🔥ဆူးကြိုး...🔥အခန်း(၁၈)🔥 ဒုတိယပိုင်း


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၁၈)🔥  ဒုတိယပိုင်း 


ထို့အတူပင် အိမ်ရှေ့ခန်းရှိ ဘုရားစင်အောက်တွင်လည်း ရှမ်းမောင်နှမအတွက် နှစ်ထုပ်ချိတ်ဆွဲထားသည်။

ဒါ့အပြင် မိစုဆော့၍‌ ခြေထောက်တစ်ဖက်က

 ခပ်မျော့မျော့သာ ရှိတော့သောမြင်းဖြူရှင်နတ်ကိုလည်း ချိတ်ဆွဲထားလေသည်။

ပဲခူးတွေရော၊ကရင်တွေရော၊ရှမ်းနတ်တွေပါ

 စုံနေအောင် ကိုးကွယ်သည့်အဒေါ်ပါလေ။


မိစုဆိုလျှင် ညဘက်အိပ်ရာထဲတွင် 

သေးပေါက်မချမိစေရန် မီးဖိုကြီးကို 

အိပ်ရာမ၀င်ခင်ထိုင်ကန်တော့ရသည်။

ဒါလည်း ပေါက်ချတာပါပဲ။

အခုတောင် သူ့တင်ပါးအောက်တွင် အကွက်လိုက်ကြီးဖြစ်နေလေပြီ။


 ထိုမီးဖိုနှင့်ပဲပြုတ်သည့်အခါ ရေချိန်ကိုခန့်မှန်း၍ပြုတ်ရသောကြောင့် မပျော့မမာအနေအထား အိအိလေးဖြစ်နေရပေမည်။

မာဆက်ဆက်ဖြစ်သွားလျှင် ရေနှင့်ပြန်နှပ်ပြီး အနည်းငယ်စားကောင်းအောင်လုပ်လို့ရပေမဲ့ ရေချိန်များ၍ စတော်ပဲပျော့သွားသည့်အခါမျိုးတွင်တော့ ဘယ်လိုမှလုပ်မရတော့ပေ။


အလေးကိုသာ သာပေးပြီးရောင်းရတော့သည်။အမြတ်ကလည်း နည်းသွားတတ်သည်။

ထိုနေ့မျိုးဆိုရင် ထွန်းကိုရော၊မိစုရော 

မုန့်ဖိုးမရကြပေ။

ပုံရိပ်ကတော့ အစောတည်းက ဆီ၊စားနှင့်တောင်ထမင်းစားနိုင်သူဖြစ်၍ အထွေအထူးမဟုတ်ပေ။


"ဒေါ်လေး...သမီးပါလိုက်ကူမယ်..."


ဒေါ်လေးသည် ခြင်ထောင်ကိုလှန်ပြီးထွက်နေ၍ 

ပုံရိပ်လည်းနေရာမှထလျှက် ခြေသံဖွဖွနင်းကာ ဒေါ်လေးဆီသို့ သွားလိုက်သည်။


"စာကျက်ပျက်နေပါအုံးမယ်အေ...ဒီအလုပ်က

နေ့တိုင်း လုပ်နေကြပါ ရပါတယ်...."


"စာကရပြီးသားဒေါ်လေးရဲ့ သမီးလိုက်ကူချင်လို့ပါ..."


"အင်း...ပြောမရလည်းလိုက်ကူ....

ခြေသံတော့ဖွဖွနင်း...သီပေါမင်းပါတော်မူတုန်းက 

ကျွင်းထဲမှာကျန်ခဲ့တဲ့ သူတောင်းစား ဆက်တော်ခေါ်နေလို့...."


"ခိ..ခိ...ဦးသက်ဆွေကိုပြောတာလား..."


"ဒီငါးမွှေထိုးကလွဲပြီး ဘယ်ကောင်ရှိသေးလို့လဲ..."


စိတ်တွေဟာလန်းဆန်းမှု ရှိမနေ‌ပေမဲ့ အဒေါ့်စကားကြောင့် ပုံရိပ်ရယ်လိုက်မိသည်။

အဒေါ့်နောက်ကနေ ခြေသံဖွဖွနင်းလျှက် 

လျှောက်လာမိတော့ ဦးသက်ဆွေသည် ဘုရားစင်အောက်တွင် ခြင်ထောင်မရှိပဲ 

စောင်ကိုခေါင်းမြီးခြုံလျှင်ဖြင့် အိပ်ပျော်နေသည်။


ညက အကြီးအကျယ်ရန်ဖြစ်ကြ၍ အဒေါ်သည်

 သူနှင့်မအိပ်နိုင်ဘူးဆိုကာ ပုံရိပ်၏

နို့ဆီဗူးလောက် အခန်းထဲသို့ သားအမိသုံးယောက် ၀င်ချလာပြီး ကြပ်ကြပ်သပ်သပ် အိပ်ကြလေသည်။ရန်ဖြစ်ပြီးသူက အိပ်ပျော်ပေမဲ့ ပုံရိပ်ကသာတစ်ညလုံးအိပ်၍ မပျော်ပဲ အတွေးနယ်ချဲ့နေခဲ့သည်။


"ပုံရိပ်....မီးမွှေးထား...ဒေါ်လေးရေသွားသွန်လိုက်အုံးမယ်...ပြီးရင်ဆန်ဆေးပြီး ပေါင်းအိုးထဲကိုထည့်လိုက်...."


"ဟုတ်ကဲ့...ဒေါ်လေး...."


ပုံရိပ်လည်း ဒေါ်လေးခိုင်းသည့်အတိုင်း 

တသွေမသိမ်း လိုက်လုပ်နေမိသည်။

အားလုံးမနက်စာ စားဖို့ရန်ပဲပြုတ် ကြော်ထားခဲ့မည်ဆို၍ ကြက်သွန်လှီးပေးရသည်။

ကြက်သွန်မွှန်လွန်း၍ မျက်ရည်တောင်ကျချင်သည်။


"ပုံရိပ်....ကြက်ဥကိုခွဲပြီး မွှေထားလိုက်စမ်းပါ

...ညည်းတို့ကိုအကြေကြော်ပေးလိုက်မယ်..."


အဒေါ်သည် အိမ်ပေါ်သို့ပြန်တက်လာပြီး မီးဖိုပေါ်တွင် ပဲပြုတ်ကိုရေအနည်းငယ်ဖြန်းလျှက် 

ပြန်နွေးနေလေသည်။


"ဒေါ်လေး...သမီးတစ်ခုလောက်မေးလို့ရမလား...."


"မေးလေ ပုံပုံရဲ့...."


"အဖေ့ဘက်က မိဘတွေကမန္တလေးမှာဆို...

အဲ့ဒါဒေါ်လေး သူတို့ဘယ်မှာနေသလဲ သိလားဟင်..."


ကြက်ဥအနှစ်တွေကို ပန်းကန်ထဲသို့ထည့်

လျှက် မွှေနေရင်းမှမေးမိတော့ အဒေါ်သည်

ပဲပြုတ်အိုး တည်နေရင်းမှ ပုံရိပ်ကိုသေချာစောင်းငဲ့ကြည့်လာသည်။


အဒေါ့်မျက်၀န်းတွေမှေးမှိန်ကျသွားသည်ကို 

ပုံရိပ်သတိထားလိုက်မိသည်။

ပုံရိပ်ကြောင့် အဒေါ့်စိတ်ထဲတွင် 

တစ်မျိူးတစ်မည်ဖြစ်သွားမှာစိုးသဖြင့် 

ခေါင်းကိုသာ ငုံ့ထားမိသည်။


"ပုံပုံက ဒီမှာမနေချင်တော့လို့လား...

အဒေါ်နဲ့နေရတာ စိတ်ဆင်းရဲလို့လားဟင်..."


ဒေါ်လေး၏ မေးခွန်းအတွက်ပုံရိပ်တွင်အဖြေရှိသည်။ဒါပေမဲ့ အကုန်လုံးတော့မဖြေချင်ပေ။

ပုံရိပ်ကို ၀မ်းနှင့်လွယ်မွေးခဲ့ရသော သူ့သား၊သမီးတွေနည်းတူ စေတနာ၊မေတ္တာသန့်သန့်ဖြင့် စောင့်ရှောက်ခဲ့သည့် ကျေးဇူးတွေကို

 စကားလုံးတစ်လုံးထဲနှင့် မချေဖြတ်ချင်ပေ။


မိဘညီအစ်ကို မောင်နှမအရင်းအချာ၊မရှိသည့်

 ပုံရိပ်၏ဘ၀တွင် အဒေါ်၀မ်းကွဲဟာ 

သွေးသားရင်းချာဆိုပါက အဖိုး၊အဖွားကပို၍ 

ရင်းလိမ့်မည်။

သူတို့ဆိုရင်ရော ဦးသက်ဆွေလို မနှင်ချလောက်ဘူးထင်ပါရဲ့။ဒေါ်လေးကို အကြောင်းပြချက်တွေအများကြီး မပေးနိုင်ပေမဲ့ ပုံရိပ်ပြောနိုင်တာတစ်ခုကတော့....


"ဦးသက်ဆွေကို သမီးသိပ်မုန်းတယ်ဒေါ်လေး..

သမီးကတစ်ခါခံရပြီးရင် အသေမှတ်ထားတတ်တဲ့လူမို့...ကြောင်လေးနဲ့ပတ်သတ်ပြီး သူ့အပေါ်မှာ

ထားတဲ့ အာဃာတတွေက အခုထိမပြယ်သေးဘူး 

ပုံရိပ်မုန်းတဲ့လူနဲ့ တစ်အိမ်ထဲမှာ အတူမနေချင်ဘူး.

.."


"အင်း...ပုံပုံကတကယ်ပြတ်သားတဲ့ ကလေးပါ...

ဒါဆို..ဒေါ်လေးတို့..မိစုတို့နဲ့တော့ ခွဲနိုင်တယ်ပေါ့လေ

...ဒေါ်လေးကိုသံယောဇဉ်မရှိဘူးလား...

ပုံပုံမရှိရင် ဒေါ်လေးက

လက်တစ်ဖက်မဲ့သွားရလိမ့်မယ်..

ဒီစကားပြောထွက်တာ ဒေါ်လေးအံ့ဩလိုက်တာ.."


ပဲအိုးကို ကိုင်ထားလျှက်ဖြင့် ဒေါ်လေးမျက်ရည်ကျသလို ပုံရိပ်သည်လည်းမျက်ရည်များ ဝဲတက်လာသည်။

မျက်၀န်းအစုံကို လက်ဖဝါးနှင့်အုပ်ကာ 

အသံမထွက်အောင် ရှိုက်၍ ငိုမိသည်။

မပြောသင့်တဲ့စကားကို ပြောလိုက်မိပေမဲ့ 

ဒါဟာအမှန်ကန်ဆုံးနည်းလမ်းပါပဲ။

ပုံရိပ် ဒီအိမ်မှာဆက်နေဖို့ မသင့်တော်တော့ဘူး။


"သမီးရဲ့အတွေးတွေက တဖြည်းဖြည်းဘောင်ကျဉ်းလာတယ်...ဒေါ်လေး...သမီးဘာဆက်လုပ်ရမလဲ

မသိတော့ဘူး...ဦးသက်ဆွေပြောတဲ့စကားတွေက သမီးကိုအားငယ်စေတယ်..

လက်တွေ့ဘ၀ကို ဆွဲခေါ်လိုက်သလိုပဲဒေါ်လေးရယ်

...သမီးဘာလုပ်ရမလဲ....

ဒေါ်လေးတို့ကို တွယ်တာပေမဲ့ ဦးသက်ဆွေနဲ့

တမိုးအောက်ထဲမှာ အတူမနေချင်ဘူး..."


ထိုစကားသာပြောပြီး မျက်ရည်တွေကို

 ဖိသုတ်လိုက်ကာ အဒေါ့်ကိုလည်းစိတ်မညစ်စေချင်၍ နှုတ်ဆိတ်နေလိုက်မိသည်။

အဒေါ်သည်လည်း အကြောင်းအရာတစ်ခုကိုအသည်းအသန်ရှာဖွေစဉ်းစားနေဟန်ဖြင့် 

ငြိမ်သက်နေခဲ့သည်။


"ပုံပုံ့ရဲ့အဖေဘက်တွေ မိဘတွေကို

ရွာမှာလာမြန်းတုန်းကမှ မြင်ဖူးတာ...

ဒေါ်ရိပ်ညိုနဲ့ ဦးမိုးမင်းလို့ခေါ်တယ်...

ဦးမိုးမင်းက မန္တလေးကနာမည်ကြီးအထူးကုဆရာ၀န်ကြီးလို့ သိထားပေမဲ့ မမသန့်နဲ့သဘောမတူနိုင်လို့ သူ့သားရဲ့မင်္ဂလာကိစ္စနားလာဖောက်တာတောင် သူပါမလာဘူး...

အမေဖြစ်သူကတောင် မကောင်းတတ်လို့လာတယ်ထင်ရတာပဲ..."


"ဒါဆို...အဖေပြောတာမှန်နေပြီပေါ့...အဖိုးကအမေ့ကို ပညာမတတ်လို့ သဘောမတူတာဆို.."


"ဟုတ်လိမ့်မှာပေါ့....သူတို့ကမွေးချင်းမောင်နှမ

သုံးယောက်ရှိကြတယ်..

ကိုမိုးရိပ်က အငယ်ဆုံးပဲ...ဒါပေမဲ့ကိုမိုးရိပ်က

ရန်ကုန်မှာ ကျောင်းပြီးပြီးခြင်း ရန်ကုန်မှာပဲအလုပ်၀င်တော့ 

အိမ်နဲ့စိမ်းနေတဲ့လူတစ်ယောက်ပေါ့....

မမသန့်ကလည်း ချစ်တာတစ်ခုတည်းကိုပဲ ရှေ့တန်းတင်ခဲ့မိတော့ 

သူတို့မျိုးရိုးကြီးမှန်း မသိဘူးပေါ့...

ရွာကိုလာမြန်းတော့မှ စကားအပြောအဆိုတွေကရင့်သီးပြီး အထက်စီးကကြီးပဲ...

ဒေါ်ရိပ်ညိုကနှုတ်ဆိတ်နေပေမဲ့ 

သူ့သမီးယွန်းမေဦး..အဲ...ပုံရိပ်ရဲ့အဒေါ်ပေါ့လေ...

သူကတော့အရမ်းနှုတ်သရမ်းတယ်...သူတို့ကဘယ်လောက်ချမ်းသာကြောင်း...မိုးကုတ်မှာကျောက်တွင်းတွေ ဘယ်လောက်ပိုင်ကြောင်းနဲ့.

..ကြွားလိုက်တာများမိုးမွှန်နေတာပဲ...

အဲ့တော့ ဒေါ်လေးတို့မိသားစုကအလိုလို သိမ်ငယ်နေရရော...မှတ်မိပါသေးတယ်

..သားအမိနှစ်ယောက်စိန်တစ်ဆင်စာဆီ

 ၀တ်လာကြတာများ...ရွာထဲကလူတွေကတော့ 

မေသန့်လင်ရကံကောင်းတယ်ပေါ့အေ...‌

ဒီဘက်မှာဇွတ်ဖိနှိပ်ခံနေရတာတော့ မသိကြဘူး

....အကြီးဆုံးသားဖြစ်တဲ့ ကိုမင်းခန့်ကတော့ ဆရာ၀န်ပီပီငြိမ်ရှာပါတယ်...

‌ညည်းရဲ့အဖွားကလည်း ဘယ်ကတည်းက

မကျေနပ်နေသလဲမသိဘူး 

မင်္ဂလာဆောင်ပြီးတည်းက မန္တလေးကို ‌လေယာဉ်နဲ့တန်းဆင်းသွားတော့တာပဲ...

အဲ့ဒါတို့ဘက်က အမျိုးတွေကတစောင်းစောင်း 

တမဲမဲနဲ့လေ ...

ညည်းအဖေမနည်းရှင်းလိုက်ရတယ်...."


အဒေါ်သည် အဖွားဒေါ်ရိပ်ညိုတို့ကို ဘယ်လောက်အထိ အငြှိုးထားနေသလဲတော့မသိပေ။

ပြောသွားလိုက်တာများ ကောင်းကွက်ကိုတစ်စက်မှမရှိဘူး။ယမင်းရွှေပြောခဲ့သလို ချမ်းသာတော့လည်း ဂုဏ်မောက်ကြ‌တာပေါ့ဆိုသည့် စကားကို ပြန်ကြားယောင်လာမိတော့ ဒီမျိုးရိုးထဲကို ပုံရိပ်ဘယ်လိုခြေလှမ်းပြီး၀င်ရမလဲတောင် မတွေးတတ်တော့ပေ။


"ဒါနဲ့ ဒေါ်လေးသူတို့ရဲ့လိပ်စာကိုသိလား...."


"အလိုတော် ညည်းအမေတောင်သိသလားမေးကြည့်အုံး....ဘယ်လောက်တောင်မြေးတွေ မြစ်တွေများနေသလဲတော့ မသိဘူး ညည်းမွေးတာတောင် တစ်ချက်လာမကြည့်ကြဘူး...ညည်းအဖေကလည်းမန္တလေးဆိုရင် ခြေဦးတောင်မလှည့်ဘူး..စိတ်နာလို့နေမှာပေါ့..."


"ဒါပေမဲ့ အဖေကအဖွားအကြောင်းကိုတော့ ခဏခဏပြောပြတတ်တယ်..."


"အင်းမအေဆိုတော့လည်း...ကောင်းခဲ့တာတွေအများကြီးရှိတော့ သတိရမှာပေါ့လေ...

ညည်းအဖိုးကတော့ ကျုပ်တို့များရုပ်တောင်

ပြတိုက်ထဲမှာ သွားကြည့်ရမလိုပဲ...

တစ်ခါမှမတွေ့ဖူးဘူး...."


"ဟာ....နားညီးတယ်ဟာ...စောစောစီးစီး 

အိမ်ပြန်လာရင် အဲ့လိုပဲ..."


"အောင်မာ..စက်လှေပေါ်မှာ ရေငွေ့ကိုသောက်ပြီး ပင်လယ်ထဲ ဆားသိပ်ခံခဲ့ရတဲ့ကောင်ကများ..."


"အဒေါ်ရယ်...တော်ပါတော့..."


စောစောစီးစီးရန်ထပ်ဖြစ်မည်စိုးသောကြောင့် 

အဒေါ့်ကိုအချိန်မှီတားရလေသည်။

ဟိုကထလုပ်ရင် တကယ်ခံရမည့်လူကအဒေါ်ပင်။

‌ပုံရိပ်မှာ မေးခွန်းတွေအများကြီးရှိသေးပေမဲ့ 

ဆက်မေးလျှင် ပြဿနာဖြစ်လာနိုင်၍ မမေးဝံ့တော့ပေ။သို့ပေမဲ့ မန္တလေးရှိ အဖွားတို့၏လိပ်စာကိုတော့ ပုံရိပ်ရအောင်စုံစမ်းနိုင်လိမ့်မည်ဟု ယုံကြည်နေမိသည် ။


(ပုံရိပ်ကတော့ မန္တလေးကိုတကယ်သွားရတော့မလား....)


အခန်း(၁၉)ဆက်ရန်ရှိသည်...

=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၁၈)🔥  ဒုတိယပိုင္း


"စာက်က္ပ်က္ေနပါအံုးမယ္ေအ...ဒီအလုပ္က

ေန့တိုင္း လုပ္ေနၾကပါ ရပါတယ္...."


"စာကရၿပီးသားေဒၚေလးရဲ့ သမီးလိုက္ကူခ်င္လို႔ပါ..."


"အင္း...ေျပာမရလည္းလိုက္ကူ....

ေျခသံေတာ့ဖြဖြနင္း...သီေပါမင္းပါေတာ္မူတုန္းက 

ကၽြင္းထဲမွာက်န္ခဲ့တဲ့ သူေတာင္းစား ဆက္ေတာ္ေခၚေနလို႔...."


"ခိ..ခိ...ဦးသက္ေဆြကိုေျပာတာလား..."


"ဒီငါးေမႊထိုးကလဲြၿပီး ဘယ္ေကာင္ရိွေသးလို႔လဲ..."


စိတ္ေတြဟာလန္းဆန္းမႈ ရိွမေန‌ေပမဲ့ အေဒါ့္စကားေၾကာင့္ ပံုရိပ္ရယ္လိုက္မိသည္။

အေဒါ့္ေနာက္ကေန ေျခသံဖြဖြနင္းလ်ွက္ 

ေလ်ွာက္လာမိေတာ့ ဦးသက္ေဆြသည္ ဘုရားစင္ေအာက္တြင္ ျခင္ေထာင္မရိွပဲ 

ေစာင္ကိုေခါင္းၿမီးႃခံုလ်ွင္ျဖင့္ အိပ္ေပ်ာ္ေနသည္။


ညက အႀကီးအက်ယ္ရန္ျဖစ္ၾက၍ အေဒၚသည္

 သူႏွင့္မအိပ္ႏိုင္ဘူးဆိုကာ ပံုရိပ္၏

ႏို႔ဆီဗူးေလာက္ အခန္းထဲသို႔ သားအမိသံုးေယာက္ ၀င္ခ်လာၿပီး ၾကပ္ၾကပ္သပ္သပ္ အိပ္ၾကေလသည္။ရန္ျဖစ္ၿပီးသူက အိပ္ေပ်ာ္ေပမဲ့ ပံုရိပ္ကသာတစ္ညလံုးအိပ္၍ မေပ်ာ္ပဲ အေတြးနယ္ခ်ဲ႔ေနခဲ့သည္။


"ပံုရိပ္....မီးေမႊးထား...ေဒၚေလးေရသြားသြန္လိုက္အံုးမယ္...ၿပီးရင္ဆန္ေဆးၿပီး ေပါင္းအိုးထဲကိုထၫ့္လိုက္...."


"ဟုတ္ကဲ့...ေဒၚေလး...."


ပံုရိပ္လည္း ေဒၚေလးခိုင္းသၫ့္အတိုင္း 

တေသြမသိမ္း လိုက္လုပ္ေနမိသည္။

အားလံုးမနက္စာ စားဖို႔ရန္ပဲျပဳတ္ ေၾကာ္ထားခဲ့မည္ဆို၍ ၾကက္သြန္လွီးေပးရသည္။

ၾကက္သြန္မႊန္လြန္း၍ မ်က္ရည္ေတာင္က်ခ်င္သည္။


"ပံုရိပ္....ၾကက္ဥကိုခဲြၿပီး ေမႊထားလိုက္စမ္းပါ

...ညည္းတို႔ကိုအေၾကၾကော္ေပးလိုက္မယ္..."


အေဒၚသည္ အိမ္ေပၚသို႔ျပန္တက္လာၿပီး မီးဖိုေပၚတြင္ ပဲျပဳတ္ကိုေရအနည္းငယ္ျဖန္းလ်ွက္ 

ျပန္ေနြးေနေလသည္။


"ေဒၚေလး...သမီးတစ္ခုေလာက္ေမးလို႔ရမလား...."


"ေမးေလ ပံုပံုရဲ့...."


"အေဖ့ဘက္က မိဘေတြကမႏၲေလးမွာဆို...

အဲ့ဒါေဒၚေလး သူတို႔ဘယ္မွာေနသလဲ သိလားဟင္..."


ၾကက္ဥအႏွစ္ေတြကို ပန္းကန္ထဲသို႔ထၫ့္

လ်ွက္ ေမႊေနရင္းမွေမးမိေတာ့ အေဒၚသည္

ပဲျပဳတ္အိုး တည္ေနရင္းမွ ပံုရိပ္ကိုေသခ်ာေစာင္းငဲ့ၾကၫ့္လာသည္။


အေဒါ့္မ်က္၀န္းေတြေမွးမိွန္က်သြားသည္ကို 

ပံုရိပ္သတိထားလိုက္မိသည္။

ပံုရိပ္ေၾကာင့္ အေဒါ့္စိတ္ထဲတြင္ 

တစ္မ်ိူးတစ္မည္ျဖစ္သြားမွာစိုးသျဖင့္ 

ေခါင္းကိုသာ ငံု႔ထားမိသည္။


"ပံုပံုက ဒီမွာမေနခ်င္ေတာ့လို႔လား...

အေဒၚနဲ႔ေနရတာ စိတ္ဆင္းရဲလို႔လားဟင္..."


ေဒၚေလး၏ ေမးခြန္းအတြက္ပံုရိပ္တြင္အေျဖရိွသည္။ဒါေပမဲ့ အကုန္လံုးေတာ့မေျဖခ်င္ေပ။

ပံုရိပ္ကို ၀မ္းႏွင့္လြယ္ေမြးခဲ့ရေသာ သူ႔သား၊သမီးေတြနည္းတူ ေစတနာ၊ေမတၲာသန႔္သန႔္ျဖင့္ ေစာင့္ေရွာက္ခဲ့သၫ့္ ေက်းဇူးေတြကို

 စကားလံုးတစ္လံုးထဲႏွင့္ မေခ်ျဖတ္ခ်င္ေပ။


မိဘညီအစ္ကို ေမာင္ႏွမအရင္းအခ်ာ၊မရိွသၫ့္

 ပံုရိပ္၏ဘ၀တြင္ အေဒၚ၀မ္းကဲြဟာ 

ေသြးသားရင္းခ်ာဆိုပါက အဖိုး၊အဖြားကပို၍ 

ရင္းလိမ့္မည္။

သူတို႔ဆိုရင္ေရာ ဦးသက္ေဆြလို မႏွင္ခ်ေလာက္ဘူးထင္ပါရဲ့။ေဒၚေလးကို အေၾကာင္းျပခ်က္ေတြအမ်ားႀကီး မေပးႏိုင္ေပမဲ့ ပံုရိပ္ေျပာႏိုင္တာတစ္ခုကေတာ့....


"ဦးသက္ေဆြကို သမီးသိပ္မုန္းတယ္ေဒၚေလး..

သမီးကတစ္ခါခံရၿပီးရင္ အေသမွတ္ထားတတ္တဲ့လူမို႔...ေၾကာင္ေလးနဲ႔ပတ္သတ္ၿပီး သူ႔အေပၚမွာ

ထားတဲ့ အာဃာတေတြက အခုထိမျပယ္ေသးဘူး 

ပံုရိပ္မုန္းတဲ့လူနဲ႔ တစ္အိမ္ထဲမွာ အတူမေနခ်င္ဘူး.

.."


"အင္း...ပံုပံုကတကယ္ျပတ္သားတဲ့ ကေလးပါ...

ဒါဆို..ေဒၚေလးတို႔..မိစုတို႔နဲ႔ေတာ့ ခဲြႏိုင္တယ္ေပါ့ေလ

...ေဒၚေလးကိုသံေယာဇဉ္မရိွဘူးလား...

ပံုပံုမရိွရင္ ေဒၚေလးက

လက္တစ္ဖက္မဲ့သြားရလိမ့္မယ္..

ဒီစကားေျပာထြက္တာ ေဒၚေလးအံ့ဩလိုက္တာ.."


ပဲအိုးကို ကိုင္ထားလ်ွက္ျဖင့္ ေဒၚေလးမ်က္ရည္က်သလို ပံုရိပ္သည္လည္းမ်က္ရည္မ်ား ဝဲတက္လာသည္။

မ်က္၀န္းအစံုကို လက္ဖဝါးႏွင့္အုပ္ကာ 

အသံမထြက္ေအာင္ ရိႈက္၍ ငိုမိသည္။

မေျပာသင့္တဲ့စကားကို ေျပာလိုက္မိေပမဲ့ 

ဒါဟာအမွန္ကန္ဆံုးနည္းလမ္းပါပဲ။

ပံုရိပ္ ဒီအိမ္မွာဆက္ေနဖို႔ မသင့္ေတာ္ေတာ့ဘူး။


"သမီးရဲ့အေတြးေတြက တျဖည္းျဖည္းေဘာင္က်ဉ္းလာတယ္...ေဒၚေလး...သမီးဘာဆက္လုပ္ရမလဲ

မသိေတာ့ဘူး...ဦးသက္ေဆြေျပာတဲ့စကားေတြက သမီးကိုအားငယ္ေစတယ္..

လက္ေတြ့ဘ၀ကို ဆဲြေခၚလိုက္သလိုပဲေဒၚေလးရယ္

...သမီးဘာလုပ္ရမလဲ....

ေဒၚေလးတို႔ကို တြယ္တာေပမဲ့ ဦးသက္ေဆြနဲ႔

တမိုးေအာက္ထဲမွာ အတူမေနခ်င္ဘူး..."


ထိုစကားသာေျပာၿပီး မ်က္ရည္ေတြကို

 ဖိသုတ္လိုက္ကာ အေဒါ့္ကိုလည္းစိတ္မညစ္ေစခ်င္၍ ႏႈတ္ဆိတ္ေနလိုက္မိသည္။

အေဒၚသည္လည္း အေၾကာင္းအရာတစ္ခုကိုအသည္းအသန္ရွာေဖြစဉ္းစားေနဟန္ျဖင့္ 

ၿငိမ္သက္ေနခဲ့သည္။


"ပံုပံု႔ရဲ့အေဖဘက္ေတြ မိဘေတြကို

ရြာမွာလာျမန္းတုန္းကမွ ျမင္ဖူးတာ...

ေဒၚရိပ္ညိုနဲ႔ ဦးမိုးမင္းလို႔ေခၚတယ္...

ဦးမိုးမင္းက မႏၲေလးကနာမည္ႀကီးအထူးကုဆရာ၀န္ႀကီးလို႔ သိထားေပမဲ့ မမသန႔္နဲ႔သေဘာမတူႏိုင္လို႔ သူ႔သားရဲ့မဂၤလာကိစၥနားလာေဖာက္တာေတာင္ သူပါမလာဘူး...

အေမျဖစ္သူကေတာင္ မေကာင္းတတ္လို႔လာတယ္ထင္ရတာပဲ..."


"ဒါဆို...အေဖေျပာတာမွန္ေနၿပီေပါ့...အဖိုးကအေမ့ကို ပညာမတတ္လို႔ သေဘာမတူတာဆို.."


"ဟုတ္လိမ့္မွာေပါ့....သူတို႔ကေမြးခ်င္းေမာင္ႏွမ

သံုးေယာက္ရိွၾကတယ္..

ကိုမိုးရိပ္က အငယ္ဆံုးပဲ...ဒါေပမဲ့ကိုမိုးရိပ္က

ရန္ကုန္မွာ ေက်ာင္းၿပီးၿပီးျခင္း ရန္ကုန္မွာပဲအလုပ္၀င္ေတာ့ 

အိမ္နဲ႔စိမ္းေနတဲ့လူတစ္ေယာက္ေပါ့....

မမသန႔္ကလည္း ခ်စ္တာတစ္ခုတည္းကိုပဲ ေရ႔ွတန္းတင္ခဲ့မိေတာ့ 

သူတို႔မ်ိဳးရိုးႀကီးမွန္း မသိဘူးေပါ့...

ရြာကိုလာျမန္းေတာ့မွ စကားအေျပာအဆိုေတြကရင့္သီးၿပီး အထက္စီးကႀကီးပဲ...

ေဒၚရိပ္ညိုကႏႈတ္ဆိတ္ေနေပမဲ့ 

သူ႔သမီးယြန္းေမဦး..အဲ...ပံုရိပ္ရဲ့အေဒၚေပါ့ေလ...

သူကေတာ့အရမ္းႏႈတ္သရမ္းတယ္...သူတို႔ကဘယ္ေလာက္ခ်မ္းသာေၾကာင္း...မိုးကုတ္မွာေက်ာက္တြင္းေတြ ဘယ္ေလာက္ပိုင္ေၾကာင္းနဲ႔.

..ႂကြားလိုက္တာမ်ားမိုးမႊန္ေနတာပဲ...

အဲ့ေတာ့ ေဒၚေလးတို႔မိသားစုကအလိုလို သိမ္ငယ္ေနရေရာ...မွတ္မိပါေသးတယ္

..သားအမိႏွစ္ေယာက္စိန္တစ္ဆင္စာဆီ

 ၀တ္လာၾကတာမ်ား...ရြာထဲကလူေတြကေတာ့ 

ေမသန႔္လင္ရကံေကာင္းတယ္ေပါ့ေအ...‌

ဒီဘက္မွာဇြတ္ဖိႏိွပ္ခံေနရတာေတာ့ မသိၾကဘူး

....အႀကီးဆံုးသားျဖစ္တဲ့ ကိုမင္းခန႔္ကေတာ့ ဆရာ၀န္ပီပီၿငိမ္ရွာပါတယ္...

‌ညည္းရဲ့အဖြားကလည္း ဘယ္ကတည္းက

မေက်နပ္ေနသလဲမသိဘူး 

မဂၤလာေဆာင္ၿပီးတည္းက မႏၲေလးကို ‌ေလယာဉ္နဲ႔တန္းဆင္းသြားေတာ့တာပဲ...

အဲ့ဒါတို႔ဘက္က အမ်ိဳးေတြကတေစာင္းေစာင္း 

တမဲမဲနဲ႔ေလ ...

ညည္းအေဖမနည္းရွင္းလိုက္ရတယ္...."


အေဒၚသည္ အဖြားေဒၚရိပ္ညိုတို႔ကို ဘယ္ေလာက္အထိ အႃငွိုးထားေနသလဲေတာ့မသိေပ။

ေျပာသြားလိုက္တာမ်ား ေကာင္းကြက္ကိုတစ္စက္မွမရိွဘူး။ယမင္းေရႊေျပာခဲ့သလို ခ်မ္းသာေတာ့လည္း ဂုဏ္ေမာက္ၾက‌တာေပါ့ဆိုသၫ့္ စကားကို ျပန္ၾကားေယာင္လာမိေတာ့ ဒီမ်ိဳးရိုးထဲကို ပံုရိပ္ဘယ္လိုေျခလွမ္းၿပီး၀င္ရမလဲေတာင္ မေတြးတတ္ေတာ့ေပ။


"ဒါနဲ႔ ေဒၚေလးသူတို႔ရဲ့လိပ္စာကိုသိလား...."


"အလိုေတာ္ ညည္းအေမေတာင္သိသလားေမးၾကၫ့္အံုး....ဘယ္ေလာက္ေတာင္ေျမးေတြ ျမစ္ေတြမ်ားေနသလဲေတာ့ မသိဘူး ညည္းေမြးတာေတာင္ တစ္ခ်က္လာမၾကၫ့္ၾကဘူး...ညည္းအေဖကလည္းမႏၲေလးဆိုရင္ ေျခဦးေတာင္မလွၫ့္ဘူး..စိတ္နာလို႔ေနမွာေပါ့..."


"ဒါေပမဲ့ အေဖကအဖြားအေၾကာင္းကိုေတာ့ ခဏခဏေျပာျပတတ္တယ္..."


"အင္းမေအဆိုေတာ့လည္း...ေကာင္းခဲ့တာေတြအမ်ားႀကီးရိွေတာ့ သတိရမွာေပါ့ေလ...

ညည္းအဖိုးကေတာ့ က်ဳပ္တို႔မ်ားရုပ္ေတာင္

ျပတိုက္ထဲမွာ သြားၾကၫ့္ရမလိုပဲ...

တစ္ခါမွမေတြ့ဖူးဘူး...."


"ဟာ....နားညီးတယ္ဟာ...ေစာေစာစီးစီး 

အိမ္ျပန္လာရင္ အဲ့လိုပဲ..."


"ေအာင္မာ..စက္ေလွေပၚမွာ ေရေငြ့ကိုေသာက္ၿပီး ပင္လယ္ထဲ ဆားသိပ္ခံခဲ့ရတဲ့ေကာင္ကမ်ား..."


"အေဒၚရယ္...ေတာ္ပါေတာ့..."


ေစာေစာစီးစီးရန္ထပ္ျဖစ္မည္စိုးေသာေၾကာင့္ 

အေဒါ့္ကိုအခ်ိန္မွီတားရေလသည္။

ဟိုကထလုပ္ရင္ တကယ္ခံရမၫ့္လူကအေဒၚပင္။

‌ပံုရိပ္မွာ ေမးခြန္းေတြအမ်ားႀကီးရိွေသးေပမဲ့ 

ဆက္ေမးလ်ွင္ ျပႆနာျဖစ္လာႏိုင္၍ မေမးဝံ့ေတာ့ေပ။သို႔ေပမဲ့ မႏၲေလးရိွ အဖြားတို႔၏လိပ္စာကိုေတာ့ ပံုရိပ္ရေအာင္စံုစမ္းႏိုင္လိမ့္မည္ဟု ယံုၾကည္ေနမိသည္ ။


(ပံုရိပ္ကေတာ့ မႏၲေလးကိုတကယ္သြားရေတာ့မလား....)


အခန္း(၁၉)ဆက္ရန္ရိွသည္...

No comments:

Post a Comment