အခန်း(၈)🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌺အခန်း(၈)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


နေသာ၍ တိမ်ကင်းစင်နေသောကြောင့်

အပူဒဏ်က ပြန်လည်မြင့်တက်လာရာ

ချစ်ပန်းဝေတစ်ယောက် မျက်နှာမှာသနပ်ခါး

ထူလဗျစ်ကြီးလိမ်းကာ ဦးလေး၏ပုဆိုးကို

ခေါင်းပေါင်းလျှက် လယ်ထဲသို့

ရောက်လာလေသည်။


ထမီကို ခပ်တိုတို၀တ်ထားပေမဲ့ တက်ထွန်ကွက်

လက်ရှည်အင်္ကျီကို ၀တ်ထားခြင်းဖြစ်၍

တစ်ကိုယ်လုံးကို အ၀တ်နှင့်ထုပ်ထားသလို

ဖြစ်၍နေသည်။


လယ်ကန်သင်းရိုးအတိုင်း တရွေ့ရွေ့

ဖြတ်လျှောက်လိုက်ပြီးနောက် ဦးပေါတို့

လယ်စပ်ကို ရောက်၍လာလေသည်။


"ဦးပေါတို့လယ်က ဒီညဆိုပြီးပြီမဟုတ်လား.."


စပါးတွေကို နေလှန်းရန်ဖြန့်ခင်းနေသော

ဦးပေါတို့ မိသားစုထံသွားပြီး မေးလိုက်တော့

ဦးပေါက ပြုံး၍ခေါင်းငြိမ့်ပြလာလေသည်။


"အေးကွ..ဒီညဆိုပြီးလောက်ပါပြီး..ဦးတို့ပြီးရင်

ငါ့တူမတို့ လယ်ဘက်စမှာဆိုတော့

အဆင်သင့်ပြင်ထားအုံးနော်.."


"ဟုတ်ကဲ့..ကိုကြီးလှိုင်မြင့်ဦးကိုတော့

တာလဘတ်တွေ ယူလာခိုင်းထားပါတယ်..

ဒီနေ့နေသာတော့ ဦးပေါတို့က

ကံကောင်းသွားတာပေါ့..သမီးတို့ရိတ်ပြီးရင်

မိုးမိမလား မပြောတတ်ဘူး.."


ချစ်ပန်းဝေ၏ စကားကိုကြားတော့

ဦးပေါသည် စပါးဖြန့်နေရာမှ ပင်ပန်းလာလို့

ထင်ပါရဲ့ ကန်သင်းရိုးပေါ်သို့

သွားထိုင်ပြီး ရေနွေးကြမ်းငှဲ့သောက်နေလေသည်။

ချစ်ပန်းဝေလည်း ဦးပေါနောက်သို့လိုက်ကာ

ကောက်ရိတ်စက်တွေရှိသည့် ဘက်သို့

လှမ်းကြည့်လိုက်မိသည်။


"မိုးဦးကျခါစမှာ ရိတ်ရလို့တို့က ကံကောင်းသွားတာ

တူမကြီးရဲ့ နောက်ကျမှရိတ်ရရင်

ရေတက်တာနဲ့သွားတွေ့တဲ့အခါ

လယ်တွေမြုပ်ပြီး အကုန်ကုန်မှာလေ.."


"မနှစ်က ဦးပေါတို့လယ်တွေ

ရေမြုပ်သေးတယ်မလား..အဲ့တုန်းကဘယ်လို

ဖြစ်သွားသေးလဲ.."


"ဘယ်လိုဖြစ်ရမလဲငါ့တူမရဲ့..အထွက်နှုန်း

လျော့ပြီး အရင်းတွေမကြေလို့

သမဝါယမမှာ သွားချေးရတယ်လေ..

လယ်မြတ်တာ၊ရှုံးတာက ရာသီဥတုနဲ့

သွားပြီးအချိုးကျနေတော့ တကယ်မလွယ်ပါဘူး.."


ဟုတ်ပါတယ်လေ။ကိုယ်တွေတောင် ဒီနှစ်မှာ

အကြွေးတင်နေတဲ့ဥစ္စာ..။

ကလေးတွေ ကျောင်းစရိတ်နဲ့ ၀င်ငွေနဲ့က

မကိုက်ဘူးဖြစ်နေတော့ ရင်မောနေရတာအမှန်ပဲ။


"ဒါနဲ့..ဦးပေါတို့ငါးပိတွေရောင်းနေရတယ်

မဟုတ်လား..အဆင်ပြေလား.."


"အေး..အဲ့ဒီ့ငါးပိရောင်းရတဲ့ ၀င်ငွေလေးက

ကယ်နေလို့ အဆင်ပြေနေတာပေါ့..

မဟုတ်ရင် ရန်ကုန်မှာကျောင်းသွားတက်နေတဲ့

ကလေးတွေအတွက် အဆင်ပြေမှာမဟုတ်ဘူး..

ငါးပိက ထက်၀က်လောက်မြတ်တယ်လေ..

ငါ့တူမကြီးလည်း လုပ်ကြည့်ပါလား.."


"လုပ်တော့လုပ်ချင်ပါတယ်..ဒါပေမဲ့ဦးပေါတို့လို

အိမ်မှာ တက်ညီလက်ညီ ကူလုပ်မဲ့လူမှမရှိတာ..

ဒေါ်ကြီးကလည်း လက်ခံမယ်မထင်ဘူး..

နောက်ပြီး သူကခဏ၊ခဏရောဂါထနေတော့

ငါးပိနံ့တွေ မခံနိုင်လောက်ဘူး.."


"အင်း..ဟိုတစ်နေ့ကတော့ ညည်းအဒေါ်က

ပြောနေသေးတယ်..ချစ်ပန်းဝေလေးကို

အရမ်းသနားတာပဲတဲ့ သူ့ခမျာမိန်းကလေးဒဏ်မဲ့

အလုပ်တွေမနားမနေ ဖိလုပ်ရပြီး

ဌေးဌေးက တစ်ခါမှလည်းအကောင်းမပြောဘူးတဲ့

အဲ့အိမ်မှာနေရတာ အဆင်ရောပြေရဲ့လား.."


"ဒီလိုပါပဲဦးပေါရယ်..အဆင်ပြေအောင်

နေရတာပေါ့..ဒေါ်ကြီးကစည်းကမ်းကြီးပေမဲ့

အရမ်းတော့မဆိုးပါဘူး.."


တကယ်တမ်းမှာတော့ အဆင်မပြေပေမဲ့

ကိုယ့်ရဲ့အတွင်းရေးအား သူများတွေကို

မပြောသင့်ဘူးဟု တွေးမိ၍ဖာထေးပြီးသာ

ပြောလိုက်ပါသည်။


 အခြားသူတွေက ကိုယ့်အပေါ်

ကောင်းသလောက် ဒေါ်ကြီးကတော့

ချစ်ချစ်အပေါ် အရမ်းနှိမ်တာပဲ။


ဘွဲ့ရပြီးတည်းက သူတို့အိမ်မှာလာနေပေမဲ့

တစ်နှစ်နေလို့ အ၀တ်အစားတစ်ထည်

၀ယ်မပေးခဲ့ဖူးပေ။


တော်သေးသည်က ချစ်ချစ်မှာတက္ကသိုလ်

တက်စဉ်က မြန်မာဝမ်းဆက်လေးတွေ

ကျန်နေသေးလို့ပါပဲ။


မမလှိုင်က အခုနောက်ပိုင်းပေါ်တဲ့ အထည်စ

ဆန်းဆန်းလေးတွေ ချုပ်၀တ်တဲ့အခါ

ကိုယ့်မှာ ထုတ်ပြောပြီးမပူဆာနိုင်တော့

မျှော်၍သာ ကြည့်နေခဲ့ရတယ်။


အိမ်ကအလုပ်တွေကိုပဲ ထောင့်စေ့အောင်

လိုက်လုပ်နေရတော့ မမလှိုင်လို

ကောက်ရိတ်လိုက်သွားပြီး ကိုယ်ရှာတာ

ကိုယ်သုံးဖို့က သိပ်အဆင်မပြေပေ။


"ဒါနဲ့..ငါ့တူမကဘွဲ့ရပြီးပြီမဟုတ်လား.."


"ဟုတ်ပါတယ်ဦးပေါ.."


"အေး..အဲ့ဒါဆိုဘာလို့ဒီမှာနေပြီး

ဌေးဌေးရဲ့လက်အောက်မှာ

 အပြောအဆိုခံနေရတာလဲ..

ကိုယ့်ပညာလေးနဲ့ကိုယ် ရန်ကုန်တို့ဘာတို့မှာ

အလုပ်သွားလုပ်ပါလား..တို့ရွာထဲက

အေးသောင်းရဲ့သမီး မိစုတို့တောင်

ဆယ်တန်းမအောင်ပေမဲ့ အထည်ချုပ်မှာ

အလုပ်လုပ်နေတာလေ..လစာလည်း

ကောင်းတယ်ဆိုပဲ..ညည်းဆိုစာရေးတွေ

ဘာတွေနဲ့ ရချင်ရမှာပေါ့.."


ဦးပေါက ကိုယ်နဲ့သွေးသားမတော်စပ်ပေမဲ့

တစ်ရွာတည်းသားချင်းဆိုတော့ 

ကောင်းစေချင်သည့် စေတနာနှင့်ပြောမှန်း

နားလည်၍ ပြုံးတော့ပြုံးမိသွားသည်။


"လုပ်ချင်တာပေါ့..ဦးပေါရယ်..

ဒါပေမဲ့..အမေကရှိသေးတယ်လေ..

အမေ့ရောဂါကို ဘယ်သူကကြာကြာ

သည်းခံနိုင်မှာလဲ..

ရန်ကုန်မှာက အမေနဲ့အဆင်ပြေမှာ

မဟုတ်လောက်ဘူး..

အခုသမီးကိုယ်တိုင်

အနီးကပ်နေပြီး ဆေးပုံမှန်တိုက်..

ဘာညာလုပ်ပေးလို့သာ အရင်ထက်အခြေအနေ

ပိုကောင်းလာတာ..အနီးကပ်သာမနေပေးနိုင်ရင်

အမေ့အခြေအနေက ပိုဆိုးရွားသွားလိမ့်မယ်.."


"အင်း..ညည်းလည်း၀ဋ်ကြွေးပါပဲ..

ဒါပေမဲ့လည်း မိဘကိုအလုပ်အကျွေးပြုနေတဲ့

သားသမီးက ကံကောင်းမှာပါ..

ဦးလေးအတတ်သိနေတယ်..ငါ့တူမမှာ

အောင်မြင်နိုင်တဲ့ ရုပ်အင်လက္ခဏာရှိနေတယ်.."


"အဲ့လိုကြားရတာနဲ့တင် 

တော်တော်ကျေနပ်နေပါပြီ ဦးပေါရယ်.."


"ဟား..ဟား..အဲ့ဒါဆိုဦးလေးတို့အိမ်ကိုသာ

များများလာလည် ညည်းအဒေါ်က

မြှောက်ပင့်တဲ့နေရာမှာတော့ ဆရာမကြီးပဲ

အခုသူ့သမီးရန်ကုန်မှာ ကျောင်းတက်နေတာကိုလေ

တစ်နေ့တစ်နေ့ ကြွားလိုက်တာများ

ဟိုက ပါမောက္ခကြီးပဲ ဖြစ်နေသလိုလိုနဲ့..

ပြီးလည်းပြီးရော ပထမနှစ်မှာတင်

ကျသွားလို့ နောက်တစ်နှစ်

ထပ်တက်နေရတယ်လေ"


"ဟုတ်လား..ချိုသဲကစာတော်ရဲ့သားနဲ့

ဘာလို့ကျသွားတာလဲ.."


"မသိပါဘူးကွာ..စာမလုပ်ပဲအလေလိုက်နေလို့

နေမှာပေါ့..ဦးလေးရဲ့သားသမီးတွေက

ငါ့တူမကြီးလောက် မ‌လိမ္မာကြဘူး.."


ဦးပေါမှာ သူကိုယ်တိုင်က မိသားစုအတွက်

ကြိုးစားသလောက် သားသမီးတွေက

မသိတတ်ပဲ ရှာပေးသမျှထိုင်ဖြုန်းနေတော့

စိတ်ညစ်စွာ ညီးငြူလာလေတော့သည်။


‌"ကဲ..အမောလည်းပြေပြီဆိုတော့ 

အလုပ်ဆက်လုပ်လိုက်အုံးမယ်တူမကြီးရေ.."


ဘာပဲလုပ်လုပ် ကိုယ်တိုင်လုပ်မှ 

စိတ်တိုင်းကျတတ်သည့် ဦးပေါဟာ

အခုလည်း အလုပ်သမားတွေရှိလျှက်နှင့်

မမောနိုင်မပန်းနိုင် ၀င်လုပ်နေလေသည်။

ဦးပေါကိုကြည့်ပြီး ချစ်ပန်းဝေလည်း

အားတွေတက်လာသလို ခံစားလိုက်ရသည်။


"ဟေ့..ချစ်ချစ်ရေ..အဲ့ဒီ့မှာဘာထိုင်လုပ်နေတာလဲ.."


"အော်..ရဲရင့်ပါလား..နင်တို့‌လယ်ကရိတ်ဖို့

လိုသေးတယ်လေ..ဒီကိုဘာလာလုပ်တာလဲ.."


"ဦးပေါတို့ကို လာကူလုပ်ပေးတာလေ.."


ရဲရင့်သည် ချစ်ချစ်တို့နှင့်

သက်တူရွယ်တူဖြစ်ပြီး ချစ်ချစ်၏

အဖေရှိစဉ်ကတော့ ဒီရွာကိုပြန်လာတိုင်း

သူတို့နဲ့ပဲ အများဆုံးဆော့ဖြစ်ခဲ့သည်။


နောက်ပိုင်း တက္ကသိုလ်တက်တော့လည်း

သူက နည်းပညာဘက်မှာဆိုတော့

သိပ်မတွေ့ဖြစ်ခဲ့ကြပေ။

သို့ပေမဲ့ နှစ်ယောက်သားဆုံမိတိုင်းတော့

ခင်ခင်မင်မင် ရှိကြပါသည်။


ငယ်သူငယ်ချင်းဆိုပေမဲ့ ချစ်ချစ်၏

အဖေဆုံးပြီးနောက် အဒေါ်အိမ်မှာ

ကပ်နေရမှန်းသိတော့ ရဲရင့်၏မိခင်ဟာ

ချစ်ချစ်နှင့် အပေါင်းအသင်းလုပ်တာကို

သိပ်မကြိုက်ချင်တော့ပေ။


"ချစ်ချစ်..နင်..နင့်အဒေါ်အိမ်မှာနေရတာ

အဆင်ပြေရဲ့လား.."


"ပြေပါတယ် ဒီလိုပါပဲ..နင်ရော..

ရန်ကုန်မှာအလုပ်သွားလုပ်မလို့ဆို.."


"ဟင်..နင်ကဘယ်လိုသိတာလဲ.."


"ဘယ်လိုသိရမှာလဲ..နင့်အမေကတစ်အိမ်တက်

တစ်အိမ်ဆင်း လိုက်ပြောနေတာလေ

မသိစရာလား.."


ချစ်ပန်းဝေကထိုသို့ပြောလိုက်တော့ ရဲရင့်လည်း

အကြွားသန်သော သူ့အမေအကြောင်းကိုသိ၍

ငြိမ်သွားလေသည်။

ပြီးနောက် ချစ်ချစ်၏ဘေးတိုက်မျက်နှာလေးကို

ရွှန်းရွှန်းစားစား စိုက်ကြည့်ရင်းပြုံးလိုက်ပြန်သည်။


"ချစ်ချစ်..နင်ရန်ကုန်ကိုမသွားချင်ဘူးလား

ငါတို့အတူတူသွားကြမယ်လေ.."


"အမယ်လေး..မလုပ်ပါနဲ့ဟယ်..နင့်အမေကြီးကို

ကြောက်လွန်းလို့ပါ.."


ရဲရင့်၏အမေကို ချစ်ချစ်..တကယ်လည်း

ကြောက်ပါသည်။သူ့သားကို ရွှေတုံးလေးလို

တမမနှင့် ဖြစ်နေ၍ရဲရင့်ကို လိုတာထက်

ပိုပြီး အပြောအဆိုမလုပ်ရဲသည်အထိပါပဲ။


ရဲရင့်က သဘောကောင်းပေမဲ့ သူ့အမေကြီးကတော့

သူ့သားကို တော်ရုံလူတွေနဲ့အပေါင်းမခံ၍

ရဲရင့်လည်း ရွာမှာဆိုပေါင်းချင်သည့်

သူငယ်ချင်းသိပ်မရှိပေ။


ပေါင်းတဲ့သူကြတော့လည်း သူဌေးသား

လူ့ပေါ်ကျော့တွေဆိုတော့ ရဲရင့်ပါ

ပျက်စီးသွားမည်ကို စိတ်ပူမိသား။


"ချစ်ပန်းဝေ..နင်အဲ့ဒီ့မှာဘာထိုင်လုပ်နေတာလဲ.."


"ဟင်..ကိုကြီးရောက်လာပြီလား.."


အနောက်သို့ လှည့်ကြည့်လိုက်တော့

စပါးပင်တွေကြားမှာ ပုဆိုးခပ်တိုတိုနှင့်

မတ်တပ်ရပ်နေသော ကိုကြီးလှိုင်မြင့်ဦးကို

တွေ့လိုက်ရလေသည်။


မျက်နှာကြီးတင်းမာနေပုံအရဆို

ရဲရင့်နှင့် စကားပြောတာကိုမကြိုက်၍

ဖြစ်နိုင်သည်။


"ရဲရင့်..ငါသွားတော့မယ်နော်.."


ချစ်ပန်းဝေလည်း ရဲရင့်ကိုနှုတ်ဆက်လိုက်ပြီး

ကိုကြီးရှိနေရာဆီသို့ ကူးသွားလိုက်သည်။


"တာလဘတ်တွေ မိုးကာတွေယူလာခဲ့လား.."


"အကုန်ပါတယ်..ငါကခိုင်းရင်ခိုင်းတဲ့အတိုင်း

ကွက်တိလုပ်တတ်တယ်..နင်သာငါ့စကားကို

နားမထောင်တာ.."


"ဟင်..ညီမလေးကဘာလုပ်နေလို့လဲ.."


"ခုဏက ဟိုကောင်ရဲရင့်နဲ့ 

နင်စကားသွားပြောတယ်လေ..အဲ့ဒါအပြစ်ပေါ့

သူ့အမေကြီးက ဘယ်လောက်ကြီးကျယ်လည်း

နင်သိရဲ့သားနဲ့..အဲ့ဒီ့ဒေါ်ခင်ကြီးကျယ်ရဲ့

သားနဲ့ မပတ်သတ်စမ်းပါနဲ့ဟာ.."


"ကိုကြီးကလည်း..သူ့ဘာသာစကားလာပြောလို့

ပြန်ပြောရုံပဲရှိတာပါ..သမီးလည်း

အဲ့ဒီဒေါ်ငွေခင်ကြီးအကြောင်းကို သိပါတယ်.."


"အေး..သိရင်ပြီးတာပဲ..ဒေါ်ငွေခင်က

သူ့သားကို ရွှေဥဥပြီး မွေးထားသလိုကို

အကဲပိုတာ ငါ့ညီမကိုလာထိရင်

ငါလည်း ငြိမ်နေနိုင်မှာမဟုတ်ဘူး..

အဲ့တော့ သတ်ပွဲတွေဖြစ်ကုန်လိမ့်မယ်..."


"အမယ်လေး..အပိုတွေ..တကယ့်တကယ်

အရေးအကြောင်းဆို သူ့ကိုဘယ်ရှာရမှန်း

မသိပဲ‌နဲ့..ကြီးကြီးကျယ်ကျယ်တွေမပြောပါနဲ့.."


"ဟဲ့..ငါရှိနိုင်မဲ့နေရာက အသုဘအိမ်နဲ့

ကြက်ဝိုင်းပဲရှိတဲ့ဥစ္စာ အဲ့နေရာမှာလာခေါ်ပေါ့.."


"စဉ်းစားလေ..မိန်းကလေးတန်မဲ့ဖဲဝိုင်းတွေ

ကြက်ဝိုင်းတွေကို လိုက်စရာလား.."


"ချစ်ပန်းဝေရယ်..ခောတ်လူငယ်ဖြစ်ပြီး

အမြင်မကျယ်လိုက်တာ..အဲ့ဒီ့အလုပ်တွေကမှ

မပင်မပန်းပဲ ပိုက်ဆံရတာဟ..တစ်ရက်လောက်

ဖဲဝိုင်းကိုလိုက်ပြီး ဒိုင်လာလုပ်ကြည့်ပါလား

ချက်ချင်းထောသွားမှာနော်.."


"တော်တော်အပြောကောင်းတယ်..

ဖဲရိုက်ဖော်ရအောင် လာဆွယ်မနေပါနဲ့..

သူများတကာ အစ်ကိုတွေဆိုရင်

ဒီလိုပြောမှာမဟုတ်ဘူး..အစ်ကိုကြီးတစ်ယောက်ပဲ

ကိုယ့်ညီမကို လောင်းကစားလုပ်ဖို့

တိုက်တွန်းနေတယ်...တော်ပြီအိမ်ပဲပြန်တော့မယ်

ညနေကြရင် ဦးကုလားတို့ကို

အလုပ်လုပ်ဖို့ လွတ်လိုက်မယ်

သူတို့နဲ့ပေါင်းပြီး အရက်တွေလည်း

‌ဖိသောက်မနေနဲ့အုံးနော်.."


For Me, [7/31/2025 6:53 PM]

"အေးပါဟာ..သွားစရာရှိတာသွားစမ်းပါ.."


သူ့ကို ခိုင်းရတာလည်း နောက်ဆံမတင်းရပေ။

ရွာထဲမှာလည်း အရက်မသောက်တတ်သည့်လူက

ခပ်ရှားရှားမို့ အလုပ်ခိုင်းသည့်အခါ

သောက်စရာကတော့ မပါမဖြစ်ပေ။


အခုလို ညဘက်မှာအလုပ်လုပ်ရမယ်ဆိုရင်

ပိုဆိုးတော့တာပေါ့။

လှိုင်မြင့်ဦးတစ်ယောက် အလုပ်သမားတွေနဲ့

ပေါင်းပြီး အရက်အလွန်အကျွံ 

မသောက်ပါစေနဲ့လို့ပဲ ဆုတောင်းရတော့မယ်။


🌺🌺🌺🌺🌺🌺🌺


ညခုနှစ်နာရီ ထိုးနေပြီဖြစ်၍ အိမ်ပတ်၀န်းကျင်

တစ်ခုလုံး မှောင်မဲနေလေသည်။

ချစ်ပန်းဝေတို့၏ အခန်းလေးထဲတွင်တော့

ဖယောင်းတိုင်မီး မှိန်ဖျဖျလေးအား 

ထွန်းထားလေသည်။

ချစ်ပန်းဝေကတော့ ထုံးစံအတိုင်း‌ညဘက်မှ

ရေချိုးဖို့အား၍ ကမ်းနားမှာရေဆင်းချိုးပြီး

အိပ်ခန်းထဲသို့ ပြန်၀င်လာလိုက်သည်။


"မမလှိုင်..ထမင်းစားပြီးပြီလား.."


"အေး..စားပြီးပြီ..ဒီမှာလေ..‌

မြန်မာကားကြည့်နေတာ.."


မမလှိုင်သည် ဖျာပေါ်၌ပက်လက်လှန်ရင်းနှင့်

ဇာတ်ကားကြည့်နေကြောင်းသိစေရန်

သူ့ဖုန်းကို ထောင်ပြလာလေသည်။


"‌ဒွေးနဲ့အိန္ဒြာကျော်ဇင်လား.."


"အေးလေ..ဇာတ်ကားနာမည်က

အချစ်သည်လေပြည်တဲ့..

အိန္ဒြာကျော်ဇင်က ယောက်ျား‌စတိုင်လေးနဲ့

ချစ်စရာလေး.."


ချစ်ပန်းဝေလည်း မမလှိုင်ပြောနေတာကိုသာ

နားထောင်လိုက်ပြီး တစ်ကိုယ်လုံးကို

သနပ်ခါးအမြစ်တုံး သွေး၍လိမ်းပစ်လိုက်ကာ

အသားအေးသည့် အိင်္ကျီလက်ပြတ်လေးကို

ရွေး၀တ်လိုက်သည်။


"အော်..ဒါနဲ့..ငါပြန်ရောက်တည်းက

သတိထားမိနေတာ တစ်ခုရှိတယ်.."


"ဘာကိုလဲ.."


"အခန်းထဲမှာ ချိတ်ထားတဲ့ရှိုင်းရဲ့ပုံနဲ့ပြက္ကတိန်ရယ်

ပိုစတာရယ် မရှိတော့ဘူးနော်..

ဘယ်ရောက်သွားတာလဲ.."


"သမီးဘာသာ..ခွာပစ်လိုက်တာ.."


"ဘယ်လို.."


ကောက်ခါငင်ကာ ထပြောလိုက်သော

ချစ်ချစ်ကြောင့် လှိုင်တစ်ယောက် နားထဲသို့

လေ၀င်သွားသလား မှတ်ရသည်အထိ

တဝီဝီ ဖြစ်သွားလေသည်။


မယုံကြည်နိုင်စွာဖြင့် ချစ်ချစ်ကိုကြည့်လိုက်တော့

မျက်နှာနုနုလေးက တည်တင်းနေပြီး

မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်တွေလည်း

ပေါ်လွင်နေသည်။


"ချစ်ချစ်..မနက်ဖြန်ဘုရားပွင့်တော့မှာများလား.."


"ဘာတွေလျှောက်ပြောနေတာလဲ

မမလှိုင်ကလည်း.."


"ဟုတ်တယ်လေ..နင့်လောက်*မင်းသားရှိုင်း*ဆိုပြီး

တရှိုင်းတည်းရှိုင်းနေတဲ့လူက..အခုမှ

သူပုံတွေကို ခွာလိုက်ပြီဆိုတော့

ဘုရားပွင့်တာပဲပေါ့..နင်ရူးသွားတာများလား.."


"လာပြန်ပြီ..ဘာလို့တစ်ခုခုဆိုတိုင်း

ရူးသွားတာလားကြီးပဲ မေးနေရတာလဲ.."


ကကြီးပုံစံနှုတ်ခမ်းလေးအား စူထော်ပစ်ကာ

ဆံပင်ဖျားလျားချထား၍ သရဲမလေးလို

ဖြစ်နေသည့် ချစ်ချစ်ကိုကြည့်ပြီး

လှိုင်လည်း အားရပါးရရယ်ချပစ်လိုက်တော့သည်။


"အဲ့ဒါဆိုရင် ဘာလို့ရှိုင်းရဲ့ပုံတွေကို

ဖယ်ပစ်လိုက်ရတာလဲ..နင်ပဲသူ့ကို

ကြိုက်လှချည်ရဲ့ဆို.."


"ဟုတ်တယ်..အဲ့ဒါကအရင်တုန်းက..အခုတော့

သူ့ကိုမကြိုက်တော့ဘူး..မမလှိုင်ပြောသလိုပဲ

သူ့ကိုရူးနေလို့သာ ကြိုက်ခဲ့မိတာ..

အခုတော့ဝေးသေး.."


"ဟဲ့..ဘယ်လိုဖြစ်သွားရတာတုန်း

မ‌နက်ကမှ အကောင်းကြီးကို.."


"ဘယ်လိုဖြစ်ရမှာလဲ..မနက်ကလေ

ဒေါ်ကြီးက နေမကောင်းလို့ကြက်စွပ်ပြုတ်

ပြုတ်ပေးခိုင်းတာနဲ့  ရှိုင်းကိုပါစားစေချင်လို့

ကြက်မတွေက အကောင်သေးတာနဲ့

အကောင်ကြီးတဲ့ ကိုကြီးရဲ့ကြက်ဖကြီးကို

ချက်ပြီး သူတို့အိမ်ကိုတကူးတက

သွားပေးတာ သူခိုးလို့အစွပ်စွဲခံလိုက်ရတယ်လေ.."


"ဘာ!!ငါ့ညီမလေးကိုများ သူကဘာလို့

အဲ့လိုပြောရတာလဲ..."


"မသိပါဘူး..ဘယ်လိုရှင်းပြပြမရဘူး..

အရမ်းစိတ်တိုတာပဲ တော်ပြီ

အဲ့ကောင်အကြောင်း မပြောချင်တော့ဘူး

လူကိုများ သူခိုးလေးဘာလေးနဲ့.."


"နင်ပြောပုံဆို သူကမောက်မာမဲ့ပုံပဲနော်.."


"မောက်မာရုံပဲမဟုတ်ဘူး..ဘ၀င်လည်းမြင့်တယ်

အကျင့်လည်းယုတ်တယ်..

ကြီးကျယ်လိုက်တာလည်းလွန်ရော..

ကင်မရာရှေ့မှာသာ ဟန်ဆောင်ပြီး

သရုပ်ဆောင်ပြနေတာ အပြင်ဘက်မှာတော့

အကျင့်တစ်စက်မှမကောင်းဘူးသိလား.."


မဲ့ကာရွဲ့ကာဖြင့် စကားတစ်လုံးခြင်းစီကို

တမင် ခပ်ဆောင့်ဆောင့်ပြောနေသော

ချစ်ပန်းဝေကြောင့် လှိုင်တောင်လန့်လွန်းလို့

ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိနေရလေသည်။


"အမယ်လေးဟယ်..နင်ပြောတာနဲ့

ငါတောင်သူ့ကိုလန့်လာပြီ..နင်ပဲအရင်တုန်းကတော့

ရှိုင်းလေးကချောလိုက်တာ..သရုပ်ဆောင်လည်း

သူမတူအောင်ထူးချွန်တာဆို..

လူကြီးလူကောင်းဆန်ပြီး 

ကြင်နာတတ်တဲ့ နတ်သားလေးလိုပဲဆို.."


"အဲ့ဒါက သူ့အကြောင်းကိုအမှန်တကယ်

မသိသေးလို့လေ..အခုတော့သိသွားပြီမို့လို့

ကြိုက်ဖို့ဆိုတာဝေး..သထွေးတောင်

လှည့်မထွေးဘူးမှတ်.."


"အေးပါ..အဲ့ဒီ့စကားကိုမှတ်ထားပါ့မယ်

နောက်မှ တစ်ရှိုင်းတည်းပြန်ရှိုင်းလာရင်

နင်နဲ့ငါတွေ့မယ်.."


ချစ်ပန်းဝေလည်း တကယ်တမ်းမှာ

ပါးစပ်ကသာပြောနေရပေမဲ့

 ရင်ထဲမှာ၀မ်းနည်းသလိုလိုတော့ဖြစ်နေမိသည်။


ရှိုင်းဆိုတဲ့မင်းသားလေးကို ကိုယ်မြင်ခဲ့တဲ့ပုံစံဟာ

ကြင်နာတတ်ပြီး နွေးထွေးတဲ့ပုံစံလေးနဲ့ပါ။

ဘာကြောင့် အခုလိုမောက်မာတဲ့ရှိုင်းအဖြစ်

ပြောင်းလဲသွားရတာလဲ။


ဒါမှမဟုတ် သူ့ရဲ့ပုံစံအစစ်အမှန်က နဂိုတည်းက

ဒီအတိုင်းပဲလား။???


"မမချစ်ချစ်ရေ..မေကြီးကသူ့အခန်းထဲကို

လာခဲ့ပါအုံးတဲ့.."


ကိုယ့်အတွေးနှင့်ကိုယ် ငိုင်နေစဉ်မှာ သဲသဲလေးက

အသံသေးသေးလေးနှင့် လာခေါ်နေ၍

ထရပ်လိုက်ရသည်။


"အေး..မမလိုက်ခဲ့မယ်.."


သဲသဲလေးနဲ့အတူ ဒေါ်ကြီးနှင့်လေးလေး၏

အိပ်ခန်းထဲသို့ ၀င်လိုက်ပြီးနောက်

လေးလေးကို မတွေ့ရ၍အံ့ဩသွားမိလေသည်။


"ဒေါ်ကြီး..ညနေက..လေးလေးပြန်လာတယ်

မဟုတ်ဘူးလား..လေးလေးဘယ်သွားတာလဲ.."


ချစ်ချစ်က သာမာန်လေသံဖြင့် မသိ၍

မေးလိုက်ပေမဲ့ ဒေါ်‌ကြီးကတော့

ဒေါသအလိမ်းလိမ်းထွက်နေသည့် မျက်နှာပေးဖြင့်

ချစ်ချစ်ကို ကြည့်လာလေသည်။

တစ်ခုခု အပြောခံရမည်ကိုတော့ 

ချစ်ချစ်ကြို၍ သိလိုက်သည်။


"ချစ်ပန်းဝေ နင်ကသူများအိမ်မှာလည်း

ကပ်နေသေးတယ်..အလုပ်လေးတစ်ခုတောင်

ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ဘူးဆိုတော့

တရားမလွန်လွန်းဘူးလား.."


"ချစ်ချစ် ဘာလုပ်မိလို့လဲဒေါ်ကြီးရယ်..."


"ဘာအခုမှ မသိချင်ယောင်ဆောင်နေတာလဲ..

ကောင်မ..မျက်နှာကိုက ဘာမှမသိသလိုရုပ်နဲ့

တော်တော် ဟန်ဆောင်ကောင်းတာပဲနော်..

ဒီညလယ်ရိတ်ရမှာကို လှိုင်မြင့်ဦးတစ်ယောက်တည်းကို နင်လွှတ်ထားလို့

အခု ကိုတင်မောင်ကလိုက်သွားရပြီလေ.."


"ဒေါ်ကြီးရယ်..ကိုကြီးလှိုင်မြင့်ဦး

တစ်ယောက်တည်းမဟုတ်ပါဘူး..ဦးကုလားနဲ့

နောက်ထပ် နှစ်ယောက်လည်းလွှတ်လိုက်ပါတယ်"


"ဟဲ့..လှိုင်မြင့်ဦးအကြောင်းကို နင်မသိလို့လား

အကုန်လုံးကို အရက်တွေအမူးတိုက်ပြီး

အလုပ်မလုပ်ကြရင် စက်ဖိုးတွေအလကား

ဖြစ်ကုန်မှာပေါ့..နင့်မှာဦးနောက်မရှိဘူးလား..

တကယ်ဆို ဒီအလုပ်တွေကနင်လုပ်ရမှာလေ.."


ချစ်ပန်းဝေလည်း

 ဒေါ်ကြီးကိုနားမလည်နိုင်တော့ပေ။

ချစ်ပန်းဝေဆိုတာ မိန်းကလေးတစ်ယောက်

ဆိုတာကိုရော သူတွေးမိပါရဲ့လား။


ဒါမှမဟုတ် သူ့သားသမီးဘာမှမဖြစ်ရင်ပြီးရော

ချစ်ပန်းဝေက ဘာဖြစ်ဖြစ်ဂရုမစိုက်တာလား။


*ငါ့အမေသာဆို..ညကြီးအချိန်မတော်

ယောက်ျားလေးတွေနဲ့ အတူရှိမှာကိုခွင့်ပြုပေးမှာ

မဟုတ်ဘူးဟု အတွေး၀င်လာမိတော့

မျက်ရည်က အလိုလိုဝဲလာမိသည်..*


"အဖော်ရှိရင်တော့ သမီးလည်းသွားပါတယ်

အခုက ‌ယောက်ျားတွေအများကြီးရှိတဲ့နေရာမှာ

တစ်ယောက်တည်း မနေချင်လို့ပါ..နောက်ပြီး

သူတို့က အရက်တွေလည်း

သောက်ကြ၊စားကြတော့.."


"အပိုတွေပြောမနေပါနဲ့အေ..ညည်းကိုဘယ်သူက

ဘာလုပ်မှာမို့လို့..ဒီလောက်အကဲပိုနေရတာလဲ..

ညည်းရုပ်ကို ခွေးကျွေးတောင်

 ဘယ်ခွေးမှမစားဘူး.."


"ဒေါ်လေး..သမီးကိုအဲ့လိုတော့မပြောပါနဲ့

သားသမီးချင်းတော့ ကိုယ်ချင်းစာပေးပါ

သမီးမှာလည်း အရှက်သိက္ခာဆိုတာရှိတယ်.."


"အောင်မယ်..ညည်းကများငါ့ကိုလာခံပြောနေတယ်

ဘာအရှက်သိက္ခာလည်း..

စာအုပ်ထဲက စကားလုံးတွေနဲ့ငါ့ကိုလာမပြောနဲ့

ညည်းအလုပ်က ငါခိုင်းရင်ခိုင်းတဲ့အတိုင်း

လုပ်ဖို့ပဲသိရဲ့လား..တင်ကျွေးထားတဲ့

ကျေးဇူးမှမထောက် ညည်းတို့သားအမိကို

အခုချက်ချင်း ကန်ချလိုက်ရင်

လမ်းဘေးမှ တောင်းစားနေရမှာဟဲ့

သိရဲ့လား.."


"အမေရယ်..အော်ကြီးဟေ့ကျယ်နဲ့

ဘာလို့ အဲ့လောက်ပြောနေရတာလဲ.."


မမလှိုင်ကပါ အခန်းထဲသို့၀င်လာပြီး

သူ့အမေကို ဟန့်တားလိုက်လေသည်။


ချစ်ပန်းဝေကတော့ အံ့ကိုဖိကြိတ်၍

လက်သီးတွေကို ဖိဆုပ်ထားမိရင်း

မျက်ရည်တွေ ကျနေလေတော့သည်။

*ကိုယ့်ကို ပုတ်ခတ်ဆော်ကားနေတဲ့နေရာမှာ

ကပ်တွယ်ပြီး နေနေရတာကို စိတ်နာလှပါပြီ။*


"ချစ်ချစ်လည်း တစ်နေကုန်

သူလုပ်ပေးနိုင်သလောက် လုပ်ပေးနေတာပဲကို

အမေ အဲ့လောက်တော့မပြောသင့်ပါဘူး

အဖေသိရင် စိတ်မကောင်းဖြစ်လိမ့်မယ်.."


"မိလှိုင်..နင်၀င်မပါနဲ့စမ်း.."


"၀င်ပါရမှာပဲအမေ..ချစ်ချစ်ကလည်း

သမီးရဲ့ညီမပဲလေ..

ချစ်ချစ်..အခန်းထဲသွားတော့သွား

အမေ့ကို ငါပြောလိုက်မယ်.."


"ဟုတ်ကဲ့.."


မမလှိုင်သည် ချစ်ချစ်၏လက်ကောက်၀တ်ကို

ဆုပ်ကိုင်လာကာ အခန်းအပြင်သို့တွန်းထုတ်ပြီး

တံခါးပိတ်သွားလေသည်။


အခန်းထဲမှ မမလှိုင်နှင့်ဒေါ်ကြီးတို့၏

ရန်ဖြစ်နေသံတွေကို ဆက်ကြားနေရပေမဲ့

ထိုနေရာမှာ ဆက်မနေချင်တော့၍

ခြေဦးတည့်ရာ သွားနေမိရာမှာ

ချောင်းစပ်သို့ ရောက်သွားလေတော့သည်။


**"ငါဘာလုပ်သင့်လဲ..

ငါအသက်ဆက်ရှင်နေတော့ရော

ဘာထူးတော့မှာလဲ..နေစရာအိမ်မရှိ..

အနာဂတ်မရှိတဲ့ သူများခိုင်းဖက်ဘ၀မှာ

ဆက်မနေချင်တော့ဘူး.."**


ပါးပြင်ပေါ်သို့ စီးကျလာသည့်မျက်‌ရည်တွေကို

ခပ်ကြမ်းကြမ်း သုတ်လိုက်မိချိန်မှာတော့

ချောင်းရေပြင်နှင့် ခြေထောက်တွေဟာ

ထိနေပြီမှန်း ခံစားလိုက်ရသည်။


သို့ပေမဲ့ ဒီအခြေအနေကပဲ အကောင်းဆုံးဟု

သုံးသပ်လိုက်ပြီးတဲ့နောက်မှာတော့

ရှေ့ဆက်တိုးနေမိလေရာ ရေပြင်သည်

ဒူးဆစ်လောက်အထိ ရောက်လာလေတော့သည်။


ဖြစ်ချင်တာဖြစ်ဆိုသည့်အတွေးနှင့် 

မျက်လုံးတွေကို ဆုံမှိတ်ထားလိုက်ပြီး

ရှေးကိုသာ ဆက်တိုးနေမိသည်။

အစောကတည်းက မှောင်မည်းနေသော

ပတ်၀န်းကျင်သည် မျက်လုံးမှိတ်လိုက်သည့်အခါ

အလင်းရောင် တစ်စတောင်မရှိတော့ပဲ

ပိတ်လှောင်မှုသို့ ပြောင်းလဲသွားခဲ့သည်။


ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း

ကြားလိုက်ရသည့် ရေသံဟာ..သာယာပေမဲ့

မကြာခင်မှာ ဒီရေအောက်၌ ကိုယ့်ဘ၀

အဆုံးသတ်ရတော့မည်ဟု အသိ၀င်လာတိုင်း

ကြောက်လန့်သွားမိသည်။

*

*

*

"ဟေ့..မင်းအဲ့ဒါဘာလုပ်နေတာလဲ..."


နားထဲ၌ ရင်းနှီးနေသည့် အသံတစ်ခုကြောင့်

မျက်လုံးတွေကို ချက်ချင်းဖွင့်လိုက်မိပြီး

အနောက်သို့ လှည့်ကြည့်လိုက်မိတော့

ဖုန်းမီးအရောင်ကြောင့် စူးခနဲဖြစ်သွားရာ

မျက်လုံးတွေကို လက်နဲ့ကာလိုက်ရလေသည်။


တစ်ဆက်တည်းမှာပဲ ရေထဲမှဖြတ်ပြေးလာသံ

ကြားလိုက်ရပြီးနောက် ကိုယ့်လက်မောင်းဟာ

အားပြင်းစွာ ဆောင့်ဆွဲခံလိုက်ရလေသည်။


"ရှင်ဘာလုပ်တာလဲ..ကျွန်မသေမလို့..

ကိုယ့်လမ်းကိုသွား..ကျွန်မကိုလွှတ်.."


"ငါခွင့်မပြုဘူး.."


"ရှင်က ဘာမို့လို့လဲ..ကျွန်မလက်ကိုလွှတ်လို့

ပြောနေတယ်နော်..အင့်ဟယ်.."


လက်ကို ရုန်း၍မရသည့်အဆုံး သူ့ရင်ဘတ်ကို

ဆောင့်တွန်းလိုက်ရာ အရှိန်လွန်ပြီး

နှစ်ယောက်လုံး ရေထဲသို့ 

လန်ကျသွားလေတော့သည်။


မျက်လုံးထဲသို့ ရေတွေစင်သွား၍

ဆက်ခနဲ ပိတ်လိုက်မိပြီး ပြန်ဖွင့်ကြည့်လိုက်သည့်

အချိန်မှာတော့ ချစ်ချစ်သည် တစ်ကိုယ်လုံး

ရေတွေရွှဲစိုနေလေတော့သည်။


ဒီ့ထက်အခြေအနေဆိုးတာကတော့ 

ယောက်ျားတစ်ယောက်နှင့်

အလွန်နီးကပ်နေခြင်းပဲ။


အတိအကျဆိုရလျှင် ထိုယောက်ျား၏

ရင်ခွင်ထဲမှာ ရောက်နေခြင်းဖြစ်ပြီး

ထိုလူကလည်း ချစ်ချစ်ကို တင်းကြပ်စွာ

ဖက်ထားသလိုကို ခံစားနေရတာ။


အခန်း(၉)ဆက်ရန်


🌺🌺🌺🌺🌺🌺🌺🌺


ရောက်လာတာ ဘယ်သူဖြစ်မလဲ


(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူး တင်ရှိပါတယ်နော်

ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ

ရှိလို့ updateလေး ကြာသွားပါတယ်..

အရင်လို အရှည်ကြီးမတင်ပေးနိုင်တဲ့အတွက်လည်း

စိတ်မရှိကြပါနဲ့နော်..)

----------------------------------------

------------------------------------------

🌺အခန္း(၈)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


ေနသာ၍ တိမ္ကင္းစင္ေနေသာေၾကာင့္

အပူဒဏ္က ျပန္လည္ျမင့္တက္လာရာ

ခ်စ္ပန္းေဝတစ္ေယာက္ မ်က္ႏွာမွာသနပ္ခါး

ထူလဗ်စ္ႀကီးလိမ္းကာ ဦးေလး၏ပုဆိုးကို

ေခါင္းေပါင္းလွ်က္ လယ္ထဲသို႔

ေရာက္လာေလသည္။


ထမီကို ခပ္တိုတို၀တ္ထားေပမဲ့ တက္ထြန္ကြက္

လက္ရွည္အက်ႌကို ၀တ္ထားျခင္းျဖစ္၍

တစ္ကိုယ္လုံးကို အ၀တ္ႏွင့္ထုပ္ထားသလို

ျဖစ္၍ေနသည္။


လယ္ကန္သင္း႐ိုးအတိုင္း တေ႐ြ႕ေ႐ြ႕

ျဖတ္ေလွ်ာက္လိုက္ၿပီးေနာက္ ဦးေပါတို႔

လယ္စပ္ကို ေရာက္၍လာေလသည္။


"ဦးေပါတို႔လယ္က ဒီညဆိုၿပီးၿပီမဟုတ္လား.."


စပါးေတြကို ေနလွန္းရန္ျဖန႔္ခင္းေနေသာ

ဦးေပါတို႔ မိသားစုထံသြားၿပီး ေမးလိုက္ေတာ့

ဦးေပါက ၿပဳံး၍ေခါင္းၿငိမ့္ျပလာေလသည္။


"ေအးကြ..ဒီညဆိုၿပီးေလာက္ပါၿပီး..ဦးတို႔ၿပီးရင္

ငါ့တူမတို႔ လယ္ဘက္စမွာဆိုေတာ့

အဆင္သင့္ျပင္ထားအုံးေနာ္.."


"ဟုတ္ကဲ့..ကိုႀကီးလႈိင္ျမင့္ဦးကိုေတာ့

တာလဘတ္ေတြ ယူလာခိုင္းထားပါတယ္..

ဒီေန႔ေနသာေတာ့ ဦးေပါတို႔က

ကံေကာင္းသြားတာေပါ့..သမီးတို႔ရိတ္ၿပီးရင္

မိုးမိမလား မေျပာတတ္ဘူး.."


ခ်စ္ပန္းေဝ၏ စကားကိုၾကားေတာ့

ဦးေပါသည္ စပါးျဖန႔္ေနရာမွ ပင္ပန္းလာလို႔

ထင္ပါရဲ႕ ကန္သင္း႐ိုးေပၚသို႔

သြားထိုင္ၿပီး ေရေႏြးၾကမ္းငွဲ႔ေသာက္ေနေလသည္။

ခ်စ္ပန္းေဝလည္း ဦးေပါေနာက္သို႔လိုက္ကာ

ေကာက္ရိတ္စက္ေတြရွိသည့္ ဘက္သို႔

လွမ္းၾကည့္လိုက္မိသည္။


"မိုးဦးက်ခါစမွာ ရိတ္ရလို႔တို႔က ကံေကာင္းသြားတာ

တူမႀကီးရဲ႕ ေနာက္က်မွရိတ္ရရင္

ေရတက္တာနဲ႔သြားေတြ႕တဲ့အခါ

လယ္ေတြျမဳပ္ၿပီး အကုန္ကုန္မွာေလ.."


"မႏွစ္က ဦးေပါတို႔လယ္ေတြ

ေရျမဳပ္ေသးတယ္မလား..အဲ့တုန္းကဘယ္လို

ျဖစ္သြားေသးလဲ.."


"ဘယ္လိုျဖစ္ရမလဲငါ့တူမရဲ႕..အထြက္ႏႈန္း

ေလ်ာ့ၿပီး အရင္းေတြမေၾကလို႔

သမဝါယမမွာ သြားေခ်းရတယ္ေလ..

လယ္ျမတ္တာ၊ရႈံးတာက ရာသီဥတုနဲ႔

သြားၿပီးအခ်ိဳးက်ေနေတာ့ တကယ္မလြယ္ပါဘူး.."


ဟုတ္ပါတယ္ေလ။ကိုယ္ေတြေတာင္ ဒီႏွစ္မွာ

အေႂကြးတင္ေနတဲ့ဥစၥာ..။

ကေလးေတြ ေက်ာင္းစရိတ္နဲ႔ ၀င္ေငြနဲ႔က

မကိုက္ဘူးျဖစ္ေနေတာ့ ရင္ေမာေနရတာအမွန္ပဲ။


"ဒါနဲ႔..ဦးေပါတို႔ငါးပိေတြေရာင္းေနရတယ္

မဟုတ္လား..အဆင္ေျပလား.."


"ေအး..အဲ့ဒီ့ငါးပိေရာင္းရတဲ့ ၀င္ေငြေလးက

ကယ္ေနလို႔ အဆင္ေျပေနတာေပါ့..

မဟုတ္ရင္ ရန္ကုန္မွာေက်ာင္းသြားတက္ေနတဲ့

ကေလးေတြအတြက္ အဆင္ေျပမွာမဟုတ္ဘူး..

ငါးပိက ထက္၀က္ေလာက္ျမတ္တယ္ေလ..

ငါ့တူမႀကီးလည္း လုပ္ၾကည့္ပါလား.."


"လုပ္ေတာ့လုပ္ခ်င္ပါတယ္..ဒါေပမဲ့ဦးေပါတို႔လို

အိမ္မွာ တက္ညီလက္ညီ ကူလုပ္မဲ့လူမွမရွိတာ..

ေဒၚႀကီးကလည္း လက္ခံမယ္မထင္ဘူး..

ေနာက္ၿပီး သူကခဏ၊ခဏေရာဂါထေနေတာ့

ငါးပိနံ႔ေတြ မခံႏိုင္ေလာက္ဘူး.."


"အင္း..ဟိုတစ္ေန႔ကေတာ့ ညည္းအေဒၚက

ေျပာေနေသးတယ္..ခ်စ္ပန္းေဝေလးကို

အရမ္းသနားတာပဲတဲ့ သူ႔ခမ်ာမိန္းကေလးဒဏ္မဲ့

အလုပ္ေတြမနားမေန ဖိလုပ္ရၿပီး

ေဌးေဌးက တစ္ခါမွလည္းအေကာင္းမေျပာဘူးတဲ့

အဲ့အိမ္မွာေနရတာ အဆင္ေရာေျပရဲ႕လား.."


"ဒီလိုပါပဲဦးေပါရယ္..အဆင္ေျပေအာင္

ေနရတာေပါ့..ေဒၚႀကီးကစည္းကမ္းႀကီးေပမဲ့

အရမ္းေတာ့မဆိုးပါဘူး.."


တကယ္တမ္းမွာေတာ့ အဆင္မေျပေပမဲ့

ကိုယ့္ရဲ႕အတြင္းေရးအား သူမ်ားေတြကို

မေျပာသင့္ဘူးဟု ေတြးမိ၍ဖာေထးၿပီးသာ

ေျပာလိုက္ပါသည္။


 အျခားသူေတြက ကိုယ့္အေပၚ

ေကာင္းသေလာက္ ေဒၚႀကီးကေတာ့

ခ်စ္ခ်စ္အေပၚ အရမ္းႏွိမ္တာပဲ။


ဘြဲ႕ရၿပီးတည္းက သူတို႔အိမ္မွာလာေနေပမဲ့

တစ္ႏွစ္ေနလို႔ အ၀တ္အစားတစ္ထည္

၀ယ္မေပးခဲ့ဖူးေပ။


ေတာ္ေသးသည္က ခ်စ္ခ်စ္မွာတကၠသိုလ္

တက္စဥ္က ျမန္မာဝမ္းဆက္ေလးေတြ

က်န္ေနေသးလို႔ပါပဲ။


မမလႈိင္က အခုေနာက္ပိုင္းေပၚတဲ့ အထည္စ

ဆန္းဆန္းေလးေတြ ခ်ဳပ္၀တ္တဲ့အခါ

ကိုယ့္မွာ ထုတ္ေျပာၿပီးမပူဆာႏိုင္ေတာ့

ေမွ်ာ္၍သာ ၾကည့္ေနခဲ့ရတယ္။


အိမ္ကအလုပ္ေတြကိုပဲ ေထာင့္ေစ့ေအာင္

လိုက္လုပ္ေနရေတာ့ မမလႈိင္လို

ေကာက္ရိတ္လိုက္သြားၿပီး ကိုယ္ရွာတာ

ကိုယ္သုံးဖို႔က သိပ္အဆင္မေျပေပ။


"ဒါနဲ႔..ငါ့တူမကဘြဲ႕ရၿပီးၿပီမဟုတ္လား.."


"ဟုတ္ပါတယ္ဦးေပါ.."


"ေအး..အဲ့ဒါဆိုဘာလို႔ဒီမွာေနၿပီး

ေဌးေဌးရဲ႕လက္ေအာက္မွာ

 အေျပာအဆိုခံေနရတာလဲ..

ကိုယ့္ပညာေလးနဲ႔ကိုယ္ ရန္ကုန္တို႔ဘာတို႔မွာ

အလုပ္သြားလုပ္ပါလား..တို႔႐ြာထဲက

ေအးေသာင္းရဲ႕သမီး မိစုတို႔ေတာင္

ဆယ္တန္းမေအာင္ေပမဲ့ အထည္ခ်ဳပ္မွာ

အလုပ္လုပ္ေနတာေလ..လစာလည္း

ေကာင္းတယ္ဆိုပဲ..ညည္းဆိုစာေရးေတြ

ဘာေတြနဲ႔ ရခ်င္ရမွာေပါ့.."


ဦးေပါက ကိုယ္နဲ႔ေသြးသားမေတာ္စပ္ေပမဲ့

တစ္႐ြာတည္းသားခ်င္းဆိုေတာ့ 

ေကာင္းေစခ်င္သည့္ ေစတနာႏွင့္ေျပာမွန္း

နားလည္၍ ၿပဳံးေတာ့ၿပဳံးမိသြားသည္။


"လုပ္ခ်င္တာေပါ့..ဦးေပါရယ္..

ဒါေပမဲ့..အေမကရွိေသးတယ္ေလ..

အေမ့ေရာဂါကို ဘယ္သူကၾကာၾကာ

သည္းခံႏိုင္မွာလဲ..

ရန္ကုန္မွာက အေမနဲ႔အဆင္ေျပမွာ

မဟုတ္ေလာက္ဘူး..

အခုသမီးကိုယ္တိုင္

အနီးကပ္ေနၿပီး ေဆးပုံမွန္တိုက္..

ဘာညာလုပ္ေပးလို႔သာ အရင္ထက္အေျခအေန

ပိုေကာင္းလာတာ..အနီးကပ္သာမေနေပးႏိုင္ရင္

အေမ့အေျခအေနက ပိုဆိုး႐ြားသြားလိမ့္မယ္.."


"အင္း..ညည္းလည္း၀ဋ္ေႂကြးပါပဲ..

ဒါေပမဲ့လည္း မိဘကိုအလုပ္အေကြၽးျပဳေနတဲ့

သားသမီးက ကံေကာင္းမွာပါ..

ဦးေလးအတတ္သိေနတယ္..ငါ့တူမမွာ

ေအာင္ျမင္ႏိုင္တဲ့ ႐ုပ္အင္လကၡဏာရွိေနတယ္.."


"အဲ့လိုၾကားရတာနဲ႔တင္ 

ေတာ္ေတာ္ေက်နပ္ေနပါၿပီ ဦးေပါရယ္.."


"ဟား..ဟား..အဲ့ဒါဆိုဦးေလးတို႔အိမ္ကိုသာ

မ်ားမ်ားလာလည္ ညည္းအေဒၚက

ေျမႇာက္ပင့္တဲ့ေနရာမွာေတာ့ ဆရာမႀကီးပဲ

အခုသူ႔သမီးရန္ကုန္မွာ ေက်ာင္းတက္ေနတာကိုေလ

တစ္ေန႔တစ္ေန႔ ႂကြားလိုက္တာမ်ား

ဟိုက ပါေမာကၡႀကီးပဲ ျဖစ္ေနသလိုလိုနဲ႔..

ၿပီးလည္းၿပီးေရာ ပထမႏွစ္မွာတင္

က်သြားလို႔ ေနာက္တစ္ႏွစ္

ထပ္တက္ေနရတယ္ေလ"


"ဟုတ္လား..ခ်ိဳသဲကစာေတာ္ရဲ႕သားနဲ႔

ဘာလို႔က်သြားတာလဲ.."


"မသိပါဘူးကြာ..စာမလုပ္ပဲအေလလိုက္ေနလို႔

ေနမွာေပါ့..ဦးေလးရဲ႕သားသမီးေတြက

ငါ့တူမႀကီးေလာက္ မ‌လိမၼာၾကဘူး.."


ဦးေပါမွာ သူကိုယ္တိုင္က မိသားစုအတြက္

ႀကိဳးစားသေလာက္ သားသမီးေတြက

မသိတတ္ပဲ ရွာေပးသမွ်ထိုင္ျဖဳန္းေနေတာ့

စိတ္ညစ္စြာ ညီးျငဴလာေလေတာ့သည္။


‌"ကဲ..အေမာလည္းေျပၿပီဆိုေတာ့ 

အလုပ္ဆက္လုပ္လိုက္အုံးမယ္တူမႀကီးေရ.."


ဘာပဲလုပ္လုပ္ ကိုယ္တိုင္လုပ္မွ 

စိတ္တိုင္းက်တတ္သည့္ ဦးေပါဟာ

အခုလည္း အလုပ္သမားေတြရွိလွ်က္ႏွင့္

မေမာႏိုင္မပန္းႏိုင္ ၀င္လုပ္ေနေလသည္။

ဦးေပါကိုၾကည့္ၿပီး ခ်စ္ပန္းေဝလည္း

အားေတြတက္လာသလို ခံစားလိုက္ရသည္။


"ေဟ့..ခ်စ္ခ်စ္ေရ..အဲ့ဒီ့မွာဘာထိုင္လုပ္ေနတာလဲ.."


"ေအာ္..ရဲရင့္ပါလား..နင္တို႔‌လယ္ကရိတ္ဖို႔

လိုေသးတယ္ေလ..ဒီကိုဘာလာလုပ္တာလဲ.."


"ဦးေပါတို႔ကို လာကူလုပ္ေပးတာေလ.."


ရဲရင့္သည္ ခ်စ္ခ်စ္တို႔ႏွင့္

သက္တူ႐ြယ္တူျဖစ္ၿပီး ခ်စ္ခ်စ္၏

အေဖရွိစဥ္ကေတာ့ ဒီ႐ြာကိုျပန္လာတိုင္း

သူတို႔နဲ႔ပဲ အမ်ားဆုံးေဆာ့ျဖစ္ခဲ့သည္။


ေနာက္ပိုင္း တကၠသိုလ္တက္ေတာ့လည္း

သူက နည္းပညာဘက္မွာဆိုေတာ့

သိပ္မေတြ႕ျဖစ္ခဲ့ၾကေပ။

သို႔ေပမဲ့ ႏွစ္ေယာက္သားဆုံမိတိုင္းေတာ့

ခင္ခင္မင္မင္ ရွိၾကပါသည္။


ငယ္သူငယ္ခ်င္းဆိုေပမဲ့ ခ်စ္ခ်စ္၏

အေဖဆုံးၿပီးေနာက္ အေဒၚအိမ္မွာ

ကပ္ေနရမွန္းသိေတာ့ ရဲရင့္၏မိခင္ဟာ

ခ်စ္ခ်စ္ႏွင့္ အေပါင္းအသင္းလုပ္တာကို

သိပ္မႀကိဳက္ခ်င္ေတာ့ေပ။


"ခ်စ္ခ်စ္..နင္..နင့္အေဒၚအိမ္မွာေနရတာ

အဆင္ေျပရဲ႕လား.."


"ေျပပါတယ္ ဒီလိုပါပဲ..နင္ေရာ..

ရန္ကုန္မွာအလုပ္သြားလုပ္မလို႔ဆို.."


"ဟင္..နင္ကဘယ္လိုသိတာလဲ.."


"ဘယ္လိုသိရမွာလဲ..နင့္အေမကတစ္အိမ္တက္

တစ္အိမ္ဆင္း လိုက္ေျပာေနတာေလ

မသိစရာလား.."


ခ်စ္ပန္းေဝကထိုသို႔ေျပာလိုက္ေတာ့ ရဲရင့္လည္း

အႂကြားသန္ေသာ သူ႔အေမအေၾကာင္းကိုသိ၍

ၿငိမ္သြားေလသည္။

ၿပီးေနာက္ ခ်စ္ခ်စ္၏ေဘးတိုက္မ်က္ႏွာေလးကို

႐ႊန္း႐ႊန္းစားစား စိုက္ၾကည့္ရင္းၿပဳံးလိုက္ျပန္သည္။


"ခ်စ္ခ်စ္..နင္ရန္ကုန္ကိုမသြားခ်င္ဘူးလား

ငါတို႔အတူတူသြားၾကမယ္ေလ.."


"အမယ္ေလး..မလုပ္ပါနဲ႔ဟယ္..နင့္အေမႀကီးကို

ေၾကာက္လြန္းလို႔ပါ.."


ရဲရင့္၏အေမကို ခ်စ္ခ်စ္..တကယ္လည္း

ေၾကာက္ပါသည္။သူ႔သားကို ေ႐ႊတုံးေလးလို

တမမႏွင့္ ျဖစ္ေန၍ရဲရင့္ကို လိုတာထက္

ပိုၿပီး အေျပာအဆိုမလုပ္ရဲသည္အထိပါပဲ။


ရဲရင့္က သေဘာေကာင္းေပမဲ့ သူ႔အေမႀကီးကေတာ့

သူ႔သားကို ေတာ္႐ုံလူေတြနဲ႔အေပါင္းမခံ၍

ရဲရင့္လည္း ႐ြာမွာဆိုေပါင္းခ်င္သည့္

သူငယ္ခ်င္းသိပ္မရွိေပ။


ေပါင္းတဲ့သူၾကေတာ့လည္း သူေဌးသား

လူ႔ေပၚေက်ာ့ေတြဆိုေတာ့ ရဲရင့္ပါ

ပ်က္စီးသြားမည္ကို စိတ္ပူမိသား။


"ခ်စ္ပန္းေဝ..နင္အဲ့ဒီ့မွာဘာထိုင္လုပ္ေနတာလဲ.."


"ဟင္..ကိုႀကီးေရာက္လာၿပီလား.."


အေနာက္သို႔ လွည့္ၾကည့္လိုက္ေတာ့

စပါးပင္ေတြၾကားမွာ ပုဆိုးခပ္တိုတိုႏွင့္

မတ္တပ္ရပ္ေနေသာ ကိုႀကီးလႈိင္ျမင့္ဦးကို

ေတြ႕လိုက္ရေလသည္။


မ်က္ႏွာႀကီးတင္းမာေနပုံအရဆို

ရဲရင့္ႏွင့္ စကားေျပာတာကိုမႀကိဳက္၍

ျဖစ္ႏိုင္သည္။


"ရဲရင့္..ငါသြားေတာ့မယ္ေနာ္.."


ခ်စ္ပန္းေဝလည္း ရဲရင့္ကိုႏႈတ္ဆက္လိုက္ၿပီး

ကိုႀကီးရွိေနရာဆီသို႔ ကူးသြားလိုက္သည္။


"တာလဘတ္ေတြ မိုးကာေတြယူလာခဲ့လား.."


"အကုန္ပါတယ္..ငါကခိုင္းရင္ခိုင္းတဲ့အတိုင္း

ကြက္တိလုပ္တတ္တယ္..နင္သာငါ့စကားကို

နားမေထာင္တာ.."


"ဟင္..ညီမေလးကဘာလုပ္ေနလို႔လဲ.."


"ခုဏက ဟိုေကာင္ရဲရင့္နဲ႔ 

နင္စကားသြားေျပာတယ္ေလ..အဲ့ဒါအျပစ္ေပါ့

သူ႔အေမႀကီးက ဘယ္ေလာက္ႀကီးက်ယ္လည္း

နင္သိရဲ႕သားနဲ႔..အဲ့ဒီ့ေဒၚခင္ႀကီးက်ယ္ရဲ႕

သားနဲ႔ မပတ္သတ္စမ္းပါနဲ႔ဟာ.."


"ကိုႀကီးကလည္း..သူ႔ဘာသာစကားလာေျပာလို႔

ျပန္ေျပာ႐ုံပဲရွိတာပါ..သမီးလည္း

အဲ့ဒီေဒၚေငြခင္ႀကီးအေၾကာင္းကို သိပါတယ္.."


"ေအး..သိရင္ၿပီးတာပဲ..ေဒၚေငြခင္က

သူ႔သားကို ေ႐ႊဥဥၿပီး ေမြးထားသလိုကို

အကဲပိုတာ ငါ့ညီမကိုလာထိရင္

ငါလည္း ၿငိမ္ေနႏိုင္မွာမဟုတ္ဘူး..

အဲ့ေတာ့ သတ္ပြဲေတြျဖစ္ကုန္လိမ့္မယ္..."


"အမယ္ေလး..အပိုေတြ..တကယ့္တကယ္

အေရးအေၾကာင္းဆို သူ႔ကိုဘယ္ရွာရမွန္း

မသိပဲ‌နဲ႔..ႀကီးႀကီးက်ယ္က်ယ္ေတြမေျပာပါနဲ႔.."


"ဟဲ့..ငါရွိႏိုင္မဲ့ေနရာက အသုဘအိမ္နဲ႔

ၾကက္ဝိုင္းပဲရွိတဲ့ဥစၥာ အဲ့ေနရာမွာလာေခၚေပါ့.."


"စဥ္းစားေလ..မိန္းကေလးတန္မဲ့ဖဲဝိုင္းေတြ

ၾကက္ဝိုင္းေတြကို လိုက္စရာလား.."


"ခ်စ္ပန္းေဝရယ္..ေခာတ္လူငယ္ျဖစ္ၿပီး

အျမင္မက်ယ္လိုက္တာ..အဲ့ဒီ့အလုပ္ေတြကမွ

မပင္မပန္းပဲ ပိုက္ဆံရတာဟ..တစ္ရက္ေလာက္

ဖဲဝိုင္းကိုလိုက္ၿပီး ဒိုင္လာလုပ္ၾကည့္ပါလား

ခ်က္ခ်င္းေထာသြားမွာေနာ္.."


"ေတာ္ေတာ္အေျပာေကာင္းတယ္..

ဖဲ႐ိုက္ေဖာ္ရေအာင္ လာဆြယ္မေနပါနဲ႔..

သူမ်ားတကာ အစ္ကိုေတြဆိုရင္

ဒီလိုေျပာမွာမဟုတ္ဘူး..အစ္ကိုႀကီးတစ္ေယာက္ပဲ

ကိုယ့္ညီမကို ေလာင္းကစားလုပ္ဖို႔

တိုက္တြန္းေနတယ္...ေတာ္ၿပီအိမ္ပဲျပန္ေတာ့မယ္

ညေနၾကရင္ ဦးကုလားတို႔ကို

အလုပ္လုပ္ဖို႔ လြတ္လိုက္မယ္

သူတို႔နဲ႔ေပါင္းၿပီး အရက္ေတြလည္း

‌ဖိေသာက္မေနနဲ႔အုံးေနာ္.."


For Me, [7/31/2025 6:53 PM]

"ေအးပါဟာ..သြားစရာရွိတာသြားစမ္းပါ.."


သူ႔ကို ခိုင္းရတာလည္း ေနာက္ဆံမတင္းရေပ။

႐ြာထဲမွာလည္း အရက္မေသာက္တတ္သည့္လူက

ခပ္ရွားရွားမို႔ အလုပ္ခိုင္းသည့္အခါ

ေသာက္စရာကေတာ့ မပါမျဖစ္ေပ။


အခုလို ညဘက္မွာအလုပ္လုပ္ရမယ္ဆိုရင္

ပိုဆိုးေတာ့တာေပါ့။

လႈိင္ျမင့္ဦးတစ္ေယာက္ အလုပ္သမားေတြနဲ႔

ေပါင္းၿပီး အရက္အလြန္အကြၽံ 

မေသာက္ပါေစနဲ႔လို႔ပဲ ဆုေတာင္းရေတာ့မယ္။


🌺🌺🌺🌺🌺🌺🌺


ညခုႏွစ္နာရီ ထိုးေနၿပီျဖစ္၍ အိမ္ပတ္၀န္းက်င္

တစ္ခုလုံး ေမွာင္မဲေနေလသည္။

ခ်စ္ပန္းေဝတို႔၏ အခန္းေလးထဲတြင္ေတာ့

ဖေယာင္းတိုင္မီး မွိန္ဖ်ဖ်ေလးအား 

ထြန္းထားေလသည္။

ခ်စ္ပန္းေဝကေတာ့ ထုံးစံအတိုင္း‌ညဘက္မွ

ေရခ်ိဳးဖို႔အား၍ ကမ္းနားမွာေရဆင္းခ်ိဳးၿပီး

အိပ္ခန္းထဲသို႔ ျပန္၀င္လာလိုက္သည္။


"မမလႈိင္..ထမင္းစားၿပီးၿပီလား.."


"ေအး..စားၿပီးၿပီ..ဒီမွာေလ..‌

ျမန္မာကားၾကည့္ေနတာ.."


မမလႈိင္သည္ ဖ်ာေပၚ၌ပက္လက္လွန္ရင္းႏွင့္

ဇာတ္ကားၾကည့္ေနေၾကာင္းသိေစရန္

သူ႔ဖုန္းကို ေထာင္ျပလာေလသည္။


"‌ေဒြးနဲ႔အိျႏၵာေက်ာ္ဇင္လား.."


"ေအးေလ..ဇာတ္ကားနာမည္က

အခ်စ္သည္ေလျပည္တဲ့..

အိျႏၵာေက်ာ္ဇင္က ေယာက္်ား‌စတိုင္ေလးနဲ႔

ခ်စ္စရာေလး.."


ခ်စ္ပန္းေဝလည္း မမလႈိင္ေျပာေနတာကိုသာ

နားေထာင္လိုက္ၿပီး တစ္ကိုယ္လုံးကို

သနပ္ခါးအျမစ္တုံး ေသြး၍လိမ္းပစ္လိုက္ကာ

အသားေအးသည့္ အိက်ႌလက္ျပတ္ေလးကို

ေ႐ြး၀တ္လိုက္သည္။


"ေအာ္..ဒါနဲ႔..ငါျပန္ေရာက္တည္းက

သတိထားမိေနတာ တစ္ခုရွိတယ္.."


"ဘာကိုလဲ.."


"အခန္းထဲမွာ ခ်ိတ္ထားတဲ့ရႈိင္းရဲ႕ပုံနဲ႔ျပကၠတိန္ရယ္

ပိုစတာရယ္ မရွိေတာ့ဘူးေနာ္..

ဘယ္ေရာက္သြားတာလဲ.."


"သမီးဘာသာ..ခြာပစ္လိုက္တာ.."


"ဘယ္လို.."


ေကာက္ခါငင္ကာ ထေျပာလိုက္ေသာ

ခ်စ္ခ်စ္ေၾကာင့္ လႈိင္တစ္ေယာက္ နားထဲသို႔

ေလ၀င္သြားသလား မွတ္ရသည္အထိ

တဝီဝီ ျဖစ္သြားေလသည္။


မယုံၾကည္ႏိုင္စြာျဖင့္ ခ်စ္ခ်စ္ကိုၾကည့္လိုက္ေတာ့

မ်က္ႏွာႏုႏုေလးက တည္တင္းေနၿပီး

မေက်မနပ္ျဖစ္ေနသည့္ အရိပ္အေယာင္ေတြလည္း

ေပၚလြင္ေနသည္။


"ခ်စ္ခ်စ္..မနက္ျဖန္ဘုရားပြင့္ေတာ့မွာမ်ားလား.."


"ဘာေတြေလွ်ာက္ေျပာေနတာလဲ

မမလႈိင္ကလည္း.."


"ဟုတ္တယ္ေလ..နင့္ေလာက္*မင္းသားရႈိင္း*ဆိုၿပီး

တရႈိင္းတည္းရႈိင္းေနတဲ့လူက..အခုမွ

သူပုံေတြကို ခြာလိုက္ၿပီဆိုေတာ့

ဘုရားပြင့္တာပဲေပါ့..နင္႐ူးသြားတာမ်ားလား.."


"လာျပန္ၿပီ..ဘာလို႔တစ္ခုခုဆိုတိုင္း

႐ူးသြားတာလားႀကီးပဲ ေမးေနရတာလဲ.."


ကႀကီးပုံစံႏႈတ္ခမ္းေလးအား စူေထာ္ပစ္ကာ

ဆံပင္ဖ်ားလ်ားခ်ထား၍ သရဲမေလးလို

ျဖစ္ေနသည့္ ခ်စ္ခ်စ္ကိုၾကည့္ၿပီး

လႈိင္လည္း အားရပါးရရယ္ခ်ပစ္လိုက္ေတာ့သည္။


"အဲ့ဒါဆိုရင္ ဘာလို႔ရႈိင္းရဲ႕ပုံေတြကို

ဖယ္ပစ္လိုက္ရတာလဲ..နင္ပဲသူ႔ကို

ႀကိဳက္လွခ်ည္ရဲ႕ဆို.."


"ဟုတ္တယ္..အဲ့ဒါကအရင္တုန္းက..အခုေတာ့

သူ႔ကိုမႀကိဳက္ေတာ့ဘူး..မမလႈိင္ေျပာသလိုပဲ

သူ႔ကို႐ူးေနလို႔သာ ႀကိဳက္ခဲ့မိတာ..

အခုေတာ့ေဝးေသး.."


"ဟဲ့..ဘယ္လိုျဖစ္သြားရတာတုန္း

မ‌နက္ကမွ အေကာင္းႀကီးကို.."


"ဘယ္လိုျဖစ္ရမွာလဲ..မနက္ကေလ

ေဒၚႀကီးက ေနမေကာင္းလို႔ၾကက္စြပ္ျပဳတ္

ျပဳတ္ေပးခိုင္းတာနဲ႔  ရႈိင္းကိုပါစားေစခ်င္လို႔

ၾကက္မေတြက အေကာင္ေသးတာနဲ႔

အေကာင္ႀကီးတဲ့ ကိုႀကီးရဲ႕ၾကက္ဖႀကီးကို

ခ်က္ၿပီး သူတို႔အိမ္ကိုတကူးတက

သြားေပးတာ သူခိုးလို႔အစြပ္စြဲခံလိုက္ရတယ္ေလ.."


"ဘာ!!ငါ့ညီမေလးကိုမ်ား သူကဘာလို႔

အဲ့လိုေျပာရတာလဲ..."


"မသိပါဘူး..ဘယ္လိုရွင္းျပျပမရဘူး..

အရမ္းစိတ္တိုတာပဲ ေတာ္ၿပီ

အဲ့ေကာင္အေၾကာင္း မေျပာခ်င္ေတာ့ဘူး

လူကိုမ်ား သူခိုးေလးဘာေလးနဲ႔.."


"နင္ေျပာပုံဆို သူကေမာက္မာမဲ့ပုံပဲေနာ္.."


"ေမာက္မာ႐ုံပဲမဟုတ္ဘူး..ဘ၀င္လည္းျမင့္တယ္

အက်င့္လည္းယုတ္တယ္..

ႀကီးက်ယ္လိုက္တာလည္းလြန္ေရာ..

ကင္မရာေရွ႕မွာသာ ဟန္ေဆာင္ၿပီး

သ႐ုပ္ေဆာင္ျပေနတာ အျပင္ဘက္မွာေတာ့

အက်င့္တစ္စက္မွမေကာင္းဘူးသိလား.."


မဲ့ကာ႐ြဲ႕ကာျဖင့္ စကားတစ္လုံးျခင္းစီကို

တမင္ ခပ္ေဆာင့္ေဆာင့္ေျပာေနေသာ

ခ်စ္ပန္းေဝေၾကာင့္ လႈိင္ေတာင္လန႔္လြန္းလို႔

ကိုယ့္ရင္ဘတ္ကိုယ္ ျပန္ဖိေနရေလသည္။


"အမယ္ေလးဟယ္..နင္ေျပာတာနဲ႔

ငါေတာင္သူ႔ကိုလန႔္လာၿပီ..နင္ပဲအရင္တုန္းကေတာ့

ရႈိင္းေလးကေခ်ာလိုက္တာ..သ႐ုပ္ေဆာင္လည္း

သူမတူေအာင္ထူးခြၽန္တာဆို..

လူႀကီးလူေကာင္းဆန္ၿပီး 

ၾကင္နာတတ္တဲ့ နတ္သားေလးလိုပဲဆို.."


"အဲ့ဒါက သူ႔အေၾကာင္းကိုအမွန္တကယ္

မသိေသးလို႔ေလ..အခုေတာ့သိသြားၿပီမို႔လို႔

ႀကိဳက္ဖို႔ဆိုတာေဝး..သေထြးေတာင္

လွည့္မေထြးဘူးမွတ္.."


"ေအးပါ..အဲ့ဒီ့စကားကိုမွတ္ထားပါ့မယ္

ေနာက္မွ တစ္ရႈိင္းတည္းျပန္ရႈိင္းလာရင္

နင္နဲ႔ငါေတြ႕မယ္.."


ခ်စ္ပန္းေဝလည္း တကယ္တမ္းမွာ

ပါးစပ္ကသာေျပာေနရေပမဲ့

 ရင္ထဲမွာ၀မ္းနည္းသလိုလိုေတာ့ျဖစ္ေနမိသည္။


ရႈိင္းဆိုတဲ့မင္းသားေလးကို ကိုယ္ျမင္ခဲ့တဲ့ပုံစံဟာ

ၾကင္နာတတ္ၿပီး ေႏြးေထြးတဲ့ပုံစံေလးနဲ႔ပါ။

ဘာေၾကာင့္ အခုလိုေမာက္မာတဲ့ရႈိင္းအျဖစ္

ေျပာင္းလဲသြားရတာလဲ။


ဒါမွမဟုတ္ သူ႔ရဲ႕ပုံစံအစစ္အမွန္က နဂိုတည္းက

ဒီအတိုင္းပဲလား။???


"မမခ်စ္ခ်စ္ေရ..ေမႀကီးကသူ႔အခန္းထဲကို

လာခဲ့ပါအုံးတဲ့.."


ကိုယ့္အေတြးႏွင့္ကိုယ္ ငိုင္ေနစဥ္မွာ သဲသဲေလးက

အသံေသးေသးေလးႏွင့္ လာေခၚေန၍

ထရပ္လိုက္ရသည္။


"ေအး..မမလိုက္ခဲ့မယ္.."


သဲသဲေလးနဲ႔အတူ ေဒၚႀကီးႏွင့္ေလးေလး၏

အိပ္ခန္းထဲသို႔ ၀င္လိုက္ၿပီးေနာက္

ေလးေလးကို မေတြ႕ရ၍အံ့ဩသြားမိေလသည္။


"ေဒၚႀကီး..ညေနက..ေလးေလးျပန္လာတယ္

မဟုတ္ဘူးလား..ေလးေလးဘယ္သြားတာလဲ.."


ခ်စ္ခ်စ္က သာမာန္ေလသံျဖင့္ မသိ၍

ေမးလိုက္ေပမဲ့ ေဒၚ‌ႀကီးကေတာ့

ေဒါသအလိမ္းလိမ္းထြက္ေနသည့္ မ်က္ႏွာေပးျဖင့္

ခ်စ္ခ်စ္ကို ၾကည့္လာေလသည္။

တစ္ခုခု အေျပာခံရမည္ကိုေတာ့ 

ခ်စ္ခ်စ္ႀကိဳ၍ သိလိုက္သည္။


"ခ်စ္ပန္းေဝ နင္ကသူမ်ားအိမ္မွာလည္း

ကပ္ေနေသးတယ္..အလုပ္ေလးတစ္ခုေတာင္

ျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ႏိုင္ဘူးဆိုေတာ့

တရားမလြန္လြန္းဘူးလား.."


"ခ်စ္ခ်စ္ ဘာလုပ္မိလို႔လဲေဒၚႀကီးရယ္..."


"ဘာအခုမွ မသိခ်င္ေယာင္ေဆာင္ေနတာလဲ..

ေကာင္မ..မ်က္ႏွာကိုက ဘာမွမသိသလို႐ုပ္နဲ႔

ေတာ္ေတာ္ ဟန္ေဆာင္ေကာင္းတာပဲေနာ္..

ဒီညလယ္ရိတ္ရမွာကို လႈိင္ျမင့္ဦးတစ္ေယာက္တည္းကို နင္လႊတ္ထားလို႔

အခု ကိုတင္ေမာင္ကလိုက္သြားရၿပီေလ.."


"ေဒၚႀကီးရယ္..ကိုႀကီးလႈိင္ျမင့္ဦး

တစ္ေယာက္တည္းမဟုတ္ပါဘူး..ဦးကုလားနဲ႔

ေနာက္ထပ္ ႏွစ္ေယာက္လည္းလႊတ္လိုက္ပါတယ္"


"ဟဲ့..လႈိင္ျမင့္ဦးအေၾကာင္းကို နင္မသိလို႔လား

အကုန္လုံးကို အရက္ေတြအမူးတိုက္ၿပီး

အလုပ္မလုပ္ၾကရင္ စက္ဖိုးေတြအလကား

ျဖစ္ကုန္မွာေပါ့..နင့္မွာဦးေနာက္မရွိဘူးလား..

တကယ္ဆို ဒီအလုပ္ေတြကနင္လုပ္ရမွာေလ.."


ခ်စ္ပန္းေဝလည္း

 ေဒၚႀကီးကိုနားမလည္ႏိုင္ေတာ့ေပ။

ခ်စ္ပန္းေဝဆိုတာ မိန္းကေလးတစ္ေယာက္

ဆိုတာကိုေရာ သူေတြးမိပါရဲ႕လား။


ဒါမွမဟုတ္ သူ႔သားသမီးဘာမွမျဖစ္ရင္ၿပီးေရာ

ခ်စ္ပန္းေဝက ဘာျဖစ္ျဖစ္ဂ႐ုမစိုက္တာလား။


*ငါ့အေမသာဆို..ညႀကီးအခ်ိန္မေတာ္

ေယာက္်ားေလးေတြနဲ႔ အတူရွိမွာကိုခြင့္ျပဳေပးမွာ

မဟုတ္ဘူးဟု အေတြး၀င္လာမိေတာ့

မ်က္ရည္က အလိုလိုဝဲလာမိသည္..*


"အေဖာ္ရွိရင္ေတာ့ သမီးလည္းသြားပါတယ္

အခုက ‌ေယာက္်ားေတြအမ်ားႀကီးရွိတဲ့ေနရာမွာ

တစ္ေယာက္တည္း မေနခ်င္လို႔ပါ..ေနာက္ၿပီး

သူတို႔က အရက္ေတြလည္း

ေသာက္ၾက၊စားၾကေတာ့.."


"အပိုေတြေျပာမေနပါနဲ႔ေအ..ညည္းကိုဘယ္သူက

ဘာလုပ္မွာမို႔လို႔..ဒီေလာက္အကဲပိုေနရတာလဲ..

ညည္း႐ုပ္ကို ေခြးေကြၽးေတာင္

 ဘယ္ေခြးမွမစားဘူး.."


"ေဒၚေလး..သမီးကိုအဲ့လိုေတာ့မေျပာပါနဲ႔

သားသမီးခ်င္းေတာ့ ကိုယ္ခ်င္းစာေပးပါ

သမီးမွာလည္း အရွက္သိကၡာဆိုတာရွိတယ္.."


"ေအာင္မယ္..ညည္းကမ်ားငါ့ကိုလာခံေျပာေနတယ္

ဘာအရွက္သိကၡာလည္း..

စာအုပ္ထဲက စကားလုံးေတြနဲ႔ငါ့ကိုလာမေျပာနဲ႔

ညည္းအလုပ္က ငါခိုင္းရင္ခိုင္းတဲ့အတိုင္း

လုပ္ဖို႔ပဲသိရဲ႕လား..တင္ေကြၽးထားတဲ့

ေက်းဇူးမွမေထာက္ ညည္းတို႔သားအမိကို

အခုခ်က္ခ်င္း ကန္ခ်လိုက္ရင္

လမ္းေဘးမွ ေတာင္းစားေနရမွာဟဲ့

သိရဲ႕လား.."


"အေမရယ္..ေအာ္ႀကီးေဟ့က်ယ္နဲ႔

ဘာလို႔ အဲ့ေလာက္ေျပာေနရတာလဲ.."


မမလႈိင္ကပါ အခန္းထဲသို႔၀င္လာၿပီး

သူ႔အေမကို ဟန႔္တားလိုက္ေလသည္။


ခ်စ္ပန္းေဝကေတာ့ အံ့ကိုဖိႀကိတ္၍

လက္သီးေတြကို ဖိဆုပ္ထားမိရင္း

မ်က္ရည္ေတြ က်ေနေလေတာ့သည္။

*ကိုယ့္ကို ပုတ္ခတ္ေဆာ္ကားေနတဲ့ေနရာမွာ

ကပ္တြယ္ၿပီး ေနေနရတာကို စိတ္နာလွပါၿပီ။*


"ခ်စ္ခ်စ္လည္း တစ္ေနကုန္

သူလုပ္ေပးႏိုင္သေလာက္ လုပ္ေပးေနတာပဲကို

အေမ အဲ့ေလာက္ေတာ့မေျပာသင့္ပါဘူး

အေဖသိရင္ စိတ္မေကာင္းျဖစ္လိမ့္မယ္.."


"မိလႈိင္..နင္၀င္မပါနဲ႔စမ္း.."


"၀င္ပါရမွာပဲအေမ..ခ်စ္ခ်စ္ကလည္း

သမီးရဲ႕ညီမပဲေလ..

ခ်စ္ခ်စ္..အခန္းထဲသြားေတာ့သြား

အေမ့ကို ငါေျပာလိုက္မယ္.."


"ဟုတ္ကဲ့.."


မမလႈိင္သည္ ခ်စ္ခ်စ္၏လက္ေကာက္၀တ္ကို

ဆုပ္ကိုင္လာကာ အခန္းအျပင္သို႔တြန္းထုတ္ၿပီး

တံခါးပိတ္သြားေလသည္။


အခန္းထဲမွ မမလႈိင္ႏွင့္ေဒၚႀကီးတို႔၏

ရန္ျဖစ္ေနသံေတြကို ဆက္ၾကားေနရေပမဲ့

ထိုေနရာမွာ ဆက္မေနခ်င္ေတာ့၍

ေျခဦးတည့္ရာ သြားေနမိရာမွာ

ေခ်ာင္းစပ္သို႔ ေရာက္သြားေလေတာ့သည္။


**"ငါဘာလုပ္သင့္လဲ..

ငါအသက္ဆက္ရွင္ေနေတာ့ေရာ

ဘာထူးေတာ့မွာလဲ..ေနစရာအိမ္မရွိ..

အနာဂတ္မရွိတဲ့ သူမ်ားခိုင္းဖက္ဘ၀မွာ

ဆက္မေနခ်င္ေတာ့ဘူး.."**


ပါးျပင္ေပၚသို႔ စီးက်လာသည့္မ်က္‌ရည္ေတြကို

ခပ္ၾကမ္းၾကမ္း သုတ္လိုက္မိခ်ိန္မွာေတာ့

ေခ်ာင္းေရျပင္ႏွင့္ ေျခေထာက္ေတြဟာ

ထိေနၿပီမွန္း ခံစားလိုက္ရသည္။


သို႔ေပမဲ့ ဒီအေျခအေနကပဲ အေကာင္းဆုံးဟု

သုံးသပ္လိုက္ၿပီးတဲ့ေနာက္မွာေတာ့

ေရွ႕ဆက္တိုးေနမိေလရာ ေရျပင္သည္

ဒူးဆစ္ေလာက္အထိ ေရာက္လာေလေတာ့သည္။


ျဖစ္ခ်င္တာျဖစ္ဆိုသည့္အေတြးႏွင့္ 

မ်က္လုံးေတြကို ဆုံမွိတ္ထားလိုက္ၿပီး

ေရွးကိုသာ ဆက္တိုးေနမိသည္။

အေစာကတည္းက ေမွာင္မည္းေနေသာ

ပတ္၀န္းက်င္သည္ မ်က္လုံးမွိတ္လိုက္သည့္အခါ

အလင္းေရာင္ တစ္စေတာင္မရွိေတာ့ပဲ

ပိတ္ေလွာင္မႈသို႔ ေျပာင္းလဲသြားခဲ့သည္။


ေရွ႕သို႔ တစ္လွမ္းတိုးလိုက္တိုင္း

ၾကားလိုက္ရသည့္ ေရသံဟာ..သာယာေပမဲ့

မၾကာခင္မွာ ဒီေရေအာက္၌ ကိုယ့္ဘ၀

အဆုံးသတ္ရေတာ့မည္ဟု အသိ၀င္လာတိုင္း

ေၾကာက္လန႔္သြားမိသည္။

*

*

*

"ေဟ့..မင္းအဲ့ဒါဘာလုပ္ေနတာလဲ..."


နားထဲ၌ ရင္းႏွီးေနသည့္ အသံတစ္ခုေၾကာင့္

မ်က္လုံးေတြကို ခ်က္ခ်င္းဖြင့္လိုက္မိၿပီး

အေနာက္သို႔ လွည့္ၾကည့္လိုက္မိေတာ့

ဖုန္းမီးအေရာင္ေၾကာင့္ စူးခနဲျဖစ္သြားရာ

မ်က္လုံးေတြကို လက္နဲ႔ကာလိုက္ရေလသည္။


တစ္ဆက္တည္းမွာပဲ ေရထဲမွျဖတ္ေျပးလာသံ

ၾကားလိုက္ရၿပီးေနာက္ ကိုယ့္လက္ေမာင္းဟာ

အားျပင္းစြာ ေဆာင့္ဆြဲခံလိုက္ရေလသည္။


"ရွင္ဘာလုပ္တာလဲ..ကြၽန္မေသမလို႔..

ကိုယ့္လမ္းကိုသြား..ကြၽန္မကိုလႊတ္.."


"ငါခြင့္မျပဳဘူး.."


"ရွင္က ဘာမို႔လို႔လဲ..ကြၽန္မလက္ကိုလႊတ္လို႔

ေျပာေနတယ္ေနာ္..အင့္ဟယ္.."


လက္ကို ႐ုန္း၍မရသည့္အဆုံး သူ႔ရင္ဘတ္ကို

ေဆာင့္တြန္းလိုက္ရာ အရွိန္လြန္ၿပီး

ႏွစ္ေယာက္လုံး ေရထဲသို႔ 

လန္က်သြားေလေတာ့သည္။


မ်က္လုံးထဲသို႔ ေရေတြစင္သြား၍

ဆက္ခနဲ ပိတ္လိုက္မိၿပီး ျပန္ဖြင့္ၾကည့္လိုက္သည့္

အခ်ိန္မွာေတာ့ ခ်စ္ခ်စ္သည္ တစ္ကိုယ္လုံး

ေရေတြ႐ႊဲစိုေနေလေတာ့သည္။


ဒီ့ထက္အေျခအေနဆိုးတာကေတာ့ 

ေယာက္်ားတစ္ေယာက္ႏွင့္

အလြန္နီးကပ္ေနျခင္းပဲ။


အတိအက်ဆိုရလွ်င္ ထိုေယာက္်ား၏

ရင္ခြင္ထဲမွာ ေရာက္ေနျခင္းျဖစ္ၿပီး

ထိုလူကလည္း ခ်စ္ခ်စ္ကို တင္းၾကပ္စြာ

ဖက္ထားသလိုကို ခံစားေနရတာ။


အခန္း(၉)ဆက္ရန္


🌺🌺🌺🌺🌺🌺🌺🌺


ေရာက္လာတာ ဘယ္သူျဖစ္မလဲ


(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္

ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ

ရွိလို႔ updateေလး ၾကာသြားပါတယ္..

အရင္လို အရွည္ႀကီးမတင္ေပးႏိုင္တဲ့အတြက္လည္း

စိတ္မရွိၾကပါနဲ႔ေနာ္..)

အခန်း(၇) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

]

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌺အခန်း(၇)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


"မင်းကိုငါနောက်ဆုံးအနေနဲ့ အခွင့်အရေးပေးမယ်

မင်းငါ့ကို အမှန်အတိုင်းပြော..

မဟုတ်ရင်တော့ ငါကမိန်းကလေးလည်း

ညှာတာနေမှာမဟုတ်ဘူး.."


"ကျွန်မမှာ ဘာအကြံအစည်မှ မရှိပါဘူးလို့

ဒီလောက်ပြောနေတာတောင် ရှင်ဘာလို့

မယုံကြည်ရတာလဲ.."


ချစ်ပန်းဝေက မျက်ရည်လေးများဝဲကာ

ထိုသို့ ပြန်ပြောလိုက်တော့ ရှိုင်း၏စိတ်ထဲမယ်

ရှုပ်ထွေးလာခဲ့လေသည်။

သို့ပေမဲ့ ချစ်ပန်းဝေအပေါ်မှာတော့ သံသယ

မကင်းသေးပေ။

ထို့ကြောင့် မျက်မှောင်ကြုံ့ကာ သူ့မကို

ပြန်၍စိုက်ကြည့်လိုက်သည်။


"မနေ့ညကလည်း မင်းကအသက်ကြီးတဲ့

သူမဟုတ်ပဲ အဒေါ်ကြီးတစ်ယောက်ပုံစံနဲ့

ငါ့ကိုလိမ်ခဲ့တယ်..အခုတော့ဒုတိယတစ်ခါ

အလိမ်မခံနိုင်တော့ဘူး.."


"မနေ့ညက ကျွန်မရှင့်ကို တမင်လိမ်ခဲ့တာ

မဟုတ်ဘူး..ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့

တမင် ရုပ်ဖြတ်ထားတာကို ရှင့်ဘာသာ

အထင်လွဲခဲ့တာလေ.."


သူ့ပုံစံက ချစ်ချစ်ကိုအခုချက်ချင်းပဲ

ဂုတ်ကနေဆွဲပြီး ရဲစခန်းပို့တော့မလားမှတ်ရတယ်။

ဘယ်လို အကြောင်းတရားတွေကြောင့်

လူကို ဒီလောက်အထိ လာစွပ်စွဲနေမှန်းမသိပေမဲ့

ကိုယ်အနှစ်နှစ်၊အလလ သဘောကျခဲ့ရတဲ့

ရုပ်ရှင်မင်းသားက ကိုယ့်အပေါ်ဒီလို

ဆက်ဆံလာတော့ တကယ်ကိုရင်နာမိတယ်။


"ကျွန်မရှင့်ကို လိမ်နေတာမဟုတ်ဘူး..

အမှန်အတိုင်းပြောနေတာ မယုံရင်

ဟိုကုတင်ဘေးမှာ ငှက်ပျော်သီးခိုင်ကြီး

ချထားတယ်..သွားကြည့်လိုက်ပါလား

ဒါတောင်မှ မယုံသေးရင်လည်း

ချီးတွင်းထဲသာ ခေါင်းစိုက်နေလိုက်တော့.."


"မင်း..မိန်းကလေးဖြစ်ပြီး ရိုင်းလှချည်လား.."


"ရှင်လည်း ယောက်ျားကြီးဖြစ်ပြီး

ရိုင်းတာပဲလေ..ဖယ်..ကျွန်မကိုလွှတ်.."


ချစ်ပန်းဝေလည်း လူကိုသူခိုး၊သူဝှက်လို

ချုပ်နှောင်ဖို့ ကြိုးစားနေသည့်ရှိုင်း၏

လက်ထဲမှ အတင်းရုန်းလိုက်ပေမဲ့

ဒင်းက လွှတ်မပေးသေး၍ ညာဘက်ခြေထောက်ကို

မြှောက်လိုက်ပြီး သူ့ခြေခုံအား ခပ်ပြင်းပြင်း

ထောင်းချပစ်လိုက်တော့သည်။


"အာ့..သေပါပြီ...ငါ့ခြေထောက်!!!"


"မှတ်ထား..ချစ်ပန်းဝေတဲ့..တစ်ဝေပဲရှိတယ်.."


ခြေထောက်နာသွား၍ မျက်နှာကြီး

ရှုံ့တွသွားသည့်သူ့ကို မျက်စောင်းထိုးခဲ့လိုက်ပြီး

အောက်ထပ်သို့ ပြေးဆင်းလာခဲ့လိုက်သည်။


"ဟဲ့..သမီးလေးဘာဖြစ်လာတာလဲ.."


အောက်ထပ်ကို ရောက်တော့ အန်တီစံပယ်နှင့်

တည့်တည့် တိုးလေတော့သည်။

ရှိုင်းကို ဒေါသထွက်နေမိရာမှ စိတ်က

သိပ်မပြေသေး၍ သူ့အမေကို

အကုန်လုံး တိုင်ပစ်လိုက်ဖို့

ဆုံးဖြတ်လိုက်သည်။


"အန်တီမေးနေတယ်လေ သမီးလေးရဲ့

ဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းပါလား

ဘာလည်း မောင်မောင်နဲ့တွေ့လာတာလား.."


ဒေါ်စံပယ်မွှေးလည်း ပြဿနာကို

မီးမွှေး၍ ရှာတတ်လွန်းသော သားဖြစ်သူ၏

အကြောင်းကို သိနေ၍ အခြေအနေကို

ကြည့်လိုက်သည်နှင့် ချက်ချင်း

ရိပ်စားလိုက်မိပါသည်။


"အန်တီစံပယ့်သားက အရမ်းရိုင်းတာပဲ

အန်တီစံပယ်ခိုင်းလို့ သူတို့အခန်းမှာ

ငှက်ပျောခိုင် သွားထားပေးတာကို

သူခိုးဆိုပြီး အော်လွှတ်တယ်.."


"ဟယ်..ဟုတ်လား..ဒီကောင်လေးတော်တော်

ဆိုးနေပါလား.."


ချစ်ပန်းဝေက ဒေါ်စံပယ်မွှေးအား

တိုင်ပြောနေစဉ်မှာပဲ ရှိုင်းသည်လည်း

တိုင်တောနေသံကို ကြားလိုက်၍

အောက်ထပ်သို့ ဒေါနှင့်မောနှင့် 

ပြေးဆင်းလာလေတော့သည်။


"ဟေ့..မင်းငါ့ကို အမေနဲ့ဘာမှ

တိုင်ပြောနေစရာမလိုဘူး.."


ပင်ကိုယ်အသံက ကြီးပြီးသြရသည့်ကြားထဲ

အားထည့်၍ အော်ထည့်လိုက်သောကြောင့်

ကြားဟိန်းသံထက်တောင် နား၀င်ဆိုးသွား

လေသည်။


ချစ်ပန်းဝေလည်း ကိုယ့်အပေါ်မှာ

အကြောင်းအရင်း မရေရာပဲ အငြှိုးကြီးနေသည့်

သူ့ပုံစံကို ကြည့်ပြီးအံ့ဩမိသလို 

စိတ်လည်းတိုရသည်။

၀မ်းလည်းနည်းရပြန်သည်။


"တိုင်ပြောတော့ဘာဖြစ်လည်း..ရှင်က

နိုင်ငံကြော်ရုပ်ရှင်မင်းသားဆိုတိုင်း ကျွန်မက

ကြောက်နေရမှာလား..ကျွန်မပြောတဲ့အထဲမှာ

အလိမ်အညာ တစ်ခုမှမပါဘူး..

မယုံရင် ရှင့်အမေကိုမေးကြည့်လိုက်.."


စိတ်ကို အတတ်နိုင်ဆုံးမာန်တင်းထားလိုက်ပြီး

သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ကာ

ပြောပစ်လိုက်သည်။


"အန်တီစံပယ်..သမီးသွားတော့မယ်နော်"


မျက်နှာလေး ညှိုးလျှော်ပြီး အိမ်ထဲမှ

ထွက်သွားသော ချစ်ပန်းဝေကိုကြည့်မိရင်း

ဒေါ်စံပယ်တစ်ယောက် သက်ပြင်းအခါခါ

ချနေမိတော့သည်။


သားဖြစ်သူဘက်သို့ စိတ်တိုတိုနှင့်ကြည့်လိုက်တော့

ထောင်ထောင်မောင်းမောင်းအရပ်ကြီးနှင့်

ရေခဲရိုက်ထားသလား ‌ထင်ရသည်အထိ

တောင့်တောင့်ကြီး ရပ်နေတာကို

တွေ့လိုက်ရသည်။

ကိုယ်မွေးထားတာ လူလေးလား၊

ခံစားချက်မရှိတဲ့ ကျောက်ရုပ်လေးလားဆိုတာ

ကိုယ်တောင် မဝေခွဲတတ်တော့ဘူး။


"မောင်မောင်..နင်အခုဘာအပြစ်လုပ်လိုက်လည်း

ကိုယ့်ကိုကိုယ် သိရဲ့လား.."


"ကျွန်တော်ဘာအပြစ်မှ လုပ်မထားဘူး.."


တယူသန်ပြီး စူးရှသောမျက်လုံးအကြည့်တွေက

ပိုပြတ်သားနေဟန်ပေါ်ကာ တင်းတင်းစေ့ထားသော

နှုတ်ခမ်းညိုညိုတွေကလည်း ပို၍တည်တင်း

နေလေသည်။

ချစ်ပန်းဝေလေးကို မ‌ကျေမနပ်ဖြစ်နေသေးမှန်း

သူ့မျက်နှာမှာ အတိုင်းသားမြင်နေရတဲ့အထိပဲ။


"မောင်မောင်..ငါပြန်ရောက်တော့ ဒါဒါကလည်း

အပြင်ထွက်သွားတာနဲ့ ချစ်ပန်းဝေကို

နင်တို့အခန်းထဲမှာ ငှက်ပျောခိုင်

တက်ထားခိုင်းလိုက်တာဟဲ့..ဒီလောက်ကိစ္စလေးကို

ဘာလို့ အရမ်းပေါက်ကွဲပြနေရတာလဲ..

ဟိုကနင့်ထက် လေးနှစ်လောက်တောင်

ငယ်တယ်..နင်ဘာလို့သူများကို

သူခိုးဘာညာနဲ့ သွားပြီးစွပ်စွဲရတာလဲ..."


"အဲ့ဒါတွေ ကျွန်တော်မသိဘူး..နောက်တစ်ခါ

ကျွန်တော်တို့နေတဲ့ အခန်းထဲကို

သူစိမ်းမိန်းကလေးတွေ ထပ်မ၀င်ခိုင်းပါနဲ့.."


"အောင်မယ်..နင်မနေချင်ရင် ရန်ကုန်ကိုပြန်ပေါ့

ငါ့အိမ်မှာ ငါ့ဘာသာခေါ်တင်ချင်တဲ့သူကို

တင်မှာပဲ.."


"ကျွန်တော့်ကို ပြန်‌ဖို့ပြောရင်..အမေပါ

ပြန်လိုက်ခဲ့ရမယ်.."


"ငါပြန်မလိုက်ဘူးလို့ ပြောနေတာ

ဘယ်နှစ်ခေါက်ရှိနေပြီလဲ.."


"အမေတို့ကလည်းဗျာ..အသက်အရွယ်တွေလည်း

ငယ်တော့တာမဟုတ်ဘူး..ဒီအရွယ်ကြီးတွေ

ရောက်မှ ဘာလို့ဒီလိုတွေစိတ်ကောက်နေကြတာလဲ

ကျွန်တော့်ကို အကုသိုလ်ပေးနေကြတာလား.."


"ဟဲ့..မောင်မောင်..နင်စကားပြောတာဆင်ခြင်နော်

ငါကစိတ်ကောက်တာမဟုတ်ဘူးဟဲ့

စိတ်နာတာသိရဲ့လား..ရန်ကုန်ကို

ပြန်လိုက်စေချင်ရင်..နင့်အဖေကိုယ်တိုင် 

ငါ့အရှေ့မှာ ဒူးထောက်ပြီးနောက်တစ်ခါ

အရက်သေရည်မသောက်တော့ပါဘူးလို့

ကတိအထပ်ထပ်ပေးနိုင်မှ ရမယ်..

မဟုတ်ရင်တော့ ဘယ်တော့မှပြန်မလိုက်ဘူး.."


ဘယ်လိုပဲ နားချပါစေ လုံး၀စိတ်ပြောင်းလဲ

တော့မည်ပုံမပေါ်သော ‌အမေ့ကြောင့်

ရှိုင်းလည်း ပါးစပ်အညောင်းခံပြီး

ထပ်မပြောချင်တော့ပေ။


"ကောင်းပြီလေ..ဒါဆိုကျွန်တော်အဖေ့ကို

ပြောကြည့်ပါ့မယ်.."


"အဲ့ဒါအကောင်းဆုံးပဲ..စမှားတဲ့လူက

နင့်အဖေဖြစ်တဲ့အတွက် အမေ့ကို

လာပြောနေမဲ့အစား သားရဲ့အဖေကိုပဲ

သွားပြောသင့်တာ.."


ဒေါ်စံပယ်မွှေးကတော့ လုံး၀မာန်မလျော့နိုင်သည့်

ပုံစံနှင့် လက်ပိုက်၍ပြောလိုက်သောကြောင့်

ရှိုင်းလည်း စိတ်ညစ်ညစ်နှင့် အပေါ်ထပ်သို့

တက်ရန်သာ ပြင်လိုက်သည်။


"နေအုံး..ခုဏကချစ်ပန်းဝေကို မတရား

စွပ်စွဲလိုက်တဲ့ကိစ္စမှာ သားဘက်က

အရမ်းလွန်တယ်နော် ကောင်မလေးနဲ့တွေ့ရင်

ပြန်တောင်းပန်ရမယ်နော်..သူ့ခမျာ

စိတ်ဝေဒနာသည် အမေကြီးကိုပြုစုရင်းနဲ့

ရိုးရိုးသားသား အေးအေးဆေးဆေးပဲ

နေတာပါဟယ်..သားအခုလိုပြောလိုက်တော့

သူဘယ်လောက်ရှက်သွားမလဲ စဉ်းစားကြည့်စမ်း"


"သူနဲ့ပြန်တွေ့ရင် ကျွန်တော်

တောင်းပန်လိုက်ပါ့မယ်..

ကျွန်တော်နဲနဲလွန်သွားမှန်း သိပါတယ်.."


ရှိုင်းလည်း အနည်းငယ်စိတ်ပြေသွားပြီဖြစ်၍

သေချာပြန်စဉ်းစားကြည့်လိုက်ရာ

မစဉ်းစားမဆင်ခြင်ပဲ တစ်ဖက်သားကို

ပုတ်ခတ်ပြောဆိုမိတာကို နောင်တရသွားမိသည်။


ထို့ကြောင့် ကောင်မလေးနှင့် နောက်တစ်ခေါက်

ပြန်တွေ့ရင် တောင်းပန်ဖို့စာရင်းမှတ်ထားလိုက်

တော့သည်။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ချစ်ပန်းဝေ..ငါ့ကြက်ဖကြီးရော

ငါ့သားကြီးကို နင်ဘာလုပ်လိုက်ပြီလဲ.."


ခြံထဲသို့ ၀င်ရုံရှိသေး။ဂြိုလ်ဆိုးက စ၀င်လေပြီ။

အစ်ကိုဖြစ်သူ လှိုင်မြင့်ဦးတစ်ယောက်

တစ်ညလုံး အသုဘအိမ်မှာ ဖဲသွားရိုက်ပြီး

ပြန်လာတယ်ထင်ပါရဲ့။


လှိုင်မြင့်ဦးဆိုတာ ဒီနယ်တစ်ဝိုက်မှာတော့ နာမည်ကြီးလူမိုက်ဟု ဆိုနိုင်သည်။

အသားက ညိုရသည့်ကြားထဲ သူ့ကြည့်လိုက်ရင်

အမြဲတစေ အိင်္ကျီမပါပေ။


ပုဆိုးကို အမြဲပေါင်လည်လောက်အထိ 

တိုတက်နေအောင် ၀တ်ထားတတ်ပြီး

ကျောပြင်နှင့်လက်မောင်းတွေမှာ တက်တူးတွေ

ဗလဗွထိုး၍ လူမိုက်စတိုင်လ်ဖမ်းကာ လမ်းလျှောက်လျှင် ကားယားကားယားနဲ့

တအား အမြင်ကပ်စရာကောင်းသည်။


အိမ်မှာ အစ်ကိုအကြီးဆုံးဆိုပေမဲ့ အိမ်အလုပ်နှင့်

ပတ်သတ်လျှင် ဘာမှခိုင်းလို့၊ပြုလို့မရပေ။

*အဲ..ဖဲဝိုင်း၊ကြက်ဝိုင်းနဲ့ကြွင်းဝိုင်းဆိုရင်တော့

သွားမကြည့်နဲ့ သူထိပ်ဆုံးမှာရှိတယ်..*


ရပ်ထဲရွာထဲမှာ ရန်ဖြစ်သံမကြားလိုက်နဲ့

လှိုင်မြင့်ဦးပါပြီးသားပဲ။

ဖဲရိုက်ရမယ်ဆိုလို့ကတော့ အသုဘတစ်ခုပြီးတစ်ခု

 ကူးလို့မနိုင်အောင်ကို အလုပ်ရှုပ်နေတတ်သူပင်။


ရုပ်ရည်ကတော့ ကြည့်ပျော်ရှုပျော်ရှိပေမဲ့

သူ့ရဲ့မကောင်းသတင်းတွေကြောင့် ဘယ်မိန်းမကမှ

သူ့ကို ပြန်မကြိုက်တာလည်း မဆန်းတော့ပေ။

လှိုင်မြင့်ဉီးဆိုသူကလည်း မိန်းမမယူရလျှင်နေ

အရက်နှင့် လောင်းကစားကိုတော့ 

မစွန့်လွှတ်နိုင်သူဖြစ်သည်။


ဒီ့အတွက်လည်း အဒေါ်နှင့်ဦးလေးမှာ

စိတ်ဆင်းရဲရတာ အကြိမ်ရေမထိတော့ပေ။

လှိုင်မြင့်ဦး၏ ရန်ပွဲတွေကြောင့် လူကြီးအိမ်မှာ

သွားရှင်းရတာလည်း တစ်ခါ၊နှစ်ခါမက‌တော့ပေ။


ဒီလောက်ကကြီးထဲမှာ လှိုင်မြင့်ဦး

ကြောက်တာဆိုလို့ ချစ်ပန်းဝေတစ်ယောက်သာ

ရှိလေသည်။

လှိုင်မြင့်ဦးသည် ကျန်‌တာတွေကိုသာ 

တန်ဖိုးမထားတတ်ပေမဲ့ 

သူ့ကြက်ဖကြီးတွေကိုတော့ အလွန်တန်ဖိုး

ထားလေသည်။


ချစ်ပန်းဝေကလည်း ဒါကိုသိလို့

လှိုင်မြင့်ဦး အမှားလုပ်တိုင်း သူ့ကြက်တွေကို

တစ်ကောင်ပြီးတစ်ကောင် ကိစ္စတုံးပစ်တတ်သည်။


"ချစ်ပန်းဝေ..နင်ငါ့သားကြီးကို ဘာလုပ်လိုက်ပြီလဲ

ငါ့သားကြီးအခုဘယ်မှာလဲ.."


လှိုင်မြင့်ဦးက ဒေါသထွက်နေပေမဲ့

ချစ်ပန်းဝေကတော့ ကိုယ့်အစ်ကိုအကြောင်း

နှောကြေနေပြီးသားမို့ ခါးထောက်၍သာ

မျက်နှာကို တင်းထားလိုက်သည်။


"ဟဲ့..ငါမေးနေတယ်လေ..ငါ့သားကြီး

ဘယ်မှာလဲလို့.."


"ကိုကြီးတကယ်သိချင်တာလား.."


"ဟာ..သိချင်လို့မေးနေပါတယ်ဆိုနေမှ

ဒီငနာမလေးကတော့ ငါနားရင်းအုပ်ထည့်လိုက်လို့

သေတော့မှာလဲ.."


"အောင်မယ်..လုပ်ရဲရင်လုပ်ကြည့်လိုက်လေ

အစ်ကိုကြီးမွေးထားတဲ့ ကြက်တွေအကုန်လုံးကို

အမွှေးနှုတ်ပြီး တစ်ရွာလုံးလှည့်ဝေပစ်လိုက်မယ်.."


ထိုစကားကိုကြားတော့ လှိုင်မြင့်ဦးလည်း

နဲနဲတော့ လန့်သွားမိသည်။

ချစ်ပန်းဝေက အပြောနဲ့အလုပ်နဲ့တကယ်ညီတဲ့

ကောင်မလေးမို့ သူကလုပ်မယ်ဆို

တကယ်လုပ်မှာ သေချာတယ်။


*မဖြစ်ဘူး..ငါ့ဘက်ကတစ်ထစ်လျှော့မှပဲ

မဟုတ်ရင် ငါ့ကြက်တွေအကုန်လုံး

ကြက်ဂတုံးတွေ ဖြစ်ကုန်လိမ့်မယ်..*


"ညီမလေးရယ်..ကိုကြီးကစတဲ့ဥစ္စာကို

ဘာဖြစ်လို့ အဲ့ဒီလိုပြောရတာလဲ..လိမ္မာတယ်နော်

ကိုကြီးရဲ့ကြက်ဖကြီး ဘယ်မှာလဲပဲပြောပြ.."


"အင်း..ကိုယ့်အစ်ကိုကြီးဆိုတော့ သနားလို့

ပြောပြလိုက်ပါ့မယ်လေ..ကိုကြီးရဲ့

ကြက်ဖကြီးရှိတဲ့နေရာကို ဖော်ပြဖို့

စကား*သုံးလုံး*ပဲလိုတယ်.."


"ဟင်..ဟုတ်လား..ဘယ်မှာလဲ.."

*

*

*

"အိုးထဲမှာ...!!!!**     


  "ဘာ!!!!!"


"..လန့်တာဟယ်..ပါးစပ်ကြီးလည်း

ကွဲထွက်သွားပါအုံးမယ်.."


"ချစ်ပန်းဝေ..နင်ငါ့ကိုနောက်နေတာမဟုတ်လား

ငါ့ကြက်ဖကြီးကို ထုတ်ပေးစမ်းပါဟာ.."


လှိုင်မြင့်ဦးလည်း ချစ်ပန်းဝေကပြောရင်

ပြောသည့်အတိုင်း လုပ်တတ်သူမှန်းသိပေမဲ့

ကြက်ဖကြီး မရှိတော့တာကိုအခုထိ

မယုံနိုင်သေးပေ။


"ဒီလောက်တောင် ထုတ်ပေးစေချင်နေရင်လည်း

နေမကောင်းဖြစ်နေတဲ့ ကိုကြီးရဲ့အမေကိုသာ

ပြန်အံထုတ်ခိုင်းလိုက်တော့.."


"ဘာဆိုင်လို့လဲဟ.."


"ဆိုင်တာပေါ့..ကိုကြီးရဲ့ကြက်သားတစ်၀က်ကို

ဒေါ်ကြီးအတွက်

 ကြက်စွပ်ပြုတ်လုပ်ပေးရတယ်လေ.."


"ဟာ!!!..ကုန်ပါပြီ..ချစ်ပန်းဝေ

နင်မိန်းကလေးဖြစ်ပြီး ရက်စက်လှချည်လား

ငါ့ကိုမကျေနပ်ရင်လည်း ငါ့ဆီကို

တိုက်ရိုက်လာရှင်းပါလားဟာ..ဘာလို့

ငါ့သားကြီးတွေကို တစ်ကောင်ပြီးတစ်ကောင်

လုပ်ကြံနေရတာလဲ..

တစ်ခါနှစ်ခါ မကတော့ဘူးနော်.."


"ကိုကြီးကိုပြောလည်း ပြောတုန်းပဲလေ

နောက်ပြီးကြ အချိုးကပြောင်းလို့လား..

ဟိုတစ်နေ့က လယ်ထဲမှာသွားစောင့်နေပါလို့

အတန်တန်ပြောနေတဲ့ကြားက ဖဲဝိုင်းကို

ရောက်ဖြစ်အောင် ရောက်သွားတယ်လေ..

အဲ့တော့ ဘာမှလာမပြောနဲ့ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ.."


ချစ်ပန်းဝေလည်း ရှိုင်းတို့အိမ်မှာ ပြဿနာ

ဖြစ်လာတာနှင့်ရောပြီး ကိုကြီးအပေါ်

အပြစ်တွေအားလုံး ပုံချပစ်လိုက်ကာ

အိမ်ပေါ်သို့ တင်ရန်ပြင်လိုက်သည်။


"ချစ်ပန်းဝေ.."


"ဘာလဲ.."


"နင်ငါ့ကြက်ဖကြီးကို ချက်စားပစ်တဲ့အတွက်

ဒီအတိုင်းပြီးသွားမယ်တော့မထင်နဲ့

ငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ်.."


"အောင်မယ်..ဒီအတိုင်းမပြီးသွားဘူးဆိုတော့

ကိုကြီးက ဘာဖြစ်ချင်တာလဲ.."


လှိုင်မြင့်ဦးလည်း ဒီငမိုက်မလေးကို 

အပြစ်ပေးချင်ပေမဲ့ နောက်ထပ်ကြက်ဖတွေကို

ထပ်၍ အဆုံးရှုံးမခံနိုင်တော့ပေ။

ထို့ကြောင့် ပါးစပ်ဟထားရပေမဲ့ တွေးတာက

တစ်ခြား ပြောမိတာကတစ်ခြားဖြစ်သွားလေသည်။


"ကြက်သားကို ငါ့အတွက်လည်း

ချန်ထားရမယ်..ငါကကြက်တစ်ကောင်လုံး

ဆုံးရှုံးထားရတာလေ..မစားလိုက်ရရင်

ငါနစ်နာတာပေါ့..ငါ့ကိုအခုချက်ချင်း

ထမင်းလိုက်ခူးပေး.."


"ကောင်းပြီလေ..ဒီတစ်ခုတော့ 

လိုက်လျောပေးလိုက်ပါ့မယ်.."


လှိုင်မြင့်ဦးအဖို့ မတတ်နိုင်တော့တဲ့အဆုံး

ကိုယ့်ကြက်လေးကို သူများတွေစားလို့မကုန်ခင်

အရင်ဦးအောင် စားဖို့ဆုံးဖြတ်လိုက်ရတော့သည်။


"ရော့..ဒီမှာ..လိုချင်ရင်ထပ်ခပ်စားလို့ရတယ်

ထမင်းစားပြီးတဲ့အခါကြရင် လယ်ထဲကို

လိုက်လာခဲ့.."


ကြက်သားဟင်းပန်းကန်နှင့် ထမင်းပန်းကန်ကို

ခူးပေးကာ အမိန့်ပါပေးနေသည့်

ချစ်ပန်းဝေကြောင့် လှိုင်မြင့်ဦးထပ်ပြီး

စိတ်ညစ်နေရပြန်သည်။

ထို့ကြောင့် ခေါင်းကိုကုတ်ကာ မျက်နှာကြီး

ရှုံ့မဲ့သွားလေသည်။


"မလိုက်လို့မရဘူးလားဟာ..ညကြရင်

ဟိုဘက်ကမ်းမှာ အသုဘရှိတယ်ဟ

ငါသွားစောင့်ပေးရအုံးမယ်.."


"လာပြန်ပြီ..နောက်ထပ်ကြက်ဖတစ်ကောင်

ထပ်ပြီး အိုးထဲကိုရောက်သွားစေချင်လို့လား

..ဒီည..တို့လယ်ရိတ်ရမှာလေ

ကိုကြီးမသွားရင် လေးလေးကသွားနေရမှာပေါ့..

အလကားနေ သူများအိမ်ကအသုဘမှာ

ဖဲသွားရိုက်ဖို့ပဲ ချောင်းနေတယ်

...ကိုယ့်အိမ်ကိစ္စလည်း

ကိုယ်ကူလုပ်အုံး..ဖဲမရိုက်ရမှာကို

ပူမနေနဲ့..အသုဘနဲ့မင်္ဂလာဆောင်ဆိုတာ

အပတ်တိုင်းရှိတယ်..ထင်းခွေမကြုံရင်

ရေခပ်တော့ ကြုံအုံးမှာပဲ...အမယ်လေး

သူ့ပြောရတာနဲ့ အာတွေပါညောင်းတယ်.."


"အေးပါ..ဆရာမကြီးရယ်..နင်ကငါ့အမေပါ

..နင်ပြောတာပဲ ငါနားထောင်ပါ့မယ်

ရှိကြီးခိုးပါရဲ့ ငါ့ကြက်တွေကိုတော့

ဘာမှမလုပ်ပါနဲ့.."


"အဲ့ဒါကတော့ ကိုကြီးရဲ့လုပ်ရပ်အပေါ်

မူတည်တာပေါ့.."


မီးဖိုချောင်ထဲမှ ချစ်ပန်းဝေထွက်သွားတော့မှသာ

လှိုင်မြင့်ဦးလည်း နားအေးသက်သာ

သွားတော့သည်။

အစပိုင်းမှာတော့ ချစ်ပန်းဝေရဲ့လက်ရာလေးက

စားကောင်း၍ စားနေမိပေမဲ့

ဟင်းခွက်ထဲမှ နောက်ဆုံးဟင်းတစ်တုံးကိုခပ်ပြီး

ထမင်းပန်းကန်ထဲသို့ ထည့်လိုက်စဉ်မှာတော့..


"ဟင်..ကြက်ခေါင်းကြီး..တောက်!!

ဒီငနာမလေးတော့ ငါ့ကိုထည့်ပေးစရာရှားလို့

ကြက်ခေါင်းကြီးမှ ရွေးပြီးထည့်ပေးရတယ်လို့..

ငါဘယ်လို ဆက်စားရတော့မှာလဲဟ.."


ထမင်းပန်းကန်ထဲမှာ ကြက်ခေါင်းလေးက

တင်နေပြီး မျက်လုံးလေးကမှိတ်ထားပေမဲ့

ထောင်နေတဲ့ အမှောက်လေးကြောင့်

မျက်ရည်က ဝဲချင်လာသည်။


"အမယ်လေး..ဖေ့သားကြီးရဲ့ မနေ့ကတင်

အသေအကြေခွပ်ပေးခဲ့ပြီး ဒီနေ့တော့

ဟင်းအိုးထဲ တန်းရောက်ရတယ်လို့

ဖေကြီးက နောက်တစ်ပွဲလောက် ထပ်နွှဲဖို့

အားတင်းထားခဲ့တာကွ..အီဟီး..

တောင်းပန်ပါတယ် ဖေ့သားကြီးရယ်..."


လှိုင်မြင့်ဦးလည်း ကြက်ဖကြီးကို ဆုံးရှုံးလိုက်ရ၍

ငိုရင်းနှင့်ပဲ 🐔ကြက်သားကို

မနည်းမြိုချလိုက်ရလေသည်။

ကြက်ဖကြီးကို သနားတော့သနားပေမဲ့

မစားလိုက်ရင် နှမျောစရာကြီးမို့

ကုန်အောင်တော့ စားလိုက်ပါသည်။


🐔🐔🐔🐔🐔🐔🐔


မစားဘူးလို့ ထင်ထားကြတာမဟုတ်လား😃

(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူး တင်ရှိပါတယ်နော်

ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ

ရှိလို့ updateလေး ကြာသွားပါတယ်..

အရင်လို အရှည်ကြီးမတင်ပေးနိုင်တဲ့အတွက်လည်း

စိတ်မရှိကြပါနဲ့နော်..)

===============================

==============================

🌺အခန္း(၇)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


"မင္းကိုငါေနာက္ဆုံးအေနနဲ႔ အခြင့္အေရးေပးမယ္

မင္းငါ့ကို အမွန္အတိုင္းေျပာ..

မဟုတ္ရင္ေတာ့ ငါကမိန္းကေလးလည္း

ညႇာတာေနမွာမဟုတ္ဘူး.."


"ကြၽန္မမွာ ဘာအႀကံအစည္မွ မရွိပါဘူးလို႔

ဒီေလာက္ေျပာေနတာေတာင္ ရွင္ဘာလို႔

မယုံၾကည္ရတာလဲ.."


ခ်စ္ပန္းေဝက မ်က္ရည္ေလးမ်ားဝဲကာ

ထိုသို႔ ျပန္ေျပာလိုက္ေတာ့ ရႈိင္း၏စိတ္ထဲမယ္

ရႈပ္ေထြးလာခဲ့ေလသည္။

သို႔ေပမဲ့ ခ်စ္ပန္းေဝအေပၚမွာေတာ့ သံသယ

မကင္းေသးေပ။

ထို႔ေၾကာင့္ မ်က္ေမွာင္ႀကဳံ႕ကာ သူ႔မကို

ျပန္၍စိုက္ၾကည့္လိုက္သည္။


"မေန႔ညကလည္း မင္းကအသက္ႀကီးတဲ့

သူမဟုတ္ပဲ အေဒၚႀကီးတစ္ေယာက္ပုံစံနဲ႔

ငါ့ကိုလိမ္ခဲ့တယ္..အခုေတာ့ဒုတိယတစ္ခါ

အလိမ္မခံႏိုင္ေတာ့ဘူး.."


"မေန႔ညက ကြၽန္မရွင့္ကို တမင္လိမ္ခဲ့တာ

မဟုတ္ဘူး..ကိုယ့္ကိုကိုယ္ ကာကြယ္တဲ့အေနနဲ႔

တမင္ ႐ုပ္ျဖတ္ထားတာကို ရွင့္ဘာသာ

အထင္လြဲခဲ့တာေလ.."


သူ႔ပုံစံက ခ်စ္ခ်စ္ကိုအခုခ်က္ခ်င္းပဲ

ဂုတ္ကေနဆြဲၿပီး ရဲစခန္းပို႔ေတာ့မလားမွတ္ရတယ္။

ဘယ္လို အေၾကာင္းတရားေတြေၾကာင့္

လူကို ဒီေလာက္အထိ လာစြပ္စြဲေနမွန္းမသိေပမဲ့

ကိုယ္အႏွစ္ႏွစ္၊အလလ သေဘာက်ခဲ့ရတဲ့

႐ုပ္ရွင္မင္းသားက ကိုယ့္အေပၚဒီလို

ဆက္ဆံလာေတာ့ တကယ္ကိုရင္နာမိတယ္။


"ကြၽန္မရွင့္ကို လိမ္ေနတာမဟုတ္ဘူး..

အမွန္အတိုင္းေျပာေနတာ မယုံရင္

ဟိုကုတင္ေဘးမွာ ငွက္ေပ်ာ္သီးခိုင္ႀကီး

ခ်ထားတယ္..သြားၾကည့္လိုက္ပါလား

ဒါေတာင္မွ မယုံေသးရင္လည္း

ခ်ီးတြင္းထဲသာ ေခါင္းစိုက္ေနလိုက္ေတာ့.."


"မင္း..မိန္းကေလးျဖစ္ၿပီး ႐ိုင္းလွခ်ည္လား.."


"ရွင္လည္း ေယာက္်ားႀကီးျဖစ္ၿပီး

႐ိုင္းတာပဲေလ..ဖယ္..ကြၽန္မကိုလႊတ္.."


ခ်စ္ပန္းေဝလည္း လူကိုသူခိုး၊သူဝွက္လို

ခ်ဳပ္ေႏွာင္ဖို႔ ႀကိဳးစားေနသည့္ရႈိင္း၏

လက္ထဲမွ အတင္း႐ုန္းလိုက္ေပမဲ့

ဒင္းက လႊတ္မေပးေသး၍ ညာဘက္ေျခေထာက္ကို

ေျမႇာက္လိုက္ၿပီး သူ႔ေျခခုံအား ခပ္ျပင္းျပင္း

ေထာင္းခ်ပစ္လိုက္ေတာ့သည္။


"အာ့..ေသပါၿပီ...ငါ့ေျခေထာက္!!!"


"မွတ္ထား..ခ်စ္ပန္းေဝတဲ့..တစ္ေဝပဲရွိတယ္.."


ေျခေထာက္နာသြား၍ မ်က္ႏွာႀကီး

ရႈံ႕တြသြားသည့္သူ႔ကို မ်က္ေစာင္းထိုးခဲ့လိုက္ၿပီး

ေအာက္ထပ္သို႔ ေျပးဆင္းလာခဲ့လိုက္သည္။


"ဟဲ့..သမီးေလးဘာျဖစ္လာတာလဲ.."


ေအာက္ထပ္ကို ေရာက္ေတာ့ အန္တီစံပယ္ႏွင့္

တည့္တည့္ တိုးေလေတာ့သည္။

ရႈိင္းကို ေဒါသထြက္ေနမိရာမွ စိတ္က

သိပ္မေျပေသး၍ သူ႔အေမကို

အကုန္လုံး တိုင္ပစ္လိုက္ဖို႔

ဆုံးျဖတ္လိုက္သည္။


"အန္တီေမးေနတယ္ေလ သမီးေလးရဲ႕

ဘာျဖစ္လာတာလဲ မ်က္ႏွာလည္းမေကာင္းပါလား

ဘာလည္း ေမာင္ေမာင္နဲ႔ေတြ႕လာတာလား.."


ေဒၚစံပယ္ေမႊးလည္း ျပႆနာကို

မီးေမႊး၍ ရွာတတ္လြန္းေသာ သားျဖစ္သူ၏

အေၾကာင္းကို သိေန၍ အေျခအေနကို

ၾကည့္လိုက္သည္ႏွင့္ ခ်က္ခ်င္း

ရိပ္စားလိုက္မိပါသည္။


"အန္တီစံပယ့္သားက အရမ္း႐ိုင္းတာပဲ

အန္တီစံပယ္ခိုင္းလို႔ သူတို႔အခန္းမွာ

ငွက္ေပ်ာခိုင္ သြားထားေပးတာကို

သူခိုးဆိုၿပီး ေအာ္လႊတ္တယ္.."


"ဟယ္..ဟုတ္လား..ဒီေကာင္ေလးေတာ္ေတာ္

ဆိုးေနပါလား.."


ခ်စ္ပန္းေဝက ေဒၚစံပယ္ေမႊးအား

တိုင္ေျပာေနစဥ္မွာပဲ ရႈိင္းသည္လည္း

တိုင္ေတာေနသံကို ၾကားလိုက္၍

ေအာက္ထပ္သို႔ ေဒါႏွင့္ေမာႏွင့္ 

ေျပးဆင္းလာေလေတာ့သည္။


"ေဟ့..မင္းငါ့ကို အေမနဲ႔ဘာမွ

တိုင္ေျပာေနစရာမလိုဘူး.."


ပင္ကိုယ္အသံက ႀကီးၿပီးၾသရသည့္ၾကားထဲ

အားထည့္၍ ေအာ္ထည့္လိုက္ေသာေၾကာင့္

ၾကားဟိန္းသံထက္ေတာင္ နား၀င္ဆိုးသြား

ေလသည္။


ခ်စ္ပန္းေဝလည္း ကိုယ့္အေပၚမွာ

အေၾကာင္းအရင္း မေရရာပဲ အျငႇိဳးႀကီးေနသည့္

သူ႔ပုံစံကို ၾကည့္ၿပီးအံ့ဩမိသလို 

စိတ္လည္းတိုရသည္။

၀မ္းလည္းနည္းရျပန္သည္။


"တိုင္ေျပာေတာ့ဘာျဖစ္လည္း..ရွင္က

ႏိုင္ငံေၾကာ္႐ုပ္ရွင္မင္းသားဆိုတိုင္း ကြၽန္မက

ေၾကာက္ေနရမွာလား..ကြၽန္မေျပာတဲ့အထဲမွာ

အလိမ္အညာ တစ္ခုမွမပါဘူး..

မယုံရင္ ရွင့္အေမကိုေမးၾကည့္လိုက္.."


စိတ္ကို အတတ္ႏိုင္ဆုံးမာန္တင္းထားလိုက္ၿပီး

သူ႔မ်က္လုံးေတြကို တည့္တည့္ၾကည့္ကာ

ေျပာပစ္လိုက္သည္။


"အန္တီစံပယ္..သမီးသြားေတာ့မယ္ေနာ္"


မ်က္ႏွာေလး ညႇိဳးေလွ်ာ္ၿပီး အိမ္ထဲမွ

ထြက္သြားေသာ ခ်စ္ပန္းေဝကိုၾကည့္မိရင္း

ေဒၚစံပယ္တစ္ေယာက္ သက္ျပင္းအခါခါ

ခ်ေနမိေတာ့သည္။


သားျဖစ္သူဘက္သို႔ စိတ္တိုတိုႏွင့္ၾကည့္လိုက္ေတာ့

ေထာင္ေထာင္ေမာင္းေမာင္းအရပ္ႀကီးႏွင့္

ေရခဲ႐ိုက္ထားသလား ‌ထင္ရသည္အထိ

ေတာင့္ေတာင့္ႀကီး ရပ္ေနတာကို

ေတြ႕လိုက္ရသည္။

ကိုယ္ေမြးထားတာ လူေလးလား၊

ခံစားခ်က္မရွိတဲ့ ေက်ာက္႐ုပ္ေလးလားဆိုတာ

ကိုယ္ေတာင္ မေဝခြဲတတ္ေတာ့ဘူး။


"ေမာင္ေမာင္..နင္အခုဘာအျပစ္လုပ္လိုက္လည္း

ကိုယ့္ကိုကိုယ္ သိရဲ႕လား.."


"ကြၽန္ေတာ္ဘာအျပစ္မွ လုပ္မထားဘူး.."


တယူသန္ၿပီး စူးရွေသာမ်က္လုံးအၾကည့္ေတြက

ပိုျပတ္သားေနဟန္ေပၚကာ တင္းတင္းေစ့ထားေသာ

ႏႈတ္ခမ္းညိဳညိဳေတြကလည္း ပို၍တည္တင္း

ေနေလသည္။

ခ်စ္ပန္းေဝေလးကို မ‌ေက်မနပ္ျဖစ္ေနေသးမွန္း

သူ႔မ်က္ႏွာမွာ အတိုင္းသားျမင္ေနရတဲ့အထိပဲ။


"ေမာင္ေမာင္..ငါျပန္ေရာက္ေတာ့ ဒါဒါကလည္း

အျပင္ထြက္သြားတာနဲ႔ ခ်စ္ပန္းေဝကို

နင္တို႔အခန္းထဲမွာ ငွက္ေပ်ာခိုင္

တက္ထားခိုင္းလိုက္တာဟဲ့..ဒီေလာက္ကိစၥေလးကို

ဘာလို႔ အရမ္းေပါက္ကြဲျပေနရတာလဲ..

ဟိုကနင့္ထက္ ေလးႏွစ္ေလာက္ေတာင္

ငယ္တယ္..နင္ဘာလို႔သူမ်ားကို

သူခိုးဘာညာနဲ႔ သြားၿပီးစြပ္စြဲရတာလဲ..."


"အဲ့ဒါေတြ ကြၽန္ေတာ္မသိဘူး..ေနာက္တစ္ခါ

ကြၽန္ေတာ္တို႔ေနတဲ့ အခန္းထဲကို

သူစိမ္းမိန္းကေလးေတြ ထပ္မ၀င္ခိုင္းပါနဲ႔.."


"ေအာင္မယ္..နင္မေနခ်င္ရင္ ရန္ကုန္ကိုျပန္ေပါ့

ငါ့အိမ္မွာ ငါ့ဘာသာေခၚတင္ခ်င္တဲ့သူကို

တင္မွာပဲ.."


"ကြၽန္ေတာ့္ကို ျပန္‌ဖို႔ေျပာရင္..အေမပါ

ျပန္လိုက္ခဲ့ရမယ္.."


"ငါျပန္မလိုက္ဘူးလို႔ ေျပာေနတာ

ဘယ္ႏွစ္ေခါက္ရွိေနၿပီလဲ.."


"အေမတို႔ကလည္းဗ်ာ..အသက္အ႐ြယ္ေတြလည္း

ငယ္ေတာ့တာမဟုတ္ဘူး..ဒီအ႐ြယ္ႀကီးေတြ

ေရာက္မွ ဘာလို႔ဒီလိုေတြစိတ္ေကာက္ေနၾကတာလဲ

ကြၽန္ေတာ့္ကို အကုသိုလ္ေပးေနၾကတာလား.."


"ဟဲ့..ေမာင္ေမာင္..နင္စကားေျပာတာဆင္ျခင္ေနာ္

ငါကစိတ္ေကာက္တာမဟုတ္ဘူးဟဲ့

စိတ္နာတာသိရဲ႕လား..ရန္ကုန္ကို

ျပန္လိုက္ေစခ်င္ရင္..နင့္အေဖကိုယ္တိုင္ 

ငါ့အေရွ႕မွာ ဒူးေထာက္ၿပီးေနာက္တစ္ခါ

အရက္ေသရည္မေသာက္ေတာ့ပါဘူးလို႔

ကတိအထပ္ထပ္ေပးႏိုင္မွ ရမယ္..

မဟုတ္ရင္ေတာ့ ဘယ္ေတာ့မွျပန္မလိုက္ဘူး.."


ဘယ္လိုပဲ နားခ်ပါေစ လုံး၀စိတ္ေျပာင္းလဲ

ေတာ့မည္ပုံမေပၚေသာ ‌အေမ့ေၾကာင့္

ရႈိင္းလည္း ပါးစပ္အေညာင္းခံၿပီး

ထပ္မေျပာခ်င္ေတာ့ေပ။


"ေကာင္းၿပီေလ..ဒါဆိုကြၽန္ေတာ္အေဖ့ကို

ေျပာၾကည့္ပါ့မယ္.."


"အဲ့ဒါအေကာင္းဆုံးပဲ..စမွားတဲ့လူက

နင့္အေဖျဖစ္တဲ့အတြက္ အေမ့ကို

လာေျပာေနမဲ့အစား သားရဲ႕အေဖကိုပဲ

သြားေျပာသင့္တာ.."


ေဒၚစံပယ္ေမႊးကေတာ့ လုံး၀မာန္မေလ်ာ့ႏိုင္သည့္

ပုံစံႏွင့္ လက္ပိုက္၍ေျပာလိုက္ေသာေၾကာင့္

ရႈိင္းလည္း စိတ္ညစ္ညစ္ႏွင့္ အေပၚထပ္သို႔

တက္ရန္သာ ျပင္လိုက္သည္။


"ေနအုံး..ခုဏကခ်စ္ပန္းေဝကို မတရား

စြပ္စြဲလိုက္တဲ့ကိစၥမွာ သားဘက္က

အရမ္းလြန္တယ္ေနာ္ ေကာင္မေလးနဲ႔ေတြ႕ရင္

ျပန္ေတာင္းပန္ရမယ္ေနာ္..သူ႔ခမ်ာ

စိတ္ေဝဒနာသည္ အေမႀကီးကိုျပဳစုရင္းနဲ႔

႐ိုး႐ိုးသားသား ေအးေအးေဆးေဆးပဲ

ေနတာပါဟယ္..သားအခုလိုေျပာလိုက္ေတာ့

သူဘယ္ေလာက္ရွက္သြားမလဲ စဥ္းစားၾကည့္စမ္း"


"သူနဲ႔ျပန္ေတြ႕ရင္ ကြၽန္ေတာ္

ေတာင္းပန္လိုက္ပါ့မယ္..

ကြၽန္ေတာ္နဲနဲလြန္သြားမွန္း သိပါတယ္.."


ရႈိင္းလည္း အနည္းငယ္စိတ္ေျပသြားၿပီျဖစ္၍

ေသခ်ာျပန္စဥ္းစားၾကည့္လိုက္ရာ

မစဥ္းစားမဆင္ျခင္ပဲ တစ္ဖက္သားကို

ပုတ္ခတ္ေျပာဆိုမိတာကို ေနာင္တရသြားမိသည္။


ထို႔ေၾကာင့္ ေကာင္မေလးႏွင့္ ေနာက္တစ္ေခါက္

ျပန္ေတြ႕ရင္ ေတာင္းပန္ဖို႔စာရင္းမွတ္ထားလိုက္

ေတာ့သည္။


🌺🌺🌺🌺🌺🌺🌺🌺🌺


"ခ်စ္ပန္းေဝ..ငါ့ၾကက္ဖႀကီးေရာ

ငါ့သားႀကီးကို နင္ဘာလုပ္လိုက္ၿပီလဲ.."


ၿခံထဲသို႔ ၀င္႐ုံရွိေသး။ၿဂိဳလ္ဆိုးက စ၀င္ေလၿပီ။

အစ္ကိုျဖစ္သူ လႈိင္ျမင့္ဦးတစ္ေယာက္

တစ္ညလုံး အသုဘအိမ္မွာ ဖဲသြား႐ိုက္ၿပီး

ျပန္လာတယ္ထင္ပါရဲ႕။


လႈိင္ျမင့္ဦးဆိုတာ ဒီနယ္တစ္ဝိုက္မွာေတာ့ နာမည္ႀကီးလူမိုက္ဟု ဆိုႏိုင္သည္။

အသားက ညိဳရသည့္ၾကားထဲ သူ႔ၾကည့္လိုက္ရင္

အၿမဲတေစ အိက်ႌမပါေပ။


ပုဆိုးကို အၿမဲေပါင္လည္ေလာက္အထိ 

တိုတက္ေနေအာင္ ၀တ္ထားတတ္ၿပီး

ေက်ာျပင္ႏွင့္လက္ေမာင္းေတြမွာ တက္တူးေတြ

ဗလဗြထိုး၍ လူမိုက္စတိုင္လ္ဖမ္းကာ လမ္းေလွ်ာက္လွ်င္ ကားယားကားယားနဲ႔

တအား အျမင္ကပ္စရာေကာင္းသည္။


အိမ္မွာ အစ္ကိုအႀကီးဆုံးဆိုေပမဲ့ အိမ္အလုပ္ႏွင့္

ပတ္သတ္လွ်င္ ဘာမွခိုင္းလို႔၊ျပဳလို႔မရေပ။

*အဲ..ဖဲဝိုင္း၊ၾကက္ဝိုင္းနဲ႔ႂကြင္းဝိုင္းဆိုရင္ေတာ့

သြားမၾကည့္နဲ႔ သူထိပ္ဆုံးမွာရွိတယ္..*


ရပ္ထဲ႐ြာထဲမွာ ရန္ျဖစ္သံမၾကားလိုက္နဲ႔

လႈိင္ျမင့္ဦးပါၿပီးသားပဲ။

ဖဲ႐ိုက္ရမယ္ဆိုလို႔ကေတာ့ အသုဘတစ္ခုၿပီးတစ္ခု

 ကူးလို႔မႏိုင္ေအာင္ကို အလုပ္ရႈပ္ေနတတ္သူပင္။


႐ုပ္ရည္ကေတာ့ ၾကည့္ေပ်ာ္ရႈေပ်ာ္ရွိေပမဲ့

သူ႔ရဲ႕မေကာင္းသတင္းေတြေၾကာင့္ ဘယ္မိန္းမကမွ

သူ႔ကို ျပန္မႀကိဳက္တာလည္း မဆန္းေတာ့ေပ။

လႈိင္ျမင့္ဉီးဆိုသူကလည္း မိန္းမမယူရလွ်င္ေန

အရက္ႏွင့္ ေလာင္းကစားကိုေတာ့ 

မစြန႔္လႊတ္ႏိုင္သူျဖစ္သည္။


ဒီ့အတြက္လည္း အေဒၚႏွင့္ဦးေလးမွာ

စိတ္ဆင္းရဲရတာ အႀကိမ္ေရမထိေတာ့ေပ။

လႈိင္ျမင့္ဦး၏ ရန္ပြဲေတြေၾကာင့္ လူႀကီးအိမ္မွာ

သြားရွင္းရတာလည္း တစ္ခါ၊ႏွစ္ခါမက‌ေတာ့ေပ။


ဒီေလာက္ကႀကီးထဲမွာ လႈိင္ျမင့္ဦး

ေၾကာက္တာဆိုလို႔ ခ်စ္ပန္းေဝတစ္ေယာက္သာ

ရွိေလသည္။

လႈိင္ျမင့္ဦးသည္ က်န္‌တာေတြကိုသာ 

တန္ဖိုးမထားတတ္ေပမဲ့ 

သူ႔ၾကက္ဖႀကီးေတြကိုေတာ့ အလြန္တန္ဖိုး

ထားေလသည္။


ခ်စ္ပန္းေဝကလည္း ဒါကိုသိလို႔

လႈိင္ျမင့္ဦး အမွားလုပ္တိုင္း သူ႔ၾကက္ေတြကို

တစ္ေကာင္ၿပီးတစ္ေကာင္ ကိစၥတုံးပစ္တတ္သည္။


"ခ်စ္ပန္းေဝ..နင္ငါ့သားႀကီးကို ဘာလုပ္လိုက္ၿပီလဲ

ငါ့သားႀကီးအခုဘယ္မွာလဲ.."


လႈိင္ျမင့္ဦးက ေဒါသထြက္ေနေပမဲ့

ခ်စ္ပန္းေဝကေတာ့ ကိုယ့္အစ္ကိုအေၾကာင္း

ေႏွာေၾကေနၿပီးသားမို႔ ခါးေထာက္၍သာ

မ်က္ႏွာကို တင္းထားလိုက္သည္။


"ဟဲ့..ငါေမးေနတယ္ေလ..ငါ့သားႀကီး

ဘယ္မွာလဲလို႔.."


"ကိုႀကီးတကယ္သိခ်င္တာလား.."


"ဟာ..သိခ်င္လို႔ေမးေနပါတယ္ဆိုေနမွ

ဒီငနာမေလးကေတာ့ ငါနားရင္းအုပ္ထည့္လိုက္လို႔

ေသေတာ့မွာလဲ.."


"ေအာင္မယ္..လုပ္ရဲရင္လုပ္ၾကည့္လိုက္ေလ

အစ္ကိုႀကီးေမြးထားတဲ့ ၾကက္ေတြအကုန္လုံးကို

အေမႊးႏႈတ္ၿပီး တစ္႐ြာလုံးလွည့္ေဝပစ္လိုက္မယ္.."


ထိုစကားကိုၾကားေတာ့ လႈိင္ျမင့္ဦးလည္း

နဲနဲေတာ့ လန႔္သြားမိသည္။

ခ်စ္ပန္းေဝက အေျပာနဲ႔အလုပ္နဲ႔တကယ္ညီတဲ့

ေကာင္မေလးမို႔ သူကလုပ္မယ္ဆို

တကယ္လုပ္မွာ ေသခ်ာတယ္။


*မျဖစ္ဘူး..ငါ့ဘက္ကတစ္ထစ္ေလွ်ာ့မွပဲ

မဟုတ္ရင္ ငါ့ၾကက္ေတြအကုန္လုံး

ၾကက္ဂတုံးေတြ ျဖစ္ကုန္လိမ့္မယ္..*


"ညီမေလးရယ္..ကိုႀကီးကစတဲ့ဥစၥာကို

ဘာျဖစ္လို႔ အဲ့ဒီလိုေျပာရတာလဲ..လိမၼာတယ္ေနာ္

ကိုႀကီးရဲ႕ၾကက္ဖႀကီး ဘယ္မွာလဲပဲေျပာျပ.."


"အင္း..ကိုယ့္အစ္ကိုႀကီးဆိုေတာ့ သနားလို႔

ေျပာျပလိုက္ပါ့မယ္ေလ..ကိုႀကီးရဲ႕

ၾကက္ဖႀကီးရွိတဲ့ေနရာကို ေဖာ္ျပဖို႔

စကား*သုံးလုံး*ပဲလိုတယ္.."


"ဟင္..ဟုတ္လား..ဘယ္မွာလဲ.."

*

*

*

"အိုးထဲမွာ...!!!!**     


  "ဘာ!!!!!"


"..လန႔္တာဟယ္..ပါးစပ္ႀကီးလည္း

ကြဲထြက္သြားပါအုံးမယ္.."


"ခ်စ္ပန္းေဝ..နင္ငါ့ကိုေနာက္ေနတာမဟုတ္လား

ငါ့ၾကက္ဖႀကီးကို ထုတ္ေပးစမ္းပါဟာ.."


လႈိင္ျမင့္ဦးလည္း ခ်စ္ပန္းေဝကေျပာရင္

ေျပာသည့္အတိုင္း လုပ္တတ္သူမွန္းသိေပမဲ့

ၾကက္ဖႀကီး မရွိေတာ့တာကိုအခုထိ

မယုံႏိုင္ေသးေပ။


"ဒီေလာက္ေတာင္ ထုတ္ေပးေစခ်င္ေနရင္လည္း

ေနမေကာင္းျဖစ္ေနတဲ့ ကိုႀကီးရဲ႕အေမကိုသာ

ျပန္အံထုတ္ခိုင္းလိုက္ေတာ့.."


"ဘာဆိုင္လို႔လဲဟ.."


"ဆိုင္တာေပါ့..ကိုႀကီးရဲ႕ၾကက္သားတစ္၀က္ကို

ေဒၚႀကီးအတြက္

 ၾကက္စြပ္ျပဳတ္လုပ္ေပးရတယ္ေလ.."


"ဟာ!!!..ကုန္ပါၿပီ..ခ်စ္ပန္းေဝ

နင္မိန္းကေလးျဖစ္ၿပီး ရက္စက္လွခ်ည္လား

ငါ့ကိုမေက်နပ္ရင္လည္း ငါ့ဆီကို

တိုက္႐ိုက္လာရွင္းပါလားဟာ..ဘာလို႔

ငါ့သားႀကီးေတြကို တစ္ေကာင္ၿပီးတစ္ေကာင္

လုပ္ႀကံေနရတာလဲ..

တစ္ခါႏွစ္ခါ မကေတာ့ဘူးေနာ္.."


"ကိုႀကီးကိုေျပာလည္း ေျပာတုန္းပဲေလ

ေနာက္ၿပီးၾက အခ်ိဳးကေျပာင္းလို႔လား..

ဟိုတစ္ေန႔က လယ္ထဲမွာသြားေစာင့္ေနပါလို႔

အတန္တန္ေျပာေနတဲ့ၾကားက ဖဲဝိုင္းကို

ေရာက္ျဖစ္ေအာင္ ေရာက္သြားတယ္ေလ..

အဲ့ေတာ့ ဘာမွလာမေျပာနဲ႔ ကိုယ့္အျပစ္နဲ႔ကိုယ္ပဲ.."


ခ်စ္ပန္းေဝလည္း ရႈိင္းတို႔အိမ္မွာ ျပႆနာ

ျဖစ္လာတာႏွင့္ေရာၿပီး ကိုႀကီးအေပၚ

အျပစ္ေတြအားလုံး ပုံခ်ပစ္လိုက္ကာ

အိမ္ေပၚသို႔ တင္ရန္ျပင္လိုက္သည္။


"ခ်စ္ပန္းေဝ.."


"ဘာလဲ.."


"နင္ငါ့ၾကက္ဖႀကီးကို ခ်က္စားပစ္တဲ့အတြက္

ဒီအတိုင္းၿပီးသြားမယ္ေတာ့မထင္နဲ႔

ငါ့ကိုတစ္ခုျပန္လုပ္ေပးရမယ္.."


"ေအာင္မယ္..ဒီအတိုင္းမၿပီးသြားဘူးဆိုေတာ့

ကိုႀကီးက ဘာျဖစ္ခ်င္တာလဲ.."


လႈိင္ျမင့္ဦးလည္း ဒီငမိုက္မေလးကို 

အျပစ္ေပးခ်င္ေပမဲ့ ေနာက္ထပ္ၾကက္ဖေတြကို

ထပ္၍ အဆုံးရႈံးမခံႏိုင္ေတာ့ေပ။

ထို႔ေၾကာင့္ ပါးစပ္ဟထားရေပမဲ့ ေတြးတာက

တစ္ျခား ေျပာမိတာကတစ္ျခားျဖစ္သြားေလသည္။


"ၾကက္သားကို ငါ့အတြက္လည္း

ခ်န္ထားရမယ္..ငါကၾကက္တစ္ေကာင္လုံး

ဆုံးရႈံးထားရတာေလ..မစားလိုက္ရရင္

ငါနစ္နာတာေပါ့..ငါ့ကိုအခုခ်က္ခ်င္း

ထမင္းလိုက္ခူးေပး.."


"ေကာင္းၿပီေလ..ဒီတစ္ခုေတာ့ 

လိုက္ေလ်ာေပးလိုက္ပါ့မယ္.."


လႈိင္ျမင့္ဦးအဖို႔ မတတ္ႏိုင္ေတာ့တဲ့အဆုံး

ကိုယ့္ၾကက္ေလးကို သူမ်ားေတြစားလို႔မကုန္ခင္

အရင္ဦးေအာင္ စားဖို႔ဆုံးျဖတ္လိုက္ရေတာ့သည္။


"ေရာ့..ဒီမွာ..လိုခ်င္ရင္ထပ္ခပ္စားလို႔ရတယ္

ထမင္းစားၿပီးတဲ့အခါၾကရင္ လယ္ထဲကို

လိုက္လာခဲ့.."


ၾကက္သားဟင္းပန္းကန္ႏွင့္ ထမင္းပန္းကန္ကို

ခူးေပးကာ အမိန႔္ပါေပးေနသည့္

ခ်စ္ပန္းေဝေၾကာင့္ လႈိင္ျမင့္ဦးထပ္ၿပီး

စိတ္ညစ္ေနရျပန္သည္။

ထို႔ေၾကာင့္ ေခါင္းကိုကုတ္ကာ မ်က္ႏွာႀကီး

ရႈံ႕မဲ့သြားေလသည္။


"မလိုက္လို႔မရဘူးလားဟာ..ညၾကရင္

ဟိုဘက္ကမ္းမွာ အသုဘရွိတယ္ဟ

ငါသြားေစာင့္ေပးရအုံးမယ္.."


"လာျပန္ၿပီ..ေနာက္ထပ္ၾကက္ဖတစ္ေကာင္

ထပ္ၿပီး အိုးထဲကိုေရာက္သြားေစခ်င္လို႔လား

..ဒီည..တို႔လယ္ရိတ္ရမွာေလ

ကိုႀကီးမသြားရင္ ေလးေလးကသြားေနရမွာေပါ့..

အလကားေန သူမ်ားအိမ္ကအသုဘမွာ

ဖဲသြား႐ိုက္ဖို႔ပဲ ေခ်ာင္းေနတယ္

...ကိုယ့္အိမ္ကိစၥလည္း

ကိုယ္ကူလုပ္အုံး..ဖဲမ႐ိုက္ရမွာကို

ပူမေနနဲ႔..အသုဘနဲ႔မဂၤလာေဆာင္ဆိုတာ

အပတ္တိုင္းရွိတယ္..ထင္းေခြမႀကဳံရင္

ေရခပ္ေတာ့ ႀကဳံအုံးမွာပဲ...အမယ္ေလး

သူ႔ေျပာရတာနဲ႔ အာေတြပါေညာင္းတယ္.."


"ေအးပါ..ဆရာမႀကီးရယ္..နင္ကငါ့အေမပါ

..နင္ေျပာတာပဲ ငါနားေထာင္ပါ့မယ္

ရွိႀကီးခိုးပါရဲ႕ ငါ့ၾကက္ေတြကိုေတာ့

ဘာမွမလုပ္ပါနဲ႔.."


"အဲ့ဒါကေတာ့ ကိုႀကီးရဲ႕လုပ္ရပ္အေပၚ

မူတည္တာေပါ့.."


မီးဖိုေခ်ာင္ထဲမွ ခ်စ္ပန္းေဝထြက္သြားေတာ့မွသာ

လႈိင္ျမင့္ဦးလည္း နားေအးသက္သာ

သြားေတာ့သည္။

အစပိုင္းမွာေတာ့ ခ်စ္ပန္းေဝရဲ႕လက္ရာေလးက

စားေကာင္း၍ စားေနမိေပမဲ့

ဟင္းခြက္ထဲမွ ေနာက္ဆုံးဟင္းတစ္တုံးကိုခပ္ၿပီး

ထမင္းပန္းကန္ထဲသို႔ ထည့္လိုက္စဥ္မွာေတာ့..


"ဟင္..ၾကက္ေခါင္းႀကီး..ေတာက္!!

ဒီငနာမေလးေတာ့ ငါ့ကိုထည့္ေပးစရာရွားလို႔

ၾကက္ေခါင္းႀကီးမွ ေ႐ြးၿပီးထည့္ေပးရတယ္လို႔..

ငါဘယ္လို ဆက္စားရေတာ့မွာလဲဟ.."


ထမင္းပန္းကန္ထဲမွာ ၾကက္ေခါင္းေလးက

တင္ေနၿပီး မ်က္လုံးေလးကမွိတ္ထားေပမဲ့

ေထာင္ေနတဲ့ အေမွာက္ေလးေၾကာင့္

မ်က္ရည္က ဝဲခ်င္လာသည္။


"အမယ္ေလး..ေဖ့သားႀကီးရဲ႕ မေန႔ကတင္

အေသအေၾကခြပ္ေပးခဲ့ၿပီး ဒီေန႔ေတာ့

ဟင္းအိုးထဲ တန္းေရာက္ရတယ္လို႔

ေဖႀကီးက ေနာက္တစ္ပြဲေလာက္ ထပ္ႏႊဲဖို႔

အားတင္းထားခဲ့တာကြ..အီဟီး..

ေတာင္းပန္ပါတယ္ ေဖ့သားႀကီးရယ္..."


လႈိင္ျမင့္ဦးလည္း ၾကက္ဖႀကီးကို ဆုံးရႈံးလိုက္ရ၍

ငိုရင္းႏွင့္ပဲ 🐔ၾကက္သားကို

မနည္းၿမိဳခ်လိုက္ရေလသည္။

ၾကက္ဖႀကီးကို သနားေတာ့သနားေပမဲ့

မစားလိုက္ရင္ ႏွေမ်ာစရာႀကီးမို႔

ကုန္ေအာင္ေတာ့ စားလိုက္ပါသည္။


🐔🐔🐔🐔🐔🐔🐔


မစားဘူးလို႔ ထင္ထားၾကတာမဟုတ္လား😃

(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္

ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ

ရွိလို႔ updateေလး ၾကာသြားပါတယ္..

အရင္လို အရွည္ႀကီးမတင္ေပးႏိုင္တဲ့အတြက္လည္း

စိတ္မရွိၾကပါနဲ႔ေနာ္..)

🌺အခန်း(၆) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


 

🌺အခန်း(၆)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


"ဟေ့..ကောင်မလေး..မင်းရေကူးတတ်ရင်လည်း

ငါ့ပခုံးပေါ်က မင်းရဲ့လက်ကိုဖယ်လိုက်တော့.."


ရှိင်းကပြောပြောဆိုဆို ချစ်ပန်း‌‌ဝေ၏ပခုံးကို

အားမနားတမ်း တွန်းဖယ်လိုက်လေသည်။


ချစ်ပန်းဝေလည်း ရှိုင်း၏ပခုံးပေါ်သို

 ကြည့်လိုက်မိတော့ ရေနစ်မှာစိုး၍ 

ဖမ်းဆွဲရင်း လက်သည်းနှင့်

ကုတ်မိထားတဲ့ ဒဏ်ရာတွေကို 

အတိုင်းသားမြင်လိုက်ရသည်။


"မင်းဘယ်လိုမိန်းကလေးလည်း 

ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို

ဒီလောက်တောင် ရဲရဲတင်းတင်းကြည့်ရသလား.."


"ရှင်.."


ခပ်ပြင်းပြင်းစောင့်ထွက်လာသော 

ရှိုင်း၏လေသံကို ကြားတော့မှသာ ရေစက်တို့

ခိုတွဲပြီး စွဲဆောင်မှုရှိနေသည့် ရှိုင်း၏

မျက်မှောင်ကြုံ့ထားသော မျက်၀န်းတွေကို

စိုက်ကြည့်လိုက်မိတော့သည်။


သူ့မျက်တောင်လေးတွေပေါ်မှာ ရေသီးလေးတွေ

ခိုတွဲနေပြီး ခပ်တင်းတင်းစေ့ထားသော

သူ့နှုတ်ခမ်းဟာ အညိုရောင်သန်းနေလေသည်။


ထို့နောက်မှာ ရေပေါ်၌ပေါ်နေသော 

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အ၀တ့်စားမဲ့နေသည့်

ရင်အုံနေရာကို ကြည့်လိုက်မိတော့မှသာ

ရှိုင်းဘာကြောင့်  အထင်လွဲသွားသလဲဆိုတာ

သိလိုက်ရတော့တယ်။


ချစ်ပန်း‌ဝေလည်း သတိထားမိသည်နှင့် 

မျက်နှာလေး နီရဲလာကာ ချက်ချင်းအကြည့်လွှဲ၍

အနောက်သို့ ခြေထောက်ယက်ကန်ယက်ကန်နှင့်

အလိုအလျှောက် ဆုတ်သွားလိုက်မိသည်။


"ကျွန်မအဲ့ဒီ့နေရာအထိ မကြည့်ပါဘူး.."


"ဘာပြောတယ်.."


"ကျွန်မရှင့်ကို တမင်ကြည့်တာမဟုတ်ဘူး..

မတော်တဆဖြစ်သွားတာ.."


"ငါကယုံပေးရမှာလား.."


"အဲ့ဒါဘာစကားလဲ ကျွန်မကရှင့်ကိုလိမ်နေတယ်လို့

ထင်နေတာလား.."


ဒီတစ်ခါတော့ ချစ်ချစ်ပေါက်ကွဲပြီး 

လေသံမာသွားမိသည်။

ဘယ်လောက်ပဲ ကိုယ်အရမ်းကြိုက်သည့်

မင်းသားလို့ဆိုဆို ကိုယ့်သိက္ခာကို

လာထိပါးရင်တော့ အတတ်နိုင်ဆုံး

ကိုယ့်ကိုကိုယ် ကာကွယ်ရမှာပဲ။


"ငါကထင်ကြေးပေးရတာကို မကြိုက်ဘူး

မင်းလိုမိန်းမမျိုးတွေကို ငါအများကြီး

တွေ့ခဲ့ဖူးတယ်..တော်ပြီကွာ..

မင်းနဲ့ဆက်ပြောနေလည်း..အာညောင်းရုံပဲရှိတယ်.."


ချစ်ပန်းဝေလည်း ကိုယ့်ကိုရွံရှာစက်ဆုတ်သည့် အကြည့်မျိုးနှင့်ကြည့်ခဲ့ပြီး 

သူကလှည့်ထွက်ရန်ပြင်သည့်

အခါမှာတော့ ပြာပြာသလဲ လှမ်းတားလိုက်မိသည်။


"နေအုံး..ရှင်မသွားနဲ့အုံး..."


"ကျစ်..ဘာကိစ္စကျန်သေးတာလဲ.."


သူကစိတ်ညစ်သလိုလေသံနှင့် ညည်းတွားကာ

ချစ်ချစ်ကို ပြန်ကြည့်လာစဉ်မှာ‌တော့

သူ့အနားသို့ ချက်ချင်း‌ရေကူးသွားလိုက်ပြီး

သူ့ပခုံးပေါ်မှာ တင်နေသည့်လွယ်အိတ်ကို

လှမ်းဆွဲပစ်လိုက်သည်။


"ဘာကိစ္စမှမကျန်ဘူး ကျွန်မလွယ်အိတ်ကို

ကျွန်မပြန်ယူတာ..ရှင်းအောင်တစ်ခါတည်း

ပြောလိုက်မယ်..

......

ခုဏကဒီလွယ်အိတ်ကို

လိုက်ဆယ်ရင်း ရှင်ကရေငုတ်နေတော့

မတော်တဆ ခလုတ်တိုက်မိသွားတာ..

......

ရှင်ကပြန်ပေါ်လာတော့ ရေနစ်မှာဆိုလို့

လှမ်းဆွဲလိုက်မိတာ..တမင်ဖက်ချင်လို့

ဖက်တာလဲမဟုတ်ဘူး ကျွန်မကအဲ့ဒီလို

မိန်းမစားလည်း မဟုတ်ဘူး..."


"ပြောပါအုံး မင်းကဘယ်လိုမိန်းမစားလဲ.."


ဒီလောက်ရှင်းပြနေတာတောင် နည်းနည်းလေးမှ

ယုံကြည်သည့် အရိပ်အယောင်ပေါ်မလာသော

ရှိုင်းကိုကြည့်ကာ ၀မ်းလည်းနည်းသလို

ခံပြင်းစိတ်လည်း ဖြစ်လာမိသည်။

သူ့စိတ်ထဲမှာ သူ့အနားကိုရောက်လာတဲ့

မိန်းမတိုင်းက အတူတူပဲလို့များထင်နေတာလား။


"လွယ်အိတ်ကို လိုက်ဆယ်တာတော့ 

ငါယုံပေးလို့ရပါတယ်..ဒါပေမဲ့မင်းသာငါ့ကို

တမင်ရည်ရွယ်ချက်ရှိရှိ ဖက်လိုက်တာ

မဟုတ်ဘူးဆိုရင် ငါ့ကိုဘာလို့ချက်ချင်း

မတောင်းပန်ရတာလဲ..ငါ့ပခုံးကိုပါလက်သည်းနဲ့

ကုတ်လိုက်သေးတာနော်..တောင်းပန်သင့်တယ်လို့

မထင်ဘူးလား..."


ရှင်ကဆက်တိုက် ရန်လိုနေတော့ ဘယ်လို

တောင်းပန်ရမှာလဲဟု ပြန်ပြောလိုက်ချင်ပေမဲ့

ဒီအခြေအနေထဲကို စပြီးတိုး၀င်လာတာက

ကိုယ်ဖြစ်နေသလို သူ့ကိုအနာတရဖြစ်အောင်လည်း လုပ်လိုက်မိတယ်။


"ဟေ့..ရှိုင်းရေ..ငါနိုင်သွားပြီနော်.."


ရှိုင်းကို တောင်းပန်စကားဆိုရန် 

ပါးစပ်ဟလိုက်စဉ်မှာပဲ ရေထဲမှပေါ်လာသည့်

နောက်တစ်ယောက်၏ ခေါ်သံကြောင့်

လန့်သွားမိလေသည်။


"ရှိုင်း..မင်းအဲ့ဒီ့မှာဘာလုပ်နေတာလဲ..

အဲ့ဒါဘယ်သူလဲ.."


တစ်ဖက်လူသည် ခပ်လှမ်းလှမ်းမှ

 လှမ်းအော်ပြောလာပြီး ချစ်ချစ်တို့

ရှိနေရာဘက်သို့ ကူးလာဖို့ဟန်ပြင်နေသောအခါ

ရှိုင်းက ချစ်ချစ်ကို တစ်ဖန်ပြန်လှည့်ကြည့်လာပြီး..


"မင်းနဲ့ငါနောက်မှ စာရင်းရှင်းမယ်.."


"ဟင်.."


ချစ်ချစ်မှာ သူ့စကားကြောင့် အံ့ဩချိန်တောင်

မရလိုက်ပဲ ကြောင်တောင်တောင်လေး

ဖြစ်ကျန်နေခဲ့ရသည်။

ရှိုင်းကတော့ သူ့သူငယ်ချင်းရှိရာသို့

ရေကူးသွားလေတော့သည်။


ချစ်ပန်းဝေလည်း ကိုယ့်အိမ်နောက်ဖေးဘက်သို့

ပြန်ကူးလာလိုက်ပြီး ဝါးတံတားပေါ်သို့

ပြန်တက်လိုက်မိသည်။

စိတ်တွေကတော့ အရင်လိုကြည်လင်မနေတော့ပဲ

ကျေကွဲသလို၊ရင်မောသလို ဖြစ်နေသည်။


"သူကဘာလို့ ဖုန်းထဲမှာမြင်နေရတဲ့

ရှိုင်းနဲ့မတူရတာလဲ..လူမှားနေတာများလား

ဖုန်းထဲမှာလာတဲ့ ရိုက်ကူးရေးနောက်ကွယ်တွေမှာကြတော့ တစ်ဖက်သရုပ်ဆောင်‌တွေအပေါ်

နွေးနွေးထွေးထွေးနဲ့ ကြင်နာပြနေလိုက်တာ

အပြင်မှာကြတော့

တစ်ခြားလူတစ်ယောက်လိုပဲ.."


ဇာတ်ကားတွေထဲမှာဖြစ်ဖြစ် တီဗွီအစီအစဉ်တွေ

ထဲမှာဖြစ်ဖြစ် ရှိုင်းဟာစကားပြောလျှင်

အလွန်ယဉ်ကျေးပြီး အမျိုးသမီးတွေအပေါ်လည်း

ညှာတာတတ်သည့် ပုံစံလေးဖြစ်၍နေသည်။

ယခုအပြင်မှာ ထိပ်တိုက်တွေ့ရသည့် ရှိုင်းကြတော့

စတွေ့တည်းက စကားပြောတာလည်း

ရင့်သည်းပြီး အရမ်းမာနကြီးနေသလိုပဲ။


"ဇာတ်ကားတွေထဲကလို သူ့မှာအမွှာများ

ရှိနေတာလား..ဒါမှမဟုတ်..

သူကရှိုင်းအစစ် မဟုတ်လို့များလား

ဒီကိစ္စကို သေချာရှင်းအောင် စုံစမ်းရမယ်.."


"ဟဲ့..ချစ်ချစ်ရေ..ငါဗိုက်ဆာနေပြီလို့.."


"ဟာ..အမေ..ဟုတ်သားပဲ အမေဗိုက်ဆာနေတာကို

မေ့သွားတယ်..လာပြီနော်

ဒါလေးကို ရေညှစ်လိုက်အုံးမယ်.."


လွယ်အိတ်ကြီးကိုကိုင်ရင်း ဝါးတံတားပေါ်တွင်

ရေတွေ စိုရွဲနေပေမဲ့ ငြိမ်ပြီးအတွေးများနေမိရာမှ

အမေ့ခေါ်သံကြောင့် အတွေးစအားလုံးကို

ဖြတ်တောက်ပစ်ရလေသည်။

ပြီးတဲ့အခါ လွယ်အိတ်ကိုရေညှစ်ပြီး

ကမ်းပေါ်သို့ ပြန်တက်လာခဲ့လိုက်သည်။


"လာအမေ..ဒီနေ့ဟင်းကောင်းတယ်

ကြက်သားနဲ့ထမင်းစားရမှာ.."


"ဟာ..ဟုတ်လား..ပျော်လိုက်တာ..

ဒါနဲ့..ကြက်သားကဘာကောင်ကြီးလဲဟဲ့..

သီကြားမင်းလား.."


"ဟမ်.."


ကြက်သားနဲ့ စားရမယ်ဆိုလို့ လက်ခုပ်လက်ဝါး

ထတီးပြီးကာမှ ကြက်သားကဘာကောင်ကြီးလဲ

ဆိုတော့ ဖြေရမဲ့အရေးနှုတ်ခမ်းတောင်

ရွဲ့သွားချင်မိတယ်။


"သီကြားမင်းကိုတော့ ဘယ်ချက်စားလို့

ရပါ့မလဲ အမေ့ကိုမိုးကြိုးအတောင့်လိုက်

ပစ်သွားမှာပေါ့အမေရဲ့.."


"အဲ့ဒါဆို ကြက်ကဘာကြီးတုန်းဟဲ့.."


"ကြက်ဆိုတာက အတောင်ပံလေးနဲ့အမေရယ်

ကတွတ်..ကတွတ်လို့အော်တာလေ...

တို့အိမ်မှာတောင် မွေးထားသေးတယ်.."


"ဟယ်..ဘာ..ကတွတ်..ကတွတ်လည်း

အောက်အီးအီးအွတ်လို့ အော်တာပါနော်

နင်ကဒါလေးတောင်မသိဘူး..ငါ့အမေလုပ်နေပြီး

တုံးလိုက်တာ..ငါဗိုက်ဆာနေပြီး

မီးဖိုချောင်ထဲမှာ သွားစောင့်နေမယ်နော်.."


ပြောပြောဆိုဆို အရှေ့မှအရင်ပြေးနှင့်သော

အမေ့ကိုကြည့်ပြီး ချစ်ပန်းဝေလည်း

ခေါင်းခါလိုက်မိတော့သည်။


 လွယ်အိတ်လေးတွေကို

ခြေရင်းဘက်ရှိ တန်းတွေမှာလှန်းလိုက်ပြီး

မီးဖိုချောင်ထဲသို့ ၀င်လာလိုက်ကာ

အမေ့ကို ထမင်းခူးကျွေးဖို့ ပြင်ရလေသည်။


"ရော့အမေ..အသားတုံးကြီးကြီးလေး

ထည့်ပေးမယ်နော်..."


"အေး..ထည့်ပေးစမ်းပါ..ငါဗိုက်ဆာနေတာဟ

ဟီးဟီး.."


"အမယ်လေး..ရယ်ပြမနေပါနဲ့ထည့်ပေးမှာပါ..

ဒါပေမဲ့ တစ်ခုတော့ရှိတယ်..

အခုကြက်သားဟင်းနဲ့ စားရတဲ့ကိစ္စကို

ဒေါ်ကြီးကို သွားမပြောရဘူးနော်.."


"မပြောပါဘူးဟယ်..ငါကပြောစရာလား.."


"အင်း..မပြောဘူးမပြောဘူးဆိုပြီး

ဟိုတစ်ခါလည်း ၀က်သားဟင်းနဲ့စားရတဲ့ကိစ္စကို

ဒေါ်ကြီးရဲ့ရှေ့မှာ ၀က်သားတုံးလေးက

စားလို့ကောင်းလိုက်တာလို့ သွားပြောတာ

ဘယ်သူလဲ..ပြီးရင်ဒီကလူပဲအဆူခံရတာ..

ဒီနေ့လည်း သူနေမကောင်းလို့ခိုးကျွေးလို့ရတာ

လုံး၀သွားပြောလို့ မဖြစ်ဘူးနော်.."


"နင်ကလည်းဟယ်..ငါ့ကိုအရမ်းဆူတာပဲ

မပြောပါဘူးလို့ဆိုနေ.."


"ဟယ်..စိတ်တော့မဆိုးလိုက်ပါနဲ့ရှင်..

မပြောနဲ့ဆို မပြောတော့ပါဘူး..

ဒီနေ့ဒေါ်ကြီးကလည်း အိပ်ခန်းထဲမှာပဲ

နားနေမှာဆိုတော့ သိစရာအကြောင်းလည်း

မရှိပါဘူး..လာ..သမီးခွံ့ကျွေးမယ်.."


အမေက စိတ်ဝေဒနာခံစားနေတာဆိုတော့

သူ့စိတ်ဟာ ကလေးတွေလိုပဲဖြစ်နေလေရာ

ထမင်းစားရင်လည်း သေချာမကျွေးပါက

ပါးစပ်ထဲရောက်တာကနည်း၍

ခုနောက်ပိုင်းမှာ ချစ်ပန်းဝေကသာအမြဲ

ခွံ့ကျွေးဖြစ်လေသည်။


"ကုန်သွားပြီ..စားလို့ကောင်းလား.."


"အင်း..ကောင်းတော့ကောင်းပါတယ်..

ဒါပေမဲ့နည်းနည်းတော့ပေါ့တယ်.."


"ဟင်..ပြောစမ်းပါအုံး..ပေါ့တယ်ငန်တယ်ကို

ဘယ်လိုလုပ်သိတာလဲ.."


"သိတာပေါ့ဟဲ့ ငါ့မှာလျှာပါတာပဲဥစ္စာ..

နင့်မှာသာ လျှာမပါလို့ပေါ့မှန်း၊ငန်မှန်း

မသိတာပေါ့..နေပါဟယ်..နောက်နေ့ကြ

ငါကိုယ်တိုင်ပဲချက်ပါတော့မယ်.."


သူကိုယ်တိုင်ချက်မယ်ဆိုပြီး မျက်နှာဟန်ပန်

အမူအယာအမျိုးမျိုးနှင့် ပြောနေ၍

ရယ်ချင်နေမိပေမဲ့ အမေ့ကိုလည်း

မလှောင်ရက်ပြန်ပေ။

အမေဟာ တကယ်လည်းဟင်းချက်ကောင်းခဲ့သူ

တစ်ယောက်ပါပဲ။


ဓနုဖြူမှာ ကျောင်းတက်တုန်းကဆိုရင်

အမေထည့်ပေးလိုက်သည့် ထမင်းချိုင့်ဟာ

ကိုယ့်ကြောင့်ဆိုတာထက် 

ကိုယ့်သူငယ်ချင်းတွေကြောင့် ပြောင်တာ

ပိုများတယ်။


အမေက ဟင်းချက်သည့်နေရာမှာ အစပ်အဟပ်

အရမ်းတည့်၍ ဘာလေးချက်ချက်

စားမကောင်းတာ မရှိခဲ့ပေ။

ထို့ကြောင့် ထမင်းဆိုင်လေးတောင်

ဖွင့်ဖြစ်ခဲ့ပါသေးသည်။

အဖေနဲ့ချစ်ချစ်တို့အိမ်လေးသာ မီးလောင်မှုထဲ

မပါခဲ့ရင်...


"ဟဲ့..နင်ငိုနေတာလား.."


"ဟင်..သမီးမငိုပါဘူး..မျက်လုံးထဲကို

အမှုန်၀င်သွားလို့ပါ.."


"အေးပါ..ငါလည်းဗိုက်၀ပြီဆိုတော့ 

သွားကစားတော့မယ်နော်.."


"အဝေးကြီးတွေတော့ မသွားနဲ့နော်.."


"မသွားပါဘူးဟယ်..နင်ကလည်း

နေ့တိုင်း ဒါပဲပြောနေတော့တာပဲ.."


အမေ့စကားကြောင့် မျက်ရည်ဝဲလျှက်နှင့်ပင်

ရယ်မောလိုက်မိသည်။

အမေ့ကိုစိတ်ပူလွန်းလို့ နေ့တိုင်းပြောနေမိတာကို

အမေတောင် ငြီးငွေ့နေလေပြီ။


"အင်း..အမေ့ကိုထမင်းကျွေးပြီးပြီဆိုတော့

ဒေါ်ကြီးကို ကြက်သားစွပ်ပြုတ်လေး

သွားပို့ဖို့ပဲ ကျန်တော့တယ်.."


ချက်ချင်းပဲ ကြက်သားစွပ်ပြုတ်အိုးကို

ဖွင့်လိုက်ကာ ခွက်အပြည့်ခပ်လိုက်ပြီး

ဒေါ်ကြီး၏ အိပ်ခန်းဆီသို့ ကူးလာခဲ့လိုက်သည်။

အိပ်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့်

ဖျာခင်းပေါ်တွင် မှိန်းပြီးနေသော ဒေါ်ကြီးသည်

ချက်ချင်း မျက်လုံးဖွင့်ကြည့်လာလေသည်။


"ဒေါ်ကြီး..သက်သာရဲ့လား..ဗိုက်ဆာနေမယ်ထင်လို့

ဒီမှာ ကြက်သားစွပ်ပြုတ်လေးလာပို့တာ.."


"အင်း..အဲ့ဒီ့ခုံပေါ်မှာ တင်ထားခဲ့..ပြီးရင်

ငါ့ကိုဇက်‌ကြောဆွဲပေးစမ်းပါ ဇက်ကြောတွေ

တောင့်နေလို့.."


"ဟုတ်ကဲ့.."


ဒေါ်ကြီးက ထထိုင်လိုက်တော့

ချစ်ပန်းဝေလည်း အလိုက်သိစွာပဲ ဒေါ်ကြီး၏

အနောက်သို့ သွားကာ ဇာက်ကြောကို

အသာလေး နှိပ်နယ်ပေးနေလိုက်သည်။


"အား!!ကျွတ်..ကျွတ်..ဟုတ်တယ်..အဲ့နေရာလေး

နာနာလေး နှိပ်ပေးစမ်းပါဟယ်..

အားမရှိတဲ့အတိုင်းပဲ.."


"နှိပ်ပေးနေပါတယ် ဒေါ်ကြီးရဲ့.."


"အံမယ်..ညည်းရဲ့လေသံက မာလှချည်လား

ဘာလဲ..မနေ့ညကငါဆူလိုက်လို့

မကျေမနပ်ဖြစ်နေတာလား.."


"မဖြစ်ရဲပါဘူးဒေါ်ကြီးရယ်..သမီးတို့သားအမိက

ဒေါ်ကြီးတို့ မိသားစုကိုမှီခိုနေရတာပါ..

ဒေါ်ကြီးတို့ရဲ့ကျေးဇူးတွေက သမီးတို့အပေါ်မှာ

အများကြီးပါပဲ.."


"သိရင်ပြီးတာပါပဲအေ..ငါလည်းစိတ်ထဲက

သိပ်ပါတယ်ရယ်လို့လည်း မဟုတ်ပါဘူး

အမြင်မတော်ရင် တစ်ခါတလေပြောမိတာပဲ

ရှိတာပါ.."


ဒေါ်ဌေး၀င်း၏ ဗြောင်လိမ်တတ်သော

အပြောလေးကြောင့် နှုတ်ခမ်းမဲ့ချလိုက်မိသည်။

*စိတ်ထဲက သိပ်မပါလို့ပဲအဒေါ်ရယ်..

ပြောလိုက်တာမှ ပြစ်ပြစ်နှစ်နှစ်ပဲ..

စိတ်ဓာတ်မခိုင်တဲ့လူသာဆို  ထွက်ပြေးတာ

ကြာပေါ့..*ဟု ပြောလိုက်ချင်ပေမဲ့ 

အမေ့အခြေအနေကို သည်းခံပေးနိုင်တာက

ဒီတစ်အိမ်တည်းသာရှိ၍ ပြောချင်တာတွေကို

ပြန်မြိုချလိုက်ရသည်။


"အော်..ဒါနဲ့..ကြက်သားကစွပ်ပြုတ်အပြင်

ထပ်ချက်ထားသေးလား.."


"ချက်ထားပါတယ်.."


"အေး..အေး..ညည်းချက်ထားတယ်ဆိုပြီး

ညည်းအမေကို ပိုကျွေးမယ်တော့မကြံနဲ့နော်

သူ့အတိုင်းအတာနဲ့သူပဲ စားရမယ်..

.......

ကိုတင်မောင်က ထော်လာဂျီမောင်းရတော့

ပင်ပန်းတယ် သူ့အတွက်များများချန်ထား

ကလေးတွေအတွက်လည်း အသားလေးတွေ

ဖယ်ထားလိုက် အဲ့ဒါမှအားရှိမှာ..

........

အင်း..ဒီ‌‌နေ့ကအရင်လို လူကသိပ်မလန်းတော့..

အတုံးတွေ လာမရေကြည့်တော့ပါဘူး..

ညည်းရော စားပြီးပြီလား.."


"မစားရသေးပါဘူး.."


"အေး..အေး..တို့တွေက ငန်ပိရည်၊တို့စရာနဲ့

စားလည်း ဘာမှမဖြစ်ပါဘူးအေ.."


* ချစ်ပန်းဝေကတော့ ငန်ပိရည်နဲ့ပဲစား..

* အဒေါ့်သားသမီးတွေနဲ့ယောက်ျားကိုတော့ ကြက်သားနဲ့ကျွေး*ဟု

ဆိုလိုချင်မှန်းသိပေမဲ့ တုန့်ပြန်လည်း

ကိုယ်ပဲ ခံရမည့်ဘ၀မို့ ဘာစကားမျှမဆိုပဲ

ငြိမ်၍သာ နေလိုက်သည်။


 ချစ်ချစ်က ကိုယ်လွတ်ရုန်း၍

ရနိုင်ပေမဲ့ အမေကတော့မရပေ..

ဦးတင်မောင်နဲ့အမေက မောင်နှမအရင်းတွေဖြစ်၍

ဒေါ်ကြီးအနေနဲ့ ချစ်ချစ်ကိုသာနှိပ်ကွပ်လို့

ရပေမဲ့ အ‌မေ့ကိုတော့အများကြီး မပြောနိုင်ပေ။

ဟိုက စိတ်ဝေဒနာသည်ဆိုတော့ ပြောလည်း

သူအလွန်ပဲ ဖြစ်မှာပေါ့။


*သည်းခံရမယ်..ချစ်ချစ်အားလုံးကိုသည်းခံပါ့မယ်

အမေအသက်ရှင်နေသ၍..အမေကျန်းကျန်းမာမာနဲ့

ရှိနေနိုင်သ၍ ချစ်ချစ်အများကြီးသည်းခံမှာပါ

.............

..အမေကချစ်ချစ်ရဲ့အရာအားလုံးဖြစ်သလို

ရှင်သန်ချင်စိတ်ဖြစ်စေတဲ့ မျှော်လင့်ချက်လည်း

ဖြစ်တယ်..ကိုယ့်ဘ၀ထဲကနေ

အမေပျောက်ကွယ်သွားခဲ့ရင် ချစ်ချစ်လည်း

ရှင်သန်ချင်စိတ် ကင်းမဲ့သွားလိမ့်မယ်..

...............

အမေဟာ ချစ်ချစ်ရဲ့ရှင်သန်ရာပါပဲ..

အမေဟာ ချစ်ချစ်ရဲ့အရာအားလုံးပဲ...**


🌺🌺🌺🌺🌺🌺🌺🌺


"ဒါဒါရေ..ဒီနေ့ဘာဟင်းချက်လဲ.."


"ဆူးပုတ်ရွက်ကို ပဲခြမ်းနဲ့ချိုချိုလေး

ချက်ထားတယ်..ပြီးတော့..တောပုဇွန်လေးတွေကို

ငရုတ်သီးစိမ်းလေးနဲ့ အစပ်ချက်ထားတယ်...

လယ်ကန်ဇွန်းလည်း ကြော်ထားတယ်.."


"ဟင်..အသားဟင်းလေးဘာလေး..

မပါဘူးလားဟ.."


ထက်ယံက ၀င်၍အထွန့်တက်လိုက်ရာ

ချက်ရပြုတ်ရသည့် ဒါဒါတစ်ယောက်

အနည်းငယ်စိတ်တိုသွားလေသည်။

ထို့ကြောင့် ထမင်း၊ဟင်းခူးပေးတာပါ

စေတနာမပါတော့ပဲ စားပွဲပေါ်ကို

ထမင်း၊ဟင်းပန်းကန်များအား အသံမြည်အောင်

စောင့်ချလိုက်တော့သည်။


"ဟဲ့ကောင်မလေး..ငါတို့ကိုထမင်းမကျွေးချင်လည်း

ဒဲ့ပြောပါဟယ်..ကျွေးပုံကျွေးနည်းက

မသိရင်ငါတို့က သူတောင်းစားတွေ

ကြနေတာပဲ.."


"သူတောင်းစားတွေက အဲ့လောက်ဂျီးမများဘူး

ကိုကြီးရဲ့..မနေ့ကတင် ၀က်သားနဲ့

စားပြီးပြီကို ထပ်ပြီးအသားလာတောင်းနေတယ်

ဒါကတောရှင့်..မြို့မဟုတ်ဘူး..နေ့တိုင်းအသားနဲ့

စားချင်နေရင်..၀က်ပေါ်တဲ့နေရာတိုင်းမှာ

ကင်းလိုက်စောင့်ပါလား.."


"ဒါဒါ..မရိုင်းရဘူးလေ.."


ထမင်းပွဲမှာ ညိမ်နေသောရှိုင်းက

၀င်ဟန့်လိုက်တော့မှ ဒါဒါတစ်ယောက်

ထက်ယံကို မျက်စောင်းထိုးကာ မီးဖိုချောင်ထဲမှ

ထွက်သွားလေတော့သည်။


"ရှိုင်း..မင်းညီမလေးကိုကြည့်ရတာ..

ငါ့ကို အမြင်မကြည်သလိုပဲနော်.."


"မင်းကလည်း လှည့်ပတ်ရစ်နေတာကိုကွ

စားစရာရှိတာစားပေါ့.."


"ဟာ..ငါကငါစားချင်တာလေးကို

ပြောတာလေကွာ..ငါကမင်းတို့လိုရုပ်ရှင်မင်းသား

မဟုတ်ဘူးလေ..အဲ့တော့အသီးအရွက်စိမ်းတွေ

စားပြီး ဝိတ်ချစရာလည်း လိုမှမလိုတာ..

နောက်ပြီး ငါကအသားဟင်းမပါရင်

ထမင်းမစားတတ်တာ မင်းလည်းသိရဲ့သားနဲ့..."


"ထက်ယံ မင်း..စကားတော်တော်များတာပဲကွာ..

ဒါကတောကွ..ငါ့လက်စာကိုမြည်းမလား

အခုချက်ချင်း ထိုင်စားမလား.."


"မင်းကလဲကွာ.."


"မင်းကလည်းလုပ်မနေနဲ့ စိတ်ညစ်လာရင်

ဟင်းပွဲတွေအကုန် မြောင်းထဲရောက်ကုန်လိမ့်မယ်"


"အေးပါကွာ..ထိုင်ပါပြီ..မင်းကလည်း

စိတ်ကြီးပဲ..သူခေါ်လို့လည်း လိုက်လာရသေးတယ်

ဧည့်၀တ်မကြေတဲ့အပြင် အိမ်ရှင့်မျက်နှာကြည့်ပြီး

ထမင်းလုတ်တောင် မြိုမကျတော့ဘူး.."


"ထက်ယံ..အခုချက်ချင်းမင်းပါးစပ်ကို

ထမင်းလုတ်နဲ့ ပိတ်ထားလိုက်တော့.."


ရှိုင်း၏ မျက်နှာအရိပ်အကဲကိုကြည့်လိုက်သည်နှင့်

နာခံမှုမရှိရင် တစ်ခုခုလုပ်တော့မည်ဆိုတာ

ကြိုသိနေ၍ ထမင်းဝါးသံတောင်

မထွက်မိအောင် ကြိတ်ဝါးနေရတော့သည်။


ရှိုင်းကတော့ ပုံမှန်ဆိုအကောင်းစားမှ

ကြိုက်တတ်သူဆိုပေမဲ့ သူ့အမေအိမ်က

ထမင်း၊ဟင်းတွေကိုကြ ချိုသည်၊ခါးသည်

လုံး၀မဝေဖန်ပေ။

မျက်နှာတော်တော်လိုက်တဲ့ကောင်..


🌺🌺🌺🌺🌺🌺🌺


"စန္ဒာရေ..အိမ်မှာအန်တီစံပယ်ရှိလား.."


"ဟော..မမချစ်ပန်းဝေပါလား..၀င်ခဲ့လေ..

ဒေါ်လေးတော့မရှိဘူး..ဘုန်းကြီးကျောင်းကို

ခဏသွားတယ်.."


ချစ်ပန်းဝေလည်း စန္ဒာက၀င်ခွင့်ပေးသည်နှင့်

အိမ်ထဲသို့ တစ်လုံးဆင့်ချိုင့်လေးကိုဆွဲကာ

လှမ်း၀င်လိုက်မိလေသည်။

ပြီးနောက် အိမ်ထဲသို့ဟိုကြည့်သည်ကြည့်လုပ်ကာ

တစ်ယောက်သောသူကို ရှာမိလေသည်။


"မမချစ်ပန်းဝေ..ဘာကိုရှာနေတာလဲဟင်.."


"ဟို..ဘာမှမဟုတ်ပါဘူး.."


"အင်း..လက်ထဲမှာလည်း တစ်လုံးဆင့်ချိုင့်နဲ့ပါလား

ဘာတွေလာပို့တာလဲ.."


"အော်..ဒါလား..ဒါကအိမ်မှာ

ကြက်သားချက်လို့လေ အန်တီစံပယ်အတွက်

တစ်ခွက်လာပို့တာ.."


"အင်း..မနေ့ကတင်ဒေါ်လေးက ကြက်သား

စားချင်တယ်လို့ ပြောနေသေးတယ်..

အတော်ပဲပေါ့..မီးဖိုခန်းထဲမှာ မမပဲ

လှယ်ထည့်ခဲ့လိုက်တော့နော်..မီးဖိုခန်းထဲမှာ

ဒါဒါနဲ့ မတည့်တဲ့လူရှိနေလို့..နော်"


"ဘယ်သူတွေရှိတာလဲ.."


"ဧည့်သည်နှစ်ယောက်ပါ မမချစ်ပန်းဝေရယ်..

သူတို့က ဟင်းဂျီးများနေလို့ ခုဏလေးတင်

ရန်ဖြစ်ခဲ့တာလေ..သူများချက်ကျွေးတာကို

မစားချင်ကြဘူးလေ..

အဲ့ဒါကြောင့်ပါ.."


"အေးပါ..ဒါဆို..အစ်မဘာသာပဲ

သွားလှယ်ထည့်လိုက်တော့မယ်.."


တစ်ဖက်တွင်တော့ အိမ်ရှေ့မှကြက်သားဟင်းလို့

စကြားလိုက်တည်းက ထက်ယံတစ်ယောက်

မျက်ခုံးတပင့်ပင့်နှင့် ကြက်သားဟင်းကို

မျှော်လင့်နေလေတော့သည်။


မီးဖိုချောင်ထဲသို့ ကောင်မလေး၀င်အလာကို

ဖင်တကြွကြွနှင့် စောင့်နေမိရာမှ

တံခါး၀ကနေ အရိပ်ကလေးတစ်ခု ဖြတ်သန်းပြီး

အထဲကို ၀င်လာသည့်အခါမှာတော့

သူအင်မတန် အံ့ဩသွားမိလေသည်။


"ဟေ့ကောင်..ရှိုင်း..ကောင်မလေးက

လှတယ်ဟ..."


မီးဖိုခန်းထဲတွင် ရင်းနှီးစွာသွားလာနေပြီး

ကြက်သားဟင်း လှယ်ထည့်နေသည့် 

ကောင်မလေးကို ကြည့်၍ ထက်ယံမှာ

မနေနိုင်ပဲ ရှိုင်းကိုလက်တို့လိုက်မိသည်။

ထိုကောင်မလေးတော့ ဘယ်ကြားလို့

ဖြစ်ပါ့မလဲ...


"ရှိုင်းရေ..မင်းရဲ့အနောက်တည့်တည့်မှာကွ

နဲနဲလောက် လှည့်ကြည့်လိုက်ပါအုံး

မင်းရဲ့ပိုပိုထက် အများကြီးပိုလှတယ်နော်

မဟာဆန်တဲ့ နဖူးလေးနဲ့ညိုချောလေးကွ.."


"စိတ်မ၀င်စားဘူး..."


ရှိုင်းထိုင်နေသောနေရာသည် ကောင်မလေးကို

ကျောပေးလျှက်အနေအထား ဖြစ်နေလေရာ

ကောင်မလေး၏မျက်နှာကို မမြင်လို့ပဲ

ဒီစကားပြောသလား မသိပေမဲ့ သူ့မှာက

သူစေ့စပ်ထားသည့် လူရှိနေ၍ ထက်ယံလည်း

အပိုစကား ထပ်မပြောတော့ပေ..


"ကောင်းပြီလေ...မင်းစိတ်မ၀င်စားရင်လည်း

နေပေါ့..ငါတော့စိတ်၀င်စားတယ်...

ဟိ..ဟိ..မင်းတို့ရွာကိုအလည်လိုက်လာမိတာ

အချည်းနည်း မဖြစ်တော့ဘူးပေါ့.."


ရှိုင်းကို ခပ်တိုးတိုးပြောလိုက်ပေမဲ့ ရှိုင်းကတော့

တိတ်ဆိတ်၍သာနေပြီး သူဘယ်တုန်းကမှ

မစားခဲ့ဖူးသည့် ဆူးပုတ်ရွက်နှင့်ပဲဟင်းကို

နှိုက်မြည်းနေလေသည်။

ထက်ယံကတော့ နေရာမှထကာ ချောင်းတစ်ချက်

ဟန့်လိုက်သည်။


"အဟမ်း..အဟမ်း...ဟိုကညီမလေး..

ညီမလေးက ကြက်သားဟင်းလှယ်နေတာလား.."


"ဟင်..ဟုတ်ပါတယ်..ဘာဖြစ်လို့လဲမသိဘူး.."


ထက်ယံသည် သူ့မေးခွန်းကြောင့် 

လှည့်ကြည့်လာသော မျက်၀န်းဝိုင်းဝိုင်းလေးများကို

မြင်လိုက်ရသည့်အခါ ပို၍ရင်ခုန်သွားလေသည်။


"ဟို..အစ်ကိုတို့လည်း စားလို့မရဘူးလားဟင်.."


"ရပါတယ်..အိမ်မှာကြက်သားကာလသားဟင်း

ချက်လို့ မင်းသားတို့ကိုရောစားစေချင်လို့

ယူလာပေးတာပဲလေ.."


"ဟင်...အစ်ကိုတို့ကို ညီမကသိတာလား.."


ရှိုင်းကသူမကို ကျောပေးပြီးထိုင်နေတာတောင်

ရုပ်ရှင်မင်းသားမှန်း တန်းသိလိုက်သောကြောင့်

ထက်ယံပို၍ အံ့ဩသွားလေသည်။


"သိတာပေါ့..မနေ့ညက အစ်ကိုတို့နဲ့ထော်လာဂျီ

အတူတူစီးခဲ့တာပဲလေ..မမှတ်မိစရာလား.."


"ဟင်..ဒါဆိုညီမက အဒေါ်ကြီးလိုပုံစံနဲ့ 

ချစ်ပန်းဝေဆိုတာလား.."


"ဟုတ်တယ်လေ..မနေ့ကအိမ်ကိုမိုးချုပ်မှ

ပြန်ရောက်ရင် အန္တရာယ်များလို့

တမင် သနပ်ခါးတွေအထူကြီးလိမ်းပြီး

ခေါင်းပေါင်းပေါင်းထားခဲ့မိတာ..

အစ်ကိုတို့ မမှတ်မိတာလည်း မထူးဆန်းပါဘူး.."


ကောင်မလေး၏အဖြေကြောင့် 

ထက်ယံမအံ့ဩပဲမနေနိုင်တော့ပေ။

မနေ့ညကတင် ရုပ်ဆိုးဆိုးအဒေါ်ကြီးဟု

သူတို့ သတ်မှတ်ထားခဲ့သည့် ကောင်မလေးက

ယခုတော့ ကဗျာဆန်သည့် မဟာဆန်သူလေး

ဖြစ်၍နေသည်။


"ဒီကြက်သားဟင်းက ညီမကိုယ်တိုင်ချက်ထားတာ

စားကြနော်..အားနာစရာမလိုဘူး.."


ထမင်းစားပွဲပေါ်သို့ ကြက်သားဟင်းကို

လာချပေးသည့် ရှည်ရှည်သွယ်သွယ်

လက်ကလေးတစ်စုံရောက်လာလေးရာ

 ရှိုင်းတစ်ယောက် သူ့မြင်ကွင်း‌ရှေ့ရှိ

ချစ်ပန်းဝေကို မော့ကြည့်လိုက်မိလေသည်။


ထက်ယံကတော့ စတွေ့ရုံရှိ‌သေးတာတောင်

ချောတယ်၊လှတယ်ဟု ပြောနေပေမဲ့

ရှိုင်းကတော့ လုံး၀အထင်မကြီးနိုင်ပေ။


မနက်အစောပိုင်းကတင် ကိုယ်တွေရဲ့

မျက်နှာချင်းဆိုင်အိမ်မှ သားအမိနှစ်ယောက်

ဒီကောင်မလေးကြောင့် ရန်ဖြစ်တာကို

ကြားခဲ့ပြီးသားမို့ ပွေရှုပ်တတ်သည့်

မိန်းကလေးမှန်း သိလိုက်ရ၍ ပိုရွံသွားမိသည်။


ဒါတင်မကသေးဘူး ရေကူးရင်းနှင့် 

မတော်တဆပါဆိုသည့် အကြောင်းပြချက်ပေး၍

ယောက်ျားတစ်ယောက်၏ ခန္ဓာကိုယ်ကို

အရှက်မရှိ လာထိကိုင်ကာ အားမနာတမ်း

ကြည့်ခဲ့သည်အထိ အရှက်မဲ့လွန်းသည်။


ပိုးဆိုးတာက မနေ့ကထော်လာဂျီပေါ်မှာ

ကိုယ့်ရဲ့ ကွယ်ဝှက်ထားသည့်ဘက်အခြမ်းကို

သိလိုက်သူမှာလည်း ဒီမိန်းကလေးဖြစ်နေခြင်းပဲ။

ဘာလို့ အမြဲတမ်းဒီကောင်မလေး

 ဖြစ်နေရသလဲဆိုတာကို မတွေးတတ်တော့ဘူး။


"မင်းဘာလာလုပ်တာလဲ.."


ရှိုင်းလည်း ကောင်မလေးကိုဘုကြည့်ကြည့်ကာ

ဒဲ့တိုးပဲ မေးပစ်လိုက်သည်။


"အိမ်မှာကြက်သား ကာလသားဟင်းချက်လို့

မင်းသားတို့ကို စားစေချင်လို့လာပို့တာပါ.."


ရှိင်းသည် သူ့ဘက်မှ ဘုဘောက်ပုံစံနှင့်

မေးလိုက်ပေမဲ့အပြုံးမပျက်ပဲ 

ပြန်ဖြေသောသူမကြောင့်

ပို၍ စိတ်အလိုမကျတော့ပေ။

ကိုယ့်ကိုရုပ်ရှင်သရုပ်ဆောင်မှန်းသိလို့

ဟန်ဆောင်ပြီး လာကပ်နေတာပဲဟု

သတ်မှတ်လိုက်မိပြီးသား ဖြစ်သွား၍

သူမအပေါ် ဘယ်လိုမှအမြင်မကြည်နိုင်တော့ပေ။


"ကျွန်တော်က ကြက်သားမကြိုက်ဘူး.."


"သူမကြိုက်လည်း အစ်ကိုကြိုက်တယ်...

သူမစားလည်း အစ်ကိုစားမယ်နော်.."


"ဟုတ်ကဲ့ပါ..ဒါဆိုညီမသွားလိုက်ပါအုံးမယ်.."


"ဟင်..သွားတော့မလို့လား.."


"ရှင်.."


ထက်ယံလည်း ကောင်မလေးကို 

မသွားစေချင်ပေမဲ့ ဆွဲထားရအောင်လည်း

အရမ်းမခင်သေးတော့ နဲနဲကိုးရို့ကားယား

နိုင်သလို ခံစားလိုက်ရသည်။


"ဟို ညီမကဒီရွာမှာပဲ နေတာလား.."


"ဟုတ်ပါတယ်..အစ်ကိုတို့အိမ်နဲ့ သိပ်မဝေးဘူး

..ဘာဖြစ်လို့လဲဟင်.."


"အော်..ဘာမှမဖြစ်ပါဘူး..သွားလို့ရပါပြီ.."


ထက်ယံလည်း မတတ်နိုင်တော့ပဲ ကောင်မလေးကို

သွားခိုင်းလိုက်ရလေတော့သည်။

ပြီးနောက် ထိုင်ခုံမှာပြန်ထိုင်ကာ

ကြက်သားတုံးလေးကို ခပ်စားကြည့်လိုက်တော့

အရသာကရှယ်ပဲ..


"ဟေ့ကောင်ရေ..ကြက်သားဟင်းလေး

စားကြည့်ပါလား..အရသာကရှယ်ပဲကွ.."


"မင်းဘာသာစား..ငါမစားဘူး.."


"အေးပါ..မစားလည်းနေပေါ့..ချစ်ပန်းဝေလေး

ချက်ထားတာကို ငါတစ်ယောက်တည်းပဲ

စားချင်တာနဲ့ အတော်ပဲဖြစ်သွားတာပေါ့.."


"ထက်ယံ အခုမှတွေ့တဲ့ကောင်မလေးကို

သွားမရောနဲ့နော်..မနက်ကတင်အိမ်ရှေ့က

သားအမိ အဲ့ကောင်မလေးကြောင့်

ရန်ဖြစ်နေတာကို မင်းလည်းကြားလိုက်တယ်

မဟုတ်လား.."


"မင်းကလည်းကွာ သေချာပြန်တွေးကြည့်တော့

ကောင်မလေးက ဒီလောက်လှပြီးဒီလောက်

သိမ်မွေ့တဲ့ပုံစံလေးဖြစ်နေတာ ဟိုအဖွားကြီး

သူ့သားနဲ့ သဘောမတူလို့လျှောက်ပြောတာ

နေမှာပေါ့..မင်းစဉ်းစားကြည့်ကွာ

ဒီလောက်လှတဲ့ မိန်းကလေးကို ကြိုက်တဲ့လူတွေက

သေချာပေါက် ရှိမှာပေါ့.."


"မင်းပါးစပ်က လှတယ်..လှတယ်နဲ့ 

ဘယ်နားကလှတာလဲ..ပိုကိုပိုတယ်..

နောက်ရက်နည်းနည်း နေပြီးရင်ပြန်ရမှာကိုပဲ

တွေးထား.."


"မင်းကလည်းကွာ..ပြန်ရလည်းဘာဖြစ်လဲ

ဒီကြားထဲမှာရအောင်လိုက်မှာပေါ့

နောက်ပြီး ချစ်ပန်းဝေလေးက ဒီလောက်လှတာကို

မင်းက ဘာဖြစ်နေတာလဲ..

........

အသားလေးက နည်းနည်းညိုနေပေမဲ့

မဟာနဖူးလေးနဲ့ မျက်နှာလေးကလည်း

ငါ့လက်တစ်ဖဝါးစာပဲ ရှိမလားမသိဘူး

သေးသေးလးရယ်..

.........

နှာတံလေးကစင်းနေပြီး

မျက်လုံးလေးကလည်း သမင်ပျိုလေးလိုပဲကွာ

ကြည်လဲ့‌နေရော..အဓိကအလှဆုံးကတော့

သူ့ရဲ့ နှုတ်ခမ်းလုံးလုံး ပြည့်ပြည့်လေးတွေပဲ

တစိမ့်စိမ့်ကြည့်လေ လှလေပဲသိလား

မင်းရောသူ့ကိုလှတယ်လို့ မမြင်ဘူးလား..."


"ငါကမင်းလို တွေ့ရာလိုက်ဘူးနေတဲ့ကောင်မှ

မဟုတ်တာ.."


"အံမယ်..အေးပါ..မင်းမကြိုက်ရင်ပိုတောင်

ကောင်းသေးတယ် ငါ့အတွက်ပြိုက်ဘက်

တစ်ယောက်လျော့တာပေါ့..ဒါနဲ့

ဒီကြက်သားဟင်းလေး စားကြည့်ပါလား

တောချက်ကလေးကွ..လက်ရာကောင်းတယ်.."


"မင်းပဲစားတော့ ငါတော်ပြီ.."


ရှိုင်းလည်း ထက်ယံနှင့်အတူ ထမင်းဆက်စားရင်

နားပိုညီးရမည်ကိုသိ၍ ထမင်းပန်းကန်ကို

ဆေးခဲ့ကာ အပြင်ထွက်လာခဲ့လိုက်သည်။


"သားရေ..ထမင်းစားရတာအဆင်ပြေရဲ့လား.."


"ဟာ..အမေပြန်ရောက်နေပြီလား.."


ထမင်းစားခန်းထဲမှ ထွက်လိုက်သည်နှင့်

အမေ့ကို တွေ့လိုက်ရ၍ သူ၀မ်းသာသွားမိသည်။

မနက်မိုးလင်းတည်းက အမေဆိုသည်မှာလည်း

ဟိုအိမ်လည် ဒီအိမ်လည်နှင့် အတူအေးဆေး

စကားပြောရသည်ကို မရှိပေ။


"အမေ..အပြင်မသွားတော့ဘူးမဟုတ်လား.."


"မသွားတော့ပါဘူး.."


"ဒါဆိုရင်..ကျွန်တော်ခဏနားပြီး လေ့ကျင့်ခန်း

လုပ်လိုက်အုံးမယ်..ပြီးရင်သားတို့

ခဏလောက် စကားပြောကြရအောင်.."


"ကောင်းပြီလေ..အမေတီဗွီကြည့်ရင်းနဲ့

စောင့်နေမယ်.."


အမေ့ကို ခေါင်းငြိမ့်ပြခဲ့လိုက်ပြီး အပေါ်ထပ်သို့

တက်လာခဲ့လိုက်ကာ အေးအေးလူလူပဲ

အခန်းထဲသို့ ၀င်လာခဲ့မိပေမဲ့ အခန်းထဲသို့

ရောက်သည်နှင့် မထင်မှတ်ထားသည့်

မြင်ကွင်းကို မြင်ရလိမ့်မည်ဟုတော့

မထင်ခဲ့မိပေ။


"မင်း..ဒီအခန်းထဲကို ဘယ်လုပ်ဖို့၀င်လာတာလဲ.."


သူအသံပေးလိုက်သည်နှင့် အခန်းတံခါး၀သို့

အထိတ်ထိတ်အလန့်လန့်နှင့် လှမ်းကြည့်လိုက်သော

မျက်၀န်းဝိုင်းလေးတွေကို မြင်လိုက်ရလေသည်။


"ကျွန်မ..အခန်းတမင်၀င်လာတာမဟုတ်ပါဘူး

ပြန်ထွက်ပေးပါ့မယ်..."


"ငါကယုံမယ်ထင်နေလား.."


ရှိုင်းသည် ထိုကောင်မလေးကို 

တရားခံတစ်ယောက်လို စူးစူးရဲရဲကြည့်ပစ်လိုက်ပြီး

တံခါးကို အသံမြည်အောင်ပိတ်ချပစ်လိုက်သည်။

ကောင်မလေးကတော့ ပခုံးလေးတွေ

တုန်တက်သွားပြီး ကြောက်ရွံ့သည့်သဏ္ဍန်

ပြောင်းသွားပေမဲ့ ရှိုင်းကတော့ရှေ့သို့သာ

ခြေလှမ်းတိုးသွားလိုက်သည်။


"ပြောစမ်း..ဘာရည်ရွယ်ချက်နဲ့ငါတို့အခန်းထဲကို

၀င်လာတာလဲ.."


"ဟင့်အင်း..ကျွန်မမှာဘာရည်ရွယ်ချက်မှ

မရှိဘူး..ရှင့်အမေခိုင်းလို့ ငှက်ပျောသီးဖီးကြမ်း

လာထားဖို့၀င်မိတာပဲရှိတာ

..ကျွန်မအခုသွားတော့မယ်.."


"နေအုံး..ငါမင်းကိုသွားခွင့်ပြုသေးလို့လား.."


အခုမှ ဆင်ခြေအမျိုးမျိုးထုတ်ပြီး 

အိန္ဒြေရှင်ကြီးကဲ့သို့ အရှက်အကြောက်

ကြီးနေဟန်ဆောင်ကာ ထွက်ပြေးဖို့ကြံနေသည့်

ချစ်ပန်းဝေကို ပခုံးနှစ်ဖက်မှဖမ်းဆွဲပြီး

တရားခံတစ်ယောက်လို ကြည့်ပစ်လိုက်သည်။


"ရှင်ဘာလုပ်တာလဲ..ကျွန်မအသားကိုမထိနဲ့နော်

မကြိုက်ဘူး.."


"အပိုတွေလာပြောမနေနဲ့..ဒီအခန်းထဲကို

မင်းဘာရည်ရွယ်ချက်နဲ့ ၀င်လာတာလဲ

တစ်ခုခုခိုးဖို့ ကြံနေတာဆိုရင်တော့

ငါမင်းကို ရွာလူကြီးနဲ့တိုင်ရလိမ့်မယ်..."


"ရှင်မိုက်ရှိုင်းလှချည်လား..."


(အခန်း၇)ဆက်ရန်ရှိသည်...


🌺🌺🌺🌺🌺🌺🌺🌺🌺


ရှိုင်းကတော့ စလာတည်းက

ချစ်ချစ်ကို အထင်လွဲနေပြီ


(တစ်ခုလောက်ပြောချင်ပါတယ် Facebookမှာ

အခန်း(၃)အထိ တင်နေပေမဲ့ 

အပိုဒ်အရှည်ကြီး တင်လို့မရတာကြောင့်

Fbမှ(အခန်း၃)ဆိုရင် TNHရဲ့အခန်း(၂)

လောက်ပဲ ရောက်သေးတာပါနော်.."