🔥ဆူးကြိုး...🔥အခန်း(၂၃)🔥 ဒုတိယပိုင်း


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၃)🔥  ဒုတိယပိုင်း 


"ငါ့မှာတော့...မျှော်မှန်းချက်တွေထားးပြီး...

ပညာတတ်စေချင်လို့ရုန်းကန်နေပေမဲ့

..နင်ကတော့ငါ့အရှက်ကိုခွဲတယ်...မိုက်တွင်း

နက်တဲ့မိန်းမ....နင်ကဟိုအတန်းကိုသွားဖို့လမ်းစထွင်နေတာလား...ဟုတ်လား..."


"မဟုတ်ပါဘူး...ဒေါ်လေးရယ်....သမီးတောင်းပန်ပါတယ်..."


"မတောင်းပန်နဲ့...ညည်းကိုငါအခွင့်အရေးတွေပေးပြီးပြီ..အမျိုးမျိုးနားချပြီးပြီ...ငါ့ရဲ့ဆန္ဒလေးကိုဖြည့်စည်းပေးဖို့ အဲ့သလောက်ပဲခက်သလားဟေ...အခုမှအသက်ကလေး၁၅နှစ်ပြည့်ရုံလေးနဲ့...လူကြီးတွေကိုမတိုင်ပင်ပဲ...

လုပ်ချင်တာတွေလုပ်နေတယ်...ညည်းလိုမိန်းမကိုရေရှည်မှာ ငါနိုင်အောင်ထိန်းနိုင်ပါတော့မလား..ဘာလဲ...ငါကမုန့်ဖိုးမပေးလို့လား...ငါကအ၀တ်အစားမဆင်ပေးနိုင်လို့လား...ညည်းငါ့နေရာမှာစဉ်းစားကြည့်စမ်း...အပျိုလေးအရွယ်လေးကိုဆောက်လုပ်ရေးလုပ်ငန်းမှာ ယောက်ျားတကာနဲ့တပူးတတွဲအလုပ်လုပ်ခိုင်းတဲ့မိန်းမလို့ အများအမြင်မှာကဲ့ရဲ့စရာဖြစ်အောင်လုပ်နေတာလား..."


"မဟုတ်ပါဘူး...ဒေါ်လေးရယ်...သမီးမှာအဲ့လိုရည်ရွယ်ချက်မရှိပါဘူး...သမီးကဒေါ်လေးကိုကူညီချင်ရုံပါ...အဟင့်.."


ဒေါ်လေး၏ဒူးခေါင်းကိုဖက်၍‌ငိုမိတော့ပုံရိပ်၏ရင်ဘတ်ကိုဒူးနှင့်တော့ပစ်လျှက်ရုန်းသောကြောင့် အနောက်သို့ပက်လက်လန်ကျသွားသည့်အခါ ဒေါ်လေး၏မျက်နှာမှတင်းမာမှုတွေကို အောက်မေးရိုးဆီမှနေ၍ ရှင်းလင်းစွာမြင်နေရသည်။


ဒေါ်လေးပုံရိပ်ကို ငြိုငြင်သွားပြီထင်ပါတယ်။ပုံရိပ်ကို မုန်းသွားပြီလား။ထင်တဲ့အတိုင်းပါပဲ ဒေါ်လေး၏ပါးစပ်မှထွက်သောစကားသည် ပုံရိပ်၏အသည်းတွေကို တဆက်ဆက်တုန်ခါသွားစေခဲ့သည်။


"ထွက်သွား..."


"ညည်းမျက်နှာကိုငါမမြင်ချင်ဘူး....ငါအ၀တ်လျှော်တဲ့အိမ်ရှင်ရဲ့ယောက်ျားက ဘီယာဆိုင်မှာနင့်တူမကိုဘီယာဗူးခွံတွေလာဝယ်တာတွေ့ခဲ့တယ်လို့ပြောတော့...ငါလေ..ကိုယ့်မျက်နှာကိုယ်ပြန်ပြီးဖြတ်ရိုက်လိုက်ချင်တယ်...

သိရဲ့လား..ငါ့တူမအပျိုလေးကအရက်ဆိုင်ထဲမှာ ဘီယာဗူးအခွံတွေလာ၀ယ်ပါသတဲ့..

ငါရင်နာလိုက်တာပုံရိပ်ရယ်...ငါနင့်ကိုမွေးထားတာခိုင်းစားဖို့လို့ထင်နေတာလား...

ညည်းကိုငါမြင်ချင်တဲ့ပုံစံက ကျောင်းစိမ်းလေး၀တ်ပြီးကျောင်းကိုကျော့ကျော့လေးသွားတာကိုမြင်ချင်တာသိရဲ့လား...အရက်ဆိုင်ထဲမှာ..အလုပ်ကြမ်းလုပ်တဲ့နေရာမှာတွေ့ချင်တာမဟုတ်ဘူး...ငါ့စကားကိုနားမထောင်တဲ့မိန်းမ.....ဒီလောက်တောင်ပဲပေပေတေတေနေချင်သပဆိုလည်း...ငါ့ကိုအဒေါ်အဖြစ်ကနေစွန့်လွှတ်လိုက်ပါတော့..."


ဒေါ်လေး၏မျက်နှာကို မကြည့်ဝံ့တာကြောင့် လက်အုပ်ကလေးချီပြီးသာတောင်းပန်တိုးလျှိုးလျှက်ခေါင်းငုံ့နေမိသည်။မျက်ရည်တွေသည်လည်း ပါးပြင်မှာဖြည်မဆည်နိုင်အောင် စီးကျနေခဲ့လေပြီ။ဒေါ်လေးတို့မိသားစုဟာ ပုံရိပ်အတွက်တစ်ခုတည်းသော တွယ်တာစရာလေးပါပဲ။ဒေါ်လေးရယ်ပုံရိကိုမောင်းမထုတ်ပါနဲ့ ပုံရိပ်ဆိုတာ ဒေါ်လေးဆီကနေလွှင့်ထွက်သွားခဲ့ရင်သမုဒ္ဒရာထဲမှာမျှောချင်ရာမျှောနေရမဲ့ဘ၀ပါ။


"ဟဲ့...ဘာဖြစ်နေကြတာလဲ..."


အိမ်အပေါက်၀မှ ဒေါ်အပျိုကြီး၏အံ့ဩတကြီး အော်မိအသံနှင့်အတူသူအိမ်ပေါ်သို့လှမ်းတက်လာ၍ ကြမ်းပြင်တွေဟာတဒုန်းဒုန်းမြည်သွားလေသည်။


အပျိုကြီးသည် ကြမ်းပေါ်တွင်ဒူးတုပ်လျှက်ငိုနေသော ပုံရိပ်ကိုတလှည့်မတ်တက်ရပ်ကနေငိုနေသောမရှင်းသန့်ကိုတလှည့်ကြည့်လျှက် ဖြန်ဖြေပေးဖို့တွေးမိသည်။


"မရှင်းသန့်ရယ်...ကလေးကိုဘာလို့ဒီလောက်အော်နေရတာလဲ...."


"အပျိုကြီးရယ်...ရှင်မသိပါဘူး...ကျွန်မကတစ်နေ့တစ်နေ့ခါးချိအောင်ဒင်းတို့အတွက်လုပ်နေရသလောက် ဒင်းကမလိမ္မာဘူး..."


"ဘယ်လိုဖြစ်လို့လဲကွယ်...."


"ဘာဖြစ်ရမလဲ...အရက်ဆိုင်မှာဘီယာဗူးခွံတွေသွား၀ယ်ပါတယ်တဲ့...ဗူးတိုဗူးစတွေကိုလိုက်ရောင်းသတဲ့...အခုလည်းကိုသက်ဆွေကနင့်တူမကို ဆောက်လုပ်ရေးဆိုက်မှာအလုပ်ကြမ်းလုပ်နေတာတွေ့ခဲ့တယ်လို့

လာပြောပြန်တယ်...ဒင်းဒါတွေလုပ်နေတာကိုကျွန်မတစ်ခုမှမသိခဲ့ရဘူး...လူကြီးတွေကိုဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်တဲ့မိန်းမ...နှင်ချပစ်မယ်...သူ့ထိုက်နဲ့သူ့ကံပဲ..."


"ဟယ်...ဒီလိုမပြောနဲ့လေ...ဒီအရွယ်လေးတွေကဒီလိုပါပဲ...ကိုယ်ကဗူးဆိုသူတို့ကဖရုံလေဟယ်...ဒေါသကိုရှေ့မထားပါနဲ့...

ဒီကနှင်ရင်သူ့ခမျာဘယ်မှာသွားနေမလဲဟယ်

....ကလေးကိုနှင်စကားတော့မပြောပါနဲ့..."


"ကျွန်မဒေါသထွက်လွန်းလို့ပါအပျိုကြီးရယ်.."


"တို့နားလည်ပါတယ်...ကလေးကိုချော့ပြောပါဟယ်...ပုံရိပ်ကဆိုးတဲ့ကလေးမဟုတ်ပါဘူး..."


"ဘာကိုမဆိုးရမှာလဲ...ခံမပြောနားမထောင်လေ...အဲ့လိုလူတွေကပိုထိန်းရခက်တယ်

..တွေးမိတိုင်းရင်နာတယ်ရှင်...ကျွန်မရဲ့သားသမီးတွေကိုဘယ်သူအထင်သေးတာမှ

ခံချင်တာမဟုတ်ဘူး..."


"ဟုတ်ပါပြီကွာ...."


အပျိုကြီးသည်ဒေါ်လေးနှင့်သူတပြန်ကိုယ်တပြန်ဆွေးနွေးခန်းဖွင့်နေလေသည်။ဒေါ်လေးရိုက်ထား၍ပါးတစ်ဖက်က ထုံကျင်နေသေးပေမဲ့နာသည်ဟု မညည်းမိပေ။ဒူးထောက်ထိုင်နေရာမှလည်း မလှုပ်မိပေ။

ဖြစ်နိုင်ရင် ပုံရိပ်ကိုဒေါ်လေး ဒီ့ထက်တောင်ရိုက်နှက်ဖို့ကောင်းသည်။ဒီ့ထက်ကန်ကြောက်ဖို့ကောင်းသည်။ဒီ့ထက်ဆူပူဖို့ကောင်းသည်။ပုံရိပ်ကိုဘယ်လိုစကားမျိုးနှင့်မဆို ထိုးနှက်နိုင်ပေမဲ့နှင်ချသောစကားတွေကိုတော့ မကြားချင်ပေ။


"အိမ်ရှင်တို့ရှိလား...."


"ပုံရိပ်...."


"မောင်နေမျိုး...."


ဒေါ်လေး၏မျက်နှာကိုတော့မကြည့်ဝံ့ပေမဲ့ အိမ်အပေါက်၀မှဆရာနေမျိုးကိုတော့ပုံရိပ်သည်မျက်ရည်တို့ကြားမှ အားကိုးတကြီးလှမ်းကြည့်မိသည်။ဆရာနေမျိုးသည် ပုံရိပ်ကိုစိတ်မကောင်းစွာလှမ်းကြည့်လာသည်။


"ကျွန်တော်အိမ်ပေါ်ကိုတက်လို့ရမလား အဒေါ်..."


"ရပါတယ်ကွယ်...လာပါဆရာလေးရယ်..."


ဆရာနေမျိုးအတွက် ဒေါ်လေးသည်အထူးတလည်သင်ဖြူးဖျာလေးကိုထုတ်ခင်းပေးနေသဖြင့် ဆရာကလည်းလက်တကာကာနှင့်တားလေသည်။ဆရာသည်ပင်ရိပ်တို့အိမ်သို့ လာခဲသောလူတစ်ယောက်ဖြစ်၍ဒေါ်လေးကလည်းပြာပြာသလဲဖြစ်နေသည်။


"နေပါ...ဖျာမခင်းပါနဲ့တော့ အဒေါ်..ကျွန်တော်ခဏပဲလာတာပါ...အဒေါ်တို့လည်းထိုင်ပါအုံး...ပုံရိပ်လည်းဒီကိုလာပါ...."


ဒေါ်လေးတို့ကခေါင်းရင်းဘက်ရှိ ဆရာ့ဘေးနားမှာထိုင်နေပေမဲ့ ပုံရိပ်ကမူလအတိုင်း၊မူလနေရာတွင်သာဒူးထောက်မပျက်သည်မို့ ဆရာကလှမ်းခေါ်သည်။ဆရာခေါ်တော့လည်းပုံရိပ်တရွေ့ရွေ့ဖြင့်သွား၍ ဒေါ်လေးနှင့်မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်မိသည်။


"ဆရာရယ်...ဆရာ့တပည့်ကိုကိုဆုံးမစမ်းပါ..ဘယ်လိုမှပြောမကောင်းဆိုမကောင်း

..အပြင်အလုပ်တွေထွက်လုပ်နေတယ်..."


ဖင်တောင်မပူသေးပဲ ဒေါ်လေးကဆရာ့ကိုတိုင်ချက်ဖွင့်လေသည်။ဆရာကတော့

သက်ပြင်းသာချလျှက် ခေါင်းကိုသာငုံထားသောကလေးမကိုသာ လှမ်းကြည့်သည်။


"ကျွန်တော်လည်းအဲ့ဒီ့ကိစ္စကိုပဲပြောဖို့လာတာပါ..."


"ဟယ်...ဒါဆိုရင်ဒီကိစ္စကိုဆရာသိပြီးပြီပေါ့.."


"ဟုတ်ကဲ့..ကျွန်တော်သိပြီးပါပြီ...မနက်ကတင်ကျွန်တော့်သူငယ်ချင်းရဲ့ဆောက်လုပ်ရေးဆိုက်ထဲကို အလည်သွားရင်းသူ့ကိုတွေ့လို့ဖြောင်းဖျပြီး ပြန်ခေါ်လာခဲ့တာပါ..."


"ဟင်...ဒါဆိုဆရာသာပြန်ခေါ်မလာရင်ဒင်းကဒီအချိန်တောင် အိမ်ကိုပြန်မရောက်ဘူးပေါ့..."


နေမျိုးလည်း အခြေအနေတွေမပြင်းထန်မှီ ထပ်မံ‌ပေါက်ကွဲလာပြန်သည့်ဒေါ်ရှင်းသန့်၏ဒေါသကို အမြန်ဘရိတ်အုပ်ရလေသည်။


"အဒေါ်ကျွန်တော့်စကားကို တစ်ချက်လောက်ဆုံးအောင်နားထောင်ပေးပါဗျာ...ကျွန်တော်သူ့ကိုမေးကြည့်ပါတယ်...ဒီကလေးကသိမ်ငယ်စိတ်ဖြစ်နေတာပါ..အဒေါ်ပင်ပန်းတာကိုသူမကြည့်ရက်လို့..ကလေးစိတ်နဲ့သူတွေးမိသလောက်လျှောက်လုပ်နေတယ်လို့ထင်ပါတယ်..သူကလေးကိုမဆူပါနဲ့တော့...သူ့စိတ်ထဲမှာကျောင်းထွက်မှ အဒေါ့်တာ၀န်တွေပေါ့မယ်လိုတွေးမိလို့လုပ်တယ်ထင်ပါတယ်...."


"ဆရာလေးရယ်...အဒေါ်လေ...သူ့ကိုဘယ်အလုပ်မှ သိပ်များများမခိုင်းလိုပါဘူး...စာကြိုးစားရင်ကို ကျေနပ်နေတာပါကွယ်..ဒါကအဒေါ့်ရဲ့စိတ်ရင်းပါ...."


"ဟုတ်ပါတယ်အဒေါ်...သူလည်းဒါကိုနားလည်လို့အဒေါ့်ကိုပိုသနားတာလို့ထင်ပါတယ်...ဒီ့အတွက်သူလည်းအဆင်ပြေအောင် အဒေါ်‌လည်းစိတ်မဆင်းရဲအောင် ကျွန်တော်သူ့အတွက်အလုပ်ကလေးဆက်လာခဲ့ပါတယ်..."


"ဘာအလုပ်လည်းကွယ်...ကျောင်းစာလုပ်ချိန်ကိုထိခိုက်မှာစိုးတယ်...."


"မထိခိုက်ပါဘူးအဒေါ်...သူတို့ကျောင်းကနေ့ခင်းပိုင်းလေ...ညနေငါးနာရီလောက်ဆိုရင်မူလတန်းလေးခြောက်ယောက်ကိုစာသင်ပေး ရုံပါပဲ...တစ်ယောက်ကိုငါးထောင်စီလခရပါမယ်..အတန်းကြီးရင်နဲနဲပိုတောင်းပေါ့‌ဗျာ..နောက်ပိုင်းလူထပ်ဆက်ပေးပါ့မယ်..

လူထပ်များလာရင်...တစ်လငါးသောင်းလောက်တော့ ၀င်မှာပေါ့..."


"ဟဲ့...မရှင်းသန့်ဒီအလုပ်လေးမဆိုးဘူးနော်...ကျောင်းသားကကျောင်းစာနဲ့မကင်းလွတ်တော့ဘူးပေါ့...."


"ပုံရိပ်ကရောလုပ်နိုင်ပါ့မလား...ပြီးတော့ကိုးတန်းကလေးကိုရော မိဘတွေကဘယ်လောက်ယုံကြည်ပါ့မလဲဆရာရယ်..."


"ဒါတော့စိတ်ချပါ...ကလေးမိဘတွေကိုကျွန်တော့်တပည့်လို့ပြောထားပါတယ်...ပုံရိပ်ကလည်းစာတော်ပါတယ်...နောက်ကွယ်ကနေကျွန်တော်က စာသင်ကြားပုံ၊သင်ကြား‌နည်းတွေကို ပြောပြပေးသွားမှာပါ..သိပ်မခက်ပါဘူး...သူတို့ကိုစာကူလုပ်ပေးတဲ့သဘောမျိုးပါပဲ...."


"အော်...အော်...ဒီလိုဆိုတော့လည်းပုံရိပ်ဆန္ဒရှိရင်..ဆရာလေးရဲ့လက်ကိုသာအပ်ပါတယ်..မလိမ္မာရင်ဆုံးမပါ..အဒေါ်ကပညာမတတ်တော့ဆရာပဲ..ဆရာ့တပည့်ကိုလမ်းညွှန်ပေးပါကွယ်...သူဒီလောက်အလုပ်လုပ်ချင်နေတာ အဒေါ်လည်းမတားတော့ပါဘူး...အပြင်အလုပ်ထက်ဒါလေးကိုမစိုးလှဘူးပေါ့...."


နေမျိုးတစ်ယောက် ပုံရိပ်၏လုပ်ငန်းအတွက်အမျိုးမျိုးဆွေးနွေးပြီးနောက်တွင် အိမ်လေးထဲမှပြန်ထွက်လာခဲ့သည်။အသက်အစိပ်တောင်မပြည့်သေးသောသူသည် ရင့်ကျက်သည့်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကလေး‌တစ်ယောက်၏အနာဂတ်ဘ၀လေးကို ကယ်တင်ပေးနေမိသည်။


သူဟာဥယျာဉ်မှူးတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေလေပြီ။

သူ့ဥယျာဉ်ထဲက ပန်းကလေးမညှိုးနွမ်းဖို့ သူပင်ပန်းလည်း ကျေနပ်သည်။ဥယျာဉ်မှူး၏မာနတွေ သူ့ရင်ထဲ၌စီးဆင်းနေသလို ပန်းကလေးအတွက်လည်းရတက်မအေးပေ။


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၃)🔥  ဒုတိယပိုင္း 


"ငါ့မွာေတာ့...ေမ်ွာ္မွန္းခ်က္ေတြထားးၿပီး...

ပညာတတ္ေစခ်င္လို႔ရုန္းကန္ေနေပမဲ့

..နင္ကေတာ့ငါ့အရွက္ကိုခဲြတယ္...မိုက္တြင္း

နက္တဲ့မိန္းမ....နင္ကဟိုအတန္းကိုသြားဖို႔လမ္းစထြင္ေနတာလား...ဟုတ္လား..."


"မဟုတ္ပါဘူး...ေဒၚေလးရယ္....သမီးေတာင္းပန္ပါတယ္..."


"မေတာင္းပန္နဲ႔...ညည္းကိုငါအခြင့္အေရးေတြေပးၿပီးၿပီ..အမ်ိဳးမ်ိဳးနားခ်ၿပီးၿပီ...ငါ့ရဲ့ဆႏၵေလးကိုျဖၫ့္စည္းေပးဖို႔ အဲ့သေလာက္ပဲခက္သလားေဟ...အခုမွအသက္ကေလး၁၅ႏွစ္ျပၫ့္ရံုေလးနဲ႔...လူႀကီးေတြကိုမတိုင္ပင္ပဲ...

လုပ္ခ်င္တာေတြလုပ္ေနတယ္...ညည္းလိုမိန္းမကိုေရရွည္မွာ ငါႏိုင္ေအာင္ထိန္းႏိုင္ပါေတာ့မလား..ဘာလဲ...ငါကမုန႔္ဖိုးမေပးလို႔လား...ငါကအ၀တ္အစားမဆင္ေပးႏိုင္လို႔လား...ညည္းငါ့ေနရာမွာစဉ္းစားၾကၫ့္စမ္း...အပ်ိဳေလးအရြယ္ေလးကိုေဆာက္လုပ္ေရးလုပ္ငန္းမွာ ေယာက္်ားတကာနဲ႔တပူးတတဲြအလုပ္လုပ္ခိုင္းတဲ့မိန္းမလို႔ အမ်ားအျမင္မွာကဲ့ရဲ့စရာျဖစ္ေအာင္လုပ္ေနတာလား..."


"မဟုတ္ပါဘူး...ေဒၚေလးရယ္...သမီးမွာအဲ့လိုရည္ရြယ္ခ်က္မရိွပါဘူး...သမီးကေဒၚေလးကိုကူညီခ်င္ရံုပါ...အဟင့္.."


ေဒၚေလး၏ဒူးေခါင္းကိုဖက္၍‌ငိုမိေတာ့ပံုရိပ္၏ရင္ဘတ္ကိုဒူးႏွင့္ေတာ့ပစ္လ်ွက္ရုန္းေသာေၾကာင့္ အေနာက္သို႔ပက္လက္လန္က်သြားသၫ့္အခါ ေဒၚေလး၏မ်က္ႏွာမွတင္းမာမႈေတြကို ေအာက္ေမးရိုးဆီမွေန၍ ရွင္းလင္းစြာျမင္ေနရသည္။


ေဒၚေလးပံုရိပ္ကို ၿငိဳျငင္သြားၿပီထင္ပါတယ္။ပံုရိပ္ကို မုန္းသြားၿပီလား။ထင္တဲ့အတိုင္းပါပဲ ေဒၚေလး၏ပါးစပ္မွထြက္ေသာစကားသည္ ပံုရိပ္၏အသည္းေတြကို တဆက္ဆက္တုန္ခါသြားေစခဲ့သည္။


"ထြက္သြား..."


"ညည္းမ်က္ႏွာကိုငါမျမင္ခ်င္ဘူး....ငါအ၀တ္ေလ်ွာ္တဲ့အိမ္ရွင္ရဲ့ေယာက္်ားက ဘီယာဆိုင္မွာနင့္တူမကိုဘီယာဗူးခြံေတြလာဝယ္တာေတြ့ခဲ့တယ္လို႔ေျပာေတာ့...ငါေလ..ကိုယ့္မ်က္ႏွာကိုယ္ျပန္ၿပီးျဖတ္ရိုက္လိုက္ခ်င္တယ္...

သိရဲ့လား..ငါ့တူမအပ်ိဳေလးကအရက္ဆိုင္ထဲမွာ ဘီယာဗူးအခြံေတြလာ၀ယ္ပါသတဲ့..

ငါရင္နာလိုက္တာပံုရိပ္ရယ္...ငါနင့္ကိုေမြးထားတာခိုင္းစားဖို႔လို႔ထင္ေနတာလား...

ညည္းကိုငါျမင္ခ်င္တဲ့ပံုစံက ေက်ာင္းစိမ္းေလး၀တ္ၿပီးေက်ာင္းကိုေက်ာ့ေက်ာ့ေလးသြားတာကိုျမင္ခ်င္တာသိရဲ့လား...အရက္ဆိုင္ထဲမွာ..အလုပ္ၾကမ္းလုပ္တဲ့ေနရာမွာေတြ့ခ်င္တာမဟုတ္ဘူး...ငါ့စကားကိုနားမေထာင္တဲ့မိန္းမ.....ဒီေလာက္ေတာင္ပဲေပေပေတေတေနခ်င္သပဆိုလည္း...ငါ့ကိုအေဒၚအျဖစ္ကေနစြန႔္လႊတ္လိုက္ပါေတာ့..."


ေဒၚေလး၏မ်က္ႏွာကို မၾကၫ့္ဝံ့တာေၾကာင့္ လက္အုပ္ကေလးခ်ီၿပီးသာေတာင္းပန္တိုးလ်ိႈးလ်ွက္ေခါင္းငံု႔ေနမိသည္။မ်က္ရည္ေတြသည္လည္း ပါးျပင္မွာျဖည္မဆည္ႏိုင္ေအာင္ စီးက်ေနခဲ့ေလၿပီ။ေဒၚေလးတို႔မိသားစုဟာ ပံုရိပ္အတြက္တစ္ခုတည္းေသာ တြယ္တာစရာေလးပါပဲ။ေဒၚေလးရယ္ပံုရိကိုေမာင္းမထုတ္ပါနဲ႔ ပံုရိပ္ဆိုတာ ေဒၚေလးဆီကေနလႊင့္ထြက္သြားခဲ့ရင္သမုဒၵရာထဲမွာေမ်ွာခ်င္ရာေမ်ွာေနရမဲ့ဘ၀ပါ။


"ဟဲ့...ဘာျဖစ္ေနၾကတာလဲ..."


အိမ္အေပါက္၀မွ ေဒၚအပ်ိဳႀကီး၏အံ့ဩတႀကီး ေအာ္မိအသံႏွင့္အတူသူအိမ္ေပၚသို႔လွမ္းတက္လာ၍ ၾကမ္းျပင္ေတြဟာတဒုန္းဒုန္းျမည္သြားေလသည္။


အပ်ိဳႀကီးသည္ ၾကမ္းေပၚတြင္ဒူးတုပ္လ်ွက္ငိုေနေသာ ပံုရိပ္ကိုတလွၫ့္မတ္တက္ရပ္ကေနငိုေနေသာမရွင္းသန႔္ကိုတလွၫ့္ၾကၫ့္လ်ွက္ ျဖန္ေျဖေပးဖို႔ေတြးမိသည္။


"မရွင္းသန႔္ရယ္...ကေလးကိုဘာလို႔ဒီေလာက္ေအာ္ေနရတာလဲ...."


"အပ်ိဳႀကီးရယ္...ရွင္မသိပါဘူး...ကၽြန္မကတစ္ေန့တစ္ေန့ခါးခ်ိေအာင္ဒင္းတို႔အတြက္လုပ္ေနရသေလာက္ ဒင္းကမလိမၼာဘူး..."


"ဘယ္လိုျဖစ္လို႔လဲကြယ္...."


"ဘာျဖစ္ရမလဲ...အရက္ဆိုင္မွာဘီယာဗူးခြံေတြသြား၀ယ္ပါတယ္တဲ့...ဗူးတိုဗူးစေတြကိုလိုက္ေရာင္းသတဲ့...အခုလည္းကိုသက္ေဆြကနင့္တူမကို ေဆာက္လုပ္ေရးဆိုက္မွာအလုပ္ၾကမ္းလုပ္ေနတာေတြ့ခဲ့တယ္လို႔

လာေျပာျပန္တယ္...ဒင္းဒါေတြလုပ္ေနတာကိုကၽြန္မတစ္ခုမွမသိခဲ့ရဘူး...လူႀကီးေတြကိုဖုတ္ေလတဲ့ငါးပိရိွတယ္လို႔ေတာင္မထင္တဲ့မိန္းမ...ႏွင္ခ်ပစ္မယ္...သူ႔ထိုက္နဲ႔သူ႔ကံပဲ..."


"ဟယ္...ဒီလိုမေျပာနဲ႔ေလ...ဒီအရြယ္ေလးေတြကဒီလိုပါပဲ...ကိုယ္ကဗူးဆိုသူတို႔ကဖရံုေလဟယ္...ေဒါသကိုေရ႔ွမထားပါနဲ႔...

ဒီကႏွင္ရင္သူ႔ခမ်ာဘယ္မွာသြားေနမလဲဟယ္

....ကေလးကိုႏွင္စကားေတာ့မေျပာပါနဲ႔..."


"ကၽြန္မေဒါသထြက္လြန္းလို႔ပါအပ်ိဳႀကီးရယ္.."


"တို႔နားလည္ပါတယ္...ကေလးကိုေခ်ာ့ေျပာပါဟယ္...ပံုရိပ္ကဆိုးတဲ့ကေလးမဟုတ္ပါဘူး..."


"ဘာကိုမဆိုးရမွာလဲ...ခံမေျပာနားမေထာင္ေလ...အဲ့လိုလူေတြကပိုထိန္းရခက္တယ္

..ေတြးမိတိုင္းရင္နာတယ္ရွင္...ကၽြန္မရဲ့သားသမီးေတြကိုဘယ္သူအထင္ေသးတာမွ

ခံခ်င္တာမဟုတ္ဘူး..."


"ဟုတ္ပါၿပီကြာ...."


အပ်ိဳႀကီးသည္ေဒၚေလးႏွင့္သူတျပန္ကိုယ္တျပန္ေဆြးေနြးခန္းဖြင့္ေနေလသည္။ေဒၚေလးရိုက္ထား၍ပါးတစ္ဖက္က ထံုက်င္ေနေသးေပမဲ့နာသည္ဟု မညည္းမိေပ။ဒူးေထာက္ထိုင္ေနရာမွလည္း မလႈပ္မိေပ။

ျဖစ္ႏိုင္ရင္ ပံုရိပ္ကိုေဒၚေလး ဒီ့ထက္ေတာင္ရိုက္ႏွက္ဖို႔ေကာင္းသည္။ဒီ့ထက္ကန္ေၾကာက္ဖို႔ေကာင္းသည္။ဒီ့ထက္ဆူပူဖို႔ေကာင္းသည္။ပံုရိပ္ကိုဘယ္လိုစကားမ်ိဳးႏွင့္မဆို ထိုးႏွက္ႏိုင္ေပမဲ့ႏွင္ခ်ေသာစကားေတြကိုေတာ့ မၾကားခ်င္ေပ။


"အိမ္ရွင္တို႔ရိွလား...."


"ပံုရိပ္...."


"ေမာင္ေနမ်ိဳး...."


ေဒၚေလး၏မ်က္ႏွာကိုေတာ့မၾကၫ့္ဝံ့ေပမဲ့ အိမ္အေပါက္၀မွဆရာေနမ်ိဳးကိုေတာ့ပံုရိပ္သည္မ်က္ရည္တို႔ၾကားမွ အားကိုးတႀကီးလွမ္းၾကၫ့္မိသည္။ဆရာေနမ်ိဳးသည္ ပံုရိပ္ကိုစိတ္မေကာင္းစြာလွမ္းၾကၫ့္လာသည္။


"ကၽြန္ေတာ္အိမ္ေပၚကိုတက္လို႔ရမလား အေဒၚ..."


"ရပါတယ္ကြယ္...လာပါဆရာေလးရယ္..."


ဆရာေနမ်ိဳးအတြက္ ေဒၚေလးသည္အထူးတလည္သင္ျဖဴးဖ်ာေလးကိုထုတ္ခင္းေပးေနသျဖင့္ ဆရာကလည္းလက္တကာကာႏွင့္တားေလသည္။ဆရာသည္ပင္ရိပ္တို႔အိမ္သို႔ လာခဲေသာလူတစ္ေယာက္ျဖစ္၍ေဒၚေလးကလည္းျပာျပာသလဲျဖစ္ေနသည္။


"ေနပါ...ဖ်ာမခင္းပါနဲ႔ေတာ့ အေဒၚ..ကၽြန္ေတာ္ခဏပဲလာတာပါ...အေဒၚတို႔လည္းထိုင္ပါအံုး...ပံုရိပ္လည္းဒီကိုလာပါ...."


ေဒၚေလးတို႔ကေခါင္းရင္းဘက္ရိွ ဆရာ့ေဘးနားမွာထိုင္ေနေပမဲ့ ပံုရိပ္ကမူလအတိုင္း၊မူလေနရာတြင္သာဒူးေထာက္မပ်က္သည္မို႔ ဆရာကလွမ္းေခၚသည္။ဆရာေခၚေတာ့လည္းပံုရိပ္တေရြ့ေရြ့ျဖင့္သြား၍ ေဒၚေလးႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ၀င္ထိုင္လိုက္မိသည္။


"ဆရာရယ္...ဆရာ့တပၫ့္ကိုကိုဆံုးမစမ္းပါ..ဘယ္လိုမွေျပာမေကာင္းဆိုမေကာင္း

..အျပင္အလုပ္ေတြထြက္လုပ္ေနတယ္..."


ဖင္ေတာင္မပူေသးပဲ ေဒၚေလးကဆရာ့ကိုတိုင္ခ်က္ဖြင့္ေလသည္။ဆရာကေတာ့

သက္ျပင္းသာခ်လ်ွက္ ေခါင္းကိုသာငံုထားေသာကေလးမကိုသာ လွမ္းၾကၫ့္သည္။


"ကၽြန္ေတာ္လည္းအဲ့ဒီ့ကိစၥကိုပဲေျပာဖို႔လာတာပါ..."


"ဟယ္...ဒါဆိုရင္ဒီကိစၥကိုဆရာသိၿပီးၿပီေပါ့.."


"ဟုတ္ကဲ့..ကၽြန္ေတာ္သိၿပီးပါၿပီ...မနက္ကတင္ကၽြန္ေတာ့္သူငယ္ခ်င္းရဲ့ေဆာက္လုပ္ေရးဆိုက္ထဲကို အလည္သြားရင္းသူ႔ကိုေတြ့လို႔ေျဖာင္းဖ်ၿပီး ျပန္ေခၚလာခဲ့တာပါ..."


"ဟင္...ဒါဆိုဆရာသာျပန္ေခၚမလာရင္ဒင္းကဒီအခ်ိန္ေတာင္ အိမ္ကိုျပန္မေရာက္ဘူးေပါ့..."


ေနမ်ိဳးလည္း အေျခအေနေတြမျပင္းထန္မွီ ထပ္မံ‌ေပါက္ကဲြလာျပန္သၫ့္ေဒၚရွင္းသန႔္၏ေဒါသကို အျမန္ဘရိတ္အုပ္ရေလသည္။


"အေဒၚကၽြန္ေတာ့္စကားကို တစ္ခ်က္ေလာက္ဆံုးေအာင္နားေထာင္ေပးပါဗ်ာ...ကၽြန္ေတာ္သူ႔ကိုေမးၾကၫ့္ပါတယ္...ဒီကေလးကသိမ္ငယ္စိတ္ျဖစ္ေနတာပါ..အေဒၚပင္ပန္းတာကိုသူမၾကၫ့္ရက္လို႔..ကေလးစိတ္နဲ႔သူေတြးမိသေလာက္ေလ်ွာက္လုပ္ေနတယ္လို႔ထင္ပါတယ္..သူကေလးကိုမဆူပါနဲ႔ေတာ့...သူ႔စိတ္ထဲမွာေက်ာင္းထြက္မွ အေဒါ့္တာ၀န္ေတြေပါ့မယ္လိုေတြးမိလို႔လုပ္တယ္ထင္ပါတယ္...."


"ဆရာေလးရယ္...အေဒၚေလ...သူ႔ကိုဘယ္အလုပ္မွ သိပ္မ်ားမ်ားမခိုင္းလိုပါဘူး...စာႀကိဳးစားရင္ကို ေက်နပ္ေနတာပါကြယ္..ဒါကအေဒါ့္ရဲ့စိတ္ရင္းပါ...."


"ဟုတ္ပါတယ္အေဒၚ...သူလည္းဒါကိုနားလည္လို႔အေဒါ့္ကိုပိုသနားတာလို႔ထင္ပါတယ္...ဒီ့အတြက္သူလည္းအဆင္ေျပေအာင္ အေဒၚ‌လည္းစိတ္မဆင္းရဲေအာင္ ကၽြန္ေတာ္သူ႔အတြက္အလုပ္ကေလးဆက္လာခဲ့ပါတယ္..."


"ဘာအလုပ္လည္းကြယ္...ေက်ာင္းစာလုပ္ခ်ိန္ကိုထိခိုက္မွာစိုးတယ္...."


"မထိခိုက္ပါဘူးအေဒၚ...သူတို႔ေက်ာင္းကေန့ခင္းပိုင္းေလ...ညေနငါးနာရီေလာက္ဆိုရင္မူလတန္းေလးေျခာက္ေယာက္ကိုစာသင္ေပး ရံုပါပဲ...တစ္ေယာက္ကိုငါးေထာင္စီလခရပါမယ္..အတန္းႀကီးရင္နဲနဲပိုေတာင္းေပါ့‌ဗ်ာ..ေနာက္ပိုင္းလူထပ္ဆက္ေပးပါ့မယ္..

လူထပ္မ်ားလာရင္...တစ္လငါးေသာင္းေလာက္ေတာ့ ၀င္မွာေပါ့..."


"ဟဲ့...မရွင္းသန႔္ဒီအလုပ္ေလးမဆိုးဘူးေနာ္...ေက်ာင္းသားကေက်ာင္းစာနဲ႔မကင္းလြတ္ေတာ့ဘူးေပါ့...."


"ပံုရိပ္ကေရာလုပ္ႏိုင္ပါ့မလား...ၿပီးေတာ့ကိုးတန္းကေလးကိုေရာ မိဘေတြကဘယ္ေလာက္ယံုၾကည္ပါ့မလဲဆရာရယ္..."


"ဒါေတာ့စိတ္ခ်ပါ...ကေလးမိဘေတြကိုကၽြန္ေတာ့္တပၫ့္လို႔ေျပာထားပါတယ္...ပံုရိပ္ကလည္းစာေတာ္ပါတယ္...ေနာက္ကြယ္ကေနကၽြန္ေတာ္က စာသင္ၾကားပံု၊သင္ၾကား‌နည္းေတြကို ေျပာျပေပးသြားမွာပါ..သိပ္မခက္ပါဘူး...သူတို႔ကိုစာကူလုပ္ေပးတဲ့သေဘာမ်ိဳးပါပဲ...."


"ေအာ္...ေအာ္...ဒီလိုဆိုေတာ့လည္းပံုရိပ္ဆႏၵရိွရင္..ဆရာေလးရဲ့လက္ကိုသာအပ္ပါတယ္..မလိမၼာရင္ဆံုးမပါ..အေဒၚကပညာမတတ္ေတာ့ဆရာပဲ..ဆရာ့တပၫ့္ကိုလမ္းၫႊန္ေပးပါကြယ္...သူဒီေလာက္အလုပ္လုပ္ခ်င္ေနတာ အေဒၚလည္းမတားေတာ့ပါဘူး...အျပင္အလုပ္ထက္ဒါေလးကိုမစိုးလွဘူးေပါ့...."


ေနမ်ိဳးတစ္ေယာက္ ပံုရိပ္၏လုပ္ငန္းအတြက္အမ်ိဳးမ်ိဳးေဆြးေနြးၿပီးေနာက္တြင္ အိမ္ေလးထဲမျွပန္ထြက္လာခဲ့သည္။အသက္အစိပ္ေတာင္မျပၫ့္ေသးေသာသူသည္ ရင့္က်က္သၫ့္ပုဂၢိုလ္တစ္ေယာက္အျဖစ္ ကေလး‌တစ္ေယာက္၏အနာဂတ္ဘ၀ေလးကို ကယ္တင္ေပးေနမိသည္။


သူဟာဥယ်ာဉ္မွဴးတစ္ေယာက္ ျဖစ္မွန္းမသိျဖစ္ေနေလၿပီ။

သူ႔ဥယ်ာဉ္ထဲက ပန္းကေလးမၫွိုးႏြမ္းဖို႔ သူပင္ပန္းလည္း ေက်နပ္သည္။ဥယ်ာဉ္မွဴး၏မာနေတြ သူ႔ရင္ထဲ၌စီးဆင္းေနသလို ပန္းကေလးအတြက္လည္းရတက္မေအးေပ။

No comments:

Post a Comment