(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၁၉)🔥 ပထမပိုင်း
မြူခိုးတို့ဝေနေသော နံနက်ခင်းလေးသည် နုပျိုသစ်လွင်သော အငွေ့အသက်တို့နှင့်လွှမ်းခြုံထား
လျှက်ရှိသည်။ကျောင်းစိမ်း၀တ်စုံ၀တ်ပြီး၍ လွယ်အိတ်ထဲသို့စာအုပ်တွေထည့်ကာ ခြင်ထောင်ထဲသို့ ကြည့်လိုက်တော့ မိစုနှင့် ထွန်းကိုသည်
တစ်ယောက်ကိုတစ်ယောက် ဖက်လျှက်သားလေးအိပ်နေကြသည်။
ထွန်းကိုကတော့ နေ့ပိုင်းကျောင်းသွားရအုံးမှာပေမဲ့ မိစုကတော့ကျောင်းပိတ်သွားပြီဖြစ်၍
နေ့တိုင်း ဆော့လိုက်၊အိပ်လိုက်ဖြင့် သာယာနေသည်။
တံခါးကို အသာဖွင့်ပြီး အပြင်သို့ထွက်လာတော့
ဦးသက်ဆွေသည် မျက်နှာသစ်ပြီး၍ အပြင်သွားရန်အိင်္ကျီလဲနေလေသည်။
သည်လူ့ကိုမြင်တာနှင့် ပုံရိပ်၏မျက်နှာသည်
တည်တင်းသွားရကာ လွယ်အိတ်ကြိုးကိုလက်သီးဆုပ်ထဲတွင် ဆုပ်ခြေလျှက်ဖြင့် အိမ်ရှေ့တံခါးကိုဖွင့်လိုက်သည်။
"ဟဲ့...ငါရေဆာနေတယ်...ရေခပ်ပေးစမ်း..."
သူ့အိမ်မှာနေရတယ်ဆိုတိုင်း အိမ်စေတစ်ယောက်ကိုခိုင်းသလို လေသံကတင်းမာနေသည်မို့ ပုံရိပ်လည်း တံခါးကိုတမင်အသံမြည်အောင်
စောင့်ဖွင့်လိုက်ပြီး ခြံထဲကနေထွက်လာလိုက်သည်။
"ဒီငနာမလေးကတော့ သူများအိမ်မှာကပ်နေပြီး
...အလိုက်ကမ်းဆိုးမသိဘူး..ပြန်လာကြည့်ကန်ချပစ်မယ်..."
ခြံအပြင်သို့ ခြေလှမ်းသုံးလှမ်းသာလွန်သေးသည်မို့ ဟိုလူကြီး၏အော်ဟေ့သံကို အစ၊အဆုံးကြားလိုက်ရသည်။သနပ်ခါးပါးကွက်ကလေးအပေါ်ကနေ ဖြတ်စီးသွားသောမျက်ရည်ကို သုတ်လိုက်ပြီး
ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာခဲ့လိုက်သည်။
ဒီအတိုင်းဆိုရင်တော့ ဒီလူနှင့်ပုံရိပ်သည်
တစ်နေ့နေ့တော့ ပြဿနာတက်လိမ့်မည်။
သည်းခံနိုင်သေးသည့် အခြေအနေတစ်ခုမှာ
ကြိတ်မှိတ်တောင့်ခံလို့ရပေမဲ့ မခံနိုင်တော့တဲ့အဆုံးမှာ ပေါက်ကွဲထွက်လာနိုင်သည် ။
ကိုယ်မွေးရင် ကိုယ်သားသမီးအရွယ်လောက်သာ
ရှိတဲ့မိန်းကလေးတစ်ယောက်ကို အမြဲတမ်းနှိမ့်ချဖို့ပဲ တွေးနေတဲ့ဒီလူ့ကို သိပ်မုန်းတယ်။
"ပုံရိပ်...."
လမ်းထိပ်အုတ်ခုံနားတွင် ကျောင်းစိမ်းပုဆိုးကို ခြေမျက်စိအထက်နားလောက်တွင်
အဖျားခပ်လျှက် ၀တ်ဆင်ထားသောကောင်လေးကို ပုံရိပ်ငေးကြည့်လိုက်မိသည်။
အရင်လို လွယ်အိတ်ကိုကပိုကရို လည်ပင်းမှာ
ဖြစ်သလို ချိတ်ဆွဲထားတာမျိုးမဟုတ်တော့ပဲ
ထိုပင်နီလွယ်အိတ်နေရာတွင် ကျောပိုးအိတ်နက်ပြာလေးကို အစားထိုး၍လွယ်ထားသည်။
လည်ကတုံးလက်ရှည်အဖြူကို
လက်ဒကောက်ကွေးနေရာအထိ ကြယ်သီးလေးတွေ တက်ထား၍ဟိန်းကိုမှ ဟုတ်ရဲ့လားဟု သံသယ၀င်မိသည်အထိပင်။သူ့အနားသို့ ရောက်သွားသည်အထိ ထူးဆန်းသလိုငေးကြည့်နေမိတုန်းပဲ။
"လူဆိုးလေး တယ်သန့်ပြန့်နေပါလား...
လိမ္မာသွားပြီပေါ့..."
"အဲ့ဒါနင့်ကြောင့်လေ..."
"အယ်...ဘာမှလည်းမဆိုင်ဘူး..."
"ဆိုင်တာပေါ့...နင်ကသန့်သန့်ပြန့်ပြန့်နေမှ
ပိုခင်မှာမဟုတ်လား..."
"မဟုတ်ပါဘူးဟယ်...ငါကိုယ်တိုင်တောင်
ကျောင်းစိမ်းနှစ်စုံကို တစ်လှည့်စီလျှော်ပြီး၀တ်နေရတာကို..."
"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့အခုလိုပုံစံကိုနင်သဘောကျတယ်မဟုတ်လား..."
"အင်း...မဆိုးပါဘူး..."
ပုံရိပ်ကတော့ သဘောရိုးနှင့်ပြောလိုက်ပေမဲ့
ဟိန်းကိုကတော့ ကျေနပ်ပီတိဂွမ်းဆီထိလျှက် အပြုံးပန်းတို့ဝေဆာသွားလေသည်။
ခပ်မြင့်မြင့်စည်းနှောင်ထားသော ဆံပင်လေးများဝေ့ခါရမ်းလျှက်ဖြင့် အရှေ့မှသွက်သွက်သွားနေသော ပုံရိပ်အနောက်သို့ အမှီလိုက်ကာ လွှင့်နေသောဆံပင်လေးကိုခပ်လျှော့လျှော့လှမ်းဆွဲလိုက်သည်။
မျက်မှောင်လေးကြုံ့ပြီး ကြည့်လာပုံကအစ
အလွန် ချစ်စရာကောင်းသည်။
စံပယ်ပွင့်လေးကဲ့သို့ ဖြူနုသောပါးပြင်လေးထက်တွင် သနပ်ခါးပါးကွက်ဝါဝါလေးကို ဖြစ်သလိုကွက်ထားပုံရသည် ။
ဘယ်နှင့်ညာက တစ်ခုကအပေါ်တက်ပြီး တစ်ခုက
အောက်ကျကာ ညီညာမှုမရှိပေ။
ပုံရိပ်သည်လည်း ဆံပင်ကိုလာဆွဲပြီး
ကိုယ့်မျက်နှာအားပြုံးစိစိဖြင့် ကြည့်နေသူကြောင့် မျက်နှာကိုအနည်းငယ်ရှုံ့လိုက်မိပြီး သူ့လက်မောင်းကိုပုတ်ပစ်လိုက်သည်။
"ဟဲ့...ဘာဖြစ်နေတာလဲ...သူငယ်နာမစင်ဘူးလား..."
"အာ...မဟုတ်ပါဘူး...ငါနင့်ကိုပေးစရာရှိလို့..."
"ထူးထူးဆန်းဆန်း ဘာပေးမလို့လဲ..."
"ဒီမှာလေ...."
ဟိန်းကိုသည် လက်အနောက်တွင်ဝှက်ထားသောချောကလက်ထုတ်အား ပုံရိပ်ကိုပြလိုက်သည် ။
ထုတ်ပိုးထားပုံကို ကြည့်တာနှင့် ဈေးကြီးသောချောကလက်မှန်းသိသာသည်။
ပုံရိပ် သူ့မျက်လုံးတွေကိုတည့်တည့်ကြည့်မိတော့ သူကရယ်ပြလာသည်။
သူဒီနေ့ဘာဖြစ်နေတာပါလိမ့်။
"ရော့...ဒီချောကလက်ကနင့်ကိုလက်ဆောင်ပေးတာ..."
"ဒါကိုနင်ဘယ်ကနေ ၀ယ်လာတာလဲ...ဈေးထဲမှာလည်းမရောင်းပါဘူး..."
"ငါ့ဦးလေးအိမ်မှာ စင်္ကာပူကနေပြန်လာတဲ့အစ်ကိုတစ်ယောက်ရောက်နေတယ် သူပေးတာလေ...ငါကနင့်ကိုပြန်ပေးချင်လို့သိမ်းထားတာ..."
"...ငါမယူချင်ဘူး...သူကနင့်ကိုစားစေချင်လို့
ပေးတာလေ...ငါအဲ့လိုအချောင်ရတိုင်းမယူချင်ပါဘူး..စင်္ကာပူမကလို့ ဘယ်ကဖြစ်ဖြစ်...."
"ဘာဖြစ်လည်းဟာ..ငါ့လက်ထဲကိုရောက်ရင်
ငါပိုင်သွားပြီလေ...ဘယ်သူ့ကိုပေးပေး
ဘာဖြစ်မှာလဲ..."
"ဟင့်အင်း...ငါမလိုချင်ဘူးဟိန်းကို...
နင့်ဘာနင်သိမ်းထားလိုက်ပါ...ဗိုက်ဆာတဲ့အချိန်ထုတ်စားပေါ့...မဟုတ်ဘူးလား....
ကျောင်းနောက်ကျလိမ့်မယ်...သွားရအောင်.."
ပုံရိပ်ကတော့ ဘာရယ်မဟုတ်ခပ်ပေါ့ပေါ့ပဲ ပြုံး၍ပြောလိုက်ပြီး ထွက်သွားပေမဲ့ဟိန်းကိုသည် သူ၏နဂိုဗီဇအရ ဒေါသထွက်လာတိုင်းမျက်၀န်းတွေနီမြန်းလာကာ မျက်နှာကြီးပါနီတက်လာသည်။
ချောကလက်အပြားကို ထပ်ပိုင်းကျိုးလောက်သည်အထိ ဆုပ်ချေသွားမိသည်။
ချောကလက်ဟာ ချစ်ခြင်းမေတ္တာရဲ့သင်္ကေတဆိုတာ မသိလေသလား။ငါပေးတဲ့ချောကလက်ကို
နင်ငြင်းပယ်လိုက်တာဟာ ငါ့နှလုံးသားကို ဆုပ်ချေလိုက်တာနဲ့အတူတူပဲ။
နင့်အပြုံးက သိပ်ကိုဖြူစင်သလို နင့်နှလုံးသားကလည်း ငါနဲ့ပတ်သတ်ရင်ပကတိအဖြူပဲလား။
ငါ့ရင်ထဲက အရောင်တွေကိုနင်တကယ်ပဲ မမြင်တာလား ။တမင်မမြင်ချင်ဟန်ဆောင်နေတာလား။
နင့်ကိုကြည့်လိုက်တိုင်း တလဲ့လဲ့ပြောင်းသွားတဲ့
ငါ့မျက်၀န်းရဲ့ ရွှန်းစားမှုတွေကို နင်သတိမထားမိဘူးလားပုံရိပ်။
ငါဆိုတဲ့ကောင်ကလေ မေတ္တာအပြည့်နဲ့ပေးတဲ့ ပစ္စည်းကိုမေတ္တာနဲ့လက်မခံရင် သိမ်းထားတတ်တဲ့ကောင်မဟုတ်ဘူး။
"!!!!!!သွားဟာ...."
အော်သံကြား၍ လှည့်ကြည့်လိုက်မိတော့
ဟိန်းကို၏လက်ထဲတွင် ချောကလက်ထုပ်လေးမရှိတော့ပေ။လမ်းဘေးမြောင်းထဲသို့လှမ်းကြည့်လိုက်မိတော့ မြောင်းရေနှင့်အတူ မျောပါသွားသည့်ချောကလက်ထုပ်လေးကို တွေ့လိုက်ရသည်။
ဒေါသတွေဆူဝေနေသော ဟိန်းကိုအား ကြည့်လိုက်မိတော့ ပုံရိပ်ကိုမကျေမနပ်ဖြစ်နေသည့် ပုံပေါ်နေသည်။
သူသည် ပုံရိပ်ကိုမကြည့်ပဲ မျက်နှာလွှဲလျှက်ဖြင့်
ပုံရိပ်၏ဘေးမှဖြတ်လျှောက်သွားသည်။
ပုံရိပ်သူ့ကို အမှီပြေးလိုက်ရသည်။
ခြေလှမ်းကျဲကြီးများဖြင့် လျှောက်နေသော
သူ့ခြေလှမ်းတွေကို မနည်းမှီအောင်လိုက်ရသည်။
မှီသည်ဆိုယုံဖြင့် သူ့အရှေ့မှပိတ်ရပ်လိုက်သည် ။
"နင်...ဘာလုပ်တာလဲပုံရိပ်...ကိုယ့်လမ်းကိုယ်လျှောက်...."
"နင်ဘာဖြစ်သွားတာလဲ ..ငါကချောကလက်ကိုယူ
မစားတာနဲ့ပဲ ဘာလို့မြောင်းထဲကိုလွှင့်ပစ်လိုက်ရတာလဲ...ငါ့ကိုစိတ်ဆိုးရင်ငါ့ကိုဒဲ့ပြော...သူများကစေတနာနဲ့ပေးထားတာကို
လွှင့်ပစ်တော့ကောင်းသလား..."
"ဒီမှာပုံရိပ်...အဲ့ဒီ့ချောကလက်ကငါပိုင်တဲ့ပစ္စည်း
...ငါ့ဘာသာလွှင့်ပစ်ပစ်၊သူများကိုပဲပေးပေး
ငါကြိုက်သလိုလုပ်လို့ရတယ်...
မလွှင့်ပစ်စေချင်ရင် ခုဏကငါပေးတော့ဘာလို့မယူတာလဲ...."
"ငါ...ငါအားနာလို့လေ...ငါယူလိုက်ရင်
နင်မစားရတော့မှာစိုးလို့...နင့်မှာလည်းသူများပေးလို့ တစ်ခုတည်းရတာကို...ငါကယူရက်ပါ့မလား..."
"ဘာမှမပြောနဲ့တော့ အခုတော့မြောင်းထဲကိုရောက်သွားပြီ...အဲ့ဒီ့ချောက်ကလက်ကို လက်ဆောင်ရတည်းက နင့်အတွက်လို့တွေးပြီး ညတည်းကလွယ်အိတ်ထဲမှာ ထည့်ထားခဲ့တာ..."
"တကယ်လားဟယ်...ငါတောင်းပန်ပါတယ်..."
ပုံရိပ်သည် အားနာသွားသောကြောင့် တောင်းပန်လိုသော အမူအရာမျိုးလုပ်ပြမိတော့ ဟိန်းကိုသည်ချက်ခြင်းပြုံးသွားလေသည် ။
စိတ်ဆိုးပြေသွားပြီဆိုသောအဖြေကိုတော့မပေးခဲ့ပဲ အရှေ့မှဦးဆောင်၍ သွားနေသောကြောင့် ပုံရိပ်လည်း ပုံမှန်ပဲ လျှောက်လာခဲ့လိုက်သည်။
ကျောင်း၀န်းထဲသို့ရောက်တော့ သူတို့ကအီကိုအဆောင်ဘက်သို့ သွားရမည်ဖြစ်၍ ပုံရိပ်ကိုနှုတ်ဆက်သွားခဲ့ပါတယ်။
ထိုတော့မှ ပုံရိပ်လည်း သူစိတ်ဆိုးပြေသွားမှန်းသိ၍ စိတ်အေးသွားရသည်။
ချောကလက်ကို ဦးစွာစားစေချင်၍ ညကတည်းက သိမ်းထားသည်ဆိုသောကြောင့်လည်း ကျေနပ်မိပြန်သည်။
ကိုယ့်ကို ဦးစားပေးတဲ့ သူငယ်ချင်းတစ်ယောက်ရ၍လည်း အင်မတန်ပျော်မိသည်။
အတန်းထဲကိုရောက်တော့ ပုံမှန်ဆိုလျှင်ပုံရိပ်ထက်စောရောက်နေတတ်သော ယမင်းရွှေကိုလည်း
မတွေ့ရပေ။သူ့အစ်ကိုနှင့်သူက ကျောင်းသို့ကားဖြင့်အတူ လာသူများဖြစ်၍သူ့အစ်ကို ဟိန်းဇေယျာထက်လည်းမရောက်သေးပေ။
ကျောင်းတက်ဘဲလ်မြည်သံကြားရသည်အထိ သူတို့ရောက်မလာကြပေ။
သူတို့ဒီနေ့ ကျောင်းမတက်ဘူးဆိုတော့ ပုံရိပ်သိချင်မိတဲ့ မန္တလေးကအဖွား၏လိပ်စာကို ဘယ်လိုလုပ်ပြီး သိနိုင်ပါတော့မလဲ။
ခုံတန်းလေးတွင် တစ်ယောက်တည်းစိတ်ညစ်စွာထိုင်နေလျှက်ဖြင့် ဆံပင်တွေကိုသာထိုးဖွနေမိသည်။ ဒီကြားထဲမှာလပတ်စာမေးတစ်ခုနှစ်ခုလောက် ဖြေပြီးရင် စာမေးပွဲအဆင့်ကြီးကလာတော့မည်ဖြစ်သည်။အချိန်နှင့်ဒီရေသည်လူကို
မစောင့်ဆိုသည့်အတိုင်း အကုန်မြန်လွန်းသည့်အချိန်ကို ရပ်တန့်ပစ်ချင်မိသည်။
အဖေနှင့်အမေ၏သတင်းကိုလည်း
စုံစမ်းချင်သည် ။
စာမေးပွဲအတွက်လည်း ပြင်ဆင်ရအုံးမည်။
ဟိန်းဇေယျာထက်ကိုလည်း နိုင်ချင်သည်။
ဖြစ်ချင်တဲ့ ဆန္ဒတွေကများနေပေမဲ့ လုပ်ဖြစ်ဖို့ကတော့ ခွန်အားယူနေတုန်းသာရှိသည်။
ထိုနေ့က ကျောင်းဆင်းချိန်တွင် ဟိန်းကိုသည် ကျောင်းဂိတ်ပေါက်၀လေးတွင် ပုံရိပ်အလာကို စောင့်နေခဲ့သည်။ ဦးခေါင်းတည့်တည့်သို့
နေထိုးနေသောအချိန်တွင် အုတ်ခုံပေါ်၌
မပူသကဲ့သို့ ထိုင်နေသောသူ့ရဲ့ ခင်တွယ်မှုကို
အံ့ဩမိသည်။
ပုံရိပ်ကို ဒီလိုစောင့်ဆိုင်းပေးသော သူငယ်ချင်းသည် တစ်သက်မှာဒီတစ်ယောက်သာ ရှိလေသည်။ပုံရိပ်သူ့အနားသို့ ရောက်သွားတော့ ဘယ်အချိန်ကတည်းက ဝယ်ထားမှန်းမသိသော အအေးဗူးလေးကို ကမ်းပေးလာသည်။
သည်တစ်ခါတော့ သူ့စိတ်ကို သိနေပြီမို့ သူပေး သောအအေးဗူးလေးကို ဖောက်မသောက်ဖြစ်ပေမဲ့ ယူထားလိုက်မိသည်။
"ပုံရိပ်...နင်အရင်တုန်းကယောက်ျားလေးသူငယ်ချင်းထားဖူးသလား...."
"ဘယ်ကလာထားဖူးရမှာလဲ...မိန်းကလေးသူငယ်ချင်းတောင် သိပ်မရှိဘူး
နင်ကသာငါ့ရဲ့ပထမဦးဆုံးယောက်ျားလေး သူငယ်ချင်းပဲ.."
"ဟုတ်လို့လားဟာ...ငါထင်ခဲ့တာက နင်နဲ့ခင်ချင်တဲ့ယောက်ျားလေးတွေမှ အများကြီးပဲလို့လေ တရားပွဲညကပဲကြည့် အအေးလာတိုက်မဲ့သူနဲ့..."
"တကယ်ကိုမရှိဘူးဟ...မယုံလည်းနေပေါ့..."
ပုံရိပ်ဆီမှ တမင်စကားနှိုက်ချင်သောကြောင့်
မေးလိုက်တာပေမဲ့ စိတ်ဆိုးမယ်လို့တော့
တကယ်မထင်မိခဲ့ပေ။
ကျောပိုးအိတ်ထဲတွင် ဦးလေးထည့်ပေးလိုက်သော ခေါက်ထီးလေးကိုဖွင့်လိုက်ပြီး ပုံရိပ်ဘက်အခြမ်းတွင် အရိပ်ရအောင် ပိုပိုသာသာလေးဆောင်းပေးလိုက်တော့ အဖျားခက်၍စိတ်ဆိုးနေသော
ပန်းကလေး၏မျက်နှာသည် ချက်ခြင်းပွင့်လန်းလာလျှက်ဖြင့် သူ့ကိုကျေးဇူးတင်လိုသော မျက်၀န်းကြည်ပြာရောင်လေးနှင့် စိုက်ကြည့်လာသည်။
သူ့စိတ်ထဲမှာတော့ ပုံရိပ်သည် မည့်သည့်ချို့ယွင်းချက်တစ်စုံတစ်ရာမျှ မရှိသောမိန်းကလေးဖြစ်သည်။
သူမသည် ပန်းရောင်နှင်းဆီပန်းကလေးတစ်ပွင့်နှင့် အလားသဏ္ဍန်တူသည်။
ဆူးတွေရစ်ကာဝိုင်းထားပေမဲ့ ထိုပန်းကလေးသည်အဝေးကကြည့်လည်း ရင်အေးစေသည်။
အနီးကပ်ကြည့်လျှင်လည်း ဆူးရစ်သိုင်းသည့်
အရိုင်းပန်းနှင်းဆီကလေးမို့ ခူးရမှာလည်းမရဲပေ။
မွှေးရနံ့ကလည်း လူကိုထုံသင်းအောင်ညှို့ယူနေသည်။ ငယ်ဂုဏ်ကြောင့် ရူးသွပ်တယ်လို့ပဲပြောပြော ။စတင်ရူးသွပ်စဉ်တည်းက သွက်သွက်ခါသွားခဲ့ပါပြီ။
သူ့တွင် စိတ္တဇတစ်ခုရှိသည်။အဲ့ဒါကတော့
သူသဘောကျသွားခဲ့ပြီဆိုလျှင် အခြားသူကမျက်စောင်းနှင့် ၀င့်၍ကြည့်တာကိုတောင်
မကြိုက်ပေ။
(ပုံရိပ်...ငါရူးနေပြီ....အဲ့ဒါနင့်ကြောင့်...)
"ပုံရိပ်...နင်ငါ့ကိုကတိတစ်ခုပေးနိုင်မလား...."
"ဘာကတိလည်း ငါတတ်နိုင်တာဆိုရင်တော့
စဉ်းစားပေးမယ်..."
လမ်းထိပ်သို့ရောက်သောအခါ ဟိန်းကိုသည်ထူးဆန်းသောစကားကို ဆိုလာသဖြင့် ပုံရိပ်လည်း သူဘာပြောမလည်းစောင့်၍နားထောင်နေလိုက်သည်။ဟိန်းကိုသည် အကောင်းကြီးကနေ နဖူးစပ်မှာချွေးတွေစို့လာသည်။
လက်ဖဝါးတွေကို ဖိပွတ်နေပြီး နှုတ်ခမ်းတွေကိုလည်း လျှာဖြင့်ခဏခဏသပ်နေသည်။
"ဟဲ့...ပြောစရာရှိတာပြောလေဟာ..
ဘာစကားမို့လို့ ဒီလောက်စဉ်းစားနေရတာလဲ...မဟုတ်မှကိုယ်ပြောမဲ့စကားကို ကိုယ်မေ့နေတာလား..."
ထိုသို့ပြောလိုက်တော့မှ ဟိန်းကိုသည်သက်ပြင်းတစ်ချက် ရှိုက်ချလိုက်သည်။
"ပုံရိပ်...နင်ငါကလွဲပြီး ယောက်ျားလေးသူငယ်ချင်း ထပ်မထားပါနဲ့နော်...."
သူ့စကားသည် ပုံရိပ်ကိုအဓိပ္ပာယ်တစ်ခုအနားသို့ တမင်ခေါ်ဆောင်နေသလိုပဲ။
မျက်တောင်ထူထူနက်နက်တို့ဖြင့် ကာရံထားသော ပုံရိပ်၏မျက်၀န်းစူးစူးသည် ဟိန်းကို၏ မျက်နှာအမူအရာတစ်ခုဆီတိုင်းကို မလွတ်တမ်းကြည့်ရှုနေမိသည်။
ခင်တာမှ သိပ်မကြာသေးပေမဲ့ သူပုံရိပ်ကိုစိတ်ဆိုးခဲ့သည်။
အခုလည်း ပုံရိပ်ကိုတောင်းဆိုသလိုလိုနှင့် အမိန့်ခပ်ပါးပါးလေး ပေးနေပြန်သည်။
ယောက်ျားဖြစ်ဖြစ်၊မိန်းမဖြစ်ဖြစ် ဖြူစင်စွာခင်မင်မှု ကန့်သတ်စည်းမျဉ်းထဲတွင် အရာအားလုံးက
အကြုံး၀င်သည်။
ဘုရားပွဲနေ့တည်းက သူ့အပြောတွေ၊သူ့လုပ်ရပ်တွေက ထူးဆန်းနေခဲ့တာ။ယခုတော့ သက်တမ်းမကြာသေးသည့် ခင်မင်မှုတစ်ခုမှာ သူ့ဘက်ကနေစတင်ပြီး စည်းတားလာသည်။
"ပုံရိပ်...ငါ့ကိုဘာလို့အဲ့လောက် စိုက်ကြည့်နေတာလည်း...နင်ကမိန်းကလေးပေမဲ့ နင့်မျက်လုံးအကြည့်တွေက ယောက်ျားတစ်ယောက်ထက်စူးရှနေတာကို နင်သိရဲ့လား...
ငါကစလိုက်တာပါဟာ...အတွေးမလွန်ပါနဲ့
ငါသွားပြီနော်...."
ဟိန်းကိုသည် ပုံရိပ်၏အကြည့်စူးစူးကြောင့် သူငယ်ချင်းအဖြစ်ကနေပါ ရပ်စဲခံရမည်စိုး၍
လည်ပင်းကို အသာပွတ်သပ်ကာ
သူ့ဦးလေး၏အိမ်သို့ ပြန်သွားခဲ့လေသည် ။
💜💜💜💜💜💜💜💜
နောက်တစ်နေ့တွင်လည်း သူပုံမှန်ထက်စောစောထကာ ဆပ်ပြာမွှေးဖြင့်တစ်ကိုယ်လုံးကိုဂျေးချွတ်၏။ ရေကိုအားရပါးရလောင်းချိုးလိုက်ပြီး ကော်လံပါသည့်လက်ရှည်အဖြူရယ် ချည်သားစစ်စစ်ပုဆိုးအစိမ်းရယ်ကို တွဲ၀တ်လျှက် ဆံပင်ကိုဆီလူး၍
သလိုက်သည်။
ဦးလေးဖြစ်သူ၏ မိန်းမစီးဂျပန်ဘီးလေးကို
ဒေါက်ဖြုတ်နေစဉ်တွင် သူ့ဦးလေးသည်
ငပေလေးက သန့်ပြန့်နေသောပုံစံဖြင့် ကျောင်းသွားမည်ကို သိလိုက်၍
"ဘုရားတော့ ပွင့်ပြီဟေ့.."ဟု ရယ်သံနှော၍ ဆိုလေသည်။
"ငဟိန်း...မင်းကိုကြည့်နေတာနှစ်ရက်ရှိပြီ...
တယ်သန့်...တယ်ခန့်နေပါလားဟေ...ငါ့တူကိုဘယ်သူ၀ဋ်ချွတ်ပေးလိုက်သလဲ သိချင်မိတယ်...."
"ပုံရိပ်ပေါ့..."ဟု သူ့ရင်ထဲမှပြောချင်ပေမဲ့ ဦးလေးကို သွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင် ရယ်ပြပြီးသာ စက်ဘီးကလေးကိုနင်းလာခဲ့လိုက်သည်။ပထွေးနှင့်ရန်ဖြစ်ပြီးတည်းက ဦးလေးအိမ်မှာလာနေတာ တစ်ပတ်၊ခုနှစ်ရက်တောင် ပြည့်ချင်နေလေပြီ။
အမေကတော့ တစ်ခါတစ်ခါလာလာခေါ်ပေမဲ့ သူပြန်မလိုက်ချင်ပေ။
ဦးလေးက တိုက်လိုင်းခန်းတစ်ခုပိုင်ပြီး လူပျိုကြီးဖြစ်၍ ပေါင်းရသင်းရလဲကောင်းသည်။
တခါတလေ အရက်ကလေးတမြမြလုပ်တတ်တာကလွဲရင် သူ့အပေါ်ကို သားတစ်ယောက်လိုစောင့်ရှောက်ပေးသည်။
အရင်ကဆိုရင် အဖွဲ့လိုက်ချိန်းပွဲတွေလုပ်
ရန်တွေဖြစ်ပြီးပြန်လာတိုင်း အမေ့အိမ်ထက် ဦးလေး၏အိမ်ကိုပဲသွားသည်။
ယောက်ျားအချင်းချင်းဆိုတော့ နားလည်ပေးနိုင်သည်။
လူပျိုကြီး အသဲကလည်းနုတော့ တော်ရုံဆူငေါက်တာလုပ်ခဲသည်။
မောင်နှမသာဆိုတယ် အမေနဲ့တော့တခြားစီပင်။
အမေကနုတ်ကြမ်း၊လျှာကြမ်းဖြစ်ပြီး
အဖေဘယ်လိုများ သည်းခံခဲ့လည်းစဉ်းစားမရပေ။
ကံကောင်းသည်က ဖေဖေသည်အမေ့၏၀ဋ်တွေမှ စောစီးစွာကျွတ်လွတ်ခဲ့သည်။
ကိုယ်ကတော့ အမေ့အမွေကိုရင်၀ယ်ပိုက်
လျှက် ပထွေးကိုမုန်းသောစိတ်နှင့် အရွဲ့တိုက်ရင်း ကော်ရှူ၊ရန်ဖြစ်၊လူရိုက် စတာတွေနှင့်သာ စီးမျှောနေခဲ့သည်။ဆုံးမမည့်အမေကလည်း
တစ်ခါဆုံးမလျှင် တစ်ရပ်ကွက်လုံးသိသည်။ထို့ကြောင့် သိသွားကြသည့်အတူတူ
ပိုဆိုးပြသည်။ပိုမိုက်ကန်းပြသည်။
လွယ်အိတ်ကိုဆို မသိလျှင်နိုင်ငံရေးသမားလိုလို ဘာလိုလိုဖြင့် ပင်နီလွယ်အိတ်ကို ဖုထုံးထုံးပြီး လည်ပင်းမှာစွပ်ထားတတ်သည်။
စာအုပ်လည်းထည့်ချင်မှထည့်တာ။
ပုဆိုးကိုလက်တစ်ဖက်ကနေမပြီး ကိုယ်လိုငပေတွေနှင့် ကျောင်းတစ်ပတ်လှည့်ကာ ဟန်ပြ၊ရှိုးပြကာ စက္ခုအာရုံကို ဒုက္ခလိုက်ပေးသည်။
ယခုတော့ အရင်နှင့်ကွဲပြားစွာ ကျောပိုးအိတ်ကို
ကျောမှာ တရိုတသေလွယ်ထားမိသည်။
🔥ဆူးကြိုး...🔥အခန်း(၁၉)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၁၉)🔥 ပထမပိုင္း
ျမဴခိုးတို႔ေဝေနေသာ နံနက္ခင္းေလးသည္ ႏုပ်ိဳသစ္လြင္ေသာ အေငြ့အသက္တို႔ႏွင့္လႊမ္းႃခံုထား
လ်ွက္ရိွသည္။ေက်ာင္းစိမ္း၀တ္စံု၀တ္ၿပီး၍ လြယ္အိတ္ထဲသို႔စာအုပ္ေတြထၫ့္ကာ ျခင္ေထာင္ထဲသို႔ ၾကၫ့္လိုက္ေတာ့ မိစုႏွင့္ ထြန္းကိုသည္
တစ္ေယာက္ကိုတစ္ေယာက္ ဖက္လ်ွက္သားေလးအိပ္ေနၾကသည္။
ထြန္းကိုကေတာ့ ေန့ပိုင္းေက်ာင္းသြားရအံုးမွာေပမဲ့ မိစုကေတာ့ေက်ာင္းပိတ္သြားၿပီျဖစ္၍
ေန့တိုင္း ေဆာ့လိုက္၊အိပ္လိုက္ျဖင့္ သာယာေနသည္။
တံခါးကို အသာဖြင့္ၿပီး အျပင္သို႔ထြက္လာေတာ့
ဦးသက္ေဆြသည္ မ်က္ႏွာသစ္ၿပီး၍ အျပင္သြားရန္အိက်ႌလဲေနေလသည္။
သည္လူ႔ကိုျမင္တာႏွင့္ ပံုရိပ္၏မ်က္ႏွာသည္
တည္တင္းသြားရကာ လြယ္အိတ္ႀကိဳးကိုလက္သီးဆုပ္ထဲတြင္ ဆုပ္ေျခလ်ွက္ျဖင့္ အိမ္ေရ႔ွတံခါးကိုဖြင့္လိုက္သည္။
"ဟဲ့...ငါေရဆာေနတယ္...ေရခပ္ေပးစမ္း..."
သူ႔အိမ္မွာေနရတယ္ဆိုတိုင္း အိမ္ေစတစ္ေယာက္ကိုခိုင္းသလို ေလသံကတင္းမာေနသည္မို႔ ပံုရိပ္လည္း တံခါးကိုတမင္အသံျမည္ေအာင္
ေစာင့္ဖြင့္လိုက္ၿပီး ၿခံထဲကေနထြက္လာလိုက္သည္။
"ဒီငနာမေလးကေတာ့ သူမ်ားအိမ္မွာကပ္ေနၿပီး
...အလိုက္ကမ္းဆိုးမသိဘူး..ျပန္လာၾကၫ့္ကန္ခ်ပစ္မယ္..."
ၿခံအျပင္သို႔ ေျခလွမ္းသံုးလွမ္းသာလြန္ေသးသည္မို႔ ဟိုလူႀကီး၏ေအာ္ေဟ့သံကို အစ၊အဆံုးၾကားလိုက္ရသည္။သနပ္ခါးပါးကြက္ကေလးအေပၚကေန ျဖတ္စီးသြားေသာမ်က္ရည္ကို သုတ္လိုက္ၿပီး
ကိုယ့္လမ္းကိုယ္ဆက္ေလ်ွာက္လာခဲ့လိုက္သည္။
ဒီအတိုင္းဆိုရင္ေတာ့ ဒီလူႏွင့္ပံုရိပ္သည္
တစ္ေန့ေန့ေတာ့ ျပႆနာတက္လိမ့္မည္။
သည္းခံႏိုင္ေသးသၫ့္ အေျခအေနတစ္ခုမွာ
ႀကိတ္မိွတ္ေတာင့္ခံလို႔ရေပမဲ့ မခံႏိုင္ေတာ့တဲ့အဆံုးမွာ ေပါက္ကဲြထြက္လာႏိုင္သည္ ။
ကိုယ္ေမြးရင္ ကိုယ္သားသမီးအရြယ္ေလာက္သာ
ရိွတဲ့မိန္းကေလးတစ္ေယာက္ကို အၿမဲတမ္းႏိွမ့္ခ်ဖို႔ပဲ ေတြးေနတဲ့ဒီလူ႔ကို သိပ္မုန္းတယ္။
"ပံုရိပ္...."
လမ္းထိပ္အုတ္ခံုနားတြင္ ေက်ာင္းစိမ္းပုဆိုးကို ေျခမ်က္စိအထက္နားေလာက္တြင္
အဖ်ားခပ္လ်ွက္ ၀တ္ဆင္ထားေသာေကာင္ေလးကို ပံုရိပ္ေငးၾကၫ့္လိုက္မိသည္။
အရင္လို လြယ္အိတ္ကိုကပိုကရို လည္ပင္းမွာ
ျဖစ္သလို ခ်ိတ္ဆဲြထားတာမ်ိဳးမဟုတ္ေတာ့ပဲ
ထိုပင္နီလြယ္အိတ္ေနရာတြင္ ေက်ာပိုးအိတ္နက္ျပာေလးကို အစားထိုး၍လြယ္ထားသည္။
လည္ကတံုးလက္ရွည္အျဖဴကို
လက္ဒေကာက္ေကြးေနရာအထိ ၾကယ္သီးေလးေတြ တက္ထား၍ဟိန္းကိုမွ ဟုတ္ရဲ့လားဟု သံသယ၀င္မိသည္အထိပင္။သူ႔အနားသို႔ ေရာက္သြားသည္အထိ ထူးဆန္းသလိုေငးၾကၫ့္ေနမိတုန္းပဲ။
"လူဆိုးေလး တယ္သန႔္ျပန႔္ေနပါလား...
လိမၼာသြားၿပီေပါ့..."
"အဲ့ဒါနင့္ေၾကာင့္ေလ..."
"အယ္...ဘာမွလည္းမဆိုင္ဘူး..."
"ဆိုင္တာေပါ့...နင္ကသန႔္သန႔္ျပန႔္ျပန႔္ေနမွ
ပိုခင္မွာမဟုတ္လား..."
"မဟုတ္ပါဘူးဟယ္...ငါကိုယ္တိုင္ေတာင္
ေက်ာင္းစိမ္းႏွစ္စံုကို တစ္လွၫ့္စီေလ်ွာ္ၿပီး၀တ္ေနရတာကို..."
"ဘာပဲျဖစ္ျဖစ္ ငါ့ရဲ့အခုလိုပံုစံကိုနင္သေဘာက်တယ္မဟုတ္လား..."
"အင္း...မဆိုးပါဘူး..."
ပံုရိပ္ကေတာ့ သေဘာရိုးႏွင့္ေျပာလိုက္ေပမဲ့
ဟိန္းကိုကေတာ့ ေက်နပ္ပီတိဂြမ္းဆီထိလ်ွက္ အႃပံုးပန္းတို႔ေဝဆာသြားေလသည္။
ခပ္ျမင့္ျမင့္စည္းေနွာင္ထားေသာ ဆံပင္ေလးမ်ားေဝ့ခါရမ္းလ်ွက္ျဖင့္ အေရ႔ွမွသြက္သြက္သြားေနေသာ ပံုရိပ္အေနာက္သို႔ အမွီလိုက္ကာ လႊင့္ေနေသာဆံပင္ေလးကိုခပ္ေလ်ွာ့ေလ်ွာ့လွမ္းဆဲြလိုက္သည္။
မ်က္ေမွာင္ေလးႄကံု႔ၿပီး ၾကၫ့္လာပံုကအစ
အလြန္ ခ်စ္စရာေကာင္းသည္။
စံပယ္ပြင့္ေလးကဲ့သို႔ ျဖဴႏုေသာပါးျပင္ေလးထက္တြင္ သနပ္ခါးပါးကြက္ဝါဝါေလးကို ျဖစ္သလိုကြက္ထားပံုရသည္ ။
ဘယ္ႏွင့္ညာက တစ္ခုကအေပၚတက္ၿပီး တစ္ခုက
ေအာက္က်ကာ ညီညာမႈမရိွေပ။
ပံုရိပ္သည္လည္း ဆံပင္ကိုလာဆဲြၿပီး
ကိုယ့္မ်က္ႏွာအားႃပံုးစိစိျဖင့္ ၾကၫ့္ေနသူေၾကာင့္ မ်က္ႏွာကိုအနည္းငယ္ရႈံ႔လိုက္မိၿပီး သူ႔လက္ေမာင္းကိုပုတ္ပစ္လိုက္သည္။
"ဟဲ့...ဘာျဖစ္ေနတာလဲ...သူငယ္နာမစင္ဘူးလား..."
"အာ...မဟုတ္ပါဘူး...ငါနင့္ကိုေပးစရာရိွလို႔..."
"ထူးထူးဆန္းဆန္း ဘာေပးမလို႔လဲ..."
"ဒီမွာေလ...."
ဟိန္းကိုသည္ လက္အေနာက္တြင္ဝွက္ထားေသာေခ်ာကလက္ထုတ္အား ပံုရိပ္ကိုျပလိုက္သည္ ။
ထုတ္ပိုးထားပံုကို ၾကၫ့္တာႏွင့္ ေဈးႀကီးေသာေခ်ာကလက္မွန္းသိသာသည္။
ပံုရိပ္ သူ႔မ်က္လံုးေတြကိုတၫ့္တၫ့္ၾကၫ့္မိေတာ့ သူကရယ္ျပလာသည္။
သူဒီေန့ဘာျဖစ္ေနတာပါလိမ့္။
"ေရာ့...ဒီေခ်ာကလက္ကနင့္ကိုလက္ေဆာင္ေပးတာ..."
"ဒါကိုနင္ဘယ္ကေန ၀ယ္လာတာလဲ...ေဈးထဲမွာလည္းမေရာင္းပါဘူး..."
"ငါ့ဦးေလးအိမ္မွာ စကၤာပူကေနျပန္လာတဲ့အစ္ကိုတစ္ေယာက္ေရာက္ေနတယ္ သူေပးတာေလ...ငါကနင့္ကိုျပန္ေပးခ်င္လို႔သိမ္းထားတာ..."
"...ငါမယူခ်င္ဘူး...သူကနင့္ကိုစားေစခ်င္လို႔
ေပးတာေလ...ငါအဲ့လိုအေခ်ာင္ရတိုင္းမယူခ်င္ပါဘူး..စကၤာပူမကလို႔ ဘယ္ကျဖစ္ျဖစ္...."
"ဘာျဖစ္လည္းဟာ..ငါ့လက္ထဲကိုေရာက္ရင္
ငါပိုင္သြားၿပီေလ...ဘယ္သူ႔ကိုေပးေပး
ဘာျဖစ္မွာလဲ..."
"ဟင့္အင္း...ငါမလိုခ်င္ဘူးဟိန္းကို...
နင့္ဘာနင္သိမ္းထားလိုက္ပါ...ဗိုက္ဆာတဲ့အခ်ိန္ထုတ္စားေပါ့...မဟုတ္ဘူးလား....
ေက်ာင္းေနာက္က်လိမ့္မယ္...သြားရေအာင္.."
ပံုရိပ္ကေတာ့ ဘာရယ္မဟုတ္ခပ္ေပါ့ေပါ့ပဲ ႃပံုး၍ေျပာလိုက္ၿပီး ထြက္သြားေပမဲ့ဟိန္းကိုသည္ သူ၏နဂိုဗီဇအရ ေဒါသထြက္လာတိုင္းမ်က္၀န္းေတြနီျမန္းလာကာ မ်က္ႏွာႀကီးပါနီတက္လာသည္။
ေခ်ာကလက္အျပားကို ထပ္ပိုင္းက်ိဳးေလာက္သည္အထိ ဆုပ္ေခ်သြားမိသည္။
ေခ်ာကလက္ဟာ ခ်စ္ျခင္းေမတၲာရဲ့သေကၤတဆိုတာ မသိေလသလား။ငါေပးတဲ့ေခ်ာကလက္ကို
နင္ျငင္းပယ္လိုက္တာဟာ ငါ့ႏွလံုးသားကို ဆုပ္ေခ်လိုက္တာနဲ႔အတူတူပဲ။
နင့္အႃပံုးက သိပ္ကိုျဖဴစင္သလို နင့္ႏွလံုးသားကလည္း ငါနဲ႔ပတ္သတ္ရင္ပကတိအျဖဴပဲလား။
ငါ့ရင္ထဲက အေရာင္ေတြကိုနင္တကယ္ပဲ မျမင္တာလား ။တမင္မျမင္ခ်င္ဟန္ေဆာင္ေနတာလား။
နင့္ကိုၾကၫ့္လိုက္တိုင္း တလဲ့လဲ့ေျပာင္းသြားတဲ့
ငါ့မ်က္၀န္းရဲ့ ရႊန္းစားမႈေတြကို နင္သတိမထားမိဘူးလားပံုရိပ္။
ငါဆိုတဲ့ေကာင္ကေလ ေမတၲာအျပၫ့္နဲ႔ေပးတဲ့ ပစၥည္းကိုေမတၲာနဲ႔လက္မခံရင္ သိမ္းထားတတ္တဲ့ေကာင္မဟုတ္ဘူး။
"!!!!!!သြားဟာ...."
ေအာ္သံၾကား၍ လွၫ့္ၾကၫ့္လိုက္မိေတာ့
ဟိန္းကို၏လက္ထဲတြင္ ေခ်ာကလက္ထုပ္ေလးမရိွေတာ့ေပ။လမ္းေဘးေျမာင္းထဲသို႔လွမ္းၾကၫ့္လိုက္မိေတာ့ ေျမာင္းေရႏွင့္အတူ ေမ်ာပါသြားသၫ့္ေခ်ာကလက္ထုပ္ေလးကို ေတြ့လိုက္ရသည္။
ေဒါသေတြဆူေဝေနေသာ ဟိန္းကိုအား ၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုမေက်မနပ္ျဖစ္ေနသၫ့္ ပံုေပၚေနသည္။
သူသည္ ပံုရိပ္ကိုမၾကၫ့္ပဲ မ်က္ႏွာလႊဲလ်ွက္ျဖင့္
ပံုရိပ္၏ေဘးမျွဖတ္ေလ်ွာက္သြားသည္။
ပံုရိပ္သူ႔ကို အမွီေျပးလိုက္ရသည္။
ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ေလ်ွာက္ေနေသာ
သူ႔ေျခလွမ္းေတြကို မနည္းမွီေအာင္လိုက္ရသည္။
မွီသည္ဆိုယံုျဖင့္ သူ႔အေရ႔ွမွပိတ္ရပ္လိုက္သည္ ။
"နင္...ဘာလုပ္တာလဲပံုရိပ္...ကိုယ့္လမ္းကိုယ္ေလ်ွာက္...."
"နင္ဘာျဖစ္သြားတာလဲ ..ငါကေခ်ာကလက္ကိုယူ
မစားတာနဲ႔ပဲ ဘာလို႔ေျမာင္းထဲကိုလႊင့္ပစ္လိုက္ရတာလဲ...ငါ့ကိုစိတ္ဆိုးရင္ငါ့ကိုဒဲ့ေျပာ...သူမ်ားကေစတနာနဲ႔ေပးထားတာကို
လႊင့္ပစ္ေတာ့ေကာင္းသလား..."
"ဒီမွာပံုရိပ္...အဲ့ဒီ့ေခ်ာကလက္ကငါပိုင္တဲ့ပစၥည္း
...ငါ့ဘာသာလႊင့္ပစ္ပစ္၊သူမ်ားကိုပဲေပးေပး
ငါႀကိဳက္သလိုလုပ္လို႔ရတယ္...
မလႊင့္ပစ္ေစခ်င္ရင္ ခုဏကငါေပးေတာ့ဘာလို႔မယူတာလဲ...."
"ငါ...ငါအားနာလို႔ေလ...ငါယူလိုက္ရင္
နင္မစားရေတာ့မွာစိုးလို႔...နင့္မွာလည္းသူမ်ားေပးလို႔ တစ္ခုတည္းရတာကို...ငါကယူရက္ပါ့မလား..."
"ဘာမွမေျပာနဲ႔ေတာ့ အခုေတာ့ေျမာင္းထဲကိုေရာက္သြားၿပီ...အဲ့ဒီ့ေခ်ာက္ကလက္ကို လက္ေဆာင္ရတည္းက နင့္အတြက္လို႔ေတြးၿပီး ညတည္းကလြယ္အိတ္ထဲမွာ ထၫ့္ထားခဲ့တာ..."
"တကယ္လားဟယ္...ငါေတာင္းပန္ပါတယ္..."
ပံုရိပ္သည္ အားနာသြားေသာေၾကာင့္ ေတာင္းပန္လိုေသာ အမူအရာမ်ိဳးလုပ္ျပမိေတာ့ ဟိန္းကိုသည္ခ်က္ျခင္းႃပံုးသြားေလသည္ ။
စိတ္ဆိုးေျပသြားၿပီဆိုေသာအေျဖကိုေတာ့မေပးခဲ့ပဲ အေရ႔ွမွဦးေဆာင္၍ သြားေနေသာေၾကာင့္ ပံုရိပ္လည္း ပံုမွန္ပဲ ေလ်ွာက္လာခဲ့လိုက္သည္။
ေက်ာင္း၀န္းထဲသို႔ေရာက္ေတာ့ သူတို႔ကအီကိုအေဆာင္ဘက္သို႔ သြားရမည္ျဖစ္၍ ပံုရိပ္ကိုႏႈတ္ဆက္သြားခဲ့ပါတယ္။
ထိုေတာ့မွ ပံုရိပ္လည္း သူစိတ္ဆိုးေျပသြားမွန္းသိ၍ စိတ္ေအးသြားရသည္။
ေခ်ာကလက္ကို ဦးစြာစားေစခ်င္၍ ညကတည္းက သိမ္းထားသည္ဆိုေသာေၾကာင့္လည္း ေက်နပ္မိျပန္သည္။
ကိုယ့္ကို ဦးစားေပးတဲ့ သူငယ္ခ်င္းတစ္ေယာက္ရ၍လည္း အင္မတန္ေပ်ာ္မိသည္။
အတန္းထဲကိုေရာက္ေတာ့ ပံုမွန္ဆိုလ်ွင္ပံုရိပ္ထက္ေစာေရာက္ေနတတ္ေသာ ယမင္းေရႊကိုလည္း
မေတြ့ရေပ။သူ႔အစ္ကိုႏွင့္သူက ေက်ာင္းသို႔ကားျဖင့္အတူ လာသူမ်ားျဖစ္၍သူ႔အစ္ကို ဟိန္းေဇယ်ာထက္လည္းမေရာက္ေသးေပ။
ေက်ာင္းတက္ဘဲလ္ျမည္သံၾကားရသည္အထိ သူတို႔ေရာက္မလာၾကေပ။
သူတို႔ဒီေန့ ေက်ာင္းမတက္ဘူးဆိုေတာ့ ပံုရိပ္သိခ်င္မိတဲ့ မႏၲေလးကအဖြား၏လိပ္စာကို ဘယ္လိုလုပ္ၿပီး သိႏိုင္ပါေတာ့မလဲ။
ခံုတန္းေလးတြင္ တစ္ေယာက္တည္းစိတ္ညစ္စြာထိုင္ေနလ်ွက္ျဖင့္ ဆံပင္ေတြကိုသာထိုးဖြေနမိသည္။ ဒီၾကားထဲမွာလပတ္စာေမးတစ္ခုႏွစ္ခုေလာက္ ေျဖၿပီးရင္ စာေမးပဲြအဆင့္ႀကီးကလာေတာ့မည္ျဖစ္သည္။အခ်ိန္ႏွင့္ဒီေရသည္လူကို
မေစာင့္ဆိုသၫ့္အတိုင္း အကုန္ျမန္လြန္းသည့္အခ်ိန္ကို ရပ္တန႔္ပစ္ခ်င္မိသည္။
အေဖႏွင့္အေမ၏သတင္းကိုလည္း
စံုစမ္းခ်င္သည္ ။
စာေမးပဲြအတြက္လည္း ျပင္ဆင္ရအံုးမည္။
ဟိန္းေဇယ်ာထက္ကိုလည္း ႏိုင္ခ်င္သည္။
ျဖစ္ခ်င္တဲ့ ဆႏၵေတြကမ်ားေနေပမဲ့ လုပ္ျဖစ္ဖို႔ကေတာ့ ခြန္အားယူေနတုန္းသာရိွသည္။
ထိုေန့က ေက်ာင္းဆင္းခ်ိန္တြင္ ဟိန္းကိုသည္ ေက်ာင္းဂိတ္ေပါက္၀ေလးတြင္ ပံုရိပ္အလာကို ေစာင့္ေနခဲ့သည္။ ဦးေခါင္းတၫ့္တၫ့္သို႔
ေနထိုးေနေသာအခ်ိန္တြင္ အုတ္ခံုေပၚ၌
မပူသကဲ့သို႔ ထိုင္ေနေသာသူ႔ရဲ့ ခင္တြယ္မႈကို
အံ့ဩမိသည္။
ပံုရိပ္ကို ဒီလိုေစာင့္ဆိုင္းေပးေသာ သူငယ္ခ်င္းသည္ တစ္သက္မွာဒီတစ္ေယာက္သာ ရိွေလသည္။ပံုရိပ္သူ႔အနားသို႔ ေရာက္သြားေတာ့ ဘယ္အခ်ိန္ကတည္းက ဝယ္ထားမွန္းမသိေသာ အေအးဗူးေလးကို ကမ္းေပးလာသည္။
သည္တစ္ခါေတာ့ သူ႔စိတ္ကို သိေနၿပီမို႔ သူေပး ေသာအေအးဗူးေလးကို ေဖာက္မေသာက္ျဖစ္ေပမဲ့ ယူထားလိုက္မိသည္။
"ပံုရိပ္...နင္အရင္တုန္းကေယာက္်ားေလးသူငယ္ခ်င္းထားဖူးသလား...."
"ဘယ္ကလာထားဖူးရမွာလဲ...မိန္းကေလးသူငယ္ခ်င္းေတာင္ သိပ္မရိွဘူး
နင္ကသာငါ့ရဲ့ပထမဦးဆံုးေယာက္်ားေလး သူငယ္ခ်င္းပဲ.."
"ဟုတ္လို႔လားဟာ...ငါထင္ခဲ့တာက နင္နဲ႔ခင္ခ်င္တဲ့ေယာက္်ားေလးေတြမွ အမ်ားႀကီးပဲလို႔ေလ တရားပဲြညကပဲၾကၫ့္ အေအးလာတိုက္မဲ့သူနဲ႔..."
"တကယ္ကိုမရိွဘူးဟ...မယံုလည္းေနေပါ့..."
ပံုရိပ္ဆီမွ တမင္စကားႏိႈက္ခ်င္ေသာေၾကာင့္
ေမးလိုက္တာေပမဲ့ စိတ္ဆိုးမယ္လို႔ေတာ့
တကယ္မထင္မိခဲ့ေပ။
ေက်ာပိုးအိတ္ထဲတြင္ ဦးေလးထၫ့္ေပးလိုက္ေသာ ေခါက္ထီးေလးကိုဖြင့္လိုက္ၿပီး ပံုရိပ္ဘက္အျခမ္းတြင္ အရိပ္ရေအာင္ ပိုပိုသာသာေလးေဆာင္းေပးလိုက္ေတာ့ အဖ်ားခက္၍စိတ္ဆိုးေနေသာ
ပန္းကေလး၏မ်က္ႏွာသည္ ခ်က္ျခင္းပြင့္လန္းလာလ်ွက္ျဖင့္ သူ႔ကိုေက်းဇူးတင္လိုေသာ မ်က္၀န္းၾကည္ျပာေရာင္ေလးႏွင့္ စိုက္ၾကၫ့္လာသည္။
သူ႔စိတ္ထဲမွာေတာ့ ပံုရိပ္သည္ မၫ့္သၫ့္ခ်ိဳ႕ယြင္းခ်က္တစ္စံုတစ္ရာမ်ွ မရိွေသာမိန္းကေလးျဖစ္သည္။
သူမသည္ ပန္းေရာင္ႏွင္းဆီပန္းကေလးတစ္ပြင့္ႏွင့္ အလားသ႑န္တူသည္။
ဆူးေတြရစ္ကာဝိုင္းထားေပမဲ့ ထိုပန္းကေလးသည္အေဝးကၾကၫ့္လည္း ရင္ေအးေစသည္။
အနီးကပ္ၾကၫ့္လ်ွင္လည္း ဆူးရစ္သိုင္းသည့္
အရိုင္းပန္းႏွင္းဆီကေလးမို႔ ခူးရမွာလည္းမရဲေပ။
ေမႊးရနံ႔ကလည္း လူကိုထံုသင္းေအာင္ၫွို႔ယူေနသည္။ ငယ္ဂုဏ္ေၾကာင့္ ရူးသြပ္တယ္လို႔ပဲေျပာေျပာ ။စတင္ရူးသြပ္စဉ္တည္းက သြက္သြက္ခါသြားခဲ့ပါၿပီ။
သူ႔တြင္ စိတၲဇတစ္ခုရိွသည္။အဲ့ဒါကေတာ့
သူသေဘာက်သြားခဲ့ၿပီဆိုလ်ွင္ အျခားသူကမ်က္ေစာင္းႏွင့္ ၀င့္၍ၾကၫ့္တာကိုေတာင္
မႀကိဳက္ေပ။
(ပံုရိပ္...ငါရူးေနၿပီ....အဲ့ဒါနင့္ေၾကာင့္...)
"ပံုရိပ္...နင္ငါ့ကိုကတိတစ္ခုေပးႏိုင္မလား...."
"ဘာကတိလည္း ငါတတ္ႏိုင္တာဆိုရင္ေတာ့
စဉ္းစားေပးမယ္..."
လမ္းထိပ္သို႔ေရာက္ေသာအခါ ဟိန္းကိုသည္ထူးဆန္းေသာစကားကို ဆိုလာသျဖင့္ ပံုရိပ္လည္း သူဘာေျပာမလည္းေစာင့္၍နားေထာင္ေနလိုက္သည္။ဟိန္းကိုသည္ အေကာင္းႀကီးကေန နဖူးစပ္မွာခၽြေးေတြစို႔လာသည္။
လက္ဖဝါးေတြကို ဖိပြတ္ေနၿပီး ႏႈတ္ခမ္းေတြကိုလည္း လ်ွာျဖင့္ခဏခဏသပ္ေနသည္။
"ဟဲ့...ေျပာစရာရိွတာေျပာေလဟာ..
ဘာစကားမို႔လို႔ ဒီေလာက္စဉ္းစားေနရတာလဲ...မဟုတ္မွကိုယ္ေျပာမဲ့စကားကို ကိုယ္ေမ့ေနတာလား..."
ထိုသို႔ေျပာလိုက္ေတာ့မွ ဟိန္းကိုသည္သက္ျပင္းတစ္ခ်က္ ရိႈက္ခ်လိုက္သည္။
"ပံုရိပ္...နင္ငါကလဲြၿပီး ေယာက္်ားေလးသူငယ္ခ်င္း ထပ္မထားပါနဲ႔ေနာ္...."
သူ႔စကားသည္ ပံုရိပ္ကိုအဓိပၸာယ္တစ္ခုအနားသို႔ တမင္ေခၚေဆာင္ေနသလိုပဲ။
မ်က္ေတာင္ထူထူနက္နက္တို႔ျဖင့္ ကာရံထားေသာ ပံုရိပ္၏မ်က္၀န္းစူးစူးသည္ ဟိန္းကို၏ မ်က္ႏွာအမူအရာတစ္ခုဆီတိုင္းကို မလြတ္တမ္းၾကၫ့္ရႈေနမိသည္။
ခင္တာမွ သိပ္မၾကာေသးေပမဲ့ သူပံုရိပ္ကိုစိတ္ဆိုးခဲ့သည္။
အခုလည္း ပံုရိပ္ကိုေတာင္းဆိုသလိုလိုႏွင့္ အမိန႔္ခပ္ပါးပါးေလး ေပးေနျပန္သည္။
ေယာက္်ားျဖစ္ျဖစ္၊မိန္းမျဖစ္ျဖစ္ ျဖဴစင္စြာခင္မင္မႈ ကန႔္သတ္စည္းမ်ဉ္းထဲတြင္ အရာအားလံုးက
အႄကံုး၀င္သည္။
ဘုရားပဲြေန့တည္းက သူ႔အေျပာေတြ၊သူ႔လုပ္ရပ္ေတြက ထူးဆန္းေနခဲ့တာ။ယခုေတာ့ သက္တမ္းမၾကာေသးသၫ့္ ခင္မင္မႈတစ္ခုမွာ သူ႔ဘက္ကေနစတင္ၿပီး စည္းတားလာသည္။
"ပံုရိပ္...ငါ့ကိုဘာလို႔အဲ့ေလာက္ စိုက္ၾကၫ့္ေနတာလည္း...နင္ကမိန္းကေလးေပမဲ့ နင့္မ်က္လံုးအၾကၫ့္ေတြက ေယာက္်ားတစ္ေယာက္ထက္စူးရွေနတာကို နင္သိရဲ့လား...
ငါကစလိုက္တာပါဟာ...အေတြးမလြန္ပါနဲ႔
ငါသြားၿပီေနာ္...."
ဟိန္းကိုသည္ ပံုရိပ္၏အၾကၫ့္စူးစူးေၾကာင့္ သူငယ္ခ်င္းအျဖစ္ကေနပါ ရပ္စဲခံရမည္စိုး၍
လည္ပင္းကို အသာပြတ္သပ္ကာ
သူ႔ဦးေလး၏အိမ္သို႔ ျပန္သြားခဲ့ေလသည္ ။
💜💜💜💜💜💜💜💜
ေနာက္တစ္ေန့တြင္လည္း သူပံုမွန္ထက္ေစာေစာထကာ ဆပ္ျပာေမႊးျဖင့္တစ္ကိုယ္လံုးကိုေဂ်းခၽြတ္၏။ ေရကိုအားရပါးရေလာင္းခ်ိဳးလိုက္ၿပီး ေကာ္လံပါသၫ့္လက္ရွည္အျဖဴရယ္ ခ်ည္သားစစ္စစ္ပုဆိုးအစိမ္းရယ္ကို တဲြ၀တ္လ်ွက္ ဆံပင္ကိုဆီလူး၍
သလိုက္သည္။
ဦးေလးျဖစ္သူ၏ မိန္းမစီးဂ်ပန္ဘီးေလးကို
ေဒါက္ျဖဳတ္ေနစဉ္တြင္ သူ႔ဦးေလးသည္
ငေပေလးက သန႔္ျပန႔္ေနေသာပံုစံျဖင့္ ေက်ာင္းသြားမည္ကို သိလိုက္၍
"ဘုရားေတာ့ ပြင့္ၿပီေဟ့.."ဟု ရယ္သံေနွာ၍ ဆိုေလသည္။
"ငဟိန္း...မင္းကိုၾကၫ့္ေနတာႏွစ္ရက္ရိွၿပီ...
တယ္သန႔္...တယ္ခန႔္ေနပါလားေဟ...ငါ့တူကိုဘယ္သူ၀ဋ္ခၽြတ္ေပးလိုက္သလဲ သိခ်င္မိတယ္...."
"ပံုရိပ္ေပါ့..."ဟု သူ႔ရင္ထဲမွေျပာခ်င္ေပမဲ့ ဦးေလးကို သြားသံုးဆယ့္ႏွစ္ေခ်ာင္းလံုးေပၚေအာင္ ရယ္ျပၿပီးသာ စက္ဘီးကေလးကိုနင္းလာခဲ့လိုက္သည္။ပေထြးႏွင့္ရန္ျဖစ္ၿပီးတည္းက ဦးေလးအိမ္မွာလာေနတာ တစ္ပတ္၊ခုႏွစ္ရက္ေတာင္ ျပၫ့္ခ်င္ေနေလၿပီ။
အေမကေတာ့ တစ္ခါတစ္ခါလာလာေခၚေပမဲ့ သူျပန္မလိုက္ခ်င္ေပ။
ဦးေလးက တိုက္လိုင္းခန္းတစ္ခုပိုင္ၿပီး လူပ်ိဳႀကီးျဖစ္၍ ေပါင္းရသင္းရလဲေကာင္းသည္။
တခါတေလ အရက္ကေလးတျမျမလုပ္တတ္တာကလဲြရင္ သူ႔အေပၚကို သားတစ္ေယာက္လိုေစာင့္ေရွာက္ေပးသည္။
အရင္ကဆိုရင္ အဖဲြ႔လိုက္ခ်ိန္းပဲြေတြလုပ္
ရန္ေတျြဖစ္ၿပီးျပန္လာတိုင္း အေမ့အိမ္ထက္ ဦးေလး၏အိမ္ကိုပဲသြားသည္။
ေယာက္်ားအခ်င္းခ်င္းဆိုေတာ့ နားလည္ေပးႏိုင္သည္။
လူပ်ိဳႀကီး အသဲကလည္းႏုေတာ့ ေတာ္ရံုဆူေငါက္တာလုပ္ခဲသည္။
ေမာင္ႏွမသာဆိုတယ္ အေမနဲ႔ေတာ့တျခားစီပင္။
အေမကႏုတ္ၾကမ္း၊လ်ွာၾကမ္းျဖစ္ၿပီး
အေဖဘယ္လိုမ်ား သည္းခံခဲ့လည္းစဉ္းစားမရေပ။
ကံေကာင္းသည္က ေဖေဖသည္အေမ့၏၀ဋ္ေတြမွ ေစာစီးစြာကၽြတ္လြတ္ခဲ့သည္။
ကိုယ္ကေတာ့ အေမ့အေမြကိုရင္၀ယ္ပိုက္
လ်ွက္ ပေထြးကိုမုန္းေသာစိတ္ႏွင့္ အရဲြ႔တိုက္ရင္း ေကာ္ရႉ၊ရန္ျဖစ္၊လူရိုက္ စတာေတြႏွင့္သာ စီးေမ်ွာေနခဲ့သည္။ဆံုးမမၫ့္အေမကလည္း
တစ္ခါဆံုးမလ်ွင္ တစ္ရပ္ကြက္လံုးသိသည္။ထို႔ေၾကာင့္ သိသြားၾကသၫ့္အတူတူ
ပိုဆိုးျပသည္။ပိုမိုက္ကန္းျပသည္။
လြယ္အိတ္ကိုဆို မသိလ်ွင္ႏိုင္ငံေရးသမားလိုလို ဘာလိုလိုျဖင့္ ပင္နီလြယ္အိတ္ကို ဖုထံုးထံုးၿပီး လည္ပင္းမွာစြပ္ထားတတ္သည္။
စာအုပ္လည္းထည့္ခ်င္မွထည့္တာ။
ပုဆိုးကိုလက္တစ္ဖက္ကေနမၿပီး ကိုယ္လိုငေပေတြႏွင့္ ေက်ာင္းတစ္ပတ္လွၫ့္ကာ ဟန္ျပ၊ရိႈးျပကာ စကၡုအာရံုကို ဒုကၡလိုက္ေပးသည္။
ယခုေတာ့ အရင္ႏွင့္ကဲြျပားစြာ ေက်ာပိုးအိတ္ကို
ေက်ာမွာ တရိုတေသလြယ္ထားမိသည္။
ဒါေတြအားလံုး၏အစသည္ ဝါးတံတားေလးအေပၚမွာ သူ႔ကိုျပဳျပင္ဖို႔ တိုက္တြန္းသြားသၫ့္ ေကာင္မေလးေၾကာင့္ပါပဲ။
ကိုယ့္အသက္အရြယ္က ငယ္ေသးေတာ့ အလုပ္လည္းမရိွ၊ အကိုင္လည္းမရိွ ၊လက္ျဖန႔္ေတာင္းေနရ၍ ဘာေကာင္ႀကီးမွမဟုတ္ေပမဲ့ ဆူးပန္းနီနီေလးကိုေတာ့ ခူးခ်င္သား။
ဆူးပန္းဆိုသၫ့္အတိုင္း သူမ၏အၾကၫ့္
တစ္ခ်က္သည္ ၀ရဇိန္လက္နက္ပစ္လႊတ္လိုက္သလို ျပင္းရွေသာရသရိွသည္။
"ေဟာ...ဟိုမွာကိုယ့္ရဲ့ ဆူးပန္းေလးလာပါၿပီ..."
လႈပ္တုပ္လႈပ္တုပ္ျဖင့္ လာေနေသာအရိပ္ကေလးသည္ သူ႔ကိုျမင္သၫ့္အခါ ေျခလွမ္းေတြကို
သြက္လိုက္ၿပီး အေျပးေလးလာေနေလသည္။
ကိုယ္ကလည္း အသားအရမ္းအညိုႀကီးမဟုတ္ေပမဲ့။ျဖဴေဖြး၍ ႏုလြန္းေသာ ပံုရိပ္၏အသားအရည္ကိုေတာ့မမွီႏိုင္ေပ။အနားကိုေရာက္လာေတာ့
အရိပ္ေလး၏မ်က္ႏွာသည္ သိပ္မေကာင္းေပ။ဒါေပမဲ့ သူ႔ကိုေတာ့ႃပံုးျပေလသည္။
အိမ္မွာ တစ္ခုခုျဖစ္ခဲ့ပံုပဲ။
ရင္ထဲမွာ နာက်င္ေနရင္ဟန္လုပ္ၿပီးမႃပံုးျပပါနဲ႔
ငါ့ကိုစစ္မွန္တဲ့အႃပံုးေတြပဲ ေပးအပ္ပါ.."ဟုေျပာခ်င္ေပမဲ့ မေျပာျဖစ္ခဲ့ေပ။
"ဟိန္းကို...နင္ကစက္ဘီးနဲ႔ေက်ာင္းသြားမလို႔လား...."
"ဟုတ္တယ္ေလ..."
"ဟင္...အဲ့ဒါဆိုရင္ငါနဲ႔ဘယ္လိုလုပ္ၿပီး အတူသြားလို႔ရေတာ့မလဲ...."
"အရူးမေလးရဲ့...စက္ဘီးကယ္ရီယာခံုႀကီးက
ဘာလုပ္ဖို႔လည္း လူထိုင္ဖို႔တပ္ထားတာေလဟာ
...နင့္ကိုပါတင္နင္းသြားမွာ..."
"ရပါတယ္ဟာ ငါ့ကိုတင္နင္းရင္ နင္ပင္ပန္းမွာေပါ့...."
"သူငယ္ခ်င္း အခ်င္းခ်င္းကိုဟာ ပင္ပန္းတယ္ရယ္လို႔မရိွပါဘူး...တက္မွာသာတက္..."
ပိုင္ရွင္ကအတင္းေခၚေနေတာ့လည္း
စက္ဘီးကယ္ရီယာခံုေလးမွာ ေဘးတေစာင္းထိုင္
လ်ွက္ျဖင့္ လိုက္ပါလာခဲ့သည္။ျပဳတ္မက်သြားေစရန္ သူ႔ေက်ာပိုးအိတ္ကို ကိုင္ထားလိုက္ၿပီး
တမံသလင္းႏွင့္ေျခေထာက္လြတ္ေနသည္ကို
ၾကၫ့္မိသည္အခါတြင္ ကိုယ့္ဘာသာေတြးရင္းရယ္မိသည္။
အသက္၁၅ႏွစ္သာေရာက္ေနၿပီဆိုေပမဲ့ ပံုရိပ္အခုထိစက္ဘီးမစီးတတ္ေသးဘူး။
သူမ်ားေတြ ေက်ာင္းကေနစက္ဘီးေလး
ကိုယ္စီႏွင့္ျပန္သၫ့္အခ်ိန္တိုင္း လိုက္ၾကၫ့္မိသၫ့္ပံုရိပ္၏ ဆႏၵကိုဟိန္းကိုက ပထမဦးဆံုးျဖၫ့္ဆည္းေပးသူျဖစ္ေလသည္။
"ေက်းဇူးတင္ပါတယ္ ဟိန္းကိုရယ္.."
"နင္ကလည္း ေျပာစရာမလိုပါဘူး...
ငါ့စက္ဘီးေနာက္မွာ နင္လိုက္ေပးလို႔သာ
လာဘ္ပြင့္မွာ...."
သူ႔ေက်ာပိုးအိတ္ႀကိဳးေလးကို တင္းတင္းဆုပ္လ်ွက္ျဖင့္ သေဘာတက်ရယ္လိုက္မိသည္ ။
ပံုရိပ္ေၾကာင့္ လာဘ္ပြင့္ပါသတဲ့။
သူမ်ားစိတ္ခ်မ္းသာေအာင္ေတာ့ သူေျပာတတ္သည္။
စက္ဘီးေလးနင္းသြားရာ လမ္းမႀကီးတစ္ေလ်ွာက္တြင္ ကုန္စံုဆိုင္မ်ား၊အထည္ဆိုင္မ်ားႏွင့္
လကၹက္ရည္ဆိုင္ေတြလည္းရိွေလသည္။
🔥ဆူးႀကိဳး...🔥အခန္း(၁၉)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment