(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၈)🔥 ပထမပိုင်း
ဆောင်းရာသီသို့ကူးပြောင်းလာခဲ့ပေမဲ့ ဟေမာန်ဆောင်း၏ အအေးဓာတ်သည် ရင်တွင်းနက်နက်ထဲမှပူလောင်မှုတွေကို မငြိမ်းသက်နိုင်ပေ။
တစ်ခါတစ်လေမှာ ရောမမြို့ကြီးကိုရက်စက်ကြမ်းကြုတ်စွာ
မီးလောင်တိုက်သွင်းခဲ့ပြီးတာတောင် စောင်းအတီးမပျက်တဲ့
နီရိုးဘုရင်ကို အားကျမိတယ်။
သူ့လို စိတ်ဓာတ်မျိုးကိန်း၀ပ်ကြည့်ချင်မိတယ်။
ဘယ်သူဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးဆိုသည့်
အတ္တကိုရင်မှာပိုက်ပြီး မြက်ရိုင်းတစ်ပင်လိုပေါက်ချင်တဲ့နေရာမှာ လွတ်လပ်စွာပေါက်ရောက်ချင်စိတ်တွေဟာ ညို့မှိုင်းတဲ့လှိုင်းလုံးကဲ့သို့အရှိန်အဟုန်နဲ့ ပြေး၀င်လာပြီးကာမှ ကမ်းစပ်ကိုရောက်တဲ့အခါ အားပျော့သွားခဲ့ရတယ်။
လှိုင်းပုတ်သံကြားတိုင်းနိုးလာရသူဆိုပေမဲ့
အိပ်မရခဲ့တာကတော့ ကြယ်တွေကောင်းကင်မှာ စတင်လင်းခဲ့တဲ့အချိန်ထဲကပဲ။
သမိုင်းဆိုတာ တစ်ပတ်ပြန်လည်တတ်သတဲ့။
ဒါဟာ မယုံနိုင်စရာတော့မဟုတ်ဘူး ။
ဝေသာလီပြည်မှာ ကပ်ရောဂါတွေဖြစ်ခဲ့စဉ်က မြတ်စွာဘုရားကိုတောင် ပင့်ဖိတ်ခဲ့ရတယ်။
ထို့အတူပဲ နောက်ထပ်၊နောက်ထပ်အမည်နာမ
မတူညီပေမဲ့ လူတွေကိုဒုက္ခငရဲအတိဖြစ်စေတဲ့
ကပ်ရောဂါတွေဟာ ဆိုက်ရောက်လာပြန်တယ်။
ဒါဟာ သမိုင်းကတစ်ပတ်ပြန်လည်တာဆိုလျှင် ဆိုးရွားတဲ့အဖြစ်အပျက်တွေက အေးငြိမ်းပြီလို့ ထင်တဲ့အချိန်မှာ ဖိတ်ခေါ်စာမပို့ပေမဲ့ ကိုယ့်ဆီကိုတစ်ဖန်ပြန်ဖိတ်ခေါ်လာပြန်တယ်။
အင်မတန်ကြောက်ရွံ့မိတယ်။
အားငယ်စိတ်တွေတဖန်ပြန်ပေါ်လာတယ်။
မုန်းတီးမှုကို စိတ်၏အတွင်းနံရံမှာ မြှုပ်ထားမိပေမဲ့ ကိုယ်တိုင်ပြန်တူးဖော်နေမိတယ်။
ဒဿဂီရိခေါ်ရာ၀ဏ၏ ညီတော်သည် အစ်ကိုဖြစ်သူကို သစ္စာဖောက်ဟန်ဆောင်ပြီး ရန်သူနှင့်တမိုးအောက်မှာ အတူနေခဲ့တာ ဘယ်လိုစိတ်ဓာတ်မျိုးနှင့်ပါလိမ့်။ ပုံရိပ်ကတော့ မျက်နှာကို မမြင်ချင်လောက်အောင် မုန်းတီးနေသည့်လူနှင့် တမိုးအောက်တွင် အတူနေရ၍ မသတီစိတ်တွေပေါက်ဖွားလာသည်။
တောင်နံရံတွေကို ကုပ်ခြစ်ပြီးအမြင့်ဆုံးဆိုသည့်နေရာကိုအားခဲ၍တက်ဖို့ကို ကိုယ့်စိတ်ကိုခွန်အားတွေ မနည်းပေးခဲ့ရတာပါ။နောက်ဆုံးတောင်ထိပ် ရောက်ခါနီး လက်တစ်ကမ်းအလိုမှာ ပြန်ပြုတ်ကျသွားရသလိုပဲ။ဒီတောင်ကို ထပ်တက်ရမှာကြောက်နေမိတယ်။
တောင်ထိပ်ကိုတက်ဖို့ တွေးမိခဲ့တဲ့ ကိုယ့်ရဲ့ဦးနှောက်နံရံတွေကိုသာ ပွန်းပဲ့အောင်လုပ်ပစ်လိုက်ချင်မိတယ်။မတန်မရာတွေကို တွေးကြည့်ခဲ့ပြီး အိပ်မက်အသစ်အဆန်းတွေကို စိတ်ကူးနဲ့တွေးရင်း ရူးခဲ့မိတယ်။တဲအိမ်ကလေးရဲ့ အပေါက်ငယ်ကနေ ကြယ်ရောင်ကောင်းကင်ကို မြင်နေရတာနဲ့တင် ကျေနပ်နေရမဲ့ ဘ၀ကနေ တိုက်အိမ်ခေါင်မိုးပေါ်ကနေ အဝေးကြည့်မှန်ပြောင်းနဲ့ စူးစမ်းကြည့်ဖို့ စိတ်ကူးနဲ့ရူးခဲ့မိတယ်။
ယခုလည်း ထို့အတူပါပဲ။မဖြစ်သေးတာတွေ၊
ဖြစ်ချင်တာတွေကို ဇာတ်လမ်းတစ်ပုဒ်လို
တဖြတ်ပြီးတဖြတ်တွေးတောနေမိပေမဲ့ ကိုယ်တိုင်ကတော့အခန်းငယ်ထဲမှာ ပိတ်မိနေတယ်။
ဘေးနားတွင် မိစုနှင့်ထွန်းကိုသည် ခြေကားယား၊လက်ကားယားဖြင့်အိပ်ပျော်နေကြပြီး အဒေါ်ကတော့ထွန်းကိုဘက်အခြမ်းမှာ အိပ်ပျော်နေရှာသည်။
ပုံရိပ်၏အခန်းကျဉ်းလေးထဲမှာ ပုံမှန်ဆိုရင်
ဒေါင်လိုက်အိပ်မိပေမဲ့ ယခုတော့လူလေးယောက်ဖြစ်၍ ကန့်လန့်ဖြတ်အနေအထား အိပ်ရသည်။
ပုံရိပ်ဘက်အခြမ်းမှာက သေတ္တာခံနေတော့
ကလေးတွေတိုးတိုင်း ကိုယ်ကညှပ်နေသည်။
ညကရန်ပွဲအကြောင်းကိုပြန်စဉ်းစားမိတော့
ကလေးတွေ၏ ငိုသံတွေဟာနားထဲသို့ ခပ်စူးစူး၀င်ရောက်လာသည်။
အဒေါ့်ရဲ့ ခါးခါးသီးသီးငြင်းဆန်သံတွေ၊
ဦးသက်ဆွေ၏ ဒေါသမျက်၀န်းတွေ၊အိမ်ရှေ့ခြံက အပျိုကြီးတို့ လာရောက်ခေါ်ကြ၍ မျက်ရည်လေးတွေနှင့် ပါသွားကြသည့် ကလေးတွေရဲ့
သနားစဖွယ် မျက်နှာလေးတွေဟာ
ပုံရိပ်၏မျက်၀န်းထဲမှ ဖျောက်လို့မရခဲ့ဘူး။
ငါးဖမ်းစက်လှေနောက်သို့ လိုက်သွားသည်ဟု
ပြောလာတယ်။ညကသူမူးမနေဘူး။
ဒါပေမဲ့ နာကျည်းစိတ်၀င်နေသည့် အဒေါ်နှင့်ရန်ဖြစ်ခဲ့ကြသည်။
ပင်လယ်ကို လိုက်သွားတာလည်းမှန်ကောင်းမှန်နိုင်ပါတယ်။သူ့အသားအရည်ဟာ အရင်လိုမဟုတ်ပဲ
မဲညစ်ပြီး လူရုပ်တောင်မပေါ်ချင်ဘူး။ဘယ်လိုတွေ ဒုက္ခရောက်လာသလဲတော့ မသိပေမဲ့နောက်ဆုံးတော့ သူရိုက်နှက်ခဲ့ဖူးတဲ့ မိန်းမသားဆီကိုပဲ ပြန်ရောက်လာခဲ့တယ်။
သံဝေဃတွေလည်း ရပါတယ်။
မိန်းမတစ်ယောက်ဟာ မှီခိုစရာယောက်ျားမရှိပဲသားသမီးသုံးယောက်ကို ကျွေးမွေးထားနိုင်ခဲ့ပေမဲ့
အသုံးမကျတဲ့ ငနွားကြီးကတော့ ကိုယ့်၀မ်းကိုရှာစားပြီး ကိုယ့်ဘ၀ကိုယ်မကျောင်းနိုင်ရှာဘူးတဲ့။
ပတ်၀န်းကျင်တစ်ဝိုက်က အလုပ်ကြိုးစားပြီးထက်မြက်တဲ့ယောက်ျားတွေကို တွေ့လိုက်တိုင်း
အရည်ညှစ်ချရလောက်တဲ့အထိ ညံ့ဖျင်းတဲ့ဒီလူ့ကို
ရွံရှာလာတယ်။
"ဟင်း....."
လေပူတွေကိုမှုတ်ထုတ်လိုက်မိပြီး ကြပ်တည်းနေတဲ့ခြင်ထောင်ထဲတွင် မနေချင်တော့၍ ခြင်ထောင်အပြင်သို့သာ ထွက်ကာ သေတ္တောဘေးတွင်ထိုင်
လျှက်ဖြင့် ခေါင်းကိုငိုက်ဆိုက်ချထားမိသည်။
ပုံရိပ်၏ အခန်းမီးကအမြဲထွန်းထားတတ်သောကြောင့် သေတ္တာပေါ်တွင်ရှိနေသော လွယ်အိတ်ကလေးကို သေချာကြည့်လိုက်မိသည်။
ငါဘာဆက်လုပ်ရမလဲဟု တွေးလိုက်မိတိုင်းလည်း
"ကျောင်းထွက်ရမယ်.."ဆိုသည့် အဖြေတစ်ခုတည်းပဲထွက်လာသည်။
"ရှင့်မျက်နှာကို ကျွန်မမမြင်ချင်ဘူး...အခုချက်ခြင်းအိမ်ပေါ်ကနေ ဆင်းသွား..."ဆိုပြီး ဦးသက်ဆွေကို အဒေါ်အော်ထုတ်သောအခါမှာ ဦးသက်ဆွေပြန်ပြောလိုက်သည့် စကားကပုံရိပ်၏မျက်နှာကို အားနှင့် ရိုက်ချလိုက်သလိုပါပဲ။
"ငါကဒီအိမ်ရဲ့ အိမ်ဦးနတ်...ကလေးတွေရဲ့အဖေ
...မင်းနဲ့ငါကလည်း တရား၀င်ပြတ်ဆဲထားတာမဟုတ်ဘူး...မင်းတကယ်နှင်ထုတ်ရမှာကမင်းတူမ
ဘာအလုပ်အကိုင်မှ မရှိပဲသူများအိမ်မှာ
အခန့်သားတက်နေတဲ့အပြင် ကျောင်းလည်းထားပေးရသေးတယ်....."
"ငါ့တူမကို နင်ဘာမှပြောစရာမလိုဘူး....ငါ့လုပ်စာနဲ့ငါထားပေးတာ...နင့်အပူမပါဘူး...."ဆိုပြီး အဒေါ်ကပြန်ချေပခဲ့ပေမဲ့ ဦးသက်ဆွေပစ်လွှတ်လိုက်သည့် မြှားသည် ပုံရိပ်၏ရင်ကို ဆူးနင့်စွာဆိုက်၀င်သွားခဲ့သည်။
အားကိုးရာမရှိသော လူတစ်ယောက်ကိုသူမို့လိုပြောရက်တယ်။
ထိုစကားတစ်ခွန်းနဲ့တင်ပုံရိပ်မျက်ရည်တွေ
မဆည်နိုင်အောင် ကျခဲ့ရသည်။
ဘယ်ဆီဘယ်ကမ်းကို ကပ်ရမလဲမသိသောအချိန်တွင် လက်လှမ်းလင့်သည့် ကမ်းပေါ်တွင်လည်း အလိုမတူသူတွေက မောင်းထုတ်သည့်အခါမှာ
ရေလျှင်အတိုင်း မျောပါသွားခဲ့ရင် ဘယ်အထိ
ချီတက်ရမှာလဲ အဖြေမရှိပေ။
ဘယ်နေရာမှာ ရပ်တန့်သွားလိမ့်မလဲအဖြေရှာ
မရသော မရေရာသည့်ဘ၀ကြီးပါပဲ။
မဖြစ်သေးတဲ့အနာဂတ်တွေမှာ ရွှက်မလွှင့်ချင်ပေမဲ့ ပစ္စုပ္ပန်မှာလည်း ကြောက်ရွံ့မှုတွေနဲ့ စီးမျှောနေရ၍ မနေချင်တော့ပေ။
ထွက်သွားချင်လိုက်တာ တစ်နေရာရာကိုပေါ့။
"သူများအိမ်မှာ အခန့်သားတက်နေတယ်"ဆိုသည့်စကားကို ခြေဖြတ်လိုလျှင် ကိုယ့်ခြေထောက်ပေါ်သို့ ကိုယ်တိုင်ရပ်တည်နိုင်မှဖြစ်လိမ့်မည်။
ထို့အတွက် ပုံရိပ် အလုပ်လုပ်မှရလိမ့်မည်။
ကျောင်းမပြီးသေးခင် အလုပ်လုပ်လိုလျှင်
ကျောင်းထွက်ရလိမ့်မည်။
ပုံရိပ်တွင် ကိုယ်ဉာဏ်ရည်မှီသလောက် စဉ်းစားမိတာကတော့ ဤနှစ်လမ်းသာရှိသည် ။
ကျောင်းပညာရေးကို စွန့်လွှတ်ရမည်ဆိုပါက
အဒေါ့်၏မျှော်လင့်ချက်တွေကိုပါ စွန့်လွှတ်ရလိမ့်မည်။ဆရာနေမျိုး၏ စေတနာ၊မေတ္တာတွေကိုပါ ဥပက္ခာပြုရလိမ့်မည်။တစ်ခုကိုရွေးချယ်မိဖို့ အခြားအရာတွေကို ပုံရိပ်စွန့်လွှတ်နိုင်ရဲ့လား။
ပုံရိပ်၏ရည်မှန်းချက်ဆိုတာ ဘာလဲဆိုပြီး
ဆရာနေမျိုး ခဏခဏမေးခဲ့ပေမဲ့
ပုံရိပ်ပြန်မဖြေနိုင်ခဲ့ဘူး။
ယခုအချိန်မှာတော့ ပုံရိပ်၏ရည်မှန်းချက်က
တစ်ခုတည်းရယ်ပါ။ ငွေရှာချင်တယ်။
အလုပ်လုပ်ချင်တယ်။အမြန်ဆုံးအရွယ်ရောက်ပြီး ဘယ်သူ့ကိုမှ အားကိုးစရာမလိုတဲ့ အခြေအနေမျိုး ပိုင်ဆိုင်ချင်တယ်။
"ပုံပုံ....တစ်ညလုံးမအိပ်ဘူးလား....ဘာလုပ်နေတာလဲ...."
အဒေါ်သည် ခြင်ထောင်ထဲတွင် အိပ်နေရာမှ ထထိုင်လျှက်ဖြင့် ရှုပ်ပွနေသောသူ့ဆံပင်တွေကို သူ့ခေါင်းတွင်အမြဲဆိုက်ထားနေကြ ဘီးလေးဖြင့် အသာရှင်းလျှက် အိပ်မှုန်စုံမွှားမျက်၀န်းတွေနှင့်မေးလာသည်။
"သမီးအခုမှနိုးလို့ စာထကျက်တာပါ..."
စာအုပ်ကို ရှေ့မှာချထားပေမဲ့ စာမကျက်ဖြစ်ပဲ အတွေးနက်နေသည့်ကိစ္စအား ဖုံးကွယ်ထားလိုက်မိသည်။
အဒေါ့်ကို ကိုယ်ချင်းစာမိသည်။
လေးနာရီထိုးခါနီးသည်နှင့် အချက်မပေးပဲ
နိုးတတ်သည့်အဒေါ်သည် သူများတွေလို
မနက်မိုးလင်းသည်အထိ အိပ်ချင်မှာပဲဟု
တွေးမိသည်။
ကိုယ်ပိုင်အလုပ်ဆိုသည်မှာ နားရက်မရှိပေ။
လက်လုပ်လက်စား လူတန်းစားတွေအတွက် ပိုဆိုးတော့မှာပေါ့။ပဲပြုတ်ရောင်းရသောအလုပ်သည် ကြည့်တော့သာသေးနုပ်သည်ထင်ရပေမဲ့ အင်မတန်လက်၀င်သည်။
အခုလို မနက်အစောကြီးထပြီး ပြင်ဆင်ရတာကသက်သေပင်။ညဘက်ဆိုလျှင် ၈နာရီထိုးလောက်တည်းက ပြုတ်ထားရပြီး ပဲပြုတ်ချိန်က တစ်နာရီခွဲလောက်ကြာမြင့်သည်။
မနက်ဖက်ဆိုလျှင်လည်း ၄နာရီထိုးလောက်တည်းကထရပြီး ပဲကိုပြန်နွေးခဲ့ကာ ကျောင်းသားတွေအတွက် ထမင်း၊ဟင်းတွေအဆင်သင့်ထည့်ရအောင် ချက်ပြုတ်ခဲ့သည်။
ပုံရိပ်တို့၏ အိမ်တံခါး၀ဘေးသည် မီးဖိုချောင်အဖြစ် သဘောထားသောနေရာဖြစ်လေသည်။
ထိုနေရာတွင် သစ်သားပြားတွေကိုစတုရန်းပုံသဏ္ဍန်ရိုက်ထားလျှက် မြေကြီးတွေပြည့်သိပ်နေအောင်ထည့်ထားသည်။
ထိုအပေါ်တွင် အုတ်မီးဖိုလေးတင်ထားပြီး
ပဲပြုတ်တိုင်း မီးသွေးမီးဖြင့် ပြုတ်ရသည်။
လျှက်စစ်မီးကမမှန်တာရယ် ပေါင်းအိုးက
မဆန့်တာရယ်ကြောင့် ထိုမီးဖိုကိုသုံးခြင်းဖြစ်သည်။ထိုမီးဖိုသည်လည်း နယ်နယ်ရရတော့မဟုတ်ပေ အိမ်တွင်အိမ်စောင့်နတ်ရှိသကဲ့သို့ ထိုမီးဖိုတွင်လည်း အဒေါ်တို့အခေါ်တွင်တော့ အဘဦးချော၊
ဖထီးဟုအမည်ရှိသော ကရင်နတ်စောင့်ကြပ်လေသည်။
ဝါဆိုပြီဆိုပါက အဒေါ်သည်မရှိမဲ့၊ရှိမဲ့ ကုတ်ခြစ်စုထားသည့် ပိုက်ဆံလေးတွေနှင့် အရှင်လတ်လတ်ကြက်တစ်ကောင်၀ယ်ကာ အဘဦးချောနတ်အတွက် ကိုယ်တိုင်ရိုက်၍ ကြက်နတ်စားပေးလေ့ရှိသည်။
ထို့ကြောင့်လည်း သူ့ယောက်ျားရိုက်နှက်သည့်
ဒဏ်တွေကိုသူခံရသည်ဟု ပုံရိပ်တော့ထင်မိသည်။၀ဋ်ဆိုတာ ဘ၀မကူးဘူးဟု အပျိုကြီးတို့ ရေရွတ်နေကြစကားအား သတိရမိပါသည်။
ကြက်အရှင်လတ်လတ်ကို နတ်ပူဇော်ရန်အတွက် ခေါင်းကိုမှရွှေး၍ တုတ်နှင့်ရိုက်သည့် အဒေါ်သည် သူ့ယောက်ျားကြောင့် ခေါင်းကွဲ၍ သွေးထွက်သံယိုဖြစ်တာလည်း ခဏခဏပါပဲ။
ပုံရိပ်တို့အခန်းလေးသည် အလွန်ကျဉ်းမြောင်းပေမဲ့ နတ်တွေအတွက် နေရာကတော့အပြည့်ရှိသည်။
နို့ဆီဗူးလောက်သာရှိသော ပုံရိပ်၏အခန်းလေးထဲတွင် ခေါင်းရင်းဘက်၌ ရှမ်းဓားတွေ၊ရှမ်း၀တ်စုံတွေထည့်ထားသောအနက်ရောင်ကြံချောင်းအိတ်နှင့် ထုတ်ထားသည့် အထုပ်နှစ်ထုပ်ရှိသည့်အပြင်
ပန်းပဲမောင်တင့်တယ်တို့ကို ရည်စူး၍အိမ်တွင်းနတ်စင်လည်း ထားရှိလေသည်။
🔥ဆူးကြိုး...🔥အခန်း(၁၈)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၈)🔥 ဒုတိယပိုင္း
ေဆာင္းရာသီသို႔ကူးေျပာင္းလာခဲ့ေပမဲ့ ေဟမာန္ေဆာင္း၏ အေအးဓာတ္သည္ ရင္တြင္းနက္နက္ထဲမွပူေလာင္မႈေတြကို မၿငိမ္းသက္ႏိုင္ေပ။
တစ္ခါတစ္ေလမွာ ေရာမၿမိဳ႔ႀကီးကိုရက္စက္ၾကမ္းၾကဳတ္စြာ
မီးေလာင္တိုက္သြင္းခဲ့ၿပီးတာေတာင္ ေစာင္းအတီးမပ်က္တဲ့
နီရိုးဘုရင္ကို အားက်မိတယ္။
သူ႔လို စိတ္ဓာတ္မ်ိဳးကိန္း၀ပ္ၾကၫ့္ခ်င္မိတယ္။
ဘယ္သူဘာျဖစ္ျဖစ္ငါနဲ႔မဆိုင္ဘူးဆိုသၫ့္
အတၲကိုရင္မွာပိုက္ၿပီး ျမက္ရိုင္းတစ္ပင္လိုေပါက္ခ်င္တဲ့ေနရာမွာ လြတ္လပ္စြာေပါက္ေရာက္ခ်င္စိတ္ေတြဟာ ညို႔မိႈင္းတဲ့လိႈင္းလံုးကဲ့သို႔အရိွန္အဟုန္နဲ႔ ေျပး၀င္လာၿပီးကာမွ ကမ္းစပ္ကိုေရာက္တဲ့အခါ အားေပ်ာ့သြားခဲ့ရတယ္။
လိႈင္းပုတ္သံၾကားတိုင္းႏိုးလာရသူဆိုေပမဲ့
အိပ္မရခဲ့တာကေတာ့ ၾကယ္ေတြေကာင္းကင္မွာ စတင္လင္းခဲ့တဲ့အခ်ိန္ထဲကပဲ။
သမိုင္းဆိုတာ တစ္ပတ္ျပန္လည္တတ္သတဲ့။
ဒါဟာ မယံုႏိုင္စရာေတာ့မဟုတ္ဘူး ။
ေဝသာလီျပည္မွာ ကပ္ေရာဂါေတျြဖစ္ခဲ့စဉ္က ျမတ္စြာဘုရားကိုေတာင္ ပင့္ဖိတ္ခဲ့ရတယ္။
ထို႔အတူပဲ ေနာက္ထပ္၊ေနာက္ထပ္အမည္နာမ
မတူညီေပမဲ့ လူေတြကိုဒုကၡငရဲအတိျဖစ္ေစတဲ့
ကပ္ေရာဂါေတြဟာ ဆိုက္ေရာက္လာျပန္တယ္။
ဒါဟာ သမိုင္းကတစ္ပတ္ျပန္လည္တာဆိုလ်ွင္ ဆိုးရြားတဲ့အျဖစ္အပ်က္ေတြက ေအးၿငိမ္းၿပီလို႔ ထင္တဲ့အခ်ိန္မွာ ဖိတ္ေခၚစာမပို႔ေပမဲ့ ကိုယ့္ဆီကိုတစ္ဖန္ျပန္ဖိတ္ေခၚလာျပန္တယ္။
အင္မတန္ေၾကာက္ရြံ႔မိတယ္။
အားငယ္စိတ္ေတြတဖန္ျပန္ေပၚလာတယ္။
မုန္းတီးမႈကို စိတ္၏အတြင္းနံရံမွာ ၿမွဳပ္ထားမိေပမဲ့ ကိုယ္တိုင္ျပန္တူးေဖာ္ေနမိတယ္။
ဒႆဂီရိေခၚရာ၀ဏ၏ ညီေတာ္သည္ အစ္ကိုျဖစ္သူကို သစၥာေဖာက္ဟန္ေဆာင္ၿပီး ရန္သူႏွင့္တမိုးေအာက္မွာ အတူေနခဲ့တာ ဘယ္လိုစိတ္ဓာတ္မ်ိဳးႏွင့္ပါလိမ့္။ ပံုရိပ္ကေတာ့ မ်က္ႏွာကို မျမင္ခ်င္ေလာက္ေအာင္ မုန္းတီးေနသၫ့္လူႏွင့္ တမိုးေအာက္တြင္ အတူေနရ၍ မသတီစိတ္ေတြေပါက္ဖြားလာသည္။
ေတာင္နံရံေတြကို ကုပ္ျခစ္ၿပီးအျမင့္ဆံုးဆိုသၫ့္ေနရာကိုအားခဲ၍တက္ဖို႔ကို ကိုယ့္စိတ္ကိုခြန္အားေတြ မနည္းေပးခဲ့ရတာပါ။ေနာက္ဆံုးေတာင္ထိပ္ ေရာက္ခါနီး လက္တစ္ကမ္းအလိုမွာ ျပန္ျပဳတ္က်သြားရသလိုပဲ။ဒီေတာင္ကို ထပ္တက္ရမွာေၾကာက္ေနမိတယ္။
ေတာင္ထိပ္ကိုတက္ဖို႔ ေတြးမိခဲ့တဲ့ ကိုယ့္ရဲ့ဦးေနွာက္နံရံေတြကိုသာ ပြန္းပဲ့ေအာင္လုပ္ပစ္လိုက္ခ်င္မိတယ္။မတန္မရာေတြကို ေတြးၾကၫ့္ခဲ့ၿပီး အိပ္မက္အသစ္အဆန္းေတြကို စိတ္ကူးနဲ႔ေတြးရင္း ရူးခဲ့မိတယ္။တဲအိမ္ကေလးရဲ့ အေပါက္ငယ္ကေန ၾကယ္ေရာင္ေကာင္းကင္ကို ျမင္ေနရတာနဲ႔တင္ ေက်နပ္ေနရမဲ့ ဘ၀ကေန တိုက္အိမ္ေခါင္မိုးေပၚကေန အေဝးၾကၫ့္မွန္ေျပာင္းနဲ႔ စူးစမ္းၾကၫ့္ဖို႔ စိတ္ကူးနဲ႔ရူးခဲ့မိတယ္။
ယခုလည္း ထို႔အတူပါပဲ။မျဖစ္ေသးတာေတြ၊
ျဖစ္ခ်င္တာေတြကို ဇာတ္လမ္းတစ္ပုဒ္လို
တျဖတ္ၿပီးတျဖတ္ေတြးေတာေနမိေပမဲ့ ကိုယ္တိုင္ကေတာ့အခန္းငယ္ထဲမွာ ပိတ္မိေနတယ္။
ေဘးနားတြင္ မိစုႏွင့္ထြန္းကိုသည္ ေျခကားယား၊လက္ကားယားျဖင့္အိပ္ေပ်ာ္ေနၾကၿပီး အေဒၚကေတာ့ထြန္းကိုဘက္အျခမ္းမွာ အိပ္ေပ်ာ္ေနရွာသည္။
ပံုရိပ္၏အခန္းက်ဉ္းေလးထဲမွာ ပံုမွန္ဆိုရင္
ေဒါင္လိုက္အိပ္မိေပမဲ့ ယခုေတာ့လူေလးေယာက္ျဖစ္၍ ကန႔္လန႔္ျဖတ္အေနအထား အိပ္ရသည္။
ပံုရိပ္ဘက္အျခမ္းမွာက ေသတၲာခံေနေတာ့
ကေလးေတြတိုးတိုင္း ကိုယ္ကၫွပ္ေနသည္။
ညကရန္ပဲြအေၾကာင္းကိုျပန္စဉ္းစားမိေတာ့
ကေလးေတြ၏ ငိုသံေတြဟာနားထဲသို႔ ခပ္စူးစူး၀င္ေရာက္လာသည္။
အေဒါ့္ရဲ့ ခါးခါးသီးသီးျငင္းဆန္သံေတြ၊
ဦးသက္ေဆြ၏ ေဒါသမ်က္၀န္းေတြ၊အိမ္ေရ႔ွၿခံက အပ်ိဳႀကီးတို႔ လာေရာက္ေခၚၾက၍ မ်က္ရည္ေလးေတြႏွင့္ ပါသြားၾကသၫ့္ ကေလးေတြရဲ့
သနားစဖြယ္ မ်က္ႏွာေလးေတြဟာ
ပံုရိပ္၏မ်က္၀န္းထဲမွ ေဖ်ာက္လို႔မရခဲ့ဘူး။
ငါးဖမ္းစက္ေလွေနာက္သို႔ လိုက္သြားသည္ဟု
ေျပာလာတယ္။ညကသူမူးမေနဘူး။
ဒါေပမဲ့ နာက်ည္းစိတ္၀င္ေနသၫ့္ အေဒၚႏွင့္ရန္ျဖစ္ခဲ့ၾကသည္။
ပင္လယ္ကို လိုက္သြားတာလည္းမွန္ေကာင္းမွန္ႏိုင္ပါတယ္။သူ႔အသားအရည္ဟာ အရင္လိုမဟုတ္ပဲ
မဲညစ္ၿပီး လူရုပ္ေတာင္မေပၚခ်င္ဘူး။ဘယ္လိုေတြ ဒုကၡေရာက္လာသလဲေတာ့ မသိေပမဲ့ေနာက္ဆံုးေတာ့ သူရိုက္ႏွက္ခဲ့ဖူးတဲ့ မိန္းမသားဆီကိုပဲ ျပန္ေရာက္လာခဲ့တယ္။
သံေဝဃေတြလည္း ရပါတယ္။
မိန္းမတစ္ေယာက္ဟာ မွီခိုစရာေယာက္်ားမရိွပဲသားသမီးသံုးေယာက္ကို ကၽြေးေမြးထားႏိုင္ခဲ့ေပမဲ့
အသံုးမက်တဲ့ ငႏြားႀကီးကေတာ့ ကိုယ့္၀မ္းကိုရွာစားၿပီး ကိုယ့္ဘ၀ကိုယ္မေက်ာင္းႏိုင္ရွာဘူးတဲ့။
ပတ္၀န္းက်င္တစ္ဝိုက္က အလုပ္ႀကိဳးစားၿပီးထက္ျမက္တဲ့ေယာက္်ားေတြကို ေတြ့လိုက္တိုင္း
အရည္ၫွစ္ခ်ရေလာက္တဲ့အထိ ညံ့ဖ်င္းတဲ့ဒီလူ႔ကို
ရြံရွာလာတယ္။
"ဟင္း....."
ေလပူေတြကိုမႈတ္ထုတ္လိုက္မိၿပီး ၾကပ္တည္းေနတဲ့ျခင္ေထာင္ထဲတြင္ မေနခ်င္ေတာ့၍ ျခင္ေထာင္အျပင္သို႔သာ ထြက္ကာ ေသတၲောေဘးတြင္ထိုင္
လ်ွက္ျဖင့္ ေခါင္းကိုငိုက္ဆိုက္ခ်ထားမိသည္။
ပံုရိပ္၏ အခန္းမီးကအၿမဲထြန္းထားတတ္ေသာေၾကာင့္ ေသတၲာေပၚတြင္ရိွေနေသာ လြယ္အိတ္ကေလးကို ေသခ်ာၾကၫ့္လိုက္မိသည္။
ငါဘာဆက္လုပ္ရမလဲဟု ေတြးလိုက္မိတိုင္းလည္း
"ေက်ာင္းထြက္ရမယ္.."ဆိုသၫ့္ အေျဖတစ္ခုတည္းပဲထြက္လာသည္။
"ရွင့္မ်က္ႏွာကို ကၽြန္မမျမင္ခ်င္ဘူး...အခုခ်က္ျခင္းအိမ္ေပၚကေန ဆင္းသြား..."ဆိုၿပီး ဦးသက္ေဆြကို အေဒၚေအာ္ထုတ္ေသာအခါမွာ ဦးသက္ေဆျြပန္ေျပာလိုက္သၫ့္ စကားကပံုရိပ္၏မ်က္ႏွာကို အားႏွင့္ ရိုက္ခ်လိုက္သလိုပါပဲ။
"ငါကဒီအိမ္ရဲ့ အိမ္ဦးနတ္...ကေလးေတြရဲ့အေဖ
...မင္းနဲ႔ငါကလည္း တရား၀င္ျပတ္ဆဲထားတာမဟုတ္ဘူး...မင္းတကယ္ႏွင္ထုတ္ရမွာကမင္းတူမ
ဘာအလုပ္အကိုင္မွ မရိွပဲသူမ်ားအိမ္မွာ
အခန္႔သားတက္ေနတဲ့အျပင္ ေက်ာင္းလည္းထားေပးရေသးတယ္....."
"ငါ့တူမကို နင္ဘာမွေျပာစရာမလိုဘူး....ငါ့လုပ္စာနဲ႔ငါထားေပးတာ...နင့္အပူမပါဘူး...."ဆိုၿပီး အေဒၚကျပန္ေခ်ပခဲ့ေပမဲ့ ဦးသက္ေဆြပစ္လႊတ္လိုက္သၫ့္ ၿမွားသည္ ပံုရိပ္၏ရင္ကို ဆူးနင့္စြာဆိုက္၀င္သြားခဲ့သည္။
အားကိုးရာမရိွေသာ လူတစ္ေယာက္ကိုသူမို႔လိုေျပာရက္တယ္။
ထိုစကားတစ္ခြန္းနဲ႔တင္ပံုရိပ္မ်က္ရည္ေတြ
မဆည္ႏိုင္ေအာင္ က်ခဲ့ရသည္။
ဘယ္ဆီဘယ္ကမ္းကို ကပ္ရမလဲမသိေသာအခ်ိန္တြင္ လက္လွမ္းလင့္သၫ့္ ကမ္းေပၚတြင္လည္း အလိုမတူသူေတြက ေမာင္းထုတ္သၫ့္အခါမွာ
ေရလ်ွင္အတိုင္း ေမ်ာပါသြားခဲ့ရင္ ဘယ္အထိ
ခ်ီတက္ရမွာလဲ အေျဖမရိွေပ။
ဘယ္ေနရာမွာ ရပ္တန႔္သြားလိမ့္မလဲအေျဖရွာ
မရေသာ မေရရာသည့္ဘ၀ႀကီးပါပဲ။
မျဖစ္ေသးတဲ့အနာဂတ္ေတြမွာ ရႊက္မလႊင့္ခ်င္ေပမဲ့ ပစၥုပၸန္မွာလည္း ေၾကာက္ရြံ႔မႈေတြနဲ႔ စီးေမ်ွာေနရ၍ မေနခ်င္ေတာ့ေပ။
ထြက္သြားခ်င္လိုက္တာ တစ္ေနရာရာကိုေပါ့။
"သူမ်ားအိမ္မွာ အခန္႔သားတက္ေနတယ္"ဆိုသၫ့္စကားကို ေျချဖတ္လိုလ်ွင္ ကိုယ့္ေျခေထာက္ေပၚသို႔ ကိုယ္တိုင္ရပ္တည္ႏိုင္မျွဖစ္လိမ့္မည္။
ထို႔အတြက္ ပံုရိပ္ အလုပ္လုပ္မွရလိမ့္မည္။
ေက်ာင္းမၿပီးေသးခင္ အလုပ္လုပ္လိုလ်ွင္
ေက်ာင္းထြက္ရလိမ့္မည္။
ပံုရိပ္တြင္ ကိုယ္ဉာဏ္ရည္မွီသေလာက္ စဉ္းစားမိတာကေတာ့ ဤႏွစ္လမ္းသာရိွသည္ ။
ေက်ာင္းပညာေရးကို စြန႔္လႊတ္ရမည္ဆိုပါက
အေဒါ့္၏ေမ်ွာ္လင့္ခ်က္ေတြကိုပါ စြန႔္လႊတ္ရလိမ့္မည္။ဆရာေနမ်ိဳး၏ ေစတနာ၊ေမတၲာေတြကိုပါ ဥပကၡာျပဳရလိမ့္မည္။တစ္ခုကိုေရြးခ်ယ္မိဖို႔ အျခားအရာေတြကို ပံုရိပ္စြန႔္လႊတ္ႏိုင္ရဲ့လား။
ပံုရိပ္၏ရည္မွန္းခ်က္ဆိုတာ ဘာလဲဆိုၿပီး
ဆရာေနမ်ိဳး ခဏခဏေမးခဲ့ေပမဲ့
ပံုရိပ္ျပန္မေျဖႏိုင္ခဲ့ဘူး။
ယခုအခ်ိန္မွာေတာ့ ပံုရိပ္၏ရည္မွန္းခ်က္က
တစ္ခုတည္းရယ္ပါ။ ေငြရွာခ်င္တယ္။
အလုပ္လုပ္ခ်င္တယ္။အျမန္ဆံုးအရြယ္ေရာက္ၿပီး ဘယ္သူ႔ကိုမွ အားကိုးစရာမလိုတဲ့ အေျခအေနမ်ိဳး ပိုင္ဆိုင္ခ်င္တယ္။
"ပံုပံု....တစ္ညလံုးမအိပ္ဘူးလား....ဘာလုပ္ေနတာလဲ...."
အေဒၚသည္ ျခင္ေထာင္ထဲတြင္ အိပ္ေနရာမွ ထထိုင္လ်ွက္ျဖင့္ ရႈပ္ပြေနေသာသူ႔ဆံပင္ေတြကို သူ႔ေခါင္းတြင္အၿမဲဆိုက္ထားေနၾက ဘီးေလးျဖင့္ အသာရွင္းလ်ွက္ အိပ္မႈန္စံုမႊားမ်က္၀န္းေတြႏွင့္ေမးလာသည္။
"သမီးအခုမွႏိုးလို႔ စာထက်က္တာပါ..."
စာအုပ္ကို ေရ႔ွမွာခ်ထားေပမဲ့ စာမက်က္ျဖစ္ပဲ အေတြးနက္ေနသၫ့္ကိစၥအား ဖံုးကြယ္ထားလိုက္မိသည္။
အေဒါ့္ကို ကိုယ္ခ်င္းစာမိသည္။
ေလးနာရီထိုးခါနီးသည္ႏွင့္ အခ်က္မေပးပဲ
ႏိုးတတ္သၫ့္အေဒၚသည္ သူမ်ားေတြလို
မနက္မိုးလင္းသည္အထိ အိပ္ခ်င္မွာပဲဟု
ေတြးမိသည္။
ကိုယ္ပိုင္အလုပ္ဆိုသည္မွာ နားရက္မရိွေပ။
လက္လုပ္လက္စား လူတန္းစားေတြအတြက္ ပိုဆိုးေတာ့မွာေပါ့။ပဲျပဳတ္ေရာင္းရေသာအလုပ္သည္ ၾကၫ့္ေတာ့သာေသးႏုပ္သည္ထင္ရေပမဲ့ အင္မတန္လက္၀င္သည္။
အခုလို မနက္အေစာႀကီးထၿပီး ျပင္ဆင္ရတာကသက္ေသပင္။ညဘက္ဆိုလ်ွင္ ၈နာရီထိုးေလာက္တည္းက ျပဳတ္ထားရၿပီး ပဲျပဳတ္ခ်ိန္က တစ္နာရီခဲြေလာက္ၾကာျမင့္သည္။
မနက္ဖက္ဆိုလ်ွင္လည္း ၄နာရီထိုးေလာက္တည္းကထရၿပီး ပဲကိုျပန္ေနြးခဲ့ကာ ေက်ာင္းသားေတြအတြက္ ထမင္း၊ဟင္းေတြအဆင္သင့္ထၫ့္ရေအာင္ ခ်က္ျပဳတ္ခဲ့သည္။
ပံုရိပ္တို႔၏ အိမ္တံခါး၀ေဘးသည္ မီးဖိုေခ်ာင္အျဖစ္ သေဘာထားေသာေနရာျဖစ္ေလသည္။
ထိုေနရာတြင္ သစ္သားျပားေတြကိုစတုရန္းပံုသ႑န္ရိုက္ထားလ်ွက္ ေျမၾကီးေတျြပၫ့္သိပ္ေနေအာင္ထၫ့္ထားသည္။
ထိုအေပၚတြင္ အုတ္မီးဖိုေလးတင္ထားၿပီး
ပဲျပဳတ္တိုင္း မီးေသြးမီးျဖင့္ ျပဳတ္ရသည္။
လ်ွက္စစ္မီးကမမွန္တာရယ္ ေပါင္းအိုးက
မဆန႔္တာရယ္ေၾကာင့္ ထိုမီးဖိုကိုသံုးျခင္းျဖစ္သည္။ထိုမီးဖိုသည္လည္း နယ္နယ္ရရေတာ့မဟုတ္ေပ အိမ္တြင္အိမ္ေစာင့္နတ္ရိွသကဲ့သို႔ ထိုမီးဖိုတြင္လည္း အေဒၚတို႔အေခၚတြင္ေတာ့ အဘဦးေခ်ာ၊
ဖထီးဟုအမည္ရိွေသာ ကရင္နတ္ေစာင့္ၾကပ္ေလသည္။
ဝါဆိုၿပီဆိုပါက အေဒၚသည္မရိွမဲ့၊ရိွမဲ့ ကုတ္ျခစ္စုထားသၫ့္ ပိုက္ဆံေလးေတြႏွင့္ အရွင္လတ္လတ္ၾကက္တစ္ေကာင္၀ယ္ကာ အဘဦးေခ်ာနတ္အတြက္ ကိုယ္တိုင္ရိုက္၍ ၾကက္နတ္စားေပးေလ့ရိွသည္။
ထို႔ေၾကာင့္လည္း သူ႔ေယာက္်ားရိုက္ႏွက္သၫ့္
ဒဏ္ေတြကိုသူခံရသည္ဟု ပံုရိပ္ေတာ့ထင္မိသည္။၀ဋ္ဆိုတာ ဘ၀မကူးဘူးဟု အပ်ိဳႀကီးတို႔ ေရရြတ္ေနၾကစကားအား သတိရမိပါသည္။
ၾကက္အရွင္လတ္လတ္ကို နတ္ပူေဇာ္ရန္အတြက္ ေခါင္းကိုမွေရႊး၍ တုတ္ႏွင့္ရိုက္သၫ့္ အေဒၚသည္ သူ႔ေယာက္်ားေၾကာင့္ ေခါင္းကဲြ၍ ေသြးထြက္သံယိုျဖစ္တာလည္း ခဏခဏပါပဲ။
ပံုရိပ္တို႔အခန္းေလးသည္ အလြန္က်ဉ္းေျမာင္းေပမဲ့ နတ္ေတြအတြက္ ေနရာကေတာ့အျပၫ့္ရိွသည္။
ႏို႔ဆီဗူးေလာက္သာရိွေသာ ပံုရိပ္၏အခန္းေလးထဲတြင္ ေခါင္းရင္းဘက္၌ ရွမ္းဓားေတြ၊ရွမ္း၀တ္စံုေတြထၫ့္ထားေသာအနက္ေရာင္ႀကံေခ်ာင္းအိတ္ႏွင့္ ထုတ္ထားသၫ့္ အထုပ္ႏွစ္ထုပ္ရိွသည့္အျပင္
ပန္းပဲေမာင္တင့္တယ္တို႔ကို ရည္စူး၍အိမ္တြင္းနတ္စင္လည္း ထားရိွေလသည္။
ထို႔အတူပင္ အိမ္ေရ႔ွခန္းရိွ ဘုရားစင္ေအာက္တြင္လည္း ရွမ္းေမာင္ႏွမအတြက္ ႏွစ္ထုပ္ခ်ိတ္ဆဲြထားသည္။
ဒါ့အျပင္ မိစုေဆာ့၍ ေျခေထာက္တစ္ဖက္က
ခပ္ေမ်ာ့ေမ်ာ့သာ ရိွေတာ့ေသာျမင္းျဖဴရွင္နတ္ကိုလည္း ခ်ိတ္ဆဲြထားေလသည္။
ပဲခူးေတြေရာ၊ကရင္ေတြေရာ၊ရွမ္းနတ္ေတြပါ
စံုေနေအာင္ ကိုးကြယ္သၫ့္အေဒၚပါေလ။
မိစုဆိုလ်ွင္ ညဘက္အိပ္ရာထဲတြင္
ေသးေပါက္မခ်မိေစရန္ မီးဖိုႀကီးကို
အိပ္ရာမ၀င္ခင္ထိုင္ကန္ေတာ့ရသည္။
ဒါလည္း ေပါက္ခ်တာပါပဲ။
အခုေတာင္ သူ႔တင္ပါးေအာက္တြင္ အကြက္လိုက္ႀကီးျဖစ္ေနေလၿပီ။
ထိုမီးဖိုႏွင့္ပဲျပဳတ္သၫ့္အခါ ေရခ်ိန္ကိုခန႔္မွန္း၍ျပဳတ္ရေသာေၾကာင့္ မေပ်ာ့မမာအေနအထား အိအိေလးျဖစ္ေနရေပမည္။
မာဆက္ဆက္ျဖစ္သြားလ်ွင္ ေရႏွင့္ျပန္ႏွပ္ၿပီး အနည္းငယ္စားေကာင္းေအာင္လုပ္လို႔ရေပမဲ့ ေရခ်ိန္မ်ား၍ စေတာ္ပဲေပ်ာ့သြားသၫ့္အခါမ်ိဳးတြင္ေတာ့ ဘယ္လိုမွလုပ္မရေတာ့ေပ။
အေလးကိုသာ သာေပးၿပီးေရာင္းရေတာ့သည္။အျမတ္ကလည္း နည္းသြားတတ္သည္။
ထိုေန့မ်ိဳးဆိုရင္ ထြန္းကိုေရာ၊မိစုေရာ
မုန႔္ဖိုးမရၾကေပ။
ပံုရိပ္ကေတာ့ အေစာတည္းက ဆီ၊စားႏွင့္ေတာင္ထမင္းစားႏိုင္သူျဖစ္၍ အေထြအထူးမဟုတ္ေပ။
"ေဒၚေလး...သမီးပါလိုက္ကူမယ္..."
ေဒၚေလးသည္ ျခင္ေထာင္ကိုလွန္ၿပီးထြက္ေန၍
ပံုရိပ္လည္းေနရာမွထလ်ွက္ ေျခသံဖြဖြနင္းကာ ေဒၚေလးဆီသို႔ သြားလိုက္သည္။
🔥ဆူးႀကိဳး...🔥အခန္း(၁၈)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment