားသို႔ တျဖည္းျဖည္းတိုးကပ္သြား

လိုက္ၿပီး ခါးေထာက္၍အေပၚစီးမွ

ေမဝိုင္းေလး၏ ျဖဴႏုေနေသာမ်က္ႏွာေလးကို

ငံု႔ၾကၫ့္လိုက္မိသည္။

က်ယ္ျပန္ေသာ ေက်ာျပင္ႏွင့္လက္ျပင္ကားေသာ

သူျဖစ္၍ သူ႔အရိပ္သည္ေမဝိုင္းေလး၏

ခႏၶာကိုယ္ တစ္၀က္ေလာက္ကို လႊမ္းႃခံုသြားခဲ့တယ္။


"ေကာင္မေလး..ကိုယ္မင္းကို

ထင္ထားတာထက္ သေဘာက်ေနမိၿပီထင္တယ္.."


🔥🔥🔥🔥🔥🔥🔥


ဆရာႀကီးျပန္ေရာက္လာၿပီဆိုေတာ့

သံုးပြင့္ဆိုင္လာေတာ့မယ္ေနာ္...

အခန်း(၂၆) 💘မာနမင်းသားနှင့်ရွှေဖူးစာ💘



 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း(၂၆)

  💘မာနမင်းသားနှင့်ရွှေဖူးစာ💘


အိမ်ရှေ့မှာ တက္ကစီရပ်လိုက်သည်နှင့် ကားပေါ်မှဆင်းကာ ခြံထဲသို့တစ်လှမ်းချင်း၀င်သွားမိလေသည်။

နာရီကိုကြည့်လိုက်တော့ သုံးနာရီထိုးနေလေပြီ။

ဒီနေ့ကစနေနေ့ဆိုပေမဲ့ အထည်ဆိုင်ကိုရောက်နေရင်တော့ အမေတို့ရှိလောက်မှာမဟုတ်ဘူး။

ဒါပေမဲ့ အမေတို့မရှိလည်းအဖေ့ကိုတွေ့ပြီး

ပြန်မယ်ဆိုသောအတွေးဖြင့် ရောက်လာမိခြင်းပါပဲ။


ကိုဦးပေးလိုက်သော ချယ်ရီသီးဗူးလေးကို

ကိုင်ထားမိရင်းနှင့် မရောက်တာကြာပြီဖြစ်သည့်

ခြံ၀န်းကြီးကို လိုက်၍ကြည့်နေမိလေသည်။

ခြံ၀န်းကြီးက ပုံမှန်အတိုင်းအမှိုက်တစ်စတောင်

မရှိပဲ သန့်ရှင်းနေသလိုစံပယ်ရုံတွေကလည်း

မွှေးမြဲမွှေးစဲပါပဲ။


အိမ်ထဲသို့၀င်ခါနီးမှာ ပန်းရောင်ဂါ၀န်လေးကို

လက်နှင့်အသာပြန့်ပြူးအောင်လုပ်လိုက်ပြီးနောက်

အိမ်ထဲသို့ ၀င်လိုက်သည်။


"ဟင်..ဝိုင်းလေး...သမီးလေးအိမ်လည်လာတာလား"


အိမ်ထဲသို့၀င်လိုက်သည်နှင့် အမေကဝိုင်းလေးကို

သတိထားမိသွားလေသည်။

ဝိုင်းလေးကိုတွေ့တာနှင့် အမေ့မျက်နှာက

ရွှင်မြူးသွားတာ‌ကြောင့် ဝိုင်းလေးလည်း

၀မ်းသာသွားမိသည်။


"အမေ..နေကောင်းတယ်မဟုတ်လား..

ဒီနေ့ဆိုင်ကိုမသွားရဘူးလား.."


"ကောင်းပါ့တော်..ဒီနေ့ကဆိုင်ထွက်တယ်သမီးရဲ့

ဒါပေမဲ့စောပြီးဆိုင်ပိတ်ခဲ့တာ

ခုဏလေးတင်အိမ်မှာထောပတ်သီး

ဖျော်ရည်လုပ်သောက်လို့ ဝိုင်းလေးကို

သတိရနေကြတာ.."


"ဟယ်..ငါ့တူမလေးပြန်လာပြီတော့..

ဆိုင်းမဆင့်ဗုံမဆင့်နဲ့ပါလား..

ဖုန်းလေးဘာလေးတော့မဆက်ဘူးကွယ်

ဟင်းကောင်းလေးဘာလေးချက်ထားမှာပေါ့.."


"အန်တီလေးတို့အလုပ်ရှုပ်မှာစိုးလို့ပါ.."


"အမယ်လေး..ဘာအလုပ်ရှုပ်စရာရှိလဲ

ကိုယ့်တူမလေးအိမ်ပြန်လာတာပဲဥစ္စာ

ဒေါ်လေးက သတိတွေရနေတာ..."


အပေါ်ထပ်မှ ဆင်းလာသောဒေါ်လေးသည်လည်း

ဝိုင်းလေးကိုတွေ့သည်နှင့် စကားတွေ

ရေပက်မ၀င်အောင် ပြောလေတော့သည်။

ပြီးတာနှင့် မိသားစုတွေအားလုံးဧည့်ခန်းထဲသို့

၀င်လိုက်ကြလေသည်။

ဧည့်ခန်းထဲတွင်တော့ ဖွားဖွားမိစံသည်

ဝိုင်းလေးကို တွေ့သည်နှင့်မျက်ရည်လေး

စမ်းစမ်းဖြစ်နေ၍ ပြေးဖက်လိုက်မိသည်။


"ဝိုင်းလေးကဖွားဖွားနုကိုတွေ့တိုင်း အဖွားကို

သတိရနေတာသိလား..အဖွားရောဒီတလောမှာ

ကျန်းမာရေးကောင်းတယ်မဟုတ်လားဟင်.."


"အမယ်လေးကောင်းပါ့နော်..အဖွားကသာ

ငါ့မြေးလေးကိုစိတ်ပူနေတာ..မိဘပေးစားတဲ့လူကို

ယူလိုက်ရတော့ ငါ့မြေးမပျော်မှာစိုးနေတာကွဲ့

ဟိုမှာအဆင်ရောပြေရဲ့လားကွယ်

ဒီရက်အတွင်းမှာ ဖုန်းမဆက်တော့အဖွားက

စိတ်ပူနေ‌တာ..."


"ဟုတ်တယ်ဝိုင်းလေးရယ်..အန်တီလေးလည်း

စိတ်ပူနေတာ..ငါ့တူမကိုအန်တီလေးရဲ့

မျက်လုံးထဲမှာတော့ အိမ်ထောင်ကျပြီးလည်း

ကလေးလေးလိုပဲမြင်တယ်..ဟိုအိမ်မှာနေရတာ

အဆင်ပြေရဲ့လား.."


အဖွားတင်မကပဲ အန်တီလေးကပါထမေးလာပြီး

အမေကလည်း သိချင်စိတ်နှင့် မျက်လုံးအဝိုင်းသားဖြစ်နေလေသည်။

အိမ်ထောင်ကျပြီးသွားတာနဲ့ အိမ်ထောင်ရေး

ဒုက္ခဆိုတာ လူတိုင်းခံစားကြရမှာပဲ။

ဒါကိုလိုက်ညီးတွားပြနေရင် ဘာမှကောင်းတာ

ဖြစ်လာမှာမဟုတ်ဘူးလို့တွေးလိုက်မိသည်။

ထို့ကြောင့် အားလုံးစိတ်ချမ်းသာအောင်

မျက်နှာထက်မှာ အပြုံးလေးကိုသာတင်လိုက်ပါသည်။


"အစစအရာရာအဆင်ပြေပါတယ်..

ဖွားနုတို့အိမ်မှာနေတုန်းကလည်း ဖွားနုကအရမ်း

ဂရုစိုက်‌ပေးတယ်လေ..အခုကိုမင်းစက်ရဲ့အိမ်မှာ

နေတော့လည်း အစစအရာရာလိုလေသေးမရှိပါဘူး

အမေတို့ရယ်..."


"ကိုစက်ရဲ့အိမ်ဟုတ်လား..ကိုစက်ကအိမ်ခွဲနေတာလား.."


"ဟုတ်တယ်..အမေရဲ့..သူကသီးသန့်အိမ်ခွဲနေတာ အခုဆိုဝိုင်းလေးကသူ့အိမ်မှာ

လိုက်နေရတာ‌လေ.."


"ဟုတ်လား..အိမ်ခွဲနေတာလည်းကောင်းပါတယ်

..ဒါနဲ့သမီးယောက်ျားရော..

အလုပ်အကိုင်အဆင်ပြေရဲ့လား..

အခုသူလိုက်ပို့တာလား..."


ကိုမင်းစက်အကြောင်းကိုမေးတော့ စိတ်ထဲမှာ

၀မ်းနည်းသလိုတောင်ဖြစ်လာမိသည်။

အိမ်ထောင်ကျပြီးတည်းက မိဘတွေဆီကို

သူနဲ့အတူအလည်လာသင့်တာဆိုပေမဲ့

အခုတော့ဝိုင်းလေးတစ်ယောက်တည်း

ရောက်လာရတယ်။အမေတို့လည်းသူတို့ရဲ့

သားမက်ကို တွေ့ချင်ရှာမှာပေါ့။

ဒါပေမဲ့ သူ့ကိုလည်းအိမ်ကိုအလည်သွားရအောင်လို့

မပြောရဲဘူး။

သူကကိုယ့်ကိုမချစ်ပဲ လက်ထက်ထားတာဆိုတော့

ကိုယ်တောင်းဆိုတိုင်း ဖြည့်ဆည်းပေးမှာမှ

မဟုတ်တာ။


"သူကအခုစင်္ကာပူကိုခရီးသွားနေတာလေ 

တစ်ပတ်လောက်ကြာမယ်ဆိုတော့

မနက်ဖြန်လောက်မှ ပြန်ရောက်လောက်မယ်.."


"အင်းလေ..ကိုစက်ကအလုပ်များတဲလူ

ဆိုတော့လည်း..ခရီးခဏခဏထွက်ရတာ

မဆန်းပါဘူး..ဒါနဲ့သမီးလေးတို့ဟန်းနီးမွန်း

မထွက်ရသေးဘူးမဟုတ်လား..."


အမေ့စကားကြောင့် ဝိုင်းလေး၏မျက်နှာဟာ

မသိမသာမဲ့သွားမိလေသည်။

ဟန်းနီးမွန်းထွက်ရဖို့မပြောနဲ့ မင်္ဂလာဆောင်ပြီး

နောက်တစ်နေ့မှာပဲ နှစ်လကြာအောင်ခရီး

ထွက်သွားလို့ရန်ဖြစ်ခဲ့ရသေးတယ်။


ဒေါ်တင်မမကတော့ သမီးဖြစ်သူ၏မျက်နှာကို

ရောက်လာတည်းက အရိပ်တကြည့်ကြည့်

လုပ်နေမိသူမို့ သမီးလေး၏မျက်နှာ

ညှိုးကျသွားတာကို သတိထားမိလိုက်လေသည်။

ထို့ကြောင့်  သမီးရဲ့ပခုံးလေးကို

ကိုင်လိုက်ကာ မေးလေးကိုကိုင်လိုက်ကာ

မေးလိုက်မိသည်။


"သမီးလေး..သမီးယောက်ျားနဲ့ရော

အဆင်ပြေရဲ့လား..ကိုစက်က

သမီးလေးအပေါ်မှာကြင်နာရဲ့လား..

အမေတို့ကိုပွင့်ပွင့်လင်းလင်းပြောနော်

ဘာပြဿနာပဲရှိရှိတစ်ယောက်တည်း ကြိတ်ပြီး

မခံစားနဲ့..ဒေါ်နုယဉ်တို့ကအမေတို့ကို

ကူညီပေးထားတယ်ဆိုတိုင်း..

တစ်ယောက်တည်းအရာအားလုံးကို

သည်းခံထားစရာမလိုဘူး..ဘာပဲဖြစ်လာလာ

အမေတို့ကိုတိုင်ပင်လို့ရတယ်.."


အမေ့မျက်နှာကိုကြည့်နေရင်းနှင့် ငိုချင်လာသလို

ခံစားလိုက်ရသည်။အမေ့အသံကလည်း

အရင်လို့ဂရုဏာသံအပြည့်နဲ့ နွေးထွေးနေတုန်းပါပဲ။

ဒါပေမဲ့ ဝိုင်းလေးဘာကိုမှမပြောချင်ဘူး။

ယောက်ျားကကြင်နာယုယတဲ့သူမဟုတ်ပေမဲ့

ဝိုင်းလေးအပေါ်မှာ တအားကြီးနှိပ်စက်နေတာလည်း မဟုတ်ပါဘူး။


တစ်ခါတစ်လေမှာ သူ့ရဲ့ဥပက္ခာတရားဟာ

ခံရခက်တယ်ဆိုပေမဲ့ မိဘတွေကိုတိုင်တောရအောင်အထိတော့ အရမ်းကြီးမားတဲ့

ပြဿနာမဟုတ်ဘူးလို့ထင်မိတယ်။

တကယ်လို့ ဖွားဖွားနုတို့အိမ်မှာသာ ဆက်နေဖြစ်ရင်

မချစ်သက်လျှာနဲ့ တည့်နိုင်မှာမဟုတ်ပေမဲ့

အခု ကိုမင်းစက်ရဲ့အိမ်မှာတော့ အရာအားလုံး

အဆင်ပြေနေပါသေးတယ်။


"သမီးတကယ်ကို အဆင်ပြေပါတယ်အမေရယ်

ဖွားဖွားနုတို့ကလည်း သမီးကိုချစ်ကြပါတယ်

ကိုမင်းစက်နဲ့လည်းအဆင်ပြေတာမို့လို့

စိတ်မပူနဲ့နော်.."


"အေးပါ..ဒီလိုဆိုလည်းပြီးတာပဲ.."


အမေကဝိုင်းလေး၏ခေါင်းလေးကို ပုတ်လိုက်ပြီး

အခုမှစိတ်သက်သာရာ ရသွားပုံဖြင့်သက်ပြင်း

ချလိုက်ကာ ဝိုင်းလေး၏လက်ထဲမှ

ချယ်ရီသီးဗူးလေးကို ကြည့်လိုက်လေသည်။


"ချယ်ရီသီးတွေ၀ယ်လာတာလား..."


"မဟုတ်ဘူးအမေရဲ့..လက်ဆောင်ရတာ.."


"တယ်ဟုတ်ပါလား..ဒီလောက်အများကြီးကို

လက်ဆောင်ပေးတယ်ဆိုတော့ ဝိုင်းလေးကို

တော်တော်ခင်လို့ပဲနေလိမ့်မယ်..ဖျော်ရည်

သောက်ချင်လား..အမေလုပ်ပေးမယ်လေ.."


"သောက်ချင်တာပေါ့အမေရဲ့..."


"အဲ့ဒါဆိုအမေ့ကိုပေး...ကောင်းကောင်းလေး

ဖျော်ခဲ့မယ်.."


ချယ်ရီသီးတွေကိုယူသွားသော အမေ့ကို

ကြည့်နေရင်းနှင့် ငယ်ငယ်တုန်းက

အကြောင်းတွေဟာခေါင်းထဲသို့

အလိုလိုရောက်လာလေသည်။

ဟိုအရင်ကဆို ချယ်ရီသီးတွေခူးပြီးတိုင်း

ဖျော်ရည်သောက်ချင်လို့ အမေ့ကိုအမြဲ

ပူဆာတတ်တယ်။အခုလည်းချယ်ရီသီးတွေ

လက်ဆောင်ရတာနဲ့ အမေကဖျော်ရည်

လုပ်ပေးပြန်ပြီ တကယ်ကိုတိုက်ဆိုင်တာပဲ။


"ဒါနဲ့..အန်တီလေးရော...ရည်းစားတွေဘာတွေ

မရသေးဘူးလား..."


"မိဝိုင်းလေးနော်..ငါကဒီအသက်အရွယ်ရောက်မှ

ရည်းစားထားရအုံးမှာလား...

အိမ်ကိုရောက်တာနဲ့ ငါ့ကိုနှိပ်ကွက်ဖို့ပဲတွေးနေတာလား.."


"မိဝိုင်းလေး.."ဆိုသည့်ခေါ်သံကိုကြားချင်၍

တမင်‌နောက်လိုက်တော့ ထင်သည့်အတိုင်း

ဝိုင်းလေးကိုမျက်စောင်းထိုးလာလေသည်။

ဒီအိမ်မှာက ယောက်ျားသားရယ်လို့

မရှိတော့ အိမ်မှာလူတစ်ယောက်လျှော့သွားတာနဲ့

တကယ်ကိုခက်ခဲမှာပဲ။

အဖေကလည်း ကျန်းမာရေးမကောင်းတော့

နောက်ကို ပိတ်ရက်တိုင်းအိမ်လာလည်ဖို့

ဆုံးဖြတ်လိုက်မိသည်။


"ဒါနဲ့လေ..မမထိပ်ထားရောမတွေ့ပါလား..

အပြင်သွားတာလား.."


"အမယ်လေး..အဲ့ကောင်မလေးအကြောင်းတော့

မပြောချင်တော့ပါဘူးဟယ်..တစ်နေ့တစ်နေ့

အိမ်မှာကိုမကပ်ဘူး..မနက်ဆိုလည်း

ဆယ်နာရီ၊ဆယ့်တစ်နာရီလောက်မှအိပ်ယာထတယ်

ပြီးရင် အိမ်ကိစ္စလည်းတစ်စက်မှကူညီတယ်မရှိဘူး

ညဆိုလည်း နောက်ကျမှပြန်လာလို့

စောစောပြန်ပါလို့ပြောတာလည်း မရပါဘူးဟယ်.."


"အဲ့လောက်တောင်ပဲလား..အရင်ကဒီလို

မဟုတ်ပါဘူး.."


"အရင်ကအဲ့လိုမဟုတ်ပေမဲ့..အခုအဲ့လိုဖြစ်နေပြီ

ဂျပန်ကပြန်လာပြီးတည်းက သူ့ကိုယ်သူ

သူဌေးဆိုဒ်ဖမ်းနေတာ..ညည်းအမေနဲ့ဆိုခဏခဏ

ရန်ဖြစ်သလားမမေးနဲ့..အမေလည်းမခံဘူး

ပြန်အော်တာသိလား..ငါလည်းဘယ်လိုဆုံးမရမလဲ

မသိတော့ပါဘူးဟယ်..."


"မမထိပ်ထားက ဘာလို့အဲ့လိုဖြစ်သွားရတာလဲ.."


"ဘ၀င်ရူးသွားတာဟေ့..ငါကတော့အဲ့လိုပဲ

ထင်တယ်..."


မမထိပ်ထားအကြောင်းကို ပြောလိုက်သည်နှင့်

အန်တီလေး၏မျက်နှာဟာ ချက်ချင်းအိုစာ

သွားသလိုပဲ။

ဝိုင်းလေးအိမ်ကို ပြန်မလာချင်ရသည့်အဓိက

အကြောင်းအရင်းကလဲ မမထိပ်ထားကြောင့်ပါပဲ။

သူကဝိုင်းလေးကို အရမ်းမုန်းတီးနေတဲ့လူဆိုတော့

သူနဲ့ ထိပ်တိုက်တွေ့ရင် ပြဿနာတွေဖြစ်လာနိုင်သည်။


အခုတော့ ဝိုင်းလေးတင်မဟုတ်ပဲ အိမ်မှာ

သူ့ကြောင့် ကျန်တဲ့လူတွေပါစိတ်ဆင်းရဲနေကြပုံပဲ

မမထိပ်ထားက ဘာလို့ဒီလောက်ဆိုးနေရတာလဲ။

ဂျပန်ကပြန်လာပြီးတည်းက ပိုပြီးဆိုးနေခဲ့တာဆို

ပိုမှန်လိမ့်မယ်။


"ကဲ..ဒီမှာချယ်ရီသီးဖျော်ရည်ရပါပြီ..."


မေမေက ဖန်ခွက်အပြည့်ဖျော်ရည်တွေကို

သယ်လာ၍ စိတ်ညစ်စရာတွေကိုဘေးသို့

ထုတ်လိုက်ပြီး ချယ်ရီသီးဖျော်ရည်ကိုသာ

တစ်ခါတည်း မော့သောက်ပြစ်လိုက်သည်။

တစ်၀က်လောက်သောက်ပြီးမှ..


"အား..အမေဖျော်ပေးတဲ့လက်ရာကလေ

ဆိုင်ထက်တောင်ကောင်းနေသေးတယ်.."


"အဲ့ဒါကြောင့်အမေကတွေးနေတာ..ဈေးထဲက

အထည်ဆိုင်ကို သမီးရဲ့အဒေါ်ကိုဦးစီးခိုင်းပြီး

အမေကခြံရှေ့မှာ အအေးဆိုင်လေးဖွင့်မလားလို့.."


"အမေရယ်..အမေပင်ပန်းမှာပေါ့.."


"မပင်ပန်းပါဘူးသမီးရယ်..အမေကိုယ်တိုင်ကလည်း အဲ့အလုပ်ကိုဝါသနာပါတယ်လေ..

မန္တလေးမှာတုန်းကလည်း ဆိုင်ဖွင့်ခဲ့သေးတာပဲဥစ္စာ

အိမ်ရှေ့မှာဆိုင်လေးဖွင့်လိုက်ရင်

သမီးအဖေကိုလည်း ကြည့်လို့ရသလို

အမေတို့လည်းအပို၀င်ငွေတိုးတာပေါ့..."


အမေ့စကားကြောင့် ဝိုင်းလေးတကယ်ကို

မျက်ရည်တောင်ဝဲချင်လာသည်။

မမထိပ်ထားကလည်း အိမ်မှာဘာမှမကူပေးတော့

အမေပိုပင်ပန်းနေရပြီပေါ့။

 လစာထုတ်ရင် ဝိုင်းလေးရသမျှ

လစာတွေကို အမေ့ကိုပဲပြန်အပ်မည်ဟု

ဆုံးဖြတ်လိုက်သည်။

ကိုမင်းစက်တို့အိမ်မှာက ကိုယ်စားချင်တာမှန်သမျှ

ကြည်ကြည်တို့က လုပ်ပေးနေတာပဲ။

ဒါကြောင့် ဝိုင်းလေးမှာအသုံးမလိုအပ်ပါဘူးလေ။

ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေမိပြီး

ချယ်ရီသီးဖျော်ရည်တွေကို ထပ်သောက်နေလိုက်သည်။


ဒေါ်တင်မမကတော့ မေဝိုင်းလေးတစ်‌ယောက်

ချယ်ရီသီးဖျော်ရည်သောက်နေတာကိုကြည့်ပြီး တစ်ခုခုကိုသတိရသွားဟန်ဖြင့် ပြုံးလိုက်လေသည်။


"အစ်မကဘာတွေကို သဘောကျနေတာလဲ.."


ဒေါ်ရွှေရည်၀င်းသည်လည်း မေဝိုင်းလေးရောက်လာတည်းက မျက်နှာထက်မှာ

အပြုံးလေးတွေဝေနေသော အစ်မဖြစ်သူကို

ကြည့်ကာ သိချင်၍မေးလိုက်တော့သည်။

မေဝိုင်းလေးသည်လည်း သူ့အမေဘာကြောင့်

ပြုံးလိုက်သည်ကို သိချင်၍မျက်လုံးလေးတွေ

ဝိုင်းနေတော့သည်။


"သေချာပြန်တွေးကြည့်လိုက်တော့

ကိုစက်နဲ့ဝိုင်းလေးက တကယ်ကိုရေစက်ပါတာပဲ.."


"ဘာဖြစ်လို့လဲအစ်မရဲ့..."


"နင်မှတ်မိသေးလား..ကလောမှာတုန်းကလေ

ဝိုင်းလေးရဲ့ချယ်ရီသီးခြင်းကို နင့်တူမထိပ်ထားက

မှောက်အောင်လုပ်ပြီး ဖြတ်စီးလိုက်လို့

တစ်နေ့လုံးငိုတာလေ..နောက်တစ်နေ့မနက်ကျတော့

ချယ်ရီသီးခြင်းတစ်ခြင်း လာပေးတာဘယ်သူလဲ.."


အမေကသဘောတကျနှင့်အန်‌တီလေးကို

လှည့်၍မေးလိုက်တော့ အန်တီလေးကလည်း

မှတ်မိသွားသည့် ပုံစံနှင့်လက်ခုပ်ထတီးပြီး

သဘောတကျထရယ်လေသည်။


"ဘယ်သူဖြစ်ရမှာလည်း..အဲ့ဒါက

တို့ရဲ့သားမက်လေးကိုစက်ပေါ့..

အဲ့ဒီတုန်းကဝိုင်းလေးကအသက်

၁၀နှစ်လောက်ပဲရှိအုန်းမယ်..ကိုစက်က

လေးနှစ်လောက် ကြီးတယ်ဆိုတော့

ဆယ့်လေးနှစ်ပေါ့.."


"အင်း..သေချာပြန်တွေးကြည့်တော့ ငါတို့ရဲ့

သားမက်လေး‌က ဆယ့်လေးနှစ်သားတည်းက

တို့ကလေးကို အလိုလိုက်ခဲ့တာပဲ.."


"အမေနဲ့အန်တီလေး..

ဘာတွေပြောနေကြတာလဲ..အဲ့တုန်းက

ဝိုင်းလေးကို ချယ်ရီသီးခြင်းအစားလျော်ပေးတာက အမေတို့မဟုတ်ဘူးလား.."


"အမေတို့မဟုတ်ဘူးကွဲ့..အဲ့ဒါကိုစက်ပဲ

မနက်အစောကြီးလာပြီး အမေတို့ကိုချယ်ရီသီး

တစ်ခြင်းလာပေးသွားခဲ့တာ..ဝိုင်းလေးကို

ပေးလိုက်ပါတဲ့လေ..ပြီတော့ချယ်ရီသီးတွေကို

သူပေးတယ်လို့ မပြောပါနဲ့ဆိုပြီးတားခဲ့လို့

အမေတို့က မပြောခဲ့တာ..

ရတနာ့ကိုမေးကြည့်တော့မှ မနက်အစောကြီး

စိုက်ပျိုးရေးခြံဘက်ကို သွားပြီးသူကိုယ်တိုင်

ချယ်ရီသီးတွေ သွားခူးလာတာတဲ့လေ..

အခုပြန်တွေးကြည့်တော့မှ

အဲ့ကောင်လေးက အပြင်ပန်းကသာအေးစက်စက်

လေးပေမဲ့..တကယ်ကိုစိတ်ထားကောင်းတာနော်"


" ဝိုင်းလေးရေနစ်တော့ ကယ်ခဲ့တာလည်း..

ကိုစက်ပဲမဟုတ်လား.."


အန်တီလေးက နောက်ထပ်အကြောင်းအရာ

တစ်ခုကို ထပ်ပြောလိုက်တော့

အမေက သဘောတကျနဲ့ထပ်ရယ်လိုက်ပြန်လေသည်။ဝိုင်းလေးမှာသာ အမေနဲ့အန်တီလေးတို့

နှစ်ယောက်ကိုကြည့်ပြီး လုံး၀နားမလည်နိုင်ဖြစ်နေရ

သည်။


"အမေ..ဝိုင်းလေးရေနစ်တုန်းက

လာကယ်ပေးတဲ့လူကကိုမင်းစက်လား..."


"ဟုတ်တာပေါ့..အဲ့တုန်းကကိုစက်ကြောင့်သာ

မဟုတ်ရင်..သမီးလေးအခုလိုအသက်ရှင်နေပါ့

မလားတောင် မသိဘူး..အမေတို့ကလည်း

ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သမီးတို့ကို

မကြည့်မိဘူးလေ...ကိုစက်ကသမီးကို

ရေထဲကနေကယ်လာပြီး တို့ခြံကိုရောက်တဲ့အထိ

ပွေ့လာခဲ့တာကွယ့်..သိပ်ကျေးဇူးတင်ဖို့

ကောင်းတာပဲ..သူ့ကြောင့်သာမဟုတ်ရင်

အမေတို့သမီးကို ဆုံးရှုံးလိုက်ရမှာလေ.."


"နေပါအုံး..သမီးကမမထိပ်ထားနဲ့သွားတာလေ

သူကဘယ်လိုလုပ်ပြီး သမီးရေနစ်တာကိုသိရတာလဲ.."


"ကိုစက်ကိုအမေတို့မေးကြည့်တာတော့..

ထိပ်ထားကသမီးကို အမြဲအနိုင်ကျင့်တာ

တွေ့ရလို့..ထိပ်ထားကတောင်ခြေကအိမ်ကို

ခေါ်သွားတော့နောက်ကနေလိုက်သွားတာတဲ့..

အမေလည်းလေ..အဲ့နေ့ကထိပ်ထားကို

စိတ်ဆိုးလွန်းလို့ ရိုက်ပြီးဆုံးမလိုက်မိတယ်

ကိုစက်သာမပြောခဲ့ရင် ထိပ်ထားကသမီးကို

ရေကန်ထဲ တွန်းချလိုက်တာကို

သိရမှာမဟုတ်ဘူးလေ.."


အမေ့ပြောပြသည့် ကလေးဘ၀က

အကြောင်းအရာတွေကို

 နားထောင်ပြီးနောက်မှာတော့

စိတ်ထဲမှာ နောင်တရသလိုလို၊ပျော်သလိုလို

ဖြစ်လာ လေသည်။

ဝိုင်းလေးကို ချယ်ရီခြင်းကြီးလက်ဆောင်ပေးခဲ့တာက မမေတို့မဟုတ်ပဲကိုစက်တဲ့လေ။


နောက်ပြီး ဝိုင်းလေးကိုရေကန်ထဲကနေ

ကယ်ထုတ်ပေးခဲ့တာလည်း သူပဲတဲ့။

သူဟာ ဝိုင်းလေးရဲ့အသက်ကယ်ကြိုးတစ်မျှင်

ဖြစ်ခဲ့တာပဲ။

ပြီးတော့ သူဟာအခုဝိုင်းလေးရဲ့အမျိုးသား

ဖြစ်နေပြီ။


တိုက်ဆိုင်မှုကြီးက တကယ်ကိုမယုံနိုင်လောက်စရာပဲ။

သူနဲ့ပတ်သတ်ရင် ဝိုင်းလေးအတွက်အမှတ်ရနေတာတွေက မုန်းတီးစရာတွေချည်းပဲဖြစ်နေခဲ့ပေမဲ့

အမှန်တကယ်တော့ သူဟာဝိုင်းလေးထင်သလို

မဟုတ်နေဘူးပဲ။

အမူအရာတွေက အေးစက်ပေမဲ့နှလုံးသားက

နွေးထွေးနေတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်

လူတစ်ယောက်ကို ကူညီပြီးရင်တောင်

နာမည်ကောင်းမယူတတ်တဲ့ လူမျိုးပေါ့။


‌ဝိုင်းလေးရေနစ်ခဲ့တဲ့နေရာက

 တောင်ခြေဘက်မှာဆိုတော့ 

အိမ်အထိရောက်လာအောင်ဝိုင်းလေးကို

သူခက်ခက်ခဲခဲနဲ့ သယ်လာခဲ့ရမှာပေါ့။

ပြီးတော့ ရေကန်ထဲကနေကယ်လာတဲ့အချိန်မှာ

ဝိုင်းလေးကို သူCPRလုပ်ပေးခဲ့သေးသလိုပဲ။

ထိုအကြောင်းကို ပြန်တွေးကြည့်လိုက်တော့

ဝိုင်းလေး၏ မျက်လုံးတွေချက်ချင်းပြူးကျယ်

သွားမိလေသည်။


*ဒါဆိုဝိုင်းလေးရဲ့ပထမဆုံးအနမ်းက

အသက်ဆယ့်တစ်နှစ်အရွယ်မှာပေါ့...

ပြီးတော့ အဲ့ဒီ့လူကလည်းသူပဲ...*


🍒🍒🍒🍒🍒🍒🍒


ကဲ အခုတော့ မရွှေဝိုင်းတို့

ယောက်ျားကို အိမ်ဦးခန်းမှာထားရမှန်းသိလောက်ပြီပေါ့..🤭


=========================================================================


အခန္း(၂၆)

  💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


အိမ္ေရ႔ွမွာ တကၠစီရပ္လိုက္သည္ႏွင့္ ကားေပၚမွဆင္းကာ ၿခံထဲသို႔တစ္လွမ္းခ်င္း၀င္သြားမိေလသည္။

နာရီကိုၾကၫ့္လိုက္ေတာ့ သံုးနာရီထိုးေနေလၿပီ။

ဒီေန့ကစေနေန့ဆိုေပမဲ့ အထည္ဆိုင္ကိုေရာက္ေနရင္ေတာ့ အေမတို႔ရိွေလာက္မွာမဟုတ္ဘူး။

ဒါေပမဲ့ အေမတို႔မရိွလည္းအေဖ့ကိုေတြ့ၿပီး

ျပန္မယ္ဆိုေသာအေတြးျဖင့္ ေရာက္လာမိျခင္းပါပဲ။


ကိုဦးေပးလိုက္ေသာ ခ်ယ္ရီသီးဗူးေလးကို

ကိုင္ထားမိရင္းႏွင့္ မေရာက္တာၾကာၿပီျဖစ္သၫ့္

ၿခံ၀န္းႀကီးကို လိုက္၍ၾကၫ့္ေနမိေလသည္။

ၿခံ၀န္းႀကီးက ပံုမွန္အတိုင္းအမိႈက္တစ္စေတာင္

မရိွပဲ သန႔္ရွင္းေနသလိုစံပယ္ရံုေတြကလည္း

ေမႊးၿမဲေမႊးစဲပါပဲ။


အိမ္ထဲသို႔၀င္ခါနီးမွာ ပန္းေရာင္ဂါ၀န္ေလးကို

လက္ႏွင့္အသာျပန႔္ျပဴးေအာင္လုပ္လိုက္ၿပီးေနာက္

အိမ္ထဲသို႔ ၀င္လိုက္သည္။


"ဟင္..ဝိုင္းေလး...သမီးေလးအိမ္လည္လာတာလား"


အိမ္ထဲသို႔၀င္လိုက္သည္ႏွင့္ အေမကဝိုင္းေလးကို

သတိထားမိသြားေလသည္။

ဝိုင္းေလးကိုေတြ့တာႏွင့္ အေမ့မ်က္ႏွာက

ရႊင္ျမဴးသြားတာ‌ေၾကာင့္ ဝိုင္းေလးလည္း

၀မ္းသာသြားမိသည္။


"အေမ..ေနေကာင္းတယ္မဟုတ္လား..

ဒီေန့ဆိုင္ကိုမသြားရဘူးလား.."


"ေကာင္းပါ့ေတာ္..ဒီေန့ကဆိုင္ထြက္တယ္သမီးရဲ့

ဒါေပမဲ့ေစာၿပီးဆိုင္ပိတ္ခဲ့တာ

ခုဏေလးတင္အိမ္မွာေထာပတ္သီး

ေဖ်ာ္ရည္လုပ္ေသာက္လို႔ ဝိုင္းေလးကို

သတိရေနၾကတာ.."


"ဟယ္..ငါ့တူမေလးျပန္လာၿပီေတာ့..

ဆိုင္းမဆင့္ဗံုမဆင့္နဲ႔ပါလား..

ဖုန္းေလးဘာေလးေတာ့မဆက္ဘူးကြယ္

ဟင္းေကာင္းေလးဘာေလးခ်က္ထားမွာေပါ့.."


"အန္တီေလးတို႔အလုပ္ရႈပ္မွာစိုးလို႔ပါ.."


"အမယ္ေလး..ဘာအလုပ္ရႈပ္စရာရိွလဲ

ကိုယ့္တူမေလးအိမ္ျပန္လာတာပဲဥစၥာ

ေဒၚေလးက သတိေတြရေနတာ..."


အေပၚထပ္မွ ဆင္းလာေသာေဒၚေလးသည္လည္း

ဝိုင္းေလးကိုေတြ့သည္ႏွင့္ စကားေတြ

ေရပက္မ၀င္ေအာင္ ေျပာေလေတာ့သည္။

ၿပီးတာႏွင့္ မိသားစုေတြအားလံုးဧၫ့္ခန္းထဲသို႔

၀င္လိုက္ၾကေလသည္။

ဧၫ့္ခန္းထဲတြင္ေတာ့ ဖြားဖြားမိစံသည္

ဝိုင္းေလးကို ေတြ့သည္ႏွင့္မ်က္ရည္ေလး

စမ္းစမ္းျဖစ္ေန၍ ေျပးဖက္လိုက္မိသည္။


"ဝိုင္းေလးကဖြားဖြားႏုကိုေတြ့တိုင္း အဖြားကို

သတိရေနတာသိလား..အဖြားေရာဒီတေလာမွာ

က်န္းမာေရးေကာင္းတယ္မဟုတ္လားဟင္.."


"အမယ္ေလးေကာင္းပါ့ေနာ္..အဖြားကသာ

ငါ့ေျမးေလးကိုစိတ္ပူေနတာ..မိဘေပးစားတဲ့လူကို

ယူလိုက္ရေတာ့ ငါ့ေျမးမေပ်ာ္မွာစိုးေနတာကဲြ႔

ဟိုမွာအဆင္ေရာေျပရဲ့လားကြယ္

ဒီရက္အတြင္းမွာ ဖုန္းမဆက္ေတာ့အဖြားက

စိတ္ပူေန‌တာ..."


"ဟုတ္တယ္ဝိုင္းေလးရယ္..အန္တီေလးလည္း

စိတ္ပူေနတာ..ငါ့တူမကိုအန္တီေလးရဲ့

မ်က္လံုးထဲမွာေတာ့ အိမ္ေထာင္က်ၿပီးလည္း

ကေလးေလးလိုပဲျမင္တယ္..ဟိုအိမ္မွာေနရတာ

အဆင္ေျပရဲ့လား.."


အဖြားတင္မကပဲ အန္တီေလးကပါထေမးလာၿပီး

အေမကလည္း သိခ်င္စိတ္ႏွင့္ မ်က္လံုးအဝိုင္းသားျဖစ္ေနေလသည္။

အိမ္ေထာင္က်ၿပီးသြားတာနဲ႔ အိမ္ေထာင္ေရး

ဒုကၡဆိုတာ လူတိုင္းခံစားၾကရမွာပဲ။

ဒါကိုလိုက္ညီးတြားျပေနရင္ ဘာမွေကာင္းတာ

ျဖစ္လာမွာမဟုတ္ဘူးလို႔ေတြးလိုက္မိသည္။

ထို႔ေၾကာင့္ အားလံုးစိတ္ခ်မ္းသာေအာင္

မ်က္ႏွာထက္မွာ အႃပံုးေလးကိုသာတင္လိုက္ပါသည္။


"အစစအရာရာအဆင္ေျပပါတယ္..

ဖြားႏုတို႔အိမ္မွာေနတုန္းကလည္း ဖြားႏုကအရမ္း

ဂရုစိုက္‌ေပးတယ္ေလ..အခုကိုမင္းစက္ရဲ့အိမ္မွာ

ေနေတာ့လည္း အစစအရာရာလိုေလေသးမရိွပါဘူး

အေမတို႔ရယ္..."


"ကိုစက္ရဲ့အိမ္ဟုတ္လား..ကိုစက္ကအိမ္ခဲြေနတာလား.."


"ဟုတ္တယ္..အေမရဲ့..သူကသီးသန္႔အိမ္ခဲြေနတာ အခုဆိုဝိုင္းေလးကသူ႔အိမ္မွာ

လိုက္ေနရတာ‌ေလ.."


"ဟုတ္လား..အိမ္ခဲြေနတာလည္းေကာင္းပါတယ္

..ဒါနဲ႔သမီးေယာက္်ားေရာ..

အလုပ္အကိုင္အဆင္ေျပရဲ့လား..

အခုသူလိုက္ပို႔တာလား..."


ကိုမင္းစက္အေၾကာင္းကိုေမးေတာ့ စိတ္ထဲမွာ

၀မ္းနည္းသလိုေတာင္ျဖစ္လာမိသည္။

အိမ္ေထာင္က်ၿပီးတည္းက မိဘေတြဆီကို

သူနဲ႔အတူအလည္လာသင့္တာဆိုေပမဲ့

အခုေတာ့ဝိုင္းေလးတစ္ေယာက္တည္း

ေရာက္လာရတယ္။အေမတို႔လည္းသူတို႔ရဲ့

သားမက္ကို ေတြ့ခ်င္ရွာမွာေပါ့။

ဒါေပမဲ့ သူ႔ကိုလည္းအိမ္ကိုအလည္သြားရေအာင္လို႔

မေျပာရဲဘူး။

သူကကိုယ့္ကိုမခ်စ္ပဲ လက္ထက္ထားတာဆိုေတာ့

ကိုယ္ေတာင္းဆိုတိုင္း ျဖၫ့္ဆည္းေပးမွာမွ

မဟုတ္တာ။


"သူကအခုစကၤာပူကိုခရီးသြားေနတာေလ 

တစ္ပတ္ေလာက္ၾကာမယ္ဆိုေတာ့

မနက္ျဖန္ေလာက္မွ ျပန္ေရာက္ေလာက္မယ္.."


"အင္းေလ..ကိုစက္ကအလုပ္မ်ားတဲလူ

ဆိုေတာ့လည္း..ခရီးခဏခဏထြက္ရတာ

မဆန္းပါဘူး..ဒါနဲ႔သမီးေလးတို႔ဟန္းနီးမြန္း

မထြက္ရေသးဘူးမဟုတ္လား..."


အေမ့စကားေၾကာင့္ ဝိုင္းေလး၏မ်က္ႏွာဟာ

မသိမသာမဲ့သြားမိေလသည္။

ဟန္းနီးမြန္းထြက္ရဖို႔မေျပာနဲ႔ မဂၤလာေဆာင္ၿပီး

ေနာက္တစ္ေန့မွာပဲ ႏွစ္လၾကာေအာင္ခရီး

ထြက္သြားလို႔ရန္ျဖစ္ခဲ့ရေသးတယ္။


ေဒၚတင္မမကေတာ့ သမီးျဖစ္သူ၏မ်က္ႏွာကို

ေရာက္လာတည္းက အရိပ္တၾကၫ့္ၾကၫ့္

လုပ္ေနမိသူမို႔ သမီးေလး၏မ်က္ႏွာ

ၫွိုးက်သြားတာကို သတိထားမိလိုက္ေလသည္။

ထို႔ေၾကာင့္  သမီးရဲ့ပခံုးေလးကို

ကိုင္လိုက္ကာ ေမးေလးကိုကိုင္လိုက္ကာ

ေမးလိုက္မိသည္။


"သမီးေလး..သမီးေယာက္်ားနဲ႔ေရာ

အဆင္ေျပရဲ့လား..ကိုစက္က

သမီးေလးအေပၚမွာၾကင္နာရဲ့လား..

အေမတို႔ကိုပြင့္ပြင့္လင္းလင္းေျပာေနာ္

ဘာျပႆနာပဲရိွရိွတစ္ေယာက္တည္း ႀကိတ္ၿပီး

မခံစားနဲ႔..ေဒၚႏုယဉ္တို႔ကအေမတို႔ကို

ကူညီေပးထားတယ္ဆိုတိုင္း..

တစ္ေယာက္တည္းအရာအားလံုးကို

သည္းခံထားစရာမလိုဘူး..ဘာပဲျဖစ္လာလာ

အေမတို႔ကိုတိုင္ပင္လို႔ရတယ္.."


အေမ့မ်က္ႏွာကိုၾကၫ့္ေနရင္းႏွင့္ ငိုခ်င္လာသလို

ခံစားလိုက္ရသည္။အေမ့အသံကလည္း

အရင္လို႔ဂရုဏာသံအျပၫ့္နဲ႔ ေနြးေထြးေနတုန္းပါပဲ။

ဒါေပမဲ့ ဝိုင္းေလးဘာကိုမွမေျပာခ်င္ဘူး။

ေယာက္်ားကၾကင္နာယုယတဲ့သူမဟုတ္ေပမဲ့

ဝိုင္းေလးအေပၚမွာ တအားႀကီးႏိွပ္စက္ေနတာလည္း မဟုတ္ပါဘူး။


တစ္ခါတစ္ေလမွာ သူ႔ရဲ့ဥပကၡာတရားဟာ

ခံရခက္တယ္ဆိုေပမဲ့ မိဘေတြကိုတိုင္ေတာရေအာင္အထိေတာ့ အရမ္းႀကီးမားတဲ့

ျပႆနာမဟုတ္ဘူးလို႔ထင္မိတယ္။

တကယ္လို႔ ဖြားဖြားႏုတို႔အိမ္မွာသာ ဆက္ေနျဖစ္ရင္

မခ်စ္သက္လ်ွာနဲ႔ တၫ့္ႏိုင္မွာမဟုတ္ေပမဲ့

အခု ကိုမင္းစက္ရဲ့အိမ္မွာေတာ့ အရာအားလံုး

အဆင္ေျပေနပါေသးတယ္။


"သမီးတကယ္ကို အဆင္ေျပပါတယ္အေမရယ္

ဖြားဖြားႏုတို႔ကလည္း သမီးကိုခ်စ္ၾကပါတယ္

ကိုမင္းစက္နဲ႔လည္းအဆင္ေျပတာမို႔လို႔

စိတ္မပူနဲ႔ေနာ္.."


"ေအးပါ..ဒီလိုဆိုလည္းၿပီးတာပဲ.."


အေမကဝိုင္းေလး၏ေခါင္းေလးကို ပုတ္လိုက္ၿပီး

အခုမွစိတ္သက္သာရာ ရသြားပံုျဖင့္သက္ျပင္း

ခ်လိုက္ကာ ဝိုင္းေလး၏လက္ထဲမွ

ခ်ယ္ရီသီးဗူးေလးကို ၾကၫ့္လိုက္ေလသည္။


"ခ်ယ္ရီသီးေတြ၀ယ္လာတာလား..."


"မဟုတ္ဘူးအေမရဲ့..လက္ေဆာင္ရတာ.."


"တယ္ဟုတ္ပါလား..ဒီေလာက္အမ်ားႀကီးကို

လက္ေဆာင္ေပးတယ္ဆိုေတာ့ ဝိုင္းေလးကို

ေတာ္ေတာ္ခင္လို႔ပဲေနလိမ့္မယ္..ေဖ်ာ္ရည္

ေသာက္ခ်င္လား..အေမလုပ္ေပးမယ္ေလ.."


"ေသာက္ခ်င္တာေပါ့အေမရဲ့..."


"အဲ့ဒါဆိုအေမ့ကိုေပး...ေကာင္းေကာင္းေလး

ေဖ်ာ္ခဲ့မယ္.."


ခ်ယ္ရီသီးေတြကိုယူသြားေသာ အေမ့ကို

ၾကၫ့္ေနရင္းႏွင့္ ငယ္ငယ္တုန္းက

အေၾကာင္းေတြဟာေခါင္းထဲသို႔

အလိုလိုေရာက္လာေလသည္။

ဟိုအရင္ကဆို ခ်ယ္ရီသီးေတြခူးၿပီးတိုင္း

ေဖ်ာ္ရည္ေသာက္ခ်င္လို႔ အေမ့ကိုအၿမဲ

ပူဆာတတ္တယ္။အခုလည္းခ်ယ္ရီသီးေတြ

လက္ေဆာင္ရတာနဲ႔ အေမကေဖ်ာ္ရည္

လုပ္ေပးျပန္ၿပီ တကယ္ကိုတိုက္ဆိုင္တာပဲ။


"ဒါနဲ႔..အန္တီေလးေရာ...ရည္းစားေတြဘာေတြ

မရေသးဘူးလား..."


"မိဝိုင္းေလးေနာ္..ငါကဒီအသက္အရြယ္ေရာက္မွ

ရည္းစားထားရအံုးမွာလား...

အိမ္ကိုေရာက္တာနဲ႔ ငါ့ကိုႏိွပ္ကြက္ဖို႔ပဲေတြးေနတာလား.."


"မိဝိုင္းေလး.."ဆိုသၫ့္ေခၚသံကိုၾကားခ်င္၍

တမင္‌ေနာက္လိုက္ေတာ့ ထင္သၫ့္အတိုင္း

ဝိုင္းေလးကိုမ်က္ေစာင္းထိုးလာေလသည္။

ဒီအိမ္မွာက ေယာက္်ားသားရယ္လို႔

မရိွေတာ့ အိမ္မွာလူတစ္ေယာက္ေလ်ွာ့သြားတာနဲ႔

တကယ္ကိုခက္ခဲမွာပဲ။

အေဖကလည္း က်န္းမာေရးမေကာင္းေတာ့

ေနာက္ကို ပိတ္ရက္တိုင္းအိမ္လာလည္ဖို႔

ဆံုးျဖတ္လိုက္မိသည္။


"ဒါနဲ႔ေလ..မမထိပ္ထားေရာမေတြ့ပါလား..

အျပင္သြားတာလား.."


"အမယ္ေလး..အဲ့ေကာင္မေလးအေၾကာင္းေတာ့

မေျပာခ်င္ေတာ့ပါဘူးဟယ္..တစ္ေန့တစ္ေန့

အိမ္မွာကိုမကပ္ဘူး..မနက္ဆိုလည္း

ဆယ္နာရီ၊ဆယ့္တစ္နာရီေလာက္မွအိပ္ယာထတယ္

ၿပီးရင္ အိမ္ကိစၥလည္းတစ္စက္မွကူညီတယ္မရိွဘူး

ညဆိုလည္း ေနာက္က်မျွပန္လာလို႔

ေစာေစာျပန္ပါလို႔ေျပာတာလည္း မရပါဘူးဟယ္.."


"အဲ့ေလာက္ေတာင္ပဲလား..အရင္ကဒီလို

မဟုတ္ပါဘူး.."


"အရင္ကအဲ့လိုမဟုတ္ေပမဲ့..အခုအဲ့လိုျဖစ္ေနၿပီ

ဂ်ပန္ကျပန္လာၿပီးတည္းက သူ႔ကိုယ္သူ

သူေဌးဆိုဒ္ဖမ္းေနတာ..ညည္းအေမနဲ႔ဆိုခဏခဏ

ရန္ျဖစ္သလားမေမးနဲ႔..အေမလည္းမခံဘူး

ျပန္ေအာ္တာသိလား..ငါလည္းဘယ္လိုဆံုးမရမလဲ

မသိေတာ့ပါဘူးဟယ္..."


"မမထိပ္ထားက ဘာလို႔အဲ့လိုျဖစ္သြားရတာလဲ.."


"ဘ၀င္ရူးသြားတာေဟ့..ငါကေတာ့အဲ့လိုပဲ

ထင္တယ္..."


မမထိပ္ထားအေၾကာင္းကို ေျပာလိုက္သည္ႏွင့္

အန္တီေလး၏မ်က္ႏွာဟာ ခ်က္ခ်င္းအိုစာ

သြားသလိုပဲ။

ဝိုင္းေလးအိမ္ကို ျပန္မလာခ်င္ရသၫ့္အဓိက

အေၾကာင္းအရင္းကလဲ မမထိပ္ထားေၾကာင့္ပါပဲ။

သူကဝိုင္းေလးကို အရမ္းမုန္းတီးေနတဲ့လူဆိုေတာ့

သူနဲ႔ ထိပ္တိုက္ေတြ့ရင္ ျပႆနာေတျြဖစ္လာႏိုင္သည္။


အခုေတာ့ ဝိုင္းေလးတင္မဟုတ္ပဲ အိမ္မွာ

သူ႔ေၾကာင့္ က်န္တဲ့လူေတြပါစိတ္ဆင္းရဲေနၾကပံုပဲ

မမထိပ္ထားက ဘာလို႔ဒီေလာက္ဆိုးေနရတာလဲ။

ဂ်ပန္ကျပန္လာၿပီးတည္းက ပိုၿပီးဆိုးေနခဲ့တာဆို

ပိုမွန္လိမ့္မယ္။


"ကဲ..ဒီမွာခ်ယ္ရီသီးေဖ်ာ္ရည္ရပါၿပီ..."


ေမေမက ဖန္ခြက္အျပၫ့္ေဖ်ာ္ရည္ေတြကို

သယ္လာ၍ စိတ္ညစ္စရာေတြကိုေဘးသို႔

ထုတ္လိုက္ၿပီး ခ်ယ္ရီသီးေဖ်ာ္ရည္ကိုသာ

တစ္ခါတည္း ေမာ့ေသာက္ျပစ္လိုက္သည္။

တစ္၀က္ေလာက္ေသာက္ၿပီးမွ..


"အား..အေမေဖ်ာ္ေပးတဲ့လက္ရာကေလ

ဆိုင္ထက္ေတာင္ေကာင္းေနေသးတယ္.."


"အဲ့ဒါေၾကာင့္အေမကေတြးေနတာ..ေဈးထဲက

အထည္ဆိုင္ကို သမီးရဲ့အေဒၚကိုဦးစီးခိုင္းၿပီး

အေမကၿခံေရ႔ွမွာ အေအးဆိုင္ေလးဖြင့္မလားလို႔.."


"အေမရယ္..အေမပင္ပန္းမွာေပါ့.."


"မပင္ပန္းပါဘူးသမီးရယ္..အေမကိုယ္တိုင္ကလည္း အဲ့အလုပ္ကိုဝါသနာပါတယ္ေလ..

မႏၲေလးမွာတုန္းကလည္း ဆိုင္ဖြင့္ခဲ့ေသးတာပဲဥစၥာ

အိမ္ေရ႔ွမွာဆိုင္ေလးဖြင့္လိုက္ရင္

သမီးအေဖကိုလည္း ၾကၫ့္လို႔ရသလို

အေမတို႔လည္းအပို၀င္ေငြတိုးတာေပါ့..."


အေမ့စကားေၾကာင့္ ဝိုင္းေလးတကယ္ကို

မ်က္ရည္ေတာင္ဝဲခ်င္လာသည္။

မမထိပ္ထားကလည္း အိမ္မွာဘာမွမကူေပးေတာ့

အေမပိုပင္ပန္းေနရၿပီေပါ့။

 လစာထုတ္ရင္ ဝိုင္းေလးရသမ်ွ

လစာေတြကို အေမ့ကိုပဲျပန္အပ္မည္ဟု

ဆံုးျဖတ္လိုက္သည္။

ကိုမင္းစက္တို႔အိမ္မွာက ကိုယ္စားခ်င္တာမွန္သမ်ွ

ၾကည္ၾကည္တို႔က လုပ္ေပးေနတာပဲ။

ဒါေၾကာင့္ ဝိုင္းေလးမွာအသံုးမလိုအပ္ပါဘူးေလ။

ကိုယ့္အေတြးႏွင့္ကိုယ္ ေက်နပ္ေနမိၿပီး

ခ်ယ္ရီသီးေဖ်ာ္ရည္ေတြကို ထပ္ေသာက္ေနလိုက္သည္။


ေဒၚတင္မမကေတာ့ ေမဝိုင္းေလးတစ္‌ေယာက္

ခ်ယ္ရီသီးေဖ်ာ္ရည္ေသာက္ေနတာကိုၾကၫ့္ၿပီး တစ္ခုခုကိုသတိရသြားဟန္ျဖင့္ ႃပံုးလိုက္ေလသည္။


"အစ္မကဘာေတြကို သေဘာက်ေနတာလဲ.."


ေဒၚေရႊရည္၀င္းသည္လည္း ေမဝိုင္းေလးေရာက္လာတည္းက မ်က္ႏွာထက္မွာ

အႃပံုးေလးေတြေဝေနေသာ အစ္မျဖစ္သူကို

ၾကၫ့္ကာ သိခ်င္၍ေမးလိုက္ေတာ့သည္။

ေမဝိုင္းေလးသည္လည္း သူ႔အေမဘာေၾကာင့္

ႃပံုးလိုက္သည္ကို သိခ်င္၍မ်က္လံုးေလးေတြ

ဝိုင္းေနေတာ့သည္။


"ေသခ်ာျပန္ေတြးၾကၫ့္လိုက္ေတာ့

ကိုစက္နဲ႔ဝိုင္းေလးက တကယ္ကိုေရစက္ပါတာပဲ.."


"ဘာျဖစ္လို႔လဲအစ္မရဲ့..."


"နင္မွတ္မိေသးလား..ကေလာမွာတုန္းကေလ

ဝိုင္းေလးရဲ့ခ်ယ္ရီသီးျခင္းကို နင့္တူမထိပ္ထားက

ေမွာက္ေအာင္လုပ္ၿပီး ျဖတ္စီးလိုက္လို႔

တစ္ေန့လံုးငိုတာေလ..ေနာက္တစ္ေန့မနက္က်ေတာ့

ခ်ယ္ရီသီးျခင္းတစ္ျခင္း လာေပးတာဘယ္သူလဲ.."


အေမကသေဘာတက်ႏွင့္အန္‌တီေလးကို

လွၫ့္၍ေမးလိုက္ေတာ့ အန္တီေလးကလည္း

မွတ္မိသြားသၫ့္ ပံုစံႏွင့္လက္ခုပ္ထတီးၿပီး

သေဘာတက်ထရယ္ေလသည္။


"ဘယ္သူျဖစ္ရမွာလည္း..အဲ့ဒါက

တို႔ရဲ့သားမက္ေလးကိုစက္ေပါ့..

အဲ့ဒီတုန္းကဝိုင္းေလးကအသက္

၁၀ႏွစ္ေလာက္ပဲရိွအုန္းမယ္..ကိုစက္က

ေလးႏွစ္ေလာက္ ႀကီးတယ္ဆိုေတာ့

ဆယ့္ေလးႏွစ္ေပါ့.."


"အင္း..ေသခ်ာျပန္ေတြးၾကၫ့္ေတာ့ ငါတို႔ရဲ့

သားမက္ေလး‌က ဆယ့္ေလးႏွစ္သားတည္းက

တို႔ကေလးကို အလိုလိုက္ခဲ့တာပဲ.."


"အေမနဲ႔အန္တီေလး..

ဘာေတြေျပာေနၾကတာလဲ..အဲ့တုန္းက

ဝိုင္းေလးကို ခ်ယ္ရီသီးျခင္းအစားေလ်ာ္ေပးတာက အေမတို႔မဟုတ္ဘူးလား.."


"အေမတို႔မဟုတ္ဘူးကဲြ႔..အဲ့ဒါကိုစက္ပဲ

မနက္အေစာႀကီးလာၿပီး အေမတို႔ကိုခ်ယ္ရီသီး

တစ္ျခင္းလာေပးသြားခဲ့တာ..ဝိုင္းေလးကို

ေပးလိုက္ပါတဲ့ေလ..ၿပီေတာ့ခ်ယ္ရီသီးေတြကို

သူေပးတယ္လို႔ မေျပာပါနဲ႔ဆိုၿပီးတားခဲ့လို႔

အေမတို႔က မေျပာခဲ့တာ..

ရတနာ့ကိုေမးၾကၫ့္ေတာ့မွ မနက္အေစာႀကီး

စိုက္ပ်ိဳးေရးၿခံဘက္ကို သြားၿပီးသူကိုယ္တိုင္

ခ်ယ္ရီသီးေတြ သြားခူးလာတာတဲ့ေလ..

အခုျပန္ေတြးၾကၫ့္ေတာ့မွ

အဲ့ေကာင္ေလးက အျပင္ပန္းကသာေအးစက္စက္

ေလးေပမဲ့..တကယ္ကိုစိတ္ထားေကာင္းတာေနာ္"


" ဝိုင္းေလးေရနစ္ေတာ့ ကယ္ခဲ့တာလည္း..

ကိုစက္ပဲမဟုတ္လား.."


အန္တီေလးက ေနာက္ထပ္အေၾကာင္းအရာ

တစ္ခုကို ထပ္ေျပာလိုက္ေတာ့

အေမက သေဘာတက်နဲ႔ထပ္ရယ္လိုက္ျပန္ေလသည္။ဝိုင္းေလးမွာသာ အေမနဲ႔အန္တီေလးတို႔

ႏွစ္ေယာက္ကိုၾကၫ့္ၿပီး လံုး၀နားမလည္ႏိုင္ျဖစ္ေနရ

သည္။


"အေမ..ဝိုင္းေလးေရနစ္တုန္းက

လာကယ္ေပးတဲ့လူကကိုမင္းစက္လား..."


"ဟုတ္တာေပါ့..အဲ့တုန္းကကိုစက္ေၾကာင့္သာ

မဟုတ္ရင္..သမီးေလးအခုလိုအသက္ရွင္ေနပါ့

မလားေတာင္ မသိဘူး..အေမတို႔ကလည္း

ကိုယ့္အလုပ္နဲ႔ကိုယ္ဆိုေတာ့ သမီးတို႔ကို

မၾကၫ့္မိဘူးေလ...ကိုစက္ကသမီးကို

ေရထဲကေနကယ္လာၿပီး တို႔ၿခံကိုေရာက္တဲ့အထိ

ေပြ့လာခဲ့တာကြယ့္..သိပ္ေက်းဇူးတင္ဖို႔

ေကာင္းတာပဲ..သူ႔ေၾကာင့္သာမဟုတ္ရင္

အေမတို႔သမီးကို ဆံုးရႈံးလိုက္ရမွာေလ.."


"ေနပါအံုး..သမီးကမမထိပ္ထားနဲ႔သြားတာေလ

သူကဘယ္လိုလုပ္ၿပီး သမီးေရနစ္တာကိုသိရတာလဲ.."


"ကိုစက္ကိုအေမတို႔ေမးၾကၫ့္တာေတာ့..

ထိပ္ထားကသမီးကို အၿမဲအႏိုင္က်င့္တာ

ေတြ့ရလို႔..ထိပ္ထားကေတာင္ေျခကအိမ္ကို

ေခၚသြားေတာ့ေနာက္ကေနလိုက္သြားတာတဲ့..

အေမလည္းေလ..အဲ့ေန့ကထိပ္ထားကို

စိတ္ဆိုးလြန္းလို႔ ရိုက္ၿပီးဆံုးမလိုက္မိတယ္

ကိုစက္သာမေျပာခဲ့ရင္ ထိပ္ထားကသမီးကို

ေရကန္ထဲ တြန္းခ်လိုက္တာကို

သိရမွာမဟုတ္ဘူးေလ.."


အေမ့ေျပာျပသၫ့္ ကေလးဘ၀က

အေၾကာင္းအရာေတြကို

 နားေထာင္ၿပီးေနာက္မွာေတာ့

စိတ္ထဲမွာ ေနာင္တရသလိုလို၊ေပ်ာ္သလိုလို

ျဖစ္လာ ေလသည္။

ဝိုင္းေလးကို ခ်ယ္ရီျခင္းႀကီးလက္ေဆာင္ေပးခဲ့တာက မေမတို႔မဟုတ္ပဲကိုစက္တဲ့ေလ။


ေနာက္ၿပီး ဝိုင္းေလးကိုေရကန္ထဲကေန

ကယ္ထုတ္ေပးခဲ့တာလည္း သူပဲတဲ့။

သူဟာ ဝိုင္းေလးရဲ့အသက္ကယ္ႀကိဳးတစ္မ်ွင္

ျဖစ္ခဲ့တာပဲ။

ၿပီးေတာ့ သူဟာအခုဝိုင္းေလးရဲ့အမ်ိဳးသား

ျဖစ္ေနၿပီ။


တိုက္ဆိုင္မႈႀကီးက တကယ္ကိုမယံုႏိုင္ေလာက္စရာပဲ။

သူနဲ႔ပတ္သတ္ရင္ ဝိုင္းေလးအတြက္အမွတ္ရေနတာေတြက မုန္းတီးစရာေတြခ်ည္းပဲျဖစ္ေနခဲ့ေပမဲ့

အမွန္တကယ္ေတာ့ သူဟာဝိုင္းေလးထင္သလို

မဟုတ္ေနဘူးပဲ။

အမူအရာေတြက ေအးစက္ေပမဲ့ႏွလံုးသားက

ေနြးေထြးေနတဲ့လူတစ္ေယာက္ျဖစ္ေနခဲ့တယ္

လူတစ္ေယာက္ကို ကူညီၿပီးရင္ေတာင္

နာမည္ေကာင္းမယူတတ္တဲ့ လူမ်ိဳးေပါ့။


‌ဝိုင္းေလးေရနစ္ခဲ့တဲ့ေနရာက

 ေတာင္ေျခဘက္မွာဆိုေတာ့ 

အိမ္အထိေရာက္လာေအာင္ဝိုင္းေလးကို

သူခက္ခက္ခဲခဲနဲ႔ သယ္လာခဲ့ရမွာေပါ့။

ၿပီးေတာ့ ေရကန္ထဲကေနကယ္လာတဲ့အခ်ိန္မွာ

ဝိုင္းေလးကို သူCPRလုပ္ေပးခဲ့ေသးသလိုပဲ။

ထိုအေၾကာင္းကို ျပန္ေတြးၾကၫ့္လိုက္ေတာ့

ဝိုင္းေလး၏ မ်က္လံုးေတြခ်က္ခ်င္းျပဴးက်ယ္

သြားမိေလသည္။


*ဒါဆိုဝိုင္းေလးရဲ့ပထမဆံုးအနမ္းက

အသက္ဆယ့္တစ္ႏွစ္အရြယ္မွာေပါ့...

ၿပီးေတာ့ အဲ့ဒီ့လူကလည္းသူပဲ...*


🍒🍒🍒🍒🍒🍒🍒


ကဲ အခုေတာ့ မေရႊဝိုင္းတို႔

ေယာက္်ားကို အိမ္ဦးခန္းမွာထားရမွန္းသိေလာက္ၿပီေပါ့..🤭