🔥ဆူးကြိုး...🔥အခန်း(၁၇)🔥 ပထမပိုင်း



(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၁၇)🔥  ပထမပိုင်း


လရောင်မှိန်ဖျဖျအောက်တွင် လမ်းမကြီးတစ်ခုလုံးသည် များစွာသောလမ်းမီးတိုင်များကြောင့်  အလင်းရောင်၀င်းဖျာလျှက်ရှိလေသည်။

လမ်းတစ်ဖက်ဆီတွင် ဝါးတိုင်များဆိုက်ထူထား

လျှက်  သာသနာ့အလံတိုင်များအား စီရီစွာသွယ်တန်းထားလေသည်။


ထိုစဥ်စောင်းဗောက်ဆီမှ ဓမ္မတေးသံသာသည်လည်း တရားတော်လာရောက်နာယူသည့် ပရိသတ်တို့၏အလယ်သို့ လေနှင့်ရောပါ ပျံ့လွင့်လာခဲ့သည်။မီးတိုင်လေးများတစ်ဝိုက်တွင် ယစ်ခိုပျံသန်းနေသော ပိုးမွှားလေးတွေသည်ပင် ကျွတ်တန်း၀င်ဖို့ရာ အသင့်အနေအထားတွင် ရောက်နေသကဲ့သို့ ထင်မှတ်ရလေသည်။


၆နာရီတင်းတင်းပြည့်သွားတာကြောင့် 

တရားဟောဆရာတော်ကြီးသည်လည်း

 မကြာခင်ရောက်ရှိလာတော့မည်ဖြစ်သည်။

တရားနာလိုသူများကတော့ ကိုယ်စီနေရာကို

ဦးထားကြလျှက်ဖြင့် အချို့ကလည်းတရားအကြောင်းပြောကြပြီး အချို့ကတော့အသိမိတ်ဆွေတို့နှင့် တွေ့တုန်းလေး စကားစမြည်ပြောကြသည်မှာ ဘုန်းကြီးကျောင်း၀န်းထဲရှိ 

ထိုလမ်းအစုအဝေးလေးထဲတွင် စကားဆူညံသံ

တွေနှင့် ပြည့်နှက်နေလေသည်။


တဆထက်တဆများပြားလာသည့် တရားနာလိုသူတွေသည် နဂါးရုံရှေ့ရှိ ကွင်းပြင်ကြီးထဲတွင်ပင်

မဆန့်တော့သည်ကြောင့် နဂါးရုံဘုရားကြီး၏ ရင်ပြင်ပေါ်တွင်လည်းကောင်း ဘေးနားတွင်ရှိသော တန်ဆောင်းနှင့် အမိုးအကာရှိသောနေရာအသီးသီးတွင်လည်းကောင်း နေရာလွတ်မကျန် လူများပြည့်လျှံနေလေသည်။


တရာဟောမည့် ဆရာတော်ကြီးသည်

အင်မတန်နာမည်ကြီးသောကြောင့် ကြုံတုန်းလေး နာကြားချင်ကြ၍ဖြစ်လေသည် ။

ဤအခွင့်အရေးမျိုးသည် အချိန်တိုင်းရရှိနိုင်တာမျိုးမဟုတ်သလို ဒီလိုဆရာတော်ကြီးအား ပင့်ဖိတ်နိုင်ဖို့ရာ မိမိတို့တစ်ကိုယ်တည်းအားနှင့် မရနိုင်ကြပေ။


ထို့ကြောင့် တရားနာလိုသူများသည် ကျောင်း၀န်းထဲတွင်သာမက ကျောင်းအပြင်၏ ခင်းကျင်းပေးထားသော လမ်းမကြီးပေါ်တွင်တောင် တိုး၍မပေါက်အောင်ပြည့်နှက်နေတော့သည်။လမ်းမပေါ်တွင်ရှိသောသူများသည် ဆရာတော်ကြီး၏မျက်နှာတော်ကို တိုက်ရိုက်ဖူးမျှော်ခွင့်မရကြသောကြောင့် 

ပိတ်ကားများထောင်၍ ပရိုဂျက်တာနှင့်ထိုးပြ

ပေးထားလေသည် ။


တရားပွဲ၏ ထိပ်ဆုံးရှိဆရာတော်ကြီး၏ရှေ့နား အနီးကပ်တွင်တော့ တရာပွဲဖြစ်မြောက်ရေးအတွက် အဓိကပါ၀င်ပေးကြသည့်အလှူရှင်ကြီးများနှင့် ရပ်ကွက်အကြီးအကဲများသာထိုင်ရ‌လေသည်။

ထိုအကြီးအကဲများသည် တရားပွဲမတိုင်သေးသောကြောင့် ကျောင်းကြီးပေါ်တွင်တက်၍ 

ညစာသုံးဆောင်နေကြလေသည်။


ဆရာတော်ကြီး၏ အားထားရာနေမျိုးတစ်ယောက်ကတော့ တရာပွဲကြီးကျင်းပမည့် ပွဲနေရာသို့သွားကြည့်ရသည်ကတစ်မျိုး ကျောင်းကြီးပေါ်တွင် တည်ခင်းပေးသောစားပွဲများအတွက် လိုအပ်သည်များကို စီစဉ်ပေးရသောကြောင့်တစ်ဖုံ နားနေရသည်မရှိပဲ နဖူးတွင် ချွေးသီးများပင် စီးကျလာရသည်အထိ ဒေါင်ချာဆိုင်းနေတော့သည်။


အင်္ကျီလည်ကတုံးလက်ရှည်အဖြူအား 

အနက်ရောင်ယောပုဆိုးဖြင့်တွဲဖက်၀တ်ဆင်ထားလျှက် တိုကပ်ကပ်ဆံပင်တွေကို ဆီထည့်၍သေချာဖီးသင်ထားသောကြောင့် အင်မတန်သန့်ပြန့်ကာ ရည်မွန် ပုံပေါ်နေသောဆရာမျိုးပင်ဖြစ်သည်။

တရားလာနာသော မိဘ၊အဖိုးအဖွားတို့နှင့်အတူ အဖော်လိုက်ပါလာသည့် မိန်းမပျိုလေးများသည်ပင် သူ့အနားမှဖြတ်လျှောက်သွားတိုင်း မသိမသာငေး၍သွားကြလေသည်။


တရားနာသူများအား အဆာပြေမုန့်များအဖြစ်ကောက်ညှင်းထုပ်နှင့် အချိုရည်များလိုက်ကမ်းပေးသည့်အခါမှာလည်း ဖော်ရွေပျူငှာသော နေမျိုးအား အဖွားကြီးများကပါ သဘောတကျရှိကြလေသည်။


အဆာပြေမုန့်များလိုက်၍ ကမ်းပေးသောအခါတွင်မှ မိမိအလုပ်နှင့်သာရှုပ်နေ၍သတိမရမိသော ကလေးမကိုလိုက်၍ရှာမိလေသည်။ပွဲထဲတွင်လည်းမရှိသလို ဆောင်းတန်းတွေထဲမှာလည်း ရှာမရပေ။

ကျောင်းပေါ်ကဆင်းလာတာ မကြာသေးသောကြောင့် ကျောင်းပေါ်တွင်မရှိတာသေချာသည်။


ထို့ကြောင့် ခြေလှမ်းခပ်သွက်သွက်ဖြင့်ပင် မီးဖိုဆောင်ဖက်သို့ ကူးလာခဲ့လိုက်သည်။

သူထင်ထားသည့်အတိုင်းပါပဲ မိပုံတို့ကချောင်မှာကုပ်ပြီး ကိုရင်ကြီးတို့နှင့်အတူ 

ကျောင်းပေါ်မှ သယ်ချလာသမျှပန်းကန်တွေကို ဆေးနေလေရဲ့။


"ပုံရိပ်....."


ခေါ်သံကြား၍ ပြူးကြောင်ကြောင်လေးဖြင့်ပြန်ကြည့်လာသည့် ပုံရိပ်သည် ၁၅နှစ်အရွယ်ကလေးမလေးဆိုသည့်အတိုင်း အင်မတန်ဖြူစင်သော မျက်နှာလေးကိုပိုင်ဆိုင်ထားလေသည်။


အမြဲတမ်း စပဲန့်သားဘောင်းဘီဒူးကျနှင့်အိင်္ကျီလက်တိုကိုသာ ၀တ်ဆင်လေ့ရှိသော ပုံရိပ်သည် ယနေ့တွင်တော့ ကျောင်းတက်လျှင်ဝတ်လေ့ရှိသောတက္ကသိုလ်ရင်ဖုံးအဖြူရောင်လေးနှင့် ပန်းရောင်အပွင့်နုပ်ကလေးတွေပါသောထဘီလေးကိုတွဲဖက်၍ဝတ်ဆင်ထားလေသည်။


 သေးသွယ်သောခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားသောကြောင့် ကလေးမ၏ပုံသဏ္ဍာန်လေးသည် 

မြင်ရသူအဖို့စိတ်ကြည်လင်စေသည်။

ဆံပင်ရှည်လေးတွေကို ကျစ်စံမှီးကျစ်၍ ကျောဘက်တွင်ချထားသောကြောင့် နဂိုအသားဖြူသောပုံရိပ်၏မျက်နှာလေးသည်

ဝင်းမွတ်၍နူးညံ့မှုအတိဖြစ်နေလေသည်။


"ပုံရိပ်ပန်းကန်မဆေးနဲ့တော့...ပွဲထဲကိုပဲသွားပြီး

ကူလုပ်ပေးလိုက်...."


ဆရာကပုံရိပ်၏လက်ကိုမဆွဲရုံတမယ်ပြောနေပေမဲ့ ပုံရိပ်ကတော့မသိချင်ဟန်ဆောင်ကာထိုနေရာတွင်‌ ပေကပ်ကပ်ရပ်လျက်ဖြင့် ပန်းကန်ဆက်ဆေးနေလိုက်သည်။

လူအများကြီးကြားထဲမှာမနေချင်တာကြောင့်ပန်းကန်လာဆေးနေပါတယ်ဆိုမှ

ဆရာက မရရအောင်လာခေါ်နေသည်။

ကုသိုလ်ဆိုတာဘယ်နေရာကပဲယူယူရနေပါလျက်နှင့်ဆရာဟာဘာကြောင့်များလာခေါ်နေရ

သလဲမသိပေ။


"ဆရာနေမျိုးဘုန်းကြီးခေါ်နေတယ်...."


မီးဖိုဆောင်အဝတွင်လာ၍ခေါ်သောကိုရင်လေး

တစ်ပါးကြောင့်ဆရာမနေမျိုးသည်

ရုတ်တရက်ဆိုသလိုပုံရိပ်၏လက်ကိုလာဆွဲပြီးတရားနာရမည့်ပွဲခင်းထဲသို့ခေါ်လာခဲ့လေသည်။


"ဆရာရယ်သမီးပန်းကန်ပဲ ဆေးပါရစေ..

လူတွေအများကြီးကြားမှာမနေချင်ပါဘူး..."


ပုံရိပ်ဒီလိုပြောလိုက်တော့နဂိုကြည်လင်နေသော

ဆရာ့မျက်ဝန်းများသည်အနည်းငယ်နောက်ကျိသွားသ‌ယောင် ဖြစ်သွားသည်။

စကားမှားသွားတာကိုသိလိုက်ပေမယ့်ကိုယ်ဖြစ်ချင်သည့်အရာကိုပြောလိုက်တာကြောင့်နောင်တတော့

မရပါဘူး။

ဆရာသည်ပုံရိပ်၏လက်ကိုလွှတ်လိုက်ပြီး

အသံတွေဆူညံနေသောကြောင့်အနားသို့အနည်းငယ်ကပ်ကာ စကားဆိုလေသည်။


"ဒီမှာပုံရိပ်မီးဖိုချောင်ထဲမှာက ကိုရင်ကြီးတွေပဲရှိတယ် မိန်းမငယ်လေးတစ်ယောက်တည်း ဘာကြောင့် နေနေရတာလဲ..."


"ဟာ...ဆရာကလည်း...ဟိုဘက်အဆောင်မှာအဒေါ်ကြီးတွေလည်း ချက်ပြုတ်နေတာပဲမဟုတ်ဘူးလား...."


"ဒါဆိုရင်အဲ့ဒီ့ဘက်အဆောင်ကိုမသွားပဲ 

ဘာလို့ချောင်မှာကပ်ပြီး ပန်းကန်၀င်ဆေးနေရ

သလဲ..."


"ဒါကတော့ သမီးမှအချက်အပြုတ်

မကျွမ်းကျင်တာ....ဒါပေမဲ့ပွဲထဲမှာတော့‌မနေချင်ပါဘူးဆရာရယ်...အဒေါ်ကြီးတွေဆီမှာပဲ သွားကူလိုက်မယ်...."


"ဟိတ်..တော်ပြီ...မသွားနဲ့တော့..."


ဆရာ့နောက်ကျောဘက်သို့ရောက်ကာမှ 

လက်မောင်းမှတစ်ဆင့်ဆွဲလှည့်ခံလိုက်ရသည်မို့ 

လူကတစ်ပတ်လည်ပြီး ဆရာ့အရှေ့သို့ပြန်ရောက်သွားလေသည်။

ဆရာ့မျက်၀န်းများသည် ဒေါသအခိုးများနှင့် မှိုင်းဝေနေတာမျိုးမဟုတ်ပေမဲ့ ကြည်လင်နေတာမျိုးလည်းမဟုတ်ပေ။ပုံရိပ်ကို စိတ်မရှည်ခြင်းသာဖြစ်သည်။


ပုံရိပ်လည်း ဘယ်လိုပြောပြောမရ၍နှုတ်ခမ်းကိုသာ ကိုက်ထားလျှက်ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။ဆရာဖြစ်နေ၍သာ ငြိမ်ခံနေခြင်းပင်။

အခြားသူတစ်ယောက်ဆိုပါက ကိုယ်မလုပ်ချင်သည့်အရာကို အတင်းဖိခိုင်းနေသောကြောင့် 

စိတ်ဆိုးကာ ပြန်ပြောမိမည်ထင်သည်။


"ဟိုမှာကြည့်စမ်း...ပုံရိပ်လိုအရွယ်ယောက်ျားလေး မိန်းကလေးအကုန်လုံး ပွဲထဲကို‌ ရောက်နေကြတယ်

...ဟိန်းကိုလည်းဟိုမှာရှိတယ်‌‌ တွေ့လား..

အသက်ကြီးတဲ့လူတွေကိုကူပေးတဲ့လူနဲ့...

မုန့်လိုက်ဝေတဲ့လူနဲ့ ကြည့်ရတာဘယ်လောက်ချစ်ဖို့ကောင်းကြလဲ...."


"ပုံရိပ်မှ အဲ့လိုမလုပ်ချင်တာ..."


ပွဲခင်းဘက်သို့ လက်ညှိုးထိုးပြနေသောဆရာသည် ခေါင်းကျောမာသည့်ပုံရိပ်ကြောင့် သက်ပြင်းနုနုတစ်ချက်ရှိုက်လိုက်သေးသည်။


"ဟိန်းကိုရေ...ဒီကိုလာအုံး...."


တစ်လက်စတည်း ကောက်ညှင်းထုပ်နှင့်အအေးလိုက်ဝေပေးနေသော  ဟိန်းကိုအား လက်ယက်၍

လှမ်းခေါ်လိုက်သည်။

ကော်လံပါလက်ရှည်အဖြူနှင့် ပုဆိုးအပြာနု

အကွက်စိပ်လေးကို ၀တ်ဆင်ထားလျှက် 

ဒီယနေ့မှ သန့်ပြန့်နေသော ဟိန်းကိုသည်လည်း 

ဆရာ့ခေါ်သံကြောင့် အနားသို့ပြေးလာလေသည်။


"ဆရာ...ဘာဖြစ်လို့လဲ..."


"ဒီမှာ...မင်းသူငယ်ချင်းကို မင်းတို့နဲ့အတူ

ကူဖို့ခေါ်သွားစမ်းပါကွာ..."


ဟိန်းကိုအား မှာပြီးပုံရိပ်ဘက်သို့ တစ်ဖန်လှည့်လာပြန်သည်။

မှာလို့ကို မပြီးနိုင်တဲ့ဆရာပါလေ။


"တို့တပည့်က ဒီနေ့မှလှလှလေး၀တ်စားထားတဲ့ဥစ္စာ မျက်နှာလေးတော့ပြမှပေါ့ မဟုတ်ဘူးလား...ပုံရိပ်လေးကလိမ္မာပါတယ်...ဟိန်းကိုနဲ့လိုက်သွားလိုက်..."


ထိုနေရာမှ ထွက်ခွာသွားသော ဆရာ့ကျောပြင်ကို 

ပုံရိပ်ငေး၍သာ ကျန်ခဲ့သည် ။

ဆရာသည် သူ့တပည့်တွေအပေါ်တွင် 

အနူးညံ့တတ်ဆုံးလူသားလို့ ဆိုရမည်။

ပုံရိပ်တင်မဟုတ်ပဲ သူ့တပည့်တိုင်းအပေါ်တွင်

 ဆရာသည်အလွန်အလျှော့ပေးတတ်သည်။

ဒါကြောင့်လည်း တပည့်တွေအားလုံးကဆရာ့ကိုချစ်ကြသည်။


နားမလည်တာမျိုးရှိရင်လည်း လေနုအေးနှင့်

နား၀င်သည်အထိ ရှင်းပြတတ်သည်။

ကလန်ကဆန်လုပ်လာလျှင်လည်း ပျော့ပြောင်းလာသည်အထိ ဆရာသည်ပုံသွင်းပေးနိုင်စွမ်းရှိသည်။


ဆရာလက်ထဲမှာဆိုရင်လေ သံမဏိတောင်အရည်ပျော်လောက်ပါရဲ့။

ယခုလည်း ပုံရိပ်ကဒေါသထွက်နေသည်ဟု 

ထင်ထားခဲ့သောဆရာသည် ပုံရိပ်ကိုမြှောက်ပင့်၍

 ချော့ပြောသွားခဲ့သေးသည်။


ဘုရားရင်ပြင်တော်ပေါ်တက်၍ အင်းကြင်းပန်းပင်နှင့်ကွယ်လျှက် ဆရာ့အရိပ်ပျောက်ကွယ်သွားသောအခါ ဟိန်းကိုသည် ပုံရိပ်ကိုသူတို့အဖွဲ့တွေ

ဆီခေါ်သွားလေသည်။ပွဲထဲတွင် လူတွေက

ရာနှင့်ချီနေသဖြင့် ပုံရိပ်အင်မတန်အံ့ဩရသည်။


သူ့အစုနှင့်သူနေရာယူထားကြလျှက် စကားဖောင်ဖွဲ့နေကြ၍ ပုံရိပ်တို့အဖွဲ့သည် တစ်ယောက်နှင့်

တစ်ယောက် စကားပြောလိုလျှင် လှမ်း၍အော်ပြောယူရသည်။

အလှူရှင်တွေကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်လာကြပြီး မုန့်အမျိုးမျိုးလာလှူကြတာကြောင့် ပုံရိပ်တို့မှာလည်း ဝေရသည်မှာ ရေမထိနိုင်အောင်ပါပဲ။


"တို့တပည့်က ဒီနေ့မှလှလှလေး၀တ်စားထားတဲ့ဥစ္စာ မျက်နှာလေးတော့ပြမှပေါ့..."ဟုဆရာနေမျိုးပြောသွားကို အဟုတ်မှတ်နေမိတဲ့ပုံရိပ် ပန်းကန်ဆေးတာကမှ တစ်နေရာထဲတွင်အိန္ဒြေရှိသေးသည်ဟုဆိုရမည်။အခုတော့ လူကြားထဲသို့တိုး၍ အအေးတို့မုန့်တို့ ကမ်းပေးရသည်မှာ "ကန်တော့်...ကန်တော့်.."ဟုလည်းနှုတ်မှတဖွဖွတောင်းပန်စကားဆိုရလေသည်။


တစ်ခုတော့ရှိတာပေါ့လေ လူမြင်ကွင်းမှာလုပ်ရသည့်အလုပ်ဖြစ်၍ "ကျေးဇူးတင်စကား.."များကတော့ ဝေနေအောင်အပြောခံရသည်။

တရားပွဲတွင်လာကူညီ‌ ပေးကြသည့်လိမ္မာသော လူရည်မွန်လေးတွေအဖြစ်လည်းသတ်မှတ်ခံရသည်။

အလုပ်ပင်ပန်းသလို မျက်နှာပန်းလည်းလှသည်။


မီးဖိုဆောင်မှာ ပန်းကန်ဆေးရသည့်အလုပ်ကြတော့ အလုပ်ပင်ပန်းတာတောင် ချီးကျူးမည့်သူက

တစ်ယောက် နှစ်ယောက်သာဖြစ်သည်။

ပုံရိပ်ကလည်း ထိုသို့လူမသိသူမသိ ပေးဆပ်ရသောအလုပ်မျိုးကိုသာ စိတ်၀င်စားသည်။

လူတွေဆိုသည်မှာလည်း အပေါ်ယံကြောကိုသာ စိတ်၀င်တစားမြင်တတ်ကြသည်။

ဆရာကလည်း သူ့တပည့်မကိုလူရှေ့ထုတ်ပြချင်သည်။


"ဟဲ့ရေ....ဒီမှာအလှူရှင်ကခေါက်ဆွဲကြော်လာလှူထားတယ်....လိုက်မဝေခင်ဗိုက်ဆာရင် စားရအောင် ယူထားအုံးမလား...."


"ဟင့်အင်း....မယူတော့ပါဘူး..."


အခြားရပ်ကွက်မှ လုပ်အားလာပေးသော ရွယ်တူကောင်မလေးတစ်ယောက်က အနားသို့ကပ်လာပြီး ခေါက်ဆွဲကျော်ထုပ်ကြီးကို ပြလေသည်။

"ပုံရိပ်ကတော့ ခေါင်းသာခါပြလိုက်မိသည်...."

ထိုစဉ် ကျောင်းဘက်အခြမ်းမှ ထွက်လာသော

ဟိန်းကို၏အမေသည် ပုံရိပ်တို့ရှိရာဆီသို့ 

ထဘီခပ်တိုတို၀တ်လျှက် ရောက်ချလာပြီး 

ဟိုကောင်မလေး၏လက်ထဲမှ ခေါင်ဆွဲကြော်ဗူးတွေထည့်ထားသည့် အထုပ်ကိုဆက်ခနဲဆွဲယူလိုက်သည်။


"အမယ်လေး...ဘာတွေဟန်လုပ်နေကြတာလဲ...

ညည်းတို့လည်းပင်ပန်းကြတဲ့ဥစ္စာ...သူများတွေကိုပဲ

လိုက်သွတ်မနေနဲ့ ကိုယ့်ဟာကိုယ်လည်းဗိုက်ဖြည့်ကြအုံး...ရော့...ရော့....တစ်ယောက်တစ်ဗူးဆီ

ယူကြ...ငါ့သားကိုလည်း တစ်ဗူးပေးလိုက်အုံး...

ငါတို့ချက်ပြုတ်တဲ့လူတွေအတွက် သုံးဗူးယူသွားပြီ...."


သူ့ဟာသူအကွက်ချသွားသည့် ဟိန်းကို၏အမေကြောင့် ပုံရိပ်တို့နှစ်ယောက်လည်း လက်ထဲတွင်ခေါက်ဆွဲဗူးကိုယ်ဆီကိုင်လျှက် ကျောက်ရုပ်ကလေးတွေကို ကျန်ခဲ့ကြတော့သည်။


ခေါက်ဆွဲဗူးက ဗူးနှစ်ဆယ်လောက်လာလှူသွားပေမဲ့ သူပြောသလိုသာ ကိုယ်တွေအတွက်ချန်ထားရရင်

လောက်တောင်လောက်မှာမဟုတ်ဘူး။

အလှူ့ရှင်တွေက တရားနာသူတွေကိုလှူသွားတဲ့ဥစ္စာ ဒီလိုလုပ်တော့ကြားဖြတ်လာဘ်စားလိုက်တာနဲ့ 

ဘာထူးတော့မှာလဲ။


"ဟဲ့..ဒီဗူးတွေကို နင်ပဲလိုက်ဝေပေးလိုက်ပါဟာ...

ငါ...ဟိုမှာလာနေတဲ့အဖွားကြီးကို သွားကူတွဲလိုက်မယ်...."


ခါးနာနေသောအဖွားတစ်ယောက်သည် မောလို့

ထင်ပါရဲ့ လှုပ်တုပ်လှုပ်တုပ်နှင့် လျှောက်လာနေသောကြောင့် ပုံရိပ်လည်းအဖွား၏လက်မောင်းကို ပြေးတွဲလိုက်မိသည်။

                    🔥ဆူးကြိုး...🔥အခန်း(၁၇)🔥  ဒုတိယပိုင်း ဆက်ဖတ်ရန်

========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၁၇)🔥  ပထမပိုင္း




လေရာင္မိွန္ဖ်ဖ်ေအာက္တြင္ လမ္းမႀကီးတစ္ခုလံုးသည္ မ်ားစြာေသာလမ္းမီးတိုင္မ်ားေၾကာင့္  အလင္းေရာင္၀င္းဖ်ာလ်ွက္ရိွေလသည္။


လမ္းတစ္ဖက္ဆီတြင္ ဝါးတိုင္မ်ားဆိုက္ထူထား


လ်ွက္  သာသနာ့အလံတိုင္မ်ားအား စီရီစြာသြယ္တန္းထားေလသည္။




ထိုစဥ္ေစာင္းေဗာက္ဆီမွ ဓမၼေတးသံသာသည္လည္း တရားေတာ္လာေရာက္နာယူသၫ့္ ပရိသတ္တို႔၏အလယ္သို႔ ေလႏွင့္ေရာပါ ပ်ံ႔လြင့္လာခဲ့သည္။မီးတိုင္ေလးမ်ားတစ္ဝိုက္တြင္ ယစ္ခိုပ်ံသန္းေနေသာ ပိုးမႊားေလးေတြသည္ပင္ ကၽြတ္တန္း၀င္ဖို႔ရာ အသင့္အေနအထားတြင္ ေရာက္ေနသကဲ့သို႔ ထင္မွတ္ရေလသည္။




၆နာရီတင္းတင္းျပၫ့္သြားတာေၾကာင့္ 


တရားေဟာဆရာေတာ္ႀကီးသည္လည္း


 မၾကာခင္ေရာက္ရိွလာေတာ့မည္ျဖစ္သည္။


တရားနာလိုသူမ်ားကေတာ့ ကိုယ္စီေနရာကို


ဦးထားၾကလ်ွက္ျဖင့္ အခ်ိဳ႕ကလည္းတရားအေၾကာင္းေျပာၾကၿပီး အခ်ိဳ႕ကေတာ့အသိမိတ္ေဆြတို႔ႏွင့္ ေတြ့တုန္းေလး စကားစျမည္ေျပာၾကသည္မွာ ဘုန္းႀကီးေက်ာင္း၀န္းထဲရိွ 


ထိုလမ္းအစုအေဝးေလးထဲတြင္ စကားဆူညံသံ


ေတြႏွင့္ ျပၫ့္ႏွက္ေနေလသည္။




တဆထက္တဆမ်ားျပားလာသၫ့္ တရားနာလိုသူေတြသည္ နဂါးရံုေရ႔ွရိွ ကြင္းျပင္ႀကီးထဲတြင္ပင္


မဆန႔္ေတာ့သည္ေၾကာင့္ နဂါးရံုဘုရားႀကီး၏ ရင္ျပင္ေပၚတြင္လည္းေကာင္း ေဘးနားတြင္ရိွေသာ တန္ေဆာင္းႏွင့္ အမိုးအကာရိွေသာေနရာအသီးသီးတြင္လည္းေကာင္း ေနရာလြတ္မက်န္ လူမ်ားျပၫ့္လ်ွံေနေလသည္။




တရာေဟာမၫ့္ ဆရာေတာ္ႀကီးသည္


အင္မတန္နာမည္ႀကီးေသာေၾကာင့္ ႄကံုတုန္းေလး နာၾကားခ်င္ၾက၍ျဖစ္ေလသည္ ။


ဤအခြင့္အေရးမ်ိဳးသည္ အခ်ိန္တိုင္းရရိွႏိုင္တာမ်ိဳးမဟုတ္သလို ဒီလိုဆရာေတာ္ႀကီးအား ပင့္ဖိတ္ႏိုင္ဖို႔ရာ မိမိတို႔တစ္ကိုယ္တည္းအားႏွင့္ မရႏိုင္ၾကေပ။




ထို႔ေၾကာင့္ တရားနာလိုသူမ်ားသည္ ေက်ာင္း၀န္းထဲတြင္သာမက ေက်ာင္းအျပင္၏ ခင္းက်င္းေပးထားေသာ လမ္းမႀကီးေပၚတြင္ေတာင္ တိုး၍မေပါက္ေအာင္ျပၫ့္ႏွက္ေနေတာ့သည္။လမ္းမေပၚတြင္ရိွေသာသူမ်ားသည္ ဆရာေတာ္ႀကီး၏မ်က္ႏွာေတာ္ကို တိုက္ရိုက္ဖူးေမ်ွာ္ခြင့္မရၾကေသာေၾကာင့္ 


ပိတ္ကားမ်ားေထာင္၍ ပရိုဂ်က္တာႏွင့္ထိုးျပ


ေပးထားေလသည္ ။




တရားပဲြ၏ ထိပ္ဆံုးရိွဆရာေတာ္ႀကီး၏ေရ႔ွနား အနီးကပ္တြင္ေတာ့ တရာပဲြျဖစ္ေျမာက္ေရးအတြက္ အဓိကပါ၀င္ေပးၾကသၫ့္အလႉရွင္ႀကီးမ်ားႏွင့္ ရပ္ကြက္အႀကီးအကဲမ်ားသာထိုင္ရ‌ေလသည္။


ထိုအႀကီးအကဲမ်ားသည္ တရားပဲြမတိုင္ေသးေသာေၾကာင့္ ေက်ာင္းႀကီးေပၚတြင္တက္၍ 


ညစာသံုးေဆာင္ေနၾကေလသည္။




ဆရာေတာ္ႀကီး၏ အားထားရာေနမ်ိဳးတစ္ေယာက္ကေတာ့ တရာပဲြႀကီးက်င္းပမၫ့္ ပဲြေနရာသို႔သြားၾကၫ့္ရသည္ကတစ္မ်ိဳး ေက်ာင္းႀကီးေပၚတြင္ တည္ခင္းေပးေသာစားပဲြမ်ားအတြက္ လိုအပ္သည္မ်ားကို စီစဉ္ေပးရေသာေၾကာင့္တစ္ဖံု နားေနရသည္မရိွပဲ နဖူးတြင္ ခၽြေးသီးမ်ားပင္ စီးက်လာရသည္အထိ ေဒါင္ခ်ာဆိုင္းေနေတာ့သည္။




အက်ႌလည္ကတံုးလက္ရွည္အျဖဴအား 


အနက္ေရာင္ေယာပုဆိုးျဖင့္တဲြဖက္၀တ္ဆင္ထားလ်ွက္ တိုကပ္ကပ္ဆံပင္ေတြကို ဆီထၫ့္၍ေသခ်ာဖီးသင္ထားေသာေၾကာင့္ အင္မတန္သန႔္ျပန႔္ကာ ရည္မြန္ ပံုေပၚေနေသာဆရာမ်ိဳးပင္ျဖစ္သည္။


တရားလာနာေသာ မိဘ၊အဖိုးအဖြားတို႔ႏွင့္အတူ အေဖာ္လိုက္ပါလာသၫ့္ မိန္းမပ်ိဳေလးမ်ားသည္ပင္ သူ႔အနားမျွဖတ္ေလ်ွာက္သြားတိုင္း မသိမသာေငး၍သြားၾကေလသည္။




တရားနာသူမ်ားအား အဆာေျပမုန႔္မ်ားအျဖစ္ေကာက္ၫွင္းထုပ္ႏွင့္ အခ်ိဳရည္မ်ားလိုက္ကမ္းေပးသၫ့္အခါမွာလည္း ေဖာ္ေရြပ်ူငွာေသာ ေနမ်ိဳးအား အဖြားႀကီးမ်ားကပါ သေဘာတက်ရိွၾကေလသည္။




အဆာေျပမုန႔္မ်ားလိုက္၍ ကမ္းေပးေသာအခါတြင္မွ မိမိအလုပ္ႏွင့္သာရႈပ္ေန၍သတိမရမိေသာ ကေလးမကိုလိုက္၍ရွာမိေလသည္။ပဲြထဲတြင္လည္းမရိွသလို ေဆာင္းတန္းေတြထဲမွာလည္း ရွာမရေပ။


ေက်ာင္းေပၚကဆင္းလာတာ မၾကာေသးေသာေၾကာင့္ ေက်ာင္းေပၚတြင္မရိွတာေသခ်ာသည္။




ထို႔ေၾကာင့္ ေျခလွမ္းခပ္သြက္သြက္ျဖင့္ပင္ မီးဖိုေဆာင္ဖက္သို႔ ကူးလာခဲ့လိုက္သည္။


သူထင္ထားသၫ့္အတိုင္းပါပဲ မိပံုတို႔ကေခ်ာင္မွာကုပ္ၿပီး ကိုရင္ႀကီးတို႔ႏွင့္အတူ 


ေက်ာင္းေပၚမွ သယ္ခ်လာသမ်ွပန္းကန္ေတြကို ေဆးေနေလရဲ့။




"ပံုရိပ္....."




ေခၚသံၾကား၍ ျပဴးေၾကာင္ေၾကာင္ေလးျဖင့္ျပန္ၾကၫ့္လာသၫ့္ ပံုရိပ္သည္ ၁၅ႏွစ္အရြယ္ကေလးမေလးဆိုသၫ့္အတိုင္း အင္မတန္ျဖဴစင္ေသာ မ်က္ႏွာေလးကိုပိုင္ဆိုင္ထားေလသည္။




အၿမဲတမ္း စပဲန႔္သားေဘာင္းဘီဒူးက်ႏွင့္အိက်ႌလက္တိုကိုသာ ၀တ္ဆင္ေလ့ရိွေသာ ပံုရိပ္သည္ ယေန့တြင္ေတာ့ ေက်ာင္းတက္လ်ွင္ဝတ္ေလ့ရိွေသာတကၠသိုလ္ရင္ဖံုးအျဖဴေရာင္ေလးႏွင့္ ပန္းေရာင္အပြင့္ႏုပ္ကေလးေတြပါေသာထဘီေလးကိုတဲြဖက္၍ဝတ္ဆင္ထားေလသည္။




 ေသးသြယ္ေသာခႏၶာကိုယ္ေလးကိုပိုင္ဆိုင္ထားေသာေၾကာင့္ ကေလးမ၏ပံုသ႑ာန္ေလးသည္ 


ျမင္ရသူအဖို႔စိတ္ၾကည္လင္ေစသည္။


ဆံပင္ရွည္ေလးေတြကို က်စ္စံမွီးက်စ္၍ ေက်ာဘက္တြင္ခ်ထားေသာေၾကာင့္ နဂိုအသားျဖဴေသာပံုရိပ္၏မ်က္ႏွာေလးသည္


ဝင္းမြတ္၍ႏူးညံ့မႈအတိျဖစ္ေနေလသည္။




"ပံုရိပ္ပန္းကန္မေဆးနဲ႔ေတာ့...ပဲြထဲကိုပဲသြားၿပီး


ကူလုပ္ေပးလိုက္...."




ဆရာကပံုရိပ္၏လက္ကိုမဆဲြရံုတမယ္ေျပာေနေပမဲ့ ပံုရိပ္ကေတာ့မသိခ်င္ဟန္ေဆာင္ကာထိုေနရာတြင္‌ ေပကပ္ကပ္ရပ္လ်က္ျဖင့္ ပန္းကန္ဆက္ေဆးေနလိုက္သည္။


လူအမ်ားႀကီးၾကားထဲမွာမေနခ်င္တာေၾကာင့္ပန္းကန္လာေဆးေနပါတယ္ဆိုမွ


ဆရာက မရရေအာင္လာေခၚေနသည္။


ကုသိုလ္ဆိုတာဘယ္ေနရာကပဲယူယူရေနပါလ်က္ႏွင့္ဆရာဟာဘာေၾကာင့္မ်ားလာေခၚေနရ


သလဲမသိေပ။




"ဆရာေနမ်ိဳးဘုန္းႀကီးေခၚေနတယ္...."




မီးဖိုေဆာင္အဝတြင္လာ၍ေခၚေသာကိုရင္ေလး


တစ္ပါးေၾကာင့္ဆရာမေနမ်ိဳးသည္


ရုတ္တရက္ဆိုသလိုပံုရိပ္၏လက္ကိုလာဆဲြၿပီးတရားနာရမၫ့္ပဲြခင္းထဲသို႔ေခၚလာခဲ့ေလသည္။




"ဆရာရယ္သမီးပန္းကန္ပဲ ေဆးပါရေစ..


လူေတြအမ်ားႀကီးၾကားမွာမေနခ်င္ပါဘူး..."




ပံုရိပ္ဒီလိုေျပာလိုက္ေတာ့နဂိုၾကည္လင္ေနေသာ


ဆရာ့မ်က္ဝန္းမ်ားသည္အနည္းငယ္ေနာက္က်ိသြားသ‌ေယာင္ ျဖစ္သြားသည္။


စကားမွားသြားတာကိုသိလိုက္ေပမယ့္ကိုယ္ျဖစ္ခ်င္သၫ့္အရာကိုေျပာလိုက္တာေၾကာင့္ေနာင္တေတာ့


မရပါဘူး။


ဆရာသည္ပံုရိပ္၏လက္ကိုလႊတ္လိုက္ၿပီး


အသံေတြဆူညံေနေသာေၾကာင့္အနားသို႔အနည္းငယ္ကပ္ကာ စကားဆိုေလသည္။




"ဒီမွာပံုရိပ္မီးဖိုေခ်ာင္ထဲမွာက ကိုရင္ႀကီးေတြပဲရိွတယ္ မိန္းမငယ္ေလးတစ္ေယာက္တည္း ဘာေၾကာင့္ ေနေနရတာလဲ..."




"ဟာ...ဆရာကလည္း...ဟိုဘက္အေဆာင္မွာအေဒၚႀကီးေတြလည္း ခ်က္ျပဳတ္ေနတာပဲမဟုတ္ဘူးလား...."




"ဒါဆိုရင္အဲ့ဒီ့ဘက္အေဆာင္ကိုမသြားပဲ 


ဘာလို႔ေခ်ာင္မွာကပ္ၿပီး ပန္းကန္၀င္ေဆးေနရ


သလဲ..."




"ဒါကေတာ့ သမီးမွအခ်က္အျပဳတ္


မကၽြမ္းက်င္တာ....ဒါေပမဲ့ပဲြထဲမွာေတာ့‌မေနခ်င္ပါဘူးဆရာရယ္...အေဒၚႀကီးေတြဆီမွာပဲ သြားကူလိုက္မယ္...."




"ဟိတ္..ေတာ္ၿပီ...မသြားနဲ႔ေတာ့..."




ဆရာ့ေနာက္ေက်ာဘက္သို႔ေရာက္ကာမွ 


လက္ေမာင္းမွတစ္ဆင့္ဆဲြလွၫ့္ခံလိုက္ရသည္မို႔ 


လူကတစ္ပတ္လည္ၿပီး ဆရာ့အေရ႔ွသို႔ျပန္ေရာက္သြားေလသည္။


ဆရာ့မ်က္၀န္းမ်ားသည္ ေဒါသအခိုးမ်ားႏွင့္ မိႈင္းေဝေနတာမ်ိဳးမဟုတ္ေပမဲ့ ၾကည္လင္ေနတာမ်ိဳးလည္းမဟုတ္ေပ။ပံုရိပ္ကို စိတ္မရွည္ျခင္းသာျဖစ္သည္။




ပံုရိပ္လည္း ဘယ္လိုေျပာေျပာမရ၍ႏႈတ္ခမ္းကိုသာ ကိုက္ထားလ်ွက္ေခါင္းကိုသာ ငံု႔ထားလိုက္မိသည္။ဆရာျဖစ္ေန၍သာ ၿငိမ္ခံေနျခင္းပင္။


အျခားသူတစ္ေယာက္ဆိုပါက ကိုယ္မလုပ္ခ်င္သၫ့္အရာကို အတင္းဖိခိုင္းေနေသာေၾကာင့္ 


စိတ္ဆိုးကာ ျပန္ေျပာမိမည္ထင္သည္။




"ဟိုမွာၾကၫ့္စမ္း...ပံုရိပ္လိုအရြယ္ေယာက္်ားေလး မိန္းကေလးအကုန္လံုး ပဲြထဲကို‌ ေရာက္ေနၾကတယ္


...ဟိန္းကိုလည္းဟိုမွာရိွတယ္‌‌ ေတြ့လား..


အသက္ႀကီးတဲ့လူေတြကိုကူေပးတဲ့လူနဲ႔...


မုန႔္လိုက္ေဝတဲ့လူနဲ႔ ၾကၫ့္ရတာဘယ္ေလာက္ခ်စ္ဖို႔ေကာင္းၾကလဲ...."




"ပံုရိပ္မွ အဲ့လိုမလုပ္ခ်င္တာ..."




ပဲြခင္းဘက္သို႔ လက္ၫွိုးထိုးျပေနေသာဆရာသည္ ေခါင္းေက်ာမာသၫ့္ပံုရိပ္ေၾကာင့္ သက္ျပင္းႏုႏုတစ္ခ်က္ရိႈက္လိုက္ေသးသည္။




"ဟိန္းကိုေရ...ဒီကိုလာအံုး...."




တစ္လက္စတည္း ေကာက္ၫွင္းထုပ္ႏွင့္အေအးလိုက္ေဝေပးေနေသာ  ဟိန္းကိုအား လက္ယက္၍


လွမ္းေခၚလိုက္သည္။


ေကာ္လံပါလက္ရွည္အျဖဴႏွင့္ ပုဆိုးအျပာႏု


အကြက္စိပ္ေလးကို ၀တ္ဆင္ထားလ်ွက္ 


ဒီယေန့မွ သန႔္ျပန႔္ေနေသာ ဟိန္းကိုသည္လည္း 


ဆရာ့ေခၚသံေၾကာင့္ အနားသို႔ေျပးလာေလသည္။




"ဆရာ...ဘာျဖစ္လို႔လဲ..."




"ဒီမွာ...မင္းသူငယ္ခ်င္းကို မင္းတို႔နဲ႔အတူ


ကူဖို႔ေခၚသြားစမ္းပါကြာ..."




ဟိန္းကိုအား မွာၿပီးပံုရိပ္ဘက္သို႔ တစ္ဖန္လွၫ့္လာျပန္သည္။


မွာလို႔ကို မၿပီးႏိုင္တဲ့ဆရာပါေလ။




"တို႔တပည့္က ဒီေန့မွလွလွေလး၀တ္စားထားတဲ့ဥစၥာ မ်က္ႏွာေလးေတာ့ျပမွေပါ့ မဟုတ္ဘူးလား...ပံုရိပ္ေလးကလိမၼာပါတယ္...ဟိန္းကိုနဲ႔လိုက္သြားလိုက္..."




ထိုေနရာမွ ထြက္ခြာသြားေသာ ဆရာ့ေက်ာျပင္ကို 


ပံုရိပ္ေငး၍သာ က်န္ခဲ့သည္ ။


ဆရာသည္ သူ႔တပၫ့္ေတြအေပၚတြင္ 


အႏူးညံ့တတ္ဆံုးလူသားလို႔ ဆိုရမည္။


ပံုရိပ္တင္မဟုတ္ပဲ သူ႔တပၫ့္တိုင္းအေပၚတြင္


 ဆရာသည္အလြန္အေလ်ွာ့ေပးတတ္သည္။


ဒါေၾကာင့္လည္း တပၫ့္ေတြအားလံုးကဆရာ့ကိုခ်စ္ၾကသည္။




နားမလည္တာမ်ိဳးရိွရင္လည္း ေလႏုေအးႏွင့္


နား၀င္သည္အထိ ရွင္းျပတတ္သည္။


ကလန္ကဆန္လုပ္လာလ်ွင္လည္း ေပ်ာ့ေျပာင္းလာသည္အထိ ဆရာသည္ပံုသြင္းေပးႏိုင္စြမ္းရိွသည္။




ဆရာလက္ထဲမွာဆိုရင္ေလ သံမဏိေတာင္အရည္ေပ်ာ္ေလာက္ပါရဲ့။


ယခုလည္း ပံုရိပ္ကေဒါသထြက္ေနသည္ဟု 


ထင္ထားခဲ့ေသာဆရာသည္ ပံုရိပ္ကိုၿမွောက္ပင့္၍


 ေခ်ာ့ေျပာသြားခဲ့ေသးသည္။




ဘုရားရင္ျပင္ေတာ္ေပၚတက္၍ အင္းၾကင္းပန္းပင္ႏွင့္ကြယ္လ်ွက္ ဆရာ့အရိပ္ေပ်ာက္ကြယ္သြားေသာအခါ ဟိန္းကိုသည္ ပံုရိပ္ကိုသူတို႔အဖဲြ႔ေတြ


ဆီေခၚသြားေလသည္။ပဲြထဲတြင္ လူေတြက


ရာႏွင့္ခ်ီေနသျဖင့္ ပံုရိပ္အင္မတန္အံ့ဩရသည္။




သူ႔အစုႏွင့္သူေနရာယူထားၾကလ်ွက္ စကားေဖာင္ဖဲြ႔ေနၾက၍ ပံုရိပ္တို႔အဖဲြ႔သည္ တစ္ေယာက္ႏွင့္


တစ္ေယာက္ စကားေျပာလိုလ်ွင္ လွမ္း၍ေအာ္ေျပာယူရသည္။


အလႉရွင္ေတြကလည္း တစ္ဖဲြ႔ၿပီးတစ္ဖဲြ႔ေရာက္လာၾကၿပီး မုန႔္အမ်ိဳးမ်ိဳးလာလႉၾကတာေၾကာင့္ ပံုရိပ္တို႔မွာလည္း ေဝရသည္မွာ ေရမထိႏိုင္ေအာင္ပါပဲ။




"တို႔တပည့္က ဒီေန့မွလွလွေလး၀တ္စားထားတဲ့ဥစၥာ မ်က္ႏွာေလးေတာ့ျပမွေပါ့..."ဟုဆရာေနမ်ိဳးေျပာသြားကို အဟုတ္မွတ္ေနမိတဲ့ပံုရိပ္ ပန္းကန္ေဆးတာကမွ တစ္ေနရာထဲတြင္အိႁႏၵေရိွေသးသည္ဟုဆိုရမည္။အခုေတာ့ လူၾကားထဲသို႔တိုး၍ အေအးတို႔မုန႔္တို႔ ကမ္းေပးရသည္မွာ "ကန္ေတာ့္...ကန္ေတာ့္.."ဟုလည္းႏႈတ္မွတဖြဖြေတာင္းပန္စကားဆိုရေလသည္။




တစ္ခုေတာ့ရိွတာေပါ့ေလ လူျမင္ကြင္းမွာလုပ္ရသၫ့္အလုပ္ျဖစ္၍ "ေက်းဇူးတင္စကား.."မ်ားကေတာ့ ေဝေနေအာင္အေျပာခံရသည္။


တရားပဲြတြင္လာကူညီ‌ ေပးၾကသၫ့္လိမၼာေသာ လူရည္မြန္ေလးေတြအျဖစ္လည္းသတ္မွတ္ခံရသည္။


အလုပ္ပင္ပန္းသလို မ်က္ႏွာပန္းလည္းလွသည္။




မီးဖိုေဆာင္မွာ ပန္းကန္ေဆးရသၫ့္အလုပ္ၾကေတာ့ အလုပ္ပင္ပန္းတာေတာင္ ခ်ီးက်ူးမည့္သူက


တစ္ေယာက္ ႏွစ္ေယာက္သာျဖစ္သည္။


ပံုရိပ္ကလည္း ထိုသို႔လူမသိသူမသိ ေပးဆပ္ရေသာအလုပ္မ်ိဳးကိုသာ စိတ္၀င္စားသည္။


လူေတြဆိုသည္မွာလည္း အေပၚယံေၾကာကိုသာ စိတ္၀င္တစားျမင္တတ္ၾကသည္။


ဆရာကလည္း သူ႔တပၫ့္မကိုလူေရ႔ွထုတ္ျပခ်င္သည္။




"ဟဲ့ေရ....ဒီမွာအလႉရွင္ကေခါက္ဆဲြေၾကာ္လာလႉထားတယ္....လိုက္မေဝခင္ဗိုက္ဆာရင္ စားရေအာင္ ယူထားအံုးမလား...."




"ဟင့္အင္း....မယူေတာ့ပါဘူး..."




အျခားရပ္ကြက္မွ လုပ္အားလာေပးေသာ ရြယ္တူေကာင္မေလးတစ္ေယာက္က အနားသို႔ကပ္လာၿပီး ေခါက္ဆဲြေက်ာ္ထုပ္ႀကီးကို ျပေလသည္။


"ပံုရိပ္ကေတာ့ ေခါင္းသာခါျပလိုက္မိသည္...."


ထိုစဉ္ ေက်ာင္းဘက္အျခမ္းမွ ထြက္လာေသာ


ဟိန္းကို၏အေမသည္ ပံုရိပ္တို႔ရိွရာဆီသို႔ 


ထဘီခပ္တိုတို၀တ္လ်ွက္ ေရာက္ခ်လာၿပီး 


ဟိုေကာင္မေလး၏လက္ထဲမွ ေခါင္ဆဲြေၾကာ္ဗူးေတြထၫ့္ထားသၫ့္ အထုပ္ကိုဆက္ခနဲဆဲြယူလိုက္သည္။




"အမယ္ေလး...ဘာေတြဟန္လုပ္ေနၾကတာလဲ...


ညည္းတို႔လည္းပင္ပန္းၾကတဲ့ဥစၥာ...သူမ်ားေတြကိုပဲ


လိုက္သြတ္မေနနဲ႔ ကိုယ့္ဟာကိုယ္လည္းဗိုက္ျဖၫ့္ၾကအံုး...ေရာ့...ေရာ့....တစ္ေယာက္တစ္ဗူးဆီ


ယူၾက...ငါ့သားကိုလည္း တစ္ဗူးေပးလိုက္အံုး...


ငါတို႔ခ်က္ျပဳတ္တဲ့လူေတြအတြက္ သံုးဗူးယူသြားၿပီ...."




သူ႔ဟာသူအကြက္ခ်သြားသၫ့္ ဟိန္းကို၏အေမေၾကာင့္ ပံုရိပ္တို႔ႏွစ္ေယာက္လည္း လက္ထဲတြင္ေခါက္ဆဲြဗူးကိုယ္ဆီကိုင္လ်ွက္ ေက်ာက္ရုပ္ကေလးေတြကို က်န္ခဲ့ၾကေတာ့သည္။




ေခါက္ဆဲြဗူးက ဗူးႏွစ္ဆယ္ေလာက္လာလႉသြားေပမဲ့ သူေျပာသလိုသာ ကိုယ္ေတြအတြက္ခ်န္ထားရရင္


ေလာက္ေတာင္ေလာက္မွာမဟုတ္ဘူး။


အလႉ႔ရွင္ေတြက တရားနာသူေတြကိုလႉသြားတဲ့ဥစၥာ ဒီလိုလုပ္ေတာ့ၾကားျဖတ္လာဘ္စားလိုက္တာနဲ႔ 


ဘာထူးေတာ့မွာလဲ။




"ဟဲ့..ဒီဗူးေတြကို နင္ပဲလိုက္ေဝေပးလိုက္ပါဟာ...


ငါ...ဟိုမွာလာေနတဲ့အဖြားႀကီးကို သြားကူတဲြလိုက္မယ္...."




ခါးနာေနေသာအဖြားတစ္ေယာက္သည္ ေမာလို႔


ထင္ပါရဲ့ လႈပ္တုပ္လႈပ္တုပ္ႏွင့္ ေလ်ွာက္လာေနေသာေၾကာင့္ ပံုရိပ္လည္းအဖြား၏လက္ေမာင္းကို ေျပးတဲြလိုက္မိသည္။


                    🔥ဆူးႀကိဳး...🔥အခန္း(၁၇)🔥  ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:

Post a Comment