(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၅)🔥 ဒုတိယပိုင်း
သူ့မြေးကို သိပ်တွေ့ချင်နေတယ်ထင်ပါရဲ့။
မြေးသုံးယောက်က လိမ္မာရေးခြားမရှိလေတော့ သူလည်းကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် မြက်တစ်ပင်ဖြစ်ဖြစ် ယုံကြည်ကိုးစားစွာလှမ်းဆွဲဖို့ကြိုးစားပြီပေါ့။
ပုံရိပ်တဲ့။ဘယ်လိုပုံစံလေး ဖြစ်လိမ့်မလဲ။
အဖေတူသလား။အမေတူသလား။
ဒါမှမဟုတ် အဖိုး၊အဖွားတွေနှင့်များလာတူရင်တော့ ဒီအိမ်မှာဒေါ်ရိပ်ညိုလိုလူနှစ်ယောက် ထိပ်တိုက်တွေ့ရင်ခက်ရချည်ရဲ့။
"ဒေါက်...ဒေါက်...အမေ...သမီးလာနှုတ်ဆက်တာပါ...ဘာလို့တံခါးကြီးပိတ်ထားရတာလဲ...."
"တင့်တင့်...ဟိုမိန်းမကိုတံခါးသွားဖွင့်ပေးလိုက်ပါဟယ်...."
သူ့သမီး၏အသံကိုကြားသည်နှင့် ငရဲမီးနှင့်အတို့ခံလိုက်ရသလို ချက်ချင်းအိုစာသွားလေသည်။အရင်ပုံစံအတိုင်း ပြတင်းဘက်သို့မျက်နှာကိုမူထားလိုက်လေသည်။
ခုံပေါ်တွင်တင်ထားသော ငါးဆန်ပြုတ်ကတော့ လက်ရာတောင်မယွင်းသေးပေ။
"အမေရယ်...တံခါးကြီးကိုဘာလို့ပိတ်ထားရတာလည်း...အထဲမှာတစ်ခုခုဖြစ်နေရင်
..ဘယ်နှယ့်လုပ်ပါ့မလဲ....အမေတို့ကတော့သိပ်ခက်တာပဲ...."
တံခါးကိုဖွင့်ပေးလိုက်သောအခါ အခန်းထဲသို့အသဲကျယ်ကျယ်နှင့် အိုးစည်လိုနားငြီးလောက်အောင်ပြောလျှက် ၀င်လာသည်။
ပုံစံကတော့ အပြင်သွားမည့်ပုံစံဖြစ်သည်။
LVအိတ်ကိုလက်မှာချိတ်ထားလျှက်
ဒေါ်ရိပ်ညိုမနှစ်သက်သော ဂါ၀န်ကိုယ်ကြပ်ကိုလည်း ၀တ်ထားသေးသည်။
သူ့ယောက်ျားက နိုင်ငံခြားတွင်အနေများခဲ့သူဖြစ်၍ သူ့မိန်းမကိုလည်း မိဘလက်ထက်ကပုံစံအားလုံးကိုပြောင်းပစ်လိုက်ပြီး ဘိုဆန်အောင်နေခိုင်းလေသည်။ဒေါ်ရိပ်ညိုဆိုသည်မှာလည်း လုပ်ငန်းကိစ္စများဖြင့် နိုင်ငံခြားသို့ခရီးခဏခဏထွက်ရသော
သူဖြစ်သောကြောင့် အသိဉာဏ်၊အတွေးအခေါ်ဟာခောတ်မှီပြီးသားပင်။
သို့ပေမဲ့၀တ်စားဆင်ယင်မှုကိုတော့ ဘယ်တော့မှ ကူးလူးရောယှက်ခြင်းမပြုပေ။
မြန်မာမိန်းကလေးဟာ မြန်မာဆန်သောအသွင်တို့ ဖုံးလွှမ်းနေရမည်။
"အမေ..အမေ့ခြေထောက်တွေကသိပ်မသန်ပေမဲ့ လှုပ်လို့ရတဲ့အနေအထားဆိုတော့ ရေထဲမှာလေ့ကျင့်ခန်းလုပ်ကြည့်ပါလားဟင် ...
အင်း..ဘယ်လိုပဲဖြစ်ဖြစ်အသက်၇၀ဆိုတာ အနားယူသင့်တဲ့အသက်အရွယ်ကိုရောက်နေပါပြီ....ကျွန်မသာအမေ့နေရာမှာဆိုရင်...
အိမ်ထဲမှာပဲအေးဆေးနေတယ်သိလား...
အမေရယ်...ကိုယ့်အသက်အရွယ်နဲ့...ဟိုသွားဒီသွားမလုပ်စမ်းပါနဲ့..."
"မေဦးရယ်...ကိုယ့်အမေအကြောင်းကို
ကိုယ်သိလျှက်နဲ့ဘာလို့ဒီလိုတွေပြောနေရတာလဲ...."
"အို...ကျွန်မအမေကိုကျွန်မပြောတာရှင်ကဘာကိုလာနာနေရတာလဲ...."
"မေဦး...ညည်းတိတ်စမ်း...ငါ့ကိုသေအောင်တစ်ဖက်လှည့်နဲ့လာလုပ်နေတာလား..."
"အို...အမေရယ်...ပြောရက်လိုက်တာကိုယ့်
အမေကို ဘယ်သားသမီးကသေစေချင်မှာလည်း...အခုကလည်းအမေပင်ပန်းတာကို
မကြည့်ရက်လို့ပါ...တစ်မျိုးမထင်ပါနဲ့အမေရယ်..."
သမီးဖြစ်သူ၏ ပလီပလာစကားများကြောင့် ဒေါ်ရိပ်ညိုခပ်မဲ့မဲ့ပြုံးလိုက်သည်။
ကိုယ်မွေးထားတဲ့သား၊သမီးအကြောင်းကို
အူမကနေခြေဖျားအဆုံးမသိပဲနေပါ့မလား။
စကားထဲကကို ဇာတိတွေပြနေသည်။
ဒီအမေအိုးကြီးကို အိပ်ခန်းထဲမှာပိတ်လှောင်ထားပြီး ရှိသမျှအရာအားလုံးကိုဒင်းတို့မွှေချင်သလို မွှေလို့ရအောင်စကားလမ်းကြောင်းကမ်းနေလိုက်တာ တော်တော်မေတ္တာထားချင်စရာသမီးပဲ။
မိဘဘာဖြစ်လို့ဖြစ်နေမှန်းလည်းဂရုမစိုက်ဘူး။ခွဲစိတ်ထားတာ သိပ်မကြာသေးတဲ့ခြေထောက်ကို ရေကူးကန်မှာလေ့ကျင့်ခန်းလုပ်စေချင်ပါသတဲ့။အရောင်တောင်မကျချင်သေးလို့ တဆစ်ဆစ်ကိုက်ခဲနေတာကို
အမေနာသလားလို့ တစ်ချက်မမေးပဲတောင်စဉ်ရေမရပြောချင်ရာတွေလျှောက်ပြောနေတယ်။တစ်ဦးတည်းသောသမီးလေးမို့ ကူဖော်လောင်ဖက်များရမလားမှတ်တယ်။
မီးလိုပူလောင်တဲ့သမီးပါလေ။
"ညည်းအပိုတွေပြောမနေပါနဲ့ ..အခုကဘာလိုချင်လို့လာတာလဲ...ပုံစံကြည့်ရတာတော့အပြင်သွားပြီးအလေလိုက်မလို့ပဲနေမယ်...
ကိုယ့်ကိုကိုယ်လည်း...ပြန်ကြည့်ပါအုံး...
ကလေးသုံးယောက်အမေဖြစ်နေပြီ...
ညည်းသားတောင်...ဘွဲ့ရပြီးနေပြီနော်..
အနေအထိုင်တွေကိုဆင်ခြင်စမ်းပါ...
ရှေ့နွားကဖြောင့်ဖြောင့်မသွားရင်...နောက်နွားတွေကလည်းဖြောင့်ဖြောင့်လိုက်တော့မှာမဟုတ်ဘူး...."
"အဲ့ဒါအသာထားစမ်းပါအမေရယ်...
ခုလောလောဆယ်...အပြင်သွားချင်လို့...နီလာလေးတစ်ကုံးလောက်ငှားစမ်းပါ
အမေရယ်..."
"ဟယ်...ညည်းရဲ့အတွင်းပစ္စည်းတွေရော...ဘယ်ရောက်ကုန်ပြီလဲ..."
"အလုပ်ထဲမှာအသုံးလိုလို့ ခဏထည့်ထားရတယ်အမေရယ်...အမေကကျောက်တွင်းတွေပိုင်တာပဲဥစ္စာ...ဒီတစ်ကုံးလောက်ကဘာမှမဖြစ်ပါဘူး..."
"အော်...."
ညည်းတွားရုံသာတတ်နိုင်သောဒေါ်ရိပ်ညိုသည် နီလာတစ်ကုံးကိုပေးလိုက်ရလေသည်။ပြန်ပေးမယ်လို့ပြောသွားပေမဲ့ သားသမီးဆီကပစ္စည်းများ ဘယ်နှစ်ခါပြန်ရဖူးလို့လဲ။
ကျောက်တွင်းများစွာကိုပိုင်ဆိုင်ထားသည့်အမျိုးသမီးတစ်ယောက်ဖြစ်သည့်အားလျှော်စွာ ဒီလောက်ပမာဏလေးက အသေးအဖွဲပေမဲ့ သူသည်ကိုယ့်လက်ထဲကပစ္စည်းတိုင်းကို တန်းဖိုးထားတတ်သူဖြစ်သည်။
ကိုယ်ပေးလိုက်သည့် သူဟာတန်ဖိုးမဲ့စွာသုံးဖြုန်းပစ်မည်ကိုသိ၍လည်း ပိုစိတ်မောရသည်။
"ဖွားညိုရေ...နေကောင်းလား...."
"သမီးတို့ကိုမုန့်ဖိုးပေးအုံး...မေမေက
ဒီတလောမှာ မုန့်ဖိုးတွေလည်းမပေးဘူး...."
သမီးအလှည့်ပြီးတော့ မြေးတွေကလာ၍ပခုံးနှိပ်သလို ဘာလိုလိုနှင့်ဖင်ပူအောင်တောင်အခန်းထဲမှာမနေကြပဲ မုန့်ဖိုးရပြီဆိုသည်နှင့်ပြန်ထွက်သွားကြသည်။အရာအားလုံးကို ခေါင်းတငြိမ့်ငြိမ့်နှင့်ကြည့်နေသူကတော့
ဒေါ်ယဉ်တင့်ဖြစ်သည်။
ဒီဖွားအေကြီးဟာ ရတနာတွေအလို
အလျှောက်ထွက်သော ကျွန်းကြီးတစ်ခုလိုဖြစ်နေသည်။
သင်္ဘောတွေဟာ တစ်စင်းပြီးတစ်စင်းကမ်းကပ်လာလိုက်ကြ၊ရတနာတွေကိုမသွားပြီး အဝေးကိုပြန်ထွက်သွားလိုက်ကြနှင့် ဖြစ်နေသည်။ကျွန်းကြီးကိုတော့ ဘယ်သူမှသာယာနာပျော်ဖွယ်ကောင်းအောင်၊ငြိမ်းအေးအောင်မပြုလုပ်ပေးခဲ့ကြဘူး။
မြင်ယောင်ပါတယ်။သူတို့အလိုရှိတာကို
ရသွားခဲ့ကြလျှင် သည်ကျွန်းကြီးကိုသူတို့မီးလောင်တိုက်သွင်းသွားကြမှာ။
ယွန်းမေဦးတဲ့ မိသားစုထဲတွင် တစ်ဦးတည်းသောမိန်းကလေးပေမဲ့ မိဘကိုပြန်ငဲ့မကြည့်ပဲ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်သောသူဖြစ်ပြီး သူ့ခင်ပွန်းနာမည်က သီဟနောင်ဖြစ်သည်။နိုင်ငံခြားကနေ ခရိုနီတွေ၊အာဏာရှိသူတွေနဲ့ပေါင်းပြီး ကားတွေခိုးသွင်းရင်းကနေကြီးပွားလာသည်။
အစကတော့ အိမ်ထောင်ခွဲနေကြပေမဲ့
သီဟနောင်တို့ကားတွေတင်လာသည့် သင်္ဘောသည်ပင်လယ်ထဲမှာနစ်တော့ ယောက္ခမအိမ်ကိုတပြုံတခေါင်းကြီးတက်လာကြရော။ ယောက္ခက ကျောက်တွင်းတစ်တွင်းပေးထားပြီး စက်ရုံတစ်ခုကို အုပ်ချုပ်ခိုင်းထားပေမဲ့ မရောင့်ရဲသည့် ဒီလူဟာပစ္စည်းတွေကိုခိုးထုတ်ပြီး မသမာသည့်နည်းတွေသုံးလာခဲ့တယ်။
ဦးမိုးမင်းရှိစဉ်က ဒီ့အတွက်စကားများခဲ့ပါသေးတယ်။သူ့သားမက်ကိုတောင် သူကိုယ်တိုင်အချုပ်ထဲကို ထည့်လိုက်လို့သမီးဖြစ်သူနဲ့ စကားအချေအတင်တွေဖြစ်ခဲ့သည်။
အခုဦးမိုးမင်းဆိုသောတောင်ကြီးပြိုသွားခဲ့တော့ ဒေါ်ရိပ်ညိုကိုသိပ်မလှည့်ရဲပေမဲ့
သိပ်တော့မလေးစားတာအမှန်ဖြစ်သည်။
အရှေ့မှာသာ မခုတ်တတ်သလိုလုပ်နေကြပေမဲ့ နောက်ကွယ်မှာတော့ခြေရာကြီးကြီးချထားသူဖြစ်သည်။ဒေါ်ရိပ်ညိုက အုပ်နိုင်လွန်းလို့သာသိပ်မလှုပ်ရဲခဲ့တာပါ။
ယခုတော့ ဒေါ်ရိပ်ညို၏ယာဉ်တိုက်မှုဖြစ်စဉ်ဟာ သူတို့အတွက်အခြေအနေကောင်းဖြစ်သွားခဲ့သည်။
မေညိုကလည်း ဒါကြောင့်ပဲသူ့မြေးဖြစ်သူ
ပုံရိပ်ကို သူ့ရဲ့ နားနှင့်မျက်စိအဖြစ်သဘောထားကာခေါ်ထားချင်တာဖြစ်လိမ့်မည်။
အခြားမြေးသုံးယောက်ကတော့ အတော်ထိန်းရခက်သည်။မိဘတွေကိုတောင်ပြောမရတာ မြေးဆိုလျှင်ပိုလို့တောင် ဆိုးတော့မည်။
ယွန်းနေခြည်၊ယွန်းနန္ဒာ နှင့်ဇွဲသီဟမင်းဆိုတဲ့
ဗိုလ်သုံးယောက်ကတော့ တောသုံးထောင်ကျားတွေဖြစ်ကြသည်။
ယွန်းနေခြည်သည် အသက်က(၁၆)နှစ်ဖြစ်ပေမဲ့ ကိုးတန်းကိုတောင်တစ်နှစ်ကျ၍ ယခုလည်းကိုးတန်းဒုတိယနှစ်တက်နေရသည်။
အရွယ်နဲ့မလိုက် အလှအပမက်လွန်းပြီး ကျောင်းမှာရန်ဖြစ်ရ၍ သူအမေဆိုကျောင်းနှင့်အိမ်ကိုကန်ထရိုက်ဆွဲထားရသည်။
ရုပ်ကလေးကလှတော့ ရည်းစားကိစ္စကလည်းအရွယ်နှင့်မမျှ ရှုပ်သည်။
မိဘကလည်း သားသမီးကိုငွေပဲပေးထားပြီး
ဂရုမစိုက်ပဲထင်တိုင်းကျဲပါစေဆိုကာ ပစ်ထားတော့ ကလေးကလည်းထင်သလိုနေသည်။ မေညိုကသာ တွေ့တိုင်းဆူပူတတ်လွန်း၍ အဖွား၏အနားတွင် သူတို့မနေရဲကြပေ။
နေလျှင်လည်း မလှုပ်ရဲကြပေ။အဘယ်ကြောင့်ဆိုသော် သူတို့ယခုတက်နေသောအိမ်သည် မေညို၏အိမ်ဖြစ်နေသောကြောင့်ပင်။
ယွန်းနန္ဒာကတော့ အသက်(၁၉)နှစ်ဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာဓာတုဗေဒဘာသာတွဲဖြင့် ဒုတိယနှစ်တက်နေလေသည်။
တက္ကိသိုလ်ကို သံယောဇဉ်ကြီးသူဖြစ်၍ ပထမနှစ်မှာတည်းကစာမေးပွဲကျခဲ့သည်။
ပရယ်တီကယ်လ်လည်း မှန်မှန်မဆင်းပဲ
မော်လမြိုင်သွားလိုက်၊ပုဂံကိုသွားလိုက်၊
စစ်ကိုင်းကိုကူးလိုက်နှင့် သူငယ်ချင်းများနဲ့ ဟေးလားဝါးလားအလေလိုက်နေတတ်သူဖြစ်သည်။
မန္တလေးမြို့မှာဆိုလျှင် ဘယ်နေရာကြည့်ကြည့်သူ့ခြေရာကြီးပါပဲ။
ခြေထောက်မှာ ဗွေပါသလားတော့မသိပေ။မိန်းကလေးတန်မဲ့ အိမ်ကပ်တယ်လို့မရှိဘူး။
ပထနှစ်စာမေးပွဲကျတော့ သူ့အဖွားက
ဒီတစ်ခါစာမေးပွဲထပ်ကျရင် ကားကိုသိမ်းမယ်ဆို၍ဒုတိယနှစ်ကို ဖင်လိမ်ပြီး၊မျက်စိလည်လမ်းမှားကာ ရောက်လာသူဖြစ်သည်။
ကိုယ့်ပုသိမ်ကြီးမြို့မှာလည်း တက္ကသိုလ်တွေရှိလျှက်နဲ့ တစ်ခုမှ၀င်ခွင့်မအောင်ပဲ၇၃လမ်းက မဟာအောင်မြေမြို့နယ်ကိုသွားတက်ရသတဲ့။ပုပ္ပါးဆိုလည်း ကိုယ်တွေသာ သိပ်မသွားဖြစ်တာ သူကတော့ပုပ္ပါးကနတ်တွေနဲ့တောင် ရင်နှီးနေပြီလားမသိပေ။ကိုယ်ကလည်း သားသမီးမရှိသူဖြစ်၍ ကလေးတွေကို ထိန်းကျောင်းပြောဆိုပေးချင်ပေမဲ့ သူ့မိဘတွေမကြိုက်မည်စိုး၍ နှုတ်ဆိတ်သာနေရသည်။
အကြီးဆုံးကောင်ဖြစ်သည့်ဇွဲသီဟမင်းကြပြန်တော့လည်း ဆယ်တန်းကိုထွန်းထွန်း ပေါက်ပေါက်နဲ့အောင်ခဲ့ပြီး တီဘီရောဂါဆေးရုံဘေးကပုသိမ်ကြီးဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှာ ဘွဲ့ရပြီးခဲ့ပေမဲ့
အသက်သာ၂၃နှစ်ပြည့်တယ် အခုထိအလုပ်မ၀င်သေးပေ။
သူ့အရွယ်ဆို သူများတွေများဆေးရုံတွေမှာ အလုပ်ဆင်းပြီးငွေရှာကာ မိဘကိုလုပ်ကျွေးနေကြလေပြီ။သူကတော့အလေလိုက်လို့ကောင်းတုန်းပါပဲ။
ဦးလေးဖြစ်သူကလည်း သူ့ဆေးရုံမှလာလုပ်ဖို့ခေါ်ပေမဲ့ "အလုပ်ကတစ်သက်လုံးလုပ်ရမှာ နားလို့ရတုန်းနားထားမည်၊ပျော်လို့ရတုန်းပျော်မည်တဲ့လေ။"
ရန်ကုန်ကဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်မှာက မေဂျာများလို့ သွားတက်ပါလားလို့ပြောတော့ "ကိုယ့်ပြည်၊ကိုယ့်မြို့ဟာအကောင်းဆုံးပဲ..အဆောင်မှာနေပြီးစိတ်ဆင်းရဲမခံနိုင်ပါဘူးတဲ့။"
ဘယ်သွားသွား ဆိုင်ကယ်လ်တကားကားနှင့် သူ့ကိုယ်သူနိုင်ငံခြားမင်းသားပုံဖမ်းနေတတ်သည်။ဘုရားဆူး ဒေါက်တာပါ။
အလုပ်အကိုင်မရှိသော ဒေါက်တာပေါ့။
အော်...ပုံရိပ်ဆိုတဲ့ကလေးရယ်။
မင်းကရောဘယ်လို ကလေးများလဲ။
ဒီညနေရန်ကုန်ကို ဆင်းရမည့်အရေးတွေးပြီး
စိတ်လှုပ်ရှားမှုတော့ ဖြစ်မိသည်။
(ပုံရိပ်သာဒေါ်ရိပ်ညိုရဲ့လက်ထဲကိုရောက်သွားခဲ့ရင် ဘယ်လိုပြောင်းလဲမှုတွေဖြစ်သွားမလဲ
နောက်နေ့ထပ်ဖတ်ချင်ရင် fbမှာများများshareပေးကြပါနော်)
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥 ဒုတိယပိုင္း
သူ႔ေယာက္်ားက ႏိုင္ငံျခားတြင္အေနမ်ားခဲ့သူျဖစ္၍ သူ႔မိန္းမကိုလည္း မိဘလက္ထက္ကပံုစံအားလံုးကိုေျပာင္းပစ္လိုက္ၿပီး ဘိုဆန္ေအာင္ေနခိုင္းေလသည္။ေဒၚရိပ္ညိုဆိုသည္မွာလည္း လုပ္ငန္းကိစၥမ်ားျဖင့္ ႏိုင္ငံျခားသို႔ခရီးခဏခဏထြက္ရေသာ
သူျဖစ္ေသာေၾကာင့္ အသိဉာဏ္၊အေတြးအေခၚဟာေခာတ္မွီၿပီးသားပင္။
သို႔ေပမဲ့၀တ္စားဆင္ယင္မႈကိုေတာ့ ဘယ္ေတာ့မွ ကူးလူးေရာယွက္ျခင္းမျပဳေပ။
ျမန္မာမိန္းကေလးဟာ ျမန္မာဆန္ေသာအသြင္တို႔ ဖံုးလႊမ္းေနရမည္။
"အေမ..အေမ့ေျခေထာက္ေတြကသိပ္မသန္ေပမဲ့ လႈပ္လို႔ရတဲ့အေနအထားဆိုေတာ့ ေရထဲမွာေလ့က်င့္ခန္းလုပ္ၾကၫ့္ပါလားဟင္ ...
အင္း..ဘယ္လိုပဲျဖစ္ျဖစ္အသက္၇၀ဆိုတာ အနားယူသင့္တဲ့အသက္အရြယ္ကိုေရာက္ေနပါၿပီ....ကၽြန္မသာအေမ့ေနရာမွာဆိုရင္...
အိမ္ထဲမွာပဲေအးေဆးေနတယ္သိလား...
အေမရယ္...ကိုယ့္အသက္အရြယ္နဲ႔...ဟိုသြားဒီသြားမလုပ္စမ္းပါနဲ႔..."
"ေမဦးရယ္...ကိုယ့္အေမအေၾကာင္းကို
ကိုယ္သိလ်ွက္နဲ႔ဘာလို႔ဒီလိုေတြေျပာေနရတာလဲ...."
"အို...ကၽြန္မအေမကိုကၽြန္မေျပာတာရွင္ကဘာကိုလာနာေနရတာလဲ...."
"ေမဦး...ညည္းတိတ္စမ္း...ငါ့ကိုေသေအာင္တစ္ဖက္လွၫ့္နဲ႔လာလုပ္ေနတာလား..."
"အို...အေမရယ္...ေျပာရက္လိုက္တာကိုယ့္
အေမကို ဘယ္သားသမီးကေသေစခ်င္မွာလည္း...အခုကလည္းအေမပင္ပန္းတာကို
မၾကၫ့္ရက္လို႔ပါ...တစ္မ်ိဳးမထင္ပါနဲ႔အေမရယ္..."
သမီးျဖစ္သူ၏ ပလီပလာစကားမ်ားေၾကာင့္ ေဒၚရိပ္ညိုခပ္မဲ့မဲ့ႃပံုးလိုက္သည္။
ကိုယ္ေမြးထားတဲ့သား၊သမီးအေၾကာင္းကို
အူမကေနေျခဖ်ားအဆံုးမသိပဲေနပါ့မလား။
စကားထဲကကို ဇာတိေတျြပေနသည္။
ဒီအေမအိုးႀကီးကို အိပ္ခန္းထဲမွာပိတ္ေလွာင္ထားၿပီး ရိွသမ်ွအရာအားလံုးကိုဒင္းတို႔ေမႊခ်င္သလို ေမႊလို႔ရေအာင္စကားလမ္းေၾကာင္းကမ္းေနလိုက္တာ ေတာ္ေတာ္ေမတၲာထားခ်င္စရာသမီးပဲ။
မိဘဘာျဖစ္လို႔ျဖစ္ေနမွန္းလည္းဂရုမစိုက္ဘူး။ခဲြစိတ္ထားတာ သိပ္မၾကာေသးတဲ့ေျခေထာက္ကို ေရကူးကန္မွာေလ့က်င့္ခန္းလုပ္ေစခ်င္ပါသတဲ့။အေရာင္ေတာင္မက်ခ်င္ေသးလို႔ တဆစ္ဆစ္ကိုက္ခဲေနတာကို
အေမနာသလားလို႔ တစ္ခ်က္မေမးပဲေတာင္စဉ္ေရမရေျပာခ်င္ရာေတြေလ်ွာက္ေျပာေနတယ္။တစ္ဦးတည္းေသာသမီးေလးမို႔ ကူေဖာ္ေလာင္ဖက္မ်ားရမလားမွတ္တယ္။
မီးလိုပူေလာင္တဲ့သမီးပါေလ။
"ညည္းအပိုေတြေျပာမေနပါနဲ႔ ..အခုကဘာလိုခ်င္လို႔လာတာလဲ...ပံုစံၾကၫ့္ရတာေတာ့အျပင္သြားၿပီးအေလလိုက္မလို႔ပဲေနမယ္...
ကိုယ့္ကိုကိုယ္လည္း...ျပန္ၾကၫ့္ပါအံုး...
ကေလးသံုးေယာက္အေမျဖစ္ေနၿပီ...
ညည္းသားေတာင္...ဘဲြ႔ရၿပီးေနၿပီေနာ္..
အေနအထိုင္ေတြကိုဆင္ျခင္စမ္းပါ...
ေရ႔ွႏြားကေျဖာင့္ေျဖာင့္မသြားရင္...ေနာက္ႏြားေတြကလည္းေျဖာင့္ေျဖာင့္လိုက္ေတာ့မွာမဟုတ္ဘူး...."
"အဲ့ဒါအသာထားစမ္းပါအေမရယ္...
ခုေလာေလာဆယ္...အျပင္သြားခ်င္လို႔...နီလာေလးတစ္ကံုးေလာက္ငွားစမ္းပါ
အေမရယ္..."
"ဟယ္...ညည္းရဲ့အတြင္းပစၥည္းေတြေရာ...ဘယ္ေရာက္ကုန္ၿပီလဲ..."
"အလုပ္ထဲမွာအသံုးလိုလို႔ ခဏထၫ့္ထားရတယ္အေမရယ္...အေမကေက်ာက္တြင္းေတြပိုင္တာပဲဥစၥာ...ဒီတစ္ကံုးေလာက္ကဘာမွမျဖစ္ပါဘူး..."
"ေအာ္...."
ညည္းတြားရံုသာတတ္ႏိုင္ေသာေဒၚရိပ္ညိုသည္ နီလာတစ္ကံုးကိုေပးလိုက္ရေလသည္။ျပန္ေပးမယ္လို႔ေျပာသြားေပမဲ့ သားသမီးဆီကပစၥည္းမ်ား ဘယ္ႏွစ္ခါျပန္ရဖူးလို႔လဲ။
ေက်ာက္တြင္းမ်ားစြာကိုပိုင္ဆိုင္ထားသၫ့္အမ်ိဳးသမီးတစ္ေယာက္ျဖစ္သၫ့္အားေလ်ွာ္စြာ ဒီေလာက္ပမာဏေလးက အေသးအဖဲြေပမဲ့ သူသည္ကိုယ့္လက္ထဲကပစၥည္းတိုင္းကို တန္းဖိုးထားတတ္သူျဖစ္သည္။
ကိုယ္ေပးလိုက္သၫ့္ သူဟာတန္ဖိုးမဲ့စြာသံုးျဖဳန္းပစ္မည္ကိုသိ၍လည္း ပိုစိတ္ေမာရသည္။
"ဖြားညိုေရ...ေနေကာင္းလား...."
"သမီးတို႔ကိုမုန႔္ဖိုးေပးအံုး...ေမေမက
ဒီတေလာမွာ မုန႔္ဖိုးေတြလည္းမေပးဘူး...."
သမီးအလွၫ့္ၿပီးေတာ့ ေျမးေတြကလာ၍ပခံုးႏိွပ္သလို ဘာလိုလိုႏွင့္ဖင္ပူေအာင္ေတာင္အခန္းထဲမွာမေနၾကပဲ မုန႔္ဖိုးရၿပီဆိုသည္ႏွင့္ျပန္ထြက္သြားၾကသည္။အရာအားလံုးကို ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ၾကၫ့္ေနသူကေတာ့
ေဒၚယဉ္တင့္ျဖစ္သည္။
ဒီဖြားေအႀကီးဟာ ရတနာေတြအလို
အေလ်ွာက္ထြက္ေသာ ကၽြန္းႀကီးတစ္ခုလိုျဖစ္ေနသည္။
သေဘၤာေတြဟာ တစ္စင္းၿပီးတစ္စင္းကမ္းကပ္လာလိုက္ၾက၊ရတနာေတြကိုမသြားၿပီး အေဝးကိုျပန္ထြက္သြားလိုက္ၾကႏွင့္ ျဖစ္ေနသည္။ကၽြန္းႀကီးကိုေတာ့ ဘယ္သူမွသာယာနာေပ်ာ္ဖြယ္ေကာင္းေအာင္၊ၿငိမ္းေအးေအာင္မျပဳလုပ္ေပးခဲ့ၾကဘူး။
ျမင္ေယာင္ပါတယ္။သူတို႔အလိုရိွတာကို
ရသြားခဲ့ၾကလ်ွင္ သည္ကၽြန္းႀကီးကိုသူတို႔မီးေလာင္တိုက္သြင္းသြားၾကမွာ။
ယြန္းေမဦးတဲ့ မိသားစုထဲတြင္ တစ္ဦးတည္းေသာမိန္းကေလးေပမဲ့ မိဘကိုျပန္ငဲ့မၾကည့္ပဲ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္ေသာသူျဖစ္ၿပီး သူ႔ခင္ပြန္းနာမည္က သီဟေနာင္ျဖစ္သည္။ႏိုင္ငံျခားကေန ခရိုနီေတြ၊အာဏာရိွသူေတြနဲ႔ေပါင္းၿပီး ကားေတြခိုးသြင္းရင္းကေနႀကီးပြားလာသည္။
အစကေတာ့ အိမ္ေထာင္ခဲြေနၾကေပမဲ့
သီဟေနာင္တို႔ကားေတြတင္လာသည့္ သေဘၤာသည္ပင္လယ္ထဲမွာနစ္ေတာ့ ေယာကၡမအိမ္ကိုတႃပံုတေခါင္းႀကီးတက္လာၾကေရာ။ ေယာကၡက ေက်ာက္တြင္းတစ္တြင္းေပးထားၿပီး စက္ရံုတစ္ခုကို အုပ္ခ်ဳပ္ခိုင္းထားေပမဲ့ မေရာင့္ရဲသၫ့္ ဒီလူဟာပစၥည္းေတြကိုခိုးထုတ္ၿပီး မသမာသည့္နည္းေတြသံုးလာခဲ့တယ္။
ဦးမိုးမင္းရိွစဉ္က ဒီ့အတြက္စကားမ်ားခဲ့ပါေသးတယ္။သူ႔သားမက္ကိုေတာင္ သူကိုယ္တိုင္အခ်ဳပ္ထဲကို ထၫ့္လိုက္လို႔သမီးျဖစ္သူနဲ႔ စကားအေခ်အတင္ေတျြဖစ္ခဲ့သည္။
အခုဦးမိုးမင္းဆိုေသာေတာင္ႀကီးၿပိဳသြားခဲ့ေတာ့ ေဒၚရိပ္ညိုကိုသိပ္မလွၫ့္ရဲေပမဲ့
သိပ္ေတာ့မေလးစားတာအမွန္ျဖစ္သည္။
အေရ႔ွမွာသာ မခုတ္တတ္သလိုလုပ္ေနၾကေပမဲ့ ေနာက္ကြယ္မွာေတာ့ေျခရာႀကီးႀကီးခ်ထားသူျဖစ္သည္။ေဒၚရိပ္ညိုက အုပ္ႏိုင္လြန္းလို႔သာသိပ္မလႈပ္ရဲခဲ့တာပါ။
ယခုေတာ့ ေဒၚရိပ္ညို၏ယာဉ္တိုက္မႈျဖစ္စဉ္ဟာ သူတို႔အတြက္အေျခအေနေကာင္းျဖစ္သြားခဲ့သည္။
ေမညိုကလည္း ဒါေၾကာင့္ပဲသူ႔ေျမးျဖစ္သူ
ပံုရိပ္ကို သူ႔ရဲ့ နားႏွင့္မ်က္စိအျဖစ္သေဘာထားကာေခၚထားခ်င္တာျဖစ္လိမ့္မည္။
အျခားေျမးသံုးေယာက္ကေတာ့ အေတာ္ထိန္းရခက္သည္။မိဘေတြကိုေတာင္ေျပာမရတာ ေျမးဆိုလ်ွင္ပိုလို႔ေတာင္ ဆိုးေတာ့မည္။
ယြန္းေနျခည္၊ယြန္းနႏၵာ ႏွင့္ဇဲြသီဟမင္းဆိုတဲ့
ဗိုလ္သံုးေယာက္ကေတာ့ ေတာသံုးေထာင္က်ားေတျြဖစ္ၾကသည္။
ယြန္းေနျခည္သည္ အသက္က(၁၆)ႏွစ္ျဖစ္ေပမဲ့ ကိုးတန္းကိုေတာင္တစ္ႏွစ္က်၍ ယခုလည္းကိုးတန္းဒုတိယႏွစ္တက္ေနရသည္။
အရြယ္နဲ႔မလိုက္ အလွအပမက္လြန္းၿပီး ေက်ာင္းမွာရန္ျဖစ္ရ၍ သူအေမဆိုေက်ာင္းႏွင့္အိမ္ကိုကန္ထရိုက္ဆဲြထားရသည္။
ရုပ္ကေလးကလွေတာ့ ရည္းစားကိစၥကလည္းအရြယ္ႏွင့္မမ်ွ ရႈပ္သည္။
မိဘကလည္း သားသမီးကိုေငြပဲေပးထားၿပီး
ဂရုမစိုက္ပဲထင္တိုင္းက်ဲပါေစဆိုကာ ပစ္ထားေတာ့ ကေလးကလည္းထင္သလိုေနသည္။ ေမညိုကသာ ေတြ့တိုင္းဆူပူတတ္လြန္း၍ အဖြား၏အနားတြင္ သူတို႔မေနရဲၾကေပ။
ေနလ်ွင္လည္း မလႈပ္ရဲၾကေပ။အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔ယခုတက္ေနေသာအိမ္သည္ ေမညို၏အိမ္ျဖစ္ေနေသာေၾကာင့္ပင္။
ယြန္းနႏၵာကေတာ့ အသက္(၁၉)ႏွစ္ျဖစ္ၿပီး မႏၲေလးတကၠသိုလ္မွာဓာတုေဗဒဘာသာတဲြျဖင့္ ဒုတိယႏွစ္တက္ေနေလသည္။
တကၠိသိုလ္ကို သံေယာဇဉ္ႀကီးသူျဖစ္၍ ပထမႏွစ္မွာတည္းကစာေမးပဲြက်ခဲ့သည္။
ပရယ္တီကယ္လ္လည္း မွန္မွန္မဆင္းပဲ
ေမာ္လၿမိဳင္သြားလိုက္၊ပုဂံကိုသြားလိုက္၊
စစ္ကိုင္းကိုကူးလိုက္ႏွင့္ သူငယ္ခ်င္းမ်ားနဲ႔ ေဟးလားဝါးလားအေလလိုက္ေနတတ္သူျဖစ္သည္။
မႏၲေလးၿမိဳ႔မွာဆိုလ်ွင္ ဘယ္ေနရာၾကၫ့္ၾကၫ့္သူ႔ေျခရာႀကီးပါပဲ။
ေျခေထာက္မွာ ေဗြပါသလားေတာ့မသိေပ။မိန္းကေလးတန္မဲ့ အိမ္ကပ္တယ္လို႔မရိွဘူး။
ပထႏွစ္စာေမးပဲြက်ေတာ့ သူ႔အဖြားက
ဒီတစ္ခါစာေမးပဲြထပ္က်ရင္ ကားကိုသိမ္းမယ္ဆို၍ဒုတိယႏွစ္ကို ဖင္လိမ္ၿပီး၊မ်က္စိလည္လမ္းမွားကာ ေရာက္လာသူျဖစ္သည္။
ကိုယ့္ပုသိမ္ႀကီးၿမိဳ႔မွာလည္း တကၠသိုလ္ေတြရိွလ်ွက္နဲ႔ တစ္ခုမွ၀င္ခြင့္မေအာင္ပဲ၇၃လမ္းက မဟာေအာင္ေျမၿမိဳ႔နယ္ကိုသြားတက္ရသတဲ့။ပုပၸါးဆိုလည္း ကိုယ္ေတြသာ သိပ္မသြားျဖစ္တာ သူကေတာ့ပုပၸါးကနတ္ေတြနဲ႔ေတာင္ ရင္ႏွီးေနၿပီလားမသိေပ။ကိုယ္ကလည္း သားသမီးမရိွသူျဖစ္၍ ကေလးေတြကို ထိန္းေက်ာင္းေျပာဆိုေပးခ်င္ေပမဲ့ သူ႔မိဘေတြမႀကိဳက္မည္စိုး၍ ႏႈတ္ဆိတ္သာေနရသည္။
အႀကီးဆံုးေကာင္ျဖစ္သၫ့္ဇဲြသီဟမင္းၾကျပန္ေတာ့လည္း ဆယ္တန္းကိုထြန္းထြန္း ေပါက္ေပါက္နဲ႔ေအာင္ခဲ့ၿပီး တီဘီေရာဂါေဆးရံုေဘးကပုသိမ္ႀကီးေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မွာ ဘဲြ႔ရၿပီးခဲ့ေပမဲ့
အသက္သာ၂၃ႏွစ္ျပၫ့္တယ္ အခုထိအလုပ္မ၀င္ေသးေပ။
သူ႔အရြယ္ဆို သူမ်ားေတြမ်ားေဆးရံုေတြမွာ အလုပ္ဆင္းၿပီးေငြရွာကာ မိဘကိုလုပ္ကၽြေးေနၾကေလၿပီ။သူကေတာ့အေလလိုက္လို႔ေကာင္းတုန္းပါပဲ။
ဦးေလးျဖစ္သူကလည္း သူ႔ေဆးရံုမွလာလုပ္ဖို႔ေခၚေပမဲ့ "အလုပ္ကတစ္သက္လံုးလုပ္ရမွာ နားလို႔ရတုန္းနားထားမည္၊ေပ်ာ္လို႔ရတုန္းေပ်ာ္မည္တဲ့ေလ။"
ရန္ကုန္ကေဆးဘက္ဆိုင္ရာနည္းပညာတကၠသိုလ္မွာက ေမဂ်ာမ်ားလို႔ သြားတက္ပါလားလို႔ေျပာေတာ့ "ကိုယ့္ျပည္၊ကိုယ့္ၿမိဳ႔ဟာအေကာင္းဆံုးပဲ..အေဆာင္မွာေနၿပီးစိတ္ဆင္းရဲမခံႏိုင္ပါဘူးတဲ့။"
ဘယ္သြားသြား ဆိုင္ကယ္လ္တကားကားႏွင့္ သူ႔ကိုယ္သူႏိုင္ငံျခားမင္းသားပံုဖမ္းေနတတ္သည္။ဘုရားဆူး ေဒါက္တာပါ။
အလုပ္အကိုင္မရိွေသာ ေဒါက္တာေပါ့။
ေအာ္...ပံုရိပ္ဆိုတဲ့ကေလးရယ္။
မင္းကေရာဘယ္လို ကေလးမ်ားလဲ။
ဒီညေနရန္ကုန္ကို ဆင္းရမၫ့္အေရးေတြးၿပီး
စိတ္လႈပ္ရွားမႈေတာ့ ျဖစ္မိသည္။
(ပံုရိပ္သာေဒၚရိပ္ညိုရဲ့လက္ထဲကိုေရာက္သြားခဲ့ရင္ ဘယ္လိုေျပာင္းလဲမႈေတျြဖစ္သြားမလဲ
ေနာက္ေန့ထပ္ဖတ္ခ်င္ရင္ fbမွာမ်ားမ်ားshareေပးၾကပါေနာ္)

No comments:
Post a Comment