🔥"ဆူးကြိုး...…"🔥 (အခန်း၅)


                                                    🔥"ဆူးကြိုး...…"🔥   

 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

                                                                  (အခန်း၅)

ကောင်းကင်တစ်ခုလုံးဟာ ညှို့မှိုင်းနေပြီး တိမ်ထုတွေသည် နေအလင်းရောင်အားဖုံးကွယ်ထားကြသည်။လမ်းတလျှောက်ရှိသစ်ပင်များဟာလေထုကြောင့် အကိုင်းအခက်များပါယိမ်းထိုးသွားကြပြီး သစ်ရွက်တို့ဟာလေ၏ပြင်းအားကိုမခံစားနိုင်ကြသည့်နောက် မြေပြင်သို့တစ်လျှောလျောကြွေကျလာကြလေသည်။
မူလတန်းကျောင်းလေးကိုဖြတ်လျှောက်လာသောအခါတွင် လေပြင်းတိုက်၍မိုးရွာမည်ကိုစိုးရိမ်ပူပန်နေသောမျက်နှာများနှင့် မိဘတို့ဟာကျောင်းအပေါက်ဝတွင်ကလေးငယ်များအား စောင့်နေကြလေသည်။

မကြာခင်မှာ မိုးတွေရွာချလာခဲ့ပါက ပုံရိပ်ရဲ့အ၀တ်အစားတွေနဲ့ လွယ်အိတ်ထဲကစာအုပ်တွေကို
မစိုစွတ်ရအောင် ပုံရိပ်ရဲ့သေးငယ်တဲ့လက်တွေနဲ့ကာကွယ်လို့လည်း ရနိုင်မယ်မထင်ဘူး။
ပုံရိပ်တို့ရဲ့အိမ်မှာက ‌ရှားရှားပါးပါး‌ ခေါက်ထီးလေးတစ်ချောင်းသာရှိသည်။
ထိုထီး‌လေးခမျာ မိုးတွင်းတစ်တွင်းလုံးမှာ
တစ်မိသားစုလုံးအားရအောင်သုံးပြီးနောက်
ထီးရိုးကျိုးရ ထီးမိုးလံရသည့်အဖြစ်သို့ရောက်ရလေသည်။

သို့ပေမယ့်လည်း ထီးတလတ်ရဲ့တန်ဖိုးဟာ
တစ်သောင်းနီးပါးလောက်ကပ်သည်မို့ တနေ့မှ
လေးငါးထောင်လောက်သာ အမြတ်ကျန်တဲ့ပုံရိပ်ရဲ့အဒေါ်စျေးသည်မကြီးအဖို့ အသစ်တစ်ချောင်းကိုဝယ်ဖို့ရာခက်ရချေသည်။
ထို့ကြောင့် ဒီအဟောင်းလေးကိုပဲအရိုးဆက်လိုက်အမိုးဖာလိုက်နဲ့ တဝဲလည်လည်၍သုံးနေရသည်မှာမိုးကုန်၍ဆောင်းသို့တောင်ကူးတော့ပေမည်။

အခုရက်‌တွေမှာအိမ်ကအငယ်မလေးမိစုက ခဏခဏအဖျားဝင်နေတာကြောင့် ဆေးခွင့်ယူထားတာပင်နှစ်ရက်လောက်ရှိနေပေပြီ။
အိမ်မှာအရေးအကြောင်းဆိုရင် သွားဖို့လာဖို့အတွက် ထိုထီးအဟောင်းလေးကို ထားခဲ့ရသည်
ကများလေသည်။ထို့ကြောင့်မိုးရွာတဲ့နေ့တွေဆိုရင်
အမြဲတမ်းမိုးစိုပြီးမှ အိမ်ကိုပြန်လာခဲ့ရသည်ကများတယ်။

"ကလင်...ကလင်...."

အနောက်မှကလင်ခေါက်သည့်အသံကြောင့်
ပုံရိပ်လည်းလမ်းဘေးကို တိုးရပ်လိုက်ရသည်။
စက်ဘီးလေးကျော်တက်သွားသည့်အချိန်မှာ လိုချင်တောင့်တမှုလေးတစ်ခုကပေါ်လာခဲ့သည်။
ပုံရိပ်မှာသာသူများတွေလိုစက်ဘီးလေးတစ်စီးလောက်ရှိခဲ့ရင် မိုးရေစိုခံစရာလည်းမလိုတော့သလို၊ခြေအညောင်းခံစေရာလည်းလိုတော့မယ်
မထင်ဘူး။
ဒီအသက်အရွယ်အထိ စက်ဘီးမစီးဖူးသေးတဲ့
ကိုယ့်ရဲ့ဘဝကိုပဲ ဟာသတစ်ပုဒ်အလား
လှောင်ပြောင်၍ရယ်လိုက်မိသည်။
"အော်..လမ်းလျှောက်တာကလည်းကျန်းမာရေးအတွက်ကောင်းတဲ့လေ့ကျင့်ခန်းတစ်ခုပဲလို့
ကိုယ့်ဘာသာဖြည့်တွေးလိုက်ပါတယ်။

"တီ!!!!!!!"

ထိုစဥ်မှာကျောင်းသားအုပ်ကြီးကိုသံရှည်စွဲ၍
လမ်းဖယ်ခိုင်းနေသော ကားဟွန်းတီးသံကြောင့် လှမ်းကြည့်လိုက်မိတော့ ကားပြူးတင်းပေါက်ကနေပုံရိပ်ကို ကောင်မလေးတစ်ယောက်ကလှမ်းကြည့်
လာလေသည်။
ထိုကောင်မလေးက တစ်ခြားသူမဟုတ်ပဲ ပုံရိပ်နဲ့တစ်ခုံတည်း အတူတူထိုင်သည့် ယမင်းရွှေဆိုသောကောင်မလေးပါပဲ။သူ့ဘေးနားမှာတော့သူမရဲ့အစ်ကိုဆိုသူက နားကျပ်ကိုနားမှာတတ်ပြီး မျက်လုံးကိုမှိတ်ထားပုံပေါ်လေသည်။

ယမင်းရွှေက ပုံရိပ်ကိုပြုံးပြသွားပေမယ့်
ပုံရိပ်ကတော့ တမင်ပဲမျက်နှာလွှဲပစ်လိုက်သည်။
ဘေးကနေကျော်ဖြတ်သွားတဲ့ ကားနောက်ကျောကိုကြည့်လိုက်ပြီးနောက် ကိုယ့်ခြေထောက်ကိုပြန်ကြည့်လိုက်မိတော့  ဟောင်းနွမ်း နေတဲ့ဖိနပ်ကလေးကိုသာတွေ့နေရသည်။
ကားတောင်စီးနိုင်တဲ့မိန်းကလေးနဲ့ စက်ဘီးတောင်
မစီးနိုင်ပဲ ဖိနပ်အစုတ်ကလေးကိုသာစီးနေရတဲ့ကိုယ့်လိုလူတစ်ယောက်က ခင်မင်ဖို့ဆိုတာဘယ်လိုဖြစ်နိုင်မှာလဲ။ခင်မင်မှုရဲ့နောက်ကွယ်မှာ လိုချင်တောင့်တမှုနဲ့ လောဘတွေလည်းပါလာတတ်တယ်။

သူငယ်ချင်းတွေက ဝတ်နိုင်စားနိုင်ရင် ကိုယ်လည်းသူတို့လိုဖြစ်ချင်လာတတ်တယ်။ပုံရိပ်ရဲ့ရင်ထဲမှာလည်း လိုအင်ဆန္ဒဆိုတဲ့မီးစာလေးတွေဟာ အမြဲတမ်း တစ်မြိုက်မြိုက်လောင်ကျွမ်းနေတာပါပဲ။သို့ပေမယ့် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်ထိန်းလိုက်တာကများပါတယ်။
အချိန်နဲ့အမျှအသစ်အသစ်တွေပေါ်နေတဲ့ခေတ်ကြီးမှာ အလိုလောဘကိုမထိန်းချုပ်နိုင်ရင် ပျက်စီးရမှာက ကိုယ်ကိုယ်တိုင်ကလွဲပြီးတခြားမရှိဘူးဆိုတဲ့အချက်ကို ပုံရိပ်နားလည်ထားပြီးသားပင်။

"သွား ဒီဆိုင်ရိပ်ကိုနောက်တစ်ခါဘယ်တော့မှ
 ခြေမနင်းနဲ့....သူတောင်းစား မင်းရဲ့မျက်နှာကိုငါ
မမြင်ချင်ဘူး..."

ကျောင်းကပြန်လာတိုင်းပုံရိပ်အမြဲတမ်းဖြတ်လျှောက်နေကြ လမ်းချိုးတခုအနားမှ လက်ဖက်ရည်ဆိုင်အရှေ့ကိုရောက်တော့
ကလေးတစ်ယောက်ဟာဆိုင်ထဲမှ ငိုယိုပြီးထွက်ပြေးလာတာကိုတွေ့လိုက်ရသည်။
အသားမည်းမည်း ခပ်ဝဝနှင့်လူကြီးတစ်ယောက်ကတော့ဆိုင်ရှေ့မှနေ၍ခါးထောက်ပြီးမတ်တပ်ရပ်နေလေသည်။

ထိုလူကြီးရဲ့မျက်နှာဟာကျောက်ပေါက်တွေနဲ့
ဖြစ်ပြီးမျက်မှောင်ကြုံ့ထားသည်ကြောင့်ပို၍
ကြည့်ရဆိုးနေသည်။
ကလေးကထိုလူကြီးရဲ့ဒေါသဖြစ်နေတဲ့မျက်နှာကိုကြည့်မိလေ ပိုငိုချင်လေဖြစ်နေပုံရတယ်။
ခန္ဓာကိုယ်လေးကြုံ့ထားပြီးမျက်ရည်တွေလည်း
ပါးပြင်မှာစိုရွှဲနေလေသည်။
ခြေထောက်လေးတွေကပင်အကြောက်တရားကို
တောင့်ခံနိုင်စွမ်းမရှိစွာ တုန်ယင်နေတာကိုမြင်ရတော့ ပိုလို့ပင်အသနားပိုမိသည်။

ဆိုင်ထဲမှလူတွေရဲ့ထူးဆန်းသလိုအကြည့်တွေအောက်မှာ ဒီကလေးလေးဘယ်လောက်တောင်ကြောက်နေလိုက်မလဲ။
ကလေးသူငယ်လေးတစ်ယောက်  အော်ငေါက်ခံနေရတာကိုတွေ့နေကြပေမယ့်ဘယ်သူကမှ ထလာပြီးကာကွယ်မပေးကြဘူး။
လူတွေရဲ့သဘောသဘာဝဟာကိုယ်နဲ့မဆိုင်ရင်၊
 ခံရတဲ့သူဟာကိုယ့်မိသားစုဝင်တစ်ယောက်ယောက်မဟုတ်ရင် ကိုယ်ချင်းစာမှုတရားခေါင်းပါးတတ်ကြတယ်။
သနားတဲ့စိတ်ကလေးပေါ်လာတတ်ကြရင်တောင်
ကိုယ့်အကြောင်းမဟုတ်လို့ဝင်မပါကြတာကများတယ်။

"သွား!!!သူတောင်းစားလေး လာတောင်းရမ်းဖို့လောက်ပဲသိတယ်....နောက်တစ်ခါငါ့ဆိုင်ရိပ်ကို
လာနင်းရင်...ကန်ထုတ်ပစ်မယ်...ဘာမှတ်နေလဲ...
မျက်နှာကိုက...ကျက်သရေမရှိဘာမရှိနဲ့...
ငါ့ဆိုင်ကိုတမင် လာဒ်ပိတ်အောင်လာလုပ်နေတာ..."

ကလေးကိုပြောဆိုပြီးထိုလူကြီးကဆိုင်ထဲကိုပြန်ဝင်သွားလေသည်။ကောင်လေးကတော့ လက်ဖက်ရည်ဆိုင်အနီးအနားရှိလမ်းချိုးမှအုတ်ခုံကလေးပေါ်တွင်ထိုင်ပြီး ငိုနေရှာသည်။
ထိုကောင်လေးရှေ့မှဖြတ်လျှောက်မိတော့
ကိုယ်နဲ့မဆိုင်ဘဲဝင်မပါဖို့တွေးမိပေမယ့်
ကောင်လေးဆီမှကြားနေရတဲ့ရှိုက်သံလေးတွေကြောင့် ထိုအုပ်ခုံလေးရဲ့အစွန်နားတွင်၀င်ထိုင်လိုက်မိသည်။
ငိုနေရှာတဲ့ကောင်လေးကလည်းပုံရိပ်ကိုလှည့်ကြည့်လာသည်။မျက်ဝန်းချင်းဆုံသွားခိုက်မှာပုံရိပ်မေးခွန်းစထုတ်ဖို့ကြိုးစားမိသည်။

"ခုဏကလူကြီးရဲ့ဆိုင်မှာအလုပ်လုပ်တာလား...."

"မကြီးကဘယ်လိုလုပ်သိတာလဲ...."

ထူးဆန်းအံသြသလိုကြည့်လာတဲ့ကောင်လေးကို
ပုံရိပ်အပြုံးတစ်ခုနဲ့သာတုန့်ပြန်လိုက်သည်။

"အရင်က...ငါကျောင်းကပြန်လာတဲ့အချိန်တိုင်း
ဒီလက်ဖက်ရည်ဆိုင်ထဲမှာ နင့်ကိုခဏခဏတွေ့တယ်...ခုနကလူကြီးကနင့်ကိုဘာလို့မောင်းထုတ်နေတာလဲ...နင်တခုခုအမှားလုပ်လိုက်မိလို့လား..."

ထိုမေးခွန်းကိုကြားတော့ ကောင်လေးရဲ့မျက်ဝန်းမှမျက်ရည်တွေဟာ အရင်ထက်နှစ်ဆလောက်ပို၍
စီးကျလာခဲ့သည်။သူဝမ်းနည်းစေမယ့်စကားကို
ပုံရိပ်ပြောလိုက်မိတယ်ထင်ပါရဲ့။ပုံရိပ်ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်လာမိတာကြောင့်
ကောင်လေးရဲ့ပခုံးကိုပုတ်လိုက်မိသည်။

"နင့်အသက်ဘယ်လောက်ရှိပြီလဲ...."

"ဆယ့်နှနှစ်ပါ....လာမယ့်လမှ...ဆယ့်သုံးနှစ်ပြည့်မှာပါ...."

ပုံရိပ်ရဲ့အဒေါ်က စျေးရောင်းရင်ထုပ်ပိုးဖို့ဆိုကာ
 ခြေရင်းအိမ်ကနေ သတင်းစာတွေတောင်းထားတတ်သည်။ပုံရိပ်ကိုယ်တိုင်ကစာဖတ်ဝါသနာပါသူမို့ ထိုသတင်းစာတွေကို အဒေါ်ယူလာတိုင်းခဏခဏယူဖတ်မိလေ့ရှိတယ်။ပုံရိပ်ဖတ်မိတဲ့သတင်းတစ်ခုထဲမှာတော့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာအသက်၁၄နှစ်အောက်ကလေးတွေကို လုပ်ငန်းခွင်မှာခေါ်ခိုင်းတာဟာ တရားမဝင်ဘူးဆိုတာပါပဲ။

"ခုနကလူကြီးက ဘာလို့နင့်ကိုပြောဆိုကြိမ်းမောင်းနေတာလဲ...."

"သားအမေနေမကောင်းလို့...ခွင့်နှစ်ရက်လောက်ယူထားမိတာကို..အလုပ်ပျက်လို့ဆိုပြီး သားကိုအလုပ်ထုတ်လိုက်တယ်....အဲဒါအရင်လုပ်ခဲ့တဲ့လုပ်အားခကို ပြန်လာတောင်းတော့ သားကို
ဆူလွှတ်တယ်...အမေကအိမ်မှာနေမကောင်းလို့ ဆေးဝယ်စရာပိုက်ဆံမရှိ...ဆေးခန်းကမသွားနိုင်နဲ့...အိမ်မှာအရမ်းသနားဖို့ကောင်းတာပဲ...
အမေသေမှာကို သားအရမ်းကြောက်တယ်...
သားမှာ ဒီအမေတစ်ယောက်ပဲရှိတော့တာ..."

အသက်ဆယ့်နှနှစ်ပဲရှိသေးပေမဲ့ မိသားစုရဲ့တာဝန်ကိုအသက်နဲ့မလိုက်ပခုံးပေါ်မှာထမ်းထားရပုံပေါ်တယ်။မိခင်ကိုဆုံးရှုံးရမှာကြောက်ရွံ့နေတဲ့မျက်ဝန်းလေးတွေမှာလည်းဝမ်းနည်းမှုအတိပါပဲ။
ပုံရိပ်ကိုယ်တိုင်ကမိခင်ဖခင်နဲ့ဝေးနေတာကြောင့်
ဒီကောင်လေးရဲ့ခံစားချက်ကိုစာနာပေးနိုင်ပါတယ်။
လူတစ်ယောက်ကိုမပြောနဲ့ မကြာခင်ကမှဆုံးရှုံးလိုက်ရတဲ့ ကြောင်က‌လေးရဲ့အကြောင်းကိုပြန် တွေးမိရင်တောင် ရင်ထဲမှာဆို့နင့်လာတတ်တယ်။
ပုံရိပ်ကတော့ တော်ရုံကိစ္စနဲ့၀မ်းမနည်းတတ်တယ်။ကောင်လေးကတော့ ကိုယ်တိုင်ဘာမှမစွမ်းဆောင်
နိုင်တဲ့ အရွယ်လေးမှာ မျက်ရည်ကသာသူ့အတွက် ဖြည်သိမ့်ရာလက်တစ်စုံထင်ပါရဲ့ ။

"လက်ဖက်ရည်ဆိုင်မှာအလုပ်လုပ်တာ
ရက်နှစ်ဆယ်ခပဲလား....အချိန်ပိုတွေရောဆင်းရသေးလား...."

"ဆင်းရတာပေါ့မကြီးရာ....ဘောလုံးပွဲရှိတဲ့နေ့တွေဆိုရင်....အိမ်တောင်ပြန်ရတာမဟုတ်ဘူး..
ညနှစ်နာရီ၊သုံးနာရီလောက်အထိ လုပ်ရတာ...
လူဆိုမျက်ကွင်းတွေကို ညိုထွက်ပြီးပန်းနေရောပဲ...
ဆိုင်မှာအိပ်ငိုက်တာတို့ဘာတို့ဆိုရင် မကြိုက်ဘူးဗျ...ဆူလည်းဆူတယ်...ရိုက်လည်းရိုက်တယ်...

အသက်ဆယ့်နှနှစ်သာ ရှိသေးတဲ့ကောင်လေးရဲ့အခက်အခဲတွေက ကြားရတာနဲ့တင် စိတ်ချမ်းမြေ့စရာ တစ်ကွက်မှမရှိဘူး။
ပုံရိပ်ကလည်း ဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာသူဆိုပေမဲ့ ဒီကောင်လေးလောက်တော့
ဘ၀မနာဖူးသေးဘူး။
ပုံရိပ်ရဲ့ကံကပဲကောင်းနေသေးတာလားတော့မပြောတတ်ဘူး။ဒါ‌ပေမဲ့ ပုံရိပ်သာဒီကောင်လေးနေရာမှာဆိုရင်တော့ ဒီလောက်အထိအနိုင်ကျင့်ခံရမှာမဟုတ်လောက်ဘူးထင်ပါတယ်။
ဘာကြောင့်လဲဆိုရင် ပုံရိပ်ကငြိမ်ခံနေမဲ့လူစားမျိုးမဟုတ်လို့ပဲ။

"လစာကရော...ဘယ်‌လောက်ရလဲ...."

"လစာကတော့ တစ်နေ့မှ သုံးထောင့်ငါးရာလောက်ရတာပါဗျာ....ဟိုဟာနှုတ်ဒီဟာနှုတ်နဲ့ နောက်ဆုံးကြတော့ တစ်သိန်းတောင်မပြည့်ဘူး....
သားတို့ကကျူးကျော်ရပ်ကွက်မှာနေလို့သာ
အိမ်လခမကုန်တာ...မဟုတ်ရင်...ဘယ်လိုရှင်သန်ရမလဲတောင် သိမှာမဟုတ်ဘူး...."

"တော်တော်အမြတ်ကြီးစားတဲ့လူတွေပဲ ခိုင်းတော့တနင့်တပိုးခိုင်းပြီး ပေးတဲ့လစာကြ ငုံးစိလောက်နဲ့...ဖြတ်စားလာဒ်စားကလုပ်‌သေးတယ်....
တော်တော်အကျင့်ယုတ်တဲ့ ဆိုင်ရှင်...."

"ဖြတ်စားတာက သူဌေးမဟုတ်ဘူးဗျ....သူဌေးရဲ့ညီ..."

"ဘယ်လိုခုဏက ၀တုတ်ကြီးကဆိုင်ပိုင်ရှင်မဟုတ်ဘူးလား...."

"မဟုတ်ဘူးဗျ...ဆိုင်ပိုင်ရှင်ရဲ့ညီ၀မ်းကွဲပါ..
သူဌေးကနိုင်ငံခြားမှာနေတာ....ဟိုတစ်လောကတော့ပြန်ရောက်တယ်လို့အသံကြားတယ်...
တစ်ခါမှတော့သားလည်းမတွေ့ဖူးဘူး....
သားအိမ်ပြန်တော့မယ်မကြီးရယ်....
ဒီမှာထိုင်ငိုနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး....အမေကအိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာ...."

"နေဦးလေ...."

ပုံရိပ်လည်း အုတ်ခုံပေါ်မှခုံဆင်းလိုက်သည့်
ထိုကောင်လေးရဲ့လက်ကောက်၀တ်ကို အလျှင်စလိုလှမ်းဆွဲပစ်လိုက်သည်။ကောင်လေးကတော့ အံ့ဩတာရော သူ့ကိုတစ်ခုခုလုပ်မယ်အထင်နဲ့လန့်တာပါပေါင်းပြီး မျက်လုံးလေးပြူးကာ ထူးဆန်းသလိုကြည့်လာသည်။
ကောင်လေးရဲ့ မျက်၀န်းတွေကို ခပ်စူးစူးစိုက်ကြည့်လိုက်မိသည်။ကိုယ်တိုင်က အားနည်းသူဆိုပေမဲ့
ကိုယ့်ထက်အားနည်းတဲ့ ဒီကောင်လေးကိုကူညီပေးချင်တဲ့ စိတ်တွေကတစ်သတ်နဲ့တစ်ကိုယ်ပထမဆုံးဖြစ်တည်လာတဲ့ ဆန္ဒလေးပဲ။
ကောင်လေးရဲ့ လက်ကိုဆွဲကာ လက်ဖက်ရည်ဆိုင်ဆီသို့ မြေကြီးကို အားပြင်းပြင်းနင်းဆောင့်၍ လှမ်းသွားနေမိသည်။

"မကြီး....သားကိုဘယ်ခေါ်သွားမလို့လဲ..."

"နင်ပဲ....ရက်နှစ်ဆယ်စာ လုပ်အားခလိုချင်တယ်ဆို...သွားတောင်းကြမယ်လေ..."

"ဗျာ...."

"ဗျာ.."တစ်လုံးသာရေရွှတ်လိုက်ရသည့်
ကောင်လေးဟာပုံရိပ်ရဲ့ခေါ်ဆောင်ရာအတိုင်း
လွန်ခဲ့တဲ့မိနှစ်ပိုင်းကမှ ခွေးမောင်းသလို
မောင်းအထုတ်ခံလိုက်ရသည့်  ဆိုင်ထဲသို့ပြန်ရောက်ခဲ့လေတော့သည်။ပုံရိပ်နဲ့ကောင်လေး၀င်လာတာကိုမြင်တော့ ဦး၀တုတ်ဆိုသည့်လူကြီးက ကောင်တာနောက်မှခုံတွင် အငြိမ့်သားထိုင်နေရာမှ ဒေါသအလွန်ထွက်သွားသော မျက်နှာကြမ်းကြီးနှင့်
ပုံရိပ်တို့နှစ်ယောက်ကို ကြည့်လာသည်။

"ဟိတ်ကောင်လေး....မင်းကိုငါ့ဆိုင်ရိပ်တောင်
လာမနင်းဖို့ပြောထားတယ်မဟုတ်လား
....သူတောင်းစားလေး...မင်းကအဆဲလာတောင်းတာလား...တုတ်လာတောင်းတာလား....
လူစကားကိုနားမလည်ဘူးလား....
အခုချက်ချင်းငါ့ဆိုင်ရှေ့ကနေထွက်သွား...."

"ဦးလေး...လူကြီးဖြစ်ပြီးစကားကိုကောင်းကောင်းပြောပါ....ကိုယ့်ဆိုင်မှာအလုပ်လုပ်ပေးခဲ့တဲ့
လူတစ်ယောက်ကို ဒီလိုနိုင့်ထက်စီးနင်း...မပြောပါနဲ့...."

"အောင်မယ်....ညည်းကဘာမို့လို့ လာ၀င်ပါနေတာလဲ....၀ယ်စရာရှိတာ၀ယ်ချင်၀ယ်..
မဟုတ်ရင်ကိုယ့်လမ်းကိုယ်သွားနော်...."

ကျောင်းစိမ်း၀တ်စုံနှင့် သူ့အားပြန်ရန်တွေ့နေသည့်ကလေးမကို ဦး၀တုတ်ဆိုသူက အော်ငေါက်၍ပြောပစ်လိုက်သည်။

ကောင်လေးကတော့ ကလေးပီပီကြောက်တတ်တာကြောင့် ပုံရိပ်၏အနောက်တွင်သာ ခေါင်းလေးငုံ့၍ငိုနေရှာလေသည်။ပုံရိပ်ကတော့ လွယ်အိတ်ကိုအနောက်ဘက်သို့ လွှဲချလိုက်ပြီး နဂိုကမှထဘီကိုခြေသလုံးအလည်လောက်အထိ ၀တ်တတ်တာကြောင့် တရုတ်သိုင်းကားတွေထဲကလို သိုင်းချခါနီးဟန်ရေးပြင်နေသည့်နယ် ခြေထောက်နှစ်ချောင်းကို ချဲကာ လက်ကိုဟန်ပါပါပိုက်ပစ်လိုက်သည်။
မေးကိုပါအစစ်မော့လိုက်သေးသည်။
မမော့လို့လည်းမရ...ထို၀တုတ်ကြီးက ကိုယ်ထက်အရပ်ရှည် နေသည်။

"ကျွန်မကသူ့အစ်မပဲ..ဦးလေးရဲ့ဆိုင်အစုတ်ပလုတ်
ထဲကို ၀င်ချင်လွန်းလို့ ထင်မနေနဲ့ကျွန်မမောင်လေးရဲ့ လုပ်အားခကိုလာတောင်းတာ..."

"အောင်မာ....လူကြည့်တော့စုတ်ချွန်းချွန်းနဲ့...
ဒီလိုဆိုင်အစုတ်ပလုတ်မျိုးတောင် ဖွင့်နိုင်တာကြလို့
ဖင်ခေါင်းကတော့ အတော်ကျယ်တယ်...
မောင်တွေဘာတွေလာရွှီးမနေနဲ့ ဒီကောင့်မှာ
ဘာအစ်မမှ မရှိဘူး...ဟေ့ကောင်ခွေးသား....
မင်းကတစ်ယောက်တည်းမနိုင်တော့ စစ်ကူခေါ်လာတာပေါ့ဟုတ်လား....မင်းကဘာကောင်လဲ...ဟမ်း!!!"

"အား...မကြီး!!!!!!"

၀တုတ်ကြီးက ပုံရိပ်ရဲ့အနောက်မှာပုန်းနေသည့်ကောင်လေးကို ဆွဲထုတ်ပြီးရိုက်မယ်ကြံတော့ ပုံရိပ်လည်း အရှေ့မှကာရပ်လိုက်ပြီး ထိုလူကြီးရဲ့
ဗိုက်ပူကြီးကို လက်နဲ့ဆောင့်တွန်းပစ်လိုက်သည်။
ထိုလူကြီးက ဘာမှမဖြစ်ပေမဲ့ ပုံရိပ်နဲ့ကောင်လေးကတော့ နောက်သို့ခြေလှမ်း နှစ်လှမ်းဆုတ်လိုက်ရသည်။အားမတန်‌မာန်လျှော့တာမျိုးမဟုတ်ပဲ
ရှေ့ကိုချီတက်ဖို့ အရှိန်ယူလိုက်ခြင်းပါပဲ။
ဆိုင်ထဲမှ လူတွေကလည်း နေရာမှမထကြပေမဲ့
စူးစမ်းသလို့ ဝိုင်းကြည့်နေကြလေသည်။
ပုံရိပ်ကတော့ ကလေးတွေအနိုင်ကျင့်ခံနေရတာကို ကူညီမပေးတဲ့လူတွေဆိုပြီး စိတ်ထဲမှကြိမ်ဆဲနေမိသည်။

"ဟိတ်ကောင်မလေး....ညည်းကဘာအကြောလာထောင်တာလဲ....ကိုယ့်လမ်းကိုယ်သွားနော်..
မဟုတ်ရင် ငါလုပ်လိုက်လို့ အရိုးတစ်ခြားအသားတစ်ခြားဖြစ်သွားမယ်...."

"ကိုယ့်လမ်းကိုယ်သွားစေချင်ရင်....ကျွန်မမောင်လေးရဲ့ လုပ်ခ လစာရက်နှစ်ဆယ်ခကို အခုချက်ချင်းထုတ်ပေး...ခိုင်းတုန်းကတော့ကျွဲခိုင်း၊
နွားခိုင်း ခိုင်းထားပြီး အလုပ်ကလေးနှစ်ရက်ပဲပျက်တာကို ထုတ်ပစ်တယ်...."

"ဟေ့...ဘာလုပ်ခမှမပေးနိုင်ဘူး....မကျေနပ်ရင်...ကြိုက်တဲ့နေရာကိုသွားတိုင်...."

အံကိုတင်းနေအောင်ဖိကြိုက်ထားလိုက်မိသည်။
အောက်တန်းကျလိုက်တဲ့ အလုပ်ရှင်။
အချိန်တွေ အင်အားတွေအကုန်ခံပြီး ပေးဆပ်ထားရပေမဲ့ ထိုက်သင့်တဲ့တန်ဖိုးကို ပေးရမှာတော့
သေမလောက်ကြောက်နေတယ်။
တကယ့်ကို အရင်းရှင်စိတ်ဓာတ်အပြည့်နဲ့ပါပဲလား။
သူ့ရဲ့မျက်လုံး‌ထဲမှာ ကလေးတစ်ယောက်က
ဘာတန်ဖိုးမှမရှိတဲ့ အမှိုက်တစ်စလို့ပဲ မြင်နေပုံရတယ်။

အသက်မပြည့်သေးတဲ့ကလေးတစ်ယောက်ဟာ ခိုင်းရင်ခိုင်းတဲ့အတိုင်းလုပ်ပေးပြီး ကြောက်တတ်ကြတာကြောင့် အထွန့်မတတ်ရဲကြဘူး။
အလုပ်သမားတစ်ယောက်ရဲ့ ပျှမ်းမျှတစ်နေ့လုပ်အားခဟာ ဘယ်လောက်ဆိုတာလည်း
သူတို့မသိကြဘူး။အလုပ်ရှင်တွေကလည်း ဒါကိုပဲ လိုချင်ကြတယ်။လုပ်အားခ အများကြီးမပေးရပဲ ကလေးတွေကခိုင်းလို့ကောင်းနေသည်မဟုတ်ပါလား။

ကာကွယ်ပေးမဲ့ တရားမျှတ‌ရေးချိန်ခွင်ဆိုတာကလည်း  အမှောင်ထဲမှာခပ်ပျပျမြင်နေရတဲ့ အလင်းရောင်တစ်ခုလိုပဲ မှိန်တုတ်မှိန်တုတ်နဲ့ ဘာမှရှင်းရှင်းလင်းလင်းမမြင်ရဘူး။
အသက်မပြည့်သေးတဲ့ ကလေးတွေက
ဘာမသိညာမသိနဲ့ လုပ်ငန်းခွင်၀င်နေရပြီး ရလာတဲ့အသီးအပွင့်ကိုတော့ အလုပ်ရှင်နဲ့သူတို့ရဲ့မိဘတွေက စားကြတယ်။နစ်နာလိုက်တဲ့ ဘ၀တွေ။

"တိုင်ချင်ရာ တိုင်လို့ဦးလေးရဲ့ ပါးစပ်ကနေပြောတာနော်....ဒီကနေပြန်ရင်ကျွန်မအုပ်ချုပ်ရေးမှူးကို သွားတိုင်မယ်....ဥပဒေမှာအသက်၁၄နှစ်အောက်ကလေးတွေကို အလုပ်ခိုင်းတာက တရားမ၀င်ဘူးလို့ ထုတ်ထားပြီးသား....ကျွန်မမောင်လေးက အခုမှအသက်ဆယ့်နှနှစ်ပဲ ရှိသေးတဲ့အတွက် ဦးလေးကိုအရေးယူခိုင်းလို့ရတယ်...လုပ်ခလစာလည်းအပြည့်မပေးတဲ့အပြင် ဆဲဆိုကြိမ်းမောင်းခံရတာတွေပါ တိုင်ပစ်မယ်...ထောင်ကြရင်တော့ ၅လကနေ ၈နှစ်ပဲ...ဒဏ်ကြေးဆောင်ရရင်တော့ သိန်းဆယ်နဲ့ချီပြီသာမှတ် အဲ့ကြမှကျွန်မအဆိုးလာမဆိုနဲ့
တကယ်လုပ်မှာ....."

"ဟာ...ဟဲ့ကောင်မလေး....နေဦး...."

လှည့်ထွက်လာသည့် ပုံရိပ်တို့‌ရဲ့အရှေ့သို့ ဗိုက်ကြီးလှုပ်တုတ်လှုပ်တုတ်နဲ့ ပြေးလာပြီးပိတ်ရပ်လိုက်သည့် ၀တုတ်ကြီးကို ပုံရိပ်လည်းစုပ်တစ်ချက်သပ်ပြီး မျက်ခုံးပင့်ကာ ခပ်မာမာပဲစိုက်ကြည့်ပေးလိုက်သည်။ထိုလူကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး
ပုံရိပ်ကို ဟန်လုပ်ကာပြုံးပြလာသည်။အနောက်မှာ ပတ်ကျိလေးလိုကပ်နေသည့် ကောင်လေးကတော့
နားမလည်နိုင်စွာ မျက်မှောင်ကြုံ့သွားသည်။

"ညည်းမောင်အတွက် ရက်နှစ်ဆယ်စာလခကို
ငါအခုပဲထုတ်ပေးလိုက်မယ်....ညည်းဟိုတိုင်သည်တိုင်တော့လျှောက်မလုပ်နဲ့...."

"အဲ့ဒါကတော့ ပိုက်ဆံကိုမြင်မှပဲ ကတိပေးနိုင်မယ်..."

လက်ပိုက်ကာ ခပ်မဲ့မဲ့ပြောနေသည့် လက်တောက်လောက်ကလေးမကို ၀တုတ်အဖို့စိတ်တိုလွန်း၍
ကိုင်ပေါက်ပစ်လိုက်ချင်သည်။
ရန်တွေ့လိုက်တာကလည်း ကပ်ကပ်လန်လို့
ပြောလိုက်တဲ့ စကားလုံးတွေကလည်းအရွယ်နဲ့မမျှဘူး။စကားပြောပေါက်ကို ကြည့်ရသလောက်တော့
သူ့ဆွေမျိုးထဲက တစ်ယောက်ယောက်ဟာရှေ့နေတွေ ဘာတွေဖြစ်နေနိုင်တယ်။

မဟုတ်ရင် ဒီမလောက်လေး မလောက်စားက
ဒီစကားပြောထွက်ပါ့မလား။ဟိုကောင်လေးရဲ့ အစ်မအရင်းလည်းဟုတ်မယ်မထင်ဘူး။
နှစ်‌ကောင်သားက ဘေးချင်ယှဉ်ရပ်နေတာတောင် ငါးကြီးခြောက်နဲ့မုန်လာဥဖြူကို အတူထားထားသလို ကွာလိုက်တဲ့အရောင်အဆင်း...။
ဒီကမြင်းမသမီးကို ကြောက်လို့တော့မဟုတ်ပေမဲ့ ကိုယ်တိုင်ကလည်း အစ်ကိုဖြစ်သူဆီက‌နေ
ချေးထားတဲ့အရင်းအနှီးနဲ့  အစ်ကို့မြေပေါ်မှာ
ဆိုင်တည်ထားရတော့ တစ်ခုခုအတိုင်အတောခံရရင် ကိုယ်ပဲနစ်နာမှာ...။
ဒီငနဲမလေးက ရုပ်ကြည့်တာနဲ့တင် အကြောက
မြင်းမိုလ်တောင်လောက်ထောင်မဲ့ရုပ်မှန်း
 ပြေးမကြည့်တောင်တွေးကြည့်တာနဲ့သိတယ်။

"နှစ်ကောင်လုံး ငါ့နောက်လိုက်ခဲ့...."

"ဘာလုပ်မလို့လဲ....."

သတ္တိရှိချင်ယောင်ဆောင်ထားရပေမဲ့ ၀တုတ်ကြီးရဲ့အနောက်ကိုတော့ ဘာမှန်းညာမှန်းမသိပဲ မလိုက်ရဲပေ။ထို့ကြောင့် ကောင်လေးနဲ့ ပုံရိပ်တို့တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်မိကြသည်။

"ဟိတ်....နင်တို့ပဲလုပ်အားခလိုချင်တယ်ဆို...
ဟိုနားကကောင်တာကိုလာခဲ့..."

"အစောတည်းက အဲ့လိုရှင်းရှင်းလင်း‌လင်းပြောလေ..."

"အောင်မယ်....နင်တို့ကိုပဲရှင်ဘုရင်ကိုလျှောက်သလို သံရှည်ဆွဲပြီးငါက သံတော်ဦး‌တင်နေရအုံးမှာလား...ငါ့မှာအလုပ်ရှိသေးတယ်..နင်တို့လိုအားယားမနေဘူး...ရော့ဒီ‌မှာပိုက်ဆံအမြန်လာယူ...."

ကျွန်မတို့လည်း အားယားမနေပါဘူးနော်လို့ ပြန်ပြောလိုက်ချင်ပေမဲ့ ကောင်တာပေါ်ကိုပစ်တင်လိုက်တဲ့ ပိုက်ဆံတစ်ထောင်တန်တွေကိုသာ ကောက်ယူပြီး ရေကြည့်လိုက်သည်။
တစ်နေ့လုပ်ခသုံးထောင့်ငါးရာကိုမှ ရက်နှစ်ဆယ်စာကို ခုနှစ်သောင်းတောင်မပြည့်ပဲ ခြောက်သောင်းသာပေးလာတယ်။အမှန်ဆိုရင် အချိန်ပိုဆင်းရတာတွေပါ ပေးရင်တစ်သိန်းတော့ကျော်ရပေမည်။
 ခြောက်သောင်းတန်အုပ်ကို ကောင်တာအဖြစ်သတ်မှတ်ထားသည့် သစ်သားခုံပေါ်သို့ "ဗုန်း"ခနဲမြည်အောင် ဆောင့်ချပစ်လ်ုသည်။

"ဟိတ်...ညည်းဒါဘာလုပ်တာလဲ...."

"ဘာလုပ်တာလဲဟုတ်လား...."

ကောင်တာကို လက်ထောက်ပြီး မျက်မှောင်ကြုံ့ကာ
မိုက်ကန်းကန်းကြည့်လာသည့် ‌ကောင်မလေးကို ၀တုတ်ကလည်း ပြန်အော်သည်။
ငဂျစ်ကလေးရဲ့  ဒေါသမျက်၀န်းအိမ်ဟာ မျက်တောင်တစ်ချက်တောင် မခတ်သွားဘူး။

"ညည်းတို့လိုချင်တဲ့ ပိုက်ဆံရပြီလေ...ဘာထပ်ရှုပ်အုံးမလို့လဲ...."

"ဘာကို ညည်းတို့လိုချင်တဲ့ပိုက်ဆံလည်း
တစ်နေ့လုပ်ခက သုံးထောင့်ငါးရာကိုရက်နှစ်ဆယ်ကြေး ခုနှစ်သောင်းဖြစ်ရမှာမဟုတ်ဘူးလား...
ညဘက်တွေလည်း သေလောက်အောင်မအိပ်မနေခိုင်းပြီး အချိန်ပိုကြေးလည်း တစ်ပြားမှထည့်မပေးဘူး....ဦးလေးကဒီလိုပဲလုပ်နေကြလား...ကလေးတွေက ဘာမှမသိတဲ့ငတုံးလေးတွေဆိုပြီး...
ညှပ်ချလို့ရတိုင်း...ကျွန်မကိုနည်းလမ်းဟောင်းတွေလာမသုံးနဲ့..."

"ဟေ့....ညည်းစကားပြောတာ တရားမလွန်လာနဲ့
....ငါကတန်ရာတန်ကြေးပေးနေတာနော်...
မလိုချင်ရင် မယူနဲ့...."

"အောင်မာ....ဘာတန်ရာတန်ကြေးလည်း...အခုမှဆယ်နှစ်ကျော်ရုံရှိသေးတဲ့ကလေးတွေကို နွားလိုကျွဲလို ရုန်းခိုင်းပြီး ဆန်ကွဲတစ်ဆုပ်လောက်လေး
ချကျွေးတာကို တန်ရာတန်ကြေးပေးတာပေါ့ ဟုတ်လား...သူတို့အသက်အရွယ်နဲ့မမျှတဲ့အလုပ်ကိုလုပ်ရပြီး...သူတို့ရဲ့အချိန်တွေ ချွေးတွေကိုအကုန်ခံထားရတာ...ဒီတစ်ပဲခြောက်ပြားနဲ့တန်ရာတန်‌ကြေးလာဖြတ်နေတာလား!!!!!!!..."

ပိုက်ဆံ‌ထုပ်ကို ခုံပေါ်သို့ထပ်မံကိုင်ဆောင့်ချလိုက်သည့် ကောင်မလေးအား ၀တုတ်လည်းစောင်းမဲမဲပြန်စိုက်ကြည့်လိုက်သည်။ထိုကောင်မလေးရဲ့ မျက်၀န်းတွေကတော့ မီးတောင်ငယ်တစ်ခုပေါက်ကွဲတော့မည့်နယ် နီရဲတောက်လောင်နေသည်။ ဒီကောင်မလေးကို ဒီလောက်အကြောတင်းလိမ့်မယ်လို့ မထင်မိလို့ လုပ်ရိုးလုပ်စဉ်အတိုင်း ပိုက်ဆံကိုအပြည့်မပေးပဲ ထိန်ချန်ထားလိုက်မိပေမဲ့ ဒီငနဲမကတစ်စက်မှမ‌လျော့ပဲ အဆုံးအထိ လာရစ်နေသည်။

"ဒီမှာ ညည်းတို့ဒီပိုက်ဆံကို ယူပြီးသွားမလား
မသွားဘူးလား....မဟုတ်ရင်ပိုင်နက်ကျူးကျော်မှုနဲ့ ငါ့ဘက်ကလည်း ညည်းတို့ကိုပြန်စွပ်စွဲလို့ရတယ်နော်...."

"ဟား...ဟား...စွဲချင်တဲ့အမှုနဲ့စွဲလိုက်စမ်းပါ
ကျွန်မတို့နှစ်ယောက်လုံးတစ်ယောက်မှ
အသက်မပြည့်သေးဘူး...
ဘယ်သူမှန်လည်း မှားလည်းဆိုတာ
ဆိုင်ထဲကလူတွေအကုန်လုံး သက်သေရှိတယ်...
ကျွန်မလည်း တစ်ခွန်းပဲပြော‌မယ်...ရုံးမှာသွားပြီး
သိန်းဆယ်နဲ့ချီဒဏ်ကြေးဆောင်ချင်လား...ကျွန်မမောင်လေးရဲ့ လုပ်အားခကိုအပြည့်ပေးမလား...
ဒါ‌ပဲပြော..."

ကို၀တုတ်တစ်ယောက် ချွေးတွေနဲ့ရောပြီး မျက်နှာကအဆီပြန်လာတာကြောင့် လက်နဲ့သပ်ချလိုက်ရသည်။သူ့ဘ၀မှာ တစ်ခါမှဒီလိုလာခြိမ်းခြောက်တဲ့ကိစ္စမျိုးမကြုံဖူးသေးတော့ အရေးယူခံရမှာတွေဆိုရင် သေမလောက်ကြောက်သည်။
နောက်ဆုံးတော့ ကိုယ်ပဲအလျှော့ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။

"ကို၀တုတ်ရယ် ကလေးတွေနဲ့ပြိုင်ပြီးငြင်းမနေပါနဲ့ ပေးစရာရှိတာပေးလိုက်ပြီးရော...."

"အေးလေဗျာ...ခင်ဗျားကလည်း အလုပ်ခိုင်းပြီးလုပ်ခတော့ ပြည့်အောင်ပေးလိုက်ပေါ့ဗျာ..."

"အေးလေ...."

ဆိုင်ထဲမှ လာနေကြဖောက်သည်တွေကပါ တစ်ယောက်တစ်ပေါက်ပြောလာတာကြောင့် ၀တုတ်လည်း အံဆွဲကိုဖွင့်ပြီး လေးသောင်းကိုရေလိုက်ကာ ခြောက်သောင်းတန်အုပ်ပေါ်သို့ တင်ပေးလိုက်သည်။

"ရပြီမလား...အဲ့မှာတစ်သိန်း...."

"ဟမ်...အချိန်ပိုဆင်းခက ဘယ်ချောင်ထဲရောက်သွားရတာလဲ...အရင်ကအချိန်ပိုကြေးတွေပါရောရင် နောက်ထပ်တစ်သိန်းလောက်ထပ်ပေးမှရမယ်..."

"မပေးနိုင်ဘူးဟေ...မပေးနိုင်ဘူး...."

"ကောင်းပြီလေ...ဒါဆိုလည်းမောင်လေးရေ
...အုပ်ချုပ်ရေးမှူးဆီပဲ သွားကြရအောင်..."

"ဟာ...ညည်းဘယ်လိုဖြစ်နေတာလဲ ရော့ဒီမှာ
ငါးသောင်း...နှစ်သိန်းတော့မပေးနိုင်ဘူး...သူတို့ရဲ့စားစာရိတ်တွေပါ နှုတ်လိုက်ရင် တစ်သိန်းခွဲတော့ရမယ်..."

အုပ်ချုပ်ရေးမှူးဆိုတဲ့အသံကိုကြားတာနဲ့ ဖင်တုန်အောင်ကြောက်တတ်မှန်းသိလို့ တမင်အညှာကိုကိုင်လိုက်တော့ ပုံရိပ်ကိုလက်ညှိုးတထိုးထိုးနဲ့ မကျေ
မနပ်ကြည့်လာပြီး ငါးသောင်းထပ်ထုပ်ပေးလာသည်။
ပုံရိပ်လည်း တစ်သိန်းခွဲအုပ်ကိုယူလိုက်ပြီး ထို၀တုတ်ကြီးကို တည့်တည့်ကြည့်ပစ်ကာ
ကောင်လေးကို လက်ဆွဲ၍ချာကနဲလှည့်ထွက်လာလိုက်သည်။

"ရော့....ဒီမှာနင့်ရဲ့လုပ်အားခ....."

သူ့လက်ထဲကိုရောက်လာသည့် တစ်သိန်းခွဲတန်ပိုက်ဆံထုပ်ကိုကြည့်နေရင်းမှာ ကောင်လေးဟာမျက်ရည်တွေ ကျလာပြန်သည်။တော်တော်အငိုသန်တဲ့ ကောင်လေးပဲလို့ပုံရိပ်မှတ်ချက်ချမိသည်။
အသားအရည်က မဲညစ်ညစ်ကလေးဖြစ်ပြီး ခန္ဓာကိုယ်ကလည်းပိန်သည်။ပုံရိပ်ကို ကျေးဇူးရှင်ကြီးတစ်ယောက်လို ကြည့်နေတော့ ကိုယ်တောင်
မနေတတ်မထိုင်တတ်တော့သလိုပဲ။

"ကျေးဇူးတင်လိုက်တာ မကြီးရာ..ဒီကနေပြန်ရင်
အမေ့ကို ဆေးခန်းပြလို့ရပြီဗျ..မကြီးကိုကျွန်တော်ထိုင်ကန်တော့ချင်လိုက်တာ...."

"အမယ်လေး...မလုပ်ပါနဲ့ကိုယ်တော်ရယ်...
နင့်အမေကြီးဖျားနေတယ်ဆို...အမြန်ပြန်တော့လေ....ပိုက်ဆံကိုလည်း သေချာသိမ်းထားနော်..."

"ဟုတ်ကဲ့ပါမကြီး....သားသွားပြီနော်..."

မျက်ရည်လေးစမ်းစမ်းနှင့် ပုံရိပ်ကိုနှုတ်ဆက်ပြီးထွက်သွားတဲ့ ကောင်လေးဟာ ခြေဆယ်လှမ်းလောက်အရောက်မှာ ပုံရိပ်ကိုပြန်လှည့်ကြည့်လာသည်။

"မကြီးက....အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးလို့လား...."

"..အုပ်ချုပ်ရေးမှူးနဲ့ရင်းနှီးဖို့မပြောနဲ့ ရပ်ကွက်ရုံးဘယ်မှာမှန်းတောင် ငါမသိဘူး...."

ထိုစကားကိုကြားတော့ ကောင်လေးကရယ်ကျဲကျဲလေးလုပ်ပြီး ငွေထုပ်ကလေးကိုပိုက်ကာ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
မိုးဖွဲလေးတွေ ကျနေသည့် လမ်းမပေါ်တွင် ပုံရိပ်တစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။
အိမ်ရောက်ရင်တော့ လမ်းမှာကြာနေတဲ့အတွက် အဒေါ်က သေချာပေါက်ဆူမှာပဲ။
ဒါကြောင့် ဆင်ခြေပေးဖို့ ကြိုတင်စဉ်စားနေရသေးသည်။

တကယ်တော့ ဒီကောင်လေးကိုကူညီဖြစ်တာကလည်း အဒေါ့်ကြောင့်ပါပဲ။
အဒေါ်ဟာ ဈေးရောင်းကနေပြန်လာရင် သူရောင်းခဲ့တဲ့အိမ်ကသူဌေးက အိမ်အလုပ်ကူဖို့ဆိုပြီး ကလေးတွေကိုခေါ်ခိုင်းတဲ့အကြောင်းနဲ့ ထိုကလေးတွေဟာဘယ်လိုဆူဆဲခံ အရိုက်ခံရတာ စသည်ဖြင့်
ဖောက်သည်ချတတ်သည်။
ဟိုတစ်လောက သတင်းစာထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ လုပ်ငန်းခွင်ထဲတွင်အညှာအတာမဲ့ နှိပ်စက်ခံရတဲ့‌ အကြောင်းတွေကို ဖတ်လိုက်ရတော့ ကောင်လေးရဲ့အဖြစ်ကိုစာနာမိသွားခဲ့တယ်။ဒီကောင်လေးရဲ့နေရာမှာ ငါ့ညီ၊ညီမလေးတွေဆိုရင်လို့ တွေးလိုက်မိတော့ပိုရင်နာရတယ်။
တကယ်တမ်းတော့ ဦး၀တုတ်ဆိုတဲ့ဦးလေးကို ပုံရိပ်အနည်းငယ်ကြောက်မိတယ်။ကောင်လေးကို ကူညီချင်လို့သာ သတ္တိမွေးခဲ့ရပေမဲ့ ဒီလူကြီးသာစိတ်မပျော့ရင် ပုံရိပ်အခုလောက်ဆို ရိုက်နှ က်ခံလိုက်ရမှာ သေချာတယ်။
အသက်မပြည့်သေးတဲ့ကလေးကို နင်တို့ကရောဘာလို့အလုပ်လုပ်ခိုင်းသလဲလို့ မေးလာခဲ့ရင်တော့ ငုတ်တုတ်မေ့မှာသေချာတယ်။
အုပ်ချုပ်ရေးမှူးဆိုတဲ့အသံကိုကြားတာနဲ့  အကြောက်လွန်သွားပုံပဲ။

ကိုယ့်အတွေးနဲ့ကိုယ်ရောက်တက်ရာရာစဉ်းစားရင်း နှင့် ပုံရိပ်တို့နေသည့်လမ်းထိပ်သို့အရောက်တွင် မိုးသီးမိုးပေါက်တွေဟာ ခပ်စိပ်စိပ်ရွာချလာခဲ့သည်။လွယ်အိတ်ကို ခေါင်းပေါ်သို့တင်လိုက်ပြီး ထိုနေရာမှ အမြန်ပြေးဖို့သာ တွေးလိုက်မိသည်။

"ပုံရိပ်....နင်အဲ့ဒီ့မှာရပ်နေ...."

အသံလာရာ လမ်းဘေးဘက်သို့ကြည့်လိုက်မိတော့
ပိတောက်ပင်တစ်ပင်အောက်တွင် ပုံရိပ်ကိုရပ်၍ကြည့်နေသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ကျောင်းစိမ်းကို၀တ်ထားပြီး ဆံပင်ကဂတုံး‌ ကေနှင့်ဖြစ်သည်။ပုံရိပ်ရင်းနှီးတဲ့ မျက်နှာတစ်ခုပါပဲ။သို့ပေမဲ့ မိတ်ဆွေတော့မဟုတ်ဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပုံရိပ်နဲ့ရန်ဖြစ်ခဲ့တဲ့ ကွမ်းယာသည်အဒေါ်ကြီးရဲ့သားဖြစ်ပြီး...သူ့နာမည်ကဟိန်းကို..။

အခန်း(၆)ဆက်ရန်ရှိသည်....

🌹🌹🌹

ပုရိပ်တို့ကတော့ လူတွင်ကျယ်ကြီးလုပ်လိုက်ပါပြီနော်....နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ စောင့်မျှော်ပေးကြပါအုံး❤️ 

==========================================

 🔥"ဆူးႀကိဳး...…"🔥              

                                                                  (အခန္း၅)

‌ေကာင္းကင္တစ္ခုလံုးဟာ ၫွို႔မိႈင္းေနၿပီး တိမ္ထုေတြသည္ ေနအလင္းေရာင္အားဖံုးကြယ္ထားၾကသည္။လမ္းတေလ်ွာက္ရိွသစ္ပင္မ်ားဟာေလထုေၾကာင့္ အကိုင္းအခက္မ်ားပါယိမ္းထိုးသြားၾကၿပီး သစ္ရြက္တို႔ဟာေလ၏ျပင္းအားကိုမခံစားႏိုင္ၾကသၫ့္ေနာက္ ေျမျပင္သို႔တစ္ေလ်ွာေလ်ာႂကြေက်လာၾကေလသည္။
မူလတန္းေက်ာင္းေလးကိုျဖတ္ေလ်ွာက္လာေသာအခါတြင္ ေလျပင္းတိုက္၍မိုးရြာမည္ကိုစိုးရိမ္ပူပန္ေနေသာမ်က္ႏွာမ်ားႏွင့္ မိဘတို႔ဟာေက်ာင္းအေပါက္ဝတြင္ကေလးငယ္မ်ားအား ေစာင့္ေနၾကေလသည္။

မၾကာခင္မွာ မိုးေတြရြာခ်လာခဲ့ပါက ပံုရိပ္ရဲ့အ၀တ္အစားေတြနဲ႔ လြယ္အိတ္ထဲကစာအုပ္ေတြကို
မစိုစြတ္ရေအာင္ ပံုရိပ္ရဲ့ေသးငယ္တဲ့လက္ေတြနဲ႔ကာကြယ္လို႔လည္း ရႏိုင္မယ္မထင္ဘူး။
ပံုရိပ္တို႔ရဲ့အိမ္မွာက ‌ရွားရွားပါးပါး‌ ေခါက္ထီးေလးတစ္ေခ်ာင္းသာရိွသည္။
ထိုထီး‌ေလးခမ်ာ မိုးတြင္းတစ္တြင္းလံုးမွာ
တစ္မိသားစုလံုးအားရေအာင္သံုးၿပီးေနာက္
ထီးရိုးက်ိဳးရ ထီးမိုးလံရသည့္အျဖစ္သို႔ေရာက္ရေလသည္။

သို႔ေပမယ့္လည္း ထီးတလတ္ရဲ့တန္ဖိုးဟာ
တစ္ေသာင္းနီးပါးေလာက္ကပ္သည္မို႔ တေန့မွ
ေလးငါးေထာင္ေလာက္သာ အျမတ္က်န္တဲ့ပံုရိပ္ရဲ့အေဒၚေစ်းသည္မႀကီးအဖို႔ အသစ္တစ္ေခ်ာင္းကိုဝယ္ဖို႔ရာခက္ရေခ်သည္။
ထို႔ေၾကာင့္ ဒီအေဟာင္းေလးကိုပဲအရိုးဆက္လိုက္အမိုးဖာလိုက္နဲ႔ တဝဲလည္လည္၍သံုးေနရသည္မွာမိုးကုန္၍ေဆာင္းသို႔ေတာင္ကူးေတာ့ေပမည္။

အခုရက္‌ေတြမွာအိမ္ကအငယ္မေလးမိစုက ခဏခဏအဖ်ားဝင္ေနတာေၾကာင့္ ေဆးခြင့္ယူထားတာပင္ႏွစ္ရက္ေလာက္ရိွေနေပၿပီ။
အိမ္မွာအေရးအေၾကာင္းဆိုရင္ သြားဖို႔လာဖို႔အတြက္ ထိုထီးအေဟာင္းေလးကို ထားခဲ့ရသည္
ကမ်ားေလသည္။ထို႔ေၾကာင့္မိုးရြာတဲ့ေန့ေတြဆိုရင္
အၿမဲတမ္းမိုးစိုၿပီးမွ အိမ္ကိုျပန္လာခဲ့ရသည္ကမ်ားတယ္။

"ကလင္...ကလင္...."

အေနာက္မွကလင္ေခါက္သၫ့္အသံေၾကာင့္
ပံုရိပ္လည္းလမ္းေဘးကို တိုးရပ္လိုက္ရသည္။
စက္ဘီးေလးေက်ာ္တက္သြားသၫ့္အခ်ိန္မွာ လိုခ်င္ေတာင့္တမႈေလးတစ္ခုကေပၚလာခဲ့သည္။
ပံုရိပ္မွာသာသူမ်ားေတြလိုစက္ဘီးေလးတစ္စီးေလာက္ရိွခဲ့ရင္ မိုးေရစိုခံစရာလည္းမလိုေတာ့သလို၊ေျခအေညာင္းခံေစရာလည္းလိုေတာ့မယ္
မထင္ဘူး။
ဒီအသက္အရြယ္အထိ စက္ဘီးမစီးဖူးေသးတဲ့
ကိုယ့္ရဲ့ဘဝကိုပဲ ဟာသတစ္ပုဒ္အလား
ေလွာင္ေျပာင္၍ရယ္လိုက္မိသည္။
"ေအာ္..လမ္းေလ်ွာက္တာကလည္းက်န္းမာေရးအတြက္ေကာင္းတဲ့ေလ့က်င့္ခန္းတစ္ခုပဲလို႔
ကိုယ့္ဘာသာျဖည့္ေတြးလိုက္ပါတယ္။

"တီ!!!!!!!"

ထိုစဥ္မွာေက်ာင္းသားအုပ္ႀကီးကိုသံရွည္စဲြ၍
လမ္းဖယ္ခိုင္းေနေသာ ကားဟြန္းတီးသံေၾကာင့္ လွမ္းၾကၫ့္လိုက္မိေတာ့ ကားျပဴးတင္းေပါက္ကေနပံုရိပ္ကို ေကာင္မေလးတစ္ေယာက္ကလွမ္းၾကၫ့္
လာေလသည္။
ထိုေကာင္မေလးက တစ္ျခားသူမဟုတ္ပဲ ပံုရိပ္နဲ႔တစ္ခံုတည္း အတူတူထိုင္သၫ့္ ယမင္းေရႊဆိုေသာေကာင္မေလးပါပဲ။သူ႔ေဘးနားမွာေတာ့သူမရဲ့အစ္ကိုဆိုသူက နားက်ပ္ကိုနားမွာတတ္ၿပီး မ်က္လံုးကိုမိွတ္ထားပံုေပၚေလသည္။

ယမင္းေရႊက ပံုရိပ္ကိုႃပံုးျပသြားေပမယ့္
ပံုရိပ္ကေတာ့ တမင္ပဲမ်က္ႏွာလႊဲပစ္လိုက္သည္။
ေဘးကေနေက်ာ္ျဖတ္သြားတဲ့ ကားေနာက္ေက်ာကိုၾကၫ့္လိုက္ၿပီးေနာက္ ကိုယ့္ေျခေထာက္ကိုျပန္ၾကၫ့္လိုက္မိေတာ့  ေဟာင္းႏြမ္း ေနတဲ့ဖိနပ္ကေလးကိုသာေတြ့ေနရသည္။
ကားေတာင္စီးႏိုင္တဲ့မိန္းကေလးနဲ႔ စက္ဘီးေတာင္
မစီးႏိုင္ပဲ ဖိနပ္အစုတ္ကေလးကိုသာစီးေနရတဲ့ကိုယ့္လိုလူတစ္ေယာက္က ခင္မင္ဖို႔ဆိုတာဘယ္လိုျဖစ္ႏိုင္မွာလဲ။ခင္မင္မႈရဲ့ေနာက္ကြယ္မွာ လိုခ်င္ေတာင့္တမႈနဲ႔ ေလာဘေတြလည္းပါလာတတ္တယ္။

သူငယ္ခ်င္းေတြက ဝတ္ႏိုင္စားႏိုင္ရင္ ကိုယ္လည္းသူတို႔လိုျဖစ္ခ်င္လာတတ္တယ္။ပံုရိပ္ရဲ့ရင္ထဲမွာလည္း လိုအင္ဆႏၵဆိုတဲ့မီးစာေလးေတြဟာ အၿမဲတမ္း တစ္ၿမိဳက္ၿမိဳက္ေလာင္ကၽြမ္းေနတာပါပဲ။သို႔ေပမယ့္ ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ထိန္းလိုက္တာကမ်ားပါတယ္။
အခ်ိန္နဲ႔အမ်ွအသစ္အသစ္ေတြေပၚေနတဲ့ေခတ္ႀကီးမွာ အလိုေလာဘကိုမထိန္းခ်ဳပ္ႏိုင္ရင္ ပ်က္စီးရမွာက ကိုယ္ကိုယ္တိုင္ကလဲြၿပီးတျခားမရိွဘူးဆိုတဲ့အခ်က္ကို ပံုရိပ္နားလည္ထားၿပီးသားပင္။

"သြား ဒီဆိုင္ရိပ္ကိုေနာက္တစ္ခါဘယ္ေတာ့မွ
 ေျခမနင္းနဲ႔....သူေတာင္းစား မင္းရဲ့မ်က္ႏွာကိုငါ
မျမင္ခ်င္ဘူး..."

ေက်ာင္းကျပန္လာတိုင္းပံုရိပ္အၿမဲတမ္းျဖတ္ေလ်ွာက္ေနၾက လမ္းခ်ိဳးတခုအနားမွ လက္ဖက္ရည္ဆိုင္အေရ႔ွကိုေရာက္ေတာ့
ကေလးတစ္ေယာက္ဟာဆိုင္ထဲမွ ငိုယိုၿပီးထြက္ေျပးလာတာကိုေတြ့လိုက္ရသည္။
အသားမည္းမည္း ခပ္ဝဝႏွင့္လူႀကီးတစ္ေယာက္ကေတာ့ဆိုင္ေရ႔ွမွေန၍ခါးေထာက္ၿပီးမတ္တပ္ရပ္ေနေလသည္။

ထိုလူႀကီးရဲ့မ်က္ႏွာဟာေက်ာက္ေပါက္ေတြနဲ႔
ျဖစ္ၿပီးမ်က္ေမွာင္ႄကံု႔ထားသည္ေၾကာင့္ပို၍
ၾကၫ့္ရဆိုးေနသည္။
ကေလးကထိုလူႀကီးရဲ့ေဒါသျဖစ္ေနတဲ့မ်က္ႏွာကိုၾကၫ့္မိေလ ပိုငိုခ်င္ေလျဖစ္ေနပံုရတယ္။
ခႏၶာကိုယ္ေလးႄကံု႔ထားၿပီးမ်က္ရည္ေတြလည္း
ပါးျပင္မွာစိုရႊဲေနေလသည္။
ေျခေထာက္ေလးေတြကပင္အေၾကာက္တရားကို
ေတာင့္ခံႏိုင္စြမ္းမရိွစြာ တုန္ယင္ေနတာကိုျမင္ရေတာ့ ပိုလို႔ပင္အသနားပိုမိသည္။

ဆိုင္ထဲမွလူေတြရဲ့ထူးဆန္းသလိုအၾကၫ့္ေတြေအာက္မွာ ဒီကေလးေလးဘယ္ေလာက္ေတာင္ေၾကာက္ေနလိုက္မလဲ။
ကေလးသူငယ္ေလးတစ္ေယာက္  ေအာ္ေငါက္ခံေနရတာကိုေတြ့ေနၾကေပမယ့္ဘယ္သူကမွ ထလာၿပီးကာကြယ္မေပးၾကဘူး။
လူေတြရဲ့သေဘာသဘာဝဟာကိုယ္နဲ႔မဆိုင္ရင္၊
 ခံရတဲ့သူဟာကိုယ့္မိသားစုဝင္တစ္ေယာက္ေယာက္မဟုတ္ရင္ ကိုယ္ခ်င္းစာမႈတရားေခါင္းပါးတတ္ၾကတယ္။
သနားတဲ့စိတ္ကေလးေပၚလာတတ္ၾကရင္ေတာင္
ကိုယ့္အေၾကာင္းမဟုတ္လို႔ဝင္မပါၾကတာကမ်ားတယ္။

"သြား!!!သူေတာင္းစားေလး လာေတာင္းရမ္းဖို႔ေလာက္ပဲသိတယ္....ေနာက္တစ္ခါငါ့ဆိုင္ရိပ္ကို
လာနင္းရင္...ကန္ထုတ္ပစ္မယ္...ဘာမွတ္ေနလဲ...
မ်က္ႏွာကိုက...က်က္သေရမရိွဘာမရိွနဲ႔...
ငါ့ဆိုင္ကိုတမင္ လာဒ္ပိတ္ေအာင္လာလုပ္ေနတာ..."

ကေလးကိုေျပာဆိုၿပီးထိုလူႀကီးကဆိုင္ထဲကိုျပန္ဝင္သြားေလသည္။ေကာင္ေလးကေတာ့ လက္ဖက္ရည္ဆိုင္အနီးအနားရိွလမ္းခ်ိဳးမွအုတ္ခံုကေလးေပၚတြင္ထိုင္ၿပီး ငိုေနရွာသည္။
ထိုေကာင္ေလးေရ႔ွမျွဖတ္ေလ်ွာက္မိေတာ့
ကိုယ္နဲ႔မဆိုင္ဘဲဝင္မပါဖို႔ေတြးမိေပမယ့္
ေကာင္ေလးဆီမွၾကားေနရတဲ့ရိႈက္သံေလးေတြေၾကာင့္ ထိုအုပ္ခံုေလးရဲ့အစြန္နားတြင္၀င္ထိုင္လိုက္မိသည္။
ငိုေနရွာတဲ့ေကာင္ေလးကလည္းပံုရိပ္ကိုလွၫ့္ၾကၫ့္လာသည္။မ်က္ဝန္းခ်င္းဆံုသြားခိုက္မွာပံုရိပ္ေမးခြန္းစထုတ္ဖို႔ႀကိဳးစားမိသည္။

"ခုဏကလူႀကီးရဲ့ဆိုင္မွာအလုပ္လုပ္တာလား...."

"မႀကီးကဘယ္လိုလုပ္သိတာလဲ...."

ထူးဆန္းအံၾသသလိုၾကၫ့္လာတဲ့ေကာင္ေလးကို
ပံုရိပ္အႃပံုးတစ္ခုနဲ႔သာတုန႔္ျပန္လိုက္သည္။

"အရင္က...ငါေက်ာင္းကျပန္လာတဲ့အခ်ိန္တိုင္း
ဒီလက္ဖက္ရည္ဆိုင္ထဲမွာ နင့္ကိုခဏခဏေတြ့တယ္...ခုနကလူႀကီးကနင့္ကိုဘာလို႔ေမာင္းထုတ္ေနတာလဲ...နင္တခုခုအမွားလုပ္လိုက္မိလို႔လား..."

ထိုေမးခြန္းကိုၾကားေတာ့ ေကာင္ေလးရဲ့မ်က္ဝန္းမွမ်က္ရည္ေတြဟာ အရင္ထက္ႏွစ္ဆေလာက္ပို၍
စီးက်လာခဲ့သည္။သူဝမ္းနည္းေစမယ့္စကားကို
ပံုရိပ္ေျပာလိုက္မိတယ္ထင္ပါရဲ့။ပံုရိပ္ကိုယ္တိုင္လည္းစိတ္မေကာင္းျဖစ္လာမိတာေၾကာင့္
ေကာင္ေလးရဲ့ပခံုးကိုပုတ္လိုက္မိသည္။

"နင့္အသက္ဘယ္ေလာက္ရိွၿပီလဲ...."

"ဆယ့္ႏွႏွစ္ပါ....လာမယ့္လမွ...ဆယ့္သံုးႏွစ္ျပၫ့္မွာပါ...."

ပံုရိပ္ရဲ့အေဒၚက ေစ်းေရာင္းရင္ထုပ္ပိုးဖို႔ဆိုကာ
 ေျခရင္းအိမ္ကေန သတင္းစာေတြေတာင္းထားတတ္သည္။ပံုရိပ္ကိုယ္တိုင္ကစာဖတ္ဝါသနာပါသူမို႔ ထိုသတင္းစာေတြကို အေဒၚယူလာတိုင္းခဏခဏယူဖတ္မိေလ့ရိွတယ္။ပံုရိပ္ဖတ္မိတဲ့သတင္းတစ္ခုထဲမွာေတာ့ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒမွာအသက္၁၄ႏွစ္ေအာက္ကေလးေတြကို လုပ္ငန္းခြင္မွာေခၚခိုင္းတာဟာ တရားမဝင္ဘူးဆိုတာပါပဲ။

"ခုနကလူႀကီးက ဘာလို႔နင့္ကိုေျပာဆိုႀကိမ္းေမာင္းေနတာလဲ...."

"သားအေမေနမေကာင္းလို႔...ခြင့္ႏွစ္ရက္ေလာက္ယူထားမိတာကို..အလုပ္ပ်က္လို႔ဆိုၿပီး သားကိုအလုပ္ထုတ္လိုက္တယ္....အဲဒါအရင္လုပ္ခဲ့တဲ့လုပ္အားခကို ျပန္လာေတာင္းေတာ့ သားကို
ဆူလႊတ္တယ္...အေမကအိမ္မွာေနမေကာင္းလို႔ ေဆးဝယ္စရာပိုက္ဆံမရိွ...ေဆးခန္းကမသြားႏိုင္နဲ႔...အိမ္မွာအရမ္းသနားဖို႔ေကာင္းတာပဲ...
အေမေသမွာကို သားအရမ္းေၾကာက္တယ္...
သားမွာ ဒီအေမတစ္ေယာက္ပဲရိွေတာ့တာ..."

အသက္ဆယ့္ႏွႏွစ္ပဲရိွေသးေပမဲ့ မိသားစုရဲ့တာဝန္ကိုအသက္နဲ႔မလိုက္ပခံုးေပၚမွာထမ္းထားရပံုေပၚတယ္။မိခင္ကိုဆံုးရႈံးရမွာေၾကာက္ရြံ႔ေနတဲ့မ်က္ဝန္းေလးေတြမွာလည္းဝမ္းနည္းမႈအတိပါပဲ။
ပံုရိပ္ကိုယ္တိုင္ကမိခင္ဖခင္နဲ႔ေဝးေနတာေၾကာင့္
ဒီေကာင္ေလးရဲ့ခံစားခ်က္ကိုစာနာေပးႏိုင္ပါတယ္။
လူတစ္ေယာက္ကိုမေျပာနဲ႔ မၾကာခင္ကမွဆံုးရႈံးလိုက္ရတဲ့ ေၾကာင္က‌ေလးရဲ့အေၾကာင္းကိုျပန္ ေတြးမိရင္ေတာင္ ရင္ထဲမွာဆို႔နင့္လာတတ္တယ္။
ပံုရိပ္ကေတာ့ ေတာ္ရံုကိစၥနဲ႔၀မ္းမနည္းတတ္တယ္။ေကာင္ေလးကေတာ့ ကိုယ္တိုင္ဘာမွမစြမ္းေဆာင္
ႏိုင္တဲ့ အရြယ္ေလးမွာ မ်က္ရည္ကသာသူ႔အတြက္ ျဖည္သိမ့္ရာလက္တစ္စံုထင္ပါရဲ့ ။

"လက္ဖက္ရည္ဆိုင္မွာအလုပ္လုပ္တာ
ရက္ႏွစ္ဆယ္ခပဲလား....အခ်ိန္ပိုေတြေရာဆင္းရေသးလား...."

"ဆင္းရတာေပါ့မႀကီးရာ....ေဘာလံုးပဲြရိွတဲ့ေန့ေတြဆိုရင္....အိမ္ေတာင္ျပန္ရတာမဟုတ္ဘူး..
ညႏွစ္နာရီ၊သံုးနာရီေလာက္အထိ လုပ္ရတာ...
လူဆိုမ်က္ကြင္းေတြကို ညိုထြက္ၿပီးပန္းေနေရာပဲ...
ဆိုင္မွာအိပ္ငိုက္တာတို႔ဘာတို႔ဆိုရင္ မႀကိဳက္ဘူးဗ်...ဆူလည္းဆူတယ္...ရိုက္လည္းရိုက္တယ္...

အသက္ဆယ့္ႏွႏွစ္သာ ရိွေသးတဲ့ေကာင္ေလးရဲ့အခက္အခဲေတြက ၾကားရတာနဲ႔တင္ စိတ္ခ်မ္းေႁမ့စရာ တစ္ကြက္မွမရိွဘူး။
ပံုရိပ္ကလည္း ဆင္းရဲတဲ့မိသားစုကေနေပါက္ဖြားလာသူဆိုေပမဲ့ ဒီေကာင္ေလးေလာက္ေတာ့
ဘ၀မနာဖူးေသးဘူး။
ပံုရိပ္ရဲ့ကံကပဲေကာင္းေနေသးတာလားေတာ့မေျပာတတ္ဘူး။ဒါ‌ေပမဲ့ ပံုရိပ္သာဒီေကာင္ေလးေနရာမွာဆိုရင္ေတာ့ ဒီေလာက္အထိအႏိုင္က်င့္ခံရမွာမဟုတ္ေလာက္ဘူးထင္ပါတယ္။
ဘာေၾကာင့္လဲဆိုရင္ ပံုရိပ္ကၿငိမ္ခံေနမဲ့လူစားမ်ိဳးမဟုတ္လို႔ပဲ။

"လစာကေရာ...ဘယ္‌ေလာက္ရလဲ...."

"လစာကေတာ့ တစ္ေန့မွ သံုးေထာင့္ငါးရာေလာက္ရတာပါဗ်ာ....ဟိုဟာႏႈတ္ဒီဟာႏႈတ္နဲ႔ ေနာက္ဆံုးၾကေတာ့ တစ္သိန္းေတာင္မျပၫ့္ဘူး....
သားတို႔ကက်ူးေက်ာ္ရပ္ကြက္မွာေနလို႔သာ
အိမ္လခမကုန္တာ...မဟုတ္ရင္...ဘယ္လိုရွင္သန္ရမလဲေတာင္ သိမွာမဟုတ္ဘူး...."

"ေတာ္ေတာ္အျမတ္ႀကီးစားတဲ့လူေတြပဲ ခိုင္းေတာ့တနင့္တပိုးခိုင္းၿပီး ေပးတဲ့လစာၾက ငံုးစိေလာက္နဲ႔...ျဖတ္စားလာဒ္စားကလုပ္‌ေသးတယ္....
ေတာ္ေတာ္အက်င့္ယုတ္တဲ့ ဆိုင္ရွင္...."

"ျဖတ္စားတာက သူေဌးမဟုတ္ဘူးဗ်....သူေဌးရဲ့ညီ..."

"ဘယ္လိုခုဏက ၀တုတ္ႀကီးကဆိုင္ပိုင္ရွင္မဟုတ္ဘူးလား...."

"မဟုတ္ဘူးဗ်...ဆိုင္ပိုင္ရွင္ရဲ့ညီ၀မ္းကဲြပါ..
သူေဌးကႏိုင္ငံျခားမွာေနတာ....ဟိုတစ္ေလာကေတာ့ျပန္ေရာက္တယ္လို႔အသံၾကားတယ္...
တစ္ခါမွေတာ့သားလည္းမေတြ့ဖူးဘူး....
သားအိမ္ျပန္ေတာ့မယ္မႀကီးရယ္....
ဒီမွာထိုင္ငိုေနလို႔လည္း ဘာမွထူးလာမွာမဟုတ္ဘူး....အေမကအိမ္မွာတစ္ေယာက္တည္းက်န္ခဲ့တာ...."

"ေနဦးေလ...."

ပံုရိပ္လည္း အုတ္ခံုေပၚမွခံုဆင္းလိုက္သၫ့္
ထိုေကာင္ေလးရဲ့လက္ေကာက္၀တ္ကို အလ်ွင္စလိုလွမ္းဆဲြပစ္လိုက္သည္။ေကာင္ေလးကေတာ့ အံ့ဩတာေရာ သူ႔ကိုတစ္ခုခုလုပ္မယ္အထင္နဲ႔လန႔္တာပါေပါင္းၿပီး မ်က္လံုးေလးျပဴးကာ ထူးဆန္းသလိုၾကၫ့္လာသည္။
ေကာင္ေလးရဲ့ မ်က္၀န္းေတြကို ခပ္စူးစူးစိုက္ၾကၫ့္လိုက္မိသည္။ကိုယ္တိုင္က အားနည္းသူဆိုေပမဲ့
ကိုယ့္ထက္အားနည္းတဲ့ ဒီေကာင္ေလးကိုကူညီေပးခ်င္တဲ့ စိတ္ေတြကတစ္သတ္နဲ႔တစ္ကိုယ္ပထမဆံုးျဖစ္တည္လာတဲ့ ဆႏၵေလးပဲ။
ေကာင္ေလးရဲ့ လက္ကိုဆဲြကာ လက္ဖက္ရည္ဆိုင္ဆီသို႔ ေျမၾကီးကို အားျပင္းျပင္းနင္းေဆာင့္၍ လွမ္းသြားေနမိသည္။

"မႀကီး....သားကိုဘယ္ေခၚသြားမလို႔လဲ..."

"နင္ပဲ....ရက္ႏွစ္ဆယ္စာ လုပ္အားခလိုခ်င္တယ္ဆို...သြားေတာင္းၾကမယ္ေလ..."

"ဗ်ာ...."

"ဗ်ာ.."တစ္လံုးသာေရရႊတ္လိုက္ရသၫ့္
ေကာင္ေလးဟာပံုရိပ္ရဲ့ေခၚေဆာင္ရာအတိုင္း
လြန္ခဲ့တဲ့မိႏွစ္ပိုင္းကမွ ေခြးေမာင္းသလို
ေမာင္းအထုတ္ခံလိုက္ရသၫ့္  ဆိုင္ထဲသို႔ျပန္ေရာက္ခဲ့ေလေတာ့သည္။ပံုရိပ္နဲ႔ေကာင္ေလး၀င္လာတာကိုျမင္ေတာ့ ဦး၀တုတ္ဆိုသၫ့္လူႀကီးက ေကာင္တာေနာက္မွခံုတြင္ အၿငိမ့္သားထိုင္ေနရာမွ ေဒါသအလြန္ထြက္သြားေသာ မ်က္ႏွာၾကမ္းႀကီးႏွင့္
ပံုရိပ္တို႔ႏွစ္ေယာက္ကို ၾကၫ့္လာသည္။

"ဟိတ္ေကာင္ေလး....မင္းကိုငါ့ဆိုင္ရိပ္ေတာင္
လာမနင္းဖို႔ေျပာထားတယ္မဟုတ္လား
....သူေတာင္းစားေလး...မင္းကအဆဲလာေတာင္းတာလား...တုတ္လာေတာင္းတာလား....
လူစကားကိုနားမလည္ဘူးလား....
အခုခ်က္ခ်င္းငါ့ဆိုင္ေရ႔ွကေနထြက္သြား...."

"ဦးေလး...လူႀကီးျဖစ္ၿပီးစကားကိုေကာင္းေကာင္းေျပာပါ....ကိုယ့္ဆိုင္မွာအလုပ္လုပ္ေပးခဲ့တဲ့
လူတစ္ေယာက္ကို ဒီလိုႏိုင့္ထက္စီးနင္း...မေျပာပါနဲ႔...."

"ေအာင္မယ္....ညည္းကဘာမို႔လို႔ လာ၀င္ပါေနတာလဲ....၀ယ္စရာရိွတာ၀ယ္ခ်င္၀ယ္..
မဟုတ္ရင္ကိုယ့္လမ္းကိုယ္သြားေနာ္...."

ေက်ာင္းစိမ္း၀တ္စံုႏွင့္ သူ႔အားျပန္ရန္ေတြ့ေနသၫ့္ကေလးမကို ဦး၀တုတ္ဆိုသူက ေအာ္ေငါက္၍ေျပာပစ္လိုက္သည္။

ေကာင္ေလးကေတာ့ ကေလးပီပီေၾကာက္တတ္တာေၾကာင့္ ပံုရိပ္၏အေနာက္တြင္သာ ေခါင္းေလးငံု႔၍ငိုေနရွာေလသည္။ပံုရိပ္ကေတာ့ လြယ္အိတ္ကိုအေနာက္ဘက္သို႔ လႊဲခ်လိုက္ၿပီး နဂိုကမွထဘီကိုေျခသလံုးအလည္ေလာက္အထိ ၀တ္တတ္တာေၾကာင့္ တရုတ္သိုင္းကားေတြထဲကလို သိုင္းခ်ခါနီးဟန္ေရးျပင္ေနသၫ့္နယ္ ေျခေထာက္ႏွစ္ေခ်ာင္းကို ခ်ဲကာ လက္ကိုဟန္ပါပါပိုက္ပစ္လိုက္သည္။
ေမးကိုပါအစစ္ေမာ့လိုက္ေသးသည္။
မေမာ့လို႔လည္းမရ...ထို၀တုတ္ႀကီးက ကိုယ္ထက္အရပ္ရွည္ ေနသည္။

"ကၽြန္မကသူ႔အစ္မပဲ..ဦးေလးရဲ့ဆိုင္အစုတ္ပလုတ္
ထဲကို ၀င္ခ်င္လြန္းလို႔ ထင္မေနနဲ႔ကၽြန္မေမာင္ေလးရဲ့ လုပ္အားခကိုလာေတာင္းတာ..."

"ေအာင္မာ....လူၾကၫ့္ေတာ့စုတ္ခၽြန္းခၽြန္းနဲ႔...
ဒီလိုဆိုင္အစုတ္ပလုတ္မ်ိဳးေတာင္ ဖြင့္ႏိုင္တာၾကလို႔
ဖင္ေခါင္းကေတာ့ အေတာ္က်ယ္တယ္...
ေမာင္ေတြဘာေတြလာရႊီးမေနနဲ႔ ဒီေကာင့္မွာ
ဘာအစ္မမွ မရိွဘူး...ေဟ့ေကာင္ေခြးသား....
မင္းကတစ္ေယာက္တည္းမႏိုင္ေတာ့ စစ္ကူေခၚလာတာေပါ့ဟုတ္လား....မင္းကဘာေကာင္လဲ...ဟမ္း!!!"

"အား...မႀကီး!!!!!!"

၀တုတ္ႀကီးက ပံုရိပ္ရဲ့အေနာက္မွာပုန္းေနသၫ့္ေကာင္ေလးကို ဆဲြထုတ္ၿပီးရိုက္မယ္ႀကံေတာ့ ပံုရိပ္လည္း အေရ႔ွမွကာရပ္လိုက္ၿပီး ထိုလူႀကီးရဲ့
ဗိုက္ပူႀကီးကို လက္နဲ႔ေဆာင့္တြန္းပစ္လိုက္သည္။
ထိုလူႀကီးက ဘာမွမျဖစ္ေပမဲ့ ပံုရိပ္နဲ႔ေကာင္ေလးကေတာ့ ေနာက္သို႔ေျခလွမ္း ႏွစ္လွမ္းဆုတ္လိုက္ရသည္။အားမတန္‌မာန္ေလ်ွာ့တာမ်ိဳးမဟုတ္ပဲ
ေရ႔ွကိုခ်ီတက္ဖို႔ အရိွန္ယူလိုက္ျခင္းပါပဲ။
ဆိုင္ထဲမွ လူေတြကလည္း ေနရာမွမထၾကေပမဲ့
စူးစမ္းသလို႔ ဝိုင္းၾကၫ့္ေနၾကေလသည္။
ပံုရိပ္ကေတာ့ ကေလးေတြအႏိုင္က်င့္ခံေနရတာကို ကူညီမေပးတဲ့လူေတြဆိုၿပီး စိတ္ထဲမွႀကိမ္ဆဲေနမိသည္။

"ဟိတ္ေကာင္မေလး....ညည္းကဘာအေၾကာလာေထာင္တာလဲ....ကိုယ့္လမ္းကိုယ္သြားေနာ္..
မဟုတ္ရင္ ငါလုပ္လိုက္လို႔ အရိုးတစ္ျခားအသားတစ္ျခားျဖစ္သြားမယ္...."

"ကိုယ့္လမ္းကိုယ္သြားေစခ်င္ရင္....ကၽြန္မေမာင္ေလးရဲ့ လုပ္ခ လစာရက္ႏွစ္ဆယ္ခကို အခုခ်က္ခ်င္းထုတ္ေပး...ခိုင္းတုန္းကေတာ့ကၽဲြခိုင္း၊
ႏြားခိုင္း ခိုင္းထားၿပီး အလုပ္ကေလးႏွစ္ရက္ပဲပ်က္တာကို ထုတ္ပစ္တယ္...."

"ေဟ့...ဘာလုပ္ခမွမေပးႏိုင္ဘူး....မေက်နပ္ရင္...ႀကိဳက္တဲ့ေနရာကိုသြားတိုင္...."

အံကိုတင္းေနေအာင္ဖိႀကိဳက္ထားလိုက္မိသည္။
ေအာက္တန္းက်လိုက္တဲ့ အလုပ္ရွင္။
အခ်ိန္ေတြ အင္အားေတြအကုန္ခံၿပီး ေပးဆပ္ထားရေပမဲ့ ထိုက္သင့္တဲ့တန္ဖိုးကို ေပးရမွာေတာ့
ေသမေလာက္ေၾကာက္ေနတယ္။
တကယ့္ကို အရင္းရွင္စိတ္ဓာတ္အျပၫ့္နဲ႔ပါပဲလား။
သူ႔ရဲ့မ်က္လံုး‌ထဲမွာ ကေလးတစ္ေယာက္က
ဘာတန္ဖိုးမွမရိွတဲ့ အမိႈက္တစ္စလို႔ပဲ ျမင္ေနပံုရတယ္။

အသက္မျပၫ့္ေသးတဲ့ကေလးတစ္ေယာက္ဟာ ခိုင္းရင္ခိုင္းတဲ့အတိုင္းလုပ္ေပးၿပီး ေၾကာက္တတ္ၾကတာေၾကာင့္ အထြန႔္မတတ္ရဲၾကဘူး။
အလုပ္သမားတစ္ေယာက္ရဲ့ ပ်ွမ္းမ်ွတစ္ေန့လုပ္အားခဟာ ဘယ္ေလာက္ဆိုတာလည္း
သူတို႔မသိၾကဘူး။အလုပ္ရွင္ေတြကလည္း ဒါကိုပဲ လိုခ်င္ၾကတယ္။လုပ္အားခ အမ်ားႀကီးမေပးရပဲ ကေလးေတြကခိုင္းလို႔ေကာင္းေနသည္မဟုတ္ပါလား။

ကာကြယ္ေပးမဲ့ တရားမ်ွတ‌ေရးခ်ိန္ခြင္ဆိုတာကလည္း  အေမွာင္ထဲမွာခပ္ပ်ပ်ျမင္ေနရတဲ့ အလင္းေရာင္တစ္ခုလိုပဲ မိွန္တုတ္မိွန္တုတ္နဲ႔ ဘာမွရွင္းရွင္းလင္းလင္းမျမင္ရဘူး။
အသက္မျပၫ့္ေသးတဲ့ ကေလးေတြက
ဘာမသိညာမသိနဲ႔ လုပ္ငန္းခြင္၀င္ေနရၿပီး ရလာတဲ့အသီးအပြင့္ကိုေတာ့ အလုပ္ရွင္နဲ႔သူတို႔ရဲ့မိဘေတြက စားၾကတယ္။နစ္နာလိုက္တဲ့ ဘ၀ေတြ။

"တိုင္ခ်င္ရာ တိုင္လို႔ဦးေလးရဲ့ ပါးစပ္ကေနေျပာတာေနာ္....ဒီကေနျပန္ရင္ကၽြန္မအုပ္ခ်ဳပ္ေရးမွဴးကို သြားတိုင္မယ္....ဥပေဒမွာအသက္၁၄ႏွစ္ေအာက္ကေလးေတြကို အလုပ္ခိုင္းတာက တရားမ၀င္ဘူးလို႔ ထုတ္ထားၿပီးသား....ကၽြန္မေမာင္ေလးက အခုမွအသက္ဆယ့္ႏွႏွစ္ပဲ ရိွေသးတဲ့အတြက္ ဦးေလးကိုအေရးယူခိုင္းလို႔ရတယ္...လုပ္ခလစာလည္းအျပၫ့္မေပးတဲ့အျပင္ ဆဲဆိုႀကိမ္းေမာင္းခံရတာေတြပါ တိုင္ပစ္မယ္...ေထာင္ၾကရင္ေတာ့ ၅လကေန ၈ႏွစ္ပဲ...ဒဏ္ေၾကးေဆာင္ရရင္ေတာ့ သိန္းဆယ္နဲ႔ခ်ီၿပီသာမွတ္ အဲ့ၾကမွကၽြန္မအဆိုးလာမဆိုနဲ႔
တကယ္လုပ္မွာ....."

"ဟာ...ဟဲ့ေကာင္မေလး....ေနဦး...."

လွၫ့္ထြက္လာသၫ့္ ပံုရိပ္တို႔‌ရဲ့အေရ႔ွသို႔ ဗိုက္ႀကီးလႈပ္တုတ္လႈပ္တုတ္နဲ႔ ေျပးလာၿပီးပိတ္ရပ္လိုက္သၫ့္ ၀တုတ္ႀကီးကို ပံုရိပ္လည္းစုပ္တစ္ခ်က္သပ္ၿပီး မ်က္ခံုးပင့္ကာ ခပ္မာမာပဲစိုက္ၾကၫ့္ေပးလိုက္သည္။ထိုလူႀကီးက သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး
ပံုရိပ္ကို ဟန္လုပ္ကာႃပံုးျပလာသည္။အေနာက္မွာ ပတ္က်ိေလးလိုကပ္ေနသၫ့္ ေကာင္ေလးကေတာ့
နားမလည္ႏိုင္စြာ မ်က္ေမွာင္ႄကံု႔သြားသည္။

"ညည္းေမာင္အတြက္ ရက္ႏွစ္ဆယ္စာလခကို
ငါအခုပဲထုတ္ေပးလိုက္မယ္....ညည္းဟိုတိုင္သည္တိုင္ေတာ့ေလ်ွာက္မလုပ္နဲ႔...."

"အဲ့ဒါကေတာ့ ပိုက္ဆံကိုျမင္မွပဲ ကတိေပးႏိုင္မယ္..."

လက္ပိုက္ကာ ခပ္မဲ့မဲ့ေျပာေနသၫ့္ လက္ေတာက္ေလာက္ကေလးမကို ၀တုတ္အဖို႔စိတ္တိုလြန္း၍
ကိုင္ေပါက္ပစ္လိုက္ခ်င္သည္။
ရန္ေတြ့လိုက္တာကလည္း ကပ္ကပ္လန္လို႔
ေျပာလိုက္တဲ့ စကားလံုးေတြကလည္းအရြယ္နဲ႔မမ်ွဘူး။စကားေျပာေပါက္ကို ၾကၫ့္ရသေလာက္ေတာ့
သူ႔ေဆြမ်ိဳးထဲက တစ္ေယာက္ေယာက္ဟာေရ႔ွေနေတြ ဘာေတျြဖစ္ေနႏိုင္တယ္။

မဟုတ္ရင္ ဒီမေလာက္ေလး မေလာက္စားက
ဒီစကားေျပာထြက္ပါ့မလား။ဟိုေကာင္ေလးရဲ့ အစ္မအရင္းလည္းဟုတ္မယ္မထင္ဘူး။
ႏွစ္‌ေကာင္သားက ေဘးခ်င္ယွဉ္ရပ္ေနတာေတာင္ ငါးႀကီးေျခာက္နဲ႔မုန္လာဥျဖဴကို အတူထားထားသလို ကြာလိုက္တဲ့အေရာင္အဆင္း...။
ဒီကျမင္းမသမီးကို ေၾကာက္လို႔ေတာ့မဟုတ္ေပမဲ့ ကိုယ္တိုင္ကလည္း အစ္ကိုျဖစ္သူဆီက‌ေန
ေခ်းထားတဲ့အရင္းအႏွီးနဲ႔  အစ္ကို႔ေျမေပၚမွာ
ဆိုင္တည္ထားရေတာ့ တစ္ခုခုအတိုင္အေတာခံရရင္ ကိုယ္ပဲနစ္နာမွာ...။
ဒီငနဲမေလးက ရုပ္ၾကၫ့္တာနဲ႔တင္ အေၾကာက
ျမင္းမိုလ္ေတာင္ေလာက္ေထာင္မဲ့ရုပ္မွန္း
 ေျပးမၾကၫ့္ေတာင္ေတြးၾကၫ့္တာနဲ႔သိတယ္။

"ႏွစ္ေကာင္လံုး ငါ့ေနာက္လိုက္ခဲ့...."

"ဘာလုပ္မလို႔လဲ....."

သတၲိရိွခ်င္ေယာင္ေဆာင္ထားရေပမဲ့ ၀တုတ္ႀကီးရဲ့အေနာက္ကိုေတာ့ ဘာမွန္းညာမွန္းမသိပဲ မလိုက္ရဲေပ။ထို႔ေၾကာင့္ ေကာင္ေလးနဲ႔ ပံုရိပ္တို႔တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ၾကၫ့္လိုက္မိၾကသည္။

"ဟိတ္....နင္တို႔ပဲလုပ္အားခလိုခ်င္တယ္ဆို...
ဟိုနားကေကာင္တာကိုလာခဲ့..."

"အေစာတည္းက အဲ့လိုရွင္းရွင္းလင္း‌လင္းေျပာေလ..."

"ေအာင္မယ္....နင္တို႔ကိုပဲရွင္ဘုရင္ကိုေလ်ွာက္သလို သံရွည္ဆဲြၿပီးငါက သံေတာ္ဦး‌တင္ေနရအံုးမွာလား...ငါ့မွာအလုပ္ရိွေသးတယ္..နင္တို႔လိုအားယားမေနဘူး...ေရာ့ဒီ‌မွာပိုက္ဆံအျမန္လာယူ...."

ကၽြန္မတို႔လည္း အားယားမေနပါဘူးေနာ္လို႔ ျပန္ေျပာလိုက္ခ်င္ေပမဲ့ ေကာင္တာေပၚကိုပစ္တင္လိုက္တဲ့ ပိုက္ဆံတစ္ေထာင္တန္ေတြကိုသာ ေကာက္ယူၿပီး ေရၾကၫ့္လိုက္သည္။
တစ္ေန့လုပ္ခသံုးေထာင့္ငါးရာကိုမွ ရက္ႏွစ္ဆယ္စာကို ခုႏွစ္ေသာင္းေတာင္မျပၫ့္ပဲ ေျခာက္ေသာင္းသာေပးလာတယ္။အမွန္ဆိုရင္ အခ်ိန္ပိုဆင္းရတာေတြပါ ေပးရင္တစ္သိန္းေတာ့ေက်ာ္ရေပမည္။
 ေျခာက္ေသာင္းတန္အုပ္ကို ေကာင္တာအျဖစ္သတ္မွတ္ထားသၫ့္ သစ္သားခံုေပၚသို႔ "ဗုန္း"ခနဲျမည္ေအာင္ ေဆာင့္ခ်ပစ္လ္ုသည္။

"ဟိတ္...ညည္းဒါဘာလုပ္တာလဲ...."

"ဘာလုပ္တာလဲဟုတ္လား...."

ေကာင္တာကို လက္ေထာက္ၿပီး မ်က္ေမွာင္ႄကံု႔ကာ
မိုက္ကန္းကန္းၾကၫ့္လာသၫ့္ ‌ေကာင္မေလးကို ၀တုတ္ကလည္း ျပန္ေအာ္သည္။
ငဂ်စ္ကေလးရဲ့  ေဒါသမ်က္၀န္းအိမ္ဟာ မ်က္ေတာင္တစ္ခ်က္ေတာင္ မခတ္သြားဘူး။

"ညည္းတို႔လိုခ်င္တဲ့ ပိုက္ဆံရၿပီေလ...ဘာထပ္ရႈပ္အံုးမလို႔လဲ...."

"ဘာကို ညည္းတို႔လိုခ်င္တဲ့ပိုက္ဆံလည္း
တစ္ေန့လုပ္ခက သံုးေထာင့္ငါးရာကိုရက္ႏွစ္ဆယ္ေၾကး ခုႏွစ္ေသာင္းျဖစ္ရမွာမဟုတ္ဘူးလား...
ညဘက္ေတြလည္း ေသေလာက္ေအာင္မအိပ္မေနခိုင္းၿပီး အခ်ိန္ပိုေၾကးလည္း တစ္ျပားမွထၫ့္မေပးဘူး....ဦးေလးကဒီလိုပဲလုပ္ေနၾကလား...ကေလးေတြက ဘာမွမသိတဲ့ငတံုးေလးေတြဆိုၿပီး...
ၫွပ္ခ်လို႔ရတိုင္း...ကၽြန္မကိုနည္းလမ္းေဟာင္းေတြလာမသံုးနဲ႔..."

"ေဟ့....ညည္းစကားေျပာတာ တရားမလြန္လာနဲ႔
....ငါကတန္ရာတန္ေၾကးေပးေနတာေနာ္...
မလိုခ်င္ရင္ မယူနဲ႔...."

"ေအာင္မာ....ဘာတန္ရာတန္ေၾကးလည္း...အခုမွဆယ္ႏွစ္ေက်ာ္ရံုရိွေသးတဲ့ကေလးေတြကို ႏြားလိုကၽဲြလို ရုန္းခိုင္းၿပီး ဆန္ကဲြတစ္ဆုပ္ေလာက္ေလး
ခ်ကၽြေးတာကို တန္ရာတန္ေၾကးေပးတာေပါ့ ဟုတ္လား...သူတို႔အသက္အရြယ္နဲ႔မမ်ွတဲ့အလုပ္ကိုလုပ္ရၿပီး...သူတို႔ရဲ့အခ်ိန္ေတြ ခၽြေးေတြကိုအကုန္ခံထားရတာ...ဒီတစ္ပဲေျခာက္ျပားနဲ႔တန္ရာတန္‌ေၾကးလာျဖတ္ေနတာလား!!!!!!!..."

ပိုက္ဆံ‌ထုပ္ကို ခံုေပၚသို႔ထပ္မံကိုင္ေဆာင့္ခ်လိုက္သၫ့္ ေကာင္မေလးအား ၀တုတ္လည္းေစာင္းမဲမဲျပန္စိုက္ၾကၫ့္လိုက္သည္။ထိုေကာင္မေလးရဲ့ မ်က္၀န္းေတြကေတာ့ မီးေတာင္ငယ္တစ္ခုေပါက္ကဲြေတာ့မၫ့္နယ္ နီရဲေတာက္ေလာင္ေနသည္။ ဒီေကာင္မေလးကို ဒီေလာက္အေၾကာတင္းလိမ့္မယ္လို႔ မထင္မိလို႔ လုပ္ရိုးလုပ္စဉ္အတိုင္း ပိုက္ဆံကိုအျပၫ့္မေပးပဲ ထိန္ခ်န္ထားလိုက္မိေပမဲ့ ဒီငနဲမကတစ္စက္မွမ‌ေလ်ာ့ပဲ အဆံုးအထိ လာရစ္ေနသည္။

"ဒီမွာ ညည္းတို႔ဒီပိုက္ဆံကို ယူၿပီးသြားမလား
မသြားဘူးလား....မဟုတ္ရင္ပိုင္နက္က်ူးေက်ာ္မႈနဲ႔ ငါ့ဘက္ကလည္း ညည္းတို႔ကိုျပန္စြပ္စဲြလို႔ရတယ္ေနာ္...."

"ဟား...ဟား...စဲြခ်င္တဲ့အမႈနဲ႔စဲြလိုက္စမ္းပါ
ကၽြန္မတို႔ႏွစ္ေယာက္လံုးတစ္ေယာက္မွ
အသက္မျပၫ့္ေသးဘူး...
ဘယ္သူမွန္လည္း မွားလည္းဆိုတာ
ဆိုင္ထဲကလူေတြအကုန္လံုး သက္ေသရိွတယ္...
ကၽြန္မလည္း တစ္ခြန္းပဲေျပာ‌မယ္...ရံုးမွာသြားၿပီး
သိန္းဆယ္နဲ႔ခ်ီဒဏ္ေၾကးေဆာင္ခ်င္လား...ကၽြန္မေမာင္ေလးရဲ့ လုပ္အားခကိုအျပၫ့္ေပးမလား...
ဒါ‌ပဲေျပာ..."

ကို၀တုတ္တစ္ေယာက္ ခၽြေးေတြနဲ႔ေရာၿပီး မ်က္ႏွာကအဆီျပန္လာတာေၾကာင့္ လက္နဲ႔သပ္ခ်လိုက္ရသည္။သူ႔ဘ၀မွာ တစ္ခါမွဒီလိုလာၿခိမ္းေျခာက္တဲ့ကိစၥမ်ိဳးမႄကံုဖူးေသးေတာ့ အေရးယူခံရမွာေတြဆိုရင္ ေသမေလာက္ေၾကာက္သည္။
ေနာက္ဆံုးေတာ့ ကိုယ္ပဲအေလ်ွာ့ေပးဖို႔ ဆံုးျဖတ္လိုက္ရသည္။

"ကို၀တုတ္ရယ္ ကေလးေတြနဲ႔ၿပိဳင္ၿပီးျငင္းမေနပါနဲ႔ ေပးစရာရိွတာေပးလိုက္ၿပီးေရာ...."

"ေအးေလဗ်ာ...ခင္ဗ်ားကလည္း အလုပ္ခိုင္းၿပီးလုပ္ခေတာ့ ျပၫ့္ေအာင္ေပးလိုက္ေပါ့ဗ်ာ..."

"ေအးေလ...."

ဆိုင္ထဲမွ လာေနၾကေဖာက္သည္ေတြကပါ တစ္ေယာက္တစ္ေပါက္ေျပာလာတာေၾကာင့္ ၀တုတ္လည္း အံဆဲြကိုဖြင့္ၿပီး ေလးေသာင္းကိုေရလိုက္ကာ ေျခာက္ေသာင္းတန္အုပ္ေပၚသို႔ တင္ေပးလိုက္သည္။

"ရၿပီမလား...အဲ့မွာတစ္သိန္း...."

"ဟမ္...အခ်ိန္ပိုဆင္းခက ဘယ္ေခ်ာင္ထဲေရာက္သြားရတာလဲ...အရင္ကအခ်ိန္ပိုေၾကးေတြပါေရာရင္ ေနာက္ထပ္တစ္သိန္းေလာက္ထပ္ေပးမွရမယ္..."

"မေပးႏိုင္ဘူးေဟ...မေပးႏိုင္ဘူး...."

"ေကာင္းၿပီေလ...ဒါဆိုလည္းေမာင္ေလးေရ
...အုပ္ခ်ဳပ္ေရးမွဴးဆီပဲ သြားၾကရေအာင္..."

"ဟာ...ညည္းဘယ္လိုျဖစ္ေနတာလဲ ေရာ့ဒီမွာ
ငါးေသာင္း...ႏွစ္သိန္းေတာ့မေပးႏိုင္ဘူး...သူတို႔ရဲ့စားစာရိတ္ေတြပါ ႏႈတ္လိုက္ရင္ တစ္သိန္းခဲြေတာ့ရမယ္..."

အုပ္ခ်ဳပ္ေရးမွဴးဆိုတဲ့အသံကိုၾကားတာနဲ႔ ဖင္တုန္ေအာင္ေၾကာက္တတ္မွန္းသိလို႔ တမင္အၫွာကိုကိုင္လိုက္ေတာ့ ပံုရိပ္ကိုလက္ၫွိုးတထိုးထိုးနဲ႔ မေက်
မနပ္ၾကၫ့္လာၿပီး ငါးေသာင္းထပ္ထုပ္ေပးလာသည္။
ပံုရိပ္လည္း တစ္သိန္းခဲြအုပ္ကိုယူလိုက္ၿပီး ထို၀တုတ္ႀကီးကို တၫ့္တၫ့္ၾကၫ့္ပစ္ကာ
ေကာင္ေလးကို လက္ဆဲြ၍ခ်ာကနဲလွၫ့္ထြက္လာလိုက္သည္။

"ေရာ့....ဒီမွာနင့္ရဲ့လုပ္အားခ....."

သူ႔လက္ထဲကိုေရာက္လာသၫ့္ တစ္သိန္းခဲြတန္ပိုက္ဆံထုပ္ကိုၾကၫ့္ေနရင္းမွာ ေကာင္ေလးဟာမ်က္ရည္ေတြ က်လာျပန္သည္။ေတာ္ေတာ္အငိုသန္တဲ့ ေကာင္ေလးပဲလို႔ပံုရိပ္မွတ္ခ်က္ခ်မိသည္။
အသားအရည္က မဲညစ္ညစ္ကေလးျဖစ္ၿပီး ခႏၶာကိုယ္ကလည္းပိန္သည္။ပံုရိပ္ကို ေက်းဇူးရွင္ႀကီးတစ္ေယာက္လို ၾကၫ့္ေနေတာ့ ကိုယ္ေတာင္
မေနတတ္မထိုင္တတ္ေတာ့သလိုပဲ။

"ေက်းဇူးတင္လိုက္တာ မႀကီးရာ..ဒီကေနျပန္ရင္
အေမ့ကို ေဆးခန္းျပလို႔ရၿပီဗ်..မႀကီးကိုကၽြန္ေတာ္ထိုင္ကန္ေတာ့ခ်င္လိုက္တာ...."

"အမယ္ေလး...မလုပ္ပါနဲ႔ကိုယ္ေတာ္ရယ္...
နင့္အေမႀကီးဖ်ားေနတယ္ဆို...အျမန္ျပန္ေတာ့ေလ....ပိုက္ဆံကိုလည္း ေသခ်ာသိမ္းထားေနာ္..."

"ဟုတ္ကဲ့ပါမႀကီး....သားသြားၿပီေနာ္..."

မ်က္ရည္ေလးစမ္းစမ္းႏွင့္ ပံုရိပ္ကိုႏႈတ္ဆက္ၿပီးထြက္သြားတဲ့ ေကာင္ေလးဟာ ေျခဆယ္လွမ္းေလာက္အေရာက္မွာ ပံုရိပ္ကိုျပန္လွၫ့္ၾကၫ့္လာသည္။

"မႀကီးက....အုပ္ခ်ဳပ္ေရးမွဴးနဲ႔ရင္းႏွီးလို႔လား...."

"..အုပ္ခ်ဳပ္ေရးမွဴးနဲ႔ရင္းႏွီးဖို႔မေျပာနဲ႔ ရပ္ကြက္ရံုးဘယ္မွာမွန္းေတာင္ ငါမသိဘူး...."

ထိုစကားကိုၾကားေတာ့ ေကာင္ေလးကရယ္က်ဲက်ဲေလးလုပ္ၿပီး ေငြထုပ္ကေလးကိုပိုက္ကာ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေတာ့သည္။
မိုးဖဲြေလးေတြ က်ေနသၫ့္ လမ္းမေပၚတြင္ ပံုရိပ္တစ္ေယာက္တည္းသာ က်န္ေနခဲ့ေတာ့သည္။
အိမ္ေရာက္ရင္ေတာ့ လမ္းမွာၾကာေနတဲ့အတြက္ အေဒၚက ေသခ်ာေပါက္ဆူမွာပဲ။
ဒါေၾကာင့္ ဆင္ေျခေပးဖို႔ ႀကိဳတင္စဉ္စားေနရေသးသည္။

တကယ္ေတာ့ ဒီေကာင္ေလးကိုကူညီျဖစ္တာကလည္း အေဒါ့္ေၾကာင့္ပါပဲ။
အေဒၚဟာ ေဈးေရာင္းကေနျပန္လာရင္ သူေရာင္းခဲ့တဲ့အိမ္ကသူေဌးက အိမ္အလုပ္ကူဖို႔ဆိုၿပီး ကေလးေတြကိုေခၚခိုင္းတဲ့အေၾကာင္းနဲ႔ ထိုကေလးေတြဟာဘယ္လိုဆူဆဲခံ အရိုက္ခံရတာ စသည္ျဖင့္
ေဖာက္သည္ခ်တတ္သည္။
ဟိုတစ္ေလာက သတင္းစာထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ေတြ လုပ္ငန္းခြင္ထဲတြင္အၫွာအတာမဲ့ ႏိွပ္စက္ခံရတဲ့‌ အေၾကာင္းေတြကို ဖတ္လိုက္ရေတာ့ ေကာင္ေလးရဲ့အျဖစ္ကိုစာနာမိသြားခဲ့တယ္။ဒီေကာင္ေလးရဲ့ေနရာမွာ ငါ့ညီ၊ညီမေလးေတြဆိုရင္လို႔ ေတြးလိုက္မိေတာ့ပိုရင္နာရတယ္။
တကယ္တမ္းေတာ့ ဦး၀တုတ္ဆိုတဲ့ဦးေလးကို ပံုရိပ္အနည္းငယ္ေၾကာက္မိတယ္။ေကာင္ေလးကို ကူညီခ်င္လို႔သာ သတၲိေမြးခဲ့ရေပမဲ့ ဒီလူႀကီးသာစိတ္မေပ်ာ့ရင္ ပံုရိပ္အခုေလာက္ဆို ရိုက္ႏွ က္ခံလိုက္ရမွာ ေသခ်ာတယ္။
အသက္မျပၫ့္ေသးတဲ့ကေလးကို နင္တို႔ကေရာဘာလို႔အလုပ္လုပ္ခိုင္းသလဲလို႔ ေမးလာခဲ့ရင္ေတာ့ ငုတ္တုတ္ေမ့မွာေသခ်ာတယ္။
အုပ္ခ်ဳပ္ေရးမွဴးဆိုတဲ့အသံကိုၾကားတာနဲ႔  အေၾကာက္လြန္သြားပံုပဲ။

ကိုယ့္အေတြးနဲ႔ကိုယ္ေရာက္တက္ရာရာစဉ္းစားရင္း ႏွင့္ ပံုရိပ္တို႔ေနသၫ့္လမ္းထိပ္သို႔အေရာက္တြင္ မိုးသီးမိုးေပါက္ေတြဟာ ခပ္စိပ္စိပ္ရြာခ်လာခဲ့သည္။လြယ္အိတ္ကို ေခါင္းေပၚသို႔တင္လိုက္ၿပီး ထိုေနရာမွ အျမန္ေျပးဖို႔သာ ေတြးလိုက္မိသည္။

"ပံုရိပ္....နင္အဲ့ဒီ့မွာရပ္ေန...."

အသံလာရာ လမ္းေဘးဘက္သို႔ၾကၫ့္လိုက္မိေတာ့
ပိေတာက္ပင္တစ္ပင္ေအာက္တြင္ ပံုရိပ္ကိုရပ္၍ၾကၫ့္ေနေသာ လူတစ္ေယာက္ကိုေတြ့လိုက္ရသည္။ေက်ာင္းစိမ္းကို၀တ္ထားၿပီး ဆံပင္ကဂတံုး‌ ေကႏွင့္ျဖစ္သည္။ပံုရိပ္ရင္းႏွီးတဲ့ မ်က္ႏွာတစ္ခုပါပဲ။သို႔ေပမဲ့ မိတ္ေဆြေတာ့မဟုတ္ဘူး။ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ပံုရိပ္နဲ႔ရန္ျဖစ္ခဲ့တဲ့ ကြမ္းယာသည္အေဒၚႀကီးရဲ့သားျဖစ္ၿပီး...သူ႔နာမည္ကဟိန္းကို..။

အခန္း(၆)ဆက္ရန္ရိွသည္....

🌹🌹🌹

ပုရိပ္တို႔ကေတာ့ လူတြင္က်ယ္ႀကီးလုပ္လိုက္ပါၿပီေနာ္....ေနာက္ထပ္ဘာေတြဆက္ျဖစ္မလဲ ေစာင့္ေမ်ွာ္ေပးၾကပါအံုး❤️

No comments:

Post a Comment