(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၃)🔥 ပထမပိုင်း
"မမြင်ဖူးတော့မူးကိုမြစ်ထင်.."ဆိုသောစကားသည် သွေးထွက်အောင်ကိုမှန်ပါသည်။
ကိုယ်နေခဲ့ရတဲ့ရပ်ကွက်လမ်းကလေးနှင့်လမ်းဘေးရှိ ဈေးဆိုင်တန်းတွေကို ကြီးမားခမ်းနားလှပြီထင်ခဲ့မိသည်။ရပ်ကွက်ထဲရှိ များပြားရှုပ်ထွေးလှသော လမ်းချိုးတစ်ခုဆီကိုတွေ့ရတိုင်း ၀င်္ကပါထဲတွင် လက်ပစ်ကူးနေရသယောင်ထင်ခဲ့မိသည်။
ကိုယ်တွေအိမ်နှင့်အနည်းငယ်လှမ်းပြီးလမ်းလျှောက်လျှင် ဆယ်မိနစ်လောက်သာကြာမြင့်သော ဈေးရုံကြီးကို လူအစည်ကားဆုံးအရပ်ဟုသတ်မှတ်ခဲ့တာ မှားများနေပြီလား။ဈေးရုံထဲရှိ အ၀တ်ဆိုင်တန်းတွေတွင် အမျိုးသမီးတို့အုပ်စုဖွဲ့၍ ပြည့်ကြပ်နေပြီး သား၊ငါးတန်း၊ အသီးအရွက်နှင့် အခြောက်အခြမ်းဆိုင်တန်းတွေအဆုံးအထိလူများတိုး၍ပင်မပေါက်ပေ။
စရိုက်စုံ၊လူမျိုးစုံတို့ပေါင်းစည်းရာနေရာသည် ဈေးဟုဆိုရပေမည်။အသားငါးတန်းသည်ယင်တလောင်းလောင်းနှင့်ဖြစ်လျှက် ဈေးဆစ်သံတွေလည်းဆုံသည် ။
အော်ရောင်းသောငါးစိမ်းသည်များ၏အသံကလည်းညံသည်။
သားငါးတို့ခုတ်ထစ်သံများသည်လည်း နှလုံးတုန်လောက်စရာဖြစ်ပြီး သား၊ငါးသည်တို့၏ဓားသည်ကမ္ဘာပေါ်တွင် အထက်ဆုံးဖြစ်နေသကဲ့သို့ ကြည့်ရင်းနှင့်ကိုဓားသွေးသည့်လက်အား ပြေး၍ချီးကျူးချင်မိခဲ့သည်။
အကာအရံနှင့် ဆိုင်းဘုတ်တပ်ထားသောဈေးရုံကြီးဖြစ်သလို ရပ်ကွက်အားလုံး၏ပေါင်းစုတည်ရာ ဘုံဌာနဈေးရုံကြီးပေမဲ့ အဲယားကွန်းမရှိ၊လေးတဟူးဟူးတိုးလျှက် အခန်းတို့သည်တသေတသက်ကာရံထားတာမျိုးမရှိပေ။
ဈေးရုံကြီး၏ နံဘေးတွင် ရပ်ကွက်တကာမှစုပေါင်းအလှူဒါနပြုထားသည့် အမှိုက်ပုံကြီးကလည်း ဟီးထွက်လျှက် ထီးထီးကြီးရပ်လို့နေသည်။အနံ့မျိုးစုံ၊အသံမျိုးစုံနှင့်ထိုဈေးရုံကြီးထဲသို့ ၀င်လိုက်ပါက "ထီး၀ယ်အုံးမလား၊ဖိနပ်၀ယ်အုံးမလား၊အိတ်တွေကြည့်ပါအုံး.."ဆိုသည့် အသံနှင့်အတူအ၀င်အ၀မှာတွင် ဆွဲလွဲခံရသည်။
မိုးရာသီရောက်တိုင်း ငါးညှီနံ့ကိုရှူလျှက်ခြေထောက်တွေဟာ ရွံ့ရည်လူးရကာငါးစိမ်းတန်းထဲတွင် မနည်းလျှောက်ရသည်။
ကမ္ဘာကြီးထဲမှာအတူရှင်သန်နေကြရပေမဲ့ အချို့လူတွေဟာကမ္ဘာကြီးကိုယခုအထိပြားတယ်လို့ထင်ပြီးအချိူ့လူတွေကတော့လုံးသည်ဟု ဆိုကြသည်။
အရှေ့မှနေ၀န်းထွက်သည့်ပမာဆိုသလို
နေလုံးသည်အရှေ့အရပ်မှပုံမှန်ထွက်နေသည်ကိုသာမြင်ကြရသောကြောင့် ကမ္ဘာသည်အနောက်မှအရှေ့သို့လည်ပတ်နေသည်ကိုလည်း မသိကြသူရှိသလို ကမ္ဘာသည်နေလုံးအား ဘဲဥစက်၀န်းပုံသဏ္ဍန်လည်ပတ်နေတာကို မသိသူတွေမှအများသားပင်။
ကိုယ်တောင်မှ စာပေဗိမာန်စာမူပထမဆုရရှိခဲ့သော မြန်မာ့ဓလေ့မြန်မာ့ရေဆိုသော စာအုပ်ကလေးကိုဖတ်ပြီးမှသိခဲ့ရသည်။ကျောင်းတွင်ရူပဗေဒဆရာမများက ရှင်းပြသလို၊အလည်တန်းမှာပထဝီဆရာမများကလည်းရှင်းပြခဲ့ဖူးသည်။
သို့ပေမဲ့ ယေဘူယျလောက်ပဲသိခဲ့ရသည့်
ပုံရိပ်ဟာဘုန်းကြီးကျောင်း၏စာကြည့်တိုက်ထဲတွင် လှန်လှော၍ရှာဖွေတွေ့ရှိခဲ့သော ထိုစာအုပ်လေးကြောင့် ကျယ်ပြောလှသည့်စကြ၀ဠာကြီးထဲသို့ ခဏတာလောက်အလည်အပတ်သွားခွင့်ရခဲ့သည်။
ထိုစာအုပ်ကလေးကို ဆရာနေမျိုးသည်သူတက္ကသိုလ်ပထမနှစ်တွင် ဆူးလေရှိ၃၇လမ်းတွင်ရှိသော စာအုပ်ဟောင်းတန်းမှတွေ့ခဲ့ခြင်းဖြစ်သည်။ဆုရစာအုပ်ဟောင်းကလေးတစ်အုပ်သည် အဖိုးနဲသောစာအုပ်ပုံလေးတွေအောက်တွင် အကျဉ်းကျနေခဲ့ရသည်။ဈေးနဲနဲဖြင့်ထုတ်ယူ၀ယ်ခဲ့မိသော ဆရာနေမျိုးသည်စာအုပ်ကလေး၏တန်ဖိုးကိုသိပေမဲ့ စာအုပ်ရောင်းသောသူသည် မသိရှာခဲ့ပေ။
လူတစ်ချို့သည် အပေါ်ယံစာမျက်နှာကိုကြည့်၍ တန်းဖိုးဖြတ်ကြသည်။အချို့ကစာမျက်နှာတစ်ရွက်လောက်ကိုလှန်လှော၍ တစ်အုပ်လုံးကိုသိသူကဲ့သို့ ဝေဖန်ကြသည်။
စာအုပ်ကလေးအား အတွင်းကျကျဖတ်ကြည့်ပြီး တန်ဖိုးသိလျှက်၊တန်ဖိုးထားလျှက် သိမ်းဆည်းထားသူကရှားကြလေသည်။
ပုံရိပ်ကိုယ်တိုင်ပင်လျှင် တခါတရံမှာအပေါ်ယံယှက်ကြည့်မိသော ပထမလူတန်းစားဖြစ်သွားဖူးသည်။
အတွေးအခေါ်ခြင်းမတူတာလည်းအပြစ်မဟုတ်ပေ ကမ္ဘာကြီးတစ်ခုထဲမှာအတူရှင်သန်ကြပေမဲ့ ပုံသဏ္ဍန်ချင်း၊ဘာသာစကားခြင်းတောင်မတူကြရသည့် အခြေအနေတွေမှာဘယ်အရာကအမှားဖြစ်နေပါသလဲ။
ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းဆိုပြီး
မြစ်ခြား၊ချောင်းခြား သမုဒ္ဒယာတွေတောင်ခြားနားနေသည်မဟုတ်ပါလား။
မျက်၀န်းပြာပြာ၊အသားအရည်ကစက္ကူဖြူရောင်ကဲ့သို့ဖြစ်ပြီးအရပ်ဂလန့်ဂလားကြီးများဖြင့် နိုင်ငံခြားသားကြီးများကို တွေ့ပါကပုံရိပ်တို့မြန်မာလူမျိုးများသည် စပ်ကပ်ထဲတွင်ရှိုးပြသော သတ္တဝါကြီးကဲ့သို့ လည်တဆန့်ဆန့်နှင့်အထူးအဆန်းလုပ်၍ကြည့်ကြသည်။
ထိုနိုင်ငံခြားသားကြီးကလည်း သူ့ထပ်အရပ်ပု၍ အသားညိုသော၊မျက်နှာချင်းဆိုင်မိတိုင်းပြုံး၍ပြတတ်သော မြန်မာလူမျိုးတို့ကိုထူးဆန်းသည်ဟုထင်ပေလိမ့်မည်။
ကမ္ဘာကြီးတစ်ခုတည်းတွင်နေရာဒေသမတူတာကိုမပြောနှင့် ရန်ကုန်တိုင်းတစ်တိုင်းထဲတွင်တောင် ပုံရိပ်တို့နေသောရပ်ကွက်နှင့်
ခုရောက်နေသောမြို့ထဲလမ်းမကြီးကမတူပေ။
ပုံရိပ်ကို အပြင်အလုပ်ကြမ်းမလုပ်ရန်ချော့သည့်အနေဖြင့် ဆရာနေမျိုးခေါ်လာသောနေရာသည် စံရိပ်ငြိမ်တွင်ရှိသောဂမုန်းဖွင့်စင်တာဒုတိယထပ်မှ ကြက်ကြော်ဆိုင်သို့ဖြစ်သည်။
ဆိုင်ကလေးသည်သန့်သည်၊ခုံကလေးတွေကအစဖွေးလို့ ၀န်ထမ်းလေးတွေကလည်းယူနီဖောင်းကိုယ်စီနှင့်သန့်ပြန်ကြသည်။
စင်တာကြီးထဲသို့ စ၀င်လာကတည်းကဟိမ၀န္တာတောင်ထိပ်သို့ ဆောင်းတွင်းဘက်တွင်ရောက်သွားသကဲ့သို့ အေးစိမ်းစိမ့်နှင့်မွှေးပျံ့နေသည်။
ဆရာကမသွားခိုင်း၍ အခြားဆိုင်တန်းတွေကိုလိုက်ကြည့်လို့မရပေမဲ့ သူ့ဆိုင်ခန်းလေးနှင့်သူသာသက်သက်ရပ်ရပ်၊သန့်သန့်ရှင်းရှင်းရှိကြသည်။ဆောင်းတွင်းမို့ထင်သည် ကြွေပြားခင်းတွေကအစပြောင်ခါနေသည်။
ခရစ်စမတ်သစ်ပင်အတုကြီးကလည်း လှလိုက်တာများမျက်လုံးထဲကကို မထွက်ပေ။
ဆရာကတော့ ဓာတ်ပုံရိုက်မလားလို့မေးပေမဲ့
ခေါင်းသာခါလိုက်မိသည်။ဓာတ်ပုံရိုက်ရမှာကို ရှက်မိသလိုလိုရှိသည်။အထူးသဖြင့် လူအများကြည့်နေသောနေရာကြီးမှာဖြစ်၍ ဟန်မလုပ်ရဲပေ။
စက်လှေကားကိုစီးရတော့လည်း အိုးနင်းခွက်နင်းဖြစ်နေ၍ ဆရာ့ကျောပိုးအိတ်ကိုလှမ်းဆွဲလိုက်ရသေးသည်။ဆရာ့လက်ကိုတော့မကိုင်ရဲပေ။ဆရာက သမာဓိနှင့်နေသူဖြစ်၍လားတော့မသိ ပုံရိပ်၏လက်ဖဝါးကိုတစ်ခါမျှမကိုင်ပေ။
သူဒေါသထွက်၍ခေါ်မရလျှင်သာ လက်မောင်းနှင့်လက်ကောက်၀တ်ကို ဆောင့်ဆောင့်အောင့်အောင့်နှင့် ဆွဲခေါ်သွားတတ်သည်။ဆရာ့ဒေါသကိုတော့ ပုံရိပ်ကြောက်ပါသည်။ဆရာ့အနေနှင့် မျက်လုံးကလေးဝံ့၍ အမျက်တော်ရှလျှင်တောင်ပုံရိပ်မှာ မီးခဲကိုဖင်ခုထိုင်ထားရသလိုဖြစ်နေချေပြီ။
ပုံရိပ်ယခုရောက်နေသောနေရာသည် ရပ်ကွက်ထဲရှိ ဆယ့်နှစ်မျိုးဟင်းချို ဈေးရုံကြီးနှင့်ယှဉ်လိုက်ပါက ကမ္ဘာ့အရှေ့ခြမ်းနှင့်အနောက်ခြမ်းကဲ့သိုဖြစ်နေပြီး သီပေါမင်းလက်ထက်နှင့်အနော်ရထာမင်းလက်ထက်လို အင်မတန်ကွာခြားနေလေသည်။
မြန်မာနိုင်ငံ၏ လူတန်းစားအလွှာကွာခြားမှုသည်ထိုကဲ့သို့ရထားတစ်လမ်း၊သံတစ်လမ်းပင်ဖြစ်သည်။
ဆရာနေမျိုးသည်ပင် လွန်ခဲ့သောသုံးရက်ကတွေ့ခဲ့ပုံနှင်ယခုတွေ့နေရသောပုံစံမတူတော့ပေ။
အိမ်မှာပုံမှန်တွေ့နေရသောဆရာသည် များသောအားဖြင့် စွပ်ကျယ်ချိုင်းပြတ်ကိုသာ၀တ်ဆင်လေ့ရှိပြီး ပုဆိုးကိုဒူးလောက်တက်၀တ်လျှက်တကယ့်တောသားလေးလိုပင်။ယခုတော့ဖြင့် အရေခွံတွေကိုခွာချလိုက်သကဲ့သို့ ရန်ကုန်သားခြေရာနင်းပြနေလေသည်။
အော်..သူလည်းရောမရောက်တော့ရောမလိုကျင့်တယ်ထင်ပါရဲ့။ကိုယ်တွေသာဘယ်နေရာချချပစ်တိုင်းထောင်ဖြစ်နေရပေမဲ့ အခြားသူတွေကတော့နတ်ရေကန်ထဲသို့
ပစ်ချလိုက်သလို အရောင်အဆင်းများဖြင့် တင့်တယ်ကြပါသည်။
ပုံရိပ်၏အရှေ့တွင်ထိုင်နေသောဆရာသည် ဆံပင်ကိုနဖူးပြေပြေလေးပေါ်အောင် လှံထားသောကြောင့် မျက်နှာကကြည်လင်လျှက် နှာတံဆင်းဆင်း၏ဖြောင့်တန်းနေမှု၊
နက်မျက်၀န်း၏စုရွှန်းလဲ့မှု နှုတ်ခမ်းဆွေးဆွေးတို့၏ရဲ့ရင့်မှုကို အသေအချာဖော်ပြနေလေသည်။
ဘုန်းကြီးကျောင်းမှာလို ထမင်းစားလျှင်ကျွဲလိုက်နွားလိုက်သကဲ့သို့စားတတ်သူ ဘုန်းကြီးကျောင်းသားလေးမဟုတ်တော့ပဲ ကြက်သားမျှင်လေးတွေကို ခက်ရင်းခွလေးဖြင့် ခပ်ဖိဖိထောက်လျှက် အိန္ဒြေရစွာဆွဲယူကာ ဆော့ဖြင့်စိမ်ပြေနပြေတို့စားနေလေသည်။ဆရာ့မျက်နှာကို မသိမသာအခဲခက်နေမိစဉ်တွင် မျက်၀န်းနက်နက်တို့သည် ပုံရိပ်ထံသို့ အလိုမကျဟန်ဖြင့် စူးနင့်စွာကျရောက်လာခဲ့သည်။
"ဟေ့...ကြက်ကြော်ကစားဖို့၀ယ်ပေးထားတာနော်...အလှကြည့်ဖို့မဟုတ်ဘူး...ဗိုက်ဆာနေတယ်မဟုတ်လား...စားလေ..."
"ဆရာ...သမီးအိမ်ပြန်ချင်ပြီ..."
"အေးပါ...စား...အေးဆေးစား...ပြီးရင်အတူပြန်ကြတာပေါ့..."
ဆရာ့ပုံစံကအေးဆေးဖြစ်နေပေမဲ့ ပုံရိပ်ကတော့နေ့ခင်းဘက်မှာကလေးတွေဘယ်လိုစားကြ၊သောက်ကြမည်လဲဆိုတာကို ပိုစိတ်ပူမိသည်။ဆရာ့ကိုရင်ဖွင့်မိပြန်ရင်လည်း
"ဒါနဲ့များဘာလို့ အလုပ်လိုက်လုပ်နေသလဲဟုထပ်၍အဆူခံရနိုင်သည်။
ကိုယ့်ဘာသာပေါ့ပေါ့လေးတွေးပြီး ဆောက်လုပ်ရေးဆိုက်ထဲမှာ သူများတွေနည်းတူလိုက်လုပ်မိတာမှားသွားခဲ့လေပြီ။
သူများတွေကလွတ်လပ်ကြသည်။ကိုယ့်စိတ်ဆန္ဒအတိုင်းလုပ်ကြခြင်းဖြစ်၍ နောက်ဆံမတင်းရပေ။ပုံရိပ်ကတော့ ကလေးတွေကိုနေ့ခင်းဘက်မှာ ကျောင်းကနေပြန်လာသလိုလိုဖြင့် နေ့လည်စာကျွေးဖို့တာ၀န်ရှိသည်။
အခုတော့ ကလေးတွေဆာနေပြီလား ။ဒေါ်လေးကရောအိမ်ကိုပြန်လာပြီလား။ပုံရိပ်ကိုအိမ်မှာမတွေ့လို့ ဒေါ်လေးစိတ်တွေများဆိုးနေမလား။ပုံရိပ်ပျောက်လို့ လိုက်၍ရှာနေမှာများလား။အခုမှ ဒါတွေကိုစိုးရိမ်ဖို့ တွေးမိသော ကိုယ့်ကိုကိုယ်ပြန်၍ထုရိုက်ချင်မိသည်။
ထိုနေ့ကအိမ်ကိုပြန်ရောက်တော့ နှစ်နာရီခွဲ၍ သုံးနာရီအတွင်းသို့ပင်ရောက်နေလေပြီ။
မထင်မှတ်ထားသည်က ဒေါ်လေးသည်အိမ်သို့စောစောစီးစီးရောက်နေခြင်းပင်။
အိမ်အပေါက်၀သို့ခြေချမိသည်နှင့် ဒူးတစ်ဖက်ကိုထောက်လျှက် ပုံရိပ်ကိုစူးစူးနင့်
နင့်စိတ်တိုသည့်အကြည့်ဖြင့်ကြည့်နေခဲ့သည်။
အိမ်ခေါင်းရင်းဘက်တွင်နံရံကိုမှီထားလျှက်နှင်ဦးသက်ဆွေကိုတွေ့လိုက်ရသောအခါ ကမ္ဘာကြီးသည်ချာလည်ပတ်လည်ရမ်းခါသွားသကဲ့သို့ခံစားလိုက်ရသည်။ဦးသက်ဆွေဆိုသောလူယုတ်မာကြီးသည် ပုံရိပ်ကိုချောက်တွန်းဖို့ရန်အတွက် ဆိုက်ထဲမှစော စောပြန်ခဲ့သည်ဟုယူဆမိသည်။
ပုံရိပ်အဖို့ ကြက်ကြော်ကိုစေတနာနှင့် ၀င်၀ယ်ကြွေးခဲ့ပါသောဆရာ့ကိုသာအပြစ်ဖို့နေမိသည်။ဆရာသာ အိမ်ကိုစောစောပြန်ပို့ခဲ့မယ်ဆိုလျှင် အိမ်ကိုဦးသက်ဆွေထက်အရင်ပြန်နှင့်နေလောက်ပြီ။
"ဟေ့...ဆူဆူညံညံတွေမကြားချင်ဘူးနော်..
ငါအရက်သွားသောက်လိုက်အုံးမယ်...";
ငပြူးကနေ၊ငပြဲပြန်လုပ်ကာ အရက်သောက်ရင်းရှောင်ထွက်သလိုပုံစံဖမ်းလေသည်။
ဦးသက်ဆွေ၏ယုတ်မာချက်ကတော့ကမ်းကုန်ပါသည်။ပုံရိပ်ကိုတိုင်ဖို့အရေး သူ့မှာမြေနီကုန်းကနေ အလျှင်မှီအောင်ပြေးလာခဲ့ရတယ်။ဒီလိုလူမျိုးကိုပုံရိပ်မုန်းမိတာ မလွန်ပေ။
"ဒေါ်လေ...ဒီနေ့အိမ်ပြန်ရောက်တာစောတယ်နော်..မိစုနဲ့ထွန်းကိုရော..အပြင်မှာဆော့နေကြတာလား..."
ပုံရိပ်ဘယ်လောက်မေးမေးဒေါ်လေးကတစ်ခွန်းမှ မတုန့်ပြန်ပေ။ပုံရိပ်ကိုသာမှင်သေသေမျက်၀န်းတွေနှင့်ကြည့်နေလေသည်။ပုံရိပ်လည်းအိမ်ပေါ်သို့ မရဲတရဲလှမ်းတက်လိုက်ပြီး အပြစ်တွေအားလုံးကို၀န်ခံဖို့ရန် ဒေါ်လေးဆီသို့ခြေလှမ်းလေးလေးနှင့်သွားမိသည်။
"ဒေါ်လေး..."
"ဖြန်း!!!!!"
ဒေါ်လေး၏ရိုက်ချက်ကြောင့် ညာဘက်ပါးတစ်ခုလုံးစပ်ဖျင်းဖျင်းဖြစ်သွားခဲ့သည်။
အံကိုကြိတ်ပြီး နာကျင်မှုတွေကိုသထွေးနှင့်အတူမျိုချလိုက်ကာ ဒေါ်လေးကိုမော့ကြည့်လိုက်မိတော့ ပုံရိပ်ကိုမျက်ရည်ဝဲလျှက်ကြည့်နေလေသည်။
🔥ဆူးကြိုး...🔥အခန်း(၂၃)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၃)🔥 ပထမပိုင္း
"မျမင္ဖူးေတာ့မူးကိုျမစ္ထင္.."ဆိုေသာစကားသည္ ေသြးထြက္ေအာင္ကိုမွန္ပါသည္။
ကိုယ္ေနခဲ့ရတဲ့ရပ္ကြက္လမ္းကေလးႏွင့္လမ္းေဘးရိွ ေဈးဆိုင္တန္းေတြကို ႀကီးမားခမ္းနားလွၿပီထင္ခဲ့မိသည္။ရပ္ကြက္ထဲရိွ မ်ားျပားရႈပ္ေထြးလွေသာ လမ္းခ်ိဳးတစ္ခုဆီကိုေတြ့ရတိုင္း ၀ကၤပါထဲတြင္ လက္ပစ္ကူးေနရသေယာင္ထင္ခဲ့မိသည္။
ကိုယ္ေတြအိမ္ႏွင့္အနည္းငယ္လွမ္းၿပီးလမ္းေလ်ွာက္လ်ွင္ ဆယ္မိနစ္ေလာက္သာၾကာျမင့္ေသာ ေဈးရံုႀကီးကို လူအစည္ကားဆံုးအရပ္ဟုသတ္မွတ္ခဲ့တာ မွားမ်ားေနၿပီလား။ေဈးရံုထဲရိွ အ၀တ္ဆိုင္တန္းေတြတြင္ အမ်ိဳးသမီးတို႔အုပ္စုဖဲြ႔၍ ျပၫ့္ၾကပ္ေနၿပီး သား၊ငါးတန္း၊ အသီးအရြက္ႏွင့္ အေျခာက္အျခမ္းဆိုင္တန္းေတြအဆံုးအထိလူမ်ားတိုး၍ပင္မေပါက္ေပ။
စရိုက္စံု၊လူမ်ိဳးစံုတို႔ေပါင္းစည္းရာေနရာသည္ ေဈးဟုဆိုရေပမည္။အသားငါးတန္းသည္ယင္တေလာင္းေလာင္းႏွင့္ျဖစ္လ်ွက္ ေဈးဆစ္သံေတြလည္းဆံုသည္ ။
ေအာ္ေရာင္းေသာငါးစိမ္းသည္မ်ား၏အသံကလည္းညံသည္။
သားငါးတို႔ခုတ္ထစ္သံမ်ားသည္လည္း ႏွလံုးတုန္ေလာက္စရာျဖစ္ၿပီး သား၊ငါးသည္တို႔၏ဓားသည္ကမ႓ာေပၚတြင္ အထက္ဆံုးျဖစ္ေနသကဲ့သို႔ ၾကၫ့္ရင္းႏွင့္ကိုဓားေသြးသၫ့္လက္အား ေျပး၍ခ်ီးက်ူးခ်င္မိခဲ့သည္။
အကာအရံႏွင့္ ဆိုင္းဘုတ္တပ္ထားေသာေဈးရံုႀကီးျဖစ္သလို ရပ္ကြက္အားလံုး၏ေပါင္းစုတည္ရာ ဘံုဌာနေဈးရံုႀကီးေပမဲ့ အဲယားကြန္းမရိွ၊ေလးတဟူးဟူးတိုးလ်ွက္ အခန္းတို႔သည္တေသတသက္ကာရံထားတာမ်ိဳးမရိွေပ။
ေဈးရံုႀကီး၏ နံေဘးတြင္ ရပ္ကြက္တကာမွစုေပါင္းအလႉဒါနျပဳထားသၫ့္ အမိႈက္ပံုႀကီးကလည္း ဟီးထြက္လ်ွက္ ထီးထီးႀကီးရပ္လို႔ေနသည္။အနံ႔မ်ိဳးစံု၊အသံမ်ိဳးစံုႏွင့္ထိုေဈးရံုႀကီးထဲသို႔ ၀င္လိုက္ပါက "ထီး၀ယ္အံုးမလား၊ဖိနပ္၀ယ္အံုးမလား၊အိတ္ေတြၾကၫ့္ပါအံုး.."ဆိုသၫ့္ အသံႏွင့္အတူအ၀င္အ၀မွာတြင္ ဆဲြလဲြခံရသည္။
မိုးရာသီေရာက္တိုင္း ငါးၫွီနံ႔ကိုရႉလ်ွက္ေျခေထာက္ေတြဟာ ရြံ႔ရည္လူးရကာငါးစိမ္းတန္းထဲတြင္ မနည္းေလ်ွာက္ရသည္။
ကမ႓ာႀကီးထဲမွာအတူရွင္သန္ေနၾကရေပမဲ့ အခ်ိဳ႕လူေတြဟာကမ႓ာႀကီးကိုယခုအထိျပားတယ္လို႔ထင္ၿပီးအခ်ိူ႔လူေတြကေတာ့လံုးသည္ဟု ဆိုၾကသည္။
အေရ႔ွမွေန၀န္းထြက္သၫ့္ပမာဆိုသလို
ေနလံုးသည္အေရ႔ွအရပ္မွပံုမွန္ထြက္ေနသည္ကိုသာျမင္ၾကရေသာေၾကာင့္ ကမ႓ာသည္အေနာက္မွအေရ႔ွသို႔လည္ပတ္ေနသည္ကိုလည္း မသိၾကသူရိွသလို ကမ႓ာသည္ေနလံုးအား ဘဲဥစက္၀န္းပံုသ႑န္လည္ပတ္ေနတာကို မသိသူေတြမွအမ်ားသားပင္။
ကိုယ္ေတာင္မွ စာေပဗိမာန္စာမူပထမဆုရရိွခဲ့ေသာ ျမန္မာ့ဓေလ့ျမန္မာ့ေရဆိုေသာ စာအုပ္ကေလးကိုဖတ္ၿပီးမွသိခဲ့ရသည္။ေက်ာင္းတြင္ရူပေဗဒဆရာမမ်ားက ရွင္းျပသလို၊အလည္တန္းမွာပထဝီဆရာမမ်ားကလည္းရွင္းျပခဲ့ဖူးသည္။
သို႔ေပမဲ့ ေယဘူယ်ေလာက္ပဲသိခဲ့ရသၫ့္
ပံုရိပ္ဟာဘုန္းႀကီးေက်ာင္း၏စာၾကၫ့္တိုက္ထဲတြင္ လွန္ေလွာ၍ရွာေဖြေတြ့ရိွခဲ့ေသာ ထိုစာအုပ္ေလးေၾကာင့္ က်ယ္ေျပာလွသၫ့္စၾက၀ဠာႀကီးထဲသို႔ ခဏတာေလာက္အလည္အပတ္သြားခြင့္ရခဲ့သည္။
ထိုစာအုပ္ကေလးကို ဆရာေနမ်ိဳးသည္သူတကၠသိုလ္ပထမႏွစ္တြင္ ဆူးေလရိွ၃၇လမ္းတြင္ရိွေသာ စာအုပ္ေဟာင္းတန္းမွေတြ့ခဲ့ျခင္းျဖစ္သည္။ဆုရစာအုပ္ေဟာင္းကေလးတစ္အုပ္သည္ အဖိုးနဲေသာစာအုပ္ပံုေလးေတြေအာက္တြင္ အက်ဉ္းက်ေနခဲ့ရသည္။ေဈးနဲနဲျဖင့္ထုတ္ယူ၀ယ္ခဲ့မိေသာ ဆရာေနမ်ိဳးသည္စာအုပ္ကေလး၏တန္ဖိုးကိုသိေပမဲ့ စာအုပ္ေရာင္းေသာသူသည္ မသိရွာခဲ့ေပ။
လူတစ္ခ်ိဳ႕သည္ အေပၚယံစာမ်က္ႏွာကိုၾကၫ့္၍ တန္းဖိုးျဖတ္ၾကသည္။အခ်ိဳ႕ကစာမ်က္ႏွာတစ္ရြက္ေလာက္ကိုလွန္ေလွာ၍ တစ္အုပ္လံုးကိုသိသူကဲ့သို႔ ေဝဖန္ၾကသည္။
စာအုပ္ကေလးအား အတြင္းက်က်ဖတ္ၾကၫ့္ၿပီး တန္ဖိုးသိလ်ွက္၊တန္ဖိုးထားလ်ွက္ သိမ္းဆည္းထားသူကရွားၾကေလသည္။
ပံုရိပ္ကိုယ္တိုင္ပင္လ်ွင္ တခါတရံမွာအေပၚယံယွက္ၾကၫ့္မိေသာ ပထမလူတန္းစားျဖစ္သြားဖူးသည္။
အေတြးအေခၚျခင္းမတူတာလည္းအျပစ္မဟုတ္ေပ ကမ႓ာႀကီးတစ္ခုထဲမွာအတူရွင္သန္ၾကေပမဲ့ ပံုသ႑န္ခ်င္း၊ဘာသာစကားျခင္းေတာင္မတူၾကရသၫ့္ အေျခအေနေတြမွာဘယ္အရာကအမွားျဖစ္ေနပါသလဲ။
ကမ႓ာ့အေရ႔ျွခမ္းႏွင့္အေနာက္ျခမ္းဆိုၿပီး
ျမစ္ျခား၊ေခ်ာင္းျခား သမုဒၵယာေတြေတာင္ျခားနားေနသည္မဟုတ္ပါလား။
မ်က္၀န္းျပာျပာ၊အသားအရည္ကစကၠူျဖဴေရာင္ကဲ့သို႔ျဖစ္ၿပီးအရပ္ဂလန႔္ဂလားႀကီးမ်ားျဖင့္ ႏိုင္ငံျခားသားႀကီးမ်ားကို ေတြ့ပါကပံုရိပ္တို႔ျမန္မာလူမ်ိဳးမ်ားသည္ စပ္ကပ္ထဲတြင္ရိႈးျပေသာ သတၲဝါႀကီးကဲ့သို႔ လည္တဆန႔္ဆန႔္ႏွင့္အထူးအဆန္းလုပ္၍ၾကၫ့္ၾကသည္။
ထိုႏိုင္ငံျခားသားႀကီးကလည္း သူ႔ထပ္အရပ္ပု၍ အသားညိုေသာ၊မ်က္ႏွာခ်င္းဆိုင္မိတိုင္းႃပံုး၍ျပတတ္ေသာ ျမန္မာလူမ်ိဳးတို႔ကိုထူးဆန္းသည္ဟုထင္ေပလိမ့္မည္။
ကမ႓ာႀကီးတစ္ခုတည္းတြင္ေနရာေဒသမတူတာကိုမေျပာႏွင့္ ရန္ကုန္တိုင္းတစ္တိုင္းထဲတြင္ေတာင္ ပံုရိပ္တို႔ေနေသာရပ္ကြက္ႏွင့္
ခုေရာက္ေနေသာၿမိဳ႔ထဲလမ္းမႀကီးကမတူေပ။
ပံုရိပ္ကို အျပင္အလုပ္ၾကမ္းမလုပ္ရန္ေခ်ာ့သၫ့္အေနျဖင့္ ဆရာေနမ်ိဳးေခၚလာေသာေနရာသည္ စံရိပ္ၿငိမ္တြင္ရိွေသာဂမုန္းဖြင့္စင္တာဒုတိယထပ္မွ ၾကက္ေၾကာ္ဆိုင္သို႔ျဖစ္သည္။
ဆိုင္ကေလးသည္သန႔္သည္၊ခံုကေလးေတြကအစေဖြးလို႔ ၀န္ထမ္းေလးေတြကလည္းယူနီေဖာင္းကိုယ္စီႏွင့္သန႔္ျပန္ၾကသည္။
စင္တာႀကီးထဲသို႔ စ၀င္လာကတည္းကဟိမ၀ႏၲာေတာင္ထိပ္သို႔ ေဆာင္းတြင္းဘက္တြင္ေရာက္သြားသကဲ့သို႔ ေအးစိမ္းစိမ့္ႏွင့္ေမႊးပ်ံ႔ေနသည္။
ဆရာကမသြားခိုင္း၍ အျခားဆိုင္တန္းေတြကိုလိုက္ၾကၫ့္လို႔မရေပမဲ့ သူ႔ဆိုင္ခန္းေလးႏွင့္သူသာသက္သက္ရပ္ရပ္၊သန႔္သန႔္ရွင္းရွင္းရိွၾကသည္။ေဆာင္းတြင္းမို႔ထင္သည္ ႂကြေျပားခင္းေတြကအစေျပာင္ခါေနသည္။
ခရစ္စမတ္သစ္ပင္အတုႀကီးကလည္း လွလိုက္တာမ်ားမ်က္လံုးထဲကကို မထြက္ေပ။
ဆရာကေတာ့ ဓာတ္ပံုရိုက္မလားလို႔ေမးေပမဲ့
ေခါင္းသာခါလိုက္မိသည္။ဓာတ္ပံုရိုက္ရမွာကို ရွက္မိသလိုလိုရိွသည္။အထူးသျဖင့္ လူအမ်ားၾကၫ့္ေနေသာေနရာႀကီးမွာျဖစ္၍ ဟန္မလုပ္ရဲေပ။
စက္ေလွကားကိုစီးရေတာ့လည္း အိုးနင္းခြက္နင္းျဖစ္ေန၍ ဆရာ့ေက်ာပိုးအိတ္ကိုလွမ္းဆဲြလိုက္ရေသးသည္။ဆရာ့လက္ကိုေတာ့မကိုင္ရဲေပ။ဆရာက သမာဓိႏွင့္ေနသူျဖစ္၍လားေတာ့မသိ ပံုရိပ္၏လက္ဖဝါးကိုတစ္ခါမ်ွမကိုင္ေပ။
သူေဒါသထြက္၍ေခၚမရလ်ွင္သာ လက္ေမာင္းႏွင့္လက္ေကာက္၀တ္ကို ေဆာင့္ေဆာင့္ေအာင့္ေအာင့္ႏွင့္ ဆဲြေခၚသြားတတ္သည္။ဆရာ့ေဒါသကိုေတာ့ ပံုရိပ္ေၾကာက္ပါသည္။ဆရာ့အေနႏွင့္ မ်က္လံုးကေလးဝံ့၍ အမ်က္ေတာ္ရွလ်ွင္ေတာင္ပံုရိပ္မွာ မီးခဲကိုဖင္ခုထိုင္ထားရသလိုျဖစ္ေနေခ်ၿပီ။
ပံုရိပ္ယခုေရာက္ေနေသာေနရာသည္ ရပ္ကြက္ထဲရိွ ဆယ့္ႏွစ္မ်ိဳးဟင္းခ်ိဳ ေဈးရံုႀကီးႏွင့္ယွဉ္လိုက္ပါက ကမ႓ာ့အေရ႔ျွခမ္းႏွင့္အေနာက္ျခမ္းကဲ့သိုျဖစ္ေနၿပီး သီေပါမင္းလက္ထက္ႏွင့္အေနာ္ရထာမင္းလက္ထက္လို အင္မတန္ကြာျခားေနေလသည္။
ျမန္မာႏိုင္ငံ၏ လူတန္းစားအလႊာကြာျခားမႈသည္ထိုကဲ့သို႔ရထားတစ္လမ္း၊သံတစ္လမ္းပင္ျဖစ္သည္။
ဆရာေနမ်ိဳးသည္ပင္ လြန္ခဲ့ေသာသံုးရက္ကေတြ့ခဲ့ပံုႏွင္ယခုေတြ့ေနရေသာပံုစံမတူေတာ့ေပ။
အိမ္မွာပံုမွန္ေတြ့ေနရေသာဆရာသည္ မ်ားေသာအားျဖင့္ စြပ္က်ယ္ခ်ိဳင္းျပတ္ကိုသာ၀တ္ဆင္ေလ့ရိွၿပီး ပုဆိုးကိုဒူးေလာက္တက္၀တ္လ်ွက္တကယ့္ေတာသားေလးလိုပင္။ယခုေတာ့ျဖင့္ အေရခြံေတြကိုခြာခ်လိုက္သကဲ့သို႔ ရန္ကုန္သားေျခရာနင္းျပေနေလသည္။
ေအာ္..သူလည္းေရာမေရာက္ေတာ့ေရာမလိုက်င့္တယ္ထင္ပါရဲ့။ကိုယ္ေတြသာဘယ္ေနရာခ်ခ်ပစ္တိုင္းေထာင္ျဖစ္ေနရေပမဲ့ အျခားသူေတြကေတာ့နတ္ေရကန္ထဲသို႔
ပစ္ခ်လိုက္သလို အေရာင္အဆင္းမ်ားျဖင့္ တင့္တယ္ၾကပါသည္။
ပံုရိပ္၏အေရ႔ွတြင္ထိုင္ေနေသာဆရာသည္ ဆံပင္ကိုနဖူးေျပျပေလးေပၚေအာင္ လွံထားေသာေၾကာင့္ မ်က္ႏွာကၾကည္လင္လ်ွက္ ႏွာတံဆင္းဆင္း၏ေျဖာင့္တန္းေနမႈ၊
နက္မ်က္၀န္း၏စုရႊန္းလဲ့မႈ ႏႈတ္ခမ္းေဆြးေဆြးတို႔၏ရဲ့ရင့္မႈကို အေသအခ်ာေဖာ္ျပေနေလသည္။
ဘုန္းႀကီးေက်ာင္းမွာလို ထမင္းစားလ်ွင္ကၽဲြလိုက္ႏြားလိုက္သကဲ့သို႔စားတတ္သူ ဘုန္းႀကီးေက်ာင္းသားေလးမဟုတ္ေတာ့ပဲ ၾကက္သားမ်ွင္ေလးေတြကို ခက္ရင္းခြေလးျဖင့္ ခပ္ဖိဖိေထာက္လ်ွက္ အိႁႏၵေရစြာဆဲြယူကာ ေဆာ့ျဖင့္စိမ္ေျပနေျပတို႔စားေနေလသည္။ဆရာ့မ်က္ႏွာကို မသိမသာအခဲခက္ေနမိစဉ္တြင္ မ်က္၀န္းနက္နက္တို႔သည္ ပံုရိပ္ထံသို႔ အလိုမက်ဟန္ျဖင့္ စူးနင့္စြာက်ေရာက္လာခဲ့သည္။
"ေဟ့...ၾကက္ေၾကာ္ကစားဖို႔၀ယ္ေပးထားတာေနာ္...အလွၾကၫ့္ဖို႔မဟုတ္ဘူး...ဗိုက္ဆာေနတယ္မဟုတ္လား...စားေလ..."
"ဆရာ...သမီးအိမ္ျပန္ခ်င္ၿပီ..."
"ေအးပါ...စား...ေအးေဆးစား...ၿပီးရင္အတူျပန္ၾကတာေပါ့..."
ဆရာ့ပံုစံကေအးေဆးျဖစ္ေနေပမဲ့ ပံုရိပ္ကေတာ့ေန့ခင္းဘက္မွာကေလးေတြဘယ္လိုစားၾက၊ေသာက္ၾကမည္လဲဆိုတာကို ပိုစိတ္ပူမိသည္။ဆရာ့ကိုရင္ဖြင့္မိျပန္ရင္လည္း
"ဒါနဲ႔မ်ားဘာလို႔ အလုပ္လိုက္လုပ္ေနသလဲဟုထပ္၍အဆူခံရႏိုင္သည္။
ကိုယ့္ဘာသာေပါ့ေပါ့ေလးေတြးၿပီး ေဆာက္လုပ္ေရးဆိုက္ထဲမွာ သူမ်ားေတြနည္းတူလိုက္လုပ္မိတာမွားသြားခဲ့ေလၿပီ။
သူမ်ားေတြကလြတ္လပ္ၾကသည္။ကိုယ့္စိတ္ဆႏၵအတိုင္းလုပ္ၾကျခင္းျဖစ္၍ ေနာက္ဆံမတင္းရေပ။ပံုရိပ္ကေတာ့ ကေလးေတြကိုေန့ခင္းဘက္မွာ ေက်ာင္းကေနျပန္လာသလိုလိုျဖင့္ ေန့လည္စာကၽြေးဖို႔တာ၀န္ရိွသည္။
အခုေတာ့ ကေလးေတြဆာေနၿပီလား ။ေဒၚေလးကေရာအိမ္ကိုျပန္လာၿပီလား။ပံုရိပ္ကိုအိမ္မွာမေတြ့လို႔ ေဒၚေလးစိတ္ေတြမ်ားဆိုးေနမလား။ပံုရိပ္ေပ်ာက္လို႔ လိုက္၍ရွာေနမွာမ်ားလား။အခုမွ ဒါေတြကိုစိုးရိမ္ဖို႔ ေတြးမိေသာ ကိုယ့္ကိုကိုယ္ျပန္၍ထုရိုက္ခ်င္မိသည္။
ထိုေန့ကအိမ္ကိုျပန္ေရာက္ေတာ့ ႏွစ္နာရီခဲြ၍ သံုးနာရီအတြင္းသို႔ပင္ေရာက္ေနေလၿပီ။
မထင္မွတ္ထားသည္က ေဒၚေလးသည္အိမ္သို႔ေစာေစာစီးစီးေရာက္ေနျခင္းပင္။
အိမ္အေပါက္၀သို႔ေျခခ်မိသည္ႏွင့္ ဒူးတစ္ဖက္ကိုေထာက္လ်ွက္ ပံုရိပ္ကိုစူးစူးနင့္
နင့္စိတ္တိုသည့္အၾကည့္ျဖင့္ၾကၫ့္ေနခဲ့သည္။
အိမ္ေခါင္းရင္းဘက္တြင္နံရံကိုမွီထားလ်ွက္ႏွင္ဦးသက္ေဆြကိုေတြ့လိုက္ရေသာအခါ ကမ႓ာႀကီးသည္ခ်ာလည္ပတ္လည္ရမ္းခါသြားသကဲ့သို႔ခံစားလိုက္ရသည္။ဦးသက္ေဆြဆိုေသာလူယုတ္မာႀကီးသည္ ပံုရိပ္ကိုေခ်ာက္တြန္းဖို႔ရန္အတြက္ ဆိုက္ထဲမွေစာ ေစာျပန္ခဲ့သည္ဟုယူဆမိသည္။
ပံုရိပ္အဖို႔ ၾကက္ေၾကာ္ကိုေစတနာႏွင့္ ၀င္၀ယ္ႂကြေးခဲ့ပါေသာဆရာ့ကိုသာအျပစ္ဖို႔ေနမိသည္။ဆရာသာ အိမ္ကိုေစာေစာျပန္ပို႔ခဲ့မယ္ဆိုလ်ွင္ အိမ္ကိုဦးသက္ေဆြထက္အရင္ျပန္ႏွင့္ေနေလာက္ၿပီ။
"ေဟ့...ဆူဆူညံညံေတြမၾကားခ်င္ဘူးေနာ္..
ငါအရက္သြားေသာက္လိုက္အံုးမယ္...";
ငျပဴးကေန၊ငၿပဲျပန္လုပ္ကာ အရက္ေသာက္ရင္းေရွာင္ထြက္သလိုပံုစံဖမ္းေလသည္။
ဦးသက္ေဆြ၏ယုတ္မာခ်က္ကေတာ့ကမ္းကုန္ပါသည္။ပံုရိပ္ကိုတိုင္ဖို႔အေရး သူ႔မွာေျမနီကုန္းကေန အလ်ွင္မွီေအာင္ေျပးလာခဲ့ရတယ္။ဒီလိုလူမ်ိဳးကိုပံုရိပ္မုန္းမိတာ မလြန္ေပ။
"ေဒၚေလ...ဒီေန့အိမ္ျပန္ေရာက္တာေစာတယ္ေနာ္..မိစုနဲ႔ထြန္းကိုေရာ..အျပင္မွာေဆာ့ေနၾကတာလား..."
ပံုရိပ္ဘယ္ေလာက္ေမးေမးေဒၚေလးကတစ္ခြန္းမွ မတုန႔္ျပန္ေပ။ပံုရိပ္ကိုသာမွင္ေသေသမ်က္၀န္းေတြႏွင့္ၾကၫ့္ေနေလသည္။ပံုရိပ္လည္းအိမ္ေပၚသို႔ မရဲတရဲလွမ္းတက္လိုက္ၿပီး အျပစ္ေတြအားလံုးကို၀န္ခံဖို႔ရန္ ေဒၚေလးဆီသို႔ေျခလွမ္းေလးေလးႏွင့္သြားမိသည္။
"ေဒၚေလး..."
"ျဖန္း!!!!!"
ေဒၚေလး၏ရိုက္ခ်က္ေၾကာင့္ ညာဘက္ပါးတစ္ခုလံုးစပ္ဖ်င္းဖ်င္းျဖစ္သြားခဲ့သည္။
အံကိုႀကိတ္ၿပီး နာက်င္မႈေတြကိုသေထြးႏွင့္အတူမ်ိဳခ်လိုက္ကာ ေဒၚေလးကိုေမာ့ၾကၫ့္လိုက္မိေတာ့ ပံုရိပ္ကိုမ်က္ရည္ဝဲလ်ွက္ၾကၫ့္ေနေလသည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၃)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment