(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၁)🔥 ပထမပိုင်း
ဒီနေ့ရာသီဥတုကအလွန်သာယာသည်။အပြာရောင်ကောင်းကင်ကြီးသည် ကြည်လင်ရွှန်းလဲ့လျှက်ရှိနေပြီး တိမ်မျှင်တန်းလေးများသည် နေခြည်နုနုကိုသောက်သုံးလျှက် တရွေ့ရွေ့ဖြင့်လှုပ်ရှားနေကြသည်။ကိုယ်ကပန်းချီဆွဲတာကို ဝါသနာပါသူဖြစ်၍ ကောင်းကင်၏အရောင်တွေကိုစိတ်၀င်စားသည်။
မနက်နှင့်ညနေ၏ ဆည်းဆာတိမ်တောက်သည့်အချိန်တွေကလည်း ကိုယ့်အတွက်အမြဲထူးခြားနေသည်။လေတိုးသံသည်လည်း ကဗျာဆန်သလို။
သစ်ရွက်လေးတွေသည် ခေါင်းလောင်းငယ်တစ်ခုလို လေသယ်ဆောင်ရာအတိုင်း ယိမ်းနွဲ့လှုပ်ခါသွားတာကို မြင်ရလျှင်လည်း စိတ်ကြည်နူးမိသည်။
တိမ်ထု၏ ကွဲပြားသွားသော ပုံသဏ္ဍန်လေးတွေ၊
နေ၀င်ဆည်းဆာတွင် ယှက်ဖြာနေသောပုစွန်ဆီရောင်၊အနီရောင်ရဲရဲနှင့်ခရမ်းရောင်ရောယှက်နေပုံလေးတွေ မီခိုးရင့်ရောင် ဖုံးလွှမ်းသွားချိန်မှာ ကောင်းကင်ကြီးတစ်ခုလုံး အမှောင်ကျသွားတာမျိုးတွေအထိ ဂရုတစိုက်ကြည့်မိသည်။
ဆည်းဆာရောင်ခြည်ကိုနောက်ခံထားပြီး ဧရာ၀တီမြစ်ကမ်းပါးမှာ လွတ်လပ်စွာဆော့ကစား၊ပြေးလွှားချင်လိုက်တာ။ငယ်ငယ်က အမေတို့နှင့်အတူ ရွာကိုအလည်ပြန်တော့ ဧရာ၀တီမြစ်ဟိုဘက်ကမ်းသို့
သဗ္ဗန်ဖြင့် ဖြတ်ကူးခဲ့ရတာတွေကို ပြန်တွေ့ကြည့်မိတော့
"အော်..အမေတို့နေနိုင်လိုက်ကြတာ.."ဟု ရင်ထဲမှာ နင့်ကာငိုချင်မိခဲ့သည်။
ဧရာ၀တီမြစ်ဆိုသည့်အတိုင်း သာမာန်ချောင်းငယ်လေးတွေထက် အဆပေါင်းများစွာကျယ်၀န်းသလို၊ရေစီးလည်းသန်လွန်း၍ လှေကလေးမြုပ်သွားမှာကိုပင် အလွန်ကြောက်ခဲ့ရသည်။အမေ့ရင်ခွင်ထဲမှာ ထိုင်နေရင်းတောင်မှ လှိုင်းပုတ်တိုင်း လှေကလေးလူးသွားပါက အမေ့လည်ပင်းကိုဖက်ထားမိသည်။
အမေကလည်း သမီးလးကြောက်နေသလားဆိုပြီး
"ပြန်ထွေးပွေ့..."ထားလိုက်ပုံများ စောင်လေးနှင့်
အချမ်းပိုမည်စိုး၍ ထွေးပွေ့သလိုနွေးထွေးပြီး
လုံခြုံလိုက်တဲ့ ခံစားချက်လေး။
ကမ်းပေါ်သို့ တက်တော့လည်း ကမ်းပါးက
မက်စောက်တဲ့အပြင် နုံးတွေဟာခြောက်သွေ့ပြီး
သဲအဖြစ်ပြောင်းသွား၍ခြေထောက်တွေ
နစ်၀င်ကာမတက်နိုင်ပဲ ဖင်ထိုင်လျှက်လဲကျပါလေတော့သည်။အပေါ်သို့ ရောက်နေသည့်အဖေက အတင်းပြေးဆင်းလာပြီး ငိုနေသည့်သူ့သမီးလေးကို ကျောပေါ်တင်လျှက် ကမ်းပေါ်သို့မညီးမငြူ
ခေါ်လာရှာသည်။
ရွာလမ်းဖြစ်၍ ခြုံနွယ်၊ပိတ်ပေါင်းထူပြီး လမ်းတစ်လျှောက်လုံး သစ်ပင်တွေနှင့်သာပြည့်နေသောကြောင့် ခုန်ဆွခုန်ဆွနှင့် အရှေ့မှလမ်းလျှောက်ပြီး သာလိကာလိုလျှောက်မေးသမျှကိုလည်း စိတ်ရှည်စွာနှင့် ပြုံးပြီးဖြေပေးခဲ့ကြသည်။
လမ်းမလျှောက်နိုင်ပါကလည်း အဖေနှင့်အမေဟာတလှည့်ဆီ ချီပိုးပေးကာကိုယ့်ကိုယုယခဲ့ကြသည်။
ဒီလောက်အထိ မွေးကင်းစကနေဆယ်ကျော်သက်အရွယ်အထိ ကိုယ့်ကိုမျက်နှာတစ်ချက်မညှိုးအောင် ထားပေးခဲ့တဲ့အပြင် တစ်ချိန်လုံးကိုယ့်ဘေးမှာရှိနေပေးရာကနေ ရုတ်တရက်ပျောက်ခြင်း
မလှပျောက်သွားကြတဲ့အခါ ပုံရိပ်အဖို့သွေးရူးသွေးတန်းဖြစ်သွားခဲ့တယ်။
အဒေါ့်အိမ်မှာ ခဏဆိုပြီးအပ်ထားခဲ့ရာကနေ
အမြဲသူတို့ပြန်အလာကိုမျှော်လင့်နေသည့် သားသမီးဆီသို့ သူတို့ပြန်ရောက်မလာကြတော့ ပေ။မုန်းတယ်၊နာကျည်းတယ်ဟု အကြိမ်ကြိမ်
ပြောနေမိပေမဲ့ အမေနှင့်အဖေ၏အိမ်ပြန်လာမည့် နေ့ရက်လေးတွေကိုလက်ခြိုးရေနေမိတုန်းပါပဲ။
အစိမ်းပုပ်ရောင် ဘေးလွယ်အိတ်ကလေးကိုသာ အားကိုးရာအဖြစ်ဆုပ်ကိုင်ထားလျှက် ဆရာနေမျိုး၀ယ်ပေးထားသောဖိနပ်ကလေးကို အကာအရံယူပြီး ကားလမ်းမကြီးနံဘေးတွင် တရွေ့ရွေ့သွားနေမိသည်။စာတိုက်ရုံးသည် နှစ်မှတ်တိုင်ကျော်လောက်ဝေးသောကြောင့် ခရီးကတော်တော်နှင့်
မတွင်သလို ခံစားနေမိသည်။ခြေထောက်တွေလည်း ညောင်းလှသည်။
အိမ်ကိုပြန်ပြီး အပျိုကြီးတို့အိမ်မှ စက်ဘီးလေးကို ငှားလို့ရပေမဲ့ ဒေါ်လေးက
"ဘယ်သွားမှာလဲ.."ဟုမေးလျှင် ပုံရိပ်ပြန်ဖြေဖို့ရာ မဝံ့မရဲဖြစ်နေလိမ့်မည်။ ဒေါ်လေးသည်ပုံရိပ်ကိုအထင်လွှဲသွားနိုင်သည်။သူ့အိမ်မှာ မနေချင်၍ထွက်သွားဖို့ လမ်းကြောင်းရှာသည်ဟု တွေးမိလိမ့်မည်။
ဒေါ်လေးအနေနဲ့ ပုံရိပ်အပေါ်မျက်မုန်းကျိုးမှာကို
မလိုလားဘူး။ပုံရိပ်လည်း ဒေါ်လေးကိုသိပ်ချစ်ပါသည် ။သို့ပေမဲ့ လမ်းစတွေ့လာတဲ့အပေါ်မှာ ပုံရိပ်အငြိမ်မနေချင်ပေ။မြူတစ်မှုန်စာဆိုလျှင်တောင် ဖမ်းဆုပ်ကြည့်ချင်မိတယ်။
"ဟဲ့...အပေါ်မှာနာမည်နဲ့ ကိုယ်ပို့ချင်တဲ့လိပ်စာကိုရေးလေ...ဖုန်းနံပါတ်လည်းထည့်...."
စာတိုက်ကိုရောက်တော့ ကောင်တာလိုအုတ်နှင့်ဘောင်ခတ်ထားသော နောက်ကွယ်တွင်ရပ်နေသောအမျိုးသမီးသည် ပစ္စည်းပို့ချင်သောသူကို
စိတ်မရှည်သောလေသံဖြင့်ဆိုလေသည်။
အခန်းထောင့်တွင်လည်း ကတ်ထူပုံးအပိုတွေကိုပစ်ထားလေသည် ။
ရုံးလေးကသေးတော့ လူလည်းသိပ်များများမဆန့်ပေ။ယခုခောက်မှာ စာတိုက်နှင့်စာပို့သူဆိုသည်မှာရှားသွာပြီဆိုပေမဲ့ ပြည်တွင်းထဲတွင် တစ်နေရာမှတစ်နေရာသို့ပစ္စည်းများကို ပို့ဆောင်လိုပါက စာတိုက်သည်ပို၍ဈေးသက်သာသည် ။ပုံရိပ်သည်လည်း ရှေ့လူနှစ်ယောက်ကြားမှ တိုးလိုက်ပြီး
ထိုအမျိုးသမီးကြီးကို မေးမြန်းဖို့လုပ်ရသည်။
"ဟိုလေ...အန်တီ...မန္တလေးကစာတွေဘာတွေများ ရောက်မလာဘူးလား..."
"ဘယ်တုန်းကပို့ထားတာလဲ...."
"ပြီးခဲ့တဲ့လေးရက်လောက်ကပါ...."
"ဟင်...အဲ့ဒါဆို...စာရောက်ကြောင်းဖုန်းဆက်သေးလား..."
"ဖုန်းမရှိလို့ သမီးရဲ့ဖုန်းနံပါတ်တော့ထည့်မရေးလိုက်ဘူး..."
"မန္တလေး...ဘယ်ဘက်လည်း....လိပ်စာအတိအကျပြောပါ..."
ပုံရိပ်လည်း အဒေါ်ကြီးမေးသည့်အတိုင်းအဖွားဒေါ်ရိပ်ညိုတို့၏ လိပ်စာကိုပြောပြလိုက်သည်။
အဒေါ်ကြီးသည် စာရင်းထဲတွင်ရှာဖို့ထင်ပါရဲ့ အနောက်ဘက်သို့ခဏ၀င်သွားလေသည် ။
မျှော်လင့်တကြီးနှင့် စောင့်စားနေမိသောစာလေးဖြစ်၍ လက်အုပ်ချီပြီးဘုရားကိုတောင် တိုင်တည်လိုက်မိသည်။ရင်ခုန်နှုန်းတွေလည်း အရမ်းမြန်နေသည်။ထိုအချိန်တွင် ဘေးနား၌ဆူညံနေကြလည်းပဲ နားထဲသို့မ၀င်တော့ပေ။
"ကလေးမ..."
ခုဏကအမျိုးသမီးကြီး၏ မျက်၀န်းတွေကိုလိုက်ကြည့်နေမိသည်။သူခေါင်းခါပြလိုက်သည့်အချိန်မှာ ပုံရိပ်၏ စိတ်အစဉ်ဟာ လေးလံထိုင်းမှိုင်းသွားခဲ့သည်။စာတိုက်ရှုံး၏ အပြင်ဘက်သို့ရောက်သောအခါမှာ အသားဖြူသူဖြစ်၍ တစ်ချိန်လုံးမတ်တပ်ရပ်နေရသော ခြေချောင်းကြားလေးတွေ
နီတက်နေတာကို မြင်လိုက်ရသည်။
စာတိုက်ရုံး၏လမ်းဟိုဘက်တွင် ကားလမ်းကြီးကိုရှင်းရှင်းလင်းလင်းမြင်နေရ၍ ကိုယ့်အိမ်သို့ပြန်သော လမ်းဘက်သို့ငေးမျှော်ကြည့်မိသည်။
လျှောက်လာခဲ့ရ၍ ကုန်ဆုံးသွားသောအချိန်တွေ၊
အသုံးပြုခဲ့ရသော အားအင်တွေအားလုံး
အလကားဖြစ်ကုန်ပါပြီ။
ကိုယ့်ခေါင်းကို ခပ်ပြင်းပြင်တစ်ချက်ရိုက်ပစ်လိုက်သည်။
"စိတ်ကူးတွေယဉ်မနေပါနဲ့တော့..ပုံရိပ်ရယ်...
ဘာတွေကိုများမျှော်လင့်နေသေးတာလဲ..
နင်ဟာမိဘမဲ့တစ်ယောက်ဖြစ်ဖို့ကံဇာတာပါလာခဲ့ပါပြီ...နောက်ကြောင်းကိုပြန်မလှည့်ချင်ပါနဲ့တော့...ဒုက္ခပင်လယ်ထဲမှာမျောလာပြီးပြီပဲ...
ကမ်းဆိုတာကို..လိုက်ရှာမနေပါနဲ့တော့...နင်ဟာကမ်းမဲ့တဲ့..ပင်လယ်ထဲမှာတစ်သတ်လုံးမျောလွင့်ရမဲ့လှေတစ်စင်းပဲ...တိုက်ချင်တဲ့မုန်းတိုင်းတိုက်ပါစေ..လေနီကြမ်းတိုက်လို့...လှေကလေးအက်ကွဲပါစေ..လှော်တက်တွေပြုတ်ထွက်ပြီး...ကျိုးပဲ့ရလည်းဒါဟာကိုယ်ပိုင်ဆိုင်ရမဲ့ဘ၀ပဲ...နင်ဒီဘ၀မှာပဲတစ်သက်လုံးနေလိုက်ပါတော့...."
မျှော်လင့်ချက်လမ်းစလေးတွေကို တစ်စဆီခြေရာလိုက်ကောက်နေမိသည့် ပုံရိပ်သည် လမ်းပျောက်သွားခဲ့ပါပြီ။ကိုယ်မုန်းတီးသည့်လူ၏ ကြမ်းတမ်းပြင်းရှသော အပြောတွေအောက်မှာ ခေါင်းငုံ့ပြီးသာနေဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ကြောင့်သို့သာပြန်လှည့်လာမိသည်။
"တီ...!!!!!!တီ...."
သံရှည်ဆွဲပြီးဟွန်းတီးနေသော ကားကြီးကြောင့် လမ်းဘေးသို့ကပ်၍ရပ်လိုက်မိသည်။ဒီကားလမ်းမကြီးပေါ်မှာ ဘ၀ကိုအဆုံးသတ်လိုက်ရင်ကောင်းမလား။ခြေလှမ်းတွေဟာ လမ်းလည်ခေါင်သို့ယိုင်ကျချင်နေပေမဲ့ သတိနှင့်ထိန်းထားမိသည်။
မသေဆုံးခင်မှာလည်း အဆုံးမရှိသောနာကျင်မှုကိုအလူးအလဲခံစားရမှာဖြစ်သလို ကောင်းမွန်တဲ့ဘုံဘ၀နှင့် ကွဲလွဲ၍ငရဲသို့ကူးပြောင်းရမှာသေချာသည်။
လက်ရှိဘ၀မှာ ပူလောင်လွန်းလို့အဆုံးသတ်လိုက်ပြီးခါမှ ထပ်ပြီးပူလောင်ရလျှင် ဒီမီးတောက်ကဘယ်မှာ အဆုံးသတ်ပါလိမ့်မလဲ။
ပုံရိပ်သာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ရင် အဒေါ့်ခမျာရင်ကွဲလောက်အောင် ခံစားရလိမ့်မယ်။
သူ့ကြောင့်ဆိုသည့် စိတ်ဝေဒနာတွေနဲ့လောင်မြှိုက်နေရမှာပေါ့။အားလုံးစိတ်ဆင်းရဲရမဲ့ အလုပ်ထက်ကိုယ်တစ်ကိုယ်ထဲသာ အရာအားလုံးကိုပွေ့ပိုက်ထားပါတော့မယ်။
ခြံ၀တွင် ခြေအစုံရပ်လိုက်ပြီးနောက် ၀မ်းနည်းမှုတွေဖုံးလွှမ်းနေသော ကိုယ့်မျက်နှာကိုပြန်ပြင်လိုက်မိသည်။ဒီအချိန်အဒေါ်အိမ်မှာရှိပါက ပုံရိပ်ကိုစိုးရိမ်နေပေလိမ့်မယ်။ခြံတံခါးကို တွန်းဖွင့်ပြီး ကိုယ့်အိမ်လေးရဲ့တံခါး၀ကိုရောက်တော့ အိမ်တံခါးကဖွင့်ထားပြီး မိစုနှင့်ထွန်းကိုသည် ထမင်းပန်းကန်ကိုယ်စီနှင့် ထမင်းစားနေကြလေသည်။
"မကြီး....အခုမှပြန်လာတာလားဗျာ..."
အိမ်ပေါ်သို့တက်တက်ချင်း မသာမယာဖြစ်နေသောမျက်နှာလေးနှင့်ထွန်းကိုသည် ထမင်းလုတ်ကိုဝါးလျှက် ပြောသည်။မိစုကလည်းပုံရိပ်ကိုမျက်လုံးပြူးလေးနှင့်ကြည့်နေလေသည်။
"ထွန်းကို...နင်ကျောင်းမသွားဘူးလား...."
"ဟင့်အင်း....မေကြီးမှနေမကောင်းတာ..."
"ဟင်...."
"အဟွတ်....အဟွတ်...."
"အဟွတ်....အဟွတ်..."
ထိုစဉ် အိမ်ခေါင်းရင်းဘက်၍ ကွေးကွေးလေးအိပ်နေသောဒေါ်လေးဆီမှ ချောင်းဆိုးသံကိုကြားလိုက်ရသည်။အဆက်မပြတ် ရင်ခေါင်းထဲမှလှိုက်၍ဆိုးနေသောကြောင့် ပုံရိပ်လည်းခြေသံဖွဖွနင်းသွားပြီး မျက်စိတွေမှေးစင်းထားသည့် ဒေါ်လေး၏နဖူးကိုစမ်းကြည့်လိုက်မိသည်။
"ဟာ...ကိုယ်တွေပူကျစ်နေတာပဲ..."
ဒေါ်လေး၏နဖူးနှင့်ပါးပြင်သည် မီးခဲကဲ့သို့ပူကျစ်နေလေသည်။ဆေးခန်းမသွားထားဘူးဆိုတာ သေချာသည်။ပုံရိပ်လည်း စဉ်းစားမရတဲ့အဆုံးဒေါ်လေးကို ဆေးခန်းသွားရန် တိုက်တွန်းဖို့ဆုံးဖြတ်လိုက်သည်။
🔥ဆူးကြိုး...🔥အခန်း(၂၁)🔥 ဒုတိယပိုင်းဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၁)🔥 ပထမပိုင္း
ဒီေန့ရာသီဥတုကအလြန္သာယာသည္။အျပာေရာင္ေကာင္းကင္ႀကီးသည္ ၾကည္လင္ရႊန္းလဲ့လ်ွက္ရိွေနၿပီး တိမ္မ်ွင္တန္းေလးမ်ားသည္ ေနျခည္ႏုႏုကိုေသာက္သံုးလ်ွက္ တေရြ့ေရြ့ျဖင့္လႈပ္ရွားေနၾကသည္။ကိုယ္ကပန္းခ်ီဆဲြတာကို ဝါသနာပါသူျဖစ္၍ ေကာင္းကင္၏အေရာင္ေတြကိုစိတ္၀င္စားသည္။
မနက္ႏွင့္ညေန၏ ဆည္းဆာတိမ္ေတာက္သၫ့္အခ်ိန္ေတြကလည္း ကိုယ့္အတြက္အၿမဲထူးျခားေနသည္။ေလတိုးသံသည္လည္း ကဗ်ာဆန္သလို။
သစ္ရြက္ေလးေတြသည္ ေခါင္းေလာင္းငယ္တစ္ခုလို ေလသယ္ေဆာင္ရာအတိုင္း ယိမ္းႏဲြ႔လႈပ္ခါသြားတာကို ျမင္ရလ်ွင္လည္း စိတ္ၾကည္ႏူးမိသည္။
တိမ္ထု၏ ကဲြျပားသြားေသာ ပံုသ႑န္ေလးေတြ၊
ေန၀င္ဆည္းဆာတြင္ ယွက္ျဖာေနေသာပုစြန္ဆီေရာင္၊အနီေရာင္ရဲရဲႏွင့္ခရမ္းေရာင္ေရာယွက္ေနပံုေလးေတြ မီခိုးရင့္ေရာင္ ဖံုးလႊမ္းသြားခ်ိန္မွာ ေကာင္းကင္ႀကီးတစ္ခုလံုး အေမွာင္က်သြားတာမ်ိဳးေတြအထိ ဂရုတစိုက္ၾကၫ့္မိသည္။
ဆည္းဆာေရာင္ျခည္ကိုေနာက္ခံထားၿပီး ဧရာ၀တီျမစ္ကမ္းပါးမွာ လြတ္လပ္စြာေဆာ့ကစား၊ေျပးလႊားခ်င္လိုက္တာ။ငယ္ငယ္က အေမတို႔ႏွင့္အတူ ရြာကိုအလည္ျပန္ေတာ့ ဧရာ၀တီျမစ္ဟိုဘက္ကမ္းသို႔
သဗၺန္ျဖင့္ ျဖတ္ကူးခဲ့ရတာေတြကို ျပန္ေတြ့ၾကၫ့္မိေတာ့
"ေအာ္..အေမတို႔ေနႏိုင္လိုက္ၾကတာ.."ဟု ရင္ထဲမွာ နင့္ကာငိုခ်င္မိခဲ့သည္။
ဧရာ၀တီျမစ္ဆိုသၫ့္အတိုင္း သာမာန္ေခ်ာင္းငယ္ေလးေတြထက္ အဆေပါင္းမ်ားစြာက်ယ္၀န္းသလို၊ေရစီးလည္းသန္လြန္း၍ ေလွကေလးျမဳပ္သြားမွာကိုပင္ အလြန္ေၾကာက္ခဲ့ရသည္။အေမ့ရင္ခြင္ထဲမွာ ထိုင္ေနရင္းေတာင္မွ လိႈင္းပုတ္တိုင္း ေလွကေလးလူးသြားပါက အေမ့လည္ပင္းကိုဖက္ထားမိသည္။
အေမကလည္း သမီးလးေၾကာက္ေနသလားဆိုၿပီး
"ျပန္ေထြးေပြ့..."ထားလိုက္ပံုမ်ား ေစာင္ေလးႏွင့္
အခ်မ္းပိုမည္စိုး၍ ေထြးေပြ့သလိုေနြးေထြးၿပီး
လံုႃခံုလိုက္တဲ့ ခံစားခ်က္ေလး။
ကမ္းေပၚသို႔ တက္ေတာ့လည္း ကမ္းပါးက
မက္ေစာက္တဲ့အျပင္ ႏံုးေတြဟာေျခာက္ေသြ့ၿပီး
သဲအျဖစ္ေျပာင္းသြား၍ေျခေထာက္ေတြ
နစ္၀င္ကာမတက္ႏိုင္ပဲ ဖင္ထိုင္လ်ွက္လဲက်ပါေလေတာ့သည္။အေပၚသို႔ ေရာက္ေနသၫ့္အေဖက အတင္းေျပးဆင္းလာၿပီး ငိုေနသၫ့္သူ႔သမီးေလးကို ေက်ာေပၚတင္လ်ွက္ ကမ္းေပၚသို႔မညီးမျငဴ
ေခၚလာရွာသည္။
ရြာလမ္းျဖစ္၍ ႃခံုႏြယ္၊ပိတ္ေပါင္းထူၿပီး လမ္းတစ္ေလ်ွာက္လံုး သစ္ပင္ေတြႏွင့္သာျပၫ့္ေနေသာေၾကာင့္ ခုန္ဆြခုန္ဆြႏွင့္ အေရ႔ွမွလမ္းေလ်ွာက္ၿပီး သာလိကာလိုေလ်ွာက္ေမးသမ်ွကိုလည္း စိတ္ရွည္စြာႏွင့္ ႃပံုးၿပီးေျဖေပးခဲ့ၾကသည္။
လမ္းမေလ်ွာက္ႏိုင္ပါကလည္း အေဖႏွင့္အေမဟာတလွၫ့္ဆီ ခ်ီပိုးေပးကာကိုယ့္ကိုယုယခဲ့ၾကသည္။
ဒီေလာက္အထိ ေမြးကင္းစကေနဆယ္ေက်ာ္သက္အရြယ္အထိ ကိုယ့္ကိုမ်က္ႏွာတစ္ခ်က္မၫွိုးေအာင္ ထားေပးခဲ့တဲ့အျပင္ တစ္ခ်ိန္လံုးကိုယ့္ေဘးမွာရိွေနေပးရာကေန ရုတ္တရက္ေပ်ာက္ျခင္း
မလွေပ်ာက္သြားၾကတဲ့အခါ ပံုရိပ္အဖို႔ေသြးရူးေသြးတန္းျဖစ္သြားခဲ့တယ္။
အေဒါ့္အိမ္မွာ ခဏဆိုၿပီးအပ္ထားခဲ့ရာကေန
အၿမဲသူတို႔ျပန္အလာကိုေမ်ွာ္လင့္ေနသၫ့္ သားသမီးဆီသို႔ သူတို႔ျပန္ေရာက္မလာၾကေတာ့ ေပ။မုန္းတယ္၊နာက်ည္းတယ္ဟု အႀကိမ္ႀကိမ္
ေျပာေနမိေပမဲ့ အေမႏွင့္အေဖ၏အိမ္ျပန္လာမၫ့္ ေန့ရက္ေလးေတြကိုလက္ၿခိဳးေရေနမိတုန္းပါပဲ။
အစိမ္းပုပ္ေရာင္ ေဘးလြယ္အိတ္ကေလးကိုသာ အားကိုးရာအျဖစ္ဆုပ္ကိုင္ထားလ်ွက္ ဆရာေနမ်ိဳး၀ယ္ေပးထားေသာဖိနပ္ကေလးကို အကာအရံယူၿပီး ကားလမ္းမႀကီးနံေဘးတြင္ တေရြ့ေရြ့သြားေနမိသည္။စာတိုက္ရံုးသည္ ႏွစ္မွတ္တိုင္ေက်ာ္ေလာက္ေဝးေသာေၾကာင့္ ခရီးကေတာ္ေတာ္ႏွင့္
မတြင္သလို ခံစားေနမိသည္။ေျခေထာက္ေတြလည္း ေညာင္းလွသည္။
အိမ္ကိုျပန္ၿပီး အပ်ိဳႀကီးတို႔အိမ္မွ စက္ဘီးေလးကို ငွားလို႔ရေပမဲ့ ေဒၚေလးက
"ဘယ္သြားမွာလဲ.."ဟုေမးလ်ွင္ ပံုရိပ္ျပန္ေျဖဖို႔ရာ မဝံ့မရဲျဖစ္ေနလိမ့္မည္။ ေဒၚေလးသည္ပံုရိပ္ကိုအထင္လႊဲသြားႏိုင္သည္။သူ႔အိမ္မွာ မေနခ်င္၍ထြက္သြားဖို႔ လမ္းေၾကာင္းရွာသည္ဟု ေတြးမိလိမ့္မည္။
ေဒၚေလးအေနနဲ႔ ပံုရိပ္အေပၚမ်က္မုန္းက်ိဳးမွာကို
မလိုလားဘူး။ပံုရိပ္လည္း ေဒၚေလးကိုသိပ္ခ်စ္ပါသည္ ။သို႔ေပမဲ့ လမ္းစေတြ့လာတဲ့အေပၚမွာ ပံုရိပ္အၿငိမ္မေနခ်င္ေပ။ျမဴတစ္မႈန္စာဆိုလ်ွင္ေတာင္ ဖမ္းဆုပ္ၾကၫ့္ခ်င္မိတယ္။
"ဟဲ့...အေပၚမွာနာမည္နဲ႔ ကိုယ္ပို႔ခ်င္တဲ့လိပ္စာကိုေရးေလ...ဖုန္းနံပါတ္လည္းထၫ့္...."
စာတိုက္ကိုေရာက္ေတာ့ ေကာင္တာလိုအုတ္ႏွင့္ေဘာင္ခတ္ထားေသာ ေနာက္ကြယ္တြင္ရပ္ေနေသာအမ်ိဳးသမီးသည္ ပစၥည္းပို႔ခ်င္ေသာသူကို
စိတ္မရွည္ေသာေလသံျဖင့္ဆိုေလသည္။
အခန္းေထာင့္တြင္လည္း ကတ္ထူပံုးအပိုေတြကိုပစ္ထားေလသည္ ။
ရံုးေလးကေသးေတာ့ လူလည္းသိပ္မ်ားမ်ားမဆန႔္ေပ။ယခုေခာက္မွာ စာတိုက္ႏွင့္စာပို႔သူဆိုသည္မွာရွားသြာၿပီဆိုေပမဲ့ ျပည္တြင္းထဲတြင္ တစ္ေနရာမွတစ္ေနရာသို႔ပစၥည္းမ်ားကို ပို႔ေဆာင္လိုပါက စာတိုက္သည္ပို၍ေဈးသက္သာသည္ ။ပံုရိပ္သည္လည္း ေရ႔ွလူႏွစ္ေယာက္ၾကားမွ တိုးလိုက္ၿပီး
ထိုအမ်ိဳးသမီးႀကီးကို ေမးျမန္းဖို႔လုပ္ရသည္။
"ဟိုေလ...အန္တီ...မႏၲေလးကစာေတြဘာေတြမ်ား ေရာက္မလာဘူးလား..."
"ဘယ္တုန္းကပို႔ထားတာလဲ...."
"ၿပီးခဲ့တဲ့ေလးရက္ေလာက္ကပါ...."
"ဟင္...အဲ့ဒါဆို...စာေရာက္ေၾကာင္းဖုန္းဆက္ေသးလား..."
"ဖုန္းမရိွလို႔ သမီးရဲ့ဖုန္းနံပါတ္ေတာ့ထၫ့္မေရးလိုက္ဘူး..."
"မႏၲေလး...ဘယ္ဘက္လည္း....လိပ္စာအတိအက်ေျပာပါ..."
ပံုရိပ္လည္း အေဒၚႀကီးေမးသၫ့္အတိုင္းအဖြားေဒၚရိပ္ညိုတို႔၏ လိပ္စာကိုေျပာျပလိုက္သည္။
အေဒၚႀကီးသည္ စာရင္းထဲတြင္ရွာဖို႔ထင္ပါရဲ့ အေနာက္ဘက္သို႔ခဏ၀င္သြားေလသည္ ။
ေမ်ွာ္လင့္တႀကီးႏွင့္ ေစာင့္စားေနမိေသာစာေလးျဖစ္၍ လက္အုပ္ခ်ီၿပီးဘုရားကိုေတာင္ တိုင္တည္လိုက္မိသည္။ရင္ခုန္ႏႈန္းေတြလည္း အရမ္းျမန္ေနသည္။ထိုအခ်ိန္တြင္ ေဘးနား၌ဆူညံေနၾကလည္းပဲ နားထဲသို႔မ၀င္ေတာ့ေပ။
"ကေလးမ..."
ခုဏကအမ်ိဳးသမီးႀကီး၏ မ်က္၀န္းေတြကိုလိုက္ၾကၫ့္ေနမိသည္။သူေခါင္းခါျပလိုက္သၫ့္အခ်ိန္မွာ ပံုရိပ္၏ စိတ္အစဉ္ဟာ ေလးလံထိုင္းမိႈင္းသြားခဲ့သည္။စာတိုက္ရႈံး၏ အျပင္ဘက္သို႔ေရာက္ေသာအခါမွာ အသားျဖဴသူျဖစ္၍ တစ္ခ်ိန္လံုးမတ္တပ္ရပ္ေနရေသာ ေျခေခ်ာင္းၾကားေလးေတြ
နီတက္ေနတာကို ျမင္လိုက္ရသည္။
စာတိုက္ရံုး၏လမ္းဟိုဘက္တြင္ ကားလမ္းႀကီးကိုရွင္းရွင္းလင္းလင္းျမင္ေနရ၍ ကိုယ့္အိမ္သို႔ျပန္ေသာ လမ္းဘက္သို႔ေငးေမ်ွာ္ၾကၫ့္မိသည္။
ေလ်ွာက္လာခဲ့ရ၍ ကုန္ဆံုးသြားေသာအခ်ိန္ေတြ၊
အသံုးျပဳခဲ့ရေသာ အားအင္ေတြအားလံုး
အလကားျဖစ္ကုန္ပါၿပီ။
ကိုယ့္ေခါင္းကို ခပ္ျပင္းျပင္တစ္ခ်က္ရိုက္ပစ္လိုက္သည္။
"စိတ္ကူးေတြယဉ္မေနပါနဲ႔ေတာ့..ပံုရိပ္ရယ္...
ဘာေတြကိုမ်ားေမ်ွာ္လင့္ေနေသးတာလဲ..
နင္ဟာမိဘမဲ့တစ္ေယာက္ျဖစ္ဖို႔ကံဇာတာပါလာခဲ့ပါၿပီ...ေနာက္ေၾကာင္းကိုျပန္မလွၫ့္ခ်င္ပါနဲ႔ေတာ့...ဒုကၡပင္လယ္ထဲမွာေမ်ာလာၿပီးၿပီပဲ...
ကမ္းဆိုတာကို..လိုက္ရွာမေနပါနဲ႔ေတာ့...နင္ဟာကမ္းမဲ့တဲ့..ပင္လယ္ထဲမွာတစ္သတ္လံုးေမ်ာလြင့္ရမဲ့ေလွတစ္စင္းပဲ...တိုက္ခ်င္တဲ့မုန္းတိုင္းတိုက္ပါေစ..ေလနီၾကမ္းတိုက္လို႔...ေလွကေလးအက္ကဲြပါေစ..ေလွာ္တက္ေတျြပဳတ္ထြက္ၿပီး...က်ိဳးပဲ့ရလည္းဒါဟာကိုယ္ပိုင္ဆိုင္ရမဲ့ဘ၀ပဲ...နင္ဒီဘ၀မွာပဲတစ္သက္လံုးေနလိုက္ပါေတာ့...."
ေမ်ွာ္လင့္ခ်က္လမ္းစေလးေတြကို တစ္စဆီေျခရာလိုက္ေကာက္ေနမိသၫ့္ ပံုရိပ္သည္ လမ္းေပ်ာက္သြားခဲ့ပါၿပီ။ကိုယ္မုန္းတီးသၫ့္လူ၏ ၾကမ္းတမ္းျပင္းရွေသာ အေျပာေတြေအာက္မွာ ေခါင္းငံု႔ၿပီးသာေနဖို႔ ဆံုးျဖတ္လိုက္ၿပီး ေနာက္ေၾကာင့္သို႔သာျပန္လွၫ့္လာမိသည္။
"တီ...!!!!!!တီ...."
သံရွည္ဆဲြၿပီးဟြန္းတီးေနေသာ ကားႀကီးေၾကာင့္ လမ္းေဘးသို႔ကပ္၍ရပ္လိုက္မိသည္။ဒီကားလမ္းမႀကီးေပၚမွာ ဘ၀ကိုအဆံုးသတ္လိုက္ရင္ေကာင္းမလား။ေျခလွမ္းေတြဟာ လမ္းလည္ေခါင္သို႔ယိုင္က်ခ်င္ေနေပမဲ့ သတိႏွင့္ထိန္းထားမိသည္။
မေသဆံုးခင္မွာလည္း အဆံုးမရိွေသာနာက်င္မႈကိုအလူးအလဲခံစားရမွာျဖစ္သလို ေကာင္းမြန္တဲ့ဘံုဘ၀ႏွင့္ ကဲြလဲြ၍ငရဲသို႔ကူးေျပာင္းရမွာေသခ်ာသည္။
လက္ရိွဘ၀မွာ ပူေလာင္လြန္းလို႔အဆံုးသတ္လိုက္ၿပီးခါမွ ထပ္ၿပီးပူေလာင္ရလ်ွင္ ဒီမီးေတာက္ကဘယ္မွာ အဆံုးသတ္ပါလိမ့္မလဲ။
ပံုရိပ္သာ ကိုယ့္ကိုကိုယ္အဆံုးစီရင္သြားခဲ့ရင္ အေဒါ့္ခမ်ာရင္ကဲြေလာက္ေအာင္ ခံစားရလိမ့္မယ္။
သူ႔ေၾကာင့္ဆိုသၫ့္ စိတ္ေဝဒနာေတြနဲ႔ေလာင္ႃမွိုက္ေနရမွာေပါ့။အားလံုးစိတ္ဆင္းရဲရမဲ့ အလုပ္ထက္ကိုယ္တစ္ကိုယ္ထဲသာ အရာအားလံုးကိုေပြ့ပိုက္ထားပါေတာ့မယ္။
ၿခံ၀တြင္ ေျခအစံုရပ္လိုက္ၿပီးေနာက္ ၀မ္းနည္းမႈေတြဖံုးလႊမ္းေနေသာ ကိုယ့္မ်က္ႏွာကိုျပန္ျပင္လိုက္မိသည္။ဒီအခ်ိန္အေဒၚအိမ္မွာရိွပါက ပံုရိပ္ကိုစိုးရိမ္ေနေပလိမ့္မယ္။ၿခံတံခါးကို တြန္းဖြင့္ၿပီး ကိုယ့္အိမ္ေလးရဲ့တံခါး၀ကိုေရာက္ေတာ့ အိမ္တံခါးကဖြင့္ထားၿပီး မိစုႏွင့္ထြန္းကိုသည္ ထမင္းပန္းကန္ကိုယ္စီႏွင့္ ထမင္းစားေနၾကေလသည္။
"မႀကီး....အခုမျွပန္လာတာလားဗ်ာ..."
အိမ္ေပၚသို႔တက္တက္ခ်င္း မသာမယာျဖစ္ေနေသာမ်က္ႏွာေလးႏွင့္ထြန္းကိုသည္ ထမင္းလုတ္ကိုဝါးလ်ွက္ ေျပာသည္။မိစုကလည္းပံုရိပ္ကိုမ်က္လံုးျပဴးေလးႏွင့္ၾကၫ့္ေနေလသည္။
"ထြန္းကို...နင္ေက်ာင္းမသြားဘူးလား...."
"ဟင့္အင္း....ေမႀကီးမွေနမေကာင္းတာ..."
"ဟင္...."
"အဟြတ္....အဟြတ္...."
"အဟြတ္....အဟြတ္..."
ထိုစဉ္ အိမ္ေခါင္းရင္းဘက္၍ ေကြးေကြးေလးအိပ္ေနေသာေဒၚေလးဆီမွ ေခ်ာင္းဆိုးသံကိုၾကားလိုက္ရသည္။အဆက္မျပတ္ ရင္ေခါင္းထဲမွလိႈက္၍ဆိုးေနေသာေၾကာင့္ ပံုရိပ္လည္းေျခသံဖြဖြနင္းသြားၿပီး မ်က္စိေတြေမွးစင္းထားသၫ့္ ေဒၚေလး၏နဖူးကိုစမ္းၾကၫ့္လိုက္မိသည္။
"ဟာ...ကိုယ္ေတြပူက်စ္ေနတာပဲ..."
ေဒၚေလး၏နဖူးႏွင့္ပါးျပင္သည္ မီးခဲကဲ့သို႔ပူက်စ္ေနေလသည္။ေဆးခန္းမသြားထားဘူးဆိုတာ ေသခ်ာသည္။ပံုရိပ္လည္း စဉ္းစားမရတဲ့အဆံုးေဒၚေလးကို ေဆးခန္းသြားရန္ တိုက္တြန္းဖို႔ဆံုးျဖတ္လိုက္သည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၁)🔥 ဒုတိယပိုင္းဆက္ဖတ္ရန္

No comments:
Post a Comment