(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၂၆)🔥 ဒုတိယပိုင်း
"ပုံရိပ်...နင်ဘာတွေတွေးနေတာလဲ.….နင့်ကြည့်ရတာ...ဒီခရီးကိုလိုက်လာရတာမပျော်သလိုပဲ..."
"မဟုတ်ပါဘူး...ငါပျော်ပါတယ်...ခေါင်းနဲနဲမူးချင်နေလို့ပါ....ကားကအလုံကားဆိုတော့...."
"ဟုတ်လား...ကားမှန်တွေချရင်ငါကအသက်ရှူကျပ်တတ်တယ်ဟ...ကိုထက်ဆီမှာ...ရှူဆေးဗူးတောင်းလိုက်မယ်..."
အမှန်တော့ပုံရိပ်သည် ခေါင်းမူးနေခြင်းမဟုတ်ပဲ
ရင်တွင်းနက်နက်ထဲမှ ၀မ်းနည်းနေခြင်းဖြစ်သည်။
သို့ပေမဲ့အခြားသူတွေကိုဘယ်လိုထုတ်ပြောရမှာလဲ။ယမင်းကတော့ ဟိန်းဇေယျာထက်ဆီမှရှူဆေးဗူးကိုတောင်းနေလေသည်။အစက နားကျပ်တပ်ပြီးညိမ့်နေသော ဟိန်းဇေယျာထက်သည်လည်း ပုံရိပ်ခေါင်းမူးတယ်ဆိုသောအခါ ပြူးပြူးပြာပြာဖြစ်သွားလေသည်။
"ပုံရိပ်...နင်ခေါင်းမူးနေတယ်ဆိုရင်...ငါကားမှန်တွေချလိုက်မယ်လေ...နင်အံချင်နေသလား...ကားရပ်လိုက်မယ်...."
"ဟဲ့ကိုထက်...ရှူးဆေးဗူးပဲထုတ်ပေးစမ်းပါ...
အန်တီညိုပြောအုံးမယ်...."
ယမင်းသည်အရှေ့ကားခေါင်းခန်းထဲမှ မျက်မှောင်ကြုံ့၍ကြည့်နေသော သူတို့၏အဒေါ်ဖြစ်သူကိုမေးငေါ့ပြလိုက်သောအခါမှ ဟိန်းဇေယျာထက်သည်လည်း အဒေါ်ကိုကြောက်ရတယ်ထင်ပါရဲ့ ရှူဆေးဗူးကိုထုတ်ပြီး ပုံရိပ်ကိုကမ်းပေးကာ သီချင်းသာပြန်နားထောင်နေလေသည်။ပုံရိပ်လည်း ရှူဆေးဗူးလေးကိုနှာခေါင်းမှာကပ်ထားလိုက်ပြီး ကားပြတင်းအပြင်သို့သာ ကြည့်နေလိုက်သည်။
ယမင်းတို့၏ အဒေါ်ကြီးသည်ပုံရိပ်ကို ခဏခဏအရိပ်အခြေလှမ်းကြည့်နေ၍ မနေတတ်မထိုင်တတ်ဖြစ်မိသည်။ကြည့်ရတာတော့ ပုံရိပ်၏၀တ်စားဆင်ယင်မှုကြောင့်ဖြစ်နိုင်သည်။ဈေးပေါသော တချည်သားအကွက်၀မ်းဆက်လေးကို
၀တ်ထား သောပုံရိပ်ဟာ သူတို့လိုကြည့်လိုက်တာနှင့်ဈေးကြီးသော တော်၀န်သဇင်ပန်းတွေကဲ့သို့ အရောင်ပျိုးပျိုးပြက်ပြက်ဖြစ်မနေခဲ့တော့ ပစ္စည်းတွေဘာတွေပျောက်ရှမည်ကိုစိုးရိမ်နေသည်ထင်ပါရဲ့။
"ပုံရိပ်ရယ်....ငါ့မွေးနေ့အတွက်ဘုရားကိုသွားမလို့လိုက်ခဲ့စမ်းပါဟာနော်...ဒီနှစ်ဖေဖေကလည်းအလုပ်ရှုပ်နေတော့...လိုက်နိုင်မှာမဟုတ်ဘူး...
ကိုထက်ကလည်းမတတ်သာလို့သာလိုက်ခဲ့မှာ...
ဘုရားကိုရောက်ရင်...သူကသူ့ဘာသူလျှောက်သွားနေမှာ....နော်လိုက်ခဲ့ပါနော်...."
နှလုံးရောဂါသည်လေးဖြစ်နေသောကြောင့် အတင်းပူဆာလွန်းသောအခါ ပုံရိပ်လည်းမနေနိုင်တော့ပဲ
အဒေါ့်ဆီမှခွင့်တောင်းပြီးလိုက်ခဲ့ရသည်။
ဦးသက်ဆွေကတော့ ထုံးစံအတိုင်း မကျေမနပ်
ဖြစ်ကာမြည်တွန်တောက်တီးလျှက်ပေါ့။
ထို့ကြောင့် စုရပ်ကိုကျောင်းရှေ့မှာပဲသတ်မှတ်ပြီး
သူတို့ကားကိုစောင့်ခိုင်းခဲ့သည်။
အခုတော့ ကျီးကန်းတောင်းမှောက်သလိုလိုက်ကြည့်နေတတ်သော သူတို့၏အဒေါ်ကြီးကြောင့်စိတ်ကျဉ်းကြပ်နေရလေပြီ။
ရေလည်ကျောက်တန်းသို့မသွားခင်တွင် ရွှေတိဂုံဘုရားသို့ အရင်၀င်ဖူးခဲ့ကြသည်။
ယမင်းကတော့ သူ့နေ့နာမ်ထောင့်တွင် ရေသပ္ပာယ်ပြီး ပန်းကပ်ကာဘုရား၀တ်ပြုခဲ့လေသည်။
ဘုရားဂေါပကသို့လည်း ငွေလေးသိန်းတိတိလှူဒါန်းခဲ့သည်။ပုံရိပ်သူ့ကိုအားကျမိပါရဲ့ အဒေါ်ဖြစ်သူကလည်း နှလုံးရောဂါသည်တူမလေးကို ဖေးဖေးမမနှင့်အရိပ်တကြည့်ကြည့်စောင့်ရှောက်ရှာလေသည်။
တစ်ခုခုလိုချင်ရင်လည်း ပြာပြာသလဲကိုဖြစ်လို့။
"အော်...သူတို့ကြပြန်တော့လည်းမိဘမရှိတာတောင်...ကုသိုလ်ကံကကောင်းလိုက်တာ...ကိုယ်တွေနှင့်မိုးနဲ့မြေလိုပါပဲလား...."
"ရေး...ရောက်ပြီဟေ့....ပုံရိပ်ရေ...ဆင်းကြမယ်..."
လှေဆိပ်သို့သွားနေစဉ်လမ်းတစ်လျှောက်တွင်လည်း ဈေးဆိုင်တန်းအများအပြားကိုတွေ့ရလေသည်။ပန်းရောင်သူများကလည်း တစ်ယောက်နှင့်တစ်ယောက်အပြိုင်အော်နေကြ၍ နားညည်းပေမဲ့ပျော်စရာတော့ကောင်းသည်။မုန့်ဖိုးပေးဖို့ရန်လာရောက် တောင်းပန်ကြသောကလေးများကိုတွေ့သောအခါ သနားမိ၍ငွေနှစ်ရာတန်လေးတစ်ရွက်ကို ပေးလိုက်မိသည်။
ရေလယ်ကျောက်တန်းဆိုတာရန်ကုန်တိုင်း၏တောင်ဘက်အခြမ်း
ကျောက်တန်းမြို့၊မှော်၀န်းချောင်းထဲမှာတည်ရှိ
သောနေရာလေးပေါ့။ဈေးဆိုင်တန်းတွေလည်းအများအပြားရှိပြီး အမှတ်တရအင်္ကျီဆိုင်တန်းတွေ၊ဦးထုတ်ဆိုင်တွေ၊ဘုရားပန်းဆိုင်၊စားသောက်ဆိုင်
နှင့်အအေးဆိုင်လေးများလည်းရှိသည်။စီးပွားရေးဈေးကွက်ဆိုတာဒါပေါ့။ဆရာပြောဖူးသောနိုင်ငံတစ်ခုမှာ tourismလုပ်ငန်းကအရေးကြီးတယ်ဆိုသောအချက်ကို နားလည်သလိုတော့ရှိမိသည်။
နာမည်ကြီးသော လည်ပတ်စရာနေရာလေးကိုအရင်းပြုပြီး ပြည်သူတွေကလည်းအကျိုးအမြတ်ရ အစိုးရလည်းအခွန်ငွေရပေါ့။
ဘာတွေဘယ်လောက်ပေါပေါ ကိုယ်ကတော့မ၀ယ်နိုင်ပါဘူးလေ။ပုံရိပ်၏အိတ်ကလေးထဲမှာတော့ အလွန်ဆုံးပါမှတစ်သောင်းပေါ့။ပုံရိပ်ကအဖော်လိုက်ပေးရုံဖြစ်၍ ကိုယ့်အတွက်ကဘာမျှကုန်စရိတ်မရှိပေ။ကစားစရာအရုပ်ကလေးတွေကို တွေ့တဲ့အခါမှာတော့ ထွန်းကိုနှင့်မိစုကိုသတိရမိလေသည်။ ပုံရိပ်အိမ်ကထွက်လာတော့ အိပ်ရာတောင်မနိုးကြသေးတဲ့ သူတို့လေးတွေဒီနေရာကို လိုက်ခွင့်များရရင် ဘယ်လောက်တောင်ပျော်လိုက်ကြမလဲ။
အလှကြိုက်သူလေးမိစုကတော့ ဦးထုပ်လေးတွေ၊ခြုံပဝါလှလှလေးတွေကို ပူဆာလိုက်မှာပြောမနေနဲ့။
အရမ်းမချမ်းသာရင်နေပါစေ။ကိုယ့်မောင်လေးတွေညီမလေးတွေကိုတော့ တင့်တောင်းတင့်တယ်ထားနိုင်ချင်သည်။မိစုလေးအပျိုရွယ်ရောက်လာတဲ့အခါ ပုံရိပ်လိုမဖြစ်စေချင်ဘူး။
မ၀တ်နိုင်မစားနိုင်နဲ့ သူများအထင်အမြင်သေးတဲ့ဘ၀လေးတွေနှင့်မကြုံစေချင်ပေ။အဒေါ်ကလည်းအသက်ကြီးလာတော့ ဒီကလေးတွေ၏နောင်ရေးဟာ ပုံရိပ်ပခုံးအပေါ်ကိုလွှဲပြောင်းယူရမှာပေါ့။အတွေးနှင့်တင် ရုန်းကန်နေမိသောပုံရိပ်သည် ရင့်ကျက်သောမိန်းကလေးအသွင်ပြောင်းသွားသလိုလို ရှိနေသည်။
"လှေကဘယ်လိုငှားရတာလဲ...."
လှေဆိပ်ရှိ စက်လှေလက်မှတ်၀ယ်သည့်နေရာမှာ
တစ်ဦးကို၂၀၀ကျပ်အထက်ပေးရပြီး
(လှေအသေးငှားလျှင်တစ်စီးလုံးကိုမှ၃၀၀၀သာကျ
သင့်လေသည်။အကြီးဆိုလျှင်တော့၅၀၀၀ကျပ်ကျသင့်သည်။ပုံရိပ်တို့ကတော့ သုံးယောက်တည်းသာရှိ၍ လှေအသေးကိုငှားလိုက်သည်။
ဒီနေ့သည် ပိတ်ရက်ဖြစ်သောကြောင့် ခရီးသွားတွေနှင့်ကြိတ်ကြိတ်တိုးနေလေသည်။
ဒါဟာဘုရားရဲ့ ဘုန်းတန်ခိုးအာနုဘော်ကြောင့်ထင်ပါရဲ့။ရေလယ်ခေါင်မှာရှိသောဒီနေရာလေးကို
လူတွေသွားလာနေလိုက်ကြတာများ ကိုယ်အပါအ၀င်ပေါ့။ဖိနပ်လည်းအပ်ခဲ့လို့ရသောကြောင့် ဖိနပ်များကိုအပ်ခဲ့ပြီး ကိုယ်စီးရမည့်စက်လှေနံပါတ်ကိုစောင့်ကာ ကမ်းစပ်မှာရပ်နေမိကြသည်။
'ကိုထက်....ဒီနားကိုလာနေ...."
"အန်တီညိုကလည်း...ဒီမှာပုံရိပ်တစ်ယောက်တည်းပျင်းနေမှာစိုးလို့ပါ..."
"ငါခေါ်နေတယ်နော်....နင့်အကြောင်းကိုမသိဘူးမှတ်လို့လား....ဂျိုမပေါက်ချင်နဲ့....လာဆိုလာ..."
"အဲ့ဒါဆိုလည်း....ယမင်းရယ်...နင်ဒီကိုလာစမ်းပါ..."
သူတို့၏အဒေါ်ဟာ ပုံရိပ်ကိုတကယ်ကိုမျက်မုန်းကျိုးနေလေသည်။ကိုယ်လည်းဘာအပြစ်မှမလုပ်ထားပဲ တစ်ဖက်သတ်မျက်စောင်းထိုးနေတာကိုတော့ မခံနိုင်ပေ။ဆင်းရဲတဲ့လူတစ်ယောက်ဟာ သူတို့အတွက်ရွံစရာသတ္တဝါဖြစ်နေတာလား။
ဒါဆိုရင် ပုံရိပ်ကလည်းထိုသူမျိုးကိုပို၍ရွံပါသည်။
လူကတော့ဘုံဖျားမှာရောက်နေပေမဲ့ အသားလွတ်မောက်မာနေသော စိတ်ဓာတ်တွေကတော့ချုံကြားထဲမှာပဲ။ပုံရိပ်ဟာ သူတို့အဖွဲ့မှကွဲထွက်လာရသော သင်းကွဲလေးလိုဖြစ်နေလေပြီ။ဘယ်တတ်နိုင်မှာလဲ။
"ဟဲ့....ဟိုမှာတို့လှေလာပြီ...တက်..တက်..."
"ဒေါ်လေး....သားလက်ကိုကိုင်...."
ဘေးမှကလေးတွေရော လှေပေါ်မှလူကြီးကပါ လှမ်းဆွဲတင်ပေးပေမဲ့ အဒေါ်ကြီးနှင့်ယမင်းကတော့ လှေဦးတွင်စောင့်နေသောဟိန်းဇေယျာထက်ကိုသာ တွဲ၍တက်ကြသည်။
"ပုံရိပ်...ငါ့လက်ကိုလှမ်းဆွဲ...."
ကမ်းပေါ်မှစက်လှေပေါ်သို့ ပျဉ်ပြားထိုးပေးထားပေမဲ့ ရေလှိုင်းထတိုင်းလှေကအနည်းငယ်ယမ်းခါနေ၍ ပုံရိပ်လည်းသူ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး လှေပေါ်သို့တက်လိုက်သည်။ဆွမ်းခံရင်းငှက်သင့်တာပဲလားတော့ မသိပေ။ကိုယ့်ကိုမျက်မုန်းကျိုးနေသော သူရှေ့တွင်မှလှိုင်းပုတ်၍ လှေယမ်းသွားရာ
ဟိန်းဇေယျာ၏လက်မောင်းကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ဟိန်းဇေယျာထက်သည်လည်း ပုံရိပ်ကိုစိုးရိမ်ပြီး ပခုံးကိုထိန်း၍ကိုင်ပေးထားလေသည်။
လျှပ်တပြတ်အကြည့်မှာတင် အန်တီညို့ထံမှ
စိမ်းညှို့သော အကြည့်စိမ်းစိမ်းတွေကို ခံစားတွေ့ရှိလိုက်ရသည်။
"ဖယ်....ငါ့ဘာသာလျှောက်လို့ရတယ်...."
"လှေကလူးနေတာလေ...ငါ့ကိုကိုင်ထားပါ...."
ပုံရိပ်ဆိုသည်မှာလည်း ဧရာ၀တီတိုင်းမှာမွေးခဲ့ပေမဲ့ ရေကြောက်သူဖြစ်၍ သူ့လက်ကိုကိုင်လိုက်ရသည်။လှေ၀မ်းထဲရှိ ခုံတွင်၀င်ထိုင်လိုက်တော့ အန်တီညို၏ခနဲ့တဲ့တဲ့စကားကိုကြားလိုက်ရ၍ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
"အမယ်လေး....ကိုယ့်နှမကိုယ်တော့ဂရုမစိုက်ဘူး...
ဂီလာနမဟုတ်တဲ့သူကိုတော့တယုတယနဲ့...
ကိုထက်နော်...ငါကြည့်မရတော့ဘူး...ကိုယ့်တူ၀ရီးတွေအေးအေးဆေးဆေးလာလို့ရပါလျှက်နဲ့...
အပိုလူကခေါ်လာရသေးတယ်....နင်တို့ဟာကမဟုတ်တော့ဘူးနော်....."
အန်တီညို၏စကားတွေကို ပုံရိပ်အဖို့လုံး၀နားမခံသာနိုင်ပေ။သူ့တူကိုစိတ်မချရင်လည်း ရင်ခွင်ထဲမှာပိုက်ထားလိုက်ပါလား။
ယခုတော့ ဟန်တောင်မစောင်နိုင်တော့ပဲ ကိုယ့်တူမအရွယ်ကိုမစာမနာတွေပြောနေလေသည်။
ငိုချင်စိတ်တော့မဖြစ်ပေမဲ့ ၀မ်းနည်း၍မခံမရပ်နိုင်တော့ဖြစ်မိသည်။
"ယမင်းရေ...တို့ဒီကနေပဲ...ဆင်းပြီးအိမ်ပြန်လိုက်ရတော့မလား...."
"ဟယ်....ပုံရိပ်ရယ်....ငါတောင်းပန်ပါတယ်ဟာ...
အန်တီညိုက ကိုထက်နဲ့ပတ်သတ်ရင်အဲ့လိုပဲ...
ငါတောင်းပန်ပါတယ်စိတ်ထဲမထားပါနဲ့နော်..
.ငါ့မွေးနေ့မှာနင်ရှိမှလေဟာ...."
ယမင်း၏တိုးလျှိုးတောင်းပန်သော စကားကြောင့်သာပုံရိပ်သည်းခံပေးလိုက်မိသည်။
ဖြစ်နိုင်လျှင် ရေထဲသို့ဒိုင်ပင်ထိုးချပြီးတော့ကို
အိမ်ကိုပြန်ချင်နေတော့သည်။သက်ပြင်းတွေကိုသာ အကြိမ်ကြိမ်ချနေမိသောပုံရိပ်ဟာ ဘုရားလာဖူးရ၍ရင်မအေးနိုင်တော့ပေ။စိတ်ညစ်ငြူးစွာနှင့်
ကမ်းပေါ်သို့ကြည့်လိုက်မိသောအခါမှာတော အံ့ဩမှုနှင့်အတူ ၀မ်းသာပျော်ရွှင်မှုပါယှက်ပြေးသွားရလေသည်။
"ဆရာ....."
အဖြူရောင်လည်ကတုံးနှင့်ပုဆိုးအစိမ်းပုပ်ရောင်လေးကို ၀တ်ဆင်ထားသောဆရာသည် ပုံရိပ်နှင့်ဆန်ကျင်ဘက်ဖြစ်နေသည်။ဆရာ့ကိုတွေ့လိုက်ရ၍ ပုံရိပ်ကသာ ၀မ်းသာသွားပေမဲ့ ဆရာကတော့မျက်နှာမကောင်းပေ။မျက်မှောင်ကြုံ့လျှက် နေရိပ်ထိုး၍ထင်သည် မျက်လုံးတွေကိုမှေးကျဉ်းထားပြီး ပုံရိပ်ကိုကြည့်လာသည်။
မျက်တောင်တစ်ချက်မခတ်သွားပဲ တင်းမာနေသောမျက်နှာထားနှင့်တစ်ခုခုကို အလိုမကျဖြစ်နေပုံရသည်။ပုံရိပ်ဆရာ့ဆီသို့ပြေးသွားလိုက်ချင်ပေမဲ့ စက်နှိုးနေပြီဖြစ်သော စက်လှေကြောင့်စိတ်ဆန္ဒကိုထိန်းချုပ်ထားလိုက်ရသည်။
"ဟေ့ကောင်....မျက်နှာကဘာဖြစ်နေတာလဲ...."
ဆရာ့ပခုံးကို သူ့သူငယ်ချင်းတစ်ယောက်လာပုတ်သောအချိန်တွင် ဆရာသည်လည်းပုံရိပ်ထံမှမျက်နှာလွှဲလိုက်သလို ပုံရိပ်တို့၏စက်လှေသည်လည်း ကမ်းနှင့်တဖြည်းဖြည်းဝေးကွာလာခဲ့သည်။
ကြည့်ရတာတော့ ဆရာတို့လည်းပိတ်ရက်မှသူငယ်ချင်းတွေနဲ့ ဘုရားလာဖူးတာထင်ပါတယ်။
ဒါဆိုရင် ကိုယ့်တပည့်မတစ်ယောက်ကို
ဘာကြောင့်၀တ်ကျေတန်းကျေတောင် ပြုံးမပြနိုင်ရတာလဲ။၀မ်းနည်းလိုက်တာ။
ဘုရားရေ...ဆရာလည်းလှေကိုစောင့်နေတာဆိုလျှင် ပုံရိပ်ကိုဘယ်အချိန်တည်းကစိုက်ကြည့်နေခဲ့တာလဲ။လှေပေါ်ကိုစတက်ခါစအချိန်ကဆိုလျှင်
လှေလူး၍ ဟိန်းဇေယျာထက် ပုံရိပ်ကိုဖက်လိုက်သောအချိန်မှာများလား။ဖြစ်နိုင်သည်။
ဆရာဟာ လူမှုရေးခေါင်းပါးတဲ့လူမှမဟုတ်ပဲ။
ပုံရိပ်ကို အမြဲဆူပူဆုံးမပြီး လမ်းမှန်ရောက်အောင်တွန်းပို့နေသောသူတစ်ယောက်ဟာ အနည်းဆုံးတော့ပြုံး၍နှုတ်ဆက်ပေလိမ့်မည်။
ပုံရိပ်နှင့်ဟိန်းဇေယျာထက်ကို တစ်မျိုးထင်သွားခဲ့လို့သာ ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားထားတယ်ထင်သွားခဲ့တာများလား။သို့မဟုတ်လျှင် မိဘ၊ဆွေမျိုး
မပါပဲသူစိမ်းတွေနှင့်ခရီးအတူသွား၍များလား။
ဆရာ့ကိုပုံရိပ်ရှင်းပြချင်ပါတယ်။
ရေထဲကိုခုန်ချလို့မရတာခက်သည်။
အိုးမလုံတာကို အပေါက်ကလေးနှင့်လို့ပြောလျှင်
ပုံရိပ်စိတ်မလုံတာဟာ ဘာကြောင့်များလဲ။
အခြားသူတွေ ပုံရိပ်ကိုစိတ်ပျက်ချင်ပျက်ပါစေ။
ဆရာကတော့ ပုံရိပ်ကိုစိတ်ပျက်လို့မရဘူး။
ပုံရိပ်၏ခွန်အားတံတိုင်းကြီး ကျိုးပျက်သွားလျှင်
ပုံရိပ်သည် နုံးခွေ၍အင်အားချိနဲ့သွားနိုင်သည်။
ရေလယ်ဘုရား၏ရင်ပြင်တော်ပေါ်သို့ရောက်သောအခါမှာတော့ ပထမဦးဆုံး၀င်သည့်
ဇောင်းတန်းတွင် ဆုတောင်းပြည့်လာဘမုနိဘုရားကို ဖူးမျှော်ကြရသည်။
ဆုတောင်းပြည့်ငါးဆက်ဘုရားမှာလည်း
ပိုက်ဆံတစ်ထောင်လောက်လှူဒါန်းခဲ့လိုက်သည်။
နေပူနေ၍ ဘုရားရင်ပြင်တော်ဟာ သိပ်ပြီးမအေးရိပ်လှပေမဲ့ ဘယ်လောက်ဘုရားဖူးတွေတိုးကြိတ်နေပါစေ ရင်ပြင်ပေါ်မှာလူများနှင့်ကြပ်သိပ်မှုလုံး၀မမရှိတာကိုတော့ အံ့ဩမိသည်။
ရှေးဟောင်းသမိုင်း၀င်ကျိုက်မှော်၀န်ရေလယ်စေတီတော်ကိုတည်ရာမှာအဓိဌာန်သုံးချက်နှင့်တည်ထားသည်ဟု ဆိုလေသည်။
(၁)ဤစေတီ၏ရင်ပြင်ကိုရေမလွှမ်းမိုးနိုင်စေသတည်း
(၂)လာသမျှ ရဟန်းရှင်လူအပေါင်းရင်ပြင်တော်ပေါ်၌နေလောက်စေသတည်း
(၃)ဤစေတည်ကိုပြုပြင်လှူဒါန်းသူသည် ပစ္စုပ္ပန်၌ပင်လျှင် လောကီစီးပွားတိုးတက်ပါစေသတည်းဆိုသော အချက်များပင်ဖြစ်သည်။
ပုံရိပ်တို့လည်း ဘုရားများကိုလှည့်ပတ်ဖူးပြီးနောက် ငါးစာကျွေးဖို့ရန်ပေါက်ပေါက်ဆုပ်၀ယ်ကြလေသည်။ဟိန်းဇေယျာထက်ကတော့ သူ့အဒေါ်မျက်စောင်းထိုးနေသောကြားမှပင် ပေါက်ပေါက်တွေကိုအတင်းလာထိုးထည့်ပေးလေသည်။
ပုံရိပ်လည်း သူပေးသောပေါက်ပေါက်တွေနှင့်ပဲ ငါးစာကျွေးလိုက်သည်။
ပုံရိပ်တို့စတက်လာခါစအချိန်သည် ရေကျချိန်ဖြစ်နေပြီး ယခုတွင်ရေများတက်လာ၍ ငါးတွေကလည်း ပွက်လိုက်တာမှ အံ့ဩလောက်စရာပင်ကောင်းနေသည်။ ပြောင်းဖူးပေါက်ပေါက်တွေသည်လည်း ချ၍မဆုံးဖြစ်နေသည်။ယမင်းကတော့ အပျော်ကြီးပျော်နေသည်ပေါ့။ဟိန်းဇေယျာထက်ကတော့ စစနောက်နောက်နှင့် ပုံရိပ်ကိုပါ ပေါက်ပေါက်ဆုပ်နှင့်လှမ်းပေါက်သည်။
သူ့အဒေါ်ကြီးကိုကြည့်လိုက်တော့လည်း
မျက်စောင်းကတခဲခဲ။အနေကျဉ်းကြပ်လိုက်တာ။
နောက်တစ်ခါ သေတာတောင်မလိုက်တော့ဘူးဟုဆုံးဖြတ်လိုက်သည်။
ဆရာ့ကိုရှာကြည့်တော့လည်း လုံး၀မတွေ့ပေ။
ဆရာဆိုသည်မှာလည်း ကိုယ့်တပည့်မလေးကိုလိုက်၍တောင်မရှာပေ။
စိမ်းပြက်လိုက်တာဟု ဘာမဆိုင်ညာမဆိုင် ကြံဖန်၍အပြစ်တင်နေမိသည်။
လိုက်လာတာက ကိုယ့်စိတ်သဘောနှင့်ကိုယ်ဆိုပေမဲ့
ဆရာ့ကိုစိတ်ဆိုးနေမိသည်။ဆရာသာအခုနေလာခေါ်လျှင် ချက်ချင်းလိုက်သွားမိမှာပဲ။
သို့ပေမဲ့ ထိုနေ့တွင်ပုံရိပ်ဆရာ့ကိုရှာ၍မတွေ့ခဲ့ပါ။
ဆရာသည်လည်း ပုံရိပ်ကိုရှာမည်မထင်ပေ။
သို့ပေမဲ့မထင်မှတ်ထားသောအခြေအနေတစ်ခုနှင့်
သူမအသဲအသန်စောင့်မျှော်နေခဲ့သော သတင်းကတော့ အိမ်တွင်အသင့်စောင့်ကြိုနေခဲ့လေပြီ။
ထိုနေ့ဟာပုံရိပ်အတွက်တော့ ပြဿဒါးနေ့.....။
(နောက်အခန်းတွေမှာတော့ ဇာတ်ရှိန်ပိုမြင့်ပါပြီ)
========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၂၆)🔥 ဒုတိယပိုင္း
"သမီးရဲ့အဖိုးက နာမည္ႀကီးခဲြစိတ္ဆရာ၀န္ႀကီးေလ...ဘယ္ေလာက္ေတာင္ခ်မ္းသာသလဲဆိုရင္
သူတို႔ေခာတ္မွာေတာ္ရံုဆရာ၀န္ေတြကႏိုင္ငံျခားမွာ ပညာေတာ္သင္မသြားႏိုင္ဘူး...သမီးရဲ့အဖိုးကေတာ့ကာလကတၲားကေနတစ္ဆင့္...UKအထိသြားၿပီး ေဆးပညာသင္ယူခြင့္ရခဲ့တာ...ေဖႀကီးကေတာ့...
ဆရာ၀န္အလုပ္ကိုလံုး၀စိတ္မ၀င္စားဘူး....
ေဖႀကီးကေရ႔ွေနလုပ္ခ်င္တာသမီးရဲ့..
မတရားသျဖင့္ခံေနရတဲ့ လူေတြကိုကူညီေပးခ်င္တာ...တရားခြင္မွာ...တရားမ်ွတစြာစီရင္ေပးဖို႔ေလ်ွာက္လႊဲခ်က္ေပးခ်င္တာ...ဒါေပမဲ့သမီးရဲ့
အဖိုးကခြင့္မျပဳဘူး...ဆရာ၀န္ပဲျဖစ္ေစခ်င္တယ္...
ေျပာရရင္သမိုင္းေပးတာ၀န္ကို ဆက္ထမ္းရြက္ေစခ်င္တာေပါ့ေလ...ဘိုးေဘးဘီဘင္မွာလည္း...
ေခာတ္အဆက္ဆက္ကသမားေတာ္ေတြထြက္ခဲ့တဲ့မ်ိဳးရိုးကို...ေဖေဖကျငင္းဆန္ေတာ့...မ်က္ႏွာကိုလက္သီးနဲ႔ႏွစ္ခ်က္ဆင့္ထိုးတယ္...
အဲ့ဒီ့ေန့ၿပီးေတာ့ ပါးေဆာင္နာလို႔ထမင္းေတာင္မစားႏိုင္ဘူး...အေမကေတာ့ငိုလို႔ေပါ့....အငယ္ဆံုးသားအဆိုးေလးကိုခ်စ္ရွာမွာေပါ့ေလ ..ေဖႀကီးကလည္းပါးစပ္ကသာႀကီးက်ယ္မိတာပါ...မိဘကခ်မ္းသာေတာ့...လူ႔ေပၚေက်ာ့ေလးေပါ့...အစ္ကိုႀကီးကဆရာ၀န္လိုင္းမွီေတာ့မွ....သမိုင္းေပးတာ၀န္ကအစ္ကိုႀကီးရဲ့ပခံုးေပၚကိုေျပာင္းသြားေတာ့တာ...
မႏၲေလးကေနၿခံခုန္ၿပီး...ရန္ကုန္သားလုပ္ရင္း
အိမ္ကိုမျပန္ျဖစ္ေတာ့ဘူး...တကယ္ေတာ့အေဖနဲ႔
ရင္မဆိုင္ခ်င္လို႔....သမီးရဲ့အဖိုးကေဖႀကီးကို...
နဂါးမ်က္ေစာင္းအၿမဲထိုးေနတတ္တာေလ...
ဒါေၾကာင့္တမင္မျပန္တာ...သမီးအေမနဲ႔ညားၿပီးေနာက္...မဂၤလာေဆာင္ကိုေတာင္လိုက္မလာတဲ့အျပင္...အေမတို႔ကိုပါအတင္းျပန္ေခၚတဲ့အေဖ့ကိုစိတ္နာတယ္...သူေတာင္မွသားခန္းျပတ္ေသးတာပဲေလ..ေဒါက္တာႀကီးဦးမိုးမင္းရဲ့သားက....
သူ႔ထက္အေၾကာတင္းရမွာေပါ့...
ဒီလိုနဲ႔မႏၲေလးနဲ႔ေဖႀကီး တစ္စခန္းပ်က္သြားပါေရာ..
.
အင္း...အေမ့အိမ္ကိုလြမ္းတာေတာ့လြမ္းတာေပါ့...ကိုယ့္ေမြးရပ္ေလ...ရန္ကင္းေတာင္ဆိုတာေျခသလံုးဖက္ၿပီးေပါင္းလာတဲ့သူငယ္ခ်င္းလို
ျဖစ္ေနတဲ့ေနရာေလ...က်ဳံးအေရ႔ွဘက္ဆိုတာ
အားအားတိုင္းသြားထိုင္ေနတဲ့ေနရာ...မႏၲေလးမွာကလည္း လည္ပတ္စရာကတစ္ေနရာနဲ႔တစ္ေနရာ အေဝးႀကီးမဟုတ္ေတာ့ အဲ့အခ်ိန္ကဆိုင္ကယ္လ္စီးႏိုင္တဲ့အေဖတို႔က မင္းသားပဲ...ဂ်စ္ကားေပၚကိုသူငယ္ခ်င္းေတြ တရုန္းရုန္းတင္ၿပီးသႀကၤန္လည္ထြက္တာ....ၿမိဳ႔မယိမ္းအဖဲြ႔ကအကမယ္ေလးနဲ႔ေတာင္ သိကၽြမ္း၀င္ခဲ့ရေသးတယ္....
သမီးအေမကိုေတာ့မေျပာနဲ႔ေနာ္...ဟား...ဟား....
အဲ့ဒီ့ဂ်စ္ကားႀကီးနဲ႔ပဲ..ကုသိုလ္ေတာ္ေရ႔ွမွာပန္းေရာင္းရတဲ့သူငယ္ခ်င္းရဲ့ရည္းစားကိုခိုးေပးမိလို႔....ေက်ာတစ္ရာရင္တစ္ရာအျပစ္ေပးခံရတဲ့အျပင္...ဂ်စ္ကားစီးရတဲ့ဘ၀ကေန....
စက္ဘီးေျပာင္းစီးလိုက္ရတယ္...
သူငယ္ခ်င္းေတြရဲ့ေကာင္းမႈေပါ့....
သမီးေလးကိုလည္းေဆျြပမ်ိဳးျပ...
သြားျပခ်င္ပါရဲ့....တစ္ေန့ေန့ေပါ့...."
ေဖႀကီးေျပာေသာတစ္ေန့ေန့ဆိုတာဟာ ေရာက္လာႏိုင္ေတာ့မယ္မထင္ပါဘူး။မႏၲေလးကို စာပို႔လိုက္တာကလည္းဘာမွအေၾကာင္းျပန္မလာခဲ့ဘူး။
ပံုရိပ္ရဲ့ဘ၀ဟာ မိဘေတြနဲ႔ေတြ့ဖို႔ကံပါမလာေတာ့မဲ့အတူတူ ေတြးၿပီးေတာ့ေဆြးမေနခ်င္ေတာ့ေပ။
"ပံုရိပ္...နင္ဘာေတြေတြးေနတာလဲ.….နင့္ၾကၫ့္ရတာ...ဒီခရီးကိုလိုက္လာရတာမေပ်ာ္သလိုပဲ..."
"မဟုတ္ပါဘူး...ငါေပ်ာ္ပါတယ္...ေခါင္းနဲနဲမူးခ်င္ေနလို႔ပါ....ကားကအလံုကားဆိုေတာ့...."
"ဟုတ္လား...ကားမွန္ေတြခ်ရင္ငါကအသက္ရႉက်ပ္တတ္တယ္ဟ...ကိုထက္ဆီမွာ...ရႉေဆးဗူးေတာင္းလိုက္မယ္..."
အမွန္ေတာ့ပံုရိပ္သည္ ေခါင္းမူးေနျခင္းမဟုတ္ပဲ
ရင္တြင္းနက္နက္ထဲမွ ၀မ္းနည္းေနျခင္းျဖစ္သည္။
သို႔ေပမဲ့အျခားသူေတြကိုဘယ္လိုထုတ္ေျပာရမွာလဲ။ယမင္းကေတာ့ ဟိန္းေဇယ်ာထက္ဆီမွရႉေဆးဗူးကိုေတာင္းေနေလသည္။အစက နားက်ပ္တပ္ၿပီးညိမ့္ေနေသာ ဟိန္းေဇယ်ာထက္သည္လည္း ပံုရိပ္ေခါင္းမူးတယ္ဆိုေသာအခါ ျပဴးျပဴးျပာျပာျဖစ္သြားေလသည္။
"ပံုရိပ္...နင္ေခါင္းမူးေနတယ္ဆိုရင္...ငါကားမွန္ေတြခ်လိုက္မယ္ေလ...နင္အံခ်င္ေနသလား...ကားရပ္လိုက္မယ္...."
"ဟဲ့ကိုထက္...ရႉးေဆးဗူးပဲထုတ္ေပးစမ္းပါ...
အန္တီညိုေျပာအံုးမယ္...."
ယမင္းသည္အေရ႔ွကားေခါင္းခန္းထဲမွ မ်က္ေမွာင္ႄကံု႔၍ၾကၫ့္ေနေသာ သူတို႔၏အေဒၚျဖစ္သူကိုေမးေငါ့ျပလိုက္ေသာအခါမွ ဟိန္းေဇယ်ာထက္သည္လည္း အေဒၚကိုေၾကာက္ရတယ္ထင္ပါရဲ့ ရႉေဆးဗူးကိုထုတ္ၿပီး ပံုရိပ္ကိုကမ္းေပးကာ သီခ်င္းသာျပန္နားေထာင္ေနေလသည္။ပံုရိပ္လည္း ရႉေဆးဗူးေလးကိုႏွာေခါင္းမွာကပ္ထားလိုက္ၿပီး ကားျပတင္းအျပင္သို႔သာ ၾကၫ့္ေနလိုက္သည္။
ယမင္းတို႔၏ အေဒၚႀကီးသည္ပံုရိပ္ကို ခဏခဏအရိပ္အေျခလွမ္းၾကၫ့္ေန၍ မေနတတ္မထိုင္တတ္ျဖစ္မိသည္။ၾကၫ့္ရတာေတာ့ ပံုရိပ္၏၀တ္စားဆင္ယင္မႈေၾကာင့္ျဖစ္ႏိုင္သည္။ေဈးေပါေသာ တခ်ည္သားအကြက္၀မ္းဆက္ေလးကို
၀တ္ထား ေသာပံုရိပ္ဟာ သူတို႔လိုၾကၫ့္လိုက္တာႏွင့္ေဈးႀကီးေသာ ေတာ္၀န္သဇင္ပန္းေတြကဲ့သို႔ အေရာင္ပ်ိဳးပ်ိဳးျပက္ျပက္ျဖစ္မေနခဲ့ေတာ့ ပစၥည္းေတြဘာေတြေပ်ာက္ရွမည္ကိုစိုးရိမ္ေနသည္ထင္ပါရဲ့။
"ပံုရိပ္ရယ္....ငါ့ေမြးေန့အတြက္ဘုရားကိုသြားမလို႔လိုက္ခဲ့စမ္းပါဟာေနာ္...ဒီႏွစ္ေဖေဖကလည္းအလုပ္ရႈပ္ေနေတာ့...လိုက္ႏိုင္မွာမဟုတ္ဘူး...
ကိုထက္ကလည္းမတတ္သာလို႔သာလိုက္ခဲ့မွာ...
ဘုရားကိုေရာက္ရင္...သူကသူ႔ဘာသူေလ်ွာက္သြားေနမွာ....ေနာ္လိုက္ခဲ့ပါေနာ္...."
ႏွလံုးေရာဂါသည္ေလးျဖစ္ေနေသာေၾကာင့္ အတင္းပူဆာလြန္းေသာအခါ ပံုရိပ္လည္းမေနႏိုင္ေတာ့ပဲ
အေဒါ့္ဆီမွခြင့္ေတာင္းၿပီးလိုက္ခဲ့ရသည္။
ဦးသက္ေဆြကေတာ့ ထံုးစံအတိုင္း မေက်မနပ္
ျဖစ္ကာျမည္တြန္ေတာက္တီးလ်ွက္ေပါ့။
ထို႔ေၾကာင့္ စုရပ္ကိုေက်ာင္းေရ႔ွမွာပဲသတ္မွတ္ၿပီး
သူတို႔ကားကိုေစာင့္ခိုင္းခဲ့သည္။
အခုေတာ့ က်ီးကန္းေတာင္းေမွာက္သလိုလိုက္ၾကၫ့္ေနတတ္ေသာ သူတို႔၏အေဒၚႀကီးေၾကာင့္စိတ္က်ဉ္းၾကပ္ေနရေလၿပီ။
ေရလည္ေက်ာက္တန္းသို႔မသြားခင္တြင္ ေရႊတိဂံုဘုရားသို႔ အရင္၀င္ဖူးခဲ့ၾကသည္။
ယမင္းကေတာ့ သူ႔ေန့နာမ္ေထာင့္တြင္ ေရသပၸာယ္ၿပီး ပန္းကပ္ကာဘုရား၀တ္ျပဳခဲ့ေလသည္။
ဘုရားေဂါပကသို႔လည္း ေငြေလးသိန္းတိတိလႉဒါန္းခဲ့သည္။ပံုရိပ္သူ႔ကိုအားက်မိပါရဲ့ အေဒၚျဖစ္သူကလည္း ႏွလံုးေရာဂါသည္တူမေလးကို ေဖးေဖးမမႏွင့္အရိပ္တၾကၫ့္ၾကၫ့္ေစာင့္ေရွာက္ရွာေလသည္။
တစ္ခုခုလိုခ်င္ရင္လည္း ျပာျပာသလဲကိုျဖစ္လို႔။
"ေအာ္...သူတို႔ၾကျပန္ေတာ့လည္းမိဘမရိွတာေတာင္...ကုသိုလ္ကံကေကာင္းလိုက္တာ...ကိုယ္ေတြႏွင့္မိုးနဲ႔ေျမလိုပါပဲလား...."
"ေရး...ေရာက္ၿပီေဟ့....ပံုရိပ္ေရ...ဆင္းၾကမယ္..."
ေလွဆိပ္သို႔သြားေနစဉ္လမ္းတစ္ေလ်ွာက္တြင္လည္း ေဈးဆိုင္တန္းအမ်ားအျပားကိုေတြ့ရေလသည္။ပန္းေရာင္သူမ်ားကလည္း တစ္ေယာက္ႏွင့္တစ္ေယာက္အၿပိဳင္ေအာ္ေနၾက၍ နားညည္းေပမဲ့ေပ်ာ္စရာေတာ့ေကာင္းသည္။မုန္႔ဖိုးေပးဖို႔ရန္လာေရာက္ ေတာင္းပန္ၾကေသာကေလးမ်ားကိုေတြ့ေသာအခါ သနားမိ၍ေငြႏွစ္ရာတန္ေလးတစ္ရြက္ကို ေပးလိုက္မိသည္။
ေရလယ္ေက်ာက္တန္းဆိုတာရန္ကုန္တိုင္း၏ေတာင္ဘက္အျခမ္း
ေက်ာက္တန္းၿမိဳ႔၊ေမွာ္၀န္းေခ်ာင္းထဲမွာတည္ရိွ
ေသာေနရာေလးေပါ့။ေဈးဆိုင္တန္းေတြလည္းအမ်ားအျပားရိွၿပီး အမွတ္တရအက်ႌဆိုင္တန္းေတြ၊ဦးထုတ္ဆိုင္ေတြ၊ဘုရားပန္းဆိုင္၊စားေသာက္ဆိုင္
ႏွင့္အေအးဆိုင္ေလးမ်ားလည္းရိွသည္။စီးပြားေရးေဈးကြက္ဆိုတာဒါေပါ့။ဆရာေျပာဖူးေသာႏိုင္ငံတစ္ခုမွာ tourismလုပ္ငန္းကအေရးႀကီးတယ္ဆိုေသာအခ်က္ကို နားလည္သလိုေတာ့ရိွမိသည္။
နာမည္ႀကီးေသာ လည္ပတ္စရာေနရာေလးကိုအရင္းျပဳျပီး ျပည္သူေတြကလည္းအက်ိဳးအျမတ္ရ အစိုးရလည္းအခြန္ေငြရေပါ့။
ဘာေတြဘယ္ေလာက္ေပါေပါ ကိုယ္ကေတာ့မ၀ယ္ႏိုင္ပါဘူးေလ။ပံုရိပ္၏အိတ္ကေလးထဲမွာေတာ့ အလြန္ဆံုးပါမွတစ္ေသာင္းေပါ့။ပံုရိပ္ကအေဖာ္လိုက္ေပးရံုျဖစ္၍ ကိုယ့္အတြက္ကဘာမ်ွကုန္စရိတ္မရိွေပ။ကစားစရာအရုပ္ကေလးေတြကို ေတြ့တဲ့အခါမွာေတာ့ ထြန္းကိုႏွင့္မိစုကိုသတိရမိေလသည္။ ပံုရိပ္အိမ္ကထြက္လာေတာ့ အိပ္ရာေတာင္မႏိုးၾကေသးတဲ့ သူတို႔ေလးေတြဒီေနရာကို လိုက္ခြင့္မ်ားရရင္ ဘယ္ေလာက္ေတာင္ေပ်ာ္လိုက္ၾကမလဲ။
အလွႀကိဳက္သူေလးမိစုကေတာ့ ဦးထုပ္ေလးေတြ၊ႃခံုပဝါလွလွေလးေတြကို ပူဆာလိုက္မွာေျပာမေနနဲ႔။
အရမ္းမခ်မ္းသာရင္ေနပါေစ။ကိုယ့္ေမာင္ေလးေတြညီမေလးေတြကိုေတာ့ တင့္ေတာင္းတင့္တယ္ထားႏိုင္ခ်င္သည္။မိစုေလးအပ်ိဳရြယ္ေရာက္လာတဲ့အခါ ပံုရိပ္လိုမျဖစ္ေစခ်င္ဘူး။
မ၀တ္ႏိုင္မစားႏိုင္နဲ႔ သူမ်ားအထင္အျမင္ေသးတဲ့ဘ၀ေလးေတြႏွင့္မႄကံုေစခ်င္ေပ။အေဒၚကလည္းအသက္ႀကီးလာေတာ့ ဒီကေလးေတြ၏ေနာင္ေရးဟာ ပံုရိပ္ပခံုးအေပၚကိုလႊဲေျပာင္းယူရမွာေပါ့။အေတြးႏွင့္တင္ ရုန္းကန္ေနမိေသာပံုရိပ္သည္ ရင့္က်က္ေသာမိန္းကေလးအသြင္ေျပာင္းသြားသလိုလို ရိွေနသည္။
"ေလွကဘယ္လိုငွားရတာလဲ...."
ေလွဆိပ္ရိွ စက္ေလွလက္မွတ္၀ယ္သၫ့္ေနရာမွာ
တစ္ဦးကို၂၀၀က်ပ္အထက္ေပးရၿပီး
(ေလွအေသးငွားလ်ွင္တစ္စီးလံုးကိုမွ၃၀၀၀သာက်
သင့္ေလသည္။အႀကီးဆိုလ်ွင္ေတာ့၅၀၀၀က်ပ္က်သင့္သည္။ပံုရိပ္တို႔ကေတာ့ သံုးေယာက္တည္းသာရိွ၍ ေလွအေသးကိုငွားလိုက္သည္။
ဒီေန့သည္ ပိတ္ရက္ျဖစ္ေသာေၾကာင့္ ခရီးသြားေတြႏွင့္ႀကိတ္ႀကိတ္တိုးေနေလသည္။
ဒါဟာဘုရားရဲ့ ဘုန္းတန္ခိုးအာႏုေဘာ္ေၾကာင့္ထင္ပါရဲ့။ေရလယ္ေခါင္မွာရိွေသာဒီေနရာေလးကို
လူေတြသြားလာေနလိုက္ၾကတာမ်ား ကိုယ္အပါအ၀င္ေပါ့။ဖိနပ္လည္းအပ္ခဲ့လို႔ရေသာေၾကာင့္ ဖိနပ္မ်ားကိုအပ္ခဲ့ၿပီး ကိုယ္စီးရမၫ့္စက္ေလွနံပါတ္ကိုေစာင့္ကာ ကမ္းစပ္မွာရပ္ေနမိၾကသည္။
'ကိုထက္....ဒီနားကိုလာေန...."
"အန္တီညိုကလည္း...ဒီမွာပံုရိပ္တစ္ေယာက္တည္းပ်င္းေနမွာစိုးလို႔ပါ..."
"ငါေခၚေနတယ္ေနာ္....နင့္အေၾကာင္းကိုမသိဘူးမွတ္လို႔လား....ဂ်ိဳမေပါက္ခ်င္နဲ႔....လာဆိုလာ..."
"အဲ့ဒါဆိုလည္း....ယမင္းရယ္...နင္ဒီကိုလာစမ္းပါ..."
သူတို႔၏အေဒၚဟာ ပံုရိပ္ကိုတကယ္ကိုမ်က္မုန္းက်ိဳးေနေလသည္။ကိုယ္လည္းဘာအျပစ္မွမလုပ္ထားပဲ တစ္ဖက္သတ္မ်က္ေစာင္းထိုးေနတာကိုေတာ့ မခံႏိုင္ေပ။ဆင္းရဲတဲ့လူတစ္ေယာက္ဟာ သူတို႔အတြက္ရြံစရာသတၲဝါျဖစ္ေနတာလား။
ဒါဆိုရင္ ပံုရိပ္ကလည္းထိုသူမ်ိဳးကိုပို၍ရြံပါသည္။
လူကေတာ့ဘံုဖ်ားမွာေရာက္ေနေပမဲ့ အသားလြတ္ေမာက္မာေနေသာ စိတ္ဓာတ္ေတြကေတာ့ခ်ဳံၾကားထဲမွာပဲ။ပံုရိပ္ဟာ သူတို႔အဖဲြ႔မွကဲြထြက္လာရေသာ သင္းကဲြေလးလိုျဖစ္ေနေလၿပီ။ဘယ္တတ္ႏိုင္မွာလဲ။
"ဟဲ့....ဟိုမွာတို႔ေလွလာၿပီ...တက္..တက္..."
"ေဒၚေလး....သားလက္ကိုကိုင္...."
ေဘးမွကေလးေတြေရာ ေလွေပၚမွလူႀကီးကပါ လွမ္းဆဲြတင္ေပးေပမဲ့ အေဒၚႀကီးႏွင့္ယမင္းကေတာ့ ေလွဦးတြင္ေစာင့္ေနေသာဟိန္းေဇယ်ာထက္ကိုသာ တဲြ၍တက္ၾကသည္။
"ပံုရိပ္...ငါ့လက္ကိုလွမ္းဆဲြ...."
ကမ္းေပၚမွစက္ေလွေပၚသို႔ ပ်ဉ္ျပားထိုးေပးထားေပမဲ့ ေရလိႈင္းထတိုင္းေလွကအနည္းငယ္ယမ္းခါေန၍ ပံုရိပ္လည္းသူ႔လက္ေမာင္းကို ဆုပ္ကိုင္ထားၿပီး ေလွေပၚသို႔တက္လိုက္သည္။ဆြမ္းခံရင္းငွက္သင့္တာပဲလားေတာ့ မသိေပ။ကိုယ့္ကိုမ်က္မုန္းက်ိဳးေနေသာ သူေရ႔ွတြင္မွလိႈင္းပုတ္၍ ေလွယမ္းသြားရာ
ဟိန္းေဇယ်ာ၏လက္ေမာင္းကို ပို၍တင္းၾကပ္စြာ ဆုပ္ကိုင္လိုက္မိသည္။ဟိန္းေဇယ်ာထက္သည္လည္း ပံုရိပ္ကိုစိုးရိမ္ၿပီး ပခံုးကိုထိန္း၍ကိုင္ေပးထားေလသည္။
လ်ွပ္တျပတ္အၾကၫ့္မွာတင္ အန္တီညို႔ထံမွ
စိမ္းၫွို႔ေသာ အၾကၫ့္စိမ္းစိမ္းေတြကို ခံစားေတြ့ရိွလိုက္ရသည္။
"ဖယ္....ငါ့ဘာသာေလ်ွာက္လို႔ရတယ္...."
"ေလွကလူးေနတာေလ...ငါ့ကိုကိုင္ထားပါ...."
ပံုရိပ္ဆိုသည္မွာလည္း ဧရာ၀တီတိုင္းမွာေမြးခဲ့ေပမဲ့ ေရေၾကာက္သူျဖစ္၍ သူ႔လက္ကိုကိုင္လိုက္ရသည္။ေလွ၀မ္းထဲရိွ ခံုတြင္၀င္ထိုင္လိုက္ေတာ့ အန္တီညို၏ခနဲ႔တဲ့တဲ့စကားကိုၾကားလိုက္ရ၍ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားလိုက္မိသည္။
"အမယ္ေလး....ကိုယ့္ႏွမကိုယ္ေတာ့ဂရုမစိုက္ဘူး...
ဂီလာနမဟုတ္တဲ့သူကိုေတာ့တယုတယနဲ႔...
ကိုထက္ေနာ္...ငါၾကၫ့္မရေတာ့ဘူး...ကိုယ့္တူ၀ရီးေတြေအးေအးေဆးေဆးလာလို႔ရပါလ်ွက္နဲ႔...
အပိုလူကေခၚလာရေသးတယ္....နင္တို႔ဟာကမဟုတ္ေတာ့ဘူးေနာ္....."
အန္တီညို၏စကားေတြကို ပံုရိပ္အဖို႔လံုး၀နားမခံသာႏိုင္ေပ။သူ႔တူကိုစိတ္မခ်ရင္လည္း ရင္ခြင္ထဲမွာပိုက္ထားလိုက္ပါလား။
ယခုေတာ့ ဟန္ေတာင္မေစာင္ႏိုင္ေတာ့ပဲ ကိုယ့္တူမအရြယ္ကိုမစာမနာေတြေျပာေနေလသည္။
ငိုခ်င္စိတ္ေတာ့မျဖစ္ေပမဲ့ ၀မ္းနည္း၍မခံမရပ္ႏိုင္ေတာ့ျဖစ္မိသည္။
"ယမင္းေရ...တို႔ဒီကေနပဲ...ဆင္းၿပီးအိမ္ျပန္လိုက္ရေတာ့မလား...."
"ဟယ္....ပံုရိပ္ရယ္....ငါေတာင္းပန္ပါတယ္ဟာ...
အန္တီညိုက ကိုထက္နဲ႔ပတ္သတ္ရင္အဲ့လိုပဲ...
ငါေတာင္းပန္ပါတယ္စိတ္ထဲမထားပါနဲ႔ေနာ္..
.ငါ့ေမြးေန့မွာနင္ရိွမွေလဟာ...."
ယမင္း၏တိုးလ်ိႈးေတာင္းပန္ေသာ စကားေၾကာင့္သာပံုရိပ္သည္းခံေပးလိုက္မိသည္။
ျဖစ္ႏိုင္လ်ွင္ ေရထဲသို႔ဒိုင္ပင္ထိုးခ်ၿပီးေတာ့ကို
အိမ္ကိုျပန္ခ်င္ေနေတာ့သည္။သက္ျပင္းေတြကိုသာ အႀကိမ္ႀကိမ္ခ်ေနမိေသာပံုရိပ္ဟာ ဘုရားလာဖူးရ၍ရင္မေအးႏိုင္ေတာ့ေပ။စိတ္ညစ္ျငဴးစြာႏွင့္
ကမ္းေပၚသို႔ၾကၫ့္လိုက္မိေသာအခါမွာေတာ အံ့ဩမႈႏွင့္အတူ ၀မ္းသာေပ်ာ္ရႊင္မႈပါယွက္ေျပးသြားရေလသည္။
"ဆရာ....."
အျဖဴေရာင္လည္ကတံုးႏွင့္ပုဆိုးအစိမ္းပုပ္ေရာင္ေလးကို ၀တ္ဆင္ထားေသာဆရာသည္ ပံုရိပ္ႏွင့္ဆန္က်င္ဘက္ျဖစ္ေနသည္။ဆရာ့ကိုေတြ့လိုက္ရ၍ ပံုရိပ္ကသာ ၀မ္းသာသြားေပမဲ့ ဆရာကေတာ့မ်က္ႏွာမေကာင္းေပ။မ်က္ေမွာင္ႄကံု႔လ်ွက္ ေနရိပ္ထိုး၍ထင္သည္ မ်က္လံုးေတြကိုေမွးက်ဉ္းထားၿပီး ပံုရိပ္ကိုၾကၫ့္လာသည္။
မ်က္ေတာင္တစ္ခ်က္မခတ္သြားပဲ တင္းမာေနေသာမ်က္ႏွာထားႏွင့္တစ္ခုခုကို အလိုမက်ျဖစ္ေနပံုရသည္။ပံုရိပ္ဆရာ့ဆီသို႔ေျပးသြားလိုက္ခ်င္ေပမဲ့ စက္ႏိႈးေနၿပီျဖစ္ေသာ စက္ေလွေၾကာင့္စိတ္ဆႏၵကိုထိန္းခ်ဳပ္ထားလိုက္ရသည္။
"ေဟ့ေကာင္....မ်က္ႏွာကဘာျဖစ္ေနတာလဲ...."
ဆရာ့ပခံုးကို သူ႔သူငယ္ခ်င္းတစ္ေယာက္လာပုတ္ေသာအခ်ိန္တြင္ ဆရာသည္လည္းပံုရိပ္ထံမွမ်က္ႏွာလႊဲလိုက္သလို ပံုရိပ္တို႔၏စက္ေလွသည္လည္း ကမ္းႏွင့္တျဖည္းျဖည္းေဝးကြာလာခဲ့သည္။
ၾကၫ့္ရတာေတာ့ ဆရာတို႔လည္းပိတ္ရက္မွသူငယ္ခ်င္းေတြနဲ႔ ဘုရားလာဖူးတာထင္ပါတယ္။
ဒါဆိုရင္ ကိုယ့္တပၫ့္မတစ္ေယာက္ကို
ဘာေၾကာင့္၀တ္ေက်တန္းေက်ေတာင္ ႃပံုးမျပႏိုင္ရတာလဲ။၀မ္းနည္းလိုက္တာ။
ဘုရားေရ...ဆရာလည္းေလွကိုေစာင့္ေနတာဆိုလ်ွင္ ပံုရိပ္ကိုဘယ္အခ်ိန္တည္းကစိုက္ၾကၫ့္ေနခဲ့တာလဲ။ေလွေပၚကိုစတက္ခါစအခ်ိန္ကဆိုလ်ွင္
ေလွလူး၍ ဟိန္းေဇယ်ာထက္ ပံုရိပ္ကိုဖက္လိုက္ေသာအခ်ိန္မွာမ်ားလား။ျဖစ္ႏိုင္သည္။
ဆရာဟာ လူမႈေရးေခါင္းပါးတဲ့လူမွမဟုတ္ပဲ။
ပံုရိပ္ကို အၿမဲဆူပူဆံုးမၿပီး လမ္းမွန္ေရာက္ေအာင္တြန္းပို႔ေနေသာသူတစ္ေယာက္ဟာ အနည္းဆံုးေတာ့ႃပံုး၍ႏႈတ္ဆက္ေပလိမ့္မည္။
ပံုရိပ္ႏွင့္ဟိန္းေဇယ်ာထက္ကို တစ္မ်ိဳးထင္သြားခဲ့လို႔သာ ငယ္ငယ္ရြယ္ရြယ္နဲ႔ရည္းစားထားတယ္ထင္သြားခဲ့တာမ်ားလား။သို႔မဟုတ္လ်ွင္ မိဘ၊ေဆြမ်ိဳး
မပါပဲသူစိမ္းေတြႏွင့္ခရီးအတူသြား၍မ်ားလား။
ဆရာ့ကိုပံုရိပ္ရွင္းျပခ်င္ပါတယ္။
ေရထဲကိုခုန္ခ်လို႔မရတာခက္သည္။
အိုးမလံုတာကို အေပါက္ကေလးႏွင့္လို႔ေျပာလ်ွင္
ပံုရိပ္စိတ္မလံုတာဟာ ဘာေၾကာင့္မ်ားလဲ။
အျခားသူေတြ ပံုရိပ္ကိုစိတ္ပ်က္ခ်င္ပ်က္ပါေစ။
ဆရာကေတာ့ ပံုရိပ္ကိုစိတ္ပ်က္လို႔မရဘူး။
ပံုရိပ္၏ခြန္အားတံတိုင္းႀကီး က်ိဳးပ်က္သြားလ်ွင္
ပံုရိပ္သည္ ႏံုးေခြ၍အင္အားခ်ိနဲ႔သြားႏိုင္သည္။
ေရလယ္ဘုရား၏ရင္ျပင္ေတာ္ေပၚသို႔ေရာက္ေသာအခါမွာေတာ့ ပထမဦးဆံုး၀င္သည့္
ေဇာင္းတန္းတြင္ ဆုေတာင္းျပၫ့္လာဘမုနိဘုရားကို ဖူးေမ်ွာ္ၾကရသည္။
ဆုေတာင္းျပၫ့္ငါးဆက္ဘုရားမွာလည္း
ပိုက္ဆံတစ္ေထာင္ေလာက္လႉဒါန္းခဲ့လိုက္သည္။
ေနပူေန၍ ဘုရားရင္ျပင္ေတာ္ဟာ သိပ္ၿပီးမေအးရိပ္လွေပမဲ့ ဘယ္ေလာက္ဘုရားဖူးေတြတိုးႀကိတ္ေနပါေစ ရင္ျပင္ေပၚမွာလူမ်ားႏွင့္ၾကပ္သိပ္မႈလံုး၀မမရိွတာကိုေတာ့ အံ့ဩမိသည္။
ေရွးေဟာင္းသမိုင္း၀င္က်ိဳက္ေမွာ္၀န္ေရလယ္ေစတီေတာ္ကိုတည္ရာမွာအဓိဌာန္သံုးခ်က္ႏွင့္တည္ထားသည္ဟု ဆိုေလသည္။
(၁)ဤေစတီ၏ရင္ျပင္ကိုေရမလႊမ္းမိုးႏိုင္ေစသတည္း
(၂)လာသမ်ွ ရဟန္းရွင္လူအေပါင္းရင္ျပင္ေတာ္ေပၚ၌ေနေလာက္ေစသတည္း
(၃)ဤေစတည္ကိုျပဳျပင္လႉဒါန္းသူသည္ ပစၥုပၸန္၌ပင္လ်ွင္ ေလာကီစီးပြားတိုးတက္ပါေစသတည္းဆိုေသာ အခ်က္မ်ားပင္ျဖစ္သည္။
ပံုရိပ္တို႔လည္း ဘုရားမ်ားကိုလွၫ့္ပတ္ဖူးၿပီးေနာက္ ငါးစာကၽြေးဖို႔ရန္ေပါက္ေပါက္ဆုပ္၀ယ္ၾကေလသည္။ဟိန္းေဇယ်ာထက္ကေတာ့ သူ႔အေဒၚမ်က္ေစာင္းထိုးေနေသာၾကားမွပင္ ေပါက္ေပါက္ေတြကိုအတင္းလာထိုးထၫ့္ေပးေလသည္။
ပံုရိပ္လည္း သူေပးေသာေပါက္ေပါက္ေတြႏွင့္ပဲ ငါးစာကၽြေးလိုက္သည္။
ပံုရိပ္တို႔စတက္လာခါစအခ်ိန္သည္ ေရက်ခ်ိန္ျဖစ္ေနၿပီး ယခုတြင္ေရမ်ားတက္လာ၍ ငါးေတြကလည္း ပြက္လိုက္တာမွ အံ့ဩေလာက္စရာပင္ေကာင္းေနသည္။ ေျပာင္းဖူးေပါက္ေပါက္ေတြသည္လည္း ခ်၍မဆံုးျဖစ္ေနသည္။ယမင္းကေတာ့ အေပ်ာ္ႀကီးေပ်ာ္ေနသည္ေပါ့။ဟိန္းေဇယ်ာထက္ကေတာ့ စစေနာက္ေနာက္ႏွင့္ ပံုရိပ္ကိုပါ ေပါက္ေပါက္ဆုပ္ႏွင့္လွမ္းေပါက္သည္။
သူ႔အေဒၚႀကီးကိုၾကၫ့္လိုက္ေတာ့လည္း
မ်က္ေစာင္းကတခဲခဲ။အေနက်ဉ္းၾကပ္လိုက္တာ။
ေနာက္တစ္ခါ ေသတာေတာင္မလိုက္ေတာ့ဘူးဟုဆံုးျဖတ္လိုက္သည္။
ဆရာ့ကိုရွာၾကၫ့္ေတာ့လည္း လံုး၀မေတြ့ေပ။
ဆရာဆိုသည္မွာလည္း ကိုယ့္တပၫ့္မေလးကိုလိုက္၍ေတာင္မရွာေပ။
စိမ္းျပက္လိုက္တာဟု ဘာမဆိုင္ညာမဆိုင္ ႀကံဖန္၍အျပစ္တင္ေနမိသည္။
လိုက္လာတာက ကိုယ့္စိတ္သေဘာႏွင့္ကိုယ္ဆိုေပမဲ့
ဆရာ့ကိုစိတ္ဆိုးေနမိသည္။ဆရာသာအခုေနလာေခၚလ်ွင္ ခ်က္ခ်င္းလိုက္သြားမိမွာပဲ။
သို႔ေပမဲ့ ထိုေန့တြင္ပံုရိပ္ဆရာ့ကိုရွာ၍မေတြ့ခဲ့ပါ။
ဆရာသည္လည္း ပံုရိပ္ကိုရွာမည္မထင္ေပ။
သို႔ေပမဲ့မထင္မွတ္ထားေသာအေျခအေနတစ္ခုႏွင့္
သူမအသဲအသန္ေစာင့္ေမ်ွာ္ေနခဲ့ေသာ သတင္းကေတာ့ အိမ္တြင္အသင့္ေစာင့္ႀကိဳေနခဲ့ေလၿပီ။
ထိုေန့ဟာပံုရိပ္အတြက္ေတာ့ ျပႆဒါးေန့.....။
(ေနာက္အခန္းေတြမွာေတာ့ ဇာတ္ရိွန္ပိုျမင့္ပါၿပီ)
No comments:
Post a Comment