(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၄)🔥 ပထမပိုင်း
"ကလင်...ကလင်..."
စက်ဘီးကလင်လေးကိုလက်မလေးနှင့်အသာဖိလိုက်ချိန်တွင် ထွက်ပေါ်လာသောရိုက်ခက်သံလေးသည်ပင် နှုတ်ခမ်းပါးထက်မှအပြုံးကိုပေါ်လွှင်စေသည်။ဆောင်းလေညှင်းသွဲ့သွဲ့သည် ဆံနွယ်များအားယှက်တိုက်လျှက် စိတ်နှလုံးအားနှင်းဖွဲဖွဲတို့
ယစ်သိုင်းဖြန်းပက်သကဲ့သို့ အေးချမ်းမှုအတိဖြစ်စေသည်။
စိတ်အခြေအနေချမ်းငြိမ်းသည့်အခါ မြေသားကျောက်စိုင်တွေအပေါ်မှာလမ်းလျှောက်နေရသော်ငြား နုနုထွေးထွေးပန်းခင်းကလေးထဲမှာ ဖြတ်သန်းရှင်သန်နေရသလို ညွှတ်နူးကြည်နူးမှုအပြည့်
ရင်မှာလှိုက်တက်လေသည်။
လွှတ်လပ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ဟာအခြားသူတွေအတွက်တော့ စိတ်မှာအနှောင်အဖွဲ့တွေကင်းလွှတ်သွားတဲ့အခါမျိုး၊ကိုယ်နေချင်ရာနေ၊ကိုယ်သွားချင်ရာသွားပြီး ကိုယ်လုပ်ချင်သောအရာလေးတွေကို စိတ်လွတ်လက်လွှတ်လုပ်ရသောအခါမျိုးတွေလည်းဖြစ်နိုင်သည်။
အနောက်နိုင်ငံသားတွေအတွက်တော့ခရီးသွားခြင်းသည် မရှိမဖြစ်အရာတစ်ခုလို့သတ်မှတ်ထားသည့်အတိုင်း လုပ်ငန်းခွင်၏စိတ်ဖိစီးမှုများ၊ပတ်၀န်းကျင်နှင့်မိသားစုအရေးများကို ပစ်ချခဲ့လျှက်ခရီးထွက်ကာ လွတ်လပ်သောစိတ်အရသာကို ခံစားကြသည်။
ပုံရိပ်အတွက်တော့လွတ်လပ်ခြင်းဆိုတာ
စိတ်သန့်သန့်နှင့်ရှင်သန်ရပ်တည်နေနိုင်ခြင်းပါပဲ။
ပုံရိပ်သည် အတွင်းစိတ်မာသည်။
ပျော့ညံ့ပြီး အငိုလွယ်၊အရှိုက်လွယ်သောလူမျိုးမဟုတ်ပေမဲ့ တွေ့ကြုံခဲ့ရသောအချိုးအကွေ့များကြောင့် စိတ်ခံစားမှုဒဏ်ရာတွေကများခဲ့သည်။
ယခုတော့ သံဆူးကြိုးတွေယစ်ခွေသိုင်းခဲ့သော
စိတ်အနှောင်အဖွဲ့များထဲမှလွတ်မြောက်ခဲ့ပြီ။
သွင်ပြင်မဲ့ စိတ်ဝိဉာဉ်ဟာ ချောက်ကမ်းပါးနက်နက်ထဲပြုတ်ကျခဲ့၍ ငိုရှိုက်နေခဲ့မိရာမှ ကမ်းပေါ်သို့ပြန်တက်နိုင်ခဲ့ပြီ။
မြက်ရိုင်းပင်သည် နေရောင်စူးစူးကြောင့်
ညှိုးနွဲ့မည့်ဘ၀မှ နှင်းရည်ပတ်ဖြန်း၍လန်းဆန်းခဲ့ပြီ။
အားနွဲ့၍ကြက်ခိုးဝေလျှက် မှိုင်းတက်နေသောစိတ်၏နံရံတို့သည် အနီရောင်သွေးတို့ကြောင့် ပြန်လည်အသက်၀င်ခဲ့ပြီ။
ဒါတွေအားလုံး၏အစကနေဦးဟာ
ပုံရိပ်၏ကြည်ညှိုလေးစားအပ်သော ဆရာ့ကြောင့်ပါပဲ။ဆရာ့ကြောင့်သာပုံရိပ်၏ဘ၀ရွက်နုကလေးတွေ ရှင်သန်ခဲ့ရတာပါ။ပူပြင်းလွန်းသည့်သဲကန္တာရထဲမှာ ရေကြည်တစ်ပေါက်ကမ်းလင့်သောသူဟာ ဆရာနေမျိုးပါပဲ။
အကြောင်းအရာကိုရေရာစွာရှာမတွေ့ပေမဲ့
အဒေါ့်ကိုအားကိုးသည်ထက်ဆရာနေမျိုးကိုပို၍ ကိုးစားယုံကြည်မိသည်။
အဒေါ်သည် ပုံရိပ်၏မေတ္တာတံတိုင်းဆိုလျှင်
ဆရာနေမျိုးသည်ပုံရိပ်၏ခွန်အားတံတိုင်းဖြစ်သည်။ပုံရိပ်ကိုအမြဲတမ်းစိတ်ခွန်အားတွေပေးတတ်သောဆရာ့ကို ပုံရိပ်တဆထက်တဆသံယောဇဉ်ပိုလာခဲ့သည်။
ပို၍ချစ်ခင်လေးစားမိသည်။
ဆရာ့ကျေးဇူးကြောင့် မူလတန်းကလေးတွေကိုစာသင်ပေးခွင့်ရတာလေးရက်လောက်ရှိနေပေပြီ။ကံကောင်းချင်တာကတော့ ထိန်းရခက်သည့်အရွယ်ကလေးတွေမပါပေ။
နှစ်တန်းကျောင်းသား(၃)ယောက်နှင့်သုံးတန်းကလေးက(၄)ယောက်ဖြစ်သည်။ကျောင်းတွင်သင်လာသော အိမ်စာများကိုကူလုပ်ပေးရခြင်းဖြစ်ပြီး တစ်နေ့စာတစ်နေ့ကိုပုံမှန်ပြန်နွေးပေးရသည်။
သူတို့လေးတွေနားမလည်သောစာများ၊ပုစ္ဆာများအား ပြန်ရှင်းပြရသည်။
အိမ်မှာလည်း ထွန်းကိုနှင့်မိစုကိုထိန်းနေကြဖြစ်၍
ပုံရိပ်အတွက်ကတော့ထူး၍မခက်ခဲပေ။ပိုက်ဆံရှိသောအိမ်မှကလေးတွေဖြစ်သောကြောင့်
ဆိုးမည်ဟုထင်ခဲ့မိပေမဲ့ အင်မတန်လိမ္မာရေးခြားရှိကြသည်။
စာကိုလည်းစိတ်၀င်စားကြသောကြောင့် ပုံရိပ်အတွက်တော့ အခက်အခဲထွေထွေထူးထူးမရှိပဲအဆင်ချောနေခဲ့သည်။
ပုံရိပ်သည်မနက်တစ်ပိုင်းသာ ကျောင်းတက်ရသောကြောင့် ကျောင်းမှပြန်ရောက်သည်နှင့် ဒေါ်လေးမရှိသည့်အခါမျိုးတွင်ညနေစာအတွက် ထမင်းအိုးတည်ရသည်။ညနေစာ၀ယ်ထားတာအဆင်သင့်ရှိပါက တစ်ခါတည်းဟင်းအိုးပါရော၍တည်ထားလိုက်သည်။မိစုနှင့်ထွန်းကိုတို့ကိုလည်း ထမင်းစာလျှင်ကျွေးမွေးလိုက်ပြီးနောက် ကလေးတွေလည်းသူဟာနှင့်သူဆော့ ကိုယ်လည်းကိုယ့်ဘာသာစာလုပ်စရာရှိလျှင်လုပ်သည်။
သည်ရက်ပိုင်းတွင် ဦးသက်ဆွေကတော့ပန်းရံလိုက်လုပ်၍အချိုးကျနေလေသည်။
သို့ပေမဲ့ သူ့လုပ်ခဟာသူ့အရပ်အိုးထဲသာ၀င်သည်။မိန်းမ၏လက်ထဲကိုတော့ အရက်ငွေ့သာရောက်သည်။ဒေါ်လေးနှင့်ဦးသက်တွေသည် ကမ္ဘာ့ရန်ဖက်တွေဖြစ်တာကြောင့် မျက်နှာချင်းဆိုင်မိတာနှင့်စကားကတတွတ်တွတ်များသည်။
ပုံရိပ်ကတော့ မသိချင်ယောင်ဆောင်လိုက်သည်ကများပါတယ်။
ကြားသုံးကြားမ၀င်ကောင်းဘူးဆိုပေမဲ့ အရမ်းလွန်လာလျှင်တော့ ကိုယ်လည်း၀င်ပါသင့်လျှင်ပါရမှာပါပဲ။ဒါပေမဲ့ ငါးနာရီနောက်ပိုင်းဆိုလျှင်
ပုံရိပ်ကအိမ်မကပ်ရတော့သည့်အတွက် ရန်ပွဲတွေနှင့်ဝေးရာမှာနားအေးပါးအေးရှိနေခဲ့သည်။
ကိုယ်ပြန်ရသည့်အချိန်ကလည်း များသောအားဖြင့်ဦးသက်ဆွေအိမ်မှာမရှိတော့သည့်အချိန်၊မူး၍အိပ်နေသောအချိန်တွေဖြစ်၍ ကံကောင်းလေသည်။ဒေါ်လေးတို့သားအမိသုံးယောက်ကတော့
ပုံရိပ်၏အိပ်ခန်းထဲတွင်သာအခြေချကြတော့သည်။သူလည်း သူ့ယောက်ျားအမူးသမားနှင့်ဘယ်အတူအိပ်ချင်ပါ့မလဲ။
အိမ်မှာကျန်ခဲ့သည့် ကလေးတွေကတော့မိဘတွေရန်ဖြစ်တိုင်း ငိုနေကြမလား ကိုယ်ချင်းစာမိပေမဲ့ အပျိုကြီးတို့ကလာလာခေါ်သွားတတ်၍ တဆိတ်ရင်အေးရသည်။သို့ပေမဲ့ ကိုယ်မရှိတုန်း အဒေါ့်ကိုရိုက်နှက်၊ကန်ကြောက်မှာလည်းစိုးရသည်။
ဘယ်တတ်နိုင်မှာလည်း ကျွဲဖြစ်မှတော့ရွှံ့ကြောက်နေတာသဘာ၀မကျပေ။ဒီယောက်ျားကို အိမ်ပေါ်မှာလက်ခံထားလိုက်မိမှတော့ ကောင်းကောင်းဆိုးဆိုးခံပေတော့လို့ပဲ ပြောနိုင်ပါတော့မည်။
ညနေငါးနာရီထိုးခါနီးတိုင်း ရေမိုးချိုးရပြီးသနပ်ခါးရေကျဲလူးကာ မြန်မာ၀တ်စုံကိုရွေး၀တ်ရလေသည်။ကိုယ်ကအသက်၁၅နှစ်ကျော်ရုံသာရှိသေးပေမဲ့ ကလေးတွေကိုစာသင်ပေးရသောကြောင့် သူများအမြင်မရိုင်းချင်ပေ။
နောက်ပိုင်းရင်းနှီး၍နေသားကျသွားလျှင်တော့ ကိုယ့်ဘာသာဂါ၀န်၀တ်၀တ်၊ဘောင်းဘီ၀တ်၀တ်ရပေမဲ့ ယခုတော့စာသင်ခါစမှာ လူအထင်ကြီးအောင်တော့နေရမည်။
ဆရာနေမျိုး၏တပည့်ဖြစ်၍ ဆရာ့ကိုတော့သိက္ခာ
မကျစေချင်ပေ။ကိုယ်စာသွားသင်ရသောအိမ်မှာက ကိုယ်နှင့်သက်တူရွယ်တူတွေတစ်ယောက်မျှမရှိပေမဲ့ လူကြီးတွေရှေ့မို့ပို၍အနေအထိုင်ဆင်ခြင်ရသည်။
စာသင်ပေးရသည့်အချိန်တွင် အစာပြေစားဖို့မုန့်တွေ၊အချိုရည်တွေလာချပေးပြီး သဘောကောင်းစွာဆက်ဆံပေမဲ့ မျက်စိဒေါက်ထောက်ကာကြည့်နေကြ၍ စိတ်မလုံမလဲတော့ဖြစ်ရသည်။ကိုယ်တွေကဆင်းရဲတော့ သူတို့အိမ်ကပစ္စည်းတွေတစ်ခုခုပါမှာစိုးလို့ထင်ပါရဲ့။
ဒါ့အပြင် ကလေးတွေတစ်ခုခုပြောမကောင်းတာမျိုးရှိလျှင်လည်း မဆူရဲပေ။
ကိုယ့်အိမ်က ကလေးမဟုတ်တဲ့အပြင် သူများမျက်စိအောက်မှာ သူတို့ကလေးတွေကိုဆူမိ၍
ငိုသွားခဲ့သည်ရှိသော ကိုယ့်ကိုထ၍ရန်တွေ့နိုင်သည်။ကိုယ့်ရွာမှာကြက်ဖပေမဲ့ သူများရွာမှာကြက်မဖြစ်တာကြောင့် အုပ်စုဖွဲ့၍ဝိုင်းတော့အခွပ်မခံနိုင်ပါ။
ကလေးတွေကလိမ္မာပေမဲ့ လိုလေသေးမရှိအောင် အရာရာဖြည့်ဆည်းပေးခံနေရသော မိသားစုမှကလေးများဖြစ်၍ ကိုယ်လိုချင်သောပုံစံကိုသွင်းပေးရတာမျိုးထက် သူတို့နေစေချင်သောပုံအတိုင်းကိုယ်ကနေပေးရသည်။
စာမလုပ်ချင်ပါက လုပ်ချင်လာအောင် သူတို့စိတ်၀င်စားသောအရာလေးတွေကိုပြောပြ၍
ချော့ရသည်။ပုံရိပ်ကထိုသို့ သင်ပြပေးသောအခါ အိမ်ရှင်တွေကလည်းသဘောကျကြသည်။စာသင်တာတစ်ပတ်လောက်ပဲရှိသေးပေမဲ့ ပုံရိပ်ကိုကလေးတွေရော၊ကလေးမိဘတွေကပါ ကြိုဆိုကြသည့်အတွက် ၀မ်းသာပီတိဖြစ်ပါသည်။
ကလေးတွေကိုစာသင်မည်ဆိုတော့ အိမ်ရှေ့တိုက်မှအပျိုကြီးတို့က မြန်မာ၀တ်စုံ၀မ်းဆက်ကလေးကို ချုပ်၍လက်ဆောင်ပေးလာသည်။အပျိုကြီး၏ညီမ အန်တီသက်မေကစက်ချုပ်တတ်သည့်အတွက် ပိတောက်ခြောက်ရောင် ရင်စေ့လက်စကနှင့်ထဘီ
စကပ်လေးကို ကိုယ်တိုင်ချုပ်ပေးလေသည်။
ဒီနေ့တော့ ကိုယ်ရဲ့တစ်ခုတည်းသောရှားရှားပါးပါးထို၀တ်စုံလေးကို ၀တ်ဖို့စဉ်းစားလိုက်သည်။
ပင်ကိုယ်အသားဖြူသူမို့ ပိတောက်ခြောက်ရောင်၀တ်စုံလေးကို ကိုယ်မှာကပ်လိုက်သည့်အခါ ၀င်း၀င်းပပစန္ဒာလမင်းကဲ့သို့ အရောင်အဝါတွေထွန်းလင်းသွားသလိုပင်။
ဆံထုံးလေးကိုထိပ်မှာစုထုံးထား၍ လည်တိုင်ကျော့ကျော့ကပေါ်လွင်နေသည်။အလှကြိုက်သူမဟုတ်ပေမဲ့ မှန်ထဲတွင်မြင်နေရသောကိုယ့်မျက်နှာကိုတော့ ဒီနေ့မှထူးထူးခြားခြား သေချာကြည့်မိသည်။
စိတ်ချမ်းသာ၍ထင်ပါရဲ့ မျက်နှာလေးကကြည်နေသည်။ဆံပင်ကိုနဖူးပြောင်အောင် လှန်စည်းထားပေမဲ့ နဖူးပေါ်တွင်ကျနေသော ဆံစလေးတွေကိုသက်တင်မိကာ အပြုံးခပ်ရေးရေးလေး ဖန်ဆင်းကြည့်မိသည်။ပုံရိပ်ဟာ အမေဒေါ်မေသန့်နှင့်တူပါသည်တဲ့ ။
အခြားရွာကကာလသားတွေပါ လာပိုးပန်းရလောက်သည်အထိ ဂုဏ်ရနံ့သတင်းမွှေးခဲ့သော
အမေ့ကိုတော့ ပုံရိပ်မှီနိုင်မည်မထင်ပါဘူး။
အဖေကလည်းအမေ့ကိုသိပ်ချစ်မှာပဲနော်။
ဒါဆို ပုံရိပ်ကိုရော။
"အင်း...မတွေးမိအောင်နေလည်း...သတိကရလာပြန်ပြီ...မချစ်လို့ထားခဲ့ကြတာပဲ...
ငါကရော၀မ်းနည်းစရာလိုသလား..."
မှန်လေးထဲမှ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်လိုက်မိတော့ အိမ်အပေါက်၀မှဦးသက်ဆွေကိုမှန်ထဲမှမြင်လိုက်ရသည်။အနည်းငယ်ထိတ်လန့်
လျှက်နောက်သို့ ပြန်လှည့်ကြည့်လိုက်မိတော့
ထိုလူကြီးကလည်းပုံရိပ်ကို မျက်လုံးကြီးနီလျှက်
မကျေမနပ်ကြည့်လာသည်။
ပြီးနောက် အိမ်ခေါင်းရင်းဘက်၌ ခြေပစ်လက်ပစ်လှချလိုက်လေသည်။သနပ်ခါးလိမ်းသည့်နေရာကလည်း အိမ်အပေါက်၀နှင့်တန်းနေတော့ မမြင်ချင်လည်းမြင်နေရလေသည်။ဆံပင်ကိုတစ်ချက်ဖီးသင်လိုက်ပြီး လွယ်အိတ်ထဲသို့ စာအုပ်လေးတွေကိုပေါင်းထည့်ကာ အပျိုကြီးတို့ဆီမှ စက်ဘီးသွားငှားဖို့လုပ်ရသည်။
"လူလေးကြည့်တော့ လက်တောင့်လောက်နဲ့...
အလှအပကမက်လာပြီ..ယောက်ျားနောက်မြန်မြန်လိုက်သွားတော့...မြန်မြန်အေးတာပဲ...ငါတို့အိမ်မှာစားပေါက်တစ်ပေါက်လျှော့တယ်..."
"ဦးလေးစကားကိုဆင်ခြင်ပြောပါ...သူ့ကြည့်တော့ သင်္ချိုင်းကုန်းကိုခြေတစ်ဖက်လှမ်းနေပြီ..."
"ဘာ..သေချင်းဆိုးလေး...ငနာမလေးနင်ဘာပြောတာလည်း...နင်ပြန်လာခဲ့စမ်း...."
ဦးသက်ဆွေဟာ ပုံရိပ်နှင့်စကားနိုင်လုတိုင်းတစ်ခါမျှမနိုင်ပေ။ယခုလည်းအရက်မူးနေရာမှအလူးအလဲထရပ်ပြီး အနောက်မှာဆွေ့ဆွေ့ခုန်ကာကျန်ခဲ့သည်။ပုံရိပ်ကတော့ ထုံးစံအတိုင်းအပျိုကြီးတို့အိမ်မှစက်ဘီးကိုယူစီးဖို့ကြံရပြန်သည်။
ကျူရှင်သွားသင်ရသောအိမ်သည် ကားလမ်းတစ်ဖက်ကမ်းတွင်ရှိသောကြောင့် စက်ဘီးကလေးနှင့်ကပို၍အဆင်ပြေသည်။ကျူရှင်သင်ပြီးပြန်လာမှ စက်ဘီးကိုအပျိုကြီးတို့အိမ်မှာပြန်ထားပြီး ဆရာနေမျိုးဆီမှာ စာသွားသင်ရပေမည်။
ဒီစက်ဘီးကလေးသည် ပုံရိပ်၏ကျေးဇူးရှင်ဟုဆိုရမည်။
"ပုံရိပ်တို့ကတော့ဟေ့...အပျိုကြီးတို့အိမ်ကစက်ဘီးကိုကန်ထရိုက်ဆွဲထားတော့တာပဲ..အခွင့်အရေးဆိုတာယူတိုင်းမကောင်းဘူးအေ့...ဟိုကငြိုငြင်သွားမယ်..."
စက်ဘီးကလေးကိုဒေါက်ဖြုတ်နေတုန်းအောက်ထပ်မှအိမ်ပိုင်ရှင်အဖွားကြီးကတ တငြူငြူတစူစူလာလုပ်နေလေသည်။သူ့အိမ်ကစက်ဘီးလည်းမဟုတ်ပဲ ကြားကနေ၀င်နာနေပြန်ပြီ။
လူကြည့်တော့ ခေါင်းမွှေးကပြောင်နေပြီ
မရှိတဲ့လူတွေကိုသနားရမှန်း၊စာနာရမှန်းမသိပဲ
ခနဲ့ဖို့လောက်ပဲတတ်တယ်။
ပုံရိပ်တို့ကလည်း ဂါရ၀တရားဆိုတာထားသင့်တဲ့လူမှထားစမြဲပင်။
"အဖွားရယ်...အဖွားတို့တောင်ခွေးတွေမွေးပြီးသနားလို့ဈေးကြီးတာတွေ၀ယ်ကျွေးနေသေးတာပဲ...သူများကလူချင်းစာနာသနားလို့ စက်ဘီးလေးပေးစီးတာကိုဘာတွေမရှုစိတ်ပွားနေရတာလဲ...
အဖွားရဲ့အောက်တည့်တည့်မှာငရဲပြည်..အပေါ်မှာနတ်ပြည်...ဘယ်လောက်ကုသိုလ်လုပ်လုပ် မစ္ဆရိယစိတ်ပွားရင်တော့ငရဲပြည်ပဲနော်....
ဥစ္စာအစ္စည်းတွေလည်းသိပ်စွဲမနေနဲ့...
သေရင်မကျွတ်ပဲနေအုံးမယ်...."
"ကြည့်စမ်း...မိပုံ.ညည်းငါ့ကိုမခန့်လေးစားနဲ့...
လူကြီးကိုလူကြီးမှန်းမသိဘူး..."
"သွားပြီအဖွားရေ..."
"သွား...သွား...ညည်းငါ့ခြံထဲကိုဘယ်တော့မှမလာခဲ့နဲ့..."
"အဲ့ဒါတော့မရဘူး...စက်ဘီးလာပြန်ထားရအုံးမယ်..."
အသက်ကြီးတဲ့လူတွေကို စိတ်ဒုက္ခမပေးချင်ပေမဲ့ သူ့ခြံထဲကို၀င်လာတိုင်းလူကိုသူခိုးကြည့်ကြည့်နေတတ်တဲ့အဖွားကြီးကို တမင်ပညာပြပစ်ခဲ့ခြင်းပင်။လူတွေများ မရှိတဲ့လူဆိုသိပ်နှိမ်ချင်တာပဲ။
စားစရာမရှိလျှင် ဆားကိုမီးမြိုက်ပြီးစားလိုက်မယ် သူများပစ္စည်းကိုတော့ဘယ်တော့မှမခိုးဘူး။ဦးလေးဖြစ်သူက အရက်သမား၊အဒေါ်ဖြစ်သူကပဲပြုတ်သည်ဖြစ်တဲ့အပြင် သူများမလုပ်ချင်တဲ့တစ်အိမ်၀င်တစ်အိမ်ထွက်လျှက် အ၀တ်လျှော်သောအလုပ်ကိုလိုက်လုပ်ရသူ။
ဒီလိုဆိုတော့ ဒီအိမ်ကကလေးတွေကိုလည်း
အများအမြင်မှာဘယ်ယုံကြည်မှုရှိကြပါတော့မလဲ။အပျိုကြီးတို့လို စိတ်ရင်းကောင်းသူတွေရှိနေလို့သာပေါ့။မဟုတ်ရင်ကိုယ်တွေဟာ သူများမကြင်ချင်တဲ့ချဉ်ဖက်တွေဖြစ်နေရမှာ သေချာသည်။
ထွန်းကိုတို့မိစုတို့ဆိုလျှင်လည်း အ၀တ်နွမ်းလေးတွေနှင့်မပြည့်မစုံနေရသောကလေးတွေဖြစ်၍
သူတို့နှင့်ဆော့ကစားသောကလေးတွေဟာလည်း သူတို့ကဲ့သို့ဆင်းရဲတွင်းမှမွေးဖွားလာသော အသွင်တူကလေးတွေသာဖြစ်သည်။
အချို့အခြေကြီး၊အနေကြီးများကမူ သူတို့ကလေးများနှင့်ဆော့သည်ကိုပင် သိပ်မကြိုက်ချင်ကြပေ။သူတို့ခြံထဲသို့၀င်လျှင်မောင်းထုတ်တတ်ကြသည်။ကိုယ့်ကလေးတွေကလည်း နူဝဲနေတာမဟုတ်ပဲ အထင်သေးကြသည်။
အဓိကကတော့ မိဘအသိုင်းအဝန်းကြောင့်ပါပဲ။
အသိုင်းအဝန်းမြင့်လေ လူတွေဟာပိုအထင်ကြီးတတ်ကြ၊ပိုအရေးပေးကြတာသဘာ၀ပင်ဖြစ်သည်။ထို့ကြောင့်မိမိသားသမီးကို မျက်နှာမငယ်စေချင်ပါက မိမိ၏လူနေမှုဘ၀ကိုမြင့်တက်အောင်အရင်ကြိုးစားရမည်ဟု ထင်မြင်မိသည်။
အပျိုကြီးတို့၏အိမ်ရှင်အဖွားကြီးဟာလည်း
ထိုကဲ့သို့အမြင်နှင့်ဆုံးဖြတ်သည်ထင်ပါရဲ့။
ကားလမ်းကိုကျော်လာခဲ့ပြီးနောက် ငါးနားရီထိုးခါနီးလောက်တွင် ကလေးတွေကိုစာသင်ပေးရသောအိမ်သို့ရောက်လေသည်။အိမ်ကလေးသည်
ခြံနှင့်၀န်းနှင့်ဖြစ်ပြီး သံပန်းတံခါးလည်းရှိလေသည်။နှစ်ထပ်အိမ်ကလေးဖြစ်ပြီး ပေးသုံးဆယ်အကျယ်ဖြစ်၍အိမ်ကကြီးပြီး အတွင်းဘက်တွင်ကျယ်သည်။
ခြံထဲတွင်မြေကွက်လပ်များရှိ၍ ယုဇပန်းပင်တွေလည်းအများအပြားစိုက်ပျိုးထားပြီး ပိတောက်ပင်ကြီးတစ်ပင်လည်းရှိလေသည်။
အိမ်ပိုင်ရှင်အဘိုးကြီးက အပင်စိုက်ဝါသနာပါသူဖြစ်၍ ခြံထဲတွင်အရိပ်လည်းရ၊အေးလည်းအေးသည်။ပိုက်ဆံရှိတော့လည်း ကိုယ်လိုသလိုပုံဖော်၍ ရနေတာပေါ့လေ။မသိလျှင် သူတို့အိမ်ဟာ ပျိုးပင်တွေရောင်းသောအိမ်ကြီးနှင့်ပင်တူနေသည်။ပန်းအိုးကြီး၊ငယ်နှင့် ဂမုန်းပင်တွေဆိုတာလည်း ဝေနေတာပါပဲ။
"တင်း...တောင်..."
လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့ အိမ်ထဲမှသူတို့ခိုင်းဖို့ရန်ရွာမှခေါ်ထားသော မိန်းကလေးထွက်လာလေသည်။ပုံရိပ်နှင့်ရွယ်တူလောက်ရှိပေမဲ့ သူလေးကတော့တစ်ခါမှကျောင်းမနေခဲ့ရပေ။ထို့ကြောင့်လည်း သူများအိမ်မှာခိုင်းချင်တိုင်းအခိုင်းခံနေရသည်မဟုတ်ပါလား။
🔥ဆူးကြိုး...🔥အခန်း(၂၄)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥 ပထမပိုင္း
"ကလင္...ကလင္..."
စက္ဘီးကလင္ေလးကိုလက္မေလးႏွင့္အသာဖိလိုက္ခ်ိန္တြင္ ထြက္ေပၚလာေသာရိုက္ခက္သံေလးသည္ပင္ ႏႈတ္ခမ္းပါးထက္မွအႃပံုးကိုေပၚလႊင္ေစသည္။ေဆာင္းေလၫွင္းသဲြ႔သဲြ႔သည္ ဆံႏြယ္မ်ားအားယွက္တိုက္လ်ွက္ စိတ္ႏွလံုးအားႏွင္းဖဲြဖဲြတို႔
ယစ္သိုင္းျဖန္းပက္သကဲ့သို႔ ေအးခ်မ္းမႈအတိျဖစ္ေစသည္။
စိတ္အေျခအေနခ်မ္းၿငိမ္းသၫ့္အခါ ေျမသားေက်ာက္စိုင္ေတြအေပၚမွာလမ္းေလ်ွာက္ေနရေသာ္ျငား ႏုႏုေထြးေထြးပန္းခင္းကေလးထဲမွာ ျဖတ္သန္းရွင္သန္ေနရသလို ၫႊတ္ႏူးၾကည္ႏူးမႈအျပၫ့္
ရင္မွာလိႈက္တက္ေလသည္။
လႊတ္လပ္ျခင္းဆိုတဲ့ အဓိပၸာယ္ဟာအျခားသူေတြအတြက္ေတာ့ စိတ္မွာအေနွာင္အဖဲြ႔ေတြကင္းလႊတ္သြားတဲ့အခါမ်ိဳး၊ကိုယ္ေနခ်င္ရာေန၊ကိုယ္သြားခ်င္ရာသြားၿပီး ကိုယ္လုပ္ခ်င္ေသာအရာေလးေတြကို စိတ္လြတ္လက္လႊတ္လုပ္ရေသာအခါမ်ိဳးေတြလည္းျဖစ္ႏိုင္သည္။
အေနာက္ႏိုင္ငံသားေတြအတြက္ေတာ့ခရီးသြားျခင္းသည္ မရိွမျဖစ္အရာတစ္ခုလို႔သတ္မွတ္ထားသၫ့္အတိုင္း လုပ္ငန္းခြင္၏စိတ္ဖိစီးမႈမ်ား၊ပတ္၀န္းက်င္ႏွင့္မိသားစုအေရးမ်ားကို ပစ္ခ်ခဲ့လ်ွက္ခရီးထြက္ကာ လြတ္လပ္ေသာစိတ္အရသာကို ခံစားၾကသည္။
ပံုရိပ္အတြက္ေတာ့လြတ္လပ္ျခင္းဆိုတာ
စိတ္သန႔္သန႔္ႏွင့္ရွင္သန္ရပ္တည္ေနႏိုင္ျခင္းပါပဲ။
ပံုရိပ္သည္ အတြင္းစိတ္မာသည္။
ေပ်ာ့ညံ့ၿပီး အငိုလြယ္၊အရိႈက္လြယ္ေသာလူမ်ိဳးမဟုတ္ေပမဲ့ ေတြ့ႄကံုခဲ့ရေသာအခ်ိဳးအေကြ့မ်ားေၾကာင့္ စိတ္ခံစားမႈဒဏ္ရာေတြကမ်ားခဲ့သည္။
ယခုေတာ့ သံဆူးႀကိဳးေတြယစ္ေခြသိုင္းခဲ့ေသာ
စိတ္အေနွာင္အဖဲြ႔မ်ားထဲမွလြတ္ေျမာက္ခဲ့ၿပီ။
သြင္ျပင္မဲ့ စိတ္ဝိဉာဉ္ဟာ ေခ်ာက္ကမ္းပါးနက္နက္ထဲျပဳတ္က်ခဲ့၍ ငိုရိႈက္ေနခဲ့မိရာမွ ကမ္းေပၚသို႔ျပန္တက္ႏိုင္ခဲ့ၿပီ။
ျမက္ရိုင္းပင္သည္ ေနေရာင္စူးစူးေၾကာင့္
ၫွိုးႏဲြ႔မၫ့္ဘ၀မွ ႏွင္းရည္ပတ္ျဖန္း၍လန္းဆန္းခဲ့ၿပီ။
အားႏဲြ႔၍ၾကက္ခိုးေဝလ်ွက္ မိႈင္းတက္ေနေသာစိတ္၏နံရံတို႔သည္ အနီေရာင္ေသြးတို႔ေၾကာင့္ ျပန္လည္အသက္၀င္ခဲ့ၿပီ။
ဒါေတြအားလံုး၏အစကေနဦးဟာ
ပံုရိပ္၏ၾကည္ၫွိုေလးစားအပ္ေသာ ဆရာ့ေၾကာင့္ပါပဲ။ဆရာ့ေၾကာင့္သာပံုရိပ္၏ဘ၀ရြက္ႏုကေလးေတြ ရွင္သန္ခဲ့ရတာပါ။ပူျပင္းလြန္းသည့္သဲကႏၲာရထဲမွာ ေရၾကည္တစ္ေပါက္ကမ္းလင့္ေသာသူဟာ ဆရာေနမ်ိဳးပါပဲ။
အေၾကာင္းအရာကိုေရရာစြာရွာမေတြ့ေပမဲ့
အေဒါ့္ကိုအားကိုးသည္ထက္ဆရာေနမ်ိဳးကိုပို၍ ကိုးစားယံုၾကည္မိသည္။
အေဒၚသည္ ပံုရိပ္၏ေမတၲာတံတိုင္းဆိုလ်ွင္
ဆရာေနမ်ိဳးသည္ပံုရိပ္၏ခြန္အားတံတိုင္းျဖစ္သည္။ပံုရိပ္ကိုအၿမဲတမ္းစိတ္ခြန္အားေတြေပးတတ္ေသာဆရာ့ကို ပံုရိပ္တဆထက္တဆသံေယာဇဉ္ပိုလာခဲ့သည္။
ပို၍ခ်စ္ခင္ေလးစားမိသည္။
ဆရာ့ေက်းဇူးေၾကာင့္ မူလတန္းကေလးေတြကိုစာသင္ေပးခြင့္ရတာေလးရက္ေလာက္ရိွေနေပၿပီ။ကံေကာင္းခ်င္တာကေတာ့ ထိန္းရခက္သၫ့္အရြယ္ကေလးေတြမပါေပ။
ႏွစ္တန္းေက်ာင္းသား(၃)ေယာက္ႏွင့္သံုးတန္းကေလးက(၄)ေယာက္ျဖစ္သည္။ေက်ာင္းတြင္သင္လာေသာ အိမ္စာမ်ားကိုကူလုပ္ေပးရျခင္းျဖစ္ၿပီး တစ္ေန့စာတစ္ေန့ကိုပံုမွန္ျပန္ေနြးေပးရသည္။
သူတို႔ေလးေတြနားမလည္ေသာစာမ်ား၊ပုစၧာမ်ားအား ျပန္ရွင္းျပရသည္။
အိမ္မွာလည္း ထြန္းကိုႏွင့္မိစုကိုထိန္းေနၾကျဖစ္၍
ပံုရိပ္အတြက္ကေတာ့ထူး၍မခက္ခဲေပ။ပိုက္ဆံရိွေသာအိမ္မွကေလးေတျြဖစ္ေသာေၾကာင့္
ဆိုးမည္ဟုထင္ခဲ့မိေပမဲ့ အင္မတန္လိမၼာေရးျခားရိွၾကသည္။
စာကိုလည္းစိတ္၀င္စားၾကေသာေၾကာင့္ ပံုရိပ္အတြက္ေတာ့ အခက္အခဲေထြေထြထူးထူးမရိွပဲအဆင္ေခ်ာေနခဲ့သည္။
ပံုရိပ္သည္မနက္တစ္ပိုင္းသာ ေက်ာင္းတက္ရေသာေၾကာင့္ ေက်ာင္းမျွပန္ေရာက္သည္ႏွင့္ ေဒၚေလးမရိွသၫ့္အခါမ်ိဳးတြင္ညေနစာအတြက္ ထမင္းအိုးတည္ရသည္။ညေနစာ၀ယ္ထားတာအဆင္သင့္ရိွပါက တစ္ခါတည္းဟင္းအိုးပါေရာ၍တည္ထားလိုက္သည္။မိစုႏွင့္ထြန္းကိုတို႔ကိုလည္း ထမင္းစာလ်ွင္ကၽြေးေမြးလိုက္ၿပီးေနာက္ ကေလးေတြလည္းသူဟာႏွင့္သူေဆာ့ ကိုယ္လည္းကိုယ့္ဘာသာစာလုပ္စရာရိွလ်ွင္လုပ္သည္။
သည္ရက္ပိုင္းတြင္ ဦးသက္ေဆြကေတာ့ပန္းရံလိုက္လုပ္၍အခ်ိဳးက်ေနေလသည္။
သို႔ေပမဲ့ သူ႔လုပ္ခဟာသူ႔အရပ္အိုးထဲသာ၀င္သည္။မိန္းမ၏လက္ထဲကိုေတာ့ အရက္ေငြ့သာေရာက္သည္။ေဒၚေလးႏွင့္ဦးသက္ေတြသည္ ကမ႓ာ့ရန္ဖက္ေတျြဖစ္တာေၾကာင့္ မ်က္ႏွာခ်င္းဆိုင္မိတာႏွင့္စကားကတတြတ္တြတ္မ်ားသည္။
ပံုရိပ္ကေတာ့ မသိခ်င္ေယာင္ေဆာင္လိုက္သည္ကမ်ားပါတယ္။
ၾကားသံုးၾကားမ၀င္ေကာင္းဘူးဆိုေပမဲ့ အရမ္းလြန္လာလ်ွင္ေတာ့ ကိုယ္လည္း၀င္ပါသင့္လ်ွင္ပါရမွာပါပဲ။ဒါေပမဲ့ ငါးနာရီေနာက္ပိုင္းဆိုလ်ွင္
ပံုရိပ္ကအိမ္မကပ္ရေတာ့သၫ့္အတြက္ ရန္ပဲြေတြႏွင့္ေဝးရာမွာနားေအးပါးေအးရိွေနခဲ့သည္။
ကိုယ္ျပန္ရသည့္အခ်ိန္ကလည္း မ်ားေသာအားျဖင့္ၪီးသက္ေဆြအိမ္မွာမရိွေတာ့သၫ့္အခ်ိန္၊မူး၍အိပ္ေနေသာအခ်ိန္ေတျြဖစ္၍ ကံေကာင္းေလသည္။ေဒၚေလးတို႔သားအမိသံုးေယာက္ကေတာ့
ပံုရိပ္၏အိပ္ခန္းထဲတြင္သာအေျခခ်ၾကေတာ့သည္။သူလည္း သူ႔ေယာက္်ားအမူးသမားႏွင့္ဘယ္အတူအိပ္ခ်င္ပါ့မလဲ။
အိမ္မွာက်န္ခဲ့သၫ့္ ကေလးေတြကေတာ့မိဘေတြရန္ျဖစ္တိုင္း ငိုေနၾကမလား ကိုယ္ခ်င္းစာမိေပမဲ့ အပ်ိဳႀကီးတို႔ကလာလာေခၚသြားတတ္၍ တဆိတ္ရင္ေအးရသည္။သို႔ေပမဲ့ ကိုယ္မရိွတုန္း အေဒါ့္ကိုရိုက္ႏွက္၊ကန္ေၾကာက္မွာလည္းစိုးရသည္။
ဘယ္တတ္ႏိုင္မွာလည္း ကၽဲြျဖစ္မွေတာ့ရႊံ႔ေၾကာက္ေနတာသဘာ၀မက်ေပ။ဒီေယာက္်ားကို အိမ္ေပၚမွာလက္ခံထားလိုက္မိမွေတာ့ ေကာင္းေကာင္းဆိုးဆိုးခံေပေတာ့လို႔ပဲ ေျပာႏိုင္ပါေတာ့မည္။
ညေနငါးနာရီထိုးခါနီးတိုင္း ေရမိုးခ်ိဳးရၿပီးသနပ္ခါးေရက်ဲလူးကာ ျမန္မာ၀တ္စံုကိုေရြး၀တ္ရေလသည္။ကိုယ္ကအသက္၁၅ႏွစ္ေက်ာ္ရံုသာရိွေသးေပမဲ့ ကေလးေတြကိုစာသင္ေပးရေသာေၾကာင့္ သူမ်ားအျမင္မရိုင္းခ်င္ေပ။
ေနာက္ပိုင္းရင္းႏွီး၍ေနသားက်သြားလ်ွင္ေတာ့ ကိုယ့္ဘာသာဂါ၀န္၀တ္၀တ္၊ေဘာင္းဘီ၀တ္၀တ္ရေပမဲ့ ယခုေတာ့စာသင္ခါစမွာ လူအထင္ႀကီးေအာင္ေတာ့ေနရမည္။
ဆရာေနမ်ိဳး၏တပၫ့္ျဖစ္၍ ဆရာ့ကိုေတာ့သိကၡာ
မက်ေစခ်င္ေပ။ကိုယ္စာသြားသင္ရေသာအိမ္မွာက ကိုယ္ႏွင့္သက္တူရြယ္တူေတြတစ္ေယာက္မ်ွမရိွေပမဲ့ လူႀကီးေတြေရ႔ွမို႔ပို၍အေနအထိုင္ဆင္ျခင္ရသည္။
စာသင္ေပးရသၫ့္အခ်ိန္တြင္ အစာေျပစားဖို႔မုန႔္ေတြ၊အခ်ိဳရည္ေတြလာခ်ေပးၿပီး သေဘာေကာင္းစြာဆက္ဆံေပမဲ့ မ်က္စိေဒါက္ေထာက္ကာၾကၫ့္ေနၾက၍ စိတ္မလံုမလဲေတာ့ျဖစ္ရသည္။ကိုယ္ေတြကဆင္းရဲေတာ့ သူတို႔အိမ္ကပစၥည္းေတြတစ္ခုခုပါမွာစိုးလို႔ထင္ပါရဲ့။
ဒါ့အျပင္ ကေလးေတြတစ္ခုခုေျပာမေကာင္းတာမ်ိဳးရိွလ်ွင္လည္း မဆူရဲေပ။
ကိုယ့္အိမ္က ကေလးမဟုတ္တဲ့အျပင္ သူမ်ားမ်က္စိေအာက္မွာ သူတို႔ကေလးေတြကိုဆူမိ၍
ငိုသြားခဲ့သည္ရိွေသာ ကိုယ့္ကိုထ၍ရန္ေတြ့ႏိုင္သည္။ကိုယ့္ရြာမွာၾကက္ဖေပမဲ့ သူမ်ားရြာမွာၾကက္မျဖစ္တာေၾကာင့္ အုပ္စုဖဲြ႔၍ဝိုင္းေတာ့အခြပ္မခံႏိုင္ပါ။
ကေလးေတြကလိမၼာေပမဲ့ လိုေလေသးမရိွေအာင္ အရာရာျဖၫ့္ဆည္းေပးခံေနရေသာ မိသားစုမွကေလးမ်ားျဖစ္၍ ကိုယ္လိုခ်င္ေသာပံုစံကိုသြင္းေပးရတာမ်ိဳးထက္ သူတို႔ေနေစခ်င္ေသာပံုအတိုင္းကိုယ္ကေနေပးရသည္။
စာမလုပ္ခ်င္ပါက လုပ္ခ်င္လာေအာင္ သူတို႔စိတ္၀င္စားေသာအရာေလးေတြကိုေျပာျပ၍
ေခ်ာ့ရသည္။ပံုရိပ္ကထိုသို႔ သင္ျပေပးေသာအခါ အိမ္ရွင္ေတြကလည္းသေဘာက်ၾကသည္။စာသင္တာတစ္ပတ္ေလာက္ပဲရိွေသးေပမဲ့ ပံုရိပ္ကိုကေလးေတြေရာ၊ကေလးမိဘေတြကပါ ႀကိဳဆိုၾကသၫ့္အတြက္ ၀မ္းသာပီတိျဖစ္ပါသည္။
ကေလးေတြကိုစာသင္မည္ဆိုေတာ့ အိမ္ေရ႔ွတိုက္မွအပ်ိဳႀကီးတို႔က ျမန္မာ၀တ္စံု၀မ္းဆက္ကေလးကို ခ်ဳပ္၍လက္ေဆာင္ေပးလာသည္။အပ်ိဳႀကီး၏ညီမ အန္တီသက္ေမကစက္ခ်ဳပ္တတ္သၫ့္အတြက္ ပိေတာက္ေျခာက္ေရာင္ ရင္ေစ့လက္စကႏွင့္ထဘီ
စကပ္ေလးကို ကိုယ္တိုင္ခ်ဳပ္ေပးေလသည္။
ဒီေန့ေတာ့ ကိုယ္ရဲ့တစ္ခုတည္းေသာရွားရွားပါးပါးထို၀တ္စံုေလးကို ၀တ္ဖို႔စဉ္းစားလိုက္သည္။
ပင္ကိုယ္အသားျဖဴသူမို႔ ပိေတာက္ေျခာက္ေရာင္၀တ္စံုေလးကို ကိုယ္မွာကပ္လိုက္သၫ့္အခါ ၀င္း၀င္းပပစႏၵာလမင္းကဲ့သို႔ အေရာင္အဝါေတြထြန္းလင္းသြားသလိုပင္။
ဆံထံုးေလးကိုထိပ္မွာစုထံုးထား၍ လည္တိုင္ေက်ာ့ေက်ာ့ကေပၚလြင္ေနသည္။အလွႀကိဳက္သူမဟုတ္ေပမဲ့ မွန္ထဲတြင္ျမင္ေနရေသာကိုယ့္မ်က္ႏွာကိုေတာ့ ဒီေန့မွထူးထူးျခားျခား ေသခ်ာၾကၫ့္မိသည္။
စိတ္ခ်မ္းသာ၍ထင္ပါရဲ့ မ်က္ႏွာေလးကၾကည္ေနသည္။ဆံပင္ကိုနဖူးေျပာင္ေအာင္ လွန္စည္းထားေပမဲ့ နဖူးေပၚတြင္က်ေနေသာ ဆံစေလးေတြကိုသက္တင္မိကာ အႃပံုးခပ္ေရးေရးေလး ဖန္ဆင္းၾကၫ့္မိသည္။ပံုရိပ္ဟာ အေမေဒၚေမသန႔္ႏွင့္တူပါသည္တဲ့ ။
အျခားရြာကကာလသားေတြပါ လာပိုးပန္းရေလာက္သည္အထိ ဂုဏ္ရနံ႔သတင္းေမႊးခဲ့ေသာ
အေမ့ကိုေတာ့ ပံုရိပ္မွီႏိုင္မည္မထင္ပါဘူး။
အေဖကလည္းအေမ့ကိုသိပ္ခ်စ္မွာပဲေနာ္။
ဒါဆို ပံုရိပ္ကိုေရာ။
"အင္း...မေတြးမိေအာင္ေနလည္း...သတိကရလာျပန္ၿပီ...မခ်စ္လို႔ထားခဲ့ၾကတာပဲ...
ငါကေရာ၀မ္းနည္းစရာလိုသလား..."
မွန္ေလးထဲမွ ကိုယ့္ရုပ္ကိုယ္ျပန္ၾကၫ့္လိုက္မိေတာ့ အိမ္အေပါက္၀မွဦးသက္ေဆြကိုမွန္ထဲမျွမင္လိုက္ရသည္။အနည္းငယ္ထိတ္လန႔္
လ်ွက္ေနာက္သို႔ ျပန္လွၫ့္ၾကၫ့္လိုက္မိေတာ့
ထိုလူႀကီးကလည္းပံုရိပ္ကို မ်က္လံုးႀကီးနီလ်ွက္
မေက်မနပ္ၾကၫ့္လာသည္။
ၿပီးေနာက္ အိမ္ေခါင္းရင္းဘက္၌ ေျခပစ္လက္ပစ္လွခ်လိုက္ေလသည္။သနပ္ခါးလိမ္းသၫ့္ေနရာကလည္း အိမ္အေပါက္၀ႏွင့္တန္းေနေတာ့ မျမင္ခ်င္လည္းျမင္ေနရေလသည္။ဆံပင္ကိုတစ္ခ်က္ဖီးသင္လိုက္ၿပီး လြယ္အိတ္ထဲသို႔ စာအုပ္ေလးေတြကိုေပါင္းထၫ့္ကာ အပ်ိဳႀကီးတို႔ဆီမွ စက္ဘီးသြားငွားဖို႔လုပ္ရသည္။
"လူေလးၾကၫ့္ေတာ့ လက္ေတာင့္ေလာက္နဲ႔...
အလွအပကမက္လာၿပီ..ေယာက္်ားေနာက္ျမန္ျမန္လိုက္သြားေတာ့...ျမန္ျမန္ေအးတာပဲ...ငါတို႔အိမ္မွာစားေပါက္တစ္ေပါက္ေလ်ွာ့တယ္..."
"ဦးေလးစကားကိုဆင္ျခင္ေျပာပါ...သူ႔ၾကၫ့္ေတာ့ သခ်ၤိဳင္းကုန္းကိုေျခတစ္ဖက္လွမ္းေနၿပီ..."
"ဘာ..ေသခ်င္းဆိုးေလး...ငနာမေလးနင္ဘာေျပာတာလည္း...နင္ျပန္လာခဲ့စမ္း...."
ဦးသက္ေဆြဟာ ပံုရိပ္ႏွင့္စကားႏိုင္လုတိုင္းတစ္ခါမ်ွမႏိုင္ေပ။ယခုလည္းအရက္မူးေနရာမွအလူးအလဲထရပ္ၿပီး အေနာက္မွာေဆြ့ေဆြ့ခုန္ကာက်န္ခဲ့သည္။ပံုရိပ္ကေတာ့ ထံုးစံအတိုင္းအပ်ိဳႀကီးတို႔အိမ္မွစက္ဘီးကိုယူစီးဖို႔ႀကံရျပန္သည္။
က်ူရွင္သြားသင္ရေသာအိမ္သည္ ကားလမ္းတစ္ဖက္ကမ္းတြင္ရိွေသာေၾကာင့္ စက္ဘီးကေလးႏွင့္ကပို၍အဆင္ေျပသည္။က်ူရွင္သင္ၿပီးျပန္လာမွ စက္ဘီးကိုအပ်ိဳႀကီးတို႔အိမ္မွာျပန္ထားၿပီး ဆရာေနမ်ိဳးဆီမွာ စာသြားသင္ရေပမည္။
ဒီစက္ဘီးကေလးသည္ ပံုရိပ္၏ေက်းဇူးရွင္ဟုဆိုရမည္။
"ပံုရိပ္တို႔ကေတာ့ေဟ့...အပ်ိဳႀကီးတို႔အိမ္ကစက္ဘီးကိုကန္ထရိုက္ဆဲြထားေတာ့တာပဲ..အခြင့္အေရးဆိုတာယူတိုင္းမေကာင္းဘူးေအ့...ဟိုကၿငိဳျငင္သြားမယ္..."
စက္ဘီးကေလးကိုေဒါက္ျဖဳတ္ေနတုန္းေအာက္ထပ္မွအိမ္ပိုင္ရွင္အဖြားႀကီးကတ တျငဴႁငူတစူစူလာလုပ္ေနေလသည္။သူ႔အိမ္ကစက္ဘီးလည္းမဟုတ္ပဲ ၾကားကေန၀င္နာေနျပန္ၿပီ။
လူၾကၫ့္ေတာ့ ေခါင္းေမႊးကေျပာင္ေနၿပီ
မရိွတဲ့လူေတြကိုသနားရမွန္း၊စာနာရမွန္းမသိပဲ
ခနဲ႔ဖို႔ေလာက္ပဲတတ္တယ္။
ပံုရိပ္တို႔ကလည္း ဂါရ၀တရားဆိုတာထားသင့္တဲ့လူမွထားစၿမဲပင္။
"အဖြားရယ္...အဖြားတို႔ေတာင္ေခြးေတြေမြးၿပီးသနားလို႔ေဈးႀကီးတာေတြ၀ယ္ကၽြေးေနေသးတာပဲ...သူမ်ားကလူခ်င္းစာနာသနားလို႔ စက္ဘီးေလးေပးစီးတာကိုဘာေတြမရႈစိတ္ပြားေနရတာလဲ...
အဖြားရဲ့ေအာက္တၫ့္တၫ့္မွာငရဲျပည္..အေပၚမွာနတ္ျပည္...ဘယ္ေလာက္ကုသိုလ္လုပ္လုပ္ မစၧရိယစိတ္ပြားရင္ေတာ့ငရဲျပည္ပဲေနာ္....
ဥစၥာအစၥည္းေတြလည္းသိပ္စဲြမေနနဲ႔...
ေသရင္မကၽြတ္ပဲေနအံုးမယ္...."
"ၾကၫ့္စမ္း...မိပံု.ညည္းငါ့ကိုမခန႔္ေလးစားနဲ႔...
လူႀကီးကိုလူႀကီးမွန္းမသိဘူး..."
"သြားၿပီအဖြားေရ..."
"သြား...သြား...ညည္းငါ့ၿခံထဲကိုဘယ္ေတာ့မွမလာခဲ့နဲ႔..."
"အဲ့ဒါေတာ့မရဘူး...စက္ဘီးလာျပန္ထားရအံုးမယ္..."
အသက္ႀကီးတဲ့လူေတြကို စိတ္ဒုကၡမေပးခ်င္ေပမဲ့ သူ႔ၿခံထဲကို၀င္လာတိုင္းလူကိုသူခိုးၾကၫ့္ၾကၫ့္ေနတတ္တဲ့အဖြားႀကီးကို တမင္ပညာျပပစ္ခဲ့ျခင္းပင္။လူေတြမ်ား မရိွတဲ့လူဆိုသိပ္ႏိွမ္ခ်င္တာပဲ။
စားစရာမရိွလ်ွင္ ဆားကိုမီးၿမိဳက္ၿပီးစားလိုက္မယ္ သူမ်ားပစၥည္းကိုေတာ့ဘယ္ေတာ့မွမခိုးဘူး။ဦးေလးျဖစ္သူက အရက္သမား၊အေဒၚျဖစ္သူကပဲျပဳတ္သည္ျဖစ္တဲ့အျပင္ သူမ်ားမလုပ္ခ်င္တဲ့တစ္အိမ္၀င္တစ္အိမ္ထြက္လ်ွက္ အ၀တ္ေလ်ွာ္ေသာအလုပ္ကိုလိုက္လုပ္ရသူ။
ဒီလိုဆိုေတာ့ ဒီအိမ္ကကေလးေတြကိုလည္း
အမ်ားအျမင္မွာဘယ္ယံုၾကည္မႈရိွၾကပါေတာ့မလဲ။အပ်ိဳႀကီးတို႔လို စိတ္ရင္းေကာင္းသူေတြရိွေနလို႔သာေပါ့။မဟုတ္ရင္ကိုယ္ေတြဟာ သူမ်ားမၾကင္ခ်င္တဲ့ခ်ဉ္ဖက္ေတျြဖစ္ေနရမွာ ေသခ်ာသည္။
ထြန္းကိုတို႔မိစုတို႔ဆိုလ်ွင္လည္း အ၀တ္ႏြမ္းေလးေတြႏွင့္မျပၫ့္မစံုေနရေသာကေလးေတျြဖစ္၍
သူတို႔ႏွင့္ေဆာ့ကစားေသာကေလးေတြဟာလည္း သူတို႔ကဲ့သို႔ဆင္းရဲတြင္းမွေမြးဖြားလာေသာ အသြင္တူကေလးေတြသာျဖစ္သည္။
အခ်ိဳ႕အေျခၾကီး၊အေနႀကီးမ်ားကမူ သူတို႔ကေလးမ်ားႏွင့္ေဆာ့သည္ကိုပင္ သိပ္မႀကိဳက္ခ်င္ၾကေပ။သူတို႔ၿခံထဲသို႔၀င္လ်ွင္ေမာင္းထုတ္တတ္ၾကသည္။ကိုယ့္ကေလးေတြကလည္း ႏူဝဲေနတာမဟုတ္ပဲ အထင္ေသးၾကသည္။
အဓိကကေတာ့ မိဘအသိုင္းအဝန္းေၾကာင့္ပါပဲ။
အသိုင္းအဝန္းျမင့္ေလ လူေတြဟာပိုအထင္ႀကီးတတ္ၾက၊ပိုအေရးေပးၾကတာသဘာ၀ပင္ျဖစ္သည္။ထို႔ေၾကာင့္မိမိသားသမီးကို မ်က္ႏွာမငယ္ေစခ်င္ပါက မိမိ၏လူေနမႈဘ၀ကိုျမင့္တက္ေအာင္အရင္ႀကိဳးစားရမည္ဟု ထင္ျမင္မိသည္။
အပ်ိဳႀကီးတို႔၏အိမ္ရွင္အဖြားႀကီးဟာလည္း
ထိုကဲ့သို႔အျမင္ႏွင့္ဆံုးျဖတ္သည္ထင္ပါရဲ့။
ကားလမ္းကိုေက်ာ္လာခဲ့ၿပီးေနာက္ ငါးနားရီထိုးခါနီးေလာက္တြင္ ကေလးေတြကိုစာသင္ေပးရေသာအိမ္သို႔ေရာက္ေလသည္။အိမ္ကေလးသည္
ၿခံႏွင့္၀န္းႏွင့္ျဖစ္ၿပီး သံပန္းတံခါးလည္းရိွေလသည္။ႏွစ္ထပ္အိမ္ကေလးျဖစ္ၿပီး ေပးသံုးဆယ္အက်ယ္ျဖစ္၍အိမ္ကႀကီးၿပီး အတြင္းဘက္တြင္က်ယ္သည္။
ၿခံထဲတြင္ေျမကြက္လပ္မ်ားရိွ၍ ယုဇပန္းပင္ေတြလည္းအမ်ားအျပားစိုက္ပ်ိဳးထားၿပီး ပိေတာက္ပင္ႀကီးတစ္ပင္လည္းရိွေလသည္။
အိမ္ပိုင္ရွင္အဘိုးႀကီးက အပင္စိုက္ဝါသနာပါသူျဖစ္၍ ၿခံထဲတြင္အရိပ္လည္းရ၊ေအးလည္းေအးသည္။ပိုက္ဆံရိွေတာ့လည္း ကိုယ္လိုသလိုပံုေဖာ္၍ ရေနတာေပါ့ေလ။မသိလ်ွင္ သူတို႔အိမ္ဟာ ပ်ိဳးပင္ေတြေရာင္းေသာအိမ္ႀကီးႏွင့္ပင္တူေနသည္။ပန္းအိုးႀကီး၊ငယ္ႏွင့္ ဂမုန္းပင္ေတြဆိုတာလည္း ေဝေနတာပါပဲ။
"တင္း...ေတာင္..."
လူေခၚဘဲလ္ကိုႏိွပ္လိုက္ေတာ့ အိမ္ထဲမွသူတို႔ခိုင္းဖို႔ရန္ရြာမွေခၚထားေသာ မိန္းကေလးထြက္လာေလသည္။ပံုရိပ္ႏွင့္ရြယ္တူေလာက္ရိွေပမဲ့ သူေလးကေတာ့တစ္ခါမွေက်ာင္းမေနခဲ့ရေပ။ထို႔ေၾကာင့္လည္း သူမ်ားအိမ္မွာခိုင္းခ်င္တိုင္းအခိုင္းခံေနရသည္မဟုတ္ပါလား။
"ညီမေလး...လာေလ ..အစ္မစက္ဘီးတြန္းခဲ့မယ္..."
"ရပါတယ္အစ္မ...ညီမဘာသာပဲတြန္းခဲ့ပါ့မယ္..."
"မဟုတ္တာ...အစ္မတြန္းခဲ့ပါ့မယ္..."
အညာသူမေရႊေခ်ာဆိုေတာ့ အသားအရည္ကညိုဖန႔္ဖန႔္ေပမဲ့ သေဘာျဖဴအူစင္းျဖစ္သည္။
ပံုရိပ္သည္ သူ႔ထက္လပိုင္းေလာက္ပဲငယ္ေပမဲ့ စာလာသင္ေပးသူျဖစ္၍ရိုရိုေသေသပံုစံမ်ိဳးဆက္ဆံေလသည္။အိမ္ႀကီးရွင္ေတြကေတာ့ လစာေပးရလို႔ထင္ပါရဲ့ ၾကည္ျဖဴသေဘာေကာင္းေပးၾကေပမဲ့ ရင္ထဲကျဖစ္တည္လာတာမ်ိဳးမဟုတ္ၾကဘူး။
"ဆရာမေလးေရာက္ၿပီလား..."
"ဟုတ္ကဲ့...."
ဧၫ့္ခန္းတြင္ထိုင္ေနၾကေသာ အိမ္ရွင္အဖိုးႀကီးကလွမ္းေမးေသာေၾကာင့္ ႃပံုး၍ျပလ်ွက္ယဉ္ယဉ္ေက်းေက်း ေလႏုေအးႏွင့္သာ ေျဖလိုက္သည္။
ဒီအိမ္တြင္လူဦးေရမ်ားမ်ားစားစားမရိွေပမဲ့ အဖိုးႀကီးအဖြားႀကီးႏွင့္ဒီအိမ္မွကေလးေတြ၏မိဘေတြမွလႊဲ၍ အစ္မအပ်ိဳႀကီးကမ်က္ႏွာနဲနဲတင္းခ်င္သည္။ပံုရိပ္ကလည္း စာသင္ဖို႔အတြက္သာ
၀င္ရံုထြက္ရံုဆိုေတာ့သူတို႔ႏွင့္ ၿငိစရာေတာ့အေၾကာင္းမရိွေပ။
"ဆရာမလာၿပီလား..."
"ဟုတ္ကဲ့..."
ထပ္မံ၍ကေလးအေမျဖစ္သူက ေနာက္ဘက္အခန္းမွထြက္လာလ်ွက္ေမးေလသည္။ပံုရိပ္လည္းေခါင္းၿငိမ့္ျပလိုက္ၿပီး အေပၚထပ္သို႔တက္ေသာေလွကားမွတစ္ဆင့္ ကေလးေတြကိုစာသင္ေသာအခန္းထဲသို႔၀င္လာလိုက္သည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၄)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment