🔥ဆူးကြိုး...🔥အခန်း(၂၄)🔥 တတိယပိုင်း


(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၄)🔥  တတိယပိုင်း


"ယမင်းကမွေးရာပါ...နှလုံးရောဂါရှိတယ်ဟ....

သူ့နှလုံးမှာစက်တပ်ထားရတယ်...သူ့ကိုစိတ်ဆင်းရဲအောင်လုပ်လို့မရဘူး....အိမ်မှာဆိုသူကမင်းသမီးပဲလေ....သူ့ကိုမွေးစားဖို့ခေါ်လာတုန်းကဆို...

အိမ်ကလူတွေက အရမ်းဂရုစိုက်လွန်းလို့ 

ငါသူ့ကိုမနာလိုဖြစ်ခဲ့ရသေးတယ်....

ဒါကြောင့်သူ့အတွက်၀ယ်ပေးထားတဲ့အရုပ်ကလေးကို မနာလိုအူတိုတွေဖြစ်ပြီးလုမိလို့...

ရောဂါထဖောက်ပြီးသူသတိမေ့သွားတာနဲ့ 

ဆေးရုံတောင်တင်လိုက်ရသေးတယ်...

အဲ့ဒီ့နေ့ကငါ့မှာအဆူခံရလွန်းလို့ နေစရာနေရာတောင်မရှိဘူး...နောက်ပိုင်းတဖြည်းဖြည်းသိတတ်လာတဲ့အရွယ်ရောက်မှ ငါလည်းသူ့ကိုနှလုံးရောဂါသည်လေးဆိုပြီး အလျှော့ပေးနေရတော့တာပဲ...."


"အင်း....ဒီလိုဆိုတော့ယမင်းကသနားစရာလေးပဲနော် ..အော်...ငါတို့ကြတော့လည်းပိုက်ဆံမရှိလို့ဒုက္ခရောက်ရတဲ့ဝေဒနာနဲ့...ယမင်းတို့ကြတော့လည်းပိုက်ဆံရှိပြီ...ရင်တွင်းရောဂါဝေဒနာကိုခံစားနေရတယ်...လက္ခဏာတွေမတူပေမဲ့...

လူတိုင်းရဲ့ရင်ထဲမှာဝေဒနာတစ်ရပ်ဆီတော့ရှိကြတာပဲနော်...."


"တယ်ဟုတ်ပါလား....ဆရာမကြီးကသံဝေဃတွေဘာတွေရလို့...တောထွက်ပါလား...ငါဂတုံးတုံးပေးမယ်...."


"ဟိန်းဇေယျာထက်...နင်ဟာလေစကားအကောင်းပြောလို့ကိုမရဘူး...ရုပ်ကိုကြည့်တော့အခြောက်ရုပ်နဲ့...လူရွှင်တော်လုပ်စားရမယ့်အကောင်.."


"အောင်မာ...ငါ့ကိုများအခြောက်လေးဘာလေးနဲ့...

ခြောက်သလား...စိုသလား...သိချင်ရင်လာစမ်းကြည့်လိုက်စမ်းပါ....."


"ဟဲ့....နင်ဘယ်လိုဖြစ်နေတာလဲ...အရှက်ကိုမရှိဘူး..."


"ဟား...ဟား...ငါပြောတာကသတ္တိကိုလာစမ်းကြည့်စမ်းလို့ပြောတာပါ...

တို့က..တုံးတိုက်တိုက်...'ကျားကိုက်ကိုက်နော်..."


"ဘာလဲ...မှောက်လျှက်လဲတာလား...."


"ဟား...ဟား...အေး...လဲလွန်းလို့ရှေ့သွားတွေတောင်ကျိုးကုန်ပြီ...."



ဒီကောင်ဘယ်လိုကောင်ပါလိမ့်။အရင်တုန်းကတော့ သူပဲသူများကို စိတ်တိုအောင်၊ဒေါသထွက်အောင်လိုက်လုပ်ပြီး အခုကြတော့ဘယ်လိုပဲ

တွန်းထုတ်ပါစေ လိုက်ကပ်တွယ်နေသည်။

သူ့ပုံစံကိုကြည့်ရတာ မရိုးမသားတော့မဟုတ်ဘူး။

အရင်ကခပ်တည်တည်နဲ့ မာနကြီးမယ်ထင်ခဲ့ပေမဲ့ ယခုကြတော့ပြောင်ပြောင်နောက်နောက်နှင့် ရယ်စရာဟာသလည်းပြောတတ်သည်။

အလိုလိုနေရင်း သူနဲ့စကားပြောရတာတောင်ပျော်လာသလိုပဲ။


"ပုံရိပ်....ယမင်းကခေါ်ရင်....နင်လိုက်ခဲ့ပါဟာနော်

...အိမ်မှာတောင်သူကပြောနေတာ...နင့်ကိုမရရအောင်ခေါ်မယ်တဲ့...နင်မလိုက်ရင်သူစိတ်ထိခိုက်လိမ့်မယ်...."


"အင်း...ငါစဉ်းစားကြည့်ပါ့မယ်...အိမ်ကိုလည်းပြောကြည့်ရအုံးမယ်...ကလေးတွေကတော့စနေ၊တနင်္ဂနွေကကျူရှင်ပိတ်ထားလို့အဆင်ပြေပါတယ်...ငါကနင်တို့လိုပိုက်ဆံရှိတာမဟုတ်ဘူး...

သွားချင်တိုင်းသွားလို့အဆင်မပြေဘူး...."


"နင်ကလည်းဟာ...သွားစရိတ်၊စားစရိတ်ကအခမဲ့ပါ..မွေးနေ့ရှင်ကတကာခံမှာပေါ့.....ပြီးတော့ငါသူ့အတွက်စပရိုက်ကိတ်စီစဉ်ထားတယ်....

နင်ပါရင်ပိုပြီးအကူအညီဖြစ်မှာ...နှလုံးရောဂါသည်လေးကိုပျော်သွားအောင်လုပ်ပေးကြရအောင်ဟာနော်..."


"နင့်ဟာကလည်း...ငါ့ကိုဒီနှလုံးနဲ့ချည်းကိုင်ပေါက်နေတယ်...."


"ကိုင်ပေါက်စရာလည်း...နှလုံးပဲရှိတာလေဟာ..."


"ဟား...ဟား...နင်နော်..."


"ဟေ့မလုပ်နဲ့လေဟာ..."


"လုပ်မှာပဲ...."


ပုံရိပ်လည်း တမင်အမြင်ကပ်ပြီးသူ့စက်ဘီးကိုတိုက်ပစ်တော့ သူကထအော်သည်။ပုံရိပ်သူ့ကိုအရင်ထက်ပို၍ ခင်မင်မိသလိုတော့ရှိသည်။

သူဟာရယ်စရာကောင်းနေလို့ပဲလား။

သေချာတာတော့ သူနဲ့စကားပြောရတာစိတ်ပေါ့ပါးစေသည်။သူ့စက်ဘီးကို တိုက်ပစ်တော့လည်း

စိတ်မဆိုးပဲ ရယ်ကျဲကျဲသာဖြစ်နေသည်။

စိတ်မဆိုးတတ်ဘူးလားမသိဘူး။

တကယ်ပါ ပုံရိပ်၏စိတ်ထဲမှာတော့

သူဟာအခြောက်ကလေးလိုပဲ။


"ပုံရိပ်...."


"ဟင်....."


"နင်သိရဲ့လား..ညနေဆည်းဆာအရောင်ကနင့်ဆံပင်လေးတွေအပေါ်ကို ရောင်ပြန်ဟပ်တော့...

ငါ့မျက်လုံးထဲမှာ နှင်းဆီပွင့်ဖက်ကလေးတွေဖြန့်ကျဲထားသလိုပဲ...."


ရုတ်တရက်ပြောလိုက်သောသူ့ရဲ့ထူးဆန်းသောစကားကြောင့် သူ့မျက်၀န်းတွေနှင့်အကြည့်စုံလိုက်မိတော့ သူသည်ပုံရိပ်ကို မျက်တောင်မခက်တမ်းကြည့်နေလေသည်။သူ့မျက်နှာအမူအရာဟာ အရမ်းကိုတည်ကြည်လွန်းပြီး သူ့မျက်လုံးတွေဟာလည်း ကဗျာဆရာတစ်ယောက်ကဆည်းဆာ

တိမ်တောက်ချိန်ကို ငေးမောကြည့်နေသလို

ဆွေးဆွေးမြေ့မြေ့ မေ့မေ့မောမောဖြစ်နေသည်။

သူ့မျက်၀န်းတွေရဲ့ အဓိပ္ပာယ်ကဘာလဲ။


"ငါသွားတော့မယ်ပုံရိပ်....ရှေ့ဆက်လိုက်ရင်...

ငါ့မျက်လုံးတွေမှာ ပန်းတွေပွင့်ကုန်မှာစိုးလို့....

ယမင်းခေါ်ရင် လိုက်ပေးလိုက်ပါ...သူစိတ်ချမ်းသာအောင်..."


"ဒီကောင်ဟာလေ...စကားကိုလူလိုမပြောသွားဘူး...."


ပုံရိပ်လည်း အခုမှစကားတပြောပြောနှင့်စက်ဘီးကိုတွန်းလာမိသောအဖြစ်ကိုသတိရ၍ စက်ဘီးကိုပြန်နင်းဖို့လုပ်ရသည်။ပုံရိပ်တို့၏လမ်းထိပ်နားအထိ ရောက်နေခြင်းဖြစ်ပြီး လမ်းထိပ်ရှိသစ်ပင်ရိပ်တွင် ပုံရိပ်အားမျက်ထောက်နီကြီးဖြင့်ကြည့်နေသော

လူကိုတွေ့လိုက်ရသောအခါ မျက်နှာကိုချက်ချင်းတည်တင်းပစ်လိုက်မိသည်။

စက်ဘီးပေါ်သို့အမြန်တက်ပြီး နင်းဖို့ပြင်စဉ်

ဘီးလှိမ့်ရုံရှိသေးသည် သူကစက်ဘီးဂိုက်ကို

ဆက်ကနဲလှမ်းဆွဲလိုက်၍ သူ့ဘက်သို့ယိုင်ကျသွားမိရာ စက်ဘီးကို လက်တစ်ဖက်ကကိုင်ပြီး

 သူ့ရင်ဘတ်ကိုတွန်းပစ်လိုက်သည်။


"ဟိန်းကို...နင်ငါ့ကိုဘာကြောင့်ဒီလိုလိုက်လုပ်နေရတာလဲ....ဒီစက်ဘီးကသူများဘီးနော်....ပျက်စီးသွားရင်ငါမလျော်နိုင်ဘူး...."


"ငါလျော်ပေးမယ်ဟာ..ဟုတ်ပြီလား...."


"အပိုတွေမပြောစမ်းပါနဲ့ဟာ...ငါ့လမ်းငါအေးဆေးသွားပါရစေ...."


"ပုံရိပ်....."


"ဟိန်းကို....နင်...."


ပုံရိပ်၏လက်မောင်းကိုဆွဲညှစ်လျှက် အနာတရဖြစ်အောင်လုပ်နေ၍သူ့ကို ဒေါသထွက်မိသည်။

လက်ကိုဆောင့်ရုန်းပေမဲ့ သူမလွှတ်ဘူး။

ပုံရိပ်သိပ်ကိုမှားသွားခဲ့ပြီ။သူ့လိုလူကို သူငယ်ချင်းအဖြစ် သတ်မှတ်မိတာမှားသွားခဲ့ပြီလား။

ကျားနှင့်သမင်ဟာ ဘယ်သောအခါမှမိတ်ဆွေဖွဲ့လို့မဖြစ်ပေ။ယခုအခါ သူဟာကျားဖြစ်ပြီး ပုံရိပ်ကသမင်ဖြစ်နေလေပြီ။


သူဟာအသိတရားနှင့်ဆင်ခြင်တုံတရားကင်းမဲ့သော ဘီလူးရိုင်းတစ်ကောင်ပါလား။

သူ့မျက်၀န်းနီနီတွေဟာ ဆည်းဆာ၏အရောင်နှင့်ရောယှက်၍ ပို၍နီမြန်းပြီးတုန်လှုပ်ချောက်ခြားစရာပင်ကောင်းနေသည်။


"ခုဏကနင်နဲ့အတူစက်ဘီးစီးလာတဲ့ကောင်က

နင်တို့အတန်းထဲကလား....သူကအိမ်အထိတောင်လိုက်ပို့တယ်ပေါ့....နင်တို့ကဘာတွေလဲ....

နောက်တစ်ခါနင်အဲ့ဒီ့အကောင်နဲ့မပေါင်းနဲ့"


"ဟိန်းကို....ငါနင့်ကိုမခင်ချင်တော့တဲ့အချက်က...

နင်ဟာသိပ်အတ္တကြီးလွန်းလို့ပဲ...နင်ကနင်လိုချင်တာ...နင်ဖြစ်ချင်တာပဲသိတယ်...နင်ငါ့ကိုချောကလက်ကျွေးတဲ့နေ့တည်းက...နင့်ရဲ့အတ္တကြီးလွန်းတဲ့စိတ်ကို ငါကြောက်သွားခဲ့တာ...ငါဆိုတဲ့လူကလည်း...ငါ့ကိုလိုက်ပြီးကန့်သတ်ချုပ်ချယ်နေတာကို အမုန်းဆုံးပဲ....နင်လည်းလူ..ငါလည်းလူပဲဟာ...

ငါပေါင်းချင်တဲ့လူနဲ့ပေါင်းမယ်...ငါ့ဘာသာပျော်သလိုနေမယ်...နင်ဘာလို့လိုက်ထိန်းချုပ်ချင်နေရတာလဲ....."


"ပုံရိပ်....ငါကအတ္တကြီးတယ်ဆိုရင်တောင်...

နင့်တစ်ယောက်တည်းအပေါ်မှာပဲ အတ္တကြီးတာပါ...

ငါအရင်ကဒီလိုကောင်မဟုတ်ဘူး....နင်နဲ့တွေ့မှ

ငါဘာတွေဖြစ်နေသလဲဆိုတာငါနားမလည်တော့ဘူး...

နင်ကငါ့ကိုဆေးပေးပြီး...ဒဏ်ရာပြန်ပေးတဲ့လူပဲ

ပုံရိပ်ရယ်....ငါကလွဲပြီးအခြားဘယ်ကောင်နဲ့မှ

နင်မပတ်သတ်နဲ့ဟာ....ငါမကြိုက်ဘူး...."


"လဲသေလိုက်....နင်အဲ့ဒီ့မှာလဲသေလိုက်တော့...

နင်ဟာတကယ်ကို ဆိုက်ကိုသမားပဲ...

ဆောရီးပဲ...နင်တောင်းဆိုသလိုငါလုပ်ပေးနိုင်မှာမဟုတ်ဘူး...ပြီးတော့နင့်ကိုလည်းငါ့ရဲ့သူငယ်ချင်းစာရင်းထဲကနေပယ်ဖျက်လိုက်ပြီဖြစ်လို့

နောက်ကိုငါနဲ့လုံး၀ လာမပတ်သတ်ပါနဲ့....ငါကမိတ်ဆွေအစစ်အမှန်ကိုပဲလိုအပ်တာ...

အတုအယောင်တွေကိုမလိုအပ်ဘူး...."


"ပုံရိပ်!!!!...

ငါဟာအတုအယောင်ကောင်မဟုတ်ဘူး...

ငါ့ရင်ဘတ်ထဲမှာ နင်နဲ့ပတ်သတ်သမျှကအစစ်အမှန်တွေကြီးပဲ....နင်နောက်တစ်ခါငါ့ကိုအဲ့လိုဘယ်တော့မှမပြောနဲ့....နင်နောင်တရအောင်ငါလုပ်မိလိမ့်မယ်..


ပုံရိပ်ကိုအော်ငေါက်ပစ်ခဲ့ပြီး သူဆုပ်ကိုင်ထားသည့်လက်မောင်းကို ဆွဲခါလျှက်ပြေးထွက်သွားသည့်

သူ့ကို ပုံရိပ်လုံး၀နားမလည်ပေ။

သူဟာဘယ်လိုလူလဲ။

ပုံရိပ်ကို တကယ်ခင်တယ်ဆိုရင်ဘာကြောင့်

ဒီလောက်ကြမ်းတမ်းနေရတာလဲ။


မျက်လုံးတွေဟာ အရောင်တောက်ပြီး

နှုတ်ခမ်းတွေဟာတိတ်ဆိတ်နေတတ်သည့်သူ။

သူ့နှလုံးသားကရော အမဲရောင်များလား။

ဘာကြောင့်များ သူဒီလောက်အထိကြမ်းတမ်းနေရတာလဲ။ဟိန်းဇေယျာထက်လို ပျော်ပျော်နေတတ်သည့်သူသာဆိုလျှင် ပုံရိပ်သူ့ကိုဆက်ခင်မင်မိမှာပဲ။

အခုတော့ သူ့ဘေးနားမှာနေရတာ နေလုံးကိုပွေ့ပိုက်ထားရသလို ပူလောင်နေတာပဲ။


(မင်းသားသုံးက စရိုက်သုံးမျိုးနဲ့ဖြစ်တော့

ပုံရိပ်ဟာဘယ်သူ့ကိုရွေးချယ်မလဲ 

စာဖတ်သူတွေကရော မင်းသားသုံးယောက်ထဲကဘယ်ဇာတ်ကောင်ကိုပိုသဘောကျသလဲ)

Page cbမှာဖြစ်ဖြစ် လာပြောပေးလို့ရရင်ပြောပေးကြအုံးနော်😊🥰


=========================================================================


🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥  တတိယပိုင္း


"ယမင္းကေမြးရာပါ...ႏွလံုးေရာဂါရိွတယ္ဟ....

သူ႔ႏွလံုးမွာစက္တပ္ထားရတယ္...သူ႔ကိုစိတ္ဆင္းရဲေအာင္လုပ္လို႔မရဘူး....အိမ္မွာဆိုသူကမင္းသမီးပဲေလ....သူ႔ကိုေမြးစားဖို႔ေခၚလာတုန္းကဆို...

အိမ္ကလူေတြက အရမ္းဂရုစိုက္လြန္းလို႔ 

ငါသူ႔ကိုမနာလိုျဖစ္ခဲ့ရေသးတယ္....

ဒါေၾကာင့္သူ႔အတြက္၀ယ္ေပးထားတဲ့အရုပ္ကေလးကို မနာလိုအူတိုေတျြဖစ္ၿပီးလုမိလို႔...

ေရာဂါထေဖာက္ၿပီးသူသတိေမ့သြားတာနဲ႔ 

ေဆးရံုေတာင္တင္လိုက္ရေသးတယ္...

အဲ့ဒီ့ေန့ကငါ့မွာအဆူခံရလြန္းလို႔ ေနစရာေနရာေတာင္မရိွဘူး...ေနာက္ပိုင္းတျဖည္းျဖည္းသိတတ္လာတဲ့အရြယ္ေရာက္မွ ငါလည္းသူ႔ကိုႏွလံုးေရာဂါသည္ေလးဆိုၿပီး အေလ်ွာ့ေပးေနရေတာ့တာပဲ...."


"အင္း....ဒီလိုဆိုေတာ့ယမင္းကသနားစရာေလးပဲေနာ္ ..ေအာ္...ငါတို႔ၾကေတာ့လည္းပိုက္ဆံမရိွလို႔ဒုကၡေရာက္ရတဲ့ေဝဒနာနဲ႔...ယမင္းတို႔ၾကေတာ့လည္းပိုက္ဆံရိွၿပီ...ရင္တြင္းေရာဂါေဝဒနာကိုခံစားေနရတယ္...လကၡဏာေတြမတူေပမဲ့...

လူတိုင္းရဲ့ရင္ထဲမွာေဝဒနာတစ္ရပ္ဆီေတာ့ရိွၾကတာပဲေနာ္...."


"တယ္ဟုတ္ပါလား....ဆရာမႀကီးကသံေဝဃေတြဘာေတြရလို႔...ေတာထြက္ပါလား...ငါဂတံုးတံုးေပးမယ္...."


"ဟိန္းေဇယ်ာထက္...နင္ဟာေလစကားအေကာင္းေျပာလို႔ကိုမရဘူး...ရုပ္ကိုၾကၫ့္ေတာ့အေျခာက္ရုပ္နဲ႔...လူရႊင္ေတာ္လုပ္စားရမယ့္အေကာင္.."


"ေအာင္မာ...ငါ့ကိုမ်ားအေျခာက္ေလးဘာေလးနဲ႔...

ေျခာက္သလား...စိုသလား...သိခ်င္ရင္လာစမ္းၾကၫ့္လိုက္စမ္းပါ....."


"ဟဲ့....နင္ဘယ္လိုျဖစ္ေနတာလဲ...အရွက္ကိုမရိွဘူး..."


"ဟား...ဟား...ငါေျပာတာကသတၲိကိုလာစမ္းၾကၫ့္စမ္းလို႔ေျပာတာပါ...

တို႔က..တံုးတိုက္တိုက္...'က်ားကိုက္ကိုက္ေနာ္..."


"ဘာလဲ...ေမွာက္လ်ွက္လဲတာလား...."


"ဟား...ဟား...ေအး...လဲလြန္းလို႔ေရ႔ွသြားေတြေတာင္က်ိဳးကုန္ၿပီ...."



ဒီေကာင္ဘယ္လိုေကာင္ပါလိမ့္။အရင္တုန္းကေတာ့ သူပဲသူမ်ားကို စိတ္တိုေအာင္၊ေဒါသထြက္ေအာင္လိုက္လုပ္ၿပီး အခုၾကေတာ့ဘယ္လိုပဲ

တြန္းထုတ္ပါေစ လိုက္ကပ္တြယ္ေနသည္။

သူ႔ပံုစံကိုၾကည့္ရတာ မရိုးမသားေတာ့မဟုတ္ဘူး။

အရင္ကခပ္တည္တည္နဲ႔ မာနႀကီးမယ္ထင္ခဲ့ေပမဲ့ ယခုၾကေတာ့ေျပာင္ေျပာင္ေနာက္ေနာက္ႏွင့္ ရယ္စရာဟာသလည္းေျပာတတ္သည္။

အလိုလိုေနရင္း သူနဲ႔စကားေျပာရတာေတာင္ေပ်ာ္လာသလိုပဲ။


"ပံုရိပ္....ယမင္းကေခၚရင္....နင္လိုက္ခဲ့ပါဟာေနာ္

...အိမ္မွာေတာင္သူကေျပာေနတာ...နင့္ကိုမရရေအာင္ေခၚမယ္တဲ့...နင္မလိုက္ရင္သူစိတ္ထိခိုက္လိမ့္မယ္...."


"အင္း...ငါစဉ္းစားၾကၫ့္ပါ့မယ္...အိမ္ကိုလည္းေျပာၾကၫ့္ရအံုးမယ္...ကေလးေတြကေတာ့စေန၊တနဂၤေနြကက်ူရွင္ပိတ္ထားလို႔အဆင္ေျပပါတယ္...ငါကနင္တို႔လိုပိုက္ဆံရိွတာမဟုတ္ဘူး...

သြားခ်င္တိုင္းသြားလို႔အဆင္မေျပဘူး...."


"နင္ကလည္းဟာ...သြားစရိတ္၊စားစရိတ္ကအခမဲ့ပါ..ေမြးေန့ရွင္ကတကာခံမွာေပါ့.....ၿပီးေတာ့ငါသူ႔အတြက္စပရိုက္ကိတ္စီစဉ္ထားတယ္....

နင္ပါရင္ပိုၿပီးအကူအညီျဖစ္မွာ...ႏွလံုးေရာဂါသည္ေလးကိုေပ်ာ္သြားေအာင္လုပ္ေပးၾကရေအာင္ဟာေနာ္..."


"နင့္ဟာကလည္း...ငါ့ကိုဒီႏွလံုးနဲ႔ခ်ည္းကိုင္ေပါက္ေနတယ္...."


"ကိုင္ေပါက္စရာလည္း...ႏွလံုးပဲရိွတာေလဟာ..."


"ဟား...ဟား...နင္ေနာ္..."


"ေဟ့မလုပ္နဲ႔ေလဟာ..."


"လုပ္မွာပဲ...."


ပံုရိပ္လည္း တမင္အျမင္ကပ္ၿပီးသူ႔စက္ဘီးကိုတိုက္ပစ္ေတာ့ သူကထေအာ္သည္။ပံုရိပ္သူ႔ကိုအရင္ထက္ပို၍ ခင္မင္မိသလိုေတာ့ရိွသည္။

သူဟာရယ္စရာေကာင္းေနလို႔ပဲလား။

ေသခ်ာတာေတာ့ သူနဲ႔စကားေျပာရတာစိတ္ေပါ့ပါးေစသည္။သူ႔စက္ဘီးကို တိုက္ပစ္ေတာ့လည္း

စိတ္မဆိုးပဲ ရယ္က်ဲက်ဲသာျဖစ္ေနသည္။

စိတ္မဆိုးတတ္ဘူးလားမသိဘူး။

တကယ္ပါ ပံုရိပ္၏စိတ္ထဲမွာေတာ့

သူဟာအေျခာက္ကေလးလိုပဲ။


"ပံုရိပ္...."


"ဟင္....."


"နင္သိရဲ့လား..ညေနဆည္းဆာအေရာင္ကနင့္ဆံပင္ေလးေတြအေပၚကို ေရာင္ျပန္ဟပ္ေတာ့...

ငါ့မ်က္လံုးထဲမွာ ႏွင္းဆီပြင့္ဖက္ကေလးေတျြဖန႔္က်ဲထားသလိုပဲ...."


ရုတ္တရက္ေျပာလိုက္ေသာသူ႔ရဲ့ထူးဆန္းေသာစကားေၾကာင့္ သူ႔မ်က္၀န္းေတြႏွင့္အၾကၫ့္စံုလိုက္မိေတာ့ သူသည္ပံုရိပ္ကို မ်က္ေတာင္မခက္တမ္းၾကၫ့္ေနေလသည္။သူ႔မ်က္ႏွာအမူအရာဟာ အရမ္းကိုတည္ၾကည္လြန္းၿပီး သူ႔မ်က္လံုးေတြဟာလည္း ကဗ်ာဆရာတစ္ေယာက္ကဆည္းဆာ

တိမ္ေတာက္ခ်ိန္ကို ေငးေမာၾကၫ့္ေနသလို

ေဆြးေဆြးေႁမ့ေႁမ့ ေမ့ေမ့ေမာေမာျဖစ္ေနသည္။

သူ႔မ်က္၀န္းေတြရဲ့ အဓိပၸာယ္ကဘာလဲ။


"ငါသြားေတာ့မယ္ပံုရိပ္....ေရ႔ွဆက္လိုက္ရင္...

ငါ့မ်က္လံုးေတြမွာ ပန္းေတြပြင့္ကုန္မွာစိုးလို႔....

ယမင္းေခၚရင္ လိုက္ေပးလိုက္ပါ...သူစိတ္ခ်မ္းသာေအာင္..."


"ဒီေကာင္ဟာေလ...စကားကိုလူလိုမေျပာသြားဘူး...."


ပံုရိပ္လည္း အခုမွစကားတေျပာေျပာႏွင့္စက္ဘီးကိုတြန္းလာမိေသာအျဖစ္ကိုသတိရ၍ စက္ဘီးကိုျပန္နင္းဖို႔လုပ္ရသည္။ပံုရိပ္တို႔၏လမ္းထိပ္နားအထိ ေရာက္ေနျခင္းျဖစ္ၿပီး လမ္းထိပ္ရိွသစ္ပင္ရိပ္တြင္ ပံုရိပ္အားမ်က္ေထာက္နီႀကီးျဖင့္ၾကၫ့္ေနေသာ

လူကိုေတြ့လိုက္ရေသာအခါ မ်က္ႏွာကိုခ်က္ခ်င္းတည္တင္းပစ္လိုက္မိသည္။

စက္ဘီးေပၚသို႔အျမန္တက္ၿပီး နင္းဖို႔ျပင္စဉ္

ဘီးလိွမ့္ရံုရိွေသးသည္ သူကစက္ဘီးဂိုက္ကို

ဆက္ကနဲလွမ္းဆဲြလိုက္၍ သူ႔ဘက္သို႔ယိုင္က်သြားမိရာ စက္ဘီးကို လက္တစ္ဖက္ကကိုင္ၿပီး

 သူ႔ရင္ဘတ္ကိုတြန္းပစ္လိုက္သည္။


"ဟိန္းကို...နင္ငါ့ကိုဘာေၾကာင့္ဒီလိုလိုက္လုပ္ေနရတာလဲ....ဒီစက္ဘီးကသူမ်ားဘီးေနာ္....ပ်က္စီးသြားရင္ငါမေလ်ာ္ႏိုင္ဘူး...."


"ငါေလ်ာ္ေပးမယ္ဟာ..ဟုတ္ၿပီလား...."


"အပိုေတြမေျပာစမ္းပါနဲ႔ဟာ...ငါ့လမ္းငါေအးေဆးသြားပါရေစ...."


"ပံုရိပ္....."


"ဟိန္းကို....နင္...."


ပံုရိပ္၏လက္ေမာင္းကိုဆဲြၫွစ္လ်ွက္ အနာတရျဖစ္ေအာင္လုပ္ေန၍သူ႔ကို ေဒါသထြက္မိသည္။

လက္ကိုေဆာင့္ရုန္းေပမဲ့ သူမလႊတ္ဘူး။

ပံုရိပ္သိပ္ကိုမွားသြားခဲ့ၿပီ။သူ႔လိုလူကို သူငယ္ခ်င္းအျဖစ္ သတ္မွတ္မိတာမွားသြားခဲ့ၿပီလား။

က်ားႏွင့္သမင္ဟာ ဘယ္ေသာအခါမွမိတ္ေဆြဖဲြ႔လို႔မျဖစ္ေပ။ယခုအခါ သူဟာက်ားျဖစ္ၿပီး ပံုရိပ္ကသမင္ျဖစ္ေနေလၿပီ။


သူဟာအသိတရားႏွင့္ဆင္ျခင္တံုတရားကင္းမဲ့ေသာ ဘီလူးရိုင္းတစ္ေကာင္ပါလား။

သူ႔မ်က္၀န္းနီနီေတြဟာ ဆည္းဆာ၏အေရာင္ႏွင့္ေရာယွက္၍ ပို၍နီျမန္းၿပီးတုန္လႈပ္ေခ်ာက္ျခားစရာပင္ေကာင္းေနသည္။


"ခုဏကနင္နဲ႔အတူစက္ဘီးစီးလာတဲ့ေကာင္က

နင္တို႔အတန္းထဲကလား....သူကအိမ္အထိေတာင္လိုက္ပို႔တယ္ေပါ့....နင္တို႔ကဘာေတြလဲ....

ေနာက္တစ္ခါနင္အဲ့ဒီ့အေကာင္နဲ႔မေပါင္းနဲ႔"


"ဟိန္းကို....ငါနင့္ကိုမခင္ခ်င္ေတာ့တဲ့အခ်က္က...

နင္ဟာသိပ္အႂတၲကီးလြန္းလို႔ပဲ...နင္ကနင္လိုခ်င္တာ...နင္ျဖစ္ခ်င္တာပဲသိတယ္...နင္ငါ့ကိုေခ်ာကလက္ကၽြေးတဲ့ေန့တည္းက...နင့္ရဲ့အႂတၲကီးလြန္းတဲ့စိတ္ကို ငါေၾကာက္သြားခဲ့တာ...ငါဆိုတဲ့လူကလည္း...ငါ့ကိုလိုက္ၿပီးကန႔္သတ္ခ်ဳပ္ခ်ယ္ေနတာကို အမုန္းဆံုးပဲ....နင္လည္းလူ..ငါလည္းလူပဲဟာ...

ငါေပါင္းခ်င္တဲ့လူနဲ႔ေပါင္းမယ္...ငါ့ဘာသာေပ်ာ္သလိုေနမယ္...နင္ဘာလို႔လိုက္ထိန္းခ်ဳပ္ခ်င္ေနရတာလဲ....."


"ပံုရိပ္....ငါကအႂတၲကီးတယ္ဆိုရင္ေတာင္...

နင့္တစ္ေယာက္တည္းအေပၚမွာပဲ အႂတၲကီးတာပါ...

ငါအရင္ကဒီလိုေကာင္မဟုတ္ဘူး....နင္နဲ႔ေတြ့မွ

ငါဘာေတျြဖစ္ေနသလဲဆိုတာငါနားမလည္ေတာ့ဘူး...

နင္ကငါ့ကိုေဆးေပးၿပီး...ဒဏ္ရာျပန္ေပးတဲ့လူပဲ

ပံုရိပ္ရယ္....ငါကလဲြၿပီးအျခားဘယ္ေကာင္နဲ႔မွ

နင္မပတ္သတ္နဲ႔ဟာ....ငါမႀကိဳက္ဘူး...."


"လဲေသလိုက္....နင္အဲ့ဒီ့မွာလဲေသလိုက္ေတာ့...

နင္ဟာတကယ္ကို ဆိုက္ကိုသမားပဲ...

ေဆာရီးပဲ...နင္ေတာင္းဆိုသလိုငါလုပ္ေပးႏိုင္မွာမဟုတ္ဘူး...ၿပီးေတာ့နင့္ကိုလည္းငါ့ရဲ့သူငယ္ခ်င္းစာရင္းထဲကေနပယ္ဖ်က္လိုက္ၿပီျဖစ္လို႔

ေနာက္ကိုငါနဲ႔လံုး၀ လာမပတ္သတ္ပါနဲ႔....ငါကမိတ္ေဆြအစစ္အမွန္ကိုပဲလိုအပ္တာ...

အတုအေယာင္ေတြကိုမလိုအပ္ဘူး...."


"ပံုရိပ္!!!!...

ငါဟာအတုအေယာင္ေကာင္မဟုတ္ဘူး...

ငါ့ရင္ဘတ္ထဲမွာ နင္နဲ႔ပတ္သတ္သမ်ွကအစစ္အမွန္ေတြႀကီးပဲ....နင္ေနာက္တစ္ခါငါ့ကိုအဲ့လိုဘယ္ေတာ့မွမေျပာနဲ႔....နင္ေနာင္တရေအာင္ငါလုပ္မိလိမ့္မယ္..


ပံုရိပ္ကိုေအာ္ေငါက္ပစ္ခဲ့ၿပီး သူဆုပ္ကိုင္ထားသၫ့္လက္ေမာင္းကို ဆဲြခါလ်ွက္ေျပးထြက္သြားသၫ့္

သူ႔ကို ပံုရိပ္လံုး၀နားမလည္ေပ။

သူဟာဘယ္လိုလူလဲ။

ပံုရိပ္ကို တကယ္ခင္တယ္ဆိုရင္ဘာေၾကာင့္

ဒီေလာက္ၾကမ္းတမ္းေနရတာလဲ။


မ်က္လံုးေတြဟာ အေရာင္ေတာက္ၿပီး

ႏႈတ္ခမ္းေတြဟာတိတ္ဆိတ္ေနတတ္သၫ့္သူ။

သူ႔ႏွလံုးသားကေရာ အမဲေရာင္မ်ားလား။

ဘာေၾကာင့္မ်ား သူဒီေလာက္အထိၾကမ္းတမ္းေနရတာလဲ။ဟိန္းေဇယ်ာထက္လို ေပ်ာ္ေပ်ာ္ေနတတ္သၫ့္သူသာဆိုလ်ွင္ ပံုရိပ္သူ႔ကိုဆက္ခင္မင္မိမွာပဲ။

အခုေတာ့ သူ႔ေဘးနားမွာေနရတာ ေနလံုးကိုေပြ့ပိုက္ထားရသလို ပူေလာင္ေနတာပဲ။


(မင္းသားသံုးက စရိုက္သံုးမ်ိဳးနဲ႔ျဖစ္ေတာ့

ပံုရိပ္ဟာဘယ္သူ႔ကိုေရြးခ်ယ္မလဲ 

စာဖတ္သူေတြကေရာ မင္းသားသံုးေယာက္ထဲကဘယ္ဇာတ္ေကာင္ကိုပိုသေဘာက်သလဲ)

Page cbမွာျဖစ္ျဖစ္ လာေျပာေပးလို႔ရရင္ေျပာေပးၾကအံုးေနာ္😊🥰

No comments:

Post a Comment