🔥ဆူးကြိုး...🔥အခန်း(၁၇)🔥 ဒုတိယပိုင်း


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၁၇)🔥  ဒုတိယပိုင်း 


"အေး...သမီးရေ....ခါးကနာနေတော့ လျှောက်ရတာမောနေပြီ....နေရာလေးရှာပေးပါအုံးကွယ်....

အဖွားထိုင်ချင်လို့..."


"နဂါးရုံဘုရားဘေးက ဆုတောင်းပြည့်ဘုရားကိုသွားမယ်အဖွား...အဲ့မှာအမိုးရှိတယ်...ကြွေပြားလည်းခင်းထားတော့ အေးတယ်..."


"အေး...အေး....ကျေးဇူးပါပဲကွယ်..."


အဖွားကို ဆုတောင်းပြည့်ဘုရားဆင်းတုထော်ထားရှိရာ တန်ဆောင်းထဲသို့ ခေါ်ခဲ့ကာနေရာအလွတ်တွင်ထိုင်ခိုင်းလိုက်သည်။ထိုနေရာတွင် ထိုင်နေကြသောလူအများစုက သက်ကြီးရွယ်အိုတွေများသောကြောင့် ဒီဘက်အခြမ်းကတော့‌ ဆူညံမှု

သိပ်မရှိပဲ အေးငြိမ်းသည်။ရုတ်တရက် ပခုံးကိုလာပုတ်လိုက်သောကြောင့် လှည့်ကြည့်လိုက်မိတော့ ဟိန်းကိုဖြစ်နေသည်။သူ့လက်ထဲတွင် အအေးဗူးတွေကိုင်ထားလေသည်။ကောက်ညှင်းထုတ်တွေကတော့ ကုန်သွားပြီထင်ပါရဲ့။


"ဟိန်းကိုဒီအဖွားကို အအေးတစ်ဗူးလောက်ပေးလိုက်အုံး..."


"အေး...နင်ရောသောက်အုံးမလား..."


"မသောက်တော့ပါဘူး...."


လူအသွားအလာကလည်း ငြိမ်သွားသလို ရှစ်နာရီလည်းထိုးတော့မည်ဖြစ်သောကြောင့်တရားပွဲလည်းစတော့မည်ဖြစ်သည်။တရားဟောမည့်ဆရာတော်ကြီးကတော့ ရောက်နှင့်နေပေမဲ့ တရားပွဲက

နဂါးဘုရား‌ရှိသည့် ကွင်းပြင်ဘက်တွင်ကျင်းပ၍ 

ပင်မကျောင်းဆောင်ဘက်မှကားတွေ၀င်သွားတာကိုတွေ့လိုက်ရသည် ။


တရားဟောဖို့ ကြွလာမည်ဆိုပါက ကွင်းပြင်၏

ဘေးဘက်ရှိ ဘုရားကြီး၏တောင်ဘက်အခြမ်း လမ်းလေးထဲမှကွေ့၍ကြွလာနိုင်သည်။

တရားပြမည့် ဆရာတော်ကြီးသည် မန္တလေးဘက်မှဖြစ်ပြီး ပုံရိပ်တို့၏ကျောင်းထိုင်ကြီးနှင့် ရင်းနှီး၍

ပင့်ဖိတ်၍ ရခြင်းဟုဆိုသည်။

တီဗွီတွေထဲတွင် ဆရာတော်၏တရားကိုခဏခဏလွှင့်၍ အင်မတန်နာမည်ကြီးလှသည်။


"ပုံရိပ်....အအေးလေး...သောက်လိုက်ပါလား...."


ပုံရိပ်တို့နှင့် ရွယ်တူကောင်လေးတစ်ယောက်သည် ပလက်စတစ်ခ်ခွက်လေးနှင့် သံပုရာ‌ရည်လာကမ်းလေသည်။လုပ်အားပေးထားတာလည်း အနည်းငယ်ကြာနေပြီဖြစ်သောကြောင့် လူကပင်ပန်းလာရာ  ခွက်ကိုလှမ်းယူလိုက်ပြီး မတ်တတ်ရပ်လျှက်ပင် သံပုရာရည်ကို သောက်နေလိုက်သည်။


"ဆရာ့ဆီမှာ ကျူရှင်တက်နေတယ်လို့ကြားတယ်...

ဆရာကအသင်အပြကောင်းလား...."


"ဟင်...ဘယ်ဆရာကိုပြောတာလဲ...."


"‌ဆရာနေမျိုးလေ...."


"အော်...ဆရာကအသင်အပြကောင်းပါတယ်...

စိတ်လည်းအရမ်းရှည်တယ်...ငါတို့ကိုဆိုတစ်ခါမှ

မရိုက်ဘူး...အလကားသင်ပေးရတာပေမဲ့ 

စာနားမလည်ရင် အခေါက်တစ်ရာလောက်မေးလည်း လုံး၀စိတ်မဆိုးဘူး....စိတ်ရှည်လက်ရှည်နဲ့ကိုရှင်းပြပေးတယ်...ဒါတင်မကသေးပဲ ငါတို့မှာမရှိတဲ့စာအုပ်တွေကိုပါ သူ့ဘက်ကနေအကုန်အကျခံပြီး

၀ယ်ပေးသေးတာ...အင်္ဂလိပ်စာဆိုလည်း အလွတ်ကျက်တာမျိုးထက် ကိုယ်တိုင်စနစ်တကျဖတ်တတ်အောင် သင်ပေးတာ.."


"အဟင်း...နင်ကဆရာနေမျိုးကိုသိပ်လေးစားပုံရတယ်...ငါမေးလိုက်တာကနည်းနည်းလေး နင်ဖြေတာက ငါတောင်ဆရာနေမျိုးဆီမှာ စာလာသင်ချင်စိတ်ပေါက်သွားတယ်..."


ဟုတ်သားပဲ...။သူမေးလိုက်တာက တစ်ခွန်းတည်းရယ်။ပုံရိပ်ဖြေလိုက်မိတာကအများကြီးဖြစ်နေသည်။သူစိမ်းတွေနှင့် ဒီလောက်စကားရှည်ရှည်ဝေးဝေးမပြောတတ်ပေမဲ့ ဆရာ့အကြောင်းကိုမေးလာသည့်အခါမှာတော့ ပုံရိပ်၏လျှာဖျားသည် မသိလိုက်ခင်မှာပဲ အလိုလိုလှုပ်ခါသွားလျှက် 

ဆရာ့ကောင်းကြောင်းတွေကို ချက်ကျလက်ကျပြောနေမိသည်။


ဆရာသည်ပုံရိပ်အတွက် အဲ့သည်လောက်အထိ လေးနက်သောနာမ်စားဖြစ်သွားမိပြီဆိုတာ ပုံရိပ်

မထင်မှတ်ထားခဲ့မိပေ။

ပုံရိပ်ဆရာ့ကို အင်မတန်ယုံကြည်လေးစားနေမိပါပြီ။

ထိုကောင်လေး၏ စကားကြောင့်ပုံရိပ် 

ခပ်တွေးတွေးဖြစ်သွားလျှက် ပြုံးလိုက်မိစဉ် လက်ကောက်၀တ်အား တစ်ယောက်ယောက်က ကြမ်းတမ်းစွာ ထိတွေ့လျှက်ခေါ်ဆောင်သွားခဲ့လေသည်။


ပုံရိပ်မရုန်းမိခြင်းဟာ ထိုသူသည် ဘယ်သူဘယ်ဝါမှန်းသိသောကြောင့်ပင်ဖြစ်သည်။

သို့ပေမဲ့ သူဘာကြောင့် ဒီလိုကြမ်းတမ်းစွာ 

တဇွတ်ထိုးလုပ်ရပ်ကိုလုပ်ရသလဲဆိုတာတော့ 

ပုံရိပ်နားမလည်ပေ။

ဘုရားရင်ပြင်ပေါ်တွင်လည်း တရားနာဖို့နေရာယူထားသူတွေနှင့် ပြည့်နှက်နေသောကြောင့် 

သူသည်ဆရာတော်ကြွလာနိုင်မည့် လမ်းဘက်သို့ ဆွဲခေါ်လာပြီးလျှင် ဝါးနက်ပင်တွေအုံခဲသော 

နေ‌ရာအရာက်တွင် သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။


"ဟိန်းကို နင်ဘာဖြစ်လာတာလဲ...ငါ့ကိုဘာလို့

ဒီနေရာခေါ်လာရတာလဲ...."


"ဒီလိုမဖြစ်စေချင်ရင် နင်ဘာဖြစ်လို့ငါတိုက်တဲ့အအေးကိုမသောက်လဲ...."


"ငါမသောက်ချင်သေးလို့ပေါ့...."


"ဒါဆိုရင် ဟိုကောင်တိုက်တဲ့အအေးကိုကြ 

ဘာလို့သောက်ရတာလဲ...."


"ဟာ...ငါမောလို့အမောပြေအောင်သောက်လိုက်တာပေါ့...."


"မရဘူး...နင်နောက်တစ်ခါသူများပေးတဲ့ အအေးကိုမသောက်ရဘူး...."


ထူးဆန်းလွန်းသည့် ဟိန်းကို၏အမိန့်ဆန်ဆန်စကားလုံးကြောင့် ပုံရိပ်အံ့ဩယူမိလေသည်။

သူပေးတဲ့အချိန်မှာ သောက်ချင်စိတ်မရှိ၍

ငြင်းခဲ့မိပေမဲ့ အခြားတစ်ယောက်ကလာတိုက်တော့ မောနေ၍ယူသောက်လိုက်မိသည်။


ဒါဂာမကျေမနပ်ဖြစ်စရာကိစ္စမှမဟုတ်ပဲ။

ပုံမှန်သူငယ်ချင်းတွေကြားမှာ သည်ကိစ္စက အငြင်းပွားစရာမှမဟုတ်တာ။

ကိုယ်ဟာ သူပိုင်သည့် ရုပ်၀တ္ထုလိုလာ‌ပြောနေတာတော့ မကြိုက်ပေ။

အအေးသောက်တာတောင် ကိုယ့်စိတ်နှင့်ကိုယ်

မသောက်ရပဲ သူ့အမိန့်ကိုစောင့်ရမည့်သဘောဖြစ်နေသည်။


ဟိန်းကို၏မျက်နှာကိုကြည့်လိုက်မိတော့ 

ကိစ္စသေးသေးလေးအတွက် အမှန်အကန်ဒေါသထွက်နေပုံပေါ်သည်။သူနှင့်ပထမဆုံးစတွေ့တုန်းက မိုးရေထဲတွင် သူ့မျက်လုံးတွေသည် မီးထတောက်မတတ် နီရဲသောသဏ္ဍန်ထင်ပေါ်ခဲ့သည်။ 


ယခုလည်း ထိုကဲ့သို့ပင်။လမ်းတွင် ထွန်းထားသော နီယွန်မီး၏အရောင်သည် သူ့မျက်လုံးသို့ရိုက်ခက်သောကြောင့် ဘီလူးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းသွားသလားမှတ်ရသည်။

လူတိုင်းတွင် မျက်နှာဖုံးကိုယ်စီရှိမည်ဆိုပါက 

သူ့မျက်နှာဖုံးအောက်တွင် ဘာတွေဖုံးကွယ်ထားသလဲသိချင်မိသည်။


အရင်က မကောင်းသောအရာတွေသာ လုပ်တတ်သော လူဆိုး၊လူပေလေးဟာ ပန်းကလေးတစ်ပွင့်ကို ကောက်ကိုင်လိုက်တိုင်း နူးညံ့တတ်သွားပြီဟု အမြင်မှားခဲ့လေသည်။

အခုတော့ သူတိုက်သည့်အအေးမဟုတ်ပဲ သူများပေးသည့် အအေးကိုသောက်မိ၍ ဒေါသထွက်ရပါသည်တဲ့။ပုံရိပ်ဟာ သူ့အပိုင်မှမဟုတ်ပဲ ။

ဘာလို့အတ္တသိပ်ကြီးရသလဲမသိပေ။

 ပုံရိပ်၏မိဘတွေတောင် ဒီလိုအတ္တမကြီးဘူး။


"ပုံရိပ် နင်နောက်တစ်ခါဆရာနေမျိုးကလွဲပြီး ဘယ်ကောင်နဲ့မှ မပတ်သတ်နဲ့ကြားလား..."


"အံ့ဩပါရဲ့ဟယ်...နင်ကငါ့မိဘမို့လို့ငါ့ကို လာအမိန့်ပေးနေတာလား...လုပ်အားပေးအချင်းချင်းအအေးတိုက်လို့ သောက်တဲ့ကိစ္စက အဲ့လောက်တောင်အပြစ်ကြီးသွားရတာလား...ငါနားမလည်တော့ဘူး

...နင်ဘာတွေဖြစ်နေတာလဲ...."


"ပုံရိပ်...နင်နားမလည်ပဲနဲ့မပြောနဲ့ ယဉ်ယဉ်ကျေးကျေး၀တ်စားပြီး လုပ်အားလာပေးတိုင်း

လူကောင်းမဟုတ်ဘူးဟ...သိရဲ့လား..."


"သူများသားသမီးကိုဟယ်...."


ပုံရိပ်သူ့ကိုအပြစ်တင်သလို ကြည့်လိုက်မိတော့ ဟိန်းကိုသည် ပုံရိပ်၏အကြည့်တွေကိုမခံနိုင်စွာ မျက်နှာလွှဲသွားလေသည်။


"ငါ...သူများသားသမီးကိုမစာမနာပြောနေတာမဟုတ်ဘူး...အမှန်အတိုင်းပြောနေတာ အဲ့ကောင်အကြောင်းကိုငါအသိဆုံး...ငါအရင်ကဘယ်လောက်ဆိုးသလဲ မိုက်သလဲဆိုတာ

 နင်အသိဆုံးဖြစ်မှာပါ...ဒါပေမဲ့ဒီကောင်က

 ငါ့ထက်ပိုပွေးတယ်.....အဲ့ကောင်ကဟိုဘက် (၁၂)ကျောင်းကကောင် သူတို့ကျောင်းမှာဇိုးသိရဲ့လား...

ရုပ်ကြည့်တော့သာမခုတ်တတ်သလိုနဲ့....ဟိုတစ်ခါသူတို့ကျောင်းမှာ ဓားထိုးမှုဖြစ်တာ 

တရားခံကဒင်းပဲ...မိဘတွေက အရာရှိတွေမို့ 

ဖုံးနိုင်ဖိနိုင်လွန်းတာရော ခံရတဲ့ကောင်ကယှက်ထိသွားတာရယ်ကြောင့်သာ ဒီကောင်လွတ်သွားတာ..."


"ဟယ်...အဲ့လောက်တောင်ပဲလား...."


"အဲ့ထက်တောင်ဆိုးသေးတယ်...ငါတော့မပါ

လိုက်ပေမဲ့ တစ်ခါငါ့သူငယ်ချင်းတွေနဲ့ ချိန်းပွဲချတာဒီကောင်တွေဘက်က အရင်စတာလေ...

သူကြောင်နေတဲ့ကောင်မလေးကို ငါ့သူငယ်ချင်းကရည်းစားစကားပြောလို့တဲ့...."


"အမယ်လေး...တော်ပါတော့ တော်ပါတော့

ကြားရတာ နှလုံးရောဂါတောင်ရချင်နေပြီ...

အမျိုးစုံကိုကြိုးခုန်နေတော့တာပဲ...."


ပုံရိပ်သည် လက်တကာကာဖြင့် မျက်နှာကြီးရှုံ့မဲ့၍ထားမိတော့ ဟိန်းကိုသည်သူ၏နှုတ်ခမ်းထူထူတို့ ကွေးညွှတ်တက်သွားသည်အထိ

ရယ်လိုက်သည်။

တကယ်ပါပဲ။သူတို့ဟာက ချိန်းပွဲတွေရော ရည်းစားလုတာတွေရော စုံနေလိုက်တာ။ဒီအရွယ်လေးတွေနဲ့ ရည်းစားကိစ္စရန်ဖြစ်ရတယ်လို့။

ပုံရိပ်တို့ဆို  သမီးရည်းစားကိစ္စဆိုတာ ကိုယ်နှင့်

ဘာမျှမဆိုင်သလို သဘောထားမိတာပါ။


"ဟဲ့....ခုဏက အဲ့ကောင်လေးလေ...ငါ့ကိုဆရာနေမျိုးက အသင်အပြကောင်းလားဆိုပြီး လာမေးတယ်....ငါလည်းဆရာအသင်အပြကောင်းတာတွေကို သေချာရှင်းပြလိုက်မိတယ်...တော်ကြာဆရာ့ဆီမှာ စာလာသင်နေမှ ဒုက္ခ...."


"မဖြစ်နိုင်တာဟာ...သူကအခုနာမည်ကြီးကျူရှင်မှာတတ်နေတာလေ....တစ်လကိုသိန်းချီပေးရတဲ့

ကျူရှင်‌မှာတတ်နေတဲ့ကောင်က ဆရာ့ဆီဘာလာလုပ်မှာတုန်း...သူ့မိဘတွေကလည်းသဘောတူမှာ မဟုတ်ဘူး...အဲ့ဒါနင့်ကို တမင်လာရောတာသိရဲ့လား...နင်နော်....လူကဲခက်အင်မတန်ညံ့တယ်..."


"မသိဘူးလေဟယ်...ငါလဲ..."


ပုံရိပ်လည်း ခေါင်းကုတ်ပြီး စိတ်ညစ်သွားမိသည်။

ဟိန်းကိုပြောပုံအရဆိုရင် ဒီကောင်လေးကတော်တော်ဆိုးမဲ့ပုံပဲ။သူ့သတင်းကို နားထောင်ရုံနှင့်တင် ကြက်သီးကထချင်ချင်ဖြစ်နေသည်။

ပုံရိပ်ကို တမင်လာရောတာဆိုရင် ဘယ်နှယ့်လုပ်ပါ့မလဲ။


အင်း...ကိုယ်ကလည်းစိတ်ဆက်တော့ ပြဿနာလာရှာရင်တော့ သူတစ်ပြန်ကိုယ်တစ်ပြန်ဖြစ်မိမှာပဲ။

အဲ့လိုဆိုရင် မကျေနပ်လို့ သူ့ကျောင်းက 

ကောင်လေလို ဓားနဲ့လာထိုးမှ ဒုက္ခပဲဟုတွေးမိရင်း

ဗိုက်ကျောတွေတောင် နာချင်လာတယ်။


"အဲ့ကောင်က နင့်ကိုမျက်စိကျနေသလားမသိဘူး..."


"ဖွဟယ်...လွဲပါစေဟယ်...."


"ဘာအခုမှလွဲပါစေလည်း....ခုနတုန်းကတော့ သူပဲသွားဖြဲပြခဲ့ပြီးတော့..."


"အဲ့ဒါကမသိလို့လေဟယ်....ဒီလိုမှန်းသိရင်ဘယ်စကားပြောမှာလဲ...နေပါအုံး...သူနဲ့ငါကရန်ဖြစ်ခဲ့တာလည်းမဟုတ်ဘူး...ဒီတိုင်းစကားလေးတစ်ခွန်းလောက်ပြောရုံနဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး..."


"ဒါတော့ငါကသူ့စိတ်ကိုမှမသိပဲ...."


"ဒါဆိုရင် ဒီလိုလုပ်ဟယ်..နင်နဲ့ငါကျောင်းသွား၊ကျောင်းပြန် အတူသွားရအောင်....ခုရက်ပိုင်းပါပဲ..

ကူညီပါဟာနော်..."


"အော်...ကြောက်တတ်လိုက်တာလည်းလွန်ရော..."


"ကြောက်တာမဟုတ်ပါဘူးဟယ်....လက်နက်မပါပဲ

တစ်ယောက်ချင်းဆိုရင်တော့ နပန်းဖက်လုံးလဲ

ငါမရှက်ဘူး....

လက်နက်တွေဘာတွေပါလာမှာစိုးလို့ပါ...."


"အေးပါ...မယ်မင်းကြီးမရယ်...ခုဏကတော့သူပဲရန်တွေ့ပြီး အခုကြတော့ယုန်သူငယ် လည်၀ပ်စင်း

ရမှာစိုးလို့ အသနားခံနေလိုက်တာများ

...မျက်နှာငယ်နဲ့...."


"နင်ကငါ့ကို အေးဆေးမပြောပဲ ဘယ်ကောင်တိုက်တဲ့အအေးမှာ မသောက်ရဘူးဘာဘူးနှင့် အမိန့်ပေးတာကို.."


အမှန်တွင် ဟိန်းကိုသည် ပုံရိပ်ကိုဘယ်ကောင်လေးနှင့်မျှ စကားပြောတာမကြိုက်သည်ကတော့အမှန်ဖြစ်သည်။

ဘာကြောင့်မှန်းမသိပေမဲ့ သူနဲ့သာသူငယ်ချင်းဖြစ်စေချင်သည်။ဆရာနေမျိုးကလွဲ၍ အခြားကောင်တွေနှင့် ပတ်သတ်မည်ကို သူမလိုလားပေ။

အမှန်တော့ ဆရာနေမျိုးဆီကိုလည်း 

ဒီကောင်မလေးကြောင့်သာရောက်လာခဲ့ခြင်းဖြစ်သည်။ဒီကောင်မလေးကတော့ ဘယ်သိပါ့မလဲ။


သွားတန်းလေးတွေပေါ်အောက်အထိ ရယ်လိုက်သောဟိန်းကိုသည် ဒီတစ်ခါတော့ သဘောထားနူးညံ့မှုများ သူ့မျက်၀န်းတွင်အထင်းသားပေါ်လာသည်။သူ၏ညာဘက် မျက်ခုံးထောင့်တွင်အမာရွတ်တစ်ခုရှိနေပြီး သူ့မျက်၀န်းတွေလျှက်နီရောင်သန်းသွားတတ်သည့်အခါ  ပိုအကျည်းတန်စေသည်။

ဂရုဏာရိပ်သန်း၍ ကြည်လင်နေသောအခါတွင်တော့ မျက်ခုံးထောင့်ရှိအမာရွတ်လေးကသနားစရာကောင်းလွန်းနေသည်။


"ဟာ....ဆရာတော်ကြီးကြွလာပြီ....."


စက်ဆရာသည် တရားဟောမည့်ဆရာတော်ကြီးသံဃာစင်ပေါ်သို့ ကြွလာသောကြောင့် ဗျောသံစဉ်ကို ဖွင့်လေသည်။ဆရာတော်ကြီး၏ အနောက်ပါးတွင်တော့ ခေါင်းပေါင်းဆောင်းထားသော လူကြီးအချို့ကလည်း အလံတိုင်များကိုင်လျှက် 

လိုက်ပါလာကြသည်။

ထူးဆန်းသည်က ဆရာတော်ကြီး၏နောက်ပါးတွင် လက်အုပ်ချီလျှက်ဖြင့် ကျက်သရေခေါင်းပေါင်းကို ဆောင်းပြီးလိုက်ပါလာသော လူကြီးကိုပုံရိပ်

တစ်နေရာရာမှာ မြင်ဖူးသလိုဖြစ်နေသည်။


ဒီရပ်ကွက်ထဲကလည်း မဟုတ်သလို၊အလှူရှင်တွေထဲကလည်း မဟုတ်ဘူး။အသက်ကြီးနေပြီဆိုပေမဲ့ လူကြီးလူကောင်းပီသသောရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ရုတ်တရက်ပုံရိပ်၏ အာရုံထဲတွင်ပေါ်လာသည်က အဖေ့ပုံရိပ်တွေဖြစ်နေသည်။

"ဟုတ်တယ် ဒီဦးလေးက အဖေနဲ့သိပ်တူတယ်.."

အသားညိုတာနဲ့ ဖြူတာပဲကွာသွားခြင်းပင်။


ထိုအချိန်မှာ လက်အုပ်ချီနေရင်းနှင့် ဘုရားကြီး၏

ဟိုဘက်အလွန်သို့ အကြည့်ရောက်သွားသည့် 

ပုံရိပ်သည် ကျောင်းမုခ်ဦးသို့ ခြေလှမ်းသွက်သွက်ဖြင့် သွားနေသောအဒေါ့်ကိုမြင်လိုက်ရ၍ 

စိတ်ထဲတွင် ထင့်ခနဲဖြစ်သွားမိသည်။

အဒေါ်ကတရားမနာပဲ ဘာကြောင့်အိမ်ကိုပြန်မှာပါလိမ့်။

ပုံရိပ်လည်း လူကြားထဲမှဖြတ်၍ပြေးလိုက်ပေမဲ့

 အဒေါ့်ကိုမမှီတော့ပေ။


အကျိုးအကြောင်းကိုသိချင်၍ မီးဖိုဆောင်ဘက်သို့ပြေးသွားလိုက်သည်။မီးဖိုဆောင်ထဲတွင်လည်း တရားနာရန်ထွက်သွားနှင့်ကြပြီထင်ပါရဲ့ 

လူနှစ်ယောက်သုံးယောက်သာကျန်တော့သည်။


"ဒေါ်ကြီး...သမီးအဒေါ်ဘာလို့ထွက်သွားတာလဲ..."


အဒေါ်ကြီးက ဟင်းအိုးကိုဇွန်းခွက်ကြီးဖြင့်မွှေနှောက်လိုက်ပြီးနောက် ပုံရိပ်ကိုလှည့်ကြည့်လာသည်။


"ညည်းအဒေါ်ရဲ့လင် လူမိုက်ကြီးကိုသက်ဆွေ

ပြန်ရောက်နေလို့တဲ့ဟေ....အပျိုကြီးလာပြောတာ

နဲ့ သူလည်းပြန်သွားပြီ..."


"ဦးသက်ဆွေ....ပြန်လာပြီ....."


ထိုနေရာမှာတင် ပုံရိပ်၏ခြေထောက်တွေယိုင်နဲ့

လျှက် ခွေကျချင်သွားမိသည်။မေ့ပစ်ထားခဲ့သည့် အတိတ်တို့သည်လည်း တရစ်ရစ်၀င်ရောက်လာခဲ့သည်။ဦးသက်ဆွေပြန်လာပြီတဲ့။

ပုံရိပ်၏ ကြောင်လေးကို မညှာမတာသတ်ဖြတ်ခဲ့တဲ့လူပြန်လာပြီ။

ပုံရိပ်သိပ်မုန်းတဲ့လူပြန်လာပြီ။ပျော်ရွှင်နေတဲ့ ပုံရိပ်တို့ရဲ့မိသားစုလေးကို သူပြန်လာပြီးမွှေနှောက်တော့မှာပေါ့။အေးချမ်းနေသည့် အဒေါ့်ဘ၀ကို အနာတရတွေ သူထပ်ပြီးလာပေးတော့မှာပေါ့။


လေးလံ၍ မှိုင်းထိုင်းသောခြေလှမ်းတို့ဖြင့် ကျောင်း၀န်းကြီးအား ကျောခိုင်းသွား‌ခဲ့သောပုံရိပ်သည် သူ့အဖေနှင့်ရုပ်ချင်းဆင်တူသော 

ဦးလေးအရင်းဖြစ်သူ ဆရာ၀န်ကြီးဦးမင်းခန့်နှင့်တော့ လွဲချော်သွားခဲ့ရလေသည်။


(ကဲ ရာဇ၀တ်အိုးကြီးတော့ ပြန်ရောက်လာပါပြီ...)


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၁၇)🔥  ဒုတိယပိုင္း 




"ေအး...သမီးေရ....ခါးကနာေနေတာ့ ေလ်ွာက္ရတာေမာေနၿပီ....ေနရာေလးရွာေပးပါအံုးကြယ္....


အဖြားထိုင္ခ်င္လို႔..."




"နဂါးရံုဘုရားေဘးက ဆုေတာင္းျပၫ့္ဘုရားကိုသြားမယ္အဖြား...အဲ့မွာအမိုးရိွတယ္...ႂကြေျပားလည္းခင္းထားေတာ့ ေအးတယ္..."




"ေအး...ေအး....ေက်းဇူးပါပဲကြယ္..."




အဖြားကို ဆုေတာင္းျပၫ့္ဘုရားဆင္းတုေထာ္ထားရိွရာ တန္ေဆာင္းထဲသို႔ ေခၚခဲ့ကာေနရာအလြတ္တြင္ထိုင္ခိုင္းလိုက္သည္။ထိုေနရာတြင္ ထိုင္ေနၾကေသာလူအမ်ားစုက သက္ႀကီးရြယ္အိုေတြမ်ားေသာေၾကာင့္ ဒီဘက္အျခမ္းကေတာ့‌ ဆူညံမႈ


သိပ္မရိွပဲ ေအးၿငိမ္းသည္။ရုတ္တရက္ ပခံုးကိုလာပုတ္လိုက္ေသာေၾကာင့္ လွၫ့္ၾကၫ့္လိုက္မိေတာ့ ဟိန္းကိုျဖစ္ေနသည္။သူ႔လက္ထဲတြင္ အေအးဗူးေတြကိုင္ထားေလသည္။ေကာက္ၫွင္းထုတ္ေတြကေတာ့ ကုန္သြားၿပီထင္ပါရဲ့။




"ဟိန္းကိုဒီအဖြားကို အေအးတစ္ဗူးေလာက္ေပးလိုက္အံုး..."




"ေအး...နင္ေရာေသာက္အံုးမလား..."




"မေသာက္ေတာ့ပါဘူး...."




လူအသြားအလာကလည္း ၿငိမ္သြားသလို ရွစ္နာရီလည္းထိုးေတာ့မည္ျဖစ္ေသာေၾကာင့္တရားပဲြလည္းစေတာ့မည္ျဖစ္သည္။တရားေဟာမၫ့္ဆရာေတာ္ႀကီးကေတာ့ ေရာက္ႏွင့္ေနေပမဲ့ တရားပဲြက


နဂါးဘုရား‌ရိွသၫ့္ ကြင္းျပင္ဘက္တြင္က်င္းပ၍ 


ပင္မေက်ာင္းေဆာင္ဘက္မွကားေတြ၀င္သြားတာကိုေတြ့လိုက္ရသည္ ။




တရားေဟာဖို႔ ႂကြလာမည္ဆိုပါက ကြင္းျပင္၏


ေဘးဘက္ရိွ ဘုရားႀကီး၏ေတာင္ဘက္အျခမ္း လမ္းေလးထဲမွေကြ့၍ႂကြလာႏိုင္သည္။


တရားျပမၫ့္ ဆရာေတာ္ႀကီးသည္ မႏၲေလးဘက္မျွဖစ္ၿပီး ပံုရိပ္တို႔၏ေက်ာင္းထိုင္ႀကီးႏွင့္ ရင္းႏွီး၍


ပင့္ဖိတ္၍ ရျခင္းဟုဆိုသည္။


တီဗီြေတြထဲတြင္ ဆရာေတာ္၏တရားကိုခဏခဏလႊင့္၍ အင္မတန္နာမည္ႀကီးလွသည္။




"ပံုရိပ္....အေအးေလး...ေသာက္လိုက္ပါလား...."




ပံုရိပ္တို႔ႏွင့္ ရြယ္တူေကာင္ေလးတစ္ေယာက္သည္ ပလက္စတစ္ခ္ခြက္ေလးႏွင့္ သံပုရာ‌ရည္လာကမ္းေလသည္။လုပ္အားေပးထားတာလည္း အနည္းငယ္ၾကာေနၿပီျဖစ္ေသာေၾကာင့္ လူကပင္ပန္းလာရာ  ခြက္ကိုလွမ္းယူလိုက္ၿပီး မတ္တတ္ရပ္လ်ွက္ပင္ သံပုရာရည္ကို ေသာက္ေနလိုက္သည္။




"ဆရာ့ဆီမွာ က်ူရွင္တက္ေနတယ္လို႔ၾကားတယ္...


ဆရာကအသင္အျပေကာင္းလား...."




"ဟင္...ဘယ္ဆရာကိုေျပာတာလဲ...."




"‌ဆရာေနမ်ိဳးေလ...."




"ေအာ္...ဆရာကအသင္အျပေကာင္းပါတယ္...


စိတ္လည္းအရမ္းရွည္တယ္...ငါတို႔ကိုဆိုတစ္ခါမွ


မရိုက္ဘူး...အလကားသင္ေပးရတာေပမဲ့ 


စာနားမလည္ရင္ အေခါက္တစ္ရာေလာက္ေမးလည္း လံုး၀စိတ္မဆိုးဘူး....စိတ္ရွည္လက္ရွည္နဲ႔ကိုရွင္းျပေပးတယ္...ဒါတင္မကေသးပဲ ငါတို႔မွာမရိွတဲ့စာအုပ္ေတြကိုပါ သူ႔ဘက္ကေနအကုန္အက်ခံၿပီး


၀ယ္ေပးေသးတာ...အဂၤလိပ္စာဆိုလည္း အလြတ္က်က္တာမ်ိဳးထက္ ကိုယ္တိုင္စနစ္တက်ဖတ္တတ္ေအာင္ သင္ေပးတာ.."




"အဟင္း...နင္ကဆရာေနမ်ိဳးကိုသိပ္ေလးစားပံုရတယ္...ငါေမးလိုက္တာကနည္းနည္းေလး နင္ေျဖတာက ငါေတာင္ဆရာေနမ်ိဳးဆီမွာ စာလာသင္ခ်င္စိတ္ေပါက္သြားတယ္..."




ဟုတ္သားပဲ...။သူေမးလိုက္တာက တစ္ခြန္းတည္းရယ္။ပံုရိပ္ေျဖလိုက္မိတာကအမ်ားႀကီးျဖစ္ေနသည္။သူစိမ္းေတြႏွင့္ ဒီေလာက္စကားရွည္ရွည္ေဝးေဝးမေျပာတတ္ေပမဲ့ ဆရာ့အေၾကာင္းကိုေမးလာသၫ့္အခါမွာေတာ့ ပံုရိပ္၏လ်ွာဖ်ားသည္ မသိလိုက္ခင္မွာပဲ အလိုလိုလႈပ္ခါသြားလ်ွက္ 


ဆရာ့ေကာင္းေၾကာင္းေတြကို ခ်က္က်လက္က်ေျပာေနမိသည္။




ဆရာသည္ပံုရိပ္အတြက္ အဲ့သည္ေလာက္အထိ ေလးနက္ေသာနာမ္စားျဖစ္သြားမိၿပီဆိုတာ ပံုရိပ္


မထင္မွတ္ထားခဲ့မိေပ။


ပံုရိပ္ဆရာ့ကို အင္မတန္ယံုၾကည္ေလးစားေနမိပါၿပီ။


ထိုေကာင္ေလး၏ စကားေၾကာင့္ပံုရိပ္ 


ခပ္ေတြးေတြးျဖစ္သြားလ်ွက္ ႃပံုးလိုက္မိစဉ္ လက္ေကာက္၀တ္အား တစ္ေယာက္ေယာက္က ၾကမ္းတမ္းစြာ ထိေတြ့လ်ွက္ေခၚေဆာင္သြားခဲ့ေလသည္။




ပံုရိပ္မရုန္းမိျခင္းဟာ ထိုသူသည္ ဘယ္သူဘယ္ဝါမွန္းသိေသာေၾကာင့္ပင္ျဖစ္သည္။


သို႔ေပမဲ့ သူဘာေၾကာင့္ ဒီလိုၾကမ္းတမ္းစြာ 


တဇြတ္ထိုးလုပ္ရပ္ကိုလုပ္ရသလဲဆိုတာေတာ့ 


ပံုရိပ္နားမလည္ေပ။


ဘုရားရင္ျပင္ေပၚတြင္လည္း တရားနာဖို႔ေနရာယူထားသူေတြႏွင့္ ျပၫ့္ႏွက္ေနေသာေၾကာင့္ 


သူသည္ဆရာေတာ္ႂကြလာႏိုင္မၫ့္ လမ္းဘက္သို႔ ဆဲြေခၚလာၿပီးလ်ွင္ ဝါးနက္ပင္ေတြအံုခဲေသာ 


ေန‌ရာအရာက္တြင္ သူ႔ေျခလွမ္းေတြကို ရပ္တန႔္လိုက္သည္။




"ဟိန္းကို နင္ဘာျဖစ္လာတာလဲ...ငါ့ကိုဘာလို႔


ဒီေနရာေခၚလာရတာလဲ...."




"ဒီလိုမျဖစ္ေစခ်င္ရင္ နင္ဘာျဖစ္လို႔ငါတိုက္တဲ့အေအးကိုမေသာက္လဲ...."




"ငါမေသာက္ခ်င္ေသးလို႔ေပါ့...."




"ဒါဆိုရင္ ဟိုေကာင္တိုက္တဲ့အေအးကိုၾက 


ဘာလို႔ေသာက္ရတာလဲ...."




"ဟာ...ငါေမာလို႔အေမာေျပေအာင္ေသာက္လိုက္တာေပါ့...."




"မရဘူး...နင္ေနာက္တစ္ခါသူမ်ားေပးတဲ့ အေအးကိုမေသာက္ရဘူး...."




ထူးဆန္းလြန္းသၫ့္ ဟိန္းကို၏အမိန႔္ဆန္ဆန္စကားလံုးေၾကာင့္ ပံုရိပ္အံ့ဩယူမိေလသည္။


သူေပးတဲ့အခ်ိန္မွာ ေသာက္ခ်င္စိတ္မရိွ၍


ျငင္းခဲ့မိေပမဲ့ အျခားတစ္ေယာက္ကလာတိုက္ေတာ့ ေမာေန၍ယူေသာက္လိုက္မိသည္။




ဒါဂာမေက်မနပ္ျဖစ္စရာကိစၥမွမဟုတ္ပဲ။


ပံုမွန္သူငယ္ခ်င္းေတြၾကားမွာ သည္ကိစၥက အျငင္းပြားစရာမွမဟုတ္တာ။


ကိုယ္ဟာ သူပိုင္သၫ့္ ရုပ္၀တၴုလိုလာ‌ေျပာေနတာေတာ့ မႀကိဳက္ေပ။


အေအးေသာက္တာေတာင္ ကိုယ့္စိတ္ႏွင့္ကိုယ္


မေသာက္ရပဲ သူ႔အမိန႔္ကိုေစာင့္ရမၫ့္သေဘာျဖစ္ေနသည္။




ဟိန္းကို၏မ်က္ႏွာကိုၾကၫ့္လိုက္မိေတာ့ 


ကိစၥေသးေသးေလးအတြက္ အမွန္အကန္ေဒါသထြက္ေနပံုေပၚသည္။သူႏွင့္ပထမဆံုးစေတြ့တုန္းက မိုးေရထဲတြင္ သူ႔မ်က္လံုးေတြသည္ မီးထေတာက္မတတ္ နီရဲေသာသ႑န္ထင္ေပၚခဲ့သည္။ 




ယခုလည္း ထိုကဲ့သို႔ပင္။လမ္းတြင္ ထြန္းထားေသာ နီယြန္မီး၏အေရာင္သည္ သူ႔မ်က္လံုးသို႔ရိုက္ခက္ေသာေၾကာင့္ ဘီလူးတစ္ေကာင္ကဲ့သို႔ အသြင္ေျပာင္းသြားသလားမွတ္ရသည္။


လူတိုင္းတြင္ မ်က္ႏွာဖံုးကိုယ္စီရိွမည္ဆိုပါက 


သူ႔မ်က္ႏွာဖံုးေအာက္တြင္ ဘာေတြဖံုးကြယ္ထားသလဲသိခ်င္မိသည္။




အရင္က မေကာင္းေသာအရာေတြသာ လုပ္တတ္ေသာ လူဆိုး၊လူေပေလးဟာ ပန္းကေလးတစ္ပြင့္ကို ေကာက္ကိုင္လိုက္တိုင္း ႏူးညံ့တတ္သြားၿပီဟု အျမင္မွားခဲ့ေလသည္။


အခုေတာ့ သူတိုက္သၫ့္အေအးမဟုတ္ပဲ သူမ်ားေပးသၫ့္ အေအးကိုေသာက္မိ၍ ေဒါသထြက္ရပါသည္တဲ့။ပံုရိပ္ဟာ သူ႔အပိုင္မွမဟုတ္ပဲ ။


ဘာလို႔အတၲသိပ္ႀကီးရသလဲမသိေပ။


 ပံုရိပ္၏မိဘေတြေတာင္ ဒီလိုအတၲမႀကီးဘူး။




"ပံုရိပ္ နင္ေနာက္တစ္ခါဆရာေနမ်ိဳးကလဲြၿပီး ဘယ္ေကာင္နဲ႔မွ မပတ္သတ္နဲ႔ၾကားလား..."




"အံ့ဩပါရဲ့ဟယ္...နင္ကငါ့မိဘမို႔လို႔ငါ့ကို လာအမိန႔္ေပးေနတာလား...လုပ္အားေပးအခ်င္းခ်င္းအေအးတိုက္လို႔ ေသာက္တဲ့ကိစၥက အဲ့ေလာက္ေတာင္အျပစ္ႀကီးသြားရတာလား...ငါနားမလည္ေတာ့ဘူး


...နင္ဘာေတျြဖစ္ေနတာလဲ...."




"ပံုရိပ္...နင္နားမလည္ပဲနဲ႔မေျပာနဲ႔ ယဉ္ယဉ္ေက်းေက်း၀တ္စားၿပီး လုပ္အားလာေပးတိုင္း


လူေကာင္းမဟုတ္ဘူးဟ...သိရဲ့လား..."




"သူမ်ားသားသမီးကိုဟယ္...."




ပံုရိပ္သူ႔ကိုအျပစ္တင္သလို ၾကၫ့္လိုက္မိေတာ့ ဟိန္းကိုသည္ ပံုရိပ္၏အၾကၫ့္ေတြကိုမခံႏိုင္စြာ မ်က္ႏွာလႊဲသြားေလသည္။




"ငါ...သူမ်ားသားသမီးကိုမစာမနာေျပာေနတာမဟုတ္ဘူး...အမွန္အတိုင္းေျပာေနတာ အဲ့ေကာင္အေၾကာင္းကိုငါအသိဆံုး...ငါအရင္ကဘယ္ေလာက္ဆိုးသလဲ မိုက္သလဲဆိုတာ


 နင္အသိဆံုးျဖစ္မွာပါ...ဒါေပမဲ့ဒီေကာင္က


 ငါ့ထက္ပိုေပြးတယ္.....အဲ့ေကာင္ကဟိုဘက္ (၁၂)ေက်ာင္းကေကာင္ သူတို႔ေက်ာင္းမွာဇိုးသိရဲ့လား...


ရုပ္ၾကၫ့္ေတာ့သာမခုတ္တတ္သလိုနဲ႔....ဟိုတစ္ခါသူတို႔ေက်ာင္းမွာ ဓားထိုးမႈျဖစ္တာ 


တရားခံကဒင္းပဲ...မိဘေတြက အရာရိွေတြမို႔ 


ဖံုးႏိုင္ဖိႏိုင္လြန္းတာေရာ ခံရတဲ့ေကာင္ကယွက္ထိသြားတာရယ္ေၾကာင့္သာ ဒီေကာင္လြတ္သြားတာ..."




"ဟယ္...အဲ့ေလာက္ေတာင္ပဲလား...."




"အဲ့ထက္ေတာင္ဆိုးေသးတယ္...ငါေတာ့မပါ


လိုက္ေပမဲ့ တစ္ခါငါ့သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းပဲြခ်တာဒီေကာင္ေတြဘက္က အရင္စတာေလ...


သူေၾကာင္ေနတဲ့ေကာင္မေလးကို ငါ့သူငယ္ခ်င္းကရည္းစားစကားေျပာလို႔တဲ့...."




"အမယ္ေလး...ေတာ္ပါေတာ့ ေတာ္ပါေတာ့


ၾကားရတာ ႏွလံုးေရာဂါေတာင္ရခ်င္ေနၿပီ...


အမ်ိဳးစံုကိုႀကိဳးခုန္ေနေတာ့တာပဲ...."




ပံုရိပ္သည္ လက္တကာကာျဖင့္ မ်က္ႏွာႀကီးရႈံ႔မဲ့၍ထားမိေတာ့ ဟိန္းကိုသည္သူ၏ႏႈတ္ခမ္းထူထူတို႔ ေကြးၫႊတ္တက္သြားသည္အထိ


ရယ္လိုက္သည္။


တကယ္ပါပဲ။သူတို႔ဟာက ခ်ိန္းပဲြေတြေရာ ရည္းစားလုတာေတြေရာ စံုေနလိုက္တာ။ဒီအရြယ္ေလးေတြနဲ႔ ရည္းစားကိစၥရန္ျဖစ္ရတယ္လို႔။


ပံုရိပ္တို႔ဆို  သမီးရည္းစားကိစၥဆိုတာ ကိုယ္ႏွင့္


ဘာမ်ွမဆိုင္သလို သေဘာထားမိတာပါ။




"ဟဲ့....ခုဏက အဲ့ေကာင္ေလးေလ...ငါ့ကိုဆရာေနမ်ိဳးက အသင္အျပေကာင္းလားဆိုၿပီး လာေမးတယ္....ငါလည္းဆရာအသင္အျပေကာင္းတာေတြကို ေသခ်ာရွင္းျပလိုက္မိတယ္...ေတာ္ၾကာဆရာ့ဆီမွာ စာလာသင္ေနမွ ဒုကၡ...."




"မျဖစ္ႏိုင္တာဟာ...သူကအခုနာမည္ႀကီးက်ူရွင္မွာတတ္ေနတာေလ....တစ္လကိုသိန္းခ်ီေပးရတဲ့


က်ူရွင္‌မွာတတ္ေနတဲ့ေကာင္က ဆရာ့ဆီဘာလာလုပ္မွာတုန္း...သူ႔မိဘေတြကလည္းသေဘာတူမွာ မဟုတ္ဘူး...အဲ့ဒါနင့္ကို တမင္လာေရာတာသိရဲ့လား...နင္ေနာ္....လူကဲခက္အင္မတန္ညံ့တယ္..."




"မသိဘူးေလဟယ္...ငါလဲ..."




ပံုရိပ္လည္း ေခါင္းကုတ္ၿပီး စိတ္ညစ္သြားမိသည္။


ဟိန္းကိုေျပာပံုအရဆိုရင္ ဒီေကာင္ေလးကေတာ္ေတာ္ဆိုးမဲ့ပံုပဲ။သူ႔သတင္းကို နားေထာင္ရံုႏွင့္တင္ ၾကက္သီးကထခ်င္ခ်င္ျဖစ္ေနသည္။


ပံုရိပ္ကို တမင္လာေရာတာဆိုရင္ ဘယ္ႏွယ့္လုပ္ပါ့မလဲ။




အင္း...ကိုယ္ကလည္းစိတ္ဆက္ေတာ့ ျပႆနာလာရွာရင္ေတာ့ သူတစ္ျပန္ကိုယ္တစ္ျပန္ျဖစ္မိမွာပဲ။


အဲ့လိုဆိုရင္ မေက်နပ္လို႔ သူ႔ေက်ာင္းက 


ေကာင္ေလလို ဓားနဲ႔လာထိုးမွ ဒုကၡပဲဟုေတြးမိရင္း


ဗိုက္ေက်ာေတြေတာင္ နာခ်င္လာတယ္။




"အဲ့ေကာင္က နင့္ကိုမ်က္စိက်ေနသလားမသိဘူး..."




"ဖြဟယ္...လဲြပါေစဟယ္...."




"ဘာအခုမွလဲြပါေစလည္း....ခုနတုန္းကေတာ့ သူပဲသြားၿဖဲျပခဲ့ၿပီးေတာ့..."




"အဲ့ဒါကမသိလို႔ေလဟယ္....ဒီလိုမွန္းသိရင္ဘယ္စကားေျပာမွာလဲ...ေနပါအံုး...သူနဲ႔ငါကရန္ျဖစ္ခဲ့တာလည္းမဟုတ္ဘူး...ဒီတိုင္းစကားေလးတစ္ခြန္းေလာက္ေျပာရံုနဲ႔ေတာ့ ဘာမွမျဖစ္ေလာက္ပါဘူး..."




"ဒါေတာ့ငါကသူ႔စိတ္ကိုမွမသိပဲ...."




"ဒါဆိုရင္ ဒီလိုလုပ္ဟယ္..နင္နဲ႔ငါေက်ာင္းသြား၊ေက်ာင္းျပန္ အတူသြားရေအာင္....ခုရက္ပိုင္းပါပဲ..


ကူညီပါဟာေနာ္..."




"ေအာ္...ေၾကာက္တတ္လိုက္တာလည္းလြန္ေရာ..."




"ေၾကာက္တာမဟုတ္ပါဘူးဟယ္....လက္နက္မပါပဲ


တစ္ေယာက္ခ်င္းဆိုရင္ေတာ့ နပန္းဖက္လံုးလဲ


ငါမရွက္ဘူး....


လက္နက္ေတြဘာေတြပါလာမွာစိုးလို႔ပါ...."




"ေအးပါ...မယ္မင္းႀကီးမရယ္...ခုဏကေတာ့သူပဲရန္ေတြ့ၿပီး အခုၾကေတာ့ယုန္သူငယ္ လည္၀ပ္စင္း


ရမွာစိုးလို႔ အသနားခံေနလိုက္တာမ်ား


...မ်က္ႏွာငယ္နဲ႔...."




"နင္ကငါ့ကို ေအးေဆးမေျပာပဲ ဘယ္ေကာင္တိုက္တဲ့အေအးမွာ မေသာက္ရဘူးဘာဘူးႏွင့္ အမိန႔္ေပးတာကို.."




အမွန္တြင္ ဟိန္းကိုသည္ ပံုရိပ္ကိုဘယ္ေကာင္ေလးႏွင့္မ်ွ စကားေျပာတာမႀကိဳက္သည္ကေတာ့အမွန္ျဖစ္သည္။


ဘာေၾကာင့္မွန္းမသိေပမဲ့ သူနဲ႔သာသူငယ္ခ်င္းျဖစ္ေစခ်င္သည္။ဆရာေနမ်ိဳးကလဲြ၍ အျခားေကာင္ေတြႏွင့္ ပတ္သတ္မည္ကို သူမလိုလားေပ။


အမွန္ေတာ့ ဆရာေနမ်ိဳးဆီကိုလည္း 


ဒီေကာင္မေလးေၾကာင့္သာေရာက္လာခဲ့ျခင္းျဖစ္သည္။ဒီေကာင္မေလးကေတာ့ ဘယ္သိပါ့မလဲ။




သြားတန္းေလးေတြေပၚေအာက္အထိ ရယ္လိုက္ေသာဟိန္းကိုသည္ ဒီတစ္ခါေတာ့ သေဘာထားႏူးညံ့မႈမ်ား သူ႔မ်က္၀န္းတြင္အထင္းသားေပၚလာသည္။သူ၏ညာဘက္ မ်က္ခံုးေထာင့္တြင္အမာရြတ္တစ္ခုရိွေနၿပီး သူ႔မ်က္၀န္းေတြလ်ွက္နီေရာင္သန္းသြားတတ္သၫ့္အခါ  ပိုအက်ည္းတန္ေစသည္။


ဂရုဏာရိပ္သန္း၍ ၾကည္လင္ေနေသာအခါတြင္ေတာ့ မ်က္ခံုးေထာင့္ရိွအမာရြတ္ေလးကသနားစရာေကာင္းလြန္းေနသည္။




"ဟာ....ဆရာေတာ္ႀကီးႂကြလာၿပီ....."




စက္ဆရာသည္ တရားေဟာမၫ့္ဆရာေတာ္ႀကီးသံဃာစင္ေပၚသို႔ ႂကြလာေသာေၾကာင့္ ေဗ်ာသံစဉ္ကို ဖြင့္ေလသည္။ဆရာေတာ္ႀကီး၏ အေနာက္ပါးတြင္ေတာ့ ေခါင္းေပါင္းေဆာင္းထားေသာ လူႀကီးအခ်ိဳ႕ကလည္း အလံတိုင္မ်ားကိုင္လ်ွက္ 


လိုက္ပါလာၾကသည္။


ထူးဆန္းသည္က ဆရာေတာ္ႀကီး၏ေနာက္ပါးတြင္ လက္အုပ္ခ်ီလ်ွက္ျဖင့္ က်က္သေရေခါင္းေပါင္းကို ေဆာင္းၿပီးလိုက္ပါလာေသာ လူႀကီးကိုပံုရိပ္


တစ္ေနရာရာမွာ ျမင္ဖူးသလိုျဖစ္ေနသည္။




ဒီရပ္ကြက္ထဲကလည္း မဟုတ္သလို၊အလႉရွင္ေတြထဲကလည္း မဟုတ္ဘူး။အသက္ႀကီးေနၿပီဆိုေပမဲ့ လူႀကီးလူေကာင္းပီသေသာရုပ္ရည္ကို ပိုင္ဆိုင္ထားသည္။ရုတ္တရက္ပံုရိပ္၏ အာရံုထဲတြင္ေပၚလာသည္က အေဖ့ပံုရိပ္ေတျြဖစ္ေနသည္။


"ဟုတ္တယ္ ဒီဦးေလးက အေဖနဲ႔သိပ္တူတယ္.."


အသားညိုတာနဲ႔ ျဖဴတာပဲကြာသြားျခင္းပင္။




ထိုအခ်ိန္မွာ လက္အုပ္ခ်ီေနရင္းႏွင့္ ဘုရားႀကီး၏


ဟိုဘက္အလြန္သို႔ အၾကၫ့္ေရာက္သြားသၫ့္ 


ပံုရိပ္သည္ ေက်ာင္းမုခ္ဦးသို႔ ေျခလွမ္းသြက္သြက္ျဖင့္ သြားေနေသာအေဒါ့္ကိုျမင္လိုက္ရ၍ 


စိတ္ထဲတြင္ ထင့္ခနဲျဖစ္သြားမိသည္။


အေဒၚကတရားမနာပဲ ဘာေၾကာင့္အိမ္ကိုျပန္မွာပါလိမ့္။


ပံုရိပ္လည္း လူၾကားထဲမျွဖတ္၍ေျပးလိုက္ေပမဲ့


 အေဒါ့္ကိုမမွီေတာ့ေပ။




အက်ိဳးအေၾကာင္းကိုသိခ်င္၍ မီးဖိုေဆာင္ဘက္သို႔ေျပးသြားလိုက္သည္။မီးဖိုေဆာင္ထဲတြင္လည္း တရားနာရန္ထြက္သြားႏွင့္ၾကၿပီထင္ပါရဲ့ 


လူႏွစ္ေယာက္သံုးေယာက္သာက်န္ေတာ့သည္။




"ေဒၚႀကီး...သမီးအေဒၚဘာလို႔ထြက္သြားတာလဲ..."




အေဒၚႀကီးက ဟင္းအိုးကိုဇြန္းခြက္ႀကီးျဖင့္ေမႊေနွာက္လိုက္ၿပီးေနာက္ ပံုရိပ္ကိုလွၫ့္ၾကၫ့္လာသည္။




"ညည္းအေဒၚရဲ့လင္ လူမိုက္ႀကီးကိုသက္ေဆြ


ျပန္ေရာက္ေနလို႔တဲ့ေဟ....အပ်ိဳႀကီးလာေျပာတာ


နဲ႔ သူလည္းျပန္သြားၿပီ..."




"ဦးသက္ေဆြ....ျပန္လာၿပီ....."




ထိုေနရာမွာတင္ ပံုရိပ္၏ေျခေထာက္ေတြယိုင္နဲ႔


လ်ွက္ ေခြက်ခ်င္သြားမိသည္။ေမ့ပစ္ထားခဲ့သၫ့္ အတိတ္တို႔သည္လည္း တရစ္ရစ္၀င္ေရာက္လာခဲ့သည္။ဦးသက္ေဆျြပန္လာၿပီတဲ့။


ပံုရိပ္၏ ေၾကာင္ေလးကို မၫွာမတာသတ္ျဖတ္ခဲ့တဲ့လူျပန္လာၿပီ။


ပံုရိပ္သိပ္မုန္းတဲ့လူျပန္လာၿပီ။ေပ်ာ္ရႊင္ေနတဲ့ ပံုရိပ္တို႔ရဲ့မိသားစုေလးကို သူျပန္လာၿပီးေမႊေနွာက္ေတာ့မွာေပါ့။ေအးခ်မ္းေနသၫ့္ အေဒါ့္ဘ၀ကို အနာတရေတြ သူထပ္ၿပီးလာေပးေတာ့မွာေပါ့။




ေလးလံ၍ မိႈင္းထိုင္းေသာေျခလွမ္းတို႔ျဖင့္ ေက်ာင္း၀န္းႀကီးအား ေက်ာခိုင္းသြား‌ခဲ့ေသာပံုရိပ္သည္ သူ႔အေဖႏွင့္ရုပ္ခ်င္းဆင္တူေသာ 


ဦးေလးအရင္းျဖစ္သူ ဆရာ၀န္ႀကီးဦးမင္းခန႔္ႏွင့္ေတာ့ လဲြေခ်ာ္သြားခဲ့ရေလသည္။




(ကဲ ရာဇ၀တ္အိုးႀကီးေတာ့ ျပန္ေရာက္လာပါၿပီ...)

No comments:

Post a Comment