(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၁)🔥 ဒုတိယပိုင်း
"ဒေါ်လေး....ဒေါ်လေး....ထပါအုံး...ဒေါ်လေး..."
"အင်း....သမီးပုံပုံလား...."
"ဟုတ်တယ်...ဒေါ်လေးဖျားနေတာဆေးခန်းသွားပြရအောင်နော်..."
ဒေါ်လေး၏လက်မောင်းကိုထူမဖို့လုပ်လိုက်တော့ ဒေါ်လေးသည်ပုံရိပ်၏လက်မောင်းကို
တဖန်ပြန်၍ဆွဲထားလေသည်။ပုံရိပ်ကိုခေါင်းခါပြနေသည့် ဒေါ်လေး၏မျက်၀န်းနီဆွေးဆွေးလေးတွေသည် ဖျားနာနေသောအရှိန်ကြောင့်လား
အခြားသောကတွေကြောင့်ပဲလား မဝေခွဲတတ်ပေမဲ့ မျက်ရည်ပူတို့လိမ့်ဆင်းလာသည်။
သနားလိုက်တာ။ပုံရိပ်ဒေါ်လေးကို အရမ်းသနားတာပဲ။မပြည့်စုံတဲ့ဘ၀တွေဟာ နားမကျန်ဖြစ်တာတောင် ဆေးရုံ၊ဆေးခန်းသွားဖို့တွေဝေနေရလေသည်။ပုံရိပ်ကရော ဘာထူးလို့လည်း ကိုယ့်အလှည့်တုန်းက ကျွေးမွေးပြုစုခဲ့သလောက် အခုလိုအခက်အခဲဖြစ်လာတော့ အလကားလူဖြစ်နေရပြီ။
"ပုံရိပ်....ဒေါ်လေးကိုဟိုဘက်လမ်းကဆေးဆိုင်မှာ..
အပူကျဆေးနဲ့...အကိုက်အခဲပျောက်ဆေးလေးသွား၀ယ်ပေးစမ်းပါ...အဲ့ဒါလေးသောက်ပြီးတမှေးမှေးလိုက်ရင် သက်သာသွားမှာပါ..."
ထိုနေ့သည် ပုံရိပ်ကိုယ့်ကိုကိုယ် အင်မတန်စိတ်ပျက်သော နေ့တစ်နေ့ဖြစ်ခဲ့သည်။အိမ်အပေါက်၀လေးမှာ ဆီနှင့်စားကိုရောနယ်၍ထမင်းစားနေသော ကလေးနှစ်ယောက်၏ ပုံရိပ်လေးတွေဟာအင်မတန်ဂရုဏာသက်စရာကောင်းသလို
ပိုက်ဆံမရှိ၍ဆေးခန်းမသွားနိုင်သောကြောင့် မျက်ရည်ဝဲလျှက်ဖြင့် ခေါင်းခါပြသော ဒေါ်လေးကြောင့်လည်းရင်နာရသည်။
ဒေါ်လေးပေးလိုက်သော ပိုက်ဆံတစ်ထောင်တန်လေးကို ဆုပ်ကိုင်လျှက်ဖြင့် ပုံရိပ်ဆေးဆိုင်သို့သွားကာ အပူကျဆေးနှင့်ခေါင်းကိုက်ပျောက်ဆေး၀ယ်လာခဲ့ရသည်။ထို့နေ့ညက ဒေါ်လေးသည်အပူချိန်နဲနဲကျသွားပေမဲ့ နောက်နေ့မှာပဲပြုတ်ရောင်းမထွက်နိုင်တော့ပေ။
ဦးသက်ဆွေကတော့ အသုဘတစ်ခုသို့သွား၍ ဖဲဝိုင်းတွင်ပျော်ပါး၍ကောင်းနေလေသည်။
အိမ်ကိုလည်း ပြန်မလာသလို။ကိုယ့်သားမယား၊ကိုယ့်သားသမီးဆိုသော အသိစိတ်ဓာတ်မရှိသူအားလည်း ဦးနှောက်ထဲမှာတောင်ထည့်မတွက်ချင်တော့ပေ။
ဆရာနေမျိုးဆီသွား၍ ကျူရှင်ပျက်ရန်ခွင့်တောင်းပြီး အဒေါ့်အနားတွင်တစ်ညလုံးစောင့်ပေးခဲ့သည်။
အဒေါ်တစ်ချက်ညီးတိုင်း ပုံရိပ်ခြေမကိုင်မိ၊လက်မကိုင်မိဖြစ်ခဲ့သည်။အဒေါ့်ကိုဆုံးရှုံးရမှာလည်းအလွန်ကြောက်သည်။အဒေါ်မရှိတော့လျှင်ပုံရိပ်တို့မောင်နှမတွေအတွက် ကောင်းကင်ကြီးပြိုသလိုဖြစ်သွားလိမ့်မည်။
ညလည်ခေါင်ကြီးမှာလည်းထ၍နဖူးကို ရေပက်ကပ်ပေးနေ၍အဒေါ်ကအိပ်ဖို့သတိပေးတော့မှ အဒေါ်ကျေနပ်အောင်ပုံရိပ် အိပ်ယာ၀င်လိုက်ရသည်။
မနက်မိုးလင်းတော့ အဖျားအနည်းငယ်ကျသွားသည့်အဒေါ်သည် ပုံရိပ်ကိုကျောင်းသွားဖို့အတင်းတိုက်တွန်းတာကြောင့် အိမ်မှထွက်လာရပေမဲ့ ပုံရိပ်လုံး၀စိတ်မဖြောင့်ပေ။ထို့ကြောင့် လမ်းထိပ်တွင်ထိုင်နေမိသည်က နာရီ၀က်လောက်ရှိသည်။
ပုံရိပ်ကျောင်းကို မသွားချင်တော့ပေ။ရရာအလုပ်ကိုသာရှာပြီးအဒေါ့်ကိုအေးဆေးနားစေချင်သည်။
အရင်တစ်ခါလို ငရုတ်သီးလိုက်ခြွေပြန်ရင်လည်း အဒေါ်ကခွင့်ပြုမည်မထင်ပေ။
စက်ရုံအလုပ်တွေကြပြန်တော့ မှတ်ပုံတင်ကလိုအပ်သေးသည်။ယာယီမှတ်ပုံတင်ကို ကျောင်းကရိုက်ပေးထားပေမဲ့ အသက်မပြည့်တော့စက်ရုံတွေကလည်းလက်ခံမှာမဟုတ်ဘူး။
အဒေါ်သိရင်လည်း အကြီးအကျယ်စိတ်ဆိုးမှာ ။
"ငါဘာလုပ်ရမလဲ...ငါနဲ့သင့်တော်ပြီး...အဒေါ်မသိအောင်လုပ်လို့ရမဲ့အလုပ်က ဘာအလုပ်မျိုးလဲ..."
"မကြီး...ဒီမှာဘာထိုင်လုပ်နေတာလဲ...."
ကောင်လေးတစ်ယောက်၏လှမ်းခေါ်လိုက်သံကြောင့် သေချာကြည့်လိုက်မိတော့ ပုံရိပ်သိသောမျက်နှာလေးဖြစ်နေသည်။
ကောင်လေးသည် မျက်နှာမဲညစ်ညစ်လေးဖြစ်နေပေမဲ့ ရယ်ပြနေတာလေးက အင်မတန်အပြစ်ကင်းစင်သည်။သူ့ဘေးနားမှာလည်း သူနှင့်ရွယ်တူကောင်လေးတစ်ယောက်ရှိနေပြီး တွန်းလှည်းလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားလျှက်ရပ်နေလေသည်။
"နင်...လက်ဖက်ရည်ဆိုင်ကကောင်လေးမဟုတ်လား..."
"မကြီးကသားကိုမမှတ်မိဘူးလား...ကျွန်တော်ကတော့ အဲ့နေ့ကမကြီးတောင်းပေးတဲ့ပိုက်ဆံနဲ့အမေ့ကိုဆေးကုလိုက်ရလို့...မကြီးကိုကျေးဇူးရှင်ကြီးအဖြစ်သတ်မှတ်ထားတာဗျ...မကြီးသာမကူညီခဲ့ရင်..သားအမေကြီးဆေးခန်းကိုသွားလိုက်ရမှာမဟုတ်ဘူး..."
"မဟုတ်တာ...ငါလည်းအမြင်မတော်လို့ကူညီလိုက်တာပါ...နင်ကငိုနေတော့သနားသွားတာပေါ့..."
"ဒါနဲ့ မကြီးအခုဒီမှာဘာလုပ်နေတာလဲ...
ကျောင်းမသွားဘူးလား..
ကောင်လေး၏အမေးကိုမဖြေချင်တာကြောင့်
သူ့ကိုမျက်နှာလွှဲပြီး သူတို့တွန်းလာသည့်
လှည်းကလေးအထဲသို့ ကြည့်လိုက်မိတော့
ဘီယာဘူးအခွံတွေနှင့်ပုလင်းတွေကို တွေ့လိုက်ရသည်။
ထိုအခါခေါင်းထဲတွင် အကြံတစ်ခုကခပ်ရေးရေးပေါ်လာခဲ့သည်။ကျေးဇူးတရားနဲ့မကိုင်ပေါက်ချင်ပေမဲ့ ပုံရိပ်တွင်ချက်ချင်းလက်ငင်း ငွေ၀င်မည့်အလုပ်တစ်ခုလိုအပ်နေသည်။
"နင်ဒီအလုပ်လုပ်နေတာ ကြာပြီလား...."
"အင်း...မကြီးနဲ့တွေ့ပြီး သုံး၊လေးရက်လောက်အကြာမှာလုပ်ဖြစ်တာဗျ...သိပ်တော့မကြာသေးပေမဲ့
တွက်ချေကိုက်ပါတယ်...."
"တစ်နေ့ကိုဘယ်လောက်မြတ်လည်း...."
"မှန်တော့...မမှန်ပါဘူးဗျာ....တစ်သောင်းလောက်မြတ်တာလည်းရှိသလို....တစ်ခါတစ်လေလည်း
တစ်သောင်းခွဲ...နှစ်သောင်းပေါ့..."
ကောင်လေးက အာပေါင်အာရင်းသန်သန်နှင့်ပြောလာသောကြောင့် ဒီအလုပ်ကိုပုံရိပ်စိတ်၀င်စားသွားမိသည်။အနည်းဆုံးတော့ အိမ်နောက်ဖေးတွေမှာ လိုက်ကောက်နေရတာနှင့်စာရင် တော်သေးတာပေါ့။
ပုံရိပ်ကလုပ်ချင်တယ်ဆိုရင်ရော ကောင်လေးကလက်ခံပါ့မလား။တော်ကြာ သူ့ကိုမှီပြီးအမြတ်ကြီးစားတယ်လို့ ထင်ခံရမှာလည်းစိုးမိသည်။
"ဒါလေးလုပ်နိုင်တာကလည်း အမှန်တော့မကြီးကြောင့်ပါပဲ..."
"ဘယ်လို...ငါ့ကြောင့်ဟုတ်လား...."
"ဟုတ်တယ်လေ....မကြီးကူတောင်းပေးတဲ့လစာနဲ့အမေ့ကို ဆေးခန်းပြပေးပြီး...ဒီလှည်းလေးကိုငှားလိုက်တာ...လက်ထဲမှာလည်းပိုက်ဆံကကျန်နေသေးတော့...အရက်ဆိုင်တွေကိုလိုက်ဆက်ပြီး ဘီယာဗူးခွံတွေ၊အရက်ပုလင်းတွေလိုက်၀ယ်တာ...
ပြီးတော့ရပ်ကွက်တွေထဲမှာလည်း ရောင်းချင်တဲ့အိမ်တွေကနေ ဗူးကျွတ်တွေ၊ကတ်ထူတွေ၊သံတို၊သံစတွေ လိုက်၀ယ်ရင်းနဲ့မှ ပြန်ရောင်းပြီး ဒီလိုလေးလည်ပတ်လာနိုင်တာ..."
"ဟုတ်လား..."
ပုံရိပ်ဘက်ကနေ ခပ်ပြုံးပြုံးလေးမေးလိုက်တော့ ကောင်လေးကလည်းပြုံးရွှင်စွာရယ်လျှက်
ခေါင်းငြိမ့်ပြသည်။
မထူးတော့ပါဘူး ဝေ့လည်ကြောင်ပတ်လုပ်မနေပဲ ဒဲ့ပဲပြောလိုက်တော့မယ်။
"နင်အခုလုပ်နေတဲ့အလုပ်ကို ငါလည်းကူလုပ်ပေးချင်တယ်...."
"ဗျာ...."
မျက်လုံးလေးပြူးပြီး ပါးစပ်လေးအဟောင်းသားဖြစ်သွားသည့်ကောင်လေးကြောင့် ပုံရိပ်လည်းဘာဆက်ပြောရမှန်းမသိတော့ပေ။
သက်မကိုသာ အသာချလိုက်ပြီး သနားစရာကောင်းအောင် မျက်နှာချိုသွေးဖို့သာပြင်ဆင်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကလည်းအလကားတောင်းဆိုနေတာမှမဟုတ်ပဲ။
အလုပ်လုပ်ပေးမှာပါ။
"ငါ့ကိုနင့်အများကြီးပေးစရာမလိုပါဘူး...ငါနင်နဲ့တစ်နေကုန်လိုက်ပေးမယ်...နင်ငါ့ကိုနေ့စားခအဖြစ်တစ်နေ့သုံးထောင်လောက်ပေးရင်ကို ရပါပြီ...
ငါ့ကိုကူညီပါဟာနော်....ငါတကယ်ကိုအကူအညီလိုနေလို့ပါ...."
"ဟာ...မကြီးရယ်...သားကမကူညီချင်လို့မဟုတ်ပါဘူး....မကြီးကအသားဖြူဖြူလေး...ပြီးတော့သားတို့လိုနေပူထဲမှာ လှည့်ပတ်လျှောက်နိုင်ပါ့မလား ..
အရမ်းပင်ပန်းတာနော်...ပြီးတော့မကြီးကိုသူများအထင်သေးမှာပေါ့...သားတို့ကကိစ္စမရှိဘူး...."
"ဘာဖြစ်လည်းဟယ်...သူများပစ္စည်းကိုခိုးစိုးလုယက်နေတာမှမဟုတ်ပဲ...သမာအာဇီ၀နဲ့လုပ်တဲ့အလုပ်မှန်မျှ မြတ်တယ်...ကိုယ်မှန်နေရင်ဘယ်သူ့မှကြောက်စရာအကြောင်းမရှိဘူး.."
"ကြိုက်သွားပြီဗျာ....မကြီးပြောမှကျွန်တော်ကပိုတောင် အားရှိသွားပြီ...မကြီးကို၃ထောင်မကဘူး...ကျွန်တော်ကတစ်၀က်တောင်ခွဲပေးမှာဗျ...
ဒီကောင်ကကျွန်တော်တို့အိမ်ဘေးမှာနေတာလေ...အဖော်မရှိလို့သာခေါ်လာရတယ်...သူကလိုက်ချင်တာမဟုတ်ဘူး...
ကဲ..မကြီးဘယ်တော့စပြီးလုပ်မှာလည်း..."
"ဒီနေ့ပဲ...."
"ဗျာ...."
ထိုနေ့မှစ၍ ပုံရိပ်တွင်တရား၀င်အလုပ်အကိုင်တစ်ခုရသွားခဲ့သည်။ဒါကတော့ သံတို၊သံစနှင့်ပုလင်းခွံ၊ဗူးကျွတ်တွေရောင်းတဲ့အလုပ်ပေါ့။မနက်ဖက်ဆိုလျှင် ပုံမှန်ကျောင်းသွားချိန်အတိုင်းထသည်။ကျောင်းစိမ်း၀တ်စုံကိုလဲလိုက်ပေမဲ့ လွယ်အိတ်ထဲမှာ အပြင်အ၀တ်ကိုအပိုဆောင်ထားလိုက်သည်။
နှစ်ရက်တိတိပုံရိပ်ကျောင်းသို့ခွင့်လည်းမတိုင်သလို သွားလည်းမသွားဖြစ်တော့ပေ။
နေ့ခင်းထမင်းစားချိန်လောက်တော့ အိမ်သို့ပြန်လာပြီး မိစုတို့၊ထွန်းကိုတို့အားမုန့်လေးတွေ၀ယ်လာပေးသည်။အဒေါ်ကလည်း နေ့ခင်းဘက်တွေဆိုလျှင်အိမ်မှာမရှိတတ်သဖြင့် ပုံရိပ်ကိုသိပ်သတိမထားမိပေ။
ဒေါ်လေးသည် အခုရက်ပိုင်းတွင်ကျန်းမာရေးချူချာလာခဲ့သည်။ချောင်းလည်းခဏခဏဆိုးသည်။ဆေးခန်းပြခိုင်းလျှင်လည်းငြင်းလေသည်။
သို့ပေမဲ့ စား၀တ်နေရေးကအဓိကကျသည်မို့ မနားအားပဲ လုံးပန်းနေရသည်။
ပုံရိပ်နှင့်အတူ အလုပ်လုပ်သောကောင်လေး၏နာမည်မှာ ချစ်မင်းဖြစ်သည်။
မိဘကို လုပ်ကိုင်ကျွေးမွေးနေသောသားလိမ္မာလေးဖြစ်ပြီး အသက်ငယ်ငယ်လေးနဲ့ဘ၀ကိုအရှုံးမပေးပဲ တက်မရှိပါကလက်ထိုးလှော်မည်ဆိုသော ကလေးပင်ဖြစ်သည်။
အမေတစ်ခုသားတစ်ခုပေမဲ့ မိခင်ကိုမျက်နှာတစ်ချက်မညှိုးရအောင်ထားသည်။
သူတို့၏အိမ်ကလေးသည် ကျူးကျော်ရပ်ကွက်တွင်တည်ရှိပြီး ဓနိမိုး၊ထရံကာသောတဲအိမ်ငယ်ကလေးသာဖြစ်သည်။သူတို့အိမ်သို့ ထမင်းစားဖိတ်၍လိုက်သွားမိစဉ်ကဆိုလျှင် သူ့အမေကြီးသည်လည်း ပုံရိပ်ကို၀မ်းသာဖော်ရွေစွာ ဆက်ဆံလေသည်။
ချစ်မင်းလေးသည် အသက်က၁၃နှစ်လောက်သာရှိသေးပေမဲ့ ဗန္ဓုလသွေးပါသကဲ့သို့ သူ့အသက်နှင့်ပင်
မမျှအောင်သန်မာသည်။
သူ့အိမ်တွင် သောက်ရေအိုးစင်၌ရေဖြည့်တာကအစ သူ့လက်သူ့ခြေဖြစ်ပြီး၊သူ့အမေသုံးဖို့ ကန်ကြီးမှရေသွားထမ်းပေးရတာလည်းသူပါပဲ။
ရုပ်ရည်လေးက မဲညစ်ညစ်လေးဖြစ်ပြီးထွန်းကိုတို့လိုသနားကမားမရှိပေမဲ့။ဘ၀သမားလေးမို့
ဘယ်ဘက်ကစမ်းစမ်းခံနိုင်ရည်ရှိသူလေးဖြစ်သည်။အသက်အရွယ်ကလေးကငယ်ပေမဲ့ ဘယ်နေရာမှာမဆိုဒေါင်ကျကျ၊ပြားကျကျနေနိုင်သည်။
သူတို့အိမ်ကလေးသည် အင်မတန်သေးငယ်ပြီး နို့ဆီဗူးဟုပုံရိပ်တင်စားလေ့ရှိသော ပုံရိပ်၏အခန်းတစ်၀က်လောက်သာရှိသည်။
ကြပ်ကြပ်တည်းတည်းနေရသောဘ၀လေးပေမဲ့ သားအမိနှစ်ယောက်ခမျာအမြဲပြုံးရွှင်နေပြီး သူတို့ကိုကြည့်ရတာနှင့်စိတ်ချမ်းသာစရာကောင်းလှသည်။
သူတို့သားအမိနှစ်ယောက်ကိုကြည့်ပြီး
ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့တွေးခဲ့မိ၍
နောင်တရကာ ရှက်မိသည်။
"အော်...လောကဓံရဲ့အထုအထောင်းကိုခံရပါများလာတော့...ကိုယ်တွေအတွက်သိပ်ကြီးမားနေတဲ့ဒုက္ခဝေဒနာဟာ...သူတို့အတွက်တော့အယားပြေရုံလောက်သာရှိသည်..."
ကျောင်းကိုလည်းခွင့်မတိုင်ပဲ ကျောင်းပျက်တာနှစ်ရက်တိတိရှိခဲ့လေပြီ။
ပုံရိပ်ဟာ ကျောင်းပြေးတစ်ယောက်ဖြစ်သွားပါပြီ။ပုံရိပ်သာကျောင်းမတတ်ပဲ ဒီအလုပ်ကိုလုပ်နေတာသိရင် အဒေါ်ဘယ်လိုနေလိမ့်မလဲ။ရိုက်မှာလား။ဆူမှာလား။ဘယ်လိုပဲဖြစ်ပါစေ အတတ်နိုင်ဆုံးတော့မသိအောင်ကြိုးစားမည်။
ဒီလိုဆိုလျှင်နောက်တစ်ခါ အဒေါ်ဖျားနာလာခဲ့ပါကပုံရိပ်ဆုထားသောပိုက်ဆံလေးနှင့် ဆေးခန်းပြပေးနိုင်လိမ့်မယ်။တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်လိမ့်မည်။
ပုံရိပ်၏ရည်ရွက်ချက်ကတော့ ရိုးရှင်းပါသည်။
သို့ပေမဲ့ ကံကောင်းခြင်းနှင့်အတူ
ရှိုက်ငိုသံတို့ပြည့်နှက်နေသောရွက်လှေကလေး
တစ်စင်းသည် ပုံရိပ်ဆီသို့ဦးတည်၍လာနေသည်ကိုတော့ သူမသိရှာပေ။
(ကဲ...ပုံရိပ်တို့ကတော့ပုလင်းခွံ၊ဗူးကျွတ်တို့၀ယ်နေပါပြီ...သွားရောင်းလိုက်ကြပါ..နောက်အခန်းကပိုဇာတ်ရှိန်တက်ပါမည်)
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၁)🔥 ဒုတိယပိုင္း
"ေဒၚေလး....ေဒၚေလး....ထပါအံုး...ေဒၚေလး..."
"အင္း....သမီးပံုပံုလား...."
"ဟုတ္တယ္...ေဒၚေလးဖ်ားေနတာေဆးခန္းသြားျပရေအာင္ေနာ္..."
ေဒၚေလး၏လက္ေမာင္းကိုထူမဖို႔လုပ္လိုက္ေတာ့ ေဒၚေလးသည္ပံုရိပ္၏လက္ေမာင္းကို
တဖန္ျပန္၍ဆဲြထားေလသည္။ပံုရိပ္ကိုေခါင္းခါျပေနသၫ့္ ေဒၚေလး၏မ်က္၀န္းနီေဆြးေဆြးေလးေတြသည္ ဖ်ားနာေနေသာအရိွန္ေၾကာင့္လား
အျခားေသာကေတြေၾကာင့္ပဲလား မေဝခဲြတတ္ေပမဲ့ မ်က္ရည္ပူတို႔လိမ့္ဆင္းလာသည္။
သနားလိုက္တာ။ပံုရိပ္ေဒၚေလးကို အရမ္းသနားတာပဲ။မျပၫ့္စံုတဲ့ဘ၀ေတြဟာ နားမက်န္ျဖစ္တာေတာင္ ေဆးရံု၊ေဆးခန္းသြားဖို႔ေတြေဝေနရေလသည္။ပံုရိပ္ကေရာ ဘာထူးလို႔လည္း ကိုယ့္အလွၫ့္တုန္းက ကၽြေးေမြးျပဳစုခဲ့သေလာက္ အခုလိုအခက္အခဲျဖစ္လာေတာ့ အလကားလူျဖစ္ေနရၿပီ။
"ပံုရိပ္....ေဒၚေလးကိုဟိုဘက္လမ္းကေဆးဆိုင္မွာ..
အပူက်ေဆးနဲ႔...အကိုက္အခဲေပ်ာက္ေဆးေလးသြား၀ယ္ေပးစမ္းပါ...အဲ့ဒါေလးေသာက္ၿပီးတေမွးေမွးလိုက္ရင္ သက္သာသြားမွာပါ..."
ထိုေန့သည္ ပံုရိပ္ကိုယ့္ကိုကိုယ္ အင္မတန္စိတ္ပ်က္ေသာ ေန့တစ္ေန့ျဖစ္ခဲ့သည္။အိမ္အေပါက္၀ေလးမွာ ဆီႏွင့္စားကိုေရာနယ္၍ထမင္းစားေနေသာ ကေလးႏွစ္ေယာက္၏ ပံုရိပ္ေလးေတြဟာအင္မတန္ဂရုဏာသက္စရာေကာင္းသလို
ပိုက္ဆံမရိွ၍ေဆးခန္းမသြားႏိုင္ေသာေၾကာင့္ မ်က္ရည္ဝဲလ်ွက္ျဖင့္ ေခါင္းခါျပေသာ ေဒၚေလးေၾကာင့္လည္းရင္နာရသည္။
ေဒၚေလးေပးလိုက္ေသာ ပိုက္ဆံတစ္ေထာင္တန္ေလးကို ဆုပ္ကိုင္လ်ွက္ျဖင့္ ပံုရိပ္ေဆးဆိုင္သို႔သြားကာ အပူက်ေဆးႏွင့္ေခါင္းကိုက္ေပ်ာက္ေဆး၀ယ္လာခဲ့ရသည္။ထို႔ေန့ညက ေဒၚေလးသည္အပူခ်ိန္နဲနဲက်သြားေပမဲ့ ေနာက္ေန့မွာပဲျပဳတ္ေရာင္းမထြက္ႏိုင္ေတာ့ေပ။
ဦးသက္ေဆြကေတာ့ အသုဘတစ္ခုသို႔သြား၍ ဖဲဝိုင္းတြင္ေပ်ာ္ပါး၍ေကာင္းေနေလသည္။
အိမ္ကိုလည္း ျပန္မလာသလို။ကိုယ့္သားမယား၊ကိုယ့္သားသမီးဆိုေသာ အသိစိတ္ဓာတ္မရိွသူအားလည္း ဦးေနွာက္ထဲမွာေတာင္ထၫ့္မတြက္ခ်င္ေတာ့ေပ။
ဆရာေနမ်ိဳးဆီသြား၍ က်ူရွင္ပ်က္ရန္ခြင့္ေတာင္းၿပီး အေဒါ့္အနားတြင္တစ္ညလံုးေစာင့္ေပးခဲ့သည္။
အေဒၚတစ္ခ်က္ညီးတိုင္း ပံုရိပ္ေျခမကိုင္မိ၊လက္မကိုင္မိျဖစ္ခဲ့သည္။အေဒၚ့ကိုဆံုးရႈံးရမွာလည္းအလြန္ေၾကာက္သည္။အေဒၚမရိွေတာ့လ်ွင္ပံုရိပ္တို႔ေမာင္ႏွမေတြအတြက္ ေကာင္းကင္ႀကီးၿပိဳသလိုျဖစ္သြားလိမ့္မည္။
ညလည္ေခါင္ႀကီးမွာလည္းထ၍နဖူးကို ေရပက္ကပ္ေပးေန၍အေဒၚကအိပ္ဖို႔သတိေပးေတာ့မွ အေဒၚေက်နပ္ေအာင္ပံုရိပ္ အိပ္ယာ၀င္လိုက္ရသည္။
မနက္မိုးလင္းေတာ့ အဖ်ားအနည္းငယ္က်သြားသၫ့္အေဒၚသည္ ပံုရိပ္ကိုေက်ာင္းသြားဖို႔အတင္းတိုက္တြန္းတာေၾကာင့္ အိမ္မွထြက္လာရေပမဲ့ ပံုရိပ္လံုး၀စိတ္မေျဖာင့္ေပ။ထို႔ေၾကာင့္ လမ္းထိပ္တြင္ထိုင္ေနမိသည္က နာရီ၀က္ေလာက္ရိွသည္။
ပံုရိပ္ေက်ာင္းကို မသြားခ်င္ေတာ့ေပ။ရရာအလုပ္ကိုသာရွာၿပီးအေဒါ့္ကိုေအးေဆးနားေစခ်င္သည္။
အရင္တစ္ခါလို ငရုတ္သီးလိုက္ႁခြေျပန္ရင္လည္း အေဒၚကခြင့္ျပဳမည္မထင္ေပ။
စက္ရံုအလုပ္ေတြၾကျပန္ေတာ့ မွတ္ပံုတင္ကလိုအပ္ေသးသည္။ယာယီမွတ္ပံုတင္ကို ေက်ာင္းကရိုက္ေပးထားေပမဲ့ အသက္မျပၫ့္ေတာ့စက္ရံုေတြကလည္းလက္ခံမွာမဟုတ္ဘူး။
အေဒၚသိရင္လည္း အႀကီးအက်ယ္စိတ္ဆိုးမွာ ။
"ငါဘာလုပ္ရမလဲ...ငါနဲ႔သင့္ေတာ္ၿပီး...အေဒၚမသိေအာင္လုပ္လို႔ရမဲ့အလုပ္က ဘာအလုပ္မ်ိဳးလဲ..."
"မႀကီး...ဒီမွာဘာထိုင္လုပ္ေနတာလဲ...."
ေကာင္ေလးတစ္ေယာက္၏လွမ္းေခၚလိုက္သံေၾကာင့္ ေသခ်ာၾကၫ့္လိုက္မိေတာ့ ပံုရိပ္သိေသာမ်က္ႏွာေလးျဖစ္ေနသည္။
ေကာင္ေလးသည္ မ်က္ႏွာမဲညစ္ညစ္ေလးျဖစ္ေနေပမဲ့ ရယ္ျပေနတာေလးက အင္မတန္အျပစ္ကင္းစင္သည္။သူ႔ေဘးနားမွာလည္း သူႏွင့္ရြယ္တူေကာင္ေလးတစ္ေယာက္ရိွေနၿပီး တြန္းလွည္းေလးကို လက္ႏွစ္ဖက္ျဖင့္ကိုင္ထားလ်ွက္ရပ္ေနေလသည္။
"နင္...လက္ဖက္ရည္ဆိုင္ကေကာင္ေလးမဟုတ္လား..."
"မႀကီးကသားကိုမမွတ္မိဘူးလား...ကၽြန္ေတာ္ကေတာ့ အဲ့ေန့ကမႀကီးေတာင္းေပးတဲ့ပိုက္ဆံနဲ႔အေမ့ကိုေဆးကုလိုက္ရလို႔...မႀကီးကိုေက်းဇူးရွင္ႀကီးအျဖစ္သတ္မွတ္ထားတာဗ်...မႀကီးသာမကူညီခဲ့ရင္..သားအေမႀကီးေဆးခန္းကိုသြားလိုက္ရမွာမဟုတ္ဘူး..."
"မဟုတ္တာ...ငါလည္းအျမင္မေတာ္လို႔ကူညီလိုက္တာပါ...နင္ကငိုေနေတာ့သနားသြားတာေပါ့..."
"ဒါနဲ႔ မႀကီးအခုဒီမွာဘာလုပ္ေနတာလဲ...
ေက်ာင္းမသြားဘူးလား..
ေကာင္ေလး၏အေမးကိုမေျဖခ်င္တာေၾကာင့္
သူ႔ကိုမ်က္ႏွာလႊဲၿပီး သူတို႔တြန္းလာသၫ့္
လွည္းကေလးအထဲသို႔ ၾကၫ့္လိုက္မိေတာ့
ဘီယာဘူးအခြံေတြႏွင့္ပုလင္းေတြကို ေတြ့လိုက္ရသည္။
ထိုအခါေခါင္းထဲတြင္ အႀကံတစ္ခုကခပ္ေရးေရးေပၚလာခဲ့သည္။ေက်းဇူးတရားနဲ႔မကိုင္ေပါက္ခ်င္ေပမဲ့ ပံုရိပ္တြင္ခ်က္ခ်င္းလက္ငင္း ေငြ၀င္မၫ့္အလုပ္တစ္ခုလိုအပ္ေနသည္။
"နင္ဒီအလုပ္လုပ္ေနတာ ၾကာၿပီလား...."
"အင္း...မႀကီးနဲ႔ေတြ့ၿပီး သံုး၊ေလးရက္ေလာက္အၾကာမွာလုပ္ျဖစ္တာဗ်...သိပ္ေတာ့မၾကာေသးေပမဲ့
တြက္ေခ်ကိုက္ပါတယ္...."
"တစ္ေန့ကိုဘယ္ေလာက္ျမတ္လည္း...."
"မွန္ေတာ့...မမွန္ပါဘူးဗ်ာ....တစ္ေသာင္းေလာက္ျမတ္တာလည္းရိွသလို....တစ္ခါတစ္ေလလည္း
တစ္ေသာင္းခဲြ...ႏွစ္ေသာင္းေပါ့..."
ေကာင္ေလးက အာေပါင္အာရင္းသန္သန္ႏွင့္ေျပာလာေသာေၾကာင့္ ဒီအလုပ္ကိုပံုရိပ္စိတ္၀င္စားသြားမိသည္။အနည္းဆံုးေတာ့ အိမ္ေနာက္ေဖးေတြမွာ လိုက္ေကာက္ေနရတာႏွင့္စာရင္ ေတာ္ေသးတာေပါ့။
ပံုရိပ္ကလုပ္ခ်င္တယ္ဆိုရင္ေရာ ေကာင္ေလးကလက္ခံပါ့မလား။ေတာ္ၾကာ သူ႔ကိုမွီၿပီးအျမတ္ႀကီးစားတယ္လို႔ ထင္ခံရမွာလည္းစိုးမိသည္။
"ဒါေလးလုပ္ႏိုင္တာကလည္း အမွန္ေတာ့မႀကီးေၾကာင့္ပါပဲ..."
"ဘယ္လို...ငါ့ေၾကာင့္ဟုတ္လား...."
"ဟုတ္တယ္ေလ....မႀကီးကူေတာင္းေပးတဲ့လစာနဲ႔အေမ့ကို ေဆးခန္းျပေပးၿပီး...ဒီလွည္းေလးကိုငွားလိုက္တာ...လက္ထဲမွာလည္းပိုက္ဆံကက်န္ေနေသးေတာ့...အရက္ဆိုင္ေတြကိုလိုက္ဆက္ၿပီး ဘီယာဗူးခြံေတြ၊အရက္ပုလင္းေတြလိုက္၀ယ္တာ...
ၿပီးေတာ့ရပ္ကြက္ေတြထဲမွာလည္း ေရာင္းခ်င္တဲ့အိမ္ေတြကေန ဗူးကၽြတ္ေတြ၊ကတ္ထူေတြ၊သံတို၊သံစေတြ လိုက္၀ယ္ရင္းနဲ႔မွ ျပန္ေရာင္းၿပီး ဒီလိုေလးလည္ပတ္လာႏိုင္တာ..."
"ဟုတ္လား..."
ပံုရိပ္ဘက္ကေန ခပ္ႃပံုးႃပံုးေလးေမးလိုက္ေတာ့ ေကာင္ေလးကလည္းႃပံုးရႊင္စြာရယ္လ်ွက္
ေခါင္းၿငိမ့္ျပသည္။
မထူးေတာ့ပါဘူး ေဝ့လည္ေၾကာင္ပတ္လုပ္မေနပဲ ဒဲ့ပဲေျပာလိုက္ေတာ့မယ္။
"နင္အခုလုပ္ေနတဲ့အလုပ္ကို ငါလည္းကူလုပ္ေပးခ်င္တယ္...."
"ဗ်ာ...."
မ်က္လံုးေလးျပဴးၿပီး ပါးစပ္ေလးအေဟာင္းသားျဖစ္သြားသၫ့္ေကာင္ေလးေၾကာင့္ ပံုရိပ္လည္းဘာဆက္ေျပာရမွန္းမသိေတာ့ေပ။
သက္မကိုသာ အသာခ်လိုက္ၿပီး သနားစရာေကာင္းေအာင္ မ်က္ႏွာခ်ိဳေသြးဖို႔သာျပင္ဆင္လိုက္သည္။
ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္ကလည္းအလကားေတာင္းဆိုေနတာမွမဟုတ္ပဲ။
အလုပ္လုပ္ေပးမွာပါ။
"ငါ့ကိုနင့္အမ်ားႀကီးေပးစရာမလိုပါဘူး...ငါနင္နဲ႔တစ္ေနကုန္လိုက္ေပးမယ္...နင္ငါ့ကိုေန့စားခအျဖစ္တစ္ေန့သံုးေထာင္ေလာက္ေပးရင္ကို ရပါၿပီ...
ငါ့ကိုကူညီပါဟာေနာ္....ငါတကယ္ကိုအကူအညီလိုေနလို႔ပါ...."
"ဟာ...မႀကီးရယ္...သားကမကူညီခ်င္လို႔မဟုတ္ပါဘူး....မႀကီးကအသားျဖဴႁဖူေလး...ၿပီးေတာ့သားတို႔လိုေနပူထဲမွာ လွၫ့္ပတ္ေလ်ွာက္ႏိုင္ပါ့မလား ..
အရမ္းပင္ပန္းတာေနာ္...ၿပီးေတာ့မႀကီးကိုသူမ်ားအထင္ေသးမွာေပါ့...သားတို႔ကကိစၥမရိွဘူး...."
"ဘာျဖစ္လည္းဟယ္...သူမ်ားပစၥည္းကိုခိုးစိုးလုယက္ေနတာမွမဟုတ္ပဲ...သမာအာဇီ၀နဲ႔လုပ္တဲ့အလုပ္မွန္မ်ွ ျမတ္တယ္...ကိုယ္မွန္ေနရင္ဘယ္သူ႔မွေၾကာက္စရာအေၾကာင္းမရိွဘူး.."
"ႀကိဳက္သြားၿပီဗ်ာ....မႀကီးေျပာမွကၽြန္ေတာ္ကပိုေတာင္ အားရိွသြားၿပီ...မႀကီးကို၃ေထာင္မကဘူး...ကၽြန္ေတာ္ကတစ္၀က္ေတာင္ခဲြေပးမွာဗ်...
ဒီေကာင္ကကၽြန္ေတာ္တို႔အိမ္ေဘးမွာေနတာေလ...အေဖာ္မရိွလို႔သာေခၚလာရတယ္...သူကလိုက္ခ်င္တာမဟုတ္ဘူး...
ကဲ..မႀကီးဘယ္ေတာ့စၿပီးလုပ္မွာလည္း..."
"ဒီေန့ပဲ...."
"ဗ်ာ...."
ထိုေန့မွစ၍ ပံုရိပ္တြင္တရား၀င္အလုပ္အကိုင္တစ္ခုရသြားခဲ့သည္။ဒါကေတာ့ သံတို၊သံစႏွင့္ပုလင္းခြံ၊ဗူးကၽြတ္ေတြေရာင္းတဲ့အလုပ္ေပါ့။မနက္ဖက္ဆိုလ်ွင္ ပံုမွန္ေက်ာင္းသြားခ်ိန္အတိုင္းထသည္။ေက်ာင္းစိမ္း၀တ္စံုကိုလဲလိုက္ေပမဲ့ လြယ္အိတ္ထဲမွာ အျပင္အ၀တ္ကိုအပိုေဆာင္ထားလိုက္သည္။
ႏွစ္ရက္တိတိပံုရိပ္ေက်ာင္းသို႔ခြင့္လည္းမတိုင္သလို သြားလည္းမသြားျဖစ္ေတာ့ေပ။
ေန့ခင္းထမင္းစားခ်ိန္ေလာက္ေတာ့ အိမ္သို႔ျပန္လာၿပီး မိစုတို႔၊ထြန္းကိုတို႔အားမုန႔္ေလးေတြ၀ယ္လာေပးသည္။အေဒၚကလည္း ေန့ခင္းဘက္ေတြဆိုလ်ွင္အိမ္မွာမရိွတတ္သျဖင့္ ပံုရိပ္ကိုသိပ္သတိမထားမိေပ။
ေဒၚေလးသည္ အခုရက္ပိုင္းတြင္က်န္းမာေရးခ်ူခ်ာလာခဲ့သည္။ေခ်ာင္းလည္းခဏခဏဆိုးသည္။ေဆးခန္းျပခိုင္းလ်ွင္လည္းျငင္းေလသည္။
သို႔ေပမဲ့ စား၀တ္ေနေရးကအဓိကက်သည္မို႔ မနားအားပဲ လံုးပန္းေနရသည္။
ပံုရိပ္ႏွင့္အတူ အလုပ္လုပ္ေသာေကာင္ေလး၏နာမည္မွာ ခ်စ္မင္းျဖစ္သည္။
မိဘကို လုပ္ကိုင္ကၽြေးေမြးေနေသာသားလိမၼာေလးျဖစ္ၿပီး အသက္ငယ္ငယ္ေလးနဲ႔ဘ၀ကိုအရႈံးမေပးပဲ တက္မရိွပါကလက္ထိုးေလွာ္မည္ဆိုေသာ ကေလးပင္ျဖစ္သည္။
အေမတစ္ခုသားတစ္ခုေပမဲ့ မိခင္ကိုမ်က္ႏွာတစ္ခ်က္မၫွိုးရေအာင္ထားသည္။
သူတို႔၏အိမ္ကေလးသည္ က်ူးေက်ာ္ရပ္ကြက္တြင္တည္ရိွၿပီး ဓနိမိုး၊ထရံကာေသာတဲအိမ္ငယ္ကေလးသာျဖစ္သည္။သူတို႔အိမ္သို႔ ထမင္းစားဖိတ္၍လိုက္သြားမိစဉ္ကဆိုလ်ွင္ သူ႔အေမႀကီးသည္လည္း ပံုရိပ္ကို၀မ္းသာေဖာ္ေရြစြာ ဆက္ဆံေလသည္။
ခ်စ္မင္းေလးသည္ အသက္က၁၃ႏွစ္ေလာက္သာရိွေသးေပမဲ့ ဗႏၶုလေသြးပါသကဲ့သို႔ သူ႔အသက္ႏွင့္ပင္
မမ်ွေအာင္သန္မာသည္။
သူ႔အိမ္တြင္ ေသာက္ေရအိုးစင္၌ေရျဖၫ့္တာကအစ သူ႔လက္သူ႔ေျချဖစ္ၿပီး၊သူ႔အေမသံုးဖို႔ ကန္ႀကီးမွေရသြားထမ္းေပးရတာလည္းသူပါပဲ။
ရုပ္ရည္ေလးက မဲညစ္ညစ္ေလးျဖစ္ၿပီးထြန္းကိုတို႔လိုသနားကမားမရိွေပမဲ့။ဘ၀သမားေလးမို႔
ဘယ္ဘက္ကစမ္းစမ္းခံႏိုင္ရည္ရိွသူေလးျဖစ္သည္။အသက္အရြယ္ကေလးကငယ္ေပမဲ့ ဘယ္ေနရာမွာမဆိုေဒါင္က်က်၊ျပားက်က်ေနႏိုင္သည္။
သူတို႔အိမ္ကေလးသည္ အင္မတန္ေသးငယ္ၿပီး ႏို႔ဆီဗူးဟုပံုရိပ္တင္စားေလ့ရိွေသာ ပံုရိပ္၏အခန္းတစ္၀က္ေလာက္သာရိွသည္။
ၾကပ္ၾကပ္တည္းတည္းေနရေသာဘ၀ေလးေပမဲ့ သားအမိႏွစ္ေယာက္ခမ်ာအၿမဲျပဳံးရႊင္ေနၿပီး သူတို႔ကိုၾကၫ့္ရတာႏွင့္စိတ္ခ်မ္းသာစရာေကာင္းလွသည္။
သူတို႔သားအမိႏွစ္ေယာက္ကိုၾကၫ့္ၿပီး
ကိုယ့္ကိုကိုယ္ အဆံုးစီရင္ဖို႔ေတြးခဲ့မိ၍
ေနာင္တရကာ ရွက္မိသည္။
"ေအာ္...ေလာကဓံရဲ့အထုအေထာင္းကိုခံရပါမ်ားလာေတာ့...ကိုယ္ေတြအတြက္သိပ္ႀကီးမားေနတဲ့ဒုကၡေဝဒနာဟာ...သူတို႔အတြက္ေတာ့အယားေျပရံုေလာက္သာရိွသည္..."
ေက်ာင္းကိုလည္းခြင့္မတိုင္ပဲ ေက်ာင္းပ်က္တာႏွစ္ရက္တိတိရိွခဲ့ေလၿပီ။
ပံုရိပ္ဟာ ေက်ာင္းေျပးတစ္ေယာက္ျဖစ္သြားပါၿပီ။ပံုရိပ္သာေက်ာင္းမတတ္ပဲ ဒီအလုပ္ကိုလုပ္ေနတာသိရင္ အေဒၚဘယ္လိုေနလိမ့္မလဲ။ရိုက္မွာလား။ဆူမွာလား။ဘယ္လိုပဲျဖစ္ပါေစ အတတ္ႏိုင္ဆံုးေတာ့မသိေအာင္ႀကိဳးစားမည္။
ဒီလိုဆိုလ်ွင္ေနာက္တစ္ခါ အေဒၚဖ်ားနာလာခဲ့ပါကပံုရိပ္ဆုထားေသာပိုက္ဆံေလးႏွင့္ ေဆးခန္းျပေပးႏိုင္လိမ့္မယ္။တစ္ဖက္တစ္လမ္းက ကူညီေပးႏိုင္လိမ့္မည္။
ပံုရိပ္၏ရည္ရြက္ခ်က္ကေတာ့ ရိုးရွင္းပါသည္။
သို႔ေပမဲ့ ကံေကာင္းျခင္းႏွင့္အတူ
ရိႈက္ငိုသံတို႔ျပၫ့္ႏွက္ေနေသာရြက္ေလွကေလး
တစ္စင္းသည္ ပံုရိပ္ဆီသို႔ဦးတည္၍လာေနသည္ကိုေတာ့ သူမသိရွာေပ။
(ကဲ...ပံုရိပ္တို႔ကေတာ့ပုလင္းခြံ၊ဗူးကၽြတ္တို႔၀ယ္ေနပါၿပီ...သြားေရာင္းလိုက္ၾကပါ..ေနာက္အခန္းကပိုဇာတ္ရိွန္တက္ပါမည္)

No comments:
Post a Comment