Unicode +Zawgyi
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၅)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
ချောင်းစပ်နားမှာ ရှိုင်းနဲ့ပြဿနာဖြစ်ပြီးနောက်
သူကတော့ ပြောပြီးပြီးရော အိမ်ဘက်သို့
ပြန်လှည့်ထွက်သွားခဲ့ပေမဲ့ ချစ်ချစ်ကတော့
ချောင်းစပ်မှာ ငုတ်တုတ်ထိုင်၍
ငိုရင်းကျန်နေခဲ့မိသည်။
အချိန်တွေကိုသာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင်
မြို့ကို မသွားခင်အချိန်ကို
ပြန်ရောက်ချင်မိပါရဲ့။
ဒီလိုအဖြစ်မျိုးတွေနဲ့သာ ကြုံတွေ့ရမယ်မှန်းသိရင်
အဲ့ဒီ့နေ့က ဒေါ်ကြီးဆူတာကို ခံလိုက်ပြီး
ရရာ ထော်လာဂျီနဲ့လိုက်လာခဲ့ရမှာ။
"အခုလည်း ငါနောက်မကျသေးပါဘူး
ငါသူနဲ့ လက်ထပ်လိုက်ရင်
ငါပဲ စိတ်ဆင်းရဲရမှာ..ငါ့ကိုအရမ်းမုန်းနေတဲ့လူကို
ငါလက်ထပ်လို့ မဖြစ်ဘူး.."
အဆက်မပြတ်စီးဆင်းနေသော
ချောင်းရေအလျှင်နည်းတူ စိတ်ဓာတ်ခွန်အားတွေ
ပိုတက်ကြွလာသည်မို့
ချက်ချင်းပဲ ထရပ်လိုက်ပြီး လက်သီးကို
ခပ်တင်းတင်းဆုပ်ကာ ပြတ်သားသည့်
ဆုံးဖြတ်ချက်နှင့်အတူ အိမ်ဘက်ဆီသို့
ပြန်လှည့်လာခဲ့လိုက်သည်။
အိမ်အရှေ့ခန်းမှ မတက်ချင်၍
နောက်ဖေးပေါက်မှတက်ရန် မီးဖိုချောင်ကို
ဖြတ်အလျှောက်မှာတော့ အိမ်မကြီးပေါ်မှ
ဆင်းလာသော ဒေါ်ကြီးနှင့်သွားတိုးလေသည်။
"ချစ်ချစ်ရယ်...ကြာလိုက်တာအေ..
ဟိုမှာ မစံပယ်ရဲ့သားကပြန်ရောက်နေပြီး
ညည်းကတော်တော်နဲ့ ရောက်မလာလို့
ငါ့မှာ စိတ်ပူပြီးလိုက်လာရတာ.."
ဒေါ်ကြီး စိတ်ပူတာက ချစ်ချစ်ကို
ဟုတ်မယ်မထင်ပါဘူး။
ရှိုင်းနဲ့လက်ထပ်တဲ့အခါ ရမဲ့တင်တောင်းငွေတွေ၊
လက်ဖွဲ့တွေကို စိတ်ပူနေမှန်း မျက်နှာမှာ
အထင်းသားပေါ်လွှင်နေသည်။
အဖေမရှိတော့တဲ့နောက်ပိုင်းကစပြီး
အရင်ကဆို အင်မတန်သဘောကောင်းပြီး
အပြောချိုသည်ဟု ထင်ခဲ့သည့်ဒေါ်ကြီးဟာ
လုံး၀ကို ပြောင်းလဲသွားခဲ့တယ်။
*..အရာရာပါပဲ..ကိုယ့်ပတ်၀န်းကျင်က
လူတိုင်းနီးပါး ပြောင်းလဲသွားကြတာပါ..
ကိုယ့်ဆီက ယူလို့ရမဲ့အချိန်တုန်းက
ဟန်ဆောင်ပြီး ပြုံးပြခဲ့ကြပေမဲ့
ကိုယ့်ဆီမှာ ကုန်းကောက်စရာတောင်
မကျန်တော့တဲ့အခါ ဟန်တောင်
မဆောင်နိုင်ကြတော့ဘူး...
....
လူ့သဘော..လူမနောက
သိပ်ကြောက်ဖို့ကောင်းတာပဲ..*
"ဟဲ့..ချစ်ချစ်..ညည်းဘာဖြစ်ထားတာလဲ
ငိုထားတာလား..မျက်လုံးတွေနီနေတယ်..."
ချစ်ချစ်ငိုထားမှန်း သတိထားမိသွားတော့
ဒေါ်ကြီးမမြင်အောင် ခေါင်းကို
အတင်းငုံ့လိုက်မိပေမဲ့ ဒေါ်ကြီးသည်
ချစ်ချစ်၏ မေးစေ့ကိုအတင်းဆွဲမော့လိုက်ပြီး
မျက်မှောင်ကြုံ့ကာ သေချာကြည့်လာသည်။
"ဘာဖြစ်လို့ငိုတာလဲ..ခုနကမစံပယ်ရဲ့သားနဲ့
စကားများကြတာလား.."
"ဟုတ်တယ်..သမီးသူ့ကိုမယူချင်ဘူးဒေါ်ကြီး...
သူသမီးကို လုံး၀သဘောမကျဘူး..
သမီးတို့နှစ်ယောက် တကယ်ခိုးရာလိုက်ပြေးတာ
မဟုတ်ပဲ လက်ထပ်လိုက်ရတဲ့အတွက်
သူသမီးကို အရမ်းမုန်းနေတယ်.."
"ဟဲ့..လူကြီးအချင်းချင်း အားလုံးစကားပြော
ပြီးသွားပြီလေ..ခုမှဒါတွေလာပြောတော့
ဘာထူးတော့မှာလဲ..နောက်ပြီးတော့
မစံပယ်တို့က ငါတို့တောင်းသလောက်
ပေးမဲ့ ပုံစံဟဲ့..
........
ဒီလိုအခွင့်အရေးမျိုးကို
ဆယ်သက်ကြိုးစားတာတောင်
ရမှာမဟုတ်ဘူးဟဲ့..
..........
ဦးနှောက်နဲ့သေချာစဉ်းစား
ငါတောင် ညည်းလောက်ပညာမတတ်ပေမဲ့
ညည်းထက် တွေးတတ်တယ်.."
"ဒါပေမဲ့ ဒေါ်လေးရယ်..ယောက်ျားလေးဘက်က
ခါးခါးသီးသီး ဖြစ်နေတာကို
သမီးက ဘယ်လိုရှေ့ဆက်ရမှာလဲ..
နောက်ပြီး သမီးနဲ့သူက..တကယ်လည်း
ဘာမှဖြစ်ခဲ့ကြတာ မဟုတ်ဘူးလေ..
......
သူ့ဘက်က လက်မခံပါဘူးဆိုတာသိလျှက်နဲ့
ရှေ့ဆက်တိုးနေရင် သူသမီးကိုပိုပြီး
အထင်သေးသွားလိမ့်မယ်..
သမီးတို့အိမ်ထောင်ရေးက
ဘယ်တော့မှ သာယာနိုင်မှာမဟုတ်တော့ဘူး..."
"အိုအေ..ညည်းနှယ်..တုံးလိုက်တာ
ဘယ်လောက်ပြောပြော မရပါလား..
........
နင်အခု ပြောနေတာက နင့်အတွက်ကြီးပဲ
နင့်အမေအတွက်..နင့်ဦးလေးအတွက်နဲ့
နင့်မောင်နှမတွေအတွက်
မစဉ်းစားပေးတော့ဘူးလား...
.......
ဟိုမှာ ထိုင်နေတဲ့ညည်းအမေကိုရော
မသနားတော့ဘူးလား..."
ဒေါ်ဌေး၀င်းလည်း ချစ်ပန်းဝေကို
အမျိုးမျိုးနားချနေမိပေမဲ့
မရတော့ဘူးဆိုတာသိလာတော့
နိုင်ရာကြိုးနှင့် တုပ်ရလေတော့သည်။
ထို့ကြောင့် မီးဖိုချောင်ထဲတွင်ရှိ
သစ်သားစားပွဲဝိုင်းလေးဘေးမှာ
မြေပြင်ပေါ် ဖင်ချထိုင်၍ထမင်းစားနေသော
စိတ်ဝေဒနာသည် မခိုင်ကိုသာ
လက်ညှိုးထိုးပြရလေတော့သည်။
"မခိုင်..ထမင်းစားရတာကောင်းလား.."
"အွန်း..ကောင်းတယ်..ကောင်းတယ်..
၀က်သားဟင်းက ဆီတွေကိုရွှဲနေတာပဲ..
သောက်လို့ အရမ်းကောင်းတယ်.."
ချစ်ပန်းဝေ၏စိတ်ကို တမင်လှုံ့ဆော်သည့်
အနေနှင့် မခိုင်ကိုမေးလိုက်တော့
အရူးမ မခိုင်ဟာ ပါးစပ်မှာဆီတဝေ့ဝေ့
ဖြစ်နေလျှက် ပလုပ်ပလောင်းနှင့်
ပြန်ပြောလာလေသည်။
"ကောင်းရင်စားနော်..ခဏနေ
မိလှိုင်ပြန်လာလိမ့်မယ်..အဲ့ခါကြမှ
၀က်သားလိုချင်လည်း ထပ်တောင်းပေါ့.."
"ဟား..တကယ်နော်..ပျော်လိုက်တာ..
ဒီနေ့..၀က်သားတွေအများကြီးစားရတော့မယ်...
မိလှိုင်ကငါ့ကိုပြောတယ်..ကိတ်ကိတ်တွေလည်း
ကျွေးမယ်တဲ့..."
"ကိတ်ကိတ်မဟုတ်ပါဘူး မမခိုင်ရဲ့
ကိတ်မုန့်ပါ..အဲ့ဒါကဧည့်သည်တွေပြန်ရင်
အများကြီးပိုမှာလေ..စားမယ်မဟုတ်လား.."
"စားမှာ..စားမှာ..ဒါဆိုဒီနေ့
မုန့်တွေအများကြီး စားရမှာပေါ့..
ပျော်လိုက်တာ..ပျော်လိုက်တာ...
ကိတ်ကိတ်နဲ့ ၀က်သားကိုရောပြီး
ကိုက်စားပစ်မယ်.."
ပုံမှန်လူလို အသိစိတ်မျိုးမရှိတော့
မမခိုင်တစ်ယောက် ပျော်လွန်း၍လက်ကို
တမြှောက်မြှောက် လုပ်နေလေရာ
ထမင်းလုံးတွေတောင် သူ့ပါးမှာကပ်ကုန်လေပြီ။
ချစ်ပန်းဝေကို မသိမသာအကဲခတ်လိုက်တော့
သူ့အမေ၏ ပျော်ရွှင်နေပုံကိုကြည့်ပြီး
မျက်ရည်တွေ ဝဲလာသည်ကိုတွေ့လိုက်မိရာ
ဒေါ်ဌေး၀င်း ကြိတ်၍ပြုံးလိုက်မိလေသည်။
သူများ၏ အားနည်းချက်ကို ထုတ်ဖော်တာ
မကောင်းပေမဲ့ ချစ်ပန်းဝေ၏မင်္ဂလာကိစ္စက
ကိုယ်တွေအတွက် အကျိုးအမြတ်အများကြီး
ရနိုင်မဲ့ကိစ္စဆိုတော့ ဘယ်သူ့အားနည်းချက်ကိုပဲ
ချနင်းရပါစေ သိပ်တန်မှာသေချာတယ်။
"မမခိုင်ရေ..ကိတ်မုန့်လေးစားရမှာကို
ဘာလို့ ဒီလောက်ပျော်နေရတာလဲ...
ချစ်ချစ်သာ ယောက်ျားယူသွားရင်
ပိုတောင် ပျော်ရအုံးမှာသိရဲ့လား.."
"ဟုတ်လား..အဲ့ကြရင်ငါကကိတ်မုန့်တွေ
အများကြီးပိုစားရမှာလား.."
"ဒါပေါ့..ကိတ်မုန့်တွေတင်မကဘူး
မမခိုင်လိုချင်တာမှန်သမျှ အကုန်ရမှာ
စားကောင်းတာတွေလည်း နေ့တိုင်းစားရမှာ
အိမ်အကြီးကြီးမှာလဲနေရမှာ..မမခိုင်ရဲ့..."
"ရေး..ပျော်လိုက်တာ...ပျော်လိုက်တာ.."
မရူးမကောင်း မမခိုင်ကလည်း
ဘာမှန်းညာမှန်းမသိ ထပျော်နေတော့
ချစ်ပန်းဝေ တွေဝေသွားလောက်ပြီထင်ပါရဲ့။
"ဇွတ်ပျော်မနေနဲ့အုံး မမခိုင်ရေ
ကောင်းကောင်းနေ၊ကောင်းကောင်းစားချင်ရင်
ချစ်ချစ်ကို မြန်မြန်ယောက်ျားယူဖို့သာပြော
သူမယူရင်တော့ ခုဏကပြောခဲ့တာတွေ
အကုန်လုံး တစ်ခုမှဖြစ်လာမှာမဟုတ်ဘူး.."
"ဒေါ်ကြီး!!!အမေ့ကိုဘာတွေ
လျှောက်ပြောနေတာလဲ..."
ချစ်ချစ်ကို တမင်တွန်းအားပေးနေသော
ဒေါ်ကြီး၏စကားတွေကို
ထပ်မကြားချင်တော့ပေ။
အစကတော့ ဒီမင်္ဂလာကိစ္စကို မရရအောင်
ဖြတ်မည်ဟု ဆုံးဖြတ်ချက်ချပြီးခဲ့ပေမဲ့
အခုတော့ တွေဝေနေရသည်။
"ချစ်ပန်းဝေ..နင်သေချာစဉ်းစားကြည့်စမ်း
နင်သာ အဲ့ကောင်လေးနဲ့လက်ထပ်လိုက်ရင်
နင့်အမေကို ရန်ကုန်မြို့အထိခေါ်သွားပြီး
ကျွမ်းကျင်တဲ့ ဆရာ၀န်ကြီးတွေနဲ့
ဆေးကုလို့ ရနိုင်တယ်လေ..
.........
ဒါတင်မကသေးဘူး နင်ကရန်ကုန်မှာ
ကျောထောက်နောက်ခံအနေနဲ့ ရှိနေတော့
နင့်မောင်နှမတွေလည်း
ကောင်းစားကြမယ်..
........
ညည်းရဲ့ဦးလေးကလည်း သဘောတူပါတယ်လို့
ပြောပြီးနေမှကို ညည်းဘက်ကဖြတ်မယ်ဆိုရင်
ငါတို့ စောင့်ရှောက်လာခဲ့တဲ့
ကျေးဇူးတရားတွေကို ညည်းဥပက္ခာ
ပြုလိုက်သလိုပဲပေါ့...
..........
အဓိကက ငွေပဲဟဲ့
ချစ်တာတွေ..မေတ္တာတွေအသာထားစမ်းပါ..
အဲ့ဒါတွေက အရေးပါလို့လား..
ဆံဖြူ..သွားကျိုးကြီးမယူရတာတောင်
ကံကောင်းတယ်မှတ်..
........
ငါလည်း ဒီလောက်ပဲပြောနိုင်တော့မယ်
မျက်ရည်တွေကို အခုသုတ်စမ်း
ရော့..ငါ့ပုဝါနဲ့သာသုတ်လိုက်...
နင့်ဦးလေးရှေ့မှာ မူမပျက်စေနဲ့နော်...
ဘာပြောပြော အကုန်လက်ခံလိုက်...
.........
လာ..အိမ်ရှေ့ကိုသွားကြမယ်...
အားလုံးက ညည်းကိုစောင့်နေကြတာအေ့.."
လက်ကိုဆွဲပြီး အိမ်ရှေ့သို့ပြန်ခေါ်ထုတ်လာသော
ဒေါ်ကြီးကြောင့် ရှိုင်း၏အနားသို့
ပြန်ရောက်လာရပြန်လေပြီ။
ချစ်ချစ်၏ဘ၀ဟာ ငိုချင်တာတောင်
မျက်ရည်မကျရဲသည့် ဘ၀ပါလေ။
ရှိုင်းက ကိုယ့်အားမုန်းနေသည်ဆိုတော့
အတတ်နိုင်ဆုံး ခန္ဓာကိုယ်ကိုကြုံ့၍ထိုင်လိုက်ပြီး
သူနဲ့ မထိအောင်နေမိကာ မျက်နှာကိုလည်း
ဘယ်သူမှ မမြင်နိုင်အောင် ငုံ့ထားလိုက်မိသည်။
ချစ်ချစ်ရဲ့ဘ၀ကို ကြိုက်သလိုသာ
ခြယ်လှယ်ကြပါတော့။
ကိုယ့်ဘ၀ကို ကိုယ်တိုင်မှမပိုင်တော့ပဲ။
ချနင်းချင်နင်း၊ကန်ချင်ကန်ကြပါစေတော့။
အားလုံး ကောင်းစားဖို့တဲ့အတွက်
ချစ်ချစ်ဟာအဖိုးမတန်တဲ့ သက်မဲ့လူသား
ဖြစ်လည်းရပါတယ်။
*ကံကြမ္မာကိုက ဒီလိုဖန်လာခဲ့ပြီပဲလေ...*
"သားတို့နှစ်ယောက် ဆုံးဖြတ်ပြီးကြပြီလား
မင်္ဂလာပွဲကို ဘယ်လိုလုပ်ချင်ကြလဲ..."
ချစ်ချစ်၏နားထဲတွင် ပထမဦးဆုံး
ကြားလိုက်ရတာကတော့ အန်တီစံပယ်၏
ကြည်လင်ပြီး သဘောထားပြည့်၀သော
အသံပင်ဖြစ်သည်။
နောက်ထပ် ဆက်ပြီးကြားလိုက်ရတာကတော့
အမိန့်သံပါ၀င်နေသော ရှိုင်း၏အသံခပ်ဩဩ...
"ချစ်ပန်းဝေပဲ ပြောပါစေ..
သူဖြစ်စေချင်တဲ့အတိုင်း..
ကျွန်တော်လိုက်နာမှာပါ.."
ငိုချင်လျှက် လက်တို့ဖြစ်နေပေမဲ့
မဲ့ပြုံးသာပြုံးလိုက်မိသည်။
ကိုယ်ဖြစ်စေချင်တဲ့အတိုင်း
လိုက်နာမည်ဆိုသောလူဟာ
လူကြီးတွေသတိမထားမိခင်
ချစ်ချစ်ကို သတိပေးသလိုနဲ့
ပုခုံးချင်း တိုက်ချသွားခဲ့သည်။
*ချောင်းစပ်မှာ သူပြောခဲ့သည့်စကားတွေကို
သတိပေးနေတာ ထင်ပါရဲ့...*
အခုတောင်မှ ချစ်ချစ်ကို သူဒီလောက်အထိ
မုန်းနေရင် ချစ်ချစ်သာ သူ့ဆန္ဒကို
လိုက်လျောမပေးပါက ပိုဆိုးသွားမှာများလား။
သူမုန်းမှာကို ချစ်ချစ်တကယ်ကို
ခံနိုင်ရည်မရှိပါဘူး။
"ပြောလိုက်လေ..ချစ်ပန်းဝေ.."
ထပ်ပြီးသတိပေးလာသော သူ့မျက်နှာကို
၀မ်းနည်းစွာ မော့ကြည့်လိုက်ပြီးနောက်
ချစ်ချစ်၏အဖြေကို စောင့်စားနေကြသော
လူကြီးတွေဘက်သို့
ပြန်လှည့်ကြည့်လိုက်မိသည်။
ချစ်ချစ်ရဲ့ အဖြေဟာ လောဘတကြီး
ရွှန်းရွှန်းစားစား ကြည့်နေသော ဒေါ်ကြီးကိုတော့
၀မ်းနည်းစေမှာ သေချာပါတယ်။
"သမီး..မင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ဖို့
ဆန္ဒမရှိပါဘူး.."
"ဘာ!!!!ချစ်ပန်းဝေ..
နင်ဘာတွေလျှောက်ပြောနေတာလဲ..."
ထင်တဲ့အတိုင်း ဒေါ်ကြီးကဒေါသပုန်
ထလာလေသည်။
"မဌေး..နင်အသာနေစမ်း..."
"ဘာကို အသာနေရမှာလည်း ရှင့်တူမ
ပေါက်ကရတွေ လျှောက်ပြောနေတာလေ..."
"မဌေး..ငါမင်းကို၀င်မပါနဲ့လို့
ပြောထားပြီးသားနော်..ဒါကမင်းဆောင်ရမဲ့
မင်္ဂလာဆောင်မဟုတ်ဘူး...ငြိမ်ငြိမ်နေစမ်း..
ချစ်ချစ်..သမီးလေး
မင်္ဂလာဆောင်မလုပ်ချင်ဘူးဆိုတာ
တကယ်လား..ဘာဖြစ်လို့ မလုပ်ချင်တာလဲ..."
ဒေါ်ကြီးက သဘောမတူပေမဲ့ လေးလေးကတော့
ချစ်ချစ်၏ ဆန္ဒကိုအလေးထားသည်။
ဒေါ်ကြီးလို အပြစ်တင်မည့်အစား
လေပြည်အေးလေးနှင့်သာ မေးလာသည့်
လေးလေးကို သိပ်ကျေးဇူးတင်တာပဲ။
"မင်္ဂလာဆောင်ရင် သမီးလည်းပင်ပန်းသလို
အားလုံးလည်း ပင်ပန်းကြရမှာလေ..
ဒါကြောင့် မင်္ဂလာဆောင်စရိတ်ကို
ဒီအတိုင်း အကုန်ခံမဲ့အစား
မိဘမဲ့ကျောင်းဖြစ်ဖြစ်
ရွာဘုန်းကြီးကျောင်းကိုဖြစ်ဖြစ်
လှူလိုက်ချင်ပါတယ်..သမီးတို့နှစ်ယောက်ကတော့
ရုံးတက်ပြီး လက်မှတ်ထိုးရုံလောက်ဆို
အဆင်ပြေပါတယ်.."
"ငါ့ချွေးမလေးက စိတ်ထား
မွန်မြတ်လိုက်တာကွယ်..ချစ်ချစ်ကအဲ့ဒီ့လို
လုပ်ချင်လည်း အန်တီတို့ကလုပ်ပေးမှာပါ
ဒါပေမဲ့ မိန်းကလေးဆိုတာ တစ်သက်မှာ
တစ်မင်္ဂလာပဲဆောင်ရမှာလေ..
.........
မင်္ဂလာ၀တ်စုံလှလှလေး၀တ်ပြီး
လူအများကြားမှာ ကျော့ကျော့မော့မော့လေး
လမ်းလျှောက်ရမဲ့ ခံစားချက်ကို
ခံစားရမှာမဟုတ်တော့ဘူးနော်..
ချစ်ချစ်နောင်တမရမှာ သေချာလား.."
နောင်တရတာပေါ့။
သူများတွေရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာ၀တ်စုံ
အရောင်လေးတွေ၊ဒီဇိုင်းလ်လေးတွေကအစ
ကိုယ်တိုင်းလိုက်ရွေးပေးခဲ့ဖူးတဲ့အပြင်
သူများမင်္ဂလာဆောင်မှာ
ဧည့်ကြိုလုပ်ပေးတဲ့အခါ
ငါ့အလှည့်ကြရင်ဆိုတာမျိုး
စိတ်ကူးနဲ့ ရူးခဲ့မိသူမို့ နောင်တသိပ်ရတာပေါ့။
ဒါပေမဲ့ တကယ့်လက်တွေ့မှာ
ကိုယ်နဲ့ လက်ချင်းချိတ်မဲ့ သူတို့သားကိုမပြောနဲ့
ကိုယ့်ကိုကိုယ်တောင် မပိုင်တဲ့အခါ
မင်္ဂလာပွဲဆိုတာကြီးက ဘာတွေ
ထူးခြားသွားမှာမို့လို့လဲ။
ဘာပျော်ရွှင်မှုမှ မရနိုင်မဲ့အတူတူ
ကုသိုလ်လုပ်တာကမှ နောင်ဘ၀အထိပါအုံးမယ်။
"သမီးနောင်တမရပါဘူး အန်တီစံပယ်.."
"ကောင်းပြီလေ..ဒါဆိုသားကရော..
"ကျွန်တော်ကတော့ ချစ်ပန်းဝေရဲ့
သဘောအတိုင်းပါပဲ.."
"ကဲ..ကလေးတွေရဲ့သဘောကို
သိရပြီဆိုတော့ ကိုတင်မောင်တို့ဘက်ကရော
ဘယ်လို ဖြစ်စေချင်သလဲရှင့်..."
"ကျွန်တော်ကတော့ ချစ်ချစ်
စိတ်ကျေနပ်တယ်ဆိုရင် ရပါပြီဗျာ.."
"ကောင်းပါပြီ..ဒါဆို..အဲ့လုံးအဆင်ပြေပြီလို့
သတ်မှတ်လိုက်တာပေါ့..
ဒီသိန်းနှစ်ရာကတော့ တင်တောင်းငွေအဖြစ်
သတ်မှတ်ပေးပါနော်..
ဒါပေမဲ့ မင်္ဂလာပွဲအတွက် စီစဉ်ထားတဲ့
ငွေကိုတော့ ချစ်ချစ်ရဲ့
သဘောအတိုင်း လုပ်ပေးမှာပါ
ကိုတင်မောင်တို့ဘက်က
လိုအပ်တာရှိရင်လည်း ကျွန်မတို့ကို
အချိန်မရွေးပြောပါနော်..."
"ဟုတ်ကဲ့ပါဗျာ..ကဲ..အားလုံးပဲ
ကော်ဖီနဲ့ ကိတ်မုန့်လေး သုံးဆောင်ကြပါအုံး..
ကိစ္စတွေအားလုံး ပြီးပြတ်သွားပြီမို့
သက်ပြင်းချလိုက်နိုင်ပေမဲ့ ဖြစ်လာမည့်
အနာဂတ်ကို ကြိုတွေးကြည့်လိုက်တိုင်း
ရင်မောနေရသည်။
ကိုယ့်ကို လူရာမသွင်းနိုင်ဘူး၊
သိပ်မုန်းပါသတဲ့ဆိုတဲ့လူနဲ့ ဘယ်လိုမျိုး
ရှေ့ဆက်ပြီး နှစ်ပါးသွားရပါ့မလဲ။
ဘေးသို့ကြည့်လိုက်တော့ ရှိုင်းကသူ့မန်နေဂျာ
ထက်ယံနှင့်အတူ ပြန်သွားနှင့်လေပြီ။
လူကြီးတွေလည်း တစ်ယောက်စ၊နှစ်ယောက်စနှင့်
ပြန်ကုန်ကြသောကြောင့်
ချစ်ချစ်လည်း နေရာမှာတင် ငူငူငိုင်ငိုင်ကြီး
ထိုင်နေမိသည်။
"ချစ်ချစ်ရေ..မစံပယ်တို့ပြန်တော့မယ်တဲ့
ခြံတံခါး၀အထိ လိုက်ပို့လိုက်ပါအုံး.."
"ဟုတ်ကဲ့..လေးလေး..."
ချစ်ချစ်လည်း အန်တီစံပယ်တို့လင်မယားနှင့်
သူတို့၏ သမီးဖြစ်သူကို ခြံ၀အထိ
ဧည့်၀တ်ကြေအောင် လိုက်ပို့ရလေသည်။
ချစ်ချစ်အံ့ဩမိတာကတော့ ရှိုင်းက
ဘ၀င်မြင့်သလောက် အန်တီစံပယ်တို့
လင်မယားက သဘောထား
အရမ်းပြည့်၀လွန်းနေတာကိုပဲ။
"ချစ်ချစ်..သမီးလေးဘာမှစိတ်မပူနဲ့တော့နော်
အန်တီမောင်မောင့်ကိုလည်း
သေချာဆုံးမပေးမယ်..တကယ်လို့
သမီးက မင်္ဂလာပွဲရော၊အလှူရော
လုပ်ချင်တယ်ဆိုလည်း အန်တီက
လိုက်လျောပေးမှာပဲ..."
"ကျေးဇူးတင်ပါတယ်အန်တီရယ်..
သမီးကိုယ်တိုင်က..မင်္ဂလာပွဲမလုပ်ချင်တာပါ..
ပကာဿနတွေပါ အန်တီရယ်..သမီးကသာ
အန်တီတို့ကို အားနာနေတာ..
ရုတ်တရက်ကြီး သမီးကို
ချွေးမတော်လိုက်ရတော့.."
"အို..အဲ့ဒါတွေ မပြောစမ်းပါနဲ့ချစ်ချစ်ရယ်..
ကိုယ့်တစ်ရွာတည်းသားချင်းကို
ချွေးမတော်ရတော့ ပိုတောင်ကောင်းသေးတယ်
စိတ်ညစ်စရာတွေ ဘာမှမတွေးနဲ့
အန်တီက အစောတည်းကချစ်ချစ်ကို
သံယောဇဉ်ရှိနေတာ..
..........
အခုချွေးမတော်လိုက်ရတော့
ပိုတောင် ၀မ်းသာရသေးတယ်..
ချစ်ချစ်ရဲ့အမေကိုလည်း ဟိုရောက်ရင်
အန်တီကိုယ်တိုင် အကောင်းဆုံးဆရာ၀န်တွေနဲ့
ပြပေးမယ်သိလား.."
"ကျေးဇူးတင်လိုက်တာအန်တီရယ်..
သမီးကိုနားလည်ပေးတဲ့အတွက်
ကျေးဇူးအရမ်းတင်ပါတယ်.."
"အေးပါ..အေးပါ..မငိုနဲ့တော့..အန်တီတို့
သွားတော့မယ်နော်..."
ချစ်ချစ်ကို နှစ်သိမ့်ပေးပြီး ဦးနှင့်အန်တီက
ထွက်သွားကြလေသည်။
ရှိုင်းက မကြင်နာပေမဲ့ ကိုယ်တော်ရမဲ့
ယောက္ခမက သဘောထားပြည့်၀လွန်းနေတော့
ကံကောင်းသည်ဟု ဆိုရမည်လား။
"ချစ်ပန်းဝေ...!!!!"
အိမ်ဘက်သို့ ပြန်သွားဖို့လုပ်နေစဉ်မှာ
ကိုယ့်နာမည်ကို ခေါ်နေသံကြား၍
ပြန်လှည့်ကြည့်လိုက်မိတော့
မင်္ဂလာကိစ္စ ပြောနေကြစဉ် တစ်ချိန်လုံး
တိတ်ဆိတ်နေခဲ့သော ရှိုင်း၏ညီမဖြစ်နေသည်။
"အိမ်ထဲမှာ တစ်ခုခုကျန်ခဲ့လို့
လာပြန်ယူတာလား.."
"တို့မင်းကို ပြောစရာလေးရှိလို့
ပြန်လှည့်လာတာ..."
"ဘာပြောမလို့လဲဟင်..."
ရှိုင်း၏ညီမလေးသည် ရှိုင်းနှင့်ရုပ်ချင်း
အနည်းငယ်ဆင်ပေမဲ့ နူးညံ့သည့်
မိန်းကလေးပုံမပေါက်ပဲ အနည်းငယ်
ယောက်ျားဆန်နေသလို ခံစားလိုက်ရသည်။
၀တ်ပုံစားပုံကြောင့်ပဲလား မပြောတတ်။
"မင်္ဂလာပွဲမလုပ်တော့တဲ့အကြံက
တို့အစ်ကိုကြီးရဲ့ အကြံမဟုတ်လား..."
"အစ်မက ဘယ်လိုဖြစ်ပြီးသိသွားရတာလဲ.."
"တို့ဘာသာတို့ ခန့်မှန်းလိုက်တာလေ..
တို့က အစ်ကိုကြီးရဲ့အကြောင်းကိုသိလို့
နည်းနည်းတော့ သတိပေးလိုက်မယ်နော်..
...........
အစတည်းက အရှုံးပေးထားရင်
မင်းတစ်သက်လုံး ရှုံးနေရမှာနော်..
..........
တို့အစ်ကိုကြီးမှာ အကျင့်ဆိုးတစ်ခုရှိတယ်
သူက တစ်ခါနိုင်ဖူးလေ..
ပိုနိုင်ချင်လေဆိုတဲ့လူမျိုး...
.......
သူ့ကို မင်းဘယ်တော့မှ အရှုံးမပေးနဲ့...
မင်းအရှုံးပေးလေ..
သူကမင်းကိုပိုအနိုင့်ကျင့်လေပဲ
.........
နောက်တစ်ချက်ရှိသေးတယ်..သူက
အင်္ဂလန်မှာ အဖိုးတွေ၊ဦးလေးတွေနဲ့
အနေများခဲ့တော့ ဖိုဝါဒစွဲအရမ်းကြီးတယ်..
.......
သူ့အသဲနှလုံးကလည်း အရမ်းမာတယ်
မင်းသူ့ရဲ့ခံစားချက်ကို
ချက်ခြင်းအရည်မဖျော်နိုင်ပေမဲ့
တမြေ့မြေ့ တိုက်စားပြီးပျော်၀င်အောင်
ကြိုးစားကြည့်...
........
ကြိုးစားလို့ မရဘူးဆိုရင်တော့
သူနဲ့ ဝေးဝေးနေတာပိုကောင်းလိမ့်မယ်..
ဘာကြောင့်လဲဆိုတော့
သူ့ဒုက္ခပေးတဲ့ ဒဏ်ကိုခံစားပြီး
စိတ်ကင်ဆာမျိုးစုံနဲ့ အိုစာသွားမှာစိုးလို့...
.......
ကဲ..တို့ပြောလို့တော့ပြီးပြီ..
ဖိုက်တင်းပါ..ချစ်ပန်းဝေ..
အစ်ကိုကြီးက မင်းဘက်မှာမရှိလည်း
တို့တစ်မိသားစုလုံးကတော့ မင်းဘက်မှာနော်..."
သူပြောမှ ရှိုင်းကိုလက်ထပ်ရမည့်အရေး
ပိုတောင် ကြောက်လာသလိုပဲ။
မသိရင် ရှိုင်းကိုလက်ထပ်ပြီးတာနဲ့
ရှုပ်ထွေးပွေလီတဲ့ ၀င်္ကပါထဲကို
ပစ်၀င်ရတော့မလိုလို..။
*ဟူး.!!!.ယောက်ျားယူရတာလည်း
ကျားအမှီးပြေးဆွဲရသလိုပါပဲလား...*
ချစ်ချစ်၏မျက်နှာကြီးက ခုနှစ်ဘ၀စာလောက်
အိုစာပြီး ရှုံ့မဲ့သွားတော့ ပိတောက်မွှေးလည်း
ထရယ်မိတော့သည်။
"ဟား..ဟား..
မျက်နှာက ဘယ်လိုဖြစ်သွားရတာလဲ...
စစ်မလာခင်တည်းက တွေးကြောက်နေတာလား
မင်းမှာ ကြောက်သွေးပါလာလို့ မရဘူးနော်
အစ်ကိုကြီးကို လက်ထပ်လိုက်ရတဲ့
နောက်ကွယ်မှာ မင်းရင်ဆိုင်ရမှာတွေက
အများကြီးပဲ ရှိတယ်..._"
"ဟင်..ဘာတွေလဲဟင်..."
"အခုတော့..တို့မပြောသေးဘူး
မင်းအရမ်းကြောက်သွားမှာစိုးလို့
ဒါပေမဲ့ ရန်ကုန်ရောက်ရင်တော့
မင်းသိလာမှာပါ...
ဖိုက်တင်း..ယောင်းမလေး..."
"ဖိုက်တင်း.."
သူ့ကိုကြည့်ပြီး ကိုယ်ပါယောင်မိတော့မလို
ဖြစ်သွားသည်။
ရန်ကုန်ရောက်တဲ့အခါ ရင်ဆိုင်ရမှာတွေ
အများကြီးပဲတဲ့။
သေချာပြန်တွေးကြည့်လိုက်တော့မှ
မပိတောက်မွှေး ပြောသွားသည့်အဓိပ္ပာယ်ကို
တွေးမိသွားလေတော့သည်။
*ချစ်ချစ်နဲ့ လက်ထပ်ရမည့်လူဟာ
နိုင်ငံကျော်ရုပ်ရှင်မင်းသား တစ်ယောက်ဆိုတာ
ချစ်ချစ်မေ့သွားခဲ့တယ်...
သူ့ပရိတ်သတ်တွေက ပြည်တွင်းသာမက၊
ပြည်ပမှာလည်း အများအပြားရှိတာမို့
သူလက်ထပ်လိုက်တဲ့မိန်းကလေးဟာ
ချစ်ချစ်မှန်းသာသိရင်..မတူဘူး..မတန်ဘူးဆိုပြီး
မိုးမွှန်အောင် ဝိုင်းတုပ်ကြမလားမသိဘူး...*
*အခန်း၁၆**ဆက်ရန်
🌺🌺🌺🌺🌺🌺🌺🌺🌺
ချစ်ချစ်ကို ကယ်တင်ပေးလိုက်ကြပါအုံး
သူ့ခမျာ လင်မယူရသေးဘူး
တအားကြောက်နေပြီ🤭
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
=============================
============================
Zawgyi
🌺အခန္း(၁၅)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
ေခ်ာင္းစပ္နားမွာ ရႈိင္းနဲ႔ျပႆနာျဖစ္ၿပီးေနာက္
သူကေတာ့ ေျပာၿပီးၿပီးေရာ အိမ္ဘက္သို႔
ျပန္လွည့္ထြက္သြားခဲ့ေပမဲ့ ခ်စ္ခ်စ္ကေတာ့
ေခ်ာင္းစပ္မွာ ငုတ္တုတ္ထိုင္၍
ငိုရင္းက်န္ေနခဲ့မိသည္။
အခ်ိန္ေတြကိုသာ ေနာက္ျပန္ဆုတ္လို႔ရမယ္ဆိုရင္
ၿမိဳ႕ကို မသြားခင္အခ်ိန္ကို
ျပန္ေရာက္ခ်င္မိပါရဲ႕။
ဒီလိုအျဖစ္မ်ိဳးေတြနဲ႔သာ ႀကဳံေတြ႕ရမယ္မွန္းသိရင္
အဲ့ဒီ့ေန႔က ေဒၚႀကီးဆူတာကို ခံလိုက္ၿပီး
ရရာ ေထာ္လာဂ်ီနဲ႔လိုက္လာခဲ့ရမွာ။
"အခုလည္း ငါေနာက္မက်ေသးပါဘူး
ငါသူနဲ႔ လက္ထပ္လိုက္ရင္
ငါပဲ စိတ္ဆင္းရဲရမွာ..ငါ့ကိုအရမ္းမုန္းေနတဲ့လူကို
ငါလက္ထပ္လို႔ မျဖစ္ဘူး.."
အဆက္မျပတ္စီးဆင္းေနေသာ
ေခ်ာင္းေရအလွ်င္နည္းတူ စိတ္ဓာတ္ခြန္အားေတြ
ပိုတက္ႂကြလာသည္မို႔
ခ်က္ခ်င္းပဲ ထရပ္လိုက္ၿပီး လက္သီးကို
ခပ္တင္းတင္းဆုပ္ကာ ျပတ္သားသည့္
ဆုံးျဖတ္ခ်က္ႏွင့္အတူ အိမ္ဘက္ဆီသို႔
ျပန္လွည့္လာခဲ့လိုက္သည္။
အိမ္အေရွ႕ခန္းမွ မတက္ခ်င္၍
ေနာက္ေဖးေပါက္မွတက္ရန္ မီးဖိုေခ်ာင္ကို
ျဖတ္အေလွ်ာက္မွာေတာ့ အိမ္မႀကီးေပၚမွ
ဆင္းလာေသာ ေဒၚႀကီးႏွင့္သြားတိုးေလသည္။
"ခ်စ္ခ်စ္ရယ္...ၾကာလိုက္တာေအ..
ဟိုမွာ မစံပယ္ရဲ႕သားကျပန္ေရာက္ေနၿပီး
ညည္းကေတာ္ေတာ္နဲ႔ ေရာက္မလာလို႔
ငါ့မွာ စိတ္ပူၿပီးလိုက္လာရတာ.."
ေဒၚႀကီး စိတ္ပူတာက ခ်စ္ခ်စ္ကို
ဟုတ္မယ္မထင္ပါဘူး။
ရႈိင္းနဲ႔လက္ထပ္တဲ့အခါ ရမဲ့တင္ေတာင္းေငြေတြ၊
လက္ဖြဲ႕ေတြကို စိတ္ပူေနမွန္း မ်က္ႏွာမွာ
အထင္းသားေပၚလႊင္ေနသည္။
အေဖမရွိေတာ့တဲ့ေနာက္ပိုင္းကစၿပီး
အရင္ကဆို အင္မတန္သေဘာေကာင္းၿပီး
အေျပာခ်ိဳသည္ဟု ထင္ခဲ့သည့္ေဒၚႀကီးဟာ
လုံး၀ကို ေျပာင္းလဲသြားခဲ့တယ္။
*..အရာရာပါပဲ..ကိုယ့္ပတ္၀န္းက်င္က
လူတိုင္းနီးပါး ေျပာင္းလဲသြားၾကတာပါ..
ကိုယ့္ဆီက ယူလို႔ရမဲ့အခ်ိန္တုန္းက
ဟန္ေဆာင္ၿပီး ၿပဳံးျပခဲ့ၾကေပမဲ့
ကိုယ့္ဆီမွာ ကုန္းေကာက္စရာေတာင္
မက်န္ေတာ့တဲ့အခါ ဟန္ေတာင္
မေဆာင္ႏိုင္ၾကေတာ့ဘူး...
....
လူ႔သေဘာ..လူမေနာက
သိပ္ေၾကာက္ဖို႔ေကာင္းတာပဲ..*
"ဟဲ့..ခ်စ္ခ်စ္..ညည္းဘာျဖစ္ထားတာလဲ
ငိုထားတာလား..မ်က္လုံးေတြနီေနတယ္..."
ခ်စ္ခ်စ္ငိုထားမွန္း သတိထားမိသြားေတာ့
ေဒၚႀကီးမျမင္ေအာင္ ေခါင္းကို
အတင္းငုံ႔လိုက္မိေပမဲ့ ေဒၚႀကီးသည္
ခ်စ္ခ်စ္၏ ေမးေစ့ကိုအတင္းဆြဲေမာ့လိုက္ၿပီး
မ်က္ေမွာင္ႀကဳံ႕ကာ ေသခ်ာၾကည့္လာသည္။
"ဘာျဖစ္လို႔ငိုတာလဲ..ခုနကမစံပယ္ရဲ႕သားနဲ႔
စကားမ်ားၾကတာလား.."
"ဟုတ္တယ္..သမီးသူ႔ကိုမယူခ်င္ဘူးေဒၚႀကီး...
သူသမီးကို လုံး၀သေဘာမက်ဘူး..
သမီးတို႔ႏွစ္ေယာက္ တကယ္ခိုးရာလိုက္ေျပးတာ
မဟုတ္ပဲ လက္ထပ္လိုက္ရတဲ့အတြက္
သူသမီးကို အရမ္းမုန္းေနတယ္.."
"ဟဲ့..လူႀကီးအခ်င္းခ်င္း အားလုံးစကားေျပာ
ၿပီးသြားၿပီေလ..ခုမွဒါေတြလာေျပာေတာ့
ဘာထူးေတာ့မွာလဲ..ေနာက္ၿပီးေတာ့
မစံပယ္တို႔က ငါတို႔ေတာင္းသေလာက္
ေပးမဲ့ ပုံစံဟဲ့..
........
ဒီလိုအခြင့္အေရးမ်ိဳးကို
ဆယ္သက္ႀကိဳးစားတာေတာင္
ရမွာမဟုတ္ဘူးဟဲ့..
..........
ဦးေႏွာက္နဲ႔ေသခ်ာစဥ္းစား
ငါေတာင္ ညည္းေလာက္ပညာမတတ္ေပမဲ့
ညည္းထက္ ေတြးတတ္တယ္.."
"ဒါေပမဲ့ ေဒၚေလးရယ္..ေယာက္်ားေလးဘက္က
ခါးခါးသီးသီး ျဖစ္ေနတာကို
သမီးက ဘယ္လိုေရွ႕ဆက္ရမွာလဲ..
ေနာက္ၿပီး သမီးနဲ႔သူက..တကယ္လည္း
ဘာမွျဖစ္ခဲ့ၾကတာ မဟုတ္ဘူးေလ..
......
သူ႔ဘက္က လက္မခံပါဘူးဆိုတာသိလွ်က္နဲ႔
ေရွ႕ဆက္တိုးေနရင္ သူသမီးကိုပိုၿပီး
အထင္ေသးသြားလိမ့္မယ္..
သမီးတို႔အိမ္ေထာင္ေရးက
ဘယ္ေတာ့မွ သာယာႏိုင္မွာမဟုတ္ေတာ့ဘူး..."
"အိုေအ..ညည္းႏွယ္..တုံးလိုက္တာ
ဘယ္ေလာက္ေျပာေျပာ မရပါလား..
........
နင္အခု ေျပာေနတာက နင့္အတြက္ႀကီးပဲ
နင့္အေမအတြက္..နင့္ဦးေလးအတြက္နဲ႔
နင့္ေမာင္ႏွမေတြအတြက္
မစဥ္းစားေပးေတာ့ဘူးလား...
.......
ဟိုမွာ ထိုင္ေနတဲ့ညည္းအေမကိုေရာ
မသနားေတာ့ဘူးလား..."
ေဒၚေဌး၀င္းလည္း ခ်စ္ပန္းေဝကို
အမ်ိဳးမ်ိဳးနားခ်ေနမိေပမဲ့
မရေတာ့ဘူးဆိုတာသိလာေတာ့
ႏိုင္ရာႀကိဳးႏွင့္ တုပ္ရေလေတာ့သည္။
ထို႔ေၾကာင့္ မီးဖိုေခ်ာင္ထဲတြင္ရွိ
သစ္သားစားပြဲဝိုင္းေလးေဘးမွာ
ေျမျပင္ေပၚ ဖင္ခ်ထိုင္၍ထမင္းစားေနေသာ
စိတ္ေဝဒနာသည္ မခိုင္ကိုသာ
လက္ညႇိဳးထိုးျပရေလေတာ့သည္။
"မခိုင္..ထမင္းစားရတာေကာင္းလား.."
"အြန္း..ေကာင္းတယ္..ေကာင္းတယ္..
၀က္သားဟင္းက ဆီေတြကို႐ႊဲေနတာပဲ..
ေသာက္လို႔ အရမ္းေကာင္းတယ္.."
ခ်စ္ပန္းေဝ၏စိတ္ကို တမင္လႈံ႕ေဆာ္သည့္
အေနႏွင့္ မခိုင္ကိုေမးလိုက္ေတာ့
အ႐ူးမ မခိုင္ဟာ ပါးစပ္မွာဆီတေဝ့ေဝ့
ျဖစ္ေနလွ်က္ ပလုပ္ပေလာင္းႏွင့္
ျပန္ေျပာလာေလသည္။
"ေကာင္းရင္စားေနာ္..ခဏေန
မိလႈိင္ျပန္လာလိမ့္မယ္..အဲ့ခါၾကမွ
၀က္သားလိုခ်င္လည္း ထပ္ေတာင္းေပါ့.."
"ဟား..တကယ္ေနာ္..ေပ်ာ္လိုက္တာ..
ဒီေန႔..၀က္သားေတြအမ်ားႀကီးစားရေတာ့မယ္...
မိလႈိင္ကငါ့ကိုေျပာတယ္..ကိတ္ကိတ္ေတြလည္း
ေကြၽးမယ္တဲ့..."
"ကိတ္ကိတ္မဟုတ္ပါဘူး မမခိုင္ရဲ႕
ကိတ္မုန႔္ပါ..အဲ့ဒါကဧည့္သည္ေတြျပန္ရင္
အမ်ားႀကီးပိုမွာေလ..စားမယ္မဟုတ္လား.."
"စားမွာ..စားမွာ..ဒါဆိုဒီေန႔
မုန႔္ေတြအမ်ားႀကီး စားရမွာေပါ့..
ေပ်ာ္လိုက္တာ..ေပ်ာ္လိုက္တာ...
ကိတ္ကိတ္နဲ႔ ၀က္သားကိုေရာၿပီး
ကိုက္စားပစ္မယ္.."
ပုံမွန္လူလို အသိစိတ္မ်ိဳးမရွိေတာ့
မမခိုင္တစ္ေယာက္ ေပ်ာ္လြန္း၍လက္ကို
တေျမႇာက္ေျမႇာက္ လုပ္ေနေလရာ
ထမင္းလုံးေတြေတာင္ သူ႔ပါးမွာကပ္ကုန္ေလၿပီ။
ခ်စ္ပန္းေဝကို မသိမသာအကဲခတ္လိုက္ေတာ့
သူ႔အေမ၏ ေပ်ာ္႐ႊင္ေနပုံကိုၾကည့္ၿပီး
မ်က္ရည္ေတြ ဝဲလာသည္ကိုေတြ႕လိုက္မိရာ
ေဒၚေဌး၀င္း ႀကိတ္၍ၿပဳံးလိုက္မိေလသည္။
သူမ်ား၏ အားနည္းခ်က္ကို ထုတ္ေဖာ္တာ
မေကာင္းေပမဲ့ ခ်စ္ပန္းေဝ၏မဂၤလာကိစၥက
ကိုယ္ေတြအတြက္ အက်ိဳးအျမတ္အမ်ားႀကီး
ရႏိုင္မဲ့ကိစၥဆိုေတာ့ ဘယ္သူ႔အားနည္းခ်က္ကိုပဲ
ခ်နင္းရပါေစ သိပ္တန္မွာေသခ်ာတယ္။
"မမခိုင္ေရ..ကိတ္မုန႔္ေလးစားရမွာကို
ဘာလို႔ ဒီေလာက္ေပ်ာ္ေနရတာလဲ...
ခ်စ္ခ်စ္သာ ေယာက္်ားယူသြားရင္
ပိုေတာင္ ေပ်ာ္ရအုံးမွာသိရဲ႕လား.."
"ဟုတ္လား..အဲ့ၾကရင္ငါကကိတ္မုန႔္ေတြ
အမ်ားႀကီးပိုစားရမွာလား.."
"ဒါေပါ့..ကိတ္မုန႔္ေတြတင္မကဘူး
မမခိုင္လိုခ်င္တာမွန္သမွ် အကုန္ရမွာ
စားေကာင္းတာေတြလည္း ေန႔တိုင္းစားရမွာ
အိမ္အႀကီးႀကီးမွာလဲေနရမွာ..မမခိုင္ရဲ႕..."
"ေရး..ေပ်ာ္လိုက္တာ...ေပ်ာ္လိုက္တာ.."
မ႐ူးမေကာင္း မမခိုင္ကလည္း
ဘာမွန္းညာမွန္းမသိ ထေပ်ာ္ေနေတာ့
ခ်စ္ပန္းေဝ ေတြေဝသြားေလာက္ၿပီထင္ပါရဲ႕။
"ဇြတ္ေပ်ာ္မေနနဲ႔အုံး မမခိုင္ေရ
ေကာင္းေကာင္းေန၊ေကာင္းေကာင္းစားခ်င္ရင္
ခ်စ္ခ်စ္ကို ျမန္ျမန္ေယာက္်ားယူဖို႔သာေျပာ
သူမယူရင္ေတာ့ ခုဏကေျပာခဲ့တာေတြ
အကုန္လုံး တစ္ခုမွျဖစ္လာမွာမဟုတ္ဘူး.."
"ေဒၚႀကီး!!!အေမ့ကိုဘာေတြ
ေလွ်ာက္ေျပာေနတာလဲ..."
ခ်စ္ခ်စ္ကို တမင္တြန္းအားေပးေနေသာ
ေဒၚႀကီး၏စကားေတြကို
ထပ္မၾကားခ်င္ေတာ့ေပ။
အစကေတာ့ ဒီမဂၤလာကိစၥကို မရရေအာင္
ျဖတ္မည္ဟု ဆုံးျဖတ္ခ်က္ခ်ၿပီးခဲ့ေပမဲ့
အခုေတာ့ ေတြေဝေနရသည္။
"ခ်စ္ပန္းေဝ..နင္ေသခ်ာစဥ္းစားၾကည့္စမ္း
နင္သာ အဲ့ေကာင္ေလးနဲ႔လက္ထပ္လိုက္ရင္
နင့္အေမကို ရန္ကုန္ၿမိဳ႕အထိေခၚသြားၿပီး
ကြၽမ္းက်င္တဲ့ ဆရာ၀န္ႀကီးေတြနဲ႔
ေဆးကုလို႔ ရႏိုင္တယ္ေလ..
.........
ဒါတင္မကေသးဘူး နင္ကရန္ကုန္မွာ
ေက်ာေထာက္ေနာက္ခံအေနနဲ႔ ရွိေနေတာ့
နင့္ေမာင္ႏွမေတြလည္း
ေကာင္းစားၾကမယ္..
........
ညည္းရဲ႕ဦးေလးကလည္း သေဘာတူပါတယ္လို႔
ေျပာၿပီးေနမွကို ညည္းဘက္ကျဖတ္မယ္ဆိုရင္
ငါတို႔ ေစာင့္ေရွာက္လာခဲ့တဲ့
ေက်းဇူးတရားေတြကို ညည္းဥပကၡာ
ျပဳလိုက္သလိုပဲေပါ့...
..........
အဓိကက ေငြပဲဟဲ့
ခ်စ္တာေတြ..ေမတၱာေတြအသာထားစမ္းပါ..
အဲ့ဒါေတြက အေရးပါလို႔လား..
ဆံျဖဴ..သြားက်ိဳးႀကီးမယူရတာေတာင္
ကံေကာင္းတယ္မွတ္..
........
ငါလည္း ဒီေလာက္ပဲေျပာႏိုင္ေတာ့မယ္
မ်က္ရည္ေတြကို အခုသုတ္စမ္း
ေရာ့..ငါ့ပုဝါနဲ႔သာသုတ္လိုက္...
နင့္ဦးေလးေရွ႕မွာ မူမပ်က္ေစနဲ႔ေနာ္...
ဘာေျပာေျပာ အကုန္လက္ခံလိုက္...
.........
လာ..အိမ္ေရွ႕ကိုသြားၾကမယ္...
အားလုံးက ညည္းကိုေစာင့္ေနၾကတာေအ့.."
လက္ကိုဆြဲၿပီး အိမ္ေရွ႕သို႔ျပန္ေခၚထုတ္လာေသာ
ေဒၚႀကီးေၾကာင့္ ရႈိင္း၏အနားသို႔
ျပန္ေရာက္လာရျပန္ေလၿပီ။
ခ်စ္ခ်စ္၏ဘ၀ဟာ ငိုခ်င္တာေတာင္
မ်က္ရည္မက်ရဲသည့္ ဘ၀ပါေလ။
ရႈိင္းက ကိုယ့္အားမုန္းေနသည္ဆိုေတာ့
အတတ္ႏိုင္ဆုံး ခႏၶာကိုယ္ကိုႀကဳံ႕၍ထိုင္လိုက္ၿပီး
သူနဲ႔ မထိေအာင္ေနမိကာ မ်က္ႏွာကိုလည္း
ဘယ္သူမွ မျမင္ႏိုင္ေအာင္ ငုံ႔ထားလိုက္မိသည္။
ခ်စ္ခ်စ္ရဲ႕ဘ၀ကို ႀကိဳက္သလိုသာ
ျခယ္လွယ္ၾကပါေတာ့။
ကိုယ့္ဘ၀ကို ကိုယ္တိုင္မွမပိုင္ေတာ့ပဲ။
ခ်နင္းခ်င္နင္း၊ကန္ခ်င္ကန္ၾကပါေစေတာ့။
အားလုံး ေကာင္းစားဖို႔တဲ့အတြက္
ခ်စ္ခ်စ္ဟာအဖိုးမတန္တဲ့ သက္မဲ့လူသား
ျဖစ္လည္းရပါတယ္။
*ကံၾကမၼာကိုက ဒီလိုဖန္လာခဲ့ၿပီပဲေလ...*
"သားတို႔ႏွစ္ေယာက္ ဆုံးျဖတ္ၿပီးၾကၿပီလား
မဂၤလာပြဲကို ဘယ္လိုလုပ္ခ်င္ၾကလဲ..."
ခ်စ္ခ်စ္၏နားထဲတြင္ ပထမဦးဆုံး
ၾကားလိုက္ရတာကေတာ့ အန္တီစံပယ္၏
ၾကည္လင္ၿပီး သေဘာထားျပည့္၀ေသာ
အသံပင္ျဖစ္သည္။
ေနာက္ထပ္ ဆက္ၿပီးၾကားလိုက္ရတာကေတာ့
အမိန႔္သံပါ၀င္ေနေသာ ရႈိင္း၏အသံခပ္ဩဩ...
"ခ်စ္ပန္းေဝပဲ ေျပာပါေစ..
သူျဖစ္ေစခ်င္တဲ့အတိုင္း..
ကြၽန္ေတာ္လိုက္နာမွာပါ.."
ငိုခ်င္လွ်က္ လက္တို႔ျဖစ္ေနေပမဲ့
မဲ့ၿပဳံးသာၿပဳံးလိုက္မိသည္။
ကိုယ္ျဖစ္ေစခ်င္တဲ့အတိုင္း
လိုက္နာမည္ဆိုေသာလူဟာ
လူႀကီးေတြသတိမထားမိခင္
ခ်စ္ခ်စ္ကို သတိေပးသလိုနဲ႔
ပုခုံးခ်င္း တိုက္ခ်သြားခဲ့သည္။
*ေခ်ာင္းစပ္မွာ သူေျပာခဲ့သည့္စကားေတြကို
သတိေပးေနတာ ထင္ပါရဲ႕...*
အခုေတာင္မွ ခ်စ္ခ်စ္ကို သူဒီေလာက္အထိ
မုန္းေနရင္ ခ်စ္ခ်စ္သာ သူ႔ဆႏၵကို
လိုက္ေလ်ာမေပးပါက ပိုဆိုးသြားမွာမ်ားလား။
သူမုန္းမွာကို ခ်စ္ခ်စ္တကယ္ကို
ခံႏိုင္ရည္မရွိပါဘူး။
"ေျပာလိုက္ေလ..ခ်စ္ပန္းေဝ.."
ထပ္ၿပီးသတိေပးလာေသာ သူ႔မ်က္ႏွာကို
၀မ္းနည္းစြာ ေမာ့ၾကည့္လိုက္ၿပီးေနာက္
ခ်စ္ခ်စ္၏အေျဖကို ေစာင့္စားေနၾကေသာ
လူႀကီးေတြဘက္သို႔
ျပန္လွည့္ၾကည့္လိုက္မိသည္။
ခ်စ္ခ်စ္ရဲ႕ အေျဖဟာ ေလာဘတႀကီး
႐ႊန္း႐ႊန္းစားစား ၾကည့္ေနေသာ ေဒၚႀကီးကိုေတာ့
၀မ္းနည္းေစမွာ ေသခ်ာပါတယ္။
"သမီး..မဂၤလာပြဲကိုႀကီးႀကီးက်ယ္က်ယ္လုပ္ဖို႔
ဆႏၵမရွိပါဘူး.."
"ဘာ!!!!ခ်စ္ပန္းေဝ..
နင္ဘာေတြေလွ်ာက္ေျပာေနတာလဲ..."
ထင္တဲ့အတိုင္း ေဒၚႀကီးကေဒါသပုန္
ထလာေလသည္။
"မေဌး..နင္အသာေနစမ္း..."
"ဘာကို အသာေနရမွာလည္း ရွင့္တူမ
ေပါက္ကရေတြ ေလွ်ာက္ေျပာေနတာေလ..."
For Me, [8/27/2025 6:10 PM]
"မေဌး..ငါမင္းကို၀င္မပါနဲ႔လို႔
ေျပာထားၿပီးသားေနာ္..ဒါကမင္းေဆာင္ရမဲ့
မဂၤလာေဆာင္မဟုတ္ဘူး...ၿငိမ္ၿငိမ္ေနစမ္း..
ခ်စ္ခ်စ္..သမီးေလး
မဂၤလာေဆာင္မလုပ္ခ်င္ဘူးဆိုတာ
တကယ္လား..ဘာျဖစ္လို႔ မလုပ္ခ်င္တာလဲ..."
ေဒၚႀကီးက သေဘာမတူေပမဲ့ ေလးေလးကေတာ့
ခ်စ္ခ်စ္၏ ဆႏၵကိုအေလးထားသည္။
ေဒၚႀကီးလို အျပစ္တင္မည့္အစား
ေလျပည္ေအးေလးႏွင့္သာ ေမးလာသည့္
ေလးေလးကို သိပ္ေက်းဇူးတင္တာပဲ။
"မဂၤလာေဆာင္ရင္ သမီးလည္းပင္ပန္းသလို
အားလုံးလည္း ပင္ပန္းၾကရမွာေလ..
ဒါေၾကာင့္ မဂၤလာေဆာင္စရိတ္ကို
ဒီအတိုင္း အကုန္ခံမဲ့အစား
မိဘမဲ့ေက်ာင္းျဖစ္ျဖစ္
႐ြာဘုန္းႀကီးေက်ာင္းကိုျဖစ္ျဖစ္
လႉလိုက္ခ်င္ပါတယ္..သမီးတို႔ႏွစ္ေယာက္ကေတာ့
႐ုံးတက္ၿပီး လက္မွတ္ထိုး႐ုံေလာက္ဆို
အဆင္ေျပပါတယ္.."
"ငါ့ေခြၽးမေလးက စိတ္ထား
မြန္ျမတ္လိုက္တာကြယ္..ခ်စ္ခ်စ္ကအဲ့ဒီ့လို
လုပ္ခ်င္လည္း အန္တီတို႔ကလုပ္ေပးမွာပါ
ဒါေပမဲ့ မိန္းကေလးဆိုတာ တစ္သက္မွာ
တစ္မဂၤလာပဲေဆာင္ရမွာေလ..
.........
မဂၤလာ၀တ္စုံလွလွေလး၀တ္ၿပီး
လူအမ်ားၾကားမွာ ေက်ာ့ေက်ာ့ေမာ့ေမာ့ေလး
လမ္းေလွ်ာက္ရမဲ့ ခံစားခ်က္ကို
ခံစားရမွာမဟုတ္ေတာ့ဘူးေနာ္..
ခ်စ္ခ်စ္ေနာင္တမရမွာ ေသခ်ာလား.."
ေနာင္တရတာေပါ့။
သူမ်ားေတြရဲ႕ မဂၤလာေဆာင္မွာ မဂၤလာ၀တ္စုံ
အေရာင္ေလးေတြ၊ဒီဇိုင္းလ္ေလးေတြကအစ
ကိုယ္တိုင္းလိုက္ေ႐ြးေပးခဲ့ဖူးတဲ့အျပင္
သူမ်ားမဂၤလာေဆာင္မွာ
ဧည့္ႀကိဳလုပ္ေပးတဲ့အခါ
ငါ့အလွည့္ၾကရင္ဆိုတာမ်ိဳး
စိတ္ကူးနဲ႔ ႐ူးခဲ့မိသူမို႔ ေနာင္တသိပ္ရတာေပါ့။
ဒါေပမဲ့ တကယ့္လက္ေတြ႕မွာ
ကိုယ္နဲ႔ လက္ခ်င္းခ်ိတ္မဲ့ သူတို႔သားကိုမေျပာနဲ႔
ကိုယ့္ကိုကိုယ္ေတာင္ မပိုင္တဲ့အခါ
မဂၤလာပြဲဆိုတာႀကီးက ဘာေတြ
ထူးျခားသြားမွာမို႔လို႔လဲ။
ဘာေပ်ာ္႐ႊင္မႈမွ မရႏိုင္မဲ့အတူတူ
ကုသိုလ္လုပ္တာကမွ ေနာင္ဘ၀အထိပါအုံးမယ္။
"သမီးေနာင္တမရပါဘူး အန္တီစံပယ္.."
"ေကာင္းၿပီေလ..ဒါဆိုသားကေရာ..
"ကြၽန္ေတာ္ကေတာ့ ခ်စ္ပန္းေဝရဲ႕
သေဘာအတိုင္းပါပဲ.."
"ကဲ..ကေလးေတြရဲ႕သေဘာကို
သိရၿပီဆိုေတာ့ ကိုတင္ေမာင္တို႔ဘက္ကေရာ
ဘယ္လို ျဖစ္ေစခ်င္သလဲရွင့္..."
"ကြၽန္ေတာ္ကေတာ့ ခ်စ္ခ်စ္
စိတ္ေက်နပ္တယ္ဆိုရင္ ရပါၿပီဗ်ာ.."
"ေကာင္းပါၿပီ..ဒါဆို..အဲ့လုံးအဆင္ေျပၿပီလို႔
သတ္မွတ္လိုက္တာေပါ့..
ဒီသိန္းႏွစ္ရာကေတာ့ တင္ေတာင္းေငြအျဖစ္
သတ္မွတ္ေပးပါေနာ္..
ဒါေပမဲ့ မဂၤလာပြဲအတြက္ စီစဥ္ထားတဲ့
ေငြကိုေတာ့ ခ်စ္ခ်စ္ရဲ႕
သေဘာအတိုင္း လုပ္ေပးမွာပါ
ကိုတင္ေမာင္တို႔ဘက္က
လိုအပ္တာရွိရင္လည္း ကြၽန္မတို႔ကို
အခ်ိန္မေ႐ြးေျပာပါေနာ္..."
"ဟုတ္ကဲ့ပါဗ်ာ..ကဲ..အားလုံးပဲ
ေကာ္ဖီနဲ႔ ကိတ္မုန႔္ေလး သုံးေဆာင္ၾကပါအုံး..
ကိစၥေတြအားလုံး ၿပီးျပတ္သြားၿပီမို႔
သက္ျပင္းခ်လိုက္ႏိုင္ေပမဲ့ ျဖစ္လာမည့္
အနာဂတ္ကို ႀကိဳေတြးၾကည့္လိုက္တိုင္း
ရင္ေမာေနရသည္။
ကိုယ့္ကို လူရာမသြင္းႏိုင္ဘူး၊
သိပ္မုန္းပါသတဲ့ဆိုတဲ့လူနဲ႔ ဘယ္လိုမ်ိဳး
ေရွ႕ဆက္ၿပီး ႏွစ္ပါးသြားရပါ့မလဲ။
ေဘးသို႔ၾကည့္လိုက္ေတာ့ ရႈိင္းကသူ႔မန္ေနဂ်ာ
ထက္ယံႏွင့္အတူ ျပန္သြားႏွင့္ေလၿပီ။
လူႀကီးေတြလည္း တစ္ေယာက္စ၊ႏွစ္ေယာက္စႏွင့္
ျပန္ကုန္ၾကေသာေၾကာင့္
ခ်စ္ခ်စ္လည္း ေနရာမွာတင္ ငူငူငိုင္ငိုင္ႀကီး
ထိုင္ေနမိသည္။
"ခ်စ္ခ်စ္ေရ..မစံပယ္တို႔ျပန္ေတာ့မယ္တဲ့
ၿခံတံခါး၀အထိ လိုက္ပို႔လိုက္ပါအုံး.."
"ဟုတ္ကဲ့..ေလးေလး..."
ခ်စ္ခ်စ္လည္း အန္တီစံပယ္တို႔လင္မယားႏွင့္
သူတို႔၏ သမီးျဖစ္သူကို ၿခံ၀အထိ
ဧည့္၀တ္ေၾကေအာင္ လိုက္ပို႔ရေလသည္။
ခ်စ္ခ်စ္အံ့ဩမိတာကေတာ့ ရႈိင္းက
ဘ၀င္ျမင့္သေလာက္ အန္တီစံပယ္တို႔
လင္မယားက သေဘာထား
အရမ္းျပည့္၀လြန္းေနတာကိုပဲ။
"ခ်စ္ခ်စ္..သမီးေလးဘာမွစိတ္မပူနဲ႔ေတာ့ေနာ္
အန္တီေမာင္ေမာင့္ကိုလည္း
ေသခ်ာဆုံးမေပးမယ္..တကယ္လို႔
သမီးက မဂၤလာပြဲေရာ၊အလႉေရာ
လုပ္ခ်င္တယ္ဆိုလည္း အန္တီက
လိုက္ေလ်ာေပးမွာပဲ..."
"ေက်းဇူးတင္ပါတယ္အန္တီရယ္..
သမီးကိုယ္တိုင္က..မဂၤလာပြဲမလုပ္ခ်င္တာပါ..
ပကာႆနေတြပါ အန္တီရယ္..သမီးကသာ
အန္တီတို႔ကို အားနာေနတာ..
႐ုတ္တရက္ႀကီး သမီးကို
ေခြၽးမေတာ္လိုက္ရေတာ့.."
"အို..အဲ့ဒါေတြ မေျပာစမ္းပါနဲ႔ခ်စ္ခ်စ္ရယ္..
ကိုယ့္တစ္႐ြာတည္းသားခ်င္းကို
ေခြၽးမေတာ္ရေတာ့ ပိုေတာင္ေကာင္းေသးတယ္
စိတ္ညစ္စရာေတြ ဘာမွမေတြးနဲ႔
အန္တီက အေစာတည္းကခ်စ္ခ်စ္ကို
သံေယာဇဥ္ရွိေနတာ..
..........
အခုေခြၽးမေတာ္လိုက္ရေတာ့
ပိုေတာင္ ၀မ္းသာရေသးတယ္..
ခ်စ္ခ်စ္ရဲ႕အေမကိုလည္း ဟိုေရာက္ရင္
အန္တီကိုယ္တိုင္ အေကာင္းဆုံးဆရာ၀န္ေတြနဲ႔
ျပေပးမယ္သိလား.."
"ေက်းဇူးတင္လိုက္တာအန္တီရယ္..
သမီးကိုနားလည္ေပးတဲ့အတြက္
ေက်းဇူးအရမ္းတင္ပါတယ္.."
"ေအးပါ..ေအးပါ..မငိုနဲ႔ေတာ့..အန္တီတို႔
သြားေတာ့မယ္ေနာ္..."
ခ်စ္ခ်စ္ကို ႏွစ္သိမ့္ေပးၿပီး ဦးႏွင့္အန္တီက
ထြက္သြားၾကေလသည္။
ရႈိင္းက မၾကင္နာေပမဲ့ ကိုယ္ေတာ္ရမဲ့
ေယာကၡမက သေဘာထားျပည့္၀လြန္းေနေတာ့
ကံေကာင္းသည္ဟု ဆိုရမည္လား။
"ခ်စ္ပန္းေဝ...!!!!"
အိမ္ဘက္သို႔ ျပန္သြားဖို႔လုပ္ေနစဥ္မွာ
ကိုယ့္နာမည္ကို ေခၚေနသံၾကား၍
ျပန္လွည့္ၾကည့္လိုက္မိေတာ့
မဂၤလာကိစၥ ေျပာေနၾကစဥ္ တစ္ခ်ိန္လုံး
တိတ္ဆိတ္ေနခဲ့ေသာ ရႈိင္း၏ညီမျဖစ္ေနသည္။
"အိမ္ထဲမွာ တစ္ခုခုက်န္ခဲ့လို႔
လာျပန္ယူတာလား.."
"တို႔မင္းကို ေျပာစရာေလးရွိလို႔
ျပန္လွည့္လာတာ..."
"ဘာေျပာမလို႔လဲဟင္..."
For Me, [8/27/2025 6:10 PM]
ရႈိင္း၏ညီမေလးသည္ ရႈိင္းႏွင့္႐ုပ္ခ်င္း
အနည္းငယ္ဆင္ေပမဲ့ ႏူးညံ့သည့္
မိန္းကေလးပုံမေပါက္ပဲ အနည္းငယ္
ေယာက္်ားဆန္ေနသလို ခံစားလိုက္ရသည္။
၀တ္ပုံစားပုံေၾကာင့္ပဲလား မေျပာတတ္။
"မဂၤလာပြဲမလုပ္ေတာ့တဲ့အႀကံက
တို႔အစ္ကိုႀကီးရဲ႕ အႀကံမဟုတ္လား..."
"အစ္မက ဘယ္လိုျဖစ္ၿပီးသိသြားရတာလဲ.."
"တို႔ဘာသာတို႔ ခန႔္မွန္းလိုက္တာေလ..
တို႔က အစ္ကိုႀကီးရဲ႕အေၾကာင္းကိုသိလို႔
နည္းနည္းေတာ့ သတိေပးလိုက္မယ္ေနာ္..
...........
အစတည္းက အရႈံးေပးထားရင္
မင္းတစ္သက္လုံး ရႈံးေနရမွာေနာ္..
..........
တို႔အစ္ကိုႀကီးမွာ အက်င့္ဆိုးတစ္ခုရွိတယ္
သူက တစ္ခါႏိုင္ဖူးေလ..
ပိုႏိုင္ခ်င္ေလဆိုတဲ့လူမ်ိဳး...
.......
သူ႔ကို မင္းဘယ္ေတာ့မွ အရႈံးမေပးနဲ႔...
မင္းအရႈံးေပးေလ..
သူကမင္းကိုပိုအႏိုင့္က်င့္ေလပဲ
.........
ေနာက္တစ္ခ်က္ရွိေသးတယ္..သူက
အဂၤလန္မွာ အဖိုးေတြ၊ဦးေလးေတြနဲ႔
အေနမ်ားခဲ့ေတာ့ ဖိုဝါဒစြဲအရမ္းႀကီးတယ္..
.......
သူ႔အသဲႏွလုံးကလည္း အရမ္းမာတယ္
မင္းသူ႔ရဲ႕ခံစားခ်က္ကို
ခ်က္ျခင္းအရည္မေဖ်ာ္ႏိုင္ေပမဲ့
တေျမ့ေျမ့ တိုက္စားၿပီးေပ်ာ္၀င္ေအာင္
ႀကိဳးစားၾကည့္...
........
ႀကိဳးစားလို႔ မရဘူးဆိုရင္ေတာ့
သူနဲ႔ ေဝးေဝးေနတာပိုေကာင္းလိမ့္မယ္..
ဘာေၾကာင့္လဲဆိုေတာ့
သူ႔ဒုကၡေပးတဲ့ ဒဏ္ကိုခံစားၿပီး
စိတ္ကင္ဆာမ်ိဳးစုံနဲ႔ အိုစာသြားမွာစိုးလို႔...
.......
ကဲ..တို႔ေျပာလို႔ေတာ့ၿပီးၿပီ..
ဖိုက္တင္းပါ..ခ်စ္ပန္းေဝ..
အစ္ကိုႀကီးက မင္းဘက္မွာမရွိလည္း
တို႔တစ္မိသားစုလုံးကေတာ့ မင္းဘက္မွာေနာ္..."
သူေျပာမွ ရႈိင္းကိုလက္ထပ္ရမည့္အေရး
ပိုေတာင္ ေၾကာက္လာသလိုပဲ။
မသိရင္ ရႈိင္းကိုလက္ထပ္ၿပီးတာနဲ႔
ရႈပ္ေထြးေပြလီတဲ့ ၀ကၤပါထဲကို
ပစ္၀င္ရေတာ့မလိုလို..။
*ဟူး.!!!.ေယာက္်ားယူရတာလည္း
က်ားအမွီးေျပးဆြဲရသလိုပါပဲလား...*
ခ်စ္ခ်စ္၏မ်က္ႏွာႀကီးက ခုႏွစ္ဘ၀စာေလာက္
အိုစာၿပီး ရႈံ႕မဲ့သြားေတာ့ ပိေတာက္ေမႊးလည္း
ထရယ္မိေတာ့သည္။
"ဟား..ဟား..
မ်က္ႏွာက ဘယ္လိုျဖစ္သြားရတာလဲ...
စစ္မလာခင္တည္းက ေတြးေၾကာက္ေနတာလား
မင္းမွာ ေၾကာက္ေသြးပါလာလို႔ မရဘူးေနာ္
အစ္ကိုႀကီးကို လက္ထပ္လိုက္ရတဲ့
ေနာက္ကြယ္မွာ မင္းရင္ဆိုင္ရမွာေတြက
အမ်ားႀကီးပဲ ရွိတယ္..._"
"ဟင္..ဘာေတြလဲဟင္..."
"အခုေတာ့..တို႔မေျပာေသးဘူး
မင္းအရမ္းေၾကာက္သြားမွာစိုးလို႔
ဒါေပမဲ့ ရန္ကုန္ေရာက္ရင္ေတာ့
မင္းသိလာမွာပါ...
ဖိုက္တင္း..ေယာင္းမေလး..."
"ဖိုက္တင္း.."
သူ႔ကိုၾကည့္ၿပီး ကိုယ္ပါေယာင္မိေတာ့မလို
ျဖစ္သြားသည္။
ရန္ကုန္ေရာက္တဲ့အခါ ရင္ဆိုင္ရမွာေတြ
အမ်ားႀကီးပဲတဲ့။
ေသခ်ာျပန္ေတြးၾကည့္လိုက္ေတာ့မွ
မပိေတာက္ေမႊး ေျပာသြားသည့္အဓိပၸာယ္ကို
ေတြးမိသြားေလေတာ့သည္။
*ခ်စ္ခ်စ္နဲ႔ လက္ထပ္ရမည့္လူဟာ
ႏိုင္ငံေက်ာ္႐ုပ္ရွင္မင္းသား တစ္ေယာက္ဆိုတာ
ခ်စ္ခ်စ္ေမ့သြားခဲ့တယ္...
သူ႔ပရိတ္သတ္ေတြက ျပည္တြင္းသာမက၊
ျပည္ပမွာလည္း အမ်ားအျပားရွိတာမို႔
သူလက္ထပ္လိုက္တဲ့မိန္းကေလးဟာ
ခ်စ္ခ်စ္မွန္းသာသိရင္..မတူဘူး..မတန္ဘူးဆိုၿပီး
မိုးမႊန္ေအာင္ ဝိုင္းတုပ္ၾကမလားမသိဘူး...*
*အခန္း၁၆**ဆက္ရန္
🌺🌺🌺🌺🌺🌺🌺🌺🌺
ခ်စ္ခ်စ္ကို ကယ္တင္ေပးလိုက္ၾကပါအုံး
သူ႔ခမ်ာ လင္မယူရေသးဘူး
တအားေၾကာက္ေနၿပီ🤭
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)
ချစ်ချစ်အစားယူပေးချင်လိုက်တာ ရှိုင်း ကို လေ 😁
ReplyDeleteDeliနဲ့ပို့လိုက်ပါ့မယ်
Deleteချစ်ချစ်ကိုဝိုင်းပီးကာကွယ်ကြမယ်😊
ReplyDeleteချစ်ချစ်ရေးဖိုက်တင်းစေတနာကောင်းယင်ကံကောင်းပါတယ်သူအပေါ်မေတ္တာစေတနာများများထားပေးယင်ရောင်ပြန်ဟတ်လာပါလိမ့်မယ်။
ReplyDeleteအားမငယ်ပါနဲ့ချစ်ချစ်ရေ..
ReplyDeleteဦးဂုန်မာန်ကြီးတောင် ဒေါ်စံပယ်ကိုအခုထိမနိုင်သေးဘူး
ချစ်ပန်းဝေဘယ်လိုတွေကြုံရအုန်းမလဲမသိ အမေကိုငဲ့ပြီး
ReplyDeleteအပိုင်းသစ်မျှော်နေတာမောပြီ ဆရာမရေ တင်ပေးပါအုံး
ReplyDeleteအပိုင်းသစ်လေးမျော်နေပါတရ်ရှင့်
ReplyDelete၁ပတ်မာ၂ပိုင်းလောက်တင်ပေးပါလာရှင့်
ReplyDeleteခဏခဏဝင်းကြည့်ပီး မျှော်နေရတာ....🐼
ဟုတ်တယ်နော်နေ့တိုင်းဝင်ကြည့်နေရတာတင်နိုးနိုးနဲ့
Deleteဆရာမရေမျှော်နေပြီ
ReplyDelete