🔥ဆူးကြိုး🔥 အခန်း(၇)

 🔥ဆူးကြိုး🔥

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


အခန်း(၇)


"ပုံရိပ်...စောင့်နေရတာကြာသွားပြီလား..."

အနောက်ဘက်ဆီမှ ဦးနေမျိုးရဲ့အသံကိုကြားလိုက်မိတာနှင့် ရေပြင်ပေါ်ကိုကြည့်နေမိရာမှ ကန်ဟိုဘက်တွင်ရှိနေသော ပိတောက်ပင်ကြီးဆီသို့ အဓိပ္ပာယ်မဲ့စွာကြည့်လိုက်မိသည်။ပုံမှန်ဆိုရင် အားတဲ့အချိန်တိုင်းမှာ ပန်းချီဆွဲဖို့ခဲခြစ်နေတတ်သည့် ပုံရိပ်ဟာ
အခုတော့ လေအဝေ့မှာ နေရောင်ထိုး၍
တဖြတ်ဖြတ် လင်းလက်နေသော ကန်ရေပြင်ပေါ်သို့ သစ်ရွက်ကလေးတွေ ကြွေကျ၊ဝေကျနေတာကပင် ကဗျာဆန်သည်ဟု ထင်မနေမိဘူး။

အမြင်အာရုံကိုလာနှောက်ယှက်နေတဲ့ အာရုံ‌နောက်စရာတွေလို့ဘဲ တွေးထင်နေမိတယ်။
ရေထဲသို့ ချထားမိသည့်ခြေထောက်တွေကိုလည်း ရေမျက်နှာပြင်ကို ယှက်တိုက်တို့ထိနေမိရာမှ ရပ်တန့်လိုက်မိတယ်။

မိတ်ဆွေလို့ ထင်ခဲ့မိပေမဲ့ လုံး၀ကိုမှားယွင်းခဲ့တယ်။ ယုံစားမိဖို့ ကြိုးစားခဲ့ပေမဲ့ ယုံမှားမိမဲ့စိတ်ကို ဓားတိတိနဲ့တစ်ခါတည်း ဖြတ်တောက်ခံလိုက်ရသလိုမျိုး ခံစားနေရတယ်။
မျက်၀န်းတွေကို မှိတ်ပစ်လိုက်ပြီး အတတ်နိုင်ဆုံးဒေါသတွေကို ထိန်းချုပ်ထားလိုက်မိပေမဲ့
ဒီလူ့အပေါ်မှာရှိနေတဲ့ မကျေနပ်ချက်တွေကဘယ်လိုမှ ဖျောက်ဖြတ်လို့မရဘူး။

"ပုံရိပ်...အတန်းပြန်တတ်ရတော့မယ်ကွ...
ဒီကိုလာတာ ဘာကိစ္စရှိလို့လဲ..."

ကန်ဘောင်ပေါ်ရှိ သဲပေါ်တွင်တင်ထားသော လွယ်အိပ်ကိုဖုန်ခါလိုက်ပြီး ဦးနေမျိုးကိုစူးနင့်စွာ အဓိပ္ပာယ်ပေါင်းများစွာဖြင့် စိုက်ကြည့်လိုက်တယ်။အဒေါ့်ကို ကျောင်းမှာဆရာမနဲ့လာမတွေ့စေချင်လို့တောင် လပတ်စာမေးပွဲတိုင်းကို အောင်အောင်ဖြေခဲ့တယ်။
ဆရာမ‌တွေကမိဘခေါ်ရမယ်ဆိုတိုင်း ဈေးသည်မကြီးအဒေါ့်ကို အပူတစ်ခုထပ်တိုးမပေးချင်လို့ မိန်းကလေးအတန်းရဲ့နောက်ဆုံးခုံမှာ ပြောင်းထိုင်ခဲ့တယ်။ကိုယ့်အကြောင်းကို အတင်းအဖျင်းပြောလာရင်လည်း မသိသလိုနေခဲ့တဲ့အပြင်  အဒေါ့်ကိုပြဿနာတောထဲ ဆွဲမထည့်ချင်တာကြောင့် အတတ်နိုင်ဆုံးသည်းခံမှုကို ခေါင်းပေါ်မှာရွက်ထားခဲ့တယ်။

ဒီလူကတော့ ကျောင်းကကိစ္စတွေကို ချဲ့ကားပြီး
အဒေါ့်ကို ပြောပြခဲ့ပုံရတယ်။
ဒီနေ့မနက်ပိုင်းရဲ့ ကျောင်းတက်သည့်အချိန်မှာ "ဆရာမ၀င်ခွင့်ပြုပါ..ကျွန်မကပုံရိပ်ရဲ့အဒေါ်ပါလို့.."ပြောသွားခဲ့တဲ့ စကားလုံးတစ်လုံးစီတိုင်း၊ အခန်းထဲသိို့ခြေလှမ်းလာခဲ့တဲ့ သိမ်ငယ်နေတဲ့အကြည့်နဲ့ခြေလှမ်းလေးတွေတိုင်းက နှလုံးသားမှာ
 မီးပြင်းပြင်း လောင်မြှိုက်နေသလို ပူလောင်သွားစေခဲ့တယ်။

အဒေါ်ကိုယ်တိုင် ကျောင်းကိုရောက်လာတည်းက
လက်ထောက်ချသူဟာ ဒီလူဆိုတာကို အတတ်သိလိုက်တယ်။
ပုံရိပ်မလုပ်စေချင်ဆုံး အရာကိုလုပ်လိုက်တဲ့ဒီလူ့ကို လုံး၀မကျေနပ်ဘူး။ဖြစ်နိုင်ရင် သူ့ရင်ဘတ်ကိုအချက်ပေါင်းများစွာပြေးထုလိုက်ချင်တယ်။
ကိုယ်နဲ့မဆိုင်ဘဲ ၀င်ပါနေတဲ့သူ့ကိုလည်း စကားလုံးကြမ်းတွေနဲ့ ထိုးနှက်ပစ်လိုက်ချင်တယ်။
သို့ပေမဲ့ ပုံရိပ်မလုပ်ဝံ့ဘူး။ဦး‌နေမျိုးကို မမှိတ်မသုန်ကြည့်ပြီးတော့သာ ခြေလှမ်းတွေကို ရွေ့လျားလိုက်မိတယ်။

"ဘာဖြစ်လို့...ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ၀င်ပါရတာလဲ...ဘာဖြစ်လို့အဒေါ့်ကိုကျောင်းလာဖို့ ပြောလိုက်ရတာလဲ..."

နေမျိုးလည်း ကောင်မလေးသူ့ကိုစိမ်းကားစွာကြည့်နေသည့် အကြောင်းအရင်းအမှန်ကိုသိလိုက်ရတာကြောင့် လည်ချောင်းရှင်းသွားအောင် တထွေးကို
အရင်မျိုချလိုက်ရသည်။
စိတ်ထဲမှာတော့ ဒီကိစ္စအတွက် စိတ်မသန့်တာမျိုးလည်း မဖြစ်မိဘူး။
မှန်ကန်တဲ့လုပ်ရပ်ကို လုပ်ခဲ့တယ်လို့ဘဲ မြင်တယ်။
ဒီလိုမှမဟုတ်ရင် ဒီကောင်မလေးရဲ့ရှေ့ရေးက
ဇာတ်မျှောကြီးနဲ့သာ အဆုံးသတ်သွားရလိမ့်မယ်။
ကိုယ့်မျက်စိရှေ့မှာ မြင်နေရလျှက်နဲ့ မသိလို၊မကြားသလိုတော့ မနေနိုင်ဘူး။

"မေးနေတယ်လေ...ဘာဖြစ်လို့အဒေါ့်ကိုကျောင်းလာဖို့ ပြောလိုက်ရတာလဲ..ကိုယ်နဲ့မဆိုင်ဘဲ...ဘာလို့သူများရဲ့ ကိစ္စကို၀င်စွက်ဖက်ရတာလဲ.."

"မဟုတ်ဘူးပုံရိပ်...ငါဒီလိုလုပ်တာက မင်းရဲ့အတန်းပိုင်ဆရာမကိုယ်တိုင် အကူအညီတောင်းလို့..
မင်းရဲ့ကျောင်းကိစ္စနဲ့ပတ်သတ်ပြီး မင်းရဲ့အဒေါ်ကို သိစေချင်လို့လည်းပါတယ်...
အဓိကကတော့ မင်းအတွက်ကောင်းမယ်ထင်လို့ လုပ်လိုက်မိတာပါ..."

ပုံရိပ် နှုတ်ခမ်းတွေကိုတွန့်ချိုးပြီး မဲ့ပြုံးပြုံးလိုက်သည်။ဦးနေမျိုးကိုလည်း ပိုခက်ထန်သည့်မျက်၀န်းတွေနဲ့ စိုက်ကြည့်ပစ်လိုက်တယ်။
ပုံရိပ်အတွက် ကောင်းဖို့ပါတဲ့။ဒါဆိုရင် ပုံရိပ်ကဘာကြောင့် ပျော်ရွှင်မနေရတာလဲ။
သူ့လုပ်ရပ်က ပုံရိပ်ကိုကောင်းစေချင်တာမှမဟုတ်ပဲ။
စိတ်အနှောက်အယှက်ဖြစ်စေတာလို့ ပြောပစ်လိုက်ချင်တယ်။

"ကျွန်မကိုယ်တိုင်...တောင်းဆိုခဲ့လို့လား....
ကျွန်မအတွက်လို့ ပြောရအောင်...ဦးနေမျိုးနဲ့ကျွန်မကအဲ့‌လောက်ရင်းနှီးလို့လား...ကျွန်မရဲ့စိတ်ကိုမသိဘဲ...ကျွန်မဘ၀ကို ဘာလို့၀င်ခြယ်လှယ်နေရတာလဲ...အခုကျွန်မကြောင့် အဒေါ်မျက်နှာငယ်ငယ်နဲ့
ကျောင်းကို ဆရာမနဲ့လာတွေ့ခဲ့ရတယ်..အဲ့ဒါကျွန်မဖြစ်စေချင်တဲ့ အရာမဟုတ်ဘူး..."

"ပုံရိပ်...မင်းရဲ့ကလေးစိတ်နဲ့ ထင်ရာတွေ
လျှောက်ပြောမနေနဲ့...ကျောင်းသားနဲ့မိဘတွေ့ဆုံတယ်ဆိုတာ ဒါပုံမှန်ပဲ....မင်းရဲ့ဘ၀တိုးတက်ရေးအတွက်...ကျောင်းခန်းထဲကမင်းရဲ့အခြေအနေအမှန်ကို မင်းရဲ့အဒေါ်သိသင့်တယ်ထင်လို့..
ငါလုပ်လိုက်တာ.."

"မလိုဘူး...ကျွန်မဖြစ်စေချင်တဲ့ တစ်ခုတည်းသောအရာက ကျွန်မရဲ့အဒေါ်ကိုကျွန်မကြောင့် စိတ်မညစ်စေချင်တာပဲ...အခုဦးနေမျိုးလုပ်လိုက်လို့ အဒေါ်ဘယ်လောက်အထိ စိတ်ဆင်းရဲသွားမလဲဆိုတာ ကျွန်မတွေးမိတိုင်း စိတ်ဒုက္ခရောက်ရတယ်...."

ဒီကောင်မလေးရဲ့ စကားတွေကသူ့အတွက် ရင်းသီးလွန်းတယ်။ကိုယ်ဟာ သူစိမ်းလူတစ်ယောက်ဖြစ်လို့ သူပြောတာသဘာ၀ကျ‌ပေမဲ့ စေဒနာကနေ
ဝေဒနာဖြစ်သွားသလို ခံစားလိုက်ရတယ်။
ဘယ်လို စကားမျိုးနဲ့ဖြောင်းဖျရမလဲ ဆိုတာတောင်တွေးရကြပ်သွားတယ်။ကိုယ့်အတန်းထဲက ကျောင်းသားတွေဆိုရင် ဘယ်လိုအရေးကိစ္စဘဲဖြစ်ဖြစ် ကိုယ်တိုင်၀င်ဆုံးဖြတ်တာက ကိစ္စမရှိခဲ့
ပေမဲ့ သူမကတော့မတူဘူး။
အစတည်းက ခေါင်းမာတဲ့မိန်းကလေးဖြစ်တဲအပြင်
မှားတာကို သိနေလျက်နဲ့မပြင်တဲ့ လူမျိုးမို့ ပြုပြင်ပေးဖို့ ပိုခက်ခဲနေတယ်။

"ပုံရိပ်...မင်းရဲ့အတွေးတွေက တကယ်ကိုလွဲနေပြီ...
မင်းရဲ့အဒေါ်ကို စိတ်မညစ်စေချင်ရင် အပြောနဲ့ဘဲ
မပြီးဘူးကွ....မင်းလက်တွေ့လုပ်ပြရမှာ...သူမင်းကိုဘာကြောင့် မရှိတဲ့ကြားကနေကျောင်းထားနေတာလဲဆိုတာ မင်းနားလည်သင့်တယ်..."

"နားလည်တာပေါ့...နားလည်လို့လည်း အဒေါ့်ကိုရှေ့ဆက်ပြီး ဒုက္ခမပေးချင်တော့တာ...ကျွန်မတို့ရဲ့အိမ်အခြေအနေကို မသိဘဲ ကျွန်မကိုလာမဝေဖန်ပါနဲ့...ပေးဆပ်မှုမရှိဘဲ ရယူခြင်းနဲ့အချိန်ကုန်နေရတဲ့ဘဝကိုမလိုချင်တော့ဘူး....မိဘအရင်းတွေကတောင်စွန့်လွှတ်ခဲ့တဲ့ဘဝတစ်ခုကို အဒေါ့်ကိုအတင်းမကယ်တင်ခိုင်းချင်ဘူး....ကိုယ့်ဘက်ကအမြင်တစ်ခုတည်းနဲ့တခြားသူတစ်ယောက်ရဲ့
ဘဝကိုကောင်းသလား..ဆိုးသလား...မဝေဖန်ပါနဲ့...
ဦးနေမျိုးမှာ ဝေဖန်ပိုင်ခွင့်မရှိဘူး...."

ပုံရိပ်ရဲ့စကားကြောင့် တိတ်ဆိတ်သွားတဲ့သူ့ကိုကြည့်ပြီး ရင်ထဲမှာနာကျင်သွားသလိုဘဲ။
သူစိတ်ဆိုးသွားပြီထင်ပါတယ်။
စိတ်ထဲမှာ တိတ်တိတ်လေးမိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားမိတဲ့လူကိုပုံရိပ်ဆုံးရှုံးလိုက်ရပြီပေါ့။ဆုံးရှုံးချင် ဆုံးရှုံးရပါစေလေ။
သူဟာ ပုံရိပ်မကြိုက်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာပဲ။
အဒေါ်က ဆင်းရဲပေမဲ့ ဈေးရောင်းပြီး ကျောင်းထားပေးနေတာကို ပုံရိပ်ကမကြိုးစားဘဲ နေချင်သလိုနေတယ်လို့ သူမြင်နေမှာပေါ့။
ပုံရိပ်ကိုသူ့စိတ်ထဲမှာ ဘော်ကျော့နေတတ်တဲ့ မိန်းကလေးဆိုပြီးအထင်သေးချင်သေးနေမှာပေါ့။
ပုံရိပ်ကလည်း ဘယ်သူအထင်ကြီးတာမှ မခံချင်ပါဘူး။

ဘွဲ့ရစေချင်တယ်။ပညာတတ်ကြီးဖြစ်စေချင်တယ်နဲ့ အပြောကတော့လွယ်တာပေါ့။
ပုံရိပ်ကအခုမှ ကိုးတန်းသာရှိသေးတယ်။
အိမ်မှာက ကျောင်းနေအရွယ်နှစ်ယောက်နဲ့
လုပ်ခလစာရှာတဲ့လူကတစ်ယောက်တည်းရယ်။
အိမ်ရဲ့တာ၀န်တွေအကုန်လုံးက အဒေါ့်ခေါင်းပေါ်မှာ။ထမင်းစားရင်တောင် သားသမီးတွေကိုအသား၊အဖက်ကလေး ခပ်ကျွေးပြီး သူကတော့အရိုးကိုဟင်းလုပ်စားနေရတာကို မြင်နေလျှက်နဲ့
 ပုံရိပ်ဘယ်လိုကြည့်ရက်ပါ့မလဲ။

နောက်ထပ်ဆယ်တန်းတစ်နှစ်။
ဟော..နောက်ထပ်ရိုးရိုးတက္ကသိုလ်မေဂျာဆိုရင်တောင် လေးနှစ်တက်ရမဲ့ကိစ္စမှာ ဒီမိန်းမကြီးကို တာ၀န်တွေအကုန်လုံး ပခုံးပေါ်ကို ထမ်းခိုင်းထားရမှာလား။ ဒီလိုဆိုရင် ကျောင်းစာသင်ဖို့စိတ်မကူးဘဲ
လုပ်ငန်းခွင်ကိုသာ ၀င်ချင်နေတဲ့ပုံရိပ်ရဲ့စိတ်ကူးတွေကမှားနေသလား။ဘယ်သူ့ကိုမှ အပစ်မတင်ချင်ပါဘူး။ဦးနေမျိုးကိုလည်း အပစ်မတင်ချင်ဘူး။
သူလည်း စေတနာနဲ့ပါ။
ပုံရိပ် ကိုယ့်ဘ၀ကိုယ်သာအပစ်တင်ချင်တယ်။
အားငယ်တတ်တဲ့လူဖြစ်နေလို့ အပစ်တင်ချင်တယ်။
သတ္တိရှိဖို့ ကြိုးစားမရလို့ အပစ်တင်ချင်တယ်။
ကိုယ့်ဘ၀အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ်
မရပ်တည်နိုင်သေးလို့ အပစ်တင်ချင်တယ်။
ကိုယ့်ကိုကိုယ် သန်မာလှပြီထင်နေပေမဲ့ တကယ်တော့ပုံရိပ်ဟာ အားငယ်လွယ်ပြီး ပျော့ညံ့တတ်တဲ့လူတစ်ယောက် ဖြစ်နေတုန်းဘဲ။

၀မ်းနည်းစရာအတွေးတွေအားလုံး ခေါင်းထဲမှာပလုံစီလာတဲ့အခါ သူစိမ်းတစ်ယောက်ရဲ့အရှေ့မှာ
 ပုံရိပ်မျက်ရည်ကျဖို့ဖြစ်လာခဲ့တယ်။
သဲပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ရှိုက်ကာငိုမိတယ်။
မျက်ရည်စက်လေးတွေကတော့ သဲပေါ်သို့တစ်စက်ကျသွားတိုင်း ချိုင့်ခွက်ပုံစံလေးဖြစ်သွားပေမဲ့ ပုံရိပ်ငိုလို့ အားမရသေးဘူး။
အသံမထွက်အောင် အံကိုကြိတ်ထားလိုက်မိတယ်။

"ပုံရိပ်....ငိုနေတာလား...."

ပခုံးပေါ်သို့ ခပ်ဖွဖွတို့ထိလာသည့် သူ့ရဲ့လက်ဖဝါးနွေးနွေးကို ခံစားလိုက်မိတော့ သတိလက်လွတ်ငိုနေမိသည့် ကိုယ့်အဖြစ်ကို ပြန်အံ့ဩနေမိတယ်။
ပါးပြင်ကို စမ်းကြည့်လိုက်တော့ မျက်ရည်တွေဟာ
တာကျိုးခဲ့သည့်အလားပင်။မျက်ရည်စီးချောင်းဟာ လည်ပင်အထိတောင် ရောက်တယ်။

"တောင်းပန်ပါတယ်...ပုံရိပ်ရဲ့ခံစားချက်ကို
ထည့်မတွေးလိုက်မိဘူး...အမှားတစ်ခုဆိုရင်တောင် စေတနာအမှားလို့ ပြောရင်လက်ခံပေးနိုင်မလား...."

လက်ခံပေးနိုင်မလားတဲ့။ ပုံရိပ်ဘက်ကဒီလောက်အထိ နင့်သီးစွာ ပြောလိုက်မိ‌တာတောင် စိတ်မဆိုးတဲ့အပြင် အလျှော့ပေးနေတုန်းပဲ။ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သူဟာတကယ့်ကိုမှ လိုက်ဖက်ညီတဲ့လူပါဘဲ။

"ပုံရိပ် ကိုယ့်ကိုတစ်ခုခုပြောမပြချင်ဘူးလား..."

သူ့ရဲ့အသံဟာ ရေခဲတောင်ထိပ်ပေါ်ရောက်နေတဲ့အချိန် လေနွေးနွေးဖြတ်တိုက်သွားသလိုမျိုး ရင်ထဲမှာ နွေးထွေးမှုလေး လွှမ်းခြုံပေးထားသလိုဘဲ။
ဟိုတစ်နေ့က သူ့ကိုယ်ပေါ်မှာ ရခဲ့တဲ့ဒယ်အိုးနံ့ကလည်း သူ့ကိုယ်ပေါ်မှာလုံး၀မရှိတော့ဘူး။
ခရေနံ့သင်းသင်းလို ရနံ့လေးတော့ရတယ်။
ဒီရေမွှေးကို ပုံရိပ်သိတယ်။
ဘယ်စတိုးလ်ဆိုင်မှာဘဲ သွား၀ယ်၀ယ်
ဈေးသက်သက်သာသာနဲ့အလွယ်တကူ၀ယ်လို့
ရနိုင်တဲ့  စံပယ်ရနံ့ရေမွှေးပါပဲ။
တန်ဖိုးကြီး ရေမွှေးပုလင်းတောင်၀ယ်မသုံးနိုင်တဲ့လူကြီးက သူ့ရဲ့ကြင်နာမှုလေးကို ‌ပုံရိပ်အတွက် အသုံးချနေလေရဲ့။သူဟာ အင်မတန်စေတနာကောင်းတဲ့လူမှန်း ပထမဆုံးစတွေ့တဲ့နေ့တည်းက သိခဲ့ရပါတယ်။

"ပုံရိပ်... ခံစားချက်တွေကိုရင်ထဲမှာဘဲ သိမ်းထားတတ်တဲ့ အကျင့်က လုံး၀မကောင်းဘူး....ငိုချင်ရင်ငိုချပစ်လိုက်...ရယ်စရာဆိုလည်းရယ်ပစ်လိုက်...
ထိခိုက်နစ်နာခဲ့ရတာတွေရှိရင်...မျိုသိပ်ထားရတာတွေရှိရင်...တစ်ယောက်တည်းကြိတ်မှိတ်ပြီးမခံစားပါနဲ့...ပုံရိပ်ရဲ့အဒေါ့်ကိုလည်းပြောပြလို့ရသလို...
သူငယ်ချင်းတွေကိုလည်း ရင်ဖွင့်လို့ရတယ်..
ကိုယ့်ကိုလည်း ရင်ဖွင့်လို့ရတယ်..ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးတယ်ကွာ...
ကိုယ်ပြောတာနားလည်လား..."

မျက်ရည်တွေကို လက်ခုံနဲ့သုတ်ကာ
ကိုယ့်လွယ်အိတ်ကို ကိုယ်ဆွဲပြီး ဦးနေမျိုးရဲ့ဘေးမှ ဖြတ်လျှောက်ခဲ့လိုက်တယ်။
ရှေ့သို့ တစ်လှမ်းနှစ်လှမ်းလောက် အရောက်မှာ သူ့ဘက်ကိုလှည့်ကြည့်လိုက်မိပါတယ်။ဒီအတိုင်းထွက်သွားရင် ရိုင်းလွန်းရာကျနေမှာပေါ့။
ဆရာမက တွေ့ခွင့်တောင်းလို့သာသူလည်းအဒေါ့်ကို ပြောလိုက်မိတာဘဲဥစ္စာ ပုံရိပ်ကိုတမင်ရန်ရှာတာမှ မဟုတ်ဘဲ။ ကိုယ်ကသာ သူ့ကိုရန်လာလုပ်နေမိတာ။ဒါပေမဲ့ စကားတွေအများကြီးပြောမထွက်ဘူး။ မပြောတတ်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။
အခုထိ ပုံရိပ်ကိုကြည့်နေတဲ့ သူ့မျက်၀န်းတွေထဲမှာ စိုးရိမ်စိတ်တွေပါနေတုန်းဘဲ။
သူ့ကိုယ်သူလည်း အပြစ်တင်နေပုံရတယ်။

"ကျေးဇူးတင်ပါတယ်...နောက်ပြီးတောင်းပန်ပါတယ်....စိတ်လိုက်မာန်ပါ ပြောလိုက်မိတယ်...
အရမ်းရိုင်းသွားရင် စိတ်မရှိပါနဲ့..."

ပုံရိပ်ရဲ့ တောင်းပန်စကားကိုကြားတော့ သူပြုံးပြလာတယ်။သူ့ရဲ့အနောက်ဘက်က ရေကန်ကြီးထဲကိုနေရောင်ကထိုးနေတော့ သူ့ကိုယ်ပေါ်ကိုပြန်ဖြာကျလာတဲ့အလင်းကြောင့် သူ့ရဲ့ဝါ၀င်း၀င်းအသားအရည်ကလည်း ပိုပြီးအရောင်တောက်သွားတယ်။
သူ့ရဲ့အပြုံးက ကျေနပ်သွားတာလား။စိတ်သက်သာရာရသွားတာလားတော့ မခန့်မှန်းတတ်ပေ။
ပုံရိပ်လည်း မျက်နှာကိုတစ်ဖက်သို့လှည့်လိုက်ပြီး သက်ပြင်းချလိုက်မိတယ်။
သူစိတ်မဆိုးတာ သိပ်ကောင်းတယ်။ပုံရိပ်ကို ဒီလိုစိုးရိမ်ပေးတဲ့လူ ၊ဆုံးမပေးချင်တဲ့လူ နဲ့ကောင်းပေးချင်တဲ့လူက ခပ်ရှားရှားဖြစ်နေတော့ သူလိုမိတ်ဆွေတစ်ယောက်ကို ကိုယ့်အပေါ်မငြိုငြင်သွားစေချင်ဘူး။
သူ့အပေါ်ကို မကျေမနပ်ဖြစ်မိ၊စိတ်ဆိုးဒေါသထွက်မိတာတော့ မှန်ပေမဲ့ ကိုယ့်အပေါ်ကို သူမကျေမနပ်ဖြစ်သွားမှာကို ပိုပြီးမလိုလားဘူး။

"အိမ်ကိုဂရုစိုက်ပြန်နော်...."

ဘုရားရင်ပြင်ပေါ်ကို ခြေလှမ်းနေမိစဉ် အနောက်ဘက်မှ အော်ပြောလာတဲ့ သူ့ရဲ့စကားသံကြောင့်
ပုံရိပ်ရင်ထဲမှာ အပြုံးပန်းလေးတစ်ခုပွင့်ခဲ့တယ်။
အပြင်ဘက်မှာတော့ ငိုထားတဲ့ကိုယ့်မျက်လုံးနီအစ်အစ်တွေကို ပြေးရင်းလွှားရင် စူးစမ်းသွားကြတဲ့ကလေးတွေကြောင့် ရယ်မနေနိုင်ပေ။မျက်လုံးတွေကို မသိမသာကွယ်ပြီး ဘုန်းကြီးကျောင်းထဲမှာ ခြေထောက်ဗလာနဲ့ ခြံ၀န်းတံခါးဆီကို အပြေးသွားနေမိတယ်။ ကျောင်းဆောင်တစ်ခုအရှေ့ကနေ ဖြတ်လျှောက်မိတော့ ပုံရိပ်ကိုလှမ်းကြည့်နေတဲ့ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့နာမည်ကိုမမှတ်မိတော့ပေမဲ့ ဦးနေမျိုးကသူ့ဆီက မွေးနေ့လက်ဆောင်ကိုယူပြီးပုံရိပ်ကိုပေးလိုက်လို့ မကျေမနပ်ဖြစ်သွားတဲ့ ကောင်မလေးဆိုတာတော့မှတ်မိလိုက်တယ်။သူ့မျက်နှာက ဆူပုပ်ပုပ်ကလေးဖြစ်နေပြီး ပုံရိပ်ကိုလည်းခပ်တည်တည်နဲ့စိုက်ကြည့်နေတယ်။သူ့ရဲ့ပုံစံက ပုံရိပ်ကိုအခုထိမကျေနပ်နေသလို ပုံမျိုး။ဦးနေမျိုးက သူ့ကိုလက်ဆောင်အစားပြန်မ‌၀ယ်ပေးလို့များလား။
ဒါမှမဟုတ် ပုံရိပ်ရဲ့မျက်နှာကဘဲ သူ့အဖို့မုန်းစရာကောင်းနေလို့များလား။

"ဟဲ့...ကစားမယ်လေ..."

အခြားအတန်းဖော်တစ်ယောက်က လှမ်းခေါ်လိုက်တော့ ကောင်မလေးလည်း အနောက်ကိုလှည့်ပြေးသွားတယ်။ပုံရိပ်လည်း ဘုန်းကြီးကျောင်းအပြင်ကိုရောက်တာနဲ့ ဖိနပ်ကောက်စွပ်လိုက်ပြီး အိမ်သို့သာပြန်လာခဲ့လိုက်တယ်။ဘုန်းကြီးကျောင်းနဲ့ ပုံရိပ်တို့ရဲ့အိမ်က တကယ်တော့နီးနီးလေးပါဘဲ။ဘုန်းကြီးကျောင်းက ကားလမ်းအထိပေါက်တဲ့ တာလမ်းမကြီးဘေးမှာရှိပြီး။
ကျောင်းဟိုဘက်အခြမ်းမှာဆို ကျူပင်နဲ့ မြက်ရိုင်း‌ တွေပေါက်နေတဲ့ လမ်းရှိပြီးတိုက်ပျက်ကြီးတွေလည်း ရှိတယ်။
ကန်စွန်း၊ချဥ်ပေါင်စိုက်ကြတဲ့ စိုက်ခင်းတွေလည်းကားလမ်းဘေးက တူးမြောင်းကြီးအလွန်မှာ
ရှိတယ်။ ကျောင်းပိတ်ရက်ပန်းချီဆွဲချင်တိုင်း စိုက်ခင်းတွေဘက်ကို သွားတတ်ပေမဲ့ လူပျက်တဲ့နေရာမို့ အရမ်းလည်းမသွားရဲဘူး။

ပုံရိပ်တို့နေတဲ့ လမ်းကတော့ လမ်းမကြီးကိုကန့်လန့်ဖြတ်ထားတဲ့ လမ်းသွယ်တစ်ခုထဲကို ချိုးကွေ့၀င်ရတာဖြစ်ပြီး အရိပ်ရအပင်တွေလည်းများတယ်။မိုးရွာတဲ့အချိန်မဟုတ်ပါက ဆယ့်နှစ်ရာသီလူစည်နေတတ်သည့် လမ်းကလေးပါဘဲ။
ညဘက်ဆိုလည်း ဆယ်နာရီမထိုးခင်လောက်အထိ
လမ်းပေါ်မှာ ကလေးတွေရောလူကြီးတွေပါ ထွက်နေလေ့ရှိကြတယ်။အကြောင်းကတော့ ပူလွန်းတဲ့ရာသီဥတုကြောင့်ပါပဲ။ မိုးဖျောက်ဖျောက်ရွာရင်တော့ နေလို့ထိုင်လို့ကောင်းပေမဲ့ မိုးမရွာတဲ့နေ့တွေဆိုရင် အိမ်အခေါင်းထဲမှာ ချွေးတွေကိုသီးလို့ နောက်ဆုံးဘယ်လိုမှ မနေနိုင်ဖြစ်လာကြပြီး
ပန်ကာမလိုဘဲ လေရတဲ့အိမ်ရှေ့သို့သာ စကားစမြည်ပြောကြရင်း ထွက်ထိုင်လေ့ရှိကြတယ်။
အဒေါ်တို့လည်း အပါအ၀င်ပေါ့။

နေရိပ်ထိုးတဲ့ သစ်ပင်တွေအောက်မှ ကပ်လျှောက်လာရင်းနဲ့ ပုံရိပ်တို့ခြံရှေ့ကိုရောက်တော့ အိမ်ရှေ့က
ကုက္ကိုလ်ပင်ကြီးအောက်တွင် သစ်မြစ်ပေါ်မှာထိုင်နေသည့်အဒေါ့်ကို တွေ့လိုက်ရတယ်။
နေကောင်းကာစဖြစ်နေတဲ့ မိစုကတော့ အခြားကလေးတွေနဲ့ ဂေါ်လီလုံးလှိမ့်တမ်းကစား‌နေတယ်။‌

 မြေကြီးပေါ်မှာစတုရန်းပုံစံ ခပ်သေးသေးအဝိုင်းလေးကို တုတ်နဲ့ဆွဲထားပြီး အလယ်မှာဂေါ်လီလုံးလေးတွေကို ပုံထားကာ စည်းတားထားတဲ့နေရာလေးကနေ ကိုယ့်ဂေါ်လီလုံးနဲ့မိစုက လှမ်းလှိမ့်လိုက်သည်။
"တောက်"ကနဲဆိုသည့် အသံလေးနဲ့အတူ စည်းထဲမှဂေါ်လီလုံးလေးနှစ်လုံးက အပြင်ကိုကန်ထွက်လာခဲ့တယ်။ဒါဟာ မိစုအကျွမ်းကျင်ဆုံးကစားနည်းပါဘဲ။

အဒေါ့်ကို တစ်လှည့်ကြည့်လိုက်တော့ ဒူးနှစ်လုံးကိုထောင်ထားပြီးဒူးဆစ်ပေါ်ကို လက်ထောက်ထားကာ ငိုင်နေသည်။ကလေးတွေ ဆော့ကစားနေတာကို ကြည့်နေခြင်းလည်းမဟုတ်ဘူး။တစ်ခုခုကို အတွေးနက်နေပုံပေါ်နေတယ်။အဒေါ့်မျက်လုံးတွေကလည်း ရီဝေနေပြီး ညိုးလျော်နွမ်းလျှနေတယ်။
ဒီနေ့ကျောင်းက ဆရာမရဲ့စကားတွေကြောင့် အဒေါ်ငိုင်နေတာများလား။
အဒေါ်ပုံရိပ်ကို စိတ်ပျက်သွားပြီထင်ပါတယ်။
အဒေါ်ငြိုငြင်မှာကို ပုံရိပ်သိပ်ကြောက်တယ်။
ပုံရိပ်မှာ အားကိုးစရာ၊တွယ်တာစရာဟာ အဒေါ်နဲ့မောင်လေး၊ညီမလေးတွေသာ ရှိလို့ ပုံရိပ်ကို
မလိုလားမှာကို သိပ်ကြောက်တယ်။

"ဒေါ်လေး...ထွန်းကိုကျောင်းသွားပြီလား...."

အမှန်တော့ ဘုန်းကြီးကျောင်းကို၀င်နေတာကြောင့် အိမ်ပြန်တဲ့အချိန်က ပုံမှန်ထက်နောက်ကျနေတယ်။
ဒီအချိန်ဆို ထွန်းကိုတစ်ယောက်ကျောင်းကို ရောက်နေလောက်ပြီ။ဘယ်လို စကားအစချီရမှန်းမသိတာကြောင့် ထွန်းကိုရဲ့နာမည်ကို ကြားခံနယ်လုပ်လိုက်ပြီး ဒေါ်လေးရဲ့ဘေးနားရှိ သစ်မြစ်ပေါ်ကို
ရောရောယောင်ယောင်နဲ့ ထိုင်ချလိုက်မိတယ်။
ပုံရိပ်မေးချင်နေမိတယ်။ဆရာမက ဘာတွေပြောလိုက်သလဲလို့ပေါ့။ ဒေါ်လေးကတော့ နှုတ်ဆိတ်ပြီးအရမ်းကို တည်ငြိမ်နေတယ်။ပုံရိပ်ကသာ ဒေါ်လေးရဲ့မျက်နှာကို အရိပ်တကြည့်ကြည့်လုပ်နေမိတယ်။

"ပုံပုံ....ကျောင်းမှာအဆင်မပြေတာတွေရှိနေတာ ဒေါ်လေးကို ဘာလို့မပြောခဲ့တာလဲ...."

ဒေါ်လေးဆီကနေ ပထမဆုံးကြားရတဲ့စကားက အရမ်းကို‌ပြေပြစ်နေတယ်။
ပုံမှန်ဆိုရင် ဒေါ်လေးကဒီလိုမဟုတ်ဘူး။‌
တောသူပီပီ ဘွင်းဘွင်းရှင်းရှင်း‌‌ပြောတတ်ဆိုတတ်ပြီး အဆူ၊အဆဲနဲ့ အအော် အငေါက်ကလည်း
မပါမဖြစ်ဘဲ ။
ပုံရိပ်ကို စိုးရိမ်လို့သာဒေါ်လေးက သူ့စိတ်ကိုသူထိန်းချုပ်ထားတာနေမယ်။ဒီလိုဆိုတော့ ဒေါ်လေးကိုပိုပြီးတော့တောင် သနားမိတယ်။စား၀တ်နေရေးအတွက် ပူရတဲ့အပြင် ပုံရိပ်ကပါ တစ်ပူတိုးအောင်လုပ်မိနေပြီ။

"သမီးကြောင့် ဒေါ်လေးစိတ်ရှုပ်ရမှာစိုးလို့ပါ..."

ဒေါ်လေးက ပုံရိပ်ရဲ့ဦးခေါင်းလေးကို တစ်ချက်
ခပ်ဖွဖွပုတ်လိုက်ပြီး ပုံရိပ်ရဲ့မျက်၀န်းတွေထဲအထိ လေးနက်လွန်းစွာကြည့်လာတယ်။
ပြုံးလည်း ပြုံးပြလာတယ်။
ဒေါ်လေးရဲ့ ပါးပြင်ချိုင့်ချိုင့်လေးတွေဟာ ပိုပြီးတော့သရုပ်ပေါ်လာတယ်။ဘယ်ဘက်အံသွားနှစ်ချောင်းက ကျိုးထားပြီး ပြန်မဆိုက်နိုင်သေးလို့ ဒေါ်လေးရဲ့ဘယ်ဘက်ပါးက အနည်းငယ်ချိုင့်၀င်နေတယ်။

"ပုံပုံ့ရဲ့အမြင်မှာ ‌ဒေါ်လေးက..ကလေးသုံးယောက်ကြောင့် စိတ်ရှုပ်ရတယ်လို့ ထင်နေတာလား...
တကယ်တော့ ပုံပုံရယ်..မိစုရယ်..ထွန်းထွန်းရယ်က
...ဒေါ်လေးအတွက်ရှေ့ဆက်ရှင်သန်နိုင်ဖို့ ခွန်အားပေးနေတဲ့...ဆေးလုံးလေးတွေဘဲ...မိခင်တစ်ယောက်ဟာ ကလေးတစ်ယောက်ကို ၀မ်းထဲမှာအပင်ပန်းခံပြီး လနဲ့ချီလွယ်ထားခဲ့တည်းက
ဒီကလေးအတွက် အသက်ကိုတောင်ရင်းနှီးထားပြီးသားပဲ..ကိုယ့်ရဲ့ကလေးတွေကောင်းစားဖို့ဆိုရင် ဒေါ်လေးကိုယ့်အသက်ကိုယ်တောင် ရင်းနှီးရဲတယ်..."

ဒါပေမဲ့ ပုံရိပ်ကဒေါ်လေးရဲ့ သားသမီးအရင်းမဟုတ်တော့ သက်သက်ကြီးအနစ်နာခံသလိုဖြစ်နေမှာပေါ့လို့ စိတ်ထဲကနေပြောလိုက်မိတယ်။ရန်ကုန်လိုနေရာမှာ ရေကအစ အလကားမရတာကြောင့်
လူတစ်ယောက်အတွက် စာရိတ်တစ်နှစ်မပြောနဲ့တစ်လတောင်တော်တော်များ နေပြီ။အခုတော့ ဒေါ်လေးတို့အိမ်မှာ ပုံရိပ်သောင်တင်နေတာ
နှနှစ်ကျော်သွားခဲ့ပြီ။အဒေါ့်ကို ဆန်တစ်စိဖိုးတောင် ပြန်မထောက်ပံ့နိုင်သေးဘူး။

"ပုံပုံ့ကို ဒေါ်လေးတစ်ခုမေးမယ်.."

"ဟုတ်ကဲ့..."

"ကျောင်းတက်ရတာ မပျော်ဘူးလား...
ဘာကြောင့် ကျောင်းမှာသူငယ်ချင်းမထားတာလဲ...ဒေါ်လေးကိုအမှန်အတိုင်းပြောနော်.."

ပုံရိပ် ခေါင်းကိုသာတွင်တွင်ငုံ့ထားလိုက်မိတယ်။
ပုံရိပ်ရဲ့အမြင်အာရုံထဲမှာ မြေကြီးတွေကိုသာ မြင်နေရတယ်။
တစ်‌ယောက်သောသူရဲ့ ငိုချင်ရင်ငိုချလိုက်ဆိုတဲ့စကားအတိုင်း ပုံရိပ်ငိုမိတယ်။
မျက်ရည်တွေက မြေကြီးပေါ်ကို တပေါက်
ပေါက်ကြလာခဲ့တယ်။

ထိုအခါ ဒေါ်လေးဆီကနေ သက်ပြင်းရှိုက်သံကိုကြားလိုက်ရတယ်။သိပ်မကြာပါဘူး ပုံရိပ်ရဲ့
ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်ပေးလာတယ်။
ပုံရိပ်ရဲ့ ခံစားချက်ကို ‌ဒေါ်လေးတကယ်ပဲနားလည်တာလား။ဒါဆိုရင် ပုံရိပ်ငိုနေတာဘာကြောင့်လဲဆိုတာ သိမှာပါ။ပုံရိပ် ဘယ်သူ့ကိုသတိရနေသလဲ
ဆိုတာကိုရောပေါ့။
ဒေါ်လေးကို မျက်ရည်ဝဲနေတဲ့မျက်၀န်းတွေနဲ့ မော့ကြည့်လိုက်မိတယ်။ပုံရိပ်ပြောမဲ့ စကားကဒေါ်လေးကို ဒေါသထွက်သွားစေနိုင်ပေမဲ့
ပွင့်လင်းမှ ဖြစ်တော့မယ်။ပုံရိပ် မျက်ရည်တွေကို သုတ်လိုက်ပြီး ဒေါ်လေးကိုခပ်ရဲရဲစိုက်ကြည့်လိုက်တယ်။

"ဒေါ်လေး...သမီးကို ကျောင်းထွက်ခွင့်ပေးပါ..သမီးကျောင်းထွက်ချင်တယ်..."

ပုံရိပ်ရဲ့ နှုတ်ခမ်းထပ်ကနေ ရဲရဲဝံ့ဝံ့နဲ့ တုန့်ဆိုင်းမနေဘဲ ပြောလိုက်တဲ့စကားကိုကြားတော့ ဒေါ်လေးရဲ့မျက်ခုံးတန်းတွေတွန့်ကျုံ့သွားတယ်။ဒေါ်လေး သေချာပေါက်သဘောမကျဘူးဆိုတာ ပုံရိပ်သိပြီးသားပါ။
ဒါပေမဲ့ ပုံရိပ်ရှေ့ဆက်ပြီး ဒုက္ခမပေးချင်တော့ဘူး။

ဒေါ်လေးက"ဘာလို့ကျောင်းထွက်ချင်တာလဲလို့.."
မေးလာခဲ့တယ်။

"သမီးအလုပ်လုပ်ချင်တယ်...ဒေါ်လေးပင်ပန်းနေတာကို မကြည့်ရက်ဘူး...သမီးတလှည့်ပြန်လုပ်ကျွေးပါရစေလို့ .."ပြောလိုက်တော့ ဒေါ်လေးကသဘောတကျနဲ့ ရယ်မောလိုက်တယ်။ပုံရိပ်ရဲ့စကားထဲမှာ ရယ်စရာလည်းတစ်ခွန်းမှမပါဘဲ ရယ်လိုက်တာကြောင့် ပုံရိပ်နဲနဲတော့ ခေါင်းရှုပ်သွားတယ်။
ပြီးတော့မှ ပုံရိပ်သိလိုက်တာဟာ ဒေါ်လေးကသူ့စိတ်ကို ပြင်ဆင်ဖို့ ခဏတာရယ်လိုက်တာဖြစ်ပြီး တစ်ဆက်တည်းမှာ မျက်နှာချက်ချင်းတည်ကြသွားတယ်။

"မေကြီး...ဟိုမှာရေခဲချောင်းသည်လာနေတယ်
...သမီးရေခဲချောင်း စားချင်လိုက်တာ..."

မိစုလေးက ဂေါ်လီလုံး လှိမ့်နေရင်းနဲ့ပြေးလာတာကြောင့် ဒေါ်လေးက သင်္ဘောသားဂျာစီအိင်္ကျီထဲမှ ပိုက်ဆံတစ်ရာတန်ကို ထုတ်ပြီး ပေးလိုက်တယ်။
မိစုကလည်း သူ့အဖော်တစ်သိုက်နဲ့အတူ ပြေးသွားကာ ရေခဲချောင်းသွား၀ယ်လေသည်။
ကလေးတွေကို ကြည့်နေရင်းကနေ အဒေါ့်ရဲ့မျက်နှာပြုံးလိုက်တာကို ပုံရိပ်သေချာတွေ့လိုက်ရတယ်။

"အဒေါ်တို့ငယ်ငယ်တုန်းကဆို...ဒီလိုရေခဲချောင်းကို ၀ယ်စားနိုင်ဖို့မပြောနဲ့ အနံ့တောင်မရှူခဲ့ရဖူးဘူး...
ငယ်ငယ်က စာတတ်ချင်လို့ ကျောင်းသုံးကျောင်းလောက်ကို ပြောင်းခဲ့ရဖူးတယ်..တောမှာဆိုတော့
စာသင်တာတောင် ကျောင်းဆိုပြီးသတ်သတ်မှတ်မှတ် မရှိပါဘူး...ချောင်းစပ်ကဇရပ်ကလေးမှာ
လူစုပြီး စာသင်ခဲ့ရတာ.…ပျော်ဖို့တော့ကောင်းတာပေါ့လေ...ဒါပေမဲ့ မိုးရွာတဲ့အခါ ဇရပ်ကလေးမှာတံခါးမရှိတော့ ချမ်းလိုက်တာမှပြောမနေနဲ့..
တတိယတန်းလောက်ရောက်တော့
 ရွာဘုန်းကြီးကျောင်းမှာဆရာတော်က ရွာမှာစာသင်ကျောင်း တစ်ကျောင်းတော့ လိုအပ်တယ်ဆိုပြီး အစိုး‌ရကိုလျှောက်တယ်...နောက်ပိုင်းတတိယတန်းကို အစိုးရကျောင်းမှာ တရား၀င်တတ်ခဲ့ရတာပေါ့...ကံကလည်းမကောင်းပါဘူး...ဒေါ်လေးက
စာသိပ်တတ်ချင်ခဲ့တာ..စာသင်နေရရင်ကိုပျော်နေတာ...မြန်မာစာ စာလုံးဝိုင်းဝိုင်းလေးတွေကို
 ဘုန်းဘုန်းကသင်ပေးလိုက်ရင်
....အလကားနေကစားရင်းနဲ့တောင်
မြေကြီးမှာလည်း ရေးခြစ်နေတတ်တာဘဲ
...ဂဏန်းသင်္ချာဆိုလည်း တွက်ရတာအရမ်းကြိုက်ဘဲ....တတိယတန်းအောင်တော့ အဖေကကျန်းမာရေးမကောင်းတာနဲ့ ဒေါ်လေးတို့ညီအစ်မတွေ ကျောင်းဆက်တက်ခွင့်မရကြတော့ဘူး...
အဖေကပန်းနာရင်ကျပ်လေ...ချောင်းဆိုးရင်သွေးပါအန်တယ်...အဲ့လိုအခါမျိုးဆို ကလေးစိတ်နဲ့ဆို‌
တော့ အဖေသေတော့မှာဘဲဆိုပြီး ညီအစ်မတွေဖက်ပြီး ခဏခဏငိုခဲ့ရတယ်...အဲ့အချိန်ကဒေါ်လေးတို့ရဲ့အသက်က ဆယ်နှစ်တောင်မပြည့်တတ်သေးပါဘူး.
ဒါပေမဲ့...ဒေါ်လေးတို့ရဲ့ လက်ကလေးတွေမှာ
သွေးခြေလေးတွေ ဥနေပြီး...အသားမာတွေတောင် တတ်တယ်..ဘာဖြစ်လို့လဲဆို‌တော့...
ဟိုအိမ်ကငါးရွေးဆိုလည်း ညီအစ်မ‌တတွေ ‌
ငါးပြေးရွေးရတယ်...
အရွယ်နဲ့မမျှအောင် နေပူထဲမှာလည်းပဲနှုတ်တဲ့ အလုပ်တွေလုပ်ခဲ့ရတယ်..အိမ်မှာက တိရိစ္ဆာန်အကောင်ပလောင်တွေ မွေးထားတဲ့အပြင် ခြံကျယ်တော့...ကွမ်းပင်တွေစိုက်တယ်လေ....ကွမ်းရွက်တွေကိုခူးပြီးရင် မြို့ကိုဒိုင်ချဖို့လုပ်တိုင်း အမေနဲ့လိုက်လိုက်သွားခဲ့တယ်....အဲ့ဒီ့ခောတ်ကတော့ ‌မော်တော်နဲ့မဟုတ်ရင်...‌ခြေလျှင်ပဲ...မဟုတ်ရင်တော့
ထော်လာဂျီနဲ့ သွားရတာပေါ့...မြို့ကိုဒိုင်သွားချရင်းနဲ့  ကျောင်းသားလေးတွေများ အပေါ်မှာအဖြူလေးတွေကို သပ်သပ်ရပ်ရပ်၀တ်လို့ အစိမ်းရောင် လုံချည်လေးတွေနဲ့ လွယ်အိတ်ကလေးတွေကိုလွယ်ထားတာကိုများတွေ့ရင် ငေးလိုက်ရတာ
တမေ့တမော...အဲ့အချိန်မျိုးဆိုမျက်ရည်ဝဲမိတယ်
...ဒေါ်လေးကကျောင်းတတ်ရတာကို အရမ်းနှစ်သက်ခဲ့တာကို...
စာသင်ရရင်ကိုပျော်နေတာလေ....သူများတွေတတ်တော့ ကိုယ်လည်းတတ်ချင်တာပေါ့....အမေ့ကိုတော့မပြောရဲပါဘူး...အမေစိတ်မကောင်းဖြစ်မှာစိုးလို့...အဲ့ဒီ့အချိန်မှာတည်းက ဒေါ်လေးမှာအတွေးတစ်ခု၀င်ခဲ့တယ်....ငါ့မှာမောင်လေး ညီမလေးတွေသာရှိရင် ...ပညာရေးကိုဆုံးခန်းတိုင်အောင်
ထားချင်တယ်ဆိုပြီး တွေးခဲ့ဖူးတယ်..."

ဒေါ်လေးက ငယ်ဘ၀အကြောင်းကိုပြောနေရင်းနဲ့ မျက်ရည်လေးတွေဝဲရှာတယ်။ပုံရိပ်ကိုယ်တိုင်ကလည်း စာဖတ်ရတာဝါသနာပါတဲ့သူဖြစ်လို့ ဒေါ်လေးရဲ့စကားအသွားအလာကို မှန်းမိပါတယ်။
ဒေါ်လေးက သူတို့ငယ်ငယ်ကကျောင်းတက်ရတဲ့အခက်အခဲတွေနဲ့ ပုံရိပ်တို့ခောတ်အခြေအနေနဲ့ကို
ယှဉ်ပြီး ဆုံးမနေတယ်ဆိုတာ  ပုံရိပ်သိပ်သိတာပေါ့။
သူ့ရဲ့ငယ်ဘ၀လေးထဲကနေ သူဖြစ်ချင်ခဲ့တဲ့ဆန္ဒလေးတစ်ခုကိုလည်း ရောပြီးရင်ဖွင့်တယ်။
ပြီးတော့ ပုံရိပ်ဘက်ကိုလှည့်ကြည့်လာတယ်။



"ပုံပုံ...ဒေါ်လေးရဲ့ဆန္ဒကိုဖြည့်စည်းပေးပါလား
ကလေးရယ်...‌ဒေါ်လေးသိပါတယ်...သမီးကဒေါ်လေးကိုအားနာနေတယ်ဆိုတာ..သမီးသိမှာတော့မဟုတ်ဘူး..သမီးလေးမွေးတုန်းကလေ...
တောဆေးခန်းမှာ မွေးခဲ့တာ...သမီးလေးကို
ပထမဆုံးစပြီး ချီပွေ့ခဲ့တာက ဒေါ်လေးပါဘဲ
...နီတာရဲလေးကို ဒေါ်လေးအသဲအရမ်းယားတာဘဲ...ဒေါ်လေးကအဲ့ဒီ့အချိန်တုန်းက...ကိုသက်ဆွေနဲ့ အိမ်ထောင်မကျသေးဘူး...အ‌ဖေဆုံးသွားတာကြောင့် အမေ့ကိုပြုစုရင်းနဲ့ အမေ့အိမ်မှာနေတယ်..
သမီးလေးကိုအားတဲ့အချိန်တိုင်းအိမ်မှာခေါ်ခေါ်ထိန်းခဲ့တာ...သမီးကတော့မမှတ်မိလောက်တော့ဘူး...
အဲ့အချိန်တည်းကဒေါ်လေးရဲ့အတွေးထဲမှာ သမီးကို ကျောင်းစိမ်း၀တ်စုံလေးနဲ့ မြင်ကြည့်ခဲ့တာ..."

‌ဒေါ်လေးရဲ့စကားတွေက အမှောင်ထုထဲကိုရုတ်တရက်ရောက်လာတဲ့ အလင်းတန်းလေးလို သိပ်ကို တန်ဖိုးကြီးလွန်းတယ်။ပုံရိပ်ရဲ့ အတွေးတွေကိုလည်း သိနေတယ်။ဒေါ်လေးက ပုံရိပ်ကိုဒီလောက် သံယောဇဉ်ကြီးလိမ့်မယ်လို့ ပုံရိပ်မထင်ထားခဲ့မိဘူး။မိဘတွေကတောင် ထားပစ်ခဲ့ကြပေမဲ့ ဒေါ်လေးကတော့ ပုံရိပ်အပေါ်မှာ သိပ်ကောင်းလွန်းနေတယ်။
ဒေါ်လေးက ပုံရိပ်ရဲ့ပါးပြင်လေးကို ဖွဖွပွတ်ကာ နှစ်သိမ့်ပေးလာတယ်။

"ပုံပုံ...သမီးအခုချိန်မှာ ဘာကိုမှမတွေးပါနဲ့...ဘာအကြောင်းကြောင့်နဲ့မှလည်း ၀မ်းနည်းစရာမလိုဘူး..သမီးရဲ့အနောက်မှာ ဒေါ်လေးအမြဲရှိတာကိုမှတ်ထားပါ...သမီးကို ပြည့်ပြည့်စုံစုံမထားနိုင်ပေမဲ့
ပညာကိုတော့ ဆုံးခန်းတိုင်အောင် သင်ပေးချင်တယ်...ကိုယ့်ဘာသာလည်း ဘာမှမလုပ်ပေးနိုင်လို့ဆိုပြီး အားမလိုအားမရလည်းမဖြစ်နဲ့...ပညာသင်တဲ့အရွယ်မှာ....စာကြိုးစားတာကိုက သမီးလုပ်ပေးရမဲ့အရေးကြီးဆုံးအရာဘဲ...ဘွဲ့ရအောင်ကြိုးစား
သမီးကအရှေ့ကနေ ဖြောင့်ဖြောင့်သွားရင်
အနောက်ကမိစုနဲ့ ထွန်းကိုကလည်း...ငါ့အစ်မတောင်ဒီလိုကြိုးစားနိုင်ခဲ့တာဆိုတဲ့စိတ်နဲ့
..အတုယူပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာကြလိမ့်မယ်...
ဒေါ်လေးတို့ အတူကြိုးစားကြရအောင် သမီးရယ်..."

ဒေါ်လေးရဲ့စကားအဆုံးမှာ ပုံရိပ်ဒေါ်လေးကို
ဖက်လိုက်မိတယ်။အိမ်ရှေ့ လမ်းမဘေးမှာဆိုပေမဲ့
၀မ်းနည်း၊၀မ်းသာခံစားချက်က ပုံရိပ်ကိုရှက်ရကောင်းမှန်းလည်း မတွေးမိစေဘူး။
ရှက်လည်းမရှက်ပါဘူး။ကိုယ့်အဒေါ်ကို ကိုယ်ဖက်တာဘဲဥစ္စာ။
မိစုတို့ကတော့ သူတို့အာရုံနဲ့သူတို့ ဂေါ်လီလုံးလှိမ့်လို့ ကောင်းနေကြလေရဲ့။ပုံရိပ်ကတော့ မျက်ရည်တွေကိုသာ  မကျအောင်မနည်းတားဆီးရင်း ကတိတွေလည်းအထပ်ထပ်ပေးနေမိတယ်။

"သမီးကြိုးစားပါ့မယ်ဒေါ်လေး...ဒီနေ့ကစပြီး သမီးမတွေဝေတော့ပါဘူး...ဒေါ်လေးဖြစ်စေချင်သလို သမီးဖြစ်အောင် လုပ်ပေးပါ့မယ်...ဒေါ်လေးနေစေချင်သလို သမီးနေပါ့မယ်...ညီမလေးနဲ့မောင်လေးတွေကိုလည်း ပိုဂရုစိုက်ပေးပါ့မယ်...."

"လိမ္မာလိုက်တဲ့ကလေး...."

ဒေါ်လေးရဲ့ လည်ပင်းကိုသိုင်းဖက်ထားလိုက်ပြီး ဒေါ်လေးရဲ့ ပခုံးပေါ်မှာခေါင်းမှောက်ကာ ရှိုက်၍ငိုမိတယ်။‌ ဒေါ်လေးရဲ့ခန္ဓာကိုယ်က ကိုယ်သင်းရနံ့ကို
ပုံရိပ်နှစ်သက်တယ်။နွေးထွေးစေတဲ့ ရနံ့မျိုး။
မိခင်တစ်ယောက် အနားမှာရှိနေပေးသလိုရနံ့မျိုး။ ဒီနေ့လောက် ပုံရိပ်ဘယ်သောအခါမှ မငိုခဲ့ဖူးဘူး။
ပုံရိပ်ရဲ့ရင်ထဲကအစိုင်အခဲအချို့ အရည်ပျော်သွားလို့ပဲ နေပါလိမ့်မယ်။ဆုံးဖြတ်ချက်တစ်ခုကိုလည်း ပြတ်သားစွာချလိုက်မိတယ်။
ပုံရိပ်ဘယ်တော့မှ မပျော့ညံ့တော့ဘူး။
ဦးနေမျိုးပြောသလိုဘဲ။အပြောနဲ့မဟုတ်ဘဲ ဒေါ်လေးကိုအလုပ်နဲ့ ‌သက်သေပြရမယ်။
ဒေါ်လေးရဲ့ အနစ်နာခံမှုတွေကို မဖြုန်းတီးပစ်တော့ဘူး။

🔥🔥🔥🔥
ဇာတ်လမ်းက အခုမှစမှာပါ
ဆက်လက်စောင့်မျှော်ပေးကြပါအုံး

 

==========================================

 🔥ဆူးႀကိဳး🔥
အခန္း(၇)

"ပံုရိပ္...ေစာင့္ေနရတာၾကာသြားၿပီလား..."

အေနာက္ဘက္ဆီမွ ဦးေနမ်ိဳးရဲ့အသံကိုၾကားလိုက္မိတာႏွင့္ ေရျပင္ေပၚကိုၾကၫ့္ေနမိရာမွ ကန္ဟိုဘက္တြင္ရိွေနေသာ ပိေတာက္ပင္ႀကီးဆီသို႔ အဓိပၸာယ္မဲ့စြာၾကၫ့္လိုက္မိသည္။ပံုမွန္ဆိုရင္ အားတဲ့အခ်ိန္တိုင္းမွာ ပန္းခ်ီဆဲြဖို႔ခဲျခစ္ေနတတ္သၫ့္ ပံုရိပ္ဟာ
အခုေတာ့ ေလအေဝ့မွာ ေနေရာင္ထိုး၍
တျဖတ္ျဖတ္ လင္းလက္ေနေသာ ကန္ေရျပင္ေပၚသို႔ သစ္ရြက္ကေလးေတြ ႂကြေက်၊ေဝက်ေနတာကပင္ ကဗ်ာဆန္သည္ဟု ထင္မေနမိဘူး။

အျမင္အာရံုကိုလာေနွာက္ယွက္ေနတဲ့ အာရံု‌ေနာက္စရာေတြလို႔ဘဲ ေတြးထင္ေနမိတယ္။
ေရထဲသို႔ ခ်ထားမိသၫ့္ေျခေထာက္ေတြကိုလည္း ေရမ်က္ႏွာျပင္ကို ယွက္တိုက္တို႔ထိေနမိရာမွ ရပ္တန႔္လိုက္မိတယ္။

မိတ္ေဆြလို႔ ထင္ခဲ့မိေပမဲ့ လံုး၀ကိုမွားယြင္းခဲ့တယ္။ ယံုစားမိဖို႔ ႀကိဳးစားခဲ့ေပမဲ့ ယံုမွားမိမဲ့စိတ္ကို ဓားတိတိနဲ႔တစ္ခါတည္း ျဖတ္ေတာက္ခံလိုက္ရသလိုမ်ိဳး ခံစားေနရတယ္။
မ်က္၀န္းေတြကို မိွတ္ပစ္လိုက္ၿပီး အတတ္ႏိုင္ဆံုးေဒါသေတြကို ထိန္းခ်ဳပ္ထားလိုက္မိေပမဲ့
ဒီလူ႔အေပၚမွာရိွေနတဲ့ မေက်နပ္ခ်က္ေတြကဘယ္လိုမွ ေဖ်ာက္ျဖတ္လို႔မရဘူး။

"ပံုရိပ္...အတန္းျပန္တတ္ရေတာ့မယ္ကြ...
ဒီကိုလာတာ ဘာကိစၥရိွလို႔လဲ..."

ကန္ေဘာင္ေပၚရိွ သဲေပၚတြင္တင္ထားေသာ လြယ္အိပ္ကိုဖုန္ခါလိုက္ၿပီး ဦးေနမ်ိဳးကိုစူးနင့္စြာ အဓိပၸာယ္ေပါင္းမ်ားစြာျဖင့္ စိုက္ၾကၫ့္လိုက္တယ္။အေဒါ့္ကို ေက်ာင္းမွာဆရာမနဲ႔လာမေတြ့ေစခ်င္လို႔ေတာင္ လပတ္စာေမးပဲြတိုင္းကို ေအာင္ေအာင္ေျဖခဲ့တယ္။
ဆရာမ‌ေတြကမိဘေခၚရမယ္ဆိုတိုင္း ေဈးသည္မႀကီးအေဒၚ့ကို အပူတစ္ခုထပ္တိုးမေပးခ်င္လို႔ မိန္းကေလးအတန္းရဲ့ေနာက္ဆံုးခံုမွာ ေျပာင္းထိုင္ခဲ့တယ္။ကိုယ့္အေၾကာင္းကို အတင္းအဖ်င္းေျပာလာရင္လည္း မသိသလိုေနခဲ့တဲ့အျပင္  အေဒါ့္ကိုျပႆနာေတာထဲ ဆဲြမထၫ့္ခ်င္တာေၾကာင့္ အတတ္ႏိုင္ဆံုးသည္းခံမႈကို ေခါင္းေပၚမွာရြက္ထားခဲ့တယ္။

ဒီလူကေတာ့ ေက်ာင္းကကိစၥေတြကို ခ်ဲ႔ကားၿပီး
အေဒါ့္ကို ေျပာျပခဲ့ပံုရတယ္။
ဒီေန့မနက္ပိုင္းရဲ့ ေက်ာင္းတက္သည့္အခ်ိန္မွာ "ဆရာမ၀င္ခြင့္ျပဳပါ..ကၽြန္မကပံုရိပ္ရဲ့အေဒၚပါလို႔.."ေျပာသြားခဲ့တဲ့ စကားလံုးတစ္လံုးစီတိုင္း၊ အခန္းထဲသို႔ေျခလွမ္းလာခဲ့တဲ့ သိမ္ငယ္ေနတဲ့အၾကၫ့္နဲ႔ေျခလွမ္းေလးေတြတိုင္းက ႏွလံုးသားမွာ
 မီးျပင္းျပင္း ေလာင္ႃမွိုက္ေနသလို ပူေလာင္သြားေစခဲ့တယ္။

အေဒၚကိုယ္တိုင္ ေက်ာင္းကိုေရာက္လာတည္းက
လက္ေထာက္ခ်သူဟာ ဒီလူဆိုတာကို အတတ္သိလိုက္တယ္။
ပံုရိပ္မလုပ္ေစခ်င္ဆံုး အရာကိုလုပ္လိုက္တဲ့ဒီလူ႔ကို လံုး၀မေက်နပ္ဘူး။ျဖစ္ႏိုင္ရင္ သူ႔ရင္ဘတ္ကိုအခ်က္ေပါင္းမ်ားစြာေျပးထုလိုက္ခ်င္တယ္။
ကိုယ္နဲ႔မဆိုင္ဘဲ ၀င္ပါေနတဲ့သူ႔ကိုလည္း စကားလံုးၾကမ္းေတြနဲ႔ ထိုးႏွက္ပစ္လိုက္ခ်င္တယ္။
သို႔ေပမဲ့ ပံုရိပ္မလုပ္ဝံ့ဘူး။ၪီး‌ေနမ်ိဳးကို မမိွတ္မသုန္ၾကၫ့္ၿပီးေတာ့သာ ေျခလွမ္းေတြကို ေရြ့လ်ားလိုက္မိတယ္။

"ဘာျဖစ္လို႔...ကိုယ္နဲ႔မဆိုင္တဲ့ကိစၥကို ၀င္ပါရတာလဲ...ဘာျဖစ္လို႔အေဒါ့္ကိုေက်ာင္းလာဖို႔ ေျပာလိုက္ရတာလဲ..."

ေနမ်ိဳးလည္း ေကာင္မေလးသူ႔ကိုစိမ္းကားစြာၾကၫ့္ေနသၫ့္ အေၾကာင္းအရင္းအမွန္ကိုသိလိုက္ရတာေၾကာင့္ လည္ေခ်ာင္းရွင္းသြားေအာင္ တေထြးကို
အရင္မ်ိဳခ်လိုက္ရသည္။
စိတ္ထဲမွာေတာ့ ဒီကိစၥအတြက္ စိတ္မသန႔္တာမ်ိဳးလည္း မျဖစ္မိဘူး။
မွန္ကန္တဲ့လုပ္ရပ္ကို လုပ္ခဲ့တယ္လို႔ဘဲ ျမင္တယ္။
ဒီလိုမွမဟုတ္ရင္ ဒီေကာင္မေလးရဲ့ေရ႔ွေရးက
ဇာတ္ေမ်ွာႀကီးနဲ႔သာ အဆံုးသတ္သြားရလိမ့္မယ္။
ကိုယ့္မ်က္စိေရ႔ွမွာ ျမင္ေနရလ်ွက္နဲ႔ မသိလို၊မၾကားသလိုေတာ့ မေနႏိုင္ဘူး။

"ေမးေနတယ္ေလ...ဘာျဖစ္လို႔အေဒါ့္ကိုေက်ာင္းလာဖို႔ ေျပာလိုက္ရတာလဲ..ကိုယ္နဲ႔မဆိုင္ဘဲ...ဘာလို႔သူမ်ားရဲ့ ကိစၥကို၀င္စြက္ဖက္ရတာလဲ.."

"မဟုတ္ဘူးပံုရိပ္...ငါဒီလိုလုပ္တာက မင္းရဲ့အတန္းပိုင္ဆရာမကိုယ္တိုင္ အကူအညီေတာင္းလို႔..
မင္းရဲ့ေက်ာင္းကိစၥနဲ႔ပတ္သတ္ၿပီး မင္းရဲ့အေဒၚကို သိေစခ်င္လို႔လည္းပါတယ္...
အဓိကကေတာ့ မင္းအတြက္ေကာင္းမယ္ထင္လို႔ လုပ္လိုက္မိတာပါ..."

ပံုရိပ္ ႏႈတ္ခမ္းေတြကိုတြန႔္ခ်ိဳးၿပီး မဲ့ႃပံုးႃပံုးလိုက္သည္။ဦးေနမ်ိဳးကိုလည္း ပိုခက္ထန္သၫ့္မ်က္၀န္းေတြနဲ႔ စိုက္ၾကၫ့္ပစ္လိုက္တယ္။
ပံုရိပ္အတြက္ ေကာင္းဖို႔ပါတဲ့။ဒါဆိုရင္ ပံုရိပ္ကဘာေၾကာင့္ ေပ်ာ္ရႊင္မေနရတာလဲ။
သူ႔လုပ္ရပ္က ပံုရိပ္ကိုေကာင္းေစခ်င္တာမွမဟုတ္ပဲ။
စိတ္အေနွာက္အယွက္ျဖစ္ေစတာလို႔ ေျပာပစ္လိုက္ခ်င္တယ္။

"ကၽြန္မကိုယ္တိုင္...ေတာင္းဆိုခဲ့လို႔လား....
ကၽြန္မအတြက္လို႔ ေျပာရေအာင္...ဦးေနမ်ိဳးနဲ႔ကၽြန္မကအဲ့‌ေလာက္ရင္းႏွီးလို႔လား...ကၽြန္မရဲ့စိတ္ကိုမသိဘဲ...ကၽြန္မဘ၀ကို ဘာလို႔၀င္ျခယ္လွယ္ေနရတာလဲ...အခုကၽြန္မေၾကာင့္ အေဒၚမ်က္ႏွာငယ္ငယ္နဲ႔
ေက်ာင္းကို ဆရာမနဲ႔လာေတြ့ခဲ့ရတယ္..အဲ့ဒါကၽြန္မျဖစ္ေစခ်င္တဲ့ အရာမဟုတ္ဘူး..."

"ပံုရိပ္...မင္းရဲ့ကေလးစိတ္နဲ႔ ထင္ရာေတြ
ေလ်ွာက္ေျပာမေနနဲ႔...ေက်ာင္းသားနဲ႔မိဘေတြ့ဆံုတယ္ဆိုတာ ဒါပံုမွန္ပဲ....မင္းရဲ့ဘ၀တိုးတက္ေရးအတြက္...ေက်ာင္းခန္းထဲကမင္းရဲ့အေျခအေနအမွန္ကို မင္းရဲ့အေဒၚသိသင့္တယ္ထင္လို႔..
ငါလုပ္လိုက္တာ.."

"မလိုဘူး...ကၽြန္မျဖစ္ေစခ်င္တဲ့ တစ္ခုတည္းေသာအရာက ကၽြန္မရဲ့အေဒၚကိုကၽြန္မေၾကာင့္ စိတ္မညစ္ေစခ်င္တာပဲ...အခုဦးေနမ်ိဳးလုပ္လိုက္လို႔ အေဒၚဘယ္ေလာက္အထိ စိတ္ဆင္းရဲသြားမလဲဆိုတာ ကၽြန္မေတြးမိတိုင္း စိတ္ဒုကၡေရာက္ရတယ္...."

ဒီေကာင္မေလးရဲ့ စကားေတြကသူ႔အတြက္ ရင္းသီးလြန္းတယ္။ကိုယ္ဟာ သူစိမ္းလူတစ္ေယာက္ျဖစ္လို႔ သူေျပာတာသဘာ၀က်‌ေပမဲ့ ေစဒနာကေန
ေဝဒနာျဖစ္သြားသလို ခံစားလိုက္ရတယ္။
ဘယ္လို စကားမ်ိဳးနဲ႔ေျဖာင္းဖ်ရမလဲ ဆိုတာေတာင္ေတြးရၾကပ္သြားတယ္။ကိုယ့္အတန္းထဲက ေက်ာင္းသားေတြဆိုရင္ ဘယ္လိုအေရးကိစၥဘဲျဖစ္ျဖစ္ ကိုယ္တိုင္၀င္ဆံုးျဖတ္တာက ကိစၥမရိွခဲ့
ေပမဲ့ သူမကေတာ့မတူဘူး။
အစတည္းက ေခါင္းမာတဲ့မိန္းကေလးျဖစ္တဲအျပင္
မွားတာကို သိေနလ်က္နဲ႔မျပင္တဲ့ လူမ်ိဳးမို႔ ျပဳျပင္ေပးဖို႔ ပိုခက္ခဲေနတယ္။

"ပံုရိပ္...မင္းရဲ့အေတြးေတြက တကယ္ကိုလဲြေနၿပီ...
မင္းရဲ့အေဒၚကို စိတ္မညစ္ေစခ်င္ရင္ အေျပာနဲ႔ဘဲ
မၿပီးဘူးကြ....မင္းလက္ေတြ့လုပ္ျပရမွာ...သူမင္းကိုဘာေၾကာင့္ မရိွတဲ့ၾကားကေနေက်ာင္းထားေနတာလဲဆိုတာ မင္းနားလည္သင့္တယ္..."

"နားလည္တာေပါ့...နားလည္လို႔လည္း အေဒါ့္ကိုေရ႔ွဆက္ၿပီး ဒုကၡမေပးခ်င္ေတာ့တာ...ကၽြန္မတို႔ရဲ့အိမ္အေျခအေနကို မသိဘဲ ကၽြန္မကိုလာမေဝဖန္ပါနဲ႔...ေပးဆပ္မႈမရိွဘဲ ရယူျခင္းနဲ႔အခ်ိန္ကုန္ေနရတဲ့ဘဝကိုမလိုခ်င္ေတာ့ဘူး....မိဘအရင္းေတြကေတာင္စြန႔္လႊတ္ခဲ့တဲ့ဘဝတစ္ခုကို အေဒၚ့ကိုအတင္းမကယ္တင္ခိုင္းခ်င္ဘူး....ကိုယ့္ဘက္ကအျမင္တစ္ခုတည္းနဲ႔တျခားသူတစ္ေယာက္ရဲ့
ဘဝကိုေကာင္းသလား..ဆိုးသလား...မေဝဖန္ပါနဲ႔...
ဦးေနမ်ိဳးမွာ ေဝဖန္ပိုင္ခြင့္မရိွဘူး...."

ပံုရိပ္ရဲ့စကားေၾကာင့္ တိတ္ဆိတ္သြားတဲ့သူ႔ကိုၾကၫ့္ၿပီး ရင္ထဲမွာနာက်င္သြားသလိုဘဲ။
သူစိတ္ဆိုးသြားၿပီထင္ပါတယ္။
စိတ္ထဲမွာ တိတ္တိတ္ေလးမိတ္ေဆြတစ္ေယာက္အျဖစ္ သတ္မွတ္ထားမိတဲ့လူကိုပံုရိပ္ဆံုးရႈံးလိုက္ရၿပီေပါ့။ဆံုးရႈံးခ်င္ ဆံုးရႈံးရပါေစေလ။
သူဟာ ပံုရိပ္မႀကိဳက္တဲ့လုပ္ရပ္ကို လုပ္ခဲ့တာပဲ။
အေဒၚက ဆင္းရဲေပမဲ့ ေဈးေရာင္းၿပီး ေက်ာင္းထားေပးေနတာကို ပံုရိပ္ကမႀကိဳးစားဘဲ ေနခ်င္သလိုေနတယ္လို႔ သူျမင္ေနမွာေပါ့။
ပံုရိပ္ကိုသူ႔စိတ္ထဲမွာ ေဘာ္ေက်ာ့ေနတတ္တဲ့ မိန္းကေလးဆိုၿပီးအထင္ေသးခ်င္ေသးေနမွာေပါ့။
ပံုရိပ္ကလည္း ဘယ္သူအထင္ႀကီးတာမွ မခံခ်င္ပါဘူး။

ဘဲြ႔ရေစခ်င္တယ္။ပညာတတ္ႀကီးျဖစ္ေစခ်င္တယ္နဲ႔ အေျပာကေတာ့လြယ္တာေပါ့။
ပံုရိပ္ကအခုမွ ကိုးတန္းသာရိွေသးတယ္။
အိမ္မွာက ေက်ာင္းေနအရြယ္ႏွစ္ေယာက္နဲ႔
လုပ္ခလစာရွာတဲ့လူကတစ္ေယာက္တည္းရယ္။
အိမ္ရဲ့တာ၀န္ေတြအကုန္လံုးက အေဒါ့္ေခါင္းေပၚမွာ။ထမင္းစားရင္ေတာင္ သားသမီးေတြကိုအသား၊အဖက္ကေလး ခပ္ကၽြေးၿပီး သူကေတာ့အရိုးကိုဟင္းလုပ္စားေနရတာကို ျမင္ေနလ်ွက္နဲ႔
 ပံုရိပ္ဘယ္လိုၾကၫ့္ရက္ပါ့မလဲ။

ေနာက္ထပ္ဆယ္တန္းတစ္ႏွစ္။
ေဟာ..ေနာက္ထပ္ရိုးရိုးတကၠသိုလ္ေမဂ်ာဆိုရင္ေတာင္ ေလးႏွစ္တက္ရမဲ့ကိစၥမွာ ဒီမိန္းမႀကီးကို တာ၀န္ေတြအကုန္လံုး ပခံုးေပၚကို ထမ္းခိုင္းထားရမွာလား။ ဒီလိုဆိုရင္ ေက်ာင္းစာသင္ဖို႔စိတ္မကူးဘဲ
လုပ္ငန္းခြင္ကိုသာ ၀င္ခ်င္ေနတဲ့ပံုရိပ္ရဲ့စိတ္ကူးေတြကမွားေနသလား။ဘယ္သူ႔ကိုမွ အပစ္မတင္ခ်င္ပါဘူး။ဦးေနမ်ိဳးကိုလည္း အပစ္မတင္ခ်င္ဘူး။
သူလည္း ေစတနာနဲ႔ပါ။
ပံုရိပ္ ကိုယ့္ဘ၀ကိုယ္သာအပစ္တင္ခ်င္တယ္။
အားငယ္တတ္တဲ့လူျဖစ္ေနလို႔ အပစ္တင္ခ်င္တယ္။
သတၲိရိွဖို႔ ႀကိဳးစားမရလို႔ အပစ္တင္ခ်င္တယ္။
ကိုယ့္ဘ၀အတြက္ ကိုယ့္ေျခေထာက္ေပၚကိုယ္
မရပ္တည္ႏိုင္ေသးလို႔ အပစ္တင္ခ်င္တယ္။
ကိုယ့္ကိုကိုယ္ သန္မာလွၿပီထင္ေနေပမဲ့ တကယ္ေတာ့ပံုရိပ္ဟာ အားငယ္လြယ္ၿပီး ေပ်ာ့ညံ့တတ္တဲ့လူတစ္ေယာက္ ျဖစ္ေနတုန္းဘဲ။

၀မ္းနည္းစရာအေတြးေတြအားလံုး ေခါင္းထဲမွာပလံုစီလာတဲ့အခါ သူစိမ္းတစ္ေယာက္ရဲ့အေရ႔ွမွာ
 ပံုရိပ္မ်က္ရည္က်ဖို႔ျဖစ္လာခဲ့တယ္။
သဲျပင္ေပၚမွာ ငုတ္တုတ္ထိုင္ခ်လိုက္ၿပီး ရိႈက္ကာငိုမိတယ္။
မ်က္ရည္စက္ေလးေတြကေတာ့ သဲေပၚသို႔တစ္စက္က်သြားတိုင္း ခ်ိဳင့္ခြက္ပံုစံေလးျဖစ္သြားေပမဲ့ ပံုရိပ္ငိုလို႔ အားမရေသးဘူး။
အသံမထြက္ေအာင္ အံကိုႀကိတ္ထားလိုက္မိတယ္။

"ပံုရိပ္....ငိုေနတာလား...."

ပခံုးေပၚသို႔ ခပ္ဖြဖြတို႔ထိလာသၫ့္ သူ႔ရဲ့လက္ဖဝါးေနြးေနြးကို ခံစားလိုက္မိေတာ့ သတိလက္လြတ္ငိုေနမိသၫ့္ ကိုယ့္အျဖစ္ကို ျပန္အံ့ဩေနမိတယ္။
ပါးျပင္ကို စမ္းၾကၫ့္လိုက္ေတာ့ မ်က္ရည္ေတြဟာ
တာက်ိဳးခဲ့သၫ့္အလားပင္။မ်က္ရည္စီးေခ်ာင္းဟာ လည္ပင္အထိေတာင္ ေရာက္တယ္။

"ေတာင္းပန္ပါတယ္...ပံုရိပ္ရဲ့ခံစားခ်က္ကို
ထၫ့္မေတြးလိုက္မိဘူး...အမွားတစ္ခုဆိုရင္ေတာင္ ေစတနာအမွားလို႔ ေျပာရင္လက္ခံေပးႏိုင္မလား...."

လက္ခံေပးႏိုင္မလားတဲ့။ ပံုရိပ္ဘက္ကဒီေလာက္အထိ နင့္သီးစြာ ေျပာလိုက္မိ‌တာေတာင္ စိတ္မဆိုးတဲ့အျပင္ အေလ်ွာ့ေပးေနတုန္းပဲ။ဆရာဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ သူဟာတကယ့္ကိုမွ လိုက္ဖက္ညီတဲ့လူပါဘဲ။

"ပံုရိပ္ ကိုယ့္ကိုတစ္ခုခုေျပာမျပခ်င္ဘူးလား..."

သူ႔ရဲ့အသံဟာ ေရခဲေတာင္ထိပ္ေပၚေရာက္ေနတဲ့အခ်ိန္ ေလႏြေးေနြးျဖတ္တိုက္သြားသလိုမ်ိဳး ရင္ထဲမွာ ေနြးေထြးမႈေလး လႊမ္းႃခံုေပးထားသလိုဘဲ။
ဟိုတစ္ေန့က သူ႔ကိုယ္ေပၚမွာ ရခဲ့တဲ့ဒယ္အိုးနံ႔ကလည္း သူ႔ကိုယ္ေပၚမွာလံုး၀မရိွေတာ့ဘူး။
ခေရနံ႔သင္းသင္းလို ရနံ႔ေလးေတာ့ရတယ္။
ဒီေရေမႊးကို ပံုရိပ္သိတယ္။
ဘယ္စတိုးလ္ဆိုင္မွာဘဲ သြား၀ယ္၀ယ္
ေဈးသက္သက္သာသာနဲ႔အလြယ္တကူ၀ယ္လို႔
ရႏိုင္တဲ့  စံပယ္ရနံ႔ေရေမႊးပါပဲ။
တန္ဖိုးႀကီး ေရေမႊးပုလင္းေတာင္၀ယ္မသံုးႏိုင္တဲ့လူႀကီးက သူ႔ရဲ့ၾကင္နာမႈေလးကို ‌ပံုရိပ္အတြက္ အသံုးခ်ေနေလရဲ့။သူဟာ အင္မတန္ေစတနာေကာင္းတဲ့လူမွန္း ပထမဆံုးစေတြ့တဲ့ေန့တည္းက သိခဲ့ရပါတယ္။

"ပံုရိပ္... ခံစားခ်က္ေတြကိုရင္ထဲမွာဘဲ သိမ္းထားတတ္တဲ့ အက်င့္က လံုး၀မေကာင္းဘူး....ငိုခ်င္ရင္ငိုခ်ပစ္လိုက္...ရယ္စရာဆိုလည္းရယ္ပစ္လိုက္...
ထိခိုက္နစ္နာခဲ့ရတာေတြရိွရင္...မ်ိဳသိပ္ထားရတာေတြရိွရင္...တစ္ေယာက္တည္းႀကိတ္မိွတ္ၿပီးမခံစားပါနဲ႔...ပံုရိပ္ရဲ့အေဒါ့္ကိုလည္းေျပာျပလို႔ရသလို...
သူငယ္ခ်င္းေတြကိုလည္း ရင္ဖြင့္လို႔ရတယ္..
ကိုယ့္ကိုလည္း ရင္ဖြင့္လို႔ရတယ္..ဘယ္သူ႔ကိုမွ ျပန္မေျပာဘူးလို႔ ကတိေပးတယ္ကြာ...
ကိုယ္ေျပာတာနားလည္လား..."

မ်က္ရည္ေတြကို လက္ခံုနဲ႔သုတ္ကာ
ကိုယ့္လြယ္အိတ္ကို ကိုယ္ဆဲြၿပီး ဦးေနမ်ိဳးရဲ့ေဘးမွ ျဖတ္ေလ်ွာက္ခဲ့လိုက္တယ္။
ေရ႔ွသို႔ တစ္လွမ္းႏွစ္လွမ္းေလာက္ အေရာက္မွာ သူ႔ဘက္ကိုလွၫ့္ၾကၫ့္လိုက္မိပါတယ္။ဒီအတိုင္းထြက္သြားရင္ ရိုင္းလြန္းရာက်ေနမွာေပါ့။
ဆရာမက ေတြ့ခြင့္ေတာင္းလို႔သာသူလည္းအေဒါ့္ကို ေျပာလိုက္မိတာဘဲဥစၥာ ပံုရိပ္ကိုတမင္ရန္ရွာတာမွ မဟုတ္ဘဲ။ ကိုယ္ကသာ သူ႔ကိုရန္လာလုပ္ေနမိတာ။ဒါေပမဲ့ စကားေတြအမ်ားႀကီးေျပာမထြက္ဘူး။ မေျပာတတ္တာဆိုရင္ ပိုမွန္ပါလိမ့္မယ္။
အခုထိ ပံုရိပ္ကိုၾကၫ့္ေနတဲ့ သူ႔မ်က္၀န္းေတြထဲမွာ စိုးရိမ္စိတ္ေတြပါေနတုန္းဘဲ။
သူ႔ကိုယ္သူလည္း အျပစ္တင္ေနပံုရတယ္။

"ေက်းဇူးတင္ပါတယ္...ေနာက္ၿပီးေတာင္းပန္ပါတယ္....စိတ္လိုက္မာန္ပါ ေျပာလိုက္မိတယ္...
အရမ္းရိုင္းသြားရင္ စိတ္မရိွပါနဲ႔..."

ပံုရိပ္ရဲ့ ေတာင္းပန္စကားကိုၾကားေတာ့ သူႃပံုးျပလာတယ္။သူ႔ရဲ့အေနာက္ဘက္က ေရကန္ႀကီးထဲကိုေနေရာင္ကထိုးေနေတာ့ သူ႔ကိုယ္ေပၚကိုျပန္ျဖာက်လာတဲ့အလင္းေၾကာင့္ သူ႔ရဲ့ဝါ၀င္း၀င္းအသားအရည္ကလည္း ပိုၿပီးအေရာင္ေတာက္သြားတယ္။
သူ႔ရဲ့အႃပံုးက ေက်နပ္သြားတာလား။စိတ္သက္သာရာရသြားတာလားေတာ့ မခန႔္မွန္းတတ္ေပ။
ပံုရိပ္လည္း မ်က္ႏွာကိုတစ္ဖက္သို႔လွၫ့္လိုက္ၿပီး သက္ျပင္းခ်လိုက္မိတယ္။
သူစိတ္မဆိုးတာ သိပ္ေကာင္းတယ္။ပံုရိပ္ကို ဒီလိုစိုးရိမ္ေပးတဲ့လူ ၊ဆံုးမေပးခ်င္တဲ့လူ နဲ႔ေကာင္းေပးခ်င္တဲ့လူက ခပ္ရွားရွားျဖစ္ေနေတာ့ သူလိုမိတ္ေဆြတစ္ေယာက္ကို ကိုယ့္အေပၚမၿငိဳျငင္သြားေစခ်င္ဘူး။
သူ႔အေပၚကို မေက်မနပ္ျဖစ္မိ၊စိတ္ဆိုးေဒါသထြက္မိတာေတာ့ မွန္ေပမဲ့ ကိုယ့္အေပၚကို သူမေက်မနပ္ျဖစ္သြားမွာကို ပိုၿပီးမလိုလားဘူး။

"အိမ္ကိုဂရုစိုက္ျပန္ေနာ္...."

ဘုရားရင္ျပင္ေပၚကို ေျခလွမ္းေနမိစဉ္ အေနာက္ဘက္မွ ေအာ္ေျပာလာတဲ့ သူ႔ရဲ့စကားသံေၾကာင့္
ပံုရိပ္ရင္ထဲမွာ အႃပံုးပန္းေလးတစ္ခုပြင့္ခဲ့တယ္။
အျပင္ဘက္မွာေတာ့ ငိုထားတဲ့ကိုယ့္မ်က္လံုးနီအစ္အစ္ေတြကို ေျပးရင္းလႊားရင္ စူးစမ္းသြားၾကတဲ့ကေလးေတြေၾကာင့္ ရယ္မေနႏိုင္ေပ။မ်က္လံုးေတြကို မသိမသာကြယ္ၿပီး ဘုန္းႀကီးေက်ာင္းထဲမွာ ေျခေထာက္ဗလာနဲ႔ ၿခံ၀န္းတံခါးဆီကို အေျပးသြားေနမိတယ္။ ေက်ာင္းေဆာင္တစ္ခုအေရ႔ွကေန ျဖတ္ေလ်ွာက္မိေတာ့ ပံုရိပ္ကိုလွမ္းၾကၫ့္ေနတဲ့ေကာင္မေလးတစ္ေယာက္ကို ေတြ့လိုက္ရတယ္။
သူ႔နာမည္ကိုမမွတ္မိေတာ့ေပမဲ့ ဦးေနမ်ိဳးကသူ႔ဆီက ေမြးေန့လက္ေဆာင္ကိုယူၿပီးပံုရိပ္ကိုေပးလိုက္လို႔ မေက်မနပ္ျဖစ္သြားတဲ့ ေကာင္မေလးဆိုတာေတာ့မွတ္မိလိုက္တယ္။သူ႔မ်က္ႏွာက ဆူပုပ္ပုပ္ကေလးျဖစ္ေနၿပီး ပံုရိပ္ကိုလည္းခပ္တည္တည္နဲ႔စိုက္ၾကၫ့္ေနတယ္။သူ႔ရဲ့ပံုစံက ပံုရိပ္ကိုအခုထိမေက်နပ္ေနသလို ပံုမ်ိဳး။ဦးေနမ်ိဳးက သူ႔ကိုလက္ေဆာင္အစားျပန္မ‌၀ယ္ေပးလို႔မ်ားလား။
ဒါမွမဟုတ္ ပံုရိပ္ရဲ့မ်က္ႏွာကဘဲ သူ႔အဖို႔မုန္းစရာေကာင္းေနလို႔မ်ားလား။

"ဟဲ့...ကစားမယ္ေလ..."

အျခားအတန္းေဖာ္တစ္ေယာက္က လွမ္းေခၚလိုက္ေတာ့ ေကာင္မေလးလည္း အေနာက္ကိုလွၫ့္ေျပးသြားတယ္။ပံုရိပ္လည္း ဘုန္းႀကီးေက်ာင္းအျပင္ကိုေရာက္တာနဲ႔ ဖိနပ္ေကာက္စြပ္လိုက္ၿပီး အိမ္သို႔သာျပန္လာခဲ့လိုက္တယ္။ဘုန္းႀကီးေက်ာင္းနဲ႔ ပံုရိပ္တို႔ရဲ့အိမ္က တကယ္ေတာ့နီးနီးေလးပါဘဲ။ဘုန္းႀကီးေက်ာင္းက ကားလမ္းအထိေပါက္တဲ့ တာလမ္းမႀကီးေဘးမွာရိွၿပီး။
ေက်ာင္းဟိုဘက္အျခမ္းမွာဆို က်ူပင္နဲ႔ ျမက္ရိုင္း‌ ေတြေပါက္ေနတဲ့ လမ္းရိွၿပီးတိုက္ပ်က္ႀကီးေတြလည္း ရိွတယ္။
ကန္စြန္း၊ခ်ဥ္ေပါင္စိုက္ၾကတဲ့ စိုက္ခင္းေတြလည္းကားလမ္းေဘးက တူးေျမာင္းႀကီးအလြန္မွာ
ရိွတယ္။ ေက်ာင္းပိတ္ရက္ပန္းခ်ီဆဲြခ်င္တိုင္း စိုက္ခင္းေတြဘက္ကို သြားတတ္ေပမဲ့ လူပ်က္တဲ့ေနရာမို႔ အရမ္းလည္းမသြားရဲဘူး။

ပံုရိပ္တို႔ေနတဲ့ လမ္းကေတာ့ လမ္းမႀကီးကိုကန႔္လန႔္ျဖတ္ထားတဲ့ လမ္းသြယ္တစ္ခုထဲကို ခ်ိဳးေကြ့၀င္ရတာျဖစ္ၿပီး အရိပ္ရအပင္ေတြလည္းမ်ားတယ္။မိုးရြာတဲ့အခ်ိန္မဟုတ္ပါက ဆယ့္ႏွစ္ရာသီလူစည္ေနတတ္သၫ့္ လမ္းကေလးပါဘဲ။
ညဘက္ဆိုလည္း ဆယ္နာရီမထိုးခင္ေလာက္အထိ
လမ္းေပၚမွာ ကေလးေတြေရာလူႀကီးေတြပါ ထြက္ေနေလ့ရိွၾကတယ္။အေၾကာင္းကေတာ့ ပူလြန္းတဲ့ရာသီဥတုေၾကာင့္ပါပဲ။ မိုးေဖ်ာက္ေဖ်ာက္ရြာရင္ေတာ့ ေနလို႔ထိုင္လို႔ေကာင္းေပမဲ့ မိုးမရြာတဲ့ေန့ေတြဆိုရင္ အိမ္အေခါင္းထဲမွာ ခၽြေးေတြကိုသီးလို႔ ေနာက္ဆံုးဘယ္လိုမွ မေနႏိုင္ျဖစ္လာၾကၿပီး
ပန္ကာမလိုဘဲ ေလရတဲ့အိမ္ေရ႔ွသို႔သာ စကားစျမည္ေျပာၾကရင္း ထြက္ထိုင္ေလ့ရိွၾကတယ္။
အေဒၚတို႔လည္း အပါအ၀င္ေပါ့။

ေနရိပ္ထိုးတဲ့ သစ္ပင္ေတြေအာက္မွ ကပ္ေလ်ွာက္လာရင္းနဲ႔ ပံုရိပ္တို႔ၿခံေရ႔ွကိုေရာက္ေတာ့ အိမ္ေရ႔ွက
ကုကၠိုလ္ပင္ႀကီးေအာက္တြင္ သစ္ျမစ္ေပၚမွာထိုင္ေနသၫ့္အေဒါ့္ကို ေတြ့လိုက္ရတယ္။
ေနေကာင္းကာစျဖစ္ေနတဲ့ မိစုကေတာ့ အျခားကေလးေတြနဲ႔ ေဂၚလီလံုးလိွမ့္တမ္းကစား‌ေနတယ္။‌

 ေျမၾကီးေပၚမွာစတုရန္းပံုစံ ခပ္ေသးေသးအဝိုင္းေလးကို တုတ္နဲ႔ဆဲြထားၿပီး အလယ္မွာေဂၚလီလံုးေလးေတြကို ပံုထားကာ စည္းတားထားတဲ့ေနရာေလးကေန ကိုယ့္ေဂၚလီလံုးနဲ႔မိစုက လွမ္းလိွမ့္လိုက္သည္။
"ေတာက္"ကနဲဆိုသၫ့္ အသံေလးနဲ႔အတူ စည္းထဲမွေဂၚလီလံုးေလးႏွစ္လံုးက အျပင္ကိုကန္ထြက္လာခဲ့တယ္။ဒါဟာ မိစုအကၽြမ္းက်င္ဆံုးကစားနည္းပါဘဲ။

အေဒါ့္ကို တစ္လွၫ့္ၾကၫ့္လိုက္ေတာ့ ဒူးႏွစ္လံုးကိုေထာင္ထားၿပီးဒူးဆစ္ေပၚကို လက္ေထာက္ထားကာ ငိုင္ေနသည္။ကေလးေတြ ေဆာ့ကစားေနတာကို ၾကၫ့္ေနျခင္းလည္းမဟုတ္ဘူး။တစ္ခုခုကို အေတြးနက္ေနပံုေပၚေနတယ္။အေဒါ့္မ်က္လံုးေတြကလည္း ရီေဝေနၿပီး ညိုးေလ်ာ္ႏြမ္းလ်ွေနတယ္။
ဒီေန့ေက်ာင္းက ဆရာမရဲ့စကားေတြေၾကာင့္ အေဒၚငိုင္ေနတာမ်ားလား။
အေဒၚပံုရိပ္ကို စိတ္ပ်က္သြားၿပီထင္ပါတယ္။
အေဒၚၿငိဳျငင္မွာကို ပံုရိပ္သိပ္ေၾကာက္တယ္။
ပံုရိပ္မွာ အားကိုးစရာ၊တြယ္တာစရာဟာ အေဒၚနဲ႔ေမာင္ေလး၊ညီမေလးေတြသာ ရိွလို႔ ပံုရိပ္ကို
မလိုလားမွာကို သိပ္ေၾကာက္တယ္။

"ေဒၚေလး...ထြန္းကိုေက်ာင္းသြားၿပီလား...."

အမွန္ေတာ့ ဘုန္းႀကီးေက်ာင္းကို၀င္ေနတာေၾကာင့္ အိမ္ျပန္တဲ့အခ်ိန္က ပံုမွန္ထက္ေနာက္က်ေနတယ္။
ဒီအခ်ိန္ဆို ထြန္းကိုတစ္ေယာက္ေက်ာင္းကို ေရာက္ေနေလာက္ၿပီ။ဘယ္လို စကားအစခ်ီရမွန္းမသိတာေၾကာင့္ ထြန္းကိုရဲ့နာမည္ကို ၾကားခံနယ္လုပ္လိုက္ၿပီး ေဒၚေလးရဲ့ေဘးနားရိွ သစ္ျမစ္ေပၚကို
ေရာေရာေယာင္ေယာင္နဲ႔ ထိုင္ခ်လိုက္မိတယ္။
ပံုရိပ္ေမးခ်င္ေနမိတယ္။ဆရာမက ဘာေတြေျပာလိုက္သလဲလို႔ေပါ့။ ေဒၚေလးကေတာ့ ႏႈတ္ဆိတ္ၿပီးအရမ္းကို တည္ၿငိမ္ေနတယ္။ပံုရိပ္ကသာ ေဒၚေလးရဲ့မ်က္ႏွာကို အရိပ္တၾကၫ့္ၾကၫ့္လုပ္ေနမိတယ္။

"ပံုပံု....ေက်ာင္းမွာအဆင္မေျပတာေတြရိွေနတာ ေဒၚေလးကို ဘာလို႔မေျပာခဲ့တာလဲ...."

ေဒၚေလးဆီကေန ပထမဆံုးၾကားရတဲ့စကားက အရမ္းကို‌ေျပျပစ္ေနတယ္။
ပံုမွန္ဆိုရင္ ေဒၚေလးကဒီလိုမဟုတ္ဘူး။‌
ေတာသူပီပီ ဘြင္းဘြင္းရွင္းရွင္း‌‌ေျပာတတ္ဆိုတတ္ၿပီး အဆူ၊အဆဲနဲ႔ အေအာ္ အေငါက္ကလည္း
မပါမျဖစ္ဘဲ ။
ပံုရိပ္ကို စိုးရိမ္လို႔သာေဒၚေလးက သူ႔စိတ္ကိုသူထိန္းခ်ဳပ္ထားတာေနမယ္။ဒီလိုဆိုေတာ့ ေဒၚေလးကိုပိုၿပီးေတာ့ေတာင္ သနားမိတယ္။စား၀တ္ေနေရးအတြက္ ပူရတဲ့အျပင္ ပံုရိပ္ကပါ တစ္ပူတိုးေအာင္လုပ္မိေနၿပီ။

"သမီးေၾကာင့္ ေဒၚေလးစိတ္ရႈပ္ရမွာစိုးလို႔ပါ..."

ေဒၚေလးက ပံုရိပ္ရဲ့ဦးေခါင္းေလးကို တစ္ခ်က္
ခပ္ဖြဖြပုတ္လိုက္ၿပီး ပံုရိပ္ရဲ့မ်က္၀န္းေတြထဲအထိ ေလးနက္လြန္းစြာၾကၫ့္လာတယ္။
ႃပံုးလည္း ႃပံုးျပလာတယ္။
ေဒၚေလးရဲ့ ပါးျပင္ခ်ိဳင့္ခ်ိဳင့္ေလးေတြဟာ ပိုၿပီးေတာ့သရုပ္ေပၚလာတယ္။ဘယ္ဘက္အံသြားႏွစ္ေခ်ာင္းက က်ိဳးထားၿပီး ျပန္မဆိုက္ႏိုင္ေသးလို႔ ေဒၚေလးရဲ့ဘယ္ဘက္ပါးက အနည္းငယ္ခ်ိဳင့္၀င္ေနတယ္။

"ပံုပံု႔ရဲ့အျမင္မွာ ‌ေဒၚေလးက..ကေလးသံုးေယာက္ေၾကာင့္ စိတ္ရႈပ္ရတယ္လို႔ ထင္ေနတာလား...
တကယ္ေတာ့ ပံုပံုရယ္..မိစုရယ္..ထြန္းထြန္းရယ္က
...ေဒၚေလးအတြက္ေရ႔ွဆက္ရွင္သန္ႏိုင္ဖို႔ ခြန္အားေပးေနတဲ့...ေဆးလံုးေလးေတြဘဲ...မိခင္တစ္ေယာက္ဟာ ကေလးတစ္ေယာက္ကို ၀မ္းထဲမွာအပင္ပန္းခံၿပီး လနဲ႔ခ်ီလြယ္ထားခဲ့တည္းက
ဒီကေလးအတြက္ အသက္ကိုေတာင္ရင္းႏွီးထားၿပီးသားပဲ..ကိုယ့္ရဲ့ကေလးေတြေကာင္းစားဖို႔ဆိုရင္ ေဒၚေလးကိုယ့္အသက္ကိုယ္ေတာင္ ရင္းႏွီးရဲတယ္..."

ဒါေပမဲ့ ပံုရိပ္ကေဒၚေလးရဲ့ သားသမီးအရင္းမဟုတ္ေတာ့ သက္သက္ႀကီးအနစ္နာခံသလိုျဖစ္ေနမွာေပါ့လို႔ စိတ္ထဲကေနေျပာလိုက္မိတယ္။ရန္ကုန္လိုေနရာမွာ ေရကအစ အလကားမရတာေၾကာင့္
လူတစ္ေယာက္အတြက္ စာရိတ္တစ္ႏွစ္မေျပာနဲ႔တစ္လေတာင္ေတာ္ေတာ္မ်ား ေနၿပီ။အခုေတာ့ ေဒၚေလးတို႔အိမ္မွာ ပံုရိပ္ေသာင္တင္ေနတာ
ႏွႏွစ္ေက်ာ္သြားခဲ့ၿပီ။အေဒါ့္ကို ဆန္တစ္စိဖိုးေတာင္ ျပန္မေထာက္ပံ့ႏိုင္ေသးဘူး။

"ပံုပံု႔ကို ေဒၚေလးတစ္ခုေမးမယ္.."

"ဟုတ္ကဲ့..."

"ေက်ာင္းတက္ရတာ မေပ်ာ္ဘူးလား...
ဘာေၾကာင့္ ေက်ာင္းမွာသူငယ္ခ်င္းမထားတာလဲ...ေဒၚေလးကိုအမွန္အတိုင္းေျပာေနာ္.."

ပံုရိပ္ ေခါင္းကိုသာတြင္တြင္ငံု႔ထားလိုက္မိတယ္။
ပံုရိပ္ရဲ့အျမင္အာရံုထဲမွာ ေျမၾကီးေတြကိုသာ ျမင္ေနရတယ္။
တစ္‌ေယာက္ေသာသူရဲ့ ငိုခ်င္ရင္ငိုခ်လိုက္ဆိုတဲ့စကားအတိုင္း ပံုရိပ္ငိုမိတယ္။
မ်က္ရည္ေတြက ေျမၾကီးေပၚကို တေပါက္
ေပါက္ၾကလာခဲ့တယ္။

ထိုအခါ ေဒၚေလးဆီကေန သက္ျပင္းရိႈက္သံကိုၾကားလိုက္ရတယ္။သိပ္မၾကာပါဘူး ပံုရိပ္ရဲ့
ေက်ာျပင္ကို ခပ္ဖြဖြပြတ္သပ္ေပးလာတယ္။
ပံုရိပ္ရဲ့ ခံစားခ်က္ကို ‌ေဒၚေလးတကယ္ပဲနားလည္တာလား။ဒါဆိုရင္ ပံုရိပ္ငိုေနတာဘာေၾကာင့္လဲဆိုတာ သိမွာပါ။ပံုရိပ္ ဘယ္သူ႔ကိုသတိရေနသလဲ
ဆိုတာကိုေရာေပါ့။
ေဒၚေလးကို မ်က္ရည္ဝဲေနတဲ့မ်က္၀န္းေတြနဲ႔ ေမာ့ၾကၫ့္လိုက္မိတယ္။ပံုရိပ္ေျပာမဲ့ စကားကေဒၚေလးကို ေဒါသထြက္သြားေစႏိုင္ေပမဲ့
ပြင့္လင္းမွ ျဖစ္ေတာ့မယ္။ပံုရိပ္ မ်က္ရည္ေတြကို သုတ္လိုက္ၿပီး ေဒၚေလးကိုခပ္ရဲရဲစိုက္ၾကၫ့္လိုက္တယ္။

"ေဒၚေလး...သမီးကို ေက်ာင္းထြက္ခြင့္ေပးပါ..သမီးေက်ာင္းထြက္ခ်င္တယ္..."

ပံုရိပ္ရဲ့ ႏႈတ္ခမ္းထပ္ကေန ရဲရဲဝံ့ဝံ့နဲ႔ တုန္႔ဆိုင္းမေနဘဲ ေျပာလိုက္တဲ့စကားကိုၾကားေတာ့ ေဒၚေလးရဲ့မ်က္ခံုးတန္းေတြတြန႔္က်ဳံ႔သြားတယ္။ေဒၚေလး ေသခ်ာေပါက္သေဘာမက်ဘူးဆိုတာ ပံုရိပ္သိၿပီးသားပါ။
ဒါေပမဲ့ ပံုရိပ္ေရ႔ွဆက္ၿပီး ဒုကၡမေပးခ်င္ေတာ့ဘူး။

ေဒၚေလးက"ဘာလို႔ေက်ာင္းထြက္ခ်င္တာလဲလို႔.."
ေမးလာခဲ့တယ္။

"သမီးအလုပ္လုပ္ခ်င္တယ္...ေဒၚေလးပင္ပန္းေနတာကို မၾကၫ့္ရက္ဘူး...သမီးတလွၫ့္ျပန္လုပ္ကၽြေးပါရေစလို႔ .."ေျပာလိုက္ေတာ့ ေဒၚေလးကသေဘာတက်နဲ႔ ရယ္ေမာလိုက္တယ္။ပံုရိပ္ရဲ့စကားထဲမွာ ရယ္စရာလည္းတစ္ခြန္းမွမပါဘဲ ရယ္လိုက္တာေၾကာင့္ ပံုရိပ္နဲနဲေတာ့ ေခါင္းရႈပ္သြားတယ္။
ၿပီးေတာ့မွ ပံုရိပ္သိလိုက္တာဟာ ေဒၚေလးကသူ႔စိတ္ကို ျပင္ဆင္ဖို႔ ခဏတာရယ္လိုက္တာျဖစ္ၿပီး တစ္ဆက္တည္းမွာ မ်က္ႏွာခ်က္ခ်င္းတည္ၾကသြားတယ္။

"ေမႀကီး...ဟိုမွာေရခဲေခ်ာင္းသည္လာေနတယ္
...သမီးေရခဲေခ်ာင္း စားခ်င္လိုက္တာ..."

မိစုေလးက ေဂၚလီလံုး လိွမ့္ေနရင္းနဲ႔ေျပးလာတာေၾကာင့္ ေဒၚေလးက သေဘၤာသားဂ်ာစီအိက်ႌထဲမွ ပိုက္ဆံတစ္ရာတန္ကို ထုတ္ၿပီး ေပးလိုက္တယ္။
မိစုကလည္း သူ႔အေဖာ္တစ္သိုက္နဲ႔အတူ ေျပးသြားကာ ေရခဲေခ်ာင္းသြား၀ယ္ေလသည္။
ကေလးေတြကို ၾကၫ့္ေနရင္းကေန အေဒါ့္ရဲ့မ်က္ႏွာႃပံုးလိုက္တာကို ပံုရိပ္ေသခ်ာေတြ့လိုက္ရတယ္။

"အေဒၚတို႔ငယ္ငယ္တုန္းကဆို...ဒီလိုေရခဲေခ်ာင္းကို ၀ယ္စားႏိုင္ဖို႔မေျပာနဲ႔ အနံ႔ေတာင္မရႉခဲ့ရဖူးဘူး...
ငယ္ငယ္က စာတတ္ခ်င္လို႔ ေက်ာင္းသံုးေက်ာင္းေလာက္ကို ေျပာင္းခဲ့ရဖူးတယ္..ေတာမွာဆိုေတာ့
စာသင္တာေတာင္ ေက်ာင္းဆိုၿပီးသတ္သတ္မွတ္မွတ္ မရိွပါဘူး...ေခ်ာင္းစပ္ကဇရပ္ကေလးမွာ
လူစုၿပီး စာသင္ခဲ့ရတာ.…ေပ်ာ္ဖို႔ေတာ့ေကာင္းတာေပါ့ေလ...ဒါေပမဲ့ မိုးရြာတဲ့အခါ ဇရပ္ကေလးမွာတံခါးမရိွေတာ့ ခ်မ္းလိုက္တာမွေျပာမေနနဲ႔..
တတိယတန္းေလာက္ေရာက္ေတာ့
 ရြာဘုန္းႀကီးေက်ာင္းမွာဆရာေတာ္က ရြာမွာစာသင္ေက်ာင္း တစ္ေက်ာင္းေတာ့ လိုအပ္တယ္ဆိုၿပီး အစိုး‌ရကိုေလ်ွာက္တယ္...ေနာက္ပိုင္းတတိယတန္းကို အစိုးရေက်ာင္းမွာ တရား၀င္တတ္ခဲ့ရတာေပါ့...ကံကလည္းမေကာင္းပါဘူး...ေဒၚေလးက
စာသိပ္တတ္ခ်င္ခဲ့တာ..စာသင္ေနရရင္ကိုေပ်ာ္ေနတာ...ျမန္မာစာ စာလံုးဝိုင္းဝိုင္းေလးေတြကို
 ဘုန္းဘုန္းကသင္ေပးလိုက္ရင္
....အလကားေနကစားရင္းနဲ႔ေတာင္
ေျမၾကီးမွာလည္း ေရးျခစ္ေနတတ္တာဘဲ
...ဂဏန္းသခ်ၤာဆိုလည္း တြက္ရတာအရမ္းႀကိဳက္ဘဲ....တတိယတန္းေအာင္ေတာ့ အေဖကက်န္းမာေရးမေကာင္းတာနဲ႔ ေဒၚေလးတို႔ညီအစ္မေတြ ေက်ာင္းဆက္တက္ခြင့္မရၾကေတာ့ဘူး...
အေဖကပန္းနာရင္က်ပ္ေလ...ေခ်ာင္းဆိုးရင္ေသြးပါအန္တယ္...အဲ့လိုအခါမ်ိဳးဆို ကေလးစိတ္နဲ႔ဆို‌
ေတာ့ အေဖေသေတာ့မွာဘဲဆိုၿပီး ညီအစ္မေတြဖက္ၿပီး ခဏခဏငိုခဲ့ရတယ္...အဲ့အခ်ိန္ကေဒၚေလးတို႔ရဲ့အသက္က ဆယ္ႏွစ္ေတာင္မျပၫ့္တတ္ေသးပါဘူး.
ဒါေပမဲ့...ေဒၚေလးတို႔ရဲ့ လက္ကေလးေတြမွာ
ေသြးေျခေလးေတြ ဥေနၿပီး...အသားမာေတြေတာင္ တတ္တယ္..ဘာျဖစ္လို႔လဲဆို‌ေတာ့...
ဟိုအိမ္ကငါးေရြးဆိုလည္း ညီအစ္မ‌တေတြ ‌
ငါးေျပးေရြးရတယ္...
အရြယ္နဲ႔မမ်ွေအာင္ ေနပူထဲမွာလည္းပဲႏႈတ္တဲ့ အလုပ္ေတြလုပ္ခဲ့ရတယ္..အိမ္မွာက တိရိစၧာန္အေကာင္ပေလာင္ေတြ ေမြးထားတဲ့အျပင္ ၿခံက်ယ္ေတာ့...ကြမ္းပင္ေတြစိုက္တယ္ေလ....ကြမ္းရြက္ေတြကိုခူးၿပီးရင္ ၿမိဳ႔ကိုဒိုင္ခ်ဖို႔လုပ္တိုင္း အေမနဲ႔လိုက္လိုက္သြားခဲ့တယ္....အဲ့ဒီ့ေခာတ္ကေတာ့ ‌ေမာ္ေတာ္နဲ႔မဟုတ္ရင္...‌ေျခလ်ွင္ပဲ...မဟုတ္ရင္ေတာ့
ေထာ္လာဂ်ီနဲ႔ သြားရတာေပါ့...ၿမိဳ႔ကိုဒိုင္သြားခ်ရင္းနဲ႔  ေက်ာင္းသားေလးေတြမ်ား အေပၚမွာအျဖဴေလးေတြကို သပ္သပ္ရပ္ရပ္၀တ္လို႔ အစိမ္းေရာင္ လံုခ်ည္ေလးေတြနဲ႔ လြယ္အိတ္ကေလးေတြကိုလြယ္ထားတာကိုမ်ားေတြ့ရင္ ေငးလိုက္ရတာ
တေမ့တေမာ...အဲ့အခ်ိန္မ်ိဳးဆိုမ်က္ရည္ဝဲမိတယ္
...ေဒၚေလးကေက်ာင္းတတ္ရတာကို အရမ္းႏွစ္သက္ခဲ့တာကို...
စာသင္ရရင္ကိုေပ်ာ္ေနတာေလ....သူမ်ားေတြတတ္ေတာ့ ကိုယ္လည္းတတ္ခ်င္တာေပါ့....အေမ့ကိုေတာ့မေျပာရဲပါဘူး...အေမစိတ္မေကာင္းျဖစ္မွာစိုးလို႔...အဲ့ဒီ့အခ်ိန္မွာတည္းက ေဒၚေလးမွာအေတြးတစ္ခု၀င္ခဲ့တယ္....ငါ့မွာေမာင္ေလး ညီမေလးေတြသာရိွရင္ ...ပညာေရးကိုဆံုးခန္းတိုင္ေအာင္
ထားခ်င္တယ္ဆိုၿပီး ေတြးခဲ့ဖူးတယ္..."

ေဒၚေလးက ငယ္ဘ၀အေၾကာင္းကိုေျပာေနရင္းနဲ႔ မ်က္ရည္ေလးေတြဝဲရွာတယ္။ပံုရိပ္ကိုယ္တိုင္ကလည္း စာဖတ္ရတာဝါသနာပါတဲ့သူျဖစ္လို႔ ေဒၚေလးရဲ့စကားအသြားအလာကို မွန္းမိပါတယ္။
ေဒၚေလးက သူတို႔ငယ္ငယ္ကေက်ာင္းတက္ရတဲ့အခက္အခဲေတြနဲ႔ ပံုရိပ္တို႔ေခာတ္အေျခအေနနဲ႔ကို
ယွဉ္ၿပီး ဆံုးမေနတယ္ဆိုတာ  ပံုရိပ္သိပ္သိတာေပါ့။
သူ႔ရဲ့ငယ္ဘ၀ေလးထဲကေန သူျဖစ္ခ်င္ခဲ့တဲ့ဆႏၵေလးတစ္ခုကိုလည္း ေရာၿပီးရင္ဖြင့္တယ္။
ၿပီးေတာ့ ပံုရိပ္ဘက္ကိုလွၫ့္ၾကၫ့္လာတယ္။



"ပံုပံု...ေဒၚေလးရဲ့ဆႏၵကိုျဖၫ့္စည္းေပးပါလား
ကေလးရယ္...‌ေဒၚေလးသိပါတယ္...သမီးကေဒၚေလးကိုအားနာေနတယ္ဆိုတာ..သမီးသိမွာေတာ့မဟုတ္ဘူး..သမီးေလးေမြးတုန္းကေလ...
ေတာေဆးခန္းမွာ ေမြးခဲ့တာ...သမီးေလးကို
ပထမဆံုးစၿပီး ခ်ီေပြ့ခဲ့တာက ေဒၚေလးပါဘဲ
...နီတာရဲေလးကို ေဒၚေလးအသဲအရမ္းယားတာဘဲ...ေဒၚေလးကအဲ့ဒီ့အခ်ိန္တုန္းက...ကိုသက္ေဆြနဲ႔ အိမ္ေထာင္မက်ေသးဘူး...အ‌ေဖဆံုးသြားတာေၾကာင့္ အေမ့ကိုျပဳစုရင္းနဲ႔ အေမ့အိမ္မွာေနတယ္..
သမီးေလးကိုအားတဲ့အခ်ိန္တိုင္းအိမ္မွာေခၚေခၚထိန္းခဲ့တာ...သမီးကေတာ့မမွတ္မိေလာက္ေတာ့ဘူး...
အဲ့အခ်ိန္တည္းကေဒၚေလးရဲ့အေတြးထဲမွာ သမီးကို ေက်ာင္းစိမ္း၀တ္စံုေလးနဲ႔ ျမင္ၾကၫ့္ခဲ့တာ..."

‌ေဒၚေလးရဲ့စကားေတြက အေမွာင္ထုထဲကိုရုတ္တရက္ေရာက္လာတဲ့ အလင္းတန္းေလးလို သိပ္ကို တန္ဖိုးႀကီးလြန္းတယ္။ပံုရိပ္ရဲ့ အေတြးေတြကိုလည္း သိေနတယ္။ေဒၚေလးက ပံုရိပ္ကိုဒီေလာက္ သံေယာဇဉ္ႀကီးလိမ့္မယ္လို႔ ပံုရိပ္မထင္ထားခဲ့မိဘူး။မိဘေတြကေတာင္ ထားပစ္ခဲ့ၾကေပမဲ့ ေဒၚေလးကေတာ့ ပံုရိပ္အေပၚမွာ သိပ္ေကာင္းလြန္းေနတယ္။
ေဒၚေလးက ပံုရိပ္ရဲ့ပါးျပင္ေလးကို ဖြဖြပြတ္ကာ ႏွစ္သိမ့္ေပးလာတယ္။

"ပံုပံု...သမီးအခုခ်ိန္မွာ ဘာကိုမွမေတြးပါနဲ႔...ဘာအေၾကာင္းေၾကာင့္နဲ႔မွလည္း ၀မ္းနည္းစရာမလိုဘူး..သမီးရဲ့အေနာက္မွာ ေဒၚေလးအၿမဲရိွတာကိုမွတ္ထားပါ...သမီးကို ျပၫ့္ျပၫ့္စံုစံုမထားႏိုင္ေပမဲ့
ပညာကိုေတာ့ ဆံုးခန္းတိုင္ေအာင္ သင္ေပးခ်င္တယ္...ကိုယ့္ဘာသာလည္း ဘာမွမလုပ္ေပးႏိုင္လို႔ဆိုၿပီး အားမလိုအားမရလည္းမျဖစ္နဲ႔...ပညာသင္တဲ့အရြယ္မွာ....စာႀကိဳးစားတာကိုက သမီးလုပ္ေပးရမဲ့အေရးႀကီးဆံုးအရာဘဲ...ဘဲြ႔ရေအာင္ႀကိဳးစား
သမီးကအေရ႔ွကေန ေျဖာင့္ေျဖာင့္သြားရင္
အေနာက္ကမိစုနဲ႔ ထြန္းကိုကလည္း...ငါ့အစ္မေတာင္ဒီလိုႀကိဳးစားႏိုင္ခဲ့တာဆိုတဲ့စိတ္နဲ႔
..အတုယူၿပီးႀကိဳးစားခ်င္စိတ္ေတြ ျဖစ္လာၾကလိမ့္မယ္...
ေဒၚေလးတို႔ အတူႀကိဳးစားၾကရေအာင္ သမီးရယ္..."

ေဒၚေလးရဲ့စကားအဆံုးမွာ ပံုရိပ္ေဒၚေလးကို
ဖက္လိုက္မိတယ္။အိမ္ေရ႔ွ လမ္းမေဘးမွာဆိုေပမဲ့
၀မ္းနည္း၊၀မ္းသာခံစားခ်က္က ပံုရိပ္ကိုရွက္ရေကာင္းမွန္းလည္း မေတြးမိေစဘူး။
ရွက္လည္းမရွက္ပါဘူး။ကိုယ့္အေဒၚကို ကိုယ္ဖက္တာဘဲဥစၥာ။
မိစုတို႔ကေတာ့ သူတို႔အာရံုနဲ႔သူတို႔ ေဂၚလီလံုးလိွမ့္လို႔ ေကာင္းေနၾကေလရဲ့။ပံုရိပ္ကေတာ့ မ်က္ရည္ေတြကိုသာ  မက်ေအာင္မနည္းတားဆီးရင္း ကတိေတြလည္းအထပ္ထပ္ေပးေနမိတယ္။

"သမီးႀကိဳးစားပါ့မယ္ေဒၚေလး...ဒီေန့ကစၿပီး သမီးမေတြေဝေတာ့ပါဘူး...ေဒၚေလးျဖစ္ေစခ်င္သလို သမီးျဖစ္ေအာင္ လုပ္ေပးပါ့မယ္...ေဒၚေလးေနေစခ်င္သလို သမီးေနပါ့မယ္...ညီမေလးနဲ႔ေမာင္ေလးေတြကိုလည္း ပိုဂရုစိုက္ေပးပါ့မယ္...."

"လိမၼာလိုက္တဲ့ကေလး...."

ေဒၚေလးရဲ့ လည္ပင္းကိုသိုင္းဖက္ထားလိုက္ၿပီး ေဒၚေလးရဲ့ ပခံုးေပၚမွာေခါင္းေမွာက္ကာ ရိႈက္၍ငိုမိတယ္။‌ ေဒၚေလးရဲ့ခႏၶာကိုယ္က ကိုယ္သင္းရနံ႔ကို
ပံုရိပ္ႏွစ္သက္တယ္။ေနြးေထြးေစတဲ့ ရနံ႔မ်ိဳး။
မိခင္တစ္ေယာက္ အနားမွာရိွေနေပးသလိုရနံ႔မ်ိဳး။ ဒီေန့ေလာက္ ပံုရိပ္ဘယ္ေသာအခါမွ မငိုခဲ့ဖူးဘူး။
ပံုရိပ္ရဲ့ရင္ထဲကအစိုင္အခဲအခ်ိဳ႕ အရည္ေပ်ာ္သြားလို႔ပဲ ေနပါလိမ့္မယ္။ဆံုးျဖတ္ခ်က္တစ္ခုကိုလည္း ျပတ္သားစြာခ်လိုက္မိတယ္။
ပံုရိပ္ဘယ္ေတာ့မွ မေပ်ာ့ညံ့ေတာ့ဘူး။
ဦးေနမ်ိဳးေျပာသလိုဘဲ။အေျပာနဲ႔မဟုတ္ဘဲ ေဒၚေလးကိုအလုပ္နဲ႔ ‌သက္ေသျပရမယ္။
ေဒၚေလးရဲ့ အနစ္နာခံမႈေတြကို မျဖဳန္းတီးပစ္ေတာ့ဘူး။

🔥🔥🔥🔥
ဇာတ္လမ္းက အခုမွစမွာပါ
ဆက္လက္ေစာင့္ေမ်ွာ္ေပးၾကပါအံုး

 

🔥🌹"ဆူးကြိုး..."🌹🔥 အခန်း(၆)

     🔥🌹"ဆူးကြိုး..."🌹🔥       

 

    (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
                                                                     

                                     အခန်း(၆)

                                           

              

"ပုံရိပ် နင့်ကိုအဲ့ဒီ့မှာရပ်နေလို့ ပြောနေတယ်နော်...."

မိုးရေတွေစိုနေ၍ စိတ်ညစ်နေသည့်အချိန်
အော်ငေါက်ပြီး အမိန့်လာပေးနေသည့်ကောင်ကို  မျက်စောင်းထိုးကာ ဒေါသမျက်၀န်းတွေနှင့်ကြည့်ပစ်လိုက်သည်။
အမေဖြစ်သူကလည်း စရိုက်ကြမ်းသလို
သားဖြစ်သူကလည်း မိုက်ကန်းကန်းနဲ့ဆိုတော့ သားအမိ‌ တော်စပ်တယ်ဆိုတာ သံသယဖြစ်ဖွယ်ရာမရှိဘူး။
နှစ်လုံးတွေချဲတွေထိုးပြီး အော်ကျော့လန်သူ့အမေကရပ်ကွက်ထဲရှိ လူတွေနဲ့အပေါက်အလမ်းမတည့်သလို သားဖြစ်သူကလည်းတစ်စက်မှပုံမလာဘူး။
ကျောင်းမှာ အတန်းကြီးဇိုးတွေနဲ့ပေါင်းပြီး မုန့်စားဆင်းချိန်တိုင်း အားအားယားယားကျောင်းတစ်ပတ်လှည့်ပတ်နေသည့်ကောင်မျိုးပင်။
 
ဒီကောင်နဲ့သူ့သူငယ်ချင်းအဖွဲ့ ကျောင်းကစားကွင်းရဲ့တောင်ဘက်ခြမ်း ကန်ဘောင်ဘေးမှာကော်ရှူနေကြတာကို ပန်းချီထိုင်ဆွဲနေရင်းနဲ့မတော်တဆကြုံခဲ့ရတယ်။
နှစ်ခါလောက်အထိ ပုံရိပ်တွေ့လိုက်ပြီးတည်းက နောက်ပိုင်းကန်ဘောင်အနားကိုမသွားဖြစ်တော့တဲ့အထိဘဲ။အခုလည်း သူ့ကိုအဖက်မလုပ်ဘဲ မိုးရေထဲမှာ ခပ်မြန်မြန်လျှောက်နေသည့် ပုံရိပ်ရဲ့အနောက်ကနေ ဘာကြောင့်လိုက်လာသလဲ မသိ‌ပေ။
ဒီလိုလူတွေနဲ့မပတ်သတ်ချင်ပါဘူးဆိုမှ ထိပ်တိုက်ကိုလာတွေ့နေရတယ်။

"ပုံရိပ်....နင့်ကိုငါရပ်လိုက်လို့ ပြောနေတယ်နော်...."

"အား...နင်ဘာလုပ်တာလဲ...ငါ့လက်ကိုလွှတ်နော်..."

လက်မောင်းကို အတင်းလာဆွဲတဲ့သူ့ရဲ့ပခုံးကိုအားနဲ့ ပိတ်တွန်းပစ်လိုက်ပြီး အော်ပစ်လိုက်သည်။
မိုးစက်တွေကလည်း ခပ်စိပ်စိပ်ရွာသွန်းလာကြပြီး လေကပါရောပါလာတော့ ပုံရိပ်ရဲ့ဒေါသကပို၍ရုပ်လုံး၀ကြွနေသည်။
ပုံရိပ်ကိုကြည့်နေတဲ့ သူ့ရဲ့မျက်၀န်းတွေကလည်း ဒေါသအရောင်လွှမ်းနေပြီး အံကိုတင်းထားတာကြောင့် သူ့ရဲ့မေးရိုးတွေဟာတင်းထွက်နေကာ နားထင်ကြောတွေကိုတောင် မြင်နေရသည်။

ပုံမှန်ဆိုရင် သူနဲ့ပုံရိပ်က ယောင်လို့တောင်စကား
မပြောဖူးတာကြောင့် တစ်ရပ်ကွက်ထဲသားချင်းပေမဲ့ သူမခေါ်၊ကိုယ်မခေါ် နှင့် မတွေ့ဖူးသူတွေလိုပဲနေဖြစ်တာပါဘဲ။
ပုံရိပ်ကလည်း အနေအေးပြီး ကိုယ်နေတတ်သလိုနေသည့်နည်းတူ သူကလည်းဂျစ်ကန်ကန်နဲ့ ဘယ်သူ့မှလူမထင်တဲ့ကောင်ပင်။အခုသူ့ဘက်ကနေ စခေါ်တယ်ဆိုတော့ သူရူးနေတာမဟုတ်ရင်
ဆေးကြောင်ကြောင်နေလို့ဘဲ။

"ဟိန်းကို...နင်ဘာဖြစ်နေတာလဲ...
ကိုယ့်လမ်းကိုယ်သွားနော်....ငါ့ကိုလာမရှုပ်နဲ့.."

"ဒီမှာ...ရှုပ်နေတာက ငါမဟုတ်ဘူး...နင်ကသာငါ့ကိုလာရှုပ်နေတာ...."

"နင်ပေါက်ကရတွေလာမပြောနဲ့ ငါနင်နဲ့စကားမပြောချင်ဘူး..."

"ငါကလည်း နင့်လိုလူနဲ့စကားသိပ်ပြောချင်နေတယ်မထင်ပါနဲ့...အခုနင်တိုင်လိုက်တဲ့ကိစ္စကြောင့် ကျောင်းအုပ်ကပါ ငါ့ကိုခေါ်ဆူတယ်..
ငါ့တစ်ယောက်ထဲဆိုရင်ကိစ္စမရှိဘူး...ငါ့အမေကိုပါခေါ်ခံရတဲ့ကိစ္စမှာ ငါနင့်ကိုလုံး၀မကျေနပ်ဘူး....
နင်ဟိုတလောက ကန်နားကိုလာတာငါတွေ့လိုက်တယ်...နင်ကဘာမို့ ဟိုတိုင်ဒီတောလုပ်နေရတာလဲ
...ဟမ်!!!!နင်ကဘာကောင်မို့သူများကိစ္စကို ၀င်ပါနေရတာလဲ...."

ဟိန်းကိုဆိုတဲ့ကောင်က ပုံရိပ်ရဲ့လက်မောင်းကို
သူ့ဘက်သို့ ခပ်ကြမ်းကြမ်းဆွဲယူလိုက်တာကြောင့်
 မိုးစက်တွေခိုတွဲနေသည့် သူ့မျက်၀န်းနီနီတွေကို အနီးကပ်မြင်လိုက်ရတဲ့အခါ ပုံရိပ်ရဲ့အတွင်းသဏ္ဍန်မှာ ပုန်းအောင်းနေသည့် အကြောက်တရားကလည်း လှိုင်းအနည်းငယ်ထသွားခဲ့သည်။
ကတုံးဆံပင်ပေါ်ကနေ သူ့မျက်နှာ‌ပေါ်သို့စီးကျလာတဲ့ ရေတွေဟာ သူ့မျက်လုံးထဲအထိ ၀င်နေပေမဲ့မျက်တောင် တစ်စက်မှမခက်သွားဘူး။
 ငယ်ငယ်က မေမေပြောပြဖူးတဲ့ပုံပြင်ထဲကလို
အသားစားတဲ့အာဠာ၀ကတစ်ကောင်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသလို ခံစားနေမိတယ်။

"ဟိန်းကို...ငါ့လက်ကိုလွှတ်လို့ပြောနေတယ်နော်...
နင်နဲ့ပတ်သတ်ရင် ဆံချည်တစ်မျှင်စာတောင်
ငါ့အတွက်စိတ်၀င်စားစရာမကောင်းလို့ ဘာကိုမှ
၀င်ရှုပ်စရာအကြောင်းမရှိဘူး ရှင်းလား...."

"အဲ့ဒါဆိုရင် ငါတို့ကိုကန်ဘောင်မှတွေ့ခဲ့တဲ့ကိစ္စ
ဘာလို့ချွန်တွန်းလုပ်ခဲ့တာလဲ...နင်မိန်းကလေးဖြစ်နေလို့နော်...ယောက်ျားလေးဆိုရင် ဒီနေရာမှာပွဲချင်းပြီးပဲ....ငါ့ကိုဘာကောင်မှတ်နေလဲ!!!!"

မိုးချိန်းသံနှင့်အတူ အသံနက်ကြီးနဲ့အော်လိုက်သည့်နည်းတူ ပုံရိပ်ရဲ့လက်ကိုပါလွှတ်ပေးသလိုလိုနဲ့
လွှဲရမ်းပစ်လိုက်သည်။အရှိန်နဲ့ လူကပါနဲနဲယိုင်ကျသွားတာကြောင့် ပုံရိပ်ရဲ့ဒေါသတွေကအတိုင်းထက်
အလွန်ကို ပေါက်ကွဲထွက်လာခဲ့တယ်။မိုးရေတွေဟာ ပုံရိပ်ရဲ့ခေါင်းပေါ်ကနေ မျက်နှာပေါ်ကိုစီးကျလာခဲ့တဲ့အပြင်မျက်လုံးထဲကိုပါဝင်လာတာကြောင့်မျက်လုံးတွေပါကျိန်းစက်လာခဲ့တယ်။
ပုံရိပ်ဆိုတာ ကိုယ်လုပ်ရင်ကိုယ်ခံရဲသူဆိုပေမဲ့
မလုပ်ပဲ အစွပ်စွဲခံရရင်လည်း အဲ့ဒီလူကိုတစ်ခုခု ကြီးကြီးမားမားတုန့်ပြန်လိုက်ရမှ နေသာတဲ့လူမျိုး။

နာကျင်နေပေမဲ့ အောက်နှုတ်ခမ်းကို စူးနစ်စွာ
ဖိကြိတ်ပစ်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့လွယ်အိတ်ကို အားနဲ့လွှဲချပစ်လိုက်သည်။
တဒင်္ဂလောက် မထိန်းချုပ်နိုင်လိုက်တဲ့ ပုံရိပ်ရဲ့ဒေါသတရားကြောင့် နာကျင်သွားတဲ့ဟိန်းကိုအဖို့  ဧရာမမီးတောက်အား  ရေနှင့်ငြိမ်း၍လည်းမရတော့သည့်အတိုင်းအတာသို့ ရောက်သွားစေတာကိုတော့ ပုံရိပ်ညံ့ဖျင်းစွာ မတွက်ဆလိုက်မိပေ။

"ပုံရိပ်...နင်ကငါ့ကိုဘာကောင်ထင်နေလဲ....
အလျှော့ပေးထားတာကို...အဟုတ်မှတ်နေတာလား..."

"ဟိန်းကို...နင့်ငါ့အသားကို လာမထိနဲ့နော်...
ငါကလည်းငြိမ်ခံနေမယ်မထင်နဲ့...
အဲ့ဒီ့ကန်နားကို ငါတစ်ယောက်တည်းပဲသွားလို့ရတာလား...နင့်မှာဦးနှောက်ပါရင် သူများကိုအပြစ်အရင်တင်မဲ့အစား...ကိုယ့်ဘာသာကိုယ်သေချာတွေး...
ကျောင်းသားပေါင်းသောင်းခြောက်ထောင်လောက်ရှိတဲ့နေမှာ မဟုတ်တာလုပ်ပြီး...ငါ့ကိုလာမရမ်းနဲ့...
အပုပ်အပွဆိုတာ သူများပြောမှမဟုတ်ဘူး...
အချိန်တန်တော့အနံ့ထွက်လာမှာပဲ...
ကိုယ်ဖြစ်ကိုယ်ခံ..ငါ့ကိုလာဆွဲမထည့်နဲ့...."

"ဟာ....နင်တော့သေတော့မှာပဲ...."

"ဟေ့...ဘာဖြစ်နေကြတာလဲ...."

ပုံရိပ်ကို ရိုက်ဖို့လက်ရွယ်လိုက်တဲ့ ဟိန်းကိုဟာ အော်သံတစ်ခုကြောင့် သူ့လက်တွေကိုပြန်ရုတ်လိုက်သည်။
အသံလာရာ လူရိပ်ဟာထွန်းကို၏ အနောက်ဘက်မှဖြစ်သည်။မိုးရေထဲမှာဆိုပေမဲ့ ထိုလူရဲ့ပုံသဏ္ဍန်ကိုသေချာမြင်ရပါတယ်။အိင်္ကျီစွပ်ကျယ်ချိုင်းပြတ်အနက်ရောင်ကို ၀တ်ဆင်ထားပြီး ပုဆိုးကိုဒူးခေါင်းလောက်အထိ တက်၀တ်ထားသည့်လူတစ်ယောက်။အလှူအိမ်‌တွေမှာ သုံးလေ့ရှိကြသည့် ဒယ်အိုးကြီးကို ခေါင်းပေါ်မှာ ဦးထုပ်စောင်းထားသလိုမှောက်လျှက်သား ရွက်ထားတာကြောင့် ဒယ်အိုးနှုတ်ခမ်းစပ်နှင့် ကွယ်နေသည့်ထိုလူရဲ့မျက်နှာကို သေချာမမြင်ရပေ။
ပုံရိပ်တို့၏ အနားကိုတဖြည်းဖြည်းတိုးကပ်လာသည့် ထိုလူ့ရဲ့ မျက်နှာကိုမမြင်ရပေမဲ့ ခန္ဓာကိုယ်အရပ်အမောင်းကို ကြည့်မိရုံနဲ့ဘယ်သူဆိုတာ ခန့်မှန်းလိုက်မိတယ်။
ဒယ်အိုးကြီး၏ လက်ကိုင်တွေကိုမလိုက်သည့်အချိန် တစတစ ထင်ရှားလာတဲ့ထိုလူ့ရဲ့နှုတ်ခမ်းမှစ၍ မျက်၀န်းတွေဟာ သေချာပေါက်ပုံရိပ်ရင်ထဲကမိတ်ဆွေကြီးပါပဲ။

"မင်းတို့ရန်ဖြစ်နေကြတာလား...."

"မဟုတ်ပါဘူး....ခင်ဗျားကိုယ့်လမ်းကိုယ်သွားပါ..."

"မင်းနာမည်ဟိန်းကို မဟုတ်လား...မင်းငါ့ကိုမှတ်မိလား....."

မိုးခြိမ်းသံကိုတောင် ဖုံးအုပ်လောက်သည်အထိ ကျယ်လောင်စွာ အော်ပြောလာသည့်အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်မိတော့ သူ့အာရုံထဲမှာ သေချာပြတ်သားစွာ မှတ်မိနေသည့်လူတစ်ယောက်ဖြစ်နေသည်။

လမသာသလို ကြယ်တွေအလျှင်းမရှိတဲ့ လမိုက်ညတစ်ညမှာ ဘုန်းကြီးကျောင်းရဲ့ တံတိုင်းအနောက်ဘက်မှာရှိတဲ့ ကျူပင်နှင့်မြက်ရိုင်းများသာ
တောထနေသည့် လမ်းကြားတစ်ခုဟာ အရိုင်းဆန်စွာရှိနေခဲ့တယ်။
ထို‌ညဉ့်အမှောင်ကို အကာအရံယူထားပြီး
တုတ်ကိုယ်ဆီကိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် မိုက်ကန်းစွာ ကြည့်နေကြသောအဖွဲ့နှစ်ဖွဲ့တွင်
 တစ်ဖက်က ရပ်ကွက်ထဲရှိ ဇိုးများအဖွဲ့ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ ငမိုက်သားချောက်ကမ်းပါးအား ခြေတစ်ဖက်လှမ်းစပြုနေကြသည့် ဆယ်ကျော်သက်ကျောင်းနေအရွယ်အဖွဲ့ပေါ့။
ထိုအဖွဲ့ထဲမှာ ဟိန်းကိုဆိုတဲ့သူကိုယ်တိုင်လည်းပါ၀င်ခဲ့တယ်။

ချိန်းပွဲလို့ သတ်မှတ်ထားတဲ့ ရန်ပွဲမှာ နှစ်ဖက်အသေအကြေ ချကြရင်း တိုက်ပွဲအငယ်စားလေးကို ဆင်နွှဲခဲ့ကြတယ်။
သူတို့အဖွဲ့ဖက်က သူတစ်ယောက်ပဲလူကောင်ထွားသူရှိတာကြောင့် မနိုင်တဲ့အဆုံးမှာ တစ်ယောက်တစ်လမ်းဆီထွက်ပြေးခဲ့ကြရတယ်။ဟိုဖက်အဖွဲ့ကလူတွေကလည်း အလွတ်မပေးတမ်း လိုက်နေခဲ့တာကြောင့် တံခါးပေါ်ကနေခုန်‌ကျော်ပြီးဘုန်းကြီးကျောင်းထဲကို ၀င်ပုန်းရင်း ဒီလူနဲ့အမှတ်မထင်တွေ့ခဲ့ရတယ်။

ကိုရင်တွေပါဝိုင်းအုံ‌လာပြီး ဘုန်းကြီး‌ပါရောက်လာတဲ့အခါ နောက်ဆုံးမေးကြမြန်းကြရင်းနဲ့
သူ့နာမည်"ဟိန်းကို.."ဆိုတာနဲ့ သူ့အကြောင်းအနည်းအကျဉ်းကို ပြောပြလိုက်မိတယ်။
ထူးဆန်းတာက ဘုန်းဘုန်းဟာသူ့ကို မောင်းမထုတ်တဲ့အပြင် နေမျိုးဆိုတဲ့ဒီလူ့ကိုတောင် သူ့ရဲ့ဒဏ်ရာတွေကို ဆေးလိမ်းခိုင်းခဲ့တယ်။ထိုညကနေစပြီး ရန်ဖြစ်တဲ့ကိစ္စတွေကို မလုပ်ဖို့ကြိုးစားမိပေမဲ့ တစ်ကောင်ကောင်ရဲ့ချွန်တွန်းလုပ်မှုကြောင့် အမေရောသူပါ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ခံ၀င်ကတိအနေနဲ့လတ်မှတ်ထိုးခဲ့ရတယ်။

ကော်ခိုးရှူခဲ့ကြတဲ့ သူတို့အဖွဲ့တွေ အကုန်ပါတယ်ဆိုပေမဲ့ တိုင်တဲ့ကောင်ကိုမိရင်တော့ အရေခွံစုတ်ပစ်ဖို့ပါ တွေးထားပြီးသား။ပုံရိပ်ကို မသင်္ကာပေမဲ့ လမ်းသွားလမ်းလာတွေဖြတ်လျှောက်လာကြသလို ဘုန်းကြီးကျောင်းကဆရာနေမျိုးဆိုသူပါ ကြည့်နေတာကြောင့် သူ့စိတ်ကိုခဏလောက် လျော့ပစ်လိုက်ရသည်။

" တိုင်တဲ့လူကနင်ဆိုတာ ငါသိတဲ့နေ့ နင့်ဘ၀ကြီး
ငါးပါးမှောက်တဲ့နေ့ပဲ...."

ပုံရိပ်ကိုခြိမ်းခြောက်စကားပြောခဲ့ပြီး မိုးရေထဲမှလမ်းကြားထဲသို့ဝင်သွားတဲ့ ကောင်ကို
ပုံရိပ်အရမ်းမုန်းသွားမိတယ်။
အခုမှပထမဆုံး စပြီးစကားပြောဖူးတာဆိုပေမယ့်
အရပ်ထဲမှာပြောကြတဲ့ "ဒီကောင်လေးက သိပ်ဆိုးသိပ်မိုက်တဲ့ကလေး..."ဆိုတဲ့စကားကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါဘဲ။

"ဟေ့...မိုးရေထဲမှာ ဘာလုပ်နေတာလဲ..."

ပုံရိပ်ရဲ့ကယ်တင်ရှင်ကြီးကိုကြည့်လိုက်မိတော့ ဒယ်အိုးကြီးကို ခေါင်း‌ပေါ်မှာ ရွက်ထားပုံကြီးက ကြည့်ယုံနဲ့တင် ရယ်ချင်စရာကောင်းနေပြီ။
ဟိန်းကိုကြောင့် ကြောက်စိတ်လေး၀င်သွားမိတဲ့အခြေအနေမှာ သူကပုံရိပ်အဖို့ ကယ်တင်ရှင်ကြီးလိုပါပဲ။
ဒါပေမဲ့ ပုံပြင်တွေထဲမှာလို မြင်ဖြူကြီးစီးလာတာမျိုးမဟုတ်ပဲ ဒယ်အိုးကြီးကိုခေါင်းမှာ ရွက်လာသတဲ့။ဘယ်လိုလူပါလိမ့်။

"ထီးမပါဘူးလား...."

မိုးရေတွေစိုရွှဲနေသည့် ပုံရိပ်ကိုသေချာကြည့်ပြီး စိုးရိမ်ဟန်နဲ့ မေးလာတာကြောင့် ခေါင်းသာခါပြလိုက်သည်။

"ဒါဆို ဒီကိုလာ...."

"ဘယ်ကိုလာရမှာလဲ...."

"ဒီကိုလာပါဆို...."

ပုံရိပ်ရဲ့လက်ကောက်၀တ်ကနေမဟုတ်ပဲ လွယ်အိတ်ကြိုးကနေ လှမ်းဆွဲလိုက်တာကြောင့်
ပုံရိပ်လည်း အမိုးလိုဖြစ်နေသည့် ဒယ်အိုးအောက်သို့ ရောက်သွားရလေသည်။သူ့အရပ်ကရှည်တော့ ဒယ်အိုးနဲ့ ပုံရိပ်ရဲ့ခေါင်းက အလွတ်ကြီးပါဘဲ။
ဒါပေမဲ့ နားမလည်တာက ပုံရိပ်ကိုဘာကြောင့်အတင်းဆွဲခေါ်ရသလဲဆိုတာဘဲ။

"မင်းရဲ့အိမ်ကဘယ်မှာလည်း...ငါ့ကိုလမ်းပြပေး.."

"ဘာလုပ်မလို့လဲ...."

"ထမင်းလိုက်စားမလို့...."

"ဘာပြောတယ်...."

ရွဲ့ပြီးပြောလိုက်တော့ မျက်လုံးပြူးလေးနဲ့ သူ့ကိုပြန်ကြည့်လာသည့်ကောင်မလေးကို ပြန်ငုံ့ကြည့်လိုက်မိသည်။
ရယ်ချင်စိတ်ကိုလည်း မနည်းထိန်းနေရတယ်။
မိုးရေတွေစိုပြီး ကြွက်စုတ်လိုဖြစ်နေတဲ့၍
အအေးပတ်မှာစိုးလို့ အိမ်အထိလိုက်ပို့မဲ့ဥစ္စာ
မေးလိုက်မြန်းလိုက်တာလည်း ခဏခဏဘဲ။

"ဦးလေးတကယ်ပြောနေတာလား...."

"ဘာ!!!!"

"ဟာ..ဖြည်းဖြည်းအော်စမ်းပါ...တထွေးတွေမျက်နှာကိုလာစင်တော့မယ်...."

စကားပြောတာ အားပါသွားတာကြောင့် တံထွေးစင်သွားတဲ့ကောင်မလေးကိုနည်းနည်းတော့ အားနာသွားမိတယ်။ဒါပေမဲ့"ဦးလေး"လို့လာအခေါ်ခံလိုက်တဲ့လူကို ပိုအားနာဖို့ ကောင်းတာပေါ့။
မနေ့တနေ့ကမှ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့လူတစ်ယောက်ကို ဦးလေးဆိုတော့ နောက်ငါးနှစ်လောက်ဆိုရင် အဖိုးလို့များအခေါ်ခံရမလားမသိဘူး။

"မင်းငါ့ကိုခုဏက ဘယ်လိုခေါ်လိုက်တာလဲ..."

"ဘာလဲ...ဦးလေးလို့ခေါ်လိုက်တာ မကြိုက်လို့လား..."

"အေးလေ...ငါ့ရုပ်ကအဲ့လောက်ရင့်နေ‌လို့လား..."

"အဲ့ဒါတော့ ကိုယ်ဘာသာမှန်ထဲမှာ ပြန်ကြည့်ပေါ့..."

သေလိုက်ပါတော့ "နေမျိုးရေလို့"ကိုယ့်နဖူးကိုယ်သာပြန်ရိုက်လိုက်ချင်သည်။
လက်ကလည်း အိုးကိုမထားရတော့ လက်အားမနေတာတော်တော်ဂွကျတယ်။
ပိုပြီး ဂွကျတာကတော့ ဒီကလေးမပဲ။
တော်တော်လက်ပေါက်ကပ်ပြီး စကားပြောရတာလည်း သူများကြိုက်မှန်းမသိ၊မကြိုက်မှန်းမသိ တုံးတိကြီး။
ဘယ်ဥကများ ပေါက်လာသလဲမသိဘူး။

ကိုယ့်ညီမသာဆို "နင်သေချာကြည့်စမ်း..ဒီရုပ်ဒီ‌ရည်က ဦးလေးဖြစ်စရာလားဆိုပြီ...နားရင်းကိုအိုးစည်လိုတီးပြီး ကြည့်ခိုင်းလိုက်ချင်တယ်..."အခုတော့ဖြင့်..

"ကဲ...မင်းရဲ့အိမ်ကိုသာ လမ်းပြစမ်းပါ...မိုးတွေကရွာနေတာ မင်းအအေးမိမယ်...ငါ့မှာကထီးမပါတော့ ဒယ်အိုးပဲစောင်း..."

သူ့စကားက ဒီကောင်မလေးရဲ့သွားတန်းလေးတွေပေါ်သည်အထိ ပြုံးအောင်လုပ်လိုက်နိုင်မယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူး။သူနဲ့တွေ့လိုက်တိုင်း အမြဲမျက်နှာတည်ကြီးနဲ့နေတတ်တဲ့ ကလေးမက
ရယ်လိုက်တော့လည်း ကြည့်ကောင်းသားဘဲ။

သို့ပေမဲ့ ထိုအပြုံးလေးကို ‌တွေ့လိုက်ရတဲ့အကြိမ်ရေက တစ်ကြိမ်တည်းပါပဲ။သူ့ရဲ့အိမ်ကို လမ်းလျှောက်နေတဲ့ တစ်လမ်းလုံးမှာ တိတ်ဆိတ်နေတာကြောင့်
ကိုယ်တောင် နေရခက်လာသလိုပဲ။
ထီးမဟုတ်ပဲ ဆောင်းနေရတာက ဒယ်အိုးကြီးဆိုတော့ ကောင်မလေးရှက်မယ်ထင်ခဲ့တာ။
အသာတကြည်တော့ လိုက်လာသားပဲ။
ဒီလိုဆိုတော့ ကိုယ့်ကိုသူအမြင်ကြည်တယ်ဆိုတဲ့ သဘောပဲပေါ့။

ကောင်မလေးသွားနေတဲ့ လမ်းကသူဓမ္မာရုံကိုသွားနေကြလမ်းနဲ့ အတူတူပါပဲ။
ဒီလမ်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြပေမဲ့
အရင်ကဒီကလေးမကို ဘာကြောင့်မမြင်မိတာပါလိမ့်။ ကိုယ်ကပဲ မျက်စိမှုန်နေလို့လားမသိ‌။
ဒီလမ်းထဲက ကလေးတွေ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်မှမရှိပါဘူး။
အစကတော့ ဓမ္မာရုံကိုဒယ်အိုးပို့ရအောင် ထွက်လာခဲ့ခြင်းပါဘဲ။မိုးတွေရွာချလာတာကြောင့် အသိအိမ်မှာမိုးစဲတဲ့အထိ ၀င်စောင့်ရင်းကနေ မစောင့်နိုင်တဲ့အဆုံး ဒယ်အိုးကြီးကို စောင်းပြီးထွက်လာခဲ့လိုက်တယ်။ မထင်မှတ်ဘဲ မိုးရေထဲမှာစကားများနေပုံပေါ်တဲ့ ကလေးနှစ်ယောက်ကြောင့်သူလည်း
မနေနိုင်ပဲ ၀င်ပါလိုက်ရတယ်။
ဟိုတလောကတင် "ပုံရိပ်ရဲ့အဒေါ်နဲ့တွေ့လျှင် ကျောင်းကိုလာဖို့ "အမှာခံလိုက်ရတဲ့ ကိစ္စကိုတွေးလိုက်မိရင်း ဒီကောင်မလေးရဲ့အိမ်ကိုပါ တစ်ခါတည်းလိုက်ပြီး သူ့အဒေါ်ကိုတွေ့ဖို့ဆုံးဖြတ်လိုက်မိတယ်။

"ရောက်ပြီ....ဒီအိမ်ပဲ...."

"အိမ်ထဲမှာ မင်းရဲ့အဒေါ်ရှိလား...."

"မသိဘူးလေ...ရှိရင်ရှိမှာပေါ့..."

ဒီလူ့ကိုကြည့်ရတာ အရမ်းထူးဆန်းနေတယ်။
ဘာကြောင့်အဒေါ့်ကိုခဏခဏမေးနေရတာပါလိမ့်။အဒေါ်နဲ့ဒီလူက ပုံရိပ်မသိလိုက်ခင်မှာပဲ ရင်းနှီးသွားကြတာများလား။
မိုးတွေကလည်း စဲနေပြီမို့ဒယ်အိုးကို ပုံရိပ်တို့ရဲ့ခြံစည်းရိုးနားမှာ ခဏကပ်ထောင်နေသည့် လူအားထူးဆန်းစွာကြည့် နေမိသည်။ ဒီလူကပုံရိပ်ကို လိုက်ပို့တာမဟုတ်ဘူးလား။
မသိရင် ပုံရိပ်တို့ရဲ့အိမ်ရှေ့မှာပဲ စခန်းချမဲ့ပုံနဲ့။

"ပုံပုံ ကျောင်းကပြန်လာပြီလား...."

အဒေါ့်ရဲ့ခေါ်သံကြောင့် ပုံရိပ်ရောထိုလူပါလှည့်ကြည့်လိုက်မိသည်။အဒေါ်က လက်ထဲမှာဆန်အိတ်ကိုဆွဲလို့ ဈေးဆိုင်မှ ပြန်လာပုံရတယ်။ဟိုလူ့ကိုမြင်တော့ အဒေါ်ကချက်ချင်း ပြုံးပြလာတယ်။
ဟိုလူကလည်း ပြုံးပြနေတာပါပဲ။

"ဘုန်းကြီးကျောင်းမှာနေတဲ့ ဆရာနေမျိုးဆိုတာမဟုတ်လား...မောင်ရင်က ဘယ်ကိုသွားမလို့လဲ..."

"ဒီကလေးမကိုလမ်းမှာတွေ့တာနဲ့...မိုးမိမှာစိုးလို့ လိုက်ပို့ရင်း အဒေါ်နဲ့လည်းပြောစရာလေးရှိလို့ပါ..."

"ဟုတ်လား...ဘာပြောချင်လို့လည်း...အိမ်ပေါ်တက်ပါအုံးလားကွဲ့...."

"ဟာ...နေပါစေ...ဒီမှာပဲပြောပါ့မယ်..."

ဒီလူကဘယ်လိုလူပါလိမ့်။စကားပြောမဲ့အရေး
ပုံရိပ်ကိုကြည့်လိုက် အဒေါ့်ကိုကြည့်လိုက်နဲ့ မသိရင်အိမ်သာတတ်ချင်နေသလိုရုပ်မျိုး။
ဆရာနေမျိုးတဲ့ ။ပုံရိပ်တို့ကျောင်းကဆရာတွေလို ခပ်တည်တည်နဲ့ ယူနီဖောင်းအဖြူအစိမ်း၀တ်ထားပြီး ဘေးနားကဖြတ်သွားရင်တောင် ရေမွှေးနံ့သင်းနေတတ်တဲ့ ဆရာ‌တွေနဲ့တော့ တခြားစီဘဲ။
ပုဆိုးကို ဒူးမရောက်‌ရုံတမယ် ၀တ်ထားတဲ့အပြင် ဒယ်အိုးကြီးကိုရွက်ထားခဲ့လို့ သူ့ကိုယ်ပေါ်ကနေ ဒယ်အိုးအနံ့တောင်ရနေသလိုလို။မျက်နှာကလည်း အိုးမဲတွေပေနေတော့ ကြောင်ကြီးကျနေတာဘဲ။
ပုံရိပ်လည်း ဘာဖြစ်နေတာပါလိမ့် ဒီလူနဲ့တွေ့မှအမျိုးမျိုးဝေဖန်ရေး ထုတ်နေမိတယ်။

"အမေရေ...ဒီမှာအမေ့သမီးအိပ်ရာပေါ်ကို သေးပေါက်ချနေတယ်...."

"ဟဲ့...ပုံပုံညီမလေးသေးပေါက်ချလို့တဲ့ အိမ်ထဲကိုပြေးပါအုံးအေ...."

"ဟုတ်ကဲ့ဒေါ်လေး..."

ကောင်မလေးခြံထဲသို့ ပြေး၀င်သွားတော့မှ နေမျိုးလည်း သက်မကိုအသာချပြီး  ဒေါ်ရှင်းသန့်ကိုအကျိုးအကြောင်းရှင်းပြမိတော့သည်။သူ့ရဲ့စကားတွေကြောင့် ဒေါ်ရှင်းသန့်ရဲ့ မျက်နှာညိုးကျသွားပေမဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်လို့ မသိုးမသန့်စိတ်မျိုးတော့ သူ့မှာမရှိဘူး။
လောကကြီးထဲက ကလေးတွေအများကြီးရဲ့ဘ၀ကို
သူကုစားမပေးနိုင်ပေမဲ့ လက်လှမ်းမှီသလောက်တော့ ကူညီပေးချင်တယ်။အထူးသဖြင့်
တော်ချင်ပါလျှက်နဲ့ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ ကလေးမျိုးကိုပေါ့။

ကျောင်းက ဆရာမပြောလိုက်တဲ့စကားတွေကို တစ်ဆင့်ပြန်ကြားလိုက်ရတဲ့အချိန်မှာ အဒေါ်ဖြစ်သူရဲ့အံ့ဩတုန်လှုပ်သွားပုံကိုကြည့်ရင် ဒီကလေးမရဲ့အတွင်းစိတ်ကို အတူနေတဲ့သူတောင် သိမနေဘူးဆိုတာပိုသေချာသွားတယ်။
ပုံရိပ်နဲ့သူက ခံစားမှု၊နာကျင်မှုအပိုင်းအစတွေကို အပြင်ထုတ်မပြောတတ်တဲ့ အချက်ကတော့တူညီနေတယ်။
သို့ပေမဲ့ ကောင်မလေးက ငယ်သေးတယ်။
ဒီအရွယ်က ဝေဒနာတစ်ခုကိုတစ်ယောက်တည်းကြိတ်ခံစားသင့်တဲ့အရွယ်မဟုတ်ဘူး။
သူမရဲ့မျက်၀န်းတွေက အရောင်တောက်နေတတ်ပြီးအပြင်ဘက်က ကြည့်ရင်သာ သန်မာပုံပေါ်ပေမဲ့ အတွင်းစိတ်ကတော့ အားငယ်စိတ်တွေနဲ့ ရှင်သန်နေမှန်း သူတွက်ဆမိတယ်။ကိုယ်တိုင်လည်း  ငယ်ငယ်ကဒီလိုခံစားချက်မျိုးနဲ့ ရှင်သန်ခဲ့ရသူမို့ သူမရဲ့ရင်ထဲကပုစ္ဆာကိုအဖြေရှာပေးချင်မိတယ်။လွယ်တော့ မလွယ်လောက်ဘူး။

🌹🌹🌹🌹🌹🌹🌹🌹🌹

"ဒေါင်....ဒေါင်...ဒေါင်...."

ဘုန်းကြီးကျောင်း၀န်းထဲရှိ နာရီစင်ကြီး၏နှိုးဆော်လိုက်မှုနှင့်အတူ နေမျိုး၏မသိစိတ်ဟာ နိုးထဖို့ကိုလှုံ့ဆော်လိုက်သည်။အလုပ်တစ်ခုကိုလုပ်ရင်
ဘယ်သောအခါမှ အချိန်ရွှေ့ဆိုင်းတတ်သူမဟုတ်တော့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ချက်ချင်းအိပ်ယာက‌နေထလိုက်ပြီး စောင်တွေ၊ခေါင်း‌အုံးတွေကိုသိမ်းကာ ကိုယ့်အခန်းကိုတံမြက်လှည်းသိမ်းဆည်းလိုက်သည်။
ကျောင်းမှာက ရေချိုးခန်းရယ်လို့သီးသန့်မရှိတာကြောင့် ပုဆိုးအဟောင်းကိုလဲ၀တ်လိုက်ပြီး ကိုယ့်ရဲ့ဖလား၊သွားတိုက်ဆေးနဲ့ ရေချိုးဆပ်ပြာကိုယူလာလိုက်ကာ ရေချိူးကန်သို့သွားလိုက်သည်။
ထုံးစံအတိုင်း လေးနာရီထိုးဘဲရှိ‌သေးပေမဲ့ ကိုရင်တွေနဲ့ဦးဇင်းတွေလည်း ကန်မှာရေချိုးဖို့ရောက်နှင့်နေကြလေပြီ။ထိုနေရာမှာ ရေချိုးသံ၊စကားပြောသံဆိုတာ အနားမရောက်ခင်တည်းက ဆူနေလေပြီ။

"ဒကာနေမျိုး...ရေလာချိုးတာလား..."

"တင်ပါ့..."

ဦးဇင်းတစ်ပါးရဲ့ အမေးကိုပြန်ဖြေရင်းရေလဲပုဆိုးကို ကန်ဘောင်ပေါ်သို့တင်လိုက်သည်။
ဒီကျောင်းမှာက သူ့ကိုဆရာနေမျိုးလို့လည်း
ခေါ်ကြသလို ဒကာနေမျိုးလို့လည်းခေါ်ကြလေသည်။

"ဒါနဲ့...ဒကာနေမျိုး ဟိုရက်ကအလုပ်သွားလျှောက်တာ အဆင်ပြေရဲ့လား..."

"အဆင်ကတော့ ပြေပါတယ်ဦးဇင်းရယ်...
ဒါပေမဲ့...နယ်ဝေးကိုချက်ချင်းထွက်ရမယ်ဆိုတော့...တပည့်တော်နဲ့က ဘယ်လိုမှအံကိုက်ကိုမဖြစ်ဘူး..."

"အင်း...အေးဆေးပေါ့ဒကာရယ်...ဘုန်းကြီးကလည်းမင်းကို အရမ်းအားကိုးပြီးသံယောဇဉ်တွယ်ရှာတာ..ဟိုရက်ကတောင်ဦးဇင်းကိုပြောနေသေးတယ်..နေမျိုးသာမရှိတော့ရင်...လက်တစ်ဖက်ပြုတ်သွားသလိုဖြစ်နေမှာတဲ့..."

ဦးဇင်းရဲ့စကားက သူ့အာရုံထဲကိုအတွေးပေါင်းများစွာနဲ့ တွေဝေအောင်လုပ်လိုက်သလိုဘဲ။ရေခွက်ကိုကိုင်ပြီး တစ်ခွက်ပြီးတစ်ခွက်လောင်းချိုးနေမိပေမဲ့ သူ့ရဲ့စိတ်ကတော့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၀န်းထဲကို ခြေလှမ်းစခဲ့ရတဲ့အချိန်ဆီသို့သာ နောက်ပြန်ရစ်နေမိတယ်။
မကြာခင်မှာ သူ့အသက်က(၂၃)နှစ်ပြည့်ပါတော့မယ်။ဒီဘုန်းကြီးကျောင်းကို စရောက်တဲ့နေ့က သူ့အသက်(၁၃)နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပြီး
၀မ်းနည်းအနာကျင်ရဆုံး နေ့တစ်နေ့လည်းဖြစ်တယ်။
လောကကြီးထဲမှာ ဆွေးမျိုးဆိုတာမရှိ၊
 အမေနဲ့အဖေဆိုတာ ဘယ်သူမှန်းမသိခဲ့ရတဲ့သူ့ရဲ့သမိုင်းကြောင်းဟာ အရမ်းကိုရိုးရှင်းသလို အရမ်းကိုနာကျင်စရာလည်းကောင်းခဲ့တယ်။

တစ်နေ့ လမ်းမကြီးတစ်ခုရဲ့အမှိုက်ပုံဘေးမှာ  မွေးကင်းစကလေးငယ်တစ်ယောက်ကို
 အညှာအတာမဲ့ လာရောက်ပစ်ထားခဲ့ကြတယ်။
သေချာတာကတော့ ဒီလိုနီတာရဲလေးကိုအမှိုက်ပုံထဲ မှာလာစွန့်ပစ်သွားနိုင်တည်းက ယုတ်အညံ့ဆုံးလုပ်ရပ်ကို လုပ်နိုင်တဲ့လူလို့သတ်မှတ်ရမှာပါဘဲ။
လမ်းသွားလမ်းလာတစ်ယောက်က ကလေးအော်သံကြားလို့ ‌သနားဂရုဏာသက်ပြီးပွေ့ခေါ်ခဲ့ရာကနေ ထိုမွေးကင်းစလေးဟာ ရပ်ရွာလူထုရဲ့လက်ထဲကို ရောက်ခဲ့ရတယ်။

မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပေမဲ့
ထိုကလေးလေးက ကံကောင်းခဲ့တယ်လို့ဆိုရမယ်။ရပ်ကွက်ထဲက သားသမီးမရှိတဲ့လင်မယားနှစ်ယောက်ဟာ ကလေးကိုခေါ်ယူမွေးစားခဲ့ကြတယ်။
ပိုပြီးကံကောင်းတာက မွေးစားမိဘတွေကလည်း ကလေးအပေါ်ကိုမိဘရင်းများသဖွယ် ပြုစုစောင့်
ရှောက်ခဲ့ကြတယ်။ကလေးရဲ့နာမည်ကို နေမျိုးလို့ပေးခဲ့ကြပြီး ကျောင်းလည်းထားပေးသလို
လိုလေးသေးမရှိအောင်ကို စောင့်ရှောက်ကြရှာတယ်။နေမျိုးဆိုတဲ့ကောင်လေး အသက်(၉)နှစ်လောက်ရောက်တဲ့အချိန်မှာ ထိုလင်မယားကလည်း စီးပွားရေးတွေအဆင်မပြေဖြစ်လာတဲ့အပြင် ဖောက်ပြားမှုတွေပါပေါင်းလာတော့
နောက်ဆုံး လင်မယားကွဲတဲ့အဆင့်အထိပါရောက်
လာခဲ့တယ်။နေမျိုးကတော့ အမေ့ဆွေမျိုးတွေဘက်မှာ လိုက်နေခဲ့တာပေါ့။

ကံကြမ္မာငင်တဲ့အခါ လောကကြီးဟာရှုပ်ထွေးသွားတတ်ပြီး အကောင်းအတိုင်းကနေကြမ္မာချောက်နက်ရဲ့ နှုတ်ခါး၀မှာရပ်ရင်လည်း ရပ်ရနိုင်တယ်။
အချို့အချိန်မျိုးမှာ ကိုယ်တိုင်ကအမှားတစိုးတစိတောင်မလုပ်မိအောင်နေပေမဲ့ အတိတ်ကုသိုလ်ကံကမွှေနှောက်လာတဲ့အခါ ဘ၀တွေဟာ ထင်မထားလောက်အောင် မျက်ရည်ကြီးငယ်ကျရတတ်တယ်။

ဘ၀ဟာ တကယ်ကိုကြမ္မာငင်ခဲ့ရပါတယ်။
မွေးစားမိခင်ကြီးဟာ ကျန်မာရေးချူချာလာခဲ့တာကြောင့် ကျောင်း(၄)နှစ်နားလိုက်ရပြီး အရွယ်နဲ့
မလိုက်အောင် မိခင်ကိုပြုစုရင်းကနေ သူများခိုင်းဖက်ဘ၀နဲ့ အမေ့အမျိုးတွေကြားမှာ မျက်နှာငယ်စွာနေခဲ့ရတယ်။

လောကကြီးထဲမှာ သံယောဇဉ်ကြိုးမျှင်လေးဟာ တစ်ချောင်းထဲပဲ ရှိပါစေအုံးတော့ အမိအရဖမ်းဆုပ်ထားချင်မိခဲ့တယ်။ကိုယ့်လိုမိဘမဲ့တစ်ယောက်အတွက် မေတ္တာရဲ့အေးမျှမှုနဲ့ သံယောဇဉ်ဆိုတဲ့ တွယ်တာစရာကမ္ဘာငယ်လေးက အရမ်းကိုတန်ဖိုးကြီးမားလို့ပါပဲ။
ထိုအရာတွေရဲ့အနှစ်သာရကိုသာ မခံစားခဲ့ဖူးရင်အမှိုက်ပုံဘေးမှာ စတင်အပစ်ခံခဲ့ရတဲ့မွေးကင်းစကလေးတစ်ယောက်လို အလေအလွင့်လေး တစ်ယောက်အဖြစ်ရပ်တည်နေမိမှာဘဲ။

အသက်(၁၂)နှစ်ကျော်အရွယ်မှာ မွေးစားမိခင်ကြီးဆုံးပါးသွားခဲ့တယ်။
ထိုနေ့က ကိုယ့်ကမ္ဘာကြီးပျက်သုန်းသွားသလိုကို ခံစားခဲ့ရတယ်။မိဘအရင်းတွေဆီကနေ စွန့်ပစ်ခြင်းခံခဲ့ရလို့ မေတ္တာရေကြည်လေးတစ်ပေါက်ကို သောက်ခွင့်ရမယ်လို့ထင်ခဲ့မိပေမဲ့ အလွဲကြီးလွဲသွားခဲ့ရတယ်။
ပူပြင်းလွန်းတဲ့ ကန္တာရအလယ်မှာဦးတည်ချက်ပျောက်ဆုံးသွားသလိုမျိုး။ဘယ်ကမှန်းမသိတဲ့ အမည်မသိမျှားချက်တိုင်းက ကိုယ့်ရင်ဘတ်မှာလာဆိုက်နေသလိုမျိုး စူးနင့်ပြီးခံရခက်ခဲ့တယ်။

နောက်ဆုံးမှာတော့ မိဘမဲ့ထပ်ဖြစ်ခဲ့ရတဲ့သူ့ကို
ရန်ကုန်ကဒီသုခချမ်းသာပရိယတ္တိဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပို့လိုက်ကြတယ် ။
ထိုအချိန်က အသက်(၁၃)နှစ်အရွယ်သူ့အဖို့ ရှေ့ဆက်ရမဲ့အနာဂတ်လမ်းတွေပျောက်ဆုံးနေတဲ့အချိန်အခါပေါ့။ကယ်တင်ရှင်ဆရာတော်ကြီးကြောင့်သာ သူ့ဘ၀မှာအလင်းစလေးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ဆရာတော်ကြီးဟာ မိဘလိုလည်းစောင့်ရှောက်သလို ဆရာသမားလိုလည်းသင်ပြလမ်းညွှန်ပေးခဲ့တယ်။

လိုလေ‌သေးမရှိအောင် အထောက်‌အပံ့‌ပေးသလိုကျောင်းလည်းဆက်ထားပေးခဲ့တာကြောင့် ဂုဏ်ထူး(၃)ဘာသာနဲ့ တက္ကသိုလ်၀င်ခွင့်ကိုအောင်မြင်ခဲ့ပြီး အခုဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုနဲ့ တောင် ဘွဲ့ရပြီးခဲ့လေပြီ။
ကျောင်းနားခဲ့တဲ့နှစ်တွေကြောင့် အသက်၂၃နှစ်နီးမှဘွဲ့ရခဲ့ပေမဲ့ ပညာရေးမှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့နိုင်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ်။
ဒါပေမဲ့ ဘွဲ့ရပြီးတဲ့အချိန်မှာ နောက်ထပ်ခေါင်းထဲကို၀င်လာတဲ့ အရာတစ်ခုကတော့ စာသင်တာအပြင်
ပြင်ပလုပ်ငန်းခွင်ထဲကို ၀င်ပြီးခြေလှမ်းသစ်စရမဲ့ ကိစ္စပါပဲ။

အတိတ်ရယ်၊ပစ္စုပ္ပန်ရယ်နဲ့အနာဂတ်အကြောင်းတွေကိုယှဉ်တွဲစဉ်းစားပြီးအဆုံးမှာတော့ စိတ်ကြည်သွားအောင်ခေါင်းပေါ်မှ ရေတွေလောင်းချပစ်လိုက်သည်။ကိုရင်နဲ့ ဦးဇင်းတွေလည်း ရေချိုးလို့ပြီးစီးနေကြသည်မို့ သူလည်းမြန်မြန်ဆန်ဆန်ဘဲ ရေချိုးပစ်လိုက်သည်။ပြီးတာနဲ့ ဆွမ်းချက်ဖို့ဟင်း‌‌ပေါင်းလုပ်ဖို့ရာဦးဇင်းတွေနဲ့ ကူရပေအုံးမည်။
ဟင်းချက်ကူပြီးရင်တော့ ကလေးတွေကိုသင်ရမဲ့အခန်းတွေကို မှတ်စုထုတ်ပေးရအုံးမည်။
မနက်(၈)နာရီခွဲမှစ၍ သူ့အတွက်နားချိန်ဟာ နေ့လယ်ခင်းထမင်းစားချိန်နဲ့ ညနေကျောင်းဆင်းချိန်သာ ရှိလေသည်။ပြင်ပလုပ်ငန်းခွင်ကို မ၀င်ရရင်တောင် ကျောင်းမှာတင်သူ့ရဲ့အချိန်ဇယားက ပြည့်နေလေပြီ။သို့ပေမဲ့ ဒီလိုကလေးတွေကို ပညာဒါနပြုရတာကိုပင် သူကပျော်နေတတ်တာပါ။

🌹🌹🌹🌹🌹🌹🌹🌹

"ဆရာနေမျိုးရေ...ဆရာနေမျိုး...."

နေ့လည် ကျောင်းနားချိန်လေးတွင် ကိုယ့်အခန်းကိုယ်၀င်ပြီး ထမင်းလေးစားမလို့ ချိုင့်ဖွင့်ရုံရှိသေးပေမဲ့ ကျောင်းသားတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားလိုက်ရ၍ တခါးဆီသို့အကြည့်ရောက်သွားမိသည်။
အပေါက်၀တွင် သင်္ကန်း၀တ်ဖြင့်ပေါ်လာသည့်‌
ကိုရင်လေးက သူ့အတန်းထဲကကျောင်းသားလေးပါပဲ။

"ကိုရင်...ဒီမှာဆရာထမင်းစားမလို့....ဘာကိစ္စဖြစ်လို့လည်း...."

"ကိစ္စထွေထွေ ထူးထူးဖြစ်တာမဟုတ်ပါဘူး...
ဆရာ့ဆီကို ဧည့်သည်လာလို့...."

"ဘယ်လို..ဧည့်သည်....ဘယ်သူလည်း..."

"ပုံရိပ်တဲ့...ဘုရားကြီးဘေးက ကန်ဘောင်ပေါ်မှာစောင့်နေမယ်တဲ့ အရေးကြီးကိစ္စမို့ အခုချက်ချင်းလိုက်လာခဲ့ဖို့ပါမှာသွားတယ်..."

"ပုံရိပ်..."

နေမျိုး၏နှုတ်ခမ်းဖျားမှ ပုံရိပ်ဆိုသည့်အမည်ကို ရေရွှတ်လိုက်ပြီးတဲ့နောက်မှာ အံ့ဩမှုတွေကပါ မျက်နှာတွင်ယှက်ဖြာသွားခဲ့‌သည်။
ပုံရိပ်က သူ့ဆီကိုဘာအကြောင်းနဲ့ ရောက်လာရတာပါလိမ့်။ဒီကလေးနဲ့ ဆုံမိတိုင်းသူ့ကိုခင်မင်ချင်တဲ့ မျက်နှာရိပ်မျိုးမပြဖူးလေတော့ သူဆီလာလည်တယ်ဆိုသည့်စကားဟာ ကမ္ဘာ့အကြီးမားဆုံးငလျှင်ကြီးက သူ့အခန်းထဲမှာ လာလှုပ်ခက်သွားသလို ခံစားလိုက်ရတယ်။
ထမင်းလုတ်ကိုကိုင်ထားပြီးသည့် လက်အားချက်ချင်းဆေးလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနှင့် အခန်းထဲမှ ထွက်လာလိုက်သည်။

မုန့်စားဆင်းချိန်ဖြစ်တာကြောင့် ကျောင်း၀င်းတစ်ခုလုံးဟာ ကလေးတွေရဲ့ဆော့ကစားစရာ ကစားကွင်းကြီးလိုဖြစ်နေသည်။
နေရာတိုင်းမှာလည်း ပြေးလိုက်၊လွှားလိုက်နဲ့ သူတို့ချည်းဘဲ ။ဘုရားရင်ပြင်ပေါ်တွင်လည်း စိန်ပြေးတိုင်းကစားနေကြတာများ ပွက်လောကိုရိုက်နေကြတာပါဘဲ။

"ဆရာ....ဘယ်သွားမလို့ပဲ.."

"...ဟိုဘက်ခဏပါ..."

ကျောင်းမှာ စာသင်ပေးတဲ့ ဆရာမနုနုခင်က
ထိုင်နေရင်း လှမ်းမေးလာတာကြောင့် ရင်ပြင်ပေါ်သို့တက်ခါနီး ဖြေနေရသေးသည်။
ဆရာမနုနုခင်ကတော့ အပြုံးချိုချိုနှင့် ပြုံးပြပြီးခေါင်းငြိမ့်ပြလေသည်။

"ဟေ့...ဘုရားပေါ်ကိုမတက်နဲ့လေ...ငရဲကြီးတယ်လို့ပြောထားတယ်မဟုတ်လား..."

"မတက်ပါဘူးဆရာရယ်..."

"ဟင်း..ဟင်း..ငါကမမြင်တာမှတ်လို့...‌
ဗြောင်လိမ်ဗြောင်စားနဲ့နော်...ဘုန်းကြီးလက်ထဲကိုထည့်လိုက်လို့...ပန်းကန်ဆေးနေရမယ်..."

"အာ...ဆရာကလည်း...စိတ်ပုပ်လိုက်တာ...."

ကျောင်းထိုင်ဘုန်းကြီးက ကလေးတွေကိုအပြစ်ပေးရင်တုတ်နဲ့ရိုက်တာမဟုတ်ဘဲ ကျောင်းဝေယျာ၀စ္စတွေကို နင်းကန်လုပ်ခိုင်းတတ်တာကြောင့်
သူတို့တွေများ ဆရာတော်ကြီးရဲ့လက်ထဲကိုထည့်မယ်ဆိုရင် ဖင်တုန်အောင်ကြောက်တတ်ကြတယ်။
ဒီအချက်ကိုသိလို့လည်း တမင်ကိုပြောပစ်လိုက်တာပါ။

ဘုရားရင်ပြင်တော် ပါ်မှကိုဖြတ်လျှောက်ပြီး ရေကန်ကြီးနှင့် နီးကပ်လာတဲ့အခါမှာ ကျောင်းစိမ်း၀တ်စုံလေးကို ၀တ်ထားပြီးလွယ်အိတ်ကလေးကို သဲပေါ်သို့ချထားတာ ကန်ဘောင်ပေါ်တွင်ထိုင်နေသည့် ကလေးမလေးရဲ့ကျောပြင်ကိုတွေ့ရလေသည်။
ဒီအချိန်ဟာအထကကျောင်းမှ(၉)တန်းသမားတွေကျောင်းဆင်းတဲ့အချိန်ဆိုတော့ ဒီကောင်မလေး ကျောင်းကနေဒီကို တန်းလာလိုက်တာများလား။ဘယ်လို ကိစ္စကြောင့်ဖြစ်နိုင်မလဲ။

"ပုံရိပ်...စောင့်ရတာကြာသွားလား.."

သူ့ရဲ့ခေါ်သံကြောင့် ဇက်ကလေးစောင်းပြီးလှည့်ကြည့်လာတဲ့ ကောင်မလေး။
နင့်နင့်သည်းသည်းငိုထားပုံရတဲ့ မျက်၀န်းနီနီတွေ။သူ့ကိုကြည့်လာတဲ့ အကြည့်တွေမှာလည်း
အမုန်းတရားနဲ့ဒေါသတွေပါ၀င်နေတယ်။
သူမရဲ့မျက်၀န်းတွေက အရောင်စူးလွန်းနေပြီး တစ်ခုခုကိုပြင်းပြင်းထန်ထန်အပစ်ပေးချင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။

သူစိုးရိမ်နေမိတာက သူမအပစ်ပေးချင်တဲ့လူဟာ
သူကိုယ်တိုင်များ ဖြစ်နေမလားဆိုတာဘဲ.....။

🌹🌹🌹🌹🌹🌹🌹

ပုံရိပ်တို့ဘာကို စိတ်ဆိုးနေတာဖြစ်နိုင်မလဲ...

==========================================

🔥🌹"ဆူးႀကိဳး..."🌹🔥          
                                                                     

                                     အခန္း(၆)

                                           

              

"ပံုရိပ္ နင့္ကိုအဲ့ဒီ့မွာရပ္ေနလို႔ ေျပာေနတယ္ေနာ္...."

မိုးေရေတြစိုေန၍ စိတ္ညစ္ေနသၫ့္အခ်ိန္
ေအာ္ေငါက္ၿပီး အမိန႔္လာေပးေနသၫ့္ေကာင္ကို  မ်က္ေစာင္းထိုးကာ ေဒါသမ်က္၀န္းေတြႏွင့္ၾကၫ့္ပစ္လိုက္သည္။
အေမျဖစ္သူကလည္း စရိုက္ၾကမ္းသလို
သားျဖစ္သူကလည္း မိုက္ကန္းကန္းနဲ႔ဆိုေတာ့ သားအမိ‌ ေတာ္စပ္တယ္ဆိုတာ သံသယျဖစ္ဖြယ္ရာမရိွဘူး။
ႏွစ္လံုးေတြခ်ဲေတြထိုးၿပီး ေအာ္ေက်ာ့လန္သူ႔အေမကရပ္ကြက္ထဲရိွ လူေတြနဲ႔အေပါက္အလမ္းမတၫ့္သလို သားျဖစ္သူကလည္းတစ္စက္မွပံုမလာဘူး။
ေက်ာင္းမွာ အတန္းႀကီးဇိုးေတြနဲ႔ေပါင္းၿပီး မုန႔္စားဆင္းခ်ိန္တိုင္း အားအားယားယားေက်ာင္းတစ္ပတ္လွၫ့္ပတ္ေနသၫ့္ေကာင္မ်ိဳးပင္။
 
ဒီေကာင္နဲ႔သူ႔သူငယ္ခ်င္းအဖဲြ႔ ေက်ာင္းကစားကြင္းရဲ့ေတာင္ဘက္ျခမ္း ကန္ေဘာင္ေဘးမွာေကာ္ရႉေနၾကတာကို ပန္းခ်ီထိုင္ဆဲြေနရင္းနဲ႔မေတာ္တဆႄကံုခဲ့ရတယ္။
ႏွစ္ခါေလာက္အထိ ပံုရိပ္ေတြ့လိုက္ၿပီးတည္းက ေနာက္ပိုင္းကန္ေဘာင္အနားကိုမသြားျဖစ္ေတာ့တဲ့အထိဘဲ။အခုလည္း သူ႔ကိုအဖက္မလုပ္ဘဲ မိုးေရထဲမွာ ခပ္ျမန္ျမန္ေလ်ွာက္ေနသၫ့္ ပံုရိပ္ရဲ့အေနာက္ကေန ဘာေၾကာင့္လိုက္လာသလဲ မသိ‌ေပ။
ဒီလိုလူေတြနဲ႔မပတ္သတ္ခ်င္ပါဘူးဆိုမွ ထိပ္တိုက္ကိုလာေတြ့ေနရတယ္။

"ပံုရိပ္....နင့္ကိုငါရပ္လိုက္လို႔ ေျပာေနတယ္ေနာ္...."

"အား...နင္ဘာလုပ္တာလဲ...ငါ့လက္ကိုလႊတ္ေနာ္..."

လက္ေမာင္းကို အတင္းလာဆဲြတဲ့သူ႔ရဲ့ပခံုးကိုအားနဲ႔ ပိတ္တြန္းပစ္လိုက္ၿပီး ေအာ္ပစ္လိုက္သည္။
မိုးစက္ေတြကလည္း ခပ္စိပ္စိပ္ရြာသြန္းလာၾကၿပီး ေလကပါေရာပါလာေတာ့ ပံုရိပ္ရဲ့ေဒါသကပို၍ရုပ္လံုး၀ႂကြေနသည္။
ပံုရိပ္ကိုၾကၫ့္ေနတဲ့ သူ႔ရဲ့မ်က္၀န္းေတြကလည္း ေဒါသအေရာင္လႊမ္းေနၿပီး အံကိုတင္းထားတာေၾကာင့္ သူ႔ရဲ့ေမးရိုးေတြဟာတင္းထြက္ေနကာ နားထင္ေၾကာေတြကိုေတာင္ ျမင္ေနရသည္။

ပံုမွန္ဆိုရင္ သူနဲ႔ပံုရိပ္က ေယာင္လို႔ေတာင္စကား
မေျပာဖူးတာေၾကာင့္ တစ္ရပ္ကြက္ထဲသားခ်င္းေပမဲ့ သူမေခၚ၊ကိုယ္မေခၚ ႏွင့္ မေတြ့ဖူးသူေတြလိုပဲေနျဖစ္တာပါဘဲ။
ပံုရိပ္ကလည္း အေနေအးၿပီး ကိုယ္ေနတတ္သလိုေနသၫ့္နည္းတူ သူကလည္းဂ်စ္ကန္ကန္နဲ႔ ဘယ္သူ႔မွလူမထင္တဲ့ေကာင္ပင္။အခုသူ႔ဘက္ကေန စေခၚတယ္ဆိုေတာ့ သူရူးေနတာမဟုတ္ရင္
ေဆးေၾကာင္ေၾကာင္ေနလို႔ဘဲ။

"ဟိန္းကို...နင္ဘာျဖစ္ေနတာလဲ...
ကိုယ့္လမ္းကိုယ္သြားေနာ္....ငါ့ကိုလာမရႈပ္နဲ႔.."

"ဒီမွာ...ရႈပ္ေနတာက ငါမဟုတ္ဘူး...နင္ကသာငါ့ကိုလာရႈပ္ေနတာ...."

"နင္ေပါက္ကရေတြလာမေျပာနဲ႔ ငါနင္နဲ႔စကားမေျပာခ်င္ဘူး..."

"ငါကလည္း နင့္လိုလူနဲ႔စကားသိပ္ေျပာခ်င္ေနတယ္မထင္ပါနဲ႔...အခုနင္တိုင္လိုက္တဲ့ကိစၥေၾကာင့္ ေက်ာင္းအုပ္ကပါ ငါ့ကိုေခၚဆူတယ္..
ငါ့တစ္ေယာက္ထဲဆိုရင္ကိစၥမရိွဘူး...ငါ့အေမကိုပါေခၚခံရတဲ့ကိစၥမွာ ငါနင့္ကိုလံုး၀မေက်နပ္ဘူး....
နင္ဟိုတေလာက ကန္နားကိုလာတာငါေတြ့လိုက္တယ္...နင္ကဘာမို႔ ဟိုတိုင္ဒီေတာလုပ္ေနရတာလဲ
...ဟမ္!!!!နင္ကဘာေကာင္မို႔သူမ်ားကိစၥကို ၀င္ပါေနရတာလဲ...."

ဟိန္းကိုဆိုတဲ့ေကာင္က ပံုရိပ္ရဲ့လက္ေမာင္းကို
သူ႔ဘက္သို႔ ခပ္ၾကမ္းၾကမ္းဆဲြယူလိုက္တာေၾကာင့္
 မိုးစက္ေတြခိုတဲြေနသၫ့္ သူ႔မ်က္၀န္းနီနီေတြကို အနီးကပ္ျမင္လိုက္ရတဲ့အခါ ပံုရိပ္ရဲ့အတြင္းသ႑န္မွာ ပုန္းေအာင္းေနသၫ့္ အေၾကာက္တရားကလည္း လိႈင္းအနည္းငယ္ထသြားခဲ့သည္။
ကတံုးဆံပင္ေပၚကေန သူ႔မ်က္ႏွာ‌ေပၚသို႔စီးက်လာတဲ့ ေရေတြဟာ သူ႔မ်က္လံုးထဲအထိ ၀င္ေနေပမဲ့မ်က္ေတာင္ တစ္စက္မွမခက္သြားဘူး။
 ငယ္ငယ္က ေမေမေျပာျပဖူးတဲ့ပံုျပင္ထဲကလို
အသားစားတဲ့အာဠာ၀ကတစ္ေကာင္ကို မ်က္ဝါးထင္ထင္ျမင္လိုက္ရသလို ခံစားေနမိတယ္။

"ဟိန္းကို...ငါ့လက္ကိုလႊတ္လို႔ေျပာေနတယ္ေနာ္...
နင္နဲ႔ပတ္သတ္ရင္ ဆံခ်ည္တစ္မ်ွင္စာေတာင္
ငါ့အတြက္စိတ္၀င္စားစရာမေကာင္းလို႔ ဘာကိုမွ
၀င္ရႈပ္စရာအေၾကာင္းမရိွဘူး ရွင္းလား...."

"အဲ့ဒါဆိုရင္ ငါတို႔ကိုကန္ေဘာင္မွေတြ့ခဲ့တဲ့ကိစၥ
ဘာလို႔ခၽြန္တြန္းလုပ္ခဲ့တာလဲ...နင္မိန္းကေလးျဖစ္ေနလို႔ေနာ္...ေယာက္်ားေလးဆိုရင္ ဒီေနရာမွာပဲြခ်င္းၿပီးပဲ....ငါ့ကိုဘာေကာင္မွတ္ေနလဲ!!!!"

မိုးခ်ိန္းသံႏွင့္အတူ အသံနက္ႀကီးနဲ႔ေအာ္လိုက္သၫ့္နည္းတူ ပံုရိပ္ရဲ့လက္ကိုပါလႊတ္ေပးသလိုလိုနဲ႔
လႊဲရမ္းပစ္လိုက္သည္။အရိွန္နဲ႔ လူကပါနဲနဲယိုင္က်သြားတာေၾကာင့္ ပံုရိပ္ရဲ့ေဒါသေတြကအတိုင္းထက္
အလြန္ကို ေပါက္ကဲြထြက္လာခဲ့တယ္။မိုးေရေတြဟာ ပံုရိပ္ရဲ့ေခါင္းေပၚကေန မ်က္ႏွာေပၚကိုစီးက်လာခဲ့တဲ့အျပင္မ်က္လံုးထဲကိုပါဝင္လာတာေၾကာင့္မ်က္လံုးေတြပါက်ိန္းစက္လာခဲ့တယ္။
ပံုရိပ္ဆိုတာ ကိုယ္လုပ္ရင္ကိုယ္ခံရဲသူဆိုေပမဲ့
မလုပ္ပဲ အစြပ္စဲြခံရရင္လည္း အဲ့ဒီလူကိုတစ္ခုခု ႀကီးႀကီးမားမားတုန္႔ျပန္လိုက္ရမွ ေနသာတဲ့လူမ်ိဳး။

နာက်င္ေနေပမဲ့ ေအာက္ႏႈတ္ခမ္းကို စူးနစ္စြာ
ဖိႀကိတ္ပစ္လိုက္ၿပီး လက္ထဲမွာကိုင္ထားတဲ့လြယ္အိတ္ကို အားနဲ႔လႊဲခ်ပစ္လိုက္သည္။
တဒဂၤေလာက္ မထိန္းခ်ဳပ္ႏိုင္လိုက္တဲ့ ပံုရိပ္ရဲ့ေဒါသတရားေၾကာင့္ နာက်င္သြားတဲ့ဟိန္းကိုအဖို႔  ဧရာမမီးေတာက္အား  ေရႏွင့္ၿငိမ္း၍လည္းမရေတာ့သၫ့္အတိုင္းအတာသို႔ ေရာက္သြားေစတာကိုေတာ့ ပံုရိပ္ညံ့ဖ်င္းစြာ မတြက္ဆလိုက္မိေပ။

"ပံုရိပ္...နင္ကငါ့ကိုဘာေကာင္ထင္ေနလဲ....
အေလ်ွာ့ေပးထားတာကို...အဟုတ္မွတ္ေနတာလား..."

"ဟိန္းကို...နင့္ငါ့အသားကို လာမထိနဲ႔ေနာ္...
ငါကလည္းၿငိမ္ခံေနမယ္မထင္နဲ႔...
အဲ့ဒီ့ကန္နားကို ငါတစ္ေယာက္တည္းပဲသြားလို႔ရတာလား...နင့္မွာဦးေနွာက္ပါရင္ သူမ်ားကိုအျပစ္အရင္တင္မဲ့အစား...ကိုယ့္ဘာသာကိုယ္ေသခ်ာေတြး...
ေက်ာင္းသားေပါင္းေသာင္းေျခာက္ေထာင္ေလာက္ရိွတဲ့ေနမွာ မဟုတ္တာလုပ္ၿပီး...ငါ့ကိုလာမရမ္းနဲ႔...
အပုပ္အပြဆိုတာ သူမ်ားေျပာမွမဟုတ္ဘူး...
အခ်ိန္တန္ေတာ့အနံ႔ထြက္လာမွာပဲ...
ကိုယ္ျဖစ္ကိုယ္ခံ..ငါ့ကိုလာဆဲြမထၫ့္နဲ႔...."

"ဟာ....နင္ေတာ့ေသေတာ့မွာပဲ...."

"ေဟ့...ဘာျဖစ္ေနၾကတာလဲ...."

ပံုရိပ္ကို ရိုက္ဖို႔လက္ရြယ္လိုက္တဲ့ ဟိန္းကိုဟာ ေအာ္သံတစ္ခုေၾကာင့္ သူ႔လက္ေတြကိုျပန္ရုတ္လိုက္သည္။
အသံလာရာ လူရိပ္ဟာထြန္းကို၏ အေနာက္ဘက္မျွဖစ္သည္။မိုးေရထဲမွာဆိုေပမဲ့ ထိုလူရဲ့ပံုသ႑န္ကိုေသခ်ာျမင္ရပါတယ္။အိက်ႌစြပ္က်ယ္ခ်ိဳင္းျပတ္အနက္ေရာင္ကို ၀တ္ဆင္ထားၿပီး ပုဆိုးကိုဒူးေခါင္းေလာက္အထိ တက္၀တ္ထားသၫ့္လူတစ္ေယာက္။အလႉအိမ္‌ေတြမွာ သံုးေလ့ရိွၾကသၫ့္ ဒယ္အိုးႀကီးကို ေခါင္းေပၚမွာ ဦးထုပ္ေစာင္းထားသလိုေမွာက္လ်ွက္သား ရြက္ထားတာေၾကာင့္ ဒယ္အိုးႏႈတ္ခမ္းစပ္ႏွင့္ ကြယ္ေနသၫ့္ထိုလူရဲ့မ်က္ႏွာကို ေသခ်ာမျမင္ရေပ။
ပံုရိပ္တို႔၏ အနားကိုတျဖည္းျဖည္းတိုးကပ္လာသၫ့္ ထိုလူ႔ရဲ့ မ်က္ႏွာကိုမျမင္ရေပမဲ့ ခႏၶာကိုယ္အရပ္အေမာင္းကို ၾကၫ့္မိရံုနဲ႔ဘယ္သူဆိုတာ ခန႔္မွန္းလိုက္မိတယ္။
ဒယ္အိုးႀကီး၏ လက္ကိုင္ေတြကိုမလိုက္သၫ့္အခ်ိန္ တစတစ ထင္ရွားလာတဲ့ထိုလူ႔ရဲ့ႏႈတ္ခမ္းမွစ၍ မ်က္၀န္းေတြဟာ ေသခ်ာေပါက္ပံုရိပ္ရင္ထဲကမိတ္ေဆြႀကီးပါပဲ။

"မင္းတို႔ရန္ျဖစ္ေနၾကတာလား...."

"မဟုတ္ပါဘူး....ခင္ဗ်ားကိုယ့္လမ္းကိုယ္သြားပါ..."

"မင္းနာမည္ဟိန္းကို မဟုတ္လား...မင္းငါ့ကိုမွတ္မိလား....."

မိုးၿခိမ္းသံကိုေတာင္ ဖံုးအုပ္ေလာက္သည္အထိ က်ယ္ေလာင္စြာ ေအာ္ေျပာလာသၫ့္အသံပိုင္ရွင္ကို လွၫ့္ၾကၫ့္လိုက္မိေတာ့ သူ႔အာရံုထဲမွာ ေသခ်ာျပတ္သားစြာ မွတ္မိေနသၫ့္လူတစ္ေယာက္ျဖစ္ေနသည္။

လမသာသလို ၾကယ္ေတြအလ်ွင္းမရိွတဲ့ လမိုက္ညတစ္ညမွာ ဘုန္းႀကီးေက်ာင္းရဲ့ တံတိုင္းအေနာက္ဘက္မွာရိွတဲ့ က်ူပင္ႏွင့္ျမက္ရိုင္းမ်ားသာ
ေတာထေနသၫ့္ လမ္းၾကားတစ္ခုဟာ အရိုင္းဆန္စြာရိွေနခဲ့တယ္။
ထို‌ညၪ့္အေမွာင္ကို အကာအရံယူထားၿပီး
တုတ္ကိုယ္ဆီကိုင္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ မိုက္ကန္းစြာ ၾကၫ့္ေနၾကေသာအဖဲြ႔ႏွစ္ဖဲြ႔တြင္
 တစ္ဖက္က ရပ္ကြက္ထဲရိွ ဇိုးမ်ားအဖဲြ႔ျဖစ္ၿပီး က်န္တစ္ဖက္ကေတာ့ ငမိုက္သားေခ်ာက္ကမ္းပါးအား ေျခတစ္ဖက္လွမ္းစျပဳေနၾကသၫ့္ ဆယ္ေက်ာ္သက္ေက်ာင္းေနအရြယ္အဖဲြ႔ေပါ့။
ထိုအဖဲြ႔ထဲမွာ ဟိန္းကိုဆိုတဲ့သူကိုယ္တိုင္လည္းပါ၀င္ခဲ့တယ္။

ခ်ိန္းပဲြလို႔ သတ္မွတ္ထားတဲ့ ရန္ပဲြမွာ ႏွစ္ဖက္အေသအေၾက ခ်ၾကရင္း တိုက္ပဲြအငယ္စားေလးကို ဆင္ႏႊဲခဲ့ၾကတယ္။
သူတို႔အဖဲြ႔ဖက္က သူတစ္ေယာက္ပဲလူေကာင္ထြားသူရိွတာေၾကာင့္ မႏိုင္တဲ့အဆံုးမွာ တစ္ေယာက္တစ္လမ္းဆီထြက္ေျပးခဲ့ၾကရတယ္။ဟိုဖက္အဖဲြ႔ကလူေတြကလည္း အလြတ္မေပးတမ္း လိုက္ေနခဲ့တာေၾကာင့္ တံခါးေပၚကေနခုန္‌ေက်ာ္ၿပီးဘုန္းႀကီးေက်ာင္းထဲကို ၀င္ပုန္းရင္း ဒီလူနဲ႔အမွတ္မထင္ေတြ့ခဲ့ရတယ္။

ကိုရင္ေတြပါဝိုင္းအံု‌လာၿပီး ဘုန္းႀကီး‌ပါေရာက္လာတဲ့အခါ ေနာက္ဆံုးေမးၾကျမန္းၾကရင္းနဲ႔
သူ႔နာမည္"ဟိန္းကို.."ဆိုတာနဲ႔ သူ႔အေၾကာင္းအနည္းအက်ဉ္းကို ေျပာျပလိုက္မိတယ္။
ထူးဆန္းတာက ဘုန္းဘုန္းဟာသူ႔ကို ေမာင္းမထုတ္တဲ့အျပင္ ေနမ်ိဳးဆိုတဲ့ဒီလူ႔ကိုေတာင္ သူ႔ရဲ့ဒဏ္ရာေတြကို ေဆးလိမ္းခိုင္းခဲ့တယ္။ထိုညကေနစၿပီး ရန္ျဖစ္တဲ့ကိစၥေတြကို မလုပ္ဖို႔ႀကိဳးစားမိေပမဲ့ တစ္ေကာင္ေကာင္ရဲ့ခၽြန္တြန္းလုပ္မႈေၾကာင့္ အေမေရာသူပါ ေက်ာင္းအုပ္ႀကီးရံုးခန္းထဲမွာ ခံ၀င္ကတိအေနနဲ႔လတ္မွတ္ထိုးခဲ့ရတယ္။

ေကာ္ခိုးရႉခဲ့ၾကတဲ့ သူတို႔အဖဲြ႔ေတြ အကုန္ပါတယ္ဆိုေပမဲ့ တိုင္တဲ့ေကာင္ကိုမိရင္ေတာ့ အေရခြံစုတ္ပစ္ဖို႔ပါ ေတြးထားၿပီးသား။ပံုရိပ္ကို မသကၤာေပမဲ့ လမ္းသြားလမ္းလာေတျြဖတ္ေလ်ွာက္လာၾကသလို ဘုန္းႀကီးေက်ာင္းကဆရာေနမ်ိဳးဆိုသူပါ ၾကၫ့္ေနတာေၾကာင့္ သူ႔စိတ္ကိုခဏေလာက္ ေလ်ာ့ပစ္လိုက္ရသည္။

" တိုင္တဲ့လူကနင္ဆိုတာ ငါသိတဲ့ေန့ နင့္ဘ၀ႀကီး
ငါးပါးေမွာက္တဲ့ေန့ပဲ...."

ပံုရိပ္ကိုၿခိမ္းေျခာက္စကားေျပာခဲ့ၿပီး မိုးေရထဲမွလမ္းၾကားထဲသို႔ဝင္သြားတဲ့ ေကာင္ကို
ပံုရိပ္အရမ္းမုန္းသြားမိတယ္။
အခုမွပထမဆံုး စၿပီးစကားေျပာဖူးတာဆိုေပမယ့္
အရပ္ထဲမွာေျပာၾကတဲ့ "ဒီေကာင္ေလးက သိပ္ဆိုးသိပ္မိုက္တဲ့ကေလး..."ဆိုတဲ့စကားကို မ်က္ဝါးထင္ထင္ျမင္လိုက္ရသလိုပါဘဲ။

"ေဟ့...မိုးေရထဲမွာ ဘာလုပ္ေနတာလဲ..."

ပံုရိပ္ရဲ့ကယ္တင္ရွင္ႀကီးကိုၾကၫ့္လိုက္မိေတာ့ ဒယ္အိုးႀကီးကို ေခါင္း‌ေပၚမွာ ရြက္ထားပံုႀကီးက ၾကၫ့္ယံုနဲ႔တင္ ရယ္ခ်င္စရာေကာင္းေနၿပီ။
ဟိန္းကိုေၾကာင့္ ေၾကာက္စိတ္ေလး၀င္သြားမိတဲ့အေျခအေနမွာ သူကပံုရိပ္အဖို႔ ကယ္တင္ရွင္ႀကီးလိုပါပဲ။
ဒါေပမဲ့ ပံုျပင္ေတြထဲမွာလို ျမင္ျဖဴၾကီးစီးလာတာမ်ိဳးမဟုတ္ပဲ ဒယ္အိုးႀကီးကိုေခါင္းမွာ ရြက္လာသတဲ့။ဘယ္လိုလူပါလိမ့္။

"ထီးမပါဘူးလား...."

မိုးေရေတြစိုရႊဲေနသၫ့္ ပံုရိပ္ကိုေသခ်ာၾကၫ့္ၿပီး စိုးရိမ္ဟန္နဲ႔ ေမးလာတာေၾကာင့္ ေခါင္းသာခါျပလိုက္သည္။

"ဒါဆို ဒီကိုလာ...."

"ဘယ္ကိုလာရမွာလဲ...."

"ဒီကိုလာပါဆို...."

ပံုရိပ္ရဲ့လက္ေကာက္၀တ္ကေနမဟုတ္ပဲ လြယ္အိတ္ႀကိဳးကေန လွမ္းဆဲြလိုက္တာေၾကာင့္
ပံုရိပ္လည္း အမိုးလိုျဖစ္ေနသၫ့္ ဒယ္အိုးေအာက္သို႔ ေရာက္သြားရေလသည္။သူ႔အရပ္ကရွည္ေတာ့ ဒယ္အိုးနဲ႔ ပံုရိပ္ရဲ့ေခါင္းက အလြတ္ႀကီးပါဘဲ။
ဒါေပမဲ့ နားမလည္တာက ပံုရိပ္ကိုဘာေၾကာင့္အတင္းဆဲြေခၚရသလဲဆိုတာဘဲ။

"မင္းရဲ့အိမ္ကဘယ္မွာလည္း...ငါ့ကိုလမ္းျပေပး.."

"ဘာလုပ္မလို႔လဲ...."

"ထမင္းလိုက္စားမလို႔...."

"ဘာေျပာတယ္...."

ရဲြ႔ၿပီးေျပာလိုက္ေတာ့ မ်က္လံုးျပဴးေလးနဲ႔ သူ႔ကိုျပန္ၾကၫ့္လာသၫ့္ေကာင္မေလးကို ျပန္ငံု႔ၾကၫ့္လိုက္မိသည္။
ရယ္ခ်င္စိတ္ကိုလည္း မနည္းထိန္းေနရတယ္။
မိုးေရေတြစိုၿပီး ႂကြက္စုတ္လိုျဖစ္ေနတဲ့၍
အေအးပတ္မွာစိုးလို႔ အိမ္အထိလိုက္ပို႔မဲ့ဥစၥာ
ေမးလိုက္ျမန္းလိုက္တာလည္း ခဏခဏဘဲ။

"ဦးေလးတကယ္ေျပာေနတာလား...."

"ဘာ!!!!"

"ဟာ..ျဖည္းျဖည္းေအာ္စမ္းပါ...တေထြးေတြမ်က္ႏွာကိုလာစင္ေတာ့မယ္...."

စကားေျပာတာ အားပါသြားတာေၾကာင့္ တံေထြးစင္သြားတဲ့ေကာင္မေလးကိုနည္းနည္းေတာ့ အားနာသြားမိတယ္။ဒါေပမဲ့"ဦးေလး"လို႔လာအေခၚခံလိုက္တဲ့လူကို ပိုအားနာဖို႔ ေကာင္းတာေပါ့။
မေန့တေန့ကမွ တကၠသိုလ္ကေန ဘဲြ႔ရထားတဲ့လူတစ္ေယာက္ကို ဦးေလးဆိုေတာ့ ေနာက္ငါးႏွစ္ေလာက္ဆိုရင္ အဖိုးလို႔မ်ားအေခၚခံရမလားမသိဘူး။

"မင္းငါ့ကိုခုဏက ဘယ္လိုေခၚလိုက္တာလဲ..."

"ဘာလဲ...ဦးေလးလို႔ေခၚလိုက္တာ မႀကိဳက္လို႔လား..."

"ေအးေလ...ငါ့ရုပ္ကအဲ့ေလာက္ရင့္ေန‌လို႔လား..."

"အဲ့ဒါေတာ့ ကိုယ္ဘာသာမွန္ထဲမွာ ျပန္ၾကၫ့္ေပါ့..."

ေသလိုက္ပါေတာ့ "ေနမ်ိဳးေရလို႔"ကိုယ့္နဖူးကိုယ္သာျပန္ရိုက္လိုက္ခ်င္သည္။
လက္ကလည္း အိုးကိုမထားရေတာ့ လက္အားမေနတာေတာ္ေတာ္ဂြက်တယ္။
ပိုၿပီး ဂြက်တာကေတာ့ ဒီကေလးမပဲ။
ေတာ္ေတာ္လက္ေပါက္ကပ္ၿပီး စကားေျပာရတာလည္း သူမ်ားႀကိဳက္မွန္းမသိ၊မႀကိဳက္မွန္းမသိ တံုးတိႀကီး။
ဘယ္ဥကမ်ား ေပါက္လာသလဲမသိဘူး။

ကိုယ့္ညီမသာဆို "နင္ေသခ်ာၾကၫ့္စမ္း..ဒီရုပ္ဒီ‌ရည္က ဦးေလးျဖစ္စရာလားဆိုၿပီ...နားရင္းကိုအိုးစည္လိုတီးၿပီး ၾကၫ့္ခိုင္းလိုက္ခ်င္တယ္..."အခုေတာ့ျဖင့္..

"ကဲ...မင္းရဲ့အိမ္ကိုသာ လမ္းျပစမ္းပါ...မိုးေတြကရြာေနတာ မင္းအေအးမိမယ္...ငါ့မွာကထီးမပါေတာ့ ဒယ္အိုးပဲေစာင္း..."

သူ႔စကားက ဒီေကာင္မေလးရဲ့သြားတန္းေလးေတြေပၚသည္အထိ ႃပံုးေအာင္လုပ္လိုက္ႏိုင္မယ္လို႔ တကယ္ကို မထင္ထားခဲ့မိဘူး။သူနဲ႔ေတြ့လိုက္တိုင္း အၿမဲမ်က္ႏွာတည္ႀကီးနဲ႔ေနတတ္တဲ့ ကေလးမက
ရယ္လိုက္ေတာ့လည္း ၾကၫ့္ေကာင္းသားဘဲ။

သို႔ေပမဲ့ ထိုအႃပံုးေလးကို ‌ေတြ့လိုက္ရတဲ့အႀကိမ္ေရက တစ္ႀကိမ္တည္းပါပဲ။သူ႔ရဲ့အိမ္ကို လမ္းေလ်ွာက္ေနတဲ့ တစ္လမ္းလံုးမွာ တိတ္ဆိတ္ေနတာေၾကာင့္
ကိုယ္ေတာင္ ေနရခက္လာသလိုပဲ။
ထီးမဟုတ္ပဲ ေဆာင္းေနရတာက ဒယ္အိုးႀကီးဆိုေတာ့ ေကာင္မေလးရွက္မယ္ထင္ခဲ့တာ။
အသာတၾကည္ေတာ့ လိုက္လာသားပဲ။
ဒီလိုဆိုေတာ့ ကိုယ့္ကိုသူအျမင္ၾကည္တယ္ဆိုတဲ့ သေဘာပဲေပါ့။

ေကာင္မေလးသြားေနတဲ့ လမ္းကသူဓမၼာရံုကိုသြားေနၾကလမ္းနဲ႔ အတူတူပါပဲ။
ဒီလမ္းကို ေခါက္တံု႔ေခါက္ျပန္ေလ်ွာက္ေနၾကေပမဲ့
အရင္ကဒီကေလးမကို ဘာေၾကာင့္မျမင္မိတာပါလိမ့္။ ကိုယ္ကပဲ မ်က္စိမႈန္ေနလို႔လားမသိ‌။
ဒီလမ္းထဲက ကေလးေတြ ကိုယ္နဲ႔မသိတဲ့လူတစ္ေယာက္မွမရိွပါဘူး။
အစကေတာ့ ဓမၼာရံုကိုဒယ္အိုးပို႔ရေအာင္ ထြက္လာခဲ့ျခင္းပါဘဲ။မိုးေတြရြာခ်လာတာေၾကာင့္ အသိအိမ္မွာမိုးစဲတဲ့အထိ ၀င္ေစာင့္ရင္းကေန မေစာင့္ႏိုင္တဲ့အဆံုး ဒယ္အိုးႀကီးကို ေစာင္းၿပီးထြက္လာခဲ့လိုက္တယ္။ မထင္မွတ္ဘဲ မိုးေရထဲမွာစကားမ်ားေနပံုေပၚတဲ့ ကေလးႏွစ္ေယာက္ေၾကာင့္သူလည္း
မေနႏိုင္ပဲ ၀င္ပါလိုက္ရတယ္။
ဟိုတေလာကတင္ "ပံုရိပ္ရဲ့အေဒၚနဲ႔ေတြ့လ်ွင္ ေက်ာင္းကိုလာဖို႔ "အမွာခံလိုက္ရတဲ့ ကိစၥကိုေတြးလိုက္မိရင္း ဒီေကာင္မေလးရဲ့အိမ္ကိုပါ တစ္ခါတည္းလိုက္ၿပီး သူ႔အေဒၚကိုေတြ့ဖို႔ဆံုးျဖတ္လိုက္မိတယ္။

"ေရာက္ၿပီ....ဒီအိမ္ပဲ...."

"အိမ္ထဲမွာ မင္းရဲ့အေဒၚရိွလား...."

"မသိဘူးေလ...ရိွရင္ရိွမွာေပါ့..."

ဒီလူ႔ကိုၾကၫ့္ရတာ အရမ္းထူးဆန္းေနတယ္။
ဘာေၾကာင့္အေဒါ့္ကိုခဏခဏေမးေနရတာပါလိမ့္။အေဒၚနဲ႔ဒီလူက ပံုရိပ္မသိလိုက္ခင္မွာပဲ ရင္းႏွီးသြားၾကတာမ်ားလား။
မိုးေတြကလည္း စဲေနၿပီမို႔ဒယ္အိုးကို ပံုရိပ္တို႔ရဲ့ၿခံစည္းရိုးနားမွာ ခဏကပ္ေထာင္ေနသၫ့္ လူအားထူးဆန္းစြာၾကၫ့္ ေနမိသည္။ ဒီလူကပံုရိပ္ကို လိုက္ပို႔တာမဟုတ္ဘူးလား။
မသိရင္ ပံုရိပ္တို႔ရဲ့အိမ္ေရ႔ွမွာပဲ စခန္းခ်မဲ့ပံုနဲ႔။

"ပံုပံု ေက်ာင္းကျပန္လာၿပီလား...."

အေဒါ့္ရဲ့ေခၚသံေၾကာင့္ ပံုရိပ္ေရာထိုလူပါလွၫ့္ၾကၫ့္လိုက္မိသည္။အေဒၚက လက္ထဲမွာဆန္အိတ္ကိုဆဲြလို႔ ေဈးဆိုင္မွ ျပန္လာပံုရတယ္။ဟိုလူ႔ကိုျမင္ေတာ့ အေဒၚကခ်က္ခ်င္း ႃပံုးျပလာတယ္။
ဟိုလူကလည္း ႃပံုးျပေနတာပါပဲ။

"ဘုန္းႀကီးေက်ာင္းမွာေနတဲ့ ဆရာေနမ်ိဳးဆိုတာမဟုတ္လား...ေမာင္ရင္က ဘယ္ကိုသြားမလို႔လဲ..."

"ဒီကေလးမကိုလမ္းမွာေတြ့တာနဲ႔...မိုးမိမွာစိုးလို႔ လိုက္ပို႔ရင္း အေဒၚနဲ႔လည္းေျပာစရာေလးရိွလို႔ပါ..."

"ဟုတ္လား...ဘာေျပာခ်င္လို႔လည္း...အိမ္ေပၚတက္ပါအံုးလားကဲြ႔...."

"ဟာ...ေနပါေစ...ဒီမွာပဲေျပာပါ့မယ္..."

ဒီလူကဘယ္လိုလူပါလိမ့္။စကားေျပာမဲ့အေရး
ပံုရိပ္ကိုၾကၫ့္လိုက္ အေဒါ့္ကိုၾကၫ့္လိုက္နဲ႔ မသိရင္အိမ္သာတတ္ခ်င္ေနသလိုရုပ္မ်ိဳး။
ဆရာေနမ်ိဳးတဲ့ ။ပံုရိပ္တို႔ေက်ာင္းကဆရာေတြလို ခပ္တည္တည္နဲ႔ ယူနီေဖာင္းအျဖဴအစိမ္း၀တ္ထားၿပီး ေဘးနားကျဖတ္သြားရင္ေတာင္ ေရေမႊးနံ႔သင္းေနတတ္တဲ့ ဆရာ‌ေတြနဲ႔ေတာ့ တျခားစီဘဲ။
ပုဆိုးကို ဒူးမေရာက္‌ရံုတမယ္ ၀တ္ထားတဲ့အျပင္ ဒယ္အိုးႀကီးကိုရြက္ထားခဲ့လို႔ သူ႔ကိုယ္ေပၚကေန ဒယ္အိုးအနံ႔ေတာင္ရေနသလိုလို။မ်က္ႏွာကလည္း အိုးမဲေတြေပေနေတာ့ ေၾကာင္ႀကီးက်ေနတာဘဲ။
ပံုရိပ္လည္း ဘာျဖစ္ေနတာပါလိမ့္ ဒီလူနဲ႔ေတြ့မွအမ်ိဳးမ်ိဳးေဝဖန္ေရး ထုတ္ေနမိတယ္။

"အေမေရ...ဒီမွာအေမ့သမီးအိပ္ရာေပၚကို ေသးေပါက္ခ်ေနတယ္...."

"ဟဲ့...ပံုပံုညီမေလးေသးေပါက္ခ်လို႔တဲ့ အိမ္ထဲကိုေျပးပါအံုးေအ...."

"ဟုတ္ကဲ့ေဒၚေလး..."

ေကာင္မေလးၿခံထဲသို႔ ေျပး၀င္သြားေတာ့မွ ေနမ်ိဳးလည္း သက္မကိုအသာခ်ၿပီး  ေဒၚရွင္းသန႔္ကိုအက်ိဳးအေၾကာင္းရွင္းျပမိေတာ့သည္။သူ႔ရဲ့စကားေတြေၾကာင့္ ေဒၚရွင္းသန႔္ရဲ့ မ်က္ႏွာညိုးက်သြားေပမဲ့ ကေလးတစ္ေယာက္ရဲ့ အနာဂတ္အတြက္ လုပ္သင့္လုပ္ထိုက္တဲ့ အရာျဖစ္လို႔ မသိုးမသန႔္စိတ္မ်ိဳးေတာ့ သူ႔မွာမရိွဘူး။
ေလာကႀကီးထဲက ကေလးေတြအမ်ားႀကီးရဲ့ဘ၀ကို
သူကုစားမေပးႏိုင္ေပမဲ့ လက္လွမ္းမွီသေလာက္ေတာ့ ကူညီေပးခ်င္တယ္။အထူးသျဖင့္
ေတာ္ခ်င္ပါလ်ွက္နဲ႔ ရည္မွန္းခ်က္ေပ်ာက္ဆံုးေနတဲ့ ကေလးမ်ိဳးကိုေပါ့။

ေက်ာင္းက ဆရာမေျပာလိုက္တဲ့စကားေတြကို တစ္ဆင့္ျပန္ၾကားလိုက္ရတဲ့အခ်ိန္မွာ အေဒၚျဖစ္သူရဲ့အံ့ဩတုန္လႈပ္သြားပံုကိုၾကၫ့္ရင္ ဒီကေလးမရဲ့အတြင္းစိတ္ကို အတူေနတဲ့သူေတာင္ သိမေနဘူးဆိုတာပိုေသခ်ာသြားတယ္။
ပံုရိပ္နဲ႔သူက ခံစားမႈ၊နာက်င္မႈအပိုင္းအစေတြကို အျပင္ထုတ္မေျပာတတ္တဲ့ အခ်က္ကေတာ့တူညီေနတယ္။
သို႔ေပမဲ့ ေကာင္မေလးက ငယ္ေသးတယ္။
ဒီအရြယ္က ေဝဒနာတစ္ခုကိုတစ္ေယာက္တည္းႀကိတ္ခံစားသင့္တဲ့အရြယ္မဟုတ္ဘူး။
သူမရဲ့မ်က္၀န္းေတြက အေရာင္ေတာက္ေနတတ္ၿပီးအျပင္ဘက္က ၾကၫ့္ရင္သာ သန္မာပံုေပၚေပမဲ့ အတြင္းစိတ္ကေတာ့ အားငယ္စိတ္ေတြနဲ႔ ရွင္သန္ေနမွန္း သူတြက္ဆမိတယ္။ကိုယ္တိုင္လည္း  ငယ္ငယ္ကဒီလိုခံစားခ်က္မ်ိဳးနဲ႔ ရွင္သန္ခဲ့ရသူမို႔ သူမရဲ့ရင္ထဲကပုစၧာကိုအေျဖရွာေပးခ်င္မိတယ္။လြယ္ေတာ့ မလြယ္ေလာက္ဘူး။

🌹🌹🌹🌹🌹🌹🌹🌹🌹

"ေဒါင္....ေဒါင္...ေဒါင္...."

ဘုန္းႀကီးေက်ာင္း၀န္းထဲရိွ နာရီစင္ႀကီး၏ႏိႈးေဆာ္လိုက္မႈႏွင့္အတူ ေနမ်ိဳး၏မသိစိတ္ဟာ ႏိုးထဖို႔ကိုလႈံ႔ေဆာ္လိုက္သည္။အလုပ္တစ္ခုကိုလုပ္ရင္
ဘယ္ေသာအခါမွ အခ်ိန္ေရႊ့ဆိုင္းတတ္သူမဟုတ္ေတာ့ မ်က္လံုးႏွစ္လံုးပြင့္တာနဲ႔ ခ်က္ခ်င္းအိပ္ယာက‌ေနထလိုက္ၿပီး ေစာင္ေတြ၊ေခါင္း‌အံုးေတြကိုသိမ္းကာ ကိုယ့္အခန္းကိုတံျမက္လွည္းသိမ္းဆည္းလိုက္သည္။
ေက်ာင္းမွာက ေရခ်ိဳးခန္းရယ္လို႔သီးသန႔္မရိွတာေၾကာင့္ ပုဆိုးအေဟာင္းကိုလဲ၀တ္လိုက္ၿပီး ကိုယ့္ရဲ့ဖလား၊သြားတိုက္ေဆးနဲ႔ ေရခ်ိဳးဆပ္ျပာကိုယူလာလိုက္ကာ ေရခ်ိူးကန္သို႔သြားလိုက္သည္။
ထံုးစံအတိုင္း ေလးနာရီထိုးဘဲရိွ‌ေသးေပမဲ့ ကိုရင္ေတြနဲ႔ဦးဇင္းေတြလည္း ကန္မွာေရခ်ိဳးဖို႔ေရာက္ႏွင့္ေနၾကေလၿပီ။ထိုေနရာမွာ ေရခ်ိဳးသံ၊စကားေျပာသံဆိုတာ အနားမေရာက္ခင္တည္းက ဆူေနေလၿပီ။

"ဒကာေနမ်ိဳး...ေရလာခ်ိဳးတာလား..."

"တင္ပါ့..."

ဦးဇင္းတစ္ပါးရဲ့ အေမးကိုျပန္ေျဖရင္းေရလဲပုဆိုးကို ကန္ေဘာင္ေပၚသို႔တင္လိုက္သည္။
ဒီေက်ာင္းမွာက သူ႔ကိုဆရာေနမ်ိဳးလို႔လည္း
ေခၚၾကသလို ဒကာေနမ်ိဳးလို႔လည္းေခၚၾကေလသည္။

"ဒါနဲ႔...ဒကာေနမ်ိဳး ဟိုရက္ကအလုပ္သြားေလ်ွာက္တာ အဆင္ေျပရဲ့လား..."

"အဆင္ကေတာ့ ေျပပါတယ္ဦးဇင္းရယ္...
ဒါေပမဲ့...နယ္ေဝးကိုခ်က္ခ်င္းထြက္ရမယ္ဆိုေတာ့...တပၫ့္ေတာ္နဲ႔က ဘယ္လိုမွအံကိုက္ကိုမျဖစ္ဘူး..."

"အင္း...ေအးေဆးေပါ့ဒကာရယ္...ဘုန္းႀကီးကလည္းမင္းကို အရမ္းအားကိုးၿပီးသံေယာဇဉ္တြယ္ရွာတာ..ဟိုရက္ကေတာင္ဦးဇင္းကိုေျပာေနေသးတယ္..ေနမ်ိဳးသာမရိွေတာ့ရင္...လက္တစ္ဖက္ျပဳတ္သြားသလိုျဖစ္ေနမွာတဲ့..."

ဦးဇင္းရဲ့စကားက သူ႔အာရံုထဲကိုအေတြးေပါင္းမ်ားစြာနဲ႔ ေတြေဝေအာင္လုပ္လိုက္သလိုဘဲ။ေရခြက္ကိုကိုင္ၿပီး တစ္ခြက္ၿပီးတစ္ခြက္ေလာင္းခ်ိဳးေနမိေပမဲ့ သူ႔ရဲ့စိတ္ကေတာ့ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္း၀န္းထဲကို ေျခလွမ္းစခဲ့ရတဲ့အခ်ိန္ဆီသို႔သာ ေနာက္ျပန္ရစ္ေနမိတယ္။
မၾကာခင္မွာ သူ႔အသက္က(၂၃)ႏွစ္ျပၫ့္ပါေတာ့မယ္။ဒီဘုန္းႀကီးေက်ာင္းကို စေရာက္တဲ့ေန့က သူ႔အသက္(၁၃)ႏွစ္တင္းတင္းျပၫ့္တဲ့ေန့ျဖစ္ၿပီး
၀မ္းနည္းအနာက်င္ရဆံုး ေန့တစ္ေန့လည္းျဖစ္တယ္။
ေလာကႀကီးထဲမွာ ေဆြးမ်ိဳးဆိုတာမရိွ၊
 အေမနဲ႔အေဖဆိုတာ ဘယ္သူမွန္းမသိခဲ့ရတဲ့သူ႔ရဲ့သမိုင္းေၾကာင္းဟာ အရမ္းကိုရိုးရွင္းသလို အရမ္းကိုနာက်င္စရာလည္းေကာင္းခဲ့တယ္။

တစ္ေန့ လမ္းမႀကီးတစ္ခုရဲ့အမိႈက္ပံုေဘးမွာ  ေမြးကင္းစကေလးငယ္တစ္ေယာက္ကို
 အၫွာအတာမဲ့ လာေရာက္ပစ္ထားခဲ့ၾကတယ္။
ေသခ်ာတာကေတာ့ ဒီလိုနီတာရဲေလးကိုအမိႈက္ပံုထဲ မွာလာစြန႔္ပစ္သြားႏိုင္တည္းက ယုတ္အညံ့ဆံုးလုပ္ရပ္ကို လုပ္ႏိုင္တဲ့လူလို႔သတ္မွတ္ရမွာပါဘဲ။
လမ္းသြားလမ္းလာတစ္ေယာက္က ကေလးေအာ္သံၾကားလို႔ ‌သနားဂရုဏာသက္ၿပီးေပြ့ေခၚခဲ့ရာကေန ထိုေမြးကင္းစေလးဟာ ရပ္ရြာလူထုရဲ့လက္ထဲကို ေရာက္ခဲ့ရတယ္။

မိဘအရင္းေတြရဲ့ စြန႔္ပစ္ျခင္းကိုခံခဲ့ရေပမဲ့
ထိုကေလးေလးက ကံေကာင္းခဲ့တယ္လို႔ဆိုရမယ္။ရပ္ကြက္ထဲက သားသမီးမရိွတဲ့လင္မယားႏွစ္ေယာက္ဟာ ကေလးကိုေခၚယူေမြးစားခဲ့ၾကတယ္။
ပိုၿပီးကံေကာင္းတာက ေမြးစားမိဘေတြကလည္း ကေလးအေပၚကိုမိဘရင္းမ်ားသဖြယ္ ျပဳစုေစာင့္
ေရွာက္ခဲ့ၾကတယ္။ကေလးရဲ့နာမည္ကို ေနမ်ိဳးလို႔ေပးခဲ့ၾကၿပီး ေက်ာင္းလည္းထားေပးသလို
လိုေလးေသးမရိွေအာင္ကို ေစာင့္ေရွာက္ၾကရွာတယ္။ေနမ်ိဳးဆိုတဲ့ေကာင္ေလး အသက္(၉)ႏွစ္ေလာက္ေရာက္တဲ့အခ်ိန္မွာ ထိုလင္မယားကလည္း စီးပြားေရးေတြအဆင္မေျပျဖစ္လာတဲ့အျပင္ ေဖာက္ျပားမႈေတြပါေပါင္းလာေတာ့
ေနာက္ဆံုး လင္မယားကဲြတဲ့အဆင့္အထိပါေရာက္
လာခဲ့တယ္။ေနမ်ိဳးကေတာ့ အေမ့ေဆြမ်ိဳးေတြဘက္မွာ လိုက္ေနခဲ့တာေပါ့။

ကံၾကမၼာငင္တဲ့အခါ ေလာကႀကီးဟာရႈပ္ေထြးသြားတတ္ၿပီး အေကာင္းအတိုင္းကေနၾကမၼာေခ်ာက္နက္ရဲ့ ႏႈတ္ခါး၀မွာရပ္ရင္လည္း ရပ္ရႏိုင္တယ္။
အခ်ိဳ႕အခ်ိန္မ်ိဳးမွာ ကိုယ္တိုင္ကအမွားတစိုးတစိေတာင္မလုပ္မိေအာင္ေနေပမဲ့ အတိတ္ကုသိုလ္ကံကေမႊေနွာက္လာတဲ့အခါ ဘ၀ေတြဟာ ထင္မထားေလာက္ေအာင္ မ်က္ရည္ႀကီးငယ္က်ရတတ္တယ္။

ဘ၀ဟာ တကယ္ကိုၾကမၼာငင္ခဲ့ရပါတယ္။
ေမြးစားမိခင္ႀကီးဟာ က်န္မာေရးခ်ူခ်ာလာခဲ့တာေၾကာင့္ ေက်ာင္း(၄)ႏွစ္နားလိုက္ရၿပီး အရြယ္နဲ႔
မလိုက္ေအာင္ မိခင္ကိုျပဳစုရင္းကေန သူမ်ားခိုင္းဖက္ဘ၀နဲ႔ အေမ့အမ်ိဳးေတြၾကားမွာ မ်က္ႏွာငယ္စြာေနခဲ့ရတယ္။

ေလာကႀကီးထဲမွာ သံေယာဇဉ္ႀကိဳးမ်ွင္ေလးဟာ တစ္ေခ်ာင္းထဲပဲ ရိွပါေစအံုးေတာ့ အမိအရဖမ္းဆုပ္ထားခ်င္မိခဲ့တယ္။ကိုယ့္လိုမိဘမဲ့တစ္ေယာက္အတြက္ ေမတၲာရဲ့ေအးမ်ွမႈနဲ႔ သံေယာဇဉ္ဆိုတဲ့ တြယ္တာစရာကမ႓ာငယ္ေလးက အရမ္းကိုတန္ဖိုးႀကီးမားလို႔ပါပဲ။
ထိုအရာေတြရဲ့အႏွစ္သာရကိုသာ မခံစားခဲ့ဖူးရင္အမိႈက္ပံုေဘးမွာ စတင္အပစ္ခံခဲ့ရတဲ့ေမြးကင္းစကေလးတစ္ေယာက္လို အေလအလြင့္ေလး တစ္ေယာက္အျဖစ္ရပ္တည္ေနမိမွာဘဲ။

အသက္(၁၂)ႏွစ္ေက်ာ္အရြယ္မွာ ေမြးစားမိခင္ႀကီးဆံုးပါးသြားခဲ့တယ္။
ထိုေန့က ကိုယ့္ကမ႓ာႀကီးပ်က္သုန္းသြားသလိုကို ခံစားခဲ့ရတယ္။မိဘအရင္းေတြဆီကေန စြန႔္ပစ္ျခင္းခံခဲ့ရလို႔ ေမတၲာေရၾကည္ေလးတစ္ေပါက္ကို ေသာက္ခြင့္ရမယ္လို႔ထင္ခဲ့မိေပမဲ့ အလဲြႀကီးလဲြသြားခဲ့ရတယ္။
ပူျပင္းလြန္းတဲ့ ကႏၲာရအလယ္မွာဦးတည္ခ်က္ေပ်ာက္ဆံုးသြားသလိုမ်ိဳး။ဘယ္ကမွန္းမသိတဲ့ အမည္မသိမ်ွားခ်က္တိုင္းက ကိုယ့္ရင္ဘတ္မွာလာဆိုက္ေနသလိုမ်ိဳး စူးနင့္ၿပီးခံရခက္ခဲ့တယ္။

ေနာက္ဆံုးမွာေတာ့ မိဘမဲ့ထပ္ျဖစ္ခဲ့ရတဲ့သူ႔ကို
ရန္ကုန္ကဒီသုခခ်မ္းသာပရိယတၲိဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းကို ပို႔လိုက္ၾကတယ္ ။
ထိုအခ်ိန္က အသက္(၁၃)ႏွစ္အရြယ္သူ႔အဖို႔ ေရ႔ွဆက္ရမဲ့အနာဂတ္လမ္းေတြေပ်ာက္ဆံုးေနတဲ့အခ်ိန္အခါေပါ့။ကယ္တင္ရွင္ဆရာေတာ္ႀကီးေၾကာင့္သာ သူ႔ဘ၀မွာအလင္းစေလးေတြကို ရွာေဖြေတြ့ရိွခဲ့တယ္။ဆရာေတာ္ႀကီးဟာ မိဘလိုလည္းေစာင့္ေရွာက္သလို ဆရာသမားလိုလည္းသင္ျပလမ္းၫႊန္ေပးခဲ့တယ္။

လိုေလ‌ေသးမရိွေအာင္ အေထာက္‌အပံ့‌ေပးသလိုေက်ာင္းလည္းဆက္ထားေပးခဲ့တာေၾကာင့္ ဂုဏ္ထူး(၃)ဘာသာနဲ႔ တကၠသိုလ္၀င္ခြင့္ကိုေအာင္ျမင္ခဲ့ၿပီး အခုဆိုရင္ စီးပြားေရးစီမံခန႔္ခဲြမႈနဲ႔ ေတာင္ ဘဲြ႔ရၿပီးခဲ့ေလၿပီ။
ေက်ာင္းနားခဲ့တဲ့ႏွစ္ေတြေၾကာင့္ အသက္၂၃ႏွစ္နီးမွဘဲြ႔ရခဲ့ေပမဲ့ ပညာေရးမွတ္တိုင္တစ္ခုကိုစိုက္ထူခဲ့ႏိုင္လို႔ ကိုယ့္ကိုကိုယ္ဂုဏ္ယူမိတယ္။
ဒါေပမဲ့ ဘဲြ႔ရၿပီးတဲ့အခ်ိန္မွာ ေနာက္ထပ္ေခါင္းထဲကို၀င္လာတဲ့ အရာတစ္ခုကေတာ့ စာသင္တာအျပင္
ျပင္ပလုပ္ငန္းခြင္ထဲကို ၀င္ၿပီးေျခလွမ္းသစ္စရမဲ့ ကိစၥပါပဲ။

အတိတ္ရယ္၊ပစၥုပၸန္ရယ္နဲ႔အနာဂတ္အေၾကာင္းေတြကိုယွဉ္တဲြစဉ္းစားၿပီးအဆံုးမွာေတာ့ စိတ္ၾကည္သြားေအာင္ေခါင္းေပၚမွ ေရေတြေလာင္းခ်ပစ္လိုက္သည္။ကိုရင္နဲ႔ ဦးဇင္းေတြလည္း ေရခ်ိဳးလို႔ၿပီးစီးေနၾကသည္မို႔ သူလည္းျမန္ျမန္ဆန္ဆန္ဘဲ ေရခ်ိဳးပစ္လိုက္သည္။ၿပီးတာနဲ႔ ဆြမ္းခ်က္ဖို႔ဟင္း‌‌ေပါင္းလုပ္ဖို႔ရာဦးဇင္းေတြနဲ႔ ကူရေပအံုးမည္။
ဟင္းခ်က္ကူၿပီးရင္ေတာ့ ကေလးေတြကိုသင္ရမဲ့အခန္းေတြကို မွတ္စုထုတ္ေပးရအံုးမည္။
မနက္(၈)နာရီခဲြမွစ၍ သူ႔အတြက္နားခ်ိန္ဟာ ေန့လယ္ခင္းထမင္းစားခ်ိန္နဲ႔ ညေနေက်ာင္းဆင္းခ်ိန္သာ ရိွေလသည္။ျပင္ပလုပ္ငန္းခြင္ကို မ၀င္ရရင္ေတာင္ ေက်ာင္းမွာတင္သူ႔ရဲ့အခ်ိန္ဇယားက ျပၫ့္ေနေလၿပီ။သို႔ေပမဲ့ ဒီလိုကေလးေတြကို ပညာဒါနျပဳရတာကိုပင္ သူကေပ်ာ္ေနတတ္တာပါ။

🌹🌹🌹🌹🌹🌹🌹🌹

"ဆရာေနမ်ိဳးေရ...ဆရာေနမ်ိဳး...."

ေန့လည္ ေက်ာင္းနားခ်ိန္ေလးတြင္ ကိုယ့္အခန္းကိုယ္၀င္ၿပီး ထမင္းေလးစားမလို႔ ခ်ိဳင့္ဖြင့္ရံုရိွေသးေပမဲ့ ေက်ာင္းသားတစ္ေယာက္ရဲ့ ေအာ္ေခၚသံကိုၾကားလိုက္ရ၍ တခါးဆီသို႔အၾကၫ့္ေရာက္သြားမိသည္။
အေပါက္၀တြင္ သကၤန္း၀တ္ျဖင့္ေပၚလာသၫ့္‌
ကိုရင္ေလးက သူ႔အတန္းထဲကေက်ာင္းသားေလးပါပဲ။

"ကိုရင္...ဒီမွာဆရာထမင္းစားမလို႔....ဘာကိႁစၥဖစ္လို႔လည္း...."

"ကိစၥေထြေထြ ထူးထူးျဖစ္တာမဟုတ္ပါဘူး...
ဆရာ့ဆီကို ဧၫ့္သည္လာလို႔...."

"ဘယ္လို..ဧၫ့္သည္....ဘယ္သူလည္း..."

"ပံုရိပ္တဲ့...ဘုရားႀကီးေဘးက ကန္ေဘာင္ေပၚမွာေစာင့္ေနမယ္တဲ့ အေရးႀကီးကိစၥမို႔ အခုခ်က္ခ်င္းလိုက္လာခဲ့ဖို႔ပါမွာသြားတယ္..."

"ပံုရိပ္..."

ေနမ်ိဳး၏ႏႈတ္ခမ္းဖ်ားမွ ပံုရိပ္ဆိုသၫ့္အမည္ကို ေရရႊတ္လိုက္ၿပီးတဲ့ေနာက္မွာ အံ့ဩမႈေတြကပါ မ်က္ႏွာတြင္ယွက္ျဖာသြားခဲ့‌သည္။
ပံုရိပ္က သူ႔ဆီကိုဘာအေၾကာင္းနဲ႔ ေရာက္လာရတာပါလိမ့္။ဒီကေလးနဲ႔ ဆံုမိတိုင္းသူ႔ကိုခင္မင္ခ်င္တဲ့ မ်က္ႏွာရိပ္မ်ိဳးမျပဖူးေလေတာ့ သူဆီလာလည္တယ္ဆိုသၫ့္စကားဟာ ကမ႓ာ့အႀကီးမားဆံုးငလ်ွင္ႀကီးက သူ႔အခန္းထဲမွာ လာလႈပ္ခက္သြားသလို ခံစားလိုက္ရတယ္။
ထမင္းလုတ္ကိုကိုင္ထားၿပီးသၫ့္ လက္အားခ်က္ခ်င္းေဆးလိုက္ၿပီး ေျခလွမ္းက်ဲႀကီးေတြႏွင့္ အခန္းထဲမွ ထြက္လာလိုက္သည္။

မုန႔္စားဆင္းခ်ိန္ျဖစ္တာေၾကာင့္ ေက်ာင္း၀င္းတစ္ခုလံုးဟာ ကေလးေတြရဲ့ေဆာ့ကစားစရာ ကစားကြင္းႀကီးလိုျဖစ္ေနသည္။
ေနရာတိုင္းမွာလည္း ေျပးလိုက္၊လႊားလိုက္နဲ႔ သူတို႔ခ်ည္းဘဲ ။ဘုရားရင္ျပင္ေပၚတြင္လည္း စိန္ေျပးတိုင္းကစားေနၾကတာမ်ား ပြက္ေလာကိုရိုက္ေနၾကတာပါဘဲ။

"ဆရာ....ဘယ္သြားမလို႔ပဲ.."

"...ဟိုဘက္ခဏပါ..."

ေက်ာင္းမွာ စာသင္ေပးတဲ့ ဆရာမႏုႏုခင္က
ထိုင္ေနရင္း လွမ္းေမးလာတာေၾကာင့္ ရင္ျပင္ေပၚသို႔တက္ခါနီး ေျဖေနရေသးသည္။
ဆရာမႏုႏုခင္ကေတာ့ အႃပံုးခ်ိဳခ်ိဳႏွင့္ ႃပံုးျပၿပီးေခါင္းၿငိမ့္ျပေလသည္။

"ေဟ့...ဘုရားေပၚကိုမတက္နဲ႔ေလ...ငရဲႀကီးတယ္လို႔ေျပာထားတယ္မဟုတ္လား..."

"မတက္ပါဘူးဆရာရယ္..."

"ဟင္း..ဟင္း..ငါကမျမင္တာမွတ္လို႔...‌
ေျဗာင္လိမ္ေျဗာင္စားနဲ႔ေနာ္...ဘုန္းႀကီးလက္ထဲကိုထၫ့္လိုက္လို႔...ပန္းကန္ေဆးေနရမယ္..."

"အာ...ဆရာကလည္း...စိတ္ပုပ္လိုက္တာ...."

ေက်ာင္းထိုင္ဘုန္းႀကီးက ကေလးေတြကိုအျပစ္ေပးရင္တုတ္နဲ႔ရိုက္တာမဟုတ္ဘဲ ေက်ာင္းေဝယ်ာ၀စၥေတြကို နင္းကန္လုပ္ခိုင္းတတ္တာေၾကာင့္
သူတို႔ေတြမ်ား ဆရာေတာ္ႀကီးရဲ့လက္ထဲကိုထၫ့္မယ္ဆိုရင္ ဖင္တုန္ေအာင္ေၾကာက္တတ္ၾကတယ္။
ဒီအခ်က္ကိုသိလို႔လည္း တမင္ကိုေျပာပစ္လိုက္တာပါ။

ဘုရားရင္ျပင္ေတာ္ ပၚမွကိုျဖတ္ေလ်ွာက္ၿပီး ေရကန္ႀကီးႏွင့္ နီးကပ္လာတဲ့အခါမွာ ေက်ာင္းစိမ္း၀တ္စံုေလးကို ၀တ္ထားၿပီးလြယ္အိတ္ကေလးကို သဲေပၚသို႔ခ်ထားတာ ကန္ေဘာင္ေပၚတြင္ထိုင္ေနသၫ့္ ကေလးမေလးရဲ့ေက်ာျပင္ကိုေတြ့ရေလသည္။
ဒီအခ်ိန္ဟာအထကေက်ာင္းမွ(၉)တန္းသမားေတြေက်ာင္းဆင္းတဲ့အခ်ိန္ဆိုေတာ့ ဒီေကာင္မေလး ေက်ာင္းကေနဒီကို တန္းလာလိုက္တာမ်ားလား။ဘယ္လို ကိစၥေၾကာင့္ျဖစ္ႏိုင္မလဲ။

"ပံုရိပ္...ေစာင့္ရတာၾကာသြားလား.."

သူ႔ရဲ့ေခၚသံေၾကာင့္ ဇက္ကေလးေစာင္းၿပီးလွၫ့္ၾကၫ့္လာတဲ့ ေကာင္မေလး။
နင့္နင့္သည္းသည္းငိုထားပံုရတဲ့ မ်က္၀န္းနီနီေတြ။သူ႔ကိုၾကၫ့္လာတဲ့ အၾကၫ့္ေတြမွာလည္း
အမုန္းတရားနဲ႔ေဒါသေတြပါ၀င္ေနတယ္။
သူမရဲ့မ်က္၀န္းေတြက အေရာင္စူးလြန္းေနၿပီး တစ္ခုခုကိုျပင္းျပင္းထန္ထန္အပစ္ေပးခ်င္ေနတဲ့ပံုစံမ်ိဳးျဖစ္ေနတယ္။

သူစိုးရိမ္ေနမိတာက သူမအပစ္ေပးခ်င္တဲ့လူဟာ
သူကိုယ္တိုင္မ်ား ျဖစ္ေနမလားဆိုတာဘဲ.....။

🌹🌹🌹🌹🌹🌹🌹

ပံုရိပ္တို႔ဘာကို စိတ္ဆိုးေနတာျဖစ္ႏိုင္မလဲ...


🔥"ဆူးကြိုး...…"🔥 (အခန်း၅)


                                                    🔥"ဆူးကြိုး...…"🔥   

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

                                                                  (အခန်း၅)

ကောင်းကင်တစ်ခုလုံးဟာ ညှို့မှိုင်းနေပြီး တိမ်ထုတွေသည် နေအလင်းရောင်အားဖုံးကွယ်ထားကြသည်။လမ်းတလျှောက်ရှိသစ်ပင်များဟာလေထုကြောင့် အကိုင်းအခက်များပါယိမ်းထိုးသွားကြပြီး သစ်ရွက်တို့ဟာလေ၏ပြင်းအားကိုမခံစားနိုင်ကြသည့်နောက် မြေပြင်သို့တစ်လျှောလျောကြွေကျလာကြလေသည်။
မူလတန်းကျောင်းလေးကိုဖြတ်လျှောက်လာသောအခါတွင် လေပြင်းတိုက်၍မိုးရွာမည်ကိုစိုးရိမ်ပူပန်နေသောမျက်နှာများနှင့် မိဘတို့ဟာကျောင်းအပေါက်ဝတွင်ကလေးငယ်များအား စောင့်နေကြလေသည်။

မကြာခင်မှာ မိုးတွေရွာချလာခဲ့ပါက ပုံရိပ်ရဲ့အ၀တ်အစားတွေနဲ့ လွယ်အိတ်ထဲကစာအုပ်တွေကို
မစိုစွတ်ရအောင် ပုံရိပ်ရဲ့သေးငယ်တဲ့လက်တွေနဲ့ကာကွယ်လို့လည်း ရနိုင်မယ်မထင်ဘူး။
ပုံရိပ်တို့ရဲ့အိမ်မှာက ‌ရှားရှားပါးပါး‌ ခေါက်ထီးလေးတစ်ချောင်းသာရှိသည်။
ထိုထီး‌လေးခမျာ မိုးတွင်းတစ်တွင်းလုံးမှာ
တစ်မိသားစုလုံးအားရအောင်သုံးပြီးနောက်
ထီးရိုးကျိုးရ ထီးမိုးလံရသည့်အဖြစ်သို့ရောက်ရလေသည်။

သို့ပေမယ့်လည်း ထီးတလတ်ရဲ့တန်ဖိုးဟာ
တစ်သောင်းနီးပါးလောက်ကပ်သည်မို့ တနေ့မှ
လေးငါးထောင်လောက်သာ အမြတ်ကျန်တဲ့ပုံရိပ်ရဲ့အဒေါ်စျေးသည်မကြီးအဖို့ အသစ်တစ်ချောင်းကိုဝယ်ဖို့ရာခက်ရချေသည်။
ထို့ကြောင့် ဒီအဟောင်းလေးကိုပဲအရိုးဆက်လိုက်အမိုးဖာလိုက်နဲ့ တဝဲလည်လည်၍သုံးနေရသည်မှာမိုးကုန်၍ဆောင်းသို့တောင်ကူးတော့ပေမည်။

အခုရက်‌တွေမှာအိမ်ကအငယ်မလေးမိစုက ခဏခဏအဖျားဝင်နေတာကြောင့် ဆေးခွင့်ယူထားတာပင်နှစ်ရက်လောက်ရှိနေပေပြီ။
အိမ်မှာအရေးအကြောင်းဆိုရင် သွားဖို့လာဖို့အတွက် ထိုထီးအဟောင်းလေးကို ထားခဲ့ရသည်
ကများလေသည်။ထို့ကြောင့်မိုးရွာတဲ့နေ့တွေဆိုရင်
အမြဲတမ်းမိုးစိုပြီးမှ အိမ်ကိုပြန်လာခဲ့ရသည်ကများတယ်။

"ကလင်...ကလင်...."

အနောက်မှကလင်ခေါက်သည့်အသံကြောင့်
ပုံရိပ်လည်းလမ်းဘေးကို တိုးရပ်လိုက်ရသည်။
စက်ဘီးလေးကျော်တက်သွားသည့်အချိန်မှာ လိုချင်တောင့်တမှုလေးတစ်ခုကပေါ်လာခဲ့သည်။
ပုံရိပ်မှာသာသူများတွေလိုစက်ဘီးလေးတစ်စီးလောက်ရှိခဲ့ရင် မိုးရေစိုခံစရာလည်းမလိုတော့သလို၊ခြေအညောင်းခံစေရာလည်းလိုတော့မယ်
မထင်ဘူး။
ဒီအသက်အရွယ်အထိ စက်ဘီးမစီးဖူးသေးတဲ့
ကိုယ့်ရဲ့ဘဝကိုပဲ ဟာသတစ်ပုဒ်အလား
လှောင်ပြောင်၍ရယ်လိုက်မိသည်။
"အော်..လမ်းလျှောက်တာကလည်းကျန်းမာရေးအတွက်ကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုပဲလို့
ကိုယ့်ဘာသာဖြည့်တွေးလိုက်ပါတယ်။

"တီ!!!!!!!"

ထိုစဥ်မှာကျောင်းသားအုပ်ကြီးကိုသံရှည်စွဲ၍
လမ်းဖယ်ခိုင်းနေသော ကားဟွန်းတီးသံကြောင့် လှမ်းကြည့်လိုက်မိတော့ ကားပြူးတင်းပေါက်ကနေပုံရိပ်ကို ကောင်မလေးတစ်ယောက်ကလှမ်းကြည့်
လာလေသည်။
ထိုကောင်မလေးက တစ်ခြားသူမဟုတ်ပဲ ပုံရိပ်နဲ့တစ်ခုံတည်း အတူတူထိုင်သည့် ယမင်းရွှေဆိုသောကောင်မလေးပါပဲ။သူ့ဘေးနားမှာတော့သူမရဲ့အစ်ကိုဆိုသူက နားကျပ်ကိုနားမှာတတ်ပြီး မျက်လုံးကိုမှိတ်ထားပုံပေါ်လေသည်။

ယမင်းရွှေက ပုံရိပ်ကိုပြုံးပြသွားပေမယ့်
ပုံရိပ်ကတော့ တမင်ပဲမျက်နှာလွှဲပစ်လိုက်သည်။
ဘေးကနေကျော်ဖြတ်သွားတဲ့ ကားနောက်ကျောကိုကြည့်လိုက်ပြီးနောက် ကိုယ့်ခြေထောက်ကိုပြန်ကြည့်လိုက်မိတော့  ဟောင်းနွမ်း နေတဲ့ဖိနပ်ကလေးကိုသာတွေ့နေရသည်။
ကားတောင်စီးနိုင်တဲ့မိန်းကလေးနဲ့ စက်ဘီးတောင်
မစီးနိုင်ပဲ ဖိနပ်အစုတ်ကလေးကိုသာစီးနေရတဲ့ကိုယ့်လိုလူတစ်ယောက်က ခင်မင်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ။ခင်မင်မှုရဲ့နောက်ကွယ်မှာ လိုချင်တောင့်တမှုနဲ့ လောဘတွေလည်းပါလာတတ်တယ်။

သူငယ်ချင်းတွေက ဝတ်နိုင်စားနိုင်ရင် ကိုယ်လည်းသူတို့လိုဖြစ်ချင်လာတတ်တယ်။ပုံရိပ်ရဲ့ရင်ထဲမှာလည်း လိုအင်ဆန္ဒဆိုတဲ့မီးစာလေးတွေဟာ အမြဲတမ်း တစ်မြိုက်မြိုက်လောင်ကျွမ်းနေတာပါပဲ။သို့ပေမယ့် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ထိန်းလိုက်တာကများပါတယ်။
အချိန်နဲ့အမျှအသစ်အသစ်တွေပေါ်နေတဲ့ခေတ်ကြီးမှာ အလိုလောဘကိုမထိန်းချုပ်နိုင်ရင် ပျက်စီးရမှာက ကိုယ်ကိုယ်တိုင်ကလွဲပြီးတခြားမရှိဘူးဆိုတဲ့အချက်ကို ပုံရိပ်နားလည်ထားပြီးသားပင်။

"သွား ဒီဆိုင်ရိပ်ကိုနောက်တစ်ခါဘယ်တော့မှ
 ခြေမနင်းနဲ့....သူတောင်းစား မင်းရဲ့မျက်နှာကိုငါ
မမြင်ချင်ဘူး..."

ကျောင်းကပြန်လာတိုင်းပုံရိပ်အမြဲတမ်းဖြတ်လျှောက်နေကြ လမ်းချိုးတခုအနားမှ လက်ဖက်ရည်ဆိုင်အရှေ့ကိုရောက်တော့
ကလေးတစ်ယောက်ဟာဆိုင်ထဲမှ ငိုယိုပြီးထွက်ပြေးလာတာကိုတွေ့လိုက်ရသည်။
အသားမည်းမည်း ခပ်ဝဝနှင့်လူကြီးတစ်ယောက်ကတော့ဆိုင်ရှေ့မှနေ၍ခါးထောက်ပြီးမတ်တပ်ရပ်နေလေသည်။

ထိုလူကြီးရဲ့မျက်နှာဟာကျောက်ပေါက်တွေနဲ့
ဖြစ်ပြီးမျက်မှောင်ကြုံ့ထားသည်ကြောင့်ပို၍
ကြည့်ရဆိုးနေသည်။
ကလေးကထိုလူကြီးရဲ့ဒေါသဖြစ်နေတဲ့မျက်နှာကိုကြည့်မိလေ ပိုငိုချင်လေဖြစ်နေပုံရတယ်။
ခန္ဓာကိုယ်လေးကြုံ့ထားပြီးမျက်ရည်တွေလည်း
ပါးပြင်မှာစိုရွှဲနေလေသည်။
ခြေထောက်လေးတွေကပင်အကြောက်တရားကို
တောင့်ခံနိုင်စွမ်းမရှိစွာ တုန်ယင်နေတာကိုမြင်ရတော့ ပိုလို့ပင်အသနားပိုမိသည်။

ဆိုင်ထဲမှလူတွေရဲ့ထူးဆန်းသလိုအကြည့်တွေအောက်မှာ ဒီကလေးလေးဘယ်လောက်တောင်ကြောက်နေလိုက်မလဲ။
ကလေးသူငယ်လေးတစ်ယောက်  အော်ငေါက်ခံနေရတာကိုတွေ့နေကြပေမယ့်ဘယ်သူကမှ ထလာပြီးကာကွယ်မပေးကြဘူး။
လူတွေရဲ့သဘောသဘာဝဟာကိုယ်နဲ့မဆိုင်ရင်၊
 ခံရတဲ့သူဟာကိုယ့်မိသားစုဝင်တစ်ယောက်ယောက်မဟုတ်ရင် ကိုယ်ချင်းစာမှုတရားခေါင်းပါးတတ်ကြတယ်။
သနားတဲ့စိတ်ကလေးပေါ်လာတတ်ကြရင်တောင်
ကိုယ့်အကြောင်းမဟုတ်လို့ဝင်မပါကြတာကများတယ်။

"သွား!!!သူတောင်းစားလေး လာတောင်းရမ်းဖို့လောက်ပဲသိတယ်....နောက်တစ်ခါငါ့ဆိုင်ရိပ်ကို
လာနင်းရင်...ကန်ထုတ်ပစ်မယ်...ဘာမှတ်နေလဲ...
မျက်နှာကိုက...ကျက်သရေမရှိဘာမရှိနဲ့...
ငါ့ဆိုင်ကိုတမင် လာဒ်ပိတ်အောင်လာလုပ်နေတာ..."

ကလေးကိုပြောဆိုပြီးထိုလူကြီးကဆိုင်ထဲကိုပြန်ဝင်သွားလေသည်။ကောင်လေးကတော့ လက်ဖက်ရည်ဆိုင်အနီးအနားရှိလမ်းချိုးမှအုတ်ခုံကလေးပေါ်တွင်ထိုင်ပြီး ငိုနေရှာသည်။
ထိုကောင်လေးရှေ့မှဖြတ်လျှောက်မိတော့
ကိုယ်နဲ့မဆိုင်ဘဲဝင်မပါဖို့တွေးမိပေမယ့်
ကောင်လေးဆီမှကြားနေရတဲ့ရှိုက်သံလေးတွေကြောင့် ထိုအုပ်ခုံလေးရဲ့အစွန်နားတွင်၀င်ထိုင်လိုက်မိသည်။
ငိုနေရှာတဲ့ကောင်လေးကလည်းပုံရိပ်ကိုလှည့်ကြည့်လာသည်။မျက်ဝန်းချင်းဆုံသွားခိုက်မှာပုံရိပ်မေးခွန်းစထုတ်ဖို့ကြိုးစားမိသည်။

"ခုဏကလူကြီးရဲ့ဆိုင်မှာအလုပ်လုပ်တာလား...."

"မကြီးကဘယ်လိုလုပ်သိတာလဲ...."

ထူးဆန်းအံသြသလိုကြည့်လာတဲ့ကောင်လေးကို
ပုံရိပ်အပြုံးတစ်ခုနဲ့သာတုန့်ပြန်လိုက်သည်။

"အရင်က...ငါကျောင်းကပြန်လာတဲ့အချိန်တိုင်း
ဒီလက်ဖက်ရည်ဆိုင်ထဲမှာ နင့်ကိုခဏခဏတွေ့တယ်...ခုနကလူကြီးကနင့်ကိုဘာလို့မောင်းထုတ်နေတာလဲ...နင်တခုခုအမှားလုပ်လိုက်မိလို့လား..."

ထိုမေးခွန်းကိုကြားတော့ ကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေဟာ အရင်ထက်နှစ်ဆလောက်ပို၍
စီးကျလာခဲ့သည်။သူဝမ်းနည်းစေမယ့်စကားကို
ပုံရိပ်ပြောလိုက်မိတယ်ထင်ပါရဲ့။ပုံရိပ်ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်လာမိတာကြောင့်
ကောင်လေးရဲ့ပခုံးကိုပုတ်လိုက်မိသည်။

"နင့်အသက်ဘယ်လောက်ရှိပြီလဲ...."

"ဆယ့်နှနှစ်ပါ....လာမယ့်လမှ...ဆယ့်သုံးနှစ်ပြည့်မှာပါ...."

ပုံရိပ်ရဲ့အဒေါ်က စျေးရောင်းရင်ထုပ်ပိုးဖို့ဆိုကာ
 ခြေရင်းအိမ်ကနေ သတင်းစာတွေတောင်းထားတတ်သည်။ပုံရိပ်ကိုယ်တိုင်ကစာဖတ်ဝါသနာပါသူမို့ ထိုသတင်းစာတွေကို အဒေါ်ယူလာတိုင်းခဏခဏယူဖတ်မိလေ့ရှိတယ်။ပုံရိပ်ဖတ်မိတဲ့သတင်းတစ်ခုထဲမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာအသက်၁၄နှစ်အောက်ကလေးတွေကို လုပ်ငန်းခွင်မှာခေါ်ခိုင်းတာဟာ တရားမဝင်ဘူးဆိုတာပါပဲ။

"ခုနကလူကြီးက ဘာလို့နင့်ကိုပြောဆိုကြိမ်းမောင်းနေတာလဲ...."

"သားအမေနေမကောင်းလို့...ခွင့်နှစ်ရက်လောက်ယူထားမိတာကို..အလုပ်ပျက်လို့ဆိုပြီး သားကိုအလုပ်ထုတ်လိုက်တယ်....အဲဒါအရင်လုပ်ခဲ့တဲ့လုပ်အားခကို ပြန်လာတောင်းတော့ သားကို
ဆူလွှတ်တယ်...အမေကအိမ်မှာနေမကောင်းလို့ ဆေးဝယ်စရာပိုက်ဆံမရှိ...ဆေးခန်းကမသွားနိုင်နဲ့...အိမ်မှာအရမ်းသနားဖို့ကောင်းတာပဲ...
အမေသေမှာကို သားအရမ်းကြောက်တယ်...
သားမှာ ဒီအမေတစ်ယောက်ပဲရှိတော့တာ..."

အသက်ဆယ့်နှနှစ်ပဲရှိသေးပေမဲ့ မိသားစုရဲ့တာဝန်ကိုအသက်နဲ့မလိုက်ပခုံးပေါ်မှာထမ်းထားရပုံပေါ်တယ်။မိခင်ကိုဆုံးရှုံးရမှာကြောက်ရွံ့နေတဲ့မျက်ဝန်းလေးတွေမှာလည်းဝမ်းနည်းမှုအတိပါပဲ။
ပုံရိပ်ကိုယ်တိုင်ကမိခင်ဖခင်နဲ့ဝေးနေတာကြောင့်
ဒီကောင်လေးရဲ့ခံစားချက်ကိုစာနာပေးနိုင်ပါတယ်။
လူတစ်ယောက်ကိုမပြောနဲ့ မကြာခင်ကမှဆုံးရှုံးလိုက်ရတဲ့ ကြောင်က‌လေးရဲ့အကြောင်းကိုပြန် တွေးမိရင်တောင် ရင်ထဲမှာဆို့နင့်လာတတ်တယ်။
ပုံရိပ်ကတော့ တော်ရုံကိစ္စနဲ့၀မ်းမနည်းတတ်တယ်။ကောင်လေးကတော့ ကိုယ်တိုင်ဘာမှမစွမ်းဆောင်
နိုင်တဲ့ အရွယ်လေးမှာ မျက်ရည်ကသာသူ့အတွက် ဖြည်သိမ့်ရာလက်တစ်စုံထင်ပါရဲ့ ။

"လက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်တာ
ရက်နှစ်ဆယ်ခပဲလား....အချိန်ပိုတွေရောဆင်းရသေးလား...."

"ဆင်းရတာပေါ့မကြီးရာ....ဘောလုံးပွဲရှိတဲ့နေ့တွေဆိုရင်....အိမ်တောင်ပြန်ရတာမဟုတ်ဘူး..
ညနှစ်နာရီ၊သုံးနာရီလောက်အထိ လုပ်ရတာ...
လူဆိုမျက်ကွင်းတွေကို ညိုထွက်ပြီးပန်းနေရောပဲ...
ဆိုင်မှာအိပ်ငိုက်တာတို့ဘာတို့ဆိုရင် မကြိုက်ဘူးဗျ...ဆူလည်းဆူတယ်...ရိုက်လည်းရိုက်တယ်...

အသက်ဆယ့်နှနှစ်သာ ရှိသေးတဲ့ကောင်လေးရဲ့အခက်အခဲတွေက ကြားရတာနဲ့တင် စိတ်ချမ်းမြေ့စရာ တစ်ကွက်မှမရှိဘူး။
ပုံရိပ်ကလည်း ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာသူဆိုပေမဲ့ ဒီကောင်လေးလောက်တော့
ဘ၀မနာဖူးသေးဘူး။
ပုံရိပ်ရဲ့ကံကပဲကောင်းနေသေးတာလားတော့မပြောတတ်ဘူး။ဒါ‌ပေမဲ့ ပုံရိပ်သာဒီကောင်လေးနေရာမှာဆိုရင်တော့ ဒီလောက်အထိအနိုင်ကျင့်ခံရမှာမဟုတ်လောက်ဘူးထင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ပုံရိပ်ကငြိမ်ခံနေမဲ့လူစားမျိုးမဟုတ်လို့ပဲ။

"လစာကရော...ဘယ်‌လောက်ရလဲ...."

"လစာကတော့ တစ်နေ့မှ သုံးထောင့်ငါးရာလောက်ရတာပါဗျာ....ဟိုဟာနှုတ်ဒီဟာနှုတ်နဲ့ နောက်ဆုံးကြတော့ တစ်သိန်းတောင်မပြည့်ဘူး....
သားတို့ကကျူးကျော်ရပ်ကွက်မှာနေလို့သာ
အိမ်လခမကုန်တာ...မဟုတ်ရင်...ဘယ်လိုရှင်သန်ရမလဲတောင် သိမှာမဟုတ်ဘူး...."

"တော်တော်အမြတ်ကြီးစားတဲ့လူတွေပဲ ခိုင်းတော့တနင့်တပိုးခိုင်းပြီး ပေးတဲ့လစာကြ ငုံးစိလောက်နဲ့...ဖြတ်စားလာဒ်စားကလုပ်‌သေးတယ်....
တော်တော်အကျင့်ယုတ်တဲ့ ဆိုင်ရှင်...."

"ဖြတ်စားတာက သူဌေးမဟုတ်ဘူးဗျ....သူဌေးရဲ့ညီ..."

"ဘယ်လိုခုဏက ၀တုတ်ကြီးကဆိုင်ပိုင်ရှင်မဟုတ်ဘူးလား...."

"မဟုတ်ဘူးဗျ...ဆိုင်ပိုင်ရှင်ရဲ့ညီ၀မ်းကွဲပါ..
သူဌေးကနိုင်ငံခြားမှာနေတာ....ဟိုတစ်လောကတော့ပြန်ရောက်တယ်လို့အသံကြားတယ်...
တစ်ခါမှတော့သားလည်းမတွေ့ဖူးဘူး....
သားအိမ်ပြန်တော့မယ်မကြီးရယ်....
ဒီမှာထိုင်ငိုနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး....အမေကအိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာ...."

"နေဦးလေ...."

ပုံရိပ်လည်း အုတ်ခုံပေါ်မှခုံဆင်းလိုက်သည့်
ထိုကောင်လေးရဲ့လက်ကောက်၀တ်ကို အလျှင်စလိုလှမ်းဆွဲပစ်လိုက်သည်။ကောင်လေးကတော့ အံ့ဩတာရော သူ့ကိုတစ်ခုခုလုပ်မယ်အထင်နဲ့လန့်တာပါပေါင်းပြီး မျက်လုံးလေးပြူးကာ ထူးဆန်းသလိုကြည့်လာသည်။
ကောင်လေးရဲ့ မျက်၀န်းတွေကို ခပ်စူးစူးစိုက်ကြည့်လိုက်မိသည်။ကိုယ်တိုင်က အားနည်းသူဆိုပေမဲ့
ကိုယ့်ထက်အားနည်းတဲ့ ဒီကောင်လေးကိုကူညီပေးချင်တဲ့ စိတ်တွေကတစ်သတ်နဲ့တစ်ကိုယ်ပထမဆုံးဖြစ်တည်လာတဲ့ ဆန္ဒလေးပဲ။
ကောင်လေးရဲ့ လက်ကိုဆွဲကာ လက်ဖက်ရည်ဆိုင်ဆီသို့ မြေကြီးကို အားပြင်းပြင်းနင်းဆောင့်၍ လှမ်းသွားနေမိသည်။

"မကြီး....သားကိုဘယ်ခေါ်သွားမလို့လဲ..."

"နင်ပဲ....ရက်နှစ်ဆယ်စာ လုပ်အားခလိုချင်တယ်ဆို...သွားတောင်းကြမယ်လေ..."

"ဗျာ...."

"ဗျာ.."တစ်လုံးသာရေရွှတ်လိုက်ရသည့်
ကောင်လေးဟာပုံရိပ်ရဲ့ခေါ်ဆောင်ရာအတိုင်း
လွန်ခဲ့တဲ့မိနှစ်ပိုင်းကမှ ခွေးမောင်းသလို
မောင်းအထုတ်ခံလိုက်ရသည့်  ဆိုင်ထဲသို့ပြန်ရောက်ခဲ့လေတော့သည်။ပုံရိပ်နဲ့ကောင်လေး၀င်လာတာကိုမြင်တော့ ဦး၀တုတ်ဆိုသည့်လူကြီးက ကောင်တာနောက်မှခုံတွင် အငြိမ့်သားထိုင်နေရာမှ ဒေါသအလွန်ထွက်သွားသော မျက်နှာကြမ်းကြီးနှင့်
ပုံရိပ်တို့နှစ်ယောက်ကို ကြည့်လာသည်။

"ဟိတ်ကောင်လေး....မင်းကိုငါ့ဆိုင်ရိပ်တောင်
လာမနင်းဖို့ပြောထားတယ်မဟုတ်လား
....သူတောင်းစားလေး...မင်းကအဆဲလာတောင်းတာလား...တုတ်လာတောင်းတာလား....
လူစကားကိုနားမလည်ဘူးလား....
အခုချက်ချင်းငါ့ဆိုင်ရှေ့ကနေထွက်သွား...."

"ဦးလေး...လူကြီးဖြစ်ပြီးစကားကိုကောင်းကောင်းပြောပါ....ကိုယ့်ဆိုင်မှာအလုပ်လုပ်ပေးခဲ့တဲ့
လူတစ်ယောက်ကို ဒီလိုနိုင့်ထက်စီးနင်း...မပြောပါနဲ့...."

"အောင်မယ်....ညည်းကဘာမို့လို့ လာ၀င်ပါနေတာလဲ....၀ယ်စရာရှိတာ၀ယ်ချင်၀ယ်..
မဟုတ်ရင်ကိုယ့်လမ်းကိုယ်သွားနော်...."

ကျောင်းစိမ်း၀တ်စုံနှင့် သူ့အားပြန်ရန်တွေ့နေသည့်ကလေးမကို ဦး၀တုတ်ဆိုသူက အော်ငေါက်၍ပြောပစ်လိုက်သည်။

ကောင်လေးကတော့ ကလေးပီပီကြောက်တတ်တာကြောင့် ပုံရိပ်၏အနောက်တွင်သာ ခေါင်းလေးငုံ့၍ငိုနေရှာလေသည်။ပုံရိပ်ကတော့ လွယ်အိတ်ကိုအနောက်ဘက်သို့ လွှဲချလိုက်ပြီး နဂိုကမှထဘီကိုခြေသလုံးအလည်လောက်အထိ ၀တ်တတ်တာကြောင့် တရုတ်သိုင်းကားတွေထဲကလို သိုင်းချခါနီးဟန်ရေးပြင်နေသည့်နယ် ခြေထောက်နှစ်ချောင်းကို ချဲကာ လက်ကိုဟန်ပါပါပိုက်ပစ်လိုက်သည်။
မေးကိုပါအစစ်မော့လိုက်သေးသည်။
မမော့လို့လည်းမရ...ထို၀တုတ်ကြီးက ကိုယ်ထက်အရပ်ရှည် နေသည်။

"ကျွန်မကသူ့အစ်မပဲ..ဦးလေးရဲ့ဆိုင်အစုတ်ပလုတ်
ထဲကို ၀င်ချင်လွန်းလို့ ထင်မနေနဲ့ကျွန်မမောင်လေးရဲ့ လုပ်အားခကိုလာတောင်းတာ..."

"အောင်မာ....လူကြည့်တော့စုတ်ချွန်းချွန်းနဲ့...
ဒီလိုဆိုင်အစုတ်ပလုတ်မျိုးတောင် ဖွင့်နိုင်တာကြလို့
ဖင်ခေါင်းကတော့ အတော်ကျယ်တယ်...
မောင်တွေဘာတွေလာရွှီးမနေနဲ့ ဒီကောင့်မှာ
ဘာအစ်မမှ မရှိဘူး...ဟေ့ကောင်ခွေးသား....
မင်းကတစ်ယောက်တည်းမနိုင်တော့ စစ်ကူခေါ်လာတာပေါ့ဟုတ်လား....မင်းကဘာကောင်လဲ...ဟမ်း!!!"

"အား...မကြီး!!!!!!"

၀တုတ်ကြီးက ပုံရိပ်ရဲ့အနောက်မှာပုန်းနေသည့်ကောင်လေးကို ဆွဲထုတ်ပြီးရိုက်မယ်ကြံတော့ ပုံရိပ်လည်း အရှေ့မှကာရပ်လိုက်ပြီး ထိုလူကြီးရဲ့
ဗိုက်ပူကြီးကို လက်နဲ့ဆောင့်တွန်းပစ်လိုက်သည်။
ထိုလူကြီးက ဘာမှမဖြစ်ပေမဲ့ ပုံရိပ်နဲ့ကောင်လေးကတော့ နောက်သို့ခြေလှမ်း နှစ်လှမ်းဆုတ်လိုက်ရသည်။အားမတန်‌မာန်လျှော့တာမျိုးမဟုတ်ပဲ
ရှေ့ကိုချီတက်ဖို့ အရှိန်ယူလိုက်ခြင်းပါပဲ။
ဆိုင်ထဲမှ လူတွေကလည်း နေရာမှမထကြပေမဲ့
စူးစမ်းသလို့ ဝိုင်းကြည့်နေကြလေသည်။
ပုံရိပ်ကတော့ ကလေးတွေအနိုင်ကျင့်ခံနေရတာကို ကူညီမပေးတဲ့လူတွေဆိုပြီး စိတ်ထဲမှကြိမ်ဆဲနေမိသည်။

"ဟိတ်ကောင်မလေး....ညည်းကဘာအကြောလာထောင်တာလဲ....ကိုယ့်လမ်းကိုယ်သွားနော်..
မဟုတ်ရင် ငါလုပ်လိုက်လို့ အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားမယ်...."

"ကိုယ့်လမ်းကိုယ်သွားစေချင်ရင်....ကျွန်မမောင်လေးရဲ့ လုပ်ခ လစာရက်နှစ်ဆယ်ခကို အခုချက်ချင်းထုတ်ပေး...ခိုင်းတုန်းကတော့ကျွဲခိုင်း၊
နွားခိုင်း ခိုင်းထားပြီး အလုပ်ကလေးနှစ်ရက်ပဲပျက်တာကို ထုတ်ပစ်တယ်...."

"ဟေ့...ဘာလုပ်ခမှမပေးနိုင်ဘူး....မကျေနပ်ရင်...ကြိုက်တဲ့နေရာကိုသွားတိုင်...."

အံကိုတင်းနေအောင်ဖိကြိုက်ထားလိုက်မိသည်။
အောက်တန်းကျလိုက်တဲ့ အလုပ်ရှင်။
အချိန်တွေ အင်အားတွေအကုန်ခံပြီး ပေးဆပ်ထားရပေမဲ့ ထိုက်သင့်တဲ့တန်ဖိုးကို ပေးရမှာတော့
သေမလောက်ကြောက်နေတယ်။
တကယ့်ကို အရင်းရှင်စိတ်ဓာတ်အပြည့်နဲ့ပါပဲလား။
သူ့ရဲ့မျက်လုံး‌ထဲမှာ ကလေးတစ်ယောက်က
ဘာတန်ဖိုးမှမရှိတဲ့ အမှိုက်တစ်စလို့ပဲ မြင်နေပုံရတယ်။

အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ဟာ ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ပေးပြီး ကြောက်တတ်ကြတာကြောင့် အထွန့်မတတ်ရဲကြဘူး။
အလုပ်သမားတစ်ယောက်ရဲ့ ပျှမ်းမျှတစ်နေ့လုပ်အားခဟာ ဘယ်လောက်ဆိုတာလည်း
သူတို့မသိကြဘူး။အလုပ်ရှင်တွေကလည်း ဒါကိုပဲ လိုချင်ကြတယ်။လုပ်အားခ အများကြီးမပေးရပဲ ကလေးတွေကခိုင်းလို့ကောင်းနေသည်မဟုတ်ပါလား။

ကာကွယ်ပေးမဲ့ တရားမျှတ‌ရေးချိန်ခွင်ဆိုတာကလည်း  အမှောင်ထဲမှာခပ်ပျပျမြင်နေရတဲ့ အလင်းရောင်တစ်ခုလိုပဲ မှိန်တုတ်မှိန်တုတ်နဲ့ ဘာမှရှင်းရှင်းလင်းလင်းမမြင်ရဘူး။
အသက်မပြည့်သေးတဲ့ ကလေးတွေက
ဘာမသိညာမသိနဲ့ လုပ်ငန်းခွင်၀င်နေရပြီး ရလာတဲ့အသီးအပွင့်ကိုတော့ အလုပ်ရှင်နဲ့သူတို့ရဲ့မိဘတွေက စားကြတယ်။နစ်နာလိုက်တဲ့ ဘ၀တွေ။

"တိုင်ချင်ရာ တိုင်လို့ဦးလေးရဲ့ ပါးစပ်ကနေပြောတာနော်....ဒီကနေပြန်ရင်ကျွန်မအုပ်ချုပ်ရေးမှူးကို သွားတိုင်မယ်....ဥပဒေမှာအသက်၁၄နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းတာက တရားမ၀င်ဘူးလို့ ထုတ်ထားပြီးသား....ကျွန်မမောင်လေးက အခုမှအသက်ဆယ့်နှနှစ်ပဲ ရှိသေးတဲ့အတွက် ဦးလေးကိုအရေးယူခိုင်းလို့ရတယ်...လုပ်ခလစာလည်းအပြည့်မပေးတဲ့အပြင် ဆဲဆိုကြိမ်းမောင်းခံရတာတွေပါ တိုင်ပစ်မယ်...ထောင်ကြရင်တော့ ၅လကနေ ၈နှစ်ပဲ...ဒဏ်ကြေးဆောင်ရရင်တော့ သိန်းဆယ်နဲ့ချီပြီသာမှတ် အဲ့ကြမှကျွန်မအဆိုးလာမဆိုနဲ့
တကယ်လုပ်မှာ....."

"ဟာ...ဟဲ့ကောင်မလေး....နေဦး...."

လှည့်ထွက်လာသည့် ပုံရိပ်တို့‌ရဲ့အရှေ့သို့ ဗိုက်ကြီးလှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးလာပြီးပိတ်ရပ်လိုက်သည့် ၀တုတ်ကြီးကို ပုံရိပ်လည်းစုပ်တစ်ချက်သပ်ပြီး မျက်ခုံးပင့်ကာ ခပ်မာမာပဲစိုက်ကြည့်ပေးလိုက်သည်။ထိုလူကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး
ပုံရိပ်ကို ဟန်လုပ်ကာပြုံးပြလာသည်။အနောက်မှာ ပတ်ကျိလေးလိုကပ်နေသည့် ကောင်လေးကတော့
နားမလည်နိုင်စွာ မျက်မှောင်ကြုံ့သွားသည်။

"ညည်းမောင်အတွက် ရက်နှစ်ဆယ်စာလခကို
ငါအခုပဲထုတ်ပေးလိုက်မယ်....ညည်းဟိုတိုင်သည်တိုင်တော့လျှောက်မလုပ်နဲ့...."

"အဲ့ဒါကတော့ ပိုက်ဆံကိုမြင်မှပဲ ကတိပေးနိုင်မယ်..."

လက်ပိုက်ကာ ခပ်မဲ့မဲ့ပြောနေသည့် လက်တောက်လောက်ကလေးမကို ၀တုတ်အဖို့စိတ်တိုလွန်း၍
ကိုင်ပေါက်ပစ်လိုက်ချင်သည်။
ရန်တွေ့လိုက်တာကလည်း ကပ်ကပ်လန်လို့
ပြောလိုက်တဲ့ စကားလုံးတွေကလည်းအရွယ်နဲ့မမျှဘူး။စကားပြောပေါက်ကို ကြည့်ရသလောက်တော့
သူ့ဆွေမျိုးထဲက တစ်ယောက်ယောက်ဟာရှေ့နေတွေ ဘာတွေဖြစ်နေနိုင်တယ်။

မဟုတ်ရင် ဒီမလောက်လေး မလောက်စားက
ဒီစကားပြောထွက်ပါ့မလား။ဟိုကောင်လေးရဲ့ အစ်မအရင်းလည်းဟုတ်မယ်မထင်ဘူး။
နှစ်‌ကောင်သားက ဘေးချင်ယှဉ်ရပ်နေတာတောင် ငါးကြီးခြောက်နဲ့မုန်လာဥဖြူကို အတူထားထားသလို ကွာလိုက်တဲ့အရောင်အဆင်း...။
ဒီကမြင်းမသမီးကို ကြောက်လို့တော့မဟုတ်ပေမဲ့ ကိုယ်တိုင်ကလည်း အစ်ကိုဖြစ်သူဆီက‌နေ
ချေးထားတဲ့အရင်းအနှီးနဲ့  အစ်ကို့မြေပေါ်မှာ
ဆိုင်တည်ထားရတော့ တစ်ခုခုအတိုင်အတောခံရရင် ကိုယ်ပဲနစ်နာမှာ...။
ဒီငနဲမလေးက ရုပ်ကြည့်တာနဲ့တင် အကြောက
မြင်းမိုလ်တောင်လောက်ထောင်မဲ့ရုပ်မှန်း
 ပြေးမကြည့်တောင်တွေးကြည့်တာနဲ့သိတယ်။

"နှစ်ကောင်လုံး ငါ့နောက်လိုက်ခဲ့...."

"ဘာလုပ်မလို့လဲ....."

သတ္တိရှိချင်ယောင်ဆောင်ထားရပေမဲ့ ၀တုတ်ကြီးရဲ့အနောက်ကိုတော့ ဘာမှန်းညာမှန်းမသိပဲ မလိုက်ရဲပေ။ထို့ကြောင့် ကောင်လေးနဲ့ ပုံရိပ်တို့တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်မိကြသည်။

"ဟိတ်....နင်တို့ပဲလုပ်အားခလိုချင်တယ်ဆို...
ဟိုနားကကောင်တာကိုလာခဲ့..."

"အစောတည်းက အဲ့လိုရှင်းရှင်းလင်း‌လင်းပြောလေ..."

"အောင်မယ်....နင်တို့ကိုပဲရှင်ဘုရင်ကိုလျှောက်သလို သံရှည်ဆွဲပြီးငါက သံတော်ဦး‌တင်နေရအုံးမှာလား...ငါ့မှာအလုပ်ရှိသေးတယ်..နင်တို့လိုအားယားမနေဘူး...ရော့ဒီ‌မှာပိုက်ဆံအမြန်လာယူ...."

ကျွန်မတို့လည်း အားယားမနေပါဘူးနော်လို့ ပြန်ပြောလိုက်ချင်ပေမဲ့ ကောင်တာပေါ်ကိုပစ်တင်လိုက်တဲ့ ပိုက်ဆံတစ်ထောင်တန်တွေကိုသာ ကောက်ယူပြီး ရေကြည့်လိုက်သည်။
တစ်နေ့လုပ်ခသုံးထောင့်ငါးရာကိုမှ ရက်နှစ်ဆယ်စာကို ခုနှစ်သောင်းတောင်မပြည့်ပဲ ခြောက်သောင်းသာပေးလာတယ်။အမှန်ဆိုရင် အချိန်ပိုဆင်းရတာတွေပါ ပေးရင်တစ်သိန်းတော့ကျော်ရပေမည်။
 ခြောက်သောင်းတန်အုပ်ကို ကောင်တာအဖြစ်သတ်မှတ်ထားသည့် သစ်သားခုံပေါ်သို့ "ဗုန်း"ခနဲမြည်အောင် ဆောင့်ချပစ်လ်ုသည်။

"ဟိတ်...ညည်းဒါဘာလုပ်တာလဲ...."

"ဘာလုပ်တာလဲဟုတ်လား...."

ကောင်တာကို လက်ထောက်ပြီး မျက်မှောင်ကြုံ့ကာ
မိုက်ကန်းကန်းကြည့်လာသည့် ‌ကောင်မလေးကို ၀တုတ်ကလည်း ပြန်အော်သည်။
ငဂျစ်ကလေးရဲ့  ဒေါသမျက်၀န်းအိမ်ဟာ မျက်တောင်တစ်ချက်တောင် မခတ်သွားဘူး။

"ညည်းတို့လိုချင်တဲ့ ပိုက်ဆံရပြီလေ...ဘာထပ်ရှုပ်အုံးမလို့လဲ...."

"ဘာကို ညည်းတို့လိုချင်တဲ့ပိုက်ဆံလည်း
တစ်နေ့လုပ်ခက သုံးထောင့်ငါးရာကိုရက်နှစ်ဆယ်ကြေး ခုနှစ်သောင်းဖြစ်ရမှာမဟုတ်ဘူးလား...
ညဘက်တွေလည်း သေလောက်အောင်မအိပ်မနေခိုင်းပြီး အချိန်ပိုကြေးလည်း တစ်ပြားမှထည့်မပေးဘူး....ဦးလေးကဒီလိုပဲလုပ်နေကြလား...ကလေးတွေက ဘာမှမသိတဲ့ငတုံးလေးတွေဆိုပြီး...
ညှပ်ချလို့ရတိုင်း...ကျွန်မကိုနည်းလမ်းဟောင်းတွေလာမသုံးနဲ့..."

"ဟေ့....ညည်းစကားပြောတာ တရားမလွန်လာနဲ့
....ငါကတန်ရာတန်ကြေးပေးနေတာနော်...
မလိုချင်ရင် မယူနဲ့...."

"အောင်မာ....ဘာတန်ရာတန်ကြေးလည်း...အခုမှဆယ်နှစ်ကျော်ရုံရှိသေးတဲ့ကလေးတွေကို နွားလိုကျွဲလို ရုန်းခိုင်းပြီး ဆန်ကွဲတစ်ဆုပ်လောက်လေး
ချကျွေးတာကို တန်ရာတန်ကြေးပေးတာပေါ့ ဟုတ်လား...သူတို့အသက်အရွယ်နဲ့မမျှတဲ့အလုပ်ကိုလုပ်ရပြီး...သူတို့ရဲ့အချိန်တွေ ချွေးတွေကိုအကုန်ခံထားရတာ...ဒီတစ်ပဲခြောက်ပြားနဲ့တန်ရာတန်‌ကြေးလာဖြတ်နေတာလား!!!!!!!..."

ပိုက်ဆံ‌ထုပ်ကို ခုံပေါ်သို့ထပ်မံကိုင်ဆောင့်ချလိုက်သည့် ကောင်မလေးအား ၀တုတ်လည်းစောင်းမဲမဲပြန်စိုက်ကြည့်လိုက်သည်။ထိုကောင်မလေးရဲ့ မျက်၀န်းတွေကတော့ မီးတောင်ငယ်တစ်ခုပေါက်ကွဲတော့မည့်နယ် နီရဲတောက်လောင်နေသည်။ ဒီကောင်မလေးကို ဒီလောက်အကြောတင်းလိမ့်မယ်လို့ မထင်မိလို့ လုပ်ရိုးလုပ်စဉ်အတိုင်း ပိုက်ဆံကိုအပြည့်မပေးပဲ ထိန်ချန်ထားလိုက်မိပေမဲ့ ဒီငနဲမကတစ်စက်မှမ‌လျော့ပဲ အဆုံးအထိ လာရစ်နေသည်။

"ဒီမှာ ညည်းတို့ဒီပိုက်ဆံကို ယူပြီးသွားမလား
မသွားဘူးလား....မဟုတ်ရင်ပိုင်နက်ကျူးကျော်မှုနဲ့ ငါ့ဘက်ကလည်း ညည်းတို့ကိုပြန်စွပ်စွဲလို့ရတယ်နော်...."

"ဟား...ဟား...စွဲချင်တဲ့အမှုနဲ့စွဲလိုက်စမ်းပါ
ကျွန်မတို့နှစ်ယောက်လုံးတစ်ယောက်မှ
အသက်မပြည့်သေးဘူး...
ဘယ်သူမှန်လည်း မှားလည်းဆိုတာ
ဆိုင်ထဲကလူတွေအကုန်လုံး သက်သေရှိတယ်...
ကျွန်မလည်း တစ်ခွန်းပဲပြော‌မယ်...ရုံးမှာသွားပြီး
သိန်းဆယ်နဲ့ချီဒဏ်ကြေးဆောင်ချင်လား...ကျွန်မမောင်လေးရဲ့ လုပ်အားခကိုအပြည့်ပေးမလား...
ဒါ‌ပဲပြော..."

ကို၀တုတ်တစ်ယောက် ချွေးတွေနဲ့ရောပြီး မျက်နှာကအဆီပြန်လာတာကြောင့် လက်နဲ့သပ်ချလိုက်ရသည်။သူ့ဘ၀မှာ တစ်ခါမှဒီလိုလာခြိမ်းခြောက်တဲ့ကိစ္စမျိုးမကြုံဖူးသေးတော့ အရေးယူခံရမှာတွေဆိုရင် သေမလောက်ကြောက်သည်။
နောက်ဆုံးတော့ ကိုယ်ပဲအလျှော့ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။

"ကို၀တုတ်ရယ် ကလေးတွေနဲ့ပြိုင်ပြီးငြင်းမနေပါနဲ့ ပေးစရာရှိတာပေးလိုက်ပြီးရော...."

"အေးလေဗျာ...ခင်ဗျားကလည်း အလုပ်ခိုင်းပြီးလုပ်ခတော့ ပြည့်အောင်ပေးလိုက်ပေါ့ဗျာ..."

"အေးလေ...."

ဆိုင်ထဲမှ လာနေကြဖောက်သည်တွေကပါ တစ်ယောက်တစ်ပေါက်ပြောလာတာကြောင့် ၀တုတ်လည်း အံဆွဲကိုဖွင့်ပြီး လေးသောင်းကိုရေလိုက်ကာ ခြောက်သောင်းတန်အုပ်ပေါ်သို့ တင်ပေးလိုက်သည်။

"ရပြီမလား...အဲ့မှာတစ်သိန်း...."

"ဟမ်...အချိန်ပိုဆင်းခက ဘယ်ချောင်ထဲရောက်သွားရတာလဲ...အရင်ကအချိန်ပိုကြေးတွေပါရောရင် နောက်ထပ်တစ်သိန်းလောက်ထပ်ပေးမှရမယ်..."

"မပေးနိုင်ဘူးဟေ...မပေးနိုင်ဘူး...."

"ကောင်းပြီလေ...ဒါဆိုလည်းမောင်လေးရေ
...အုပ်ချုပ်ရေးမှူးဆီပဲ သွားကြရအောင်..."

"ဟာ...ညည်းဘယ်လိုဖြစ်နေတာလဲ ရော့ဒီမှာ
ငါးသောင်း...နှစ်သိန်းတော့မပေးနိုင်ဘူး...သူတို့ရဲ့စားစာရိတ်တွေပါ နှုတ်လိုက်ရင် တစ်သိန်းခွဲတော့ရမယ်..."

အုပ်ချုပ်ရေးမှူးဆိုတဲ့အသံကိုကြားတာနဲ့ ဖင်တုန်အောင်ကြောက်တတ်မှန်းသိလို့ တမင်အညှာကိုကိုင်လိုက်တော့ ပုံရိပ်ကိုလက်ညှိုးတထိုးထိုးနဲ့ မကျေ
မနပ်ကြည့်လာပြီး ငါးသောင်းထပ်ထုပ်ပေးလာသည်။
ပုံရိပ်လည်း တစ်သိန်းခွဲအုပ်ကိုယူလိုက်ပြီး ထို၀တုတ်ကြီးကို တည့်တည့်ကြည့်ပစ်ကာ
ကောင်လေးကို လက်ဆွဲ၍ချာကနဲလှည့်ထွက်လာလိုက်သည်။

"ရော့....ဒီမှာနင့်ရဲ့လုပ်အားခ....."

သူ့လက်ထဲကိုရောက်လာသည့် တစ်သိန်းခွဲတန်ပိုက်ဆံထုပ်ကိုကြည့်နေရင်းမှာ ကောင်လေးဟာမျက်ရည်တွေ ကျလာပြန်သည်။တော်တော်အငိုသန်တဲ့ ကောင်လေးပဲလို့ပုံရိပ်မှတ်ချက်ချမိသည်။
အသားအရည်က မဲညစ်ညစ်ကလေးဖြစ်ပြီး ခန္ဓာကိုယ်ကလည်းပိန်သည်။ပုံရိပ်ကို ကျေးဇူးရှင်ကြီးတစ်ယောက်လို ကြည့်နေတော့ ကိုယ်တောင်
မနေတတ်မထိုင်တတ်တော့သလိုပဲ။

"ကျေးဇူးတင်လိုက်တာ မကြီးရာ..ဒီကနေပြန်ရင်
အမေ့ကို ဆေးခန်းပြလို့ရပြီဗျ..မကြီးကိုကျွန်တော်ထိုင်ကန်တော့ချင်လိုက်တာ...."

"အမယ်လေး...မလုပ်ပါနဲ့ကိုယ်တော်ရယ်...
နင့်အမေကြီးဖျားနေတယ်ဆို...အမြန်ပြန်တော့လေ....ပိုက်ဆံကိုလည်း သေချာသိမ်းထားနော်..."

"ဟုတ်ကဲ့ပါမကြီး....သားသွားပြီနော်..."

မျက်ရည်လေးစမ်းစမ်းနှင့် ပုံရိပ်ကိုနှုတ်ဆက်ပြီးထွက်သွားတဲ့ ကောင်လေးဟာ ခြေဆယ်လှမ်းလောက်အရောက်မှာ ပုံရိပ်ကိုပြန်လှည့်ကြည့်လာသည်။

"မကြီးက....အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးလို့လား...."

"..အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးဖို့မပြောနဲ့ ရပ်ကွက်ရုံးဘယ်မှာမှန်းတောင် ငါမသိဘူး...."

ထိုစကားကိုကြားတော့ ကောင်လေးကရယ်ကျဲကျဲလေးလုပ်ပြီး ငွေထုပ်ကလေးကိုပိုက်ကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
မိုးဖွဲလေးတွေ ကျနေသည့် လမ်းမပေါ်တွင် ပုံရိပ်တစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။
အိမ်ရောက်ရင်တော့ လမ်းမှာကြာနေတဲ့အတွက် အဒေါ်က သေချာပေါက်ဆူမှာပဲ။
ဒါကြောင့် ဆင်ခြေပေးဖို့ ကြိုတင်စဉ်စားနေရသေးသည်။

တကယ်တော့ ဒီကောင်လေးကိုကူညီဖြစ်တာကလည်း အဒေါ့်ကြောင့်ပါပဲ။
အဒေါ်ဟာ ဈေးရောင်းကနေပြန်လာရင် သူရောင်းခဲ့တဲ့အိမ်ကသူဌေးက အိမ်အလုပ်ကူဖို့ဆိုပြီး ကလေးတွေကိုခေါ်ခိုင်းတဲ့အကြောင်းနဲ့ ထိုကလေးတွေဟာဘယ်လိုဆူဆဲခံ အရိုက်ခံရတာ စသည်ဖြင့်
ဖောက်သည်ချတတ်သည်။
ဟိုတစ်လောက သတင်းစာထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ လုပ်ငန်းခွင်ထဲတွင်အညှာအတာမဲ့ နှိပ်စက်ခံရတဲ့‌ အကြောင်းတွေကို ဖတ်လိုက်ရတော့ ကောင်လေးရဲ့အဖြစ်ကိုစာနာမိသွားခဲ့တယ်။ဒီကောင်လေးရဲ့နေရာမှာ ငါ့ညီ၊ညီမလေးတွေဆိုရင်လို့ တွေးလိုက်မိတော့ပိုရင်နာရတယ်။
တကယ်တမ်းတော့ ဦး၀တုတ်ဆိုတဲ့ဦးလေးကို ပုံရိပ်အနည်းငယ်ကြောက်မိတယ်။ကောင်လေးကို ကူညီချင်လို့သာ သတ္တိမွေးခဲ့ရပေမဲ့ ဒီလူကြီးသာစိတ်မပျော့ရင် ပုံရိပ်အခုလောက်ဆို ရိုက်နှ က်ခံလိုက်ရမှာ သေချာတယ်။
အသက်မပြည့်သေးတဲ့ကလေးကို နင်တို့ကရောဘာလို့အလုပ်လုပ်ခိုင်းသလဲလို့ မေးလာခဲ့ရင်တော့ ငုတ်တုတ်မေ့မှာသေချာတယ်။
အုပ်ချုပ်ရေးမှူးဆိုတဲ့အသံကိုကြားတာနဲ့  အကြောက်လွန်သွားပုံပဲ။

ကိုယ့်အတွေးနဲ့ကိုယ်ရောက်တက်ရာရာစဉ်းစားရင်း နှင့် ပုံရိပ်တို့နေသည့်လမ်းထိပ်သို့အရောက်တွင် မိုးသီးမိုးပေါက်တွေဟာ ခပ်စိပ်စိပ်ရွာချလာခဲ့သည်။လွယ်အိတ်ကို ခေါင်းပေါ်သို့တင်လိုက်ပြီး ထိုနေရာမှ အမြန်ပြေးဖို့သာ တွေးလိုက်မိသည်။

"ပုံရိပ်....နင်အဲ့ဒီ့မှာရပ်နေ...."

အသံလာရာ လမ်းဘေးဘက်သို့ကြည့်လိုက်မိတော့
ပိတောက်ပင်တစ်ပင်အောက်တွင် ပုံရိပ်ကိုရပ်၍ကြည့်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ကျောင်းစိမ်းကို၀တ်ထားပြီး ဆံပင်ကဂတုံး‌ ကေနှင့်ဖြစ်သည်။ပုံရိပ်ရင်းနှီးတဲ့ မျက်နှာတစ်ခုပါပဲ။သို့ပေမဲ့ မိတ်ဆွေတော့မဟုတ်ဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပုံရိပ်နဲ့ရန်ဖြစ်ခဲ့တဲ့ ကွမ်းယာသည်အဒေါ်ကြီးရဲ့သားဖြစ်ပြီး...သူ့နာမည်ကဟိန်းကို..။

အခန်း(၆)ဆက်ရန်ရှိသည်....

🌹🌹🌹

ပုရိပ်တို့ကတော့ လူတွင်ကျယ်ကြီးလုပ်လိုက်ပါပြီနော်....နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ စောင့်မျှော်ပေးကြပါအုံး❤️ 

==========================================

 🔥"ဆူးႀကိဳး...…"🔥              

                                                                  (အခန္း၅)

‌ေကာင္းကင္တစ္ခုလံုးဟာ ၫွို႔မိႈင္းေနၿပီး တိမ္ထုေတြသည္ ေနအလင္းေရာင္အားဖံုးကြယ္ထားၾကသည္။လမ္းတေလ်ွာက္ရိွသစ္ပင္မ်ားဟာေလထုေၾကာင့္ အကိုင္းအခက္မ်ားပါယိမ္းထိုးသြားၾကၿပီး သစ္ရြက္တို႔ဟာေလ၏ျပင္းအားကိုမခံစားႏိုင္ၾကသၫ့္ေနာက္ ေျမျပင္သို႔တစ္ေလ်ွာေလ်ာႂကြေက်လာၾကေလသည္။
မူလတန္းေက်ာင္းေလးကိုျဖတ္ေလ်ွာက္လာေသာအခါတြင္ ေလျပင္းတိုက္၍မိုးရြာမည္ကိုစိုးရိမ္ပူပန္ေနေသာမ်က္ႏွာမ်ားႏွင့္ မိဘတို႔ဟာေက်ာင္းအေပါက္ဝတြင္ကေလးငယ္မ်ားအား ေစာင့္ေနၾကေလသည္။

မၾကာခင္မွာ မိုးေတြရြာခ်လာခဲ့ပါက ပံုရိပ္ရဲ့အ၀တ္အစားေတြနဲ႔ လြယ္အိတ္ထဲကစာအုပ္ေတြကို
မစိုစြတ္ရေအာင္ ပံုရိပ္ရဲ့ေသးငယ္တဲ့လက္ေတြနဲ႔ကာကြယ္လို႔လည္း ရႏိုင္မယ္မထင္ဘူး။
ပံုရိပ္တို႔ရဲ့အိမ္မွာက ‌ရွားရွားပါးပါး‌ ေခါက္ထီးေလးတစ္ေခ်ာင္းသာရိွသည္။
ထိုထီး‌ေလးခမ်ာ မိုးတြင္းတစ္တြင္းလံုးမွာ
တစ္မိသားစုလံုးအားရေအာင္သံုးၿပီးေနာက္
ထီးရိုးက်ိဳးရ ထီးမိုးလံရသည့္အျဖစ္သို႔ေရာက္ရေလသည္။

သို႔ေပမယ့္လည္း ထီးတလတ္ရဲ့တန္ဖိုးဟာ
တစ္ေသာင္းနီးပါးေလာက္ကပ္သည္မို႔ တေန့မွ
ေလးငါးေထာင္ေလာက္သာ အျမတ္က်န္တဲ့ပံုရိပ္ရဲ့အေဒၚေစ်းသည္မႀကီးအဖို႔ အသစ္တစ္ေခ်ာင္းကိုဝယ္ဖို႔ရာခက္ရေခ်သည္။
ထို႔ေၾကာင့္ ဒီအေဟာင္းေလးကိုပဲအရိုးဆက္လိုက္အမိုးဖာလိုက္နဲ႔ တဝဲလည္လည္၍သံုးေနရသည္မွာမိုးကုန္၍ေဆာင္းသို႔ေတာင္ကူးေတာ့ေပမည္။

အခုရက္‌ေတြမွာအိမ္ကအငယ္မေလးမိစုက ခဏခဏအဖ်ားဝင္ေနတာေၾကာင့္ ေဆးခြင့္ယူထားတာပင္ႏွစ္ရက္ေလာက္ရိွေနေပၿပီ။
အိမ္မွာအေရးအေၾကာင္းဆိုရင္ သြားဖို႔လာဖို႔အတြက္ ထိုထီးအေဟာင္းေလးကို ထားခဲ့ရသည္
ကမ်ားေလသည္။ထို႔ေၾကာင့္မိုးရြာတဲ့ေန့ေတြဆိုရင္
အၿမဲတမ္းမိုးစိုၿပီးမွ အိမ္ကိုျပန္လာခဲ့ရသည္ကမ်ားတယ္။

"ကလင္...ကလင္...."

အေနာက္မွကလင္ေခါက္သၫ့္အသံေၾကာင့္
ပံုရိပ္လည္းလမ္းေဘးကို တိုးရပ္လိုက္ရသည္။
စက္ဘီးေလးေက်ာ္တက္သြားသၫ့္အခ်ိန္မွာ လိုခ်င္ေတာင့္တမႈေလးတစ္ခုကေပၚလာခဲ့သည္။
ပံုရိပ္မွာသာသူမ်ားေတြလိုစက္ဘီးေလးတစ္စီးေလာက္ရိွခဲ့ရင္ မိုးေရစိုခံစရာလည္းမလိုေတာ့သလို၊ေျခအေညာင္းခံေစရာလည္းလိုေတာ့မယ္
မထင္ဘူး။
ဒီအသက္အရြယ္အထိ စက္ဘီးမစီးဖူးေသးတဲ့
ကိုယ့္ရဲ့ဘဝကိုပဲ ဟာသတစ္ပုဒ္အလား
ေလွာင္ေျပာင္၍ရယ္လိုက္မိသည္။
"ေအာ္..လမ္းေလ်ွာက္တာကလည္းက်န္းမာေရးအတြက္ေကာင္းတဲ့ေလ့က်င့္ခန္းတစ္ခုပဲလို႔
ကိုယ့္ဘာသာျဖည့္ေတြးလိုက္ပါတယ္။

"တီ!!!!!!!"

ထိုစဥ္မွာေက်ာင္းသားအုပ္ႀကီးကိုသံရွည္စဲြ၍
လမ္းဖယ္ခိုင္းေနေသာ ကားဟြန္းတီးသံေၾကာင့္ လွမ္းၾကၫ့္လိုက္မိေတာ့ ကားျပဴးတင္းေပါက္ကေနပံုရိပ္ကို ေကာင္မေလးတစ္ေယာက္ကလွမ္းၾကၫ့္
လာေလသည္။
ထိုေကာင္မေလးက တစ္ျခားသူမဟုတ္ပဲ ပံုရိပ္နဲ႔တစ္ခံုတည္း အတူတူထိုင္သၫ့္ ယမင္းေရႊဆိုေသာေကာင္မေလးပါပဲ။သူ႔ေဘးနားမွာေတာ့သူမရဲ့အစ္ကိုဆိုသူက နားက်ပ္ကိုနားမွာတတ္ၿပီး မ်က္လံုးကိုမိွတ္ထားပံုေပၚေလသည္။

ယမင္းေရႊက ပံုရိပ္ကိုႃပံုးျပသြားေပမယ့္
ပံုရိပ္ကေတာ့ တမင္ပဲမ်က္ႏွာလႊဲပစ္လိုက္သည္။
ေဘးကေနေက်ာ္ျဖတ္သြားတဲ့ ကားေနာက္ေက်ာကိုၾကၫ့္လိုက္ၿပီးေနာက္ ကိုယ့္ေျခေထာက္ကိုျပန္ၾကၫ့္လိုက္မိေတာ့  ေဟာင္းႏြမ္း ေနတဲ့ဖိနပ္ကေလးကိုသာေတြ့ေနရသည္။
ကားေတာင္စီးႏိုင္တဲ့မိန္းကေလးနဲ႔ စက္ဘီးေတာင္
မစီးႏိုင္ပဲ ဖိနပ္အစုတ္ကေလးကိုသာစီးေနရတဲ့ကိုယ့္လိုလူတစ္ေယာက္က ခင္မင္ဖို႔ဆိုတာဘယ္လိုျဖစ္ႏိုင္မွာလဲ။ခင္မင္မႈရဲ့ေနာက္ကြယ္မွာ လိုခ်င္ေတာင့္တမႈနဲ႔ ေလာဘေတြလည္းပါလာတတ္တယ္။

သူငယ္ခ်င္းေတြက ဝတ္ႏိုင္စားႏိုင္ရင္ ကိုယ္လည္းသူတို႔လိုျဖစ္ခ်င္လာတတ္တယ္။ပံုရိပ္ရဲ့ရင္ထဲမွာလည္း လိုအင္ဆႏၵဆိုတဲ့မီးစာေလးေတြဟာ အၿမဲတမ္း တစ္ၿမိဳက္ၿမိဳက္ေလာင္ကၽြမ္းေနတာပါပဲ။သို႔ေပမယ့္ ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ထိန္းလိုက္တာကမ်ားပါတယ္။
အခ်ိန္နဲ႔အမ်ွအသစ္အသစ္ေတြေပၚေနတဲ့ေခတ္ႀကီးမွာ အလိုေလာဘကိုမထိန္းခ်ဳပ္ႏိုင္ရင္ ပ်က္စီးရမွာက ကိုယ္ကိုယ္တိုင္ကလဲြၿပီးတျခားမရိွဘူးဆိုတဲ့အခ်က္ကို ပံုရိပ္နားလည္ထားၿပီးသားပင္။

"သြား ဒီဆိုင္ရိပ္ကိုေနာက္တစ္ခါဘယ္ေတာ့မွ
 ေျခမနင္းနဲ႔....သူေတာင္းစား မင္းရဲ့မ်က္ႏွာကိုငါ
မျမင္ခ်င္ဘူး..."

ေက်ာင္းကျပန္လာတိုင္းပံုရိပ္အၿမဲတမ္းျဖတ္ေလ်ွာက္ေနၾက လမ္းခ်ိဳးတခုအနားမွ လက္ဖက္ရည္ဆိုင္အေရ႔ွကိုေရာက္ေတာ့
ကေလးတစ္ေယာက္ဟာဆိုင္ထဲမွ ငိုယိုၿပီးထြက္ေျပးလာတာကိုေတြ့လိုက္ရသည္။
အသားမည္းမည္း ခပ္ဝဝႏွင့္လူႀကီးတစ္ေယာက္ကေတာ့ဆိုင္ေရ႔ွမွေန၍ခါးေထာက္ၿပီးမတ္တပ္ရပ္ေနေလသည္။

ထိုလူႀကီးရဲ့မ်က္ႏွာဟာေက်ာက္ေပါက္ေတြနဲ႔
ျဖစ္ၿပီးမ်က္ေမွာင္ႄကံု႔ထားသည္ေၾကာင့္ပို၍
ၾကၫ့္ရဆိုးေနသည္။
ကေလးကထိုလူႀကီးရဲ့ေဒါသျဖစ္ေနတဲ့မ်က္ႏွာကိုၾကၫ့္မိေလ ပိုငိုခ်င္ေလျဖစ္ေနပံုရတယ္။
ခႏၶာကိုယ္ေလးႄကံု႔ထားၿပီးမ်က္ရည္ေတြလည္း
ပါးျပင္မွာစိုရႊဲေနေလသည္။
ေျခေထာက္ေလးေတြကပင္အေၾကာက္တရားကို
ေတာင့္ခံႏိုင္စြမ္းမရိွစြာ တုန္ယင္ေနတာကိုျမင္ရေတာ့ ပိုလို႔ပင္အသနားပိုမိသည္။

ဆိုင္ထဲမွလူေတြရဲ့ထူးဆန္းသလိုအၾကၫ့္ေတြေအာက္မွာ ဒီကေလးေလးဘယ္ေလာက္ေတာင္ေၾကာက္ေနလိုက္မလဲ။
ကေလးသူငယ္ေလးတစ္ေယာက္  ေအာ္ေငါက္ခံေနရတာကိုေတြ့ေနၾကေပမယ့္ဘယ္သူကမွ ထလာၿပီးကာကြယ္မေပးၾကဘူး။
လူေတြရဲ့သေဘာသဘာဝဟာကိုယ္နဲ႔မဆိုင္ရင္၊
 ခံရတဲ့သူဟာကိုယ့္မိသားစုဝင္တစ္ေယာက္ေယာက္မဟုတ္ရင္ ကိုယ္ခ်င္းစာမႈတရားေခါင္းပါးတတ္ၾကတယ္။
သနားတဲ့စိတ္ကေလးေပၚလာတတ္ၾကရင္ေတာင္
ကိုယ့္အေၾကာင္းမဟုတ္လို႔ဝင္မပါၾကတာကမ်ားတယ္။

"သြား!!!သူေတာင္းစားေလး လာေတာင္းရမ္းဖို႔ေလာက္ပဲသိတယ္....ေနာက္တစ္ခါငါ့ဆိုင္ရိပ္ကို
လာနင္းရင္...ကန္ထုတ္ပစ္မယ္...ဘာမွတ္ေနလဲ...
မ်က္ႏွာကိုက...က်က္သေရမရိွဘာမရိွနဲ႔...
ငါ့ဆိုင္ကိုတမင္ လာဒ္ပိတ္ေအာင္လာလုပ္ေနတာ..."

ကေလးကိုေျပာဆိုၿပီးထိုလူႀကီးကဆိုင္ထဲကိုျပန္ဝင္သြားေလသည္။ေကာင္ေလးကေတာ့ လက္ဖက္ရည္ဆိုင္အနီးအနားရိွလမ္းခ်ိဳးမွအုတ္ခံုကေလးေပၚတြင္ထိုင္ၿပီး ငိုေနရွာသည္။
ထိုေကာင္ေလးေရ႔ွမျွဖတ္ေလ်ွာက္မိေတာ့
ကိုယ္နဲ႔မဆိုင္ဘဲဝင္မပါဖို႔ေတြးမိေပမယ့္
ေကာင္ေလးဆီမွၾကားေနရတဲ့ရိႈက္သံေလးေတြေၾကာင့္ ထိုအုပ္ခံုေလးရဲ့အစြန္နားတြင္၀င္ထိုင္လိုက္မိသည္။
ငိုေနရွာတဲ့ေကာင္ေလးကလည္းပံုရိပ္ကိုလွၫ့္ၾကၫ့္လာသည္။မ်က္ဝန္းခ်င္းဆံုသြားခိုက္မွာပံုရိပ္ေမးခြန္းစထုတ္ဖို႔ႀကိဳးစားမိသည္။

"ခုဏကလူႀကီးရဲ့ဆိုင္မွာအလုပ္လုပ္တာလား...."

"မႀကီးကဘယ္လိုလုပ္သိတာလဲ...."

ထူးဆန္းအံၾသသလိုၾကၫ့္လာတဲ့ေကာင္ေလးကို
ပံုရိပ္အႃပံုးတစ္ခုနဲ႔သာတုန႔္ျပန္လိုက္သည္။

"အရင္က...ငါေက်ာင္းကျပန္လာတဲ့အခ်ိန္တိုင္း
ဒီလက္ဖက္ရည္ဆိုင္ထဲမွာ နင့္ကိုခဏခဏေတြ့တယ္...ခုနကလူႀကီးကနင့္ကိုဘာလို႔ေမာင္းထုတ္ေနတာလဲ...နင္တခုခုအမွားလုပ္လိုက္မိလို႔လား..."

ထိုေမးခြန္းကိုၾကားေတာ့ ေကာင္ေလးရဲ့မ်က္ဝန္းမွမ်က္ရည္ေတြဟာ အရင္ထက္ႏွစ္ဆေလာက္ပို၍
စီးက်လာခဲ့သည္။သူဝမ္းနည္းေစမယ့္စကားကို
ပံုရိပ္ေျပာလိုက္မိတယ္ထင္ပါရဲ့။ပံုရိပ္ကိုယ္တိုင္လည္းစိတ္မေကာင္းျဖစ္လာမိတာေၾကာင့္
ေကာင္ေလးရဲ့ပခံုးကိုပုတ္လိုက္မိသည္။

"နင့္အသက္ဘယ္ေလာက္ရိွၿပီလဲ...."

"ဆယ့္ႏွႏွစ္ပါ....လာမယ့္လမွ...ဆယ့္သံုးႏွစ္ျပၫ့္မွာပါ...."

ပံုရိပ္ရဲ့အေဒၚက ေစ်းေရာင္းရင္ထုပ္ပိုးဖို႔ဆိုကာ
 ေျခရင္းအိမ္ကေန သတင္းစာေတြေတာင္းထားတတ္သည္။ပံုရိပ္ကိုယ္တိုင္ကစာဖတ္ဝါသနာပါသူမို႔ ထိုသတင္းစာေတြကို အေဒၚယူလာတိုင္းခဏခဏယူဖတ္မိေလ့ရိွတယ္။ပံုရိပ္ဖတ္မိတဲ့သတင္းတစ္ခုထဲမွာေတာ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒမွာအသက္၁၄ႏွစ္ေအာက္ကေလးေတြကို လုပ္ငန္းခြင္မွာေခၚခိုင္းတာဟာ တရားမဝင္ဘူးဆိုတာပါပဲ။

"ခုနကလူႀကီးက ဘာလို႔နင့္ကိုေျပာဆိုႀကိမ္းေမာင္းေနတာလဲ...."

"သားအေမေနမေကာင္းလို႔...ခြင့္ႏွစ္ရက္ေလာက္ယူထားမိတာကို..အလုပ္ပ်က္လို႔ဆိုၿပီး သားကိုအလုပ္ထုတ္လိုက္တယ္....အဲဒါအရင္လုပ္ခဲ့တဲ့လုပ္အားခကို ျပန္လာေတာင္းေတာ့ သားကို
ဆူလႊတ္တယ္...အေမကအိမ္မွာေနမေကာင္းလို႔ ေဆးဝယ္စရာပိုက္ဆံမရိွ...ေဆးခန္းကမသြားႏိုင္နဲ႔...အိမ္မွာအရမ္းသနားဖို႔ေကာင္းတာပဲ...
အေမေသမွာကို သားအရမ္းေၾကာက္တယ္...
သားမွာ ဒီအေမတစ္ေယာက္ပဲရိွေတာ့တာ..."

အသက္ဆယ့္ႏွႏွစ္ပဲရိွေသးေပမဲ့ မိသားစုရဲ့တာဝန္ကိုအသက္နဲ႔မလိုက္ပခံုးေပၚမွာထမ္းထားရပံုေပၚတယ္။မိခင္ကိုဆံုးရႈံးရမွာေၾကာက္ရြံ႔ေနတဲ့မ်က္ဝန္းေလးေတြမွာလည္းဝမ္းနည္းမႈအတိပါပဲ။
ပံုရိပ္ကိုယ္တိုင္ကမိခင္ဖခင္နဲ႔ေဝးေနတာေၾကာင့္
ဒီေကာင္ေလးရဲ့ခံစားခ်က္ကိုစာနာေပးႏိုင္ပါတယ္။
လူတစ္ေယာက္ကိုမေျပာနဲ႔ မၾကာခင္ကမွဆံုးရႈံးလိုက္ရတဲ့ ေၾကာင္က‌ေလးရဲ့အေၾကာင္းကိုျပန္ ေတြးမိရင္ေတာင္ ရင္ထဲမွာဆို႔နင့္လာတတ္တယ္။
ပံုရိပ္ကေတာ့ ေတာ္ရံုကိစၥနဲ႔၀မ္းမနည္းတတ္တယ္။ေကာင္ေလးကေတာ့ ကိုယ္တိုင္ဘာမွမစြမ္းေဆာင္
ႏိုင္တဲ့ အရြယ္ေလးမွာ မ်က္ရည္ကသာသူ႔အတြက္ ျဖည္သိမ့္ရာလက္တစ္စံုထင္ပါရဲ့ ။

"လက္ဖက္ရည္ဆိုင္မွာအလုပ္လုပ္တာ
ရက္ႏွစ္ဆယ္ခပဲလား....အခ်ိန္ပိုေတြေရာဆင္းရေသးလား...."

"ဆင္းရတာေပါ့မႀကီးရာ....ေဘာလံုးပဲြရိွတဲ့ေန့ေတြဆိုရင္....အိမ္ေတာင္ျပန္ရတာမဟုတ္ဘူး..
ညႏွစ္နာရီ၊သံုးနာရီေလာက္အထိ လုပ္ရတာ...
လူဆိုမ်က္ကြင္းေတြကို ညိုထြက္ၿပီးပန္းေနေရာပဲ...
ဆိုင္မွာအိပ္ငိုက္တာတို႔ဘာတို႔ဆိုရင္ မႀကိဳက္ဘူးဗ်...ဆူလည္းဆူတယ္...ရိုက္လည္းရိုက္တယ္...

အသက္ဆယ့္ႏွႏွစ္သာ ရိွေသးတဲ့ေကာင္ေလးရဲ့အခက္အခဲေတြက ၾကားရတာနဲ႔တင္ စိတ္ခ်မ္းေႁမ့စရာ တစ္ကြက္မွမရိွဘူး။
ပံုရိပ္ကလည္း ဆင္းရဲတဲ့မိသားစုကေနေပါက္ဖြားလာသူဆိုေပမဲ့ ဒီေကာင္ေလးေလာက္ေတာ့
ဘ၀မနာဖူးေသးဘူး။
ပံုရိပ္ရဲ့ကံကပဲေကာင္းေနေသးတာလားေတာ့မေျပာတတ္ဘူး။ဒါ‌ေပမဲ့ ပံုရိပ္သာဒီေကာင္ေလးေနရာမွာဆိုရင္ေတာ့ ဒီေလာက္အထိအႏိုင္က်င့္ခံရမွာမဟုတ္ေလာက္ဘူးထင္ပါတယ္။
ဘာေၾကာင့္လဲဆိုရင္ ပံုရိပ္ကၿငိမ္ခံေနမဲ့လူစားမ်ိဳးမဟုတ္လို႔ပဲ။

"လစာကေရာ...ဘယ္‌ေလာက္ရလဲ...."

"လစာကေတာ့ တစ္ေန့မွ သံုးေထာင့္ငါးရာေလာက္ရတာပါဗ်ာ....ဟိုဟာႏႈတ္ဒီဟာႏႈတ္နဲ႔ ေနာက္ဆံုးၾကေတာ့ တစ္သိန္းေတာင္မျပၫ့္ဘူး....
သားတို႔ကက်ူးေက်ာ္ရပ္ကြက္မွာေနလို႔သာ
အိမ္လခမကုန္တာ...မဟုတ္ရင္...ဘယ္လိုရွင္သန္ရမလဲေတာင္ သိမွာမဟုတ္ဘူး...."

"ေတာ္ေတာ္အျမတ္ႀကီးစားတဲ့လူေတြပဲ ခိုင္းေတာ့တနင့္တပိုးခိုင္းၿပီး ေပးတဲ့လစာၾက ငံုးစိေလာက္နဲ႔...ျဖတ္စားလာဒ္စားကလုပ္‌ေသးတယ္....
ေတာ္ေတာ္အက်င့္ယုတ္တဲ့ ဆိုင္ရွင္...."

"ျဖတ္စားတာက သူေဌးမဟုတ္ဘူးဗ်....သူေဌးရဲ့ညီ..."

"ဘယ္လိုခုဏက ၀တုတ္ႀကီးကဆိုင္ပိုင္ရွင္မဟုတ္ဘူးလား...."

"မဟုတ္ဘူးဗ်...ဆိုင္ပိုင္ရွင္ရဲ့ညီ၀မ္းကဲြပါ..
သူေဌးကႏိုင္ငံျခားမွာေနတာ....ဟိုတစ္ေလာကေတာ့ျပန္ေရာက္တယ္လို႔အသံၾကားတယ္...
တစ္ခါမွေတာ့သားလည္းမေတြ့ဖူးဘူး....
သားအိမ္ျပန္ေတာ့မယ္မႀကီးရယ္....
ဒီမွာထိုင္ငိုေနလို႔လည္း ဘာမွထူးလာမွာမဟုတ္ဘူး....အေမကအိမ္မွာတစ္ေယာက္တည္းက်န္ခဲ့တာ...."

"ေနဦးေလ...."

ပံုရိပ္လည္း အုတ္ခံုေပၚမွခံုဆင္းလိုက္သၫ့္
ထိုေကာင္ေလးရဲ့လက္ေကာက္၀တ္ကို အလ်ွင္စလိုလွမ္းဆဲြပစ္လိုက္သည္။ေကာင္ေလးကေတာ့ အံ့ဩတာေရာ သူ႔ကိုတစ္ခုခုလုပ္မယ္အထင္နဲ႔လန႔္တာပါေပါင္းၿပီး မ်က္လံုးေလးျပဴးကာ ထူးဆန္းသလိုၾကၫ့္လာသည္။
ေကာင္ေလးရဲ့ မ်က္၀န္းေတြကို ခပ္စူးစူးစိုက္ၾကၫ့္လိုက္မိသည္။ကိုယ္တိုင္က အားနည္းသူဆိုေပမဲ့
ကိုယ့္ထက္အားနည္းတဲ့ ဒီေကာင္ေလးကိုကူညီေပးခ်င္တဲ့ စိတ္ေတြကတစ္သတ္နဲ႔တစ္ကိုယ္ပထမဆံုးျဖစ္တည္လာတဲ့ ဆႏၵေလးပဲ။
ေကာင္ေလးရဲ့ လက္ကိုဆဲြကာ လက္ဖက္ရည္ဆိုင္ဆီသို႔ ေျမၾကီးကို အားျပင္းျပင္းနင္းေဆာင့္၍ လွမ္းသြားေနမိသည္။

"မႀကီး....သားကိုဘယ္ေခၚသြားမလို႔လဲ..."

"နင္ပဲ....ရက္ႏွစ္ဆယ္စာ လုပ္အားခလိုခ်င္တယ္ဆို...သြားေတာင္းၾကမယ္ေလ..."

"ဗ်ာ...."

"ဗ်ာ.."တစ္လံုးသာေရရႊတ္လိုက္ရသၫ့္
ေကာင္ေလးဟာပံုရိပ္ရဲ့ေခၚေဆာင္ရာအတိုင္း
လြန္ခဲ့တဲ့မိႏွစ္ပိုင္းကမွ ေခြးေမာင္းသလို
ေမာင္းအထုတ္ခံလိုက္ရသၫ့္  ဆိုင္ထဲသို႔ျပန္ေရာက္ခဲ့ေလေတာ့သည္။ပံုရိပ္နဲ႔ေကာင္ေလး၀င္လာတာကိုျမင္ေတာ့ ဦး၀တုတ္ဆိုသၫ့္လူႀကီးက ေကာင္တာေနာက္မွခံုတြင္ အၿငိမ့္သားထိုင္ေနရာမွ ေဒါသအလြန္ထြက္သြားေသာ မ်က္ႏွာၾကမ္းႀကီးႏွင့္
ပံုရိပ္တို႔ႏွစ္ေယာက္ကို ၾကၫ့္လာသည္။

"ဟိတ္ေကာင္ေလး....မင္းကိုငါ့ဆိုင္ရိပ္ေတာင္
လာမနင္းဖို႔ေျပာထားတယ္မဟုတ္လား
....သူေတာင္းစားေလး...မင္းကအဆဲလာေတာင္းတာလား...တုတ္လာေတာင္းတာလား....
လူစကားကိုနားမလည္ဘူးလား....
အခုခ်က္ခ်င္းငါ့ဆိုင္ေရ႔ွကေနထြက္သြား...."

"ဦးေလး...လူႀကီးျဖစ္ၿပီးစကားကိုေကာင္းေကာင္းေျပာပါ....ကိုယ့္ဆိုင္မွာအလုပ္လုပ္ေပးခဲ့တဲ့
လူတစ္ေယာက္ကို ဒီလိုႏိုင့္ထက္စီးနင္း...မေျပာပါနဲ႔...."

"ေအာင္မယ္....ညည္းကဘာမို႔လို႔ လာ၀င္ပါေနတာလဲ....၀ယ္စရာရိွတာ၀ယ္ခ်င္၀ယ္..
မဟုတ္ရင္ကိုယ့္လမ္းကိုယ္သြားေနာ္...."

ေက်ာင္းစိမ္း၀တ္စံုႏွင့္ သူ႔အားျပန္ရန္ေတြ့ေနသၫ့္ကေလးမကို ဦး၀တုတ္ဆိုသူက ေအာ္ေငါက္၍ေျပာပစ္လိုက္သည္။

ေကာင္ေလးကေတာ့ ကေလးပီပီေၾကာက္တတ္တာေၾကာင့္ ပံုရိပ္၏အေနာက္တြင္သာ ေခါင္းေလးငံု႔၍ငိုေနရွာေလသည္။ပံုရိပ္ကေတာ့ လြယ္အိတ္ကိုအေနာက္ဘက္သို႔ လႊဲခ်လိုက္ၿပီး နဂိုကမွထဘီကိုေျခသလံုးအလည္ေလာက္အထိ ၀တ္တတ္တာေၾကာင့္ တရုတ္သိုင္းကားေတြထဲကလို သိုင္းခ်ခါနီးဟန္ေရးျပင္ေနသၫ့္နယ္ ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ဲကာ လက္ကိုဟန္ပါပါပိုက္ပစ္လိုက္သည္။
ေမးကိုပါအစစ္ေမာ့လိုက္ေသးသည္။
မေမာ့လို႔လည္းမရ...ထို၀တုတ္ႀကီးက ကိုယ္ထက္အရပ္ရွည္ ေနသည္။

"ကၽြန္မကသူ႔အစ္မပဲ..ဦးေလးရဲ့ဆိုင္အစုတ္ပလုတ္
ထဲကို ၀င္ခ်င္လြန္းလို႔ ထင္မေနနဲ႔ကၽြန္မေမာင္ေလးရဲ့ လုပ္အားခကိုလာေတာင္းတာ..."

"ေအာင္မာ....လူၾကၫ့္ေတာ့စုတ္ခၽြန္းခၽြန္းနဲ႔...
ဒီလိုဆိုင္အစုတ္ပလုတ္မ်ိဳးေတာင္ ဖြင့္ႏိုင္တာၾကလို႔
ဖင္ေခါင္းကေတာ့ အေတာ္က်ယ္တယ္...
ေမာင္ေတြဘာေတြလာရႊီးမေနနဲ႔ ဒီေကာင့္မွာ
ဘာအစ္မမွ မရိွဘူး...ေဟ့ေကာင္ေခြးသား....
မင္းကတစ္ေယာက္တည္းမႏိုင္ေတာ့ စစ္ကူေခၚလာတာေပါ့ဟုတ္လား....မင္းကဘာေကာင္လဲ...ဟမ္း!!!"

"အား...မႀကီး!!!!!!"

၀တုတ္ႀကီးက ပံုရိပ္ရဲ့အေနာက္မွာပုန္းေနသၫ့္ေကာင္ေလးကို ဆဲြထုတ္ၿပီးရိုက္မယ္ႀကံေတာ့ ပံုရိပ္လည္း အေရ႔ွမွကာရပ္လိုက္ၿပီး ထိုလူႀကီးရဲ့
ဗိုက္ပူႀကီးကို လက္နဲ႔ေဆာင့္တြန္းပစ္လိုက္သည္။
ထိုလူႀကီးက ဘာမွမျဖစ္ေပမဲ့ ပံုရိပ္နဲ႔ေကာင္ေလးကေတာ့ ေနာက္သို႔ေျခလွမ္း ႏွစ္လွမ္းဆုတ္လိုက္ရသည္။အားမတန္‌မာန္ေလ်ွာ့တာမ်ိဳးမဟုတ္ပဲ
ေရ႔ွကိုခ်ီတက္ဖို႔ အရိွန္ယူလိုက္ျခင္းပါပဲ။
ဆိုင္ထဲမွ လူေတြကလည္း ေနရာမွမထၾကေပမဲ့
စူးစမ္းသလို႔ ဝိုင္းၾကၫ့္ေနၾကေလသည္။
ပံုရိပ္ကေတာ့ ကေလးေတြအႏိုင္က်င့္ခံေနရတာကို ကူညီမေပးတဲ့လူေတြဆိုၿပီး စိတ္ထဲမွႀကိမ္ဆဲေနမိသည္။

"ဟိတ္ေကာင္မေလး....ညည္းကဘာအေၾကာလာေထာင္တာလဲ....ကိုယ့္လမ္းကိုယ္သြားေနာ္..
မဟုတ္ရင္ ငါလုပ္လိုက္လို႔ အရိုးတစ္ျခားအသားတစ္ျခားျဖစ္သြားမယ္...."

"ကိုယ့္လမ္းကိုယ္သြားေစခ်င္ရင္....ကၽြန္မေမာင္ေလးရဲ့ လုပ္ခ လစာရက္ႏွစ္ဆယ္ခကို အခုခ်က္ခ်င္းထုတ္ေပး...ခိုင္းတုန္းကေတာ့ကၽဲြခိုင္း၊
ႏြားခိုင္း ခိုင္းထားၿပီး အလုပ္ကေလးႏွစ္ရက္ပဲပ်က္တာကို ထုတ္ပစ္တယ္...."

"ေဟ့...ဘာလုပ္ခမွမေပးႏိုင္ဘူး....မေက်နပ္ရင္...ႀကိဳက္တဲ့ေနရာကိုသြားတိုင္...."

အံကိုတင္းေနေအာင္ဖိႀကိဳက္ထားလိုက္မိသည္။
ေအာက္တန္းက်လိုက္တဲ့ အလုပ္ရွင္။
အခ်ိန္ေတြ အင္အားေတြအကုန္ခံၿပီး ေပးဆပ္ထားရေပမဲ့ ထိုက္သင့္တဲ့တန္ဖိုးကို ေပးရမွာေတာ့
ေသမေလာက္ေၾကာက္ေနတယ္။
တကယ့္ကို အရင္းရွင္စိတ္ဓာတ္အျပၫ့္နဲ႔ပါပဲလား။
သူ႔ရဲ့မ်က္လံုး‌ထဲမွာ ကေလးတစ္ေယာက္က
ဘာတန္ဖိုးမွမရိွတဲ့ အမိႈက္တစ္စလို႔ပဲ ျမင္ေနပံုရတယ္။

အသက္မျပၫ့္ေသးတဲ့ကေလးတစ္ေယာက္ဟာ ခိုင္းရင္ခိုင္းတဲ့အတိုင္းလုပ္ေပးၿပီး ေၾကာက္တတ္ၾကတာေၾကာင့္ အထြန႔္မတတ္ရဲၾကဘူး။
အလုပ္သမားတစ္ေယာက္ရဲ့ ပ်ွမ္းမ်ွတစ္ေန့လုပ္အားခဟာ ဘယ္ေလာက္ဆိုတာလည္း
သူတို႔မသိၾကဘူး။အလုပ္ရွင္ေတြကလည္း ဒါကိုပဲ လိုခ်င္ၾကတယ္။လုပ္အားခ အမ်ားႀကီးမေပးရပဲ ကေလးေတြကခိုင္းလို႔ေကာင္းေနသည္မဟုတ္ပါလား။

ကာကြယ္ေပးမဲ့ တရားမ်ွတ‌ေရးခ်ိန္ခြင္ဆိုတာကလည္း  အေမွာင္ထဲမွာခပ္ပ်ပ်ျမင္ေနရတဲ့ အလင္းေရာင္တစ္ခုလိုပဲ မိွန္တုတ္မိွန္တုတ္နဲ႔ ဘာမွရွင္းရွင္းလင္းလင္းမျမင္ရဘူး။
အသက္မျပၫ့္ေသးတဲ့ ကေလးေတြက
ဘာမသိညာမသိနဲ႔ လုပ္ငန္းခြင္၀င္ေနရၿပီး ရလာတဲ့အသီးအပြင့္ကိုေတာ့ အလုပ္ရွင္နဲ႔သူတို႔ရဲ့မိဘေတြက စားၾကတယ္။နစ္နာလိုက္တဲ့ ဘ၀ေတြ။

"တိုင္ခ်င္ရာ တိုင္လို႔ဦးေလးရဲ့ ပါးစပ္ကေနေျပာတာေနာ္....ဒီကေနျပန္ရင္ကၽြန္မအုပ္ခ်ဳပ္ေရးမွဴးကို သြားတိုင္မယ္....ဥပေဒမွာအသက္၁၄ႏွစ္ေအာက္ကေလးေတြကို အလုပ္ခိုင္းတာက တရားမ၀င္ဘူးလို႔ ထုတ္ထားၿပီးသား....ကၽြန္မေမာင္ေလးက အခုမွအသက္ဆယ့္ႏွႏွစ္ပဲ ရိွေသးတဲ့အတြက္ ဦးေလးကိုအေရးယူခိုင္းလို႔ရတယ္...လုပ္ခလစာလည္းအျပၫ့္မေပးတဲ့အျပင္ ဆဲဆိုႀကိမ္းေမာင္းခံရတာေတြပါ တိုင္ပစ္မယ္...ေထာင္ၾကရင္ေတာ့ ၅လကေန ၈ႏွစ္ပဲ...ဒဏ္ေၾကးေဆာင္ရရင္ေတာ့ သိန္းဆယ္နဲ႔ခ်ီၿပီသာမွတ္ အဲ့ၾကမွကၽြန္မအဆိုးလာမဆိုနဲ႔
တကယ္လုပ္မွာ....."

"ဟာ...ဟဲ့ေကာင္မေလး....ေနဦး...."

လွၫ့္ထြက္လာသၫ့္ ပံုရိပ္တို႔‌ရဲ့အေရ႔ွသို႔ ဗိုက္ႀကီးလႈပ္တုတ္လႈပ္တုတ္နဲ႔ ေျပးလာၿပီးပိတ္ရပ္လိုက္သၫ့္ ၀တုတ္ႀကီးကို ပံုရိပ္လည္းစုပ္တစ္ခ်က္သပ္ၿပီး မ်က္ခံုးပင့္ကာ ခပ္မာမာပဲစိုက္ၾကၫ့္ေပးလိုက္သည္။ထိုလူႀကီးက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး
ပံုရိပ္ကို ဟန္လုပ္ကာႃပံုးျပလာသည္။အေနာက္မွာ ပတ္က်ိေလးလိုကပ္ေနသၫ့္ ေကာင္ေလးကေတာ့
နားမလည္ႏိုင္စြာ မ်က္ေမွာင္ႄကံု႔သြားသည္။

"ညည္းေမာင္အတြက္ ရက္ႏွစ္ဆယ္စာလခကို
ငါအခုပဲထုတ္ေပးလိုက္မယ္....ညည္းဟိုတိုင္သည္တိုင္ေတာ့ေလ်ွာက္မလုပ္နဲ႔...."

"အဲ့ဒါကေတာ့ ပိုက္ဆံကိုျမင္မွပဲ ကတိေပးႏိုင္မယ္..."

လက္ပိုက္ကာ ခပ္မဲ့မဲ့ေျပာေနသၫ့္ လက္ေတာက္ေလာက္ကေလးမကို ၀တုတ္အဖို႔စိတ္တိုလြန္း၍
ကိုင္ေပါက္ပစ္လိုက္ခ်င္သည္။
ရန္ေတြ့လိုက္တာကလည္း ကပ္ကပ္လန္လို႔
ေျပာလိုက္တဲ့ စကားလံုးေတြကလည္းအရြယ္နဲ႔မမ်ွဘူး။စကားေျပာေပါက္ကို ၾကၫ့္ရသေလာက္ေတာ့
သူ႔ေဆြမ်ိဳးထဲက တစ္ေယာက္ေယာက္ဟာေရ႔ွေနေတြ ဘာေတျြဖစ္ေနႏိုင္တယ္။

မဟုတ္ရင္ ဒီမေလာက္ေလး မေလာက္စားက
ဒီစကားေျပာထြက္ပါ့မလား။ဟိုေကာင္ေလးရဲ့ အစ္မအရင္းလည္းဟုတ္မယ္မထင္ဘူး။
ႏွစ္‌ေကာင္သားက ေဘးခ်င္ယွဉ္ရပ္ေနတာေတာင္ ငါးႀကီးေျခာက္နဲ႔မုန္လာဥျဖဴကို အတူထားထားသလို ကြာလိုက္တဲ့အေရာင္အဆင္း...။
ဒီကျမင္းမသမီးကို ေၾကာက္လို႔ေတာ့မဟုတ္ေပမဲ့ ကိုယ္တိုင္ကလည္း အစ္ကိုျဖစ္သူဆီက‌ေန
ေခ်းထားတဲ့အရင္းအႏွီးနဲ႔  အစ္ကို႔ေျမေပၚမွာ
ဆိုင္တည္ထားရေတာ့ တစ္ခုခုအတိုင္အေတာခံရရင္ ကိုယ္ပဲနစ္နာမွာ...။
ဒီငနဲမေလးက ရုပ္ၾကၫ့္တာနဲ႔တင္ အေၾကာက
ျမင္းမိုလ္ေတာင္ေလာက္ေထာင္မဲ့ရုပ္မွန္း
 ေျပးမၾကၫ့္ေတာင္ေတြးၾကၫ့္တာနဲ႔သိတယ္။

"ႏွစ္ေကာင္လံုး ငါ့ေနာက္လိုက္ခဲ့...."

"ဘာလုပ္မလို႔လဲ....."

သတၲိရိွခ်င္ေယာင္ေဆာင္ထားရေပမဲ့ ၀တုတ္ႀကီးရဲ့အေနာက္ကိုေတာ့ ဘာမွန္းညာမွန္းမသိပဲ မလိုက္ရဲေပ။ထို႔ေၾကာင့္ ေကာင္ေလးနဲ႔ ပံုရိပ္တို႔တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကၫ့္လိုက္မိၾကသည္။

"ဟိတ္....နင္တို႔ပဲလုပ္အားခလိုခ်င္တယ္ဆို...
ဟိုနားကေကာင္တာကိုလာခဲ့..."

"အေစာတည္းက အဲ့လိုရွင္းရွင္းလင္း‌လင္းေျပာေလ..."

"ေအာင္မယ္....နင္တို႔ကိုပဲရွင္ဘုရင္ကိုေလ်ွာက္သလို သံရွည္ဆဲြၿပီးငါက သံေတာ္ဦး‌တင္ေနရအံုးမွာလား...ငါ့မွာအလုပ္ရိွေသးတယ္..နင္တို႔လိုအားယားမေနဘူး...ေရာ့ဒီ‌မွာပိုက္ဆံအျမန္လာယူ...."

ကၽြန္မတို႔လည္း အားယားမေနပါဘူးေနာ္လို႔ ျပန္ေျပာလိုက္ခ်င္ေပမဲ့ ေကာင္တာေပၚကိုပစ္တင္လိုက္တဲ့ ပိုက္ဆံတစ္ေထာင္တန္ေတြကိုသာ ေကာက္ယူၿပီး ေရၾကၫ့္လိုက္သည္။
တစ္ေန့လုပ္ခသံုးေထာင့္ငါးရာကိုမွ ရက္ႏွစ္ဆယ္စာကို ခုႏွစ္ေသာင္းေတာင္မျပၫ့္ပဲ ေျခာက္ေသာင္းသာေပးလာတယ္။အမွန္ဆိုရင္ အခ်ိန္ပိုဆင္းရတာေတြပါ ေပးရင္တစ္သိန္းေတာ့ေက်ာ္ရေပမည္။
 ေျခာက္ေသာင္းတန္အုပ္ကို ေကာင္တာအျဖစ္သတ္မွတ္ထားသၫ့္ သစ္သားခံုေပၚသို႔ "ဗုန္း"ခနဲျမည္ေအာင္ ေဆာင့္ခ်ပစ္လ္ုသည္။

"ဟိတ္...ညည္းဒါဘာလုပ္တာလဲ...."

"ဘာလုပ္တာလဲဟုတ္လား...."

ေကာင္တာကို လက္ေထာက္ၿပီး မ်က္ေမွာင္ႄကံု႔ကာ
မိုက္ကန္းကန္းၾကၫ့္လာသၫ့္ ‌ေကာင္မေလးကို ၀တုတ္ကလည္း ျပန္ေအာ္သည္။
ငဂ်စ္ကေလးရဲ့  ေဒါသမ်က္၀န္းအိမ္ဟာ မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္သြားဘူး။

"ညည္းတို႔လိုခ်င္တဲ့ ပိုက္ဆံရၿပီေလ...ဘာထပ္ရႈပ္အံုးမလို႔လဲ...."

"ဘာကို ညည္းတို႔လိုခ်င္တဲ့ပိုက္ဆံလည္း
တစ္ေန့လုပ္ခက သံုးေထာင့္ငါးရာကိုရက္ႏွစ္ဆယ္ေၾကး ခုႏွစ္ေသာင္းျဖစ္ရမွာမဟုတ္ဘူးလား...
ညဘက္ေတြလည္း ေသေလာက္ေအာင္မအိပ္မေနခိုင္းၿပီး အခ်ိန္ပိုေၾကးလည္း တစ္ျပားမွထၫ့္မေပးဘူး....ဦးေလးကဒီလိုပဲလုပ္ေနၾကလား...ကေလးေတြက ဘာမွမသိတဲ့ငတံုးေလးေတြဆိုၿပီး...
ၫွပ္ခ်လို႔ရတိုင္း...ကၽြန္မကိုနည္းလမ္းေဟာင္းေတြလာမသံုးနဲ႔..."

"ေဟ့....ညည္းစကားေျပာတာ တရားမလြန္လာနဲ႔
....ငါကတန္ရာတန္ေၾကးေပးေနတာေနာ္...
မလိုခ်င္ရင္ မယူနဲ႔...."

"ေအာင္မာ....ဘာတန္ရာတန္ေၾကးလည္း...အခုမွဆယ္ႏွစ္ေက်ာ္ရံုရိွေသးတဲ့ကေလးေတြကို ႏြားလိုကၽဲြလို ရုန္းခိုင္းၿပီး ဆန္ကဲြတစ္ဆုပ္ေလာက္ေလး
ခ်ကၽြေးတာကို တန္ရာတန္ေၾကးေပးတာေပါ့ ဟုတ္လား...သူတို႔အသက္အရြယ္နဲ႔မမ်ွတဲ့အလုပ္ကိုလုပ္ရၿပီး...သူတို႔ရဲ့အခ်ိန္ေတြ ခၽြေးေတြကိုအကုန္ခံထားရတာ...ဒီတစ္ပဲေျခာက္ျပားနဲ႔တန္ရာတန္‌ေၾကးလာျဖတ္ေနတာလား!!!!!!!..."

ပိုက္ဆံ‌ထုပ္ကို ခံုေပၚသို႔ထပ္မံကိုင္ေဆာင့္ခ်လိုက္သၫ့္ ေကာင္မေလးအား ၀တုတ္လည္းေစာင္းမဲမဲျပန္စိုက္ၾကၫ့္လိုက္သည္။ထိုေကာင္မေလးရဲ့ မ်က္၀န္းေတြကေတာ့ မီးေတာင္ငယ္တစ္ခုေပါက္ကဲြေတာ့မၫ့္နယ္ နီရဲေတာက္ေလာင္ေနသည္။ ဒီေကာင္မေလးကို ဒီေလာက္အေၾကာတင္းလိမ့္မယ္လို႔ မထင္မိလို႔ လုပ္ရိုးလုပ္စဉ္အတိုင္း ပိုက္ဆံကိုအျပၫ့္မေပးပဲ ထိန္ခ်န္ထားလိုက္မိေပမဲ့ ဒီငနဲမကတစ္စက္မွမ‌ေလ်ာ့ပဲ အဆံုးအထိ လာရစ္ေနသည္။

"ဒီမွာ ညည္းတို႔ဒီပိုက္ဆံကို ယူၿပီးသြားမလား
မသြားဘူးလား....မဟုတ္ရင္ပိုင္နက္က်ူးေက်ာ္မႈနဲ႔ ငါ့ဘက္ကလည္း ညည္းတို႔ကိုျပန္စြပ္စဲြလို႔ရတယ္ေနာ္...."

"ဟား...ဟား...စဲြခ်င္တဲ့အမႈနဲ႔စဲြလိုက္စမ္းပါ
ကၽြန္မတို႔ႏွစ္ေယာက္လံုးတစ္ေယာက္မွ
အသက္မျပၫ့္ေသးဘူး...
ဘယ္သူမွန္လည္း မွားလည္းဆိုတာ
ဆိုင္ထဲကလူေတြအကုန္လံုး သက္ေသရိွတယ္...
ကၽြန္မလည္း တစ္ခြန္းပဲေျပာ‌မယ္...ရံုးမွာသြားၿပီး
သိန္းဆယ္နဲ႔ခ်ီဒဏ္ေၾကးေဆာင္ခ်င္လား...ကၽြန္မေမာင္ေလးရဲ့ လုပ္အားခကိုအျပၫ့္ေပးမလား...
ဒါ‌ပဲေျပာ..."

ကို၀တုတ္တစ္ေယာက္ ခၽြေးေတြနဲ႔ေရာၿပီး မ်က္ႏွာကအဆီျပန္လာတာေၾကာင့္ လက္နဲ႔သပ္ခ်လိုက္ရသည္။သူ႔ဘ၀မွာ တစ္ခါမွဒီလိုလာၿခိမ္းေျခာက္တဲ့ကိစၥမ်ိဳးမႄကံုဖူးေသးေတာ့ အေရးယူခံရမွာေတြဆိုရင္ ေသမေလာက္ေၾကာက္သည္။
ေနာက္ဆံုးေတာ့ ကိုယ္ပဲအေလ်ွာ့ေပးဖို႔ ဆံုးျဖတ္လိုက္ရသည္။

"ကို၀တုတ္ရယ္ ကေလးေတြနဲ႔ၿပိဳင္ၿပီးျငင္းမေနပါနဲ႔ ေပးစရာရိွတာေပးလိုက္ၿပီးေရာ...."

"ေအးေလဗ်ာ...ခင္ဗ်ားကလည္း အလုပ္ခိုင္းၿပီးလုပ္ခေတာ့ ျပၫ့္ေအာင္ေပးလိုက္ေပါ့ဗ်ာ..."

"ေအးေလ...."

ဆိုင္ထဲမွ လာေနၾကေဖာက္သည္ေတြကပါ တစ္ေယာက္တစ္ေပါက္ေျပာလာတာေၾကာင့္ ၀တုတ္လည္း အံဆဲြကိုဖြင့္ၿပီး ေလးေသာင္းကိုေရလိုက္ကာ ေျခာက္ေသာင္းတန္အုပ္ေပၚသို႔ တင္ေပးလိုက္သည္။

"ရၿပီမလား...အဲ့မွာတစ္သိန္း...."

"ဟမ္...အခ်ိန္ပိုဆင္းခက ဘယ္ေခ်ာင္ထဲေရာက္သြားရတာလဲ...အရင္ကအခ်ိန္ပိုေၾကးေတြပါေရာရင္ ေနာက္ထပ္တစ္သိန္းေလာက္ထပ္ေပးမွရမယ္..."

"မေပးႏိုင္ဘူးေဟ...မေပးႏိုင္ဘူး...."

"ေကာင္းၿပီေလ...ဒါဆိုလည္းေမာင္ေလးေရ
...အုပ္ခ်ဳပ္ေရးမွဴးဆီပဲ သြားၾကရေအာင္..."

"ဟာ...ညည္းဘယ္လိုျဖစ္ေနတာလဲ ေရာ့ဒီမွာ
ငါးေသာင္း...ႏွစ္သိန္းေတာ့မေပးႏိုင္ဘူး...သူတို႔ရဲ့စားစာရိတ္ေတြပါ ႏႈတ္လိုက္ရင္ တစ္သိန္းခဲြေတာ့ရမယ္..."

အုပ္ခ်ဳပ္ေရးမွဴးဆိုတဲ့အသံကိုၾကားတာနဲ႔ ဖင္တုန္ေအာင္ေၾကာက္တတ္မွန္းသိလို႔ တမင္အၫွာကိုကိုင္လိုက္ေတာ့ ပံုရိပ္ကိုလက္ၫွိုးတထိုးထိုးနဲ႔ မေက်
မနပ္ၾကၫ့္လာၿပီး ငါးေသာင္းထပ္ထုပ္ေပးလာသည္။
ပံုရိပ္လည္း တစ္သိန္းခဲြအုပ္ကိုယူလိုက္ၿပီး ထို၀တုတ္ႀကီးကို တၫ့္တၫ့္ၾကၫ့္ပစ္ကာ
ေကာင္ေလးကို လက္ဆဲြ၍ခ်ာကနဲလွၫ့္ထြက္လာလိုက္သည္။

"ေရာ့....ဒီမွာနင့္ရဲ့လုပ္အားခ....."

သူ႔လက္ထဲကိုေရာက္လာသၫ့္ တစ္သိန္းခဲြတန္ပိုက္ဆံထုပ္ကိုၾကၫ့္ေနရင္းမွာ ေကာင္ေလးဟာမ်က္ရည္ေတြ က်လာျပန္သည္။ေတာ္ေတာ္အငိုသန္တဲ့ ေကာင္ေလးပဲလို႔ပံုရိပ္မွတ္ခ်က္ခ်မိသည္။
အသားအရည္က မဲညစ္ညစ္ကေလးျဖစ္ၿပီး ခႏၶာကိုယ္ကလည္းပိန္သည္။ပံုရိပ္ကို ေက်းဇူးရွင္ႀကီးတစ္ေယာက္လို ၾကၫ့္ေနေတာ့ ကိုယ္ေတာင္
မေနတတ္မထိုင္တတ္ေတာ့သလိုပဲ။

"ေက်းဇူးတင္လိုက္တာ မႀကီးရာ..ဒီကေနျပန္ရင္
အေမ့ကို ေဆးခန္းျပလို႔ရၿပီဗ်..မႀကီးကိုကၽြန္ေတာ္ထိုင္ကန္ေတာ့ခ်င္လိုက္တာ...."

"အမယ္ေလး...မလုပ္ပါနဲ႔ကိုယ္ေတာ္ရယ္...
နင့္အေမႀကီးဖ်ားေနတယ္ဆို...အျမန္ျပန္ေတာ့ေလ....ပိုက္ဆံကိုလည္း ေသခ်ာသိမ္းထားေနာ္..."

"ဟုတ္ကဲ့ပါမႀကီး....သားသြားၿပီေနာ္..."

မ်က္ရည္ေလးစမ္းစမ္းႏွင့္ ပံုရိပ္ကိုႏႈတ္ဆက္ၿပီးထြက္သြားတဲ့ ေကာင္ေလးဟာ ေျခဆယ္လွမ္းေလာက္အေရာက္မွာ ပံုရိပ္ကိုျပန္လွၫ့္ၾကၫ့္လာသည္။

"မႀကီးက....အုပ္ခ်ဳပ္ေရးမွဴးနဲ႔ရင္းႏွီးလို႔လား...."

"..အုပ္ခ်ဳပ္ေရးမွဴးနဲ႔ရင္းႏွီးဖို႔မေျပာနဲ႔ ရပ္ကြက္ရံုးဘယ္မွာမွန္းေတာင္ ငါမသိဘူး...."

ထိုစကားကိုၾကားေတာ့ ေကာင္ေလးကရယ္က်ဲက်ဲေလးလုပ္ၿပီး ေငြထုပ္ကေလးကိုပိုက္ကာ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေတာ့သည္။
မိုးဖဲြေလးေတြ က်ေနသၫ့္ လမ္းမေပၚတြင္ ပံုရိပ္တစ္ေယာက္တည္းသာ က်န္ေနခဲ့ေတာ့သည္။
အိမ္ေရာက္ရင္ေတာ့ လမ္းမွာၾကာေနတဲ့အတြက္ အေဒၚက ေသခ်ာေပါက္ဆူမွာပဲ။
ဒါေၾကာင့္ ဆင္ေျခေပးဖို႔ ႀကိဳတင္စဉ္စားေနရေသးသည္။

တကယ္ေတာ့ ဒီေကာင္ေလးကိုကူညီျဖစ္တာကလည္း အေဒါ့္ေၾကာင့္ပါပဲ။
အေဒၚဟာ ေဈးေရာင္းကေနျပန္လာရင္ သူေရာင္းခဲ့တဲ့အိမ္ကသူေဌးက အိမ္အလုပ္ကူဖို႔ဆိုၿပီး ကေလးေတြကိုေခၚခိုင္းတဲ့အေၾကာင္းနဲ႔ ထိုကေလးေတြဟာဘယ္လိုဆူဆဲခံ အရိုက္ခံရတာ စသည္ျဖင့္
ေဖာက္သည္ခ်တတ္သည္။
ဟိုတစ္ေလာက သတင္းစာထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ေတြ လုပ္ငန္းခြင္ထဲတြင္အၫွာအတာမဲ့ ႏိွပ္စက္ခံရတဲ့‌ အေၾကာင္းေတြကို ဖတ္လိုက္ရေတာ့ ေကာင္ေလးရဲ့အျဖစ္ကိုစာနာမိသြားခဲ့တယ္။ဒီေကာင္ေလးရဲ့ေနရာမွာ ငါ့ညီ၊ညီမေလးေတြဆိုရင္လို႔ ေတြးလိုက္မိေတာ့ပိုရင္နာရတယ္။
တကယ္တမ္းေတာ့ ဦး၀တုတ္ဆိုတဲ့ဦးေလးကို ပံုရိပ္အနည္းငယ္ေၾကာက္မိတယ္။ေကာင္ေလးကို ကူညီခ်င္လို႔သာ သတၲိေမြးခဲ့ရေပမဲ့ ဒီလူႀကီးသာစိတ္မေပ်ာ့ရင္ ပံုရိပ္အခုေလာက္ဆို ရိုက္ႏွ က္ခံလိုက္ရမွာ ေသခ်ာတယ္။
အသက္မျပၫ့္ေသးတဲ့ကေလးကို နင္တို႔ကေရာဘာလို႔အလုပ္လုပ္ခိုင္းသလဲလို႔ ေမးလာခဲ့ရင္ေတာ့ ငုတ္တုတ္ေမ့မွာေသခ်ာတယ္။
အုပ္ခ်ဳပ္ေရးမွဴးဆိုတဲ့အသံကိုၾကားတာနဲ႔  အေၾကာက္လြန္သြားပံုပဲ။

ကိုယ့္အေတြးနဲ႔ကိုယ္ေရာက္တက္ရာရာစဉ္းစားရင္း ႏွင့္ ပံုရိပ္တို႔ေနသၫ့္လမ္းထိပ္သို႔အေရာက္တြင္ မိုးသီးမိုးေပါက္ေတြဟာ ခပ္စိပ္စိပ္ရြာခ်လာခဲ့သည္။လြယ္အိတ္ကို ေခါင္းေပၚသို႔တင္လိုက္ၿပီး ထိုေနရာမွ အျမန္ေျပးဖို႔သာ ေတြးလိုက္မိသည္။

"ပံုရိပ္....နင္အဲ့ဒီ့မွာရပ္ေန...."

အသံလာရာ လမ္းေဘးဘက္သို႔ၾကၫ့္လိုက္မိေတာ့
ပိေတာက္ပင္တစ္ပင္ေအာက္တြင္ ပံုရိပ္ကိုရပ္၍ၾကၫ့္ေနေသာ လူတစ္ေယာက္ကိုေတြ့လိုက္ရသည္။ေက်ာင္းစိမ္းကို၀တ္ထားၿပီး ဆံပင္ကဂတံုး‌ ေကႏွင့္ျဖစ္သည္။ပံုရိပ္ရင္းႏွီးတဲ့ မ်က္ႏွာတစ္ခုပါပဲ။သို႔ေပမဲ့ မိတ္ေဆြေတာ့မဟုတ္ဘူး။ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ပံုရိပ္နဲ႔ရန္ျဖစ္ခဲ့တဲ့ ကြမ္းယာသည္အေဒၚႀကီးရဲ့သားျဖစ္ၿပီး...သူ႔နာမည္ကဟိန္းကို..။

အခန္း(၆)ဆက္ရန္ရိွသည္....

🌹🌹🌹

ပုရိပ္တို႔ကေတာ့ လူတြင္က်ယ္ႀကီးလုပ္လိုက္ပါၿပီေနာ္....ေနာက္ထပ္ဘာေတြဆက္ျဖစ္မလဲ ေစာင့္ေမ်ွာ္ေပးၾကပါအံုး❤️