(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ပထမပိုင်း
"ဒညင်းကုန်းရောက်မယ်...ဒညင်းကုန်း..."
"အင်းစိန်ဆေးရုံ ...အင်းစိန်ပန်းခြံ......"
"ကြို့ကုန်းရောက်မယ်..."
"ဟံသာ၀တီအဝိုင်းရောက်လား...."
"ရောက်တယ်...တက်...တက်..…ကဲ...အနောက်လေးတွေကိုတိုးပေးကြပါ....အ၀မှာပဲတစ်မနေကြပါနဲ့.."
"စံပြကိုရောက်လား...."
"ရောက်တယ်...."
"ရောက်တယ်တဲ့....လာတက်မယ်...."
စနေ၊တနင်္ဂနွေရုံးပိတ်ရက်ဆိုသည့်အတိုင်း ကားဂိတ်တွင် လူစည်နေလေသည်။
ကားတစ်စီးထိုးဆိုက်လာလိုက် လူတသုတ်က
တက်သွားလိုက်။
ဒါလည်း လူစဲတယ်ရယ်လို့မရှိပဲ လာကြပြန်ပြီ
၀တ်စုံပြိုးပြိုးပြက်ပြက်တွေနှင့် အထုပ်ကြီး၊
အထုပ်ငယ်ကိုင်လျှက် ကလေးတွေတစ်မကြီးဆွဲပြီး။
ကြည့်ရတာတော့ ဘုရားဖူးသွားမယ့်ပုံတွေပါပဲ။
ကားအပေါ်ကိုတိုးတက်ကြ၊စပယ်ယာကလည်း
ကားနောက်ပိုင်းကို အတင်းတိုးလျှောက်ခိုင်းနေစဉ်
"ဟော...နောက်ထပ်ပြေးလာတဲ့ တသိုက်ကကားပေါ်ကို တိုးတက်ကြ၍ ကားတံခါးကိုပင်မပိတ်ပဲ စပယ်ယာကအပေါက်၀မှာ ပိတ်ရပ်ပြီး..
"မောင်းတော့ဆရာရေ..."ဆိုတာနှင့် မီးခိုးငွေ့
တဝေ့ဝေ့ခါထုတ်လျှက် ကားကြီးတစ်စီးကထွက်သွားပြန်သည်။
နောက်တစ်စီးလာပြန်လည်း ထို့နည်းတူပါပဲ။
မသိလျှင် လူတွေကိုငါးပိသိပ်သလို သိပ်ပြီးထည့်နေသလားမှတ်ရတယ်။
ကိုယ်တွေကားကမလာသေးပေမဲ့ ဒီလိုပဲတိုးကြိတ်ပြီးစီးရလျှင် လူကောင်သေးတဲ့ပုံရိပ်ကတော့ ကား၀မ်းဗိုက်မှာပြားပြားကပ်နေမလားပဲ။
အတွေးနဲ့တင် လူပါအိုစာချင်လာသည်။
အနောက်သို့ လှည့်ကြည့်လိုက်တော့ စတိုင်ပဲန်အနက်ရောင်ကို တီရှပ်လက်တိုဖြင့်တွဲ၀တ်ထား
လျှက် ကွမ်းယာဆိုင်တစ်ခု၏ ထီးအမိုးတစ်ခုအောက်ရှိ ဆိုင်ကချပေးထားသည့် ခွေးခြေခုံလေးအပေါ်တွင် ခပ်တည်တည်နှင့်ထိုင်နေသည့်
ဆရာနေမျိုး။
ကျောပိုးအိတ်ကိုတောင် ကျောအပြည့်လက်နှစ်ဖက်နှင့်မလွယ်ပဲ တစ်ဖက်တည်းတွင်သာစတိုင်လ်
ကျကျလွယ်ထားလေသည်။ ဆံပင်ကိုလည်း
ဂျယ်လ်ဖြင့်ဘေးခွဲလိုလို ထောင်ထားတာလိုလိုနှင့် ပုံစံချထားသည့် ဆရာကြီးကို ဘုန်းကြီးကျောင်းသားလို့ပြောပါက ဘယ်သူယုံပါမည်လဲ။
အေးလေ...ဘုန်းကြီးကျောင်းသားဆိုရင်တောင် ဆယ်တန်းကိုဂုဏ်ထူးတွေနှင့်အောင်ထားပြီး ပညာတတ်ဘွဲ့ရသည့် ဘုန်းကြီးကျောင်းသားပေါ့။
ဒါတင်မကသေး လုပ်ခလစာကောင်းကောင်းရသည့် အလုပ်ကိုလည်းရထားသေးတယ်။
ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်လိုက်မိတော့
ဂျင်းဘောင်းဘီဒူးကျနှင့် ရှပ်လက်တိုအပွကိုမှ အဖြူရောင်၀တ်ထားသည်။ဂျင်းဘောင်းဘီ၀တ်ထားပေမဲ့ အသစ်မဟုတ်ပဲ ဈေးသွားရင်း
အဒေါ်ကိုယ်တိုင် ဘေထုပ်မှဈေးသက်သာ၍
ဆွဲလာခြင်းဖြစ်သည်။အရမ်းအဟောင်းကြီးတော့မဟုတ်ပေမဲ့ တစ်ပတ်ရစ်ကြီးမို့စိတ်ကတော့
သိပ်မသန့်လှဘူး။
ဒါပေမဲ့ ကိုယ့်ဆီမှာလည်း ထသွားထလာ၀တ်ဖို့ရန် ကောင်းကောင်းမွန်မွန်ဆို၍ ဒါပဲရှိသည်။
အဖေတို့၊အမေတို့နှင့်ရှိစဉ်က အ၀တ်တွေကလည်း ကြပ်တာတွေရော၊တိုနေတာတွေရောဖြစ်လာတာကြောင့် အဆင်ပြေတာပဲရွေး၀တ်လာခဲ့ရသည်။
ဆရာ့ကိုကြည့်လိုက်တော့ ဟန်ပါပါထိုင်လျှက်ဖြင့် စာအုပ်တစ်အုပ်အားလှန်လှော၍ အလုပ်ရှုပ်နေလေသည်။
ကြည့်ရတာ ကိုယ်တွေစီးမဲ့ကားရောက်မည့်
ကြာချိန်ကို ကြိုသိနေတယ်ထင်ပါရဲ့။
ဆရာဟာ နေ့တိုင်းအလုပ်ကို ဘက်စ်ကားစီးပြီးသွားရတော့ သူ့အတွက်က နေ့စဉ်မြင်နေကြမြင်ကွင်းဖြစ်နေမှာပေါ့။ကိုယ်တွေသာ ကားတစ်စီးဖြတ်မောင်းသွားလိုက် လူတွေပြည့်လျှံနေလျှင် နှာခေါင်းရှုံ့မိတာနှင့် ထိုသူတွေအစားပူအိုက်ရတာနှင့်
လိုက်ကြည့်မိတာများ ခေါင်းကိုချာချာလည်နေတာပဲ။
ကားဂိတ်မှာစောင့်နေရတာပင် နာရီ၀က်လောက်ရှိနေလေပြီ။ဆူးလေးကို ရောက်မည့်ကားကရောက်
မလာသေးသောကြောင့် ကားလမ်းဘေးကြီးတွင် ကိုရင်လေးတွေနှင့်ရော၍ ပုံရိပ်သည်လည်းငုတ်တုတ်ထိုင်လျှက်စောင့်နေမိသည်။
ကားတစ်စီးဖြတ်သွားလျှင် အော်သည့်အသံကိုနားစွင့်ရတာလည်း အလုပ်တစ်လုပ်ဖြစ်နေသည်။
ကိုရင်ကသုံးပါးဖြစ်ပြီး နှစ်ပါးကတော့ပုံရိပ်ထက်တစ်နှစ်လောက်ကြီးကြသည်။ကျန်တစ်ပါးကတော့ ပုံရိပ်ထက်ငယ်သည့်အပြင် သူ့ကိုမခေါ်ပါပဲအတင်းလိုက်မယ်လုပ်နေ၍ ခေါ်လာခဲ့ရသည်။
ပုံရိပ်တို့လေးဦးကတော့ ဆရာနေမျိုးကဲ့သို့
စိတ်မအေးနိုင်ပဲ ဆူးလေရောက်မည့်ကားကိုသာ အရိပ်တကြည့်ကြည့်လုပ်နေမိကြသည်။
ကားကလည်း တော်တော်နှင့်မလာ မတ်တတ်ရပ်ရတာလည်းညောင်းလာသောကြောင့် နောက်ဆုံးမှာလေးဦးသား လမ်းဘေးနေပူထဲတွင်သာ
ဆောင့်ကြောင့်ထိုင်ချလိုက်ရသည်။
မိုးကုန်၍ဆောင်းသို့ကူးချင်နေပေမဲ့ ရာသီဥတုကတစ်ခါမှလည်း အေးတယ်ရယ်လို့မရှိပေ။
မနက်ရှစ်နာရီထိုးသာ ရှိသေးပေမဲ့ နေပူသည့်ဒဏ်ကြောင့် ချွေးပါပြန်လာသည်။ နားသယ်စပ်တစ်လျှောက်ကျလာသော ချွေးတွေကိုခဏခဏသုတ်နေရ၍ သံပုရာအနံ့ရွှေပြည်နန်းသနပ်ခါးနှင့်လိမ်းထားသည့် ပါးကွက်ကျားတောင် ပျက်ပြီထင်ပါတယ်။
"သားရေ....ဗိုလ်တစ်ထောင်ဘုရားကိုရောက်လား..."
"ရောက်တာပေါ့...ဗိုလ်တစ်ထောင်ဆိပ်ကမ်း
ဟိုဘက်အထိပါ ရေပေါ်ကနေမောင်းပို့ပေးမယ်ဗျာ...တက်..တက်..."
စပယ်ယာဆိုသူသည် အသက်၅၀ကျော်လောက်ရှိသည့် အဖိုး၊အဖွားကြီးလင်မယားကို စနောက်လိုက်သေးသည်။
ကိုယ်စီးချင်သည့်ကားက ရောက်မလာသေးပဲ
ဗိုလ်တစ်ထောင်သို့ ရောက်သည့်ကားက စက်နှိုးထားပြီး ပုံရိပ်တို့ထိုင်နေသည့်တည့်တည့်တွင်
လာရပ်၍လူစောင့်ခေါ်နေလေသည်။
"မြေနီကုန်း..ရွှေဂုံတိုင်..ဗဟန်း(၃)လမ်း..ဆူးလေ.."
"ဟာ...ဟိုမှာ...ဆူးလေတဲ့...."
ဆူးလေသို့ရောက်သည့်ကားက လူစောင့်ခေါ်နေသည့်ကားအနောက်တွင်ထိုးရပ်လိုက်ပေမဲ့
မှားပြီးစီးမိမှာစိုး၍ ဆရာ့ကိုအားလုံးလှမ်းကြည့်လိုက်ကြသည်။ဆရာသည် ကျောပိုးအိတ်ကိုဟန်ကျကျတစ်ဖက်တည်းလွယ်တာမျိုးမဟုတ်တော့ပဲ ရင်ဘတ်အရှေ့သို့ ပို့လျှက်အနေအထားဖြင့်လွယ်ထားလေသည်။
YBSကိုတစ်ခါမျှမစီးဖူးသော ပုံရိပ်ကတော့
ဘာကြောင့်ဒီလိုလွယ်သလဲမသိပေမဲ့
နောင်တစ်ချိန်မှာသိလိုက်ရတာကတော့
" ခါးပိုက်နှိုက်ရန်ကိုကြောက်လို့ပါတဲ့"...
"ကဲ...ကိုရင်တို့....နောက်မှာခုံတွေလွတ်နေတယ်...
နောက်ကိုသွားကြပါ...."
ကံကောင်းသည်က ပုံရိပ်တို့စီးရသည့်ကားဟာ ထိုင်ခုံအလွှတ်တွေရှိနေသည်။ကား၀မ်းဗိုက်မှာ
ပြားပြား၀ပ်မနေရတော့သောကြောင့်
လူမသိ၊သူမသိလှစ်ခနဲပြုံးလိုက်မိသည်။
"ပုံရိပ်...ဒီကိုလာ...."
ကိုရင်တို့ဘက်အခြမ်းမှာ အယောင်ယောင်အမှားမှားဖြင့် ထိုင်ဖို့လုပ်တော့ ဆရာကပုံရိပ်၏
လက်မောင်းအိင်္ကျီစကို လှမ်းဆွဲသည်။
ဆရာသည် ကားနောက်ပေါက်အနားရှိ ပြူတင်းဘက်အခြမ်းတွင်နေရာယူလိုက်ပြီး ပုံရိပ်ကိုလည်း
သူ့ဘေးတွင်လာထိုင်ဖို့အချက်ပြလာသည်။
ကိုရင်တွေနှင့်အတူရောထိုင်ဖို့ရာလည်း
သိပ်မသင့်တော်တာကြောင့် ဆရာ့ဘေးမှာပဲ၀င်ထိုင်လိုက်သည်။ပုံရိပ်တို့ဟာ တကယ့်ကိုကပ်သီးလေး ကံကောင်းသွားခဲ့တာပါ။
နောက်တစ်မှတ်တိုင်ကိုရောက်တော့ လူတွေအလုံးအရင်းနှင့်တက်လာသောကြောင့် ကားတစ်ခုလုံးက ခြေချစရာနေရာ မရှိလောက်အောင်အထိ ကြပ်သပ်နေသည်။ကံကောင်း၍ ထိုင်ခုံနေရာရပေမဲ့ ကံဆိုးချင်တော့ ပုံရိပ်၏ဘေးနားတွင်မတ်တတ်လာရပ်နေသောလူကြီးထံမှ အရက်နံ့ရနေသည်။
ထိုလူကြီးကို မော့ကြည့်လိုက်မိတော့ မျက်လုံးတွေကအရက်သောက်ထား၍ ရီဝေဝေဖြစ်နေပြီး အသက်ရှူထုတ်လိုက်တိုင်းလည်း သူ့ဆီမှထောင်းထောင်းထနေသည့် အရက်ငွေ့သည်
ပုံရိပ်၏မျက်နှာကို လာရိုက်နေသလိုဖြစ်နေပြန်သည်။
ဒုက္ခမြစ်ရေထဲကို အကန်ခံလိုက်ရသလိုပါပဲ။
သေချင်ဆော်တောင်နံတယ်။
ကားကတစ်ချက်တစ်ချက် ဆောင့်သွားတိုင်းလည်း သူ့ခန္ဓာကိုယ်ကြီးက ပုံရိပ်ဘက်သို့ယိုင်ယိုင်ကျလာ၍ အတွင်းဘက်သို့တိုးမိတော့ ဆရာကဘာဖြစ်သလဲဆိုကာ မျက်မှောင်ကြုံ့၍ကြည့်လာသည်။
ပုံရိပ်၏မျက်နှာမသာမယာဖြစ်နေတာကိုမြင်တော့ ဆရာကအပေါ်ကိုမော့ကြည့်လိုက်သည်။
ဟိုလူကြီးက ပုံရိပ်ဘက်သို့ယိုင်ယိုင်ပြီး သူ့ရင်ဘတ်နှင့်ပုံရိပ်၏ပခုံးတိုက်မိနေသည်ကိုမြင်တော့
ဆရာ့မျက်နှာ ပိုပျက်ယွင်းသွားသည်။
ဆရာသည် ချက်ချင်းပဲထရပ်လိုက်ပြီး....
"ပုံရိပ်....ဒီဘက်အခြမ်းကိုပြောင်းထိုင်လိုက်....
"ကျွန်တော် အပြင်ထွက်ချင်လို့ခဏလောက်ဖယ်ပေးပါလား..."
"ရတယ်ညီ...."
နေရာလဲလျှင် ပုံရိပ်ကအပြင်ဘက်ထွက်ရမှာဖြစ်၍ ဆရာသည်ဟိုအမူးသမားကိုလည်း ခွင့်တောင်းရလေသည်။အတွင်းဘက်သို့ ပုံရိပ်တိုးထိုင်ပြီးပြီးချင်းပဲ ဆရာဆိုသည်မှာလည်း သူ့နေရာလေးသူများဦးသွားမည်စိုး၍ အတင်းပြန်ထိုင်ချသည်။
ဆူးလေးဆိုတာ ရန်ကုန်မြို့လည်ခေါင်ကြီးမှာ
ရှိနေတော့ အကြာကြီးမတ်တတ်ရပ်ရလျှင်လည်း ဘယ်ခံနိုင်ပါ့မလဲ။"....ဆရာမှန်ပါတယ်။.."
"ဟာ...ဒီကားဆရာကလည်း....ဘယ်လိုတွေမောင်းနေသလဲမသိဘူး...လူကကြပ်ရတဲ့ကြားထဲ..
လီဗာကိုဆောင့်ဆောင့်ပြီးနင်းနေတယ်..."
"နောက်လေးကို တိုးပေးကြပါ...နောက်မှာအချောင်ကြီးပါဗျာ...ဘယ်လိုဖြစ်ပြီးအရှေ့မှာပဲ
ပြုံနေကြတာလည်း...တိုးကြစမ်းပါ...
နှောက်နှေးရင်လည်း ကျုပ်တို့ပဲအပြစ်ဖြစ်တယ်..…"
"အာ...ဒီဖေ!!!!!....အင်း...အဖေနဲ့ကိုင်တုပ်လိုက်ရ
မကောင်းရှိတော့မယ်...ဒီ့ထပ်တိုးရရင်လည်း...
ငါ့ဘေးကအကောင်နဲ့ငါနဲ့ညားတော့မယ်...."
ကားစပယ်ယာကလည်း သူ့အကျိုးအတွက်ဖိတိုးခိုင်း နောက်ကလူတွေကလည်းနေရာကြပ်လို့
ထအော်နှင့် ရသကတော့စုံသည်။
ထိုအထဲမှာ စပယ်ယာ၏အသံဗြဲဗြဲကို မခံနိုင်သည့်အခြောက်မတစ်ယောက်ကအဆိုးဆုံးပေါ့။
ပုံရိပ်အစား အရက်မူးသမား၏ အရက်နံ့ကိုနှာခေါင်းရှုံ့၍ခံနေရပါသော ဆရာသည်
ပုံရိပ်ဘက်သို့ခဏခဏယိုင်ပြီးတိုးကပ်လာတာကြောင့် ပုံရိပ်အဖို့သူသုံးနေကြ စံပယ်ရေမွှေးရနံ့ကလည်း မွှန်နေရကာ သူ့ခေါင်းမှ ဂျယ်လ်နံ့ကလည်းဆူးရွှင်နေသောကြောင့် အသက်တောင် ကောင်းကောင်းမရှူရဲပေ။
"တော်တော်...အလှကြိုက်တဲ့ဆရာ..."ဟုရင်တွင်းမှ ဝေဖန်မိသေးသည်။
ဆရာ့ခမျာ တခါတလေလေး အပြင်ထွက်ရ၍
အပြတ်ရွှိင်းပြီးထွက်လာခါမှ ဒုက္ခဝေနေရကာ အရက်သမားကြီး ကားပေါ်မှဆင်းသွားမှသာ အသက်ရှူချောင်သွားပုံရလေသည်။
"ဟူး....အခုမှပဲအဆင်ပြေတော့တယ်...."
"သမီးနေရာမှာ...ပြောင်းထိုင်လိုက်တာ ဆရာအရက်နံ့တွေနဲ့ ခေါင်းမကိုက်ဘူးလား...."
"ဘယ်ကမလဲ...ခေါင်းတောင်ပြုတ်ထွက်ချင်တယ်"
သဘောတကျနှင့် ပြုံး၍ပြောလိုက်သောဆရာ့ကြောင့် ပုံရိပ်လည်းရောယောင်၍ပြုံးလိုက်မိသည်။
ဆရာနှင့်ပုံရိပ်ဆိုတာ ပုံမှန်ဆိုရင်ည၇နာရီမှာတွေ့ပြီး၉နာရီထိုးသည်နှင့် တစ်လမ်းဆီသွားကြရသူတွေဆိုတော့ ခင်မင်ရင်နှီးမှုမှာ အလွှာပါးပါးလေးခြားနေခဲ့တယ်။သူ့ဆီမှာစာသင်တာလည်း ငါးရက်သာ ရှိပါသေးတယ်။
ယခုတော့ ပုံရိပ်အတွက်ထိုအလွှာပါးလေးတောင် ပျောက်ကွယ်သွားပါပြီ။ ဆရာ့ရဲ့ကိုယ်ချင်းစာနာတတ်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရတာလည်း တစ်ကဏ္ဍပေါ့။နောက်တစ်ချက်ကတော့
ဆရာ့ရဲ့ အမျိုးကောင်းသားပီသတဲ့စိတ်ဓာတ်ပါပဲ။
အထူးသဖြင့် အမျိုးသမီးတွေကိုညှာတာတတ်တဲ့ စိတ်ထားပေါ့။
ဆရာနဲ့အသက်အရွက်တူလောက်ရှိသည့် အစ်မတစ်ယောက်က ဆရာ့ဘေးမှာလာရပ်တော့ အစကဆရာမထပေးသေးဘူး။လူတအားကြပ်တဲ့အပြင် ထိုအစ်မရဲ့ဘေးနားမှာရပ်နေကြတာက ယောက်ျားတွေချည်းပဲ။
ကားက တစ်ချက်တစ်ချက်လှုပ်ယမ်းသွားတိုင်း ဘေးကလူတွေနဲ့အစ်မကြီးကအသားချင်းသွားသွားထိတော့ ထိုအစ်မမျက်နှာက တော်တော်လေးကိုပျက်လာတယ်။ဒါကိုဆရာကရိပ်မိသွားတာကြောင့် ထိုအစ်မကြီးကိုထိုင်ခိုင်းပြီး သူကရပ်နေပေးလိုက်တယ်။ဒီလိုကူညီတာကလည်း ဆရာတစ်ယောက်တည်းရယ်ပါ။အနောက်ခုံဘက်မှာလည်း ယောက်ျားလေးတစ်ယောက်ထိုင်နေပေမဲ့
ဆရာ့လို စိတ်ကောင်းရှိသူတွေကသာအနာခံတာပေါ့။
မတ်တတ်ရပ်ရတော့ ဆရာညောင်းမှာပဲလို ဂရုဏာသက်မိပေမဲ့ သူတစ်ပါးကိုကူညီတတ်တဲ့
ဆရာ့စိတ်ဓာတ်ကိုလည်း ချီးကျူးမိတယ်။
သဘောကောင်းပေမဲ့ ဆရာကအယုံလွယ်တဲ့လူတော့မဟုတ်ဘူး။ခင်မငင်ရင်းနှီမှုမရှိပဲလည်း တစ်ဖက်သားကို အကူအညီမတောင်းတတ်သူပါပဲ ။
"အစ်ကို လွယ်အိတ်ပေးလေ..."ဟုပုံရိပ်၏ ဘေးမှအစ်မသည် ဆရာ့လွယ်အိတ်ကိုကူသယ်ပေးဖို့တောင်းဆိုလာပေမဲ့ ဆရာကခေါင်းသာခါပြလိုက်တယ်။ထိုအစ်မကြီးသည် အမှန်တော့အသားဖြူဖြူနဲ့ မြန်မာ၀တ်စုံရင်ဖုံးလေးကို ၀တ်ထားတဲ့မိန်းမချောလေးပါ။ကိုယ်သင်းရနံ့မွှေးမွှေးလေးနဲ့
မှုန်နေအောင်လှလို့ ထိုအစ်မကိုပုံရိပ်တောင် ခိုးခိုးကြည့်မိတယ်။
ဆရာကတော့ဖြင့် လွယ်အိတ်သယ်ပေးဖို့ နူးနူးညံ့ညံ့လေးအမေးခံရတာတောင် မပေးဘူး။
"အထှာကလည်း သိပ်ကိုင်တာပဲ...။"
"ဆရာ...သမီးလွယ်အိတ်ကိုင်ပေးရမလား..."ဟု
ပုံရိပ်မေးတော့မှသာ ဆရာသည်သူ့လွယ်အိတ်ကို ချက်ချင်းချွတ်ပြီး ပုံရိပ်ကိုကမ်းပေးသည်။
အပြင်လူကိုအလွယ်မယုံပဲ ကိုယ့်တပည့်ကိုသာ ယုံကြည်တဲ့ဆရာပါလေ။
သူ့လွယ်အိတ်ထဲမှာ ဘာအဖိုးတန်တွေပါသလဲတော့မသိဘူး။
🔥ဆူးကြိုး...🔥အခန်း(၁၅)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
🔥🔥🔥🔥🔥🔥
==========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥 ပထမပိုင္း
"ဒညင္းကုန္းေရာက္မယ္...ဒညင္းကုန္း..."
"အင္းစိန္ေဆးရံု ...အင္းစိန္ပန္းၿခံ......"
"ႀကိဳ႔ကုန္းေရာက္မယ္..."
"ဟံသာ၀တီအဝိုင္းေရာက္လား...."
"ေရာက္တယ္...တက္...တက္..…ကဲ...အေနာက္ေလးေတြကိုတိုးေပးၾကပါ....အ၀မွာပဲတစ္မေနၾကပါနဲ႔.."
"စံျပကိုေရာက္လား...."
"ေရာက္တယ္...."
"ေရာက္တယ္တဲ့....လာတက္မယ္...."
စေန၊တနဂၤေနြရံုးပိတ္ရက္ဆိုသည့္အတိုင္း ကားဂိတ္တြင္ လူစည္ေနေလသည္။
ကားတစ္စီးထိုးဆိုက္လာလိုက္ လူတသုတ္က
တက္သြားလိုက္။
ဒါလည္း လူစဲတယ္ရယ္လို႔မရိွပဲ လာၾကျပန္ၿပီ
၀တ္စံုၿပိဳးၿပိဳးျပက္ျပက္ေတြႏွင့္ အထုပ္ႀကီး၊
အထုပ္ငယ္ကိုင္လ်ွက္ ကေလးေတြတစ္မႀကီးဆဲြၿပီး။
ၾကၫ့္ရတာေတာ့ ဘုရားဖူးသြားမယ့္ပံုေတြပါပဲ။
ကားအေပၚကိုတိုးတက္ၾက၊စပယ္ယာကလည္း
ကားေနာက္ပိုင္းကို အတင္းတိုးေလ်ွာက္ခိုင္းေနစဉ္
"ေဟာ...ေနာက္ထပ္ေျပးလာတဲ့ တသိုက္ကကားေပၚကို တိုးတက္ၾက၍ ကားတံခါးကိုပင္မပိတ္ပဲ စပယ္ယာကအေပါက္၀မွာ ပိတ္ရပ္ၿပီး..
"ေမာင္းေတာ့ဆရာေရ..."ဆိုတာႏွင့္ မီးခိုးေငြ့
တေဝ့ေဝ့ခါထုတ္လ်ွက္ ကားႀကီးတစ္စီးကထြက္သြားျပန္သည္။
ေနာက္တစ္စီးလာျပန္လည္း ထို႔နည္းတူပါပဲ။
မသိလ်ွင္ လူေတြကိုငါးပိသိပ္သလို သိပ္ၿပီးထၫ့္ေနသလားမွတ္ရတယ္။
ကိုယ္ေတြကားကမလာေသးေပမဲ့ ဒီလိုပဲတိုးႀကိတ္ၿပီးစီးရလ်ွင္ လူေကာင္ေသးတဲ့ပံုရိပ္ကေတာ့ ကား၀မ္းဗိုက္မွာျပားျပားကပ္ေနမလားပဲ။
အေတြးနဲ႔တင္ လူပါအိုစာခ်င္လာသည္။
အေနာက္သို႔ လွၫ့္ၾကၫ့္လိုက္ေတာ့ စတိုင္ပဲန္အနက္ေရာင္ကို တီရွပ္လက္တိုျဖင့္တဲြ၀တ္ထား
လ်ွက္ ကြမ္းယာဆိုင္တစ္ခု၏ ထီးအမိုးတစ္ခုေအာက္ရိွ ဆိုင္ကခ်ေပးထားသၫ့္ ေခြးေျခခံုေလးအေပၚတြင္ ခပ္တည္တည္ႏွင့္ထိုင္ေနသၫ့္
ဆရာေနမ်ိဳး။
ေက်ာပိုးအိတ္ကိုေတာင္ ေက်ာအျပၫ့္လက္ႏွစ္ဖက္ႏွင့္မလြယ္ပဲ တစ္ဖက္တည္းတြင္သာစတိုင္လ္
က်က်လြယ္ထားေလသည္။ ဆံပင္ကိုလည္း
ဂ်ယ္လ္ျဖင့္ေဘးခဲြလိုလို ေထာင္ထားတာလိုလိုႏွင့္ ပံုစံခ်ထားသၫ့္ ဆရာႀကီးကို ဘုန္းႀကီးေက်ာင္းသားလို႔ေျပာပါက ဘယ္သူယံုပါမည္လဲ။
ေအးေလ...ဘုန္းႀကီးေက်ာင္းသားဆိုရင္ေတာင္ ဆယ္တန္းကိုဂုဏ္ထူးေတြႏွင့္ေအာင္ထားၿပီး ပညာတတ္ဘဲြ႔ရသည့္ ဘုန္းႀကီးေက်ာင္းသားေပါ့။
ဒါတင္မကေသး လုပ္ခလစာေကာင္းေကာင္းရသၫ့္ အလုပ္ကိုလည္းရထားေသးတယ္။
ကိုယ့္ကိုကိုယ္ ျပန္ငံု႔ၾကၫ့္လိုက္မိေတာ့
ဂ်င္းေဘာင္းဘီဒူးက်ႏွင့္ ရွပ္လက္တိုအပြကိုမွ အျဖဴေရာင္၀တ္ထားသည္။ဂ်င္းေဘာင္းဘီ၀တ္ထားေပမဲ့ အသစ္မဟုတ္ပဲ ေဈးသြားရင္း
အေဒၚကိုယ္တိုင္ ေဘထုပ္မွေဈးသက္သာ၍
ဆဲြလာျခင္းျဖစ္သည္။အရမ္းအေဟာင္းႀကီးေတာ့မဟုတ္ေပမဲ့ တစ္ပတ္ရစ္ႀကီးမို႔စိတ္ကေတာ့
သိပ္မသန႔္လွဘူး။
ဒါေပမဲ့ ကိုယ့္ဆီမွာလည္း ထသြားထလာ၀တ္ဖို႔ရန္ ေကာင္းေကာင္းမြန္မြန္ဆို၍ ဒါပဲရိွသည္။
အေဖတို႔၊အေမတို႔ႏွင့္ရိွစဉ္က အ၀တ္ေတြကလည္း ၾကပ္တာေတြေရာ၊တိုေနတာေတြေရာျဖစ္လာတာေၾကာင့္ အဆင္ေျပတာပဲေရြး၀တ္လာခဲ့ရသည္။
ဆရာ့ကိုၾကၫ့္လိုက္ေတာ့ ဟန္ပါပါထိုင္လ်ွက္ျဖင့္ စာအုပ္တစ္အုပ္အားလွန္ေလွာ၍ အလုပ္ရႈပ္ေနေလသည္။
ၾကၫ့္ရတာ ကိုယ္ေတြစီးမဲ့ကားေရာက္မၫ့္
ၾကာခ်ိန္ကို ႀကိဳသိေနတယ္ထင္ပါရဲ့။
ဆရာဟာ ေန့တိုင္းအလုပ္ကို ဘက္စ္ကားစီးၿပီးသြားရေတာ့ သူ႔အတြက္က ေန့စဉ္ျမင္ေနၾကျမင္ကြင္းျဖစ္ေနမွာေပါ့။ကိုယ္ေတြသာ ကားတစ္စီးျဖတ္ေမာင္းသြားလိုက္ လူေတျြပၫ့္လ်ွံေနလ်ွင္ ႏွာေခါင္းရႈံ႔မိတာႏွင့္ ထိုသူေတြအစားပူအိုက္ရတာႏွင့္
လိုက္ၾကၫ့္မိတာမ်ား ေခါင္းကိုခ်ာခ်ာလည္ေနတာပဲ။
ကားဂိတ္မွာေစာင့္ေနရတာပင္ နာရီ၀က္ေလာက္ရိွေနေလၿပီ။ဆူးေလးကို ေရာက္မၫ့္ကားကေရာက္
မလာေသးေသာေၾကာင့္ ကားလမ္းေဘးႀကီးတြင္ ကိုရင္ေလးေတြႏွင့္ေရာ၍ ပံုရိပ္သည္လည္းငုတ္တုတ္ထိုင္လ်ွက္ေစာင့္ေနမိသည္။
ကားတစ္စီးျဖတ္သြားလ်ွင္ ေအာ္သၫ့္အသံကိုနားစြင့္ရတာလည္း အလုပ္တစ္လုပ္ျဖစ္ေနသည္။
ကိုရင္ကသံုးပါးျဖစ္ၿပီး ႏွစ္ပါးကေတာ့ပံုရိပ္ထက္တစ္ႏွစ္ေလာက္ႀကီးၾကသည္။က်န္တစ္ပါးကေတာ့ ပံုရိပ္ထက္ငယ္သၫ့္အျပင္ သူ႔ကိုမေခၚပါပဲအတင္းလိုက္မယ္လုပ္ေန၍ ေခၚလာခဲ့ရသည္။
ပံုရိပ္တို႔ေလးဦးကေတာ့ ဆရာေနမ်ိဳးကဲ့သို႔
စိတ္မေအးႏိုင္ပဲ ဆူးေလေရာက္မၫ့္ကားကိုသာ အရိပ္တၾကည့္ၾကၫ့္လုပ္ေနမိၾကသည္။
ကားကလည္း ေတာ္ေတာ္ႏွင့္မလာ မတ္တတ္ရပ္ရတာလည္းေညာင္းလာေသာေၾကာင့္ ေနာက္ဆံုးမွာေလးဦးသား လမ္းေဘးေနပူထဲတြင္သာ
ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ရသည္။
မိုးကုန္၍ေဆာင္းသို႔ကူးခ်င္ေနေပမဲ့ ရာသီဥတုကတစ္ခါမွလည္း ေအးတယ္ရယ္လို႔မရိွေပ။
မနက္ရွစ္နာရီထိုးသာ ရိွေသးေပမဲ့ ေနပူသၫ့္ဒဏ္ေၾကာင့္ ခၽြေးပါျပန္လာသည္။ နားသယ္စပ္တစ္ေလ်ွာက္က်လာေသာ ခၽြေးေတြကိုခဏခဏသုတ္ေနရ၍ သံပုရာအနံ႔ေရႊျပည္နန္းသနပ္ခါးႏွင့္လိမ္းထားသၫ့္ ပါးကြက္က်ားေတာင္ ပ်က္ၿပီထင္ပါတယ္။
"သားေရ....ဗိုလ္တစ္ေထာင္ဘုရားကိုေရာက္လား..."
"ေရာက္တာေပါ့...ဗိုလ္တစ္ေထာင္ဆိပ္ကမ္း
ဟိုဘက္အထိပါ ေရေပၚကေနေမာင္းပို႔ေပးမယ္ဗ်ာ...တက္..တက္..."
စပယ္ယာဆိုသူသည္ အသက္၅၀ေက်ာ္ေလာက္ရိွသၫ့္ အဖိုး၊အဖြားႀကီးလင္မယားကို စေနာက္လိုက္ေသးသည္။
ကိုယ္စီးခ်င္သၫ့္ကားက ေရာက္မလာေသးပဲ
ဗိုလ္တစ္ေထာင္သို႔ ေရာက္သၫ့္ကားက စက္ႏိႈးထားၿပီး ပံုရိပ္တို႔ထိုင္ေနသၫ့္တၫ့္တၫ့္တြင္
လာရပ္၍လူေစာင့္ေခၚေနေလသည္။
"ေျမနီကုန္း..ေရႊဂံုတိုင္..ဗဟန္း(၃)လမ္း..ဆူးေလ.."
"ဟာ...ဟိုမွာ...ဆူးေလတဲ့...."
ဆူးေလသို႔ေရာက္သၫ့္ကားက လူေစာင့္ေခၚေနသၫ့္ကားအေနာက္တြင္ထိုးရပ္လိုက္ေပမဲ့
မွားၿပီးစီးမိမွာစိုး၍ ဆရာ့ကိုအားလံုးလွမ္းၾကၫ့္လိုက္ၾကသည္။ဆရာသည္ ေက်ာပိုးအိတ္ကိုဟန္က်က်တစ္ဖက္တည္းလြယ္တာမ်ိဳးမဟုတ္ေတာ့ပဲ ရင္ဘတ္အေရ႔ွသို႔ ပို႔လ်ွက္အေနအထားျဖင့္လြယ္ထားေလသည္။
YBSကိုတစ္ခါမ်ွမစီးဖူးေသာ ပံုရိပ္ကေတာ့
ဘာေၾကာင့္ဒီလိုလြယ္သလဲမသိေပမဲ့
ေနာင္တစ္ခ်ိန္မွာသိလိုက္ရတာကေတာ့
" ခါးပိုက္ႏိႈက္ရန္ကိုေၾကာက္လို႔ပါတဲ့"...
"ကဲ...ကိုရင္တို႔....ေနာက္မွာခံုေတြလြတ္ေနတယ္...
ေနာက္ကိုသြားၾကပါ...."
ကံေကာင္းသည္က ပံုရိပ္တို႔စီးရသၫ့္ကားဟာ ထိုင္ခံုအလႊတ္ေတြရိွေနသည္။ကား၀မ္းဗိုက္မွာ
ျပားျပား၀ပ္မေနရေတာ့ေသာေၾကာင့္
လူမသိ၊သူမသိလွစ္ခနဲႃပံုးလိုက္မိသည္။
"ပံုရိပ္...ဒီကိုလာ...."
ကိုရင္တို႔ဘက္အျခမ္းမွာ အေယာင္ေယာင္အမွားမွားျဖင့္ ထိုင္ဖို႔လုပ္ေတာ့ ဆရာကပံုရိပ္၏
လက္ေမာင္းအိက်ႌစကို လွမ္းဆဲြသည္။
ဆရာသည္ ကားေနာက္ေပါက္အနားရိွ ျပဴတင္းဘက္အျခမ္းတြင္ေနရာယူလိုက္ၿပီး ပံုရိပ္ကိုလည္း
သူ႔ေဘးတြင္လာထိုင္ဖို႔အခ်က္ျပလာသည္။
ကိုရင္ေတြႏွင့္အတူေရာထိုင္ဖို႔ရာလည္း
သိပ္မသင့္ေတာ္တာေၾကာင့္ ဆရာ့ေဘးမွာပဲ၀င္ထိုင္လိုက္သည္။ပံုရိပ္တို႔ဟာ တကယ့္ကိုကပ္သီးေလး ကံေကာင္းသြားခဲ့တာပါ။
ေနာက္တစ္မွတ္တိုင္ကိုေရာက္ေတာ့ လူေတြအလံုးအရင္းႏွင့္တက္လာေသာေၾကာင့္ ကားတစ္ခုလံုးက ေျခခ်စရာေနရာ မရိွေလာက္ေအာင္အထိ ၾကပ္သပ္ေနသည္။ကံေကာင္း၍ ထိုင္ခံုေနရာရေပမဲ့ ကံဆိုးခ်င္ေတာ့ ပံုရိပ္၏ေဘးနားတြင္မတ္တတ္လာရပ္ေနေသာလူႀကီးထံမွ အရက္နံ႔ရေနသည္။
ထိုလူႀကီးကို ေမာ့ၾကၫ့္လိုက္မိေတာ့ မ်က္လံုးေတြကအရက္ေသာက္ထား၍ ရီေဝေဝျဖစ္ေနၿပီး အသက္ရႉထုတ္လိုက္တိုင္းလည္း သူ႔ဆီမွေထာင္းေထာင္းထေနသၫ့္ အရက္ေငြ့သည္
ပံုရိပ္၏မ်က္ႏွာကို လာရိုက္ေနသလိုျဖစ္ေနျပန္သည္။
ဒုႂကၡမစ္ေရထဲကို အကန္ခံလိုက္ရသလိုပါပဲ။
ေသခ်င္ေဆာ္ေတာင္နံတယ္။
ကားကတစ္ခ်က္တစ္ခ်က္ ေဆာင့္သြားတိုင္းလည္း သူ႔ခႏၶာကိုယ္ႀကီးက ပံုရိပ္ဘက္သို႔ယိုင္ယိုင္က်လာ၍ အတြင္းဘက္သို႔တိုးမိေတာ့ ဆရာကဘာျဖစ္သလဲဆိုကာ မ်က္ေမွာင္ႄကံု႔၍ၾကၫ့္လာသည္။
ပံုရိပ္၏မ်က္ႏွာမသာမယာျဖစ္ေနတာကိုျမင္ေတာ့ ဆရာကအေပၚကိုေမာ့ၾကၫ့္လိုက္သည္။
ဟိုလူႀကီးက ပံုရိပ္ဘက္သို႔ယိုင္ယိုင္ၿပီး သူ႔ရင္ဘတ္ႏွင့္ပံုရိပ္၏ပခံုးတိုက္မိေနသည္ကိုျမင္ေတာ့
ဆရာ့မ်က္ႏွာ ပိုပ်က္ယြင္းသြားသည္။
ဆရာသည္ ခ်က္ခ်င္းပဲထရပ္လိုက္ၿပီး....
"ပံုရိပ္....ဒီဘက္အျခမ္းကိုေျပာင္းထိုင္လိုက္....
"ကၽြန္ေတာ္ အျပင္ထြက္ခ်င္လို႔ခဏေလာက္ဖယ္ေပးပါလား..."
"ရတယ္ညီ...."
ေနရာလဲလ်ွင္ ပံုရိပ္ကအျပင္ဘက္ထြက္ရမွာျဖစ္၍ ဆရာသည္ဟိုအမူးသမားကိုလည္း ခြင့္ေတာင္းရေလသည္။အတြင္းဘက္သို႔ ပံုရိပ္တိုးထိုင္ၿပီးၿပီးခ်င္းပဲ ဆရာဆိုသည္မွာလည္း သူ႔ေနရာေလးသူမ်ားဦးသြားမည္စိုး၍ အတင္းျပန္ထိုင္ခ်သည္။
ဆူးေလးဆိုတာ ရန္ကုန္ၿမိဳ႔လည္ေခါင္ႀကီးမွာ
ရိွေနေတာ့ အၾကာႀကီးမတ္တတ္ရပ္ရလ်ွင္လည္း ဘယ္ခံႏိုင္ပါ့မလဲ။"....ဆရာမွန္ပါတယ္။.."
"ဟာ...ဒီကားဆရာကလည္း....ဘယ္လိုေတြေမာင္းေနသလဲမသိဘူး...လူကၾကပ္ရတဲ့ၾကားထဲ..
လီဗာကိုေဆာင့္ေဆာင့္ၿပီးနင္းေနတယ္..."
"ေနာက္ေလးကို တိုးေပးၾကပါ...ေနာက္မွာအေခ်ာင္ႀကီးပါဗ်ာ...ဘယ္လိုျဖစ္ၿပီးအေရ႔ွမွာပဲ
ႃပံုေနၾကတာလည္း...တိုးၾကစမ္းပါ...
ေနွာက္ေနွးရင္လည္း က်ဳပ္တို႔ပဲအျပစ္ျဖစ္တယ္..…"
"အာ...ဒီေဖ!!!!!....အင္း...အေဖနဲ႔ကိုင္တုပ္လိုက္ရ
မေကာင္းရိွေတာ့မယ္...ဒီ့ထပ္တိုးရရင္လည္း...
ငါ့ေဘးကအေကာင္နဲ႔ငါနဲ႔ညားေတာ့မယ္...."
ကားစပယ္ယာကလည္း သူ႔အက်ိဳးအတြက္ဖိတိုးခိုင္း ေနာက္ကလူေတြကလည္းေနရာၾကပ္လို႔
ထေအာ္ႏွင့္ ရသကေတာ့စံုသည္။
ထိုအထဲမွာ စပယ္ယာ၏အသံၿဗဲၿဗဲကို မခံႏိုင္သၫ့္အေျခာက္မတစ္ေယာက္ကအဆိုးဆံုးေပါ့။
ပံုရိပ္အစား အရက္မူးသမား၏ အရက္နံ႔ကိုႏွာေခါင္းရႈံ႔၍ခံေနရပါေသာ ဆရာသည္
ပံုရိပ္ဘက္သို႔ခဏခဏယိုင္ၿပီးတိုးကပ္လာတာေၾကာင့္ ပံုရိပ္အဖို႔သူသံုးေနၾက စံပယ္ေရေမႊးရနံ႔ကလည္း မႊန္ေနရကာ သူ႔ေခါင္းမွ ဂ်ယ္လ္နံ႔ကလည္းဆူးရႊင္ေနေသာေၾကာင့္ အသက္ေတာင္ ေကာင္းေကာင္းမရႉရဲေပ။
"ေတာ္ေတာ္...အလွႀကိဳက္တဲ့ဆရာ..."ဟုရင္တြင္းမွ ေဝဖန္မိေသးသည္။
ဆရာ့ခမ်ာ တခါတေလေလး အျပင္ထြက္ရ၍
အျပတ္ရႊိင္းၿပီးထြက္လာခါမွ ဒုကၡေဝေနရကာ အရက္သမားႀကီး ကားေပၚမွဆင္းသြားမွသာ အသက္ရႉေခ်ာင္သြားပံုရေလသည္။
"ဟူး....အခုမွပဲအဆင္ေျပေတာ့တယ္...."
"သမီးေနရာမွာ...ေျပာင္းထိုင္လိုက္တာ ဆရာအရက္နံ႔ေတြနဲ႔ ေခါင္းမကိုက္ဘူးလား...."
"ဘယ္ကမလဲ...ေခါင္းေတာင္ျပဳတ္ထြက္ခ်င္တယ္"
သေဘာတက်ႏွင့္ ႃပံုး၍ေျပာလိုက္ေသာဆရာ့ေၾကာင့္ ပံုရိပ္လည္းေရာေယာင္၍ႃပံုးလိုက္မိသည္။
ဆရာႏွင့္ပံုရိပ္ဆိုတာ ပံုမွန္ဆိုရင္ည၇နာရီမွာေတြ့ၿပီး၉နာရီထိုးသည္ႏွင့္ တစ္လမ္းဆီသြားၾကရသူေတြဆိုေတာ့ ခင္မင္ရင္ႏွီးမႈမွာ အလႊာပါးပါးေလးျခားေနခဲ့တယ္။သူ႔ဆီမွာစာသင္တာလည္း ငါးရက္သာ ရိွပါေသးတယ္။
ယခုေတာ့ ပံုရိပ္အတြက္ထိုအလႊာပါးေလးေတာင္ ေပ်ာက္ကြယ္သြားပါၿပီ။ ဆရာ့ရဲ့ကိုယ္ခ်င္းစာနာတတ္မႈကို မ်က္ဝါးထင္ထင္ျမင္လိုက္ရတာလည္း တစ္က႑ေပါ့။ေနာက္တစ္ခ်က္ကေတာ့
ဆရာ့ရဲ့ အမ်ိဳးေကာင္းသားပီသတဲ့စိတ္ဓာတ္ပါပဲ။
အထူးသျဖင့္ အမ်ိဳးသမီးေတြကိုၫွာတာတတ္တဲ့ စိတ္ထားေပါ့။
ဆရာနဲ႔အသက္အရြက္တူေလာက္ရိွသၫ့္ အစ္မတစ္ေယာက္က ဆရာ့ေဘးမွာလာရပ္ေတာ့ အစကဆရာမထေပးေသးဘူး။လူတအားၾကပ္တဲ့အျပင္ ထိုအစ္မရဲ့ေဘးနားမွာရပ္ေနၾကတာက ေယာက္်ားေတြခ်ည္းပဲ။
ကားက တစ္ခ်က္တစ္ခ်က္လႈပ္ယမ္းသြားတိုင္း ေဘးကလူေတြနဲ႔အစ္မႀကီးကအသားခ်င္းသြားသြားထိေတာ့ ထိုအစ္မမ်က္ႏွာက ေတာ္ေတာ္ေလးကိုပ်က္လာတယ္။ဒါကိုဆရာကရိပ္မိသြားတာေၾကာင့္ ထိုအစ္မႀကီးကိုထိုင္ခိုင္းၿပီး သူကရပ္ေနေပးလိုက္တယ္။ဒီလိုကူညီတာကလည္း ဆရာတစ္ေယာက္တည္းရယ္ပါ။အေနာက္ခံုဘက္မွာလည္း ေယာက္်ားေလးတစ္ေယာက္ထိုင္ေနေပမဲ့
ဆရာ့လို စိတ္ေကာင္းရိွသူေတြကသာအနာခံတာေပါ့။
မတ္တတ္ရပ္ရေတာ့ ဆရာေညာင္းမွာပဲလို ဂရုဏာသက္မိေပမဲ့ သူတစ္ပါးကိုကူညီတတ္တဲ့
ဆရာ့စိတ္ဓာတ္ကိုလည္း ခ်ီးက်ူးမိတယ္။
သေဘာေကာင္းေပမဲ့ ဆရာကအယံုလြယ္တဲ့လူေတာ့မဟုတ္ဘူး။ခင္မငင္ရင္းႏွီမႈမရိွပဲလည္း တစ္ဖက္သားကို အကူအညီမေတာင္းတတ္သူပါပဲ ။
"အစ္ကို လြယ္အိတ္ေပးေလ..."ဟုပံုရိပ္၏ ေဘးမွအစ္မသည္ ဆရာ့လြယ္အိတ္ကိုကူသယ္ေပးဖို႔ေတာင္းဆိုလာေပမဲ့ ဆရာကေခါင္းသာခါျပလိုက္တယ္။ထိုအစ္မႀကီးသည္ အမွန္ေတာ့အသားျဖဴႁဖူနဲ႔ ျမန္မာ၀တ္စံုရင္ဖံုးေလးကို ၀တ္ထားတဲ့မိန္းမေခ်ာေလးပါ။ကိုယ္သင္းရနံ႔ေမႊးေမႊးေလးနဲ႔
မႈန္ေနေအာင္လွလို႔ ထိုအစ္မကိုပံုရိပ္ေတာင္ ခိုးခိုးၾကၫ့္မိတယ္။
ဆရာကေတာ့ျဖင့္ လြယ္အိတ္သယ္ေပးဖို႔ ႏူးႏူးညံ့ညံ့ေလးအေမးခံရတာေတာင္ မေပးဘူး။
"အထွာကလည္း သိပ္ကိုင္တာပဲ...။"
"ဆရာ...သမီးလြယ္အိတ္ကိုင္ေပးရမလား..."ဟု
ပံုရိပ္ေမးေတာ့မွသာ ဆရာသည္သူ႔လြယ္အိတ္ကို ခ်က္ခ်င္းခၽြတ္ၿပီး ပံုရိပ္ကိုကမ္းေပးသည္။
အျပင္လူကိုအလြယ္မယံုပဲ ကိုယ့္တပၫ့္ကိုသာ ယံုၾကည္တဲ့ဆရာပါေလ။
သူ႔လြယ္အိတ္ထဲမွာ ဘာအဖိုးတန္ေတြပါသလဲေတာ့မသိဘူး။
🔥ဆူးႀကိဳး...🔥အခန္း(၁၅)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
No comments:
Post a Comment