(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၂)🔥 ပထမပိုင်း
"ခင်ရာဆွေမျိုး..မြိန်ရာဟင်းကောင်း.."ဆိုသည့်စကားပုံသည် အင်မတန်မှန်ပါသည်။
တခါတလေမှ ကိုယ်နှင့်အမျိုးမတော်ပါပဲ
သူစိမ်းတစ်ယောက်သည် ကိုယ့်အပေါ်ကိုဆွေမျိုးလောက်နီးနီးကောင်းပေးတတ်သလို ကိုယ်နှင့်
နေ့တိုင်းရင်းနှီးထိတွေ့နေသော ဆွေမျိုးတော်စပ်သူတွေသည် ကိုယ့်အားစွန့်ပစ်အမှိုက်တစ်စလိုဆက်ဆံတတ်သည်။
ဗိုက်ဆာနေချိန်မှာ ကိုယ်၀မ်းထဲသို့ရောက်ရှိသွားသည့်ဘယ်အရာမဆို ကိုယ့်အတွက်တော့စား၍မြိန်သည့် ဟင်းကောင်းပါပဲ။
အဆွေခင်ပွန်းကောင်းသည် ရတနာတစ်ပါးပဲ။
ကိုယ့်ထက်ငယ်သည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ
တစ်ခါကူညီဖူးရင် တစ်သတ်လုံးကျေးဇူးရှိသူဟု
ထင်မြင်မိသည်။
ပုံရိပ်လည်းထိုသို့မှတ်ယူသလို ချစ်မင်းသည်လည်း
ပုံရိပ်နည်းတူ စွဲမှတ်ထားပုံရသည် ။
သူ့ကိုတစ်ခါကူညီထားဖူးသော ကျေးဇူးအားမမေ့ပဲကိုယ်လိုအပ်နေသည့်အချိန်မှာ ကူညီပေးရှာသည်။
ချစ်မင်းလေးသည် တစ်ခါမျှကျောင်းမနေခဲ့ရဖူး၍
သူ့ကိုစာသင်ပေးချင်စိတ်ဖြစ်မိသည်။
ရေးတတ်၊ဖတ်တတ်ရုံလောက်ပေါ့လေ။
ကိုယ်လည်းအများကြီးတော့ မသင်တတ်ပါဘူး။
လက်ထဲမှာ မျိုးစေ့တစ်စေ့သာ ရှိသောသူသည်
ထိုမျိုးစေ့တစ်စေ့ကိုပဲ ဖြန့်ကျဲလို့ရတော့မှာပေါ့။
ဆရာနေမျိုးတို့လို အပြင်ဗဟုသုတရော၊
စာတွေ့ဗဟုသုတေရောစုံသူတွေကတော့ ဖြန့်ကျဲဖို့မျိုးစေ့တွေအင်မတန်များလောက်မှာ သေချာသည်။
ပုံရိပ်သည်လည်း ပညာရေးကိုလိုလားပါသည်။
ကျောင်းက်ိုမှန်မှန်တက်ပြီး တက္ကသိုလ်ကျောင်းသူကြီးအဖြစ် ကိုယ့်ကိုကိုယ်မြင်ယောင်ဖူးပါသည်။
တကယ်တော့ ဒါဟာ"ဆန်မရှိပဲ အစားကြီးချင်သောအတွေးများပင်ဖြစ်သည်။
"ကိုယ့်၀မ်းနာ..ကိုယ်သာသိ"ဆိုသလို ဆောင်းတွင်းကြီးမှာ သူများတွေအိပ်ယာထဲတွင်၀င်ကွေးနေချိန်အအေးဒဏ်ကိုတောင့်ခံပြီး ဒုက္ခအပေါင်းကိုခံစားနိုင်သူကြီးကဲ့သို့ အံကိုကြိတ်၍ဈေးလည်ရောင်းနေသော ဒေါ်လေးကိုမှီခိုနေရ၍ ကိုယ့်ဘာသာတစ် ယောက်တည်းသိမ်ငယ်စိတ်၀င်နေရသည်ကို
ကိုယ်သာအသိဆုံးပင်။
မှီခိုရမှာရှက်သည်ဆိုပါက ပို၍မှန်ပါလိမ့်မည်။
ပုံရိပ်သိပ်ရှက်ပါတယ်။တစ်နေ့ထက်တစ်နေ့ ကျန်းမာရေးဆိုးရွားလာသည့်အဒေါ်က သုံးပိဿာအလေးချိန်ရှိသော ပဲပြုတ်တောင်းကိုခေါင်းတွင်ရွက်ရသည့်အခါ ဇာတ်ကျောတွေထိုး၍စုတ်သပ်သံ၊ခါးတွေနာ၍ တကျွတ်ကျွတ်ငြီးတွားသံတွေကို
မသိကျိုးကျွံမပြုလိုတော့ပြီ။
ဦးသက်ဆွေလို ဘေးအိမ်ကဖျားနေချိန် သူ့အိမ်မှာပျော်ပွဲရွှင်ပွဲလုပ်နေချင်သူကတော့ မျက်နှာလွှဲခဲပစ်နေနိုင်ပေမဲ့ပုံရိပ်ကတော့ တစ်နေ့တစ်နေ့ခေါင်းပေါ်ကို တင်းပုတ်နှင့်အထုခံရသကဲ့သို့ အသုံးမကျလွန်းသည့်ကိုယ့်အဖြစ်ကိုကြည့်ရင်း ကျွင်းသေးသေးလေးတူးပြီးသာပုန်းပြီးနေလိုက်ချင်တော့သည်။
"ကြည့်စမ်း....ဒေါ်ရှင်းသန့်တို့များ...သူ့တူမကိုသားသမီးတွေထက် ပိုချစ်ရှာတာနော်...ကျောင်းစရိတ်တင်ပဲမနည်းဘူး...တစ်အိမ်လုံးမှာလည်း
သူ့တစ်ယောက်လစာပဲရှိတာလေ...မနက်ဆိုပဲပြုတ်ရောင်း...နေ့ဆိုခဝါသည်အဖြစ်အိမ်တကာလှည့်ရနဲ့..
မကြာပါဘူး...လုံးပါးပါးမှာ...."
"အေးဟယ်....သူ့ခမျာနေ၀င်နေထွက် နားရတယ်ကိုမရှိဘူး...ပုံရိပ်ရဲ့မိဘတွေများအံ့ပါ့တော်...
ကိုယ့်သမီးတစ်ယောက်လုံးကို သူများလက်ထဲကိုလာပစ်သွားရတယ်လို့....အခုတော့ဟိုခမျာ
...ကလေးသုံးယောက်နဲ့...ဒုက္ခရောက်ရရော...."
"ယောက်ျားကလည်းမကောင်း...ကလေးတွေကလည်းလက်လွတ်သေးတဲ့အရွယ်တွေမဟုတ်တော့...
သူချည်းဖိရုန်းရတာပေါ့...."
နံရံတွေမှာနားတွေရှိနေတတ်သလို လူတိုင်းမှာလည်းလွတ်လပ်စွာ ပြောဆိုဆွေးနွေးနိုင်သော
ပါးစပ်ပေါက်တစ်ခုစီပါရှိသည်။
လူတစ်ယောက်နှင့်တစ်ယောက်သည် ဦးနှောက်ကိုအသုံးချပုံခြင်းလည်းမတူသလို တွေးခေါ်နိုင်သောဉာဏ်ပညာခြင်းလည်းမတူညီပေ။
တံငါနားနီတော့ တံငါ..မုဆိုးနားနီးတော့..မုဆိုးဖြစ်ပြီး ရွှေပင်တွင်နားသောငှက်သည် ရွှေကျေးဖြစ်ရလေသည်။ ပညာမဲ့သောသူ၊အဆိုးမြင်ဝါဒရှိသောသူသည်လည်း ကောင်းသောစကားကိုဆိုမည်မဟုတ်ပေ။
ကိုယ်က ပန်းပွင့်၏ရနံ့ကိုရှူခိုင်းဖို့ ကမ်းပေးပေမဲ့
ပန်လိုသောသူရှိသလို ချေမွှလိုသောသူလည်းရှိသည်။ကိုယ့်အတွေးနှင့်မတူတိုင်း လိုက်၍အပြစ်တင်ပါကလည်း ရူးသွားနိုင်သည်။
ပိတောက်ပန်းသည် မွှေးရနံ့ကြူပြီး အဆင်းလှပါသော်လည်း ဘုရားပန်းအိုးထိုး၍တာရှည်မခံနိုင်ပေ။
သို့ပေမဲ့ သူ့တွင်လည်းဆေးဖက်၀င်သောနေရာများရှိသည်။တော်တော်များများကတော့
ထိုအရာကိုမမြင်နိုင်ပါဘူး။လူတွေဟာအပေါ်ယံကြောကိုပဲ ကြည့်တတ်သည် ချီးမွှမ်းတတ်သည်။
ပိုက်ဆံရှိပါက ပေးကမ်းစွန့်ကျဲနိုင်ပါက
အရုပ်ဆိုးသော၊အကျည်းတန်သောသူသည်
သူတို့၏အမြင်တွင် ယမင်းရုပ်ကလေးနယ်ဖြစ်သွားတတ်သည်။
လူတော်တော်များများသည် အတွင်းစိတ်ကိုပေါင်းကြတာမျိုးထက် သကာရေလောင်းထားသောအပြင်ပန်းကိုသာ ကွက်၍မြင်ကြသည်။
အဒေါ်၏အိမ်တွင်နေ၍ အဒေါ့်လုပ်စာနှင့်ကျောင်းတတ်နေရသော်ငြားလည်း တစ်နှစ်နေလို့မှအ၀တ်သစ်တစ်စုံတောင် ပုံရိပ်မပူဆာဖူးပေ။
သူများကလေးတွေက အနည်းဆုံးတော့ကျောင်းသို့ ငွေငါးဆယ်လောက်ပါလာတတ်ပေမဲ့ ပုံရိပ်ကတော့အဒေါ်စေတနာရှိ၍ ထည့်ပေးသောထမင်းချိုင့်ကိုသာဆွဲလေ့ရှိသည်။ထိုထမင်းချိုင့်ကိုတောင် ပုံရိပ်အားနာ၍မထည့်ချင်ပေမဲ့ ဒေါ်လေး၏မယူမဖြစ်ရ အမိန့်ကြောင့်သာယူရခြင်းဖြစ်သည်။
အဒေါ်သည်လူကောင်ကြီး၍ အတန်းကြီးသောပုံရိပ်ကို သူ့သားသမီးများထက် ဘဲဥပြုတ်ဆိုပါကလည်း
တစ်ခြမ်းပိုထည့်ပေးတတ်သလို ပဲပြုတ်ကိုသုတ်လျှင်တောင် တစ်ဇွန်းပိုထည့်ပေးတတ်သူဖြစ်သည်။
သို့ပေမဲ့ ဒေါ်လေးမသိအောင် မိစု၏ချိုင့်လေးထဲသို့ ပုံရိပ်၏ဝေစုလေးတွေကို အမြဲခွဲထည့်ပေးခဲ့တာကိုတော့ မည်သူမျှမသိပေ။
ဒေါ်လေးမရှိန်ချိန်တွေမှာ ထမင်းဝိုင်း၌ဟင်းသုံးတုံးရှိလျှင် ပုံရိပ်သည်အရည်လေးသာစမ်းစားတတ်ပြီး
ကလေးတွေကိုသာ အသားတုံးလေးတွေကို
စားစေသည်ကို မည်သူမျှမသိပေ။
ကလေးတွေလည်း ရိပ်မိမည်မထင်ပေ။
ကောင်းမှုတစ်ခုပြုပြီးတိုင်း တစ်ရွာလုံးသိအောင်စည်တီးပြစရာမလိုပေ။ကိုယ်မှန်ရင် ကိုယ့်လိပ်ပြာကိုယ်လုံရမည်။တစ်ခါတစ်လေမှာ ကိုယ့်ဘာသာမှန်တယ်လို့ထင်နေတတ်ပေမဲ့ အခြားသူတွေ၏အမြင်မှာတော့ တလွဲတွေဖြစ်နေတတ်သည်။
အရင်ကတော့ တပါးသူများ၏အမြင်ကိုဂရုစိုက်လွန်း၍ တစ်ယောက်တည်း၀မ်းနည်းသိမ်ငယ်ခဲ့ရပေမဲ့ ယခုတော့ထိုအရာအားလုံးကို မြောင်းထဲသို့လွှင့်ပစ်လိုက်ပါပြီ။
ဘယ်သူဘာပြောပြောဂရုမစိုက်တော့ဘူး။
နင်ဘာသာပညာရေးကို ဆုံးခန်းတိုင်အောင်မသင်ပဲ မိုက်တွင်းနက်သည်ဟုပြောလာခဲ့ပါလျှင် ပညာတတ်ပြီးဘ၀ပျက်နေသူတွေကို လက်ညှိုးထိုးပြလိုက်မည်။ဘွဲ့မရတိုင်း အတန်းပညာမတတ်တိုင်း လူညံ့၊လူဖျင်းမဟုတ်ဘူးဆိုတာကို ပြသချင်သည်။
ဘ၀ပေးအခြေအနေကြောင့် မြန်မာနိုင်ငံတွင်ပညာရေးကိုလက်လွှတ်လိုက်ရသော ကလေးသူငယ်များထဲတွင်ပုံရိပ်၏နာမည်ကို
ကမ္မည်းတင်လိုက်လည်းခံပါမည်။
ကျောင်းမတတ်ရသည်ထက် အရှက်မဲ့စွာသူတပါးလုပ်စာကိုထိုင်စားနေရတာက ပိုမိုက်ကန်းသည်။
ချစ်မင်းနှင့်အလုပ်လိုက်လုပ်ရာမှာ ဝေစုအဖြစ်တစ်နေ့ကို ပိုက်ဆံခြောက်ထောင်ရသည်။နေခင်းဘက်တွင် ပုံရိပ်သည်အိမ်သို့ပြန်၍ ကလေးတွေကိုကြည့်ရသေးသလို ညနေဘက်ဆိုလျှင်လည်း ဒိုင်သွားချပြီးသည်နှင့် လုပ်ခခြောက်ထောင်ကိုယူပြီး ဒေါ်လေးပြန်မရောက်ခင် စောစောရောက်နှင့်ရမည်ဖြစ်၍ ဒိုင်ချသည့်နေရာမှ အိမ်သို့တန်းပြန်ခဲ့ရသည်။လှည်းကို အထုတ်၊အပို့ကတော့
ချစ်မင်းလေးက ဒိုင်ခံလုပ်ပေးသည်။
လှည်းဆိုသည်မှာလည်း သံဇကာအကွက်စိပ်ကလေးတွေကို လေးဖက်လေးလံကာရံထားပြီး စက်ဘီးတာယာသို့မဟုတ် ဆိုင်ကယ်ဘီးနီးနီးလောက်ကို ဦးတွင်တစ်ဘီး တောင်နှင့်မြောက်တွင် တစ်ဘီးတပ်လျှက် လက်ကိုင်လေးတပ်လိုက်သောအခါ တွန်းလှည်းဖြစ်သွားလေသည်။
လှည်းငှားခသည် တစ်နေ့ကိုနှစ်ထောင်တိတိပေးရသည်။နေ့ခင်းဘက်ဆိုလျှင် ရပ်ကွက်တွေထဲသို့ အသံ၀င်အောင်လှည့်အော်ပြီး
တစ်လမ်းမှတစ်အိမ်လောက်တောင် ထွက်မရောင်းကြသောအခါမျိုးတွေလည်းရှိသည်။
နေကပူ၊ချွေးကပြန်ရသည့်ကြားထဲ ဗိုက်ကဆာလာသည့်အခါ စိတ်တိုလာ၍ ရောင်းသူကိုသိပ်မယဉ်ကျေးနိုင်လျှင်လည်း မရောင်းချင်ကြပေ။တစ်ချို့ပစ္စည်းများများ တစ်ပြိုင်တည်းရောင်းသော အိမ်များလည်းရှိသလို ရေသန့်၅ဗူးလောက်နှင့် ပိုက်ဆံငါးရာရချင်သူတွေကလည်း ရှိသေးသည်။
ကိုယ်တွေတောင် ပြန်ရောင်းလျှင် ရေသန့်ဗူးကြီးအလုံး၁၀၀လောက်ကိုမှ၁ပိဿာဖြစ်ပြီး တစ်ထောင်နှင့်ဈေးဖြတ်ခံရလေသည်။
တစ်ခါတစ်လေ၁ပိဿာပြည့်၍ငါးဗူးလောက်ပိုပြန်လျှင် လူလည်ကျပြီးသူတို့ကထည့်ချင်သေးသည်။ယခင်ကဆိုလျှင်တော့ ချစ်မင်းကအားနာသူဖြစ်၍သူတို့ညှပ်ချတိုင်းရပေမဲ့
ပုံရိပ်ပါသည့်အချိန်မှစ၍ သူတို့ထိုသို့မလုပ်ရဲတော့ပေ။ပုံရိပ်နှင့် စကားများပြီးတည်းက ပုံရိပ်ကိုဆိုနှစ်ရက်တည်းတွေ့ပြီး သူတို့လန့်နေလေသည်။
"ဒီမှာခြောက်ဗူးပိုနေတယ်...ညည်းတို့လည်းဘာမှလုပ်လို့ရတာမဟုတ်ဘူး.. ဒါကိုတော့တွက်မနေနဲ့တော့...."
"ဟာ့...မတွက်လို့ရမလား...ဒီမှာကတ်ထူတွေက..တစ်ပိဿာမှ၅၀၀ထဲရတာ...ဘီယာဗူးတွေကလည်း...တစ်ဗူးမှတစ်ဆယ်..ဆယ့်ငါးကျပ်လောက်လေးမြတ်တာကို...ဦးလေးတို့ကတော့...ဟိုလူ့ဆီကနဲနဲပိုလိုက်...ဒီလူ့ဆီကနဲနဲပိုလိုက်နဲ့...၁ပိဿာလောက်ကအသာလေးခိုင်သွားတာမဟုတ်ဘူးလား...."
"ချစ်မင်း....မင်းခေါ်လာတဲ့ဟာက...ဘာအချိုးလည်းကွ...အရင်လည်းတို့ဒီအတိုင်းပဲလုပ်နေကြကို...အခုမှဘာထဖြစ်နေတာတုန်း..."
ရေသန့်ဗူးတွေကိုချိန်နေသော လူကြီးသည်ပုံရိပ်ကိုမကျေနပ်ဖြစ်သွားပုံပေါ်သည် သူနှင့်အလုပ်လုပ်နေကြဖြစ်သောချစ်မင်းကို မျက်မှောင်ကြုံ့လျှက်ကြည့်ရင်း မေးသည်။
ထိုလူဟာ ဟိန္ဒူဘာသာ၀င်တစ်ယောက်ဖြစ်ပြီး မုတ်ဆိတ်ကျင်ဆွယ်အနည်းငယ်ရှိလေသည်။
အသားကတော့ မီးသွေးကအမေခေါ်ရလောက်အောင်မဲပြီးနက်နေသည်။
မျက်နှာကြောခပ်တင်းတင်းနှင့် သောနုတ္တရမုဆိုးထက်ပင် အကျည်းတန်လွန်းသည့် ရုပ်ရည်ဖြင့် ထိုလူသည်ပုံရိပ်တို့ကဲ့သို့အောက်ခြေကနေတက်လာသူပင်ဖြစ်သည်။
ကိုယ်တိုင်လည်း ဒီဘ၀ကနေကျင်လည်လာသူဖြစ်လျှက်နှင့် ဘ၀တူချင်းစာနာခြင်းကင်းမဲ့လှသည်။အထူးသဖြင့် ကလေးသူငယ်လေးတွေကို ပိုလို့ပင်အလျှော့ပေးသင့်သည်။
အခုတော့ ကလေးပဲသူဘာလုပ်လုပ်နားလည်မှာမဟုတ်ဘူးဆိုပြီး လူလည်လုပ်နေခြင်းဖြစ်သည်။
ချစ်မင်းသည် ယခင်ကလည်းသည်လို သံတို၊သံစနှင့်ပန်ကာအပျက်တွေ၊ကတ်ထူတွေကို သူတို့အလိုကျချိန်ပြီးတိုင်း ပိုမှန်းမသိ၊ဘာမသိနှင့် ပေးလိုက်ရသည်ဆိုပါက သူဆုံးရှုံးထားတာ မနည်းပဲကို။
ပုံရိပ်ဆိုသည်မှာ ဒါမျိုးတော့လက်မခံနိုင်ပေ။
"ချစ်မင်းကိုဘာမှမဲစရာမလိုဘူး...ကျွန်မကဒီနေ့ကစပြီး ချစ်မင်းနဲ့အတူအလုပ်လုပ်မှာ ကျွန်မကိုမမြင်ချင်လည်း မြင်ရတော့မှာပဲ...
ပိုသွားတဲ့ပစ္စည်းတွေအတွက် သင့်တဲ့ဈေးကိုပိုပေးပါ မဟုတ်ရင်တော့ ပိုတဲ့ဟာတွေပြန်ပေးရမယ်..."
"ဟ...မင်းကစီးပွာရေးကိုမလုပ်တတ်ဘူးလား..အခြားလူတွေလည်းဒီလိုပဲ ပိုရင်ထည့်လိုက်တာပဲလေ...ဘာတွေနစ်နာသွားလို့လည်း...ပိဿာအချိန်အတိုင်းပိုက်ဆံအပြည့်ပေးတယ်လေ...ဘာပဲရောင်းရောင်းအစစ်တော့ထည့်ပေးရတာပဲ..တစ်ဗူးစနှစ်ဗူးစကိုတွက်ကပ်နေရင်...စီးပွားရေးလုပ်စားမနေနဲ့တော့...အိမ်မှာပဲယပ်ခက်နေလိုက်...."
ထိုလူကြီးသည် ပုံရိပ်၏ပုံစံကိုအကဲခတ်သလို တစ်ချက်ကြည့်ပြီး ခပ်မဲ့မဲ့ပြောလေသည်။
ပုံရိပ်၏အသွင်သည် အများ၏အပေါ်ယံအမြင်တွင်တော့ အ၀တ်နွမ်းလေး၀တ်ထားလျှင်တောင် ပိုက်ဆံရှိအသိုင်းအဝိုင်းမှရွှေအချင်းနှင့် ခြေကျင်းလျှက်မွေးလာသူဟုသာ မြင်ကြသည်။
ယခုလည်း ဒီလူသည်ပုံရိပ်ကိုတမင်စတန့်ထွင်၍ ဒီအလုပ်ကိုလိုက်လုပ်နေသည်ဟု ထင်နေပုံရသည်။
သူတို့ဆီမှာ ဒိုင်လာချတိုင်းလူတွေကိုမတူသလို မတန်သလို သူတို့ပေးမှယူရမည့်ပုံစံဆက်ဆံနေသောကြောင့် အသားတွေတဆက်ဆက်တုန်လောက်အောင်အထိ မကျေမနပ်ဖြစ်လာသည်။ပုံရိပ်ဆိုသည်မှာလည်း စိတ်မြန်လက်မြန်ရှိသူဖြစ်၍ ချိန်ခွင်ပေါ်တွင်တင်ထားသော ရေသန့်ဗူးတွေကို မြေပေါ်သို့မှောက်ချပြီး ပွေ့ယူလိုက်သည်။
"ချစ်မင်း...အဲ့ဒါ့တွေအကုန်သယ်ပြီးလှည်းထဲကိုပြန်ထည့်..."
"ဗျာ...."
"ဗျာမနေနဲ့...မြန်မြန်လုပ်...."
ပုံရိပ်အော်ထည့်လိုက်တော့ ချစ်မင်းလည်းမျက်လုံးလေးပြူးပြီး ခိုင်းသည့်အတိုင်းဗူးတွေ၊ကတ်ထူတွေကိုပွေ့ယူသည်။ဟိုအသားမဲကြီးကတော့ ပြာပြာသလဲနှင့် ယခုမှအသဲအသန်ဖြစ်လာသည်။
"ဟေ့...မင်းတို့ဘာလို့ပြန်သယ်နေတာလဲ...ဒီမှာချိန်တောင်ချိန်နေပြီလေ...ဟိတ်ကောင်မလေး...ညည်းဘာအချိုးချိုးတာလည်း..ငါ့ကိုဒီလိုလာလုပ်လို့မရဘူးနော်...
နှစ်ယောက်လုံးဒီထဲကနေထွက်ဖို့မစဉ်းစားနဲ့"
"ဘာလို့မရရမှာလဲ...."
ထိုလူကြီးသည် သူ့အဆောက်အဦးထဲမှပြန်ထွက်ရန်ပြင်နေသောပုံရိပ်၏လက်ကောက်၀တ်ကိုသူ၏ယောက်ျားအားကြီးဖြင့်ခပ်တင်းတင်းဆုပ်ကိုင်လိုက် သောကြောင့် ပုံရိပ်သည်လည်းလှည်းပေါ်သို့တင်ရန်ကိုင်ထားသည် ထိပ်ချွံသံချောင်းကိုသူ့ဘက်သို့ ရွယ်ပစ်လိုက်သည်။
"ဟိတ်...ဘာလုပ်တာလဲ..."
သံချွံကိုမြင်တော့မှ အလန့်တကြားလက်ကိုလွှတ်ပေးသောသူ့အား ပုံရိပ်သည်ဘယ်ဘ၀ကအငြှိုးကြောင့်မှန်းမသိ အင်မတန်မုန်းတီးစက်ဆုပ်စွာကြည့်မိသည်။ကိုယ်ကျိုးစီးပွားတစ်ခုတည်းအတွက် သူတစ်ပါးကိုအနိုင်ကျင့်ချင်သူတွေကို အင်မတန်မုန်းသည်။
အကျိုးအမြတ်က တစ်ပဲတစ်စိဆိုလျှင်တောင် ရသလောက်နှိုက်ချင်သည့်လူတွေပဲ။ ဒီလိုလူမျိူးတွေနဲ့ တစ်ခါပဲဆက်ဆံမည်။နောက်တစ်ခါဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။ပုံရိပ်ဆိုသည်မှာ ဈေးဆိုင်တွင်ဈေးသွား၀ယ်ရင်တောင် ၀ယ်သူကိုအချိုးမပြေဆက်ဆံလျှင် ထိုဆိုင်သည်ဘယ်လောက်ပစ္စည်းစုံလင်ပါစေ ခြေဦးတောင်မလှည့်ချင်သူဖြစ်သည်။
ယခုလည်း ထို့နည်းတူပါပဲ။
"ဒီမှာ...ပစ္စည်းကကျွန်မတို့ပစ္စည်း...ခိုးလာတာလည်းမဟုတ်ဘူး...ဓါးပြတိုက်လာတာလည်းမဟုတ်ဘူး...ကိုယ့်ပစ္စည်းကိုကိုယ်ကြိုက်တဲ့ဆိုင်မှာသွားရောင်းမယ်...ခင်ဗျားလိုဆိုင်တွေမှပေါလို့...၀ယ်ချင်တဲ့လူတွေများရိုက်သတ်လို့တောင်မကုန်ပြီး...ရှင်းလား...တစ်နေ့ခင်းလုံးနေပူထဲမှာခြေတိုအောင်လှည့်ပတ်ပြီးလိုက်၀ယ်ရတာကို..အရိပ်ထဲမှာထိုင်ပြီး၀ယ်ရတဲ့လူကအစစ်လိုချင်တယ်ပဲရှိရသေး...နောင်ကိုသေတောင်ခင်ဗျားဆီမှာလာမရောင်းဘူး...."
"အောင်မာ...သွားသွား...ဖားတုလို့ခရုခုန်အိုင်ပွက်ရုံပဲရှိမယ်...ဘာတွေလာမာန်တက်နေသလဲမသိဘူး...ငါ့နာမည်ကိုတော့လိုက်ဖျက်ဖို့မကြိုးစားနဲ့...တွေ့ရာသင်္ချိုင်းဓားမဆိုင်းပဲ..."
"ဘယ်သူမှလည်း အားယားမနေဘူး..."
ထိုနေ့သည် ချစ်မင်းနှင့်အတူအလုပ်စလုပ်သော တတိယမြောက်နေ့ပင်ဖြစ်သည်။ပုံရိပ်သည် အရာရာကိုသိလွယ်၊တတ်လွယ်သူဖြစ်၍ ပထမနေ့မှာတင်ချစ်မင်းသည် ပစ္စည်းတွေကိုရောင်းဖို့ ဆိုင်များအားလိုက်ပြသဖြင့် အ၀ယ်ဒိုင်သည် သူတို့တစ်ဆိုင်တည်းမဟုတ်မှန်းသိခဲ့ရသည်။ထို့ကြောင့် နောက်တစ်ဆိုင်သို့သွားခဲ့ပြီး ကိုယ်နှင့်အဆင်ပြေသောကြောင့် ထိုဆိုင်တွင်ပဲ ပစ္စည်းချိန်၍ဒိုင်ချခဲ့လိုက်သည်။
ထိုနေ့တွင်လှည်းငှားခရယ် အရင်းရယ်နှုတ်ပါက အမြတ်ကြီးပဲအသားတင်နှစ်သောင်းလောက်ရလိုက်သည်။သို့ပေမဲ့ပုံရိပ်ကတော့ယူနေကြအတိုင်း ခြောက်ထောင်သာယူပါသည်။
ထိုနေ့က အိမ်ကိုစောစောပြန်ရောက်သောကြောင့် မိစုနှင့်ထွန်းကိုအားဈေးထဲသို့ခေါ်သွားပြီး ကြာဇံကြော်ကောင်းကောင်းလေး လိုက်ကျွေးဖြစ်သည်။
ကျွေးတယ်ဆိုပေမဲ့ ကြာဇံကြော်ကလည်း တစ်ဗူးကိုနှစ်ထောင်လောက်ဖြစ်၍ ကိုယ့်မောင်လေးနှင့်ညီမလေးကိုသာ ကျွေးပြီးကိုယ်ကတော့ သူတို့လေးတွေ ၀မ်းသားအားရနှင့်တစ်ယောက်ကိုတစ်ယောက် ခွံ့နေတာကိုကြည့်နေရတာနှင့်တင် ၀မ်းက၀နေလေပြီ။
ကလေးဘ၀ဆိုသည်မှာ ဘာအပူအပင်မျှမရှိတော့ သိပ်ပျော်စရာကောင်းလွန်းသည်။
ပြုံးရယ်ဖို့ကိုလည်း မတွန့်ဆုတ်ကြသလို အရှိကိုအရှိတိုင်း ခံစားသက်၀င်ကြသည်။
စိတ်ထားလေးတွေ အင်မတန်ဖြူစင်ကြသည်။ပုံရိပ်လည်း သူတို့လိုစိတ်ထားတတ်ချင်မိသည်။
🔥ဆူးကြိုး...🔥အခန်း(၂၂)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၂)🔥 ပထမပိုင္း
"ခင္ရာေဆြမ်ိဳး..ၿမိန္ရာဟင္းေကာင္း.."ဆိုသၫ့္စကားပံုသည္ အင္မတန္မွန္ပါသည္။
တခါတေလမွ ကိုယ္ႏွင့္အမ်ိဳးမေတာ္ပါပဲ
သူစိမ္းတစ္ေယာက္သည္ ကိုယ့္အေပၚကိုေဆြမ်ိဳးေလာက္နီးနီးေကာင္းေပးတတ္သလို ကိုယ္ႏွင့္
ေန့တိုင္းရင္းႏွီးထိေတြ့ေနေသာ ေဆြမ်ိဳးေတာ္စပ္သူေတြသည္ ကိုယ့္အားစြန႔္ပစ္အမိႈက္တစ္စလိုဆက္ဆံတတ္သည္။
ဗိုက္ဆာေနခ်ိန္မွာ ကိုယ္၀မ္းထဲသို႔ေရာက္ရိွသြားသၫ့္ဘယ္အရာမဆို ကိုယ့္အတြက္ေတာ့စား၍ၿမိန္သည့္ ဟင္းေကာင္းပါပဲ။
အေဆြခင္ပြန္းေကာင္းသည္ ရတနာတစ္ပါးပဲ။
ကိုယ့္ထက္ငယ္သည္ျဖစ္ေစ၊ႀကီးသည္ျဖစ္ေစ
တစ္ခါကူညီဖူးရင္ တစ္သတ္လံုးေက်းဇူးရိွသူဟု
ထင္ျမင္မိသည္။
ပံုရိပ္လည္းထိုသို႔မွတ္ယူသလို ခ်စ္မင္းသည္လည္း
ပံုရိပ္နည္းတူ စဲြမွတ္ထားပံုရသည္ ။
သူ႔ကိုတစ္ခါကူညီထားဖူးေသာ ေက်းဇူးအားမေမ့ပဲကိုယ္လိုအပ္ေနသၫ့္အခ်ိန္မွာ ကူညီေပးရွာသည္။
ခ်စ္မင္းေလးသည္ တစ္ခါမ်ွေက်ာင္းမေနခဲ့ရဖူး၍
သူ႔ကိုစာသင္ေပးခ်င္စိတ္ျဖစ္မိသည္။
ေရးတတ္၊ဖတ္တတ္ရံုေလာက္ေပါ့ေလ။
ကိုယ္လည္းအမ်ားႀကီးေတာ့ မသင္တတ္ပါဘူး။
လက္ထဲမွာ မ်ိဳးေစ့တစ္ေစ့သာ ရိွေသာသူသည္
ထိုမ်ိဳးေစ့တစ္ေစ့ကိုပဲ ျဖန႔္က်ဲလို႔ရေတာ့မွာေပါ့။
ဆရာေနမ်ိဳးတို႔လို အျပင္ဗဟုသုတေရာ၊
စာေတြ့ဗဟုသုေတေရာစံုသူေတြကေတာ့ ျဖန႔္က်ဲဖို႔မ်ိဳးေစ့ေတြအင္မတန္မ်ားေလာက္မွာ ေသခ်ာသည္။
ပံုရိပ္သည္လည္း ပညာေရးကိုလိုလားပါသည္။
ေက်ာင္းက္ိုမွန္မွန္တက္ၿပီး တကၠသိုလ္ေက်ာင္းသူႀကီးအျဖစ္ ကိုယ့္ကိုကိုယ္ျမင္ေယာင္ဖူးပါသည္။
တကယ္ေတာ့ ဒါဟာ"ဆန္မရိွပဲ အစားႀကီးခ်င္ေသာအေတြးမ်ားပင္ျဖစ္သည္။
"ကိုယ့္၀မ္းနာ..ကိုယ္သာသိ"ဆိုသလို ေဆာင္းတြင္းႀကီးမွာ သူမ်ားေတြအိပ္ယာထဲတြင္၀င္ေကြးေနခ်ိန္အေအးဒဏ္ကိုေတာင့္ခံၿပီး ဒုကၡအေပါင္းကိုခံစားႏိုင္သူႀကီးကဲ့သို႔ အံကိုႀကိတ္၍ေဈးလည္ေရာင္းေနေသာ ေဒၚေလးကိုမွီခိုေနရ၍ ကိုယ့္ဘာသာတစ္ ေယာက္တည္းသိမ္ငယ္စိတ္၀င္ေနရသည္ကို
ကိုယ္သာအသိဆံုးပင္။
မွီခိုရမွာရွက္သည္ဆိုပါက ပို၍မွန္ပါလိမ့္မည္။
ပံုရိပ္သိပ္ရွက္ပါတယ္။တစ္ေန့ထက္တစ္ေန့ က်န္းမာေရးဆိုးရြားလာသည့္အေဒၚက သံုးပိႆာအေလးခ်ိန္ရိွေသာ ပဲျပဳတ္ေတာင္းကိုေခါင္းတြင္ရြက္ရသၫ့္အခါ ဇာတ္ေက်ာေတြထိုး၍စုတ္သပ္သံ၊ခါးေတြနာ၍ တကၽြတ္ကၽြတ္ၿငီးတြားသံေတြကို
မသိက်ိဳးကၽြံမျပဳလိုေတာ့ၿပီ။
ဦးသက္ေဆြလို ေဘးအိမ္ကဖ်ားေနခ်ိန္ သူ႔အိမ္မွာေပ်ာ္ပဲြရႊင္ပဲြလုပ္ေနခ်င္သူကေတာ့ မ်က္ႏွာလႊဲခဲပစ္ေနႏိုင္ေပမဲ့ပံုရိပ္ကေတာ့ တစ္ေန့တစ္ေန့ေခါင္းေပၚကို တင္းပုတ္ႏွင့္အထုခံရသကဲ့သို႔ အသံုးမက်လြန္းသၫ့္ကိုယ့္အျဖစ္ကိုၾကၫ့္ရင္း ကၽြင္းေသးေသးေလးတူးၿပီးသာပုန္းၿပီးေနလိုက္ခ်င္ေတာ့သည္။
"ၾကၫ့္စမ္း....ေဒၚရွင္းသန႔္တို႔မ်ား...သူ႔တူမကိုသားသမီးေတြထက္ ပိုခ်စ္ရွာတာေနာ္...ေက်ာင္းစရိတ္တင္ပဲမနည္းဘူး...တစ္အိမ္လံုးမွာလည္း
သူ႔တစ္ေယာက္လစာပဲရိွတာေလ...မနက္ဆိုပဲျပဳတ္ေရာင္း...ေန့ဆိုခဝါသည္အျဖစ္အိမ္တကာလွၫ့္ရနဲ႔..
မၾကာပါဘူး...လံုးပါးပါးမွာ...."
"ေအးဟယ္....သူ႔ခမ်ာေန၀င္ေနထြက္ နားရတယ္ကိုမရိွဘူး...ပံုရိပ္ရဲ့မိဘေတြမ်ားအံ့ပါ့ေတာ္...
ကိုယ့္သမီးတစ္ေယာက္လံုးကို သူမ်ားလက္ထဲကိုလာပစ္သြားရတယ္လို႔....အခုေတာ့ဟိုခမ်ာ
...ကေလးသံုးေယာက္နဲ႔...ဒုကၡေရာက္ရေရာ...."
"ေယာက္်ားကလည္းမေကာင္း...ကေလးေတြကလည္းလက္လြတ္ေသးတဲ့အရြယ္ေတြမဟုတ္ေတာ့...
သူခ်ည္းဖိရုန္းရတာေပါ့...."
နံရံေတြမွာနားေတြရိွေနတတ္သလို လူတိုင္းမွာလည္းလြတ္လပ္စြာ ေျပာဆိုေဆြးေနြးႏိုင္ေသာ
ပါးစပ္ေပါက္တစ္ခုစီပါရိွသည္။
လူတစ္ေယာက္ႏွင့္တစ္ေယာက္သည္ ဦးေနွာက္ကိုအသံုးခ်ပံုျခင္းလည္းမတူသလို ေတြးေခၚႏိုင္ေသာဉာဏ္ပညာျခင္းလည္းမတူညီေပ။
တံငါနားနီေတာ့ တံငါ..မုဆိုးနားနီးေတာ့..မုဆိုးျဖစ္ၿပီး ေရႊပင္တြင္နားေသာငွက္သည္ ေရႊေက်းျဖစ္ရေလသည္။ ပညာမဲ့ေသာသူ၊အဆိုးျမင္ဝါဒရိွေသာသူသည္လည္း ေကာင္းေသာစကားကိုဆိုမည္မဟုတ္ေပ။
ကိုယ္က ပန္းပြင့္၏ရနံ႔ကိုရႉခိုင္းဖို႔ ကမ္းေပးေပမဲ့
ပန္လိုေသာသူရိွသလို ေခ်မႊလိုေသာသူလည္းရိွသည္။ကိုယ့္အေတြးႏွင့္မတူတိုင္း လိုက္၍အျပစ္တင္ပါကလည္း ရူးသြားႏိုင္သည္။
ပိေတာက္ပန္းသည္ ေမႊးရနံ႔ၾကဴျပီး အဆင္းလွပါေသာ္လည္း ဘုရားပန္းအိုးထိုး၍တာရွည္မခံႏိုင္ေပ။
သို႔ေပမဲ့ သူ႔တြင္လည္းေဆးဖက္၀င္ေသာေနရာမ်ားရိွသည္။ေတာ္ေတာ္မ်ားမ်ားကေတာ့
ထိုအရာကိုမျမင္ႏိုင္ပါဘူး။လူေတြဟာအေပၚယံေၾကာကိုပဲ ၾကၫ့္တတ္သည္ ခ်ီးမႊမ္းတတ္သည္။
ပိုက္ဆံရိွပါက ေပးကမ္းစြန႔္က်ဲႏိုင္ပါက
အရုပ္ဆိုးေသာ၊အက်ည္းတန္ေသာသူသည္
သူတို႔၏အျမင္တြင္ ယမင္းရုပ္ကေလးနယ္ျဖစ္သြားတတ္သည္။
လူေတာ္ေတာ္မ်ားမ်ားသည္ အတြင္းစိတ္ကိုေပါင္းၾကတာမ်ိဳးထက္ သကာေရေလာင္းထားေသာအျပင္ပန္းကိုသာ ကြက္၍ျမင္ၾကသည္။
အေဒၚ၏အိမ္တြင္ေန၍ အေဒါ့္လုပ္စာႏွင့္ေက်ာင္းတတ္ေနရေသာ္ျငားလည္း တစ္ႏွစ္ေနလို႔မွအ၀တ္သစ္တစ္စံုေတာင္ ပံုရိပ္မပူဆာဖူးေပ။
သူမ်ားကေလးေတြက အနည္းဆံုးေတာ့ေက်ာင္းသို႔ ေငြငါးဆယ္ေလာက္ပါလာတတ္ေပမဲ့ ပံုရိပ္ကေတာ့အေဒၚေစတနာရိွ၍ ထၫ့္ေပးေသာထမင္းခ်ိဳင့္ကိုသာဆဲြေလ့ရိွသည္။ထိုထမင္းခ်ိဳင့္ကိုေတာင္ ပံုရိပ္အားနာ၍မထၫ့္ခ်င္ေပမဲ့ ေဒၚေလး၏မယူမျဖစ္ရ အမိန႔္ေၾကာင့္သာယူရျခင္းျဖစ္သည္။
အေဒၚသည္လူေကာင္ႀကီး၍ အတန္းႀကီးေသာပံုရိပ္ကို သူ႔သားသမီးမ်ားထက္ ဘဲဥျပဳတ္ဆိုပါကလည္း
တစ္ျခမ္းပိုထၫ့္ေပးတတ္သလို ပဲျပဳတ္ကိုသုတ္လ်ွင္ေတာင္ တစ္ဇြန္းပိုထၫ့္ေပးတတ္သူျဖစ္သည္။
သို႔ေပမဲ့ ေဒၚေလးမသိေအာင္ မိစု၏ခ်ိဳင့္ေလးထဲသို႔ ပံုရိပ္၏ေဝစုေလးေတြကို အၿမဲခဲြထၫ့္ေပးခဲ့တာကိုေတာ့ မည္သူမ်ွမသိေပ။
ေဒၚေလးမရိွန္ခ်ိန္ေတြမွာ ထမင္းဝိုင္း၌ဟင္းသံုးတံုးရိွလ်ွင္ ပံုရိပ္သည္အရည္ေလးသာစမ္းစားတတ္ၿပီး
ကေလးေတြကိုသာ အသားတံုးေလးေတြကို
စားေစသည္ကို မည္သူမ်ွမသိေပ။
ကေလးေတြလည္း ရိပ္မိမည္မထင္ေပ။
ေကာင္းမႈတစ္ခုျပဳျပီးတိုင္း တစ္ရြာလံုးသိေအာင္စည္တီးျပစရာမလိုေပ။ကိုယ္မွန္ရင္ ကိုယ့္လိပ္ျပာကိုယ္လံုရမည္။တစ္ခါတစ္ေလမွာ ကိုယ့္ဘာသာမွန္တယ္လို႔ထင္ေနတတ္ေပမဲ့ အျခားသူေတြ၏အျမင္မွာေတာ့ တလဲြေတျြဖစ္ေနတတ္သည္။
အရင္ကေတာ့ တပါးသူမ်ား၏အျမင္ကိုဂရုစိုက္လြန္း၍ တစ္ေယာက္တည္း၀မ္းနည္းသိမ္ငယ္ခဲ့ရေပမဲ့ ယခုေတာ့ထိုအရာအားလံုးကို ေျမာင္းထဲသို႔လႊင့္ပစ္လိုက္ပါၿပီ။
ဘယ္သူဘာေျပာေျပာဂရုမစိုက္ေတာ့ဘူး။
နင္ဘာသာပညာေရးကို ဆံုးခန္းတိုင္ေအာင္မသင္ပဲ မိုက္တြင္းနက္သည္ဟုေျပာလာခဲ့ပါလ်ွင္ ပညာတတ္ၿပီးဘ၀ပ်က္ေနသူေတြကို လက္ၫွိုးထိုးျပလိုက္မည္။ဘဲြ႔မရတိုင္း အတန္းပညာမတတ္တိုင္း လူညံ့၊လူဖ်င္းမဟုတ္ဘူးဆိုတာကို ျပသခ်င္သည္။
ဘ၀ေပးအေျခအေနေၾကာင့္ ျမန္မာႏိုင္ငံတြင္ပညာေရးကိုလက္လႊတ္လိုက္ရေသာ ကေလးသူငယ္မ်ားထဲတြင္ပံုရိပ္၏နာမည္ကို
ကမၼည္းတင္လိုက္လည္းခံပါမည္။
ေက်ာင္းမတတ္ရသည္ထက္ အရွက္မဲ့စြာသူတပါးလုပ္စာကိုထိုင္စားေနရတာက ပိုမိုက္ကန္းသည္။
ခ်စ္မင္းႏွင့္အလုပ္လိုက္လုပ္ရာမွာ ေဝစုအျဖစ္တစ္ေန့ကို ပိုက္ဆံေျခာက္ေထာင္ရသည္။ေနခင္းဘက္တြင္ ပံုရိပ္သည္အိမ္သို႔ျပန္၍ ကေလးေတြကိုၾကၫ့္ရေသးသလို ညေနဘက္ဆိုလ်ွင္လည္း ဒိုင္သြားခ်ၿပီးသည္ႏွင့္ လုပ္ခေျခာက္ေထာင္ကိုယူၿပီး ေဒၚေလးျပန္မေရာက္ခင္ ေစာေစာေရာက္ႏွင့္ရမည္ျဖစ္၍ ဒိုင္ခ်သၫ့္ေနရာမွ အိမ္သို႔တန္းျပန္ခဲ့ရသည္။လွည္းကို အထုတ္၊အပို႔ကေတာ့
ခ်စ္မင္းေလးက ဒိုင္ခံလုပ္ေပးသည္။
လွည္းဆိုသည္မွာလည္း သံဇကာအကြက္စိပ္ကေလးေတြကို ေလးဖက္ေလးလံကာရံထားၿပီး စက္ဘီးတာယာသို႔မဟုတ္ ဆိုင္ကယ္ဘီးနီးနီးေလာက္ကို ဦးတြင္တစ္ဘီး ေတာင္ႏွင့္ေျမာက္တြင္ တစ္ဘီးတပ္လ်ွက္ လက္ကိုင္ေလးတပ္လိုက္ေသာအခါ တြန္းလွည္းျဖစ္သြားေလသည္။
လွည္းငွားခသည္ တစ္ေန့ကိုႏွစ္ေထာင္တိတိေပးရသည္။ေန့ခင္းဘက္ဆိုလ်ွင္ ရပ္ကြက္ေတြထဲသို႔ အသံ၀င္ေအာင္လွၫ့္ေအာ္ၿပီး
တစ္လမ္းမွတစ္အိမ္ေလာက္ေတာင္ ထြက္မေရာင္းၾကေသာအခါမ်ိဳးေတြလည္းရိွသည္။
ေနကပူ၊ခၽြေးကျပန္ရသၫ့္ၾကားထဲ ဗိုက္ကဆာလာသၫ့္အခါ စိတ္တိုလာ၍ ေရာင္းသူကိုသိပ္မယဉ္ေက်းႏိုင္လ်ွင္လည္း မေရာင္းခ်င္ၾကေပ။တစ္ခ်ိဳ႕ပစၥည္းမ်ားမ်ား တစ္ၿပိဳင္တည္းေရာင္းေသာ အိမ္မ်ားလည္းရိွသလို ေရသန႔္၅ဗူးေလာက္ႏွင့္ ပိုက္ဆံငါးရာရခ်င္သူေတြကလည္း ရိွေသးသည္။
ကိုယ္ေတြေတာင္ ျပန္ေရာင္းလ်ွင္ ေရသန႔္ဗူးႀကီးအလံုး၁၀၀ေလာက္ကိုမွ၁ပိႆာျဖစ္ၿပီး တစ္ေထာင္ႏွင့္ေဈးျဖတ္ခံရေလသည္။
တစ္ခါတစ္ေလ၁ပိႆာျပည့္၍ငါးဗူးေလာက္ပိုျပန္လ်ွင္ လူလည္က်ၿပီးသူတို႔ကထၫ့္ခ်င္ေသးသည္။ယခင္ကဆိုလ်ွင္ေတာ့ ခ်စ္မင္းကအားနာသူျဖစ္၍သူတို႔ၫွပ္ခ်တိုင္းရေပမဲ့
ပံုရိပ္ပါသၫ့္အခ်ိန္မွစ၍ သူတို႔ထိုသို႔မလုပ္ရဲေတာ့ေပ။ပံုရိပ္ႏွင့္ စကားမ်ားၿပီးတည္းက ပံုရိပ္ကိုဆိုႏွစ္ရက္တည္းေတြ့ၿပီး သူတို႔လန႔္ေနေလသည္။
"ဒီမွာေျခာက္ဗူးပိုေနတယ္...ညည္းတို႔လည္းဘာမွလုပ္လို႔ရတာမဟုတ္ဘူး.. ဒါကိုေတာ့တြက္မေနနဲ႔ေတာ့...."
"ဟာ့...မတြက္လို႔ရမလား...ဒီမွာကတ္ထူေတြက..တစ္ပိႆာမွ၅၀၀ထဲရတာ...ဘီယာဗူးေတြကလည္း...တစ္ဗူးမွတစ္ဆယ္..ဆယ့္ငါးက်ပ္ေလာက္ေလးျမတ္တာကို...ဦးေလးတို႔ကေတာ့...ဟိုလူ႔ဆီကနဲနဲပိုလိုက္...ဒီလူ႔ဆီကနဲနဲပိုလိုက္နဲ႔...၁ပိႆာေလာက္ကအသာေလးခိုင္သြားတာမဟုတ္ဘူးလား...."
"ခ်စ္မင္း....မင္းေခၚလာတဲ့ဟာက...ဘာအခ်ိဳးလည္းကြ...အရင္လည္းတို႔ဒီအတိုင္းပဲလုပ္ေနၾကကို...အခုမွဘာထျဖစ္ေနတာတုန္း..."
ေရသန႔္ဗူးေတြကိုခ်ိန္ေနေသာ လူႀကီးသည္ပံုရိပ္ကိုမေက်နပ္ျဖစ္သြားပံုေပၚသည္ သူႏွင့္အလုပ္လုပ္ေနၾကျဖစ္ေသာခ်စ္မင္းကို မ်က္ေမွာင္ႄကံု႔လ်ွက္ၾကၫ့္ရင္း ေမးသည္။
ထိုလူဟာ ဟိႏၵူဘာသာ၀င္တစ္ေယာက္ျဖစ္ၿပီး မုတ္ဆိတ္က်င္ဆြယ္အနည္းငယ္ရိွေလသည္။
အသားကေတာ့ မီးေသြးကအေမေခၚရေလာက္ေအာင္မဲၿပီးနက္ေနသည္။
မ်က္ႏွာေၾကာခပ္တင္းတင္းႏွင့္ ေသာႏုတၲရမုဆိုးထက္ပင္ အက်ည္းတန္လြန္းသည့္ ရုပ္ရည္ျဖင့္ ထိုလူသည္ပံုရိပ္တို႔ကဲ့သို႔ေအာက္ေျခကေနတက္လာသူပင္ျဖစ္သည္။
ကိုယ္တိုင္လည္း ဒီဘ၀ကေနက်င္လည္လာသူျဖစ္လ်ွက္ႏွင့္ ဘ၀တူခ်င္းစာနာျခင္းကင္းမဲ့လွသည္။အထူးသျဖင့္ ကေလးသူငယ္ေလးေတြကို ပိုလို႔ပင္အေလ်ွာ့ေပးသင့္သည္။
အခုေတာ့ ကေလးပဲသူဘာလုပ္လုပ္နားလည္မွာမဟုတ္ဘူးဆိုၿပီး လူလည္လုပ္ေနျခင္းျဖစ္သည္။
ခ်စ္မင္းသည္ ယခင္ကလည္းသည္လို သံတို၊သံစႏွင့္ပန္ကာအပ်က္ေတြ၊ကတ္ထူေတြကို သူတို႔အလိုက်ခ်ိန္ၿပီးတိုင္း ပိုမွန္းမသိ၊ဘာမသိႏွင့္ ေပးလိုက္ရသည္ဆိုပါက သူဆံုးရႈံးထားတာ မနည္းပဲကို။
ပံုရိပ္ဆိုသည္မွာ ဒါမ်ိဳးေတာ့လက္မခံႏိုင္ေပ။
"ခ်စ္မင္းကိုဘာမွမဲစရာမလိုဘူး...ကၽြန္မကဒီေန့ကစၿပီး ခ်စ္မင္းနဲ႔အတူအလုပ္လုပ္မွာ ကၽြန္မကိုမျမင္ခ်င္လည္း ျမင္ရေတာ့မွာပဲ...
ပိုသြားတဲ့ပစၥည္းေတြအတြက္ သင့္တဲ့ေဈးကိုပိုေပးပါ မဟုတ္ရင္ေတာ့ ပိုတဲ့ဟာေတျြပန္ေပးရမယ္..."
"ဟ...မင္းကစီးပြာေရးကိုမလုပ္တတ္ဘူးလား..အျခားလူေတြလည္းဒီလိုပဲ ပိုရင္ထၫ့္လိုက္တာပဲေလ...ဘာေတြနစ္နာသြားလို႔လည္း...ပိႆာအခ်ိန္အတိုင္းပိုက္ဆံအျပၫ့္ေပးတယ္ေလ...ဘာပဲေရာင္းေရာင္းအစစ္ေတာ့ထၫ့္ေပးရတာပဲ..တစ္ဗူးစႏွစ္ဗူးစကိုတြက္ကပ္ေနရင္...စီးပြားေရးလုပ္စားမေနနဲ႔ေတာ့...အိမ္မွာပဲယပ္ခက္ေနလိုက္...."
ထိုလူႀကီးသည္ ပံုရိပ္၏ပံုစံကိုအကဲခတ္သလို တစ္ခ်က္ၾကၫ့္ၿပီး ခပ္မဲ့မဲ့ေျပာေလသည္။
ပံုရိပ္၏အသြင္သည္ အမ်ား၏အေပၚယံအျမင္တြင္ေတာ့ အ၀တ္ႏြမ္းေလး၀တ္ထားလ်ွင္ေတာင္ ပိုက္ဆံရိွအသိုင္းအဝိုင္းမွေရႊအခ်င္းႏွင့္ ေျခက်င္းလ်ွက္ေမြးလာသူဟုသာ ျမင္ၾကသည္။
ယခုလည္း ဒီလူသည္ပံုရိပ္ကိုတမင္စတန႔္ထြင္၍ ဒီအလုပ္ကိုလိုက္လုပ္ေနသည္ဟု ထင္ေနပံုရသည္။
သူတို႔ဆီမွာ ဒိုင္လာခ်တိုင္းလူေတြကိုမတူသလို မတန္သလို သူတို႔ေပးမွယူရမၫ့္ပံုစံဆက္ဆံေနေသာေၾကာင့္ အသားေတြတဆက္ဆက္တုန္ေလာက္ေအာင္အထိ မေက်မနပ္ျဖစ္လာသည္။ပံုရိပ္ဆိုသည္မွာလည္း စိတ္ျမန္လက္ျမန္ရိွသူျဖစ္၍ ခ်ိန္ခြင္ေပၚတြင္တင္ထားေသာ ေရသန႔္ဗူးေတြကို ေျမေပၚသို႔ေမွာက္ခ်ၿပီး ေပြ့ယူလိုက္သည္။
"ခ်စ္မင္း...အဲ့ဒါ့ေတြအကုန္သယ္ၿပီးလွည္းထဲကိုျပန္ထၫ့္..."
"ဗ်ာ...."
"ဗ်ာမေနနဲ႔...ျမန္ျမန္လုပ္...."
ပံုရိပ္ေအာ္ထၫ့္လိုက္ေတာ့ ခ်စ္မင္းလည္းမ်က္လံုးေလးျပဴးၿပီး ခိုင္းသၫ့္အတိုင္းဗူးေတြ၊ကတ္ထူေတြကိုေပြ့ယူသည္။ဟိုအသားမဲႀကီးကေတာ့ ျပာျပာသလဲႏွင့္ ယခုမွအသဲအသန္ျဖစ္လာသည္။
"ေဟ့...မင္းတို႔ဘာလို႔ျပန္သယ္ေနတာလဲ...ဒီမွာခ်ိန္ေတာင္ခ်ိန္ေနၿပီေလ...ဟိတ္ေကာင္မေလး...ညည္းဘာအခ်ိဳးခ်ိဳးတာလည္း..ငါ့ကိုဒီလိုလာလုပ္လို႔မရဘူးေနာ္...
ႏွစ္ေယာက္လံုးဒီထဲကေနထြက္ဖို႔မစဉ္းစားနဲ႔"
"ဘာလို႔မရရမွာလဲ...."
ထိုလူႀကီးသည္ သူ႔အေဆာက္အဦးထဲမျွပန္ထြက္ရန္ျပင္ေနေသာပံုရိပ္၏လက္ေကာက္၀တ္ကိုသူ၏ေယာက္်ားအားႀကီးျဖင့္ခပ္တင္းတင္းဆုပ္ကိုင္လိုက္ ေသာေၾကာင့္ ပံုရိပ္သည္လည္းလွည္းေပၚသို႔တင္ရန္ကိုင္ထားသည္ ထိပ္ခၽြံသံေခ်ာင္းကိုသူ႔ဘက္သို႔ ရြယ္ပစ္လိုက္သည္။
"ဟိတ္...ဘာလုပ္တာလဲ..."
သံခၽြံကိုျမင္ေတာ့မွ အလန႔္တၾကားလက္ကိုလႊတ္ေပးေသာသူ႔အား ပံုရိပ္သည္ဘယ္ဘ၀ကအႃငွိုးေၾကာင့္မွန္းမသိ အင္မတန္မုန္းတီးစက္ဆုပ္စြာၾကၫ့္မိသည္။ကိုယ္က်ိဳးစီးပြားတစ္ခုတည္းအတြက္ သူတစ္ပါးကိုအႏိုင္က်င့္ခ်င္သူေတြကို အင္မတန္မုန္းသည္။
အက်ိဳးအျမတ္က တစ္ပဲတစ္စိဆိုလ်ွင္ေတာင္ ရသေလာက္ႏိႈက္ခ်င္သၫ့္လူေတြပဲ။ ဒီလိုလူမ်ိူးေတြနဲ႔ တစ္ခါပဲဆက္ဆံမည္။ေနာက္တစ္ခါဆိုတာ ရိွလာမွာမဟုတ္ေတာ့ဘူး။ပံုရိပ္ဆိုသည္မွာ ေဈးဆိုင္တြင္ေဈးသြား၀ယ္ရင္ေတာင္ ၀ယ္သူကိုအခ်ိဳးမေျပဆက္ဆံလ်ွင္ ထိုဆိုင္သည္ဘယ္ေလာက္ပစၥည္းစံုလင္ပါေစ ေျခဦးေတာင္မလွၫ့္ခ်င္သူျဖစ္သည္။
ယခုလည္း ထို႔နည္းတူပါပဲ။
"ဒီမွာ...ပစၥည္းကကၽြန္မတို႔ပစၥည္း...ခိုးလာတာလည္းမဟုတ္ဘူး...ဓါးျပတိုက္လာတာလည္းမဟုတ္ဘူး...ကိုယ့္ပစၥည္းကိုကိုယ္ႀကိဳက္တဲ့ဆိုင္မွာသြားေရာင္းမယ္...ခင္ဗ်ားလိုဆိုင္ေတြမွေပါလို႔...၀ယ္ခ်င္တဲ့လူေတြမ်ားရိုက္သတ္လို႔ေတာင္မကုန္ၿပီး...ရွင္းလား...တစ္ေန့ခင္းလံုးေနပူထဲမွာေျခတိုေအာင္လွၫ့္ပတ္ၿပီးလိုက္၀ယ္ရတာကို..အရိပ္ထဲမွာထိုင္ၿပီး၀ယ္ရတဲ့လူကအစစ္လိုခ်င္တယ္ပဲရိွရေသး...ေနာင္ကိုေသေတာင္ခင္ဗ်ားဆီမွာလာမေရာင္းဘူး...."
"ေအာင္မာ...သြားသြား...ဖားတုလို႔ခရုခုန္အိုင္ပြက္ရံုပဲရိွမယ္...ဘာေတြလာမာန္တက္ေနသလဲမသိဘူး...ငါ့နာမည္ကိုေတာ့လိုက္ဖ်က္ဖို႔မႀကိဳးစားနဲ႔...ေတြ့ရာသခ်ၤိဳင္းဓားမဆိုင္းပဲ..."
"ဘယ္သူမွလည္း အားယားမေနဘူး..."
ထိုေန့သည္ ခ်စ္မင္းႏွင့္အတူအလုပ္စလုပ္ေသာ တတိယေျမာက္ေန့ပင္ျဖစ္သည္။ပံုရိပ္သည္ အရာရာကိုသိလြယ္၊တတ္လြယ္သူျဖစ္၍ ပထမေန့မွာတင္ခ်စ္မင္းသည္ ပစၥည္းေတြကိုေရာင္းဖို႔ ဆိုင္မ်ားအားလိုက္ျပသျဖင့္ အ၀ယ္ဒိုင္သည္ သူတို႔တစ္ဆိုင္တည္းမဟုတ္မွန္းသိခဲ့ရသည္။ထို႔ေၾကာင့္ ေနာက္တစ္ဆိုင္သို႔သြားခဲ့ၿပီး ကိုယ္ႏွင့္အဆင္ေျပေသာေၾကာင့္ ထိုဆိုင္တြင္ပဲ ပစၥည္းခ်ိန္၍ဒိုင္ခ်ခဲ့လိုက္သည္။
ထိုေန့တြင္လွည္းငွားခရယ္ အရင္းရယ္ႏႈတ္ပါက အျမတ္ႀကီးပဲအသားတင္ႏွစ္ေသာင္းေလာက္ရလိုက္သည္။သို႔ေပမဲ့ပံုရိပ္ကေတာ့ယူေနၾကအတိုင္း ေျခာက္ေထာင္သာယူပါသည္။
ထိုေန့က အိမ္ကိုေစာေစာျပန္ေရာက္ေသာေၾကာင့္ မိစုႏွင့္ထြန္းကိုအားေဈးထဲသို႔ေခၚသြားၿပီး ၾကာဇံေၾကာ္ေကာင္းေကာင္းေလး လိုက္ကၽြေးျဖစ္သည္။
ကၽြေးတယ္ဆိုေပမဲ့ ၾကာဇံေၾကာ္ကလည္း တစ္ဗူးကိုႏွစ္ေထာင္ေလာက္ျဖစ္၍ ကိုယ့္ေမာင္ေလးႏွင့္ညီမေလးကိုသာ ကၽြေးၿပီးကိုယ္ကေတာ့ သူတို႔ေလးေတြ ၀မ္းသားအားရႏွင့္တစ္ေယာက္ကိုတစ္ေယာက္ ခြံ႔ေနတာကိုၾကၫ့္ေနရတာႏွင့္တင္ ၀မ္းက၀ေနေလၿပီ။
ကေလးဘ၀ဆိုသည္မွာ ဘာအပူအပင္မ်ွမရိွေတာ့ သိပ္ေပ်ာ္စရာေကာင္းလြန္းသည္။
ႃပံုးရယ္ဖို႔ကိုလည္း မတြန႔္ဆုတ္ၾကသလို အရိွကိုအရိွတိုင္း ခံစားသက္၀င္ၾကသည္။
စိတ္ထားေလးေတြ အင္မတန္ျဖဴစင္ၾကသည္။ပံုရိပ္လည္း သူတို႔လိုစိတ္ထားတတ္ခ်င္မိသည္။
သံုးရက္တာအတြင္းအလုပ္လုပ္ခဲ့ရစဉ္ႄကံုေတြ့ခဲ့ရေသာအေတြ့အႄကံုေတြကိုျပန္ေတြးရင္းႏွင့္ပင္ ခ်စ္မင္းတို႔ေနေသာက်ူးေက်ာ္ရပ္ကြက္ေလးထဲသို႔ေရာက္လာခဲ့သည္။လမ္းကေလးဟာ က်ဉ္းေျမာင္းၿပီးအိမ္ကေလးေတြကလည္း စီထြက္ေနသည္ ။က်ူးေက်ာ္ရပ္ကြက္ဆိုၿပီးလည္းအထင္ေသးလို႔မရေပ အခ်ိဳ႕ေတြကအိမ္လခမေပးရေသာေၾကာင့္ ကိုယ္ေတြထက္ေတာင္ပိုက္ဆံရိွေသးသည္။
က်ူးေက်ာ္တြင္ ေရႊတဲြလဲ၊ေငြတဲြလဲျဖစ္ေနၾကေသာလူမ်ားလည္း ေနထိုင္သလိုတကယ့္ကိုမရိွ၍ ေရႊတိဂံုဘုရားနားတြင္ေတာင္းရမ္းစားေနၾကေသာသူမ်ားလည္း ေနထိုင္သည္။ေတာင္းစားရသၫ့္အေျခအေနဆိုေပမဲ့ အခ်ိဳ႕လူေတြကကိုယ္ေတြထက္ေတာင္ ၀တ္ႏိုင္စားႏိုင္ေတြရိွေသးသည္။
ပံုရိပ္တို႔၏ရပ္ကြက္ထဲရိွ လိုင္းခန္းတစ္ခုတြင္ေတာ့ ကုလားလို႔ေခၚၾကေသာ ဂင္တိုတိုႏွင့္လူသည္ သူ၏အိုမင္းမစြမ္းေတာ့ေသာေမြးစားအေမအိုႀကီးအား ေန့စဥ္ေန့တိုင္းေဈးထဲႏွင့္ဘုရားဘက္ေတြမွာ သြားခ်ထားေလ့ရိွၿပီး ေတာင္းရမ္းခိုင္းေလသည္။
ရသမ်ွပိုက္ဆံကိုေတာ့ သူတို႔သာသံုးျဖဳန္းၾကၿပီး အဖြားႀကီးကိုေတာ့ မသဒၵါရည္စာေလးသာ ကၽြေးေမြးသည္။ထို႔ေၾကာင့္ အဖြားႀကီးသည္တစ္ေန့ထပ္တစ္ေန့ အိုရသၫ့္ၾကားမွအရိုးေပၚအရည္တင္ျဖစ္လာရသည္။ထိုသို႔ျဖစ္ေလ ေတာင္းရမ္းခိုင္းလို႔ပိုေကာင္းေလျဖစ္သည္။
ပံုရိပ္သည္ ကိုယ္ႏွင့္မဆိုင္ေပမဲ့ထိုကုလားဆိုသၫ့္လူႏွင့္ သူ႔မိသားစုကိုအင္မတန္ရြံရွာမိသည္။ျဖစ္ႏိုင္လ်ွင္ ဘုရားေလာင္းေနမိမင္းနတ္ျပည္သို႔ႂကြရင္းႏွင့္ ျမင္ခဲ့ရေသာငရဲဘံုမ်ားတြင္ တစ္ဆင့္ၿပီးတစ္ဆင့္ငရဲခံရေစခ်င္သည္။ဒါမွသူတို႔မွတ္မွာ။
ကိုယ့္အေတြးႏွင့္ကိုယ္ေလ်ွာက္လာရင္းမွ ခ်စ္မင္းတို႔၏အိမ္အေရ႔ွသို႔ေရာက္ေသာအခါတြင္ အိမ္ေရ႔ွ၌ ငုတ္တုတ္ထိုင္လ်ွက္ျဖင့္ မိႈင္ေနေသာခ်စ္မင္းေလးကိုေတြ့ရေလသည္။
ဒီကေလးသည္ အၿမဲတက္ႂကြလမ္းဆန္းေနတတ္ေသာ ကေလးျဖစ္ေသာေၾကာင့္
မိႈင္ေနသည္ဆိုတည္းကတစ္ခုခု ထူးထူးကဲကဲစိတ္ညစ္စရာရိွလို႔ပဲေနမည္။အရင္ေတြ့တုန္းကေတာ့ ပံုရိပ္ေရာက္လာတာႏွင့္သူတို႔အိမ္ေရ႔ွတြင္ ငွားထားသၫ့္လွည္းကိုအၿမဲရပ္ထားေလ့ရိွသည္ သည္ေန့ေတာ့ထိုလွည္းကိုမေတြ့ရေပ။
🔥ဆူးႀကိဳး...🔥အခန္း(၂၂)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment