🔥ဆူးကြိုး🔥(အခန်း ၂၀)


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး🔥(အခန်း ၂၀)


"ယမင်း....ဖေဖေငါ့အတွက်ပေးလိုက်တဲ့ ပိုက်ဆံပေးစမ်းဟာ....ယမင်း....ဟာဒီကောင်မလေးဘာဖြစ်နေတာလဲမသိဘူး..ယမင်း..ဟေ့ယမင်း..."


ကျောင်းမုန်းစားဆင်းချိန်ဖြစ်နေသောကြောင့်

အမြဲတစေ မုန့်ဖိုးပါမလာတတ်သောပုံရိပ်သည် ထုံးစံအတိုင်းသူများတွေမုန့်သွားစားကြလည်း ကိုယ့်အဒေါ်‌ထည့်ပေးလိုက်သော ထမင်းချိုင့်ကိုသာ မြိန်ယှက်စွာ စားနေလိုက်သည်။အတန်းထဲတွင်လည်း ယမင်းကလွဲပြီး ကျန်သူများနှင့် အပေါင်းအသင်းမလုပ်

တာကြောင့် ကိုယ်နှင့်ထမင်းစားမည့်အဖော်လည်းမရှိပေ။

ပုံရိပ်အတွက်ကတော့ တစ်ယောက်တည်းနေသားကျနေခဲ့ပါပြီ။


မုန့်စားဆင်းချိန်ဖြစ်၍ ဟိန်းဇေယျာထက်ကတော့ ယမင်းဆီတွင်သိမ်းထားလေ့ရှိသော မုန့်ဖိုးကိုလာတောင်းနေလေသည်။သူတို့မောင်နှမသည် မနက်ဖက်ဆိုလျှင် ကားလေးနဲ့‌ ကျောင်းကိုလာကြရပြီး ညနေဖက်ဆိုလျှင်လည်း သူတို့အိမ်မှကားဖြင့်လာကြိုလေသည်။ဟိန်းဇေယျာထက်ကတော့ ဒီ့အတွက်ကျေနပ်မှုရှိပေမဲ့ ယမင်းကတော့တခါတလေမှာ ပုံရိပ်နှင့်အတူလမ်းလျှောက်၍ ပြန်ချင်သည်ဟုဆိုသည်။


ကိုယ်တွေကတော့ အမြဲတမ်းခြေညောင်းခံရသူတွေဖြစ်၍ သူတို့လိုဘ၀မျိုးကိုအားကျနေတဲ့အချိန်မှာ သူတို့ကတော့ကိုယ်တွေဘ၀ကို တဖန်ပြန်၍ မြည်းစမ်းချင်နေကြသည် ။

တကယ့်တကယ် ကိုယ်တွေလိုကြာရှည်နေရမည်ဆိုပါကလည်း သူတို့ခံနိုင်ရည်ရှိကြမယ်မထင်ပါဘူး။


ယမင်းပြောဖူးတာကတော့ သူတို့အိမ်ဂာသားသမီးတွေကိုလိုလေသေးမရှိအောင်ထားပေမဲ့ အထီးကျန်မှု၊တိတ်ဆိတ်မှုတွေနှင့်သာ ပြည့်နှက်နေတဲ့အိမ်လို့ဆိုတယ်။သူတို့အဖေကလည်း မနက်မိုးလင်းကနေမိုးချုပ်အလုပ်နဲ့ပဲ လုံးပန်းနေရသောကြောင့် သူတို့အဖေ့

၏မျက်နှာကို မြင်ရ‌ဖို့တောင် ခဲယဉ်းပါသတဲ့။


အိမ်ဖော်နှစ်ယောက်လောက်ရှိပေမဲ့ အသက်ကြီးတဲ့ သူတွေဖြစ်၍ အလုပ်လုပ်ဖို့ကလွဲပြီး ဘာမှမသိကြဘူးလိုဆိုတယ်။

ဟိန်းဇေယျာထက်ဆိုသည်မှာလည်း 

အမြဲတစေ စာကျက်လျှင်ကျက်မဟုတ်ပါက

သူ့ဖုန်းနှင့်ဂိမ်းဆော့နေတတ်ပြီး ညနေဘက်တွေမှာတော့ သူ့သူငယ်ချင်းတွေနှင့် စက်ဘီးပတ်စီးနေသူပါတဲ့လေ။ယမင်းရွှေဘ၀လေးကလည်း အင်မတန်အထီးကျန်ဆန်ပါသည်။


"ယမင်း...ဟဲ့..ယမင်း...နင်ဘာဖြစ်နေတာလဲ..."


ပုံရိပ်သည်လည်း အားလူးအချိုချက်လေးနှင့် ထမင်းစားနေရင်းမှ ဘေးဘက်အခြမ်းကိုကြည့်လိုက်မိတော့ ဟိန်းဇေယျာထက်သည်မှောက်လျှက်အိပ်နေသော ယမင်းရွှေကိုနိုးနေလေသည်။ယမင်းကလည်း ဒီနေ့မှဘာဖြစ်သလဲမ‌သိပေ။မျက်နှာလေးက ဖြူဖက်ဖြူလျှော်ဖြစ်နေပြီး ဆရာမတွေစာသင်ချိန်တစ်ချိန်ပြီးတိုင်း ခုံပေါ်တွင်ခေါင်းမှောက်၍သာအိပ်နေတတ်လေသည်။


ယခုမူဟိန်းဇေယျာထက်သည် ယမင်းရွှေကို အကြိမ်ရေများစွာ အော်ခေါ်နေပေမဲ့ ယမင်းရွှေကလုံး၀မလှုပ်လာပေ။မနက်တည်းကသူမျက်နှာမကောင်းနေတာ တစ်ခုခုဖြစ်နေလို့များလား။ပုံရိပ်လည်း မနေသာတော့ပဲ ယမင်း၏ ပခုံးကိုလက်နှင့်ပုတ်နှိုးလိုက်မိသည်။


"ယမင်း ..ဟဲ့ ..နင်တစ်ခုခုဖြစ်တာလား..."


"ဟင်....အင်းပုံရိပ်..."


ပုံရိပ်လှုပ်နှိုးလိုက်တော့မှ ယမင်းရွှေသည်မျက်လုံးတွေကို မှေးစင်းထားရာမှခပ်ဖြည်းဖြည်းဖွင့်လာပြီး ခေါင်းလေးထောင်၍ကြည့်လာသည်။ဟိန်းဇေယျာထက်သည်လည်း ယမင်းရွှေ၏အခြေအနေကို အကဲခက်ကြည့်နေသည်။ပုံရိပ်လည်း ယမင်း၏နဖူးကိုလက်နှင့်စမ်းလိုက်ပြီး 

ကိုယ်မပူတော့မှသပ်ပြင်းချမိသည်။


"ယမင်း...နင်တစ်ခုခုနေထိုင်မကောင်းဖြစ်နေတာများလား..."


"ပုံရိပ်...ငါ..ခါးတွေကိုက်နေတယ်...လူကလည်းနုံးချိပြီး နေလို့ထိုင်လို့မ‌ကောင်းဘူး..."


ယမင်းရွှေပြောပြနေသော ဝေဒနာတွေကိုပုံရိပ်လည်းဖြစ်ဖူးတာကြောင့် ယမင်းရွှေအနားသို့တိုးကပ်ကာ မတ်တက်ရပ်ဖို့ပြောလိုက်သည်။ယမင်းရွှေလည်း အားယူပြီးမတ်တက်ရပ်ပေးရှာပါသည်။


သူမတ်တက်ရပ်နေသည့်အချိန်တွင် သူ့တင်ပါးအနောက်ကိုကြည့်လိုက်မိတော့ အကွက်ကြီးစွန်းနေသည်။နောက်ဆုံးတန်းမှာဖြစ်၍ ဘယ်သူမှမမြင်ပေမဲ့ ယမင်းရွှေ၏လက်ကို ပုံရိပ်အတင်းဆွဲချပစ်လိုက်သည်။သူ့အစ်ကိုကလည်း မတ်တက်ရပ်လျှက်ဖြင့် ပုံရိပ်တို့ကိုစူးစိုက်ကြည့်နေသောကြောင့် သူရှက်သွားမည်ကိုစိုးရိမ်၍ ဖြစ်သည်။


"ယမင်း...နင်ဒါပထမဆုံးလား..."


ပုံရိပ်သည် အနားသို့တိုးကပ်ပြီး နှစ်ကိုယ်ကြားရုံလောက်လေးပြောလိုက်တော့ ယမင်းကလည်း နာလည်ဟန်ဖြင့်ခေါင်းညိမ့်ပြသည်။ဟိန်းကိုအား ကြည့်လိုက်တော့မျက်လုံးလေးကလည်ကလည်နှင့်ပုံရိပ်တို့ကိုနားမလည်နိုင်စွာငေးကြည့်နေသည်။

ညီမအရင်းမဟုတ်ပေမဲ့သူ့မျက်နှာတွင်လည်းစိုးရိမ်မှုလေးတွေ အတိုင်းသားပေါ်နေပါသည်။


"ဟဲ့...နင်တို့က..တိုးတိုး..တိုးတိုးနဲ့ဘာတွေပြောနေတာလဲ..."


"နင်အသာနေစမ်းပါ...ဒါကမိန်းကလေးတွေပဲသိတဲ့ကိစ္စ...ဘယ်လိုလုပ်ရမလဲငါစဉ်းစားလိုက်အုံးမယ်..."


ဟိန်းဇေယျာထက်သည်လည်း မိန်းကလေးနှစ်ယောက်ထဲ တီးတိုးပြောရင်းဘာဖြစ်နေမှန်းမသိတာကြောင့် ဘေးနားမှာသာငူငူကြီးရပ်နေလေသည်။သိပ်မကြာခင်မှာပဲ ပုံရိပ်သည်အကြံတစုံတစ်ခုရ၍ ကြည်တောက်နေသောမျက်၀န်းများဖြင့်သူ့ကိုကြည့်လာခဲ့သည်။


"နင့်...အပေါ်အိင်္ကျီချွတ်လိုက်..."


"ဟမ်...ဘာလုပ်မလို့လဲ..."


"ချွတ်မှာဖြင့် ချွတ်လိုက်စမ်းပါဟာ လျှာမရှည်စမ်းပါနဲ့..."


ပုံရိပ်၏ လောဆော်မှုကြောင့်ကိုထက်သည် မျက်လုံးပြူးလျှက် ဘာကြောင့်မှန်းမသိပေမဲ့ သူ၏အပေါ်ထပ်အနွေးထည်ကိုချွတ်ပေးလိုက်သည်။ပုံရိပ်ကိုသူလှမ်းပေးလိုက်သည်နှင့် လက်မြန်ခြေမြန်ရှိသောပုံရိပ်သည် 

ဆက်ခနဲလှမ်းယူပြီး ယမင်း၏ခါးနောက်တွင်ကာလျှက် ခါးမှာပတ်ပေးလိုက်သည်။ယမင်းသည်လည်း ကိုထက်၏အိင်္ကျီဖြစ်၍ အကွက်တွေစွန်းထင်းသွားမှာစိုးကာ ငြင်းချင်ပေမဲ့ 

ပုံရိပ်ကအတင်းလုပ်ပေးနေ၍အားနာနေမိသည်။


"ယမင်း...နင့်မှာပိုက်ဆံသုံးထောင်လောက်ပါလား....ငါဆေး၀ယ်ပေးမယ်..."


ယမင်းသည်လည်း ခေါင်းလေးကိုအသာညိမ့်ပြီး သူ့ကျောပိုးအိတ်လေးထဲမှ ပိုက်ဆံခြောက်ထောင်လောက်ကိုထုတ်ပေးလိုက်သည်။ပုံရိပ်လည်း လိုကာမယ်ကာအဖြစ်ယူလိုက်သည်။


"ပိုတာပြန်ပေးမယ်...ငါ...ဆရာမတွေရဲ့နားနေဆောင်ကိုသွားပြီး...အတန်းပိုင်ဆရာမဆီကနေအကူအညီသွားတောင်းလိုက်အုံးမယ်..."


"ဟာ...ငါပါလိုက်မယ်လေ..."


ဘာမပြောညာမပြောနှင့် ကိုထက်သည်ပုံရိပ်၏အနောက်မှ ကန့်လန့်ကန့်လန့်နှင့်လိုက်သွားလေသည်။ဒီမိန်းကလေးတွေဘာဖြစ်နေကြသလဲ သူမသိပေမဲ့ နေထိုင်မကောင်းဖြစ်သူက ယမင်းဖြစ်နေလေတော့ သူလည်းမျက်နှာလွှဲခဲပစ်လုပ်နေ၍မဖြစ်ပေ။ကိုယ့်ညီမနေမကောင်းတာကို အစ်ကိုဖြစ်သူကအညိမ်နေပြီး သူများကလိုက်လုပ်ပေးနေရတော့ဘယ်ကောင်းပါ့မလဲ။


"ဆရာမ...၀င်ခွင့်ပြုပါ..."


"ပုံရိပ်...ဘာဖြစ်လာလို့လဲ..."


ဘိုင်အိုဆရာမသည်လည်း ရေးကြီးသုတ်ပြာနှင့် မျက်နှာမသာမယာဖြစ်လာကြသည့်

 သူ့အတန်းမှကျောင်းသားနှစ်ယောက်ကြောင့် အနည်းငယ်လန့်သွားလေသည်။

ပုံမှန်ဆိုရင် ကျောင်းသားတွေဟာ ထမင်းစားချိန်မှာ တော်ရုံမလာတတ်တော့ အခန်းထဲတွင် တစ်ခုခုပြဿနာဖြစ်သည်ဟု ထင်နေလေသည်။


ပုံရိပ်၏အနောက်တွင် ပါလာသူကဟိန်းဇေယျာထက်ဖြစ်၍လည်း ပိုပြီးအံ့ဩရသည်။အတန်းထဲမှ ထိပ်တန်းကျောင်းသားက ပုံရိပ်လေးနှင့်အတူယှဉ်တွဲလာ၍ သူတို့နှစ်ယောက်များ ပြဿနာဖြစ်လာသလားဟု စိုးထိတ်သွားမိသည်။


"ဟဲ့...ကလေးတွေ...ဘာဖြစ်လာကြတာလဲ..."


"ဆရာမ...ဆရာမရဲ့ထဘီတစ်ထည်လောက်ငှားလို့ရမလား..."


"ဟေ...ဘာဖြစ်လို့လဲ...ပုံရိပ်များ..."


"မဟုတ်ဘူးဆရာမ...."


ဆရာမသည်လည်း ကျောင်းသူတစ်ယောက်က ထဘီလာငှားကတည်းက အမျိုးသမီးတို့လစဉ်ဖြစ်လေ့ရှိသောကိစ္စမှန်းသဘောပေါက်သွားခဲ့သည်။သို့ပေမဲ့ စဉ်းစား၍မရတာကဟိန်းဇေယျာထက်က ယောက်ျားလေးတန်မဲ့ဘာဖြစ်လို့လိုက်လာရသလဲမသိတာပဲ။


"မဟုတ်ဘူးဆရာမ...ယမင်းရွှေအတွက်ပါ..."


"အော်...အေးအေး...ဆရာမမှာအပိုပါတယ်...

လစဉ်သုံးတော့မပါဘူးသမီးရဲ့...ဘယ်လိုလုပ်မလဲ.."


"သမီးကျောင်းရှေ့ကဆိုင်မှာ ထွက်၀ယ်လိုက်ပါ့မယ်..."


"အေး...အေး..."


ပုံရိပ်သည် ဆရာမပေးသောထဘီလေးကိုယူလိုက်ပြီး နားနေဆောင်မှထွက်ကာကျောင်းကြီး၏ ဂိတ်ဆီသို့သွားနေလေသည်။

ကိုထက်ကတော့ ဘာမှနားမလည်ပေမဲ့ ဆရာမပြောတာတွေကို တွေးကြည့်ရင်နားလည်သလိုလိုတော့ရှိသည်။


မိန်းကလေးတွေကိစ္စများတယ်ရှုပ်တာပဲ။

လျှို့လျှို့ဝှက်ဝှက် တော်တော်နိုင်တဲ့ဟာတွေ။

အနောက်မှ ပွစိပွစိပြောရင်းလိုက်လာပေမဲ့ ကိစ္စအစ၊အဆုံးလည်းစပ်စုချင်သောကြောင့် ပုံရိပ်အနောက်မှ ဆက်တိုက်လိုက်လေသည်။


ကျောင်းဂိတ်ပေါက်ကိုရောက်တော့ ဂိတ်စောင့်ကို အကျိုးအကြောင်းပြော၍ ကျောင်းနှင့်ခပ်လှမ်းလှမ်းရှိဆိုင်သို့လျှောက်လာခဲ့လိုက်သည်။ဆောင်းတွင်းသို့ ရောက်နေပြီဆိုသော်ငြား ရန်ကုန်ရာသီဥတုကအနောက်နိုင်ငံတွေလိုမဟုတ်တော့ ပူနေတုန်းပါပဲ။ဦးထုပ်မဆောင်းထားသောကြောင့် ကိုယ်ကသာမျက်လုံးထဲသို့နေရောင်စူးနေ၍ လက်ကိုနဖူးပေါ်တွင်အုပ်ထားမိပေမဲ့ ပုံရိပ်ဆိုသည့် မိန်းကလေးကတော့ အေးအေးလူလူပါပဲ။


ဒီဘက်အခြမ်းတွေကို သူကသိပ်မရင်းနှီးတာကြောင့် ပုံရိပ်သွားရာနောက်သို့သာလိုက်ရလေသည်။မိန်းကလေးတန်မဲ့ မြန်ဆန်လိုက်သည့် ခြေလှမ်းတွေဆိုတာ အနောက်ကနေကျားလိုက်နေသလိုပါပဲ။သူ့ကိုဆိုလည်း အမြဲမျက်စောင်းထိုးတတ်သည့် ကောင်မလေးကအခုရက်အတွင်းမှာတော့ သူ့ကိုအရင်လိုလေသံမာပြီး ပြောမလာတော့သလို အရင်ကလိုလည်း မျက်စောင်းခဏခဏမထိုးတော့

ပေ။


တကယ်တော့ ဟိုတစ်ခါ ပုံရိပ်ဆေးရုံတက်ရတော့ ညနေကျောင်းလွှတ်ချိန်မှာ ယမင်းကဆေးရုံသို့သွားရန်ပူဆာသောကြောင့် ထိုနေ့ကဆေးရုံသို့ရောက်ခဲ့ကြသည်။ဆေးရုံ၏ လူနာခုတင်အပေါ်တွင် သတိမေ့နေသောအပြင်ကင်းစင်သည့် မျက်နှာလေးကိုကြည့်ပြီး သူအရမ်းသနားသွားမိတယ်။


သူ့အဒေါ်ရဲ့ ပုံကိုကြည့်လိုက်တော့လည်း ပြေလည်ပုံမပေါ်ဘူး။ဒါပေမဲ့ သူ့တူမကိုအရိပ်တကြည့်ကြည့်နဲ့ ပြုစုနေလိုက်တာများ ငယ်ငယ်ကကိုယ်တွေဖျားတဲ့အခါ ပြုစု‌ပေးတတ်သည့်မေမေ့ကိုတောင်ပြန်သတိရမိသေးတယ်။ကိုယ်တွေက ဆေးရုံစရိတ်ကူပေးချင်တယ်လို့ပြောပေမဲ့ လက်မခံခဲ့ဘူး။

ထိုနေ့က အိမ်ကိုပြန်ရောက်တော့ ပုံရိပ်နဲ့ပတ်သတ်သည့်အကြောင်းတွေကိုပဲ တစ်ချိန်လုံးစဉ်းစားနေခဲ့မိတယ်။


စိတ်ထဲမှာ ပုံရိပ်ဒီလိုဖြစ်ရသည့် အဓိကတရားခံဟာ ကိုယ်လို့ပဲတထစ်ချစွပ်စွဲနေမိတယ်။ကိုယ်နဲ့လောင်း‌‌ကြေးထပ်ပြီးနောက်မှ ဖြစ်ရသည့်ပြဿနာပင်။သူတို့မိသားစုမှာ ဘယ်လိုအခက်အခဲတွေရှိမှန်းမသိတော့ စကားနာထိုးပြီးလျှောက်ပြောမိရာကနေ အပြတ်အပြတ်နဲ့နှာခေါင်းသွေးတွေထွက်ကုန်ရတယ်။

ကိုယ့်ဘက်က ပြေလည်ချင်တာတောင် သူ့ဘက်က အခဲမကြေပဲ သူငယ်ချင်းဖြစ်ခွင့်တောင်မပေးခဲ့ဘူး။


တစ်ခါမှ သူများအကြောင်းကိုအချိန်ကုန်ခံပြီး မတွေးခဲ့ဖူးပေမဲ့ ပုံရိပ်၏ဘ၀အကြောင်းကိုတော့ တွေးတောမိခဲ့သည်။ယမင်းက အဖွားရိပ်ညိုတို့၏ လိပ်စာကိုပုံရိပ်သိချင်၍အဖေ့ဆီကနေကူတောင်းပေးခိုင်းတော့ အံ့ဩခဲ့ရသည်။အဖွားဒေါ်ရိပ်ညိုဆိုတာ ကိုယ်တွေထက် အစပေါင်းများစွာချမ်းသာသည့်လူတွေဖြစ်သည်။


မိုးကုတ်မှာလည်း ကျောက်ကောင်းထွက်သော ကျောက်တွင်းတွေအများအပြားပိုင်ဆိုင်သလို မန္တလေးမှာဆိုလည်း သူတို့၏လုပ်ငန်းတွေကလက်ညှိုးထိုးမလွဲပေ။ရန်ကုန်မှာလည်း ရှိသည်။

ဒီလို လူမျိုးတွေနှင့်မှ ဘာကြောင့်ဆက်သွယ်ချင်ရသလဲဆိုတာ သိချင်မိသည်။


ဒီကောင်မလေးဟာ လျှို့ဝှက်နက်နဲတဲ့ 

လှိုင်ဂူတစ်ခုနဲ့ အလားသဏ္ဍန်တူတယ်။

သူ့ဆီမှာ လျှို့ဝှက်ချက်တွေများစွာရှိနေပေမဲ့

ဘယ်လိုအန္တရာယ်ရှိမှန်းမသိတော့ သူမဆီကိုလည်းတိုး၀င်ဖို့ မဝံ့ရဲဘူး။


ကိုယ်အတွေးလွန်နေသည့်အချိန်မှာ ပုံရိပ်ကစတိုးလ်ဆိုင်ထဲသို့ ၀င်ရောက်နေလေသည်။

သူလည်း စတိုးလ်ဆိုင်ထဲသို့ ၀င်လိုက်တော့ သူမကအမျိုးသမီးလစဉ်သုံးသည့် ပစ္စည်းကို၀ယ်နေလေသည်။


ပြီးနောက် ကေသီပန်သွေးပုပ်ချဆေးကိုလည်းမှာသည်။

ထိုဆိုင်တွင်လည်း အင်္ဂလိပ်ဆေးတွေဘာတွေ

သိပ်မရောင်းတာကြောင့် ဆိုင်ရှင်ညွှန်းသည့်ဆေးကိုသာ ၀ယ်လိုက်လေသည်။

ပုံရိပ် ဆိုင်ထဲမှထွက်လာတော့ သူလည်းထွက်လာလိုက်ပြီး ပုံရိပ်နှင့်ပခုံးချင်းယှဉ်၍ရပ်လိုက်သည်။အစကတော့ ဘာဖြစ်မှန်းမသိပေမဲ့ အခုတော့သူသဘောပေါက်သွားခဲ့လေပြီ။


"နင်တို့မိန်းကလေးတွေကလေ တကယ်ကိုလျှို့လျှို့ဝှက်ဝှက်နိုင်တဲ့ဟာတွေ...ဘာများဖြစ်သလဲလို့ ငါ့မှာစိတ်ပူလိုက်ရတာ...

မရှက်သင့်တဲ့ဟာကို ရှက်နေကြတယ်..."


သူဒီလိုပြောလိုက်တော့ ထင်သည့်အတိုင်းပါပဲ မယ်မင်းကြီးမက သူ့ကိုမျက်စောင်းထိုးလာသည်။တခါတလေ သူမျက်စောင်းမထိုးရင်ကို ကိုယ့်မှသိပ်မနေတတ်သလိုလိုရှိလှသည်။


"နင်ကယောက်ျားလေးလေ ပြောအားရှိမှာပေါ့..ငါတို့ကဒီလိုကိစ္စကို ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အော်ပြောနေရမှာလား...ဦးနှောက်လေးဘာလေးနဲ့တွေးအုံး..."


"ဒါတော့ဒါပေါ့လေ..ဒါပေမဲ့ဘာလို့ငါမေးတော့ပွင့်ပွင့်လင်းလင်းမပြောရတာလဲ..

နင်တို့ကမပြောတော့..ငါကတအားစိတ်ပူသွားတာပေါ့...ခုခောတ်မှာဆရာ၀န်တွေတောင်..သားဖွားပေးနေကြတဲ့ဥစ္စာ...ဘာတွေကိုရှက်နေကြသလဲမသိဘူး..."


"‌နင့်ကိုပဲငါကတကူးတကလိုက်ရှင်းပြနေရအုံးမယ်...နင်ပြောသလိုပဲယောက်ျားတွေလည်း ..သားဖွားမီးယက်မှာ လုပ်နေကြတာမဆန်းဘူးဆိုရင်..နင်လည်းနှမရှိတာ...ဗဟုသုတလေးဘာလေးရအောင် လေ့လာထားလေ...

ခုခောတ်ကြီးမှာ..လေ့လာချင်ရင်လွယ်လိုက်တာမှ..ငါတို့ကမပြောတာမဟုတ်ဘူး...နင်ကိုကထုံတာ...အရိပ်ပြလို့..အကောင်မမြင်ဘူး..."


"ဘာ!!!!!!"


ကိုထက်တစ်ယောက် ခါးထောက်လျှက်သာ ကျန်ခဲ့တော့သည်။

ပုံရိပ်၏ပါးစပ်ထဲကို ရောက်တော့မှ သူလည်းငဒူငအကြီးကိုဖြစ်လို့ပါလား။အမြဲအတန်းထဲမှ ပထမရပြီးပြိုင်ပွဲမှန်သမျှဆုရလို သူ့အိမ်ရဲ့စာကြည့်ခန်းထဲတွင် ဆုတံဆိပ်မျိုးစုံဟာပုံနေသည်။ဒါကိုများပြလိုက်ရင် ဒီကောင်မလေးသွေးတက်သွားမလားမသိပေ။

တက်မှာလည်းမဟုတ်ပါဘူး။

အခုတောင်"နင်ကိုက ထုံလို့တဲ့..."ပြောသွားလိုက်တာများ ဖနောင့်နဲ့ပြေးပေါက်ချင်စရာ။

ကိုယ်လုပ်လျှင်လည်း သူကငြိမ်ခံနေမည့်အစားမဟုတ်တော့ မလုပ်ရဲဘူး။

ကိုယ်တိုင်ကလည်းစကားနှင့်သာစကားနာထိုးတတ်ပေမဲ့ သူများကိုအသားနာအောင်တော့မလုပ်ရက်ပေ။‌


"သား..ကိုယ့်ထက်အားနည်းသူကိုအနိုင်

မကျင့်ရဘူး...သူများကိုအလကားသက်သက်အသားနာအောင်မလုပ်ရဘူး...ကိုယ့်ကိုထိခိုက်‌‌ဆော်ကားလာရင်လည်းပညာသားပါပါတုန့်ပြန်တတ်ရမယ်...ဘယ်တော့မှစိတ်လိုက်မာန်ပါမလုပ်နဲ့...အမှားလုပ်ပြီးရင်လည်း‌တောင်းပန်တတ်ရမယ်..."

မေမေအမြဲ ဆုံးမခဲ့ဖူးသောစကားလေးကို ပြန်ကြား‌ယောင်မိတော့..ပုံရိပ်နဲ့စတင်ပြီး ပြဿနာဖြစ်သည့်အချိန်လေးကို သွားသတိရမိသည်။


ထိုနေ့ကပုံရိပ်ရဲ့ မထီမဲ့မြင်ပြုသည့် မျက်နှာအမူအရာကို ဒေါသထွက်မိသွားပြီး ပြန်တုန့်ပြန်မိရာကနေ မလိုလားအပ်တာတွေဖြစ်လာခဲ့တယ်။ကိုယ်ခင်မင်ချင်သည့်အချိန်မှာ သူကကိုယ့်ကိုအမြင်မကြည်တော့ဘူး။စကားတွေက ကျွံခဲ့သလို သူများသည်းမခံနိုင်သည့်အရာဖြစ်နေတော့ ပြန်ကျေအေးချင်တာတောင် လွယ်လွယ်နဲ့မရတော့ဘူး။

အခုလည်း သူ့ကိုဘုကန့်လန့်ပြောခဲ့ပြီး ကျောင်းထဲသို့ ၀င်သွားလေသည်။


"‌ဒါငါ့ကိုပေး...ငါကိုင်ပေးမယ်..


အနောက်မှပြေးလိုက်ပြီး ပုံရိပ်၏လက်ထဲမှအထုပ်ကိုလှမ်းယူလိုက်တော့ သူ့ကိုပေစောင်းစောင်းလေးကြည့်လာသည်။


"ဆေးဗူးကိုကိုင်ရင်ကိုင်...ဒီအထုပ်ကိုတော့မကိုင်နဲ့..."


"ရတယ်...ငါကဘုန်းကံနိမ့်တာတွေဘာတွေ ဂရုမစိုက်ဘူး..."


"ဒါပေမဲ့..."


"ဘာမှမဖြစ်ဘူး...ပုခက်လွှဲသောလက်သည် ကမ္ဘာကိုတောင်အုပ်စိုးနိုင်သည်တဲ့..

ဒီအိတ်လေးကိုင်တာတောင် ငါရွံ့နေရင်

ငါ့ကိုမွေးခဲ့တဲ့အမေကို အားနာဖို့ကောင်းတာပေါ့..."


"နင့်အမေက ဆုံးသွားပြီဆို....နင့်အမေကိုနင်သိပ်ချစ်သလား..."


‌ပုံရိပ်မေးလိုက်သော မေးခွန်းကြောင့်သူ၀မ်းနည်းမယ်ထင်သွားပေမဲ့ သူကတော့ခပ်ပြုံးပြုံးပဲပြန်ဖြေလာသည်။


"သိပ်ချစ်တာပေါ့...အဖေကမိသားစုစား၀တ်နေရေးအတွက်ပဲ လုံးပန်းနေတော့အခုထိငါတို့ကို နွေးထွေးမှုမပေးနိုင်သေးဘူး...အမေနဲ့သာမနေခဲ့ဖူးရင်...မေတ္တာဆိုတဲ့စကားလုံးကို 

ငါကဟာသလိုပဲ သတ်မှတ်မိမှာ...အမေကငါ့အတွက်တော့ ကောင်းကင်ကြီးပဲ...ငါဘယ်သွားသွားသူ့ရဲ့မေတ္တာဓာတ်နဲ့ လွှမ်းခြုံပေးထားတဲ့ကောင်းကင်ကြီး... "


"ငါကတော့ နင်လိုမဟုတ်ဘူး...ငါ့ရဲ့ကောင်း‌ကင်ကြီးကတော့ ပျောက်နေတာကြာပြီ..ငါ့ဘ၀ကအမြဲတမ်းတိမ်တွေညှို့မှိုင်းနေတာ...."


လမ်းလျှောက်လျှက်စကားပြောနေမိရာမှ ဘေးတိုက်အနေအထားပေမဲ့ ပုံရိပ်၏မျက်နှာလေးသည် ပန်းကလေးကဲ့သို့ညှိုးကျသွားတာကို သူသေချာတွေ့လိုက်ရသည်။မျက်၀န်းတွေကလည်း အရောင်ဖျော့သွားပြီး မှေးမှိန်သွားသောကြောင့် သူတောင်စိတ်မကောင်းဖြစ်သွားမိသည်။


ကိုထက်သည် သူ၏အိင်္ကျီရှေ့အိတ်ကပ်ထဲမှ ပလက်စတစ်အညိုရောင်ဖြင့်ထုပ်ပိုးထားသော ချောကလက်သကြားလုံးလေးကို ထုတ်လိုက်ပြီးနောက် ပုံရိပ်၏လက်မောင်းကိုလှမ်းဆွဲပြီး ရပ်တန့်စေလိုက်သည်။မျက်၀န်းပြာလဲ့လဲ့လေးများက သူ့ကိုအရည်လဲ့စွာကြည့်လာစဉ်မှာတော့ သူ့လက်သီးစုပ်ကလေးကို ဖြန့်ပြလိုက်သည်။


"ငါတို့ သူငယ်ချင်းဖွဲ့ရအောင်...နင့်မှာသူငယ်ချင်းအများကြီးမရှိ‌ဘူးမလား...

ယမင်းကိုသူငယ်ချင်းလို့သတ်မှတ်ထားရင် ငါ့ကိုပါပေါင်းထည့်ပေးလို့မရဘူးလား...

ငါတို့အရင်ကဖြစ်ခဲ့တာတွေကို ကြေအေးကြရအောင်...

နင်စာတွေဘာတွေ နားမလည်တာရှိရင်လည်း ငါ့ကိုမေးလို့ရပါတယ်...ငါနင့်ကိုစိတ်ရှည်ရှည်နဲ့ ရှင်းပြမှာပါ...စကားနာမထိုးတော့ဘူး..."


သူ့စကားနဲ့အပြုအမူက နှစ်နိုင်ငံစစ်မခင်းချင်၍ ညှိုနှိုင်းနေသည်နှင့်ပင်တူသေးသည်။

ပုံရိပ် ပြုံးလိုက်မိလျှက် သူ့လက်ထဲမှချောကလက်ကလေးကို ယူလိုက်မိသည်။


"ငါနင့်ကိုစိတ်မဆိုးတော့ပါဘူး...နင့်အဖေဆီကနေ..မန္တလေးကလိပ်စာကို တောင်းပေးတည်းက..နင့်ကိုကျေးဇူးတောင်တင်နေတာ...

စာသင်ပေးတာကတော့...ငါ့မှာသင်ပေးမဲ့ဆရာရှိတယ်ဟ..."


"ဘယ်သူလည်း..."


"မပြောပြဘူး...."


"ဟာ....ဒါဆိုရင် ဘာလို့မန္တလေးကလိပ်စာကို လိုချင်တာလည်း...ဒါတော့ပြောပြ..."


"အဲ့ဒါကလည်း...လျှို့ဝှက်ချက်...."


"ဟာ...နင်ကလည်း...."


ရယ်မောလျှက် စကားတပြောပြောနှင့် ဘိုင်အိုဆောင်တွေဘက်သို့ သွားနေသောသူငယ်ချင်းနှစ်ယောက်အား အဝေးမှမျက်ထောက်နီကြီးနှင့် လှမ်းကြည့်နေသူသည် နံရံကို လက်သီးဖြင့်တစ်ချက်ထိုးလိုက်ပြီး

"တောက်.."တစ်ချက်ခေါက်လိုက်သည်။

ပုံရိပ်၏ဘေးနားမှာယောက်ျားလေးသူငယ်ချင်းအဖြစ် သူတစ်ယောက်တည်းသာ ရှိခွင့်ရချင်ခဲ့တာ။အခုတော့သူ့နေရာမှာ အခြားတစ်ယောက်ရောက်နေလေပြီ။


"နင်သိပ်ရက်စက်တယ်ပုံရိပ်...ငါနင့်တစ်ယောက်တည်းကိုပဲတွယ်တာမိပေမဲ့...နင်ကတော့ငါ့ကိုသူငယ်ချင်းအဖြစ်ကနေတောင်အဆက်ဖြတ်ခဲ့တယ်...အခြားတစ်ယောက်ကိုတော့ပြုံးရယ်ပြနိုင်တယ်ပေါ့...ငါနင့်ကိုမကျေနပ်ဘူး...ဒီကောင့်ကိုလည်းမကျေနပ်ဘူး...ငါဘာလုပ်မလဲဆိုတာနင်စောင့်ကြည့်နေ...ငါ့ကိုမှားမိအောင်တွန်းပို့နေတာကနင်ဖြစ်လို့...ငါအမှားလုပ်မိရင်လည်း...နင်ငါ့ကိုအပြစ်မတင်ပါနဲ့..."

                                    အခန်း (၂၁) မကြာခင်လာမယ်နော်🥰

=========================================================================


🔥ဆူးႀကိဳး🔥(အခန္း ၂၀)


"ယမင္း....ေဖေဖငါ့အတြက္ေပးလိုက္တဲ့ ပိုက္ဆံေပးစမ္းဟာ....ယမင္း....ဟာဒီေကာင္မေလးဘာျဖစ္ေနတာလဲမသိဘူး..ယမင္း..ေဟ့ယမင္း..."


ေက်ာင္းမုန္းစားဆင္းခ်ိန္ျဖစ္ေနေသာေၾကာင့္

အၿမဲတေစ မုန႔္ဖိုးပါမလာတတ္ေသာပံုရိပ္သည္ ထံုးစံအတိုင္းသူမ်ားေတြမုန႔္သြားစားၾကလည္း ကိုယ့္အေဒၚ‌ထၫ့္ေပးလိုက္ေသာ ထမင္းခ်ိဳင့္ကိုသာ ၿမိန္ယွက္စြာ စားေနလိုက္သည္။အတန္းထဲတြင္လည္း ယမင္းကလဲြၿပီး က်န္သူမ်ားႏွင့္ အေပါင္းအသင္းမလုပ္

တာေၾကာင့္ ကိုယ္ႏွင့္ထမင္းစားမၫ့္အေဖာ္လည္းမရိွေပ။

ပံုရိပ္အတြက္ကေတာ့ တစ္ေယာက္တည္းေနသားက်ေနခဲ့ပါၿပီ။


မုန႔္စားဆင္းခ်ိန္ျဖစ္၍ ဟိန္းေဇယ်ာထက္ကေတာ့ ယမင္းဆီတြင္သိမ္းထားေလ့ရိွေသာ မုန႔္ဖိုးကိုလာေတာင္းေနေလသည္။သူတို႔ေမာင္ႏွမသည္ မနက္ဖက္ဆိုလ်ွင္ ကားေလးနဲ႔‌ ေက်ာင္းကိုလာၾကရၿပီး ညေနဖက္ဆိုလ်ွင္လည္း သူတို႔အိမ္မွကားျဖင့္လာႀကိဳေလသည္။ဟိန္းေဇယ်ာထက္ကေတာ့ ဒီ့အတြက္ေက်နပ္မႈရိွေပမဲ့ ယမင္းကေတာ့တခါတေလမွာ ပံုရိပ္ႏွင့္အတူလမ္းေလ်ွာက္၍ ျပန္ခ်င္သည္ဟုဆိုသည္။


ကိုယ္ေတြကေတာ့ အၿမဲတမ္းေျခေညာင္းခံရသူေတျြဖစ္၍ သူတို႔လိုဘ၀မ်ိဳးကိုအားက်ေနတဲ့အခ်ိန္မွာ သူတို႔ကေတာ့ကိုယ္ေတြဘ၀ကို တဖန္ျပန္၍ ျမည္းစမ္းခ်င္ေနၾကသည္ ။

တကယ့္တကယ္ ကိုယ္ေတြလိုၾကာရွည္ေနရမည္ဆိုပါကလည္း သူတို႔ခံႏိုင္ရည္ရိွၾကမယ္မထင္ပါဘူး။


ယမင္းေျပာဖူးတာကေတာ့ သူတို႔အိမ္ဂာသားသမီးေတြကိုလိုေလေသးမရိွေအာင္ထားေပမဲ့ အထီးက်န္မႈ၊တိတ္ဆိတ္မႈေတြႏွင့္သာ ျပၫ့္ႏွက္ေနတဲ့အိမ္လို႔ဆိုတယ္။သူတို႔အေဖကလည္း မနက္မိုးလင္းကေနမိုးခ်ဳပ္အလုပ္နဲ႔ပဲ လံုးပန္းေနရေသာေၾကာင့္ သူတို႔အေဖ့

၏မ်က္ႏွာကို ျမင္ရ‌ဖို႔ေတာင္ ခဲယဉ္းပါသတဲ့။


အိမ္ေဖာ္ႏွစ္ေယာက္ေလာက္ရိွေပမဲ့ အသက္ႀကီးတဲ့ သူေတျြဖစ္၍ အလုပ္လုပ္ဖို႔ကလဲြၿပီး ဘာမွမသိၾကဘူးလိုဆိုတယ္။

ဟိန္းေဇယ်ာထက္ဆိုသည္မွာလည္း 

အၿမဲတေစ စာက်က္လ်ွင္က်က္မဟုတ္ပါက

သူ႔ဖုန္းႏွင့္ဂိမ္းေဆာ့ေနတတ္ၿပီး ညေနဘက္ေတြမွာေတာ့ သူ႔သူငယ္ခ်င္းေတြႏွင့္ စက္ဘီးပတ္စီးေနသူပါတဲ့ေလ။ယမင္းေရႊဘ၀ေလးကလည္း အင္မတန္အထီးက်န္ဆန္ပါသည္။


"ယမင္း...ဟဲ့..ယမင္း...နင္ဘာျဖစ္ေနတာလဲ..."


ပံုရိပ္သည္လည္း အားလူးအခ်ိဳခ်က္ေလးႏွင့္ ထမင္းစားေနရင္းမွ ေဘးဘက္အျခမ္းကိုၾကၫ့္လိုက္မိေတာ့ ဟိန္းေဇယ်ာထက္သည္ေမွာက္လ်ွက္အိပ္ေနေသာ ယမင္းေရႊကိုႏိုးေနေလသည္။ယမင္းကလည္း ဒီေန့မွဘာျဖစ္သလဲမ‌သိေပ။မ်က္ႏွာေလးက ျဖဴဖက္ျဖဴေလ်ွာ္ျဖစ္ေနၿပီး ဆရာမေတြစာသင္ခ်ိန္တစ္ခ်ိန္ၿပီးတိုင္း ခံုေပၚတြင္ေခါင္းေမွာက္၍သာအိပ္ေနတတ္ေလသည္။


ယခုမူဟိန္းေဇယ်ာထက္သည္ ယမင္းေရႊကို အႀကိမ္ေရမ်ားစြာ ေအာ္ေခၚေနေပမဲ့ ယမင္းေရႊကလံုး၀မလႈပ္လာေပ။မနက္တည္းကသူမ်က္ႏွာမေကာင္းေနတာ တစ္ခုခုျဖစ္ေနလို႔မ်ားလား။ပံုရိပ္လည္း မေနသာေတာ့ပဲ ယမင္း၏ ပခံုးကိုလက္ႏွင့္ပုတ္ႏိႈးလိုက္မိသည္။


"ယမင္း ..ဟဲ့ ..နင္တစ္ခုခုျဖစ္တာလား..."


"ဟင္....အင္းပံုရိပ္..."


ပံုရိပ္လႈပ္ႏိႈးလိုက္ေတာ့မွ ယမင္းေရႊသည္မ်က္လံုးေတြကို ေမွးစင္းထားရာမွခပ္ျဖည္းျဖည္းဖြင့္လာၿပီး ေခါင္းေလးေထာင္၍ၾကၫ့္လာသည္။ဟိန္းေဇယ်ာထက္သည္လည္း ယမင္းေရႊ၏အေျခအေနကို အကဲခက္ၾကၫ့္ေနသည္။ပံုရိပ္လည္း ယမင္း၏နဖူးကိုလက္ႏွင့္စမ္းလိုက္ၿပီး 

ကိုယ္မပူေတာ့မွသပ္ျပင္းခ်မိသည္။


"ယမင္း...နင္တစ္ခုခုေနထိုင္မေကာင္းျဖစ္ေနတာမ်ားလား..."


"ပံုရိပ္...ငါ..ခါးေတြကိုက္ေနတယ္...လူကလည္းႏံုးခ်ိၿပီး ေနလို႔ထိုင္လို႔မ‌ေကာင္းဘူး..."


ယမင္းေရႊေျပာျပေနေသာ ေဝဒနာေတြကိုပံုရိပ္လည္းျဖစ္ဖူးတာေၾကာင့္ ယမင္းေရႊအနားသို႔တိုးကပ္ကာ မတ္တက္ရပ္ဖို႔ေျပာလိုက္သည္။ယမင္းေရႊလည္း အားယူၿပီးမတ္တက္ရပ္ေပးရွာပါသည္။


သူမတ္တက္ရပ္ေနသၫ့္အခ်ိန္တြင္ သူ႔တင္ပါးအေနာက္ကိုၾကၫ့္လိုက္မိေတာ့ အကြက္ႀကီးစြန္းေနသည္။ေနာက္ဆံုးတန္းမွာျဖစ္၍ ဘယ္သူမွမျမင္ေပမဲ့ ယမင္းေရႊ၏လက္ကို ပံုရိပ္အတင္းဆဲြခ်ပစ္လိုက္သည္။သူ႔အစ္ကိုကလည္း မတ္တက္ရပ္လ်ွက္ျဖင့္ ပံုရိပ္တို႔ကိုစူးစိုက္ၾကၫ့္ေနေသာေၾကာင့္ သူရွက္သြားမည္ကိုစိုးရိမ္၍ ျဖစ္သည္။


"ယမင္း...နင္ဒါပထမဆံုးလား..."


ပံုရိပ္သည္ အနားသို႔တိုးကပ္ၿပီး ႏွစ္ကိုယ္ၾကားရံုေလာက္ေလးေျပာလိုက္ေတာ့ ယမင္းကလည္း နာလည္ဟန္ျဖင့္ေခါင္းညိမ့္ျပသည္။ဟိန္းကိုအား ၾကၫ့္လိုက္ေတာ့မ်က္လံုးေလးကလည္ကလည္ႏွင့္ပံုရိပ္တို႔ကိုနားမလည္ႏိုင္စြာေငးၾကၫ့္ေနသည္။

ညီမအရင္းမဟုတ္ေပမဲ့သူ႔မ်က္ႏွာတြင္လည္းစိုးရိမ္မႈေလးေတြ အတိုင္းသားေပၚေနပါသည္။


"ဟဲ့...နင္တို႔က..တိုးတိုး..တိုးတိုးနဲ႔ဘာေတြေျပာေနတာလဲ..."


"နင္အသာေနစမ္းပါ...ဒါကမိန္းကေလးေတြပဲသိတဲ့ကိစၥ...ဘယ္လိုလုပ္ရမလဲငါစဉ္းစားလိုက္အံုးမယ္..."


ဟိန္းေဇယ်ာထက္သည္လည္း မိန္းကေလးႏွစ္ေယာက္ထဲ တီးတိုးေျပာရင္းဘာျဖစ္ေနမွန္းမသိတာေၾကာင့္ ေဘးနားမွာသာငူငူႀကီးရပ္ေနေလသည္။သိပ္မၾကာခင္မွာပဲ ပံုရိပ္သည္အႀကံတစံုတစ္ခုရ၍ ၾကည္ေတာက္ေနေသာမ်က္၀န္းမ်ားျဖင့္သူ႔ကိုၾကၫ့္လာခဲ့သည္။


"နင့္...အေပၚအိက်ႌခၽြတ္လိုက္..."


"ဟမ္...ဘာလုပ္မလို႔လဲ..."


"ခၽြတ္မွာျဖင့္ ခၽြတ္လိုက္စမ္းပါဟာ လ်ွာမရွည္စမ္းပါနဲ႔..."


ပံုရိပ္၏ ေလာေဆာ္မႈေၾကာင့္ကိုထက္သည္ မ်က္လံုးျပဴးလ်ွက္ ဘာေၾကာင့္မွန္းမသိေပမဲ့ သူ၏အေပၚထပ္အေနြးထည္ကိုခၽြတ္ေပးလိုက္သည္။ပံုရိပ္ကိုသူလွမ္းေပးလိုက္သည္ႏွင့္ လက္ျမန္ေျချမန္ရိွေသာပံုရိပ္သည္ 

ဆက္ခနဲလွမ္းယူၿပီး ယမင္း၏ခါးေနာက္တြင္ကာလ်ွက္ ခါးမွာပတ္ေပးလိုက္သည္။ယမင္းသည္လည္း ကိုထက္၏အိက်ႌျဖစ္၍ အကြက္ေတြစြန္းထင္းသြားမွာစိုးကာ ျငင္းခ်င္ေပမဲ့ 

ပံုရိပ္ကအတင္းလုပ္ေပးေန၍အားနာေနမိသည္။


"ယမင္း...နင့္မွာပိုက္ဆံသံုးေထာင္ေလာက္ပါလား....ငါေဆး၀ယ္ေပးမယ္..."


ယမင္းသည္လည္း ေခါင္းေလးကိုအသာညိမ့္ၿပီး သူ႔ေက်ာပိုးအိတ္ေလးထဲမွ ပိုက္ဆံေျခာက္ေထာင္ေလာက္ကိုထုတ္ေပးလိုက္သည္။ပံုရိပ္လည္း လိုကာမယ္ကာအျဖစ္ယူလိုက္သည္။


"ပိုတာျပန္ေပးမယ္...ငါ...ဆရာမေတြရဲ့နားေနေဆာင္ကိုသြားၿပီး...အတန္းပိုင္ဆရာမဆီကေနအကူအညီသြားေတာင္းလိုက္အံုးမယ္..."


"ဟာ...ငါပါလိုက္မယ္ေလ..."


ဘာမေျပာညာမေျပာႏွင့္ ကိုထက္သည္ပံုရိပ္၏အေနာက္မွ ကန႔္လန႔္ကန႔္လန႔္ႏွင့္လိုက္သြားေလသည္။ဒီမိန္းကေလးေတြဘာျဖစ္ေနၾကသလဲ သူမသိေပမဲ့ ေနထိုင္မေကာင္းျဖစ္သူက ယမင္းျဖစ္ေနေလေတာ့ သူလည္းမ်က္ႏွာလႊဲခဲပစ္လုပ္ေန၍မျဖစ္ေပ။ကိုယ့္ညီမေနမေကာင္းတာကို အစ္ကိုျဖစ္သူကအညိမ္ေနၿပီး သူမ်ားကလိုက္လုပ္ေပးေနရေတာ့ဘယ္ေကာင္းပါ့မလဲ။


"ဆရာမ...၀င္ခြင့္ျပဳပါ..."


"ပံုရိပ္...ဘာျဖစ္လာလို႔လဲ..."


ဘိုင္အိုဆရာမသည္လည္း ေရးႀကီးသုတ္ျပာႏွင့္ မ်က္ႏွာမသာမယာျဖစ္လာၾကသၫ့္

 သူ႔အတန္းမွေက်ာင္းသားႏွစ္ေယာက္ေၾကာင့္ အနည္းငယ္လန႔္သြားေလသည္။

ပံုမွန္ဆိုရင္ ေက်ာင္းသားေတြဟာ ထမင္းစားခ်ိန္မွာ ေတာ္ရံုမလာတတ္ေတာ့ အခန္းထဲတြင္ တစ္ခုခုျပႆနာျဖစ္သည္ဟု ထင္ေနေလသည္။


ပံုရိပ္၏အေနာက္တြင္ ပါလာသူကဟိန္းေဇယ်ာထက္ျဖစ္၍လည္း ပိုၿပီးအံ့ဩရသည္။အတန္းထဲမွ ထိပ္တန္းေက်ာင္းသားက ပံုရိပ္ေလးႏွင့္အတူယွဉ္တဲြလာ၍ သူတို႔ႏွစ္ေယာက္မ်ား ျပႆနာျဖစ္လာသလားဟု စိုးထိတ္သြားမိသည္။


"ဟဲ့...ကေလးေတြ...ဘာျဖစ္လာၾကတာလဲ..."


"ဆရာမ...ဆရာမရဲ့ထဘီတစ္ထည္ေလာက္ငွားလို႔ရမလား..."


"ေဟ...ဘာျဖစ္လို႔လဲ...ပံုရိပ္မ်ား..."


"မဟုတ္ဘူးဆရာမ...."


ဆရာမသည္လည္း ေက်ာင္းသူတစ္ေယာက္က ထဘီလာငွားကတည္းက အမ်ိဳးသမီးတို႔လစဉ္ျဖစ္ေလ့ရိွေသာကိစၥမွန္းသေဘာေပါက္သြားခဲ့သည္။သို႔ေပမဲ့ စဉ္းစား၍မရတာကဟိန္းေဇယ်ာထက္က ေယာက္်ားေလးတန္မဲ့ဘာျဖစ္လို႔လိုက္လာရသလဲမသိတာပဲ။


"မဟုတ္ဘူးဆရာမ...ယမင္းေရႊအတြက္ပါ..."


"ေအာ္...ေအးေအး...ဆရာမမွာအပိုပါတယ္...

လစဉ္သံုးေတာ့မပါဘူးသမီးရဲ့...ဘယ္လိုလုပ္မလဲ.."


"သမီးေက်ာင္းေရ႔ွကဆိုင္မွာ ထြက္၀ယ္လိုက္ပါ့မယ္..."


"ေအး...ေအး..."


ပံုရိပ္သည္ ဆရာမေပးေသာထဘီေလးကိုယူလိုက္ၿပီး နားေနေဆာင္မွထြက္ကာေက်ာင္းႀကီး၏ ဂိတ္ဆီသို႔သြားေနေလသည္။

ကိုထက္ကေတာ့ ဘာမွနားမလည္ေပမဲ့ ဆရာမေျပာတာေတြကို ေတြးၾကၫ့္ရင္နားလည္သလိုလိုေတာ့ရိွသည္။


မိန္းကေလးေတြကိစၥမ်ားတယ္ရႈပ္တာပဲ။

လ်ိႈ႔လ်ိႈ႔ဝွက္ဝွက္ ေတာ္ေတာ္ႏိုင္တဲ့ဟာေတြ။

အေနာက္မွ ပြစိပြစိေျပာရင္းလိုက္လာေပမဲ့ ကိစၥအစ၊အဆံုးလည္းစပ္စုခ်င္ေသာေၾကာင့္ ပံုရိပ္အေနာက္မွ ဆက္တိုက္လိုက္ေလသည္။


ေက်ာင္းဂိတ္ေပါက္ကိုေရာက္ေတာ့ ဂိတ္ေစာင့္ကို အက်ိဳးအေၾကာင္းေျပာ၍ ေက်ာင္းႏွင့္ခပ္လွမ္းလွမ္းရိွဆိုင္သို႔ေလ်ွာက္လာခဲ့လိုက္သည္။ေဆာင္းတြင္းသို႔ ေရာက္ေနၿပီဆိုေသာ္ျငား ရန္ကုန္ရာသီဥတုကအေနာက္ႏိုင္ငံေတြလိုမဟုတ္ေတာ့ ပူေနတုန္းပါပဲ။ဦးထုပ္မေဆာင္းထားေသာေၾကာင့္ ကိုယ္ကသာမ်က္လံုးထဲသို႔ေနေရာင္စူးေန၍ လက္ကိုနဖူးေပၚတြင္အုပ္ထားမိေပမဲ့ ပံုရိပ္ဆိုသၫ့္ မိန္းကေလးကေတာ့ ေအးေအးလူလူပါပဲ။


ဒီဘက္အျခမ္းေတြကို သူကသိပ္မရင္းႏွီးတာေၾကာင့္ ပံုရိပ္သြားရာေနာက္သို႔သာလိုက္ရေလသည္။မိန္းကေလးတန္မဲ့ ျမန္ဆန္လိုက္သၫ့္ ေျခလွမ္းေတြဆိုတာ အေနာက္ကေနက်ားလိုက္ေနသလိုပါပဲ။သူ႔ကိုဆိုလည္း အၿမဲမ်က္ေစာင္းထိုးတတ္သၫ့္ ေကာင္မေလးကအခုရက္အတြင္းမွာေတာ့ သူ႔ကိုအရင္လိုေလသံမာၿပီး ေျပာမလာေတာ့သလို အရင္ကလိုလည္း မ်က္ေစာင္းခဏခဏမထိုးေတာ့

ေပ။


တကယ္ေတာ့ ဟိုတစ္ခါ ပံုရိပ္ေဆးရံုတက္ရေတာ့ ညေနေက်ာင္းလႊတ္ခ်ိန္မွာ ယမင္းကေဆးရံုသို႔သြားရန္ပူဆာေသာေၾကာင့္ ထိုေန့ကေဆးရံုသို႔ေရာက္ခဲ့ၾကသည္။ေဆးရံု၏ လူနာခုတင္အေပၚတြင္ သတိေမ့ေနေသာအျပင္ကင္းစင္သၫ့္ မ်က္ႏွာေလးကိုၾကၫ့္ၿပီး သူအရမ္းသနားသြားမိတယ္။


သူ႔အေဒၚရဲ့ ပံုကိုၾကၫ့္လိုက္ေတာ့လည္း ေျပလည္ပံုမေပၚဘူး။ဒါေပမဲ့ သူ႔တူမကိုအရိပ္တၾကၫ့္ၾကၫ့္နဲ႔ ျပဳစုေနလိုက္တာမ်ား ငယ္ငယ္ကကိုယ္ေတြဖ်ားတဲ့အခါ ျပဳစု‌ေပးတတ္သည့္ေမေမ့ကိုေတာင္ျပန္သတိရမိေသးတယ္။ကိုယ္ေတြက ေဆးရံုစရိတ္ကူေပးခ်င္တယ္လို႔ေျပာေပမဲ့ လက္မခံခဲ့ဘူး။

ထိုေန့က အိမ္ကိုျပန္ေရာက္ေတာ့ ပံုရိပ္နဲ႔ပတ္သတ္သၫ့္အေၾကာင္းေတြကိုပဲ တစ္ခ်ိန္လံုးစဉ္းစားေနခဲ့မိတယ္။


စိတ္ထဲမွာ ပံုရိပ္ဒီလိုျဖစ္ရသၫ့္ အဓိကတရားခံဟာ ကိုယ္လို႔ပဲတထစ္ခ်စြပ္စဲြေနမိတယ္။ကိုယ္နဲ႔ေလာင္း‌‌ေၾကးထပ္ၿပီးေနာက္မွ ျဖစ္ရသၫ့္ျပႆနာပင္။သူတို႔မိသားစုမွာ ဘယ္လိုအခက္အခဲေတြရိွမွန္းမသိေတာ့ စကားနာထိုးၿပီးေလ်ွာက္ေျပာမိရာကေန အျပတ္အျပတ္နဲ႔ႏွာေခါင္းေသြးေတြထြက္ကုန္ရတယ္။

ကိုယ့္ဘက္က ေျပလည္ခ်င္တာေတာင္ သူ႔ဘက္က အခဲမေၾကပဲ သူငယ္ခ်င္းျဖစ္ခြင့္ေတာင္မေပးခဲ့ဘူး။


တစ္ခါမွ သူမ်ားအေၾကာင္းကိုအခ်ိန္ကုန္ခံၿပီး မေတြးခဲ့ဖူးေပမဲ့ ပံုရိပ္၏ဘ၀အေၾကာင္းကိုေတာ့ ေတြးေတာမိခဲ့သည္။ယမင္းက အဖြားရိပ္ညိုတို႔၏ လိပ္စာကိုပံုရိပ္သိခ်င္၍အေဖ့ဆီကေနကူေတာင္းေပးခိုင္းေတာ့ အံ့ဩခဲ့ရသည္။အဖြားေဒၚရိပ္ညိုဆိုတာ ကိုယ္ေတြထက္ အစေပါင္းမ်ားစြာခ်မ္းသာသၫ့္လူေတျြဖစ္သည္။


မိုးကုတ္မွာလည္း ေက်ာက္ေကာင္းထြက္ေသာ ေက်ာက္တြင္းေတြအမ်ားအျပားပိုင္ဆိုင္သလို မႏၲေလးမွာဆိုလည္း သူတို႔၏လုပ္ငန္းေတြကလက္ၫွိုးထိုးမလဲြေပ။ရန္ကုန္မွာလည္း ရိွသည္။

ဒီလို လူမ်ိဳးေတြႏွင့္မွ ဘာေၾကာင့္ဆက္သြယ္ခ်င္ရသလဲဆိုတာ သိခ်င္မိသည္။


ဒီေကာင္မေလးဟာ လ်ိႈ႔ဝွက္နက္နဲတဲ့ 

လိႈင္ဂူတစ္ခုနဲ႔ အလားသ႑န္တူတယ္။

သူ႔ဆီမွာ လ်ိႈ႔ဝွက္ခ်က္ေတြမ်ားစြာရိွေနေပမဲ့

ဘယ္လိုအႏၲရာယ္ရိွမွန္းမသိေတာ့ သူမဆီကိုလည္းတိုး၀င္ဖို႔ မဝံ့ရဲဘူး။


ကိုယ္အေတြးလြန္ေနသၫ့္အခ်ိန္မွာ ပံုရိပ္ကစတိုးလ္ဆိုင္ထဲသို႔ ၀င္ေရာက္ေနေလသည္။

သူလည္း စတိုးလ္ဆိုင္ထဲသို႔ ၀င္လိုက္ေတာ့ သူမကအမ်ိဳးသမီးလစဉ္သံုးသၫ့္ ပစၥည္းကို၀ယ္ေနေလသည္။


ၿပီးေနာက္ ေကသီပန္ေသြးပုပ္ခ်ေဆးကိုလည္းမွာသည္။

ထိုဆိုင္တြင္လည္း အဂၤလိပ္ေဆးေတြဘာေတြ

သိပ္မေရာင္းတာေၾကာင့္ ဆိုင္ရွင္ၫႊန္းသၫ့္ေဆးကိုသာ ၀ယ္လိုက္ေလသည္။

ပံုရိပ္ ဆိုင္ထဲမွထြက္လာေတာ့ သူလည္းထြက္လာလိုက္ၿပီး ပံုရိပ္ႏွင့္ပခံုးခ်င္းယွဉ္၍ရပ္လိုက္သည္။အစကေတာ့ ဘာျဖစ္မွန္းမသိေပမဲ့ အခုေတာ့သူသေဘာေပါက္သြားခဲ့ေလၿပီ။


"နင္တို႔မိန္းကေလးေတြကေလ တကယ္ကိုလ်ိႈ႔လ်ိႈ႔ဝွက္ဝွက္ႏိုင္တဲ့ဟာေတြ...ဘာမ်ားျဖစ္သလဲလို႔ ငါ့မွာစိတ္ပူလိုက္ရတာ...

မရွက္သင့္တဲ့ဟာကို ရွက္ေနၾကတယ္..."


သူဒီလိုေျပာလိုက္ေတာ့ ထင္သၫ့္အတိုင္းပါပဲ မယ္မင္းႀကီးမက သူ႔ကိုမ်က္ေစာင္းထိုးလာသည္။တခါတေလ သူမ်က္ေစာင္းမထိုးရင္ကို ကိုယ့္မွသိပ္မေနတတ္သလိုလိုရိွလွသည္။


"နင္ကေယာက္်ားေလးေလ ေျပာအားရိွမွာေပါ့..ငါတို႔ကဒီလိုကိစၥကို ခုႏွစ္အိမ္ၾကားရွစ္အိမ္ၾကား ေအာ္ေျပာေနရမွာလား...ဦးေနွာက္ေလးဘာေလးနဲ႔ေတြးအံုး..."


"ဒါေတာ့ဒါေပါ့ေလ..ဒါေပမဲ့ဘာလို႔ငါေမးေတာ့ပြင့္ပြင့္လင္းလင္းမေျပာရတာလဲ..

နင္တို႔ကမေျပာေတာ့..ငါကတအားစိတ္ပူသြားတာေပါ့...ခုေခာတ္မွာဆရာ၀န္ေတြေတာင္..သားဖြားေပးေနၾကတဲ့ဥစၥာ...ဘာေတြကိုရွက္ေနၾကသလဲမသိဘူး..."


"‌နင့္ကိုပဲငါကတကူးတကလိုက္ရွင္းျပေနရအံုးမယ္...နင္ေျပာသလိုပဲေယာက္်ားေတြလည္း ..သားဖြားမီးယက္မွာ လုပ္ေနၾကတာမဆန္းဘူးဆိုရင္..နင္လည္းႏွမရိွတာ...ဗဟုသုတေလးဘာေလးရေအာင္ ေလ့လာထားေလ...

ခုေခာတ္ႀကီးမွာ..ေလ့လာခ်င္ရင္လြယ္လိုက္တာမွ..ငါတို႔ကမေျပာတာမဟုတ္ဘူး...နင္ကိုကထံုတာ...အရိပ္ျပလို႔..အေကာင္မျမင္ဘူး..."


"ဘာ!!!!!!"


ကိုထက္တစ္ေယာက္ ခါးေထာက္လ်ွက္သာ က်န္ခဲ့ေတာ့သည္။

ပံုရိပ္၏ပါးစပ္ထဲကို ေရာက္ေတာ့မွ သူလည္းငဒူငအႀကီးကိုျဖစ္လို႔ပါလား။အၿမဲအတန္းထဲမွ ပထမရၿပီးၿပိဳင္ပဲြမွန္သမ်ွဆုရလို သူ႔အိမ္ရဲ့စာၾကၫ့္ခန္းထဲတြင္ ဆုတံဆိပ္မ်ိဳးစံုဟာပံုေနသည္။ဒါကိုမ်ားျပလိုက္ရင္ ဒီေကာင္မေလးေသြးတက္သြားမလားမသိေပ။

တက္မွာလည္းမဟုတ္ပါဘူး။

အခုေတာင္"နင္ကိုက ထံုလို႔တဲ့..."ေျပာသြားလိုက္တာမ်ား ဖေနာင့္နဲ႔ေျပးေပါက္ခ်င္စရာ။

ကိုယ္လုပ္လ်ွင္လည္း သူကၿငိမ္ခံေနမၫ့္အစားမဟုတ္ေတာ့ မလုပ္ရဲဘူး။

ကိုယ္တိုင္ကလည္းစကားႏွင့္သာစကားနာထိုးတတ္ေပမဲ့ သူမ်ားကိုအသားနာေအာင္ေတာ့မလုပ္ရက္ေပ။‌


"သား..ကိုယ့္ထက္အားနည္းသူကိုအႏိုင္

မက်င့္ရဘူး...သူမ်ားကိုအလကားသက္သက္အသားနာေအာင္မလုပ္ရဘူး...ကိုယ့္ကိုထိခိုက္‌‌ေဆာ္ကားလာရင္လည္းပညာသားပါပါတုန္႔ျပန္တတ္ရမယ္...ဘယ္ေတာ့မွစိတ္လိုက္မာန္ပါမလုပ္နဲ႔...အမွားလုပ္ၿပီးရင္လည္း‌ေတာင္းပန္တတ္ရမယ္..."

ေမေမအၿမဲ ဆံုးမခဲ့ဖူးေသာစကားေလးကို ျပန္ၾကား‌ေယာင္မိေတာ့..ပံုရိပ္နဲ႔စတင္ၿပီး ျပႆနာျဖစ္သၫ့္အခ်ိန္ေလးကို သြားသတိရမိသည္။


ထိုေန့ကပံုရိပ္ရဲ့ မထီမဲ့ျမင္ျပဳသၫ့္ မ်က္ႏွာအမူအရာကို ေဒါသထြက္မိသြားၿပီး ျပန္တုန႔္ျပန္မိရာကေန မလိုလားအပ္တာေတျြဖစ္လာခဲ့တယ္။ကိုယ္ခင္မင္ခ်င္သၫ့္အခ်ိန္မွာ သူကကိုယ့္ကိုအျမင္မၾကည္ေတာ့ဘူး။စကားေတြက ကၽြံခဲ့သလို သူမ်ားသည္းမခံႏိုင္သၫ့္အရာျဖစ္ေနေတာ့ ျပန္ေက်ေအးခ်င္တာေတာင္ လြယ္လြယ္နဲ႔မရေတာ့ဘူး။

အခုလည္း သူ႔ကိုဘုကန႔္လန႔္ေျပာခဲ့ၿပီး ေက်ာင္းထဲသို႔ ၀င္သြားေလသည္။


"‌ဒါငါ့ကိုေပး...ငါကိုင္ေပးမယ္..


အေနာက္မွေျပးလိုက္ၿပီး ပံုရိပ္၏လက္ထဲမွအထုပ္ကိုလွမ္းယူလိုက္ေတာ့ သူ႔ကိုေပေစာင္းေစာင္းေလးၾကၫ့္လာသည္။


"ေဆးဗူးကိုကိုင္ရင္ကိုင္...ဒီအထုပ္ကိုေတာ့မကိုင္နဲ႔..."


"ရတယ္...ငါကဘုန္းကံနိမ့္တာေတြဘာေတြ ဂရုမစိုက္ဘူး..."


"ဒါေပမဲ့..."


"ဘာမွမျဖစ္ဘူး...ပုခက္လႊဲေသာလက္သည္ ကမ႓ာကိုေတာင္အုပ္စိုးႏိုင္သည္တဲ့..

ဒီအိတ္ေလးကိုင္တာေတာင္ ငါရြံ႔ေနရင္

ငါ့ကိုေမြးခဲ့တဲ့အေမကို အားနာဖို႔ေကာင္းတာေပါ့..."


"နင့္အေမက ဆံုးသြားၿပီဆို....နင့္အေမကိုနင္သိပ္ခ်စ္သလား..."


‌ပံုရိပ္ေမးလိုက္ေသာ ေမးခြန္းေၾကာင့္သူ၀မ္းနည္းမယ္ထင္သြားေပမဲ့ သူကေတာ့ခပ္ႃပံုးႃပံုးပဲျပန္ေျဖလာသည္။


"သိပ္ခ်စ္တာေပါ့...အေဖကမိသားစုစား၀တ္ေနေရးအတြက္ပဲ လံုးပန္းေနေတာ့အခုထိငါတို႔ကို ေနြးေထြးမႈမေပးႏိုင္ေသးဘူး...အေမနဲ႔သာမေနခဲ့ဖူးရင္...ေမတၲာဆိုတဲ့စကားလံုးကို 

ငါကဟာသလိုပဲ သတ္မွတ္မိမွာ...အေမကငါ့အတြက္ေတာ့ ေကာင္းကင္ႀကီးပဲ...ငါဘယ္သြားသြားသူ႔ရဲ့ေမတၲာဓာတ္နဲ႔ လႊမ္းႃခံုေပးထားတဲ့ေကာင္းကင္ႀကီး... "


"ငါကေတာ့ နင္လိုမဟုတ္ဘူး...ငါ့ရဲ့ေကာင္း‌ကင္ႀကီးကေတာ့ ေပ်ာက္ေနတာၾကာၿပီ..ငါ့ဘ၀ကအၿမဲတမ္းတိမ္ေတြၫွို႔မိႈင္းေနတာ...."


လမ္းေလ်ွာက္လ်ွက္စကားေျပာေနမိရာမွ ေဘးတိုက္အေနအထားေပမဲ့ ပံုရိပ္၏မ်က္ႏွာေလးသည္ ပန္းကေလးကဲ့သို႔ၫွိုးက်သြားတာကို သူေသခ်ာေတြ့လိုက္ရသည္။မ်က္၀န္းေတြကလည္း အေရာင္ေဖ်ာ့သြားၿပီး ေမွးမိွန္သြားေသာေၾကာင့္ သူေတာင္စိတ္မေကာင္းျဖစ္သြားမိသည္။


ကိုထက္သည္ သူ၏အိက်ႌေရ႔ွအိတ္ကပ္ထဲမွ ပလက္စတစ္အညိုေရာင္ျဖင့္ထုပ္ပိုးထားေသာ ေခ်ာကလက္သၾကားလံုးေလးကို ထုတ္လိုက္ၿပီးေနာက္ ပံုရိပ္၏လက္ေမာင္းကိုလွမ္းဆဲြၿပီး ရပ္တန႔္ေစလိုက္သည္။မ်က္၀န္းျပာလဲ့လဲ့ေလးမ်ားက သူ႔ကိုအရည္လဲ့စြာၾကၫ့္လာစဉ္မွာေတာ့ သူ႔လက္သီးစုပ္ကေလးကို ျဖန႔္ျပလိုက္သည္။


"ငါတို႔ သူငယ္ခ်င္းဖဲြ႔ရေအာင္...နင့္မွာသူငယ္ခ်င္းအမ်ားႀကီးမရိွ‌ဘူးမလား...

ယမင္းကိုသူငယ္ခ်င္းလို႔သတ္မွတ္ထားရင္ ငါ့ကိုပါေပါင္းထၫ့္ေပးလို႔မရဘူးလား...

ငါတို႔အရင္ကျဖစ္ခဲ့တာေတြကို ေၾကေအးၾကရေအာင္...

နင္စာေတြဘာေတြ နားမလည္တာရိွရင္လည္း ငါ့ကိုေမးလို႔ရပါတယ္...ငါနင့္ကိုစိတ္ရွည္ရွည္နဲ႔ ရွင္းျပမွာပါ...စကားနာမထိုးေတာ့ဘူး..."


သူ႔စကားနဲ႔အျပဳအမူက ႏွစ္ႏိုင္ငံစစ္မခင္းခ်င္၍ ၫွိုႏိႈင္းေနသည္ႏွင့္ပင္တူေသးသည္။

ပံုရိပ္ ႃပံုးလိုက္မိလ်ွက္ သူ႔လက္ထဲမွေခ်ာကလက္ကေလးကို ယူလိုက္မိသည္။


"ငါနင့္ကိုစိတ္မဆိုးေတာ့ပါဘူး...နင့္အေဖဆီကေန..မႏၲေလးကလိပ္စာကို ေတာင္းေပးတည္းက..နင့္ကိုေက်းဇူးေတာင္တင္ေနတာ...

စာသင္ေပးတာကေတာ့...ငါ့မွာသင္ေပးမဲ့ဆရာရိွတယ္ဟ..."


"ဘယ္သူလည္း..."


"မေျပာျပဘူး...."


"ဟာ....ဒါဆိုရင္ ဘာလို႔မႏၲေလးကလိပ္စာကို လိုခ်င္တာလည္း...ဒါေတာ့ေျပာျပ..."


"အဲ့ဒါကလည္း...လ်ိႈ႔ဝွက္ခ်က္...."


"ဟာ...နင္ကလည္း...."


ရယ္ေမာလ်ွက္ စကားတေျပာေျပာႏွင့္ ဘိုင္အိုေဆာင္ေတြဘက္သို႔ သြားေနေသာသူငယ္ခ်င္းႏွစ္ေယာက္အား အေဝးမွမ်က္ေထာက္နီႀကီးႏွင့္ လွမ္းၾကၫ့္ေနသူသည္ နံရံကို လက္သီးျဖင့္တစ္ခ်က္ထိုးလိုက္ၿပီး

"ေတာက္.."တစ္ခ်က္ေခါက္လိုက္သည္။

ပံုရိပ္၏ေဘးနားမွာေယာက္်ားေလးသူငယ္ခ်င္းအျဖစ္ သူတစ္ေယာက္တည္းသာ ရိွခြင့္ရခ်င္ခဲ့တာ။အခုေတာ့သူ႔ေနရာမွာ အျခားတစ္ေယာက္ေရာက္ေနေလၿပီ။


"နင္သိပ္ရက္စက္တယ္ပံုရိပ္...ငါနင့္တစ္ေယာက္တည္းကိုပဲတြယ္တာမိေပမဲ့...နင္ကေတာ့ငါ့ကိုသူငယ္ခ်င္းအျဖစ္ကေနေတာင္အဆက္ျဖတ္ခဲ့တယ္...အျခားတစ္ေယာက္ကိုေတာ့ႃပံုးရယ္ျပႏိုင္တယ္ေပါ့...ငါနင့္ကိုမေက်နပ္ဘူး...ဒီေကာင့္ကိုလည္းမေက်နပ္ဘူး...ငါဘာလုပ္မလဲဆိုတာနင္ေစာင့္ၾကၫ့္ေန...ငါ့ကိုမွားမိေအာင္တြန္းပို႔ေနတာကနင္ျဖစ္လို႔...ငါအမွားလုပ္မိရင္လည္း...နင္ငါ့ကိုအျပစ္မတင္ပါနဲ႔..."

                                    အခန္း (၂၁) မၾကာခင္လာမယ္ေနာ္🥰

No comments:

Post a Comment