🔥ဆူးကြိုး...🔥အခန်း(၃၅)ပထမပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၅)🔥  ပထမပိုင်း


"ဒေါက်..ဒေါက်...ဒေါက်..."

"မမရေ...မမ...မမရေ..."

ကုတင်ပေါ်တွင် အိပ်နေမိရာမှ ပုံရိပ်လန့်နိုးသွားကာ ဆက်ကနဲထထိုင်လိုက်မိသည်...


"ဘယ်သူလဲ.."


အိပ်ချင်မူးထူးဖြစ်နေ၍ မျက်လုံးကမဖွင့်နိုင်သေးပေမဲ့ ပါးစပ်ကတော့ သူ့အလိုလိုထွက်သွားသည်။


"ပိစိမပါ...ထမင်းစားဖို့ဖွားညိုကခေါ်ခိုင်းလိုက်လို့..."


ထိုတော့မှ အိညှက်လှသော မွှေ့ယာအထူကြီးခင်းထားသည့် ကုတင်ပေါ်က‌နေဆင်းလိုက်ပြီး တံခါးကိုသွားဖွင့်ပေးလိုက်သည်။

တံခါးအပြင်ဘက်တွင်တော့ ပိစိမသည်မနက်ကတွေ့ခဲ့သောနွမ်းနွမ်းဖက်ဖက်ပုံစံလေးမဟုတ်တော့ပဲ စပဲန့်သား၀မ်းဆက်အညိုရောင်ကို ၀တ်ထားလျှက် ပါးတွင်လည်း

သစ်ရွက်ပုံစံပါးကွက်ကလေးကို ကွက်ထားလေသည်။


"‌ဖွားညိုက..ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ..

မမကအိပ်နေတာလား.."


"ဟုတ်တယ်...ကုတင်ပေါ်မှာလှဲချလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး.."


အခုထိမဖွင့်ချင်သေးသော မျက်လုံးတွေကို

ဖိပွတ်လိုက်ပြီး ပိစိကိုပြန်ဖြေလိုက်ရသည်။

လူကခန္ဓာကိုယ်တစ်ခုလုံးနုံးခွေနေပြီး

လေး၊ငါးနာရီခရီးနှင်လာရတော့ တွေဝေခြင်းမရှိပဲအိပ်ပျော်သွားမိသည်။ထမင်းစားဖို့ကိုတောင် တမင်လာခေါ်ရတာ အားနာဖို့တောင်ကောင်းသေးသည်။


"လာ..၀င်လေ...တို့မျက်နှာသစ်လိုက်အုံးမယ်နော်..အိပ်ပျော်သွားတော့ရေချိုးဖို့အချိန်မမှီမှာစိုးလို့...ထမင်းကခူးပြီးသွားပြီလား.."


တံခါးကိုပိုကျယ်ကျယ်ဟပေးလိုက်ပြီး

ပိစိမကို၀င်ဖို့ပြောလိုက်တော့ ပခုံးလေးကျုံ့ပြီးမရဲတရဲနှင့်၀င်လာသည်။မျက်လုံးလေးပြူးပြီး ကြောင်တောင်တောင်လေးနဲ့ အခန်းထဲကိုလိုက်ကြည့်နေ၍ ပုံရိပ်ရယ်ချင်သွားမိသည်။


"မမရဲ့အခန်းက..ကျန်တဲ့မောင်နှမတွေထက်ပိုကျယ်တယ်နော်..."


"ဟုတ်လား..."


တကယ်တော့ ပုံရိပ်လည်းစရောက်တည်းက အခန်းကိုသေချာမကြည့်ရသေးပေ။

ပင်ပန်းလာတာနဲ့ တန်းလှဲလိုက်တာပဲ။

ပုံရိပ်အတွက်ကတော့ အခန်းကျဉ်းကျဉ်းလေးမှာတောင် နေလာခဲ့ရတော့ မည်မျှကျယ်သည်၊မည်မျှ ခမ်းနားသည်ဆိုတာကအရေးမကြီးတော့ပေ။


"အန်တီလှခင်ပြောတာတော့ မမကိုထားတဲ့အခန်းက အရင်ကဖွားညိုရဲ့သားအငယ်ဆုံးနေခဲ့တဲ့အခန်းတဲ့...ကြည့်ရတာဖွားညိုကအငယ်ဆုံးသားကိုအချစ်ဆုံးထင်တယ်..

ကိုလေးဇွဲတို့၊မမနေခြည်နဲ့မမနန္ဒာတို့ထက် မမရဲ့အခန်းကအကျယ်ဆုံးပဲ...ဒါဆိုဖွားညိုကမြေးတွေထဲမှာ မမကိုအချစ်ဆုံးဖြစ်တာနေမယ်.."


"အဲ့လိုမပြောပါနဲ့..သူများတွေကြားရင်မကောင်းပဲနေလိမ့်မယ်..."


"ဟုတ်..ဟုတ်ကဲ့..ပိစိတောင်းပန်ပါတယ်..

မပြောတော့ပါဘူး...မမဘာလိုသေးလဲဟင်..

ပိစိကအောက်မှာကူလုပ်ပေးဖို့သွားတော့မယ်..."


ပုံရိပ်ကအခြားသူ‌ တွေကြားရင် မျက်နှာပူစရာတွေဖြစ်နေမှာစိုး၍ လေသံနည်းနည်းမာလိုက်မိတော့ ပိစိမကချက်ခြင်းမျက်နှာပျက်သွားသည်။


"..နေပါအုံး..တို့ကထမင်းစားခန်းကိုမသိဘူး..

ခဏ‌လောက်စောင့်ပေးပါလား..မျက်နှာသစ်၊သွားတိုက်ပြီး..အတူလိုက်ခဲ့မယ်..."


"ဟုတ်ကဲ့..."


ပိစိမက အခန်းထဲရှိ နံရံထောင့်ဘက်တွင်ကပ်ထားသော ဆက်တီကြီးပေါ်တွင်သွားထိုင်နေ၍ ပုံရိပ်လည်းအခန်းတွေကိုလိုက်ဖွင့်

ကြည့်ပြီး ရေချိုးခန်းဟုထင်ရသောအခန်းထဲသို့ ၀င်လိုက်သည်။


"ရေချိုးခန်းကလည်း ကိုင်တောင်မကိုင်ရက်စရာပါလား..."


ရေချိုးခန်းသည်တစ်ခန်းလုံးကို အလှကြွေပြားအပြည့်ကပ်ထားပြီး ရေပိုက်ခေါင်းလက်ကိုင်များကအစရွှေရောင်တွေဖြစ်နေသည်။ရေချိုးခန်းကတောင် ဒေါ်လေးတို့အိမ်မှာနေခဲ့ရသော အခန်းလေးထက်ပို၍ကျယ်နေသည်။


ရေ၀င်ချိုးရန်လုပ်ထားသော ခွက်ကြီးသည်လည်း လူတစ်ကိုယ်လုံး၀င်လှဲနေလို့ရလောက်သည်အထိ ကျယ်လွန်းသည်။အသင့်ရှိနေသောသွားတိုက်ဆေးနဲ့သွားတိုက်တန်ကိုယူပြီး သွားတိုက်လျှက်နှင့် ရေချိုးခန်းကိုတစ်ပတ်လှည့်၍ကြည့်နေမိသည်။


ရွှေရောင်ရေပိုက်တွေကလည်း နံရံမှာသွယ်ယှက်လျှက် လှည့်ရသောခလုတ်တွေကတစ်ခုမကပေ။လိုက်လှည့်ကြည့်ပြီး လက်နဲ့ခံကြည့်တော့မှ ရေပူ၊ရေအေးကိုခွဲထားသောခလုတ်များဖြစ်နေသည်။


"အိုး...ဆပ်ပြာတွေကဒီလောက်တောင်များတာလား..."


သွားတိုက်ဆေးအမြှုံ့တွေပြည့်ကြပ်နေသောကြောင့် အသံကဗလုံးဗထွေးနှင့်ထွက်သွားသည်။နံရံမှာကပ်ထားသော ဗီဒိုလေးတွေကိုလိုက်ဖွင့်ကြည့်လိုက်မိတော့ 

ကိုယ်တိုက်ဆပ်ပြာဗူးတွေက အရောင်အမျိုးမျိုးနှင့်အသေး၊အကြီးမျိုးစုံဖြစ်နေသည်။

သွားတိုက်တံလှလှလေးများနှင့်မျက်နှာသစ်ဆပ်ပြာဗူးတွေကလည်း အနံ့တွေကအစ

ဝါးစားချင်စရာဖြစ်နေသည်။သပါတ်အဖြူတွေလည်း ထည့်ပေးထားသေးသည်။


"အဖွားကငါ့ကိုလိုလေသေးမရှိအောင် 

လုပ်ပေးထားတာပဲ...."


ပုံရိပ်အပေါ်တွင်ထားသော အဖွား၏စေတနာကို အသိအမှတ်ပြုလိုက်ပြီးနောက် ပြုံးမိသွားလေသည်။ပလုတ်ကျင်း၍ မျက်နှာကိုအမြန်သစ်လိုက်ပြီး အနည်းငယ်ပွယောင်းနေသောဆံပင်ရှည်တွေကို ဘောင်တန်းတွေပေါ်ရှိ ခွက်ကလေးထဲတွင် ထောင်လျက်သားဖြစ်နေသောဘီးလေးကို အသာယူ၍ဖီးသင်လျှက်ပြန်စည်းလိုက်သည်။


"မမ...ပြီးသွားပြီလား...ခဏလေးရယ်နော်..

မမနန္ဒာတို့ဆိုရင်..တစ်ခုခုလုပ်တိုင်းတစ်နာရီ၊နှစ်နာရီလောက်ကို ကြာတတ်တာ..."


"သူများအကြောင်းကို သိပ်မပြောပါနဲ့..

တော်ကြာ..အတင်းတုပ်တယ်ဖြစ်နေပါအုံးမယ်.."


"ဟုတ်ကဲ့ပါမမ..."


ခေါင်းလေးငုံ့ပြီး ပုံရိပ်၏စကားကိုနာခံသလိုလေးလုပ်ကာ အခန်းအပြင်သို့ထွက်သွားတာကြောင့်ပုံရိပ်လည်း သဘောတကျပြုံးလိုက်ပြီး ပိစိမနှင့်အတူအခန်းအပြင်သို့ထွက်လာလိုက်သည်။လှေကားကြီးကမြင့်လွန်း၍ လှေကားမှဆင်းတာကိုတောင် မိနစ်ပိုင်း‌ လောက်အချိန်ယူလိုက်ရသည်။


"မမ...ဒီအခန်းလေ..."


ထမင်းစားခန်းသည် ကျွန်းလှေကားကြီးနှင့်အရမ်းမဝေးသောအခန်းတစ်ခန်းဖြစ်ပြီး

ပုံရိပ်၀င်သွားတော့ အခန်းထဲတွင်စားပွဲဝိုင်း၌လူတွေ ဝိုင်း၍ထမင်းစားနေကြလေသည်။

အဖွားတစ်ယောက်တည်းသာလျှင် ဝှီးချဲလ်နှင့်ထိုင်၍ ထမင်းမစားသေးပဲ မျက်နှာကတည်နေလေသည်။


"အဖွားသမီးရောက်ပါပြီ...."


ပုံရိပ်၏အသံက အားနာသံရောလျှက် တိုးတိုးလေးသာထွက်တော့သည်။ထိုစဉ်ပုံရိပ်၏

ဘက်သို့ လှည့်ကြည့်လာသောမျက်၀န်းများကြောင့် လန့်တောင်လန့်ချင်သွားသည်။


"ဒီမှာလာထိုင်လေ...အရိပ်..."


အဖွားကသူ့ဘေးနားကခုံကို လက်နှင့်ပုတ်ပြ၍ ပုံရိပ်လည်းအလိုက်သင့်၀င်ထိုင်လိုက်ရသည်။ထမင်းစားပွဲက လူတွေကိုမခို့တရို့လေး လိုက်ကြည့်မိတော့ အားလုံးကထမင်းစား‌တာကို လုံး၀ရပ်လိုက်ကြပြီး ပုံရိပ်ကိုသာကြည့်နေကြလေသည်။

အန်တီယဉ်တင့်ကိုတွေ့ရပေမဲ့ ဦးမင်းခန့်ကိုတော့မတွေ့ရပေ။စားပွဲဝိုင်းမှာ ထိုင်နေတာကအသက်ကြီးကြီး အန်တီတစ်ယောက်နှင့်ပုံရိပ်ထက်ကြီးပုံရသော မိန်းကလေးနှစ်ယောက်ဖြစ်နေသည်။


"အမေ...ဒါကမိုးရိပ်ရဲ့သမီးလား..."


"ဟုတ်တယ်.....မေဦး...ပုံရိပ်..ဒါကသမီးရဲ့အဒေါ်ယွန်းမေဦးလို့ခေါ်တယ်..ဟိုဘက်မှာထိုင်နေတာက..အလတ်မယွန်းနန္ဒာ..သူကတော့တက္ကသိုလ်တက်နေပြီ..ဒီဘက်ကတော့ယွန်းနေခြည်လို့ခေါ်တယ်...သူကဆယ်တန်းဒုတိယနှစ်တက်ရမှာလေ...

အရိပ်ထက်တစ်နှစ်ကြီးပေမဲ့...ဆယ်တန်းအတူတူတက်ရမှာပေါ့..."


"ဖွားညိုကလည်း...ဒါပဲပြောနေတယ်..."


အဖွားမိတ်ဆက်ပေးသောကြောင့် 

တစ်ယောက်ချင်းဆီကိုလိုက်ကြည့်မိပေမဲ့ သူတို့ကမပြုံးပြတော့ ကိုယ်ကလည်းပြန်မပြုံးပြမိပေ။


အန်တီမေဦးကတော့ စတွေ့ကတည်းကမျက်နှာကို မော့ချီထားပုံကြောင့် ကိုယ့်ကို

မလိုလားမှန်းသိလိုက်ရလေသည်။

မမနန္ဒာကတော့ ပုံရိပ်ကိုမကြည့်ပဲထမင်းကိုသာ အာရုံစိုက်၍စားနေလေသည်။

မမနန္ဒာသည် ဆံပင်ကိုရွှေဝါရောင်ဆိုးထားသောကြောင့် ဖြူသောအသားအရည်ဟာ ပို၍အရောင်လက်နေပြီး မျက်နှာလေးကအစကြည်ရှင်းနေသည်။ သို့ပေ‌မဲ့ မျက်နှာထားတည်နေ၍ စိတ်သဘောထားကောင်းသူဟု

မသတ်မှတ်‌ရဲပေ။


မမနေခြည်ကတော့ ပုံရိပ်ထပ်တစ်နှစ်ပဲကြီး၍ထင်သည် ပုံရိပ်နှင့်ရွယ်တူ ဖြစ်နေသလိုပင်။မမနန္ဒာထက်ပင် မိတ်ကပ်တွေသိသာစွာလိမ်းထား၍ အလှကြိုက်တတ်လွန်းမှန်းသိသာနေသည်။


🔥ဆူးကြိုး...🔥အခန်း(၃၅)🔥  ဒုတိယပိုင်းဆက်ဖတ်ရန်

=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥  ပထမပိုင္း


"ေဒါက္..ေဒါက္...ေဒါက္..."

"မမေရ...မမ...မမေရ..."

ကုတင္ေပၚတြင္ အိပ္ေနမိရာမွ ပံုရိပ္လန႔္ႏိုးသြားကာ ဆက္ကနဲထထိုင္လိုက္မိသည္...


"ဘယ္သူလဲ.."


အိပ္ခ်င္မူးထူးျဖစ္ေန၍ မ်က္လံုးကမဖြင့္ႏိုင္ေသးေပမဲ့ ပါးစပ္ကေတာ့ သူ႔အလိုလိုထြက္သြားသည္။


"ပိစိမပါ...ထမင္းစားဖို႔ဖြားညိုကေခၚခိုင္းလိုက္လို႔..."


ထိုေတာ့မွ အိၫွက္လွေသာ ေမႊ့ယာအထူႀကီးခင္းထားသၫ့္ ကုတင္ေပၚက‌ေနဆင္းလိုက္ၿပီး တံခါးကိုသြားဖြင့္ေပးလိုက္သည္။

တံခါးအျပင္ဘက္တြင္ေတာ့ ပိစိမသည္မနက္ကေတြ့ခဲ့ေသာႏြမ္းႏြမ္းဖက္ဖက္ပံုစံေလးမဟုတ္ေတာ့ပဲ စပဲန႔္သား၀မ္းဆက္အညိုေရာင္ကို ၀တ္ထားလ်ွက္ ပါးတြင္လည္း

သစ္ရြက္ပံုစံပါးကြက္ကေလးကို ကြက္ထားေလသည္။


"‌ဖြားညိုက..ထမင္းစားဖို႔ေခၚခိုင္းလိုက္လို႔ပါ..

မမကအိပ္ေနတာလား.."


"ဟုတ္တယ္...ကုတင္ေပၚမွာလွဲခ်လိုက္တာ ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိလိုက္ဘူး.."


အခုထိမဖြင့္ခ်င္ေသးေသာ မ်က္လံုးေတြကို

ဖိပြတ္လိုက္ၿပီး ပိစိကိုျပန္ေျဖလိုက္ရသည္။

လူကခႏၶာကိုယ္တစ္ခုလံုးႏံုးေခြေနၿပီး

ေလး၊ငါးနာရီခရီးႏွင္လာရေတာ့ ေတြေဝျခင္းမရိွပဲအိပ္ေပ်ာ္သြားမိသည္။ထမင္းစားဖို႔ကိုေတာင္ တမင္လာေခၚရတာ အားနာဖို႔ေတာင္ေကာင္းေသးသည္။


"လာ..၀င္ေလ...တို႔မ်က္ႏွာသစ္လိုက္အံုးမယ္ေနာ္..အိပ္ေပ်ာ္သြားေတာ့ေရခ်ိဳးဖို႔အခ်ိန္မမွီမွာစိုးလို႔...ထမင္းကခူးၿပီးသြားၿပီလား.."


တံခါးကိုပိုက်ယ္က်ယ္ဟေပးလိုက္ၿပီး

ပိစိမကို၀င္ဖို႔ေျပာလိုက္ေတာ့ ပခံုးေလးက်ဳံ႔ၿပီးမရဲတရဲႏွင့္၀င္လာသည္။မ်က္လံုးေလးျပဴးၿပီး ေၾကာင္ေတာင္ေတာင္ေလးနဲ႔ အခန္းထဲကိုလိုက္ၾကၫ့္ေန၍ ပံုရိပ္ရယ္ခ်င္သြားမိသည္။


"မမရဲ့အခန္းက..က်န္တဲ့ေမာင္ႏွမေတြထက္ပိုက်ယ္တယ္ေနာ္..."


"ဟုတ္လား..."


တကယ္ေတာ့ ပံုရိပ္လည္းစေရာက္တည္းက အခန္းကိုေသခ်ာမၾကၫ့္ရေသးေပ။

ပင္ပန္းလာတာနဲ႔ တန္းလွဲလိုက္တာပဲ။

ပံုရိပ္အတြက္ကေတာ့ အခန္းက်ဉ္းက်ဉ္းေလးမွာေတာင္ ေနလာခဲ့ရေတာ့ မည္မ်ွက်ယ္သည္၊မည္မ်ွ ခမ္းနားသည္ဆိုတာကအေရးမႀကီးေတာ့ေပ။


"အန္တီလွခင္ေျပာတာေတာ့ မမကိုထားတဲ့အခန္းက အရင္ကဖြားညိုရဲ့သားအငယ္ဆံုးေနခဲ့တဲ့အခန္းတဲ့...ၾကၫ့္ရတာဖြားညိုကအငယ္ဆံုးသားကိုအခ်စ္ဆံုးထင္တယ္..

ကိုေလးဇဲြတို႔၊မမေနျခည္နဲ႔မမနႏၵာတို႔ထက္ မမရဲ့အခန္းကအက်ယ္ဆံုးပဲ...ဒါဆိုဖြားညိုကေျမးေတြထဲမွာ မမကိုအခ်စ္ဆံုးျဖစ္တာေနမယ္.."


"အဲ့လိုမေျပာပါနဲ႔..သူမ်ားေတြၾကားရင္မေကာင္းပဲေနလိမ့္မယ္..."


"ဟုတ္..ဟုတ္ကဲ့..ပိစိေတာင္းပန္ပါတယ္..

မေျပာေတာ့ပါဘူး...မမဘာလိုေသးလဲဟင္..

ပိစိကေအာက္မွာကူလုပ္ေပးဖို႔သြားေတာ့မယ္..."


ပံုရိပ္ကအျခားသူ‌ ေတြၾကားရင္ မ်က္ႏွာပူစရာေတျြဖစ္ေနမွာစိုး၍ ေလသံနည္းနည္းမာလိုက္မိေတာ့ ပိစိမကခ်က္ျခင္းမ်က္ႏွာပ်က္သြားသည္။


"..ေနပါအံုး..တို႔ကထမင္းစားခန္းကိုမသိဘူး..

ခဏ‌ေလာက္ေစာင့္ေပးပါလား..မ်က္ႏွာသစ္၊သြားတိုက္ၿပီး..အတူလိုက္ခဲ့မယ္..."


"ဟုတ္ကဲ့..."


ပိစိမက အခန္းထဲရိွ နံရံေထာင့္ဘက္တြင္ကပ္ထားေသာ ဆက္တီႀကီးေပၚတြင္သြားထိုင္ေန၍ ပံုရိပ္လည္းအခန္းေတြကိုလိုက္ဖြင့္

ၾကည့္ၿပီး ေရခ်ိဳးခန္းဟုထင္ရေသာအခန္းထဲသို႔ ၀င္လိုက္သည္။


"ေရခ်ိဳးခန္းကလည္း ကိုင္ေတာင္မကိုင္ရက္စရာပါလား..."


ေရခ်ိဳးခန္းသည္တစ္ခန္းလံုးကို အလွႂကြေျပားအျပၫ့္ကပ္ထားၿပီး ေရပိုက္ေခါင္းလက္ကိုင္မ်ားကအစေရႊေရာင္ေတျြဖစ္ေနသည္။ေရခ်ိဳးခန္းကေတာင္ ေဒၚေလးတို႔အိမ္မွာေနခဲ့ရေသာ အခန္းေလးထက္ပို၍က်ယ္ေနသည္။


ေရ၀င္ခ်ိဳးရန္လုပ္ထားေသာ ခြက္ႀကီးသည္လည္း လူတစ္ကိုယ္လံုး၀င္လွဲေနလို႔ရေလာက္သည္အထိ က်ယ္လြန္းသည္။အသင့္ရိွေနေသာသြားတိုက္ေဆးနဲ႔သြားတိုက္တန္ကိုယူၿပီး သြားတိုက္လ်ွက္ႏွင့္ ေရခ်ိဳးခန္းကိုတစ္ပတ္လွၫ့္၍ၾကၫ့္ေနမိသည္။


🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥  ဒုတိယပိုင္းဆက္ဖတ္ရန္

🔥ဆူးကြိုး...🔥အခန်း(၃၅)🔥 ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၅)🔥  ဒုတိယပိုင်း


ဆံပင်ဂုတ်ထောက်ကိုမှ စုချည်ထား၍

မျက်နှာအလှကပေါ်လွင်နေသည်။


"အရိပ်ရဲ့..နာမည်ကိုတော့ငါပြောပြပြီးလို့သိကြမှာပါ...အရိပ်ကိုဒီနေ့ကစပြီးငါ့ရဲ့အမွေစားအမွေခံအဖြစ် ခေါ်ထားမှာ..."


"အမေ...ဒီလိုကြော်ငြာတာက နည်းနည်းလွန်မနေဘူးလား...သူကဒီနေ့မှစရောက်တာနော်

...ဘယ်လိုပဲအမျိူးတော်စပ်နေပါစေ...

သူနေခဲ့ရတဲ့ အသိုင်းအဝိုင်းကနိမ့်ကျပြီး အဆင့်လုံး၀မရှိဘူး..နည်းနည်းပါးပါးလေ့လာပြီးမှ ဒီလိုပြောသင့်တယ်...ကျွန်မသမီးတွေကိုမှအားမနာ..."


ဒေါ်ယဉ်တင့်ကတော့ စပြီးပြဿနာရှာပြီဟေ့ဟု သက်ပြင်းချလိုက်မိပြီး ပုံရိပ်လေးကိုသာလှမ်းကြည့်လိုက်မိသည်။မေညိုသည် အခြားကိစ္စတွေမှာ သေချာစဉ်းစားတွေးခေါ်ပြီးမှပြောတတ်သလောက် ဟိုဘက်ကဆက်ဆက်ထိမခံသည့် အမွေကိစ္စကိုချက်ခြင်းကြီးပြောထွက်တာကတော့ နားမလည်နိုင်တော့ပေ။


ဒါမှမဟုတ် ပုံရိပ်ကိုအထင်မသေးရဲအောင် တမင်နှိပ်ကွပ်လိုက်တာများလား။

အကြောင်းမရှိပဲတော့ ပြောမှာမဟုတ်ဘူး။

ပုံရိပ်လေးကတော့ မျက်နှာမကောင်းစွာ

ခေါင်းကိုသာ ငုံ့ထားလေသည်။

ဒီနေ့မှ စရောက်ပြီးဒီနေ့ပဲ စိတ်ဆင်းရဲရပါ‌ ရောလား။


"လေးတန်းတောင်မအောင်လို့ အဖေကိုယ်တိုင်..ပစ်ပယ်ထားတဲ့သူရဲ့သမီးကိုပြန်ခေါ်ပြီး...ဘာလုပ်ချင်နေတာလည်းအမေရယ်...မေဦးတော့တကယ်စိတ်ဆင်းရဲတယ်..."


"ငါ့အိမ်ပေါ်မှာ အလကားလာနေရပြီး ဘာတွေကိုစိတ်ဆင်းရဲနေတာလည်း...ဘာလည်းအမွေတွေကို လုမဲ့လူပေါ်လာလို့ဆိုပြီးစိတ်ဆင်းရဲနေတာလား...ငါ့အိမ်မှာငါ့ဆုံးဖြတ်

ချက်က အရာမရောက်တော့ဘူးလား..

လေးတန်းမအောင်တာကသူ့အမေလေ..

ငါ့သားမှမဟုတ်တာ..ကိုယ့်မောင်ရဲ့သမီးကိုတောင် နင်မသထာနိုင်တော့ဘူးလား"


"မဟုတ်ပါဘူးအမေရယ်...သမီးကစိုးရိမ်လို့ပါ...ခြေနှစ်ချောင်းမကယ်ကောင်းဘူးတဲ့..

ဟိုတလောကမှ ယတျာသွား‌ချေထားရတာ..အညံ့တွေပျောက်အောက်..ခုရက်ပိုင်းခြေနှစ်ချောင်းကို မ၀င်မခံနဲ့တဲ့..."


"ဘုန်း!!!!!"


ထမင်းစားခုံကိုထုချလိုက်သောကြောင့် အကုန်လုံးမျက်လုံးအပြူးသားနှင့်ထိတ်လန့်သွားကြသည်။အဖွား၏မျက်နှာသည်

တည်တင်း၍ ဒေါသကြောင့် မျက်ခုံးတန်းများတွန့်ကြုံ့လျှက် မျက်လုံးအကြည့်တွေကပါ ကြက်သီးထစရာကောင်းနေသည်။


"နင့်ပန်းကန်ထဲမှာ အခုထည့်စားနေတာကြက်သားဟင်းမဟုတ်ဘူးလား...ခြေနှစ်ချောင်းသားကြတော့ စားပြီးခြေနှစ်ချောင်းတော့အ၀င်မခံဘူးပေါ့လေ...မနေချင်ရင်အကုန်သွားကြ...ငါစကားတွေအပိုမပြောချင်ဘူး..."


"အဖွား...အဖွားကသမီးတို့ကိုပါနှင်ချနေတာလား...ဒီကောင်မလေးကြောင့်လား...အဖွားလုံး၀မတရားဘူး.."


"နေခြည်...ကိုယ့်အဖွားကိုဘယ်လိုလေသံနဲ့ပြန်ပြောနေတာလဲ..ပြန်ထိုင်စမ်း..."


မမနေခြည်က ပုံရိပ်ကိုလက်ညှိုးထိုး၍ အော်ပြောလိုက်သောအခါ အန်တီမေဦးက၀င်ဟန့်၍ထိန်းလေသည်။


ထမင်းစားရမည့်လက်တွေက ဇွန်းကိုတောင်

မထိချင်လောက်သည်အထိ ပုံရိပ်ကတော့စိတ်ဓာတ်တွေထိုးကျနေရတော့သည်။

ရန်ကုန်မှာ အဒေါ့်ရဲ့ယောက်ျားကြောင့်မနေချင်တော့၍ မန္တလေးကိုပြေးလာခဲ့ပါတယ်ဆိုမှ ဒီမှာလည်းပြဿနာတစ်ခုက အစပြုနေလေပြီ။


အမွေတွေလည်း တစ်ခုမှမလိုချင်ပါဘူး။

ပုံရိပ်လိုချင်တာက နွေးထွေးတဲ့မေတ္တာနဲ့ချစ်ခင်ပေးမဲ့ မိသားစုအသိုက်အ၀န်းလေးတစ်ခုပါပဲ။အခုအဖွားလုပ်နေပုံက ပုံရိပ်ကိုပြေးပေါက်မှားစေနိုင်သည်အထိ ဒုက္ခရောက်သွားစေနိုင်သည်။ဟိုမှာမနေချင်လို့ ဒီကိုပြေးလာရတဲ့ အဖြစ်မှာ ဒီကလူတွေကပါအမြင်မကြည်ရင် နောက်ထပ်ပြေးစရာဆိုလို့ မယ်သီလရှင်ကျောင်းပဲရှိတော့တယ်။


"အမေစိတ်ချမ်းသာသလိုသာလုပ်ပါတော့...

ဒါပေမဲ့ ကိုနောင်သာသိရင်တော့သိပ်သဘောကျမှာမဟုတ်ဘူး..."


"နင့်ယောက်ျားကို ငါကကြောက်စရာလား...

သူအခုလက်ရှိလုပ်နေတာတွေတောင်..‌

ငါကပေးကမ်းထားလို့ဆိုတာ..နားမလည်တာလား..ငါရှိနေလို့သူထောင်ထဲကို မ၀င်ရတာလည်းထည့်ပြောလိုက်ပါအုံး..."


"အမေကလေ..တဆိတ်ရှိဒါပဲထည့်ပြောနေတယ်...သူလည်းကြိုးစားခဲ့တာပဲ..

အရာမထင်တာတော့...ကံတရားပဲပေါ့...

အခုလည်းသူဘာအမှားတွေလုပ်နေလို့လဲ.."


"အော်...ငါဝှီးချဲလ်ပေါ်ထိုင်နေရတာနဲ့ပဲ..

ဘာမှမသိနားမလည်တော့ဘူးလို့ ထင်နေတာလား..ငါ့အရှေ့မှာသာ မခုတ်တတ်တဲ့ကြောင်လုပ်နေတာ..ငါ့နောက်ကွယ်မှာတော့ ခြေလှမ်းတွေပျက်နေတာကိုမသိရအောင် ငါကကန်းနေတာမှမဟုတ်ပဲ..သူကျောက်တွင်းအသစ်တူးနေတာကို မနေ့ကမှသိလိုက်ရတယ်..

အဲ့ဒါဘာသဘောလဲ..."


"ဒါကတော့..အမေ့သူ့ကိုတိုက်ရိုက်မေးလေ..

သမီးကကိုယ့်အလုပ်ပဲကိုယ်စိတ်၀င်စားတာ

သူဘာလုပ်နေလဲဆိုတာလုံး၀မသိဘူး..စိတ်လည်းမ၀င်စားဘူး...သူ့ကိုတော့တိုက်ရိုက်မပြောပဲ...သမီးကိုပဲဘာလို့လိုက်ရန်ရှာနေရတာလဲ..."


"ငါသူ့ကိုတိုက်ရိုက်ပြောရင်..နင်တို့လင်မယားကွဲပြီလေ.. သီဟနောင်အကြောင်းကိုငါကမသိတာမှတ်လို့...နင့်ယောက်ျားကို နင့်ဘာသာရအောင်ထိန်း...ငါသည်းမခံနိုင်တော့တဲ့အချိန်ရောက်မှ..ထောင်၀င်စာသွားတွေ့ရလို့..ငါ့အဆိုးမဆိုနဲ့..."


"အမေ့...ဘယ်လိုပြောလိုက်တာလည်း...

ကလေးတွေရှေ့မှာ..."


"သူတို့လည်းငယ်တော့တဲ့အရွယ်တွေမဟုတ်တော့ဘူး...ဒါတွေကိုသိသင့်တယ်...အရိပ်..

ထမင်းစားစရာရှိတာစားတော့..."


"ဟုတ်ကဲ့...."


အဖွားကရန်ပွဲကို သူ့ဘာသာစပြီးသူ့ဘာသာပြန်၍ ဘရိတ်အုပ်လိုက်သည်။ပုံရိပ်သံသယဖြစ်မိတာကတော့ အဖွားသည်ပုံရိပ်ကိုအန်တီ‌ မေဦးရန်ရှာနေတာကနေ ရှောင်ထွက်သွားလို့ရအောင် တမင်အန်တီမေဦး၏ယောက်ျားနှင့်ပတ်သတ်ပြီး ပြဿနာရှာလိုက်လေသလား။


ဒါမှမဟုတ် ပုံရိပ်ကိုသိစေချင်လို့ တမင်ပြောနေတာများလား။ဒီလိုမှမဟုတ်ရင် ဒီနေ့မှစရောက်တဲ့ ပုံရိပ်ရဲ့အရှေ့မှာဒီလိုရန်ပွဲကို

ဘာကြောင့်အစပြုနေရတာလဲ။

ပုံရိပ်၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာရောက်လာခဲ့သည်။


"ပုံရိပ်.....အဲ့ဒီ့ပုစွန်ထုပ်ဟင်းလေးကြိုက်လား..."


"ဟုတ်ကဲ့...ကြိုက်ပါတယ်..."


"ကြိုက်ရင်စား..ရော့..."


အန်တီယဉ်တင့်က ပုံရိပ်၏ပန်းကန်ထဲသို့ ပုစွန်ထုပ်ဟင်းကို ခပ်ထည့်ပေးလေသည်။

စားပွဲပေါ်တွင် တင်ထားသောဟင်းများသည် ဒေါ်လေးတို့အိမ်၏တစ်လစာတန်ဖိုးလောက်ရှိနိုင်သည်။အမဲသားကို အသားချည်းပဲ၀ယ်ချက်ရင်တော့ နဲနဲသာ၀ယ်နိုင်၍ဈေးသက်သာသော အရွတ်တွေကိုသာ  ၀ယ်စားလေ့ရှိသည်။ပုစွန်ဆိုလျှင်လည်း ဒီလိုအကောင်ကြီးကြီးပင်လယ်ပုစွန်လုံးကြီးတွေကို ထိကိုမထိရဲခဲ့ပေ။


ပုစွန်ထုပ်လေးကို ဇွန်းနှင့်ခပ်စားလိုက်ချိန်တွင် ဒေါ်လေးနှင့်ကလေးတွေ၏မျက်နှာကိုပြေး၍မြင်မိသည်။ငါးပိရည်ခွက်တစ်ခွက်တောင် မရှိသောစားပွဲပေါ်တွင် တင်ထားသောဟင်းများသည် ကြက်သောက်ဆမ်းဟင်း၊ပုစွန်ထုပ်ဟင်းအပြင်နောက်ထပ်ဟင်းအမယ်လေးမျိုးလောက်က စားချင်စဖွယ်ဖြစ်နေသည်။


စာပွဲက စုံလည်ဖြစ်၍ ဟင်းခပ်စားချင်ပါက ကိုယ့်ဘက်သို့ဟင်းပွဲရောက်အောင် လှည့်ယူရသည်။မြင်းခွာရွက်သုပ်လေးကိုမြင်တော့ အဒေါ်သုပ်ပေးခဲ့တာကို သတိရ၍ကိုယ့်ဘက်ကို လှည့်ယူနေမိပေမဲ့ မျက်စောင်းထိုး၍ ပုံရိပ်ဘက်သို့ဟင်းခွက်ကိုမရောင်အောင် ဆွဲထားသူကြောင့် လက်လျှော့ပြီး အန်တီယဉ်တင့်ထည့်ပေးသော ဟင်းများနဲ့သာခပ်စားလိုက်သည်။နောက်နေ့တွေလည်း ဒီလိုပဲကြုံနေရတော့မှာလား။


"အရိပ်...စားလို့မှကောင်းရဲ့လား..."


"ဟုတ်ကဲ့ကောင်းပါတယ်..."


အန်တီမေဦးက သဘောကောင်းသလိုဟန်လုပ်၍ မေးလာသည်ကိုသိပေမဲ့ ကိုယ့်အဒေါ်ဆိုတော့ အလိုက်သင့်ပြန်ဖြေလိုက်သည်။


"ကောင်းမှာပေါ့..အမေရယ်...ရန်ကုန်ကအဒေါ်ကဆင်းရဲတော့ ဒါမျိုးတွေကိုဘယ်စားခဲ့ရမလဲ...စားရကံကြုံတုန်းများများစားထားနော်ပုံရိပ်...."


"ဟုတ်တယ်သမီး...များများစား...သမီးလေးကအာဟာရချို့တဲ့ခဲ့လို့ထင်တယ်...နဲနဲလူကောင်ညှပ်နေသလိုပဲ...များများစားနော်.."


"အော်..ဒီမှာအမဲသားပြားကင်လေ...စတိခ်လို့ခေါ်တယ်..ယူရိုပီယမ်စတိုင်လ်နဲ့လုပ်ထားတာလေ..မစားဖူးဘူးမဟုတ်လား..မြည်းကြည့်နော်.."


"မစားတော့ပါဘူး...သမီးကဒါမျိုးတွေမစားတတ်ဘူး..."


"ဟုတ်တာပေါ့...ဆင်းဆင်းရဲရဲနဲ့နေခဲ့ရတော့..

ဒါမျိုးတွေဘယ်စားချင်ပါ့မလဲ...ငါးပိရည်စားနေကျလူက ဒါမျိုးအစားကောင်းကောင်းတွေမစားသင့်ဘူးလေ...ဗိုက်အောင့်တတ်တယ်..

ဟုတ်တယ်နော်မမ...."


"ငါ့ကိုလာမမေးနဲ့ သူ့ဘာသူစားချင်တာစားပါစေ...စကားအရမ်းများတာပဲ...ပါးစပ်ပိတ်ပြီးစားစမ်းပါ..."


မမနေခြည်၏ခနဲ့တဲ့တဲ့ စကားတွေကြောင့်စားလက်စဇွန်းကိုပင် လွှင့်ပစ်ချင်မိလောက်အောင်အထိ ဒေါသထွက်နေမိသည်။

စိတ်ကိုမနဲတင်းပြီး ခေါင်းကိုသာငုံ့နေလိုက်သည်။ဖြစ်နိုင်ရင် ဒီထမင်းဝိုင်းကနေထသွားချင်မိသည်။အဖွားကမထသေးတော့ အခက်တွေ့နေရသည်။


ဆွဲတင်သလိုနဲ့ ပြန်တွန်းချပြီး၊အားပေးသလိုနဲ့ အားငယ်အောင်လုပ်နေ‌သောမေဦးနှင့်သူ့သမီးအငယ်မကို ဒေါ်ယဉ်တင့်ကြည့်မ‌ရတော့ပေ။မေညို့ကိုကြည့်လိုက်တော့လည်း

ဘာမျှ၀င်မပြော၍ ကိုယ်လည်းနှုတ်ဆိတ်နေလိုက်ရသည်။အခုကြ မေညိုကဘာကြောင့်နှုတ်ဆိတ်နေရတာလဲ။ပုံရိပ်လေးစော်ကားပြောဆိုခံနေတာကို ဒီအတိုင်းအေးဆေးနေနိုင်လိုက်တာဟု မခံမရပ်နိုင်ဖြစ်နေမိသည်။


ပုံရိပ်လေးကတော့ မျက်နှာလေးညှိုးကျသွားတာများ သနားစရာပင်။

ဒီအဖွားရယ်၊ဒီသားသမီးနဲ့ဒီမြေးတွေကြားမှာ ကလေးမလေးကို ဘယ်လိုကာကွယ်ပေးရကောင်းမလဲ။သူ့ခမျာ အားငယ်နေရှာမှာပေါ့။


"အရိပ်...ထမင်းစားပြီးရင်...အဖွားရဲ့အခန်းထဲကိုလာခဲ့..."


"အခုပဲပြီးပြီအဖွား...အခုပဲလိုက်ခဲ့မယ်.."


အဖွား‌ရဲ့စကားစမည့်အချိန်ကိုစောင့်နေမိ၍ ချက်ချင်းပဲအနောက်မှ ထရပ်လိုက်သည်။

အဖွား၏ဝှီးချဲလ်ကိုအလိုက်သင့်လေးတွန်းပေး၍ ထမင်းစားခန်းမှထွက်လာလိုက်သည်။

ကိုယ့်ကို စကားနာထိုးခဲ့သူတွေကိုတော့ ပုံရိပ်လှည့်တောင်မကြည့်ခဲ့ပေ။


"အရိပ်...အခန်းတံခါးကိုပိတ်ပြီး ဟိုခုံပေါ်မှာသွားထိုင်..."


ပုံရိပ်လည်း အဖွားပြောသည့်အတိုင်းအခန်းတံခါးကို ပိတ်ပြီးအခန်းထဲတွင် ချထားသောဆက်တီခုံပေါ်တွင် ၀င်ထိုင်လိုက်သည်။

အဖွားကတော့ ပုံရိပ်နှင့်မျက်နှာချင်းဆိုင်တွင် 

ဝှီးချဲလ်ကိုရပ်လိုက်သည်။


"ခုဏက...ထမင်းဝိုင်းမှာ...ဘာလို့သူတို့ပြောသမျှကို ခံမပြောပဲငြိမ်ခံနေခဲ့တာလဲ.."


အဖွားဒေါ်ရိပ်ညိုသည် သူ၏မာထန်သောအသံအား အရှိန်မလျှော့ပဲပုံရိပ်ကိုမေးသည်။

ဝှီးချဲလ်ပေါ်မှာထိုင်နေပေမဲ့ ရောက်ခါစတည်းကသတိထားမိသည်မှာ အဖွားသည်အမြဲတမ်းခါးကိုမတ်မတ်ထားပြီး ထိုင်တတ်လေသည်။နဖူးကိုအ‌ပြောင်သိမ်းကာဆံပင်ကို ထိပ်တွင်ဆုထုံးထား၍ အဖွား၏မျက်နှာသည်ကျော့ရှင်းနေသည်။


"တကယ်တော့ သမီးဒီကိုရောက်လာရတာက အဒေါ့်ယောက်ျားနဲ့ပြဿနာဖြစ်လို့ပါ...ဒီအိမ်ကနေထပ်ပြီးထွက်သွားရရင် သမီးမှာသွားဖို့နေရာမရှိတော့ဘူး...ဒါကြောင့်လူတိုင်းနဲ့ပြဿမဖြစ်ချင်လို့ သည်းခံနေတာပါ..

နောက်ပြီး သူတို့ကသမီးရဲ့အစ်မတွေ၊အဒေါ်တွေဖြစ်နေတော့ ပြန်ပြောရင်ရိုင်းတယ်လို့ထင်ကြမှာမျိုး မဖြစ်စေချင်ဘူး...အရာရာကိုသည်းခံဖို့သမီးစဉ်းစားထားပါတယ်..."


"မဟုတ်သေးဘူးပုံရိပ်.. သည်းခံတယ်ဆိုတာပုံစံအမျိုးမျိုးရှိတယ်...ကိုယ့်အတွက်အကျိုးရှိတဲ့ကိစ္စနဲ့အကျိုးအမြတ်ရမဲ့ကိစ္စကိုသည်းခံတာကကိစ္စမရှိဘူး...နောက်ဆုံးမှာအမြတ်ရမှာကကိုယ်ပဲ...တမင်နစ်နာစေချင်လို့နှိမ့်ချတာကိုတော့ သည်းခံစရာမလိုဘူး...သူတို့ကအဖွားကလွဲပြီး...ကျန်တာကိုကြောက်ကြတဲ့လူတွေမဟုတ်ဘူး...အခုအဘွားရှိနေလျှက်နဲ့တောင်...ဒီလိုအနိုင်ကျင့်ချင်ရင်..အဖွားကွယ်ရာမှာ ဒီ့ထပ်ဆိုးလိမ့်မယ်...မင်းကအဖွားရဲ့မြေး..သူတို့ကလည်းအဖွားရဲ့မြေးတွေပေမဲ့ သူတို့မိဘရဲ့လောင်းရိပ်အောက်မှာ ဗီဇဆိုးတွေကပါလာခဲ့တော့ အဖွားသွန်သင်လို့မရတော့ဘူး...အရိပ်ကတော့မတူဘူး...

မှတ်ထား..နောက်တစ်ခါအကျိုးမရှိပဲဘယ်တော့မှသည်းမခံနဲ့...အရိပ်ဘက်ကနေနေရာတိုင်းလိုက်ပြီး ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး..ကိုယ့်ကိုကိုယ်အားကိုး..မင်းရဲ့အနောက်မှာ အဖွားရှိတယ်.."


"ဟုတ်ကဲ့...သမီးမှတ်ထားပါမယ်..."


"အင်း..နောက်နေ့ကစပြီး..အရိပ်ကိုသင်ယူခိုင်းစရာတွေအများကြီးရှိပါသေးတယ်...

ဒီနေ့တော့..သွားနားလိုက်အုံး..."


"ဟုတ်ကဲ့..."


အပေါ်ဆုံးအထပ်သို့ အမြန်ပြေးတက်ခဲ့ပြီး အခန်းတံခါးကိုဖွင့်ကာ အိပ်ယာပေါ်သို့လှဲချလိုက်မိသည်။

ဘယ်အရာကမှ လွယ်ကူမနေပါလား။သင်ယူစရာတွေအများကြီး ရှိသေးသည်တဲ့။အဖွားကဘာတွေကို သင်ယူခိုင်းမှာများလဲ။

အဖေပြောဖူးသော စကားတွေကိုတော့ပုံရိပ်မှတ်မိပါသည်။အဖွားကဟင်းချက်အရမ်းကောင်းသည်တဲ့လေ။ပြီးတော့ ဆောင်းတီးတာကိုဝါသနာပါသည်ဟု ပြောခဲ့တယ်။

ပုံရိပ်၏ အခန်းထဲတွင်လည်း ဆောင်းတစ်ခုကို အလှထားတာကို‌တွေ့ရလေသည်။


"ဟူး...၀င်္ကမ္ဘာထဲကိုရောက်လာရသလိုပဲ..."


အခုချိန်မှာ ပုံရိပ်အလုပ်ချင်ဆုံးအရာကတော့ ဒေါ်လေးတို့၊ဆရာတို့ဆီကိုဖုန်းဆက်ချင်တာပဲ။

အခုအချိန်လောက်ဆို ဒေါ်လေးတို့ဘာလုပ်နေကြ

မလဲ။အတွေးစတွေနှင့်အတူ ရင်မောလျှက် တံခါးကိုဖွင့်ပြီး လသာဆောင်ကိုထွက်လာမိတော့

ဟိုးအဝေးကြီးမှာ အတန်းလိုက်ဖြစ်နေသော တောင်တန်းတွေကို မှိုင်းမှိုင်းပျပျတွေ့နေရလေသည်။

ပြီးတော့ မီးတွေထိန်လင်းနေသောကားလမ်းမကြီးကိုပါလှမ်းမြင်နေရသည်။


ဒီတစ်ညတာကုန်ဆုံးပြီးလျှင် ပုံရိပ်၏ဘ၀ဟည်ဘယ်လိုဘယ်ပုံ မျောလွင့်ရအုံးမှာပါလဲ။

သန်းခေါ်ထက်တော့ ညဉ့်မနက်နိုင်တော့ပေ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ပုံရိပ်ရဲ့ ဘ၀ကအဖွားကြီး‌နဲ့တွေ့မှ စပြီးပြောင်းလဲလာမှာပါ...


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥  ဒုတိယပိုင္း


ေရႊေရာင္ေရပိုက္ေတြကလည္း နံရံမွာသြယ္ယွက္လ်ွက္ လွၫ့္ရေသာခလုတ္ေတြကတစ္ခုမကေပ။လိုက္လွၫ့္ၾကၫ့္ၿပီး လက္နဲ႔ခံၾကၫ့္ေတာ့မွ ေရပူ၊ေရေအးကိုခဲြထားေသာခလုတ္မ်ားျဖစ္ေနသည္။


"အိုး...ဆပ္ျပာေတြကဒီေလာက္ေတာင္မ်ားတာလား..."


သြားတိုက္ေဆးအၿမွဳံ႔ေတျြပၫ့္ၾကပ္ေနေသာေၾကာင့္ အသံကဗလံုးဗေထြးႏွင့္ထြက္သြားသည္။နံရံမွာကပ္ထားေသာ ဗီဒိုေလးေတြကိုလိုက္ဖြင့္ၾကၫ့္လိုက္မိေတာ့ 

ကိုယ္တိုက္ဆပ္ျပာဗူးေတြက အေရာင္အမ်ိဳးမ်ိဳးႏွင့္အေသး၊အႀကီးမ်ိဳးစံုျဖစ္ေနသည္။

သြားတိုက္တံလွလွေလးမ်ားႏွင့္မ်က္ႏွာသစ္ဆပ္ျပာဗူးေတြကလည္း အနံ႔ေတြကအစ

ဝါးစားခ်င္စရာျဖစ္ေနသည္။သပါတ္အျဖဴေတြလည္း ထၫ့္ေပးထားေသးသည္။


"အဖြားကငါ့ကိုလိုေလေသးမရိွေအာင္ 

လုပ္ေပးထားတာပဲ...."


ပံုရိပ္အေပၚတြင္ထားေသာ အဖြား၏ေစတနာကို အသိအမွတ္ျပဳလိုက္ၿပီးေနာက္ ႃပံုးမိသြားေလသည္။ပလုတ္က်င္း၍ မ်က္ႏွာကိုအျမန္သစ္လိုက္ၿပီး အနည္းငယ္ပြေယာင္းေနေသာဆံပင္ရွည္ေတြကို ေဘာင္တန္းေတြေပၚရိွ ခြက္ကေလးထဲတြင္ ေထာင္လ်က္သားျဖစ္ေနေသာဘီးေလးကို အသာယူ၍ဖီးသင္လ်ွက္ျပန္စည္းလိုက္သည္။


"မမ...ၿပီးသြားၿပီလား...ခဏေလးရယ္ေနာ္..

မမနႏၵာတို႔ဆိုရင္..တစ္ခုခုလုပ္တိုင္းတစ္နာရီ၊ႏွစ္နာရီေလာက္ကို ၾကာတတ္တာ..."


"သူမ်ားအေၾကာင္းကို သိပ္မေျပာပါနဲ႔..

ေတာ္ၾကာ..အတင္းတုပ္တယ္ျဖစ္ေနပါအံုးမယ္.."


"ဟုတ္ကဲ့ပါမမ..."


ေခါင္းေလးငံု႔ၿပီး ပံုရိပ္၏စကားကိုနာခံသလိုေလးလုပ္ကာ အခန္းအျပင္သို႔ထြက္သြားတာေၾကာင့္ပံုရိပ္လည္း သေဘာတက်ႃပံုးလိုက္ၿပီး ပိစိမႏွင့္အတူအခန္းအျပင္သို႔ထြက္လာလိုက္သည္။ေလွကားႀကီးကျမင့္လြန္း၍ ေလွကားမွဆင္းတာကိုေတာင္ မိနစ္ပိုင္း‌ ေလာက္အခ်ိန္ယူလိုက္ရသည္။


"မမ...ဒီအခန္းေလ..."


ထမင္းစားခန္းသည္ ကၽြန္းေလွကားႀကီးႏွင့္အရမ္းမေဝးေသာအခန္းတစ္ခန္းျဖစ္ၿပီး

ပံုရိပ္၀င္သြားေတာ့ အခန္းထဲတြင္စားပဲြဝိုင္း၌လူေတြ ဝိုင္း၍ထမင္းစားေနၾကေလသည္။

အဖြားတစ္ေယာက္တည္းသာလ်ွင္ ဝွီးခ်ဲလ္ႏွင့္ထိုင္၍ ထမင္းမစားေသးပဲ မ်က္ႏွာကတည္ေနေလသည္။


"အဖြားသမီးေရာက္ပါၿပီ...."


ပံုရိပ္၏အသံက အားနာသံေရာလ်ွက္ တိုးတိုးေလးသာထြက္ေတာ့သည္။ထိုစဉ္ပံုရိပ္၏

ဘက္သို႔ လွၫ့္ၾကၫ့္လာေသာမ်က္၀န္းမ်ားေၾကာင့္ လန႔္ေတာင္လန႔္ခ်င္သြားသည္။


"ဒီမွာလာထိုင္ေလ...အရိပ္..."


အဖြားကသူ႔ေဘးနားကခံုကို လက္ႏွင့္ပုတ္ျပ၍ ပံုရိပ္လည္းအလိုက္သင့္၀င္ထိုင္လိုက္ရသည္။ထမင္းစားပဲြက လူေတြကိုမခို႔တရို႔ေလး လိုက္ၾကၫ့္မိေတာ့ အားလံုးကထမင္းစား‌တာကို လံုး၀ရပ္လိုက္ၾကၿပီး ပံုရိပ္ကိုသာၾကၫ့္ေနၾကေလသည္။

အန္တီယဉ္တင့္ကိုေတြ့ရေပမဲ့ ဦးမင္းခန႔္ကိုေတာ့မေတြ့ရေပ။စားပဲြဝိုင္းမွာ ထိုင္ေနတာကအသက္ႀကီးႀကီး အန္တီတစ္ေယာက္ႏွင့္ပံုရိပ္ထက္ႀကီးပံုရေသာ မိန္းကေလးႏွစ္ေယာက္ျဖစ္ေနသည္။


"အေမ...ဒါကမိုးရိပ္ရဲ့သမီးလား..."


"ဟုတ္တယ္.....ေမဦး...ပံုရိပ္..ဒါကသမီးရဲ့အေဒၚယြန္းေမဦးလို႔ေခၚတယ္..ဟိုဘက္မွာထိုင္ေနတာက..အလတ္မယြန္းနႏၵာ..သူကေတာ့တကၠသိုလ္တက္ေနၿပီ..ဒီဘက္ကေတာ့ယြန္းေနျခည္လို႔ေခၚတယ္...သူကဆယ္တန္းဒုတိယႏွစ္တက္ရမွာေလ...

အရိပ္ထက္တစ္ႏွစ္ႀကီးေပမဲ့...ဆယ္တန္းအတူတူတက္ရမွာေပါ့..."


"ဖြားညိုကလည္း...ဒါပဲေျပာေနတယ္..."


အဖြားမိတ္ဆက္ေပးေသာေၾကာင့္ 

တစ္ေယာက္ခ်င္းဆီကိုလိုက္ၾကၫ့္မိေပမဲ့ သူတို႔ကမႃပံုးျပေတာ့ ကိုယ္ကလည္းျပန္မႃပံုးျပမိေပ။


အန္တီေမဦးကေတာ့ စေတြ့ကတည္းကမ်က္ႏွာကို ေမာ့ခ်ီထားပံုေၾကာင့္ ကိုယ့္ကို

မလိုလားမွန္းသိလိုက္ရေလသည္။

မမနႏၵာကေတာ့ ပံုရိပ္ကိုမၾကၫ့္ပဲထမင္းကိုသာ အာရံုစိုက္၍စားေနေလသည္။

မမနႏၵာသည္ ဆံပင္ကိုေရႊဝါေရာင္ဆိုးထားေသာေၾကာင့္ ျဖဴေသာအသားအရည္ဟာ ပို၍အေရာင္လက္ေနၿပီး မ်က္ႏွာေလးကအစၾကည္ရွင္းေနသည္။ သို႔ေပ‌မဲ့ မ်က္ႏွာထားတည္ေန၍ စိတ္သေဘာထားေကာင္းသူဟု

မသတ္မွတ္‌ရဲေပ။


မမေနျခည္ကေတာ့ ပံုရိပ္ထပ္တစ္ႏွစ္ပဲႀကီး၍ထင္သည္ ပံုရိပ္ႏွင့္ရြယ္တူ ျဖစ္ေနသလိုပင္။မမနႏၵာထက္ပင္ မိတ္ကပ္ေတြသိသာစြာလိမ္းထား၍ အလွႀကိဳက္တတ္လြန္းမွန္းသိသာေနသည္။

ဆံပင္ဂုတ္ေထာက္ကိုမွ စုခ်ည္ထား၍

မ်က္ႏွာအလွကေပၚလြင္ေနသည္။


"အရိပ္ရဲ့..နာမည္ကိုေတာ့ငါေျပာျပၿပီးလို႔သိၾကမွာပါ...အရိပ္ကိုဒီေန့ကစၿပီးငါ့ရဲ့အေမြစားအေမြခံအျဖစ္ ေခၚထားမွာ..."


"အေမ...ဒီလိုေၾကာ္ျငာတာက နည္းနည္းလြန္မေနဘူးလား...သူကဒီေန့မွစေရာက္တာေနာ္

...ဘယ္လိုပဲအမ်ိူးေတာ္စပ္ေနပါေစ...

သူေနခဲ့ရတဲ့ အသိုင္းအဝိုင္းကနိမ့္က်ၿပီး အဆင့္လံုး၀မရိွဘူး..နည္းနည္းပါးပါးေလ့လာၿပီးမွ ဒီလိုေျပာသင့္တယ္...ကၽြန္မသမီးေတြကိုမွအားမနာ..."


ေဒၚယဉ္တင့္ကေတာ့ စၿပီးျပႆနာရွာၿပီေဟ့ဟု သက္ျပင္းခ်လိုက္မိၿပီး ပံုရိပ္ေလးကိုသာလွမ္းၾကၫ့္လိုက္မိသည္။ေမညိုသည္ အျခားကိစၥေတြမွာ ေသခ်ာစဉ္းစားေတြးေခၚၿပီးမွေျပာတတ္သေလာက္ ဟိုဘက္ကဆက္ဆက္ထိမခံသၫ့္ အေမြကိစၥကိုခ်က္ျခင္းႀကီးေျပာထြက္တာကေတာ့ နားမလည္ႏိုင္ေတာ့ေပ။


ဒါမွမဟုတ္ ပံုရိပ္ကိုအထင္မေသးရဲေအာင္ တမင္ႏိွပ္ကြပ္လိုက္တာမ်ားလား။

အေၾကာင္းမရိွပဲေတာ့ ေျပာမွာမဟုတ္ဘူး။

ပံုရိပ္ေလးကေတာ့ မ်က္ႏွာမေကာင္းစြာ

ေခါင္းကိုသာ ငံု႔ထားေလသည္။

ဒီေန့မွ စေရာက္ၿပီးဒီေန့ပဲ စိတ္ဆင္းရဲရပါ‌ ေရာလား။


"ေလးတန္းေတာင္မေအာင္လို႔ အေဖကိုယ္တိုင္..ပစ္ပယ္ထားတဲ့သူရဲ့သမီးကိုျပန္ေခၚၿပီး...ဘာလုပ္ခ်င္ေနတာလည္းအေမရယ္...ေမဦးေတာ့တကယ္စိတ္ဆင္းရဲတယ္..."


"ငါ့အိမ္ေပၚမွာ အလကားလာေနရၿပီး ဘာေတြကိုစိတ္ဆင္းရဲေနတာလည္း...ဘာလည္းအေမြေတြကို လုမဲ့လူေပၚလာလို႔ဆိုၿပီးစိတ္ဆင္းရဲေနတာလား...ငါ့အိမ္မွာငါ့ဆံုးျဖတ္

ခ်က္က အရာမေရာက္ေတာ့ဘူးလား..

ေလးတန္းမေအာင္တာကသူ႔အေမေလ..

ငါ့သားမွမဟုတ္တာ..ကိုယ့္ေမာင္ရဲ့သမီးကိုေတာင္ နင္မသထာႏိုင္ေတာ့ဘူးလား"


"မဟုတ္ပါဘူးအေမရယ္...သမီးကစိုးရိမ္လို႔ပါ...ေျခႏွစ္ေခ်ာင္းမကယ္ေကာင္းဘူးတဲ့..

ဟိုတေလာကမွ ယတ်ာသြား‌ေခ်ထားရတာ..အညံ့ေတြေပ်ာက္ေအာက္..ခုရက္ပိုင္းေျခႏွစ္ေခ်ာင္းကို မ၀င္မခံနဲ႔တဲ့..."


"ဘုန္း!!!!!"


ထမင္းစားခံုကိုထုခ်လိုက္ေသာေၾကာင့္ အကုန္လံုးမ်က္လံုးအျပဴးသားႏွင့္ထိတ္လန႔္သြားၾကသည္။အဖြား၏မ်က္ႏွာသည္

တည္တင္း၍ ေဒါသေၾကာင့္ မ်က္ခံုးတန္းမ်ားတြန႔္ႄကံု႔လ်ွက္ မ်က္လံုးအၾကၫ့္ေတြကပါ ၾကက္သီးထစရာေကာင္းေနသည္။


"နင့္ပန္းကန္ထဲမွာ အခုထၫ့္စားေနတာၾကက္သားဟင္းမဟုတ္ဘူးလား...ေျခႏွစ္ေခ်ာင္းသားၾကေတာ့ စားၿပီးေျခႏွစ္ေခ်ာင္းေတာ့အ၀င္မခံဘူးေပါ့ေလ...မေနခ်င္ရင္အကုန္သြားၾက...ငါစကားေတြအပိုမေျပာခ်င္ဘူး..."


"အဖြား...အဖြားကသမီးတို႔ကိုပါႏွင္ခ်ေနတာလား...ဒီေကာင္မေလးေၾကာင့္လား...အဖြားလံုး၀မတရားဘူး.."


"ေနျခည္...ကိုယ့္အဖြားကိုဘယ္လိုေလသံနဲ႔ျပန္ေျပာေနတာလဲ..ျပန္ထိုင္စမ္း..."


မမေနျခည္က ပံုရိပ္ကိုလက္ၫွိုးထိုး၍ ေအာ္ေျပာလိုက္ေသာအခါ အန္တီေမဦးက၀င္ဟန႔္၍ထိန္းေလသည္။


ထမင္းစားရမၫ့္လက္ေတြက ဇြန္းကိုေတာင္

မထိခ်င္ေလာက္သည္အထိ ပံုရိပ္ကေတာ့စိတ္ဓာတ္ေတြထိုးက်ေနရေတာ့သည္။

ရန္ကုန္မွာ အေဒါ့္ရဲ့ေယာက္်ားေၾကာင့္မေနခ်င္ေတာ့၍ မႏၲေလးကိုေျပးလာခဲ့ပါတယ္ဆိုမွ ဒီမွာလည္းျပႆနာတစ္ခုက အစျပဳေနေလၿပီ။


အေမြေတြလည္း တစ္ခုမွမလိုခ်င္ပါဘူး။

ပံုရိပ္လိုခ်င္တာက ေနြးေထြးတဲ့ေမတၲာနဲ႔ခ်စ္ခင္ေပးမဲ့ မိသားစုအသိုက္အ၀န္းေလးတစ္ခုပါပဲ။အခုအဖြားလုပ္ေနပံုက ပံုရိပ္ကိုေျပးေပါက္မွားေစႏိုင္သည္အထိ ဒုကၡေရာက္သြားေစႏိုင္သည္။ဟိုမွာမေနခ်င္လို႔ ဒီကိုေျပးလာရတဲ့ အျဖစ္မွာ ဒီကလူေတြကပါအျမင္မၾကည္ရင္ ေနာက္ထပ္ေျပးစရာဆိုလို႔ မယ္သီလရွင္ေက်ာင္းပဲရိွေတာ့တယ္။


"အေမစိတ္ခ်မ္းသာသလိုသာလုပ္ပါေတာ့...

ဒါေပမဲ့ ကိုေနာင္သာသိရင္ေတာ့သိပ္သေဘာက်မွာမဟုတ္ဘူး..."


"နင့္ေယာက္်ားကို ငါကေၾကာက္စရာလား...

သူအခုလက္ရိွလုပ္ေနတာေတြေတာင္..‌

ငါကေပးကမ္းထားလို႔ဆိုတာ..နားမလည္တာလား..ငါရိွေနလို႔သူေထာင္ထဲကို မ၀င္ရတာလည္းထၫ့္ေျပာလိုက္ပါအံုး..."


"အေမကေလ..တဆိတ္ရိွဒါပဲထၫ့္ေျပာေနတယ္...သူလည္းႀကိဳးစားခဲ့တာပဲ..

အရာမထင္တာေတာ့...ကံတရားပဲေပါ့...

အခုလည္းသူဘာအမွားေတြလုပ္ေနလို႔လဲ.."


"ေအာ္...ငါဝွီးခ်ဲလ္ေပၚထိုင္ေနရတာနဲ႔ပဲ..

ဘာမွမသိနားမလည္ေတာ့ဘူးလို႔ ထင္ေနတာလား..ငါ့အေရ႔ွမွာသာ မခုတ္တတ္တဲ့ေၾကာင္လုပ္ေနတာ..ငါ့ေနာက္ကြယ္မွာေတာ့ ေျခလွမ္းေတြပ်က္ေနတာကိုမသိရေအာင္ ငါကကန္းေနတာမွမဟုတ္ပဲ..သူေက်ာက္တြင္းအသစ္တူးေနတာကို မေန့ကမွသိလိုက္ရတယ္..

အဲ့ဒါဘာသေဘာလဲ..."


"ဒါကေတာ့..အေမ့သူ႔ကိုတိုက္ရိုက္ေမးေလ..

သမီးကကိုယ့္အလုပ္ပဲကိုယ္စိတ္၀င္စားတာ

သူဘာလုပ္ေနလဲဆိုတာလံုး၀မသိဘူး..စိတ္လည္းမ၀င္စားဘူး...သူ႔ကိုေတာ့တိုက္ရိုက္မေျပာပဲ...သမီးကိုပဲဘာလို႔လိုက္ရန္ရွာေနရတာလဲ..."


"ငါသူ႔ကိုတိုက္ရိုက္ေျပာရင္..နင္တို႔လင္မယားကဲြၿပီေလ.. သီဟေနာင္အေၾကာင္းကိုငါကမသိတာမွတ္လို႔...နင့္ေယာက္်ားကို နင့္ဘာသာရေအာင္ထိန္း...ငါသည္းမခံႏိုင္ေတာ့တဲ့အခ်ိန္ေရာက္မွ..ေထာင္၀င္စာသြားေတြ့ရလို႔..ငါ့အဆိုးမဆိုနဲ႔..."


"အေမ့...ဘယ္လိုေျပာလိုက္တာလည္း...

ကေလးေတြေရ႔ွမွာ..."


"သူတို႔လည္းငယ္ေတာ့တဲ့အရြယ္ေတြမဟုတ္ေတာ့ဘူး...ဒါေတြကိုသိသင့္တယ္...အရိပ္..

ထမင္းစားစရာရိွတာစားေတာ့..."


"ဟုတ္ကဲ့...."


အဖြားကရန္ပဲြကို သူ႔ဘာသာစၿပီးသူ႔ဘာသာျပန္၍ ဘရိတ္အုပ္လိုက္သည္။ပံုရိပ္သံသယျဖစ္မိတာကေတာ့ အဖြားသည္ပံုရိပ္ကိုအန္တီ‌ ေမဦးရန္ရွာေနတာကေန ေရွာင္ထြက္သြားလို႔ရေအာင္ တမင္အန္တီေမဦး၏ေယာက္်ားႏွင့္ပတ္သတ္ၿပီး ျပႆနာရွာလိုက္ေလသလား။


ဒါမွမဟုတ္ ပံုရိပ္ကိုသိေစခ်င္လို႔ တမင္ေျပာေနတာမ်ားလား။ဒီလိုမွမဟုတ္ရင္ ဒီေန့မွစေရာက္တဲ့ ပံုရိပ္ရဲ့အေရ႔ွမွာဒီလိုရန္ပဲြကို

ဘာေၾကာင့္အစျပဳေနရတာလဲ။

ပံုရိပ္၏ ေခါင္းထဲတြင္ ေမးခြန္းေပါင္းမ်ားစြာေရာက္လာခဲ့သည္။


"ပံုရိပ္.....အဲ့ဒီ့ပုစြန္ထုပ္ဟင္းေလးႀကိဳက္လား..."


"ဟုတ္ကဲ့...ႀကိဳက္ပါတယ္..."


"ႀကိဳက္ရင္စား..ေရာ့..."


အန္တီယဉ္တင့္က ပံုရိပ္၏ပန္းကန္ထဲသို႔ ပုစြန္ထုပ္ဟင္းကို ခပ္ထၫ့္ေပးေလသည္။

စားပဲြေပၚတြင္ တင္ထားေသာဟင္းမ်ားသည္ ေဒၚေလးတို႔အိမ္၏တစ္လစာတန္ဖိုးေလာက္ရိွႏိုင္သည္။အမဲသားကို အသားခ်ည္းပဲ၀ယ္ခ်က္ရင္ေတာ့ နဲနဲသာ၀ယ္ႏိုင္၍ေဈးသက္သာေသာ အရြတ္ေတြကိုသာ  ၀ယ္စားေလ့ရိွသည္။ပုစြန္ဆိုလ်ွင္လည္း ဒီလိုအေကာင္ႀကီးႀကီးပင္လယ္ပုစြန္လံုးႀကီးေတြကို ထိကိုမထိရဲခဲ့ေပ။


ပုစြန္ထုပ္ေလးကို ဇြန္းႏွင့္ခပ္စားလိုက္ခ်ိန္တြင္ ေဒၚေလးႏွင့္ကေလးေတြ၏မ်က္ႏွာကိုေျပး၍ျမင္မိသည္။ငါးပိရည္ခြက္တစ္ခြက္ေတာင္ မရိွေသာစားပဲြေပၚတြင္ တင္ထားေသာဟင္းမ်ားသည္ ၾကက္ေသာက္ဆမ္းဟင္း၊ပုစြန္ထုပ္ဟင္းအျပင္ေနာက္ထပ္ဟင္းအမယ္ေလးမ်ိဳးေလာက္က စားခ်င္စဖြယ္ျဖစ္ေနသည္။


စာပဲြက စံုလည္ျဖစ္၍ ဟင္းခပ္စားခ်င္ပါက ကိုယ့္ဘက္သို႔ဟင္းပဲြေရာက္ေအာင္ လွၫ့္ယူရသည္။ျမင္းခြာရြက္သုပ္ေလးကိုျမင္ေတာ့ အေဒၚသုပ္ေပးခဲ့တာကို သတိရ၍ကိုယ့္ဘက္ကို လွၫ့္ယူေနမိေပမဲ့ မ်က္ေစာင္းထိုး၍ ပံုရိပ္ဘက္သို႔ဟင္းခြက္ကိုမေရာင္ေအာင္ ဆဲြထားသူေၾကာင့္ လက္ေလ်ွာ့ၿပီး အန္တီယဉ္တင့္ထၫ့္ေပးေသာ ဟင္းမ်ားနဲ႔သာခပ္စားလိုက္သည္။ေနာက္ေန့ေတြလည္း ဒီလိုပဲႄကံုေနရေတာ့မွာလား။


"အရိပ္...စားလို႔မွေကာင္းရဲ့လား..."


"ဟုတ္ကဲ့ေကာင္းပါတယ္..."


အန္တီေမဦးက သေဘာေကာင္းသလိုဟန္လုပ္၍ ေမးလာသည္ကိုသိေပမဲ့ ကိုယ့္အေဒၚဆိုေတာ့ အလိုက္သင့္ျပန္ေျဖလိုက္သည္။


"ေကာင္းမွာေပါ့..အေမရယ္...ရန္ကုန္ကအေဒၚကဆင္းရဲေတာ့ ဒါမ်ိဳးေတြကိုဘယ္စားခဲ့ရမလဲ...စားရကံႄကံုတုန္းမ်ားမ်ားစားထားေနာ္ပံုရိပ္...."


"ဟုတ္တယ္သမီး...မ်ားမ်ားစား...သမီးေလးကအာဟာရခ်ိဳ႕တဲ့ခဲ့လို႔ထင္တယ္...နဲနဲလူေကာင္ၫွပ္ေနသလိုပဲ...မ်ားမ်ားစားေနာ္.."


"ေအာ္..ဒီမွာအမဲသားျပားကင္ေလ...စတိခ္လို႔ေခၚတယ္..ယူရိုပီယမ္စတိုင္လ္နဲ႔လုပ္ထားတာေလ..မစားဖူးဘူးမဟုတ္လား..ျမည္းၾကၫ့္ေနာ္.."


"မစားေတာ့ပါဘူး...သမီးကဒါမ်ိဳးေတြမစားတတ္ဘူး..."


"ဟုတ္တာေပါ့...ဆင္းဆင္းရဲရဲနဲ႔ေနခဲ့ရေတာ့..

ဒါမ်ိဳးေတြဘယ္စားခ်င္ပါ့မလဲ...ငါးပိရည္စားေနက်လူက ဒါမ်ိဳးအစားေကာင္းေကာင္းေတြမစားသင့္ဘူးေလ...ဗိုက္ေအာင့္တတ္တယ္..

ဟုတ္တယ္ေနာ္မမ...."


"ငါ့ကိုလာမေမးနဲ႔ သူ႔ဘာသူစားခ်င္တာစားပါေစ...စကားအရမ္းမ်ားတာပဲ...ပါးစပ္ပိတ္ၿပီးစားစမ္းပါ..."


မမေနျခည္၏ခနဲ႔တဲ့တဲ့ စကားေတြေၾကာင့္စားလက္စဇြန္းကိုပင္ လႊင့္ပစ္ခ်င္မိေလာက္ေအာင္အထိ ေဒါသထြက္ေနမိသည္။

စိတ္ကိုမနဲတင္းၿပီး ေခါင္းကိုသာငံု႔ေနလိုက္သည္။ျဖစ္ႏိုင္ရင္ ဒီထမင္းဝိုင္းကေနထသြားခ်င္မိသည္။အဖြားကမထေသးေတာ့ အခက္ေတြ့ေနရသည္။


ဆဲြတင္သလိုနဲ႔ ျပန္တြန္းခ်ၿပီး၊အားေပးသလိုနဲ႔ အားငယ္ေအာင္လုပ္ေန‌ေသာေမဦးႏွင့္သူ႔သမီးအငယ္မကို ေဒၚယဉ္တင့္ၾကၫ့္မ‌ရေတာ့ေပ။ေမညို႔ကိုၾကၫ့္လိုက္ေတာ့လည္း

ဘာမ်ွ၀င္မေျပာ၍ ကိုယ္လည္းႏႈတ္ဆိတ္ေနလိုက္ရသည္။အခုၾက ေမညိုကဘာေၾကာင့္ႏႈတ္ဆိတ္ေနရတာလဲ။ပံုရိပ္ေလးေစာ္ကားေျပာဆိုခံေနတာကို ဒီအတိုင္းေအးေဆးေနႏိုင္လိုက္တာဟု မခံမရပ္ႏိုင္ျဖစ္ေနမိသည္။


ပံုရိပ္ေလးကေတာ့ မ်က္ႏွာေလးၫွိုးက်သြားတာမ်ား သနားစရာပင္။

ဒီအဖြားရယ္၊ဒီသားသမီးနဲ႔ဒီေျမးေတြၾကားမွာ ကေလးမေလးကို ဘယ္လိုကာကြယ္ေပးရေကာင္းမလဲ။သူ႔ခမ်ာ အားငယ္ေနရွာမွာေပါ့။


"အရိပ္...ထမင္းစားၿပီးရင္...အဖြားရဲ့အခန္းထဲကိုလာခဲ့..."


"အခုပဲၿပီးၿပီအဖြား...အခုပဲလိုက္ခဲ့မယ္.."


အဖြား‌ရဲ့စကားစမၫ့္အခ်ိန္ကိုေစာင့္ေနမိ၍ ခ်က္ခ်င္းပဲအေနာက္မွ ထရပ္လိုက္သည္။

အဖြား၏ဝွီးခ်ဲလ္ကိုအလိုက္သင့္ေလးတြန္းေပး၍ ထမင္းစားခန္းမွထြက္လာလိုက္သည္။

ကိုယ့္ကို စကားနာထိုးခဲ့သူေတြကိုေတာ့ ပံုရိပ္လွၫ့္ေတာင္မၾကၫ့္ခဲ့ေပ။


"အရိပ္...အခန္းတံခါးကိုပိတ္ၿပီး ဟိုခံုေပၚမွာသြားထိုင္..."


ပံုရိပ္လည္း အဖြားေျပာသၫ့္အတိုင္းအခန္းတံခါးကို ပိတ္ၿပီးအခန္းထဲတြင္ ခ်ထားေသာဆက္တီခံုေပၚတြင္ ၀င္ထိုင္လိုက္သည္။

အဖြားကေတာ့ ပံုရိပ္ႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ 

ဝွီးခ်ဲလ္ကိုရပ္လိုက္သည္။


"ခုဏက...ထမင္းဝိုင္းမွာ...ဘာလို႔သူတို႔ေျပာသမ်ွကို ခံမေျပာပဲၿငိမ္ခံေနခဲ့တာလဲ.."


အဖြားေဒၚရိပ္ညိုသည္ သူ၏မာထန္ေသာအသံအား အရိွန္မေလ်ွာ့ပဲပံုရိပ္ကိုေမးသည္။

ဝွီးခ်ဲလ္ေပၚမွာထိုင္ေနေပမဲ့ ေရာက္ခါစတည္းကသတိထားမိသည္မွာ အဖြားသည္အၿမဲတမ္းခါးကိုမတ္မတ္ထားၿပီး ထိုင္တတ္ေလသည္။နဖူးကိုအ‌ေျပာင္သိမ္းကာဆံပင္ကို ထိပ္တြင္ဆုထံုးထား၍ အဖြား၏မ်က္ႏွာသည္ေက်ာ့ရွင္းေနသည္။


"တကယ္ေတာ့ သမီးဒီကိုေရာက္လာရတာက အေဒါ့္ေယာက္်ားနဲ႔ျပႆနာျဖစ္လို႔ပါ...ဒီအိမ္ကေနထပ္ၿပီးထြက္သြားရရင္ သမီးမွာသြားဖို႔ေနရာမရိွေတာ့ဘူး...ဒါေၾကာင့္လူတိုင္းနဲ႔ျပႆမျဖစ္ခ်င္လို႔ သည္းခံေနတာပါ..

ေနာက္ၿပီး သူတို႔ကသမီးရဲ့အစ္မေတြ၊အေဒၚေတျြဖစ္ေနေတာ့ ျပန္ေျပာရင္ရိုင္းတယ္လို႔ထင္ၾကမွာမ်ိဳး မျဖစ္ေစခ်င္ဘူး...အရာရာကိုသည္းခံဖို႔သမီးစဉ္းစားထားပါတယ္..."


"မဟုတ္ေသးဘူးပံုရိပ္.. သည္းခံတယ္ဆိုတာပံုစံအမ်ိဳးမ်ိဳးရိွတယ္...ကိုယ့္အတြက္အက်ိဳးရိွတဲ့ကိစၥနဲ႔အက်ိဳးအျမတ္ရမဲ့ကိစၥကိုသည္းခံတာကကိစၥမရိွဘူး...ေနာက္ဆံုးမွာအျမတ္ရမွာကကိုယ္ပဲ...တမင္နစ္နာေစခ်င္လို႔ႏိွမ့္ခ်တာကိုေတာ့ သည္းခံစရာမလိုဘူး...သူတို႔ကအဖြားကလဲြၿပီး...က်န္တာကိုေၾကာက္ၾကတဲ့လူေတြမဟုတ္ဘူး...အခုအဘြားရိွေနလ်ွက္နဲ႔ေတာင္...ဒီလိုအႏိုင္က်င့္ခ်င္ရင္..အဖြားကြယ္ရာမွာ ဒီ့ထပ္ဆိုးလိမ့္မယ္...မင္းကအဖြားရဲ့ေျမး..သူတို႔ကလည္းအဖြားရဲ့ေျမးေတြေပမဲ့ သူတို႔မိဘရဲ့ေလာင္းရိပ္ေအာက္မွာ ဗီဇဆိုးေတြကပါလာခဲ့ေတာ့ အဖြားသြန္သင္လို႔မရေတာ့ဘူး...အရိပ္ကေတာ့မတူဘူး...

မွတ္ထား..ေနာက္တစ္ခါအက်ိဳးမရိွပဲဘယ္ေတာ့မွသည္းမခံနဲ႔...အရိပ္ဘက္ကေနေနရာတိုင္းလိုက္ၿပီး ကာကြယ္ေပးႏိုင္မွာမဟုတ္ဘူး..ကိုယ့္ကိုကိုယ္အားကိုး..မင္းရဲ့အေနာက္မွာ အဖြားရိွတယ္.."


"ဟုတ္ကဲ့...သမီးမွတ္ထားပါမယ္..."


"အင္း..ေနာက္ေန့ကစၿပီး..အရိပ္ကိုသင္ယူခိုင္းစရာေတြအမ်ားႀကီးရိွပါေသးတယ္...

ဒီေန့ေတာ့..သြားနားလိုက္အံုး..."


"ဟုတ္ကဲ့..."


အေပၚဆံုးအထပ္သို႔ အျမန္ေျပးတက္ခဲ့ၿပီး အခန္းတံခါးကိုဖြင့္ကာ အိပ္ယာေပၚသို႔လွဲခ်လိုက္မိသည္။

ဘယ္အရာကမွ လြယ္ကူမေနပါလား။သင္ယူစရာေတြအမ်ားႀကီး ရိွေသးသည္တဲ့။အဖြားကဘာေတြကို သင္ယူခိုင္းမွာမ်ားလဲ။

အေဖေျပာဖူးေသာ စကားေတြကိုေတာ့ပံုရိပ္မွတ္မိပါသည္။အဖြားကဟင္းခ်က္အရမ္းေကာင္းသည္တဲ့ေလ။ၿပီးေတာ့ ေဆာင္းတီးတာကိုဝါသနာပါသည္ဟု ေျပာခဲ့တယ္။

ပံုရိပ္၏ အခန္းထဲတြင္လည္း ေဆာင္းတစ္ခုကို အလွထားတာကို‌ေတြ့ရေလသည္။


"ဟူး...၀ကၤမ႓ာထဲကိုေရာက္လာရသလိုပဲ..."


အခုခ်ိန္မွာ ပံုရိပ္အလုပ္ခ်င္ဆံုးအရာကေတာ့ ေဒၚေလးတို႔၊ဆရာတို႔ဆီကိုဖုန္းဆက္ခ်င္တာပဲ။

အခုအခ်ိန္ေလာက္ဆို ေဒၚေလးတို႔ဘာလုပ္ေနၾက

မလဲ။အေတြးစေတြႏွင့္အတူ ရင္ေမာလ်ွက္ တံခါးကိုဖြင့္ၿပီး လသာေဆာင္ကိုထြက္လာမိေတာ့

ဟိုးအေဝးႀကီးမွာ အတန္းလိုက္ျဖစ္ေနေသာ ေတာင္တန္းေတြကို မိႈင္းမိႈင္းပ်ပ်ေတြ့ေနရေလသည္။

ၿပီးေတာ့ မီးေတြထိန္လင္းေနေသာကားလမ္းမႀကီးကိုပါလွမ္းျမင္ေနရသည္။


ဒီတစ္ညတာကုန္ဆံုးၿပီးလ်ွင္ ပံုရိပ္၏ဘ၀ဟည္ဘယ္လိုဘယ္ပံု ေမ်ာလြင့္ရအံုးမွာပါလဲ။

သန္းေခၚထက္ေတာ့ ညၪ့္မနက္ႏိုင္ေတာ့ေပ။


🌹🌹🌹🌹🌹🌹🌹🌹🌹🌹


ပံုရိပ္ရဲ့ ဘ၀ကအဖြားႀကီး‌နဲ႔ေတြ့မွ စၿပီးေျပာင္းလဲလာမွာပါ...

🔥ဆူးကြိုး...🔥အခန်း(၃၄)🔥 ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၄)🔥  ဒုတိယပိုင်း


ပုံရိပ်တို့ ရန်ကုန်မှစထွက်လာသောအချိန်သည် 

နေ့ခင်း၁၂နာရီလောက်ကဖြစ်ပြီး မန္တလးသို့၀င်သောအခါ ညနေစောင်း၍ နေတာင်၀င်နေလေပြီ။

မန္တလေး၏ လမ်းမများသည် ရန်ကုန်လောက်ကားမရှုပ်ပဲ ပို၍သန့်ရှင်းသည်ဟုခံစားရ။


ဆောင်ရာသီမကုန်သေးသောကြောင့် ညနေဆောင်း၏အအေးဓာတ်သည် ကားအတွင်းထဲသို့စိမ့်၀င်လာသည်။

ထို့ကြောင့် ဘေးတွင်ပါလာသောဒေါ်ခင်လှသည် ကားသမားဦးတင်စိန်ကို ကားမှန်တွေတင်ဖို့ရန်

ပြောလိုက်သည်။


အေးရင်အေးပါစေ ပုံရိပ်ကတော့ မန္တလေး၏ရသကို သေချာလေးခံစားကြည့်ချင်သည်။

ကုသိုလ်တော်ရှေ့မှာ ပန်းရောင်းသည့်သူငယ်ချင်း၏ရည်းစားကို ကူခိုးပေးရာမှ 

ကားစီးခဲ့ရသောဘ၀ကနေဆိုင်ကယ်ပြောင်းစီးခဲ့ရသော အဖေ့အဖြစ်ကို မြင်ယောင်ကြည့်မိသည်။ဖေဖေတို့မေမေတို့ နောက်ဆုံးထွက်သက်ဖြစ်ခဲ့သော နေရာကိုနောက်ဆုံးတော့ပုံရိပ်ရောက်လာခဲ့ပါပြီ။

သံ‌ယောဇဉ်အမျှင်တန်းတွေ နောက်မှာကျန်ခဲ့၍

ရင်တော့နာသည်။


ရုတ်တရက် ရေပြင်ပတ်လည်ဝိုင်းထားသောနေရာတွင် အုတ်တံတိုင်းကြီးကာထားသောကြောင့် ပုံရိပ်အံ့ဩစွာငေးကြည့်နေမိလေသည်။


"အန်တီဟိုဟာ...ဘာလို့ခေါ်လဲဟင်..."


"အော်...အဲ့ဒါကသီပေါမင်းနဲ့မင်းတုန်းမင်းတို့စံမြန်းခဲ့တဲ့နန်းတော်ရာလေ...ဘေးကပတ်လည်ဝိုင်းထားတာကို ကျုံးလို့ခေါ်တယ်...နန်းတော်ကိုကာထားတာကမြို့ရိုးလေကလေးရဲ့..တို့အခုရောက်နေတာကျုံးအရှေ့ပေါက်၁၉လမ်းဘက်ကိုရောက်နေတာ...

မကြာခင်...ပုသိမ်ကြီးမြို့ထဲကို၀င်တော့မယ်..."


"အော်....သမီးကစာထဲမှာဖတ်ရပေမဲ့အပြင်မှာတော့မမြင်ဖူးဘူး..."


အဖေကမန္တလေးသားစစ်စစ်ဖြစ်ပြီး ပုံရိပ်ကတော့အသက်၁၅နှစ်ကျော်မှသာမန္တလေးကို ရောက်ဖူးပါသတဲ့။

ပုံရိပ်မေးတာကတစ်ခွန်းတည်းပေမဲ့ ဘယ်နေရာရောက်နေလည်းပါ ပြောပြနေသော

အန်တီခင်လှကို သဘောကောင်းသူဟုသတ်မှတ်လိုက်မိသည်။အပြင်လူတွေနှင့် အဆက်အဆံသိပ်

မလုပ်တတ်၍ စကားဘယ်လိုစရမလဲမသိဖြစ်နေသောကြောင့်နှုတ်ဆိတ်နေမိသည်က အမှားတစ်ခုများဖြစ်နေပြီလား။


အမှန်ဆိုရင် အဖွားတို့အိမ်အကြောင်းတွေကိုသိသင့်သလောက်တော့ မေးထားသင့်သည်။

ပုံရိပ်မေးမလို့ ဟန်ပြင်လိုက်စဉ်တွင် ကားအရှေ့ဘက်အခြမ်းမှမြင်လိုက်ရသော စပါးပင်စိမ်းစိမ်းများကြောင့် မျက်လုံးလေးတွေပြူးကျယ်သွားရသည်။


"ဝါး...စပါးတွေစိုက်ထားတာပဲ...လယ်ကွင်းတွေက..ကြည့်လို့ကောင်းလိုက်တာ..."


ပုံရိပ်ဘက်အခြမ်းကမှန်ကိုချပြီး တိုးဝှေ့တိုက်ခတ်လာသည့် လေအေးအေးကိုခံယူ၍ နေလုံးနီနီ၏အရောင်အဝါဖြန့်ကျက်နေသော စပါးခင်းတွေကိုလိုက်ကြည့်နေမိသည်။


ပုံရိပ်ရဲ့အမေက ဧရာ၀တီတိုင်းသူဆိုတော့ရွာကိုပြန်တိုင်း လယ်ကွင်းစိမ်းစိမ်းတွေ၊ယာ၊ကိုင်းတွေကို တွေ့နေကြပေမဲ့ ငယ်ရွယ်စဉ်အချိန်ကဖြစ်၍ ဦးနှောက်အသိဉာဏ်ထဲတွင် အရာအားလုံးက

ခပ်ရေးရေးသာဖြစ်နေ‌တော့သည်။


ကားဘောင်ပေါ်သို့ မေးတင်၍ပုံရိပ်ငေးကြည့်နေမိသည်။ဒီလမ်းတစ်၀က်မှာတင် ဒီအချိန်အခိုက်အတန့်လေးကို ရပ်ထားလို့ရရင် ကောင်းမှာပဲဟုတွေးနေမိသည်။

လွတ်လပ်ပေါ့ပါးပြီး စိတ်ကြည်နူးမှုအပြည့်နဲ့အချိန်လေး။


"သမီးရေ...လေတွေအရမ်းအေးတယ်လေ..

ကားမှန်တွေကိုတင်ထားလိုက်ပါ...ပုသိမ်ကြီးမြို့ရဲ့ ဆောင်းကအအေးပိုတယ်ကွဲ့..."


"အန်တီ...ဒီဘက်မှာလယ်စိုက်ကြတာလား...

သမီးကမြို့ထင်လို့..."


"ဟား...ဟား.."


ပုံရိပ်ပြောလိုက်တော့ ရှေ့မှာကားမောင်းနေသော ဦးတင်စိန်ကအသံထွက်ကာရယ်လေသည်။

အန်တီခင်လှသည်လည်း ပုံရိပ်ကိုပြုံးပြ၍ ခေါင်းလေးပုတ်လိုက်သည်။ပုံရိပ်မှာသာ ခေါင်းကုတ်ပြီး အူကြောင်ကျားရုပ်ဖြစ်နေသည်။


"သမီးရယ်...ဒါလည်းမြို့ပဲလေ...ရွာမှမဟုတ်တာ...ဟိုမှာပုသိမ်ကြီးမြို့လို့ဆိုင်းဘုတ်ရေးထားတယ်လေ..."


ဟုတ်ပါရဲ့ ပုံရိပ်ကားပြူတင်းမှကြည့်လိုက်မိတော့ အနီရောင်ဆိုင်းဘုတ်ကြီးပေါ်တွင်ရွှေရောင်စာလုံးများဖြင့်"ပုသိမ်ကြီးမြို့လှိုက်လှဲစွာကြိုဆိုပါ၏..."

ဆိုသောစာလုံး‌တွေကိုတွေ့လိုက်ရသည်။

ဒါဆိုရင် ပုံရိပ်သည်မကြာခင် ခိုလှုံရတော့မည့်အဖွားဒေါ်ရိပ်ညို၏ ရင်ခွင်နှင့်တဖြည်းဖြည်း နီးစပ်လာပြီပေါ့။


"ဆန်စပါးစိုက်တာက တောရယ်၊မြို့ရယ်မဟုတ်ပါဘူးကွယ်...ကိုယ်ကျွမ်းကျင်ရာ..စိုက်ပျိုးကြတာပေါ့...အပင်စိုက်တာ၀ါသနာပါတဲ့လူကလည်း ပျိုးပင်တွေရောင်းသလို..မုန့်လုပ်ရောင်းတတ်သူကလည်း...သူတတ်မြောက်တာနဲ့လုပ်စားရတာပေါ့...

ဒီဘက်မှာလည်းရွာတွေရှိတာပဲ...လယ်လည်းစိုက်၊ခြံလည်းစိုက်ကြတာပေါ့...ခုနောက်ပိုင်း

..ဒီဘက်မှာလည်းကွန်ပျူတာသက်တန်းတို့

..ဘာတို့ရှိလာပါပြီကလေးရဲ့..."


"ဟုတ်ကဲ့ပါ..သမီးကခုမှရောက်ဖူးတော့ စပါးတွေစိုက်တာမြင်ရင်ကို တောရွာထင်နေတာ..."


"ဒီလိုပါပဲကွယ်...ဘယ်နေရာဖြစ်ဖြစ်စတည်ခါစကတော့ မြို့ကြီးမဟုတ်ပါဘူး...ရန်ကုန်မှာလည်းဒီလိုလယ်စိုက်တဲ့နေရာတွေရှိပါတယ်...အန်တီတစ်ခါကတိုက်ကြီးကို သွားတုန်းကဆိုရင်...အဲ့ဘက်မှာလယ်တွေစိုက်တာတွေ့ကြတာပဲ...တကယ်စည်တဲ့နေရာတွေသာ မစိုက်ကြတာပါ..."


"အန်တီ...ဟိုတောင်ကဘာတောင်လဲဟင်.."


"အဲ့ဒါကရန်ကင်းတောင်လေ..ငါးရံ့မင်းတောင်လို့လည်းခေါ်တယ်..တို့တွေအခုရောက်နေတာက မြို့လယ်လောက်လေ..

မကြာခင်...မိုးရိပ်ခြံကြီးကိုရောက်တော့မယ် ..

..."


"မိုးရိပ်ခြံ...ဟုတ်လားအန်တီ..ဦးမိုးရိပ်ဆိုတာသမီးရဲ့အဖေနာမည်ပါ..."


"ဟုတ်တယ်..သမီးလေးရဲ့..မေညိုကကိုမိုးရိပ်

ဆုံးတော့...ခြံနာမည်ကိုမိုးရိပ်ခြံလို့ပေးထားတာ......"


ပုံရိပ်သဘောပေါက်လိုက်လေပြီ။

အဖွားကအဖေ့ကို သိပ်ချစ်တာပါလား။

သားသမီးသုံးယောက်ရှိပါလျှက်နဲ့ ခြံနာမည်ကိုမိုးရိပ်ခြံဟု မှည့်ထားကတည်းက ပုံရိပ်အပေါ်တွင်လည်း မေတ္တာထားနိုင်ပြီး သဘောထားမသေးသိမ်မှာ ကြိုသိလိုက်ပါပြီ။


ဆရာရေ"ပုံရိပ်ကံကောင်းမှာပါလို့.."ဆရာနမိတ်ဖတ်လိုက်တာ တကယ်ကိုမှန်နေပြီထင်ပါရဲ့။


ရန်ကင်းတောင်ကြီးကို မော့ကြည့်လိုက်ပြီးနောက် တောင်ပေါ်တွင်ရှိသောဘုရားတဆူဆူကို ရည်စူး၍ အရာအားလုံးအဆင်ပြေဖို့ရန်ဆုတောင်းလိုက်မိသည်။


"ဟော..ဟိုမှာ..မိုးရိပ်ခြံကိုရောက်ပြီ... "


ပုံရိပ်လှမ်းကြည့်လိုက်တော့ ကျုံးအရှေ့ဘက်မှ

မြင်ခဲ့ရသောနန်းမြို့ရိုးနီးပါးလောက်မြင့်သည်ဟုထင်ရသည့် အုတ်တံတိုင်းကြီးကိုတွေ့လိုက်ရသည်။တံတိုင်းကြီးက အရမ်းမြင့်တာတောင်အုတ်တံတိုင်းကိုကျော်၍ အပင်တွေကြားမှ ထိုးထွက်နေသော တိုက်ကြီး၏ဦးပိုင်းကိုလှမ်း၍မြင်နေရလေသည်။


ခြံကြီးနှင့် တဖြည်းဖြည်းနီးကပ်လာသောအခါ တံတိုင်းပေါ်တွင်စတုရန်းပုံသဏ္ဍန်ဝိုက်၍ ခပ်မြင့်မြင့်ထွင်းထားသောမိုးရိပ်ဆိုသော စာလုံးကြီးကို

မြင်လိုက်ရကာ ၀မ်းနည်းမှုတွေ လှိုက်တက်လာသည်။

မိသားစုနဲ့ ဆယ်စုနှစ်ကျော်လောက်ဝေးခဲ့ရတဲ့ဖေဖေသာ သူ့နာမည်ကိုဒီခြံကြီးရှေ့မှာ ကမ္မည်းထိုးထားမှန်းသိရင် ဘယ်လိုနေလိမ့်မလဲ။တကယ်တော့ ဖေဖေကလည်းမိဘတွေမကြိုက်သော လုပ်ရပ်ကိုလုပ်ခဲ့၍မှန်ကန်သည်ဟု ပုံရိပ်မထောက်ခံနိုင်ပေ။


"ပွန်...ပွန်...."


ဦးတင်စိန်က ကားဟွန်းကို‌နှစ်ချက်လောက်တီးလိုက်တော့ တံခါးကြီးသည်လာဖွင့်သူမရှိပဲသူ့အလိုလို ပွင့်သွားခဲ့သည်။ရန်ကုန်မှာနေလာခဲ့တာကြာပေမဲ့ ဒီလိုတံခါးမျိုးကို ပုံရိပ်အခုမှမြင်ဖူးတာပါ။ကားတံခါးပွင့်သွားသည်နှင့် ခြံထဲသို့မောင်း၀င်လိုက်ရာ ကြီးမာခမ်းနားသော အဖြူရောင်သုံးထပ်ဆောင်ကြီးကို အထင်းသားတွေ့လိုက်ရသည်။


ဒီခြံကြီးကပေဘယ်လောက်ကျယ်သလဲမသိပေမဲ့

ပုံရိပ်တို့ငှားနေခဲ့သော လုံးချင်းအိမ်လေးသုံး၊လေးလုံးရှိသာ ခြံထက်အဆတစ်ရာလောက်ကျယ်လေသည်။ဒီရပ်ကွက်ထဲတွင်လည်း ဒီခြံအကျယ်ဆုံးဖြစ်နိုင်သည်။ယမင်းပြောခဲ့သောစကားတွေကိုပြန်ကြားယောင်မိတော့ ပိုတယ်ဟုထင်ခဲ့မိတာမှားသွားခဲ့လေသည်။


အရှေ့ပိုင်းမှကြည့်ပါက အဆောင်ကြီး၏မျက်နှစာတွေသည် တြိဂံပုံသဏ္ဍန်ချွန်ချွန်များဖြစ်ကြပြီး လသာဆောင်များစွာနှင့် တံခါးချပ်အကျယ်ကြီးများကို တပ်ထားလေသည်။ထိပ်ဦး‌ချွန်ပိုင်းတိုင်းသည် ကနုတ်ပန်းများထွင်းထား၍ နန်းတော်များသဖွယ်ခံစားမိစေသည်။


ခြံပတ်ပတ်လည်တွင်လည်း မြက်ခင်းကြီးကပြန့်ပြူးနေ၍ ဘောလုံးကန်တာဝါသနာပါသောထွန်းကိုအား သွား၍သတိရမိသည်။

မီးညွှန့်ပုံစံ၊တြိဂံပုံစံနှင့်၀င်္ကမ္ဘာပုံစံညှပ်၍ပုံဖော်ထားသော သစ်ပင်အစုလေးများကို လှလိုက်တာဟုရေရွှတ်မိသည်။


အိမ်ကြီးကိုမြင်တာနှင့်ပင် ကိုယ့်ကိုကိုယ်သိမ်ငယ်သွားမိသည်။အဒေါ်တို့ကိုတော့ တိုက်ခန်းကျဉ်းလေးထဲမှာထားခဲ့ပြီး ပုံရိပ်ကဒီလိုအိမ်ကြီးထဲမှာ ချမ်းသာသော အဘွား၏မြေးလာလုပ်ရမှာကို စိတ်မလုံချင်တော့ပေ။


"သမီးလေး...ဆင်းလေ...."


"ပိစိမရေ...ပစ္စည်းလေးတွေလာသယ်ပေးပါအုံး..

ကိုတင်စိန်...ဒီစက်ဘီးလေးကိုချပေးပါလား..."


အန်တီလှခင်စီစဉ်နေသည်များကို ပုံရိပ်မျက်စိ

မရောက်ပဲ အိမ်ကြီးကိုသာဝိုင်းကြီးပတ်ပတ်တူ

ဝေဝေကစားလို တစ်ပတ်လှည့်ကြည့်နေမိသည်။


"ခစ်...ခစ်...."


"ဟဲ့...ပိစိမ..ဘာရယ်နေတာတုန်း...လုပ်စရာရှိတာလာမလုပ်ဘူး..."


"ဟုတ်ပါဘူး...သူကခန္တာကိုယ်တစ်ပတ်လှည့်ပြီးလိုက်ကြည့်နေတာ ရယ်စရာကောင်းလို့ပါ..."


"အံမယ်..ဘာသူလည်း...ဒါမေညို့ရဲ့မြေးဟဲ့...

စကားကိုကြည့်ပြောနော်..."


"ဟုတ်လား...သမီးမှမသိပဲလို့...ကန်တော့နော်မမ..."


ပုံရိပ်ကို လက်အုပ်ကလေးချီ၍တောင်းပန်နေသော ပိစိမဆိုသူကို ပြုံးပြပြီးခေါင်းခါပြလိုက်သည်။

နာမည်ကသာ ပိစိမပေမဲ့ လူကောင်ကပုံရိပ်၏

နှစ်ကိုယ်စာလောက်ရှိသည်။ဘာကြောင့် ဒီနာမည်ကိုမှည့်သလဲ နားမလည်နိုင်ပေ။သို့ပေမဲ့ ပုံရိပ်ထက်တော့ငယ်ပုံရသည်။စကားပြောတာလေးကလည်း ချစ်ဖို့ကောင်းသည်။


"သမီးလေး...စက်ဘီးကိုဒီနေရာမှာထားလိုက်မယ်နော်..."


"ဟုတ်ကဲ့..."


ဒေါ်ခင်လှသည် တစ်ချိန်လုံး ‌ပုံရိပ်ကိုသမီးလေးဟုနူးနူးညံ့ညံ့ခေါ်တတ်သည်။နား၀င်ချိုလွန်းပေမဲ့ တမင်ဖားချင်လို့လား စိတ်ရင်းနဲ့လားဆိုတာကိုတော့ ပုံရိပ်မဝေခွဲတတ်ပေ။အချိန်ကဆုံးဖြတ်သွားပါလိမ့်မယ်။


"လာ..အန်တီ့နောက်ကို လိုက်ခဲ့..မေညိုကမှာထားပြီးသား..သမီးလေးလာရင်သူ့အခန်းထဲကို တန်းပြီးခေါ်ခဲ့ပါတဲ့..."


"ဟုတ်ကဲ့..."


ဒီအိမ်ကိုရောက်တည်းက ဟုတ်ကဲ့တစ်လုံးနှင့်သာအလုပ်ဖြစ်နေသည်။အိမ်ကြီးထဲသို့ စ၀င်လိုက်သောအခါ အိမ်‌စီးဖိနပ်ကိုချပေးလာ၍ စီးလိုက်ရသေးသည်။သူတို့ပေးသော အိမ်စီးဖိနပ်က ပုံရိပ်စီးလာခဲ့သော ဖိနပ်ထက်တောင်သစ်နေသေးသည်။

ဂါ၀န်ခါးစည်းပန်းရောင်အသစ်ကလေးကို ၀တ်ထားသည်မို့ ပိစိမဆိုသူထက်တော့ သားနားသေးသည်ဟုဆိုရမည်။


အိမ်ထဲသို့ ၀င်လိုက်သည်နှင့် မွှေးပျံ့သောရနံ့ကိုစတင်၍ရသည်။ပြောင်လတ်နေသော ကြမ်းခင်းတစ်ခုစီကို ကြည့်လိုက်သည်နှင့်အိမ်ရှင်တွေဟာ ဘယ်ဘောင်စည်းကမ်းကြီးပြီး အလုပ်သမားများက အင်အားအပြည့်တိုက်ချွတ်ထားမှန်းသိသာပါသည်။အိမ်ရှေ့မှ ဧည့်ခန်းဆီသို့ဖြတ်လျှောက်မိသောအခါ အကာအကွယ်မရှိသောအခန်းတစ်ခုထဲတွင် စားပွဲအရှည်တစ်ခု‌နှင့်ဆက်တီတွေကို တွေ့လိုက်ရသည်။


"အန်တီ...ဒါတွေကဘာသားနဲ့လုပ်ထားတာလဲဟင်...

အရောင်တွေစိုနေတာပဲ...ဘယ်လောက်ပေးရလဲသိလား..."


"အဲ့ဒါတွေလား...အဲ့ဒါကျွန်းဆက်တီတွေလေ...

အရင်ကတော့မိသားစုတွေ စုဝေးပြီးတီဗွီကြည့်၊စကားစမြည်ပြောတဲ့နေရာပေါ့...အခုတော့မမကြီး‌ မေဦးရဲ့သားတစ်ယောက်ပဲ သူ့သူငယ်ချင်းတွေကိုခေါ်လာပြီး ဂိမ်းဆော့တဲ့အခန်းဖြစ်သွားပါပြီ....

တန်ဖိုးကတော့ သိန်းသုံးဆယ်ကျော်တယ်ကွဲ့...

အန်တီလှခင်ပဲ မမတင့်နဲ့အတူသွား၀ယ်ထားတာလေ..."


"အော်...အဟင်း!!!!:...."


ပုံရိပ်အလုပ်လုပ်နိုင်တဲ့အချိန်ရောက်လို့ ငွေ၀င်ရင်ဒေါ်လေးတို့ကို ဒါမျိုးလေးလက်ဆောင်၀ယ်ပေးမည်ဟု တွေးမိကာမှသိန်းသုံးဆယ်ဆိုတော့ လည်ပင်းတောင်နင်သွားရသည်။ထို့ကြောင့် ဟန်လုပ်ကာချောင်းတစ်ချက် ဟန့်လိုက်ရပါသည်။


"ဟင်...ဒီမှာလည်း တစ်ခန်းရှိသေးတာလား..."


"ဟုတ်တယ်..ဒါကဧည့်ခန်းလေ...အပေါ်ထပ်ကိုတပ်မဲ့လှေခါးနောက်ဘက်မှာလည်း အခန်းတွေအများကြီးရှိသေးတယ်...သုံးထပ်လုံးမှာ ဧည့်ခန်း၊ဘုရားခန်းနဲ့အိပ်ခန့်တွေသီးသန့်ရှိတယ်လေ...

မမကြီးမေဦးတို့ကတော့ အလယ်ထပ်မှာနေတယ်...သူ့သားတွေသမီးတွေကတော့ အပေါ်ဆုံးအထပ်မှာနေရတယ်လေ..."


"ဒါဆိုပုံရိပ်ကရော..."


"အပေါ်ဆုံးအထပ်မှာပဲ နေရမှာပဲ..."


သေပါပြီ။ရန်ကုန်မှာလို သုံးထပ်တိုက်ကခေါင်နိမ့်တွေမဟုတ်ပဲ ခေါင်အမြင့်ကြီးတွေဆိုတော့ အပေါ်ဆုံးအထပ်ကိုရောက်တာနဲ့ကို အသက်ထွက်နေမှာပဲ။စောစောစီးစီး သက်ပြင်းကြိုချထားလိုက်မိသည်။


"ဓာတ်လှေကားလေး...ဘာလေးမရှိဘူးလား..."


ချမ်းသာတဲ့အိမ်ဆိုတော့ သက်သာလိုသာသာငြား အထွန့်တက်မိလေသည်။‌မေးလိုက်လည်း အချည်းနှီးပါပဲ အန်တီခင်လှကခေါင်းခါပြနေ၍ဖြစ်သည်။


"အန်တီလည်း သေချာမသိပေမဲ့ဆရာကြီးရှိစဉ်က ကျန်မာရေးနဲ့ညီညွှတ်အောင်ဆိုပြီး လှေကားများများနဲ့ မြင့်မြင့်ဆောက်ထားတာလို့ဆိုတယ်..."


*အော်..ဒါကြောင့်အဖိုးနဲ့အဖေကမတည့်တာကို..

အခုနေများအဖိုးရှိနေသေးရင် ပုံရိပ်နဲ့လည်းတည့်မည်မထင်ဘူး*


စိတ်ထဲမှာ မှတ်ချပေးလိုက်မိလေသည်။လှေကားကြီး၏ အနောက်ဘက်အခြမ်းသို့ တော်တော်လေး၀င်လိုက်တော့မှ အဖွားနေသောအခန်းကိုရောက်လေသည်။ဒီအိမ်ကလူတွေက ကျွန်းသစ်ကိုတော်တော်လေး မက်မက်စပ်စပ်ရှိကြသည်ထင်ပါရဲ့။အိမ်တံခါးတွေအကုန်လုံးက ကျွန်းတံခါးတွေဖြစ်ပြီး လှေကားတွေနှင့်ဧည့်ခန်းထဲမှ ဆင်ရုပ်တွေထွင်းထားသော ဆက်တီကြီးတွေကအစကျွန်းမှန်းသိသာသည်။


လျှောက်လာခဲ့တဲ့ တစ်လမ်းလုံးမှာလည်းသိန်းငှက်၊ဒေါင်း၊ယမင်းရုပ်၊ကိန္နရီ၊ကိန္နရာပန်းပုရုပ်တွေကို အလှချထားလိုက်တာလည်း ပန်းပုဆိုင်ရောက်သွားသလိုပင်။ပန်းချီကားချပ်များကလည်း ရင်သပ်ရှုမောဖွယ်အပြည့်ဖြစ်နေသည်။

ကိုယ်ကလည်း ပန်းချီကိုစိတ်၀င်စားသူမို့ အနုပညာလက်ရာတိုင်းကို နှစ်သက်ပါသည်။


"ဒေါက်...ဒေါက်..."


"မေညို....ပုံရိပ်ကိုခေါ်လာပါပြီ..."


"အေး...၀င်လာခဲ့..."


အဖွား၏တံခါးသည် အမြဲဂျက်မချပဲစေ့ရုံသာစေ့ထားပုံရလေသည်။အန်တီလှခင်က တံခါးကိုအသာလေးတွန်းဖွင့်၍ အခန်းထဲသို့၀င်သွားခဲ့သည်။

ပုံရိပ်မှာသာ ချက်ချင်းခြေဖျား၊လက်ဖျားများအေးစက်လာ၍အခန်းထဲသို့ ခြေမလှမ်းရဲသေးပေ။


"သမီးလေး...လာလေ...ဒီမှာသမီးအဖွားရှိတယ်..."


တံခါးအပေါက်၀သို့ မျက်နှာမူ၍အန်တီလှခင်

ခေါ်နေသည်ကို ကြားပေမဲ့ရင်ထဲမှာ စိုးထိတ်နေမိသည်။အဖေတဖွဖွပြောသောအဖွားဖြစ်သူကို တော့ရတော့မည်ဖြစ်၍ရင်တုန်နေတာကို လုံး၀ဖျောက်၍မရပေ။


"လှခင်....ယဉ်တင့်ကိုသာဖုန်းဆက်ပြီးလှမ်းခေါ်လိုက်ပါ....ငါ့မြေးနဲ့ငါအေးဆေးစကားပြောချင်တယ်..."


"ဟုတ်ကဲ့ပါမေညို..."


"သမီးလေး..၀င်သွားလေ.."


အခန်းထဲမှ ဩဇာရှိသောမိန်းမကြီး၏အသံဩဩကြီးကြောင့် ပို၍စိတ်လှုပ်ရှားသွားမိသည်။

အသံကြားတာနဲ့ လန့်ဖျားဖျားလောက်ပါရဲ့။

အန်တီလှခင်ကလည်း ပုံရိပ်၏ဘေးနားမှဖြတ်သွားစဉ်တွင် လှေသံတိုးတိုးနှင့် အခန်းထဲသို့၀င်ရန်ပြောသွား၍ လက်သီးကိုဆုပ်ပြီ၀င်လိုက်ပါသည်။

ဘ၀မှာ စိတ်အလှုပ်ရှားဆုံးအချိန်ပါပဲ။


"တံခါးပိတ်ထားလိုက်ပါ...အရိပ်..."


နာမည်ကို အကုန်မခေါ်ပဲ အားပါပါနှင့်အရိပ်လို့ခေါ်လိုက်သော အဖွားကိုပုံရိပ်ပြုံး၍ပြရမည်ကိုတောင် မေ့လျှော့နေခဲ့ပါသည်။ဝှီးချဲပေါ်မှာထိုင်နေရပြီး

ဘီးလေးကိုလက်ဖြင့်လှိမ့်ကာ ပုံရိပ်ရပ်နေသောနေရာသို့ လာနေသောအဖွားသည် ပုံရိပ်သိပ်ကိုတွေ့ချင်နေမိသော အဖွားဒေါ်ရိပ်ညိုဖြစ်သည်။

ဘာကြောင့်မှန်းမသိ ခမ်းနားသောအိမ်ကြီးထဲတွင်နေရသော ဝှီးချဲပေါ်ကအဖွားကိုသနားနေမိသည်။


"အရိပ်...အဖွားရဲ့အရိပ်ကလေး..."


"ဟင်...."


ပုံရိပ်၏လက်ကို လာထွေးဆုပ်၍ အသံမာမာကြီးတွေ တုန်ယင်လျှက်‌စိတ်ထိန်းထားသောအဖွားကို

ပုံရိပ်ငုံ့၍ကြည့်လိုက်မိသည်။အဖွားမျက်ရည်မကျပေမဲ့ ရင်ထဲမှာငိုနေပြီဆိုတာကိုသိသည်။

ပုံရိပ်လည်း ထိုကဲ့သို့ငိုခဲ့တာ အကြိမ်ပေါင်းမနည်းတော့ပြီ။


"ထိုင်ပါအုံးကွယ်...အရိပ်ကလူကောင်ကြီးလာတော့အဖွားကမော့ကြည့်နေရတယ်...."


အမှန်တော့အဖွား၏ခြေဆစ်လက်ဆစ်တွေကိုကြည့်တာနှင့် ပုံရိပ်ထက်အရပ်ရှည်မှန်းသိသာသည်။ဒါပေမဲ့ အဖွားကဝှီးချဲပေါ်မှာဖြစ်နေသည်။

ကြမ်းပြင်ပေါ်သို့ ဒူးထောက်၍ထိုင်ချလိုက်ပြီး အဖွား၏ပေါ်ပေါ်သို့ လက်တွေကိုယှက်တင်ထားလိုက်သည်။


ပုံရိပ်၏ ပါးပြင်ကိုဖွဖွပွတ်သပ်လိုက်သော ကြမ်းရှရှလက်ဖဝါးများသည် ဇရာထောင်း၍တွန့်ကြုံ့နေသည်။ဘယ်လောက်ပဲ သန်မာရဲရင့်သော မိန်းမတစ်ယောက်ဖြစ်ပါစေ အသက်၇၀ဆိုသော အရွယ်သည်ပါးရည်တွန့်၍သနားစဖွယ်ကောင်းကောင်းနေသည်။

အကြည့်တွေကအစ အားကိုးလိုသောအဓိပ္ပာယ်တို့ ပါ၀င်နေသည်။


"အရိပ်ရဲ့ မျက်၀န်းလေးတွေက...အဘွားနဲ့တူတာထက်..အရိပ်ရဲ့အဖိုးကိုမိုးမင်းနဲ့ပိုတူတာ..ဟုတ်ပါတယ်...ကိုမိုးမင်းရဲ့မျက်၀န်းတွေ...ကြည်တောက်ပြီး...စူးနင့်မှုအပြည့်နဲ့မျက်၀န်းလေးတွေ...

အဖွားနဲ့ကနဲနဲပဲဆင်တာ...."


"အဖေကတော့ အဖိုးနဲ့မတည့်ဘူးတဲ့...."


"အဟင်း...မတည့်လို့အဖေနဲ့တူတဲ့ကလေးကိုမွေးထားတာနေမှာပေါ့..."


ရယ်ရိပ်မြူး၍ ပြောနေသောအဖွားသည် မျက်၀န်းတွေကတော့ ၀မ်းနည်းနေသလိုဖြစ်နေသည်။ပုံရိပ်ကိုမြင်တော့ အတိတ်ကိုအမှတ်ရသွားတယ်ထင်ပါရဲ့။


"တကယ်တော့အဖေ့ကိုအမြင်မကြည်တာထက်...အမေဒေါ်မေသန့်ကိုအမြင်မကြည်တာမဟုတ်လားအဖွား.....အမေ့သွေးဖြစ်တဲ့ပုံရိပ်ကိုရောအမြင်ကြည်နိုင်ပါ့မလား..."


အမေ့အတွက်ခံပြင်းပြီး ကိုယ်စားပြောလိုက်မိသည်။အမေ့အပေါ်မှာ အမြင်မကြည်တာလေးတစ်ခုအတွက်နဲ့ သားဖြစ်သူကိုပါမခေါ်နိုင်မပြောနိုင်တော့တာကိုတော့ ဘ၀င်မကြမိပေ။

အဖွားဘက်ကနေ ဖြေရှင်းချက်လေးတစ်ခုခုကိုတော့ ကြားချင်မိပါသည်။


"ဒီရပ်ကွက်တင်မကဘူး...ဒီပုသိမ်ကြီးတစ်မြို့လုံးမှာ...အဖွားတို့မိသားစုရဲ့အရှိန်အဝါကအကြီးဆုံးပဲ...မျိုးရိုးစဉ်ဆက်မှာ ပညာရေးနိမ့်ပါးတဲ့လူ...

ဆင်းရဲမွဲတေလွန်းတဲ့လူတစ်ယောက်မှ မရှိခဲ့ဖူးဘူး...ဆင်းရဲတာကအဓိကပြဿနာမဟုတ်ဘူး...

ပညာဂုဏ်ကိုမက်တဲ့ မိသားစုမှာသုံးတန်းအောင်ပဲရှိတဲ့ ချွေးမတစ်ယောက်က...ခန်းနားထည်ဝါတဲ့မြို့ရိုးဘေးကမြက်တစ်ပင်ပဲ..."


"ပြောရက်လိုက်တာအဖွားရယ်...အဲ့ဒါကသမီးရဲ့

အမေပါ...ဘာလို့ဒီလိုနှိုင်းရက်ရတာလည်း....

ပညာတတ်တိုင်း...ရာထူးကြီးတိုင်းလည်း...

စိတ်ဓာတ်မွန်မြတ်နေတာမှမဟုတ်တာ...လူတိုင်းမှာကောင်းကွက်၊ဆိုးကွက်ဆိုတာရှိတာပဲ...ကိုယ့်နေရာမှာသူမလုပ်နိုင်တဲ့အရာတွေရှိသလို...သူ့နေရာမှာကိုယ်မလုပ်နိုင်တဲ့အရာတွေလည်းအများကြီးမှာ...

ဘာလို့များ ဖြည့်မတွေးပေးနိုင်ရတာလဲ...."


"အခုဖြည့်တွေးပေးနိုင်လို့...အရိပ်ကိုအဖွားရဲ့အနားမှာလာနေခိုင်းတာပေါ့...အရိပ်ပြောတာမှန်တယ်...

ပညာတတ်တိုင်း...ရာထူးကြီးတိုင်းလည်း...

စိတ်ဓာတ်မွန်မြတ်နေတာမဟုတ်ဘူး...ဒါပေမဲ့အရိပ်ကတော့ အရိပ်ရဲ့အမေလိုမဖြစ်ရဘူး...

အဖွားကအရိပ်ကိုမြေတောင်မြှောက်ပေးမယ်...

အရိပ်ဘယ်လောက်အထိ မြင့်မြင့်ပျံနိုင်မလဲ...

အဖွားကလေထီးဆင်ပေးမယ်...ဒါပေမဲ့အဖွားရဲ့အနားကနေတော့ထွက်မသွားရဘူး..."


အဖွား၏မျက်၀န်းတွေမှာ မျက်ရည်တွေဝဲလာခဲ့သည်။ပုံရိပ်ခံစားမိပါတယ်။အခန်းအကျယ်ကြီးထဲမှာ တစ်ယောက်တည်းနေနေရတဲ့အဖွားက အနားမှာပြုစုဖို့ သွေးသားရင်းချာတစ်ယောက်မှရှိမနေတည်းက တိုးတိုးဖော်လိုအပ်နေမှန်းပုံရိပ်ခံစားမိသည်။

ဒါပေမဲ့ အဖွားရဲ့မျက်နှာမှာ ပေါ်လွှင်နေတဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုရှိနေသည်။

အဲ့ဒါဘာလဲဆိုတာကိုတော့ ပုံဖော်၍မရပေ။


"မေညို....သမီးတို့ပြန်လာပါပြီ...အမေ့သားလည်းပါလာတယ်..."


"တင့်တင့်လား...၀င်ခဲ့ပါ..."


ပုံရိပ်၏လက်ကလေးကို ဆုပ်ကိုင်ထားရာမှ လွှတ်လိုက်ပြီးတံခါး၀ဘက်သို့မျက်နှာမူလိုက်တော့ ဒေါ်ယဉ်တင့်နှင့် ဦးလေးကြီးတစ်ယောက်သည် ယှဉ်တွဲ၍၀င်လာခဲ့လေသည်။ထိုဦးလေးကြီးသည် ရွှေရောင်ကိုင်းနဲ့မျက်မှန်ကိုတပ်ထားလေသည်။

ပုံရိပ်၏စိတ်ထဲတွင် ရင်းနှီးသလိုခံစားရ၍ သေချာစိုက်ကြည့်နေမိစဉ်တွင် ထိုဦးလေးကြီးကလည်း

ပုံရိပ်ကိုပဲ စိုက်ကြည့်လျှက် အရှေ့မှာလာရပ်သည်။


"ဘာကြောင့်ဒီလောက်စိုက်ကြည့်နေတာလည်းကွ...

ဦးလေးက တစ်ယောက်ယောက်နဲ့တူနေလို့လား...."


"ဟုတ်တယ်...ဦးလေးကတစ်ယောက်ယောက်နဲ့တူနေတယ်...ဘယ်သူနဲ့လဲဆိုတာစဉ်းစားနေတာ..."


"အဟင်း...စဉ်းစားမနေနဲ့...ဦးလေးရဲ့နာမည်က

ဦးမင်းခန့်..ပုံရိပ်ရဲ့အဖေနဲ့ညီအစ်ကိုအရင်းတော်တယ်ဗျာ..."


"ဟင်...ဒါဆို...သမီးနဲ့...."


"ဦးလေးတော်တာပေါ့ပုံရိပ်ရဲ့..."


အန်တီယဉ်တင့်က၀င်ပြောတော့ ဦးလေးဦးမင်းခန့်က အားရ၀မ်းသာပြုံးလိုက်လေသည်။

မသိရင် မိတ်ဟောင်း၊ဆွေဟောင်းတွေပြန်တွေ့နေသလိုပါပဲ။


"ငါ့သားကိုခန့် အားရ၀မ်းသာနဲ့ ရယ်နေတာကို ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."


"ကျွန်တော့်ညီရဲ့ကိုယ်ပွားလေး‌လေအမေရာ...

ကျွန်တော်သိပ်ပျော်တာပေါ့...ဂျူတီချိန်းပြီးတော့ကိုပြန်လာခဲ့တာ...ကြည့်ပါအုံးအမေ...ကလေးရဲ့မျက်လုံးတွေကအမေနဲ့တူသလိုထင်ရပေမဲ့ အဖေ့လိုမျက်၀န်းမျိုးတွေ....ရုပ်ကမိုးရိပ်နဲ့လည်းမျက်နှာ‌ ပေါက်တော်တော်ဆင်တာ...ဟား...ဟား...တော်ကြာမိုးရိပ်လို ရှေ့နေဖြစ်ချင်တယ်လို့ပြောလာနေအုံးမယ်..."


"ရှေ့နေတော့မလုပ်ရပါဘူး...ငါ့မြေးကစီးပွားရေးလုပ်ငန်းရှင်ကြီးလုပ်ရမှာ...နင်စိတ်မ၀င်စားတဲ့ငါ့လုပ်ငန်းတွေကို ဦးစီးခိုင်းမှာ..."


"ကြည့်လည်းလုပ်ပါအုံး...အမေ့ပုံစံအတိုင်းရိုက်သွင်းလို့ ကလေးရူးသွားပါအုံးမယ်...ဒီတစ်ခါတော့ကျွန်တော့်တူမဘက်ကပဲပါရတော့မှာနော်...

ညီ့အလှည့်တုန်းကတော့...ကျွန်တော်လည်းဆရာ၀န်ပေါက်စဆိုတော့ အဖေ့ကိုမတွန်းလှန်နိုင်ဘူး...

အခုတော့မရတော့ဘူးနော်..."


"...အ‌မယ်လေး...အခုတည်းကမအေကိုပုန်ကန်နေပြီ...မအေနားကိုတော့ အလုပ်အကြောင်းပြပြီး...

နှစ်ရက်မှတစ်ခါလာတွေ့တဲ့ကောင်က တူမကိုတော့ချစ်ပြနေလိုက်တာ...သူမွေးထားတာကျနေတာပဲ..."


"ကျွန်တော့်ညီကမွေးထားတာ ကျွန်တော့်သမီးပဲပေါ့...ကလေးကခရီးပန်းလာတာ...အချိန်လည်းကြည့်အုံးအမေရေ...ထမင်းစားချိန်ရောက်တော့မယ်...ရေချိုးပြီး...တမှေးအိပ်ခွင့်ပေးလိုက်အုံး...

ထမင်းစားပွဲမှာ...အမေ့သမီးရဲ့စပ်စုနှုန်းကိုခံနိုင်ရည်ရှိအောင်လို့..."


"အေး...အေး...အပေါ်ဆုံးအထပ်က...

ဆောင်းအသစ်ထည့်ထားတဲ့အခန်းကို ခေါ်သွားပြီးနားခိုင်းလိုက်...."


"ဒါဆိုသွားပြီ...အမေရေ..."


"သွားပြီနော်အဖွား..."


"အင်းပါအရိပ်ရယ်...သေချာလေးနားလိုက်နော်...."


"ဟုတ်ကဲ့...."


တူမကိုပခုံးဖက်၍ထွက်သွားသော ထောင်ထောင်မောင်းမောင်းနှင့် ခင်ပွန်းသည်ကိုကြည့်ပြီး ယဉ်တင့်ကတော့ပြုံး၍နေလေသည်။

သားသမီးမရှိတော့ တူတွေ၊တူမတွေကိုသိပ်ချစ်ရှာသည့်လူကြီးပါလေ။


"ယဉ်တင့်...အခုကစပြီး...အရိပ်ကနင့်သမီးဖြစ်သွားပြီနော်...အရိပ်ကိုနင်စောင့်ရှောက်ရမယ်..."


"အမေ...တကယ်ပြောနေတာလား..."


"ခုနကမင်းခန့်ရဲ့အပြုံးကိုတွေ့လား...သူတို့ညီအစ်ကိုချင်းကသိပ်ချစ်ကြတော့ သူ့တူမကိုလည်းသဲသဲလှုပ်ပဲ...ငါကအရိပ်ရဲ့ဘေးနားမှာ

အမြဲလိုက်ကြည့်ပြီး ထိန်းမတ်မပေးနိုင်ဘူး...

သူ့ကိုနင့်လက်ထဲအပ်လိုက်ပြီ...နင်ကအရိပ်ရဲ့အုပ်ထိန်းသူပဲ..."


"ရှင်...."


အမေဘာသဘောနဲ့ ပြောသလဲမသိပေမဲ့ ဒီကလေးကို တင့်တင့်လည်းသနားပါသည်။စစမြင်မြင်ချင်းတည်းက သံယောဇဉ်ဖြစ်မိပြီးသားကိုမှ

အမေက အခွင့်အရေးအပြည့်အ၀ပေးလိုက်တော့ 

၀မ်းမလွယ်သမီးလေးကို ချစ်ရပေတော့မည်။

သားသမီးမရှိသောဘ၀မှာ သမီးလေးတစ်ယောက်ကောက်ရသည်ပေါ့။


🔥🔥🔥🔥🔥🔥


"ပုံရိပ်ရဲ့ ဘ၀လေးကောင်းစားတော့မှာလား..."

အဖွားကြီးကတော့ သူ့နေရာကိုတောင် ဆက်ခံစေချင်တာတဲ့နော်...."



=======================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၄)🔥  ဒုတိယပိုင္း


ပံုရိပ္တို႔ ရန္ကုန္မွစထြက္လာေသာအခ်ိန္သည္ 

ေန့ခင္း၁၂နာရီေလာက္ကျဖစ္ၿပီး မႏၲလးသို႔၀င္ေသာအခါ ညေနေစာင္း၍ ေနတာင္၀င္ေနေလၿပီ။

မႏၲေလး၏ လမ္းမမ်ားသည္ ရန္ကုန္ေလာက္ကားမရႈပ္ပဲ ပို၍သန႔္ရွင္းသည္ဟုခံစားရ။


ေဆာင္ရာသီမကုန္ေသးေသာေၾကာင့္ ညေနေဆာင္း၏အေအးဓာတ္သည္ ကားအတြင္းထဲသို႔စိမ့္၀င္လာသည္။

ထို႔ေၾကာင့္ ေဘးတြင္ပါလာေသာေဒၚခင္လွသည္ ကားသမားဦးတင္စိန္ကို ကားမွန္ေတြတင္ဖို႔ရန္

ေျပာလိုက္သည္။


ေအးရင္ေအးပါေစ ပံုရိပ္ကေတာ့ မႏၲေလး၏ရသကို ေသခ်ာေလးခံစားၾကၫ့္ခ်င္သည္။

ကုသိုလ္ေတာ္ေရ႔ွမွာ ပန္းေရာင္းသၫ့္သူငယ္ခ်င္း၏ရည္းစားကို ကူခိုးေပးရာမွ 

ကားစီးခဲ့ရေသာဘ၀ကေနဆိုင္ကယ္ေျပာင္းစီးခဲ့ရေသာ အေဖ့အျဖစ္ကို ျမင္ေယာင္ၾကၫ့္မိသည္။ေဖေဖတို႔ေမေမတို႔ ေနာက္ဆံုးထြက္သက္ျဖစ္ခဲ့ေသာ ေနရာကိုေနာက္ဆံုးေတာ့ပံုရိပ္ေရာက္လာခဲ့ပါၿပီ။

သံ‌ေယာဇဉ္အမ်ွင္တန္းေတြ ေနာက္မွာက်န္ခဲ့၍

ရင္ေတာ့နာသည္။


ရုတ္တရက္ ေရျပင္ပတ္လည္ဝိုင္းထားေသာေနရာတြင္ အုတ္တံတိုင္းႀကီးကာထားေသာေၾကာင့္ ပံုရိပ္အံ့ဩစြာေငးၾကၫ့္ေနမိေလသည္။


"အန္တီဟိုဟာ...ဘာလို႔ေခၚလဲဟင္..."


"ေအာ္...အဲ့ဒါကသီေပါမင္းနဲ႔မင္းတုန္းမင္းတို႔စံျမန္းခဲ့တဲ့နန္းေတာ္ရာေလ...ေဘးကပတ္လည္ဝိုင္းထားတာကို က်ဳံးလို႔ေခၚတယ္...နန္းေတာ္ကိုကာထားတာကၿမိဳ႔ရိုးေလကေလးရဲ့..တို႔အခုေရာက္ေနတာက်ဳံးအေရ႔ွေပါက္၁၉လမ္းဘက္ကိုေရာက္ေနတာ...

မၾကာခင္...ပုသိမ္ႀကီးၿမိဳ႔ထဲကို၀င္ေတာ့မယ္..."


"ေအာ္....သမီးကစာထဲမွာဖတ္ရေပမဲ့အျပင္မွာေတာ့မျမင္ဖူးဘူး..."


အေဖကမႏၲေလးသားစစ္စစ္ျဖစ္ၿပီး ပံုရိပ္ကေတာ့အသက္၁၅ႏွစ္ေက်ာ္မွသာမႏၲေလးကို ေရာက္ဖူးပါသတဲ့။

ပံုရိပ္ေမးတာကတစ္ခြန္းတည္းေပမဲ့ ဘယ္ေနရာေရာက္ေနလည္းပါ ေျပာျပေနေသာ

အန္တီခင္လွကို သေဘာေကာင္းသူဟုသတ္မွတ္လိုက္မိသည္။အျပင္လူေတြႏွင့္ အဆက္အဆံသိပ္

မလုပ္တတ္၍ စကားဘယ္လိုစရမလဲမသိျဖစ္ေနေသာေၾကာင့္ႏႈတ္ဆိတ္ေနမိသည္က အမွားတစ္ခုမ်ားျဖစ္ေနၿပီလား။


အမွန္ဆိုရင္ အဖြားတို႔အိမ္အေၾကာင္းေတြကိုသိသင့္သေလာက္ေတာ့ ေမးထားသင့္သည္။

ပံုရိပ္ေမးမလို႔ ဟန္ျပင္လိုက္စဉ္တြင္ ကားအေရ႔ွဘက္အျခမ္းမျွမင္လိုက္ရေသာ စပါးပင္စိမ္းစိမ္းမ်ားေၾကာင့္ မ်က္လံုးေလးေတျြပဴးက်ယ္သြားရသည္။


"ဝါး...စပါးေတြစိုက္ထားတာပဲ...လယ္ကြင္းေတြက..ၾကၫ့္လို႔ေကာင္းလိုက္တာ..."


ပံုရိပ္ဘက္အျခမ္းကမွန္ကိုခ်ၿပီး တိုးေဝ႔ွတိုက္ခတ္လာသၫ့္ ေလေအးေအးကိုခံယူ၍ ေနလံုးနီနီ၏အေရာင္အဝါျဖန႔္က်က္ေနေသာ စပါးခင္းေတြကိုလိုက္ၾကၫ့္ေနမိသည္။


ပံုရိပ္ရဲ့အေမက ဧရာ၀တီတိုင္းသူဆိုေတာ့ရြာကိုျပန္တိုင္း လယ္ကြင္းစိမ္းစိမ္းေတြ၊ယာ၊ကိုင္းေတြကို ေတြ့ေနၾကေပမဲ့ ငယ္ရြယ္စဉ္အခ်ိန္ကျဖစ္၍ ဦးေနွာက္အသိဉာဏ္ထဲတြင္ အရာအားလံုးက

ခပ္ေရးေရးသာျဖစ္ေန‌ေတာ့သည္။


ကားေဘာင္ေပၚသို႔ ေမးတင္၍ပံုရိပ္ေငးၾကၫ့္ေနမိသည္။ဒီလမ္းတစ္၀က္မွာတင္ ဒီအခ်ိန္အခိုက္အတန႔္ေလးကို ရပ္ထားလို႔ရရင္ ေကာင္းမွာပဲဟုေတြးေနမိသည္။

လြတ္လပ္ေပါ့ပါးၿပီး စိတ္ၾကည္ႏူးမႈအျပၫ့္နဲ႔အခ်ိန္ေလး။


"သမီးေရ...ေလေတြအရမ္းေအးတယ္ေလ..

ကားမွန္ေတြကိုတင္ထားလိုက္ပါ...ပုသိမ္ႀကီးၿမိဳ႔ရဲ့ ေဆာင္းကအေအးပိုတယ္ကဲြ႔..."


"အန္တီ...ဒီဘက္မွာလယ္စိုက္ၾကတာလား...

သမီးကၿမိဳ႔ထင္လို႔..."


"ဟား...ဟား.."


ပံုရိပ္ေျပာလိုက္ေတာ့ ေရ႔ွမွာကားေမာင္းေနေသာ ဦးတင္စိန္ကအသံထြက္ကာရယ္ေလသည္။

အန္တီခင္လွသည္လည္း ပံုရိပ္ကိုႃပံုးျပ၍ ေခါင္းေလးပုတ္လိုက္သည္။ပံုရိပ္မွာသာ ေခါင္းကုတ္ၿပီး အူေၾကာင္က်ားရုပ္ျဖစ္ေနသည္။


"သမီးရယ္...ဒါလည္းၿမိဳ႔ပဲေလ...ရြာမွမဟုတ္တာ...ဟိုမွာပုသိမ္ႀကီးၿမိဳ႔လို႔ဆိုင္းဘုတ္ေရးထားတယ္ေလ..."


ဟုတ္ပါရဲ့ ပံုရိပ္ကားျပဴတင္းမွၾကၫ့္လိုက္မိေတာ့ အနီေရာင္ဆိုင္းဘုတ္ႀကီးေပၚတြင္ေရႊေရာင္စာလံုးမ်ားျဖင့္"ပုသိမ္ႀကီးၿမိဳ႔လိႈက္လွဲစြာႀကိဳဆိုပါ၏..."

ဆိုေသာစာလံုး‌ေတြကိုေတြ့လိုက္ရသည္။

ဒါဆိုရင္ ပံုရိပ္သည္မၾကာခင္ ခိုလႈံရေတာ့မၫ့္အဖြားေဒၚရိပ္ညို၏ ရင္ခြင္ႏွင့္တျဖည္းျဖည္း နီးစပ္လာၿပီေပါ့။


"ဆန္စပါးစိုက္တာက ေတာရယ္၊ၿမိဳ႔ရယ္မဟုတ္ပါဘူးကြယ္...ကိုယ္ကၽြမ္းက်င္ရာ..စိုက္ပ်ိဳးၾကတာေပါ့...အပင္စိုက္တာဝါသနာပါတဲ့လူကလည္း ပ်ိဳးပင္ေတြေရာင္းသလို..မုန႔္လုပ္ေရာင္းတတ္သူကလည္း...သူတတ္ေျမာက္တာနဲ႔လုပ္စားရတာေပါ့...

ဒီဘက္မွာလည္းရြာေတြရိွတာပဲ...လယ္လည္းစိုက္၊ၿခံလည္းစိုက္ၾကတာေပါ့...ခုေနာက္ပိုင္း

..ဒီဘက္မွာလည္းကြန္ပ်ူတာသက္တန္းတို႔

..ဘာတို႔ရိွလာပါၿပီကေလးရဲ့..."


"ဟုတ္ကဲ့ပါ..သမီးကခုမွေရာက္ဖူးေတာ့ စပါးေတြစိုက္တာျမင္ရင္ကို ေတာရြာထင္ေနတာ..."


"ဒီလိုပါပဲကြယ္...ဘယ္ေနရာျဖစ္ျဖစ္စတည္ခါစကေတာ့ ၿမိဳ႔ႀကီးမဟုတ္ပါဘူး...ရန္ကုန္မွာလည္းဒီလိုလယ္စိုက္တဲ့ေနရာေတြရိွပါတယ္...အန္တီတစ္ခါကတိုက္ႀကီးကို သြားတုန္းကဆိုရင္...အဲ့ဘက္မွာလယ္ေတြစိုက္တာေတြ့ၾကတာပဲ...တကယ္စည္တဲ့ေနရာေတြသာ မစိုက္ၾကတာပါ..."


"အန္တီ...ဟိုေတာင္ကဘာေတာင္လဲဟင္.."


"အဲ့ဒါကရန္ကင္းေတာင္ေလ..ငါးရံ့မင္းေတာင္လို႔လည္းေခၚတယ္..တို႔ေတြအခုေရာက္ေနတာက ၿမိဳ႔လယ္ေလာက္ေလ..

မၾကာခင္...မိုးရိပ္ၿခံႀကီးကိုေရာက္ေတာ့မယ္ ..

..."


"မိုးရိပ္ၿခံ...ဟုတ္လားအန္တီ..ဦးမိုးရိပ္ဆိုတာသမီးရဲ့အေဖနာမည္ပါ..."


"ဟုတ္တယ္..သမီးေလးရဲ့..ေမညိုကကိုမိုးရိပ္

ဆံုးေတာ့...ၿခံနာမည္ကိုမိုးရိပ္ၿခံလို႔ေပးထားတာ......"


ပံုရိပ္သေဘာေပါက္လိုက္ေလၿပီ။

အဖြားကအေဖ့ကို သိပ္ခ်စ္တာပါလား။

သားသမီးသံုးေယာက္ရိွပါလ်ွက္နဲ႔ ၿခံနာမည္ကိုမိုးရိပ္ၿခံဟု မွၫ့္ထားကတည္းက ပံုရိပ္အေပၚတြင္လည္း ေမတၲာထားႏိုင္ၿပီး သေဘာထားမေသးသိမ္မွာ ႀကိဳသိလိုက္ပါၿပီ။


ဆရာေရ"ပံုရိပ္ကံေကာင္းမွာပါလို႔.."ဆရာနမိတ္ဖတ္လိုက္တာ တကယ္ကိုမွန္ေနၿပီထင္ပါရဲ့။


ရန္ကင္းေတာင္ႀကီးကို ေမာ့ၾကၫ့္လိုက္ၿပီးေနာက္ ေတာင္ေပၚတြင္ရိွေသာဘုရားတဆူဆူကို ရည္စူး၍ အရာအားလံုးအဆင္ေျပဖို႔ရန္ဆုေတာင္းလိုက္မိသည္။


"ေဟာ..ဟိုမွာ..မိုးရိပ္ၿခံကိုေရာက္ၿပီ... "


ပံုရိပ္လွမ္းၾကၫ့္လိုက္ေတာ့ က်ဳံးအေရ႔ွဘက္မွ

ျမင္ခဲ့ရေသာနန္းၿမိဳ႔ရိုးနီးပါးေလာက္ျမင့္သည္ဟုထင္ရသၫ့္ အုတ္တံတိုင္းႀကီးကိုေတြ့လိုက္ရသည္။တံတိုင္းႀကီးက အရမ္းျမင့္တာေတာင္အုတ္တံတိုင္းကိုေက်ာ္၍ အပင္ေတြၾကားမွ ထိုးထြက္ေနေသာ တိုက္ႀကီး၏ဦးပိုင္းကိုလွမ္း၍ျမင္ေနရေလသည္။


ၿခံႀကီးႏွင့္ တျဖည္းျဖည္းနီးကပ္လာေသာအခါ တံတိုင္းေပၚတြင္စတုရန္းပံုသ႑န္ဝိုက္၍ ခပ္ျမင့္ျမင့္ထြင္းထားေသာမိုးရိပ္ဆိုေသာ စာလံုးႀကီးကို

ျမင္လိုက္ရကာ ၀မ္းနည္းမႈေတြ လိႈက္တက္လာသည္။

မိသားစုနဲ႔ ဆယ္စုႏွစ္ေက်ာ္ေလာက္ေဝးခဲ့ရတဲ့ေဖေဖသာ သူ႔နာမည္ကိုဒီၿခံႀကီးေရ႔ွမွာ ကမၼည္းထိုးထားမွန္းသိရင္ ဘယ္လိုေနလိမ့္မလဲ။တကယ္ေတာ့ ေဖေဖကလည္းမိဘေတြမႀကိဳက္ေသာ လုပ္ရပ္ကိုလုပ္ခဲ့၍မွန္ကန္သည္ဟု ပံုရိပ္မေထာက္ခံႏိုင္ေပ။


"ပြန္...ပြန္...."


ဦးတင္စိန္က ကားဟြန္းကို‌ႏွစ္ခ်က္ေလာက္တီးလိုက္ေတာ့ တံခါးႀကီးသည္လာဖြင့္သူမရိွပဲသူ႔အလိုလို ပြင့္သြားခဲ့သည္။ရန္ကုန္မွာေနလာခဲ့တာၾကာေပမဲ့ ဒီလိုတံခါးမ်ိဳးကို ပံုရိပ္အခုမျွမင္ဖူးတာပါ။ကားတံခါးပြင့္သြားသည္ႏွင့္ ၿခံထဲသို႔ေမာင္း၀င္လိုက္ရာ ႀကီးမာခမ္းနားေသာ အျဖဴေရာင္သံုးထပ္ေဆာင္ႀကီးကို အထင္းသားေတြ့လိုက္ရသည္။


ဒီၿခံႀကီးကေပဘယ္ေလာက္က်ယ္သလဲမသိေပမဲ့

ပံုရိပ္တို႔ငွားေနခဲ့ေသာ လံုးခ်င္းအိမ္ေလးသံုး၊ေလးလံုးရိွသာ ၿခံထက္အဆတစ္ရာေလာက္က်ယ္ေလသည္။ဒီရပ္ကြက္ထဲတြင္လည္း ဒီၿခံအက်ယ္ဆံုးျဖစ္ႏိုင္သည္။ယမင္းေျပာခဲ့ေသာစကားေတြကိုျပန္ၾကားေယာင္မိေတာ့ ပိုတယ္ဟုထင္ခဲ့မိတာမွားသြားခဲ့ေလသည္။


အေရ႔ွပိုင္းမွၾကၫ့္ပါက အေဆာင္ႀကီး၏မ်က္ႏွစာေတြသည္ ႀတိဂံပံုသ႑န္ခၽြန္ခၽြန္မ်ားျဖစ္ၾကၿပီး လသာေဆာင္မ်ားစြာႏွင့္ တံခါးခ်ပ္အက်ယ္ႀကီးမ်ားကို တပ္ထားေလသည္။ထိပ္ဦး‌ခၽြန္ပိုင္းတိုင္းသည္ ကႏုတ္ပန္းမ်ားထြင္းထား၍ နန္းေတာ္မ်ားသဖြယ္ခံစားမိေစသည္။


ၿခံပတ္ပတ္လည္တြင္လည္း ျမက္ခင္းႀကီးကျပန႔္ျပဴးေန၍ ေဘာလံုးကန္တာဝါသနာပါေသာထြန္းကိုအား သြား၍သတိရမိသည္။

မီးၫႊန႔္ပံုစံ၊ႀတိဂံပံုစံႏွင့္၀ကၤမ႓ာပံုစံၫွပ္၍ပံုေဖာ္ထားေသာ သစ္ပင္အစုေလးမ်ားကို လွလိုက္တာဟုေရရႊတ္မိသည္။


အိမ္ႀကီးကိုျမင္တာႏွင့္ပင္ ကိုယ့္ကိုကိုယ္သိမ္ငယ္သြားမိသည္။အေဒၚတို႔ကိုေတာ့ တိုက္ခန္းက်ဉ္းေလးထဲမွာထားခဲ့ၿပီး ပံုရိပ္ကဒီလိုအိမ္ႀကီးထဲမွာ ခ်မ္းသာေသာ အဘြား၏ေျမးလာလုပ္ရမွာကို စိတ္မလံုခ်င္ေတာ့ေပ။


"သမီးေလး...ဆင္းေလ...."


"ပိစိမေရ...ပစၥည္းေလးေတြလာသယ္ေပးပါအံုး..

ကိုတင္စိန္...ဒီစက္ဘီးေလးကိုခ်ေပးပါလား..."


အန္တီလွခင္စီစဉ္ေနသည္မ်ားကို ပံုရိပ္မ်က္စိ

မေရာက္ပဲ အိမ္ႀကီးကိုသာဝိုင္းႀကီးပတ္ပတ္တူ

ေဝေဝကစားလို တစ္ပတ္လွၫ့္ၾကၫ့္ေနမိသည္။


"ခစ္...ခစ္...."


"ဟဲ့...ပိစိမ..ဘာရယ္ေနတာတုန္း...လုပ္စရာရိွတာလာမလုပ္ဘူး..."


"ဟုတ္ပါဘူး...သူကခႏၲာကိုယ္တစ္ပတ္လွၫ့္ၿပီးလိုက္ၾကၫ့္ေနတာ ရယ္စရာေကာင္းလို႔ပါ..."


"အံမယ္..ဘာသူလည္း...ဒါေမညို႔ရဲ့ေျမးဟဲ့...

စကားကိုၾကၫ့္ေျပာေနာ္..."


"ဟုတ္လား...သမီးမွမသိပဲလို႔...ကန္ေတာ့ေနာ္မမ..."


ပံုရိပ္ကို လက္အုပ္ကေလးခ်ီ၍ေတာင္းပန္ေနေသာ ပိစိမဆိုသူကို ႃပံုးျပၿပီးေခါင္းခါျပလိုက္သည္။

နာမည္ကသာ ပိစိမေပမဲ့ လူေကာင္ကပံုရိပ္၏

ႏွစ္ကိုယ္စာေလာက္ရိွသည္။ဘာေၾကာင့္ ဒီနာမည္ကိုမွၫ့္သလဲ နားမလည္ႏိုင္ေပ။သို႔ေပမဲ့ ပံုရိပ္ထက္ေတာ့ငယ္ပံုရသည္။စကားေျပာတာေလးကလည္း ခ်စ္ဖို႔ေကာင္းသည္။


"သမီးေလး...စက္ဘီးကိုဒီေနရာမွာထားလိုက္မယ္ေနာ္..."


"ဟုတ္ကဲ့..."


ေဒၚခင္လွသည္ တစ္ခ်ိန္လံုး ‌ပံုရိပ္ကိုသမီးေလးဟုႏူးႏူးညံ့ညံ့ေခၚတတ္သည္။နား၀င္ခ်ိဳလြန္းေပမဲ့ တမင္ဖားခ်င္လို႔လား စိတ္ရင္းနဲ႔လားဆိုတာကိုေတာ့ ပံုရိပ္မေဝခဲြတတ္ေပ။အခ်ိန္ကဆံုးျဖတ္သြားပါလိမ့္မယ္။


"လာ..အန္တီ့ေနာက္ကို လိုက္ခဲ့..ေမညိုကမွာထားၿပီးသား..သမီးေလးလာရင္သူ႔အခန္းထဲကို တန္းၿပီးေခၚခဲ့ပါတဲ့..."


"ဟုတ္ကဲ့..."


ဒီအိမ္ကိုေရာက္တည္းက ဟုတ္ကဲ့တစ္လံုးႏွင့္သာအလုပ္ျဖစ္ေနသည္။အိမ္ႀကီးထဲသို႔ စ၀င္လိုက္ေသာအခါ အိမ္‌စီးဖိနပ္ကိုခ်ေပးလာ၍ စီးလိုက္ရေသးသည္။သူတို႔ေပးေသာ အိမ္စီးဖိနပ္က ပံုရိပ္စီးလာခဲ့ေသာ ဖိနပ္ထက္ေတာင္သစ္ေနေသးသည္။

ဂါ၀န္ခါးစည္းပန္းေရာင္အသစ္ကေလးကို ၀တ္ထားသည္မို႔ ပိစိမဆိုသူထက္ေတာ့ သားနားေသးသည္ဟုဆိုရမည္။


အိမ္ထဲသို႔ ၀င္လိုက္သည္ႏွင့္ ေမႊးပ်ံ႔ေသာရနံ႔ကိုစတင္၍ရသည္။ေျပာင္လတ္ေနေသာ ၾကမ္းခင္းတစ္ခုစီကို ၾကၫ့္လိုက္သည္ႏွင့္အိမ္ရွင္ေတြဟာ ဘယ္ေဘာင္စည္းကမ္းႀကီးၿပီး အလုပ္သမားမ်ားက အင္အားအျပၫ့္တိုက္ခၽြတ္ထားမွန္းသိသာပါသည္။အိမ္ေရ႔ွမွ ဧၫ့္ခန္းဆီသို႔ျဖတ္ေလ်ွာက္မိေသာအခါ အကာအကြယ္မရိွေသာအခန္းတစ္ခုထဲတြင္ စားပဲြအရွည္တစ္ခု‌ႏွင့္ဆက္တီေတြကို ေတြ့လိုက္ရသည္။


"အန္တီ...ဒါေတြကဘာသားနဲ႔လုပ္ထားတာလဲဟင္...

အေရာင္ေတြစိုေနတာပဲ...ဘယ္ေလာက္ေပးရလဲသိလား..."


"အဲ့ဒါေတြလား...အဲ့ဒါကၽြန္းဆက္တီေတြေလ...

အရင္ကေတာ့မိသားစုေတြ စုေဝးၿပီးတီဗီြၾကၫ့္၊စကားစျမည္ေျပာတဲ့ေနရာေပါ့...အခုေတာ့မမႀကီး‌ ေမဦးရဲ့သားတစ္ေယာက္ပဲ သူ႔သူငယ္ခ်င္းေတြကိုေခၚလာၿပီး ဂိမ္းေဆာ့တဲ့အခန္းျဖစ္သြားပါၿပီ....

တန္ဖိုးကေတာ့ သိန္းသံုးဆယ္ေက်ာ္တယ္ကဲြ႔...

အန္တီလွခင္ပဲ မမတင့္နဲ႔အတူသြား၀ယ္ထားတာေလ..."


"ေအာ္...အဟင္း!!!!:...."


ပံုရိပ္အလုပ္လုပ္ႏိုင္တဲ့အခ်ိန္ေရာက္လို႔ ေငြ၀င္ရင္ေဒၚေလးတို႔ကို ဒါမ်ိဳးေလးလက္ေဆာင္၀ယ္ေပးမည္ဟု ေတြးမိကာမွသိန္းသံုးဆယ္ဆိုေတာ့ လည္ပင္းေတာင္နင္သြားရသည္။ထို႔ေၾကာင့္ ဟန္လုပ္ကာေခ်ာင္းတစ္ခ်က္ ဟန႔္လိုက္ရပါသည္။


"ဟင္...ဒီမွာလည္း တစ္ခန္းရိွေသးတာလား..."


"ဟုတ္တယ္..ဒါကဧၫ့္ခန္းေလ...အေပၚထပ္ကိုတပ္မဲ့ေလွခါးေနာက္ဘက္မွာလည္း အခန္းေတြအမ်ားႀကီးရိွေသးတယ္...သံုးထပ္လံုးမွာ ဧၫ့္ခန္း၊ဘုရားခန္းနဲ႔အိပ္ခန္႔ေတြသီးသန႔္ရိွတယ္ေလ...

မမႀကီးေမဦးတို႔ကေတာ့ အလယ္ထပ္မွာေနတယ္...သူ႔သားေတြသမီးေတြကေတာ့ အေပၚဆံုးအထပ္မွာေနရတယ္ေလ..."


"ဒါဆိုပံုရိပ္ကေရာ..."


"အေပၚဆံုးအထပ္မွာပဲ ေနရမွာပဲ..."


ေသပါၿပီ။ရန္ကုန္မွာလို သံုးထပ္တိုက္ကေခါင္နိမ့္ေတြမဟုတ္ပဲ ေခါင္အျမင့္ႀကီးေတြဆိုေတာ့ အေပၚဆံုးအထပ္ကိုေရာက္တာနဲ႔ကို အသက္ထြက္ေနမွာပဲ။ေစာေစာစီးစီး သက္ျပင္းႀကိဳခ်ထားလိုက္မိသည္။


"ဓာတ္ေလွကားေလး...ဘာေလးမရိွဘူးလား..."


ခ်မ္းသာတဲ့အိမ္ဆိုေတာ့ သက္သာလိုသာသာျငား အထြန႔္တက္မိေလသည္။‌ေမးလိုက္လည္း အခ်ည္းႏွီးပါပဲ အန္တီခင္လွကေခါင္းခါျပေန၍ျဖစ္သည္။


"အန္တီလည္း ေသခ်ာမသိေပမဲ့ဆရာႀကီးရိွစဉ္က က်န္မာေရးနဲ႔ညီၫႊတ္ေအာင္ဆိုၿပီး ေလွကားမ်ားမ်ားနဲ႔ ျမင့္ျမင့္ေဆာက္ထားတာလို႔ဆိုတယ္..."


*ေအာ္..ဒါေၾကာင့္အဖိုးနဲ႔အေဖကမတၫ့္တာကို..

အခုေနမ်ားအဖိုးရိွေနေသးရင္ ပံုရိပ္နဲ႔လည္းတၫ့္မည္မထင္ဘူး*


စိတ္ထဲမွာ မွတ္ခ်ေပးလိုက္မိေလသည္။ေလွကားႀကီး၏ အေနာက္ဘက္အျခမ္းသို႔ ေတာ္ေတာ္ေလး၀င္လိုက္ေတာ့မွ အဖြားေနေသာအခန္းကိုေရာက္ေလသည္။ဒီအိမ္ကလူေတြက ကၽြန္းသစ္ကိုေတာ္ေတာ္ေလး မက္မက္စပ္စပ္ရိွၾကသည္ထင္ပါရဲ့။အိမ္တံခါးေတြအကုန္လံုးက ကၽြန္းတံခါးေတျြဖစ္ၿပီး ေလွကားေတြႏွင့္ဧၫ့္ခန္းထဲမွ ဆင္ရုပ္ေတြထြင္းထားေသာ ဆက္တီႀကီးေတြကအစကၽြန္းမွန္းသိသာသည္။


ေလ်ွာက္လာခဲ့တဲ့ တစ္လမ္းလံုးမွာလည္းသိန္းငွက္၊ေဒါင္း၊ယမင္းရုပ္၊ကိႏၷရီ၊ကိႏၷရာပန္းပုရုပ္ေတြကို အလွခ်ထားလိုက္တာလည္း ပန္းပုဆိုင္ေရာက္သြားသလိုပင္။ပန္းခ်ီကားခ်ပ္မ်ားကလည္း ရင္သပ္ရႈေမာဖြယ္အျပၫ့္ျဖစ္ေနသည္။

ကိုယ္ကလည္း ပန္းခ်ီကိုစိတ္၀င္စားသူမို႔ အႏုပညာလက္ရာတိုင္းကို ႏွစ္သက္ပါသည္။


"ေဒါက္...ေဒါက္..."


"ေမညို....ပံုရိပ္ကိုေခၚလာပါၿပီ..."


"ေအး...၀င္လာခဲ့..."


အဖြား၏တံခါးသည္ အၿမဲဂ်က္မခ်ပဲေစ့ရံုသာေစ့ထားပံုရေလသည္။အန္တီလွခင္က တံခါးကိုအသာေလးတြန္းဖြင့္၍ အခန္းထဲသို႔၀င္သြားခဲ့သည္။

ပံုရိပ္မွာသာ ခ်က္ခ်င္းေျခဖ်ား၊လက္ဖ်ားမ်ားေအးစက္လာ၍အခန္းထဲသို႔ ေျခမလွမ္းရဲေသးေပ။


"သမီးေလး...လာေလ...ဒီမွာသမီးအဖြားရိွတယ္..."


တံခါးအေပါက္၀သို႔ မ်က္ႏွာမူ၍အန္တီလွခင္

ေခၚေနသည္ကို ၾကားေပမဲ့ရင္ထဲမွာ စိုးထိတ္ေနမိသည္။အေဖတဖြဖြေျပာေသာအဖြားျဖစ္သူကို ေတာ့ရေတာ့မည္ျဖစ္၍ရင္တုန္ေနတာကို လံုး၀ေဖ်ာက္၍မရေပ။


"လွခင္....ယဉ္တင့္ကိုသာဖုန္းဆက္ၿပီးလွမ္းေခၚလိုက္ပါ....ငါ့ေျမးနဲ႔ငါေအးေဆးစကားေျပာခ်င္တယ္..."


"ဟုတ္ကဲ့ပါေမညို..."


"သမီးေလး..၀င္သြားေလ.."


အခန္းထဲမွ ဩဇာရိွေသာမိန္းမႀကီး၏အသံဩဩႀကီးေၾကာင့္ ပို၍စိတ္လႈပ္ရွားသြားမိသည္။

အသံၾကားတာနဲ႔ လန႔္ဖ်ားဖ်ားေလာက္ပါရဲ့။

အန္တီလွခင္ကလည္း ပံုရိပ္၏ေဘးနားမျွဖတ္သြားစဉ္တြင္ ေလွသံတိုးတိုးႏွင့္ အခန္းထဲသို႔၀င္ရန္ေျပာသြား၍ လက္သီးကိုဆုပ္ၿပီ၀င္လိုက္ပါသည္။

ဘ၀မွာ စိတ္အလႈပ္ရွားဆံုးအခ်ိန္ပါပဲ။


"တံခါးပိတ္ထားလိုက္ပါ...အရိပ္..."


နာမည္ကို အကုန္မေခၚပဲ အားပါပါႏွင့္အရိပ္လို႔ေခၚလိုက္ေသာ အဖြားကိုပံုရိပ္ႃပံုး၍ျပရမည္ကိုေတာင္ ေမ့ေလ်ွာ့ေနခဲ့ပါသည္။ဝွီးခ်ဲေပၚမွာထိုင္ေနရၿပီး

ဘီးေလးကိုလက္ျဖင့္လိွမ့္ကာ ပံုရိပ္ရပ္ေနေသာေနရာသို႔ လာေနေသာအဖြားသည္ ပံုရိပ္သိပ္ကိုေတြ့ခ်င္ေနမိေသာ အဖြားေဒၚရိပ္ညိုျဖစ္သည္။

ဘာေၾကာင့္မွန္းမသိ ခမ္းနားေသာအိမ္ႀကီးထဲတြင္ေနရေသာ ဝွီးခ်ဲေပၚကအဖြားကိုသနားေနမိသည္။


"အရိပ္...အဖြားရဲ့အရိပ္ကေလး..."


"ဟင္...."


ပံုရိပ္၏လက္ကို လာေထြးဆုပ္၍ အသံမာမာႀကီးေတြ တုန္ယင္လ်ွက္‌စိတ္ထိန္းထားေသာအဖြားကို

ပံုရိပ္ငံု႔၍ၾကၫ့္လိုက္မိသည္။အဖြားမ်က္ရည္မက်ေပမဲ့ ရင္ထဲမွာငိုေနၿပီဆိုတာကိုသိသည္။

ပံုရိပ္လည္း ထိုကဲ့သို႔ငိုခဲ့တာ အႀကိမ္ေပါင္းမနည္းေတာ့ၿပီ။


"ထိုင္ပါအံုးကြယ္...အရိပ္ကလူေကာင္ႀကီးလာေတာ့အဖြားကေမာ့ၾကၫ့္ေနရတယ္...."


အမွန္ေတာ့အဖြား၏ေျခဆစ္လက္ဆစ္ေတြကိုၾကၫ့္တာႏွင့္ ပံုရိပ္ထက္အရပ္ရွည္မွန္းသိသာသည္။ဒါေပမဲ့ အဖြားကဝွီးခ်ဲေပၚမွာျဖစ္ေနသည္။

ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္၍ထိုင္ခ်လိုက္ၿပီး အဖြား၏ေပၚေပၚသို႔ လက္ေတြကိုယွက္တင္ထားလိုက္သည္။


ပံုရိပ္၏ ပါးျပင္ကိုဖြဖြပြတ္သပ္လိုက္ေသာ ၾကမ္းရွရွလက္ဖဝါးမ်ားသည္ ဇရာေထာင္း၍တြန႔္ႄကံု႔ေနသည္။ဘယ္ေလာက္ပဲ သန္မာရဲရင့္ေသာ မိန္းမတစ္ေယာက္ျဖစ္ပါေစ အသက္၇၀ဆိုေသာ အရြယ္သည္ပါးရည္တြန႔္၍သနားစဖြယ္ေကာင္းေကာင္းေနသည္။

အၾကၫ့္ေတြကအစ အားကိုးလိုေသာအဓိပၸာယ္တို႔ ပါ၀င္ေနသည္။


"အရိပ္ရဲ့ မ်က္၀န္းေလးေတြက...အဘြားနဲ႔တူတာထက္..အရိပ္ရဲ့အဖိုးကိုမိုးမင္းနဲ႔ပိုတူတာ..ဟုတ္ပါတယ္...ကိုမိုးမင္းရဲ့မ်က္၀န္းေတြ...ၾကည္ေတာက္ၿပီး...စူးနင့္မႈအျပၫ့္နဲ႔မ်က္၀န္းေလးေတြ...

အဖြားနဲ႔ကနဲနဲပဲဆင္တာ...."


"အေဖကေတာ့ အဖိုးနဲ႔မတၫ့္ဘူးတဲ့...."


"အဟင္း...မတၫ့္လို႔အေဖနဲ႔တူတဲ့ကေလးကိုေမြးထားတာေနမွာေပါ့..."


ရယ္ရိပ္ျမဴး၍ ေျပာေနေသာအဖြားသည္ မ်က္၀န္းေတြကေတာ့ ၀မ္းနည္းေနသလိုျဖစ္ေနသည္။ပံုရိပ္ကိုျမင္ေတာ့ အတိတ္ကိုအမွတ္ရသြားတယ္ထင္ပါရဲ့။


"တကယ္ေတာ့အေဖ့ကိုအျမင္မၾကည္တာထက္...အေမေဒၚေမသန႔္ကိုအျမင္မၾကည္တာမဟုတ္လားအဖြား.....အေမ့ေသြးျဖစ္တဲ့ပံုရိပ္ကိုေရာအျမင္ၾကည္ႏိုင္ပါ့မလား..."


အေမ့အတြက္ခံျပင္းၿပီး ကိုယ္စားေျပာလိုက္မိသည္။အေမ့အေပၚမွာ အျမင္မၾကည္တာေလးတစ္ခုအတြက္နဲ႔ သားျဖစ္သူကိုပါမေခၚႏိုင္မေျပာႏိုင္ေတာ့တာကိုေတာ့ ဘ၀င္မၾကမိေပ။

အဖြားဘက္ကေန ေျဖရွင္းခ်က္ေလးတစ္ခုခုကိုေတာ့ ၾကားခ်င္မိပါသည္။


"ဒီရပ္ကြက္တင္မကဘူး...ဒီပုသိမ္ႀကီးတစ္ၿမိဳ႔လံုးမွာ...အဖြားတို႔မိသားစုရဲ့အရိွန္အဝါကအႀကီးဆံုးပဲ...မ်ိဳးရိုးစဉ္ဆက္မွာ ပညာေရးနိမ့္ပါးတဲ့လူ...

ဆင္းရဲမဲြေတလြန္းတဲ့လူတစ္ေယာက္မွ မရိွခဲ့ဖူးဘူး...ဆင္းရဲတာကအဓိကျပႆနာမဟုတ္ဘူး...

ပညာဂုဏ္ကိုမက္တဲ့ မိသားစုမွာသံုးတန္းေအာင္ပဲရိွတဲ့ ခၽြေးမတစ္ေယာက္က...ခန္းနားထည္ဝါတဲ့ၿမိဳ႔ရိုးေဘးကျမက္တစ္ပင္ပဲ..."


"ေျပာရက္လိုက္တာအဖြားရယ္...အဲ့ဒါကသမီးရဲ့

အေမပါ...ဘာလို႔ဒီလိုႏိႈင္းရက္ရတာလည္း....

ပညာတတ္တိုင္း...ရာထူးႀကီးတိုင္းလည္း...

စိတ္ဓာတ္မြန္ျမတ္ေနတာမွမဟုတ္တာ...လူတိုင္းမွာေကာင္းကြက္၊ဆိုးကြက္ဆိုတာရိွတာပဲ...ကိုယ့္ေနရာမွာသူမလုပ္ႏိုင္တဲ့အရာေတြရိွသလို...သူ႔ေနရာမွာကိုယ္မလုပ္ႏိုင္တဲ့အရာေတြလည္းအမ်ားႀကီးမွာ...

ဘာလို႔မ်ား ျဖၫ့္မေတြးေပးႏိုင္ရတာလဲ...."


"အခုျဖည့္ေတြးေပးႏိုင္လို႔...အရိပ္ကိုအဖြားရဲ့အနားမွာလာေနခိုင္းတာေပါ့...အရိပ္ေျပာတာမွန္တယ္...

ပညာတတ္တိုင္း...ရာထူးႀကီးတိုင္းလည္း...

စိတ္ဓာတ္မြန္ျမတ္ေနတာမဟုတ္ဘူး...ဒါေပမဲ့အရိပ္ကေတာ့ အရိပ္ရဲ့အေမလိုမျဖစ္ရဘူး...

အဖြားကအရိပ္ကိုေျမေတာင္ၿမွောက္ေပးမယ္...

အရိပ္ဘယ္ေလာက္အထိ ျမင့္ျမင့္ပ်ံႏိုင္မလဲ...

အဖြားကေလထီးဆင္ေပးမယ္...ဒါေပမဲ့အဖြားရဲ့အနားကေနေတာ့ထြက္မသြားရဘူး..."


အဖြား၏မ်က္၀န္းေတြမွာ မ်က္ရည္ေတြဝဲလာခဲ့သည္။ပံုရိပ္ခံစားမိပါတယ္။အခန္းအက်ယ္ႀကီးထဲမွာ တစ္ေယာက္တည္းေနေနရတဲ့အဖြားက အနားမွာျပဳစုဖို႔ ေသြးသားရင္းခ်ာတစ္ေယာက္မွရိွမေနတည္းက တိုးတိုးေဖာ္လိုအပ္ေနမွန္းပံုရိပ္ခံစားမိသည္။

ဒါေပမဲ့ အဖြားရဲ့မ်က္ႏွာမွာ ေပၚလႊင္ေနတဲ့ေနာက္ထပ္အဓိပၸာယ္တစ္ခုရိွေနသည္။

အဲ့ဒါဘာလဲဆိုတာကိုေတာ့ ပံုေဖာ္၍မရေပ။


"ေမညို....သမီးတို႔ျပန္လာပါၿပီ...အေမ့သားလည္းပါလာတယ္..."


"တင့္တင့္လား...၀င္ခဲ့ပါ..."


ပံုရိပ္၏လက္ကေလးကို ဆုပ္ကိုင္ထားရာမွ လႊတ္လိုက္ၿပီးတံခါး၀ဘက္သို႔မ်က္ႏွာမူလိုက္ေတာ့ ေဒၚယဉ္တင့္ႏွင့္ ဦးေလးႀကီးတစ္ေယာက္သည္ ယွဉ္တဲြ၍၀င္လာခဲ့ေလသည္။ထိုဦးေလးႀကီးသည္ ေရႊေရာင္ကိုင္းနဲ႔မ်က္မွန္ကိုတပ္ထားေလသည္။

ပံုရိပ္၏စိတ္ထဲတြင္ ရင္းႏွီးသလိုခံစားရ၍ ေသခ်ာစိုက္ၾကၫ့္ေနမိစဉ္တြင္ ထိုဦးေလးႀကီးကလည္း

ပံုရိပ္ကိုပဲ စိုက္ၾကၫ့္လ်ွက္ အေရ႔ွမွာလာရပ္သည္။


"ဘာေၾကာင့္ဒီေလာက္စိုက္ၾကၫ့္ေနတာလည္းကြ...

ဦးေလးက တစ္ေယာက္ေယာက္နဲ႔တူေနလို႔လား...."


"ဟုတ္တယ္...ဦးေလးကတစ္ေယာက္ေယာက္နဲ႔တူေနတယ္...ဘယ္သူနဲ႔လဲဆိုတာစဉ္းစားေနတာ..."


"အဟင္း...စဉ္းစားမေနနဲ႔...ဦးေလးရဲ့နာမည္က

ဦးမင္းခန႔္..ပံုရိပ္ရဲ့အေဖနဲ႔ညီအစ္ကိုအရင္းေတာ္တယ္ဗ်ာ..."


"ဟင္...ဒါဆို...သမီးနဲ႔...."


"ဦးေလးေတာ္တာေပါ့ပံုရိပ္ရဲ့..."


အန္တီယဉ္တင့္က၀င္ေျပာေတာ့ ဦးေလးဦးမင္းခန႔္က အားရ၀မ္းသာႃပံုးလိုက္ေလသည္။

မသိရင္ မိတ္ေဟာင္း၊ေဆြေဟာင္းေတျြပန္ေတြ့ေနသလိုပါပဲ။


"ငါ့သားကိုခန႔္ အားရ၀မ္းသာနဲ႔ ရယ္ေနတာကို ျပန္ေတြ့ရလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး..."


"ကၽြန္ေတာ့္ညီရဲ့ကိုယ္ပြားေလး‌ေလအေမရာ...

ကၽြန္ေတာ္သိပ္ေပ်ာ္တာေပါ့...ဂ်ူတီခ်ိန္းၿပီးေတာ့ကိုျပန္လာခဲ့တာ...ၾကၫ့္ပါအံုးအေမ...ကေလးရဲ့မ်က္လံုးေတြကအေမနဲ႔တူသလိုထင္ရေပမဲ့ အေဖ့လိုမ်က္၀န္းမ်ိဳးေတြ....ရုပ္ကမိုးရိပ္နဲ႔လည္းမ်က္ႏွာ‌ ေပါက္ေတာ္ေတာ္ဆင္တာ...ဟား...ဟား...ေတာ္ၾကာမိုးရိပ္လို ေရ႔ွေနျဖစ္ခ်င္တယ္လို႔ေျပာလာေနအံုးမယ္..."


"ေရ႔ွေနေတာ့မလုပ္ရပါဘူး...ငါ့ေျမးကစီးပြားေရးလုပ္ငန္းရွင္ႀကီးလုပ္ရမွာ...နင္စိတ္မ၀င္စားတဲ့ငါ့လုပ္ငန္းေတြကို ဦးစီးခိုင္းမွာ..."


"ၾကၫ့္လည္းလုပ္ပါအံုး...အေမ့ပံုစံအတိုင္းရိုက္သြင္းလို႔ ကေလးရူးသြားပါအံုးမယ္...ဒီတစ္ခါေတာ့ကၽြန္ေတာ့္တူမဘက္ကပဲပါရေတာ့မွာေနာ္...

ညီ့အလွၫ့္တုန္းကေတာ့...ကၽြန္ေတာ္လည္းဆရာ၀န္ေပါက္စဆိုေတာ့ အေဖ့ကိုမတြန္းလွန္ႏိုင္ဘူး...

အခုေတာ့မရေတာ့ဘူးေနာ္..."


"...အ‌မယ္ေလး...အခုတည္းကမေအကိုပုန္ကန္ေနၿပီ...မေအနားကိုေတာ့ အလုပ္အေၾကာင္းျပၿပီး...

ႏွစ္ရက္မွတစ္ခါလာေတြ့တဲ့ေကာင္က တူမကိုေတာ့ခ်စ္ျပေနလိုက္တာ...သူေမြးထားတာက်ေနတာပဲ..."


"ကၽြန္ေတာ့္ညီကေမြးထားတာ ကၽြန္ေတာ့္သမီးပဲေပါ့...ကေလးကခရီးပန္းလာတာ...အခ်ိန္လည္းၾကၫ့္အံုးအေမေရ...ထမင္းစားခ်ိန္ေရာက္ေတာ့မယ္...ေရခ်ိဳးၿပီး...တေမွးအိပ္ခြင့္ေပးလိုက္အံုး...

ထမင္းစားပဲြမွာ...အေမ့သမီးရဲ့စပ္စုႏႈန္းကိုခံႏိုင္ရည္ရိွေအာင္လို႔..."


"ေအး...ေအး...အေပၚဆံုးအထပ္က...

ေဆာင္းအသစ္ထၫ့္ထားတဲ့အခန္းကို ေခၚသြားၿပီးနားခိုင္းလိုက္...."


"ဒါဆိုသြားၿပီ...အေမေရ..."


"သြားၿပီေနာ္အဖြား..."


"အင္းပါအရိပ္ရယ္...ေသခ်ာေလးနားလိုက္ေနာ္...."


"ဟုတ္ကဲ့...."


တူမကိုပခံုးဖက္၍ထြက္သြားေသာ ေထာင္ေထာင္ေမာင္းေမာင္းႏွင့္ ခင္ပြန္းသည္ကိုၾကၫ့္ၿပီး ယဉ္တင့္ကေတာ့ႃပံုး၍ေနေလသည္။

သားသမီးမရိွေတာ့ တူေတြ၊တူမေတြကိုသိပ္ခ်စ္ရွာသၫ့္လူႀကီးပါေလ။


"ယဉ္တင့္...အခုကစၿပီး...အရိပ္ကနင့္သမီးျဖစ္သြားၿပီေနာ္...အရိပ္ကိုနင္ေစာင့္ေရွာက္ရမယ္..."


"အေမ...တကယ္ေျပာေနတာလား..."


"ခုနကမင္းခန႔္ရဲ့အႃပံုးကိုေတြ့လား...သူတို႔ညီအစ္ကိုခ်င္းကသိပ္ခ်စ္ၾကေတာ့ သူ႔တူမကိုလည္းသဲသဲလႈပ္ပဲ...ငါကအရိပ္ရဲ့ေဘးနားမွာ

အၿမဲလိုက္ၾကၫ့္ၿပီး ထိန္းမတ္မေပးႏိုင္ဘူး...

သူ႔ကိုနင့္လက္ထဲအပ္လိုက္ၿပီ...နင္ကအရိပ္ရဲ့အုပ္ထိန္းသူပဲ..."


"ရွင္...."


အေမဘာသေဘာနဲ႔ ေျပာသလဲမသိေပမဲ့ ဒီကေလးကို တင့္တင့္လည္းသနားပါသည္။စစျမင္ျမင္ခ်င္းတည္းက သံေယာဇဉ္ျဖစ္မိၿပီးသားကိုမွ

အေမက အခြင့္အေရးအျပၫ့္အ၀ေပးလိုက္ေတာ့ 

၀မ္းမလြယ္သမီးေလးကို ခ်စ္ရေပေတာ့မည္။

သားသမီးမရိွေသာဘ၀မွာ သမီးေလးတစ္ေယာက္ေကာက္ရသည္ေပါ့။


🔥🔥🔥🔥🔥🔥


"ပံုရိပ္ရဲ့ ဘ၀ေလးေကာင္းစားေတာ့မွာလား..."

အဖြားႀကီးကေတာ့ သူ႔ေနရာကိုေတာင္ ဆက္ခံေစခ်င္တာတဲ့ေနာ္...."

🔥ဆူးကြိုး...🔥အခန်း(၃၄)🔥 ပထမပိုင်း


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၄)🔥  ပထမပိုင်း 


"အဖြေလွှာစာရွက် အပ်ချင်သူတွေ...အပ်လို့ရပါပြီနော်..."


ဇီ၀ဗေဒဘာသာရပ်သည် ကျက်စာချဉ်းပဲဖြစ်၍ အခြားဘာသာတွေထက် ဖြေချိန်သိပ်မယူရပေ။

မနေ့ညက စာနွေးချိန်သိပ်မရလိုက်ပေမဲ့ ယခင်တည်းက စာကိုသေချာကျက်ထား၍ ဖြေဆိုချိန်တွင် အခက်အခဲမရှိခဲ့‌ပေ။အတန်းအပြင်သို့လည်း‌ စော၍မထွက်ချင်ပေ။မျက်နှာတွင် ညိုမဲဆွဲနေသောနေရာတွေရှိနေ၍ သနပ်ခါးကိုကောက်စိုက်သောသူတွေ လိမ်းသကဲ့သို့အထူကြီးလိမ်းထားလိုက်မိသည်။ပါးဆောင်က နာလွန်း၍မနက်စာတောင်

မနဲစားခဲ့ရသည်။


အခြားအတန်းသားများသည် ဆရာမဆီသို့အဖြေလွှာစာရွက်အပ်ခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အတန်းအပြင်သို့ထွက်သွားကြလေသည်။အတန်းထဲတွင်အတန်းသားလေး၊ငါး၊ဆယ်ယောက်သာ ကျန်ခဲ့သည်။ဟော့ဒီ့ကျောင်းခန်းကြီးထဲမှ ထွက်ပြီး ကျောင်း၀န်းအပြင်ဘက်သို့ ခြေလှမ်းလိုက်မိသည်နှင့် ရန်ကုန်မြို့ကြီးကနေပါ အပြီးထွက်သွားရတော့မည်ဖြစ်သည်။မနေ့ညက ဖြစ်ရပ်တွေကို ပြန်တွေးကြည့်လိုက်တိုင်း ခြောက်ခြားစရာအိပ်မက်တစ်ခုလို တစ်ကိုယ်လုံးချွေးစေးတွေပြန်လာသည်။


မိဘတွေတောင် ပုံရိပ်ကိုတစ်ခါမှ ထို့သို့ရက်စက်စွာ မရိုက်နှက်ခဲ့ဖူးပေ။အဖေရော၊အမေရော ပုံရိပ်ကိုငယ်ငယ်တည်းက လက်နှင့်တောင်မရွယ်ခဲ့ဖူး၍ 

ဦးသက်တွေကို ရင်ထဲ၊အသဲထဲကနေကို နာကျည်းမုန်းတီးမိသည်။ကလေးတွေကိုရော ဒေါ်လေးကိုပါသနားနေမိပေမဲ့ နာကျင်ခဲ့ရသည့်ဒီနေရာမှာ ပုံရိပ်တစ်စက္ကန့်တောင် ခြေမချချင်တော့သည်အထိ

ဖြစ်နေမိသည်။မန္တလေးမှာက ပုံရိပ်၏ဦးလေးရှိသည်၊အဒေါ်ရှိသည်၊ပြီးတော့ အဖွားနှင့်မောင်နှမ၀မ်းကွဲတွေ ရှိသည်။သူတို့ကရော ပုံရိပ်အပေါ်မှာ တကယ်ကောင်းပေးနိုင်ကြပါ့မလား။


"ကလင်...ကလင်...ကလင်...."


"ဟေး....!!!!ကျွတ်ပြီကွ....မနက်ဖြန်တော့ သိုးနေအောင် အိပ်ပစ်မယ်..."


ကျောင်းဆင်းဘဲလ်မြည်သည်နှင့် အကုန်လုံးအုံးအုံးထကာ ပျော်ပါးလျှက် ပြန်ကုန်ကြလေသည်။

ပုံရိပ်ကတော့ ထော့နဲ့ထော့နဲ့ဖြစ်နေသောခြေထောက်ကို မနဲ‌အားယူပြီး လျှောက်ကာဆရာမကိုစာရွက်အပ်လိုက်သည်။သူငယ်ချင်းများနှင့်

တွေ့လျှင်‌ ဝိုင်းမေးကြမှာကို မခံနိုင်၍ နောက်ဆုံးမှထွက်ဖို့ စဉ်းစားလိုက်ခြင်းဖြစ်သည်။


ကိုယ့်လွယ်အိတ်ကို အမြန်ယူပြီးကျောင်းဂိတ်ပေါက်၀ဆီသို့ နာနေသောခြေထောက်ကို မနည်းအားပြု၍ ရောက်အောင်သွားနေရသည်။

မနေ့ကမှ လတ်လတ်ဆက်ဆက်ရရှိထားသော ဒဏ်ရာတွေဖြစ်၍ လူတစ်ကိုယ်လုံး ကိုင်အပေါက်ခံရသလို နာကျင်လွန်းလှသည်။


ကျောင်းဂိတ်ပေါက်သို့ ရောက်သောအခါ လာကြိုသူများရှိမလားဟု မျက်လုံးကိုဝေ့ရမ်းကြည့်မိတော့ တစ်ယောက်မှ လာမကြို၍ အားငယ်စိတ်၀င်သွားမိသည်။သူများမိဘတွေများ ပြုံးလို့၊ရွှင်လို့ ကျောင်းနောက်ဆုံးနေ့မှာ အားလုံး၏အပျော်တွေက လွတ်လပ်ပေါ့ပါးမှု အပြည့်ဖြစ်သည်။

ပုံရိပ်တစ်ယောက်တည်းကသာ လာကြိုမည့်မိဘကမရှိသလို၊အဒေါ်ကလည်း သူ့အလုပ်နှင့်သူဖြစ်နေ၍ လာမကြိုနိုင်ဘူးထင်သည်။


မျက်ရည်လေး ဝဲတက်လာ၍ လက်ညှိုးနှင့်ဖိသုတ်လိုက်ရင်း ကိုယ့်ဘာသာအားတင်းပြီး ပြန်ဖို့သာဆုံးဖြတ်လိုက်သည်။


"ပုံရိပ်...ဆရာကဒီမှာလေ..."


ကျောင်းရှေ့တွင် ကျောင်းသားများနှင့်မိဘများ ရောထွေးလျှက် ကြပ်ညပ်နေသောကြားမှ ပုံရိပ်၏

လက်ကောက်၀တ်ကို တစ်ယောက်ယောက်ကလှမ်းဆွဲပြီး အရှေ့မှဦးဆောင်၏ ခေါ်သွားလေသည်။


သပ်သပ်ရက်ရက်ဖီးသင်ထားသော ဆံပင်တိုစိပ်စိပ်တို့ကို လှံတင်ထားလျှက် တီရှပ်လက်ပျက်ကို ပုဆိုးနှင့် တွဲ၀တ်ထားသောလူ‌၏ ကျောပြင်ကိုကြည့်တာနှင့် ဘယ်သူမှန်းသိလိုက်လေသည်။စံပယ်ရေမွှေးရနံ့ကလည်း စူးလို့ပေါ့။ခပ်ဖွဖွဆုပ်ကိုင်ပေးထားသော လက်ကောက်၀တ်ကို ပြန်ကြည့်လိုက်ပြီး

ပုံရိပ်၏ နှုတ်ခမ်းလေးတွေပြုံးယောင်သန်းသွားမိသည်။


ပုံရိပ်သည် နေကြာပန်းလေးဖြစ်လျှင် ဆရာသည်နေမင်းကြီးဖြစ်သည်။နေကြာပန်းလေးမျက်နှာမူသောအရပ်တွင် နေမင်းကြီးရှိနေသည်။နေမင်းကြီးကိုငေးကြည့်၍ နွေးထွေးလုံခြုံရကာ ကြောက်လန့်မှုတို့ အဝေးသို့လွှင့်စင်ရ‌သည်။

နေကြာပန်းလေးကလည်း နေမင်းကြီးရှိသောအရပ်ကိုမှ မျက်နှာမူ၍ပြုံးပြနှုတ်မိလိမ့်မည်။


"ပုံရိပ်...ခဏလေးနော်...ဆရာစက်ဘီး၀င်ယူလိုက်အုံးမယ်...."


ဆရာသည် သူ့အသိအိမ်ဖြစ်၍ စက်ဘီး၀င်အပ်ခဲ့သည်ထင်ပါရဲ့ ခြံထဲသို့၀င်သွားပြီး ပြန်ထွက်လာ သောအခါ စက်ဘီးအနီလေးတစ်စီးပါ ပါလာသည်။

စက်ဘီးက ဂျပန်ဘီးကလေးဖြစ်ပြီး အသစ်ကလေးဖြစ်နေ၍ ဆရာဘယ်တုန်းကများ၀ယ်ထားတာလည်းဟု တွေးနေမိသည်။

ဒီစက်ဘီးကို ပုံရိပ်မတွေ့ဖူးခဲ့ပေ။


"မင်းဒီနေ့အားလား...တို့တွေဖူဆယ်ကွင်းမှာချိန်းပြီးကန်ကြမှာ လိုက်ခဲ့ပါလား..."


"မအားပါဘူးကွာ..နောက်တစ်ခါမှပဲ လိုက်တော့မယ်..."


"ဘာလဲ...ကလေးထိန်းနေရလို့လား..."


ဆရာ့သူငယ်ချင်းဖြစ်ဟန်တူသော လူသည်ပုံရိပ်ကို လှမ်းကြည့်ပြီး ဆရာ့ကိုစသည်။ဟုတ်လည်းဟုတ်တာပါပဲ ပုံရိပ်ကဒီနေ့မှကြက်တောင်နှစ်ဖက်စီးလာပြီး လူကောင်ကလည်းသေးတော့ ကလေးလိုဖြစ်နေသည်။ဆရာ့ပုံစံကတော့ အရပ်ထောင်ထောင်

မောင်းမောင်းနှင့် ဗလတောင့်တောင့်ဆိုတော့ သားအဖလို့ထင်စရာပင်။


"ဟေ့ကောင်...အသက်အစိပ်တောင်မပြည့်သေးတာကို ဘယ်က...ကလေးလည်း...မင်းသာမကြာခင်မိန်းမယူတော့မှာလေ...သမီးလေးမွေးရင်...

ငါကြိုပြီးစရံသက်ပေးထားမယ်...."


"သေချင်းဆိုး..မိန်းမကမယူရသေးဘူး...သမီးကိုလာတောင်းနေတယ်...တော်တော်ချစ်စရာကောင်းတဲ့သူငယ်ချင်း...မင်းရော...ဆရာ၀န်မလေးနဲ့ဘယ်လိုလဲ..."


"ဟာကွာ....ဒီအတိုင်းပါပဲ...စပယ်ရယ်သူငယ်ချင်းတွေပါပေါ့..."


"အကောင်းမေးနေတာဟ..တက္ကသိုလ်တုန်းကလည်းမလှုပ်ရှားခဲ့တော့...အခုနေမှမလှုပ်ရင်

...သူများနောက်ပါသွားမယ်နော်...ငါတို့သူငယ်ချင်းတွေက အကုန်စွံပြီး..မင်းတစ်ယောက်ပဲကျန်ခဲ့မှာ

စိုးလို့...ငါ့သားကြီးကိုစိတ်ပူလို့ပါကွာ..."


"နေစမ်းပါကွာ......ငါ့အတွက်အဲ့ဒါတွေကအရေးမကြီးသေးပါဘူး.."


"အေးပါဘ၀သမားလေးရယ်...ဟိုမှာကမျှော်တလင့်လင့်နဲ့..."


ဆရာသည် သူငယ်ချင်း၏ လက်မောင်းကိုလက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်တော့ ‌ဆရာ့သူငယ်ချင်းကအားရအောင်ရယ်လျှက် အနောက်သို့ဆုတ်သွားလေသည်။


"သူများသားသမီးကို မဟုတ်မဟပ်တွေမပြောစမ်းပါနဲ့...."


"ဘာလဲ...မမကြားရင်စိတ်ဆိုးမှာစိုးလို့လား..."


"မဟုတ်ပါဘူးကွာ...."


ဆရာသည် တိုကပ်နေသောသူ့ဆံပင်တွေကို

သပ်တင်လိုက်ပြီး ရှက်နေသောအမူအရာနှင့်ရယ်နေလေသည်။ပုံရိပ်လည်း ဆရာ့ကိုကြည့်နေရင်းနှင့် တစ်ခါမျှမမြင်ခဲ့ဖူးသော ဆရာ၏ရှက်နေသောပုံစံကို သဘောကျနေမိသည်။အသက်‌ငယ်သေးပေမဲ့ ဆရာတို့ပြောနေသော စကားများကိုနားလည်သင့်သလောက် နားလည်ပါသည်။


မမဆိုတာကရော ဘယ်သူများလဲ။

ဆရာ၀န်ဆိုတော့ ပုံရိပ်ဆေးရုံတက်တုန်းက

ကြည့်ပေးတဲ့ ဆရာ၀န်မမဖြစ်နေမလား။

အဖျားအရှိန်ကြောင့် သတိမထားလိုက်မိပေမဲ့ အဲ့ဒီ့နေ့က ပုံရိပ်ကို ရေပက်ကပ်ပေးဖို့ အသိတစ်ယောက်ဆီမှ ခွက်ငှားထားတယ်ဆိုတာ ထိုမမဆီကများလား။

ပုံရိပ်ထိုအစ်မကို သိပ်တွေ့ချင်တာပဲ။


"ရှက်မနေပါနဲ့...သားကြီးရာ...ပြောချင်ရင်လည်း

မြန်မြန်ဖွင့်ပြော...ဟိုကမင်းကိုငြင်းမှာမဟုတ်ဘူး...

ငါကြိမ်ပြောရယ်တယ်...."


"အသာနေစမ်းပါကွာ...ဒီကလေးကိုအိမ်ပြန်ပို့ရအုံးမယ်..."


"အေးပါ...ပြောမရလည်း..ကလေးပဲထိန်းနေလိုက်တော့..."


"ဟား...ဟား...ကလေးအဖေပဲလုပ်တော့မယ်...."


"အေးပါ...သူများသားသမီးပဲတစ်တသက်လုံးထိန်းတော့..."


"ငါ့အတွက် စိတ်မပူပါနဲ့သူငယ်ချင်းယောက္ခထီးကြီးရယ်...."


"ဟာ...ဒီကောင်တော့..."


သူငယ်ချင်းနှစ်ယောက်စနောက်ပြီး ဆရာကစက်ဘီးပေါ်တက်လိုက်သည်နှင့် ပုံရိပ်လည်းစက်ဘီးပေါ်သို့ တက်ထိုင်လိုက်သည်။စက်ဘီးကလေး တရွေ့ရွေ့သွားနေသောအခါ မိမိတက်ခဲ့သောအထက်တန်းကျောင်းကြီးကို 

ဆွေးဆွေးမြေ့မြေ့ပြန်ကြည့်လိုက်မိသည်။

နောက်နှစ်ဆယ်တန်းတက်ရင် ဒီကျောင်းမှာမရှိနိုင်တော့ဘူးဆိုသောအသိကြောင့် ၀မ်းနည်းနေမိသည်။


"ပုံရိပ်....ဘာဖြစ်လို့လဲ..."


"ဟင်..."


စက်ဘီးနင်းနေရင်းလှည့်မေးလာသော ဆရာ့အသံကိုကြားတော့မှ ဆရာ့ကျောကုန်းပေါ်သို့

အမှတ်မထင်ခေါင်းမှီထားမိတာကို သတိရသွားသည်။ချက်ချင်းပဲ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်သည်။


"ဆရာ...သမီးကိုဒေါ်လေးလာကြိုမယ်လို့ထင်ထားတာ...ကျောင်းအပြင်ထွက်လာတော့...လာကြိုမဲ့လူလည်းမတွေ့ရော...တအား၀မ်းနည်းသွားတာသိလား...ဆရာ့ကိုကျေးဇူးတင်ပါ‌တယ်..."


ပုံရိပ်၏ ကျေးဇူးတင်စကားသည် တိုးတိုးရှရှနှင့်ဆရာများ ကြားပါ့မလားမသိပေ။ပုံရိပ်ကတော့

ဆရာ့ကိုနောက်ကျောလေးကနေကြည့်ပြီး မကြာခင်ခွဲခွာရတော့မည်မို့ ၀မ်းနည်းစိတ်ကပိုနေမိသည်။


"ပုံရိပ်တို့အိမ်ကိုဆရာရောက်ခဲ့တယ်လေ...

ဒီနေ့ပုံရိပ်ကိုတမင်ကြိုချင်လို့...‌ပုံရိပ်ရဲ့အဒေါ်ကိုတမင်မလာခိုင်းတာ...မန္တလေးကိုသွားရတော့မယ်ဆိုတော့ လက်ဆောင်လေးပေးလိုက်ချင်လို့...

ဟိုဘက်ကကိုယ်ပိုင်ကားနဲ့ လာကြိုမှာမဟုတ်လား..."


"ဒေါ်ယဉ်တင့်ကတော့ အဲ့လိုပြောတာပဲ....သူကအလုပ်တွေများနေလို့ ဒရိုင်ဘာနဲ့..အိမ်အကူတစ်ယောက်ထည့်လိုက်မယ်တဲ့...."


"ပုံရိပ်ကံကောင်းမှာပါ...ပုံရိပ်ကလာခေါ်ဆိုတာနဲ့

ချက်ချင်းကားလွှတ်ပေးတာပဲကြည့်တော့..."


ပုံရိပ်ကံမကောင်းပါဘူးဆရာရယ်...ကိုယ်ချစ်တဲ့လူတွေကို ခွဲသွားရတာကံကောင်းတယ်လို့မှမခေါ်ဘဲ။

ဆရာ့ကိုရော ဒေါ်လေးတို့သားအမိတွေကိုရော 

မခွဲနိုင်ဘူး။မနေ့ညကတော့ သွေးပူနေတဲ့အချိန်ဆိုတော့ ချက်ချင်းမန္တလေးကို ဖုန်းဆက်ပြီးလာခေါ်ခိုင်းလိုက်မိတယ်။ပုံရိပ်ရဲ့ ဆုတောင်းတွေမပြည့်တော့ပါဘူး။ချစ်ရသူတွေနဲ့ သေကွဲမဟုတ်ရင်တောင် ရှင်ကွဲကွဲရတဲ့ ဘ၀ကနေပုံရိပ်ဘယ်တော့မှ ကျွတ်ပါ့မလဲ။

"လွမ်းရမည်"ဆိုသော ခံစားချက်ကြီးကို လုံး၀မနှစ်မျို့မိပေ။


"ဆရာ...သမီးမန္တလေးကိုရောက်ရင်...ဆရာ့ဆီကိုခဏခဏဖုန်းဆက်မယ်နော်..."


"ဆက်ပေါ့...ပုံရိပ်ရဲ့...ဆရာ့ဖုန်းနံပါတ်လည်းသိနေတာပဲ...တစ်ခုတော့ရှိတယ်...ဆရာကအခုအလုပ်ပြန်၀င်နေတော့...ညဘက်တွေလောက်ပဲအားလိမ့်မယ်...ပုံရိပ်စာတွေဘာတွေနားမလည်ရင်...ဆရာ့ကိုမက်ဆေ့ခ်ျဖြစ်ဖြစ်ပို့ပေါ့...အင်း...ပုံရိပ်ကဖေ့ဘွတ်မသုံးတော့...အကောင့်ပေးလို့လည်းမရဘူး...ပုံရိပ်ရဲ့အဖွားကပိုက်ဆံရှိတော့... ကွန်ပျူတာတွေဘာတွေ သုံးရရင်အီးမေးလ်နဲ့ပို့ထားပေါ့...

ဆရာ့အီးမေးလ်နံပါတ်ကို စာရွက်လေးနဲ့ရေးပေးပါ့မယ်...

ပြောသာပြောရတာပါ...ဟိုရောက်ရင်အိမ်ကိုတောင် ဆရာတွေခေါ်သင်ရလို့...ဆရာ့ကိုတောင်မေ့သွားမှာ..."


"မမေ့ပါဘူး...ဆရာကလည်း...ဆရာကသမီးရဲ့

ရင်ထဲမှာအမြဲရှိတယ်...သမီးရဲ့ကျေးဇူးရှင်ကြီး..

ဆရာ့ကြောင့်သမီးအများကြီး ပြောင်းလဲနိုင်ခဲ့တာ...

ဆရာ့ကိုသမီးက ညအိပ်ခါနီးတိုင်း ဦးထိပ်ထားပြီးရှိခိုးနေကြ...."


"ဖြည်းဖြည်းပြောပါ ပုံရိပ်ရယ်...ဆရာလေထဲကိုမြောက်တက်သွားပါအုံးမယ်..."


ဆရာ့ရဲ့ သူစိမ်းဆန်ဆန်စကားတွေကြောင့် ပုံရိပ်လည်းကရားရေလွှတ်သလိုပြောနေမိသည်။

သို့ပေမဲ့ ဆရာနေမျိုးပြုံးလိုက်တာကိုတော့

ပုံရိပ်သတိမထားလိုက်မိပေ။


ပုံရိပ်က လူတစ်ယောက်ကို ရင်ထဲမှာထည့်ပြီးရင် ဘယ်တော့မှမမေ့တတ်ပေမဲ့ ဆရာ့မှာကတပည့်တွေအများကြီးဆိုတော့ ကြာရင်ပုံရိပ်ကိုမေ့သွားမှာပါ။

ဆရာ့ရင်ထဲမှာ အမြဲအမှတ်ရနေမဲ့လူအဖြစ်ရှိနေချင်တယ်။

ပုံရိပ်လောဘကြီးသွားမိပြီလား။


"ပုံရိပ်....ဟိုရောက်ရင်...ဆရာဖတ်ပြတဲ့Heidiဟိုင်ဒီလိုတော့မဖြစ်စေနဲ့နော်...အိမ်ကိုလွမ်းတယ်ဆိုရင်တောင်...သူများတွေကိုယ့်ကြောင့်စိတ်မဆင်းရဲစေနဲ့...တမှိုင်မှိုင်တတွေတွေမနေနဲ့...

ကိုယ့်ဘ၀တိုးတက်ရေးအတွက်အကောင်းဆုံးကြိုးစား...ရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးဖမ်းဆုပ်ပစ်...ကိုယ်နဲ့စိမ်းသက်နေတဲ့နေရာဖြစ်လို့...

ဘာမှကြောက်ရွံ့နေစရာလည်းမလိုဘူး...ပုံရိပ်ရဲ့အနောက်မှာ ဆရာတို့ရှိတယ်...ပုံရိပ်ကဘယ်တုန်းကမှတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ အမြဲအမှတ်ရနေရမယ်နော်...ပြီးတော့သူများချစ်အောင်ခင်အောင်လည်းနေရမယ်...စကားပြောရင်လည်း ကရားရေလွှတ်မဖြစ်စေနဲ့...ပြောသင့်တဲ့နေရာမှာ ပြောသင့်တဲ့စကားကိုပြော...အခြားသူတွေအထင်အမြင်မသေးရအောင်လို့ ဂရုစိုက်နော်..."


"အဟင်း....ဆရာကသမီးရဲ့အဒေါ်ထက်တောင်...

အစိုးရိမ်လွန်နေသေးတယ်..."


ဆရာကအရှေ့သို့ ကြည့်၍စက်ဘီးနင်းရင်း ဩဝါဒခြွေနေလေသည်။ဆရာ့ပြောဆိုပုံက အသက်၂၃နှစ်မဟုတ်ဘဲ ၃၂နှစ်အရွယ်လူပျိုကြီးတစ်ယောက်လိုဖြစ်နေတော့ ပုံရိပ်အသံတိတ်၍ ရယ်မိသည်။


"...ပုံရိပ်ကဘယ်တုန်းကမှတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ အမြဲအမှတ်ရနေရမယ်နော်..."

ဆိုသည့် စကားလေးတစ်ခွန်းနဲ့တင် တင်းတိမ်နေပါပြီ။ပုံရိပ် အားငယ်မှာစိုးလို့ နှစ်သိမ့်ပေးတဲ့ဆရာ့ရဲ့ စကားလေးတစ်ခွန်းနဲ့တင် အားအင်အပြည့်ဖြစ်သွားခဲ့ပြီ။


"ဟင်...ပုံရိပ်တို့ရဲ့အိမ်ရှေ့မှာ...ကားတစ်စီးရပ်ထားတယ်...မန္တလေးကလွှတ်လိုက်တဲ့ကားလား...."


ပုံရိပ်တို့၏တိုက်ခန်းရှေ့တွင် ‌အနက်ရောင်ကားတစ်စီး ရပ်ထား၍ အိမ်ထဲသို့လှမ်းကြည့်လိုက်သောအခါ ဧည့်သည်တွေနှင့် ဒေါ်လေးကစကားပြောနေလေသည်။ပုံရိပ်နှင့်ဆရာ အကြည့်ချင်းဆုံသွားခိုက်မှာ ဆရာကပြုံး၍ အိမ်ထဲ၀င်ရန် မေးဆက်ပြသည်။

ပုံရိပ်အိမ်ထဲသို့ ၀င်သွားပေမဲ့ ဆရာကတိုက်ခန်းအပြင်ဘက်၌သာ ကျန်ရစ်ခဲ့သည်။


"ဟယ်...ပုံပုံပြန်လာပြီအစ်မရေ...ပုံပုံ..ဒီမှာမန္တလေးကလူတွေရောက်နေပြီ..."


ထိုသူနှစ်ဦးကို အကဲခတ်ကြည့်လိုက်မိတော့ တစ်ယောက်ကအသက်၅၀ကျော်လောက်ရှိနိုင်ပြီး အသားညိုညို၊ပခုံးပြန့်ကျယ်ကျယ်နှင့် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။နောက်တစ်ယောက်ကတော့ အသက်၃၀ကျော်လောက်ရှိမည်ထင်သည်။

ရင်စေ့လက်ရှည်နှင့်ထဘီရေညှိစိမ်းရောင်ကိုတွဲဖက်၍၀တ်ဆင်ထားသည်။


"ပုံရိပ်...အန်တီတို့ကမန္တလေးကပါ...မမတင့်လွှတ်လိုက်တာ...အန်တီ့‌နာမည်ကခင်လှ

ဒီကတော့ ကားဒရိုင်ဘာကြီး...

သူ့နာမည်ကဦးတင်စိန်လို့ခေါ်တယ်...."


"ဟုတ်ကဲ့...."


ပုံရိပ်ခေါင်းညိမ့်ပြလိုက်ပြီး ဒေါ်လေးကိုမဝံ့မရဲလှမ်းကြည့်လိုက်တော့ ပုံရိပ်ကိုခွင့်လွှတ်သောမျက်၀န်းများနှင့်ကြည့်လာသည်။အ၀တ်အစားတွေက မနေ့ညကတည်းကထုတ်ထား၍ ပုံရိပ်အဖို့ထပြီးလိုက်သွားရန်အားလုံးအဆင်သင့်ဖြစ်နေခဲ့သည်။

နောက်ဆုံးအနေနဲ့ ဒေါ်လေး၏အိမ်လးထဲတွင်

ပုံရိပ်ထမင်းစားခွင့်ရလေသည်။ပုံရိပ်အကြိုက်ပုစွန်ဟင်းချက်ထားပြီး မနေ့ကဦးသက်ဆွေကြောင့်မှောက်သွားခဲ့သော ချဉ်ရေဟင်းနေရာတွင်

အခြားတစ်ပွဲ အစားထိုး၍ရောက်နေလေသည်။


"စားကြပါအုံးလားရှင့်..."


"ကျွန်မတို့ လမ်းမှာစားခဲ့ပြီးပါပြီ...."


ပုံရိပ်၏ဘေးနားတွင် ယပ်ခက်ပေးနေရာမှဒေါ်လေးသည်လာကြိုသူများကို ထမင်းဖိတ်ကျွေးနေလေသည်။ထမင်းသာစားနေရပေမဲ့ ပုံရိပ်အတွက်တော့ခွဲခွာရတော့မည်ဖြစ်၍ အရသာမဲ့နေသလိုခံစားနေရသည်။


"ဒေါ်လေး...ထွန်းကိုနဲ့မိစုတို့ရော..."


"ဟိုဘက်ပိုင်းမှာ သွားကစားကြတယ်...."


"သမီးသူတို့ကိုလည်း နှုတ်ဆက်သွားချင်တယ်..."


"မလုပ်ပါနဲ့ဟယ်...တော်ကြာကားနဲ့လိုက်ချင်တယ်ဆိုပြီး ဂျီကျလို့ခရီးနှောက်နှေးနေပါအုံးမယ်...."


ဒေါ်လေးက သူ့သားသမီးတွေ၏အကြောင်းကိုသိ၍ သတိပေးလေသည်။ပုံရိပ်လည်း ထမင်းစားဟန်ဆောင်ကာ ခေါင်းကိုငုံ့၍ မျက်ရည်ဝဲမိသည်။

အချိန်အကြာကြီး သံသောဇဉ်ဖြစ်ခဲ့ရသော သူတွေနှင့်ခွဲခွာရတော့မည်ဟူသော အသိစိတ်၀င်လာတိုင်းငိုချင်နေမိသည်။


မျက်ရည်ဟာ ပျော့ညံ့မှု၏သင်္ကေတဆိုလျှင် ပုံရိပ်ယခုစိတ်ဓာတ်တွေ ပျော့ညံ့နေမိသည်။

ဦးသက်ဆွေကို ပုံရိပ်ထောင်မကျစေချင်ဘူး။

မိစုတို့ကို ထောင်ထွက်၏သားသမီးတွေအဖြစ် အများ၏အမြင်မှာ ကဲ့ရဲ့ကြမှာကို မလိုလားတဲ့အတွက် ဒီနေရာကနေပုံရိပ်ထွက်သွားမှဖြစ်လိမ့်မည်။


‌ဦးသက်ဆွေဟာ တဇွတ်ထိုးစိတ်ဓာတ်ရှိတာကြောင့် သူ့မိန်းမဆီကို တစ်နည်းမဟုတ်တစ်နည်းနဲ့ပြန်လာနိုင်သည်။ထိုအခါ အလားတူပြဿနာမျိုးထပ်ဖြစ်နိုင်သည်။

အခုလည်း ပုံရိပ်ကြောင့်သာမဟုတ်ရင် ဒီရန်ပွဲက

ဒီလောက်အထိ ကြမ်းတမ်းလိမ့်မယ်မထင်ဘူး။

ပုံရိပ်ကို သူ့အိမ်မှာအလိုမရှိလို့ ဖြစ်သွားသောပြဿနာမှာ ပုံရိပ်နေဖို့ဘယ်သင့်တော်တော့မှာလဲ။


ထမင်းစားပြီး၍ ခဏနားကာ ကားဒရိုင်ဘာက

ပုံရိပ်၏အထုပ်တွေကို ကားထဲသို့ထည့်နေသောအခါတွင် ဒေါ်လေးသည်ပုံရိပ်ကိုဖက်၍ငိုတော့သည်။

ထိုစဉ် အပျိုကြီးတို့လည်းရောက်လာပြီး ဒေါ်လေးကိုနှစ်သိမ့်ပေးကြသည်။


"မရှင်းသန့်ရယ်...ကလေးနောက်ဆံတင်းအောင်

မလုပ်ပါနဲ့..."


"ကျွန်မ၀မ်းနည်းလွန်းလို့ပါ....သမီးလေး..ဟိုရောက်ရင်လိမ်လိမ်မာမာနေနော်...အဖွားရဲ့ပြောစကားကိုနားထောင်...ဒေါ်လေးဆီကိုလည်းဖုန်းဆက်...

ဘာပဲလုပ်လုပ်လူကြီးတွေနဲ့တိုင်ပင်‌ရမယ်နော်...

တစ်ယောက်တည်းကြိတ်ပြီး မခံစားရဘူးနော်..

အပျိုကြီးရယ်...ဒီကလေးကသိပ်ခေါင်းမာတာ..

တစ်ခုခုဆိုရင် သူ့ရင်ထဲမှာပဲထားတာ..."


ပုံရိပ်၏လက်ကလေးတွေကို ထွေးဆုပ်ထားလျှက် ပုံရိပ်ကိုတလှည့်အပျိုကြီးကိုတလှည့် စကားတွေပြောနေသော ဒေါ်လေးကိုပုံရိပ်အကြာကြီးဖက်ထားမိသည်။တိုက်ခန်းအပြင်ဘက်သို့ ထွက်လာသောအခါတွင် ဆရာသည်နံရံကိုမှီလျှက်ရပ်နေရာမှ ပုံရိပ်ကိုပြုံးပြလာသည်။

နေမင်းကြီး၏ နောက်ဆုံး နှုတ်ဆက်အပြုံးလေးတစ်ခုပေါ့။


"ပုံရိပ်..မန္တလေးမှာကစက်ဘီးတွေ၊ဆိုင်ကယ်လ်တွေအစီးများတယ်...ဟိုစက်ဘီးအနီလေးကပုံရိပ်အတွက် ဆရာပေးလိုက်မဲ့လက်ဆောင်ပဲ...

ပျော်ရွှင်ဖို့ကအဓိကပဲ...ဟိုမှာပျော်အောင်နေပါ..."


ဆရာက ရယ်ပြနေပေမဲ့ ပုံရိပ်ကတော့ငိုချင်နေမိသည်။ပုံရိပ်မပျော်နိုင်ဘူးဆရာရယ်။ဆရာတို့ကို ခွဲရမှာ ဘယ်လိုလုပ်ပြီးပျော်နိုင်ပါ့မလဲ။

ပြန်တွေ့ချင်ပါတယ်။ဒါပေမဲ့ အချိန်ဘယ်လောက်ကြာမှလည်းဆိုတာ ပုံရိပ်မသိနိုင်ဘူး။


"ဆရာနဲ့...ဒေါ်လေးကို သမီးကန်တော့ခဲ့ပါတယ်..."


ဆရာနှင့်ဒေါ်လေးကို အိမ်ရှေ့တွင်ပဲထိုင်ကန်တော့ခဲ့ကာ ပုံရိပ်ကားထဲသို့၀င်ထိုင်လိုက်သည်။ကားနောက်ခန်းထဲသို့ ဆရာ့၏စက်ဘီးအနီလေးကိုလည်း

ကားဒါရိုင်ဘာကြီးကထည့်လိုက်လေသည်။


"ဒေါ်လေးသမီးသွားပြီနော်..ကျန်းမာရေးကိုလည်း ဂရုစိုက်ပါနော်...ထွန်းကိုနဲ့မိစုကိုလည်း...သမီးကနှုတ်ဆက်တယ်လို့ပြောပေးပါနော်...

အန်တီအပျိုကြီး...‌ဒေါ်လေးကိုဂရုစိုက်ပေးပါနော်...

ဆရာ...သမီးသွားပြီနော်...အဟင့်..."


ဆရာ့ကိုနှုတ်ဆက်အပြီးမှာ ကားလေးလည်းမောင်းထွက်သွားပြီး ပုံရိပ်အင့်ခနဲငိုချလိုက်မိသည်။

ရပ်ကွက်လမ်းကလေးထဲမှ ဖြတ်မောင်းသွားသောကားလေးသည် ဘုန်းကြီးကျောင်းကိုကျော်ဖြတ်ပြီး ကားလမ်းမကြီးဆီသို့ ဦးတည်၍သွားနေသည်။ပုံရိပ်တို့၏ လမ်းထိပ်နားတွင် ဟိန်းကိုကိုလည်း တွေ့လိုက်ပါသည်။သူကသူ့ဦးလေးအိမ်မှာပဲနေတော့ ပုံရိပ်သွားမှာကို သူမသိပေ။ပုံရိပ်သူ့ကိုဆင်း၍ နှုတ်မဆက်မိပေမဲ့ သူ့ကိုသေချာကြည့်လိုက်မိပါသည်။

သူကတော့ ကြောင်စီစွာရပ်၍ငေးကျန်ခဲ့သည်။


ပုံရိပ်၏ဘ၀သည် တိမ်တိုက်တွေပေါ်မှာပြေးလွှားနေရသလိုပါပဲ။စိုးထိတ်မှုအပြည့်နှင့် လွှင့်မျောနေသောသစ်ရွက်ကြွေလေးသည် ဘယ်ဆီမှာသောင်တင်၍ ဘယ်လိုပျက်စီးရမလဲ၊ဘယ်လိုအခက်အခဲမျိူးတွေ ဆက်၍ရင်ဆိုင်ရမလဲဆိုတာကတော့ ကြမ္မာဖန်ရာပေါ့။


ရောက်ရာအရပ်မှာ အကောင်းဆုံးရှင်သန်မည်။

စောင့်ကြိုနေသော ဘ၀အသစ်တစ်ခုမှာကောင်းကောင်းရှင်သန် ရပ်တည်နေနိုင်ရမည်။

"ပုံရိပ်ကံ‌ကောင်းမှာပါ..."ဟုဆရာပြောခဲ့သောစကားကိုကြားယောင်၍ ပုံရိပ်တကယ်ကံကောင်းပါစေဟု ဆုတောင်းနေမိသည်။


(နောက်အပိုင်းဆို မန္တလေးရောက်ပါပြီး ဇာတ်ကောင်တွေလည်း အကုန်စုံတော့မှာဖြစ်၍ romanceလေးတွေလည်းလာတော့ပါမည်)


=======================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၄)🔥  ပထမပိုင္း


"အေျဖလႊာစာရြက္ အပ္ခ်င္သူေတြ...အပ္လို႔ရပါၿပီေနာ္..."


ဇီ၀ေဗဒဘာသာရပ္သည္ က်က္စာခ်ဉ္းပဲျဖစ္၍ အျခားဘာသာေတြထက္ ေျဖခ်ိန္သိပ္မယူရေပ။

မေန့ညက စာေနြးခ်ိန္သိပ္မရလိုက္ေပမဲ့ ယခင္တည္းက စာကိုေသခ်ာက်က္ထား၍ ေျဖဆိုခ်ိန္တြင္ အခက္အခဲမရိွခဲ့‌ေပ။အတန္းအျပင္သို႔လည္း‌ ေစာ၍မထြက္ခ်င္ေပ။မ်က္ႏွာတြင္ ညိုမဲဆဲြေနေသာေနရာေတြရိွေန၍ သနပ္ခါးကိုေကာက္စိုက္ေသာသူေတြ လိမ္းသကဲ့သို႔အထူႀကီးလိမ္းထားလိုက္မိသည္။ပါးေဆာင္က နာလြန္း၍မနက္စာေတာင္

မနဲစားခဲ့ရသည္။


အျခားအတန္းသားမ်ားသည္ ဆရာမဆီသို႔အေျဖလႊာစာရြက္အပ္ခဲ့ၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ အတန္းအျပင္သို႔ထြက္သြားၾကေလသည္။အတန္းထဲတြင္အတန္းသားေလး၊ငါး၊ဆယ္ေယာက္သာ က်န္ခဲ့သည္။ေဟာ့ဒီ့ေက်ာင္းခန္းႀကီးထဲမွ ထြက္ၿပီး ေက်ာင္း၀န္းအျပင္ဘက္သို႔ ေျခလွမ္းလိုက္မိသည္ႏွင့္ ရန္ကုန္ၿမိဳ႔ႀကီးကေနပါ အၿပီးထြက္သြားရေတာ့မည္ျဖစ္သည္။မေန့ညက ျဖစ္ရပ္ေတြကို ျပန္ေတြးၾကၫ့္လိုက္တိုင္း ေျခာက္ျခားစရာအိပ္မက္တစ္ခုလို တစ္ကိုယ္လံုးခၽြေးေစးေတျြပန္လာသည္။


မိဘေတြေတာင္ ပံုရိပ္ကိုတစ္ခါမွ ထို႔သို႔ရက္စက္စြာ မရိုက္ႏွက္ခဲ့ဖူးေပ။အေဖေရာ၊အေမေရာ ပံုရိပ္ကိုငယ္ငယ္တည္းက လက္ႏွင့္ေတာင္မရြယ္ခဲ့ဖူး၍ 

ဦးသက္ေတြကို ရင္ထဲ၊အသဲထဲကေနကို နာက်ည္းမုန္းတီးမိသည္။ကေလးေတြကိုေရာ ေဒၚေလးကိုပါသနားေနမိေပမဲ့ နာက်င္ခဲ့ရသၫ့္ဒီေနရာမွာ ပံုရိပ္တစ္စကၠန႔္ေတာင္ ေျခမခ်ခ်င္ေတာ့သည္အထိ

ျဖစ္ေနမိသည္။မႏၲေလးမွာက ပံုရိပ္၏ဦးေလးရိွသည္၊အေဒၚရိွသည္၊ၿပီးေတာ့ အဖြားႏွင့္ေမာင္ႏွမ၀မ္းကဲြေတြ ရိွသည္။သူတို႔ကေရာ ပံုရိပ္အေပၚမွာ တကယ္ေကာင္းေပးႏိုင္ၾကပါ့မလား။


"ကလင္...ကလင္...ကလင္...."


"ေဟး....!!!!ကၽြတ္ၿပီကြ....မနက္ျဖန္ေတာ့ သိုးေနေအာင္ အိပ္ပစ္မယ္..."


ေက်ာင္းဆင္းဘဲလ္ျမည္သည္ႏွင့္ အကုန္လံုးအံုးအံုးထကာ ေပ်ာ္ပါးလ်ွက္ ျပန္ကုန္ၾကေလသည္။

ပံုရိပ္ကေတာ့ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနေသာေျခေထာက္ကို မနဲ‌အားယူၿပီး ေလ်ွာက္ကာဆရာမကိုစာရြက္အပ္လိုက္သည္။သူငယ္ခ်င္းမ်ားႏွင့္

ေတြ့လ်ွင္‌ ဝိုင္းေမးၾကမွာကို မခံႏိုင္၍ ေနာက္ဆံုးမွထြက္ဖို႔ စဉ္းစားလိုက္ျခင္းျဖစ္သည္။


ကိုယ့္လြယ္အိတ္ကို အျမန္ယူၿပီးေက်ာင္းဂိတ္ေပါက္၀ဆီသို႔ နာေနေသာေျခေထာက္ကို မနည္းအားျပဳ၍ ေရာက္ေအာင္သြားေနရသည္။

မေန့ကမွ လတ္လတ္ဆက္ဆက္ရရိွထားေသာ ဒဏ္ရာေတျြဖစ္၍ လူတစ္ကိုယ္လံုး ကိုင္အေပါက္ခံရသလို နာက်င္လြန္းလွသည္။


ေက်ာင္းဂိတ္ေပါက္သို႔ ေရာက္ေသာအခါ လာႀကိဳသူမ်ားရိွမလားဟု မ်က္လံုးကိုေဝ့ရမ္းၾကၫ့္မိေတာ့ တစ္ေယာက္မွ လာမႀကိဳ၍ အားငယ္စိတ္၀င္သြားမိသည္။သူမ်ားမိဘေတြမ်ား ႃပံုးလို႔၊ရႊင္လို႔ ေက်ာင္းေနာက္ဆံုးေန့မွာ အားလံုး၏အေပ်ာ္ေတြက လြတ္လပ္ေပါ့ပါးမႈ အျပၫ့္ျဖစ္သည္။

ပံုရိပ္တစ္ေယာက္တည္းကသာ လာႀကိဳမၫ့္မိဘကမရိွသလို၊အေဒၚကလည္း သူ႔အလုပ္ႏွင့္သူျဖစ္ေန၍ လာမႀကိဳႏိုင္ဘူးထင္သည္။


မ်က္ရည္ေလး ဝဲတက္လာ၍ လက္ၫွိုးႏွင့္ဖိသုတ္လိုက္ရင္း ကိုယ့္ဘာသာအားတင္းၿပီး ျပန္ဖို႔သာဆံုးျဖတ္လိုက္သည္။


"ပံုရိပ္...ဆရာကဒီမွာေလ..."


ေက်ာင္းေရ႔ွတြင္ ေက်ာင္းသားမ်ားႏွင့္မိဘမ်ား ေရာေထြးလ်ွက္ ၾကပ္ညပ္ေနေသာၾကားမွ ပံုရိပ္၏

လက္ေကာက္၀တ္ကို တစ္ေယာက္ေယာက္ကလွမ္းဆဲြၿပီး အေရ႔ွမွဦးေဆာင္၏ ေခၚသြားေလသည္။


သပ္သပ္ရက္ရက္ဖီးသင္ထားေသာ ဆံပင္တိုစိပ္စိပ္တို႔ကို လွံတင္ထားလ်ွက္ တီရွပ္လက္ပ်က္ကို ပုဆိုးႏွင့္ တဲြ၀တ္ထားေသာလူ‌၏ ေက်ာျပင္ကိုၾကၫ့္တာႏွင့္ ဘယ္သူမွန္းသိလိုက္ေလသည္။စံပယ္ေရေမႊးရနံ႔ကလည္း စူးလို႔ေပါ့။ခပ္ဖြဖြဆုပ္ကိုင္ေပးထားေသာ လက္ေကာက္၀တ္ကို ျပန္ၾကၫ့္လိုက္ၿပီး

ပံုရိပ္၏ ႏႈတ္ခမ္းေလးေတြႃပံုးေယာင္သန္းသြားမိသည္။


ပံုရိပ္သည္ ေနၾကာပန္းေလးျဖစ္လ်ွင္ ဆရာသည္ေနမင္းႀကီးျဖစ္သည္။ေနၾကာပန္းေလးမ်က္ႏွာမူေသာအရပ္တြင္ ေနမင္းႀကီးရိွေနသည္။ေနမင္းႀကီးကိုေငးၾကၫ့္၍ ေနြးေထြးလံုႃခံုရကာ ေၾကာက္လန႔္မႈတို႔ အေဝးသို႔လႊင့္စင္ရ‌သည္။

ေနၾကာပန္းေလးကလည္း ေနမင္းႀကီးရိွေသာအရပ္ကိုမွ မ်က္ႏွာမူ၍ႃပံုးျပႏႈတ္မိလိမ့္မည္။


"ပံုရိပ္...ခဏေလးေနာ္...ဆရာစက္ဘီး၀င္ယူလိုက္အံုးမယ္...."


ဆရာသည္ သူ႔အသိအိမ္ျဖစ္၍ စက္ဘီး၀င္အပ္ခဲ့သည္ထင္ပါရဲ့ ၿခံထဲသို႔၀င္သြားၿပီး ျပန္ထြက္လာ ေသာအခါ စက္ဘီးအနီေလးတစ္စီးပါ ပါလာသည္။

စက္ဘီးက ဂ်ပန္ဘီးကေလးျဖစ္ၿပီး အသစ္ကေလးျဖစ္ေန၍ ဆရာဘယ္တုန္းကမ်ား၀ယ္ထားတာလည္းဟု ေတြးေနမိသည္။

ဒီစက္ဘီးကို ပံုရိပ္မေတြ့ဖူးခဲ့ေပ။


"မင္းဒီေန့အားလား...တို႔ေတြဖူဆယ္ကြင္းမွာခ်ိန္းၿပီးကန္ၾကမွာ လိုက္ခဲ့ပါလား..."


"မအားပါဘူးကြာ..ေနာက္တစ္ခါမွပဲ လိုက္ေတာ့မယ္..."


"ဘာလဲ...ကေလးထိန္းေနရလို႔လား..."


ဆရာ့သူငယ္ခ်င္းျဖစ္ဟန္တူေသာ လူသည္ပံုရိပ္ကို လွမ္းၾကၫ့္ၿပီး ဆရာ့ကိုစသည္။ဟုတ္လည္းဟုတ္တာပါပဲ ပံုရိပ္ကဒီေန့မွၾကက္ေတာင္ႏွစ္ဖက္စီးလာၿပီး လူေကာင္ကလည္းေသးေတာ့ ကေလးလိုျဖစ္ေနသည္။ဆရာ့ပံုစံကေတာ့ အရပ္ေထာင္ေထာင္

ေမာင္းေမာင္းႏွင့္ ဗလေတာင့္ေတာင့္ဆိုေတာ့ သားအဖလို႔ထင္စရာပင္။


"ေဟ့ေကာင္...အသက္အစိပ္ေတာင္မျပၫ့္ေသးတာကို ဘယ္က...ကေလးလည္း...မင္းသာမၾကာခင္မိန္းမယူေတာ့မွာေလ...သမီးေလးေမြးရင္...

ငါႀကိဳၿပီးစရံသက္ေပးထားမယ္...."


"ေသခ်င္းဆိုး..မိန္းမကမယူရေသးဘူး...သမီးကိုလာေတာင္းေနတယ္...ေတာ္ေတာ္ခ်စ္စရာေကာင္းတဲ့သူငယ္ခ်င္း...မင္းေရာ...ဆရာ၀န္မေလးနဲ႔ဘယ္လိုလဲ..."


"ဟာကြာ....ဒီအတိုင္းပါပဲ...စပယ္ရယ္သူငယ္ခ်င္းေတြပါေပါ့..."


"အေကာင္းေမးေနတာဟ..တကၠသိုလ္တုန္းကလည္းမလႈပ္ရွားခဲ့ေတာ့...အခုေနမွမလႈပ္ရင္

...သူမ်ားေနာက္ပါသြားမယ္ေနာ္...ငါတို႔သူငယ္ခ်င္းေတြက အကုန္စြံၿပီး..မင္းတစ္ေယာက္ပဲက်န္ခဲ့မွာ

စိုးလို႔...ငါ့သားႀကီးကိုစိတ္ပူလို႔ပါကြာ..."


"ေနစမ္းပါကြာ......ငါ့အတြက္အဲ့ဒါေတြကအေရးမႀကီးေသးပါဘူး.."


"ေအးပါဘ၀သမားေလးရယ္...ဟိုမွာကေမ်ွာ္တလင့္လင့္နဲ႔..."


ဆရာသည္ သူငယ္ခ်င္း၏ လက္ေမာင္းကိုလက္သီးျဖင့္ ခပ္ဖြဖြထိုးလိုက္ေတာ့ ‌ဆရာ့သူငယ္ခ်င္းကအားရေအာင္ရယ္လ်ွက္ အေနာက္သို႔ဆုတ္သြားေလသည္။


"သူမ်ားသားသမီးကို မဟုတ္မဟပ္ေတြမေျပာစမ္းပါနဲ႔...."


"ဘာလဲ...မမၾကားရင္စိတ္ဆိုးမွာစိုးလို႔လား..."


"မဟုတ္ပါဘူးကြာ...."


ဆရာသည္ တိုကပ္ေနေသာသူ႔ဆံပင္ေတြကို

သပ္တင္လိုက္ၿပီး ရွက္ေနေသာအမူအရာႏွင့္ရယ္ေနေလသည္။ပံုရိပ္လည္း ဆရာ့ကိုၾကၫ့္ေနရင္းႏွင့္ တစ္ခါမ်ွမျမင္ခဲ့ဖူးေသာ ဆရာ၏ရွက္ေနေသာပံုစံကို သေဘာက်ေနမိသည္။အသက္‌ငယ္ေသးေပမဲ့ ဆရာတို႔ေျပာေနေသာ စကားမ်ားကိုနားလည္သင့္သေလာက္ နားလည္ပါသည္။


မမဆိုတာကေရာ ဘယ္သူမ်ားလဲ။

ဆရာ၀န္ဆိုေတာ့ ပံုရိပ္ေဆးရံုတက္တုန္းက

ၾကၫ့္ေပးတဲ့ ဆရာ၀န္မမျဖစ္ေနမလား။

အဖ်ားအရိွန္ေၾကာင့္ သတိမထားလိုက္မိေပမဲ့ အဲ့ဒီ့ေန့က ပံုရိပ္ကို ေရပက္ကပ္ေပးဖို႔ အသိတစ္ေယာက္ဆီမွ ခြက္ငွားထားတယ္ဆိုတာ ထိုမမဆီကမ်ားလား။

ပံုရိပ္ထိုအစ္မကို သိပ္ေတြ့ခ်င္တာပဲ။


"ရွက္မေနပါနဲ႔...သားႀကီးရာ...ေျပာခ်င္ရင္လည္း

ျမန္ျမန္ဖြင့္ေျပာ...ဟိုကမင္းကိုျငင္းမွာမဟုတ္ဘူး...

ငါႀကိမ္ေျပာရယ္တယ္...."


"အသာေနစမ္းပါကြာ...ဒီကေလးကိုအိမ္ျပန္ပို႔ရအံုးမယ္..."


"ေအးပါ...ေျပာမရလည္း..ကေလးပဲထိန္းေနလိုက္ေတာ့..."


"ဟား...ဟား...ကေလးအေဖပဲလုပ္ေတာ့မယ္...."


"ေအးပါ...သူမ်ားသားသမီးပဲတစ္တသက္လံုးထိန္းေတာ့..."


"ငါ့အတြက္ စိတ္မပူပါနဲ႔သူငယ္ခ်င္းေယာကၡထီးႀကီးရယ္...."


"ဟာ...ဒီေကာင္ေတာ့..."


သူငယ္ခ်င္းႏွစ္ေယာက္စေနာက္ၿပီး ဆရာကစက္ဘီးေပၚတက္လိုက္သည္ႏွင့္ ပံုရိပ္လည္းစက္ဘီးေပၚသို႔ တက္ထိုင္လိုက္သည္။စက္ဘီးကေလး တေရြ့ေရြ့သြားေနေသာအခါ မိမိတက္ခဲ့ေသာအထက္တန္းေက်ာင္းႀကီးကို 

ေဆြးေဆြးေႁမ့ေႁမ့ျပန္ၾကၫ့္လိုက္မိသည္။

ေနာက္ႏွစ္ဆယ္တန္းတက္ရင္ ဒီေက်ာင္းမွာမရိွႏိုင္ေတာ့ဘူးဆိုေသာအသိေၾကာင့္ ၀မ္းနည္းေနမိသည္။


"ပံုရိပ္....ဘာျဖစ္လို႔လဲ..."


"ဟင္..."


စက္ဘီးနင္းေနရင္းလွၫ့္ေမးလာေသာ ဆရာ့အသံကိုၾကားေတာ့မွ ဆရာ့ေက်ာကုန္းေပၚသို႔

အမွတ္မထင္ေခါင္းမွီထားမိတာကို သတိရသြားသည္။ခ်က္ခ်င္းပဲ ခႏၶာကိုယ္ကိုျပန္မတ္လိုက္သည္။


"ဆရာ...သမီးကိုေဒၚေလးလာႀကိဳမယ္လို႔ထင္ထားတာ...ေက်ာင္းအျပင္ထြက္လာေတာ့...လာႀကိဳမဲ့လူလည္းမေတြ့ေရာ...တအား၀မ္းနည္းသြားတာသိလား...ဆရာ့ကိုေက်းဇူးတင္ပါ‌တယ္..."


ပံုရိပ္၏ ေက်းဇူးတင္စကားသည္ တိုးတိုးရွရွႏွင့္ဆရာမ်ား ၾကားပါ့မလားမသိေပ။ပံုရိပ္ကေတာ့

ဆရာ့ကိုေနာက္ေက်ာေလးကေနၾကၫ့္ၿပီး မၾကာခင္ခဲြခြာရေတာ့မည္မို႔ ၀မ္းနည္းစိတ္ကပိုေနမိသည္။


"ပံုရိပ္တို႔အိမ္ကိုဆရာေရာက္ခဲ့တယ္ေလ...

ဒီေန့ပံုရိပ္ကိုတမင္ႀကိဳခ်င္လို႔...‌ပံုရိပ္ရဲ့အေဒၚကိုတမင္မလာခိုင္းတာ...မႏၲေလးကိုသြားရေတာ့မယ္ဆိုေတာ့ လက္ေဆာင္ေလးေပးလိုက္ခ်င္လို႔...

ဟိုဘက္ကကိုယ္ပိုင္ကားနဲ႔ လာႀကိဳမွာမဟုတ္လား..."


"ေဒၚယဉ္တင့္ကေတာ့ အဲ့လိုေျပာတာပဲ....သူကအလုပ္ေတြမ်ားေနလို႔ ဒရိုင္ဘာနဲ႔..အိမ္အကူတစ္ေယာက္ထၫ့္လိုက္မယ္တဲ့...."


"ပံုရိပ္ကံေကာင္းမွာပါ...ပံုရိပ္ကလာေခၚဆိုတာနဲ႔

ခ်က္ခ်င္းကားလႊတ္ေပးတာပဲၾကၫ့္ေတာ့..."


ပံုရိပ္ကံမေကာင္းပါဘူးဆရာရယ္...ကိုယ္ခ်စ္တဲ့လူေတြကို ခဲြသြားရတာကံေကာင္းတယ္လို႔မွမေခၚဘဲ။

ဆရာ့ကိုေရာ ေဒၚေလးတို႔သားအမိေတြကိုေရာ 

မခဲြႏိုင္ဘူး။မေန့ညကေတာ့ ေသြးပူေနတဲ့အခ်ိန္ဆိုေတာ့ ခ်က္ခ်င္းမႏၲေလးကို ဖုန္းဆက္ၿပီးလာေခၚခိုင္းလိုက္မိတယ္။ပံုရိပ္ရဲ့ ဆုေတာင္းေတြမျပၫ့္ေတာ့ပါဘူး။ခ်စ္ရသူေတြနဲ႔ ေသကဲြမဟုတ္ရင္ေတာင္ ရွင္ကဲြကဲြရတဲ့ ဘ၀ကေနပံုရိပ္ဘယ္ေတာ့မွ ကၽြတ္ပါ့မလဲ။

"လြမ္းရမည္"ဆိုေသာ ခံစားခ်က္ႀကီးကို လံုး၀မႏွစ္မ်ိဳ႕မိေပ။


"ဆရာ...သမီးမႏၲေလးကိုေရာက္ရင္...ဆရာ့ဆီကိုခဏခဏဖုန္းဆက္မယ္ေနာ္..."


"ဆက္ေပါ့...ပံုရိပ္ရဲ့...ဆရာ့ဖုန္းနံပါတ္လည္းသိေနတာပဲ...တစ္ခုေတာ့ရိွတယ္...ဆရာကအခုအလုပ္ျပန္၀င္ေနေတာ့...ညဘက္ေတြေလာက္ပဲအားလိမ့္မယ္...ပံုရိပ္စာေတြဘာေတြနားမလည္ရင္...ဆရာ့ကိုမက္ေဆ့ခ္်ျဖစ္ျဖစ္ပို႔ေပါ့...အင္း...ပံုရိပ္ကေဖ့ဘြတ္မသံုးေတာ့...အေကာင့္ေပးလို႔လည္းမရဘူး...ပံုရိပ္ရဲ့အဖြားကပိုက္ဆံရိွေတာ့... ကြန္ပ်ူတာေတြဘာေတြ သံုးရရင္အီးေမးလ္နဲ႔ပို႔ထားေပါ့...

ဆရာ့အီးေမးလ္နံပါတ္ကို စာရြက္ေလးနဲ႔ေရးေပးပါ့မယ္...

ေျပာသာေျပာရတာပါ...ဟိုေရာက္ရင္အိမ္ကိုေတာင္ ဆရာေတြေခၚသင္ရလို႔...ဆရာ့ကိုေတာင္ေမ့သြားမွာ..."


"မေမ့ပါဘူး...ဆရာကလည္း...ဆရာကသမီးရဲ့

ရင္ထဲမွာအၿမဲရိွတယ္...သမီးရဲ့ေက်းဇူးရွင္ႀကီး..

ဆရာ့ေၾကာင့္သမီးအမ်ားႀကီး ေျပာင္းလဲႏိုင္ခဲ့တာ...

ဆရာ့ကိုသမီးက ညအိပ္ခါနီးတိုင္း ဦးထိပ္ထားၿပီးရိွခိုးေနၾက...."


"ျဖည္းျဖည္းေျပာပါ ပံုရိပ္ရယ္...ဆရာေလထဲကိုေျမာက္တက္သြားပါအံုးမယ္..."


ဆရာ့ရဲ့ သူစိမ္းဆန္ဆန္စကားေတြေၾကာင့္ ပံုရိပ္လည္းကရားေရလႊတ္သလိုေျပာေနမိသည္။

သို႔ေပမဲ့ ဆရာေနမ်ိဳးႃပံုးလိုက္တာကိုေတာ့

ပံုရိပ္သတိမထားလိုက္မိေပ။


ပံုရိပ္က လူတစ္ေယာက္ကို ရင္ထဲမွာထၫ့္ၿပီးရင္ ဘယ္ေတာ့မွမေမ့တတ္ေပမဲ့ ဆရာ့မွာကတပၫ့္ေတြအမ်ားႀကီးဆိုေတာ့ ၾကာရင္ပံုရိပ္ကိုေမ့သြားမွာပါ။

ဆရာ့ရင္ထဲမွာ အၿမဲအမွတ္ရေနမဲ့လူအျဖစ္ရိွေနခ်င္တယ္။

ပံုရိပ္ေလာဘႀကီးသြားမိၿပီလား။


"ပံုရိပ္....ဟိုေရာက္ရင္...ဆရာဖတ္ျပတဲ့Heidiဟိုင္ဒီလိုေတာ့မျဖစ္ေစနဲ႔ေနာ္...အိမ္ကိုလြမ္းတယ္ဆိုရင္ေတာင္...သူမ်ားေတြကိုယ့္ေၾကာင့္စိတ္မဆင္းရဲေစနဲ႔...တမိႈင္မိႈင္တေတြေတြမေနနဲ႔...

ကိုယ့္ဘ၀တိုးတက္ေရးအတြက္အေကာင္းဆံုးႀကိဳးစား...ရလာတဲ့အခြင့္အေရးကိုအေကာင္းဆံုးဖမ္းဆုပ္ပစ္...ကိုယ္နဲ႔စိမ္းသက္ေနတဲ့ေနရာျဖစ္လို႔...

ဘာမွေၾကာက္ရြံ႔ေနစရာလည္းမလိုဘူး...ပံုရိပ္ရဲ့အေနာက္မွာ ဆရာတို႔ရိွတယ္...ပံုရိပ္ကဘယ္တုန္းကမွတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ အၿမဲအမွတ္ရေနရမယ္ေနာ္...ၿပီးေတာ့သူမ်ားခ်စ္ေအာင္ခင္ေအာင္လည္းေနရမယ္...စကားေျပာရင္လည္း ကရားေရလႊတ္မျဖစ္ေစနဲ႔...ေျပာသင့္တဲ့ေနရာမွာ ေျပာသင့္တဲ့စကားကိုေျပာ...အျခားသူေတြအထင္အျမင္မေသးရေအာင္လို႔ ဂရုစိုက္ေနာ္..."


"အဟင္း....ဆရာကသမီးရဲ့အေဒၚထက္ေတာင္...

အစိုးရိမ္လြန္ေနေသးတယ္..."


ဆရာကအေရ႔ွသို႔ ၾကၫ့္၍စက္ဘီးနင္းရင္း ဩဝါဒႁခြေနေလသည္။ဆရာ့ေျပာဆိုပံုက အသက္၂၃ႏွစ္မဟုတ္ဘဲ ၃၂ႏွစ္အရြယ္လူပ်ိဳႀကီးတစ္ေယာက္လိုျဖစ္ေနေတာ့ ပံုရိပ္အသံတိတ္၍ ရယ္မိသည္။


"...ပံုရိပ္ကဘယ္တုန္းကမွတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ အၿမဲအမွတ္ရေနရမယ္ေနာ္..."

ဆိုသၫ့္ စကားေလးတစ္ခြန္းနဲ႔တင္ တင္းတိမ္ေနပါၿပီ။ပံုရိပ္ အားငယ္မွာစိုးလို႔ ႏွစ္သိမ့္ေပးတဲ့ဆရာ့ရဲ့ စကားေလးတစ္ခြန္းနဲ႔တင္ အားအင္အျပၫ့္ျဖစ္သြားခဲ့ၿပီ။


"ဟင္...ပံုရိပ္တို႔ရဲ့အိမ္ေရ႔ွမွာ...ကားတစ္စီးရပ္ထားတယ္...မႏၲေလးကလႊတ္လိုက္တဲ့ကားလား...."


ပံုရိပ္တို႔၏တိုက္ခန္းေရ႔ွတြင္ ‌အနက္ေရာင္ကားတစ္စီး ရပ္ထား၍ အိမ္ထဲသို႔လွမ္းၾကၫ့္လိုက္ေသာအခါ ဧၫ့္သည္ေတြႏွင့္ ေဒၚေလးကစကားေျပာေနေလသည္။ပံုရိပ္ႏွင့္ဆရာ အၾကၫ့္ခ်င္းဆံုသြားခိုက္မွာ ဆရာကႃပံုး၍ အိမ္ထဲ၀င္ရန္ ေမးဆက္ျပသည္။

ပံုရိပ္အိမ္ထဲသို႔ ၀င္သြားေပမဲ့ ဆရာကတိုက္ခန္းအျပင္ဘက္၌သာ က်န္ရစ္ခဲ့သည္။


"ဟယ္...ပံုပံုျပန္လာၿပီအစ္မေရ...ပံုပံု..ဒီမွာမႏၲေလးကလူေတြေရာက္ေနၿပီ..."


ထိုသူႏွစ္ဦးကို အကဲခတ္ၾကၫ့္လိုက္မိေတာ့ တစ္ေယာက္ကအသက္၅၀ေက်ာ္ေလာက္ရိွႏိုင္ၿပီး အသားညိုညို၊ပခံုးျပန႔္က်ယ္က်ယ္ႏွင့္ ဦးေလးႀကီးတစ္ေယာက္ျဖစ္သည္။ေနာက္တစ္ေယာက္ကေတာ့ အသက္၃၀ေက်ာ္ေလာက္ရိွမည္ထင္သည္။

ရင္ေစ့လက္ရွည္ႏွင့္ထဘီေရၫွိစိမ္းေရာင္ကိုတဲြဖက္၍၀တ္ဆင္ထားသည္။


"ပံုရိပ္...အန္တီတို႔ကမႏၲေလးကပါ...မမတင့္လႊတ္လိုက္တာ...အန္တီ့‌နာမည္ကခင္လွ

ဒီကေတာ့ ကားဒရိုင္ဘာႀကီး...

သူ႔နာမည္ကဦးတင္စိန္လို႔ေခၚတယ္...."


"ဟုတ္ကဲ့...."


ပံုရိပ္ေခါင္းညိမ့္ျပလိုက္ၿပီး ေဒၚေလးကိုမဝံ့မရဲလွမ္းၾကၫ့္လိုက္ေတာ့ ပံုရိပ္ကိုခြင့္လႊတ္ေသာမ်က္၀န္းမ်ားႏွင့္ၾကၫ့္လာသည္။အ၀တ္အစားေတြက မေန့ညကတည္းကထုတ္ထား၍ ပံုရိပ္အဖို႔ထၿပီးလိုက္သြားရန္အားလံုးအဆင္သင့္ျဖစ္ေနခဲ့သည္။

ေနာက္ဆံုးအေနနဲ႔ ေဒၚေလး၏အိမ္လးထဲတြင္

ပံုရိပ္ထမင္းစားခြင့္ရေလသည္။ပံုရိပ္အႀကိဳက္ပုစြန္ဟင္းခ်က္ထားၿပီး မေန့ကဦးသက္ေဆြေၾကာင့္ေမွာက္သြားခဲ့ေသာ ခ်ဉ္ေရဟင္းေနရာတြင္

အျခားတစ္ပဲြ အစားထိုး၍ေရာက္ေနေလသည္။


"စားၾကပါအံုးလားရွင့္..."


"ကၽြန္မတို႔ လမ္းမွာစားခဲ့ၿပီးပါၿပီ...."


ပံုရိပ္၏ေဘးနားတြင္ ယပ္ခက္ေပးေနရာမွေဒၚေလးသည္လာႀကိဳသူမ်ားကို ထမင္းဖိတ္ကၽြေးေနေလသည္။ထမင္းသာစားေနရေပမဲ့ ပံုရိပ္အတြက္ေတာ့ခဲြခြာရေတာ့မည္ျဖစ္၍ အရသာမဲ့ေနသလိုခံစားေနရသည္။


"ေဒၚေလး...ထြန္းကိုနဲ႔မိစုတို႔ေရာ..."


"ဟိုဘက္ပိုင္းမွာ သြားကစားၾကတယ္...."


"သမီးသူတို႔ကိုလည္း ႏႈတ္ဆက္သြားခ်င္တယ္..."


"မလုပ္ပါနဲ႔ဟယ္...ေတာ္ၾကာကားနဲ႔လိုက္ခ်င္တယ္ဆိုၿပီး ဂ်ီက်လို႔ခရီးေနွာက္ေနွးေနပါအံုးမယ္...."


ေဒၚေလးက သူ႔သားသမီးေတြ၏အေၾကာင္းကိုသိ၍ သတိေပးေလသည္။ပံုရိပ္လည္း ထမင္းစားဟန္ေဆာင္ကာ ေခါင္းကိုငံု႔၍ မ်က္ရည္ဝဲမိသည္။

အခ်ိန္အၾကာႀကီး သံေသာဇဉ္ျဖစ္ခဲ့ရေသာ သူေတြႏွင့္ခဲြခြာရေတာ့မည္ဟူေသာ အသိစိတ္၀င္လာတိုင္းငိုခ်င္ေနမိသည္။


မ်က္ရည္ဟာ ေပ်ာ့ညံ့မႈ၏သေကၤတဆိုလ်ွင္ ပံုရိပ္ယခုစိတ္ဓာတ္ေတြ ေပ်ာ့ညံ့ေနမိသည္။

ဦးသက္ေဆြကို ပံုရိပ္ေထာင္မက်ေစခ်င္ဘူး။

မိစုတို႔ကို ေထာင္ထြက္၏သားသမီးေတြအျဖစ္ အမ်ား၏အျမင္မွာ ကဲ့ရဲ့ၾကမွာကို မလိုလားတဲ့အတြက္ ဒီေနရာကေနပံုရိပ္ထြက္သြားမျွဖစ္လိမ့္မည္။


‌ဦးသက္ေဆြဟာ တဇြတ္ထိုးစိတ္ဓာတ္ရိွတာေၾကာင့္ သူ႔မိန္းမဆီကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ျပန္လာႏိုင္သည္။ထိုအခါ အလားတူျပႆနာမ်ိဳးထပ္ျဖစ္ႏိုင္သည္။

အခုလည္း ပံုရိပ္ေၾကာင့္သာမဟုတ္ရင္ ဒီရန္ပဲြက

ဒီေလာက္အထိ ၾကမ္းတမ္းလိမ့္မယ္မထင္ဘူး။

ပံုရိပ္ကို သူ႔အိမ္မွာအလိုမရိွလို႔ ျဖစ္သြားေသာျပႆနာမွာ ပံုရိပ္ေနဖို႔ဘယ္သင့္ေတာ္ေတာ့မွာလဲ။


ထမင္းစားၿပီး၍ ခဏနားကာ ကားဒရိုင္ဘာက

ပံုရိပ္၏အထုပ္ေတြကို ကားထဲသို႔ထၫ့္ေနေသာအခါတြင္ ေဒၚေလးသည္ပံုရိပ္ကိုဖက္၍ငိုေတာ့သည္။

ထိုစဉ္ အပ်ိဳႀကီးတို႔လည္းေရာက္လာၿပီး ေဒၚေလးကိုႏွစ္သိမ့္ေပးၾကသည္။


"မရွင္းသန႔္ရယ္...ကေလးေနာက္ဆံတင္းေအာင္

မလုပ္ပါနဲ႔..."


"ကၽြန္မ၀မ္းနည္းလြန္းလို႔ပါ....သမီးေလး..ဟိုေရာက္ရင္လိမ္လိမ္မာမာေနေနာ္...အဖြားရဲ့ေျပာစကားကိုနားေထာင္...ေဒၚေလးဆီကိုလည္းဖုန္းဆက္...

ဘာပဲလုပ္လုပ္လူႀကီးေတြနဲ႔တိုင္ပင္‌ရမယ္ေနာ္...

တစ္ေယာက္တည္းႀကိတ္ၿပီး မခံစားရဘူးေနာ္..

အပ်ိဳႀကီးရယ္...ဒီကေလးကသိပ္ေခါင္းမာတာ..

တစ္ခုခုဆိုရင္ သူ႔ရင္ထဲမွာပဲထားတာ..."


ပံုရိပ္၏လက္ကေလးေတြကို ေထြးဆုပ္ထားလ်ွက္ ပံုရိပ္ကိုတလွၫ့္အပ်ိဳႀကီးကိုတလွၫ့္ စကားေတြေျပာေနေသာ ေဒၚေလးကိုပံုရိပ္အၾကာႀကီးဖက္ထားမိသည္။တိုက္ခန္းအျပင္ဘက္သို႔ ထြက္လာေသာအခါတြင္ ဆရာသည္နံရံကိုမွီလ်ွက္ရပ္ေနရာမွ ပံုရိပ္ကိုႃပံုးျပလာသည္။

ေနမင္းႀကီး၏ ေနာက္ဆံုး ႏႈတ္ဆက္အႃပံုးေလးတစ္ခုေပါ့။


"ပံုရိပ္..မႏၲေလးမွာကစက္ဘီးေတြ၊ဆိုင္ကယ္လ္ေတြအစီးမ်ားတယ္...ဟိုစက္ဘီးအနီေလးကပံုရိပ္အတြက္ ဆရာေပးလိုက္မဲ့လက္ေဆာင္ပဲ...

ေပ်ာ္ရႊင္ဖို႔ကအဓိကပဲ...ဟိုမွာေပ်ာ္ေအာင္ေနပါ..."


ဆရာက ရယ္ျပေနေပမဲ့ ပံုရိပ္ကေတာ့ငိုခ်င္ေနမိသည္။ပံုရိပ္မေပ်ာ္ႏိုင္ဘူးဆရာရယ္။ဆရာတို႔ကို ခဲြရမွာ ဘယ္လိုလုပ္ၿပီးေပ်ာ္ႏိုင္ပါ့မလဲ။

ျပန္ေတြ့ခ်င္ပါတယ္။ဒါေပမဲ့ အခ်ိန္ဘယ္ေလာက္ၾကာမွလည္းဆိုတာ ပံုရိပ္မသိႏိုင္ဘူး။


"ဆရာနဲ႔...ေဒၚေလးကို သမီးကန္ေတာ့ခဲ့ပါတယ္..."


ဆရာႏွင့္ေဒၚေလးကို အိမ္ေရ႔ွတြင္ပဲထိုင္ကန္ေတာ့ခဲ့ကာ ပံုရိပ္ကားထဲသို႔၀င္ထိုင္လိုက္သည္။ကားေနာက္ခန္းထဲသို႔ ဆရာ့၏စက္ဘီးအနီေလးကိုလည္း

ကားဒါရိုင္ဘာႀကီးကထၫ့္လိုက္ေလသည္။


"ေဒၚေလးသမီးသြားၿပီေနာ္..က်န္းမာေရးကိုလည္း ဂရုစိုက္ပါေနာ္...ထြန္းကိုနဲ႔မိစုကိုလည္း...သမီးကႏႈတ္ဆက္တယ္လို႔ေျပာေပးပါေနာ္...

အန္တီအပ်ိဳႀကီး...‌ေဒၚေလးကိုဂရုစိုက္ေပးပါေနာ္...

ဆရာ...သမီးသြားၿပီေနာ္...အဟင့္..."


ဆရာ့ကိုႏႈတ္ဆက္အၿပီးမွာ ကားေလးလည္းေမာင္းထြက္သြားၿပီး ပံုရိပ္အင့္ခနဲငိုခ်လိုက္မိသည္။

ရပ္ကြက္လမ္းကေလးထဲမွ ျဖတ္ေမာင္းသြားေသာကားေလးသည္ ဘုန္းႀကီးေက်ာင္းကိုေက်ာ္ျဖတ္ၿပီး ကားလမ္းမႀကီးဆီသို႔ ဦးတည္၍သြားေနသည္။ပံုရိပ္တို႔၏ လမ္းထိပ္နားတြင္ ဟိန္းကိုကိုလည္း ေတြ့လိုက္ပါသည္။သူကသူ႔ဦးေလးအိမ္မွာပဲေနေတာ့ ပံုရိပ္သြားမွာကို သူမသိေပ။ပံုရိပ္သူ႔ကိုဆင္း၍ ႏႈတ္မဆက္မိေပမဲ့ သူ႔ကိုေသခ်ာၾကၫ့္လိုက္မိပါသည္။

သူကေတာ့ ေၾကာင္စီစြာရပ္၍ေငးက်န္ခဲ့သည္။


ပံုရိပ္၏ဘ၀သည္ တိမ္တိုက္ေတြေပၚမွာေျပးလႊားေနရသလိုပါပဲ။စိုးထိတ္မႈအျပၫ့္ႏွင့္ လႊင့္ေမ်ာေနေသာသစ္ရြက္ႂကြေလးသည္ ဘယ္ဆီမွာေသာင္တင္၍ ဘယ္လိုပ်က္စီးရမလဲ၊ဘယ္လိုအခက္အခဲမ်ိူးေတြ ဆက္၍ရင္ဆိုင္ရမလဲဆိုတာကေတာ့ ၾကမၼာဖန္ရာေပါ့။


ေရာက္ရာအရပ္မွာ အေကာင္းဆံုးရွင္သန္မည္။

ေစာင့္ႀကိဳေနေသာ ဘ၀အသစ္တစ္ခုမွာေကာင္းေကာင္းရွင္သန္ ရပ္တည္ေနႏိုင္ရမည္။

"ပံုရိပ္ကံ‌ေကာင္းမွာပါ..."ဟုဆရာေျပာခဲ့ေသာစကားကိုၾကားေယာင္၍ ပံုရိပ္တကယ္ကံေကာင္းပါေစဟု ဆုေတာင္းေနမိသည္။


(ေနာက္အပိုင္းဆို မႏၲေလးေရာက္ပါၿပီး ဇာတ္ေကာင္ေတြလည္း အကုန္စံုေတာ့မွာျဖစ္၍ romanceေလးေတြလည္းလာေတာ့ပါမည္)