🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ပထမပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

 🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ပထမပိုင်း

 

"ဒညင်းကုန်းရောက်မယ်...ဒညင်းကုန်း..."
"အင်းစိန်ဆေးရုံ ...အင်းစိန်ပန်းခြံ......"
"ကြို့ကုန်းရောက်မယ်..."

"ဟံသာ၀တီအဝိုင်းရောက်လား...."

"ရောက်တယ်...တက်...တက်..…ကဲ...အနောက်‌လေးတွေကိုတိုးပေးကြပါ....အ၀မှာပဲတစ်မနေကြပါနဲ့.."

"စံပြကိုရောက်လား...."

"ရောက်တယ်...."

"ရောက်တယ်တဲ့....လာတက်မယ်...."

စနေ၊တနင်္ဂနွေရုံးပိတ်ရက်ဆိုသည့်အတိုင်း ကားဂိတ်တွင် လူစည်နေလေသည်။
ကားတစ်စီးထိုးဆိုက်လာလိုက် လူတသုတ်က
တက်သွားလိုက်။
ဒါလည်း လူစဲတယ်ရယ်လို့မရှိပဲ လာကြပြန်ပြီ
၀တ်စုံပြိုးပြိုးပြက်ပြက်‌တွေနှင့် အထုပ်ကြီး၊
အထုပ်ငယ်ကိုင်လျှက် ကလေးတွေတစ်မကြီးဆွဲပြီး။
ကြည့်ရတာတော့ ဘုရားဖူးသွားမယ့်ပုံတွေပါပဲ။

ကား‌အပေါ်ကိုတိုးတက်ကြ၊စပယ်ယာကလည်း
ကားနောက်ပိုင်းကို အတင်းတိုး‌လျှောက်ခိုင်း‌နေစဉ်
"ဟော...နောက်ထပ်ပြေးလာတဲ့ တသိုက်ကကားပေါ်ကို တိုးတက်ကြ၍ ကားတံခါးကိုပင်မပိတ်ပဲ စပယ်ယာကအပေါက်၀မှာ ပိတ်ရပ်ပြီး..
"မောင်းတော့ဆရာရေ..."ဆိုတာနှင့် မီးခိုးငွေ့
တဝေ့ဝေ့‌ခါထုတ်လျှက် ကားကြီးတစ်စီးကထွက်သွားပြန်သည်။
နောက်တစ်စီးလာပြန်လည်း ထို့နည်းတူပါပဲ။

မသိလျှင် လူတွေကိုငါးပိသိပ်သလို သိပ်ပြီးထည့်နေသလားမှတ်ရတယ်။
ကိုယ်တွေကားကမလာသေးပေမဲ့ ဒီလိုပဲတိုးကြိတ်ပြီးစီးရလျှင် လူကောင်သေးတဲ့ပုံရိပ်ကတော့ ကား၀မ်းဗိုက်မှာပြားပြားကပ်နေမလားပဲ။
အတွေးနဲ့တင် လူပါအိုစာချင်လာသည်။

အနောက်သို့ လှည့်ကြည့်လိုက်တော့ စတိုင်ပဲန်အနက်ရောင်ကို တီရှပ်လက်တိုဖြင့်တွဲ၀တ်ထား
လျှက် ကွမ်းယာဆိုင်တစ်ခု၏ ထီးအမိုးတစ်ခုအောက်ရှိ ဆိုင်ကချပေးထားသည့် ခွေးခြေခုံလေးအပေါ်တွင် ခပ်တည်တည်နှင့်ထိုင်နေသည့်
ဆရာနေမျိုး။

ကျောပိုးအိတ်ကိုတောင် ကျောအပြည့်လက်နှစ်ဖက်နှင့်မလွယ်ပဲ တစ်ဖက်တည်းတွင်သာစတိုင်လ်
ကျကျလွယ်ထားလေသည်။ ဆံပင်ကိုလည်း
ဂျယ်လ်ဖြင့်ဘေးခွဲလိုလို ထောင်ထားတာလိုလိုနှင့် ပုံစံချထားသည့် ဆရာကြီးကို ဘုန်းကြီးကျောင်းသားလို့ပြောပါက ဘယ်သူယုံပါမည်လဲ။

အေးလေ...ဘုန်းကြီးကျောင်းသားဆိုရင်တောင် ဆယ်တန်းကိုဂုဏ်ထူးတွေနှင့်အောင်ထားပြီး ပညာတတ်ဘွဲ့ရသည့် ဘုန်းကြီးကျောင်းသားပေါ့။
ဒါတင်မကသေး လုပ်ခလစာကောင်းကောင်းရသည့် အလုပ်ကိုလည်းရထားသေးတယ်။

ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်မိတော့
ဂျင်းဘောင်းဘီဒူးကျနှင့် ရှပ်လက်တိုအပွကိုမှ အဖြူရောင်၀တ်ထားသည်။ဂျင်းဘောင်းဘီ၀တ်ထားပေမဲ့ အသစ်မဟုတ်ပဲ ဈေးသွားရင်း
 အဒေါ်ကိုယ်တိုင် ဘေထုပ်မှဈေးသက်သာ၍
 ဆွဲလာခြင်းဖြစ်သည်။အရမ်းအဟောင်းကြီးတော့မဟုတ်ပေမဲ့  တစ်ပတ်ရစ်ကြီးမို့စိတ်ကတော့
သိပ်မသန့်လှဘူး။
ဒါပေမဲ့ ကိုယ့်ဆီမှာလည်း ထသွားထလာ၀တ်ဖို့ရန် ကောင်းကောင်းမွန်မွန်ဆို၍ ဒါပဲရှိသည်။
အဖေတို့၊အမေတို့နှင့်ရှိစဉ်က အ၀တ်တွေကလည်း ကြပ်တာတွေရော၊တိုနေတာတွေရောဖြစ်လာတာကြောင့် အဆင်ပြေတာပဲရွေး၀တ်လာခဲ့ရသည်။

ဆရာ့ကိုကြည့်လိုက်တော့ ဟန်ပါပါထိုင်လျှက်ဖြင့် စာအုပ်တစ်အုပ်အားလှန်လှော၍ အလုပ်ရှုပ်နေလေသည်။
ကြည့်ရတာ ကိုယ်တွေစီးမဲ့ကားရောက်မည့်
ကြာချိန်ကို ကြိုသိနေတယ်ထင်ပါရဲ့။
ဆရာဟာ နေ့တိုင်းအလုပ်ကို ဘက်စ်ကားစီးပြီးသွားရတော့ သူ့အတွက်က နေ့စဉ်မြင်နေကြမြင်ကွင်းဖြစ်နေ‌မှာပေါ့။ကိုယ်တွေသာ ကားတစ်စီးဖြတ်မောင်းသွားလိုက် လူတွေပြည့်လျှံနေလျှင် နှာခေါင်းရှုံ့မိတာနှင့် ထိုသူတွေအစားပူအိုက်ရတာနှင့်
လိုက်ကြည့်မိတာများ ခေါင်းကိုချာချာလည်နေတာပဲ။

ကားဂိတ်မှာစောင့်နေရတာပင် နာရီ၀က်လောက်ရှိနေလေပြီ။ဆူးလေးကို ရောက်မည့်ကားကရောက်
မလာသေးသောကြောင့် ကားလမ်းဘေးကြီးတွင် ကိုရင်လေးတွေနှင့်ရော၍ ပုံရိပ်သည်လည်းငုတ်တုတ်ထိုင်လျှက်စောင့်နေမိသည်။
ကားတစ်စီးဖြတ်သွားလျှင် အော်သည့်အသံကိုနားစွင့်ရတာလည်း အလုပ်တစ်လုပ်ဖြစ်နေသည်။

ကိုရင်ကသုံးပါးဖြစ်ပြီး နှစ်ပါးကတော့ပုံရိပ်ထက်တစ်နှစ်လောက်ကြီးကြသည်။ကျန်တစ်ပါးကတော့ ပုံရိပ်ထက်ငယ်သည့်အပြင် သူ့ကိုမခေါ်ပါပဲအတင်းလိုက်မယ်လုပ်နေ၍ ခေါ်လာခဲ့ရသည်။
ပုံရိပ်တို့လေးဦးကတော့ ဆရာနေမျိုးကဲ့သို့
စိတ်မအေးနိုင်ပဲ ဆူးလေရောက်မည့်ကားကိုသာ အရိပ်တကြည့်ကြည့်လုပ်နေမိကြသည်။
ကားကလည်း တော်တော်နှင့်မလာ မတ်တတ်ရပ်ရတာလည်းညောင်း‌လာသောကြောင့် နောက်ဆုံးမှာလေးဦးသား လမ်းဘေးနေပူထဲတွင်သာ‌
ဆောင့်ကြောင့်ထိုင်ချလိုက်ရသည်။

မိုးကုန်၍ဆောင်းသို့ကူးချင်နေပေမဲ့ ရာသီဥတုကတစ်ခါမှလည်း အေးတယ်ရယ်လို့မရှိပေ။
မနက်ရှစ်နာရီထိုးသာ ရှိသေးပေမဲ့ နေပူသည့်ဒဏ်ကြောင့် ချွေးပါပြန်လာသည်။ နားသယ်စပ်တစ်လျှောက်ကျလာသော ချွေးတွေကိုခဏခဏသုတ်နေရ၍ သံပုရာအနံ့ရွှေပြည်နန်းသနပ်ခါးနှင့်လိမ်းထားသည့် ပါးကွက်ကျားတောင် ပျက်ပြီထင်ပါတယ်။

"သားရေ....ဗိုလ်တစ်ထောင်ဘုရားကိုရောက်လား..."

"ရောက်တာပေါ့...ဗိုလ်တစ်ထောင်ဆိပ်ကမ်း
ဟိုဘက်အထိပါ ရေပေါ်ကနေမောင်းပို့ပေးမယ်ဗျာ...တက်..တက်..."

စပယ်ယာဆိုသူသည် အသက်၅၀ကျော်လောက်ရှိသည့် အဖိုး၊အဖွားကြီးလင်မယားကို စနောက်လိုက်သေးသည်။
ကိုယ်စီးချင်သည့်ကားက ရောက်မလာသေးပဲ
 ဗိုလ်တစ်ထောင်သို့ ရောက်သည့်ကားက စက်နှိုးထားပြီး ပုံရိပ်တို့ထိုင်နေသည့်တည့်တည့်တွင်
 လာရပ်၍လူစောင့်ခေါ်နေလေသည်။

"မြေနီကုန်း..ရွှေဂုံတိုင်..ဗဟန်း(၃)လမ်း..ဆူးလေ.."

"ဟာ...ဟိုမှာ...ဆူးလေတဲ့...."

ဆူးလေသို့ရောက်သည့်ကားက လူစောင့်ခေါ်နေသည့်ကားအနောက်တွင်ထိုးရပ်လိုက်ပေမဲ့
မှားပြီးစီးမိမှာစိုး၍ ဆရာ့ကိုအားလုံးလှမ်းကြည့်လိုက်ကြသည်။ဆရာသည် ကျောပိုးအိတ်ကိုဟန်ကျကျတစ်ဖက်တည်းလွယ်တာမျိုးမဟုတ်တော့ပဲ ရင်ဘတ်အရှေ့သို့ ပို့လျှက်အနေအထားဖြင့်လွယ်ထားလေသည်။
YBSကိုတစ်ခါမျှမစီးဖူးသော ပုံရိပ်ကတော့
ဘာကြောင့်ဒီလိုလွယ်သလဲမသိပေမဲ့
နောင်တစ်ချိန်မှာသိလိုက်ရတာကတော့
" ခါးပိုက်နှိုက်ရန်ကိုကြောက်လို့ပါတဲ့"...

"ကဲ...ကိုရင်တို့....နောက်မှာခုံတွေလွတ်နေတယ်...
နောက်ကိုသွားကြပါ...."

ကံကောင်းသည်က ပုံရိပ်တို့စီးရသည့်ကားဟာ ထိုင်ခုံအလွှတ်တွေရှိနေသည်။ကား၀မ်းဗိုက်မှာ
 ပြားပြား၀ပ်မနေရတော့သောကြောင့်
လူမသိ၊သူမသိလှစ်ခနဲပြုံးလိုက်မိသည်။

"ပုံရိပ်...ဒီကိုလာ...."

ကိုရင်တို့ဘက်အခြမ်းမှာ အယောင်ယောင်အမှားမှားဖြင့် ထိုင်ဖို့လုပ်တော့ ဆရာကပုံရိပ်၏
လက်မောင်းအိင်္ကျီစကို လှမ်းဆွဲသည်။
ဆရာသည် ကားနောက်ပေါက်အနားရှိ ပြူတင်းဘက်အခြမ်းတွင်နေရာယူလိုက်ပြီး ပုံရိပ်ကိုလည်း
သူ့ဘေးတွင်လာထိုင်ဖို့အချက်ပြလာသည်။
ကိုရင်တွေနှင့်အတူရောထိုင်ဖို့ရာလည်း
သိပ်မသင့်တော်တာကြောင့် ဆရာ့ဘေးမှာပဲ၀င်ထိုင်လိုက်သည်။ပုံရိပ်တို့ဟာ တကယ့်ကိုကပ်သီးလေး ကံကောင်းသွားခဲ့တာပါ။

နောက်တစ်မှတ်တိုင်ကိုရောက်တော့ လူတွေအလုံးအရင်းနှင့်တက်လာသောကြောင့် ကားတစ်ခုလုံးက ခြေချစရာနေရာ မရှိလောက်အောင်အထိ ကြပ်သပ်နေသည်။ကံကောင်း၍ ထိုင်ခုံနေရာရပေမဲ့ ကံဆိုးချင်တော့ ပုံရိပ်၏ဘေးနားတွင်မတ်တတ်လာရပ်နေသောလူကြီးထံမှ အရက်နံ့ရနေသည်။
ထိုလူကြီးကို မော့ကြည့်လိုက်မိတော့ မျက်လုံးတွေကအရက်သောက်ထား၍ ရီဝေဝေဖြစ်နေပြီး အသက်ရှူထုတ်လိုက်တိုင်းလည်း သူ့ဆီမှထောင်းထောင်းထနေသည့် အရက်ငွေ့သည်
ပုံရိပ်၏မျက်နှာကို လာရိုက်နေသလိုဖြစ်‌နေပြန်သည်။

ဒုက္ခမြစ်ရေထဲကို အကန်ခံလိုက်ရသလိုပါပဲ။
သေချင်ဆော်တောင်နံတယ်။

ကားကတစ်ချက်တစ်ချက် ဆောင့်သွားတိုင်းလည်း သူ့ခန္ဓာကိုယ်ကြီးက ပုံရိပ်ဘက်သို့ယိုင်ယိုင်ကျလာ၍ အတွင်းဘက်သို့တိုးမိတော့ ဆရာကဘာဖြစ်သလဲဆိုကာ မျက်မှောင်ကြုံ့၍ကြည့်လာသည်။
ပုံရိပ်၏မျက်နှာမသာမယာဖြစ်နေတာကိုမြင်တော့ ဆရာကအပေါ်ကိုမော့ကြည့်လိုက်သည်။
ဟိုလူကြီးက ပုံရိပ်ဘက်သို့ယိုင်ယိုင်ပြီး သူ့ရင်ဘတ်နှင့်ပုံရိပ်၏ပခုံးတိုက်မိနေသည်ကိုမြင်တော့
ဆရာ့မျက်နှာ ပိုပျက်ယွင်းသွားသည်။
ဆရာသည် ချက်ချင်းပဲထရပ်လိုက်ပြီး....

"ပုံရိပ်....ဒီဘက်အခြမ်းကိုပြောင်းထိုင်လိုက်....

"ကျွန်တော် အပြင်ထွက်ချင်လို့ခဏလောက်ဖယ်ပေးပါလား..."

"ရတယ်ညီ...."

နေရာလဲလျှင် ပုံရိပ်ကအပြင်ဘက်ထွက်ရမှာဖြစ်၍ ဆရာသည်ဟိုအမူးသမားကိုလည်း ခွင့်တောင်းရလေသည်။အတွင်းဘက်သို့ ပုံရိပ်တိုးထိုင်ပြီးပြီးချင်းပဲ ဆရာဆိုသည်မှာလည်း သူ့နေရာလေးသူများဦးသွားမည်စိုး၍ အတင်းပြန်ထိုင်ချသည်။
ဆူးလေးဆိုတာ ရန်ကုန်မြို့လည်ခေါင်ကြီးမှာ
ရှိနေတော့ အကြာကြီးမတ်တတ်ရပ်ရလျှင်လည်း ဘယ်ခံနိုင်ပါ့မလဲ။"....ဆရာမှန်ပါတယ်။.."

"ဟာ...ဒီကားဆရာကလည်း....ဘယ်လိုတွေမောင်းနေသလဲမသိဘူး...လူကကြပ်ရတဲ့ကြားထဲ..
လီဗာကိုဆောင့်ဆောင့်ပြီးနင်းနေတယ်..."

"နောက်လေးကို တိုးပေးကြပါ...နောက်မှာအချောင်ကြီးပါဗျာ...ဘယ်လိုဖြစ်ပြီးအရှေ့မှာပဲ
ပြုံနေကြတာလည်း...တိုးကြစမ်းပါ...
နှောက်နှေးရင်လည်း ကျုပ်တို့ပဲအပြစ်ဖြစ်တယ်..…"

"အာ...ဒီဖေ!!!!!....အင်း...အဖေနဲ့ကိုင်တုပ်လိုက်ရ
မကောင်းရှိတော့မယ်...ဒီ့ထပ်တိုးရရင်လည်း...
ငါ့ဘေးကအကောင်နဲ့ငါနဲ့ညားတော့မယ်...."

ကားစပယ်ယာကလည်း သူ့အကျိုးအတွက်ဖိတိုးခိုင်း နောက်ကလူတွေကလည်းနေရာကြပ်လို့
ထအော်နှင့် ရသကတော့စုံသည်။
ထိုအထဲမှာ စပယ်ယာ၏အသံဗြဲ‌ဗြဲကို မခံနိုင်သည့်အခြောက်မတစ်ယောက်ကအဆိုးဆုံးပေါ့။

ပုံရိပ်အစား အရက်မူးသမား၏ အရက်နံ့ကိုနှာခေါင်းရှုံ့၍ခံနေရပါသော ဆရာသည်
 ပုံရိပ်ဘက်သို့ခဏခဏယိုင်ပြီးတိုးကပ်လာတာကြောင့် ပုံရိပ်အဖို့သူသုံးနေကြ စံပယ်ရေမွှေးရနံ့ကလည်း မွှန်နေရကာ သူ့ခေါင်းမှ ဂျယ်လ်နံ့ကလည်းဆူးရွှင်နေသောကြောင့် အသက်တောင် ကောင်းကောင်းမရှူရဲပေ။
"တော်တော်...အလှကြိုက်တဲ့ဆရာ..."ဟုရင်တွင်းမှ ဝေဖန်မိသေးသည်။

ဆရာ့ခမျာ တခါတလေလေး အပြင်ထွက်ရ၍
အပြတ်ရွှိင်းပြီးထွက်လာခါမှ ဒုက္ခဝေနေရကာ အရက်သမားကြီး ကားပေါ်မှဆင်းသွားမှသာ အသက်ရှူချောင်သွားပုံရလေသည်။

"ဟူး....အခုမှပဲအဆင်ပြေတော့တယ်...."

"သမီးနေရာမှာ...ပြောင်းထိုင်လိုက်တာ ဆရာအရက်နံ့တွေနဲ့ ခေါင်းမကိုက်ဘူးလား...."

"ဘယ်ကမလဲ...ခေါင်းတောင်ပြုတ်ထွက်ချင်တယ်"

သဘောတကျနှင့် ပြုံး၍ပြောလိုက်သောဆရာ့ကြောင့် ပုံရိပ်လည်းရောယောင်၍ပြုံးလိုက်မိသည်။
ဆရာနှင့်ပုံရိပ်ဆိုတာ ပုံမှန်ဆိုရင်ည၇နာရီမှာတွေ့ပြီး၉နာရီထိုးသည်နှင့် တစ်လမ်းဆီသွားကြရသူတွေဆိုတော့ ခင်မင်ရင်နှီးမှုမှာ အလွှာပါးပါးလေးခြားနေခဲ့တယ်။သူ့ဆီမှာစာသင်တာလည်း ငါးရက်သာ ရှိပါသေးတယ်။

ယခုတော့ ပုံရိပ်အတွက်ထိုအလွှာပါးလေးတောင် ပျောက်ကွယ်သွားပါပြီ။ ဆရာ့ရဲ့ကိုယ်ချင်းစာနာတတ်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာလည်း တစ်ကဏ္ဍပေါ့။နောက်တစ်ချက်ကတော့
ဆရာ့ရဲ့ အမျိုးကောင်းသားပီသတဲ့စိတ်ဓာတ်ပါပဲ။
အထူးသဖြင့် အမျိုးသမီးတွေကိုညှာတာတတ်တဲ့ စိတ်ထားပေါ့။

ဆရာနဲ့အသက်အရွက်တူလောက်ရှိသည့် အစ်မတစ်ယောက်က ဆရာ့ဘေးမှာလာရပ်တော့ အစကဆရာမထ‌ပေးသေးဘူး။လူတအားကြပ်တဲ့အပြင် ထိုအစ်မရဲ့ဘေးနားမှာရပ်နေကြတာက ယောက်ျားတွေချည်းပဲ။

ကားက တစ်ချက်တစ်ချက်လှုပ်ယမ်းသွားတိုင်း ဘေးကလူတွေနဲ့အစ်မကြီးကအသားချင်းသွားသွားထိတော့ ထိုအစ်မမျက်နှာက တော်တော်လေးကိုပျက်လာတယ်။ဒါကိုဆရာကရိပ်မိသွားတာကြောင့် ထိုအစ်မကြီးကိုထိုင်ခိုင်းပြီး သူကရပ်နေပေးလိုက်တယ်။ဒီလိုကူညီတာကလည်း ဆရာတစ်ယောက်တည်းရယ်ပါ။အနောက်ခုံဘက်မှာလည်း ယောက်ျားလေးတစ်ယောက်ထိုင်နေပေမဲ့
ဆရာ့လို စိတ်ကောင်းရှိသူတွေကသာအနာခံတာပေါ့။
မတ်တတ်ရပ်ရတော့ ဆရာညောင်းမှာပဲလို ဂရုဏာသက်မိပေမဲ့ သူတစ်ပါးကိုကူညီတတ်တဲ့
ဆရာ့စိတ်ဓာတ်ကိုလည်း ချီးကျူးမိတယ်။

သဘောကောင်းပေမဲ့ ဆရာကအယုံလွယ်တဲ့လူတော့မဟုတ်ဘူး။ခင်မငင်ရင်းနှီမှုမရှိပဲလည်း တစ်ဖက်သားကို အကူအညီမတောင်းတတ်သူပါပဲ ။
"အစ်ကို လွယ်အိတ်ပေးလေ..."ဟုပုံရိပ်၏ ဘေးမှအစ်မသည် ဆရာ့လွယ်အိတ်ကိုကူသယ်ပေးဖို့တောင်းဆိုလာပေမဲ့ ဆရာကခေါင်းသာခါပြလိုက်တယ်။ထိုအစ်မကြီးသည် အမှန်တော့အသားဖြူဖြူနဲ့ မြန်မာ၀တ်စုံရင်ဖုံးလေးကို ၀တ်ထားတဲ့မိန်းမချောလေးပါ။ကိုယ်သင်းရနံ့မွှေးမွှေးလေးနဲ့
မှုန်နေအောင်လှလို့ ထိုအစ်မကိုပုံရိပ်တောင် ခိုးခိုးကြည့်မိတယ်။
ဆရာကတော့ဖြင့် လွယ်အိတ်သယ်ပေးဖို့ နူးနူးညံ့ညံ့လေးအမေးခံရတာတောင် မပေးဘူး။
"အထှာကလည်း သိပ်ကိုင်တာပဲ...။"

"ဆရာ...သမီးလွယ်အိတ်ကိုင်ပေးရမလား..."ဟု
ပုံရိပ်မေးတော့မှသာ ဆရာသည်သူ့လွယ်အိတ်ကို ချက်ချင်းချွတ်ပြီး ပုံရိပ်ကိုကမ်းပေးသည်။
အပြင်လူကိုအလွယ်မယုံပဲ ကိုယ့်တပည့်ကိုသာ ယုံကြည်တဲ့ဆရာပါလေ။
သူ့လွယ်အိတ်ထဲမှာ ဘာအဖိုးတန်တွေပါသလဲတော့မသိဘူး။

                
                🔥ဆူးကြိုး...🔥အခန်း(၁၅)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်


🔥🔥🔥🔥🔥🔥
==========================================================================

🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥 ပထမပိုင္း

 

"ဒညင္းကုန္းေရာက္မယ္...ဒညင္းကုန္း..."
"အင္းစိန္ေဆးရံု ...အင္းစိန္ပန္းၿခံ......"
"ႀကိဳ႔ကုန္းေရာက္မယ္..."

"ဟံသာ၀တီအဝိုင္းေရာက္လား...."

"ေရာက္တယ္...တက္...တက္..…ကဲ...အေနာက္‌ေလးေတြကိုတိုးေပးၾကပါ....အ၀မွာပဲတစ္မေနၾကပါနဲ႔.."

"စံျပကိုေရာက္လား...."

"ေရာက္တယ္...."

"ေရာက္တယ္တဲ့....လာတက္မယ္...."

စေန၊တနဂၤေနြရံုးပိတ္ရက္ဆိုသည့္အတိုင္း ကားဂိတ္တြင္ လူစည္ေနေလသည္။
ကားတစ္စီးထိုးဆိုက္လာလိုက္ လူတသုတ္က
တက္သြားလိုက္။
ဒါလည္း လူစဲတယ္ရယ္လို႔မရိွပဲ လာၾကျပန္ၿပီ
၀တ္စံုၿပိဳးၿပိဳးျပက္ျပက္‌ေတြႏွင့္ အထုပ္ႀကီး၊
အထုပ္ငယ္ကိုင္လ်ွက္ ကေလးေတြတစ္မႀကီးဆဲြၿပီး။
ၾကၫ့္ရတာေတာ့ ဘုရားဖူးသြားမယ့္ပံုေတြပါပဲ။

ကား‌အေပၚကိုတိုးတက္ၾက၊စပယ္ယာကလည္း
ကားေနာက္ပိုင္းကို အတင္းတိုး‌ေလ်ွာက္ခိုင္း‌ေနစဉ္
"ေဟာ...ေနာက္ထပ္ေျပးလာတဲ့ တသိုက္ကကားေပၚကို တိုးတက္ၾက၍ ကားတံခါးကိုပင္မပိတ္ပဲ စပယ္ယာကအေပါက္၀မွာ ပိတ္ရပ္ၿပီး..
"ေမာင္းေတာ့ဆရာေရ..."ဆိုတာႏွင့္ မီးခိုးေငြ့
တေဝ့ေဝ့‌ခါထုတ္လ်ွက္ ကားႀကီးတစ္စီးကထြက္သြားျပန္သည္။
ေနာက္တစ္စီးလာျပန္လည္း ထို႔နည္းတူပါပဲ။

မသိလ်ွင္ လူေတြကိုငါးပိသိပ္သလို သိပ္ၿပီးထၫ့္ေနသလားမွတ္ရတယ္။
ကိုယ္ေတြကားကမလာေသးေပမဲ့ ဒီလိုပဲတိုးႀကိတ္ၿပီးစီးရလ်ွင္ လူေကာင္ေသးတဲ့ပံုရိပ္ကေတာ့ ကား၀မ္းဗိုက္မွာျပားျပားကပ္ေနမလားပဲ။
အေတြးနဲ႔တင္ လူပါအိုစာခ်င္လာသည္။

အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္ေတာ့ စတိုင္ပဲန္အနက္ေရာင္ကို တီရွပ္လက္တိုျဖင့္တဲြ၀တ္ထား
လ်ွက္ ကြမ္းယာဆိုင္တစ္ခု၏ ထီးအမိုးတစ္ခုေအာက္ရိွ ဆိုင္ကခ်ေပးထားသၫ့္ ေခြးေျခခံုေလးအေပၚတြင္ ခပ္တည္တည္ႏွင့္ထိုင္ေနသၫ့္
ဆရာေနမ်ိဳး။

ေက်ာပိုးအိတ္ကိုေတာင္ ေက်ာအျပၫ့္လက္ႏွစ္ဖက္ႏွင့္မလြယ္ပဲ တစ္ဖက္တည္းတြင္သာစတိုင္လ္
က်က်လြယ္ထားေလသည္။ ဆံပင္ကိုလည္း
ဂ်ယ္လ္ျဖင့္ေဘးခဲြလိုလို ေထာင္ထားတာလိုလိုႏွင့္ ပံုစံခ်ထားသၫ့္ ဆရာႀကီးကို ဘုန္းႀကီးေက်ာင္းသားလို႔ေျပာပါက ဘယ္သူယံုပါမည္လဲ။

ေအးေလ...ဘုန္းႀကီးေက်ာင္းသားဆိုရင္ေတာင္ ဆယ္တန္းကိုဂုဏ္ထူးေတြႏွင့္ေအာင္ထားၿပီး ပညာတတ္ဘဲြ႔ရသည့္ ဘုန္းႀကီးေက်ာင္းသားေပါ့။
ဒါတင္မကေသး လုပ္ခလစာေကာင္းေကာင္းရသၫ့္ အလုပ္ကိုလည္းရထားေသးတယ္။

ကိုယ့္ကိုကိုယ္ ျပန္ငံု႔ၾကၫ့္လိုက္မိေတာ့
ဂ်င္းေဘာင္းဘီဒူးက်ႏွင့္ ရွပ္လက္တိုအပြကိုမွ အျဖဴေရာင္၀တ္ထားသည္။ဂ်င္းေဘာင္းဘီ၀တ္ထားေပမဲ့ အသစ္မဟုတ္ပဲ ေဈးသြားရင္း
 အေဒၚကိုယ္တိုင္ ေဘထုပ္မွေဈးသက္သာ၍
 ဆဲြလာျခင္းျဖစ္သည္။အရမ္းအေဟာင္းႀကီးေတာ့မဟုတ္ေပမဲ့  တစ္ပတ္ရစ္ႀကီးမို႔စိတ္ကေတာ့
သိပ္မသန႔္လွဘူး။
ဒါေပမဲ့ ကိုယ့္ဆီမွာလည္း ထသြားထလာ၀တ္ဖို႔ရန္ ေကာင္းေကာင္းမြန္မြန္ဆို၍ ဒါပဲရိွသည္။
အေဖတို႔၊အေမတို႔ႏွင့္ရိွစဉ္က အ၀တ္ေတြကလည္း ၾကပ္တာေတြေရာ၊တိုေနတာေတြေရာျဖစ္လာတာေၾကာင့္ အဆင္ေျပတာပဲေရြး၀တ္လာခဲ့ရသည္။

ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ဟန္ပါပါထိုင္လ်ွက္ျဖင့္ စာအုပ္တစ္အုပ္အားလွန္ေလွာ၍ အလုပ္ရႈပ္ေနေလသည္။
ၾကၫ့္ရတာ ကိုယ္ေတြစီးမဲ့ကားေရာက္မၫ့္
ၾကာခ်ိန္ကို ႀကိဳသိေနတယ္ထင္ပါရဲ့။
ဆရာဟာ ေန့တိုင္းအလုပ္ကို ဘက္စ္ကားစီးၿပီးသြားရေတာ့ သူ႔အတြက္က ေန့စဉ္ျမင္ေနၾကျမင္ကြင္းျဖစ္ေန‌မွာေပါ့။ကိုယ္ေတြသာ ကားတစ္စီးျဖတ္ေမာင္းသြားလိုက္ လူေတျြပၫ့္လ်ွံေနလ်ွင္ ႏွာေခါင္းရႈံ႔မိတာႏွင့္ ထိုသူေတြအစားပူအိုက္ရတာႏွင့္
လိုက္ၾကၫ့္မိတာမ်ား ေခါင္းကိုခ်ာခ်ာလည္ေနတာပဲ။

ကားဂိတ္မွာေစာင့္ေနရတာပင္ နာရီ၀က္ေလာက္ရိွေနေလၿပီ။ဆူးေလးကို ေရာက္မၫ့္ကားကေရာက္
မလာေသးေသာေၾကာင့္ ကားလမ္းေဘးႀကီးတြင္ ကိုရင္ေလးေတြႏွင့္ေရာ၍ ပံုရိပ္သည္လည္းငုတ္တုတ္ထိုင္လ်ွက္ေစာင့္ေနမိသည္။
ကားတစ္စီးျဖတ္သြားလ်ွင္ ေအာ္သၫ့္အသံကိုနားစြင့္ရတာလည္း အလုပ္တစ္လုပ္ျဖစ္ေနသည္။

ကိုရင္ကသံုးပါးျဖစ္ၿပီး ႏွစ္ပါးကေတာ့ပံုရိပ္ထက္တစ္ႏွစ္ေလာက္ႀကီးၾကသည္။က်န္တစ္ပါးကေတာ့ ပံုရိပ္ထက္ငယ္သၫ့္အျပင္ သူ႔ကိုမေခၚပါပဲအတင္းလိုက္မယ္လုပ္ေန၍ ေခၚလာခဲ့ရသည္။
ပံုရိပ္တို႔ေလးဦးကေတာ့ ဆရာေနမ်ိဳးကဲ့သို႔
စိတ္မေအးႏိုင္ပဲ ဆူးေလေရာက္မၫ့္ကားကိုသာ အရိပ္တၾကည့္ၾကၫ့္လုပ္ေနမိၾကသည္။
ကားကလည္း ေတာ္ေတာ္ႏွင့္မလာ မတ္တတ္ရပ္ရတာလည္းေညာင္း‌လာေသာေၾကာင့္ ေနာက္ဆံုးမွာေလးဦးသား လမ္းေဘးေနပူထဲတြင္သာ‌
ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ရသည္။

မိုးကုန္၍ေဆာင္းသို႔ကူးခ်င္ေနေပမဲ့ ရာသီဥတုကတစ္ခါမွလည္း ေအးတယ္ရယ္လို႔မရိွေပ။
မနက္ရွစ္နာရီထိုးသာ ရိွေသးေပမဲ့ ေနပူသၫ့္ဒဏ္ေၾကာင့္ ခၽြေးပါျပန္လာသည္။ နားသယ္စပ္တစ္ေလ်ွာက္က်လာေသာ ခၽြေးေတြကိုခဏခဏသုတ္ေနရ၍ သံပုရာအနံ႔ေရႊျပည္နန္းသနပ္ခါးႏွင့္လိမ္းထားသၫ့္ ပါးကြက္က်ားေတာင္ ပ်က္ၿပီထင္ပါတယ္။

"သားေရ....ဗိုလ္တစ္ေထာင္ဘုရားကိုေရာက္လား..."

"ေရာက္တာေပါ့...ဗိုလ္တစ္ေထာင္ဆိပ္ကမ္း
ဟိုဘက္အထိပါ ေရေပၚကေနေမာင္းပို႔ေပးမယ္ဗ်ာ...တက္..တက္..."

စပယ္ယာဆိုသူသည္ အသက္၅၀ေက်ာ္ေလာက္ရိွသၫ့္ အဖိုး၊အဖြားႀကီးလင္မယားကို စေနာက္လိုက္ေသးသည္။
ကိုယ္စီးခ်င္သၫ့္ကားက ေရာက္မလာေသးပဲ
 ဗိုလ္တစ္ေထာင္သို႔ ေရာက္သၫ့္ကားက စက္ႏိႈးထားၿပီး ပံုရိပ္တို႔ထိုင္ေနသၫ့္တၫ့္တၫ့္တြင္
 လာရပ္၍လူေစာင့္ေခၚေနေလသည္။

"ေျမနီကုန္း..ေရႊဂံုတိုင္..ဗဟန္း(၃)လမ္း..ဆူးေလ.."

"ဟာ...ဟိုမွာ...ဆူးေလတဲ့...."

ဆူးေလသို႔ေရာက္သၫ့္ကားက လူေစာင့္ေခၚေနသၫ့္ကားအေနာက္တြင္ထိုးရပ္လိုက္ေပမဲ့
မွားၿပီးစီးမိမွာစိုး၍ ဆရာ့ကိုအားလံုးလွမ္းၾကၫ့္လိုက္ၾကသည္။ဆရာသည္ ေက်ာပိုးအိတ္ကိုဟန္က်က်တစ္ဖက္တည္းလြယ္တာမ်ိဳးမဟုတ္ေတာ့ပဲ ရင္ဘတ္အေရ႔ွသို႔ ပို႔လ်ွက္အေနအထားျဖင့္လြယ္ထားေလသည္။
YBSကိုတစ္ခါမ်ွမစီးဖူးေသာ ပံုရိပ္ကေတာ့
ဘာေၾကာင့္ဒီလိုလြယ္သလဲမသိေပမဲ့
ေနာင္တစ္ခ်ိန္မွာသိလိုက္ရတာကေတာ့
" ခါးပိုက္ႏိႈက္ရန္ကိုေၾကာက္လို႔ပါတဲ့"...

"ကဲ...ကိုရင္တို႔....ေနာက္မွာခံုေတြလြတ္ေနတယ္...
ေနာက္ကိုသြားၾကပါ...."

ကံေကာင္းသည္က ပံုရိပ္တို႔စီးရသၫ့္ကားဟာ ထိုင္ခံုအလႊတ္ေတြရိွေနသည္။ကား၀မ္းဗိုက္မွာ
 ျပားျပား၀ပ္မေနရေတာ့ေသာေၾကာင့္
လူမသိ၊သူမသိလွစ္ခနဲႃပံုးလိုက္မိသည္။

"ပံုရိပ္...ဒီကိုလာ...."

ကိုရင္တို႔ဘက္အျခမ္းမွာ အေယာင္ေယာင္အမွားမွားျဖင့္ ထိုင္ဖို႔လုပ္ေတာ့ ဆရာကပံုရိပ္၏
လက္ေမာင္းအိက်ႌစကို လွမ္းဆဲြသည္။
ဆရာသည္ ကားေနာက္ေပါက္အနားရိွ ျပဴတင္းဘက္အျခမ္းတြင္ေနရာယူလိုက္ၿပီး ပံုရိပ္ကိုလည္း
သူ႔ေဘးတြင္လာထိုင္ဖို႔အခ်က္ျပလာသည္။
ကိုရင္ေတြႏွင့္အတူေရာထိုင္ဖို႔ရာလည္း
သိပ္မသင့္ေတာ္တာေၾကာင့္ ဆရာ့ေဘးမွာပဲ၀င္ထိုင္လိုက္သည္။ပံုရိပ္တို႔ဟာ တကယ့္ကိုကပ္သီးေလး ကံေကာင္းသြားခဲ့တာပါ။

ေနာက္တစ္မွတ္တိုင္ကိုေရာက္ေတာ့ လူေတြအလံုးအရင္းႏွင့္တက္လာေသာေၾကာင့္ ကားတစ္ခုလံုးက ေျခခ်စရာေနရာ မရိွေလာက္ေအာင္အထိ ၾကပ္သပ္ေနသည္။ကံေကာင္း၍ ထိုင္ခံုေနရာရေပမဲ့ ကံဆိုးခ်င္ေတာ့ ပံုရိပ္၏ေဘးနားတြင္မတ္တတ္လာရပ္ေနေသာလူႀကီးထံမွ အရက္နံ႔ရေနသည္။
ထိုလူႀကီးကို ေမာ့ၾကၫ့္လိုက္မိေတာ့ မ်က္လံုးေတြကအရက္ေသာက္ထား၍ ရီေဝေဝျဖစ္ေနၿပီး အသက္ရႉထုတ္လိုက္တိုင္းလည္း သူ႔ဆီမွေထာင္းေထာင္းထေနသၫ့္ အရက္ေငြ့သည္
ပံုရိပ္၏မ်က္ႏွာကို လာရိုက္ေနသလိုျဖစ္‌ေနျပန္သည္။

ဒုႂကၡမစ္ေရထဲကို အကန္ခံလိုက္ရသလိုပါပဲ။
ေသခ်င္ေဆာ္ေတာင္နံတယ္။

ကားကတစ္ခ်က္တစ္ခ်က္ ေဆာင့္သြားတိုင္းလည္း သူ႔ခႏၶာကိုယ္ႀကီးက ပံုရိပ္ဘက္သို႔ယိုင္ယိုင္က်လာ၍ အတြင္းဘက္သို႔တိုးမိေတာ့ ဆရာကဘာျဖစ္သလဲဆိုကာ မ်က္ေမွာင္ႄကံု႔၍ၾကၫ့္လာသည္။
ပံုရိပ္၏မ်က္ႏွာမသာမယာျဖစ္ေနတာကိုျမင္ေတာ့ ဆရာကအေပၚကိုေမာ့ၾကၫ့္လိုက္သည္။
ဟိုလူႀကီးက ပံုရိပ္ဘက္သို႔ယိုင္ယိုင္ၿပီး သူ႔ရင္ဘတ္ႏွင့္ပံုရိပ္၏ပခံုးတိုက္မိေနသည္ကိုျမင္ေတာ့
ဆရာ့မ်က္ႏွာ ပိုပ်က္ယြင္းသြားသည္။
ဆရာသည္ ခ်က္ခ်င္းပဲထရပ္လိုက္ၿပီး....

"ပံုရိပ္....ဒီဘက္အျခမ္းကိုေျပာင္းထိုင္လိုက္....

"ကၽြန္ေတာ္ အျပင္ထြက္ခ်င္လို႔ခဏေလာက္ဖယ္ေပးပါလား..."

"ရတယ္ညီ...."

ေနရာလဲလ်ွင္ ပံုရိပ္ကအျပင္ဘက္ထြက္ရမွာျဖစ္၍ ဆရာသည္ဟိုအမူးသမားကိုလည္း ခြင့္ေတာင္းရေလသည္။အတြင္းဘက္သို႔ ပံုရိပ္တိုးထိုင္ၿပီးၿပီးခ်င္းပဲ ဆရာဆိုသည္မွာလည္း သူ႔ေနရာေလးသူမ်ားဦးသြားမည္စိုး၍ အတင္းျပန္ထိုင္ခ်သည္။
ဆူးေလးဆိုတာ ရန္ကုန္ၿမိဳ႔လည္ေခါင္ႀကီးမွာ
ရိွေနေတာ့ အၾကာႀကီးမတ္တတ္ရပ္ရလ်ွင္လည္း ဘယ္ခံႏိုင္ပါ့မလဲ။"....ဆရာမွန္ပါတယ္။.."

"ဟာ...ဒီကားဆရာကလည္း....ဘယ္လိုေတြေမာင္းေနသလဲမသိဘူး...လူကၾကပ္ရတဲ့ၾကားထဲ..
လီဗာကိုေဆာင့္ေဆာင့္ၿပီးနင္းေနတယ္..."

"ေနာက္ေလးကို တိုးေပးၾကပါ...ေနာက္မွာအေခ်ာင္ႀကီးပါဗ်ာ...ဘယ္လိုျဖစ္ၿပီးအေရ႔ွမွာပဲ
ႃပံုေနၾကတာလည္း...တိုးၾကစမ္းပါ...
ေနွာက္ေနွးရင္လည္း က်ဳပ္တို႔ပဲအျပစ္ျဖစ္တယ္..…"

"အာ...ဒီေဖ!!!!!....အင္း...အေဖနဲ႔ကိုင္တုပ္လိုက္ရ
မေကာင္းရိွေတာ့မယ္...ဒီ့ထပ္တိုးရရင္လည္း...
ငါ့ေဘးကအေကာင္နဲ႔ငါနဲ႔ညားေတာ့မယ္...."

ကားစပယ္ယာကလည္း သူ႔အက်ိဳးအတြက္ဖိတိုးခိုင္း ေနာက္ကလူေတြကလည္းေနရာၾကပ္လို႔
ထေအာ္ႏွင့္ ရသကေတာ့စံုသည္။
ထိုအထဲမွာ စပယ္ယာ၏အသံၿဗဲ‌ၿဗဲကို မခံႏိုင္သၫ့္အေျခာက္မတစ္ေယာက္ကအဆိုးဆံုးေပါ့။

ပံုရိပ္အစား အရက္မူးသမား၏ အရက္နံ႔ကိုႏွာေခါင္းရႈံ႔၍ခံေနရပါေသာ ဆရာသည္
 ပံုရိပ္ဘက္သို႔ခဏခဏယိုင္ၿပီးတိုးကပ္လာတာေၾကာင့္ ပံုရိပ္အဖို႔သူသံုးေနၾက စံပယ္ေရေမႊးရနံ႔ကလည္း မႊန္ေနရကာ သူ႔ေခါင္းမွ ဂ်ယ္လ္နံ႔ကလည္းဆူးရႊင္ေနေသာေၾကာင့္ အသက္ေတာင္ ေကာင္းေကာင္းမရႉရဲေပ။
"ေတာ္ေတာ္...အလွႀကိဳက္တဲ့ဆရာ..."ဟုရင္တြင္းမွ ေဝဖန္မိေသးသည္။

ဆရာ့ခမ်ာ တခါတေလေလး အျပင္ထြက္ရ၍
အျပတ္ရႊိင္းၿပီးထြက္လာခါမွ ဒုကၡေဝေနရကာ အရက္သမားႀကီး ကားေပၚမွဆင္းသြားမွသာ အသက္ရႉေခ်ာင္သြားပံုရေလသည္။

"ဟူး....အခုမွပဲအဆင္ေျပေတာ့တယ္...."

"သမီးေနရာမွာ...ေျပာင္းထိုင္လိုက္တာ ဆရာအရက္နံ႔ေတြနဲ႔ ေခါင္းမကိုက္ဘူးလား...."

"ဘယ္ကမလဲ...ေခါင္းေတာင္ျပဳတ္ထြက္ခ်င္တယ္"

သေဘာတက်ႏွင့္ ႃပံုး၍ေျပာလိုက္ေသာဆရာ့ေၾကာင့္ ပံုရိပ္လည္းေရာေယာင္၍ႃပံုးလိုက္မိသည္။
ဆရာႏွင့္ပံုရိပ္ဆိုတာ ပံုမွန္ဆိုရင္ည၇နာရီမွာေတြ့ၿပီး၉နာရီထိုးသည္ႏွင့္ တစ္လမ္းဆီသြားၾကရသူေတြဆိုေတာ့ ခင္မင္ရင္ႏွီးမႈမွာ အလႊာပါးပါးေလးျခားေနခဲ့တယ္။သူ႔ဆီမွာစာသင္တာလည္း ငါးရက္သာ ရိွပါေသးတယ္။

ယခုေတာ့ ပံုရိပ္အတြက္ထိုအလႊာပါးေလးေတာင္ ေပ်ာက္ကြယ္သြားပါၿပီ။ ဆရာ့ရဲ့ကိုယ္ခ်င္းစာနာတတ္မႈကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတာလည္း တစ္က႑ေပါ့။ေနာက္တစ္ခ်က္ကေတာ့
ဆရာ့ရဲ့ အမ်ိဳးေကာင္းသားပီသတဲ့စိတ္ဓာတ္ပါပဲ။
အထူးသျဖင့္ အမ်ိဳးသမီးေတြကိုၫွာတာတတ္တဲ့ စိတ္ထားေပါ့။

ဆရာနဲ႔အသက္အရြက္တူေလာက္ရိွသၫ့္ အစ္မတစ္ေယာက္က ဆရာ့ေဘးမွာလာရပ္ေတာ့ အစကဆရာမထ‌ေပးေသးဘူး။လူတအားၾကပ္တဲ့အျပင္ ထိုအစ္မရဲ့ေဘးနားမွာရပ္ေနၾကတာက ေယာက္်ားေတြခ်ည္းပဲ။

ကားက တစ္ခ်က္တစ္ခ်က္လႈပ္ယမ္းသြားတိုင္း ေဘးကလူေတြနဲ႔အစ္မႀကီးကအသားခ်င္းသြားသြားထိေတာ့ ထိုအစ္မမ်က္ႏွာက ေတာ္ေတာ္ေလးကိုပ်က္လာတယ္။ဒါကိုဆရာကရိပ္မိသြားတာေၾကာင့္ ထိုအစ္မႀကီးကိုထိုင္ခိုင္းၿပီး သူကရပ္ေနေပးလိုက္တယ္။ဒီလိုကူညီတာကလည္း ဆရာတစ္ေယာက္တည္းရယ္ပါ။အေနာက္ခံုဘက္မွာလည္း ေယာက္်ားေလးတစ္ေယာက္ထိုင္ေနေပမဲ့
ဆရာ့လို စိတ္ေကာင္းရိွသူေတြကသာအနာခံတာေပါ့။
မတ္တတ္ရပ္ရေတာ့ ဆရာေညာင္းမွာပဲလို ဂရုဏာသက္မိေပမဲ့ သူတစ္ပါးကိုကူညီတတ္တဲ့
ဆရာ့စိတ္ဓာတ္ကိုလည္း ခ်ီးက်ူးမိတယ္။

သေဘာေကာင္းေပမဲ့ ဆရာကအယံုလြယ္တဲ့လူေတာ့မဟုတ္ဘူး။ခင္မငင္ရင္းႏွီမႈမရိွပဲလည္း တစ္ဖက္သားကို အကူအညီမေတာင္းတတ္သူပါပဲ ။
"အစ္ကို လြယ္အိတ္ေပးေလ..."ဟုပံုရိပ္၏ ေဘးမွအစ္မသည္ ဆရာ့လြယ္အိတ္ကိုကူသယ္ေပးဖို႔ေတာင္းဆိုလာေပမဲ့ ဆရာကေခါင္းသာခါျပလိုက္တယ္။ထိုအစ္မႀကီးသည္ အမွန္ေတာ့အသားျဖဴႁဖူနဲ႔ ျမန္မာ၀တ္စံုရင္ဖံုးေလးကို ၀တ္ထားတဲ့မိန္းမေခ်ာေလးပါ။ကိုယ္သင္းရနံ႔ေမႊးေမႊးေလးနဲ႔
မႈန္ေနေအာင္လွလို႔ ထိုအစ္မကိုပံုရိပ္ေတာင္ ခိုးခိုးၾကၫ့္မိတယ္။
ဆရာကေတာ့ျဖင့္ လြယ္အိတ္သယ္ေပးဖို႔ ႏူးႏူးညံ့ညံ့ေလးအေမးခံရတာေတာင္ မေပးဘူး။
"အထွာကလည္း သိပ္ကိုင္တာပဲ...။"

"ဆရာ...သမီးလြယ္အိတ္ကိုင္ေပးရမလား..."ဟု
ပံုရိပ္ေမးေတာ့မွသာ ဆရာသည္သူ႔လြယ္အိတ္ကို ခ်က္ခ်င္းခၽြတ္ၿပီး ပံုရိပ္ကိုကမ္းေပးသည္။
အျပင္လူကိုအလြယ္မယံုပဲ ကိုယ့္တပၫ့္ကိုသာ ယံုၾကည္တဲ့ဆရာပါေလ။
သူ႔လြယ္အိတ္ထဲမွာ ဘာအဖိုးတန္ေတြပါသလဲေတာ့မသိဘူး။

                
                🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၅)🔥  ဒုတိယပိုင်း



ဆရာတို့ရဲ့ဘုန်းကြီးကျောင်းဟာ ဘကကျောင်းဖြစ်‌ သောကြောင့်  ချမ်းသာဆိုသောစာကြည့်
တိုက်က‌လေးကို ဘုန်းကြီးကဖွင့်ခိုင်းထားသည်။
အပြင်လူတွေများသောအားဖြင့် လာလှူလေ့ရှိတာကတော့ မဂ္ဂဇင်းစာအုပ်နှင့်ဂျာနယ်လ်တွေကပိုများသည်။ရပ်ကွက်ထဲရှိ အချို့စာဖတ်ဝါသနာပါသူတွေလည်း လာ၍ငှားငှားဖတ်ကြပေမဲ့
ဘကကျောင်းတွင်အနီးကပ်‌နေသော ကျောင်းသားတွေက ပို၍စာဖတ်ဖြစ်ကြသည်။

ပုံရိပ်သည်လည်း ဆရာနေမျိုး၏အတန်းတွင်
တက်တည်းက တခါတလေကျောင်းသို့စောစောလာပြီး စာကြည့်တိုက်ထဲတွင်၀င်မွှေ၍ဖတ်ဖြစ်သည်။
လွန်ခဲ့သည့် သုံးရက်လောက်တုန်းကဖတ်ဖြစ်ခဲ့သော ဆောင်းပါးတစ်ခုတွင်ရန်ကုန်တိုင်း၏
လူဦးရေ သိပ်သည်းမှုအ‌ကြောင်းကို ဖတ်လိုက်ရသည်။

ရန်ကုန်သည် တိုင်းဒေသကြီးများအနက် ကုန်းမြေဧရိယာအသေးဆုံးဖြစ်ပေမဲ့ လူနေထူထပ်မှုအများဆုံးဖြစ်တယ်ဆိုပြီးဖော်ပြထားတယ်။ဒါဟာသိပ်မှန်တယ်လို့ ထင်ပါတယ်။ပုံရိပ်ငယ်ငယ်ကဆိုရင် သင်္ကြန်၊သီတင်းကျွတ်၊ကထိန်စတဲ့ ပွဲတော်ပိတ်ရက်တွေမှာ မေမေတို့ရွာပြန်တိုင်း အဖော်လိုက်ရလေ့ရှိတယ်။ထိုအခါတည်းက ရန်ကုန်နဲ့ကိုယ့်မွေးရပ် မြေ၏ လူဦးရေကွာဟချက်နဲ့ နေထိုင်မှုကွဲပြားတာကိုသတိထားမိခဲ့ပါတယ်။

ရန်ကုန်မှာကဧရိယာ တစ်စတုရန်းကီလိုမီတာလောက်ကို လူဦးရေ၅၀၀ကျော်လောက်နေထိုင်တယ်လို့ ဖတ်ရတယ်။ပုံရိပ်တို့ရဲ့ရပ်ကွက်ထဲမှာဆိုရင် တစ်ခြံနှင့်တစ်ခြံက အိမ်ဆောက်ထားတာများ ကပ်ရက်နေတာပါပဲ။နယ်ဘက်လို တစ်နေရာနဲ့တစ်နေရာ အဝေးကြီးမဟုတ်ပဲ ဟိုဘက်ခြံကစကားတိုးတိုးပြောရင်တောင် ဒီဘက်ခြံကနေကြားနေရတာမျိုးပေါ့။
ပုံရိပ်တို့နေတဲ့ လမ်းဟိုးဘက်အခြမ်းမှာဆိုရင်စည်ပင်မြေပေါ်မှာ ကျူးကျော်တဲလေးတွေ
ဆောက်ထားတာများ စီထွက်နေတာပဲ။

ယခင်ကရန်ကုန်မြို့ကိုမြန်မာနိုင်ငံ၏ အဓိကမြို့တော်အဖြစ်သတ်မှတ်ခဲ့ပေမဲ့ယခုတော့ မြန်မာနိုင်ငံ၏မြို့တော်ဟာ နေပြည်တော်ဖြစ်သွားခဲ့ပါပြီ။ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရန်ကုန်ဟာ ကူးသန်းရောင်း၀ယ်ရေး အချက်အချာမြို့ဖြစ်တဲ့အပြင် စက်မှု၊လက်မှုလည်းထွန်းကားသတဲ့။
ဆောင်းပါးထဲမှာတော့ ‌ရန်ကုန်မြို့ရဲ့လူနေမှုထူထပ်သိပ်သည်းပုံတွေ ၊ ရန်ကုန်မြို့နေလူထုရဲ့ နေ့စဉ်လုပ်ငန်းတွေအကြောင်းကို ဝေဖန်သုံးသပ်ထားခဲ့တယ်။

ရန်ကုန်ဆိုတာ ဟိုယခင်ကတံငါရွာလေးတဲ့။
ဗြိတိသျှတို့လက်ထက်မှာ အများကြီးပြောင်းလဲသွားခဲ့တဲ့ရန်ကုန်...။လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတည်ရှိရာရန်ကုန်၌ ဆယ်စုနှစ်တစ်ခုကြာအောင်နေခဲ့ရပေမဲ့ ဆူးလေဆိုသည့်နေရာကိုတော့ ယခုမှပထမဆုံး ခြေချခွင့်ရသည်။
ဆရာနေမျိုးကို ကျေးဇူးတင်မိပါရဲ့။

"တို့တွေ...စာအုပ်ဟောင်းတန်းမသွားခင်...ဆူးလေဘုရားကို အရင်သွားဖူးရအောင်..."

"ဟုတ်ကဲ့...."

"ဒါပေမဲ့ဆရာ...သမီးကဘောင်းဘီကြီးနဲ့ ဘုရားပေါ်ကိုတက်လို့ရပါ့မလား..'

"ဆူးလေက ရွှေတိဂုံလိုစည်းကမ်းမတင်းကြပ်ထားပါဘူး...ရတယ်..."

ကားဂိတ်မှအနောက်ဘက်သို့ပြန်လှည့်၍ ဆူးလေသို့သွားဖြစ်ကြလေသည်။
ရုတ်တရက် ခိုတွေနားနေသော နေရာမှဖြတ်လျှောက်ရတော့ အထိတ်တလန့်ဖြစ်သွားတဲ့ခိုလေးတွေဟာ အုံလိုက်ကျင်းလိုက်ပြန်တက်ကုန်ကြရာ ရုတ်တရက်ဆိုသလို ပုံရိပ်၏ ဆံပင်ခွဲချောင်းတည့်တည့်သည် ပူခနဲဖြစ်သွားသည်။
ဘာကြီးတုန်းဟဆိုပြီး လက်နဲ့စမ်းကြည့်လိုက်တော့...

"ဟင်...ခိုချေးတွေ....‌ဆရာ့..ခေါင်း‌ပေါ်ကိုခိုချေးပါချသွားတယ်...."

"ဟ...ဟ...မကြီးပုံတော့ဈေးဦးပေါက်ပြီဟေ့...
ဘာမှမဖြစ်ပါဘူးဗျာ...သိဒ္ဓတ္ထမင်းသားကြင်ယာတော်ရွေးသွားတာပါ...ချေးပါချပြီးတော့...."

"ဟဲ့...ကိုရင်ဖြစ်ပြီးတော့နော်...ဘုရားလောင်းနာမည်ကို...ခိုနဲ့နှိုင်းစရာလား..."

ပုံရိပ်ပြောလိုက်တော့မှ ကိုရင်လေးကပါးစပ်ပိတ်ပြီး တခစ်ခစ်ရယ်သည်။
ကျန်ကိုရင်နှစ်ပါးကလည်း
"ကိုရင်မဟုတ်တာတွေ လျှောက်ပြောမနေနဲ့
ခေါင်းခေါက်လိုက်မယ်..."ဆိုကာ ကိုရင်ငယ်လေးကို ချစ်စနိုးနှင့်စနောက်ကြလေသည်။
ဆရာကတော့ သူ့ကျောပိုးအိတ်၏ချောင်တွင်ကပ်နေသော တစ်ရှူးထုပ်ကိုယူ၍ နှစ်ရွက်လောက်ထုတ်ကာ ပုံရိပ်လက်ထဲသို့လာထည့်သည်။

"သုတ်လိုက်...ဒီနေ့ကံကောင်းမယ်ဆိုတဲ့ သဘောပေါ့...."

"ကံမကောင်းရင်နေပါစေ...ငှက်ချေးစော်မနံရင်
ရပြီ..."

"ဟား...ဟား....ကံလည်းပွင့် အနံ့လည်းလွင့်ပေါ့..."

"ဒီကိုရင်ကတော့လေ...."

"အမြန်လာကြပါကွာ...အပြန်ကြရင်
ကားလမ်း‌တွေပိတ်လိမ့်မယ် ...."

ဆရာ့နောက်မှလိုက်ရင်း ဘုရားရင်ပြင်ပေါ်သို့ရောက်တော့ ပုံရိပ်လည်းအကြာကြီးဘုရား၀တ်ပြုလိုက်မိသည်။
ကိုယ်၀တ်ပြုပြီး၍ အနောက်သို့ပြန်လှည့်ကြည့်လိုက်မိတော့ အားလုံးကနေရိပ်သည့်နေရာလေးမှာ စုပြုံပြီးသွားထိုင်နေကြလေသည်။
"ကြည့်စမ်း...တစ်ယောက်မှအသံမပေးကြဘူး..."

ထို့နောက်တွင်ဆူးလေကို လက်ယာရစ်ဖြင့်တစ်ပတ်ပတ်လိုက်ကြလေသည်။ကြုံတုန်းလေးဆရာနေမျိုးကလည်း ဗဟုသုတရစရာတွေကို ပြောပြလာသည်။

ဆူးလေစေတီတော်သည် ရန်ုကုန်မြို့၏
အလယ်ဗဟိုတွင် ကွန်းခိုတည်ရှိနေပြီး
ဆူးလေဘုရားကြီး၏အရှေ့မြောက်ထောင့်တွင်
(ရန်ကုန်မြို့၏ရှေးဟောင်းအမွေအနှစ်စာရင်း၀င်)
သည့် ခမ်းနား‌ဖွယ် ဆောက်လုပ်ထားသော
ရန်ကုန်မြို့တော်ခန်းမတည်ရှိသည်။

မြို့တော်၀န်ဟုလည်း ခေါ်တွင်သော
 ဤအဆောက်အဦးကြီးအား ဗိသုကာပညာရှင် စည်သူဦးတင်သည် ဆောက်လုပ်ဖို့ရန် ၁၈၂၆ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့တယ်။ )
မြန်မာမှုနှင့် အနောက်ပိုင်း၏မတူညီသောလက်ရာ ဟန်ပန်တွေကို ပေါင်းစပ်တတ်သည့် ထင်ရှားသောဗိသုကာပညာရှင် အင်ဂျင်နီယာစည်သူဦးတင်သည် မန္တလေးမြို့ ပုလဲငွေရောင်အရပ်တွင်၁၉၀၃၌
မွေးဖွားခဲ့ပြီး မန္တလေးနန်းတော်၏ အနွယ်အဆက်မှ ဆင်းသက်လာသူလည်းဖြစ်သည်။

သူ၏ဖခင် အင်စပက်တော်ဦးတိုးသည်  
ကနောင်မင်းသားကြီး၏အားထားရလောက်သော လက်ရုံးတစ်ဆူဖြစ်ရုံမျှမက ဒင်္ဂါးစက်ရုံနှင့် အမြှောက်စက်ရုံများကိုလည်း ဦးစီးလုပ်ခဲ့သည့် မြန်မာအင်ဂျင်နီယာကြီးလည်းဖြစ်သည် ။

ဆရာက ဗိသုကာပညာရှင်ကြီးစည်သူဦးတင်
တက်ခဲ့သော မန္တလေးအောင်မြသာစံမြို့နယ်ရှိ
 စိန့်ပီတာအထက်တန်းကျောင်းနာမည်ကို ပြောပြတဲ့အခါ အဖေပြောခဲ့ဖူးသော ဆရာ၀န်ကြီးအဖိုး
ဦးမိုးမင်းဆိုသူကို သတိရမိသည်။
သူက‌ရောဘယ်လိုကျောင်းမျိုးမှာ တက်ခဲ့တာပါလိမ့်။

မြန်မာ့စောင်းနှင့် စန္ဒယားကိုတီးခတ်ရတာ
နှစ်သက်သောမန္တလေးသူ အဖွားဒေါ်ရိပ်ညိုကိုလည်း မျက်လုံးထဲတွင်မြင်ယောင်မိသည်။
သူတို့ကရော ဘယ်လိုလူမျိုးတွေဖြစ်မလဲ၊
သူတို့၏မျက်နှာသွင်ပြင်ဟာ ဘယ်လိုဆိုတာ သိချင်မိသည်။
မန္တလေးသူတွေဟာ ကျွန်တော်"ကျွန်တော်လို့..."တကယ်ပဲ သုံးနှုန်းတတ်သလားလည်း
သိချင်မိသည်။

ရန်ကုန်မြို့အလယ်တွင်တည်ရှိသော မြန်မာနိုင်ငံ၏အကြီးဆုံးမီးရထားဘူတာတစ်ခုဖြစ်သည့်  ရန်ကုန်ဘူတာကြီးသည်လည်း ၁၉၅၄ခုနှစ်တွင် ပြန်လည်ဒီဇိုင်းလ်ရေးဆွဲထားသည့် စည်သူဦးတင်၏ လက်ရာတွေထဲမှတစ်ခုပင်ဖြစ်သည်။

 ဆူးလေးဘုရား၏အရှေ့တောင်ထောင့်စွန်းစွန်းတွင် လွတ်လပ်ရေးကျောက်တိုင်ကြီးစိုက်ထူ၍ထားသော မဟာဗန္ဓုလပန်းခြံနှင့် တရားလွှတ်တော်ရုံးချုပ်တို့ရှိလေသည်။
မဟာဗန္ဓုလပန်းခြံဟု အမည်ခေါ်တွင်ခြင်းမှာ အင်္ဂလိပ်_မြန်မာစစ်ပွဲတွင် တိုင်းပြည်အတွက်အသက်စွန့်၍တိုက်ခိုက်ခဲ့ရှာသော စစ်သူကြီးမဟာဗန္ဓုလအား ဂုဏ်ပြုသောအားဖြင့် မှည့်ထားခြင်းဖြစ်သည်။ပန်းခြံကြီး၏အလယ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရသောအထိန်းအမှတ်အဖြစ် လွတ်လပ်ရေးကျောက်တိုင်ကြီးအား ၁၉၄၈တည်းကထားရှိခဲ့သည်။ထိုလွတ်လပ်ရေးကျောက်တိုင်၏ ဗိသုကာပညာရှင်တွေထဲတွင်လည်း ရွှေမန်းနွယ်
နန်းဆက်ဖွားစည်သူဦးတင်ပါ၀င်ခဲ့သည်။

ဆရာသည် ဆက်လက်ပြီးဆူးလေဘုရားကြီး၏ ရွှေတိဂုံဘုရားမှအမြင့်ပေဘယ်လောက်ရှိကြောင်းနှင့် ဉာဏ်တော်သည် ရင်ပြင်တော်နှင့်ငှက်မြတ်နားစိန်ဖူး‌တော်အထိ၁၅၁ခန့်မြင့်သော ဆူးလေဘုရားကြီးသည် ဗိုလ်တစ်ထောင်ဆံတော်ဦးစေတီနှင့် ကွာဝေးသည့်ပေပေါင်းကိုရှင်းပြသည်။
ဆက်လက်၍ ရွှေတိဂုံစေတီ၊ဗိုလ်တစ်ထောင်ဘုရားနှင့် ဆူလေဘုရားတို့၏ သမိုင်းကြောင်းကို
စပ်ဆက်၍ရှင်းပြသည်။

"ကဲ...နားပြီးသွားပြီဆိုတော့..တို့တွေစာအုပ်အဟောင်းတန်းကို သွားကြတာပေါ့...."

"‌ဆရာ...ကိုရင်တို့မြို့တော်ခန်းမကို ၀င်ကြည့်လို့မရဘူးလား...."

"မြို့တော်ခန်းမက ၀င်ချင်တိုင်း၀င်လို့မရဘူးလေ...
တို့‌ တွေစာအုပ်၀ယ်ရအုံးမှာနဲ့ အပြန်ကားကြပ်မှာနဲ့
အချိန်တွေနှောင့်နှေးနေလိမ့်မယ်...."

"ဒါဆို...မဟာဗန္ဓုလပန်းခြံကို ၀င်ကြရအောင်ဆရာရယ်..."

"ကဲ....ပန်းခြံထဲကနေဖြတ်လျှောက်ကြမယ်....
ဟုတ်ပြီလား...."

ပုံရိပ်တို့အဖွဲ့ ဆူးလေဘုရားမှဆင်းခဲ့ကာ
ကားလမ်းကူးပြီးနောက်တွင် မဟာဗန္ဓုလပန်းခြံထဲမှ ဖြတ်လျှောက်ဖြစ်ကြသည်။ပန်းခြံထဲတွင် လူတွေအများကြီးရှိနေပြီး အလှဓာတ်ပုံရိုက်သူတွေလည်းရှိနေသလို မြက်ခင်းပေါ်တွင်ထိုင်၍အနားယူနေကြသူတွေလည်း အများကြီးပါပဲ။
ဘာကြောင့်များ ဒီတစ်နေရာတည်းမှာ လာစုနေရတာပါလိမ့်။
ဆပ်ပြာကုမ္ပဏီတစ်ခုကလည်း ပရိုမိုးရှင်းဆင်းသည့်အနေဖြင့် ကန်ပိန်းတစ်ခုလာလုပ်နေသောကြောင့် သီချင်းတွေလည်းဖွင့်ထားလေသည်။

ဆရာသည် ဖြတ်လျှောက်ရုံပဲဟု ပြောခဲ့သလိုပဲ ဖြတ်လျှောက်ရုံကလွှဲ၍ ခဏတောင်ထိုင်မနားခဲ့ရပေ။

ထို့နောက်တွင်စာပေဗိမာန်စာအုပ်တိုက်၏ မျက်နှာချင်းဆိုင်၃၇လမ်း အလယ်ဘလောက်သို့
 ဆက်လျှောက်ခဲ့ကြသည်။ပုံရိပ်ရဲ့ အာရုံထဲမှာတော့ မြင်မြင်သမျှဟာ တကယ့်ကိုအသစ်အဆန်းတွေပါပဲ။
ဓနိမိုး၊ထရံကာမှစ၍တိုက်အိမ်‌လေးဟိုတစ်စု၊
သည်တစ်စုသာရှိသော လမ်းကျဥ်း‌လေးထဲမှာသာ လျှောက်ဖူးသည့် ပုံရိပ်ဟာ ဒီလို တိုက်ကြီးတွေနှင့်သာပြည့်နှက်နေသော နေရာမှာလွတ်လပ်ပေါ့ပါးစွာ လမ်းလျှောက်နေမိတယ်။
ဒါ့အပြင် တစ်ခါမျှမတွေ့ဖူးခဲ့သော များပြားလှသည့်စာအုပ်ပုံတွေနှင့် စာအုပ်ဟောင်းတန်းကြီးက
မျက်လုံးထဲမှာ အလင်းရောင်တွေတဖြတ်ဖြတ်လက်သွားသလို တန်ဖိုးရှိလွန်းနေသည်။
စာအုပ်တွေကို မြေကြီးမှာပုံပြီးရောင်းနေတာတွေရော တွေ့ခဲ့ရတော့ အလကားများရရင်ပြေးကောက်ချင်လိုက်တာ။

"ဒီစာအုပ် ဘယ်လောက်လည်းညီ....."

"...တစ်အုပ်တစ်ထောင်ပါ...."

ဆရာသည် ဆိုင်တစ်ခုပြီးတစ်ခုကို၀င်ပြီး ဈေးတွေကိုမေးသည် ။ အချို့စာအုပ်တွေကတော့ ဈေးတန်ပေမဲ့ အချိုစာအုပ်တွေက ဆိုင်ကြီးတွေမှာရောင်းသည့်ဈေးနဲ့ အတူတူဖြစ်နေ၍ မ၀ယ်တာဟုဆရာကဆိုတယ်။
သို့ပေမဲ့ ဘုန်းကြီးကျောင်းရှိချမ်းသာစာကြည့်တိုက်အတွက်ဆိုကာ ပညာရေး ဆောင်းပါးစာအုပ်တွေနှင့် ပုံပြင်၊ကာတွန်းစာအုပ်အများအပြားကိုလည်း ဆရာ၀ယ်လေသည်။
ဒီစာအုပ်တွေကတော့ ဈေးအရမ်းတန်တယ်။

၃၇လမ်းအလယ်ဘလောက်တွင်ရှိသော အုန်းစောစာအုပ်အဟောင်းဆိုင်သို့ရောက်တဲ့အခါမှာတော့
 ပုံရိပ်၏အမြင်အာရုံတွေ ပွင့်ထွက်သွားရလောက် အောင်အထိ အံ့ဩမိသည်။ဒီလောက်များတဲ့စာအုပ်တွေကို ဒါပထမဦးဆုံးတွေ့ဖူးခြင်းဆိုတာ ကျိန်ပြီးတောင်ပြောရဲပါတယ်။ဒီလိုစာအုပ်စင်တွေ
ပုံရိပ်၏အိပ်ခန်းကျဉ်းလေးထဲမှာသာရှိရင် အခန်းထဲကကို ထွက်ဖြစ်မှာမဟုတ်ဘူး။

"ဆရာ...ဒီဘက်မှာစာအုပ်တွေကြည့်လိုက်အုံးမယ်...
နဲနဲကြာအုံးမှာဆိုတော့ ကိုရင်တို့ရော..ပုံရိပ်ရော..
အခြားစာအုပ်တွေအမြည်းလိုက်ဖတ်နေလိုက်ကြအုံး...လိုချင်တဲ့စာအုပ်တွေ့ရင်လည်း ဆရာ့ကိုပြောကြပေါ့...."

ပုံရိပ်တို့ကိုထိုသို့ပြောပြီး စာအုပ်ပုံတွေကြားတွင်
သူ့အိမ်သူ့ယာလို ထိုင်ချလျှက် သူရွေးပြီးသားစာအုပ်အချို့ကို ထိုင်ဖတ်ကြည့်နေပါသောဆရာ
ပူလို့ထင်ပါရဲ့ စတိုင်ပဲန်ကိုဒူးအထက်လောက်အထိ လိပ်တင်ထားလေရဲ့။အလုပ်သွားတိုင်း ဆရာဟာ
ဒီလိုပဲ ၀တ်စားတတ်သလားမသိပေမဲ့ ပုံရိပ်အမြဲတမ်းမြင်နေကြကတော့ ပုဆိုးကိုဒူးလောက်အထိ တက်ကာ၀တ်သည့် ပုံစံပါပဲ။

အမှန်တော့ အသက်အစိပ်တောင်မပြည့်သေးသည့် ဆရာသည်ဒီလိုပုံစံမျိုးကမှ ပိုပြီးလူငယ်ဆန်သည်ဟုဆိုရမည်။ ဒါပေမဲ့ ဆရာသည်သူ့လိုရွယ်တူတွေနှင့်မတူပဲ  ရင်ကျက်တည်ငြိမ်သည်။သူစိတ်၀င်စားတဲ့အရာက သူ့ကျောင်းသားတွေကိုစာသင်တာရယ် ဘုန်းကြီးကျောင်းကိစ္စအ၀၀ရယ်နှင့် သူ့စာအုပ်တွေကိုပါပဲ။

"ပုံရိပ်....ဖတ်ချင်တဲ့စာအုပ်တွေကို  တွေ့လား...."

ဆရာသည် စာအုပ်ပုံထဲမှာ ခေါင်းငိုက်ဆိုက်ချ
လျှက်ရွေးနေရင်းမှ ဘာစိတ်ကူးပေါက်လာသလဲ
မသိပေ။
ပုံရိပ်၏ ဘေးနားသို့ရောက်လာပြီး ပုံရိပ်၏လက်ထဲမှ စာအုပ်ကလေးကိုလှမ်းယူလိုက်သည်။
ဆရာ့မျက်နှာသည် ကြည်လင်နေပြီး ဆရာ့မျက်လုံးတွေက အေးချမ်းမှုအပြည့်ဖြစ်နေသည်။
 ပုံရိပ်ရွေးထားသော သိပ္ပံမောင်၀၏ဆောင်းပါးများ စာအုပ်ကိုကြည့်လိုက်ပြီးနောက် ဆရာကပုံရိပ်ကိုပြုံး၍ကြည့်လာလေသည်။

"မဆိုးဘူး...စာအုပ်ရွေးတတ်သားပဲ..."

"ဟုတ်လားဆရာ...."

"အင်း....ဒီဆောင်းပါးထဲက ဇာတ်ကောင်က
မောင်လူအေးလေ....ပုံရိပ်တို့ရဲ့မြန်မာစာမှာလည်း နောက်ကြရင်မောင်လူအေးကိုသင်ရမှာ....ဒီစာအုပ်လေးကိုဆရာရောရှင်းလိုက်မယ်...ပုံရိပ်အတွက်လည်းစာစီစာကုံးစာအုပ်တွေနှင့် levelနိမ့်တဲ့အင်္ဂလိပ်ပုံပြင်စာအုပ်လေးတွေ ရွေးထားတယ်...
ဆရာသင်ပေးထားတဲ့အင်္ဂလိပ်စာအခြေခံကိုသုံးပြီး ဖတ်ပါများရင်...အက်စေးကို
ကိုယ့်စိတ်ကူးနဲ့ကိုယ်ရေးနိုင်သွားလိမ့်မယ်..."

"ဆရာ...တကယ်ပြောတာလား..."

"အင်းပေါ့...ဆရာလည်းဒီလိုပဲကျင့်ယူခဲ့ရတာ
ဆရာကတော့ မြို့ထဲမှာသင်တန်းသွားတတ်ထားသေးတာပေါ့....ဆယ်တန်းအောင်ပြီးရင်တော့ပုံရိပ်သိလာပါလိမ့်မယ်...အခုကျောင်းသင်ခန်းစာက
ဘာမှမဟုတ်ဘူး...နောက်ထပ်လေ့လာရမှာတွေကလည်း အများကြီးရှိသေးတယ်..အခုလည်းတမင်အမြင်ကျယ်အောင်လို့ ခေါ်လာတာ..."

"ကျေးဇူးတင်ပါတယ်ဆိုရာရယ်...သမီးလေဒီနေရာကို သိပ်သဘောကျတယ်...စာအုပ်တွေအများကြီးကိုတွေ့ရတာလည်း တကယ်၀မ်းသာတယ်"

"ဒီလိုဆိုတော့ ဆရာခေါ်လာရကျိုးနပ်တာပေါ့...
ပုံရိပ်လည်းကြိုးစား...ဆရာလည်းအားရင်အားသလို ပုံရိပ်အားနည်းတဲ့ဘာသာတွေကိုကူပေးပါ့မယ်....ပုံရိပ်လုပ်နိုင်ပါတယ် ဟုတ်တယ်မှတ်လား.."

"အင်း...ပုံရိပ်ကဆရာ့လိုဖြစ်ချင်တာ..."

ထိုသို့ပုံရိပ်ပြောလိုက်တော့ ဆရာသည်
သွားတန်း‌ဖွေးဖွေးလေးတွေပေါ်အောင်အထိ
ရယ်သည်။
ဘာကြောင့်ရယ်တာလည်း နားမလည်ပေမဲ့
ဆရာပြောလိုက်သည့် စကားတစ်ခွန်းကတော့
သူ့ကိုယ်သူနှိမ်ချပြီး နေတတ်သူမှန်းသိသာစေသည်။

"ဆရာက...ဘာကြီးမှမဟုတ်ပါဘူးကွာ...ဆရာ့ထက်တော်တဲ့ထက်တဲ့လူတွေမှ အများကြီးပါ..."

"ဟင့်အင်း...ဆရာလည်းအများကြီးတော်ပါတယ်...
ဦးဇင်းပြုံးချိုကတောင်ပြောတယ်...ဆရာကအင်မတန်ဝီရိယ ဇွဲလုံ့လရှိတယ်တဲ့...အရမ်းလည်းကြိုးစားလို့ တစ်နေ့ထွန်းပေါက်အုံးမှာတဲ့လေ...."

"ကဲ...ဟုတ်ပါပြီဗျာ...ဒီကပြန်ရင် စားကောင်းတာလေး၀ယ်ကျွေးပါ့မယ်...."

ဆရာသည် ထိုစကားကိုသာပြောခဲ့ပြီး သူရွေးထားသောစာအုပ်တွေဘေးနားသို့ ပြန်၍သွားထိုင်နေလေသည်။ကိုရင်လေးတွေကလည်း ဆရာ့ဘေးနားမှာ ထိုင်ချပြီးစာအုပ်ရွေးနေကြလေသည်။ပုံရိပ်၏စိတ်ထဲမှာတော့ ဆရာကသူ့ကိုမြှောက်ပြောနေတယ်ဟု ထင်ကာစား‌ကောင်းတာ၀ယ်ကျွေးမယ်လို့ ပြောသွားသည့်စကားအားမကျေမချမ်းဖြစ်နေမိသည်။

အမှန်တော့ ပုံရိပ်သည်ဆရာ့ကို မြှောက်ပေးတာလည်းမဟုတ်သလို ပုံရိပ်အပေါ်ကိုဆရာအထူးတလည်ဂရုစိုက်စေချင်၍လည်း မဟုတ်ပါဘူး။ ပုံရိပ်ရဲ့ရင်းတွင်းမှာ အလိုလိုဖြစ်တည်လာတဲ့စကားကို ပြောလိုက်မိတာပါ။
"...ဒါပေမဲ့ ဆရာကမယုံဘူး။.."

ထိုဆိုင်ကနေပြန်အထွက်မှာ ဆရာ့လက်ထဲ၌စာအုပ်တွေ အစည်းလိုက်ပါလာခဲ့တယ်။
ပုံရိပ်တို့ကလည်း ကူဆွဲရတာပေါ့လေ။
ကိုရင်လေးတွေ ဆွမ်းစားချိန်ကျော်သွားမည်စိုး၍
ဆရာသည် နီးစပ်ရာထမင်းဆိုင်သို့ ခေါ်လာခဲ့သည်။
ပုံရိပ်ကတော့ အားနာလို့ဘာမှမမှာရဲပေ။
ကိုယ့်စားစရိတ်ကိုယ်ရှင်းဆိုပါကလည်း ဘယ်လောက်ကုန်ကျမှန်းမသိတော့ ရှင်းမယ်လို့
မပြောရဲဘူး။

ဆရာကပဲ ဦးဆောင်၍ပုစွန်ဟင်းရယ်၊ကြက်သားရယ်နှင့် အရွက်ကြော်နှစ်ပွဲ အသုတ်တစ်ပွဲမှာလေသည်။ကိုရင်တွေကတော့ နောက်ကနေကျွဲလိုက်သလားမှတ်ရတယ် စားလိုက်ကြတာခေါင်းတောင်မဖော်ကြဘူး။
ဟင်းခွက်တွေထဲမှာဆို သူတို့လက်ကြီးပဲ။
ငရဲကြီးမှာစိုး၍သာ မပြောရဲတာပါ။
"ကိုရင်တို့ ဘယ်ဘ၀‌ထဲက အငတ်ဘေးဆိုက်လာသလဲလို့ မေးလိုက်ချင်တယ်..."

"ပုံရိပ်....ထည့်စားလေ...အစားနည်းလှချည်လား..."

"ဘာမှမဟုတ်ဘူး...ပဲများနေတာ..."

"ကိုရင်နော်...ဘယ်မှာပဲများလို့လဲ...."

"ကဲ...ကိုရင်ရယ်မစစမ်းပါနဲ့...ပုံရိပ်စားနော်...
အားမနာနဲ့..."

"ဟုတ်ကဲ့...."

ဘေးက ကိုရင်ကိုမကျေမနပ်ကြည့်လိုက်မိတော့
ပုံရိပ်ကိုရယ်ကျဲကျဲလာလုပ်ပြသည်။ဟိုဘက်မှကိုရင်နှစ်ပါးက အိန္ဒြေရသလောက် ဒီကိုရင်ငယ်ကတော့ တော်တော်အစအနောက်သန်သည်။
ထမင်းစားပြီးနောက် အချိုတည်းသည့်အနေဖြင့်
အချိုရေတစ်ယောက်တစ်ခွက်သောက်လိုက်ရတာ‌ ကြောင့် ဗိုက်ကတော့တင်းသွားသည်။
ထမင်းဆိုင်မှာ အညောင်းဖြေပြီးသည်မို့ ပြန်ဖို့ရန်ပဲ ဆုံးဖြတ်လိုက်ကြပြီးနောက် ‌ဆရာကငွေသွားရှင်းပြီး ဆိုင်ထဲမှထွက်လာလိုက်ကြသည်။

"အာ့....ဟာ...ဖိနပ်ပျက်သွားပြီ....ကိုရင်ဘာလို့ဖိနပ်ကို တက်နင်းရတာလဲ...."

"ဟာ...မမြင်လိုက်မိလို့ပါ..."

"မမြင်ရမလား...ရှေ့မှာတစ်ယောက်လုံးလမ်းလျှောက်နေတာကို..."

"ဘာဖြစ်နေကြတာလဲ...."

"ဒီမှာဖိနပ်ပြတ်သွားလို့တဲ့ဆရာ...ဒီကိုရင်
တက်နင်းလိုက်တာ...."

"ဟာ...ကိုရင်ကလည်း လမ်းကိုသေချာကြည့်
မလျှောက်ဘူး...ဆရာ့ကိုဖိနပ်ခဏချွတ်ပေးစမ်းပါ..."

အရှေ့မှ ဦးဆောင်၍သွားနေသော ဆရာသည်လည်း ပုံရိပ်နှင့်ကိုရင်စကားများနေသံကြောင့်
 ပြန်လှည့်လာပြီး ငိုမဲမဲ့ဖြစ်နေသည့်ပုံရိပ်ကို ဖိနပ်ချွတ်ခိုင်းလေသည်။ပြတ်သွားသည့်ဖိနပ်ကို သေချာကြည့်လိုက်ပြီးနောက် ဆရာသည်သူ့ပိုက်ဆံအိတ်ကလေးကို ထုတ်ပြီးပိုက်ဆံလေးတွေကို
တွက်နေလေသည်။ပုံရိပ်ကတော့ ဟိုကိုရင်ကိုသာ
မကျေမနပ်တွေဖြစ်ပြီး မျက်စောင်းတွေချည်းလှိမ့်ထိုးနေမိသည်။
ကိုယ့်ကြောင့် ဆရာတို့စိတ်အနှောက်အယှက်ဖြစ်ရတာကိုလည်း တွေးမိကာမျက်ရည်တွေဝဲလာမိသည်။
"ဒီခရီးကို မလိုက်မိခဲ့ရင်ကောင်းသား..."

"ပုံရိပ်...၀မ်းမနည်းနဲ့နော်...ဒီနားမှာပဲစောင့်နေကြ ဆရာပြန်လာခဲ့မယ်....ကိုရင်တို့သူတို့နှစ်ယောက်ကို ရန်မဖြစ်စေနဲ့နော်...ပြန်လာခဲ့မယ်...."

ဆရာထိုနေရာမှ ထွက်သွားသည်နှင့် ပုံရိပ်လည်း မျက်ရည်ဗူးသီးလုံးလောက်ကျလာပြီး ကိုရင်လေးကိုသာ အပြစ်ဖို့နေမိတော့သည်။

"အဲ့ဒါကိုရင့်ကြောင့်သိလား...ကိုရင်ကတစ်ချိန်လုံး
သူများကို ဒုက္ခရောက်အောင်လုပ်နေတယ်..."

"ကိုရင်လည်းမမြင်လိုက်မိလို့ပါ....မငိုပါနဲ့..
ကျောင်းကိုပြန်ရောက်ရင် ဖိနပ်အသစ်ပြန်၀ယ်ပေးပါ့မယ်"

"ကိုရင်ကလည်း ဟိုမှာဆရာသွား၀ယ်တယ်လေ...
ပုံရိပ်လည်းမငိုပါနဲ့တော့...ကဲ..ဒီမှာထိုင်စောင့်ရအောင်..."

လမ်းဘေးရှိ စာအုပ်အဟောင်းဆိုင်တစ်ခုဘေးတွင်ကပ်ပြီး စာအုပ်ထုတ်တွေဘေးမှာ ကိုရင်သုံးပါးနှင့်အတူ ငုတ်တုတ်ထိုင်စောင့်ရလေသည်။
ဆရာဘယ်အထိများ သွား၀ယ်ရသလဲမသိပါဘူး။
မိနှစ်၂၀လောက်ကြာသည်အထိ ရောက်မလာသေးတော့ တစ်ခုခုဖြစ်မှာကို စိုးရိမ်နေမိသည်။
ပုံရိပ်ဘ၀မှာ မျှော်ရတဲ့အလုပ်ကိုအမုန်းဆုံးပဲ။
တကယ်လို့ ထွက်သွားရရင်တောင် ပုံရိပ်ပဲထွက်သွားချင်ပါတယ်။
စောင့်မျှော်ရတဲ့အလုပ်ဟာ လူကိုစိတ်ပင်ပန်းစေတယ်။

"ဟာ...ဟိုမှာဆရာလာပြီ....ဆရာလာပြီ..."

နေရောင်ထိုးနေသည့်လမ်းကြားထဲတွင် ခြေလှမ်းကျဲများဖြင့် မပြေးရုံတမယ်လှမ်းလာနေသည့်
ဆရာ့ကိုတွေ့လိုက်ကြတော့ ပုံရိပ်တို့လေးဦးလုံးအတွက် မျှော်လင့်ချက်ရောင်ခြည်ကြီးကို
တွေ့လိုက်ရသလို သိပ်ပျော်သွားမိကြတယ်။
ဒီနေ့ကို ပုံရိပ်ဘယ်တော့မှမေ့နိုင်တော့မယ်မထင်ပါဘူး။ ဘယ်ညာညီညီလွှဲယမ်းလာသည့်ဆရာလက်ထဲတွင် ကတ္တီပါဖိနပ်အိတ်ကလေးရှိနေပြီး အနားသို့ရောက်လာသည့်တိုင် ပုံရိပ်ကို၀မ်းမနည်းဖို့ နှစ်သိမ့်ပေးတဲ့ ဆရာ့ရဲ့မေတ္တာစကားလေးတွေက ပုံရိပ်ကိုအင်မတန် အားဖြစ်စေတယ်။
ဆရာ့ကိုလည်း ပိုပြီးကြည်ညိုလေးစားမိတယ်။
ပုံရိပ်ကို အပြစ်တင်သည့်စကားတစ်ခွန်းတောင်
မဆိုခဲ့သည့်အတွက်လည်း ကျေးဇူးတင်မိပါတယ်။

အတွေးထဲမှာ ထိုအချိန်တည်းက၀င်လာခဲ့သည့်
စိတ်ကူးလေးတစ်ခုသည် တချိန်ချိန်မှာဆရာ့ကို ဖိနပ်ကလေးတစ်ရံနှင့် အိင်္ကျီလေးအစားပြန်၀ယ်ပေးနိုင်ဖို့ပါပဲ။

အခန်း(၁၆)ဆက်ရန်ရှိသည်...

(ဆရာနေမျိုးကို ကြွေပါပြီ...)😄



(ဤအပိုင်းတွင်ပါရှိသော အ‌ကြောင်းအရာနှင့်အချက်အလက်တစ်ချို့ကို googleကနေပြန်လည်ရှာဖတ်ပြီး ကောက်နှုတ်ထားခြင်းဖြစ်ပါတယ်...)

 

========================================================================

 🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥  ဒုတိယပိုင္း



ဆရာတို႔ရဲ့ဘုန္းႀကီးေက်ာင္းဟာ ဘကေက်ာင္းျဖစ္‌ ေသာေၾကာင့္  ခ်မ္းသာဆိုေသာစာၾကည့္
တိုက္က‌ေလးကို ဘုန္းႀကီးကဖြင့္ခိုင္းထားသည္။
အျပင္လူေတြမ်ားေသာအားျဖင့္ လာလႉေလ့ရိွတာကေတာ့ မဂၢဇင္းစာအုပ္ႏွင့္ဂ်ာနယ္လ္ေတြကပိုမ်ားသည္။ရပ္ကြက္ထဲရိွ အခ်ိဳ႕စာဖတ္ဝါသနာပါသူေတြလည္း လာ၍ငွားငွားဖတ္ၾကေပမဲ့
ဘကေက်ာင္းတြင္အနီးကပ္‌ေနေသာ ေက်ာင္းသားေတြက ပို၍စာဖတ္ျဖစ္ၾကသည္။

ပံုရိပ္သည္လည္း ဆရာေနမ်ိဳး၏အတန္းတြင္
တက္တည္းက တခါတေလေက်ာင္းသို႔ေစာေစာလာၿပီး စာၾကၫ့္တိုက္ထဲတြင္၀င္ေမႊ၍ဖတ္ျဖစ္သည္။
လြန္ခဲ့သၫ့္ သံုးရက္ေလာက္တုန္းကဖတ္ျဖစ္ခဲ့ေသာ ေဆာင္းပါးတစ္ခုတြင္ရန္ကုန္တိုင္း၏
လူဦးေရ သိပ္သည္းမႈအ‌ေၾကာင္းကို ဖတ္လိုက္ရသည္။

ရန္ကုန္သည္ တိုင္းေဒသႀကီးမ်ားအနက္ ကုန္းေျမဧရိယာအေသးဆံုးျဖစ္ေပမဲ့ လူေနထူထပ္မႈအမ်ားဆံုးျဖစ္တယ္ဆိုၿပီးေဖာ္ျပထားတယ္။ဒါဟာသိပ္မွန္တယ္လို႔ ထင္ပါတယ္။ပံုရိပ္ငယ္ငယ္ကဆိုရင္ သႀကၤန္၊သီတင္းကၽြတ္၊ကထိန္စတဲ့ ပဲြေတာ္ပိတ္ရက္ေတြမွာ ေမေမတို႔ရြာျပန္တိုင္း အေဖာ္လိုက္ရေလ့ရိွတယ္။ထိုအခါတည္းက ရန္ကုန္နဲ႔ကိုယ့္ေမြးရပ္ ေျမ၏ လူဦးေရကြာဟခ်က္နဲ႔ ေနထိုင္မႈကဲြျပားတာကိုသတိထားမိခဲ့ပါတယ္။

ရန္ကုန္မွာကဧရိယာ တစ္စတုရန္းကီလိုမီတာေလာက္ကို လူဦးေရ၅၀၀ေက်ာ္ေလာက္ေနထိုင္တယ္လို႔ ဖတ္ရတယ္။ပံုရိပ္တို႔ရဲ့ရပ္ကြက္ထဲမွာဆိုရင္ တစ္ၿခံႏွင့္တစ္ၿခံက အိမ္ေဆာက္ထားတာမ်ား ကပ္ရက္ေနတာပါပဲ။နယ္ဘက္လို တစ္ေနရာနဲ႔တစ္ေနရာ အေဝးႀကီးမဟုတ္ပဲ ဟိုဘက္ၿခံကစကားတိုးတိုးေျပာရင္ေတာင္ ဒီဘက္ၿခံကေနၾကားေနရတာမ်ိဳးေပါ့။
ပံုရိပ္တို႔ေနတဲ့ လမ္းဟိုးဘက္အျခမ္းမွာဆိုရင္စည္ပင္ေျမေပၚမွာ က်ူးေက်ာ္တဲေလးေတြ
ေဆာက္ထားတာမ်ား စီထြက္ေနတာပဲ။

ယခင္ကရန္ကုန္ၿမိဳ႔ကိုျမန္မာႏိုင္ငံ၏ အဓိကၿမိဳ႔ေတာ္အျဖစ္သတ္မွတ္ခဲ့ေပမဲ့ယခုေတာ့ ျမန္မာႏိုင္ငံ၏ၿမိဳ႔ေတာ္ဟာ ေနျပည္ေတာ္ျဖစ္သြားခဲ့ပါၿပီ။ကမ္းရိုးတန္းေဒသျဖစ္တဲ့ ရန္ကုန္ဟာ ကူးသန္းေရာင္း၀ယ္ေရး အခ်က္အခ်ာၿမိဳ႔ျဖစ္တဲ့အျပင္ စက္မႈ၊လက္မႈလည္းထြန္းကားသတဲ့။
ေဆာင္းပါးထဲမွာေတာ့ ‌ရန္ကုန္ၿမိဳ႔ရဲ့လူေနမႈထူထပ္သိပ္သည္းပံုေတြ ၊ ရန္ကုန္ၿမိဳ႔ေနလူထုရဲ့ ေန့စဉ္လုပ္ငန္းေတြအေၾကာင္းကို ေဝဖန္သံုးသပ္ထားခဲ့တယ္။

ရန္ကုန္ဆိုတာ ဟိုယခင္ကတံငါရြာေလးတဲ့။
ၿဗိတိသ်ွတို႔လက္ထက္မွာ အမ်ားႀကီးေျပာင္းလဲသြားခဲ့တဲ့ရန္ကုန္...။ေလးဆူဓာတ္ပံု ေရႊတိဂံုေစတီေတာ္ျမတ္ႀကီးတည္ရိွရာရန္ကုန္၌ ဆယ္စုႏွစ္တစ္ခုၾကာေအာင္ေနခဲ့ရေပမဲ့ ဆူးေလဆိုသၫ့္ေနရာကိုေတာ့ ယခုမွပထမဆံုး ေျခခ်ခြင့္ရသည္။
ဆရာေနမ်ိဳးကို ေက်းဇူးတင္မိပါရဲ့။

"တို႔ေတြ...စာအုပ္ေဟာင္းတန္းမသြားခင္...ဆူးေလဘုရားကို အရင္သြားဖူးရေအာင္..."

"ဟုတ္ကဲ့...."

"ဒါေပမဲ့ဆရာ...သမီးကေဘာင္းဘီႀကီးနဲ႔ ဘုရားေပၚကိုတက္လို႔ရပါ့မလား..'

"ဆူးေလက ေရႊတိဂံုလိုစည္းကမ္းမတင္းၾကပ္ထားပါဘူး...ရတယ္..."

ကားဂိတ္မွအေနာက္ဘက္သို႔ျပန္လွၫ့္၍ ဆူးေလသို႔သြားျဖစ္ၾကေလသည္။
ရုတ္တရက္ ခိုေတြနားေနေသာ ေနရာမျွဖတ္ေလ်ွာက္ရေတာ့ အထိတ္တလန႔္ျဖစ္သြားတဲ့ခိုေလးေတြဟာ အံုလိုက္က်င္းလိုက္ျပန္တက္ကုန္ၾကရာ ရုတ္တရက္ဆိုသလို ပံုရိပ္၏ ဆံပင္ခဲြေခ်ာင္းတၫ့္တၫ့္သည္ ပူခနဲျဖစ္သြားသည္။
ဘာႀကီးတုန္းဟဆိုၿပီး လက္နဲ႔စမ္းၾကၫ့္လိုက္ေတာ့...

"ဟင္...ခိုေခ်းေတြ....‌ဆရာ့..ေခါင္း‌ေပၚကိုခိုေခ်းပါခ်သြားတယ္...."

"ဟ...ဟ...မႀကီးပံုေတာ့ေဈးဦးေပါက္ၿပီေဟ့...
ဘာမွမျဖစ္ပါဘူးဗ်ာ...သိဒၶတၴမင္းသားၾကင္ယာေတာ္ေရြးသြားတာပါ...ေခ်းပါခ်ၿပီးေတာ့...."

"ဟဲ့...ကိုရင္ျဖစ္ၿပီးေတာ့ေနာ္...ဘုရားေလာင္းနာမည္ကို...ခိုနဲ႔ႏိႈင္းစရာလား..."

ပံုရိပ္ေျပာလိုက္ေတာ့မွ ကိုရင္ေလးကပါးစပ္ပိတ္ၿပီး တခစ္ခစ္ရယ္သည္။
က်န္ကိုရင္ႏွစ္ပါးကလည္း
"ကိုရင္မဟုတ္တာေတြ ေလ်ွာက္ေျပာမေနနဲ႔
ေခါင္းေခါက္လိုက္မယ္..."ဆိုကာ ကိုရင္ငယ္ေလးကို ခ်စ္စႏိုးႏွင့္စေနာက္ၾကေလသည္။
ဆရာကေတာ့ သူ႔ေက်ာပိုးအိတ္၏ေခ်ာင္တြင္ကပ္ေနေသာ တစ္ရႉးထုပ္ကိုယူ၍ ႏွစ္ရြက္ေလာက္ထုတ္ကာ ပံုရိပ္လက္ထဲသို႔လာထၫ့္သည္။

"သုတ္လိုက္...ဒီေန့ကံေကာင္းမယ္ဆိုတဲ့ သေဘာေပါ့...."

"ကံမေကာင္းရင္ေနပါေစ...ငွက္ေခ်းေစာ္မနံရင္
ရၿပီ..."

"ဟား...ဟား....ကံလည္းပြင့္ အနံ႔လည္းလြင့္ေပါ့..."

"ဒီကိုရင္ကေတာ့ေလ...."

"အျမန္လာၾကပါကြာ...အျပန္ၾကရင္
ကားလမ္း‌ေတြပိတ္လိမ့္မယ္ ...."

ဆရာ့ေနာက္မွလိုက္ရင္း ဘုရားရင္ျပင္ေပၚသို႔ေရာက္ေတာ့ ပံုရိပ္လည္းအၾကာႀကီးဘုရား၀တ္ျပဳလိုက္မိသည္။
ကိုယ္၀တ္ျပဳျပီး၍ အေနာက္သို႔ျပန္လွၫ့္ၾကၫ့္လိုက္မိေတာ့ အားလံုးကေနရိပ္သၫ့္ေနရာေလးမွာ စုႃပံုၿပီးသြားထိုင္ေနၾကေလသည္။
"ၾကၫ့္စမ္း...တစ္ေယာက္မွအသံမေပးၾကဘူး..."

ထို႔ေနာက္တြင္ဆူးေလကို လက္ယာရစ္ျဖင့္တစ္ပတ္ပတ္လိုက္ၾကေလသည္။ႄကံုတုန္းေလးဆရာေနမ်ိဳးကလည္း ဗဟုသုတရစရာေတြကို ေျပာျပလာသည္။

ဆူးေလေစတီေတာ္သည္ ရႏ္ုကုန္ၿမိဳ႔၏
အလယ္ဗဟိုတြင္ ကြန္းခိုတည္ရိွေနၿပီး
ဆူးေလဘုရားႀကီး၏အေရ႔ွေျမာက္ေထာင့္တြင္
(ရန္ကုန္ၿမိဳ႔၏ေရွးေဟာင္းအေမြအႏွစ္စာရင္း၀င္)
သည့္ ခမ္းနား‌ဖြယ္ ေဆာက္လုပ္ထားေသာ
ရန္ကုန္ၿမိဳ႔ေတာ္ခန္းမတည္ရိွသည္။

ၿမိဳ႔ေတာ္၀န္ဟုလည္း ေခၚတြင္ေသာ
 ဤအေဆာက္အဦးႀကီးအား ဗိသုကာပညာရွင္ စည္သူဦးတင္သည္ ေဆာက္လုပ္ဖို႔ရန္ ၁၈၂၆ခုႏွစ္မွာ အေကာင္အထည္ေဖာ္ခဲ့တယ္။ )
ျမန္မာမႈႏွင့္ အေနာက္ပိုင္း၏မတူညီေသာလက္ရာ ဟန္ပန္ေတြကို ေပါင္းစပ္တတ္သၫ့္ ထင္ရွားေသာဗိသုကာပညာရွင္ အင္ဂ်င္နီယာစည္သူဦးတင္သည္ မႏၲေလးၿမိဳ႔ ပုလဲေငြေရာင္အရပ္တြင္၁၉၀၃၌
ေမြးဖြားခဲ့ၿပီး မႏၲေလးနန္းေတာ္၏ အႏြယ္အဆက္မွ ဆင္းသက္လာသူလည္းျဖစ္သည္။

သူ၏ဖခင္ အင္စပက္ေတာ္ဦးတိုးသည္  
ကေနာင္မင္းသားႀကီး၏အားထားရေလာက္ေသာ လက္ရံုးတစ္ဆူျဖစ္ရံုမ်ွမက ဒဂၤါးစက္ရံုႏွင့္ အၿမွောက္စက္ရံုမ်ားကိုလည္း ဦးစီးလုပ္ခဲ့သၫ့္ ျမန္မာအင္ဂ်င္နီယာႀကီးလည္းျဖစ္သည္ ။

ဆရာက ဗိသုကာပညာရွင္ႀကီးစည္သူဦးတင္
တက္ခဲ့ေသာ မႏၲေလးေအာင္ျမသာစံၿမိဳ႔နယ္ရိွ
 စိန႔္ပီတာအထက္တန္းေက်ာင္းနာမည္ကို ေျပာျပတဲ့အခါ အေဖေျပာခဲ့ဖူးေသာ ဆရာ၀န္ႀကီးအဖိုး
ဦးမိုးမင္းဆိုသူကို သတိရမိသည္။
သူက‌ေရာဘယ္လိုေက်ာင္းမ်ိဳးမွာ တက္ခဲ့တာပါလိမ့္။

ျမန္မာ့ေစာင္းႏွင့္ စႏၵယားကိုတီးခတ္ရတာ
ႏွစ္သက္ေသာမႏၲေလးသူ အဖြားေဒၚရိပ္ညိုကိုလည္း မ်က္လံုးထဲတြင္ျမင္ေယာင္မိသည္။
သူတို႔ကေရာ ဘယ္လိုလူမ်ိဳးေတျြဖစ္မလဲ၊
သူတို႔၏မ်က္ႏွာသြင္ျပင္ဟာ ဘယ္လိုဆိုတာ သိခ်င္မိသည္။
မႏၲေလးသူေတြဟာ ကၽြန္ေတာ္"ကၽြန္ေတာ္လို႔..."တကယ္ပဲ သံုးႏႈန္းတတ္သလားလည္း
သိခ်င္မိသည္။

ရန္ကုန္ၿမိဳ႔အလယ္တြင္တည္ရိွေသာ ျမန္မာႏိုင္ငံ၏အႀကီးဆံုးမီးရထားဘူတာတစ္ခုျဖစ္သၫ့္  ရန္ကုန္ဘူတာႀကီးသည္လည္း ၁၉၅၄ခုႏွစ္တြင္ ျပန္လည္ဒီဇိုင္းလ္ေရးဆဲြထားသၫ့္ စည္သူဦးတင္၏ လက္ရာေတြထဲမွတစ္ခုပင္ျဖစ္သည္။

 ဆူးေလးဘုရား၏အေရ႔ွေတာင္ေထာင့္စြန္းစြန္းတြင္ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးစိုက္ထူ၍ထားေသာ မဟာဗႏၶုလပန္းၿခံႏွင့္ တရားလႊတ္ေတာ္ရံုးခ်ဳပ္တို႔ရိွေလသည္။
မဟာဗႏၶုလပန္းၿခံဟု အမည္ေခၚတြင္ျခင္းမွာ အဂၤလိပ္_ျမန္မာစစ္ပဲြတြင္ တိုင္းျပည္အတြက္အသက္စြန႔္၍တိုက္ခိုက္ခဲ့ရွာေသာ စစ္သူႀကီးမဟာဗႏၶုလအား ဂုဏ္ျပဳေသာအားျဖင့္ မွၫ့္ထားျခင္းျဖစ္သည္။ပန္းၿခံႀကီး၏အလယ္တြင္ ၿဗိတိသ်ွတို႔ထံမွ လြတ္လပ္ေရးရေသာအထိန္းအမွတ္အျဖစ္ လြတ္လပ္ေရးေက်ာက္တိုင္ႀကီးအား ၁၉၄၈တည္းကထားရိွခဲ့သည္။ထိုလြတ္လပ္ေရးေက်ာက္တိုင္၏ ဗိသုကာပညာရွင္ေတြထဲတြင္လည္း ေရႊမန္းႏြယ္
နန္းဆက္ဖြားစည္သူဦးတင္ပါ၀င္ခဲ့သည္။

ဆရာသည္ ဆက္လက္ၿပီးဆူးေလဘုရားႀကီး၏ ေရႊတိဂံုဘုရားမွအျမင့္ေပဘယ္ေလာက္ရိွေၾကာင္းႏွင့္ ဉာဏ္ေတာ္သည္ ရင္ျပင္ေတာ္ႏွင့္ငွက္ျမတ္နားစိန္ဖူး‌ေတာ္အထိ၁၅၁ခန႔္ျမင့္ေသာ ဆူးေလဘုရားႀကီးသည္ ဗိုလ္တစ္ေထာင္ဆံေတာ္ဦးေစတီႏွင့္ ကြာေဝးသည့္ေပေပါင္းကိုရွင္းျပသည္။
ဆက္လက္၍ ေရႊတိဂံုေစတီ၊ဗိုလ္တစ္ေထာင္ဘုရားႏွင့္ ဆူေလဘုရားတို႔၏ သမိုင္းေၾကာင္းကို
စပ္ဆက္၍ရွင္းျပသည္။

"ကဲ...နားၿပီးသြားၿပီဆိုေတာ့..တို႔ေတြစာအုပ္အေဟာင္းတန္းကို သြားၾကတာေပါ့...."

"‌ဆရာ...ကိုရင္တို႔ၿမိဳ႔ေတာ္ခန္းမကို ၀င္ၾကၫ့္လို႔မရဘူးလား...."

"ၿမိဳ႔ေတာ္ခန္းမက ၀င္ခ်င္တိုင္း၀င္လို႔မရဘူးေလ...
တို႔‌ ေတြစာအုပ္၀ယ္ရအံုးမွာနဲ႔ အျပန္ကားၾကပ္မွာနဲ႔
အခ်ိန္ေတြႏွောင့္ေနွးေနလိမ့္မယ္...."

"ဒါဆို...မဟာဗႏၶုလပန္းၿခံကို ၀င္ၾကရေအာင္ဆရာရယ္..."

"ကဲ....ပန္းၿခံထဲကေနျဖတ္ေလ်ွာက္ၾကမယ္....
ဟုတ္ၿပီလား...."

ပံုရိပ္တို႔အဖဲြ႔ ဆူးေလဘုရားမွဆင္းခဲ့ကာ
ကားလမ္းကူးၿပီးေနာက္တြင္ မဟာဗႏၶုလပန္းၿခံထဲမွ ျဖတ္ေလ်ွာက္ျဖစ္ၾကသည္။ပန္းၿခံထဲတြင္ လူေတြအမ်ားႀကီးရိွေနၿပီး အလွဓာတ္ပံုရိုက္သူေတြလည္းရိွေနသလို ျမက္ခင္းေပၚတြင္ထိုင္၍အနားယူေနၾကသူေတြလည္း အမ်ားႀကီးပါပဲ။
ဘာေၾကာင့္မ်ား ဒီတစ္ေနရာတည္းမွာ လာစုေနရတာပါလိမ့္။
ဆပ္ျပာကုမၸဏီတစ္ခုကလည္း ပရိုမိုးရွင္းဆင္းသၫ့္အေနျဖင့္ ကန္ပိန္းတစ္ခုလာလုပ္ေနေသာေၾကာင့္ သီခ်င္းေတြလည္းဖြင့္ထားေလသည္။

ဆရာသည္ ျဖတ္ေလ်ွာက္ရံုပဲဟု ေျပာခဲ့သလိုပဲ ျဖတ္ေလ်ွာက္ရံုကလႊဲ၍ ခဏေတာင္ထိုင္မနားခဲ့ရေပ။

ထို႔ေနာက္တြင္စာေပဗိမာန္စာအုပ္တိုက္၏ မ်က္ႏွာခ်င္းဆိုင္၃၇လမ္း အလယ္ဘေလာက္သို႔
 ဆက္ေလ်ွာက္ခဲ့ၾကသည္။ပံုရိပ္ရဲ့ အာရံုထဲမွာေတာ့ ျမင္ျမင္သမ်ွဟာ တကယ့္ကိုအသစ္အဆန္းေတြပါပဲ။
ဓနိမိုး၊ထရံကာမွစ၍တိုက္အိမ္‌ေလးဟိုတစ္စု၊
သည္တစ္စုသာရိွေသာ လမ္းက်ဥ္း‌ေလးထဲမွာသာ ေလ်ွာက္ဖူးသည့္ ပံုရိပ္ဟာ ဒီလို တိုက္ႀကီးေတြႏွင့္သာျပၫ့္ႏွက္ေနေသာ ေနရာမွာလြတ္လပ္ေပါ့ပါးစြာ လမ္းေလ်ွာက္ေနမိတယ္။
ဒါ့အျပင္ တစ္ခါမ်ွမေတြ့ဖူးခဲ့ေသာ မ်ားျပားလွသၫ့္စာအုပ္ပံုေတြႏွင့္ စာအုပ္ေဟာင္းတန္းႀကီးက
မ်က္လံုးထဲမွာ အလင္းေရာင္ေတြတျဖတ္ျဖတ္လက္သြားသလို တန္ဖိုးရိွလြန္းေနသည္။
စာအုပ္ေတြကို ေျမၾကီးမွာပံုၿပီးေရာင္းေနတာေတြေရာ ေတြ့ခဲ့ရေတာ့ အလကားမ်ားရရင္ေျပးေကာက္ခ်င္လိုက္တာ။

"ဒီစာအုပ္ ဘယ္ေလာက္လည္းညီ....."

"...တစ္အုပ္တစ္ေထာင္ပါ...."

ဆရာသည္ ဆိုင္တစ္ခုၿပီးတစ္ခုကို၀င္ၿပီး ေဈးေတြကိုေမးသည္ ။ အခ်ိဳ႕စာအုပ္ေတြကေတာ့ ေဈးတန္ေပမဲ့ အခ်ိဳစာအုပ္ေတြက ဆိုင္ႀကီးေတြမွာေရာင္းသၫ့္ေဈးနဲ႔ အတူတူျဖစ္ေန၍ မ၀ယ္တာဟုဆရာကဆိုတယ္။
သို႔ေပမဲ့ ဘုန္းႀကီးေက်ာင္းရိွခ်မ္းသာစာၾကၫ့္တိုက္အတြက္ဆိုကာ ပညာေရး ေဆာင္းပါးစာအုပ္ေတြႏွင့္ ပံုျပင္၊ကာတြန္းစာအုပ္အမ်ားအျပားကိုလည္း ဆရာ၀ယ္ေလသည္။
ဒီစာအုပ္ေတြကေတာ့ ေဈးအရမ္းတန္တယ္။

၃၇လမ္းအလယ္ဘေလာက္တြင္ရိွေသာ အုန္းေစာစာအုပ္အေဟာင္းဆိုင္သို႔ေရာက္တဲ့အခါမွာေတာ့
 ပံုရိပ္၏အျမင္အာရံုေတြ ပြင့္ထြက္သြားရေလာက္ ေအာင္အထိ အံ့ဩမိသည္။ဒီေလာက္မ်ားတဲ့စာအုပ္ေတြကို ဒါပထမဦးဆံုးေတြ့ဖူးျခင္းဆိုတာ က်ိန္ၿပီးေတာင္ေျပာရဲပါတယ္။ဒီလိုစာအုပ္စင္ေတြ
ပံုရိပ္၏အိပ္ခန္းက်ဉ္းေလးထဲမွာသာရိွရင္ အခန္းထဲကကို ထြက္ျဖစ္မွာမဟုတ္ဘူး။

"ဆရာ...ဒီဘက္မွာစာအုပ္ေတြၾကၫ့္လိုက္အံုးမယ္...
နဲနဲၾကာအံုးမွာဆိုေတာ့ ကိုရင္တို႔ေရာ..ပံုရိပ္ေရာ..
အျခားစာအုပ္ေတြအျမည္းလိုက္ဖတ္ေနလိုက္ၾကအံုး...လိုခ်င္တဲ့စာအုပ္ေတြ့ရင္လည္း ဆရာ့ကိုေျပာၾကေပါ့...."

ပံုရိပ္တို႔ကိုထိုသို႔ေျပာၿပီး စာအုပ္ပံုေတြၾကားတြင္
သူ႔အိမ္သူ႔ယာလို ထိုင္ခ်လ်ွက္ သူေရြးၿပီးသားစာအုပ္အခ်ိဳ႕ကို ထိုင္ဖတ္ၾကၫ့္ေနပါေသာဆရာ
ပူလို႔ထင္ပါရဲ့ စတိုင္ပဲန္ကိုဒူးအထက္ေလာက္အထိ လိပ္တင္ထားေလရဲ့။အလုပ္သြားတိုင္း ဆရာဟာ
ဒီလိုပဲ ၀တ္စားတတ္သလားမသိေပမဲ့ ပံုရိပ္အၿမဲတမ္းျမင္ေနၾကကေတာ့ ပုဆိုးကိုဒူးေလာက္အထိ တက္ကာ၀တ္သၫ့္ ပံုစံပါပဲ။

အမွန္ေတာ့ အသက္အစိပ္ေတာင္မျပၫ့္ေသးသၫ့္ ဆရာသည္ဒီလိုပံုစံမ်ိဳးကမွ ပိုၿပီးလူငယ္ဆန္သည္ဟုဆိုရမည္။ ဒါေပမဲ့ ဆရာသည္သူ႔လိုရြယ္တူေတြႏွင့္မတူပဲ  ရင္က်က္တည္ၿငိမ္သည္။သူစိတ္၀င္စားတဲ့အရာက သူ႔ေက်ာင္းသားေတြကိုစာသင္တာရယ္ ဘုန္းႀကီးေက်ာင္းကိစၥအ၀၀ရယ္ႏွင့္ သူ႔စာအုပ္ေတြကိုပါပဲ။

"ပံုရိပ္....ဖတ္ခ်င္တဲ့စာအုပ္ေတြကို  ေတြ့လား...."

ဆရာသည္ စာအုပ္ပံုထဲမွာ ေခါင္းငိုက္ဆိုက္ခ်
လ်ွက္ေရြးေနရင္းမွ ဘာစိတ္ကူးေပါက္လာသလဲ
မသိေပ။
ပံုရိပ္၏ ေဘးနားသို႔ေရာက္လာၿပီး ပံုရိပ္၏လက္ထဲမွ စာအုပ္ကေလးကိုလွမ္းယူလိုက္သည္။
ဆရာ့မ်က္ႏွာသည္ ၾကည္လင္ေနၿပီး ဆရာ့မ်က္လံုးေတြက ေအးခ်မ္းမႈအျပၫ့္ျဖစ္ေနသည္။
 ပံုရိပ္ေရြးထားေသာ သိပၸံေမာင္၀၏ေဆာင္းပါးမ်ား စာအုပ္ကိုၾကၫ့္လိုက္ၿပီးေနာက္ ဆရာကပံုရိပ္ကိုႃပံုး၍ၾကၫ့္လာေလသည္။

"မဆိုးဘူး...စာအုပ္ေရြးတတ္သားပဲ..."

"ဟုတ္လားဆရာ...."

"အင္း....ဒီေဆာင္းပါးထဲက ဇာတ္ေကာင္က
ေမာင္လူေအးေလ....ပံုရိပ္တို႔ရဲ့ျမန္မာစာမွာလည္း ေနာက္ၾကရင္ေမာင္လူေအးကိုသင္ရမွာ....ဒီစာအုပ္ေလးကိုဆရာေရာရွင္းလိုက္မယ္...ပံုရိပ္အတြက္လည္းစာစီစာကံုးစာအုပ္ေတြႏွင့္ levelနိမ့္တဲ့အဂၤလိပ္ပံုျပင္စာအုပ္ေလးေတြ ေရြးထားတယ္...
ဆရာသင္ေပးထားတဲ့အဂၤလိပ္စာအေျခခံကိုသံုးၿပီး ဖတ္ပါမ်ားရင္...အက္ေစးကို
ကိုယ့္စိတ္ကူးနဲ႔ကိုယ္ေရးႏိုင္သြားလိမ့္မယ္..."

"ဆရာ...တကယ္ေျပာတာလား..."

"အင္းေပါ့...ဆရာလည္းဒီလိုပဲက်င့္ယူခဲ့ရတာ
ဆရာကေတာ့ ၿမိဳ႔ထဲမွာသင္တန္းသြားတတ္ထားေသးတာေပါ့....ဆယ္တန္းေအာင္ၿပီးရင္ေတာ့ပံုရိပ္သိလာပါလိမ့္မယ္...အခုေက်ာင္းသင္ခန္းစာက
ဘာမွမဟုတ္ဘူး...ေနာက္ထပ္ေလ့လာရမွာေတြကလည္း အမ်ားႀကီးရိွေသးတယ္..အခုလည္းတမင္အျမင္က်ယ္ေအာင္လို႔ ေခၚလာတာ..."

"ေက်းဇူးတင္ပါတယ္ဆိုရာရယ္...သမီးေလဒီေနရာကို သိပ္သေဘာက်တယ္...စာအုပ္ေတြအမ်ားႀကီးကိုေတြ့ရတာလည္း တကယ္၀မ္းသာတယ္"

"ဒီလိုဆိုေတာ့ ဆရာေခၚလာရက်ိဳးနပ္တာေပါ့...
ပံုရိပ္လည္းႀကိဳးစား...ဆရာလည္းအားရင္အားသလို ပံုရိပ္အားနည္းတဲ့ဘာသာေတြကိုကူေပးပါ့မယ္....ပံုရိပ္လုပ္ႏိုင္ပါတယ္ ဟုတ္တယ္မွတ္လား.."

"အင္း...ပံုရိပ္ကဆရာ့လိုျဖစ္ခ်င္တာ..."

ထိုသို႔ပံုရိပ္ေျပာလိုက္ေတာ့ ဆရာသည္
သြားတန္း‌ေဖြးေဖြးေလးေတြေပၚေအာင္အထိ
ရယ္သည္။
ဘာေၾကာင့္ရယ္တာလည္း နားမလည္ေပမဲ့
ဆရာေျပာလိုက္သၫ့္ စကားတစ္ခြန္းကေတာ့
သူ႔ကိုယ္သူႏိွမ္ခ်ၿပီး ေနတတ္သူမွန္းသိသာေစသည္။

"ဆရာက...ဘာႀကီးမွမဟုတ္ပါဘူးကြာ...ဆရာ့ထက္ေတာ္တဲ့ထက္တဲ့လူေတြမွ အမ်ားႀကီးပါ..."

"ဟင့္အင္း...ဆရာလည္းအမ်ားႀကီးေတာ္ပါတယ္...
ဦးဇင္းႃပံုးခ်ိဳကေတာင္ေျပာတယ္...ဆရာကအင္မတန္ဝီရိယ ဇဲြလံု႔လရိွတယ္တဲ့...အရမ္းလည္းႀကိဳးစားလို႔ တစ္ေန့ထြန္းေပါက္အံုးမွာတဲ့ေလ...."

"ကဲ...ဟုတ္ပါၿပီဗ်ာ...ဒီကျပန္ရင္ စားေကာင္းတာေလး၀ယ္ကၽြေးပါ့မယ္...."

ဆရာသည္ ထိုစကားကိုသာေျပာခဲ့ၿပီး သူေရြးထားေသာစာအုပ္ေတြေဘးနားသို႔ ျပန္၍သြားထိုင္ေနေလသည္။ကိုရင္ေလးေတြကလည္း ဆရာ့ေဘးနားမွာ ထိုင္ခ်ၿပီးစာအုပ္ေရြးေနၾကေလသည္။ပံုရိပ္၏စိတ္ထဲမွာေတာ့ ဆရာကသူ႔ကိုၿမွောက္ေျပာေနတယ္ဟု ထင္ကာစား‌ေကာင္းတာ၀ယ္ကၽြေးမယ္လို႔ ေျပာသြားသၫ့္စကားအားမေက်မခ်မ္းျဖစ္ေနမိသည္။

အမွန္ေတာ့ ပံုရိပ္သည္ဆရာ့ကို ၿမွောက္ေပးတာလည္းမဟုတ္သလို ပံုရိပ္အေပၚကိုဆရာအထူးတလည္ဂရုစိုက္ေစခ်င္၍လည္း မဟုတ္ပါဘူး။ ပံုရိပ္ရဲ့ရင္းတြင္းမွာ အလိုလိုျဖစ္တည္လာတဲ့စကားကို ေျပာလိုက္မိတာပါ။
"...ဒါေပမဲ့ ဆရာကမယံုဘူး။.."

ထိုဆိုင္ကေနျပန္အထြက္မွာ ဆရာ့လက္ထဲ၌စာအုပ္ေတြ အစည္းလိုက္ပါလာခဲ့တယ္။
ပံုရိပ္တို႔ကလည္း ကူဆဲြရတာေပါ့ေလ။
ကိုရင္ေလးေတြ ဆြမ္းစားခ်ိန္ေက်ာ္သြားမည္စိုး၍
ဆရာသည္ နီးစပ္ရာထမင္းဆိုင္သို႔ ေခၚလာခဲ့သည္။
ပံုရိပ္ကေတာ့ အားနာလို႔ဘာမွမမွာရဲေပ။
ကိုယ့္စားစရိတ္ကိုယ္ရွင္းဆိုပါကလည္း ဘယ္ေလာက္ကုန္က်မွန္းမသိေတာ့ ရွင္းမယ္လို႔
မေျပာရဲဘူး။

ဆရာကပဲ ဦးေဆာင္၍ပုစြန္ဟင္းရယ္၊ၾကက္သားရယ္ႏွင့္ အရြက္ေၾကာ္ႏွစ္ပဲြ အသုတ္တစ္ပဲြမွာေလသည္။ကိုရင္ေတြကေတာ့ ေနာက္ကေနကၽဲြလိုက္သလားမွတ္ရတယ္ စားလိုက္ၾကတာေခါင္းေတာင္မေဖာ္ၾကဘူး။
ဟင္းခြက္ေတြထဲမွာဆို သူတို႔လက္ႀကီးပဲ။
ငရဲႀကီးမွာစိုး၍သာ မေျပာရဲတာပါ။
"ကိုရင္တို႔ ဘယ္ဘ၀‌ထဲက အငတ္ေဘးဆိုက္လာသလဲလို႔ ေမးလိုက္ခ်င္တယ္..."

"ပံုရိပ္....ထၫ့္စားေလ...အစားနည္းလွခ်ည္လား..."

"ဘာမွမဟုတ္ဘူး...ပဲမ်ားေနတာ..."

"ကိုရင္ေနာ္...ဘယ္မွာပဲမ်ားလို႔လဲ...."

"ကဲ...ကိုရင္ရယ္မစစမ္းပါနဲ႔...ပံုရိပ္စားေနာ္...
အားမနာနဲ႔..."

"ဟုတ္ကဲ့...."

ေဘးက ကိုရင္ကိုမေက်မနပ္ၾကၫ့္လိုက္မိေတာ့
ပံုရိပ္ကိုရယ္က်ဲက်ဲလာလုပ္ျပသည္။ဟိုဘက္မွကိုရင္ႏွစ္ပါးက အိႁႏၵေရသေလာက္ ဒီကိုရင္ငယ္ကေတာ့ ေတာ္ေတာ္အစအေနာက္သန္သည္။
ထမင္းစားၿပီးေနာက္ အခ်ိဳတည္းသၫ့္အေနျဖင့္
အခ်ိဳေရတစ္ေယာက္တစ္ခြက္ေသာက္လိုက္ရတာ‌ ေၾကာင့္ ဗိုက္ကေတာ့တင္းသြားသည္။
ထမင္းဆိုင္မွာ အေညာင္းေျဖၿပီးသည္မို႔ ျပန္ဖို႔ရန္ပဲ ဆံုးျဖတ္လိုက္ၾကၿပီးေနာက္ ‌ဆရာကေငြသြားရွင္းၿပီး ဆိုင္ထဲမွထြက္လာလိုက္ၾကသည္။

"အာ့....ဟာ...ဖိနပ္ပ်က္သြားၿပီ....ကိုရင္ဘာလို႔ဖိနပ္ကို တက္နင္းရတာလဲ...."

"ဟာ...မျမင္လိုက္မိလို႔ပါ..."

"မျမင္ရမလား...ေရ႔ွမွာတစ္ေယာက္လံုးလမ္းေလ်ွာက္ေနတာကို..."

"ဘာျဖစ္ေနၾကတာလဲ...."

"ဒီမွာဖိနပ္ျပတ္သြားလို႔တဲ့ဆရာ...ဒီကိုရင္
တက္နင္းလိုက္တာ...."

"ဟာ...ကိုရင္ကလည္း လမ္းကိုေသခ်ာၾကၫ့္
မေလ်ွာက္ဘူး...ဆရာ့ကိုဖိနပ္ခဏခၽြတ္ေပးစမ္းပါ..."

အေရ႔ွမွ ဦးေဆာင္၍သြားေနေသာ ဆရာသည္လည္း ပံုရိပ္ႏွင့္ကိုရင္စကားမ်ားေနသံေၾကာင့္
 ျပန္လွၫ့္လာၿပီး ငိုမဲမဲ့ျဖစ္ေနသၫ့္ပံုရိပ္ကို ဖိနပ္ခၽြတ္ခိုင္းေလသည္။ျပတ္သြားသၫ့္ဖိနပ္ကို ေသခ်ာၾကၫ့္လိုက္ၿပီးေနာက္ ဆရာသည္သူ႔ပိုက္ဆံအိတ္ကေလးကို ထုတ္ၿပီးပိုက္ဆံေလးေတြကို
တြက္ေနေလသည္။ပံုရိပ္ကေတာ့ ဟိုကိုရင္ကိုသာ
မေက်မနပ္ေတျြဖစ္ၿပီး မ်က္ေစာင္းေတြခ်ည္းလိွမ့္ထိုးေနမိသည္။
ကိုယ့္ေၾကာင့္ ဆရာတို႔စိတ္အေနွာက္အယွက္ျဖစ္ရတာကိုလည္း ေတြးမိကာမ်က္ရည္ေတြဝဲလာမိသည္။
"ဒီခရီးကို မလိုက္မိခဲ့ရင္ေကာင္းသား..."

"ပံုရိပ္...၀မ္းမနည္းနဲ႔ေနာ္...ဒီနားမွာပဲေစာင့္ေနၾက ဆရာျပန္လာခဲ့မယ္....ကိုရင္တို႔သူတို႔ႏွစ္ေယာက္ကို ရန္မျဖစ္ေစနဲ႔ေနာ္...ျပန္လာခဲ့မယ္...."

ဆရာထိုေနရာမွ ထြက္သြားသည္ႏွင့္ ပံုရိပ္လည္း မ်က္ရည္ဗူးသီးလံုးေလာက္က်လာၿပီး ကိုရင္ေလးကိုသာ အျပစ္ဖို႔ေနမိေတာ့သည္။

"အဲ့ဒါကိုရင့္ေၾကာင့္သိလား...ကိုရင္ကတစ္ခ်ိန္လံုး
သူမ်ားကို ဒုကၡေရာက္ေအာင္လုပ္ေနတယ္..."

"ကိုရင္လည္းမျမင္လိုက္မိလို႔ပါ....မငိုပါနဲ႔..
ေက်ာင္းကိုျပန္ေရာက္ရင္ ဖိနပ္အသစ္ျပန္၀ယ္ေပးပါ့မယ္"

"ကိုရင္ကလည္း ဟိုမွာဆရာသြား၀ယ္တယ္ေလ...
ပံုရိပ္လည္းမငိုပါနဲ႔ေတာ့...ကဲ..ဒီမွာထိုင္ေစာင့္ရေအာင္..."

လမ္းေဘးရိွ စာအုပ္အေဟာင္းဆိုင္တစ္ခုေဘးတြင္ကပ္ၿပီး စာအုပ္ထုတ္ေတြေဘးမွာ ကိုရင္သံုးပါးႏွင့္အတူ ငုတ္တုတ္ထိုင္ေစာင့္ရေလသည္။
ဆရာဘယ္အထိမ်ား သြား၀ယ္ရသလဲမသိပါဘူး။
မိႏွစ္၂၀ေလာက္ၾကာသည္အထိ ေရာက္မလာေသးေတာ့ တစ္ခုခုျဖစ္မွာကို စိုးရိမ္ေနမိသည္။
ပံုရိပ္ဘ၀မွာ ေမ်ွာ္ရတဲ့အလုပ္ကိုအမုန္းဆံုးပဲ။
တကယ္လို႔ ထြက္သြားရရင္ေတာင္ ပံုရိပ္ပဲထြက္သြားခ်င္ပါတယ္။
ေစာင့္ေမ်ွာ္ရတဲ့အလုပ္ဟာ လူကိုစိတ္ပင္ပန္းေစတယ္။

"ဟာ...ဟိုမွာဆရာလာၿပီ....ဆရာလာၿပီ..."

ေနေရာင္ထိုးေနသည့္လမ္းၾကားထဲတြင္ ေျခလွမ္းက်ဲမ်ားျဖင့္ မေျပးရံုတမယ္လွမ္းလာေနသၫ့္
ဆရာ့ကိုေတြ့လိုက္ၾကေတာ့ ပံုရိပ္တို႔ေလးဦးလံုးအတြက္ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ႀကီးကို
ေတြ့လိုက္ရသလို သိပ္ေပ်ာ္သြားမိၾကတယ္။
ဒီေန့ကို ပံုရိပ္ဘယ္ေတာ့မွေမ့ႏိုင္ေတာ့မယ္မထင္ပါဘူး။ ဘယ္ညာညီညီလႊဲယမ္းလာသၫ့္ဆရာလက္ထဲတြင္ ကတၲီပါဖိနပ္အိတ္ကေလးရိွေနၿပီး အနားသို႔ေရာက္လာသၫ့္တိုင္ ပံုရိပ္ကို၀မ္းမနည္းဖို႔ ႏွစ္သိမ့္ေပးတဲ့ ဆရာ့ရဲ့ေမတၲာစကားေလးေတြက ပံုရိပ္ကိုအင္မတန္ အားျဖစ္ေစတယ္။
ဆရာ့ကိုလည္း ပိုၿပီးၾကည္ညိုေလးစားမိတယ္။
ပံုရိပ္ကို အျပစ္တင္သၫ့္စကားတစ္ခြန္းေတာင္
မဆိုခဲ့သၫ့္အတြက္လည္း ေက်းဇူးတင္မိပါတယ္။

အေတြးထဲမွာ ထိုအခ်ိန္တည္းက၀င္လာခဲ့သၫ့္
စိတ္ကူးေလးတစ္ခုသည္ တခ်ိန္ခ်ိန္မွာဆရာ့ကို ဖိနပ္ကေလးတစ္ရံႏွင့္ အိက်ႌေလးအစားျပန္၀ယ္ေပးႏိုင္ဖို႔ပါပဲ။

အခန္း(၁၆)ဆက္ရန္ရိွသည္...

(ဆရာေနမ်ိဳးကို ႂကြေပါၿပီ...)😄



(ဤအပိုင္းတြင္ပါရိွေသာ အ‌ေၾကာင္းအရာႏွင့္အခ်က္အလက္တစ္ခ်ိဳ႕ကို googleကေနျပန္လည္ရွာဖတ္ၿပီး ေကာက္ႏႈတ္ထားျခင္းျဖစ္ပါတယ္...)

🔥ဆူးကြိုး...🔥အခန်း(၁၄)🔥 ပထမပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၄)🔥     ပထမပိုင်း

ဆရာနေမျိုးဆီမှာစာသင်နေတာ ဘာလိုလိုနှင့်
ငါးရက်မြောက်ခဲ့လေပြီ။ဒီနေ့တော့ အဒေါ်ကစာသွားသင်လျှင် သက်သက်ရက်ရက်၀တ်သွားစမ်းပါဟုဆိုသဖြင့် မြန်မာနိုင်ငံရာသီဥတုနှင့်ကိုက်ညီအောင် စပဲန့်အပျော့သား အညို၀မ်းဆက်လေးကို မီးပူထိုး၍၀တ်ခဲ့သည်။

အိမ်မှာက လျှက်စစ်မီးပူမ၀ယ်ရသေးသောကြောင့် အဒေါ်တို့လင်မယားအိမ်ထောင်ကျခါစအချိန်မှာ နယ်ဘယ်ကနေ၀ယ်ထားသည့် ကြေးမီးပူကိုသာသုံးရသည်။ကြေးမီးပူသုံးလိုလျှင် မီးသွေးကိုမွှေး၍ မီးပူထဲသို့ထည့်ကာ မီးတောက်အောင်ယပ်ခပ်
ရသည်။အတန်အသင့်ပူလာတော့မှ အဖုံးပိတ်
ချိတ်ချိပ်ကာ တိုက်ရ‌သောကြောင့်
အင်မတန်လက်ရှုပ်သည်။

ပုံမှန်ဆိုရင် အဒေါ်မီးပူတိုက်သည့်အချိန်တွေမှာ ကိုယ့်အ၀တ်အစားကိုနွမ်းချင်နွမ်းစုတ်ချင်စုတ်
 ၀င်တိုက်ပစ်လိုက်ပေမဲ့ ယနေ့၀တ်တဲ့ ၀တ်စုံလေးကတော့ လှန်းထားပြီးသားအား ချက်ချင်းခြောက်တယ်ဆို ရုတ်ပြီး ၀တ်မယ်စိတ်ကူးရခဲ့တာကြောင့် မျက်နှာချင်းဆိုင်ရှိ တိုက်လိုင်းခန်းအပေါ်ထပ်မှ ဘယ်တော့များမှ စားရမှန်းမသိသေးသော
အသက်လေးဆယ်အပျိုကြီးများထံတွင်သာ
မီးပူငှားဖို့အပူတိုက်ရသည်။

အပျိုကြီးတွေဆိုတာကြောင့် ဟောင်ပွာဟောင်ပွာဖြင့် စကားကိုတော့ကျွဲလိုက်၊နွားလိုက်ပြောတတ်ကြသည်။သို့ပေမဲ့ စိတ်ရင်းကောင်းပြီး သူတစ်ပါးအားကူညီလိုစိတ်အပြည့်ရှိကြသည်။အထူးသဖြင့် တစ်ယောက်တည်းရုန်းကန်နေရသည့်
အဒေါ့်ကိုပိုခင်မင်ကြသည်။

မိစုဆိုသည်မှာ သူတို့မျက်စိရှေ့တွင်ပဲ ကြီးပြင်းလာရသူဖြစ်၍ သူတို့အိမ်သည် မိစု၏ စားအိမ်၊အိပ်အိမ်ဖြစ်၍နေသည်။
မိစုဆိုလျှင် အ၀တ်အစားသစ်တွေပါ ၀ယ်ဆင်ပေးလောက်အောင်အထိ  ချစ်သဲပိုကြသည်။
ဘုရားသွား၍ ယတြာချေရင်တောင် မိစုကိုခေါ်သွားတတ်တာကြောင့် အဒေါ့်အတွက်လည်း ကလေးထိန်းရတစ်လုပ်လျော့သည်ဟု ဆိုရမည်။

ထိုအပျိုကြီးတို့သည် ညီအစ်မသုံးယောက်စု၍နေကြခြင်းဖြစ်ပြီး လိုင်းခန်းငှားစားပေမဲ့ ငွေအတိုးချေးစားကြသော ချစ်တီးများအဖွဲ့ဖြစ်ကြသည် ။ချစ်တီးတွေလောက်တော့ ‌ငွေအတိုးအမြတ်ကြီး
မစားကြပေမဲ့ သည်ရပ်ကွက်ထဲတွင် သူတို့နှင့်ကြွေးမှီကင်းသူကခပ်ရှားရှားရယ်ပါ။အဒေါ်ကတောင်
သူတို့ဆီမှ မိစုဖျားတုန်းကနှင့်ပုံရိပ်ဆေးရုံတက်တုန်းက နှစ်သောင်းတစ်ခါ၊ငါးသောင်းတစ်ခါ
ငွေဆွဲထား၍ သူတို့နှင့်အ‌ကြွေးမလွတ်ကင်းပေ။

သို့ပေမဲ့ အဒေါ့်ကိုတော့ သက်ညှာသောအားဖြင့် အတိုးကို ငါးကျပ်နှုန်းဖြင့်သာ ယူလေသည် ။
အခြားသူတွေကိုတော့ ဆယ့်ငါးကျပ်တိုးယူလေ့
ရှိသောကြောင့် အဒေါ်သည်ပုံရိပ်ကို အားသည့်အချိန်တွေမှာ အပျိုကြီးတို့အိမ်သို့သွားကာ
"ဘာကူလုပ်ပေးရမလဲ...ဘာညာ.."မေးမြန်းကူညီပေးဖို့ စေခိုင်းတတ်သည် ။

"ဒုန်း))))...ဒုန်း)))))"

"ဟဲ့..မိပုံရယ်...ငရုတ်သီးထောင်းနေတာလား
ထင်းခွဲနေတာလားဟယ်...အောက်ထပ်ကအိမ်ရှင်တွေက အဖိုးကြီး၊အဖွားကြီးတွေဟဲ့...
တော်ကြာထအော်နေအုံးမယ်...အဖွားကြီးရဲ့
ပုစွန်ဆိတ်ကို ဂဏန်းကိုက်ခံရသလို အသံကြီးများ မကြားပါရစေနဲ့ဟယ်..ပေး..ပေး...
ငါပဲဆက်ထောင်းပါ့မယ်...."

ထိုကဲ့သို့ ငရုတ်သီးထောင်းလျှင်လည်း ဆူလို့ ပန်ကာပိတ်လျှင်လည်းပူလို့ဆိုသည့် အပျိုကြီးတို့ဗီဇအရ ပွမ်ပွမ်မြည်တဲ့ကားအိုကြီးတွေလိုတော့ ပူညံပူညံလုပ်တတ်လေသည်။သူတို့ခမျာလည်း သူများတိုက်ကိုငှားနေရတော့ အပြောခံရလွတ်အောင် ဒါတွေကိုကြိုဆင်ခြင်သည်ဟုပဲ နားလည်ထားလိုက်ရသည်။

အဆောင်မှာနေခြင်းဖြစ်၍  ကြောင်ချစ်သော အပျိုကြီးမလှိုင်သည် ကြောင်တစ်ကောင်တလေတောင် မမွေးရဲပေ။ကြောင်ချေးနံသည့်ကိစ္စနှင့်
ညဘက်ကြောင်အော်၍ အိမ်ဆူသည့်အသံများကို အိမ်ရှင်‌တွေမကြိုက်မှာစိုး၍ ဖြစ်သည် ။

ပြောသာပြောရတယ် ။အိမ်‌ရှင်လင်မယားသည် အိမ်ငှားတွေကိုသာ တိရိစ္ဆာန်မမွေးခိုင်းတာ။
 သူတို့အောက်ထက်တွင်တော့ မွေးထားတဲ့ခွေးတွေဆိုတာ ခြောက်ကောင်လောက်ရှိသည်။
ခွေးအင်မတန်ချစ်သလောက် အထားအသိုကြပြန်တော့လည်း ညံ့သည်။
သူတို့အောက်ထပ်ဆိုတာ ခွေးချေးဆော်တွေကိုမွှန်နေတာပါပဲ။

 သူများကိုကိုက်လို့ ဆေးဖိုးလျှော်ရတာကတစ်မျိုး၊ညကြီးအချိန်မတော် ခြံတခါးအောက်ကတိုးထွက်ကြပြီး မဲမဲမြင်ရာဟောင်တတ်ကြ၍  ရပ်ကွက်ဆူမည်စိုးကာ အိမ်ထဲသို့အချိန်မရှိကြီး ခွေးမောင်းသွင်းရသည့်အလုပ်ကတဖုံဖြင့် သူတို့မို့မပင်ပန်းနိုင်တယ်။

ယခုတော့ဖြင့် ထိုခွေးတွေလည်းအိမ်တွင်မရှိကြတော့ပေ။ သင်္ဘောလိုက်သွားသည့်
သူတို့၏သား ဦးမြတ်ကြီးသည် သင်္ဘောလိုက်မှပြန်လာတည်းကပင် ခွေးတွေအားလုံးအား ခွေးဂေဟာသို့ပို့လွှတ်လိုက်လေသည်။
အဖိုးကြီးနှင့်အဖွားကြီးသည် မျက်ရည်ဝဲကာ
စိတ်မကောင်းဖြစ်ကြပေမဲ့ ခွေးတွေ၏ဒဏ်ကိုမခံ
နိုင်ကြ‌တော့၍ ရင်နာနာနှင့် လက်ခံလိုက်ရသည် ။

တစ်ခြံလုံးကိုလည်း သင်္ဘောသားကြီး
ကိုယ်တိုင်လှည်းကျင်းဆေးကြောပစ်တာကြောင့် စက္ကူပန်းများနှင့် တမာပင်ကြီးသာအုံ့၍နေလေ့ရှိပြီး ကျေးငှက်တမာတို့နှစ်သက်‌သောပန်းအလှအိုးများဖြင့် ဝေနေတတ်သည့် သူတို့ခြံသည် ‌မွှေးကြူ၍ ရှုမောစရာတောင် ကောင်းသေးသည်။

"ဟယ်....မီးပျက်သွားပြီ...."

"စိတ်ညစ်ပါတယ်...အဖွားကြီးတွေကလည်း
ကပ်စေးနဲနေတာနဲ့ ရေကမတင်ပေးသေးဘူး..
အခုမီးကပျက်ပြီ...ဟော့သည်နှစ်ထပ်တိုက်ပေါ်ကနေပဲ ခုန်ချဖို့သာကောင်းတော့တယ်..."

အကြီးဆုံးအပျိုကြီး၏ ငြီးငြူသံကိုမနဲအံတင်း၍ နားထောင်ခဲ့ကာ မီးပျက်၍မီးပူတိုက်ပြီးတ၀က်
 မပြီးတ၀က်ဖြစ်နေရသော ၀မ်းဆက်လေးကို အခန်းထဲသို့သွားလိုက်ကာ လှဲ၀တ်လိုက်သည်။
 ကိုယ်ပေါ်မှအိင်္ကျီတွေကို အပျိုကြီးတို့အိပ်ခန်းထဲမှာပဲ ခဏခေါက်တင်ခဲ့ပြီး ဘေးလွယ်အိတ်ကို
စလွယ်သိုင်းလျှက် တိုက်အပေါ်မှ ဆင်းလာခဲ့လိုက်သည်။

အောက်ထပ်တွင်တော့ ဦးမြတ်ကြီးသည် ထုံးစံအတိုင်း သူ့ပန်းပင်တွေကို ရေလောင်းပေါင်းသင်နေသည်။
ထူးတော့ထူးဆန်းသား။ရေထဲကနေပြန်တက်လာမှ စိုက်လိုက်တဲ့အပင်တွေဆိုတာ။
မြေကို အသာလေးစွပြီး နုနုယွယွလုပ်နေတာများ စိတ်ရှည်လက်ရှည်နိုင်လှသည်။

"ဦးမြတ်ကြီး...ဘာအပင်တွေစိုက်နေတာလဲ..."

"အေး...ဒီမှာ...ရှားစောင်းပင်စိုက်နေတာလေ ..ညည်းရော..ကျူရှင်သွားမလို့လား..."

"ဟုတ်ကဲ့...ဒါနဲ့လေဦးမြတ်က ဘာလို့သင်္ဘောသားအလုပ်ကို စွန့်လွှတ်လိုက်ရတာလဲဟင်..ပင်လယ်မှာပျော်စရာမကောင်းလို့လား...."

ကိုယ်သဘောပေါက်သလိုလေး ပွင့်ပွင့်လင်းလင်းမေးလိုက်မိပေမဲါ ဦးမြတ်သည်စိတ်တိုခြင်းအလျှင်းမရှိပဲ ပုံရိပ်ကိုသာ ‌ဖြေးဖြေးညင်ညင်ပြုံးပြလာပြီး နေရိပ်ဖြင့်လင်းလက်နေသည့် စက္ကူပန်းအဖြူရောင်လေးတွေကိုသာ ရီဝေဝေစိုက်ကြည့်လိုက်သည်။

မျက်ခုံးတန်းနှစ်ဖက်ကို အရေးအကြောင်းထင်ဟပ်လောက်သည်အထိ သူတွန့်ကြုံ့လိုက်ပုံက
အကြောင်းအရာတစ်ခုအား စိတ်နာနေဟန်ရှိသည်။ခက်ခဲပင်ပန်းခဲ့ရသည့်အ‌တွေ့အကြုံတွေကိုလည်း တရစ်ချင်းပြန်ဖော်နေဟန်လည်း ထင်ရစေသည်။

"ပုံရိပ်ရယ်...ညည်းတို့အသက်အရွယ်ကတော့ အပေါ်ယံလောက်ပဲတွေးပြီးပြောကြတာပေါ့...
တကယ့်တကယ် တို့တွေပင်လယ်မှာဘယ်လောက်ခက်ခဲကြမ်းတမ်းစွာ ဒုက္ခပင်လယ်ဝေခဲ့ရသလဲ ညည်းမသိပါဘူး...
ဒီတစ်သတ်လည်း သိခွင့်ရမယ်မထင်ပါဘူး..."

"ဘာဖြစ်လို့လဲ ဦးမြတ်ရဲ့...ပင်လယ်ဆိုတာသိပ်လှတဲ့နေရာမဟုတ်ဘူးလား...ဦးမြတ်ကဘာလို့သိပ်မုန်းသလို ပုံစံဖြစ်နေရတာလဲ .."

ပုံရိပ်၏စကားသည် ဦးမြတ်ကိုနာကျင်စေလိုစိတ်အလျှင်းမရှိပေမဲ့ ဦးမြတ်သည် ပုံရိပ်အားစိတ်ဆိုးသွားပုံရလေသည်။

"ဒီမှာပုံရိပ်...မမြင်ဘူးတော့ မူးကိုမြစ်ထင်နေတာတော့ သဘာ၀ပါပဲ...တို့ကအစပိုင်းက‌တော့ကုန်းပတ်မှာအလုပ်လုပ်ရတာ သင်္ဘောကြီးရဲ့ကိုယ်ထည်တစ်ခုလုံးကို သန့်ရှင့်ရေးလုပ်ရတာ ဘယ်လောင်ပင်ပန်းတယ်ထင်သလဲ..သင်္ဘောလိုက်ရအောင် ကြိုးစားပြီးတော့လည်း ပိုတောင်ဆိုးသေးတယ်..အစားအသောက်နဲ့လှိုင်းမူးတာကိုတောင် မနည်းကျင့်သားရအောင် လုပ်ယူခဲ့ရတာ...
ကမ်းမမြင်လမ်းမမြင်နဲ့ ဘယ်နေ့ဘာဖြစ်မလဲ..
သေသွားခဲ့ရင်တောင် မိဘမောင်ဖွားတွေ မသိလိုက်မှာကို စိုးရိမ်နေရတဲ့ဘ၀ကြီးပါ...
အိမ်ကိုလွမ်းလို့ ဖုန်းဆက်ချင်ရင်တောင်
လပေါင်းချီပြီး အလွမ်းသယ်ခွင့်မရတဲ့ဘ၀ကြီးကို ညည်းဆိုရင်ရောလိုချင်ပါအုံးမလား...စဉ်းစားကြည့်ပေါ့...."

ဦးမြတ်ပြောတာလည်း မှန်ကောင်းမှန်နိုင်ပါတယ်။ပင်လယ်လို့ပြောလိုက်တာနှင့် သာမာန်လူတွေရဲ့ အတွေးအာရုံထဲမှာတော့ မနက်နဲ့ညနေရဲ့ ဆည်းဆာအလှသည် စိတ်ကူးနှင့်ပင်‌ တွေးရုံဖြင့် လှပလွန်းသည့်ပင်လယ်ရေပြင်ပြာကိုသာ မြင်တတ်ကြပေမဲ့ သင်္ဘောသားတွေရဲ့ အမြင်မှာတော့ ငုတ်တုတ်ထိုင်ရင်း စိတ်ကူးယဉ်စရာကောင်းတဲ့ နေရာမဟုတ်မှာတော့ သေချာတယ်။

နောက်ပိုင်းတွင် အပျိုကြီးတို့ကိုမေးကြည့်တော့မှ သိလိုက်ရတာကတော့ ဦးမြတ်သည် ပင်လယ်ကိုမုန်းတီးသည်လည်းမဟုတ်သလို နားကျည်းနေသူလည်းမဟုတ်ကြောင်းသိခဲ့ရသည်။ ဦးမြတ်တွင် အရမ်းချစ်ရသော ငယ်ချစ်ဦးတစ်ယောက်ရှိခဲ့သည်။

ဆယ်ကျော်သက်အရွယ်တည်းက ချစ်ကျွမ်း၀င်ခဲ့ကြပေမဲ့ သင်္ဘောပေါ်တွင်ပဲရွက်လွှင့်၍ ရုန်းကန်နေသောဦးမြတ်ကို စွန့်ခွာပြီး အချစ်သစ်ရှိရာဆီသို့ နှုတ်မဆက်ပဲ ရက်စက်စွာ ထွက်ခွာသွားခဲ့သော
 ထိုအမျိုးသမီးကို ဦးမြတ်သိပ်နာကျည်းသွားခဲ့တယ်။

 ကမ်းမမြင်ပဲ ဘယ်သောင်ဆီလွှမ်းရမလဲ တွေဝေနေသည့်အချိန်တိုင်းမှာ သူ့စိတ်ကူးကမ်းကပ်လိုရာ အချစ်ဆိပ်ကမ်းလေး ပြိုပျက်သွားသလို ခံစားလိုက်ရတဲ့ဦးမြတ်တစ်ယောက် ပင်လယ်ပြင်ကိုစွန့်ခွာလာခဲ့တဲ့အထိပါပဲ။

 သူ့ဘ၀ရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ ‌ကျိုးပျက်ပြီး ခံစားချက်တွေ ပျက်ပြယ်ခဲ့ရမှာသေချာပါတယ်။ဦးမြတ်နေရာမှ ပုံရိပ်သာဆိုရင် ထိုမိန်းမကိုမုန်းမိမှာ သေချာပါတယ်။
ဦးမြတ်မှာက တွယ်တာစရာ မိအို၊ဖအိုတွေက
ရှိနေသေးတော့ ပြန်စရာနွေးထွေးသည့် အိမ်ကလေးရှိနေသေး၍ ဖြေသာပါသေးတယ်။


                                    🔥ဆူးကြိုး...🔥အခန်း(၁၄)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်

 
🔥🔥🔥🔥🔥🔥🔥🔥🔥
=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥     ပထမပိုင္း

ဆရာေနမ်ိဳးဆီမွာစာသင္ေနတာ ဘာလိုလိုႏွင့္
ငါးရက္ေျမာက္ခဲ့ေလၿပီ။ဒီေန့ေတာ့ အေဒၚကစာသြားသင္လ်ွင္ သက္သက္ရက္ရက္၀တ္သြားစမ္းပါဟုဆိုသျဖင့္ ျမန္မာႏိုင္ငံရာသီဥတုႏွင့္ကိုက္ညီေအာင္ စပဲန႔္အေပ်ာ့သား အညို၀မ္းဆက္ေလးကို မီးပူထိုး၍၀တ္ခဲ့သည္။

အိမ္မွာက လ်ွက္စစ္မီးပူမ၀ယ္ရေသးေသာေၾကာင့္ အေဒၚတို႔လင္မယားအိမ္ေထာင္က်ခါစအခ်ိန္မွာ နယ္ဘယ္ကေန၀ယ္ထားသၫ့္ ေၾကးမီးပူကိုသာသံုးရသည္။ေၾကးမီးပူသံုးလိုလ်ွင္ မီးေသြးကိုေမႊး၍ မီးပူထဲသို႔ထၫ့္ကာ မီးေတာက္ေအာင္ယပ္ခပ္
ရသည္။အတန္အသင့္ပူလာေတာ့မွ အဖံုးပိတ္
ခ်ိတ္ခ်ိပ္ကာ တိုက္ရ‌ေသာေၾကာင့္
အင္မတန္လက္ရႈပ္သည္။

ပံုမွန္ဆိုရင္ အေဒၚမီးပူတိုက္သၫ့္အခ်ိန္ေတြမွာ ကိုယ့္အ၀တ္အစားကိုႏြမ္းခ်င္ႏြမ္းစုတ္ခ်င္စုတ္
 ၀င္တိုက္ပစ္လိုက္ေပမဲ့ ယေန့၀တ္တဲ့ ၀တ္စံုေလးကေတာ့ လွန္းထားၿပီးသားအား ခ်က္ခ်င္းေျခာက္တယ္ဆို ရုတ္ၿပီး ၀တ္မယ္စိတ္ကူးရခဲ့တာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္ရိွ တိုက္လိုင္းခန္းအေပၚထပ္မွ ဘယ္ေတာ့မ်ားမွ စားရမွန္းမသိေသးေသာ
အသက္ေလးဆယ္အပ်ိဳႀကီးမ်ားထံတြင္သာ
မီးပူငွားဖို႔အပူတိုက္ရသည္။

အပ်ိဳႀကီးေတြဆိုတာေၾကာင့္ ေဟာင္ပြာေဟာင္ပြာျဖင့္ စကားကိုေတာ့ကၽဲြလိုက္၊ႏြားလိုက္ေျပာတတ္ၾကသည္။သို႔ေပမဲ့ စိတ္ရင္းေကာင္းၿပီး သူတစ္ပါးအားကူညီလိုစိတ္အျပၫ့္ရိွၾကသည္။အထူးသျဖင့္ တစ္ေယာက္တည္းရုန္းကန္ေနရသၫ့္
အေဒါ့္ကိုပိုခင္မင္ၾကသည္။

မိစုဆိုသည္မွာ သူတို႔မ်က္စိေရ႔ွတြင္ပဲ ႀကီးျပင္းလာရသူျဖစ္၍ သူတို႔အိမ္သည္ မိစု၏ စားအိမ္၊အိပ္အိမ္ျဖစ္၍ေနသည္။
မိစုဆိုလ်ွင္ အ၀တ္အစားသစ္ေတြပါ ၀ယ္ဆင္ေပးေလာက္ေအာင္အထိ  ခ်စ္သဲပိုၾကသည္။
ဘုရားသြား၍ ယၾတာေခ်ရင္ေတာင္ မိစုကိုေခၚသြားတတ္တာေၾကာင့္ အေဒါ့္အတြက္လည္း ကေလးထိန္းရတစ္လုပ္ေလ်ာ့သည္ဟု ဆိုရမည္။

ထိုအပ်ိဳႀကီးတို႔သည္ ညီအစ္မသံုးေယာက္စု၍ေနၾကျခင္းျဖစ္ၿပီး လိုင္းခန္းငွားစားေပမဲ့ ေငြအတိုးေခ်းစားၾကေသာ ခ်စ္တီးမ်ားအဖဲြ႔ျဖစ္ၾကသည္ ။ခ်စ္တီးေတြေလာက္ေတာ့ ‌ေငြအတိုးအျမတ္ႀကီး
မစားၾကေပမဲ့ သည္ရပ္ကြက္ထဲတြင္ သူတို႔ႏွင့္ႂကြေးမွီကင္းသူကခပ္ရွားရွားရယ္ပါ။အေဒၚကေတာင္
သူတို႔ဆီမွ မိစုဖ်ားတုန္းကႏွင့္ပံုရိပ္ေဆးရံုတက္တုန္းက ႏွစ္ေသာင္းတစ္ခါ၊ငါးေသာင္းတစ္ခါ
ေငြဆဲြထား၍ သူတို႔ႏွင့္အ‌ႂကြေးမလြတ္ကင္းေပ။

သို႔ေပမဲ့ အေဒါ့္ကိုေတာ့ သက္ၫွာေသာအားျဖင့္ အတိုးကို ငါးက်ပ္ႏႈန္းျဖင့္သာ ယူေလသည္ ။
အျခားသူေတြကိုေတာ့ ဆယ့္ငါးက်ပ္တိုးယူေလ့
ရိွေသာေၾကာင့္ အေဒၚသည္ပံုရိပ္ကို အားသည့္အခ်ိန္ေတြမွာ အပ်ိဳႀကီးတို႔အိမ္သို႔သြားကာ
"ဘာကူလုပ္ေပးရမလဲ...ဘာညာ.."ေမးျမန္းကူညီေပးဖို႔ ေစခိုင္းတတ္သည္ ။

"ဒုန္း))))...ဒုန္း)))))"

"ဟဲ့..မိပံုရယ္...ငရုတ္သီးေထာင္းေနတာလား
ထင္းခဲြေနတာလားဟယ္...ေအာက္ထပ္ကအိမ္ရွင္ေတြက အဖိုးႀကီး၊အဖြားႀကီးေတြဟဲ့...
ေတာ္ၾကာထေအာ္ေနအံုးမယ္...အဖြားႀကီးရဲ့
ပုစြန္ဆိတ္ကို ဂဏန္းကိုက္ခံရသလို အသံႀကီးမ်ား မၾကားပါရေစနဲ႔ဟယ္..ေပး..ေပး...
ငါပဲဆက္ေထာင္းပါ့မယ္...."

ထိုကဲ့သို႔ ငရုတ္သီးေထာင္းလ်ွင္လည္း ဆူလို႔ ပန္ကာပိတ္လ်ွင္လည္းပူလို႔ဆိုသၫ့္ အပ်ိဳႀကီးတို႔ဗီဇအရ ပြမ္ပြမ္ျမည္တဲ့ကားအိုႀကီးေတြလိုေတာ့ ပူညံပူညံလုပ္တတ္ေလသည္။သူတို႔ခမ်ာလည္း သူမ်ားတိုက္ကိုငွားေနရေတာ့ အေျပာခံရလြတ္ေအာင္ ဒါေတြကိုႀကိဳဆင္ျခင္သည္ဟုပဲ နားလည္ထားလိုက္ရသည္။

အေဆာင္မွာေနျခင္းျဖစ္၍  ေၾကာင္ခ်စ္ေသာ အပ်ိဳႀကီးမလိႈင္သည္ ေၾကာင္တစ္ေကာင္တေလေတာင္ မေမြးရဲေပ။ေၾကာင္ေခ်းနံသၫ့္ကိစၥႏွင့္
ညဘက္ေၾကာင္ေအာ္၍ အိမ္ဆူသၫ့္အသံမ်ားကို အိမ္ရွင္‌ေတြမႀကိဳက္မွာစိုး၍ ျဖစ္သည္ ။

ေျပာသာေျပာရတယ္ ။အိမ္‌ရွင္လင္မယားသည္ အိမ္ငွားေတြကိုသာ တိရိစၧာန္မေမြးခိုင္းတာ။
 သူတို႔ေအာက္ထက္တြင္ေတာ့ ေမြးထားတဲ့ေခြးေတြဆိုတာ ေျခာက္ေကာင္ေလာက္ရိွသည္။
ေခြးအင္မတန္ခ်စ္သေလာက္ အထားအသိုၾကျပန္ေတာ့လည္း ညံ့သည္။
သူတို႔ေအာက္ထပ္ဆိုတာ ေခြးေခ်းေဆာ္ေတြကိုမႊန္ေနတာပါပဲ။

 သူမ်ားကိုကိုက္လို႔ ေဆးဖိုးေလ်ွာ္ရတာကတစ္မ်ိဳး၊ညႀကီးအခ်ိန္မေတာ္ ၿခံတခါးေအာက္ကတိုးထြက္ၾကၿပီး မဲမဲျမင္ရာေဟာင္တတ္ၾက၍  ရပ္ကြက္ဆူမည္စိုးကာ အိမ္ထဲသို႔အခ်ိန္မရိွႀကီး ေခြးေမာင္းသြင္းရသၫ့္အလုပ္ကတဖံုျဖင့္ သူတို႔မို႔မပင္ပန္းႏိုင္တယ္။

ယခုေတာ့ျဖင့္ ထိုေခြးေတြလည္းအိမ္တြင္မရိွၾကေတာ့ေပ။ သေဘၤာလိုက္သြားသၫ့္
သူတို႔၏သား ဦးျမတ္ႀကီးသည္ သေဘၤာလိုက္မျွပန္လာတည္းကပင္ ေခြးေတြအားလံုးအား ေခြးေဂဟာသို႔ပို႔လႊတ္လိုက္ေလသည္။
အဖိုးႀကီးႏွင့္အဖြားႀကီးသည္ မ်က္ရည္ဝဲကာ
စိတ္မေကာင္းျဖစ္ၾကေပမဲ့ ေခြးေတြ၏ဒဏ္ကိုမခံ
ႏိုင္ၾက‌ေတာ့၍ ရင္နာနာႏွင့္ လက္ခံလိုက္ရသည္ ။

တစ္ၿခံလံုးကိုလည္း သေဘၤာသားႀကီး
ကိုယ္တိုင္လွည္းက်င္းေဆးေၾကာပစ္တာေၾကာင့္ စကၠူပန္းမ်ားႏွင့္ တမာပင္ႀကီးသာအံု႔၍ေနေလ့ရိွၿပီး ေက်းငွက္တမာတို႔ႏွစ္သက္‌ေသာပန္းအလွအိုးမ်ားျဖင့္ ေဝေနတတ္သၫ့္ သူတို႔ၿခံသည္ ‌ေမႊးၾကဴ၍ ရႈေမာစရာေတာင္ ေကာင္းေသးသည္။

"ဟယ္....မီးပ်က္သြားၿပီ...."

"စိတ္ညစ္ပါတယ္...အဖြားႀကီးေတြကလည္း
ကပ္ေစးနဲေနတာနဲ႔ ေရကမတင္ေပးေသးဘူး..
အခုမီးကပ်က္ၿပီ...ေဟာ့သည္ႏွစ္ထပ္တိုက္ေပၚကေနပဲ ခုန္ခ်ဖို႔သာေကာင္းေတာ့တယ္..."

အႀကီးဆံုးအပ်ိဳႀကီး၏ ၿငီးျငဴသံကိုမနဲအံတင္း၍ နားေထာင္ခဲ့ကာ မီးပ်က္၍မီးပူတိုက္ၿပီးတ၀က္
 မၿပီးတ၀က္ျဖစ္ေနရေသာ ၀မ္းဆက္ေလးကို အခန္းထဲသို႔သြားလိုက္ကာ လွဲ၀တ္လိုက္သည္။
 ကိုယ္ေပၚမွအိက်ႌေတြကို အပ်ိဳႀကီးတို႔အိပ္ခန္းထဲမွာပဲ ခဏေခါက္တင္ခဲ့ၿပီး ေဘးလြယ္အိတ္ကို
စလြယ္သိုင္းလ်ွက္ တိုက္အေပၚမွ ဆင္းလာခဲ့လိုက္သည္။

ေအာက္ထပ္တြင္ေတာ့ ဦးျမတ္ႀကီးသည္ ထံုးစံအတိုင္း သူ႔ပန္းပင္ေတြကို ေရေလာင္းေပါင္းသင္ေနသည္။
ထူးေတာ့ထူးဆန္းသား။ေရထဲကေနျပန္တက္လာမွ စိုက္လိုက္တဲ့အပင္ေတြဆိုတာ။
ေျမကို အသာေလးစြၿပီး ႏုႏုယြယြလုပ္ေနတာမ်ား စိတ္ရွည္လက္ရွည္ႏိုင္လွသည္။

"ဦးျမတ္ႀကီး...ဘာအပင္ေတြစိုက္ေနတာလဲ..."

"ေအး...ဒီမွာ...ရွားေစာင္းပင္စိုက္ေနတာေလ ..ညည္းေရာ..က်ူရွင္သြားမလို႔လား..."

"ဟုတ္ကဲ့...ဒါနဲ႔ေလဦးျမတ္က ဘာလို႔သေဘၤာသားအလုပ္ကို စြန႔္လႊတ္လိုက္ရတာလဲဟင္..ပင္လယ္မွာေပ်ာ္စရာမေကာင္းလို႔လား...."

ကိုယ္သေဘာေပါက္သလိုေလး ပြင့္ပြင့္လင္းလင္းေမးလိုက္မိေပမဲါ ဦးျမတ္သည္စိတ္တိုျခင္းအလ်ွင္းမရိွပဲ ပံုရိပ္ကိုသာ ‌ေျဖးေျဖးညင္ညင္ႃပံုးျပလာၿပီး ေနရိပ္ျဖင့္လင္းလက္ေနသၫ့္ စကၠူပန္းအျဖဴေရာင္ေလးေတြကိုသာ ရီေဝေဝစိုက္ၾကၫ့္လိုက္သည္။

မ်က္ခံုးတန္းႏွစ္ဖက္ကို အေရးအေၾကာင္းထင္ဟပ္ေလာက္သည္အထိ သူတြန႔္ႄကံု႔လိုက္ပံုက
အေၾကာင္းအရာတစ္ခုအား စိတ္နာေနဟန္ရိွသည္။ခက္ခဲပင္ပန္းခဲ့ရသည့္အ‌ေတြ့အႄကံုေတြကိုလည္း တရစ္ခ်င္းျပန္ေဖာ္ေနဟန္လည္း ထင္ရေစသည္။

"ပံုရိပ္ရယ္...ညည္းတို႔အသက္အရြယ္ကေတာ့ အေပၚယံေလာက္ပဲေတြးၿပီးေျပာၾကတာေပါ့...
တကယ့္တကယ္ တို႔ေတြပင္လယ္မွာဘယ္ေလာက္ခက္ခဲၾကမ္းတမ္းစြာ ဒုကၡပင္လယ္ေဝခဲ့ရသလဲ ညည္းမသိပါဘူး...
ဒီတစ္သတ္လည္း သိခြင့္ရမယ္မထင္ပါဘူး..."

"ဘာျဖစ္လို႔လဲ ဦးျမတ္ရဲ့...ပင္လယ္ဆိုတာသိပ္လွတဲ့ေနရာမဟုတ္ဘူးလား...ဦးျမတ္ကဘာလို႔သိပ္မုန္းသလို ပံုစံျဖစ္ေနရတာလဲ .."

ပံုရိပ္၏စကားသည္ ဦးျမတ္ကိုနာက်င္ေစလိုစိတ္အလ်ွင္းမရိွေပမဲ့ ဦးျမတ္သည္ ပံုရိပ္အားစိတ္ဆိုးသြားပံုရေလသည္။

"ဒီမွာပံုရိပ္...မျမင္ဘူးေတာ့ မူးကိုျမစ္ထင္ေနတာေတာ့ သဘာ၀ပါပဲ...တို႔ကအစပိုင္းက‌ေတာ့ကုန္းပတ္မွာအလုပ္လုပ္ရတာ သေဘၤာႀကီးရဲ့ကိုယ္ထည္တစ္ခုလံုးကို သန႔္ရွင့္ေရးလုပ္ရတာ ဘယ္ေလာင္ပင္ပန္းတယ္ထင္သလဲ..သေဘၤာလိုက္ရေအာင္ ႀကိဳးစားၿပီးေတာ့လည္း ပိုေတာင္ဆိုးေသးတယ္..အစားအေသာက္နဲ႔လိႈင္းမူးတာကိုေတာင္ မနည္းက်င့္သားရေအာင္ လုပ္ယူခဲ့ရတာ...
ကမ္းမျမင္လမ္းမျမင္နဲ႔ ဘယ္ေန့ဘာျဖစ္မလဲ..
ေသသြားခဲ့ရင္ေတာင္ မိဘေမာင္ဖြားေတြ မသိလိုက္မွာကို စိုးရိမ္ေနရတဲ့ဘ၀ႀကီးပါ...
အိမ္ကိုလြမ္းလို႔ ဖုန္းဆက္ခ်င္ရင္ေတာင္
လေပါင္းခ်ီၿပီး အလြမ္းသယ္ခြင့္မရတဲ့ဘ၀ႀကီးကို ညည္းဆိုရင္ေရာလိုခ်င္ပါအံုးမလား...စဉ္းစားၾကၫ့္ေပါ့...."

ဦးျမတ္ေျပာတာလည္း မွန္ေကာင္းမွန္ႏိုင္ပါတယ္။ပင္လယ္လို႔ေျပာလိုက္တာႏွင့္ သာမာန္လူေတြရဲ့ အေတြးအာရံုထဲမွာေတာ့ မနက္နဲ႔ညေနရဲ့ ဆည္းဆာအလွသည္ စိတ္ကူးႏွင့္ပင္‌ ေတြးရံုျဖင့္ လွပလြန္းသၫ့္ပင္လယ္ေရျပင္ျပာကိုသာ ျမင္တတ္ၾကေပမဲ့ သေဘၤာသားေတြရဲ့ အျမင္မွာေတာ့ ငုတ္တုတ္ထိုင္ရင္း စိတ္ကူးယဉ္စရာေကာင္းတဲ့ ေနရာမဟုတ္မွာေတာ့ ေသခ်ာတယ္။

ေနာက္ပိုင္းတြင္ အပ်ိဳႀကီးတို႔ကိုေမးၾကၫ့္ေတာ့မွ သိလိုက္ရတာကေတာ့ ဦးျမတ္သည္ ပင္လယ္ကိုမုန္းတီးသည္လည္းမဟုတ္သလို နားက်ည္းေနသူလည္းမဟုတ္ေၾကာင္းသိခဲ့ရသည္။ ဦးျမတ္တြင္ အရမ္းခ်စ္ရေသာ ငယ္ခ်စ္ဦးတစ္ေယာက္ရိွခဲ့သည္။

ဆယ္ေက်ာ္သက္အရြယ္တည္းက ခ်စ္ကၽြမ္း၀င္ခဲ့ၾကေပမဲ့ သေဘၤာေပၚတြင္ပဲရြက္လႊင့္၍ ရုန္းကန္ေနေသာဦးျမတ္ကို စြန႔္ခြာၿပီး အခ်စ္သစ္ရိွရာဆီသို႔ ႏႈတ္မဆက္ပဲ ရက္စက္စြာ ထြက္ခြာသြားခဲ့ေသာ
 ထိုအမ်ိဳးသမီးကို ဦးျမတ္သိပ္နာက်ည္းသြားခဲ့တယ္။

 ကမ္းမျမင္ပဲ ဘယ္ေသာင္ဆီလႊမ္းရမလဲ ေတြေဝေနသၫ့္အခ်ိန္တိုင္းမွာ သူ႔စိတ္ကူးကမ္းကပ္လိုရာ အခ်စ္ဆိပ္ကမ္းေလး ၿပိဳပ်က္သြားသလို ခံစားလိုက္ရတဲ့ဦးျမတ္တစ္ေယာက္ ပင္လယ္ျပင္ကိုစြန႔္ခြာလာခဲ့တဲ့အထိပါပဲ။

 သူ႔ဘ၀ရဲ့ ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေတြ ‌က်ိဳးပ်က္ၿပီး ခံစားခ်က္ေတြ ပ်က္ျပယ္ခဲ့ရမွာေသခ်ာပါတယ္။ဦးျမတ္ေနရာမွ ပံုရိပ္သာဆိုရင္ ထိုမိန္းမကိုမုန္းမိမွာ ေသခ်ာပါတယ္။
ဦးျမတ္မွာက တြယ္တာစရာ မိအို၊ဖအိုေတြက
ရိွေနေသးေတာ့ ျပန္စရာေနြးေထြးသၫ့္ အိမ္ကေလးရိွေနေသး၍ ေျဖသာပါေသးတယ္။


                                    🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

 
🔥🔥🔥🔥🔥🔥🔥🔥🔥


🔥ဆူးကြိုး...🔥အခန်း(၁၄)🔥 ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၄)🔥  ဒုတိယပိုင်း



"ခွေးကောင်....မင်းကဘာအချိုးချိုးတာလည်း...အစား၀အောင်ကျွေးထားလည်း ကျွေးတဲ့လက်ကိုပြန်ကိုက်တာပဲလား...ဟမ်..."

"ခင်ဗျားကြီးရဲ့ပါးစပ်က လျှားရိုးမရှိတိုင်း
လူကြားကောင်းအောင် အပိုတွေလျှောက်ပြောမနေနဲ့...ခင်ဗျားအခုနေနေတဲ့အိမ်ကကျုပ်အဖေအိမ်...ခင်ဗျားတနေ့တနေ့ မျိုနေသမျှက
ကျုပ်အမေရှာထားတဲ့ပိုက်ဆံနဲ့
မျိုနေတာမဟုတ်ဘူးလား..."

"ဟေ့ကောင်...သူတောင်းစားမင်းကလူပါး၀လို့...
မင်းကရောဘာသောက်လုပ်သောက်ကိုင်ရှိလို့လဲ"

"အမယ်လေး...ရှင်တို့နှစ်ယောက်တော်ကြပါတော့
..ကျွန်မကိုစိတ်ဆင်းရဲအောင်လုပ်ရမှကျေနပ်ကြမှာလား..."

"ဟေ့...မင့်သားဂျိုမွှေနေတာလေ...."

"ခင်ဗျားက မူးရူးပြီးကျုပ်အမေကို ထဆဲတာလည်းပြောအုံးလေ....သူများပုံပြီးသားကောက်ရိုးပုံပေါ်မှာ အခန့်သား၀င်အိပ်ချင်နေရင်လည်း အေးဆေးအိပ်
...မိန်းမထဘီနားခိုစားပြီး လူပါးတော့လာမ၀နဲ့..."

"ဟေ့ကောင်ခွေးသား မင်းဘာစကားပြောတာလဲ
...မင်းကိုငါသတ်မယ်...."

"အမယ်လေး...အရပ်ကတို့ရေ...ငါရှစ်ကြီးခိုးပါရဲ့
...နင်တို့မတော်ကြသေးဘူးလား...
ကိုကံထူး...ရှင်မလုပ်နဲ့နော် ...."

"လာစမ်းပါ... ခင်ဗျားကိုကြည့်နေတာကြာပြီ...
အမေ့မျက်နှာကြောင့် ကျုပ်သည်းခံနေတာ..."

"အောင်မယ်...သူတောင်းစား မင်းသောက်ပါးစပ်ကဘာစကားထွက်နေတာလည်း...
ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲလာလုပ်ပြနေတယ်...မင်းအမေငါ့မယားတောင်
ဒီစကားမထွက်ဘူး...မင်းကဘာထဖြစ်နေတာလဲ..."

"ကဲ...တော်ကြပါတော့...တော်ကြပါတော့...
ကျွန်မတောင်းပန်ပါတယ်...ရှစ်ကြီးခိုးပါရဲ့...."

"အမေဘာမှတောင်းပန်စရာမလိုဘူး...ဒီအရက်သမားကိုသာ အိမ်ပေါ်ကနှင်ချလိုက်...အလကား
ကျုပ်အိမ်မှာလည်း ခိုကပ်နေသေးတယ်...
ကျုပ်အမေကိုလည်းလူလိုမဆက်ဆံဘူး....
ခင်ဗျားဒီအိမ်ကနေ အခုချက်ခြင်းထွက်သွား...."

"မသွားတော့ဘာဖြစ်ချင်လည်း...ဟေ့ကောင်
ငါ့မိန်းမကို ငါ့ဘာသာရိုက်ရိုက် သတ်သတ်မင်းအပူပါလား....လူလိုပြောနေတာနားမလည်ဘူးလား ..."

"အမယ်လေး...မလုပ်နဲ့လို့ကျွန်မပြောနေတယ်နော် ကိုကံထူး..."

ဒီနေ့မှာ စိတ်ကြည်လင်စွာနှင့်နေရမယ်မှတ်တာ အရေးထဲရန်ပွဲတစ်ခုနှင့်လာတိုးနေသည်။အခြားသူတွေတော့မဟုတ်ပါဘူး ပွဲတိုင်းကျော်တဲ့ ကွမ်းယာသည်တို့သားအမိပါပဲ ။

ဦးကံထူးက အရပ်မူးနေပုံရသည်။
ခန္ဓာကိုယ်မှာ အ၀တ်တောင်မကပ်တော့သည်အထိ ယိုင်ထိုးနေပြီး မျက်လုံးတွေကလည်း နီမြန်း‌နေသည်။သူတို့အိမ်‌ရှေ့ရှိ ငုတ်တိုင်တစ်ခုအား ဆွဲနှုတ်လိုက်ပြီး ကိုင်မြောက်ကာဟိန်းကိုအား
ရိုက်နှက်ဖို့ ကြိုးစားနေသည်။သူကအတင်းရုန်းထိုး  
သူ့မမိန်းမကဆွဲနှင့် အိမ်ရှေ့လူမြင်ကွင်းကြီးတွင် မြင်မကောင်းရှုမကောင်းဖြစ်နေကြသည် ။
ဘေးအိမ်ကလူအချို့လည်း ထွက်လာကြကာ ရန်ပွဲကိုကြည့်ကြကုန်တော့သည်။မဟန်လျှင် ဝိုင်းဆွဲကြမှာကြိမ်းသေသည်။

ဟိန်းကိုဆိုသည်မှာလည်း အသက်က၁၅နှစ်သာရှိသေးပေမဲ့ သူ့ပထွေးကိုကြည့်နေသော အကြည့်တွေဟာ မုန်းတီးမှုများပြည့်လျှံနေကာ သူ့ကိုတစ်ချက်ထိသည်နှင့်ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ပြန်၍တွန်းကန်ရုန်းထိုးဖို့ အဆင်သင့်ဖြစ်နေသည်။လက်သီးကို တင်းတင်းဆုပ်၍ထားသောကြောင့် ချွေးများစီးကျနေသည့် လူ့လက်ဖျံကြောတွေကို မြင်နေရလေသည်။

မျက်ဖြူလံလောက်သည်အထိ ဦးကံထူးအားစိုက်ကြည့်နေသော ဟိန်းကိုသည်‌နှုတ်ခမ်းကိုစေ့ပိတ်ထားလျှက် အံကိုတင်းထားကာ အသက်ရှုနှုန်းတွေမြန်လာပြီး ယခုချက်ခြင်းပင်ဒေါသမီးလျှံတို့ ပေါက်ကွဲထွက်တော့မတတ် ရှူးရှူးရှားရှားဖြစ်နေသည်။

တကယ့်တကယ် ထိုးကြကြိတ်ကြမည်ဆိုပါက
ဦးကံထူးသာမူးမနေလျှင် သူလုံး၀နိုင်အောင်ပြန်ခုခံနိုင်မယ်မထင်ဘူး။
လူကောင်ချင်း၊အရပ်အ‌မောင်းချင်းက အတော်ကွာလေသည်။ဖွဲ့ဖြိုးကာစ ဆယ်ကျော်သက်လူငယ်တစ်ယောက်နှင့် အရွယ်ကောင်းလူလတ်ပိုင်းဖြစ်သောကြောင့်ပါပဲ။ ဦးကံထူးဆိုသည်မှာ ယခင်ကဆိုင်ကယ်လ်ပြင်ဆိုင်ဖွင့်စား၍ တစ်ကိုယ်ရည်တကာယမပူမပင်ပဲ နေသူဖြစ်သည်။

နယ်ဘက်ကနေ ပြောင်းလာသူဟုသိရပေမဲ့ ညီအစ်ကိုမောင်နှမ ဘယ်လောက်ရှိသလဲတော့
ပုံရိပ်မသိပေ။အရက်သေရည်စာကိုတော့ ယခင်တည်းကစွဲမြဲစွာ သောက်တတ်သူဖြစ်လေသည်။
ဟိန်းကို၏အမေဟာ ခင်ပွန်းဆုံးပါးပြီးသိပ်မကြာခင်မှာပဲ ဒီလူနှင့်မယူခင်တည်းက ညားသည်ဟုဆိုရပေမည်။

ရပ်ကွက်ထဲတွင် ငွေတိုးချေးစားသူဖြစ်တာကြောင့် အချို့ကလည်းမ‌ကင်းရာမကင်းကြောင်းဖြစ်၍ အတင်းမတုတ်ရဲကြပေမဲ့ သူတို့၏အပုပ်နံ့ကတော့ ရပ်ကွက်ထဲမှာ တထောင်းထောင်းပါပဲ။
ဟိန်းကိုနေရာမှာ ပုံရိပ်သာဆိုလျှင် ခေါင်းမဖော်နိုင်အောင်ကိုရှက်မိမှာသေချာတယ်။
အေးလေ ဒီအမေကမကောင်းတော့လည်း ဒီသားကဆိုး‌ပေတာမဆန်းတော့ပါဘူး။

ယခင်က ဆိုင်ကယ်လ်ပြင်ဆိုင်လေးဖွင့်ထားသည့် ဦးကံထူးသည် စည်ပင်သာယာ၏ဖယ်ရှားခိုင်းမှုကြောင့် ဆိုင်နေရာကိုဖျက်ရပြီးတည်းက
ဘာအလုပ်မှကို လုပ်ကိုင်ခြင်းမရှိတော့ပဲ မိန်းမလုပ်စာထိုင်စားကာ နေ့ညမပျက်အရက်နှင့်သာ
 ခြေဆေးနေခဲ့သည်။

မိန်းမဖြစ်သူကလည်း အာကြမ်းလျှာကြမ်းဆိုတော့ ရပ်ကွက်ထဲတွင် နေ့စဉ်နှင့်အမျှဆူပူသံတွေကို
မကြားချင်မှအဆုံးပင်။သားအမိချင်းရန်ဖြစ်လိုက် လင်မယားချင်းရန်ဖြစ်လိုက်နှင့် ဘေးလူတွေတိုင်၍ ရပ်ကွက်‌ရုံးတောင် ရောက်လိုက်သေးသည်။

ပုံရိပ်လည်း ရန်ပွဲကိုအခြားသူများနည်းတူ ခေတ္တမျှရပ်ကြည့်လိုက်ပြီးနောက် တုတ်တွေဘာတွေလွှင့်စင်လာပါက အလကားနေရင်းကိုယ်ပါဒုက္ခရောက်မည်စိုး၍ ထိုနေရာမှအမြန်ရှောင်ထွက်လာခဲ့လိုက်သည်။

အချိန်ကတော့ ညနေငါးနာရီခွဲ‌နေလေပြီ ။နေ၀န်းနီနီသည် အနောက်အရပ်သို့ ၀င်ရောက်ပျောက်ကွယ်စပြုနေသည် ။မြောက်လေတိုက်၍ သစ်ပင်တို့ယိမ်းနွဲ့လှုပ်ရှားသွားသည့်နည်းတူ လေအသုတ်တွင်ရောယှက်၍ပါလာသော  သဲလုံးကြီးကြီးကြောင့် မျက်လုံးတွေကိုမှိတ်ထားလိုက်မိသည်။

ဆံပင်ကို ခပ်မြင့်မြင့်စီးနှောင်ထားသောကြောင့် ဆံပင်ရှည်တွေဟာ လေထဲတွင်ယိမ်းထိုးကာမျက်နှာကိုပါ လာရောက်ရိုက်ခက်နေသကဲ့သို့ဖြစ်နေသည်။လေညိမ်သွားသည့်အခါ မျက်လုံးကိုလာအုပ်နေသောဆံပင်တွေအား ဖယ်ပစ်လိုက်ပြီး ဖုန်မှုန့်တွေ စင်သွားသောမျက်နှာကိုလည်း လက်ဖြင့်သပ်ချလိုက်သည်။

ဆရာတို့အလုပ်သည် စနေ၊တနင်္ဂနွေပိတ်သောကြောင့် နောက်ဆုံးအလုပ်ဆင်းရက်ဖြစ်သည့် သောကြာနေ့တွင် ငါးနာရီခွဲလောက်ကျောင်းကိုပြန်ရောက်မည်ဟုဆိုသည်။‌ခြောက်နာရီခွဲတွင် စာသင်ချိန်စမည်ဖြစ်ပြီး ဒီနေ့မှာကျက်စာမေးမည်ဖြစ်တာကြောင့် စာနွေးဖို့ရန် ကျောင်းသို့စောစောထွက်လာမိသည်။

ကျောင်းမုခ်၀သို့ရောက်သောအခါ ညှပ်ဖိနပ်လေးအာ ချွတ်နေစဉ် အနောက်မှအရိပ်တစ်ခုဖြတ်ပေးသွားသလို ခြေသံမျိူးကိုကြားလိုက်၍ လှည့်ကြည့်လိုက်မိတော့ နှလုံးသားလေးတောင် ဒုန်းကနဲ့
 ‌ခုန်ဆောင့်တတ်သွားလောက်သည်အထိ အံ့သြထိတ်လန့်သွားမိသည်။

ခြေထောက်ဗလာနှင့် လူတစ်ယောက် ဖြတ်ပြေးသွားခြင်းဖြစ်သည်။သွေးရည်နီနီပျစ်ပျစ်တို့သည် သူပြေးသွားရာ လမ်းတစ်လျှောက်တွင် တစက်စက်ကျသွားပုံက အဖြူအတိလွှမ်းနေသော ကင်းဗတ်‌ အပေါ်သို့ အနီရောင်ဆေးစက်တွေ လွှင့်ခါချလိုက်တာနှင့်ပင် တူနေသည်။ပခုံးတွင် ရှိနေသော သူ့ဒဏ်ရာကို လက်ဖြင့်အုပ်၍ ပြေးသွားတာကြောင့် အထင်အရှားမတွေ့လိုက်ရပေမဲ့ သူသိပ်နာမှာပဲလို့ သနားဂရုဏာသက်မိသည်။
သူ၀တ်ထားတဲ့အဖြူရောင် စွပ်ကျယ်ချိုင်းပြတ်လေးမှာတောင် သွေးတို့ရွှဲနေသည်။

သူသည် အခြားသူမဟုတ်ပဲ လမ်းထဲတွင် မြင်တွေ့ခဲ့ရသော ရန်ပွဲအတွင်းမှ ကွမ်းယာသည်၏သား၊ကျောင်းတွင် ပုံရိပ်သတိလစ်မေ့မျောခဲ့စဉ်က ဆေးရုံသို့ပွေ့ချီ၍ လိုက်ပို့ခဲ့သော ဟိန်းကိုပင်ဖြစ်သည်။ ကျောင်းတိုက်ထဲသို့ မ၀င်မိခင်တွေးမိတဲ့အတွေးလေးကတော့ ဆရာနေမျိုးဆီတွင် စာသင်ဖို့ဖြစ်တည်လာခဲ့သော ပထမဦးဆုံးအကြံဉာဏ်ကလည်း သူပေးခဲ့တာဆိုသည့်အချက်ပါပဲ။

ကျောင်းကန်ဘောင်တွင် သူနဲ့နောက်ဆုံးဆုံတွေခဲ့စဉ်က သူဟာပုံရိပ်ကို စကားကောင်းကောင်းပြော၍တုန့်ပြန်ခဲ့သည်။
သူ့ကိုလည်း လူကောင်းတစ်ယောက်လို့ သတ်မှတ်ခဲ့မိသလို  သူ့အပေါ်မှာလည်းကျေးဇူးတရားတစ်ခု အကြွေးတင်နေတယ်။ဒါပေမဲ့ အခုအချိန်မှာသူ့ရဲ့ သွေးဆက်လက်နှင့် ပုံစံကိုမြင်နေရပေမဲ့
စိတ်မကောင်းရုံကလွှဲပြီး ဘာမှလုပ်မပေးနိုင်ပါလား။

ခန္ဓာကိုယ်ကသာ မုခ်ဦးကိုကျော်လာပေမဲ့ စိတ်ကတော့ ဟိန်းကို၏သွေးစက်ကျရာအနောက်သို့ ပါသွားခဲ့လေသည်။သူ့ဒဏ်ရာကိုကြည့်ရတာ ပြင်းထန်မဲ့ပုံပဲ။သူ့ပထွေးရိုက်လိုက်တာနေမှာပေါ့။
သူ့အမေကရော သားတစ်ယောက်လုံးအရိုက်ခံနေရတာကို ဒီအတိုင်းပဲကြည့်နေခဲ့ရသလား။တကယ်လို့ သွေးထွက်လွန်ပြီး သတိတွေဘာတွေမေ့သွားရင်
သူ့ကိုဘယ်သူလာကယ်ပါ့မလဲ။

သူပြေးသွားတဲ့ဘက်မှာက ရိုးတစ်ခုရှိပြီး ဟိုဘက်သည်ဘက်ကမ်းအား ကူးဖို့ရန် ဝါးတံတားငယ်တစ်ခုရှိသည်။ ရိုး၏တစ်ဖက်အခြမ်းကျော်လွန်ပါက ကန်စွန်းခင်း၊ချဉ်ပေါင်ခင်းနှင့် ဟင်းနုနွယ်ခင်းတွေကို တမျှော်ကြီး တွေ့ရနိုင်သည်။ ထိုကိုင်းအခင်းထဲတွင်တော့ တဲတစ်လုံးရှိပြီး ကန်စွန်းခင်းပိုင်ရှင်တော့နေမှာပဲ ။အဲ့ဒီ့လူတွေသူ့ကို တွေ့သွားရင်တော့ သူသိပ်ကိုကံကောင်းမှာပေါ့။

"ဟေ့...မိပုံ...ဘာတွေငိုင်နေတာလဲ..ဒကာမလေးတို့ဆရာကနောက် နာရီ၀က်,တစ်နာရီလောက်ဆိုရင်ရောက်တော့မှာ...မင်းမင်းတို့အဖွဲ့ကတော့ ရင်ပြင်ပေါ်မှာ တက်ဆော့နေကြတယ်...."

ဦးဇင်းပြုံးချိုသည် ပုံရိပ်ကိုဖလှဲတကင်း နှုတ်ဆက်စကားပြောဆိုနေပေမဲ့ ပုံရိပ်၏
မျက်၀န်းတွေကတော့ ဦးဇင်း၏လက်ထဲမှ ဆေးတွေထည့်ထားသော ကော်ဗူးကိုသာ ကြည့်နေမိသည်။ကော်ဗူးကအကြည်ဖြစ်၍ အထဲမှပတ်တီးတွေ၊ဂွမ်းတွေနှင့် အနာကျက်ဆေးဗူးသေးသေးလေးကိုပါ မြင်နေရလေသည်။

"ဒကာမလေး...ဘာဖြစ်နေတာလည်း...."

"ဦးဇင်း...တပည့်တော်ကိုဒီဆေးဗူးလေး
 ခဏပေးပါလား..."

ပုံရိပ်၏ ရုတ်ချည်းဆန်သောအပြုအမူနှင့်တောင်းဆိုမှုကြောင့် ဦးဇင်းသည်ထူးဆန်းသလို ကြည့်လာသည်။

"ဘာလုပ်ဖို့လဲ...ကပ္ပိယမောင်နိုင်..ထမင်းစားဆောင်ကိုကူမိုးရင်း သွပ်ရှလို့‌ဆေးထည့်ပေးပြီး ပြန်လာတာ...ဒကာမလေးကဒါကိုဘယ်နေရာမှာ သုံးမလို့လဲ..."

"တပည့်တော်...ဟို...ဟို..လမ်းမှာကြောင်လေးတစ်ကောင်လေ...ဒဏ်ရာရတာတွေ့ခဲ့လို့ပါ
...တပည့်တော်ကိုခဏပေးပါနော်...ပြီးရင်ပြန်လာပေးပါ့မယ်..."

"ဟာ.....ဟေ့ ..ဒီဒကာမတော့ နောက်ကနေ
ကျားလိုက်နေတဲ့အတိုင်းပဲ မြန်လိုက်တာများ..."

ဆေးဗူးကိုယူကာ ခြေကုန်သုတ်၍ ကျောင်း၀န်းထဲမှပြေးထွက်သွားသော ပုံရိပ်အား ဦးဇင်းပြုံးချိုသည် မရှိတဲ့ ဆံပင်ပေါက်များကိုကုတ်မိလျှက် ငေး၍ကျန်နေခဲ့တော့သည်။

ပုံရိပ်ကတော့ ဆေးဗူးကိုရင်မှာပိုက်လျှက် တစ်ဖက်တွင် လွယ်အိတ်ကိုကိုင်ထားရင်းနှင့်ပင် ဘုန်းကြီးကျောင်း၏တောင်ဘက်အခြမ်းသို့ ပြေးသွားလေသည်။
ကျူတောများ ပွထနေသောလမ်းကြားကိုလည်းတစ်ချက်လှမ်းကြည့်လိုက်မိသည်။

ကျူပင်တွေနှင့် တောထနေသောထိုနေရာတွင် ပွဲ‌ဈေးလုပ်မည့်အခါမျိုးတွင်မှ ဆရာတော်ကြီးသည်အလုပ်သမား‌တွေခေါ်၍သော်လည်းကောင်း ရပ်ကွက်ထဲရှိ လုပ်အားပေးလူငယ်များ ၀န်းရံ၍
သော်လည်းကောင်း လမ်းဘေးရှိကျူတောများကို ခုတ်ထွင် ရှင်းလင်းတတ်သည်။

ယခုတော့ ထိုလမ်းကလေးထဲသို့ ၀င်ဖို့ကိုတောင်
မဝံ့ရဲလောက်သည်အထိ ကျူပင်တွေအလွန်များပြားသောကြောင့် ရှေ့သို့သာဆက်လာခဲ့လိုက်သည်။

ကျူတောကို ကျော်လွန်လေသောအခါ ကားလမ်းမကြီးနှင့် နီးစပ်လာ၍ကားသံတဝီဝီအားလည်း
မကြားချင်မှအဆုံးပင်။ရိုးကြီးအနားကိုရောက်လာသောအခါမှာတော့ ကန်စွန်းခင်းဘက်အခြမ်းသို့ ကူး၍ရသောတံတားကို
ရှာမိသည်။မြက်ပင်ရှည်ကြီးများနှင့်အနည်းငယ်ကွယ်နေသောကြောင့် အလျှင်အမြန်ရှာမ‌တွေ့ပေမဲ့ သေချာလေးရှာကြည့်တော့ တွေ့လေသည်။

သို့ပေမဲ့ ရိုးကိုဖြတ်ကူးမည့် ပုံရိပ်၏
စိတ်အားထက်သန်လွန်းသော ခြေလှမ်းတွေသည်တံတားငယ်လေး၏ထိပ်တွင်သာ ရပ်တန့်သွားသည်။အဘယ်ကြောင့်ဆိုသော် တံတား၏အလည်တည့်တည့်တွင် ဒူးထောင်လျက်ဖြင့် လည်ပင်းကို
ငုံ့ကိုင်းထားပြီး လက်မောင်းတွေကြားသို့ မျက်နှာဝှက်၍ငိုရှိုက်နေသော ကောင်လေးကြောင့်ပါပဲ။

နေလုံးသည် ကောင်းကင်ယံတွင် လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးသည်လည်း ပုစွန်ဆီရောင်နှင့်လိမ္မော်ရောင် ရောယှက်သကဲ့သို့ဖြစ်နေကာ တံတားကလေးသည် ထိုအရိပ်တို့လွှမ်းခြုံသကဲ့သို့ဖြစ်နေသည်။

တံတားအောက်ရှိ ရိုးထဲတွင်အစဉ်မပျက်စီးဆင်းနေသော ရေလျှင်ကြောသည် ကြောက်တုံးနှင့်မြေဆီလွှာအား ပွတ်တိုက်မိသောအခါတွင်
စည်းချက်မှန်အောင် တီးခတ်‌နေသောဂီတသံစဥ်လေးဖြစ်သွားသကဲ့သို့ တိတ်ဆိတ်နေသည့် အခိုက်အတန့်အား အသက်၀င်စေသည်။

လေတိုက်လိုက်သည့်အခါတိုင်း တရှဲရှဲမည်သံနှင့်အတူ မြက်ရိုင်းပင်တို့ ယိမ်းခါသွားပေမဲ့ သူကတော့ ခေါင်းမော့၍ ကြည့်မလာပေ။
သူ့ဘယ်ဘက်ရှိလက်မောင်းဒဏ်ရာသည် သွေးများချက်ခဲ၍ ခြောက်နေသ‌ယောင်ဖြစ်နေသည်။

"နင်...အဆင်ပြေရဲ့လား...."

ဖြည်းဖြည်းတိုးတိုးလေး မေးလိုက်မိပေမဲ့
သူချက်ခြင်းမော့ကြည့်လာသည်။သူ့မျက်လုံးတွေဟာ ကောင်းကင်၏အရောင်နှင့် ရောယှက်နေသကဲ့သို့ နီဆွေးပူလောင်မှုအတိဖြစ်နေသည်။

ယောက်ျားတစ်ယောက်ငိုနေတာကို ဒီလောက်အထိအနီးကပ်မမြင်ဖူးတာကြောင့် ကိုယ်လည်းဘာဆက်ပြောရမှန်းမသိပဲ ကြောင်နနလေးဖြစ်နေမိသည်။

သူ့မျက်၀န်းတွေသည် ကိုယ်ကိုင်လာသည့် ဆေးဗူးအားကြည့်နေသည်ဟု ကောက်ချက်ချလိုက်မိစဉ်မှာတော့ သူထိုင်နေသော တံတားအလည်ခေါင်အထိ လျှောက်သွားလိုက်မိသည်။

သူ့ပုံစံကတော့ အခုထိပုံရိပ်ကို တွေ့နေရတာကိုပင် မယုံရဲသလိုကြီး ဖြစ်နေသည်။
တံတားအောက်သို့ ခြေထောက်ကိုတွဲလောင်းချ
လျှက် သူ့ဘေးတွင်၀င်ထိုင်မိသည့်အချိန်အထိ
သူ့မျက်လုံးတွေကို မှေးကျင်းထားသော အနေအထားဖြင့် ပုံရိပ်ကိုကြည့်နေတုန်းပါပဲ။

"ဒဏ်ရာက နာနေလား..ဒီအထဲမှာအရက်ပြန်နဲ့ဂွမ်းပါတယ်...ငါအနာကိုအရက်ပြန်နဲ့ဆေးပေးမယ်လေ...."

"ဘာလုပ်တာလဲ...."

သူ့ရဲ့ဘယ်ဘက်ပခုံးအား တွန့်ရုန်းယူလိုက်တာကြောင့် စိတ်ထဲမှာနည်းနည်းတော့ ကသိကအောင့်ဖြစ်သွားမိတယ်။

"နင့်ဒဏ်ရာကို ဆေးထည့်ပေးမလို့လေ...
အများကြီးအစားကြီးတော့မပါဘူး...
အရက်ပြန်ရယ် ၊ဂွမ်းရယ်အနာကျက်ဆေးရယ်ပဲ
 ပါတယ်..."

"လာမလုပ်နဲ့ ငါ့ဘာသာသေချင်သေပါစေ..."

သူ့အသံကြီးသည် လက်ချောင်းအ၀မှဆို့နင့်စွာထွက်လာသော အသံကြီးဖြစ်နေသည်။
သူ့ပထွေးနဲ့ဘယ်လိုတွေပြဿနာတက်လာသလဲ
မသိပေမဲ့ လူငယ်အချင်းချင်းမို့ သူခံစားနေရတာကို ၀င်မခံစားပေးနိုင်ရင်တောင် နားလည်ပေးလို့ရပါတယ်။

"ဆေးမထည့်ရင် မေးခိုင်ပိုးတွေ၀င်သွားမှာပေါ့ .."

"၀င်ပါစေ...အခုသေလည်းအခုအေးတာပဲ
..နေချင်စိတ်လည်းမရှိတော့ဘူး...အာ့..."

ပြောရင်းဆိုရင်း သူ့ဒဏ်ရာကကိုက်လာတယ်ထင်ပါရဲ့ သူ့မျက်နှာကြီးရှုံ့မဲ့သွားသည်။

"တွေ့လား...အနာကဆေးမထည့်ရင် နည်းနည်းကြာတာနဲ့ ပိုကိုက်ခဲပြီး ခံရခက်လာမှာ..
ငါ့အဖေဆိုရင် ဓားရှတာကိုဘာမှမဖြစ်ဘူးဆိုပြီး
ဒီအတိုင်းထားလိုက်မိတာ ခွဲစိတ်ခန်းတောင်၀င်လိုက်ရတယ်...မပေါ့ပါနဲ့ဟာ.."

"ပုံရိပ်...နင်ငါနဲ့ဝေးဝေးမှာသွားနေစမ်းပါ...
ငါ့လိုကောင်နဲ့လာမပတ်သတ်ချင်ပါနဲ့...
စကားတွေလည်း အများကြီးလာမပြောစမ်းနဲ့
...အေးအေးဆေးဆေးပဲနေပါရစေ..."

သူကများပုံရိပ်ကိုနှင်လွှတ်ရတယ်လို့။
စေတနာနဲ့ လာမိပေမယ့် တကယ်ကိုစေတနာနဲ့
မထိုက်တန်တဲ့လူပဲ။
ကိုယ့်မှာ ဦးဇင်းပြုံးချိုဆီကနေတောင်
အတင်းယူလာခဲ့ရတာ။

ပုံရိပ်ဆိုသည်မှာလည်း မလုပ်နှင့်ဆိုသောအရာကိုမှ ပိုလုပ်ချင်သူဖြစ်နေ‌တာကြောင့် ဒဏ်ရာရနေသည့် သူ့လက်မောင်းကိုဆွဲဆောင့်ယူလိုက်ပြီး အရက်ပြန်တွေလောင်းချပစ်လိုက်သည်။

"အာ့...အား..သေပါပြီ...နာတယ်ဟ..."

"သေလည်းအေးတာပဲဆို နာလည်းမအော်နဲ့လေ..."

ဟိန်းကိုသည် သူ့မျက်နှာအား လက်ညှိုးငေါက်ငေါက်ထိုး၍ ဖိဟောက်နေသူပုံရိပ်ကို ဒေါသမျက်၀န်းတွေနှင့်ကြည့်လိုက်မိပေမဲ့
ဒီကောင်မလေးကတော့ သူ့ကိုလုံး၀ကြောက်ရွံ့ဟန်မရှိတဲ့အပြင် သူ့အသားမဟုတ်တိုင်းဒဏ်ရာကို ဆေးထည့်ပေးနေပုံက မညှာမတာနှင့်ပင်။

အနီးကပ်မြင်နေရတော့မှ သူမ၏မျက်နှာအစိတ်အပိုင်းတွေကို သေချာငုံ့ကြည့်မိသည်။
ပုံရိပ်ဆိုသည့်မိန်းကလေးက နူးညံ့တဲ့အပြုအမူတွေ လုပ်မပြတတ်သလို အပြောအဆိုကလည်းယဉ်ကျေးတယ်လို့မဆိုသာဘူး။

ဒါပေမဲ့ သူ့ရဲ့မျက်နှာလေးကတော့
အစက်အပျောက်တစက်တောင်မရှိပဲ ချောမွေ့နူးညံ့နေသည်။နှာတံစင်းစင်းလေးနှင့် လခြမ်းကွေး
သဏ္ဍန်မျက်ခုံးမွှေးတန်းလေးက စိမ်းညို့နေပြီး
 မထူမပါးလေးဖြစ်သည်။
နဖူးကျဉ်းကျဉ်းလေးကို ဆံပင်တွေလှန်စည်းထားတာကြောင့် ပြေပြစ်သောနှဖူးပြင်လေးက ချွေးစို့၍အရောင်လက်နေသည်။

ညှို့ဓာတ်ပါသော မျက်၀န်းလေးတွေအား ကာရံထားသည့်မျက်တောင်လေးတွေသည်တိုစိပ်စိပ်လေးတွေဖြစ်နေပေမဲ့ ထူထဲ၍ကော့ညွှတ်ညွှတ်ကလေးဖြစ်နေတာကပင် သူ့မျက်လုံးလေးတွေကို
ပို၍အရောင်တောက်စေသည်ဟု ဆိုရမည်။

ညာဘက်ပါးပြင်လေးမှာလည်း စပယ်တင်မှဲ့ရေးရေးလေး ရှိနေပြီး ညာဘက်နားရွက်ချွန်ချွန်လေးတွင်လည်း မှဲ့နက်ကလေးကထင်းနေသည်။
 ပုံရိပ်၏မျက်နှာကို သူတွေငေးကာစိုက်ကြည့်နေမိစဉ်မှာ အနာကိုပွတ်ချလိုက်တာကြောင့်....

"အား...သေပြီဟ..ဆေးလာကုပေးနေတာလား
...ဒုက္ခလာပေးနေတာလား...

"ငြိမ်ငြိမ်နေစမ်းပါ...ခွေးလေး၊ကြောင်လေးတွေတောင် ဒဏ်ရာရနေရင် ငါကကြည့်နေနိုင်တာမဟုတ်ဘူး...အားနေလို့လာလုပ်ပေးတယ်မထင်နဲ့
...စာကျက်ဝိုင်းသွားရအုံးမှာ...ငြိမ်ငြိမ်နေ...."

သူ့ဒဏ်ရာက အရမ်းမနက်ပေမဲ့ သံလိုချွန်ထက်သည့်အရာဖြင့် အားပြင်းပြင်းခြစ်မိတာသေချာသည်။ဒဏ်ရာကြီး ဒီလောက်ဖြစ်နေတာကို
လူမသိသူမသိနေရာမှာ လာထိုင်နေတာများ အံ့ဩစရာပဲ။
အော်..ပုံရိပ်တောင်အိမ်ကနေထွက်ပြေးခဲ့ဖူးသေးတာပဲလေ။

"ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ...နင့်ပထွေးလုပ်လိုက်တာလား..."

"နင်ငါတို့ရန်ဖြစ်နေတာကို မြင်လိုက်တာလား..."

"အော်...တစ်ရပ်ကွက်လုံးမြင်တဲ့ဥစ္စာ..."

"ဟုတ်တယ် သူလွှဲပြီးရိုက်လိုက်တဲ့တုတ်ကိုရှောင်လိုက်မိပေမဲ့ ထိပ်မှာစိုက်၀င်နေတဲ့သံချောင်းနဲ့ခြစ်မိတာ...အဲ့လူကိုလည်းငါလက်သီးနဲ့ထိုးပစ်ခဲ့တယ်..."

"အဲ့လောက်တောင်ဖြစ်ခဲ့တာလား...နင့်အမေကရောဘာပြောသေးလဲ..."

"ထွက်သွားတဲ့...အိမ်ပေါ်ကနေဆင်းသွားတဲ့...
သူ့ယောက်ျားရဲ့နှာနုရိုးကိုထိပြီး နှာ‌ခေါင်းသွေးထွက်တာပဲသူမြင်တယ်...ငါ့လက်မောင်းကစီးကျလာတဲ့ နီနီရဲရဲသွေးစက်တွေကိုတော့
သူကပန်းပွင့်‌တွေ အဆုပ်လိုက်ကြွေကျနေတယ်လို့ ထင်နေပုံပါပဲ...သူမို့လျစ်လျှူရှုထားရက်တယ်..."

"ဒီလိုဆိုရင် နင့်အမေကိုနင်မုန်းသလား..."

သူ့အနာကိုဆေးထည့်ပေးအပြီးတွင် ‌ပတ်တီးစည်းပေးရင်းနှင့် ဘာရယ်မဟုတ်မေးခွန်းထုတ်လိုက်မိသည်။

"ငါအမေ့ကိုမမုန်းပါဘူး...အမေ့ကိုအခုထိခင်တွယ်တုန်း...သံယောဇဉ်ရှိတုန်းပါပဲ
...ဒါပေမဲ့လေးစားလို့တော့ မရတော့ဘူး...
ငါ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့တွဲလျှက်ပါလာတဲ့
...ကြည်ညိုလေးစားမှုတွေကတော့...
အဖေဆုံးပြီးကတည်းက ပျောက်ပျယ်သွားခဲ့ပြီ..."

"ဒါဆိုရင် သားသမီးတစ်ယောက်ကိုအကြောင်းမဲ့သက်သက် စွန့်ပစ်သွားတဲ့မိဘတွေဆိုရင်ရော
မုန်းသင့်သလား..."

"အဲ့ဒါတွေ ငါ့ကိုလာမမေးပါနဲ့ပုံရိပ်...
အခြားသူတစ်ယောက်ရဲ့ဘ၀ကို ငါမဝေဖန်ပေးချင်ဘူး...လူတိုင်းကသူ့ကံတရားနဲ့သူပဲ
အဲ့ဒီ့ကံတရားကိုလက်ခံပေးဖို့ ခန္ဓီပါရမီ
မကောင်းလို့သာ..ပြဿနာတွေဖြစ်နေရတာ..."

"ဘယ်သူမှတော့ ပြဿနာမဖြစ်ချင်ကြပါဘူး
..သည်းခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်လာလို့သာ ပြန်ခုခံရတာမဟုတ်လား..."

"ဟုတ်တယ်..ဒါပေမဲ့ ငါကသူများနဲ့မတူဘူး...
ပြန်ခုခံရင်းကနေ တိုက်ခိုက်ပစ်ဖို့ပါ
ဖြစ်လာတတ်လို့...တခါတလေ ငါ့ကိုယ်ငါ‌တောင်
မထိန်းချုပ်နိုင်ဘူး...မထိန်းချုပ်ချင်တာဆိုပိုမှန်ပါလိမ့်မယ်...ငါကလူကောင်းမဟုတ်ဘူး...
နင်ငါ့အနားကို နောက်တစ်ခါမလာမိပါစေနဲ့..."

"နှင်လွှတ်တယ်ပေါ့...ကဲ..ပတ်တီးစည်းပေးပြီးပြီ
...ငါလည်းနင့်အနားကိုလာချင်လွန်းလို့တော့မထင်လိုက်ပါနဲ့...ပခုံးမှာဒဏ်ရာရနေတဲ့ ကြောင်လေးတစ်ကောင်ထွက်ပြေးသွားသလိုမျိုးပဲ...
သနားလို့ဆေးလာကုပေးတာ..."

သူ့စကားကိုထိုသို့ပြန်လည်ချေပလိုက်ပြီး ပက်တီးလက်ကျန်တွေကို ကော်ဗူးထဲသို့ထည့်ကာမတ်တတ်ထရပ်လိုက်သည်။
တံတားကို သေချာကူး၍ တဖက်ခြမ်းရှိလမ်းဘက်သို့ရောက်သောအခါမှ သူ့အပေါ်တွင်တင်ရှိနေသေးသော စကားကိုသွားသတိရမိလေသည်။
ငုတ်တုတ်ထိုင်လျှက်ဖြင့် အဝေးသို့မျှော်ရီငေးနေသော သူ့ကိုတစ်ချက်ကြည့်လိုက်မိသည်။

"ငါ့ကို ဆေးရုံလိုက်ပို့ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...အခုကအဲ့ဒီ့အတွက်ပြန်လျှော်ပေးတယ်လို့ သတ်မှတ်လိုက်ပေါ့...
နင်နဲ့ငါ့ကြားမှာ ဘာကျေးဇူးတရားမှမရှိတော့ဘူးနော် .."

ပုံရိပ်၏စကားအသုံးအနှုန်းသည် ရင့်သီးလွန်းတယ်ထင်ရပေမဲ့ သူတောင်မှ ကိုယ့်ကိုလာကူညီတာကိုတောင်မထောက် နှင်လွှတ်သေးတာပဲ။
အားနာစရာတော့မရှိပါဘူး။
တကယ်လည်း သူကိုယ့်အပေါ်မှာကောင်းခဲ့တာလေးကြောင့် ဒီလိုလူသူကင်းမဲ့တဲ့ နေရာကိုလိုက်လာမိတာပါလေ။မဟုတ်ရင် ဒီလိုနေရာမျိုးကို
ခြေဦးလှည့်လာဖို့ စဉ်းစားမိမှာကိုမဟုတ်ဘူး။

"တစ်ခုတော့ပြောခဲ့ချင်တယ်....ဆရာကြီးလုပ်တာလည်းမဟုတ်ဘူး...ဆုံးမစကားချွေတာလည်းမဟုတ်ဘူး..."

"ဘာကိုပြောချင်တာလဲ..."

အညိုရောင်စပဲန့်သား၀မ်းဆက်လေးကို
၀တ်ဆင်ထားသောပုံရိပ်သည် ညနေခင်း၏ဆည်းဆာကိုနောက်ခံထားလျှက်
ဟိန်းကိုအား ငေးစိုက်ကြည့်နေမိသည်။
ဟိန်းကိုသည်လည်း ပုံရိပ်စည်းနှောင်ပေးထားသော ပတ်တီးနေရာသို့ ညာလက်ဖြင့်ထိန်းကိုင်ထားလျှက် ဖြူလွှသောအသားအရည်၊သွယ်လျှသောကိုယ်ဟန်လေးနှင့် လေထဲတွင်တလူလူလွှင့်၍နေသော ‌ဆံနွယ်လေးတွေအား သိမ်းယူကာရှေ့ဘက်သို့ချလိုက်သော ကောင်မလေးကို မျက်တောင်မခတ်စတမ်း
ငေးကြည့်နေမိသည်။

ပုံရိပ်ပြောမည့်စကားတွေကိုလည်း မကြားချင်ပါဘူးဟု ကန့်လန့်တိုက်ထားမိပေမဲ့။အမှန်မှာတော့
ပုံရိပ်၏နှုတ်မှထွက်သော အသံလေးကိုသူကြားချင်နေမိသည်။
ဒီကောင်မလေးသည် သူ့‌အပေါ်ကိုနူးညံ့ညင်သာပေးတာမျိုးမဟုတ်ပေမဲ့ စိတ်ရင်းနှင့် ဆက်ဆံပေးနေသည်ဟု သူနားလည်ထားမိသည်။

"နင်က လူကောင်းတစ်ယောက်မဟုတ်ပေမဲ့
လူဆိုးတစ်ယောက်လည်းမဟုတ်ပါဘူး...
ဖြစ်ချင်တာတွေဖြစ်မလာတိုင်း ထင်တိုင်းကျဲမနေပါနဲ့တော့...ငါလည်းနောင်တရပြီးပြန်ပြုပြင်နေပြီ
...နင့်ကိုလည်းပြောင်းလဲကြည့်ဖို့အကြံပေးချင်တယ်...ဆရာနေမျိုးကိုသိတယ်မဟုတ်လား...အခုလက်ရှိငါ့အတွက်
နည်းမှန်လမ်းမှန်ကို သူကညွှန်ပြပေးနေတယ်
...ကန်ဘောင်ပေါ်မှာနင်ငါ့ကိုပြောခဲ့တဲ့
စကားကောင်းတစ်ခွန်းအတွက်လည်း ကျေးဇူးတင်ပါတယ်...ငါသွားပြီ...."

ပုံရိပ်ထွက်သွားပြီးနောက်မှာ အမှောင်ရိပ်သည်လည်းအစပျိုးလာခဲ့သည်။
သူ့ဒဏ်ရာကလည်းတဆစ်ဆစ်ထိုးကိုက်လာတာကြောင့် နားခိုစရာနေရာကို ရှာဖို့ရန်တံတားအပေါ်မှ ထရပ်လိုက်ပြီး တစ်ဖက်ကမ်းသို့ကူးသွားလိုက်သည်။

ဒီနေ့တော့ သူအိမ်ကိုလုံး၀ပြန်ချင်စိတ်မရှိပါ။
အမေနဲ့လည်း မျက်နှာချင်းမဆိုင်ချင်သလို
ပထွေးဖြစ်သူ၏မျက်နှာကိုလည်း မမြင်ချင်၊
မကြည့်ချင်လောက်အောက် မုန်းတီးမိသည်။
ဒီတော့ သူသွားရမဲ့အိမ်က ဦးလေးအိမ်
တစ်အိမ်သာ ရှိတော့သည်။

ထိုတံတားကလေးအနားမှ ဟိန်းကိုထွက်သွားပြီးနောက်တွင်တော့ မှောင်ရီပျိုးစအချိိန်သည် အရောင်ရင့်လာ၍ ကန်စွန်းခင်းထဲရှိတဲအိမ်ကလေးတွင်လည်း မှိန်ပျပျမီးရောင်လေး ဝိုးတဝါးပေါ်လာခဲ့လေသည်။

အခန်း(၁၅)ဆက်ရန်ရှိသည်..
🔥🔥🔥🔥🔥🔥

ဟိန်းကိုလိုဆိုးသွမ်းတဲ့ကောင်လေးတောင် ပုံရိပ်ကိုမနိုင်ဘူးနော်

 

==========================================================================

 

 🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥  ဒုတိယပိုင္း



"ေခြးေကာင္....မင္းကဘာအခ်ိဳးခ်ိဳးတာလည္း...အစား၀ေအာင္ကၽြေးထားလည္း ကၽြေးတဲ့လက္ကိုျပန္ကိုက္တာပဲလား...ဟမ္..."

"ခင္ဗ်ားႀကီးရဲ့ပါးစပ္က လ်ွားရိုးမရိွတိုင္း
လူၾကားေကာင္းေအာင္ အပိုေတြေလ်ွာက္ေျပာမေနနဲ႔...ခင္ဗ်ားအခုေနေနတဲ့အိမ္ကက်ဳပ္အေဖအိမ္...ခင္ဗ်ားတေန့တေန့ မ်ိဳေနသမ်ွက
က်ဳပ္အေမရွာထားတဲ့ပိုက္ဆံနဲ႔
မ်ိဳေနတာမဟုတ္ဘူးလား..."

"ေဟ့ေကာင္...သူေတာင္းစားမင္းကလူပါး၀လို႔...
မင္းကေရာဘာေသာက္လုပ္ေသာက္ကိုင္ရိွလို႔လဲ"

"အမယ္ေလး...ရွင္တို႔ႏွစ္ေယာက္ေတာ္ၾကပါေတာ့
..ကၽြန္မကိုစိတ္ဆင္းရဲေအာင္လုပ္ရမွေက်နပ္ၾကမွာလား..."

"ေဟ့...မင့္သားဂ်ိဳေမႊေနတာေလ...."

"ခင္ဗ်ားက မူးရူးၿပီးက်ဳပ္အေမကို ထဆဲတာလည္းေျပာအံုးေလ....သူမ်ားပံုၿပီးသားေကာက္ရိုးပံုေပၚမွာ အခန႔္သား၀င္အိပ္ခ်င္ေနရင္လည္း ေအးေဆးအိပ္
...မိန္းမထဘီနားခိုစားၿပီး လူပါးေတာ့လာမ၀နဲ႔..."

"ေဟ့ေကာင္ေခြးသား မင္းဘာစကားေျပာတာလဲ
...မင္းကိုငါသတ္မယ္...."

"အမယ္ေလး...အရပ္ကတို႔ေရ...ငါရွစ္ႀကီးခိုးပါရဲ့
...နင္တို႔မေတာ္ၾကေသးဘူးလား...
ကိုကံထူး...ရွင္မလုပ္နဲ႔ေနာ္ ...."

"လာစမ္းပါ... ခင္ဗ်ားကိုၾကၫ့္ေနတာၾကာၿပီ...
အေမ့မ်က္ႏွာေၾကာင့္ က်ဳပ္သည္းခံေနတာ..."

"ေအာင္မယ္...သူေတာင္းစား မင္းေသာက္ပါးစပ္ကဘာစကားထြက္ေနတာလည္း...
ၾကက္တူေရြးကေတာ္ေတာ္ မယ္ေတာ္ကကဲကဲလာလုပ္ျပေနတယ္...မင္းအေမငါ့မယားေတာင္
ဒီစကားမထြက္ဘူး...မင္းကဘာထျဖစ္ေနတာလဲ..."

"ကဲ...ေတာ္ၾကပါေတာ့...ေတာ္ၾကပါေတာ့...
ကၽြန္မေတာင္းပန္ပါတယ္...ရွစ္ႀကီးခိုးပါရဲ့...."

"အေမဘာမွေတာင္းပန္စရာမလိုဘူး...ဒီအရက္သမားကိုသာ အိမ္ေပၚကႏွင္ခ်လိုက္...အလကား
က်ဳပ္အိမ္မွာလည္း ခိုကပ္ေနေသးတယ္...
က်ဳပ္အေမကိုလည္းလူလိုမဆက္ဆံဘူး....
ခင္ဗ်ားဒီအိမ္ကေန အခုခ်က္ျခင္းထြက္သြား...."

"မသြားေတာ့ဘာျဖစ္ခ်င္လည္း...ေဟ့ေကာင္
ငါ့မိန္းမကို ငါ့ဘာသာရိုက္ရိုက္ သတ္သတ္မင္းအပူပါလား....လူလိုေျပာေနတာနားမလည္ဘူးလား ..."

"အမယ္ေလး...မလုပ္နဲ႔လို႔ကၽြန္မေျပာေနတယ္ေနာ္ ကိုကံထူး..."

ဒီေန့မွာ စိတ္ၾကည္လင္စြာႏွင့္ေနရမယ္မွတ္တာ အေရးထဲရန္ပဲြတစ္ခုႏွင့္လာတိုးေနသည္။အျခားသူေတြေတာ့မဟုတ္ပါဘူး ပဲြတိုင္းေက်ာ္တဲ့ ကြမ္းယာသည္တို႔သားအမိပါပဲ ။

ၪီးကံထူးက အရပ္မူးေနပံုရသည္။
ခႏၶာကိုယ္မွာ အ၀တ္ေတာင္မကပ္ေတာ့သည္အထိ ယိုင္ထိုးေနၿပီး မ်က္လံုးေတြကလည္း နီျမန္း‌ေနသည္။သူတို႔အိမ္‌ေရ႔ွရိွ ငုတ္တိုင္တစ္ခုအား ဆဲြႏႈတ္လိုက္ၿပီး ကိုင္ေျမာက္ကာဟိန္းကိုအား
ရိုက္ႏွက္ဖို႔ ႀကိဳးစားေနသည္။သူကအတင္းရုန္းထိုး  
သူ႔မမိန္းမကဆဲြႏွင့္ အိမ္ေရ႔ွလူျမင္ကြင္းႀကီးတြင္ ျမင္မေကာင္းရႈမေကာင္းျဖစ္ေနၾကသည္ ။
ေဘးအိမ္ကလူအခ်ိဳ႕လည္း ထြက္လာၾကကာ ရန္ပဲြကိုၾကၫ့္ၾကကုန္ေတာ့သည္။မဟန္လ်ွင္ ဝိုင္းဆဲြၾကမွာႀကိမ္းေသသည္။

ဟိန္းကိုဆိုသည္မွာလည္း အသက္က၁၅ႏွစ္သာရိွေသးေပမဲ့ သူ႔ပေထြးကိုၾကၫ့္ေနေသာ အၾကၫ့္ေတြဟာ မုန္းတီးမႈမ်ားျပၫ့္လ်ွံေနကာ သူ႔ကိုတစ္ခ်က္ထိသည္ႏွင့္ကၽဲြရိုင္းတစ္ေကာင္ကဲ့သို႔ ျပန္၍တြန္းကန္ရုန္းထိုးဖို႔ အဆင္သင့္ျဖစ္ေနသည္။လက္သီးကို တင္းတင္းဆုပ္၍ထားေသာေၾကာင့္ ခၽြေးမ်ားစီးက်ေနသၫ့္ လူ႔လက္ဖ်ံေၾကာေတြကို ျမင္ေနရေလသည္။

မ်က္ျဖဴလံေလာက္သည္အထိ ဦးကံထူးအားစိုက္ၾကၫ့္ေနေသာ ဟိန္းကိုသည္‌ႏႈတ္ခမ္းကိုေစ့ပိတ္ထားလ်ွက္ အံကိုတင္းထားကာ အသက္ရႈႏႈန္းေတျြမန္လာၿပီး ယခုခ်က္ျခင္းပင္ေဒါသမီးလ်ွံတို႔ ေပါက္ကဲြထြက္ေတာ့မတတ္ ရႉးရႉးရွားရွားျဖစ္ေနသည္။

တကယ့္တကယ္ ထိုးၾကႀကိတ္ၾကမည္ဆိုပါက
ဦးကံထူးသာမူးမေနလ်ွင္ သူလံုး၀ႏိုင္ေအာင္ျပန္ခုခံႏိုင္မယ္မထင္ဘူး။
လူေကာင္ခ်င္း၊အရပ္အ‌ေမာင္းခ်င္းက အေတာ္ကြာေလသည္။ဖဲြ႔ၿဖိဳးကာစ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္ႏွင့္ အရြယ္ေကာင္းလူလတ္ပိုင္းျဖစ္ေသာေၾကာင့္ပါပဲ။ ဦးကံထူးဆိုသည္မွာ ယခင္ကဆိုင္ကယ္လ္ျပင္ဆိုင္ဖြင့္စား၍ တစ္ကိုယ္ရည္တကာယမပူမပင္ပဲ ေနသူျဖစ္သည္။

နယ္ဘက္ကေန ေျပာင္းလာသူဟုသိရေပမဲ့ ညီအစ္ကိုေမာင္ႏွမ ဘယ္ေလာက္ရိွသလဲေတာ့
ပံုရိပ္မသိေပ။အရက္ေသရည္စာကိုေတာ့ ယခင္တည္းကစဲြၿမဲစြာ ေသာက္တတ္သူျဖစ္ေလသည္။
ဟိန္းကို၏အေမဟာ ခင္ပြန္းဆံုးပါးၿပီးသိပ္မၾကာခင္မွာပဲ ဒီလူႏွင့္မယူခင္တည္းက ညားသည္ဟုဆိုရေပမည္။

ရပ္ကြက္ထဲတြင္ ေငြတိုးေခ်းစားသူျဖစ္တာေၾကာင့္ အခ်ိဳ႕ကလည္းမ‌ကင္းရာမကင္းေၾကာင္းျဖစ္၍ အတင္းမတုတ္ရဲၾကေပမဲ့ သူတို႔၏အပုပ္နံ႔ကေတာ့ ရပ္ကြက္ထဲမွာ တေထာင္းေထာင္းပါပဲ။
ဟိန္းကိုေနရာမွာ ပံုရိပ္သာဆိုလ်ွင္ ေခါင္းမေဖာ္ႏိုင္ေအာင္ကိုရွက္မိမွာေသခ်ာတယ္။
ေအးေလ ဒီအေမကမေကာင္းေတာ့လည္း ဒီသားကဆိုး‌ေပတာမဆန္းေတာ့ပါဘူး။

ယခင္က ဆိုင္ကယ္လ္ျပင္ဆိုင္ေလးဖြင့္ထားသၫ့္ ဦးကံထူးသည္ စည္ပင္သာယာ၏ဖယ္ရွားခိုင္းမႈေၾကာင့္ ဆိုင္ေနရာကိုဖ်က္ရၿပီးတည္းက
ဘာအလုပ္မွကို လုပ္ကိုင္ျခင္းမရိွေတာ့ပဲ မိန္းမလုပ္စာထိုင္စားကာ ေန့ညမပ်က္အရက္ႏွင့္သာ
 ေျခေဆးေနခဲ့သည္။

မိန္းမျဖစ္သူကလည္း အာၾကမ္းလ်ွာၾကမ္းဆိုေတာ့ ရပ္ကြက္ထဲတြင္ ေန့စဉ္ႏွင့္အမ်ွဆူပူသံေတြကို
မၾကားခ်င္မွအဆံုးပင္။သားအမိခ်င္းရန္ျဖစ္လိုက္ လင္မယားခ်င္းရန္ျဖစ္လိုက္ႏွင့္ ေဘးလူေတြတိုင္၍ ရပ္ကြက္‌ရံုးေတာင္ ေရာက္လိုက္ေသးသည္။

ပံုရိပ္လည္း ရန္ပဲြကိုအျခားသူမ်ားနည္းတူ ေခတၲမ်ွရပ္ၾကၫ့္လိုက္ၿပီးေနာက္ တုတ္ေတြဘာေတြလႊင့္စင္လာပါက အလကားေနရင္းကိုယ္ပါဒုကၡေရာက္မည္စိုး၍ ထိုေနရာမွအျမန္ေရွာင္ထြက္လာခဲ့လိုက္သည္။

အခ်ိန္ကေတာ့ ညေနငါးနာရီခဲြ‌ေနေလၿပီ ။ေန၀န္းနီနီသည္ အေနာက္အရပ္သို႔ ၀င္ေရာက္ေပ်ာက္ကြယ္စျပဳေနသည္ ။ေျမာက္ေလတိုက္၍ သစ္ပင္တို႔ယိမ္းႏဲြ႔လႈပ္ရွားသြားသၫ့္နည္းတူ ေလအသုတ္တြင္ေရာယွက္၍ပါလာေသာ  သဲလံုးႀကီးႀကီးေၾကာင့္ မ်က္လံုးေတြကိုမိွတ္ထားလိုက္မိသည္။

ဆံပင္ကို ခပ္ျမင့္ျမင့္စီးေနွာင္ထားေသာေၾကာင့္ ဆံပင္ရွည္ေတြဟာ ေလထဲတြင္ယိမ္းထိုးကာမ်က္ႏွာကိုပါ လာေရာက္ရိုက္ခက္ေနသကဲ့သို႔ျဖစ္ေနသည္။ေလညိမ္သြားသၫ့္အခါ မ်က္လံုးကိုလာအုပ္ေနေသာဆံပင္ေတြအား ဖယ္ပစ္လိုက္ၿပီး ဖုန္မႈန႔္ေတြ စင္သြားေသာမ်က္ႏွာကိုလည္း လက္ျဖင့္သပ္ခ်လိုက္သည္။

ဆရာတို႔အလုပ္သည္ စေန၊တနဂၤေနြပိတ္ေသာေၾကာင့္ ေနာက္ဆံုးအလုပ္ဆင္းရက္ျဖစ္သၫ့္ ေသာၾကာေန့တြင္ ငါးနာရီခဲြေလာက္ေက်ာင္းကိုျပန္ေရာက္မည္ဟုဆိုသည္။‌ေျခာက္နာရီခဲြတြင္ စာသင္ခ်ိန္စမည္ျဖစ္ၿပီး ဒီေန့မွာက်က္စာေမးမည္ျဖစ္တာေၾကာင့္ စာေနြးဖို႔ရန္ ေက်ာင္းသို႔ေစာေစာထြက္လာမိသည္။

ေက်ာင္းမုခ္၀သို႔ေရာက္ေသာအခါ ၫွပ္ဖိနပ္ေလးအာ ခၽြတ္ေနစဉ္ အေနာက္မွအရိပ္တစ္ခုျဖတ္ေပးသြားသလို ေျခသံမ်ိူးကိုၾကားလိုက္၍ လွၫ့္ၾကၫ့္လိုက္မိေတာ့ ႏွလံုးသားေလးေတာင္ ဒုန္းကနဲ႔
 ‌ခုန္ေဆာင့္တတ္သြားေလာက္သည္အထိ အံ့ၾသထိတ္လန္႔သြားမိသည္။

ေျခေထာက္ဗလာႏွင့္ လူတစ္ေယာက္ ျဖတ္ေျပးသြားျခင္းျဖစ္သည္။ေသြးရည္နီနီပ်စ္ပ်စ္တို႔သည္ သူေျပးသြားရာ လမ္းတစ္ေလ်ွာက္တြင္ တစက္စက္က်သြားပံုက အျဖဴအတိလႊမ္းေနေသာ ကင္းဗတ္‌ အေပၚသို႔ အနီေရာင္ေဆးစက္ေတြ လႊင့္ခါခ်လိုက္တာႏွင့္ပင္ တူေနသည္။ပခံုးတြင္ ရိွေနေသာ သူ႔ဒဏ္ရာကို လက္ျဖင့္အုပ္၍ ေျပးသြားတာေၾကာင့္ အထင္အရွားမေတြ့လိုက္ရေပမဲ့ သူသိပ္နာမွာပဲလို႔ သနားဂရုဏာသက္မိသည္။
သူ၀တ္ထားတဲ့အျဖဴေရာင္ စြပ္က်ယ္ခ်ိဳင္းျပတ္ေလးမွာေတာင္ ေသြးတို႔ရႊဲေနသည္။

သူသည္ အျခားသူမဟုတ္ပဲ လမ္းထဲတြင္ ျမင္ေတြ့ခဲ့ရေသာ ရန္ပဲြအတြင္းမွ ကြမ္းယာသည္၏သား၊ေက်ာင္းတြင္ ပံုရိပ္သတိလစ္ေမ့ေမ်ာခဲ့စဉ္က ေဆးရံုသို႔ေပြ့ခ်ီ၍ လိုက္ပို႔ခဲ့ေသာ ဟိန္းကိုပင္ျဖစ္သည္။ ေက်ာင္းတိုက္ထဲသို႔ မ၀င္မိခင္ေတြးမိတဲ့အေတြးေလးကေတာ့ ဆရာေနမ်ိဳးဆီတြင္ စာသင္ဖို႔ျဖစ္တည္လာခဲ့ေသာ ပထမဦးဆံုးအႀကံဉာဏ္ကလည္း သူေပးခဲ့တာဆိုသၫ့္အခ်က္ပါပဲ။

ေက်ာင္းကန္ေဘာင္တြင္ သူနဲ႔ေနာက္ဆံုးဆံုေတြခဲ့စဉ္က သူဟာပံုရိပ္ကို စကားေကာင္းေကာင္းေျပာ၍တုန႔္ျပန္ခဲ့သည္။
သူ႔ကိုလည္း လူေကာင္းတစ္ေယာက္လို႔ သတ္မွတ္ခဲ့မိသလို  သူ႔အေပၚမွာလည္းေက်းဇူးတရားတစ္ခု အႂကြေးတင္ေနတယ္။ဒါေပမဲ့ အခုအခ်ိန္မွာသူ႔ရဲ့ ေသြးဆက္လက္ႏွင့္ ပံုစံကိုျမင္ေနရေပမဲ့
စိတ္မေကာင္းရံုကလႊဲၿပီး ဘာမွလုပ္မေပးႏိုင္ပါလား။

ခႏၶာကိုယ္ကသာ မုခ္ဦးကိုေက်ာ္လာေပမဲ့ စိတ္ကေတာ့ ဟိန္းကို၏ေသြးစက္က်ရာအေနာက္သို႔ ပါသြားခဲ့ေလသည္။သူ႔ဒဏ္ရာကိုၾကၫ့္ရတာ ျပင္းထန္မဲ့ပံုပဲ။သူ႔ပေထြးရိုက္လိုက္တာေနမွာေပါ့။
သူ႔အေမကေရာ သားတစ္ေယာက္လံုးအရိုက္ခံေနရတာကို ဒီအတိုင္းပဲၾကၫ့္ေနခဲ့ရသလား။တကယ္လို႔ ေသြးထြက္လြန္ၿပီး သတိေတြဘာေတြေမ့သြားရင္
သူ႔ကိုဘယ္သူလာကယ္ပါ့မလဲ။

သူေျပးသြားတဲ့ဘက္မွာက ရိုးတစ္ခုရိွၿပီး ဟိုဘက္သည္ဘက္ကမ္းအား ကူးဖို႔ရန္ ဝါးတံတားငယ္တစ္ခုရိွသည္။ ရိုး၏တစ္ဖက္အျခမ္းေက်ာ္လြန္ပါက ကန္စြန္းခင္း၊ခ်ဉ္ေပါင္ခင္းႏွင့္ ဟင္းႏုႏြယ္ခင္းေတြကို တေမ်ွာ္ႀကီး ေတြ့ရႏိုင္သည္။ ထိုကိုင္းအခင္းထဲတြင္ေတာ့ တဲတစ္လံုးရိွၿပီး ကန္စြန္းခင္းပိုင္ရွင္ေတာ့ေနမွာပဲ ။အဲ့ဒီ့လူေတြသူ႔ကို ေတြ့သြားရင္ေတာ့ သူသိပ္ကိုကံေကာင္းမွာေပါ့။

"ေဟ့...မိပံု...ဘာေတြငိုင္ေနတာလဲ..ဒကာမေလးတို႔ဆရာကေနာက္ နာရီ၀က္,တစ္နာရီေလာက္ဆိုရင္ေရာက္ေတာ့မွာ...မင္းမင္းတို႔အဖဲြ႔ကေတာ့ ရင္ျပင္ေပၚမွာ တက္ေဆာ့ေနၾကတယ္...."

ဦးဇင္းႃပံုးခ်ိဳသည္ ပံုရိပ္ကိုဖလွဲတကင္း ႏႈတ္ဆက္စကားေျပာဆိုေနေပမဲ့ ပံုရိပ္၏
မ်က္၀န္းေတြကေတာ့ ဦးဇင္း၏လက္ထဲမွ ေဆးေတြထၫ့္ထားေသာ ေကာ္ဗူးကိုသာ ၾကၫ့္ေနမိသည္။ေကာ္ဗူးကအၾကည္ျဖစ္၍ အထဲမွပတ္တီးေတြ၊ဂြမ္းေတြႏွင့္ အနာက်က္ေဆးဗူးေသးေသးေလးကိုပါ ျမင္ေနရေလသည္။

"ဒကာမေလး...ဘာျဖစ္ေနတာလည္း...."

"ဦးဇင္း...တပၫ့္ေတာ္ကိုဒီေဆးဗူးေလး
 ခဏေပးပါလား..."

ပံုရိပ္၏ ရုတ္ခ်ည္းဆန္ေသာအျပဳအမူႏွင့္ေတာင္းဆိုမႈေၾကာင့္ ဦးဇင္းသည္ထူးဆန္းသလို ၾကၫ့္လာသည္။

"ဘာလုပ္ဖို႔လဲ...ကပၸိယေမာင္ႏိုင္..ထမင္းစားေဆာင္ကိုကူမိုးရင္း သြပ္ရွလို႔‌ေဆးထၫ့္ေပးၿပီး ျပန္လာတာ...ဒကာမေလးကဒါကိုဘယ္ေနရာမွာ သံုးမလို႔လဲ..."

"တပၫ့္ေတာ္...ဟို...ဟို..လမ္းမွာေၾကာင္ေလးတစ္ေကာင္ေလ...ဒဏ္ရာရတာေတြ့ခဲ့လို႔ပါ
...တပၫ့္ေတာ္ကိုခဏေပးပါေနာ္...ၿပီးရင္ျပန္လာေပးပါ့မယ္..."

"ဟာ.....ေဟ့ ..ဒီဒကာမေတာ့ ေနာက္ကေန
က်ားလိုက္ေနတဲ့အတိုင္းပဲ ျမန္လိုက္တာမ်ား..."

ေဆးဗူးကိုယူကာ ေျခကုန္သုတ္၍ ေက်ာင္း၀န္းထဲမွေျပးထြက္သြားေသာ ပံုရိပ္အား ဦးဇင္းႃပံုးခ်ိဳသည္ မရိွတဲ့ ဆံပင္ေပါက္မ်ားကိုကုတ္မိလ်ွက္ ေငး၍က်န္ေနခဲ့ေတာ့သည္။

ပံုရိပ္ကေတာ့ ေဆးဗူးကိုရင္မွာပိုက္လ်ွက္ တစ္ဖက္တြင္ လြယ္အိတ္ကိုကိုင္ထားရင္းႏွင့္ပင္ ဘုန္းႀကီးေက်ာင္း၏ေတာင္ဘက္အျခမ္းသို႔ ေျပးသြားေလသည္။
က်ူေတာမ်ား ပြထေနေသာလမ္းၾကားကိုလည္းတစ္ခ်က္လွမ္းၾကၫ့္လိုက္မိသည္။

က်ူပင္ေတြႏွင့္ ေတာထေနေသာထိုေနရာတြင္ ပဲြ‌ေဈးလုပ္မၫ့္အခါမ်ိဳးတြင္မွ ဆရာေတာ္ႀကီးသည္အလုပ္သမား‌ေတြေခၚ၍ေသာ္လည္းေကာင္း ရပ္ကြက္ထဲရိွ လုပ္အားေပးလူငယ္မ်ား ၀န္းရံ၍
ေသာ္လည္းေကာင္း လမ္းေဘးရိွက်ူေတာမ်ားကို ခုတ္ထြင္ ရွင္းလင္းတတ္သည္။

ယခုေတာ့ ထိုလမ္းကေလးထဲသို႔ ၀င္ဖို႔ကိုေတာင္
မဝံ့ရဲေလာက္သည္အထိ က်ူပင္ေတြအလြန္မ်ားျပားေသာေၾကာင့္ ေရ႔ွသို႔သာဆက္လာခဲ့လိုက္သည္။

က်ူေတာကို ေက်ာ္လြန္ေလေသာအခါ ကားလမ္းမႀကီးႏွင့္ နီးစပ္လာ၍ကားသံတဝီဝီအားလည္း
မၾကားခ်င္မွအဆံုးပင္။ရိုးႀကီးအနားကိုေရာက္လာေသာအခါမွာေတာ့ ကန္စြန္းခင္းဘက္အျခမ္းသို႔ ကူး၍ရေသာတံတားကို
ရွာမိသည္။ျမက္ပင္ရွည္ႀကီးမ်ားႏွင့္အနည္းငယ္ကြယ္ေနေသာေၾကာင့္ အလ်ွင္အျမန္ရွာမ‌ေတြ့ေပမဲ့ ေသခ်ာေလးရွာၾကၫ့္ေတာ့ ေတြ့ေလသည္။

သို႔ေပမဲ့ ရိုးကိုျဖတ္ကူးမၫ့္ ပံုရိပ္၏
စိတ္အားထက္သန္လြန္းေသာ ေျခလွမ္းေတြသည္တံတားငယ္ေလး၏ထိပ္တြင္သာ ရပ္တန႔္သြားသည္။အဘယ္ေၾကာင့္ဆိုေသာ္ တံတား၏အလည္တၫ့္တၫ့္တြင္ ဒူးေထာင္လ်က္ျဖင့္ လည္ပင္းကို
ငံု႔ကိုင္းထားၿပီး လက္ေမာင္းေတြၾကားသို႔ မ်က္ႏွာဝွက္၍ငိုရိႈက္ေနေသာ ေကာင္ေလးေၾကာင့္ပါပဲ။

ေနလံုးသည္ ေကာင္းကင္ယံတြင္ လံုးလံုးလ်ားလ်ားေပ်ာက္ကြယ္သြားခဲ့သည္။
ေကာင္းကင္တစ္ခုလံုးသည္လည္း ပုစြန္ဆီေရာင္ႏွင့္လိမၼော္ေရာင္ ေရာယွက္သကဲ့သို႔ျဖစ္ေနကာ တံတားကေလးသည္ ထိုအရိပ္တို႔လႊမ္းႃခံုသကဲ့သို႔ျဖစ္ေနသည္။

တံတားေအာက္ရိွ ရိုးထဲတြင္အစဉ္မပ်က္စီးဆင္းေနေသာ ေရလ်ွင္ေၾကာသည္ ေၾကာက္တံုးႏွင့္ေျမဆီလႊာအား ပြတ္တိုက္မိေသာအခါတြင္
စည္းခ်က္မွန္ေအာင္ တီးခတ္‌ေနေသာဂီတသံစဥ္ေလးျဖစ္သြားသကဲ့သို႔ တိတ္ဆိတ္ေနသၫ့္ အခိုက္အတန႔္အား အသက္၀င္ေစသည္။

ေလတိုက္လိုက္သၫ့္အခါတိုင္း တရွဲရွဲမည္သံႏွင့္အတူ ျမက္ရိုင္းပင္တို႔ ယိမ္းခါသြားေပမဲ့ သူကေတာ့ ေခါင္းေမာ့၍ ၾကၫ့္မလာေပ။
သူ႔ဘယ္ဘက္ရိွလက္ေမာင္းဒဏ္ရာသည္ ေသြးမ်ားခ်က္ခဲ၍ ေျခာက္ေနသ‌ေယာင္ျဖစ္ေနသည္။

"နင္...အဆင္ေျပရဲ့လား...."

ျဖည္းျဖည္းတိုးတိုးေလး ေမးလိုက္မိေပမဲ့
သူခ်က္ျခင္းေမာ့ၾကၫ့္လာသည္။သူ႔မ်က္လံုးေတြဟာ ေကာင္းကင္၏အေရာင္ႏွင့္ ေရာယွက္ေနသကဲ့သို႔ နီေဆြးပူေလာင္မႈအတိျဖစ္ေနသည္။

ေယာက္်ားတစ္ေယာက္ငိုေနတာကို ဒီေလာက္အထိအနီးကပ္မျမင္ဖူးတာေၾကာင့္ ကိုယ္လည္းဘာဆက္ေျပာရမွန္းမသိပဲ ေၾကာင္နနေလးျဖစ္ေနမိသည္။

သူ႔မ်က္၀န္းေတြသည္ ကိုယ္ကိုင္လာသၫ့္ ေဆးဗူးအားၾကၫ့္ေနသည္ဟု ေကာက္ခ်က္ခ်လိုက္မိစဉ္မွာေတာ့ သူထိုင္ေနေသာ တံတားအလည္ေခါင္အထိ ေလ်ွာက္သြားလိုက္မိသည္။

သူ႔ပံုစံကေတာ့ အခုထိပံုရိပ္ကို ေတြ့ေနရတာကိုပင္ မယံုရဲသလိုႀကီး ျဖစ္ေနသည္။
တံတားေအာက္သို႔ ေျခေထာက္ကိုတဲြေလာင္းခ်
လ်ွက္ သူ႔ေဘးတြင္၀င္ထိုင္မိသၫ့္အခ်ိန္အထိ
သူ႔မ်က္လံုးေတြကို ေမွးက်င္းထားေသာ အေနအထားျဖင့္ ပံုရိပ္ကိုၾကၫ့္ေနတုန္းပါပဲ။

"ဒဏ္ရာက နာေနလား..ဒီအထဲမွာအရက္ျပန္နဲ႔ဂြမ္းပါတယ္...ငါအနာကိုအရက္ျပန္နဲ႔ေဆးေပးမယ္ေလ...."

"ဘာလုပ္တာလဲ...."

သူ႔ရဲ့ဘယ္ဘက္ပခံုးအား တြန႔္ရုန္းယူလိုက္တာေၾကာင့္ စိတ္ထဲမွာနည္းနည္းေတာ့ ကသိကေအာင့္ျဖစ္သြားမိတယ္။

"နင့္ဒဏ္ရာကို ေဆးထၫ့္ေပးမလို႔ေလ...
အမ်ားႀကီးအစားႀကီးေတာ့မပါဘူး...
အရက္ျပန္ရယ္ ၊ဂြမ္းရယ္အနာက်က္ေဆးရယ္ပဲ
 ပါတယ္..."

"လာမလုပ္နဲ႔ ငါ့ဘာသာေသခ်င္ေသပါေစ..."

သူ႔အသံႀကီးသည္ လက္ေခ်ာင္းအ၀မွဆို႔နင့္စြာထြက္လာေသာ အသံႀကီးျဖစ္ေနသည္။
သူ႔ပေထြးနဲ႔ဘယ္လိုေတျြပႆနာတက္လာသလဲ
မသိေပမဲ့ လူငယ္အခ်င္းခ်င္းမို႔ သူခံစားေနရတာကို ၀င္မခံစားေပးႏိုင္ရင္ေတာင္ နားလည္ေပးလို႔ရပါတယ္။

"ေဆးမထၫ့္ရင္ ေမးခိုင္ပိုးေတြ၀င္သြားမွာေပါ့ .."

"၀င္ပါေစ...အခုေသလည္းအခုေအးတာပဲ
..ေနခ်င္စိတ္လည္းမရိွေတာ့ဘူး...အာ့..."

ေျပာရင္းဆိုရင္း သူ႔ဒဏ္ရာကကိုက္လာတယ္ထင္ပါရဲ့ သူ႔မ်က္ႏွာႀကီးရႈံ႔မဲ့သြားသည္။

"ေတြ့လား...အနာကေဆးမထၫ့္ရင္ နည္းနည္းၾကာတာနဲ႔ ပိုကိုက္ခဲၿပီး ခံရခက္လာမွာ..
ငါ့အေဖဆိုရင္ ဓားရွတာကိုဘာမွမျဖစ္ဘူးဆိုၿပီး
ဒီအတိုင္းထားလိုက္မိတာ ခဲြစိတ္ခန္းေတာင္၀င္လိုက္ရတယ္...မေပါ့ပါနဲ႔ဟာ.."

"ပံုရိပ္...နင္ငါနဲ႔ေဝးေဝးမွာသြားေနစမ္းပါ...
ငါ့လိုေကာင္နဲ႔လာမပတ္သတ္ခ်င္ပါနဲ႔...
စကားေတြလည္း အမ်ားႀကီးလာမေျပာစမ္းနဲ႔
...ေအးေအးေဆးေဆးပဲေနပါရေစ..."

သူကမ်ားပံုရိပ္ကိုႏွင္လႊတ္ရတယ္လို႔။
ေစတနာနဲ႔ လာမိေပမယ့္ တကယ္ကိုေစတနာနဲ႔
မထိုက္တန္တဲ့လူပဲ။
ကိုယ့္မွာ ဦးဇင္းႃပံုးခ်ိဳဆီကေနေတာင္
အတင္းယူလာခဲ့ရတာ။

ပံုရိပ္ဆိုသည္မွာလည္း မလုပ္ႏွင့္ဆိုေသာအရာကိုမွ ပိုလုပ္ခ်င္သူျဖစ္ေန‌တာေၾကာင့္ ဒဏ္ရာရေနသၫ့္ သူ႔လက္ေမာင္းကိုဆဲြေဆာင့္ယူလိုက္ၿပီး အရက္ျပန္ေတြေလာင္းခ်ပစ္လိုက္သည္။

"အာ့...အား..ေသပါၿပီ...နာတယ္ဟ..."

"ေသလည္းေအးတာပဲဆို နာလည္းမေအာ္နဲ႔ေလ..."

ဟိန္းကိုသည္ သူ႔မ်က္ႏွာအား လက္ၫွိုးေငါက္ေငါက္ထိုး၍ ဖိေဟာက္ေနသူပံုရိပ္ကို ေဒါသမ်က္၀န္းေတြႏွင့္ၾကၫ့္လိုက္မိေပမဲ့
ဒီေကာင္မေလးကေတာ့ သူ႔ကိုလံုး၀ေၾကာက္ရြံ႔ဟန္မရိွတဲ့အျပင္ သူ႔အသားမဟုတ္တိုင္းဒဏ္ရာကို ေဆးထၫ့္ေပးေနပံုက မၫွာမတာႏွင့္ပင္။

အနီးကပ္ျမင္ေနရေတာ့မွ သူမ၏မ်က္ႏွာအစိတ္အပိုင္းေတြကို ေသခ်ာငံု႔ၾကၫ့္မိသည္။
ပံုရိပ္ဆိုသည့္မိန္းကေလးက ႏူးညံ့တဲ့အျပဳအမူေတြ လုပ္မျပတတ္သလို အေျပာအဆိုကလည္းယဉ္ေက်းတယ္လို႔မဆိုသာဘူး။

ဒါေပမဲ့ သူ႔ရဲ့မ်က္ႏွာေလးကေတာ့
အစက္အေပ်ာက္တစက္ေတာင္မရိွပဲ ေခ်ာေမြ့ႏူးညံ့ေနသည္။ႏွာတံစင္းစင္းေလးႏွင့္ လျခမ္းေကြး
သ႑န္မ်က္ခံုးေမႊးတန္းေလးက စိမ္းညို႔ေနၿပီး
 မထူမပါးေလးျဖစ္သည္။
နဖူးက်ဉ္းက်ဉ္းေလးကို ဆံပင္ေတြလွန္စည္းထားတာေၾကာင့္ ေျပျပစ္ေသာႏွဖူးျပင္ေလးက ခၽြေးစို႔၍အေရာင္လက္ေနသည္။

ၫွို႔ဓာတ္ပါေသာ မ်က္၀န္းေလးေတြအား ကာရံထားသၫ့္မ်က္ေတာင္ေလးေတြသည္တိုစိပ္စိပ္ေလးေတျြဖစ္ေနေပမဲ့ ထူထဲ၍ေကာ့ၫႊတ္ၫႊတ္ကေလးျဖစ္ေနတာကပင္ သူ႔မ်က္လံုးေလးေတြကို
ပို၍အေရာင္ေတာက္ေစသည္ဟု ဆိုရမည္။

ညာဘက္ပါးျပင္ေလးမွာလည္း စပယ္တင္မွဲ႔ေရးေရးေလး ရိွေနၿပီး ညာဘက္နားရြက္ခၽြန္ခၽြန္ေလးတြင္လည္း မွဲ႔နက္ကေလးကထင္းေနသည္။
 ပံုရိပ္၏မ်က္ႏွာကို သူေတြေငးကာစိုက္ၾကၫ့္ေနမိစဉ္မွာ အနာကိုပြတ္ခ်လိုက္တာေၾကာင့္....

"အား...ေသၿပီဟ..ေဆးလာကုေပးေနတာလား
...ဒုကၡလာေပးေနတာလား...

"ၿငိမ္ၿငိမ္ေနစမ္းပါ...ေခြးေလး၊ေၾကာင္ေလးေတြေတာင္ ဒဏ္ရာရေနရင္ ငါကၾကၫ့္ေနႏိုင္တာမဟုတ္ဘူး...အားေနလို႔လာလုပ္ေပးတယ္မထင္နဲ႔
...စာက်က္ဝိုင္းသြားရအံုးမွာ...ၿငိမ္ၿငိမ္ေန...."

သူ႔ဒဏ္ရာက အရမ္းမနက္ေပမဲ့ သံလိုခၽြန္ထက္သၫ့္အရာျဖင့္ အားျပင္းျပင္းျခစ္မိတာေသခ်ာသည္။ဒဏ္ရာႀကီး ဒီေလာက္ျဖစ္ေနတာကို
လူမသိသူမသိေနရာမွာ လာထိုင္ေနတာမ်ား အံ့ဩစရာပဲ။
ေအာ္..ပံုရိပ္ေတာင္အိမ္ကေနထြက္ေျပးခဲ့ဖူးေသးတာပဲေလ။

"ဒဏ္ရာက ဘယ္လိုျဖစ္တာလဲ...နင့္ပေထြးလုပ္လိုက္တာလား..."

"နင္ငါတို႔ရန္ျဖစ္ေနတာကို ျမင္လိုက္တာလား..."

"ေအာ္...တစ္ရပ္ကြက္လံုးျမင္တဲ့ဥစၥာ..."

"ဟုတ္တယ္ သူလႊဲၿပီးရိုက္လိုက္တဲ့တုတ္ကိုေရွာင္လိုက္မိေပမဲ့ ထိပ္မွာစိုက္၀င္ေနတဲ့သံေခ်ာင္းနဲ႔ျခစ္မိတာ...အဲ့လူကိုလည္းငါလက္သီးနဲ႔ထိုးပစ္ခဲ့တယ္..."

"အဲ့ေလာက္ေတာင္ျဖစ္ခဲ့တာလား...နင့္အေမကေရာဘာေျပာေသးလဲ..."

"ထြက္သြားတဲ့...အိမ္ေပၚကေနဆင္းသြားတဲ့...
သူ႔ေယာက္်ားရဲ့ႏွာႏုရိုးကိုထိၿပီး ႏွာ‌ေခါင္းေသြးထြက္တာပဲသူျမင္တယ္...ငါ့လက္ေမာင္းကစီးက်လာတဲ့ နီနီရဲရဲေသြးစက္ေတြကိုေတာ့
သူကပန္းပြင့္‌ေတြ အဆုပ္လိုက္ႂကြေက်ေနတယ္လို႔ ထင္ေနပံုပါပဲ...သူမို႔လ်စ္လ်ွူရႈထားရက္တယ္..."

"ဒီလိုဆိုရင္ နင့္အေမကိုနင္မုန္းသလား..."

သူ႔အနာကိုေဆးထၫ့္ေပးအၿပီးတြင္ ‌ပတ္တီးစည္းေပးရင္းႏွင့္ ဘာရယ္မဟုတ္ေမးခြန္းထုတ္လိုက္မိသည္။

"ငါအေမ့ကိုမမုန္းပါဘူး...အေမ့ကိုအခုထိခင္တြယ္တုန္း...သံေယာဇဉ္ရိွတုန္းပါပဲ
...ဒါေပမဲ့ေလးစားလို႔ေတာ့ မရေတာ့ဘူး...
ငါ့ရင္ထဲက ခ်စ္ျခင္းေမတၲာနဲ႔တဲြလ်ွက္ပါလာတဲ့
...ၾကည္ညိုေလးစားမႈေတြကေတာ့...
အေဖဆံုးၿပီးကတည္းက ေပ်ာက္ပ်ယ္သြားခဲ့ၿပီ..."

"ဒါဆိုရင္ သားသမီးတစ္ေယာက္ကိုအေၾကာင္းမဲ့သက္သက္ စြန႔္ပစ္သြားတဲ့မိဘေတြဆိုရင္ေရာ
မုန္းသင့္သလား..."

"အဲ့ဒါေတြ ငါ့ကိုလာမေမးပါနဲ႔ပံုရိပ္...
အျခားသူတစ္ေယာက္ရဲ့ဘ၀ကို ငါမေဝဖန္ေပးခ်င္ဘူး...လူတိုင္းကသူ႔ကံတရားနဲ႔သူပဲ
အဲ့ဒီ့ကံတရားကိုလက္ခံေပးဖို႔ ခႏၶီပါရမီ
မေကာင္းလို႔သာ..ျပႆနာေတျြဖစ္ေနရတာ..."

"ဘယ္သူမွေတာ့ ျပႆနာမျဖစ္ခ်င္ၾကပါဘူး
..သည္းခံႏိုင္တဲ့အတိုင္းအတာထက္ေက်ာ္လြန္လာလို႔သာ ျပန္ခုခံရတာမဟုတ္လား..."

"ဟုတ္တယ္..ဒါေပမဲ့ ငါကသူမ်ားနဲ႔မတူဘူး...
ျပန္ခုခံရင္းကေန တိုက္ခိုက္ပစ္ဖို႔ပါ
ျဖစ္လာတတ္လို႔...တခါတေလ ငါ့ကိုယ္ငါ‌ေတာင္
မထိန္းခ်ဳပ္ႏိုင္ဘူး...မထိန္းခ်ဳပ္ခ်င္တာဆိုပိုမွန္ပါလိမ့္မယ္...ငါကလူေကာင္းမဟုတ္ဘူး...
နင္ငါ့အနားကို ေနာက္တစ္ခါမလာမိပါေစနဲ႔..."

"ႏွင္လႊတ္တယ္ေပါ့...ကဲ..ပတ္တီးစည္းေပးၿပီးၿပီ
...ငါလည္းနင့္အနားကိုလာခ်င္လြန္းလို႔ေတာ့မထင္လိုက္ပါနဲ႔...ပခံုးမွာဒဏ္ရာရေနတဲ့ ေၾကာင္ေလးတစ္ေကာင္ထြက္ေျပးသြားသလိုမ်ိဳးပဲ...
သနားလို႔ေဆးလာကုေပးတာ..."

သူ႔စကားကိုထိုသို႔ျပန္လည္ေခ်ပလိုက္ၿပီး ပက္တီးလက္က်န္ေတြကို ေကာ္ဗူးထဲသို႔ထၫ့္ကာမတ္တတ္ထရပ္လိုက္သည္။
တံတားကို ေသခ်ာကူး၍ တဖက္ျခမ္းရိွလမ္းဘက္သို႔ေရာက္ေသာအခါမွ သူ႔အေပၚတြင္တင္ရိွေနေသးေသာ စကားကိုသြားသတိရမိေလသည္။
ငုတ္တုတ္ထိုင္လ်ွက္ျဖင့္ အေဝးသို႔ေမ်ွာ္ရီေငးေနေသာ သူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္မိသည္။

"ငါ့ကို ေဆးရံုလိုက္ပို႔ခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္...အခုကအဲ့ဒီ့အတြက္ျပန္ေလ်ွာ္ေပးတယ္လို႔ သတ္မွတ္လိုက္ေပါ့...
နင္နဲ႔ငါ့ၾကားမွာ ဘာေက်းဇူးတရားမွမရိွေတာ့ဘူးေနာ္ .."

ပံုရိပ္၏စကားအသံုးအႏႈန္းသည္ ရင့္သီးလြန္းတယ္ထင္ရေပမဲ့ သူေတာင္မွ ကိုယ့္ကိုလာကူညီတာကိုေတာင္မေထာက္ ႏွင္လႊတ္ေသးတာပဲ။
အားနာစရာေတာ့မရိွပါဘူး။
တကယ္လည္း သူကိုယ့္အေပၚမွာေကာင္းခဲ့တာေလးေၾကာင့္ ဒီလိုလူသူကင္းမဲ့တဲ့ ေနရာကိုလိုက္လာမိတာပါေလ။မဟုတ္ရင္ ဒီလိုေနရာမ်ိဳးကို
ေျခဦးလွၫ့္လာဖို႔ စဉ္းစားမိမွာကိုမဟုတ္ဘူး။

"တစ္ခုေတာ့ေျပာခဲ့ခ်င္တယ္....ဆရာႀကီးလုပ္တာလည္းမဟုတ္ဘူး...ဆံုးမစကားခၽြေတာလည္းမဟုတ္ဘူး..."

"ဘာကိုေျပာခ်င္တာလဲ..."

အညိုေရာင္စပဲန႔္သား၀မ္းဆက္ေလးကို
၀တ္ဆင္ထားေသာပံုရိပ္သည္ ညေနခင္း၏ဆည္းဆာကိုေနာက္ခံထားလ်ွက္
ဟိန္းကိုအား ေငးစိုက္ၾကၫ့္ေနမိသည္။
ဟိန္းကိုသည္လည္း ပံုရိပ္စည္းေနွာင္ေပးထားေသာ ပတ္တီးေနရာသို႔ ညာလက္ျဖင့္ထိန္းကိုင္ထားလ်ွက္ ျဖဴလႊေသာအသားအရည္၊သြယ္လ်ွေသာကိုယ္ဟန္ေလးႏွင့္ ေလထဲတြင္တလူလူလႊင့္၍ေနေသာ ‌ဆံႏြယ္ေလးေတြအား သိမ္းယူကာေရ႔ွဘက္သို႔ခ်လိုက္ေသာ ေကာင္မေလးကို မ်က္ေတာင္မခတ္စတမ္း
ေငးၾကၫ့္ေနမိသည္။

ပံုရိပ္ေျပာမၫ့္စကားေတြကိုလည္း မၾကားခ်င္ပါဘူးဟု ကန႔္လန႔္တိုက္ထားမိေပမဲ့။အမွန္မွာေတာ့
ပံုရိပ္၏ႏႈတ္မွထြက္ေသာ အသံေလးကိုသူၾကားခ်င္ေနမိသည္။
ဒီေကာင္မေလးသည္ သူ႔‌အေပၚကိုႏူးညံ့ညင္သာေပးတာမ်ိဳးမဟုတ္ေပမဲ့ စိတ္ရင္းႏွင့္ ဆက္ဆံေပးေနသည္ဟု သူနားလည္ထားမိသည္။

"နင္က လူေကာင္းတစ္ေယာက္မဟုတ္ေပမဲ့
လူဆိုးတစ္ေယာက္လည္းမဟုတ္ပါဘူး...
ျဖစ္ခ်င္တာေတျြဖစ္မလာတိုင္း ထင္တိုင္းက်ဲမေနပါနဲ႔ေတာ့...ငါလည္းေနာင္တရၿပီးျပန္ျပဳျပင္ေနၿပီ
...နင့္ကိုလည္းေျပာင္းလဲၾကၫ့္ဖို႔အႀကံေပးခ်င္တယ္...ဆရာေနမ်ိဳးကိုသိတယ္မဟုတ္လား...အခုလက္ရိွငါ့အတြက္
နည္းမွန္လမ္းမွန္ကို သူကၫႊန္ျပေပးေနတယ္
...ကန္ေဘာင္ေပၚမွာနင္ငါ့ကိုေျပာခဲ့တဲ့
စကားေကာင္းတစ္ခြန္းအတြက္လည္း ေက်းဇူးတင္ပါတယ္...ငါသြားၿပီ...."

ပံုရိပ္ထြက္သြားၿပီးေနာက္မွာ အေမွာင္ရိပ္သည္လည္းအစပ်ိဳးလာခဲ့သည္။
သူ႔ဒဏ္ရာကလည္းတဆစ္ဆစ္ထိုးကိုက္လာတာေၾကာင့္ နားခိုစရာေနရာကို ရွာဖို႔ရန္တံတားအေပၚမွ ထရပ္လိုက္ၿပီး တစ္ဖက္ကမ္းသို႔ကူးသြားလိုက္သည္။

ဒီေန့ေတာ့ သူအိမ္ကိုလံုး၀ျပန္ခ်င္စိတ္မရိွပါ။
အေမနဲ႔လည္း မ်က္ႏွာခ်င္းမဆိုင္ခ်င္သလို
ပေထြးျဖစ္သူ၏မ်က္ႏွာကိုလည္း မျမင္ခ်င္၊
မၾကၫ့္ခ်င္ေလာက္ေအာက္ မုန္းတီးမိသည္။
ဒီေတာ့ သူသြားရမဲ့အိမ္က ဦးေလးအိမ္
တစ္အိမ္သာ ရိွေတာ့သည္။

ထိုတံတားကေလးအနားမွ ဟိန္းကိုထြက္သြားၿပီးေနာက္တြင္ေတာ့ ေမွာင္ရီပ်ိဳးစအခ်ိန္သည္ အေရာင္ရင့္လာ၍ ကန္စြန္းခင္းထဲရိွတဲအိမ္ကေလးတြင္လည္း မိွန္ပ်ပ်မီးေရာင္ေလး ဝိုးတဝါးေပၚလာခဲ့ေလသည္။

အခန္း(၁၅)ဆက္ရန္ရိွသည္..
🔥🔥🔥🔥🔥🔥

ဟိန္းကိုလိုဆိုးသြမ္းတဲ့ေကာင္ေလးေတာင္ ပံုရိပ္ကိုမႏိုင္ဘူးေနာ္