အခန်း၃၇ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း၃၇
💘မာနမင်းသားနှင့်ရွှေဖူးစာ💘

မိန်းကလေးတစ်ယောက်ကို ကောင်ချောလေး
နှစ်ယောက် ဝိုင်းလုတာမျိုးက ၀တ္ထုဇာတ်လမ်း
တွေထဲမှာပဲ ရှိတယ်လို့ထင်ခဲ့မိတာပါ။

ဒါပေမဲ့ အခုကိုယ်တိုင် ကြုံနေရတော့
၀မ်းသာရမလား..ရင်မောရမလားတောင်
မသိတော့ဘူး။
ဝိုင်တစ်ခွက်ကြောင့် မူးဝေဝေ
ဖြစ်နေရသည့်ကြားထဲ အခုတော့မေ့တောင်
လဲချင်နေမိသည်။
ဝိုင်းလေးတကယ်ကို ဇာတ်ရည်မလည်တော့ပါဘူး။

ကိုဦးကလည်း ရုတ်တရက်ကြီးချစ်တယ်ဆိုပြီး
ဖွင့်ပြောလာတယ်။
ကိုမင်းစက်ကလည်း ဒေါသတကြီးနဲ့
နှစ်ချက်ဆင့်ပြီး အလစ်၀င်ထိုးလိုက်တော့
ကိုဦးခမျာ နှုတ်ခမ်းတောင်ပေါက်သွားရရှာတယ်။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတော့
ထရမလား ထိုင်ရမလားတောင်
မဝေခွဲတတ်တော့ဘူး။
ကြောင်တောင်တောင်လေးနဲ့ သူတို့ကိုသာ
ငေးကြည့်နေမိတယ်။

မိန်းကလေးတို့ အိန္ဒြေရွှေပေးလို့မရတဲ့။
ယောက်ျားနှစ်ယောက်
 ဒီလိုသတ်ပုတ်ရလောက်အောင်အထိလည်း
ဝိုင်းလေးဘယ်လို အိန္ဒြေပျက်ပြားမှုမှ
မလုပ်ခဲ့ဖူးပေ။
ဘယ်သူ့ကိုမှလဲ ယောင်လို့တောင်
မဖြားယောင်းဖူးပါဘူး။

အခုတော့ ဝိုင်းလေးကြောင့်
 ဒီလိုခိုက်ရန်ဖြစ်နေတာကို ထပဲတားရမလား
လက်ခုပ်ပဲထတီးပေးရမှာလား။
ထတားရရင်တော့ နာနေတဲ့ခြေထောက်က
အခြေအနေပိုဆိုးသွားနိုင်တယ်။

"မင်းစက်..မင်းငါ့ကိုထိုးချင်သလောက်
ထိုးလို့ရတယ်..ငါ့ကိုကြိုက်သလောက်
ဒဏ်ခတ်လို့ရတယ်..သတ်ပစ်ချင်တယ်
ဆိုရင်တောင် မင်းကငါ့သူငယ်ချင်းမို့လို့
မင်းလက်နဲ့ သေရလဲငါကျေနပ်တယ်..."

"သွားစမ်းပါကွာ..ဘာသူငယ်ချင်းလဲ..
ပါးစပ်ရှိတိုင်းအပိုတွေလာပြောမနေနဲ့
သူငယ်ချင်းကောင်းဆိုရင်
 စည်းစောင့်တတ်ရတယ်ကွ..
ရှေ့မှာတော့သူငယ်ချင်းကောင်းဆိုတဲ့
ခေါင်းစဉ်ကိုတပ်ပြီး နောက်ကွယ်မှာ
ကြာကူလီချင်နေတာကို သူငယ်ချင်း‌ကောင်းလို့
မခေါ်ဘူး..ကြောက်စရာအကောင်းဆုံး
ရန်သူလို့ပဲငါကတော့ သတ်မှတ်တယ်..
ဗုဒ္စဘာသာမှန်ရင် ဒုသနသောဆိုတာ
ဘာအဓိပ္ပာယ်မှန်း ကလေးကအစ
ခွေးအဆုံးသိတယ်ကွ..မင်းကွာ
ကိုယ့်သူငယ်ချင်းအရင်းကြီးရဲ့
မိန်းမ‌ကိုတောင်.."

မင်းစက်အာဏာ၏ တုန့်ပြန်မှုက၀င်း၏
အရှိုက်တည့်တည့်ကို သွားထိလေသည်။
ဒုသနသောဆိုတာ ဘာမှန်းသူလည်းသိတာပေါ့။
မဖြစ်သင့်မှန်း၊ရှေ့ဆက်မတိုးသင့်မှန်းလည်း
သိပါတယ်။

ဒါပေမဲ့ ရှစ်နှစ်လုံးလုံး
ရင်ထဲမှာဒီမိန်းကလေးကိုချစ်တဲ့စိတ်တွေ
 သိုဝှက် မွေးမြူထားခဲ့ရတာ။
ဒီကိစ္စကို မင်းစက်အသိဆုံးပါပဲ။

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်နေတော့ရော
ဘာထူးတော့မှာလဲ။
နောက်ဆုံးပန်းတိုင်အပြစ် သတ်မှတ်ထားတဲ့
နေရာကို  မုန်တိုင်းတစ်ခုကသိမ်းကြုံးပြီး
သယ်ဆောင်သွားခဲ့ပြီလေ။
ဒီခံစားချက်တွေကို ဘာလုပ်ပစ်လိုက်ရမှာလဲ။

"သွားကွာဆိုပြီး"အလွယ်တကူ
လွှင့်ပစ်နိုင်ရအောင်လည်း လွယ်လွယ်လေး
ဖြစ်တည်ခဲ့တဲ့ ချစ်ခြင်းတရားတွေမဟုတ်ဘူး။
ရင်ထဲမှာ ကြေကွဲစို့နင့်လွန်းလို့
အိပ်မရ‌တဲ့ ညတွေများလာတာရော ဘယ်သူက
စာနာပေးကြလို့လဲ။

ဒီတော့ တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်ချစ်တာကို
သူသိအောင် ဖော်ထုတ်ပြမိတာအပြစ်တဲ့လား။
ကိုယ့်ကိုကိုလည်း ဒေါသဖြစ်မိပါတယ်။
ဘာကြောင့်များ ဒီလောက်ပျော့ညံ့ခဲ့ရတာလဲ။

မင်းစက်လို ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို
နှစ်ခါစဉ်းစားမနေတတ်တဲ့ လူဖြစ်ခဲ့သင့်တာ။
စာနာတတ်၊အားနာတတ်ပြီးဂရုဏာစိတ်
ပြင်းပြမှုတွေက တုန့်နှေးမှုကိုဖြစ်စေတဲ့အပြင်
ဆုံးရှုံးစရာတွေများလာတာကလွဲလို့
ဘာမှ အဖက်မတင်မှန်းအရင်ထဲက
သိခဲ့သင့်တာပါ။

အခုတော့...‌အချစ်ကိုလည်းဆုံးရှုံးရသလို
သူငယ်ချင်းကလည်း စည်းဖောက်သူအဖြစ်
တံဆိပ်ရိုက်နှိပ်လိုက်လေပြီ။
လက်သီးကို ကျစ်ကျစ်ပါ‌အောင်ဆုပ်ထားမိရင်း
ယောက်ျားကြီးတန်မဲ့ သူမျက်ရည်ကျမိသည်။

"မင်းစက်..မင်းကငါ့ကိုရန်သူအဖြစ်
သတ်မှတ်လိုက်ပေမဲ့ ငါကတော့မင်းကိုရန်သူလို့
မမြင်ပါဘူး..ဒါပေမဲ့ငါခူးဖို့ကြံရွယ်ထားတဲ့ပန်းကို
မင်ကဦးဆုံး ခူးထားနှင့်တဲ့အတွက်
ငါမင်းကိုမကျေနပ်တာတော့အမှန်ပဲ.."

"မင်းကငါ့ကို မကျေနပ်ဘူးဟုတ်လား
အဲ့တော့ မင်းကငါ့ကိုဘာလုပ်ချင်လို့လဲ!!!
ဒီမှာဟေ့ကောင်..ယောက်ျားကောင်းမှန်ရင်
ပိုင်ရှင်ရှိတဲ့မိန်းကလေးကို စိတ်ကူးနဲ့တောင်
မပစ်မှားရဘူးကွ.."

"ကိုမင်းစက်!!"

"မင်းပါးစပ်ကိုပိတ်ထား!!"

ခုဏက ကိုဦးကိုနှစ်ချက်ဆင့်ထိုးပြီးတာတောင်
အခု အိကျီကော်လံစကို ထပ်ပြီးဆောင့်ဆွဲနေ၍
ဝိုင်းလေးတားမယ်လုပ်တော့
စကားတောင်မစရသေးခင်
 ပိတ်အော်ခံလိုက်ရလေသည်။

မင်းစက်အာဏာ၏အသံကြီးက 
နာမည်နှင့်လိုက်အောင်ကို
 အာဏာစက်ပြင်းလိုက်တာ။
ရုပ်နဲ့အသံက အခုချိန်မှာတစ်ထပ်တည်း
ဖြစ်နေတော့ကြောက်လွန်းလို့ 
ကြက်သီးမွှေးညှင်းတွေပါ
ထလာသလိုပဲ။

"မင်းနဲ့ငါက အချိန်အကြာကြီးခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေပါကွာ..မင်းငါ့အကြောင်းကို
သိပါတယ်..ငါဘယ်လိုကောင်လဲ 
ငါ့စိတ်သဘောထား ဘယ်လိုရှိသလဲဆိုတာ
မင်းအသိဆုံးပါ..ငါကသူများပိုင်တဲ့ပစ္စည်းကို
 လုယူတတ်တဲ့ ထုံးစံမရှိခဲ့ဖူးပါဘူး.."

"အဟင်း..အခုတော့ရှိလာပြီပေါ့.."

မဲ့ပြုံးနှင့်အတူ ခနဲ့လိုက်သောမင်းစက်၏
မျက်၀န်းများကို ၀င်းကလည်းတန်ပြန်၍
စိုက်ကြည့်ကာ လေးလေးနက်နက်ဆိုလိုက်သည်က

"ဟုတ်တယ်..အခုကစပြီးမင်းအပိုင်သိမ်းထားတဲ့
ပန်းလေးကို ငါလုယူဖို့ကြိုးစားတော့မယ်
ဒီမှာမင်းစက်..အဲ့ဒီ့ပန်းလေးမင်းရဲ့ဥယျာဉ်ထဲကို
မရောက်ခင်က ငါအရင်ဆုံးတမြတ်တနိုး
ချစ်ခဲ့ရတာပါ...အဲ့ဒီ့ပန်းကလေးရှိတဲ့
တောင်ထိပ်ပေါ်ကိုရောက်ဖို့ ငါဘယ်လောက်အထိ
ရူးရူးသွပ်သွပ်စိတ်ကူးယဥ်ခဲ့ရသလဲဆိုတာ 
အစကနေအဆုံးအထိ မင်းလည်းမြင်မှာပါ..
မင်းဘေးနားမှာ ရောင်စုံပန်းပွင့်တွေ
အများကြီးပါကွာ..မင်းခူးလိုရာခူးလို့ရပါတယ်
ဒါပေမဲ့ ငါလိုချင်တာကအဲ့ဒီ့ပန်းလေး
တစ်ပွင့်တည်းရယ်ပါ.."

"ဒါဆို..အဲ့ဒီ့ပန်းကိုငါကစိတ်ကြိုက်
ချေမွှပြီးပြီဆိုရင်ကော..
မင်းကနွားအဖြစ်ခံပြီးကောက်နမ်းအုံးမယ်ပေါ့..
အဲ့လိုလား.."

"မင်း!!!"

ဒီတစ်ခါတော့ မင်းစက်၏အိင်္ကျီကော်လံစကို
အားပြင်းပြင်းနှင့် ဆောင့်ဆွဲလိုက်သူမှာ
နွေဦးလေပြည်ပင်ဖြစ်သည်။
နွေဦးလေပြည်ဆိုတာ နာမည်နဲ့လိုက်အောင်
နွေးထွေးကြင်နာတတ်သည့် အပြုအမူရှိပြီး
အပြောအဆိုကအစ နူးညံ့ငြင်သာသူဖြစ်သည်။

တစ်ပါးသူကို လေသံမာ၍ပြောရမှာတောင်
အင်မတန် ၀န်လေးသူဖြစ်သည်။
စာနာတတ်ပြီးနူးညံ့ငြင်သာသော စိတ်ထားနှင့်
အကြည်ဓာတ်အပြည့်မျက်နှာလေးက
အမြဲပြုံးရွှင်နေတတ်ပေမဲ့ ယခုတော့
ကြောက်စရာကောင်းလောက်အောင်
ခံစားချက်ပြင်းထန်နေသည့် မျက်နှာဖုံးတစ်ခုဟာ
သူ့ထံတွင် ပေါ်ပေါက်လာတော့သည်။

ကိုယ့်မိန်းကလေးရဲ့ သိက္ခာကိုမှမထောက်
ပြောရက်သော မင်းစက်ကိုအနာတရ
ဖြစ်သွားအောင်အထိ သူထိုးနှက်ပစ်လိုက်ချင်ပေမဲ့
သူမလုပ်ရက်ပေ။
ထိုအစား မျက်နှာပြောင်တိုက်ကာ
ရယ်ပြပစ်လိုက်သည်။

"ကိစ္စမရှိပါဘူး..ငါကသူ့ရဲ့အပေါ်ယံအရေပြား
တစ်ထောက်စာကို ချစ်တာမဟုတ်ဘူး..
ငါကသူ့ရဲ့ဖြစ်တည်မှုကို ချစ်တာ..
သူဘာပဲဖြစ်နေနေ ငါလက်ခံပေးနိုင်တယ်..
ငါကမင်းလို ကိုယ့်လက်ထဲရောက်လာတဲ့
ပန်းတစ်ပွင့်ကို အညှာအတာမဲ့နင်းချေပစ်မဲ့
လူမျိုးမဟုတ်တဲ့အတွက် ကိစ္စမရှိပါဘူး.."

"ဆိုတော့..မင်းကမေဝိုင်းလေးကို
ဘယ်လိုအနေအထားမှာဖြစ်ဖြစ်
လက်ခံနိုင်တယ်ပေါ့..
ငါ့ရဲ့ပန်တော်ကျဆိုရင်တောင်
နွားလုံးလုံးအဖြစ်ခံနိုင်တယ်ပေါ့..
နွေဦးလေပြည် ဘယ်တည်းကမင်းမှာ
အဲ့လောက်အောက်တန်းကျတဲ့ 
အတွေးတွေ ၀င်လာခဲ့တာလဲ..ဟမ်
သူများစားပြီးသားအစာကို လုစားရမှ
ဖြစ်မှာလား..မင်းအဲ့လောက်တောင်
အသိတရားကင်းမဲ့သွားပြီလား.."

"မင်းစက်..စကားတွေကိုဒီ့ထက်လွန်မလာနဲ့
ငါ့ကိုတော့ စည်းမစောင့်ဘူးလို့စွပ်စွဲပြီး
မင်းကိုယ်တိုင်တော့ ကိုယ့်ရဲ့မဟေသီအတွက်
ပါးစပ်စည်းလေးတောင် စောင့်မပေးနိုင်ပါလား"

"ငါ့ဘာသာ ပါးစပ်စည်းမစောင့်တော့ရော
မင်းအပူပါလား..မေဝိုင်းလေးက
ငါပိုင်တဲ့မိန်းမ
ငါ့ခွင့်ပြုချက်မရပဲ ဘယ်သူကမှငါ့ဆီကနေ
လာဆွဲထုတ်သွားလို့မရဘူးဆိုတာ
မင်းမြဲမြဲမှတ်ထား"

"မင်းပိုင်တယ်ဆိုတိုင်း မင်းပြောချင်ရာပြော
မင်းထားတဲ့နေရာမှာ နေစေလို့မရဘူးကွ
သူကလူ အရုပ်မဟုတ်ဘူး..
သူ့ရဲ့သိက္ခာကိုမထောက်ပဲ မင်းပြောချင်သလို
ပြောနေတည်းက မင်းသူ့ကိုတကယ်မချစ်မှန်း
သိပ်သိသာတယ်.."

"ငါသူ့ကိုမချစ်ဘူးလို့ မင်းကိုဘယ်သူပြောလဲ!!"

"ဘာ..!!!"

 ကိုမင်းစက်၏ စကားကြောင့်ကိုဦးတင်မကပဲ
ဝိုင်းလေးပါ အံ့ဩသွားမိသည်။
ဒီစကားကို တမင်လုပ်ကြံပြီးပြောလိုက်တာလား
တကယ်အတည်ပြောနေတာလား မသိပေမဲ့
ဝိုင်းလေးကို လေအေးတိုက်ပြီး
သေသွားစေနိုင်လောက်ပါရဲ့။

အမှန်ဆိုသူကစကားတွေအများကြီး
ပြောလေ့မရှိဘူး။
အခုတော့ကိုဦးနဲ့  သူတစ်လှည့်ကိုယ်တစ်လှည့်
စကားများ ရန်ဖြစ်နေတာကမင်းစက်အာဏာ
မဟုတ်တော့သလိုပဲ။
သူဘာလို့ပြောင်းလဲသွားရတာလဲ။

 ဝိုင်းလေးရဲ့သိက္ခာကို ထိခိုက်နစ်နာစေမည့်
စကားတွေ သူ့နှုတ်ကထွက်လာတော့ကိုဦးက
ရိုင်းတယ်လို့ ထင်နေပေမဲ့ဝိုင်းလေးကတော့
သူပြောတာတွေကို ရိုးနေ၍ကိစ္စမရှိပါဘူး။

သူကလူကိုအမြဲနှိမ်တတ်ပြီး အထက်စီးကကြီးပဲ
စကားပြောချင်သူဆိုတော့ သူဘာပြောပြော
နားထူနေပါပြီ။

ဒါပေမဲ့ ခုဏကစကားမျိုးကတော့
တကယ်အထူးအဆန်းကြီးရယ်ပါ။
"မချစ်ဘူးလို့ မင်းကိုဘယ်သူပြောလဲ!!"ဆိုတော့ 
သူကဝိုင်းလေးကိုတကယ်
ချစ်နေတာများလား။

"၀င်း..ဒီမှာဘာလုပ်နေတာလဲ
မဇင်ကလိုက်ရှာနေတာ..
အော်..ကိုမင်းစက်လည်းရောက်နေတာလား.."

ဘာမသိညာမသိ၀င်လာသော မဇင်ကြောင့်
ရန်ပွဲက ခေတ္တမျှတိတ်ဆိတ်သွားပြီး
တစ်ယောက်နှင့် တစ်ယောက်လည်း
အကြည့်လွှဲလိုက်ကြလေသည်။

မဇင်ကတော့ အခန်းထဲကို၀င်၀င်လာခြင်း
တင်းမာနေသော မျက်နှာထားတွေကိုကြည့်ပြီး
ရှော့ခ်ရှိနေတယ်ဆိုတာတော့ သိလိုက်ပါပြီ။
ထိုအချိန်မှာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သော
မင်းစက်အာဏာ၏ အသံကကျယ်လောင်စွာ
ထပ်မံ ထွက်ပေါ်လာလေသည်။

"မင်းကိုငါနောက်ဆုံးအနေနဲ့ သတိပေးခဲ့လိုက်မယ်
နောက်နောင် မေဝိုင်းလေးနဲ့ပတ်သတ်ပြီး
သူ့အရိပ်ကိုတောင် မနင်းမိစေနဲ့
မဟုတ်ရင် သူငယ်ချင်းတွေဘာတွေလည်း
ငါနားလည်မှာမဟုတ်ဘူး.."

မဖြစ်မနေလိုက်နာရမည်ဟု ရာဇသံပေးခဲ့သလား
ထင်ရလောက်သော အမိန့်အာဏာသံကြီးကြောင့်
မဇင်တောင် တုန်တက်သွားမိလေသည်။

မင်းစက်အာဏာကတော့ ၀င်းကိုလက်သီးနှင့်
ပြေးထိုးစဉ်က လွှင့်ပစ်ခဲ့သောဆေးထုပ်နဲ့
အ၀တ်အိတ်ကို ကောက်ယူလိုက်ပြီး
မေဝိုင်းလေးကို ဆွေ့ကနဲပွေ့ချီလိုက်ကာ
နားနေဆောင်ထဲမှ ထွက်သွားလေတော့သည်။

လမ်းတစ်လျှောက်လုံး ဘယ်သူတွေက
ဘယ်လိုကြည့်ကြည့် ဘယ်လိုတွေးတွေး
ဂရုမစိုက်တတ်သူဖြစ်၍ မာထန်ထားသော
မျက်နှာကြောကိုတော့ လုံး၀မလျှော့ပေ။

မေဝိုင်းလေးမှာသာ တစ်ချို့လူတွေက
စပ်စပ်စုစုလှမ်းလှမ်းကြည့်နေကြ၍
မျက်နှာကို သူ့ရင်ခွင်ဘက်လှည့်ပြီး
ဖွက်ထားမိလေသည်။
သူ့ကိုလည်း မေခွန်းမထုတ်ရဲသလို
အောက်ကို ပစ်ချလိုက်မှာလည်းစိုးရိမ်နေမိသည်။

🔥🔥🔥🔥🔥🔥🔥🔥
🔥🔥🔥🔥🔥🔥🔥🔥🔥

"ကျွန်မကိုလွှတ်ပေးတော့လေ..
လမ်းတစ်လျှောက်လုံး လူတွေအများကြီး
လိုက်ကြည့်နေတာ ရှင်မရှက်ဘူးလား.."

ဝိုင်းလေးက ဘယ်လောက်ပဲပြောပြော
သူ့ပုံစံက ကျောက်တောင်ကြီးကို
ငှက်မွှေးလေးနဲ့ ပွတ်နေသလိုဘာမှ
ပြောင်းလဲမသွားပေ။
တဖြည်းဖြည်းနဲ့ ကားပါကင်ရှိရာဘက်ကို
ရောက်ရှိလာပြီး ကိုမင်းသစ်စောင့်နေသော
ကားဆီသို့ ရောက်တဲ့အခါမှာတော့...

"ကျွန်မကိုအောက်ချပေးတော့လို့
ပြောနေတယ်လေ..
ကိုယ့်ဘာသာလမ်းလျှောက်မယ်"

"မင်းဘာစကားမှငါ့ကိုပြန်မပြောနဲ့"

"ဘာ‌ကြောင့်ပြောလို့မရတာလဲ..
ရှင်ထင်နေသလို အမှားမျိုးတွေ
ကျွန်မဘာတစ်ခုမှမလုပ်ထားဘူး..
အဲ့ဒီ့အတွက် ကျွန်မကိုယ့်လိပ်ပြာကိုယ်လုံတယ်"

"ငါကတော့မယုံဘူး..!!!!"

"အာ့.."

ကားဘေးသို့ရောက်သည်နှင့် မပြောမဆိုပဲ
အောက်ပစ်ချလိုက်၍ တင်ပါးတောင်
နာသွားမိသည်။
ဘယ်လိုလူမှန်းမသိဘူး။
အမြဲတမ်းသူထင်ချင်ရာထင်ပြီး 
ယိုးစွတ်ချင်သလို ယိုးစွတ်နေတာ။

အစကတော့ သူဘာကြောင့်ဝိုင်းလေးကို
အလုပ်ထုတ်ခဲ့သလဲ မသိခဲ့ပေ။
အခုတော့ ကိုဦးနဲ့ဝိုင်းလေးကို 
ဖောက်ပြန်နေတယ်လို့ သူတွေးနေမှန်း
သိလိုက်ပါပြီ။
အခုကိုဦးက ဝိုင်းလေးကိုရင်ဖွင့်နေတာ
သူမိသွားတော့ ပြဿနာတွေကပိုဆိုးပြီပေါ့။
 
ခက်တာက ဝိုင်းလေးကိုသူတစ်ခွန်းမှမမေးတာပဲ။
ကိုယ်မြင်တာကိုပဲ ကိုယ်ယုံတတ်တယ်ဆိုရင်တောင်
တစ်ခါတလေ အမြင်မှားနေတာလဲ
ဖြစ်နိုင်တယ်လို့ ဘာကြောင့်မတွေးရတာလဲ။

ကိုဦးကဝိုင်းလေးအပေါ်မှာ ခံစားချက်ရှိနေတာကို
ဝိုင်းလေးက ကြိုသိနေခဲ့တာလည်းမဟုတ်ဘူး။
အိမ်ထောင်သည်တစ်ယောက်အနေနဲ့
ဖောက်လွှဲ ဖောက်ပြန်လုပ်ခွင့်မရှိဘူးဆိုတာလည်း
နားလည်ပါတယ်။

သူ့ရဲ့စိတ်ဓာတ်ကြီးကိုမကြိုက်လို့သာ
အရင်က သူနဲ့ကွာရှင်းခွင့်ရဖို့ ကြိုးစားချင်ခဲ့မိပေမဲ့
ဖောက်ပြန်မှုကိုအားမပေးသလို 
အဲ့လိုအရာမျိုးလည်း သေတောင်စိတ်ကူးမှာ
မဟုတ်ဘူး။

ကိုဦးသာဝိုင်းလေးအပေါ် သာမာန်ထက်ပိုနေတဲ့
ခံစားချက်တွေ ရှိမှန်းသိခဲ့ရင် စတွေ့တည်းက
ဝိုင်းလေးမှာ အိမ်ထောင်ရှိမှန်း
ပြောဖြစ်လောက်မည်။

"အဟင့်..ရှင်တော်တော်ရက်စက်တဲ့လူပဲ
မိန်းကလေးတစ်ယောက်ကို ညှာညှာတာတာ
ဆက်ဆံရမှန်းနားမလည်ဘူးလား
လွှတ်ဆိုတာနဲ့ တအားလွှတ်ချလိုက်တာပဲ.."

"အဲ့ဒါကမင်းနဲ့ထိုက်တန်တဲ့အပြစ်ပဲ
နာနေလည်း ကိုယ့်ဘာသာထပြီးကားထဲ၀င်.."

ကားဘေးနားမှ ခြေကျင်း၀တ်ကိုကိုင်ပြီး
ကြုံ့ကြုံ့လေးထိုင်နေသည့် မေဝိုင်းလေး၏
အဖြူရောင် အသွင်သဏ္ဍန်လေးက
မင်းစက်ကို ဒေါသထွက်ချင်တာတောင်
မထွက်ရက်အောင် ပြုလုပ်နိုင်သည်။

ဒါပေမဲ့ အခုချိန်မှာသူအရမ်းခံပြင်းနေမိတယ်။
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးနဲ့
ဖောက်လွှဲဖောက်ပြန်ပြုချင်နေတဲ့မိန်းမကို
သူ့ပင်ကိုယ်စိတ်နဲ့ဆို ဒီ့ထက်တောင်ကြမ်းတမ်း
ရက်စက်ပစ်လိုက်မိမှာသေချာတယ်။

ဒါပေမဲ့ တစ်ခုခုကသူ့နှလုံးသားကို
ဆွဲစုပ်ယူငင်နေသလိုပဲ။
အဲ့ဒီ့အရာက မေဝိုင်းလေးရဲ့
ဖြူစင်ဟန်ဆောင်ထားတဲ့ မျက်၀န်းတွေပဲ။
အလကား..မာယာတွေ။
မိန်းမမာယာသဲကိုးဖြာတဲ့။

ဟိုတစ်ယောက်ရှေ့ကြ မာယာတစ်မျိုး 
ဒီတစ်ယောက်ရှေ့ကြတော့ တစ်မျိုးနဲ့
အပြောင်းအလဲသိပ်မြန်လွန်းတဲ့မိန်းမ။
ဒီညွှတ်ကွင်းမှာ ကိုယ်ဟာရာဇ၀တ်သား
ဖြစ်လို့မရဘူး။
အဲ့ဒီတော့ ဒီမိန်းမနဲ့မျက်နှာချင်း
မဆိုင်တာပဲကောင်းမယ်။

ထိုစဉ်အနီးအနားရှိ စတိုးလ်ဆိုင်မှအအေး
သွား၀ယ်ပြီး ပြန်လာသောမင်းသစ်သည်
အဖြစ်အပျက်အားလုံးကို မြင်လိုက်ရပေမဲ့
အနားသို့မသွားရဲဘူးဖြစ်နေလေသည်။

အစကတော့ လဲကျနေတဲ့ဆရာကတော်ကို
ဆရာကတွဲထူပေးမယ်လို့ထင်ခဲ့မိပေမဲ့
ခြေလှမ်းခပ်သွက်သွက်နဲ့ပဲ အခြားဘက်အခြမ်းသို့
သွားပြီး ကားပေါ်သို့တက်ထိုင်နေတာတွေ့တော့
သူအံ့ဩသွားမိသည်။

ကိုယ်က ကားဒါရိုင်ဘာပဲမို့ သူတို့ကြားထဲ
၀င်မပါချင်ပေမဲ့ ဆရာကတော်ကထော့နဲ့ထော့နဲ့
ပုံစံလေးနှင့် မတ်တပ်ရပ်နေရင်းပြန်လဲကျမလို
ဖြစ်သွားတော့ သူလည်းမနေနိုင်ပဲ
ပြေးထူမိလေတော့သည်။

"ဆရာကတော်..ရရဲ့လား..မထနိုင်ရင်
ကျွန်တော့်လက်ကိုတွဲလေ.."

"အင်း..ခြေထောက်နာနေတာထက်
ခေါင်းလည်းမူးနေတော့ ရီဝေဝေဖြစ်နေတာ.."

"ဟုတ်လား..ကျွန်တော့်ကိုသေချာတွဲထားနော်
ကားတံခါးဖွင့်လိုက်အုံးမယ်..."

တစ်ဖက်က မေဝိုင်းလေးကိုမထူပေးလိုက်ရင်း
မတ်တပ်ရပ်နိုင်အောင် ထိန်းပေးထားကာ
ကျန်လက်တစ်ဖက်ဖြင့် ကားတံခါးကို
ဆွဲဖွင့်လိုက်ပေမဲ့ ပွင့်သွားသောကားတံခါးဟာ
"ဝုန်း"ခနဲပြန်၍ပိတ်သွားလေသည်။
လန့်ပြီး ဘေးမှာလာရပ်၍ကားတံခါးကို
ပိတ်လိုက်သူအား မော့ကြည့်လိုက်တော့..

"ဆရာ..ကားပေါ်မှာထိုင်နေတာမဟုတ်ဘူးလား.."

ဘယ်အချိန်ကဘယ်လို ကားပေါ်မှ
ဆင်းလာမှန်းတောင် မသိ‌လိုက်ပဲ
မီး၀င်း၀င်းတောက်နေသည့် အကြည့်များ
ပေးအပ်လာသည့် ဆရာ့ကိုပြူးကြောင်ကြောင်လေး
ပြန်ကြည့်လိုက်မိသည်။

"မင်းဒီနေရာကနေ တက္ကစီငှားပြီး
အိမ်ပြန်လိုက်တော့ ကားကိုငါကိုယ်တိုင်ပဲ
မောင်းလိုက်မယ်.."

"ဘာ..ဘာဖြစ်လို့လဲဆရာရယ်..
အရင်ကဆိုဘယ်ပွဲပဲတက်တက်
ကျွန်တော်ကိုယ်တိုင် အကြိုအပို့လုပ်နေကြပဲကို.."

"ငါသိပ်အားနေလို့ကွာ..ရှင်းပြီလား..
လွှတ်လိုက်တော့.."

"ဗျာ..ဘာကို.."

Sora Sora, [3/27/2025 8:55 AM]
မင်းသစ်လည်း ချက်ဆိုနားခွက်က
မီးမတောက်ပဲဖြစ်နေရလေသည်။
ခဏနေမှ သတိပြုလိုက်မိတာက 
လွှတ်ဆိုတာဟာ သူ့မိန်းမကိုကိုင်ထားတဲ့
လက်ကို လွှတ်ခိုင်းတာပဲ..။
ဟင်း..ငါကိုကတုံးလွန်း..အလွန်းတာပါ..။

ဆရာမင်းစက်ကလည်း ဘယ်တော့မှ
စိတ်ပူရင်ပူတယ်..ချစ်ရင်ချစ်တယ်..
ဒဲ့မပြောဘူး။
သူပဲ..သူ့မိန်းမလေးလဲကျအောင်လုပ်ပြီး
အခုတော့ ကိုယ်ကနဲနဲလေးတို့ထိပြီးကိုင်ပေးယုံနဲ့
ဘီလူးမျက်စောင်းကြီးက ကြောက်စရာကြီး။
ရယ်လည်းရယ်ချင်တယ်။
ရယ်လည်းမရယ်ရက်ပါဘူး။

အဲ..အမှန်ကတော့မရယ်ရဲတာပါ။

"ဟုတ်ကဲ့ပါဆရာ..ကျွန်တော်တက္ကစီပဲ
ငှားလိုက်ပါ့မယ်.."

"မင်းမှာပိုက်ဆံပါလား.."

"ပါပါတယ်ဆရာရဲ့.."

"အင်း..ဒါဆိုရော့ငါးထောင်တန်တစ်ရွက်
ယူထားလိုက်.."

"ရပါတယ်ဆရာရယ်..ဆရာကကျွန်တော့်မှာ
ပိုက်ဆံမပါပဲ‌တက္ကစီစီးမှာကို စိတ်ပူနေတာ
မဟုတ်လား..ဆရာ့စေတနာကိုကျွန်တော်
နားလည်ပါတယ်..ကျွန်တော့်အပေါ်ဒီလို
ဂရုဏာတရားကြီးမားပြီး စိတ်ပူပေးလို့လဲ
အရမ်း၀မ်းသာရပါတယ်ဆရာရယ်.."

"မင်းသစ်..မင်းတော်တော်လျှာရှည်တာပဲ
မင်းလက်ထဲကအအေးဗူးကို
ယူချင်လို့..ပိုက်ဆံပေးနေတာကွ
လောလောဆယ်ငါ့မှာအကြွေမရှိဘူး
ငါးထောင်တန်ပဲယူထားလိုက်.."

"ဟင်.."

မင်းသစ်မှာ "ဟင်"တစ်လုံးသာရေရွတ်နိုင်တော့သည်။ကိုယ့်ကိုစိတ်ပူပေးတယ်ထင်ပြီး
ရွှီးလိုက်ရတာ။
အခုတော့ ၀ယ်ထားတဲ့အအေးဗူးလေးတောင်
အစစ်ပါသွားပြီ။
ရက်စက်လိုက်တာဆရာရယ်ဟု
မြည်တမ်းကာသာ ငိုလိုက်ချင်တော့သည်။

🌼🌼🌼🌼🌼🌼🌼🌼
🌼🌼🌼🌼

"ကားကိုအမြန်ရပ်ပေး..
ကျွန်မအရမ်းအန်ချင်နေပြီ"

"နောက်မိနစ်နှစ်ဆယ်ဆို အိမ်ရောက်တော့မှာပဲလေ
ခဏလောက် အောင့်ထားလို့မရဘူးလား.."

"မရဘူး..ထပ်စောင့်ရင်ကားပေါ်မှာတင်
အန်ကျမိလိမ့်မယ်..ရပ်ပေး..မြန်မြန်ရပ်.."

မင်းစက်လည်း မေဝိုင်းလေးကအရေးပေါ်
အခြေအနေဖြစ်လာတော့ လမ်းပေါ်မှာ
ကားရှင်းနေ၍ လမ်းဘေးသို့ထိုးရပ်ပေးလိုက်သည်။
မေဝိုင်းလေး ခြေထောက်နာနေတာကို
သူသိထား၍ နောက်ခန်းတံခါးကို
အမြန်ပြေးဖွင့်ပေးရပြန်သည်။

"မင်းခြေထောက်နာနေတယ်မဟုတ်လား..
ကားအောက်ကိုမဆင်းနဲ့တော့..
ကိုယ်ထိန်းပေးထားမယ်..အရှေ့ကိုကုန်းပြီး
အန်ချလိုက်.."

"ရှင့်ကိုစင်ကုန်မှာပေါ့.."

"လုပ်မှာသာလုပ်စမ်းပါ.."

"ပလက်စတစ်အိတ်ရှိလား.."

ဝိုင်းလေးလည်း သူ့ကိုဒုက္ခမပေးချင်၍
အန်ချင်သည့်စိတ်ကို ကြိတ်မှိတ်၍ထိန်းထားကာ
ပလက်စတစ်အိတ်ကိုသာ တောင်းလိုက်သည်။

"ခဏလေး..အဆင်ပြေအောင်လုပ်ပေးမယ်"

မင်းစက်လည်း ကားရှေ့ခန်းမှာထားခဲ့သော
အအေးဗူးထည့်ထားသည့် ပလက်စတစ်အိတ်ကို
သတိရလိုက်၍ အအေးဗူးကိုထုတ်ကာ
မေဝိုင်းလေးကိုတော့ အန်ချဖို့အိတ်ကိုပေးလိုက်လေသည်။

"သက်သာသွားပြီလား.."

"အင်း..နည်းနည်းတော့သက်သာသွားပြီ.."

"ကိုယ့်ကိုအိတ်ပေး..နည်းနည်းသက်သာအောင်
အအေးလေးသောက်လိုက်..ရော့.."

ခုံကိုမှီပြီး အမောဖြေနေသည့်ဝိုင်းလေး၏
မျက်လုံးရှေ့သို့ အအေးဘူးလေးကို
လှုပ်ယမ်းပြလိုက်၍ ဝိုင်းလေးလည်း
အယောင်ယောင်အမှားမှားနှင့် 
ယူလိုက်မိလေသည်။
သူကတော့ ဝိုင်လေးအန်ထားတဲ့အိတ်ကျွတ်ထုပ်ကို သေချာချည်ပြီး သွားလွှင့်ပစ်လေသည်။

သူကဝိုင်းလေးကို စိတ်ဆိုးနေတာမဟုတ်ဘူးလား။
အခုကြတော့ ဘာလို့အရမ်းသဘောကောင်း
ပြနေရတာလဲ။
သူဟာ တကယ်ကိုမှော်ဆရာကြီးများလား။
မျက်စိတစ်မှိတ်အတွင်း အမျိုးမျိုးပြောင်းလဲ
နိုင်လွန်းတယ်။

ကိုဦးနဲ့ဝိုင်းလေးက ဘာမှမပတ်သတ်ကြောင်းနဲ့
ဝိုင်းလေးဘက်က ရိုးသားတယ်ဆိုတာကို
ရှင်းပြရင်ကောင်းမလား။
ကိုယ်က ရှင်းပြချင်ပေမဲ့သူကယုံကြည်ပါ့မလား။

"အာ့..ခြေထောက်ကလည်းနာလိုက်တာ
ဘယ်လိုဖြစ်သွားတာလဲမသိဘူး.."

"အဲ့လိုတွေလျှောက်ဖိမနေနဲ့..မသက်သာပဲ
ပိုစိုးသွားလိမ့်မယ်.."

ခြေမျက်စိနေရာကို ဟိုစမ်းဒီစမ်းလုပ်နေမိချိန်
အမိန့်ပေးသံနှင့်အတူ ဝိုင်းလေး၏လက်ကို
ဖမ်းဆုပ်လိုက်သောသူ။
လက်ကောက်၀တ်ကို အဆောတလျှင်
လှမ်းဆွဲခံလိုက်ရ၍ နာကျင်သွားပေမဲ့
သူ့မျက်၀န်းထဲက စိုးရိမ်ပူပန်ရိပ်လေးကို
တွေ့လိုက်ရတော့ နာတာက 
ဘယ်ရောက်သွားမှန်းတောင် မသိတော့ပေ။

*သူကဝိုင်းလေးကို ဤမျှဂရုစိုက်သည်တဲ့လား..*

ကားရှင်းနေသော အချိန်ဖြစ်၍တည်ငြိမ်နေသော
လမ်းမီးရောင်သည် သူ့မျက်နှာတစ်ခြမ်း၏
ဆွဲဆောင်မှုများကို ပိုပေါ်လွင်စေသည်။

ဒီတိုင်းကြည့်နေတာတောင် စူးရှပြီး
ဟိတ်ဟန်ကြီးလွန်းသည့် ဒီမျက်၀န်းတွေဟာ
လူကို ကြောက်အောင်လည်းခြောက်လှန့်နိုင်တယ်။
သိမ်ငယ်အောင်လည်း လုပ်နိုင်သလို
တစ်သွေးတစ်သံတစ်မိန့်ပေးကာ သေစေနိုင်
လောက်အောင်လည်း ခက်ထန်မှုတွေပေးစွမ်းနိုင်သည်။

ယခုမှု သူ့မျက်၀န်းတွေဟာမီးရောင်ကြောင့်
အလင်းရိပ်ကလေးဟပ်နေပြီး 
နွေးထွေးကြည်လင်နေသော 
ရေအိုင်ငယ်လေးကဲ့သို့ဖြစ်နေကာ
၀င်၍ စိမ်ချင်စရာတောင် ကောင်းနေသည်။

"ကိုယ်ဆေးလိမ်းပေးမယ်...."

တိုးညှင်းလှသော ဂရုဏာသံခပ်ရှရှကို
ကြားလိုက်တော့မှ  သူ့ကိုငေးကြည့်နေမိရာမှ
သတိပြန်၀င်လာမိလေသည်။
တားဆီးဖို့ ဟန်ပြင်လိုက်မိပေမဲ့ ဆေးဗူးကို
အရှေ့ခန်းမှယူလိုက်ပြီး ဝိုင်းလေး၏ဖြူနုနေသော
ခြေထောက်လေးကို ကားအောက်သို့
ခြေဆင်းစေကာ သူ့ပေါင်ပေါ်သို့
တင်လိုက်လေသည်။

*သူတကယ်ပဲ ဝိုင်းလေးရဲ့ခြေထောက်ကို
ဆေးလိမ်းပေးတော့မှာလား..သူ့လိုလူကလေ..

Sora Sora, [3/27/2025 8:55 AM]
အခြားသူတွေကို အမြဲတမ်းအမိန့်ပဲပေးတတ်ပြီး
အထက်စီးကပဲ နေတတ်တဲ့လူကြီးက
မိန်းကလေးတစ်ယောက် ခြေတော်ရင်းမှာ
ဒူးထောက်နေရသည့်အဖြစ်ကြီးဟာ
ထူးခြားဆန်းပြားတာထက်ကို 
ပိုနေပါပြီ..။
ခုဏကပွဲထဲမှာရှိနေတဲ့ လူတွေသာဒီမြင်ကွင်းကို
မြင်သွားခဲ့ရင် ဝိုင်းလေးကိုပြုစားတတ်တဲ့
ကဝေမလို့များ စွပ်စွဲကြလေမလား.. *

ဒီလိုအနေအထားမျိုးကို စိတ်ကူးတောင်
မယဉ်ကြည့်ခဲ့ဖူး၍ ကျေလည်းကျေနပ်မိသလို
အားလည်းနာသည်။
ခြေမျက်စိနေရာတွင်မကပဲ ခြေဖဝါးလေးတွေကိုပါ
ပွတ်သပ်၍ ဆေးလိမ်းပေးနေသော
သူ့ရဲ့လက်ဖဝါးနွေးနွေးကြီးကြောင့်
ဘာကြောင့်ရယ်မသိ ပါးတွေတောင်ပူလာသလိုပဲ။
ဝိုင်းလေးသူ့အပေါ်မှာ ပိုပိုပြီး
သဘောကျနေမိတာလား။

"ရှင်ကျွန်မကိုမုန်းနေတာမဟုတ်ဘူးလား
အခုကြတော့ဘာလို့ဂရုစိုက်ပေးနေရတာလဲ.."

သူ့နားဖျားလေးကို လာရိုက်ခတ်နေသော
လေငွေ့နွေးနွေးလေးကြောင့် မော့ကြည့်လိုက်တော့
အလွန်နီးကပ်နေသော အနေအထားမှာ
မျက်နှာ၀င်း၀င်းလေးက သူ့ကိုဆီးကြို၍
ညှို့ငင်နေလေသည်။

"ငါမင်းကိုမုန်းနေတယ်လို့
ဘာကြောင့်ပြောနိုင်ရတာလဲ.."

ထိုသို့မေးလိုက်တော့ ကော့ညွှတ်နေသော
မျက်တောင်လေးတွေဟာ ယပ်တောင်လေး
တဖျပ်ဖျပ်ခပ်သလိုပုံလေးနှင့် ညှိုးလျှော်ကာ
ခေါင်းလေးငုံ့သွားလေသည်။

ထိုအချိန်ခဏမှာ သူ့ရင်ထဲ၌အပူလှိုင်းတစ်ခု
ဖြတ်သန်းသွားပြီးနောက် မျက်နှာသေးသေးလေးကို
လက်နှစ်ဖက်ဖြင့် ဖမ်းအုပ်လိုက်ကာ
မျက်တောင် ကော့ကော့လေးကို ဖိကပ်၍
နမ်းရှိုက်ပစ်လိုက်မိလေသည်။

ဘာပဲလုပ်လုပ် နောက်မဆုတ်တတ်သည့်
သူ့ရဲ့စိတ်အခံက ဒီနေရာမှာလည်း
တွန်းအားတစ်ခုဖြစ်သွားစေသလားမသိပေ။
သူ့ရဲ့လောဘအလိုရမ္မက်လှိုင်းတံပိုးဟာ
နောက်ဆုတ်ဖို့ကို တစိုးတစိမျှမတွေးမိတော့ပဲ
ရှေ့သို့သာ အားပြင်းပြင်းနှင့်လှော်ခတ်ဖို့
စိတ်အားထက်သန်နေမိသည်။

"အာ့..ခြေထောက်နာတယ်..ခြေထောက်ကို
ဖိမိနေပြီ.."

ဒေါသမမည်သော ချွဲနွဲ့နွဲ့အသံလေးကြောင့်
မင်းစက်၏ရမ္မထန်နေသော ပစ္စပ္ပုန်
ရေအလျှင်ဟာပြန်၍ တည်ငြိမ်သွားခဲ့လေသည်။
မေဝိုင်းလေး၏ ခြေထောက်ကိုဖိထားမိသော
သူ့ရဲ့ဒူးခေါင်းကို ဖယ်ပေးလိုက်ပြီး
အရိုင်းဆန်နေသော အလှလေး၏
ပုံရိပ်ကို ငုံ့ကြည့်လိုက်မိလေသည်။

သူလေးရဲ့နှုတ်ခေါင်းထိပ်လေးကတောင်
နီရဲနေပြီး နှုတ်ခမ်းစပ်လေးကလည်း
ကိုယ့်လက်ချက်နဲ့ ပေါက်ပြဲကာ
 ဖူးဖူးလေးဖြစ်၍နေသည်။
အနည်းငယ်ယောင်နေသော 
ထိုနှုတ်ခမ်းအိအိလေးကို လက်မနှင့်အသာလေး
တို့ထိကြည့်လိုက်မိတော့ ညည်းညူသံလေးက
နား၀င်ချိုစွာ ထွက်ပေါ်လာလေသည်။

သူ့မျက်၀န်းတွေကိုမှေးကျဉ်းလိုက်ပြီး
ဆိုဖာပေါ်မှာ ဆံနွယ်များဘေးသို့ဖြာကျလျှက်
လဲ‌လျောင်းနေသော မေ့ရဲ့အလှကို
အပေါ်စီးမှနေ၍ တ၀ကြီးရှုစားနေမိသည်။

မေဟာ အသက်ကလေးကနှစ်ဆယ်ကျော်သာ
ရှိသေးပြီး နူးညံ့သည့်အလှနှင့်သိပ်ကိုယဉ်ပါသည်။
မေ့ကိုဘယ်တုန်းကမှ ၀မ်းနည်းအောင်
မလုပ်ချင်ခဲ့ပါဘူး။
ဒါပေမဲ့ မေ့ရဲ့ငိုသံလေးက ကိုယ့်ကိုမပြင်းရအောင်
အဖော်ပြုပေးနေသလို ခံစားရလို့
မေငိုအောင် အမျိုးမျိုးလုပ်ခဲ့မိပါတယ်။
ဒါကြောင့် မေကတော့ကိုယ့်ကိုမုန်းတီးနေခဲ့မှာပေါ့။
ကိုယ်ကတော့မေ့ကိုဘယ်တုန်းကမှ 
မမုန်းခဲ့ဖူးပါဘူး။

ဒါပေမဲ့ ဒီပန်းလေးဟာတစ်ခြားအရောင်စုံ
ပန်းဥယျာဉ်ထဲမှာ ပျော်မွှေ့ချင်နေလေရဲ့။
ငါဘာလုပ်ရမလဲ။
မစွန့်လွှတ်နိုင်ပေမဲ့ သူ့ရဲ့ယောက်ျားမာနကလည်း
လက်သင့်မခံနိုင်ဘူး။
ကိုယ့်ဆီကထွက်ပြေးချင်နေသူကို 
ဆွဲထားရိုးထုံးစံလည်းမရှိသလို
ဘယ်တော့မှလည်း နွားအဖြစ်ခံမှာမဟုတ်ဘူး။

"ကိုယ်တို့ကွာရှင်းကြရအောင်
မင်းကျေနပ်မယ်မဟုတ်လား.."

🔥🔥🔥🔥🔥🔥🔥

ဘာဆက်ဖြစ်ကြအုံးမလဲ

==================================
=====================================================

(ဖတၼရသူေၾတအၾတက္ ေအာကၼြာ ဖတႅိဳ႕ေရအာငႅဳပ္ေပးထားပါတယ္ )


အခန္း၃၇

  💘မာနမင္းသားႏွင့္ေ႐ႊဖူးစာ💘


မိန္းကေလးတစ္ေယာက္ကို ေကာင္ေခ်ာေလး

ႏွစ္ေယာက္ ဝိုင္းလုတာမ်ိဳးက ၀တၳဳဇာတ္လမ္း

ေတြထဲမွာပဲ ရွိတယ္လို႔ထင္ခဲ့မိတာပါ။


ဒါေပမဲ့ အခုကိုယ္တိုင္ ႀကဳံေနရေတာ့

၀မ္းသာရမလား..ရင္ေမာရမလားေတာင္

မသိေတာ့ဘူး။

ဝိုင္တစ္ခြက္ေၾကာင့္ မူးေဝေဝ

ျဖစ္ေနရသည့္ၾကားထဲ အခုေတာ့ေမ့ေတာင္

လဲခ်င္ေနမိသည္။

ဝိုင္းေလးတကယ္ကို ဇာတ္ရည္မလည္ေတာ့ပါဘူး။


ကိုဦးကလည္း ႐ုတ္တရက္ႀကီးခ်စ္တယ္ဆိုၿပီး

ဖြင့္ေျပာလာတယ္။

ကိုမင္းစက္ကလည္း ေဒါသတႀကီးနဲ႔

ႏွစ္ခ်က္ဆင့္ၿပီး အလစ္၀င္ထိုးလိုက္ေတာ့

ကိုဦးခမ်ာ ႏႈတ္ခမ္းေတာင္ေပါက္သြားရရွာတယ္။


အျဖစ္အပ်က္ေတြက ျမန္ဆန္လြန္းေတာ့

ထရမလား ထိုင္ရမလားေတာင္

မေဝခြဲတတ္ေတာ့ဘူး။

ေၾကာင္ေတာင္ေတာင္ေလးနဲ႔ သူတို႔ကိုသာ

ေငးၾကည့္ေနမိတယ္။


မိန္းကေလးတို႔ အိေျႏၵေ႐ႊေပးလို႔မရတဲ့။

ေယာက္်ားႏွစ္ေယာက္

 ဒီလိုသတ္ပုတ္ရေလာက္ေအာင္အထိလည္း

ဝိုင္းေလးဘယ္လို အိေျႏၵပ်က္ျပားမႈမွ

မလုပ္ခဲ့ဖူးေပ။

ဘယ္သူ႔ကိုမွလဲ ေယာင္လို႔ေတာင္

မျဖားေယာင္းဖူးပါဘူး။


အခုေတာ့ ဝိုင္းေလးေၾကာင့္

 ဒီလိုခိုက္ရန္ျဖစ္ေနတာကို ထပဲတားရမလား

လက္ခုပ္ပဲထတီးေပးရမွာလား။

ထတားရရင္ေတာ့ နာေနတဲ့ေျခေထာက္က

အေျခအေနပိုဆိုးသြားႏိုင္တယ္။


"မင္းစက္..မင္းငါ့ကိုထိုးခ်င္သေလာက္

ထိုးလို႔ရတယ္..ငါ့ကိုႀကိဳက္သေလာက္

ဒဏ္ခတ္လို႔ရတယ္..သတ္ပစ္ခ်င္တယ္

ဆိုရင္ေတာင္ မင္းကငါ့သူငယ္ခ်င္းမို႔လို႔

မင္းလက္နဲ႔ ေသရလဲငါေက်နပ္တယ္..."


"သြားစမ္းပါကြာ..ဘာသူငယ္ခ်င္းလဲ..

ပါးစပ္ရွိတိုင္းအပိုေတြလာေျပာမေနနဲ႔

သူငယ္ခ်င္းေကာင္းဆိုရင္

 စည္းေစာင့္တတ္ရတယ္ကြ..

ေရွ႕မွာေတာ့သူငယ္ခ်င္းေကာင္းဆိုတဲ့

ေခါင္းစဥ္ကိုတပ္ၿပီး ေနာက္ကြယ္မွာ

ၾကာကူလီခ်င္ေနတာကို သူငယ္ခ်င္း‌ေကာင္းလို႔

မေခၚဘူး..ေၾကာက္စရာအေကာင္းဆုံး

ရန္သူလို႔ပဲငါကေတာ့ သတ္မွတ္တယ္..

ဗုဒၥဘာသာမွန္ရင္ ဒုသနေသာဆိုတာ

ဘာအဓိပၸာယ္မွန္း ကေလးကအစ

ေခြးအဆုံးသိတယ္ကြ..မင္းကြာ

ကိုယ့္သူငယ္ခ်င္းအရင္းႀကီးရဲ႕

မိန္းမ‌ကိုေတာင္.."


မင္းစက္အာဏာ၏ တုန႔္ျပန္မႈက၀င္း၏

အရႈိက္တည့္တည့္ကို သြားထိေလသည္။

ဒုသနေသာဆိုတာ ဘာမွန္းသူလည္းသိတာေပါ့။

မျဖစ္သင့္မွန္း၊ေရွ႕ဆက္မတိုးသင့္မွန္းလည္း

သိပါတယ္။


ဒါေပမဲ့ ရွစ္ႏွစ္လုံးလုံး

ရင္ထဲမွာဒီမိန္းကေလးကိုခ်စ္တဲ့စိတ္ေတြ

 သိုဝွက္ ေမြးျမဴထားခဲ့ရတာ။

ဒီကိစၥကို မင္းစက္အသိဆုံးပါပဲ။


ေအာင္ျမင္တဲ့ လူတစ္ေယာက္ျဖစ္ေနေတာ့ေရာ

ဘာထူးေတာ့မွာလဲ။

ေနာက္ဆုံးပန္းတိုင္အျပစ္ သတ္မွတ္ထားတဲ့

ေနရာကို  မုန္တိုင္းတစ္ခုကသိမ္းႀကဳံးၿပီး

သယ္ေဆာင္သြားခဲ့ၿပီေလ။

ဒီခံစားခ်က္ေတြကို ဘာလုပ္ပစ္လိုက္ရမွာလဲ။


"သြားကြာဆိုၿပီး"အလြယ္တကူ

လႊင့္ပစ္ႏိုင္ရေအာင္လည္း လြယ္လြယ္ေလး

ျဖစ္တည္ခဲ့တဲ့ ခ်စ္ျခင္းတရားေတြမဟုတ္ဘူး။

ရင္ထဲမွာ ေၾကကြဲစို႔နင့္လြန္းလို႔

အိပ္မရ‌တဲ့ ညေတြမ်ားလာတာေရာ ဘယ္သူက

စာနာေပးၾကလို႔လဲ။


ဒီေတာ့ တစ္ခါေလာက္ျဖစ္ျဖစ္ ကိုယ္ခ်စ္တာကို

သူသိေအာင္ ေဖာ္ထုတ္ျပမိတာအျပစ္တဲ့လား။

ကိုယ့္ကိုကိုလည္း ေဒါသျဖစ္မိပါတယ္။

ဘာေၾကာင့္မ်ား ဒီေလာက္ေပ်ာ့ညံ့ခဲ့ရတာလဲ။


မင္းစက္လို ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ကို

ႏွစ္ခါစဥ္းစားမေနတတ္တဲ့ လူျဖစ္ခဲ့သင့္တာ။

စာနာတတ္၊အားနာတတ္ၿပီးဂ႐ုဏာစိတ္

ျပင္းျပမႈေတြက တုန႔္ေႏွးမႈကိုျဖစ္ေစတဲ့အျပင္

ဆုံးရႈံးစရာေတြမ်ားလာတာကလြဲလို႔

ဘာမွ အဖက္မတင္မွန္းအရင္ထဲက

သိခဲ့သင့္တာပါ။


အခုေတာ့...‌အခ်စ္ကိုလည္းဆုံးရႈံးရသလို

သူငယ္ခ်င္းကလည္း စည္းေဖာက္သူအျဖစ္

တံဆိပ္႐ိုက္ႏွိပ္လိုက္ေလၿပီ။

လက္သီးကို က်စ္က်စ္ပါ‌ေအာင္ဆုပ္ထားမိရင္း

ေယာက္်ားႀကီးတန္မဲ့ သူမ်က္ရည္က်မိသည္။


"မင္းစက္..မင္းကငါ့ကိုရန္သူအျဖစ္

သတ္မွတ္လိုက္ေပမဲ့ ငါကေတာ့မင္းကိုရန္သူလို႔

မျမင္ပါဘူး..ဒါေပမဲ့ငါခူးဖို႔ႀကံ႐ြယ္ထားတဲ့ပန္းကို

မင္ကဦးဆုံး ခူးထားႏွင့္တဲ့အတြက္

ငါမင္းကိုမေက်နပ္တာေတာ့အမွန္ပဲ.."


"မင္းကငါ့ကို မေက်နပ္ဘူးဟုတ္လား

အဲ့ေတာ့ မင္းကငါ့ကိုဘာလုပ္ခ်င္လို႔လဲ!!!

ဒီမွာေဟ့ေကာင္..ေယာက္်ားေကာင္းမွန္ရင္

ပိုင္ရွင္ရွိတဲ့မိန္းကေလးကို စိတ္ကူးနဲ႔ေတာင္

မပစ္မွားရဘူးကြ.."


"ကိုမင္းစက္!!"


"မင္းပါးစပ္ကိုပိတ္ထား!!"


ခုဏက ကိုဦးကိုႏွစ္ခ်က္ဆင့္ထိုးၿပီးတာေတာင္

အခု အိက်ီေကာ္လံစကို ထပ္ၿပီးေဆာင့္ဆြဲေန၍

ဝိုင္းေလးတားမယ္လုပ္ေတာ့

စကားေတာင္မစရေသးခင္

 ပိတ္ေအာ္ခံလိုက္ရေလသည္။


မင္းစက္အာဏာ၏အသံႀကီးက 

နာမည္ႏွင့္လိုက္ေအာင္ကို

 အာဏာစက္ျပင္းလိုက္တာ။

႐ုပ္နဲ႔အသံက အခုခ်ိန္မွာတစ္ထပ္တည္း

ျဖစ္ေနေတာ့ေၾကာက္လြန္းလို႔ 

ၾကက္သီးေမႊးညႇင္းေတြပါ

ထလာသလိုပဲ။


"မင္းနဲ႔ငါက အခ်ိန္အၾကာႀကီးခင္ခဲ့ၾကတဲ့

သူငယ္ခ်င္းေတြပါကြာ..မင္းငါ့အေၾကာင္းကို

သိပါတယ္..ငါဘယ္လိုေကာင္လဲ 

ငါ့စိတ္သေဘာထား ဘယ္လိုရွိသလဲဆိုတာ

မင္းအသိဆုံးပါ..ငါကသူမ်ားပိုင္တဲ့ပစၥည္းကို

 လုယူတတ္တဲ့ ထုံးစံမရွိခဲ့ဖူးပါဘူး.."


"အဟင္း..အခုေတာ့ရွိလာၿပီေပါ့.."


မဲ့ၿပဳံးႏွင့္အတူ ခနဲ႔လိုက္ေသာမင္းစက္၏

မ်က္၀န္းမ်ားကို ၀င္းကလည္းတန္ျပန္၍

စိုက္ၾကည့္ကာ ေလးေလးနက္နက္ဆိုလိုက္သည္က


"ဟုတ္တယ္..အခုကစၿပီးမင္းအပိုင္သိမ္းထားတဲ့

ပန္းေလးကို ငါလုယူဖို႔ႀကိဳးစားေတာ့မယ္

ဒီမွာမင္းစက္..အဲ့ဒီ့ပန္းေလးမင္းရဲ႕ဥယ်ာဥ္ထဲကို

မေရာက္ခင္က ငါအရင္ဆုံးတျမတ္တႏိုး

ခ်စ္ခဲ့ရတာပါ...အဲ့ဒီ့ပန္းကေလးရွိတဲ့

ေတာင္ထိပ္ေပၚကိုေရာက္ဖို႔ ငါဘယ္ေလာက္အထိ

႐ူး႐ူးသြပ္သြပ္စိတ္ကူးယဥ္ခဲ့ရသလဲဆိုတာ 

အစကေနအဆုံးအထိ မင္းလည္းျမင္မွာပါ..

မင္းေဘးနားမွာ ေရာင္စုံပန္းပြင့္ေတြ

အမ်ားႀကီးပါကြာ..မင္းခူးလိုရာခူးလို႔ရပါတယ္

ဒါေပမဲ့ ငါလိုခ်င္တာကအဲ့ဒီ့ပန္းေလး

တစ္ပြင့္တည္းရယ္ပါ.."


"ဒါဆို..အဲ့ဒီ့ပန္းကိုငါကစိတ္ႀကိဳက္

ေခ်မႊၿပီးၿပီဆိုရင္ေကာ..

မင္းကႏြားအျဖစ္ခံၿပီးေကာက္နမ္းအုံးမယ္ေပါ့..

အဲ့လိုလား.."


"မင္း!!!"


ဒီတစ္ခါေတာ့ မင္းစက္၏အိက်ႌေကာ္လံစကို

အားျပင္းျပင္းႏွင့္ ေဆာင့္ဆြဲလိုက္သူမွာ

ေႏြဦးေလျပည္ပင္ျဖစ္သည္။

ေႏြဦးေလျပည္ဆိုတာ နာမည္နဲ႔လိုက္ေအာင္

ေႏြးေထြးၾကင္နာတတ္သည့္ အျပဳအမူရွိၿပီး

အေျပာအဆိုကအစ ႏူးညံ့ျငင္သာသူျဖစ္သည္။


တစ္ပါးသူကို ေလသံမာ၍ေျပာရမွာေတာင္

အင္မတန္ ၀န္ေလးသူျဖစ္သည္။

စာနာတတ္ၿပီးႏူးညံ့ျငင္သာေသာ စိတ္ထားႏွင့္

အၾကည္ဓာတ္အျပည့္မ်က္ႏွာေလးက

အၿမဲၿပဳံး႐ႊင္ေနတတ္ေပမဲ့ ယခုေတာ့

ေၾကာက္စရာေကာင္းေလာက္ေအာင္

ခံစားခ်က္ျပင္းထန္ေနသည့္ မ်က္ႏွာဖုံးတစ္ခုဟာ

သူ႔ထံတြင္ ေပၚေပါက္လာေတာ့သည္။


ကိုယ့္မိန္းကေလးရဲ႕ သိကၡာကိုမွမေထာက္

ေျပာရက္ေသာ မင္းစက္ကိုအနာတရ

ျဖစ္သြားေအာင္အထိ သူထိုးႏွက္ပစ္လိုက္ခ်င္ေပမဲ့

သူမလုပ္ရက္ေပ။

ထိုအစား မ်က္ႏွာေျပာင္တိုက္ကာ

ရယ္ျပပစ္လိုက္သည္။


"ကိစၥမရွိပါဘူး..ငါကသူ႔ရဲ႕အေပၚယံအေရျပား

တစ္ေထာက္စာကို ခ်စ္တာမဟုတ္ဘူး..

ငါကသူ႔ရဲ႕ျဖစ္တည္မႈကို ခ်စ္တာ..

သူဘာပဲျဖစ္ေနေန ငါလက္ခံေပးႏိုင္တယ္..

ငါကမင္းလို ကိုယ့္လက္ထဲေရာက္လာတဲ့
ပန္းတစ္ပြင့္ကို အညႇာအတာမဲ့နင္းေခ်ပစ္မဲ့

လူမ်ိဳးမဟုတ္တဲ့အတြက္ ကိစၥမရွိပါဘူး.."


"ဆိုေတာ့..မင္းကေမဝိုင္းေလးကို

ဘယ္လိုအေနအထားမွာျဖစ္ျဖစ္

လက္ခံႏိုင္တယ္ေပါ့..

ငါ့ရဲ႕ပန္ေတာ္က်ဆိုရင္ေတာင္

ႏြားလုံးလုံးအျဖစ္ခံႏိုင္တယ္ေပါ့..

ေႏြဦးေလျပည္ ဘယ္တည္းကမင္းမွာ

အဲ့ေလာက္ေအာက္တန္းက်တဲ့ 

အေတြးေတြ ၀င္လာခဲ့တာလဲ..ဟမ္

သူမ်ားစားၿပီးသားအစာကို လုစားရမွ

ျဖစ္မွာလား..မင္းအဲ့ေလာက္ေတာင္

အသိတရားကင္းမဲ့သြားၿပီလား.."


"မင္းစက္..စကားေတြကိုဒီ့ထက္လြန္မလာနဲ႔

ငါ့ကိုေတာ့ စည္းမေစာင့္ဘူးလို႔စြပ္စြဲၿပီး

မင္းကိုယ္တိုင္ေတာ့ ကိုယ့္ရဲ႕မေဟသီအတြက္

ပါးစပ္စည္းေလးေတာင္ ေစာင့္မေပးႏိုင္ပါလား"


"ငါ့ဘာသာ ပါးစပ္စည္းမေစာင့္ေတာ့ေရာ

မင္းအပူပါလား..ေမဝိုင္းေလးက

ငါပိုင္တဲ့မိန္းမ

ငါ့ခြင့္ျပဳခ်က္မရပဲ ဘယ္သူကမွငါ့ဆီကေန

လာဆြဲထုတ္သြားလို႔မရဘူးဆိုတာ

မင္းၿမဲၿမဲမွတ္ထား"


"မင္းပိုင္တယ္ဆိုတိုင္း မင္းေျပာခ်င္ရာေျပာ

မင္းထားတဲ့ေနရာမွာ ေနေစလို႔မရဘူးကြ

သူကလူ အ႐ုပ္မဟုတ္ဘူး..

သူ႔ရဲ႕သိကၡာကိုမေထာက္ပဲ မင္းေျပာခ်င္သလို

ေျပာေနတည္းက မင္းသူ႔ကိုတကယ္မခ်စ္မွန္း

သိပ္သိသာတယ္.."


"ငါသူ႔ကိုမခ်စ္ဘူးလို႔ မင္းကိုဘယ္သူေျပာလဲ!!"


"ဘာ..!!!"


 ကိုမင္းစက္၏ စကားေၾကာင့္ကိုဦးတင္မကပဲ

ဝိုင္းေလးပါ အံ့ဩသြားမိသည္။

ဒီစကားကို တမင္လုပ္ႀကံၿပီးေျပာလိုက္တာလား

တကယ္အတည္ေျပာေနတာလား မသိေပမဲ့

ဝိုင္းေလးကို ေလေအးတိုက္ၿပီး

ေသသြားေစႏိုင္ေလာက္ပါရဲ႕။


အမွန္ဆိုသူကစကားေတြအမ်ားႀကီး

ေျပာေလ့မရွိဘူး။

အခုေတာ့ကိုဦးနဲ႔  သူတစ္လွည့္ကိုယ္တစ္လွည့္

စကားမ်ား ရန္ျဖစ္ေနတာကမင္းစက္အာဏာ

မဟုတ္ေတာ့သလိုပဲ။

သူဘာလို႔ေျပာင္းလဲသြားရတာလဲ။


 ဝိုင္းေလးရဲ႕သိကၡာကို ထိခိုက္နစ္နာေစမည့္

စကားေတြ သူ႔ႏႈတ္ကထြက္လာေတာ့ကိုဦးက

႐ိုင္းတယ္လို႔ ထင္ေနေပမဲ့ဝိုင္းေလးကေတာ့

သူေျပာတာေတြကို ႐ိုးေန၍ကိစၥမရွိပါဘူး။


သူကလူကိုအၿမဲႏွိမ္တတ္ၿပီး အထက္စီးကႀကီးပဲ

စကားေျပာခ်င္သူဆိုေတာ့ သူဘာေျပာေျပာ

နားထူေနပါၿပီ။


ဒါေပမဲ့ ခုဏကစကားမ်ိဳးကေတာ့

တကယ္အထူးအဆန္းႀကီးရယ္ပါ။

"မခ်စ္ဘူးလို႔ မင္းကိုဘယ္သူေျပာလဲ!!"ဆိုေတာ့ 

သူကဝိုင္းေလးကိုတကယ္

ခ်စ္ေနတာမ်ားလား။


"၀င္း..ဒီမွာဘာလုပ္ေနတာလဲ

မဇင္ကလိုက္ရွာေနတာ..

ေအာ္..ကိုမင္းစက္လည္းေရာက္ေနတာလား.."


ဘာမသိညာမသိ၀င္လာေသာ မဇင္ေၾကာင့္

ရန္ပြဲက ေခတၱမွ်တိတ္ဆိတ္သြားၿပီး

တစ္ေယာက္ႏွင့္ တစ္ေယာက္လည္း

အၾကည့္လႊဲလိုက္ၾကေလသည္။


မဇင္ကေတာ့ အခန္းထဲကို၀င္၀င္လာျခင္း

တင္းမာေနေသာ မ်က္ႏွာထားေတြကိုၾကည့္ၿပီး

ေရွာ့ခ္ရွိေနတယ္ဆိုတာေတာ့ သိလိုက္ပါၿပီ။

ထိုအခ်ိန္မွာ တိတ္ဆိတ္မႈကိုၿဖိဳခြင္းလိုက္ေသာ

မင္းစက္အာဏာ၏ အသံကက်ယ္ေလာင္စြာ

ထပ္မံ ထြက္ေပၚလာေလသည္။


"မင္းကိုငါေနာက္ဆုံးအေနနဲ႔ သတိေပးခဲ့လိုက္မယ္

ေနာက္ေနာင္ ေမဝိုင္းေလးနဲ႔ပတ္သတ္ၿပီး

သူ႔အရိပ္ကိုေတာင္ မနင္းမိေစနဲ႔

မဟုတ္ရင္ သူငယ္ခ်င္းေတြဘာေတြလည္း

ငါနားလည္မွာမဟုတ္ဘူး.."


မျဖစ္မေနလိုက္နာရမည္ဟု ရာဇသံေပးခဲ့သလား

ထင္ရေလာက္ေသာ အမိန႔္အာဏာသံႀကီးေၾကာင့္

မဇင္ေတာင္ တုန္တက္သြားမိေလသည္။


မင္းစက္အာဏာကေတာ့ ၀င္းကိုလက္သီးႏွင့္

ေျပးထိုးစဥ္က လႊင့္ပစ္ခဲ့ေသာေဆးထုပ္နဲ႔

အ၀တ္အိတ္ကို ေကာက္ယူလိုက္ၿပီး

ေမဝိုင္းေလးကို ေဆြ႕ကနဲေပြ႕ခ်ီလိုက္ကာ

နားေနေဆာင္ထဲမွ ထြက္သြားေလေတာ့သည္။


လမ္းတစ္ေလွ်ာက္လုံး ဘယ္သူေတြက

ဘယ္လိုၾကည့္ၾကည့္ ဘယ္လိုေတြးေတြး

ဂ႐ုမစိုက္တတ္သူျဖစ္၍ မာထန္ထားေသာ

မ်က္ႏွာေၾကာကိုေတာ့ လုံး၀မေလွ်ာ့ေပ။


ေမဝိုင္းေလးမွာသာ တစ္ခ်ိဳ႕လူေတြက

စပ္စပ္စုစုလွမ္းလွမ္းၾကည့္ေနၾက၍

မ်က္ႏွာကို သူ႔ရင္ခြင္ဘက္လွည့္ၿပီး

ဖြက္ထားမိေလသည္။

သူ႔ကိုလည္း ေမခြန္းမထုတ္ရဲသလို

ေအာက္ကို ပစ္ခ်လိုက္မွာလည္းစိုးရိမ္ေနမိသည္။


🔥🔥🔥🔥🔥🔥🔥🔥

🔥🔥🔥🔥🔥🔥🔥🔥🔥


"ကြၽန္မကိုလႊတ္ေပးေတာ့ေလ..

လမ္းတစ္ေလွ်ာက္လုံး လူေတြအမ်ားႀကီး

လိုက္ၾကည့္ေနတာ ရွင္မရွက္ဘူးလား.."


ဝိုင္းေလးက ဘယ္ေလာက္ပဲေျပာေျပာ

သူ႔ပုံစံက ေက်ာက္ေတာင္ႀကီးကို

ငွက္ေမႊးေလးနဲ႔ ပြတ္ေနသလိုဘာမွ

ေျပာင္းလဲမသြားေပ။

တျဖည္းျဖည္းနဲ႔ ကားပါကင္ရွိရာဘက္ကို

ေရာက္ရွိလာၿပီး ကိုမင္းသစ္ေစာင့္ေနေသာ

ကားဆီသို႔ ေရာက္တဲ့အခါမွာေတာ့...


"ကြၽန္မကိုေအာက္ခ်ေပးေတာ့လို႔

ေျပာေနတယ္ေလ..

ကိုယ့္ဘာသာလမ္းေလွ်ာက္မယ္"


"မင္းဘာစကားမွငါ့ကိုျပန္မေျပာနဲ႔"


"ဘာ‌ေၾကာင့္ေျပာလို႔မရတာလဲ..

ရွင္ထင္ေနသလို အမွားမ်ိဳးေတြ

ကြၽန္မဘာတစ္ခုမွမလုပ္ထားဘူး..

အဲ့ဒီ့အတြက္ ကြၽန္မကိုယ့္လိပ္ျပာကိုယ္လုံတယ္"


"ငါကေတာ့မယုံဘူး..!!!!"


"အာ့.."


ကားေဘးသို႔ေရာက္သည္ႏွင့္ မေျပာမဆိုပဲ

ေအာက္ပစ္ခ်လိုက္၍ တင္ပါးေတာင္

နာသြားမိသည္။

ဘယ္လိုလူမွန္းမသိဘူး။

အၿမဲတမ္းသူထင္ခ်င္ရာထင္ၿပီး 

ယိုးစြတ္ခ်င္သလို ယိုးစြတ္ေနတာ။


အစကေတာ့ သူဘာေၾကာင့္ဝိုင္းေလးကို

အလုပ္ထုတ္ခဲ့သလဲ မသိခဲ့ေပ။

အခုေတာ့ ကိုဦးနဲ႔ဝိုင္းေလးကို 

ေဖာက္ျပန္ေနတယ္လို႔ သူေတြးေနမွန္း

သိလိုက္ပါၿပီ။

အခုကိုဦးက ဝိုင္းေလးကိုရင္ဖြင့္ေနတာ

သူမိသြားေတာ့ ျပႆနာေတြကပိုဆိုးၿပီေပါ့။

 

ခက္တာက ဝိုင္းေလးကိုသူတစ္ခြန္းမွမေမးတာပဲ။

ကိုယ္ျမင္တာကိုပဲ ကိုယ္ယုံတတ္တယ္ဆိုရင္ေတာင္

တစ္ခါတေလ အျမင္မွားေနတာလဲ

ျဖစ္ႏိုင္တယ္လို႔ ဘာေၾကာင့္မေတြးရတာလဲ။


ကိုဦးကဝိုင္းေလးအေပၚမွာ ခံစားခ်က္ရွိေနတာကို

ဝိုင္းေလးက ႀကိဳသိေနခဲ့တာလည္းမဟုတ္ဘူး။

အိမ္ေထာင္သည္တစ္ေယာက္အေနနဲ႔

ေဖာက္လႊဲ ေဖာက္ျပန္လုပ္ခြင့္မရွိဘူးဆိုတာလည္း

နားလည္ပါတယ္။


သူ႔ရဲ႕စိတ္ဓာတ္ႀကီးကိုမႀကိဳက္လို႔သာ

အရင္က သူနဲ႔ကြာရွင္းခြင့္ရဖို႔ ႀကိဳးစားခ်င္ခဲ့မိေပမဲ့

ေဖာက္ျပန္မႈကိုအားမေပးသလို 

အဲ့လိုအရာမ်ိဳးလည္း ေသေတာင္စိတ္ကူးမွာ

မဟုတ္ဘူး။


ကိုဦးသာဝိုင္းေလးအေပၚ သာမာန္ထက္ပိုေနတဲ့

ခံစားခ်က္ေတြ ရွိမွန္းသိခဲ့ရင္ စေတြ႕တည္းက

ဝိုင္းေလးမွာ အိမ္ေထာင္ရွိမွန္း

ေျပာျဖစ္ေလာက္မည္။


"အဟင့္..ရွင္ေတာ္ေတာ္ရက္စက္တဲ့လူပဲ

မိန္းကေလးတစ္ေယာက္ကို ညႇာညႇာတာတာ

ဆက္ဆံရမွန္းနားမလည္ဘူးလား

လႊတ္ဆိုတာနဲ႔ တအားလႊတ္ခ်လိုက္တာပဲ.."


"အဲ့ဒါကမင္းနဲ႔ထိုက္တန္တဲ့အျပစ္ပဲ

နာေနလည္း ကိုယ့္ဘာသာထၿပီးကားထဲ၀င္.."


ကားေဘးနားမွ ေျခက်င္း၀တ္ကိုကိုင္ၿပီး

ႀကဳံ႕ႀကဳံ႕ေလးထိုင္ေနသည့္ ေမဝိုင္းေလး၏

အျဖဴေရာင္ အသြင္သ႑န္ေလးက

မင္းစက္ကို ေဒါသထြက္ခ်င္တာေတာင္

မထြက္ရက္ေအာင္ ျပဳလုပ္ႏိုင္သည္။


ဒါေပမဲ့ အခုခ်ိန္မွာသူအရမ္းခံျပင္းေနမိတယ္။

သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးနဲ႔

ေဖာက္လႊဲေဖာက္ျပန္ျပဳခ်င္ေနတဲ့မိန္းမကို

သူ႔ပင္ကိုယ္စိတ္နဲ႔ဆို ဒီ့ထက္ေတာင္ၾကမ္းတမ္း

ရက္စက္ပစ္လိုက္မိမွာေသခ်ာတယ္။


ဒါေပမဲ့ တစ္ခုခုကသူ႔ႏွလုံးသားကို

ဆြဲစုပ္ယူငင္ေနသလိုပဲ။

အဲ့ဒီ့အရာက ေမဝိုင္းေလးရဲ႕

ျဖဴစင္ဟန္ေဆာင္ထားတဲ့ မ်က္၀န္းေတြပဲ။

အလကား..မာယာေတြ။

မိန္းမမာယာသဲကိုးျဖာတဲ့။


ဟိုတစ္ေယာက္ေရွ႕ၾက မာယာတစ္မ်ိဳး 

ဒီတစ္ေယာက္ေရွ႕ၾကေတာ့ တစ္မ်ိဳးနဲ႔

အေျပာင္းအလဲသိပ္ျမန္လြန္းတဲ့မိန္းမ။

ဒီၫႊတ္ကြင္းမွာ ကိုယ္ဟာရာဇ၀တ္သား

ျဖစ္လို႔မရဘူး။

အဲ့ဒီေတာ့ ဒီမိန္းမနဲ႔မ်က္ႏွာခ်င္း

မဆိုင္တာပဲေကာင္းမယ္။


ထိုစဥ္အနီးအနားရွိ စတိုးလ္ဆိုင္မွအေအး

သြား၀ယ္ၿပီး ျပန္လာေသာမင္းသစ္သည္

အျဖစ္အပ်က္အားလုံးကို ျမင္လိုက္ရေပမဲ့

အနားသို႔မသြားရဲဘူးျဖစ္ေနေလသည္။


အစကေတာ့ လဲက်ေနတဲ့ဆရာကေတာ္ကို

ဆရာကတြဲထူေပးမယ္လို႔ထင္ခဲ့မိေပမဲ့

ေျခလွမ္းခပ္သြက္သြက္နဲ႔ပဲ အျခားဘက္အျခမ္းသို႔

သြားၿပီး ကားေပၚသို႔တက္ထိုင္ေနတာေတြ႕ေတာ့

သူအံ့ဩသြားမိသည္။


ကိုယ္က ကားဒါ႐ိုင္ဘာပဲမို႔ သူတို႔ၾကားထဲ

၀င္မပါခ်င္ေပမဲ့ ဆရာကေတာ္ကေထာ့နဲ႔ေထာ့နဲ႔

ပုံစံေလးႏွင့္ မတ္တပ္ရပ္ေနရင္းျပန္လဲက်မလို

ျဖစ္သြားေတာ့ သူလည္းမေနႏိုင္ပဲ

ေျပးထူမိေလေတာ့သည္။


"ဆရာကေတာ္..ရရဲ႕လား..မထႏိုင္ရင္

ကြၽန္ေတာ့္လက္ကိုတြဲေလ.."


"အင္း..ေျခေထာက္နာေနတာထက္

ေခါင္းလည္းမူးေနေတာ့ ရီေဝေဝျဖစ္ေနတာ.."


"ဟုတ္လား..ကြၽန္ေတာ့္ကိုေသခ်ာတြဲထားေနာ္

ကားတံခါးဖြင့္လိုက္အုံးမယ္..."


တစ္ဖက္က ေမဝိုင္းေလးကိုမထူေပးလိုက္ရင္း

မတ္တပ္ရပ္ႏိုင္ေအာင္ ထိန္းေပးထားကာ

က်န္လက္တစ္ဖက္ျဖင့္ ကားတံခါးကို

ဆြဲဖြင့္လိုက္ေပမဲ့ ပြင့္သြားေသာကားတံခါးဟာ

"ဝုန္း"ခနဲျပန္၍ပိတ္သြားေလသည္။

လန႔္ၿပီး ေဘးမွာလာရပ္၍ကားတံခါးကို

ပိတ္လိုက္သူအား ေမာ့ၾကည့္လိုက္ေတာ့..


"ဆရာ..ကားေပၚမွာထိုင္ေနတာမဟုတ္ဘူးလား.."


ဘယ္အခ်ိန္ကဘယ္လို ကားေပၚမွ

ဆင္းလာမွန္းေတာင္ မသိ‌လိုက္ပဲ

မီး၀င္း၀င္းေတာက္ေနသည့္ အၾကည့္မ်ား

ေပးအပ္လာသည့္ ဆရာ့ကိုျပဴးေၾကာင္ေၾကာင္ေလး

ျပန္ၾကည့္လိုက္မိသည္။


"မင္းဒီေနရာကေန တကၠစီငွားၿပီး

အိမ္ျပန္လိုက္ေတာ့ ကားကိုငါကိုယ္တိုင္ပဲ

ေမာင္းလိုက္မယ္.."


"ဘာ..ဘာျဖစ္လို႔လဲဆရာရယ္..

အရင္ကဆိုဘယ္ပြဲပဲတက္တက္

ကြၽန္ေတာ္ကိုယ္တိုင္ အႀကိဳအပို႔လုပ္ေနၾကပဲကို.."


"ငါသိပ္အားေနလို႔ကြာ..ရွင္းၿပီလား..

လႊတ္လိုက္ေတာ့.."


"ဗ်ာ..ဘာကို.."


မင္းသစ္လည္း ခ်က္ဆိုနားခြက္က

မီးမေတာက္ပဲျဖစ္ေနရေလသည္။

ခဏေနမွ သတိျပဳလိုက္မိတာက 

လႊတ္ဆိုတာဟာ သူ႔မိန္းမကိုကိုင္ထားတဲ့

လက္ကို လႊတ္ခိုင္းတာပဲ..။

ဟင္း..ငါကိုကတုံးလြန္း..အလြန္းတာပါ..။


ဆရာမင္းစက္ကလည္း ဘယ္ေတာ့မွ

စိတ္ပူရင္ပူတယ္..ခ်စ္ရင္ခ်စ္တယ္..

ဒဲ့မေျပာဘူး။

သူပဲ..သူ႔မိန္းမေလးလဲက်ေအာင္လုပ္ၿပီး

အခုေတာ့ ကိုယ္ကနဲနဲေလးတို႔ထိၿပီးကိုင္ေပးယုံနဲ႔

ဘီလူးမ်က္ေစာင္းႀကီးက ေၾကာက္စရာႀကီး။

ရယ္လည္းရယ္ခ်င္တယ္။

ရယ္လည္းမရယ္ရက္ပါဘူး။


အဲ..အမွန္ကေတာ့မရယ္ရဲတာပါ။


"ဟုတ္ကဲ့ပါဆရာ..ကြၽန္ေတာ္တကၠစီပဲ

ငွားလိုက္ပါ့မယ္.."


"မင္းမွာပိုက္ဆံပါလား.."


"ပါပါတယ္ဆရာရဲ႕.."


"အင္း..ဒါဆိုေရာ့ငါးေထာင္တန္တစ္႐ြက္

ယူထားလိုက္.."


"ရပါတယ္ဆရာရယ္..ဆရာကကြၽန္ေတာ့္မွာ

ပိုက္ဆံမပါပဲ‌တကၠစီစီးမွာကို စိတ္ပူေနတာ

မဟုတ္လား..ဆရာ့ေစတနာကိုကြၽန္ေတာ္

နားလည္ပါတယ္..ကြၽန္ေတာ့္အေပၚဒီလို

ဂ႐ုဏာတရားႀကီးမားၿပီး စိတ္ပူေပးလို႔လဲ

အရမ္း၀မ္းသာရပါတယ္ဆရာရယ္.."


"မင္းသစ္..မင္းေတာ္ေတာ္လွ်ာရွည္တာပဲ

မင္းလက္ထဲကအေအးဗူးကို

ယူခ်င္လို႔..ပိုက္ဆံေပးေနတာကြ

ေလာေလာဆယ္ငါ့မွာအေႂကြမရွိဘူး

ငါးေထာင္တန္ပဲယူထားလိုက္.."


"ဟင္.."


မင္းသစ္မွာ "ဟင္"တစ္လုံးသာေရ႐ြတ္ႏိုင္ေတာ့သည္။ကိုယ့္ကိုစိတ္ပူေပးတယ္ထင္ၿပီး

႐ႊီးလိုက္ရတာ။

အခုေတာ့ ၀ယ္ထားတဲ့အေအးဗူးေလးေတာင္

အစစ္ပါသြားၿပီ။

ရက္စက္လိုက္တာဆရာရယ္ဟု

ျမည္တမ္းကာသာ ငိုလိုက္ခ်င္ေတာ့သည္။


🌼🌼🌼🌼🌼🌼🌼🌼

🌼🌼🌼🌼


"ကားကိုအျမန္ရပ္ေပး..

ကြၽန္မအရမ္းအန္ခ်င္ေနၿပီ"

Sora Sora, [3/27/2025 8:55 AM]
"ေနာက္မိနစ္ႏွစ္ဆယ္ဆို အိမ္ေရာက္ေတာ့မွာပဲေလ

ခဏေလာက္ ေအာင့္ထားလို႔မရဘူးလား.."


"မရဘူး..ထပ္ေစာင့္ရင္ကားေပၚမွာတင္

အန္က်မိလိမ့္မယ္..ရပ္ေပး..ျမန္ျမန္ရပ္.."


မင္းစက္လည္း ေမဝိုင္းေလးကအေရးေပၚ

အေျခအေနျဖစ္လာေတာ့ လမ္းေပၚမွာ

ကားရွင္းေန၍ လမ္းေဘးသို႔ထိုးရပ္ေပးလိုက္သည္။

ေမဝိုင္းေလး ေျခေထာက္နာေနတာကို

သူသိထား၍ ေနာက္ခန္းတံခါးကို

အျမန္ေျပးဖြင့္ေပးရျပန္သည္။


"မင္းေျခေထာက္နာေနတယ္မဟုတ္လား..

ကားေအာက္ကိုမဆင္းနဲ႔ေတာ့..

ကိုယ္ထိန္းေပးထားမယ္..အေရွ႕ကိုကုန္းၿပီး

အန္ခ်လိုက္.."


"ရွင့္ကိုစင္ကုန္မွာေပါ့.."


"လုပ္မွာသာလုပ္စမ္းပါ.."


"ပလက္စတစ္အိတ္ရွိလား.."


ဝိုင္းေလးလည္း သူ႔ကိုဒုကၡမေပးခ်င္၍

အန္ခ်င္သည့္စိတ္ကို ႀကိတ္မွိတ္၍ထိန္းထားကာ

ပလက္စတစ္အိတ္ကိုသာ ေတာင္းလိုက္သည္။


"ခဏေလး..အဆင္ေျပေအာင္လုပ္ေပးမယ္"


မင္းစက္လည္း ကားေရွ႕ခန္းမွာထားခဲ့ေသာ

အေအးဗူးထည့္ထားသည့္ ပလက္စတစ္အိတ္ကို

သတိရလိုက္၍ အေအးဗူးကိုထုတ္ကာ

ေမဝိုင္းေလးကိုေတာ့ အန္ခ်ဖို႔အိတ္ကိုေပးလိုက္ေလသည္။


"သက္သာသြားၿပီလား.."


"အင္း..နည္းနည္းေတာ့သက္သာသြားၿပီ.."


"ကိုယ့္ကိုအိတ္ေပး..နည္းနည္းသက္သာေအာင္

အေအးေလးေသာက္လိုက္..ေရာ့.."


ခုံကိုမွီၿပီး အေမာေျဖေနသည့္ဝိုင္းေလး၏

မ်က္လုံးေရွ႕သို႔ အေအးဘူးေလးကို

လႈပ္ယမ္းျပလိုက္၍ ဝိုင္းေလးလည္း

အေယာင္ေယာင္အမွားမွားႏွင့္ 

ယူလိုက္မိေလသည္။

သူကေတာ့ ဝိုင္ေလးအန္ထားတဲ့အိတ္ကြၽတ္ထုပ္ကို ေသခ်ာခ်ည္ၿပီး သြားလႊင့္ပစ္ေလသည္။


သူကဝိုင္းေလးကို စိတ္ဆိုးေနတာမဟုတ္ဘူးလား။

အခုၾကေတာ့ ဘာလို႔အရမ္းသေဘာေကာင္း

ျပေနရတာလဲ။

သူဟာ တကယ္ကိုေမွာ္ဆရာႀကီးမ်ားလား။

မ်က္စိတစ္မွိတ္အတြင္း အမ်ိဳးမ်ိဳးေျပာင္းလဲ

ႏိုင္လြန္းတယ္။


ကိုဦးနဲ႔ဝိုင္းေလးက ဘာမွမပတ္သတ္ေၾကာင္းနဲ႔

ဝိုင္းေလးဘက္က ႐ိုးသားတယ္ဆိုတာကို

ရွင္းျပရင္ေကာင္းမလား။

ကိုယ္က ရွင္းျပခ်င္ေပမဲ့သူကယုံၾကည္ပါ့မလား။


"အာ့..ေျခေထာက္ကလည္းနာလိုက္တာ

ဘယ္လိုျဖစ္သြားတာလဲမသိဘူး.."


"အဲ့လိုေတြေလွ်ာက္ဖိမေနနဲ႔..မသက္သာပဲ

ပိုစိုးသြားလိမ့္မယ္.."


ေျခမ်က္စိေနရာကို ဟိုစမ္းဒီစမ္းလုပ္ေနမိခ်ိန္

အမိန႔္ေပးသံႏွင့္အတူ ဝိုင္းေလး၏လက္ကို

ဖမ္းဆုပ္လိုက္ေသာသူ။

လက္ေကာက္၀တ္ကို အေဆာတလွ်င္

လွမ္းဆြဲခံလိုက္ရ၍ နာက်င္သြားေပမဲ့

သူ႔မ်က္၀န္းထဲက စိုးရိမ္ပူပန္ရိပ္ေလးကို

ေတြ႕လိုက္ရေတာ့ နာတာက 

ဘယ္ေရာက္သြားမွန္းေတာင္ မသိေတာ့ေပ။


*သူကဝိုင္းေလးကို ဤမွ်ဂ႐ုစိုက္သည္တဲ့လား..*


ကားရွင္းေနေသာ အခ်ိန္ျဖစ္၍တည္ၿငိမ္ေနေသာ

လမ္းမီးေရာင္သည္ သူ႔မ်က္ႏွာတစ္ျခမ္း၏

ဆြဲေဆာင္မႈမ်ားကို ပိုေပၚလြင္ေစသည္။


ဒီတိုင္းၾကည့္ေနတာေတာင္ စူးရွၿပီး

ဟိတ္ဟန္ႀကီးလြန္းသည့္ ဒီမ်က္၀န္းေတြဟာ

လူကို ေၾကာက္ေအာင္လည္းေျခာက္လွန႔္ႏိုင္တယ္။

သိမ္ငယ္ေအာင္လည္း လုပ္ႏိုင္သလို

တစ္ေသြးတစ္သံတစ္မိန႔္ေပးကာ ေသေစႏိုင္

ေလာက္ေအာင္လည္း ခက္ထန္မႈေတြေပးစြမ္းႏိုင္သည္။


ယခုမႈ သူ႔မ်က္၀န္းေတြဟာမီးေရာင္ေၾကာင့္

အလင္းရိပ္ကေလးဟပ္ေနၿပီး 

ေႏြးေထြးၾကည္လင္ေနေသာ 

ေရအိုင္ငယ္ေလးကဲ့သို႔ျဖစ္ေနကာ

၀င္၍ စိမ္ခ်င္စရာေတာင္ ေကာင္းေနသည္။


"ကိုယ္ေဆးလိမ္းေပးမယ္...."


တိုးညႇင္းလွေသာ ဂ႐ုဏာသံခပ္ရွရွကို

ၾကားလိုက္ေတာ့မွ  သူ႔ကိုေငးၾကည့္ေနမိရာမွ

သတိျပန္၀င္လာမိေလသည္။

တားဆီးဖို႔ ဟန္ျပင္လိုက္မိေပမဲ့ ေဆးဗူးကို

အေရွ႕ခန္းမွယူလိုက္ၿပီး ဝိုင္းေလး၏ျဖဴႏုေနေသာ

ေျခေထာက္ေလးကို ကားေအာက္သို႔

ေျခဆင္းေစကာ သူ႔ေပါင္ေပၚသို႔

တင္လိုက္ေလသည္။


*သူတကယ္ပဲ ဝိုင္းေလးရဲ႕ေျခေထာက္ကို

ေဆးလိမ္းေပးေတာ့မွာလား..သူ႔လိုလူကေလ..


အျခားသူေတြကို အၿမဲတမ္းအမိန႔္ပဲေပးတတ္ၿပီး

အထက္စီးကပဲ ေနတတ္တဲ့လူႀကီးက

မိန္းကေလးတစ္ေယာက္ ေျခေတာ္ရင္းမွာ

ဒူးေထာက္ေနရသည့္အျဖစ္ႀကီးဟာ

ထူးျခားဆန္းျပားတာထက္ကို 

ပိုေနပါၿပီ..။

ခုဏကပြဲထဲမွာရွိေနတဲ့ လူေတြသာဒီျမင္ကြင္းကို

ျမင္သြားခဲ့ရင္ ဝိုင္းေလးကိုျပဳစားတတ္တဲ့

ကေဝမလို႔မ်ား စြပ္စြဲၾကေလမလား.. *


ဒီလိုအေနအထားမ်ိဳးကို စိတ္ကူးေတာင္

မယဥ္ၾကည့္ခဲ့ဖူး၍ ေက်လည္းေက်နပ္မိသလို

အားလည္းနာသည္။

ေျခမ်က္စိေနရာတြင္မကပဲ ေျခဖဝါးေလးေတြကိုပါ

ပြတ္သပ္၍ ေဆးလိမ္းေပးေနေသာ

သူ႔ရဲ႕လက္ဖဝါးေႏြးေႏြးႀကီးေၾကာင့္

ဘာေၾကာင့္ရယ္မသိ ပါးေတြေတာင္ပူလာသလိုပဲ။

ဝိုင္းေလးသူ႔အေပၚမွာ ပိုပိုၿပီး

သေဘာက်ေနမိတာလား။


"ရွင္ကြၽန္မကိုမုန္းေနတာမဟုတ္ဘူးလား

အခုၾကေတာ့ဘာလို႔ဂ႐ုစိုက္ေပးေနရတာလဲ.."


သူ႔နားဖ်ားေလးကို လာ႐ိုက္ခတ္ေနေသာ

ေလေငြ႕ေႏြးေႏြးေလးေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့

အလြန္နီးကပ္ေနေသာ အေနအထားမွာ

မ်က္ႏွာ၀င္း၀င္းေလးက သူ႔ကိုဆီးႀကိဳ၍

ညႇိဳ႕ငင္ေနေလသည္။


"ငါမင္းကိုမုန္းေနတယ္လို႔

ဘာေၾကာင့္ေျပာႏိုင္ရတာလဲ.."


ထိုသို႔ေမးလိုက္ေတာ့ ေကာ့ၫႊတ္ေနေသာ

မ်က္ေတာင္ေလးေတြဟာ ယပ္ေတာင္ေလး

တဖ်ပ္ဖ်ပ္ခပ္သလိုပုံေလးႏွင့္ ညႇိဳးေလွ်ာ္ကာ

ေခါင္းေလးငုံ႔သြားေလသည္။


ထိုအခ်ိန္ခဏမွာ သူ႔ရင္ထဲ၌အပူလႈိင္းတစ္ခု

ျဖတ္သန္းသြားၿပီးေနာက္ မ်က္ႏွာေသးေသးေလးကို

လက္ႏွစ္ဖက္ျဖင့္ ဖမ္းအုပ္လိုက္ကာ

မ်က္ေတာင္ ေကာ့ေကာ့ေလးကို ဖိကပ္၍

နမ္းရႈိက္ပစ္လိုက္မိေလသည္။


ဘာပဲလုပ္လုပ္ ေနာက္မဆုတ္တတ္သည့္

သူ႔ရဲ႕စိတ္အခံက ဒီေနရာမွာလည္း

တြန္းအားတစ္ခုျဖစ္သြားေစသလားမသိေပ။

Sora Sora, [3/27/2025 8:55 AM]
သူ႔ရဲ႕ေလာဘအလိုရမၼက္လႈိင္းတံပိုးဟာ

ေနာက္ဆုတ္ဖို႔ကို တစိုးတစိမွ်မေတြးမိေတာ့ပဲ

ေရွ႕သို႔သာ အားျပင္းျပင္းႏွင့္ေလွာ္ခတ္ဖို႔

စိတ္အားထက္သန္ေနမိသည္။


"အာ့..ေျခေထာက္နာတယ္..ေျခေထာက္ကို

ဖိမိေနၿပီ.."


ေဒါသမမည္ေသာ ခြၽဲႏြဲ႕ႏြဲ႕အသံေလးေၾကာင့္

မင္းစက္၏ရမၼထန္ေနေသာ ပစၥပၸဳန္

ေရအလွ်င္ဟာျပန္၍ တည္ၿငိမ္သြားခဲ့ေလသည္။

ေမဝိုင္းေလး၏ ေျခေထာက္ကိုဖိထားမိေသာ

သူ႔ရဲ႕ဒူးေခါင္းကို ဖယ္ေပးလိုက္ၿပီး

အ႐ိုင္းဆန္ေနေသာ အလွေလး၏

ပုံရိပ္ကို ငုံ႔ၾကည့္လိုက္မိေလသည္။


သူေလးရဲ႕ႏႈတ္ေခါင္းထိပ္ေလးကေတာင္

နီရဲေနၿပီး ႏႈတ္ခမ္းစပ္ေလးကလည္း

ကိုယ့္လက္ခ်က္နဲ႔ ေပါက္ၿပဲကာ

 ဖူးဖူးေလးျဖစ္၍ေနသည္။

အနည္းငယ္ေယာင္ေနေသာ 

ထိုႏႈတ္ခမ္းအိအိေလးကို လက္မႏွင့္အသာေလး

တို႔ထိၾကည့္လိုက္မိေတာ့ ညည္းညဴသံေလးက

နား၀င္ခ်ိဳစြာ ထြက္ေပၚလာေလသည္။


သူ႔မ်က္၀န္းေတြကိုေမွးက်ဥ္းလိုက္ၿပီး

ဆိုဖာေပၚမွာ ဆံႏြယ္မ်ားေဘးသို႔ျဖာက်လွ်က္

လဲ‌ေလ်ာင္းေနေသာ ေမ့ရဲ႕အလွကို

အေပၚစီးမွေန၍ တ၀ႀကီးရႈစားေနမိသည္။


ေမဟာ အသက္ကေလးကႏွစ္ဆယ္ေက်ာ္သာ

ရွိေသးၿပီး ႏူးညံ့သည့္အလွႏွင့္သိပ္ကိုယဥ္ပါသည္။

ေမ့ကိုဘယ္တုန္းကမွ ၀မ္းနည္းေအာင္

မလုပ္ခ်င္ခဲ့ပါဘူး။

ဒါေပမဲ့ ေမ့ရဲ႕ငိုသံေလးက ကိုယ့္ကိုမျပင္းရေအာင္

အေဖာ္ျပဳေပးေနသလို ခံစားရလို႔

ေမငိုေအာင္ အမ်ိဳးမ်ိဳးလုပ္ခဲ့မိပါတယ္။

ဒါေၾကာင့္ ေမကေတာ့ကိုယ့္ကိုမုန္းတီးေနခဲ့မွာေပါ့။

ကိုယ္ကေတာ့ေမ့ကိုဘယ္တုန္းကမွ 

မမုန္းခဲ့ဖူးပါဘူး။


ဒါေပမဲ့ ဒီပန္းေလးဟာတစ္ျခားအေရာင္စုံ

ပန္းဥယ်ာဥ္ထဲမွာ ေပ်ာ္ေမႊ႕ခ်င္ေနေလရဲ႕။

ငါဘာလုပ္ရမလဲ။

မစြန႔္လႊတ္ႏိုင္ေပမဲ့ သူ႔ရဲ႕ေယာက္်ားမာနကလည္း

လက္သင့္မခံႏိုင္ဘူး။

ကိုယ့္ဆီကထြက္ေျပးခ်င္ေနသူကို 

ဆြဲထား႐ိုးထုံးစံလည္းမရွိသလို

ဘယ္ေတာ့မွလည္း ႏြားအျဖစ္ခံမွာမဟုတ္ဘူး။


"ကိုယ္တို႔ကြာရွင္းၾကရေအာင္

မင္းေက်နပ္မယ္မဟုတ္လား.."


🔥🔥🔥🔥🔥🔥🔥


ဘာဆက္ျဖစ္ၾကအုံးမလဲ