🔥ဆူးကြိုး...🔥အခန်း(၂၄)🔥 ဒုတိယပိုင်း


 (ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🔥ဆူးကြိုး...🔥အခန်း(၂၄)🔥  ဒုတိယပိုင်း 


"ညီမလေး...လာလေ ..အစ်မစက်ဘီးတွန်းခဲ့မယ်..."


"ရပါတယ်အစ်မ...ညီမဘာသာပဲတွန်းခဲ့ပါ့မယ်..."


"မဟုတ်တာ...အစ်မတွန်းခဲ့ပါ့မယ်..."


အညာသူမရွှေချောဆိုတော့ အသားအရည်ကညိုဖန့်ဖန့်ပေမဲ့ သဘောဖြူအူစင်းဖြစ်သည်။

ပုံရိပ်သည် သူ့ထက်လပိုင်းလောက်ပဲငယ်ပေမဲ့ စာလာသင်ပေးသူဖြစ်၍ရိုရိုသေသေပုံစံမျိုးဆက်ဆံလေသည်။အိမ်ကြီးရှင်တွေကတော့ လစာပေးရလို့ထင်ပါရဲ့ ကြည်ဖြူသဘောကောင်းပေးကြပေမဲ့ ရင်ထဲကဖြစ်တည်လာတာမျိုးမဟုတ်ကြဘူး။


"ဆရာမလေးရောက်ပြီလား..."


"ဟုတ်ကဲ့...."


ဧည့်ခန်းတွင်ထိုင်နေကြသော အိမ်ရှင်အဖိုးကြီးကလှမ်းမေးသောကြောင့် ပြုံး၍ပြလျှက်ယဉ်ယဉ်ကျေးကျေး လေနုအေးနှင့်သာ ဖြေလိုက်သည်။

ဒီအိမ်တွင်လူဦးရေများများစားစားမရှိပေမဲ့ အဖိုးကြီးအဖွားကြီးနှင့်ဒီအိမ်မှကလေးတွေ၏မိဘတွေမှလွှဲ၍ အစ်မအပျိုကြီးကမျက်နှာနဲနဲတင်းချင်သည်။ပုံရိပ်ကလည်း စာသင်ဖို့အတွက်သာ

၀င်ရုံထွက်ရုံဆိုတော့သူတို့နှင့် ငြိစရာတော့အကြောင်းမရှိပေ။


"ဆရာမလာပြီလား..."


"ဟုတ်ကဲ့..."


ထပ်မံ၍ကလေးအမေဖြစ်သူက နောက်ဘက်အခန်းမှထွက်လာလျှက်မေးလေသည်။ပုံရိပ်လည်းခေါင်းငြိမ့်ပြလိုက်ပြီး အပေါ်ထပ်သို့တက်သောလှေကားမှတစ်ဆင့် ကလေးတွေကိုစာသင်သောအခန်းထဲသို့၀င်လာလိုက်သည်။


အခြားသူများနှင့် ရောရောနှောနှောထွေရာလေးပါး စကားဖောင်ဖွဲ့မနေတတ်တာကပုံရိပ်၏အကျင့်လိုဖြစ်နေသည်။

ကိုယ်တိုင်ကလည်း ငယ်သူဖြစ်၍စကားအမှား

ပါသွားမှာလည်းစိုးရသည်။စကားများလျှင်အမှားပါတတ်တာကြောင့် အစားကိုကုန်အောင်စား၊စကားကိုကုန်အောင်မပြောနှင့်ဆိုသော

ဆောင်ပုဒ်ကိုသာ လက်ကိုင်ဆွဲထားလိုက်သည်။


"ဟေး...ဟေ့ကောင်...ငါ့ဆီကိုပစ်...ငါ့ဆီကိုပစ်..."


"ဟာ...ဟိုမှဆရာမလာပြီ..."


အပေါက်၀မှချောင်းကြည့်နေသော‌ကလေးက လှေကားမှတက်လာသောပုံရိပ်ကိုမြင်သွားရာ

လိပ်ကလေးခေါင်းပု၀င်သွားသလို အခန်းထဲသို့လှစ်ခနဲပြန်၀င်သွားလေသည်။ပုံရိပ်လည်း ရယ်ချင်စိတ်ကိုမနည်းထိန်းရသည်။

တခါတရံကိုယ်တောင် မိစုတို့၊ထွန်းကိုတို့နှင့်ဆော့တတ်သူဖြစ်၍ ဆော့ကစားချင်စိတ်သာပြင်း‌ပျနေသော သူတို့လေးတွေကိုကိုယ်ချင်းစာသည်။

အတန်းထဲကို ရောက်တော့ကိုယ့်ခုံလေးမှကိုယ်ထိုင်နေတာများ အသားကိုကျလို့။


"ကဲ...ဒီနေ့ကျောင်းကဘာအိမ်စာတွေပေးလိုက်လည်း...."


"ဒီမှာပါဆရာမ...သားဒါကိုမတွက်တတ်ဘူး..."


"သမီးလည်းဒီအင်္ဂလိပ်စာကိုနားမလည်ဘူး..."


ကိုယ်ကစာဝိုင်းလုပ်ပေးရသည့်သူဖြစ်၍ သူတို့ကျောင်းမှပေးလိုက်သောအိမ်စာမှန်သမျှကို တစ်ယောက်တစ်ပေါက်နှင့်ပြနေကြလေသည်။ကလေးတွေက ဆရာမလို့ခေါ်လိုက်သည့်အခါ ကိုယ့်မှာကြက်သီးမွှေးညှင်းတွေတောင်ထချင်သည်။ကိုယ်ဟာသူတို့၏အစ်မအရွယ်မဟုတ်ပါလား။ဘွဲ့ဂုဏ်ထူးတစ်ခုရသွားသကဲ့သို့ ကျေနပ်သလိုလည်းရှိမိသည်။

 "သင့်ရည်မှန်းချက်ဆိုသည့်"နေရာလေးမှာ ဆရာမဆိုသောစကားလုံးလေးကို ထည့်သွင်းထားလိုက်မိသည်။


"ပုံမှန်အတိုင်းပဲ....၂တန်းတွေကိုအရင်ဦးစားပေးမယ်...သူတို့ကိုအိမ်စာအရင်လုပ်ခိုင်းထားမယ်...

ပြီးမှ(၃)တန်းတွေအလှည့်ပေါ့..."


"ဟုတ်ကဲ့ပါဆရာမ..."


ကိုယ်ကနည်းလမ်းသတ်မှတ်ပေးတော့လည်း

နာခံကြပါသည်။၃တန်းကလေးတွေကနည်းနည်းပိုငြိမ်တာကြောင့် အငယ်လေးတွေကိုအရင်ဆုံးစာရှင်းပြပြီး အိမ်စာလေးတွေကိုဖြေနည်းနမူနာပြလိုက်ကာ သူတို့ဘာသာရေးစေသည်။

အရင်နေ့ကစာတွေကိုလည်း မမေ့ရအောင်ပြန်နွေးခိုင်းရသည်။

သုံးတန်းကလေးတွေကိုလည်း ထိုနည်း၎င်းသင်ပြပေးလိုက်သည်။စာတွေကိုလည်း ကူကျက်ပေးပြီးပြန်မေးရသည်။


"အားလုံး...စာအုပ်တွေသိမ်းလို့ရပါပြီ..."


"ဟေး...ပျော်တာ..."


"အောင်မယ်...ဘာပျော်တာလဲ..."


"ဆရာမကလဲ...ဘာမှမဟုတ်ပါဘူး.."


၀တုတ်ကလေးသည် ပုံရိပ်စလိုက်၍ခေါင်းလေးငုံ့သွားသောကြောင့် ပုံရိပ်လည်းအခြားကလေးတွေနှင့်ရောယောင်ကာရယ်မောလိုက်ပြီး အောက်ထပ်သို့အားလုံးပြုံဆင်းလာခဲ့လိုက်သည်။

အိမ်ကိုပြန်ရတော့မည်ဖြစ်၍ အိမ်ရှင်တွေကိုတော့ နှုတ်ဆက်ရပေအုံးမည်။

ဧည့်ခန်းဘက်အခြမ်းသို့ လှမ်းလာခဲ့စဉ်မှာ 

စကားပြောသံတွေဆူနေလေသည်။

နောက်ပြီး စကားပြောနေသည့်အသံဟာ အဖိုးကြီး၏အသံမဟုတ်ပဲ အခြားယောက်ျားလေးတစ်ယောက်၏အသံဖြစ်နေသည်။

ဒီအသံကို ပုံရိပ်ရင်းနှီးနေသလိုပဲ။


"အဖိုးဒါဆို အဆင်ပြေသွားပြီနော်...ကျွန်တော်ကတော့ကလေးတွေပါမှ ပိုပျော်မှာ..."


"အေးပါကွာ...မင်းအဒေါ်ပြန်လာရင်ကလေးတွေကိုထည့်မလားမေးပေးပါ့မယ်...သူ့အမိန့်ကျရင်တော့..

ထည့်လိုက်ပါ့မယ်...သူမသိပဲတော့တို့မလွှတ်ရဲဘူးကွ..."


"ဟား..အဖိုးတို့ကတော့ကြောက်တတ်ရန်ကော..

ဘာမှမဖြစ်ဘူး...ဟိန်းဇေယျာထက်နာမည်ကိုသာပြောလိုက်...ဒေါ်လေးမထည့်မရှိရဘူး...."


သူ့နာမည်ကိုသူ ဂုဏ်ဖော်နေသည့်သူ့ကို ဘယ်သူများလည်းမှတ်တယ်။ငကြွားဖြစ်နေတာကို။ဧည့်ခန်းမှာအဖိုးကြီးနှင့် စကားတွေဖောင်ဖွဲ့နေတာများ သူ့ကိုယ်သူဖောင်ဖြတ်တိုက်ပွဲ၀င်လာသလို

စတိုင်လ်မျိုးနဲ့။


"ဆရာမလေး....ပြန်ပြီလား...."


"ဟုတ်ကဲ့....အဘ...."


"အေး..အေး...ဂရုစိုက်ပြန်နော်..."


"ဟာ....ပုံရိပ်...."


ပုံရိပ်ကိုမြင်သွားသောအခါ ဟိန်းဇေယျာထက်၏

မျက်နှာသည် အံ့ဩမှုနှင့်အတူ၀င်းပသွားလေသည်။ဆိုဖာပေါ်မှခုန်ကျော်လျှက်ပုံရိပ်ဆီသို့

ပြေးလာနေသောကြောင့် အဘကြီးကတောင်မျက်လုံးပြူး၍ကြည့်နေလေသည်။

သူကဒီဘက်မှာလည်း နေတာမဟုတ်ပဲ ဒီအိမ်ကိုဘယ်လိုသိရတာပါလိမ့်။သူတို့နှင့်အမျိုးတွေဘာတွေပဲဖြစ်လိမ့်မည်။


"ပုံရိပ်....နင်ကဒီအိမ်ကိုဘယ်လိုဖြစ်ပြီးရောက်နေတာလဲ...."


"ဒီအိမ်မှာကလေးတွေကို စာလာသင်နေတာ..."


"အဟား...နင်က...ကလေးတွေကိုစာသင်နေတာ...

ဟုတ်မှလည်းလုပ်ပါဟာ...."


"ဟိန်းဇေယျာထက်....နင်ဘယ်လိုဖြစ်နေတာလဲ...

အဖိုး...သမီးသွားတော့မယ်နော်...."


"အေး...အေး...."


အဖိုးကြီးကိုခပ်သွက်သွက်နှုတ်ဆက်ခဲ့လိုက်ပြီး စက်ဘီးကိုထုတ်ကာထိုအိမ်မှအမြန်လစ်ထွက်လာ

ခဲ့လိုက်သည်။စက်ဘီးစီးနေရင်းမှ ကစ်လစ်ချောမျက်နှာနှင့် ဟိုအကောင့်ကိုမေတ္တာတွေတစ်သီကြီးပို့မိသည်။ကလေးတွေကိုစာသင်ပေးတာများ

လှောင်စရာမှတ်လို့။

ဒင်းကိုဒါကြောင့် အကြောမတည့်ချင်တာ။စိတ်ကောင်းလေးထားပြီး တည့်အောင်ပေါင်းကြည့်မယ်လို့ စိတ်ကူးမိရုံရှိသေး။

လူကိုများ ဟာသလာလုပ်ရတယ်လို့။


"ဟေ့....ပုံရိပ်....ဟေ့...."


"ဟင်....ဒီကောင်ဘာလိုက်လုပ်တာလဲ...."


ကားလမ်းကူးဖို့စောင့်နေစဉ်တွင် အနောက်မှလိုက်လာသောဟိုအကောင်စုတ်ကြောင့် စိတ်ကထုံးလိုမွှေရေလိုနောက်ကျိသွားရသည်။ကိုယ်ကိုအထင်သေးအမြင်သေးဖြစ်နေသောသူ့ကြောင့် ပုံရိပ်လည်းတစ်စက်မှလှည့်မကြည့်ပဲ ကားရှင်းသည်နှင့်လမ်းကို

အမြန်ကူးပြီး စက်ဘီးကိုသုတ်ခြေတင်၍နင်းမိတော့သည်။


ကားလမ်းဘေးရှိ ဘဏ်အရှေ့မှဖြတ်နှင်းပြီး

လမ်းမကြီးအတိုင်းဆင်းလာစဉ်တွင် အနောက်မှ

ကလင်မြည်သံကိုကြားလိုက်၍ လှည့်ကြည့်လိုက်တော့စက်ဘီးကို မတ်တက်အနေအထားနှင့်

တအားနင်းလာနေသောကြောင့် အမြဲတမ်းရှေ့သို့ဆံပင်ကိုအုပ်ထားတတ်သော သူ့နှဖူးပြင်ကို‌သေချာတွေ့လိုက်ရသည်။ဆံပင်ပုံစံက မိန်းမဆန်ရုံတင်မဟုတ်ပဲ နဖူးကလည်းကျဉ်းကျဉ်းလေးရယ်။


မျက်နှာကျကအစသွယ်ပြီး ကိုယ်လုံးကိုယ်ထည်ကလည်း ဆရာနေမျိုးတို့လိုတောင့်တောင့်ဖြောင့်ဖြောင့်မဟုတ်ပဲ ပိန်ပါး၍နေသည်။သူ့ကိုကြည့်ရတာ ယောက်ျားလေးတစ်ယောက်ကိုကြည့်နေရတာနဲ့

မတူပဲ အခြောက်ကလေးတစ်ယောက်ကိုကြည့်နေရတာနှင့်တူနေသည်။


အသံသြဇာကတော့ရှိပါရဲ့။

လူပုံစံကလည်း နွဲ့တာမျိုးမဟုတ်ပေမဲ့

ယောက်ျားမပီသတာတော့အမှန်ပဲ။

ဒါ့ထက်ဆိုးတာက ရွံ့နောက်နောက်နှင့်အမြဲမျက်နှာပြောင်တတ်လွန်းလို့ တစ်စက်မှကိုကြည့်မရဘူး။စကားဆိုလည်း ဆယ်ခွန်းမှာတစ်ခွန်းလောက်သာ အကောင်းပြောတတ်သည်။

ယမင်းရွှေကတော့ သူ့အစ်ကိုဟာအရင်ကဒီလိုမဟုတ်ပါဘူးလို့ ဘယ်လောက်ပြောပြော

ပုံရိပ်ကတော့ ဒီလိုပဲမြင်သည်။


"ဟိတ်ဆရာမကြီး....ဘယ်လိုဖြစ်ပြီးစက်ဘီးကို

ဒီလောက်အမြန်နင်းနေရတာလဲ...နောက်ကနေကျားလိုက်လာလို့လား..."


"နင်နော်....ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့..."


"ဟောဗျာ...ငါဘယ်မှာဒေါသထွက်အောင်လုပ်လို့လဲ...."


"နင်ခုဏက...ငါ့ကိုဆရာမကြီးလို့လှောင်လိုက်တယ်လေ...အဲ့ဒါငါ့ကို‌တမင်ဒေါသထွက်အောင်လုပ်တာပေါ့...."


"ဒါလား...ငါပြောတာဘာမှားလို့လည်း...နင်ကဆရာမကြီးပဲလေ....ကြောင်ဆရာ၊ကျားဆရာ...."


"ဟိန်းဇေယျာထက်...."


"ဟာ...ဖြည်းဖြည်းအော်စမ်းပါ...လူကအစတည်းကနဲ့နဲ့ပဲရှိတာပါ...လွင့်ထွက်သွားပါအုံးမယ်..."


"တော်...တော်...နင်သွားစမ်းပါဟယ်...

ငါ့ကိုလိုက်မစစမ်းနဲ့...."


"ငါကဘယ်ကိုသွားရမှာလည်းအမိရဲ့...ဒီလမ်းကနင်ပိုင်သလို..ငါလည်းပိုင်တာပဲ..ငါတို့နှစ်‌ယောက်လုံးကလမ်းပန်းဆက်သွယ်ရေး၀န်ကြီးဌာနနှင့်အမျိုးတော်တယ်လေ...."


"ဟိန်းဇေယျာထက်...နင်...."


စက်ဘီးနင်းနေရင်းဖြင့် သူပြောသောစကားတွေကြောင့် စိတ်မဆိုးပဲရယ်ချင်လာသည်။

တကယ်ကို အနှောက်သန့်သည့်လူပင်။

လမ်းတစ်၀က်က‌ကျိုးတော့မည်အခုထိအနောက်ကနေလိုက်လာတုန်း။ဘေးချင်းယှဉ်လျှက်စက်ဘီးစီးလာပေမဲ့ ကိုယ်ကလမ်းဘေးကပ်လျှက်အတွင်းဘက်တွင်ဖြစ်နေတော့ စိုးရိမ်စရာမလိုဘူး။

သူကဘာကိစ္စလိုက်လာရတာလဲ ။


"ဟိန်ဇေယျာထက်....နင်ဘာလို့ငါ့နောက်ကနေလိုက်လာတာလဲ....ကိုယ့်အိမ်ကိုယ်ပြန်တော့လေ..."


"ငါနင့်အိမ်ကိုသိချင်လို့....ငါ့အိမ်ကဒီဘက်အခြမ်းမှာမဟုတ်ဘူး....အခုကအမျိုးအိမ်မို့အလည်လာရင်းကလေးတွေကို ယမင်းရဲ့မွေးနေ့မှာဘုရားကိုသွားဖို့ အဖော်လာခေါ်တာ...."


"ယမင်းရဲ့....မွေးနေ့ဟုတ်လား...."


"အင်းလေ...ယမင်းကနင့်ကိုလည်းအဖော်ခေါ်မလို့တဲ့...လာမဲ့စနေကျရင်သွားကြမှာ...ကလေးတွေနဲ့ငါတို့ချည်းပဲ...လူကြီးဆိုလို့ငါတို့အိမ်ကဒါရိုက်ဘာရယ်...ငါ့အဒေါ်ရယ်ပဲပါတယ်...."


"ငါကမလိုက်ချင်ပါဘူး....နင်တို့ဘာသာသွားကြ..."


"ယမင်းကတော့...နင့်ကိုအပါခေါ်လိမ့်မယ်...

ရွှေတိဂုံဘုရားဖူးပြီး ကောင်းမှုယူမှာလေ...

လိုက်ခဲ့စမ်းပါ...ပြီးရင်ရေလည်ကျောက်တန်းလည်းသွားကြအုံးမှာ...သံလျှင်မြစ်ကိုဖြတ်ပြီးကားစီးရမှာလေဟာ..'


"ဘာကြီးဖြစ်နေနေဟာ...ငါမလိုက်ဘူး..."


"နင်အဲ့လိုလုပ်လို့မရဘူးဟ....နင်မလိုက်ရင်ယမင်းကစိတ်ထိခိုက်မှာပေါ့...သူ့မှာမွေးရာပါနှလုံးရောဂါရှိတယ်..."


"ဘာ...."


ဒီတစ်ခါတော့ ပုံရိပ်စက်ဘီးကိုပါရပ်ပစ်လိုက်မိသည်။ဟိန်းဇေယျာထက်သည်လည်း စက်ဘီးပေါ်မှဆင်း၍ ပုံရိပ်နှင့်ဘေးချင်းယှဉ်လျှက်ဖြည်းဖြည်းမှန်မှန်လျှောက်လာလေသည်။

ယမင်းမှာ နှလုံးရောဂါရှိသည်တဲ့။

ပုံရိပ်တကယ်ကိုမသိခဲ့ဘူး။

တခါတလေ ယမင်းကမောတယ်ဆိုပြီး ချွေးစေးတွေပြန်ကာမှိုင်းနေတတ်သည်။သနားစရာကောင်းလိုက်တာ သူကျောင်းစပြောင်းလာခါစတုန်းက

မပေါင်းချင်သလိုလိုနှင့် မောက်မာပြီး၊အပြောအဆိုရင့်သီးခဲ့တာတွေကို ပြန်တွေးကြည့်မိတော့ ယမင်းအပေါ်တွင် အားနာစိတ်တွေ၀င်မိသည်။


🔥ဆူးကြိုး...🔥အခန်း(၂၄)🔥  တတိယပိုင်း ဆက်ဖတ်ရန်

=========================================================================

🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥  ဒုတိယပိုင္း


အျခားသူမ်ားႏွင့္ ေရာေရာေနွာေနွာေထြရာေလးပါး စကားေဖာင္ဖဲြ႔မေနတတ္တာကပံုရိပ္၏အက်င့္လိုျဖစ္ေနသည္။

ကိုယ္တိုင္ကလည္း ငယ္သူျဖစ္၍စကားအမွား

ပါသြားမွာလည္းစိုးရသည္။စကားမ်ားလ်ွင္အမွားပါတတ္တာေၾကာင့္ အစားကိုကုန္ေအာင္စား၊စကားကိုကုန္ေအာင္မေျပာႏွင့္ဆိုေသာ

ေဆာင္ပုဒ္ကိုသာ လက္ကိုင္ဆဲြထားလိုက္သည္။


"ေဟး...ေဟ့ေကာင္...ငါ့ဆီကိုပစ္...ငါ့ဆီကိုပစ္..."


"ဟာ...ဟိုမွဆရာမလာၿပီ..."


အေပါက္၀မွေခ်ာင္းၾကၫ့္ေနေသာ‌ကေလးက ေလွကားမွတက္လာေသာပံုရိပ္ကိုျမင္သြားရာ

လိပ္ကေလးေခါင္းပု၀င္သြားသလို အခန္းထဲသို႔လွစ္ခနဲျပန္၀င္သြားေလသည္။ပံုရိပ္လည္း ရယ္ခ်င္စိတ္ကိုမနည္းထိန္းရသည္။

တခါတရံကိုယ္ေတာင္ မိစုတို႔၊ထြန္းကိုတို႔ႏွင့္ေဆာ့တတ္သူျဖစ္၍ ေဆာ့ကစားခ်င္စိတ္သာျပင္း‌ပ်ေနေသာ သူတို႔ေလးေတြကိုကိုယ္ခ်င္းစာသည္။

အတန္းထဲကို ေရာက္ေတာ့ကိုယ့္ခံုေလးမွကိုယ္ထိုင္ေနတာမ်ား အသားကိုက်လို႔။


"ကဲ...ဒီေန့ေက်ာင္းကဘာအိမ္စာေတြေပးလိုက္လည္း...."


"ဒီမွာပါဆရာမ...သားဒါကိုမတြက္တတ္ဘူး..."


"သမီးလည္းဒီအဂၤလိပ္စာကိုနားမလည္ဘူး..."


ကိုယ္ကစာဝိုင္းလုပ္ေပးရသၫ့္သူျဖစ္၍ သူတို႔ေက်ာင္းမွေပးလိုက္ေသာအိမ္စာမွန္သမ်ွကို တစ္ေယာက္တစ္ေပါက္ႏွင့္ျပေနၾကေလသည္။ကေလးေတြက ဆရာမလို႔ေခၚလိုက္သၫ့္အခါ ကိုယ့္မွာၾကက္သီးေမႊးၫွင္းေတြေတာင္ထခ်င္သည္။ကိုယ္ဟာသူတို႔၏အစ္မအရြယ္မဟုတ္ပါလား။ဘဲြ႔ဂုဏ္ထူးတစ္ခုရသြားသကဲ့သို႔ ေက်နပ္သလိုလည္းရိွမိသည္။

 "သင့္ရည္မွန္းခ်က္ဆိုသၫ့္"ေနရာေလးမွာ ဆရာမဆိုေသာစကားလံုးေလးကို ထၫ့္သြင္းထားလိုက္မိသည္။


"ပံုမွန္အတိုင္းပဲ....၂တန္းေတြကိုအရင္ဦးစားေပးမယ္...သူတို႔ကိုအိမ္စာအရင္လုပ္ခိုင္းထားမယ္...

ၿပီးမွ(၃)တန္းေတြအလွၫ့္ေပါ့..."


"ဟုတ္ကဲ့ပါဆရာမ..."


ကိုယ္ကနည္းလမ္းသတ္မွတ္ေပးေတာ့လည္း

နာခံၾကပါသည္။၃တန္းကေလးေတြကနည္းနည္းပိုၿငိမ္တာေၾကာင့္ အငယ္ေလးေတြကိုအရင္ဆံုးစာရွင္းျပၿပီး အိမ္စာေလးေတြကိုေျဖနည္းနမူနာျပလိုက္ကာ သူတို႔ဘာသာေရးေစသည္။

အရင္ေန့ကစာေတြကိုလည္း မေမ့ရေအာင္ျပန္ေနြးခိုင္းရသည္။

သံုးတန္းကေလးေတြကိုလည္း ထိုနည္း၄သင္ျပေပးလိုက္သည္။စာေတြကိုလည္း ကူက်က္ေပးၿပီးျပန္ေမးရသည္။


"အားလံုး...စာအုပ္ေတြသိမ္းလို႔ရပါၿပီ..."


"ေဟး...ေပ်ာ္တာ..."


"ေအာင္မယ္...ဘာေပ်ာ္တာလဲ..."


"ဆရာမကလဲ...ဘာမွမဟုတ္ပါဘူး.."


၀တုတ္ကေလးသည္ ပံုရိပ္စလိုက္၍ေခါင္းေလးငံု႔သြားေသာေၾကာင့္ ပံုရိပ္လည္းအျခားကေလးေတြႏွင့္ေရာေယာင္ကာရယ္ေမာလိုက္ၿပီး ေအာက္ထပ္သို႔အားလံုးႃပံုဆင္းလာခဲ့လိုက္သည္။

အိမ္ကိုျပန္ရေတာ့မည္ျဖစ္၍ အိမ္ရွင္ေတြကိုေတာ့ ႏႈတ္ဆက္ရေပအံုးမည္။

ဧၫ့္ခန္းဘက္အျခမ္းသို႔ လွမ္းလာခဲ့စဉ္မွာ 

စကားေျပာသံေတြဆူေနေလသည္။

ေနာက္ၿပီး စကားေျပာေနသၫ့္အသံဟာ အဖိုးႀကီး၏အသံမဟုတ္ပဲ အျခားေယာက္်ားေလးတစ္ေယာက္၏အသံျဖစ္ေနသည္။

ဒီအသံကို ပံုရိပ္ရင္းႏွီးေနသလိုပဲ။


"အဖိုးဒါဆို အဆင္ေျပသြားၿပီေနာ္...ကၽြန္ေတာ္ကေတာ့ကေလးေတြပါမွ ပိုေပ်ာ္မွာ..."


"ေအးပါကြာ...မင္းအေဒၚျပန္လာရင္ကေလးေတြကိုထၫ့္မလားေမးေပးပါ့မယ္...သူ႔အမိန႔္က်ရင္ေတာ့..

ထၫ့္လိုက္ပါ့မယ္...သူမသိပဲေတာ့တို႔မလႊတ္ရဲဘူးကြ..."


"ဟား..အဖိုးတို႔ကေတာ့ေၾကာက္တတ္ရန္ေကာ..

ဘာမွမျဖစ္ဘူး...ဟိန္းေဇယ်ာထက္နာမည္ကိုသာေျပာလိုက္...ေဒၚေလးမထၫ့္မရိွရဘူး...."


သူ႔နာမည္ကိုသူ ဂုဏ္ေဖာ္ေနသည့္သူ႔ကို ဘယ္သူမ်ားလည္းမွတ္တယ္။ငႂကြားျဖစ္ေနတာကို။ဧၫ့္ခန္းမွာအဖိုးႀကီးႏွင့္ စကားေတြေဖာင္ဖဲြ႔ေနတာမ်ား သူ႔ကိုယ္သူေဖာင္ျဖတ္တိုက္ပဲြ၀င္လာသလို

စတိုင္လ္မ်ိဳးနဲ႔။


"ဆရာမေလး....ျပန္ၿပီလား...."


"ဟုတ္ကဲ့....အဘ...."


"ေအး..ေအး...ဂရုစိုက္ျပန္ေနာ္..."


"ဟာ....ပံုရိပ္...."


ပံုရိပ္ကိုျမင္သြားေသာအခါ ဟိန္းေဇယ်ာထက္၏

မ်က္ႏွာသည္ အံ့ဩမႈႏွင့္အတူ၀င္းပသြားေလသည္။ဆိုဖာေပၚမွခုန္ေက်ာ္လ်ွက္ပံုရိပ္ဆီသို႔

ေျပးလာေနေသာေၾကာင့္ အဘႀကီးကေတာင္မ်က္လံုးျပဴး၍ၾကၫ့္ေနေလသည္။

သူကဒီဘက္မွာလည္း ေနတာမဟုတ္ပဲ ဒီအိမ္ကိုဘယ္လိုသိရတာပါလိမ့္။သူတို႔ႏွင့္အမ်ိဳးေတြဘာေတြပဲျဖစ္လိမ့္မည္။


"ပံုရိပ္....နင္ကဒီအိမ္ကိုဘယ္လိုျဖစ္ၿပီးေရာက္ေနတာလဲ...."


"ဒီအိမ္မွာကေလးေတြကို စာလာသင္ေနတာ..."


"အဟား...နင္က...ကေလးေတြကိုစာသင္ေနတာ...

ဟုတ္မွလည္းလုပ္ပါဟာ...."


"ဟိန္းေဇယ်ာထက္....နင္ဘယ္လိုျဖစ္ေနတာလဲ...

အဖိုး...သမီးသြားေတာ့မယ္ေနာ္...."


"ေအး...ေအး...."


အဖိုးႀကီးကိုခပ္သြက္သြက္ႏႈတ္ဆက္ခဲ့လိုက္ၿပီး စက္ဘီးကိုထုတ္ကာထိုအိမ္မွအျမန္လစ္ထြက္လာ

ခဲ့လိုက္သည္။စက္ဘီးစီးေနရင္းမွ ကစ္လစ္ေခ်ာမ်က္ႏွာႏွင့္ ဟိုအေကာင့္ကိုေမတၲာေတြတစ္သီႀကီးပို႔မိသည္။ကေလးေတြကိုစာသင္ေပးတာမ်ား

ေလွာင္စရာမွတ္လို႔။

ဒင္းကိုဒါေၾကာင့္ အေၾကာမတၫ့္ခ်င္တာ။စိတ္ေကာင္းေလးထားၿပီး တၫ့္ေအာင္ေပါင္းၾကၫ့္မယ္လို႔ စိတ္ကူးမိရံုရိွေသး။

လူကိုမ်ား ဟာသလာလုပ္ရတယ္လို႔။


"ေဟ့....ပံုရိပ္....ေဟ့...."


"ဟင္....ဒီေကာင္ဘာလိုက္လုပ္တာလဲ...."


ကားလမ္းကူးဖို႔ေစာင့္ေနစဉ္တြင္ အေနာက္မွလိုက္လာေသာဟိုအေကာင္စုတ္ေၾကာင့္ စိတ္ကထံုးလိုေမႊေရလိုေနာက္က်ိသြားရသည္။ကိုယ္ကိုအထင္ေသးအျမင္ေသးျဖစ္ေနေသာသူ႔ေၾကာင့္ ပံုရိပ္လည္းတစ္စက္မွလွၫ့္မၾကၫ့္ပဲ ကားရွင္းသည္ႏွင့္လမ္းကို

အျမန္ကူးၿပီး စက္ဘီးကိုသုတ္ေျခတင္၍နင္းမိေတာ့သည္။


ကားလမ္းေဘးရိွ ဘဏ္အေရ႔ွမျွဖတ္ႏွင္းၿပီး

လမ္းမႀကီးအတိုင္းဆင္းလာစဉ္တြင္ အေနာက္မွ

ကလင္ျမည္သံကိုၾကားလိုက္၍ လွည့္ၾကၫ့္လိုက္ေတာ့စက္ဘီးကို မတ္တက္အေနအထားႏွင့္

တအားနင္းလာေနေသာေၾကာင့္ အၿမဲတမ္းေရ႔ွသို႔ဆံပင္ကိုအုပ္ထားတတ္ေသာ သူ႔ႏွဖူးျပင္ကို‌ေသခ်ာေတြ့လိုက္ရသည္။ဆံပင္ပံုစံက မိန္းမဆန္ရံုတင္မဟုတ္ပဲ နဖူးကလည္းက်ဉ္းက်ဉ္းေလးရယ္။


မ်က္ႏွာက်ကအစသြယ္ၿပီး ကိုယ္လံုးကိုယ္ထည္ကလည္း ဆရာေနမ်ိဳးတို႔လိုေတာင့္ေတာင့္ေျဖာင့္ေျဖာင့္မဟုတ္ပဲ ပိန္ပါး၍ေနသည္။သူ႔ကိုၾကၫ့္ရတာ ေယာက္်ားေလးတစ္ေယာက္ကိုၾကၫ့္ေနရတာနဲ႔

မတူပဲ အေျခာက္ကေလးတစ္ေယာက္ကိုၾကၫ့္ေနရတာႏွင့္တူေနသည္။


အသံၾသဇာကေတာ့ရိွပါရဲ့။

လူပံုစံကလည္း ႏဲြ႔တာမ်ိဳးမဟုတ္ေပမဲ့

ေယာက္်ားမပီသတာေတာ့အမွန္ပဲ။

ဒါ့ထက္ဆိုးတာက ရြံ႔ေနာက္ေနာက္ႏွင့္အၿမဲမ်က္ႏွာေျပာင္တတ္လြန္းလို႔ တစ္စက္မွကိုၾကၫ့္မရဘူး။စကားဆိုလည္း ဆယ္ခြန္းမွာတစ္ခြန္းေလာက္သာ အေကာင္းေျပာတတ္သည္။

ယမင္းေရႊကေတာ့ သူ႔အစ္ကိုဟာအရင္ကဒီလိုမဟုတ္ပါဘူးလို႔ ဘယ္ေလာက္ေျပာေျပာ

ပံုရိပ္ကေတာ့ ဒီလိုပဲျမင္သည္။


"ဟိတ္ဆရာမႀကီး....ဘယ္လိုျဖစ္ၿပီးစက္ဘီးကို

ဒီေလာက္အျမန္နင္းေနရတာလဲ...ေနာက္ကေနက်ားလိုက္လာလို႔လား..."


"နင္ေနာ္....ငါ့ကိုေဒါသထြက္ေအာင္လာမလုပ္နဲ႔..."


"ေဟာဗ်ာ...ငါဘယ္မွာေဒါသထြက္ေအာင္လုပ္လို႔လဲ...."


"နင္ခုဏက...ငါ့ကိုဆရာမႀကီးလို႔ေလွာင္လိုက္တယ္ေလ...အဲ့ဒါငါ့ကို‌တမင္ေဒါသထြက္ေအာင္လုပ္တာေပါ့...."


"ဒါလား...ငါေျပာတာဘာမွားလို႔လည္း...နင္ကဆရာမႀကီးပဲေလ....ေၾကာင္ဆရာ၊က်ားဆရာ...."


"ဟိန္းေဇယ်ာထက္...."


"ဟာ...ျဖည္းျဖည္းေအာ္စမ္းပါ...လူကအစတည္းကနဲ႔နဲ႔ပဲရိွတာပါ...လြင့္ထြက္သြားပါအံုးမယ္..."


"ေတာ္...ေတာ္...နင္သြားစမ္းပါဟယ္...

ငါ့ကိုလိုက္မစစမ္းနဲ႔...."


"ငါကဘယ္ကိုသြားရမွာလည္းအမိရဲ့...ဒီလမ္းကနင္ပိုင္သလို..ငါလည္းပိုင္တာပဲ..ငါတို႔ႏွစ္‌ေယာက္လံုးကလမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဌာနႏွင့္အမ်ိဳးေတာ္တယ္ေလ...."


"ဟိန္းေဇယ်ာထက္...နင္...."


စက္ဘီးနင္းေနရင္းျဖင့္ သူေျပာေသာစကားေတြေၾကာင့္ စိတ္မဆိုးပဲရယ္ခ်င္လာသည္။

တကယ္ကို အေနွာက္သန႔္သၫ့္လူပင္။

လမ္းတစ္၀က္က‌က်ိဳးေတာ့မည္အခုထိအေနာက္ကေနလိုက္လာတုန္း။ေဘးခ်င္းယွဉ္လ်ွက္စက္ဘီးစီးလာေပမဲ့ ကိုယ္ကလမ္းေဘးကပ္လ်ွက္အတြင္းဘက္တြင္ျဖစ္ေနေတာ့ စိုးရိမ္စရာမလိုဘူး။

သူကဘာကိစၥလိုက္လာရတာလဲ ။


"ဟိန္ေဇယ်ာထက္....နင္ဘာလို႔ငါ့ေနာက္ကေနလိုက္လာတာလဲ....ကိုယ့္အိမ္ကိုယ္ျပန္ေတာ့ေလ..."


"ငါနင့္အိမ္ကိုသိခ်င္လို႔....ငါ့အိမ္ကဒီဘက္အျခမ္းမွာမဟုတ္ဘူး....အခုကအမ်ိဳးအိမ္မို႔အလည္လာရင္းကေလးေတြကို ယမင္းရဲ့ေမြးေန့မွာဘုရားကိုသြားဖို႔ အေဖာ္လာေခၚတာ...."


"ယမင္းရဲ့....ေမြးေန့ဟုတ္လား...."


"အင္းေလ...ယမင္းကနင့္ကိုလည္းအေဖာ္ေခၚမလို႔တဲ့...လာမဲ့စေနက်ရင္သြားၾကမွာ...ကေလးေတြနဲ႔ငါတို႔ခ်ည္းပဲ...လူႀကီးဆိုလို႔ငါတို႔အိမ္ကဒါရိုက္ဘာရယ္...ငါ့အေဒၚရယ္ပဲပါတယ္...."


"ငါကမလိုက္ခ်င္ပါဘူး....နင္တို႔ဘာသာသြားၾက..."


"ယမင္းကေတာ့...နင့္ကိုအပါေခၚလိမ့္မယ္...

ေရႊတိဂံုဘုရားဖူးၿပီး ေကာင္းမႈယူမွာေလ...

လိုက္ခဲ့စမ္းပါ...ၿပီးရင္ေရလည္ေက်ာက္တန္းလည္းသြားၾကအံုးမွာ...သံလ်ွင္ျမစ္ကိုျဖတ္ၿပီးကားစီးရမွာေလဟာ..'


"ဘာႀကီးျဖစ္ေနေနဟာ...ငါမလိုက္ဘူး..."


"နင္အဲ့လိုလုပ္လို႔မရဘူးဟ....နင္မလိုက္ရင္ယမင္းကစိတ္ထိခိုက္မွာေပါ့...သူ႔မွာေမြးရာပါႏွလံုးေရာဂါရိွတယ္..."


"ဘာ...."


ဒီတစ္ခါေတာ့ ပံုရိပ္စက္ဘီးကိုပါရပ္ပစ္လိုက္မိသည္။ဟိန္းေဇယ်ာထက္သည္လည္း စက္ဘီးေပၚမွဆင္း၍ ပံုရိပ္ႏွင့္ေဘးခ်င္းယွဉ္လ်ွက္ျဖည္းျဖည္းမွန္မွန္ေလ်ွာက္လာေလသည္။

ယမင္းမွာ ႏွလံုးေရာဂါရိွသည္တဲ့။

ပံုရိပ္တကယ္ကိုမသိခဲ့ဘူး။

တခါတေလ ယမင္းကေမာတယ္ဆိုၿပီး ခၽြေးေစးေတျြပန္ကာမိႈင္းေနတတ္သည္။သနားစရာေကာင္းလိုက္တာ သူေက်ာင္းစေျပာင္းလာခါစတုန္းက

မေပါင္းခ်င္သလိုလိုႏွင့္ ေမာက္မာၿပီး၊အေျပာအဆိုရင့္သီးခဲ့တာေတြကို ျပန္ေတြးၾကၫ့္မိေတာ့ ယမင္းအေပၚတြင္ အားနာစိတ္ေတြ၀င္မိသည္။


🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥  တတိယပိုင္း ဆက္ဖတ္ရန္

No comments:

Post a Comment