(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၄)🔥 ဒုတိယပိုင်း
"ခွေးကောင်....မင်းကဘာအချိုးချိုးတာလည်း...အစား၀အောင်ကျွေးထားလည်း ကျွေးတဲ့လက်ကိုပြန်ကိုက်တာပဲလား...ဟမ်..."
"ခင်ဗျားကြီးရဲ့ပါးစပ်က လျှားရိုးမရှိတိုင်း
လူကြားကောင်းအောင် အပိုတွေလျှောက်ပြောမနေနဲ့...ခင်ဗျားအခုနေနေတဲ့အိမ်ကကျုပ်အဖေအိမ်...ခင်ဗျားတနေ့တနေ့ မျိုနေသမျှက
ကျုပ်အမေရှာထားတဲ့ပိုက်ဆံနဲ့
မျိုနေတာမဟုတ်ဘူးလား..."
"ဟေ့ကောင်...သူတောင်းစားမင်းကလူပါး၀လို့...
မင်းကရောဘာသောက်လုပ်သောက်ကိုင်ရှိလို့လဲ"
"အမယ်လေး...ရှင်တို့နှစ်ယောက်တော်ကြပါတော့
..ကျွန်မကိုစိတ်ဆင်းရဲအောင်လုပ်ရမှကျေနပ်ကြမှာလား..."
"ဟေ့...မင့်သားဂျိုမွှေနေတာလေ...."
"ခင်ဗျားက မူးရူးပြီးကျုပ်အမေကို ထဆဲတာလည်းပြောအုံးလေ....သူများပုံပြီးသားကောက်ရိုးပုံပေါ်မှာ အခန့်သား၀င်အိပ်ချင်နေရင်လည်း အေးဆေးအိပ်
...မိန်းမထဘီနားခိုစားပြီး လူပါးတော့လာမ၀နဲ့..."
"ဟေ့ကောင်ခွေးသား မင်းဘာစကားပြောတာလဲ
...မင်းကိုငါသတ်မယ်...."
"အမယ်လေး...အရပ်ကတို့ရေ...ငါရှစ်ကြီးခိုးပါရဲ့
...နင်တို့မတော်ကြသေးဘူးလား...
ကိုကံထူး...ရှင်မလုပ်နဲ့နော် ...."
"လာစမ်းပါ... ခင်ဗျားကိုကြည့်နေတာကြာပြီ...
အမေ့မျက်နှာကြောင့် ကျုပ်သည်းခံနေတာ..."
"အောင်မယ်...သူတောင်းစား မင်းသောက်ပါးစပ်ကဘာစကားထွက်နေတာလည်း...
ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲလာလုပ်ပြနေတယ်...မင်းအမေငါ့မယားတောင်
ဒီစကားမထွက်ဘူး...မင်းကဘာထဖြစ်နေတာလဲ..."
"ကဲ...တော်ကြပါတော့...တော်ကြပါတော့...
ကျွန်မတောင်းပန်ပါတယ်...ရှစ်ကြီးခိုးပါရဲ့...."
"အမေဘာမှတောင်းပန်စရာမလိုဘူး...ဒီအရက်သမားကိုသာ အိမ်ပေါ်ကနှင်ချလိုက်...အလကား
ကျုပ်အိမ်မှာလည်း ခိုကပ်နေသေးတယ်...
ကျုပ်အမေကိုလည်းလူလိုမဆက်ဆံဘူး....
ခင်ဗျားဒီအိမ်ကနေ အခုချက်ခြင်းထွက်သွား...."
"မသွားတော့ဘာဖြစ်ချင်လည်း...ဟေ့ကောင်
ငါ့မိန်းမကို ငါ့ဘာသာရိုက်ရိုက် သတ်သတ်မင်းအပူပါလား....လူလိုပြောနေတာနားမလည်ဘူးလား ..."
"အမယ်လေး...မလုပ်နဲ့လို့ကျွန်မပြောနေတယ်နော် ကိုကံထူး..."
ဒီနေ့မှာ စိတ်ကြည်လင်စွာနှင့်နေရမယ်မှတ်တာ အရေးထဲရန်ပွဲတစ်ခုနှင့်လာတိုးနေသည်။အခြားသူတွေတော့မဟုတ်ပါဘူး ပွဲတိုင်းကျော်တဲ့ ကွမ်းယာသည်တို့သားအမိပါပဲ ။
ဦးကံထူးက အရပ်မူးနေပုံရသည်။
ခန္ဓာကိုယ်မှာ အ၀တ်တောင်မကပ်တော့သည်အထိ ယိုင်ထိုးနေပြီး မျက်လုံးတွေကလည်း နီမြန်းနေသည်။သူတို့အိမ်ရှေ့ရှိ ငုတ်တိုင်တစ်ခုအား ဆွဲနှုတ်လိုက်ပြီး ကိုင်မြောက်ကာဟိန်းကိုအား
ရိုက်နှက်ဖို့ ကြိုးစားနေသည်။သူကအတင်းရုန်းထိုး
သူ့မမိန်းမကဆွဲနှင့် အိမ်ရှေ့လူမြင်ကွင်းကြီးတွင် မြင်မကောင်းရှုမကောင်းဖြစ်နေကြသည် ။
ဘေးအိမ်ကလူအချို့လည်း ထွက်လာကြကာ ရန်ပွဲကိုကြည့်ကြကုန်တော့သည်။မဟန်လျှင် ဝိုင်းဆွဲကြမှာကြိမ်းသေသည်။
ဟိန်းကိုဆိုသည်မှာလည်း အသက်က၁၅နှစ်သာရှိသေးပေမဲ့ သူ့ပထွေးကိုကြည့်နေသော အကြည့်တွေဟာ မုန်းတီးမှုများပြည့်လျှံနေကာ သူ့ကိုတစ်ချက်ထိသည်နှင့်ကျွဲရိုင်းတစ်ကောင်ကဲ့သို့ ပြန်၍တွန်းကန်ရုန်းထိုးဖို့ အဆင်သင့်ဖြစ်နေသည်။လက်သီးကို တင်းတင်းဆုပ်၍ထားသောကြောင့် ချွေးများစီးကျနေသည့် လူ့လက်ဖျံကြောတွေကို မြင်နေရလေသည်။
မျက်ဖြူလံလောက်သည်အထိ ဦးကံထူးအားစိုက်ကြည့်နေသော ဟိန်းကိုသည်နှုတ်ခမ်းကိုစေ့ပိတ်ထားလျှက် အံကိုတင်းထားကာ အသက်ရှုနှုန်းတွေမြန်လာပြီး ယခုချက်ခြင်းပင်ဒေါသမီးလျှံတို့ ပေါက်ကွဲထွက်တော့မတတ် ရှူးရှူးရှားရှားဖြစ်နေသည်။
တကယ့်တကယ် ထိုးကြကြိတ်ကြမည်ဆိုပါက
ဦးကံထူးသာမူးမနေလျှင် သူလုံး၀နိုင်အောင်ပြန်ခုခံနိုင်မယ်မထင်ဘူး။
လူကောင်ချင်း၊အရပ်အမောင်းချင်းက အတော်ကွာလေသည်။ဖွဲ့ဖြိုးကာစ ဆယ်ကျော်သက်လူငယ်တစ်ယောက်နှင့် အရွယ်ကောင်းလူလတ်ပိုင်းဖြစ်သောကြောင့်ပါပဲ။ ဦးကံထူးဆိုသည်မှာ ယခင်ကဆိုင်ကယ်လ်ပြင်ဆိုင်ဖွင့်စား၍ တစ်ကိုယ်ရည်တကာယမပူမပင်ပဲ နေသူဖြစ်သည်။
နယ်ဘက်ကနေ ပြောင်းလာသူဟုသိရပေမဲ့ ညီအစ်ကိုမောင်နှမ ဘယ်လောက်ရှိသလဲတော့
ပုံရိပ်မသိပေ။အရက်သေရည်စာကိုတော့ ယခင်တည်းကစွဲမြဲစွာ သောက်တတ်သူဖြစ်လေသည်။
ဟိန်းကို၏အမေဟာ ခင်ပွန်းဆုံးပါးပြီးသိပ်မကြာခင်မှာပဲ ဒီလူနှင့်မယူခင်တည်းက ညားသည်ဟုဆိုရပေမည်။
ရပ်ကွက်ထဲတွင် ငွေတိုးချေးစားသူဖြစ်တာကြောင့် အချို့ကလည်းမကင်းရာမကင်းကြောင်းဖြစ်၍ အတင်းမတုတ်ရဲကြပေမဲ့ သူတို့၏အပုပ်နံ့ကတော့ ရပ်ကွက်ထဲမှာ တထောင်းထောင်းပါပဲ။
ဟိန်းကိုနေရာမှာ ပုံရိပ်သာဆိုလျှင် ခေါင်းမဖော်နိုင်အောင်ကိုရှက်မိမှာသေချာတယ်။
အေးလေ ဒီအမေကမကောင်းတော့လည်း ဒီသားကဆိုးပေတာမဆန်းတော့ပါဘူး။
ယခင်က ဆိုင်ကယ်လ်ပြင်ဆိုင်လေးဖွင့်ထားသည့် ဦးကံထူးသည် စည်ပင်သာယာ၏ဖယ်ရှားခိုင်းမှုကြောင့် ဆိုင်နေရာကိုဖျက်ရပြီးတည်းက
ဘာအလုပ်မှကို လုပ်ကိုင်ခြင်းမရှိတော့ပဲ မိန်းမလုပ်စာထိုင်စားကာ နေ့ညမပျက်အရက်နှင့်သာ
ခြေဆေးနေခဲ့သည်။
မိန်းမဖြစ်သူကလည်း အာကြမ်းလျှာကြမ်းဆိုတော့ ရပ်ကွက်ထဲတွင် နေ့စဉ်နှင့်အမျှဆူပူသံတွေကို
မကြားချင်မှအဆုံးပင်။သားအမိချင်းရန်ဖြစ်လိုက် လင်မယားချင်းရန်ဖြစ်လိုက်နှင့် ဘေးလူတွေတိုင်၍ ရပ်ကွက်ရုံးတောင် ရောက်လိုက်သေးသည်။
ပုံရိပ်လည်း ရန်ပွဲကိုအခြားသူများနည်းတူ ခေတ္တမျှရပ်ကြည့်လိုက်ပြီးနောက် တုတ်တွေဘာတွေလွှင့်စင်လာပါက အလကားနေရင်းကိုယ်ပါဒုက္ခရောက်မည်စိုး၍ ထိုနေရာမှအမြန်ရှောင်ထွက်လာခဲ့လိုက်သည်။
အချိန်ကတော့ ညနေငါးနာရီခွဲနေလေပြီ ။နေ၀န်းနီနီသည် အနောက်အရပ်သို့ ၀င်ရောက်ပျောက်ကွယ်စပြုနေသည် ။မြောက်လေတိုက်၍ သစ်ပင်တို့ယိမ်းနွဲ့လှုပ်ရှားသွားသည့်နည်းတူ လေအသုတ်တွင်ရောယှက်၍ပါလာသော သဲလုံးကြီးကြီးကြောင့် မျက်လုံးတွေကိုမှိတ်ထားလိုက်မိသည်။
ဆံပင်ကို ခပ်မြင့်မြင့်စီးနှောင်ထားသောကြောင့် ဆံပင်ရှည်တွေဟာ လေထဲတွင်ယိမ်းထိုးကာမျက်နှာကိုပါ လာရောက်ရိုက်ခက်နေသကဲ့သို့ဖြစ်နေသည်။လေညိမ်သွားသည့်အခါ မျက်လုံးကိုလာအုပ်နေသောဆံပင်တွေအား ဖယ်ပစ်လိုက်ပြီး ဖုန်မှုန့်တွေ စင်သွားသောမျက်နှာကိုလည်း လက်ဖြင့်သပ်ချလိုက်သည်။
ဆရာတို့အလုပ်သည် စနေ၊တနင်္ဂနွေပိတ်သောကြောင့် နောက်ဆုံးအလုပ်ဆင်းရက်ဖြစ်သည့် သောကြာနေ့တွင် ငါးနာရီခွဲလောက်ကျောင်းကိုပြန်ရောက်မည်ဟုဆိုသည်။ခြောက်နာရီခွဲတွင် စာသင်ချိန်စမည်ဖြစ်ပြီး ဒီနေ့မှာကျက်စာမေးမည်ဖြစ်တာကြောင့် စာနွေးဖို့ရန် ကျောင်းသို့စောစောထွက်လာမိသည်။
ကျောင်းမုခ်၀သို့ရောက်သောအခါ ညှပ်ဖိနပ်လေးအာ ချွတ်နေစဉ် အနောက်မှအရိပ်တစ်ခုဖြတ်ပေးသွားသလို ခြေသံမျိူးကိုကြားလိုက်၍ လှည့်ကြည့်လိုက်မိတော့ နှလုံးသားလေးတောင် ဒုန်းကနဲ့
ခုန်ဆောင့်တတ်သွားလောက်သည်အထိ အံ့သြထိတ်လန့်သွားမိသည်။
ခြေထောက်ဗလာနှင့် လူတစ်ယောက် ဖြတ်ပြေးသွားခြင်းဖြစ်သည်။သွေးရည်နီနီပျစ်ပျစ်တို့သည် သူပြေးသွားရာ လမ်းတစ်လျှောက်တွင် တစက်စက်ကျသွားပုံက အဖြူအတိလွှမ်းနေသော ကင်းဗတ် အပေါ်သို့ အနီရောင်ဆေးစက်တွေ လွှင့်ခါချလိုက်တာနှင့်ပင် တူနေသည်။ပခုံးတွင် ရှိနေသော သူ့ဒဏ်ရာကို လက်ဖြင့်အုပ်၍ ပြေးသွားတာကြောင့် အထင်အရှားမတွေ့လိုက်ရပေမဲ့ သူသိပ်နာမှာပဲလို့ သနားဂရုဏာသက်မိသည်။
သူ၀တ်ထားတဲ့အဖြူရောင် စွပ်ကျယ်ချိုင်းပြတ်လေးမှာတောင် သွေးတို့ရွှဲနေသည်။
သူသည် အခြားသူမဟုတ်ပဲ လမ်းထဲတွင် မြင်တွေ့ခဲ့ရသော ရန်ပွဲအတွင်းမှ ကွမ်းယာသည်၏သား၊ကျောင်းတွင် ပုံရိပ်သတိလစ်မေ့မျောခဲ့စဉ်က ဆေးရုံသို့ပွေ့ချီ၍ လိုက်ပို့ခဲ့သော ဟိန်းကိုပင်ဖြစ်သည်။ ကျောင်းတိုက်ထဲသို့ မ၀င်မိခင်တွေးမိတဲ့အတွေးလေးကတော့ ဆရာနေမျိုးဆီတွင် စာသင်ဖို့ဖြစ်တည်လာခဲ့သော ပထမဦးဆုံးအကြံဉာဏ်ကလည်း သူပေးခဲ့တာဆိုသည့်အချက်ပါပဲ။
ကျောင်းကန်ဘောင်တွင် သူနဲ့နောက်ဆုံးဆုံတွေခဲ့စဉ်က သူဟာပုံရိပ်ကို စကားကောင်းကောင်းပြော၍တုန့်ပြန်ခဲ့သည်။
သူ့ကိုလည်း လူကောင်းတစ်ယောက်လို့ သတ်မှတ်ခဲ့မိသလို သူ့အပေါ်မှာလည်းကျေးဇူးတရားတစ်ခု အကြွေးတင်နေတယ်။ဒါပေမဲ့ အခုအချိန်မှာသူ့ရဲ့ သွေးဆက်လက်နှင့် ပုံစံကိုမြင်နေရပေမဲ့
စိတ်မကောင်းရုံကလွှဲပြီး ဘာမှလုပ်မပေးနိုင်ပါလား။
ခန္ဓာကိုယ်ကသာ မုခ်ဦးကိုကျော်လာပေမဲ့ စိတ်ကတော့ ဟိန်းကို၏သွေးစက်ကျရာအနောက်သို့ ပါသွားခဲ့လေသည်။သူ့ဒဏ်ရာကိုကြည့်ရတာ ပြင်းထန်မဲ့ပုံပဲ။သူ့ပထွေးရိုက်လိုက်တာနေမှာပေါ့။
သူ့အမေကရော သားတစ်ယောက်လုံးအရိုက်ခံနေရတာကို ဒီအတိုင်းပဲကြည့်နေခဲ့ရသလား။တကယ်လို့ သွေးထွက်လွန်ပြီး သတိတွေဘာတွေမေ့သွားရင်
သူ့ကိုဘယ်သူလာကယ်ပါ့မလဲ။
သူပြေးသွားတဲ့ဘက်မှာက ရိုးတစ်ခုရှိပြီး ဟိုဘက်သည်ဘက်ကမ်းအား ကူးဖို့ရန် ဝါးတံတားငယ်တစ်ခုရှိသည်။ ရိုး၏တစ်ဖက်အခြမ်းကျော်လွန်ပါက ကန်စွန်းခင်း၊ချဉ်ပေါင်ခင်းနှင့် ဟင်းနုနွယ်ခင်းတွေကို တမျှော်ကြီး တွေ့ရနိုင်သည်။ ထိုကိုင်းအခင်းထဲတွင်တော့ တဲတစ်လုံးရှိပြီး ကန်စွန်းခင်းပိုင်ရှင်တော့နေမှာပဲ ။အဲ့ဒီ့လူတွေသူ့ကို တွေ့သွားရင်တော့ သူသိပ်ကိုကံကောင်းမှာပေါ့။
"ဟေ့...မိပုံ...ဘာတွေငိုင်နေတာလဲ..ဒကာမလေးတို့ဆရာကနောက် နာရီ၀က်,တစ်နာရီလောက်ဆိုရင်ရောက်တော့မှာ...မင်းမင်းတို့အဖွဲ့ကတော့ ရင်ပြင်ပေါ်မှာ တက်ဆော့နေကြတယ်...."
ဦးဇင်းပြုံးချိုသည် ပုံရိပ်ကိုဖလှဲတကင်း နှုတ်ဆက်စကားပြောဆိုနေပေမဲ့ ပုံရိပ်၏
မျက်၀န်းတွေကတော့ ဦးဇင်း၏လက်ထဲမှ ဆေးတွေထည့်ထားသော ကော်ဗူးကိုသာ ကြည့်နေမိသည်။ကော်ဗူးကအကြည်ဖြစ်၍ အထဲမှပတ်တီးတွေ၊ဂွမ်းတွေနှင့် အနာကျက်ဆေးဗူးသေးသေးလေးကိုပါ မြင်နေရလေသည်။
"ဒကာမလေး...ဘာဖြစ်နေတာလည်း...."
"ဦးဇင်း...တပည့်တော်ကိုဒီဆေးဗူးလေး
ခဏပေးပါလား..."
ပုံရိပ်၏ ရုတ်ချည်းဆန်သောအပြုအမူနှင့်တောင်းဆိုမှုကြောင့် ဦးဇင်းသည်ထူးဆန်းသလို ကြည့်လာသည်။
"ဘာလုပ်ဖို့လဲ...ကပ္ပိယမောင်နိုင်..ထမင်းစားဆောင်ကိုကူမိုးရင်း သွပ်ရှလို့ဆေးထည့်ပေးပြီး ပြန်လာတာ...ဒကာမလေးကဒါကိုဘယ်နေရာမှာ သုံးမလို့လဲ..."
"တပည့်တော်...ဟို...ဟို..လမ်းမှာကြောင်လေးတစ်ကောင်လေ...ဒဏ်ရာရတာတွေ့ခဲ့လို့ပါ
...တပည့်တော်ကိုခဏပေးပါနော်...ပြီးရင်ပြန်လာပေးပါ့မယ်..."
"ဟာ.....ဟေ့ ..ဒီဒကာမတော့ နောက်ကနေ
ကျားလိုက်နေတဲ့အတိုင်းပဲ မြန်လိုက်တာများ..."
ဆေးဗူးကိုယူကာ ခြေကုန်သုတ်၍ ကျောင်း၀န်းထဲမှပြေးထွက်သွားသော ပုံရိပ်အား ဦးဇင်းပြုံးချိုသည် မရှိတဲ့ ဆံပင်ပေါက်များကိုကုတ်မိလျှက် ငေး၍ကျန်နေခဲ့တော့သည်။
ပုံရိပ်ကတော့ ဆေးဗူးကိုရင်မှာပိုက်လျှက် တစ်ဖက်တွင် လွယ်အိတ်ကိုကိုင်ထားရင်းနှင့်ပင် ဘုန်းကြီးကျောင်း၏တောင်ဘက်အခြမ်းသို့ ပြေးသွားလေသည်။
ကျူတောများ ပွထနေသောလမ်းကြားကိုလည်းတစ်ချက်လှမ်းကြည့်လိုက်မိသည်။
ကျူပင်တွေနှင့် တောထနေသောထိုနေရာတွင် ပွဲဈေးလုပ်မည့်အခါမျိုးတွင်မှ ဆရာတော်ကြီးသည်အလုပ်သမားတွေခေါ်၍သော်လည်းကောင်း ရပ်ကွက်ထဲရှိ လုပ်အားပေးလူငယ်များ ၀န်းရံ၍
သော်လည်းကောင်း လမ်းဘေးရှိကျူတောများကို ခုတ်ထွင် ရှင်းလင်းတတ်သည်။
ယခုတော့ ထိုလမ်းကလေးထဲသို့ ၀င်ဖို့ကိုတောင်
မဝံ့ရဲလောက်သည်အထိ ကျူပင်တွေအလွန်များပြားသောကြောင့် ရှေ့သို့သာဆက်လာခဲ့လိုက်သည်။
ကျူတောကို ကျော်လွန်လေသောအခါ ကားလမ်းမကြီးနှင့် နီးစပ်လာ၍ကားသံတဝီဝီအားလည်း
မကြားချင်မှအဆုံးပင်။ရိုးကြီးအနားကိုရောက်လာသောအခါမှာတော့ ကန်စွန်းခင်းဘက်အခြမ်းသို့ ကူး၍ရသောတံတားကို
ရှာမိသည်။မြက်ပင်ရှည်ကြီးများနှင့်အနည်းငယ်ကွယ်နေသောကြောင့် အလျှင်အမြန်ရှာမတွေ့ပေမဲ့ သေချာလေးရှာကြည့်တော့ တွေ့လေသည်။
သို့ပေမဲ့ ရိုးကိုဖြတ်ကူးမည့် ပုံရိပ်၏
စိတ်အားထက်သန်လွန်းသော ခြေလှမ်းတွေသည်တံတားငယ်လေး၏ထိပ်တွင်သာ ရပ်တန့်သွားသည်။အဘယ်ကြောင့်ဆိုသော် တံတား၏အလည်တည့်တည့်တွင် ဒူးထောင်လျက်ဖြင့် လည်ပင်းကို
ငုံ့ကိုင်းထားပြီး လက်မောင်းတွေကြားသို့ မျက်နှာဝှက်၍ငိုရှိုက်နေသော ကောင်လေးကြောင့်ပါပဲ။
နေလုံးသည် ကောင်းကင်ယံတွင် လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးသည်လည်း ပုစွန်ဆီရောင်နှင့်လိမ္မော်ရောင် ရောယှက်သကဲ့သို့ဖြစ်နေကာ တံတားကလေးသည် ထိုအရိပ်တို့လွှမ်းခြုံသကဲ့သို့ဖြစ်နေသည်။
တံတားအောက်ရှိ ရိုးထဲတွင်အစဉ်မပျက်စီးဆင်းနေသော ရေလျှင်ကြောသည် ကြောက်တုံးနှင့်မြေဆီလွှာအား ပွတ်တိုက်မိသောအခါတွင်
စည်းချက်မှန်အောင် တီးခတ်နေသောဂီတသံစဥ်လေးဖြစ်သွားသကဲ့သို့ တိတ်ဆိတ်နေသည့် အခိုက်အတန့်အား အသက်၀င်စေသည်။
လေတိုက်လိုက်သည့်အခါတိုင်း တရှဲရှဲမည်သံနှင့်အတူ မြက်ရိုင်းပင်တို့ ယိမ်းခါသွားပေမဲ့ သူကတော့ ခေါင်းမော့၍ ကြည့်မလာပေ။
သူ့ဘယ်ဘက်ရှိလက်မောင်းဒဏ်ရာသည် သွေးများချက်ခဲ၍ ခြောက်နေသယောင်ဖြစ်နေသည်။
"နင်...အဆင်ပြေရဲ့လား...."
ဖြည်းဖြည်းတိုးတိုးလေး မေးလိုက်မိပေမဲ့
သူချက်ခြင်းမော့ကြည့်လာသည်။သူ့မျက်လုံးတွေဟာ ကောင်းကင်၏အရောင်နှင့် ရောယှက်နေသကဲ့သို့ နီဆွေးပူလောင်မှုအတိဖြစ်နေသည်။
ယောက်ျားတစ်ယောက်ငိုနေတာကို ဒီလောက်အထိအနီးကပ်မမြင်ဖူးတာကြောင့် ကိုယ်လည်းဘာဆက်ပြောရမှန်းမသိပဲ ကြောင်နနလေးဖြစ်နေမိသည်။
သူ့မျက်၀န်းတွေသည် ကိုယ်ကိုင်လာသည့် ဆေးဗူးအားကြည့်နေသည်ဟု ကောက်ချက်ချလိုက်မိစဉ်မှာတော့ သူထိုင်နေသော တံတားအလည်ခေါင်အထိ လျှောက်သွားလိုက်မိသည်။
သူ့ပုံစံကတော့ အခုထိပုံရိပ်ကို တွေ့နေရတာကိုပင် မယုံရဲသလိုကြီး ဖြစ်နေသည်။
တံတားအောက်သို့ ခြေထောက်ကိုတွဲလောင်းချ
လျှက် သူ့ဘေးတွင်၀င်ထိုင်မိသည့်အချိန်အထိ
သူ့မျက်လုံးတွေကို မှေးကျင်းထားသော အနေအထားဖြင့် ပုံရိပ်ကိုကြည့်နေတုန်းပါပဲ။
"ဒဏ်ရာက နာနေလား..ဒီအထဲမှာအရက်ပြန်နဲ့ဂွမ်းပါတယ်...ငါအနာကိုအရက်ပြန်နဲ့ဆေးပေးမယ်လေ...."
"ဘာလုပ်တာလဲ...."
သူ့ရဲ့ဘယ်ဘက်ပခုံးအား တွန့်ရုန်းယူလိုက်တာကြောင့် စိတ်ထဲမှာနည်းနည်းတော့ ကသိကအောင့်ဖြစ်သွားမိတယ်။
"နင့်ဒဏ်ရာကို ဆေးထည့်ပေးမလို့လေ...
အများကြီးအစားကြီးတော့မပါဘူး...
အရက်ပြန်ရယ် ၊ဂွမ်းရယ်အနာကျက်ဆေးရယ်ပဲ
ပါတယ်..."
"လာမလုပ်နဲ့ ငါ့ဘာသာသေချင်သေပါစေ..."
သူ့အသံကြီးသည် လက်ချောင်းအ၀မှဆို့နင့်စွာထွက်လာသော အသံကြီးဖြစ်နေသည်။
သူ့ပထွေးနဲ့ဘယ်လိုတွေပြဿနာတက်လာသလဲ
မသိပေမဲ့ လူငယ်အချင်းချင်းမို့ သူခံစားနေရတာကို ၀င်မခံစားပေးနိုင်ရင်တောင် နားလည်ပေးလို့ရပါတယ်။
"ဆေးမထည့်ရင် မေးခိုင်ပိုးတွေ၀င်သွားမှာပေါ့ .."
"၀င်ပါစေ...အခုသေလည်းအခုအေးတာပဲ
..နေချင်စိတ်လည်းမရှိတော့ဘူး...အာ့..."
ပြောရင်းဆိုရင်း သူ့ဒဏ်ရာကကိုက်လာတယ်ထင်ပါရဲ့ သူ့မျက်နှာကြီးရှုံ့မဲ့သွားသည်။
"တွေ့လား...အနာကဆေးမထည့်ရင် နည်းနည်းကြာတာနဲ့ ပိုကိုက်ခဲပြီး ခံရခက်လာမှာ..
ငါ့အဖေဆိုရင် ဓားရှတာကိုဘာမှမဖြစ်ဘူးဆိုပြီး
ဒီအတိုင်းထားလိုက်မိတာ ခွဲစိတ်ခန်းတောင်၀င်လိုက်ရတယ်...မပေါ့ပါနဲ့ဟာ.."
"ပုံရိပ်...နင်ငါနဲ့ဝေးဝေးမှာသွားနေစမ်းပါ...
ငါ့လိုကောင်နဲ့လာမပတ်သတ်ချင်ပါနဲ့...
စကားတွေလည်း အများကြီးလာမပြောစမ်းနဲ့
...အေးအေးဆေးဆေးပဲနေပါရစေ..."
သူကများပုံရိပ်ကိုနှင်လွှတ်ရတယ်လို့။
စေတနာနဲ့ လာမိပေမယ့် တကယ်ကိုစေတနာနဲ့
မထိုက်တန်တဲ့လူပဲ။
ကိုယ့်မှာ ဦးဇင်းပြုံးချိုဆီကနေတောင်
အတင်းယူလာခဲ့ရတာ။
ပုံရိပ်ဆိုသည်မှာလည်း မလုပ်နှင့်ဆိုသောအရာကိုမှ ပိုလုပ်ချင်သူဖြစ်နေတာကြောင့် ဒဏ်ရာရနေသည့် သူ့လက်မောင်းကိုဆွဲဆောင့်ယူလိုက်ပြီး အရက်ပြန်တွေလောင်းချပစ်လိုက်သည်။
"အာ့...အား..သေပါပြီ...နာတယ်ဟ..."
"သေလည်းအေးတာပဲဆို နာလည်းမအော်နဲ့လေ..."
ဟိန်းကိုသည် သူ့မျက်နှာအား လက်ညှိုးငေါက်ငေါက်ထိုး၍ ဖိဟောက်နေသူပုံရိပ်ကို ဒေါသမျက်၀န်းတွေနှင့်ကြည့်လိုက်မိပေမဲ့
ဒီကောင်မလေးကတော့ သူ့ကိုလုံး၀ကြောက်ရွံ့ဟန်မရှိတဲ့အပြင် သူ့အသားမဟုတ်တိုင်းဒဏ်ရာကို ဆေးထည့်ပေးနေပုံက မညှာမတာနှင့်ပင်။
အနီးကပ်မြင်နေရတော့မှ သူမ၏မျက်နှာအစိတ်အပိုင်းတွေကို သေချာငုံ့ကြည့်မိသည်။
ပုံရိပ်ဆိုသည့်မိန်းကလေးက နူးညံ့တဲ့အပြုအမူတွေ လုပ်မပြတတ်သလို အပြောအဆိုကလည်းယဉ်ကျေးတယ်လို့မဆိုသာဘူး။
ဒါပေမဲ့ သူ့ရဲ့မျက်နှာလေးကတော့
အစက်အပျောက်တစက်တောင်မရှိပဲ ချောမွေ့နူးညံ့နေသည်။နှာတံစင်းစင်းလေးနှင့် လခြမ်းကွေး
သဏ္ဍန်မျက်ခုံးမွှေးတန်းလေးက စိမ်းညို့နေပြီး
မထူမပါးလေးဖြစ်သည်။
နဖူးကျဉ်းကျဉ်းလေးကို ဆံပင်တွေလှန်စည်းထားတာကြောင့် ပြေပြစ်သောနှဖူးပြင်လေးက ချွေးစို့၍အရောင်လက်နေသည်။
ညှို့ဓာတ်ပါသော မျက်၀န်းလေးတွေအား ကာရံထားသည့်မျက်တောင်လေးတွေသည်တိုစိပ်စိပ်လေးတွေဖြစ်နေပေမဲ့ ထူထဲ၍ကော့ညွှတ်ညွှတ်ကလေးဖြစ်နေတာကပင် သူ့မျက်လုံးလေးတွေကို
ပို၍အရောင်တောက်စေသည်ဟု ဆိုရမည်။
ညာဘက်ပါးပြင်လေးမှာလည်း စပယ်တင်မှဲ့ရေးရေးလေး ရှိနေပြီး ညာဘက်နားရွက်ချွန်ချွန်လေးတွင်လည်း မှဲ့နက်ကလေးကထင်းနေသည်။
ပုံရိပ်၏မျက်နှာကို သူတွေငေးကာစိုက်ကြည့်နေမိစဉ်မှာ အနာကိုပွတ်ချလိုက်တာကြောင့်....
"အား...သေပြီဟ..ဆေးလာကုပေးနေတာလား
...ဒုက္ခလာပေးနေတာလား...
"ငြိမ်ငြိမ်နေစမ်းပါ...ခွေးလေး၊ကြောင်လေးတွေတောင် ဒဏ်ရာရနေရင် ငါကကြည့်နေနိုင်တာမဟုတ်ဘူး...အားနေလို့လာလုပ်ပေးတယ်မထင်နဲ့
...စာကျက်ဝိုင်းသွားရအုံးမှာ...ငြိမ်ငြိမ်နေ...."
သူ့ဒဏ်ရာက အရမ်းမနက်ပေမဲ့ သံလိုချွန်ထက်သည့်အရာဖြင့် အားပြင်းပြင်းခြစ်မိတာသေချာသည်။ဒဏ်ရာကြီး ဒီလောက်ဖြစ်နေတာကို
လူမသိသူမသိနေရာမှာ လာထိုင်နေတာများ အံ့ဩစရာပဲ။
အော်..ပုံရိပ်တောင်အိမ်ကနေထွက်ပြေးခဲ့ဖူးသေးတာပဲလေ။
"ဒဏ်ရာက ဘယ်လိုဖြစ်တာလဲ...နင့်ပထွေးလုပ်လိုက်တာလား..."
"နင်ငါတို့ရန်ဖြစ်နေတာကို မြင်လိုက်တာလား..."
"အော်...တစ်ရပ်ကွက်လုံးမြင်တဲ့ဥစ္စာ..."
"ဟုတ်တယ် သူလွှဲပြီးရိုက်လိုက်တဲ့တုတ်ကိုရှောင်လိုက်မိပေမဲ့ ထိပ်မှာစိုက်၀င်နေတဲ့သံချောင်းနဲ့ခြစ်မိတာ...အဲ့လူကိုလည်းငါလက်သီးနဲ့ထိုးပစ်ခဲ့တယ်..."
"အဲ့လောက်တောင်ဖြစ်ခဲ့တာလား...နင့်အမေကရောဘာပြောသေးလဲ..."
"ထွက်သွားတဲ့...အိမ်ပေါ်ကနေဆင်းသွားတဲ့...
သူ့ယောက်ျားရဲ့နှာနုရိုးကိုထိပြီး နှာခေါင်းသွေးထွက်တာပဲသူမြင်တယ်...ငါ့လက်မောင်းကစီးကျလာတဲ့ နီနီရဲရဲသွေးစက်တွေကိုတော့
သူကပန်းပွင့်တွေ အဆုပ်လိုက်ကြွေကျနေတယ်လို့ ထင်နေပုံပါပဲ...သူမို့လျစ်လျှူရှုထားရက်တယ်..."
"ဒီလိုဆိုရင် နင့်အမေကိုနင်မုန်းသလား..."
သူ့အနာကိုဆေးထည့်ပေးအပြီးတွင် ပတ်တီးစည်းပေးရင်းနှင့် ဘာရယ်မဟုတ်မေးခွန်းထုတ်လိုက်မိသည်။
"ငါအမေ့ကိုမမုန်းပါဘူး...အမေ့ကိုအခုထိခင်တွယ်တုန်း...သံယောဇဉ်ရှိတုန်းပါပဲ
...ဒါပေမဲ့လေးစားလို့တော့ မရတော့ဘူး...
ငါ့ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့တွဲလျှက်ပါလာတဲ့
...ကြည်ညိုလေးစားမှုတွေကတော့...
အဖေဆုံးပြီးကတည်းက ပျောက်ပျယ်သွားခဲ့ပြီ..."
"ဒါဆိုရင် သားသမီးတစ်ယောက်ကိုအကြောင်းမဲ့သက်သက် စွန့်ပစ်သွားတဲ့မိဘတွေဆိုရင်ရော
မုန်းသင့်သလား..."
"အဲ့ဒါတွေ ငါ့ကိုလာမမေးပါနဲ့ပုံရိပ်...
အခြားသူတစ်ယောက်ရဲ့ဘ၀ကို ငါမဝေဖန်ပေးချင်ဘူး...လူတိုင်းကသူ့ကံတရားနဲ့သူပဲ
အဲ့ဒီ့ကံတရားကိုလက်ခံပေးဖို့ ခန္ဓီပါရမီ
မကောင်းလို့သာ..ပြဿနာတွေဖြစ်နေရတာ..."
"ဘယ်သူမှတော့ ပြဿနာမဖြစ်ချင်ကြပါဘူး
..သည်းခံနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်လာလို့သာ ပြန်ခုခံရတာမဟုတ်လား..."
"ဟုတ်တယ်..ဒါပေမဲ့ ငါကသူများနဲ့မတူဘူး...
ပြန်ခုခံရင်းကနေ တိုက်ခိုက်ပစ်ဖို့ပါ
ဖြစ်လာတတ်လို့...တခါတလေ ငါ့ကိုယ်ငါတောင်
မထိန်းချုပ်နိုင်ဘူး...မထိန်းချုပ်ချင်တာဆိုပိုမှန်ပါလိမ့်မယ်...ငါကလူကောင်းမဟုတ်ဘူး...
နင်ငါ့အနားကို နောက်တစ်ခါမလာမိပါစေနဲ့..."
"နှင်လွှတ်တယ်ပေါ့...ကဲ..ပတ်တီးစည်းပေးပြီးပြီ
...ငါလည်းနင့်အနားကိုလာချင်လွန်းလို့တော့မထင်လိုက်ပါနဲ့...ပခုံးမှာဒဏ်ရာရနေတဲ့ ကြောင်လေးတစ်ကောင်ထွက်ပြေးသွားသလိုမျိုးပဲ...
သနားလို့ဆေးလာကုပေးတာ..."
သူ့စကားကိုထိုသို့ပြန်လည်ချေပလိုက်ပြီး ပက်တီးလက်ကျန်တွေကို ကော်ဗူးထဲသို့ထည့်ကာမတ်တတ်ထရပ်လိုက်သည်။
တံတားကို သေချာကူး၍ တဖက်ခြမ်းရှိလမ်းဘက်သို့ရောက်သောအခါမှ သူ့အပေါ်တွင်တင်ရှိနေသေးသော စကားကိုသွားသတိရမိလေသည်။
ငုတ်တုတ်ထိုင်လျှက်ဖြင့် အဝေးသို့မျှော်ရီငေးနေသော သူ့ကိုတစ်ချက်ကြည့်လိုက်မိသည်။
"ငါ့ကို ဆေးရုံလိုက်ပို့ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...အခုကအဲ့ဒီ့အတွက်ပြန်လျှော်ပေးတယ်လို့ သတ်မှတ်လိုက်ပေါ့...
နင်နဲ့ငါ့ကြားမှာ ဘာကျေးဇူးတရားမှမရှိတော့ဘူးနော် .."
ပုံရိပ်၏စကားအသုံးအနှုန်းသည် ရင့်သီးလွန်းတယ်ထင်ရပေမဲ့ သူတောင်မှ ကိုယ့်ကိုလာကူညီတာကိုတောင်မထောက် နှင်လွှတ်သေးတာပဲ။
အားနာစရာတော့မရှိပါဘူး။
တကယ်လည်း သူကိုယ့်အပေါ်မှာကောင်းခဲ့တာလေးကြောင့် ဒီလိုလူသူကင်းမဲ့တဲ့ နေရာကိုလိုက်လာမိတာပါလေ။မဟုတ်ရင် ဒီလိုနေရာမျိုးကို
ခြေဦးလှည့်လာဖို့ စဉ်းစားမိမှာကိုမဟုတ်ဘူး။
"တစ်ခုတော့ပြောခဲ့ချင်တယ်....ဆရာကြီးလုပ်တာလည်းမဟုတ်ဘူး...ဆုံးမစကားချွေတာလည်းမဟုတ်ဘူး..."
"ဘာကိုပြောချင်တာလဲ..."
အညိုရောင်စပဲန့်သား၀မ်းဆက်လေးကို
၀တ်ဆင်ထားသောပုံရိပ်သည် ညနေခင်း၏ဆည်းဆာကိုနောက်ခံထားလျှက်
ဟိန်းကိုအား ငေးစိုက်ကြည့်နေမိသည်။
ဟိန်းကိုသည်လည်း ပုံရိပ်စည်းနှောင်ပေးထားသော ပတ်တီးနေရာသို့ ညာလက်ဖြင့်ထိန်းကိုင်ထားလျှက် ဖြူလွှသောအသားအရည်၊သွယ်လျှသောကိုယ်ဟန်လေးနှင့် လေထဲတွင်တလူလူလွှင့်၍နေသော ဆံနွယ်လေးတွေအား သိမ်းယူကာရှေ့ဘက်သို့ချလိုက်သော ကောင်မလေးကို မျက်တောင်မခတ်စတမ်း
ငေးကြည့်နေမိသည်။
ပုံရိပ်ပြောမည့်စကားတွေကိုလည်း မကြားချင်ပါဘူးဟု ကန့်လန့်တိုက်ထားမိပေမဲ့။အမှန်မှာတော့
ပုံရိပ်၏နှုတ်မှထွက်သော အသံလေးကိုသူကြားချင်နေမိသည်။
ဒီကောင်မလေးသည် သူ့အပေါ်ကိုနူးညံ့ညင်သာပေးတာမျိုးမဟုတ်ပေမဲ့ စိတ်ရင်းနှင့် ဆက်ဆံပေးနေသည်ဟု သူနားလည်ထားမိသည်။
"နင်က လူကောင်းတစ်ယောက်မဟုတ်ပေမဲ့
လူဆိုးတစ်ယောက်လည်းမဟုတ်ပါဘူး...
ဖြစ်ချင်တာတွေဖြစ်မလာတိုင်း ထင်တိုင်းကျဲမနေပါနဲ့တော့...ငါလည်းနောင်တရပြီးပြန်ပြုပြင်နေပြီ
...နင့်ကိုလည်းပြောင်းလဲကြည့်ဖို့အကြံပေးချင်တယ်...ဆရာနေမျိုးကိုသိတယ်မဟုတ်လား...အခုလက်ရှိငါ့အတွက်
နည်းမှန်လမ်းမှန်ကို သူကညွှန်ပြပေးနေတယ်
...ကန်ဘောင်ပေါ်မှာနင်ငါ့ကိုပြောခဲ့တဲ့
စကားကောင်းတစ်ခွန်းအတွက်လည်း ကျေးဇူးတင်ပါတယ်...ငါသွားပြီ...."
ပုံရိပ်ထွက်သွားပြီးနောက်မှာ အမှောင်ရိပ်သည်လည်းအစပျိုးလာခဲ့သည်။
သူ့ဒဏ်ရာကလည်းတဆစ်ဆစ်ထိုးကိုက်လာတာကြောင့် နားခိုစရာနေရာကို ရှာဖို့ရန်တံတားအပေါ်မှ ထရပ်လိုက်ပြီး တစ်ဖက်ကမ်းသို့ကူးသွားလိုက်သည်။
ဒီနေ့တော့ သူအိမ်ကိုလုံး၀ပြန်ချင်စိတ်မရှိပါ။
အမေနဲ့လည်း မျက်နှာချင်းမဆိုင်ချင်သလို
ပထွေးဖြစ်သူ၏မျက်နှာကိုလည်း မမြင်ချင်၊
မကြည့်ချင်လောက်အောက် မုန်းတီးမိသည်။
ဒီတော့ သူသွားရမဲ့အိမ်က ဦးလေးအိမ်
တစ်အိမ်သာ ရှိတော့သည်။
ထိုတံတားကလေးအနားမှ ဟိန်းကိုထွက်သွားပြီးနောက်တွင်တော့ မှောင်ရီပျိုးစအချိိန်သည် အရောင်ရင့်လာ၍ ကန်စွန်းခင်းထဲရှိတဲအိမ်ကလေးတွင်လည်း မှိန်ပျပျမီးရောင်လေး ဝိုးတဝါးပေါ်လာခဲ့လေသည်။
အခန်း(၁၅)ဆက်ရန်ရှိသည်..
🔥🔥🔥🔥🔥🔥
ဟိန်းကိုလိုဆိုးသွမ်းတဲ့ကောင်လေးတောင် ပုံရိပ်ကိုမနိုင်ဘူးနော်
==========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၄)🔥 ဒုတိယပိုင္း
"ေခြးေကာင္....မင္းကဘာအခ်ိဳးခ်ိဳးတာလည္း...အစား၀ေအာင္ကၽြေးထားလည္း ကၽြေးတဲ့လက္ကိုျပန္ကိုက္တာပဲလား...ဟမ္..."
"ခင္ဗ်ားႀကီးရဲ့ပါးစပ္က လ်ွားရိုးမရိွတိုင္း
လူၾကားေကာင္းေအာင္ အပိုေတြေလ်ွာက္ေျပာမေနနဲ႔...ခင္ဗ်ားအခုေနေနတဲ့အိမ္ကက်ဳပ္အေဖအိမ္...ခင္ဗ်ားတေန့တေန့ မ်ိဳေနသမ်ွက
က်ဳပ္အေမရွာထားတဲ့ပိုက္ဆံနဲ႔
မ်ိဳေနတာမဟုတ္ဘူးလား..."
"ေဟ့ေကာင္...သူေတာင္းစားမင္းကလူပါး၀လို႔...
မင္းကေရာဘာေသာက္လုပ္ေသာက္ကိုင္ရိွလို႔လဲ"
"အမယ္ေလး...ရွင္တို႔ႏွစ္ေယာက္ေတာ္ၾကပါေတာ့
..ကၽြန္မကိုစိတ္ဆင္းရဲေအာင္လုပ္ရမွေက်နပ္ၾကမွာလား..."
"ေဟ့...မင့္သားဂ်ိဳေမႊေနတာေလ...."
"ခင္ဗ်ားက မူးရူးၿပီးက်ဳပ္အေမကို ထဆဲတာလည္းေျပာအံုးေလ....သူမ်ားပံုၿပီးသားေကာက္ရိုးပံုေပၚမွာ အခန႔္သား၀င္အိပ္ခ်င္ေနရင္လည္း ေအးေဆးအိပ္
...မိန္းမထဘီနားခိုစားၿပီး လူပါးေတာ့လာမ၀နဲ႔..."
"ေဟ့ေကာင္ေခြးသား မင္းဘာစကားေျပာတာလဲ
...မင္းကိုငါသတ္မယ္...."
"အမယ္ေလး...အရပ္ကတို႔ေရ...ငါရွစ္ႀကီးခိုးပါရဲ့
...နင္တို႔မေတာ္ၾကေသးဘူးလား...
ကိုကံထူး...ရွင္မလုပ္နဲ႔ေနာ္ ...."
"လာစမ္းပါ... ခင္ဗ်ားကိုၾကၫ့္ေနတာၾကာၿပီ...
အေမ့မ်က္ႏွာေၾကာင့္ က်ဳပ္သည္းခံေနတာ..."
"ေအာင္မယ္...သူေတာင္းစား မင္းေသာက္ပါးစပ္ကဘာစကားထြက္ေနတာလည္း...
ၾကက္တူေရြးကေတာ္ေတာ္ မယ္ေတာ္ကကဲကဲလာလုပ္ျပေနတယ္...မင္းအေမငါ့မယားေတာင္
ဒီစကားမထြက္ဘူး...မင္းကဘာထျဖစ္ေနတာလဲ..."
"ကဲ...ေတာ္ၾကပါေတာ့...ေတာ္ၾကပါေတာ့...
ကၽြန္မေတာင္းပန္ပါတယ္...ရွစ္ႀကီးခိုးပါရဲ့...."
"အေမဘာမွေတာင္းပန္စရာမလိုဘူး...ဒီအရက္သမားကိုသာ အိမ္ေပၚကႏွင္ခ်လိုက္...အလကား
က်ဳပ္အိမ္မွာလည္း ခိုကပ္ေနေသးတယ္...
က်ဳပ္အေမကိုလည္းလူလိုမဆက္ဆံဘူး....
ခင္ဗ်ားဒီအိမ္ကေန အခုခ်က္ျခင္းထြက္သြား...."
"မသြားေတာ့ဘာျဖစ္ခ်င္လည္း...ေဟ့ေကာင္
ငါ့မိန္းမကို ငါ့ဘာသာရိုက္ရိုက္ သတ္သတ္မင္းအပူပါလား....လူလိုေျပာေနတာနားမလည္ဘူးလား ..."
"အမယ္ေလး...မလုပ္နဲ႔လို႔ကၽြန္မေျပာေနတယ္ေနာ္ ကိုကံထူး..."
ဒီေန့မွာ စိတ္ၾကည္လင္စြာႏွင့္ေနရမယ္မွတ္တာ အေရးထဲရန္ပဲြတစ္ခုႏွင့္လာတိုးေနသည္။အျခားသူေတြေတာ့မဟုတ္ပါဘူး ပဲြတိုင္းေက်ာ္တဲ့ ကြမ္းယာသည္တို႔သားအမိပါပဲ ။
ၪီးကံထူးက အရပ္မူးေနပံုရသည္။
ခႏၶာကိုယ္မွာ အ၀တ္ေတာင္မကပ္ေတာ့သည္အထိ ယိုင္ထိုးေနၿပီး မ်က္လံုးေတြကလည္း နီျမန္းေနသည္။သူတို႔အိမ္ေရ႔ွရိွ ငုတ္တိုင္တစ္ခုအား ဆဲြႏႈတ္လိုက္ၿပီး ကိုင္ေျမာက္ကာဟိန္းကိုအား
ရိုက္ႏွက္ဖို႔ ႀကိဳးစားေနသည္။သူကအတင္းရုန္းထိုး
သူ႔မမိန္းမကဆဲြႏွင့္ အိမ္ေရ႔ွလူျမင္ကြင္းႀကီးတြင္ ျမင္မေကာင္းရႈမေကာင္းျဖစ္ေနၾကသည္ ။
ေဘးအိမ္ကလူအခ်ိဳ႕လည္း ထြက္လာၾကကာ ရန္ပဲြကိုၾကၫ့္ၾကကုန္ေတာ့သည္။မဟန္လ်ွင္ ဝိုင္းဆဲြၾကမွာႀကိမ္းေသသည္။
ဟိန္းကိုဆိုသည္မွာလည္း အသက္က၁၅ႏွစ္သာရိွေသးေပမဲ့ သူ႔ပေထြးကိုၾကၫ့္ေနေသာ အၾကၫ့္ေတြဟာ မုန္းတီးမႈမ်ားျပၫ့္လ်ွံေနကာ သူ႔ကိုတစ္ခ်က္ထိသည္ႏွင့္ကၽဲြရိုင္းတစ္ေကာင္ကဲ့သို႔ ျပန္၍တြန္းကန္ရုန္းထိုးဖို႔ အဆင္သင့္ျဖစ္ေနသည္။လက္သီးကို တင္းတင္းဆုပ္၍ထားေသာေၾကာင့္ ခၽြေးမ်ားစီးက်ေနသၫ့္ လူ႔လက္ဖ်ံေၾကာေတြကို ျမင္ေနရေလသည္။
မ်က္ျဖဴလံေလာက္သည္အထိ ဦးကံထူးအားစိုက္ၾကၫ့္ေနေသာ ဟိန္းကိုသည္ႏႈတ္ခမ္းကိုေစ့ပိတ္ထားလ်ွက္ အံကိုတင္းထားကာ အသက္ရႈႏႈန္းေတျြမန္လာၿပီး ယခုခ်က္ျခင္းပင္ေဒါသမီးလ်ွံတို႔ ေပါက္ကဲြထြက္ေတာ့မတတ္ ရႉးရႉးရွားရွားျဖစ္ေနသည္။
တကယ့္တကယ္ ထိုးၾကႀကိတ္ၾကမည္ဆိုပါက
ဦးကံထူးသာမူးမေနလ်ွင္ သူလံုး၀ႏိုင္ေအာင္ျပန္ခုခံႏိုင္မယ္မထင္ဘူး။
လူေကာင္ခ်င္း၊အရပ္အေမာင္းခ်င္းက အေတာ္ကြာေလသည္။ဖဲြ႔ၿဖိဳးကာစ ဆယ္ေက်ာ္သက္လူငယ္တစ္ေယာက္ႏွင့္ အရြယ္ေကာင္းလူလတ္ပိုင္းျဖစ္ေသာေၾကာင့္ပါပဲ။ ဦးကံထူးဆိုသည္မွာ ယခင္ကဆိုင္ကယ္လ္ျပင္ဆိုင္ဖြင့္စား၍ တစ္ကိုယ္ရည္တကာယမပူမပင္ပဲ ေနသူျဖစ္သည္။
နယ္ဘက္ကေန ေျပာင္းလာသူဟုသိရေပမဲ့ ညီအစ္ကိုေမာင္ႏွမ ဘယ္ေလာက္ရိွသလဲေတာ့
ပံုရိပ္မသိေပ။အရက္ေသရည္စာကိုေတာ့ ယခင္တည္းကစဲြၿမဲစြာ ေသာက္တတ္သူျဖစ္ေလသည္။
ဟိန္းကို၏အေမဟာ ခင္ပြန္းဆံုးပါးၿပီးသိပ္မၾကာခင္မွာပဲ ဒီလူႏွင့္မယူခင္တည္းက ညားသည္ဟုဆိုရေပမည္။
ရပ္ကြက္ထဲတြင္ ေငြတိုးေခ်းစားသူျဖစ္တာေၾကာင့္ အခ်ိဳ႕ကလည္းမကင္းရာမကင္းေၾကာင္းျဖစ္၍ အတင္းမတုတ္ရဲၾကေပမဲ့ သူတို႔၏အပုပ္နံ႔ကေတာ့ ရပ္ကြက္ထဲမွာ တေထာင္းေထာင္းပါပဲ။
ဟိန္းကိုေနရာမွာ ပံုရိပ္သာဆိုလ်ွင္ ေခါင္းမေဖာ္ႏိုင္ေအာင္ကိုရွက္မိမွာေသခ်ာတယ္။
ေအးေလ ဒီအေမကမေကာင္းေတာ့လည္း ဒီသားကဆိုးေပတာမဆန္းေတာ့ပါဘူး။
ယခင္က ဆိုင္ကယ္လ္ျပင္ဆိုင္ေလးဖြင့္ထားသၫ့္ ဦးကံထူးသည္ စည္ပင္သာယာ၏ဖယ္ရွားခိုင္းမႈေၾကာင့္ ဆိုင္ေနရာကိုဖ်က္ရၿပီးတည္းက
ဘာအလုပ္မွကို လုပ္ကိုင္ျခင္းမရိွေတာ့ပဲ မိန္းမလုပ္စာထိုင္စားကာ ေန့ညမပ်က္အရက္ႏွင့္သာ
ေျခေဆးေနခဲ့သည္။
မိန္းမျဖစ္သူကလည္း အာၾကမ္းလ်ွာၾကမ္းဆိုေတာ့ ရပ္ကြက္ထဲတြင္ ေန့စဉ္ႏွင့္အမ်ွဆူပူသံေတြကို
မၾကားခ်င္မွအဆံုးပင္။သားအမိခ်င္းရန္ျဖစ္လိုက္ လင္မယားခ်င္းရန္ျဖစ္လိုက္ႏွင့္ ေဘးလူေတြတိုင္၍ ရပ္ကြက္ရံုးေတာင္ ေရာက္လိုက္ေသးသည္။
ပံုရိပ္လည္း ရန္ပဲြကိုအျခားသူမ်ားနည္းတူ ေခတၲမ်ွရပ္ၾကၫ့္လိုက္ၿပီးေနာက္ တုတ္ေတြဘာေတြလႊင့္စင္လာပါက အလကားေနရင္းကိုယ္ပါဒုကၡေရာက္မည္စိုး၍ ထိုေနရာမွအျမန္ေရွာင္ထြက္လာခဲ့လိုက္သည္။
အခ်ိန္ကေတာ့ ညေနငါးနာရီခဲြေနေလၿပီ ။ေန၀န္းနီနီသည္ အေနာက္အရပ္သို႔ ၀င္ေရာက္ေပ်ာက္ကြယ္စျပဳေနသည္ ။ေျမာက္ေလတိုက္၍ သစ္ပင္တို႔ယိမ္းႏဲြ႔လႈပ္ရွားသြားသၫ့္နည္းတူ ေလအသုတ္တြင္ေရာယွက္၍ပါလာေသာ သဲလံုးႀကီးႀကီးေၾကာင့္ မ်က္လံုးေတြကိုမိွတ္ထားလိုက္မိသည္။
ဆံပင္ကို ခပ္ျမင့္ျမင့္စီးေနွာင္ထားေသာေၾကာင့္ ဆံပင္ရွည္ေတြဟာ ေလထဲတြင္ယိမ္းထိုးကာမ်က္ႏွာကိုပါ လာေရာက္ရိုက္ခက္ေနသကဲ့သို႔ျဖစ္ေနသည္။ေလညိမ္သြားသၫ့္အခါ မ်က္လံုးကိုလာအုပ္ေနေသာဆံပင္ေတြအား ဖယ္ပစ္လိုက္ၿပီး ဖုန္မႈန႔္ေတြ စင္သြားေသာမ်က္ႏွာကိုလည္း လက္ျဖင့္သပ္ခ်လိုက္သည္။
ဆရာတို႔အလုပ္သည္ စေန၊တနဂၤေနြပိတ္ေသာေၾကာင့္ ေနာက္ဆံုးအလုပ္ဆင္းရက္ျဖစ္သၫ့္ ေသာၾကာေန့တြင္ ငါးနာရီခဲြေလာက္ေက်ာင္းကိုျပန္ေရာက္မည္ဟုဆိုသည္။ေျခာက္နာရီခဲြတြင္ စာသင္ခ်ိန္စမည္ျဖစ္ၿပီး ဒီေန့မွာက်က္စာေမးမည္ျဖစ္တာေၾကာင့္ စာေနြးဖို႔ရန္ ေက်ာင္းသို႔ေစာေစာထြက္လာမိသည္။
ေက်ာင္းမုခ္၀သို႔ေရာက္ေသာအခါ ၫွပ္ဖိနပ္ေလးအာ ခၽြတ္ေနစဉ္ အေနာက္မွအရိပ္တစ္ခုျဖတ္ေပးသြားသလို ေျခသံမ်ိူးကိုၾကားလိုက္၍ လွၫ့္ၾကၫ့္လိုက္မိေတာ့ ႏွလံုးသားေလးေတာင္ ဒုန္းကနဲ႔
ခုန္ေဆာင့္တတ္သြားေလာက္သည္အထိ အံ့ၾသထိတ္လန္႔သြားမိသည္။
ေျခေထာက္ဗလာႏွင့္ လူတစ္ေယာက္ ျဖတ္ေျပးသြားျခင္းျဖစ္သည္။ေသြးရည္နီနီပ်စ္ပ်စ္တို႔သည္ သူေျပးသြားရာ လမ္းတစ္ေလ်ွာက္တြင္ တစက္စက္က်သြားပံုက အျဖဴအတိလႊမ္းေနေသာ ကင္းဗတ္ အေပၚသို႔ အနီေရာင္ေဆးစက္ေတြ လႊင့္ခါခ်လိုက္တာႏွင့္ပင္ တူေနသည္။ပခံုးတြင္ ရိွေနေသာ သူ႔ဒဏ္ရာကို လက္ျဖင့္အုပ္၍ ေျပးသြားတာေၾကာင့္ အထင္အရွားမေတြ့လိုက္ရေပမဲ့ သူသိပ္နာမွာပဲလို႔ သနားဂရုဏာသက္မိသည္။
သူ၀တ္ထားတဲ့အျဖဴေရာင္ စြပ္က်ယ္ခ်ိဳင္းျပတ္ေလးမွာေတာင္ ေသြးတို႔ရႊဲေနသည္။
သူသည္ အျခားသူမဟုတ္ပဲ လမ္းထဲတြင္ ျမင္ေတြ့ခဲ့ရေသာ ရန္ပဲြအတြင္းမွ ကြမ္းယာသည္၏သား၊ေက်ာင္းတြင္ ပံုရိပ္သတိလစ္ေမ့ေမ်ာခဲ့စဉ္က ေဆးရံုသို႔ေပြ့ခ်ီ၍ လိုက္ပို႔ခဲ့ေသာ ဟိန္းကိုပင္ျဖစ္သည္။ ေက်ာင္းတိုက္ထဲသို႔ မ၀င္မိခင္ေတြးမိတဲ့အေတြးေလးကေတာ့ ဆရာေနမ်ိဳးဆီတြင္ စာသင္ဖို႔ျဖစ္တည္လာခဲ့ေသာ ပထမဦးဆံုးအႀကံဉာဏ္ကလည္း သူေပးခဲ့တာဆိုသၫ့္အခ်က္ပါပဲ။
ေက်ာင္းကန္ေဘာင္တြင္ သူနဲ႔ေနာက္ဆံုးဆံုေတြခဲ့စဉ္က သူဟာပံုရိပ္ကို စကားေကာင္းေကာင္းေျပာ၍တုန႔္ျပန္ခဲ့သည္။
သူ႔ကိုလည္း လူေကာင္းတစ္ေယာက္လို႔ သတ္မွတ္ခဲ့မိသလို သူ႔အေပၚမွာလည္းေက်းဇူးတရားတစ္ခု အႂကြေးတင္ေနတယ္။ဒါေပမဲ့ အခုအခ်ိန္မွာသူ႔ရဲ့ ေသြးဆက္လက္ႏွင့္ ပံုစံကိုျမင္ေနရေပမဲ့
စိတ္မေကာင္းရံုကလႊဲၿပီး ဘာမွလုပ္မေပးႏိုင္ပါလား။
ခႏၶာကိုယ္ကသာ မုခ္ဦးကိုေက်ာ္လာေပမဲ့ စိတ္ကေတာ့ ဟိန္းကို၏ေသြးစက္က်ရာအေနာက္သို႔ ပါသြားခဲ့ေလသည္။သူ႔ဒဏ္ရာကိုၾကၫ့္ရတာ ျပင္းထန္မဲ့ပံုပဲ။သူ႔ပေထြးရိုက္လိုက္တာေနမွာေပါ့။
သူ႔အေမကေရာ သားတစ္ေယာက္လံုးအရိုက္ခံေနရတာကို ဒီအတိုင္းပဲၾကၫ့္ေနခဲ့ရသလား။တကယ္လို႔ ေသြးထြက္လြန္ၿပီး သတိေတြဘာေတြေမ့သြားရင္
သူ႔ကိုဘယ္သူလာကယ္ပါ့မလဲ။
သူေျပးသြားတဲ့ဘက္မွာက ရိုးတစ္ခုရိွၿပီး ဟိုဘက္သည္ဘက္ကမ္းအား ကူးဖို႔ရန္ ဝါးတံတားငယ္တစ္ခုရိွသည္။ ရိုး၏တစ္ဖက္အျခမ္းေက်ာ္လြန္ပါက ကန္စြန္းခင္း၊ခ်ဉ္ေပါင္ခင္းႏွင့္ ဟင္းႏုႏြယ္ခင္းေတြကို တေမ်ွာ္ႀကီး ေတြ့ရႏိုင္သည္။ ထိုကိုင္းအခင္းထဲတြင္ေတာ့ တဲတစ္လံုးရိွၿပီး ကန္စြန္းခင္းပိုင္ရွင္ေတာ့ေနမွာပဲ ။အဲ့ဒီ့လူေတြသူ႔ကို ေတြ့သြားရင္ေတာ့ သူသိပ္ကိုကံေကာင္းမွာေပါ့။
"ေဟ့...မိပံု...ဘာေတြငိုင္ေနတာလဲ..ဒကာမေလးတို႔ဆရာကေနာက္ နာရီ၀က္,တစ္နာရီေလာက္ဆိုရင္ေရာက္ေတာ့မွာ...မင္းမင္းတို႔အဖဲြ႔ကေတာ့ ရင္ျပင္ေပၚမွာ တက္ေဆာ့ေနၾကတယ္...."
ဦးဇင္းႃပံုးခ်ိဳသည္ ပံုရိပ္ကိုဖလွဲတကင္း ႏႈတ္ဆက္စကားေျပာဆိုေနေပမဲ့ ပံုရိပ္၏
မ်က္၀န္းေတြကေတာ့ ဦးဇင္း၏လက္ထဲမွ ေဆးေတြထၫ့္ထားေသာ ေကာ္ဗူးကိုသာ ၾကၫ့္ေနမိသည္။ေကာ္ဗူးကအၾကည္ျဖစ္၍ အထဲမွပတ္တီးေတြ၊ဂြမ္းေတြႏွင့္ အနာက်က္ေဆးဗူးေသးေသးေလးကိုပါ ျမင္ေနရေလသည္။
"ဒကာမေလး...ဘာျဖစ္ေနတာလည္း...."
"ဦးဇင္း...တပၫ့္ေတာ္ကိုဒီေဆးဗူးေလး
ခဏေပးပါလား..."
ပံုရိပ္၏ ရုတ္ခ်ည္းဆန္ေသာအျပဳအမူႏွင့္ေတာင္းဆိုမႈေၾကာင့္ ဦးဇင္းသည္ထူးဆန္းသလို ၾကၫ့္လာသည္။
"ဘာလုပ္ဖို႔လဲ...ကပၸိယေမာင္ႏိုင္..ထမင္းစားေဆာင္ကိုကူမိုးရင္း သြပ္ရွလို႔ေဆးထၫ့္ေပးၿပီး ျပန္လာတာ...ဒကာမေလးကဒါကိုဘယ္ေနရာမွာ သံုးမလို႔လဲ..."
"တပၫ့္ေတာ္...ဟို...ဟို..လမ္းမွာေၾကာင္ေလးတစ္ေကာင္ေလ...ဒဏ္ရာရတာေတြ့ခဲ့လို႔ပါ
...တပၫ့္ေတာ္ကိုခဏေပးပါေနာ္...ၿပီးရင္ျပန္လာေပးပါ့မယ္..."
"ဟာ.....ေဟ့ ..ဒီဒကာမေတာ့ ေနာက္ကေန
က်ားလိုက္ေနတဲ့အတိုင္းပဲ ျမန္လိုက္တာမ်ား..."
ေဆးဗူးကိုယူကာ ေျခကုန္သုတ္၍ ေက်ာင္း၀န္းထဲမွေျပးထြက္သြားေသာ ပံုရိပ္အား ဦးဇင္းႃပံုးခ်ိဳသည္ မရိွတဲ့ ဆံပင္ေပါက္မ်ားကိုကုတ္မိလ်ွက္ ေငး၍က်န္ေနခဲ့ေတာ့သည္။
ပံုရိပ္ကေတာ့ ေဆးဗူးကိုရင္မွာပိုက္လ်ွက္ တစ္ဖက္တြင္ လြယ္အိတ္ကိုကိုင္ထားရင္းႏွင့္ပင္ ဘုန္းႀကီးေက်ာင္း၏ေတာင္ဘက္အျခမ္းသို႔ ေျပးသြားေလသည္။
က်ူေတာမ်ား ပြထေနေသာလမ္းၾကားကိုလည္းတစ္ခ်က္လွမ္းၾကၫ့္လိုက္မိသည္။
က်ူပင္ေတြႏွင့္ ေတာထေနေသာထိုေနရာတြင္ ပဲြေဈးလုပ္မၫ့္အခါမ်ိဳးတြင္မွ ဆရာေတာ္ႀကီးသည္အလုပ္သမားေတြေခၚ၍ေသာ္လည္းေကာင္း ရပ္ကြက္ထဲရိွ လုပ္အားေပးလူငယ္မ်ား ၀န္းရံ၍
ေသာ္လည္းေကာင္း လမ္းေဘးရိွက်ူေတာမ်ားကို ခုတ္ထြင္ ရွင္းလင္းတတ္သည္။
ယခုေတာ့ ထိုလမ္းကေလးထဲသို႔ ၀င္ဖို႔ကိုေတာင္
မဝံ့ရဲေလာက္သည္အထိ က်ူပင္ေတြအလြန္မ်ားျပားေသာေၾကာင့္ ေရ႔ွသို႔သာဆက္လာခဲ့လိုက္သည္။
က်ူေတာကို ေက်ာ္လြန္ေလေသာအခါ ကားလမ္းမႀကီးႏွင့္ နီးစပ္လာ၍ကားသံတဝီဝီအားလည္း
မၾကားခ်င္မွအဆံုးပင္။ရိုးႀကီးအနားကိုေရာက္လာေသာအခါမွာေတာ့ ကန္စြန္းခင္းဘက္အျခမ္းသို႔ ကူး၍ရေသာတံတားကို
ရွာမိသည္။ျမက္ပင္ရွည္ႀကီးမ်ားႏွင့္အနည္းငယ္ကြယ္ေနေသာေၾကာင့္ အလ်ွင္အျမန္ရွာမေတြ့ေပမဲ့ ေသခ်ာေလးရွာၾကၫ့္ေတာ့ ေတြ့ေလသည္။
သို႔ေပမဲ့ ရိုးကိုျဖတ္ကူးမၫ့္ ပံုရိပ္၏
စိတ္အားထက္သန္လြန္းေသာ ေျခလွမ္းေတြသည္တံတားငယ္ေလး၏ထိပ္တြင္သာ ရပ္တန႔္သြားသည္။အဘယ္ေၾကာင့္ဆိုေသာ္ တံတား၏အလည္တၫ့္တၫ့္တြင္ ဒူးေထာင္လ်က္ျဖင့္ လည္ပင္းကို
ငံု႔ကိုင္းထားၿပီး လက္ေမာင္းေတြၾကားသို႔ မ်က္ႏွာဝွက္၍ငိုရိႈက္ေနေသာ ေကာင္ေလးေၾကာင့္ပါပဲ။
ေနလံုးသည္ ေကာင္းကင္ယံတြင္ လံုးလံုးလ်ားလ်ားေပ်ာက္ကြယ္သြားခဲ့သည္။
ေကာင္းကင္တစ္ခုလံုးသည္လည္း ပုစြန္ဆီေရာင္ႏွင့္လိမၼော္ေရာင္ ေရာယွက္သကဲ့သို႔ျဖစ္ေနကာ တံတားကေလးသည္ ထိုအရိပ္တို႔လႊမ္းႃခံုသကဲ့သို႔ျဖစ္ေနသည္။
တံတားေအာက္ရိွ ရိုးထဲတြင္အစဉ္မပ်က္စီးဆင္းေနေသာ ေရလ်ွင္ေၾကာသည္ ေၾကာက္တံုးႏွင့္ေျမဆီလႊာအား ပြတ္တိုက္မိေသာအခါတြင္
စည္းခ်က္မွန္ေအာင္ တီးခတ္ေနေသာဂီတသံစဥ္ေလးျဖစ္သြားသကဲ့သို႔ တိတ္ဆိတ္ေနသၫ့္ အခိုက္အတန႔္အား အသက္၀င္ေစသည္။
ေလတိုက္လိုက္သၫ့္အခါတိုင္း တရွဲရွဲမည္သံႏွင့္အတူ ျမက္ရိုင္းပင္တို႔ ယိမ္းခါသြားေပမဲ့ သူကေတာ့ ေခါင္းေမာ့၍ ၾကၫ့္မလာေပ။
သူ႔ဘယ္ဘက္ရိွလက္ေမာင္းဒဏ္ရာသည္ ေသြးမ်ားခ်က္ခဲ၍ ေျခာက္ေနသေယာင္ျဖစ္ေနသည္။
"နင္...အဆင္ေျပရဲ့လား...."
ျဖည္းျဖည္းတိုးတိုးေလး ေမးလိုက္မိေပမဲ့
သူခ်က္ျခင္းေမာ့ၾကၫ့္လာသည္။သူ႔မ်က္လံုးေတြဟာ ေကာင္းကင္၏အေရာင္ႏွင့္ ေရာယွက္ေနသကဲ့သို႔ နီေဆြးပူေလာင္မႈအတိျဖစ္ေနသည္။
ေယာက္်ားတစ္ေယာက္ငိုေနတာကို ဒီေလာက္အထိအနီးကပ္မျမင္ဖူးတာေၾကာင့္ ကိုယ္လည္းဘာဆက္ေျပာရမွန္းမသိပဲ ေၾကာင္နနေလးျဖစ္ေနမိသည္။
သူ႔မ်က္၀န္းေတြသည္ ကိုယ္ကိုင္လာသၫ့္ ေဆးဗူးအားၾကၫ့္ေနသည္ဟု ေကာက္ခ်က္ခ်လိုက္မိစဉ္မွာေတာ့ သူထိုင္ေနေသာ တံတားအလည္ေခါင္အထိ ေလ်ွာက္သြားလိုက္မိသည္။
သူ႔ပံုစံကေတာ့ အခုထိပံုရိပ္ကို ေတြ့ေနရတာကိုပင္ မယံုရဲသလိုႀကီး ျဖစ္ေနသည္။
တံတားေအာက္သို႔ ေျခေထာက္ကိုတဲြေလာင္းခ်
လ်ွက္ သူ႔ေဘးတြင္၀င္ထိုင္မိသၫ့္အခ်ိန္အထိ
သူ႔မ်က္လံုးေတြကို ေမွးက်င္းထားေသာ အေနအထားျဖင့္ ပံုရိပ္ကိုၾကၫ့္ေနတုန္းပါပဲ။
"ဒဏ္ရာက နာေနလား..ဒီအထဲမွာအရက္ျပန္နဲ႔ဂြမ္းပါတယ္...ငါအနာကိုအရက္ျပန္နဲ႔ေဆးေပးမယ္ေလ...."
"ဘာလုပ္တာလဲ...."
သူ႔ရဲ့ဘယ္ဘက္ပခံုးအား တြန႔္ရုန္းယူလိုက္တာေၾကာင့္ စိတ္ထဲမွာနည္းနည္းေတာ့ ကသိကေအာင့္ျဖစ္သြားမိတယ္။
"နင့္ဒဏ္ရာကို ေဆးထၫ့္ေပးမလို႔ေလ...
အမ်ားႀကီးအစားႀကီးေတာ့မပါဘူး...
အရက္ျပန္ရယ္ ၊ဂြမ္းရယ္အနာက်က္ေဆးရယ္ပဲ
ပါတယ္..."
"လာမလုပ္နဲ႔ ငါ့ဘာသာေသခ်င္ေသပါေစ..."
သူ႔အသံႀကီးသည္ လက္ေခ်ာင္းအ၀မွဆို႔နင့္စြာထြက္လာေသာ အသံႀကီးျဖစ္ေနသည္။
သူ႔ပေထြးနဲ႔ဘယ္လိုေတျြပႆနာတက္လာသလဲ
မသိေပမဲ့ လူငယ္အခ်င္းခ်င္းမို႔ သူခံစားေနရတာကို ၀င္မခံစားေပးႏိုင္ရင္ေတာင္ နားလည္ေပးလို႔ရပါတယ္။
"ေဆးမထၫ့္ရင္ ေမးခိုင္ပိုးေတြ၀င္သြားမွာေပါ့ .."
"၀င္ပါေစ...အခုေသလည္းအခုေအးတာပဲ
..ေနခ်င္စိတ္လည္းမရိွေတာ့ဘူး...အာ့..."
ေျပာရင္းဆိုရင္း သူ႔ဒဏ္ရာကကိုက္လာတယ္ထင္ပါရဲ့ သူ႔မ်က္ႏွာႀကီးရႈံ႔မဲ့သြားသည္။
"ေတြ့လား...အနာကေဆးမထၫ့္ရင္ နည္းနည္းၾကာတာနဲ႔ ပိုကိုက္ခဲၿပီး ခံရခက္လာမွာ..
ငါ့အေဖဆိုရင္ ဓားရွတာကိုဘာမွမျဖစ္ဘူးဆိုၿပီး
ဒီအတိုင္းထားလိုက္မိတာ ခဲြစိတ္ခန္းေတာင္၀င္လိုက္ရတယ္...မေပါ့ပါနဲ႔ဟာ.."
"ပံုရိပ္...နင္ငါနဲ႔ေဝးေဝးမွာသြားေနစမ္းပါ...
ငါ့လိုေကာင္နဲ႔လာမပတ္သတ္ခ်င္ပါနဲ႔...
စကားေတြလည္း အမ်ားႀကီးလာမေျပာစမ္းနဲ႔
...ေအးေအးေဆးေဆးပဲေနပါရေစ..."
သူကမ်ားပံုရိပ္ကိုႏွင္လႊတ္ရတယ္လို႔။
ေစတနာနဲ႔ လာမိေပမယ့္ တကယ္ကိုေစတနာနဲ႔
မထိုက္တန္တဲ့လူပဲ။
ကိုယ့္မွာ ဦးဇင္းႃပံုးခ်ိဳဆီကေနေတာင္
အတင္းယူလာခဲ့ရတာ။
ပံုရိပ္ဆိုသည္မွာလည္း မလုပ္ႏွင့္ဆိုေသာအရာကိုမွ ပိုလုပ္ခ်င္သူျဖစ္ေနတာေၾကာင့္ ဒဏ္ရာရေနသၫ့္ သူ႔လက္ေမာင္းကိုဆဲြေဆာင့္ယူလိုက္ၿပီး အရက္ျပန္ေတြေလာင္းခ်ပစ္လိုက္သည္။
"အာ့...အား..ေသပါၿပီ...နာတယ္ဟ..."
"ေသလည္းေအးတာပဲဆို နာလည္းမေအာ္နဲ႔ေလ..."
ဟိန္းကိုသည္ သူ႔မ်က္ႏွာအား လက္ၫွိုးေငါက္ေငါက္ထိုး၍ ဖိေဟာက္ေနသူပံုရိပ္ကို ေဒါသမ်က္၀န္းေတြႏွင့္ၾကၫ့္လိုက္မိေပမဲ့
ဒီေကာင္မေလးကေတာ့ သူ႔ကိုလံုး၀ေၾကာက္ရြံ႔ဟန္မရိွတဲ့အျပင္ သူ႔အသားမဟုတ္တိုင္းဒဏ္ရာကို ေဆးထၫ့္ေပးေနပံုက မၫွာမတာႏွင့္ပင္။
အနီးကပ္ျမင္ေနရေတာ့မွ သူမ၏မ်က္ႏွာအစိတ္အပိုင္းေတြကို ေသခ်ာငံု႔ၾကၫ့္မိသည္။
ပံုရိပ္ဆိုသည့္မိန္းကေလးက ႏူးညံ့တဲ့အျပဳအမူေတြ လုပ္မျပတတ္သလို အေျပာအဆိုကလည္းယဉ္ေက်းတယ္လို႔မဆိုသာဘူး။
ဒါေပမဲ့ သူ႔ရဲ့မ်က္ႏွာေလးကေတာ့
အစက္အေပ်ာက္တစက္ေတာင္မရိွပဲ ေခ်ာေမြ့ႏူးညံ့ေနသည္။ႏွာတံစင္းစင္းေလးႏွင့္ လျခမ္းေကြး
သ႑န္မ်က္ခံုးေမႊးတန္းေလးက စိမ္းညို႔ေနၿပီး
မထူမပါးေလးျဖစ္သည္။
နဖူးက်ဉ္းက်ဉ္းေလးကို ဆံပင္ေတြလွန္စည္းထားတာေၾကာင့္ ေျပျပစ္ေသာႏွဖူးျပင္ေလးက ခၽြေးစို႔၍အေရာင္လက္ေနသည္။
ၫွို႔ဓာတ္ပါေသာ မ်က္၀န္းေလးေတြအား ကာရံထားသၫ့္မ်က္ေတာင္ေလးေတြသည္တိုစိပ္စိပ္ေလးေတျြဖစ္ေနေပမဲ့ ထူထဲ၍ေကာ့ၫႊတ္ၫႊတ္ကေလးျဖစ္ေနတာကပင္ သူ႔မ်က္လံုးေလးေတြကို
ပို၍အေရာင္ေတာက္ေစသည္ဟု ဆိုရမည္။
ညာဘက္ပါးျပင္ေလးမွာလည္း စပယ္တင္မွဲ႔ေရးေရးေလး ရိွေနၿပီး ညာဘက္နားရြက္ခၽြန္ခၽြန္ေလးတြင္လည္း မွဲ႔နက္ကေလးကထင္းေနသည္။
ပံုရိပ္၏မ်က္ႏွာကို သူေတြေငးကာစိုက္ၾကၫ့္ေနမိစဉ္မွာ အနာကိုပြတ္ခ်လိုက္တာေၾကာင့္....
"အား...ေသၿပီဟ..ေဆးလာကုေပးေနတာလား
...ဒုကၡလာေပးေနတာလား...
"ၿငိမ္ၿငိမ္ေနစမ္းပါ...ေခြးေလး၊ေၾကာင္ေလးေတြေတာင္ ဒဏ္ရာရေနရင္ ငါကၾကၫ့္ေနႏိုင္တာမဟုတ္ဘူး...အားေနလို႔လာလုပ္ေပးတယ္မထင္နဲ႔
...စာက်က္ဝိုင္းသြားရအံုးမွာ...ၿငိမ္ၿငိမ္ေန...."
သူ႔ဒဏ္ရာက အရမ္းမနက္ေပမဲ့ သံလိုခၽြန္ထက္သၫ့္အရာျဖင့္ အားျပင္းျပင္းျခစ္မိတာေသခ်ာသည္။ဒဏ္ရာႀကီး ဒီေလာက္ျဖစ္ေနတာကို
လူမသိသူမသိေနရာမွာ လာထိုင္ေနတာမ်ား အံ့ဩစရာပဲ။
ေအာ္..ပံုရိပ္ေတာင္အိမ္ကေနထြက္ေျပးခဲ့ဖူးေသးတာပဲေလ။
"ဒဏ္ရာက ဘယ္လိုျဖစ္တာလဲ...နင့္ပေထြးလုပ္လိုက္တာလား..."
"နင္ငါတို႔ရန္ျဖစ္ေနတာကို ျမင္လိုက္တာလား..."
"ေအာ္...တစ္ရပ္ကြက္လံုးျမင္တဲ့ဥစၥာ..."
"ဟုတ္တယ္ သူလႊဲၿပီးရိုက္လိုက္တဲ့တုတ္ကိုေရွာင္လိုက္မိေပမဲ့ ထိပ္မွာစိုက္၀င္ေနတဲ့သံေခ်ာင္းနဲ႔ျခစ္မိတာ...အဲ့လူကိုလည္းငါလက္သီးနဲ႔ထိုးပစ္ခဲ့တယ္..."
"အဲ့ေလာက္ေတာင္ျဖစ္ခဲ့တာလား...နင့္အေမကေရာဘာေျပာေသးလဲ..."
"ထြက္သြားတဲ့...အိမ္ေပၚကေနဆင္းသြားတဲ့...
သူ႔ေယာက္်ားရဲ့ႏွာႏုရိုးကိုထိၿပီး ႏွာေခါင္းေသြးထြက္တာပဲသူျမင္တယ္...ငါ့လက္ေမာင္းကစီးက်လာတဲ့ နီနီရဲရဲေသြးစက္ေတြကိုေတာ့
သူကပန္းပြင့္ေတြ အဆုပ္လိုက္ႂကြေက်ေနတယ္လို႔ ထင္ေနပံုပါပဲ...သူမို႔လ်စ္လ်ွူရႈထားရက္တယ္..."
"ဒီလိုဆိုရင္ နင့္အေမကိုနင္မုန္းသလား..."
သူ႔အနာကိုေဆးထၫ့္ေပးအၿပီးတြင္ ပတ္တီးစည္းေပးရင္းႏွင့္ ဘာရယ္မဟုတ္ေမးခြန္းထုတ္လိုက္မိသည္။
"ငါအေမ့ကိုမမုန္းပါဘူး...အေမ့ကိုအခုထိခင္တြယ္တုန္း...သံေယာဇဉ္ရိွတုန္းပါပဲ
...ဒါေပမဲ့ေလးစားလို႔ေတာ့ မရေတာ့ဘူး...
ငါ့ရင္ထဲက ခ်စ္ျခင္းေမတၲာနဲ႔တဲြလ်ွက္ပါလာတဲ့
...ၾကည္ညိုေလးစားမႈေတြကေတာ့...
အေဖဆံုးၿပီးကတည္းက ေပ်ာက္ပ်ယ္သြားခဲ့ၿပီ..."
"ဒါဆိုရင္ သားသမီးတစ္ေယာက္ကိုအေၾကာင္းမဲ့သက္သက္ စြန႔္ပစ္သြားတဲ့မိဘေတြဆိုရင္ေရာ
မုန္းသင့္သလား..."
"အဲ့ဒါေတြ ငါ့ကိုလာမေမးပါနဲ႔ပံုရိပ္...
အျခားသူတစ္ေယာက္ရဲ့ဘ၀ကို ငါမေဝဖန္ေပးခ်င္ဘူး...လူတိုင္းကသူ႔ကံတရားနဲ႔သူပဲ
အဲ့ဒီ့ကံတရားကိုလက္ခံေပးဖို႔ ခႏၶီပါရမီ
မေကာင္းလို႔သာ..ျပႆနာေတျြဖစ္ေနရတာ..."
"ဘယ္သူမွေတာ့ ျပႆနာမျဖစ္ခ်င္ၾကပါဘူး
..သည္းခံႏိုင္တဲ့အတိုင္းအတာထက္ေက်ာ္လြန္လာလို႔သာ ျပန္ခုခံရတာမဟုတ္လား..."
"ဟုတ္တယ္..ဒါေပမဲ့ ငါကသူမ်ားနဲ႔မတူဘူး...
ျပန္ခုခံရင္းကေန တိုက္ခိုက္ပစ္ဖို႔ပါ
ျဖစ္လာတတ္လို႔...တခါတေလ ငါ့ကိုယ္ငါေတာင္
မထိန္းခ်ဳပ္ႏိုင္ဘူး...မထိန္းခ်ဳပ္ခ်င္တာဆိုပိုမွန္ပါလိမ့္မယ္...ငါကလူေကာင္းမဟုတ္ဘူး...
နင္ငါ့အနားကို ေနာက္တစ္ခါမလာမိပါေစနဲ႔..."
"ႏွင္လႊတ္တယ္ေပါ့...ကဲ..ပတ္တီးစည္းေပးၿပီးၿပီ
...ငါလည္းနင့္အနားကိုလာခ်င္လြန္းလို႔ေတာ့မထင္လိုက္ပါနဲ႔...ပခံုးမွာဒဏ္ရာရေနတဲ့ ေၾကာင္ေလးတစ္ေကာင္ထြက္ေျပးသြားသလိုမ်ိဳးပဲ...
သနားလို႔ေဆးလာကုေပးတာ..."
သူ႔စကားကိုထိုသို႔ျပန္လည္ေခ်ပလိုက္ၿပီး ပက္တီးလက္က်န္ေတြကို ေကာ္ဗူးထဲသို႔ထၫ့္ကာမတ္တတ္ထရပ္လိုက္သည္။
တံတားကို ေသခ်ာကူး၍ တဖက္ျခမ္းရိွလမ္းဘက္သို႔ေရာက္ေသာအခါမွ သူ႔အေပၚတြင္တင္ရိွေနေသးေသာ စကားကိုသြားသတိရမိေလသည္။
ငုတ္တုတ္ထိုင္လ်ွက္ျဖင့္ အေဝးသို႔ေမ်ွာ္ရီေငးေနေသာ သူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္မိသည္။
"ငါ့ကို ေဆးရံုလိုက္ပို႔ခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္...အခုကအဲ့ဒီ့အတြက္ျပန္ေလ်ွာ္ေပးတယ္လို႔ သတ္မွတ္လိုက္ေပါ့...
နင္နဲ႔ငါ့ၾကားမွာ ဘာေက်းဇူးတရားမွမရိွေတာ့ဘူးေနာ္ .."
ပံုရိပ္၏စကားအသံုးအႏႈန္းသည္ ရင့္သီးလြန္းတယ္ထင္ရေပမဲ့ သူေတာင္မွ ကိုယ့္ကိုလာကူညီတာကိုေတာင္မေထာက္ ႏွင္လႊတ္ေသးတာပဲ။
အားနာစရာေတာ့မရိွပါဘူး။
တကယ္လည္း သူကိုယ့္အေပၚမွာေကာင္းခဲ့တာေလးေၾကာင့္ ဒီလိုလူသူကင္းမဲ့တဲ့ ေနရာကိုလိုက္လာမိတာပါေလ။မဟုတ္ရင္ ဒီလိုေနရာမ်ိဳးကို
ေျခဦးလွၫ့္လာဖို႔ စဉ္းစားမိမွာကိုမဟုတ္ဘူး။
"တစ္ခုေတာ့ေျပာခဲ့ခ်င္တယ္....ဆရာႀကီးလုပ္တာလည္းမဟုတ္ဘူး...ဆံုးမစကားခၽြေတာလည္းမဟုတ္ဘူး..."
"ဘာကိုေျပာခ်င္တာလဲ..."
အညိုေရာင္စပဲန႔္သား၀မ္းဆက္ေလးကို
၀တ္ဆင္ထားေသာပံုရိပ္သည္ ညေနခင္း၏ဆည္းဆာကိုေနာက္ခံထားလ်ွက္
ဟိန္းကိုအား ေငးစိုက္ၾကၫ့္ေနမိသည္။
ဟိန္းကိုသည္လည္း ပံုရိပ္စည္းေနွာင္ေပးထားေသာ ပတ္တီးေနရာသို႔ ညာလက္ျဖင့္ထိန္းကိုင္ထားလ်ွက္ ျဖဴလႊေသာအသားအရည္၊သြယ္လ်ွေသာကိုယ္ဟန္ေလးႏွင့္ ေလထဲတြင္တလူလူလႊင့္၍ေနေသာ ဆံႏြယ္ေလးေတြအား သိမ္းယူကာေရ႔ွဘက္သို႔ခ်လိုက္ေသာ ေကာင္မေလးကို မ်က္ေတာင္မခတ္စတမ္း
ေငးၾကၫ့္ေနမိသည္။
ပံုရိပ္ေျပာမၫ့္စကားေတြကိုလည္း မၾကားခ်င္ပါဘူးဟု ကန႔္လန႔္တိုက္ထားမိေပမဲ့။အမွန္မွာေတာ့
ပံုရိပ္၏ႏႈတ္မွထြက္ေသာ အသံေလးကိုသူၾကားခ်င္ေနမိသည္။
ဒီေကာင္မေလးသည္ သူ႔အေပၚကိုႏူးညံ့ညင္သာေပးတာမ်ိဳးမဟုတ္ေပမဲ့ စိတ္ရင္းႏွင့္ ဆက္ဆံေပးေနသည္ဟု သူနားလည္ထားမိသည္။
"နင္က လူေကာင္းတစ္ေယာက္မဟုတ္ေပမဲ့
လူဆိုးတစ္ေယာက္လည္းမဟုတ္ပါဘူး...
ျဖစ္ခ်င္တာေတျြဖစ္မလာတိုင္း ထင္တိုင္းက်ဲမေနပါနဲ႔ေတာ့...ငါလည္းေနာင္တရၿပီးျပန္ျပဳျပင္ေနၿပီ
...နင့္ကိုလည္းေျပာင္းလဲၾကၫ့္ဖို႔အႀကံေပးခ်င္တယ္...ဆရာေနမ်ိဳးကိုသိတယ္မဟုတ္လား...အခုလက္ရိွငါ့အတြက္
နည္းမွန္လမ္းမွန္ကို သူကၫႊန္ျပေပးေနတယ္
...ကန္ေဘာင္ေပၚမွာနင္ငါ့ကိုေျပာခဲ့တဲ့
စကားေကာင္းတစ္ခြန္းအတြက္လည္း ေက်းဇူးတင္ပါတယ္...ငါသြားၿပီ...."
ပံုရိပ္ထြက္သြားၿပီးေနာက္မွာ အေမွာင္ရိပ္သည္လည္းအစပ်ိဳးလာခဲ့သည္။
သူ႔ဒဏ္ရာကလည္းတဆစ္ဆစ္ထိုးကိုက္လာတာေၾကာင့္ နားခိုစရာေနရာကို ရွာဖို႔ရန္တံတားအေပၚမွ ထရပ္လိုက္ၿပီး တစ္ဖက္ကမ္းသို႔ကူးသြားလိုက္သည္။
ဒီေန့ေတာ့ သူအိမ္ကိုလံုး၀ျပန္ခ်င္စိတ္မရိွပါ။
အေမနဲ႔လည္း မ်က္ႏွာခ်င္းမဆိုင္ခ်င္သလို
ပေထြးျဖစ္သူ၏မ်က္ႏွာကိုလည္း မျမင္ခ်င္၊
မၾကၫ့္ခ်င္ေလာက္ေအာက္ မုန္းတီးမိသည္။
ဒီေတာ့ သူသြားရမဲ့အိမ္က ဦးေလးအိမ္
တစ္အိမ္သာ ရိွေတာ့သည္။
ထိုတံတားကေလးအနားမွ ဟိန္းကိုထြက္သြားၿပီးေနာက္တြင္ေတာ့ ေမွာင္ရီပ်ိဳးစအခ်ိန္သည္ အေရာင္ရင့္လာ၍ ကန္စြန္းခင္းထဲရိွတဲအိမ္ကေလးတြင္လည္း မိွန္ပ်ပ်မီးေရာင္ေလး ဝိုးတဝါးေပၚလာခဲ့ေလသည္။
အခန္း(၁၅)ဆက္ရန္ရိွသည္..
🔥🔥🔥🔥🔥🔥
ဟိန္းကိုလိုဆိုးသြမ္းတဲ့ေကာင္ေလးေတာင္ ပံုရိပ္ကိုမႏိုင္ဘူးေနာ္
No comments:
Post a Comment