အခန်း၃ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


 အခန်း၃

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


ဝိုင်းလေး၏ နားထဲတွင်ခလုတ်တွေကို

နှိပ်နေသလိုမျိုး တဒေါက်ဒေါက်အသံတွေကို

ကြားနေရလေသည်။

ခုံပေါ်တွင် လက်ကိုခုပြီးအိပ်နေမိ၍

ညာလက်တစ်ခုလုံး ထုံကျဉ်လာသည်။

ဝိုင်လေး ဒီကိုစရောက်သောအချိန်မှာ

နေပူပါသေးတယ်။


အခုတော့ နေ၀င်ချိန်တောင်ရောက်နေလေပြီ။

ခုံပေါ်မှ ခေါင်းထောင်၍အရှေ့သို့

ကြည့်လိုက်မိသောအခါ

ယောက်ျားတစ်ယောက်သည်ဝိုင်းလေးနှင့်

 မျက်နှာချင်းဆိုင်တွင် လက်ပ်တော့

ထိုင်နှိပ်နေတာကို တွေ့လိုက်ရသည်။


သူဟာ အခြားသူမဟုတ်ပဲ မင်းစက်အာဏာပင်ဖြစ်သည်။

နေ၀င်ဆည်းဆာအရောင်ဟာ သူ၏မျက်နှာပေါ်တွင် လွှမ်းမိုးနေ၍ ပုံမှန်ထက်ပင်အရှိန်အဝါ

တောက်နေသယောင် ထင်ရသည်။

လက်ပ်တော့၏မျက်နှာပြင်မှ အလင်းရောင်သည်

သူ၏စူးရှနေသော မျက်၀န်းတွေထဲတွင်

ရောင်ပြန်ဟပ်လျှက်ရှိပြီး သူသည်လည်း

ခလုတ်များနှင့် ပေါ်ပေါက်လာသောဒေတာများပေါ်တွင်သာ အာရုံရောက်နေခဲ့သည်။


မေဝိုင်းလေးကတော့ ထိုလူ၏လုပ်ရပ်ကို

အံ့အားသင့်လျှက် ‌မျက်မှောင်ကြုံ့လိုက်မိလေသည်။

ဘယ်အချိန်တည်းက သူရောက်လာမှန်းမသိပေမဲ့

သူ့ကို အချိန်အကြာကြီးစောင့်ခဲ့ရတဲ့

ဝိုင်းလေးကို နှိုးဖို့တော့ကောင်းတာပေါ့။


"ရှင်အဲ့ဒါဘာလုပ်နေတာလဲ..."


ဝိုင်းလေး၏အသံကိုကြားတော့မှ ပင်ပန်းနွမ်းနယ်နေဟန်ရှိသောမျက်၀န်းတွေနှင့် မော့ကြည့်လာပြီး.. 


"ခဏလေးနော်.."


လက်ကိုလေထဲ၌ တစ်ချက်မျှဝေ့ရမ်းပြလိုက်ပြီး

သူ့အလုပ်ကို ဆက်လုပ်နိုင်ဖို့ခွင့်တောင်းလာသည်။


*အခုအခြေအနေက..ဘာကြီးလဲ..

မကြာခင်မှာ..လက်ထက်ရတော့မဲ့

သူ့ရဲ့ဇနီးလောင်းကို..မရှိသလိုလုပ်နေတာလား

သူ့အတွက်..ဒီမင်္ဂလာပွဲကအရေးမပါဘူးလို့

ဆိုလိုလိုက်တာလား...

နေ့ခင်းနှစ်နာရီလောက်တည်းက

ထိုင်စောင့်နေခဲ့ရတဲ့လူကို အခု‌လည်းဆက်စောင့်ခိုင်းနေတာ တကယ်ကိုတရားလွန်တယ်..*


နေရင်းထိုင်ရင်းနှင့် လျစ်လျူရှုခံလိုက်ရသောကြောင့် အရမ်းရှက်ရွံ့လာမိသည်။

မကြာခင်မှာ ကိုယ်ဘ၀တစ်ခုလုံးပုံအပ်ရတော့မည့်

လူဟာ အခုတည်းကအထက်စီးဆန်စွာ

ပြုမူနေပြီဆိုတဲ့ ခံစားချက်ကြီးက

တစ်သက်လုံး သူ့ကိုအရှုံးပေးရတော့မည်ဟု

ဆိုလိုလိုက်သလိုပဲ...

သူ့လုပ်ရပ်တိုင်းကို မှန်မှန်မှားမှား

လက်ခံပြီး သူ့ခြေရင်းမှာ၀ပ်ဆင်းပေးရမဲ့

မိန်းမတစ်ယောက်လို့ ဝိုင်းလေးကို

သတ်မှတ်လိုက်တာလား...."


"ဘုန်း!!!!"


စားပွဲကို လက်ဖဝါးနှင့်ရိုက်ချလိုက်ပြီး

ဝိုင်းလေး မတ်တပ်ထရပ်လိုက်တော့မှ

အနှောက်အယှက်ဖြစ်သွားသလို အမူအရာနှင့်...


"မင်းဘာလုပ်တာလဲ..

ငါဒီမှာအလုပ်လုပ်နေတယ်လေ.."


ဗြောင်ကျကျပြောလိုက်သည့် သူ့စကားကြောင့်

မခံမရပ်နိုင်အောင် ဒေါသထွက်မိ၍

အံကို ဖိကြိတ်လိုက်မိသည်။


"ဒါဆိုရင် ရှင်ကဒီကိုအလုပ်လုပ်ဖို့လာတာပေါ့..

မယုံနိုင်စရာပဲ..ကျွန်မရှင့်ကိုနာရီ၀က်ကျော်လောက်

စောင့်နေခဲ့တာနော်..ရှင်ရောက်နေတဲ့အချိန်မှာ

ဘာလို့ ကျွန်မကိုမနှိုးရတာလဲ.."


 ဒေါသသံနှင့်ပြောလိုက်တော့မှ

သူ့လက်ပ်တော့ကို အနည်းငယ်ငိုက်ချလိုက်ပြီး

လက်နှစ်ဖက်အား ပိုက်ကာဝိုင်းလေးကို

စူးရဲစွာ စိုက်ကြည့်လာတော့သည်။

သူ့မျက်နှာမှာတော့ အပြစ်ရှိစိတ်၊တောင်းပန်လိုစိတ်

ဆိုသည့် ခံစားချက်မျိုးဟာမြူတစ်မှုန်စာတောင်

ထင်ကျန်မနေပေ။


"နှိုးရအောင် ကိုယ်တို့နှစ်ယောက်ကြားမှာ

ဘာတွေများ ပြောစရာရှိနေလို့လဲ..

ကိုယ်ရောက်လာတဲ့အချိန်မှာ မင်းအိပ်နေတယ်လေ

မင်းကိုမနှောက်ယှက်ချင်လို့

မင်းနိုးလာမဲ့အချိန်အထိ စောင့်ပေးရင်းနဲ့

ကိုယ်လုပ်စရာရှိတာကို လုပ်နေတာ..

ကိုယ်ဘာမှားလို့လဲ..."


သူဘာမှားလို့လဲတဲ့ အော်ပြီးသာရယ်ပြစ်လိုက်ချင်တယ်..တကယ်ကိုအာဏာရှင်ပီသပါပေတယ်..။


"..ကျွန်မတို့ကနောက်နှစ်ပတ်ဆိုရင်

လက်ထက်ရတော့မယ်ဆိုတာကို ရှင်မေ့နေတာလား

 ရှင့်အတွက် လက်ထက်တယ်ဆိုတာက 

တန်ဖိုးကြီးလက်စွပ်နှစ်ကွင်းကို အလဲအလှယ်

လုပ်လိုက်ရုံပဲလို့ ထင်နေတာလား.."


"မဟုတ်လို့လား..!!!!"


သူပြောလိုက်သည့်စကားက တိုတောင်းပေမဲ့

သူ့ကိုလက်ထက်ရမည့် ဝိုင်းလေးကို

ထိတ်လန့်သွားစေတာတော့ အမှန်ပဲ..။

*ဘုရားရေ..ဒီလိုလူကိုဝိုင်းလေးက

လက်ထပ်ရမယ်တဲ့....*


"ရှင့်ရဲ့အိမ်ထောင်ရေးက..ရှင်နှိပ်နေတဲ့

လက်ပ်တော့ခလုတ်တွေလောက်တောင်

အရေးမပါရင်..ဘာလို့ဒီမင်္ဂလာပွဲကို

မငြင်းခဲ့ရတာလဲ..လာတောင်းရမ်းတဲ့နေ့က

ဘာလို့ငြိမ်ပြီးထိုင်နေခဲ့တာလဲ..

ကျေးဇူးပြုပြီးတော့ ရှင့်ဘက်ကနေ

ဒီလက်ထက်ပွဲကို ဖြတ်သိမ်းကြောင်းငြင်းပေးပါ...

အချိန်မလွန်ခင် နောက်ဆုတ်လိုက်တာ

အကောင်းဆုံးဖြစ်လိမ့်မယ်.."


မေဝိုင်းလေး၏ စကားကြောင့်မင်းစက်၏

မျက်နှာသည်  ချက်ချင်းတင်းမာလာခဲ့သည်။

မင်းစက်အာဏာကို လက်ထက်ပွဲ‌လေး

တစ်ခုအတွက် အချိန်ပေးစေချင်တာလား။

အံ့ဩစရာပဲ။

ဒီမိန်းကလေးက ဘယ်လိုသတ္တိမျိုးတွေနဲ့

သူ့ကို လာပြီးအပြစ်တင်နေရတာလဲ။

ဒီလိုလာတွေ့ဖို့ကိုတောင် အမေကတိုက်တွန်းလို့ဟု

ပြောလိုက်ရင် ထတောင်ခုန်မလားပဲ။


မင်းစက်အာဏာဆိုတာ ကိုယ့်ခံယူချက်၊

ကိုယ့်ရပ်တည်ချက်ကို ဘယ်တစ်ဦးတစ်ယောက်

ကြောင့်မှ ပြောင်းလဲပြစ်မည့်လူစားမျိုးမဟုတ်ဘူး။

အများရဲ့အမြင်မှာတော့ ရွှေဇွန်းကိုက်ပြီး

မွေးဖွားလာသူပေါ့။

ဘယ်အရာမဆို လွယ်လွယ်လေးတလိုက်ရုံပဲဆိုပြီး

လပ်ကီးဘွိုင်းလို့ သတ်မှတ်‌ကြတယ်။


လူတစ်ယောက်ကို ကံဆိုတာကဘယ်အချိန်အထိ

မျက်နှာသာပေးနိုင်မှာလဲ။

တကယ်သာလပ်ကီးဘွိုင်းဆိုရင် သူ့ဘ၀ကြီးက

ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေခဲ့ရမှာပေါ့။

ဆယ်ကျော်သက်အရွယ်တည်းက

ကိုယ့်ဘ၀၊ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့ပုံစံအတိုင်း

ရပ်တည်ရှင်သန်ခဲ့တယ်။

ဘယ်သူ့ကိုမှမမှီခိုခဲ့သလို တွယ်တာမှုတွေကိုလည်း

ကျောခိုင်းခဲ့ပြီးသား။


မိန်းမတစ်ယောက်ကို ယူပြီးအာရုံအနောက်ခံမဲ့

လူစားမျိုးလို့ သတ်မှတ်ထားရင်သိပ်မှားသွားမှာပေါ့။သနားလို့ ပေးထားတဲ့အခွင့်အရေးကို

ဒီကောင်မလေးက အလိုက်မသိတတ်မှတော့

ပွဲကပြီးပြီပဲ..။


"..ကောင်မလေး..မင်းတကယ်ပဲ..

ဒီလက်ထက်ပွဲကို..ဖြတ်ခိုင်းနေတာလား.."


"ဟုတ်တယ်..ရှင့်လိုအိမ်ထောင်ရေးတစ်ခုကို

အလေးအနက်မထားတတ်တဲ့လူမျိုးနဲ့

ကျွန်မလက်မထက်နိုင်ဘူး..."


"အဟင်း..."


မင်းစက်၏နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခုပေါ်ထွက်လာသည်။

သူ့မျက်လုံးအကြည့်များသည်

မေဝိုင်းလေး၏ စကားကိုလှောင်ပြောင်လိုသော

သဘောရှိနေပြီး ခုံပေါ်သို့လက်တင်ကာ

မေးထောက်လျှက် မထီမဲ့မြင်ပြုမူနေခြင်းက

မေဝိုင်းလေးကို ပို၍မခံမရပ်နိုင်ဖြစ်လာစေသည်။


"မင်းပြောတာမှန်တယ်

အိမ်ထောင်ရေး..လက်ထပ်ပွဲ..

ဒါတွေကငါ့အတွက်တော့ ဖဲကစားလို့နိုင်သွားတဲ့

ခံစားချက်လောက်တောင် အရေးမပါဘူး..

အပေါ်ယံလိမ်ညာမှုတွေနဲ့ အစမှာတော့

ချိုမြချင်ယောင်ဆောင်ပြီးမှ အတွင်းထဲမှာ

ခါးသက်နေတဲ့ အိမ်ထောင်ရေးဆိုတဲ့အရာကို

ဘာကြောင့် ငါကအလေးအနက်ထားရမှာလဲ..."


"ရှင့်ကိုကြည့်ရတာ..မိသားစုတစ်ခုရဲ့

ချစ်ခြင်းမေတ္တာကို မကြုံတွေ့၊မခံစားခဲ့ရတဲ့

ဂြိုလ်သားတစ်ယောက်လိုပဲနော်..

အိမ်ထောင်တစ်ခုဆိုတာ လူနှစ်ယောက်

လက်ထက်လိုက်ရုံနဲ့ ပြီးသွားတာမဟုတ်ဘူး..

လက်ထက်ပွဲဆိုတာ လူနှစ်ယောက်ရဲ့

ပစ္စုပ္ပန်နဲ့အနာဂတ်ကို ပေါင်းစည်းလိုက်တဲ့

အသိသက်သေပဲ..

ချစ်ခြင်းမေတ္တာတွေ၊နွေးထွေးမှုတွေ၊

နားလည်မှုတွေနဲ့တည်ဆောက်ရမဲ့ ကမ္ဘာတစ်ခုကို

အလေးအနက်ထားစရာမလိုဘူးလို့

တွေးရင်တော့ ရှင်နဲ့စကားဆက်ပြောစရာ

ဘာကြောင်းမှ မရှိတော့ဘူးပေါ့..."


"ငွေရှိရင်အရာရာကို ဖန်တီးလို့ရတာပဲလေ..

မင်းပြောတဲ့အိမ်ထောင်ရေးက

ငွေသာမရှိရင် မလင်းနိုင်တဲ့မီးအိမ်တစ်ခုဆိုတာ

..မင်းလိုကလေးသာသာအဆင့်က

ဘယ်နားလည်ပါ့မလဲ..."


"..ကျွန်မကနွေးထွေးကြင်နာတတ်ပြီး

စိတ်သဘောထားပြည့်၀တဲ့တဲ့ခင်ပွန်းလောင်းကိုပဲ

အလိုရှိတာ..

..ငွေထုတ်စက်ကိုအလိုရှိတာမဟုတ်ဘူး

အခုရှင့်စကားတွေကို ကျွန်မရဲ့မိဘတွေသာ

ကြားသွားရင်..သူတို့သိပ်၀မ်းနည်းကြမှာ

သေချာတယ်.."


"အဲ့ဒါကမင်းရဲ့အထင်လေ..မင်းရဲ့မိဘတွေက

ငါ့ကိုဘာ‌ကြောင့်..သားမက်ဖမ်းချင်နေရတာလဲ

ငွေကြောင့်ပဲမဟုတ်ဘူးလား..မင်းလို

ဘာအရည်အချင်းမှမရှိတဲ့မိန်းကလေးကို

ငါ့ရဲ့ဇနီးလောင်းဖြစ်လာဖို့ အိပ်မက်မက်ရဲတဲ့

သူတို့ရဲ့သတ္တိကတကယ်ကို လေးစားစရာပဲ..

မင်းလိုချင်တဲ့ပုံစံအတိုင်း ဘာလို့နေပေးရမှာလဲ

ငါသာပြည့်စုံကြွယ်၀တဲ့လူတစ်ယောက်

မဟုတ်ဘူးဆိုရင်..မင်းလည်းဒီလက်ထက်ပွဲကို

သဘောတူမှာမဟုတ်ဘူး...

ငါပြောတာမှန်တယ်မဟုတ်လား..ကလေးမ..."


"ရှင်ဘာစကားပြောတာလဲ.."


လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ

သူ့ကို အော်ထည့်လိုက်မိသည်။

သူ့စကားတွေက ဝိုင်းလေးရဲ့ဂုဏ်သိက္ခာကို

သိပ်ထိပါးလွန်းလာတာကြောင့် မျက်ရည်တွေပါ

ချက်ချင်းဝဲတက်လာလေသည်။


သူ့စိတ်ထဲမှာ အစတည်းက၀ိုင်း‌လေးတို့မိသားစုကို

ငွေမက်လို့ သူ့ကိုအပိုင်ဖမ်းတယ်လို့

သတ်မှတ်ထားခဲ့တာပဲ။

‌မောက်မာလွန်းတဲ့ သူ့မျက်နှာကိုရှေ့မှာချထားတဲ့

ကော်ဖီခွက်နဲ့ ကောက်ပေါက်ပစ်လိုက်ချင်တဲ့အထိ

ဒေါသထွက်နေမိတယ်။


"ကျွန်မရဲ့မိသားစုကို ရှင်လာပြီးမဆော်ကားနဲ့

ရှင်က ဘာတွေများမက်မောစရာရှိနေလို့လဲ

ပိုက်ဆံချမ်းသာရုံနဲ့ ဂုဏ်မောက်နေတဲ့

ရှင့်လိုလူနဲ့ သေတဲ့အထိနေသွားရမှာထက်

ကိုယ့်ကိုကိုယ်ပဲ အဆုံးစီရင်လိုက်မယ်..."


ဒီနေရာမှာ သူ့လိုဘုကန့်လန့်နဲ့တစ်စက္ကန့်တောင်

မနေချင်တော့၍ အိမ်ပြန်ဖို့ကိုသာ

ရွေးချယ်လိုက်တော့သည်။

ဒါဟာ ဝိုင်းလေးရဲ့ဒုတိယ‌မြောက်

တစ်ဇွတ်ထိုးဆန်စွာ ပြုလုပ်လိုက်မိတဲ့

ကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုပါပဲ။


ဒီကိုမလာခင်ကတောင် ဖွားဖွားဟာသေချာ

ညှိနှိုင်းခဲ့ဖို့  မှာလိုက်ပေမဲ့

ဝိုင်းလေးမလုပ်နိုင်တော့ဘူး။

အိမ်ထောင်ရေးကို အလေးအနက်ထားလွန်းသည့်

အမေနဲ့အဖွားသာ ဒီလူ့ရဲ့စကားတွေကိုကြားသွားခဲ့ရင် တကယ်ကိုသွေးတက်သွားနိုင်တယ်။


ရွှေသားမက်၊ငွေသားမက်ဆိုပြီး

သူတို့အထင်ကြီးနေတဲ့ဟာကြီးက ဒီလိုမောက်မာတဲ့

ပုံစံမျိုးဆိုတာ သိစေချင်လိုက်တာ။

မင်းစက်အာဏာရဲ့ မာနကြီးပုံတွေ၊ဂုဏ်မောက်ပုံတွေကို ကြားထားခဲ့ပေမဲ့ ဒီလောက်အထိ

ဘ၀င်ရူးလိမ့်မယ်လို့တော့

တကယ်ကိုမထင်ထားခဲ့တာ။


ဒါကြောင့် ညှိနှိုင်းလို့ရမယ်ထင်ပြီး တွေ့ဆုံဖို့

ကိုယ့်ဘက်ကနေပဲ တောင်းဆိုခဲ့မိတယ်။

ဒီလူဟာ ကောလဟာလတွေအတိုင်း

သူသည်သာအကောင်းဆုံး၊အတော်ဆုံး

အခြားဘယ်သူ့ကိုမှ လှည့်မကြည့်တတ်တဲ့လူဆိုတာ

သေချာသွားခဲ့လေပြီ။

မိုက်ရိုင်းရင်တောင် လိမ္မာအောင်ဆုံးမလို့

ရပါအုံးမယ်။

ဒီလူကတော့ မာန်တက်နေတဲ့စိတ္တဇသမားကြီးမို့

အရူးထောင်ကို ပို့မှပဲရမယ်။


*ဒီလို အရူးကောင်မျိုးနဲ့ မင်္ဂလာဆောင်ဖြစ်ရင်

ငါဟာအရူးမဖြစ်သွားလို့ပဲနေလိမ့်မယ်...*


"ကောင်မလေး...မင်းရဲ့ဆုံးဖြတ်ချက်ကို

နောင်တမရမိစေနဲ့နော်..."


ဝိုင်းလေးသူ့ကို ကျောခိုင်းလိုက်သည့်အချိန်မှာ

ထပ်မံပြီး ခနဲ့သည့်စကားမျိုးပြောလာပြန်သည်။

လက်ကိုင်အိတ်လေးကို ကျစ်နေအောင်

ဆုပ်ကိုင်လိုက်ပြီး ဆံပင်ရှည်ကြီးများကို

လေထဲမှာ ဝဲကနဲဖြစ်သွားသည်အထိခါထုတ်ကာ

သူ့ဘက်သို့ လှည့်ကြည့်၍ မဲ့ပြုံးဖြင့်

မျက်စောင်းထိုးပြစ်လိုက်သည်။


"ရှင့်ကိုများ..ဒီကလည်းမမက်မောဘူး

..ကျွန်မမှာနာမည်ရှိတယ်..

ကောင်မလေးလို့လာမခေါ်နဲ့..."


ငယ်ငယ်က ကလောကိုအလည်လာတဲ့အချိန်တွေမှာ

"ဟိုကောင်မလေး..ဟဲ့ကောင်မလေး.."ဆိုပြီး

လူကိုအထင်သေးသလို၊ရွံရှာသလို ခေါ်ခဲ့တဲ့

အဲ့ဒီ့အသုံးအနှုန်းကို သိပ်မုန်းတာပဲ။


ခပ်ဝေးဝေးကိုရောက်တော့မှ နောက်ကို

ပြန်လှည့်ကြည့်လိုက်မိသောအခါ 

မုန်းစရာကောင်းတဲ့ အဲ့ဒီ့လူကသူ့လက်ပ်တော့ကို

ပြန်နှိပ်နေလေရဲ့။

ဝိုင်းလေးကသာ စိတ်တွေတိုနေခဲ့တာ။

သူကတော့ အေးဆေးပဲ။


*တကယ်ပဲ...နှလုံးသားမဲ့တဲ့နတ်ဆိုးကြီးပါလား..

အလုပ်မှာမယုမွန်ပြောခဲ့တဲ့..

ငါတို့သူဌေးဟာ..အလုပ်သရဲဆိုတဲ့စကား..

သိပ်မှန်တာပဲ...

*..သေတာတောင်ကျွတ်မှာမဟုတ်ဘူး"


🌻🌻🌻🌻🌻🌻🌻🌻🌻🌻


မင်းစက်ကတော့ မေဝိုင်းလေးထွက်သွားသော

ခုံနေရာလေးမှာပဲ သူ့ရဲ့ထိုင်းမှာအသစ်တိုးချဲ့မည့်

ပရောဂျက်ကိုအပြီးသတ်လိုက်လေသည်။

ဒီပရောဂျက်ကို အချိန်သုံးပတ်တိတိယူကာ

သူရေးဆွဲခဲ့ပြီး နောက်ဆုံးတော့လက်တွေ့အကောင်

အထည်ဖော်ဖို့သာ ကျန်တော့သည်။


လက်ပ်တော့ကိုပိတ်ကာ မှာထားသောကော်ဖီခွက်ကို ယူသောက်လိုက်တဲ့အချိန်မှာတော့

ကော်ဖီတွေက အေးစက်နေလေပြီ။

သူ့မျက်နှာချင်းဆိုင်ရှိ ကောင်မလေးထိုင်သွားခဲ့သော နေရာတွင်တော့ကော်ဖီတစ်၀က်သာ

ကုန်သေးသည့် ဖန်ခွက်နှင့်ချောကလက်

ကိတ်မုန့်အပဲ့လေးကို တွေ့လိုက်ရသည်။


"အဟင်း..."


ပါးဆောင်ကို လျှာနှင့်ထိုးလိုက်ကာခပ်ညစ်ညစ်ပြုံးလိုက်ပြီး လက်ပိုက်လျှက်ကျောဆန့်ကာ

ခုံကို မှီလိုက်သည်။

ဒီနေရာလေးကို သူစရောက်တဲ့အချိန်မှာ

ကောင်မလေးကအိပ်ပျော်နေခဲ့တယ်။

ကိုယ်တိုင်ကလည်း အိပ်ပျော်နေတဲ့အချိန်

‌လာနှောက်ယှက်တာကို မကြိုက်တတ်တဲ့

လူဆိုတော့ကောင်မလေးကိုလည်း မနှိုးလိုက်မိဘူး။

စကားတွေအများကြီးပြောလာရင်

အာရုံအနောက်မခံနိုင်လို့ မနှိုးတာလည်းပါတာပေါ့။


မိန်းမယူဖို့ကို တစ်ခါမှမတွေးခဲ့ဖူးတဲ့အတွက်

ကိုယ့်ရဲ့သတို့သမီးလောင်းကို

ဘယ်လိုပုံစံမှဆိုပြီးလည်း

ယောင်လို့တောင်စိတ်ကူးမယဉ်ခဲ့ဖူးပေ။

လက်ထက်ခြင်းဆိုတာကိုအယုံအကြည်မရှိခဲ့ပေမဲ့

ဒီလက်ထက်ပွဲကိုသဘောတူခဲ့မိတယ်။


အဖွားသည်"ဒါက ကိုစက်တို့ငယ်ငယ်က

က‌လောကိုအလည်သွားတိုင်းအတူဆော့ခဲ့တဲ့

ညီအစ်မတွေရဲ့ ဓာတ်ပုံဆိုပြီးပြလာခဲ့တယ်.."

အစကတော့ စိတ်မ၀င်စားပေမဲ့ ကိုယ့်ကို

ထမင်းချိုင့်နဲ့ပိတ်ထုသွားခဲ့တဲ့ ကောင်မလေးနဲ့

နာမည်တူနေလို့ ဓာတ်ပုံတွေကိုယူကြည့်လိုက်

မိတော့ တကယ်ကိုလူတစ်ယောက်‌တည်းဖြစ်နေခဲ့တယ်..."


ကျောင်းပိတ်ရက်တိုင်း မြန်မာနိုင်ငံကိုပြန်လာနိုင်ဖို့

အဖေနဲ့အမြဲပြဿနာဖြစ်ခဲ့ရတယ်။

မျှော်လင့်ချက်တွေနဲ့ အိမ်ကိုပြန်လာလိုက်တိုင်းမှာအမေ့ရဲ့ဂရုစိုက်မှုတွေဟာအစ်ကိုကြီးနဲ့

အစ်မလတ်ရဲ့အပေါ်မှာပဲ ကွက်ကျားမိုးရွာသလို

ဖြစ်နေခဲ့တော့ ထိုအချိန်ကာလတွေက

ကိုယ့်အတွက် အခက်ခဲဆုံးနဲ့

ခံပြင်းစွာဖြတ်သန်းခဲ့ရတဲ့

အချိန်ကာလတွေဆိုတာ

 သံသယရှိစရာတောင်မလိုပါဘူး..


မိသားစုဟာသူစိမ်းတွေလို့ပဲခံစားခဲ့ရတယ်..

အပြုံးတွေဟာ ဟန်ဆောင်လိမ်ညာမှုတွေလို့ပဲ

မြင်ခဲ့တယ်..

ချစ်ခြင်းတွေဟာ ပူလောင်‌နေခဲ့ပြီး

အမေ့ဆီကလက်ဆောင်တစ်ခုရရင်တောင်

အဝေးကိုတွန်းပို့ဖို့ ချွေးသိပ်တာလို့ပဲ

မြင်မိတော့တယ်..


အားငယ်ချိန်တိုင်းငိုခွင့်ရခဲ့တဲ့အဖွားရဲ့

ရင်ခွင်ကလွဲလို့..

အဖေ၊အမေနဲ့ကျန်တဲ့မိသားစု၀င်တွေဟာ

စစ်မှန်မှုမရှိကြဘူးလို့ ခံစားခဲ့ရတဲ့အခိုက်အတန့်

တစ်ခုပါပဲ..လူတွေအများကြီးက ကိုယ့်ဘေးနားမှာ

ရှိနေခဲ့ပေမဲ့ အထီးကျန်နေခဲ့တယ်..


အဲ့ဒီ့အချိန်မှာ မျက်စံညိုလေးတွေနဲ့

ဆံပင်အရှည်လေးကို ဖိုး၀ရုပ်လို

နှစ်ဖက်ခွဲထားတတ်တဲ့ ကောင်မလေးတစ်ယောက်

..ကိုယ့်အတွက်တော့

အရုပ်လေးတစ်ရုပ်ကို ကောက်ရလိုက်သလိုမျိုး

ကစားရတာ သိပ်ကိုပျော်စရာကောင်းခဲ့တယ်..


အဲ့ဒီ့အရုပ်လေးရဲ့မျက်၀န်းညိုလေးတွေကနေ

မျက်ရည်လေးတွေကျလာတာဟာ စမ်းရေလေးတွေ လှပစွာစီးဆင်းသွားသလို အရမ်းကြည့်လို့

ကောင်းခဲ့တယ်။

 ဒါကြောင့်လည်းအဲ့ဒီ့အရုပ်မလေးကို

အမြဲငိုအောင်လုပ်ခဲ့မိတယ်..


*ဘာကြောင့်များ အဲ့ဒီ့အရုပ်မ..သေးသေးလေး

ဒဏ်ရာအနာတရ ဖြစ်သွားရင်တောင်

ကျေနပ်ပျော်ရွှင်နေခဲ့ရတာများလဲ...

အရုပ်မလေးရဲ့ ငိုသံဟာ

ဆန်းသစ်တဲ့တေးသွားတစ်ခုကို နားဆင်နေရသလိုပဲ

အရုပ်မလေးရဲ့ ပြန်ရန်တွေ့တဲ့ဂျစ်ကန်ကန်

အမူအရာလေးက ကိုယ့်လိုလူကို

ပြုံးမိစေတာတော့အမှန်ပဲ 

အရုပ်မလေးဟာ တကယ်ကိုကိုယ့်အတွက်

စိတ်ဖြည်သိမ့်ရာ တံခါးလေးတစ်ချက်ဖြစ်ခဲ့တာတော့ အမှန်ပဲ...


"တူ!!!!!!!တူ!!!!!"


ဖုန်းမြည်သံကြား၍ ထုတ်ကြည့်လိုက်မိတော့

မာတာမိခင်ဆီမှဖြစ်နေလေသည်။

ဘလူးတုသ်နားကျပ်ကို နားမှာတပ်ထားလိုက်ပြီး

လက်ပ်တော့တွေကိုသိမ်းကာ ပိုက်ဆံရှင်း၍

ကားပါကင်သို့သွား ထွက်လာခဲ့လိုက်သည်။

ပုံမှန်ဆိုရင် ဒီအချိန်ကအလုပ်မှာပဲ

ရှိနေရမှာဖြစ်ပေမဲ့ ဒီနေ့တော့အိမ်ကိုသာ

ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။


 "ဟယ်လို.."


"ဟဲ့..မင်းစက်..အခြေအနေဘယ်လိုလဲ..

မေဝိုင်းလေးနဲ့..သေချာစကားပြောပြီးသွားပြီလား

ငါ့မှာလေ..ဆိုင်ကြည့်ရတာကတစ်မျိုး..

နင့်အတွက်စိတ်ပူရတာတမှောင့်..ငါလည်း

အခုမှအိမ်ကိုပြန်ရောက်တာ..နင့်ရဲ့အဖွားက

ဒီမှာ အသည်းအသန်မေးနေလို့..ပြောစမ်းပါအုံး

ကောင်မလေးနဲ့အဆင်ပြေတယ်မဟုတ်လား.."


ကိုယ့်ဘက်က"ဟယ်လို.."တစ်လုံးသာ

ပြောရသေးပေမဲ့ အမေကတော့

ပါးစပ်မှာမော်တာတပ်ထားသလို

အခွန်းပေါင်းများစွာ တသွတ်သွတ်ပြောပြီးလေပြီ။

သူ့အတွက်တော့ ဘယ်မေးခွန်းကိုဘယ်ကနေ၊

ဘယ်လိုစဖြေရမှန်းမသိအောင်ကို စိတ်ရှုပ်လာသည်။

ကောင်မလေးနဲ့ ပြဿနာဖြစ်ခဲ့တဲ့ကိစ္စကို

တိုက်ရိုက်ကြီး ပြောလိုက်ရင်လည်း

နား‌ပူ‌တာက ရပ်တော့မှာမဟုတ်ဘူး။


"ဟဲ့..ပြောလေ..ဘာဖြစ်လို့တိတ်နေရတာလဲ.."


"အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်နဲ့သူ

စကားများခဲ့ကြတယ်.."


မင်းစက်အာဏာ၏ တုံးတိတိစကားသည်

တစ်ဖက်မှာ ဖုန်းပြောနေသောဒေါ်ရတနာအဖို့

ကိုယ့်ရင်ဘတ်ကိုယ် ပြန်ဖိရအောင်အထိ

သွေးတက်စေခဲ့သည်။

တစ်နေ့ကမှ အောင်အောင်မြင်မြင်နဲ့

တောင်းရမ်းထားခဲ့တဲ့ သတို့သမီးလောင်းနဲ့

တစ်ပတ်တောင်မခြားဘူး ပြဿနာဖြစ်တယ်

ဆိုတော့ ကောင်မလေးကို

ဘာတွေပြောလွှတ်လိုက်သလဲ မသိဘူး..

ဒင်းကအရမ်းအကြောထောင်တာပဲ.."


"မင်းစက်ရယ်..စကားကို

ကောင်းကောင်းပြောခဲ့ပါလို့..

ငါမှာထားလျှက်နဲ့ဟယ်..

အခုဘယ်လိုလုပ်ကြမလဲ..အားလုံးကစကားတွေ

ကျွံပြီးပြီနော်..ဖိတ်စာတွေတောင်

ရိုက်ထားတဲ့ဥစ္စာကို..နင်အခုပြန်လာခဲ့...

အိမ်ရောက်မှနင်နဲ့ငါတွေ့မယ်.."


"ကျွန်တော်..ဒီနေ့အမေတို့အိမ်ကို

ပြန်မလာဖြစ်တော့ဘူး.."


"နင်ကတော့လုပ်ပြန်ပြီ..မင်္ဂလာဆောင်နဲ့

ပတ်သတ်ပြီး..နဲနဲပါးပါး၀င်ပြီးစီမံပါအုံးဟယ်..


"ဒီမင်္ဂလာပွဲက အမေတို့စိတ်တိုင်းကျ

သတို့သမီးကိုရွေးပြီးလုပ်တာဆိုတော့..

အမေတို့ပဲ အားလုံးကိုတာ၀န်ယူရမှာပေါ့.."


"အော်..အေး‌..အေး..နင်ကတော့ဒီပွဲနဲ့

ဘာမှမဆိုင်တဲ့ဧည့်သည်ဆိုတော့..

မင်္ဂလာဆောင်မဲ့နေ့မှ ငါတို့ကပွဲတက်ပေးဖို့

ဖိတ်လိုက်ပါ့မယ်..."


မိခင်ကဘာပြောပြော မင်းစက်ကတော့

တည်တည်ညိမ်ညိမ်နှင့်ပဲ ကားကို‌သာ

မောင်းနေလိုက်သည်။


"မေဝိုင်းလေးတို့ဘက်က..ဖုန်းဆက်သေးလား..."


"မဆက်ပါဘူး..ဘာဖြစ်လို့မေးတာလဲ.." 


"ဒါဆိုရင်..အမေ့ကိုကျွန်တော်တစ်ခုလောက်

အကူအညီတောင်းချင်တယ်.."


"ထူးထူးဆန်းဆန်းပါလား..ပြော..ဘာအကူအညီ

တောင်းမှာလဲ.."


"ခဏနေရင်..မေဝိုင်းလေးတို့အိမ်ကို

ဖုန်းဆက်ကြည့်ပေးပါ..မေဝိုင်းလေးကို

တိုက်ရိုက်လာကိုင်ခိုင်းလိုက်..မင်္ဂလာ၀တ်စုံကိစ္စ ဆွေးနွေးချင်လို့ဆိုပြီးပြောကြည့်လိုက်..."


"ဟဲ့..ဒါ‌ပဲလား..နောက်ဘာထပ်ပြောရအုံးမှာလဲ.."


"မလိုတော့ဘူးအမေ..အဲ့ဒါပဲမေးကြည့်လိုက်ပါ..

ကျန်တာကတော့ အမေ့ဘာသာပြောချင်တာ

ပြောပေါ့...ပြီးရင်သားဆီကိုပြန်ဆက်ပေးပါ.."


ထိုစကားတစ်ခွန်းသာပြောလိုက်ပြီး ဖုန်းကို

ချပြစ်လိုက်သည်။

လက်ထက်ပွဲကို တကယ်ပဲဖြတ်လိုက်ဖို့

တွေးခဲ့ရင် အခုအချိန်လောက်ဆိုအမေတို့ကို

မိန်းကလေးဘက်က ဖုန်းဆက်သင့်ပြီမဟုတ်လား။

အခုဖုန်းမဆက်ထားဘူးဆိုတော့ ထင်တဲ့အတိုင်းပဲ..


ကားကမီးပွိုင့်မိနေသောကြောင့် ခဏရပ်လိုက်ရလေသည်။စတီယာရင်ကိုကိုင်၍ သူမဲ့ပြုံးပြုံးလိုက်မိသည်။

*နောက်ဆုံးတော့ ကောင်မလေးဟာလည်း

သူ့ပတ်၀န်းကျင်မှာမြင်တွေ့နေကြ မိန်းမတွေထဲကတစ်ယောက်ပါပဲ..

အဖွားကသူတို့မိသားစုရဲ့ ငွေရေး၊ကြေးရေးကို

ကူညီပေးထားခဲ့တဲ့အတွက်..ဒီလက်ထက်ပွဲကို

သူ့မိသားစုက လုံး၀လက်အလွှတ်ခံမှာမဟုတ်ဘူး

သူ့လိုလူကို လက်ထက်ခွင့်ရတာဟာ

သူတို့အတွက်တော့ ဘုရားပေးတဲ့

အခွင့်အရေးလို့တောင် မြင်နေကြလောက်တယ်...."


*ငွေထုတ်စက်ကို အလိုရှိတာမဟုတ်ဘူးဆိုပြီး

နောက်ဆုံးတော့လည်းဒီလက်ထက်ပွဲကို

လက်ခံလိုက်ရမှာပါပဲ..

ကောင်မလေး...ငါ့ဘေးမှာတစ်သက်လုံးနေရမှာထက်..သေရမှာကိုပိုလိုလားတယ်ဆိုတဲ့

စကားကို မင်းမေ့နေမှာတောင်စိုးတယ်...*


အခန်း(၄)ဆက်ရန်....


စာရေးသူ..ဆောင်းငွေ့ဝေ


🔥🔥🔥🔥🔥🔥🔥🔥


မင်းသားကတော့ အလံနီပေါ့နော်..


ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို

ကျေးဇူးအထူးတင်ရှိပါတယ်..

========================================================================

အခန္း၃

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


ဝိုင္းေလး၏ နားထဲတြင္ခလုတ္ေတြကို

ႏိွပ္ေနသလိုမ်ိဳး တေဒါက္ေဒါက္အသံေတြကို

ၾကားေနရေလသည္။

ခံုေပၚတြင္ လက္ကိုခုၿပီးအိပ္ေနမိ၍

ညာလက္တစ္ခုလံုး ထံုက်ဉ္လာသည္။

ဝိုင္ေလး ဒီကိုစေရာက္ေသာအခ်ိန္မွာ

ေနပူပါေသးတယ္။


အခုေတာ့ ေန၀င္ခ်ိန္ေတာင္ေရာက္ေနေလၿပီ။

ခံုေပၚမွ ေခါင္းေထာင္၍အေရ႔ွသို႔

ၾကၫ့္လိုက္မိေသာအခါ

ေယာက္်ားတစ္ေယာက္သည္ဝိုင္းေလးႏွင့္

 မ်က္ႏွာခ်င္းဆိုင္တြင္ လက္ပ္ေတာ့

ထိုင္ႏိွပ္ေနတာကို ေတြ့လိုက္ရသည္။


သူဟာ အျခားသူမဟုတ္ပဲ မင္းစက္အာဏာပင္ျဖစ္သည္။

ေန၀င္ဆည္းဆာအေရာင္ဟာ သူ၏မ်က္ႏွာေပၚတြင္ လႊမ္းမိုးေန၍ ပံုမွန္ထက္ပင္အရိွန္အဝါ

ေတာက္ေနသေယာင္ ထင္ရသည္။

လက္ပ္ေတာ့၏မ်က္ႏွာျပင္မွ အလင္းေရာင္သည္

သူ၏စူးရွေနေသာ မ်က္၀န္းေတြထဲတြင္

ေရာင္ျပန္ဟပ္လ်ွက္ရိွၿပီး သူသည္လည္း

ခလုတ္မ်ားႏွင့္ ေပၚေပါက္လာေသာေဒတာမ်ားေပၚတြင္သာ အာရံုေရာက္ေနခဲ့သည္။


ေမဝိုင္းေလးကေတာ့ ထိုလူ၏လုပ္ရပ္ကို

အံ့အားသင့္လ်ွက္ ‌မ်က္ေမွာင္ႄကံု႔လိုက္မိေလသည္။

ဘယ္အခ်ိန္တည္းက သူေရာက္လာမွန္းမသိေပမဲ့

သူ႔ကို အခ်ိန္အၾကာႀကီးေစာင့္ခဲ့ရတဲ့

ဝိုင္းေလးကို ႏိႈးဖို႔ေတာ့ေကာင္းတာေပါ့။


"ရွင္အဲ့ဒါဘာလုပ္ေနတာလဲ..."


ဝိုင္းေလး၏အသံကိုၾကားေတာ့မွ ပင္ပန္းႏြမ္းနယ္ေနဟန္ရိွေသာမ်က္၀န္းေတြႏွင့္ ေမာ့ၾကၫ့္လာၿပီး.. 


"ခဏေလးေနာ္.."


လက္ကိုေလထဲ၌ တစ္ခ်က္မ်ွေဝ့ရမ္းျပလိုက္ၿပီး

သူ႔အလုပ္ကို ဆက္လုပ္ႏိုင္ဖို႔ခြင့္ေတာင္းလာသည္။


*အခုအေျခအေနက..ဘာႀကီးလဲ..

မၾကာခင္မွာ..လက္ထက္ရေတာ့မဲ့

သူ႔ရဲ့ဇနီးေလာင္းကို..မရိွသလိုလုပ္ေနတာလား

သူ႔အတြက္..ဒီမဂၤလာပဲြကအေရးမပါဘူးလို႔

ဆိုလိုလိုက္တာလား...

ေန့ခင္းႏွစ္နာရီေလာက္တည္းက

ထိုင္ေစာင့္ေနခဲ့ရတဲ့လူကို အခု‌လည္းဆက္ေစာင့္ခိုင္းေနတာ တကယ္ကိုတရားလြန္တယ္..*


ေနရင္းထိုင္ရင္းႏွင့္ လ်စ္လ်ူရႈခံလိုက္ရေသာေၾကာင့္ အရမ္းရွက္ရြံ႔လာမိသည္။

မၾကာခင္မွာ ကိုယ္ဘ၀တစ္ခုလံုးပံုအပ္ရေတာ့မၫ့္

လူဟာ အခုတည္းကအထက္စီးဆန္စြာ

ျပဳမူေနၿပီဆိုတဲ့ ခံစားခ်က္ႀကီးက

တစ္သက္လံုး သူ႔ကိုအရႈံးေပးရေတာ့မည္ဟု

ဆိုလိုလိုက္သလိုပဲ...

သူ႔လုပ္ရပ္တိုင္းကို မွန္မွန္မွားမွား

လက္ခံၿပီး သူ႔ေျခရင္းမွာ၀ပ္ဆင္းေပးရမဲ့

မိန္းမတစ္ေယာက္လို႔ ဝိုင္းေလးကို

သတ္မွတ္လိုက္တာလား...."


"ဘုန္း!!!!"


စားပဲြကို လက္ဖဝါးႏွင့္ရိုက္ခ်လိုက္ၿပီး

ဝိုင္းေလး မတ္တပ္ထရပ္လိုက္ေတာ့မွ

အေနွာက္အယွက္ျဖစ္သြားသလို အမူအရာႏွင့္...


"မင္းဘာလုပ္တာလဲ..

ငါဒီမွာအလုပ္လုပ္ေနတယ္ေလ.."


ေျဗာင္က်က်ေျပာလိုက္သၫ့္ သူ႔စကားေၾကာင့္

မခံမရပ္ႏိုင္ေအာင္ ေဒါသထြက္မိ၍

အံကို ဖိႀကိတ္လိုက္မိသည္။


"ဒါဆိုရင္ ရွင္ကဒီကိုအလုပ္လုပ္ဖို႔လာတာေပါ့..

မယံုႏိုင္စရာပဲ..ကၽြန္မရွင့္ကိုနာရီ၀က္ေက်ာ္ေလာက္

ေစာင့္ေနခဲ့တာေနာ္..ရွင္ေရာက္ေနတဲ့အခ်ိန္မွာ

ဘာလို႔ ကၽြန္မကိုမႏိႈးရတာလဲ.."


 ေဒါသသံႏွင့္ေျပာလိုက္ေတာ့မွ

သူ႔လက္ပ္ေတာ့ကို အနည္းငယ္ငိုက္ခ်လိုက္ၿပီး

လက္ႏွစ္ဖက္အား ပိုက္ကာဝိုင္းေလးကို

စူးရဲစြာ စိုက္ၾကၫ့္လာေတာ့သည္။

သူ႔မ်က္ႏွာမွာေတာ့ အျပစ္ရိွစိတ္၊ေတာင္းပန္လိုစိတ္

ဆိုသၫ့္ ခံစားခ်က္မ်ိဳးဟာျမဴတစ္မႈန္စာေတာင္

ထင္က်န္မေနေပ။


"ႏိႈးရေအာင္ ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာ

ဘာေတြမ်ား ေျပာစရာရိွေနလို႔လဲ..

ကိုယ္ေရာက္လာတဲ့အခ်ိန္မွာ မင္းအိပ္ေနတယ္ေလ

မင္းကိုမေနွာက္ယွက္ခ်င္လို႔

မင္းႏိုးလာမဲ့အခ်ိန္အထိ ေစာင့္ေပးရင္းနဲ႔

ကိုယ္လုပ္စရာရိွတာကို လုပ္ေနတာ..

ကိုယ္ဘာမွားလို႔လဲ..."


သူဘာမွားလို႔လဲတဲ့ ေအာ္ၿပီးသာရယ္ျပစ္လိုက္ခ်င္တယ္..တကယ္ကိုအာဏာရွင္ပီသပါေပတယ္..။


"..ကၽြန္မတို႔ကေနာက္ႏွစ္ပတ္ဆိုရင္

လက္ထက္ရေတာ့မယ္ဆိုတာကို ရွင္ေမ့ေနတာလား

 ရွင့္အတြက္ လက္ထက္တယ္ဆိုတာက 

တန္ဖိုးႀကီးလက္စြပ္ႏွစ္ကြင္းကို အလဲအလွယ္

လုပ္လိုက္ရံုပဲလို႔ ထင္ေနတာလား.."


"မဟုတ္လို႔လား..!!!!"


သူေျပာလိုက္သၫ့္စကားက တိုေတာင္းေပမဲ့

သူ႔ကိုလက္ထက္ရမၫ့္ ဝိုင္းေလးကို

ထိတ္လန႔္သြားေစတာေတာ့ အမွန္ပဲ..။

*ဘုရားေရ..ဒီလိုလူကိုဝိုင္းေလးက

လက္ထပ္ရမယ္တဲ့....*


"ရွင့္ရဲ့အိမ္ေထာင္ေရးက..ရွင္ႏိွပ္ေနတဲ့

လက္ပ္ေတာ့ခလုတ္ေတြေလာက္ေတာင္

အေရးမပါရင္..ဘာလို႔ဒီမဂၤလာပဲြကို

မျငင္းခဲ့ရတာလဲ..လာေတာင္းရမ္းတဲ့ေန့က

ဘာလို႔ၿငိမ္ၿပီးထိုင္ေနခဲ့တာလဲ..

ေက်းဇူးျပဳျပီးေတာ့ ရွင့္ဘက္ကေန

ဒီလက္ထက္ပဲြကို ျဖတ္သိမ္းေၾကာင္းျငင္းေပးပါ...

အခ်ိန္မလြန္ခင္ ေနာက္ဆုတ္လိုက္တာ

အေကာင္းဆံုးျဖစ္လိမ့္မယ္.."


ေမဝိုင္းေလး၏ စကားေၾကာင့္မင္းစက္၏

မ်က္ႏွာသည္  ခ်က္ခ်င္းတင္းမာလာခဲ့သည္။

မင္းစက္အာဏာကို လက္ထက္ပဲြ‌ေလး

တစ္ခုအတြက္ အခ်ိန္ေပးေစခ်င္တာလား။

အံ့ဩစရာပဲ။

ဒီမိန္းကေလးက ဘယ္လိုသတၲိမ်ိဳးေတြနဲ႔

သူ႔ကို လာၿပီးအျပစ္တင္ေနရတာလဲ။

ဒီလိုလာေတြ့ဖို႔ကိုေတာင္ အေမကတိုက္တြန္းလို႔ဟု

ေျပာလိုက္ရင္ ထေတာင္ခုန္မလားပဲ။


မင္းစက္အာဏာဆိုတာ ကိုယ့္ခံယူခ်က္၊

ကိုယ့္ရပ္တည္ခ်က္ကို ဘယ္တစ္ဦးတစ္ေယာက္

ေၾကာင့္မွ ေျပာင္းလဲျပစ္မၫ့္လူစားမ်ိဳးမဟုတ္ဘူး။

အမ်ားရဲ့အျမင္မွာေတာ့ ေရႊဇြန္းကိုက္ၿပီး

ေမြးဖြားလာသူေပါ့။

ဘယ္အရာမဆို လြယ္လြယ္ေလးတလိုက္ရံုပဲဆိုၿပီး

လပ္ကီးဘြိုင္းလို႔ သတ္မွတ္‌ၾကတယ္။


လူတစ္ေယာက္ကို ကံဆိုတာကဘယ္အခ်ိန္အထိ

မ်က္ႏွာသာေပးႏိုင္မွာလဲ။

တကယ္သာလပ္ကီးဘြိုင္းဆိုရင္ သူ႔ဘ၀ႀကီးက

ေပ်ာ္ရႊင္မႈေတြနဲ႔သာ ျပၫ့္ႏွက္ေနခဲ့ရမွာေပါ့။

ဆယ္ေက်ာ္သက္အရြယ္တည္းက

ကိုယ့္ဘ၀၊ကိုယ့္ရပ္တည္ခ်က္နဲ႔ ကိုယ့္ရဲ့ပံုစံအတိုင္း

ရပ္တည္ရွင္သန္ခဲ့တယ္။

ဘယ္သူ႔ကိုမွမမွီခိုခဲ့သလို တြယ္တာမႈေတြကိုလည္း

ေက်ာခိုင္းခဲ့ၿပီးသား။


မိန္းမတစ္ေယာက္ကို ယူၿပီးအာရံုအေနာက္ခံမဲ့

လူစားမ်ိဳးလို႔ သတ္မွတ္ထားရင္သိပ္မွားသြားမွာေပါ့။သနားလို႔ ေပးထားတဲ့အခြင့္အေရးကို

ဒီေကာင္မေလးက အလိုက္မသိတတ္မွေတာ့

ပဲြကၿပီးၿပီပဲ..။


"..ေကာင္မေလး..မင္းတကယ္ပဲ..

ဒီလက္ထက္ပဲြကို..ျဖတ္ခိုင္းေနတာလား.."


"ဟုတ္တယ္..ရွင့္လိုအိမ္ေထာင္ေရးတစ္ခုကို

အေလးအနက္မထားတတ္တဲ့လူမ်ိဳးနဲ႔

ကၽြန္မလက္မထက္ႏိုင္ဘူး..."


"အဟင္း..."


မင္းစက္၏ႏႈတ္ခမ္းထက္တြင္ မဲ့ႃပံုးတစ္ခုေပၚထြက္လာသည္။

သူ႔မ်က္လံုးအၾကၫ့္မ်ားသည္

ေမဝိုင္းေလး၏ စကားကိုေလွာင္ေျပာင္လိုေသာ

သေဘာရိွေနၿပီး ခံုေပၚသို႔လက္တင္ကာ

ေမးေထာက္လ်ွက္ မထီမဲ့ျမင္ျပဳမူေနျခင္းက

ေမဝိုင္းေလးကို ပို၍မခံမရပ္ႏိုင္ျဖစ္လာေစသည္။


"မင္းေျပာတာမွန္တယ္

အိမ္ေထာင္ေရး..လက္ထပ္ပဲြ..

ဒါေတြကငါ့အတြက္ေတာ့ ဖဲကစားလို႔ႏိုင္သြားတဲ့

ခံစားခ်က္ေလာက္ေတာင္ အေရးမပါဘူး..

အေပၚယံလိမ္ညာမႈေတြနဲ႔ အစမွာေတာ့

ခ်ိဳျမခ်င္ေယာင္ေဆာင္ၿပီးမွ အတြင္းထဲမွာ

ခါးသက္ေနတဲ့ အိမ္ေထာင္ေရးဆိုတဲ့အရာကို

ဘာေၾကာင့္ ငါကအေလးအနက္ထားရမွာလဲ..."


"ရွင့္ကိုၾကၫ့္ရတာ..မိသားစုတစ္ခုရဲ့

ခ်စ္ျခင္းေမတၲာကို မႄကံုေတြ့၊မခံစားခဲ့ရတဲ့

ၿဂိဳလ္သားတစ္ေယာက္လိုပဲေနာ္..

အိမ္ေထာင္တစ္ခုဆိုတာ လူႏွစ္ေယာက္

လက္ထက္လိုက္ရံုနဲ႔ ၿပီးသြားတာမဟုတ္ဘူး..

လက္ထက္ပဲြဆိုတာ လူႏွစ္ေယာက္ရဲ့

ပစၥုပၸန္နဲ႔အနာဂတ္ကို ေပါင္းစည္းလိုက္တဲ့

အသိသက္ေသပဲ..

ခ်စ္ျခင္းေမတၲာေတြ၊ေနြးေထြးမႈေတြ၊

နားလည္မႈေတြနဲ႔တည္ေဆာက္ရမဲ့ ကမ႓ာတစ္ခုကို

အေလးအနက္ထားစရာမလိုဘူးလို႔

ေတြးရင္ေတာ့ ရွင္နဲ႔စကားဆက္ေျပာစရာ

ဘာေၾကာင္းမွ မရိွေတာ့ဘူးေပါ့..."


"ေငြရိွရင္အရာရာကို ဖန္တီးလို႔ရတာပဲေလ..

မင္းေျပာတဲ့အိမ္ေထာင္ေရးက

ေငြသာမရိွရင္ မလင္းႏိုင္တဲ့မီးအိမ္တစ္ခုဆိုတာ

..မင္းလိုကေလးသာသာအဆင့္က

ဘယ္နားလည္ပါ့မလဲ..."


"..ကၽြန္မကေနြးေထြးၾကင္နာတတ္ၿပီး

စိတ္သေဘာထားျပၫ့္၀တဲ့တဲ့ခင္ပြန္းေလာင္းကိုပဲ

အလိုရိွတာ..

..ေငြထုတ္စက္ကိုအလိုရိွတာမဟုတ္ဘူး

အခုရွင့္စကားေတြကို ကၽြန္မရဲ့မိဘေတြသာ

ၾကားသြားရင္..သူတို႔သိပ္၀မ္းနည္းၾကမွာ

ေသခ်ာတယ္.."


"အဲ့ဒါကမင္းရဲ့အထင္ေလ..မင္းရဲ့မိဘေတြက

ငါ့ကိုဘာ‌ေၾကာင့္..သားမက္ဖမ္းခ်င္ေနရတာလဲ

ေငြေၾကာင့္ပဲမဟုတ္ဘူးလား..မင္းလို

ဘာအရည္အခ်င္းမွမရိွတဲ့မိန္းကေလးကို

ငါ့ရဲ့ဇနီးေလာင္းျဖစ္လာဖို႔ အိပ္မက္မက္ရဲတဲ့

သူတို႔ရဲ့သတၲိကတကယ္ကို ေလးစားစရာပဲ..

မင္းလိုခ်င္တဲ့ပံုစံအတိုင္း ဘာလို႔ေနေပးရမွာလဲ

ငါသာျပၫ့္စံုႂကြယ္၀တဲ့လူတစ္ေယာက္

မဟုတ္ဘူးဆိုရင္..မင္းလည္းဒီလက္ထက္ပဲြကို

သေဘာတူမွာမဟုတ္ဘူး...

ငါေျပာတာမွန္တယ္မဟုတ္လား..ကေလးမ..."


"ရွင္ဘာစကားေျပာတာလဲ.."


လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကာ

သူ႔ကို ေအာ္ထၫ့္လိုက္မိသည္။

သူ႔စကားေတြက ဝိုင္းေလးရဲ့ဂုဏ္သိကၡာကို

သိပ္ထိပါးလြန္းလာတာေၾကာင့္ မ်က္ရည္ေတြပါ

ခ်က္ခ်င္းဝဲတက္လာေလသည္။


သူ႔စိတ္ထဲမွာ အစတည္းကဝိုင္း‌ေလးတို႔မိသားစုကို

ေငြမက္လို႔ သူ႔ကိုအပိုင္ဖမ္းတယ္လို႔

သတ္မွတ္ထားခဲ့တာပဲ။

‌ေမာက္မာလြန္းတဲ့ သူ႔မ်က္ႏွာကိုေရ႔ွမွာခ်ထားတဲ့

ေကာ္ဖီခြက္နဲ႔ ေကာက္ေပါက္ပစ္လိုက္ခ်င္တဲ့အထိ

ေဒါသထြက္ေနမိတယ္။


"ကၽြန္မရဲ့မိသားစုကို ရွင္လာၿပီးမေဆာ္ကားနဲ႔

ရွင္က ဘာေတြမ်ားမက္ေမာစရာရိွေနလို႔လဲ

ပိုက္ဆံခ်မ္းသာရံုနဲ႔ ဂုဏ္ေမာက္ေနတဲ့

ရွင့္လိုလူနဲ႔ ေသတဲ့အထိေနသြားရမွာထက္

ကိုယ့္ကိုကိုယ္ပဲ အဆံုးစီရင္လိုက္မယ္..."


ဒီေနရာမွာ သူ႔လိုဘုကန႔္လန႔္နဲ႔တစ္စကၠန္႔ေတာင္

မေနခ်င္ေတာ့၍ အိမ္ျပန္ဖို႔ကိုသာ

ေရြးခ်ယ္လိုက္ေတာ့သည္။

ဒါဟာ ဝိုင္းေလးရဲ့ဒုတိယ‌ေျမာက္

တစ္ဇြတ္ထိုးဆန္စြာ ျပဳလုပ္လိုက္မိတဲ့

ကိုယ္ပိုင္ဆံုးျဖတ္ခ်က္တစ္ခုပါပဲ။


ဒီကိုမလာခင္ကေတာင္ ဖြားဖြားဟာေသခ်ာ

ၫွိႏိႈင္းခဲ့ဖို႔  မွာလိုက္ေပမဲ့

ဝိုင္းေလးမလုပ္ႏိုင္ေတာ့ဘူး။

အိမ္ေထာင္ေရးကို အေလးအနက္ထားလြန္းသၫ့္

အေမနဲ႔အဖြားသာ ဒီလူ႔ရဲ့စကားေတြကိုၾကားသြားခဲ့ရင္ တကယ္ကိုေသြးတက္သြားႏိုင္တယ္။


ေရႊသားမက္၊ေငြသားမက္ဆိုၿပီး

သူတို႔အထင္ႀကီးေနတဲ့ဟာႀကီးက ဒီလိုေမာက္မာတဲ့

ပံုစံမ်ိဳးဆိုတာ သိေစခ်င္လိုက္တာ။

မင္းစက္အာဏာရဲ့ မာနႀကီးပံုေတြ၊ဂုဏ္ေမာက္ပံုေတြကို ၾကားထားခဲ့ေပမဲ့ ဒီေလာက္အထိ

ဘ၀င္ရူးလိမ့္မယ္လို႔ေတာ့

တကယ္ကိုမထင္ထားခဲ့တာ။


ဒါေၾကာင့္ ၫွိႏိႈင္းလို႔ရမယ္ထင္ၿပီး ေတြ့ဆံုဖို႔

ကိုယ့္ဘက္ကေနပဲ ေတာင္းဆိုခဲ့မိတယ္။

ဒီလူဟာ ေကာလဟာလေတြအတိုင္း

သူသည္သာအေကာင္းဆံုး၊အေတာ္ဆံုး

အျခားဘယ္သူ႔ကိုမွ လွၫ့္မၾကၫ့္တတ္တဲ့လူဆိုတာ

ေသခ်ာသြားခဲ့ေလၿပီ။

မိုက္ရိုင္းရင္ေတာင္ လိမၼာေအာင္ဆံုးမလို႔

ရပါအံုးမယ္။

ဒီလူကေတာ့ မာန္တက္ေနတဲ့စိတၲဇသမားႀကီးမို႔

အရူးေထာင္ကို ပို႔မွပဲရမယ္။


*ဒီလို အရူးေကာင္မ်ိဳးနဲ႔ မဂၤလာေဆာင္ျဖစ္ရင္

ငါဟာအရူးမျဖစ္သြားလို႔ပဲေနလိမ့္မယ္...*


"ေကာင္မေလး...မင္းရဲ့ဆံုးျဖတ္ခ်က္ကို

ေနာင္တမရမိေစနဲ႔ေနာ္..."


ဝိုင္းေလးသူ႔ကို ေက်ာခိုင္းလိုက္သၫ့္အခ်ိန္မွာ

ထပ္မံၿပီး ခနဲ႔သၫ့္စကားမ်ိဳးေျပာလာျပန္သည္။

လက္ကိုင္အိတ္ေလးကို က်စ္ေနေအာင္

ဆုပ္ကိုင္လိုက္ၿပီး ဆံပင္ရွည္ႀကီးမ်ားကို

ေလထဲမွာ ဝဲကနဲျဖစ္သြားသည္အထိခါထုတ္ကာ

သူ႔ဘက္သို႔ လွၫ့္ၾကၫ့္၍ မဲ့ႃပံုးျဖင့္

မ်က္ေစာင္းထိုးျပစ္လိုက္သည္။


"ရွင့္ကိုမ်ား..ဒီကလည္းမမက္ေမာဘူး

..ကၽြန္မမွာနာမည္ရိွတယ္..

ေကာင္မေလးလို႔လာမေခၚနဲ႔..."


ငယ္ငယ္က ကေလာကိုအလည္လာတဲ့အခ်ိန္ေတြမွာ

"ဟိုေကာင္မေလး..ဟဲ့ေကာင္မေလး.."ဆိုၿပီး

လူကိုအထင္ေသးသလို၊ရြံရွာသလို ေခၚခဲ့တဲ့

အဲ့ဒီ့အသံုးအႏႈန္းကို သိပ္မုန္းတာပဲ။


ခပ္ေဝးေဝးကိုေရာက္ေတာ့မွ ေနာက္ကို

ျပန္လွၫ့္ၾကၫ့္လိုက္မိေသာအခါ 

မုန္းစရာေကာင္းတဲ့ အဲ့ဒီ့လူကသူ႔လက္ပ္ေတာ့ကို

ျပန္ႏိွပ္ေနေလရဲ့။

ဝိုင္းေလးကသာ စိတ္ေတြတိုေနခဲ့တာ။

သူကေတာ့ ေအးေဆးပဲ။


*တကယ္ပဲ...ႏွလံုးသားမဲ့တဲ့နတ္ဆိုးႀကီးပါလား..

အလုပ္မွာမယုမြန္ေျပာခဲ့တဲ့..

ငါတို႔သူေဌးဟာ..အလုပ္သရဲဆိုတဲ့စကား..

သိပ္မွန္တာပဲ...

*..ေသတာေတာင္ကၽြတ္မွာမဟုတ္ဘူး"


🌻🌻🌻🌻🌻🌻🌻🌻🌻🌻


မင္းစက္ကေတာ့ ေမဝိုင္းေလးထြက္သြားေသာ

ခံုေနရာေလးမွာပဲ သူ႔ရဲ့ထိုင္းမွာအသစ္တိုးခ်ဲ႔မၫ့္

ပေရာဂ်က္ကိုအၿပီးသတ္လိုက္ေလသည္။

ဒီပေရာဂ်က္ကို အခ်ိန္သံုးပတ္တိတိယူကာ

သူေရးဆဲြခဲ့ၿပီး ေနာက္ဆံုးေတာ့လက္ေတြ့အေကာင္

အထည္ေဖာ္ဖို႔သာ က်န္ေတာ့သည္။


လက္ပ္ေတာ့ကိုပိတ္ကာ မွာထားေသာေကာ္ဖီခြက္ကို ယူေသာက္လိုက္တဲ့အခ်ိန္မွာေတာ့

ေကာ္ဖီေတြက ေအးစက္ေနေလၿပီ။

သူ႔မ်က္ႏွာခ်င္းဆိုင္ရိွ ေကာင္မေလးထိုင္သြားခဲ့ေသာ ေနရာတြင္ေတာ့ေကာ္ဖီတစ္၀က္သာ

ကုန္ေသးသၫ့္ ဖန္ခြက္ႏွင့္ေခ်ာကလက္

ကိတ္မုန႔္အပဲ့ေလးကို ေတြ့လိုက္ရသည္။


"အဟင္း..."


ပါးေဆာင္ကို လ်ွာႏွင့္ထိုးလိုက္ကာခပ္ညစ္ညစ္ႃပံုးလိုက္ၿပီး လက္ပိုက္လ်ွက္ေက်ာဆန႔္ကာ

ခံုကို မွီလိုက္သည္။

ဒီေနရာေလးကို သူစေရာက္တဲ့အခ်ိန္မွာ

ေကာင္မေလးကအိပ္ေပ်ာ္ေနခဲ့တယ္။

ကိုယ္တိုင္ကလည္း အိပ္ေပ်ာ္ေနတဲ့အခ်ိန္

‌လာေနွာက္ယွက္တာကို မႀကိဳက္တတ္တဲ့

လူဆိုေတာ့ေကာင္မေလးကိုလည္း မႏိႈးလိုက္မိဘူး။

စကားေတြအမ်ားႀကီးေျပာလာရင္

အာရံုအေနာက္မခံႏိုင္လို႔ မႏိႈးတာလည္းပါတာေပါ့။


မိန္းမယူဖို႔ကို တစ္ခါမွမေတြးခဲ့ဖူးတဲ့အတြက္

ကိုယ့္ရဲ့သတို႔သမီးေလာင္းကို

ဘယ္လိုပံုစံမွဆိုၿပီးလည္း

ေယာင္လို႔ေတာင္စိတ္ကူးမယဉ္ခဲ့ဖူးေပ။

လက္ထက္ျခင္းဆိုတာကိုအယံုအၾကည္မရိွခဲ့ေပမဲ့

ဒီလက္ထက္ပဲြကိုသေဘာတူခဲ့မိတယ္။


အဖြားသည္"ဒါက ကိုစက္တို႔ငယ္ငယ္က

က‌ေလာကိုအလည္သြားတိုင္းအတူေဆာ့ခဲ့တဲ့

ညီအစ္မေတြရဲ့ ဓာတ္ပံုဆိုၿပီးျပလာခဲ့တယ္.."

အစကေတာ့ စိတ္မ၀င္စားေပမဲ့ ကိုယ့္ကို

ထမင္းခ်ိဳင့္နဲ႔ပိတ္ထုသြားခဲ့တဲ့ ေကာင္မေလးနဲ႔

နာမည္တူေနလို႔ ဓာတ္ပံုေတြကိုယူၾကၫ့္လိုက္

မိေတာ့ တကယ္ကိုလူတစ္ေယာက္‌တည္းျဖစ္ေနခဲ့တယ္..."


ေက်ာင္းပိတ္ရက္တိုင္း ျမန္မာႏိုင္ငံကိုျပန္လာႏိုင္ဖို႔

အေဖနဲ႔အၿမဲျပႆနာျဖစ္ခဲ့ရတယ္။

ေမ်ွာ္လင့္ခ်က္ေတြနဲ႔ အိမ္ကိုျပန္လာလိုက္တိုင္းမွာအေမ့ရဲ့ဂရုစိုက္မႈေတြဟာအစ္ကိုႀကီးနဲ႔

အစ္မလတ္ရဲ့အေပၚမွာပဲ ကြက္က်ားမိုးရြာသလို

ျဖစ္ေနခဲ့ေတာ့ ထိုအခ်ိန္ကာလေတြက

ကိုယ့္အတြက္ အခက္ခဲဆံုးနဲ႔

ခံျပင္းစြာျဖတ္သန္းခဲ့ရတဲ့

အခ်ိန္ကာလေတြဆိုတာ

 သံသယရိွစရာေတာင္မလိုပါဘူး..


မိသားစုဟာသူစိမ္းေတြလို႔ပဲခံစားခဲ့ရတယ္..

အႃပံုးေတြဟာ ဟန္ေဆာင္လိမ္ညာမႈေတြလို႔ပဲ

ျမင္ခဲ့တယ္..

ခ်စ္ျခင္းေတြဟာ ပူေလာင္‌ေနခဲ့ၿပီး

အေမ့ဆီကလက္ေဆာင္တစ္ခုရရင္ေတာင္

အေဝးကိုတြန္းပို႔ဖို႔ ခၽြေးသိပ္တာလို႔ပဲ

ျမင္မိေတာ့တယ္..


အားငယ္ခ်ိန္တိုင္းငိုခြင့္ရခဲ့တဲ့အဖြားရဲ့

ရင္ခြင္ကလဲြလို႔..

အေဖ၊အေမနဲ႔က်န္တဲ့မိသားစု၀င္ေတြဟာ

စစ္မွန္မႈမရိွၾကဘူးလို႔ ခံစားခဲ့ရတဲ့အခိုက္အတန႔္

တစ္ခုပါပဲ..လူေတြအမ်ားႀကီးက ကိုယ့္ေဘးနားမွာ

ရိွေနခဲ့ေပမဲ့ အထီးက်န္ေနခဲ့တယ္..


အဲ့ဒီ့အခ်ိန္မွာ မ်က္စံညိုေလးေတြနဲ႔

ဆံပင္အရွည္ေလးကို ဖိုး၀ရုပ္လို

ႏွစ္ဖက္ခဲြထားတတ္တဲ့ ေကာင္မေလးတစ္ေယာက္

..ကိုယ့္အတြက္ေတာ့

အရုပ္ေလးတစ္ရုပ္ကို ေကာက္ရလိုက္သလိုမ်ိဳး

ကစားရတာ သိပ္ကိုေပ်ာ္စရာေကာင္းခဲ့တယ္..


အဲ့ဒီ့အရုပ္ေလးရဲ့မ်က္၀န္းညိုေလးေတြကေန

မ်က္ရည္ေလးေတြက်လာတာဟာ စမ္းေရေလးေတြ လွပစြာစီးဆင္းသြားသလို အရမ္းၾကၫ့္လို႔

ေကာင္းခဲ့တယ္။

 ဒါေၾကာင့္လည္းအဲ့ဒီ့အရုပ္မေလးကို

အၿမဲငိုေအာင္လုပ္ခဲ့မိတယ္..


*ဘာေၾကာင့္မ်ား အဲ့ဒီ့အရုပ္မ..ေသးေသးေလး

ဒဏ္ရာအနာတရ ျဖစ္သြားရင္ေတာင္

ေက်နပ္ေပ်ာ္ရႊင္ေနခဲ့ရတာမ်ားလဲ...

အရုပ္မေလးရဲ့ ငိုသံဟာ

ဆန္းသစ္တဲ့ေတးသြားတစ္ခုကို နားဆင္ေနရသလိုပဲ

အရုပ္မေလးရဲ့ ျပန္ရန္ေတြ့တဲ့ဂ်စ္ကန္ကန္

အမူအရာေလးက ကိုယ့္လိုလူကို

ႃပံုးမိေစတာေတာ့အမွန္ပဲ 

အရုပ္မေလးဟာ တကယ္ကိုကိုယ့္အတြက္

စိတ္ျဖည္သိမ့္ရာ တံခါးေလးတစ္ခ်က္ျဖစ္ခဲ့တာေတာ့ အမွန္ပဲ...


"တူ!!!!!!!တူ!!!!!"


ဖုန္းျမည္သံၾကား၍ ထုတ္ၾကၫ့္လိုက္မိေတာ့

မာတာမိခင္ဆီမျွဖစ္ေနေလသည္။

ဘလူးတုသ္နားက်ပ္ကို နားမွာတပ္ထားလိုက္ၿပီး

လက္ပ္ေတာ့ေတြကိုသိမ္းကာ ပိုက္ဆံရွင္း၍

ကားပါကင္သို႔သြား ထြက္လာခဲ့လိုက္သည္။

ပံုမွန္ဆိုရင္ ဒီအခ်ိန္ကအလုပ္မွာပဲ

ရိွေနရမွာျဖစ္ေပမဲ့ ဒီေန့ေတာ့အိမ္ကိုသာ

ျပန္ဖို႔ ဆံုးျဖတ္လိုက္သည္။


 "ဟယ္လို.."


"ဟဲ့..မင္းစက္..အေျခအေနဘယ္လိုလဲ..

ေမဝိုင္းေလးနဲ႔..ေသခ်ာစကားေျပာၿပီးသြားၿပီလား

ငါ့မွာေလ..ဆိုင္ၾကၫ့္ရတာကတစ္မ်ိဳး..

နင့္အတြက္စိတ္ပူရတာတေမွာင့္..ငါလည္း

အခုမွအိမ္ကိုျပန္ေရာက္တာ..နင့္ရဲ့အဖြားက

ဒီမွာ အသည္းအသန္ေမးေနလို႔..ေျပာစမ္းပါအံုး

ေကာင္မေလးနဲ႔အဆင္ေျပတယ္မဟုတ္လား.."


ကိုယ့္ဘက္က"ဟယ္လို.."တစ္လံုးသာ

ေျပာရေသးေပမဲ့ အေမကေတာ့

ပါးစပ္မွာေမာ္တာတပ္ထားသလို

အခြန္းေပါင္းမ်ားစြာ တသြတ္သြတ္ေျပာၿပီးေလၿပီ။

သူ႔အတြက္ေတာ့ ဘယ္ေမးခြန္းကိုဘယ္ကေန၊

ဘယ္လိုစေျဖရမွန္းမသိေအာင္ကို စိတ္ရႈပ္လာသည္။

ေကာင္မေလးနဲ႔ ျပႆနာျဖစ္ခဲ့တဲ့ကိစၥကို

တိုက္ရိုက္ႀကီး ေျပာလိုက္ရင္လည္း

နား‌ပူ‌တာက ရပ္ေတာ့မွာမဟုတ္ဘူး။


"ဟဲ့..ေျပာေလ..ဘာျဖစ္လို႔တိတ္ေနရတာလဲ.."


"အမွန္အတိုင္းေျပာရရင္ေတာ့ ကၽြန္ေတာ္နဲ႔သူ

စကားမ်ားခဲ့ၾကတယ္.."


မင္းစက္အာဏာ၏ တံုးတိတိစကားသည္

တစ္ဖက္မွာ ဖုန္းေျပာေနေသာေဒၚရတနာအဖို႔

ကိုယ့္ရင္ဘတ္ကိုယ္ ျပန္ဖိရေအာင္အထိ

ေသြးတက္ေစခဲ့သည္။

တစ္ေန့ကမွ ေအာင္ေအာင္ျမင္ျမင္နဲ႔

ေတာင္းရမ္းထားခဲ့တဲ့ သတို႔သမီးေလာင္းနဲ႔

တစ္ပတ္ေတာင္မျခားဘူး ျပႆနာျဖစ္တယ္

ဆိုေတာ့ ေကာင္မေလးကို

ဘာေတြေျပာလႊတ္လိုက္သလဲ မသိဘူး..

ဒင္းကအရမ္းအေၾကာေထာင္တာပဲ.."


"မင္းစက္ရယ္..စကားကို

ေကာင္းေကာင္းေျပာခဲ့ပါလို႔..

ငါမွာထားလ်ွက္နဲ႔ဟယ္..

အခုဘယ္လိုလုပ္ၾကမလဲ..အားလံုးကစကားေတြ

ကၽြံၿပီးၿပီေနာ္..ဖိတ္စာေတြေတာင္

ရိုက္ထားတဲ့ဥစၥာကို..နင္အခုျပန္လာခဲ့...

အိမ္ေရာက္မွနင္နဲ႔ငါေတြ့မယ္.."


"ကၽြန္ေတာ္..ဒီေန့အေမတို႔အိမ္ကို

ျပန္မလာျဖစ္ေတာ့ဘူး.."


"နင္ကေတာ့လုပ္ျပန္ၿပီ..မဂၤလာေဆာင္နဲ႔

ပတ္သတ္ၿပီး..နဲနဲပါးပါး၀င္ၿပီးစီမံပါအံုးဟယ္..


"ဒီမဂၤလာပဲြက အေမတို႔စိတ္တိုင္းက်

သတို႔သမီးကိုေရြးၿပီးလုပ္တာဆိုေတာ့..

အေမတို႔ပဲ အားလံုးကိုတာ၀န္ယူရမွာေပါ့.."


"ေအာ္..ေအး‌..ေအး..နင္ကေတာ့ဒီပဲြနဲ႔

ဘာမွမဆိုင္တဲ့ဧၫ့္သည္ဆိုေတာ့..

မဂၤလာေဆာင္မဲ့ေန့မွ ငါတို႔ကပဲြတက္ေပးဖို႔

ဖိတ္လိုက္ပါ့မယ္..."


မိခင္ကဘာေျပာေျပာ မင္းစက္ကေတာ့

တည္တည္ညိမ္ညိမ္ႏွင့္ပဲ ကားကို‌သာ

ေမာင္းေနလိုက္သည္။


"ေမဝိုင္းေလးတို႔ဘက္က..ဖုန္းဆက္ေသးလား..."


"မဆက္ပါဘူး..ဘာျဖစ္လို႔ေမးတာလဲ.." 


"ဒါဆိုရင္..အေမ့ကိုကၽြန္ေတာ္တစ္ခုေလာက္

အကူအညီေတာင္းခ်င္တယ္.."


"ထူးထူးဆန္းဆန္းပါလား..ေျပာ..ဘာအကူအညီ

ေတာင္းမွာလဲ.."


"ခဏေနရင္..ေမဝိုင္းေလးတို႔အိမ္ကို

ဖုန္းဆက္ၾကၫ့္ေပးပါ..ေမဝိုင္းေလးကို

တိုက္ရိုက္လာကိုင္ခိုင္းလိုက္..မဂၤလာ၀တ္စံုကိစၥ ေဆြးေနြးခ်င္လို႔ဆိုၿပီးေျပာၾကၫ့္လိုက္..."


"ဟဲ့..ဒါ‌ပဲလား..ေနာက္ဘာထပ္ေျပာရအံုးမွာလဲ.."


"မလိုေတာ့ဘူးအေမ..အဲ့ဒါပဲေမးၾကၫ့္လိုက္ပါ..

က်န္တာကေတာ့ အေမ့ဘာသာေျပာခ်င္တာ

ေျပာေပါ့...ၿပီးရင္သားဆီကိုျပန္ဆက္ေပးပါ.."


ထိုစကားတစ္ခြန္းသာေျပာလိုက္ၿပီး ဖုန္းကို

ခ်ျပစ္လိုက္သည္။

လက္ထက္ပဲြကို တကယ္ပဲျဖတ္လိုက္ဖို႔

ေတြးခဲ့ရင္ အခုအခ်ိန္ေလာက္ဆိုအေမတို႔ကို

မိန္းကေလးဘက္က ဖုန္းဆက္သင့္ၿပီမဟုတ္လား။

အခုဖုန္းမဆက္ထားဘူးဆိုေတာ့ ထင္တဲ့အတိုင္းပဲ..


ကားကမီးပြိုင့္မိေနေသာေၾကာင့္ ခဏရပ္လိုက္ရေလသည္။စတီယာရင္ကိုကိုင္၍ သူမဲ့ႃပံုးႃပံုးလိုက္မိသည္။

*ေနာက္ဆံုးေတာ့ ေကာင္မေလးဟာလည္း

သူ႔ပတ္၀န္းက်င္မွာျမင္ေတြ့ေနၾက မိန္းမေတြထဲကတစ္ေယာက္ပါပဲ..

အဖြားကသူတို႔မိသားစုရဲ့ ေငြေရး၊ေၾကးေရးကို

ကူညီေပးထားခဲ့တဲ့အတြက္..ဒီလက္ထက္ပဲြကို

သူ႔မိသားစုက လံုး၀လက္အလႊတ္ခံမွာမဟုတ္ဘူး

သူ႔လိုလူကို လက္ထက္ခြင့္ရတာဟာ

သူတို႔အတြက္ေတာ့ ဘုရားေပးတဲ့

အခြင့္အေရးလို႔ေတာင္ ျမင္ေနၾကေလာက္တယ္...."


*ေငြထုတ္စက္ကို အလိုရိွတာမဟုတ္ဘူးဆိုၿပီး

ေနာက္ဆံုးေတာ့လည္းဒီလက္ထက္ပဲြကို

လက္ခံလိုက္ရမွာပါပဲ..

ေကာင္မေလး...ငါ့ေဘးမွာတစ္သက္လံုးေနရမွာထက္..ေသရမွာကိုပိုလိုလားတယ္ဆိုတဲ့

စကားကို မင္းေမ့ေနမွာေတာင္စိုးတယ္...*


အခန္း(၄)ဆက္ရန္....


စာေရးသူ..ေဆာင္းေငြ့ေဝ


🔥🔥🔥🔥🔥🔥🔥🔥


မင္းသားကေတာ့ အလံနီေပါ့ေနာ္..


ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီတိုင္းကို

ေက်းဇူးအထူးတင္ရိွပါတယ္..


🦁အခန်း၂🦁 💘မာနမင်းသားနှင့်ရွှေဖူးစာ💘

 


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🦁အခန်း၂🦁

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"ဒါဆိုရင်...နင်ယူရမဲ့လူကနင့်ကိုပြစ်ပြစ်နှစ်နှစ်

ပြောပြီးအလုပ်ထုတ်လိုက်တဲ့လူပေါ့..."


"အသေအချာပဲ..ငါ့ကံကြမ္မာကလည်းနော်

ငါမုန်းတဲ့လူနဲ့မှ ညားဖို့ကံပါလာရတယ်လို့

စိတ်တွေညစ်လိုက်တာ...

ငါလှေကားပေါ်ကဆင်းဆင်းပြီးချင်းမှာလေ

သူ့မျက်နှာကြီးကို တွေ့လိုက်ရတော့

အမယ်လေး..ငါ့ခေါင်းတည့်တည့်ကို

မိုးကြိုးပြစ်ချလိုက်သလား မှတ်ရတယ်...

အမေတို့ကလည်းနော်..ယောက်ျားရှာပေးတာ

ဘာလို့အဲ့လောက်..တော်နေကြလဲမသိပါဘူး.."


မေဝိုင်းလေးတစ်ယောက် ထုံးစံအတိုင်း

စိတ်ညစ်စရာတွေကို အတွင်းသိအဆင်းသိ

ဖြစ်သော သူငယ်ချင်း၀တ်ရည်ဆီတွင် လာ၍

ဖွင့်ချလေတော့သည်။နှစ်ယောက်သားဟာ

ငယ်ငယ်တည်းကပေါင်းသင်းခဲ့ကြသူချင်းဖြစ်၍

ငယ်သံယောဇဉ်အရ တစ်ယောက်အကြောင်းကို

တစ်ယောက် နားလည်လွန်းသူများဖြစ်လေသည်။


"ဒါဆိုရင်သူကလည်းနင့်ကိုမှတ်မိမှာပေါ့......"


"အဲ့ဒါတော့..ငါလည်းမသိဘူးလေ..

သူ့မိသားစုက ငါ့ပုံကိုမပြထားလို့လည်း

ဖြစ်နိုင်တာပဲ...

"ငါ့လိုလူကိုအမုန်းဆုံးပဲ..ဆိုပြီး"

သူငါ့ကိုအလုပ်ထုတ်တဲ့နေ့ကပြောလိုက်တာကို 

ငါအခုထိမှတ်မိတယ်...သူလက်ထက်ရမဲ့လူက

ငါမှန်းမသိလို့နေမှာပေါ့..."


"ဟဲ့..ဒါဆိုရင်..မနေ့ကစေ့စပ်ပွဲမှာ

သူ့မျက်နှာက ဘယ်လိုဖြစ်နေလဲ..သူ့ပုံစံက

သဘောမကျတဲ့ ပုံစံမျိုးလား..."


သစ်သားဘောင်ခတ်ထားသော ပြူတင်းပေါက်နားတွင် ထိုင်နေသည့်မေဝိုင်းလေး၏အနားသို့

သိချင်လျှက်လက်တို့ဆိုသလို ၀တ်ရည်ကလည်း

မျက်လုံးလေးတွေဝိုင်းကာဖြင့် ထိုင်ချပြီး

မေးခွန်းထုတ်လေတော့သည်။


"သဘောကျလား..မကျလားတော့ငါလည်း

သေချာမကြည့်လိုက်မိဘူး...

ငါလည်းအတွေးများနေခဲ့တာ.."


"ဟယ်...နင့်ဟာကလည်း..ကိုယ်ယူရမဲ့

ယောက်ျားကိုတောင် သေချာမကြည့်ခဲ့ဘူးဆိုတော့

ညံ့လိုက်တာဟယ်..မနက်ဖြန်..သန်ဘက်ခါပဲ

ယူရတော့မယ်.."


"နင်ကလည်းဟာ...ငါလည်းပြူးပြဲပြီးတော့

ဘယ်လိုလုပ်ကြည့်ရဲမှာလည်း..

သူတို့ပြန်ခါနီးတော့ အကြည့်ချင်းတစ်ချက်

ဆုံသွားသေးပါတယ်...ဒါပေမဲ့...သူလည်း

ငါ့ကိုသဘောမကျဘူးထင်တယ်..

မသိရင်..သူ့ကိုငါက

အကြွေးနဲ့သိမ်းထားသလိုမျက်နှာမျိုးကြီး..."


"ဟား...ဟား..နင်ကလှလွန်းလို့သူက

အံ့ဩသွားတာရော မဖြစ်နိုင်ဘူးလား..."


"မဖြစ်နိုင်ပါဘူးဟယ်..

သူ့ရုပ်ကအဲ့လိုရုပ်မဟုတ်ဘူး..ရုပ်ကလည်းလေ

မပြုံးတတ်တာလား..ပြုံးရင်မလှလို့ပဲလားမသိဘူး

ခပ်တည်တည်ကြီးနဲ့ဟယ်..ငါထင်ပါတယ်

သူ့အပြုံးက..ဗေလု၀လောက်တောင်

ကျက်သရေမရှိလို့ မပြုံးတာပဲနေမယ်.."


"ဟ..ဟ..‌ ပေါက်ပေါက်ရှာရှာဝိုင်းလေးရယ်..

ငါတစ်ခုတော့တွေးမိတယ်ဟ..ငါတို့ဆိုရင်ဟာ

အလုပ်မှာရာထူးတိုးဖို့

အပြိုင်အဆိုင်ကြိုးစားရတာပဲ..

ကိုယ်နဲ့ဘယ်လောက်ပဲခင်ခင်..

အရည်အချင်းတန်းညှိလာရင်တော့ 

ပြိုင်ဘက်ပဲ...ဒါပေမဲ့

အလုပ်ထဲမှာပဲယှဉ်ပြိုင်တာနော်...အပြင်ကို

ရောက်သွားတာနဲ့ အကုန်လုံးကညီအစ်ကို

မောင်နှမတွေလိုပဲ..

ငါပြောချင်တာကဒီလို..အဲ့ဒီ့ကိုမင်းစက်က

နင့်ရဲ့အလုပ်ရှင်ဖြစ်ခဲ့ဖူးတယ်..

နင်အမှားလုပ်မိလိုက်တဲ့အတွက်..

နင့်ကိုအပြစ်တင်ခဲ့ပြီးတော့

အလုပ်ထုတ်လိုက်တယ်..တကယ်တော့ဒါက

လုပ်ငန်းခွင်မှာပဲလေ..နင်မှမဟုတ်ဘူး..

အပြစ်ရှိတဲ့ဘယ်အလုပ်သမားကိုမဆို

သူဒီလိုလုပ်နိုင်တာပဲလေ..သူကလုပ်ငန်းကြီးတွေကို

ကိုင်တွယ်နေရတဲ့ လူတစ်ယောက်ဆိုတော့

အပြိုင်အဆိုင်တွေ၊ရန်သူတွေအရမ်းများမှာ

သေချာတယ်..

နင့်လိုမျိုးအလုပ်သမားအများကြီးထဲက

..အလုပ်သမားတစ်ယောက်ကို

အကြောင်းမရှိပဲအလုပ်ခွင်ပြင်ပအထိ

မုန်းနေစရာမှမလိုတာဟယ်..

နင့်စိတ်ကထင်နေတာပဲနေမှာပါ...."


"နင်မသိဘူးနော်..သူနဲ့ငါဘယ်လိုပြဿနာ

တတ်ထားသလဲဆိုတာ..

ငါနင့်ကိုမပြောပြရသေးတာရှိသေးတယ်ဟ.."


"ဟမ်...နင်တို့နှစ်ယောက်ကြားမှာ

တစ်ခြားဘာပြဿနာတွေ ထပ်ရှိသေးလို့လဲ..."


၀တ်ရည်တို့၏အိမ်ပြူတင်းပေါက်မှနေ၍

ခြံထဲရှိ လေတိုက်သောအခါလှုပ်သွားသော

ခရေပင်ကြီးကို ကြည့်လိုက်ရင်း

သက်ပြင်းချလိုက်မိလေသည်။

အလုပ်ဘာကြောင့် ပြုတ်ရသလဲဆိုတာကိုသာ

၀တ်ရည်ကိုပြောပြထားပြီး သူနဲ့အကြီးအကျယ်

ပြဿနာဖြစ်ထားတဲ့ ကိစ္စကိုတော့ 

မပြောပြဖြစ်ခဲ့ပေ။


"ဟဲ့...ဘာလို့ငြိမ်နေတာလည်း..အစပျိုးပြီးရင်တော့

ပြောပြမှရမှာနော်...အဲ့ဒါမှငါလည်းကူပြီး

စဉ်းစားပေးလို့ရမှာပေါ့..."


မေဝိုင်းလေးသည် သူ၏လက်ချောင်းလေးများကို

တစ်ခုနှင့်တစ်ခုပွတ်တိုက်ကာ ကော့ညွှတ်နေသော

မျက်တောင်လေးများကို မှေးစဉ်းလိုက်လျှက်

လေကို ရှူထုတ်လိုက်လေသည်။

အညိုရောင်မျက်၀န်းလေးကို လှုပ်ခက်လိုက်ကာ

ဘ၀မှာ ပထမဆုံးပြုလုပ်ခဲ့သည့်

အမှားတစ်ခုကို ပြန်၍မြင်ယောင်နေမိသည်။


"အဲ့ဒီ့နေ့မှာ...သူကငါ့ကိုနင်းကန်ပြီးအပြစ်တင်တဲ့အပြင် အလုပ်ပါထုတ်ပစ်လိုက်တော့

ငါလည်းသူ့ရုံးခန်းထဲကနေ ပြေးထွက်လိုက်ပြီး

သန့်စင်ခန်းထဲမှာ တစ်နေ့ခင်းလုံး

ထိုင်ငိုမိတော့တာပဲ...နင်လည်းသိမှာပါ

ဒီအလုပ်က ရန်ကုန်ကိုပြောင်းလာပြီး..

ငါပထဆုံးရတဲ့အလုပ်ပဲ..အလုပ်သင်ဆင်းရတဲ့

သုံးလအတွင်းမှာ..ငါအရမ်းစိတ်မွမ်းကြပ်ခဲ့ရတာ

အဲ့ဒီ့ကုမ္ပဏီက လစာလည်းများသလို

အပြိုင်အဆိုင်တွေကလည်း အရမ်းများတယ်..

အလုပ်သင်ဘ၀မှာကပိုတောင်ဆိုးသေးတယ်..

အချိန်မရွေး ဖြုတ်ချလို့ရတဲ့၀န်းထမ်းဆိုတဲ့

အကြည့်တွေနဲ့..ကိုယ့်အထက်ကလူတွေရဲ့

အမျိုးမျိူးနှိမ်တာကို ခံခဲ့ရပြီးတော့မှ

တရား၀င်၀န်ထမ်းဖြစ်ခွင့်ရတာလေဟာ...

တရား၀င်၀န်ထမ်းဖြစ်မဲ့နေ့မှာပဲ

အလုပ်ဖြုတ်ခံရတယ်ဆိုတော့ နင်စဉ်းစားကြည့်...

ငါဘယ်လောက်ခံစားရမလဲဆိုတာ..

သူကသူဌေးဆိုတော့

အလုပ်သမားတစ်ယောက်ရဲ့ ခံစားချက်ကို

ဘယ်နားလည်ပါ့မလဲ..

သူ့မှာ၀န်းထမ်းတွေအများကြီးရှိတယ်ဆိုပြီး...

တစ်ယောက်လျော့သွားလည်း...နောက်တစ်ယောက်

ခန့်လိုက်ယုံပဲလို့ တွေးမှာပေါ့..

အမှားတစ်ခုလုပ်မိယုံနဲ့...ပြင်ဆင်ခွင့်တောင်

မပေးတတ်တာသူ့ဝါသနာထင်ပါတယ်

..ကိုယ်ချင်းစာတရားတစ်စက်မှ မရှိတဲ့လူကြီး

..အမှန်တရားကိုသိတာတောင်..

ပြန်ပြီးပြင်ဆင်ခွင့်မပေးခဲ့ဘူး..

သူ့အတွင်းရေးမှူးကိုရော..သူ့ကိုရော

ငါသိပ်ရွံတာပဲ..."


"သူ့အတွင်းရေးမှူးနဲ့က ဘာဆိုင်လို့လဲဟ..."


ထိုနေ့က မတရားခံခဲ့ရသောအဖြစ်အပျက်ကို

တွေးလိုက်မိတိုင်း စိတ်နာမိတာကြောင့်

အညိုရောင်မျက်၀န်းလေးများသည်

မျက်ရည်လေးများယစ်ဝိုင်းလာလေသည်။

ခုံပေါ်တွင် ခြေထောက်လေးကိုတင်ကာ

ကြုံ့ကြုံ့လေးထိုင်လိုက်ပြီးနောက် သူဌေး၏

ရုံးခန်းထဲမှ ပြေးထွက်ကာသန့်စင်ခန်းထဲတွင်

၀င်၍ ငိုနေမိသောအဖြစ်ကို ပြန်၍

တွေးမိရပြန်သည်။


ထိုနေ့က အဖုံးပိတ်ထားသော အိမ်သာပေါ်တွင်

ထိုင်၍ တရှုံ့ရှုံ့ငိုနေမိသည်မှာ ညနေလည်းစောင်းသွားသလို နှပ်သုတ်လွန်းလို့

အိမ်သာသုံးတစ်ရှူးတွေလည်း ကုန်တာပါပဲ။

ဝိုင်းလေးတို့မိသားစုက အရမ်းအဆင်းရဲကြီး

မဟုတ်ပေမဲ့ ဈေးထဲမှအ‌မေ့အထည်ဆိုင်လေး

တစ်ခုပဲ ၀င်ငွေရှိတာကြောင့်

တစ်ဖက်တစ်လမ်းကနေ မိသားစုကို

ကူညီပေးချင်ခဲ့သည်။


ထို့ကြောင့် နာမည်ကြီးကုမ္ပဏီတစ်ခုမှာ

၀င်လျှောက်မိပြီး အလုပ်သင်ကာလသုံးလကို

ခက်ခက်ခဲခဲ ‌သည်းခံကာကျော်ဖြတ်ခဲ့သည်။

ဂျပန်ကို ရောက်သွားတဲ့အစ်မကလည်း

ကျောင်းသာပြီးသွားတယ် အိမ်ကိုတစ်ခါမှ

ငွေပြန်မပို့တော့ တရား၀င်၀န်ထမ်းဖြစ်မဲ့

အချိန်လေးကိုမျှော်လင့်တကြီး 

စောင့်နေပါတယ်ဆိုမှ

ဖွတ်မရ၊ဓားမဆုံးတဲ့အဖြစ်ကိုရောက်ခဲ့ရသည်...


"မချစ်သဲရေ..ဟိုစီမံခန့်ခွဲရေးဌာနက

ကောင်မလေးတော့ ခေါ်အဆူခံလိုက်ရပြီနော်

..သူဌေးကအစ်မကိုရော..ဘာပြောသေးလဲ..."


အပြင်ဘက်မှ အသံတွေကြားနေရ၍

အိမ်သာတံခါးကိုဟကာ နားထောင်ကြည့်လိုက်မိ

သည်။

အပြင်ကိုနဲနဲချောင်းကြည့်လိုက်တော့

မချစ်သဲနှင့်အတူဗဟို၀န်ဆောင်မှုမှ

တာ၀န်ခံအစ်မတစ်ယောက်က

အတူရှိနေကြခြင်းဖြစ်သည်။


မချစ်သဲကတော့ မှန်ကိုကြည့်ကာနှုတ်ခမ်းနီကို

ထုတ်ဆိုးလျှက်နှင့် အေးဆေးတည်ညိမ်စွာ

ခေါင်းညိမ့်ပြလေသည်။


"ငါ့ကိုပြောစရာလားဟဲ့..ငါအလုပ်ရှုပ်နေလို့

စာရင်းကိုသေချာမကြည့်မိပဲ မှားပြီး

တင်ပေးလိုက်တယ်ဆိုပေမဲ့

ငါကနေတိုက်ရိုက်ဖြစ်တဲ့ပြဿနာမှ

မဟုတ်တဲ့ဥစ္စာ..နင်သိတယ်မဟုတ်လား..

ကိုစက်ကလည်း..ငါ့ကိုဆိုရင်အမြဲတမ်းခွင့်လွှတ်

ပြီးသားပဲလေ..အခုကလည်းငါ့အပြစ်မှမဟုတ်တာ"


"ဒါပေမဲ့..ဟိုကောင်မလေးကတော့..

တော်တော်အပြောခံလိုက်ရပုံပဲ..ငိုပြီးတော့

ရုံးခန်းထဲကနေထွက်သွားတဲ့ သတင်းက

အခုအားလုံးရဲ့ပါးစပ်ဖျားမှာ

သတင်းတစ်ပုဒ်ဖြစ်နေပြီ..တို့သူဌေးက..

အမှားလုပ်ရင်လုံး၀ခွင့်မလွှတ်တတ်တဲ့လူဆိုတာ

အခုပိုတောင် ယုံသွားကြပြီ..အဟင်း..

မချစ်သဲကတော့ ချွင်းချက်ပေါ့လေ.."


"အေးဟယ်..ငါလည်းအဲ့နေ့ကအခြားပရောဂျက်ကို

စိတ်ရောက်နေတာနဲ့...အဲ့ကောင်မလေးလာတင်တဲ့

စာရင်းတွေကို ရောသွားခဲ့တာ..ဒါပေမဲ့နင်တို့

ဆားဗစ်သမားတွေကတော့အထှာနပ်ဖို့ကောင်းပါတယ်ဟာ.."


"ဟုတ်တယ်အစ်မရေ...အဲ့ဒီ့နေ့ကကျွန်မလည်း

အခြားပရိုမိုးရှင်းပွဲကြီးကိုရောက်နေတာလေ

တော်တော်များများကလည်းအလုပ်ရှုပ်နေတော့

ပြဿနာကအဲ့လိုဖြစ်သွားတာပဲ..

သူဌေးကဒီနေ့အရမ်းအလုပ်ရှုပ်ပြီး

ရုံးမှာရှိမနေလို့သာ ကံကောင်းသွားတာ..

‌ဟိုကောင်မလေးကတော့ သူဌေးရဲ့သွေးပူနေတဲ့

အချိန်နဲ့သွား‌တိုးတော့ ကံဆိုးသွားတာပေါ့.."


"သူအလုပ်ပြုတ်သွားပြီတဲ့..

သူတို့ခေါင်းဆောင်ဆီကနေ ကြားလိုက်တာ..."


"ပြုတ်သွားတော့လည်း ကျွန်မတို့အတွက်

အပူလျော့တာပေါ့အစ်မရယ်..မချစ်သဲက

အားကိုးရတဲ့အတွင်းရေးမှူးဆိုတော့

အမှားတစ်ခုလုပ်မိလည်း အဲ့လောက်က

ကိစ္စမရှိပေမဲ့ကျွန်မတို့ကတော့ ရှော့ခ်ရှိသွားနိုင်တယ်.."


အလှပြင်ပြီးနောက် သန့်စင်ခန်းထဲမှ

သူတို့ထွက်သွားကြလေသည်။

ဝိုင်းလေးမှာသာအိမ်သာတံခါးဘေး၌

ထိုင်ချမိလျှက်သားဖြစ်ကာ

ကိုယ်တိုင် ကြားလိုက်မိတာကိုတောင်

မယုံကြည်နိုင်ဘူးဖြစ်နေသည်။


*ဒါဆိုရင်..ဒီကိစ္စက..ဝိုင်းလေးရဲ့အမှားမဟုတ်ပဲ

အတွင်းရေးမှူးကမှားသွားခဲ့တာပေါ့...

အဲ့ဒီ့အလှကုန်မိတ်ဆက်ပွဲဟာ တကယ်ကိုပွဲ

အကြီးကြီးဖြစ်တာကြောင့် နည်းနည်းလေးမှ

မှားလို့မရတဲ့ကိစ္စပါပဲ..

ဝိုင်းလေးတို့ဌာနက စီစစ်ပြီးပစ္စည်းနဲ့ငွေကြေးစာရင်းတွေကို လုပ်လိုက်ပေမဲ့

စာရေးမကနေတစ်ဆင့် သူဌေးကို

လက်မှတ်ထိုးခိုင်းပြီး ၀န်ဆောင်မှုအတွက်စီစဉ်ရတဲ့

ဌာနကို လွှဲရတယ်..ပွဲအကြီး၊အသေးပေါ်မူ‌တည်ပြီး

အမှားပါရင်ပြန်တင်ရတဲ့ကိစ္စကို 

ဗဟို၀န်ဆောင်မှုကလည်း သေချာမစီစစ်လိုက်ဘူး

ဆိုတော့..ဝိုင်းလေးရဲ့အမှားက..ဘယ်နေမှာ

ရှိတော့မှာလည်း..ဝိုင်းလေးဘယ်နေရာမှ

မမှားခဲ့ဘူး..

............

သူတို့ကသာ ဝိုင်းလေးကိုအကုန်အပြစ်ပုံချခဲ့ကြတာ

သူဌေးကမေးတော့ ဝိုင်းလေးရဲ့အပြစ်တွေလို့

သူတို့ပြောခဲ့မှာသေချာတယ်...

...........

ခုဏကစာရေးမပြောပုံအရဆိုရင်

သူဌေးက အမှန်ကိုသိလျှက်နဲ့မချစ်သဲကိုတော့

အပြစ်လွတ်အောင်လုပ်ပြီး ဝိုင်းလေးကိုအလုပ်ဖြုတ်ခဲ့တာပေါ့...

.............

မရဘူး..ဒီလိုတော့လုံး၀မရဘူး..

အဲ့ဒီ့အတွင်းရေးမှူးရော..သူဌေးနဲ့ပါဒဲ့ရှင်းရမယ်..

မေဝိုင်းလေးကို ဒါမျိုးလာလုပ်လို့မရဘူး...*


အိမ်သာတံခါးကို တွန်းဖွင့်လိုက်ပြီး အပြင်သို့

ထွက်လိုက်တော့ ရုံးဆင်းချိန်ရောက်နေပြီဖြစ်၍

ဌာနအသီးသီးမှ လူတွေဟာလည်း ပြန်ကုန်ကြလေပြီ။သူဌေး၏ရုံးခန်းရှိရာကို ရောက်သောအခါမှာတော့ ရုံးခန်းတံခါးကိုပိတ်ထားပြီး ရုံးခန်း၏

အပြင်ဘက်တွင် ထိုင်ရသောမချစ်သဲ၏

ခုံဟာလည်း အလွတ်ကြီးဖြစ်၍နေသည်။


"သွားပြီ...အလုပ်ဆင်းသွားကြပြီထင်တယ်..

ဒီနေ့က စနေနေ့ဆိုတော့အလုပ်စောပြီး

ဆင်းသွားကြတာပဲ..ဒါဆိုသူတို့ကို

နောက် တနင်္လာနေ့မှပဲတွေ့လို့ရနိုင်တော့မှာပေါ့.."


ကိုယ်မှန်နေတာတောင် ဖြေရှင်းဖို့ကံကြမ္မာက

ဘာကြောင့်အခွင့်အရေးမပေးရတာလဲ..။


နောက်နေ့မှာ ပြန်လာရအောင်ကလဲ

ကိုယ်ကအလုပ်ပြုတ်သွားတဲ့လူဆိုတော့

သက်သက်ပြန်ရန်လာရှာသလိုပဲ ဖြစ်နေမှာ..။

ဒီအတိုင်းကြီးထားလိုက်ပြန်ရင်လည်း

ကိုယ်က အမှားလုပ်ထားတယ်ဆိုတဲ့

အမဲစက်ကြီးက ဒီကုမ္ပဏီမှာကျန်နေခဲ့မှာပေါ့။နောက်ဆုံးမှာတော့ ဝိုင်းလေးတို့လို

အင်အားနည်းတဲ့လူတွေဟာ  မြေစာပင်ဖြစ်ရတော့တာပါပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ဟင်..မယုကအလုပ်မဆင်းသေးဘူးလား.."


ဝိုင်းလေးရဲ့ဌာနကိုရောက်တော့

အခြားသူတွေကအသီးသီးထပြန်သွားကြပေမဲ့

မယုမွန်ကတော့မပြန်သေးပဲထိုင်၍နေလေသည်။


"ဝိုင်းလေးကိုစောင့်နေတာလေ..

ဒီမှာဝိုင်းလေးရဲ့ပစ္စည်းတွေက ကျန်နေခဲ့တော့

အလုပ်ပြုတ်လို့ တစ်နေရာမှာများစိတ်ညစ်ညစ်နဲ့

ထိုင်နေမလားတွေးလိုက်မိတာ..

ဒါကြောင့်ဝိုင်းလေးမပြန်မချင်း

အစ်မကစောင့်နေတာ..

ကြည့်စမ်းပါအုံး..မျက်လုံးတွေကိုရဲနေတာပဲ

စိတ်ဓာတ်မကျပါနဲ့ငါ့ညီမရယ်..ဒီအလုပ်

အဆင်မပြေတော့လည်း နောက်အလုပ်ကျ

အဆင်ပြေမှာပေါ့...ဒါပေမဲ့အမြဲတမ်း၀န်ထမ်းဖြစ်မဲ့နေ့မှ အလုပ်ပြုတ်တယ်ဆိုတော့

နှမျောဖို့တော့ ကောင်းတာပေါ့.."


မယုမွန်၏စကားကိုကြားလိုက်ရတော့

ဝိုင်းလေးပို၍ ၀မ်းနည်းသွားမိသည်။

ကုမ္ပဏီကို ၀င်ခါစတုန်းကဆိုရင်

တစ်လနည်းပါးလောက်ကို အောက်ကျို့ခံပြီးအလုပ်လုပ်ခဲ့ရတယ်။

သူဌေးရဲ့နိုင်ငံခြားခရီးစဥ်ရှိတဲ့နေ့ဆိုရင်

ပိုတောင်ဆိုးသေးတယ် ။


ခေါင်းဆောင်ကသူ့ကလေးကို အလုပ်ထိခေါ်လာပြီး

တစ်နေကုန်နီးပါးထိန်းခိုင်းတာခံရတဲ့အပြင်

ဓာတ်လှေကားပျက်နေလို့ ရိုးရိုးလှေကားကနေ ခြေတိုအောင်အထိ ဆယ့်နှစ်လွှာကို

တက်ခဲ့ရကာ ခြေထောက်တွေပွန်းပြီး

အနာဖြစ်ခဲ့တာတွေ၊ အမှားလုပ်မိတဲ့အချိန်တွေမှာ ခေါင်းကျောတွေထောင်သည်အထိ၊

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျရတဲ့အထိ အပြောခံခဲ့ရတာတွေက အလကားဖြစ်ကုန်ခဲ့ပြီ။


*သူကတော့အလုပ်ဖြုတ်တယ်..ဆိုတဲ့

စကားလေးတစ်ခွန်းနဲ့ပြီးသွားတာပဲ.."


"ဝိုင်းလေ..ငိုနေပြန်ပြီလား..."


"ဟုတ်တယ်..အဲ့ဒီ့သူဌေးကိုဝိုင်းလေး

လုံး၀မကျေနပ်ဘူး..ဝိုင်းလေးကိုဘာကြောင့်

မတရားစွပ်စွဲခဲ့ရသလဲဆိုတာ..

မျက်နှာချင်းဆိုင်ပြီး..ဒဲ့ရှင်းရမှကိုကျေနပ်မယ်.."


"နင်ရှင်းချင်လည်းမရတော့ဘူးလေဟာ

သူဌေးကခုဏကပဲ ဒီဌာနမှာသူလိုချင်တဲ့

ဖိုင်လ်ယူပြီးထွက်သွားပြီလေ...

လာပါညီမရယ်.."


"ခုဏကဆိုတော့ အရမ်းမကြာသေးဘူး

မဟုတ်လား..သူအခုလောက်ဆိုကားပါကင်ကိုပဲ ရောက်သေးမှာပေါ့.."


"မသိဘူးလေ..အဲ့ဒါတော့.."


"အစ်မတစ်ယောက်တည်းပြန်လိုက်တော့နော်

ဝိုင်းလေး သူ့ကိုမှီအောင်လိုက်ရမှာမို့လို့.."


ကိုယ့်ထမင်းချိုင့်နှင့် အိတ်ကိုယူလိုက်ပြီး

ဓာတ်လှေကားမှတစ်ဆင့် ကားပါကင်ရှိရာဆီသို့ပြေးမိတော့သည်။ကုမ္ပဏီအပြင်သို့ထွက်လိုက်တယ်ဆိုရင်ပဲ ကားပါကင်မှမောင်းထွက်လာသော ကားအနက်ရောင်‌ကိုတွေ့လိုက်ရသည်။


*ဒါဟာ သူဌေးရဲ့ကားဆိုတာလုံး၀သေချာတယ်

..ကားပါကင်ဘက်ကနေ

ကုမ္ပဏီဘက်သို့ ဖြတ်မောင်းမလာခင်မှာပဲ

အမြန်ပြေးသွားလိုက်ပြီး ကားအရှေ့မှာ

ပိတ်ရပ်ပြစ်လိုက်တဲ့အခါ...


"ကျွီ!!!!!"


အဆုံးစွန်အထိ တွေးထားမိတာကြောင့်

မျက်လုံးတွေကို မှိတ်ထားမိလေသည်။

ဒူးတွေဟာ တုန်ယင်နေခဲ့ပြီး ကိုယ့်နှလုံးခုန်သံကိုပါ နားထဲတွင်အကျယ်ကြီးကြားနေရလေသည်။


ကားရပ်သွားသံကြား၍ မျက်လုံးကို

ဖွင့်မည်အလုပ် လက်မောင်းကနေဆွဲဆောင့်ပြီး

အတွန်းခံလိုက်ရတာကြောင့်

ကိုင်ထားသည့် ထမင်းချိုင့်ကိုလွှဲချပြစ်လိုက်ရာ

"ဒိန်!!ကနဲမည်သံကို ကြားလိုက်ရသည်။


မျက်လုံးကို ဖွင့်ကြည့်လိုက်မိတော့

မျက်ခုံးစက်နား ပေါက်သွား၍

သွေးစို့နေတာကို လက်ဖြင့်စမ်းကြည့်နေသည့်

လူတစ်ယောက်.."


"ဟင်..သ..သူဌေး..."


"မင်းဘာလုပ်တာလဲ..ကားအရှေ့မှာလဲ

ပိတ်ရပ်နေသေးတယ်..ငါ့ကိုလည်းထမင်းချိုင့်နဲ့

ရိုက်တယ်..."


"ဟို..ကျွန်မ...မတော်တဆပါ.."


"တောက်!!!ဟေ့လုံခြုံရေးတွေ..လာကြစမ်း.."


"ဟင်..မလုပ်..မလုပ်ပါနဲ့..."


ကုမ္ပဏီအပေါက်၀တွင် ရပ်နေကြသော

လုံခြုံရေး ဦးလေးကြီးနှစ်ယောက်ကို

အော်ခေါ်လိုက်တဲ့အချိန်မှာတော့

နှစ်ခါစဉ်းစားမနေတော့ပဲ ထိုနေရာမှ

သုတ်ခြေတင်ကာပြေးထွက်လာခဲ့မိတော့သည်။


လမ်းမှာတွေ့တဲ့ တက္ကစီကိုအတင်းတားပြီး

အိမ်ကို ပြန်ပြေးခဲ့ရသည့်ဝိုင်းလေးဟာ

ထိုနေ့က နစ်နာခဲ့ရသည့်အလုပ်သမားလေးဘ၀ကနေ တရားခံလုံးလုံးဖြစ်ခဲ့ရသည်။

ချိုင့်နဲ့ရိုက်လိုက်သည့်အားက ဘယ်လောက်ပြင်းသလဲဆိုတာ ကိုယ့်လက်စကိုယ်သိပ်သိတာပေါ့။

အားနွဲ့သည့် မိန်းကလေးသာဆို ပစ်လဲသွားနိုင်လောက်သည်။

သူလည်း တော်တော်နာသွားမှာပဲ..။


*ရန်တွေ့မလို့ တွေးထားခဲ့တဲ့မေဝိုင်းလေးအဖို့

အပြေးသာမမြန်ခဲ့လျှင် ရဲစခန်းကို

ရောက်နေလောက်ရောပေါ့..

ငါးမရလို့..ရေချိုးပြီးပြန်မလားမှတ်တယ်

မိချောင်းလိုက်ဆွဲလို့ မသေရုံတမယ်ပါပဲ.."


*

*

*

"ဟား..ဟား..အဲ့ဒါဆိုရင်နင့်အဖြစ်က

စစ်မရောက်ခင်မျှားကုန်ခဲ့ရတာမဟုတ်ပဲ

မျှားကိုထုတ်ချိန်တောင်မရခဲ့တာပေါ့.."


"အေးဟေ့..အဲ့သလိုကိုဖြစ်နေတာ.."


ဝိုင်းလေးရဲ့အဖြစ်ကိုကြားပြီး သူငယ်ချင်း

၀တ်ရည်ကတော့ ပွဲကျအောင်ကို

ရယ်နေလေတော့သည်။တကယ်လည်း

ဝိုင်းလေးရဲ့အဖြစ်က ရယ်စရာကောင်းနေတာပါပဲ။


ကိုယ့်ကိုမတရားသဖြင့်အလုပ်ဖြုတ်လို့

နင်လားဟဲ့ဆိုပြီး ရန်ပြေးတွေ့မလို့ကြံပြီးခါမှ

စတီးလ်ချိုင့်နဲ့ ဆော်လိုက်မိလို့ မနဲပြေးခဲ့ရတဲ့

အဖြစ်..။


"သူနဲ့နင်ကဒီလိုပြဿနာမျိုးဖြစ်ထားတော့..

နင်ဘာဆက်လုပ်မလဲ.."


"ငါ..မသိတော့ပါဘူးဟာ..

ငါ့မှာငြင်းပိုင်ခွင့်မရှိဘူးဆိုတာနင်လည်းသိသားပဲ..

ငါ့မှာမိသားစုဆိုလို့ သူတို့ပဲရှိတာ..

သူတို့စိတ်ဆင်းရဲအောင်လည်း

ငါမလုပ်ချင်သလို..အဲ့ဒီလူကိုလည်း

မယူချင်ဘူး..ငါစိတ်ညစ်တာပဲသိတယ်.."


"မနက်ဖြန်နင်သူနဲ့ သွားတွေ့မှာမဟုတ်လား.."


"အင်း..ဟုတ်တယ်..သူနဲ့သီးသန့်စကားပြောချင်လို့

မိဘတွေကိုပြောခိုင်းထားတာ.."


"အေးဟယ်..နင့်မှာကရည်းစားလည်းမရှိတော့..

ခက်တယ်..ဘာပဲဖြစ်ဖြစ်..

 သူ့ဘက်ကသဘောထားနဲ့

နင့်အပေါ်မှာ ရိုးသားရဲ့လားဆိုတာကို

သေချာလေး တီးခေါက်ကြည့်ခဲ့ပေါ့ဟာ..

ငါ့အထင်တော့..နင်နဲ့ဖြစ်ခဲ့တဲ့ကိစ္စတွေကို

သင်ပုန်းခြေနိုင်လို့သာ..

သူကနင့်ကိုလက်ခံတာနေမှာပါ.."


ဝတ်ရည်၏စကားကြောင့် ဝိုင်းလေးမသိမသာမဲ့ပြုံးပြုံးလိုက်မိလေသည်။

မနေ့ကစေ့စပ်ပွဲအပြီးမှာ အန်တီလေးသည်

အဲ့ဒီ့မင်းစက်အာဏာဟာ

 အဖွား၏ငယ်သူငယ်ချင်းဖြစ်သူရဲ့

မြေးဖြစ်ကြောင်းပြောပြခဲ့တယ်။

ငယ်ငယ်က..ကလောကို အလည်လာလေ့ရှိပြီး

သူ့အား"ကိုစက်"ဟု ဝိုင်းလေးတို့ခေါ်ခဲ့ကြရတယ်။


ကျွန်းတောထဲမှာ ဝိုင်းလေးတို့ညီအစ်မတွေနှင့်အတူ

ကိုစက်တို့ ညီအစ်ကိုနှစ်ယောက် အတူဆော့ကစား

ခဲ့စဉ်ကအကြောင်းတွေကို ပြန်တွေးကြည့်မိတိုင်း

သူ့ကို ပို၍မုန်းမိတယ်။

သူ့ရဲ့ ခနဲ့တဲ့တဲ့နှုတ်ခမ်းနီဆွေးဆွေးတွေ..

အရောင်လဲ့နေပြီး သူတစ်ပါးကို

အထင်အမြင်သေးစွာ ကြည့်တတ်တဲ့သူ့မျက်၀န်းတွေ..အားလုံးကို..သိပ်မုန်းတာပဲ..


ငယ်ငယ်က ကလောကိုအလည်လာတဲ့

ကိုစက်မှန်း သိလိုက်တည်းက

ဝိုင်းလေးကို အားမနာတမ်းဝေဖန်အပြစ်တင်ပြီး

အလုပ်ဖြုတ်ခဲ့တာဟာ အထူးအဆန်းမဟုတ်တော့ပါဘူး..


*သူ့ရဲ့ပင်ကိုယ်စရိုက်ကိုက..

နတ်ဆိုးရဲ့ဝိဉာဉ်၀င်ပူးထားသလို

ကြမ်းတမ်းရိုင်းစိုင်းနေပြီးသားပဲ..

အမြင့်မှာပဲအမြဲနေခဲ့ရတဲ့ မာန်တက်နေသော

မင်းသားတစ်ပါးက..အကြောင်းအရင်းမရှိပဲ

ဝိုင်းလေးကိုလက်ထက်ဖို့ဆိုတာ

လုံး၀မဖြစ်နိုင်ဘူး..*


🌻🌻🌻🌻🌻🌻🌻🌻


အချိန်အားဖြင့် တစ်နာရီထိုးနေလေပြီ။

အမေနှင့်အန်တီလေးကတော့ ဝိုင်းလေး၏

အ၀တ်ဗီဒိုကို မွှေနှောက်ကာ

တစ်ယောက်တစ်လှည့်စီ အငြင်းပွားနေကြတာများ

နားတွေကို မီးမြိုက်နေသလားမှတ်ရတယ်။


မင်းစက်အာဏာနှင့်နှစ်နာရီခွဲတွင်

အေးရိပ်ငြိမ်စားသောက်ဆိုင်၌

တွေ့ရဖို့ချိန်းထားသည့် ကိစ္စအတွက်

ဝိုင်းလေးကစိတ်မလှုပ်ရှားရပဲ

အမေနှင့်အန်တီ‌လေးက ပွက်လောရိုက်နေကြကာ သားမက်တစ်ယောက်ရဖို့အရေး

မြင်မကောင်း၊ရှုမကောင်းပါပဲ။


"ဒီဂါ၀န်အပွင့်လေးဆိုရင်ဝိုင်းလေးနဲ့ တော်တော်

လိုက်ဖက်မှာပဲနော်..ကြည့်စမ်းပါအုံး..

အဝါရောင်လေးဆိုတော့..အသားဖြူတာနဲ့

ကွက်တိပဲ..."


"ဟဲ့..အခုကသူတို့နှစ်ယောက်တည်းပထမဆုံး

တွေ့ကြတဲ့ဒိတ်လေ..ဒီတော့တစ်ဖက်ကလူရဲ့

ပထမဆုံးအမြင်မှာတည်းက ကျက်သရေရှိပြီး

ရည်မွန်တဲ့ပုံစံဖြစ်နေရမှာပေါ့..ငါကတော့

ဒီရင်ဖုံးလက်ရှည်ကိုပဲ သဘောကျတယ်..

ခောတ်တွေဘယ်လောက်ပြောင်းပြောင်း

ယောက်ျားတွေရဲ့အမြင်မှာတော့ 

သူတို့ရဲ့အိမ်ထောက်ဖက်ဟာ

သန့်စင်မွန်မြတ်နေရမယ်.."


"အစ်မရယ်..အစ်မရဲ့အတွေးတွေက

တော်တော်ကိုအိုဟိုင်းနေခဲ့ပါပြီ..

ခုခောတ်ကောင်လေးတွေကလေ..လန်းမှ၊သွက်မှ

ခောတ်ဆန်မှဆိုတာလေးကို သဘောကျကြတာ

အစ်မရဲ့..မင်းစက်က..စီးပွားရေးသမားဆိုတော့

ခောတ်အမြင်နဲ့ကြည့်မှာသေချာတယ်..

အိမ်ထောင်ကျပြီးလို့ ဟိုကဒင်နာတွေ၊ပါတီတွေ

တက်ရမဲ့အချိန်မှာ..သူနဲ့လိုက်ဖက်တဲ့

ဇနီးအလှလေးမှန်း သိသွားရအောင်လုပ်ရမှာပေါ့

နက်ခ်တိုင်နဲ့လည်ကတုံးကဘယ်မှာ

လိုက်ဖက်လို့လဲအစ်မရယ်....."


အန်တီလေးက ကိုရီးယားကားတွေကိုကြည့်ထား၍

မနိုင်နိုင်အောင် ချေပသလို အကြောမခံနိုင်သူ

ဒေါ်တင်မမကလည်း..


"အမယ်လေး...ဘာပါတီ..ဘာဒင်နာလည်း..

ငါ့သမီးကပါတီတွေ၊ဒင်နာတွေအတူတက်ပေးဖို့

ယောက်ျားယူတာမဟုတ်ဘူးဟဲ့..

သမီးကညှာအခါမလင့်စေနဲ့ဆိုသလို..

သီးချိန်တန်တဲ့အချိန်ရောက်တဲ့အခါ..

မတော်သူတွေနဲ့ တွေ့မှာစိုးလို့..ငါ့သမီးလေးကို

အစစအရာရာပြည့်စုံတဲ့ ကိုစက်နဲ့‌

အိမ်ထောင်ချပေးချင်တာ..

ပွဲတက်မယားသွားလုပ်ခိုင်းမလို့မဟုတ်ဘူးဟဲ့

...အမယ်လေးမောတာ..

နင်အဲ့လို တလွဲတွေတွေးနေလို့လည်း

ယောက်ျားမရတာသိရဲ့လား..."


"အမယ်..သူကတော်တော်အဖြစ်ရှိတယ်ဆိုတော့

...အစ်မလည်းဆပ်ပြာ‌‌ကောင်းလို့

ခေါင်း‌ပေါင်းဖြူတာပါနော်

မိဘကောင်းလို့ယောက်ျားရတာကိုများ

..မသိရင်..သူကပဲစွံသလိုလိုနဲ့..

ရွှေရည်၀င်းတို့ကလေ

ယောက်ျားများ..ဟဲ့သလို..မလိုချင်လို့ခါချခဲ့တာ

တစ်ကောင်ပြီးတစ်ကောင်ပဲ.."


"ဘာလည်း..ပုရွက်ဆိတ်တွေလား.."


"အောင်မာ..အစ်မနော်..

ငါကတက္ကသိုလ်တုန်းက..ကွင်းဟဲ့..."


"ဘာကွင်းလဲ..လယ်ကွင်းလား..ဘောလုံးကွင်းလား..

အဲ့‌လိုကွင်းရူးခဲ့လို..ဟိုလူကကန်လိုက်..

ဒီလူကကန်လိုက်နဲ့...နောက်ဆုံးတော့မြောင်းထဲကို

ပြုတ်ကျပြီး..အပျိုကြီးဖြစ်သွားတာပဲ

မဟုတ်ဘူးလား..."


အမေကလည်းအန်တီလေး၏ ဟာကွက်ကိုမှ

နင်းပြီးဆော်နေလေတော့ အန်တီလေးမှာ

တရှူးရှူးနဲ့ ဒေါသတွေ‌ထွက်နေတော့သည်။

ဝိုင်းလေးကတော့ ရယ်ရတာအူတွေကိုနာနေရော..


"ဟဲ့..နင်ကဘာရယ်တာလဲ...ကိုယ့်အဒေါ်

တစ်ယောက်လုံး အပြောခံရတာကိုနင်က

ရယ်နိုင်သေးတယ်ပေါ့..ငါဒီလိုအပျိုကြီးဖြစ်ရတာ

နင်တို့ ညီအစ်မနှစ်ယောက်ကြောင့်သိရဲ့လား..

နင့်အမေလင်ယူတုန်းက

ငါ့အသက်ကနှစ်ဆယ်ပဲရှိသေးတာ..

နင်တို့ညီအစ်မတွေကို တစ်ယောက်ပြီးတစ်ယောက်

ထိန်းရလွန်းလို့..ဟော့ဒီ့မယ်..

ခေါင်းမွှေးပါပြောင်တယ်သိရဲ့လား...

ဘာ!!အခုမှငါ့ကိုဝိုင်းရယ်ပြီးအရှက်ခွဲကြတာလဲ..

ငါ့မှာအပျိုကြီးလုပ်တာတောင်

အေးဆေးမလုပ်ရဘူး..ဘယ်နေရာသွားသွား

ကလေးအမေလားပဲ ဝိုင်းမေးခံရတယ်

နင်တို့အမေထက်..

ငါကနင့်တို့ကိုပိုထိန်းခဲ့ရတာသိရဲ့လား..."


"ဟယ်...အ‌မေရေလုပ်အုံး..

ဒေါ်လေးစိတ်ဆိုးသွားပြီ"


ဒေါ်လေးက စိတ်ဆိုးမာန်ဆိုးနှင့်အခန်းထဲမှ

ထွက်သွားတော့ အမေသည်လည်းရယ်ရခက်၊

ငိုရခက်ဖြစ်နေရလေသည်။

အဖေဟာအသက်လေးဆယ့်ခုနှနှစ်လောက်တည်းက ရှမ်းပြည်နယ်သို့သွားရင်းနှင့် ယာဉ်တိုက်မှု

ဖြစ်ခဲ့ပြီး အောက်ပိုင်းသေသွားခဲ့တဲ့အပြင်

အာရုံကြောထိခိုက်သွားတာကြောင့် စကားပြောရင်

မပီသတော့ပေ။


နောက်ပိုင်းမှာ အမေတစ်ယောက်တည်းကသာ

မိသားစုစား၀တ်နေရေးအတွက် ဈေးထဲက

အထည်ဆိုင်လေးနှင့် ရုံးကန်ခဲ့ရတာဖြစ်ပြီး 

ဝိုင်းလေးတို့ညီအစ်မတွေကိုတော့ ဒေါ်လေးကပဲ

အုပ်ထိန်းပေးခဲ့သည်။


သမီးတွေကို အတတ်နိုင်ဆုံး

ကြိုးစားပြီး လိုအပ်သမျှဖြည့်စည်းပေးတတ်တဲ့

အမေရယ်၊သူ့ဘ၀ရဲ့လွတ်လပ်မှု‌တွေ၊အခွင့်အ‌ရေး‌ တွေအားလုံးကို ဒီမိသားစုအတွက် ပေးဆပ်ထားတဲ့

ဒေါ်လေးနှင့် ဒီမိသားစု၏ဂုဏ်သိက္ခာနဲ့

လုံခြုံမှုကို ထိမ်းသိမ်းပေးထားတဲ့အဖွားရယ်

အားလုံးဟာ ဝိုင်းလေးအတွက်တန်ဖိုးဖြတ်မရတဲ့

ကျေးဇူးရှင်တွေပါပဲ။


ဒါကြောင့်လည်း ဟိုလူကြီးကိုသိပ်မုန်းပေမဲ့

အားလုံးရဲ့မျက်နှာကအပြုံးတွေမပျက်ရအောင်

 လက်ထက်ဖို့ဆုံးဖြတ်ခဲ့တာပေါ့။


"ကဲ..သမီးရေ..သမီးရဲ့အဒေါ်ကတော့

စိတ်ကောက်သွားပြီ..သမီးလေးရဲ့သဘောကရော..

ဘာလေး၀တ်သွားချင်လဲ.."


"သမီးလည်းဂါ၀န်ပဲ၀တ်သွားမလားလို့...

စိတ်ချပါအမေရယ်..အမေ့စိတ်သဘောကျ..

လက်ရှည်လည်စည်းလေးနဲ့ခြေမျက်စိအထိ

ဖုံးတဲ့ဂါ၀န်ကို ၀တ်ပါ့မယ်နော်..

ဒေါ်လေးစိတ်ပြေအောင်..လိုက်လျော‌ပါရစေ

အမေရယ်.."


"ကဲပါ..ငါ့သမီးကအခုမှအသက်နှစ်‌ဆယ်ကျော်ပဲ

ရှိသေးတော့..လူကြီးဆန်တာကြီးကို

ဘယ်ကြိုက်ပါ့မလဲ..အဒေါ်နဲ့နေပါများတော့

ဓာတ်တွေကူးကုန်ပြီထင်ပါရဲ့..သမီးကြိုက်တာပဲ

၀တ်ပါတော့..အမေတက္ကစီသမားကို

ခေါ်ထားလိုက်မယ်နော်.."


"ဟုတ်ကဲ့..သမီးကနာရီ၀က်ပဲကြာမှာပါ..."


အခန်းထဲမှ အမေထွက်သွားသည်နှင့်

ကုတင်ပေါ်တွင် ထိုင်ချလိုက်ပြီး

သက်ပြင်းချလိုက်မိသည်။

ကိုယ့်ကိုကိုယ် မပိုင်တော့သလိုပဲ။

ဘယ်တုန်းကမှလည်း ဝိုင်းလေးရဲ့ဘ၀ကို

ကိုယ်တိုင်ပိုင်ဆိုင်တယ်လို့ မခံစားခဲ့ရဖူးပေ။

ဆယ်တန်းအောင်တော့လည်း အနုပညာကျောင်းကို

တက်ချင်ခဲ့ပေမဲ့ အဖွားရဲ့ဖိအား‌ပေးမှု‌ကြောင့်စီးပွားရေးဘက်ကို ရွေးချယ်ခဲ့ရတယ်။


ဟင်းချက်ဝါသနာပါလို့ သင်တန်းလေးတက်ပြီး

ဆိုင်ဖွင့်မယ်လုပ်တော့လည်း အစ်မဖြစ်သူ

ခင်ထိပ်ထားဦး၏ ဂျပန်မှာကျောင်းတက်မည့်

ကိစ္စကြောင့် အားလုံးပျက်စီးခဲ့ရတယ်။

မေဝိုင်းလေးကိုယ်တိုင်အတွက်ဆိုတာ

တစ်ခါမှမရှိခဲ့ဖူးသည့်ဘ၀ကနေ အခုလည်း

အခြားသူတွေကို စိတ်ချမ်းသာစေဖို့

ယောက်ျားတစ်ယောက်၏လက်ထဲကို

ကိုယ့်ဘ၀ကြီးတစ်ခုလုံး နှင်းအပ်ရန်ဖြစ်လာခဲ့လေပြီ။


"အရာအားလုံးဟာ..တကယ်ပဲကောင်းဖို့

ဖြစ်လာတာလား..."


အတွေးတွေအားလုံးကို ဖြတ်တောက်ပြစ်လိုက်ပြီး

မှန်တင်ခုံရှေ့သို့သွားကာ ပုံမှန်ပြင်နေကြအတိုင်းပဲ

ပြင်ဆင်လိုက်သည်။

ဝိုင်းလေး၏ မျက်စံများသည် အညိုရင့်ရောင်လေးဖြစ်ပြီး မျက်စံအနက်လေးကိုထင်းလင်းစွာ

မြင်ရသည်အထိ အရောင်တောက်လေသည်။


ကော့ညွှတ်ထူထဲသော မျက်တောင်လေးများ

၀န်းရံလိုက်သည့်အခါ မျက်၀န်းဝိုင်းဝိုင်းလေး

ဖြစ်သွားကာ

အပြုံးမျက်၀န်းပုံသဏ္ဍန်လေးဖြစ်နေလေသည်။

မျက်နှာလေးကဝိုင်းနေပေမဲ့

နှာတံသေးသေးချွန်ချွန်လေးနှင့် အနားသပ်များ

သေသပ်တိကျနေသော နှုတ်ခမ်းစုစုထွေးထွေး

လေးများကြောင့် ဘိုလ်ဆန်သောမျက်နှာကျမျိုး

ဖြစ်လေသည်။


အဖေက ဆံပင်အရှည်လေးတွေကိုအလွန်တန်ဖိုးထားတာကြောင့် ဝိုင်းလေးတို့ညီအစ်မတွေဟာ

အမြဲတမ်းဆံပင်အရှည်နှင့်သာ နေခဲ့ရသည်။

မမထိပ်ထားကတော့ ဂျပန်ကိုသွားခါနီးမှ

ဂုတ်ထောက်လေးညှပ်သွားခဲ့သည်။

အဖေသိလျှင် စိတ်မကောင်းဖြစ်မှာကိုသိ၍

မမဟာ ဂျပန်ကိုသွားသည့်နေ့မှသာ အဖေ့ကို

နှုတ်ဆက်သွားခဲ့လေသည်။ဝိုင်းလေးကတော့

အဖေနှစ်သက်သော ဆံပင်ရှည်လေးတွေကို

အမြဲတန်ဖိုးထားတယ်။

ဘယ်လိုအကြောင်းမျိုးနှင့်မှ ဒီဆံပင်တွေကို

ဖြတ်ပြစ်မည်မဟုတ်ပေ။


တင်ပါးအုပ်နေသော ဆံပင်တွေကိုမြှောက်၍

စည်းလိုက်ပြီး ဖဲပြားကလစ်လေးထိုးလိုက်သည်။

အ၀တ်အစားကိုတော့ ဝိုင်းလေးစိတ်ကြိုက်

အဖြူရောင်ကိုသာ ရွေး၀တ်လိုက်သည်။

ဝိုင်းလေးသည် အနက်ရောင်ကိုမုန်းသလောက်

ဆန့်ကျင်ဘက်ဖြစ်သည့် အဖြူရောင်ကိုတော့

အရမ်းသဘောကျသည်။

အဖြူရောင်ဟာ ဝိုင်းလေး၏စိတ်နေသဘောထားနှင့်လည်း ကိုက်ညီသည်ဟုထင်မိတယ်။


အားလုံးပြင်ဆင်ပြီး၍ အောက်ထပ်သို့ဆင်းလာသောအခါ ဂါ၀န်၀တ်စေချင်သော

အန်တီလေးလည်း ဝိုင်းလေးကိုကြည့်ပြီး 

စိတ်ကျေနပ်သွားသလို လုံလုံခြုံခြုံ၀တ်ဆင်ထား၍

အမေကလည်း သဘောကျသွားလေသည်။

အ‌ဖွားကတော့ ဝိုင်းလေးကိုပြုံး၍သာ

ကြည့်နေခဲ့သည်။


"ဟိုရောက်ရင် ကောင်လေးကို

သေချာလေ့လာခဲ့နော်..‌မိဘကစီစဉ်ပေးရတယ်ဆိုပေမဲ့ အိမ်ထောင်ပြုတယ်ဆိုတာဟာ

ပေါ့သေးသေးကိစ္စမဟုတ်ဘူး..နှစ်ဦးနှစ်ဖက်

သေချာနားလည်အောင် ညှိနှိုင်းခဲ့ကြားလား.."


"ဟုတ်ကဲ့ပါအဖွားရဲ့...သမီးအဖေ့ကိုသွားပြီး

ကန်တော့လိုက်အုံးမယ်နော်.."


အပြင်သွားတိုင်း မြတ်စွာဘုရားနှင့်တကွ

မိသားစုအားလုံးကို ကန်တော့နေကြဖြစ်၍

အဖေနှင့်အမေ၏ အိပ်ခန်းထဲသို့၀င်ကာ

အဖေ့ကို ကန်တော့လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ဘာမှနားမလည်သလိုငေး၍

ကြည့်နေသော အဖေ့ရဲ့လက်ကလေးကို

ဆုပ်ကိုင်လိုက်သည်။


"အဖေ..အခုဖြစ်နေတာတွေ..လုပ်နေတာတွေ

အကုန်လုံးက သမီးရဲ့စိတ်ဆန္ဒကြောင့်မဟုတ်ပေမဲ့

ဒီမိသားစုတွေ ပျော်ရွှင်မယ်ဆိုရင်..

သမီးအရာအားလုံးကို လုပ်ပေးဖို့ဆန္ဒရှိပါတယ်..

သမီးရဲ့မင်္ဂလာပွဲမှာ အဖေ့ကိုမိန့်မိန့်ကြီးထိုင်ပြီး

ပြုံးနေတာလေးကို မြင်ချင်လိုက်တာအဖေရယ်.."


ဝိုင်လေးပြောနေတာတွေကို

မျက်လုံးအကြောင်သားလေးနဲ့ ငေးပြီး

ကြည့်နေသည့်အဖေ့ကို သိပ်သနားမိတာပဲ။

အဖေ့လက်ဖမိုးပေါ်၌ ပါးလေးကိုအပ်ကာ

ခဏတဖြုတ်ငိုခဲ့ပြီးနောက် တက္ကစီနှင့်

ချိန်ထားသော နေရာသို့ထွက်လာခဲ့လိုက်သည်။


အေးရိပ်ငြိမ်..စားသောက်ဆိုင်သည်

ခြံအကျယ်ကြီးတစ်ခုထဲတွင်တည်ရှိနေပြီး

သစ်ပင်၊ပန်းပင်တို့နှင့် သေချာလေးအလှဆင်ထား၍ ဥယျာဉ်တစ်ခုထဲသို့

ရောက်သွားသလိုပါပဲ။

ဆိုင်ထဲသို့ မ၀င်တော့ပဲခြံထဲရှိ အမိုးတစ်ခုအောက်တွင် ၀င်၍ထိုင်လိုက်ပြီး ဦးမင်းစက်ကိုဖုန်းခေါ်

ကြည့်လိုက်မိသည်။


သူကဖုန်းမကိုင်သောကြောင့်

သူ့အိမ်ကို ဖုန်းဆက်လိုက်တော့ ကုမ္ပဏီကနေ

တန်း၍လာမည်ဖြစ်ကြောင်း အကြောင်းပြန်လာခဲ့သည်။အမှန်ဆိုစောစောချိန်းလို့ရပေမဲ့

သူ့ရဲ့အလုပ်အချိန်ဇယားတွေကြောင့် နေ့ခင်း

နှစ်နာရီလောက်မှ တွေ့ဖို့ဖြစ်လာခဲ့ရသည်။


အအေးနှင့်ကိတ်မုန့်တစ်ခုလောက်သာ

မှာစားပြီးနောက် ဖုန်းသုံးလိုက်၊ဟိုဒီတွေးလိုက်နှင့်

နာရီ၀က်နီးပါးလောက်ကြာသောအခါ ခုံပေါ်တွင်မေးထောက်လျှက် ငိုက်မြည်းလာလေတော့သည်။


*သူမ၏ဘေးနား၌ လူတစ်ယောက်လာရပ်သော

အချိန်တွင်တော့ ခုံပေါ်တွင် ခေါင်းတင်၍

အိပ်မောကျနှင့်နေလေပြီ..*


အခန်း(၃)ဆက်ရန်...


☕☕☕☕☕☕☕☕


တွေ့တဲ့နေရာမှာ အိပ်တော့တာပဲအစ်မရယ်🤭


=========================================================================


🦁အခန္း၂🦁

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"ဒါဆိုရင္...နင္ယူရမဲ့လူကနင့္ကိုျပစ္ျပစ္ႏွစ္ႏွစ္

ေျပာၿပီးအလုပ္ထုတ္လိုက္တဲ့လူေပါ့..."


"အေသအခ်ာပဲ..ငါ့ကံၾကမၼာကလည္းေနာ္

ငါမုန္းတဲ့လူနဲ႔မွ ညားဖို႔ကံပါလာရတယ္လို႔

စိတ္ေတြညစ္လိုက္တာ...

ငါေလွကားေပၚကဆင္းဆင္းၿပီးခ်င္းမွာေလ

သူ႔မ်က္ႏွာႀကီးကို ေတြ့လိုက္ရေတာ့

အမယ္ေလး..ငါ့ေခါင္းတၫ့္တၫ့္ကို

မိုးႀကိဳးျပစ္ခ်လိုက္သလား မွတ္ရတယ္...

အေမတို႔ကလည္းေနာ္..ေယာက္်ားရွာေပးတာ

ဘာလို႔အဲ့ေလာက္..ေတာ္ေနၾကလဲမသိပါဘူး.."


ေမဝိုင္းေလးတစ္ေယာက္ ထံုးစံအတိုင္း

စိတ္ညစ္စရာေတြကို အတြင္းသိအဆင္းသိ

ျဖစ္ေသာ သူငယ္ခ်င္း၀တ္ရည္ဆီတြင္ လာ၍

ဖြင့္ခ်ေလေတာ့သည္။ႏွစ္ေယာက္သားဟာ

ငယ္ငယ္တည္းကေပါင္းသင္းခဲ့ၾကသူခ်င္းျဖစ္၍

ငယ္သံေယာဇဉ္အရ တစ္ေယာက္အေၾကာင္းကို

တစ္ေယာက္ နားလည္လြန္းသူမ်ားျဖစ္ေလသည္။


"ဒါဆိုရင္သူကလည္းနင့္ကိုမွတ္မိမွာေပါ့......"


"အဲ့ဒါေတာ့..ငါလည္းမသိဘူးေလ..

သူ႔မိသားစုက ငါ့ပံုကိုမျပထားလို႔လည္း

ျဖစ္ႏိုင္တာပဲ...

"ငါ့လိုလူကိုအမုန္းဆံုးပဲ..ဆိုၿပီး"

သူငါ့ကိုအလုပ္ထုတ္တဲ့ေန့ကေျပာလိုက္တာကို 

ငါအခုထိမွတ္မိတယ္...သူလက္ထက္ရမဲ့လူက

ငါမွန္းမသိလို႔ေနမွာေပါ့..."


"ဟဲ့..ဒါဆိုရင္..မေန့ကေစ့စပ္ပဲြမွာ

သူ႔မ်က္ႏွာက ဘယ္လိုျဖစ္ေနလဲ..သူ႔ပံုစံက

သေဘာမက်တဲ့ ပံုစံမ်ိဳးလား..."


သစ္သားေဘာင္ခတ္ထားေသာ ျပဴတင္းေပါက္နားတြင္ ထိုင္ေနသၫ့္ေမဝိုင္းေလး၏အနားသို႔

သိခ်င္လ်ွက္လက္တို႔ဆိုသလို ၀တ္ရည္ကလည္း

မ်က္လံုးေလးေတြဝိုင္းကာျဖင့္ ထိုင္ခ်ၿပီး

ေမးခြန္းထုတ္ေလေတာ့သည္။


"သေဘာက်လား..မက်လားေတာ့ငါလည္း

ေသခ်ာမၾကၫ့္လိုက္မိဘူး...

ငါလည္းအေတြးမ်ားေနခဲ့တာ.."


"ဟယ္...နင့္ဟာကလည္း..ကိုယ္ယူရမဲ့

ေယာက္်ားကိုေတာင္ ေသခ်ာမၾကၫ့္ခဲ့ဘူးဆိုေတာ့

ညံ့လိုက္တာဟယ္..မနက္ျဖန္..သန္ဘက္ခါပဲ

ယူရေတာ့မယ္.."


"နင္ကလည္းဟာ...ငါလည္းျပဴးၿပဲျပီးေတာ့

ဘယ္လိုလုပ္ၾကၫ့္ရဲမွာလည္း..

သူတို႔ျပန္ခါနီးေတာ့ အၾကၫ့္ခ်င္းတစ္ခ်က္

ဆံုသြားေသးပါတယ္...ဒါေပမဲ့...သူလည္း

ငါ့ကိုသေဘာမက်ဘူးထင္တယ္..

မသိရင္..သူ႔ကိုငါက

အႂကြေးနဲ႔သိမ္းထားသလိုမ်က္ႏွာမ်ိဳးႀကီး..."


"ဟား...ဟား..နင္ကလွလြန္းလို႔သူက

အံ့ဩသြားတာေရာ မျဖစ္ႏိုင္ဘူးလား..."


"မျဖစ္ႏိုင္ပါဘူးဟယ္..

သူ႔ရုပ္ကအဲ့လိုရုပ္မဟုတ္ဘူး..ရုပ္ကလည္းေလ

မႃပံုးတတ္တာလား..ႃပံုးရင္မလွလို႔ပဲလားမသိဘူး

ခပ္တည္တည္ႀကီးနဲ႔ဟယ္..ငါထင္ပါတယ္

သူ႔အႃပံုးက..ေဗလု၀ေလာက္ေတာင္

က်က္သေရမရိွလို႔ မႃပံုးတာပဲေနမယ္.."


"ဟ..ဟ..‌ ေပါက္ေပါက္ရွာရွာဝိုင္းေလးရယ္..

ငါတစ္ခုေတာ့ေတြးမိတယ္ဟ..ငါတို႔ဆိုရင္ဟာ

အလုပ္မွာရာထူးတိုးဖို႔

အၿပိဳင္အဆိုင္ႀကိဳးစားရတာပဲ..

ကိုယ္နဲ႔ဘယ္ေလာက္ပဲခင္ခင္..

အရည္အခ်င္းတန္းၫွိလာရင္ေတာ့ 

ၿပိဳင္ဘက္ပဲ...ဒါေပမဲ့

အလုပ္ထဲမွာပဲယွဉ္ၿပိဳင္တာေနာ္...အျပင္ကို

ေရာက္သြားတာနဲ႔ အကုန္လံုးကညီအစ္ကို

ေမာင္ႏွမေတြလိုပဲ..

ငါေျပာခ်င္တာကဒီလို..အဲ့ဒီ့ကိုမင္းစက္က

နင့္ရဲ့အလုပ္ရွင္ျဖစ္ခဲ့ဖူးတယ္..

နင္အမွားလုပ္မိလိုက္တဲ့အတြက္..

နင့္ကိုအျပစ္တင္ခဲ့ၿပီးေတာ့

အလုပ္ထုတ္လိုက္တယ္..တကယ္ေတာ့ဒါက

လုပ္ငန္းခြင္မွာပဲေလ..နင္မွမဟုတ္ဘူး..

အျပစ္ရိွတဲ့ဘယ္အလုပ္သမားကိုမဆို

သူဒီလိုလုပ္ႏိုင္တာပဲေလ..သူကလုပ္ငန္းႀကီးေတြကို

ကိုင္တြယ္ေနရတဲ့ လူတစ္ေယာက္ဆိုေတာ့

အၿပိဳင္အဆိုင္ေတြ၊ရန္သူေတြအရမ္းမ်ားမွာ

ေသခ်ာတယ္..

နင့္လိုမ်ိဳးအလုပ္သမားအမ်ားႀကီးထဲက

..အလုပ္သမားတစ္ေယာက္ကို

အေၾကာင္းမရိွပဲအလုပ္ခြင္ျပင္ပအထိ

မုန္းေနစရာမွမလိုတာဟယ္..

နင့္စိတ္ကထင္ေနတာပဲေနမွာပါ...."


"နင္မသိဘူးေနာ္..သူနဲ႔ငါဘယ္လိုျပႆနာ

တတ္ထားသလဲဆိုတာ..

ငါနင့္ကိုမေျပာျပရေသးတာရိွေသးတယ္ဟ.."


"ဟမ္...နင္တို႔ႏွစ္ေယာက္ၾကားမွာ

တစ္ျခားဘာျပႆနာေတြ ထပ္ရိွေသးလို႔လဲ..."


၀တ္ရည္တို႔၏အိမ္ျပဴတင္းေပါက္မွေန၍

ၿခံထဲရိွ ေလတိုက္ေသာအခါလႈပ္သြားေသာ

ခေရပင္ႀကီးကို ၾကၫ့္လိုက္ရင္း

သက္ျပင္းခ်လိုက္မိေလသည္။

အလုပ္ဘာေၾကာင့္ ျပဳတ္ရသလဲဆိုတာကိုသာ

၀တ္ရည္ကိုေျပာျပထားၿပီး သူနဲ႔အႀကီးအက်ယ္

ျပႆနာျဖစ္ထားတဲ့ ကိစၥကိုေတာ့ 

မေျပာျပျဖစ္ခဲ့ေပ။


"ဟဲ့...ဘာလို႔ၿငိမ္ေနတာလည္း..အစပ်ိဳးၿပီးရင္ေတာ့

ေျပာျပမွရမွာေနာ္...အဲ့ဒါမွငါလည္းကူၿပီး

စဉ္းစားေပးလို႔ရမွာေပါ့..."


ေမဝိုင္းေလးသည္ သူ၏လက္ေခ်ာင္းေလးမ်ားကို

တစ္ခုႏွင့္တစ္ခုပြတ္တိုက္ကာ ေကာ့ၫႊတ္ေနေသာ

မ်က္ေတာင္ေလးမ်ားကို ေမွးစဉ္းလိုက္လ်ွက္

ေလကို ရႉထုတ္လိုက္ေလသည္။

အညိုေရာင္မ်က္၀န္းေလးကို လႈပ္ခက္လိုက္ကာ

ဘ၀မွာ ပထမဆံုးျပဳလုပ္ခဲ့သၫ့္

အမွားတစ္ခုကို ျပန္၍ျမင္ေယာင္ေနမိသည္။


"အဲ့ဒီ့ေန့မွာ...သူကငါ့ကိုနင္းကန္ၿပီးအျပစ္တင္တဲ့အျပင္ အလုပ္ပါထုတ္ပစ္လိုက္ေတာ့

ငါလည္းသူ႔ရံုးခန္းထဲကေန ေျပးထြက္လိုက္ၿပီး

သန႔္စင္ခန္းထဲမွာ တစ္ေန့ခင္းလံုး

ထိုင္ငိုမိေတာ့တာပဲ...နင္လည္းသိမွာပါ

ဒီအလုပ္က ရန္ကုန္ကိုေျပာင္းလာၿပီး..

ငါပထဆံုးရတဲ့အလုပ္ပဲ..အလုပ္သင္ဆင္းရတဲ့

သံုးလအတြင္းမွာ..ငါအရမ္းစိတ္မြမ္းၾကပ္ခဲ့ရတာ

အဲ့ဒီ့ကုမၸဏီက လစာလည္းမ်ားသလို

အၿပိဳင္အဆိုင္ေတြကလည္း အရမ္းမ်ားတယ္..

အလုပ္သင္ဘ၀မွာကပိုေတာင္ဆိုးေသးတယ္..

အခ်ိန္မေရြး ျဖဳတ္ခ်လို႔ရတဲ့၀န္းထမ္းဆိုတဲ့

အၾကၫ့္ေတြနဲ႔..ကိုယ့္အထက္ကလူေတြရဲ့

အမ်ိဳးမ်ိူးႏိွမ္တာကို ခံခဲ့ရၿပီးေတာ့မွ

တရား၀င္၀န္ထမ္းျဖစ္ခြင့္ရတာေလဟာ...

တရား၀င္၀န္ထမ္းျဖစ္မဲ့ေန့မွာပဲ

အလုပ္ျဖဳတ္ခံရတယ္ဆိုေတာ့ နင္စဉ္းစားၾကၫ့္...

ငါဘယ္ေလာက္ခံစားရမလဲဆိုတာ..

သူကသူေဌးဆိုေတာ့

အလုပ္သမားတစ္ေယာက္ရဲ့ ခံစားခ်က္ကို

ဘယ္နားလည္ပါ့မလဲ..

သူ႔မွာ၀န္းထမ္းေတြအမ်ားႀကီးရိွတယ္ဆိုၿပီး...

တစ္ေယာက္ေလ်ာ့သြားလည္း...ေနာက္တစ္ေယာက္

ခန႔္လိုက္ယံုပဲလို႔ ေတြးမွာေပါ့..

အမွားတစ္ခုလုပ္မိယံုနဲ႔...ျပင္ဆင္ခြင့္ေတာင္

မေပးတတ္တာသူ႔ဝါသနာထင္ပါတယ္

..ကိုယ္ခ်င္းစာတရားတစ္စက္မွ မရိွတဲ့လူႀကီး

..အမွန္တရားကိုသိတာေတာင္..

ျပန္ၿပီးျပင္ဆင္ခြင့္မေပးခဲ့ဘူး..

သူ႔အတြင္းေရးမွဴးကိုေရာ..သူ႔ကိုေရာ

ငါသိပ္ရြံတာပဲ..."


"သူ႔အတြင္းေရးမွဴးနဲ႔က ဘာဆိုင္လို႔လဲဟ..."


ထိုေန့က မတရားခံခဲ့ရေသာအျဖစ္အပ်က္ကို

ေတြးလိုက္မိတိုင္း စိတ္နာမိတာေၾကာင့္

အညိုေရာင္မ်က္၀န္းေလးမ်ားသည္

မ်က္ရည္ေလးမ်ားယစ္ဝိုင္းလာေလသည္။

ခံုေပၚတြင္ ေျခေထာက္ေလးကိုတင္ကာ

ႄကံု႔ႄကံု႔ေလးထိုင္လိုက္ၿပီးေနာက္ သူေဌး၏

ရံုးခန္းထဲမွ ေျပးထြက္ကာသန႔္စင္ခန္းထဲတြင္

၀င္၍ ငိုေနမိေသာအျဖစ္ကို ျပန္၍

ေတြးမိရျပန္သည္။


ထိုေန့က အဖံုးပိတ္ထားေသာ အိမ္သာေပၚတြင္

ထိုင္၍ တရႈံ႔ရႈံ႔ငိုေနမိသည္မွာ ညေနလည္းေစာင္းသြားသလို ႏွပ္သုတ္လြန္းလို႔

အိမ္သာသံုးတစ္ရႉးေတြလည္း ကုန္တာပါပဲ။

ဝိုင္းေလးတို႔မိသားစုက အရမ္းအဆင္းရဲႀကီး

မဟုတ္ေပမဲ့ ေဈးထဲမွအ‌ေမ့အထည္ဆိုင္ေလး

တစ္ခုပဲ ၀င္ေငြရိွတာေၾကာင့္

တစ္ဖက္တစ္လမ္းကေန မိသားစုကို

ကူညီေပးခ်င္ခဲ့သည္။


ထို႔ေၾကာင့္ နာမည္ႀကီးကုမၸဏီတစ္ခုမွာ

၀င္ေလ်ွာက္မိၿပီး အလုပ္သင္ကာလသံုးလကို

ခက္ခက္ခဲခဲ ‌သည္းခံကာေက်ာ္ျဖတ္ခဲ့သည္။

ဂ်ပန္ကို ေရာက္သြားတဲ့အစ္မကလည္း

ေက်ာင္းသာၿပီးသြားတယ္ အိမ္ကိုတစ္ခါမွ

ေငျြပန္မပို႔ေတာ့ တရား၀င္၀န္ထမ္းျဖစ္မဲ့

အခ်ိန္ေလးကိုေမ်ွာ္လင့္တႀကီး 

ေစာင့္ေနပါတယ္ဆိုမွ

ဖြတ္မရ၊ဓားမဆံုးတဲ့အျဖစ္ကိုေရာက္ခဲ့ရသည္...


"မခ်စ္သဲေရ..ဟိုစီမံခန္႔ခဲြေရးဌာနက

ေကာင္မေလးေတာ့ ေခၚအဆူခံလိုက္ရၿပီေနာ္

..သူေဌးကအစ္မကိုေရာ..ဘာေျပာေသးလဲ..."


အျပင္ဘက္မွ အသံေတြၾကားေနရ၍

အိမ္သာတံခါးကိုဟကာ နားေထာင္ၾကၫ့္လိုက္မိ

သည္။

အျပင္ကိုနဲနဲေခ်ာင္းၾကၫ့္လိုက္ေတာ့

မခ်စ္သဲႏွင့္အတူဗဟို၀န္ေဆာင္မႈမွ

တာ၀န္ခံအစ္မတစ္ေယာက္က

အတူရိွေနၾကျခင္းျဖစ္သည္။


မခ်စ္သဲကေတာ့ မွန္ကိုၾကၫ့္ကာႏႈတ္ခမ္းနီကို

ထုတ္ဆိုးလ်ွက္ႏွင့္ ေအးေဆးတည္ညိမ္စြာ

ေခါင္းညိမ့္ျပေလသည္။


"ငါ့ကိုေျပာစရာလားဟဲ့..ငါအလုပ္ရႈပ္ေနလို႔

စာရင္းကိုေသခ်ာမၾကၫ့္မိပဲ မွားၿပီး

တင္ေပးလိုက္တယ္ဆိုေပမဲ့

ငါကေနတိုက္ရိုက္ျဖစ္တဲ့ျပႆနာမွ

မဟုတ္တဲ့ဥစၥာ..နင္သိတယ္မဟုတ္လား..

ကိုစက္ကလည္း..ငါ့ကိုဆိုရင္အၿမဲတမ္းခြင့္လႊတ္

ၿပီးသားပဲေလ..အခုကလည္းငါ့အျပစ္မွမဟုတ္တာ"


"ဒါေပမဲ့..ဟိုေကာင္မေလးကေတာ့..

ေတာ္ေတာ္အေျပာခံလိုက္ရပံုပဲ..ငိုၿပီးေတာ့

ရံုးခန္းထဲကေနထြက္သြားတဲ့ သတင္းက

အခုအားလံုးရဲ့ပါးစပ္ဖ်ားမွာ

သတင္းတစ္ပုဒ္ျဖစ္ေနၿပီ..တို႔သူေဌးက..

အမွားလုပ္ရင္လံုး၀ခြင့္မလႊတ္တတ္တဲ့လူဆိုတာ

အခုပိုေတာင္ ယံုသြားၾကၿပီ..အဟင္း..

မခ်စ္သဲကေတာ့ ခၽြင္းခ်က္ေပါ့ေလ.."


"ေအးဟယ္..ငါလည္းအဲ့ေန့ကအျခားပေရာဂ်က္ကို

စိတ္ေရာက္ေနတာနဲ႔...အဲ့ေကာင္မေလးလာတင္တဲ့

စာရင္းေတြကို ေရာသြားခဲ့တာ..ဒါေပမဲ့နင္တို႔

ဆားဗစ္သမားေတြကေတာ့အထွာနပ္ဖို႔ေကာင္းပါတယ္ဟာ.."


"ဟုတ္တယ္အစ္မေရ...အဲ့ဒီ့ေန့ကကၽြန္မလည္း

အျခားပရိုမိုးရွင္းပဲြႀကီးကိုေရာက္ေနတာေလ

ေတာ္ေတာ္မ်ားမ်ားကလည္းအလုပ္ရႈပ္ေနေတာ့

ျပႆနာကအဲ့လိုျဖစ္သြားတာပဲ..

သူေဌးကဒီေန့အရမ္းအလုပ္ရႈပ္ၿပီး

ရံုးမွာရိွမေနလို႔သာ ကံေကာင္းသြားတာ..

‌ဟိုေကာင္မေလးကေတာ့ သူေဌးရဲ့ေသြးပူေနတဲ့

အခ်ိန္နဲ႔သြား‌တိုးေတာ့ ကံဆိုးသြားတာေပါ့.."


"သူအလုပ္ျပဳတ္သြားၿပီတဲ့..

သူတို႔ေခါင္းေဆာင္ဆီကေန ၾကားလိုက္တာ..."


"ျပဳတ္သြားေတာ့လည္း ကၽြန္မတို႔အတြက္

အပူေလ်ာ့တာေပါ့အစ္မရယ္..မခ်စ္သဲက

အားကိုးရတဲ့အတြင္းေရးမွဴးဆိုေတာ့

အမွားတစ္ခုလုပ္မိလည္း အဲ့ေလာက္က

ကိစၥမရိွေပမဲ့ကၽြန္မတို႔ကေတာ့ ေရွာ့ခ္ရိွသြားႏိုင္တယ္.."


အလျွပင္ၿပီးေနာက္ သန႔္စင္ခန္းထဲမွ

သူတို႔ထြက္သြားၾကေလသည္။

ဝိုင္းေလးမွာသာအိမ္သာတံခါးေဘး၌

ထိုင္ခ်မိလ်ွက္သားျဖစ္ကာ

ကိုယ္တိုင္ ၾကားလိုက္မိတာကိုေတာင္

မယံုၾကည္ႏိုင္ဘူးျဖစ္ေနသည္။


*ဒါဆိုရင္..ဒီကိစၥက..ဝိုင္းေလးရဲ့အမွားမဟုတ္ပဲ

အတြင္းေရးမွဴးကမွားသြားခဲ့တာေပါ့...

အဲ့ဒီ့အလွကုန္မိတ္ဆက္ပဲြဟာ တကယ္ကိုပဲြ

အႀကီးႀကီးျဖစ္တာေၾကာင့္ နည္းနည္းေလးမွ

မွားလို႔မရတဲ့ကိစၥပါပဲ..

ဝိုင္းေလးတို႔ဌာနက စီစစ္ၿပီးပစၥည္းနဲ႔ေငြေၾကးစာရင္းေတြကို လုပ္လိုက္ေပမဲ့

စာေရးမကေနတစ္ဆင့္ သူေဌးကို

လက္မွတ္ထိုးခိုင္းၿပီး ၀န္ေဆာင္မႈအတြက္စီစဉ္ရတဲ့

ဌာနကို လႊဲရတယ္..ပဲြအႀကီး၊အေသးေပၚမူ‌တည္ၿပီး

အမွားပါရင္ျပန္တင္ရတဲ့ကိစၥကို 

ဗဟို၀န္ေဆာင္မႈကလည္း ေသခ်ာမစီစစ္လိုက္ဘူး

ဆိုေတာ့..ဝိုင္းေလးရဲ့အမွားက..ဘယ္ေနမွာ

ရိွေတာ့မွာလည္း..ဝိုင္းေလးဘယ္ေနရာမွ

မမွားခဲ့ဘူး..

............

သူတို႔ကသာ ဝိုင္းေလးကိုအကုန္အျပစ္ပံုခ်ခဲ့ၾကတာ

သူေဌးကေမးေတာ့ ဝိုင္းေလးရဲ့အျပစ္ေတြလို႔

သူတို႔ေျပာခဲ့မွာေသခ်ာတယ္...

...........

ခုဏကစာေရးမေျပာပံုအရဆိုရင္

သူေဌးက အမွန္ကိုသိလ်ွက္နဲ႔မခ်စ္သဲကိုေတာ့

အျပစ္လြတ္ေအာင္လုပ္ၿပီး ဝိုင္းေလးကိုအလုပ္ျဖဳတ္ခဲ့တာေပါ့...

.............

မရဘူး..ဒီလိုေတာ့လံုး၀မရဘူး..

အဲ့ဒီ့အတြင္းေရးမွဴးေရာ..သူေဌးနဲ႔ပါဒဲ့ရွင္းရမယ္..

ေမဝိုင္းေလးကို ဒါမ်ိဳးလာလုပ္လို႔မရဘူး...*


အိမ္သာတံခါးကို တြန္းဖြင့္လိုက္ၿပီး အျပင္သို႔

ထြက္လိုက္ေတာ့ ရံုးဆင္းခ်ိန္ေရာက္ေနၿပီျဖစ္၍

ဌာနအသီးသီးမွ လူေတြဟာလည္း ျပန္ကုန္ၾကေလၿပီ။သူေဌး၏ရံုးခန္းရိွရာကို ေရာက္ေသာအခါမွာေတာ့ ရံုးခန္းတံခါးကိုပိတ္ထားၿပီး ရံုးခန္း၏

အျပင္ဘက္တြင္ ထိုင္ရေသာမခ်စ္သဲ၏

ခံုဟာလည္း အလြတ္ႀကီးျဖစ္၍ေနသည္။


"သြားၿပီ...အလုပ္ဆင္းသြားၾကၿပီထင္တယ္..

ဒီေန့က စေနေန့ဆိုေတာ့အလုပ္ေစာၿပီး

ဆင္းသြားၾကတာပဲ..ဒါဆိုသူတို႔ကို

ေနာက္ တနလၤာေန့မွပဲေတြ့လို႔ရႏိုင္ေတာ့မွာေပါ့.."


ကိုယ္မွန္ေနတာေတာင္ ေျဖရွင္းဖို႔ကံၾကမၼာက

ဘာေၾကာင့္အခြင့္အေရးမေပးရတာလဲ..။


ေနာက္ေန့မွာ ျပန္လာရေအာင္ကလဲ

ကိုယ္ကအလုပ္ျပဳတ္သြားတဲ့လူဆိုေတာ့

သက္သက္ျပန္ရန္လာရွာသလိုပဲ ျဖစ္ေနမွာ..။

ဒီအတိုင္းႀကီးထားလိုက္ျပန္ရင္လည္း

ကိုယ္က အမွားလုပ္ထားတယ္ဆိုတဲ့

အမဲစက္ႀကီးက ဒီကုမၸဏီမွာက်န္ေနခဲ့မွာေပါ့။ေနာက္ဆံုးမွာေတာ့ ဝိုင္းေလးတို႔လို

အင္အားနည္းတဲ့လူေတြဟာ  ေျမစာပင္ျဖစ္ရေတာ့တာပါပဲ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


"ဟင္..မယုကအလုပ္မဆင္းေသးဘူးလား.."


ဝိုင္းေလးရဲ့ဌာနကိုေရာက္ေတာ့

အျခားသူေတြကအသီးသီးထျပန္သြားၾကေပမဲ့

မယုမြန္ကေတာ့မျပန္ေသးပဲထိုင္၍ေနေလသည္။


"ဝိုင္းေလးကိုေစာင့္ေနတာေလ..

ဒီမွာဝိုင္းေလးရဲ့ပစၥည္းေတြက က်န္ေနခဲ့ေတာ့

အလုပ္ျပဳတ္လို႔ တစ္ေနရာမွာမ်ားစိတ္ညစ္ညစ္နဲ႔

ထိုင္ေနမလားေတြးလိုက္မိတာ..

ဒါေၾကာင့္ဝိုင္းေလးမျပန္မခ်င္း

အစ္မကေစာင့္ေနတာ..

ၾကၫ့္စမ္းပါအံုး..မ်က္လံုးေတြကိုရဲေနတာပဲ

စိတ္ဓာတ္မက်ပါနဲ႔ငါ့ညီမရယ္..ဒီအလုပ္

အဆင္မေျပေတာ့လည္း ေနာက္အလုပ္က်

အဆင္ေျပမွာေပါ့...ဒါေပမဲ့အၿမဲတမ္း၀န္ထမ္းျဖစ္မဲ့ေန့မွ အလုပ္ျပဳတ္တယ္ဆိုေတာ့

ႏွေမ်ာဖို႔ေတာ့ ေကာင္းတာေပါ့.."


မယုမြန္၏စကားကိုၾကားလိုက္ရေတာ့

ဝိုင္းေလးပို၍ ၀မ္းနည္းသြားမိသည္။

ကုမၸဏီကို ၀င္ခါစတုန္းကဆိုရင္

တစ္လနည္းပါးေလာက္ကို ေအာက္က်ိဳ႕ခံၿပီးအလုပ္လုပ္ခဲ့ရတယ္။

သူေဌးရဲ့ႏိုင္ငံျခားခရီးစဥ္ရိွတဲ့ေန့ဆိုရင္

ပိုေတာင္ဆိုးေသးတယ္ ။


ေခါင္းေဆာင္ကသူ႔ကေလးကို အလုပ္ထိေခၚလာၿပီး

တစ္ေနကုန္နီးပါးထိန္းခိုင္းတာခံရတဲ့အျပင္

ဓာတ္ေလွကားပ်က္ေနလို႔ ရိုးရိုးေလွကားကေန ေျခတိုေအာင္အထိ ဆယ့္ႏွစ္လႊာကို

တက္ခဲ့ရကာ ေျခေထာက္ေတြပြန္းၿပီး

အနာျဖစ္ခဲ့တာေတြ၊ အမွားလုပ္မိတဲ့အခ်ိန္ေတြမွာ ေခါင္းေက်ာေတြေထာင္သည္အထိ၊

မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်ရတဲ့အထိ အေျပာခံခဲ့ရတာေတြက အလကားျဖစ္ကုန္ခဲ့ၿပီ။


*သူကေတာ့အလုပ္ျဖဳတ္တယ္..ဆိုတဲ့

စကားေလးတစ္ခြန္းနဲ႔ၿပီးသြားတာပဲ.."


"ဝိုင္းေလ..ငိုေနျပန္ၿပီလား..."


"ဟုတ္တယ္..အဲ့ဒီ့သူေဌးကိုဝိုင္းေလး

လံုး၀မေက်နပ္ဘူး..ဝိုင္းေလးကိုဘာေၾကာင့္

မတရားစြပ္စဲြခဲ့ရသလဲဆိုတာ..

မ်က္ႏွာခ်င္းဆိုင္ၿပီး..ဒဲ့ရွင္းရမွကိုေက်နပ္မယ္.."


"နင္ရွင္းခ်င္လည္းမရေတာ့ဘူးေလဟာ

သူေဌးကခုဏကပဲ ဒီဌာနမွာသူလိုခ်င္တဲ့

ဖိုင္လ္ယူၿပီးထြက္သြားၿပီေလ...

လာပါညီမရယ္.."


"ခုဏကဆိုေတာ့ အရမ္းမၾကာေသးဘူး

မဟုတ္လား..သူအခုေလာက္ဆိုကားပါကင္ကိုပဲ ေရာက္ေသးမွာေပါ့.."


"မသိဘူးေလ..အဲ့ဒါေတာ့.."


"အစ္မတစ္ေယာက္တည္းျပန္လိုက္ေတာ့ေနာ္

ဝိုင္းေလး သူ႔ကိုမွီေအာင္လိုက္ရမွာမို႔လို႔.."


ကိုယ့္ထမင္းခ်ိဳင့္ႏွင့္ အိတ္ကိုယူလိုက္ၿပီး

ဓာတ္ေလွကားမွတစ္ဆင့္ ကားပါကင္ရိွရာဆီသို႔ေျပးမိေတာ့သည္။ကုမၸဏီအျပင္သို႔ထြက္လိုက္တယ္ဆိုရင္ပဲ ကားပါကင္မွေမာင္းထြက္လာေသာ ကားအနက္ေရာင္‌ကိုေတြ့လိုက္ရသည္။


*ဒါဟာ သူေဌးရဲ့ကားဆိုတာလံုး၀ေသခ်ာတယ္

..ကားပါကင္ဘက္ကေန

ကုမၸဏီဘက္သို႔ ျဖတ္ေမာင္းမလာခင္မွာပဲ

အျမန္ေျပးသြားလိုက္ၿပီး ကားအေရ႔ွမွာ

ပိတ္ရပ္ျပစ္လိုက္တဲ့အခါ...


"ကၽီြ!!!!!"


အဆံုးစြန္အထိ ေတြးထားမိတာေၾကာင့္

မ်က္လံုးေတြကို မိွတ္ထားမိေလသည္။

ဒူးေတြဟာ တုန္ယင္ေနခဲ့ၿပီး ကိုယ့္ႏွလံုးခုန္သံကိုပါ နားထဲတြင္အက်ယ္ႀကီးၾကားေနရေလသည္။


ကားရပ္သြားသံၾကား၍ မ်က္လံုးကို

ဖြင့္မည္အလုပ္ လက္ေမာင္းကေနဆဲြေဆာင့္ၿပီး

အတြန္းခံလိုက္ရတာေၾကာင့္

ကိုင္ထားသၫ့္ ထမင္းခ်ိဳင့္ကိုလႊဲခ်ျပစ္လိုက္ရာ

"ဒိန္!!ကနဲမည္သံကို ၾကားလိုက္ရသည္။


မ်က္လံုးကို ဖြင့္ၾကၫ့္လိုက္မိေတာ့

မ်က္ခံုးစက္နား ေပါက္သြား၍

ေသြးစို႔ေနတာကို လက္ျဖင့္စမ္းၾကၫ့္ေနသၫ့္

လူတစ္ေယာက္.."


"ဟင္..သ..သူေဌး..."


"မင္းဘာလုပ္တာလဲ..ကားအေရ႔ွမွာလဲ

ပိတ္ရပ္ေနေသးတယ္..ငါ့ကိုလည္းထမင္းခ်ိဳင့္နဲ႔

ရိုက္တယ္..."


"ဟို..ကၽြန္မ...မေတာ္တဆပါ.."


"ေတာက္!!!ေဟ့လံုႃခံုေရးေတြ..လာၾကစမ္း.."


"ဟင္..မလုပ္..မလုပ္ပါနဲ႔..."


ကုမၸဏီအေပါက္၀တြင္ ရပ္ေနၾကေသာ

လံုႃခံုေရး ဦးေလးႀကီးႏွစ္ေယာက္ကို

ေအာ္ေခၚလိုက္တဲ့အခ်ိန္မွာေတာ့

ႏွစ္ခါစဉ္းစားမေနေတာ့ပဲ ထိုေနရာမွ

သုတ္ေျခတင္ကာေျပးထြက္လာခဲ့မိေတာ့သည္။


လမ္းမွာေတြ့တဲ့ တကၠစီကိုအတင္းတားၿပီး

အိမ္ကို ျပန္ေျပးခဲ့ရသၫ့္ဝိုင္းေလးဟာ

ထိုေန့က နစ္နာခဲ့ရသၫ့္အလုပ္သမားေလးဘ၀ကေန တရားခံလံုးလံုးျဖစ္ခဲ့ရသည္။

ခ်ိဳင့္နဲ႔ရိုက္လိုက္သၫ့္အားက ဘယ္ေလာက္ျပင္းသလဲဆိုတာ ကိုယ့္လက္စကိုယ္သိပ္သိတာေပါ့။

အားႏဲြ႔သၫ့္ မိန္းကေလးသာဆို ပစ္လဲသြားႏိုင္ေလာက္သည္။

သူလည္း ေတာ္ေတာ္နာသြားမွာပဲ..။


*ရန္ေတြ့မလို႔ ေတြးထားခဲ့တဲ့ေမဝိုင္းေလးအဖို႔

အေျပးသာမျမန္ခဲ့လ်ွင္ ရဲစခန္းကို

ေရာက္ေနေလာက္ေရာေပါ့..

ငါးမရလို႔..ေရခ်ိဳးၿပီးျပန္မလားမွတ္တယ္

မိေခ်ာင္းလိုက္ဆဲြလို႔ မေသရံုတမယ္ပါပဲ.."


*

*

*

"ဟား..ဟား..အဲ့ဒါဆိုရင္နင့္အျဖစ္က

စစ္မေရာက္ခင္မ်ွားကုန္ခဲ့ရတာမဟုတ္ပဲ

မ်ွားကိုထုတ္ခ်ိန္ေတာင္မရခဲ့တာေပါ့.."


"ေအးေဟ့..အဲ့သလိုကိုျဖစ္ေနတာ.."


ဝိုင္းေလးရဲ့အျဖစ္ကိုၾကားၿပီး သူငယ္ခ်င္း

၀တ္ရည္ကေတာ့ ပဲြက်ေအာင္ကို

ရယ္ေနေလေတာ့သည္။တကယ္လည္း

ဝိုင္းေလးရဲ့အျဖစ္က ရယ္စရာေကာင္းေနတာပါပဲ။


ကိုယ့္ကိုမတရားသျဖင့္အလုပ္ျဖဳတ္လို႔

နင္လားဟဲ့ဆိုၿပီး ရန္ေျပးေတြ့မလို႔ႀကံျပီးခါမွ

စတီးလ္ခ်ိဳင့္နဲ႔ ေဆာ္လိုက္မိလို႔ မနဲေျပးခဲ့ရတဲ့

အျဖစ္..။


"သူနဲ႔နင္ကဒီလိုျပႆနာမ်ိဳးျဖစ္ထားေတာ့..

နင္ဘာဆက္လုပ္မလဲ.."


"ငါ..မသိေတာ့ပါဘူးဟာ..

ငါ့မွာျငင္းပိုင္ခြင့္မရိွဘူးဆိုတာနင္လည္းသိသားပဲ..

ငါ့မွာမိသားစုဆိုလို႔ သူတို႔ပဲရိွတာ..

သူတို႔စိတ္ဆင္းရဲေအာင္လည္း

ငါမလုပ္ခ်င္သလို..အဲ့ဒီလူကိုလည္း

မယူခ်င္ဘူး..ငါစိတ္ညစ္တာပဲသိတယ္.."


"မနက္ျဖန္နင္သူနဲ႔ သြားေတြ့မွာမဟုတ္လား.."


"အင္း..ဟုတ္တယ္..သူနဲ႔သီးသန႔္စကားေျပာခ်င္လို႔

မိဘေတြကိုေျပာခိုင္းထားတာ.."


"ေအးဟယ္..နင့္မွာကရည္းစားလည္းမရိွေတာ့..

ခက္တယ္..ဘာပဲျဖစ္ျဖစ္..

 သူ႔ဘက္ကသေဘာထားနဲ႔

နင့္အေပၚမွာ ရိုးသားရဲ့လားဆိုတာကို

ေသခ်ာေလး တီးေခါက္ၾကၫ့္ခဲ့ေပါ့ဟာ..

ငါ့အထင္ေတာ့..နင္နဲ႔ျဖစ္ခဲ့တဲ့ကိစၥေတြကို

သင္ပုန္းေျခႏိုင္လို႔သာ..

သူကနင့္ကိုလက္ခံတာေနမွာပါ.."


ဝတ္ရည္၏စကားေၾကာင့္ ဝိုင္းေလးမသိမသာမဲ့ႃပံုးႃပံုးလိုက္မိေလသည္။

မေန့ကေစ့စပ္ပဲြအၿပီးမွာ အန္တီေလးသည္

အဲ့ဒီ့မင္းစက္အာဏာဟာ

 အဖြား၏ငယ္သူငယ္ခ်င္းျဖစ္သူရဲ့

ေျမးျဖစ္ေၾကာင္းေျပာျပခဲ့တယ္။

ငယ္ငယ္က..ကေလာကို အလည္လာေလ့ရိွၿပီး

သူ႔အား"ကိုစက္"ဟု ဝိုင္းေလးတို႔ေခၚခဲ့ၾကရတယ္။


ကၽြန္းေတာထဲမွာ ဝိုင္းေလးတို႔ညီအစ္မေတြႏွင့္အတူ

ကိုစက္တို႔ ညီအစ္ကိုႏွစ္ေယာက္ အတူေဆာ့ကစား

ခဲ့စဉ္ကအေၾကာင္းေတြကို ျပန္ေတြးၾကၫ့္မိတိုင္း

သူ႔ကို ပို၍မုန္းမိတယ္။

သူ႔ရဲ့ ခနဲ႔တဲ့တဲ့ႏႈတ္ခမ္းနီေဆြးေဆြးေတြ..

အေရာင္လဲ့ေနၿပီး သူတစ္ပါးကို

အထင္အျမင္ေသးစြာ ၾကၫ့္တတ္တဲ့သူ႔မ်က္၀န္းေတြ..အားလံုးကို..သိပ္မုန္းတာပဲ..


ငယ္ငယ္က ကေလာကိုအလည္လာတဲ့

ကိုစက္မွန္း သိလိုက္တည္းက

ဝိုင္းေလးကို အားမနာတမ္းေဝဖန္အျပစ္တင္ၿပီး

အလုပ္ျဖဳတ္ခဲ့တာဟာ အထူးအဆန္းမဟုတ္ေတာ့ပါဘူး..


*သူ႔ရဲ့ပင္ကိုယ္စရိုက္ကိုက..

နတ္ဆိုးရဲ့ဝိဉာဉ္၀င္ပူးထားသလို

ၾကမ္းတမ္းရိုင္းစိုင္းေနၿပီးသားပဲ..

အျမင့္မွာပဲအၿမဲေနခဲ့ရတဲ့ မာန္တက္ေနေသာ

မင္းသားတစ္ပါးက..အေၾကာင္းအရင္းမရိွပဲ

ဝိုင္းေလးကိုလက္ထက္ဖို႔ဆိုတာ

လံုး၀မျဖစ္ႏိုင္ဘူး..*


🌻🌻🌻🌻🌻🌻🌻🌻


အခ်ိန္အားျဖင့္ တစ္နာရီထိုးေနေလၿပီ။

အေမႏွင့္အန္တီေလးကေတာ့ ဝိုင္းေလး၏

အ၀တ္ဗီဒိုကို ေမႊေနွာက္ကာ

တစ္ေယာက္တစ္လွၫ့္စီ အျငင္းပြားေနၾကတာမ်ား

နားေတြကို မီးၿမိဳက္ေနသလားမွတ္ရတယ္။


မင္းစက္အာဏာႏွင့္ႏွစ္နာရီခဲြတြင္

ေအးရိပ္ၿငိမ္စားေသာက္ဆိုင္၌

ေတြ့ရဖို႔ခ်ိန္းထားသၫ့္ ကိစၥအတြက္

ဝိုင္းေလးကစိတ္မလႈပ္ရွားရပဲ

အေမႏွင့္အန္တီ‌ေလးက ပြက္ေလာရိုက္ေနၾကကာ သားမက္တစ္ေယာက္ရဖို႔အေရး

ျမင္မေကာင္း၊ရႈမေကာင္းပါပဲ။


"ဒီဂါ၀န္အပြင့္ေလးဆိုရင္ဝိုင္းေလးနဲ႔ ေတာ္ေတာ္

လိုက္ဖက္မွာပဲေနာ္..ၾကၫ့္စမ္းပါအံုး..

အဝါေရာင္ေလးဆိုေတာ့..အသားျဖဴတာနဲ႔

ကြက္တိပဲ..."


"ဟဲ့..အခုကသူတို႔ႏွစ္ေယာက္တည္းပထမဆံုး

ေတြ့ၾကတဲ့ဒိတ္ေလ..ဒီေတာ့တစ္ဖက္ကလူရဲ့

ပထမဆံုးအျမင္မွာတည္းက က်က္သေရရိွၿပီး

ရည္မြန္တဲ့ပံုစံျဖစ္ေနရမွာေပါ့..ငါကေတာ့

ဒီရင္ဖံုးလက္ရွည္ကိုပဲ သေဘာက်တယ္..

ေခာတ္ေတြဘယ္ေလာက္ေျပာင္းေျပာင္း

ေယာက္်ားေတြရဲ့အျမင္မွာေတာ့ 

သူတို႔ရဲ့အိမ္ေထာက္ဖက္ဟာ

သန႔္စင္မြန္ျမတ္ေနရမယ္.."


"အစ္မရယ္..အစ္မရဲ့အေတြးေတြက

ေတာ္ေတာ္ကိုအိုဟိုင္းေနခဲ့ပါၿပီ..

ခုေခာတ္ေကာင္ေလးေတြကေလ..လန္းမွ၊သြက္မွ

ေခာတ္ဆန္မွဆိုတာေလးကို သေဘာက်ၾကတာ

အစ္မရဲ့..မင္းစက္က..စီးပြားေရးသမားဆိုေတာ့

ေခာတ္အျမင္နဲ႔ၾကၫ့္မွာေသခ်ာတယ္..

အိမ္ေထာင္က်ၿပီးလို႔ ဟိုကဒင္နာေတြ၊ပါတီေတြ

တက္ရမဲ့အခ်ိန္မွာ..သူနဲ႔လိုက္ဖက္တဲ့

ဇနီးအလွေလးမွန္း သိသြားရေအာင္လုပ္ရမွာေပါ့

နက္ခ္တိုင္နဲ႔လည္ကတံုးကဘယ္မွာ

လိုက္ဖက္လို႔လဲအစ္မရယ္....."


အန္တီေလးက ကိုရီးယားကားေတြကိုၾကၫ့္ထား၍

မႏိုင္ႏိုင္ေအာင္ ေခ်ပသလို အေၾကာမခံႏိုင္သူ

ေဒၚတင္မမကလည္း..


"အမယ္ေလး...ဘာပါတီ..ဘာဒင္နာလည္း..

ငါ့သမီးကပါတီေတြ၊ဒင္နာေတြအတူတက္ေပးဖို႔

ေယာက္်ားယူတာမဟုတ္ဘူးဟဲ့..

သမီးကၫွာအခါမလင့္ေစနဲ႔ဆိုသလို..

သီးခ်ိန္တန္တဲ့အခ်ိန္ေရာက္တဲ့အခါ..

မေတာ္သူေတြနဲ႔ ေတြ့မွာစိုးလို႔..ငါ့သမီးေလးကို

အစစအရာရာျပၫ့္စံုတဲ့ ကိုစက္နဲ႔‌

အိမ္ေထာင္ခ်ေပးခ်င္တာ..

ပဲြတက္မယားသြားလုပ္ခိုင္းမလို႔မဟုတ္ဘူးဟဲ့

...အမယ္ေလးေမာတာ..

နင္အဲ့လို တလဲြေတြေတြးေနလို႔လည္း

ေယာက္်ားမရတာသိရဲ့လား..."


"အမယ္..သူကေတာ္ေတာ္အျဖစ္ရိွတယ္ဆိုေတာ့

...အစ္မလည္းဆပ္ျပာ‌‌ေကာင္းလို႔

ေခါင္း‌ေပါင္းျဖဴတာပါေနာ္

မိဘေကာင္းလို႔ေယာက္်ားရတာကိုမ်ား

..မသိရင္..သူကပဲစြံသလိုလိုနဲ႔..

ေရႊရည္၀င္းတို႔ကေလ

ေယာက္်ားမ်ား..ဟဲ့သလို..မလိုခ်င္လို႔ခါခ်ခဲ့တာ

တစ္ေကာင္ၿပီးတစ္ေကာင္ပဲ.."


"ဘာလည္း..ပုရြက္ဆိတ္ေတြလား.."


"ေအာင္မာ..အစ္မေနာ္..

ငါကတကၠသိုလ္တုန္းက..ကြင္းဟဲ့..."


"ဘာကြင္းလဲ..လယ္ကြင္းလား..ေဘာလံုးကြင္းလား..

အဲ့‌လိုကြင္းရူးခဲ့လို..ဟိုလူကကန္လိုက္..

ဒီလူကကန္လိုက္နဲ႔...ေနာက္ဆံုးေတာ့ေျမာင္းထဲကို

ျပဳတ္က်ၿပီး..အပ်ိဳႀကီးျဖစ္သြားတာပဲ

မဟုတ္ဘူးလား..."


အေမကလည္းအန္တီေလး၏ ဟာကြက္ကိုမွ

နင္းၿပီးေဆာ္ေနေလေတာ့ အန္တီေလးမွာ

တရႉးရႉးနဲ႔ ေဒါသေတြ‌ထြက္ေနေတာ့သည္။

ဝိုင္းေလးကေတာ့ ရယ္ရတာအူေတြကိုနာေနေရာ..


"ဟဲ့..နင္ကဘာရယ္တာလဲ...ကိုယ့္အေဒၚ

တစ္ေယာက္လံုး အေျပာခံရတာကိုနင္က

ရယ္ႏိုင္ေသးတယ္ေပါ့..ငါဒီလိုအပ်ိဳႀကီးျဖစ္ရတာ

နင္တို႔ ညီအစ္မႏွစ္ေယာက္ေၾကာင့္သိရဲ့လား..

နင့္အေမလင္ယူတုန္းက

ငါ့အသက္ကႏွစ္ဆယ္ပဲရိွေသးတာ..

နင္တို႔ညီအစ္မေတြကို တစ္ေယာက္ၿပီးတစ္ေယာက္

ထိန္းရလြန္းလို႔..ေဟာ့ဒီ့မယ္..

ေခါင္းေမႊးပါေျပာင္တယ္သိရဲ့လား...

ဘာ!!အခုမွငါ့ကိုဝိုင္းရယ္ၿပီးအရွက္ခဲြၾကတာလဲ..

ငါ့မွာအပ်ိဳႀကီးလုပ္တာေတာင္

ေအးေဆးမလုပ္ရဘူး..ဘယ္ေနရာသြားသြား

ကေလးအေမလားပဲ ဝိုင္းေမးခံရတယ္

နင္တို႔အေမထက္..

ငါကနင့္တို႔ကိုပိုထိန္းခဲ့ရတာသိရဲ့လား..."


"ဟယ္...အ‌ေမေရလုပ္အံုး..

ေဒၚေလးစိတ္ဆိုးသြားၿပီ"


ေဒၚေလးက စိတ္ဆိုးမာန္ဆိုးႏွင့္အခန္းထဲမွ

ထြက္သြားေတာ့ အေမသည္လည္းရယ္ရခက္၊

ငိုရခက္ျဖစ္ေနရေလသည္။

အေဖဟာအသက္ေလးဆယ့္ခုႏွႏွစ္ေလာက္တည္းက ရွမ္းျပည္နယ္သို႔သြားရင္းႏွင့္ ယာဉ္တိုက္မႈ

ျဖစ္ခဲ့ၿပီး ေအာက္ပိုင္းေသသြားခဲ့တဲ့အျပင္

အာရံုေၾကာထိခိုက္သြားတာေၾကာင့္ စကားေျပာရင္

မပီသေတာ့ေပ။


ေနာက္ပိုင္းမွာ အေမတစ္ေယာက္တည္းကသာ

မိသားစုစား၀တ္ေနေရးအတြက္ ေဈးထဲက

အထည္ဆိုင္ေလးႏွင့္ ရံုးကန္ခဲ့ရတာျဖစ္ၿပီး 

ဝိုင္းေလးတို႔ညီအစ္မေတြကိုေတာ့ ေဒၚေလးကပဲ

အုပ္ထိန္းေပးခဲ့သည္။


သမီးေတြကို အတတ္ႏိုင္ဆံုး

ႀကိဳးစားၿပီး လိုအပ္သမ်ျွဖၫ့္စည္းေပးတတ္တဲ့

အေမရယ္၊သူ႔ဘ၀ရဲ့လြတ္လပ္မႈ‌ေတြ၊အခြင့္အ‌ေရး‌ ေတြအားလံုးကို ဒီမိသားစုအတြက္ ေပးဆပ္ထားတဲ့

ေဒၚေလးႏွင့္ ဒီမိသားစု၏ဂုဏ္သိကၡာနဲ႔

လံုႃခံုမႈကို ထိမ္းသိမ္းေပးထားတဲ့အဖြားရယ္

အားလံုးဟာ ဝိုင္းေလးအတြက္တန္ဖိုးျဖတ္မရတဲ့

ေက်းဇူးရွင္ေတြပါပဲ။


ဒါေၾကာင့္လည္း ဟိုလူႀကီးကိုသိပ္မုန္းေပမဲ့

အားလံုးရဲ့မ်က္ႏွာကအႃပံုးေတြမပ်က္ရေအာင္

 လက္ထက္ဖို႔ဆံုးျဖတ္ခဲ့တာေပါ့။


"ကဲ..သမီးေရ..သမီးရဲ့အေဒၚကေတာ့

စိတ္ေကာက္သြားၿပီ..သမီးေလးရဲ့သေဘာကေရာ..

ဘာေလး၀တ္သြားခ်င္လဲ.."


"သမီးလည္းဂါ၀န္ပဲ၀တ္သြားမလားလို႔...

စိတ္ခ်ပါအေမရယ္..အေမ့စိတ္သေဘာက်..

လက္ရွည္လည္စည္းေလးနဲ႔ေျခမ်က္စိအထိ

ဖံုးတဲ့ဂါ၀န္ကို ၀တ္ပါ့မယ္ေနာ္..

ေဒၚေလးစိတ္ေျပေအာင္..လိုက္ေလ်ာ‌ပါရေစ

အေမရယ္.."


"ကဲပါ..ငါ့သမီးကအခုမွအသက္ႏွစ္‌ဆယ္ေက်ာ္ပဲ

ရိွေသးေတာ့..လူႀကီးဆန္တာႀကီးကို

ဘယ္ႀကိဳက္ပါ့မလဲ..အေဒၚနဲ႔ေနပါမ်ားေတာ့

ဓာတ္ေတြကူးကုန္ၿပီထင္ပါရဲ့..သမီးႀကိဳက္တာပဲ

၀တ္ပါေတာ့..အေမတကၠစီသမားကို

ေခၚထားလိုက္မယ္ေနာ္.."


"ဟုတ္ကဲ့..သမီးကနာရီ၀က္ပဲၾကာမွာပါ..."


အခန္းထဲမွ အေမထြက္သြားသည္ႏွင့္

ကုတင္ေပၚတြင္ ထိုင္ခ်လိုက္ၿပီး

သက္ျပင္းခ်လိုက္မိသည္။

ကိုယ့္ကိုကိုယ္ မပိုင္ေတာ့သလိုပဲ။

ဘယ္တုန္းကမွလည္း ဝိုင္းေလးရဲ့ဘ၀ကို

ကိုယ္တိုင္ပိုင္ဆိုင္တယ္လို႔ မခံစားခဲ့ရဖူးေပ။

ဆယ္တန္းေအာင္ေတာ့လည္း အႏုပညာေက်ာင္းကို

တက္ခ်င္ခဲ့ေပမဲ့ အဖြားရဲ့ဖိအား‌ေပးမႈ‌ေၾကာင့္စီးပြားေရးဘက္ကို ေရြးခ်ယ္ခဲ့ရတယ္။


ဟင္းခ်က္ဝါသနာပါလို႔ သင္တန္းေလးတက္ၿပီး

ဆိုင္ဖြင့္မယ္လုပ္ေတာ့လည္း အစ္မျဖစ္သူ

ခင္ထိပ္ထားဦး၏ ဂ်ပန္မွာေက်ာင္းတက္မၫ့္

ကိစၥေၾကာင့္ အားလံုးပ်က္စီးခဲ့ရတယ္။

ေမဝိုင္းေလးကိုယ္တိုင္အတြက္ဆိုတာ

တစ္ခါမွမရိွခဲ့ဖူးသၫ့္ဘ၀ကေန အခုလည္း

အျခားသူေတြကို စိတ္ခ်မ္းသာေစဖို႔

ေယာက္်ားတစ္ေယာက္၏လက္ထဲကို

ကိုယ့္ဘ၀ႀကီးတစ္ခုလံုး ႏွင္းအပ္ရန္ျဖစ္လာခဲ့ေလၿပီ။


"အရာအားလံုးဟာ..တကယ္ပဲေကာင္းဖို႔

ျဖစ္လာတာလား..."


အေတြးေတြအားလံုးကို ျဖတ္ေတာက္ျပစ္လိုက္ၿပီး

မွန္တင္ခံုေရ႔ွသို႔သြားကာ ပံုမွန္ျပင္ေနၾကအတိုင္းပဲ

ျပင္ဆင္လိုက္သည္။

ဝိုင္းေလး၏ မ်က္စံမ်ားသည္ အညိုရင့္ေရာင္ေလးျဖစ္ၿပီး မ်က္စံအနက္ေလးကိုထင္းလင္းစြာ

ျမင္ရသည္အထိ အေရာင္ေတာက္ေလသည္။


ေကာ့ၫႊတ္ထူထဲေသာ မ်က္ေတာင္ေလးမ်ား

၀န္းရံလိုက္သၫ့္အခါ မ်က္၀န္းဝိုင္းဝိုင္းေလး

ျဖစ္သြားကာ

အႃပံုးမ်က္၀န္းပံုသ႑န္ေလးျဖစ္ေနေလသည္။

မ်က္ႏွာေလးကဝိုင္းေနေပမဲ့

ႏွာတံေသးေသးခၽြန္ခၽြန္ေလးႏွင့္ အနားသပ္မ်ား

ေသသပ္တိက်ေနေသာ ႏႈတ္ခမ္းစုစုေထြးေထြး

ေလးမ်ားေၾကာင့္ ဘိုလ္ဆန္ေသာမ်က္ႏွာက်မ်ိဳး

ျဖစ္ေလသည္။


အေဖက ဆံပင္အရွည္ေလးေတြကိုအလြန္တန္ဖိုးထားတာေၾကာင့္ ဝိုင္းေလးတို႔ညီအစ္မေတြဟာ

အၿမဲတမ္းဆံပင္အရွည္ႏွင့္သာ ေနခဲ့ရသည္။

မမထိပ္ထားကေတာ့ ဂ်ပန္ကိုသြားခါနီးမွ

ဂုတ္ေထာက္ေလးၫွပ္သြားခဲ့သည္။

အေဖသိလ်ွင္ စိတ္မေကာင္းျဖစ္မွာကိုသိ၍

မမဟာ ဂ်ပန္ကိုသြားသၫ့္ေန့မွသာ အေဖ့ကို

ႏႈတ္ဆက္သြားခဲ့ေလသည္။ဝိုင္းေလးကေတာ့

အေဖႏွစ္သက္ေသာ ဆံပင္ရွည္ေလးေတြကို

အၿမဲတန္ဖိုးထားတယ္။

ဘယ္လိုအေၾကာင္းမ်ိဳးႏွင့္မွ ဒီဆံပင္ေတြကို

ျဖတ္ျပစ္မည္မဟုတ္ေပ။


တင္ပါးအုပ္ေနေသာ ဆံပင္ေတြကိုၿမွောက္၍

စည္းလိုက္ၿပီး ဖဲျပားကလစ္ေလးထိုးလိုက္သည္။

အ၀တ္အစားကိုေတာ့ ဝိုင္းေလးစိတ္ႀကိဳက္

အျဖဴေရာင္ကိုသာ ေရြး၀တ္လိုက္သည္။

ဝိုင္းေလးသည္ အနက္ေရာင္ကိုမုန္းသေလာက္

ဆန႔္က်င္ဘက္ျဖစ္သၫ့္ အျဖဴေရာင္ကိုေတာ့

အရမ္းသေဘာက်သည္။

အျဖဴေရာင္ဟာ ဝိုင္းေလး၏စိတ္ေနသေဘာထားႏွင့္လည္း ကိုက္ညီသည္ဟုထင္မိတယ္။


အားလံုးျပင္ဆင္ၿပီး၍ ေအာက္ထပ္သို႔ဆင္းလာေသာအခါ ဂါ၀န္၀တ္ေစခ်င္ေသာ

အန္တီေလးလည္း ဝိုင္းေလးကိုၾကၫ့္ၿပီး 

စိတ္ေက်နပ္သြားသလို လံုလံုႃခံုျခဳံ၀တ္ဆင္ထား၍

အေမကလည္း သေဘာက်သြားေလသည္။

အ‌ဖြားကေတာ့ ဝိုင္းေလးကိုႃပံုး၍သာ

ၾကၫ့္ေနခဲ့သည္။


"ဟိုေရာက္ရင္ ေကာင္ေလးကို

ေသခ်ာေလ့လာခဲ့ေနာ္..‌မိဘကစီစဉ္ေပးရတယ္ဆိုေပမဲ့ အိမ္ေထာင္ျပဳတယ္ဆိုတာဟာ

ေပါ့ေသးေသးကိစၥမဟုတ္ဘူး..ႏွစ္ဦးႏွစ္ဖက္

ေသခ်ာနားလည္ေအာင္ ၫွိႏိႈင္းခဲ့ၾကားလား.."


"ဟုတ္ကဲ့ပါအဖြားရဲ့...သမီးအေဖ့ကိုသြားၿပီး

ကန္ေတာ့လိုက္အံုးမယ္ေနာ္.."


အျပင္သြားတိုင္း ျမတ္စြာဘုရားႏွင့္တကြ

မိသားစုအားလံုးကို ကန္ေတာ့ေနၾကျဖစ္၍

အေဖႏွင့္အေမ၏ အိပ္ခန္းထဲသို႔၀င္ကာ

အေဖ့ကို ကန္ေတာ့လိုက္ၿပီး ပက္လက္ကုလားထိုင္ေပၚတြင္ ဘာမွနားမလည္သလိုေငး၍

ၾကၫ့္ေနေသာ အေဖ့ရဲ့လက္ကေလးကို

ဆုပ္ကိုင္လိုက္သည္။


"အေဖ..အခုျဖစ္ေနတာေတြ..လုပ္ေနတာေတြ

အကုန္လံုးက သမီးရဲ့စိတ္ဆႏၵေၾကာင့္မဟုတ္ေပမဲ့

ဒီမိသားစုေတြ ေပ်ာ္ရႊင္မယ္ဆိုရင္..

သမီးအရာအားလံုးကို လုပ္ေပးဖို႔ဆႏၵရိွပါတယ္..

သမီးရဲ့မဂၤလာပဲြမွာ အေဖ့ကိုမိန႔္မိန႔္ႀကီးထိုင္ၿပီး

ႃပံုးေနတာေလးကို ျမင္ခ်င္လိုက္တာအေဖရယ္.."


ဝိုင္ေလးေျပာေနတာေတြကို

မ်က္လံုးအေၾကာင္သားေလးနဲ႔ ေငးၿပီး

ၾကၫ့္ေနသၫ့္အေဖ့ကို သိပ္သနားမိတာပဲ။

အေဖ့လက္ဖမိုးေပၚ၌ ပါးေလးကိုအပ္ကာ

ခဏတျဖဳတ္ငိုခဲ့ၿပီးေနာက္ တကၠစီႏွင့္

ခ်ိန္ထားေသာ ေနရာသို႔ထြက္လာခဲ့လိုက္သည္။


ေအးရိပ္ၿငိမ္..စားေသာက္ဆိုင္သည္

ၿခံအက်ယ္ႀကီးတစ္ခုထဲတြင္တည္ရိွေနၿပီး

သစ္ပင္၊ပန္းပင္တို႔ႏွင့္ ေသခ်ာေလးအလွဆင္ထား၍ ဥယ်ာဉ္တစ္ခုထဲသို႔

ေရာက္သြားသလိုပါပဲ။

ဆိုင္ထဲသို႔ မ၀င္ေတာ့ပဲၿခံထဲရိွ အမိုးတစ္ခုေအာက္တြင္ ၀င္၍ထိုင္လိုက္ၿပီး ဦးမင္းစက္ကိုဖုန္းေခၚ

ၾကၫ့္လိုက္မိသည္။


သူကဖုန္းမကိုင္ေသာေၾကာင့္

သူ႔အိမ္ကို ဖုန္းဆက္လိုက္ေတာ့ ကုမၸဏီကေန

တန္း၍လာမည္ျဖစ္ေၾကာင္း အေၾကာင္းျပန္လာခဲ့သည္။အမွန္ဆိုေစာေစာခ်ိန္းလို႔ရေပမဲ့

သူ႔ရဲ့အလုပ္အခ်ိန္ဇယားေတြေၾကာင့္ ေန့ခင္း

ႏွစ္နာရီေလာက္မွ ေတြ့ဖို႔ျဖစ္လာခဲ့ရသည္။


အေအးႏွင့္ကိတ္မုန႔္တစ္ခုေလာက္သာ

မွာစားၿပီးေနာက္ ဖုန္းသံုးလိုက္၊ဟိုဒီေတြးလိုက္ႏွင့္

နာရီ၀က္နီးပါးေလာက္ၾကာေသာအခါ ခံုေပၚတြင္ေမးေထာက္လ်ွက္ ငိုက္ျမည္းလာေလေတာ့သည္။


*သူမ၏ေဘးနား၌ လူတစ္ေယာက္လာရပ္ေသာ

အခ်ိန္တြင္ေတာ့ ခံုေပၚတြင္ ေခါင္းတင္၍

အိပ္ေမာက်ႏွင့္ေနေလၿပီ..*


အခန္း(၃)ဆက္ရန္...


☕☕☕☕☕☕☕☕


ေတြ့တဲ့ေနရာမွာ အိပ္ေတာ့တာပဲအစ္မရယ္🤭

အခန်း၁ 💘မာနမင်းသားနှင့်ရွှေဖူးစာ💘


 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း၁

             💘မာနမင်းသားနှင့်ရွှေဖူးစာ💘


"ဝိုင်းလေးရယ်..ညည်းရုပ်ကဘာဖြစ်နေတာလဲ..."


"ဘာဖြစ်ရမှာလဲ..အန်တီလေးရဲ့..မေမေတို့က

ဝိုင်းလေးတစ်ခါမှတောင် မတွေ့ဖူးတဲ့လူနဲ့

ပေးစားချင်နေတဲ့ဥစ္စာကို..အဟင့်..

သေသာသေလိုက်ချင်တော့တယ်..."


မေဝိုင်းလေးတစ်ယောက် မျက်ရည်နဲ့မျက်ခွက်

ဖြစ်နေကာ လက်ထဲမှမြန်မာ၀တ်စုံ

ချိတ်၀မ်းဆက်ကိုလည်း ဆောင့်ကြီး‌‌၊အောင့်ကြီးနဲ့ပစ်ချလိုက်သည်။

မျက်နှာကြီးရှုံ့မဲ့ကာသစ်သားခုတင်ပေါ်မှာ

စိတ်ညစ်စွာထိုင်ချလိုက်မိတော့ အန်တီလေးကအနားသို့ရောက်လာ‌လေသည်။


"အမလေး...နင်ယူရမဲ့ယောက်ျားက

ဘောစိပါအေ...တင်မမတို့ကလည်း

ကိုယ့်သမီးကိုယ်တော့

ချောက်ထဲကိုတွန်းမချပါဘူးဟယ်..

ဒီမှာ..အခုကတစ်လ..သုံး၊‌လေးသိန်းလောက်ပဲ

ရတဲ့အလုပ်လေးကို

ခြေကုန်လက်ပမ်းကျအောင် လုပ်နေရတာ

မဟုတ်ဘူးလား..အမေပေးစားတဲ့ယောက်ျားသာ

ယူလိုက်စမ်းပါအေ..

တစ်ဘ၀စာလုံးအငြိမ်းစားပဲ..

ဟိုကကုန်တိုက်တွေပိုင်တာတဲ့နော်...

ကြိုက်တဲ့ပစ္စည်းကိုသာလက်ညှိုးထိုးလိုက်

ကိုယ့်အရှေ့ကိုရောက်လာပြီးသားပဲ..."


"ဟာ...ဟုတ်သားပဲ...ဝိုင်းလေးမေ့နေခဲ့တာ.."


"ဘာကိုမေ့နေတာတုန်း..."


အကြံပေါင်းစုံလင်းလတ်လာတဲ့ ဝိုင်းလေးရဲ့မျက်၀န်းတွေက အန်တီလေးဆီသို့

အကြည့်ရောက်သွားသည်။

အန်တီလေးက ၀တ်ပုံစားပုံခောတ်ဆန်တာကြောင့် အသက်လေးဆယ့်ငါးနှစ်ဆိုတာထက် ပိုနုနေသည်။

အသက်၂၃နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းလေးနဲ့ဆိုရင်

 လမ်းအတူထွက်တိုင်း ညီအစ်မတွေလို့တောင် အထင်ခံရပါသေးတယ်။

နောက်ပြီးအန်တီလေးက လုံးကြီးပေါက်လှဆိုတော့ မင်းစက်အာဏာဆိုတဲ့လူ ကျေနပ်လောက်မှာပါ။


"ဟီ...ဟိ..."


"အန်တီလေး..."


"ဘာလဲ...."


"အဲ့ဒီ့ မင်းစက်အာဏာဆိုတဲ့လူကြီးကို

အန်တီလေးယူလိုက်ပါလားဟင်...

သူကလည်းအသက်နှစ်ဆယ့်ခုနှနှစ်ဆိုတော့

အန်တီလေးနဲ့ဆိုရင် သိပ်ကိုလိုက်ဖက်နေမှာပဲနော်...

ယူလိုက်ပါလားဟင်..."


"အယ်...ကြံကြီးစည်ရာဟယ်...

ကိုယ့်သားအရွယ်လောက်ကို...မယူချင်ပါဘူး..."


"ယူလိုက်ပါ..အန်တီလေးရယ်အခုက

မမတွေခောတ်ထနေတဲ့ ဥစ္စာကို.."


"မေဝိုင်းလေး!!...ညည်းနော်..

ငါထုထည့်လိုက်တော့မယ်..သူ..မယူချင်တိုင်း

ငါ့ကိုအတင်းလာထိုးကျွေးနေတယ်"


"အန်တီလေးကလည်း..စားလိုက်ပါနော်..

အရသာရှိမှာပါ.."


"တယ်...ဒီကောင်မလေးတော့နော်..

ဘယ်လိုဖြစ်နေတာတုန်း...သူများတွေဆို

အရွယ်ဖြင့်မရောက်သေးဘူး..

လင်နောက်လိုက်ရတာနဲ့ဘာနဲ့..မိဝိုင်းလေးကြမှပဲ...

အကောင်းစားယောက်ျားနဲ့ပေးစားတာတောင်

တဟင်းဟင်းနဲ့ညီးနေလိုက်တာ

ငှက်ဖျားတတ်နေတဲ့အတိုင်းပဲ.."


"အီဟီး...ဝိုင်းလေးမှယောက်ျားမယူချင်သေးတဲ့ ဥစ္စာကို အခုမှအသက်ကလေးကတစ်၀က်တောင်

မကျိုးသေးဘူး...ယောက်ျားကပေးစားနေပြီ

...ယောက်ျားယူပြီးပြန်တော့လည်း ကလေးယူဖို့ကလာအုံးမယ်..အဟင့်...ပိုက်ဆံတွေစုပြီး

...လူငယ်သဘာ၀

ခရီးတွေထွက်ချင်သေးပါတယ်ဆိုနေမှ..."


"ဟဲ့...ခရီးထွက်ချင်တာပဲ...ယောက်ျားယူပြီးမှ

ထွက်လည်း ရပါတယ်အေ..."


"စင်ဂယ်လ်တာနဲ့..မစင်ဂယ်လ်တာ

မတူတော့ဘူးလေ..

လူလွတ်ဆိုရင် ရောက်ရာအရပ်မှာ

အဆင်လေးတွေကိုတမေ့တမော..ငမ်းလို့ရတယ်..

ယောက်ျားကြီးတွဲလဲနဲ့ဆိုတော့ ဘယ်လိုလုပ်ငမ်းလို့ကောင်းတော့မှာလဲ...ဖီးလ်အောက်တာပေါ့လို့..."


"ဟဲ့..ယောက်ျားနဲ့လည်းဘာဖြစ်တုန်း..ခိုးခိုးငမ်း..

မသိမသာငမ်းပေါ့ဟယ်...ဘာခက်တာမှတ်လို့..."


ဒေါ်ရွှေရည်၀င်းမှာလည်း "ဘူး"တစ်လုံးသာ

ဆောင်‌နေသောတူမဖြစ်သူကို အပျိုကြီးတန်မဲ့

ယောက်ျားယူချင်‌အောင် ချော့တစ်ခါ၊

ခြောက်တစ်လှည့်နှင့် ဆွဲဆောင်နေရသည်မှာ

ပါးစပ်တွေတောင် အမြှုပ်ထတော့‌ပေမည်။


ထိုစဥ်မှာပဲအခန်းတံခါးက ပွင့်သွားပြီး 

လူတစ်ယောက်‌၀င်လာကာ တူမဖြစ်သူကို

အတတ်ကောင်းတွေ သင်ပေးနေသော

ဒေါ်ရွှေရည်၀င်း၏ပုခုံးပေါ်သို့ လက်နဲ့ ပုတ်လိုက်လေသည်။


"ဘာတွေကို ငမ်းနေကြတာလဲ..."


"အမယ်လေး!!!နင့်မေကုလား..."


"ဟဲ့..အ၀င်းရဲ့..ဘယ်လိုဖြစ်ပြီးဒီလောက်တောင်

ထအော်ရတာလဲ..."


"ဟို...ယောင်သွားလို့ပါအစ်မရယ်..."


"ယောင်တာတွေဘာတွေခဏထား...နင့်တူမကို

ဖြီးလိမ်းဖို့ကူညီပေးပါဆိုတာကို နင်ကပါ

ရောယောင်ပြီး ဘာထိုင်လုပ်နေတာတုံးဟယ်..

လာ..သမီးလာ...

တကယ်ပဲငါမပါရင်ဘာမှကိုစိတ်မချရဘူး.."


ပါးစပ်ကလည်း မြင်းအီးပေါက်သလို တတွတ်တွတ်ညီးတွားရင်းနှင့်ပင် သမီးဖြစ်သူကိုခုတင်ပေါ်ကနေဆွဲချကာ မှန်တင်ခုံတွင်ထိုင်ခိုင်းလိုက်သည်။


တင်ပါးအုပ်နေသော ဝိုင်းလေးရဲ့ဆံပင်ရှည်ကြီးကို  ဆံထုံးပုံ့ပုံ့လေး ထုံးပေးထားလိုက်ပြီးနောက် သဇင်ပန်းခက်ကလေးတွေ ပန်ဆင်ပေးလိုက်သည်။သမီးလေးက မျက်နှာ၀ိုင်းပေမဲ့ဗိုလ်ဆန်တဲ့မျက်လုံး၊မျက်ခုံးတို့ကို ပိုင်ဆိုင်ထားတာကြောင့် အထူးတလည်ပြင်ဆင်ချယ်သခြင်းမရှိပဲနဲ့လည်း အရုပ်မလေးလို သိပ်ကိုလှပါတယ်။


အားလုံးပြင်ဆင်ပေးပြီးသွားတဲ့နောက်မှာတော့..


"‌ဟဲ့...တင်မမ..မြေးလေးကိုခေါ်လာခဲ့တော့လေ..

အောက်ထပ်မှာ ဧည့်သည်တွေရောက်နေပြီ..."


"ပြီးပါပြီ..အမေရယ်..."


ဝိုင်းလေးရဲ့အဖွားဖြစ်သူက တုတ်ကောက်ကြီးကို တစ်ဒေါက်ဒေါက်နဲ့ထောက်ကာ တုန်တုန်ယင်ယင်နဲ့အခန်းထဲသို့ ၀င်လာရင်းဆော်ဩပြန်လေသည်။


ဪ..မေဝိုင်းလေးထက် အမေတွေ၊အဖွားတွေက ပိုစိတ်လှုပ်ရှားနေကြပါလား။

အဲ့လောက်တောင်ဖြစ်နေကြရင်လည်း

မင်းစက်အာဏာဆိုတဲ့လူကို သုံးပိုင်းပိုင်းပြီး

တစ်ယောက်တစ်ပိုင်းဆီယူလိုက်ကြပြီးရောကို...


အောက်ထပ်ကိုဆင်းမဲ့ သစ်သားလှေကားထိပ်ကိုရောက်သောအခါ မေ့မေ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်လိုက်မိသည်။


"အမေ..သတို့သားကချောရောချောရဲ့လား..."


"အမယ်လေး...ရုပ်ရှင်မင်းသားရှုံးအောင်ကို‌

ချောတယ်..."


"ဟို အရပ်က‌ရောပုလား၊ရှည်လား..."


"စိတ်ချ..ရှည်လိုက်တဲ့အရပ်ဆိုတာ..

တို့အိမ်ရှေ့က အုန်းပင်ကြီးလောက်ရှိတယ်..."


"ဟာ..အမေကလည်း..."


"ကဲကဲ..လာပါဟယ်...

ညည်းကသိပ်လျှာရှည်တာပဲ...ဒီအမေကိုယုံ...

ငါကြိုက်လို့..ညည်းကိုယူခိုင်းတာ..."


"ဟမ်...အမေ့စကားကြီးကလည်း..

အဲ့ဒီ့မင်းစက်အာဏာဆိုတဲ့လူနဲ့...အမေက..."


"တယ်..ဒီကောင်မလေး..."


သမီးဖြစ်သူရဲ့ခေါင်းကို လှမ်းထုချင်ပေမဲ့

ဆံထုံးကထုံးထားလေတော့ စိတ်ကိုပြန်လျှော့လိုက်ရသည်။


ဧည့်ခန်းထဲသို့တစ်လှမ်းချင်း၀င်လာတဲ့

ပီဘိချစ်စရာသတို့သမီးလေးအား ဧည့်ခန်းထဲမှ လူကြီးသူမတွေကပါမကျန် ပါးစပ်အဟောင်းသားနဲ့ ဝိုင်းကြည့်ပြီး မှင်သက်နေကြလေသည်။

ကော်ပက်အရုပ်မလေးလိုလှနေပါသော 

မေဝိုင်းလေးကို တစ်စက်မှမော့မကြည့်သူမှာ

သူမလက်ထက်ရပါမည်ဆိုသော

မင်းစက်အာဏာဆိုတဲ့ လူတစ်ယောက်သာရှိ

 လေသည်။


"ဟဲ့...နင့်သတို့သမီးရောက်နေပြီလေ..."


"အာ့!!..အမေရယ်...နာလိုက်တာ..."


ဟိုလူကြီးရဲ့ အမေကဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်တော့မှ မကြည်သလိုမျက်၀န်းတွေနဲ့ ဝိုင်းလေးကို ကြည့်လာသောအခါ သူ့ကိုတစ်နေရာရာမှာ မြင်ဖူးနေသလိုဖြစ်‌နေလေသည်။

သေချာစဉ်းစားကြည့်လိုက်တော့ ဝိုင်းလေးရဲ့မျက်လုံးတွေပါ ပြူးကျယ်ထွက်သွားရသည်။နှလုံးခုန်နှုန်းတွေပါ မြန်လာရလွန်းလို့

နှလုံးရောဂါရပြီးသေရပါတော့မယ်။


*သူ...သူက...မနေ့ကတင် ငါ့ကိုရစရာမရှိအောင် ပက်ပက်စက်စက်ပြောလွှတ်လိုက်တဲ့ ငါ့ရဲ့အလုပ်ရှင်နတ်ဆိုးကြီးပဲ...မနေ့ကငါ့ကိုအလုပ်ထုတ်လိုက်တဲ့လူက...ဒီနေ့ငါ့ကို‌တောင်းရမ်းဖို့

ရောက်လာရတယ်...အား!!!ကံတရားကြီးရယ်...

.ဘာလို့ဒီအကောင်ကြီးနဲ့မှလဲ...ပြီးတော့သူ့မျက်ခုံးစပ်နားက၀ိုင်း‌လေးလုပ်လိုက်မိတဲ့ဒဏ်ရာ...*


ဦးမင်းစက်အာဏာနဲ့မျက်နှာချင်းဆိုင်မှာ

ထိုင်နေရပေမဲ့ဝိုင်းလေးတွေးနေခဲ့တာက 

မနေ့ကဖြတ်ပျက်ခဲ့တဲ့ ကိစ္စဆီသို့ဖြစ်လေသည်။....


မနေ့တုန်းက GKကုမ္ပဏီရဲ့ရုံးချုပ်မှာ ဝိုင်းလေးအလုပ်လုပ်နေခဲ့တာပေါ့။အလုပ်သင်ကနေ

လခစားအဖြစ်‌တစ်ဆစ်ချိုး ပြောင်းလဲရတော့မဲ့

နေ့လည်းဖြစ်တာပေါ့လေ။


"ဟဲ့...ဝိုင်းလေ...ဟိုမှာသူဌေးရုံးခန်းထဲကို

၀င်သွားတဲ့ အတွင်းရေးမှူးကိုတွေ့လား..."


"မယုမွန်ကလည်း သူဌေးရဲ့ရုံးခန်းထဲကို

သူ့ရဲ့အတွင်းရေးမှူး၀င်သွားတာပဲဥစ္စာ

ဘာထူးဆန်းတာမှတ်လို့..."


"ဟဲ့...ထူးဆန်းတာပေါ့...နင်ကအလုပ်သင်မို့လို့

သိပ်မသိတာ...အဲ့အတွင်းရေးမှူးကလေ

အလုပ်တွေပြတ်နေလည်းပဲ သူဌေးပြန်မှပြန်တာတဲ့ 

 ပြီးတော့သူဌေးရဲ့ ကိုယ်ပေါ်ကို ကော်ဖီတွေ

 တမင်မှောက်အောင်လုပ်ချလိုက်ပြီး...တစ်ရှူးနဲ့ရင်ဘတ်တွေကိုပါ အသားယူပြီး သုတ်ပေးတာတဲ့တော်...မြင်တဲ့လူကမြင်တယ်ဟ..."


"ဟယ်...‌အဲ့လောက်တောင်ပဲလား..."


"အမယ်လေး...အဲ့ဒီ့ထက်တောင်ဆိုးသေးတယ်...

ရုံးက၀န်ထမ်းချောချောလေးတွေက စာရင်း

ဖိုင်လ်တွေပြချင်တာတို့ဘာတို့ဆိုရင်...အံမယ်..

သူကအလုပ်ရှုပ်နေတဲ့ကြားကနေတောင်

သွားမပို့ခိုင်းဘူး...သူဌေးကိုသူကိုယ်တိုင်ကလွှဲပြီး...

ဘယ်ကောင်မလေးနဲ့မှ မတွေ့စေချင်တဲ့ပုံအေ့....

မသိရင်သူဌေးနဲ့သူက ဘာလိုလိုအထင်ခံရအောင်ပေါ့ဟယ်..."


"မယုမွန်ကလည်း...လက်ခုပ်ဆိုတာတစ်ဖက်တည်းတီးလို့မြည်တာမှမဟုတ်ပဲကို...

အဲ့သူဌေးကလည်း ပါချင်ချင်ဖြစ်နေလို့နေမှာပေါ့

...မိန်းကလေးတိုင်းက ပြီးပြည့်စုံတဲ့လူကိုမှ

ရချင်ကြတာဓမ္မတာပါပဲ...သူ့ကံပေါ့..

မဟုတ်ဘူးလား..."


"အေးပါ..မေဝိုင်းလေးကအသိဆုံး..ဟုတ်ပြီလား..."


"မေဝိုင်းလေး...သူဌေးခေါ်နေတယ်...

ရုံးခန်းထဲကို သွားလိုက်ပါ..."


ဝိုင်းလေးနဲ့ မမယုမွန်တို့နှစ်ယောက်သား

ခေါင်းချင်းဆိုင်ပြီး အတင်းတုပ်နေမိရာမှ

နောက်ကို လှည့်ကြည့်လိုက်တော့...


"အမယ်လေး!!!!"


"ဟဲ့...အော်ဘာဖြစ်ကြတာလဲ...

လန့်လိုက်တာဟယ်..."


သူများမကောင်းကြံ ကိုယ့်ခေါင်းမှန်တဲ့ အတွင်းရေးမှူး မချစ်သဲရဲ့အတင်းကို

တုပ်နေပါတယ်ဆိုနေမှ မချစ်သဲကတန်းပြီးတော့ကို

ရောက်ချလာတာပဲ။

မချစ်သဲသာ သူ့အတင်းကိုပြောနေကြမှန်းသိရင်နှောင်ချိန်ပလေးနေရမှာ သေချာတယ်။


ဝိုင်းလေးလည်း သူဌေးရဲ့ရုံးခန်းဆီသို့

အမြန်သွားလိုက်ပြီး တံခါးကို‌ခေါက်ကာ

ဖြည်းဖြည်းလေးတွန်းဖွင့်၍၀င်လိုက်တော့

သူဌေးကဖုန်းကိုကြည့်ပြီးဒေါသထွက်နေဟန်

ပေါ်သောကြောင့်တော်တော်လေး

ထိတ်လန့်နေမိသည်။

မျက်ခုံးထူထူကြီးတွေက

တွန့်လိမ်နေလောက်အောင် မျက်မှောင်ကြုံ့ထားပြီး ဒီနေ့မှသေချာအနီးကပ်ကြည့်ဖူးတဲ့

သူ့မျက်နှာကလည်း တည်တင်းနေလိုက်တာများ ပေါက်ကွဲထွက်တော့မဲ့အတိုင်းပဲ။


"သူဌေး...ကျွန်မရောက်ပါပြီ..."


"မင်းက...မေဝိုင်းလေးလား...."


"ဟုတ်..ဟုတ်ပါတယ်..."


မကျေမနပ်ပုံစံနဲ့ ဝိုင်းလေးကိုကြည့်လာတာကြောင့် စကားတွေတောင်ထစ်အကုန်သည်။


"မင်းဘာလုပ်လိုက်လည်း မင်းကိုယ်မင်းသိလား..."


"ဝိုင်းလေး ဘာလုပ်လိုက်မိလို့လဲဟင်..."


"ဒုန်း!!?" 


"အမလေး!!!..."


ခုံပေါ်ကို လက်သီးနဲ့ထုချလိုက်ပြီး သူဌေးက

မက်တက်ထရပ်လိုက်တော့ ဝိုင်းလေးမှာ

လန့်လွန်းလို့ မျက်ရည်တောင်ဝဲချင်လာတယ်။

က‌လောကနေ ပြောင်းလာပြီးထဲက ရန်ကုန်မှာ

လုပ်ဖူးတာ ဒါဟာပထမဦးဆုံးအလုပ်ဆိုတော့

အလုပ်ပြုတ်မှာလည်းကြောက်တယ်။


"မြေနီကုန်းဘက်က အလှကုန်မိတ်ဆက်ပွဲကို

ဆက်တီအကောင်းစားတွေပို့ရမဲ့နေရာမှာ...

ရိုးရိုးပလက်စတစ်ခ်ခုံတွေဖြစ်နေတယ်...

စုံလည်ကုလားထိုင်ပါဆိုတာ ကော်ခုံတွေ

ဖြစ်နေတယ်...

နောက်ပြီး တိုက်ရိုက်Liveထုတ်လွှင့်နေတဲ့

ပရိုမိုးရှင်းအစီအစဉ်မှာမှကွာ...အခုပရိတ်သတ်တွေကရော ထုတ်ကုန်ကြော်ငြာဖို့ ဌားတဲ့ကုမ္ပဏီကနေပါ..

၀န်ဆောင်မှုမကောင်းဘူးဆိုပြီး

 ကွန်ပလိန်းတွေတက်လာတာ...နည်းတာမဟုတ်ဘူး

...အခုငါဘယ်လောက်အထိ

တောင်းပန်လိုက်ရလဲ..မင်းသိလား..."


"...ဝိုင်းလေး...တောင်း..တောင်းပန်ပါတယ်..."


ကြောက်လွန်းလို့ ဝိုင်းလေးမှာမျက်ရည်တွေပါ

ကျလာပေမဲ့ သူက‌ပိုဒေါသထွက်သွားပြီး

ခြေလှမ်းကျဲကြီးတွေနဲ့ ဝိုင်းလေးရဲ့အရှေ့ကို

လျှောက်ချလာသည်။

ဝိုင်းလေးမှာ ခေါင်းကိုမဖော်ရဲလို့ အတင်းငုံ့ပြီး မျက်ရည်တွေသာ ကျနေမိသည်။


"အေး..မင်းကတော့အဲ့ဒီ့မှာငို...ငါ့ရဲ့ဂုဏ်သိက္ခာထိခိုက်သွားတာ မင်းသိရဲ့လား......စီးပွားစီမံနဲ့

မင်းဘယ်လိုဘွဲ့ရလာခဲ့တာလဲ...အလုပ်တစ်ခုကို ပေါ့ပျက်ပျက်လုပ်တဲ့ လူကိုငါအမုန်းဆုံးပဲ..

မင်းမှာ မျက်စိတွေ၊ဦးနှောက်တွေမပါဘူးလား...

မသိရင်မေးလေ..မတတ်သေးရင်ပြန်ကြည့်လေ..

ဉာဏ်ရည်ပဲမမှီတာလား...ဟမ်..."


"ဝိုင်းလေးကို အဲ့လောက်ကြီးထိတော့ မပြောပါနဲ့ရှင်

...ကျွန်မတမင်အမှားလုပ်ခဲ့တာမှမဟုတ်တာ..

စာရင်းပို့လိုက်တုန်းကတော့ ဆိုဖာဆက်တီ

အလုံးနှစ်ဆယ်ပို့လိုက်တာပဲ..ဆုံလည်ထိုင်ခုံကိုငါးခုံ

...ဒါပေမဲ့စာရင်းကဘယ်လို

ပြောင်းသွားမှန်းမသိဘူး...

အတွင်းရေးမှူး မချစ်သဲကို..."


"တော်..တော်..မင်းသူများကိုလွှဲချဖို့မကြိုးစားနဲ့

...မင်းလိုနမော်နမဲ့နိုင်တဲ့ မိန်းကလေးက

ဒီမှာအလုပ်ဆက်လုပ်ဖို့လည်း မထိုက်တန်ဘူး...

ဒီနေ့ကစပြီး...မင်းကိုအလုပ်ထုတ်လိုက်ပြီ...

ငါလုပ်ချင်ရင်မင်းကိုအများကြီး

အပစ်ဒဏ်ချမှတ်လို့ရတယ်...

မင်းမျက်နှာကို ငါမကြည့်ချင်တော့ဘူးသွားတော့..."


ဒီလိုနဲ့ပဲ အလုပ်သင်သုံးလပြည့်တဲ့နေ့မှာ အကြီးအကျယ်အရှက်ကွဲခဲ့ရပြီး

အလုပ်ပြုတ်ခဲ့ရပါတော့တယ်။‌

"မင်းစက်အာဏာ.."ဆိုတဲ့နာမည်က

မေမေတို့ပြောပြတုန်းကတော့ အလုပ်ရှင်ရဲ့နာမည်နဲ့တူနေပါတယ်လို့ထင်ခဲ့မိတာ တကယ်တမ်းမှာ

လူပါလာတူနေတာပါလား။


ငါကိုကမေ့တတ်တာဓာတ်ပုံလေးသာ

ကြည့်ဖို့‌တောင်းမိခဲ့ရင် သူနဲ့ထပ်ဆုံရမဲ့

ဒီလိုနေ့ဆိုတာ ရောက်လာစရာကိုမရှိဘူး။

မနေ့က အဲ့လူကြောင့်ပဲ

မျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ရတဲ့ ဝိုင်းလေးက

 ဒီနေတော့ သူနဲ့ပဲ...


"ဟဲ့....သမီး..."


"အာ့...အာ့..."


"ဧည့်သည်တွေကို နှုတ်ဆက်လိုက်အုံးလေ..."


အ‌မေကလက်ကို လိမ်ဆွဲလိုက်တာကြောင့်

ဝိုင်းလေးလည်း ရောယောင်ပြီးအားလုံးကို 

ပြုံးပြလိုက်မိတော့ မျက်နှာတည်၊မျက်နှာထားနဲ့ 

မင်းစက်အာဏာဆိုတဲ့ လူကြီးကအရှေ့ဆုံးမှ

ထ၍ထွက်သွားလေသည်။


"အမေ့...ဧည့်သည်တွေက ဘာလို့ပြန်သွားကြတာလဲ..."


"ဟယ်...မိဝိုင်းလေး..ညည်းနယ်..

ကိုယ့်ကို လာတောင်းရမ်းတဲ့အချိန်မှာတောင်

ငုတ်တုတ်မေ့နေရတယ်လို့...

ပြောဆိုကြောင်းလမ်းပြီးသွားလို့

ပြန်သွားကြတာလေ..."


"ဘာ!!!အမေ့...စေ့စပ်ကြောင်းလမ်းတာ

ပြီးတယ်လို့ပြောရအောင်..

သမီးက သဘောတူရသေးလို့လား.."


"ဟယ်...ခုဏကတော့ ညည်းပဲဘာမေးမေး

ခေါင်းငြိမ့်ပြနေခဲ့ပြီးတော့..."


"အဲ့ဒါသမီးအတွေးများပြီး

ယောင်သွားတာအမေရဲ့..."


"ဖြစ်ရလေဟယ်..."


"သေပြီဆရာ.."လို့သာ စိတ်ထဲမှာရွတ်ပြစ်လိုက်ပြီး

ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်မိတော့တယ်။အလုပ်ပြုတ်ခဲ့တဲ့အကြောင်းတွေကို

ပြန်တွေးနေမိတာ ကိုယ့်ကိုကိုယ်

ယောင်ပြီးခေါင်းညိမ့်လို့

ညိမ့်မိမှန်းတောင် မသိလိုက်ဘူး။


"ဒါနဲ့..မင်္ဂလာပွဲက ဘယ်နှစ်လကြာရင်

ကျင်းပမှာလဲ..."


"ဟော့တော်..ဒါလည်းမကြားလိုက်ပြန်ဘူးလား

နောက်နှစ်ပတ်ကျော်ရင် မင်္ဂလာပွဲကျင်းပတော့မှာလေ...အဖွားဒေါ်နုယဉ်ပိုင်တဲ့ဟိုတယ်မှာပဲ

ဆောင်မှာ..သူတို့အမျိုးတွေကစင်္ကာပူမှာလည်း

ရှိတော့..စင်္ကာမှာလည်းဧည့်ခံပွဲသွားလုပ်မယ်တဲ့ "


"ဟင်!!မမြန်လွန်းဘူးလား အမေရယ်...

အမေတို့ဟာကလည်း..သမီးကိုမလိုချင်လို့များ အတင်းမောင်းထုတ်နေကြတာလား...."


"မဟုတ်ပါဘူးဟယ်...မောင်မင်းစက်ရဲ့

အဖွား‌ဒေါ်နုယဉ်က အသက်ကြီးတော့

သူ့မြေးလက်ထက်တာကို မြန်မြန်မြင်ချင်လို့တဲ့

ရက်ကိုစောနိုင်သမျှစောလိုက်တာ...‌

ကျန်းမာတုန်းလေး မြစ်ကလေးတွေနဲ့

ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်လို့လားမှမသိတာ"


စိတ်ညစ်ပါတယ်။

မင်္ဂလာတောင်မဆောင်ရသေးဘူး။

ကလေးကမွေးခိုင်းချင်နေပြီ။

သူတို့မမွေးရတိုင်း။


"အမေရယ်...သူနဲ့သမီးကစကားတောင်

မပြောလိုက်ရဘူး...သူ့ကြည့်ရတာလဲ

သမီးကို သိပ်ကြည်ပုံမပေါ်ဘူးနော်...

တော်ကြာမချစ်ပဲနဲ့ ညားပြီးခါမှ

ကွဲကြပြဲကြဆိုရင်..."


"အမယ်လေး...အဲ့ဒါတော့ စိတ်မပူနဲ့နင့်အဖေနဲ့

ငါလည်း မိဘပေးစားလို့ယူလိုက်ရတာပဲ...

ညားပြီးရင်တော့ မြင်ပါများပြီ...

ချစ်သွားမှာပေါ့အေ...


ရှိတဲ့ဘုရား ကယ်တော်မူပါ ဒီအတိုင်းဆိုရင်တော့ ကိုယ့်ကိုဉာဏ်ရည်မမှီဘူးလို့ သမုတ်ထားတဲ့လူ၊အထင်သေးအမြင်သေးဖြစ်နေတဲ့လူကြီးနဲ့

ညားရတော့မှာပေါ့။


သူနဲ့သာညားရင် ဝိုင်းလေးရဲ့ အိမ်ထောင်ရေးဘ၀ကြီးက ဓာတ်လိုက်တာထက်ဆိုးမှာသေချာတယ်။


😊😊😊😊😊😊😊😊😊


အလွန်ခမ်းနားပြီး ခောတ်ဆန်သောအသွင်ရှိသည့် ခြံကြီးထဲသို့ မင်းစက်အာဏာသည်ကားကို

မောင်း၀င်လိုက်ပြီး ပေါ်တီကိုအောက်တွင်

ရပ်ပေးလိုက်လေသည်။

ကားပေါ်မှဒေါ်ရတနာထိုက်က ဆင်းလိုက်သော်လည်း မင်းစက်ကတော့ဆင်းမည့်ပုံမပေါ်၍

ဒေါ်ရတာနာထိုက်သည် ဘ၀င်မကျတော့ပဲ

မင်းစက်ကိုသာ စိတ်ဆိုး၊မာန်ဆိုးနှင့်ကြည့်နေတော့သည်။


"မင်းစက်...သားကိုအမေပြောစရာတွေရှိတယ်

ကားပေါ်ကနေဆင်းခဲ့ပြီး..ဧည့်ခန်းထဲကို

လိုက်ခဲ့"


"ကျွန်တော်လိုက်လို့မဖြစ်ဘူးအမေ...

နောက်တစ်နာရီအတွင်း..မြို့ထဲမှာ

အရေးကြီးဧည့်သည်နဲ့

တွေ့ဖို့ချိန်းထားလို့..အခုချက်ချင်းပြန်ထွက်ရတော့မယ်..ဒီညလည်းနောက်ကျမှာမို့..

ကျွန်တော့်ဗီလာမှာပဲ..နားဖြစ်မယ်..."


"ဟဲ့..ဒါကနင့်မိဘတွေအိမ်ဆိုတာရော..

သိသေးရဲ့လား..အိမ်မှာက

မိန်းမသားတွေချည်းပဲဆိုတာလည်းသတိရအုံး..."


အမေ့ရဲ့ဆူပူသည့်စကားကို ကြားရပြန်တော့

မင်းစက်..စုတ်သပ်လိုက်မိလေသည်။

အမျိုးသမီးတွေဟာ သံယောဇဉ်၊မိသားစုဆိုတာကြီးနဲ့ ဘယ်အချိန်အထိ ချည်နှောင်နေမှာလဲ

ဆိုတာ စဉ်းစားလို့ကိုမရဘူး။

သူအမုန်းဆုံးကလည်း

တစ်ခါလာလည်း မိန်းမသားမို့အားနည်းတယ်၊

ကာကွယ်ပေးရမယ်ဆိုပြီး မဟုတ်တဲ့အရာကို

တသသထုတ်ဖော်နေခြင်းပဲ။

အဖေ့ကိုမုန်းပေမဲ့ မင်းစက်မှာလည်း

အဖေ့သွေးကပါနေသလား မသိပေ။


သံယောဇဉ်တို့၊ချစ်ခြင်းမေတ္တာတို့ကို

အရေးကြီးစာရင်းထဲမှာ မထားတတ်ပဲ

ကိုယ်အောင်မြင်ဖို့၊ကြီးပွားဖို့နှင့်ဂုဏ်သိက္ခာ

မြင့်မားဖို့ကိုပဲ ဦးစားပေးတတ်သည်။

ခြံ၀န်းကြီးကလည်း အကျယ်ကြီးဖြစ်တဲ့အပြင်

မြင့်မားတဲ့အုတ်တံတိုင်းကြီး ခတ်ထားပြီး

အလုပ်သမားတွေများစွာနဲ့ ပြည့်စုံနေတာကိုတောင်

အားနည်းချင်ယောင်ဆောင်ပြနေသည့်

အမေ့ကို ဘယ်လိုပြောပြရမလဲမသိတော့ပေ။


"အမေ..အမေမွေးထားတာက

သားနှစ်ယောက်နော်..ကျွန်တော်မရှိလည်း

အစ်ကိုကြီးရှိနေတာကိုမေ့နေတာလား..သူကရော

ယောက်ျားမဟုတ်ဘူးလား..."


"အဲ..ဟုတ်သားပဲ..ငါလုပ်မှပဲ..ငါ့သားကြီးကအခြောက်ဖြစ်တော့မယ်..."


အူကြောင်ကြောင်ပုံစံလေးဖြစ်သွားသော

အမေ့ကို တစ်ချက်ကြည့်ကာ

မင်းစက်ခေါင်းခါလိုက်မိလေသည်။


"ကျွန်တော်သွားတော့မယ်အမေ..."


"ဟဲ့နေအုံး..ငါပြောတာမပြီးသေးဘူး..

ဒီနေ့...မင်းလုပ်ပုံမဟုတ်သေးဘူးနော်

ကိုယ်ယူရမဲ့မိန်ကလေးကို..ပြုံးပြရမှာတောင်

အဲ့လောက်ခက်ခဲနေတာလား...ဒေါ်တင်မမတို့ကို

အားနာဖို့တောင်ကောင်းသေးတယ်သိရဲ့လား

မိန်းမသွားတောင်းတာကို..

ဓားပြသွားတိုက်မဲ့ရုပ်နဲ့..ဖြစ်နေလိုက်တာဟယ်

...လူမှုရေးလေးဘာလေးသိတတ်ပါအုံးဟဲ့...

အဲ့ဒါနင်ယူရမဲ့..မိန်းမရဲ့မိဘတွေနော်..

နင့်ဆီကအကြွေးယူထားတဲ့

လူတွေမဟုတ်ဘူး..."


"တော်ပြီဗျာ...ကျွန်တော်အဲ့ဒါတွေကို

စိတ်မ၀င်စားဘူး...အဖွားကြောင့်သာမဟုတ်ရင်

အဲ့ဒီ့ကောင်မလေးကို ဘယ်လိုအကြောင်းမျိုးနဲ့မှ

ကျွန်တော်လက်ခံမှာမဟုတ်ဘူး..."


"ဟဲ့...ကောင်မလေးကဒီလောက်လှတဲ့ဥစ္စာကို..."


"ဒီမှာအမေ...ကျွန်တော်သာလှတာကို

မက်တဲ့လူဆိုရင်..အမေ့အိမ်မှာ

ချွေးမတွေနဲ့တင်‌ပြည့်နေလောက်ပြီ..

ကျွန်တော်သွားပြီဗျာ...."


မိဘက..တားနေသည့်ကြားမှ ကားကိုဇွတ်တရွတ်

မောင်းထွက်သွားသည့်သားဖြစ်သူကို

ဒေါ်ရတနာထိုက်လည်းဘယ်လိုမှမနိုင်တော့ပေ။


"ဘ၀င်ရူး..ငါ့ကိုပြောခဲ့သမျှ

ဒင်းတစ်နေ့ပြန်၀ဋ်မလည်ပါစေနဲ့...ဟွန့်"


မောင်နှမသုံးယောက်ထဲမှာ အငယ်ဆုံးမွေးထားတဲ့

သားဖြစ်ပေမဲ့ အတော်ဆုံး၊အထက်ဆုံးနှင့်

မာနအကြီးဆုံးဖြစ်ကာ 

တစ်မြီးပေါက်တစ်ယောက်သာဖြစ်သည်။

အလုပ်ခွင်မှာဆိုရင် သူ့အလုပ်သမားတွေက

မင်းစက်အာဏာကနေ..စေတန်ဆိုပြီး

နာမည်ပြောင်ပေးထားတာကို ဒင်းမသိလေရော့သလား။


မင်းစက်ဟာ သူ့အဖေကိုအမုန်းတီးဆုံးသူဖြစ်ပေမဲ့

အမူအကျင့်နှင့် နေပုံထိုင်ပုံတွေကတော့

ဖအေနှင့် တစ်ပုံစံတည်းသွား၍ တူနေ‌‌သည်။

အပြုံးအရယ်နဲတာနဲ့ အလုပ်တစ်ခုခုလုပ်တဲ့အခါ

အာရုံစူးစိုက်မှု အားကောင်းတာတွေဟာ

သူ့အဖေသူရမင်းခေါင်နှင့် တထေရာတည်းတူသည်။


ငယ်ငယ်တည်းက သူ့အဖေဆီမှာနေခဲ့ရသည့်ကလေးပါပဲ။

ကျောင်းပိတ်ရက်ရောက်မှသာ မိခင်ဆီကို

အလည်လာခွင့်ရခဲ့ပြီး အထက်တန်းပြီးမှသာ

ကိုယ့်တွေဆီသို့ အပြီးရောက်လာခဲ့ရတော့

အမေဘက်ကမိသားစုနဲ့မောင်နှမတွေကို

ဘယ်ခင်တွယ်ပါတော့မလဲ။

ကိုယ်ကလည်း ယောက်ျားကိုနာကျည်းမိတဲ့စိတ်နဲ့ သားငယ်လေးကို ပြန်ခေါ်ဖို့မစဉ်းစားမိခဲ့ဘူး။

ဒါဟာ ကိုယ့်ရဲ့ပထမဆုံးအမှားအကြီးကြီးပါပဲ။


"ဒင်းကိုအမေပြောသလို..မိန်းမမြန်မြန်ပေးစားမှ

အေးမှာပါလေ..ကလေးတွေရလာတဲ့အခါမှ

မိသားစုရဲ့အဓိပ္ပာယ်ကို..မသင်ရပဲ..

ကောင်းကောင်းနားလည်သွားမှာ..."


ကိုယ့်အတွေးနှင့်ကိုယ်ခေါင်းတငြိမ့်ငြိမ့်

လုပ်မိလျှက် စလင်းဘတ်ကိုလက်မှာ

သေချာပြင်၍ချိတ်လိုက်ပြီး အိမ်အပေါ်ထပ်သို့

ဓာတ်လှေကားဖြင့် တက်လာခဲ့လိုက်သည်။

အမေဒေါ်နုယဉ်ဟာ ခြေ‌‌ထောက်မသန်၍

အောက်ထပ်မှာနေပါဆိုတော့လည်း

အောက်ထပ်မှာက လူရှုပ်လို့..ဆူလို့ဆိုပြီး

ငြင်းဆန်လေ‌သည်။


ဒီတော့ သူအဆင်ပြေအောင်

ဓာတ်လှေကားကို ထားပေးရတော့သည်။

အိမ်ကလည်း သုံးထပ်ဆိုပေမဲ့ ခေါင်အမြင့်ကြီးတွေ

ဆောက်ထား၍ ဒီအိမ်၏နှစ်ထပ်စာက အခြား

အိမ်တွေ၏ လေးထပ်စာလောက်ကို မြင့်လေသည်။

အမေ့အခန်းတံခါးကို ဖွင့်ပြီး၀င်လိုက်သောအခါ

အိပ်ယာပေါ်တွင် အကျအနထိုင်၍

ခြေရင်းဘက်တွင်ရှိသော တီဗွီမှကိုရီးယားဇာတ်လမ်းတွဲအား တဟဲဟဲလုပ်၍

ထိုင်ကြည့်နေတာကို‌တွေ့လိုက်ရသည်။

အမေဟာ အသက်သာကြီးသွားတယ်။

ကိုရီးယားကားကတော့ အရမ်းကြိုက်ပဲ။


"အမေ့..ကိုရီးယားကားကို အသံတိုးပါအုံး

ဒီမှာပြောစရာရှိလို့..."


"ပြောစရာရှိတာနောက်မှထားစမ်းပါ..

ဒီမှာမင်းသမီးကယောကျာ်းယောင်ဆောင်ထားတာ

ပေါ်တော့မဲ့အခန်းရောက်ပြီ..."


"သူ့ဘာသာပေါ်ရုံမကလို့..

ပိုးလိုးပက်လက်ကြီးပဲလန်လန်အမေရယ်..

အခုပြောမှာက အမေ့မြေးကိစ္စ

ပိုအရေးကြီးတယ်..."


အမေ့မြေးဆိုသည့်အသံကို ကြားတော့မှ

သူ့ကိုရီးယားကားကို ခဏရပ်ထားပေးလေသည်။


"ကဲ..ပြောစမ်း..အခြေအနေကဘာထူးလဲ..."


"နှစ်ဦးနှစ်ဖက်တော့အဆင်ပြေခဲ့ပါတယ်...

မင်္ဂလာပွဲကလည်း အမေဖြစ်စေချင်သလို

အနီးဆုံးရက်ကိုရွေးထားတယ်..ဒါပေမဲ့..

အမေ့မြေးကတော့ ကောင်မလေးကို

သဘောကျပုံမရဘူး..အဖွားကိုချစ်လို့သာ

လက်ခံထားရတဲ့ပုံနဲ့နော်...ဒီအတိုင်းဆိုရင်

သူတို့ရဲ့အိမ်ထောင်ရေးကအဆင်ပြေပါ့မလား...

ယူပြီးမှတကျက်ကျက်ရန်ဖြစ်နေရင်တော့

ကြားထဲကနေ ကျွန်မတို့ကပဲစိတ်ညစ်ရမှာ..."


"ကောင်မလေးရဲ့ပုံကို ငါတွေ့ပြီးသွားပါပြီအေ..

မိစံပြောတဲ့အတိုင်းဆို..သူ့‌မြေးကရိုးရိုးအေးအေးလေးပါပဲ...ဘွဲ့လည်းရပြီးတဲ့အပြင်..

လိမ္မာရေးခြားလည်းရှိတယ်ဆိုတော့...

အဲ့လိုမိန်းကလေးကိုမှ ချွေးမ..မတော်ရင်

နင်နောင်တရသွားလိမ့်မယ်နော်...

သူ့ဟာနဲ့သူအဆင်ပြေသွားမှာပေါ့ဟယ်.."


"အမေရယ်..ကျွန်မတော့မထင်ဘူးနော်..

ဟိုကလည်းရိုးရိုးအေးအေး..မင်းစက်ကလည်း

ရေခဲတုန်းဆိုတော့...သူတို့ရဲ့အိမ်ထောင်ရေးက

သေချာတယ်..ရေခဲတိုက်ပဲ..."


"ဟဲ့..နမိတ်မရှိ..နမာမရှိနဲ့ဘာတွေပြောနေတာလဲ

ရိုးရိုးအေးအေးဆိုပေမဲ့...ကောင်မလေးက

နှစ်ဆယ့်သုံးနှစ်ပဲရှိသေးတာလေ..အဲ့တော့

ငယ်တဲ့အလျောက်...ဆိုးနွဲ့တတ်မှာပဲလေ...

ငါကအဲ့ဒါကိုလိုချင်တာ..နင့်သားကနှစ်ဆယ့်ခုနှစ်

ဟိုကနှစ်ဆယ့်သုံး..အသက်လေးနှစ်ကွာဟမှုက

ဘယ်လောက်လိုက်ဖက်သလဲ..ကြီးရင်မှီ

ငယ်ရင်ချီတဲ့..နင့်သားလိုဟာမျိုးက

သူများကိုတော့ လုံး၀မှီခိုမှာမဟုတ်ဘူး...

အဲ့တော့သူကပဲ..ချီပလေ့စေ..."


"ချီပြီးပစ်ချလိုက်မှ..ကောင်မလေး

ခါးရိုးကျိုးနေပါအုံးမယ်အမေရယ်...

အမေ့သူငယ်ချင်းရဲ့မိသားစုက...

သာမာန်အခြေအနေပဲရှိတာနော်...

အမေ့မြေးက..သူ့ရဲ့လက်ရှိပိုင်ဆိုင်မှုတင်..

ကျွန်မတို့ထက်များနေတဲ့ဥစ္စာ...

တော်နေကြာ...ကောင်မလေးက..ကျွန်မသားရဲ့

စည်းစိမ်တွေကိုမက်ပြီး...လုပ်ကြံလာရင်

ဘယ်လိုလုပ်မလဲ..."


"ဟဲ့...မိရတနာရယ်..ညည်းကလေ..

ကိုရီးယားကားတွေကြည်တဲ့ငါ့ထက်တောင်

အတွေးလွန်တတ်တာပါလားဟယ်..

ရွှေဆိုင်တွေဖွင့်စားမနေပဲ..စုံထောက်ပဲလုပ်သင့်တာ

သိရဲ့လား..နင့်သားကဆွေမရှိ၊မျိုးမရှိမှ

မဟုတ်တဲ့ဟာကို..မင်္ဂလာဆောင်ပြီးရင်

သူတို့လင်မယားကို ဒီအိမ်မှာခေါ်ထားလိုက်မယ်..

အဖွားကအဖော်ပြုပေးစေချင်လို့ဆိုပြီး

ပြောလိုက်ပေါ့

...ဒါဆိုရင်သူ့မိန်းမကိုအပါခေါ်နိုင်မှတော့

နင့်သားလည်းအလိုလို ဒီအိမ်ပေါ်ရောက်လာပြီ..

ကဲ..ဘယ်လိုလဲ..."


"ဟာ...ဟုတ်တယ်...အမေ့အကြံကသိပ်ပိုင်တာပဲ

မင်းစက်လို...မာနကြီးပြီး‌မောက်မာတဲ့

မိန်းကလေးဆိုရင်တော့..ဒီကိစ္စကို

လိုက်လျောမှာမဟုတ်လောက်ဘူး..

ကောင်မလေးကိုကြည့်ရတာ..ပြောရင်ပြောတာကို

နာခံမဲ့ပုံလေးဆိုတော့ အဆင်ပြေလောက်မှာပါ..

အမယ်လေး..အခုမှပဲအလုံးကြီးကျသွားတော့တယ်

ဒါနဲ့...သမီးလည်းဆိုင်ကိုသွားတော့မယ်နော်

အမေခိုင်းချင်တာရှိရင်..ခိုင်းရအောင်

ကြည်အေးကိုလွှတ်လိုက်မယ်..."


"အမယ်လေး..မလိုပါဘူးအေ..ငါ့ဟာနဲ့ငါ..

ဇာတ်ကားကြည့်နေတာမှဟုတ်အုံးမယ်..

လိုအပ်မှစကား‌ပြောစက်ကနေလှမ်းခေါ်လိုက်မယ်..တံခါးသာဟသွား

ကြည်အေးက..ခိုင်းလို့မကောင်းပါဘူးဟယ်

ယှက်ပြာ,ယှက်ပြာနဲ့..."


"အမေကလည်း..ကြည်အေးမဟုတ်လည်း

ဒေါ်ခင်မြကိုလွှတ်လိုက်မယ်..

အမေတစ်ယောက်တည်းဆို..စိတ်မချပါဘူး.."


"အပိုတွေလုပ်မနေပါနဲ့အေ..ပုံမှန်လည်း

ငါတစ်ယောက်တည်းနေတာပါ...

အဖော်ရစေချင်ရင်..နင့်ချွေးမကိုမြန်မြန်သာ

အိမ်ပေါ်ကို ခေါ်တင်လာခဲ့..."


"အမေတို့ကလည်းလေ..

နောက်ဆုံးတော့ဒီဘူတာကိုလာဆိုက်တာပဲ..

မုန့်ဆီကြော်က..ကြော်လို့မပြီးသေးဘူး..

စားရဖို့သွားရည်က..တမျှမျှဖြစ်နေပြီ.."


အခန်းထဲမှထွက်သွားသော သမီးဖြစ်သူကိုကြည့်ပြီး

မျက်စောင်းထိုးပစ်လိုက်သည်။

သူ့သားကို မိန်းမပေးစားလို့ဖြစ်ပျက်နေတာများ

အမြင်ကပ်ဖို့တောင် ကောင်းသေးတယ်။


*ဟွန့်..သူတို့ကြတော့ငါ့ဘေးနားမှာ..

အဖော်ပြုပေးနိုင်တာကြလို့..."


အသက်ကကြီးလာတော့ မြေးတွေ၊မြစ်တွေနှင့်

ပျော်ပျော်ရွှင်ရွှင်နေချင်မိတာ အပြစ်မှမဟုတ်တာ။

မြေးအလတ်မက..ယောက်ျားဆန်ဆန်ကြီး

နေတတ်တော့

ယောက်ျားရမဲ့ပုံလည်း မပေါ်တော့ပေ။

ဒါကြောင့် အချစ်ဆုံးမြေးအငယ်လေး

အိမ်ထောင်ကျမှဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။


အကြီးကောင်ကြပြန်တော့ ယူတဲ့မိန်းမက

ဆရာ၀န်ဖြစ်ပြီး ကလေးကအခုထိ

မရနိုင်သေးပေ။ကိုယ့်အနားမှာနေနိုင်ဖို့ဝေးလို့

သူ့ဂျူတီချိန်နဲ့ဆေးခန်းပေါင်းသောင်းခြောက်ထောင်ကို ပတ်ပြေးနေရတာနဲ့ကို

မအားနိုင်..။

ဆရာ၀န်ဆိုတော့ မာနကခပ်ကြီးကြီး..။

မျက်နှာကမော်ချီနေတတ်တော့ ဝါကြီးတဲ့

ကိုယ်တောင် သူ့ကိုခပ်ကြောက်ကြောက်ရယ်..။


ဟော..ကံကောင်းချင်တော့ ငယ်သူငယ်ချင်း

မိမိစံက မန္တ‌လေးကနေပြောင်းလာပြီးနောက်

ကိုယ့်အိမ်ကိုလာလည်ပါလေရော။

သူငယ်ချင်းအချင်းချင်း စကားစပ်မိရာကနေ

ငယ်ငယ်က တက္ကသိုလ်မှာပေးခဲ့တဲ့ကတိတွေကို

ပြန်ပြီးအမှတ်ရမိကြတယ်။

အိမ်ထောင်ကျလို့ သားသမီးတွေရလာရင်

နင့်သားနဲ့ငါ့သမီးကို ပေးစားပြီးအမျိုးတော်ကြမည်ဆိုသော ကတိပေါ့။


ဖြစ်ချင်‌တော့ ကိုယ်ကအရင်အိမ်ထောင်‌ကျပြီး

နောက်ပိုင်းမှာ နိုင်ငံခြားကမိဘတွေဆီကို

ရောက်သွားခဲ့တယ်။ 

သူငယ်ချင်းနှစ်ယောက်ပြန်တွေ့ကြတဲ့အခါမှာတော့

ကိုယ့်သမီးရော..သူ့သားရောကအိမ်ထောင်ကိုယ်စီနဲ့

ဖြစ်နေတဲ့အခါ ဘယ်လိုမှမတတ်နိုင်ခဲ့ကြဘူး။

‌မြေးတွေ ငယ်ငယ်ကတော့အဆက်အသွယ်ရှိကြသေးပေမဲ့ နောက်ပိုင်းမှကိုယ်လည်း ကိုယ့်မိသားစု

စီးပွားရေး၊လူမှုရေးအတွက် ဦးစားပေးလာရတော့

ကလောဘက်ကို သွားမလည်အားတော့ပါဘူး။

သူတို့လည်း မန္တလေးကိုပြောင်းသွားကြသေးတော့

အစပျောက်သွားတော့တာပဲ။


ဟော..အခုကြတော့ တိုက်ဆိုင်စွာပဲသူတို့က

ရန်ကုန်ကိုပြောင်းလာခဲ့ကြတယ်။

သူငယ်ချင်းတွေ ပြန်တွေ့ဖြစ်ကြတော့

မြေးတွေအကြောင်းကို ပြောကြရင်းနဲ့

အိမ်ထောင်မကျသေးတဲ့ ကိုယ့်မြေးနဲ့သူ့ရဲ့

မြေးမနှစ်ယောက်တည်းက တစ်ယောက်ကိုလက်ဆက်ပေးချင်တယ်လို့ စတင်ကမ်းလှမ်းခဲ့မိတယ်။

ဖြစ်ချင်တော့ သူ့ရဲ့မြေးအကြီးမလေးက

ဂျပန်မှာကျောင်းသွားတတ်နေတယ်တဲ့။

ဒီတော့လည်း မြေးအငယ်လေးနဲ့ပဲ

စီစဉ်ရတော့တာပေါ့။


ကိုယ်ကတော့"မေဝိုင်းလေး.."ဆိုတဲ့နာမည်ကိုရော

ပုံထဲမှာ တွေ့ရတဲ့လူလေးကိုရော ချစ်မိပါရဲ့။


ဒါပေမဲ့ တစ်ခုတော့ မူမမှန်သလိုခံစားမိတယ်..။

ဖွားအေရဲ့အမိန့်ကိုဘယ်တုန်းကမှ

မနာခံဖူးတဲ့နတ်ဆိုးလေးက ဒီတစ်ခါတော့အကြောက်အကန်မငြင်းတော့ပဲ လက်ထက်ဖို့ကိုသဘောတူလိုက်တယ်..။


မင်းစက်အာဏာဆိုတာ နာမည်နဲ့လိုက်အောင်

သူတစ်ပါးအပေါ် မင်းမူချင်၊အာဏာသက်ရောက်ချင်တဲ့ လူမျိုးမှန်းကိုယ်တွေအသိဆုံးပဲ။

ဒီလိုလူမျိုးက ဒီမင်္ဂလာပွဲကို လက်ခံလိုက်တာဟာ

ကိုယ့်စိတ်ထဲမှာတော့ ဘုရားပွင့်တာလိုပဲ။


"ဒင်း..ဘာတွေကြံစည်နေတာလဲ..."


အခန်း(၂)....ဆက်ရန်


(စာရေးသူ..ဆောင်းငွေ့ဝေ)


🔥🔥🔥🔥🔥🔥


အဖွားဖန်တီးပေးတဲ့ ဖူးစာကတော့စလေပြီ...


ဒီဇာတ်လမ်းလေးကို မထင်မှတ်ထားတဲ့အချို့အကွေ့လေးတွေ လျှို့ဝှက်ချက်လေးတွေနဲ့ ဖန်တီးပေးမှာမို့ ဆက်လက်စောင့်မျှော်ပေးကြပါအုံးနော်...


(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီအား..

အထူးကျေးဇူးတင်လျှက်ပါ..)


=========================================================================

အခန္း၁

             💘မာနမင္းသားႏွင့္ေရႊဖူးစာ💘


"ဝိုင္းေလးရယ္..ညည္းရုပ္ကဘာျဖစ္ေနတာလဲ..."


"ဘာျဖစ္ရမွာလဲ..အန္တီေလးရဲ့..ေမေမတို႔က

ဝိုင္းေလးတစ္ခါမွေတာင္ မေတြ့ဖူးတဲ့လူနဲ႔

ေပးစားခ်င္ေနတဲ့ဥစၥာကို..အဟင့္..

ေသသာေသလိုက္ခ်င္ေတာ့တယ္..."


ေမဝိုင္းေလးတစ္ေယာက္ မ်က္ရည္နဲ႔မ်က္ခြက္

ျဖစ္ေနကာ လက္ထဲမျွမန္မာ၀တ္စံု

ခ်ိတ္၀မ္းဆက္ကိုလည္း ေဆာင့္ႀကီး‌‌၊ေအာင့္ႀကီးနဲ႔ပစ္ခ်လိုက္သည္။

မ်က္ႏွာႀကီးရႈံ႔မဲ့ကာသစ္သားခုတင္ေပၚမွာ

စိတ္ညစ္စြာထိုင္ခ်လိုက္မိေတာ့ အန္တီေလးကအနားသို႔ေရာက္လာ‌ေလသည္။


"အမေလး...နင္ယူရမဲ့ေယာက္်ားက

ေဘာစိပါေအ...တင္မမတို႔ကလည္း

ကိုယ့္သမီးကိုယ္ေတာ့

ေခ်ာက္ထဲကိုတြန္းမခ်ပါဘူးဟယ္..

ဒီမွာ..အခုကတစ္လ..သံုး၊‌ေလးသိန္းေလာက္ပဲ

ရတဲ့အလုပ္ေလးကို

ေျခကုန္လက္ပမ္းက်ေအာင္ လုပ္ေနရတာ

မဟုတ္ဘူးလား..အေမေပးစားတဲ့ေယာက္်ားသာ

ယူလိုက္စမ္းပါေအ..

တစ္ဘ၀စာလံုးအၿငိမ္းစားပဲ..

ဟိုကကုန္တိုက္ေတြပိုင္တာတဲ့ေနာ္...

ႀကိဳက္တဲ့ပစၥည္းကိုသာလက္ၫွိုးထိုးလိုက္

ကိုယ့္အေရ႔ွကိုေရာက္လာၿပီးသားပဲ..."


"ဟာ...ဟုတ္သားပဲ...ဝိုင္းေလးေမ့ေနခဲ့တာ.."


"ဘာကိုေမ့ေနတာတုန္း..."


အႀကံေပါင္းစံုလင္းလတ္လာတဲ့ ဝိုင္းေလးရဲ့မ်က္၀န္းေတြက အန္တီေလးဆီသို႔

အၾကၫ့္ေရာက္သြားသည္။

အန္တီေလးက ၀တ္ပံုစားပံုေခာတ္ဆန္တာေၾကာင့္ အသက္ေလးဆယ့္ငါးႏွစ္ဆိုတာထက္ ပိုႏုေနသည္။

အသက္၂၃ႏွစ္ရိွၿပီျဖစ္တဲ့ ဝိုင္းေလးနဲ႔ဆိုရင္

 လမ္းအတူထြက္တိုင္း ညီအစ္မေတြလို႔ေတာင္ အထင္ခံရပါေသးတယ္။

ေနာက္ၿပီးအန္တီေလးက လံုးႀကီးေပါက္လွဆိုေတာ့ မင္းစက္အာဏာဆိုတဲ့လူ ေက်နပ္ေလာက္မွာပါ။


"ဟီ...ဟိ..."


"အန္တီေလး..."


"ဘာလဲ...."


"အဲ့ဒီ့ မင္းစက္အာဏာဆိုတဲ့လူႀကီးကို

အန္တီေလးယူလိုက္ပါလားဟင္...

သူကလည္းအသက္ႏွစ္ဆယ့္ခုႏွႏွစ္ဆိုေတာ့

အန္တီေလးနဲ႔ဆိုရင္ သိပ္ကိုလိုက္ဖက္ေနမွာပဲေနာ္...

ယူလိုက္ပါလားဟင္..."


"အယ္...ႀကံၾကီးစည္ရာဟယ္...

ကိုယ့္သားအရြယ္ေလာက္ကို...မယူခ်င္ပါဘူး..."


"ယူလိုက္ပါ..အန္တီေလးရယ္အခုက

မမေတြေခာတ္ထေနတဲ့ ဥစၥာကို.."


"ေမဝိုင္းေလး!!...ညည္းေနာ္..

ငါထုထၫ့္လိုက္ေတာ့မယ္..သူ..မယူခ်င္တိုင္း

ငါ့ကိုအတင္းလာထိုးကၽြေးေနတယ္"


"အန္တီေလးကလည္း..စားလိုက္ပါေနာ္..

အရသာရိွမွာပါ.."


"တယ္...ဒီေကာင္မေလးေတာ့ေနာ္..

ဘယ္လိုျဖစ္ေနတာတုန္း...သူမ်ားေတြဆို

အရြယ္ျဖင့္မေရာက္ေသးဘူး..

လင္ေနာက္လိုက္ရတာနဲ႔ဘာနဲ႔..မိဝိုင္းေလးၾကမွပဲ...

အေကာင္းစားေယာက္်ားနဲ႔ေပးစားတာေတာင္

တဟင္းဟင္းနဲ႔ညီးေနလိုက္တာ

ငွက္ဖ်ားတတ္ေနတဲ့အတိုင္းပဲ.."


"အီဟီး...ဝိုင္းေလးမွေယာက္်ားမယူခ်င္ေသးတဲ့ ဥစၥာကို အခုမွအသက္ကေလးကတစ္၀က္ေတာင္

မက်ိဳးေသးဘူး...ေယာက္်ားကေပးစားေနၿပီ

...ေယာက္်ားယူၿပီးျပန္ေတာ့လည္း ကေလးယူဖို႔ကလာအံုးမယ္..အဟင့္...ပိုက္ဆံေတြစုၿပီး

...လူငယ္သဘာ၀

ခရီးေတြထြက္ခ်င္ေသးပါတယ္ဆိုေနမွ..."


"ဟဲ့...ခရီးထြက္ခ်င္တာပဲ...ေယာက္်ားယူၿပီးမွ

ထြက္လည္း ရပါတယ္ေအ..."


"စင္ဂယ္လ္တာနဲ႔..မစင္ဂယ္လ္တာ

မတူေတာ့ဘူးေလ..

လူလြတ္ဆိုရင္ ေရာက္ရာအရပ္မွာ

အဆင္ေလးေတြကိုတေမ့တေမာ..ငမ္းလို႔ရတယ္..

ေယာက္်ားႀကီးတဲြလဲနဲ႔ဆိုေတာ့ ဘယ္လိုလုပ္ငမ္းလို႔ေကာင္းေတာ့မွာလဲ...ဖီးလ္ေအာက္တာေပါ့လို႔..."


"ဟဲ့..ေယာက္်ားနဲ႔လည္းဘာျဖစ္တုန္း..ခိုးခိုးငမ္း..

မသိမသာငမ္းေပါ့ဟယ္...ဘာခက္တာမွတ္လို႔..."


ေဒၚေရႊရည္၀င္းမွာလည္း "ဘူး"တစ္လံုးသာ

ေဆာင္‌ေနေသာတူမျဖစ္သူကို အပ်ိဳႀကီးတန္မဲ့

ေယာက္်ားယူခ်င္‌ေအာင္ ေခ်ာ့တစ္ခါ၊

ေျခာက္တစ္လွၫ့္ႏွင့္ ဆဲြေဆာင္ေနရသည္မွာ

ပါးစပ္ေတြေတာင္ အၿမွဳပ္ထေတာ့‌ေပမည္။


ထိုစဥ္မွာပဲအခန္းတံခါးက ပြင့္သြားၿပီး 

လူတစ္ေယာက္‌၀င္လာကာ တူမျဖစ္သူကို

အတတ္ေကာင္းေတြ သင္ေပးေနေသာ

ေဒၚေရႊရည္၀င္း၏ပုခံုးေပၚသို႔ လက္နဲ႔ ပုတ္လိုက္ေလသည္။


"ဘာေတြကို ငမ္းေနၾကတာလဲ..."


"အမယ္ေလး!!!နင့္ေမကုလား..."


"ဟဲ့..အ၀င္းရဲ့..ဘယ္လိုျဖစ္ၿပီးဒီေလာက္ေတာင္

ထေအာ္ရတာလဲ..."


"ဟို...ေယာင္သြားလို႔ပါအစ္မရယ္..."


"ေယာင္တာေတြဘာေတြခဏထား...နင့္တူမကို

ၿဖီးလိမ္းဖို႔ကူညီေပးပါဆိုတာကို နင္ကပါ

ေရာေယာင္ၿပီး ဘာထိုင္လုပ္ေနတာတံုးဟယ္..

လာ..သမီးလာ...

တကယ္ပဲငါမပါရင္ဘာမွကိုစိတ္မခ်ရဘူး.."


ပါးစပ္ကလည္း ျမင္းအီးေပါက္သလို တတြတ္တြတ္ညီးတြားရင္းႏွင့္ပင္ သမီးျဖစ္သူကိုခုတင္ေပၚကေနဆဲြခ်ကာ မွန္တင္ခံုတြင္ထိုင္ခိုင္းလိုက္သည္။


တင္ပါးအုပ္ေနေသာ ဝိုင္းေလးရဲ့ဆံပင္ရွည္ႀကီးကို  ဆံထံုးပံု႔ပံု႔ေလး ထံုးေပးထားလိုက္ၿပီးေနာက္ သဇင္ပန္းခက္ကေလးေတြ ပန္ဆင္ေပးလိုက္သည္။သမီးေလးက မ်က္ႏွာဝိုင္းေပမဲ့ဗိုလ္ဆန္တဲ့မ်က္လံုး၊မ်က္ခံုးတို႔ကို ပိုင္ဆိုင္ထားတာေၾကာင့္ အထူးတလည္ျပင္ဆင္ခ်ယ္သျခင္းမရိွပဲနဲ႔လည္း အရုပ္မေလးလို သိပ္ကိုလွပါတယ္။


အားလံုးျပင္ဆင္ေပးၿပီးသြားတဲ့ေနာက္မွာေတာ့..


"‌ဟဲ့...တင္မမ..ေျမးေလးကိုေခၚလာခဲ့ေတာ့ေလ..

ေအာက္ထပ္မွာ ဧၫ့္သည္ေတြေရာက္ေနၿပီ..."


"ၿပီးပါၿပီ..အေမရယ္..."


ဝိုင္းေလးရဲ့အဖြားျဖစ္သူက တုတ္ေကာက္ႀကီးကို တစ္ေဒါက္ေဒါက္နဲ႔ေထာက္ကာ တုန္တုန္ယင္ယင္နဲ႔အခန္းထဲသို႔ ၀င္လာရင္းေဆာ္ဩျပန္ေလသည္။


ဪ..ေမဝိုင္းေလးထက္ အေမေတြ၊အဖြားေတြက ပိုစိတ္လႈပ္ရွားေနၾကပါလား။

အဲ့ေလာက္ေတာင္ျဖစ္ေနၾကရင္လည္း

မင္းစက္အာဏာဆိုတဲ့လူကို သံုးပိုင္းပိုင္းၿပီး

တစ္ေယာက္တစ္ပိုင္းဆီယူလိုက္ၾကၿပီးေရာကို...


ေအာက္ထပ္ကိုဆင္းမဲ့ သစ္သားေလွကားထိပ္ကိုေရာက္ေသာအခါ ေမ့ေမ့လက္ကိုအားကိုးတႀကီးဆုပ္ကိုင္လိုက္မိသည္။


"အေမ..သတို႔သားကေခ်ာေရာေခ်ာရဲ့လား..."


"အမယ္ေလး...ရုပ္ရွင္မင္းသားရႈံးေအာင္ကို‌

ေခ်ာတယ္..."


"ဟို အရပ္က‌ေရာပုလား၊ရွည္လား..."


"စိတ္ခ်..ရွည္လိုက္တဲ့အရပ္ဆိုတာ..

တို႔အိမ္ေရ႔ွက အုန္းပင္ႀကီးေလာက္ရိွတယ္..."


"ဟာ..အေမကလည္း..."


"ကဲကဲ..လာပါဟယ္...

ညည္းကသိပ္လ်ွာရွည္တာပဲ...ဒီအေမကိုယံု...

ငါႀကိဳက္လို႔..ညည္းကိုယူခိုင္းတာ..."


"ဟမ္...အေမ့စကားႀကီးကလည္း..

အဲ့ဒီ့မင္းစက္အာဏာဆိုတဲ့လူနဲ႔...အေမက..."


"တယ္..ဒီေကာင္မေလး..."


သမီးျဖစ္သူရဲ့ေခါင္းကို လွမ္းထုခ်င္ေပမဲ့

ဆံထံုးကထံုးထားေလေတာ့ စိတ္ကိုျပန္ေလ်ွာ့လိုက္ရသည္။


ဧၫ့္ခန္းထဲသို႔တစ္လွမ္းခ်င္း၀င္လာတဲ့

ပီဘိခ်စ္စရာသတို႔သမီးေလးအား ဧၫ့္ခန္းထဲမွ လူႀကီးသူမေတြကပါမက်န္ ပါးစပ္အေဟာင္းသားနဲ႔ ဝိုင္းၾကၫ့္ၿပီး မွင္သက္ေနၾကေလသည္။

ေကာ္ပက္အရုပ္မေလးလိုလွေနပါေသာ 

ေမဝိုင္းေလးကို တစ္စက္မွေမာ့မၾကၫ့္သူမွာ

သူမလက္ထက္ရပါမည္ဆိုေသာ

မင္းစက္အာဏာဆိုတဲ့ လူတစ္ေယာက္သာရိွ

 ေလသည္။


"ဟဲ့...နင့္သတို႔သမီးေရာက္ေနၿပီေလ..."


"အာ့!!..အေမရယ္...နာလိုက္တာ..."


ဟိုလူႀကီးရဲ့ အေမကဗိုက္ေခါက္ကိုလိမ္ဆဲြလိုက္ေတာ့မွ မၾကည္သလိုမ်က္၀န္းေတြနဲ႔ ဝိုင္းေလးကို ၾကၫ့္လာေသာအခါ သူ႔ကိုတစ္ေနရာရာမွာ ျမင္ဖူးေနသလိုျဖစ္‌ေနေလသည္။

ေသခ်ာစဉ္းစားၾကၫ့္လိုက္ေတာ့ ဝိုင္းေလးရဲ့မ်က္လံုးေတြပါ ျပဴးက်ယ္ထြက္သြားရသည္။ႏွလံုးခုန္ႏႈန္းေတြပါ ျမန္လာရလြန္းလို႔

ႏွလံုးေရာဂါရၿပီးေသရပါေတာ့မယ္။


*သူ...သူက...မေန့ကတင္ ငါ့ကိုရစရာမရိွေအာင္ ပက္ပက္စက္စက္ေျပာလႊတ္လိုက္တဲ့ ငါ့ရဲ့အလုပ္ရွင္နတ္ဆိုးႀကီးပဲ...မေန့ကငါ့ကိုအလုပ္ထုတ္လိုက္တဲ့လူက...ဒီေန့ငါ့ကို‌ေတာင္းရမ္းဖို႔

ေရာက္လာရတယ္...အား!!!ကံတရားႀကီးရယ္...

.ဘာလို႔ဒီအေကာင္ႀကီးနဲ႔မွလဲ...ၿပီးေတာ့သူ႔မ်က္ခံုးစပ္နားကဝိုင္း‌ေလးလုပ္လိုက္မိတဲ့ဒဏ္ရာ...*


ဦးမင္းစက္အာဏာနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ

ထိုင္ေနရေပမဲ့ဝိုင္းေလးေတြးေနခဲ့တာက 

မေန့ကျဖတ္ပ်က္ခဲ့တဲ့ ကိစၥဆီသို႔ျဖစ္ေလသည္။....


မေန့တုန္းက GKကုမၸဏီရဲ့ရံုးခ်ဳပ္မွာ ဝိုင္းေလးအလုပ္လုပ္ေနခဲ့တာေပါ့။အလုပ္သင္ကေန

လခစားအျဖစ္‌တစ္ဆစ္ခ်ိဳး ေျပာင္းလဲရေတာ့မဲ့

ေန့လည္းျဖစ္တာေပါ့ေလ။


"ဟဲ့...ဝိုင္းေလ...ဟိုမွာသူေဌးရံုးခန္းထဲကို

၀င္သြားတဲ့ အတြင္းေရးမွဴးကိုေတြ့လား..."


"မယုမြန္ကလည္း သူေဌးရဲ့ရံုးခန္းထဲကို

သူ႔ရဲ့အတြင္းေရးမွဴး၀င္သြားတာပဲဥစၥာ

ဘာထူးဆန္းတာမွတ္လို႔..."


"ဟဲ့...ထူးဆန္းတာေပါ့...နင္ကအလုပ္သင္မို႔လို႔

သိပ္မသိတာ...အဲ့အတြင္းေရးမွဴးကေလ

အလုပ္ေတျြပတ္ေနလည္းပဲ သူေဌးျပန္မျွပန္တာတဲ့ 

 ၿပီးေတာ့သူေဌးရဲ့ ကိုယ္ေပၚကို ေကာ္ဖီေတြ

 တမင္ေမွာက္ေအာင္လုပ္ခ်လိုက္ၿပီး...တစ္ရႉးနဲ႔ရင္ဘတ္ေတြကိုပါ အသားယူၿပီး သုတ္ေပးတာတဲ့ေတာ္...ျမင္တဲ့လူကျမင္တယ္ဟ..."


"ဟယ္...‌အဲ့ေလာက္ေတာင္ပဲလား..."


"အမယ္ေလး...အဲ့ဒီ့ထက္ေတာင္ဆိုးေသးတယ္...

ရံုးက၀န္ထမ္းေခ်ာေခ်ာေလးေတြက စာရင္း

ဖိုင္လ္ေတျြပခ်င္တာတို႔ဘာတို႔ဆိုရင္...အံမယ္..

သူကအလုပ္ရႈပ္ေနတဲ့ၾကားကေနေတာင္

သြားမပို႔ခိုင္းဘူး...သူေဌးကိုသူကိုယ္တိုင္ကလႊဲၿပီး...

ဘယ္ေကာင္မေလးနဲ႔မွ မေတြ့ေစခ်င္တဲ့ပံုေအ့....

မသိရင္သူေဌးနဲ႔သူက ဘာလိုလိုအထင္ခံရေအာင္ေပါ့ဟယ္..."


"မယုမြန္ကလည္း...လက္ခုပ္ဆိုတာတစ္ဖက္တည္းတီးလို႔ျမည္တာမွမဟုတ္ပဲကို...

အဲ့သူေဌးကလည္း ပါခ်င္ခ်င္ျဖစ္ေနလို႔ေနမွာေပါ့

...မိန္းကေလးတိုင္းက ၿပီးျပၫ့္စံုတဲ့လူကိုမွ

ရခ်င္ၾကတာဓမၼတာပါပဲ...သူ႔ကံေပါ့..

မဟုတ္ဘူးလား..."


"ေအးပါ..ေမဝိုင္းေလးကအသိဆံုး..ဟုတ္ၿပီလား..."


"ေမဝိုင္းေလး...သူေဌးေခၚေနတယ္...

ရံုးခန္းထဲကို သြားလိုက္ပါ..."


ဝိုင္းေလးနဲ႔ မမယုမြန္တို႔ႏွစ္ေယာက္သား

ေခါင္းခ်င္းဆိုင္ၿပီး အတင္းတုပ္ေနမိရာမွ

ေနာက္ကို လွၫ့္ၾကၫ့္လိုက္ေတာ့...


"အမယ္ေလး!!!!"


"ဟဲ့...ေအာ္ဘာျဖစ္ၾကတာလဲ...

လန႔္လိုက္တာဟယ္..."


သူမ်ားမေကာင္းႀကံ ကိုယ့္ေခါင္းမွန္တဲ့ အတြင္းေရးမွဴး မခ်စ္သဲရဲ့အတင္းကို

တုပ္ေနပါတယ္ဆိုေနမွ မခ်စ္သဲကတန္းၿပီးေတာ့ကို

ေရာက္ခ်လာတာပဲ။

မခ်စ္သဲသာ သူ႔အတင္းကိုေျပာေနၾကမွန္းသိရင္ေနွာင္ခ်ိန္ပေလးေနရမွာ ေသခ်ာတယ္။


ဝိုင္းေလးလည္း သူေဌးရဲ့ရံုးခန္းဆီသို႔

အျမန္သြားလိုက္ၿပီး တံခါးကို‌ေခါက္ကာ

ျဖည္းျဖည္းေလးတြန္းဖြင့္၍၀င္လိုက္ေတာ့

သူေဌးကဖုန္းကိုၾကၫ့္ၿပီးေဒါသထြက္ေနဟန္

ေပၚေသာေၾကာင့္ေတာ္ေတာ္ေလး

ထိတ္လန႔္ေနမိသည္။

မ်က္ခံုးထူထူႀကီးေတြက

တြန႔္လိမ္ေနေလာက္ေအာင္ မ်က္ေမွာင္ႄကံု႔ထားၿပီး ဒီေန့မွေသခ်ာအနီးကပ္ၾကၫ့္ဖူးတဲ့

သူ႔မ်က္ႏွာကလည္း တည္တင္းေနလိုက္တာမ်ား ေပါက္ကဲြထြက္ေတာ့မဲ့အတိုင္းပဲ။


"သူေဌး...ကၽြန္မေရာက္ပါၿပီ..."


"မင္းက...ေမဝိုင္းေလးလား...."


"ဟုတ္..ဟုတ္ပါတယ္..."


မေက်မနပ္ပံုစံနဲ႔ ဝိုင္းေလးကိုၾကၫ့္လာတာေၾကာင့္ စကားေတြေတာင္ထစ္အကုန္သည္။


"မင္းဘာလုပ္လိုက္လည္း မင္းကိုယ္မင္းသိလား..."


"ဝိုင္းေလး ဘာလုပ္လိုက္မိလို႔လဲဟင္..."


"ဒုန္း!!?" 


"အမေလး!!!..."


ခံုေပၚကို လက္သီးနဲ႔ထုခ်လိုက္ၿပီး သူေဌးက

မက္တက္ထရပ္လိုက္ေတာ့ ဝိုင္းေလးမွာ

လန႔္လြန္းလို႔ မ်က္ရည္ေတာင္ဝဲခ်င္လာတယ္။

က‌ေလာကေန ေျပာင္းလာၿပီးထဲက ရန္ကုန္မွာ

လုပ္ဖူးတာ ဒါဟာပထမဦးဆံုးအလုပ္ဆိုေတာ့

အလုပ္ျပဳတ္မွာလည္းေၾကာက္တယ္။


"ေျမနီကုန္းဘက္က အလွကုန္မိတ္ဆက္ပဲြကို

ဆက္တီအေကာင္းစားေတြပို႔ရမဲ့ေနရာမွာ...

ရိုးရိုးပလက္စတစ္ခ္ခံုေတျြဖစ္ေနတယ္...

စံုလည္ကုလားထိုင္ပါဆိုတာ ေကာ္ခံုေတြ

ျဖစ္ေနတယ္...

ေနာက္ၿပီး တိုက္ရိုက္Liveထုတ္လႊင့္ေနတဲ့

ပရိုမိုးရွင္းအစီအစဉ္မွာမွကြာ...အခုပရိတ္သတ္ေတြကေရာ ထုတ္ကုန္ေၾကာ္ျငာဖို႔ ဌားတဲ့ကုမၸဏီကေနပါ..

၀န္ေဆာင္မႈမေကာင္းဘူးဆိုၿပီး

 ကြန္ပလိန္းေတြတက္လာတာ...နည္းတာမဟုတ္ဘူး

...အခုငါဘယ္ေလာက္အထိ

ေတာင္းပန္လိုက္ရလဲ..မင္းသိလား..."


"...ဝိုင္းေလး...ေတာင္း..ေတာင္းပန္ပါတယ္..."


ေၾကာက္လြန္းလို႔ ဝိုင္းေလးမွာမ်က္ရည္ေတြပါ

က်လာေပမဲ့ သူက‌ပိုေဒါသထြက္သြားၿပီး

ေျခလွမ္းက်ဲႀကီးေတြနဲ႔ ဝိုင္းေလးရဲ့အေရ႔ွကို

ေလ်ွာက္ခ်လာသည္။

ဝိုင္းေလးမွာ ေခါင္းကိုမေဖာ္ရဲလို႔ အတင္းငံု႔ၿပီး မ်က္ရည္ေတြသာ က်ေနမိသည္။


"ေအး..မင္းကေတာ့အဲ့ဒီ့မွာငို...ငါ့ရဲ့ဂုဏ္သိကၡာထိခိုက္သြားတာ မင္းသိရဲ့လား......စီးပြားစီမံနဲ႔

မင္းဘယ္လိုဘဲြ႔ရလာခဲ့တာလဲ...အလုပ္တစ္ခုကို ေပါ့ပ်က္ပ်က္လုပ္တဲ့ လူကိုငါအမုန္းဆံုးပဲ..

မင္းမွာ မ်က္စိေတြ၊ဦးေနွာက္ေတြမပါဘူးလား...

မသိရင္ေမးေလ..မတတ္ေသးရင္ျပန္ၾကၫ့္ေလ..

ဉာဏ္ရည္ပဲမမွီတာလား...ဟမ္..."


"ဝိုင္းေလးကို အဲ့ေလာက္ႀကီးထိေတာ့ မေျပာပါနဲ႔ရွင္

...ကၽြန္မတမင္အမွားလုပ္ခဲ့တာမွမဟုတ္တာ..

စာရင္းပို႔လိုက္တုန္းကေတာ့ ဆိုဖာဆက္တီ

အလံုးႏွစ္ဆယ္ပို႔လိုက္တာပဲ..ဆံုလည္ထိုင္ခံုကိုငါးခံု

...ဒါေပမဲ့စာရင္းကဘယ္လို

ေျပာင္းသြားမွန္းမသိဘူး...

အတြင္းေရးမွဴး မခ်စ္သဲကို..."


"ေတာ္..ေတာ္..မင္းသူမ်ားကိုလႊဲခ်ဖို႔မႀကိဳးစားနဲ႔

...မင္းလိုနေမာ္နမဲ့ႏိုင္တဲ့ မိန္းကေလးက

ဒီမွာအလုပ္ဆက္လုပ္ဖို႔လည္း မထိုက္တန္ဘူး...

ဒီေန့ကစၿပီး...မင္းကိုအလုပ္ထုတ္လိုက္ၿပီ...

ငါလုပ္ခ်င္ရင္မင္းကိုအမ်ားႀကီး

အပစ္ဒဏ္ခ်မွတ္လို႔ရတယ္...

မင္းမ်က္ႏွာကို ငါမၾကၫ့္ခ်င္ေတာ့ဘူးသြားေတာ့..."


ဒီလိုနဲ႔ပဲ အလုပ္သင္သံုးလျပၫ့္တဲ့ေန့မွာ အႀကီးအက်ယ္အရွက္ကဲြခဲ့ရၿပီး

အလုပ္ျပဳတ္ခဲ့ရပါေတာ့တယ္။‌

"မင္းစက္အာဏာ.."ဆိုတဲ့နာမည္က

ေမေမတို႔ေျပာျပတုန္းကေတာ့ အလုပ္ရွင္ရဲ့နာမည္နဲ႔တူေနပါတယ္လို႔ထင္ခဲ့မိတာ တကယ္တမ္းမွာ

လူပါလာတူေနတာပါလား။


ငါကိုကေမ့တတ္တာဓာတ္ပံုေလးသာ

ၾကည့္ဖို႔‌ေတာင္းမိခဲ့ရင္ သူနဲ႔ထပ္ဆံုရမဲ့

ဒီလိုေန့ဆိုတာ ေရာက္လာစရာကိုမရိွဘူး။

မေန့က အဲ့လူေၾကာင့္ပဲ

မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ေနခဲ့ရတဲ့ ဝိုင္းေလးက

 ဒီေနေတာ့ သူနဲ႔ပဲ...


"ဟဲ့....သမီး..."


"အာ့...အာ့..."


"ဧၫ့္သည္ေတြကို ႏႈတ္ဆက္လိုက္အံုးေလ..."


အ‌ေမကလက္ကို လိမ္ဆဲြလိုက္တာေၾကာင့္

ဝိုင္းေလးလည္း ေရာေယာင္ၿပီးအားလံုးကို 

ႃပံုးျပလိုက္မိေတာ့ မ်က္ႏွာတည္၊မ်က္ႏွာထားနဲ႔ 

မင္းစက္အာဏာဆိုတဲ့ လူႀကီးကအေရ႔ွဆံုးမွ

ထ၍ထြက္သြားေလသည္။


"အေမ့...ဧၫ့္သည္ေတြက ဘာလို႔ျပန္သြားၾကတာလဲ..."


"ဟယ္...မိဝိုင္းေလး..ညည္းနယ္..

ကိုယ့္ကို လာေတာင္းရမ္းတဲ့အခ်ိန္မွာေတာင္

ငုတ္တုတ္ေမ့ေနရတယ္လို႔...

ေျပာဆိုေၾကာင္းလမ္းၿပီးသြားလို႔

ျပန္သြားၾကတာေလ..."


"ဘာ!!!အေမ့...ေစ့စပ္ေၾကာင္းလမ္းတာ

ၿပီးတယ္လို႔ေျပာရေအာင္..

သမီးက သေဘာတူရေသးလို႔လား.."


"ဟယ္...ခုဏကေတာ့ ညည္းပဲဘာေမးေမး

ေခါင္းၿငိမ့္ျပေနခဲ့ၿပီးေတာ့..."


"အဲ့ဒါသမီးအေတြးမ်ားၿပီး

ေယာင္သြားတာအေမရဲ့..."


"ျဖစ္ရေလဟယ္..."


"ေသၿပီဆရာ.."လို႔သာ စိတ္ထဲမွာရြတ္ျပစ္လိုက္ၿပီး

ကိုယ့္နဖူးကိုယ္သာ ျပန္ရိုက္မိေတာ့တယ္။အလုပ္ျပဳတ္ခဲ့တဲ့အေၾကာင္းေတြကို

ျပန္ေတြးေနမိတာ ကိုယ့္ကိုကိုယ္

ေယာင္ၿပီးေခါင္းညိမ့္လို႔

ညိမ့္မိမွန္းေတာင္ မသိလိုက္ဘူး။


"ဒါနဲ႔..မဂၤလာပဲြက ဘယ္ႏွစ္လၾကာရင္

က်င္းပမွာလဲ..."


"ေဟာ့ေတာ္..ဒါလည္းမၾကားလိုက္ျပန္ဘူးလား

ေနာက္ႏွစ္ပတ္ေက်ာ္ရင္ မဂၤလာပဲြက်င္းပေတာ့မွာေလ...အဖြားေဒၚႏုယဉ္ပိုင္တဲ့ဟိုတယ္မွာပဲ

ေဆာင္မွာ..သူတို႔အမ်ိဳးေတြကစကၤာပူမွာလည္း

ရိွေတာ့..စကၤာမွာလည္းဧၫ့္ခံပဲြသြားလုပ္မယ္တဲ့ "


"ဟင္!!မျမန္လြန္းဘူးလား အေမရယ္...

အေမတို႔ဟာကလည္း..သမီးကိုမလိုခ်င္လို႔မ်ား အတင္းေမာင္းထုတ္ေနၾကတာလား...."


"မဟုတ္ပါဘူးဟယ္...ေမာင္မင္းစက္ရဲ့

အဖြား‌ေဒၚႏုယဉ္က အသက္ႀကီးေတာ့

သူ႔ေျမးလက္ထက္တာကို ျမန္ျမန္ျမင္ခ်င္လို႔တဲ့

ရက္ကိုေစာႏိုင္သမ်ွေစာလိုက္တာ...‌

က်န္းမာတုန္းေလး ျမစ္ကေလးေတြနဲ႔

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းခ်င္လို႔လားမွမသိတာ"


စိတ္ညစ္ပါတယ္။

မဂၤလာေတာင္မေဆာင္ရေသးဘူး။

ကေလးကေမြးခိုင္းခ်င္ေနၿပီ။

သူတို႔မေမြးရတိုင္း။


"အေမရယ္...သူနဲ႔သမီးကစကားေတာင္

မေျပာလိုက္ရဘူး...သူ႔ၾကၫ့္ရတာလဲ

သမီးကို သိပ္ၾကည္ပံုမေပၚဘူးေနာ္...

ေတာ္ၾကာမခ်စ္ပဲနဲ႔ ညားၿပီးခါမွ

ကဲြၾကၿပဲၾကဆိုရင္..."


"အမယ္ေလး...အဲ့ဒါေတာ့ စိတ္မပူနဲ႔နင့္အေဖနဲ႔

ငါလည္း မိဘေပးစားလို႔ယူလိုက္ရတာပဲ...

ညားၿပီးရင္ေတာ့ ျမင္ပါမ်ားၿပီ...

ခ်စ္သြားမွာေပါ့ေအ...


ရိွတဲ့ဘုရား ကယ္ေတာ္မူပါ ဒီအတိုင္းဆိုရင္ေတာ့ ကိုယ့္ကိုဉာဏ္ရည္မမွီဘူးလို႔ သမုတ္ထားတဲ့လူ၊အထင္ေသးအျမင္ေသးျဖစ္ေနတဲ့လူႀကီးနဲ႔

ညားရေတာ့မွာေပါ့။


သူနဲ႔သာညားရင္ ဝိုင္းေလးရဲ့ အိမ္ေထာင္ေရးဘ၀ႀကီးက ဓာတ္လိုက္တာထက္ဆိုးမွာေသခ်ာတယ္။


😊😊😊😊😊😊😊😊😊


အလြန္ခမ္းနားၿပီး ေခာတ္ဆန္ေသာအသြင္ရိွသၫ့္ ၿခံႀကီးထဲသို႔ မင္းစက္အာဏာသည္ကားကို

ေမာင္း၀င္လိုက္ၿပီး ေပၚတီကိုေအာက္တြင္

ရပ္ေပးလိုက္ေလသည္။

ကားေပၚမွေဒၚရတနာထိုက္က ဆင္းလိုက္ေသာ္လည္း မင္းစက္ကေတာ့ဆင္းမၫ့္ပံုမေပၚ၍

ေဒၚရတာနာထိုက္သည္ ဘ၀င္မက်ေတာ့ပဲ

မင္းစက္ကိုသာ စိတ္ဆိုး၊မာန္ဆိုးႏွင့္ၾကၫ့္ေနေတာ့သည္။


"မင္းစက္...သားကိုအေမေျပာစရာေတြရိွတယ္

ကားေပၚကေနဆင္းခဲ့ၿပီး..ဧၫ့္ခန္းထဲကို

လိုက္ခဲ့"


"ကၽြန္ေတာ္လိုက္လို႔မျဖစ္ဘူးအေမ...

ေနာက္တစ္နာရီအတြင္း..ၿမိဳ႔ထဲမွာ

အေရးႀကီးဧၫ့္သည္နဲ႔

ေတြ့ဖို႔ခ်ိန္းထားလို႔..အခုခ်က္ခ်င္းျပန္ထြက္ရေတာ့မယ္..ဒီညလည္းေနာက္က်မွာမို႔..

ကၽြန္ေတာ့္ဗီလာမွာပဲ..နားျဖစ္မယ္..."


"ဟဲ့..ဒါကနင့္မိဘေတြအိမ္ဆိုတာေရာ..

သိေသးရဲ့လား..အိမ္မွာက

မိန္းမသားေတြခ်ည္းပဲဆိုတာလည္းသတိရအံုး..."


အေမ့ရဲ့ဆူပူသၫ့္စကားကို ၾကားရျပန္ေတာ့

မင္းစက္..စုတ္သပ္လိုက္မိေလသည္။

အမ်ိဳးသမီးေတြဟာ သံေယာဇဉ္၊မိသားစုဆိုတာႀကီးနဲ႔ ဘယ္အခ်ိန္အထိ ခ်ည္ေနွာင္ေနမွာလဲ

ဆိုတာ စဉ္းစားလို႔ကိုမရဘူး။

သူအမုန္းဆံုးကလည္း

တစ္ခါလာလည္း မိန္းမသားမို႔အားနည္းတယ္၊

ကာကြယ္ေပးရမယ္ဆိုၿပီး မဟုတ္တဲ့အရာကို

တသသထုတ္ေဖာ္ေနျခင္းပဲ။

အေဖ့ကိုမုန္းေပမဲ့ မင္းစက္မွာလည္း

အေဖ့ေသြးကပါေနသလား မသိေပ။


သံေယာဇဉ္တို႔၊ခ်စ္ျခင္းေမတၲာတို႔ကို

အေရးႀကီးစာရင္းထဲမွာ မထားတတ္ပဲ

ကိုယ္ေအာင္ျမင္ဖို႔၊ႀကီးပြားဖို႔ႏွင့္ဂုဏ္သိကၡာ

ျမင့္မားဖို႔ကိုပဲ ဦးစားေပးတတ္သည္။

ၿခံ၀န္းႀကီးကလည္း အက်ယ္ႀကီးျဖစ္တဲ့အျပင္

ျမင့္မားတဲ့အုတ္တံတိုင္းႀကီး ခတ္ထားၿပီး

အလုပ္သမားေတြမ်ားစြာနဲ႔ ျပၫ့္စံုေနတာကိုေတာင္

အားနည္းခ်င္ေယာင္ေဆာင္ျပေနသၫ့္

အေမ့ကို ဘယ္လိုေျပာျပရမလဲမသိေတာ့ေပ။


"အေမ..အေမေမြးထားတာက

သားႏွစ္ေယာက္ေနာ္..ကၽြန္ေတာ္မရိွလည္း

အစ္ကိုႀကီးရိွေနတာကိုေမ့ေနတာလား..သူကေရာ

ေယာက္်ားမဟုတ္ဘူးလား..."


"အဲ..ဟုတ္သားပဲ..ငါလုပ္မွပဲ..ငါ့သားႀကီးကအေျခာက္ျဖစ္ေတာ့မယ္..."


အူေၾကာင္ေၾကာင္ပံုစံေလးျဖစ္သြားေသာ

အေမ့ကို တစ္ခ်က္ၾကၫ့္ကာ

မင္းစက္ေခါင္းခါလိုက္မိေလသည္။


"ကၽြန္ေတာ္သြားေတာ့မယ္အေမ..."


"ဟဲ့ေနအံုး..ငါေျပာတာမၿပီးေသးဘူး..

ဒီေန့...မင္းလုပ္ပံုမဟုတ္ေသးဘူးေနာ္

ကိုယ္ယူရမဲ့မိန္ကေလးကို..ႃပံုးျပရမွာေတာင္

အဲ့ေလာက္ခက္ခဲေနတာလား...ေဒၚတင္မမတို႔ကို

အားနာဖို႔ေတာင္ေကာင္းေသးတယ္သိရဲ့လား

မိန္းမသြားေတာင္းတာကို..

ဓားျပသြားတိုက္မဲ့ရုပ္နဲ႔..ျဖစ္ေနလိုက္တာဟယ္

...လူမႈေရးေလးဘာေလးသိတတ္ပါအံုးဟဲ့...

အဲ့ဒါနင္ယူရမဲ့..မိန္းမရဲ့မိဘေတြေနာ္..

နင့္ဆီကအႂကြေးယူထားတဲ့

လူေတြမဟုတ္ဘူး..."


"ေတာ္ၿပီဗ်ာ...ကၽြန္ေတာ္အဲ့ဒါေတြကို

စိတ္မ၀င္စားဘူး...အဖြားေၾကာင့္သာမဟုတ္ရင္

အဲ့ဒီ့ေကာင္မေလးကို ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔မွ

ကၽြန္ေတာ္လက္ခံမွာမဟုတ္ဘူး..."


"ဟဲ့...ေကာင္မေလးကဒီေလာက္လွတဲ့ဥစၥာကို..."


"ဒီမွာအေမ...ကၽြန္ေတာ္သာလွတာကို

မက္တဲ့လူဆိုရင္..အေမ့အိမ္မွာ

ခၽြေးမေတြနဲ႔တင္‌ျပၫ့္ေနေလာက္ၿပီ..

ကၽြန္ေတာ္သြားၿပီဗ်ာ...."


မိဘက..တားေနသၫ့္ၾကားမွ ကားကိုဇြတ္တရြတ္

ေမာင္းထြက္သြားသၫ့္သားျဖစ္သူကို

ေဒၚရတနာထိုက္လည္းဘယ္လိုမွမႏိုင္ေတာ့ေပ။


"ဘ၀င္ရူး..ငါ့ကိုေျပာခဲ့သမ်ွ

ဒင္းတစ္ေန့ျပန္၀ဋ္မလည္ပါေစနဲ႔...ဟြန႔္"


ေမာင္ႏွမသံုးေယာက္ထဲမွာ အငယ္ဆံုးေမြးထားတဲ့

သားျဖစ္ေပမဲ့ အေတာ္ဆံုး၊အထက္ဆံုးႏွင့္

မာနအႀကီးဆံုးျဖစ္ကာ 

တစ္ၿမီးေပါက္တစ္ေယာက္သာျဖစ္သည္။

အလုပ္ခြင္မွာဆိုရင္ သူ႔အလုပ္သမားေတြက

မင္းစက္အာဏာကေန..ေစတန္ဆိုၿပီး

နာမည္ေျပာင္ေပးထားတာကို ဒင္းမသိေလေရာ့သလား။


မင္းစက္ဟာ သူ႔အေဖကိုအမုန္းတီးဆံုးသူျဖစ္ေပမဲ့

အမူအက်င့္ႏွင့္ ေနပံုထိုင္ပံုေတြကေတာ့

ဖေအႏွင့္ တစ္ပံုစံတည္းသြား၍ တူေန‌‌သည္။

အႃပံုးအရယ္နဲတာနဲ႔ အလုပ္တစ္ခုခုလုပ္တဲ့အခါ

အာရံုစူးစိုက္မႈ အားေကာင္းတာေတြဟာ

သူ႔အေဖသူရမင္းေခါင္ႏွင့္ တေထရာတည္းတူသည္။


ငယ္ငယ္တည္းက သူ႔အေဖဆီမွာေနခဲ့ရသၫ့္ကေလးပါပဲ။

ေက်ာင္းပိတ္ရက္ေရာက္မွသာ မိခင္ဆီကို

အလည္လာခြင့္ရခဲ့ၿပီး အထက္တန္းၿပီးမွသာ

ကိုယ့္ေတြဆီသို႔ အၿပီးေရာက္လာခဲ့ရေတာ့

အေမဘက္ကမိသားစုနဲ႔ေမာင္ႏွမေတြကို

ဘယ္ခင္တြယ္ပါေတာ့မလဲ။

ကိုယ္ကလည္း ေယာက္်ားကိုနာက်ည္းမိတဲ့စိတ္နဲ႔ သားငယ္ေလးကို ျပန္ေခၚဖို႔မစဉ္းစားမိခဲ့ဘူး။

ဒါဟာ ကိုယ့္ရဲ့ပထမဆံုးအမွားအႀကီးႀကီးပါပဲ။


"ဒင္းကိုအေမေျပာသလို..မိန္းမျမန္ျမန္ေပးစားမွ

ေအးမွာပါေလ..ကေလးေတြရလာတဲ့အခါမွ

မိသားစုရဲ့အဓိပၸာယ္ကို..မသင္ရပဲ..

ေကာင္းေကာင္းနားလည္သြားမွာ..."


ကိုယ့္အေတြးႏွင့္ကိုယ္ေခါင္းတၿငိမ့္ၿငိမ့္

လုပ္မိလ်ွက္ စလင္းဘတ္ကိုလက္မွာ

ေသခ်ာျပင္၍ခ်ိတ္လိုက္ၿပီး အိမ္အေပၚထပ္သို႔

ဓာတ္ေလွကားျဖင့္ တက္လာခဲ့လိုက္သည္။

အေမေဒၚႏုယဉ္ဟာ ေျခ‌‌ေထာက္မသန္၍

ေအာက္ထပ္မွာေနပါဆိုေတာ့လည္း

ေအာက္ထပ္မွာက လူရႈပ္လို႔..ဆူလို႔ဆိုၿပီး

ျငင္းဆန္ေလ‌သည္။


ဒီေတာ့ သူအဆင္ေျပေအာင္

ဓာတ္ေလွကားကို ထားေပးရေတာ့သည္။

အိမ္ကလည္း သံုးထပ္ဆိုေပမဲ့ ေခါင္အျမင့္ႀကီးေတြ

ေဆာက္ထား၍ ဒီအိမ္၏ႏွစ္ထပ္စာက အျခား

အိမ္ေတြ၏ ေလးထပ္စာေလာက္ကို ျမင့္ေလသည္။

အေမ့အခန္းတံခါးကို ဖြင့္ၿပီး၀င္လိုက္ေသာအခါ

အိပ္ယာေပၚတြင္ အက်အနထိုင္၍

ေျခရင္းဘက္တြင္ရိွေသာ တီဗီြမွကိုရီးယားဇာတ္လမ္းတဲြအား တဟဲဟဲလုပ္၍

ထိုင္ၾကၫ့္ေနတာကို‌ေတြ့လိုက္ရသည္။

အေမဟာ အသက္သာႀကီးသြားတယ္။

ကိုရီးယားကားကေတာ့ အရမ္းႀကိဳက္ပဲ။


"အေမ့..ကိုရီးယားကားကို အသံတိုးပါအံုး

ဒီမွာေျပာစရာရိွလို႔..."


"ေျပာစရာရိွတာေနာက္မွထားစမ္းပါ..

ဒီမွာမင္းသမီးကေယာက်ာ္းေယာင္ေဆာင္ထားတာ

ေပၚေတာ့မဲ့အခန္းေရာက္ၿပီ..."


"သူ႔ဘာသာေပၚရံုမကလို႔..

ပိုးလိုးပက္လက္ႀကီးပဲလန္လန္အေမရယ္..

အခုေျပာမွာက အေမ့ေျမးကိစၥ

ပိုအေရးႀကီးတယ္..."


အေမ့ေျမးဆိုသၫ့္အသံကို ၾကားေတာ့မွ

သူ႔ကိုရီးယားကားကို ခဏရပ္ထားေပးေလသည္။


"ကဲ..ေျပာစမ္း..အေျခအေနကဘာထူးလဲ..."


"ႏွစ္ဦးႏွစ္ဖက္ေတာ့အဆင္ေျပခဲ့ပါတယ္...

မဂၤလာပဲြကလည္း အေမျဖစ္ေစခ်င္သလို

အနီးဆံုးရက္ကိုေရြးထားတယ္..ဒါေပမဲ့..

အေမ့ေျမးကေတာ့ ေကာင္မေလးကို

သေဘာက်ပံုမရဘူး..အဖြားကိုခ်စ္လို႔သာ

လက္ခံထားရတဲ့ပံုနဲ႔ေနာ္...ဒီအတိုင္းဆိုရင္

သူတို႔ရဲ့အိမ္ေထာင္ေရးကအဆင္ေျပပါ့မလား...

ယူၿပီးမွတက်က္က်က္ရန္ျဖစ္ေနရင္ေတာ့

ၾကားထဲကေန ကၽြန္မတို႔ကပဲစိတ္ညစ္ရမွာ..."


"ေကာင္မေလးရဲ့ပံုကို ငါေတြ့ၿပီးသြားပါၿပီေအ..

မိစံေျပာတဲ့အတိုင္းဆို..သူ႔‌ေျမးကရိုးရိုးေအးေအးေလးပါပဲ...ဘဲြ႔လည္းရၿပီးတဲ့အျပင္..

လိမၼာေရးျခားလည္းရိွတယ္ဆိုေတာ့...

အဲ့လိုမိန္းကေလးကိုမွ ခၽြေးမ..မေတာ္ရင္

နင္ေနာင္တရသြားလိမ့္မယ္ေနာ္...

သူ႔ဟာနဲ႔သူအဆင္ေျပသြားမွာေပါ့ဟယ္.."


"အေမရယ္..ကၽြန္မေတာ့မထင္ဘူးေနာ္..

ဟိုကလည္းရိုးရိုးေအးေအး..မင္းစက္ကလည္း

ေရခဲတုန္းဆိုေတာ့...သူတို႔ရဲ့အိမ္ေထာင္ေရးက

ေသခ်ာတယ္..ေရခဲတိုက္ပဲ..."


"ဟဲ့..နမိတ္မရိွ..နမာမရိွနဲ႔ဘာေတြေျပာေနတာလဲ

ရိုးရိုးေအးေအးဆိုေပမဲ့...ေကာင္မေလးက

ႏွစ္ဆယ့္သံုးႏွစ္ပဲရိွေသးတာေလ..အဲ့ေတာ့

ငယ္တဲ့အေလ်ာက္...ဆိုးႏဲြ႔တတ္မွာပဲေလ...

ငါကအဲ့ဒါကိုလိုခ်င္တာ..နင့္သားကႏွစ္ဆယ့္ခုႏွစ္

ဟိုကႏွစ္ဆယ့္သံုး..အသက္ေလးႏွစ္ကြာဟမႈက

ဘယ္ေလာက္လိုက္ဖက္သလဲ..ႀကီးရင္မွီ

ငယ္ရင္ခ်ီတဲ့..နင့္သားလိုဟာမ်ိဳးက

သူမ်ားကိုေတာ့ လံုး၀မွီခိုမွာမဟုတ္ဘူး...

အဲ့ေတာ့သူကပဲ..ခ်ီပေလ့ေစ..."


"ခ်ီၿပီးပစ္ခ်လိုက္မွ..ေကာင္မေလး

ခါးရိုးက်ိဳးေနပါအံုးမယ္အေမရယ္...

အေမ့သူငယ္ခ်င္းရဲ့မိသားစုက...

သာမာန္အေျခအေနပဲရိွတာေနာ္...

အေမ့ေျမးက..သူ႔ရဲ့လက္ရိွပိုင္ဆိုင္မႈတင္..

ကၽြန္မတို႔ထက္မ်ားေနတဲ့ဥစၥာ...

ေတာ္ေနၾကာ...ေကာင္မေလးက..ကၽြန္မသားရဲ့

စည္းစိမ္ေတြကိုမက္ၿပီး...လုပ္ႀကံလာရင္

ဘယ္လိုလုပ္မလဲ..."


"ဟဲ့...မိရတနာရယ္..ညည္းကေလ..

ကိုရီးယားကားေတြၾကည္တဲ့ငါ့ထက္ေတာင္

အေတြးလြန္တတ္တာပါလားဟယ္..

ေရႊဆိုင္ေတြဖြင့္စားမေနပဲ..စံုေထာက္ပဲလုပ္သင့္တာ

သိရဲ့လား..နင့္သားကေဆြမရိွ၊မ်ိဳးမရိွမွ

မဟုတ္တဲ့ဟာကို..မဂၤလာေဆာင္ၿပီးရင္

သူတို႔လင္မယားကို ဒီအိမ္မွာေခၚထားလိုက္မယ္..

အဖြားကအေဖာ္ျပဳေပးေစခ်င္လို႔ဆိုၿပီး

ေျပာလိုက္ေပါ့

...ဒါဆိုရင္သူ႔မိန္းမကိုအပါေခၚႏိုင္မွေတာ့

နင့္သားလည္းအလိုလို ဒီအိမ္ေပၚေရာက္လာၿပီ..

ကဲ..ဘယ္လိုလဲ..."


"ဟာ...ဟုတ္တယ္...အေမ့အႀကံကသိပ္ပိုင္တာပဲ

မင္းစက္လို...မာနႀကီးၿပီး‌ေမာက္မာတဲ့

မိန္းကေလးဆိုရင္ေတာ့..ဒီကိစၥကို

လိုက္ေလ်ာမွာမဟုတ္ေလာက္ဘူး..

ေကာင္မေလးကိုၾကၫ့္ရတာ..ေျပာရင္ေျပာတာကို

နာခံမဲ့ပံုေလးဆိုေတာ့ အဆင္ေျပေလာက္မွာပါ..

အမယ္ေလး..အခုမွပဲအလံုးႀကီးက်သြားေတာ့တယ္

ဒါနဲ႔...သမီးလည္းဆိုင္ကိုသြားေတာ့မယ္ေနာ္

အေမခိုင္းခ်င္တာရိွရင္..ခိုင္းရေအာင္

ၾကည္ေအးကိုလႊတ္လိုက္မယ္..."


"အမယ္ေလး..မလိုပါဘူးေအ..ငါ့ဟာနဲ႔ငါ..

ဇာတ္ကားၾကၫ့္ေနတာမွဟုတ္အံုးမယ္..

လိုအပ္မွစကား‌ေျပာစက္ကေနလွမ္းေခၚလိုက္မယ္..တံခါးသာဟသြား

ၾကည္ေအးက..ခိုင္းလို႔မေကာင္းပါဘူးဟယ္

ယွက္ျပာ,ယွက္ျပာနဲ႔..."


"အေမကလည္း..ၾကည္ေအးမဟုတ္လည္း

ေဒၚခင္ျမကိုလႊတ္လိုက္မယ္..

အေမတစ္ေယာက္တည္းဆို..စိတ္မခ်ပါဘူး.."


"အပိုေတြလုပ္မေနပါနဲ႔ေအ..ပံုမွန္လည္း

ငါတစ္ေယာက္တည္းေနတာပါ...

အေဖာ္ရေစခ်င္ရင္..နင့္ခၽြေးမကိုျမန္ျမန္သာ

အိမ္ေပၚကို ေခၚတင္လာခဲ့..."


"အေမတို႔ကလည္းေလ..

ေနာက္ဆံုးေတာ့ဒီဘူတာကိုလာဆိုက္တာပဲ..

မုန႔္ဆီေၾကာ္က..ေၾကာ္လို႔မၿပီးေသးဘူး..

စားရဖို႔သြားရည္က..တမ်ွမ်ျွဖစ္ေနၿပီ.."


အခန္းထဲမွထြက္သြားေသာ သမီးျဖစ္သူကိုၾကၫ့္ၿပီး

မ်က္ေစာင္းထိုးပစ္လိုက္သည္။

သူ႔သားကို မိန္းမေပးစားလို႔ျဖစ္ပ်က္ေနတာမ်ား

အျမင္ကပ္ဖို႔ေတာင္ ေကာင္းေသးတယ္။


*ဟြန႔္..သူတို႔ၾကေတာ့ငါ့ေဘးနားမွာ..

အေဖာ္ျပဳေပးႏိုင္တာၾကလို႔..."


အသက္ကႀကီးလာေတာ့ ေျမးေတြ၊ျမစ္ေတြႏွင့္

ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနခ်င္မိတာ အျပစ္မွမဟုတ္တာ။

ေျမးအလတ္မက..ေယာက္်ားဆန္ဆန္ႀကီး

ေနတတ္ေတာ့

ေယာက္်ားရမဲ့ပံုလည္း မေပၚေတာ့ေပ။

ဒါေၾကာင့္ အခ်စ္ဆံုးေျမးအငယ္ေလး

အိမ္ေထာင္က်မျွဖစ္မည္ဟု ဆံုးျဖတ္ခဲ့သည္။


အႀကီးေကာင္ၾကျပန္ေတာ့ ယူတဲ့မိန္းမက

ဆရာ၀န္ျဖစ္ၿပီး ကေလးကအခုထိ

မရႏိုင္ေသးေပ။ကိုယ့္အနားမွာေနႏိုင္ဖို႔ေဝးလို႔

သူ႔ဂ်ူတီခ်ိန္နဲ႔ေဆးခန္းေပါင္းေသာင္းေျခာက္ေထာင္ကို ပတ္ေျပးေနရတာနဲ႔ကို

မအားႏိုင္..။

ဆရာ၀န္ဆိုေတာ့ မာနကခပ္ႀကီးႀကီး..။

မ်က္ႏွာကေမာ္ခ်ီေနတတ္ေတာ့ ဝါႀကီးတဲ့

ကိုယ္ေတာင္ သူ႔ကိုခပ္ေၾကာက္ေၾကာက္ရယ္..။


ေဟာ..ကံေကာင္းခ်င္ေတာ့ ငယ္သူငယ္ခ်င္း

မိမိစံက မႏၲ‌ေလးကေနေျပာင္းလာၿပီးေနာက္

ကိုယ့္အိမ္ကိုလာလည္ပါေလေရာ။

သူငယ္ခ်င္းအခ်င္းခ်င္း စကားစပ္မိရာကေန

ငယ္ငယ္က တကၠသိုလ္မွာေပးခဲ့တဲ့ကတိေတြကို

ျပန္ၿပီးအမွတ္ရမိၾကတယ္။

အိမ္ေထာင္က်လို႔ သားသမီးေတြရလာရင္

နင့္သားနဲ႔ငါ့သမီးကို ေပးစားၿပီးအမ်ိဳးေတာ္ၾကမည္ဆိုေသာ ကတိေပါ့။


ျဖစ္ခ်င္‌ေတာ့ ကိုယ္ကအရင္အိမ္ေထာင္‌က်ၿပီး

ေနာက္ပိုင္းမွာ ႏိုင္ငံျခားကမိဘေတြဆီကို

ေရာက္သြားခဲ့တယ္။ 

သူငယ္ခ်င္းႏွစ္ေယာက္ျပန္ေတြ့ၾကတဲ့အခါမွာေတာ့

ကိုယ့္သမီးေရာ..သူ႔သားေရာကအိမ္ေထာင္ကိုယ္စီနဲ႔

ျဖစ္ေနတဲ့အခါ ဘယ္လိုမွမတတ္ႏိုင္ခဲ့ၾကဘူး။

‌ေျမးေတြ ငယ္ငယ္ကေတာ့အဆက္အသြယ္ရိွၾကေသးေပမဲ့ ေနာက္ပိုင္းမွကိုယ္လည္း ကိုယ့္မိသားစု

စီးပြားေရး၊လူမႈေရးအတြက္ ဦးစားေပးလာရေတာ့

ကေလာဘက္ကို သြားမလည္အားေတာ့ပါဘူး။

သူတို႔လည္း မႏၲေလးကိုေျပာင္းသြားၾကေသးေတာ့

အစေပ်ာက္သြားေတာ့တာပဲ။


ေဟာ..အခုၾကေတာ့ တိုက္ဆိုင္စြာပဲသူတို႔က

ရန္ကုန္ကိုေျပာင္းလာခဲ့ၾကတယ္။

သူငယ္ခ်င္းေတြ ျပန္ေတြ့ျဖစ္ၾကေတာ့

ေျမးေတြအေၾကာင္းကို ေျပာၾကရင္းနဲ႔

အိမ္ေထာင္မက်ေသးတဲ့ ကိုယ့္ေျမးနဲ႔သူ႔ရဲ့

ေျမးမႏွစ္ေယာက္တည္းက တစ္ေယာက္ကိုလက္ဆက္ေပးခ်င္တယ္လို႔ စတင္ကမ္းလွမ္းခဲ့မိတယ္။

ျဖစ္ခ်င္ေတာ့ သူ႔ရဲ့ေျမးအႀကီးမေလးက

ဂ်ပန္မွာေက်ာင္းသြားတတ္ေနတယ္တဲ့။

ဒီေတာ့လည္း ေျမးအငယ္ေလးနဲ႔ပဲ

စီစဉ္ရေတာ့တာေပါ့။


ကိုယ္ကေတာ့"ေမဝိုင္းေလး.."ဆိုတဲ့နာမည္ကိုေရာ

ပံုထဲမွာ ေတြ့ရတဲ့လူေလးကိုေရာ ခ်စ္မိပါရဲ့။


ဒါေပမဲ့ တစ္ခုေတာ့ မူမမွန္သလိုခံစားမိတယ္..။

ဖြားေအရဲ့အမိန႔္ကိုဘယ္တုန္းကမွ

မနာခံဖူးတဲ့နတ္ဆိုးေလးက ဒီတစ္ခါေတာ့အေၾကာက္အကန္မျငင္းေတာ့ပဲ လက္ထက္ဖို႔ကိုသေဘာတူလိုက္တယ္..။


မင္းစက္အာဏာဆိုတာ နာမည္နဲ႔လိုက္ေအာင္

သူတစ္ပါးအေပၚ မင္းမူခ်င္၊အာဏာသက္ေရာက္ခ်င္တဲ့ လူမ်ိဳးမွန္းကိုယ္ေတြအသိဆံုးပဲ။

ဒီလိုလူမ်ိဳးက ဒီမဂၤလာပဲြကို လက္ခံလိုက္တာဟာ

ကိုယ့္စိတ္ထဲမွာေတာ့ ဘုရားပြင့္တာလိုပဲ။


"ဒင္း..ဘာေတြႀကံစည္ေနတာလဲ..."


အခန္း(၂)....ဆက္ရန္


(စာေရးသူ..ေဆာင္းေငြ့ေဝ)


🔥🔥🔥🔥🔥🔥


အဖြားဖန္တီးေပးတဲ့ ဖူးစာကေတာ့စေလၿပီ...


ဒီဇာတ္လမ္းေလးကို မထင္မွတ္ထားတဲ့အခ်ိဳ႕အေကြ့ေလးေတြ လ်ိႈ႔ဝွက္ခ်က္ေလးေတြနဲ႔ ဖန္တီးေပးမွာမို႔ ဆက္လက္ေစာင့္ေမ်ွာ္ေပးၾကပါအံုးေနာ္...


(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီအား..

အထူးေက်းဇူးတင္လ်ွက္ပါ..)