(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၆)🔥 ပထမပိုင်း
စိမ်းလဲ့လဲ့သစ်ပင်တန်းကလေးသည် နေခြည်နုနုကိုသောက်သုံးလျှက် နိုးကြားထကြွလာကြသည်။
ကြည်လင်စိမ်းမြသော အိန္ဒြေဆောင်ကာ တည်ငြိမ်လွန်းလှသည့် ကန်ရေပြင်ကြီးသည်လည်း
ကျောင်းကလေးအာ အေးမြသာယာသောအဆောင်အယောင်တစ်ခုပမာ သရုပ်ဖော်ပေးနေသည်။
ကန်ဘေးပတ်ပတ်လည်ရှိ သင်ပင်တို့သည်
လေအသုတ်တွင် တယိမ်းယိမ်းထိုးလျှက်ဖြင့် အေးမြသည့်ဆောင်းရိပ်သဏ္ဍန်ကို ဖော်ဆောင်ချင်နေ၏။
ကန်လမ်းကလေးနံဘေးတွင် ဝါးပင်နွဲ့လေးတို့သည် ယိမ်းနွဲ့ကခုန်လျှက်ဖြင့် ချွန်ထက်သောအသွားရှိ
သည့် ဝါးရွက်နုကလေးများကိုခါထုတ်ကာ
လမ်းကလေးအထပ်သို့ ဝေကျနေလေသည်။
ကျောင်းခေါင်းလောင်းထိုးသံနှင့်အတူ ကျောင်းဆောင်အသီးသီးမှ အဖြူအစိမ်း၀တ်စုံများဖြင့် ကျောင်းသားကိုယ်စီသည်ဦးတည့်ရာစကားများကို ပြောလျှက်ထွက်လာကြသည်။
ဒီအချိန်ကို စောင့်ဆိုင်းနေသော ကျောင်းသားအချို့ကတော့ မုန့်စားခေါင်းလောင်းသံကြားသည်နှင့်
"တဟေး ဟေး..."အော်လျှက် အသံမဆုံးသေးခင်ပင် မုန့်ဈေးတန်းသို့ ရောက်နှင့်နေကြလေသည်။
မချို့မနိုင်စိန် မျောက်ရှုံးအဖွဲ့များကတော့
မုန့်ဈေးတန်းအနောက်ရှိ ကွင်းထဲသို့ပြေးဆင်းလျှက်
ပုဆိုးကို ခါးတောင်းကျိုက်လျှက်ဖြင့်ပင် အကြိတ်အနယ် ဘောလုံးကန်ကြတော့သည်။
သို့ပေမဲ့တစ်ခုတည်းသော (၉)တန်းဘိုင်အိုအခန်းတွင်တော့ ကျောင်းသားများသည် ဆရာမ၏ခွင့်ပြုချက်မရကြ၍ အတန်းအပြင်သို့လည်း မထွက်ရဲကြပဲ မိမိတို့အတန်းအရှေ့မှ ခြေသံတဖျပ်ဖျပ်ဖြင့် ပြေးသွား၊လျှောက်သွားသူတွေကိုသာ မျက်တောင်တ၀င့်၀င့်ခက်၍
အကြောင်သားနှင့်ငေးကြရလေသည်။
"ကဲ...မနေ့ကရေးခိုင်းလိုက်တဲ့ အက်ဆေးစာရွက် တွေလာအပ်ကြ...မရေးလာတဲ့လူကိုတော့
တစ်ယောက် ၃၀၀ဆီဒဏ်ကြေးကောက်မယ်...."
"ဟာ....ဆရာမကလည်း...."
"အမယ်...ဘာကို..ဆရာမကလည်းတွေ...လာလုပ်နေတာလဲ...နင်တို့ကိုငါအချက်အလက်ပေးလိုက်တယ်လေ။ဒီဟာလေးတောင်မှရေးတတ်အောင်
မလုပ်ကြဘူးလား....သားဇေယျာရေ...စာရွက်တွေလိုက်သိမ်းလိုက်ပါ...."
"ဟုတ်ကဲ့ဆရာမ....."
ထုံစံအတိုင်း ယောက်ျားလေးအတန်း၏ထိပ်ဆုံးထောင့်ဘက်တွင်ထိုင်နေသော လူတတ်ကြီးကိုဆရာမက ခိုင်းလိုက်ပြန်ပါပြီ။
ပုံရိပ်ကျောင်းမှာမူးလဲပြီး ကျောင်းပြန်တက်သည့်နေ့ကို မှတ်မိပါသေးတယ်။ထိုနေ့က ယခုလိုမုန့်စားဆင်းချိန်မှာပဲ ဆယ်တန်းဆောင်ဘက်တွင် အိမ်သာ သွားသည့်လမ်းမှာသူကနံရံကိုကျောကပ်ကာ
ခေါင်းကိုငိုက်ဆိုက်ချလျက် ပုံရိပ်အလာကိုစောင့်နေခဲ့သည်။
သူ့ဘေးနားသို့ရောက်တော့ခြေထောက်ကိုထိုးခံပြီးပုံရိပ်ကိုရပ်ဖို့ပြောလာတယ်။
ထိုနေ့ကသူ့မျက်ဝန်းတွေဟာအရင်လိုအရောင်တောက်မနေဘဲ မာနတွေကင်းစင်လျက်ရှိနေတယ်လို့ပုံရိပ်ထင်မိတယ်။ဆွေးမြေ့မြေ့အကြည့်တွေနဲ့
ပုံရိပ်ကိုကြည့်လာတဲ့သူ့ရဲ့မျက်ဝန်းအရောင်ဟာ မီးခိုးယောင်ထက်တောင်မိန့်ဖျော့နေခဲ့ပါသေးတယ်။
ပုံရိပ်ကတော့ထုံးစံအတိုင်းပဲသူ့ကို ခပ်တည်တည် ခပ်စိမ်းစိမ်းဖြင့်တချက်သာကြည့်ပြီးမျက်နှာလွှဲဖယ်ပစ်ခဲ့တယ်။
ထိုအချိန်လေးမှာပဲမထင်မှတ်ထားတဲ့လုပ်ရပ်တစ်ခုကိုသူလုပ်ခဲ့တယ်။အဲဒါကတော့သူ့လက်ဖဝါးကို
ဖြန့်လိုက်ပြီး သူ့လက်သီးဆုပ်ထဲမှ
ချောကလက်ချိုချဉ်လေးတစ်ခုကိုထုတ်ပြလာခဲ့သည်။
သူ့လက်ဖဝါးတွေဟာဖြူနုနေပြီးချောကလက်ညိုညိုလေးကလည်းထူးခြားစွာရှိနေခဲ့သည်။
နားမလည်နိုင်စွာသူ့မျက်ဝန်းတွေကိုမျက်မှောင် ကြုံ့၍ကြည့်လိုက်တော့သူဟာ ပုံရိပ်ကိုခပ်ပြေပြေမျက်ဝန်းတွေနဲ့ တဖန်စိုက်ကြည့်လာပြီး သူ့နှုတ်ခမ်းတွေမှာလည်း စိုပြေသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
သူကသူ့လက်ဖဝါးကိုပုံရိပ်ဘက်သို့ကမ်းပေးလိုက်ပြီး"ယူပါ"ဟုပြောလာခဲ့တယ်။
"ဘာအတွက်လဲ...."
ပုံရိပ်၏မေးခွန်းအတွက်သူ့ထံတွင်အဖြစ်ရှိပြီးသားပုံစံဖြင့်သူ့ထပ်မံ၍ပြုံးလာပြန်တယ်။
သေချာတာကတော့ထိုအပြုံးဟာပုံရိပ်ကိုလှောင်ပြောင်သည့်အပြုံးတော့မဟုတ်ပါဘူး။
သို့ပေမယ့် သူ့ကိုမြင်ရင်တော့ရင်ထဲမှာမကျေနပ်မှုလေးတစ်ခုခုကတင်းခံနေသလိုမျိုး ပုံရိပ်ကတော့သူ့ကိုလုံးဝပြန်၍ပြုံးမပြနိုင်ခဲ့ဘူး။
"ငါငယ်ငယ်တုန်းကတစ်ခုခုစိတ်ဆိုးတိုင်း၊
တစ်ခုခုအလိုမကျတိုင်းတစ်ခုခုကိုအနိုင်လိုချင်တိုင်း
ငါလိုချင်တာမရတဲ့အခါတိုင်း ရန်ကင်းသာယာဘက်က ဖွားဖွားတို့အိမ်ကိုဆင်းသွားပြီးမေမေ့ကို
အမြဲစိတ်ကောက်တတ်တယ်...ငါ့ကိုသိပ်ချစ်တဲ့မေမေက...အဲ့ဒီလိုအချိန်တိုင်းမှာငါ့ဆီကိုအပြေးလာပြီး...စိတ်ဆိုးပြေအောင်နည်းအမျိုးမျိုးနဲ့ချော့တော့တာပဲ...ငါအများဆုံးစိတ်ဆိုးပြေတဲ့ နည်းတစ်နည်းတော့ရှိတယ်...အဲ့ဒါကတော့ ချောကလက်ကြိုက်တဲ့ငါ့ကို မေမေကချောကလက်ချိုချဉ်၀ယ်ကျွေးတာပဲ...
ချောကလက်ချိုချဉ်၀ယ်ကျွေးတဲ့အခါတိုင်းမေမေပြောနေကြစကားကတော့
"စိတ်မဆိုးနဲ့တော့နော်...မေမေတို့သဘောတူညီမှုရယူကြမယ်တဲ့လေ...."
ဒီနေ့ ငါလည်းနင့်ကိုချောကလက်ချိုချဉ်ပေးပါရစေ..."
သူ့လက်ဖဝါးထဲမှ ချိူချဉ်လေးကို ပုံရိ၏မျက်လုံးရှေ့တွင် ထောင်ပြကာပြုံးလိုက်သည့်
သူ့အပြုံးအား တကယ်ကိုနားမလည်နိုင်ခဲ့ဘူး။
သူဘာကိုဆိုလိုချင်တာလဲ။စကားကိုဒဲ့တိုးမပြောပဲ မပွင့်တပွင့်ပြောတာလောက် အသဲပေါက်တာမရှိဘူး။
"နင်ဘာကို ရည်ရွယ်ပြီးပြောနေတာလဲ..."
သူ့မျက်နှာတွင် အားနာစိတ်များတိုးလျိုးပေါ်ပေါက်လာသလို ခံစားလိုက်ရသည်။
ပုံရိပ်ကိုကြည့်လျှက် သူသက်ပြင်းချသည်။
သူ့ကိုကြည့်ရတာ မလုပ်ချင်သည့်အလုပ်ကို
မာန်တင်း၍ လုပ်နေရ သောပုံစံမျိုးဖြစ်နေသည်။
"နင်ကငါ့ကို စိတ်ဆိုးအောင်လုပ်မထားပေမဲ့...
ငါ့ကတော့ နင်မကြိုက်တဲ့စကားတွေနဲ့အမြဲစနောက်နေခဲ့မိတဲ့အတွက်...နင့်ရဲ့မခံချင်တဲ့စိတ်ကိုနှိုးဆွမိခဲ့တယ်....မူးလဲတဲ့အထိဖြစ်ရတာကို ငါတကယ်
စိတ်မကောင်းပါဘူး....ငါတို့ပြေလည်မှုရယူရအောင် ငါတို့က ရန်သူတွေမှမဟုတ်ပဲ..."
ပုံရိပ်မဲ့ပြုံးပြုံးလိုက်မိခဲ့တယ်။
ကိုယ့်ဘာသာ အအေးမိတဲ့ကိစ္စကို သူနဲ့ပြိုင်ချင်လွန်း၍ စားတွေအတင်းကြိုးစားပြီး ဒဏ်ဖြစ်တယ်ဟု ထင်နေပါသတဲ့။
ပြေလည်ကြရအောင်လို့ သူပြောသလို မပြေလည်နိုင်စရာအကြောင်းလည်းမရှိပါဘူး။
ဒါပေမဲ့ မကျေနပ်သေးတာတော့အမှန်ပါပဲ။
သူ့ကို စသိတည်းက ကိုယ့်အပေါ်ကို မကောင်းတဲ့မှတ်ချက်တွေပေးခဲ့တယ်။ ကိုယ်မခံမရပ်နိုင်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်ခဲ့တယ်။
သူ့အတွက်ကတော့ သိပ်ကိုလွယ်ကူစွာ
ဖြေသိမ့်နိုင်ခဲ့ခြင်းကတော့ သူကပြုလုပ်သူဖြစ်ပြီး။
ပုံရိပ်က ခံစားခဲ့ရသူဖြစ်လို့ပဲ။
"ဒီမှာ...အဲ့ဒီ့နေ့ကမူးလဲတဲ့ကိစ္စက ငါ့ဘာသာအဖျားကြီးပြီးဖြစ်သွားတာ...နောက်ပြီးနင့်ရဲ့ချိုချဉ်ကိုလည်း ငါမလိုချင်သလို...နင်နဲ့ငါ့ကြားမှာလည်း
ဘာပြေလည်မှုမှ ရယူစရာအကြောင်းမရှိဘူး..."
ထိုသို့သော စကားလုံးတွေနှင့် ပုံရိပ်သူ့ကိုပစ်ပေါက်ခဲ့ပြီး လျစ်လျှူရှုခဲ့လိုက်မိတယ်။
ပုံရိပ်သူ့ကိုမမုန်းပါဘူး။ဒါပေမဲ့ မကျေနပ်စိတ်ကတော့ စွန်းထင်းနေတုန်းပဲ။ယမင်းရွှေကို
ခင်သလောက် သူ့ကိုတော့မျက်နှာမြင်ပါက
ကြည့်မရ။ အသံကြားပါက အမြင်ကပ်မိသည်။
မပြည့်သည့်အိုးက ဘောင်ဘင်ခပ်နေသလား
မသိပါဘူး။
"ပုံရိပ်....ဟဲ့...ပုံရိပ်...."
လက်မောင်းကို ဆွဲအလိမ်ခံလိုက်ရတာကြောင့် အက်ဆေးစာရွက်ကို ငုံ့ကြည့်လျှက်အတွေးလွန်နေမိရာမှ ယမင်းရွှေကိုကြည့်လိုက်မိတော့
"အက်ဆေးစာရွက်ထပ်ရမယ်လေ..."ဟုပြောလျှက် သူလက်ညှိုးကို အပေါ်သို့ထိုးပြနေလေသည်။
ပုံရိပ်ကိုခပ်တည်တည်ဖြင့် စိုက်ကြည့်နေသည့်
လူတစ်ယောက်နှင့် အကြည့်သွားဆုံမိသည်။
သူ့လက်နှစ်ဖက်ကလည်း အခြားသူတွေဆီမှ စာရွက်တွေကိုကိုင်ထားရလေသည်။
ကိုယ့်နားထင်ကိုယ် အနည်းငယ်ကုတ်ခြစ်လိုက်ပြီး
ကိုယ့်စာရွက်ကို သူကိုင်ထားသည့် စာရွက်ထပ်ကြီးအပေါ်သို့ တင်ပေးလိုက်သည်။
ရုတ်တရက် သူပြုမူလိုက်တဲ့ ပုံစံကပုံရိပ်ကို
အရမ်းဒေါသထွက်သွားစေတယ်။
စာရွက်ထပ်တွေကို အခြားလက်တစ်ဖက်သို့ ပြောင်းယူလိုက်ပြီး ပုံရိပ်၏စာရွက်ကို ခွင့်ပြုချက်
မရှိပဲ ဖတ်နေလေသည်။
ဆရာမပေးထားသည့် အက်ဆေးခေါင်းစဉ်က
"ကျွန်ု၏ရည်မှန်းချက်"ဆိုသည့် ခေါင်းစဉ်ပင်ဖြစ်သည်။ ဆရာနေမျိုး သင်ပေးထားသည့် အင်္ဂလိပ်အခြေခံစာဖတ်နည်းဖြင့် အက်ဆေးတွေကိုတစ်နေ့တစ်ပုဒ် ဖတ်ထားသူမို့အနည်းငယ်
ကောက်နှုတ်ပြီး ရေးတတ်ပေမဲ့ လေ့ကျင့်သားမကျသေးတာကြောင့် ပုံရိပ်၏စာကြောင်း ဖွဲ့စည်းပုံတွေမှာ အမှားတွေပါနိုင်သည်။
နောက်တစ်ခုရှက်စရာကောင်းတာကတော့ ရည်မှန်းချက်ဆိုသည့် အခန်းဂဏ္ဍကိုအခုထိရေးရေးလေးတောင် မမြင်မက်မိသေးတာပါပဲ။ဝါသနာဆိုလျှင်တောင် ပန်းချီဆွဲတာကို ထည့်ရေးလို့ရပေမဲ့ တစ်နေ့မှာနာမည်ကြီး ပန်းချီဆရာမ
ဖြစ်ရမည်လို့လည်း စိတ်ကူးမယဉ်ဖူးပေ။
စိတ်ညစ်တဲ့အခါ၊၀မ်းနည်းတဲ့အခါနှင့် ပျော်ရွှင်သည့်အချိန်တွေတွင် စာရွက်အဖြူပေါ်တွင် ခံစားချက်အမှုန်အမွှားတွေကို ရုပ်လုံးပေါ်လာအောင် ရေးခြစ်ရသည်ကို သဘောကျတယ်။ထို့အတွက် ပန်းချီဆွဲခြင်းက ပုံရိပ်၏စိတ်ကွယ်ရာ ရင်ဖွင့်စကားဆိုသည့် အခန်းငယ်လေးတစ်ခုသာသာပါပဲ။
အခြားသူတွေလိုမဟုတ်ပဲ ရည်မှန်းချက်ကို ရှာဖွေဖို့မေ့နေမိသည့် ပုံရိပ်၏ အက်ဆေးထဲတွင်ရေးထားသမျှကလည်း မရေရာမှုတွေနဲ့သာ ပြည့်နေခဲ့တယ်။
"ဘာလို့ သူများအက်ဆေးကိုအဲ့လောက်ကြည့်နေရတာလည်း ကိုယ့်အလုပ်ကိုယ်မလုပ်ဘူး...."
ထိုသို့ လေသံမာမာဖြင့်ပြောလိုက်တော့
ပုံရိပ်၏အက်ဆေးစာရွက်ကိုကြည့်နေရာမှ
မျက်လုံးကြောင်ကြောင်ကြီးဖြင့် မော့ကြည့်ကာ
သူရယ်လိုက်သည်။
"အော်...အက်ဆေးကောင်းတစ်ခုမှတ်လို့ကြည့်မိတာပါဟာ...စာကြောင်းတည်ဆောက်ပုံနဲ့ကြိယာသုံးထားတာမှန်ပေမဲ့...အထူးထုတ်ထဲကနေကူးချထားသလိုပဲ...အတိတ်၊ပစ္စုပ္ပန်နဲ့အနာဂတ်ကာလကို
မှန်အောင်ရေးထားပေမဲ့ အရမ်းကိုရိုးရှင်းလွန်းနေတယ်...နင်အများကြီးထပ်ကြိုးစားပေါ့...
မကောင်းသေးဘူး...."
"...ဆရာလာမလုပ်ပါနဲ့...အဆင်မပြေသေးမှန်းကိုယ့်ဘာသာသိတယ်...နင့်ကိုလည်းဘယ်သူမှမမေးဘူး..."
"ဟောဗျာ..ဒီကလည်းစေတနာနဲ့ပြောပြတာပါ...
ငါ့မျက်လုံးအရှေ့မှာ မှားနေရင်မှားနေတယ်လို့ပဲ ဝေဖန်တတ်တယ်...
တမင်ကွယ်ဝှက်ပြီး သူများစိတ်ချမ်းသာအောင်လည်း လီစယ်ပြီးမပြောတတ်ဘူး...
အမှန်အတိုင်းပဲ ပြောတတ်လို့အမြင်မကြည်ရင်လည်း နေပါစေ..."
ပုံရိပ်ကို ထိုကဲ့သို့ခပ်မာမာလေသံနှင့် ပြောခဲ့ပြီးနောက် စာရွက်တွေကိုယူဖို့ရန် သူအခြားအတန်းများဆီသို့ ရွေ့သွားလေသည်။
သူ့ရဲ့ကျောပြင်ကိုကြည့်ပြီး ပုံရိပ်ကသာခဲတံလေးကို မကျေမနပ်တင်းတင်းဆုပ်ကိုင်ထားမိပေမဲ့
သူကတော့သိနိုင်မယ်မထင်ပါဘူး။
"ပုံရိပ်...ကိုထက်ကို.ငယ်ငယ်တုန်းကမန္တလေးမှာ
ဆရာ၀န်ကြီးတစ်ယောက်က အင်္ဂလိပ်စာသင်ပေးထားတော့ သူက အင်္ဂလိပ်စာအရမ်းတော်တယ်ဟ...ဒါကြောင့်သူကနင့်အမှားကိုတန်းမြင်ပြီး စေတနာနဲ့ပြောတာထင်ပါတယ်"
ယမင်းရွှေသည်လည်း သူ့အစ်ကိုဖက်မှကာ၍
ပြောလာခဲ့သည်။အခြားသူတစ်ယောက်သာ
သူ့နေရာမှဆိုလျှင် စေတနာစကားလို့သတ်မှတ်၍
ရနိုင်ပေမဲ့ သူဖြစ်နေလို့သာ လှောင်ရိပ်နှောနေသည်ဟု အခံရခက်စေတာပါ။ယမင်းရွှေကလည်း အလိုက်မသိစွာပဲ သူ့အစ်ကို၏ တော်ကြောင်း
တတ်ကြောင်းတွေကို ဆက်ပြောလာသည်။
"ကိုထက်က အရင်တည်းကအင်္ဂလိပ်စာ
ဉာဏ်စမ်းစာမေးပွဲတွေမှာ အမြဲပါနေကြဟ...
ပထမဆုကတော့ သူပဲခဏခဏဗိုလ်ဆွဲနေတာ..
သိလား...အင်္ဂလိပ်စာမှာတော့ သူကဆရာကြီးပဲ
...သူ့ကိုသင်ပေးတဲ့ဆရာကြီးကလည်း နယ်နယ်ရရမှမဟုတ်တာ ငါ့ကိုကြတော့ သမီးအရင်းမဟုတ်လို့
မသင်ပေးချင်ဘူး...."
"နေပါအုံး...နင့်ကိုတော့ဘာလို့ခွဲခြားခွဲခြား
ဆက်ဆံရတာလဲ...သူကိုတော့သင်ပေးပြီး..."
"ကိုထက်ကသားအရင်းလေဟာ အဲ့ဒီ့ဆရာ၀န်ကြီးအပြင် သူတို့တမိသားစုလုံးကလည်း
ငါ့ကိုသိပ်မကြည်ကြဘူး..."
"နေပါအုံး...နင့်ကိုသိပ်မကြည်ဖူးဆိုတော့
သူ့ကိုစာသင်ပေးတဲ့ ဆရာ၀န်ကြီးတို့အိမ်က
အရမ်းဂုဏ်မောက်လို့လား..."
"အော်..အရမ်းချမ်းသာတော့လည်း ဂုဏ်မောက်ကြတာပေါ့ဟာ ..မန္တလေးရဲ့ပုသိမ်ကြီးမြို့နယ်မှာဆိုရင် ဆရာ၀န်ကြီး ဦးမိုးမင်းနဲ့ ဒေါ်ရိပ်ညိုဆိုတာနာမည်ကြီးပဲကို .."
"ဦးမိုးမင်းနဲ့ ဒေါ်ရိပ်ညို"ဆိုသည့် နာမည်တွေကို ကြားသည်နှင့်ပုံရိပ်၏ရင်ထဲမှာ နှစ်မြုပ်နေသည့်ခံစားချက်တွေ ပြန်၍ပုံပေါ်လာခဲ့သည် ။
ယမင်းရွှေ၏လက်ကို အားနှင့်ဆုပ်ကိုင်လိုက်ပြီး
သိချင်ဇောပြင်းပျနေသော မျက်၀န်းများနှင့်
ကြည့်လိုက်မိသည် ။
"ယမင်းရွှေ....အဲ့ဒီ့ဦးမိုးမင်းနဲ့ဒေါ်ရိပ်ညိုတို့ရဲ့ သားအကြောင်းကို နင်သိလား...."
"ဟင့်အင်း...ငါအဲ့လောက်တော့မသိဘူး...ငါကသူတို့အိမ်ကို သိပ်သွားတာမှမဟုတ်ပဲ ကိုထက်ကသာခဏခဏသွားတာ...."
"ဒါဆိုရင် သူတို့ရဲ့လိပ်စာအတိအကျကိုရော
သိလား...မြန်မြန်ပြောစမ်းပါဟာ ငါအရမ်းသိချင်လို့.. ငါ့အတွက်အရမ်းအရေးကြီးလို့ပါ.."
"ပုံရိပ်...နင်ဘာဖြစ်နေတာလဲ...ဘာလို့အရမ်းစိတ်လှုပ်ရှားနေရတာလဲ....."
ပုံရိပ်၏အမူအရာတွေမှတဆင့်
ပုံရိပ်၏မျက်နှာရိပ်ကို ဖမ်းနေလေသည်။
"ပုံရိပ်နင့်ကိုကြည့်ရတာ ထူးဆန်းနေတယ်
အဲ့ဒီ့လူတွေနဲ့နင်ကဘယ်လို ပတ်သတ်နေတာလဲ.."
"အဲ့ဒါတွေနောက်မှ မေးစမ်းပါဟာ လောလောဆယ် ငါ့ကိုသူတို့နေတဲ့လိပ်စာကိုပြောပြစမ်းပါ..."
"လိပ်စာနာမည်က ငါလည်းအလွတ်မရဘူးဟ..
ဒီနေ့အိမ်ပြန်ရောက်တာနဲ့ငါဖေ့ဖေ့ကို မေးပြီး ပြန်ပြောပြပေးမယ်လေ..."
"အေးပါဟာ...ကျေးဇူးတင်ပါတယ်..."
ပုံရိပ်၏ကျေးဇူးတင်သော လေသံသည်ထိန်းချုပ်နိုင်ခြင်းကင်းမဲ့စွာ တုန်ယင်နေခဲ့သည်။
မထင်မှတ်ထားသည့် အကြောင်းအရာအား
သိလိုက်ရသောကြောင့်လည်း ပျော်ရွှင်ရသည်။
နှနှစ်ကျော်လောက်အထိ ပြစ်ခွာသွားခဲ့သည့်
မိဘတွေကိုရှာဖွေဖို့ ပထမဦးဆုံးသဲလွန်စကို ရခဲ့လေပြီ။အဖိုးတွေ၊အဖွားတွေ၏ လက်ခံမှုကိုလည်း မတောင်းတသလိုသူတို့ ဘယ်လောက်ချမ်းသာပါစေ ပုံရိပ်မမက်မောဘူး။
အဖေနဲ့အမေ၏ အသက်ရှင်လျှက်ရှိနေသည့် သဲစွန်စလေးနှင့်ပုံရိပ်အတွက် အကြောင်းပြချက်တစ်ခုကိုသာ နားထောင်ချင်မိသည်။
🔥ဆူးကြိုး...🔥အခန်း(၁၆)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
==========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၆)🔥 ပထမပိုင္း
စိမ္းလဲ့လဲ့သစ္ပင္တန္းကေလးသည္ ေနျခည္ႏုႏုကိုေသာက္သံုးလ်ွက္ ႏိုးၾကားထႂကြလာၾကသည္။
ၾကည္လင္စိမ္းျမေသာ အိႁႏၵေဆာင္ကာ တည္ၿငိမ္လြန္းလွသၫ့္ ကန္ေရျပင္ႀကီးသည္လည္း
ေက်ာင္းကေလးအာ ေအးျမသာယာေသာအေဆာင္အေယာင္တစ္ခုပမာ သရုပ္ေဖာ္ေပးေနသည္။
ကန္ေဘးပတ္ပတ္လည္ရိွ သင္ပင္တို႔သည္
ေလအသုတ္တြင္ တယိမ္းယိမ္းထိုးလ်ွက္ျဖင့္ ေအးျမသၫ့္ေဆာင္းရိပ္သ႑န္ကို ေဖာ္ေဆာင္ခ်င္ေန၏။
ကန္လမ္းကေလးနံေဘးတြင္ ဝါးပင္ႏဲြ႔ေလးတို႔သည္ ယိမ္းႏဲြ႔ကခုန္လ်ွက္ျဖင့္ ခၽြန္ထက္ေသာအသြားရိွ
သၫ့္ ဝါးရြက္ႏုကေလးမ်ားကိုခါထုတ္ကာ
လမ္းကေလးအထပ္သို႔ ေဝက်ေနေလသည္။
ေက်ာင္းေခါင္းေလာင္းထိုးသံႏွင့္အတူ ေက်ာင္းေဆာင္အသီးသီးမွ အျဖဴအစိမ္း၀တ္စံုမ်ားျဖင့္ ေက်ာင္းသားကိုယ္စီသည္ဦးတၫ့္ရာစကားမ်ားကို ေျပာလ်ွက္ထြက္လာၾကသည္။
ဒီအခ်ိန္ကို ေစာင့္ဆိုင္းေနေသာ ေက်ာင္းသားအခ်ိဳ႕ကေတာ့ မုန႔္စားေခါင္းေလာင္းသံၾကားသည္ႏွင့္
"တေဟး ေဟး..."ေအာ္လ်ွက္ အသံမဆံုးေသးခင္ပင္ မုန႔္ေဈးတန္းသို႔ ေရာက္ႏွင့္ေနၾကေလသည္။
မခ်ိဳ႕မႏိုင္စိန္ ေမ်ာက္ရႈံးအဖဲြ႔မ်ားကေတာ့
မုန႔္ေဈးတန္းအေနာက္ရိွ ကြင္းထဲသို႔ေျပးဆင္းလ်ွက္
ပုဆိုးကို ခါးေတာင္းက်ိဳက္လ်ွက္ျဖင့္ပင္ အႀကိတ္အနယ္ ေဘာလံုးကန္ၾကေတာ့သည္။
သို႔ေပမဲ့တစ္ခုတည္းေသာ (၉)တန္းဘိုင္အိုအခန္းတြင္ေတာ့ ေက်ာင္းသားမ်ားသည္ ဆရာမ၏ခြင့္ျပဳခ်က္မရၾက၍ အတန္းအျပင္သို႔လည္း မထြက္ရဲၾကပဲ မိမိတို႔အတန္းအေရ႔ွမွ ေျခသံတဖ်ပ္ဖ်ပ္ျဖင့္ ေျပးသြား၊ေလ်ွာက္သြားသူေတြကိုသာ မ်က္ေတာင္တ၀င့္၀င့္ခက္၍
အေၾကာင္သားႏွင့္ေငးၾကရေလသည္။
"ကဲ...မေန့ကေရးခိုင္းလိုက္တဲ့ အက္ေဆးစာရြက္ ေတြလာအပ္ၾက...မေရးလာတဲ့လူကိုေတာ့
တစ္ေယာက္ ၃၀၀ဆီဒဏ္ေၾကးေကာက္မယ္...."
"ဟာ....ဆရာမကလည္း...."
"အမယ္...ဘာကို..ဆရာမကလည္းေတြ...လာလုပ္ေနတာလဲ...နင္တို႔ကိုငါအခ်က္အလက္ေပးလိုက္တယ္ေလ။ဒီဟာေလးေတာင္မွေရးတတ္ေအာင္
မလုပ္ၾကဘူးလား....သားေဇယ်ာေရ...စာရြက္ေတြလိုက္သိမ္းလိုက္ပါ...."
"ဟုတ္ကဲ့ဆရာမ....."
ထံုစံအတိုင္း ေယာက္်ားေလးအတန္း၏ထိပ္ဆံုးေထာင့္ဘက္တြင္ထိုင္ေနေသာ လူတတ္ႀကီးကိုဆရာမက ခိုင္းလိုက္ျပန္ပါၿပီ။
ပံုရိပ္ေက်ာင္းမွာမူးလဲၿပီး ေက်ာင္းျပန္တက္သၫ့္ေန့ကို မွတ္မိပါေသးတယ္။ထိုေန့က ယခုလိုမုန႔္စားဆင္းခ်ိန္မွာပဲ ဆယ္တန္းေဆာင္ဘက္တြင္ အိမ္သာ သြားသၫ့္လမ္းမွာသူကနံရံကိုေက်ာကပ္ကာ
ေခါင္းကိုငိုက္ဆိုက္ခ်လ်က္ ပံုရိပ္အလာကိုေစာင့္ေနခဲ့သည္။
သူ႔ေဘးနားသို႔ေရာက္ေတာ့ေျခေထာက္ကိုထိုးခံၿပီးပံုရိပ္ကိုရပ္ဖို႔ေျပာလာတယ္။
ထိုေန့ကသူ႔မ်က္ဝန္းေတြဟာအရင္လိုအေရာင္ေတာက္မေနဘဲ မာနေတြကင္းစင္လ်က္ရိွေနတယ္လို႔ပံုရိပ္ထင္မိတယ္။ေဆြးေႁမ့ေႁမ့အၾကၫ့္ေတြနဲ႔
ပံုရိပ္ကိုၾကၫ့္လာတဲ့သူ႔ရဲ့မ်က္ဝန္းအေရာင္ဟာ မီးခိုးေယာင္ထက္ေတာင္မိန႔္ေဖ်ာ့ေနခဲ့ပါေသးတယ္။
ပံုရိပ္ကေတာ့ထံုးစံအတိုင္းပဲသူ႔ကို ခပ္တည္တည္ ခပ္စိမ္းစိမ္းျဖင့္တခ်က္သာၾကၫ့္ၿပီးမ်က္ႏွာလႊဲဖယ္ပစ္ခဲ့တယ္။
ထိုအခ်ိန္ေလးမွာပဲမထင္မွတ္ထားတဲ့လုပ္ရပ္တစ္ခုကိုသူလုပ္ခဲ့တယ္။အဲဒါကေတာ့သူ႔လက္ဖဝါးကို
ျဖန႔္လိုက္ၿပီး သူ႔လက္သီးဆုပ္ထဲမွ
ေခ်ာကလက္ခ်ိဳခ်ဉ္ေလးတစ္ခုကိုထုတ္ျပလာခဲ့သည္။
သူ႔လက္ဖဝါးေတြဟာျဖဴႏုေနၿပီးေခ်ာကလက္ညိုညိုေလးကလည္းထူးျခားစြာရိွေနခဲ့သည္။
နားမလည္ႏိုင္စြာသူ႔မ်က္ဝန္းေတြကိုမ်က္ေမွာင္ ႄကံု႔၍ၾကၫ့္လိုက္ေတာ့သူဟာ ပံုရိပ္ကိုခပ္ေျပျပေမ်က္ဝန္းေတြနဲ႔ တဖန္စိုက္ၾကၫ့္လာၿပီး သူ႔ႏႈတ္ခမ္းေတြမွာလည္း စိုေျပေသာအႃပံုးတစ္ခုျဖစ္ေပၚလာခဲ့သည္။
သူကသူ႔လက္ဖဝါးကိုပံုရိပ္ဘက္သို႔ကမ္းေပးလိုက္ၿပီး"ယူပါ"ဟုေျပာလာခဲ့တယ္။
"ဘာအတြက္လဲ...."
ပံုရိပ္၏ေမးခြန္းအတြက္သူ႔ထံတြင္အျဖစ္ရိွၿပီးသားပံုစံျဖင့္သူ႔ထပ္မံ၍ႃပံုးလာျပန္တယ္။
ေသခ်ာတာကေတာ့ထိုအႃပံုးဟာပံုရိပ္ကိုေလွာင္ေျပာင္သၫ့္အႃပံုးေတာ့မဟုတ္ပါဘူး။
သို႔ေပမယ့္ သူ႔ကိုျမင္ရင္ေတာ့ရင္ထဲမွာမေက်နပ္မႈေလးတစ္ခုခုကတင္းခံေနသလိုမ်ိဳး ပံုရိပ္ကေတာ့သူ႔ကိုလံုးဝျပန္၍ႃပံုးမျပႏိုင္ခဲ့ဘူး။
"ငါငယ္ငယ္တုန္းကတစ္ခုခုစိတ္ဆိုးတိုင္း၊
တစ္ခုခုအလိုမက်တိုင္းတစ္ခုခုကိုအႏိုင္လိုခ်င္တိုင္း
ငါလိုခ်င္တာမရတဲ့အခါတိုင္း ရန္ကင္းသာယာဘက္က ဖြားဖြားတို႔အိမ္ကိုဆင္းသြားၿပီးေမေမ့ကို
အၿမဲစိတ္ေကာက္တတ္တယ္...ငါ့ကိုသိပ္ခ်စ္တဲ့ေမေမက...အဲ့ဒီလိုအခ်ိန္တိုင္းမွာငါ့ဆီကိုအေျပးလာၿပီး...စိတ္ဆိုးေျပေအာင္နည္းအမ်ိဳးမ်ိဳးနဲ႔ေခ်ာ့ေတာ့တာပဲ...ငါအမ်ားဆံုးစိတ္ဆိုးေျပတဲ့ နည္းတစ္နည္းေတာ့ရိွတယ္...အဲ့ဒါကေတာ့ ေခ်ာကလက္ႀကိဳက္တဲ့ငါ့ကို ေမေမကေခ်ာကလက္ခ်ိဳခ်ဉ္၀ယ္ကၽြေးတာပဲ...
ေခ်ာကလက္ခ်ိဳခ်ဉ္၀ယ္ကၽြေးတဲ့အခါတိုင္းေမေမေျပာေနၾကစကားကေတာ့
"စိတ္မဆိုးနဲ႔ေတာ့ေနာ္...ေမေမတို႔သေဘာတူညီမႈရယူၾကမယ္တဲ့ေလ...."
ဒီေန့ ငါလည္းနင့္ကိုေခ်ာကလက္ခ်ိဳခ်ဉ္ေပးပါရေစ..."
သူ႔လက္ဖဝါးထဲမွ ခ်ိူခ်ဉ္ေလးကို ပံုရိ၏မ်က္လံုးေရ႔ွတြင္ ေထာင္ျပကာႃပံုးလိုက္သၫ့္
သူ႔အႃပံုးအား တကယ္ကိုနားမလည္ႏိုင္ခဲ့ဘူး။
သူဘာကိုဆိုလိုခ်င္တာလဲ။စကားကိုဒဲ့တိုးမေျပာပဲ မပြင့္တပြင့္ေျပာတာေလာက္ အသဲေပါက္တာမရိွဘူး။
"နင္ဘာကို ရည္ရြယ္ၿပီးေျပာေနတာလဲ..."
သူ႔မ်က္ႏွာတြင္ အားနာစိတ္မ်ားတိုးလ်ိဳးေပၚေပါက္လာသလို ခံစားလိုက္ရသည္။
ပံုရိပ္ကိုၾကၫ့္လ်ွက္ သူသက္ျပင္းခ်သည္။
သူ႔ကိုၾကၫ့္ရတာ မလုပ္ခ်င္သၫ့္အလုပ္ကို
မာန္တင္း၍ လုပ္ေနရ ေသာပံုစံမ်ိဳးျဖစ္ေနသည္။
"နင္ကငါ့ကို စိတ္ဆိုးေအာင္လုပ္မထားေပမဲ့...
ငါ့ကေတာ့ နင္မႀကိဳက္တဲ့စကားေတြနဲ႔အၿမဲစေနာက္ေနခဲ့မိတဲ့အတြက္...နင့္ရဲ့မခံခ်င္တဲ့စိတ္ကိုႏိႈးဆြမိခဲ့တယ္....မူးလဲတဲ့အထိျဖစ္ရတာကို ငါတကယ္
စိတ္မေကာင္းပါဘူး....ငါတို႔ေျပလည္မႈရယူရေအာင္ ငါတို႔က ရန္သူေတြမွမဟုတ္ပဲ..."
ပံုရိပ္မဲ့ႃပံုးႃပံုးလိုက္မိခဲ့တယ္။
ကိုယ့္ဘာသာ အေအးမိတဲ့ကိစၥကို သူနဲ႔ၿပိဳင္ခ်င္လြန္း၍ စားေတြအတင္းႀကိဳးစားၿပီး ဒဏ္ျဖစ္တယ္ဟု ထင္ေနပါသတဲ့။
ေျပလည္ၾကရေအာင္လို႔ သူေျပာသလို မေျပလည္ႏိုင္စရာအေၾကာင္းလည္းမရိွပါဘူး။
ဒါေပမဲ့ မေက်နပ္ေသးတာေတာ့အမွန္ပါပဲ။
သူ႔ကို စသိတည္းက ကိုယ့္အေပၚကို မေကာင္းတဲ့မွတ္ခ်က္ေတြေပးခဲ့တယ္။ ကိုယ္မခံမရပ္ႏိုင္တဲ့ စကားလံုးေတြနဲ႔ ထိုးႏွက္ခဲ့တယ္။
သူ႔အတြက္ကေတာ့ သိပ္ကိုလြယ္ကူစြာ
ေျဖသိမ့္ႏိုင္ခဲ့ျခင္းကေတာ့ သူကျပဳလုပ္သူျဖစ္ၿပီး။
ပံုရိပ္က ခံစားခဲ့ရသူျဖစ္လို႔ပဲ။
"ဒီမွာ...အဲ့ဒီ့ေန့ကမူးလဲတဲ့ကိစၥက ငါ့ဘာသာအဖ်ားႀကီးၿပီးျဖစ္သြားတာ...ေနာက္ၿပီးနင့္ရဲ့ခ်ိဳခ်ဉ္ကိုလည္း ငါမလိုခ်င္သလို...နင္နဲ႔ငါ့ၾကားမွာလည္း
ဘာေျပလည္မႈမွ ရယူစရာအေၾကာင္းမရိွဘူး..."
ထိုသို႔ေသာ စကားလံုးေတြႏွင့္ ပံုရိပ္သူ႔ကိုပစ္ေပါက္ခဲ့ၿပီး လ်စ္လ်ွူရႈခဲ့လိုက္မိတယ္။
ပံုရိပ္သူ႔ကိုမမုန္းပါဘူး။ဒါေပမဲ့ မေက်နပ္စိတ္ကေတာ့ စြန္းထင္းေနတုန္းပဲ။ယမင္းေရႊကို
ခင္သေလာက္ သူ႔ကိုေတာ့မ်က္ႏွာျမင္ပါက
ၾကၫ့္မရ။ အသံၾကားပါက အျမင္ကပ္မိသည္။
မျပၫ့္သၫ့္အိုးက ေဘာင္ဘင္ခပ္ေနသလား
မသိပါဘူး။
"ပံုရိပ္....ဟဲ့...ပံုရိပ္...."
လက္ေမာင္းကို ဆဲြအလိမ္ခံလိုက္ရတာေၾကာင့္ အက္ေဆးစာရြက္ကို ငံု႔ၾကၫ့္လ်ွက္အေတြးလြန္ေနမိရာမွ ယမင္းေရႊကိုၾကၫ့္လိုက္မိေတာ့
"အက္ေဆးစာရြက္ထပ္ရမယ္ေလ..."ဟုေျပာလ်ွက္ သူလက္ၫွိုးကို အေပၚသို႔ထိုးျပေနေလသည္။
ပံုရိပ္ကိုခပ္တည္တည္ျဖင့္ စိုက္ၾကၫ့္ေနသၫ့္
လူတစ္ေယာက္ႏွင့္ အၾကၫ့္သြားဆံုမိသည္။
သူ႔လက္ႏွစ္ဖက္ကလည္း အျခားသူေတြဆီမွ စာရြက္ေတြကိုကိုင္ထားရေလသည္။
ကိုယ့္နားထင္ကိုယ္ အနည္းငယ္ကုတ္ျခစ္လိုက္ၿပီး
ကိုယ့္စာရြက္ကို သူကိုင္ထားသၫ့္ စာရြက္ထပ္ႀကီးအေပၚသို႔ တင္ေပးလိုက္သည္။
ရုတ္တရက္ သူျပဳမူလိုက္တဲ့ ပံုစံကပံုရိပ္ကို
အရမ္းေဒါသထြက္သြားေစတယ္။
စာရြက္ထပ္ေတြကို အျခားလက္တစ္ဖက္သို႔ ေျပာင္းယူလိုက္ၿပီး ပံုရိပ္၏စာရြက္ကို ခြင့္ျပဳခ်က္
မရိွပဲ ဖတ္ေနေလသည္။
ဆရာမေပးထားသၫ့္ အက္ေဆးေခါင္းစဉ္က
"ကၽြႏ္ု၏ရည္မွန္းခ်က္"ဆိုသၫ့္ ေခါင္းစဉ္ပင္ျဖစ္သည္။ ဆရာေနမ်ိဳး သင္ေပးထားသၫ့္ အဂၤလိပ္အေျခခံစာဖတ္နည္းျဖင့္ အက္ေဆးေတြကိုတစ္ေန့တစ္ပုဒ္ ဖတ္ထားသူမို႔အနည္းငယ္
ေကာက္ႏႈတ္ၿပီး ေရးတတ္ေပမဲ့ ေလ့က်င့္သားမက်ေသးတာေၾကာင့္ ပံုရိပ္၏စာေၾကာင္း ဖဲြ႔စည္းပံုေတြမွာ အမွားေတြပါႏိုင္သည္။
ေနာက္တစ္ခုရွက္စရာေကာင္းတာကေတာ့ ရည္မွန္းခ်က္ဆိုသၫ့္ အခန္းဂ႑ကိုအခုထိေရးေရးေလးေတာင္ မျမင္မက္မိေသးတာပါပဲ။ဝါသနာဆိုလ်ွင္ေတာင္ ပန္းခ်ီဆဲြတာကို ထၫ့္ေရးလို႔ရေပမဲ့ တစ္ေန့မွာနာမည္ႀကီး ပန္းခ်ီဆရာမ
ျဖစ္ရမည္လို႔လည္း စိတ္ကူးမယဉ္ဖူးေပ။
စိတ္ညစ္တဲ့အခါ၊၀မ္းနည္းတဲ့အခါႏွင့္ ေပ်ာ္ရႊင္သၫ့္အခ်ိန္ေတြတြင္ စာရြက္အျဖဴေပၚတြင္ ခံစားခ်က္အမႈန္အမႊားေတြကို ရုပ္လံုးေပၚလာေအာင္ ေရးျခစ္ရသည္ကို သေဘာက်တယ္။ထို႔အတြက္ ပန္းခ်ီဆဲြျခင္းက ပံုရိပ္၏စိတ္ကြယ္ရာ ရင္ဖြင့္စကားဆိုသၫ့္ အခန္းငယ္ေလးတစ္ခုသာသာပါပဲ။
အျခားသူေတြလိုမဟုတ္ပဲ ရည္မွန္းခ်က္ကို ရွာေဖြဖို႔ေမ့ေနမိသၫ့္ ပံုရိပ္၏ အက္ေဆးထဲတြင္ေရးထားသမ်ွကလည္း မေရရာမႈေတြနဲ႔သာ ျပၫ့္ေနခဲ့တယ္။
"ဘာလို႔ သူမ်ားအက္ေဆးကိုအဲ့ေလာက္ၾကၫ့္ေနရတာလည္း ကိုယ့္အလုပ္ကိုယ္မလုပ္ဘူး...."
ထိုသို႔ ေလသံမာမာျဖင့္ေျပာလိုက္ေတာ့
ပံုရိပ္၏အက္ေဆးစာရြက္ကိုၾကၫ့္ေနရာမွ
မ်က္လံုးေၾကာင္ေၾကာင္ႀကီးျဖင့္ ေမာ့ၾကၫ့္ကာ
သူရယ္လိုက္သည္။
"ေအာ္...အက္ေဆးေကာင္းတစ္ခုမွတ္လို႔ၾကၫ့္မိတာပါဟာ...စာေၾကာင္းတည္ေဆာက္ပံုနဲ႔ႀကိယာသံုးထားတာမွန္ေပမဲ့...အထူးထုတ္ထဲကေနကူးခ်ထားသလိုပဲ...အတိတ္၊ပစၥုပၸန္နဲ႔အနာဂတ္ကာလကို
မွန္ေအာင္ေရးထားေပမဲ့ အရမ္းကိုရိုးရွင္းလြန္းေနတယ္...နင္အမ်ားႀကီးထပ္ႀကိဳးစားေပါ့...
မေကာင္းေသးဘူး...."
"...ဆရာလာမလုပ္ပါနဲ႔...အဆင္မေျပေသးမွန္းကိုယ့္ဘာသာသိတယ္...နင့္ကိုလည္းဘယ္သူမွမေမးဘူး..."
"ေဟာဗ်ာ..ဒီကလည္းေစတနာနဲ႔ေျပာျပတာပါ...
ငါ့မ်က္လံုးအေရ႔ွမွာ မွားေနရင္မွားေနတယ္လို႔ပဲ ေဝဖန္တတ္တယ္...
တမင္ကြယ္ဝွက္ၿပီး သူမ်ားစိတ္ခ်မ္းသာေအာင္လည္း လီစယ္ၿပီးမေျပာတတ္ဘူး...
အမွန္အတိုင္းပဲ ေျပာတတ္လို႔အျမင္မၾကည္ရင္လည္း ေနပါေစ..."
ပံုရိပ္ကို ထိုကဲ့သို႔ခပ္မာမာေလသံႏွင့္ ေျပာခဲ့ၿပီးေနာက္ စာရြက္ေတြကိုယူဖို႔ရန္ သူအျခားအတန္းမ်ားဆီသို႔ ေရြ့သြားေလသည္။
သူ႔ရဲ့ေက်ာျပင္ကိုၾကၫ့္ၿပီး ပံုရိပ္ကသာခဲတံေလးကို မေက်မနပ္တင္းတင္းဆုပ္ကိုင္ထားမိေပမဲ့
သူကေတာ့သိႏိုင္မယ္မထင္ပါဘူး။
"ပံုရိပ္...ကိုထက္ကို.ငယ္ငယ္တုန္းကမႏၲေလးမွာ
ဆရာ၀န္ႀကီးတစ္ေယာက္က အဂၤလိပ္စာသင္ေပးထားေတာ့ သူက အဂၤလိပ္စာအရမ္းေတာ္တယ္ဟ...ဒါေၾကာင့္သူကနင့္အမွားကိုတန္းျမင္ၿပီး ေစတနာနဲ႔ေျပာတာထင္ပါတယ္"
ယမင္းေရႊသည္လည္း သူ႔အစ္ကိုဖက္မွကာ၍
ေျပာလာခဲ့သည္။အျခားသူတစ္ေယာက္သာ
သူ႔ေနရာမွဆိုလ်ွင္ ေစတနာစကားလို႔သတ္မွတ္၍
ရႏိုင္ေပမဲ့ သူျဖစ္ေနလို႔သာ ေလွာင္ရိပ္ေနွာေနသည္ဟု အခံရခက္ေစတာပါ။ယမင္းေရႊကလည္း အလိုက္မသိစြာပဲ သူ႔အစ္ကို၏ ေတာ္ေၾကာင္း
တတ္ေၾကာင္းေတြကို ဆက္ေျပာလာသည္။
"ကိုထက္က အရင္တည္းကအဂၤလိပ္စာ
ဉာဏ္စမ္းစာေမးပဲြေတြမွာ အၿမဲပါေနၾကဟ...
ပထမဆုကေတာ့ သူပဲခဏခဏဗိုလ္ဆဲြေနတာ..
သိလား...အဂၤလိပ္စာမွာေတာ့ သူကဆရာႀကီးပဲ
...သူ႔ကိုသင္ေပးတဲ့ဆရာႀကီးကလည္း နယ္နယ္ရရမွမဟုတ္တာ ငါ့ကိုၾကေတာ့ သမီးအရင္းမဟုတ္လို႔
မသင္ေပးခ်င္ဘူး...."
"ေနပါအံုး...နင့္ကိုေတာ့ဘာလို႔ခဲြျခားခဲြျခား
ဆက္ဆံရတာလဲ...သူကိုေတာ့သင္ေပးၿပီး..."
"ကိုထက္ကသားအရင္းေလဟာ အဲ့ဒီ့ဆရာ၀န္ႀကီးအျပင္ သူတို႔တမိသားစုလံုးကလည္း
ငါ့ကိုသိပ္မၾကည္ၾကဘူး..."
"ေနပါအံုး...နင့္ကိုသိပ္မၾကည္ဖူးဆိုေတာ့
သူ႔ကိုစာသင္ေပးတဲ့ ဆရာ၀န္ႀကီးတို႔အိမ္က
အရမ္းဂုဏ္ေမာက္လို႔လား..."
"ေအာ္..အရမ္းခ်မ္းသာေတာ့လည္း ဂုဏ္ေမာက္ၾကတာေပါ့ဟာ ..မႏၲေလးရဲ့ပုသိမ္ႀကီးၿမိဳ႔နယ္မွာဆိုရင္ ဆရာ၀န္ႀကီး ဦးမိုးမင္းနဲ႔ ေဒၚရိပ္ညိုဆိုတာနာမည္ႀကီးပဲကို .."
"ဦးမိုးမင္းနဲ႔ ေဒၚရိပ္ညို"ဆိုသၫ့္ နာမည္ေတြကို ၾကားသည္ႏွင့္ပံုရိပ္၏ရင္ထဲမွာ ႏွစ္ျမဳပ္ေနသၫ့္ခံစားခ်က္ေတြ ျပန္၍ပံုေပၚလာခဲ့သည္ ။
ယမင္းေရႊ၏လက္ကို အားႏွင့္ဆုပ္ကိုင္လိုက္ၿပီး
သိခ်င္ေဇာျပင္းပ်ေနေသာ မ်က္၀န္းမ်ားႏွင့္
ၾကၫ့္လိုက္မိသည္ ။
"ယမင္းေရႊ....အဲ့ဒီ့ဦးမိုးမင္းနဲ႔ေဒၚရိပ္ညိုတို႔ရဲ့ သားအေၾကာင္းကို နင္သိလား...."
"ဟင့္အင္း...ငါအဲ့ေလာက္ေတာ့မသိဘူး...ငါကသူတို႔အိမ္ကို သိပ္သြားတာမွမဟုတ္ပဲ ကိုထက္ကသာခဏခဏသြားတာ...."
"ဒါဆိုရင္ သူတို႔ရဲ့လိပ္စာအတိအက်ကိုေရာ
သိလား...ျမန္ျမန္ေျပာစမ္းပါဟာ ငါအရမ္းသိခ်င္လို႔.. ငါ့အတြက္အရမ္းအေရးႀကီးလို႔ပါ.."
"ပံုရိပ္...နင္ဘာျဖစ္ေနတာလဲ...ဘာလို႔အရမ္းစိတ္လႈပ္ရွားေနရတာလဲ....."
ပံုရိပ္၏အမူအရာေတြမွတဆင့္
ပံုရိပ္၏မ်က္ႏွာရိပ္ကို ဖမ္းေနေလသည္။
"ပံုရိပ္နင့္ကိုၾကၫ့္ရတာ ထူးဆန္းေနတယ္
အဲ့ဒီ့လူေတြနဲ႔နင္ကဘယ္လို ပတ္သတ္ေနတာလဲ.."
"အဲ့ဒါေတြေနာက္မွ ေမးစမ္းပါဟာ ေလာေလာဆယ္ ငါ့ကိုသူတို႔ေနတဲ့လိပ္စာကိုေျပာျပစမ္းပါ..."
"လိပ္စာနာမည္က ငါလည္းအလြတ္မရဘူးဟ..
ဒီေန့အိမ္ျပန္ေရာက္တာနဲ႔ငါေဖ့ေဖ့ကို ေမးၿပီး ျပန္ေျပာျပေပးမယ္ေလ..."
"ေအးပါဟာ...ေက်းဇူးတင္ပါတယ္..."
ပံုရိပ္၏ေက်းဇူးတင္ေသာ ေလသံသည္ထိန္းခ်ဳပ္ႏိုင္ျခင္းကင္းမဲ့စြာ တုန္ယင္ေနခဲ့သည္။
မထင္မွတ္ထားသၫ့္ အေၾကာင္းအရာအား
သိလိုက္ရေသာေၾကာင့္လည္း ေပ်ာ္ရႊင္ရသည္။
ႏွႏွစ္ေက်ာ္ေလာက္အထိ ျပစ္ခြာသြားခဲ့သၫ့္
မိဘေတြကိုရွာေဖြဖို႔ ပထမဦးဆံုးသဲလြန္စကို ရခဲ့ေလၿပီ။အဖိုးေတြ၊အဖြားေတြ၏ လက္ခံမႈကိုလည္း မေတာင္းတသလိုသူတို႔ ဘယ္ေလာက္ခ်မ္းသာပါေစ ပံုရိပ္မမက္ေမာဘူး။
အေဖနဲ႔အေမ၏ အသက္ရွင္လ်ွက္ရိွေနသၫ့္ သဲစြန္စေလးႏွင့္ပံုရိပ္အတြက္ အေၾကာင္းျပခ်က္တစ္ခုကိုသာ နားေထာင္ခ်င္မိသည္။
🔥ဆူးႀကိဳး...🔥အခန္း(၁၆)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္
No comments:
Post a Comment