🔥ဆူးကြိုး...🔥အခန်း(၁၆)🔥 ဒုတိယပိုင်း

 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )

 

🔥ဆူးကြိုး...🔥အခန်း(၁၆)🔥  ဒုတိယပိုင်း



အိမ်အပြန်လမ်းတွင် ပုံရိပ်၏ခြေလှမ်းတွေသည် အသက်မဲ့နေခဲ့သည်။ခြေထောက်ကလေးတွင်တော့ မကြာမှီကပင် ဆရာနေမျိုးလက်ဆောင်ပေးထားသော ဖိနပ်လေးကပင် ပုံရိပ်နှင့်လိုက်ဖက်မနေသလို ခံစားလိုက်မိသည်။

ကျောင်းကနေအိမ်ကို တန်း၍မပြန်မိပဲ
ခြေဦးတည့်ရာ လျှောက်လာမိရာကနေ
ကန်စွန်းခင်းကြီးဘက်သို့ ရောက်လာမိသည်။
‌ကုန်းမြေအမြင့်လေးပေါ်တွင် အကျအနထိုင်လိုက်လျှက် ကန်စွန်းရိတ်နေကြသူများအား ငေးကြည့်နေမိသည်။

လူတိုင်းဟာ ဘ၀အတွက်ကျရာနေရာကနေ ရုန်းကန်ရှင်သန်နေရတာပါလား။
နေပူပူကို အံတုပြီး သူတို့ပင်ပန်းနေကြပေမဲ့
ထိုင်ငြီးညူလို့လည်းမရတော့ သူတို့အားတင်းပြီးလုပ်နေကြရတာပါပဲ။

ကန်စွန်းရိတ်နေသည့် လူတွေသည် မိသားစုလိုက်ကြီးဖြစ်ပြီး  ပုံရိပ်အရွယ်နီးပါး ကောင်လေးတစ်ယောက်နှင့် အသက်‌၄၀ကျော်လောက်ရှိနိုင်သည့် ဇနီးမောင်နှံတို့ဖြစ်ကြသည်။

ကောင်လေးကလည်း သီချင်းတအေးအေးဖြင့်
 ရိတ်သင်နေပြီး အဖေအမေဖြစ်သူကလည်း
မပူမအိုက်သကဲ့သို့ ပင်ပန်းမှုအလျှဉ်းမရှိသကဲ့သို့ မျက်နှာလေးတွေရွှင်ပြနေကြသည်။
"အော်...ဒီနေရာမှအဖော်အမွန်သာမရှိပါက တစ်ယောက်တည်းအထီးကျန်နေရမှာ သေချာတယ်...."

တစ်ယောက်တည်းတီးတိုးရေရွတ်မိတဲ့ ပုံရိပ်ကတော့ သူတစ်ပါး၏ပျော်ရွှင်စဖွယ် မိသားစုမြင်ကွင်းလေးအား ဆက်လက်မကြည့်ဝံ့တော့သည်ဖြစ်၍ ထိုနေရာမှ ထထွက်လာလိုက်မိသည်။

ပုံရိပ်၏ဘ၀ဟာ ကန်စွန်းခင်း၏ ထိပ်ဆုံးနေရာတွင် နှစ်တွေအများကြီးတည်ရှိနေခဲ့သော အထီးကျန်လှသည့် ပျဉ်းမငုတ်တိုပင်နှင့် အလားသဏ္ဍန်တူနေသလိုပါပဲ။

စိတ်ဝိဉာဉ်မဲ့နေသော လူတစ်ယောက်ကဲ့သို့ အိမ်ကိုပြန်လာလိုက်ပြီး ထမင်းတည်၍ချက်ပြုတ်လုပ်ကာ မကြာခင်ကျရောက်လာတော့မည့် စာမေးပွဲအတွက်သာ အာရုံစိုက်လိုက်သည်။

ညနေဘက်ရောက်လာသည့်အခါ ရေမိုးချိုး
ကိုယ်လက်သန့်စင်လိုက်ပြီး သနပ်ခါးတောင်ပါးမှာတင်မနေတော့ပဲ လွယ်အိတ်လွယ်လျှက် အရင်လို တက်ကြွမှုမရှိ နှေးကွေးသောခြေလှမ်းများနှင့်သာ ဘုန်းကြီးကျောင်းသို့လှမ်းလာခဲ့လိုက်သည်။

ဘုန်းကြီးကျောင်းထဲသို့ ခြေလှမ်း၀င်လိုက်သောအခါ ပထမဦးဆုံးလှမ်းမြင်လိုက်ရတာကတော့ ကြိုးတန်းလေးတွေဖြင့် အစီအရီသွယ်တန်းထားလျှက်ရှိသော သာသနာ့အလံတိုင် သေးသေးလေးတွေပင်ဖြစ်သည်။

မကြာခင်မှာ သီတင်းကျွတ်အတွက် တရားပွဲကျင်းပတော့မည်ဖြစ်သောကြောင့် သာသနာ့အလံတိုင်လေးတွေကို ဘုရားကြီးသို့ရောက်သည်အထိ ရှုမဆုံးနိုင်အောင် သေသပ်လှပစွာ သွယ်တန်းထားလေသည်။

စာသင်ချိန်လည်းမဟုတ်သေးသလို ဆရာနေမျိုးလည်းမရောက်သေးတာကြောင့် ဘုရားကြီး၏
ရင်ပြင်တော်ပေါ်သို့ လျှောက်လာလိုက်သည်။အခြားကျောင်းသားလေးတွေရောက်မလာခင် ဘုရားကို၀တ်ပြုလျှက်ဖြင့် ပုံရိပ်တောင်းဆုတွေ
ခြွေနေမိပြန်သည်။

"ပုံရိပ်...ဒီနေ့ကျောင်းကိုလာတာ တယ်စောပါလား...အိမ်မှာတစ်ခုခုဖြစ်လာလို့များလား..."

"ဆရာ..."

အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါမှာ သစ္စာပန်းနီနီတွေကို ဝေနေအောင်ထိုးထားသော ပန်းအိုးလေးအားကိုင်ထားလျှက် ဆရာကအေးချမ်းသော မျက်နှာဖြင့်ပုံရိပ်ကိုကြည့်လာလေသည်။

ပုံရိပ်လည်းထိုနေရာမှ ချက်ချက်ထရပ်လိုက်မိပြီး ဆရာ့ကိုအံ့ဩစွာ မျက်လုံးပြူးလေးများ
ပုတ်ခက်ပုတ်ခက်ဖြင့် မယုံနိုင်စွာပြန်ကြည့်နေမိသည်။ပုံရိပ်၏ ရူးကြောင်ကြောင်မျက်၀န်းလေးတွေကြောင့် ဆရာသည်သူ့နှုတ်ခမ်းပါးလေး ပြုံးယောင်သန်းလျှက် ဘုရားပန်းကို ကပ်သည်။
ပုံရိပ်၏ဘေးနားမှ ဆရာသည်တကယ့်အစစ်အမှန်လားဆိုတာတောင် သံသယ၀င်နေမိသည်။

"ဆရာ...အလုပ်အဆင်းရဘူးလား..."

"အလုပ်ခွင့်ယူထားတာ...ဒီရက်ပိုင်းမှာတရားပွဲအတွက် စီစဉ်စရာလေးတွေရှိနေလို့..."

"အော်...ဒီလိုလား..."

"ပုံရိပ်တစ်ခုခုဖြစ်နေသလား..."

ဆရာသည် ပုံရိပ်၏မျက်နှာကို သေချာအကဲခတ်သလိုကြည့်၍ မေးခွန်းထုတ်လာသည်။
ဆရာပြောသလိုတစ်ခုခုတော့ ဖြစ်နေပေမဲ့ ဘယ်လိုရင်ဖွင့်ရမလဲမသိတာကြောင့် နှုတ်ခမ်းလေးတွေကိုသာ အပြုံးတုဖန်တီးဖို့အမိန့်ပေးလိုက်ပြီး ခေါင်းခါပြလိုက်မိသည်။

"သမီးဘာမှမဖြစ်ပါဘူးဆရာ...သမီးငါးကန်ဘက်မှာ စာသွားကျက်လိုက်အုံးမယ်နော်...
အတန်းအချိန်ကပုံမှန်ပဲမဟုတ်လားဆရာ..."

"အင်း...ပုံမှန်ပဲ..."

ပုံရိပ်လည်း ခေါင်းညိမ့်ပြကာ ဆရာ့ကိုကျောခိုင်းလျက် ငါးကန်ဘက်သို့ ထွက်လာလိုက်သည်။ကန်ဘောင်ပေါ်တွင် ထိုင်ချလိုက်ပြီး အပေါ်နားအထိပြည့်လျှံနေသည့် ရေထဲသို့ခြေထောက်ကို
တွဲလောင်းချလျှက် သက်ပြင်းတွေကိုသာ အခါခါချနေမိသည်။

ယမင်းရွှေဆီကနေ အဖွားတို့၏အိမ်လိပ်စာကိုရခဲ့ပါက ပုံရိပ်ဘာလုပ်သင့်သလဲ။ပုံရိပ်သူတို့ကို ဆက်သွယ်သင့်ရဲ့လား။သူတို့ကရော ပုံရိပ်ဘက်ကနေ ဆက်သွာလာခဲ့ရင် ဘယ်လိုတုန့်ပြန်ကြမှာလဲ။
အမေ့ကိုသဘောမကျခဲ့ကြဘူးဆိုတော့ ပုံရိပ်ကိုရော နင့်နင့်နာနာတွေပြောကြရင် ဘယ်လိုလုပ်ပါ့မလဲ။ပညာတတ်အသိုင်းအဝိုင်းက ဒီလောက်အထိတော့မရိုင်းပြလောက်ဘူးထင်ပါတယ်။

"ပုံရိပ်...ဘာတွေတွေးနေတာလဲ...စာကျက်မယ်ဆိုပြီး စာအုပ်တောင်မထုတ်ပါလား.."

ပုံရိပ်၏ဘေးတွင် ဆရာလာထိုင်ပြီးဘေးတိုက်အနေအထားဖြင့် ပုံရိပ်ကို လေသံတိုးတိုးလေး
 မေးလာလေသည်။
နှုတ်ခမ်းတွေကို တင်းတင်းစိထားမိပေမဲ့ မျက်၀န်းအိမ်မှာတော့ ၀မ်းနည်းမှုတော့ပြည့်လျှံနေသောကြောင့် ခေါင်းတစ်ခုလုံးအုံတက်လာပြီး
 ငိုချင်စိတ်ကို မနည်းထိန်းထားရသည်။

"ဆရာအရင်က...ပြောခဲ့ဖူးတယ်လေ...အဒေါ့်ကိုကျေးဇူးဆပ်ချင်ရင် စာကြိုးစားပြီးအလုပ်နဲ့သက်သေပြဆိုတာ..."

"အင်း...ဆရာပြောခဲ့တယ်...ပုံရိပ်မှာစာမကြိုးစားချင်တဲ့အကြောင်းပြချက်များ ရှိနေသလား..."

ပုံရိပ်ဆရာ့မျက်နှာကိုတော့တည့်တည့်မကြည့်ရဲတာ‌ကြောင့် ရေပြင်ပေါ်တွင်ပေါ်နေသောဆရာ့အရိပ်လေးကိုသာ ကြည့်၍စကားလုံးတွေကို
စာစီနေမိသည်။

"အဟင်း...ဆရာခန့်မှန်းတာမှန်ပါတယ်..ပုံရိပ်ရဲ့အကြောင်းပြချက်ကတော့ ပုံရိပ်ရဲ့အဖေနဲ့အမေပဲ..."

"ဘယ်လို...."

"ဆရာ..အံ့ဩသွားသလား...လွန်ခဲ့တဲ့နှနှစ်ကျော်လောက်တုန်းကပေါ့ ပုံရိပ်ကိုထားခဲ့ကြပြီး
အဖေနဲ့အမေရုတ်တရက်ထွက်သွားခဲ့ကြတယ်...
အဲ့ဒီ့အချိန်မှာ ပုံရိပ်က၇တန်းကျောင်းသူအရွယ်ပဲ
ရှိပါသေးတယ်..."

"ဒါဆိုရင် အဖေနဲ့အမေကိုစိတ်နာပြီး စာမလုပ်ပဲအရွဲ့တိုက်နေခဲ့တာပေါ့...ဟုတ်လား..."

"ဟုတ်တယ်ဆရာ...ဒါပေမဲ့ပုံရိပ်အရွဲ့တိုက်ချင်တဲ့လူတွေက ပုံရိပ်ဆီကိုပြန်မလာခဲ့ကြဘူး...
အခုအချိန်အထိဆိုပါတော့..."

"ဒါပေမဲ့ မိဘတွေကိုယ့်ကိုထားခဲ့တာနဲ့
ကျောင်းသင်ခန်းစာက မဆိုင်တဲ့ကိစ္စနှစ်ရပ်‌ပဲလေ
ပုံရိပ်ရယ်.."

"ဆရာပြောတာမှန်ပါတယ်...မဆိုင်တဲ့ကိစ္စနှစ်ရပ်ပါ...ဒါပေမဲ့...ပုံရိပ်ရဲ့ကျောင်းစားရိတ်က
အဒေါ့်အပေါ်မှာ ၀န်သွားပိတယ်လေ...
ဘယ်လောက်ပဲညီအစ်မအရင်းပါလို့ဆိုဆို...
နှစ်နဲ့ချီပြီးခြေနှစ်ချောင်းကို ကယ်ထားရတဲ့အလုပ်က သိပ်၀န်တာလေးတာဆရာသိမှာပါ...
တစ်ခါတစ်လေပုံရိပ်က ဘာမှအသုံးမ၀င်တဲ့
လူပိုတစ်ယောက်လိုခံစားရတယ်..."

"ပုံရိပ်ရဲ့ ခံစားချက်ကိုဆရာနားလည်ပါတယ်..."

သည်အခါတွင်တော့ ဆရာ့၏ဘေးတိုက်အနေအထားမှ မေးရိုးထင်ပေါ်သော မျက်နှာအ
ပုံရိပ်ငေး၍ ကြည့်လိုက်မိသည်။
ပုံရိပ်ကို နားလည်သတဲ့လား။
ဆရာ့၏မျက်၀န်းများသည် နက်စွေးနေပြီး ဘေးတိုက်ကြည့်လိုက်မိချိန်တွင် ဆရာ့၏နှာတံရိုးသည် ဖြောင့်စင်းလျှက် အဖျားတွင်ကော့ချွန်နေ
သဏ္ဍန်လေးဖြစ်သည်။

အမြဲတမ်းဆံပင်ကို တိုကပ်ကပ်ညှပ်ထားတတ်သောကြောင့် ဆရာ့မျက်နှာကလည်းကြည့်ရတာ အမြင်ရှင်းပြီး ခန့်သည်ဟုဆိုရမည်။
ဆရာသည့် မိန်းမချောချောသည့် ယောက်ျားထဲတွင်မပါပေမဲ့ ငယ်ရွယ်ပြီးခန့်ချောချောသည်ဟု ဆိုရမည်။

ကိုယ့်ဆရာဖြစ်၍ အမွှန်းတင်နေခြင်းမဟုတ်ပေ။ဟိုတစ်နေ့ပိတ်ရက်တုန်းက ဆရာကားပေါ်တွင်
နေရာပေးလိုက်သည့်အစ်မလေးဆိုရင် ဆရာ့ကို
ခိုးခိုးကြည့်နေတာများ ဆရာ့ရဲ့စန်းတက်ပုံကြောင့် ပုံရိပ်တောင်ခိုးရယ်လိုက်မိပါသေးတယ်။

"...ဆရာကမိဘမဲ့တစ်ယောက်ဆိုတာ...ပုံရိပ်သိတယ်မဟုတ်လား..."

"ဟုတ်ကဲ့...သိပါတယ်...."

"အင်း...ဆရာ့ရဲ့မွေးစားမိဘတွေနဲ့ အတူနေခဲ့စဉ်ကအချိန်တွေကိုတော့ ပြန်မပြောတော့ပါဘူး...
ဆရာဒီကျောင်းကိုရောက်တော့ ဆရာ့အသက်က၁၃နှစ်ရှိနေပါပြီ...မွေးစားအမေကြီးနေမကောင်းဖြစ်လို့ ကျောင်းနားခဲ့ရတာတွေကြောင့် ဆရာကဘွဲ့ရတဲ့အချိန်လည်းနောက်ကျခဲ့တယ်...
ဘယ်အတန်းပဲတက်တက် ဆရာကအကြီးဆုံးပဲ...
ရပ်ကွက်ထဲမှာ အတန်းတူတက်တဲ့လူအချို့က ဆရာဘုန်းကြီးကျောင်းသားမှန်းသိတော့ ဆရာ့ကိုအခေါ်အပြောမလုပ်ချင်ကြဘူး...နှိမ်ချင်ကြတယ်..."

"ဆရာတော်တော်ခံရခက်မှာပဲနော်...."

"အင်းပေါ့....သူတို့ရဲ့အပြုအမူ‌တွေကိုသည်းမခံနိုင်ဘူး...ဒါကြောင့်ပိုပြီးကြိုးစားတယ်...နောက်ဆုံးရလဒ်မှာဆရာ့ကိုထိုင်လှောင်ကြတဲ့လူတွေက စာမေးပွဲ တဘုန်ဘုန်းကျကုန်ပြီး ဆရာကတော့ဂုဏ်ထူးထွက်အောင် ကြိုးစားနိုင်ခဲ့တယ်...
သူတို့ကတော့ ဆရာ့ကိုထိုင်ပြီးလှောင်ရယ်နေဖို့ပဲ တတ်နိုင်ကြတယ်လေ...
ကျောင်းတက်နေစဉ်အချိန်မှာ ဆရာ့ရဲ့နေ့စဉ်အလုပ်က မနက်ဖက်ဆိုအ‌စောကြီးထ ကိုရင်တွေနဲ့ဆွမ်းထချက်ရတယ်...ကျောင်းရဲ့ဝေယျာ၀စ္စတွေကိုလည်းလုပ်ရတယ်....ဘုန်းကြီးရဲ့အမြင်မှာဆရာဟာ
လူပိုတစ်ယောက်၊ပျင်းရိတဲ့လူတစ်ယောက်လို့
မြင်နေမှာကို စိုးခဲ့တယ်....ဘုန်းဘုန်းသာစွန့်ပစ်ရင်ဆရာ့မှာသွားစရာနေရာမှ မရှိပဲကို...တကယ့်တကယ်တော့ဘုန်းဘုန်းကဆရာ့ကို အလုပ်လုပ်သည်ဖြစ်စေ၊မလုပ်သည်ဖြစ်စေအပြစ်မမြင်ဘူး
....ဘုန်းဘုန်းလိုချင်တဲ့တစ်ခုတည်းသော ရလဒ်က
...ဆရာ့ကိုဆယ်တန်းမှာထွန်းထွန်းပေါက်ပေါက်အောင်စေချင်တာပဲ...."

"ဆရာဆိုလိုချင်တာကို ပုံရိပ်သဘောပေါက်ပါတယ်ဆရာ....အဒေါ်ကိုယ်တိုင်ကလည်း သူငယ်ငယ်ကကျောင်းပညာရေးကို လက်လျှော့ခဲ့ရလို့ ပုံရိပ်ကိုဆယ်တန်းအောင်ပြီး ဘွဲ့ရပညာတတ်ကြီးဖြစ်စေချင်တယ်လို့ ဖွင့်ပြောလာပါတယ်..."

"ဒါဆိုပြီးပြီပေါ့ ပုံရိပ်ရယ်အခုက ဘာကိုစိတ်ညစ်နေတာလဲ..."

ရေပြင်ငယ်ကို လှိုင်းထသည်အခု ခြေဖျားလေးတွေကို လှုပ်ယမ်းလျှက်ဖြင့် ကန်ရေပြင်ပေါ်တွင် တွေ့နေရသော လိပ်ကလေးတစ်ကောင်ကို ကြည့်လိုက်မိသည်။ထို့နောက်တစ်ဖန် ကန်ဟိုဘက်ကမ်းရှိ ထောင့်စွန်းစွန်းတွင် ဝံ့ဝံ့ထွားထွားပေါက်နေရှာသော ပိထောက်ပင်ကြီးကို ကြည့်မိပြန်သည်။ပိတောက်ပင်၏ဟိုဘက်အခြမ်းတွင်တော့
ရေအလည်တွင်တည်ထားသော နဂါဘုရားကြီးရှိနေသည် ။
တစ်ခုပြီးတစ်ခုအာရုံထဲသို့ ၀င်ရောက်လာပြီးနောက်လက်ရှိထိုင်နေသော ဆရာနှင့်ဘေးချင်းယှဉ်လျှက် ကန်ဘောင်ပေါ်သို့ စိတ်အစဉ်အားပြန်လည်နေရာချလိုက်မိသည်။

"နှနှစ်ကျော်လောက် ပျောက်ဆုံးနေတဲ့မိဘတွေကို ပြန်ရှာတွေ့ဖို့ လမ်းစတွေ့ပြီဆရာ....ပုံရိပ်၀မ်းနည်း
ရမလား ၀မ်းသာရမလားမသိတော့ပါဘူး...."

"တကယ်ပြောနေတာလားပုံရိပ်...."

သည်တစ်ခါတော့ ဆရာသည်ပုံရိပ်ကို တည့်တည့်စိုက်ကြည့်လျှက်ဖြင့် မေးလာသည်။ပုံရိပ်ခေါင်း
ညိမ့်ပြလိုက်မိတော့ ဆရာကမေးခွန်းများစွာဆက်မေးချင်ပုံပေါ်လေသည်။ပုံရိပ်သည်လည်း အဒေါ့်ကိုဖွင့်မပြောရဲသောကြောင့် ဆရာ့ကိုသာရင်ဖွင့်ချင်မိသည်။ဆရာဆိုရင် အကြံဉာဏ်တစ်ခုခုလောက် ပေးနိုင်မှာပါပဲ။

"ဒူ....ဒူ!!!!!!"

"ဟာ...တရားထိုင်ခါနီးလို့ မောင်းထုနေပြီ....
ဆရာသွားပြင်ဆင်‌ပေးလိုက်အုံးမယ်နော်...
နောက်မှဒီအကြောင်းကိုဆက်ပြောကြတာပေါ့..."

ခပ်သုပ်သုပ်ထွက်သွားသော ဆရာ့နောက်ကျောကိုကြည့်လျှက် ပုံရိပ်ကျန်ရစ်ခဲ့ရသည်။
ညခြာက်နာရီထိုးခါနီပြီဖြစ်၍ ကန်ဘောင်လေးသည်လည်း မကြာမှီတွင် အမှောင်ရိပ်တွင် ကွန်းခိုစပြုပေတော့မည်ဖြစ်၍ ထိုနေရာမှပုံရိပ်လည်းထလာခဲ့လိုက်သည်။

ထုံးစံအတိုင်း၇နာရီထိုးတွင် အတန်းစတာကြောင့် ဆရာနှင့် အခြားစကားတွေတော့မပြောဖြစ်တော့ပေ။ထူးခြားမှုတစ်ရပ်အနေနဲ့ကတော့ ပုံရိပ်တို့၏စာသင်တန်းတွင် ကျောင်းသားတစ်ယောက်တိုးလာခဲ့လေသည်။သူကတော့အခြားသူမဟုတ် ၊ဟိန်းကိုပါပဲ။
သူ့အမေကို ဆရာ့ဆီမှာတက်ဖို့နေ့ခင်းတည်းက
လာပြောခိုင်းထားသည်ဟု သူပြောလာခဲ့သည်။

"နင့်အမေကငွေတိုးတွေချေးစားနေတာပဲမဟုတ်လား...ဘာလို့အခြားကျူရှင်မှာမတက်ခိုင်းပဲ
ဆရာ့အတန်းမှာလာတက်ခိုင်းရတာလဲ...."

ပုံရိပ်မေးတော့ ဟိန်းကိုက"နင်ရှိနေလို့.."ဟုရယ်သံနှော၍စနောက်လာလေသည်။ဘယ်လိုပဲဖြစ်ဖြစ်
ပုံရိပ်အတွက်တော့ ကိုယ်နှင့်ဘာသာတွဲမတူ‌ပေမဲ့အတန်းတူသည့် သူငယ်ချင်းတစ်ယောက်တော့
ရခဲ့လေပြီ။ပုံမှန်ဆိုရင် ၉နာရီထိုးတွင်တစ်ယောက်တည်းပြန်ရလေ့ရှိသော တိတ်ဆိတ်သည့်ရပ်ကွက်လမ်းကလေးတွင် အခုတော့ဟိန်းကိုဆိုသော ကောင်ငယ်လေးက အဖော်အဖြစ်ရှိနေပေးလာသည်။

သရဲတို့၊ခွေးတို့ကြောက်တတ်သောကြောင့် အိမ်ပြန်လမ်းတွင် ခပ်သွက်သွက်သုတ်ခြေတင်ရလေ့ရှိသော အဖြစ်ကနေလွတ်ခဲ့လေပြီ။
သူပထမဆုံး ကျူရှင်လာတတ်သည့်နေ့တွင်ပင် အတူတူပြန်ကြရာတွင် လမ်း၌ အာရွှင်ရွှင်ဖြင့်ဟောင်ကောင်းနေသောခွေးအား
ပုံရိပ်အရှေ့မှ မောင်းထုတ်ပေးလေသည်။

"ပုံရိပ်....ငါတို့သူငယ်ချင်းဖွဲ့ရအောင်....."

"အခုလည်း ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား...."

ရယ်သံနှော၍ ပုံရိပ်ပြောလိုက်တော့ "ဟုတ်လား.."ဟုတစ်ခွန်းတည်းသာမေးလျှက်
သူလည်း ရယ်လေသည်။တကယ်တော့ ပုံရိပ်သူ့ကိုမိတ်ဆွေအဖြစ်သတ်မှတ်လိုက်မိတာက ပုံရိပ်ကိုဆေးရုံပို့ပေးတယ်ဟု သိလိုက်ရ‌‌သောအချိန်
တည်းကပင်။
မိခင်ကို အရွဲ့တိုက်ပြီးဆိုးပေနေပေမဲ့ သူ့လိုလူက ဟိန်းဇေယျာထက်လို အထက်တန်းကျသယောင်နှင့် အပြောအဆိုရင့်သီးသည့် မျက်နှာဖုံးစွပ်လူသားထက်တော့သာ‌ပါသေးတယ်။

အခန်း(၁၇)ဆက်ရန်ရှိသည်

( ဟိန်းကိုနဲ့တော့သူငယ်ချင်းဖြစ်သွားပါပြီ )
မိဘတွေကို ပြန်ရှာတွေ့မလား ယမင်းရွှေကိုတောင်မွေးစားသမီးမို့ သိပ်မကြည်တဲ့  အဖိုးအဖွားတွေနဲ့ ပုံရိပ်ဆက်သွယ်မယ်ထင်လား

 

=========================================================================

 🔥ဆူးႀကိဳး...🔥အခန္း(၁၆)🔥  ဒုတိယပိုင္း



အိမ္အျပန္လမ္းတြင္ ပံုရိပ္၏ေျခလွမ္းေတြသည္ အသက္မဲ့ေနခဲ့သည္။ေျခေထာက္ကေလးတြင္ေတာ့ မၾကာမွီကပင္ ဆရာေနမ်ိဳးလက္ေဆာင္ေပးထားေသာ ဖိနပ္ေလးကပင္ ပံုရိပ္ႏွင့္လိုက္ဖက္မေနသလို ခံစားလိုက္မိသည္။

ေက်ာင္းကေနအိမ္ကို တန္း၍မျပန္မိပဲ
ေျခဦးတၫ့္ရာ ေလ်ွာက္လာမိရာကေန
ကန္စြန္းခင္းႀကီးဘက္သို႔ ေရာက္လာမိသည္။
‌ကုန္းေျမအျမင့္ေလးေပၚတြင္ အက်အနထိုင္လိုက္လ်ွက္ ကန္စြန္းရိတ္ေနၾကသူမ်ားအား ေငးၾကၫ့္ေနမိသည္။

လူတိုင္းဟာ ဘ၀အတြက္က်ရာေနရာကေန ရုန္းကန္ရွင္သန္ေနရတာပါလား။
ေနပူပူကို အံတုၿပီး သူတို႔ပင္ပန္းေနၾကေပမဲ့
ထိုင္ၿငီးၫူလို႔လည္းမရေတာ့ သူတို႔အားတင္းၿပီးလုပ္ေနၾကရတာပါပဲ။

ကန္စြန္းရိတ္ေနသၫ့္ လူေတြသည္ မိသားစုလိုက္ႀကီးျဖစ္ၿပီး  ပံုရိပ္အရြယ္နီးပါး ေကာင္ေလးတစ္ေယာက္ႏွင့္ အသက္‌၄၀ေက်ာ္ေလာက္ရိွႏိုင္သၫ့္ ဇနီးေမာင္ႏွံတို႔ျဖစ္ၾကသည္။

ေကာင္ေလးကလည္း သီခ်င္းတေအးေအးျဖင့္
 ရိတ္သင္ေနၿပီး အေဖအေမျဖစ္သူကလည္း
မပူမအိုက္သကဲ့သို႔ ပင္ပန္းမႈအလ်ွဉ္းမရိွသကဲ့သို႔ မ်က္ႏွာေလးေတြရႊင္ျပေနၾကသည္။
"ေအာ္...ဒီေနရာမွအေဖာ္အမြန္သာမရိွပါက တစ္ေယာက္တည္းအထီးက်န္ေနရမွာ ေသခ်ာတယ္...."

တစ္ေယာက္တည္းတီးတိုးေရရြတ္မိတဲ့ ပံုရိပ္ကေတာ့ သူတစ္ပါး၏ေပ်ာ္ရႊင္စဖြယ္ မိသားစုျမင္ကြင္းေလးအား ဆက္လက္မၾကၫ့္ဝံ့ေတာ့သည္ျဖစ္၍ ထိုေနရာမွ ထထြက္လာလိုက္မိသည္။

ပံုရိပ္၏ဘ၀ဟာ ကန္စြန္းခင္း၏ ထိပ္ဆံုးေနရာတြင္ ႏွစ္ေတြအမ်ားႀကီးတည္ရိွေနခဲ့ေသာ အထီးက်န္လွသၫ့္ ပ်ဉ္းမငုတ္တိုပင္ႏွင့္ အလားသ႑န္တူေနသလိုပါပဲ။

စိတ္ဝိဉာဉ္မဲ့ေနေသာ လူတစ္ေယာက္ကဲ့သို႔ အိမ္ကိုျပန္လာလိုက္ၿပီး ထမင္းတည္၍ခ်က္ျပဳတ္လုပ္ကာ မၾကာခင္က်ေရာက္လာေတာ့မၫ့္ စာေမးပဲြအတြက္သာ အာရံုစိုက္လိုက္သည္။

ညေနဘက္ေရာက္လာသၫ့္အခါ ေရမိုးခ်ိဳး
ကိုယ္လက္သန္႔စင္လိုက္ၿပီး သနပ္ခါးေတာင္ပါးမွာတင္မေနေတာ့ပဲ လြယ္အိတ္လြယ္လ်ွက္ အရင္လို တက္ႂကြမႈမရိွ ေနွးေကြးေသာေျခလွမ္းမ်ားႏွင့္သာ ဘုန္းႀကီးေက်ာင္းသို႔လွမ္းလာခဲ့လိုက္သည္။

ဘုန္းႀကီးေက်ာင္းထဲသို႔ ေျခလွမ္း၀င္လိုက္ေသာအခါ ပထမဦးဆံုးလွမ္းျမင္လိုက္ရတာကေတာ့ ႀကိဳးတန္းေလးေတျြဖင့္ အစီအရီသြယ္တန္းထားလ်ွက္ရိွေသာ သာသနာ့အလံတိုင္ ေသးေသးေလးေတြပင္ျဖစ္သည္။

မၾကာခင္မွာ သီတင္းကၽြတ္အတြက္ တရားပဲြက်င္းပေတာ့မည္ျဖစ္ေသာေၾကာင့္ သာသနာ့အလံတိုင္ေလးေတြကို ဘုရားႀကီးသို႔ေရာက္သည္အထိ ရႈမဆံုးႏိုင္ေအာင္ ေသသပ္လွပစြာ သြယ္တန္းထားေလသည္။

စာသင္ခ်ိန္လည္းမဟုတ္ေသးသလို ဆရာေနမ်ိဳးလည္းမေရာက္ေသးတာေၾကာင့္ ဘုရားႀကီး၏
ရင္ျပင္ေတာ္ေပၚသို႔ ေလ်ွာက္လာလိုက္သည္။အျခားေက်ာင္းသားေလးေတြေရာက္မလာခင္ ဘုရားကို၀တ္ျပဳလ်ွက္ျဖင့္ ပံုရိပ္ေတာင္းဆုေတြ
ႁခြေနမိျပန္သည္။

"ပံုရိပ္...ဒီေန့ေက်ာင္းကိုလာတာ တယ္ေစာပါလား...အိမ္မွာတစ္ခုခုျဖစ္လာလို႔မ်ားလား..."

"ဆရာ..."

အေနာက္ဘက္သို႔ လွၫ့္ၾကၫ့္လိုက္သၫ့္အခါမွာ သစၥာပန္းနီနီေတြကို ေဝေနေအာင္ထိုးထားေသာ ပန္းအိုးေလးအားကိုင္ထားလ်ွက္ ဆရာကေအးခ်မ္းေသာ မ်က္ႏွာျဖင့္ပံုရိပ္ကိုၾကၫ့္လာေလသည္။

ပံုရိပ္လည္းထိုေနရာမွ ခ်က္ခ်က္ထရပ္လိုက္မိၿပီး ဆရာ့ကိုအံ့ဩစြာ မ်က္လံုးျပဴးေလးမ်ား
ပုတ္ခက္ပုတ္ခက္ျဖင့္ မယံုႏိုင္စြာျပန္ၾကၫ့္ေနမိသည္။ပံုရိပ္၏ ရူးေၾကာင္ေၾကာင္မ်က္၀န္းေလးေတြေၾကာင့္ ဆရာသည္သူ႔ႏႈတ္ခမ္းပါးေလး ႃပံုးေယာင္သန္းလ်ွက္ ဘုရားပန္းကို ကပ္သည္။
ပံုရိပ္၏ေဘးနားမွ ဆရာသည္တကယ့္အစစ္အမွန္လားဆိုတာေတာင္ သံသယ၀င္ေနမိသည္။

"ဆရာ...အလုပ္အဆင္းရဘူးလား..."

"အလုပ္ခြင့္ယူထားတာ...ဒီရက္ပိုင္းမွာတရားပဲြအတြက္ စီစဉ္စရာေလးေတြရိွေနလို႔..."

"ေအာ္...ဒီလိုလား..."

"ပံုရိပ္တစ္ခုခုျဖစ္ေနသလား..."

ဆရာသည္ ပံုရိပ္၏မ်က္ႏွာကို ေသခ်ာအကဲခတ္သလိုၾကၫ့္၍ ေမးခြန္းထုတ္လာသည္။
ဆရာေျပာသလိုတစ္ခုခုေတာ့ ျဖစ္ေနေပမဲ့ ဘယ္လိုရင္ဖြင့္ရမလဲမသိတာေၾကာင့္ ႏႈတ္ခမ္းေလးေတြကိုသာ အႃပံုးတုဖန္တီးဖို႔အမိန႔္ေပးလိုက္ၿပီး ေခါင္းခါျပလိုက္မိသည္။

"သမီးဘာမွမျဖစ္ပါဘူးဆရာ...သမီးငါးကန္ဘက္မွာ စာသြားက်က္လိုက္အံုးမယ္ေနာ္...
အတန္းအခ်ိန္ကပံုမွန္ပဲမဟုတ္လားဆရာ..."

"အင္း...ပံုမွန္ပဲ..."

ပံုရိပ္လည္း ေခါင္းညိမ့္ျပကာ ဆရာ့ကိုေက်ာခိုင္းလ်က္ ငါးကန္ဘက္သို႔ ထြက္လာလိုက္သည္။ကန္ေဘာင္ေပၚတြင္ ထိုင္ခ်လိုက္ၿပီး အေပၚနားအထိျပၫ့္လ်ွံေနသၫ့္ ေရထဲသို႔ေျခေထာက္ကို
တဲြေလာင္းခ်လ်ွက္ သက္ျပင္းေတြကိုသာ အခါခါခ်ေနမိသည္။

ယမင္းေရႊဆီကေန အဖြားတို႔၏အိမ္လိပ္စာကိုရခဲ့ပါက ပံုရိပ္ဘာလုပ္သင့္သလဲ။ပံုရိပ္သူတို႔ကို ဆက္သြယ္သင့္ရဲ့လား။သူတို႔ကေရာ ပံုရိပ္ဘက္ကေန ဆက္သြာလာခဲ့ရင္ ဘယ္လိုတုန႔္ျပန္ၾကမွာလဲ။
အေမ့ကိုသေဘာမက်ခဲ့ၾကဘူးဆိုေတာ့ ပံုရိပ္ကိုေရာ နင့္နင့္နာနာေတြေျပာၾကရင္ ဘယ္လိုလုပ္ပါ့မလဲ။ပညာတတ္အသိုင္းအဝိုင္းက ဒီေလာက္အထိေတာ့မရိုင္းျပေလာက္ဘူးထင္ပါတယ္။

"ပံုရိပ္...ဘာေတြေတြးေနတာလဲ...စာက်က္မယ္ဆိုၿပီး စာအုပ္ေတာင္မထုတ္ပါလား.."

ပံုရိပ္၏ေဘးတြင္ ဆရာလာထိုင္ၿပီးေဘးတိုက္အေနအထားျဖင့္ ပံုရိပ္ကို ေလသံတိုးတိုးေလး
 ေမးလာေလသည္။
ႏႈတ္ခမ္းေတြကို တင္းတင္းစိထားမိေပမဲ့ မ်က္၀န္းအိမ္မွာေတာ့ ၀မ္းနည္းမႈေတာ့ျပၫ့္လ်ွံေနေသာေၾကာင့္ ေခါင္းတစ္ခုလံုးအံုတက္လာၿပီး
 ငိုခ်င္စိတ္ကို မနည္းထိန္းထားရသည္။

"ဆရာအရင္က...ေျပာခဲ့ဖူးတယ္ေလ...အေဒါ့္ကိုေက်းဇူးဆပ္ခ်င္ရင္ စာႀကိဳးစားၿပီးအလုပ္နဲ႔သက္ေသျပဆိုတာ..."

"အင္း...ဆရာေျပာခဲ့တယ္...ပံုရိပ္မွာစာမႀကိဳးစားခ်င္တဲ့အေၾကာင္းျပခ်က္မ်ား ရိွေနသလား..."

ပံုရိပ္ဆရာ့မ်က္ႏွာကိုေတာ့တၫ့္တၫ့္မၾကၫ့္ရဲတာ‌ေၾကာင့္ ေရျပင္ေပၚတြင္ေပၚေနေသာဆရာ့အရိပ္ေလးကိုသာ ၾကၫ့္၍စကားလံုးေတြကို
စာစီေနမိသည္။

"အဟင္း...ဆရာခန႔္မွန္းတာမွန္ပါတယ္..ပံုရိပ္ရဲ့အေၾကာင္းျပခ်က္ကေတာ့ ပံုရိပ္ရဲ့အေဖနဲ႔အေမပဲ..."

"ဘယ္လို...."

"ဆရာ..အံ့ဩသြားသလား...လြန္ခဲ့တဲ့ႏွႏွစ္ေက်ာ္ေလာက္တုန္းကေပါ့ ပံုရိပ္ကိုထားခဲ့ၾကၿပီး
အေဖနဲ႔အေမရုတ္တရက္ထြက္သြားခဲ့ၾကတယ္...
အဲ့ဒီ့အခ်ိန္မွာ ပံုရိပ္က၇တန္းေက်ာင္းသူအရြယ္ပဲ
ရိွပါေသးတယ္..."

"ဒါဆိုရင္ အေဖနဲ႔အေမကိုစိတ္နာၿပီး စာမလုပ္ပဲအရဲြ႔တိုက္ေနခဲ့တာေပါ့...ဟုတ္လား..."

"ဟုတ္တယ္ဆရာ...ဒါေပမဲ့ပံုရိပ္အရဲြ႔တိုက္ခ်င္တဲ့လူေတြက ပံုရိပ္ဆီကိုျပန္မလာခဲ့ၾကဘူး...
အခုအခ်ိန္အထိဆိုပါေတာ့..."

"ဒါေပမဲ့ မိဘေတြကိုယ့္ကိုထားခဲ့တာနဲ႔
ေက်ာင္းသင္ခန္းစာက မဆိုင္တဲ့ကိစၥႏွစ္ရပ္‌ပဲေလ
ပံုရိပ္ရယ္.."

"ဆရာေျပာတာမွန္ပါတယ္...မဆိုင္တဲ့ကိစၥႏွစ္ရပ္ပါ...ဒါေပမဲ့...ပံုရိပ္ရဲ့ေက်ာင္းစားရိတ္က
အေဒါ့္အေပၚမွာ ၀န္သြားပိတယ္ေလ...
ဘယ္ေလာက္ပဲညီအစ္မအရင္းပါလို႔ဆိုဆို...
ႏွစ္နဲ႔ခ်ီၿပီးေျခႏွစ္ေခ်ာင္းကို ကယ္ထားရတဲ့အလုပ္က သိပ္၀န္တာေလးတာဆရာသိမွာပါ...
တစ္ခါတစ္ေလပံုရိပ္က ဘာမွအသံုးမ၀င္တဲ့
လူပိုတစ္ေယာက္လိုခံစားရတယ္..."

"ပံုရိပ္ရဲ့ ခံစားခ်က္ကိုဆရာနားလည္ပါတယ္..."

သည္အခါတြင္ေတာ့ ဆရာ့၏ေဘးတိုက္အေနအထားမွ ေမးရိုးထင္ေပၚေသာ မ်က္ႏွာအ
ပံုရိပ္ေငး၍ ၾကၫ့္လိုက္မိသည္။
ပံုရိပ္ကို နားလည္သတဲ့လား။
ဆရာ့၏မ်က္၀န္းမ်ားသည္ နက္ေစြးေနၿပီး ေဘးတိုက္ၾကၫ့္လိုက္မိခ်ိန္တြင္ ဆရာ့၏ႏွာတံရိုးသည္ ေျဖာင့္စင္းလ်ွက္ အဖ်ားတြင္ေကာ့ခၽြန္ေန
သ႑န္ေလးျဖစ္သည္။

အၿမဲတမ္းဆံပင္ကို တိုကပ္ကပ္ၫွပ္ထားတတ္ေသာေၾကာင့္ ဆရာ့မ်က္ႏွာကလည္းၾကၫ့္ရတာ အျမင္ရွင္းၿပီး ခန႔္သည္ဟုဆိုရမည္။
ဆရာသၫ့္ မိန္းမေခ်ာေခ်ာသၫ့္ ေယာက္်ားထဲတြင္မပါေပမဲ့ ငယ္ရြယ္ၿပီးခန႔္ေခ်ာေခ်ာသည္ဟု ဆိုရမည္။

ကိုယ့္ဆရာျဖစ္၍ အမႊန္းတင္ေနျခင္းမဟုတ္ေပ။ဟိုတစ္ေန့ပိတ္ရက္တုန္းက ဆရာကားေပၚတြင္
ေနရာေပးလိုက္သၫ့္အစ္မေလးဆိုရင္ ဆရာ့ကို
ခိုးခိုးၾကၫ့္ေနတာမ်ား ဆရာ့ရဲ့စန္းတက္ပံုေၾကာင့္ ပံုရိပ္ေတာင္ခိုးရယ္လိုက္မိပါေသးတယ္။

"...ဆရာကမိဘမဲ့တစ္ေယာက္ဆိုတာ...ပံုရိပ္သိတယ္မဟုတ္လား..."

"ဟုတ္ကဲ့...သိပါတယ္...."

"အင္း...ဆရာ့ရဲ့ေမြးစားမိဘေတြနဲ႔ အတူေနခဲ့စဉ္ကအခ်ိန္ေတြကိုေတာ့ ျပန္မေျပာေတာ့ပါဘူး...
ဆရာဒီေက်ာင္းကိုေရာက္ေတာ့ ဆရာ့အသက္က၁၃ႏွစ္ရိွေနပါၿပီ...ေမြးစားအေမႀကီးေနမေကာင္းျဖစ္လို႔ ေက်ာင္းနားခဲ့ရတာေတြေၾကာင့္ ဆရာကဘဲြ႔ရတဲ့အခ်ိန္လည္းေနာက္က်ခဲ့တယ္...
ဘယ္အတန္းပဲတက္တက္ ဆရာကအႀကီးဆံုးပဲ...
ရပ္ကြက္ထဲမွာ အတန္းတူတက္တဲ့လူအခ်ိဳ႕က ဆရာဘုန္းႀကီးေက်ာင္းသားမွန္းသိေတာ့ ဆရာ့ကိုအေခၚအေျပာမလုပ္ခ်င္ၾကဘူး...ႏိွမ္ခ်င္ၾကတယ္..."

"ဆရာေတာ္ေတာ္ခံရခက္မွာပဲေနာ္...."

"အင္းေပါ့....သူတို႔ရဲ့အျပဳအမူ‌ေတြကိုသည္းမခံႏိုင္ဘူး...ဒါေၾကာင့္ပိုၿပီးႀကိဳးစားတယ္...ေနာက္ဆံုးရလဒ္မွာဆရာ့ကိုထိုင္ေလွာင္ၾကတဲ့လူေတြက စာေမးပဲြ တဘုန္ဘုန္းက်ကုန္ၿပီး ဆရာကေတာ့ဂုဏ္ထူးထြက္ေအာင္ ႀကိဳးစားႏိုင္ခဲ့တယ္...
သူတို႔ကေတာ့ ဆရာ့ကိုထိုင္ၿပီးေလွာင္ရယ္ေနဖို႔ပဲ တတ္ႏိုင္ၾကတယ္ေလ...
ေက်ာင္းတက္ေနစဉ္အခ်ိန္မွာ ဆရာ့ရဲ့ေန့စဉ္အလုပ္က မနက္ဖက္ဆိုအ‌ေစာႀကီးထ ကိုရင္ေတြနဲ႔ဆြမ္းထခ်က္ရတယ္...ေက်ာင္းရဲ့ေဝယ်ာ၀စၥေတြကိုလည္းလုပ္ရတယ္....ဘုန္းႀကီးရဲ့အျမင္မွာဆရာဟာ
လူပိုတစ္ေယာက္၊ပ်င္းရိတဲ့လူတစ္ေယာက္လို႔
ျမင္ေနမွာကို စိုးခဲ့တယ္....ဘုန္းဘုန္းသာစြန႔္ပစ္ရင္ဆရာ့မွာသြားစရာေနရာမွ မရိွပဲကို...တကယ့္တကယ္ေတာ့ဘုန္းဘုန္းကဆရာ့ကို အလုပ္လုပ္သည္ျဖစ္ေစ၊မလုပ္သည္ျဖစ္ေစအျပစ္မျမင္ဘူး
....ဘုန္းဘုန္းလိုခ်င္တဲ့တစ္ခုတည္းေသာ ရလဒ္က
...ဆရာ့ကိုဆယ္တန္းမွာထြန္းထြန္းေပါက္ေပါက္ေအာင္ေစခ်င္တာပဲ...."

"ဆရာဆိုလိုခ်င္တာကို ပံုရိပ္သေဘာေပါက္ပါတယ္ဆရာ....အေဒၚကိုယ္တိုင္ကလည္း သူငယ္ငယ္ကေက်ာင္းပညာေရးကို လက္ေလ်ွာ့ခဲ့ရလို႔ ပံုရိပ္ကိုဆယ္တန္းေအာင္ၿပီး ဘဲြ႔ရပညာတတ္ႀကီးျဖစ္ေစခ်င္တယ္လို႔ ဖြင့္ေျပာလာပါတယ္..."

"ဒါဆိုၿပီးၿပီေပါ့ ပံုရိပ္ရယ္အခုက ဘာကိုစိတ္ညစ္ေနတာလဲ..."

ေရျပင္ငယ္ကို လိႈင္းထသည္အခု ေျခဖ်ားေလးေတြကို လႈပ္ယမ္းလ်ွက္ျဖင့္ ကန္ေရျပင္ေပၚတြင္ ေတြ့ေနရေသာ လိပ္ကေလးတစ္ေကာင္ကို ၾကၫ့္လိုက္မိသည္။ထို႔ေနာက္တစ္ဖန္ ကန္ဟိုဘက္ကမ္းရိွ ေထာင့္စြန္းစြန္းတြင္ ဝံ့ဝံ့ထြားထြားေပါက္ေနရွာေသာ ပိေထာက္ပင္ႀကီးကို ၾကၫ့္မိျပန္သည္။ပိေတာက္ပင္၏ဟိုဘက္အျခမ္းတြင္ေတာ့
ေရအလည္တြင္တည္ထားေသာ နဂါဘုရားႀကီးရိွေနသည္ ။
တစ္ခုၿပီးတစ္ခုအာရံုထဲသို႔ ၀င္ေရာက္လာၿပီးေနာက္လက္ရိွထိုင္ေနေသာ ဆရာႏွင့္ေဘးခ်င္းယွဉ္လ်ွက္ ကန္ေဘာင္ေပၚသို႔ စိတ္အစဉ္အားျပန္လည္ေနရာခ်လိုက္မိသည္။

"ႏွႏွစ္ေက်ာ္ေလာက္ ေပ်ာက္ဆံုးေနတဲ့မိဘေတြကို ျပန္ရွာေတြ့ဖို႔ လမ္းစေတြ့ၿပီဆရာ....ပံုရိပ္၀မ္းနည္း
ရမလား ၀မ္းသာရမလားမသိေတာ့ပါဘူး...."

"တကယ္ေျပာေနတာလားပံုရိပ္...."

သည္တစ္ခါေတာ့ ဆရာသည္ပံုရိပ္ကို တၫ့္တၫ့္စိုက္ၾကၫ့္လ်ွက္ျဖင့္ ေမးလာသည္။ပံုရိပ္ေခါင္း
ညိမ့္ျပလိုက္မိေတာ့ ဆရာကေမးခြန္းမ်ားစြာဆက္ေမးခ်င္ပံုေပၚေလသည္။ပံုရိပ္သည္လည္း အေဒါ့္ကိုဖြင့္မေျပာရဲေသာေၾကာင့္ ဆရာ့ကိုသာရင္ဖြင့္ခ်င္မိသည္။ဆရာဆိုရင္ အႀကံဉာဏ္တစ္ခုခုေလာက္ ေပးႏိုင္မွာပါပဲ။

"ဒူ....ဒူ!!!!!!"

"ဟာ...တရားထိုင္ခါနီးလို႔ ေမာင္းထုေနၿပီ....
ဆရာသြားျပင္ဆင္‌ေပးလိုက္အံုးမယ္ေနာ္...
ေနာက္မွဒီအေၾကာင္းကိုဆက္ေျပာၾကတာေပါ့..."

ခပ္သုပ္သုပ္ထြက္သြားေသာ ဆရာ့ေနာက္ေက်ာကိုၾကၫ့္လ်ွက္ ပံုရိပ္က်န္ရစ္ခဲ့ရသည္။
ညျခာက္နာရီထိုးခါနီၿပီျဖစ္၍ ကန္ေဘာင္ေလးသည္လည္း မၾကာမွီတြင္ အေမွာင္ရိပ္တြင္ ကြန္းခိုစျပဳေပေတာ့မည္ျဖစ္၍ ထိုေနရာမွပံုရိပ္လည္းထလာခဲ့လိုက္သည္။

ထံုးစံအတိုင္း၇နာရီထိုးတြင္ အတန္းစတာေၾကာင့္ ဆရာႏွင့္ အျခားစကားေတြေတာ့မေျပာျဖစ္ေတာ့ေပ။ထူးျခားမႈတစ္ရပ္အေနနဲ႔ကေတာ့ ပံုရိပ္တို႔၏စာသင္တန္းတြင္ ေက်ာင္းသားတစ္ေယာက္တိုးလာခဲ့ေလသည္။သူကေတာ့အျခားသူမဟုတ္ ၊ဟိန္းကိုပါပဲ။
သူ႔အေမကို ဆရာ့ဆီမွာတက္ဖို႔ေန့ခင္းတည္းက
လာေျပာခိုင္းထားသည္ဟု သူေျပာလာခဲ့သည္။

"နင့္အေမကေငြတိုးေတြေခ်းစားေနတာပဲမဟုတ္လား...ဘာလို႔အျခားက်ူရွင္မွာမတက္ခိုင္းပဲ
ဆရာ့အတန္းမွာလာတက္ခိုင္းရတာလဲ...."

ပံုရိပ္ေမးေတာ့ ဟိန္းကိုက"နင္ရိွေနလို႔.."ဟုရယ္သံေနွာ၍စေနာက္လာေလသည္။ဘယ္လိုပဲျဖစ္ျဖစ္
ပံုရိပ္အတြက္ေတာ့ ကိုယ္ႏွင့္ဘာသာတဲြမတူ‌ေပမဲ့အတန္းတူသၫ့္ သူငယ္ခ်င္းတစ္ေယာက္ေတာ့
ရခဲ့ေလၿပီ။ပံုမွန္ဆိုရင္ ၉နာရီထိုးတြင္တစ္ေယာက္တည္းျပန္ရေလ့ရိွေသာ တိတ္ဆိတ္သၫ့္ရပ္ကြက္လမ္းကေလးတြင္ အခုေတာ့ဟိန္းကိုဆိုေသာ ေကာင္ငယ္ေလးက အေဖာ္အျဖစ္ရိွေနေပးလာသည္။

သရဲတို႔၊ေခြးတို႔ေၾကာက္တတ္ေသာေၾကာင့္ အိမ္ျပန္လမ္းတြင္ ခပ္သြက္သြက္သုတ္ေျခတင္ရေလ့ရိွေသာ အျဖစ္ကေနလြတ္ခဲ့ေလၿပီ။
သူပထမဆံုး က်ူရွင္လာတတ္သၫ့္ေန့တြင္ပင္ အတူတူျပန္ၾကရာတြင္ လမ္း၌ အာရႊင္ရႊင္ျဖင့္ေဟာင္ေကာင္းေနေသာေခြးအား
ပံုရိပ္အေရ႔ွမွ ေမာင္းထုတ္ေပးေလသည္။

"ပံုရိပ္....ငါတို႔သူငယ္ခ်င္းဖဲြ႔ရေအာင္....."

"အခုလည္း ငါတို႔ကသူငယ္ခ်င္းေတြမဟုတ္ဘူးလား...."

ရယ္သံေနွာ၍ ပံုရိပ္ေျပာလိုက္ေတာ့ "ဟုတ္လား.."ဟုတစ္ခြန္းတည္းသာေမးလ်ွက္
သူလည္း ရယ္ေလသည္။တကယ္ေတာ့ ပံုရိပ္သူ႔ကိုမိတ္ေဆြအျဖစ္သတ္မွတ္လိုက္မိတာက ပံုရိပ္ကိုေဆးရံုပို႔ေပးတယ္ဟု သိလိုက္ရ‌‌ေသာအခ်ိန္
တည္းကပင္။
မိခင္ကို အရဲြ႔တိုက္ၿပီးဆိုးေပေနေပမဲ့ သူ႔လိုလူက ဟိန္းေဇယ်ာထက္လို အထက္တန္းက်သေယာင္ႏွင့္ အေျပာအဆိုရင့္သီးသၫ့္ မ်က္ႏွာဖံုးစြပ္လူသားထက္ေတာ့သာ‌ပါေသးတယ္။

အခန္း(၁၇)ဆက္ရန္ရိွသည္

( ဟိန္းကိုနဲ႔ေတာ့သူငယ္ခ်င္းျဖစ္သြားပါၿပီ )
မိဘေတြကို ျပန္ရွာေတြ့မလား ယမင္းေရႊကိုေတာင္ေမြးစားသမီးမို႔ သိပ္မၾကည္တဲ့  အဖိုးအဖြားေတြနဲ႔ ပံုရိပ္ဆက္သြယ္မယ္ထင္လား

No comments:

Post a Comment