🔥🌹"ဆူးကြိုး..."🌹🔥
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
အခန်း(၆)
"ပုံရိပ် နင့်ကိုအဲ့ဒီ့မှာရပ်နေလို့ ပြောနေတယ်နော်...."
မိုးရေတွေစိုနေ၍ စိတ်ညစ်နေသည့်အချိန်
အော်ငေါက်ပြီး အမိန့်လာပေးနေသည့်ကောင်ကို မျက်စောင်းထိုးကာ ဒေါသမျက်၀န်းတွေနှင့်ကြည့်ပစ်လိုက်သည်။
အမေဖြစ်သူကလည်း စရိုက်ကြမ်းသလို
သားဖြစ်သူကလည်း မိုက်ကန်းကန်းနဲ့ဆိုတော့ သားအမိ တော်စပ်တယ်ဆိုတာ သံသယဖြစ်ဖွယ်ရာမရှိဘူး။
နှစ်လုံးတွေချဲတွေထိုးပြီး အော်ကျော့လန်သူ့အမေကရပ်ကွက်ထဲရှိ လူတွေနဲ့အပေါက်အလမ်းမတည့်သလို သားဖြစ်သူကလည်းတစ်စက်မှပုံမလာဘူး။
ကျောင်းမှာ အတန်းကြီးဇိုးတွေနဲ့ပေါင်းပြီး မုန့်စားဆင်းချိန်တိုင်း အားအားယားယားကျောင်းတစ်ပတ်လှည့်ပတ်နေသည့်ကောင်မျိုးပင်။
ဒီကောင်နဲ့သူ့သူငယ်ချင်းအဖွဲ့ ကျောင်းကစားကွင်းရဲ့တောင်ဘက်ခြမ်း ကန်ဘောင်ဘေးမှာကော်ရှူနေကြတာကို ပန်းချီထိုင်ဆွဲနေရင်းနဲ့မတော်တဆကြုံခဲ့ရတယ်။
နှစ်ခါလောက်အထိ ပုံရိပ်တွေ့လိုက်ပြီးတည်းက နောက်ပိုင်းကန်ဘောင်အနားကိုမသွားဖြစ်တော့တဲ့အထိဘဲ။အခုလည်း သူ့ကိုအဖက်မလုပ်ဘဲ မိုးရေထဲမှာ ခပ်မြန်မြန်လျှောက်နေသည့် ပုံရိပ်ရဲ့အနောက်ကနေ ဘာကြောင့်လိုက်လာသလဲ မသိပေ။
ဒီလိုလူတွေနဲ့မပတ်သတ်ချင်ပါဘူးဆိုမှ ထိပ်တိုက်ကိုလာတွေ့နေရတယ်။
"ပုံရိပ်....နင့်ကိုငါရပ်လိုက်လို့ ပြောနေတယ်နော်...."
"အား...နင်ဘာလုပ်တာလဲ...ငါ့လက်ကိုလွှတ်နော်..."
လက်မောင်းကို အတင်းလာဆွဲတဲ့သူ့ရဲ့ပခုံးကိုအားနဲ့ ပိတ်တွန်းပစ်လိုက်ပြီး အော်ပစ်လိုက်သည်။
မိုးစက်တွေကလည်း ခပ်စိပ်စိပ်ရွာသွန်းလာကြပြီး လေကပါရောပါလာတော့ ပုံရိပ်ရဲ့ဒေါသကပို၍ရုပ်လုံး၀ကြွနေသည်။
ပုံရိပ်ကိုကြည့်နေတဲ့ သူ့ရဲ့မျက်၀န်းတွေကလည်း ဒေါသအရောင်လွှမ်းနေပြီး အံကိုတင်းထားတာကြောင့် သူ့ရဲ့မေးရိုးတွေဟာတင်းထွက်နေကာ နားထင်ကြောတွေကိုတောင် မြင်နေရသည်။
ပုံမှန်ဆိုရင် သူနဲ့ပုံရိပ်က ယောင်လို့တောင်စကား
မပြောဖူးတာကြောင့် တစ်ရပ်ကွက်ထဲသားချင်းပေမဲ့ သူမခေါ်၊ကိုယ်မခေါ် နှင့် မတွေ့ဖူးသူတွေလိုပဲနေဖြစ်တာပါဘဲ။
ပုံရိပ်ကလည်း အနေအေးပြီး ကိုယ်နေတတ်သလိုနေသည့်နည်းတူ သူကလည်းဂျစ်ကန်ကန်နဲ့ ဘယ်သူ့မှလူမထင်တဲ့ကောင်ပင်။အခုသူ့ဘက်ကနေ စခေါ်တယ်ဆိုတော့ သူရူးနေတာမဟုတ်ရင်
ဆေးကြောင်ကြောင်နေလို့ဘဲ။
"ဟိန်းကို...နင်ဘာဖြစ်နေတာလဲ...
ကိုယ့်လမ်းကိုယ်သွားနော်....ငါ့ကိုလာမရှုပ်နဲ့.."
"ဒီမှာ...ရှုပ်နေတာက ငါမဟုတ်ဘူး...နင်ကသာငါ့ကိုလာရှုပ်နေတာ...."
"နင်ပေါက်ကရတွေလာမပြောနဲ့ ငါနင်နဲ့စကားမပြောချင်ဘူး..."
"ငါကလည်း နင့်လိုလူနဲ့စကားသိပ်ပြောချင်နေတယ်မထင်ပါနဲ့...အခုနင်တိုင်လိုက်တဲ့ကိစ္စကြောင့် ကျောင်းအုပ်ကပါ ငါ့ကိုခေါ်ဆူတယ်..
ငါ့တစ်ယောက်ထဲဆိုရင်ကိစ္စမရှိဘူး...ငါ့အမေကိုပါခေါ်ခံရတဲ့ကိစ္စမှာ ငါနင့်ကိုလုံး၀မကျေနပ်ဘူး....
နင်ဟိုတလောက ကန်နားကိုလာတာငါတွေ့လိုက်တယ်...နင်ကဘာမို့ ဟိုတိုင်ဒီတောလုပ်နေရတာလဲ
...ဟမ်!!!!နင်ကဘာကောင်မို့သူများကိစ္စကို ၀င်ပါနေရတာလဲ...."
ဟိန်းကိုဆိုတဲ့ကောင်က ပုံရိပ်ရဲ့လက်မောင်းကို
သူ့ဘက်သို့ ခပ်ကြမ်းကြမ်းဆွဲယူလိုက်တာကြောင့်
မိုးစက်တွေခိုတွဲနေသည့် သူ့မျက်၀န်းနီနီတွေကို အနီးကပ်မြင်လိုက်ရတဲ့အခါ ပုံရိပ်ရဲ့အတွင်းသဏ္ဍန်မှာ ပုန်းအောင်းနေသည့် အကြောက်တရားကလည်း လှိုင်းအနည်းငယ်ထသွားခဲ့သည်။
ကတုံးဆံပင်ပေါ်ကနေ သူ့မျက်နှာပေါ်သို့စီးကျလာတဲ့ ရေတွေဟာ သူ့မျက်လုံးထဲအထိ ၀င်နေပေမဲ့မျက်တောင် တစ်စက်မှမခက်သွားဘူး။
ငယ်ငယ်က မေမေပြောပြဖူးတဲ့ပုံပြင်ထဲကလို
အသားစားတဲ့အာဠာ၀ကတစ်ကောင်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသလို ခံစားနေမိတယ်။
"ဟိန်းကို...ငါ့လက်ကိုလွှတ်လို့ပြောနေတယ်နော်...
နင်နဲ့ပတ်သတ်ရင် ဆံချည်တစ်မျှင်စာတောင်
ငါ့အတွက်စိတ်၀င်စားစရာမကောင်းလို့ ဘာကိုမှ
၀င်ရှုပ်စရာအကြောင်းမရှိဘူး ရှင်းလား...."
"အဲ့ဒါဆိုရင် ငါတို့ကိုကန်ဘောင်မှတွေ့ခဲ့တဲ့ကိစ္စ
ဘာလို့ချွန်တွန်းလုပ်ခဲ့တာလဲ...နင်မိန်းကလေးဖြစ်နေလို့နော်...ယောက်ျားလေးဆိုရင် ဒီနေရာမှာပွဲချင်းပြီးပဲ....ငါ့ကိုဘာကောင်မှတ်နေလဲ!!!!"
မိုးချိန်းသံနှင့်အတူ အသံနက်ကြီးနဲ့အော်လိုက်သည့်နည်းတူ ပုံရိပ်ရဲ့လက်ကိုပါလွှတ်ပေးသလိုလိုနဲ့
လွှဲရမ်းပစ်လိုက်သည်။အရှိန်နဲ့ လူကပါနဲနဲယိုင်ကျသွားတာကြောင့် ပုံရိပ်ရဲ့ဒေါသတွေကအတိုင်းထက်
အလွန်ကို ပေါက်ကွဲထွက်လာခဲ့တယ်။မိုးရေတွေဟာ ပုံရိပ်ရဲ့ခေါင်းပေါ်ကနေ မျက်နှာပေါ်ကိုစီးကျလာခဲ့တဲ့အပြင်မျက်လုံးထဲကိုပါဝင်လာတာကြောင့်မျက်လုံးတွေပါကျိန်းစက်လာခဲ့တယ်။
ပုံရိပ်ဆိုတာ ကိုယ်လုပ်ရင်ကိုယ်ခံရဲသူဆိုပေမဲ့
မလုပ်ပဲ အစွပ်စွဲခံရရင်လည်း အဲ့ဒီလူကိုတစ်ခုခု ကြီးကြီးမားမားတုန့်ပြန်လိုက်ရမှ နေသာတဲ့လူမျိုး။
နာကျင်နေပေမဲ့ အောက်နှုတ်ခမ်းကို စူးနစ်စွာ
ဖိကြိတ်ပစ်လိုက်ပြီး လက်ထဲမှာကိုင်ထားတဲ့လွယ်အိတ်ကို အားနဲ့လွှဲချပစ်လိုက်သည်။
တဒင်္ဂလောက် မထိန်းချုပ်နိုင်လိုက်တဲ့ ပုံရိပ်ရဲ့ဒေါသတရားကြောင့် နာကျင်သွားတဲ့ဟိန်းကိုအဖို့ ဧရာမမီးတောက်အား ရေနှင့်ငြိမ်း၍လည်းမရတော့သည့်အတိုင်းအတာသို့ ရောက်သွားစေတာကိုတော့ ပုံရိပ်ညံ့ဖျင်းစွာ မတွက်ဆလိုက်မိပေ။
"ပုံရိပ်...နင်ကငါ့ကိုဘာကောင်ထင်နေလဲ....
အလျှော့ပေးထားတာကို...အဟုတ်မှတ်နေတာလား..."
"ဟိန်းကို...နင့်ငါ့အသားကို လာမထိနဲ့နော်...
ငါကလည်းငြိမ်ခံနေမယ်မထင်နဲ့...
အဲ့ဒီ့ကန်နားကို ငါတစ်ယောက်တည်းပဲသွားလို့ရတာလား...နင့်မှာဦးနှောက်ပါရင် သူများကိုအပြစ်အရင်တင်မဲ့အစား...ကိုယ့်ဘာသာကိုယ်သေချာတွေး...
ကျောင်းသားပေါင်းသောင်းခြောက်ထောင်လောက်ရှိတဲ့နေမှာ မဟုတ်တာလုပ်ပြီး...ငါ့ကိုလာမရမ်းနဲ့...
အပုပ်အပွဆိုတာ သူများပြောမှမဟုတ်ဘူး...
အချိန်တန်တော့အနံ့ထွက်လာမှာပဲ...
ကိုယ်ဖြစ်ကိုယ်ခံ..ငါ့ကိုလာဆွဲမထည့်နဲ့...."
"ဟာ....နင်တော့သေတော့မှာပဲ...."
"ဟေ့...ဘာဖြစ်နေကြတာလဲ...."
ပုံရိပ်ကို ရိုက်ဖို့လက်ရွယ်လိုက်တဲ့ ဟိန်းကိုဟာ အော်သံတစ်ခုကြောင့် သူ့လက်တွေကိုပြန်ရုတ်လိုက်သည်။
အသံလာရာ လူရိပ်ဟာထွန်းကို၏ အနောက်ဘက်မှဖြစ်သည်။မိုးရေထဲမှာဆိုပေမဲ့ ထိုလူရဲ့ပုံသဏ္ဍန်ကိုသေချာမြင်ရပါတယ်။အိင်္ကျီစွပ်ကျယ်ချိုင်းပြတ်အနက်ရောင်ကို ၀တ်ဆင်ထားပြီး ပုဆိုးကိုဒူးခေါင်းလောက်အထိ တက်၀တ်ထားသည့်လူတစ်ယောက်။အလှူအိမ်တွေမှာ သုံးလေ့ရှိကြသည့် ဒယ်အိုးကြီးကို ခေါင်းပေါ်မှာ ဦးထုပ်စောင်းထားသလိုမှောက်လျှက်သား ရွက်ထားတာကြောင့် ဒယ်အိုးနှုတ်ခမ်းစပ်နှင့် ကွယ်နေသည့်ထိုလူရဲ့မျက်နှာကို သေချာမမြင်ရပေ။
ပုံရိပ်တို့၏ အနားကိုတဖြည်းဖြည်းတိုးကပ်လာသည့် ထိုလူ့ရဲ့ မျက်နှာကိုမမြင်ရပေမဲ့ ခန္ဓာကိုယ်အရပ်အမောင်းကို ကြည့်မိရုံနဲ့ဘယ်သူဆိုတာ ခန့်မှန်းလိုက်မိတယ်။
ဒယ်အိုးကြီး၏ လက်ကိုင်တွေကိုမလိုက်သည့်အချိန် တစတစ ထင်ရှားလာတဲ့ထိုလူ့ရဲ့နှုတ်ခမ်းမှစ၍ မျက်၀န်းတွေဟာ သေချာပေါက်ပုံရိပ်ရင်ထဲကမိတ်ဆွေကြီးပါပဲ။
"မင်းတို့ရန်ဖြစ်နေကြတာလား...."
"မဟုတ်ပါဘူး....ခင်ဗျားကိုယ့်လမ်းကိုယ်သွားပါ..."
"မင်းနာမည်ဟိန်းကို မဟုတ်လား...မင်းငါ့ကိုမှတ်မိလား....."
မိုးခြိမ်းသံကိုတောင် ဖုံးအုပ်လောက်သည်အထိ ကျယ်လောင်စွာ အော်ပြောလာသည့်အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်မိတော့ သူ့အာရုံထဲမှာ သေချာပြတ်သားစွာ မှတ်မိနေသည့်လူတစ်ယောက်ဖြစ်နေသည်။
လမသာသလို ကြယ်တွေအလျှင်းမရှိတဲ့ လမိုက်ညတစ်ညမှာ ဘုန်းကြီးကျောင်းရဲ့ တံတိုင်းအနောက်ဘက်မှာရှိတဲ့ ကျူပင်နှင့်မြက်ရိုင်းများသာ
တောထနေသည့် လမ်းကြားတစ်ခုဟာ အရိုင်းဆန်စွာရှိနေခဲ့တယ်။
ထိုညဉ့်အမှောင်ကို အကာအရံယူထားပြီး
တုတ်ကိုယ်ဆီကိုင်ရင်း တစ်ယောက်နဲ့တစ်ယောက် မိုက်ကန်းစွာ ကြည့်နေကြသောအဖွဲ့နှစ်ဖွဲ့တွင်
တစ်ဖက်က ရပ်ကွက်ထဲရှိ ဇိုးများအဖွဲ့ဖြစ်ပြီး ကျန်တစ်ဖက်ကတော့ ငမိုက်သားချောက်ကမ်းပါးအား ခြေတစ်ဖက်လှမ်းစပြုနေကြသည့် ဆယ်ကျော်သက်ကျောင်းနေအရွယ်အဖွဲ့ပေါ့။
ထိုအဖွဲ့ထဲမှာ ဟိန်းကိုဆိုတဲ့သူကိုယ်တိုင်လည်းပါ၀င်ခဲ့တယ်။
ချိန်းပွဲလို့ သတ်မှတ်ထားတဲ့ ရန်ပွဲမှာ နှစ်ဖက်အသေအကြေ ချကြရင်း တိုက်ပွဲအငယ်စားလေးကို ဆင်နွှဲခဲ့ကြတယ်။
သူတို့အဖွဲ့ဖက်က သူတစ်ယောက်ပဲလူကောင်ထွားသူရှိတာကြောင့် မနိုင်တဲ့အဆုံးမှာ တစ်ယောက်တစ်လမ်းဆီထွက်ပြေးခဲ့ကြရတယ်။ဟိုဖက်အဖွဲ့ကလူတွေကလည်း အလွတ်မပေးတမ်း လိုက်နေခဲ့တာကြောင့် တံခါးပေါ်ကနေခုန်ကျော်ပြီးဘုန်းကြီးကျောင်းထဲကို ၀င်ပုန်းရင်း ဒီလူနဲ့အမှတ်မထင်တွေ့ခဲ့ရတယ်။
ကိုရင်တွေပါဝိုင်းအုံလာပြီး ဘုန်းကြီးပါရောက်လာတဲ့အခါ နောက်ဆုံးမေးကြမြန်းကြရင်းနဲ့
သူ့နာမည်"ဟိန်းကို.."ဆိုတာနဲ့ သူ့အကြောင်းအနည်းအကျဉ်းကို ပြောပြလိုက်မိတယ်။
ထူးဆန်းတာက ဘုန်းဘုန်းဟာသူ့ကို မောင်းမထုတ်တဲ့အပြင် နေမျိုးဆိုတဲ့ဒီလူ့ကိုတောင် သူ့ရဲ့ဒဏ်ရာတွေကို ဆေးလိမ်းခိုင်းခဲ့တယ်။ထိုညကနေစပြီး ရန်ဖြစ်တဲ့ကိစ္စတွေကို မလုပ်ဖို့ကြိုးစားမိပေမဲ့ တစ်ကောင်ကောင်ရဲ့ချွန်တွန်းလုပ်မှုကြောင့် အမေရောသူပါ ကျောင်းအုပ်ကြီးရုံးခန်းထဲမှာ ခံ၀င်ကတိအနေနဲ့လတ်မှတ်ထိုးခဲ့ရတယ်။
ကော်ခိုးရှူခဲ့ကြတဲ့ သူတို့အဖွဲ့တွေ အကုန်ပါတယ်ဆိုပေမဲ့ တိုင်တဲ့ကောင်ကိုမိရင်တော့ အရေခွံစုတ်ပစ်ဖို့ပါ တွေးထားပြီးသား။ပုံရိပ်ကို မသင်္ကာပေမဲ့ လမ်းသွားလမ်းလာတွေဖြတ်လျှောက်လာကြသလို ဘုန်းကြီးကျောင်းကဆရာနေမျိုးဆိုသူပါ ကြည့်နေတာကြောင့် သူ့စိတ်ကိုခဏလောက် လျော့ပစ်လိုက်ရသည်။
" တိုင်တဲ့လူကနင်ဆိုတာ ငါသိတဲ့နေ့ နင့်ဘ၀ကြီး
ငါးပါးမှောက်တဲ့နေ့ပဲ...."
ပုံရိပ်ကိုခြိမ်းခြောက်စကားပြောခဲ့ပြီး မိုးရေထဲမှလမ်းကြားထဲသို့ဝင်သွားတဲ့ ကောင်ကို
ပုံရိပ်အရမ်းမုန်းသွားမိတယ်။
အခုမှပထမဆုံး စပြီးစကားပြောဖူးတာဆိုပေမယ့်
အရပ်ထဲမှာပြောကြတဲ့ "ဒီကောင်လေးက သိပ်ဆိုးသိပ်မိုက်တဲ့ကလေး..."ဆိုတဲ့စကားကို မျက်ဝါးထင်ထင်မြင်လိုက်ရသလိုပါဘဲ။
"ဟေ့...မိုးရေထဲမှာ ဘာလုပ်နေတာလဲ..."
ပုံရိပ်ရဲ့ကယ်တင်ရှင်ကြီးကိုကြည့်လိုက်မိတော့ ဒယ်အိုးကြီးကို ခေါင်းပေါ်မှာ ရွက်ထားပုံကြီးက ကြည့်ယုံနဲ့တင် ရယ်ချင်စရာကောင်းနေပြီ။
ဟိန်းကိုကြောင့် ကြောက်စိတ်လေး၀င်သွားမိတဲ့အခြေအနေမှာ သူကပုံရိပ်အဖို့ ကယ်တင်ရှင်ကြီးလိုပါပဲ။
ဒါပေမဲ့ ပုံပြင်တွေထဲမှာလို မြင်ဖြူကြီးစီးလာတာမျိုးမဟုတ်ပဲ ဒယ်အိုးကြီးကိုခေါင်းမှာ ရွက်လာသတဲ့။ဘယ်လိုလူပါလိမ့်။
"ထီးမပါဘူးလား...."
မိုးရေတွေစိုရွှဲနေသည့် ပုံရိပ်ကိုသေချာကြည့်ပြီး စိုးရိမ်ဟန်နဲ့ မေးလာတာကြောင့် ခေါင်းသာခါပြလိုက်သည်။
"ဒါဆို ဒီကိုလာ...."
"ဘယ်ကိုလာရမှာလဲ...."
"ဒီကိုလာပါဆို...."
ပုံရိပ်ရဲ့လက်ကောက်၀တ်ကနေမဟုတ်ပဲ လွယ်အိတ်ကြိုးကနေ လှမ်းဆွဲလိုက်တာကြောင့်
ပုံရိပ်လည်း အမိုးလိုဖြစ်နေသည့် ဒယ်အိုးအောက်သို့ ရောက်သွားရလေသည်။သူ့အရပ်ကရှည်တော့ ဒယ်အိုးနဲ့ ပုံရိပ်ရဲ့ခေါင်းက အလွတ်ကြီးပါဘဲ။
ဒါပေမဲ့ နားမလည်တာက ပုံရိပ်ကိုဘာကြောင့်အတင်းဆွဲခေါ်ရသလဲဆိုတာဘဲ။
"မင်းရဲ့အိမ်ကဘယ်မှာလည်း...ငါ့ကိုလမ်းပြပေး.."
"ဘာလုပ်မလို့လဲ...."
"ထမင်းလိုက်စားမလို့...."
"ဘာပြောတယ်...."
ရွဲ့ပြီးပြောလိုက်တော့ မျက်လုံးပြူးလေးနဲ့ သူ့ကိုပြန်ကြည့်လာသည့်ကောင်မလေးကို ပြန်ငုံ့ကြည့်လိုက်မိသည်။
ရယ်ချင်စိတ်ကိုလည်း မနည်းထိန်းနေရတယ်။
မိုးရေတွေစိုပြီး ကြွက်စုတ်လိုဖြစ်နေတဲ့၍
အအေးပတ်မှာစိုးလို့ အိမ်အထိလိုက်ပို့မဲ့ဥစ္စာ
မေးလိုက်မြန်းလိုက်တာလည်း ခဏခဏဘဲ။
"ဦးလေးတကယ်ပြောနေတာလား...."
"ဘာ!!!!"
"ဟာ..ဖြည်းဖြည်းအော်စမ်းပါ...တထွေးတွေမျက်နှာကိုလာစင်တော့မယ်...."
စကားပြောတာ အားပါသွားတာကြောင့် တံထွေးစင်သွားတဲ့ကောင်မလေးကိုနည်းနည်းတော့ အားနာသွားမိတယ်။ဒါပေမဲ့"ဦးလေး"လို့လာအခေါ်ခံလိုက်တဲ့လူကို ပိုအားနာဖို့ ကောင်းတာပေါ့။
မနေ့တနေ့ကမှ တက္ကသိုလ်ကနေ ဘွဲ့ရထားတဲ့လူတစ်ယောက်ကို ဦးလေးဆိုတော့ နောက်ငါးနှစ်လောက်ဆိုရင် အဖိုးလို့များအခေါ်ခံရမလားမသိဘူး။
"မင်းငါ့ကိုခုဏက ဘယ်လိုခေါ်လိုက်တာလဲ..."
"ဘာလဲ...ဦးလေးလို့ခေါ်လိုက်တာ မကြိုက်လို့လား..."
"အေးလေ...ငါ့ရုပ်ကအဲ့လောက်ရင့်နေလို့လား..."
"အဲ့ဒါတော့ ကိုယ်ဘာသာမှန်ထဲမှာ ပြန်ကြည့်ပေါ့..."
သေလိုက်ပါတော့ "နေမျိုးရေလို့"ကိုယ့်နဖူးကိုယ်သာပြန်ရိုက်လိုက်ချင်သည်။
လက်ကလည်း အိုးကိုမထားရတော့ လက်အားမနေတာတော်တော်ဂွကျတယ်။
ပိုပြီး ဂွကျတာကတော့ ဒီကလေးမပဲ။
တော်တော်လက်ပေါက်ကပ်ပြီး စကားပြောရတာလည်း သူများကြိုက်မှန်းမသိ၊မကြိုက်မှန်းမသိ တုံးတိကြီး။
ဘယ်ဥကများ ပေါက်လာသလဲမသိဘူး။
ကိုယ့်ညီမသာဆို "နင်သေချာကြည့်စမ်း..ဒီရုပ်ဒီရည်က ဦးလေးဖြစ်စရာလားဆိုပြီ...နားရင်းကိုအိုးစည်လိုတီးပြီး ကြည့်ခိုင်းလိုက်ချင်တယ်..."အခုတော့ဖြင့်..
"ကဲ...မင်းရဲ့အိမ်ကိုသာ လမ်းပြစမ်းပါ...မိုးတွေကရွာနေတာ မင်းအအေးမိမယ်...ငါ့မှာကထီးမပါတော့ ဒယ်အိုးပဲစောင်း..."
သူ့စကားက ဒီကောင်မလေးရဲ့သွားတန်းလေးတွေပေါ်သည်အထိ ပြုံးအောင်လုပ်လိုက်နိုင်မယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူး။သူနဲ့တွေ့လိုက်တိုင်း အမြဲမျက်နှာတည်ကြီးနဲ့နေတတ်တဲ့ ကလေးမက
ရယ်လိုက်တော့လည်း ကြည့်ကောင်းသားဘဲ။
သို့ပေမဲ့ ထိုအပြုံးလေးကို တွေ့လိုက်ရတဲ့အကြိမ်ရေက တစ်ကြိမ်တည်းပါပဲ။သူ့ရဲ့အိမ်ကို လမ်းလျှောက်နေတဲ့ တစ်လမ်းလုံးမှာ တိတ်ဆိတ်နေတာကြောင့်
ကိုယ်တောင် နေရခက်လာသလိုပဲ။
ထီးမဟုတ်ပဲ ဆောင်းနေရတာက ဒယ်အိုးကြီးဆိုတော့ ကောင်မလေးရှက်မယ်ထင်ခဲ့တာ။
အသာတကြည်တော့ လိုက်လာသားပဲ။
ဒီလိုဆိုတော့ ကိုယ့်ကိုသူအမြင်ကြည်တယ်ဆိုတဲ့ သဘောပဲပေါ့။
ကောင်မလေးသွားနေတဲ့ လမ်းကသူဓမ္မာရုံကိုသွားနေကြလမ်းနဲ့ အတူတူပါပဲ။
ဒီလမ်းကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေကြပေမဲ့
အရင်ကဒီကလေးမကို ဘာကြောင့်မမြင်မိတာပါလိမ့်။ ကိုယ်ကပဲ မျက်စိမှုန်နေလို့လားမသိ။
ဒီလမ်းထဲက ကလေးတွေ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်မှမရှိပါဘူး။
အစကတော့ ဓမ္မာရုံကိုဒယ်အိုးပို့ရအောင် ထွက်လာခဲ့ခြင်းပါဘဲ။မိုးတွေရွာချလာတာကြောင့် အသိအိမ်မှာမိုးစဲတဲ့အထိ ၀င်စောင့်ရင်းကနေ မစောင့်နိုင်တဲ့အဆုံး ဒယ်အိုးကြီးကို စောင်းပြီးထွက်လာခဲ့လိုက်တယ်။ မထင်မှတ်ဘဲ မိုးရေထဲမှာစကားများနေပုံပေါ်တဲ့ ကလေးနှစ်ယောက်ကြောင့်သူလည်း
မနေနိုင်ပဲ ၀င်ပါလိုက်ရတယ်။
ဟိုတလောကတင် "ပုံရိပ်ရဲ့အဒေါ်နဲ့တွေ့လျှင် ကျောင်းကိုလာဖို့ "အမှာခံလိုက်ရတဲ့ ကိစ္စကိုတွေးလိုက်မိရင်း ဒီကောင်မလေးရဲ့အိမ်ကိုပါ တစ်ခါတည်းလိုက်ပြီး သူ့အဒေါ်ကိုတွေ့ဖို့ဆုံးဖြတ်လိုက်မိတယ်။
"ရောက်ပြီ....ဒီအိမ်ပဲ...."
"အိမ်ထဲမှာ မင်းရဲ့အဒေါ်ရှိလား...."
"မသိဘူးလေ...ရှိရင်ရှိမှာပေါ့..."
ဒီလူ့ကိုကြည့်ရတာ အရမ်းထူးဆန်းနေတယ်။
ဘာကြောင့်အဒေါ့်ကိုခဏခဏမေးနေရတာပါလိမ့်။အဒေါ်နဲ့ဒီလူက ပုံရိပ်မသိလိုက်ခင်မှာပဲ ရင်းနှီးသွားကြတာများလား။
မိုးတွေကလည်း စဲနေပြီမို့ဒယ်အိုးကို ပုံရိပ်တို့ရဲ့ခြံစည်းရိုးနားမှာ ခဏကပ်ထောင်နေသည့် လူအားထူးဆန်းစွာကြည့် နေမိသည်။ ဒီလူကပုံရိပ်ကို လိုက်ပို့တာမဟုတ်ဘူးလား။
မသိရင် ပုံရိပ်တို့ရဲ့အိမ်ရှေ့မှာပဲ စခန်းချမဲ့ပုံနဲ့။
"ပုံပုံ ကျောင်းကပြန်လာပြီလား...."
အဒေါ့်ရဲ့ခေါ်သံကြောင့် ပုံရိပ်ရောထိုလူပါလှည့်ကြည့်လိုက်မိသည်။အဒေါ်က လက်ထဲမှာဆန်အိတ်ကိုဆွဲလို့ ဈေးဆိုင်မှ ပြန်လာပုံရတယ်။ဟိုလူ့ကိုမြင်တော့ အဒေါ်ကချက်ချင်း ပြုံးပြလာတယ်။
ဟိုလူကလည်း ပြုံးပြနေတာပါပဲ။
"ဘုန်းကြီးကျောင်းမှာနေတဲ့ ဆရာနေမျိုးဆိုတာမဟုတ်လား...မောင်ရင်က ဘယ်ကိုသွားမလို့လဲ..."
"ဒီကလေးမကိုလမ်းမှာတွေ့တာနဲ့...မိုးမိမှာစိုးလို့ လိုက်ပို့ရင်း အဒေါ်နဲ့လည်းပြောစရာလေးရှိလို့ပါ..."
"ဟုတ်လား...ဘာပြောချင်လို့လည်း...အိမ်ပေါ်တက်ပါအုံးလားကွဲ့...."
"ဟာ...နေပါစေ...ဒီမှာပဲပြောပါ့မယ်..."
ဒီလူကဘယ်လိုလူပါလိမ့်။စကားပြောမဲ့အရေး
ပုံရိပ်ကိုကြည့်လိုက် အဒေါ့်ကိုကြည့်လိုက်နဲ့ မသိရင်အိမ်သာတတ်ချင်နေသလိုရုပ်မျိုး။
ဆရာနေမျိုးတဲ့ ။ပုံရိပ်တို့ကျောင်းကဆရာတွေလို ခပ်တည်တည်နဲ့ ယူနီဖောင်းအဖြူအစိမ်း၀တ်ထားပြီး ဘေးနားကဖြတ်သွားရင်တောင် ရေမွှေးနံ့သင်းနေတတ်တဲ့ ဆရာတွေနဲ့တော့ တခြားစီဘဲ။
ပုဆိုးကို ဒူးမရောက်ရုံတမယ် ၀တ်ထားတဲ့အပြင် ဒယ်အိုးကြီးကိုရွက်ထားခဲ့လို့ သူ့ကိုယ်ပေါ်ကနေ ဒယ်အိုးအနံ့တောင်ရနေသလိုလို။မျက်နှာကလည်း အိုးမဲတွေပေနေတော့ ကြောင်ကြီးကျနေတာဘဲ။
ပုံရိပ်လည်း ဘာဖြစ်နေတာပါလိမ့် ဒီလူနဲ့တွေ့မှအမျိုးမျိုးဝေဖန်ရေး ထုတ်နေမိတယ်။
"အမေရေ...ဒီမှာအမေ့သမီးအိပ်ရာပေါ်ကို သေးပေါက်ချနေတယ်...."
"ဟဲ့...ပုံပုံညီမလေးသေးပေါက်ချလို့တဲ့ အိမ်ထဲကိုပြေးပါအုံးအေ...."
"ဟုတ်ကဲ့ဒေါ်လေး..."
ကောင်မလေးခြံထဲသို့ ပြေး၀င်သွားတော့မှ နေမျိုးလည်း သက်မကိုအသာချပြီး ဒေါ်ရှင်းသန့်ကိုအကျိုးအကြောင်းရှင်းပြမိတော့သည်။သူ့ရဲ့စကားတွေကြောင့် ဒေါ်ရှင်းသန့်ရဲ့ မျက်နှာညိုးကျသွားပေမဲ့ ကလေးတစ်ယောက်ရဲ့ အနာဂတ်အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာဖြစ်လို့ မသိုးမသန့်စိတ်မျိုးတော့ သူ့မှာမရှိဘူး။
လောကကြီးထဲက ကလေးတွေအများကြီးရဲ့ဘ၀ကို
သူကုစားမပေးနိုင်ပေမဲ့ လက်လှမ်းမှီသလောက်တော့ ကူညီပေးချင်တယ်။အထူးသဖြင့်
တော်ချင်ပါလျှက်နဲ့ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ ကလေးမျိုးကိုပေါ့။
ကျောင်းက ဆရာမပြောလိုက်တဲ့စကားတွေကို တစ်ဆင့်ပြန်ကြားလိုက်ရတဲ့အချိန်မှာ အဒေါ်ဖြစ်သူရဲ့အံ့ဩတုန်လှုပ်သွားပုံကိုကြည့်ရင် ဒီကလေးမရဲ့အတွင်းစိတ်ကို အတူနေတဲ့သူတောင် သိမနေဘူးဆိုတာပိုသေချာသွားတယ်။
ပုံရိပ်နဲ့သူက ခံစားမှု၊နာကျင်မှုအပိုင်းအစတွေကို အပြင်ထုတ်မပြောတတ်တဲ့ အချက်ကတော့တူညီနေတယ်။
သို့ပေမဲ့ ကောင်မလေးက ငယ်သေးတယ်။
ဒီအရွယ်က ဝေဒနာတစ်ခုကိုတစ်ယောက်တည်းကြိတ်ခံစားသင့်တဲ့အရွယ်မဟုတ်ဘူး။
သူမရဲ့မျက်၀န်းတွေက အရောင်တောက်နေတတ်ပြီးအပြင်ဘက်က ကြည့်ရင်သာ သန်မာပုံပေါ်ပေမဲ့ အတွင်းစိတ်ကတော့ အားငယ်စိတ်တွေနဲ့ ရှင်သန်နေမှန်း သူတွက်ဆမိတယ်။ကိုယ်တိုင်လည်း ငယ်ငယ်ကဒီလိုခံစားချက်မျိုးနဲ့ ရှင်သန်ခဲ့ရသူမို့ သူမရဲ့ရင်ထဲကပုစ္ဆာကိုအဖြေရှာပေးချင်မိတယ်။လွယ်တော့ မလွယ်လောက်ဘူး။
🌹🌹🌹🌹🌹🌹🌹🌹🌹
"ဒေါင်....ဒေါင်...ဒေါင်...."
ဘုန်းကြီးကျောင်း၀န်းထဲရှိ နာရီစင်ကြီး၏နှိုးဆော်လိုက်မှုနှင့်အတူ နေမျိုး၏မသိစိတ်ဟာ နိုးထဖို့ကိုလှုံ့ဆော်လိုက်သည်။အလုပ်တစ်ခုကိုလုပ်ရင်
ဘယ်သောအခါမှ အချိန်ရွှေ့ဆိုင်းတတ်သူမဟုတ်တော့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ချက်ချင်းအိပ်ယာကနေထလိုက်ပြီး စောင်တွေ၊ခေါင်းအုံးတွေကိုသိမ်းကာ ကိုယ့်အခန်းကိုတံမြက်လှည်းသိမ်းဆည်းလိုက်သည်။
ကျောင်းမှာက ရေချိုးခန်းရယ်လို့သီးသန့်မရှိတာကြောင့် ပုဆိုးအဟောင်းကိုလဲ၀တ်လိုက်ပြီး ကိုယ့်ရဲ့ဖလား၊သွားတိုက်ဆေးနဲ့ ရေချိုးဆပ်ပြာကိုယူလာလိုက်ကာ ရေချိူးကန်သို့သွားလိုက်သည်။
ထုံးစံအတိုင်း လေးနာရီထိုးဘဲရှိသေးပေမဲ့ ကိုရင်တွေနဲ့ဦးဇင်းတွေလည်း ကန်မှာရေချိုးဖို့ရောက်နှင့်နေကြလေပြီ။ထိုနေရာမှာ ရေချိုးသံ၊စကားပြောသံဆိုတာ အနားမရောက်ခင်တည်းက ဆူနေလေပြီ။
"ဒကာနေမျိုး...ရေလာချိုးတာလား..."
"တင်ပါ့..."
ဦးဇင်းတစ်ပါးရဲ့ အမေးကိုပြန်ဖြေရင်းရေလဲပုဆိုးကို ကန်ဘောင်ပေါ်သို့တင်လိုက်သည်။
ဒီကျောင်းမှာက သူ့ကိုဆရာနေမျိုးလို့လည်း
ခေါ်ကြသလို ဒကာနေမျိုးလို့လည်းခေါ်ကြလေသည်။
"ဒါနဲ့...ဒကာနေမျိုး ဟိုရက်ကအလုပ်သွားလျှောက်တာ အဆင်ပြေရဲ့လား..."
"အဆင်ကတော့ ပြေပါတယ်ဦးဇင်းရယ်...
ဒါပေမဲ့...နယ်ဝေးကိုချက်ချင်းထွက်ရမယ်ဆိုတော့...တပည့်တော်နဲ့က ဘယ်လိုမှအံကိုက်ကိုမဖြစ်ဘူး..."
"အင်း...အေးဆေးပေါ့ဒကာရယ်...ဘုန်းကြီးကလည်းမင်းကို အရမ်းအားကိုးပြီးသံယောဇဉ်တွယ်ရှာတာ..ဟိုရက်ကတောင်ဦးဇင်းကိုပြောနေသေးတယ်..နေမျိုးသာမရှိတော့ရင်...လက်တစ်ဖက်ပြုတ်သွားသလိုဖြစ်နေမှာတဲ့..."
ဦးဇင်းရဲ့စကားက သူ့အာရုံထဲကိုအတွေးပေါင်းများစွာနဲ့ တွေဝေအောင်လုပ်လိုက်သလိုဘဲ။ရေခွက်ကိုကိုင်ပြီး တစ်ခွက်ပြီးတစ်ခွက်လောင်းချိုးနေမိပေမဲ့ သူ့ရဲ့စိတ်ကတော့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၀န်းထဲကို ခြေလှမ်းစခဲ့ရတဲ့အချိန်ဆီသို့သာ နောက်ပြန်ရစ်နေမိတယ်။
မကြာခင်မှာ သူ့အသက်က(၂၃)နှစ်ပြည့်ပါတော့မယ်။ဒီဘုန်းကြီးကျောင်းကို စရောက်တဲ့နေ့က သူ့အသက်(၁၃)နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပြီး
၀မ်းနည်းအနာကျင်ရဆုံး နေ့တစ်နေ့လည်းဖြစ်တယ်။
လောကကြီးထဲမှာ ဆွေးမျိုးဆိုတာမရှိ၊
အမေနဲ့အဖေဆိုတာ ဘယ်သူမှန်းမသိခဲ့ရတဲ့သူ့ရဲ့သမိုင်းကြောင်းဟာ အရမ်းကိုရိုးရှင်းသလို အရမ်းကိုနာကျင်စရာလည်းကောင်းခဲ့တယ်။
တစ်နေ့ လမ်းမကြီးတစ်ခုရဲ့အမှိုက်ပုံဘေးမှာ မွေးကင်းစကလေးငယ်တစ်ယောက်ကို
အညှာအတာမဲ့ လာရောက်ပစ်ထားခဲ့ကြတယ်။
သေချာတာကတော့ ဒီလိုနီတာရဲလေးကိုအမှိုက်ပုံထဲ မှာလာစွန့်ပစ်သွားနိုင်တည်းက ယုတ်အညံ့ဆုံးလုပ်ရပ်ကို လုပ်နိုင်တဲ့လူလို့သတ်မှတ်ရမှာပါဘဲ။
လမ်းသွားလမ်းလာတစ်ယောက်က ကလေးအော်သံကြားလို့ သနားဂရုဏာသက်ပြီးပွေ့ခေါ်ခဲ့ရာကနေ ထိုမွေးကင်းစလေးဟာ ရပ်ရွာလူထုရဲ့လက်ထဲကို ရောက်ခဲ့ရတယ်။
မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပေမဲ့
ထိုကလေးလေးက ကံကောင်းခဲ့တယ်လို့ဆိုရမယ်။ရပ်ကွက်ထဲက သားသမီးမရှိတဲ့လင်မယားနှစ်ယောက်ဟာ ကလေးကိုခေါ်ယူမွေးစားခဲ့ကြတယ်။
ပိုပြီးကံကောင်းတာက မွေးစားမိဘတွေကလည်း ကလေးအပေါ်ကိုမိဘရင်းများသဖွယ် ပြုစုစောင့်
ရှောက်ခဲ့ကြတယ်။ကလေးရဲ့နာမည်ကို နေမျိုးလို့ပေးခဲ့ကြပြီး ကျောင်းလည်းထားပေးသလို
လိုလေးသေးမရှိအောင်ကို စောင့်ရှောက်ကြရှာတယ်။နေမျိုးဆိုတဲ့ကောင်လေး အသက်(၉)နှစ်လောက်ရောက်တဲ့အချိန်မှာ ထိုလင်မယားကလည်း စီးပွားရေးတွေအဆင်မပြေဖြစ်လာတဲ့အပြင် ဖောက်ပြားမှုတွေပါပေါင်းလာတော့
နောက်ဆုံး လင်မယားကွဲတဲ့အဆင့်အထိပါရောက်
လာခဲ့တယ်။နေမျိုးကတော့ အမေ့ဆွေမျိုးတွေဘက်မှာ လိုက်နေခဲ့တာပေါ့။
ကံကြမ္မာငင်တဲ့အခါ လောကကြီးဟာရှုပ်ထွေးသွားတတ်ပြီး အကောင်းအတိုင်းကနေကြမ္မာချောက်နက်ရဲ့ နှုတ်ခါး၀မှာရပ်ရင်လည်း ရပ်ရနိုင်တယ်။
အချို့အချိန်မျိုးမှာ ကိုယ်တိုင်ကအမှားတစိုးတစိတောင်မလုပ်မိအောင်နေပေမဲ့ အတိတ်ကုသိုလ်ကံကမွှေနှောက်လာတဲ့အခါ ဘ၀တွေဟာ ထင်မထားလောက်အောင် မျက်ရည်ကြီးငယ်ကျရတတ်တယ်။
ဘ၀ဟာ တကယ်ကိုကြမ္မာငင်ခဲ့ရပါတယ်။
မွေးစားမိခင်ကြီးဟာ ကျန်မာရေးချူချာလာခဲ့တာကြောင့် ကျောင်း(၄)နှစ်နားလိုက်ရပြီး အရွယ်နဲ့
မလိုက်အောင် မိခင်ကိုပြုစုရင်းကနေ သူများခိုင်းဖက်ဘ၀နဲ့ အမေ့အမျိုးတွေကြားမှာ မျက်နှာငယ်စွာနေခဲ့ရတယ်။
လောကကြီးထဲမှာ သံယောဇဉ်ကြိုးမျှင်လေးဟာ တစ်ချောင်းထဲပဲ ရှိပါစေအုံးတော့ အမိအရဖမ်းဆုပ်ထားချင်မိခဲ့တယ်။ကိုယ့်လိုမိဘမဲ့တစ်ယောက်အတွက် မေတ္တာရဲ့အေးမျှမှုနဲ့ သံယောဇဉ်ဆိုတဲ့ တွယ်တာစရာကမ္ဘာငယ်လေးက အရမ်းကိုတန်ဖိုးကြီးမားလို့ပါပဲ။
ထိုအရာတွေရဲ့အနှစ်သာရကိုသာ မခံစားခဲ့ဖူးရင်အမှိုက်ပုံဘေးမှာ စတင်အပစ်ခံခဲ့ရတဲ့မွေးကင်းစကလေးတစ်ယောက်လို အလေအလွင့်လေး တစ်ယောက်အဖြစ်ရပ်တည်နေမိမှာဘဲ။
အသက်(၁၂)နှစ်ကျော်အရွယ်မှာ မွေးစားမိခင်ကြီးဆုံးပါးသွားခဲ့တယ်။
ထိုနေ့က ကိုယ့်ကမ္ဘာကြီးပျက်သုန်းသွားသလိုကို ခံစားခဲ့ရတယ်။မိဘအရင်းတွေဆီကနေ စွန့်ပစ်ခြင်းခံခဲ့ရလို့ မေတ္တာရေကြည်လေးတစ်ပေါက်ကို သောက်ခွင့်ရမယ်လို့ထင်ခဲ့မိပေမဲ့ အလွဲကြီးလွဲသွားခဲ့ရတယ်။
ပူပြင်းလွန်းတဲ့ ကန္တာရအလယ်မှာဦးတည်ချက်ပျောက်ဆုံးသွားသလိုမျိုး။ဘယ်ကမှန်းမသိတဲ့ အမည်မသိမျှားချက်တိုင်းက ကိုယ့်ရင်ဘတ်မှာလာဆိုက်နေသလိုမျိုး စူးနင့်ပြီးခံရခက်ခဲ့တယ်။
နောက်ဆုံးမှာတော့ မိဘမဲ့ထပ်ဖြစ်ခဲ့ရတဲ့သူ့ကို
ရန်ကုန်ကဒီသုခချမ်းသာပရိယတ္တိဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပို့လိုက်ကြတယ် ။
ထိုအချိန်က အသက်(၁၃)နှစ်အရွယ်သူ့အဖို့ ရှေ့ဆက်ရမဲ့အနာဂတ်လမ်းတွေပျောက်ဆုံးနေတဲ့အချိန်အခါပေါ့။ကယ်တင်ရှင်ဆရာတော်ကြီးကြောင့်သာ သူ့ဘ၀မှာအလင်းစလေးတွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ဆရာတော်ကြီးဟာ မိဘလိုလည်းစောင့်ရှောက်သလို ဆရာသမားလိုလည်းသင်ပြလမ်းညွှန်ပေးခဲ့တယ်။
လိုလေသေးမရှိအောင် အထောက်အပံ့ပေးသလိုကျောင်းလည်းဆက်ထားပေးခဲ့တာကြောင့် ဂုဏ်ထူး(၃)ဘာသာနဲ့ တက္ကသိုလ်၀င်ခွင့်ကိုအောင်မြင်ခဲ့ပြီး အခုဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုနဲ့ တောင် ဘွဲ့ရပြီးခဲ့လေပြီ။
ကျောင်းနားခဲ့တဲ့နှစ်တွေကြောင့် အသက်၂၃နှစ်နီးမှဘွဲ့ရခဲ့ပေမဲ့ ပညာရေးမှတ်တိုင်တစ်ခုကိုစိုက်ထူခဲ့နိုင်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတယ်။
ဒါပေမဲ့ ဘွဲ့ရပြီးတဲ့အချိန်မှာ နောက်ထပ်ခေါင်းထဲကို၀င်လာတဲ့ အရာတစ်ခုကတော့ စာသင်တာအပြင်
ပြင်ပလုပ်ငန်းခွင်ထဲကို ၀င်ပြီးခြေလှမ်းသစ်စရမဲ့ ကိစ္စပါပဲ။
အတိတ်ရယ်၊ပစ္စုပ္ပန်ရယ်နဲ့အနာဂတ်အကြောင်းတွေကိုယှဉ်တွဲစဉ်းစားပြီးအဆုံးမှာတော့ စိတ်ကြည်သွားအောင်ခေါင်းပေါ်မှ ရေတွေလောင်းချပစ်လိုက်သည်။ကိုရင်နဲ့ ဦးဇင်းတွေလည်း ရေချိုးလို့ပြီးစီးနေကြသည်မို့ သူလည်းမြန်မြန်ဆန်ဆန်ဘဲ ရေချိုးပစ်လိုက်သည်။ပြီးတာနဲ့ ဆွမ်းချက်ဖို့ဟင်းပေါင်းလုပ်ဖို့ရာဦးဇင်းတွေနဲ့ ကူရပေအုံးမည်။
ဟင်းချက်ကူပြီးရင်တော့ ကလေးတွေကိုသင်ရမဲ့အခန်းတွေကို မှတ်စုထုတ်ပေးရအုံးမည်။
မနက်(၈)နာရီခွဲမှစ၍ သူ့အတွက်နားချိန်ဟာ နေ့လယ်ခင်းထမင်းစားချိန်နဲ့ ညနေကျောင်းဆင်းချိန်သာ ရှိလေသည်။ပြင်ပလုပ်ငန်းခွင်ကို မ၀င်ရရင်တောင် ကျောင်းမှာတင်သူ့ရဲ့အချိန်ဇယားက ပြည့်နေလေပြီ။သို့ပေမဲ့ ဒီလိုကလေးတွေကို ပညာဒါနပြုရတာကိုပင် သူကပျော်နေတတ်တာပါ။
🌹🌹🌹🌹🌹🌹🌹🌹
"ဆရာနေမျိုးရေ...ဆရာနေမျိုး...."
နေ့လည် ကျောင်းနားချိန်လေးတွင် ကိုယ့်အခန်းကိုယ်၀င်ပြီး ထမင်းလေးစားမလို့ ချိုင့်ဖွင့်ရုံရှိသေးပေမဲ့ ကျောင်းသားတစ်ယောက်ရဲ့ အော်ခေါ်သံကိုကြားလိုက်ရ၍ တခါးဆီသို့အကြည့်ရောက်သွားမိသည်။
အပေါက်၀တွင် သင်္ကန်း၀တ်ဖြင့်ပေါ်လာသည့်
ကိုရင်လေးက သူ့အတန်းထဲကကျောင်းသားလေးပါပဲ။
"ကိုရင်...ဒီမှာဆရာထမင်းစားမလို့....ဘာကိစ္စဖြစ်လို့လည်း...."
"ကိစ္စထွေထွေ ထူးထူးဖြစ်တာမဟုတ်ပါဘူး...
ဆရာ့ဆီကို ဧည့်သည်လာလို့...."
"ဘယ်လို..ဧည့်သည်....ဘယ်သူလည်း..."
"ပုံရိပ်တဲ့...ဘုရားကြီးဘေးက ကန်ဘောင်ပေါ်မှာစောင့်နေမယ်တဲ့ အရေးကြီးကိစ္စမို့ အခုချက်ချင်းလိုက်လာခဲ့ဖို့ပါမှာသွားတယ်..."
"ပုံရိပ်..."
နေမျိုး၏နှုတ်ခမ်းဖျားမှ ပုံရိပ်ဆိုသည့်အမည်ကို ရေရွှတ်လိုက်ပြီးတဲ့နောက်မှာ အံ့ဩမှုတွေကပါ မျက်နှာတွင်ယှက်ဖြာသွားခဲ့သည်။
ပုံရိပ်က သူ့ဆီကိုဘာအကြောင်းနဲ့ ရောက်လာရတာပါလိမ့်။ဒီကလေးနဲ့ ဆုံမိတိုင်းသူ့ကိုခင်မင်ချင်တဲ့ မျက်နှာရိပ်မျိုးမပြဖူးလေတော့ သူဆီလာလည်တယ်ဆိုသည့်စကားဟာ ကမ္ဘာ့အကြီးမားဆုံးငလျှင်ကြီးက သူ့အခန်းထဲမှာ လာလှုပ်ခက်သွားသလို ခံစားလိုက်ရတယ်။
ထမင်းလုတ်ကိုကိုင်ထားပြီးသည့် လက်အားချက်ချင်းဆေးလိုက်ပြီး ခြေလှမ်းကျဲကြီးတွေနှင့် အခန်းထဲမှ ထွက်လာလိုက်သည်။
မုန့်စားဆင်းချိန်ဖြစ်တာကြောင့် ကျောင်း၀င်းတစ်ခုလုံးဟာ ကလေးတွေရဲ့ဆော့ကစားစရာ ကစားကွင်းကြီးလိုဖြစ်နေသည်။
နေရာတိုင်းမှာလည်း ပြေးလိုက်၊လွှားလိုက်နဲ့ သူတို့ချည်းဘဲ ။ဘုရားရင်ပြင်ပေါ်တွင်လည်း စိန်ပြေးတိုင်းကစားနေကြတာများ ပွက်လောကိုရိုက်နေကြတာပါဘဲ။
"ဆရာ....ဘယ်သွားမလို့ပဲ.."
"...ဟိုဘက်ခဏပါ..."
ကျောင်းမှာ စာသင်ပေးတဲ့ ဆရာမနုနုခင်က
ထိုင်နေရင်း လှမ်းမေးလာတာကြောင့် ရင်ပြင်ပေါ်သို့တက်ခါနီး ဖြေနေရသေးသည်။
ဆရာမနုနုခင်ကတော့ အပြုံးချိုချိုနှင့် ပြုံးပြပြီးခေါင်းငြိမ့်ပြလေသည်။
"ဟေ့...ဘုရားပေါ်ကိုမတက်နဲ့လေ...ငရဲကြီးတယ်လို့ပြောထားတယ်မဟုတ်လား..."
"မတက်ပါဘူးဆရာရယ်..."
"ဟင်း..ဟင်း..ငါကမမြင်တာမှတ်လို့...
ဗြောင်လိမ်ဗြောင်စားနဲ့နော်...ဘုန်းကြီးလက်ထဲကိုထည့်လိုက်လို့...ပန်းကန်ဆေးနေရမယ်..."
"အာ...ဆရာကလည်း...စိတ်ပုပ်လိုက်တာ...."
ကျောင်းထိုင်ဘုန်းကြီးက ကလေးတွေကိုအပြစ်ပေးရင်တုတ်နဲ့ရိုက်တာမဟုတ်ဘဲ ကျောင်းဝေယျာ၀စ္စတွေကို နင်းကန်လုပ်ခိုင်းတတ်တာကြောင့်
သူတို့တွေများ ဆရာတော်ကြီးရဲ့လက်ထဲကိုထည့်မယ်ဆိုရင် ဖင်တုန်အောင်ကြောက်တတ်ကြတယ်။
ဒီအချက်ကိုသိလို့လည်း တမင်ကိုပြောပစ်လိုက်တာပါ။
ဘုရားရင်ပြင်တော် ပါ်မှကိုဖြတ်လျှောက်ပြီး ရေကန်ကြီးနှင့် နီးကပ်လာတဲ့အခါမှာ ကျောင်းစိမ်း၀တ်စုံလေးကို ၀တ်ထားပြီးလွယ်အိတ်ကလေးကို သဲပေါ်သို့ချထားတာ ကန်ဘောင်ပေါ်တွင်ထိုင်နေသည့် ကလေးမလေးရဲ့ကျောပြင်ကိုတွေ့ရလေသည်။
ဒီအချိန်ဟာအထကကျောင်းမှ(၉)တန်းသမားတွေကျောင်းဆင်းတဲ့အချိန်ဆိုတော့ ဒီကောင်မလေး ကျောင်းကနေဒီကို တန်းလာလိုက်တာများလား။ဘယ်လို ကိစ္စကြောင့်ဖြစ်နိုင်မလဲ။
"ပုံရိပ်...စောင့်ရတာကြာသွားလား.."
သူ့ရဲ့ခေါ်သံကြောင့် ဇက်ကလေးစောင်းပြီးလှည့်ကြည့်လာတဲ့ ကောင်မလေး။
နင့်နင့်သည်းသည်းငိုထားပုံရတဲ့ မျက်၀န်းနီနီတွေ။သူ့ကိုကြည့်လာတဲ့ အကြည့်တွေမှာလည်း
အမုန်းတရားနဲ့ဒေါသတွေပါ၀င်နေတယ်။
သူမရဲ့မျက်၀န်းတွေက အရောင်စူးလွန်းနေပြီး တစ်ခုခုကိုပြင်းပြင်းထန်ထန်အပစ်ပေးချင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။
သူစိုးရိမ်နေမိတာက သူမအပစ်ပေးချင်တဲ့လူဟာ
သူကိုယ်တိုင်များ ဖြစ်နေမလားဆိုတာဘဲ.....။
🌹🌹🌹🌹🌹🌹🌹
ပုံရိပ်တို့ဘာကို စိတ်ဆိုးနေတာဖြစ်နိုင်မလဲ...
==========================================
🔥🌹"ဆူးႀကိဳး..."🌹🔥
အခန္း(၆)
"ပံုရိပ္ နင့္ကိုအဲ့ဒီ့မွာရပ္ေနလို႔ ေျပာေနတယ္ေနာ္...."
မိုးေရေတြစိုေန၍ စိတ္ညစ္ေနသၫ့္အခ်ိန္
ေအာ္ေငါက္ၿပီး အမိန႔္လာေပးေနသၫ့္ေကာင္ကို မ်က္ေစာင္းထိုးကာ ေဒါသမ်က္၀န္းေတြႏွင့္ၾကၫ့္ပစ္လိုက္သည္။
အေမျဖစ္သူကလည္း စရိုက္ၾကမ္းသလို
သားျဖစ္သူကလည္း မိုက္ကန္းကန္းနဲ႔ဆိုေတာ့ သားအမိ ေတာ္စပ္တယ္ဆိုတာ သံသယျဖစ္ဖြယ္ရာမရိွဘူး။
ႏွစ္လံုးေတြခ်ဲေတြထိုးၿပီး ေအာ္ေက်ာ့လန္သူ႔အေမကရပ္ကြက္ထဲရိွ လူေတြနဲ႔အေပါက္အလမ္းမတၫ့္သလို သားျဖစ္သူကလည္းတစ္စက္မွပံုမလာဘူး။
ေက်ာင္းမွာ အတန္းႀကီးဇိုးေတြနဲ႔ေပါင္းၿပီး မုန႔္စားဆင္းခ်ိန္တိုင္း အားအားယားယားေက်ာင္းတစ္ပတ္လွၫ့္ပတ္ေနသၫ့္ေကာင္မ်ိဳးပင္။
ဒီေကာင္နဲ႔သူ႔သူငယ္ခ်င္းအဖဲြ႔ ေက်ာင္းကစားကြင္းရဲ့ေတာင္ဘက္ျခမ္း ကန္ေဘာင္ေဘးမွာေကာ္ရႉေနၾကတာကို ပန္းခ်ီထိုင္ဆဲြေနရင္းနဲ႔မေတာ္တဆႄကံုခဲ့ရတယ္။
ႏွစ္ခါေလာက္အထိ ပံုရိပ္ေတြ့လိုက္ၿပီးတည္းက ေနာက္ပိုင္းကန္ေဘာင္အနားကိုမသြားျဖစ္ေတာ့တဲ့အထိဘဲ။အခုလည္း သူ႔ကိုအဖက္မလုပ္ဘဲ မိုးေရထဲမွာ ခပ္ျမန္ျမန္ေလ်ွာက္ေနသၫ့္ ပံုရိပ္ရဲ့အေနာက္ကေန ဘာေၾကာင့္လိုက္လာသလဲ မသိေပ။
ဒီလိုလူေတြနဲ႔မပတ္သတ္ခ်င္ပါဘူးဆိုမွ ထိပ္တိုက္ကိုလာေတြ့ေနရတယ္။
"ပံုရိပ္....နင့္ကိုငါရပ္လိုက္လို႔ ေျပာေနတယ္ေနာ္...."
"အား...နင္ဘာလုပ္တာလဲ...ငါ့လက္ကိုလႊတ္ေနာ္..."
လက္ေမာင္းကို အတင္းလာဆဲြတဲ့သူ႔ရဲ့ပခံုးကိုအားနဲ႔ ပိတ္တြန္းပစ္လိုက္ၿပီး ေအာ္ပစ္လိုက္သည္။
မိုးစက္ေတြကလည္း ခပ္စိပ္စိပ္ရြာသြန္းလာၾကၿပီး ေလကပါေရာပါလာေတာ့ ပံုရိပ္ရဲ့ေဒါသကပို၍ရုပ္လံုး၀ႂကြေနသည္။
ပံုရိပ္ကိုၾကၫ့္ေနတဲ့ သူ႔ရဲ့မ်က္၀န္းေတြကလည္း ေဒါသအေရာင္လႊမ္းေနၿပီး အံကိုတင္းထားတာေၾကာင့္ သူ႔ရဲ့ေမးရိုးေတြဟာတင္းထြက္ေနကာ နားထင္ေၾကာေတြကိုေတာင္ ျမင္ေနရသည္။
ပံုမွန္ဆိုရင္ သူနဲ႔ပံုရိပ္က ေယာင္လို႔ေတာင္စကား
မေျပာဖူးတာေၾကာင့္ တစ္ရပ္ကြက္ထဲသားခ်င္းေပမဲ့ သူမေခၚ၊ကိုယ္မေခၚ ႏွင့္ မေတြ့ဖူးသူေတြလိုပဲေနျဖစ္တာပါဘဲ။
ပံုရိပ္ကလည္း အေနေအးၿပီး ကိုယ္ေနတတ္သလိုေနသၫ့္နည္းတူ သူကလည္းဂ်စ္ကန္ကန္နဲ႔ ဘယ္သူ႔မွလူမထင္တဲ့ေကာင္ပင္။အခုသူ႔ဘက္ကေန စေခၚတယ္ဆိုေတာ့ သူရူးေနတာမဟုတ္ရင္
ေဆးေၾကာင္ေၾကာင္ေနလို႔ဘဲ။
"ဟိန္းကို...နင္ဘာျဖစ္ေနတာလဲ...
ကိုယ့္လမ္းကိုယ္သြားေနာ္....ငါ့ကိုလာမရႈပ္နဲ႔.."
"ဒီမွာ...ရႈပ္ေနတာက ငါမဟုတ္ဘူး...နင္ကသာငါ့ကိုလာရႈပ္ေနတာ...."
"နင္ေပါက္ကရေတြလာမေျပာနဲ႔ ငါနင္နဲ႔စကားမေျပာခ်င္ဘူး..."
"ငါကလည္း နင့္လိုလူနဲ႔စကားသိပ္ေျပာခ်င္ေနတယ္မထင္ပါနဲ႔...အခုနင္တိုင္လိုက္တဲ့ကိစၥေၾကာင့္ ေက်ာင္းအုပ္ကပါ ငါ့ကိုေခၚဆူတယ္..
ငါ့တစ္ေယာက္ထဲဆိုရင္ကိစၥမရိွဘူး...ငါ့အေမကိုပါေခၚခံရတဲ့ကိစၥမွာ ငါနင့္ကိုလံုး၀မေက်နပ္ဘူး....
နင္ဟိုတေလာက ကန္နားကိုလာတာငါေတြ့လိုက္တယ္...နင္ကဘာမို႔ ဟိုတိုင္ဒီေတာလုပ္ေနရတာလဲ
...ဟမ္!!!!နင္ကဘာေကာင္မို႔သူမ်ားကိစၥကို ၀င္ပါေနရတာလဲ...."
ဟိန္းကိုဆိုတဲ့ေကာင္က ပံုရိပ္ရဲ့လက္ေမာင္းကို
သူ႔ဘက္သို႔ ခပ္ၾကမ္းၾကမ္းဆဲြယူလိုက္တာေၾကာင့္
မိုးစက္ေတြခိုတဲြေနသၫ့္ သူ႔မ်က္၀န္းနီနီေတြကို အနီးကပ္ျမင္လိုက္ရတဲ့အခါ ပံုရိပ္ရဲ့အတြင္းသ႑န္မွာ ပုန္းေအာင္းေနသၫ့္ အေၾကာက္တရားကလည္း လိႈင္းအနည္းငယ္ထသြားခဲ့သည္။
ကတံုးဆံပင္ေပၚကေန သူ႔မ်က္ႏွာေပၚသို႔စီးက်လာတဲ့ ေရေတြဟာ သူ႔မ်က္လံုးထဲအထိ ၀င္ေနေပမဲ့မ်က္ေတာင္ တစ္စက္မွမခက္သြားဘူး။
ငယ္ငယ္က ေမေမေျပာျပဖူးတဲ့ပံုျပင္ထဲကလို
အသားစားတဲ့အာဠာ၀ကတစ္ေကာင္ကို မ်က္ဝါးထင္ထင္ျမင္လိုက္ရသလို ခံစားေနမိတယ္။
"ဟိန္းကို...ငါ့လက္ကိုလႊတ္လို႔ေျပာေနတယ္ေနာ္...
နင္နဲ႔ပတ္သတ္ရင္ ဆံခ်ည္တစ္မ်ွင္စာေတာင္
ငါ့အတြက္စိတ္၀င္စားစရာမေကာင္းလို႔ ဘာကိုမွ
၀င္ရႈပ္စရာအေၾကာင္းမရိွဘူး ရွင္းလား...."
"အဲ့ဒါဆိုရင္ ငါတို႔ကိုကန္ေဘာင္မွေတြ့ခဲ့တဲ့ကိစၥ
ဘာလို႔ခၽြန္တြန္းလုပ္ခဲ့တာလဲ...နင္မိန္းကေလးျဖစ္ေနလို႔ေနာ္...ေယာက္်ားေလးဆိုရင္ ဒီေနရာမွာပဲြခ်င္းၿပီးပဲ....ငါ့ကိုဘာေကာင္မွတ္ေနလဲ!!!!"
မိုးခ်ိန္းသံႏွင့္အတူ အသံနက္ႀကီးနဲ႔ေအာ္လိုက္သၫ့္နည္းတူ ပံုရိပ္ရဲ့လက္ကိုပါလႊတ္ေပးသလိုလိုနဲ႔
လႊဲရမ္းပစ္လိုက္သည္။အရိွန္နဲ႔ လူကပါနဲနဲယိုင္က်သြားတာေၾကာင့္ ပံုရိပ္ရဲ့ေဒါသေတြကအတိုင္းထက္
အလြန္ကို ေပါက္ကဲြထြက္လာခဲ့တယ္။မိုးေရေတြဟာ ပံုရိပ္ရဲ့ေခါင္းေပၚကေန မ်က္ႏွာေပၚကိုစီးက်လာခဲ့တဲ့အျပင္မ်က္လံုးထဲကိုပါဝင္လာတာေၾကာင့္မ်က္လံုးေတြပါက်ိန္းစက္လာခဲ့တယ္။
ပံုရိပ္ဆိုတာ ကိုယ္လုပ္ရင္ကိုယ္ခံရဲသူဆိုေပမဲ့
မလုပ္ပဲ အစြပ္စဲြခံရရင္လည္း အဲ့ဒီလူကိုတစ္ခုခု ႀကီးႀကီးမားမားတုန္႔ျပန္လိုက္ရမွ ေနသာတဲ့လူမ်ိဳး။
နာက်င္ေနေပမဲ့ ေအာက္ႏႈတ္ခမ္းကို စူးနစ္စြာ
ဖိႀကိတ္ပစ္လိုက္ၿပီး လက္ထဲမွာကိုင္ထားတဲ့လြယ္အိတ္ကို အားနဲ႔လႊဲခ်ပစ္လိုက္သည္။
တဒဂၤေလာက္ မထိန္းခ်ဳပ္ႏိုင္လိုက္တဲ့ ပံုရိပ္ရဲ့ေဒါသတရားေၾကာင့္ နာက်င္သြားတဲ့ဟိန္းကိုအဖို႔ ဧရာမမီးေတာက္အား ေရႏွင့္ၿငိမ္း၍လည္းမရေတာ့သၫ့္အတိုင္းအတာသို႔ ေရာက္သြားေစတာကိုေတာ့ ပံုရိပ္ညံ့ဖ်င္းစြာ မတြက္ဆလိုက္မိေပ။
"ပံုရိပ္...နင္ကငါ့ကိုဘာေကာင္ထင္ေနလဲ....
အေလ်ွာ့ေပးထားတာကို...အဟုတ္မွတ္ေနတာလား..."
"ဟိန္းကို...နင့္ငါ့အသားကို လာမထိနဲ႔ေနာ္...
ငါကလည္းၿငိမ္ခံေနမယ္မထင္နဲ႔...
အဲ့ဒီ့ကန္နားကို ငါတစ္ေယာက္တည္းပဲသြားလို႔ရတာလား...နင့္မွာဦးေနွာက္ပါရင္ သူမ်ားကိုအျပစ္အရင္တင္မဲ့အစား...ကိုယ့္ဘာသာကိုယ္ေသခ်ာေတြး...
ေက်ာင္းသားေပါင္းေသာင္းေျခာက္ေထာင္ေလာက္ရိွတဲ့ေနမွာ မဟုတ္တာလုပ္ၿပီး...ငါ့ကိုလာမရမ္းနဲ႔...
အပုပ္အပြဆိုတာ သူမ်ားေျပာမွမဟုတ္ဘူး...
အခ်ိန္တန္ေတာ့အနံ႔ထြက္လာမွာပဲ...
ကိုယ္ျဖစ္ကိုယ္ခံ..ငါ့ကိုလာဆဲြမထၫ့္နဲ႔...."
"ဟာ....နင္ေတာ့ေသေတာ့မွာပဲ...."
"ေဟ့...ဘာျဖစ္ေနၾကတာလဲ...."
ပံုရိပ္ကို ရိုက္ဖို႔လက္ရြယ္လိုက္တဲ့ ဟိန္းကိုဟာ ေအာ္သံတစ္ခုေၾကာင့္ သူ႔လက္ေတြကိုျပန္ရုတ္လိုက္သည္။
အသံလာရာ လူရိပ္ဟာထြန္းကို၏ အေနာက္ဘက္မျွဖစ္သည္။မိုးေရထဲမွာဆိုေပမဲ့ ထိုလူရဲ့ပံုသ႑န္ကိုေသခ်ာျမင္ရပါတယ္။အိက်ႌစြပ္က်ယ္ခ်ိဳင္းျပတ္အနက္ေရာင္ကို ၀တ္ဆင္ထားၿပီး ပုဆိုးကိုဒူးေခါင္းေလာက္အထိ တက္၀တ္ထားသၫ့္လူတစ္ေယာက္။အလႉအိမ္ေတြမွာ သံုးေလ့ရိွၾကသၫ့္ ဒယ္အိုးႀကီးကို ေခါင္းေပၚမွာ ဦးထုပ္ေစာင္းထားသလိုေမွာက္လ်ွက္သား ရြက္ထားတာေၾကာင့္ ဒယ္အိုးႏႈတ္ခမ္းစပ္ႏွင့္ ကြယ္ေနသၫ့္ထိုလူရဲ့မ်က္ႏွာကို ေသခ်ာမျမင္ရေပ။
ပံုရိပ္တို႔၏ အနားကိုတျဖည္းျဖည္းတိုးကပ္လာသၫ့္ ထိုလူ႔ရဲ့ မ်က္ႏွာကိုမျမင္ရေပမဲ့ ခႏၶာကိုယ္အရပ္အေမာင္းကို ၾကၫ့္မိရံုနဲ႔ဘယ္သူဆိုတာ ခန႔္မွန္းလိုက္မိတယ္။
ဒယ္အိုးႀကီး၏ လက္ကိုင္ေတြကိုမလိုက္သၫ့္အခ်ိန္ တစတစ ထင္ရွားလာတဲ့ထိုလူ႔ရဲ့ႏႈတ္ခမ္းမွစ၍ မ်က္၀န္းေတြဟာ ေသခ်ာေပါက္ပံုရိပ္ရင္ထဲကမိတ္ေဆြႀကီးပါပဲ။
"မင္းတို႔ရန္ျဖစ္ေနၾကတာလား...."
"မဟုတ္ပါဘူး....ခင္ဗ်ားကိုယ့္လမ္းကိုယ္သြားပါ..."
"မင္းနာမည္ဟိန္းကို မဟုတ္လား...မင္းငါ့ကိုမွတ္မိလား....."
မိုးၿခိမ္းသံကိုေတာင္ ဖံုးအုပ္ေလာက္သည္အထိ က်ယ္ေလာင္စြာ ေအာ္ေျပာလာသၫ့္အသံပိုင္ရွင္ကို လွၫ့္ၾကၫ့္လိုက္မိေတာ့ သူ႔အာရံုထဲမွာ ေသခ်ာျပတ္သားစြာ မွတ္မိေနသၫ့္လူတစ္ေယာက္ျဖစ္ေနသည္။
လမသာသလို ၾကယ္ေတြအလ်ွင္းမရိွတဲ့ လမိုက္ညတစ္ညမွာ ဘုန္းႀကီးေက်ာင္းရဲ့ တံတိုင္းအေနာက္ဘက္မွာရိွတဲ့ က်ူပင္ႏွင့္ျမက္ရိုင္းမ်ားသာ
ေတာထေနသၫ့္ လမ္းၾကားတစ္ခုဟာ အရိုင္းဆန္စြာရိွေနခဲ့တယ္။
ထိုညၪ့္အေမွာင္ကို အကာအရံယူထားၿပီး
တုတ္ကိုယ္ဆီကိုင္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ မိုက္ကန္းစြာ ၾကၫ့္ေနၾကေသာအဖဲြ႔ႏွစ္ဖဲြ႔တြင္
တစ္ဖက္က ရပ္ကြက္ထဲရိွ ဇိုးမ်ားအဖဲြ႔ျဖစ္ၿပီး က်န္တစ္ဖက္ကေတာ့ ငမိုက္သားေခ်ာက္ကမ္းပါးအား ေျခတစ္ဖက္လွမ္းစျပဳေနၾကသၫ့္ ဆယ္ေက်ာ္သက္ေက်ာင္းေနအရြယ္အဖဲြ႔ေပါ့။
ထိုအဖဲြ႔ထဲမွာ ဟိန္းကိုဆိုတဲ့သူကိုယ္တိုင္လည္းပါ၀င္ခဲ့တယ္။
ခ်ိန္းပဲြလို႔ သတ္မွတ္ထားတဲ့ ရန္ပဲြမွာ ႏွစ္ဖက္အေသအေၾက ခ်ၾကရင္း တိုက္ပဲြအငယ္စားေလးကို ဆင္ႏႊဲခဲ့ၾကတယ္။
သူတို႔အဖဲြ႔ဖက္က သူတစ္ေယာက္ပဲလူေကာင္ထြားသူရိွတာေၾကာင့္ မႏိုင္တဲ့အဆံုးမွာ တစ္ေယာက္တစ္လမ္းဆီထြက္ေျပးခဲ့ၾကရတယ္။ဟိုဖက္အဖဲြ႔ကလူေတြကလည္း အလြတ္မေပးတမ္း လိုက္ေနခဲ့တာေၾကာင့္ တံခါးေပၚကေနခုန္ေက်ာ္ၿပီးဘုန္းႀကီးေက်ာင္းထဲကို ၀င္ပုန္းရင္း ဒီလူနဲ႔အမွတ္မထင္ေတြ့ခဲ့ရတယ္။
ကိုရင္ေတြပါဝိုင္းအံုလာၿပီး ဘုန္းႀကီးပါေရာက္လာတဲ့အခါ ေနာက္ဆံုးေမးၾကျမန္းၾကရင္းနဲ႔
သူ႔နာမည္"ဟိန္းကို.."ဆိုတာနဲ႔ သူ႔အေၾကာင္းအနည္းအက်ဉ္းကို ေျပာျပလိုက္မိတယ္။
ထူးဆန္းတာက ဘုန္းဘုန္းဟာသူ႔ကို ေမာင္းမထုတ္တဲ့အျပင္ ေနမ်ိဳးဆိုတဲ့ဒီလူ႔ကိုေတာင္ သူ႔ရဲ့ဒဏ္ရာေတြကို ေဆးလိမ္းခိုင္းခဲ့တယ္။ထိုညကေနစၿပီး ရန္ျဖစ္တဲ့ကိစၥေတြကို မလုပ္ဖို႔ႀကိဳးစားမိေပမဲ့ တစ္ေကာင္ေကာင္ရဲ့ခၽြန္တြန္းလုပ္မႈေၾကာင့္ အေမေရာသူပါ ေက်ာင္းအုပ္ႀကီးရံုးခန္းထဲမွာ ခံ၀င္ကတိအေနနဲ႔လတ္မွတ္ထိုးခဲ့ရတယ္။
ေကာ္ခိုးရႉခဲ့ၾကတဲ့ သူတို႔အဖဲြ႔ေတြ အကုန္ပါတယ္ဆိုေပမဲ့ တိုင္တဲ့ေကာင္ကိုမိရင္ေတာ့ အေရခြံစုတ္ပစ္ဖို႔ပါ ေတြးထားၿပီးသား။ပံုရိပ္ကို မသကၤာေပမဲ့ လမ္းသြားလမ္းလာေတျြဖတ္ေလ်ွာက္လာၾကသလို ဘုန္းႀကီးေက်ာင္းကဆရာေနမ်ိဳးဆိုသူပါ ၾကၫ့္ေနတာေၾကာင့္ သူ႔စိတ္ကိုခဏေလာက္ ေလ်ာ့ပစ္လိုက္ရသည္။
" တိုင္တဲ့လူကနင္ဆိုတာ ငါသိတဲ့ေန့ နင့္ဘ၀ႀကီး
ငါးပါးေမွာက္တဲ့ေန့ပဲ...."
ပံုရိပ္ကိုၿခိမ္းေျခာက္စကားေျပာခဲ့ၿပီး မိုးေရထဲမွလမ္းၾကားထဲသို႔ဝင္သြားတဲ့ ေကာင္ကို
ပံုရိပ္အရမ္းမုန္းသြားမိတယ္။
အခုမွပထမဆံုး စၿပီးစကားေျပာဖူးတာဆိုေပမယ့္
အရပ္ထဲမွာေျပာၾကတဲ့ "ဒီေကာင္ေလးက သိပ္ဆိုးသိပ္မိုက္တဲ့ကေလး..."ဆိုတဲ့စကားကို မ်က္ဝါးထင္ထင္ျမင္လိုက္ရသလိုပါဘဲ။
"ေဟ့...မိုးေရထဲမွာ ဘာလုပ္ေနတာလဲ..."
ပံုရိပ္ရဲ့ကယ္တင္ရွင္ႀကီးကိုၾကၫ့္လိုက္မိေတာ့ ဒယ္အိုးႀကီးကို ေခါင္းေပၚမွာ ရြက္ထားပံုႀကီးက ၾကၫ့္ယံုနဲ႔တင္ ရယ္ခ်င္စရာေကာင္းေနၿပီ။
ဟိန္းကိုေၾကာင့္ ေၾကာက္စိတ္ေလး၀င္သြားမိတဲ့အေျခအေနမွာ သူကပံုရိပ္အဖို႔ ကယ္တင္ရွင္ႀကီးလိုပါပဲ။
ဒါေပမဲ့ ပံုျပင္ေတြထဲမွာလို ျမင္ျဖဴၾကီးစီးလာတာမ်ိဳးမဟုတ္ပဲ ဒယ္အိုးႀကီးကိုေခါင္းမွာ ရြက္လာသတဲ့။ဘယ္လိုလူပါလိမ့္။
"ထီးမပါဘူးလား...."
မိုးေရေတြစိုရႊဲေနသၫ့္ ပံုရိပ္ကိုေသခ်ာၾကၫ့္ၿပီး စိုးရိမ္ဟန္နဲ႔ ေမးလာတာေၾကာင့္ ေခါင္းသာခါျပလိုက္သည္။
"ဒါဆို ဒီကိုလာ...."
"ဘယ္ကိုလာရမွာလဲ...."
"ဒီကိုလာပါဆို...."
ပံုရိပ္ရဲ့လက္ေကာက္၀တ္ကေနမဟုတ္ပဲ လြယ္အိတ္ႀကိဳးကေန လွမ္းဆဲြလိုက္တာေၾကာင့္
ပံုရိပ္လည္း အမိုးလိုျဖစ္ေနသၫ့္ ဒယ္အိုးေအာက္သို႔ ေရာက္သြားရေလသည္။သူ႔အရပ္ကရွည္ေတာ့ ဒယ္အိုးနဲ႔ ပံုရိပ္ရဲ့ေခါင္းက အလြတ္ႀကီးပါဘဲ။
ဒါေပမဲ့ နားမလည္တာက ပံုရိပ္ကိုဘာေၾကာင့္အတင္းဆဲြေခၚရသလဲဆိုတာဘဲ။
"မင္းရဲ့အိမ္ကဘယ္မွာလည္း...ငါ့ကိုလမ္းျပေပး.."
"ဘာလုပ္မလို႔လဲ...."
"ထမင္းလိုက္စားမလို႔...."
"ဘာေျပာတယ္...."
ရဲြ႔ၿပီးေျပာလိုက္ေတာ့ မ်က္လံုးျပဴးေလးနဲ႔ သူ႔ကိုျပန္ၾကၫ့္လာသၫ့္ေကာင္မေလးကို ျပန္ငံု႔ၾကၫ့္လိုက္မိသည္။
ရယ္ခ်င္စိတ္ကိုလည္း မနည္းထိန္းေနရတယ္။
မိုးေရေတြစိုၿပီး ႂကြက္စုတ္လိုျဖစ္ေနတဲ့၍
အေအးပတ္မွာစိုးလို႔ အိမ္အထိလိုက္ပို႔မဲ့ဥစၥာ
ေမးလိုက္ျမန္းလိုက္တာလည္း ခဏခဏဘဲ။
"ဦးေလးတကယ္ေျပာေနတာလား...."
"ဘာ!!!!"
"ဟာ..ျဖည္းျဖည္းေအာ္စမ္းပါ...တေထြးေတြမ်က္ႏွာကိုလာစင္ေတာ့မယ္...."
စကားေျပာတာ အားပါသြားတာေၾကာင့္ တံေထြးစင္သြားတဲ့ေကာင္မေလးကိုနည္းနည္းေတာ့ အားနာသြားမိတယ္။ဒါေပမဲ့"ဦးေလး"လို႔လာအေခၚခံလိုက္တဲ့လူကို ပိုအားနာဖို႔ ေကာင္းတာေပါ့။
မေန့တေန့ကမွ တကၠသိုလ္ကေန ဘဲြ႔ရထားတဲ့လူတစ္ေယာက္ကို ဦးေလးဆိုေတာ့ ေနာက္ငါးႏွစ္ေလာက္ဆိုရင္ အဖိုးလို႔မ်ားအေခၚခံရမလားမသိဘူး။
"မင္းငါ့ကိုခုဏက ဘယ္လိုေခၚလိုက္တာလဲ..."
"ဘာလဲ...ဦးေလးလို႔ေခၚလိုက္တာ မႀကိဳက္လို႔လား..."
"ေအးေလ...ငါ့ရုပ္ကအဲ့ေလာက္ရင့္ေနလို႔လား..."
"အဲ့ဒါေတာ့ ကိုယ္ဘာသာမွန္ထဲမွာ ျပန္ၾကၫ့္ေပါ့..."
ေသလိုက္ပါေတာ့ "ေနမ်ိဳးေရလို႔"ကိုယ့္နဖူးကိုယ္သာျပန္ရိုက္လိုက္ခ်င္သည္။
လက္ကလည္း အိုးကိုမထားရေတာ့ လက္အားမေနတာေတာ္ေတာ္ဂြက်တယ္။
ပိုၿပီး ဂြက်တာကေတာ့ ဒီကေလးမပဲ။
ေတာ္ေတာ္လက္ေပါက္ကပ္ၿပီး စကားေျပာရတာလည္း သူမ်ားႀကိဳက္မွန္းမသိ၊မႀကိဳက္မွန္းမသိ တံုးတိႀကီး။
ဘယ္ဥကမ်ား ေပါက္လာသလဲမသိဘူး။
ကိုယ့္ညီမသာဆို "နင္ေသခ်ာၾကၫ့္စမ္း..ဒီရုပ္ဒီရည္က ဦးေလးျဖစ္စရာလားဆိုၿပီ...နားရင္းကိုအိုးစည္လိုတီးၿပီး ၾကၫ့္ခိုင္းလိုက္ခ်င္တယ္..."အခုေတာ့ျဖင့္..
"ကဲ...မင္းရဲ့အိမ္ကိုသာ လမ္းျပစမ္းပါ...မိုးေတြကရြာေနတာ မင္းအေအးမိမယ္...ငါ့မွာကထီးမပါေတာ့ ဒယ္အိုးပဲေစာင္း..."
သူ႔စကားက ဒီေကာင္မေလးရဲ့သြားတန္းေလးေတြေပၚသည္အထိ ႃပံုးေအာင္လုပ္လိုက္ႏိုင္မယ္လို႔ တကယ္ကို မထင္ထားခဲ့မိဘူး။သူနဲ႔ေတြ့လိုက္တိုင္း အၿမဲမ်က္ႏွာတည္ႀကီးနဲ႔ေနတတ္တဲ့ ကေလးမက
ရယ္လိုက္ေတာ့လည္း ၾကၫ့္ေကာင္းသားဘဲ။
သို႔ေပမဲ့ ထိုအႃပံုးေလးကို ေတြ့လိုက္ရတဲ့အႀကိမ္ေရက တစ္ႀကိမ္တည္းပါပဲ။သူ႔ရဲ့အိမ္ကို လမ္းေလ်ွာက္ေနတဲ့ တစ္လမ္းလံုးမွာ တိတ္ဆိတ္ေနတာေၾကာင့္
ကိုယ္ေတာင္ ေနရခက္လာသလိုပဲ။
ထီးမဟုတ္ပဲ ေဆာင္းေနရတာက ဒယ္အိုးႀကီးဆိုေတာ့ ေကာင္မေလးရွက္မယ္ထင္ခဲ့တာ။
အသာတၾကည္ေတာ့ လိုက္လာသားပဲ။
ဒီလိုဆိုေတာ့ ကိုယ့္ကိုသူအျမင္ၾကည္တယ္ဆိုတဲ့ သေဘာပဲေပါ့။
ေကာင္မေလးသြားေနတဲ့ လမ္းကသူဓမၼာရံုကိုသြားေနၾကလမ္းနဲ႔ အတူတူပါပဲ။
ဒီလမ္းကို ေခါက္တံု႔ေခါက္ျပန္ေလ်ွာက္ေနၾကေပမဲ့
အရင္ကဒီကေလးမကို ဘာေၾကာင့္မျမင္မိတာပါလိမ့္။ ကိုယ္ကပဲ မ်က္စိမႈန္ေနလို႔လားမသိ။
ဒီလမ္းထဲက ကေလးေတြ ကိုယ္နဲ႔မသိတဲ့လူတစ္ေယာက္မွမရိွပါဘူး။
အစကေတာ့ ဓမၼာရံုကိုဒယ္အိုးပို႔ရေအာင္ ထြက္လာခဲ့ျခင္းပါဘဲ။မိုးေတြရြာခ်လာတာေၾကာင့္ အသိအိမ္မွာမိုးစဲတဲ့အထိ ၀င္ေစာင့္ရင္းကေန မေစာင့္ႏိုင္တဲ့အဆံုး ဒယ္အိုးႀကီးကို ေစာင္းၿပီးထြက္လာခဲ့လိုက္တယ္။ မထင္မွတ္ဘဲ မိုးေရထဲမွာစကားမ်ားေနပံုေပၚတဲ့ ကေလးႏွစ္ေယာက္ေၾကာင့္သူလည္း
မေနႏိုင္ပဲ ၀င္ပါလိုက္ရတယ္။
ဟိုတေလာကတင္ "ပံုရိပ္ရဲ့အေဒၚနဲ႔ေတြ့လ်ွင္ ေက်ာင္းကိုလာဖို႔ "အမွာခံလိုက္ရတဲ့ ကိစၥကိုေတြးလိုက္မိရင္း ဒီေကာင္မေလးရဲ့အိမ္ကိုပါ တစ္ခါတည္းလိုက္ၿပီး သူ႔အေဒၚကိုေတြ့ဖို႔ဆံုးျဖတ္လိုက္မိတယ္။
"ေရာက္ၿပီ....ဒီအိမ္ပဲ...."
"အိမ္ထဲမွာ မင္းရဲ့အေဒၚရိွလား...."
"မသိဘူးေလ...ရိွရင္ရိွမွာေပါ့..."
ဒီလူ႔ကိုၾကၫ့္ရတာ အရမ္းထူးဆန္းေနတယ္။
ဘာေၾကာင့္အေဒါ့္ကိုခဏခဏေမးေနရတာပါလိမ့္။အေဒၚနဲ႔ဒီလူက ပံုရိပ္မသိလိုက္ခင္မွာပဲ ရင္းႏွီးသြားၾကတာမ်ားလား။
မိုးေတြကလည္း စဲေနၿပီမို႔ဒယ္အိုးကို ပံုရိပ္တို႔ရဲ့ၿခံစည္းရိုးနားမွာ ခဏကပ္ေထာင္ေနသၫ့္ လူအားထူးဆန္းစြာၾကၫ့္ ေနမိသည္။ ဒီလူကပံုရိပ္ကို လိုက္ပို႔တာမဟုတ္ဘူးလား။
မသိရင္ ပံုရိပ္တို႔ရဲ့အိမ္ေရ႔ွမွာပဲ စခန္းခ်မဲ့ပံုနဲ႔။
"ပံုပံု ေက်ာင္းကျပန္လာၿပီလား...."
အေဒါ့္ရဲ့ေခၚသံေၾကာင့္ ပံုရိပ္ေရာထိုလူပါလွၫ့္ၾကၫ့္လိုက္မိသည္။အေဒၚက လက္ထဲမွာဆန္အိတ္ကိုဆဲြလို႔ ေဈးဆိုင္မွ ျပန္လာပံုရတယ္။ဟိုလူ႔ကိုျမင္ေတာ့ အေဒၚကခ်က္ခ်င္း ႃပံုးျပလာတယ္။
ဟိုလူကလည္း ႃပံုးျပေနတာပါပဲ။
"ဘုန္းႀကီးေက်ာင္းမွာေနတဲ့ ဆရာေနမ်ိဳးဆိုတာမဟုတ္လား...ေမာင္ရင္က ဘယ္ကိုသြားမလို႔လဲ..."
"ဒီကေလးမကိုလမ္းမွာေတြ့တာနဲ႔...မိုးမိမွာစိုးလို႔ လိုက္ပို႔ရင္း အေဒၚနဲ႔လည္းေျပာစရာေလးရိွလို႔ပါ..."
"ဟုတ္လား...ဘာေျပာခ်င္လို႔လည္း...အိမ္ေပၚတက္ပါအံုးလားကဲြ႔...."
"ဟာ...ေနပါေစ...ဒီမွာပဲေျပာပါ့မယ္..."
ဒီလူကဘယ္လိုလူပါလိမ့္။စကားေျပာမဲ့အေရး
ပံုရိပ္ကိုၾကၫ့္လိုက္ အေဒါ့္ကိုၾကၫ့္လိုက္နဲ႔ မသိရင္အိမ္သာတတ္ခ်င္ေနသလိုရုပ္မ်ိဳး။
ဆရာေနမ်ိဳးတဲ့ ။ပံုရိပ္တို႔ေက်ာင္းကဆရာေတြလို ခပ္တည္တည္နဲ႔ ယူနီေဖာင္းအျဖဴအစိမ္း၀တ္ထားၿပီး ေဘးနားကျဖတ္သြားရင္ေတာင္ ေရေမႊးနံ႔သင္းေနတတ္တဲ့ ဆရာေတြနဲ႔ေတာ့ တျခားစီဘဲ။
ပုဆိုးကို ဒူးမေရာက္ရံုတမယ္ ၀တ္ထားတဲ့အျပင္ ဒယ္အိုးႀကီးကိုရြက္ထားခဲ့လို႔ သူ႔ကိုယ္ေပၚကေန ဒယ္အိုးအနံ႔ေတာင္ရေနသလိုလို။မ်က္ႏွာကလည္း အိုးမဲေတြေပေနေတာ့ ေၾကာင္ႀကီးက်ေနတာဘဲ။
ပံုရိပ္လည္း ဘာျဖစ္ေနတာပါလိမ့္ ဒီလူနဲ႔ေတြ့မွအမ်ိဳးမ်ိဳးေဝဖန္ေရး ထုတ္ေနမိတယ္။
"အေမေရ...ဒီမွာအေမ့သမီးအိပ္ရာေပၚကို ေသးေပါက္ခ်ေနတယ္...."
"ဟဲ့...ပံုပံုညီမေလးေသးေပါက္ခ်လို႔တဲ့ အိမ္ထဲကိုေျပးပါအံုးေအ...."
"ဟုတ္ကဲ့ေဒၚေလး..."
ေကာင္မေလးၿခံထဲသို႔ ေျပး၀င္သြားေတာ့မွ ေနမ်ိဳးလည္း သက္မကိုအသာခ်ၿပီး ေဒၚရွင္းသန႔္ကိုအက်ိဳးအေၾကာင္းရွင္းျပမိေတာ့သည္။သူ႔ရဲ့စကားေတြေၾကာင့္ ေဒၚရွင္းသန႔္ရဲ့ မ်က္ႏွာညိုးက်သြားေပမဲ့ ကေလးတစ္ေယာက္ရဲ့ အနာဂတ္အတြက္ လုပ္သင့္လုပ္ထိုက္တဲ့ အရာျဖစ္လို႔ မသိုးမသန႔္စိတ္မ်ိဳးေတာ့ သူ႔မွာမရိွဘူး။
ေလာကႀကီးထဲက ကေလးေတြအမ်ားႀကီးရဲ့ဘ၀ကို
သူကုစားမေပးႏိုင္ေပမဲ့ လက္လွမ္းမွီသေလာက္ေတာ့ ကူညီေပးခ်င္တယ္။အထူးသျဖင့္
ေတာ္ခ်င္ပါလ်ွက္နဲ႔ ရည္မွန္းခ်က္ေပ်ာက္ဆံုးေနတဲ့ ကေလးမ်ိဳးကိုေပါ့။
ေက်ာင္းက ဆရာမေျပာလိုက္တဲ့စကားေတြကို တစ္ဆင့္ျပန္ၾကားလိုက္ရတဲ့အခ်ိန္မွာ အေဒၚျဖစ္သူရဲ့အံ့ဩတုန္လႈပ္သြားပံုကိုၾကၫ့္ရင္ ဒီကေလးမရဲ့အတြင္းစိတ္ကို အတူေနတဲ့သူေတာင္ သိမေနဘူးဆိုတာပိုေသခ်ာသြားတယ္။
ပံုရိပ္နဲ႔သူက ခံစားမႈ၊နာက်င္မႈအပိုင္းအစေတြကို အျပင္ထုတ္မေျပာတတ္တဲ့ အခ်က္ကေတာ့တူညီေနတယ္။
သို႔ေပမဲ့ ေကာင္မေလးက ငယ္ေသးတယ္။
ဒီအရြယ္က ေဝဒနာတစ္ခုကိုတစ္ေယာက္တည္းႀကိတ္ခံစားသင့္တဲ့အရြယ္မဟုတ္ဘူး။
သူမရဲ့မ်က္၀န္းေတြက အေရာင္ေတာက္ေနတတ္ၿပီးအျပင္ဘက္က ၾကၫ့္ရင္သာ သန္မာပံုေပၚေပမဲ့ အတြင္းစိတ္ကေတာ့ အားငယ္စိတ္ေတြနဲ႔ ရွင္သန္ေနမွန္း သူတြက္ဆမိတယ္။ကိုယ္တိုင္လည္း ငယ္ငယ္ကဒီလိုခံစားခ်က္မ်ိဳးနဲ႔ ရွင္သန္ခဲ့ရသူမို႔ သူမရဲ့ရင္ထဲကပုစၧာကိုအေျဖရွာေပးခ်င္မိတယ္။လြယ္ေတာ့ မလြယ္ေလာက္ဘူး။
🌹🌹🌹🌹🌹🌹🌹🌹🌹
"ေဒါင္....ေဒါင္...ေဒါင္...."
ဘုန္းႀကီးေက်ာင္း၀န္းထဲရိွ နာရီစင္ႀကီး၏ႏိႈးေဆာ္လိုက္မႈႏွင့္အတူ ေနမ်ိဳး၏မသိစိတ္ဟာ ႏိုးထဖို႔ကိုလႈံ႔ေဆာ္လိုက္သည္။အလုပ္တစ္ခုကိုလုပ္ရင္
ဘယ္ေသာအခါမွ အခ်ိန္ေရႊ့ဆိုင္းတတ္သူမဟုတ္ေတာ့ မ်က္လံုးႏွစ္လံုးပြင့္တာနဲ႔ ခ်က္ခ်င္းအိပ္ယာကေနထလိုက္ၿပီး ေစာင္ေတြ၊ေခါင္းအံုးေတြကိုသိမ္းကာ ကိုယ့္အခန္းကိုတံျမက္လွည္းသိမ္းဆည္းလိုက္သည္။
ေက်ာင္းမွာက ေရခ်ိဳးခန္းရယ္လို႔သီးသန႔္မရိွတာေၾကာင့္ ပုဆိုးအေဟာင္းကိုလဲ၀တ္လိုက္ၿပီး ကိုယ့္ရဲ့ဖလား၊သြားတိုက္ေဆးနဲ႔ ေရခ်ိဳးဆပ္ျပာကိုယူလာလိုက္ကာ ေရခ်ိူးကန္သို႔သြားလိုက္သည္။
ထံုးစံအတိုင္း ေလးနာရီထိုးဘဲရိွေသးေပမဲ့ ကိုရင္ေတြနဲ႔ဦးဇင္းေတြလည္း ကန္မွာေရခ်ိဳးဖို႔ေရာက္ႏွင့္ေနၾကေလၿပီ။ထိုေနရာမွာ ေရခ်ိဳးသံ၊စကားေျပာသံဆိုတာ အနားမေရာက္ခင္တည္းက ဆူေနေလၿပီ။
"ဒကာေနမ်ိဳး...ေရလာခ်ိဳးတာလား..."
"တင္ပါ့..."
ဦးဇင္းတစ္ပါးရဲ့ အေမးကိုျပန္ေျဖရင္းေရလဲပုဆိုးကို ကန္ေဘာင္ေပၚသို႔တင္လိုက္သည္။
ဒီေက်ာင္းမွာက သူ႔ကိုဆရာေနမ်ိဳးလို႔လည္း
ေခၚၾကသလို ဒကာေနမ်ိဳးလို႔လည္းေခၚၾကေလသည္။
"ဒါနဲ႔...ဒကာေနမ်ိဳး ဟိုရက္ကအလုပ္သြားေလ်ွာက္တာ အဆင္ေျပရဲ့လား..."
"အဆင္ကေတာ့ ေျပပါတယ္ဦးဇင္းရယ္...
ဒါေပမဲ့...နယ္ေဝးကိုခ်က္ခ်င္းထြက္ရမယ္ဆိုေတာ့...တပၫ့္ေတာ္နဲ႔က ဘယ္လိုမွအံကိုက္ကိုမျဖစ္ဘူး..."
"အင္း...ေအးေဆးေပါ့ဒကာရယ္...ဘုန္းႀကီးကလည္းမင္းကို အရမ္းအားကိုးၿပီးသံေယာဇဉ္တြယ္ရွာတာ..ဟိုရက္ကေတာင္ဦးဇင္းကိုေျပာေနေသးတယ္..ေနမ်ိဳးသာမရိွေတာ့ရင္...လက္တစ္ဖက္ျပဳတ္သြားသလိုျဖစ္ေနမွာတဲ့..."
ဦးဇင္းရဲ့စကားက သူ႔အာရံုထဲကိုအေတြးေပါင္းမ်ားစြာနဲ႔ ေတြေဝေအာင္လုပ္လိုက္သလိုဘဲ။ေရခြက္ကိုကိုင္ၿပီး တစ္ခြက္ၿပီးတစ္ခြက္ေလာင္းခ်ိဳးေနမိေပမဲ့ သူ႔ရဲ့စိတ္ကေတာ့ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္း၀န္းထဲကို ေျခလွမ္းစခဲ့ရတဲ့အခ်ိန္ဆီသို႔သာ ေနာက္ျပန္ရစ္ေနမိတယ္။
မၾကာခင္မွာ သူ႔အသက္က(၂၃)ႏွစ္ျပၫ့္ပါေတာ့မယ္။ဒီဘုန္းႀကီးေက်ာင္းကို စေရာက္တဲ့ေန့က သူ႔အသက္(၁၃)ႏွစ္တင္းတင္းျပၫ့္တဲ့ေန့ျဖစ္ၿပီး
၀မ္းနည္းအနာက်င္ရဆံုး ေန့တစ္ေန့လည္းျဖစ္တယ္။
ေလာကႀကီးထဲမွာ ေဆြးမ်ိဳးဆိုတာမရိွ၊
အေမနဲ႔အေဖဆိုတာ ဘယ္သူမွန္းမသိခဲ့ရတဲ့သူ႔ရဲ့သမိုင္းေၾကာင္းဟာ အရမ္းကိုရိုးရွင္းသလို အရမ္းကိုနာက်င္စရာလည္းေကာင္းခဲ့တယ္။
တစ္ေန့ လမ္းမႀကီးတစ္ခုရဲ့အမိႈက္ပံုေဘးမွာ ေမြးကင္းစကေလးငယ္တစ္ေယာက္ကို
အၫွာအတာမဲ့ လာေရာက္ပစ္ထားခဲ့ၾကတယ္။
ေသခ်ာတာကေတာ့ ဒီလိုနီတာရဲေလးကိုအမိႈက္ပံုထဲ မွာလာစြန႔္ပစ္သြားႏိုင္တည္းက ယုတ္အညံ့ဆံုးလုပ္ရပ္ကို လုပ္ႏိုင္တဲ့လူလို႔သတ္မွတ္ရမွာပါဘဲ။
လမ္းသြားလမ္းလာတစ္ေယာက္က ကေလးေအာ္သံၾကားလို႔ သနားဂရုဏာသက္ၿပီးေပြ့ေခၚခဲ့ရာကေန ထိုေမြးကင္းစေလးဟာ ရပ္ရြာလူထုရဲ့လက္ထဲကို ေရာက္ခဲ့ရတယ္။
မိဘအရင္းေတြရဲ့ စြန႔္ပစ္ျခင္းကိုခံခဲ့ရေပမဲ့
ထိုကေလးေလးက ကံေကာင္းခဲ့တယ္လို႔ဆိုရမယ္။ရပ္ကြက္ထဲက သားသမီးမရိွတဲ့လင္မယားႏွစ္ေယာက္ဟာ ကေလးကိုေခၚယူေမြးစားခဲ့ၾကတယ္။
ပိုၿပီးကံေကာင္းတာက ေမြးစားမိဘေတြကလည္း ကေလးအေပၚကိုမိဘရင္းမ်ားသဖြယ္ ျပဳစုေစာင့္
ေရွာက္ခဲ့ၾကတယ္။ကေလးရဲ့နာမည္ကို ေနမ်ိဳးလို႔ေပးခဲ့ၾကၿပီး ေက်ာင္းလည္းထားေပးသလို
လိုေလးေသးမရိွေအာင္ကို ေစာင့္ေရွာက္ၾကရွာတယ္။ေနမ်ိဳးဆိုတဲ့ေကာင္ေလး အသက္(၉)ႏွစ္ေလာက္ေရာက္တဲ့အခ်ိန္မွာ ထိုလင္မယားကလည္း စီးပြားေရးေတြအဆင္မေျပျဖစ္လာတဲ့အျပင္ ေဖာက္ျပားမႈေတြပါေပါင္းလာေတာ့
ေနာက္ဆံုး လင္မယားကဲြတဲ့အဆင့္အထိပါေရာက္
လာခဲ့တယ္။ေနမ်ိဳးကေတာ့ အေမ့ေဆြမ်ိဳးေတြဘက္မွာ လိုက္ေနခဲ့တာေပါ့။
ကံၾကမၼာငင္တဲ့အခါ ေလာကႀကီးဟာရႈပ္ေထြးသြားတတ္ၿပီး အေကာင္းအတိုင္းကေနၾကမၼာေခ်ာက္နက္ရဲ့ ႏႈတ္ခါး၀မွာရပ္ရင္လည္း ရပ္ရႏိုင္တယ္။
အခ်ိဳ႕အခ်ိန္မ်ိဳးမွာ ကိုယ္တိုင္ကအမွားတစိုးတစိေတာင္မလုပ္မိေအာင္ေနေပမဲ့ အတိတ္ကုသိုလ္ကံကေမႊေနွာက္လာတဲ့အခါ ဘ၀ေတြဟာ ထင္မထားေလာက္ေအာင္ မ်က္ရည္ႀကီးငယ္က်ရတတ္တယ္။
ဘ၀ဟာ တကယ္ကိုၾကမၼာငင္ခဲ့ရပါတယ္။
ေမြးစားမိခင္ႀကီးဟာ က်န္မာေရးခ်ူခ်ာလာခဲ့တာေၾကာင့္ ေက်ာင္း(၄)ႏွစ္နားလိုက္ရၿပီး အရြယ္နဲ႔
မလိုက္ေအာင္ မိခင္ကိုျပဳစုရင္းကေန သူမ်ားခိုင္းဖက္ဘ၀နဲ႔ အေမ့အမ်ိဳးေတြၾကားမွာ မ်က္ႏွာငယ္စြာေနခဲ့ရတယ္။
ေလာကႀကီးထဲမွာ သံေယာဇဉ္ႀကိဳးမ်ွင္ေလးဟာ တစ္ေခ်ာင္းထဲပဲ ရိွပါေစအံုးေတာ့ အမိအရဖမ္းဆုပ္ထားခ်င္မိခဲ့တယ္။ကိုယ့္လိုမိဘမဲ့တစ္ေယာက္အတြက္ ေမတၲာရဲ့ေအးမ်ွမႈနဲ႔ သံေယာဇဉ္ဆိုတဲ့ တြယ္တာစရာကမ႓ာငယ္ေလးက အရမ္းကိုတန္ဖိုးႀကီးမားလို႔ပါပဲ။
ထိုအရာေတြရဲ့အႏွစ္သာရကိုသာ မခံစားခဲ့ဖူးရင္အမိႈက္ပံုေဘးမွာ စတင္အပစ္ခံခဲ့ရတဲ့ေမြးကင္းစကေလးတစ္ေယာက္လို အေလအလြင့္ေလး တစ္ေယာက္အျဖစ္ရပ္တည္ေနမိမွာဘဲ။
အသက္(၁၂)ႏွစ္ေက်ာ္အရြယ္မွာ ေမြးစားမိခင္ႀကီးဆံုးပါးသြားခဲ့တယ္။
ထိုေန့က ကိုယ့္ကမ႓ာႀကီးပ်က္သုန္းသြားသလိုကို ခံစားခဲ့ရတယ္။မိဘအရင္းေတြဆီကေန စြန႔္ပစ္ျခင္းခံခဲ့ရလို႔ ေမတၲာေရၾကည္ေလးတစ္ေပါက္ကို ေသာက္ခြင့္ရမယ္လို႔ထင္ခဲ့မိေပမဲ့ အလဲြႀကီးလဲြသြားခဲ့ရတယ္။
ပူျပင္းလြန္းတဲ့ ကႏၲာရအလယ္မွာဦးတည္ခ်က္ေပ်ာက္ဆံုးသြားသလိုမ်ိဳး။ဘယ္ကမွန္းမသိတဲ့ အမည္မသိမ်ွားခ်က္တိုင္းက ကိုယ့္ရင္ဘတ္မွာလာဆိုက္ေနသလိုမ်ိဳး စူးနင့္ၿပီးခံရခက္ခဲ့တယ္။
ေနာက္ဆံုးမွာေတာ့ မိဘမဲ့ထပ္ျဖစ္ခဲ့ရတဲ့သူ႔ကို
ရန္ကုန္ကဒီသုခခ်မ္းသာပရိယတၲိဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းကို ပို႔လိုက္ၾကတယ္ ။
ထိုအခ်ိန္က အသက္(၁၃)ႏွစ္အရြယ္သူ႔အဖို႔ ေရ႔ွဆက္ရမဲ့အနာဂတ္လမ္းေတြေပ်ာက္ဆံုးေနတဲ့အခ်ိန္အခါေပါ့။ကယ္တင္ရွင္ဆရာေတာ္ႀကီးေၾကာင့္သာ သူ႔ဘ၀မွာအလင္းစေလးေတြကို ရွာေဖြေတြ့ရိွခဲ့တယ္။ဆရာေတာ္ႀကီးဟာ မိဘလိုလည္းေစာင့္ေရွာက္သလို ဆရာသမားလိုလည္းသင္ျပလမ္းၫႊန္ေပးခဲ့တယ္။
လိုေလေသးမရိွေအာင္ အေထာက္အပံ့ေပးသလိုေက်ာင္းလည္းဆက္ထားေပးခဲ့တာေၾကာင့္ ဂုဏ္ထူး(၃)ဘာသာနဲ႔ တကၠသိုလ္၀င္ခြင့္ကိုေအာင္ျမင္ခဲ့ၿပီး အခုဆိုရင္ စီးပြားေရးစီမံခန႔္ခဲြမႈနဲ႔ ေတာင္ ဘဲြ႔ရၿပီးခဲ့ေလၿပီ။
ေက်ာင္းနားခဲ့တဲ့ႏွစ္ေတြေၾကာင့္ အသက္၂၃ႏွစ္နီးမွဘဲြ႔ရခဲ့ေပမဲ့ ပညာေရးမွတ္တိုင္တစ္ခုကိုစိုက္ထူခဲ့ႏိုင္လို႔ ကိုယ့္ကိုကိုယ္ဂုဏ္ယူမိတယ္။
ဒါေပမဲ့ ဘဲြ႔ရၿပီးတဲ့အခ်ိန္မွာ ေနာက္ထပ္ေခါင္းထဲကို၀င္လာတဲ့ အရာတစ္ခုကေတာ့ စာသင္တာအျပင္
ျပင္ပလုပ္ငန္းခြင္ထဲကို ၀င္ၿပီးေျခလွမ္းသစ္စရမဲ့ ကိစၥပါပဲ။
အတိတ္ရယ္၊ပစၥုပၸန္ရယ္နဲ႔အနာဂတ္အေၾကာင္းေတြကိုယွဉ္တဲြစဉ္းစားၿပီးအဆံုးမွာေတာ့ စိတ္ၾကည္သြားေအာင္ေခါင္းေပၚမွ ေရေတြေလာင္းခ်ပစ္လိုက္သည္။ကိုရင္နဲ႔ ဦးဇင္းေတြလည္း ေရခ်ိဳးလို႔ၿပီးစီးေနၾကသည္မို႔ သူလည္းျမန္ျမန္ဆန္ဆန္ဘဲ ေရခ်ိဳးပစ္လိုက္သည္။ၿပီးတာနဲ႔ ဆြမ္းခ်က္ဖို႔ဟင္းေပါင္းလုပ္ဖို႔ရာဦးဇင္းေတြနဲ႔ ကူရေပအံုးမည္။
ဟင္းခ်က္ကူၿပီးရင္ေတာ့ ကေလးေတြကိုသင္ရမဲ့အခန္းေတြကို မွတ္စုထုတ္ေပးရအံုးမည္။
မနက္(၈)နာရီခဲြမွစ၍ သူ႔အတြက္နားခ်ိန္ဟာ ေန့လယ္ခင္းထမင္းစားခ်ိန္နဲ႔ ညေနေက်ာင္းဆင္းခ်ိန္သာ ရိွေလသည္။ျပင္ပလုပ္ငန္းခြင္ကို မ၀င္ရရင္ေတာင္ ေက်ာင္းမွာတင္သူ႔ရဲ့အခ်ိန္ဇယားက ျပၫ့္ေနေလၿပီ။သို႔ေပမဲ့ ဒီလိုကေလးေတြကို ပညာဒါနျပဳရတာကိုပင္ သူကေပ်ာ္ေနတတ္တာပါ။
🌹🌹🌹🌹🌹🌹🌹🌹
"ဆရာေနမ်ိဳးေရ...ဆရာေနမ်ိဳး...."
ေန့လည္ ေက်ာင္းနားခ်ိန္ေလးတြင္ ကိုယ့္အခန္းကိုယ္၀င္ၿပီး ထမင္းေလးစားမလို႔ ခ်ိဳင့္ဖြင့္ရံုရိွေသးေပမဲ့ ေက်ာင္းသားတစ္ေယာက္ရဲ့ ေအာ္ေခၚသံကိုၾကားလိုက္ရ၍ တခါးဆီသို႔အၾကၫ့္ေရာက္သြားမိသည္။
အေပါက္၀တြင္ သကၤန္း၀တ္ျဖင့္ေပၚလာသၫ့္
ကိုရင္ေလးက သူ႔အတန္းထဲကေက်ာင္းသားေလးပါပဲ။
"ကိုရင္...ဒီမွာဆရာထမင္းစားမလို႔....ဘာကိႁစၥဖစ္လို႔လည္း...."
"ကိစၥေထြေထြ ထူးထူးျဖစ္တာမဟုတ္ပါဘူး...
ဆရာ့ဆီကို ဧၫ့္သည္လာလို႔...."
"ဘယ္လို..ဧၫ့္သည္....ဘယ္သူလည္း..."
"ပံုရိပ္တဲ့...ဘုရားႀကီးေဘးက ကန္ေဘာင္ေပၚမွာေစာင့္ေနမယ္တဲ့ အေရးႀကီးကိစၥမို႔ အခုခ်က္ခ်င္းလိုက္လာခဲ့ဖို႔ပါမွာသြားတယ္..."
"ပံုရိပ္..."
ေနမ်ိဳး၏ႏႈတ္ခမ္းဖ်ားမွ ပံုရိပ္ဆိုသၫ့္အမည္ကို ေရရႊတ္လိုက္ၿပီးတဲ့ေနာက္မွာ အံ့ဩမႈေတြကပါ မ်က္ႏွာတြင္ယွက္ျဖာသြားခဲ့သည္။
ပံုရိပ္က သူ႔ဆီကိုဘာအေၾကာင္းနဲ႔ ေရာက္လာရတာပါလိမ့္။ဒီကေလးနဲ႔ ဆံုမိတိုင္းသူ႔ကိုခင္မင္ခ်င္တဲ့ မ်က္ႏွာရိပ္မ်ိဳးမျပဖူးေလေတာ့ သူဆီလာလည္တယ္ဆိုသၫ့္စကားဟာ ကမ႓ာ့အႀကီးမားဆံုးငလ်ွင္ႀကီးက သူ႔အခန္းထဲမွာ လာလႈပ္ခက္သြားသလို ခံစားလိုက္ရတယ္။
ထမင္းလုတ္ကိုကိုင္ထားၿပီးသၫ့္ လက္အားခ်က္ခ်င္းေဆးလိုက္ၿပီး ေျခလွမ္းက်ဲႀကီးေတြႏွင့္ အခန္းထဲမွ ထြက္လာလိုက္သည္။
မုန႔္စားဆင္းခ်ိန္ျဖစ္တာေၾကာင့္ ေက်ာင္း၀င္းတစ္ခုလံုးဟာ ကေလးေတြရဲ့ေဆာ့ကစားစရာ ကစားကြင္းႀကီးလိုျဖစ္ေနသည္။
ေနရာတိုင္းမွာလည္း ေျပးလိုက္၊လႊားလိုက္နဲ႔ သူတို႔ခ်ည္းဘဲ ။ဘုရားရင္ျပင္ေပၚတြင္လည္း စိန္ေျပးတိုင္းကစားေနၾကတာမ်ား ပြက္ေလာကိုရိုက္ေနၾကတာပါဘဲ။
"ဆရာ....ဘယ္သြားမလို႔ပဲ.."
"...ဟိုဘက္ခဏပါ..."
ေက်ာင္းမွာ စာသင္ေပးတဲ့ ဆရာမႏုႏုခင္က
ထိုင္ေနရင္း လွမ္းေမးလာတာေၾကာင့္ ရင္ျပင္ေပၚသို႔တက္ခါနီး ေျဖေနရေသးသည္။
ဆရာမႏုႏုခင္ကေတာ့ အႃပံုးခ်ိဳခ်ိဳႏွင့္ ႃပံုးျပၿပီးေခါင္းၿငိမ့္ျပေလသည္။
"ေဟ့...ဘုရားေပၚကိုမတက္နဲ႔ေလ...ငရဲႀကီးတယ္လို႔ေျပာထားတယ္မဟုတ္လား..."
"မတက္ပါဘူးဆရာရယ္..."
"ဟင္း..ဟင္း..ငါကမျမင္တာမွတ္လို႔...
ေျဗာင္လိမ္ေျဗာင္စားနဲ႔ေနာ္...ဘုန္းႀကီးလက္ထဲကိုထၫ့္လိုက္လို႔...ပန္းကန္ေဆးေနရမယ္..."
"အာ...ဆရာကလည္း...စိတ္ပုပ္လိုက္တာ...."
ေက်ာင္းထိုင္ဘုန္းႀကီးက ကေလးေတြကိုအျပစ္ေပးရင္တုတ္နဲ႔ရိုက္တာမဟုတ္ဘဲ ေက်ာင္းေဝယ်ာ၀စၥေတြကို နင္းကန္လုပ္ခိုင္းတတ္တာေၾကာင့္
သူတို႔ေတြမ်ား ဆရာေတာ္ႀကီးရဲ့လက္ထဲကိုထၫ့္မယ္ဆိုရင္ ဖင္တုန္ေအာင္ေၾကာက္တတ္ၾကတယ္။
ဒီအခ်က္ကိုသိလို႔လည္း တမင္ကိုေျပာပစ္လိုက္တာပါ။
ဘုရားရင္ျပင္ေတာ္ ပၚမွကိုျဖတ္ေလ်ွာက္ၿပီး ေရကန္ႀကီးႏွင့္ နီးကပ္လာတဲ့အခါမွာ ေက်ာင္းစိမ္း၀တ္စံုေလးကို ၀တ္ထားၿပီးလြယ္အိတ္ကေလးကို သဲေပၚသို႔ခ်ထားတာ ကန္ေဘာင္ေပၚတြင္ထိုင္ေနသၫ့္ ကေလးမေလးရဲ့ေက်ာျပင္ကိုေတြ့ရေလသည္။
ဒီအခ်ိန္ဟာအထကေက်ာင္းမွ(၉)တန္းသမားေတြေက်ာင္းဆင္းတဲ့အခ်ိန္ဆိုေတာ့ ဒီေကာင္မေလး ေက်ာင္းကေနဒီကို တန္းလာလိုက္တာမ်ားလား။ဘယ္လို ကိစၥေၾကာင့္ျဖစ္ႏိုင္မလဲ။
"ပံုရိပ္...ေစာင့္ရတာၾကာသြားလား.."
သူ႔ရဲ့ေခၚသံေၾကာင့္ ဇက္ကေလးေစာင္းၿပီးလွၫ့္ၾကၫ့္လာတဲ့ ေကာင္မေလး။
နင့္နင့္သည္းသည္းငိုထားပံုရတဲ့ မ်က္၀န္းနီနီေတြ။သူ႔ကိုၾကၫ့္လာတဲ့ အၾကၫ့္ေတြမွာလည္း
အမုန္းတရားနဲ႔ေဒါသေတြပါ၀င္ေနတယ္။
သူမရဲ့မ်က္၀န္းေတြက အေရာင္စူးလြန္းေနၿပီး တစ္ခုခုကိုျပင္းျပင္းထန္ထန္အပစ္ေပးခ်င္ေနတဲ့ပံုစံမ်ိဳးျဖစ္ေနတယ္။
သူစိုးရိမ္ေနမိတာက သူမအပစ္ေပးခ်င္တဲ့လူဟာ
သူကိုယ္တိုင္မ်ား ျဖစ္ေနမလားဆိုတာဘဲ.....။
🌹🌹🌹🌹🌹🌹🌹
ပံုရိပ္တို႔ဘာကို စိတ္ဆိုးေနတာျဖစ္ႏိုင္မလဲ...
No comments:
Post a Comment