(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၄)🔥 ဒုတိယပိုင်း
ပုံရိပ်တို့ ရန်ကုန်မှစထွက်လာသောအချိန်သည်
နေ့ခင်း၁၂နာရီလောက်ကဖြစ်ပြီး မန္တလးသို့၀င်သောအခါ ညနေစောင်း၍ နေတာင်၀င်နေလေပြီ။
မန္တလေး၏ လမ်းမများသည် ရန်ကုန်လောက်ကားမရှုပ်ပဲ ပို၍သန့်ရှင်းသည်ဟုခံစားရ။
ဆောင်ရာသီမကုန်သေးသောကြောင့် ညနေဆောင်း၏အအေးဓာတ်သည် ကားအတွင်းထဲသို့စိမ့်၀င်လာသည်။
ထို့ကြောင့် ဘေးတွင်ပါလာသောဒေါ်ခင်လှသည် ကားသမားဦးတင်စိန်ကို ကားမှန်တွေတင်ဖို့ရန်
ပြောလိုက်သည်။
အေးရင်အေးပါစေ ပုံရိပ်ကတော့ မန္တလေး၏ရသကို သေချာလေးခံစားကြည့်ချင်သည်။
ကုသိုလ်တော်ရှေ့မှာ ပန်းရောင်းသည့်သူငယ်ချင်း၏ရည်းစားကို ကူခိုးပေးရာမှ
ကားစီးခဲ့ရသောဘ၀ကနေဆိုင်ကယ်ပြောင်းစီးခဲ့ရသော အဖေ့အဖြစ်ကို မြင်ယောင်ကြည့်မိသည်။ဖေဖေတို့မေမေတို့ နောက်ဆုံးထွက်သက်ဖြစ်ခဲ့သော နေရာကိုနောက်ဆုံးတော့ပုံရိပ်ရောက်လာခဲ့ပါပြီ။
သံယောဇဉ်အမျှင်တန်းတွေ နောက်မှာကျန်ခဲ့၍
ရင်တော့နာသည်။
ရုတ်တရက် ရေပြင်ပတ်လည်ဝိုင်းထားသောနေရာတွင် အုတ်တံတိုင်းကြီးကာထားသောကြောင့် ပုံရိပ်အံ့ဩစွာငေးကြည့်နေမိလေသည်။
"အန်တီဟိုဟာ...ဘာလို့ခေါ်လဲဟင်..."
"အော်...အဲ့ဒါကသီပေါမင်းနဲ့မင်းတုန်းမင်းတို့စံမြန်းခဲ့တဲ့နန်းတော်ရာလေ...ဘေးကပတ်လည်ဝိုင်းထားတာကို ကျုံးလို့ခေါ်တယ်...နန်းတော်ကိုကာထားတာကမြို့ရိုးလေကလေးရဲ့..တို့အခုရောက်နေတာကျုံးအရှေ့ပေါက်၁၉လမ်းဘက်ကိုရောက်နေတာ...
မကြာခင်...ပုသိမ်ကြီးမြို့ထဲကို၀င်တော့မယ်..."
"အော်....သမီးကစာထဲမှာဖတ်ရပေမဲ့အပြင်မှာတော့မမြင်ဖူးဘူး..."
အဖေကမန္တလေးသားစစ်စစ်ဖြစ်ပြီး ပုံရိပ်ကတော့အသက်၁၅နှစ်ကျော်မှသာမန္တလေးကို ရောက်ဖူးပါသတဲ့။
ပုံရိပ်မေးတာကတစ်ခွန်းတည်းပေမဲ့ ဘယ်နေရာရောက်နေလည်းပါ ပြောပြနေသော
အန်တီခင်လှကို သဘောကောင်းသူဟုသတ်မှတ်လိုက်မိသည်။အပြင်လူတွေနှင့် အဆက်အဆံသိပ်
မလုပ်တတ်၍ စကားဘယ်လိုစရမလဲမသိဖြစ်နေသောကြောင့်နှုတ်ဆိတ်နေမိသည်က အမှားတစ်ခုများဖြစ်နေပြီလား။
အမှန်ဆိုရင် အဖွားတို့အိမ်အကြောင်းတွေကိုသိသင့်သလောက်တော့ မေးထားသင့်သည်။
ပုံရိပ်မေးမလို့ ဟန်ပြင်လိုက်စဉ်တွင် ကားအရှေ့ဘက်အခြမ်းမှမြင်လိုက်ရသော စပါးပင်စိမ်းစိမ်းများကြောင့် မျက်လုံးလေးတွေပြူးကျယ်သွားရသည်။
"ဝါး...စပါးတွေစိုက်ထားတာပဲ...လယ်ကွင်းတွေက..ကြည့်လို့ကောင်းလိုက်တာ..."
ပုံရိပ်ဘက်အခြမ်းကမှန်ကိုချပြီး တိုးဝှေ့တိုက်ခတ်လာသည့် လေအေးအေးကိုခံယူ၍ နေလုံးနီနီ၏အရောင်အဝါဖြန့်ကျက်နေသော စပါးခင်းတွေကိုလိုက်ကြည့်နေမိသည်။
ပုံရိပ်ရဲ့အမေက ဧရာ၀တီတိုင်းသူဆိုတော့ရွာကိုပြန်တိုင်း လယ်ကွင်းစိမ်းစိမ်းတွေ၊ယာ၊ကိုင်းတွေကို တွေ့နေကြပေမဲ့ ငယ်ရွယ်စဉ်အချိန်ကဖြစ်၍ ဦးနှောက်အသိဉာဏ်ထဲတွင် အရာအားလုံးက
ခပ်ရေးရေးသာဖြစ်နေတော့သည်။
ကားဘောင်ပေါ်သို့ မေးတင်၍ပုံရိပ်ငေးကြည့်နေမိသည်။ဒီလမ်းတစ်၀က်မှာတင် ဒီအချိန်အခိုက်အတန့်လေးကို ရပ်ထားလို့ရရင် ကောင်းမှာပဲဟုတွေးနေမိသည်။
လွတ်လပ်ပေါ့ပါးပြီး စိတ်ကြည်နူးမှုအပြည့်နဲ့အချိန်လေး။
"သမီးရေ...လေတွေအရမ်းအေးတယ်လေ..
ကားမှန်တွေကိုတင်ထားလိုက်ပါ...ပုသိမ်ကြီးမြို့ရဲ့ ဆောင်းကအအေးပိုတယ်ကွဲ့..."
"အန်တီ...ဒီဘက်မှာလယ်စိုက်ကြတာလား...
သမီးကမြို့ထင်လို့..."
"ဟား...ဟား.."
ပုံရိပ်ပြောလိုက်တော့ ရှေ့မှာကားမောင်းနေသော ဦးတင်စိန်ကအသံထွက်ကာရယ်လေသည်။
အန်တီခင်လှသည်လည်း ပုံရိပ်ကိုပြုံးပြ၍ ခေါင်းလေးပုတ်လိုက်သည်။ပုံရိပ်မှာသာ ခေါင်းကုတ်ပြီး အူကြောင်ကျားရုပ်ဖြစ်နေသည်။
"သမီးရယ်...ဒါလည်းမြို့ပဲလေ...ရွာမှမဟုတ်တာ...ဟိုမှာပုသိမ်ကြီးမြို့လို့ဆိုင်းဘုတ်ရေးထားတယ်လေ..."
ဟုတ်ပါရဲ့ ပုံရိပ်ကားပြူတင်းမှကြည့်လိုက်မိတော့ အနီရောင်ဆိုင်းဘုတ်ကြီးပေါ်တွင်ရွှေရောင်စာလုံးများဖြင့်"ပုသိမ်ကြီးမြို့လှိုက်လှဲစွာကြိုဆိုပါ၏..."
ဆိုသောစာလုံးတွေကိုတွေ့လိုက်ရသည်။
ဒါဆိုရင် ပုံရိပ်သည်မကြာခင် ခိုလှုံရတော့မည့်အဖွားဒေါ်ရိပ်ညို၏ ရင်ခွင်နှင့်တဖြည်းဖြည်း နီးစပ်လာပြီပေါ့။
"ဆန်စပါးစိုက်တာက တောရယ်၊မြို့ရယ်မဟုတ်ပါဘူးကွယ်...ကိုယ်ကျွမ်းကျင်ရာ..စိုက်ပျိုးကြတာပေါ့...အပင်စိုက်တာ၀ါသနာပါတဲ့လူကလည်း ပျိုးပင်တွေရောင်းသလို..မုန့်လုပ်ရောင်းတတ်သူကလည်း...သူတတ်မြောက်တာနဲ့လုပ်စားရတာပေါ့...
ဒီဘက်မှာလည်းရွာတွေရှိတာပဲ...လယ်လည်းစိုက်၊ခြံလည်းစိုက်ကြတာပေါ့...ခုနောက်ပိုင်း
..ဒီဘက်မှာလည်းကွန်ပျူတာသက်တန်းတို့
..ဘာတို့ရှိလာပါပြီကလေးရဲ့..."
"ဟုတ်ကဲ့ပါ..သမီးကခုမှရောက်ဖူးတော့ စပါးတွေစိုက်တာမြင်ရင်ကို တောရွာထင်နေတာ..."
"ဒီလိုပါပဲကွယ်...ဘယ်နေရာဖြစ်ဖြစ်စတည်ခါစကတော့ မြို့ကြီးမဟုတ်ပါဘူး...ရန်ကုန်မှာလည်းဒီလိုလယ်စိုက်တဲ့နေရာတွေရှိပါတယ်...အန်တီတစ်ခါကတိုက်ကြီးကို သွားတုန်းကဆိုရင်...အဲ့ဘက်မှာလယ်တွေစိုက်တာတွေ့ကြတာပဲ...တကယ်စည်တဲ့နေရာတွေသာ မစိုက်ကြတာပါ..."
"အန်တီ...ဟိုတောင်ကဘာတောင်လဲဟင်.."
"အဲ့ဒါကရန်ကင်းတောင်လေ..ငါးရံ့မင်းတောင်လို့လည်းခေါ်တယ်..တို့တွေအခုရောက်နေတာက မြို့လယ်လောက်လေ..
မကြာခင်...မိုးရိပ်ခြံကြီးကိုရောက်တော့မယ် ..
..."
"မိုးရိပ်ခြံ...ဟုတ်လားအန်တီ..ဦးမိုးရိပ်ဆိုတာသမီးရဲ့အဖေနာမည်ပါ..."
"ဟုတ်တယ်..သမီးလေးရဲ့..မေညိုကကိုမိုးရိပ်
ဆုံးတော့...ခြံနာမည်ကိုမိုးရိပ်ခြံလို့ပေးထားတာ......"
ပုံရိပ်သဘောပေါက်လိုက်လေပြီ။
အဖွားကအဖေ့ကို သိပ်ချစ်တာပါလား။
သားသမီးသုံးယောက်ရှိပါလျှက်နဲ့ ခြံနာမည်ကိုမိုးရိပ်ခြံဟု မှည့်ထားကတည်းက ပုံရိပ်အပေါ်တွင်လည်း မေတ္တာထားနိုင်ပြီး သဘောထားမသေးသိမ်မှာ ကြိုသိလိုက်ပါပြီ။
ဆရာရေ"ပုံရိပ်ကံကောင်းမှာပါလို့.."ဆရာနမိတ်ဖတ်လိုက်တာ တကယ်ကိုမှန်နေပြီထင်ပါရဲ့။
ရန်ကင်းတောင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် တောင်ပေါ်တွင်ရှိသောဘုရားတဆူဆူကို ရည်စူး၍ အရာအားလုံးအဆင်ပြေဖို့ရန်ဆုတောင်းလိုက်မိသည်။
"ဟော..ဟိုမှာ..မိုးရိပ်ခြံကိုရောက်ပြီ... "
ပုံရိပ်လှမ်းကြည့်လိုက်တော့ ကျုံးအရှေ့ဘက်မှ
မြင်ခဲ့ရသောနန်းမြို့ရိုးနီးပါးလောက်မြင့်သည်ဟုထင်ရသည့် အုတ်တံတိုင်းကြီးကိုတွေ့လိုက်ရသည်။တံတိုင်းကြီးက အရမ်းမြင့်တာတောင်အုတ်တံတိုင်းကိုကျော်၍ အပင်တွေကြားမှ ထိုးထွက်နေသော တိုက်ကြီး၏ဦးပိုင်းကိုလှမ်း၍မြင်နေရလေသည်။
ခြံကြီးနှင့် တဖြည်းဖြည်းနီးကပ်လာသောအခါ တံတိုင်းပေါ်တွင်စတုရန်းပုံသဏ္ဍန်ဝိုက်၍ ခပ်မြင့်မြင့်ထွင်းထားသောမိုးရိပ်ဆိုသော စာလုံးကြီးကို
မြင်လိုက်ရကာ ၀မ်းနည်းမှုတွေ လှိုက်တက်လာသည်။
မိသားစုနဲ့ ဆယ်စုနှစ်ကျော်လောက်ဝေးခဲ့ရတဲ့ဖေဖေသာ သူ့နာမည်ကိုဒီခြံကြီးရှေ့မှာ ကမ္မည်းထိုးထားမှန်းသိရင် ဘယ်လိုနေလိမ့်မလဲ။တကယ်တော့ ဖေဖေကလည်းမိဘတွေမကြိုက်သော လုပ်ရပ်ကိုလုပ်ခဲ့၍မှန်ကန်သည်ဟု ပုံရိပ်မထောက်ခံနိုင်ပေ။
"ပွန်...ပွန်...."
ဦးတင်စိန်က ကားဟွန်းကိုနှစ်ချက်လောက်တီးလိုက်တော့ တံခါးကြီးသည်လာဖွင့်သူမရှိပဲသူ့အလိုလို ပွင့်သွားခဲ့သည်။ရန်ကုန်မှာနေလာခဲ့တာကြာပေမဲ့ ဒီလိုတံခါးမျိုးကို ပုံရိပ်အခုမှမြင်ဖူးတာပါ။ကားတံခါးပွင့်သွားသည်နှင့် ခြံထဲသို့မောင်း၀င်လိုက်ရာ ကြီးမာခမ်းနားသော အဖြူရောင်သုံးထပ်ဆောင်ကြီးကို အထင်းသားတွေ့လိုက်ရသည်။
ဒီခြံကြီးကပေဘယ်လောက်ကျယ်သလဲမသိပေမဲ့
ပုံရိပ်တို့ငှားနေခဲ့သော လုံးချင်းအိမ်လေးသုံး၊လေးလုံးရှိသာ ခြံထက်အဆတစ်ရာလောက်ကျယ်လေသည်။ဒီရပ်ကွက်ထဲတွင်လည်း ဒီခြံအကျယ်ဆုံးဖြစ်နိုင်သည်။ယမင်းပြောခဲ့သောစကားတွေကိုပြန်ကြားယောင်မိတော့ ပိုတယ်ဟုထင်ခဲ့မိတာမှားသွားခဲ့လေသည်။
အရှေ့ပိုင်းမှကြည့်ပါက အဆောင်ကြီး၏မျက်နှစာတွေသည် တြိဂံပုံသဏ္ဍန်ချွန်ချွန်များဖြစ်ကြပြီး လသာဆောင်များစွာနှင့် တံခါးချပ်အကျယ်ကြီးများကို တပ်ထားလေသည်။ထိပ်ဦးချွန်ပိုင်းတိုင်းသည် ကနုတ်ပန်းများထွင်းထား၍ နန်းတော်များသဖွယ်ခံစားမိစေသည်။
ခြံပတ်ပတ်လည်တွင်လည်း မြက်ခင်းကြီးကပြန့်ပြူးနေ၍ ဘောလုံးကန်တာဝါသနာပါသောထွန်းကိုအား သွား၍သတိရမိသည်။
မီးညွှန့်ပုံစံ၊တြိဂံပုံစံနှင့်၀င်္ကမ္ဘာပုံစံညှပ်၍ပုံဖော်ထားသော သစ်ပင်အစုလေးများကို လှလိုက်တာဟုရေရွှတ်မိသည်။
အိမ်ကြီးကိုမြင်တာနှင့်ပင် ကိုယ့်ကိုကိုယ်သိမ်ငယ်သွားမိသည်။အဒေါ်တို့ကိုတော့ တိုက်ခန်းကျဉ်းလေးထဲမှာထားခဲ့ပြီး ပုံရိပ်ကဒီလိုအိမ်ကြီးထဲမှာ ချမ်းသာသော အဘွား၏မြေးလာလုပ်ရမှာကို စိတ်မလုံချင်တော့ပေ။
"သမီးလေး...ဆင်းလေ...."
"ပိစိမရေ...ပစ္စည်းလေးတွေလာသယ်ပေးပါအုံး..
ကိုတင်စိန်...ဒီစက်ဘီးလေးကိုချပေးပါလား..."
အန်တီလှခင်စီစဉ်နေသည်များကို ပုံရိပ်မျက်စိ
မရောက်ပဲ အိမ်ကြီးကိုသာဝိုင်းကြီးပတ်ပတ်တူ
ဝေဝေကစားလို တစ်ပတ်လှည့်ကြည့်နေမိသည်။
"ခစ်...ခစ်...."
"ဟဲ့...ပိစိမ..ဘာရယ်နေတာတုန်း...လုပ်စရာရှိတာလာမလုပ်ဘူး..."
"ဟုတ်ပါဘူး...သူကခန္တာကိုယ်တစ်ပတ်လှည့်ပြီးလိုက်ကြည့်နေတာ ရယ်စရာကောင်းလို့ပါ..."
"အံမယ်..ဘာသူလည်း...ဒါမေညို့ရဲ့မြေးဟဲ့...
စကားကိုကြည့်ပြောနော်..."
"ဟုတ်လား...သမီးမှမသိပဲလို့...ကန်တော့နော်မမ..."
ပုံရိပ်ကို လက်အုပ်ကလေးချီ၍တောင်းပန်နေသော ပိစိမဆိုသူကို ပြုံးပြပြီးခေါင်းခါပြလိုက်သည်။
နာမည်ကသာ ပိစိမပေမဲ့ လူကောင်ကပုံရိပ်၏
နှစ်ကိုယ်စာလောက်ရှိသည်။ဘာကြောင့် ဒီနာမည်ကိုမှည့်သလဲ နားမလည်နိုင်ပေ။သို့ပေမဲ့ ပုံရိပ်ထက်တော့ငယ်ပုံရသည်။စကားပြောတာလေးကလည်း ချစ်ဖို့ကောင်းသည်။
"သမီးလေး...စက်ဘီးကိုဒီနေရာမှာထားလိုက်မယ်နော်..."
"ဟုတ်ကဲ့..."
ဒေါ်ခင်လှသည် တစ်ချိန်လုံး ပုံရိပ်ကိုသမီးလေးဟုနူးနူးညံ့ညံ့ခေါ်တတ်သည်။နား၀င်ချိုလွန်းပေမဲ့ တမင်ဖားချင်လို့လား စိတ်ရင်းနဲ့လားဆိုတာကိုတော့ ပုံရိပ်မဝေခွဲတတ်ပေ။အချိန်ကဆုံးဖြတ်သွားပါလိမ့်မယ်။
"လာ..အန်တီ့နောက်ကို လိုက်ခဲ့..မေညိုကမှာထားပြီးသား..သမီးလေးလာရင်သူ့အခန်းထဲကို တန်းပြီးခေါ်ခဲ့ပါတဲ့..."
"ဟုတ်ကဲ့..."
ဒီအိမ်ကိုရောက်တည်းက ဟုတ်ကဲ့တစ်လုံးနှင့်သာအလုပ်ဖြစ်နေသည်။အိမ်ကြီးထဲသို့ စ၀င်လိုက်သောအခါ အိမ်စီးဖိနပ်ကိုချပေးလာ၍ စီးလိုက်ရသေးသည်။သူတို့ပေးသော အိမ်စီးဖိနပ်က ပုံရိပ်စီးလာခဲ့သော ဖိနပ်ထက်တောင်သစ်နေသေးသည်။
ဂါ၀န်ခါးစည်းပန်းရောင်အသစ်ကလေးကို ၀တ်ထားသည်မို့ ပိစိမဆိုသူထက်တော့ သားနားသေးသည်ဟုဆိုရမည်။
အိမ်ထဲသို့ ၀င်လိုက်သည်နှင့် မွှေးပျံ့သောရနံ့ကိုစတင်၍ရသည်။ပြောင်လတ်နေသော ကြမ်းခင်းတစ်ခုစီကို ကြည့်လိုက်သည်နှင့်အိမ်ရှင်တွေဟာ ဘယ်ဘောင်စည်းကမ်းကြီးပြီး အလုပ်သမားများက အင်အားအပြည့်တိုက်ချွတ်ထားမှန်းသိသာပါသည်။အိမ်ရှေ့မှ ဧည့်ခန်းဆီသို့ဖြတ်လျှောက်မိသောအခါ အကာအကွယ်မရှိသောအခန်းတစ်ခုထဲတွင် စားပွဲအရှည်တစ်ခုနှင့်ဆက်တီတွေကို တွေ့လိုက်ရသည်။
"အန်တီ...ဒါတွေကဘာသားနဲ့လုပ်ထားတာလဲဟင်...
အရောင်တွေစိုနေတာပဲ...ဘယ်လောက်ပေးရလဲသိလား..."
"အဲ့ဒါတွေလား...အဲ့ဒါကျွန်းဆက်တီတွေလေ...
အရင်ကတော့မိသားစုတွေ စုဝေးပြီးတီဗွီကြည့်၊စကားစမြည်ပြောတဲ့နေရာပေါ့...အခုတော့မမကြီး မေဦးရဲ့သားတစ်ယောက်ပဲ သူ့သူငယ်ချင်းတွေကိုခေါ်လာပြီး ဂိမ်းဆော့တဲ့အခန်းဖြစ်သွားပါပြီ....
တန်ဖိုးကတော့ သိန်းသုံးဆယ်ကျော်တယ်ကွဲ့...
အန်တီလှခင်ပဲ မမတင့်နဲ့အတူသွား၀ယ်ထားတာလေ..."
"အော်...အဟင်း!!!!:...."
ပုံရိပ်အလုပ်လုပ်နိုင်တဲ့အချိန်ရောက်လို့ ငွေ၀င်ရင်ဒေါ်လေးတို့ကို ဒါမျိုးလေးလက်ဆောင်၀ယ်ပေးမည်ဟု တွေးမိကာမှသိန်းသုံးဆယ်ဆိုတော့ လည်ပင်းတောင်နင်သွားရသည်။ထို့ကြောင့် ဟန်လုပ်ကာချောင်းတစ်ချက် ဟန့်လိုက်ရပါသည်။
"ဟင်...ဒီမှာလည်း တစ်ခန်းရှိသေးတာလား..."
"ဟုတ်တယ်..ဒါကဧည့်ခန်းလေ...အပေါ်ထပ်ကိုတပ်မဲ့လှေခါးနောက်ဘက်မှာလည်း အခန်းတွေအများကြီးရှိသေးတယ်...သုံးထပ်လုံးမှာ ဧည့်ခန်း၊ဘုရားခန်းနဲ့အိပ်ခန့်တွေသီးသန့်ရှိတယ်လေ...
မမကြီးမေဦးတို့ကတော့ အလယ်ထပ်မှာနေတယ်...သူ့သားတွေသမီးတွေကတော့ အပေါ်ဆုံးအထပ်မှာနေရတယ်လေ..."
"ဒါဆိုပုံရိပ်ကရော..."
"အပေါ်ဆုံးအထပ်မှာပဲ နေရမှာပဲ..."
သေပါပြီ။ရန်ကုန်မှာလို သုံးထပ်တိုက်ကခေါင်နိမ့်တွေမဟုတ်ပဲ ခေါင်အမြင့်ကြီးတွေဆိုတော့ အပေါ်ဆုံးအထပ်ကိုရောက်တာနဲ့ကို အသက်ထွက်နေမှာပဲ။စောစောစီးစီး သက်ပြင်းကြိုချထားလိုက်မိသည်။
"ဓာတ်လှေကားလေး...ဘာလေးမရှိဘူးလား..."
ချမ်းသာတဲ့အိမ်ဆိုတော့ သက်သာလိုသာသာငြား အထွန့်တက်မိလေသည်။မေးလိုက်လည်း အချည်းနှီးပါပဲ အန်တီခင်လှကခေါင်းခါပြနေ၍ဖြစ်သည်။
"အန်တီလည်း သေချာမသိပေမဲ့ဆရာကြီးရှိစဉ်က ကျန်မာရေးနဲ့ညီညွှတ်အောင်ဆိုပြီး လှေကားများများနဲ့ မြင့်မြင့်ဆောက်ထားတာလို့ဆိုတယ်..."
*အော်..ဒါကြောင့်အဖိုးနဲ့အဖေကမတည့်တာကို..
အခုနေများအဖိုးရှိနေသေးရင် ပုံရိပ်နဲ့လည်းတည့်မည်မထင်ဘူး*
စိတ်ထဲမှာ မှတ်ချပေးလိုက်မိလေသည်။လှေကားကြီး၏ အနောက်ဘက်အခြမ်းသို့ တော်တော်လေး၀င်လိုက်တော့မှ အဖွားနေသောအခန်းကိုရောက်လေသည်။ဒီအိမ်ကလူတွေက ကျွန်းသစ်ကိုတော်တော်လေး မက်မက်စပ်စပ်ရှိကြသည်ထင်ပါရဲ့။အိမ်တံခါးတွေအကုန်လုံးက ကျွန်းတံခါးတွေဖြစ်ပြီး လှေကားတွေနှင့်ဧည့်ခန်းထဲမှ ဆင်ရုပ်တွေထွင်းထားသော ဆက်တီကြီးတွေကအစကျွန်းမှန်းသိသာသည်။
လျှောက်လာခဲ့တဲ့ တစ်လမ်းလုံးမှာလည်းသိန်းငှက်၊ဒေါင်း၊ယမင်းရုပ်၊ကိန္နရီ၊ကိန္နရာပန်းပုရုပ်တွေကို အလှချထားလိုက်တာလည်း ပန်းပုဆိုင်ရောက်သွားသလိုပင်။ပန်းချီကားချပ်များကလည်း ရင်သပ်ရှုမောဖွယ်အပြည့်ဖြစ်နေသည်။
ကိုယ်ကလည်း ပန်းချီကိုစိတ်၀င်စားသူမို့ အနုပညာလက်ရာတိုင်းကို နှစ်သက်ပါသည်။
"ဒေါက်...ဒေါက်..."
"မေညို....ပုံရိပ်ကိုခေါ်လာပါပြီ..."
"အေး...၀င်လာခဲ့..."
အဖွား၏တံခါးသည် အမြဲဂျက်မချပဲစေ့ရုံသာစေ့ထားပုံရလေသည်။အန်တီလှခင်က တံခါးကိုအသာလေးတွန်းဖွင့်၍ အခန်းထဲသို့၀င်သွားခဲ့သည်။
ပုံရိပ်မှာသာ ချက်ချင်းခြေဖျား၊လက်ဖျားများအေးစက်လာ၍အခန်းထဲသို့ ခြေမလှမ်းရဲသေးပေ။
"သမီးလေး...လာလေ...ဒီမှာသမီးအဖွားရှိတယ်..."
တံခါးအပေါက်၀သို့ မျက်နှာမူ၍အန်တီလှခင်
ခေါ်နေသည်ကို ကြားပေမဲ့ရင်ထဲမှာ စိုးထိတ်နေမိသည်။အဖေတဖွဖွပြောသောအဖွားဖြစ်သူကို တော့ရတော့မည်ဖြစ်၍ရင်တုန်နေတာကို လုံး၀ဖျောက်၍မရပေ။
"လှခင်....ယဉ်တင့်ကိုသာဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ပါ....ငါ့မြေးနဲ့ငါအေးဆေးစကားပြောချင်တယ်..."
"ဟုတ်ကဲ့ပါမေညို..."
"သမီးလေး..၀င်သွားလေ.."
အခန်းထဲမှ ဩဇာရှိသောမိန်းမကြီး၏အသံဩဩကြီးကြောင့် ပို၍စိတ်လှုပ်ရှားသွားမိသည်။
အသံကြားတာနဲ့ လန့်ဖျားဖျားလောက်ပါရဲ့။
အန်တီလှခင်ကလည်း ပုံရိပ်၏ဘေးနားမှဖြတ်သွားစဉ်တွင် လှေသံတိုးတိုးနှင့် အခန်းထဲသို့၀င်ရန်ပြောသွား၍ လက်သီးကိုဆုပ်ပြီ၀င်လိုက်ပါသည်။
ဘ၀မှာ စိတ်အလှုပ်ရှားဆုံးအချိန်ပါပဲ။
"တံခါးပိတ်ထားလိုက်ပါ...အရိပ်..."
နာမည်ကို အကုန်မခေါ်ပဲ အားပါပါနှင့်အရိပ်လို့ခေါ်လိုက်သော အဖွားကိုပုံရိပ်ပြုံး၍ပြရမည်ကိုတောင် မေ့လျှော့နေခဲ့ပါသည်။ဝှီးချဲပေါ်မှာထိုင်နေရပြီး
ဘီးလေးကိုလက်ဖြင့်လှိမ့်ကာ ပုံရိပ်ရပ်နေသောနေရာသို့ လာနေသောအဖွားသည် ပုံရိပ်သိပ်ကိုတွေ့ချင်နေမိသော အဖွားဒေါ်ရိပ်ညိုဖြစ်သည်။
ဘာကြောင့်မှန်းမသိ ခမ်းနားသောအိမ်ကြီးထဲတွင်နေရသော ဝှီးချဲပေါ်ကအဖွားကိုသနားနေမိသည်။
"အရိပ်...အဖွားရဲ့အရိပ်ကလေး..."
"ဟင်...."
ပုံရိပ်၏လက်ကို လာထွေးဆုပ်၍ အသံမာမာကြီးတွေ တုန်ယင်လျှက်စိတ်ထိန်းထားသောအဖွားကို
ပုံရိပ်ငုံ့၍ကြည့်လိုက်မိသည်။အဖွားမျက်ရည်မကျပေမဲ့ ရင်ထဲမှာငိုနေပြီဆိုတာကိုသိသည်။
ပုံရိပ်လည်း ထိုကဲ့သို့ငိုခဲ့တာ အကြိမ်ပေါင်းမနည်းတော့ပြီ။
"ထိုင်ပါအုံးကွယ်...အရိပ်ကလူကောင်ကြီးလာတော့အဖွားကမော့ကြည့်နေရတယ်...."
အမှန်တော့အဖွား၏ခြေဆစ်လက်ဆစ်တွေကိုကြည့်တာနှင့် ပုံရိပ်ထက်အရပ်ရှည်မှန်းသိသာသည်။ဒါပေမဲ့ အဖွားကဝှီးချဲပေါ်မှာဖြစ်နေသည်။
ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ထိုင်ချလိုက်ပြီး အဖွား၏ပေါ်ပေါ်သို့ လက်တွေကိုယှက်တင်ထားလိုက်သည်။
ပုံရိပ်၏ ပါးပြင်ကိုဖွဖွပွတ်သပ်လိုက်သော ကြမ်းရှရှလက်ဖဝါးများသည် ဇရာထောင်း၍တွန့်ကြုံ့နေသည်။ဘယ်လောက်ပဲ သန်မာရဲရင့်သော မိန်းမတစ်ယောက်ဖြစ်ပါစေ အသက်၇၀ဆိုသော အရွယ်သည်ပါးရည်တွန့်၍သနားစဖွယ်ကောင်းကောင်းနေသည်။
အကြည့်တွေကအစ အားကိုးလိုသောအဓိပ္ပာယ်တို့ ပါ၀င်နေသည်။
"အရိပ်ရဲ့ မျက်၀န်းလေးတွေက...အဘွားနဲ့တူတာထက်..အရိပ်ရဲ့အဖိုးကိုမိုးမင်းနဲ့ပိုတူတာ..ဟုတ်ပါတယ်...ကိုမိုးမင်းရဲ့မျက်၀န်းတွေ...ကြည်တောက်ပြီး...စူးနင့်မှုအပြည့်နဲ့မျက်၀န်းလေးတွေ...
အဖွားနဲ့ကနဲနဲပဲဆင်တာ...."
"အဖေကတော့ အဖိုးနဲ့မတည့်ဘူးတဲ့...."
"အဟင်း...မတည့်လို့အဖေနဲ့တူတဲ့ကလေးကိုမွေးထားတာနေမှာပေါ့..."
ရယ်ရိပ်မြူး၍ ပြောနေသောအဖွားသည် မျက်၀န်းတွေကတော့ ၀မ်းနည်းနေသလိုဖြစ်နေသည်။ပုံရိပ်ကိုမြင်တော့ အတိတ်ကိုအမှတ်ရသွားတယ်ထင်ပါရဲ့။
"တကယ်တော့အဖေ့ကိုအမြင်မကြည်တာထက်...အမေဒေါ်မေသန့်ကိုအမြင်မကြည်တာမဟုတ်လားအဖွား.....အမေ့သွေးဖြစ်တဲ့ပုံရိပ်ကိုရောအမြင်ကြည်နိုင်ပါ့မလား..."
အမေ့အတွက်ခံပြင်းပြီး ကိုယ်စားပြောလိုက်မိသည်။အမေ့အပေါ်မှာ အမြင်မကြည်တာလေးတစ်ခုအတွက်နဲ့ သားဖြစ်သူကိုပါမခေါ်နိုင်မပြောနိုင်တော့တာကိုတော့ ဘ၀င်မကြမိပေ။
အဖွားဘက်ကနေ ဖြေရှင်းချက်လေးတစ်ခုခုကိုတော့ ကြားချင်မိပါသည်။
"ဒီရပ်ကွက်တင်မကဘူး...ဒီပုသိမ်ကြီးတစ်မြို့လုံးမှာ...အဖွားတို့မိသားစုရဲ့အရှိန်အဝါကအကြီးဆုံးပဲ...မျိုးရိုးစဉ်ဆက်မှာ ပညာရေးနိမ့်ပါးတဲ့လူ...
ဆင်းရဲမွဲတေလွန်းတဲ့လူတစ်ယောက်မှ မရှိခဲ့ဖူးဘူး...ဆင်းရဲတာကအဓိကပြဿနာမဟုတ်ဘူး...
ပညာဂုဏ်ကိုမက်တဲ့ မိသားစုမှာသုံးတန်းအောင်ပဲရှိတဲ့ ချွေးမတစ်ယောက်က...ခန်းနားထည်ဝါတဲ့မြို့ရိုးဘေးကမြက်တစ်ပင်ပဲ..."
"ပြောရက်လိုက်တာအဖွားရယ်...အဲ့ဒါကသမီးရဲ့
အမေပါ...ဘာလို့ဒီလိုနှိုင်းရက်ရတာလည်း....
ပညာတတ်တိုင်း...ရာထူးကြီးတိုင်းလည်း...
စိတ်ဓာတ်မွန်မြတ်နေတာမှမဟုတ်တာ...လူတိုင်းမှာကောင်းကွက်၊ဆိုးကွက်ဆိုတာရှိတာပဲ...ကိုယ့်နေရာမှာသူမလုပ်နိုင်တဲ့အရာတွေရှိသလို...သူ့နေရာမှာကိုယ်မလုပ်နိုင်တဲ့အရာတွေလည်းအများကြီးမှာ...
ဘာလို့များ ဖြည့်မတွေးပေးနိုင်ရတာလဲ...."
"အခုဖြည့်တွေးပေးနိုင်လို့...အရိပ်ကိုအဖွားရဲ့အနားမှာလာနေခိုင်းတာပေါ့...အရိပ်ပြောတာမှန်တယ်...
ပညာတတ်တိုင်း...ရာထူးကြီးတိုင်းလည်း...
စိတ်ဓာတ်မွန်မြတ်နေတာမဟုတ်ဘူး...ဒါပေမဲ့အရိပ်ကတော့ အရိပ်ရဲ့အမေလိုမဖြစ်ရဘူး...
အဖွားကအရိပ်ကိုမြေတောင်မြှောက်ပေးမယ်...
အရိပ်ဘယ်လောက်အထိ မြင့်မြင့်ပျံနိုင်မလဲ...
အဖွားကလေထီးဆင်ပေးမယ်...ဒါပေမဲ့အဖွားရဲ့အနားကနေတော့ထွက်မသွားရဘူး..."
အဖွား၏မျက်၀န်းတွေမှာ မျက်ရည်တွေဝဲလာခဲ့သည်။ပုံရိပ်ခံစားမိပါတယ်။အခန်းအကျယ်ကြီးထဲမှာ တစ်ယောက်တည်းနေနေရတဲ့အဖွားက အနားမှာပြုစုဖို့ သွေးသားရင်းချာတစ်ယောက်မှရှိမနေတည်းက တိုးတိုးဖော်လိုအပ်နေမှန်းပုံရိပ်ခံစားမိသည်။
ဒါပေမဲ့ အဖွားရဲ့မျက်နှာမှာ ပေါ်လွှင်နေတဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိနေသည်။
အဲ့ဒါဘာလဲဆိုတာကိုတော့ ပုံဖော်၍မရပေ။
"မေညို....သမီးတို့ပြန်လာပါပြီ...အမေ့သားလည်းပါလာတယ်..."
"တင့်တင့်လား...၀င်ခဲ့ပါ..."
ပုံရိပ်၏လက်ကလေးကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်ပြီးတံခါး၀ဘက်သို့မျက်နှာမူလိုက်တော့ ဒေါ်ယဉ်တင့်နှင့် ဦးလေးကြီးတစ်ယောက်သည် ယှဉ်တွဲ၍၀င်လာခဲ့လေသည်။ထိုဦးလေးကြီးသည် ရွှေရောင်ကိုင်းနဲ့မျက်မှန်ကိုတပ်ထားလေသည်။
ပုံရိပ်၏စိတ်ထဲတွင် ရင်းနှီးသလိုခံစားရ၍ သေချာစိုက်ကြည့်နေမိစဉ်တွင် ထိုဦးလေးကြီးကလည်း
ပုံရိပ်ကိုပဲ စိုက်ကြည့်လျှက် အရှေ့မှာလာရပ်သည်။
"ဘာကြောင့်ဒီလောက်စိုက်ကြည့်နေတာလည်းကွ...
ဦးလေးက တစ်ယောက်ယောက်နဲ့တူနေလို့လား...."
"ဟုတ်တယ်...ဦးလေးကတစ်ယောက်ယောက်နဲ့တူနေတယ်...ဘယ်သူနဲ့လဲဆိုတာစဉ်းစားနေတာ..."
"အဟင်း...စဉ်းစားမနေနဲ့...ဦးလေးရဲ့နာမည်က
ဦးမင်းခန့်..ပုံရိပ်ရဲ့အဖေနဲ့ညီအစ်ကိုအရင်းတော်တယ်ဗျာ..."
"ဟင်...ဒါဆို...သမီးနဲ့...."
"ဦးလေးတော်တာပေါ့ပုံရိပ်ရဲ့..."
အန်တီယဉ်တင့်က၀င်ပြောတော့ ဦးလေးဦးမင်းခန့်က အားရ၀မ်းသာပြုံးလိုက်လေသည်။
မသိရင် မိတ်ဟောင်း၊ဆွေဟောင်းတွေပြန်တွေ့နေသလိုပါပဲ။
"ငါ့သားကိုခန့် အားရ၀မ်းသာနဲ့ ရယ်နေတာကို ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"ကျွန်တော့်ညီရဲ့ကိုယ်ပွားလေးလေအမေရာ...
ကျွန်တော်သိပ်ပျော်တာပေါ့...ဂျူတီချိန်းပြီးတော့ကိုပြန်လာခဲ့တာ...ကြည့်ပါအုံးအမေ...ကလေးရဲ့မျက်လုံးတွေကအမေနဲ့တူသလိုထင်ရပေမဲ့ အဖေ့လိုမျက်၀န်းမျိုးတွေ....ရုပ်ကမိုးရိပ်နဲ့လည်းမျက်နှာ ပေါက်တော်တော်ဆင်တာ...ဟား...ဟား...တော်ကြာမိုးရိပ်လို ရှေ့နေဖြစ်ချင်တယ်လို့ပြောလာနေအုံးမယ်..."
"ရှေ့နေတော့မလုပ်ရပါဘူး...ငါ့မြေးကစီးပွားရေးလုပ်ငန်းရှင်ကြီးလုပ်ရမှာ...နင်စိတ်မ၀င်စားတဲ့ငါ့လုပ်ငန်းတွေကို ဦးစီးခိုင်းမှာ..."
"ကြည့်လည်းလုပ်ပါအုံး...အမေ့ပုံစံအတိုင်းရိုက်သွင်းလို့ ကလေးရူးသွားပါအုံးမယ်...ဒီတစ်ခါတော့ကျွန်တော့်တူမဘက်ကပဲပါရတော့မှာနော်...
ညီ့အလှည့်တုန်းကတော့...ကျွန်တော်လည်းဆရာ၀န်ပေါက်စဆိုတော့ အဖေ့ကိုမတွန်းလှန်နိုင်ဘူး...
အခုတော့မရတော့ဘူးနော်..."
"...အမယ်လေး...အခုတည်းကမအေကိုပုန်ကန်နေပြီ...မအေနားကိုတော့ အလုပ်အကြောင်းပြပြီး...
နှစ်ရက်မှတစ်ခါလာတွေ့တဲ့ကောင်က တူမကိုတော့ချစ်ပြနေလိုက်တာ...သူမွေးထားတာကျနေတာပဲ..."
"ကျွန်တော့်ညီကမွေးထားတာ ကျွန်တော့်သမီးပဲပေါ့...ကလေးကခရီးပန်းလာတာ...အချိန်လည်းကြည့်အုံးအမေရေ...ထမင်းစားချိန်ရောက်တော့မယ်...ရေချိုးပြီး...တမှေးအိပ်ခွင့်ပေးလိုက်အုံး...
ထမင်းစားပွဲမှာ...အမေ့သမီးရဲ့စပ်စုနှုန်းကိုခံနိုင်ရည်ရှိအောင်လို့..."
"အေး...အေး...အပေါ်ဆုံးအထပ်က...
ဆောင်းအသစ်ထည့်ထားတဲ့အခန်းကို ခေါ်သွားပြီးနားခိုင်းလိုက်...."
"ဒါဆိုသွားပြီ...အမေရေ..."
"သွားပြီနော်အဖွား..."
"အင်းပါအရိပ်ရယ်...သေချာလေးနားလိုက်နော်...."
"ဟုတ်ကဲ့...."
တူမကိုပခုံးဖက်၍ထွက်သွားသော ထောင်ထောင်မောင်းမောင်းနှင့် ခင်ပွန်းသည်ကိုကြည့်ပြီး ယဉ်တင့်ကတော့ပြုံး၍နေလေသည်။
သားသမီးမရှိတော့ တူတွေ၊တူမတွေကိုသိပ်ချစ်ရှာသည့်လူကြီးပါလေ။
"ယဉ်တင့်...အခုကစပြီး...အရိပ်ကနင့်သမီးဖြစ်သွားပြီနော်...အရိပ်ကိုနင်စောင့်ရှောက်ရမယ်..."
"အမေ...တကယ်ပြောနေတာလား..."
"ခုနကမင်းခန့်ရဲ့အပြုံးကိုတွေ့လား...သူတို့ညီအစ်ကိုချင်းကသိပ်ချစ်ကြတော့ သူ့တူမကိုလည်းသဲသဲလှုပ်ပဲ...ငါကအရိပ်ရဲ့ဘေးနားမှာ
အမြဲလိုက်ကြည့်ပြီး ထိန်းမတ်မပေးနိုင်ဘူး...
သူ့ကိုနင့်လက်ထဲအပ်လိုက်ပြီ...နင်ကအရိပ်ရဲ့အုပ်ထိန်းသူပဲ..."
"ရှင်...."
အမေဘာသဘောနဲ့ ပြောသလဲမသိပေမဲ့ ဒီကလေးကို တင့်တင့်လည်းသနားပါသည်။စစမြင်မြင်ချင်းတည်းက သံယောဇဉ်ဖြစ်မိပြီးသားကိုမှ
အမေက အခွင့်အရေးအပြည့်အ၀ပေးလိုက်တော့
၀မ်းမလွယ်သမီးလေးကို ချစ်ရပေတော့မည်။
သားသမီးမရှိသောဘ၀မှာ သမီးလေးတစ်ယောက်ကောက်ရသည်ပေါ့။
🔥🔥🔥🔥🔥🔥
"ပုံရိပ်ရဲ့ ဘ၀လေးကောင်းစားတော့မှာလား..."
အဖွားကြီးကတော့ သူ့နေရာကိုတောင် ဆက်ခံစေချင်တာတဲ့နော်...."
=======================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၄)🔥 ဒုတိယပိုင္း
ပံုရိပ္တို႔ ရန္ကုန္မွစထြက္လာေသာအခ်ိန္သည္
ေန့ခင္း၁၂နာရီေလာက္ကျဖစ္ၿပီး မႏၲလးသို႔၀င္ေသာအခါ ညေနေစာင္း၍ ေနတာင္၀င္ေနေလၿပီ။
မႏၲေလး၏ လမ္းမမ်ားသည္ ရန္ကုန္ေလာက္ကားမရႈပ္ပဲ ပို၍သန႔္ရွင္းသည္ဟုခံစားရ။
ေဆာင္ရာသီမကုန္ေသးေသာေၾကာင့္ ညေနေဆာင္း၏အေအးဓာတ္သည္ ကားအတြင္းထဲသို႔စိမ့္၀င္လာသည္။
ထို႔ေၾကာင့္ ေဘးတြင္ပါလာေသာေဒၚခင္လွသည္ ကားသမားဦးတင္စိန္ကို ကားမွန္ေတြတင္ဖို႔ရန္
ေျပာလိုက္သည္။
ေအးရင္ေအးပါေစ ပံုရိပ္ကေတာ့ မႏၲေလး၏ရသကို ေသခ်ာေလးခံစားၾကၫ့္ခ်င္သည္။
ကုသိုလ္ေတာ္ေရ႔ွမွာ ပန္းေရာင္းသၫ့္သူငယ္ခ်င္း၏ရည္းစားကို ကူခိုးေပးရာမွ
ကားစီးခဲ့ရေသာဘ၀ကေနဆိုင္ကယ္ေျပာင္းစီးခဲ့ရေသာ အေဖ့အျဖစ္ကို ျမင္ေယာင္ၾကၫ့္မိသည္။ေဖေဖတို႔ေမေမတို႔ ေနာက္ဆံုးထြက္သက္ျဖစ္ခဲ့ေသာ ေနရာကိုေနာက္ဆံုးေတာ့ပံုရိပ္ေရာက္လာခဲ့ပါၿပီ။
သံေယာဇဉ္အမ်ွင္တန္းေတြ ေနာက္မွာက်န္ခဲ့၍
ရင္ေတာ့နာသည္။
ရုတ္တရက္ ေရျပင္ပတ္လည္ဝိုင္းထားေသာေနရာတြင္ အုတ္တံတိုင္းႀကီးကာထားေသာေၾကာင့္ ပံုရိပ္အံ့ဩစြာေငးၾကၫ့္ေနမိေလသည္။
"အန္တီဟိုဟာ...ဘာလို႔ေခၚလဲဟင္..."
"ေအာ္...အဲ့ဒါကသီေပါမင္းနဲ႔မင္းတုန္းမင္းတို႔စံျမန္းခဲ့တဲ့နန္းေတာ္ရာေလ...ေဘးကပတ္လည္ဝိုင္းထားတာကို က်ဳံးလို႔ေခၚတယ္...နန္းေတာ္ကိုကာထားတာကၿမိဳ႔ရိုးေလကေလးရဲ့..တို႔အခုေရာက္ေနတာက်ဳံးအေရ႔ွေပါက္၁၉လမ္းဘက္ကိုေရာက္ေနတာ...
မၾကာခင္...ပုသိမ္ႀကီးၿမိဳ႔ထဲကို၀င္ေတာ့မယ္..."
"ေအာ္....သမီးကစာထဲမွာဖတ္ရေပမဲ့အျပင္မွာေတာ့မျမင္ဖူးဘူး..."
အေဖကမႏၲေလးသားစစ္စစ္ျဖစ္ၿပီး ပံုရိပ္ကေတာ့အသက္၁၅ႏွစ္ေက်ာ္မွသာမႏၲေလးကို ေရာက္ဖူးပါသတဲ့။
ပံုရိပ္ေမးတာကတစ္ခြန္းတည္းေပမဲ့ ဘယ္ေနရာေရာက္ေနလည္းပါ ေျပာျပေနေသာ
အန္တီခင္လွကို သေဘာေကာင္းသူဟုသတ္မွတ္လိုက္မိသည္။အျပင္လူေတြႏွင့္ အဆက္အဆံသိပ္
မလုပ္တတ္၍ စကားဘယ္လိုစရမလဲမသိျဖစ္ေနေသာေၾကာင့္ႏႈတ္ဆိတ္ေနမိသည္က အမွားတစ္ခုမ်ားျဖစ္ေနၿပီလား။
အမွန္ဆိုရင္ အဖြားတို႔အိမ္အေၾကာင္းေတြကိုသိသင့္သေလာက္ေတာ့ ေမးထားသင့္သည္။
ပံုရိပ္ေမးမလို႔ ဟန္ျပင္လိုက္စဉ္တြင္ ကားအေရ႔ွဘက္အျခမ္းမျွမင္လိုက္ရေသာ စပါးပင္စိမ္းစိမ္းမ်ားေၾကာင့္ မ်က္လံုးေလးေတျြပဴးက်ယ္သြားရသည္။
"ဝါး...စပါးေတြစိုက္ထားတာပဲ...လယ္ကြင္းေတြက..ၾကၫ့္လို႔ေကာင္းလိုက္တာ..."
ပံုရိပ္ဘက္အျခမ္းကမွန္ကိုခ်ၿပီး တိုးေဝ႔ွတိုက္ခတ္လာသၫ့္ ေလေအးေအးကိုခံယူ၍ ေနလံုးနီနီ၏အေရာင္အဝါျဖန႔္က်က္ေနေသာ စပါးခင္းေတြကိုလိုက္ၾကၫ့္ေနမိသည္။
ပံုရိပ္ရဲ့အေမက ဧရာ၀တီတိုင္းသူဆိုေတာ့ရြာကိုျပန္တိုင္း လယ္ကြင္းစိမ္းစိမ္းေတြ၊ယာ၊ကိုင္းေတြကို ေတြ့ေနၾကေပမဲ့ ငယ္ရြယ္စဉ္အခ်ိန္ကျဖစ္၍ ဦးေနွာက္အသိဉာဏ္ထဲတြင္ အရာအားလံုးက
ခပ္ေရးေရးသာျဖစ္ေနေတာ့သည္။
ကားေဘာင္ေပၚသို႔ ေမးတင္၍ပံုရိပ္ေငးၾကၫ့္ေနမိသည္။ဒီလမ္းတစ္၀က္မွာတင္ ဒီအခ်ိန္အခိုက္အတန႔္ေလးကို ရပ္ထားလို႔ရရင္ ေကာင္းမွာပဲဟုေတြးေနမိသည္။
လြတ္လပ္ေပါ့ပါးၿပီး စိတ္ၾကည္ႏူးမႈအျပၫ့္နဲ႔အခ်ိန္ေလး။
"သမီးေရ...ေလေတြအရမ္းေအးတယ္ေလ..
ကားမွန္ေတြကိုတင္ထားလိုက္ပါ...ပုသိမ္ႀကီးၿမိဳ႔ရဲ့ ေဆာင္းကအေအးပိုတယ္ကဲြ႔..."
"အန္တီ...ဒီဘက္မွာလယ္စိုက္ၾကတာလား...
သမီးကၿမိဳ႔ထင္လို႔..."
"ဟား...ဟား.."
ပံုရိပ္ေျပာလိုက္ေတာ့ ေရ႔ွမွာကားေမာင္းေနေသာ ဦးတင္စိန္ကအသံထြက္ကာရယ္ေလသည္။
အန္တီခင္လွသည္လည္း ပံုရိပ္ကိုႃပံုးျပ၍ ေခါင္းေလးပုတ္လိုက္သည္။ပံုရိပ္မွာသာ ေခါင္းကုတ္ၿပီး အူေၾကာင္က်ားရုပ္ျဖစ္ေနသည္။
"သမီးရယ္...ဒါလည္းၿမိဳ႔ပဲေလ...ရြာမွမဟုတ္တာ...ဟိုမွာပုသိမ္ႀကီးၿမိဳ႔လို႔ဆိုင္းဘုတ္ေရးထားတယ္ေလ..."
ဟုတ္ပါရဲ့ ပံုရိပ္ကားျပဴတင္းမွၾကၫ့္လိုက္မိေတာ့ အနီေရာင္ဆိုင္းဘုတ္ႀကီးေပၚတြင္ေရႊေရာင္စာလံုးမ်ားျဖင့္"ပုသိမ္ႀကီးၿမိဳ႔လိႈက္လွဲစြာႀကိဳဆိုပါ၏..."
ဆိုေသာစာလံုးေတြကိုေတြ့လိုက္ရသည္။
ဒါဆိုရင္ ပံုရိပ္သည္မၾကာခင္ ခိုလႈံရေတာ့မၫ့္အဖြားေဒၚရိပ္ညို၏ ရင္ခြင္ႏွင့္တျဖည္းျဖည္း နီးစပ္လာၿပီေပါ့။
"ဆန္စပါးစိုက္တာက ေတာရယ္၊ၿမိဳ႔ရယ္မဟုတ္ပါဘူးကြယ္...ကိုယ္ကၽြမ္းက်င္ရာ..စိုက္ပ်ိဳးၾကတာေပါ့...အပင္စိုက္တာဝါသနာပါတဲ့လူကလည္း ပ်ိဳးပင္ေတြေရာင္းသလို..မုန႔္လုပ္ေရာင္းတတ္သူကလည္း...သူတတ္ေျမာက္တာနဲ႔လုပ္စားရတာေပါ့...
ဒီဘက္မွာလည္းရြာေတြရိွတာပဲ...လယ္လည္းစိုက္၊ၿခံလည္းစိုက္ၾကတာေပါ့...ခုေနာက္ပိုင္း
..ဒီဘက္မွာလည္းကြန္ပ်ူတာသက္တန္းတို႔
..ဘာတို႔ရိွလာပါၿပီကေလးရဲ့..."
"ဟုတ္ကဲ့ပါ..သမီးကခုမွေရာက္ဖူးေတာ့ စပါးေတြစိုက္တာျမင္ရင္ကို ေတာရြာထင္ေနတာ..."
"ဒီလိုပါပဲကြယ္...ဘယ္ေနရာျဖစ္ျဖစ္စတည္ခါစကေတာ့ ၿမိဳ႔ႀကီးမဟုတ္ပါဘူး...ရန္ကုန္မွာလည္းဒီလိုလယ္စိုက္တဲ့ေနရာေတြရိွပါတယ္...အန္တီတစ္ခါကတိုက္ႀကီးကို သြားတုန္းကဆိုရင္...အဲ့ဘက္မွာလယ္ေတြစိုက္တာေတြ့ၾကတာပဲ...တကယ္စည္တဲ့ေနရာေတြသာ မစိုက္ၾကတာပါ..."
"အန္တီ...ဟိုေတာင္ကဘာေတာင္လဲဟင္.."
"အဲ့ဒါကရန္ကင္းေတာင္ေလ..ငါးရံ့မင္းေတာင္လို႔လည္းေခၚတယ္..တို႔ေတြအခုေရာက္ေနတာက ၿမိဳ႔လယ္ေလာက္ေလ..
မၾကာခင္...မိုးရိပ္ၿခံႀကီးကိုေရာက္ေတာ့မယ္ ..
..."
"မိုးရိပ္ၿခံ...ဟုတ္လားအန္တီ..ဦးမိုးရိပ္ဆိုတာသမီးရဲ့အေဖနာမည္ပါ..."
"ဟုတ္တယ္..သမီးေလးရဲ့..ေမညိုကကိုမိုးရိပ္
ဆံုးေတာ့...ၿခံနာမည္ကိုမိုးရိပ္ၿခံလို႔ေပးထားတာ......"
ပံုရိပ္သေဘာေပါက္လိုက္ေလၿပီ။
အဖြားကအေဖ့ကို သိပ္ခ်စ္တာပါလား။
သားသမီးသံုးေယာက္ရိွပါလ်ွက္နဲ႔ ၿခံနာမည္ကိုမိုးရိပ္ၿခံဟု မွၫ့္ထားကတည္းက ပံုရိပ္အေပၚတြင္လည္း ေမတၲာထားႏိုင္ၿပီး သေဘာထားမေသးသိမ္မွာ ႀကိဳသိလိုက္ပါၿပီ။
ဆရာေရ"ပံုရိပ္ကံေကာင္းမွာပါလို႔.."ဆရာနမိတ္ဖတ္လိုက္တာ တကယ္ကိုမွန္ေနၿပီထင္ပါရဲ့။
ရန္ကင္းေတာင္ႀကီးကို ေမာ့ၾကၫ့္လိုက္ၿပီးေနာက္ ေတာင္ေပၚတြင္ရိွေသာဘုရားတဆူဆူကို ရည္စူး၍ အရာအားလံုးအဆင္ေျပဖို႔ရန္ဆုေတာင္းလိုက္မိသည္။
"ေဟာ..ဟိုမွာ..မိုးရိပ္ၿခံကိုေရာက္ၿပီ... "
ပံုရိပ္လွမ္းၾကၫ့္လိုက္ေတာ့ က်ဳံးအေရ႔ွဘက္မွ
ျမင္ခဲ့ရေသာနန္းၿမိဳ႔ရိုးနီးပါးေလာက္ျမင့္သည္ဟုထင္ရသၫ့္ အုတ္တံတိုင္းႀကီးကိုေတြ့လိုက္ရသည္။တံတိုင္းႀကီးက အရမ္းျမင့္တာေတာင္အုတ္တံတိုင္းကိုေက်ာ္၍ အပင္ေတြၾကားမွ ထိုးထြက္ေနေသာ တိုက္ႀကီး၏ဦးပိုင္းကိုလွမ္း၍ျမင္ေနရေလသည္။
ၿခံႀကီးႏွင့္ တျဖည္းျဖည္းနီးကပ္လာေသာအခါ တံတိုင္းေပၚတြင္စတုရန္းပံုသ႑န္ဝိုက္၍ ခပ္ျမင့္ျမင့္ထြင္းထားေသာမိုးရိပ္ဆိုေသာ စာလံုးႀကီးကို
ျမင္လိုက္ရကာ ၀မ္းနည္းမႈေတြ လိႈက္တက္လာသည္။
မိသားစုနဲ႔ ဆယ္စုႏွစ္ေက်ာ္ေလာက္ေဝးခဲ့ရတဲ့ေဖေဖသာ သူ႔နာမည္ကိုဒီၿခံႀကီးေရ႔ွမွာ ကမၼည္းထိုးထားမွန္းသိရင္ ဘယ္လိုေနလိမ့္မလဲ။တကယ္ေတာ့ ေဖေဖကလည္းမိဘေတြမႀကိဳက္ေသာ လုပ္ရပ္ကိုလုပ္ခဲ့၍မွန္ကန္သည္ဟု ပံုရိပ္မေထာက္ခံႏိုင္ေပ။
"ပြန္...ပြန္...."
ဦးတင္စိန္က ကားဟြန္းကိုႏွစ္ခ်က္ေလာက္တီးလိုက္ေတာ့ တံခါးႀကီးသည္လာဖြင့္သူမရိွပဲသူ႔အလိုလို ပြင့္သြားခဲ့သည္။ရန္ကုန္မွာေနလာခဲ့တာၾကာေပမဲ့ ဒီလိုတံခါးမ်ိဳးကို ပံုရိပ္အခုမျွမင္ဖူးတာပါ။ကားတံခါးပြင့္သြားသည္ႏွင့္ ၿခံထဲသို႔ေမာင္း၀င္လိုက္ရာ ႀကီးမာခမ္းနားေသာ အျဖဴေရာင္သံုးထပ္ေဆာင္ႀကီးကို အထင္းသားေတြ့လိုက္ရသည္။
ဒီၿခံႀကီးကေပဘယ္ေလာက္က်ယ္သလဲမသိေပမဲ့
ပံုရိပ္တို႔ငွားေနခဲ့ေသာ လံုးခ်င္းအိမ္ေလးသံုး၊ေလးလံုးရိွသာ ၿခံထက္အဆတစ္ရာေလာက္က်ယ္ေလသည္။ဒီရပ္ကြက္ထဲတြင္လည္း ဒီၿခံအက်ယ္ဆံုးျဖစ္ႏိုင္သည္။ယမင္းေျပာခဲ့ေသာစကားေတြကိုျပန္ၾကားေယာင္မိေတာ့ ပိုတယ္ဟုထင္ခဲ့မိတာမွားသြားခဲ့ေလသည္။
အေရ႔ွပိုင္းမွၾကၫ့္ပါက အေဆာင္ႀကီး၏မ်က္ႏွစာေတြသည္ ႀတိဂံပံုသ႑န္ခၽြန္ခၽြန္မ်ားျဖစ္ၾကၿပီး လသာေဆာင္မ်ားစြာႏွင့္ တံခါးခ်ပ္အက်ယ္ႀကီးမ်ားကို တပ္ထားေလသည္။ထိပ္ဦးခၽြန္ပိုင္းတိုင္းသည္ ကႏုတ္ပန္းမ်ားထြင္းထား၍ နန္းေတာ္မ်ားသဖြယ္ခံစားမိေစသည္။
ၿခံပတ္ပတ္လည္တြင္လည္း ျမက္ခင္းႀကီးကျပန႔္ျပဴးေန၍ ေဘာလံုးကန္တာဝါသနာပါေသာထြန္းကိုအား သြား၍သတိရမိသည္။
မီးၫႊန႔္ပံုစံ၊ႀတိဂံပံုစံႏွင့္၀ကၤမ႓ာပံုစံၫွပ္၍ပံုေဖာ္ထားေသာ သစ္ပင္အစုေလးမ်ားကို လွလိုက္တာဟုေရရႊတ္မိသည္။
အိမ္ႀကီးကိုျမင္တာႏွင့္ပင္ ကိုယ့္ကိုကိုယ္သိမ္ငယ္သြားမိသည္။အေဒၚတို႔ကိုေတာ့ တိုက္ခန္းက်ဉ္းေလးထဲမွာထားခဲ့ၿပီး ပံုရိပ္ကဒီလိုအိမ္ႀကီးထဲမွာ ခ်မ္းသာေသာ အဘြား၏ေျမးလာလုပ္ရမွာကို စိတ္မလံုခ်င္ေတာ့ေပ။
"သမီးေလး...ဆင္းေလ...."
"ပိစိမေရ...ပစၥည္းေလးေတြလာသယ္ေပးပါအံုး..
ကိုတင္စိန္...ဒီစက္ဘီးေလးကိုခ်ေပးပါလား..."
အန္တီလွခင္စီစဉ္ေနသည္မ်ားကို ပံုရိပ္မ်က္စိ
မေရာက္ပဲ အိမ္ႀကီးကိုသာဝိုင္းႀကီးပတ္ပတ္တူ
ေဝေဝကစားလို တစ္ပတ္လွၫ့္ၾကၫ့္ေနမိသည္။
"ခစ္...ခစ္...."
"ဟဲ့...ပိစိမ..ဘာရယ္ေနတာတုန္း...လုပ္စရာရိွတာလာမလုပ္ဘူး..."
"ဟုတ္ပါဘူး...သူကခႏၲာကိုယ္တစ္ပတ္လွၫ့္ၿပီးလိုက္ၾကၫ့္ေနတာ ရယ္စရာေကာင္းလို႔ပါ..."
"အံမယ္..ဘာသူလည္း...ဒါေမညို႔ရဲ့ေျမးဟဲ့...
စကားကိုၾကၫ့္ေျပာေနာ္..."
"ဟုတ္လား...သမီးမွမသိပဲလို႔...ကန္ေတာ့ေနာ္မမ..."
ပံုရိပ္ကို လက္အုပ္ကေလးခ်ီ၍ေတာင္းပန္ေနေသာ ပိစိမဆိုသူကို ႃပံုးျပၿပီးေခါင္းခါျပလိုက္သည္။
နာမည္ကသာ ပိစိမေပမဲ့ လူေကာင္ကပံုရိပ္၏
ႏွစ္ကိုယ္စာေလာက္ရိွသည္။ဘာေၾကာင့္ ဒီနာမည္ကိုမွၫ့္သလဲ နားမလည္ႏိုင္ေပ။သို႔ေပမဲ့ ပံုရိပ္ထက္ေတာ့ငယ္ပံုရသည္။စကားေျပာတာေလးကလည္း ခ်စ္ဖို႔ေကာင္းသည္။
"သမီးေလး...စက္ဘီးကိုဒီေနရာမွာထားလိုက္မယ္ေနာ္..."
"ဟုတ္ကဲ့..."
ေဒၚခင္လွသည္ တစ္ခ်ိန္လံုး ပံုရိပ္ကိုသမီးေလးဟုႏူးႏူးညံ့ညံ့ေခၚတတ္သည္။နား၀င္ခ်ိဳလြန္းေပမဲ့ တမင္ဖားခ်င္လို႔လား စိတ္ရင္းနဲ႔လားဆိုတာကိုေတာ့ ပံုရိပ္မေဝခဲြတတ္ေပ။အခ်ိန္ကဆံုးျဖတ္သြားပါလိမ့္မယ္။
"လာ..အန္တီ့ေနာက္ကို လိုက္ခဲ့..ေမညိုကမွာထားၿပီးသား..သမီးေလးလာရင္သူ႔အခန္းထဲကို တန္းၿပီးေခၚခဲ့ပါတဲ့..."
"ဟုတ္ကဲ့..."
ဒီအိမ္ကိုေရာက္တည္းက ဟုတ္ကဲ့တစ္လံုးႏွင့္သာအလုပ္ျဖစ္ေနသည္။အိမ္ႀကီးထဲသို႔ စ၀င္လိုက္ေသာအခါ အိမ္စီးဖိနပ္ကိုခ်ေပးလာ၍ စီးလိုက္ရေသးသည္။သူတို႔ေပးေသာ အိမ္စီးဖိနပ္က ပံုရိပ္စီးလာခဲ့ေသာ ဖိနပ္ထက္ေတာင္သစ္ေနေသးသည္။
ဂါ၀န္ခါးစည္းပန္းေရာင္အသစ္ကေလးကို ၀တ္ထားသည္မို႔ ပိစိမဆိုသူထက္ေတာ့ သားနားေသးသည္ဟုဆိုရမည္။
အိမ္ထဲသို႔ ၀င္လိုက္သည္ႏွင့္ ေမႊးပ်ံ႔ေသာရနံ႔ကိုစတင္၍ရသည္။ေျပာင္လတ္ေနေသာ ၾကမ္းခင္းတစ္ခုစီကို ၾကၫ့္လိုက္သည္ႏွင့္အိမ္ရွင္ေတြဟာ ဘယ္ေဘာင္စည္းကမ္းႀကီးၿပီး အလုပ္သမားမ်ားက အင္အားအျပၫ့္တိုက္ခၽြတ္ထားမွန္းသိသာပါသည္။အိမ္ေရ႔ွမွ ဧၫ့္ခန္းဆီသို႔ျဖတ္ေလ်ွာက္မိေသာအခါ အကာအကြယ္မရိွေသာအခန္းတစ္ခုထဲတြင္ စားပဲြအရွည္တစ္ခုႏွင့္ဆက္တီေတြကို ေတြ့လိုက္ရသည္။
"အန္တီ...ဒါေတြကဘာသားနဲ႔လုပ္ထားတာလဲဟင္...
အေရာင္ေတြစိုေနတာပဲ...ဘယ္ေလာက္ေပးရလဲသိလား..."
"အဲ့ဒါေတြလား...အဲ့ဒါကၽြန္းဆက္တီေတြေလ...
အရင္ကေတာ့မိသားစုေတြ စုေဝးၿပီးတီဗီြၾကၫ့္၊စကားစျမည္ေျပာတဲ့ေနရာေပါ့...အခုေတာ့မမႀကီး ေမဦးရဲ့သားတစ္ေယာက္ပဲ သူ႔သူငယ္ခ်င္းေတြကိုေခၚလာၿပီး ဂိမ္းေဆာ့တဲ့အခန္းျဖစ္သြားပါၿပီ....
တန္ဖိုးကေတာ့ သိန္းသံုးဆယ္ေက်ာ္တယ္ကဲြ႔...
အန္တီလွခင္ပဲ မမတင့္နဲ႔အတူသြား၀ယ္ထားတာေလ..."
"ေအာ္...အဟင္း!!!!:...."
ပံုရိပ္အလုပ္လုပ္ႏိုင္တဲ့အခ်ိန္ေရာက္လို႔ ေငြ၀င္ရင္ေဒၚေလးတို႔ကို ဒါမ်ိဳးေလးလက္ေဆာင္၀ယ္ေပးမည္ဟု ေတြးမိကာမွသိန္းသံုးဆယ္ဆိုေတာ့ လည္ပင္းေတာင္နင္သြားရသည္။ထို႔ေၾကာင့္ ဟန္လုပ္ကာေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္ရပါသည္။
"ဟင္...ဒီမွာလည္း တစ္ခန္းရိွေသးတာလား..."
"ဟုတ္တယ္..ဒါကဧၫ့္ခန္းေလ...အေပၚထပ္ကိုတပ္မဲ့ေလွခါးေနာက္ဘက္မွာလည္း အခန္းေတြအမ်ားႀကီးရိွေသးတယ္...သံုးထပ္လံုးမွာ ဧၫ့္ခန္း၊ဘုရားခန္းနဲ႔အိပ္ခန္႔ေတြသီးသန႔္ရိွတယ္ေလ...
မမႀကီးေမဦးတို႔ကေတာ့ အလယ္ထပ္မွာေနတယ္...သူ႔သားေတြသမီးေတြကေတာ့ အေပၚဆံုးအထပ္မွာေနရတယ္ေလ..."
"ဒါဆိုပံုရိပ္ကေရာ..."
"အေပၚဆံုးအထပ္မွာပဲ ေနရမွာပဲ..."
ေသပါၿပီ။ရန္ကုန္မွာလို သံုးထပ္တိုက္ကေခါင္နိမ့္ေတြမဟုတ္ပဲ ေခါင္အျမင့္ႀကီးေတြဆိုေတာ့ အေပၚဆံုးအထပ္ကိုေရာက္တာနဲ႔ကို အသက္ထြက္ေနမွာပဲ။ေစာေစာစီးစီး သက္ျပင္းႀကိဳခ်ထားလိုက္မိသည္။
"ဓာတ္ေလွကားေလး...ဘာေလးမရိွဘူးလား..."
ခ်မ္းသာတဲ့အိမ္ဆိုေတာ့ သက္သာလိုသာသာျငား အထြန႔္တက္မိေလသည္။ေမးလိုက္လည္း အခ်ည္းႏွီးပါပဲ အန္တီခင္လွကေခါင္းခါျပေန၍ျဖစ္သည္။
"အန္တီလည္း ေသခ်ာမသိေပမဲ့ဆရာႀကီးရိွစဉ္က က်န္မာေရးနဲ႔ညီၫႊတ္ေအာင္ဆိုၿပီး ေလွကားမ်ားမ်ားနဲ႔ ျမင့္ျမင့္ေဆာက္ထားတာလို႔ဆိုတယ္..."
*ေအာ္..ဒါေၾကာင့္အဖိုးနဲ႔အေဖကမတၫ့္တာကို..
အခုေနမ်ားအဖိုးရိွေနေသးရင္ ပံုရိပ္နဲ႔လည္းတၫ့္မည္မထင္ဘူး*
စိတ္ထဲမွာ မွတ္ခ်ေပးလိုက္မိေလသည္။ေလွကားႀကီး၏ အေနာက္ဘက္အျခမ္းသို႔ ေတာ္ေတာ္ေလး၀င္လိုက္ေတာ့မွ အဖြားေနေသာအခန္းကိုေရာက္ေလသည္။ဒီအိမ္ကလူေတြက ကၽြန္းသစ္ကိုေတာ္ေတာ္ေလး မက္မက္စပ္စပ္ရိွၾကသည္ထင္ပါရဲ့။အိမ္တံခါးေတြအကုန္လံုးက ကၽြန္းတံခါးေတျြဖစ္ၿပီး ေလွကားေတြႏွင့္ဧၫ့္ခန္းထဲမွ ဆင္ရုပ္ေတြထြင္းထားေသာ ဆက္တီႀကီးေတြကအစကၽြန္းမွန္းသိသာသည္။
ေလ်ွာက္လာခဲ့တဲ့ တစ္လမ္းလံုးမွာလည္းသိန္းငွက္၊ေဒါင္း၊ယမင္းရုပ္၊ကိႏၷရီ၊ကိႏၷရာပန္းပုရုပ္ေတြကို အလွခ်ထားလိုက္တာလည္း ပန္းပုဆိုင္ေရာက္သြားသလိုပင္။ပန္းခ်ီကားခ်ပ္မ်ားကလည္း ရင္သပ္ရႈေမာဖြယ္အျပၫ့္ျဖစ္ေနသည္။
ကိုယ္ကလည္း ပန္းခ်ီကိုစိတ္၀င္စားသူမို႔ အႏုပညာလက္ရာတိုင္းကို ႏွစ္သက္ပါသည္။
"ေဒါက္...ေဒါက္..."
"ေမညို....ပံုရိပ္ကိုေခၚလာပါၿပီ..."
"ေအး...၀င္လာခဲ့..."
အဖြား၏တံခါးသည္ အၿမဲဂ်က္မခ်ပဲေစ့ရံုသာေစ့ထားပံုရေလသည္။အန္တီလွခင္က တံခါးကိုအသာေလးတြန္းဖြင့္၍ အခန္းထဲသို႔၀င္သြားခဲ့သည္။
ပံုရိပ္မွာသာ ခ်က္ခ်င္းေျခဖ်ား၊လက္ဖ်ားမ်ားေအးစက္လာ၍အခန္းထဲသို႔ ေျခမလွမ္းရဲေသးေပ။
"သမီးေလး...လာေလ...ဒီမွာသမီးအဖြားရိွတယ္..."
တံခါးအေပါက္၀သို႔ မ်က္ႏွာမူ၍အန္တီလွခင္
ေခၚေနသည္ကို ၾကားေပမဲ့ရင္ထဲမွာ စိုးထိတ္ေနမိသည္။အေဖတဖြဖြေျပာေသာအဖြားျဖစ္သူကို ေတာ့ရေတာ့မည္ျဖစ္၍ရင္တုန္ေနတာကို လံုး၀ေဖ်ာက္၍မရေပ။
"လွခင္....ယဉ္တင့္ကိုသာဖုန္းဆက္ၿပီးလွမ္းေခၚလိုက္ပါ....ငါ့ေျမးနဲ႔ငါေအးေဆးစကားေျပာခ်င္တယ္..."
"ဟုတ္ကဲ့ပါေမညို..."
"သမီးေလး..၀င္သြားေလ.."
အခန္းထဲမွ ဩဇာရိွေသာမိန္းမႀကီး၏အသံဩဩႀကီးေၾကာင့္ ပို၍စိတ္လႈပ္ရွားသြားမိသည္။
အသံၾကားတာနဲ႔ လန႔္ဖ်ားဖ်ားေလာက္ပါရဲ့။
အန္တီလွခင္ကလည္း ပံုရိပ္၏ေဘးနားမျွဖတ္သြားစဉ္တြင္ ေလွသံတိုးတိုးႏွင့္ အခန္းထဲသို႔၀င္ရန္ေျပာသြား၍ လက္သီးကိုဆုပ္ၿပီ၀င္လိုက္ပါသည္။
ဘ၀မွာ စိတ္အလႈပ္ရွားဆံုးအခ်ိန္ပါပဲ။
"တံခါးပိတ္ထားလိုက္ပါ...အရိပ္..."
နာမည္ကို အကုန္မေခၚပဲ အားပါပါႏွင့္အရိပ္လို႔ေခၚလိုက္ေသာ အဖြားကိုပံုရိပ္ႃပံုး၍ျပရမည္ကိုေတာင္ ေမ့ေလ်ွာ့ေနခဲ့ပါသည္။ဝွီးခ်ဲေပၚမွာထိုင္ေနရၿပီး
ဘီးေလးကိုလက္ျဖင့္လိွမ့္ကာ ပံုရိပ္ရပ္ေနေသာေနရာသို႔ လာေနေသာအဖြားသည္ ပံုရိပ္သိပ္ကိုေတြ့ခ်င္ေနမိေသာ အဖြားေဒၚရိပ္ညိုျဖစ္သည္။
ဘာေၾကာင့္မွန္းမသိ ခမ္းနားေသာအိမ္ႀကီးထဲတြင္ေနရေသာ ဝွီးခ်ဲေပၚကအဖြားကိုသနားေနမိသည္။
"အရိပ္...အဖြားရဲ့အရိပ္ကေလး..."
"ဟင္...."
ပံုရိပ္၏လက္ကို လာေထြးဆုပ္၍ အသံမာမာႀကီးေတြ တုန္ယင္လ်ွက္စိတ္ထိန္းထားေသာအဖြားကို
ပံုရိပ္ငံု႔၍ၾကၫ့္လိုက္မိသည္။အဖြားမ်က္ရည္မက်ေပမဲ့ ရင္ထဲမွာငိုေနၿပီဆိုတာကိုသိသည္။
ပံုရိပ္လည္း ထိုကဲ့သို႔ငိုခဲ့တာ အႀကိမ္ေပါင္းမနည္းေတာ့ၿပီ။
"ထိုင္ပါအံုးကြယ္...အရိပ္ကလူေကာင္ႀကီးလာေတာ့အဖြားကေမာ့ၾကၫ့္ေနရတယ္...."
အမွန္ေတာ့အဖြား၏ေျခဆစ္လက္ဆစ္ေတြကိုၾကၫ့္တာႏွင့္ ပံုရိပ္ထက္အရပ္ရွည္မွန္းသိသာသည္။ဒါေပမဲ့ အဖြားကဝွီးခ်ဲေပၚမွာျဖစ္ေနသည္။
ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္၍ထိုင္ခ်လိုက္ၿပီး အဖြား၏ေပၚေပၚသို႔ လက္ေတြကိုယွက္တင္ထားလိုက္သည္။
ပံုရိပ္၏ ပါးျပင္ကိုဖြဖြပြတ္သပ္လိုက္ေသာ ၾကမ္းရွရွလက္ဖဝါးမ်ားသည္ ဇရာေထာင္း၍တြန႔္ႄကံု႔ေနသည္။ဘယ္ေလာက္ပဲ သန္မာရဲရင့္ေသာ မိန္းမတစ္ေယာက္ျဖစ္ပါေစ အသက္၇၀ဆိုေသာ အရြယ္သည္ပါးရည္တြန႔္၍သနားစဖြယ္ေကာင္းေကာင္းေနသည္။
အၾကၫ့္ေတြကအစ အားကိုးလိုေသာအဓိပၸာယ္တို႔ ပါ၀င္ေနသည္။
"အရိပ္ရဲ့ မ်က္၀န္းေလးေတြက...အဘြားနဲ႔တူတာထက္..အရိပ္ရဲ့အဖိုးကိုမိုးမင္းနဲ႔ပိုတူတာ..ဟုတ္ပါတယ္...ကိုမိုးမင္းရဲ့မ်က္၀န္းေတြ...ၾကည္ေတာက္ၿပီး...စူးနင့္မႈအျပၫ့္နဲ႔မ်က္၀န္းေလးေတြ...
အဖြားနဲ႔ကနဲနဲပဲဆင္တာ...."
"အေဖကေတာ့ အဖိုးနဲ႔မတၫ့္ဘူးတဲ့...."
"အဟင္း...မတၫ့္လို႔အေဖနဲ႔တူတဲ့ကေလးကိုေမြးထားတာေနမွာေပါ့..."
ရယ္ရိပ္ျမဴး၍ ေျပာေနေသာအဖြားသည္ မ်က္၀န္းေတြကေတာ့ ၀မ္းနည္းေနသလိုျဖစ္ေနသည္။ပံုရိပ္ကိုျမင္ေတာ့ အတိတ္ကိုအမွတ္ရသြားတယ္ထင္ပါရဲ့။
"တကယ္ေတာ့အေဖ့ကိုအျမင္မၾကည္တာထက္...အေမေဒၚေမသန႔္ကိုအျမင္မၾကည္တာမဟုတ္လားအဖြား.....အေမ့ေသြးျဖစ္တဲ့ပံုရိပ္ကိုေရာအျမင္ၾကည္ႏိုင္ပါ့မလား..."
အေမ့အတြက္ခံျပင္းၿပီး ကိုယ္စားေျပာလိုက္မိသည္။အေမ့အေပၚမွာ အျမင္မၾကည္တာေလးတစ္ခုအတြက္နဲ႔ သားျဖစ္သူကိုပါမေခၚႏိုင္မေျပာႏိုင္ေတာ့တာကိုေတာ့ ဘ၀င္မၾကမိေပ။
အဖြားဘက္ကေန ေျဖရွင္းခ်က္ေလးတစ္ခုခုကိုေတာ့ ၾကားခ်င္မိပါသည္။
"ဒီရပ္ကြက္တင္မကဘူး...ဒီပုသိမ္ႀကီးတစ္ၿမိဳ႔လံုးမွာ...အဖြားတို႔မိသားစုရဲ့အရိွန္အဝါကအႀကီးဆံုးပဲ...မ်ိဳးရိုးစဉ္ဆက္မွာ ပညာေရးနိမ့္ပါးတဲ့လူ...
ဆင္းရဲမဲြေတလြန္းတဲ့လူတစ္ေယာက္မွ မရိွခဲ့ဖူးဘူး...ဆင္းရဲတာကအဓိကျပႆနာမဟုတ္ဘူး...
ပညာဂုဏ္ကိုမက္တဲ့ မိသားစုမွာသံုးတန္းေအာင္ပဲရိွတဲ့ ခၽြေးမတစ္ေယာက္က...ခန္းနားထည္ဝါတဲ့ၿမိဳ႔ရိုးေဘးကျမက္တစ္ပင္ပဲ..."
"ေျပာရက္လိုက္တာအဖြားရယ္...အဲ့ဒါကသမီးရဲ့
အေမပါ...ဘာလို႔ဒီလိုႏိႈင္းရက္ရတာလည္း....
ပညာတတ္တိုင္း...ရာထူးႀကီးတိုင္းလည္း...
စိတ္ဓာတ္မြန္ျမတ္ေနတာမွမဟုတ္တာ...လူတိုင္းမွာေကာင္းကြက္၊ဆိုးကြက္ဆိုတာရိွတာပဲ...ကိုယ့္ေနရာမွာသူမလုပ္ႏိုင္တဲ့အရာေတြရိွသလို...သူ႔ေနရာမွာကိုယ္မလုပ္ႏိုင္တဲ့အရာေတြလည္းအမ်ားႀကီးမွာ...
ဘာလို႔မ်ား ျဖၫ့္မေတြးေပးႏိုင္ရတာလဲ...."
"အခုျဖည့္ေတြးေပးႏိုင္လို႔...အရိပ္ကိုအဖြားရဲ့အနားမွာလာေနခိုင္းတာေပါ့...အရိပ္ေျပာတာမွန္တယ္...
ပညာတတ္တိုင္း...ရာထူးႀကီးတိုင္းလည္း...
စိတ္ဓာတ္မြန္ျမတ္ေနတာမဟုတ္ဘူး...ဒါေပမဲ့အရိပ္ကေတာ့ အရိပ္ရဲ့အေမလိုမျဖစ္ရဘူး...
အဖြားကအရိပ္ကိုေျမေတာင္ၿမွောက္ေပးမယ္...
အရိပ္ဘယ္ေလာက္အထိ ျမင့္ျမင့္ပ်ံႏိုင္မလဲ...
အဖြားကေလထီးဆင္ေပးမယ္...ဒါေပမဲ့အဖြားရဲ့အနားကေနေတာ့ထြက္မသြားရဘူး..."
အဖြား၏မ်က္၀န္းေတြမွာ မ်က္ရည္ေတြဝဲလာခဲ့သည္။ပံုရိပ္ခံစားမိပါတယ္။အခန္းအက်ယ္ႀကီးထဲမွာ တစ္ေယာက္တည္းေနေနရတဲ့အဖြားက အနားမွာျပဳစုဖို႔ ေသြးသားရင္းခ်ာတစ္ေယာက္မွရိွမေနတည္းက တိုးတိုးေဖာ္လိုအပ္ေနမွန္းပံုရိပ္ခံစားမိသည္။
ဒါေပမဲ့ အဖြားရဲ့မ်က္ႏွာမွာ ေပၚလႊင္ေနတဲ့ေနာက္ထပ္အဓိပၸာယ္တစ္ခုရိွေနသည္။
အဲ့ဒါဘာလဲဆိုတာကိုေတာ့ ပံုေဖာ္၍မရေပ။
"ေမညို....သမီးတို႔ျပန္လာပါၿပီ...အေမ့သားလည္းပါလာတယ္..."
"တင့္တင့္လား...၀င္ခဲ့ပါ..."
ပံုရိပ္၏လက္ကေလးကို ဆုပ္ကိုင္ထားရာမွ လႊတ္လိုက္ၿပီးတံခါး၀ဘက္သို႔မ်က္ႏွာမူလိုက္ေတာ့ ေဒၚယဉ္တင့္ႏွင့္ ဦးေလးႀကီးတစ္ေယာက္သည္ ယွဉ္တဲြ၍၀င္လာခဲ့ေလသည္။ထိုဦးေလးႀကီးသည္ ေရႊေရာင္ကိုင္းနဲ႔မ်က္မွန္ကိုတပ္ထားေလသည္။
ပံုရိပ္၏စိတ္ထဲတြင္ ရင္းႏွီးသလိုခံစားရ၍ ေသခ်ာစိုက္ၾကၫ့္ေနမိစဉ္တြင္ ထိုဦးေလးႀကီးကလည္း
ပံုရိပ္ကိုပဲ စိုက္ၾကၫ့္လ်ွက္ အေရ႔ွမွာလာရပ္သည္။
"ဘာေၾကာင့္ဒီေလာက္စိုက္ၾကၫ့္ေနတာလည္းကြ...
ဦးေလးက တစ္ေယာက္ေယာက္နဲ႔တူေနလို႔လား...."
"ဟုတ္တယ္...ဦးေလးကတစ္ေယာက္ေယာက္နဲ႔တူေနတယ္...ဘယ္သူနဲ႔လဲဆိုတာစဉ္းစားေနတာ..."
"အဟင္း...စဉ္းစားမေနနဲ႔...ဦးေလးရဲ့နာမည္က
ဦးမင္းခန႔္..ပံုရိပ္ရဲ့အေဖနဲ႔ညီအစ္ကိုအရင္းေတာ္တယ္ဗ်ာ..."
"ဟင္...ဒါဆို...သမီးနဲ႔...."
"ဦးေလးေတာ္တာေပါ့ပံုရိပ္ရဲ့..."
အန္တီယဉ္တင့္က၀င္ေျပာေတာ့ ဦးေလးဦးမင္းခန႔္က အားရ၀မ္းသာႃပံုးလိုက္ေလသည္။
မသိရင္ မိတ္ေဟာင္း၊ေဆြေဟာင္းေတျြပန္ေတြ့ေနသလိုပါပဲ။
"ငါ့သားကိုခန႔္ အားရ၀မ္းသာနဲ႔ ရယ္ေနတာကို ျပန္ေတြ့ရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး..."
"ကၽြန္ေတာ့္ညီရဲ့ကိုယ္ပြားေလးေလအေမရာ...
ကၽြန္ေတာ္သိပ္ေပ်ာ္တာေပါ့...ဂ်ူတီခ်ိန္းၿပီးေတာ့ကိုျပန္လာခဲ့တာ...ၾကၫ့္ပါအံုးအေမ...ကေလးရဲ့မ်က္လံုးေတြကအေမနဲ႔တူသလိုထင္ရေပမဲ့ အေဖ့လိုမ်က္၀န္းမ်ိဳးေတြ....ရုပ္ကမိုးရိပ္နဲ႔လည္းမ်က္ႏွာ ေပါက္ေတာ္ေတာ္ဆင္တာ...ဟား...ဟား...ေတာ္ၾကာမိုးရိပ္လို ေရ႔ွေနျဖစ္ခ်င္တယ္လို႔ေျပာလာေနအံုးမယ္..."
"ေရ႔ွေနေတာ့မလုပ္ရပါဘူး...ငါ့ေျမးကစီးပြားေရးလုပ္ငန္းရွင္ႀကီးလုပ္ရမွာ...နင္စိတ္မ၀င္စားတဲ့ငါ့လုပ္ငန္းေတြကို ဦးစီးခိုင္းမွာ..."
"ၾကၫ့္လည္းလုပ္ပါအံုး...အေမ့ပံုစံအတိုင္းရိုက္သြင္းလို႔ ကေလးရူးသြားပါအံုးမယ္...ဒီတစ္ခါေတာ့ကၽြန္ေတာ့္တူမဘက္ကပဲပါရေတာ့မွာေနာ္...
ညီ့အလွၫ့္တုန္းကေတာ့...ကၽြန္ေတာ္လည္းဆရာ၀န္ေပါက္စဆိုေတာ့ အေဖ့ကိုမတြန္းလွန္ႏိုင္ဘူး...
အခုေတာ့မရေတာ့ဘူးေနာ္..."
"...အမယ္ေလး...အခုတည္းကမေအကိုပုန္ကန္ေနၿပီ...မေအနားကိုေတာ့ အလုပ္အေၾကာင္းျပၿပီး...
ႏွစ္ရက္မွတစ္ခါလာေတြ့တဲ့ေကာင္က တူမကိုေတာ့ခ်စ္ျပေနလိုက္တာ...သူေမြးထားတာက်ေနတာပဲ..."
"ကၽြန္ေတာ့္ညီကေမြးထားတာ ကၽြန္ေတာ့္သမီးပဲေပါ့...ကေလးကခရီးပန္းလာတာ...အခ်ိန္လည္းၾကၫ့္အံုးအေမေရ...ထမင္းစားခ်ိန္ေရာက္ေတာ့မယ္...ေရခ်ိဳးၿပီး...တေမွးအိပ္ခြင့္ေပးလိုက္အံုး...
ထမင္းစားပဲြမွာ...အေမ့သမီးရဲ့စပ္စုႏႈန္းကိုခံႏိုင္ရည္ရိွေအာင္လို႔..."
"ေအး...ေအး...အေပၚဆံုးအထပ္က...
ေဆာင္းအသစ္ထၫ့္ထားတဲ့အခန္းကို ေခၚသြားၿပီးနားခိုင္းလိုက္...."
"ဒါဆိုသြားၿပီ...အေမေရ..."
"သြားၿပီေနာ္အဖြား..."
"အင္းပါအရိပ္ရယ္...ေသခ်ာေလးနားလိုက္ေနာ္...."
"ဟုတ္ကဲ့...."
တူမကိုပခံုးဖက္၍ထြက္သြားေသာ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ခင္ပြန္းသည္ကိုၾကၫ့္ၿပီး ယဉ္တင့္ကေတာ့ႃပံုး၍ေနေလသည္။
သားသမီးမရိွေတာ့ တူေတြ၊တူမေတြကိုသိပ္ခ်စ္ရွာသၫ့္လူႀကီးပါေလ။
"ယဉ္တင့္...အခုကစၿပီး...အရိပ္ကနင့္သမီးျဖစ္သြားၿပီေနာ္...အရိပ္ကိုနင္ေစာင့္ေရွာက္ရမယ္..."
"အေမ...တကယ္ေျပာေနတာလား..."
"ခုနကမင္းခန႔္ရဲ့အႃပံုးကိုေတြ့လား...သူတို႔ညီအစ္ကိုခ်င္းကသိပ္ခ်စ္ၾကေတာ့ သူ႔တူမကိုလည္းသဲသဲလႈပ္ပဲ...ငါကအရိပ္ရဲ့ေဘးနားမွာ
အၿမဲလိုက္ၾကၫ့္ၿပီး ထိန္းမတ္မေပးႏိုင္ဘူး...
သူ႔ကိုနင့္လက္ထဲအပ္လိုက္ၿပီ...နင္ကအရိပ္ရဲ့အုပ္ထိန္းသူပဲ..."
"ရွင္...."
အေမဘာသေဘာနဲ႔ ေျပာသလဲမသိေပမဲ့ ဒီကေလးကို တင့္တင့္လည္းသနားပါသည္။စစျမင္ျမင္ခ်င္းတည္းက သံေယာဇဉ္ျဖစ္မိၿပီးသားကိုမွ
အေမက အခြင့္အေရးအျပၫ့္အ၀ေပးလိုက္ေတာ့
၀မ္းမလြယ္သမီးေလးကို ခ်စ္ရေပေတာ့မည္။
သားသမီးမရိွေသာဘ၀မွာ သမီးေလးတစ္ေယာက္ေကာက္ရသည္ေပါ့။
🔥🔥🔥🔥🔥🔥
"ပံုရိပ္ရဲ့ ဘ၀ေလးေကာင္းစားေတာ့မွာလား..."
အဖြားႀကီးကေတာ့ သူ႔ေနရာကိုေတာင္ ဆက္ခံေစခ်င္တာတဲ့ေနာ္...."