(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၉)🔥 ဒုတိယပိုင်း
ဒါတွေအားလုံး၏အစသည် ဝါးတံတားလေးအပေါ်မှာ သူ့ကိုပြုပြင်ဖို့ တိုက်တွန်းသွားသည့် ကောင်မလေးကြောင့်ပါပဲ။
ကိုယ့်အသက်အရွယ်က ငယ်သေးတော့ အလုပ်လည်းမရှိ၊ အကိုင်လည်းမရှိ ၊လက်ဖြန့်တောင်းနေရ၍ ဘာကောင်ကြီးမှမဟုတ်ပေမဲ့ ဆူးပန်းနီနီလေးကိုတော့ ခူးချင်သား။
ဆူးပန်းဆိုသည့်အတိုင်း သူမ၏အကြည့်
တစ်ချက်သည် ၀ရဇိန်လက်နက်ပစ်လွှတ်လိုက်သလို ပြင်းရှသောရသရှိသည်။
"ဟော...ဟိုမှာကိုယ့်ရဲ့ ဆူးပန်းလေးလာပါပြီ..."
လှုပ်တုပ်လှုပ်တုပ်ဖြင့် လာနေသောအရိပ်ကလေးသည် သူ့ကိုမြင်သည့်အခါ ခြေလှမ်းတွေကို
သွက်လိုက်ပြီး အပြေးလေးလာနေလေသည်။
ကိုယ်ကလည်း အသားအရမ်းအညိုကြီးမဟုတ်ပေမဲ့။ဖြူဖွေး၍ နုလွန်းသော ပုံရိပ်၏အသားအရည်ကိုတော့မမှီနိုင်ပေ။အနားကိုရောက်လာတော့
အရိပ်လေး၏မျက်နှာသည် သိပ်မကောင်းပေ။ဒါပေမဲ့ သူ့ကိုတော့ပြုံးပြလေသည်။
အိမ်မှာ တစ်ခုခုဖြစ်ခဲ့ပုံပဲ။
ရင်ထဲမှာ နာကျင်နေရင်ဟန်လုပ်ပြီးမပြုံးပြပါနဲ့
ငါ့ကိုစစ်မှန်တဲ့အပြုံးတွေပဲ ပေးအပ်ပါ.."ဟုပြောချင်ပေမဲ့ မပြောဖြစ်ခဲ့ပေ။
"ဟိန်းကို...နင်ကစက်ဘီးနဲ့ကျောင်းသွားမလို့လား...."
"ဟုတ်တယ်လေ..."
"ဟင်...အဲ့ဒါဆိုရင်ငါနဲ့ဘယ်လိုလုပ်ပြီး အတူသွားလို့ရတော့မလဲ...."
"အရူးမလေးရဲ့...စက်ဘီးကယ်ရီယာခုံကြီးက
ဘာလုပ်ဖို့လည်း လူထိုင်ဖို့တပ်ထားတာလေဟာ
...နင့်ကိုပါတင်နင်းသွားမှာ..."
"ရပါတယ်ဟာ ငါ့ကိုတင်နင်းရင် နင်ပင်ပန်းမှာပေါ့...."
"သူငယ်ချင်း အချင်းချင်းကိုဟာ ပင်ပန်းတယ်ရယ်လို့မရှိပါဘူး...တက်မှာသာတက်..."
ပိုင်ရှင်ကအတင်းခေါ်နေတော့လည်း
စက်ဘီးကယ်ရီယာခုံလေးမှာ ဘေးတစောင်းထိုင်
လျှက်ဖြင့် လိုက်ပါလာခဲ့သည်။ပြုတ်မကျသွားစေရန် သူ့ကျောပိုးအိတ်ကို ကိုင်ထားလိုက်ပြီး
တမံသလင်းနှင့်ခြေထောက်လွတ်နေသည်ကို
ကြည့်မိသည်အခါတွင် ကိုယ့်ဘာသာတွေးရင်းရယ်မိသည်။
အသက်၁၅နှစ်သာရောက်နေပြီဆိုပေမဲ့ ပုံရိပ်အခုထိစက်ဘီးမစီးတတ်သေးဘူး။
သူများတွေ ကျောင်းကနေစက်ဘီးလေး
ကိုယ်စီနှင့်ပြန်သည့်အချိန်တိုင်း လိုက်ကြည့်မိသည့်ပုံရိပ်၏ ဆန္ဒကိုဟိန်းကိုက ပထမဦးဆုံးဖြည့်ဆည်းပေးသူဖြစ်လေသည်။
"ကျေးဇူးတင်ပါတယ် ဟိန်းကိုရယ်.."
"နင်ကလည်း ပြောစရာမလိုပါဘူး...
ငါ့စက်ဘီးနောက်မှာ နင်လိုက်ပေးလို့သာ
လာဘ်ပွင့်မှာ...."
သူ့ကျောပိုးအိတ်ကြိုးလေးကို တင်းတင်းဆုပ်လျှက်ဖြင့် သဘောတကျရယ်လိုက်မိသည် ။
ပုံရိပ်ကြောင့် လာဘ်ပွင့်ပါသတဲ့။
သူများစိတ်ချမ်းသာအောင်တော့ သူပြောတတ်သည်။
စက်ဘီးလေးနင်းသွားရာ လမ်းမကြီးတစ်လျှောက်တွင် ကုန်စုံဆိုင်များ၊အထည်ဆိုင်များနှင့်
လက္ဖက်ရည်ဆိုင်တွေလည်းရှိလေသည်။
ရေသန့်စက်ရုံကိုလည်း ကျော်လာရပြီး
ကော်တွေ၊ဒယ်အိုးဒယ်ခွက်တွေ၀ယ်သည့်
အ၀ယ်ဒိုင်ကြီးကိုလည်းဖြတ်ကျော်လာရသည်။ကျောင်းဘက်သို့ ချိုးကွေ့၀င်ရသော လမ်းကွေ့
တစ်ခုနားအရောက်တွင် စက်ဘီးတစ်စီးကို
လမ်းဘေးသို့ကပ်၍ရပ်ထားသော
ကျောင်းသားတစ်ယောက်သည် ပုံရိပ်တို့၏ စက်ဘီးပြေးလမ်းကြောင်းအတိုင်း အတင်းတိုး၀င်လာသည်။
"ကလင်....ကလင်....ကလင်...."
"ကျွီ...!!!!!!"
ဟိန်းကိုသည် ကလင်ကိုအကြိမ်ပေါင်းများစွာခေါက်ပြီး မရသည့်အဆုံးဘရိတ်ကိုထိုးညှစ်လိုက်ရာ ပုံရိပ်လည်းချက်ချင်းပဲ အောက်သို့ဆင်းရပ်လိုက်မိသည်။
"ဟေ့ကောင်...မင်းသေချင်လို့လား...ဘာလို့သူများစက်ဘီးရှေ့ကို ပြေးလာတာလဲ...."
"ဟိန်းကို...အဲ့လိုမလုပ်နဲ့လေ..."
စက်ဘီးကို ဒေါက်တောင်မထောက်ပဲ အုတ်ခုံနံရံနားတွင်သာ မှီထားလိုက်ပြီး တစ်ဖက်လူ၏အိင်္ကျီလည်ပင်းစကို ဘာမပြော၊ညာမပြော ပြေးဆွဲသောကြောင့် ပုံရိပ်လည်းရုတ်တရက်ဆိုတော
လန့်သွားမိသည် ။
"ဟိန်းကို...လွှတ်လိုက်ပါဟယ်...ဟိုမှာလည်ပင်းအစ်နေပြီ..."
"တောက်!!!!မင်းဒီတစ်ခါတော့ ကံကောင်းသွားတယ်မှတ်ပါ...၁၂ကျောင်းကကောင်...မင်းအခုချက်ချင်း ဒိုးလိုက်တော့..."
ဒေါသမပြေသေးသော ဟိန်းကိုသည်
ထိုသူ၏အိင်္ကျီစကိုနာနာဆွဲပြီး ဆောင့်တွန်းပစ်လိုက်
၍ သူယိုင်ကျသွားပေမဲ့ ခပ်ပေပေပဲပုံရိပ်ကို
ရိသဲ့သဲ့မျက်၀န်းများဖြင့်လာကြည့်သည်။
ဟိန်းကိုက စက်ဘီးကိုယူနေစဉ်မှာ သူသည်
ပုံရိပ်ကိုပြုံးပြလာသည်။ပုံရိပ်သိပ်မှတ်မိတာပေါ့။ သူဟာ ဘုရားပွဲညကပုံရိပ်ကို စကားလာပြောသောသူပင်ဖြစ်သည်။
ကျောင်းမတက်ပဲ သူများရပ်ကွက်ထဲကို
ဘာလာလုပ်သလဲ မသိပေ။
"တို့နာမည်က စည်သူလို့ခေါ်တယ်...
တို့က၁၂ကျောင်းကလေ တို့မင်းနဲ့ခင်လို့ရမလား
...တို့မနက်တည်းကဒီမှာထိုင်စောင့်နေတာ....
မင်းရဲ့မျက်နှာလေးကို တွေ့ချင်လို့လေ..."
"ဟာ...ဒီကောင်...."
"ခွပ်!!!!!ခွပ်!!!!"
"...ဟိန်းကို!!!!ဟိန်းကို နင်ဘာလုပ်တာလည်း...
ဟိန်းကိုမလုပ်နဲ့တော်တော့...
ဟိန်းကို...!!!!!!"
အော်ရလွန်းလို့ ပုံရိပ်၏အသံတွေတောင် အက်ကွဲချင်လာပေမဲ့ ဟိန်းကိုသည်စည်သူဆိုသည့်
ကောင်လေးကိုအကြောင်းမဲ့ ထိုးကြိတ်နေခဲ့သည်။နှာခေါင်းထဲမှ သွေးတွေထွက်လာသည်အထိ ထိုးကြိတ်နေ၍ ပုံရိပ်သူ့လက်ကို လိုက်ဆွဲမိသည်။
သူ့ရုန်းအားကပြင်းလွန်း၍ ပုံရိပ်တောင် နောက်သို့ဖင်ထိုင်လျှက်လဲကြချင်မိသည်။ဒီနေရာကလည်း လူပျက်သည့်နေရာဖြစ်နေသည်။လမ်းတစ်ဖက်မှာက မူလတန်းကျောင်း၏ ဧရိယာဖြစ်၍
ရေတောကြီးသာဖြစ်သည်။
လမ်းတစ်ဖက်တွင်သာ အိမ်တွေရှိပြီး ခပ်ကျဲကျဲရယ်ပါ။ဒီနေ့မှ လက်ဖက်ရည်ဆိုင်ကလည်း ပိတ်ထားသည်။ပုံရိပ်ဘယ်လိုလုပ်ရမလဲ။
ဟိုကောင်လေးက လူကောင်သေးတဲ့အပြင်
သူကချည်းလှိမ်းထိုးနေတော့ ဟိုကလက်နှင့်သာ ကာနိုင်သည်။
"မင်းကများ သူ့မျက်နှာကိုတွေ့ချင်တယ်ပေါ့...
မင်းရဲ့အခွက်ကို ငါပေါက်ပြဲအောင်လုပ်မယ်..."
"ဟိန်းကို နင့်ကိုငါတော်တော့လို့ ပြောနေတယ်လေ...ဟိန်းကို...."
"ဒုန်း!!!!!!"
ဘီလူး၀င်စီးနေသလို ဖြစ်နေသည့်သူ့အား ရပ်တန့်ပစ်ဖို့ရန် အော်လည်းမရ၊ဟောက်လည်းမရ၍ အုတ်ခုံသို့ မှီထားသောသူ့စက်ဘီးကိုသာ
ကတ္တရာလမ်းပေါ်သို့ အသံမြည်အောင်
တမင်တွန်းချလိုက်သည်။
သူ့စက်ဘီး ဘာတွေပွန်းပဲသွားမလဲဆိုတာ
မတွေးနိုင်တော့ဘူး။အဓိကဟာ သူများသားသမီးကို ထိုးကြိတ်နေတာရပ်လိုက်ဖို့ပဲ။
"ပုံရိပ်!!!!"
ထိုတော့မှ အသိစိတ်ပြန်၀င်လာသောဟိန်းကိုသည် စည်သူ့ကိုခွထားလျှက်မှ မတ်တတ်ထရပ်လိုက်သည်။သူ့ကိုကြည့်နေသော ပုံရိပ်၏မျက်၀န်းတွေသည် မျက်ရည်များခိုသီးလျှက် ခါးသက်သောခပ်စိမ်းစိမ်းမျက်၀န်းအကြည့်တွေဖြစ်သည်။
သူ့လက်ဆစ်နေရာကို ကြည့်လိုက်တော့ သွေးစတွေကပ်ညှိနေပြီး နောက်ကိုကြည့်လိုက်တော့ စည်သူသည် နှာခေါင်းတွင်သွေးများ ယိုစိမ့်လျှက်
မျက်လုံးကလည်းယောင်နေကာ
မနဲကြုံးထနေရသည်။
တဖန်ပုံရိပ်ကို ပြန်ကြည့်လိုက်မိတော့ သူ့ဆီသို့တစ်လှမ်းချင်းတိုးလာသည်။သွေးဆိုးသာ့်သူဟာ ပေါက်ကွဲလာတိုင်း အသိစိတ်လွတ်တတ်သည်။
ဒါကို ပုံရိပ်ကိုယ်တိုင်မြင်သွားခဲ့ပြီ။
"ဟိန်းကို...ဒီနေ့ကစပြီး နင်နဲ့ငါသူငယ်ချင်းမဟုတ်တော့ဘူး...နောက်လမ်းမှာတွေ့လည်း
နင်ငါ့ကို လာမခေါ်ပါနဲ့..."
ပုံရိပ်သည် ဝဲတက်လာသည့် မျက်ရည်တွေကိုသုတ်လိုက်ပြီး ထိုနေရာမှပြေးထွက်လာခဲ့လိုက်သည်။
ပုံရိပ်ကို သူငယ်ချင်းအဖြစ်သတ်မှတ်ထားရင်
ပုံရိပ်ရဲ့စကားကိုလည်းအလေးထားရမှာပေါ့ ။လမ်းမအလည်ခေါင်ကြီးမှာ သူများရဲ့အသားကိုသွေးထွက်သံယိုဖြစ်တဲ့အထိ မစာ၊မနာထိုးကြိတ်
ရဲတာများ စာနာခြင်းကင်းမဲ့ လိုက်တာ။
အရင်ဆုံး စကားနဲ့ဖြေရှင်းရမှာပေါ့။
မရမှာသာ ခြောက်လွှတ်တာတို့ လုပ်သင့်သည်။
ကိုယ့်အခန်းကို ပြန်ရောက်သည်အထိ သွေးလန့်စရာမြင်ကွင်းက မျက်လုံးထဲကနေဖျောက်လို့မရခဲ့ဘူး။
နှလုံး ခုန်နှုန်းတွေပါမြန်ဆန်လာသလို ကြောက်ရွှံ့ထိတ်လန့်မှုကြောင့် လက်တွေတောင်တဆက်ဆက်တုန်ယင်နေခဲ့သည်။
"ပုံရိပ်....နင်နေမကောင်းဘူးလား...
မျက်နှာကဖြူဖက်ဖြူလျှော်နဲ့..."
ယမင်းရွှေသည် ပုံရိပ်၏နဖူးတွေကို စိုးရိမ်တကြီးလာစမ်းလေသည်။
"လက်ဖျားတွေ အေးစက်နေတာပဲ..."
အမှန်တော့ ပုံရိပ်သည်အပျိုဖော်၀င်စအရွယ်ဖြစ်နေလေပြီ။ဓမ္မတာလာနေစဉ်အချိန်အခါတွင် ထိတ်လန့်စရာအဖြစ်ကို ကြုံလိုက်ရသည့်အတွက် သွေးလန့်သွားခဲ့ခြင်းဖြစ်သည်။မျက်နှာကို လက်ဖဝါးဖြင့်
ဖိအုပ်လျှက် အသက်ကိုမှန်မှန်ရှူကာ စိတ်ကိုအတတ်နိုင်ဆုံး ငြိမ်အောင်ထိန်းချုပ်နေမိသည်။
"ပုံရိပ်...ဒီမှာနင်တောင်းထားတဲ့ဟာ..."
"ဘာလဲ..."
"လိပ်စာလေ...မန္တလေးကအဖွားဒေါ်ရိပ်ညိုရဲ့အိမ်လိပ်စာ..."
အားနည်းနေသော်လည်း ယမင်းရွှေ၏စကားကြောင့် ပုံရိပ်အားတက်သွားကာ စာရွက်ခေါက်လေးကို ယူပြီးဖွင့်ကြည့်လိုက်မိသည်။
လမ်းနံပါတ်တွေ၊ခြံနံပါတ်တွေကအထူးအဆန်းမဟုတ်ပေမဲ့ "မိုးရိပ်စံအိမ်..."ဆိုသောနာမည်လေးကတော့ ပုံရိပ်ကိုမျက်ရည်ကျစေသည်။
ပုံရိပ်၏သက်တမ်းတစ်လျှောက်မှာ တစ်ခါလေးတောင်အလည်မလာခဲ့ဖူးသော အဖိုး၊အဖွားတွေသည်သူတို့၏ ခြံနာမည်ကိုတော့ သူတို့၏သားအငယ်ဆုံးနာမည်ဖြစ်သည့် အဖေ့နာမည်ကို
မှည့်ထားလေသည်။
"ပုံရိပ်...အမှန်ကဒီလိပ်စာကို ငါတောင်းပေးတာမဟုတ်ဘူး...ငါအဖေ့ကိုမပြောရဲလို့ နင်လည်းအရေးတကြီးလိုနေတယ်ဆိုတာနဲ့
ကိုထက်ကိုအကူညီတောင်းခိုင်းလိုက်တာ..."
ယောက်ျားလေးအတန်း၏ ရှေ့ဆုံးတွင်ထိုင်နေသော ဟိန်းဇေယျာထက်ကို ပုံရိပ်တစ်ချက်ကြည့်လိုက်မိသည်။ကျောကိုမတ်ထားပြီး သူများနည်းတူ စကားများမနေပဲ သူ့စာကိုသာသူလုပ်နေလေသည်။
သူတော်နေသည့်အကြောင်းအရင်းမှာ ပုံရိပ်တို့စကားများနေကြချိန်တွင် သူကအချိန်ကို
တစ်စက္ကန့်တောင် အလစ်ဟင်းမခံလိုပဲဖြစ်ပါလိမ့်မယ်။
"ငါ့အစား...သူ့ကိုကျေးဇူးတင်တယ်လို့ ပြောပေးစမ်းပါဟာ...နော်...."
ထို့နောက် လိပ်စာရေးထားသော စာရွက်ခေါက်ကလေးအား မျက်တောင်မခက်တမ်းကြည့်လိုက်ပြီး
သက်ပြင်းချလိုက်မိသည်။ထို့နေ့က အိမ်ကိုပြန်ရောက်သည်နှင့် စာရွက်ကလေးနှင့် ကိုယ်မေးချင်သည့် အဓိကအကြောင်းအရာတွေကိုချရေးလိုက်ပြီး အပျိုကြီးတို့ဆီမှ စက်ဘီးကိုငှားက စာတိုက်ရုံးသို့ ထွက်လာခဲ့လိုက်သည်။သုံးမှတ်တိုင်လောက်နီးပါး စက်ဘီးနင်းလိုက်ရပြီး မန္တလေးသို့ စာတစ်စောင်ပေးပို့လိုက်သည်။
"ဘုရား...သီကြားမလို့...ပုံရိပ်၏စာလေး...လျှောလျှောလျူလျူရောက်ပါစေ...."
🌹🌹🌹🌹🌹🌹
မန္တလေးတိုင်း
(ပုသိမ်ကြီးမြို့နယ်..ရန်ကင်းသာယာရပ်)
"စာဗျို့...စာ..."
ဒေါ်ယဉ်တင့်တစ်ယောက် ခြံထဲတွင်ဆင်း၍ လေကောင်းလေသန့်ရှူရှိုက်ရှင်း ပုတီးစိပ်နေမိရာမှ ခြံရှေ့မှစာပို့သမား၏ အော်သံကြောင့် အာရုံတွေပျက်သွားပြီး မထူးဇာတ်ခင်းကာလျှောက်လမ်းအတိုင်း လျှောက်လာလိုက်သည်။
"ဘယ်ကစာလဲ...."
"ရန်ကုန်ကစာပါ....ဒီမှာလက်မှတ်ထိုးပေးပါ...."
ဒေါ်ယဉ်တင့်လည်း မျက်မှန်ကိုအနည်းငယ်ပင့်တင်လိုက်ပြီး လတ်မှတ်ထိုးကာစာအိတ်ကိုယူလိုက်သည်။စာအိပ်ပေါ်တွင် ရေထားသည့်ပေးပို့သူ နာမည်ကပုံရိပ်ဆိုပဲ။
တစ်ခါမှလည်း ဒီနာမည်ကို မကြားဖူးပေ။
သို့ပေမဲ့ "ရိပ်.."ဆိုသည့်စကားလုံးကတော့
ဒီအိမ်၏အိမ်ကြီးရှင်နှင့် သွားဆင်တူနေသည်။
ဒီခြံ၀န်း၏ အရှေ့တွင်ထွင်းထားသည့် နာမည်ကလည်းမိုးရိပ်ဆိုတော့ သူမ၏မျက်၀န်းတွေ အံ့ဩမှုနှင့်အတူ ပြူးကျယ်သွားမိသည်။
ခြေသံများ တဒုန်းဒုန်းမြည်အောင်အထိ
ပြောင်လက်နေသော ကျွန်းလှေကားကြီးမှတစ်ဆင့် ဒုတိယထပ်သို့ခပ်သုတ်သုတ်တက်လာမိသည်။
ဤအိမ်ကြီးတွင်ရှိသော အကျယ်ဆုံးနှင့်အခမ်းနားဆုံး အိပ်ခန်းတစ်ခုအရှေ့သို့ ရောက်သောအခါ တံခါးကိုနှစ်ချက်လောက် ခေါက်ကြည့်လိုက်မိသည်။
"ဘယ်သူလည်း...."
"အမေ...သမီးတင့်တင့်ပါ..."
"၀င်ခဲ့..."
အသံလုံးခပ်ကြီးကြီးနှင့် အမျိုးသမီးကြီး၏အသံသည် ကျယ်လောင်စွာပေါ်ထွက်လာခဲ့သည်။
တံခါးကို အသာတွန်းဖွင့်လိုက်တော့ မှန်တင်ခုံရှေ့တွင်ထိုင်၍ ဖြူဖွေးနေသော ဆံပင်တွေကိုဖီးသင်နေသော အမျိုးသမီးကြီးသည် မှန်ထဲမှတစ်ဆင့်
ဒေါ်ယဉ်တင့်ကို လှမ်းကြည့်လာသည်။
ထိုအမျိုးသမီးကြီးသည် ဤအိမ်ကြီး၏မဏ္ဍိုင်
ဒေါ်ရိပ်ညိုပင်ဖြစ်သည်။
အသက်(၇၀)ကျော်နေပြီဆိုပေမဲ့ အရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနှင့်ဖြစ်ကာ မပိန်လွန်းမ၀လွန်းသော ခန္ဓာကိုယ်ကိုထိန်းသိမ်းထားလျှက် အသက်ကြီးသောအဖွားကြီးပီပီ ပြင်းရိပျော့ခွေနေတာမျိုးမဟုတ်ပဲ ကိုယ်နေဟန်ကိုလည်း
အမြဲခပ်မတ်မတ်အနေအထားမျိုး နေလေ့ရှိသူဖြစ်သည်။
အမရပူရမှ ၀ယ်ယူခဲ့သော လွန်းရာကျော်ချိတ်လုံချည်ကို ပိုးသားရင်ဖုံးလက်ရှည်နှင့် တွဲဖက်၀တ်ဆင်ထားသော ဒေါ်ရိပ်ညို၏အရိပ်ကိုပဲ
မြင်ရလျှင်တောင် အထက်တန်းကျသော
ဂုဏ်သရေရှိအမျိုးသမီးကြီးမှန်း သိသာစေသည်။
အသက်ကြီး၍ မျက်ရစ်တို့အစ်တွဲကျနေပေမဲ့
သူ့မျက်၀န်း၏ အရှိန်အဝါကတော့ သူ၏တန်ဖိုးကြောင့် အကြည့်ဆုံမိသူတိုင်း မဝံ့မရဲဖြစ်ရတုန်းပါပဲ။
"ဘာကိစ္စလဲ...တင်တင့်..."
"ရန်ကုန်ကစာရောက်လာလို့ပါ...အမေ...
ပို့တဲ့လူရဲ့ နာမည်ကပုံရိပ်တဲ့..."
"ပုံရိပ်..."
ဒေါ်ရိပ်ညို၏နှုတ်ဖျားမှ ပုံရိပ်ဆိုသည့်နာမည်လေးကို ရေရွတ်လိုက်မိသည်။
ဒီနာမည်ကို သိပ်ရင်းနှီးတာပေါ့။
တစ်ခါမှ အမှတ်တမဲ့တောင် မရေရွတ်မိပေမဲ့ တစ်ခါဦးနှောက်ထဲကို ရိုက်သွင်းထားရုံနဲ့မှတ်မိသည့် နာမည်လေးဖြစ်သည်။ ပျောက်ဆုံးနေတဲ့ မြေးမလေးက အခုတော့ကိုယ်တွေဆီကို
ဆိုက်မြိုက်စွာ ရောက်လာပေတော့မည်။
"တင့်တင့်...စာကိုဖွင့်ဖတ်ကြည့်စမ်း..."
ဒီအိမ်တွင် ဒေါ်ရိပ်ညိုနှင့် အရင်းနှီးဆုံးလူမှာ
တင့်တင့်မှတပါး အခြားမရှိပေ။အစစအရာရာ လုပ်ကိုင်ပေးသူဆိုပေမဲ့ တင့်တင့်ကို
အရာအားလုံးအပ်နှင်းလိုက်ဖို့အထိတော့
မတွေးခဲ့ဖူးပေ။
"သို့....
ကျွန်မနာမည်ကပုံရိပ်ဖြစ်ပါတယ်...
ဦးမိုးရိပ်နဲ့ဒေါ်မေသန့်တို့ရဲ့ တစ်ဦးတည်းသောသမီးပါ...ဒီစာကိုရေးလိုက်ရခြင်းက
ကျွန်မကိုထောက်ပံ့စေလို၍ အကျိုးအမြတ်ရလို၍ မဟုတ်ကြောင်း အရင်ပြောချင်ပါတယ်..."
"အမယ်...လာလာချည်သေး..."
ဒေါ်ရိပ်ညိုနှုတ်ခမ်းတွန့်ရုံပြုံးလိုက်မိပြီး
ဒေါ်ယဉ်တင့်ကို ဆက်ဖတ်ရန်မျက်နှာရိပ်ပြလိုက်လေသည်။
"ကျွန်မခုနှစ်တန်းနှစ်လည်လောက်မှာ အဖေနဲ့အမေသည် ရုတ်တရုက်ပျောက်ခြင်းမလှ
ပျောက်သွားခဲ့ကြသည့်ကိစ္စကို အင်မတန်သိချင်စိတ်ပြင်းပြနေမိပါတယ်...
ယခုလောလောဆယ် ကျွန်မဟာ
အဒေါ့်အိမ်မှာနေပါတယ်...အဒေါ်ဟာအဖေလိုအမေလို စောင့်ရှောက်နေပေမဲ့ မိဘအရင်းတွေက
ဘာကြောင့်ကျွန်မကိုပစ်ထားခဲ့တာလည်းဆိုတာ ကျွန်မသိပ်သိချင်ပါတယ်..
ဒီစာလေးသာ အဖွားဒေါ်ရိပ်ညိုနှင့် အဖိုးဦးမိုးမင်းတို့ လက်ထဲသို့ရောက်ခဲ့ပါက မန္တလေးမှာကျွန်မရဲ့အဖေ၊အမေရှိနေသလား သူတို့အကြောင်းနဲ့
ပတ်သတ်ပြီးဘာသတင်းအစ/အနများ ရသလဲ
သိချင်မိပါတယ်...
ကျွန်မဟာယခုမိဘမဲ့လို ဖြစ်နေတာကြောင့်
အဖေ၊အမေတို့ကို တွေ့ခဲ့ပါက သမီးဖြစ်သူဆီကို
အမြန်ပြန်လာဖို့ တိုက်တွန်းပေးစေလိုပါတယ်...
ကျွန်မ မမြင်ဖူးပေမဲ့အဖိုးနဲ့အဖွားကို ဒီကနေပဲကန်တော့လိုက်ရပါတယ်....
အားလုံးကျန်းမာကြပါစေ
(ပုံရိပ်)
"အမေရယ်...တင့်တင့်တော့မခံစားနိုင်တော့ဘူး...
အဟင့်..."
ဒေါ်ယဉ်တင့်သည် ကြမ်းပြင်မှာဒူးထောက်
လျှက်ဖြင့် စာရွက်ခေါက်ကလေးကိုရင်မှာပိုက်ကာ ရှိုက်ကာငိုတော့သည်။ဒေါ်ရိပ်ညိုသည်လည်း ဘယ်လောက်စိတ်ဓာတ်မာသူဟုဆိုစေ သားငယ်နှင့်ပတ်သတ်သော ပစ္စည်းအပိုင်းအစလေး
တစ်ခုကိုတွေ့လျှင်တောင် ငိုမိသည်။
မိဘတွေဆုံးတာတောင် မသိရှာပဲနှနှစ်ကျော်လောက် စောင့်ဆိုင်းနေခဲ့တဲ့ ကလေးလေး
ဘယ်လောင်တောင် နာကျင်နေလိုက်မလဲ။
သားအငယ်ဆုံးလေးမို့ ချစ်လိုက်တာမှအူလှိုက်သဲလှိုက်ပါပဲ။ယူလိုက်တဲ့မိန်းမက ဧရာ၀တီတိုင်းသူဖြစ်တဲ့အပြင် ပညာကလည်းနည်းတော့ သူ့အဖေဆိုတာ သူ့သားကိုနာလွန်းလို့
သားငယ်မင်္ဂလာဆောင်ပြီးတာနဲ့ ကိုယ်တွေကိုမန္တလေး တန်းခေါ်တော့တာပဲ။
သူ့ဘ၀နဲ့သူ့အကြောင်းဆိုပြီး အဆက်အသွယ်မလုပ်ပဲ ပစ်ထားခိုင်းတဲ့ကိုမိုးမင်းလည်း ပြီးခဲ့တဲ့နှစ်ကပဲ ဆုံးသွားခဲ့ပြီ။သားသမီးမရှိတဲ့ တင့်တင့်တို့လင်မယားက ကလွဲပြီး ကျန်တဲ့ဟာတွေက ရာဇ၀တ်အိုးတွေကြီးပဲ ။
အခုသားငယ်ရဲ့ မျိုးဆက်"ပုံရိပ်"ဆိုသည့်
မြေးတစ်ယောက်ပေါ်လာခဲ့ပြီ။
ဆက်သွယ်ချင်ပါသော်လည်း သူ့အဒေါ်ဆိုသူက ဘယ်မှာနေမှန်းမသိခဲ့တော့ အခက်အခဲဖြစ်ခဲ့ရသည်။
ပုံရိပ်တဲ့ ...။နာမည်ကလည်း ကိုယ်နဲ့ဆင်သလို စိတ်ဓာတ်ကလည်းတူညီနေမှ ဖြစ်လိမ့်မည်။
အယုံကြည်ရဆုံးသူအဖြစ် လက်သက်မွေးရလျှင် ကိုယ့်ရဲ့သွေးသားရင်းက ပိုကောင်းလိမ့်မည်။
မင်းက ဘယ်လောက်အတိုင်းအတာအထိ ခံနိုင်ရည်ရှိသလဲ အရင်စမ်းသပ်မယ်။
ဒေါ်ရိပ်ညိုရဲ့ မြေးဟာဒေါ်ရိပ်ညိုလို စိတ်ဓာတ်မျိုး မင်းရဲ့အသွေးအသားထဲမှာ ဘယ်လောက်အထိ
စီးဆင်းနေသလဲဆိုတာ တို့သိချင်တယ်။
"တင့်တင့်...."
"ပြောပါ...အမေ..."
" နင်ကိုယ်တိုင်ရန်ကုန်ကိုဆင်းစမ်း...စာအိတ်ပေါ်က လိပ်စာအတိုင်းမရရအောင်ရှာကြည့်
ငါ့မြေးကို ငါတွေ့ချင်တယ်..."
"ဟုတ်ကဲ့အမေ...တင့်တင့်ဒီကဆိုင်ကိစ္စပြတ်တာနဲ့ ရန်ကုန်ကိုချက်ချင်းဆင်းလိုက်ပါ့မယ်..."
"အင်း...ဘယ်လောက်ကုန်ကုန်သုံးလိုက်...
ကလေးကိုစောင့်ရှောက်ပေးခဲ့တဲ့
စရိတ်တွေအားလုံးလည်း နှစ်ဆမကဘူးပုံပေးလိုက်
...ငါ့မြေးကိုတော့အပါခေါ်ခဲ့.…"
"ဟုတ်ကဲ့ပါအမေ တင့်သေချာလုပ်ပေးပါ့မယ်...
စာလေးဖတ်ရုံနဲ့တင် ကလေးကိုတင့်သနားလှပါပြီ
...သူ့အဖေနဲ့အမေကို သက်ရှိထင်ရှား ရှိနေသေးတယ်လို့ပဲ ထင်နေရှာတာ...
ဘယ်လိုလုပ်မလဲအမေရယ်...တင့်အဖြစ်မှန်တွေကို မပြောရက်ဘူး...."
ဒေါ်ယဉ်တင့်တစ်ယောက် စိတ်မကောင်းဖြစ်စွာ အခန်းထဲမှထွက်သွားသည့်နည်းတူ
ဒေါ်ရိပ်ညိုသည်လည်း ဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲသို့ သွားဖို့ရာတောင်မျက်နှာက ဟန်ဆောင်၍မပြုံးနိုင် ဖြစ်နေလေသည်။
ဘယ်တတ်နိုင်ပါ့မလဲ။
ဖြစ်တာက ဖြစ်ပြီးသွားခဲ့ပြီပဲ ။
ဆလင်းဘတ်အိတ်လေးကိုယူလိုက်ပြီး လက်မှာချိတ်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
အိမ်ကြီးမှာလည်း လူဦးရေများသလောက် တိတ်ဆိတ်နေလေသည်။
ဒီအမယ်အိုကြီးကို ဒင်းတို့ကအချိန်တိုင်း
ဥပက္ခာပြုထားကြတာပါလား။
ငါ့စိတ်နှင့်ဆိုရင်တော့ အကုန်လုံးကျုံးထဲကို
ကန်ချပစ်လိုက်ချင်တယ်။
🛑🛑🛑🛑🛑🛑
(ပုံရိပ်...သူ့အဖွားရှိတဲ့ မန္တလေးကိုတကယ်ပေါ်ရောက်လာမလားဆိုတာတော့ ဆက်လက်မျှော်ပေးကြပါနော်...)
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၉)🔥 ဒုတိယပိုင္း
ေရသန႔္စက္ရံုကိုလည္း ေက်ာ္လာရၿပီး
ေကာ္ေတြ၊ဒယ္အိုးဒယ္ခြက္ေတြ၀ယ္သၫ့္
အ၀ယ္ဒိုင္ႀကီးကိုလည္းျဖတ္ေက်ာ္လာရသည္။ေက်ာင္းဘက္သို႔ ခ်ိဳးေကြ့၀င္ရေသာ လမ္းေကြ့
တစ္ခုနားအေရာက္တြင္ စက္ဘီးတစ္စီးကို
လမ္းေဘးသို႔ကပ္၍ရပ္ထားေသာ
ေက်ာင္းသားတစ္ေယာက္သည္ ပံုရိပ္တို႔၏ စက္ဘီးေျပးလမ္းေၾကာင္းအတိုင္း အတင္းတိုး၀င္လာသည္။
"ကလင္....ကလင္....ကလင္...."
"ကၽီြ...!!!!!!"
ဟိန္းကိုသည္ ကလင္ကိုအႀကိမ္ေပါင္းမ်ားစြာေခါက္ၿပီး မရသၫ့္အဆံုးဘရိတ္ကိုထိုးၫွစ္လိုက္ရာ ပံုရိပ္လည္းခ်က္ခ်င္းပဲ ေအာက္သို႔ဆင္းရပ္လိုက္မိသည္။
"ေဟ့ေကာင္...မင္းေသခ်င္လို႔လား...ဘာလို႔သူမ်ားစက္ဘီးေရ႔ွကို ေျပးလာတာလဲ...."
"ဟိန္းကို...အဲ့လိုမလုပ္နဲ႔ေလ..."
စက္ဘီးကို ေဒါက္ေတာင္မေထာက္ပဲ အုတ္ခံုနံရံနားတြင္သာ မွီထားလိုက္ၿပီး တစ္ဖက္လူ၏အိက်ႌလည္ပင္းစကို ဘာမေျပာ၊ညာမေျပာ ေျပးဆဲြေသာေၾကာင့္ ပံုရိပ္လည္းရုတ္တရက္ဆိုေတာ
လန႔္သြားမိသည္ ။
"ဟိန္းကို...လႊတ္လိုက္ပါဟယ္...ဟိုမွာလည္ပင္းအစ္ေနၿပီ..."
"ေတာက္!!!!မင္းဒီတစ္ခါေတာ့ ကံေကာင္းသြားတယ္မွတ္ပါ...၁၂ေက်ာင္းကေကာင္...မင္းအခုခ်က္ခ်င္း ဒိုးလိုက္ေတာ့..."
ေဒါသမေျပေသးေသာ ဟိန္းကိုသည္
ထိုသူ၏အိက်ႌစကိုနာနာဆဲြၿပီး ေဆာင့္တြန္းပစ္လိုက္
၍ သူယိုင္က်သြားေပမဲ့ ခပ္ေပေပပဲပံုရိပ္ကို
ရိသဲ့သဲ့မ်က္၀န္းမ်ားျဖင့္လာၾကၫ့္သည္။
ဟိန္းကိုက စက္ဘီးကိုယူေနစဉ္မွာ သူသည္
ပံုရိပ္ကိုႃပံုးျပလာသည္။ပံုရိပ္သိပ္မွတ္မိတာေပါ့။ သူဟာ ဘုရားပဲြညကပံုရိပ္ကို စကားလာေျပာေသာသူပင္ျဖစ္သည္။
ေက်ာင္းမတက္ပဲ သူမ်ားရပ္ကြက္ထဲကို
ဘာလာလုပ္သလဲ မသိေပ။
"တို႔နာမည္က စည္သူလို႔ေခၚတယ္...
တို႔က၁၂ေက်ာင္းကေလ တို႔မင္းနဲ႔ခင္လို႔ရမလား
...တို႔မနက္တည္းကဒီမွာထိုင္ေစာင့္ေနတာ....
မင္းရဲ့မ်က္ႏွာေလးကို ေတြ့ခ်င္လို႔ေလ..."
"ဟာ...ဒီေကာင္...."
"ခြပ္!!!!!ခြပ္!!!!"
"...ဟိန္းကို!!!!ဟိန္းကို နင္ဘာလုပ္တာလည္း...
ဟိန္းကိုမလုပ္နဲ႔ေတာ္ေတာ့...
ဟိန္းကို...!!!!!!"
ေအာ္ရလြန္းလို႔ ပံုရိပ္၏အသံေတြေတာင္ အက္ကဲြခ်င္လာေပမဲ့ ဟိန္းကိုသည္စည္သူဆိုသည့္
ေကာင္ေလးကိုအေၾကာင္းမဲ့ ထိုးႀကိတ္ေနခဲ့သည္။ႏွာေခါင္းထဲမွ ေသြးေတြထြက္လာသည္အထိ ထိုးႀကိတ္ေန၍ ပံုရိပ္သူ႔လက္ကို လိုက္ဆဲြမိသည္။
သူ႔ရုန္းအားကျပင္းလြန္း၍ ပံုရိပ္ေတာင္ ေနာက္သို႔ဖင္ထိုင္လ်ွက္လဲၾကခ်င္မိသည္။ဒီေနရာကလည္း လူပ်က္သၫ့္ေနရာျဖစ္ေနသည္။လမ္းတစ္ဖက္မွာက မူလတန္းေက်ာင္း၏ ဧရိယာျဖစ္၍
ေရေတာႀကီးသာျဖစ္သည္။
လမ္းတစ္ဖက္တြင္သာ အိမ္ေတြရိွၿပီး ခပ္က်ဲက်ဲရယ္ပါ။ဒီေန့မွ လက္ဖက္ရည္ဆိုင္ကလည္း ပိတ္ထားသည္။ပံုရိပ္ဘယ္လိုလုပ္ရမလဲ။
ဟိုေကာင္ေလးက လူေကာင္ေသးတဲ့အျပင္
သူကခ်ည္းလိွမ္းထိုးေနေတာ့ ဟိုကလက္ႏွင့္သာ ကာႏိုင္သည္။
"မင္းကမ်ား သူ႔မ်က္ႏွာကိုေတြ့ခ်င္တယ္ေပါ့...
မင္းရဲ့အခြက္ကို ငါေပါက္ၿပဲေအာင္လုပ္မယ္..."
"ဟိန္းကို နင့္ကိုငါေတာ္ေတာ့လို႔ ေျပာေနတယ္ေလ...ဟိန္းကို...."
"ဒုန္း!!!!!!"
ဘီလူး၀င္စီးေနသလို ျဖစ္ေနသၫ့္သူ႔အား ရပ္တန႔္ပစ္ဖို႔ရန္ ေအာ္လည္းမရ၊ေဟာက္လည္းမရ၍ အုတ္ခံုသို႔ မွီထားေသာသူ႔စက္ဘီးကိုသာ
ကတၲရာလမ္းေပၚသို႔ အသံျမည္ေအာင္
တမင္တြန္းခ်လိုက္သည္။
သူ႔စက္ဘီး ဘာေတြပြန္းပဲသြားမလဲဆိုတာ
မေတြးႏိုင္ေတာ့ဘူး။အဓိကဟာ သူမ်ားသားသမီးကို ထိုးႀကိတ္ေနတာရပ္လိုက္ဖို႔ပဲ။
"ပံုရိပ္!!!!"
ထိုေတာ့မွ အသိစိတ္ျပန္၀င္လာေသာဟိန္းကိုသည္ စည္သူ႔ကိုခြထားလ်ွက္မွ မတ္တတ္ထရပ္လိုက္သည္။သူ႔ကိုၾကၫ့္ေနေသာ ပံုရိပ္၏မ်က္၀န္းေတြသည္ မ်က္ရည္မ်ားခိုသီးလ်ွက္ ခါးသက္ေသာခပ္စိမ္းစိမ္းမ်က္၀န္းအၾကၫ့္ေတျြဖစ္သည္။
သူ႔လက္ဆစ္ေနရာကို ၾကၫ့္လိုက္ေတာ့ ေသြးစေတြကပ္ၫွိေနၿပီး ေနာက္ကိုၾကၫ့္လိုက္ေတာ့ စည္သူသည္ ႏွာေခါင္းတြင္ေသြးမ်ား ယိုစိမ့္လ်ွက္
မ်က္လံုးကလည္းေယာင္ေနကာ
မနဲႄကံုးထေနရသည္။
တဖန္ပံုရိပ္ကို ျပန္ၾကၫ့္လိုက္မိေတာ့ သူ႔ဆီသို႔တစ္လွမ္းခ်င္းတိုးလာသည္။ေသြးဆိုးသာ့္သူဟာ ေပါက္ကဲြလာတိုင္း အသိစိတ္လြတ္တတ္သည္။
ဒါကို ပံုရိပ္ကိုယ္တိုင္ျမင္သြားခဲ့ၿပီ။
"ဟိန္းကို...ဒီေန့ကစၿပီး နင္နဲ႔ငါသူငယ္ခ်င္းမဟုတ္ေတာ့ဘူး...ေနာက္လမ္းမွာေတြ့လည္း
နင္ငါ့ကို လာမေခၚပါနဲ႔..."
ပံုရိပ္သည္ ဝဲတက္လာသၫ့္ မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ထိုေနရာမွေျပးထြက္လာခဲ့လိုက္သည္။
ပံုရိပ္ကို သူငယ္ခ်င္းအျဖစ္သတ္မွတ္ထားရင္
ပံုရိပ္ရဲ့စကားကိုလည္းအေလးထားရမွာေပါ့ ။လမ္းမအလည္ေခါင္ႀကီးမွာ သူမ်ားရဲ့အသားကိုေသြးထြက္သံယိုျဖစ္တဲ့အထိ မစာ၊မနာထိုးႀကိတ္
ရဲတာမ်ား စာနာျခင္းကင္းမဲ့ လိုက္တာ။
အရင္ဆံုး စကားနဲ႔ေျဖရွင္းရမွာေပါ့။
မရမွာသာ ေျခာက္လႊတ္တာတို႔ လုပ္သင့္သည္။
ကိုယ့္အခန္းကို ျပန္ေရာက္သည္အထိ ေသြးလန႔္စရာျမင္ကြင္းက မ်က္လံုးထဲကေနေဖ်ာက္လို႔မရခဲ့ဘူး။
ႏွလံုး ခုန္ႏႈန္းေတြပါျမန္ဆန္လာသလို ေၾကာက္ရႊံ႔ထိတ္လန႔္မႈေၾကာင့္ လက္ေတြေတာင္တဆက္ဆက္တုန္ယင္ေနခဲ့သည္။
"ပံုရိပ္....နင္ေနမေကာင္းဘူးလား...
မ်က္ႏွာကျဖဴဖက္ျဖဴေလ်ွာ္နဲ႔..."
ယမင္းေရႊသည္ ပံုရိပ္၏နဖူးေတြကို စိုးရိမ္တႀကီးလာစမ္းေလသည္။
"လက္ဖ်ားေတြ ေအးစက္ေနတာပဲ..."
အမွန္ေတာ့ ပံုရိပ္သည္အပ်ိဳေဖာ္၀င္စအရြယ္ျဖစ္ေနေလၿပီ။ဓမၼတာလာေနစဉ္အခ်ိန္အခါတြင္ ထိတ္လန႔္စရာအျဖစ္ကို ႄကံုလိုက္ရသၫ့္အတြက္ ေသြးလန႔္သြားခဲ့ျခင္းျဖစ္သည္။မ်က္ႏွာကို လက္ဖဝါးျဖင့္
ဖိအုပ္လ်ွက္ အသက္ကိုမွန္မွန္ရႉကာ စိတ္ကိုအတတ္ႏိုင္ဆံုး ၿငိမ္ေအာင္ထိန္းခ်ဳပ္ေနမိသည္။
"ပံုရိပ္...ဒီမွာနင္ေတာင္းထားတဲ့ဟာ..."
"ဘာလဲ..."
"လိပ္စာေလ...မႏၲေလးကအဖြားေဒၚရိပ္ညိုရဲ့အိမ္လိပ္စာ..."
အားနည္းေနေသာ္လည္း ယမင္းေရႊ၏စကားေၾကာင့္ ပံုရိပ္အားတက္သြားကာ စာရြက္ေခါက္ေလးကို ယူၿပီးဖြင့္ၾကၫ့္လိုက္မိသည္။
လမ္းနံပါတ္ေတြ၊ၿခံနံပါတ္ေတြကအထူးအဆန္းမဟုတ္ေပမဲ့ "မိုးရိပ္စံအိမ္..."ဆိုေသာနာမည္ေလးကေတာ့ ပံုရိပ္ကိုမ်က္ရည္က်ေစသည္။
ပံုရိပ္၏သက္တမ္းတစ္ေလ်ွာက္မွာ တစ္ခါေလးေတာင္အလည္မလာခဲ့ဖူးေသာ အဖိုး၊အဖြားေတြသည္သူတို႔၏ ၿခံနာမည္ကိုေတာ့ သူတို႔၏သားအငယ္ဆံုးနာမည္ျဖစ္သၫ့္ အေဖ့နာမည္ကို
မွၫ့္ထားေလသည္။
"ပံုရိပ္...အမွန္ကဒီလိပ္စာကို ငါေတာင္းေပးတာမဟုတ္ဘူး...ငါအေဖ့ကိုမေျပာရဲလို႔ နင္လည္းအေရးတႀကီးလိုေနတယ္ဆိုတာနဲ႔
ကိုထက္ကိုအကူညီေတာင္းခိုင္းလိုက္တာ..."
ေယာက္်ားေလးအတန္း၏ ေရ႔ွဆံုးတြင္ထိုင္ေနေသာ ဟိန္းေဇယ်ာထက္ကို ပံုရိပ္တစ္ခ်က္ၾကၫ့္လိုက္မိသည္။ေက်ာကိုမတ္ထားၿပီး သူမ်ားနည္းတူ စကားမ်ားမေနပဲ သူ႔စာကိုသာသူလုပ္ေနေလသည္။
သူေတာ္ေနသၫ့္အေၾကာင္းအရင္းမွာ ပံုရိပ္တို႔စကားမ်ားေနၾကခ်ိန္တြင္ သူကအခ်ိန္ကို
တစ္စကၠန႔္ေတာင္ အလစ္ဟင္းမခံလိုပဲျဖစ္ပါလိမ့္မယ္။
"ငါ့အစား...သူ႔ကိုေက်းဇူးတင္တယ္လို႔ ေျပာေပးစမ္းပါဟာ...ေနာ္...."
ထို႔ေနာက္ လိပ္စာေရးထားေသာ စာရြက္ေခါက္ကေလးအား မ်က္ေတာင္မခက္တမ္းၾကၫ့္လိုက္ၿပီး
သက္ျပင္းခ်လိုက္မိသည္။ထို႔ေန့က အိမ္ကိုျပန္ေရာက္သည္ႏွင့္ စာရြက္ကေလးႏွင့္ ကိုယ္ေမးခ်င္သၫ့္ အဓိကအေၾကာင္းအရာေတြကိုခ်ေရးလိုက္ၿပီး အပ်ိဳႀကီးတို႔ဆီမွ စက္ဘီးကိုငွားက စာတိုက္ရံုးသို႔ ထြက္လာခဲ့လိုက္သည္။သံုးမွတ္တိုင္ေလာက္နီးပါး စက္ဘီးနင္းလိုက္ရၿပီး မႏၲေလးသို႔ စာတစ္ေစာင္ေပးပို႔လိုက္သည္။
"ဘုရား...သီၾကားမလို႔...ပံုရိပ္၏စာေလး...ေလ်ွာေလ်ွာလ်ူလ်ူေရာက္ပါေစ...."
🌹🌹🌹🌹🌹🌹
မႏၲေလးတိုင္း
(ပုသိမ္ႀကီးၿမိဳ႔နယ္..ရန္ကင္းသာယာရပ္)
"စာဗ်ိဳ႕...စာ..."
ေဒၚယဉ္တင့္တစ္ေယာက္ ၿခံထဲတြင္ဆင္း၍ ေလေကာင္းေလသန႔္ရႉရိႈက္ရွင္း ပုတီးစိပ္ေနမိရာမွ ၿခံေရ႔ွမွစာပို႔သမား၏ ေအာ္သံေၾကာင့္ အာရံုေတြပ်က္သြားၿပီး မထူးဇာတ္ခင္းကာေလ်ွာက္လမ္းအတိုင္း ေလ်ွာက္လာလိုက္သည္။
"ဘယ္ကစာလဲ...."
"ရန္ကုန္ကစာပါ....ဒီမွာလက္မွတ္ထိုးေပးပါ...."
ေဒၚယဉ္တင့္လည္း မ်က္မွန္ကိုအနည္းငယ္ပင့္တင္လိုက္ၿပီး လတ္မွတ္ထိုးကာစာအိတ္ကိုယူလိုက္သည္။စာအိပ္ေပၚတြင္ ေရထားသၫ့္ေပးပို႔သူ နာမည္ကပံုရိပ္ဆိုပဲ။
တစ္ခါမွလည္း ဒီနာမည္ကို မၾကားဖူးေပ။
သို႔ေပမဲ့ "ရိပ္.."ဆိုသၫ့္စကားလံုးကေတာ့
ဒီအိမ္၏အိမ္ႀကီးရွင္ႏွင့္ သြားဆင္တူေနသည္။
ဒီၿခံ၀န္း၏ အေရ႔ွတြင္ထြင္းထားသၫ့္ နာမည္ကလည္းမိုးရိပ္ဆိုေတာ့ သူမ၏မ်က္၀န္းေတြ အံ့ဩမႈႏွင့္အတူ ျပဴးက်ယ္သြားမိသည္။
ေျခသံမ်ား တဒုန္းဒုန္းျမည္ေအာင္အထိ
ေျပာင္လက္ေနေသာ ကၽြန္းေလွကားႀကီးမွတစ္ဆင့္ ဒုတိယထပ္သို႔ခပ္သုတ္သုတ္တက္လာမိသည္။
ဤအိမ္ႀကီးတြင္ရိွေသာ အက်ယ္ဆံုးႏွင့္အခမ္းနားဆံုး အိပ္ခန္းတစ္ခုအေရ႔ွသို႔ ေရာက္ေသာအခါ တံခါးကိုႏွစ္ခ်က္ေလာက္ ေခါက္ၾကၫ့္လိုက္မိသည္။
"ဘယ္သူလည္း...."
"အေမ...သမီးတင့္တင့္ပါ..."
"၀င္ခဲ့..."
အသံလံုးခပ္ႀကီးႀကီးႏွင့္ အမ်ိဳးသမီးႀကီး၏အသံသည္ က်ယ္ေလာင္စြာေပၚထြက္လာခဲ့သည္။
တံခါးကို အသာတြန္းဖြင့္လိုက္ေတာ့ မွန္တင္ခံုေရ႔ွတြင္ထိုင္၍ ျဖဴေဖြးေနေသာ ဆံပင္ေတြကိုဖီးသင္ေနေသာ အမ်ိဳးသမီးႀကီးသည္ မွန္ထဲမွတစ္ဆင့္
ေဒၚယဉ္တင့္ကို လွမ္းၾကၫ့္လာသည္။
ထိုအမ်ိဳးသမီးႀကီးသည္ ဤအိမ္ႀကီး၏မ႑ိုင္
ေဒၚရိပ္ညိုပင္ျဖစ္သည္။
အသက္(၇၀)ေက်ာ္ေနၿပီဆိုေပမဲ့ အရပ္ရွည္ရွည္ ေဒါင္ေကာင္းေကာင္းႏွင့္ျဖစ္ကာ မပိန္လြန္းမ၀လြန္းေသာ ခႏၶာကိုယ္ကိုထိန္းသိမ္းထားလ်ွက္ အသက္ႀကီးေသာအဖြားႀကီးပီပီ ျပင္းရိေပ်ာ့ေခြေနတာမ်ိဳးမဟုတ္ပဲ ကိုယ္ေနဟန္ကိုလည္း
အၿမဲခပ္မတ္မတ္အေနအထားမ်ိဳး ေနေလ့ရိွသူျဖစ္သည္။
အမရပူရမွ ၀ယ္ယူခဲ့ေသာ လြန္းရာေက်ာ္ခ်ိတ္လံုခ်ည္ကို ပိုးသားရင္ဖံုးလက္ရွည္ႏွင့္ တဲြဖက္၀တ္ဆင္ထားေသာ ေဒၚရိပ္ညို၏အရိပ္ကိုပဲ
ျမင္ရလ်ွင္ေတာင္ အထက္တန္းက်ေသာ
ဂုဏ္သေရရိွအမ်ိဳးသမီးႀကီးမွန္း သိသာေစသည္။
အသက္ႀကီး၍ မ်က္ရစ္တို႔အစ္တဲြက်ေနေပမဲ့
သူ႔မ်က္၀န္း၏ အရိွန္အဝါကေတာ့ သူ၏တန္ဖိုးေၾကာင့္ အၾကၫ့္ဆံုမိသူတိုင္း မဝံ့မရဲျဖစ္ရတုန္းပါပဲ။
"ဘာကိစၥလဲ...တင္တင့္..."
"ရန္ကုန္ကစာေရာက္လာလို႔ပါ...အေမ...
ပို႔တဲ့လူရဲ့ နာမည္ကပံုရိပ္တဲ့..."
"ပံုရိပ္..."
ေဒၚရိပ္ညို၏ႏႈတ္ဖ်ားမွ ပံုရိပ္ဆိုသၫ့္နာမည္ေလးကို ေရရြတ္လိုက္မိသည္။
ဒီနာမည္ကို သိပ္ရင္းႏွီးတာေပါ့။
တစ္ခါမွ အမွတ္တမဲ့ေတာင္ မေရရြတ္မိေပမဲ့ တစ္ခါဦးေနွာက္ထဲကို ရိုက္သြင္းထားရံုနဲ႔မွတ္မိသၫ့္ နာမည္ေလးျဖစ္သည္။ ေပ်ာက္ဆံုးေနတဲ့ ေျမးမေလးက အခုေတာ့ကိုယ္ေတြဆီကို
ဆိုက္ၿမိဳက္စြာ ေရာက္လာေပေတာ့မည္။
"တင့္တင့္...စာကိုဖြင့္ဖတ္ၾကၫ့္စမ္း..."
ဒီအိမ္တြင္ ေဒၚရိပ္ညိုႏွင့္ အရင္းႏွီးဆံုးလူမွာ
တင့္တင့္မွတပါး အျခားမရိွေပ။အစစအရာရာ လုပ္ကိုင္ေပးသူဆိုေပမဲ့ တင့္တင့္ကို
အရာအားလံုးအပ္ႏွင္းလိုက္ဖို႔အထိေတာ့
မေတြးခဲ့ဖူးေပ။
"သို႔....
ကၽြန္မနာမည္ကပံုရိပ္ျဖစ္ပါတယ္...
ဦးမိုးရိပ္နဲ႔ေဒၚေမသန႔္တို႔ရဲ့ တစ္ဦးတည္းေသာသမီးပါ...ဒီစာကိုေရးလိုက္ရျခင္းက
ကၽြန္မကိုေထာက္ပံ့ေစလို၍ အက်ိဳးအျမတ္ရလို၍ မဟုတ္ေၾကာင္း အရင္ေျပာခ်င္ပါတယ္..."
"အမယ္...လာလာခ်ည္ေသး..."
ေဒၚရိပ္ညိုႏႈတ္ခမ္းတြန႔္ရံုႃပံုးလိုက္မိၿပီး
ေဒၚယဉ္တင့္ကို ဆက္ဖတ္ရန္မ်က္ႏွာရိပ္ျပလိုက္ေလသည္။
"ကၽြန္မခုႏွစ္တန္းႏွစ္လည္ေလာက္မွာ အေဖနဲ႔အေမသည္ ရုတ္တရုက္ေပ်ာက္ျခင္းမလွ
ေပ်ာက္သြားခဲ့ၾကသၫ့္ကိစၥကို အင္မတန္သိခ်င္စိတ္ျပင္းျပေနမိပါတယ္...
ယခုေလာေလာဆယ္ ကၽြန္မဟာ
အေဒါ့္အိမ္မွာေနပါတယ္...အေဒၚဟာအေဖလိုအေမလို ေစာင့္ေရွာက္ေနေပမဲ့ မိဘအရင္းေတြက
ဘာေၾကာင့္ကၽြန္မကိုပစ္ထားခဲ့တာလည္းဆိုတာ ကၽြန္မသိပ္သိခ်င္ပါတယ္..
ဒီစာေလးသာ အဖြားေဒၚရိပ္ညိုႏွင့္ အဖိုးဦးမိုးမင္းတို႔ လက္ထဲသို႔ေရာက္ခဲ့ပါက မႏၲေလးမွာကၽြန္မရဲ့အေဖ၊အေမရိွေနသလား သူတို႔အေၾကာင္းနဲ႔
ပတ္သတ္ၿပီးဘာသတင္းအစ/အနမ်ား ရသလဲ
သိခ်င္မိပါတယ္...
ကၽြန္မဟာယခုမိဘမဲ့လို ျဖစ္ေနတာေၾကာင့္
အေဖ၊အေမတို႔ကို ေတြ့ခဲ့ပါက သမီးျဖစ္သူဆီကို
အျမန္ျပန္လာဖို႔ တိုက္တြန္းေပးေစလိုပါတယ္...
ကၽြန္မ မျမင္ဖူးေပမဲ့အဖိုးနဲ႔အဖြားကို ဒီကေနပဲကန္ေတာ့လိုက္ရပါတယ္....
အားလံုးက်န္းမာၾကပါေစ
(ပံုရိပ္)
"အေမရယ္...တင့္တင့္ေတာ့မခံစားႏိုင္ေတာ့ဘူး...
အဟင့္..."
ေဒၚယဉ္တင့္သည္ ၾကမ္းျပင္မွာဒူးေထာက္
လ်ွက္ျဖင့္ စာရြက္ေခါက္ကေလးကိုရင္မွာပိုက္ကာ ရိႈက္ကာငိုေတာ့သည္။ေဒၚရိပ္ညိုသည္လည္း ဘယ္ေလာက္စိတ္ဓာတ္မာသူဟုဆိုေစ သားငယ္ႏွင့္ပတ္သတ္ေသာ ပစၥည္းအပိုင္းအစေလး
တစ္ခုကိုေတြ့လ်ွင္ေတာင္ ငိုမိသည္။
မိဘေတြဆံုးတာေတာင္ မသိရွာပဲႏွႏွစ္ေက်ာ္ေလာက္ ေစာင့္ဆိုင္းေနခဲ့တဲ့ ကေလးေလး
ဘယ္ေလာင္ေတာင္ နာက်င္ေနလိုက္မလဲ။
သားအငယ္ဆံုးေလးမို႔ ခ်စ္လိုက္တာမွအူလိႈက္သဲလိႈက္ပါပဲ။ယူလိုက္တဲ့မိန္းမက ဧရာ၀တီတိုင္းသူျဖစ္တဲ့အျပင္ ပညာကလည္းနည္းေတာ့ သူ႔အေဖဆိုတာ သူ႔သားကိုနာလြန္းလို႔
သားငယ္မဂၤလာေဆာင္ၿပီးတာနဲ႔ ကိုယ္ေတြကိုမႏၲေလး တန္းေခၚေတာ့တာပဲ။
သူ႔ဘ၀နဲ႔သူ႔အေၾကာင္းဆိုၿပီး အဆက္အသြယ္မလုပ္ပဲ ပစ္ထားခိုင္းတဲ့ကိုမိုးမင္းလည္း ၿပီးခဲ့တဲ့ႏွစ္ကပဲ ဆံုးသြားခဲ့ၿပီ။သားသမီးမရိွတဲ့ တင့္တင့္တို႔လင္မယားက ကလဲြၿပီး က်န္တဲ့ဟာေတြက ရာဇ၀တ္အိုးေတြႀကီးပဲ ။
အခုသားငယ္ရဲ့ မ်ိဳးဆက္"ပံုရိပ္"ဆိုသၫ့္
ေျမးတစ္ေယာက္ေပၚလာခဲ့ၿပီ။
ဆက္သြယ္ခ်င္ပါေသာ္လည္း သူ႔အေဒၚဆိုသူက ဘယ္မွာေနမွန္းမသိခဲ့ေတာ့ အခက္အခဲျဖစ္ခဲ့ရသည္။
ပံုရိပ္တဲ့ ...။နာမည္ကလည္း ကိုယ္နဲ႔ဆင္သလို စိတ္ဓာတ္ကလည္းတူညီေနမွ ျဖစ္လိမ့္မည္။
အယံုၾကည္ရဆံုးသူအျဖစ္ လက္သက္ေမြးရလ်ွင္ ကိုယ့္ရဲ့ေသြးသားရင္းက ပိုေကာင္းလိမ့္မည္။
မင္းက ဘယ္ေလာက္အတိုင္းအတာအထိ ခံႏိုင္ရည္ရိွသလဲ အရင္စမ္းသပ္မယ္။
ေဒၚရိပ္ညိုရဲ့ ေျမးဟာေဒၚရိပ္ညိုလို စိတ္ဓာတ္မ်ိဳး မင္းရဲ့အေသြးအသားထဲမွာ ဘယ္ေလာက္အထိ
စီးဆင္းေနသလဲဆိုတာ တို႔သိခ်င္တယ္။
"တင့္တင့္...."
"ေျပာပါ...အေမ..."
" နင္ကိုယ္တိုင္ရန္ကုန္ကိုဆင္းစမ္း...စာအိတ္ေပၚက လိပ္စာအတိုင္းမရရေအာင္ရွာၾကၫ့္
ငါ့ေျမးကို ငါေတြ့ခ်င္တယ္..."
"ဟုတ္ကဲ့အေမ...တင့္တင့္ဒီကဆိုင္ကိႁစၥပတ္တာနဲ႔ ရန္ကုန္ကိုခ်က္ခ်င္းဆင္းလိုက္ပါ့မယ္..."
"အင္း...ဘယ္ေလာက္ကုန္ကုန္သံုးလိုက္...
ကေလးကိုေစာင့္ေရွာက္ေပးခဲ့တဲ့
စရိတ္ေတြအားလံုးလည္း ႏွစ္ဆမကဘူးပံုေပးလိုက္
...ငါ့ေျမးကိုေတာ့အပါေခၚခဲ့.…"
"ဟုတ္ကဲ့ပါအေမ တင့္ေသခ်ာလုပ္ေပးပါ့မယ္...
စာေလးဖတ္ရံုနဲ႔တင္ ကေလးကိုတင့္သနားလွပါၿပီ
...သူ႔အေဖနဲ႔အေမကို သက္ရိွထင္ရွား ရိွေနေသးတယ္လို႔ပဲ ထင္ေနရွာတာ...
ဘယ္လိုလုပ္မလဲအေမရယ္...တင့္အျဖစ္မွန္ေတြကို မေျပာရက္ဘူး...."
ေဒၚယဉ္တင့္တစ္ေယာက္ စိတ္မေကာင္းျဖစ္စြာ အခန္းထဲမွထြက္သြားသၫ့္နည္းတူ
ေဒၚရိပ္ညိုသည္လည္း ဖဲႀကိဳးျဖတ္ဖြင့္လွစ္ပဲြသို႔ သြားဖို႔ရာေတာင္မ်က္ႏွာက ဟန္ေဆာင္၍မႃပံုးႏိုင္ ျဖစ္ေနေလသည္။
ဘယ္တတ္ႏိုင္ပါ့မလဲ။
ျဖစ္တာက ျဖစ္ၿပီးသြားခဲ့ၿပီပဲ ။
ဆလင္းဘတ္အိတ္ေလးကိုယူလိုက္ၿပီး လက္မွာခ်ိတ္ကာ အိပ္ခန္းထဲမွ ထြက္လာခဲ့လိုက္သည္။
အိမ္ႀကီးမွာလည္း လူဦးေရမ်ားသေလာက္ တိတ္ဆိတ္ေနေလသည္။
ဒီအမယ္အိုႀကီးကို ဒင္းတို႔ကအခ်ိန္တိုင္း
ဥပကၡာျပဳထားၾကတာပါလား။
ငါ့စိတ္ႏွင့္ဆိုရင္ေတာ့ အကုန္လံုးက်ဳံးထဲကို
ကန္ခ်ပစ္လိုက္ခ်င္တယ္။
🛑🛑🛑🛑🛑🛑
(ပံုရိပ္...သူ႔အဖြားရိွတဲ့ မႏၲေလးကိုတကယ္ေပၚေရာက္လာမလားဆိုတာေတာ့ ဆက္လက္ေမ်ွာ္ေပးၾကပါေနာ္...)

No comments:
Post a Comment