🔥ဆူးကြိုး...🔥အခန်း(၃၄)🔥 ပထမပိုင်း


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၃၄)🔥  ပထမပိုင်း 


"အဖြေလွှာစာရွက် အပ်ချင်သူတွေ...အပ်လို့ရပါပြီနော်..."


ဇီ၀ဗေဒဘာသာရပ်သည် ကျက်စာချဉ်းပဲဖြစ်၍ အခြားဘာသာတွေထက် ဖြေချိန်သိပ်မယူရပေ။

မနေ့ညက စာနွေးချိန်သိပ်မရလိုက်ပေမဲ့ ယခင်တည်းက စာကိုသေချာကျက်ထား၍ ဖြေဆိုချိန်တွင် အခက်အခဲမရှိခဲ့‌ပေ။အတန်းအပြင်သို့လည်း‌ စော၍မထွက်ချင်ပေ။မျက်နှာတွင် ညိုမဲဆွဲနေသောနေရာတွေရှိနေ၍ သနပ်ခါးကိုကောက်စိုက်သောသူတွေ လိမ်းသကဲ့သို့အထူကြီးလိမ်းထားလိုက်မိသည်။ပါးဆောင်က နာလွန်း၍မနက်စာတောင်

မနဲစားခဲ့ရသည်။


အခြားအတန်းသားများသည် ဆရာမဆီသို့အဖြေလွှာစာရွက်အပ်ခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် အတန်းအပြင်သို့ထွက်သွားကြလေသည်။အတန်းထဲတွင်အတန်းသားလေး၊ငါး၊ဆယ်ယောက်သာ ကျန်ခဲ့သည်။ဟော့ဒီ့ကျောင်းခန်းကြီးထဲမှ ထွက်ပြီး ကျောင်း၀န်းအပြင်ဘက်သို့ ခြေလှမ်းလိုက်မိသည်နှင့် ရန်ကုန်မြို့ကြီးကနေပါ အပြီးထွက်သွားရတော့မည်ဖြစ်သည်။မနေ့ညက ဖြစ်ရပ်တွေကို ပြန်တွေးကြည့်လိုက်တိုင်း ခြောက်ခြားစရာအိပ်မက်တစ်ခုလို တစ်ကိုယ်လုံးချွေးစေးတွေပြန်လာသည်။


မိဘတွေတောင် ပုံရိပ်ကိုတစ်ခါမှ ထို့သို့ရက်စက်စွာ မရိုက်နှက်ခဲ့ဖူးပေ။အဖေရော၊အမေရော ပုံရိပ်ကိုငယ်ငယ်တည်းက လက်နှင့်တောင်မရွယ်ခဲ့ဖူး၍ 

ဦးသက်တွေကို ရင်ထဲ၊အသဲထဲကနေကို နာကျည်းမုန်းတီးမိသည်။ကလေးတွေကိုရော ဒေါ်လေးကိုပါသနားနေမိပေမဲ့ နာကျင်ခဲ့ရသည့်ဒီနေရာမှာ ပုံရိပ်တစ်စက္ကန့်တောင် ခြေမချချင်တော့သည်အထိ

ဖြစ်နေမိသည်။မန္တလေးမှာက ပုံရိပ်၏ဦးလေးရှိသည်၊အဒေါ်ရှိသည်၊ပြီးတော့ အဖွားနှင့်မောင်နှမ၀မ်းကွဲတွေ ရှိသည်။သူတို့ကရော ပုံရိပ်အပေါ်မှာ တကယ်ကောင်းပေးနိုင်ကြပါ့မလား။


"ကလင်...ကလင်...ကလင်...."


"ဟေး....!!!!ကျွတ်ပြီကွ....မနက်ဖြန်တော့ သိုးနေအောင် အိပ်ပစ်မယ်..."


ကျောင်းဆင်းဘဲလ်မြည်သည်နှင့် အကုန်လုံးအုံးအုံးထကာ ပျော်ပါးလျှက် ပြန်ကုန်ကြလေသည်။

ပုံရိပ်ကတော့ ထော့နဲ့ထော့နဲ့ဖြစ်နေသောခြေထောက်ကို မနဲ‌အားယူပြီး လျှောက်ကာဆရာမကိုစာရွက်အပ်လိုက်သည်။သူငယ်ချင်းများနှင့်

တွေ့လျှင်‌ ဝိုင်းမေးကြမှာကို မခံနိုင်၍ နောက်ဆုံးမှထွက်ဖို့ စဉ်းစားလိုက်ခြင်းဖြစ်သည်။


ကိုယ့်လွယ်အိတ်ကို အမြန်ယူပြီးကျောင်းဂိတ်ပေါက်၀ဆီသို့ နာနေသောခြေထောက်ကို မနည်းအားပြု၍ ရောက်အောင်သွားနေရသည်။

မနေ့ကမှ လတ်လတ်ဆက်ဆက်ရရှိထားသော ဒဏ်ရာတွေဖြစ်၍ လူတစ်ကိုယ်လုံး ကိုင်အပေါက်ခံရသလို နာကျင်လွန်းလှသည်။


ကျောင်းဂိတ်ပေါက်သို့ ရောက်သောအခါ လာကြိုသူများရှိမလားဟု မျက်လုံးကိုဝေ့ရမ်းကြည့်မိတော့ တစ်ယောက်မှ လာမကြို၍ အားငယ်စိတ်၀င်သွားမိသည်။သူများမိဘတွေများ ပြုံးလို့၊ရွှင်လို့ ကျောင်းနောက်ဆုံးနေ့မှာ အားလုံး၏အပျော်တွေက လွတ်လပ်ပေါ့ပါးမှု အပြည့်ဖြစ်သည်။

ပုံရိပ်တစ်ယောက်တည်းကသာ လာကြိုမည့်မိဘကမရှိသလို၊အဒေါ်ကလည်း သူ့အလုပ်နှင့်သူဖြစ်နေ၍ လာမကြိုနိုင်ဘူးထင်သည်။


မျက်ရည်လေး ဝဲတက်လာ၍ လက်ညှိုးနှင့်ဖိသုတ်လိုက်ရင်း ကိုယ့်ဘာသာအားတင်းပြီး ပြန်ဖို့သာဆုံးဖြတ်လိုက်သည်။


"ပုံရိပ်...ဆရာကဒီမှာလေ..."


ကျောင်းရှေ့တွင် ကျောင်းသားများနှင့်မိဘများ ရောထွေးလျှက် ကြပ်ညပ်နေသောကြားမှ ပုံရိပ်၏

လက်ကောက်၀တ်ကို တစ်ယောက်ယောက်ကလှမ်းဆွဲပြီး အရှေ့မှဦးဆောင်၏ ခေါ်သွားလေသည်။


သပ်သပ်ရက်ရက်ဖီးသင်ထားသော ဆံပင်တိုစိပ်စိပ်တို့ကို လှံတင်ထားလျှက် တီရှပ်လက်ပျက်ကို ပုဆိုးနှင့် တွဲ၀တ်ထားသောလူ‌၏ ကျောပြင်ကိုကြည့်တာနှင့် ဘယ်သူမှန်းသိလိုက်လေသည်။စံပယ်ရေမွှေးရနံ့ကလည်း စူးလို့ပေါ့။ခပ်ဖွဖွဆုပ်ကိုင်ပေးထားသော လက်ကောက်၀တ်ကို ပြန်ကြည့်လိုက်ပြီး

ပုံရိပ်၏ နှုတ်ခမ်းလေးတွေပြုံးယောင်သန်းသွားမိသည်။


ပုံရိပ်သည် နေကြာပန်းလေးဖြစ်လျှင် ဆရာသည်နေမင်းကြီးဖြစ်သည်။နေကြာပန်းလေးမျက်နှာမူသောအရပ်တွင် နေမင်းကြီးရှိနေသည်။နေမင်းကြီးကိုငေးကြည့်၍ နွေးထွေးလုံခြုံရကာ ကြောက်လန့်မှုတို့ အဝေးသို့လွှင့်စင်ရ‌သည်။

နေကြာပန်းလေးကလည်း နေမင်းကြီးရှိသောအရပ်ကိုမှ မျက်နှာမူ၍ပြုံးပြနှုတ်မိလိမ့်မည်။


"ပုံရိပ်...ခဏလေးနော်...ဆရာစက်ဘီး၀င်ယူလိုက်အုံးမယ်...."


ဆရာသည် သူ့အသိအိမ်ဖြစ်၍ စက်ဘီး၀င်အပ်ခဲ့သည်ထင်ပါရဲ့ ခြံထဲသို့၀င်သွားပြီး ပြန်ထွက်လာ သောအခါ စက်ဘီးအနီလေးတစ်စီးပါ ပါလာသည်။

စက်ဘီးက ဂျပန်ဘီးကလေးဖြစ်ပြီး အသစ်ကလေးဖြစ်နေ၍ ဆရာဘယ်တုန်းကများ၀ယ်ထားတာလည်းဟု တွေးနေမိသည်။

ဒီစက်ဘီးကို ပုံရိပ်မတွေ့ဖူးခဲ့ပေ။


"မင်းဒီနေ့အားလား...တို့တွေဖူဆယ်ကွင်းမှာချိန်းပြီးကန်ကြမှာ လိုက်ခဲ့ပါလား..."


"မအားပါဘူးကွာ..နောက်တစ်ခါမှပဲ လိုက်တော့မယ်..."


"ဘာလဲ...ကလေးထိန်းနေရလို့လား..."


ဆရာ့သူငယ်ချင်းဖြစ်ဟန်တူသော လူသည်ပုံရိပ်ကို လှမ်းကြည့်ပြီး ဆရာ့ကိုစသည်။ဟုတ်လည်းဟုတ်တာပါပဲ ပုံရိပ်ကဒီနေ့မှကြက်တောင်နှစ်ဖက်စီးလာပြီး လူကောင်ကလည်းသေးတော့ ကလေးလိုဖြစ်နေသည်။ဆရာ့ပုံစံကတော့ အရပ်ထောင်ထောင်

မောင်းမောင်းနှင့် ဗလတောင့်တောင့်ဆိုတော့ သားအဖလို့ထင်စရာပင်။


"ဟေ့ကောင်...အသက်အစိပ်တောင်မပြည့်သေးတာကို ဘယ်က...ကလေးလည်း...မင်းသာမကြာခင်မိန်းမယူတော့မှာလေ...သမီးလေးမွေးရင်...

ငါကြိုပြီးစရံသက်ပေးထားမယ်...."


"သေချင်းဆိုး..မိန်းမကမယူရသေးဘူး...သမီးကိုလာတောင်းနေတယ်...တော်တော်ချစ်စရာကောင်းတဲ့သူငယ်ချင်း...မင်းရော...ဆရာ၀န်မလေးနဲ့ဘယ်လိုလဲ..."


"ဟာကွာ....ဒီအတိုင်းပါပဲ...စပယ်ရယ်သူငယ်ချင်းတွေပါပေါ့..."


"အကောင်းမေးနေတာဟ..တက္ကသိုလ်တုန်းကလည်းမလှုပ်ရှားခဲ့တော့...အခုနေမှမလှုပ်ရင်

...သူများနောက်ပါသွားမယ်နော်...ငါတို့သူငယ်ချင်းတွေက အကုန်စွံပြီး..မင်းတစ်ယောက်ပဲကျန်ခဲ့မှာ

စိုးလို့...ငါ့သားကြီးကိုစိတ်ပူလို့ပါကွာ..."


"နေစမ်းပါကွာ......ငါ့အတွက်အဲ့ဒါတွေကအရေးမကြီးသေးပါဘူး.."


"အေးပါဘ၀သမားလေးရယ်...ဟိုမှာကမျှော်တလင့်လင့်နဲ့..."


ဆရာသည် သူငယ်ချင်း၏ လက်မောင်းကိုလက်သီးဖြင့် ခပ်ဖွဖွထိုးလိုက်တော့ ‌ဆရာ့သူငယ်ချင်းကအားရအောင်ရယ်လျှက် အနောက်သို့ဆုတ်သွားလေသည်။


"သူများသားသမီးကို မဟုတ်မဟပ်တွေမပြောစမ်းပါနဲ့...."


"ဘာလဲ...မမကြားရင်စိတ်ဆိုးမှာစိုးလို့လား..."


"မဟုတ်ပါဘူးကွာ...."


ဆရာသည် တိုကပ်နေသောသူ့ဆံပင်တွေကို

သပ်တင်လိုက်ပြီး ရှက်နေသောအမူအရာနှင့်ရယ်နေလေသည်။ပုံရိပ်လည်း ဆရာ့ကိုကြည့်နေရင်းနှင့် တစ်ခါမျှမမြင်ခဲ့ဖူးသော ဆရာ၏ရှက်နေသောပုံစံကို သဘောကျနေမိသည်။အသက်‌ငယ်သေးပေမဲ့ ဆရာတို့ပြောနေသော စကားများကိုနားလည်သင့်သလောက် နားလည်ပါသည်။


မမဆိုတာကရော ဘယ်သူများလဲ။

ဆရာ၀န်ဆိုတော့ ပုံရိပ်ဆေးရုံတက်တုန်းက

ကြည့်ပေးတဲ့ ဆရာ၀န်မမဖြစ်နေမလား။

အဖျားအရှိန်ကြောင့် သတိမထားလိုက်မိပေမဲ့ အဲ့ဒီ့နေ့က ပုံရိပ်ကို ရေပက်ကပ်ပေးဖို့ အသိတစ်ယောက်ဆီမှ ခွက်ငှားထားတယ်ဆိုတာ ထိုမမဆီကများလား။

ပုံရိပ်ထိုအစ်မကို သိပ်တွေ့ချင်တာပဲ။


"ရှက်မနေပါနဲ့...သားကြီးရာ...ပြောချင်ရင်လည်း

မြန်မြန်ဖွင့်ပြော...ဟိုကမင်းကိုငြင်းမှာမဟုတ်ဘူး...

ငါကြိမ်ပြောရယ်တယ်...."


"အသာနေစမ်းပါကွာ...ဒီကလေးကိုအိမ်ပြန်ပို့ရအုံးမယ်..."


"အေးပါ...ပြောမရလည်း..ကလေးပဲထိန်းနေလိုက်တော့..."


"ဟား...ဟား...ကလေးအဖေပဲလုပ်တော့မယ်...."


"အေးပါ...သူများသားသမီးပဲတစ်တသက်လုံးထိန်းတော့..."


"ငါ့အတွက် စိတ်မပူပါနဲ့သူငယ်ချင်းယောက္ခထီးကြီးရယ်...."


"ဟာ...ဒီကောင်တော့..."


သူငယ်ချင်းနှစ်ယောက်စနောက်ပြီး ဆရာကစက်ဘီးပေါ်တက်လိုက်သည်နှင့် ပုံရိပ်လည်းစက်ဘီးပေါ်သို့ တက်ထိုင်လိုက်သည်။စက်ဘီးကလေး တရွေ့ရွေ့သွားနေသောအခါ မိမိတက်ခဲ့သောအထက်တန်းကျောင်းကြီးကို 

ဆွေးဆွေးမြေ့မြေ့ပြန်ကြည့်လိုက်မိသည်။

နောက်နှစ်ဆယ်တန်းတက်ရင် ဒီကျောင်းမှာမရှိနိုင်တော့ဘူးဆိုသောအသိကြောင့် ၀မ်းနည်းနေမိသည်။


"ပုံရိပ်....ဘာဖြစ်လို့လဲ..."


"ဟင်..."


စက်ဘီးနင်းနေရင်းလှည့်မေးလာသော ဆရာ့အသံကိုကြားတော့မှ ဆရာ့ကျောကုန်းပေါ်သို့

အမှတ်မထင်ခေါင်းမှီထားမိတာကို သတိရသွားသည်။ချက်ချင်းပဲ ခန္ဓာကိုယ်ကိုပြန်မတ်လိုက်သည်။


"ဆရာ...သမီးကိုဒေါ်လေးလာကြိုမယ်လို့ထင်ထားတာ...ကျောင်းအပြင်ထွက်လာတော့...လာကြိုမဲ့လူလည်းမတွေ့ရော...တအား၀မ်းနည်းသွားတာသိလား...ဆရာ့ကိုကျေးဇူးတင်ပါ‌တယ်..."


ပုံရိပ်၏ ကျေးဇူးတင်စကားသည် တိုးတိုးရှရှနှင့်ဆရာများ ကြားပါ့မလားမသိပေ။ပုံရိပ်ကတော့

ဆရာ့ကိုနောက်ကျောလေးကနေကြည့်ပြီး မကြာခင်ခွဲခွာရတော့မည်မို့ ၀မ်းနည်းစိတ်ကပိုနေမိသည်။


"ပုံရိပ်တို့အိမ်ကိုဆရာရောက်ခဲ့တယ်လေ...

ဒီနေ့ပုံရိပ်ကိုတမင်ကြိုချင်လို့...‌ပုံရိပ်ရဲ့အဒေါ်ကိုတမင်မလာခိုင်းတာ...မန္တလေးကိုသွားရတော့မယ်ဆိုတော့ လက်ဆောင်လေးပေးလိုက်ချင်လို့...

ဟိုဘက်ကကိုယ်ပိုင်ကားနဲ့ လာကြိုမှာမဟုတ်လား..."


"ဒေါ်ယဉ်တင့်ကတော့ အဲ့လိုပြောတာပဲ....သူကအလုပ်တွေများနေလို့ ဒရိုင်ဘာနဲ့..အိမ်အကူတစ်ယောက်ထည့်လိုက်မယ်တဲ့...."


"ပုံရိပ်ကံကောင်းမှာပါ...ပုံရိပ်ကလာခေါ်ဆိုတာနဲ့

ချက်ချင်းကားလွှတ်ပေးတာပဲကြည့်တော့..."


ပုံရိပ်ကံမကောင်းပါဘူးဆရာရယ်...ကိုယ်ချစ်တဲ့လူတွေကို ခွဲသွားရတာကံကောင်းတယ်လို့မှမခေါ်ဘဲ။

ဆရာ့ကိုရော ဒေါ်လေးတို့သားအမိတွေကိုရော 

မခွဲနိုင်ဘူး။မနေ့ညကတော့ သွေးပူနေတဲ့အချိန်ဆိုတော့ ချက်ချင်းမန္တလေးကို ဖုန်းဆက်ပြီးလာခေါ်ခိုင်းလိုက်မိတယ်။ပုံရိပ်ရဲ့ ဆုတောင်းတွေမပြည့်တော့ပါဘူး။ချစ်ရသူတွေနဲ့ သေကွဲမဟုတ်ရင်တောင် ရှင်ကွဲကွဲရတဲ့ ဘ၀ကနေပုံရိပ်ဘယ်တော့မှ ကျွတ်ပါ့မလဲ။

"လွမ်းရမည်"ဆိုသော ခံစားချက်ကြီးကို လုံး၀မနှစ်မျို့မိပေ။


"ဆရာ...သမီးမန္တလေးကိုရောက်ရင်...ဆရာ့ဆီကိုခဏခဏဖုန်းဆက်မယ်နော်..."


"ဆက်ပေါ့...ပုံရိပ်ရဲ့...ဆရာ့ဖုန်းနံပါတ်လည်းသိနေတာပဲ...တစ်ခုတော့ရှိတယ်...ဆရာကအခုအလုပ်ပြန်၀င်နေတော့...ညဘက်တွေလောက်ပဲအားလိမ့်မယ်...ပုံရိပ်စာတွေဘာတွေနားမလည်ရင်...ဆရာ့ကိုမက်ဆေ့ခ်ျဖြစ်ဖြစ်ပို့ပေါ့...အင်း...ပုံရိပ်ကဖေ့ဘွတ်မသုံးတော့...အကောင့်ပေးလို့လည်းမရဘူး...ပုံရိပ်ရဲ့အဖွားကပိုက်ဆံရှိတော့... ကွန်ပျူတာတွေဘာတွေ သုံးရရင်အီးမေးလ်နဲ့ပို့ထားပေါ့...

ဆရာ့အီးမေးလ်နံပါတ်ကို စာရွက်လေးနဲ့ရေးပေးပါ့မယ်...

ပြောသာပြောရတာပါ...ဟိုရောက်ရင်အိမ်ကိုတောင် ဆရာတွေခေါ်သင်ရလို့...ဆရာ့ကိုတောင်မေ့သွားမှာ..."


"မမေ့ပါဘူး...ဆရာကလည်း...ဆရာကသမီးရဲ့

ရင်ထဲမှာအမြဲရှိတယ်...သမီးရဲ့ကျေးဇူးရှင်ကြီး..

ဆရာ့ကြောင့်သမီးအများကြီး ပြောင်းလဲနိုင်ခဲ့တာ...

ဆရာ့ကိုသမီးက ညအိပ်ခါနီးတိုင်း ဦးထိပ်ထားပြီးရှိခိုးနေကြ...."


"ဖြည်းဖြည်းပြောပါ ပုံရိပ်ရယ်...ဆရာလေထဲကိုမြောက်တက်သွားပါအုံးမယ်..."


ဆရာ့ရဲ့ သူစိမ်းဆန်ဆန်စကားတွေကြောင့် ပုံရိပ်လည်းကရားရေလွှတ်သလိုပြောနေမိသည်။

သို့ပေမဲ့ ဆရာနေမျိုးပြုံးလိုက်တာကိုတော့

ပုံရိပ်သတိမထားလိုက်မိပေ။


ပုံရိပ်က လူတစ်ယောက်ကို ရင်ထဲမှာထည့်ပြီးရင် ဘယ်တော့မှမမေ့တတ်ပေမဲ့ ဆရာ့မှာကတပည့်တွေအများကြီးဆိုတော့ ကြာရင်ပုံရိပ်ကိုမေ့သွားမှာပါ။

ဆရာ့ရင်ထဲမှာ အမြဲအမှတ်ရနေမဲ့လူအဖြစ်ရှိနေချင်တယ်။

ပုံရိပ်လောဘကြီးသွားမိပြီလား။


"ပုံရိပ်....ဟိုရောက်ရင်...ဆရာဖတ်ပြတဲ့Heidiဟိုင်ဒီလိုတော့မဖြစ်စေနဲ့နော်...အိမ်ကိုလွမ်းတယ်ဆိုရင်တောင်...သူများတွေကိုယ့်ကြောင့်စိတ်မဆင်းရဲစေနဲ့...တမှိုင်မှိုင်တတွေတွေမနေနဲ့...

ကိုယ့်ဘ၀တိုးတက်ရေးအတွက်အကောင်းဆုံးကြိုးစား...ရလာတဲ့အခွင့်အရေးကိုအကောင်းဆုံးဖမ်းဆုပ်ပစ်...ကိုယ်နဲ့စိမ်းသက်နေတဲ့နေရာဖြစ်လို့...

ဘာမှကြောက်ရွံ့နေစရာလည်းမလိုဘူး...ပုံရိပ်ရဲ့အနောက်မှာ ဆရာတို့ရှိတယ်...ပုံရိပ်ကဘယ်တုန်းကမှတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ အမြဲအမှတ်ရနေရမယ်နော်...ပြီးတော့သူများချစ်အောင်ခင်အောင်လည်းနေရမယ်...စကားပြောရင်လည်း ကရားရေလွှတ်မဖြစ်စေနဲ့...ပြောသင့်တဲ့နေရာမှာ ပြောသင့်တဲ့စကားကိုပြော...အခြားသူတွေအထင်အမြင်မသေးရအောင်လို့ ဂရုစိုက်နော်..."


"အဟင်း....ဆရာကသမီးရဲ့အဒေါ်ထက်တောင်...

အစိုးရိမ်လွန်နေသေးတယ်..."


ဆရာကအရှေ့သို့ ကြည့်၍စက်ဘီးနင်းရင်း ဩဝါဒခြွေနေလေသည်။ဆရာ့ပြောဆိုပုံက အသက်၂၃နှစ်မဟုတ်ဘဲ ၃၂နှစ်အရွယ်လူပျိုကြီးတစ်ယောက်လိုဖြစ်နေတော့ ပုံရိပ်အသံတိတ်၍ ရယ်မိသည်။


"...ပုံရိပ်ကဘယ်တုန်းကမှတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ အမြဲအမှတ်ရနေရမယ်နော်..."

ဆိုသည့် စကားလေးတစ်ခွန်းနဲ့တင် တင်းတိမ်နေပါပြီ။ပုံရိပ် အားငယ်မှာစိုးလို့ နှစ်သိမ့်ပေးတဲ့ဆရာ့ရဲ့ စကားလေးတစ်ခွန်းနဲ့တင် အားအင်အပြည့်ဖြစ်သွားခဲ့ပြီ။


"ဟင်...ပုံရိပ်တို့ရဲ့အိမ်ရှေ့မှာ...ကားတစ်စီးရပ်ထားတယ်...မန္တလေးကလွှတ်လိုက်တဲ့ကားလား...."


ပုံရိပ်တို့၏တိုက်ခန်းရှေ့တွင် ‌အနက်ရောင်ကားတစ်စီး ရပ်ထား၍ အိမ်ထဲသို့လှမ်းကြည့်လိုက်သောအခါ ဧည့်သည်တွေနှင့် ဒေါ်လေးကစကားပြောနေလေသည်။ပုံရိပ်နှင့်ဆရာ အကြည့်ချင်းဆုံသွားခိုက်မှာ ဆရာကပြုံး၍ အိမ်ထဲ၀င်ရန် မေးဆက်ပြသည်။

ပုံရိပ်အိမ်ထဲသို့ ၀င်သွားပေမဲ့ ဆရာကတိုက်ခန်းအပြင်ဘက်၌သာ ကျန်ရစ်ခဲ့သည်။


"ဟယ်...ပုံပုံပြန်လာပြီအစ်မရေ...ပုံပုံ..ဒီမှာမန္တလေးကလူတွေရောက်နေပြီ..."


ထိုသူနှစ်ဦးကို အကဲခတ်ကြည့်လိုက်မိတော့ တစ်ယောက်ကအသက်၅၀ကျော်လောက်ရှိနိုင်ပြီး အသားညိုညို၊ပခုံးပြန့်ကျယ်ကျယ်နှင့် ဦးလေးကြီးတစ်ယောက်ဖြစ်သည်။နောက်တစ်ယောက်ကတော့ အသက်၃၀ကျော်လောက်ရှိမည်ထင်သည်။

ရင်စေ့လက်ရှည်နှင့်ထဘီရေညှိစိမ်းရောင်ကိုတွဲဖက်၍၀တ်ဆင်ထားသည်။


"ပုံရိပ်...အန်တီတို့ကမန္တလေးကပါ...မမတင့်လွှတ်လိုက်တာ...အန်တီ့‌နာမည်ကခင်လှ

ဒီကတော့ ကားဒရိုင်ဘာကြီး...

သူ့နာမည်ကဦးတင်စိန်လို့ခေါ်တယ်...."


"ဟုတ်ကဲ့...."


ပုံရိပ်ခေါင်းညိမ့်ပြလိုက်ပြီး ဒေါ်လေးကိုမဝံ့မရဲလှမ်းကြည့်လိုက်တော့ ပုံရိပ်ကိုခွင့်လွှတ်သောမျက်၀န်းများနှင့်ကြည့်လာသည်။အ၀တ်အစားတွေက မနေ့ညကတည်းကထုတ်ထား၍ ပုံရိပ်အဖို့ထပြီးလိုက်သွားရန်အားလုံးအဆင်သင့်ဖြစ်နေခဲ့သည်။

နောက်ဆုံးအနေနဲ့ ဒေါ်လေး၏အိမ်လးထဲတွင်

ပုံရိပ်ထမင်းစားခွင့်ရလေသည်။ပုံရိပ်အကြိုက်ပုစွန်ဟင်းချက်ထားပြီး မနေ့ကဦးသက်ဆွေကြောင့်မှောက်သွားခဲ့သော ချဉ်ရေဟင်းနေရာတွင်

အခြားတစ်ပွဲ အစားထိုး၍ရောက်နေလေသည်။


"စားကြပါအုံးလားရှင့်..."


"ကျွန်မတို့ လမ်းမှာစားခဲ့ပြီးပါပြီ...."


ပုံရိပ်၏ဘေးနားတွင် ယပ်ခက်ပေးနေရာမှဒေါ်လေးသည်လာကြိုသူများကို ထမင်းဖိတ်ကျွေးနေလေသည်။ထမင်းသာစားနေရပေမဲ့ ပုံရိပ်အတွက်တော့ခွဲခွာရတော့မည်ဖြစ်၍ အရသာမဲ့နေသလိုခံစားနေရသည်။


"ဒေါ်လေး...ထွန်းကိုနဲ့မိစုတို့ရော..."


"ဟိုဘက်ပိုင်းမှာ သွားကစားကြတယ်...."


"သမီးသူတို့ကိုလည်း နှုတ်ဆက်သွားချင်တယ်..."


"မလုပ်ပါနဲ့ဟယ်...တော်ကြာကားနဲ့လိုက်ချင်တယ်ဆိုပြီး ဂျီကျလို့ခရီးနှောက်နှေးနေပါအုံးမယ်...."


ဒေါ်လေးက သူ့သားသမီးတွေ၏အကြောင်းကိုသိ၍ သတိပေးလေသည်။ပုံရိပ်လည်း ထမင်းစားဟန်ဆောင်ကာ ခေါင်းကိုငုံ့၍ မျက်ရည်ဝဲမိသည်။

အချိန်အကြာကြီး သံသောဇဉ်ဖြစ်ခဲ့ရသော သူတွေနှင့်ခွဲခွာရတော့မည်ဟူသော အသိစိတ်၀င်လာတိုင်းငိုချင်နေမိသည်။


မျက်ရည်ဟာ ပျော့ညံ့မှု၏သင်္ကေတဆိုလျှင် ပုံရိပ်ယခုစိတ်ဓာတ်တွေ ပျော့ညံ့နေမိသည်။

ဦးသက်ဆွေကို ပုံရိပ်ထောင်မကျစေချင်ဘူး။

မိစုတို့ကို ထောင်ထွက်၏သားသမီးတွေအဖြစ် အများ၏အမြင်မှာ ကဲ့ရဲ့ကြမှာကို မလိုလားတဲ့အတွက် ဒီနေရာကနေပုံရိပ်ထွက်သွားမှဖြစ်လိမ့်မည်။


‌ဦးသက်ဆွေဟာ တဇွတ်ထိုးစိတ်ဓာတ်ရှိတာကြောင့် သူ့မိန်းမဆီကို တစ်နည်းမဟုတ်တစ်နည်းနဲ့ပြန်လာနိုင်သည်။ထိုအခါ အလားတူပြဿနာမျိုးထပ်ဖြစ်နိုင်သည်။

အခုလည်း ပုံရိပ်ကြောင့်သာမဟုတ်ရင် ဒီရန်ပွဲက

ဒီလောက်အထိ ကြမ်းတမ်းလိမ့်မယ်မထင်ဘူး။

ပုံရိပ်ကို သူ့အိမ်မှာအလိုမရှိလို့ ဖြစ်သွားသောပြဿနာမှာ ပုံရိပ်နေဖို့ဘယ်သင့်တော်တော့မှာလဲ။


ထမင်းစားပြီး၍ ခဏနားကာ ကားဒရိုင်ဘာက

ပုံရိပ်၏အထုပ်တွေကို ကားထဲသို့ထည့်နေသောအခါတွင် ဒေါ်လေးသည်ပုံရိပ်ကိုဖက်၍ငိုတော့သည်။

ထိုစဉ် အပျိုကြီးတို့လည်းရောက်လာပြီး ဒေါ်လေးကိုနှစ်သိမ့်ပေးကြသည်။


"မရှင်းသန့်ရယ်...ကလေးနောက်ဆံတင်းအောင်

မလုပ်ပါနဲ့..."


"ကျွန်မ၀မ်းနည်းလွန်းလို့ပါ....သမီးလေး..ဟိုရောက်ရင်လိမ်လိမ်မာမာနေနော်...အဖွားရဲ့ပြောစကားကိုနားထောင်...ဒေါ်လေးဆီကိုလည်းဖုန်းဆက်...

ဘာပဲလုပ်လုပ်လူကြီးတွေနဲ့တိုင်ပင်‌ရမယ်နော်...

တစ်ယောက်တည်းကြိတ်ပြီး မခံစားရဘူးနော်..

အပျိုကြီးရယ်...ဒီကလေးကသိပ်ခေါင်းမာတာ..

တစ်ခုခုဆိုရင် သူ့ရင်ထဲမှာပဲထားတာ..."


ပုံရိပ်၏လက်ကလေးတွေကို ထွေးဆုပ်ထားလျှက် ပုံရိပ်ကိုတလှည့်အပျိုကြီးကိုတလှည့် စကားတွေပြောနေသော ဒေါ်လေးကိုပုံရိပ်အကြာကြီးဖက်ထားမိသည်။တိုက်ခန်းအပြင်ဘက်သို့ ထွက်လာသောအခါတွင် ဆရာသည်နံရံကိုမှီလျှက်ရပ်နေရာမှ ပုံရိပ်ကိုပြုံးပြလာသည်။

နေမင်းကြီး၏ နောက်ဆုံး နှုတ်ဆက်အပြုံးလေးတစ်ခုပေါ့။


"ပုံရိပ်..မန္တလေးမှာကစက်ဘီးတွေ၊ဆိုင်ကယ်လ်တွေအစီးများတယ်...ဟိုစက်ဘီးအနီလေးကပုံရိပ်အတွက် ဆရာပေးလိုက်မဲ့လက်ဆောင်ပဲ...

ပျော်ရွှင်ဖို့ကအဓိကပဲ...ဟိုမှာပျော်အောင်နေပါ..."


ဆရာက ရယ်ပြနေပေမဲ့ ပုံရိပ်ကတော့ငိုချင်နေမိသည်။ပုံရိပ်မပျော်နိုင်ဘူးဆရာရယ်။ဆရာတို့ကို ခွဲရမှာ ဘယ်လိုလုပ်ပြီးပျော်နိုင်ပါ့မလဲ။

ပြန်တွေ့ချင်ပါတယ်။ဒါပေမဲ့ အချိန်ဘယ်လောက်ကြာမှလည်းဆိုတာ ပုံရိပ်မသိနိုင်ဘူး။


"ဆရာနဲ့...ဒေါ်လေးကို သမီးကန်တော့ခဲ့ပါတယ်..."


ဆရာနှင့်ဒေါ်လေးကို အိမ်ရှေ့တွင်ပဲထိုင်ကန်တော့ခဲ့ကာ ပုံရိပ်ကားထဲသို့၀င်ထိုင်လိုက်သည်။ကားနောက်ခန်းထဲသို့ ဆရာ့၏စက်ဘီးအနီလေးကိုလည်း

ကားဒါရိုင်ဘာကြီးကထည့်လိုက်လေသည်။


"ဒေါ်လေးသမီးသွားပြီနော်..ကျန်းမာရေးကိုလည်း ဂရုစိုက်ပါနော်...ထွန်းကိုနဲ့မိစုကိုလည်း...သမီးကနှုတ်ဆက်တယ်လို့ပြောပေးပါနော်...

အန်တီအပျိုကြီး...‌ဒေါ်လေးကိုဂရုစိုက်ပေးပါနော်...

ဆရာ...သမီးသွားပြီနော်...အဟင့်..."


ဆရာ့ကိုနှုတ်ဆက်အပြီးမှာ ကားလေးလည်းမောင်းထွက်သွားပြီး ပုံရိပ်အင့်ခနဲငိုချလိုက်မိသည်။

ရပ်ကွက်လမ်းကလေးထဲမှ ဖြတ်မောင်းသွားသောကားလေးသည် ဘုန်းကြီးကျောင်းကိုကျော်ဖြတ်ပြီး ကားလမ်းမကြီးဆီသို့ ဦးတည်၍သွားနေသည်။ပုံရိပ်တို့၏ လမ်းထိပ်နားတွင် ဟိန်းကိုကိုလည်း တွေ့လိုက်ပါသည်။သူကသူ့ဦးလေးအိမ်မှာပဲနေတော့ ပုံရိပ်သွားမှာကို သူမသိပေ။ပုံရိပ်သူ့ကိုဆင်း၍ နှုတ်မဆက်မိပေမဲ့ သူ့ကိုသေချာကြည့်လိုက်မိပါသည်။

သူကတော့ ကြောင်စီစွာရပ်၍ငေးကျန်ခဲ့သည်။


ပုံရိပ်၏ဘ၀သည် တိမ်တိုက်တွေပေါ်မှာပြေးလွှားနေရသလိုပါပဲ။စိုးထိတ်မှုအပြည့်နှင့် လွှင့်မျောနေသောသစ်ရွက်ကြွေလေးသည် ဘယ်ဆီမှာသောင်တင်၍ ဘယ်လိုပျက်စီးရမလဲ၊ဘယ်လိုအခက်အခဲမျိူးတွေ ဆက်၍ရင်ဆိုင်ရမလဲဆိုတာကတော့ ကြမ္မာဖန်ရာပေါ့။


ရောက်ရာအရပ်မှာ အကောင်းဆုံးရှင်သန်မည်။

စောင့်ကြိုနေသော ဘ၀အသစ်တစ်ခုမှာကောင်းကောင်းရှင်သန် ရပ်တည်နေနိုင်ရမည်။

"ပုံရိပ်ကံ‌ကောင်းမှာပါ..."ဟုဆရာပြောခဲ့သောစကားကိုကြားယောင်၍ ပုံရိပ်တကယ်ကံကောင်းပါစေဟု ဆုတောင်းနေမိသည်။


(နောက်အပိုင်းဆို မန္တလေးရောက်ပါပြီး ဇာတ်ကောင်တွေလည်း အကုန်စုံတော့မှာဖြစ်၍ romanceလေးတွေလည်းလာတော့ပါမည်)


=======================================================================


🔥ဆူးႀကိဳး...🔥အခန္း(၃၄)🔥  ပထမပိုင္း


"အေျဖလႊာစာရြက္ အပ္ခ်င္သူေတြ...အပ္လို႔ရပါၿပီေနာ္..."


ဇီ၀ေဗဒဘာသာရပ္သည္ က်က္စာခ်ဉ္းပဲျဖစ္၍ အျခားဘာသာေတြထက္ ေျဖခ်ိန္သိပ္မယူရေပ။

မေန့ညက စာေနြးခ်ိန္သိပ္မရလိုက္ေပမဲ့ ယခင္တည္းက စာကိုေသခ်ာက်က္ထား၍ ေျဖဆိုခ်ိန္တြင္ အခက္အခဲမရိွခဲ့‌ေပ။အတန္းအျပင္သို႔လည္း‌ ေစာ၍မထြက္ခ်င္ေပ။မ်က္ႏွာတြင္ ညိုမဲဆဲြေနေသာေနရာေတြရိွေန၍ သနပ္ခါးကိုေကာက္စိုက္ေသာသူေတြ လိမ္းသကဲ့သို႔အထူႀကီးလိမ္းထားလိုက္မိသည္။ပါးေဆာင္က နာလြန္း၍မနက္စာေတာင္

မနဲစားခဲ့ရသည္။


အျခားအတန္းသားမ်ားသည္ ဆရာမဆီသို႔အေျဖလႊာစာရြက္အပ္ခဲ့ၾကၿပီး တစ္ေယာက္ၿပီးတစ္ေယာက္ အတန္းအျပင္သို႔ထြက္သြားၾကေလသည္။အတန္းထဲတြင္အတန္းသားေလး၊ငါး၊ဆယ္ေယာက္သာ က်န္ခဲ့သည္။ေဟာ့ဒီ့ေက်ာင္းခန္းႀကီးထဲမွ ထြက္ၿပီး ေက်ာင္း၀န္းအျပင္ဘက္သို႔ ေျခလွမ္းလိုက္မိသည္ႏွင့္ ရန္ကုန္ၿမိဳ႔ႀကီးကေနပါ အၿပီးထြက္သြားရေတာ့မည္ျဖစ္သည္။မေန့ညက ျဖစ္ရပ္ေတြကို ျပန္ေတြးၾကၫ့္လိုက္တိုင္း ေျခာက္ျခားစရာအိပ္မက္တစ္ခုလို တစ္ကိုယ္လံုးခၽြေးေစးေတျြပန္လာသည္။


မိဘေတြေတာင္ ပံုရိပ္ကိုတစ္ခါမွ ထို႔သို႔ရက္စက္စြာ မရိုက္ႏွက္ခဲ့ဖူးေပ။အေဖေရာ၊အေမေရာ ပံုရိပ္ကိုငယ္ငယ္တည္းက လက္ႏွင့္ေတာင္မရြယ္ခဲ့ဖူး၍ 

ဦးသက္ေတြကို ရင္ထဲ၊အသဲထဲကေနကို နာက်ည္းမုန္းတီးမိသည္။ကေလးေတြကိုေရာ ေဒၚေလးကိုပါသနားေနမိေပမဲ့ နာက်င္ခဲ့ရသၫ့္ဒီေနရာမွာ ပံုရိပ္တစ္စကၠန႔္ေတာင္ ေျခမခ်ခ်င္ေတာ့သည္အထိ

ျဖစ္ေနမိသည္။မႏၲေလးမွာက ပံုရိပ္၏ဦးေလးရိွသည္၊အေဒၚရိွသည္၊ၿပီးေတာ့ အဖြားႏွင့္ေမာင္ႏွမ၀မ္းကဲြေတြ ရိွသည္။သူတို႔ကေရာ ပံုရိပ္အေပၚမွာ တကယ္ေကာင္းေပးႏိုင္ၾကပါ့မလား။


"ကလင္...ကလင္...ကလင္...."


"ေဟး....!!!!ကၽြတ္ၿပီကြ....မနက္ျဖန္ေတာ့ သိုးေနေအာင္ အိပ္ပစ္မယ္..."


ေက်ာင္းဆင္းဘဲလ္ျမည္သည္ႏွင့္ အကုန္လံုးအံုးအံုးထကာ ေပ်ာ္ပါးလ်ွက္ ျပန္ကုန္ၾကေလသည္။

ပံုရိပ္ကေတာ့ ေထာ့နဲ႔ေထာ့နဲ႔ျဖစ္ေနေသာေျခေထာက္ကို မနဲ‌အားယူၿပီး ေလ်ွာက္ကာဆရာမကိုစာရြက္အပ္လိုက္သည္။သူငယ္ခ်င္းမ်ားႏွင့္

ေတြ့လ်ွင္‌ ဝိုင္းေမးၾကမွာကို မခံႏိုင္၍ ေနာက္ဆံုးမွထြက္ဖို႔ စဉ္းစားလိုက္ျခင္းျဖစ္သည္။


ကိုယ့္လြယ္အိတ္ကို အျမန္ယူၿပီးေက်ာင္းဂိတ္ေပါက္၀ဆီသို႔ နာေနေသာေျခေထာက္ကို မနည္းအားျပဳ၍ ေရာက္ေအာင္သြားေနရသည္။

မေန့ကမွ လတ္လတ္ဆက္ဆက္ရရိွထားေသာ ဒဏ္ရာေတျြဖစ္၍ လူတစ္ကိုယ္လံုး ကိုင္အေပါက္ခံရသလို နာက်င္လြန္းလွသည္။


ေက်ာင္းဂိတ္ေပါက္သို႔ ေရာက္ေသာအခါ လာႀကိဳသူမ်ားရိွမလားဟု မ်က္လံုးကိုေဝ့ရမ္းၾကၫ့္မိေတာ့ တစ္ေယာက္မွ လာမႀကိဳ၍ အားငယ္စိတ္၀င္သြားမိသည္။သူမ်ားမိဘေတြမ်ား ႃပံုးလို႔၊ရႊင္လို႔ ေက်ာင္းေနာက္ဆံုးေန့မွာ အားလံုး၏အေပ်ာ္ေတြက လြတ္လပ္ေပါ့ပါးမႈ အျပၫ့္ျဖစ္သည္။

ပံုရိပ္တစ္ေယာက္တည္းကသာ လာႀကိဳမၫ့္မိဘကမရိွသလို၊အေဒၚကလည္း သူ႔အလုပ္ႏွင့္သူျဖစ္ေန၍ လာမႀကိဳႏိုင္ဘူးထင္သည္။


မ်က္ရည္ေလး ဝဲတက္လာ၍ လက္ၫွိုးႏွင့္ဖိသုတ္လိုက္ရင္း ကိုယ့္ဘာသာအားတင္းၿပီး ျပန္ဖို႔သာဆံုးျဖတ္လိုက္သည္။


"ပံုရိပ္...ဆရာကဒီမွာေလ..."


ေက်ာင္းေရ႔ွတြင္ ေက်ာင္းသားမ်ားႏွင့္မိဘမ်ား ေရာေထြးလ်ွက္ ၾကပ္ညပ္ေနေသာၾကားမွ ပံုရိပ္၏

လက္ေကာက္၀တ္ကို တစ္ေယာက္ေယာက္ကလွမ္းဆဲြၿပီး အေရ႔ွမွဦးေဆာင္၏ ေခၚသြားေလသည္။


သပ္သပ္ရက္ရက္ဖီးသင္ထားေသာ ဆံပင္တိုစိပ္စိပ္တို႔ကို လွံတင္ထားလ်ွက္ တီရွပ္လက္ပ်က္ကို ပုဆိုးႏွင့္ တဲြ၀တ္ထားေသာလူ‌၏ ေက်ာျပင္ကိုၾကၫ့္တာႏွင့္ ဘယ္သူမွန္းသိလိုက္ေလသည္။စံပယ္ေရေမႊးရနံ႔ကလည္း စူးလို႔ေပါ့။ခပ္ဖြဖြဆုပ္ကိုင္ေပးထားေသာ လက္ေကာက္၀တ္ကို ျပန္ၾကၫ့္လိုက္ၿပီး

ပံုရိပ္၏ ႏႈတ္ခမ္းေလးေတြႃပံုးေယာင္သန္းသြားမိသည္။


ပံုရိပ္သည္ ေနၾကာပန္းေလးျဖစ္လ်ွင္ ဆရာသည္ေနမင္းႀကီးျဖစ္သည္။ေနၾကာပန္းေလးမ်က္ႏွာမူေသာအရပ္တြင္ ေနမင္းႀကီးရိွေနသည္။ေနမင္းႀကီးကိုေငးၾကၫ့္၍ ေနြးေထြးလံုႃခံုရကာ ေၾကာက္လန႔္မႈတို႔ အေဝးသို႔လႊင့္စင္ရ‌သည္။

ေနၾကာပန္းေလးကလည္း ေနမင္းႀကီးရိွေသာအရပ္ကိုမွ မ်က္ႏွာမူ၍ႃပံုးျပႏႈတ္မိလိမ့္မည္။


"ပံုရိပ္...ခဏေလးေနာ္...ဆရာစက္ဘီး၀င္ယူလိုက္အံုးမယ္...."


ဆရာသည္ သူ႔အသိအိမ္ျဖစ္၍ စက္ဘီး၀င္အပ္ခဲ့သည္ထင္ပါရဲ့ ၿခံထဲသို႔၀င္သြားၿပီး ျပန္ထြက္လာ ေသာအခါ စက္ဘီးအနီေလးတစ္စီးပါ ပါလာသည္။

စက္ဘီးက ဂ်ပန္ဘီးကေလးျဖစ္ၿပီး အသစ္ကေလးျဖစ္ေန၍ ဆရာဘယ္တုန္းကမ်ား၀ယ္ထားတာလည္းဟု ေတြးေနမိသည္။

ဒီစက္ဘီးကို ပံုရိပ္မေတြ့ဖူးခဲ့ေပ။


"မင္းဒီေန့အားလား...တို႔ေတြဖူဆယ္ကြင္းမွာခ်ိန္းၿပီးကန္ၾကမွာ လိုက္ခဲ့ပါလား..."


"မအားပါဘူးကြာ..ေနာက္တစ္ခါမွပဲ လိုက္ေတာ့မယ္..."


"ဘာလဲ...ကေလးထိန္းေနရလို႔လား..."


ဆရာ့သူငယ္ခ်င္းျဖစ္ဟန္တူေသာ လူသည္ပံုရိပ္ကို လွမ္းၾကၫ့္ၿပီး ဆရာ့ကိုစသည္။ဟုတ္လည္းဟုတ္တာပါပဲ ပံုရိပ္ကဒီေန့မွၾကက္ေတာင္ႏွစ္ဖက္စီးလာၿပီး လူေကာင္ကလည္းေသးေတာ့ ကေလးလိုျဖစ္ေနသည္။ဆရာ့ပံုစံကေတာ့ အရပ္ေထာင္ေထာင္

ေမာင္းေမာင္းႏွင့္ ဗလေတာင့္ေတာင့္ဆိုေတာ့ သားအဖလို႔ထင္စရာပင္။


"ေဟ့ေကာင္...အသက္အစိပ္ေတာင္မျပၫ့္ေသးတာကို ဘယ္က...ကေလးလည္း...မင္းသာမၾကာခင္မိန္းမယူေတာ့မွာေလ...သမီးေလးေမြးရင္...

ငါႀကိဳၿပီးစရံသက္ေပးထားမယ္...."


"ေသခ်င္းဆိုး..မိန္းမကမယူရေသးဘူး...သမီးကိုလာေတာင္းေနတယ္...ေတာ္ေတာ္ခ်စ္စရာေကာင္းတဲ့သူငယ္ခ်င္း...မင္းေရာ...ဆရာ၀န္မေလးနဲ႔ဘယ္လိုလဲ..."


"ဟာကြာ....ဒီအတိုင္းပါပဲ...စပယ္ရယ္သူငယ္ခ်င္းေတြပါေပါ့..."


"အေကာင္းေမးေနတာဟ..တကၠသိုလ္တုန္းကလည္းမလႈပ္ရွားခဲ့ေတာ့...အခုေနမွမလႈပ္ရင္

...သူမ်ားေနာက္ပါသြားမယ္ေနာ္...ငါတို႔သူငယ္ခ်င္းေတြက အကုန္စြံၿပီး..မင္းတစ္ေယာက္ပဲက်န္ခဲ့မွာ

စိုးလို႔...ငါ့သားႀကီးကိုစိတ္ပူလို႔ပါကြာ..."


"ေနစမ္းပါကြာ......ငါ့အတြက္အဲ့ဒါေတြကအေရးမႀကီးေသးပါဘူး.."


"ေအးပါဘ၀သမားေလးရယ္...ဟိုမွာကေမ်ွာ္တလင့္လင့္နဲ႔..."


ဆရာသည္ သူငယ္ခ်င္း၏ လက္ေမာင္းကိုလက္သီးျဖင့္ ခပ္ဖြဖြထိုးလိုက္ေတာ့ ‌ဆရာ့သူငယ္ခ်င္းကအားရေအာင္ရယ္လ်ွက္ အေနာက္သို႔ဆုတ္သြားေလသည္။


"သူမ်ားသားသမီးကို မဟုတ္မဟပ္ေတြမေျပာစမ္းပါနဲ႔...."


"ဘာလဲ...မမၾကားရင္စိတ္ဆိုးမွာစိုးလို႔လား..."


"မဟုတ္ပါဘူးကြာ...."


ဆရာသည္ တိုကပ္ေနေသာသူ႔ဆံပင္ေတြကို

သပ္တင္လိုက္ၿပီး ရွက္ေနေသာအမူအရာႏွင့္ရယ္ေနေလသည္။ပံုရိပ္လည္း ဆရာ့ကိုၾကၫ့္ေနရင္းႏွင့္ တစ္ခါမ်ွမျမင္ခဲ့ဖူးေသာ ဆရာ၏ရွက္ေနေသာပံုစံကို သေဘာက်ေနမိသည္။အသက္‌ငယ္ေသးေပမဲ့ ဆရာတို႔ေျပာေနေသာ စကားမ်ားကိုနားလည္သင့္သေလာက္ နားလည္ပါသည္။


မမဆိုတာကေရာ ဘယ္သူမ်ားလဲ။

ဆရာ၀န္ဆိုေတာ့ ပံုရိပ္ေဆးရံုတက္တုန္းက

ၾကၫ့္ေပးတဲ့ ဆရာ၀န္မမျဖစ္ေနမလား။

အဖ်ားအရိွန္ေၾကာင့္ သတိမထားလိုက္မိေပမဲ့ အဲ့ဒီ့ေန့က ပံုရိပ္ကို ေရပက္ကပ္ေပးဖို႔ အသိတစ္ေယာက္ဆီမွ ခြက္ငွားထားတယ္ဆိုတာ ထိုမမဆီကမ်ားလား။

ပံုရိပ္ထိုအစ္မကို သိပ္ေတြ့ခ်င္တာပဲ။


"ရွက္မေနပါနဲ႔...သားႀကီးရာ...ေျပာခ်င္ရင္လည္း

ျမန္ျမန္ဖြင့္ေျပာ...ဟိုကမင္းကိုျငင္းမွာမဟုတ္ဘူး...

ငါႀကိမ္ေျပာရယ္တယ္...."


"အသာေနစမ္းပါကြာ...ဒီကေလးကိုအိမ္ျပန္ပို႔ရအံုးမယ္..."


"ေအးပါ...ေျပာမရလည္း..ကေလးပဲထိန္းေနလိုက္ေတာ့..."


"ဟား...ဟား...ကေလးအေဖပဲလုပ္ေတာ့မယ္...."


"ေအးပါ...သူမ်ားသားသမီးပဲတစ္တသက္လံုးထိန္းေတာ့..."


"ငါ့အတြက္ စိတ္မပူပါနဲ႔သူငယ္ခ်င္းေယာကၡထီးႀကီးရယ္...."


"ဟာ...ဒီေကာင္ေတာ့..."


သူငယ္ခ်င္းႏွစ္ေယာက္စေနာက္ၿပီး ဆရာကစက္ဘီးေပၚတက္လိုက္သည္ႏွင့္ ပံုရိပ္လည္းစက္ဘီးေပၚသို႔ တက္ထိုင္လိုက္သည္။စက္ဘီးကေလး တေရြ့ေရြ့သြားေနေသာအခါ မိမိတက္ခဲ့ေသာအထက္တန္းေက်ာင္းႀကီးကို 

ေဆြးေဆြးေႁမ့ေႁမ့ျပန္ၾကၫ့္လိုက္မိသည္။

ေနာက္ႏွစ္ဆယ္တန္းတက္ရင္ ဒီေက်ာင္းမွာမရိွႏိုင္ေတာ့ဘူးဆိုေသာအသိေၾကာင့္ ၀မ္းနည္းေနမိသည္။


"ပံုရိပ္....ဘာျဖစ္လို႔လဲ..."


"ဟင္..."


စက္ဘီးနင္းေနရင္းလွၫ့္ေမးလာေသာ ဆရာ့အသံကိုၾကားေတာ့မွ ဆရာ့ေက်ာကုန္းေပၚသို႔

အမွတ္မထင္ေခါင္းမွီထားမိတာကို သတိရသြားသည္။ခ်က္ခ်င္းပဲ ခႏၶာကိုယ္ကိုျပန္မတ္လိုက္သည္။


"ဆရာ...သမီးကိုေဒၚေလးလာႀကိဳမယ္လို႔ထင္ထားတာ...ေက်ာင္းအျပင္ထြက္လာေတာ့...လာႀကိဳမဲ့လူလည္းမေတြ့ေရာ...တအား၀မ္းနည္းသြားတာသိလား...ဆရာ့ကိုေက်းဇူးတင္ပါ‌တယ္..."


ပံုရိပ္၏ ေက်းဇူးတင္စကားသည္ တိုးတိုးရွရွႏွင့္ဆရာမ်ား ၾကားပါ့မလားမသိေပ။ပံုရိပ္ကေတာ့

ဆရာ့ကိုေနာက္ေက်ာေလးကေနၾကၫ့္ၿပီး မၾကာခင္ခဲြခြာရေတာ့မည္မို႔ ၀မ္းနည္းစိတ္ကပိုေနမိသည္။


"ပံုရိပ္တို႔အိမ္ကိုဆရာေရာက္ခဲ့တယ္ေလ...

ဒီေန့ပံုရိပ္ကိုတမင္ႀကိဳခ်င္လို႔...‌ပံုရိပ္ရဲ့အေဒၚကိုတမင္မလာခိုင္းတာ...မႏၲေလးကိုသြားရေတာ့မယ္ဆိုေတာ့ လက္ေဆာင္ေလးေပးလိုက္ခ်င္လို႔...

ဟိုဘက္ကကိုယ္ပိုင္ကားနဲ႔ လာႀကိဳမွာမဟုတ္လား..."


"ေဒၚယဉ္တင့္ကေတာ့ အဲ့လိုေျပာတာပဲ....သူကအလုပ္ေတြမ်ားေနလို႔ ဒရိုင္ဘာနဲ႔..အိမ္အကူတစ္ေယာက္ထၫ့္လိုက္မယ္တဲ့...."


"ပံုရိပ္ကံေကာင္းမွာပါ...ပံုရိပ္ကလာေခၚဆိုတာနဲ႔

ခ်က္ခ်င္းကားလႊတ္ေပးတာပဲၾကၫ့္ေတာ့..."


ပံုရိပ္ကံမေကာင္းပါဘူးဆရာရယ္...ကိုယ္ခ်စ္တဲ့လူေတြကို ခဲြသြားရတာကံေကာင္းတယ္လို႔မွမေခၚဘဲ။

ဆရာ့ကိုေရာ ေဒၚေလးတို႔သားအမိေတြကိုေရာ 

မခဲြႏိုင္ဘူး။မေန့ညကေတာ့ ေသြးပူေနတဲ့အခ်ိန္ဆိုေတာ့ ခ်က္ခ်င္းမႏၲေလးကို ဖုန္းဆက္ၿပီးလာေခၚခိုင္းလိုက္မိတယ္။ပံုရိပ္ရဲ့ ဆုေတာင္းေတြမျပၫ့္ေတာ့ပါဘူး။ခ်စ္ရသူေတြနဲ႔ ေသကဲြမဟုတ္ရင္ေတာင္ ရွင္ကဲြကဲြရတဲ့ ဘ၀ကေနပံုရိပ္ဘယ္ေတာ့မွ ကၽြတ္ပါ့မလဲ။

"လြမ္းရမည္"ဆိုေသာ ခံစားခ်က္ႀကီးကို လံုး၀မႏွစ္မ်ိဳ႕မိေပ။


"ဆရာ...သမီးမႏၲေလးကိုေရာက္ရင္...ဆရာ့ဆီကိုခဏခဏဖုန္းဆက္မယ္ေနာ္..."


"ဆက္ေပါ့...ပံုရိပ္ရဲ့...ဆရာ့ဖုန္းနံပါတ္လည္းသိေနတာပဲ...တစ္ခုေတာ့ရိွတယ္...ဆရာကအခုအလုပ္ျပန္၀င္ေနေတာ့...ညဘက္ေတြေလာက္ပဲအားလိမ့္မယ္...ပံုရိပ္စာေတြဘာေတြနားမလည္ရင္...ဆရာ့ကိုမက္ေဆ့ခ္်ျဖစ္ျဖစ္ပို႔ေပါ့...အင္း...ပံုရိပ္ကေဖ့ဘြတ္မသံုးေတာ့...အေကာင့္ေပးလို႔လည္းမရဘူး...ပံုရိပ္ရဲ့အဖြားကပိုက္ဆံရိွေတာ့... ကြန္ပ်ူတာေတြဘာေတြ သံုးရရင္အီးေမးလ္နဲ႔ပို႔ထားေပါ့...

ဆရာ့အီးေမးလ္နံပါတ္ကို စာရြက္ေလးနဲ႔ေရးေပးပါ့မယ္...

ေျပာသာေျပာရတာပါ...ဟိုေရာက္ရင္အိမ္ကိုေတာင္ ဆရာေတြေခၚသင္ရလို႔...ဆရာ့ကိုေတာင္ေမ့သြားမွာ..."


"မေမ့ပါဘူး...ဆရာကလည္း...ဆရာကသမီးရဲ့

ရင္ထဲမွာအၿမဲရိွတယ္...သမီးရဲ့ေက်းဇူးရွင္ႀကီး..

ဆရာ့ေၾကာင့္သမီးအမ်ားႀကီး ေျပာင္းလဲႏိုင္ခဲ့တာ...

ဆရာ့ကိုသမီးက ညအိပ္ခါနီးတိုင္း ဦးထိပ္ထားၿပီးရိွခိုးေနၾက...."


"ျဖည္းျဖည္းေျပာပါ ပံုရိပ္ရယ္...ဆရာေလထဲကိုေျမာက္တက္သြားပါအံုးမယ္..."


ဆရာ့ရဲ့ သူစိမ္းဆန္ဆန္စကားေတြေၾကာင့္ ပံုရိပ္လည္းကရားေရလႊတ္သလိုေျပာေနမိသည္။

သို႔ေပမဲ့ ဆရာေနမ်ိဳးႃပံုးလိုက္တာကိုေတာ့

ပံုရိပ္သတိမထားလိုက္မိေပ။


ပံုရိပ္က လူတစ္ေယာက္ကို ရင္ထဲမွာထၫ့္ၿပီးရင္ ဘယ္ေတာ့မွမေမ့တတ္ေပမဲ့ ဆရာ့မွာကတပၫ့္ေတြအမ်ားႀကီးဆိုေတာ့ ၾကာရင္ပံုရိပ္ကိုေမ့သြားမွာပါ။

ဆရာ့ရင္ထဲမွာ အၿမဲအမွတ္ရေနမဲ့လူအျဖစ္ရိွေနခ်င္တယ္။

ပံုရိပ္ေလာဘႀကီးသြားမိၿပီလား။


"ပံုရိပ္....ဟိုေရာက္ရင္...ဆရာဖတ္ျပတဲ့Heidiဟိုင္ဒီလိုေတာ့မျဖစ္ေစနဲ႔ေနာ္...အိမ္ကိုလြမ္းတယ္ဆိုရင္ေတာင္...သူမ်ားေတြကိုယ့္ေၾကာင့္စိတ္မဆင္းရဲေစနဲ႔...တမိႈင္မိႈင္တေတြေတြမေနနဲ႔...

ကိုယ့္ဘ၀တိုးတက္ေရးအတြက္အေကာင္းဆံုးႀကိဳးစား...ရလာတဲ့အခြင့္အေရးကိုအေကာင္းဆံုးဖမ္းဆုပ္ပစ္...ကိုယ္နဲ႔စိမ္းသက္ေနတဲ့ေနရာျဖစ္လို႔...

ဘာမွေၾကာက္ရြံ႔ေနစရာလည္းမလိုဘူး...ပံုရိပ္ရဲ့အေနာက္မွာ ဆရာတို႔ရိွတယ္...ပံုရိပ္ကဘယ္တုန္းကမွတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ အၿမဲအမွတ္ရေနရမယ္ေနာ္...ၿပီးေတာ့သူမ်ားခ်စ္ေအာင္ခင္ေအာင္လည္းေနရမယ္...စကားေျပာရင္လည္း ကရားေရလႊတ္မျဖစ္ေစနဲ႔...ေျပာသင့္တဲ့ေနရာမွာ ေျပာသင့္တဲ့စကားကိုေျပာ...အျခားသူေတြအထင္အျမင္မေသးရေအာင္လို႔ ဂရုစိုက္ေနာ္..."


"အဟင္း....ဆရာကသမီးရဲ့အေဒၚထက္ေတာင္...

အစိုးရိမ္လြန္ေနေသးတယ္..."


ဆရာကအေရ႔ွသို႔ ၾကၫ့္၍စက္ဘီးနင္းရင္း ဩဝါဒႁခြေနေလသည္။ဆရာ့ေျပာဆိုပံုက အသက္၂၃ႏွစ္မဟုတ္ဘဲ ၃၂ႏွစ္အရြယ္လူပ်ိဳႀကီးတစ္ေယာက္လိုျဖစ္ေနေတာ့ ပံုရိပ္အသံတိတ္၍ ရယ္မိသည္။


"...ပံုရိပ္ကဘယ္တုန္းကမွတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာ အၿမဲအမွတ္ရေနရမယ္ေနာ္..."

ဆိုသၫ့္ စကားေလးတစ္ခြန္းနဲ႔တင္ တင္းတိမ္ေနပါၿပီ။ပံုရိပ္ အားငယ္မွာစိုးလို႔ ႏွစ္သိမ့္ေပးတဲ့ဆရာ့ရဲ့ စကားေလးတစ္ခြန္းနဲ႔တင္ အားအင္အျပၫ့္ျဖစ္သြားခဲ့ၿပီ။


"ဟင္...ပံုရိပ္တို႔ရဲ့အိမ္ေရ႔ွမွာ...ကားတစ္စီးရပ္ထားတယ္...မႏၲေလးကလႊတ္လိုက္တဲ့ကားလား...."


ပံုရိပ္တို႔၏တိုက္ခန္းေရ႔ွတြင္ ‌အနက္ေရာင္ကားတစ္စီး ရပ္ထား၍ အိမ္ထဲသို႔လွမ္းၾကၫ့္လိုက္ေသာအခါ ဧၫ့္သည္ေတြႏွင့္ ေဒၚေလးကစကားေျပာေနေလသည္။ပံုရိပ္ႏွင့္ဆရာ အၾကၫ့္ခ်င္းဆံုသြားခိုက္မွာ ဆရာကႃပံုး၍ အိမ္ထဲ၀င္ရန္ ေမးဆက္ျပသည္။

ပံုရိပ္အိမ္ထဲသို႔ ၀င္သြားေပမဲ့ ဆရာကတိုက္ခန္းအျပင္ဘက္၌သာ က်န္ရစ္ခဲ့သည္။


"ဟယ္...ပံုပံုျပန္လာၿပီအစ္မေရ...ပံုပံု..ဒီမွာမႏၲေလးကလူေတြေရာက္ေနၿပီ..."


ထိုသူႏွစ္ဦးကို အကဲခတ္ၾကၫ့္လိုက္မိေတာ့ တစ္ေယာက္ကအသက္၅၀ေက်ာ္ေလာက္ရိွႏိုင္ၿပီး အသားညိုညို၊ပခံုးျပန႔္က်ယ္က်ယ္ႏွင့္ ဦးေလးႀကီးတစ္ေယာက္ျဖစ္သည္။ေနာက္တစ္ေယာက္ကေတာ့ အသက္၃၀ေက်ာ္ေလာက္ရိွမည္ထင္သည္။

ရင္ေစ့လက္ရွည္ႏွင့္ထဘီေရၫွိစိမ္းေရာင္ကိုတဲြဖက္၍၀တ္ဆင္ထားသည္။


"ပံုရိပ္...အန္တီတို႔ကမႏၲေလးကပါ...မမတင့္လႊတ္လိုက္တာ...အန္တီ့‌နာမည္ကခင္လွ

ဒီကေတာ့ ကားဒရိုင္ဘာႀကီး...

သူ႔နာမည္ကဦးတင္စိန္လို႔ေခၚတယ္...."


"ဟုတ္ကဲ့...."


ပံုရိပ္ေခါင္းညိမ့္ျပလိုက္ၿပီး ေဒၚေလးကိုမဝံ့မရဲလွမ္းၾကၫ့္လိုက္ေတာ့ ပံုရိပ္ကိုခြင့္လႊတ္ေသာမ်က္၀န္းမ်ားႏွင့္ၾကၫ့္လာသည္။အ၀တ္အစားေတြက မေန့ညကတည္းကထုတ္ထား၍ ပံုရိပ္အဖို႔ထၿပီးလိုက္သြားရန္အားလံုးအဆင္သင့္ျဖစ္ေနခဲ့သည္။

ေနာက္ဆံုးအေနနဲ႔ ေဒၚေလး၏အိမ္လးထဲတြင္

ပံုရိပ္ထမင္းစားခြင့္ရေလသည္။ပံုရိပ္အႀကိဳက္ပုစြန္ဟင္းခ်က္ထားၿပီး မေန့ကဦးသက္ေဆြေၾကာင့္ေမွာက္သြားခဲ့ေသာ ခ်ဉ္ေရဟင္းေနရာတြင္

အျခားတစ္ပဲြ အစားထိုး၍ေရာက္ေနေလသည္။


"စားၾကပါအံုးလားရွင့္..."


"ကၽြန္မတို႔ လမ္းမွာစားခဲ့ၿပီးပါၿပီ...."


ပံုရိပ္၏ေဘးနားတြင္ ယပ္ခက္ေပးေနရာမွေဒၚေလးသည္လာႀကိဳသူမ်ားကို ထမင္းဖိတ္ကၽြေးေနေလသည္။ထမင္းသာစားေနရေပမဲ့ ပံုရိပ္အတြက္ေတာ့ခဲြခြာရေတာ့မည္ျဖစ္၍ အရသာမဲ့ေနသလိုခံစားေနရသည္။


"ေဒၚေလး...ထြန္းကိုနဲ႔မိစုတို႔ေရာ..."


"ဟိုဘက္ပိုင္းမွာ သြားကစားၾကတယ္...."


"သမီးသူတို႔ကိုလည္း ႏႈတ္ဆက္သြားခ်င္တယ္..."


"မလုပ္ပါနဲ႔ဟယ္...ေတာ္ၾကာကားနဲ႔လိုက္ခ်င္တယ္ဆိုၿပီး ဂ်ီက်လို႔ခရီးေနွာက္ေနွးေနပါအံုးမယ္...."


ေဒၚေလးက သူ႔သားသမီးေတြ၏အေၾကာင္းကိုသိ၍ သတိေပးေလသည္။ပံုရိပ္လည္း ထမင္းစားဟန္ေဆာင္ကာ ေခါင္းကိုငံု႔၍ မ်က္ရည္ဝဲမိသည္။

အခ်ိန္အၾကာႀကီး သံေသာဇဉ္ျဖစ္ခဲ့ရေသာ သူေတြႏွင့္ခဲြခြာရေတာ့မည္ဟူေသာ အသိစိတ္၀င္လာတိုင္းငိုခ်င္ေနမိသည္။


မ်က္ရည္ဟာ ေပ်ာ့ညံ့မႈ၏သေကၤတဆိုလ်ွင္ ပံုရိပ္ယခုစိတ္ဓာတ္ေတြ ေပ်ာ့ညံ့ေနမိသည္။

ဦးသက္ေဆြကို ပံုရိပ္ေထာင္မက်ေစခ်င္ဘူး။

မိစုတို႔ကို ေထာင္ထြက္၏သားသမီးေတြအျဖစ္ အမ်ား၏အျမင္မွာ ကဲ့ရဲ့ၾကမွာကို မလိုလားတဲ့အတြက္ ဒီေနရာကေနပံုရိပ္ထြက္သြားမျွဖစ္လိမ့္မည္။


‌ဦးသက္ေဆြဟာ တဇြတ္ထိုးစိတ္ဓာတ္ရိွတာေၾကာင့္ သူ႔မိန္းမဆီကို တစ္နည္းမဟုတ္တစ္နည္းနဲ႔ျပန္လာႏိုင္သည္။ထိုအခါ အလားတူျပႆနာမ်ိဳးထပ္ျဖစ္ႏိုင္သည္။

အခုလည္း ပံုရိပ္ေၾကာင့္သာမဟုတ္ရင္ ဒီရန္ပဲြက

ဒီေလာက္အထိ ၾကမ္းတမ္းလိမ့္မယ္မထင္ဘူး။

ပံုရိပ္ကို သူ႔အိမ္မွာအလိုမရိွလို႔ ျဖစ္သြားေသာျပႆနာမွာ ပံုရိပ္ေနဖို႔ဘယ္သင့္ေတာ္ေတာ့မွာလဲ။


ထမင္းစားၿပီး၍ ခဏနားကာ ကားဒရိုင္ဘာက

ပံုရိပ္၏အထုပ္ေတြကို ကားထဲသို႔ထၫ့္ေနေသာအခါတြင္ ေဒၚေလးသည္ပံုရိပ္ကိုဖက္၍ငိုေတာ့သည္။

ထိုစဉ္ အပ်ိဳႀကီးတို႔လည္းေရာက္လာၿပီး ေဒၚေလးကိုႏွစ္သိမ့္ေပးၾကသည္။


"မရွင္းသန႔္ရယ္...ကေလးေနာက္ဆံတင္းေအာင္

မလုပ္ပါနဲ႔..."


"ကၽြန္မ၀မ္းနည္းလြန္းလို႔ပါ....သမီးေလး..ဟိုေရာက္ရင္လိမ္လိမ္မာမာေနေနာ္...အဖြားရဲ့ေျပာစကားကိုနားေထာင္...ေဒၚေလးဆီကိုလည္းဖုန္းဆက္...

ဘာပဲလုပ္လုပ္လူႀကီးေတြနဲ႔တိုင္ပင္‌ရမယ္ေနာ္...

တစ္ေယာက္တည္းႀကိတ္ၿပီး မခံစားရဘူးေနာ္..

အပ်ိဳႀကီးရယ္...ဒီကေလးကသိပ္ေခါင္းမာတာ..

တစ္ခုခုဆိုရင္ သူ႔ရင္ထဲမွာပဲထားတာ..."


ပံုရိပ္၏လက္ကေလးေတြကို ေထြးဆုပ္ထားလ်ွက္ ပံုရိပ္ကိုတလွၫ့္အပ်ိဳႀကီးကိုတလွၫ့္ စကားေတြေျပာေနေသာ ေဒၚေလးကိုပံုရိပ္အၾကာႀကီးဖက္ထားမိသည္။တိုက္ခန္းအျပင္ဘက္သို႔ ထြက္လာေသာအခါတြင္ ဆရာသည္နံရံကိုမွီလ်ွက္ရပ္ေနရာမွ ပံုရိပ္ကိုႃပံုးျပလာသည္။

ေနမင္းႀကီး၏ ေနာက္ဆံုး ႏႈတ္ဆက္အႃပံုးေလးတစ္ခုေပါ့။


"ပံုရိပ္..မႏၲေလးမွာကစက္ဘီးေတြ၊ဆိုင္ကယ္လ္ေတြအစီးမ်ားတယ္...ဟိုစက္ဘီးအနီေလးကပံုရိပ္အတြက္ ဆရာေပးလိုက္မဲ့လက္ေဆာင္ပဲ...

ေပ်ာ္ရႊင္ဖို႔ကအဓိကပဲ...ဟိုမွာေပ်ာ္ေအာင္ေနပါ..."


ဆရာက ရယ္ျပေနေပမဲ့ ပံုရိပ္ကေတာ့ငိုခ်င္ေနမိသည္။ပံုရိပ္မေပ်ာ္ႏိုင္ဘူးဆရာရယ္။ဆရာတို႔ကို ခဲြရမွာ ဘယ္လိုလုပ္ၿပီးေပ်ာ္ႏိုင္ပါ့မလဲ။

ျပန္ေတြ့ခ်င္ပါတယ္။ဒါေပမဲ့ အခ်ိန္ဘယ္ေလာက္ၾကာမွလည္းဆိုတာ ပံုရိပ္မသိႏိုင္ဘူး။


"ဆရာနဲ႔...ေဒၚေလးကို သမီးကန္ေတာ့ခဲ့ပါတယ္..."


ဆရာႏွင့္ေဒၚေလးကို အိမ္ေရ႔ွတြင္ပဲထိုင္ကန္ေတာ့ခဲ့ကာ ပံုရိပ္ကားထဲသို႔၀င္ထိုင္လိုက္သည္။ကားေနာက္ခန္းထဲသို႔ ဆရာ့၏စက္ဘီးအနီေလးကိုလည္း

ကားဒါရိုင္ဘာႀကီးကထၫ့္လိုက္ေလသည္။


"ေဒၚေလးသမီးသြားၿပီေနာ္..က်န္းမာေရးကိုလည္း ဂရုစိုက္ပါေနာ္...ထြန္းကိုနဲ႔မိစုကိုလည္း...သမီးကႏႈတ္ဆက္တယ္လို႔ေျပာေပးပါေနာ္...

အန္တီအပ်ိဳႀကီး...‌ေဒၚေလးကိုဂရုစိုက္ေပးပါေနာ္...

ဆရာ...သမီးသြားၿပီေနာ္...အဟင့္..."


ဆရာ့ကိုႏႈတ္ဆက္အၿပီးမွာ ကားေလးလည္းေမာင္းထြက္သြားၿပီး ပံုရိပ္အင့္ခနဲငိုခ်လိုက္မိသည္။

ရပ္ကြက္လမ္းကေလးထဲမွ ျဖတ္ေမာင္းသြားေသာကားေလးသည္ ဘုန္းႀကီးေက်ာင္းကိုေက်ာ္ျဖတ္ၿပီး ကားလမ္းမႀကီးဆီသို႔ ဦးတည္၍သြားေနသည္။ပံုရိပ္တို႔၏ လမ္းထိပ္နားတြင္ ဟိန္းကိုကိုလည္း ေတြ့လိုက္ပါသည္။သူကသူ႔ဦးေလးအိမ္မွာပဲေနေတာ့ ပံုရိပ္သြားမွာကို သူမသိေပ။ပံုရိပ္သူ႔ကိုဆင္း၍ ႏႈတ္မဆက္မိေပမဲ့ သူ႔ကိုေသခ်ာၾကၫ့္လိုက္မိပါသည္။

သူကေတာ့ ေၾကာင္စီစြာရပ္၍ေငးက်န္ခဲ့သည္။


ပံုရိပ္၏ဘ၀သည္ တိမ္တိုက္ေတြေပၚမွာေျပးလႊားေနရသလိုပါပဲ။စိုးထိတ္မႈအျပၫ့္ႏွင့္ လႊင့္ေမ်ာေနေသာသစ္ရြက္ႂကြေလးသည္ ဘယ္ဆီမွာေသာင္တင္၍ ဘယ္လိုပ်က္စီးရမလဲ၊ဘယ္လိုအခက္အခဲမ်ိူးေတြ ဆက္၍ရင္ဆိုင္ရမလဲဆိုတာကေတာ့ ၾကမၼာဖန္ရာေပါ့။


ေရာက္ရာအရပ္မွာ အေကာင္းဆံုးရွင္သန္မည္။

ေစာင့္ႀကိဳေနေသာ ဘ၀အသစ္တစ္ခုမွာေကာင္းေကာင္းရွင္သန္ ရပ္တည္ေနႏိုင္ရမည္။

"ပံုရိပ္ကံ‌ေကာင္းမွာပါ..."ဟုဆရာေျပာခဲ့ေသာစကားကိုၾကားေယာင္၍ ပံုရိပ္တကယ္ကံေကာင္းပါေစဟု ဆုေတာင္းေနမိသည္။


(ေနာက္အပိုင္းဆို မႏၲေလးေရာက္ပါၿပီး ဇာတ္ေကာင္ေတြလည္း အကုန္စံုေတာ့မွာျဖစ္၍ romanceေလးေတြလည္းလာေတာ့ပါမည္)

No comments:

Post a Comment