🔥ဆူးကြိုး...🔥အခန်း(၂၂)🔥 ဒုတိယပိုင်း


  (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၂)🔥  ဒုတိယပိုင်း 

သုံးရက်တာအတွင်းအလုပ်လုပ်ခဲ့ရစဉ်ကြုံတွေ့ခဲ့ရသောအတွေ့အကြုံတွေကိုပြန်တွေးရင်းနှင့်ပင် ချစ်မင်းတို့နေသောကျူးကျော်ရပ်ကွက်လေးထဲသို့ရောက်လာခဲ့သည်။လမ်းကလေးဟာ ကျဉ်းမြောင်းပြီးအိမ်ကလေးတွေကလည်း စီထွက်နေသည် ။ကျူးကျော်ရပ်ကွက်ဆိုပြီးလည်းအထင်သေးလို့မရပေ အချို့တွေကအိမ်လခမပေးရသောကြောင့် ကိုယ်တွေထက်တောင်ပိုက်ဆံရှိသေးသည်။


ကျူးကျော်တွင် ရွှေတွဲလဲ၊ငွေတွဲလဲဖြစ်နေကြသောလူများလည်း နေထိုင်သလိုတကယ့်ကိုမရှိ၍ ရွှေတိဂုံဘုရားနားတွင်တောင်းရမ်းစားနေကြသောသူများလည်း နေထိုင်သည်။တောင်းစားရသည့်အခြေအနေဆိုပေမဲ့ အချို့လူတွေကကိုယ်တွေထက်တောင် ၀တ်နိုင်စားနိုင်တွေရှိသေးသည်။


ပုံရိပ်တို့၏ရပ်ကွက်ထဲရှိ လိုင်းခန်းတစ်ခုတွင်တော့ ကုလားလို့ခေါ်ကြသော ဂင်တိုတိုနှင့်လူသည် သူ၏အိုမင်းမစွမ်းတော့သောမွေးစားအမေအိုကြီးအား နေ့စဥ်နေ့တိုင်းဈေးထဲနှင့်ဘုရားဘက်တွေမှာ သွားချထားလေ့ရှိပြီး တောင်းရမ်းခိုင်းလေသည်။


ရသမျှပိုက်ဆံကိုတော့ သူတို့သာသုံးဖြုန်းကြပြီး အဖွားကြီးကိုတော့ မသဒ္ဒါရည်စာလေးသာ ကျွေးမွေးသည်။ထို့ကြောင့် အဖွားကြီးသည်တစ်နေ့ထပ်တစ်နေ့  အိုရသည့်ကြားမှအရိုးပေါ်အရည်တင်ဖြစ်လာရသည်။ထိုသို့ဖြစ်လေ တောင်းရမ်းခိုင်းလို့ပိုကောင်းလေဖြစ်သည်။


ပုံရိပ်သည် ကိုယ်နှင့်မဆိုင်ပေမဲ့ထိုကုလားဆိုသည့်လူနှင့် သူ့မိသားစုကိုအင်မတန်ရွံရှာမိသည်။ဖြစ်နိုင်လျှင် ဘုရားလောင်းနေမိမင်းနတ်ပြည်သို့ကြွရင်းနှင့် မြင်ခဲ့ရသောငရဲဘုံများတွင် တစ်ဆင့်ပြီးတစ်ဆင့်ငရဲခံရစေချင်သည်။ဒါမှသူတို့မှတ်မှာ။


ကိုယ့်အတွေးနှင့်ကိုယ်လျှောက်လာရင်းမှ ချစ်မင်းတို့၏အိမ်အရှေ့သို့ရောက်သောအခါတွင် အိမ်ရှေ့၌ ငုတ်တုတ်ထိုင်လျှက်ဖြင့် မှိုင်နေသောချစ်မင်းလေးကိုတွေ့ရလေသည်။


ဒီကလေးသည် အမြဲတက်ကြွလမ်းဆန်းနေတတ်သော ကလေးဖြစ်သောကြောင့်

မှိုင်နေသည်ဆိုတည်းကတစ်ခုခု ထူးထူးကဲကဲစိတ်ညစ်စရာရှိလို့ပဲနေမည်။အရင်တွေ့တုန်းကတော့ ပုံရိပ်ရောက်လာတာနှင့်သူတို့အိမ်ရှေ့တွင် ငှားထားသည့်လှည်းကိုအမြဲရပ်ထားလေ့ရှိသည် သည်နေ့တော့ထိုလှည်းကိုမတွေ့ရပေ။


"ဟေ့...ချစ်မင်း ..အပေါက်၀မှာထိုင်ပြီး ဘာတွေထိုင်ငေးနေတာလဲ..."


ပုံရိပ်မေးလိုက်တော့ ချစ်မင်းသည်သက်ပြင်းမောကို ခပ်သာသာရှိုက်လိုက်ပြီး မျက်ရည်တွေလည်းဝဲကျလာသည်။ပုံရိပ်လည်း ကောင်လေးငိုနေတော့ဘာလုပ်လို့လုပ်ပေးရမှန်းမသိတော့ပေ။အိမ်ပေါ်တွင်တော့ မနက်ခြောက်နာရီခွဲကျော်ရုံသာရှိသေး၍

ချစ်မင်း၏အမေသည် အိပ်မောကျနေရှာသည်။

သူ့အမေကြားသွားမှာစိုး၍ထင်သည်

ကောင်လေးသည် အသံတိတ်၍သာရှိုက်သည်။


"ဘာဖြစ်တာလဲ...ချစ်မင်းရယ်..မကြီးကိုပြောပြစမ်းပါ...."


"ကျွန်တော်တို့ပုံမှန်ယူနေကြလှည်းငှားတဲ့အိမ်က မငှားတော့ဘူးတဲ့ဗျ...."


"ဟယ်...ဘယ်လိုဖြစ်ရတာလဲ..."


"သူတို့ကခြံရောင်းပြီး...အခြားမြို့ကိုပြောင်းတော့မှာတဲ့...လှည်းတွေကိုလည်းရောင်းတော့မှာမို့ မငှားတော့ဘူးတဲ့ဗျာ...သားတို့ဘယ်လိုလုပ်ကြမလဲ...အခြားလှည်းငှားတဲ့နေရာလည်းသားမသိဘူးမကြီးရယ်..."


"ဒါကတော့...ကံပေါ့ဟယ်...ကံကြမ္မာကငါတို့ကို ဒီအလုပ်ဆက်မလုပ်စေချင်တော့လို့

နေမှာ‌ပေါ့...."


"ဟေ့....ချစ်မင်းတစ်ယောက်...ဘာတွေငိုနေတာလဲ...."


အပေါက်၀တွင်ချစ်မင်းငိုနေ၍ ပုံရိပ်ချော့နေ‌စဉ် အိမ်ရှေ့မှဖြစ်လျှောက်သွားသောလူကြီးတစ်ယောက်သည် အထူးတလည်မေးလာလေသည်။သူ့ဘေးတွင်လည်းသူ့သမီးဖြစ်ဟန်တူသည့် အစ်မတစ်ယောက်သည် ထမင်းချိုင့်ကလေးကို ကိုင်လျှက်ကြည့်လာသည်။ချစ်မင်းသည်လည်း မျက်ရည်တွေကိုသုတ်လိုက်ပြီးနောက် ထိုဦးလေးကြီးဘက်သို့မဝံ့မရဲကြည့်လျှက် စကားဆိုလေသည်။


"ဦးလေးမင်းသူ...ပန်းရံသွားလုပ်မလို့လား..."


"အေးလေ...ဒီမှာငါ့သမီးနဲ့အတူတူဆင်းမလို့..."


"ကျွန်တော်ရောလိုက်လို့ရမလား..."


"ဟေ... "


ဦးမင်းသူအမည်ရသော ပန်းရံဆရာကြီးသည် အသက်ကလေးဆယ်ကျော်နေလေပြီ။

သူသည် မြေနီကုန်းဘက်ရှိဆောက်လုပ်ရေးဆိုက်တွင်အလုပ်၀င်လုပ်နေပြီး ပုံရိပ်နှင့်ထွန်းဝေလည်းသူနှင့်အတူ အလုပ်လုပ်ကြရန်မြေနီကုန်းသို့ ဖယ်ရီနှင့်ကပ်သပ်၍လိုက်ခဲ့ကြလေသည်။


အမှန်တွင်တော့ ပုံရိပ်တို့တွင် ဆောက်လုပ်ရေးဆိုက်ထဲ၌ လုပ်ရန်အစဦးကတင်ရည်ရွယ်ချက်မရှိ‌ခဲ့ပေ။သို့ပေမဲ့ ယခုတော့လုပ်နေရလေပြီ။အသက်မပြည့်သေးပေမဲ့ သန်မာသောချစ်မင်းသည် ဘိလပ်မြေဖျော်ရသောအလုပ်နှင့်အုပ်နီခဲသယ်ရသောအလုပ်ကိုလုပ်ရလေသည်။


သူတို့ကလှည်းနှင့်အုပ်နီခဲလာသယ်နိုင်ရန်

ပုံရိပ်တို့မိန်းကလေးအုပ်စုက အုပ်နီခဲလေးတွေကိုစီပြီး လှည်းထဲသို့တင်ပေးရလေသည်။

ကိုယ်တိုင်တွန်းနိုင်လျှင်လည်း တွန်းလို့ရပေမဲ့ ပုံရိပ်ကတော့မတွန်းနိုင်ပေ။ယခုဆောက်မည့်အဆောက်အဦးသည် သုံးထပ်တိုက်ဖြင့်ဆောက်သောဇိမ်ခံအိမ်ကြီးဖြစ်သဖြင့် အင်ဂျင်နီယာနှင့်အပ်ထားသော အိမ်ကြီးဖြစ်လေသည်။


အင်ဂျင်နီယာသည် ခဏခဏမလာသော်ငြားလည်း တစ်ခါတစ်ခါတော့လာကြည့်သည်ဟုဆိုသည်။လူအင်အားသုံး၍ဆောက်နေသော အိမ်ကြီးသည်ပြီးစီးပါကဘယ်လောက်တောင် လှပလိုက်မလဲနော်။

ဒီအဆောင်အဦးကြီး၏အိပ်ခန်းတစ်ခန်းသည် ပုံရိပ်တို့နေသောအခန်းငယ်လေးထက်အဆပေါင်းများစွာ ကြီးလောက်မည်။

ကွာခြားလိုက်သည့် ဘ၀တွေပါလေ။


ပုံရိပ်သည်မြို့ထဲသို့ရောက်နေသော်ငြားလည်း ဘေးပတ်၀န်းကျင်ကိုမကြည့်အားပေ။ဘာအစီအစဉ်မှမရှိပဲ ဗြုန်းစားကြီးလိုက်လာရ၍ နေပူတာတောင်ဆောင်းဖို့ဦးထုပ်မရှိပေ။ချွေးတွေသည် တစ်ကိုယ်လုံးရွှဲနစ်နေ၍ အရည်တောင်ညှစ်ချလိုက်ရလောက်သည်။


အရေးတည်းဗိုက်ကလည်းဆာလာပြန်သည်။ညနေအလုပ်ဆင်းမှလုပ်ခရမည်ဖြစ်၍ ထမင်းစားဖို့ရာလည်းလောလောဆယ်ပိုက်ဆံကတစ်ပြားမှပါမလာပေ။ချစ်မင်း ထမင်းစားဆင်းတော့မှသူ့ဆီကနေပိုက်ဆံချေးရန်တွေးလိုက်သည်။


ရုတ်တရက် အုတ်တွေသယ်နေရင်းမှ အပေါ်သို့မျက်လုံးလှန်၍ကြည့်လိုက်မိချိန် ငြမ်းဆင်ထားသည့်အပေါ်မှ ဆင်းလာသောရန်သူ

ဦးသက်ဆွေကို တွေ့လိုက်ရကာချက်ခြင်းပဲခေါင်းကိုငုံ့၍ပုန်းလိုက်ရသည်။


နှလုံးခုန်နှုန်းတွေလည်း ဆောင့်တက်လာသလားမှတ်ရသည်။ဒီလူကြီးပုံရိပ်ကိုမြင်လို့မဖြစ်ပေ။သူကနေတစ်ဆင့်ဒေါ်လေးသိသွားခဲ့ရင် ပြဿနာတွေရှုပ်သွားလိမ့်မည်။

စိတ်ထဲမှာတော့ ဦးသက်ဆွေသည်ပုံရိပ်ကိုမမြင်လိုက်ဘူးဟု တထစ်ချယုံကြည်ထားလိုက်မိသည်။


မြင်သွားတော့လည်း ဘာဂရုစိုက်ရမှာလဲ။

ပုံရိပ်ကို ယခုလိုအလုပ်လုပ်စေချင်နေတာတစ်ပိုင်းသေနေလောက်မည်။သူပျော်နေမှာပေါ့။ပုံရိပ်ကျောင်းမတက်လေသူပျော်လေ‌ဖြစ်နေလိမ့်မည်။ဒီနေ့နှင့်ဆိုလျှင်ပုံရိပ်ကျောင်းပျက်တာ လေးရက်တိတိရှိသွားလေပြီ။ဒီကြားထဲမှာ ဆရာနေမျိုး၏အတန်းကိုမတက်တာလည်း လေးရက်ရှိနေလေပြီ။


အဒေါ်နေမကောင်းသည့်နေ့ကတည်းကခွင့်တိုင်ထားရာကနေ ယနေ့အထိပျက်ကွက်မိတဲ့ပုံရိပ်ကိုဆရာစိတ်ဆိုးလေမလား၊အပစ်တင်လေမလား။ဘယ်လိုပဲဖြစ်ပါစေ။ပုံရိပ်ဆရာ့ဆီသို့ ပြန်မသွားဝံ့တော့ပြီ။


ဆရာ့မျက်နှာကို ဝံ့ရဲစွာကြည့်နိုင်သော သတ္တိမျိုးရှိမရှိတဲ့ ပုံရိပ်ကို ဆရာခွင့်လွှတ်ရင်သိပ်ကောင်းမှာပဲ။

အကွယ်လေးမှာ ပုန်းနေမိရာမှ ပုံရိပ်မျက်ရည်ဝဲမိပါသည်။သို့ပေမဲ့မျက်ရည်မကျအောင်တော့ အတတ်နိုင်ဆုံးထိန်းသိမ်းထားပါသည်။


"မင်းကွာ...လာမဲ့လာတော့လည်းဆိုက်ဆိုက်မြိုက်မြိုက်ကြီး.. အလုပ်ခွင်ကိုမှတန်းလာရသလား...."


"အော်..၀င်‌‌ငွေကြမ်းနေတဲ့အင်ဂျင်နီယာကြီးကိုတွေ့ချင်တော့လည်း...အလုပ်ခွင်အထိလိုက်လာရတာပေါ့ကွာ...ဟိုကောင်တွေကလည်းမင်းကိုစောင့်နေကြတယ်...အလုပ်လက်စသတ်ပြီးမြန်မြန်လိုက်ခဲ့တော့...တို့တွေမတွေ့ရတာ....ဘယ်လောက်ကြာပြီလည်း...

ငါလည်း...နောက်အလုပ်အသစ်ပြောင်းတဲ့အချိန်မို့ အားနေတာ...မဟုတ်ရင်ငါ့မျက်နှာတောင်မြင်ရမှာမဟုတ်ဘူး...."


"ဆရာ..."


ရင်းနှီးသော အသံတစ်ခုကြောင့်အနောက်သို့လှည့်ကြည့်လိုက်မိတော့ စိတ်ထဲတွင်ထင်နေသည့်အတိုင်း ဆရာနေမျိုးဖြစ်နေသည်။

ဆရာသည် မြို့ထဲသို့လာလျှင်၀တ်နေကြအတိုင်း စတိုင်လ်ပဲန်အညိုနှင့်ရှပ်ကော်လံကို တွဲဖက်၍၀င်ဆင်ထားလျှက် ကျောပိုးအိတ်ကိုလွယ်ထားလေသည်။

ဆရာ့ကိုမြင်သည်နှင့် မကျအောင်တားဆီးထားသောမျက်ရည်များသည် မိုးများရွာသွန်းလိုက်သလို ဖြိုးဖြိုးဖျောက်ဖျောက်စီးကျလာခဲ့သည်။


အသံကလေးတိမ်၀င်ပြီး ဆရာ့နာမည်ကိုခပ်တိုးတိုးရေရွတ်လိုက်ပေမဲ့ နားလျှင်သည့်ဆရာသည်နေရာမှာတင်ကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်တန့်လျှက် ပုံရိပ်ကိုအံ့ဩတကြီးကြည့်နေလေသည်။


ဆရာ့မျက်၀န်းများသည် ယုံတစ်၀က်၊မယုံတစ်၀က်ပုံစံဖြစ်နေပြီး ဆရာ့မေးရိုးတွေနှင့် နားထင်ကြောတွေတင်းမာလာသည်ကို တွေ့လိုက်ရသည့်အခါ ဆရာ့မျက်၀န်းတွေနှင့် ရင်ဆိုင်ရမှာကြောက်ရွံ့မိသောကြောင့် ပုံရိထိုနေရာမှမြန်မြန်လှည့်ထွက်လာခဲ့လိုက်သည်။ပြေးပုန်းတာဆိုလျှင် ပိုမှန်ပါလိမ့်မယ်။လူကြီးမိဘတွေမသိပဲ လုပ်သောအလုပ်သည် သမာအာဇီ၀ဘယ်လောက်ကျကျ တကယ်ကိုကျောမလုံနိုင်ပေ။


"ပုံရိပ်...လာခဲ့...."


"ဆရာ...."


ပုံရိပ်၏မျက်၀န်းထဲတွင် မျက်ရည်တို့ပြည့်လျှံနေခဲ့လေပြီ။ဆရာဆွဲခေါ်ရာနောက်သို့ ပုံရိပ်လိုက်ပါလာခဲ့သည်။ပုံရိပ်၏လက်ကောက်၀တ်ကို အားပြင်ပြင်းဆွဲယူလာသော ဆရာ့ပုံသဏ္ဍန်သည် ပထမဦးဆုံးစတွေ့စဉ်ကကဲ့သို့ ခက်ထန်လွန်းနေသလိုခံစားရသည်။


တော်ရုံစိတ်မဆိုးတတ်သည့်ဆရာ ၊တော်ရုံဆို‌ ဒေါသထွက်ခဲသောဆရာသည် ပုံရိပ်ကြောင့်သောကတစ်ခုကို ရင်မှာခံစားနေရရှာလေပြီ။တပည့်မတစ်ယောက်ကို ဆောက်လုပ်ရေးဆိုက်မှအလုပ်သမားအဖြစ်မြင်လိုက်ရတော့ တုန်လှုပ်သွားလောက်သည်။ပုံရိပ်ကတော့

ဥပက္ခာပြုပေးဖို့ကိုသာ ဆုတောင်းမိသည်။


"နေမျိုး...မင်းပဲငါ့ကိုလာခေါ်တာဆို...အခုဘယ်သွားမလို့လည်း...ဒီကောင်မလေးကရောဘယ်သူလည်း...."


"အေး...စိတ်ရှုပ်စရာလေးပေါ်လာလို့...မင်းဘာသာဟိုကောင်တွေဆီကို သွားလိုက်တော့ကွာ...ငါအားမှထပ်ချိန်းကြတာပေါ့..."


"ဟာ...နေမျိုး...ဟေ့...."


ပုံရိပ်ကိုစိတ်ရှုပ်စရာလို့ ထင်မြင်လျှက်နှင့်ဘာကြောင့်များ မရမကခေါ်လာလေသလဲဆရာရယ်ဟု ပုံရိပ်ရင်ထဲမှပြောမိပေမဲ့ ဆရာကတော့စကားလေးတစ်ခွန်းတောင်မဟပဲ ကားဂိတ်ဆီသို့ဆွဲခေါ်သွားလေသည်။

တက္ကစီငှား၍မရခင်အထိ ပုံရိပ်၏လက်ကိုတင်းကျပ်စွာ ကိုင်ထားသည့်ဆရာသည် ပုံရိပ်ထွက်ပြေးမည်ကိုအင်မတန်စိုးရိမ်နေပုံရသည်။


"၀င်...ကားထဲကိုမြန်မြန်၀င်...."


"ဘယ်လည်းဆရာ..."


"အိမ်ပြန်မယ်..."


"ဟင့်အင်းဆရာ...နေ့တစ်၀က်လောက်လုပ်ပြီးပြီ...ဒီအတိုင်းပြန်ရင်လုပ်အားခမရပဲနေမှာပေါ့..."


"ပုံရိပ်...ဆရာဒေါသမထွက်ချင်ဘူးနော်...ကားထဲကိုအခု၀င်..."


ဆရာသည်ပုံရိပ်ကိုအဖေတစ်ယောက်လို၊အစ်ကိုတစ်ယောက်လို စိုးရိမ်ခြင်းဖြစ်ထွန်းစွာ ဆူငေါက်လာသည်။ပုံရိပ်သည်လည်း 

ဆရာ့ကိုကြောက်၍ ကားထဲသို့၀င်ထိုင်ကာငြိမ်လိုက်မိသည်။နှစ်မှတ်တိုင်လောက်ကျော်သည်အထိ ဆရာသည်ပုံရိပ်ကိုစကားလုံး၀မပြောပေ။


ဆရာ့မျက်နှာသည် ရှူတင်းတင်းကြီးဖြစ်လျှက် ကားပြတင်းအပြင်သို့သာငေးမောနေခဲ့သည်။လေတစ်ချက်တိုက်လိုက်တိုင်း ဆရာ့ကိုယ်မှစံပယ်ကိုယ်သင်းရနံ့သည် ပုံရိပ်ဘက်သို့လွှင့်ပျံ‌လာပေမဲ့ ပုံရိပ်၏ခန္ဓာကိုယ်တွင်တော့ ချွေးနှင့်အုတ်စော်တွေသာ ကပ်ငြိနေလေသည်။ပုံရိပ်သည် ခပ်ကြုံ့ကြုံ့အနေအထားနှင့် ကားပြတင်းအနားသို့ကပ်၍ထိုင်မိသည်။


"ဒီမှာလာလုပ်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ..."


"ဒီတစ်ရက်တည်းပါ...."


"ဒါဆိုရင်ကျန်တဲ့သုံးရက်ကရောဘယ်မှာလေလွင့်နေတာလဲ...ငါလည်းမအားတာနဲ့...တပည့်ဖြစ်သူကိုစိတ်ချတာ‌ပါပေါင်းပြီး အိမ်ကိုလိုက်မကြည့်မိတာမှားတာပဲ...."


ဆရာ့ပြောဆိုပုံအရ ပုံရိပ်သည်အလေလိုက်နေသော လူဆိုးမလေးဖြစ်သွားချေပြီ။

ဆရာပုံရိပ်ကို ဆူနိုင်သည်။ဆဲနိုင်သည်။ရိုက်နိုင်သည်။ဒါပေမဲ့ ဒီလိုစွပ်စွဲတာကိုတော့ ပုံရိပ်မခံစားနိုင်ပေ။


"သမီးအလေလိုက်နေတာမဟုတ်ဘူးဆရာ...

ချစ်မင်းဆိုတဲ့ကလေးနဲ့အလုပ်လိုက်လုပ်နေတာ တစ်နေ့ခြောက်ထောင်ရတယ်..."


"တော်တော်များတာပဲ အဲ့ဒီ့ငွေခြောက်ထောင်နဲ့ကိုယ့်ရဲ့ပညာရေးကို အဆုံးသတ်ပစ်လိုက်တယ်ပေါ့...မင်းတော်တော်မိုက်တဲ့မိန်းကလေး..."


"အဲ့ဒီ့ငွေခြောက်ထောင်ကဆရာ့အတွက်တော့နည်းတာပေါ့ဆရာ...ပုံရိပ်အတွက်တော့ဘုရားတစ်ဆူလိုပဲ..."


"ဘာလို့အဲ့လောက်လောနေတာလဲပုံရိပ်

..မင်းအရွယ်ကပညာရှာရမယ့်အရွယ်လေ...မင်းရှိရမဲ့နေရာကကျောင်းစာသင်ခန်းပဲ...ဒါကိုမင်းနားလည်ထားရမယ်..."


"ဆရာပြောတာသိပ်မှန်ပါတယ်...ဒါပေမဲ့...

ကိုယ့်၀မ်းနာတာကိုကိုယ်ပဲသိပါတယ်ဆရာရယ်..ပုံရိပ်အိမ်မှာဘယ်လိုအပြောခံနေရသလဲဆိုတာဆရာမှမသိပဲ...မျက်တောင်မွှေးတဆုံးပဲကြည့်တယ်လို့ဆိုဆို...ပညာရေးဆိုတာအခုရေတွင်းတူးပြီး အခုရေကြည်သောက်လို့ရတဲ့အရာမဟုတ်ဘူး...ဇနကမင်းကြီးတောင်မှ ရဟန်းပြုဖို့အရာအားလုံးကိုစွန့်ထားခဲ့သေးတာပဲ...ပုံရိပ်ကမြတ်စွာဘုရားလိုပါရမီမရင့်သန်လို့အကုန်မစွန့်လွှတ်နိုင်ပေမဲ့...ပညာရေးကိုတော့စွန့်လွှတ်လိုက်ပြီဆရာ..."


"ဟာ...."


ပုံရိပ်၏ယတိပြတ်စကားကြောင့်ဆရာစွံ့အသွားသလို အံ့ဩတကြီးပုံရိပ်ကိုကြည့်လာသည်။ဆရာ့မျက်နှာတွင်စာနာမှုကိုလည်းတွေ့ရသည်။အသနားပိုနေသည်ကိုလည်းတွေ့ရ‌ လေသည်။နောက်တဖန်စိတ်ပျက်အားလျှော့မှုတွေရောပေါ့။ဆရာ့အနေနဲ့ပုံရိပ်အပေါ်ကိုမျှော်လင့်ချက်ကြီးကြီးမထားစေချင်ပါ။


ဖြစ်နိုင်လျှင် တပည့်အဖြစ်ကနေပါစွန့်ပစ်လိုက်ကြောင်း ပြောထွက်စေချင်သည်။သို့ပေမဲ့ဆရာ့လိုလူဟာ ဒီလိုစကားကိုတစ်သတ်လုံးပြောထွက်မည့်လူမဟုတ်ပေ။


ဆရာ့ကိုကြည့်ရမှာ စိတ်မလုံသဖြင့် ကားပြတင်းဘက်သို့လှည့်၍သာငိုရှိုက်မိသည်။

ပုံရိပ်၏ စိတ်ထဲတွင်ဆရာ့၏ကူညီဖေးမကာ သင်ပြဆုံးမခဲ့သောအရာတွေကို တရိပ်ရိပ်တွေးကြည့်ရင်း အားနာလွန်းတာပဲသိသည်။

ပုံရိပ်လို တပည့်မိုက်ကိုလက်၀ယ်ပိုက်မိသည့်ဆရာ့ကို အားနာမိပါတယ်ဆရာရယ်။


"ပုံရိပ်...ဘာမှအားမငယ်ပါနဲ့...ဒီနေ့ကစပြီးပုံရိပ်ကို ဆရာထောက်ပံ့ပေးပါ့မယ်..."


လေသံတိုးတိုးဖြင့် ပြောလာသည့်

ဆရာ့၏နူးညံ့သောမျက်နှာသွင်ပြင်ကို ပုံရိပ်ငေးကြည့်လိုက်မိသည်။ဒေါ်လေးအပြင် ပုံရိပ်အပေါ်ကိုနားလည်ပြီးကောင်းမွန်ပေးနိုင်ဆုံးသူဟာ ဆရာဟုသတ်မှတ်ထားမိသည်မှာ 

ချွင်းချက်ဟူ၍မရှိတော့ပြီ။


"အဲ့လိုမလုပ်ပါနဲ့ဆရာ...ပုံရိပ်ပိုပြီးသိမ်ငယ်ရပါလိမ့်မယ်..သူတစ်ပါးအပေါ်ကိုအကြွေးတင်နေရတဲ့ခံစားချက်ကြီးကို မခံစားပါရစေနဲ့..

ကိုယ့်အားပဲကိုယ်ကိုးပါရစေ...ပုံရိပ်ကိုမျက်နှာလွှဲလိုက်ပါတော့...ပစ်ထားလိုက်ပါတော့...."


"ပုံရိပ်...ဆရာပုံရိပ်ကိုမျက်နှာလွှဲလိုက်လို့ရတယ်...မသိကျိုးကျွံပြုလို့ရတယ်...ဒါပေမဲ့အနာဂတ်ရဲ့ဒုက္ခပင်လယ်ဝေတဲ့တစ်နေ့ကိုတော့ မလွှဲမသွေရင်ဆိုင်ရလိမ့်မယ်...အရာရာတိုင်းကို တဇွတ်ထိုးလုပ်တာမကောင်းဘူး...

ကျောင်းပညာရေးကိုစွန့်လွှတ်လိုက်ပြီး...ဆောက်လုပ်ရေးဆိုက်ထဲမှာ၊စက်ရုံမှာစသဖြင့်လုပ်ပြီထား...တစ်သတ်လုံးဒီလိုပဲလုပ်သွားရမှာနော်...ဒါကိုတွေးမိရဲ့လား...

အခုပုံရိပ်ဒီအလုပ်ကိုလုပ်နေတာ လူကြီးတွေသိလား..."


"အဒေါ်မသိသေးဘူးဆရာ...."


"ပုံရိပ်ကိုစတွေ့တော့ ဆရာဘယ်လောက်စိတ်ပူသွားသလဲသိရဲ့လား...ကိုယ့်တပည့်တစ်ယောက်ကို ဒီလိုဘ၀မျိုးနဲ့ဆရာမြင်ချင်တာမဟုတ်ဘူး...ဒါဟာဆရာ့ရဲ့စေတနာဖြစ်သလို...ဆရာ့ရဲ့မာနလည်းဖြစ်တယ်..ပုံရိပ်ကိုဆရာပြောခဲ့တယ်လေ...အခက်အခဲတစ်ခုခုရှိလာတိုင်း...သူငယ်ချင်းတွေကိုပြော...အဒေါ့်ကိုပြော...ဒါမှမဟုတ်ဆရာကိုလည်းပြောပြလို့ရတယ်...ဘာကြောင့်တစ်ယောက်တည်းထင်သလို ဆုံးဖြတ်နေရတာလဲ...ဆရာတို့ကိုရှိတယ်လို့တောင်မထင်တာလား..."


"မဟုတ်ပါဘူးဆရာရယ်...ပုံရိပ်ကကိုယ့်ကြောင့်အခြားသူတွေပါ အပူကူးမှာစိုးလို့ပါ..."


"တော်တော့ပုံရိပ်...ဆရာစီစဉ်ပေးမယ်...

ဆရာ့စကားကိုပဲနာခံပါ..."


ဆရာသည်ခဏတာလောက် တွေတွေလေးစဉ်းစားလိုက်ပြီးနောက် ခေါင်းထဲတွင်အကြံတစ်ခုထင်ဟပ်လာသည့်နယ် လင်းလက်ကြည်လင်နေသော မျက်၀န်းများဖြင့်ပုံရိပ်ကိုကြည့်လာလေသည်။


"ကဲ...ဆရာအကြံရပြီ...ဒီလောက်အလုပ်လုပ်ချင်နေတဲ့ကလေးမ စာသင်ရမယ်...မူလတန်းလေးတွေကို အခကြေးငွေယူပြီးစာသင်ပေးရမယ်...ဆရာဆက်ပေးမယ်...ဟုတ်ပြီလား..."


"တကယ်လား...ဆရာ..."


"တကယ်ပေါ့...."


ပုံရိပ်က ၀မ်းသားအားရမေးမိတော့ ဆရာကလည်း၀မ်းသာအားရပြန်ပြောသည်။

ဆရာ့မျက်နှာသည် လန်းဆန်းမှုအတိဖြစ်သွားသကဲ့သို့ ပုံရိပ်သည်လည်းကျေနပ်သွားမိသည်။မူလတန်းလေးတွေကို စာသင်ပေးရသည့်အလုပ်ဟာမခက်ခဲပါဘူး။

အိမ်မှာတောင် ကလေးနှစ်ယောက်ကိုထိန်းနေရတာ အကျင့်ဖြစ်နေ၍ကလေးတွေကို ဘယ်လိုထိန်းချုပ်ရမလဲကောင်းကောင်းသိသည်။ကျောင်းလည်းပြန်တက်နိုင်သလို 

၀င်ငွေလည်းတစ်ဖက်တစ်လမ်းကရမည်။


"ဒါပေမဲ့...ကလေးက..ကလေးတွေကိုပြန်ထိန်းရမှာလုပ်နိုင်ပါ့မလား..."


"ဟာ...မလုပ်နိုင်ရိုးလားဆရာရယ်...သမီးကအဲ့လောက်လည်းမငယ်တော့ပါဘူး..."


"ဟုတ်ပါပြီ...အပျိုကြီးရယ်..."


ဆရာနှင့်စကားဝိုင်းသည်ဒေါသနှင့်စ၍အပြုံးနှင့်အဆုံးသတ်ခဲ့ရသည်။

ဆရာသည် ထိုကဲ့သို့သူတစ်ပါးအား ပြုံးရွှင်နေတာမျိုးပဲဖြစ်စေချင်သောသူပင်ဖြစ်သည်။

ဆရာသည် ပုံရိပ်အတွက်တော့ရှားရှားပါးပါးမြင်ရခဲသော သက်တံ့ရောင်စင်တန်းကလေးဖြစ်သည်။


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၂)🔥  ဒုတိယပိုင္း 


"ေဟ့...ခ်စ္မင္း ..အေပါက္၀မွာထိုင္ၿပီး ဘာေတြထိုင္ေငးေနတာလဲ..."


ပံုရိပ္ေမးလိုက္ေတာ့ ခ်စ္မင္းသည္သက္ျပင္းေမာကို ခပ္သာသာရိႈက္လိုက္ၿပီး မ်က္ရည္ေတြလည္းဝဲက်လာသည္။ပံုရိပ္လည္း ေကာင္ေလးငိုေနေတာ့ဘာလုပ္လို႔လုပ္ေပးရမွန္းမသိေတာ့ေပ။အိမ္ေပၚတြင္ေတာ့ မနက္ေျခာက္နာရီခဲြေက်ာ္ရံုသာရိွေသး၍

ခ်စ္မင္း၏အေမသည္ အိပ္ေမာက်ေနရွာသည္။

သူ႔အေမၾကားသြားမွာစိုး၍ထင္သည္

ေကာင္ေလးသည္ အသံတိတ္၍သာရိႈက္သည္။


"ဘာျဖစ္တာလဲ...ခ်စ္မင္းရယ္..မႀကီးကိုေျပာျပစမ္းပါ...."


"ကၽြန္ေတာ္တို႔ပံုမွန္ယူေနၾကလွည္းငွားတဲ့အိမ္က မငွားေတာ့ဘူးတဲ့ဗ်...."


"ဟယ္...ဘယ္လိုျဖစ္ရတာလဲ..."


"သူတို႔ကၿခံေရာင္းၿပီး...အျခားၿမိဳ႔ကိုေျပာင္းေတာ့မွာတဲ့...လွည္းေတြကိုလည္းေရာင္းေတာ့မွာမို႔ မငွားေတာ့ဘူးတဲ့ဗ်ာ...သားတို႔ဘယ္လိုလုပ္ၾကမလဲ...အျခားလွည္းငွားတဲ့ေနရာလည္းသားမသိဘူးမႀကီးရယ္..."


"ဒါကေတာ့...ကံေပါ့ဟယ္...ကံၾကမၼာကငါတို႔ကို ဒီအလုပ္ဆက္မလုပ္ေစခ်င္ေတာ့လို႔

ေနမွာ‌ေပါ့...."


"ေဟ့....ခ်စ္မင္းတစ္ေယာက္...ဘာေတြငိုေနတာလဲ...."


အေပါက္၀တြင္ခ်စ္မင္းငိုေန၍ ပံုရိပ္ေခ်ာ့ေန‌စဉ္ အိမ္ေရ႔ွမျွဖစ္ေလ်ွာက္သြားေသာလူႀကီးတစ္ေယာက္သည္ အထူးတလည္ေမးလာေလသည္။သူ႔ေဘးတြင္လည္းသူ႔သမီးျဖစ္ဟန္တူသၫ့္ အစ္မတစ္ေယာက္သည္ ထမင္းခ်ိဳင့္ကေလးကို ကိုင္လ်ွက္ၾကၫ့္လာသည္။ခ်စ္မင္းသည္လည္း မ်က္ရည္ေတြကိုသုတ္လိုက္ၿပီးေနာက္ ထိုဦးေလးႀကီးဘက္သို႔မဝံ့မရဲၾကၫ့္လ်ွက္ စကားဆိုေလသည္။


"ဦးေလးမင္းသူ...ပန္းရံသြားလုပ္မလို႔လား..."


"ေအးေလ...ဒီမွာငါ့သမီးနဲ႔အတူတူဆင္းမလို႔..."


"ကၽြန္ေတာ္ေရာလိုက္လို႔ရမလား..."


"ေဟ... "


ဦးမင္းသူအမည္ရေသာ ပန္းရံဆရာႀကီးသည္ အသက္ကေလးဆယ္ေက်ာ္ေနေလၿပီ။

သူသည္ ေျမနီကုန္းဘက္ရိွေဆာက္လုပ္ေရးဆိုက္တြင္အလုပ္၀င္လုပ္ေနၿပီး ပံုရိပ္ႏွင့္ထြန္းေဝလည္းသူႏွင့္အတူ အလုပ္လုပ္ၾကရန္ေျမနီကုန္းသို႔ ဖယ္ရီႏွင့္ကပ္သပ္၍လိုက္ခဲ့ၾကေလသည္။


အမွန္တြင္ေတာ့ ပံုရိပ္တို႔တြင္ ေဆာက္လုပ္ေရးဆိုက္ထဲ၌ လုပ္ရန္အစဦးကတင္ရည္ရြယ္ခ်က္မရိွ‌ခဲ့ေပ။သို႔ေပမဲ့ ယခုေတာ့လုပ္ေနရေလၿပီ။အသက္မျပၫ့္ေသးေပမဲ့ သန္မာေသာခ်စ္မင္းသည္ ဘိလပ္ေျမေဖ်ာ္ရေသာအလုပ္ႏွင့္အုပ္နီခဲသယ္ရေသာအလုပ္ကိုလုပ္ရေလသည္။


သူတို႔ကလွည္းႏွင့္အုပ္နီခဲလာသယ္ႏိုင္ရန္

ပံုရိပ္တို႔မိန္းကေလးအုပ္စုက အုပ္နီခဲေလးေတြကိုစီၿပီး လွည္းထဲသို႔တင္ေပးရေလသည္။

ကိုယ္တိုင္တြန္းႏိုင္လ်ွင္လည္း တြန္းလို႔ရေပမဲ့ ပံုရိပ္ကေတာ့မတြန္းႏိုင္ေပ။ယခုေဆာက္မၫ့္အေဆာက္အဦးသည္ သံုးထပ္တိုက္ျဖင့္ေဆာက္ေသာဇိမ္ခံအိမ္ႀကီးျဖစ္သျဖင့္ အင္ဂ်င္နီယာႏွင့္အပ္ထားေသာ အိမ္ႀကီးျဖစ္ေလသည္။


အင္ဂ်င္နီယာသည္ ခဏခဏမလာေသာ္ျငားလည္း တစ္ခါတစ္ခါေတာ့လာၾကၫ့္သည္ဟုဆိုသည္။လူအင္အားသံုး၍ေဆာက္ေနေသာ အိမ္ႀကီးသည္ၿပီးစီးပါကဘယ္ေလာက္ေတာင္ လွပလိုက္မလဲေနာ္။

ဒီအေဆာင္အဦးႀကီး၏အိပ္ခန္းတစ္ခန္းသည္ ပံုရိပ္တို႔ေနေသာအခန္းငယ္ေလးထက္အဆေပါင္းမ်ားစြာ ႀကီးေလာက္မည္။

ကြာျခားလိုက္သၫ့္ ဘ၀ေတြပါေလ။


ပံုရိပ္သည္ၿမိဳ႔ထဲသို႔ေရာက္ေနေသာ္ျငားလည္း ေဘးပတ္၀န္းက်င္ကိုမၾကၫ့္အားေပ။ဘာအစီအစဉ္မွမရိွပဲ ျဗဳန္းစားႀကီးလိုက္လာရ၍ ေနပူတာေတာင္ေဆာင္းဖို႔ဦးထုပ္မရိွေပ။ခၽြေးေတြသည္ တစ္ကိုယ္လံုးရႊဲနစ္ေန၍ အရည္ေတာင္ၫွစ္ခ်လိုက္ရေလာက္သည္။


အေရးတည္းဗိုက္ကလည္းဆာလာျပန္သည္။ညေနအလုပ္ဆင္းမွလုပ္ခရမည္ျဖစ္၍ ထမင္းစားဖို႔ရာလည္းေလာေလာဆယ္ပိုက္ဆံကတစ္ျပားမွပါမလာေပ။ခ်စ္မင္း ထမင္းစားဆင္းေတာ့မွသူ႔ဆီကေနပိုက္ဆံေခ်းရန္ေတြးလိုက္သည္။


ရုတ္တရက္ အုတ္ေတြသယ္ေနရင္းမွ အေပၚသို႔မ်က္လံုးလွန္၍ၾကၫ့္လိုက္မိခ်ိန္ ျငမ္းဆင္ထားသၫ့္အေပၚမွ ဆင္းလာေသာရန္သူ

ဦးသက္ေဆြကို ေတြ့လိုက္ရကာခ်က္ျခင္းပဲေခါင္းကိုငံု႔၍ပုန္းလိုက္ရသည္။


ႏွလံုးခုန္ႏႈန္းေတြလည္း ေဆာင့္တက္လာသလားမွတ္ရသည္။ဒီလူႀကီးပံုရိပ္ကိုျမင္လို႔မျဖစ္ေပ။သူကေနတစ္ဆင့္ေဒၚေလးသိသြားခဲ့ရင္ ျပႆနာေတြရႈပ္သြားလိမ့္မည္။

စိတ္ထဲမွာေတာ့ ဦးသက္ေဆြသည္ပံုရိပ္ကိုမျမင္လိုက္ဘူးဟု တထစ္ခ်ယံုၾကည္ထားလိုက္မိသည္။


ျမင္သြားေတာ့လည္း ဘာဂရုစိုက္ရမွာလဲ။

ပံုရိပ္ကို ယခုလိုအလုပ္လုပ္ေစခ်င္ေနတာတစ္ပိုင္းေသေနေလာက္မည္။သူေပ်ာ္ေနမွာေပါ့။ပံုရိပ္ေက်ာင္းမတက္ေလသူေပ်ာ္ေလ‌ျဖစ္ေနလိမ့္မည္။ဒီေန့ႏွင့္ဆိုလ်ွင္ပံုရိပ္ေက်ာင္းပ်က္တာ ေလးရက္တိတိရိွသြားေလၿပီ။ဒီၾကားထဲမွာ ဆရာေနမ်ိဳး၏အတန္းကိုမတက္တာလည္း ေလးရက္ရိွေနေလၿပီ။


အေဒၚေနမေကာင္းသည့္ေန့ကတည္းကခြင့္တိုင္ထားရာကေန ယေန့အထိပ်က္ကြက္မိတဲ့ပံုရိပ္ကိုဆရာစိတ္ဆိုးေလမလား၊အပစ္တင္ေလမလား။ဘယ္လိုပဲျဖစ္ပါေစ။ပံုရိပ္ဆရာ့ဆီသို႔ ျပန္မသြားဝံ့ေတာ့ၿပီ။


ဆရာ့မ်က္ႏွာကို ဝံ့ရဲစြာၾကၫ့္ႏိုင္ေသာ သတၲိမ်ိဳးရိွမရိွတဲ့ ပံုရိပ္ကို ဆရာခြင့္လႊတ္ရင္သိပ္ေကာင္းမွာပဲ။

အကြယ္ေလးမွာ ပုန္းေနမိရာမွ ပံုရိပ္မ်က္ရည္ဝဲမိပါသည္။သို႔ေပမဲ့မ်က္ရည္မက်ေအာင္ေတာ့ အတတ္ႏိုင္ဆံုးထိန္းသိမ္းထားပါသည္။


"မင္းကြာ...လာမဲ့လာေတာ့လည္းဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ႀကီး.. အလုပ္ခြင္ကိုမွတန္းလာရသလား...."


"ေအာ္..၀င္‌‌ေငြၾကမ္းေနတဲ့အင္ဂ်င္နီယာႀကီးကိုေတြ့ခ်င္ေတာ့လည္း...အလုပ္ခြင္အထိလိုက္လာရတာေပါ့ကြာ...ဟိုေကာင္ေတြကလည္းမင္းကိုေစာင့္ေနၾကတယ္...အလုပ္လက္စသတ္ၿပီးျမန္ျမန္လိုက္ခဲ့ေတာ့...တို႔ေတြမေတြ့ရတာ....ဘယ္ေလာက္ၾကာၿပီလည္း...

ငါလည္း...ေနာက္အလုပ္အသစ္ေျပာင္းတဲ့အခ်ိန္မို႔ အားေနတာ...မဟုတ္ရင္ငါ့မ်က္ႏွာေတာင္ျမင္ရမွာမဟုတ္ဘူး...."


"ဆရာ..."


ရင္းႏွီးေသာ အသံတစ္ခုေၾကာင့္အေနာက္သို႔လွၫ့္ၾကၫ့္လိုက္မိေတာ့ စိတ္ထဲတြင္ထင္ေနသၫ့္အတိုင္း ဆရာေနမ်ိဳးျဖစ္ေနသည္။

ဆရာသည္ ၿမိဳ႔ထဲသို႔လာလ်ွင္၀တ္ေနၾကအတိုင္း စတိုင္လ္ပဲန္အညိုႏွင့္ရွပ္ေကာ္လံကို တဲြဖက္၍၀င္ဆင္ထားလ်ွက္ ေက်ာပိုးအိတ္ကိုလြယ္ထားေလသည္။

ဆရာ့ကိုျမင္သည္ႏွင့္ မက်ေအာင္တားဆီးထားေသာမ်က္ရည္မ်ားသည္ မိုးမ်ားရြာသြန္းလိုက္သလို ၿဖိဳးၿဖိဳးေဖ်ာက္ေဖ်ာက္စီးက်လာခဲ့သည္။


အသံကေလးတိမ္၀င္ၿပီး ဆရာ့နာမည္ကိုခပ္တိုးတိုးေရရြတ္လိုက္ေပမဲ့ နားလ်ွင္သၫ့္ဆရာသည္ေနရာမွာတင္ေက်ာက္ရုပ္ႀကီးတစ္ရုပ္လိုရပ္တန႔္လ်ွက္ ပံုရိပ္ကိုအံ့ဩတႀကီးၾကၫ့္ေနေလသည္။


ဆရာ့မ်က္၀န္းမ်ားသည္ ယံုတစ္၀က္၊မယံုတစ္၀က္ပံုစံျဖစ္ေနၿပီး ဆရာ့ေမးရိုးေတြႏွင့္ နားထင္ေၾကာေတြတင္းမာလာသည္ကို ေတြ့လိုက္ရသၫ့္အခါ ဆရာ့မ်က္၀န္းေတြႏွင့္ ရင္ဆိုင္ရမွာေၾကာက္ရြံ႔မိေသာေၾကာင့္ ပံုရိထိုေနရာမျွမန္ျမန္လွၫ့္ထြက္လာခဲ့လိုက္သည္။ေျပးပုန္းတာဆိုလ်ွင္ ပိုမွန္ပါလိမ့္မယ္။လူႀကီးမိဘေတြမသိပဲ လုပ္ေသာအလုပ္သည္ သမာအာဇီ၀ဘယ္ေလာက္က်က် တကယ္ကိုေက်ာမလံုႏိုင္ေပ။


"ပံုရိပ္...လာခဲ့...."


"ဆရာ...."


ပံုရိပ္၏မ်က္၀န္းထဲတြင္ မ်က္ရည္တို႔ျပၫ့္လ်ွံေနခဲ့ေလၿပီ။ဆရာဆဲြေခၚရာေနာက္သို႔ ပံုရိပ္လိုက္ပါလာခဲ့သည္။ပံုရိပ္၏လက္ေကာက္၀တ္ကို အားျပင္ျပင္းဆဲြယူလာေသာ ဆရာ့ပံုသ႑န္သည္ ပထမဦးဆံုးစေတြ့စဉ္ကကဲ့သို႔ ခက္ထန္လြန္းေနသလိုခံစားရသည္။


ေတာ္ရံုစိတ္မဆိုးတတ္သည့္ဆရာ ၊ေတာ္ရံုဆို‌ ေဒါသထြက္ခဲေသာဆရာသည္ ပံုရိပ္ေၾကာင့္ေသာကတစ္ခုကို ရင္မွာခံစားေနရရွာေလၿပီ။တပၫ့္မတစ္ေယာက္ကို ေဆာက္လုပ္ေရးဆိုက္မွအလုပ္သမားအျဖစ္ျမင္လိုက္ရေတာ့ တုန္လႈပ္သြားေလာက္သည္။ပံုရိပ္ကေတာ့

ဥပကၡာျပဳေပးဖို႔ကိုသာ ဆုေတာင္းမိသည္။


"ေနမ်ိဳး...မင္းပဲငါ့ကိုလာေခၚတာဆို...အခုဘယ္သြားမလို႔လည္း...ဒီေကာင္မေလးကေရာဘယ္သူလည္း...."


"ေအး...စိတ္ရႈပ္စရာေလးေပၚလာလို႔...မင္းဘာသာဟိုေကာင္ေတြဆီကို သြားလိုက္ေတာ့ကြာ...ငါအားမွထပ္ခ်ိန္းၾကတာေပါ့..."


"ဟာ...ေနမ်ိဳး...ေဟ့...."


ပံုရိပ္ကိုစိတ္ရႈပ္စရာလို႔ ထင္ျမင္လ်ွက္ႏွင့္ဘာေၾကာင့္မ်ား မရမကေခၚလာေလသလဲဆရာရယ္ဟု ပံုရိပ္ရင္ထဲမွေျပာမိေပမဲ့ ဆရာကေတာ့စကားေလးတစ္ခြန္းေတာင္မဟပဲ ကားဂိတ္ဆီသို႔ဆဲြေခၚသြားေလသည္။

တကၠစီငွား၍မရခင္အထိ ပံုရိပ္၏လက္ကိုတင္းက်ပ္စြာ ကိုင္ထားသၫ့္ဆရာသည္ ပံုရိပ္ထြက္ေျပးမည္ကိုအင္မတန္စိုးရိမ္ေနပံုရသည္။


"၀င္...ကားထဲကိုျမန္ျမန္၀င္...."


"ဘယ္လည္းဆရာ..."


"အိမ္ျပန္မယ္..."


"ဟင့္အင္းဆရာ...ေန့တစ္၀က္ေလာက္လုပ္ၿပီးၿပီ...ဒီအတိုင္းျပန္ရင္လုပ္အားခမရပဲေနမွာေပါ့..."


"ပံုရိပ္...ဆရာေဒါသမထြက္ခ်င္ဘူးေနာ္...ကားထဲကိုအခု၀င္..."


ဆရာသည္ပံုရိပ္ကိုအေဖတစ္ေယာက္လို၊အစ္ကိုတစ္ေယာက္လို စိုးရိမ္ျခင္းျဖစ္ထြန္းစြာ ဆူေငါက္လာသည္။ပံုရိပ္သည္လည္း 

ဆရာ့ကိုေၾကာက္၍ ကားထဲသို႔၀င္ထိုင္ကာၿငိမ္လိုက္မိသည္။ႏွစ္မွတ္တိုင္ေလာက္ေက်ာ္သည္အထိ ဆရာသည္ပံုရိပ္ကိုစကားလံုး၀မေျပာေပ။


ဆရာ့မ်က္ႏွာသည္ ရႉတင္းတင္းႀကီးျဖစ္လ်ွက္ ကားျပတင္းအျပင္သို႔သာေငးေမာေနခဲ့သည္။ေလတစ္ခ်က္တိုက္လိုက္တိုင္း ဆရာ့ကိုယ္မွစံပယ္ကိုယ္သင္းရနံ႔သည္ ပံုရိပ္ဘက္သို႔လႊင့္ပ်ံ‌လာေပမဲ့ ပံုရိပ္၏ခႏၶာကိုယ္တြင္ေတာ့ ခၽြေးႏွင့္အုတ္ေစာ္ေတြသာ ကပ္ၿငိေနေလသည္။ပံုရိပ္သည္ ခပ္ႄကံု႔ႄကံု႔အေနအထားႏွင့္ ကားျပတင္းအနားသို႔ကပ္၍ထိုင္မိသည္။


"ဒီမွာလာလုပ္ေနတာ ဘယ္ႏွစ္ရက္ရိွၿပီလဲ..."


"ဒီတစ္ရက္တည္းပါ...."


"ဒါဆိုရင္က်န္တဲ့သံုးရက္ကေရာဘယ္မွာေလလြင့္ေနတာလဲ...ငါလည္းမအားတာနဲ႔...တပၫ့္ျဖစ္သူကိုစိတ္ခ်တာ‌ပါေပါင္းၿပီး အိမ္ကိုလိုက္မၾကၫ့္မိတာမွားတာပဲ...."


ဆရာ့ေျပာဆိုပံုအရ ပံုရိပ္သည္အေလလိုက္ေနေသာ လူဆိုးမေလးျဖစ္သြားေခ်ၿပီ။

ဆရာပံုရိပ္ကို ဆူႏိုင္သည္။ဆဲႏိုင္သည္။ရိုက္ႏိုင္သည္။ဒါေပမဲ့ ဒီလိုစြပ္စဲြတာကိုေတာ့ ပံုရိပ္မခံစားႏိုင္ေပ။


"သမီးအေလလိုက္ေနတာမဟုတ္ဘူးဆရာ...

ခ်စ္မင္းဆိုတဲ့ကေလးနဲ႔အလုပ္လိုက္လုပ္ေနတာ တစ္ေန့ေျခာက္ေထာင္ရတယ္..."


"ေတာ္ေတာ္မ်ားတာပဲ အဲ့ဒီ့ေငြေျခာက္ေထာင္နဲ႔ကိုယ့္ရဲ့ပညာေရးကို အဆံုးသတ္ပစ္လိုက္တယ္ေပါ့...မင္းေတာ္ေတာ္မိုက္တဲ့မိန္းကေလး..."


"အဲ့ဒီ့ေငြေျခာက္ေထာင္ကဆရာ့အတြက္ေတာ့နည္းတာေပါ့ဆရာ...ပံုရိပ္အတြက္ေတာ့ဘုရားတစ္ဆူလိုပဲ..."


"ဘာလို႔အဲ့ေလာက္ေလာေနတာလဲပံုရိပ္

..မင္းအရြယ္ကပညာရွာရမယ့္အရြယ္ေလ...မင္းရိွရမဲ့ေနရာကေက်ာင္းစာသင္ခန္းပဲ...ဒါကိုမင္းနားလည္ထားရမယ္..."


"ဆရာေျပာတာသိပ္မွန္ပါတယ္...ဒါေပမဲ့...

ကိုယ့္၀မ္းနာတာကိုကိုယ္ပဲသိပါတယ္ဆရာရယ္..ပံုရိပ္အိမ္မွာဘယ္လိုအေျပာခံေနရသလဲဆိုတာဆရာမွမသိပဲ...မ်က္ေတာင္ေမႊးတဆံုးပဲၾကၫ့္တယ္လို႔ဆိုဆို...ပညာေရးဆိုတာအခုေရတြင္းတူးၿပီး အခုေရၾကည္ေသာက္လို႔ရတဲ့အရာမဟုတ္ဘူး...ဇနကမင္းႀကီးေတာင္မွ ရဟန္းျပဳဖို႔အရာအားလံုးကိုစြန႔္ထားခဲ့ေသးတာပဲ...ပံုရိပ္ကျမတ္စြာဘုရားလိုပါရမီမရင့္သန္လို႔အကုန္မစြန႔္လႊတ္ႏိုင္ေပမဲ့...ပညာေရးကိုေတာ့စြန႔္လႊတ္လိုက္ၿပီဆရာ..."


"ဟာ...."


ပံုရိပ္၏ယတိျပတ္စကားေၾကာင့္ဆရာစြံ႔အသြားသလို အံ့ဩတႀကီးပံုရိပ္ကိုၾကၫ့္လာသည္။ဆရာ့မ်က္ႏွာတြင္စာနာမႈကိုလည္းေတြ့ရသည္။အသနားပိုေနသည္ကိုလည္းေတြ့ရ‌ ေလသည္။ေနာက္တဖန္စိတ္ပ်က္အားေလ်ွာ့မႈေတြေရာေပါ့။ဆရာ့အေနနဲ႔ပံုရိပ္အေပၚကိုေမ်ွာ္လင့္ခ်က္ႀကီးႀကီးမထားေစခ်င္ပါ။


ျဖစ္ႏိုင္လ်ွင္ တပၫ့္အျဖစ္ကေနပါစြန႔္ပစ္လိုက္ေၾကာင္း ေျပာထြက္ေစခ်င္သည္။သို႔ေပမဲ့ဆရာ့လိုလူဟာ ဒီလိုစကားကိုတစ္သတ္လံုးေျပာထြက္မၫ့္လူမဟုတ္ေပ။


ဆရာ့ကိုၾကၫ့္ရမွာ စိတ္မလံုသျဖင့္ ကားျပတင္းဘက္သို႔လွၫ့္၍သာငိုရိႈက္မိသည္။

ပံုရိပ္၏ စိတ္ထဲတြင္ဆရာ့၏ကူညီေဖးမကာ သင္ျပဆံုးမခဲ့ေသာအရာေတြကို တရိပ္ရိပ္ေတြးၾကၫ့္ရင္း အားနာလြန္းတာပဲသိသည္။

ပံုရိပ္လို တပၫ့္မိုက္ကိုလက္၀ယ္ပိုက္မိသၫ့္ဆရာ့ကို အားနာမိပါတယ္ဆရာရယ္။


"ပံုရိပ္...ဘာမွအားမငယ္ပါနဲ႔...ဒီေန့ကစၿပီးပံုရိပ္ကို ဆရာေထာက္ပံ့ေပးပါ့မယ္..."


ေလသံတိုးတိုးျဖင့္ ေျပာလာသၫ့္

ဆရာ့၏ႏူးညံ့ေသာမ်က္ႏွာသြင္ျပင္ကို ပံုရိပ္ေငးၾကၫ့္လိုက္မိသည္။ေဒၚေလးအျပင္ ပံုရိပ္အေပၚကိုနားလည္ၿပီးေကာင္းမြန္ေပးႏိုင္ဆံုးသူဟာ ဆရာဟုသတ္မွတ္ထားမိသည္မွာ 

ခၽြင္းခ်က္ဟူ၍မရိွေတာ့ၿပီ။


"အဲ့လိုမလုပ္ပါနဲ႔ဆရာ...ပံုရိပ္ပိုၿပီးသိမ္ငယ္ရပါလိမ့္မယ္..သူတစ္ပါးအေပၚကိုအႂကြေးတင္ေနရတဲ့ခံစားခ်က္ႀကီးကို မခံစားပါရေစနဲ႔..

ကိုယ့္အားပဲကိုယ္ကိုးပါရေစ...ပံုရိပ္ကိုမ်က္ႏွာလႊဲလိုက္ပါေတာ့...ပစ္ထားလိုက္ပါေတာ့...."


"ပံုရိပ္...ဆရာပံုရိပ္ကိုမ်က္ႏွာလႊဲလိုက္လို႔ရတယ္...မသိက်ိဳးကၽြံျပဳလို႔ရတယ္...ဒါေပမဲ့အနာဂတ္ရဲ့ဒုကၡပင္လယ္ေဝတဲ့တစ္ေန့ကိုေတာ့ မလႊဲမေသြရင္ဆိုင္ရလိမ့္မယ္...အရာရာတိုင္းကို တဇြတ္ထိုးလုပ္တာမေကာင္းဘူး...

ေက်ာင္းပညာေရးကိုစြန႔္လႊတ္လိုက္ၿပီး...ေဆာက္လုပ္ေရးဆိုက္ထဲမွာ၊စက္ရံုမွာစသျဖင့္လုပ္ၿပီထား...တစ္သတ္လံုးဒီလိုပဲလုပ္သြားရမွာေနာ္...ဒါကိုေတြးမိရဲ့လား...

အခုပံုရိပ္ဒီအလုပ္ကိုလုပ္ေနတာ လူႀကီးေတြသိလား..."


"အေဒၚမသိေသးဘူးဆရာ...."


"ပံုရိပ္ကိုစေတြ့ေတာ့ ဆရာဘယ္ေလာက္စိတ္ပူသြားသလဲသိရဲ့လား...ကိုယ့္တပၫ့္တစ္ေယာက္ကို ဒီလိုဘ၀မ်ိဳးနဲ႔ဆရာျမင္ခ်င္တာမဟုတ္ဘူး...ဒါဟာဆရာ့ရဲ့ေစတနာျဖစ္သလို...ဆရာ့ရဲ့မာနလည္းျဖစ္တယ္..ပံုရိပ္ကိုဆရာေျပာခဲ့တယ္ေလ...အခက္အခဲတစ္ခုခုရိွလာတိုင္း...သူငယ္ခ်င္းေတြကိုေျပာ...အေဒါ့္ကိုေျပာ...ဒါမွမဟုတ္ဆရာကိုလည္းေျပာျပလို႔ရတယ္...ဘာေၾကာင့္တစ္ေယာက္တည္းထင္သလို ဆံုးျဖတ္ေနရတာလဲ...ဆရာတို႔ကိုရိွတယ္လို႔ေတာင္မထင္တာလား..."


"မဟုတ္ပါဘူးဆရာရယ္...ပံုရိပ္ကကိုယ့္ေၾကာင့္အျခားသူေတြပါ အပူကူးမွာစိုးလို႔ပါ..."


"ေတာ္ေတာ့ပံုရိပ္...ဆရာစီစဉ္ေပးမယ္...

ဆရာ့စကားကိုပဲနာခံပါ..."


ဆရာသည္ခဏတာေလာက္ ေတြေတြေလးစဉ္းစားလိုက္ၿပီးေနာက္ ေခါင္းထဲတြင္အႀကံတစ္ခုထင္ဟပ္လာသၫ့္နယ္ လင္းလက္ၾကည္လင္ေနေသာ မ်က္၀န္းမ်ားျဖင့္ပံုရိပ္ကိုၾကၫ့္လာေလသည္။


"ကဲ...ဆရာအႀကံရၿပီ...ဒီေလာက္အလုပ္လုပ္ခ်င္ေနတဲ့ကေလးမ စာသင္ရမယ္...မူလတန္းေလးေတြကို အခေၾကးေငြယူၿပီးစာသင္ေပးရမယ္...ဆရာဆက္ေပးမယ္...ဟုတ္ၿပီလား..."


"တကယ္လား...ဆရာ..."


"တကယ္ေပါ့...."


ပံုရိပ္က ၀မ္းသားအားရေမးမိေတာ့ ဆရာကလည္း၀မ္းသာအားရျပန္ေျပာသည္။

ဆရာ့မ်က္ႏွာသည္ လန္းဆန္းမႈအတိျဖစ္သြားသကဲ့သို႔ ပံုရိပ္သည္လည္းေက်နပ္သြားမိသည္။မူလတန္းေလးေတြကို စာသင္ေပးရသၫ့္အလုပ္ဟာမခက္ခဲပါဘူး။

အိမ္မွာေတာင္ ကေလးႏွစ္ေယာက္ကိုထိန္းေနရတာ အက်င့္ျဖစ္ေန၍ကေလးေတြကို ဘယ္လိုထိန္းခ်ဳပ္ရမလဲေကာင္းေကာင္းသိသည္။ေက်ာင္းလည္းျပန္တက္ႏိုင္သလို 

၀င္ေငြလည္းတစ္ဖက္တစ္လမ္းကရမည္။


"ဒါေပမဲ့...ကေလးက..ကေလးေတြကိုျပန္ထိန္းရမွာလုပ္ႏိုင္ပါ့မလား..."


"ဟာ...မလုပ္ႏိုင္ရိုးလားဆရာရယ္...သမီးကအဲ့ေလာက္လည္းမငယ္ေတာ့ပါဘူး..."


"ဟုတ္ပါၿပီ...အပ်ိဳႀကီးရယ္..."


ဆရာႏွင့္စကားဝိုင္းသည္ေဒါသႏွင့္စ၍အႃပံုးႏွင့္အဆံုးသတ္ခဲ့ရသည္။

ဆရာသည္ ထိုကဲ့သို႔သူတစ္ပါးအား ႃပံုးရႊင္ေနတာမ်ိဳးပဲျဖစ္ေစခ်င္ေသာသူပင္ျဖစ္သည္။

ဆရာသည္ ပံုရိပ္အတြက္ေတာ့ရွားရွားပါးပါးျမင္ရခဲေသာ သက္တံ့ေရာင္စင္တန္းကေလးျဖစ္သည္။

No comments:

Post a Comment