(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၅)🔥 ပထမပိုင်း
လူ့ဘ၀ကြီးသည် အင်မတန်ကြောက်စရာကောင်းသည်။ကွေးသောလက်မဆန့်မှီ၊
ဆန့်သောလက်တို့မကွေးမှီတွင် သေကြ၊ကြေကြရသည်မှ လူတိုင်းတွေ့နိုင်သောဖြစ်ပျက်သဘောများပင်ဖြစ်သည်။
အလိုလောဘ၊မာန်မာနဆိုသည်မှာ အင်မတန်ပူလောင်ရသည်။ထိုလောဘစိတ်ဆန္ဒများကို ရင်ဝယ်ပိုက်ထားသောသူသည် မီးဟုန်းဟုန်းလောင်မြိုက်နေသော မီးတောက်ကြီးအား မိုက်ရူးရဲစွာတိုးတိုက်ဖြတ်သန်းသွားလာလိုသော ပိုးဖလံငယ်နှင့်အလားသဏ္ဍန်တူနေသည်။
တကယ့်တကယ် ဒုက္ခပင်လယ်ဝေပြီး ခန္ဓာကိုယ်ပါထိခိုက်ပျက်ယွင်းလာသည့်အခါ ဥစ္စာပစ္စည်းဆိုတာကလည်း ရောဂါတစ်၀က်၏ဆေးဆရာဖြစ်ပြီး ကျန်တစ်၀က်ကတော့ ယခုဘ၀နှင့် ရှေးဘ၀မှကိုယ်ပြုခဲ့သောကုသိုလ်ကံ၏ အကျိုးပေးနှင့်သက်ဆိုင်နေသည်။
ကံဆိုသည်မှာအလုပ်ဟုဆိုလျှင် ဘ၀၏
အသက်ဆက်ဆေးမှာကုသိုလ်ဖြစ်သည်။
သီလကုသိုလ်သည်နောင်သံသရာဘ၀ဆက်တိုင်း အကျိုးကြီးသောအရာပင်ဖြစ်သည်။ ရေဗူးနှင့်ဖိနပ်မပါလျှင် နွေခါမှသိမည်။
သီလနှင်ဒါနမပါလျှင်သေခါမှသိပေလိမ့်မည်။
ဇာတ်ကြီးဆယ်ဘွဲ့ရှိနေမိဇာတ်တွင် သီကြားမင်းပြောကြားတော်မူခဲ့သည့်သီလသည်ဒါနထက်အကျိုးကြီးသည်ဟူသော စကားကို
အမြဲမှတ်သားထားသည်။
ကိုယ်ကတော့ ဤအချက်ကိုသဘောပေါက်၍
သီလကုသိုလ်ကို အသိုက်ထဲတွင်အစာဖြည့်သကဲ့သို့ အမြဲဖြည့်စွမ်းသည်။
ထို့ကြောင့် နေ့စဉ်မပြတ် ခင်ပွန်းကြီးဆယ်ပါးကိုရှစ်ခိုးဦးချလျှက် ရှစ်ပါးသီလကိုလည်းခံယူသည်။ခင်ပွန်းသည်နှင့်ပင် လက်ပွန်းတတီးမနေဖြစ်တော့၍ စိတ်ပျက်ချင်ပျက်ပါစေ။
မိန်းမတို့၏ ၀တ္တရားအရကျေပွန်အောင်ဆောင်ရွက်ပေးသည်။အိမ်ထောင်မှု၏အဓိကသော့ချက်ဖြစ်သော သစ္စာတရားကိုလက်ကိုင်ထားပြီးဖြစ်သည်။ခင်ပွန်းသည် မည်မျှပွေရှုပ်ပါစေ အပြစ်မြင်မည်မဟုတ်ပါ။ကိုယ်တိုင်ဟာ အတိတ်ဘ၀ကုသိုလ်ကြောင့် အမြုံမဖြစ်နေရသည်မဟုတ်ပါလား။
ပတ်၀န်းကျင်မှလူတွေသည် မိဘမောင်ဘွားတွေနှင့်ကိုယ့်အဆင့်အတန်းဆွေမျိုးညာတိတို့၏မျက်နှာကြောင့်သာ စကားလှလှသုံးကြပေမဲ့ သူတို့တိုက်ရိုက်စော်ကားပုတ်ခတ်လာပါကလည်းအပြစ်မမြင်တော့ပါဘူး။
အမှန်တရားဆိုတာ ခါးသက်သည်မဟုတ်ပါလား။ပြောကြပါစေ။ကိုယ်ကတော့ ခွန်းတုန့်ပြန်ဖို့ကြိုးစားမှာမဟုတ်ဘူး။ငရဲကြီးရှစ်ထပ်၏ အောက်ဆုံးထပ်ဖြစ်သောအဝီဇိငရဲတွင် ဂျိုးမကပ်ချင်ပေ။
ယခုပင်လျှင် ကိုယ့်မျက်မှောက်မှာတင် အရာအားလုံးကလျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့လေပြီ။
ဘ၀ဇာတ်ဆရာ၏ လှည့်ကွက်တွေဟာအင်မတန်မြန်ဆန်ပြီး ကြောက်ခမန်းလိလိရက်စက်ပါသည်။လူတွေဟာ ကြိုးဆွဲရုပ်တွေဖြစ်နေကြပြီး တကယ်ဒုက္ခလားရာသို့
တည့်တည့်သွားရမည်ဆိုပါက မလှုပ်မယှက်တုပ်နှောင်ချည်ကာ မရဏတွင်း၀မှသူ့အလိုလိုခုန်ချမိလိမ့်မည်ဖြစ်သည်။
ငါတို့ဟာ သေမင်း၏သားကောင်တွေပါလား။
နေ့စံ၊ညခံဆိုတာမျိုးတွေကို ကိုယ်တိုင်မမြင်ဖူးပေမဲ့ ရွှေပုံကြီးပေါ်တွင်ထိုင်လျှက်ကနေ ဒုက္ခိတဘ၀သို့ ကူးပြောင်းရသောလူတစ်ယောက်၏အဖြစ်ကိုတော့ မျက်ဝါးထင်ထင်မြင်နေရလေသည်။
တစ်နေ့...တစ်နေ့စိတ်ဓာတ်တွေကျ၍ ငါသေလိုက်ချင်သည်ဟု ညည်းငြူနေတတ်သောယောက္ခမကြီးဒေါ်ရိပ်ညို၏အဖြစ်သည် ဘေးကကြည့်နေသူတွေအဖို့ မည်သည့်စကားမျိုးဖြင့် နှစ်သိမ့်ရမှန်းတောင်မတွေးတတ်တော့ပေ။
မိုးကုတ်တွင်ရှိသော အသစ်တူးဖော်သည့်ကျောက်တွင်းသို့အသွားတွင် ကားအက်စီးဒဲန့်ဖြစ်၍ ခြေထောက်အရိုးတို့ကျိုးသွားခဲ့သည်။
အရိုးပြန်ဆက်ရန်ခွဲစိတ်မှုပြုလုပ်ထားပေမဲ့ ယခုနှစ်ပတ်လောက်အထိ ခြေထောက်တွေကလှုပ်လို့ရရုံသာရှိသေးပြီး လမ်းလျှောက်၍မရသေးသောကြောင့်
တစ်နေရာရာသို့သွားလိုလျှင် ဝှီးချဲလ်နှင့်သာသွားရသည်။
နဂိုတည်းကစိတ်မြန်၊လက်မြန်အမျိုးသမီးကြီးဖြစ်တဲ့အပြင် မိမိကိုယ်ကိုကလွဲလျှင်
မည်သူ့ကိုမှအယုံအကြည်မရှိသူဖြစ်၍
အခုအသက်၇၀ကျော်သည်အထိ အနားမယူခဲ့သည့် အမျိုးသမီးကြီးဖြစ်သည်။
သွေးတိုးရောဂါလောက်သာရှိသူပေမဲ့ လှုပ်ရှား၍မရသောခွဲစိတ်ထားပြီးခါစခြေထောက်တွေ၏ နာကျင်မှုကိုအလူးအလဲခံနေရရှာသည်။ဒါတောင် သူ့လုပ်ငန်းတွေကိုစိတ်မချချင်ပဲ သူ့လက်ထောက်ကိုအလုပ်နှင့်ပတ်သတ်သည့် အထွေအထူးကိစ္စများကို
ဖုန်းနှင့်လှမ်းလှမ်းမေးသေးသည်။အသက်၇၀ကျော်ပေမဲ့ ဘေးနားမှာခွေးအာတွေကဝိုင်းနေလေတော့ ပင်စင်ယူလို့မရသေးသည့်အမျိုးသမီးကြီးပါပဲ။
လူ့လောဘများ သိပ်ကြောက်ဖို့ကောင်းပါသည်။
"အန်တီတင့်ရေ...ဒီမှာငါးဆန်ပြုတ်လေးရပါပြီ..."
"အေး...ကွပ်ကီးနဲ့အိုဗာတင်းရော..."
"အဆင်သင့်ပါပဲ...."
"ဒါဆို...ပေးပေး...ညနေကျရင်တော့ငါပဲစီမံပေးလိုက်မယ်....ငါလည်းလေ...
မေမေကောင်းစဉ်ကအငြိမ်နေပြီး ဘေးရှောင်နေခဲ့သမျှ..အခုတော့အတိုးရော..အရင်းရောပြန်ဆပ်နေရပြီ...တရားခွေလေးလည်း
ကောင်းကောင်းနားမထောင်ရတော့သလို
...ပုတီးလေးတောင်တစ်ပတ်ပြည့်အောင်
စိပ်ခွင့်မရတော့ဘူး..အင်း..မေညို့ကိုညှင်းဆဲခဲ့သမျှ..ပြန်ခံနေရတာပါပဲ...သူ့သားကတော့ဆေးကုဖို့လောက်ပဲတတ်တယ်..."
ဒေါ်ယဉ်တင့်တစ်ယောက် ထဘီအဖျားတွေကိုတဖျပ်ဖျပ်မြည်အောင်ခပ်ပြီး
လမ်းလျှောက်လျှက်အိမ်အတွင်းပိုင်းရှိ အိပ်ခန်းကျယ်ကြီးတစ်ခုထဲသို့၀င်သွားလေသည်။အိပ်ခန်းထဲသို့၀င်လိုက်စဉ်မှာပဲ မျက်နှာလေးအိုလျှက် ယခုမှအမယ်အိုပုံစံဖြစ်၍နေသော ဒေါ်ရိပ်ညိုကိုတွေ့လိုက်ရသည်။ပြတင်ပေါက်မှနေ၍ ဝှီးချဲလ်ပေါ်တွင်ထိုင်ကာ ခြံထဲတွင်စိုက်ထားသောအပင်
စိမ်းစိမ်းစိုစိုတို့ကို မျှော်ကြည့်နေလေသည်။
ငါးဆန်ပြုတ်ပန်းကန်လေးကိုကိုင်လျှက် အနောက်တွင်ရပ်နေသော ဒေါ်ယဉ်တင့်ကိုယ်တိုင်ပင် တွေတွေကြီးဖြစ်လျှက်မျက်ရည်ဝဲရရှာသည်။ကိုယ်ကချွေးမပေမဲ့ မိခင်ရင်းတစ်ယောက်ကို သဘောထားမိပါသည်။
သားကိုရော လင်ယောက်ျားကိုပါဆုံးရှုံးထားရသည့်ဒေါ်ရိပ်ညိုသည် အင်မတန်အသဲမာသောမိန်းမတစ်ယောက်ပါလေ။
ပုံမှန်လူဆိုပါက အိပ်ယာထဲတွင်ဗုန်းဗုန်းလဲနေလောက်ပေမဲ့ ယခုအထိကားတိုက်ထားသည့် ဒဏ်ရာတွေမကျက်သေးတာတောင်
ဒီအမျိုးသမီးဟာ သူ့ကိုယ်သူအားကိုးနေတုန်းပါပဲ။
ဒီအသက်အရွယ်မှာ တစ်သတ်စားမကုန်
သည့်စည်းစိမ်တွေနှင့်အေးအေးချမ်းချမ်းနေလို့ရပါလျှက်နှင့် သံယောဇဉ်အနွယ်အနှောင်းတွေကမပျက်သေးသလို ဥစ္စာကိုမက်၍
လောဘကမကုန်ခမ်းသေးပဲကိုး။
ဒီတော့လည်း ဒုက္ခတွင်းထဲမှာလောင်မြိုက်နေရုံမှတပါး အခြားမရှိတော့ဘူးပေါ့။
သူ့နေရာမှ ကိုယ်တွေးပြန်လျှင်လည်း အတိုင်းအစမရှိ များပြားလှသော စည်းစိမ်တွေဟာနှစ်ပေါင်းများစွာ စုဆောင်းပြီးမှဖြစ်တည်လာခဲ့တော့ဘယ်လက်လွတ်စပယ်ပစ်ထားရပ်မှာလဲ။
"တင့်တင့်ရောက်လာပြီလား...."
"ဟုတ်ကဲ့မေညို...ဒီမှာအမေ့အတွက်ငါးဆန်ပြုတ်လေးပါလာတယ်...တင့်တင့်...
ခွံ့ကျွေးမယ်နော်...."
"နေပါ...အမေပြောစရာရှိတယ်...အစားကနောက်မှစားလည်းရပါတယ်..."
ဒေါ်ယဉ်တင့်ကခွံ့ကျွေးချင်ပေမဲ့ မေညိုသည်အတင်းပဲလက်ကာ၍ တားဆီးလာသောကြောင့် လင်ဗန်းလေးကိုခုံပေါ်တွင်သာချထားလိုက်ရသည်။အမှန်ကမနက်စာအဖြစ် ဆန်ပြုတ်လေးတိုက်ဖို့ရည်ရွယ်ထားပေမဲ့ စိတ်ဓာတ်ကျနေသော မေညိုသည်ခံတွင်းတွေပါပျက်ပြီး အစာစားချင်စိတ်ကင်းမဲ့နေ၍ အိုဗာတင်းနှင့်ကွတ်ကီးလေးကိုပါ အပိုယူလာခဲ့ရသည်။
ဒီအိမ်မှာ မေညို့ကိုလက်ပွန်းတတီးနှင့်စိတ်ရှည်စွာ ပြုစုယုယပေးသည်မှာဒေါ်ယဉ်တင့်တစ်ယောက်တည်းသာရှိလေသည်။
ဒေါ်ရိပ်ညို၏ သမီးအရင်းဖြစ်သော
ယွန်းမေဦးနှင့်အခြားသောသူများကတော့ အရိပ်ပြရုံလောက်သာရှိကြပြီး တခါတလေအကျိုးအမြတ်ပါ ရအောင်ယူသွားကြသေးသည်။
ဒါကြောင့်လည်း အဖွားကြီးခမျာ ဒုက္ခိတဖြစ်နေသော သူ့ကိုယ်သူလည်း ဒေါသထွက်နေသလို အားမလိုအားမရဖြစ်စွာ အနာဂတ်ကိုကြိုတွေးရင်း ရင်တမမဖြစ်နေလေသည်။
သူ့အားနည်းချက်ကို ကျားချောင်းချောင်း၍ နောက်ကျောသို့ဓားနှင့်ထိုးဖို့ရန် အသင့်စောင့်နေသောလူများထဲတွင် အနီးဆုံးလူတွေလည်း ပါ၀င်နေသောကြောင့်ပင်။
"အခန်းတံခါးကိုသွားပိတ်လိုက်တင့်တင့်...
ပြောမဲ့စကားကအရေးကြီးတယ်...ဟိုလူတွေကြားလို့မဖြစ်ဘူး..."
"ဟုတ်ကဲ့...."
ဒေါ်ယဉ်တင့်သည် အခန်းတံခါးကြီးကို
ခပ်ဖြည်းဖြည်းပိတ်လိုက်ပြီး ဒေါ်ရိပ်ညို၏
ဝှီးချဲလ်ဘေးရှိ ထိုင်ခုံအပုလေးတွင် ထိုင်လိုက်လေသည်။စကားပြောလျှင်မျက်လုံးချင်းဆုံပြီးမှပြောတတ်သော ဒေါ်ရိပ်ညို
၏အကျင့်အတိုင်း ဝှီးချဲလ်၏ဘီးကို
အနောက်ကို့ဖြည်းဖြည်းတွန်းလျှက်
ဒေါ်တင့်နှင့်မျက်နှာချင်းဆိုင်အောင်လုပ်လိုက်သည်။
"ပုံရိပ်ကိုသွားခေါ်ခိုင်းတဲ့ကိစ္စ...ဘာထူးသေးလဲ...အခုချိန်မှာပုံရိပ်ကိုငါအရေးတကြီးတွေ့ချင်တယ်.."
"တင့်တောင်းပန်ပါတယ်မေညိုရယ်...
တင့်တင့်အဲ့ဒီ့ကိစ္စကိုတကယ်မေ့နေတာ...
တင့်ရဲ့ယွန်းဆိုင်လေးကို အော်ဒါတင်တဲ့ကိစ္စတွေပျက်ရင်ရန်ကုန်ကိုဆင်းမလို့စဉ်းစားထားခဲ့တာ...အမေကလည်းဒီလိုထဖြစ်တော့ မေ့သွားခဲ့တယ်..."
"အင်း...ငါထင်ပါတယ်...ယဉ်တင့်တို့မေ့နေပြီဆိုတာ...ငါ့စကားကိုအလေးမထားရင်တော့ငါမကြိုက်ဘူးနော်...."
ဒေါ်ယဉ်တင့်တစ်ယောက် မေညို၏ခပ်တည်တည် ခပ်တင်းတင်းဖြစ်သွားသောမျက်နှာထားကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်။ဒေါ်ရိပ်ညိုဆိုသည့် အမျိုးသမီးသည် ထက်မြတ်ပြီးပျက်သားရုံသာမက ကတိတစ်လုံးကိုအာဂုဏ်ဆောင်ထားသကဲ့သို့ တန်ဖိုးထားသူဖြစ်သည်။
ဂုဏ်မောက်သူဖြစ်၍ အဆင့်အတန်းလည်းခွဲခြားလွန်းသလို သူအမိန့်ပေးထားသည့်အလုပ်ကို ချက်ခြင်းလက်ငင်းထလုပ်မှကြိုက်တတ်သူဖြစ်သည်။
အခုလည်း ကိုယ့်မှာယွန်းဆိုင်ကတစ်ဖက်နှင့် သူ့မြေးကိုသွားရှာပေးဖို့စဉ်းစားထားပေမဲ့
သူကနာမကျန်းဖြစ်ပြီးခြေထောက်မကောင်းတော့ သားသမီးမရှိသည့်ကိုယ်ကပဲ
အမေ့လုပ်ငန်းတွေကိုပါ ရောပြီးကြီးကြပ်နေရသည်။ဒါကိုသိပါလျှက်နဲ့ အမေစိတ်ဆိုးရက်တယ်။မေညိုဟာ သူ့ဆွေမျိုးသားချင်းမှ လွဲ၍အခြားသူတွေကို အမြဲသူစိမ်းဆန်တတ်သူပါလား။
"အမေရယ်...အမေ့သားကလည်းဆေးကုတဲ့အလုပ်ကိုပဲ စိတ်၀င်စားတဲ့လူလေ...
အမေ့စီးပွားရေးတွေပြုန်းသွားလည်း
သူကစိတ်မ၀င်စားဘူး...သမီးမှာသာတရားလည်းမမှတ်နိုင်တော့ပဲ...အလုပ်တောင်းထဲကိုဇောက်ထိုးကျနေရလို့...ကလေးရှာတဲ့ဘက်
မလှည့်နိုင်တာပါ...သမီးတမင်မရှာပေးချင်လို့မဟုတ်ရပါဘူး...."
"အေးပါ...ယဉ်တင့်ရယ်...နင့်မှာလည်း..အမေ့ကြောင့်၀န်ပိနေရပြီ...အခုနေသေသွားခဲ့သည်ရှိသော် သားငယ်ရဲ့သမီးလေးကိုမတွေ့လိုက်ရမှာစိုးလို့ပါ...ငါ့တို့မျိုးရိုးထဲကကလေးတစ်ယောက် လူမသိသူမသိပဲဆင်းရဲတွင်းမှနစ်နေမှာစိုးလို့ပါ...သားငယ်ရဲ့အရိပ်ဆိုလို့ သူလေးပဲရှိတော့တာမဟုတ်လား...ငါ့သားလေးက
ငါ့ကိုဘယ်လောက်ချစ်သလဲဆိုရင် သူ့သမီးရဲ့နာမည်ကိုတောင် ပုံရိပ်ဆိုပြီးပေးခဲ့တာပဲကြည့်...မေသန့်တို့မျိုးရိုးကချမ်းသာတဲ့လူဆိုလို့ခပ်ရှားရှားရယ်...သူ့ညီမဆိုတာကလည်း
...ဘာထူးလောက်မှာလည်း...ငါ့မြေးကိုငါတွေ့ချင်တယ်...မသေခင်လေးပေါ့ဟယ်..."
"မေညိုရယ်...သမီးဒီနေ့ညနေပဲရန်ကုန်ကို
ဆင်းပါ့မယ်...ကလေးကိုမတွေ့တွေ့အောင်ရှာပြီး ခေါ်လာခဲ့ပါ့မယ်...သမီးကတိပေးပါတယ်..."
ဒေါ်ယဉ်တင့်ထံမှ ကတိပေးပါသည်ဆိုသောစကားကိုကြားသောအခါမှ ဒေါ်ရိပ်ညို၏မျက်နှာသည် ထွန်းသစ်စလမင်းကဲ့သို့ ၀င်း၀င်းပပနှင့်ရွှန်းလဲ့သွားတော့သည်။
🔥ဆူးကြိုး...🔥အခန်း(၂၅)🔥 ဒုတိယပိုင်း ဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥 ပထမပိုင္း
လူ႔ဘ၀ႀကီးသည္ အင္မတန္ေၾကာက္စရာေကာင္းသည္။ေကြးေသာလက္မဆန႔္မွီ၊
ဆန႔္ေသာလက္တို႔မေကြးမွီတြင္ ေသၾက၊ေၾကၾကရသည္မွ လူတိုင္းေတြ့ႏိုင္ေသာျဖစ္ပ်က္သေဘာမ်ားပင္ျဖစ္သည္။
အလိုေလာဘ၊မာန္မာနဆိုသည္မွာ အင္မတန္ပူေလာင္ရသည္။ထိုေလာဘစိတ္ဆႏၵမ်ားကို ရင္ဝယ္ပိုက္ထားေသာသူသည္ မီးဟုန္းဟုန္းေလာင္ၿမိဳက္ေနေသာ မီးေတာက္ႀကီးအား မိုက္ရူးရဲစြာတိုးတိုက္ျဖတ္သန္းသြားလာလိုေသာ ပိုးဖလံငယ္ႏွင့္အလားသ႑န္တူေနသည္။
တကယ့္တကယ္ ဒုကၡပင္လယ္ေဝၿပီး ခႏၶာကိုယ္ပါထိခိုက္ပ်က္ယြင္းလာသၫ့္အခါ ဥစၥာပစၥည္းဆိုတာကလည္း ေရာဂါတစ္၀က္၏ေဆးဆရာျဖစ္ၿပီး က်န္တစ္၀က္ကေတာ့ ယခုဘ၀ႏွင့္ ေရွးဘ၀မွကိုယ္ျပဳခဲ့ေသာကုသိုလ္ကံ၏ အက်ိဳးေပးႏွင့္သက္ဆိုင္ေနသည္။
ကံဆိုသည္မွာအလုပ္ဟုဆိုလ်ွင္ ဘ၀၏
အသက္ဆက္ေဆးမွာကုသိုလ္ျဖစ္သည္။
သီလကုသိုလ္သည္ေနာင္သံသရာဘ၀ဆက္တိုင္း အက်ိဳးႀကီးေသာအရာပင္ျဖစ္သည္။ ေရဗူးႏွင့္ဖိနပ္မပါလ်ွင္ ေနြခါမွသိမည္။
သီလႏွင္ဒါနမပါလ်ွင္ေသခါမွသိေပလိမ့္မည္။
ဇာတ္ႀကီးဆယ္ဘဲြ႔ရိွေနမိဇာတ္တြင္ သီၾကားမင္းေျပာၾကားေတာ္မူခဲ့သၫ့္သီလသည္ဒါနထက္အက်ိဳးႀကီးသည္ဟူေသာ စကားကို
အၿမဲမွတ္သားထားသည္။
ကိုယ္ကေတာ့ ဤအခ်က္ကိုသေဘာေပါက္၍
သီလကုသိုလ္ကို အသိုက္ထဲတြင္အစာျဖၫ့္သကဲ့သို႔ အၿမဲျဖၫ့္စြမ္းသည္။
ထို႔ေၾကာင့္ ေန့စဉ္မျပတ္ ခင္ပြန္းႀကီးဆယ္ပါးကိုရွစ္ခိုးဦးခ်လ်ွက္ ရွစ္ပါးသီလကိုလည္းခံယူသည္။ခင္ပြန္းသည္ႏွင့္ပင္ လက္ပြန္းတတီးမေနျဖစ္ေတာ့၍ စိတ္ပ်က္ခ်င္ပ်က္ပါေစ။
မိန္းမတို႔၏ ၀တၲရားအရေက်ပြန္ေအာင္ေဆာင္ရြက္ေပးသည္။အိမ္ေထာင္မႈ၏အဓိကေသာ့ခ်က္ျဖစ္ေသာ သစၥာတရားကိုလက္ကိုင္ထားၿပီးျဖစ္သည္။ခင္ပြန္းသည္ မည္မ်ွေပြရႈပ္ပါေစ အျပစ္ျမင္မည္မဟုတ္ပါ။ကိုယ္တိုင္ဟာ အတိတ္ဘ၀ကုသိုလ္ေၾကာင့္ အႃမံုမျဖစ္ေနရသည္မဟုတ္ပါလား။
ပတ္၀န္းက်င္မွလူေတြသည္ မိဘေမာင္ဘြားေတြႏွင့္ကိုယ့္အဆင့္အတန္းေဆြမ်ိဳးညာတိတို႔၏မ်က္ႏွာေၾကာင့္သာ စကားလွလွသံုးၾကေပမဲ့ သူတို႔တိုက္ရိုက္ေစာ္ကားပုတ္ခတ္လာပါကလည္းအျပစ္မျမင္ေတာ့ပါဘူး။
အမွန္တရားဆိုတာ ခါးသက္သည္မဟုတ္ပါလား။ေျပာၾကပါေစ။ကိုယ္ကေတာ့ ခြန္းတုန႔္ျပန္ဖို႔ႀကိဳးစားမွာမဟုတ္ဘူး။ငရဲႀကီးရွစ္ထပ္၏ ေအာက္ဆံုးထပ္ျဖစ္ေသာအဝီဇိငရဲတြင္ ဂ်ိဳးမကပ္ခ်င္ေပ။
ယခုပင္လ်ွင္ ကိုယ့္မ်က္ေမွာက္မွာတင္ အရာအားလံုးကလ်ွင္ျမန္စြာ ျဖစ္ပ်က္သြားခဲ့ေလၿပီ။
ဘ၀ဇာတ္ဆရာ၏ လွၫ့္ကြက္ေတြဟာအင္မတန္ျမန္ဆန္ၿပီး ေၾကာက္ခမန္းလိလိရက္စက္ပါသည္။လူေတြဟာ ႀကိဳးဆဲြရုပ္ေတျြဖစ္ေနၾကၿပီး တကယ္ဒုကၡလားရာသို႔
တၫ့္တည့္သြားရမည္ဆိုပါက မလႈပ္မယွက္တုပ္ေနွာင္ခ်ည္ကာ မရဏတြင္း၀မွသူ႔အလိုလိုခုန္ခ်မိလိမ့္မည္ျဖစ္သည္။
ငါတို႔ဟာ ေသမင္း၏သားေကာင္ေတြပါလား။
ေန့စံ၊ညခံဆိုတာမ်ိဳးေတြကို ကိုယ္တိုင္မျမင္ဖူးေပမဲ့ ေရႊပံုႀကီးေပၚတြင္ထိုင္လ်ွက္ကေန ဒုကၡိတဘ၀သို႔ ကူးေျပာင္းရေသာလူတစ္ေယာက္၏အျဖစ္ကိုေတာ့ မ်က္ဝါးထင္ထင္ျမင္ေနရေလသည္။
တစ္ေန့...တစ္ေန့စိတ္ဓာတ္ေတြက်၍ ငါေသလိုက္ခ်င္သည္ဟု ညည္းျငဴေနတတ္ေသာေယာကၡမႀကီးေဒၚရိပ္ညို၏အျဖစ္သည္ ေဘးကၾကၫ့္ေနသူေတြအဖို႔ မည္သၫ့္စကားမ်ိဳးျဖင့္ ႏွစ္သိမ့္ရမွန္းေတာင္မေတြးတတ္ေတာ့ေပ။
မိုးကုတ္တြင္ရိွေသာ အသစ္တူးေဖာ္သၫ့္ေက်ာက္တြင္းသို႔အသြားတြင္ ကားအက္စီးဒဲန႔္ျဖစ္၍ ေျခေထာက္အရိုးတို႔က်ိဳးသြားခဲ့သည္။
အရိုးျပန္ဆက္ရန္ခဲြစိတ္မႈျပဳလုပ္ထားေပမဲ့ ယခုႏွစ္ပတ္ေလာက္အထိ ေျခေထာက္ေတြကလႈပ္လို႔ရရံုသာရိွေသးၿပီး လမ္းေလ်ွာက္၍မရေသးေသာေၾကာင့္
တစ္ေနရာရာသို႔သြားလိုလ်ွင္ ဝွီးခ်ဲလ္ႏွင့္သာသြားရသည္။
နဂိုတည္းကစိတ္ျမန္၊လက္ျမန္အမ်ိဳးသမီးႀကီးျဖစ္တဲ့အျပင္ မိမိကိုယ္ကိုကလဲြလ်ွင္
မည္သူ႔ကိုမွအယံုအၾကည္မရိွသူျဖစ္၍
အခုအသက္၇၀ေက်ာ္သည္အထိ အနားမယူခဲ့သၫ့္ အမ်ိဳးသမီးႀကီးျဖစ္သည္။
ေသြးတိုးေရာဂါေလာက္သာရိွသူေပမဲ့ လႈပ္ရွား၍မရေသာခဲြစိတ္ထားၿပီးခါစေျခေထာက္ေတြ၏ နာက်င္မႈကိုအလူးအလဲခံေနရရွာသည္။ဒါေတာင္ သူ႔လုပ္ငန္းေတြကိုစိတ္မခ်ခ်င္ပဲ သူ႔လက္ေထာက္ကိုအလုပ္ႏွင့္ပတ္သတ္သၫ့္ အေထြအထူးကိစၥမ်ားကို
ဖုန္းႏွင့္လွမ္းလွမ္းေမးေသးသည္။အသက္၇၀ေက်ာ္ေပမဲ့ ေဘးနားမွာေခြးအာေတြကဝိုင္းေနေလေတာ့ ပင္စင္ယူလို႔မရေသးသၫ့္အမ်ိဳးသမီးႀကီးပါပဲ။
လူ႔ေလာဘမ်ား သိပ္ေၾကာက္ဖို႔ေကာင္းပါသည္။
"အန္တီတင့္ေရ...ဒီမွာငါးဆန္ျပဳတ္ေလးရပါၿပီ..."
"ေအး...ကြပ္ကီးနဲ႔အိုဗာတင္းေရာ..."
"အဆင္သင့္ပါပဲ...."
"ဒါဆို...ေပးေပး...ညေနက်ရင္ေတာ့ငါပဲစီမံေပးလိုက္မယ္....ငါလည္းေလ...
ေမေမေကာင္းစဉ္ကအၿငိမ္ေနၿပီး ေဘးေရွာင္ေနခဲ့သမ်ွ..အခုေတာ့အတိုးေရာ..အရင္းေရာျပန္ဆပ္ေနရၿပီ...တရားေခြေလးလည္း
ေကာင္းေကာင္းနားမေထာင္ရေတာ့သလို
...ပုတီးေလးေတာင္တစ္ပတ္ျပၫ့္ေအာင္
စိပ္ခြင့္မရေတာ့ဘူး..အင္း..ေမညို႔ကိုၫွင္းဆဲခဲ့သမ်ွ..ျပန္ခံေနရတာပါပဲ...သူ႔သားကေတာ့ေဆးကုဖို႔ေလာက္ပဲတတ္တယ္..."
ေဒၚယဉ္တင့္တစ္ေယာက္ ထဘီအဖ်ားေတြကိုတဖ်ပ္ဖ်ပ္ျမည္ေအာင္ခပ္ၿပီး
လမ္းေလ်ွာက္လ်ွက္အိမ္အတြင္းပိုင္းရိွ အိပ္ခန္းက်ယ္ႀကီးတစ္ခုထဲသို႔၀င္သြားေလသည္။အိပ္ခန္းထဲသို႔၀င္လိုက္စဉ္မွာပဲ မ်က္ႏွာေလးအိုလ်ွက္ ယခုမွအမယ္အိုပံုစံျဖစ္၍ေနေသာ ေဒၚရိပ္ညိုကိုေတြ့လိုက္ရသည္။ျပတင္ေပါက္မွေန၍ ဝွီးခ်ဲလ္ေပၚတြင္ထိုင္ကာ ၿခံထဲတြင္စိုက္ထားေသာအပင္
စိမ္းစိမ္းစိုစိုတို႔ကို ေမ်ွာ္ၾကၫ့္ေနေလသည္။
ငါးဆန္ျပဳတ္ပန္းကန္ေလးကိုကိုင္လ်ွက္ အေနာက္တြင္ရပ္ေနေသာ ေဒၚယဉ္တင့္ကိုယ္တိုင္ပင္ ေတြေတြႀကီးျဖစ္လ်ွက္မ်က္ရည္ဝဲရရွာသည္။ကိုယ္ကခၽြေးမေပမဲ့ မိခင္ရင္းတစ္ေယာက္ကို သေဘာထားမိပါသည္။
သားကိုေရာ လင္ေယာက္်ားကိုပါဆံုးရႈံးထားရသၫ့္ေဒၚရိပ္ညိုသည္ အင္မတန္အသဲမာေသာမိန္းမတစ္ေယာက္ပါေလ။
ပံုမွန္လူဆိုပါက အိပ္ယာထဲတြင္ဗုန္းဗုန္းလဲေနေလာက္ေပမဲ့ ယခုအထိကားတိုက္ထားသၫ့္ ဒဏ္ရာေတြမက်က္ေသးတာေတာင္
ဒီအမ်ိဳးသမီးဟာ သူ႔ကိုယ္သူအားကိုးေနတုန္းပါပဲ။
ဒီအသက္အရြယ္မွာ တစ္သတ္စားမကုန္
သည့္စည္းစိမ္ေတြႏွင့္ေအးေအးခ်မ္းခ်မ္းေနလို႔ရပါလ်ွက္ႏွင့္ သံေယာဇဉ္အႏြယ္အေနွာင္းေတြကမပ်က္ေသးသလို ဥစၥာကိုမက္၍
ေလာဘကမကုန္ခမ္းေသးပဲကိုး။
ဒီေတာ့လည္း ဒုကၡတြင္းထဲမွာေလာင္ၿမိဳက္ေနရံုမွတပါး အျခားမရိွေတာ့ဘူးေပါ့။
သူ႔ေနရာမွ ကိုယ္ေတြးျပန္လ်ွင္လည္း အတိုင္းအစမရိွ မ်ားျပားလွေသာ စည္းစိမ္ေတြဟာႏွစ္ေပါင္းမ်ားစြာ စုေဆာင္းၿပီးမျွဖစ္တည္လာခဲ့ေတာ့ဘယ္လက္လြတ္စပယ္ပစ္ထားရပ္မွာလဲ။
"တင့္တင့္ေရာက္လာၿပီလား...."
"ဟုတ္ကဲ့ေမညို...ဒီမွာအေမ့အတြက္ငါးဆန္ျပဳတ္ေလးပါလာတယ္...တင့္တင့္...
ခြံ႔ကၽြေးမယ္ေနာ္...."
"ေနပါ...အေမေျပာစရာရိွတယ္...အစားကေနာက္မွစားလည္းရပါတယ္..."
ေဒၚယဉ္တင့္ကခြံ႔ကၽြေးခ်င္ေပမဲ့ ေမညိုသည္အတင္းပဲလက္ကာ၍ တားဆီးလာေသာေၾကာင့္ လင္ဗန္းေလးကိုခံုေပၚတြင္သာခ်ထားလိုက္ရသည္။အမွန္ကမနက္စာအျဖစ္ ဆန္ျပဳတ္ေလးတိုက္ဖို႔ရည္ရြယ္ထားေပမဲ့ စိတ္ဓာတ္က်ေနေသာ ေမညိုသည္ခံတြင္းေတြပါပ်က္ၿပီး အစာစားခ်င္စိတ္ကင္းမဲ့ေန၍ အိုဗာတင္းႏွင့္ကြတ္ကီးေလးကိုပါ အပိုယူလာခဲ့ရသည္။
ဒီအိမ္မွာ ေမညို႔ကိုလက္ပြန္းတတီးႏွင့္စိတ္ရွည္စြာ ျပဳစုယုယေပးသည္မွာေဒၚယဉ္တင့္တစ္ေယာက္တည္းသာရိွေလသည္။
ေဒၚရိပ္ညို၏ သမီးအရင္းျဖစ္ေသာ
ယြန္းေမဦးႏွင့္အျခားေသာသူမ်ားကေတာ့ အရိပ္ျပရံုေလာက္သာရိွၾကၿပီး တခါတေလအက်ိဳးအျမတ္ပါ ရေအာင္ယူသြားၾကေသးသည္။
ဒါေၾကာင့္လည္း အဖြားႀကီးခမ်ာ ဒုကၡိတျဖစ္ေနေသာ သူ႔ကိုယ္သူလည္း ေဒါသထြက္ေနသလို အားမလိုအားမရျဖစ္စြာ အနာဂတ္ကိုႀကိဳေတြးရင္း ရင္တမမျဖစ္ေနေလသည္။
သူ႔အားနည္းခ်က္ကို က်ားေခ်ာင္းေခ်ာင္း၍ ေနာက္ေက်ာသို႔ဓားႏွင့္ထိုးဖို႔ရန္ အသင့္ေစာင့္ေနေသာလူမ်ားထဲတြင္ အနီးဆံုးလူေတြလည္း ပါ၀င္ေနေသာေၾကာင့္ပင္။
"အခန္းတံခါးကိုသြားပိတ္လိုက္တင့္တင့္...
ေျပာမဲ့စကားကအေရးႀကီးတယ္...ဟိုလူေတြၾကားလို႔မျဖစ္ဘူး..."
"ဟုတ္ကဲ့...."
ေဒၚယဉ္တင့္သည္ အခန္းတံခါးႀကီးကို
ခပ္ျဖည္းျဖည္းပိတ္လိုက္ၿပီး ေဒၚရိပ္ညို၏
ဝွီးခ်ဲလ္ေဘးရိွ ထိုင္ခံုအပုေလးတြင္ ထိုင္လိုက္ေလသည္။စကားေျပာလ်ွင္မ်က္လံုးခ်င္းဆံုၿပီးမွေျပာတတ္ေသာ ေဒၚရိပ္ညို
၏အက်င့္အတိုင္း ဝွီးခ်ဲလ္၏ဘီးကို
အေနာက္ကို႔ျဖည္းျဖည္းတြန္းလ်ွက္
ေဒၚတင့္ႏွင့္မ်က္ႏွာခ်င္းဆိုင္ေအာင္လုပ္လိုက္သည္။
"ပံုရိပ္ကိုသြားေခၚခိုင္းတဲ့ကိစၥ...ဘာထူးေသးလဲ...အခုခ်ိန္မွာပံုရိပ္ကိုငါအေရးတႀကီးေတြ့ခ်င္တယ္.."
"တင့္ေတာင္းပန္ပါတယ္ေမညိုရယ္...
တင့္တင့္အဲ့ဒီ့ကိစၥကိုတကယ္ေမ့ေနတာ...
တင့္ရဲ့ယြန္းဆိုင္ေလးကို ေအာ္ဒါတင္တဲ့ကိစၥေတြပ်က္ရင္ရန္ကုန္ကိုဆင္းမလို႔စဉ္းစားထားခဲ့တာ...အေမကလည္းဒီလိုထျဖစ္ေတာ့ ေမ့သြားခဲ့တယ္..."
"အင္း...ငါထင္ပါတယ္...ယဉ္တင့္တို႔ေမ့ေနၿပီဆိုတာ...ငါ့စကားကိုအေလးမထားရင္ေတာ့ငါမႀကိဳက္ဘူးေနာ္...."
ေဒၚယဉ္တင့္တစ္ေယာက္ ေမညို၏ခပ္တည္တည္ ခပ္တင္းတင္းျဖစ္သြားေသာမ်က္ႏွာထားေၾကာင့္ အနည္းငယ္စိတ္မသက္မသာျဖစ္သြားရသည္။ေဒၚရိပ္ညိုဆိုသၫ့္ အမ်ိဳးသမီးသည္ ထက္ျမတ္ၿပီးပ်က္သားရံုသာမက ကတိတစ္လံုးကိုအာဂုဏ္ေဆာင္ထားသကဲ့သို႔ တန္ဖိုးထားသူျဖစ္သည္။
ဂုဏ္ေမာက္သူျဖစ္၍ အဆင့္အတန္းလည္းခဲြျခားလြန္းသလို သူအမိန႔္ေပးထားသၫ့္အလုပ္ကို ခ်က္ျခင္းလက္ငင္းထလုပ္မွႀကိဳက္တတ္သူျဖစ္သည္။
အခုလည္း ကိုယ့္မွာယြန္းဆိုင္ကတစ္ဖက္ႏွင့္ သူ႔ေျမးကိုသြားရွာေပးဖို႔စဉ္းစားထားေပမဲ့
သူကနာမက်န္းျဖစ္ၿပီးေျခေထာက္မေကာင္းေတာ့ သားသမီးမရိွသၫ့္ကိုယ္ကပဲ
အေမ့လုပ္ငန္းေတြကိုပါ ေရာၿပီးႀကီးၾကပ္ေနရသည္။ဒါကိုသိပါလ်ွက္နဲ႔ အေမစိတ္ဆိုးရက္တယ္။ေမညိုဟာ သူ႔ေဆြမ်ိဳးသားခ်င္းမွ လဲြ၍အျခားသူေတြကို အၿမဲသူစိမ္းဆန္တတ္သူပါလား။
"အေမရယ္...အေမ့သားကလည္းေဆးကုတဲ့အလုပ္ကိုပဲ စိတ္၀င္စားတဲ့လူေလ...
အေမ့စီးပြားေရးေတျြပဳန္းသြားလည္း
သူကစိတ္မ၀င္စားဘူး...သမီးမွာသာတရားလည္းမမွတ္ႏိုင္ေတာ့ပဲ...အလုပ္ေတာင္းထဲကိုေဇာက္ထိုးက်ေနရလို႔...ကေလးရွာတဲ့ဘက္
မလွၫ့္ႏိုင္တာပါ...သမီးတမင္မရွာေပးခ်င္လို႔မဟုတ္ရပါဘူး...."
"ေအးပါ...ယဉ္တင့္ရယ္...နင့္မွာလည္း..အေမ့ေၾကာင့္၀န္ပိေနရၿပီ...အခုေနေသသြားခဲ့သည္ရိွေသာ္ သားငယ္ရဲ့သမီးေလးကိုမေတြ့လိုက္ရမွာစိုးလို႔ပါ...ငါ့တို႔မ်ိဳးရိုးထဲကကေလးတစ္ေယာက္ လူမသိသူမသိပဲဆင္းရဲတြင္းမွနစ္ေနမွာစိုးလို႔ပါ...သားငယ္ရဲ့အရိပ္ဆိုလို႔ သူေလးပဲရိွေတာ့တာမဟုတ္လား...ငါ့သားေလးက
ငါ့ကိုဘယ္ေလာက္ခ်စ္သလဲဆိုရင္ သူ႔သမီးရဲ့နာမည္ကိုေတာင္ ပံုရိပ္ဆိုၿပီးေပးခဲ့တာပဲၾကၫ့္...ေမသန႔္တို႔မ်ိဳးရိုးကခ်မ္းသာတဲ့လူဆိုလို႔ခပ္ရွားရွားရယ္...သူ႔ညီမဆိုတာကလည္း
...ဘာထူးေလာက္မွာလည္း...ငါ့ေျမးကိုငါေတြ့ခ်င္တယ္...မေသခင္ေလးေပါ့ဟယ္..."
"ေမညိုရယ္...သမီးဒီေန့ညေနပဲရန္ကုန္ကို
ဆင္းပါ့မယ္...ကေလးကိုမေတြ့ေတြ့ေအာင္ရွာၿပီး ေခၚလာခဲ့ပါ့မယ္...သမီးကတိေပးပါတယ္..."
ေဒၚယဉ္တင့္ထံမွ ကတိေပးပါသည္ဆိုေသာစကားကိုၾကားေသာအခါမွ ေဒၚရိပ္ညို၏မ်က္ႏွာသည္ ထြန္းသစ္စလမင္းကဲ့သို႔ ၀င္း၀င္းပပႏွင့္ရႊန္းလဲ့သြားေတာ့သည္။
သူ႔ေျမးကို သိပ္ေတြ့ခ်င္ေနတယ္ထင္ပါရဲ့။
ေျမးသံုးေယာက္က လိမၼာေရးျခားမရိွေလေတာ့ သူလည္းေကာက္ရိုးတစ္မ်ွင္ျဖစ္ျဖစ္ ျမက္တစ္ပင္ျဖစ္ျဖစ္ ယံုၾကည္ကိုးစားစြာလွမ္းဆဲြဖို႔ႀကိဳးစားၿပီေပါ့။
ပံုရိပ္တဲ့။ဘယ္လိုပံုစံေလး ျဖစ္လိမ့္မလဲ။
အေဖတူသလား။အေမတူသလား။
ဒါမွမဟုတ္ အဖိုး၊အဖြားေတြႏွင့္မ်ားလာတူရင္ေတာ့ ဒီအိမ္မွာေဒၚရိပ္ညိုလိုလူႏွစ္ေယာက္ ထိပ္တိုက္ေတြ့ရင္ခက္ရခ်ည္ရဲ့။
"ေဒါက္...ေဒါက္...အေမ...သမီးလာႏႈတ္ဆက္တာပါ...ဘာလို႔တံခါးႀကီးပိတ္ထားရတာလဲ...."
"တင့္တင့္...ဟိုမိန္းမကိုတံခါးသြားဖြင့္ေပးလိုက္ပါဟယ္...."
သူ႔သမီး၏အသံကိုၾကားသည္ႏွင့္ ငရဲမီးႏွင့္အတို႔ခံလိုက္ရသလို ခ်က္ခ်င္းအိုစာသြားေလသည္။အရင္ပံုစံအတိုင္း ျပတင္းဘက္သို႔မ်က္ႏွာကိုမူထားလိုက္ေလသည္။
ခံုေပၚတြင္တင္ထားေသာ ငါးဆန္ျပဳတ္ကေတာ့ လက္ရာေတာင္မယြင္းေသးေပ။
"အေမရယ္...တံခါးႀကီးကိုဘာလို႔ပိတ္ထားရတာလည္း...အထဲမွာတစ္ခုခုျဖစ္ေနရင္
..ဘယ္ႏွယ့္လုပ္ပါ့မလဲ....အေမတို႔ကေတာ့သိပ္ခက္တာပဲ...."
တံခါးကိုဖြင့္ေပးလိုက္ေသာအခါ အခန္းထဲသို႔အသဲက်ယ္က်ယ္ႏွင့္ အိုးစည္လိုနားၿငီးေလာက္ေအာင္ေျပာလ်ွက္ ၀င္လာသည္။
ပံုစံကေတာ့ အျပင္သြားမၫ့္ပံုစံျဖစ္သည္။
LVအိတ္ကိုလက္မွာခ်ိတ္ထားလ်ွက္
ေဒၚရိပ္ညိုမႏွစ္သက္ေသာ ဂါ၀န္ကိုယ္ၾကပ္ကိုလည္း ၀တ္ထားေသးသည္။
🔥ဆူးႀကိဳး...🔥အခန္း(၂၅)🔥 ဒုတိယပိုင္း ဆက္ဖတ္ရန္

No comments:
Post a Comment