(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၂၈)
💘မာနမင်းသားနှင့်ရွှေဖူးစာ💘
မျက်၀န်းတွေကို မှိတ်ထားမိပေမဲ့ဝိုင်းလေး၏
အသိဉာဏ်အားလုံးသည် လေဟာနယ်တစ်ခုထဲသို့ရောက်သလိုဖြစ်နေပြီး အမှောင်ရိပ်သည်
ဝိုင်းလေး၏ စိတ်ဝိဉာဉ်တွေအားလုံးကို
လွှမ်းခြုံထားတယ်။
ဘယ်နေရာကိုရောက်နေသလဲမသိပေမဲ့
မှောင်မဲပြီး ကြောက်စရာကောင်းသည့်
ပတ်၀န်းကျင်ကိုရောက်နေတာတော့ သေချာတယ်။
ခပ်မြင့်မြင့်ပြူတင်းပေါက်ငယ်လေးဆီမှ
လရောင်က အခန်းထဲသို့၀င်လာပေမဲ့
ထူးထူးခြားခြား ထိန်လင်းသွားတာမျိုးတော့
ဖြစ်မလာခဲ့ပေ။
ထိုအချိန်မှာ အခန်းထဲသို့အရိပ်မဲကြီးတစ်ခု
၀င်လာတာကို သိလိုက်ပြီးနောက်
ခဏအကြာမှာ အသံနက်ကြီးတစ်ခုက
ပတ်၀န်းကျင်ကို လွှမ်းခြုံသွားစေသည်။
ထိုအသံဟာ ဝိုင်းလေး၏အော်ငိုသံဖြစ်ပြီး
ကြောက်ရွံ့မှုတွေပြည့်နှက်နေကာ စူးရှနေသည်။
ခန္ဓာကိုယ်ကိုရစ်ပတ်ချုပ်နှောင်ထားသော
ထိုအရိပ်မည်းကြီးကြောင့် နှလုံးသားအောက်ခြေ
ကနေပါ ကြောက်ရွံ့ထိတ်လန့်နေမိတယ်။
တစ်ကိုယ်လုံးကထုံကျဉ်အေးစက်နေပြီး
အင်အားသေးသေးလေးနဲ့တတ်နိုင်သလောက်
ကြိုးစားရုန်းကန်မိပေမဲ့ မျက်ရည်တွေကသာ
အားကိုးရာ လက်နက်ဖြစ်နေခဲ့တယ်။
"အမေရေ....သမီးကိုကယ်ပါအုံး.."
ည၏အမှောင်ကို ဖောက်ခွင်းပြီး ကလေးအသံလေးသည် စူးရှစွာထွက်ပေါ်လာခဲ့ပေမဲ့ ရုတ်တရတ်
ထိုအရိပ်မဲကြီးက ဝိုင်းလေး၏ပါးစပ်ကို
၎င်း၏အေးစက်နေသော လက်ကြီးများအား
အသုံးပြုကာ ဆွဲပိတ်ချလိုက်တယ်။
"အမေ့...
အိပ်မက်ဆိုးက ဘယ်လောက်တောင်ကြာမြင့်သွားသလဲ မသိပေမဲ့ဝိုင်းလေးလန့်နိုးလာတဲ့အချိန်မှာ
ခေါင်းအုံးပေါ်၌ မျက်ရည်တွေရွှဲနေလေပြီ။
နှလုံးခုန်နှုန်းတွေပါ မြန်ဆန်လာပြီး
ရင်တုန်နေ၍ ရေသောက်ရန်အိပ်ယာမှ
ထဖို့ပြင်လိုက်တော့ ခါးပေါ်တွင်တင်ထားသော
လက်တစ်စုံကြောင့် ချက်ချင်းထဖို့ရန်
အခက်အခဲဖြစ်သွားခဲ့သည်။
ရုတ်တရက်ဆိုတော့ ထိတ်လန့်သွားပြီး
ခေါင်းကို နဲနဲကြွကာအနောက်သို့
ဖြည်းဖြည်း လှည့်ကြည့်လိုက်မိတော့
"ဘုရားရေ..!!"အိပ်မက်ဆိုးမက်တာထက်ပင်
ပိုထိတ်လန့်စရာကောင်းနေသည့် လူကို
တွေ့လိုက်ရသလို မျက်လုံးအိမ်တွေပါ
ပြူးကျယ်ကုန်သည်။
ကုတင်ကကြီးပြီး မွေ့ယာကအိစက်နေကာ
နေရာကျယ်ပေမဲ့ နှစ်ယောက်သားကတော့
တစ်နေရာတည်းမှာသာ နီးနီးကပ်ကပ်ရှိနေကြ
လေသည်။
သေးသွယ်သော ဝိုင်းလေး၏ခန္ဓာကိုယ်သည်
ရင်ခွင်ကျယ်ကြီးတစ်ခုထဲတွင်
နစ်မြှုပ်နေလေသည်။
ဦးမင်းစက်အာဏာသည် ဝိုင်းလေး၏
အနားမှာ လာကပ်ပြီးအိပ်နေသည်တဲ့။
သူကစင်္ကာပူမှာ မဟုတ်ဘူးလား။
ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ။
နံရံကပ်နာရီကို လှမ်းကြည့်လိုက်မိတော့
မနက်ခြောက်နာရီထိုးနေလေပြီ။
"ကိုမင်းစက်...ကိုမင်းစက်.."
"အင်း!!!"
သူ့နာမည်ကိုခေါ်ကာ နှိုးကြည့်ပေမဲ့ညီးတွားသံ
သာ ကြားလိုက်ရပြီးဝိုင်းလေး၏
ခါးပေါ်တွင်ရှိနေသော လက်မောင်းအားက
ပိုမိုတင်းကြပ်သွားတာကို ခံစားလိုက်ရပြီးနောက်
သူ့ရင်ခွင်ထဲသို့ လုံးလုံးလျားလျားကျရောက်သွားတော့သည်။
ဝိုင်းလေး၏ သေးသွယ်သောခြေထောက်လေးပေါ်သို့ တင်ထားသောသူ့ခြေထောင်တစ်ချောင်းကြောင့်
လူက လှုပ်၍တောင်မရတော့သလိုပဲ။
ဒီလူက ဖက်ထားတာလား..ချုပ်ထားတာလား
မသဲကွဲတော့ဘူး။
ဝိုင်းလေး၏မျက်နှာတစ်ခုလုံးဟာ ထူပူပြီး
နီရဲလာသလို ခံစားလိုက်ရသည်။
အခုအခြေအနေက ဘယ်လိုကြီးလဲ။
ခရီးထွက်သွားတုန်းက လူကိုအသိတောင်မပေးခဲ့ပဲ
ပြန်ရောက်လာတော့ ဒီလိုမျိုးထူးထူးဆန်းဆန်းတွေ
လုပ်နေခဲ့တယ်။
သူခရီးပန်းနေလို့ အိပ်နေသည်ဟုတွေးလိုက်မိ၍
ညိမ်ညိမ်လေးနေဖို့ရန် တွေးလိုက်မိစဉ်မှာပဲ
နောက်ထပ် ထူးခြားမှုတစ်ခုကို
ထပ်ပြီး သတိထားလိုက်မိသည်။
ဝိုင်းလေးသည် ခေါင်းအုံးနဲ့အိပ်နေခြင်းမဟုတ်ပဲ
သူ့လက်မောင်းအပေါ် ခေါင်းတင်ကာအိပ်နေမိခြင်း
ဖြစ်သည်။
ဘာကြောင့် ဒီလိုကြီးအိပ်နေမိရတာလဲ။
သူကပဲ လိုလိုလားလားဒီလိုဖြစ်ခွင့်ပေးထားတာလား။ဝိုင်းလေးကပဲ သူ့ဆီကိုတိုး၀င်ခဲ့တာလား
မခွဲခြားတတ်တော့ပေ။
ဝိုင်းလေး၏ကျောပြင်သည် သူ့ရင်အုံနှင့်
ထိကပ်နေ၍ စည်းချက်ညီညီရွေ့လျားနေသော
သူ့နှလုံးခုန်သံတွေကိုပင် ကြားနေရသလို
ခံစားလိုက်မိသည်။
ဝိုင်းလေး၏ ခန္ဓာကိုယ်ဟာရှက်စိတ်ကြောင့်
အေးခဲနေသလောက် သူ့ရင်ခွင်ကတော့
တကယ်ကို နွေးထွေးလွန်းတယ်။
ခါးပေါ်မှာ တင်းတင်းကြပ်ကြပ်ဖက်တွယ်ထားသော
သူ့လက်၏အပူချိန်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ
သွေးတွေကိုတောင် ပြောင်းပြန်စီးဆင်း
စေနိုင်သည်။
ရုန်းထွက်ချင်ပေမဲ့ ဒီခံစားချက်ကိုလည်း
နှစ်သက်နေမိတယ်။
တစ်စုံတစ်ယောက်ကို အားကိုးလိုသည့်ခံစားချက်
တစ်ခုက မဖိတ်ခေါ်ပဲအလိုလိုရောက်ရှိလာကာ
နှလုံးသားတစ်ခုလုံးကို နွေးထွေးစေသည်။
နေသားမကျသေးသောအထိအတွေ့တစ်ခုပေမဲ့
သဘောကျနေမိတာ ဘာကြောင့်များလဲ။
ဒီနေ့အိပ်မက်ဆိုးမက်ခဲ့ပေမဲ့ သူကနွေးနွေးထွေးထွေးဖက်ပေးထားလို့သာ
အရင်လိုဆိုး၀ါးစွာလန့်မနိုးတာ ဖြစ်လိမ့်မည်။
သူဟာ ဝိုင်းလေးအငိုတိတ်အောင် လျှို့ဝှက်ပြီး
ချယ်ရီသီးခြင်း လာပေးခဲ့တဲ့လူဖြစ်တဲ့အပြင်
ဝိုင်းလေးရဲ့ ကယ်တင်ရှင်လည်းဖြစ်တယ်။
အခုသူက ဝိုင်းလေး၏အမျိုးသားပါဖြစ်လာခဲ့ပြီ။
ဒါဟာ တကယ်ပဲဖူးစာလို့ခေါ်တာလား။
ညိမ်ညိမ်လေးနေကာ အတွေးများနေစဉ်မှာပဲ
ခါးပေါ်မှ သူ့လက်ကိုဖယ်ပေးလာပြီး
မွေ့ရာ၏အခြားဘက်သို့ လှည့်သွားသောကြောင့်
ဝိုင်းလေးလည်း ချက်ချင်းထလိုက်မိသည်။
နာရီကိုကြည့်လိုက်တော့ ခြောက်နာရီခွဲတော့မည်မို့
အိပ်ယာမှ ချက်ချင်းထပြီး
ရေချိုးခန်းထဲသို့သာ ပြေးလာခဲ့လိုက်သည်။
"ဘုရားရေ..ငါ့မျက်နှာကြီးတကယ်နီနေတာပဲ.."
မှန်ထဲကိုကြည့်လိုက်တော့ ပါးမို့တွေရော၊
နားရွက်တွေပါ နီနေတာကိုတွေ့လိုက်ရသည်။
စိတ်လှုပ်ရှားနေတာကို အမြန်ပြန်ပြင်လိုက်ပြီး
တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ကာ
အခန်းထဲသို့ပြန်ရောက်တော့
ဦးမင်းစက်က အိပ်နေတုန်းမို့သာ တော်တော့သည်။
ဝိုင်းလေးလည်း အမြန်ပြင်ဆင်လိုက်ပြီးနောက်
မနက်စာ စားရန်အောက်ထပ်သို့အမြန်ဆင်းသွားလိုက်သည်။
ကိုယ်ကသာ ဒီနေ့တမူထူးခြားနေတယ်လို့
ခံစားနေရပေမဲ့ အိမ်အလုပ်သမားတွေကတော့
သူတို့အလုပ်ကိုသာ ပုံမှန်အတိုင်းလုပ်နေကြပြီး
ဘာမှထူးခြားမနေပေ။
ထမင်းစားခန်းထဲသို့ ၀င်လိုက်တော့ကြည်ကြည်က
မနက်စာကို ပြင်ပေးလာသည်။
"မမဝိုင်းလေး..နေကောင်းရဲ့လား.."
"ကောင်းပါတယ်..ဘာဖြစ်လို့လဲ.."
"ဟိုလေ..မမရဲ့နားရွက်တွေနီနေလို့
ဖျားများဖျားနေတာလားလို့.."
"မဖျားပါဘူးဟယ်.."
"ဒါဆိုရင်ဘယလို့ နားရွက်တွေနီနေရတာလဲ
တစ်ကောင်ကောင်ကိုက်လိုက်လို့လား.."
"ဟာ..ကြည်ကြည်..နင်နော်ဘာတွေ
လျှောက်ပြောနေတာလဲ..
တော်ပြီဟာငါသွားတော့မယ်.."
ကြည်ကြည်က အတင်းမေးနေတော့
မနက်ကအခြေအနေကို ပြန်တွေးမိပြီး
ရှက်ကြောက တဖန်နိုးကြားလာပြန်သည်။
ထို့ကြောင့် ထမင်းချိုင့်နှင့်အိတ်ကိုယူပြီး
ထမင်းစားခန်းထဲမှ ထပြေးမိတော့အပေါက်၀တွင်
တစ်စုံတစ်ယောက်နှင့် သွား၍တိုက်မိသည်။
"ဖြည်းဖြည်းလျှောက်မှပေါ့
ဘာလို့အလျှင်လိုနေတာလဲ.."
ကြည်လင်ပြီး ဩရှသောအသံတစ်ခုက နားထဲသို့
၀င်လာ၍ ကိုယ်တိုက်မိသည့်လူကိုမော့ကြည့်
လိုက်တော့...
"ကိုမင်းစက်..ရှင်လား.."
"ဟုတ်တယ်လေကိုယ်ပဲ..!!!"
လက်ကိုပိုက်ထားပြီး ပြောနေပုံကဝိုင်းလေးကို
ဖက်လုံးလိုသဘောထားခဲ့တာ သူမဟုတ်တဲ့အတိုင်းပဲ။
ဝိုင်းလေးကသာ ရှက်နေတာသူ့ရုပ်ကတော့
ဘယ်လိုမှ မနေသလိုပဲ။
"မင်းနေကောင်းရဲ့လား..."
"ကောင်းပါတယ်..ဘာဖြစ်လို့လဲ.."
"နားရွက်တွေနီနေလို့လေ..နေမကောင်းရင်လည်း
ဒီနေ့အလုပ်နားလိုက်ပေါ့.."
"ဟာ..ဘာတွေလာပြောနေတာလဲ.."
ရှက်ရှက်နှင့် သူ့ဘေးနားမှာ ကျော်လျှောက်လာတဲ့
အချိန်၌ ဝိုင်းလေး၏လက်ကောက်၀တ်လေးဟာ
နွေးကနဲဖြစ်သွားခဲ့သည်။
သူဆုပ်ကိုင်ထားသည့် လက်ကောက်၀တ်နေရာကို
ကြည့်လိုက်ကာ သူ့မျက်နှာဆီသို့အကြည့်တဖန်
ရောက်သွားမိတော့ ပြုံးပြလာသော
အပြုံးလွင်လွင်လေးက လူကိုကြက်သေသေသွားစေနိုင်လောက်သည်။
*အမယ်လေး..ရေခဲနတ်ဘုရားကငါ့ကို
ပြုံးပြနေတာပါလား..*
"အလုပ်ကို..ကိုယ်နဲ့အတူသွားရအောင်.."
သူပြောလိုက်တာက တစ်ခွန်းတည်းဆိုပေမဲ့
ဝိုင်းလေး၏နားထဲမှာတော့ ထိုစကားကိုပဲ
ထပ်ခါထပ်ခါ ပြန်ကြားယောင်နေမိသည်။
သူ့အသံက ထူးခြားစွာနူးညံ့နေပြီး
သူ့အပြုံးကလည်း ဟန်ဆောင်နေတာနဲ့မတူဘူး။
သူနဲ့ အခြားဘာပြဿနာမှမရှိထားရင်
ဒီလောက်နတ်ဘုရားလို ချောတဲ့ရုပ်ရည်နဲ့
ပြုံးပြနေတာကို ဘယ်သူကအရည်မပျော်ပဲ
ရှိပါ့မလဲ။
ဖျားနေတာက..သူမဟုတ်ဘူးလား..
ခရီးသွားပြီး ပြန်လာတည်းကထူးဆန်းနေတာ။
ဇာတ်ကားတွေထဲကလို နောက်တစ်ကိုယ်ခွဲများလား။
အမျိုးမျိူး လျှောက်တွေးနေမိပြီးနောက်
ဝိုင်းလေး၏လက်ကို သူဖမ်းဆုပ်ထားသေးမှန်း
သတိရသွား၍ ပြန်ရုန်းလိုက်ကာ သူ့မျက်၀န်းတွေကို
မဝံ့မရဲ ပြန်ကြည့်လိုက်မိသည်။
"ကျေးဇူးတင်ပါတယ်..ဒါပေမဲ့မလိုပါဘူး.."
ချက်ချင်းလှည့်ထွက်လာလိုက်ပြီးနောက်
သူ့ကွယ်ရာသို့ရောက်မှ သက်ပြင်းချနိုင်တော့သည်။
စိတ်ထဲက ခံစားချက်ကိုမျက်နှာမှာ မပေါ်အောင်
ထိန်းထားလိုက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း
ပြန်၍ချီးကျူးနေမိသည်။
"အရမ်းတော်တဲ့ငါပါလား..နောက်ဆုံးတော့
သူ့ကိုချေမိုးနိုင်ခဲ့ပြီ..သူအရင်ကငါ့အပေါ်မှာ
ကောင်းပေးခဲ့တယ်ဆိုရင်တောင်
ငါ့နဲ့ငါ့မိသားစုကိုငွေမက်တယ်ဆိုပြီး
စွပ်စွဲခဲ့တာကိုတော့မေ့ပြစ်လို့မရဘူး..
မင်္ဂလာဦးညမှာတင်
နှစ်လတိတိအဆက်အသွယ်ဖြတ်ပြီး
ခရီးထွက်သွားတဲ့လူကို ညှာတာပေးစရာမလိုဘူး
..သူ့လိုလူမျိုးရဲ့စိတ်က
အစိုးရတာမဟုတ်ဘူး..ငါ့တန်ဖိုးကိုငါ
မြှင့်တင်ရမှာပဲ..သူစွဲဆောင်တာကို
လုံး၀ပါသွားလို့မဖြစ်ဘူး.."
"တူမကြီး တစ်ယောက်တည်းစကားတွေ
ပြောနေတာလား.."
"ဟင်.."
အသံကြားတော့မှ ဘေးသို့လှမ်းကြည့်လိုက်တော့
ခြံစောင့် ဦးလေးကြီးကိုက ဝိုင်းလေးကို
ပြူးတူးတူးလေး ကြည့်နေမှန်းသိလိုက်ရ၍
အရမ်းရှက်သွားမိသည်။
ထို့ကြောင့် ကိုယ်ဘာမှမလုပ်ခဲ့သလိုရယ်ကျဲကျဲ
လေးသာ လုပ်လိုက်ပြီးလမ်းထိပ်သို့
ပြေးမိလေတော့သည်။
❤️❤️❤️❤️❤️❤️❤️
"မေဝိုင်းလေးရေ..နင့်ကိုလာတွေ့တဲ့လူရှိတယ်.."
ပစ္စည်းတွေထုတ်ပိုးနေတုန်း
သိမ့်သိမ့်က အခန်းထဲသို့၀င်လာပြီး
ပြောလိုက်လေသည်။
ကုမ္ပဏီအထိ လာတွေ့ရအောင်ဘယ်သူများပါလိမ့်။
"ဘယ်သူလာတွေ့တာလဲ.."
"အဲ့ဒါတော့ငါလည်းမမေးလိုက်မိဘူး..
receptionကကောင်မလေးနဲ့အပေါက်၀မှာ
ဆုံလို့ သူကနင့်ကိုပြောပေးပါဆိုတာနဲ့
ငါလည်းလာပြောတာ .."
"ဟုတ်ကဲ့..အဲ့ဒါဆိုဝိုင်းလေးထွက်တွေ့လိုက်အုံးမယ်.."
သိမ့်သိမ့်ကို ပြောခဲ့ပြီးဝိုင်းလေးလည်း
ဧည့်တွေ့သည့်နေရာသို့ ထွက်လာခဲ့လိုက်သည်။ဧည့်တွေ့သည့် နေရာသို့ရောက်တော့
မဇင်နှင့်အတူ ယောက်ျားတစ်ယောက်က
အတူထိုင်စောင့်နေတာကို တွေ့လိုက်ရသည်။
မဇင်ကတော့ ပုံမှန်အတိုင်းစမတ်ကျကျ
၀တ်စားထားပေမဲ့ ဘေးနားကကောင်လေးကတော့ လျှာထိုးဦးထုပ်အနက်ရောင်ကို
ဆောင်းထားပြီး နှာခေါင်းစည်းကိုပါ
တပ်ထားလေသည်။
သူဟာ ကိုဦးမှန်းရိပ်မိလိုက်သည့်
အချိန်မှာတော့ ဝိုင်းလေးသူတို့ဆီသို့
ပြေးသွားလိုက်မိလေသည်။
"မဇင်တို့..ကိုဦးတို့ကအလုပ်ကို
ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ.."
ဝိုင်းလေးက မေးလိုက်တော့မဇင်က
ဘာမှမပြောပဲ ပြုံးရုံသာပြုံးပြလာသည်။
ကိုဦးကလည်း ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီးပြုံးနေသည်ဟု ထင်ရလောက်အောင်
မျက်လုံးလေးတွေက လခြမ်းကဲ့သို့
ကွေးညွှတ်သွားလေသည်။
"ကိုယ့်သူငယ်ချင်းဆီကိုလာလည်တာလေ
ကိုယ်မြန်မာပြည်ကို ပြန်လာပြီးတည်းက
သူရောကိုယ်ရော မအားတာနဲ့မတွေ့ဖြစ်ကြဘူး..အဲ့ဒါသူ့ဆီကိုအလည်လာရင်းနဲ့
ဝိုင်းလေးကို လာတွေ့လိုက်တာ
ကိုယ့်ကြောင့် အနှောက်အယှက်ဖြစ်မသွားပါဘူးနော်.."
"မဖြစ်ပါဘူးကိုဦးရဲ့.."
၀င်း၏ဟန်ဆောင်ကောင်းမှုကြောင့်
သဇင်တစ်ယောက် အံကိုကြိတ်ပြီး
မရယ်မိအောင် မနည်းထိန်းနေလေသည်။
နောက်ရက်နည်းနည်းဆို ရှိုးပွဲကစတော့မှာမို့
ရီဟာဇယ်လုပ်နေရင်းတန်းလန်းကြီး
လစ်ထွက်မယ်လုပ်လေရဲ့။
ကိုယ်လည်းဘယ်ရမလဲ။
သူ့မန်နေဂျာဖြစ်တည်းက သူ့အကြောင်းကို
သိတာ အံတောင်တိုနေပြီ။
ဒါပေမဲ့ အချစ်နဲ့ထိတွေ့မိတဲ့
အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို
ဘယ်လိုလုပ်ပြီး တားနိုင်ပါ့မလဲ။
ကိုယ်လည်း အိမ်ထောင်မကျသေးတော့
၀ဋ်အလည်မခံနိုင်ပေ။
ဒီတော့ သူ့နောက်ကိုကိုယ်ပါလိုက်ခဲ့ရတာပေါ့။ကိုယ်သာ မလိုက်ရင်၀င်းတစ်ယောက်
ဒီနေ့တစ်နေ့လုံး ရီဟာဇယ်လုပ်ဖို့ပြန်လာတော့မှာ မလုပ်လောက်တော့ဘူးလေ။
ဒီမျောက်လောင်းက နာမည်ကြီးအဆိုတော်
ဆိုပေမဲ့ တကယ်ထိန်းရခက်တယ်။
"ဝိုင်း၀ိုင်းဒီနေ့ မျက်နှာလေးပြည့်နေတယ်နော်..ညတုန်းကအိပ်ရေး၀ခဲ့လို့ထင်တယ်.."
"ရှင်.."
ညတုန်းကအိပ်ရေး၀ခဲ့တဲ့ ကိစ္စကပါလာတော့
မျက်နှာတွေ ပြန်၍ထူပူချင်လာလေသည်။
ဒီနေ့တစ်နေ့လုံး ဘာဖြစ်နေကြတာလဲမသိဘူး။လူတိုင်းက ဝိုင်းလေးရဲ့မျက်နှာကိုပဲ
ကြည့်နေကြသလိုပဲ။
"ဝိုင်းဝိုင်း..ဒီနေ့ဘယ်အချိန်အလုပ်ဆင်းမှာလဲ"
"ဘာဖြစ်လို့လဲကိုဦးရဲ့.."
"ကိုယ်..အရေးတကြီးပြောစရာရှိလို့.."
"အရေးကြီးတယ်ဟုတ်လား..ဒါဆိုရင်
အခုပြောလိုက်ပါလား.."
"ဟာ..အခုတော့ပြောလို့မဖြစ်ဘူး..
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ပြောမဲ့စကားက
ခဏလေးပြောလို့ရတဲ့ အကြောင်းအရာ
မဟုတ်လို့...တစ်နာရီလောက်ပါပဲ..
ကိုယ့်ကိုတစ်နာရီလောက်ပဲ အချိန်ပေးပါကွာ"
"ကောင်းပြီလေ..အဲ့ဒါဆိုလည်း
ညနေအလုပ်ဆင်းခါနီးကျရင်
ဝိုင်းလေးဖုန်းဆက်လိုက်မယ်နော်..
ဝိုင်းလေးတို့ ဆားဗစ်သမားတွေက
အချိန်အတိအကျသိပ်မရှိလို့
အရမ်းစောရင်လည်း စောသွားနိုင်တယ်.."
"ကောင်းပြီ..ဘယ်အချိန်ပဲအလုပ်ဆင်းဆင်း
ကိုယ့်ကိုဖုန်းဆက်လိုက်နော်.."
"ဟုတ်ကဲ့..အခုလောလောဆယ်တော့
ဝိုင်းလေးအလုပ်ပြန်၀င်လိုက်အုံးမယ်နော်.."
"အင်း.."
ဝိုင်းလေးထွက်သွားသည်နှင့် ၀င်းနှင့်မဇင်သည်လည်း ဓာတ်လှေကားဖြင့်စီအီးအို၏
ရုံးခန်းဆီသို့ တက်လာခဲ့လိုက်သည်။
ဓာတ်လှေကားထဲသို့ရောက်သည်နှင့်
နှာခေါင်းစည်းကိုချွတ်ကာ ပြုံးပျော်နေသော
၀င်းကိုကြည့်ပြီး မဇင်ပါအလိုလိုလိုက်ပြုံးမိလေသည်။
"ဘာလဲ..ဒီညကောင်မလေးကိုချစ်ခွင့်
ပန်မလို့လား.."
"ဟာ..မဇင်ကဘယ်လိုသိသွားတာလဲ.."
"အမယ်လေး..အစ်မကမင်းရဲ့မန်နေဂျာပါနော် ၀င်းဘယ်ခြေလှမ်း..လှမ်းမလဲဆိုတာ
မရိပ်မိပဲ နေပါ့မလား.."
မဇင်က ပွင့်ပွင့်လင်းလင်းမေးလိုက်တော့
၀င်းလည်း အနည်းငယ်ရှက်သွားပြီး
သူ့လည်ဂုတ်ကို သူပြန်ပွတ်သပ်လိုက်မိသည်။
"ကျွန်တော့်ပုံစံက အဲ့လောက်ပဲသိသာနေတာလား..ဟုတ်တယ်..ကျွန်တော်ဝိုင်းဝိုင်းကို
ပရိုပို့စ်လုပ်မလို့စဉ်းစားထားတာ..
ကျွန်တော်အကြာကြီးမစောင့်ချင်တော့ဘူး
ဖြစ်နိုင်ရင် လက်ထက်ခွင့်ပါတောင်းချင်တာ.."
"အမယ်လေး၀င်းရယ်..
တစ်ဆင့်ချင်းပဲသွားစမ်းပါ..ကောင်မလေးလန့်သွားပါအုံးမယ်..နင့်ဟာက
ပြန်တွေ့တာဖြင့် သိပ်မကြာသေးဘူး
အရမ်းအကဲပိုလွန်းမနေဘူးလား.."
"ဟုတ်တယ်..သူ့အတွက်အရမ်းကြီး
ရုတ်တရက်ဆန်သွားမှာစိုးလို့သာ
လက်ထက်ခွင့်တောင်းမဲ့ အစီအစဉ်ကို
ရုတ်သိမ်းလိုက်တာ.."
"၀င်းသူ့အပေါ်မှာ ဘယ်လောက်ချစ်သလဲဆိုတာ အစ်မမြင်နေရပါတယ်..
ကံကောင်းပါစေနော်.."
"ကျေးဇူးတင်ပါတယ်မဇင်.."
"ဒါနဲ့အခု၀င်းကကိုမင်းစက်ကို ဘာကိစ္စ
တွေ့ချင်ရတာလဲ.."
"ကျွန်တော်လည်း မကြာခင်မှာစွံတော့မဲ့
အကြောင်း ကြွားရအောင်လို့လေ
ဝိုင်းလေးနဲ့ပြန်တွေ့တော့မှ သူ့ကိုကြွားမယ်လို့
ဆုံးဖြတ်ထားတာ အခုအချိန်တန်ပြီလေ.."
ပြုံးပျော်နေသော ၀င်း၏မျက်နှာသည်
ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်ဟုသဇင်တွေးလိုက်မိသည်။မေဝိုင်းလေး အရမ်းကံကောင်းမှာပါ။
၀င်းဟာ ကျော်ကြားတဲ့လူတစ်ယောက်ဆိုပေမဲ့
ပျော်တတ်ပြီးပွင့်လင်းစွာ နေတတ်သူမို့
လူတစ်ယောက်ကိုချစ်ရင်လည်း အစွမ်းကုန်
ပုံအောပြီး ချစ်မှာသေချာတယ်။
ကောင်မလေးကသာ "ချစ်တယ်.."လို့
အဖြေပြန်ပေးရင် အခုချက်ချင်းတစ်ကမ္ဘာလုံး
သိအောင် ချပြတော့မဲ့အတိုင်းပဲ။
၀င်းလိုချစ်တတ်လွန်းသူကို မေဝိုင်းလေးလည်း တကယ့်မေတ္တာအစစ်နဲ့တုန့်ပြန်ပါစေလို့ ဆုတောင်းမိပါတယ်။
🌹🌹🌹🌹🌹🌹
၀င်းအတွက်အရင်ငိုလိုက်အုံးမယ်နော်😭
နောက်အခန်းကစပြီး ဇာတ်ရှိန်အမြင့်ပိုင်းကို
ရောက်လာမှာပါ
=========================================================================
အခန္း(၂၈)
💘မာနမင္းသားႏွင့္ေရႊဖူးစာ💘
မ်က္၀န္းေတြကို မိွတ္ထားမိေပမဲ့ဝိုင္းေလး၏
အသိဉာဏ္အားလံုးသည္ ေလဟာနယ္တစ္ခုထဲသို႔ေရာက္သလိုျဖစ္ေနၿပီး အေမွာင္ရိပ္သည္
ဝိုင္းေလး၏ စိတ္ဝိဉာဉ္ေတြအားလံုးကို
လႊမ္းႃခံုထားတယ္။
ဘယ္ေနရာကိုေရာက္ေနသလဲမသိေပမဲ့
ေမွာင္မဲၿပီး ေၾကာက္စရာေကာင္းသၫ့္
ပတ္၀န္းက်င္ကိုေရာက္ေနတာေတာ့ ေသခ်ာတယ္။
ခပ္ျမင့္ျမင့္ျပဴတင္းေပါက္ငယ္ေလးဆီမွ
လေရာင္က အခန္းထဲသို႔၀င္လာေပမဲ့
ထူးထူးျခားျခား ထိန္လင္းသြားတာမ်ိဳးေတာ့
ျဖစ္မလာခဲ့ေပ။
ထိုအခ်ိန္မွာ အခန္းထဲသို႔အရိပ္မဲႀကီးတစ္ခု
၀င္လာတာကို သိလိုက္ၿပီးေနာက္
ခဏအၾကာမွာ အသံနက္ႀကီးတစ္ခုက
ပတ္၀န္းက်င္ကို လႊမ္းႃခံုသြားေစသည္။
ထိုအသံဟာ ဝိုင္းေလး၏ေအာ္ငိုသံျဖစ္ၿပီး
ေၾကာက္ရြံ႔မႈေတျြပၫ့္ႏွက္ေနကာ စူးရွေနသည္။
ခႏၶာကိုယ္ကိုရစ္ပတ္ခ်ဳပ္ေနွာင္ထားေသာ
ထိုအရိပ္မည္းႀကီးေၾကာင့္ ႏွလံုးသားေအာက္ေျခ
ကေနပါ ေၾကာက္ရြံ႔ထိတ္လန႔္ေနမိတယ္။
တစ္ကိုယ္လံုးကထံုက်ဉ္ေအးစက္ေနၿပီး
အင္အားေသးေသးေလးနဲ႔တတ္ႏိုင္သေလာက္
ႀကိဳးစားရုန္းကန္မိေပမဲ့ မ်က္ရည္ေတြကသာ
အားကိုးရာ လက္နက္ျဖစ္ေနခဲ့တယ္။
"အေမေရ....သမီးကိုကယ္ပါအံုး.."
ည၏အေမွာင္ကို ေဖာက္ခြင္းၿပီး ကေလးအသံေလးသည္ စူးရွစြာထြက္ေပၚလာခဲ့ေပမဲ့ ရုတ္တရတ္
ထိုအရိပ္မဲႀကီးက ဝိုင္းေလး၏ပါးစပ္ကို
၄၏ေအးစက္ေနေသာ လက္ႀကီးမ်ားအား
အသံုးျပဳကာ ဆဲြပိတ္ခ်လိုက္တယ္။
"အေမ့...
အိပ္မက္ဆိုးက ဘယ္ေလာက္ေတာင္ၾကာျမင့္သြားသလဲ မသိေပမဲ့ဝိုင္းေလးလန႔္ႏိုးလာတဲ့အခ်ိန္မွာ
ေခါင္းအံုးေပၚ၌ မ်က္ရည္ေတြရႊဲေနေလၿပီ။
ႏွလံုးခုန္ႏႈန္းေတြပါ ျမန္ဆန္လာၿပီး
ရင္တုန္ေန၍ ေရေသာက္ရန္အိပ္ယာမွ
ထဖို႔ျပင္လိုက္ေတာ့ ခါးေပၚတြင္တင္ထားေသာ
လက္တစ္စံုေၾကာင့္ ခ်က္ခ်င္းထဖို႔ရန္
အခက္အခဲျဖစ္သြားခဲ့သည္။
ရုတ္တရက္ဆိုေတာ့ ထိတ္လန႔္သြားၿပီး
ေခါင္းကို နဲနဲႂကြကာအေနာက္သို႔
ျဖည္းျဖည္း လွၫ့္ၾကၫ့္လိုက္မိေတာ့
"ဘုရားေရ..!!"အိပ္မက္ဆိုးမက္တာထက္ပင္
ပိုထိတ္လန႔္စရာေကာင္းေနသၫ့္ လူကို
ေတြ့လိုက္ရသလို မ်က္လံုးအိမ္ေတြပါ
ျပဴးက်ယ္ကုန္သည္။
ကုတင္ကႀကီးၿပီး ေမြ့ယာကအိစက္ေနကာ
ေနရာက်ယ္ေပမဲ့ ႏွစ္ေယာက္သားကေတာ့
တစ္ေနရာတည္းမွာသာ နီးနီးကပ္ကပ္ရိွေနၾက
ေလသည္။
ေသးသြယ္ေသာ ဝိုင္းေလး၏ခႏၶာကိုယ္သည္
ရင္ခြင္က်ယ္ႀကီးတစ္ခုထဲတြင္
နစ္ၿမွဳပ္ေနေလသည္။
ဦးမင္းစက္အာဏာသည္ ဝိုင္းေလး၏
အနားမွာ လာကပ္ၿပီးအိပ္ေနသည္တဲ့။
သူကစကၤာပူမွာ မဟုတ္ဘူးလား။
ဘယ္အခ်ိန္တည္းက ျပန္ေရာက္ေနတာလဲ။
နံရံကပ္နာရီကို လွမ္းၾကၫ့္လိုက္မိေတာ့
မနက္ေျခာက္နာရီထိုးေနေလၿပီ။
"ကိုမင္းစက္...ကိုမင္းစက္.."
"အင္း!!!"
သူ႔နာမည္ကိုေခၚကာ ႏိႈးၾကၫ့္ေပမဲ့ညီးတြားသံ
သာ ၾကားလိုက္ရၿပီးဝိုင္းေလး၏
ခါးေပၚတြင္ရိွေနေသာ လက္ေမာင္းအားက
ပိုမိုတင္းၾကပ္သြားတာကို ခံစားလိုက္ရၿပီးေနာက္
သူ႔ရင္ခြင္ထဲသို႔ လံုးလံုးလ်ားလ်ားက်ေရာက္သြားေတာ့သည္။
ဝိုင္းေလး၏ ေသးသြယ္ေသာေျခေထာက္ေလးေပၚသို႔ တင္ထားေသာသူ႔ေျခေထာင္တစ္ေခ်ာင္းေၾကာင့္
လူက လႈပ္၍ေတာင္မရေတာ့သလိုပဲ။
ဒီလူက ဖက္ထားတာလား..ခ်ဳပ္ထားတာလား
မသဲကဲြေတာ့ဘူး။
ဝိုင္းေလး၏မ်က္ႏွာတစ္ခုလံုးဟာ ထူပူၿပီး
နီရဲလာသလို ခံစားလိုက္ရသည္။
အခုအေျခအေနက ဘယ္လိုႀကီးလဲ။
ခရီးထြက္သြားတုန္းက လူကိုအသိေတာင္မေပးခဲ့ပဲ
ျပန္ေရာက္လာေတာ့ ဒီလိုမ်ိဳးထူးထူးဆန္းဆန္းေတြ
လုပ္ေနခဲ့တယ္။
သူခရီးပန္းေနလို႔ အိပ္ေနသည္ဟုေတြးလိုက္မိ၍
ညိမ္ညိမ္ေလးေနဖို႔ရန္ ေတြးလိုက္မိစဉ္မွာပဲ
ေနာက္ထပ္ ထူးျခားမႈတစ္ခုကို
ထပ္ၿပီး သတိထားလိုက္မိသည္။
ဝိုင္းေလးသည္ ေခါင္းအံုးနဲ႔အိပ္ေနျခင္းမဟုတ္ပဲ
သူ႔လက္ေမာင္းအေပၚ ေခါင္းတင္ကာအိပ္ေနမိျခင္း
ျဖစ္သည္။
ဘာေၾကာင့္ ဒီလိုႀကီးအိပ္ေနမိရတာလဲ။
သူကပဲ လိုလိုလားလားဒီလိုျဖစ္ခြင့္ေပးထားတာလား။ဝိုင္းေလးကပဲ သူ႔ဆီကိုတိုး၀င္ခဲ့တာလား
မခဲြျခားတတ္ေတာ့ေပ။
ဝိုင္းေလး၏ေက်ာျပင္သည္ သူ႔ရင္အံုႏွင့္
ထိကပ္ေန၍ စည္းခ်က္ညီညီေရြ့လ်ားေနေသာ
သူ႔ႏွလံုးခုန္သံေတြကိုပင္ ၾကားေနရသလို
ခံစားလိုက္မိသည္။
ဝိုင္းေလး၏ ခႏၶာကိုယ္ဟာရွက္စိတ္ေၾကာင့္
ေအးခဲေနသေလာက္ သူ႔ရင္ခြင္ကေတာ့
တကယ္ကို ေနြးေထြးလြန္းတယ္။
ခါးေပၚမွာ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္ထားေသာ
သူ႔လက္၏အပူခ်ိန္သည္ ခႏၶာကိုယ္တစ္ခုလံုးရိွ
ေသြးေတြကိုေတာင္ ေျပာင္းျပန္စီးဆင္း
ေစႏိုင္သည္။
ရုန္းထြက္ခ်င္ေပမဲ့ ဒီခံစားခ်က္ကိုလည္း
ႏွစ္သက္ေနမိတယ္။
တစ္စံုတစ္ေယာက္ကို အားကိုးလိုသည့္ခံစားခ်က္
တစ္ခုက မဖိတ္ေခၚပဲအလိုလိုေရာက္ရိွလာကာ
ႏွလံုးသားတစ္ခုလံုးကို ေနြးေထြးေစသည္။
ေနသားမက်ေသးေသာအထိအေတြ့တစ္ခုေပမဲ့
သေဘာက်ေနမိတာ ဘာေၾကာင့္မ်ားလဲ။
ဒီေန့အိပ္မက္ဆိုးမက္ခဲ့ေပမဲ့ သူကေနြးေနြးေထြးေထြးဖက္ေပးထားလို႔သာ
အရင္လိုဆိုးဝါးစြာလန႔္မႏိုးတာ ျဖစ္လိမ့္မည္။
သူဟာ ဝိုင္းေလးအငိုတိတ္ေအာင္ လ်ိႈ႔ဝွက္ၿပီး
ခ်ယ္ရီသီးျခင္း လာေပးခဲ့တဲ့လူျဖစ္တဲ့အျပင္
ဝိုင္းေလးရဲ့ ကယ္တင္ရွင္လည္းျဖစ္တယ္။
အခုသူက ဝိုင္းေလး၏အမ်ိဳးသားပါျဖစ္လာခဲ့ၿပီ။
ဒါဟာ တကယ္ပဲဖူးစာလို႔ေခၚတာလား။
ညိမ္ညိမ္ေလးေနကာ အေတြးမ်ားေနစဉ္မွာပဲ
ခါးေပၚမွ သူ႔လက္ကိုဖယ္ေပးလာၿပီး
ေမြ့ရာ၏အျခားဘက္သို႔ လွၫ့္သြားေသာေၾကာင့္
ဝိုင္းေလးလည္း ခ်က္ခ်င္းထလိုက္မိသည္။
နာရီကိုၾကၫ့္လိုက္ေတာ့ ေျခာက္နာရီခဲြေတာ့မည္မို႔
အိပ္ယာမွ ခ်က္ခ်င္းထၿပီး
ေရခ်ိဳးခန္းထဲသို႔သာ ေျပးလာခဲ့လိုက္သည္။
"ဘုရားေရ..ငါ့မ်က္ႏွာႀကီးတကယ္နီေနတာပဲ.."
မွန္ထဲကိုၾကၫ့္လိုက္ေတာ့ ပါးမို႔ေတြေရာ၊
နားရြက္ေတြပါ နီေနတာကိုေတြ့လိုက္ရသည္။
စိတ္လႈပ္ရွားေနတာကို အျမန္ျပန္ျပင္လိုက္ၿပီး
တစ္ကိုယ္ရည္သန႔္ရွင္းေရး လုပ္ကာ
အခန္းထဲသို႔ျပန္ေရာက္ေတာ့
ဦးမင္းစက္က အိပ္ေနတုန္းမို႔သာ ေတာ္ေတာ့သည္။
ဝိုင္းေလးလည္း အျမန္ျပင္ဆင္လိုက္ၿပီးေနာက္
မနက္စာ စားရန္ေအာက္ထပ္သို႔အျမန္ဆင္းသြားလိုက္သည္။
ကိုယ္ကသာ ဒီေန့တမူထူးျခားေနတယ္လို႔
ခံစားေနရေပမဲ့ အိမ္အလုပ္သမားေတြကေတာ့
သူတို႔အလုပ္ကိုသာ ပံုမွန္အတိုင္းလုပ္ေနၾကၿပီး
ဘာမွထူးျခားမေနေပ။
ထမင္းစားခန္းထဲသို႔ ၀င္လိုက္ေတာ့ၾကည္ၾကည္က
မနက္စာကို ျပင္ေပးလာသည္။
"မမဝိုင္းေလး..ေနေကာင္းရဲ့လား.."
"ေကာင္းပါတယ္..ဘာျဖစ္လို႔လဲ.."
"ဟိုေလ..မမရဲ့နားရြက္ေတြနီေနလို႔
ဖ်ားမ်ားဖ်ားေနတာလားလို႔.."
"မဖ်ားပါဘူးဟယ္.."
"ဒါဆိုရင္ဘယလို႔ နားရြက္ေတြနီေနရတာလဲ
တစ္ေကာင္ေကာင္ကိုက္လိုက္လို႔လား.."
"ဟာ..ၾကည္ၾကည္..နင္ေနာ္ဘာေတြ
ေလ်ွာက္ေျပာေနတာလဲ..
ေတာ္ၿပီဟာငါသြားေတာ့မယ္.."
ၾကည္ၾကည္က အတင္းေမးေနေတာ့
မနက္ကအေျခအေနကို ျပန္ေတြးမိၿပီး
ရွက္ေၾကာက တဖန္ႏိုးၾကားလာျပန္သည္။
ထို႔ေၾကာင့္ ထမင္းခ်ိဳင့္ႏွင့္အိတ္ကိုယူၿပီး
ထမင္းစားခန္းထဲမွ ထေျပးမိေတာ့အေပါက္၀တြင္
တစ္စံုတစ္ေယာက္ႏွင့္ သြား၍တိုက္မိသည္။
"ျဖည္းျဖည္းေလ်ွာက္မွေပါ့
ဘာလို႔အလ်ွင္လိုေနတာလဲ.."
ၾကည္လင္ၿပီး ဩရွေသာအသံတစ္ခုက နားထဲသို႔
၀င္လာ၍ ကိုယ္တိုက္မိသၫ့္လူကိုေမာ့ၾကၫ့္
လိုက္ေတာ့...
"ကိုမင္းစက္..ရွင္လား.."
"ဟုတ္တယ္ေလကိုယ္ပဲ..!!!"
လက္ကိုပိုက္ထားၿပီး ေျပာေနပံုကဝိုင္းေလးကို
ဖက္လံုးလိုသေဘာထားခဲ့တာ သူမဟုတ္တဲ့အတိုင္းပဲ။
ဝိုင္းေလးကသာ ရွက္ေနတာသူ႔ရုပ္ကေတာ့
ဘယ္လိုမွ မေနသလိုပဲ။
"မင္းေနေကာင္းရဲ့လား..."
"ေကာင္းပါတယ္..ဘာျဖစ္လို႔လဲ.."
"နားရြက္ေတြနီေနလို႔ေလ..ေနမေကာင္းရင္လည္း
ဒီေန့အလုပ္နားလိုက္ေပါ့.."
"ဟာ..ဘာေတြလာေျပာေနတာလဲ.."
ရွက္ရွက္ႏွင့္ သူ႔ေဘးနားမွာ ေက်ာ္ေလ်ွာက္လာတဲ့
အခ်ိန္၌ ဝိုင္းေလး၏လက္ေကာက္၀တ္ေလးဟာ
ေနြးကနဲျဖစ္သြားခဲ့သည္။
သူဆုပ္ကိုင္ထားသၫ့္ လက္ေကာက္၀တ္ေနရာကို
ၾကၫ့္လိုက္ကာ သူ႔မ်က္ႏွာဆီသို႔အၾကၫ့္တဖန္
ေရာက္သြားမိေတာ့ ႃပံုးျပလာေသာ
အႃပံုးလြင္လြင္ေလးက လူကိုၾကက္ေသေသသြားေစႏိုင္ေလာက္သည္။
*အမယ္ေလး..ေရခဲနတ္ဘုရားကငါ့ကို
ႃပံုးျပေနတာပါလား..*
"အလုပ္ကို..ကိုယ္နဲ႔အတူသြားရေအာင္.."
သူေျပာလိုက္တာက တစ္ခြန္းတည္းဆိုေပမဲ့
ဝိုင္းေလး၏နားထဲမွာေတာ့ ထိုစကားကိုပဲ
ထပ္ခါထပ္ခါ ျပန္ၾကားေယာင္ေနမိသည္။
သူ႔အသံက ထူးျခားစြာႏူးညံ့ေနၿပီး
သူ႔အႃပံုးကလည္း ဟန္ေဆာင္ေနတာနဲ႔မတူဘူး။
သူနဲ႔ အျခားဘာျပႆနာမွမရိွထားရင္
ဒီေလာက္နတ္ဘုရားလို ေခ်ာတဲ့ရုပ္ရည္နဲ႔
ႃပံုးျပေနတာကို ဘယ္သူကအရည္မေပ်ာ္ပဲ
ရိွပါ့မလဲ။
ဖ်ားေနတာက..သူမဟုတ္ဘူးလား..
ခရီးသြားၿပီး ျပန္လာတည္းကထူးဆန္းေနတာ။
ဇာတ္ကားေတြထဲကလို ေနာက္တစ္ကိုယ္ခဲြမ်ားလား။
အမ်ိဳးမ်ိူး ေလ်ွာက္ေတြးေနမိၿပီးေနာက္
ဝိုင္းေလး၏လက္ကို သူဖမ္းဆုပ္ထားေသးမွန္း
သတိရသြား၍ ျပန္ရုန္းလိုက္ကာ သူ႔မ်က္၀န္းေတြကို
မဝံ့မရဲ ျပန္ၾကၫ့္လိုက္မိသည္။
"ေက်းဇူးတင္ပါတယ္..ဒါေပမဲ့မလိုပါဘူး.."
ခ်က္ခ်င္းလွၫ့္ထြက္လာလိုက္ၿပီးေနာက္
သူ႔ကြယ္ရာသို႔ေရာက္မွ သက္ျပင္းခ်ႏိုင္ေတာ့သည္။
စိတ္ထဲက ခံစားခ်က္ကိုမ်က္ႏွာမွာ မေပၚေအာင္
ထိန္းထားလိုက္ႏိုင္တဲ့ ကိုယ့္ကိုကိုယ္လည္း
ျပန္၍ခ်ီးက်ူးေနမိသည္။
"အရမ္းေတာ္တဲ့ငါပါလား..ေနာက္ဆံုးေတာ့
သူ႔ကိုေခ်မိုးႏိုင္ခဲ့ၿပီ..သူအရင္ကငါ့အေပၚမွာ
ေကာင္းေပးခဲ့တယ္ဆိုရင္ေတာင္
ငါ့နဲ႔ငါ့မိသားစုကိုေငြမက္တယ္ဆိုၿပီး
စြပ္စဲြခဲ့တာကိုေတာ့ေမ့ျပစ္လို႔မရဘူး..
မဂၤလာဦးညမွာတင္
ႏွစ္လတိတိအဆက္အသြယ္ျဖတ္ၿပီး
ခရီးထြက္သြားတဲ့လူကို ၫွာတာေပးစရာမလိုဘူး
..သူ႔လိုလူမ်ိဳးရဲ့စိတ္က
အစိုးရတာမဟုတ္ဘူး..ငါ့တန္ဖိုးကိုငါ
ၿမွင့္တင္ရမွာပဲ..သူစဲြေဆာင္တာကို
လံုး၀ပါသြားလို႔မျဖစ္ဘူး.."
"တူမႀကီး တစ္ေယာက္တည္းစကားေတြ
ေျပာေနတာလား.."
"ဟင္.."
အသံၾကားေတာ့မွ ေဘးသို႔လွမ္းၾကၫ့္လိုက္ေတာ့
ၿခံေစာင့္ ဦးေလးႀကီးကိုက ဝိုင္းေလးကို
ျပဴးတူးတူးေလး ၾကၫ့္ေနမွန္းသိလိုက္ရ၍
အရမ္းရွက္သြားမိသည္။
ထို႔ေၾကာင့္ ကိုယ္ဘာမွမလုပ္ခဲ့သလိုရယ္က်ဲက်ဲ
ေလးသာ လုပ္လိုက္ၿပီးလမ္းထိပ္သို႔
ေျပးမိေလေတာ့သည္။
❤️❤️❤️❤️❤️❤️❤️
"ေမဝိုင္းေလးေရ..နင့္ကိုလာေတြ့တဲ့လူရိွတယ္.."
ပစၥည္းေတြထုတ္ပိုးေနတုန္း
သိမ့္သိမ့္က အခန္းထဲသို႔၀င္လာၿပီး
ေျပာလိုက္ေလသည္။
ကုမၸဏီအထိ လာေတြ့ရေအာင္ဘယ္သူမ်ားပါလိမ့္။
"ဘယ္သူလာေတြ့တာလဲ.."
"အဲ့ဒါေတာ့ငါလည္းမေမးလိုက္မိဘူး..
receptionကေကာင္မေလးနဲ႔အေပါက္၀မွာ
ဆံုလို႔ သူကနင့္ကိုေျပာေပးပါဆိုတာနဲ႔
ငါလည္းလာေျပာတာ .."
"ဟုတ္ကဲ့..အဲ့ဒါဆိုဝိုင္းေလးထြက္ေတြ့လိုက္အံုးမယ္.."
သိမ့္သိမ့္ကို ေျပာခဲ့ၿပီးဝိုင္းေလးလည္း
ဧၫ့္ေတြ့သၫ့္ေနရာသို႔ ထြက္လာခဲ့လိုက္သည္။ဧၫ့္ေတြ့သၫ့္ ေနရာသို႔ေရာက္ေတာ့
မဇင္ႏွင့္အတူ ေယာက္်ားတစ္ေယာက္က
အတူထိုင္ေစာင့္ေနတာကို ေတြ့လိုက္ရသည္။
မဇင္ကေတာ့ ပံုမွန္အတိုင္းစမတ္က်က်
၀တ္စားထားေပမဲ့ ေဘးနားကေကာင္ေလးကေတာ့ လ်ွာထိုးဦးထုပ္အနက္ေရာင္ကို
ေဆာင္းထားၿပီး ႏွာေခါင္းစည္းကိုပါ
တပ္ထားေလသည္။
သူဟာ ကိုဦးမွန္းရိပ္မိလိုက္သၫ့္
အခ်ိန္မွာေတာ့ ဝိုင္းေလးသူတို႔ဆီသို႔
ေျပးသြားလိုက္မိေလသည္။
"မဇင္တို႔..ကိုဦးတို႔ကအလုပ္ကို
ဘယ္လိုျဖစ္ၿပီး ေရာက္လာၾကတာလဲ.."
ဝိုင္းေလးက ေမးလိုက္ေတာ့မဇင္က
ဘာမွမေျပာပဲ ႃပံုးရံုသာႃပံုးျပလာသည္။
ကိုဦးကလည္း ေရ႔ွသို႔ေျခတစ္လွမ္းတိုးလာၿပီးႃပံုးေနသည္ဟု ထင္ရေလာက္ေအာင္
မ်က္လံုးေလးေတြက လျခမ္းကဲ့သို႔
ေကြးၫႊတ္သြားေလသည္။
"ကိုယ့္သူငယ္ခ်င္းဆီကိုလာလည္တာေလ
ကိုယ္ျမန္မာျပည္ကို ျပန္လာၿပီးတည္းက
သူေရာကိုယ္ေရာ မအားတာနဲ႔မေတြ့ျဖစ္ၾကဘူး..အဲ့ဒါသူ႔ဆီကိုအလည္လာရင္းနဲ႔
ဝိုင္းေလးကို လာေတြ့လိုက္တာ
ကိုယ့္ေၾကာင့္ အေနွာက္အယွက္ျဖစ္မသြားပါဘူးေနာ္.."
"မျဖစ္ပါဘူးကိုဦးရဲ့.."
၀င္း၏ဟန္ေဆာင္ေကာင္းမႈေၾကာင့္
သဇင္တစ္ေယာက္ အံကိုႀကိတ္ၿပီး
မရယ္မိေအာင္ မနည္းထိန္းေနေလသည္။
ေနာက္ရက္နည္းနည္းဆို ရိႈးပဲြကစေတာ့မွာမို႔
ရီဟာဇယ္လုပ္ေနရင္းတန္းလန္းႀကီး
လစ္ထြက္မယ္လုပ္ေလရဲ့။
ကိုယ္လည္းဘယ္ရမလဲ။
သူ႔မန္ေနဂ်ာျဖစ္တည္းက သူ႔အေၾကာင္းကို
သိတာ အံေတာင္တိုေနၿပီ။
ဒါေပမဲ့ အခ်စ္နဲ႔ထိေတြ့မိတဲ့
အရြယ္ေရာက္ၿပီးသားလူတစ္ေယာက္ကို
ဘယ္လိုလုပ္ၿပီး တားႏိုင္ပါ့မလဲ။
ကိုယ္လည္း အိမ္ေထာင္မက်ေသးေတာ့
၀ဋ္အလည္မခံႏိုင္ေပ။
ဒီေတာ့ သူ႔ေနာက္ကိုကိုယ္ပါလိုက္ခဲ့ရတာေပါ့။ကိုယ္သာ မလိုက္ရင္၀င္းတစ္ေယာက္
ဒီေန့တစ္ေန့လံုး ရီဟာဇယ္လုပ္ဖို႔ျပန္လာေတာ့မွာ မလုပ္ေလာက္ေတာ့ဘူးေလ။
ဒီေမ်ာက္ေလာင္းက နာမည္ႀကီးအဆိုေတာ္
ဆိုေပမဲ့ တကယ္ထိန္းရခက္တယ္။
"ဝိုင္းဝိုင္းဒီေန့ မ်က္ႏွာေလးျပၫ့္ေနတယ္ေနာ္..ညတုန္းကအိပ္ေရး၀ခဲ့လို႔ထင္တယ္.."
"ရွင္.."
ညတုန္းကအိပ္ေရး၀ခဲ့တဲ့ ကိစၥကပါလာေတာ့
မ်က္ႏွာေတြ ျပန္၍ထူပူခ်င္လာေလသည္။
ဒီေန့တစ္ေန့လံုး ဘာျဖစ္ေနၾကတာလဲမသိဘူး။လူတိုင္းက ဝိုင္းေလးရဲ့မ်က္ႏွာကိုပဲ
ၾကၫ့္ေနၾကသလိုပဲ။
"ဝိုင္းဝိုင္း..ဒီေန့ဘယ္အခ်ိန္အလုပ္ဆင္းမွာလဲ"
"ဘာျဖစ္လို႔လဲကိုဦးရဲ့.."
"ကိုယ္..အေရးတႀကီးေျပာစရာရိွလို႔.."
"အေရးႀကီးတယ္ဟုတ္လား..ဒါဆိုရင္
အခုေျပာလိုက္ပါလား.."
"ဟာ..အခုေတာ့ေျပာလို႔မျဖစ္ဘူး..
ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ေျပာမဲ့စကားက
ခဏေလးေျပာလို႔ရတဲ့ အေၾကာင္းအရာ
မဟုတ္လို႔...တစ္နာရီေလာက္ပါပဲ..
ကိုယ့္ကိုတစ္နာရီေလာက္ပဲ အခ်ိန္ေပးပါကြာ"
"ေကာင္းၿပီေလ..အဲ့ဒါဆိုလည္း
ညေနအလုပ္ဆင္းခါနီးက်ရင္
ဝိုင္းေလးဖုန္းဆက္လိုက္မယ္ေနာ္..
ဝိုင္းေလးတို႔ ဆားဗစ္သမားေတြက
အခ်ိန္အတိအက်သိပ္မရိွလို႔
အရမ္းေစာရင္လည္း ေစာသြားႏိုင္တယ္.."
"ေကာင္းၿပီ..ဘယ္အခ်ိန္ပဲအလုပ္ဆင္းဆင္း
ကိုယ့္ကိုဖုန္းဆက္လိုက္ေနာ္.."
"ဟုတ္ကဲ့..အခုေလာေလာဆယ္ေတာ့
ဝိုင္းေလးအလုပ္ျပန္၀င္လိုက္အံုးမယ္ေနာ္.."
"အင္း.."
ဝိုင္းေလးထြက္သြားသည္ႏွင့္ ၀င္းႏွင့္မဇင္သည္လည္း ဓာတ္ေလွကားျဖင့္စီအီးအို၏
ရံုးခန္းဆီသို႔ တက္လာခဲ့လိုက္သည္။
ဓာတ္ေလွကားထဲသို႔ေရာက္သည္ႏွင့္
ႏွာေခါင္းစည္းကိုခၽြတ္ကာ ႃပံုးေပ်ာ္ေနေသာ
၀င္းကိုၾကၫ့္ၿပီး မဇင္ပါအလိုလိုလိုက္ႃပံုးမိေလသည္။
"ဘာလဲ..ဒီညေကာင္မေလးကိုခ်စ္ခြင့္
ပန္မလို႔လား.."
"ဟာ..မဇင္ကဘယ္လိုသိသြားတာလဲ.."
"အမယ္ေလး..အစ္မကမင္းရဲ့မန္ေနဂ်ာပါေနာ္ ၀င္းဘယ္ေျခလွမ္း..လွမ္းမလဲဆိုတာ
မရိပ္မိပဲ ေနပါ့မလား.."
မဇင္က ပြင့္ပြင့္လင္းလင္းေမးလိုက္ေတာ့
၀င္းလည္း အနည္းငယ္ရွက္သြားၿပီး
သူ႔လည္ဂုတ္ကို သူျပန္ပြတ္သပ္လိုက္မိသည္။
"ကၽြန္ေတာ့္ပံုစံက အဲ့ေလာက္ပဲသိသာေနတာလား..ဟုတ္တယ္..ကၽြန္ေတာ္ဝိုင္းဝိုင္းကို
ပရိုပို႔စ္လုပ္မလို႔စဉ္းစားထားတာ..
ကၽြန္ေတာ္အၾကာႀကီးမေစာင့္ခ်င္ေတာ့ဘူး
ျဖစ္ႏိုင္ရင္ လက္ထက္ခြင့္ပါေတာင္းခ်င္တာ.."
"အမယ္ေလး၀င္းရယ္..
တစ္ဆင့္ခ်င္းပဲသြားစမ္းပါ..ေကာင္မေလးလန႔္သြားပါအံုးမယ္..နင့္ဟာက
ျပန္ေတြ့တာျဖင့္ သိပ္မၾကာေသးဘူး
အရမ္းအကဲပိုလြန္းမေနဘူးလား.."
"ဟုတ္တယ္..သူ႔အတြက္အရမ္းႀကီး
ရုတ္တရက္ဆန္သြားမွာစိုးလို႔သာ
လက္ထက္ခြင့္ေတာင္းမဲ့ အစီအစဉ္ကို
ရုတ္သိမ္းလိုက္တာ.."
"၀င္းသူ႔အေပၚမွာ ဘယ္ေလာက္ခ်စ္သလဲဆိုတာ အစ္မျမင္ေနရပါတယ္..
ကံေကာင္းပါေစေနာ္.."
"ေက်းဇူးတင္ပါတယ္မဇင္.."
"ဒါနဲ႔အခု၀င္းကကိုမင္းစက္ကို ဘာကိစၥ
ေတြ့ခ်င္ရတာလဲ.."
"ကၽြန္ေတာ္လည္း မၾကာခင္မွာစြံေတာ့မဲ့
အေၾကာင္း ႂကြားရေအာင္လို႔ေလ
ဝိုင္းေလးနဲ႔ျပန္ေတြ့ေတာ့မွ သူ႔ကိုႂကြားမယ္လို႔
ဆံုးျဖတ္ထားတာ အခုအခ်ိန္တန္ၿပီေလ.."
ႃပံုးေပ်ာ္ေနေသာ ၀င္း၏မ်က္ႏွာသည္
ကမ႓ာေပၚမွာ အေပ်ာ္ဆံုးလူသားတစ္ေယာက္ကဲ့သို႔ ျဖစ္ေနသည္ဟုသဇင္ေတြးလိုက္မိသည္။ေမဝိုင္းေလး အရမ္းကံေကာင္းမွာပါ။
၀င္းဟာ ေက်ာ္ၾကားတဲ့လူတစ္ေယာက္ဆိုေပမဲ့
ေပ်ာ္တတ္ၿပီးပြင့္လင္းစြာ ေနတတ္သူမို႔
လူတစ္ေယာက္ကိုခ်စ္ရင္လည္း အစြမ္းကုန္
ပံုေအာၿပီး ခ်စ္မွာေသခ်ာတယ္။
ေကာင္မေလးကသာ "ခ်စ္တယ္.."လို႔
အေျဖျပန္ေပးရင္ အခုခ်က္ခ်င္းတစ္ကမ႓ာလံုး
သိေအာင္ ခ်ျပေတာ့မဲ့အတိုင္းပဲ။
၀င္းလိုခ်စ္တတ္လြန္းသူကို ေမဝိုင္းေလးလည္း တကယ့္ေမတၲာအစစ္နဲ႔တုန႔္ျပန္ပါေစလို႔ ဆုေတာင္းမိပါတယ္။
🌹🌹🌹🌹🌹🌹
၀င္းအတြက္အရင္ငိုလိုက္အံုးမယ္ေနာ္😭
ေနာက္အခန္းကစၿပီး ဇာတ္ရိွန္အျမင့္ပိုင္းကို
ေရာက္လာမွာပါ


