အခန်း(၁၄) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

 

(Unicode \ Zawgyi)

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌺အခန်း(၁၄)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


ညနေ နေ၀င်ရီတရော အချိန်လောက်တွင်

ကျုံတနော်သို့ ဦးနေဂုဏ်မာန်တို့

သားအဖ ရောက်လာခဲ့ကြလေသည်။

မိုးမုန်တိုင်းကျထား၍ ကားနှင့်၀င်လို့မရသော

အခြေအနေဖြစ်နေလေရာ သားအဖနှစ်ယောက်

မော်တော်ငှားပြီး အုန်းပင်စုရွာသို့

အရောက်သွားရတော့သည်။


အသက်၅၀ကျော်ပြီဖြစ်သည့် ဦးနေဂုဏ်မာန်က

ပင်ပန်းနေ‌သလောက် သမီးဖြစ်သူ

ပိတောက်မွှေးကတော့ ဒါရိုက်တာပီပီ

တွေ့သမျှ မြင်သမျှကို မျက်တောင်မခတ်စတမ်း

စူးစမ်းလေတော့သည်။


"ဟဲ့..ပိတောက်မွှေး..ညိမ်ညိမ်နေစမ်း..

သမီးလှုပ်တာနဲ့ လှေမှောက်တော့မှာပဲ..

အခုကသမီးအစ်ကိုအတွက် မိန်းမတောင်းပေးဖို့

သွားမှာနော်...ရုပ်ရှင်ရိုက်ဖို့

လိုကေးရှင်းလာရှာတယ်များ မှတ်နေလား.."


ကင်မရာ တကားကားနှင့် မြင်မြင်သမျှကို

ဓာတ်ပုံလိုက်ရိုက်နေသောကြောင့်

လှေမှောက်တော့မလို ဖြစ်နေ၍

နေဂုဏ်မာန်လည်း ပိတောက်မွှေးကို

ဆူရ‌လေသည်။


"အဖေကလည်း...သမီးကဒါရိုက်တာလေ

ရောက်လေရာနေရာတိုင်းက သမီးအတွက်

အနုပညာပဲ..အဲ့တော့အမိအရ

ဖမ်းယူထားရမှာပေါ့...အထက်တန်းပြီးတည်းက

နိုင်ငံခြားမှာပဲ နေရတော့

ဒီလိုကျေးလတ်အရသာကို မခံစားရတာကြာပြီ.."


"ဟဲ့..အော်..ငြိမ်ငြိမ်နေပါဆိုတာကို

ပြောလည်း မရပါလား..ဒေါ်စံပယ်မွှေးရဲ့သမီး

ပီသပါပေတယ်..စပ်စလူးကိုစိန်နေရော.."


ပိတောက်မွှေးသည် အသားအရည်နှင့်

စိတ်ဓာတ်ကအစ တကယ့်ကိုမအေတူ

သမီးပါပဲ။

သို့ပေမဲ့ အလှအပကြတော့ သူ့အမေစံပယ်မွှေးလို

မိန်းမ ဆန်ခြင်းမဟုတ်ပေ။


ဆံပင်ဂုတ်ထောက်လောက်နှင့် ၀တ်စားပုံကအစ

တီရှပ်ပွပွ၊ဂျင်းပဲန်ပွပွကြီးတွေဖြစ်ပြီး

အနေအထိုင် အပြောအဆိုအားလုံး

ယောက်ျားဆန်ချင်သည်။


အထက်တန်းပြီးတည်းက အင်္ဂလန်မှာ

အနုပညာကျောင်း သွားတက်နေခြင်းဖြစ်ပြီး

ဟိုမှာပဲ ပညာဆည်းပူးရင်းသူ့ဆရာ၏

လက်ထောက်အဖြစ် အလုပ်လုပ်နေခဲ့ခြင်းဖြစ်၍

ဒီကိုပြန်ရောက်‌တာ သိပ်မကြာသေးပေ။


ထို့ကြောင့် နိုင်ငံခြားမှာပဲ အနေများခဲ့သည့်

ပိတောင်မွှေးသည် အနုပညာသမားတို့၏

ထုံးစံအတိုင်း ချောင်းတစ်လျှောက်

ဖြတ်ကူးလာသည့် ဘဲအုပ်စုပါမချန်

ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်နေလေတော့သည်။


နေဂုဏ်မာန်လည်း ပြောလို့မရသည့်အဆုံး

မပြောချင်တော့၍ ချောင်းရိုးတစ်လျှောက်ကိုသာ

ကြည့်ကာ ဟိုအရင်ကမွှေးတစ်ယောက်

စိတ်ဆိုးပြီး သူ့ရွာကိုပြန်သွားလို့

လိုက်ချော့ခဲ့ရသည့် အဖြစ်အပျက်ကို

ပြန်တွေး ပြုံးမိလေသည်။


‌စံပယ်မွှေးဆိုသော အမျိုးသမီးလေးဟာ

အချစ်စစ်နှင့်နွေးထွေးမှုအစစ်အမှန်၏

အဓိပ္ပာယ်ကို ကိုယ့်အားနားလည်စေခဲ့သည့်

တစ်ဦးတည်းသော သူပါပဲ။


အချိန်တွေသာ တရွေ့ရွေ့ကုန်ဆုံးသွားပေမဲ့

ဖန်တီးခဲ့သော အမှတ်တရတွေကတော့

ဘယ်တော့မှ ဟောင်းနွမ်းမသွားခဲ့ပေ။

အသက်တွေကကြီးလာတော့ နောက်ထပ်

ဘယ်နှနှစ် ထပ်နေရမလဲဆိုတာပဲ

တွက်နေရတော့သည်။


ဒီတော့ အသက်ရှင်နေတုန်းမှာ ချစ်ရသူ

မိန်းမစကားကိုပဲ နားထောင်တော့မည်ဟု

ဆုံးဖြတ်လိုက်မိတော့သည်။

ကိုယ့်ကို ဆူတယ်၊ပြောတယ်ဆိုတာဟာလည်း

သူ့ရင်ထဲမှာ ကိုယ်ရှိနေလို့ စိတ်ပူတာပဲပေါ့။

ချစ်လို့ယူထားသည့်မိန်းမကို စိတ်ခုအောင်

မလုပ်ရက်တော့ပေ။


"အဖေ့..အဲ့မှာဘာထိုင်ငေးနေတာလဲ

အ‌မေတို့ရွာကို ရောက်နေပြီတဲ့

လှေသမားက ဘယ်နားမှာကမ်းကပ်ရမလဲ

မေးနေတယ်..."


သမီးဖြစ်သူ၏အသံကိုကြားမှပဲ 

နေဂုဏ်မာန်လည်း အတွေးစတွေကိုဖြတ်ကာ

ကမ်းနားဘက်မှာ အသစ်ဆောက်ထားသော

မွှေးတို့၏ တိုက်အိမ်လေးကိုရှာမိလေသည်။


"‌ဟိုတိုက်အဖြူလေးရှိတဲ့ အိမ်နောက်မှာပဲ..

ကမ်းကပ်လိုက်ပါကွာ.."


လှေသမားကို ကမ်းကပ်ဖို့ပြောလိုက်ပြီးနောက်

ပါလာသော လူကြီးသုံးယောက်ကို

ဦးဆောင်ကာ အိမ်အရှေ့တံခါးသို့

ပြန်ပတ်ရလေသည်။

နေ့ခင်းဘက်ကြီးတောင် အိမ်တံခါးကို

ဘာကြောင့် ပိတ်ထားသလဲမသိပေ။


"ဟေ့..တံခါးဖွင့်ပါဦး..မွှေးရေ.."


အကြာကြီးမခေါ်လိုက်ရပဲ သိပ်မကြာခင်မှာ

တံခါးလာဖွင့်၍ ပေါ်လာသောလူကို

ကြည့်လိုက်တော့ ချစ်လှစွာသော

ဇနီလေးဖြစ်နေသည်။


ဇနီးသည်၏မျက်နှာပေးက တင်းမာနေပေမဲ့

ကိုယ်က ချော့ရမည့်လူဆိုတော့

သွားလေးဖြဲပြီး ပြုံးဖြီးပြလိုက်သည်။


"ဟဲ..ဟဲ..မွှေး..ကိုယ်ရောက်လာပြီ

နေကောင်းတယ် မဟုတ်လား.."


"ဘာမှလာမွှေးမနေနဲ့ ၀င်စရာရှိတာ၀င်.."


မျက်နှာချင်းဆိုင်တာနှင့် ရိုက်ပေါက်ဖြစ်နေလည်း

အစွမ်းကုန်ပြုံးထားလိုက်ရလေသည်။

မဟုတ်ရင် မယ်မင်းကြီးမက 

နောင်ဆယ်နှစ်၊ဆယ်မိုးအထိ စိတ်ကောက်လို့

ပြီးတော့မှာ မဟုတ်ဘူး။


"အစ်ကိုတို့၀င်ကြပါ..ဒါက

ကျွန်တော့်မိန်းမရဲ့အိမ်လေ..."


ကိုယ့်အစ်ကို ၀မ်းကွဲနှစ်ယောက်လည်းပါသည်မို့

မွှေးအနားသို့ အရင်မသွားသေးပဲ

အိမ်ထဲသို့ ဦးဆောင်ပြီးခေါ်ကာ

ထိုလူတွေကို ဧည့်ခံရလေသည်။


"မွှေး..ဧည့်သည်တွေနားဖို့ စီစဉ်ပေးအုံးလေ.."


"အားလုံးစီစဉ်ပြီးပြီ..သမီးဒါဒါရေ

ဧည့်သည်တွေကို နားဖို့ခေါ်သွားလိုက်ပါကွယ်.."


"ဟုတ်ကဲ့..ဒေါ်လေး.."


ဧည့်သည်‌တွေနားဖို့ တူမဖြစ်သူဒါဒါကိုပဲ

ခိုင်းလိုက်ရလေသည်။

ထမင်းစားဖို့လည်း ချက်ပြုတ်ပြီးသားမို့

အားလုံး အဆင်သင့်ပါပဲ။

သို့ပေမဲ့ အနားသို့လိုက်ကပ်နေသော

လူကြီးကြောင့် စိတ်ကတော့အဆင်ပြေမနေပေ။


"ရှင်ဘယ်လိုဖြစ်နေတာလဲ..

ဟိုနေရာထိုင်လည်းလိုက်..

ဒီနေရာထိုင်လည်းလိုက်နဲ့ ငြိမ်ငြိမ်ကိုမနေဘူး.."


"ကိုယ့်ကိုအခုထိ စိတ်ဆိုးနေတုန်းပဲလား..."


"စိတ်ဆိုးတာမဟုတ်ဘူး စိတ်နာတာ

ရှင်နဲ့ကျွန်မ မင်္ဂလာဆောင်ပြီးနောက်နေ့တည်းက

ရှင့်အကျင့်ကို မကြိုက်လို့သတိပေးထားခဲ့ပြီးသား

အခုရှင်က ကတိဖောက်ဖြတ်ခဲ့တဲ့အပြင်

ကျွန်မကိုပါရိုက်ဖို့ လက်ရွယ်တယ်..

.......

ကျွန်မပြောခဲ့တာတွေအားလုံးက 

ရှင်ကောင်းဖို့အတွက်ကြီးပဲ..ဒါပေမဲ့ရှင်က

ချုပ်ခြယ်တယ်လို့ထင်ပြီး ကျွန်မကို

အငြှိုးထားခဲ့တာမဟုတ်လား..."


"မွှေးရယ်..မွှေးရဲ့စေတနာတွေကို

ကိုယ်မြင်ပါပြီကွာ..

ကိုယ့်ကိုစိတ်ဆိုးပြေပါတော့နော်..

ကိုယ်မှားမှန်းသိပါပြီ..နောက်ကိုဒါမျိုး

ထပ်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်.."


တကယ်တော့ အဲ့ဒီ့နေ့ကစိတ်ဆိုးပြီး

လက်ရွယ်လိုက်တာပဲရှိတာပါ။

ဒါပေမဲ့ အဲ့ဒါကိုပဲမွှေးကစိတ်ဆိုးသွားခဲ့တယ်။

အရင်ကဆို မွှေးဘာပြောပြော နာခံနေခဲ့တော့

ခဏလေးပွဲထကြမ်းလိုက်တာနှင့် 

အိမ်ပေါ်ကနေ ဆင်းသွားတာများ

သိပ်မြန်ဆန်တာပဲ။


ထို့ကြောင့် အရက်နဲ့မိန်းမကြားမှာ

မိန်းမကို မစွန့်လွှတ်နိုင်တော့လည်း

သူဘာပြောပြော အင်းတစ်လုံးသာသုံးပြီး

အကြိုက်ဆောင်ရတော့မည်။


"မယုံပါဘူး..ရှင်ဒီအချိုးမျိုးပဲ

ပြန်ချိုးအုံးမှာ..အဲ့ခါကြရင်

ကျွန်မက ထပ်ပြီးဒေါသထွက်ရအုံးမယ်.."


"ဒီတစ်ခါတော့ လုံး၀ယုံကြည်ပေးပါမွှေးရယ်

ကိုယ်မွှေးကိုသိပ်ချစ်တာ မွှေးလည်းသိရဲ့သားနဲ့

မွှေးအတွက်ဆို ကိုယ်ဘာဖြစ်ဖြစ်

လုပ်ပြခဲ့တာပဲ မဟုတ်ဘူးလား.."


မိန်းမမျက်နှာကိုကြည့်လိုက်တော့  အနည်းငယ်

အရောင်ကျသွားပြီမို့ အနောက်မှအသာလေး

ဖက်ထားလိုက်မိလေသည်။


ထပ်ပြီး ငြင်းမလွှတ်ဘူးဆိုတော့ 

အခြေအနေကောင်းတဲ့သဘောပဲ။

ထို့ကြောင့် ‌ပါးလေးကိုမွှေးမွှေးပေးဖို့

အရှေ့တိုးလိုက်မိလေသည်။


"အမေ့!!...ဟာ..!!"


အိမ်ထဲသို့ ၀င်၀င်ခြင်းချစ်ကြည်နူးနေသော

အဖေနှင့်အမေကို တွေ့လိုက်ရတော့

ပိတောက်မွှေးလည်း ကိုယ့်မျက်လုံးကိုယ်

အုပ်လိုက်ရသည်။


ဒေါ်စံပယ်မွှေးလည်း  လူမြင်ကွင်းကြီးမှာ

ပွတ်သီးပွတ်သပ် လာလုပ်နေသော

ဟိုလူကြီး၏ လက်များကိုဆတ်ကနဲ

ပုတ်ထုတ်ပစ်လိုက်တော့သည်။

အသက်ကြီးမှ အမှီးထောင်နေသောဒင်းကို

တကယ်အမြင်ကပ်တယ်။


"အဖေနဲ့အမေ ဒရမ်မာခင်းနေတာကို

တမင်နှောက်ယှက်တာ မဟုတ်ရပါဘူး..

သမီးတောင်းပန်ပါတယ်နော်..."


"ပေါက်ကရတွေမပြောစမ်းနဲ့ ပိတောက်မွှေးရယ်

နင့်အဖေရူးတိုင်း လိုက်ရူးမနေနဲ့

ဧည့်သည်တွေတောင် အထဲမှာ၀င်နားနေကြပြီ

‌နင်ကဘာလို့ အနောက်မှာကျန်နေခဲ့ရတာလဲ.."


"..အမေတို့ရွာကသာယာလို့လေ

အဲ့ဒါကြောင့် ချောင်းစပ်မှာဓာတ်ပုံလှည့်ရိုက်ရင်း

ကျန်နေခဲ့တာ..ဟဲ..ဟဲ..အမေနဲ့အဖေ

ကြူကြူမွှေးနေမယ်မှန်းသာသိရင်

နောက်နာရီ၀က်နေမှာ ၀င်လာပါတယ်..."


"ဟဲ့..ဒီကောင်မလေးတော့ အမေကို

စနောက်စရာများ မှတ်နေတာလား..."


"အား..နားရွက်ကိုလိမ်မဆွဲပါနဲ့အမေရ

နာတယ်.."


"မွှေးကလည်းကွာ..သမီးလေးက

အခုမှရောက်တာကို...နာအောင်မလုပ်ပါနဲ့

လာပါကွာ..

ကိုယ်တို့ဇာတ်လမ်းပြန်ဆက်‌ရအောင်.."


"ဦးနေဂုဏ်မာန် ရှင်နာချင်နေပြီလား..."


မွှေး၏လက်သွယ်သွယ်လေးက

သူ့ဗိုက်ခေါက်နားသို့ တိုးကပ်လာရာ

သူ့လည်း မြန်ဆန်စွာဖြင့် အနောက်သို့

ချက်ချင်းဆုတ်လိုက်ရလေတော့သည်။


မဟုတ်ရင် ဗိုက်ခေါက်ကအော်တိုနာမှာ။

ပိတောက်မွှေးကတော့ အဖေနှင့်အမေ၏

အဖြစ်ကို တွေးပြီး ပြုံးစိစိနှင့်ပင်ဖြစ်နေမိကာ

ထပ်ပြီး မနှောက်ယှက်တော့ဖို့

ဆုံးဖြတ်လိုက်သည်။


"အမေ..အစ်ကိုကြီးရှိလား.."


"အပေါ်ထပ်မှာ.."


"ဟုတ်ကဲ့..ဒါဆိုသမီးအစ်ကိုကြီးဆီကို

သွားလိုက်အုံးမယ်နော်..အမေတို့နှစ်ယောက်

ဆက်ပြီးနှစ်ပါးသွားကြပေါ့..."


"ဟဲ့..ဒီကောင်မလေး..ငါလုပ်လိုက်ရ

မကောင်းရှိတော့မယ်.."


အမေကိုစပြီး အပေါ်ထပ်သို့ပြေးတက်သွားသော

သမီးကို ထုချင်ပေမဲ့ ကိုယ်လည်းသူ့နောက်

ပြေးမလိုက်နိုင်ပေ။

ထို့ကြောင့် ဘေးမှာရှိနေသည့်လူကြီးကိုပဲ

ဘုကြည့် ကြည့်ပစ်လိုက်သည်။


"အဲ့ဒါရှင့်ကြောင့်သိလား..အိုကြီးအိုမနဲ့

တဏှာရူးနေတာ..ရှင်ဒီည

ကျွန်မအခန်းထဲ၀င်မလာနဲ့..."


"ဟာ..မွှေးရာ..အဲ့လိုတော့မလုပ်နဲ့လေ...

ကိုယ်တို့ ဆွေးနွေးရအောင်လေကွာ.."


"ဘာမှမဆွေးနွေးဘူး လာမပြောနဲ့.."


"ဟုတ်ဘူးလေ..ကိုယ်ပြောတာက

သားအကြောင်း..သားနဲ့ပတ်သတ်တာကို

ဆွေးနွေးမယ်လို့ပြောတာ..

မွှေးက ဘာထင်လို့လဲ.."


"ဘာထင်ရမှာလဲ...ခေါင်းခေါက်လိုက်ရ..."


"မွှေးနော်..ကိုယ့်ထက်အကြီးကို.."


သားနှင့် ပတ်သတ်တဲ့ကိစ္စဆိုမှ 

ဒေါ်စံပယ်မွှေးလည်း စိတ်မကြည်ပေမဲ့

ငြိမ်နေလိုက်ရတော့သည်။

အခုက သားကိစ္စကြောင့် သူတို့ကို

ဒီခေါ်လိုက်ရတာဖြစ်တဲ့အတွက် အခြားကိစ္စနဲ့

ရန်မဖြစ်ချင်တော့ပေ။


🌺🌺🌺🌺🌺🌺


"ဟိတ်..အစ်ကိုကြီး..."


"ဟာ..ပိတောက်မွှေး..နင်ကဘယ်လိုလုပ်ပြီး

ဒီ‌ကိုရောက်လာတာလဲ.."


ရေချိုးအိင်္ကျီချွတ်နေသော ရှိုင်းလည်း

ညီမဖြစ်သူကို တွေ့လိုက်ရတော့

လုံး၀အံ့အားသင့်သွားလေသည်။

ထက်ယံကတော့ ကုတင်ပေါ်မှာအိပ်နေတာများ

ဟောက်သံတောင် ကြားနေရတယ်။


"အခန်းထဲ ၀င်လို့ရတယ်မဟုတ်လား.."


"ရတယ်လေ..၀င်လာ.."


ရှိုင်းလည်း ချွတ်လက်စအိင်္ကျီကို

ပြန်စွပ်လိုက်ပြီး ခုံတစ်လုံးယူပေးလိုက်သည်။

ပိတောက်မွှေးကတော့ အခန်းတစ်ခုလုံးကို

လှည့်ပတ်ကြည့်ကာ လသာဆောင်မှာသွား၍

လေညှင်းခံရင် မတ်တပ်ရပ်နေ‌လေသည်။


"ညီမတစ်ယောက်တည်း ရောက်နေတာမဟုတ်ဘူး

အဖေလည်းပါတယ်.."


"ဘာလဲ..နင်တို့ကိုအမေလှမ်းခေါ်လိုက်တာလား.."


"ဟုတ်တယ်..ကိုကြီးကိုမိန်းမတောင်းပေးမလို့တဲ့

ပြောစမ်းပါအုံး..ကောက်ခါငင်ခါကြီး

ဘယ်လိုဖြစ်လို့ မိန်းမယူချင်သွားရတာလဲ..."


ပိတောက်က ထို့သို့မေးလိုက်တော့

အစ်ကိုကြီးသည် သူ့ဆံပင်တွေကို

လက်နှင့်သပ်တင်လိုက်ပြီး မျက်ခုံးနက်နက်တွေ

တွန့်ချိုးသွားပုံက တော်တော်လေး

စိတ်ဒုက္ခရောက်နေဟန်။

မသိရင် အရှင်လတ်လတ်ငရဲကျနေသည့်

မျက်နှာထားမျိုး။


"ရုပ်ကြီးကဘာဖြစ်သွားတာလဲ..မဟုတ်မှလွဲရော

မယူမဖြစ်မို့ ယူရမှာမို့လို့လား..

ဇာတ်ကားတွေထဲကလို ကောင်မလေးကို

အရက်မူးပြီး.."


"ဟာ..မဟုတ်တာ..ငါ့ကိုများအရက်လေးမူးရုံနဲ့ သွေးဆိုးတတ်တဲ့ကောင်မှတ်နေလား..

.ဘီယာဆယ်ခွက်သောက်တာတောင်

မယိုင်စေရဘူး..ရှင်းလား.."


ပိတောက်ရဲ့အစ်ကိုက အမှန်တကယ်လည်း

ဘယ်လောက်သောက်သောက် မမူးတတ်ပေ။

မူးနေရင်တောင် သူ့ရဲ့ပုံရိပ်ကို 

ထိန်းထားနိုင်သောကြောင့် အရပ်မူးနေသလား၊

မမူးဘူးလား ခန့်မှန်းရခက်သည်။

အရပ်အခေါ်နဲ့ဆို အမူးပါး၊ကြွက်တွင်းပေါ့။


"ဟုတ်ပါပြီ..ဒါဆိုအခုကဘယ်လိုဖြစ်ရတာလဲ.."


"ဒီလိုဟာ..ငါနဲ့ထက်ယံကမြို့မှာလည်ဖို့

ရွာထိပ်ကအိမ်မှာ ကယ်ရီငှားမိကြတယ်..

ဖြစ်ချင်တော့ ချစ်ပန်းဝေဆိုတဲ့

ကောင်မလေးကလည်း ငါတို့နဲ့အတူ

မြို့ကို လမ်းကြုံလိုက်ခဲ့တယ်ဆိုပါတော့..

အပြန်ကြတော့ ငါကအဲ့ဒီ့ကောင်မလေးကို

တင်ခေါ်လာခဲ့တယ်..ထက်ယံနဲ့အဲ့ဒီ့ကယ်ရီအိမ်က

ကောင်လေးနဲ့က သက်သက်ပေါ့...

.......

ဖြစ်ချင်တော့ ဆိုင်ကယ်ပျက်ပြီး

ငါတို့နှစ်ယောက်က အနောက်မှာကျန်ခဲ့တယ်

မုန်တိုင်းလည်းရှိ..သွားလာရအဆင်မပြေတော့

ငါတို့လည်း လက္ဖက်ရည်ဆိုင်မှာ

တစ်ည၀င်တည်းလိုက်တာပေါ့...

........

ဇာတ်လမ်းက အဲ့ဒီ့မှာစတာပဲ

ငါတို့ပြန်ရောက်တော့ ချစ်ပန်းဝေရဲ့အစ်ကိုကြီးက

ပြဿနာရှာရော.."


"အဲ့ဒါနဲ့ပဲ ကောင်မလေးကိုယူရကိန်း

ဆိုက်သွား‌တယ်ပေါ့.."


"ဟုတ်တယ်..ငါလည်းဘယ်လိုလုပ်ရမှန်း

မသိတော့ဘူး..ဘာအမှားမှမလုပ်ထားပဲနဲ့

အဲ့ကောင်မလေးကို ယူရမယ်ချည်းပဲ

ပြောနေကြတယ်.."


"ကောင်မလေးဘက်ကရော

အစ်ကိုကြီးကိုယူမယ်တဲ့လား.."


"သူကိုယ်တိုင် လက်ခံလိုက်တာလားတော့

ငါလည်းမသိဘူး..ဒီညနေမှာတောင်းရမ်းဖို့

လုပ်မဲ့ကိစ္စကို သူတို့ဘက်က

သဘောတူတယ်လို့တော့ အမေငါ့ကိုပြောတာပဲ..."


အစ်ကိုဖြစ်သူကတော့ သူမိန်းမယူရမည့်

အရေးအတွက် စိတ်ညစ်နေပေမဲ့

ပိတောက်ကတော့ အင်မတန်ကို

ပျော်ပါသည်။

အိမ်မှာဆို အစ်ကိုရော၊အဖေရောက

စရိုက်တူတော့  ကိုယ့်မှာတစ်ယောက်တည်း

ဖြစ်နေရတာ။


အမေကလည်း အသက်ကြီးပြီဆိုတော့

ကိုယ်နဲ့ သိပ်မတွဲချင်ပေ။

အခု ယောင်းမလေးရတော့မည်ဆိုတော့

ကိုယ့်အတွက် အဆင်ပြေသွားတာပေါ့။

အဲ့ဒီ့တစ်ယောက်က သက်လွန်းပို

မဟုတ်တာနဲ့တင် သေပျော်ပြီ။


"အဲ့ဒီ့ချစ်ပန်းဝေဆိုတဲ့ တစ်ယောက်က

ကိုကြီးနဲ့  ရင်းနှီးလား.."


"အဲ့လောက်ကြီးလည်း မရင်းနှီးပါဘူး..

နည်းနည်းပါးပါးတော့ စကားပြောဖူးတာပေါ့.."


"ကိုကြီးရဲ့ နည်းနည်းပါးပါးဆိုရင်

မဆိုးဘူးလို့ သတ်မှတ်လိုက်ပြီ..."


"ဘာဆိုင်လို့လဲ..."


"ဆိုင်တာပေါ့..ကိုကြီးကတော်ရုံမိန်းကလေးတွေနဲ့

ရောတတ်တဲ့လူမှမဟုတ်တာ 

ရွာရောက်တာ သိပ်မကြာသေးပဲ

ဒီမိန်းကလေးနဲ့ ရင်းနှီးဖို့ဆိုတာ

သိပ်မဖြစ်နိုင်ဘူးလို့ထင်တယ်...

နောက်ပြီး ကိုကြီးရဲ့ဆိုင်ကယ်နောက်မှာ

ဘယ်မိန်းကလေးကို ခေါ်တင်ခဲ့ဖူးလို့လဲ..

ချစ်ပန်းဝေနဲ့ကြမှဆိုတော့ သေချာတယ်

သူကကိုကြီးရဲ့ ဖူးစာအစစ်ပဲ..."


"အငယ်မ..နင်ငါ့ကိုလာနောက်မနေနဲ့

သွားတော့ဟာ..စိတ်ရှုပ်နေရကြားထဲ..."


"အမယ်လေး..သွားမှာပါ..

မိန်းမရမဲ့ကိစ္စပဲ စိတ်ရှုပ်ရတယ်ရှိသေး

တင်မကျွေးနိုင်မှာကြနေတာပဲ.."


"တင်ကျွေးနိုင်တိုင်း မိန်းမယူစရာလားဟ

ငါ့ဘ၀နဲ့ငါ အဆင်ပြေနေပြီးသား

ဘယ်အဖော်အမွန်မှမလိုဘူး..."


"အဲ့ဒါဆို သက်လွန်းပိုကြတော့ရော.."


"လာမမေးနဲ့တော့ဟာ သွားတော့.."


အစ်ကိုကြီးက စိတ်တိုပြီးပိတ်ဟောက်နေတော့

ပိတောက်လည်း ဆက်မမေးရဲတော့ပဲ

အခန်းထဲမှ ထွက်ရလေတော့သည်။


နည်းနည်းလည်း ပြုံးမိသွားသည်။

သက်လွန်း‌ပိုတစ်ယောက် ကိုကြီးကိုရဖို့

အမျိုးမျိုးအကြံထုတ်ပြီး ‌ကြိုးစားခဲ့တာမှာ

နှနှစ်လောက်ကြာမှ စေ့စပ်ခွင့်ရခဲ့တယ်။


ဟော..အခုကြတော့ သူ့ဖူးစာအစစ်အမှန်ပေါ်ပြီ။

တကယ်ညားဖို့ကံပါလာတော့ ဘာမှသိပ်ပြီး

အားမထုတ်ရပဲ ချစ်ပန်းဝေဆိုတဲ့တစ်ယောက်

ကိုကြီးကိုပိုင်ဆိုင်ရတော့မယ်။


ဖူးစာဆိုတဲ့ အဓိပ္ပာယ်ကို ကိုကြီးလက်ထပ်ပြီးခါမှ

သက်လွန်းပိုဆိုတဲ့ မိန်းမကြီးသိအောင်

ပြောပြလိုက်အုံးမယ်။

အခုတော့ မိန်းမသွားတောင်းမည့် ညနေခင်းကို

အမြန်ရောက်ချင်လှပြီ။


ချစ်ပန်းဝေတဲ့ နာမည်လေးကအစ

ကဗျာဆန်လွန်းသူလေးကို

 အရမ်းတွေ့ချင်တာပဲ။

နာမည်လေးကလှသလို လူကလည်း

လှလောက်မှာပါ။


🌺🌺🌺🌺🌺🌺🌺


ညနေခင်းဘက်တွင် ကန်တော့ပွဲနှင့်

ချစ်ပန်းဝေတို့ အိမ်လေးသို့ရောက်တော့

အစ်ကိုယူရမည့် ချစ်ပန်းဝေကို

တွေ့လိုက်ရတဲ့အခိုက်

 ပိတောက်ရဲ့စိတ်ကူးထဲကအတိုင်း 

တကယ်ကိုလှမှန်း သိလိုက်ရပါတော့တယ်။


*ချစ်ပန်းဝေတဲ့..နာမည်လေးအတိုင်း

မြင်သူတကာ ချစ်ခင်စရာကောင်းတဲ့

သွင်ပြင်လေးကို ပိုင်ဆိုင်ထားသူလေးပဲ..*


ကိုကြီးရဲ့ဘေးနားမှာ အဝါရောင်

၀မ်းဆက်လေးနှင့် ကြုံ့ကြုံ့လေးထိုင်ရင်း

ခေါင်းငုံ့ထားသူလေးကို ဒါရိုက်တာပီပီ

သေချာ အကဲခတ်နေမိလေသည်။


အသားလေးနဲနဲညိုတာကလွဲ၍ ကိုယ်လုံးကိုယ်ပေါက်ကအစ အချိုးအစစ်ကျပြီး

အင်မတန်လှသည့် မိန်းကလေးပါပဲ။

အောက်နှုတ်ခမ်းလုံးလုံးလေးနှင့်

 အပေါ်နှုတ်ခမ်းလေးကပါ ကကြီးပုံစံလေး

ဖြစ်နေကာ တည်တည်လေးနေတာတောင်

ပြုံးနေသလိုလေးဖြစ်နေသည်။


တကယ်ကို ကဗျာတစ်ပုဒ်

 ကောင်းကောင်းဖွဲ့နိုင်လောက်အောင် လှလွန်းတဲ့

အလှတရားလေးပါ။

တစ်ချက်တစ်ချက် မော့ကြည့်လိုက်တိုင်း

ပေကလက်၊ပေကလက် ဖြစ်သွားတဲ့

မျက်၀န်း‌ဝိုင်းလေးတွေဟာ ရေအိုင်ငယ်လေးလို

ကြည်လဲ့နေပြီး မိန်းကလေးဖြစ်တဲ့ကိုယ်တောင်

ရင်ခုန်ချင်သလိုလို။


ဆံပင်ကြီးတွေကိုလည်း အပေါ်ယံသာ

စည်းထားကာ နက်မှောင်ပြီးထူထဲလိုက်တာ။

ဆုပ်ထွေးထားတဲ့ လက်ချောင်းလေးတွေကအစ

သေး‌သေးသွယ်သွယ်လေးတွေ။


မထူမပါး မျက်ခုံးတန်းလေးတွေ ၊

နဖူးပေါ်ကျနေတဲ့ ဆံစလေးတွေနှင့်

ချွေးစို့လာလို့ သုတ်လိုက်တဲ့ဟန်ပန်လေးကအစ

အပြစ်ပြောစရာမရှိတာတောင် အစ်ကိုကြီးက

မယူချင်လို့ ဟင်ဟင်တက်နေသတဲ့။


*သူနဲ့တောင်မတန်တဲ့ဥစ္စာ..

ဒါမျိုးစိန်ကောင်းကျောက်ကောင်းလေးက

ပရိတ်သတ်အများအပြားရဲ့ 

ချစ်ခင်မှုကိုသိမ်းပိုက်မဲ့ ရွှေမင်းသမီးလေးပဲ

ဖြစ်သင့်တာ..

ဟူး..အခုတော့ကိုကြီးကဦးသွားပြီ...*


"ဖြစ်ခဲ့တာတွေအတွက် ကိုတင်မောင်တို့

မဌေးတို့ဘက်က တောင်းဆိုသမျှ

ကျွန်မတို့ဘက်က လိုက်လျှောပေးပါ့မယ်ရှင်..

ကိုတင်မောင်တို့ဘက်က 

ဘယ်လိုဖြစ်စေချင်လဲသာပြောပါ.."


"မစံပယ်ကိုယ်တိုင်က ပွင့်ပွင့်လင်းလင်း

ပြောလာပြီဆိုတော့ မိန်းကလေးရှင်အနေနဲ့

အားမနာတော့ပါဘူး...ကျွန်မကတော့

ကျွန်မတူမလေးကို သိန်းငါးရာနဲ့

တင်တောင်းစေချင်ပါတယ်...

.........

ဒါက ကျွန်မတူမလေးနစ်နာသွားတဲ့အတွက်

တင်တောင်းစရိတ်ပဲ ရှိသေးတာနော်..

မစံပယ်တို့က ချမ်းသာတာပဲ ဒီလောက်တော့

အသေးအမွှားပဲ ဟုတ်တယ်မှတ်လား..

ဒါ့အပြင် မင်္ဂလာပွဲအတွက်

ကုန်ကျစရိတ်ကိုလည်း.."


"မဌေး..မင်းတော်လိုက်...ငါ့တူမကိစ္စ

ငါ့ဘာသာ ဆုံးဖြတ်မယ်..."


စိန်ကောင်း၊ကျောက်ကောင်း ရောင်း၀ယ်နေရာမှာ

ဆေးရိုးသည်လို ကန့်လန့်၊ကန့်လန့် ၀င်လုပ်နေ၍

ဦးတင်မောင် ၀င်ဟောက်လိုက်တော့

အားလုံးဝိုင်းကြည့်လာကြရာ ဒေါ်ဌေး၀င်းလည်း

၀င်မပြောသာတော့ပေ။


သို့ပေမဲ့ အမြတ်မထုတ်တတ်သော

ဦးတင်မောင်ကို စိတ်တိုကာ ကြိမ်ဆဲရင်း

ခပ်မဲ့မဲကြည့်ပစ်လိုက်လေသည်။


ဦးတင်မောင်ကတော့ ‌မဌေး၏လောဘကို

သိ၍ ဒီတစ်ခါတော့တားမှဖြစ်မည်ဟု

တွေးထားခဲ့လေသည်။

ချစ်ချစ်ဟာ ကိုယ့်တူမအရင်းဖြစ်၍

ဒီတစ်ခါတော့ မဌေးကို၀င်အပါမခံတော့ဘူးဟု

ဆုံးဖြတ်ထားသည်။


"ဒီကိစ္စက ကျွန်တော်တို့ဆုံးဖြတ်တာထက်

ကာယကံရှင် ကလေးနှစ်ယောက်ကို

ဆုံးဖြတ်ခိုင်းရင် ပိုကောင်းမယ်လို့ထင်ပါတယ်

သူတို့နှစ်ယောက်က အဓိကမဟုတ်လား.."


ချစ်ချစ်ရှင်းပြထား၍ ဆိုင်ကယ်ပျက်ပြီး

မုန်တိုင်းကြောင့် ရွာကိုအချိန်မှီ

ပြန်ရောက်မလာနိုင်ခဲ့မှန်း၊တစ်ဖက်က

ကောင်လေးမှာ ဘာအပြစ်မှမရှိမှန်းသိပေမဲ့

ထိုစကားကိုတော့ ထည့်မပြောဖြစ်ခဲ့ပေ။


ဦးတင်မောင်ကိုယ်တိုင်လည်း 

ချစ်ပန်းဝေလေးကို

ဟော့ဒီနေရာ၊သည်အိမ်နှင့် 

ဝေးတဲ့နေရာမျိုးမှာပဲ

ကောင်းမွန်စွာ နေစေချင်သည်။

ဒီအိမ်မှာပဲ သူ့ရဲ့အနာဂတ်၊သူ့ဘ၀ကြီးကို

ပိတ်မိနေမှာကို မလိုလားပေ။


ရှိုင်းဆိုတဲ့ကောင်လေးအပေါ်မှာ မတရားသလို

ဖြစ်နေပေမဲ့ ချစ်ချစ်ရဲ့အရှက်သိက္ခာကို

ကာကွယ်ဖို့အတွက်ရော၊ ကောင်းစားဖို့အတွက်ပါ

တွေးပြီး ဒီလက်ထပ်ပွဲကို ဖြစ်စေချင်သည်။


"ကျွန်တော်တို့နှစ်ယောက် အပြင်မှာသီးသန့်

စကားသွားပြောလို့ရမလား.."


လူကြီးတွေအားလုံးက ကိုယ်တွေရဲ့

ဆုံးဖြတ်ချက်ကို စောင့်နေကြသည်မို့ 

ရှိုင်းကပဲ ဦးဆောင်၍ခွင့်တောင်းလိုက်သည်။


"ရပါတယ်..သမီးချစ်ချစ်..လိုက်သွားလေ.."


"ဟုတ်ကဲ့လေးလေး.."


လေးလေးတင်မောင်ကိုယ်တိုင်က

 တိုက်တွန်းနေ၍

ချစ်ချစ်လည်း စိတ်မပါပေမဲ့

သူ့အနောက်သို့ လိုက်သွားရလေသည်။

သူက ချောင်းစပ်နားမှာရပ်လိုက်တော့

သူ့အနောက်မှာပဲ ခပ်ရို့ရို့လေး 

မတ်တပ်ရပ်လိုက်ပါသည်။


ခေါင်းကိုမော့လိုက်တော့ ခါးထောက်ကာ

ချစ်ချစ်ကိုကျောပေးပြီး ချောင်းရေစီးဆင်းပုံကို

ကြည့်နေပုံအား ငေးကြည့်လိုက်မိသည်။


နောက်ကျောဘက်မှကြည့်တာတောင်

သူဟာ သိပ်ကိုသန့်ခန့်ပြီး 

ကြည့်ကောင်းလွန်းသည်။


ဆံပင်တွေကို ဂျယ်နှင့်ကပ်နေအောင်

သပ်တင်ထားပြီး ယောပုဆိုးအနက်နှင့်

အဖြူရောင် လက်ရည်လည်ကတုံးက

သူနဲ့ သိပ်လိုက်တာပဲ။


ဒါပေမဲ့ သူ့မျက်နှာကြီးက သုန်မှုန်နေတော့

အနည်းငယ်တော့ လန့်နေမိတယ်။

ချစ်ချစ်ကိုယ်တိုင်လည်း အခုအခြေအနေကြီးကို

တကယ်မယုံနိုင်သေးပါဘူး။

အိပ်မက်လိုလို အိပ်နေရင်း

ထယောင်နေသလိုကြီး။


တက္ကသိုလ်ကျောင်းသားဘ၀မှာ

သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တော့

ရှိုင်း၏ဇာတ်ကားကို ရွေးကြည့်ခဲ့မိကြတယ်။


ထိုအချိန်က ပိတ်ကားပေါ်မှာ 

ကိုယ်ငေးကြည့်ခဲ့ရသူသည် ကိုယ်ယူရမည့်လူ

ဖြစ်နေတာဟာ တကယ်ကိုမယုံရဲစရာပါပဲ။


"မင်းဘာလို့ လက်ထပ်ဖို့ကိစ္စကို

သဘောတူလိုက်တာလဲ..."


"ရှင်.."


ပထမဆုံးကြားလိုက်ရတာက

အလွန်တင်းမာနေသော သူ့ရဲ့အသံ။

ချစ်ချစ်မော့ကြည့်လိုက်စဉ်မှာပဲ သူက

ချစ်ချစ်၏အရှေ့သို့ ရောက်လာပြီဖြစ်ရာ

ပခုံးနှစ်ဖက်ကိုပါ နာကျင်အောင်

ဆုပ်ကိုင်ထားလေသည်။

သူ့မျက်လုံးတွေက မုန်းတီးရွံရှာမှုအပြည့်..။


"ငါတို့နှစ်ယောက် ဘာမှမဖြစ်ခဲ့ဘူးဆိုတာ

မင်းရှင်းပြခဲ့ရင် ဒီမင်္ဂလာကိစ္စတွေ

ဖြစ်လာစရာ အကြောင်းမရှိဘူး..

မင်းဦးလေးကို မင်းဘာတွေမဟုတ်မဟပ်

သွားပြောထားတာလဲ.."


"ရှင်အထင်လွဲနေပြီ..ဦးလေးတို့ကို

ကျွန်မဖြစ်ကြောင်းကုန်စင် 

ရှင်းပြထားပြီးသား.."


"အဟက်..အဲ့ဒါဆိုဒီကိစ္စက ဘာလို့

ဖြစ်လာရတာလဲ..မင်းငါ့ကိုလာလိမ်မနေနဲ့

မင်းဘက်က လက်မခံရင်ဒီမင်္ဂလာကိစ္စက

ဖြစ်လာစရာအကြောင်းမရှိဘူး...

မင်းငါနဲ့တော်တော် လက်ထပ်ချင်နေတာလား"


"ဘာ!!!"


အံ့ဩလွန်းလို့ အကျယ်ကြီးအော်လိုက်မိပြီး

သူ့မျက်၀န်းတွေနှင့် အကြည့်ချင်းဆုံလိုက်မိတော့

သိပ်တုန်လှုပ်သွားမိသည်။

သူ့အကြည့်တွေထဲမှာ ချစ်ချစ်ကို

တန်ဖိုးမဲ့သော မိန်းမတစ်ယောက်အဖြစ်

ဖန်တီးထားတာပဲ။


"ရှင်ဘာလို့ ကျွန်မပြောသမျှအရာတိုင်းကို

မယုံကြည်ရတာလဲ.."


ထိုမေးခွန်းကို မေးသည့်အခိုက် အသံတွေပါ

တုန်ယင်လာသည်။

ချစ်ချစ်ကို လှည့်စားတတ်သည့်

 ကဝေမတစ်ယောက်ဟု သူမြင်နေ၍

အသဲနင့်အောင်ကို ၀မ်းနည်းမိတယ်။


"ရှင်ဘာလို့ကျွန်မကို ဒီလိုလာစွပ်စွဲနေရတာလဲ

ကျွန်မဒီမင်္ဂလာကိစ္စကို လက်ခံတယ်ဆိုတာ

ရွာထဲကလူတွေရဲ့အပြောကနေ လွတ်အောင်နဲ့

ဦးလေးတို့ဒေါ်ကြီးတို့ အတင်းတိုက်တွန်းလို့

လက်ခံလိုက်တာ..

......

ချမ်းသာတိုင်း ယောက်ျားတစ်ယောက်ကို

ငမ်းငမ်းတက်..သိပ်လက်ထပ်ချင်နေတဲ့

အခွင့်အရေးသမားတစ်ယောက်လို

ကျွန်မကို လာမကြည့်နဲ့..."


"ဟေ့...အပြင်ဘက်ကနေ ဖြူစင်ဟန်ဆောင်မနေနဲ့

ငါမင်းကိုအဲ့ဒီ့ညက လက်ဖျားနဲ့တောင်

မထိခဲ့ဘူးဆိုတာ မင်းသိရဲ့သားနဲ့

.......

ဒီမင်္ဂလာကိစ္စကို လက်ခံလိုက်တာက

ငါ့ကို လှည်းကျိုးထမ်းခိုင်းလိုက်တာပဲ

........

မိဘတွေ ဘာတွေလာမပြောနဲ့

အဓိက တရားခံကမင်းပဲ

မင်းဘက်က ရှေ့ထွက်လာပြီး

ရှင်းလိုက်ရင် အားလုံးငြိမ်းသွားမဲ့ကိစ္စကွ..."


"အဲ့ဒါဆိုရှင်ငြင်းလေ ရှင်လည်းငြင်းလို့ရတာပဲ.."


သူ့မေးခွန်းနှင့်သူ့ကို ပြန်ရစ်လိုက်တော့

လူကို အခုပဲထ‌ထုတော့မလို 

ကြည့်နေလိုက်တာများ ဘီလူး၀င်စီးနေသလိုပဲ။


ချစ်ချစ်နဲ့ လက်ထပ်ရဖို့ကို သူတော်တော်

ခါးခါးသီးသီးဖြစ်နေတာပဲ။

လက်ထပ်ဖို့သာ သဘောတူလိုက်ရင်

သူချစ်ချစ်ကို အနိုင်ကျင့်မှာများလား။


"ငါငြင်းရင် ငါက..စားပြီးနားမလည်

လုပ်တဲ့ကောင်လို့ ထင်ကြမှာပေါ့.."


"အဲ့လိုပဲလေ ကျွန်မငြင်းလိုက်ရင်

ကျွန်မက အရှက်မဲ့တဲ့မိန်းမဖြစ်သွားမှာပေါ့..

......

ရှင့်ပတ်၀န်းကျင်နဲ့ ကျွန်မပတ်၀န်းကျင်က

မတူဘူးသိရဲ့လား...

ကျွန်မလည်းမတတ်နိုင်လို့

သဘောတူလိုက်ရတာပါ..

........

ရှင်ကျွန်မကို ဘာလို့နားလည်မပေးနိုင်ရတာလဲ...

တကယ်လို့ ရှင်ကျွန်မကိုအရမ်းမုန်းတယ်

လက်မထပ်နိုင်ဘူးဆိုရင် ကျွန်မကိုထားခဲ့လိုက်

ဒီနေရာကို ဘယ်တော့မှပြန်မလာခဲ့နဲ့တော့.."


"မရတော့ဘူး အားလုံးလွန်ကုန်ပြီ

ငါထွက်သွားရင် ငါ့မိဘတွေပဲအရှက်ကွဲရမှာ..

........

အဲ့တော့ ငါမင်းကိုတစ်ခါတည်းပြောလိုက်မယ်

နောက်အပတ်မှာ ရိုက်ကူးရေး

စ၀င်ရမဲ့အတွက် ငါမချစ်တဲ့မင်းကိုယူဖို့

သီးသန့်အချိန်ဖဲ့မပေးနိုင်ဘူး..

........

ဘာမင်္ဂလာပွဲမှလည်း လုပ်မပေးနိုင်ဘူး

ရုံးတက် လက်မှတ်ထိုးပေးတာကလွဲလို့

ငါ့ဆီကနေ မင်းဘာမှမမျှော်လင့်နဲ့...

........

မင်းလိုမိန်းမမျိုးကို ငါ့အသိုင်းအဝိုင်း၊

ငါ့ပတ်၀န်းကျင်မှာ ငါ့ဇနီးအဖြစ်

ဘယ်တော့မှ အသိပေးမှာမဟုတ်ဘူး..

မင်းဟာငါရဲ့ လက်ထပ်စာချုပ်ပေါ်က 

အမည်ခံဇနီးတစ်ယောက်အဖြစ်ပဲ

ရှိနေမှာ..

...........

ဘယ်လိုလဲ လက်ခံနိုင်ရဲ့လား

လက်မခံနိုင်ရင်တော့ မင်းသဘောပဲ..."


သူ့စကားတွေဟာ နားထဲသို့သံရည်ပူနှင့်

လောင်းချနေသလိုပါပဲ။

ချစ်ချစ်သူ့ကို သဘောကျမိတာရဲ့

အစိတ်အပိုင်းသေးသေးလေးတောင် သူ့ဘက်က

ပြန်သဘောကျ မပေးနိုင်ပါလား။


ထိုခံစားချက်ကြီး လွှမ်းမိုးလာတဲ့အခါ

အမည်မဖော်နိုင်အောင်ကို နာကျင်ရတယ်။

ပါးပြင်ပေါ်ကို မျက်ရည်တွေစီးကျလာတဲ့

အထိပါပဲ။


ချစ်ချစ်အတွက် လက်ထပ်ပွဲဆိုတာကလည်း

အချစ်ပါဖို့မဖြစ်နိုင်တဲ့ မတော်တဆမှုတစ်ခု

ဖြစ်ခဲ့တယ်။

မိန်းကလေးတစ်ယောက်အတွက် တစ်သက်မှာ

တစ်ခါသာ ကြုံရမဲ့မင်္ဂလာဆောင်လေးဟာ

ချစ်ချစ်အတွက် အိပ်မက်တောင်

မက်ခွင့်မရတော့ဘူးတဲ့လား။


ဒါ့ထက်ပိုဆိုးတာက ကိုယ်ယူရမဲ့အမျိုးသားဟာ

သူ့ဇနီးလောင်းရယ်လို့ လူပုံအလည်မှာ

ပေါ်တင် ချမပြနိုင်ဘူးတဲ့လေ။


*အစမှာတင် နိဂုံးမလှမှန်းသိလျှက်နဲ့

ရှေ့ဆက်ဖို့ ကြိုးစားသင့်ရဲ့လား..*


"ရှင်ကျွန်မအပေါ်မှာ သိပ်ရက်စက်တယ်လို့

မထင်ဘူးလား..."


ကြည်လဲ့နေသော မျက်၀န်းဝိုင်းလေးတွေမှာ

မျက်ရည်လေးတွေခိုတွဲနေပေမဲ့

ရှိုင်းကတော့ လုံး၀မသနားမိတော့ပေ။

သူ့အပေါ်မှာ ကိုယ်ထားခဲ့တဲ့စေတနာက

အတိုင်းအတာတစ်ခုမှာတင် ပြီးဆုံးသွားခဲ့ပါပြီ။


အခုပြဿနာက သိန်းထီပေါက်တာမဟုတ်ပဲ

ကိုယ်ဘာသာ အေးဆေးရပ်နေရင်းနဲ့

မိုးကြိုးပစ်ချခံရတာ။

တရားခံမဟုတ်ပဲ စွဲချက်တင်ခံရတာ။

အမှားမလုပ်မိပဲ အပြစ်တင်ခံရတာလောက်

အသဲပေါက်တာမရှိဘူး။


ပြစ်ချက်တွေအားလုံးပေါင်းလိုက်တော့

သူမအပေါ် မုန်းမိသွားတာအမှန်ပါပဲ။

*ရက်စက်တယ်တဲ့..ဟား..ဟား...

 ကိုယ်ရက်စက်မပြရသေးပါဘူး မိန်းကလေး..*


"ဒီမှာချစ်ပန်းဝေ..ငါ့လိုကောင်ကို

လက်ထပ်ရဲရင်..

ငါစိတ်ဒုက္ခပေးတာကိုလည်း 

..မင်းခံရဲရမယ်..

ငါဘာကောင်လည်း မင်းမသိသေးပါဘူး..

ရေပြင်လို တည်ငြိမ်နေတဲ့ငါ့ဘ၀ကို

၀င်မွှေတဲ့အတွက် 

မင်းနောင်တအကြီးအကျယ်ရစေရမယ်.."


*အခန်း(၁၅)ဆက်ရန်


🌺🌺🌺🌺🌺🌺🌺


ရှိုင်းကလည်းကြမ်းလိုက်တာနော်😬

(ညီမ‌နဲ့အစ်ကို နေရာလေး

ချိန်းပေးလိုက်ရင်ကောင်းမလား😁)


🙏(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူး တင်ရှိပါတယ်နော်

ဝေဝေဒီရက်ပိုင်းမှာ အခြားအလုပ်လေးတွေ

ရှိလို့ updateလေး ကြာသွားပါတယ်..

============================

============================

**Zawgyi**


🌺အခန္း(၁၄)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


ညေန ေန၀င္ရီတေရာ အခ်ိန္ေလာက္တြင္

က်ဳံတေနာ္သို႔ ဦးေနဂုဏ္မာန္တို႔

သားအဖ ေရာက္လာခဲ့ၾကေလသည္။

မိုးမုန္တိုင္းက်ထား၍ ကားႏွင့္၀င္လို႔မရေသာ

အေျခအေနျဖစ္ေနေလရာ သားအဖႏွစ္ေယာက္

ေမာ္ေတာ္ငွားၿပီး အုန္းပင္စု႐ြာသို႔

အေရာက္သြားရေတာ့သည္။


အသက္၅၀ေက်ာ္ၿပီျဖစ္သည့္ ဦးေနဂုဏ္မာန္က

ပင္ပန္းေန‌သေလာက္ သမီးျဖစ္သူ

ပိေတာက္ေမႊးကေတာ့ ဒါ႐ိုက္တာပီပီ

ေတြ႕သမွ် ျမင္သမွ်ကို မ်က္ေတာင္မခတ္စတမ္း

စူးစမ္းေလေတာ့သည္။


"ဟဲ့..ပိေတာက္ေမႊး..ညိမ္ညိမ္ေနစမ္း..

သမီးလႈပ္တာနဲ႔ ေလွေမွာက္ေတာ့မွာပဲ..

အခုကသမီးအစ္ကိုအတြက္ မိန္းမေတာင္းေပးဖို႔

သြားမွာေနာ္...႐ုပ္ရွင္႐ိုက္ဖို႔

လိုေကးရွင္းလာရွာတယ္မ်ား မွတ္ေနလား.."


ကင္မရာ တကားကားႏွင့္ ျမင္ျမင္သမွ်ကို

ဓာတ္ပုံလိုက္႐ိုက္ေနေသာေၾကာင့္

ေလွေမွာက္ေတာ့မလို ျဖစ္ေန၍

ေနဂုဏ္မာန္လည္း ပိေတာက္ေမႊးကို

ဆူရ‌ေလသည္။


"အေဖကလည္း...သမီးကဒါ႐ိုက္တာေလ

ေရာက္ေလရာေနရာတိုင္းက သမီးအတြက္

အႏုပညာပဲ..အဲ့ေတာ့အမိအရ

ဖမ္းယူထားရမွာေပါ့...အထက္တန္းၿပီးတည္းက

ႏိုင္ငံျခားမွာပဲ ေနရေတာ့

ဒီလိုေက်းလတ္အရသာကို မခံစားရတာၾကာၿပီ.."


"ဟဲ့..ေအာ္..ၿငိမ္ၿငိမ္ေနပါဆိုတာကို

ေျပာလည္း မရပါလား..ေဒၚစံပယ္ေမႊးရဲ႕သမီး

ပီသပါေပတယ္..စပ္စလူးကိုစိန္ေနေရာ.."


ပိေတာက္ေမႊးသည္ အသားအရည္ႏွင့္

စိတ္ဓာတ္ကအစ တကယ့္ကိုမေအတူ

သမီးပါပဲ။

သို႔ေပမဲ့ အလွအပၾကေတာ့ သူ႔အေမစံပယ္ေမႊးလို

မိန္းမ ဆန္ျခင္းမဟုတ္ေပ။


ဆံပင္ဂုတ္ေထာက္ေလာက္ႏွင့္ ၀တ္စားပုံကအစ

တီရွပ္ပြပြ၊ဂ်င္းပဲန္ပြပြႀကီးေတြျဖစ္ၿပီး

အေနအထိုင္ အေျပာအဆိုအားလုံး

ေယာက္်ားဆန္ခ်င္သည္။


အထက္တန္းၿပီးတည္းက အဂၤလန္မွာ

အႏုပညာေက်ာင္း သြားတက္ေနျခင္းျဖစ္ၿပီး

ဟိုမွာပဲ ပညာဆည္းပူးရင္းသူ႔ဆရာ၏

လက္ေထာက္အျဖစ္ အလုပ္လုပ္ေနခဲ့ျခင္းျဖစ္၍

ဒီကိုျပန္ေရာက္‌တာ သိပ္မၾကာေသးေပ။


ထို႔ေၾကာင့္ ႏိုင္ငံျခားမွာပဲ အေနမ်ားခဲ့သည့္

ပိေတာင္ေမႊးသည္ အႏုပညာသမားတို႔၏

ထုံးစံအတိုင္း ေခ်ာင္းတစ္ေလွ်ာက္

ျဖတ္ကူးလာသည့္ ဘဲအုပ္စုပါမခ်န္

ဓာတ္ပုံ တျဖတ္ျဖတ္႐ိုက္ေနေလေတာ့သည္။


ေနဂုဏ္မာန္လည္း ေျပာလို႔မရသည့္အဆုံး

မေျပာခ်င္ေတာ့၍ ေခ်ာင္း႐ိုးတစ္ေလွ်ာက္ကိုသာ

ၾကည့္ကာ ဟိုအရင္ကေမႊးတစ္ေယာက္

စိတ္ဆိုးၿပီး သူ႔႐ြာကိုျပန္သြားလို႔

လိုက္ေခ်ာ့ခဲ့ရသည့္ အျဖစ္အပ်က္ကို

ျပန္ေတြး ၿပဳံးမိေလသည္။


‌စံပယ္ေမႊးဆိုေသာ အမ်ိဳးသမီးေလးဟာ

အခ်စ္စစ္ႏွင့္ေႏြးေထြးမႈအစစ္အမွန္၏

အဓိပၸာယ္ကို ကိုယ့္အားနားလည္ေစခဲ့သည့္

တစ္ဦးတည္းေသာ သူပါပဲ။


အခ်ိန္ေတြသာ တေ႐ြ႕ေ႐ြ႕ကုန္ဆုံးသြားေပမဲ့

ဖန္တီးခဲ့ေသာ အမွတ္တရေတြကေတာ့

ဘယ္ေတာ့မွ ေဟာင္းႏြမ္းမသြားခဲ့ေပ။

အသက္ေတြကႀကီးလာေတာ့ ေနာက္ထပ္

ဘယ္ႏွႏွစ္ ထပ္ေနရမလဲဆိုတာပဲ

တြက္ေနရေတာ့သည္။


ဒီေတာ့ အသက္ရွင္ေနတုန္းမွာ ခ်စ္ရသူ

မိန္းမစကားကိုပဲ နားေထာင္ေတာ့မည္ဟု

ဆုံးျဖတ္လိုက္မိေတာ့သည္။

ကိုယ့္ကို ဆူတယ္၊ေျပာတယ္ဆိုတာဟာလည္း

သူ႔ရင္ထဲမွာ ကိုယ္ရွိေနလို႔ စိတ္ပူတာပဲေပါ့။

ခ်စ္လို႔ယူထားသည့္မိန္းမကို စိတ္ခုေအာင္

မလုပ္ရက္ေတာ့ေပ။


"အေဖ့..အဲ့မွာဘာထိုင္ေငးေနတာလဲ

အ‌ေမတို႔႐ြာကို ေရာက္ေနၿပီတဲ့

ေလွသမားက ဘယ္နားမွာကမ္းကပ္ရမလဲ

ေမးေနတယ္..."


သမီးျဖစ္သူ၏အသံကိုၾကားမွပဲ 

ေနဂုဏ္မာန္လည္း အေတြးစေတြကိုျဖတ္ကာ

ကမ္းနားဘက္မွာ အသစ္ေဆာက္ထားေသာ

ေမႊးတို႔၏ တိုက္အိမ္ေလးကိုရွာမိေလသည္။


"‌ဟိုတိုက္အျဖဴေလးရွိတဲ့ အိမ္ေနာက္မွာပဲ..

ကမ္းကပ္လိုက္ပါကြာ.."


ေလွသမားကို ကမ္းကပ္ဖို႔ေျပာလိုက္ၿပီးေနာက္

ပါလာေသာ လူႀကီးသုံးေယာက္ကို

ဦးေဆာင္ကာ အိမ္အေရွ႕တံခါးသို႔

ျပန္ပတ္ရေလသည္။

ေန႔ခင္းဘက္ႀကီးေတာင္ အိမ္တံခါးကို

ဘာေၾကာင့္ ပိတ္ထားသလဲမသိေပ။


"ေဟ့..တံခါးဖြင့္ပါဦး..ေမႊးေရ.."


အၾကာႀကီးမေခၚလိုက္ရပဲ သိပ္မၾကာခင္မွာ

တံခါးလာဖြင့္၍ ေပၚလာေသာလူကို

ၾကည့္လိုက္ေတာ့ ခ်စ္လွစြာေသာ

ဇနီေလးျဖစ္ေနသည္။


ဇနီးသည္၏မ်က္ႏွာေပးက တင္းမာေနေပမဲ့

ကိုယ္က ေခ်ာ့ရမည့္လူဆိုေတာ့

သြားေလးၿဖဲၿပီး ၿပဳံးၿဖီးျပလိုက္သည္။


"ဟဲ..ဟဲ..ေမႊး..ကိုယ္ေရာက္လာၿပီ

ေနေကာင္းတယ္ မဟုတ္လား.."


"ဘာမွလာေမႊးမေနနဲ႔ ၀င္စရာရွိတာ၀င္.."


မ်က္ႏွာခ်င္းဆိုင္တာႏွင့္ ႐ိုက္ေပါက္ျဖစ္ေနလည္း

အစြမ္းကုန္ၿပဳံးထားလိုက္ရေလသည္။

မဟုတ္ရင္ မယ္မင္းႀကီးမက 

ေနာင္ဆယ္ႏွစ္၊ဆယ္မိုးအထိ စိတ္ေကာက္လို႔

ၿပီးေတာ့မွာ မဟုတ္ဘူး။


"အစ္ကိုတို႔၀င္ၾကပါ..ဒါက

ကြၽန္ေတာ့္မိန္းမရဲ႕အိမ္ေလ..."


ကိုယ့္အစ္ကို ၀မ္းကြဲႏွစ္ေယာက္လည္းပါသည္မို႔

ေမႊးအနားသို႔ အရင္မသြားေသးပဲ

အိမ္ထဲသို႔ ဦးေဆာင္ၿပီးေခၚကာ

ထိုလူေတြကို ဧည့္ခံရေလသည္။


"ေမႊး..ဧည့္သည္ေတြနားဖို႔ စီစဥ္ေပးအုံးေလ.."


"အားလုံးစီစဥ္ၿပီးၿပီ..သမီးဒါဒါေရ

ဧည့္သည္ေတြကို နားဖို႔ေခၚသြားလိုက္ပါကြယ္.."


"ဟုတ္ကဲ့..ေဒၚေလး.."


ဧည့္သည္‌ေတြနားဖို႔ တူမျဖစ္သူဒါဒါကိုပဲ

ခိုင္းလိုက္ရေလသည္။

ထမင္းစားဖို႔လည္း ခ်က္ျပဳတ္ၿပီးသားမို႔

အားလုံး အဆင္သင့္ပါပဲ။

သို႔ေပမဲ့ အနားသို႔လိုက္ကပ္ေနေသာ

လူႀကီးေၾကာင့္ စိတ္ကေတာ့အဆင္ေျပမေနေပ။


"ရွင္ဘယ္လိုျဖစ္ေနတာလဲ..

ဟိုေနရာထိုင္လည္းလိုက္..

ဒီေနရာထိုင္လည္းလိုက္နဲ႔ ၿငိမ္ၿငိမ္ကိုမေနဘူး.."


"ကိုယ့္ကိုအခုထိ စိတ္ဆိုးေနတုန္းပဲလား..."


"စိတ္ဆိုးတာမဟုတ္ဘူး စိတ္နာတာ

ရွင္နဲ႔ကြၽန္မ မဂၤလာေဆာင္ၿပီးေနာက္ေန႔တည္းက

ရွင့္အက်င့္ကို မႀကိဳက္လို႔သတိေပးထားခဲ့ၿပီးသား

အခုရွင္က ကတိေဖာက္ျဖတ္ခဲ့တဲ့အျပင္

ကြၽန္မကိုပါ႐ိုက္ဖို႔ လက္႐ြယ္တယ္..

.......

ကြၽန္မေျပာခဲ့တာေတြအားလုံးက 

ရွင္ေကာင္းဖို႔အတြက္ႀကီးပဲ..ဒါေပမဲ့ရွင္က

ခ်ဳပ္ျခယ္တယ္လို႔ထင္ၿပီး ကြၽန္မကို

အျငႇိဳးထားခဲ့တာမဟုတ္လား..."


"ေမႊးရယ္..ေမႊးရဲ႕ေစတနာေတြကို

ကိုယ္ျမင္ပါၿပီကြာ..

ကိုယ့္ကိုစိတ္ဆိုးေျပပါေတာ့ေနာ္..

ကိုယ္မွားမွန္းသိပါၿပီ..ေနာက္ကိုဒါမ်ိဳး

ထပ္မျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္.."


တကယ္ေတာ့ အဲ့ဒီ့ေန႔ကစိတ္ဆိုးၿပီး

လက္႐ြယ္လိုက္တာပဲရွိတာပါ။

ဒါေပမဲ့ အဲ့ဒါကိုပဲေမႊးကစိတ္ဆိုးသြားခဲ့တယ္။

အရင္ကဆို ေမႊးဘာေျပာေျပာ နာခံေနခဲ့ေတာ့

ခဏေလးပြဲထၾကမ္းလိုက္တာႏွင့္ 

အိမ္ေပၚကေန ဆင္းသြားတာမ်ား

သိပ္ျမန္ဆန္တာပဲ။


ထို႔ေၾကာင့္ အရက္နဲ႔မိန္းမၾကားမွာ

မိန္းမကို မစြန႔္လႊတ္ႏိုင္ေတာ့လည္း

သူဘာေျပာေျပာ အင္းတစ္လုံးသာသုံးၿပီး

အႀကိဳက္ေဆာင္ရေတာ့မည္။


"မယုံပါဘူး..ရွင္ဒီအခ်ိဳးမ်ိဳးပဲ

ျပန္ခ်ိဳးအုံးမွာ..အဲ့ခါၾကရင္

ကြၽန္မက ထပ္ၿပီးေဒါသထြက္ရအုံးမယ္.."


"ဒီတစ္ခါေတာ့ လုံး၀ယုံၾကည္ေပးပါေမႊးရယ္

ကိုယ္ေမႊးကိုသိပ္ခ်စ္တာ ေမႊးလည္းသိရဲ႕သားနဲ႔

ေမႊးအတြက္ဆို ကိုယ္ဘာျဖစ္ျဖစ္

လုပ္ျပခဲ့တာပဲ မဟုတ္ဘူးလား.."


မိန္းမမ်က္ႏွာကိုၾကည့္လိုက္ေတာ့  အနည္းငယ္

အေရာင္က်သြားၿပီမို႔ အေနာက္မွအသာေလး

ဖက္ထားလိုက္မိေလသည္။


ထပ္ၿပီး ျငင္းမလႊတ္ဘူးဆိုေတာ့ 

အေျခအေနေကာင္းတဲ့သေဘာပဲ။

ထို႔ေၾကာင့္ ‌ပါးေလးကိုေမႊးေမႊးေပးဖို႔

အေရွ႕တိုးလိုက္မိေလသည္။


"အေမ့!!...ဟာ..!!"


အိမ္ထဲသို႔ ၀င္၀င္ျခင္းခ်စ္ၾကည္ႏူးေနေသာ

အေဖႏွင့္အေမကို ေတြ႕လိုက္ရေတာ့

ပိေတာက္ေမႊးလည္း ကိုယ့္မ်က္လုံးကိုယ္

အုပ္လိုက္ရသည္။


ေဒၚစံပယ္ေမႊးလည္း  လူျမင္ကြင္းႀကီးမွာ

ပြတ္သီးပြတ္သပ္ လာလုပ္ေနေသာ

ဟိုလူႀကီး၏ လက္မ်ားကိုဆတ္ကနဲ

ပုတ္ထုတ္ပစ္လိုက္ေတာ့သည္။

အသက္ႀကီးမွ အမွီးေထာင္ေနေသာဒင္းကို

တကယ္အျမင္ကပ္တယ္။


"အေဖနဲ႔အေမ ဒရမ္မာခင္းေနတာကို

တမင္ေႏွာက္ယွက္တာ မဟုတ္ရပါဘူး..

သမီးေတာင္းပန္ပါတယ္ေနာ္..."


"ေပါက္ကရေတြမေျပာစမ္းနဲ႔ ပိေတာက္ေမႊးရယ္

နင့္အေဖ႐ူးတိုင္း လိုက္႐ူးမေနနဲ႔

ဧည့္သည္ေတြေတာင္ အထဲမွာ၀င္နားေနၾကၿပီ

‌နင္ကဘာလို႔ အေနာက္မွာက်န္ေနခဲ့ရတာလဲ.."


"..အေမတို႔႐ြာကသာယာလို႔ေလ

အဲ့ဒါေၾကာင့္ ေခ်ာင္းစပ္မွာဓာတ္ပုံလွည့္႐ိုက္ရင္း

က်န္ေနခဲ့တာ..ဟဲ..ဟဲ..အေမနဲ႔အေဖ

ၾကဴၾကဴေမႊးေနမယ္မွန္းသာသိရင္

ေနာက္နာရီ၀က္ေနမွာ ၀င္လာပါတယ္..."


"ဟဲ့..ဒီေကာင္မေလးေတာ့ အေမကို

စေနာက္စရာမ်ား မွတ္ေနတာလား..."


"အား..နား႐ြက္ကိုလိမ္မဆြဲပါနဲ႔အေမရ

နာတယ္.."


"ေမႊးကလည္းကြာ..သမီးေလးက

အခုမွေရာက္တာကို...နာေအာင္မလုပ္ပါနဲ႔

လာပါကြာ..

ကိုယ္တို႔ဇာတ္လမ္းျပန္ဆက္‌ရေအာင္.."


"ဦးေနဂုဏ္မာန္ ရွင္နာခ်င္ေနၿပီလား..."


ေမႊး၏လက္သြယ္သြယ္ေလးက

သူ႔ဗိုက္ေခါက္နားသို႔ တိုးကပ္လာရာ

သူ႔လည္း ျမန္ဆန္စြာျဖင့္ အေနာက္သို႔

ခ်က္ခ်င္းဆုတ္လိုက္ရေလေတာ့သည္။


မဟုတ္ရင္ ဗိုက္ေခါက္ကေအာ္တိုနာမွာ။

ပိေတာက္ေမႊးကေတာ့ အေဖႏွင့္အေမ၏

အျဖစ္ကို ေတြးၿပီး ၿပဳံးစိစိႏွင့္ပင္ျဖစ္ေနမိကာ

ထပ္ၿပီး မေႏွာက္ယွက္ေတာ့ဖို႔

ဆုံးျဖတ္လိုက္သည္။


"အေမ..အစ္ကိုႀကီးရွိလား.."


"အေပၚထပ္မွာ.."


"ဟုတ္ကဲ့..ဒါဆိုသမီးအစ္ကိုႀကီးဆီကို

သြားလိုက္အုံးမယ္ေနာ္..အေမတို႔ႏွစ္ေယာက္

ဆက္ၿပီးႏွစ္ပါးသြားၾကေပါ့..."


"ဟဲ့..ဒီေကာင္မေလး..ငါလုပ္လိုက္ရ

မေကာင္းရွိေတာ့မယ္.."


အေမကိုစၿပီး အေပၚထပ္သို႔ေျပးတက္သြားေသာ

သမီးကို ထုခ်င္ေပမဲ့ ကိုယ္လည္းသူ႔ေနာက္

ေျပးမလိုက္ႏိုင္ေပ။

ထို႔ေၾကာင့္ ေဘးမွာရွိေနသည့္လူႀကီးကိုပဲ

ဘုၾကည့္ ၾကည့္ပစ္လိုက္သည္။


"အဲ့ဒါရွင့္ေၾကာင့္သိလား..အိုႀကီးအိုမနဲ႔

တဏွာ႐ူးေနတာ..ရွင္ဒီည

ကြၽန္မအခန္းထဲ၀င္မလာနဲ႔..."


"ဟာ..ေမႊးရာ..အဲ့လိုေတာ့မလုပ္နဲ႔ေလ...

ကိုယ္တို႔ ေဆြးေႏြးရေအာင္ေလကြာ.."


"ဘာမွမေဆြးေႏြးဘူး လာမေျပာနဲ႔.."


"ဟုတ္ဘူးေလ..ကိုယ္ေျပာတာက

သားအေၾကာင္း..သားနဲ႔ပတ္သတ္တာကို

ေဆြးေႏြးမယ္လို႔ေျပာတာ..

ေမႊးက ဘာထင္လို႔လဲ.."


"ဘာထင္ရမွာလဲ...ေခါင္းေခါက္လိုက္ရ..."


"ေမႊးေနာ္..ကိုယ့္ထက္အႀကီးကို.."


သားႏွင့္ ပတ္သတ္တဲ့ကိစၥဆိုမွ 

ေဒၚစံပယ္ေမႊးလည္း စိတ္မၾကည္ေပမဲ့

ၿငိမ္ေနလိုက္ရေတာ့သည္။

အခုက သားကိစၥေၾကာင့္ သူတို႔ကို

ဒီေခၚလိုက္ရတာျဖစ္တဲ့အတြက္ အျခားကိစၥနဲ႔

ရန္မျဖစ္ခ်င္ေတာ့ေပ။


🌺🌺🌺🌺🌺🌺


"ဟိတ္..အစ္ကိုႀကီး..."


"ဟာ..ပိေတာက္ေမႊး..နင္ကဘယ္လိုလုပ္ၿပီး

ဒီ‌ကိုေရာက္လာတာလဲ.."


ေရခ်ိဳးအိက်ႌခြၽတ္ေနေသာ ရႈိင္းလည္း

ညီမျဖစ္သူကို ေတြ႕လိုက္ရေတာ့

လုံး၀အံ့အားသင့္သြားေလသည္။

ထက္ယံကေတာ့ ကုတင္ေပၚမွာအိပ္ေနတာမ်ား

ေဟာက္သံေတာင္ ၾကားေနရတယ္။


"အခန္းထဲ ၀င္လို႔ရတယ္မဟုတ္လား.."


"ရတယ္ေလ..၀င္လာ.."


ရႈိင္းလည္း ခြၽတ္လက္စအိက်ႌကို

ျပန္စြပ္လိုက္ၿပီး ခုံတစ္လုံးယူေပးလိုက္သည္။

ပိေတာက္ေမႊးကေတာ့ အခန္းတစ္ခုလုံးကို

လွည့္ပတ္ၾကည့္ကာ လသာေဆာင္မွာသြား၍

ေလညႇင္းခံရင္ မတ္တပ္ရပ္ေန‌ေလသည္။


"ညီမတစ္ေယာက္တည္း ေရာက္ေနတာမဟုတ္ဘူး

အေဖလည္းပါတယ္.."


"ဘာလဲ..နင္တို႔ကိုအေမလွမ္းေခၚလိုက္တာလား.."


"ဟုတ္တယ္..ကိုႀကီးကိုမိန္းမေတာင္းေပးမလို႔တဲ့

ေျပာစမ္းပါအုံး..ေကာက္ခါငင္ခါႀကီး

ဘယ္လိုျဖစ္လို႔ မိန္းမယူခ်င္သြားရတာလဲ..."


For Me, [8/25/2025 12:58 PM]

ပိေတာက္က ထို႔သို႔ေမးလိုက္ေတာ့

အစ္ကိုႀကီးသည္ သူ႔ဆံပင္ေတြကို

လက္ႏွင့္သပ္တင္လိုက္ၿပီး မ်က္ခုံးနက္နက္ေတြ

တြန္႔ခ်ိဳးသြားပုံက ေတာ္ေတာ္ေလး

စိတ္ဒုကၡေရာက္ေနဟန္။

မသိရင္ အရွင္လတ္လတ္ငရဲက်ေနသည့္

မ်က္ႏွာထားမ်ိဳး။


"႐ုပ္ႀကီးကဘာျဖစ္သြားတာလဲ..မဟုတ္မွလြဲေရာ

မယူမျဖစ္မို႔ ယူရမွာမို႔လို႔လား..

ဇာတ္ကားေတြထဲကလို ေကာင္မေလးကို

အရက္မူးၿပီး.."


"ဟာ..မဟုတ္တာ..ငါ့ကိုမ်ားအရက္ေလးမူး႐ုံနဲ႔ ေသြးဆိုးတတ္တဲ့ေကာင္မွတ္ေနလား..

.ဘီယာဆယ္ခြက္ေသာက္တာေတာင္

မယိုင္ေစရဘူး..ရွင္းလား.."


ပိေတာက္ရဲ႕အစ္ကိုက အမွန္တကယ္လည္း

ဘယ္ေလာက္ေသာက္ေသာက္ မမူးတတ္ေပ။

မူးေနရင္ေတာင္ သူ႔ရဲ႕ပုံရိပ္ကို 

ထိန္းထားႏိုင္ေသာေၾကာင့္ အရပ္မူးေနသလား၊

မမူးဘူးလား ခန႔္မွန္းရခက္သည္။

အရပ္အေခၚနဲ႔ဆို အမူးပါး၊ႂကြက္တြင္းေပါ့။


"ဟုတ္ပါၿပီ..ဒါဆိုအခုကဘယ္လိုျဖစ္ရတာလဲ.."


"ဒီလိုဟာ..ငါနဲ႔ထက္ယံကၿမိဳ႕မွာလည္ဖို႔

႐ြာထိပ္ကအိမ္မွာ ကယ္ရီငွားမိၾကတယ္..

ျဖစ္ခ်င္ေတာ့ ခ်စ္ပန္းေဝဆိုတဲ့

ေကာင္မေလးကလည္း ငါတို႔နဲ႔အတူ

ၿမိဳ႕ကို လမ္းႀကဳံလိုက္ခဲ့တယ္ဆိုပါေတာ့..

အျပန္ၾကေတာ့ ငါကအဲ့ဒီ့ေကာင္မေလးကို

တင္ေခၚလာခဲ့တယ္..ထက္ယံနဲ႔အဲ့ဒီ့ကယ္ရီအိမ္က

ေကာင္ေလးနဲ႔က သက္သက္ေပါ့...

.......

ျဖစ္ခ်င္ေတာ့ ဆိုင္ကယ္ပ်က္ၿပီး

ငါတို႔ႏွစ္ေယာက္က အေနာက္မွာက်န္ခဲ့တယ္

မုန္တိုင္းလည္းရွိ..သြားလာရအဆင္မေျပေတာ့

ငါတို႔လည္း လကၹက္ရည္ဆိုင္မွာ

တစ္ည၀င္တည္းလိုက္တာေပါ့...

........

ဇာတ္လမ္းက အဲ့ဒီ့မွာစတာပဲ

ငါတို႔ျပန္ေရာက္ေတာ့ ခ်စ္ပန္းေဝရဲ႕အစ္ကိုႀကီးက

ျပႆနာရွာေရာ.."


"အဲ့ဒါနဲ႔ပဲ ေကာင္မေလးကိုယူရကိန္း

ဆိုက္သြား‌တယ္ေပါ့.."


"ဟုတ္တယ္..ငါလည္းဘယ္လိုလုပ္ရမွန္း

မသိေတာ့ဘူး..ဘာအမွားမွမလုပ္ထားပဲနဲ႔

အဲ့ေကာင္မေလးကို ယူရမယ္ခ်ည္းပဲ

ေျပာေနၾကတယ္.."


"ေကာင္မေလးဘက္ကေရာ

အစ္ကိုႀကီးကိုယူမယ္တဲ့လား.."


"သူကိုယ္တိုင္ လက္ခံလိုက္တာလားေတာ့

ငါလည္းမသိဘူး..ဒီညေနမွာေတာင္းရမ္းဖို႔

လုပ္မဲ့ကိစၥကို သူတို႔ဘက္က

သေဘာတူတယ္လို႔ေတာ့ အေမငါ့ကိုေျပာတာပဲ..."


အစ္ကိုျဖစ္သူကေတာ့ သူမိန္းမယူရမည့္

အေရးအတြက္ စိတ္ညစ္ေနေပမဲ့

ပိေတာက္ကေတာ့ အင္မတန္ကို

ေပ်ာ္ပါသည္။

အိမ္မွာဆို အစ္ကိုေရာ၊အေဖေရာက

စ႐ိုက္တူေတာ့  ကိုယ့္မွာတစ္ေယာက္တည္း

ျဖစ္ေနရတာ။


အေမကလည္း အသက္ႀကီးၿပီဆိုေတာ့

ကိုယ္နဲ႔ သိပ္မတြဲခ်င္ေပ။

အခု ေယာင္းမေလးရေတာ့မည္ဆိုေတာ့

ကိုယ့္အတြက္ အဆင္ေျပသြားတာေပါ့။

အဲ့ဒီ့တစ္ေယာက္က သက္လြန္းပို

မဟုတ္တာနဲ႔တင္ ေသေပ်ာ္ၿပီ။


"အဲ့ဒီ့ခ်စ္ပန္းေဝဆိုတဲ့ တစ္ေယာက္က

ကိုႀကီးနဲ႔  ရင္းႏွီးလား.."


"အဲ့ေလာက္ႀကီးလည္း မရင္းႏွီးပါဘူး..

နည္းနည္းပါးပါးေတာ့ စကားေျပာဖူးတာေပါ့.."


"ကိုႀကီးရဲ႕ နည္းနည္းပါးပါးဆိုရင္

မဆိုးဘူးလို႔ သတ္မွတ္လိုက္ၿပီ..."


"ဘာဆိုင္လို႔လဲ..."


"ဆိုင္တာေပါ့..ကိုႀကီးကေတာ္႐ုံမိန္းကေလးေတြနဲ႔

ေရာတတ္တဲ့လူမွမဟုတ္တာ 

႐ြာေရာက္တာ သိပ္မၾကာေသးပဲ

ဒီမိန္းကေလးနဲ႔ ရင္းႏွီးဖို႔ဆိုတာ

သိပ္မျဖစ္ႏိုင္ဘူးလို႔ထင္တယ္...

ေနာက္ၿပီး ကိုႀကီးရဲ႕ဆိုင္ကယ္ေနာက္မွာ

ဘယ္မိန္းကေလးကို ေခၚတင္ခဲ့ဖူးလို႔လဲ..

ခ်စ္ပန္းေဝနဲ႔ၾကမွဆိုေတာ့ ေသခ်ာတယ္

သူကကိုႀကီးရဲ႕ ဖူးစာအစစ္ပဲ..."


"အငယ္မ..နင္ငါ့ကိုလာေနာက္မေနနဲ႔

သြားေတာ့ဟာ..စိတ္ရႈပ္ေနရၾကားထဲ..."


"အမယ္ေလး..သြားမွာပါ..

မိန္းမရမဲ့ကိစၥပဲ စိတ္ရႈပ္ရတယ္ရွိေသး

တင္မေကြၽးႏိုင္မွာၾကေနတာပဲ.."


"တင္ေကြၽးႏိုင္တိုင္း မိန္းမယူစရာလားဟ

ငါ့ဘ၀နဲ႔ငါ အဆင္ေျပေနၿပီးသား

ဘယ္အေဖာ္အမြန္မွမလိုဘူး..."


"အဲ့ဒါဆို သက္လြန္းပိုၾကေတာ့ေရာ.."


"လာမေမးနဲ႔ေတာ့ဟာ သြားေတာ့.."


အစ္ကိုႀကီးက စိတ္တိုၿပီးပိတ္ေဟာက္ေနေတာ့

ပိေတာက္လည္း ဆက္မေမးရဲေတာ့ပဲ

အခန္းထဲမွ ထြက္ရေလေတာ့သည္။


နည္းနည္းလည္း ၿပဳံးမိသြားသည္။

သက္လြန္း‌ပိုတစ္ေယာက္ ကိုႀကီးကိုရဖို႔

အမ်ိဳးမ်ိဳးအႀကံထုတ္ၿပီး ‌ႀကိဳးစားခဲ့တာမွာ

ႏွႏွစ္ေလာက္ၾကာမွ ေစ့စပ္ခြင့္ရခဲ့တယ္။


ေဟာ..အခုၾကေတာ့ သူ႔ဖူးစာအစစ္အမွန္ေပၚၿပီ။

တကယ္ညားဖို႔ကံပါလာေတာ့ ဘာမွသိပ္ၿပီး

အားမထုတ္ရပဲ ခ်စ္ပန္းေဝဆိုတဲ့တစ္ေယာက္

ကိုႀကီးကိုပိုင္ဆိုင္ရေတာ့မယ္။


ဖူးစာဆိုတဲ့ အဓိပၸာယ္ကို ကိုႀကီးလက္ထပ္ၿပီးခါမွ

သက္လြန္းပိုဆိုတဲ့ မိန္းမႀကီးသိေအာင္

ေျပာျပလိုက္အုံးမယ္။

အခုေတာ့ မိန္းမသြားေတာင္းမည့္ ညေနခင္းကို

အျမန္ေရာက္ခ်င္လွၿပီ။


ခ်စ္ပန္းေဝတဲ့ နာမည္ေလးကအစ

ကဗ်ာဆန္လြန္းသူေလးကို

 အရမ္းေတြ႕ခ်င္တာပဲ။

နာမည္ေလးကလွသလို လူကလည္း

လွေလာက္မွာပါ။


🌺🌺🌺🌺🌺🌺🌺


ညေနခင္းဘက္တြင္ ကန္ေတာ့ပြဲႏွင့္

ခ်စ္ပန္းေဝတို႔ အိမ္ေလးသို႔ေရာက္ေတာ့

အစ္ကိုယူရမည့္ ခ်စ္ပန္းေဝကို

ေတြ႕လိုက္ရတဲ့အခိုက္

 ပိေတာက္ရဲ႕စိတ္ကူးထဲကအတိုင္း 

တကယ္ကိုလွမွန္း သိလိုက္ရပါေတာ့တယ္။


*ခ်စ္ပန္းေဝတဲ့..နာမည္ေလးအတိုင္း

ျမင္သူတကာ ခ်စ္ခင္စရာေကာင္းတဲ့

သြင္ျပင္ေလးကို ပိုင္ဆိုင္ထားသူေလးပဲ..*


ကိုႀကီးရဲ႕ေဘးနားမွာ အဝါေရာင္

၀မ္းဆက္ေလးႏွင့္ ႀကဳံ႕ႀကဳံ႕ေလးထိုင္ရင္း

ေခါင္းငုံ႔ထားသူေလးကို ဒါ႐ိုက္တာပီပီ

ေသခ်ာ အကဲခတ္ေနမိေလသည္။


အသားေလးနဲနဲညိဳတာကလြဲ၍ ကိုယ္လုံးကိုယ္ေပါက္ကအစ အခ်ိဳးအစစ္က်ၿပီး

အင္မတန္လွသည့္ မိန္းကေလးပါပဲ။

ေအာက္ႏႈတ္ခမ္းလုံးလုံးေလးႏွင့္

 အေပၚႏႈတ္ခမ္းေလးကပါ ကႀကီးပုံစံေလး

ျဖစ္ေနကာ တည္တည္ေလးေနတာေတာင္

ၿပဳံးေနသလိုေလးျဖစ္ေနသည္။


တကယ္ကို ကဗ်ာတစ္ပုဒ္

 ေကာင္းေကာင္းဖြဲ႕ႏိုင္ေလာက္ေအာင္ လွလြန္းတဲ့

အလွတရားေလးပါ။

တစ္ခ်က္တစ္ခ်က္ ေမာ့ၾကည့္လိုက္တိုင္း

ေပကလက္၊ေပကလက္ ျဖစ္သြားတဲ့

မ်က္၀န္း‌ဝိုင္းေလးေတြဟာ ေရအိုင္ငယ္ေလးလို

ၾကည္လဲ့ေနၿပီး မိန္းကေလးျဖစ္တဲ့ကိုယ္ေတာင္

ရင္ခုန္ခ်င္သလိုလို။


ဆံပင္ႀကီးေတြကိုလည္း အေပၚယံသာ

စည္းထားကာ နက္ေမွာင္ၿပီးထူထဲလိုက္တာ။

ဆုပ္ေထြးထားတဲ့ လက္ေခ်ာင္းေလးေတြကအစ

ေသး‌ေသးသြယ္သြယ္ေလးေတြ။


မထူမပါး မ်က္ခုံးတန္းေလးေတြ ၊

နဖူးေပၚက်ေနတဲ့ ဆံစေလးေတြႏွင့္

ေခြၽးစို႔လာလို႔ သုတ္လိုက္တဲ့ဟန္ပန္ေလးကအစ

အျပစ္ေျပာစရာမရွိတာေတာင္ အစ္ကိုႀကီးက

မယူခ်င္လို႔ ဟင္ဟင္တက္ေနသတဲ့။


*သူနဲ႔ေတာင္မတန္တဲ့ဥစၥာ..

ဒါမ်ိဳးစိန္ေကာင္းေက်ာက္ေကာင္းေလးက

ပရိတ္သတ္အမ်ားအျပားရဲ႕ 

ခ်စ္ခင္မႈကိုသိမ္းပိုက္မဲ့ ေ႐ႊမင္းသမီးေလးပဲ

ျဖစ္သင့္တာ..

ဟူး..အခုေတာ့ကိုႀကီးကဦးသြားၿပီ...*


"ျဖစ္ခဲ့တာေတြအတြက္ ကိုတင္ေမာင္တို႔

မေဌးတို႔ဘက္က ေတာင္းဆိုသမွ်

ကြၽန္မတို႔ဘက္က လိုက္ေလွ်ာေပးပါ့မယ္ရွင္..

ကိုတင္ေမာင္တို႔ဘက္က 

ဘယ္လိုျဖစ္ေစခ်င္လဲသာေျပာပါ.."


"မစံပယ္ကိုယ္တိုင္က ပြင့္ပြင့္လင္းလင္း

ေျပာလာၿပီဆိုေတာ့ မိန္းကေလးရွင္အေနနဲ႔

အားမနာေတာ့ပါဘူး...ကြၽန္မကေတာ့

ကြၽန္မတူမေလးကို သိန္းငါးရာနဲ႔

တင္ေတာင္းေစခ်င္ပါတယ္...

.........

ဒါက ကြၽန္မတူမေလးနစ္နာသြားတဲ့အတြက္

တင္ေတာင္းစရိတ္ပဲ ရွိေသးတာေနာ္..

မစံပယ္တို႔က ခ်မ္းသာတာပဲ ဒီေလာက္ေတာ့

အေသးအမႊားပဲ ဟုတ္တယ္မွတ္လား..

ဒါ့အျပင္ မဂၤလာပြဲအတြက္

ကုန္က်စရိတ္ကိုလည္း.."


"မေဌး..မင္းေတာ္လိုက္...ငါ့တူမကိစၥ

ငါ့ဘာသာ ဆုံးျဖတ္မယ္..."


စိန္ေကာင္း၊ေက်ာက္ေကာင္း ေရာင္း၀ယ္ေနရာမွာ

ေဆး႐ိုးသည္လို ကန႔္လန႔္၊ကန႔္လန႔္ ၀င္လုပ္ေန၍

ဦးတင္ေမာင္ ၀င္ေဟာက္လိုက္ေတာ့

အားလုံးဝိုင္းၾကည့္လာၾကရာ ေဒၚေဌး၀င္းလည္း

၀င္မေျပာသာေတာ့ေပ။


သို႔ေပမဲ့ အျမတ္မထုတ္တတ္ေသာ

ဦးတင္ေမာင္ကို စိတ္တိုကာ ႀကိမ္ဆဲရင္း

ခပ္မဲ့မဲၾကည့္ပစ္လိုက္ေလသည္။


ဦးတင္ေမာင္ကေတာ့ ‌မေဌး၏ေလာဘကို

သိ၍ ဒီတစ္ခါေတာ့တားမွျဖစ္မည္ဟု

ေတြးထားခဲ့ေလသည္။

ခ်စ္ခ်စ္ဟာ ကိုယ့္တူမအရင္းျဖစ္၍

ဒီတစ္ခါေတာ့ မေဌးကို၀င္အပါမခံေတာ့ဘူးဟု

ဆုံးျဖတ္ထားသည္။


"ဒီကိစၥက ကြၽန္ေတာ္တို႔ဆုံးျဖတ္တာထက္

ကာယကံရွင္ ကေလးႏွစ္ေယာက္ကို

ဆုံးျဖတ္ခိုင္းရင္ ပိုေကာင္းမယ္လို႔ထင္ပါတယ္

သူတို႔ႏွစ္ေယာက္က အဓိကမဟုတ္လား.."


ခ်စ္ခ်စ္ရွင္းျပထား၍ ဆိုင္ကယ္ပ်က္ၿပီး

မုန္တိုင္းေၾကာင့္ ႐ြာကိုအခ်ိန္မွီ

ျပန္ေရာက္မလာႏိုင္ခဲ့မွန္း၊တစ္ဖက္က

ေကာင္ေလးမွာ ဘာအျပစ္မွမရွိမွန္းသိေပမဲ့

ထိုစကားကိုေတာ့ ထည့္မေျပာျဖစ္ခဲ့ေပ။


ဦးတင္ေမာင္ကိုယ္တိုင္လည္း 

ခ်စ္ပန္းေဝေလးကို

ေဟာ့ဒီေနရာ၊သည္အိမ္ႏွင့္ 

ေဝးတဲ့ေနရာမ်ိဳးမွာပဲ

ေကာင္းမြန္စြာ ေနေစခ်င္သည္။

ဒီအိမ္မွာပဲ သူ႔ရဲ႕အနာဂတ္၊သူ႔ဘ၀ႀကီးကို

ပိတ္မိေနမွာကို မလိုလားေပ။


ရႈိင္းဆိုတဲ့ေကာင္ေလးအေပၚမွာ မတရားသလို

ျဖစ္ေနေပမဲ့ ခ်စ္ခ်စ္ရဲ႕အရွက္သိကၡာကို

ကာကြယ္ဖို႔အတြက္ေရာ၊ ေကာင္းစားဖို႔အတြက္ပါ

ေတြးၿပီး ဒီလက္ထပ္ပြဲကို ျဖစ္ေစခ်င္သည္။


"ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အျပင္မွာသီးသန႔္

စကားသြားေျပာလို႔ရမလား.."


လူႀကီးေတြအားလုံးက ကိုယ္ေတြရဲ႕

ဆုံးျဖတ္ခ်က္ကို ေစာင့္ေနၾကသည္မို႔ 

ရႈိင္းကပဲ ဦးေဆာင္၍ခြင့္ေတာင္းလိုက္သည္။


"ရပါတယ္..သမီးခ်စ္ခ်စ္..လိုက္သြားေလ.."


"ဟုတ္ကဲ့ေလးေလး.."


ေလးေလးတင္ေမာင္ကိုယ္တိုင္က

 တိုက္တြန္းေန၍

ခ်စ္ခ်စ္လည္း စိတ္မပါေပမဲ့

သူ႔အေနာက္သို႔ လိုက္သြားရေလသည္။

သူက ေခ်ာင္းစပ္နားမွာရပ္လိုက္ေတာ့

သူ႔အေနာက္မွာပဲ ခပ္႐ို႕႐ို႕ေလး 

မတ္တပ္ရပ္လိုက္ပါသည္။


ေခါင္းကိုေမာ့လိုက္ေတာ့ ခါးေထာက္ကာ

ခ်စ္ခ်စ္ကိုေက်ာေပးၿပီး ေခ်ာင္းေရစီးဆင္းပုံကို

ၾကည့္ေနပုံအား ေငးၾကည့္လိုက္မိသည္။


ေနာက္ေက်ာဘက္မွၾကည့္တာေတာင္

သူဟာ သိပ္ကိုသန႔္ခန႔္ၿပီး 

ၾကည့္ေကာင္းလြန္းသည္။


ဆံပင္ေတြကို ဂ်ယ္ႏွင့္ကပ္ေနေအာင္

သပ္တင္ထားၿပီး ေယာပုဆိုးအနက္ႏွင့္

အျဖဴေရာင္ လက္ရည္လည္ကတုံးက

သူနဲ႔ သိပ္လိုက္တာပဲ။


ဒါေပမဲ့ သူ႔မ်က္ႏွာႀကီးက သုန္မႈန္ေနေတာ့

အနည္းငယ္ေတာ့ လန႔္ေနမိတယ္။

ခ်စ္ခ်စ္ကိုယ္တိုင္လည္း အခုအေျခအေနႀကီးကို

တကယ္မယုံႏိုင္ေသးပါဘူး။

အိပ္မက္လိုလို အိပ္ေနရင္း

ထေယာင္ေနသလိုႀကီး။


တကၠသိုလ္ေက်ာင္းသားဘ၀မွာ

သူငယ္ခ်င္းေတြနဲ႔ ႐ုပ္ရွင္သြားၾကည့္ေတာ့

ရႈိင္း၏ဇာတ္ကားကို ေ႐ြးၾကည့္ခဲ့မိၾကတယ္။


ထိုအခ်ိန္က ပိတ္ကားေပၚမွာ 

ကိုယ္ေငးၾကည့္ခဲ့ရသူသည္ ကိုယ္ယူရမည့္လူ

ျဖစ္ေနတာဟာ တကယ္ကိုမယုံရဲစရာပါပဲ။


"မင္းဘာလို႔ လက္ထပ္ဖို႔ကိစၥကို

သေဘာတူလိုက္တာလဲ..."


"ရွင္.."


ပထမဆုံးၾကားလိုက္ရတာက

အလြန္တင္းမာေနေသာ သူ႔ရဲ႕အသံ။

ခ်စ္ခ်စ္ေမာ့ၾကည့္လိုက္စဥ္မွာပဲ သူက

ခ်စ္ခ်စ္၏အေရွ႕သို႔ ေရာက္လာၿပီျဖစ္ရာ

ပခုံးႏွစ္ဖက္ကိုပါ နာက်င္ေအာင္

ဆုပ္ကိုင္ထားေလသည္။

သူ႔မ်က္လုံးေတြက မုန္းတီး႐ြံရွာမႈအျပည့္..။


"ငါတို႔ႏွစ္ေယာက္ ဘာမွမျဖစ္ခဲ့ဘူးဆိုတာ

မင္းရွင္းျပခဲ့ရင္ ဒီမဂၤလာကိစၥေတြ

ျဖစ္လာစရာ အေၾကာင္းမရွိဘူး..

မင္းဦးေလးကို မင္းဘာေတြမဟုတ္မဟပ္

သြားေျပာထားတာလဲ.."


"ရွင္အထင္လြဲေနၿပီ..ဦးေလးတို႔ကို

ကြၽန္မျဖစ္ေၾကာင္းကုန္စင္ 

ရွင္းျပထားၿပီးသား.."


"အဟက္..အဲ့ဒါဆိုဒီကိစၥက ဘာလို႔

ျဖစ္လာရတာလဲ..မင္းငါ့ကိုလာလိမ္မေနနဲ႔

မင္းဘက္က လက္မခံရင္ဒီမဂၤလာကိစၥက

ျဖစ္လာစရာအေၾကာင္းမရွိဘူး...

မင္းငါနဲ႔ေတာ္ေတာ္ လက္ထပ္ခ်င္ေနတာလား"


"ဘာ!!!"


အံ့ဩလြန္းလို႔ အက်ယ္ႀကီးေအာ္လိုက္မိၿပီး

သူ႔မ်က္၀န္းေတြႏွင့္ အၾကည့္ခ်င္းဆုံလိုက္မိေတာ့

သိပ္တုန္လႈပ္သြားမိသည္။

သူ႔အၾကည့္ေတြထဲမွာ ခ်စ္ခ်စ္ကို

တန္ဖိုးမဲ့ေသာ မိန္းမတစ္ေယာက္အျဖစ္

ဖန္တီးထားတာပဲ။


"ရွင္ဘာလို႔ ကြၽန္မေျပာသမွ်အရာတိုင္းကို

မယုံၾကည္ရတာလဲ.."


ထိုေမးခြန္းကို ေမးသည့္အခိုက္ အသံေတြပါ

တုန္ယင္လာသည္။

ခ်စ္ခ်စ္ကို လွည့္စားတတ္သည့္

 ကေဝမတစ္ေယာက္ဟု သူျမင္ေန၍

အသဲနင့္ေအာင္ကို ၀မ္းနည္းမိတယ္။


"ရွင္ဘာလို႔ကြၽန္မကို ဒီလိုလာစြပ္စြဲေနရတာလဲ

ကြၽန္မဒီမဂၤလာကိစၥကို လက္ခံတယ္ဆိုတာ

႐ြာထဲကလူေတြရဲ႕အေျပာကေန လြတ္ေအာင္နဲ႔

ဦးေလးတို႔ေဒၚႀကီးတို႔ အတင္းတိုက္တြန္းလို႔

လက္ခံလိုက္တာ..

......

ခ်မ္းသာတိုင္း ေယာက္်ားတစ္ေယာက္ကို

ငမ္းငမ္းတက္..သိပ္လက္ထပ္ခ်င္ေနတဲ့

အခြင့္အေရးသမားတစ္ေယာက္လို

ကြၽန္မကို လာမၾကည့္နဲ႔..."


"ေဟ့...အျပင္ဘက္ကေန ျဖဴစင္ဟန္ေဆာင္မေနနဲ႔

ငါမင္းကိုအဲ့ဒီ့ညက လက္ဖ်ားနဲ႔ေတာင္

မထိခဲ့ဘူးဆိုတာ မင္းသိရဲ႕သားနဲ႔

.......

ဒီမဂၤလာကိစၥကို လက္ခံလိုက္တာက

ငါ့ကို လွည္းက်ိဳးထမ္းခိုင္းလိုက္တာပဲ

........

မိဘေတြ ဘာေတြလာမေျပာနဲ႔

အဓိက တရားခံကမင္းပဲ

မင္းဘက္က ေရွ႕ထြက္လာၿပီး

ရွင္းလိုက္ရင္ အားလုံးၿငိမ္းသြားမဲ့ကိစၥကြ..."


"အဲ့ဒါဆိုရွင္ျငင္းေလ ရွင္လည္းျငင္းလို႔ရတာပဲ.."


သူ႔ေမးခြန္းႏွင့္သူ႔ကို ျပန္ရစ္လိုက္ေတာ့

လူကို အခုပဲထ‌ထုေတာ့မလို 

ၾကည့္ေနလိုက္တာမ်ား ဘီလူး၀င္စီးေနသလိုပဲ။


ခ်စ္ခ်စ္နဲ႔ လက္ထပ္ရဖို႔ကို သူေတာ္ေတာ္

ခါးခါးသီးသီးျဖစ္ေနတာပဲ။

လက္ထပ္ဖို႔သာ သေဘာတူလိုက္ရင္

သူခ်စ္ခ်စ္ကို အႏိုင္က်င့္မွာမ်ားလား။


"ငါျငင္းရင္ ငါက..စားၿပီးနားမလည္

လုပ္တဲ့ေကာင္လို႔ ထင္ၾကမွာေပါ့.."


"အဲ့လိုပဲေလ ကြၽန္မျငင္းလိုက္ရင္

ကြၽန္မက အရွက္မဲ့တဲ့မိန္းမျဖစ္သြားမွာေပါ့..

......

ရွင့္ပတ္၀န္းက်င္နဲ႔ ကြၽန္မပတ္၀န္းက်င္က

မတူဘူးသိရဲ႕လား...

ကြၽန္မလည္းမတတ္ႏိုင္လို႔

သေဘာတူလိုက္ရတာပါ..

........

ရွင္ကြၽန္မကို ဘာလို႔နားလည္မေပးႏိုင္ရတာလဲ...

တကယ္လို႔ ရွင္ကြၽန္မကိုအရမ္းမုန္းတယ္

လက္မထပ္ႏိုင္ဘူးဆိုရင္ ကြၽန္မကိုထားခဲ့လိုက္

ဒီေနရာကို ဘယ္ေတာ့မွျပန္မလာခဲ့နဲ႔ေတာ့.."


"မရေတာ့ဘူး အားလုံးလြန္ကုန္ၿပီ

ငါထြက္သြားရင္ ငါ့မိဘေတြပဲအရွက္ကြဲရမွာ..

........

အဲ့ေတာ့ ငါမင္းကိုတစ္ခါတည္းေျပာလိုက္မယ္

ေနာက္အပတ္မွာ ႐ိုက္ကူးေရး

စ၀င္ရမဲ့အတြက္ ငါမခ်စ္တဲ့မင္းကိုယူဖို႔

သီးသန႔္အခ်ိန္ဖဲ့မေပးႏိုင္ဘူး..

........

ဘာမဂၤလာပြဲမွလည္း လုပ္မေပးႏိုင္ဘူး

႐ုံးတက္ လက္မွတ္ထိုးေပးတာကလြဲလို႔

ငါ့ဆီကေန မင္းဘာမွမေမွ်ာ္လင့္နဲ႔...

........

မင္းလိုမိန္းမမ်ိဳးကို ငါ့အသိုင္းအဝိုင္း၊

ငါ့ပတ္၀န္းက်င္မွာ ငါ့ဇနီးအျဖစ္

ဘယ္ေတာ့မွ အသိေပးမွာမဟုတ္ဘူး..

မင္းဟာငါရဲ႕ လက္ထပ္စာခ်ဳပ္ေပၚက 

အမည္ခံဇနီးတစ္ေယာက္အျဖစ္ပဲ

ရွိေနမွာ..

...........

ဘယ္လိုလဲ လက္ခံႏိုင္ရဲ႕လား

လက္မခံႏိုင္ရင္ေတာ့ မင္းသေဘာပဲ..."


သူ႔စကားေတြဟာ နားထဲသို႔သံရည္ပူႏွင့္

ေလာင္းခ်ေနသလိုပါပဲ။

ခ်စ္ခ်စ္သူ႔ကို သေဘာက်မိတာရဲ႕

အစိတ္အပိုင္းေသးေသးေလးေတာင္ သူ႔ဘက္က

ျပန္သေဘာက် မေပးႏိုင္ပါလား။


ထိုခံစားခ်က္ႀကီး လႊမ္းမိုးလာတဲ့အခါ

အမည္မေဖာ္ႏိုင္ေအာင္ကို နာက်င္ရတယ္။

ပါးျပင္ေပၚကို မ်က္ရည္ေတြစီးက်လာတဲ့

အထိပါပဲ။


ခ်စ္ခ်စ္အတြက္ လက္ထပ္ပြဲဆိုတာကလည္း

အခ်စ္ပါဖို႔မျဖစ္ႏိုင္တဲ့ မေတာ္တဆမႈတစ္ခု

ျဖစ္ခဲ့တယ္။

မိန္းကေလးတစ္ေယာက္အတြက္ တစ္သက္မွာ

တစ္ခါသာ ႀကဳံရမဲ့မဂၤလာေဆာင္ေလးဟာ

ခ်စ္ခ်စ္အတြက္ အိပ္မက္ေတာင္

မက္ခြင့္မရေတာ့ဘူးတဲ့လား။


ဒါ့ထက္ပိုဆိုးတာက ကိုယ္ယူရမဲ့အမ်ိဳးသားဟာ

သူ႔ဇနီးေလာင္းရယ္လို႔ လူပုံအလည္မွာ

ေပၚတင္ ခ်မျပႏိုင္ဘူးတဲ့ေလ။


*အစမွာတင္ နိဂုံးမလွမွန္းသိလွ်က္နဲ႔

ေရွ႕ဆက္ဖို႔ ႀကိဳးစားသင့္ရဲ႕လား..*


"ရွင္ကြၽန္မအေပၚမွာ သိပ္ရက္စက္တယ္လို႔

မထင္ဘူးလား..."


ၾကည္လဲ့ေနေသာ မ်က္၀န္းဝိုင္းေလးေတြမွာ

မ်က္ရည္ေလးေတြခိုတြဲေနေပမဲ့

ရႈိင္းကေတာ့ လုံး၀မသနားမိေတာ့ေပ။

သူ႔အေပၚမွာ ကိုယ္ထားခဲ့တဲ့ေစတနာက

အတိုင္းအတာတစ္ခုမွာတင္ ၿပီးဆုံးသြားခဲ့ပါၿပီ။


အခုျပႆနာက သိန္းထီေပါက္တာမဟုတ္ပဲ

ကိုယ္ဘာသာ ေအးေဆးရပ္ေနရင္းနဲ႔

မိုးႀကိဳးပစ္ခ်ခံရတာ။

တရားခံမဟုတ္ပဲ စြဲခ်က္တင္ခံရတာ။

အမွားမလုပ္မိပဲ အျပစ္တင္ခံရတာေလာက္

အသဲေပါက္တာမရွိဘူး။


ျပစ္ခ်က္ေတြအားလုံးေပါင္းလိုက္ေတာ့

သူမအေပၚ မုန္းမိသြားတာအမွန္ပါပဲ။

*ရက္စက္တယ္တဲ့..ဟား..ဟား...

 ကိုယ္ရက္စက္မျပရေသးပါဘူး မိန္းကေလး..*


"ဒီမွာခ်စ္ပန္းေဝ..ငါ့လိုေကာင္ကို

လက္ထပ္ရဲရင္..

ငါစိတ္ဒုကၡေပးတာကိုလည္း 

..မင္းခံရဲရမယ္..

ငါဘာေကာင္လည္း မင္းမသိေသးပါဘူး..

ေရျပင္လို တည္ၿငိမ္ေနတဲ့ငါ့ဘ၀ကို

၀င္ေမႊတဲ့အတြက္ 

မင္းေနာင္တအႀကီးအက်ယ္ရေစရမယ္.."


*အခန္း(၁၅)ဆက္ရန္


🌺🌺🌺🌺🌺🌺🌺


ရႈိင္းကလည္းၾကမ္းလိုက္တာေနာ္😬

(ညီမ‌နဲ႔အစ္ကို ေနရာေလး

ခ်ိန္းေပးလိုက္ရင္ေကာင္းမလား😁)


🙏(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္

ေဝေဝဒီရက္ပိုင္းမွာ အျခားအလုပ္ေလးေတြ

ရွိလို႔ updateေလး ၾကာသြားပါတယ္..

5 comments:

  1. အဆက်လေးတင်ပေးပါတော့နော် ဖတ်ချင်နေပီ👀👀

    ReplyDelete
  2. ဘာကောင်လဲဆိုတားယူကြည့်မှသိမှာပေါ့...နောက်မှနောင်တမရနဲ့နော်
    တို့ရဲ့ပန်းလေးဘယ်လောက်အဖိုးတန်တယ်ဆိုတာ 🌿🌹🌿

    ReplyDelete
  3. အဲလောက်မရက်စက်ပါနဲ့ရိူင်းရယ်
    ပန်းလေးသနားပါတယ်

    ReplyDelete
  4. Please, တစ်နေ့တစ်ပိုင်းတင်ပေးပါလားမင်မင်

    ReplyDelete
  5. ချစ်ပန်းဝေလေကိုယောင်းမလုပ်သူကချစ်လိုရုပ်ရှင်မင်းသမီးရိုက်ပေးယင်ကောင်းမှာ

    ReplyDelete