Unicode/ Zawgyi
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၆)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
"ချစ်ပန်းဝေရေ..ဒီမှာငါ့ညီမရဲ့ချစ်လှစွာသော
အစ်ကိုကြီး ပြန်လာပြီဟေ့
ဒီနေ့ ဖဲနိုင်လာခဲ့တဲ့အတွက် ကိုကြီးက
ညီမလေးရဲ့ မင်္ဂလာဆောင်အတွက်
သတို့သမီး၀တ်စုံ လှလှလေး၀ယ်ပေးမယ်..."
"ဟာ..အစ်ကိုကြီး..
အိမ်ပေါ်တက်ရင်
ကောင်းကောင်းတက်လာပါဟ
ဘာလို့ အသားကုန်အော်နေရတာလဲ.."
"ဟဲ့မိလှိုင်..ငါ့ဘာသာပါးစပ်ရှိလို့အော်တာပဲ
ဘယ်လိုအော်အော်ပေါ့..ဘာလဲ
ကိုယ့်အိမ်ပေါ်ကိုယ်တက်တာတောင်
သူခိုးကြီးငတက်ပြားလို ခိုးကြောင်ခိုးဝှက်
လုပ်နေရမှာလား.."
"ကိုကြီးကလည်း တိုးတိုးလုပ်ပါဆို
အမေစိတ်မကြည်ဘူးနော်..
အဆူခံရမှာစိုးလို့ ပြောနေတာ..."
မူးမူးရူးရူးနှင့် အိမ်ပေါ်သို့တက်လာပြီး
အော်ဟစ်ဆူညံနေ၍ ယုယလှိုင်အနေနှင့်
အတင်းကြိုပိတ်လည်း မရပေ။
အရက်လေး ပါးစပ်ထဲ၀င်သွားပြီဆိုရင်
တကယ်ကို ထိန်းမနိုင်သိမ်းမရပါလေ..။
"အမေစိတ်မကြည်တော့ ငါကဘာလုပ်ရမှာလဲ
မကြည်ရင်ကျောက်ချဉ်ထည့်လိုက်
ကြည်သွားလိမ့်မယ်..."
"ဟာ...ကိုကြီးကလည်း..
ဘာတွေလျှောက်ပြောနေတာလဲ.."
"ပြောတော့ဘာဖြစ်လဲဟာ..ဟဲ့မိလှိုင်
နင်ငါ့ကိုစကားတွေလာရှည်မနေနဲ့..
လူကမူးလာတာနော်..
ငါမူးရင်သွေးဆိုးတတ်တယ်ဆိုတာ
နင်သိတယ်မဟုတ်လား...ချစ်ပန်းဝေကိုသာ
ခေါ်လိုက်စမ်းဟာ.."
"ဟဲ့အမူးသမား..နင်ကအမေကိုကျော်ပြီး
ဒွေးတော်ကိုတနေတယ်ပေါ့လေ..."
ဒေါ်ဌေးဌေးအဖို့ ကြားနေရသည့်
စကားတွေက အဆင်မပြေတော့၍
ခါးထောက်ပြီး အိမ်ရှေ့ခန်းသို့
ခြေသံခပ်စောင့်စောင့်နင်းကာ
ထွက်လာမိတော့သည်။
"လှိုင်မြင့်ဦး..နင်တစ်နေ့တစ်နေ့..
အဲ့ဒီ့အရက်တွေကို သောက်လိုက်
မူးရူးပြီး အိမ်ပြန်လာလိုက်လုပ်နေတဲ့
အကျင့်ကို ပြင်စမ်း..."
"ဟာ..အမေကလည်းပွားပြန်ပြီဗျာ...
မူးချင်လို့ သောက်ပါတယ်ဆိုနေမှ
မူးတဲ့အကျင့်ကိုပြင်ဆိုတော့...
အမေ..ကျပ်ပြည့်ပါတယ်နော်.."
"ဟဲ့..အမူးသမား..
ငါမွေးလို့နင်က ငါ့သားဖြစ်လာတာနော်...
နင်ငါ့ကိုလာမဆော်ကားနဲ့..အမူးသမားရဲ့.."
"အမေတို့ကလည်း..တစ်ခါလာလည်း
ဒါနဲ့ပဲ ကိုင်ပေါက်နေတယ်..
အဲ့ဒါမှန်းသိရင်..အစတည်းက
အဖေ့ကိုဗိုက်ကြီးခိုင်းလိုက်...ပြီးရော.."
"လှိုင်မြင့်ဦး..နင့်အပေါက်ကို
နင့်ဘာသာပိတ်မလား..ငါလာပိတ်ပေးရမလား.."
အမေဖြစ်သူ၏ဒေါသကြီးပုံကိုရော
အစ်ကိုကြီး၏ အရစ်သန်ပုံကိုပါသိနေတော့
ယုယလှိုင်လည်း ကြားထဲမှ
ခေါင်းကြိမ်းနေရလေသည်။
"အစ်ကိုကြီး..ရေချိုး၊ထမင်းစားပြီး
အိပ်လိုက်ပါတော့ဟာ..အစ်ကိုကြီးကြောင့်
အမေရောဂါတိုးလိမ့်မယ်..."
"ဟဲ့..မိလှိုင်..နင်စကားကိုဗလောင်းဗလဲမပြောနဲ့
ငါအမေ့ကို ဘာမှမပြောဘူး..
အမေကသာ ငါ့ကိုပြဿနာလာရှာနေတာ...
ဒီမှာ..ငါဖဲရိုက်လို့နိုင်လာတယ်..
ချစ်ပန်းဝေအတွက် သူ့မင်္ဂလာဆောင်မှာ၀တ်ဖို့
၀တ်စုံဖိုး ငါဆိုက်မယ်ဟာ.."
လှိုင်မြင့်ဦးသည် သူ့ပုဆိုးထဲတွင်
လိပ်၍ထည့်လာသော ပိုက်ဆံကို
ပြလိုက်လေရာ ဒေါ်ဌေးဌေးမှာ
ပို၍ ဒေါသပုန်ထလေတော့သည်။
"ဟဲ့..မင်္ဂလာ၀တ်စုံဖိုး
နင်ဆိုက်ချင်လည်းမရတော့ဘူး..
နင့်ညီမက..မင်္ဂလာမဆောင်ဘူးတဲ့
ရုံးတက်လတ်မှတ်ထိုးတာပဲလုပ်မယ်တဲ့..ကဲ.."
"ဗျာ...ချစ်ချစ်က ဘာလို့အဲ့လိုလုပ်ချင်ရတာလဲ.."
"မသိဘူးလေ..သိချင်ရင်သူ့သွားမေးပေါ့.."
"အခုသူဘယ်မှာလဲ.."
"လက်မှတ်ထိုးတဲ့နေ့ကြရင်၀တ်ဖို့
သူ့အမေလက်ထပ်က မင်္ဂလာ၀တ်စုံကို
အပ်ချုပ်ဆိုင်မှာ သွားသီနေတယ်..
ဟွန့်..တင်တောင်းငွေရှိတာတောင်
၀တ်စုံဖိုးအတွက်မသုံးပဲ..
မယူရသေးတဲ့ယောက္ခမအတွက်
အခုတည်းက ချွေတာရေးဆင်းနေတာလေ.."
"ချစ်ချစ်က သူများတွေလို..ဘာဖြစ်လို့
မင်္ဂလာပွဲမလုပ်ချင်ရတာလဲ.."
"အဲ့ဒါတော့ ဘယ်သိမလဲ..
သူ့သွားမေးပေါ့..လူကြီးတွေက
ကောင်မယ်ထင်လို့
နန်းတော်ဆောက်ပေးလည်း
ခြုံပဲတိုးချင်နေတဲ့ဟာတွေ
သူ့ထိုက်နဲ့သူ့ကံပဲ.."
"ကျွန်တော်လည်း သူများတွေလို
ကိုယ့်ညီမ မင်္ဂလာဆောင်မှာ..
ကျက်သရေ ခေါင်းပေါင်းလေးနဲ့...
တိုက်ပုံရယ်..ယောပုဆိုးရယ်၀တ်ပြီး
ကြွားချင်တာပေါ့...
အခုတော့ မ၀တ်ရတော့ဘူးပေါ့.."
"စိတ်ပူမနေနဲ့...နင်သေရင်
အဲ့ဒီ့ကျက်သရေခေါင်းပါ တစ်ခါတည်း
ဆောင်းပေးလိုက်မယ်..."
"ဟာဗျာ..အမေကလဲ.."
🌺🌺🌺🌺🌺🌺🌺🌺
ဖယောင်းတိုင်မီးအရောင်နှင့်အတူ
အခန်းငယ်လေး၏ အရောင်အဝါသည်
မှိန်ဖျဖျသာ ဖြစ်၍နေသည်။
ယုယလှိုင်ကတော့ ပန်းဆီရောင်
ဖဲသားချိတ်၀မ်းဆက်လေးကို ၀တ်ပြီး
ပြုံးနေသော ချစ်ချစ်၏မျက်နှာလေးကိုသာ
ကျေနပ်စွာ ကြည့်နေမိတော့သည်။
"ဘယ်လိုလဲမမလှိုင်..ဒီ၀တ်စုံလေးနဲ့..
သမီးနဲ့လိုက်ရဲ့လား.."
"ငါ့ညီမက ဘာ၀တ်၀တ်လှပြီးသား
မနက်ကြရင်..ချစ်ချစ်ပန်ဖို့သစ်ခွပန်း
၀ယ်ထားတယ်သိလား..မမလှိုင်ကိုယ်တိုင်
ဆံထုံးလေးထုံးပြီး ပန်ပေးမယ်.."
"ဟုတ်ကဲ့.."
အမေနဲ့အဖေ မင်္ဂလာဆောင်ခဲ့စဉ်က
၀တ်စုံလေးကို ပြန်၀တ်ရတာဆိုတော့
ဒီဇိုင်းက နဲနဲဟောင်းနေပြီဆိုပေမဲ့
ယဉ်ပြီး တင့်တယ်သည်ဟု မြင်မိတယ်။
မမလှိုင်၏ဘေးနားမှာ ငုတ်တုတ်ကလေး
ထိုင်နေသော မေမေ့ကိုကြည့်လိုက်မိတော့
ရင်ထဲမှာ ၀မ်းနည်းသွားမိတာအမှန်ပဲ။
အမေတစ်ယောက်လုံး သက်ရှိထင်ရှား
ရှိနေပေမဲ့ အုပ်ထိန်းသူနေရာမှာ
နေမပေးနိုင်ရှာပါလား။
"အမေ..သမီး၀တ်ထားတာလှလားဟင်.."
ချစ်ချစ်မေးလိုက်တော့ အမေက
မော့ကြည့်လာပေမဲ့ မျက်လုံးလေးများသည်
ဘာမှမသိနားမလည် ဟန်လေးဖြစ်၍နေသည်။
"ဟင်..လှပါဘူး..အဲ့ဒီ့၀တ်စုံက
ငါ၀တ်မှလှမှာ..နင်၀တ်တာ..
လှလည်းလှဘူး.."
"ဟုတ်တာပေါ့..အမေရဲ့..
သမီး၀တ်ထားတာက
အမေ့လောက်တော့ဘယ်လှပါ့မလဲ..
ဒီ၀တ်စုံက အမေနဲ့အဖေရဲ့မင်္ဂလာပွဲအတွက်
သီးသန့်ချုပ်ပေးထားတာပဲလေ..
အမေ..မှတ်မိလားဟင်..."
ချစ်ချစ်မေးလိုက်တော့ အမေက
စဉ်းစားသွားဟန်နှင့် နားထင်ကို
လက်ထောက်ပြီး ဟန်လုပ်နေလေသည်။
"အော်..မှတ်မိပြီ..မှတ်မိပြီ..
အဲ့ဒါကို၀တ်ပြီး ငါတို့ရေကူးကြတာလေ
ဟုတ်တယ်မလား..."
"ကဲပါ..ချစ်ချစ်ရယ်..နင့်အမေကို
သွားမမေးပါနဲ့တော့..သူကဘာမှမှတ်မိမှာ
မဟုတ်ဘူး..နင်ပဲ၀မ်းနည်းရလိမ့်မယ်..
ဒီညစောစောသာအိပ် မနက်ဖြန်ကြရင်
မျက်နှာလေး ပြည့်နေမှဖြစ်မှာပေါ့.."
"ဟုတ်ကဲ့.."
အ၀တ်အစားတွေကိုလဲလိုက်ကာ
ဖရောင်းတိုင်မီးကိုလည်း မှိတ်လိုက်ပြီး
ခြင်ထောင်ထဲသို့၀င်ပြီး လဲအိပ်လိုက်ပေမဲ့
အိပ်လို့ လုံး၀မပျော်ပေ။
မနက်ဖြန်အတွက် စိတ်လှုပ်ရှားလွန်း၍
ရင်ထဲမှာ တစ်မျိုးကြီးခံစားနေရသလိုပါပဲ။
ကိုယ့်ကိုကိုယ်လည်း အသက်နှစ်ဆယ့်နှနှစ်
အရွယ်မှာ အိမ်ထောင်ပြုရလိမ့်မယ်ဟု
မထင်ထားခဲ့မိပေ။
အမေ့ရဲ့စိတ်ဝေဒနာကြောင့် အသက်၃၀လောက်မှ
အိမ်ထောင်မပြုဖြစ်ရင်၊အပျိုကြီးလုပ်မည်ဟု
တွေးထားခဲ့မိပေမဲ့ အခုတော့အတွေးနဲ့
လက်တွေ့က တခြားစီဖြစ်နေခဲ့လေပြီ။
"ချစ်ချစ်..စိတ်လှုပ်ရှားနေတာလား
လက်တွေအေးစက်နေတာပဲ.."
မမလှိုင်သည် ချစ်ချစ်၏လက်ဖျားလေးတွေကို
ဆုပ်ကိုင်လာပြီး လေးပြေအေးလေးနှင့်
မေးလာတော့ ချစ်ချစ်လည်းမသိမသာ
ပြုံးမိသွားလေသည်။
"စိတ်လှုပ်ရှားတာပေါ့ မမလှိုင်ရယ်
ရန်ကုန်ကို လိုက်သွားရမယ်ဆိုတော့
ကြောက်လည်းကြောက်တယ်...
ပြီးတော့ သိမ်ငယ်စိတ်လည်း၀င်မိတယ်.."
"ဟင်..ဘာဖြစ်လို့သိမ်ငယ်စိတ်၀င်ရတာလဲ.."
"ရှိုင်းက..နိုင်ငံကျော်ရုပ်ရှင်မင်းသားလေ
သမီးကတောသူ...သမီးတို့နှစ်ယောက်က
လုံး၀မလိုက်ဖက်တာတော့အမှန်ပဲ
.........
သမီးရဲ့အရှက်နဲ့သိက္ခာကို
ကာကွယ်ပေးဖို့အတွက်နဲ့ လက်ထပ်ပေးတဲ့
သူ့ကို အားနာနေမိတယ်...
............
ပြီးတော့ သူ့မှာစေ့စပ်ထားတဲ့မိန်းကလေး
ရှိပြီးသားတဲ့..တကယ်လို့
အဲ့ဒီ့ကောင်မလေးနဲ့သူက ချစ်သူတွေဆိုရင်
သူများချစ်သူနှစ်ဦးကို ကွေကွင်းအောင်
လုပ်မိသလို ဖြစ်သွားမှာပေါ့..."
"လျှောက်တွေးမနေစမ်းပါနဲ့ချစ်ချစ်ရယ်
အဲ့ဒီ့စေ့စပ်ပွဲက ဖြတ်လို့ရလို့သာ
အန်တီစံပယ်တို့က ချစ်ချစ်နဲ့သဘောတူတာ
နေမှာပေါ့..
............
တကယ်လို့ ရှိုင်းကသာအဲ့ဒီ့ကောင်မလေးကို
အရမ်းချစ်တယ်ဆိုရင် လက်ထပ်မဲ့ကိစ္စကို
လက်ခံမယ်မထင်ဘူး..
...........
အများကြီးမတွေးစမ်းပါနဲ့ချစ်ချစ်ရယ်..
တွေးလေ ပိုပြီးစိတ်ရှုပ်ရလေပဲ ဖြစ်နေမှာပေါ့.."
"အေးနော်..တွေးလေပိုစိတ်ရှုပ်ရလေပဲ
ဒီရွာကနေ သွားရတော့မယ်ဆိုတော့
အခုတည်းက ကြိုလွမ်းနေရပြီ.."
"ညနေတုန်းက အစ်ကိုကြီးအိမ်ကို
ပြန်လာသေးတယ်သိလား..
နင်ကမင်္ဂလာပွဲမလုပ်တော့
သူစိတ်တွေဆိုးနေတာ.."
"ဟင်..ဘာဖြစ်လို့စိတ်ဆိုးတာလဲ.."
"ဘာဖြစ်ရမှာလည်း..အဲ့အမူးသမားက
နင့်မင်္ဂလာပွဲမှာ ၀တ်ကောင်းစားလှ၀တ်မယ်လို့
စိတ်ကူးထားပုံပဲ..
သူလည်း ကျက်သရေခေါင်းပေါင်းလေးနဲ့...
တိုက်ပုံရယ်..ယောပုဆိုးရယ်၀တ်ပြီး
ကြွားချင်တာပေါ့တဲ့...
......
အဲ့ဒါနဲ့အမေက ဘာပြန်ပြောလိုက်လည်းသိလား.."
"ဘာပြန်ပြောလိုက်တာလဲ.."
*နင်သေရင် အဲ့ဒီ့ကျက်သရေခေါင်းပါ တစ်ခါတည်း ဆောင်းပေးလိုက်မယ်တဲ့..."
"ဟား..ဟား..တကယ်မလွယ်ပါလားဟေ.."
"ဟုတ်ပ..သူတို့သားအမိနှစ်ယောက်က
ဘယ်တုန်းကမှ တည့်တယ်လို့မရှိဘူး
.........
အဲ..ဒါပေမဲ့ ကိုကြီးကနင့်ကိုတော့
တကယ်ချစ်တာနော်..
ဟိုတစ်နေ့က ရှိုင်းတို့အိမ်ကိုသွားပြီး
ပွဲကြမ်းတာပဲကြည့်တော့..
နင်သာရန်ကုန်ကို လိုက်သွားရင်
ဒီအိမ်မှာ ၀မ်းအနည်းဆုံးက
သူဖြစ်လိမ့်မယ်ထင်တယ်...."
သေချာပြန်တွေးကြည့်တော့လည်း ဒီအိမ်မှာ
ချစ်ချစ်ကို အလိုအလိုက်ဆုံးက
ကိုကြီး လှိုင်မြင့်ဦးပါပဲ။
သူ့ကြက်တွေကို တစ်ကောင်ပြီးတစ်ကောင်
ချက်စားပစ်လည်း စိတ်မဆိုးရှာဘူး။
ကိုယ်ဘာပြောပြော ဗွေမယူပဲ
အရမ်းအနွံအတာ ခံခဲ့ရှာတာ။
ငယ်ငယ်တုန်းကလည်း မိဘတွေနဲ့အတူ
ဒီရွာကို လိုက်လာတဲ့အခါတိုင်း
ဘယ်လို ဆော့နည်းမျိုးဆော့ဆော့
ကိုယ့်ကို သူကချည်းပဲအရှုံးပေးခဲ့ရှာတာ။
ဟိုးငယ်ငယ်တည်းကနေ အခုချိန်အထိ
မောင်နှမ ၀မ်းကွဲတွေထဲမှာ
ကိုကြီးလှိုင်မြင့်ဦးက ချစ်ချစ်ကို
အနွံတာ အခံဆုံးပါပဲ။
အပေါင်းအသင်းမှားပြီး လောင်းကစားနဲ့
အရက်ကို စွဲလမ်းနေသူဆိုပေမဲ့
ချစ်ချစ်အတွက်ဆို အမြဲအသင့်ရှိပေးခဲ့တဲ့
အစ်ကိုကြီး အဖရာပေါ့။
ပြန်တွေးရင်း စိတ်မကောင်းဖြစ်ရတာအမှန်ပဲ။
"အော်..ငါနင့်ကိုပြောဖို့ကျန်နေသေးတယ်
လှိုင်မင်းလည်း နင့်မင်္ဂလာကိစ္စကို
သိသွားပြီ.."
"ဟုတ်လား..လေးလေးပြောလိုက်တာလား.."
"အေးလေ..ညနေကမြို့ကိုတက်ရင်း
အဖေ၀င်ပြောလိုက်တာ..လှိုင်မင်းက
စာမေးပွဲရှိတော့ လိုက်မလာနိုင်ဘူးတဲ့
ငါအဖေ့ကို မေးကြည့်တာတော့
နင့်မင်္ဂလာသတင်းကို ကြားတာနဲ့
သူငိုင်ကျသွားတယ်တဲ့..ရုတ်တရက်ကြီးဆိုတော့
မယုံနိုင်ဘူးဖြစ်သွားတာနေမှာပေါ့.."
"သမီးက သူ့ကိုဟင်းတွေသွားသွားပို့နေတော့
ဟင်းပို့မဲ့သူ မရှိတော့ဘူးထင်လို့
ငိုင်သွားတာနေမှာပေါ့.."
လေသံကသာ ရယ်သံလေးစွတ်နေပေမဲ့
ချစ်ချစ်၏မျက်နှာကတော့
ဟန်မဆောင်နိုင်လောက်အောင်
ပျက်ယွင်းနေမိသည်။
ကိုယ်နဲ့အတူ ကြီးပြင်းလာခဲ့တဲ့
ဒီမောင်နှမတွေကို ထားပစ်ခဲ့ပြီး
တကယ်ထွက်သွားရတော့မှာပါလား။
"မမလှိုင်ရယ်..သမီးအခု
ဘာတွေးနေမိလဲသိလား.."
"ဘာတွေးနေတာလဲ.."
"သမီးယောက်ျားမယူချင်တော့ဘူး
မမလှိုင်တို့နဲ့ မခွဲနိုင်တော့ဘူး.."
ချစ်ချစ်၏အသံက ငိုသံလေးပေါက်နေတော့
မမလှိုင်သည်လည်း မနေနိုင်တော့ပဲ
အမှောင်ထဲမှနေ၍ ချစ်ချစ်၏ပါးပြင်လေးကို
စမ်းလိုက်ကာ မျက်ရည်လေးတွေကို
သုတ်ပေးရှာလေသည်။
"မငိုပါနဲ့ချစ်ချစ်ရယ်..ဘယ်အရာမဆို
အစပိုင်းတော့ ခက်ခဲတာပါပဲ..
အချိန်ကြာလာရင်တော့ နေသားကျသွားမှာပါ
ဘယ်လိုပဲဖြစ်ဖြစ် ချစ်ချစ်ကကံကောင်းပါတယ်
ကိုယ်အရမ်းကြိုက်တဲ့ မင်းသားနဲ့
လက်ထပ်ခွင့်ရလိုက်တာ
အမြတ်ပဲ မဟုတ်ဘူးလား.."
"ဒါပေမဲ့ အဆင်ပြေမယ်မထင်ပါဘူး
သူကမှ သမီးကိုမချစ်တာ.."
"စိတ်မပူပါနဲ့ချစ်ချစ်ရယ်
မမလှိုင်..ကျိန်းသေပေါက်ပြောရဲတယ်
တို့ရဲ့ ချစ်ပန်းဝေလေးကို
ရှိုင်းသေချာပေါက် ချစ်လာလိမ့်မယ်.."
"အိပ်မက်ထဲမှာလား မမလှိုင်.."
"နိုး..နိုး..မယုံရင်စောင့်ကြည့်.."
မမလှိုင်၏စကားကြောင့် အားတက်ရပေမဲ့
တကယ့်လက်တွေ့မှာတော့ ဖြစ်လာနိုင်ဖို့
အင်မတန် ရာခိုင်နှုန်းနည်းလွန်းပါတယ်။
ကိုယ့်ကို မုန်းပါသည်ဟု တရား၀င်
ကြေငြာသွားသည့်လူတစ်ယောက်၏
စိတ်ကို ပြောင်းလဲဖို့ဆိုတာ ဘယ်လိုလုပ်ပြီး
လွယ်ကူပါ့မလဲ။
သူ့ညီမပြောသွားခဲ့ပုံမျိုးဆို ရှိုင်းက
တကယ်ကို ထိန်းချုပ်ရခက်သည့်
ယောက်ျားတစ်ယောက် ဖြစ်နေမှာ
သေချာတယ်။
ချစ်ချစ်က သူ့ကိုတစ်ခါအရှုံးပေးမိရင်
သူက အမြဲတမ်းအနိုင်ယူသွားလိမ့်မယ်တဲ့။
*ဒါပေမဲ့ ချစ်ချစ်က သူ့ကိုဘယ်လိုမျိုး
နိုင်အောင်လုပ်နိုင်ပါ့မလဲ..
အခုတောင် သူ့ကြောင့်မင်္ဂလာပွဲကို
မလုပ်ဘူးဟု ငြင်းလိုက်မိပြီမဟုတ်လား..
နောင်မှာ..ချစ်ချစ်ဘာတွေများ ထပ်ပြီး
လိုက်လျောရပါအုံးမလဲ...*
🌺🌺🌺🌺🌺🌺🌺🌺
မနက်ပိုင်းမှာ ရှိုင်းနှင့်ချစ်ချစ်တို့
ရုံးတက်ပြီး လက်မှတ်ထိုးဖြစ်ခဲ့ကြသည်။
အသိသက်သေအနေနဲ့ ရှိုင်းဘက်ကတော့
သူ့မိဘတွေနှင့် သူ့ဦးလေးတစ်ယောက်
လက်မှတ်ထိုးကြပြီး ချစ်ချစ်ဘက်ကတော့
လေးလေးနှင့်ဒေါ်ကြီးအပြင် ချမ်းအေးရဲ့အဖေက
အသိသက်သေ လုပ်ပေးခဲ့ကြသည်။
မင်္ဂလာပွဲကျင်းပတာမျိုးမဟုတ်တော့
ကိုယ်လက်ထပ်လိုက်ရတဲ့ ကိစ္စဟာ
ဘာအနှစ်သာရမှ ရှိမနေသလိုပါပဲ။
လက်မှတ်ထိုးပြီးနောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို
၀င်၍ ကလေးများအတွက် လိုအပ်သည့်
ငွေကြေးထောက်ပံ့ပေးခဲ့ပြီးနောက်
ရွာကိုသာ ပြန်လာခဲ့ကြတယ်။
ရွာဘုန်းကြီးကျောင်းမှာလည်း
အန်တီစံပယ်တို့ဟာ ချစ်ချစ်တို့နှစ်ယောက်၏
မင်္ဂလာပွဲအထိန်းအမှတ်အဖြစ်
ဘုရားကျောင်းဆောင်တစ်ခု ဆောက်လုပ်
လှူထမ်းဖို့ တိုင်ပင်ခဲ့ကြလေတယ်။
လုပ်ငန်းစဉ်တစ်လျှောက်လုံး လူကြီးတွေ၏
အစီအစဉ်နဲ့ပဲ ပြီးဆုံးသွားခဲ့တယ်။
ဒါပေမဲ့ ချစ်ချစ်ရဲ့ ခင်ပွန်းလောင်းက
မပျော်မရွှင်ဖြစ်နေတော့ ချစ်ချစ်လည်း
ရဲရဲမပျော်နိုင်ပေ။
"ချစ်ချစ်..ဒါကအမေသမီးကို
သီးသန့်ပေးတာ...မြတစ်ဆင်ဆာ..
ချစ်ချစ်နဲ့ဆိုရင် သိပ်လိုက်မှာပဲကွယ်.."
အန်တီစံပယ်က ချစ်ချစ်ကို သူ့အခန်းထဲသို့
တိုးတိုးတိတ်တိတ်ခေါ်၍ မြတစ်ဆင်စာ
ပေးတော့ ချစ်ချစ်အံ့ဩသွားမိလေသည်။
ကိုယ့်ဘ၀မှာ ဈေးအကြီးဆုံး၀တ်ဖူးတာဆိုလို့
ရွှေဆွဲကြိုးရယ်၊လက်စွပ်လေးရယ်ပဲ
ရှိခဲ့ဖူးတယ်။
အခုတော့ အဲ့ဒါတွေလည်းမရှိတော့ပါဘူး။
ချစ်ချစ်အခုမြင်နေရသည့် မြကျောက်ဆိုတာက
စိမ်းလဲ့နေကာ အရည်ရွှမ်းနေပြီး
ကြည့်တာနဲ့ တန်ဖိုးအရမ်းကြီးမှန်း
သိနိုင်တယ်။
"အမေ..သမီးဒါကိုမယူပါရစေနဲ့နော်..
အရမ်းတန်ဖိုးကြီးတော့ သမီးကြောင့်
ပျောက်သွားမှာစိုးလို့..."
"အဲ့ဒါဆို မပျောက်အောင်သိမ်းပေါ့ချစ်ချစ်ရဲ့
ဘာပဲဖြစ်ဖြစ် အခုကစပြီး
ဒီပစ္စည်းတွေကို ချစ်ချစ်ပိုင်သွားပြီ..
အမေကတော့ လုံး၀ပြန်ယူတော့မှာမဟုတ်ဘူး..
ရော့..သမီးသိမ်းထား.."
ချစ်ချစ် အတင်းငြင်းပေမဲ့ အန်တီစံပယ်က
လက်မခံ၍ ယူလိုက်ရလေသည်။
ဒါပေမဲ့ ကိုယ်နဲ့မတန်တဲ့ ပစ္စည်းမို့လားမသိဘူး
လက်တွေတောင် တုန်တယ်။
"သားမောင်မောင်ကလွဲပြီး
အမေတို့ မိသားစုအားလုံး ဒီညတစ်ခြားအိမ်မှာ
သွားအိပ်ကြမှာဆိုတော့ မောင်မောင့်ကို
ဒီညအပီစည်းရုံးထားနော်သမီး.."
"ရှင်..အမေတို့ကဘာလို့ တစ်ခြားမှာ
သွားအိပ်ကြမှာလဲ.."
"အော်..ချစ်ချစ်ကလည်း ဒီညကချစ်ချစ်နဲ့
သားတို့ရဲ့ မင်္ဂလာဦးညလေ
အဲ့ဒီ့တော့ အမေတို့ကအလိုက်တသိ
ရှောင်ပေးရမှာပေါ့...လာ..အခုတော့
ညစာသွားစားကြမယ်.."
အန်တီစံပယ်ကတော့ တက်ကြွလန်းဆန်းနေပေမဲ့
ချစ်ချစ်ကတော့ ကြို၍ကြောက်နေမိလေသည်။
အန်တီစံပယ်တို့က တစ်ခြားမှာ
သွားအိပ်မယ်ဆိုတော့ ချစ်ချစ်ရယ်၊သူရယ်
နှစ်ယောက်တည်းသာ ဒီအိမ်မှာ
ကျန်ခဲ့ရတော့မှာပေါ့။
"ချစ်ချစ်..စားလေ..ဟင်းမကောင်းလို့လား.."
"မဟုတ်ပါဘူး..ကောင်းပါတယ်.."
အန်တီစံပယ်က ဟင်းတွေခပ်ထည့်ပေးနေပေမဲ့
ကိုယ့်အိမ်မဟုတ်တော့ အများကြီးလည်း
မစားရဲပေ။
ဘေးနားမှာအတူကပ်ထိုင်နေသည့် ရှိုင်းကို
ခိုးကြည့်လိုက်မိပေမဲ့ သူ့ကတော့
အိန္ဒြေရှိလွန်းစွာ စကားတစ်ခွန်းတောင်မပြောပဲ
ထမင်းသာ စားနေလေသည်။
"ကျွန်တော်ပြီးပြီ..အပေါ်တက်နှင့်တော့မယ်.."
"ဟဲ့..မောင်မောင်..ကိုယ့်မိန်းမကို
စောင့်ဦးမှပေါ့.."
အန်တီစံပယ်က ၀င်ပြောတော့ ချစ်ချစ်ကို
မကြည်သလို ကြည့်လာလေသည်။
သူ့အကြည့်က သိမ်မွေ့မှုမရှိတာတော့အမှန်ပဲ။
"မင်းဘာသာ တက်လာခဲ့တော့.."
ချစ်ချစ်ကိုကြည့်ကာ ထိုသို့ခပ်ပြတ်ပြတ်
ပြောသွားပြီး အပေါ်သို့တက်သွားသည့်
သူ့နောက်ကျောကိုသာ ငေးကြည့်နေမိလေသည်။
ချစ်ချစ်လည်း စားချင်စိတ်မရှိတော့ပေမဲ့
အပေါ်ထပ်သို့ မတက်ချင်သေး၍
အန်တီစံပယ်တို့ စားပြီးသည်အထိ
စောင့်နေလိုက်မိသည်။
"သမီးပန်းကန်ဆေးပေးပါ့မယ်.."
"ရပါတယ်သမီးရယ်.."
"မဟုတ်တာအမေရယ်..
သမီးကုသိုလ်ယူချင်လို့ပါ"
ချစ်ချစ်လည်း ပန်းကန်တွေကို
ချက်ချင်းယူလိုက်ပြီး ပန်းကန်ဆေးပေးလိုက်သည်။
အန်တီစံပယ်တို့ကတော့ အိမ်မှာခဏပဲ
ဆက်နေကြပြီး ညနေငါးနာရီထိုးလောက်မှာ
အကုန်လုံး ထွက်သွားကြလေတော့သည်။
အပေါ်ကိုတက်ပြီး သူနှင့်
မျက်နှာချင်း မဆိုင်ချင်သေး၍
တီဗွီသာဖွင့်ပြီး ကြည့်နေလိုက်မိသည်။
အစကတော့ ကိုယ့်ဘာသာ
တီဗွီထဲ အာရုံရောက်နေ၍ အဆင်ပြေနေပေမဲ့
ရှစ်နာရီထိုးလောက်အရောက်မှာတော့
မျက်လုံးတွေ မှေးဆင်းလာလေတော့သည်။
"ဝါး..အိပ်ချင်လိုက်တာ...
သူလည်းအိပ်ပြီထင်တယ်...
အောက်ထပ်ကို ဆင်းလာသံမကြားရဘူး.."
အပေါ်ထပ်သို့ တိတ်တဆိတ်
အကဲခပ်လိုက်ပြီးနောက် သူဆင်းမလာမှသာ
ခြေသံဖွဖွနင်း၍ မင်္ဂလာအိပ်ခန်းအရှေ့
အရောက်သွားလိုက်မိသည်။
အခန်းတံခါးက ပိတ်မထား၍
တံခါးခေါက်စရာ မလိုတော့ဘူးဟု
တွေးမိပြီး ၀မ်းသာသွားမိသည်။
တံခါးခေါက်နေရရင်
သူနဲ့စကားပြောနေရအုံးမယ်။
အခုတော့ ဘာစကားမှ ပြောစရာမလိုတော့ပေ။
အခန်းထဲသို့ ၀င်လိုက်တော့ သူဟာ
ချစ်ချစ်ထင်ခဲ့သလို အိပ်နေတာမျိုးမဟုတ်ပဲ
လသာဆောင်မှာ ရပ်ပြီး
ဆေးလိပ်သောက်နေခြင်းသာဖြစ်သည်။
အနက်ရောင် စွပ်ကျယ်ချိုင်းပြတ်နှင့်
အဖြူရောင် ဘောင်ဘီအပွကို တွဲဖက်၍
၀တ်ဆင်ထားသည့် သူ့ကျောပြင်ကိုသာ
တွေ့ရပြီး သူ့မျက်နှာကိုတော့
မတွေ့ရပေ။
ဆေးလိပ်ခိုးတွေကတော့
မီးခိုးခေါင်းတိုင်ကနေ လွှတ်ထုတ်နေသလိုကို
လေထဲမှာ တဖွားဖွားဖြစ်နေလေရဲ့။
"ဟွန့်...ရုပ်ရှင်မင်းသားဖြစ်ပြီး
ကိုယ့်ကျန်းမာရေးကိုယ် ဂရုလည်းမစိုက်ဘူး.."
သူ့အား တီးတိုးဝေဖန်လိုက်ပြီး
သူလှည့်ကြည့်မလာခင် ကုတင်ဘေးသို့
အမြန်သွားကာ ဘုရား၊တရား၊သံဃာ၊မိဘနှင့်
ဆရာသမားများကို အမြန်ဦးချ၍
စောင်ကို ခေါင်းမူးခြုံ၍
အိပ်ပစ်လိုက်သည်။
"ဟေ့..ချစ်ပန်းဝေ..မင်းရောက်နေတာလား.."
အိပ်မလို့ မျက်လုံးတွေကိုမှိတ်လိုက်မိစဉ်
ကျောက်နံရံတွေကို ပြေးတိုက်လိုက်သော
လှိုင်းသံကဲ့သို့ မာကျောခက်ထန်ပြီး
ရန်လိုသော အသံကိုကြားလိုက်ရာ
အသဲခိုက်မတက် လန့်သွားမိလေသည်။
တဖြည်းဖြည်း နီးကပ်လာသော သူ့ခြေသံ
ပြင်းပြင်းကြောင့် စောင်ခြုံထဲကနေ
ချွေးစေးတွေပါထွက်လာမိလေသည်။
အကြောက်ကြောက်အလန့်လန့်နှင့်
စောင်အနားစလေးကို
ဆုပ်ကိုင်မိလိုက်သည့်အခိုက်
ရုတ်တရက်စောင်ကို ဆွဲလှန်လိုက်ပြီး
ချစ်ချစ်ထံသို့ မျက်မှောင်ကြုံ့၍
စီးမိုးပြီး ကြည့်လာသော..ရှိုင်း..။
"ဘယ်သူ့ခွင့်ပြုချက်နဲ့ ငါ့အခန်းထဲကို
၀င်လာတာလဲ..."
"ဒီ..ဒီအခန်းကကျွန်မတို့ရဲ့ မင်္ဂလာဦးအခန်းလေ
ရှင့်ဆီကနေ ခွင့်ပြုချက်ယူစရာ
မလိုဘူးထင်တယ်.."
စူးရဲလွန်းသည့် သူ့အကြည့်တွေကြောင့်
ချစ်ချစ်မှာ စကားတွေတောင်ထစ်ကုန်လေသည်။
"လာခဲ့!!!!"
"ဟင်..ရှင်ဘာလုပ်မလို့လဲ..."
အိပ်ယာပေါ်ကနေ ချစ်ချစ်၏လက်မောင်းကို
အကြမ်းပတမ်းဆွဲကာ ထစေပြီး
အိပ်ခန်းအပေါက်၀သို့ ဒရွတ်မတိုက်ရုံတမယ်
ဆွဲခေါ်လာကာ အခန်းအပြင်ဘက်သို့
တွန်းထုတ်လိုက်သည့်တိုင်း ချစ်ချစ်မှာ
ရုန်းဖို့တောင် အချိန်မမှီလိုက်ပေ။
"ဒီမှာ ချစ်ပန်းဝေ..ငါနဲ့လက်မထပ်ခင်တည်းက
ငါ့လိုကောင်ကို လက်ထပ်ရဲရင်
ငါစိတ်ဒုက္ခပေးတာကိုလည်း ခံရဲရမယ်လို့
မင်းကို အသိပေးခဲ့ပြီးသား..
ဒါမင်းအတွက်..သင်ခန်းစာနံပတ်တစ်ပဲ..
...........
မင်းခေါင်းထဲမှာ မြဲမြဲမှတ်ထား
မင်းလိုမိန်းမကို ငါနဲ့တစ်ကုတင်တည်း
အိပ်ဖို့မပြောနဲ့...
......
တစ်ခန်းတည်း အတူနေရရင်တောင်
မသတီဘူး..ရှင်းလား..
ကိုယ်နဲ့ တန်တာပဲမှန်း.."
"ဒုန်း!!!!"
အခန်းတံခါးကို စောင့်ပိတ်သွားသံအဆုံးမှာ
ချစ်ချစ်၏ ပါးပြင်ပေါ်သို့ မျက်ရည်တွေ
စီးကျလာလေတော့သည်။
အိင်္ကျီရင်ဘတ်စကို ဆုပ်ကိုင်လိုက်မိကာ
နှုတ်ခမ်းတွေကို ဖိကြိတ်၍
အသံမထွက်အောင် ကြိုးစားနေမိသည်။
"သူ..သူငါ့ကိုအဲ့လောက်အထိ
မုန်းနေတာလား...."
****အခန်း(၁၇)ဆက်ရန်...
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ရှိုင်းကတော့ သူ့စကားအတိုင်းလုပ်နေပြီ
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
==============================
===============================
Zawgyi
🌺အခန္း(၁၆)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
"ခ်စ္ပန္းေဝေရ..ဒီမွာငါ့ညီမရဲ႕ခ်စ္လွစြာေသာ
အစ္ကိုႀကီး ျပန္လာၿပီေဟ့
ဒီေန႔ ဖဲႏိုင္လာခဲ့တဲ့အတြက္ ကိုႀကီးက
ညီမေလးရဲ႕ မဂၤလာေဆာင္အတြက္
သတို႔သမီး၀တ္စုံ လွလွေလး၀ယ္ေပးမယ္..."
"ဟာ..အစ္ကိုႀကီး..
အိမ္ေပၚတက္ရင္
ေကာင္းေကာင္းတက္လာပါဟ
ဘာလို႔ အသားကုန္ေအာ္ေနရတာလဲ.."
"ဟဲ့မိလႈိင္..ငါ့ဘာသာပါးစပ္ရွိလို႔ေအာ္တာပဲ
ဘယ္လိုေအာ္ေအာ္ေပါ့..ဘာလဲ
ကိုယ့္အိမ္ေပၚကိုယ္တက္တာေတာင္
သူခိုးႀကီးငတက္ျပားလို ခိုးေၾကာင္ခိုးဝွက္
လုပ္ေနရမွာလား.."
"ကိုႀကီးကလည္း တိုးတိုးလုပ္ပါဆို
အေမစိတ္မၾကည္ဘူးေနာ္..
အဆူခံရမွာစိုးလို႔ ေျပာေနတာ..."
မူးမူး႐ူး႐ူးႏွင့္ အိမ္ေပၚသို႔တက္လာၿပီး
ေအာ္ဟစ္ဆူညံေန၍ ယုယလႈိင္အေနႏွင့္
အတင္းႀကိဳပိတ္လည္း မရေပ။
အရက္ေလး ပါးစပ္ထဲ၀င္သြားၿပီဆိုရင္
တကယ္ကို ထိန္းမႏိုင္သိမ္းမရပါေလ..။
"အေမစိတ္မၾကည္ေတာ့ ငါကဘာလုပ္ရမွာလဲ
မၾကည္ရင္ေက်ာက္ခ်ဥ္ထည့္လိုက္
ၾကည္သြားလိမ့္မယ္..."
"ဟာ...ကိုႀကီးကလည္း..
ဘာေတြေလွ်ာက္ေျပာေနတာလဲ.."
"ေျပာေတာ့ဘာျဖစ္လဲဟာ..ဟဲ့မိလႈိင္
နင္ငါ့ကိုစကားေတြလာရွည္မေနနဲ႔..
လူကမူးလာတာေနာ္..
ငါမူးရင္ေသြးဆိုးတတ္တယ္ဆိုတာ
နင္သိတယ္မဟုတ္လား...ခ်စ္ပန္းေဝကိုသာ
ေခၚလိုက္စမ္းဟာ.."
"ဟဲ့အမူးသမား..နင္ကအေမကိုေက်ာ္ၿပီး
ေဒြးေတာ္ကိုတေနတယ္ေပါ့ေလ..."
ေဒၚေဌးေဌးအဖို႔ ၾကားေနရသည့္
စကားေတြက အဆင္မေျပေတာ့၍
ခါးေထာက္ၿပီး အိမ္ေရွ႕ခန္းသို႔
ေျခသံခပ္ေစာင့္ေစာင့္နင္းကာ
ထြက္လာမိေတာ့သည္။
"လႈိင္ျမင့္ဦး..နင္တစ္ေန႔တစ္ေန႔..
အဲ့ဒီ့အရက္ေတြကို ေသာက္လိုက္
မူး႐ူးၿပီး အိမ္ျပန္လာလိုက္လုပ္ေနတဲ့
အက်င့္ကို ျပင္စမ္း..."
"ဟာ..အေမကလည္းပြားျပန္ၿပီဗ်ာ...
မူးခ်င္လို႔ ေသာက္ပါတယ္ဆိုေနမွ
မူးတဲ့အက်င့္ကိုျပင္ဆိုေတာ့...
အေမ..က်ပ္ျပည့္ပါတယ္ေနာ္.."
"ဟဲ့..အမူးသမား..
ငါေမြးလို႔နင္က ငါ့သားျဖစ္လာတာေနာ္...
နင္ငါ့ကိုလာမေဆာ္ကားနဲ႔..အမူးသမားရဲ႕.."
"အေမတို႔ကလည္း..တစ္ခါလာလည္း
ဒါနဲ႔ပဲ ကိုင္ေပါက္ေနတယ္..
အဲ့ဒါမွန္းသိရင္..အစတည္းက
အေဖ့ကိုဗိုက္ႀကီးခိုင္းလိုက္...ၿပီးေရာ.."
"လႈိင္ျမင့္ဦး..နင့္အေပါက္ကို
နင့္ဘာသာပိတ္မလား..ငါလာပိတ္ေပးရမလား.."
အေမျဖစ္သူ၏ေဒါသႀကီးပုံကိုေရာ
အစ္ကိုႀကီး၏ အရစ္သန္ပုံကိုပါသိေနေတာ့
ယုယလႈိင္လည္း ၾကားထဲမွ
ေခါင္းႀကိမ္းေနရေလသည္။
"အစ္ကိုႀကီး..ေရခ်ိဳး၊ထမင္းစားၿပီး
အိပ္လိုက္ပါေတာ့ဟာ..အစ္ကိုႀကီးေၾကာင့္
အေမေရာဂါတိုးလိမ့္မယ္..."
"ဟဲ့..မိလႈိင္..နင္စကားကိုဗေလာင္းဗလဲမေျပာနဲ႔
ငါအေမ့ကို ဘာမွမေျပာဘူး..
အေမကသာ ငါ့ကိုျပႆနာလာရွာေနတာ...
ဒီမွာ..ငါဖဲ႐ိုက္လို႔ႏိုင္လာတယ္..
ခ်စ္ပန္းေဝအတြက္ သူ႔မဂၤလာေဆာင္မွာ၀တ္ဖို႔
၀တ္စုံဖိုး ငါဆိုက္မယ္ဟာ.."
လႈိင္ျမင့္ဦးသည္ သူ႔ပုဆိုးထဲတြင္
လိပ္၍ထည့္လာေသာ ပိုက္ဆံကို
ျပလိုက္ေလရာ ေဒၚေဌးေဌးမွာ
ပို၍ ေဒါသပုန္ထေလေတာ့သည္။
"ဟဲ့..မဂၤလာ၀တ္စုံဖိုး
နင္ဆိုက္ခ်င္လည္းမရေတာ့ဘူး..
နင့္ညီမက..မဂၤလာမေဆာင္ဘူးတဲ့
႐ုံးတက္လတ္မွတ္ထိုးတာပဲလုပ္မယ္တဲ့..ကဲ.."
"ဗ်ာ...ခ်စ္ခ်စ္က ဘာလို႔အဲ့လိုလုပ္ခ်င္ရတာလဲ.."
"မသိဘူးေလ..သိခ်င္ရင္သူ႔သြားေမးေပါ့.."
"အခုသူဘယ္မွာလဲ.."
"လက္မွတ္ထိုးတဲ့ေန႔ၾကရင္၀တ္ဖို႔
သူ႔အေမလက္ထပ္က မဂၤလာ၀တ္စုံကို
အပ္ခ်ဳပ္ဆိုင္မွာ သြားသီေနတယ္..
ဟြန႔္..တင္ေတာင္းေငြရွိတာေတာင္
၀တ္စုံဖိုးအတြက္မသုံးပဲ..
မယူရေသးတဲ့ေယာကၡမအတြက္
အခုတည္းက ေခြၽတာေရးဆင္းေနတာေလ.."
"ခ်စ္ခ်စ္က သူမ်ားေတြလို..ဘာျဖစ္လို႔
မဂၤလာပြဲမလုပ္ခ်င္ရတာလဲ.."
"အဲ့ဒါေတာ့ ဘယ္သိမလဲ..
သူ႔သြားေမးေပါ့..လူႀကီးေတြက
ေကာင္မယ္ထင္လို႔
နန္းေတာ္ေဆာက္ေပးလည္း
ၿခဳံပဲတိုးခ်င္ေနတဲ့ဟာေတြ
သူ႔ထိုက္နဲ႔သူ႔ကံပဲ.."
"ကြၽန္ေတာ္လည္း သူမ်ားေတြလို
ကိုယ့္ညီမ မဂၤလာေဆာင္မွာ..
က်က္သေရ ေခါင္းေပါင္းေလးနဲ႔...
တိုက္ပုံရယ္..ေယာပုဆိုးရယ္၀တ္ၿပီး
ႂကြားခ်င္တာေပါ့...
အခုေတာ့ မ၀တ္ရေတာ့ဘူးေပါ့.."
"စိတ္ပူမေနနဲ႔...နင္ေသရင္
အဲ့ဒီ့က်က္သေရေခါင္းပါ တစ္ခါတည္း
ေဆာင္းေပးလိုက္မယ္..."
"ဟာဗ်ာ..အေမကလဲ.."
🌺🌺🌺🌺🌺🌺🌺🌺
ဖေယာင္းတိုင္မီးအေရာင္ႏွင့္အတူ
အခန္းငယ္ေလး၏ အေရာင္အဝါသည္
မွိန္ဖ်ဖ်သာ ျဖစ္၍ေနသည္။
ယုယလႈိင္ကေတာ့ ပန္းဆီေရာင္
ဖဲသားခ်ိတ္၀မ္းဆက္ေလးကို ၀တ္ၿပီး
ၿပဳံးေနေသာ ခ်စ္ခ်စ္၏မ်က္ႏွာေလးကိုသာ
ေက်နပ္စြာ ၾကည့္ေနမိေတာ့သည္။
"ဘယ္လိုလဲမမလႈိင္..ဒီ၀တ္စုံေလးနဲ႔..
သမီးနဲ႔လိုက္ရဲ႕လား.."
"ငါ့ညီမက ဘာ၀တ္၀တ္လွၿပီးသား
မနက္ၾကရင္..ခ်စ္ခ်စ္ပန္ဖို႔သစ္ခြပန္း
၀ယ္ထားတယ္သိလား..မမလႈိင္ကိုယ္တိုင္
ဆံထုံးေလးထုံးၿပီး ပန္ေပးမယ္.."
"ဟုတ္ကဲ့.."
အေမနဲ႔အေဖ မဂၤလာေဆာင္ခဲ့စဥ္က
၀တ္စုံေလးကို ျပန္၀တ္ရတာဆိုေတာ့
ဒီဇိုင္းက နဲနဲေဟာင္းေနၿပီဆိုေပမဲ့
ယဥ္ၿပီး တင့္တယ္သည္ဟု ျမင္မိတယ္။
မမလႈိင္၏ေဘးနားမွာ ငုတ္တုတ္ကေလး
ထိုင္ေနေသာ ေမေမ့ကိုၾကည့္လိုက္မိေတာ့
ရင္ထဲမွာ ၀မ္းနည္းသြားမိတာအမွန္ပဲ။
အေမတစ္ေယာက္လုံး သက္ရွိထင္ရွား
ရွိေနေပမဲ့ အုပ္ထိန္းသူေနရာမွာ
ေနမေပးႏိုင္ရွာပါလား။
"အေမ..သမီး၀တ္ထားတာလွလားဟင္.."
ခ်စ္ခ်စ္ေမးလိုက္ေတာ့ အေမက
For Me, [9/3/2025 7:11 PM]
ေမာ့ၾကည့္လာေပမဲ့ မ်က္လုံးေလးမ်ားသည္
ဘာမွမသိနားမလည္ ဟန္ေလးျဖစ္၍ေနသည္။
"ဟင္..လွပါဘူး..အဲ့ဒီ့၀တ္စုံက
ငါ၀တ္မွလွမွာ..နင္၀တ္တာ..
လွလည္းလွဘူး.."
"ဟုတ္တာေပါ့..အေမရဲ႕..
သမီး၀တ္ထားတာက
အေမ့ေလာက္ေတာ့ဘယ္လွပါ့မလဲ..
ဒီ၀တ္စုံက အေမနဲ႔အေဖရဲ႕မဂၤလာပြဲအတြက္
သီးသန႔္ခ်ဳပ္ေပးထားတာပဲေလ..
အေမ..မွတ္မိလားဟင္..."
ခ်စ္ခ်စ္ေမးလိုက္ေတာ့ အေမက
စဥ္းစားသြားဟန္ႏွင့္ နားထင္ကို
လက္ေထာက္ၿပီး ဟန္လုပ္ေနေလသည္။
"ေအာ္..မွတ္မိၿပီ..မွတ္မိၿပီ..
အဲ့ဒါကို၀တ္ၿပီး ငါတို႔ေရကူးၾကတာေလ
ဟုတ္တယ္မလား..."
"ကဲပါ..ခ်စ္ခ်စ္ရယ္..နင့္အေမကို
သြားမေမးပါနဲ႔ေတာ့..သူကဘာမွမွတ္မိမွာ
မဟုတ္ဘူး..နင္ပဲ၀မ္းနည္းရလိမ့္မယ္..
ဒီညေစာေစာသာအိပ္ မနက္ျဖန္ၾကရင္
မ်က္ႏွာေလး ျပည့္ေနမွျဖစ္မွာေပါ့.."
"ဟုတ္ကဲ့.."
အ၀တ္အစားေတြကိုလဲလိုက္ကာ
ဖေရာင္းတိုင္မီးကိုလည္း မွိတ္လိုက္ၿပီး
ျခင္ေထာင္ထဲသို႔၀င္ၿပီး လဲအိပ္လိုက္ေပမဲ့
အိပ္လို႔ လုံး၀မေပ်ာ္ေပ။
မနက္ျဖန္အတြက္ စိတ္လႈပ္ရွားလြန္း၍
ရင္ထဲမွာ တစ္မ်ိဳးႀကီးခံစားေနရသလိုပါပဲ။
ကိုယ့္ကိုကိုယ္လည္း အသက္ႏွစ္ဆယ့္ႏွႏွစ္
အ႐ြယ္မွာ အိမ္ေထာင္ျပဳရလိမ့္မယ္ဟု
မထင္ထားခဲ့မိေပ။
အေမ့ရဲ႕စိတ္ေဝဒနာေၾကာင့္ အသက္၃၀ေလာက္မွ
အိမ္ေထာင္မျပဳျဖစ္ရင္၊အပ်ိဳႀကီးလုပ္မည္ဟု
ေတြးထားခဲ့မိေပမဲ့ အခုေတာ့အေတြးနဲ႔
လက္ေတြ႕က တျခားစီျဖစ္ေနခဲ့ေလၿပီ။
"ခ်စ္ခ်စ္..စိတ္လႈပ္ရွားေနတာလား
လက္ေတြေအးစက္ေနတာပဲ.."
မမလႈိင္သည္ ခ်စ္ခ်စ္၏လက္ဖ်ားေလးေတြကို
ဆုပ္ကိုင္လာၿပီး ေလးေျပေအးေလးႏွင့္
ေမးလာေတာ့ ခ်စ္ခ်စ္လည္းမသိမသာ
ၿပဳံးမိသြားေလသည္။
"စိတ္လႈပ္ရွားတာေပါ့ မမလႈိင္ရယ္
ရန္ကုန္ကို လိုက္သြားရမယ္ဆိုေတာ့
ေၾကာက္လည္းေၾကာက္တယ္...
ၿပီးေတာ့ သိမ္ငယ္စိတ္လည္း၀င္မိတယ္.."
"ဟင္..ဘာျဖစ္လို႔သိမ္ငယ္စိတ္၀င္ရတာလဲ.."
"ရႈိင္းက..ႏိုင္ငံေက်ာ္႐ုပ္ရွင္မင္းသားေလ
သမီးကေတာသူ...သမီးတို႔ႏွစ္ေယာက္က
လုံး၀မလိုက္ဖက္တာေတာ့အမွန္ပဲ
.........
သမီးရဲ႕အရွက္နဲ႔သိကၡာကို
ကာကြယ္ေပးဖို႔အတြက္နဲ႔ လက္ထပ္ေပးတဲ့
သူ႔ကို အားနာေနမိတယ္...
............
ၿပီးေတာ့ သူ႔မွာေစ့စပ္ထားတဲ့မိန္းကေလး
ရွိၿပီးသားတဲ့..တကယ္လို႔
အဲ့ဒီ့ေကာင္မေလးနဲ႔သူက ခ်စ္သူေတြဆိုရင္
သူမ်ားခ်စ္သူႏွစ္ဦးကို ေကြကြင္းေအာင္
လုပ္မိသလို ျဖစ္သြားမွာေပါ့..."
"ေလွ်ာက္ေတြးမေနစမ္းပါနဲ႔ခ်စ္ခ်စ္ရယ္
အဲ့ဒီ့ေစ့စပ္ပြဲက ျဖတ္လို႔ရလို႔သာ
အန္တီစံပယ္တို႔က ခ်စ္ခ်စ္နဲ႔သေဘာတူတာ
ေနမွာေပါ့..
............
တကယ္လို႔ ရႈိင္းကသာအဲ့ဒီ့ေကာင္မေလးကို
အရမ္းခ်စ္တယ္ဆိုရင္ လက္ထပ္မဲ့ကိစၥကို
လက္ခံမယ္မထင္ဘူး..
...........
အမ်ားႀကီးမေတြးစမ္းပါနဲ႔ခ်စ္ခ်စ္ရယ္..
ေတြးေလ ပိုၿပီးစိတ္ရႈပ္ရေလပဲ ျဖစ္ေနမွာေပါ့.."
"ေအးေနာ္..ေတြးေလပိုစိတ္ရႈပ္ရေလပဲ
ဒီ႐ြာကေန သြားရေတာ့မယ္ဆိုေတာ့
အခုတည္းက ႀကိဳလြမ္းေနရၿပီ.."
"ညေနတုန္းက အစ္ကိုႀကီးအိမ္ကို
ျပန္လာေသးတယ္သိလား..
နင္ကမဂၤလာပြဲမလုပ္ေတာ့
သူစိတ္ေတြဆိုးေနတာ.."
"ဟင္..ဘာျဖစ္လို႔စိတ္ဆိုးတာလဲ.."
"ဘာျဖစ္ရမွာလည္း..အဲ့အမူးသမားက
နင့္မဂၤလာပြဲမွာ ၀တ္ေကာင္းစားလွ၀တ္မယ္လို႔
စိတ္ကူးထားပုံပဲ..
သူလည္း က်က္သေရေခါင္းေပါင္းေလးနဲ႔...
တိုက္ပုံရယ္..ေယာပုဆိုးရယ္၀တ္ၿပီး
ႂကြားခ်င္တာေပါ့တဲ့...
......
အဲ့ဒါနဲ႔အေမက ဘာျပန္ေျပာလိုက္လည္းသိလား.."
"ဘာျပန္ေျပာလိုက္တာလဲ.."
*နင္ေသရင္ အဲ့ဒီ့က်က္သေရေခါင္းပါ တစ္ခါတည္း ေဆာင္းေပးလိုက္မယ္တဲ့..."
"ဟား..ဟား..တကယ္မလြယ္ပါလားေဟ.."
"ဟုတ္ပ..သူတို႔သားအမိႏွစ္ေယာက္က
ဘယ္တုန္းကမွ တည့္တယ္လို႔မရွိဘူး
.........
အဲ..ဒါေပမဲ့ ကိုႀကီးကနင့္ကိုေတာ့
တကယ္ခ်စ္တာေနာ္..
ဟိုတစ္ေန႔က ရႈိင္းတို႔အိမ္ကိုသြားၿပီး
ပြဲၾကမ္းတာပဲၾကည့္ေတာ့..
နင္သာရန္ကုန္ကို လိုက္သြားရင္
ဒီအိမ္မွာ ၀မ္းအနည္းဆုံးက
သူျဖစ္လိမ့္မယ္ထင္တယ္...."
ေသခ်ာျပန္ေတြးၾကည့္ေတာ့လည္း ဒီအိမ္မွာ
ခ်စ္ခ်စ္ကို အလိုအလိုက္ဆုံးက
ကိုႀကီး လႈိင္ျမင့္ဦးပါပဲ။
သူ႔ၾကက္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္
ခ်က္စားပစ္လည္း စိတ္မဆိုးရွာဘူး။
ကိုယ္ဘာေျပာေျပာ ေဗြမယူပဲ
အရမ္းအႏြံအတာ ခံခဲ့ရွာတာ။
ငယ္ငယ္တုန္းကလည္း မိဘေတြနဲ႔အတူ
ဒီ႐ြာကို လိုက္လာတဲ့အခါတိုင္း
ဘယ္လို ေဆာ့နည္းမ်ိဳးေဆာ့ေဆာ့
ကိုယ့္ကို သူကခ်ည္းပဲအရႈံးေပးခဲ့ရွာတာ။
ဟိုးငယ္ငယ္တည္းကေန အခုခ်ိန္အထိ
ေမာင္ႏွမ ၀မ္းကြဲေတြထဲမွာ
ကိုႀကီးလႈိင္ျမင့္ဦးက ခ်စ္ခ်စ္ကို
အႏြံတာ အခံဆုံးပါပဲ။
အေပါင္းအသင္းမွားၿပီး ေလာင္းကစားနဲ႔
အရက္ကို စြဲလမ္းေနသူဆိုေပမဲ့
ခ်စ္ခ်စ္အတြက္ဆို အၿမဲအသင့္ရွိေပးခဲ့တဲ့
အစ္ကိုႀကီး အဖရာေပါ့။
ျပန္ေတြးရင္း စိတ္မေကာင္းျဖစ္ရတာအမွန္ပဲ။
"ေအာ္..ငါနင့္ကိုေျပာဖို႔က်န္ေနေသးတယ္
လႈိင္မင္းလည္း နင့္မဂၤလာကိစၥကို
သိသြားၿပီ.."
"ဟုတ္လား..ေလးေလးေျပာလိုက္တာလား.."
"ေအးေလ..ညေနကၿမိဳ႕ကိုတက္ရင္း
အေဖ၀င္ေျပာလိုက္တာ..လႈိင္မင္းက
စာေမးပြဲရွိေတာ့ လိုက္မလာႏိုင္ဘူးတဲ့
ငါအေဖ့ကို ေမးၾကည့္တာေတာ့
နင့္မဂၤလာသတင္းကို ၾကားတာနဲ႔
သူငိုင္က်သြားတယ္တဲ့..႐ုတ္တရက္ႀကီးဆိုေတာ့
မယုံႏိုင္ဘူးျဖစ္သြားတာေနမွာေပါ့.."
"သမီးက သူ႔ကိုဟင္းေတြသြားသြားပို႔ေနေတာ့
ဟင္းပို႔မဲ့သူ မရွိေတာ့ဘူးထင္လို႔
For Me, [9/3/2025 7:11 PM]
ငိုင္သြားတာေနမွာေပါ့.."
ေလသံကသာ ရယ္သံေလးစြတ္ေနေပမဲ့
ခ်စ္ခ်စ္၏မ်က္ႏွာကေတာ့
ဟန္မေဆာင္ႏိုင္ေလာက္ေအာင္
ပ်က္ယြင္းေနမိသည္။
ကိုယ္နဲ႔အတူ ႀကီးျပင္းလာခဲ့တဲ့
ဒီေမာင္ႏွမေတြကို ထားပစ္ခဲ့ၿပီး
တကယ္ထြက္သြားရေတာ့မွာပါလား။
"မမလႈိင္ရယ္..သမီးအခု
ဘာေတြးေနမိလဲသိလား.."
"ဘာေတြးေနတာလဲ.."
"သမီးေယာက္်ားမယူခ်င္ေတာ့ဘူး
မမလႈိင္တို႔နဲ႔ မခြဲႏိုင္ေတာ့ဘူး.."
ခ်စ္ခ်စ္၏အသံက ငိုသံေလးေပါက္ေနေတာ့
မမလႈိင္သည္လည္း မေနႏိုင္ေတာ့ပဲ
အေမွာင္ထဲမွေန၍ ခ်စ္ခ်စ္၏ပါးျပင္ေလးကို
စမ္းလိုက္ကာ မ်က္ရည္ေလးေတြကို
သုတ္ေပးရွာေလသည္။
"မငိုပါနဲ႔ခ်စ္ခ်စ္ရယ္..ဘယ္အရာမဆို
အစပိုင္းေတာ့ ခက္ခဲတာပါပဲ..
အခ်ိန္ၾကာလာရင္ေတာ့ ေနသားက်သြားမွာပါ
ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္ခ်စ္ကကံေကာင္းပါတယ္
ကိုယ္အရမ္းႀကိဳက္တဲ့ မင္းသားနဲ႔
လက္ထပ္ခြင့္ရလိုက္တာ
အျမတ္ပဲ မဟုတ္ဘူးလား.."
"ဒါေပမဲ့ အဆင္ေျပမယ္မထင္ပါဘူး
သူကမွ သမီးကိုမခ်စ္တာ.."
"စိတ္မပူပါနဲ႔ခ်စ္ခ်စ္ရယ္
မမလႈိင္..က်ိန္းေသေပါက္ေျပာရဲတယ္
တို႔ရဲ႕ ခ်စ္ပန္းေဝေလးကို
ရႈိင္းေသခ်ာေပါက္ ခ်စ္လာလိမ့္မယ္.."
"အိပ္မက္ထဲမွာလား မမလႈိင္.."
"ႏိုး..ႏိုး..မယုံရင္ေစာင့္ၾကည့္.."
မမလႈိင္၏စကားေၾကာင့္ အားတက္ရေပမဲ့
တကယ့္လက္ေတြ႕မွာေတာ့ ျဖစ္လာႏိုင္ဖို႔
အင္မတန္ ရာခိုင္ႏႈန္းနည္းလြန္းပါတယ္။
ကိုယ့္ကို မုန္းပါသည္ဟု တရား၀င္
ေၾကျငာသြားသည့္လူတစ္ေယာက္၏
စိတ္ကို ေျပာင္းလဲဖို႔ဆိုတာ ဘယ္လိုလုပ္ၿပီး
လြယ္ကူပါ့မလဲ။
သူ႔ညီမေျပာသြားခဲ့ပုံမ်ိဳးဆို ရႈိင္းက
တကယ္ကို ထိန္းခ်ဳပ္ရခက္သည့္
ေယာက္်ားတစ္ေယာက္ ျဖစ္ေနမွာ
ေသခ်ာတယ္။
ခ်စ္ခ်စ္က သူ႔ကိုတစ္ခါအရႈံးေပးမိရင္
သူက အၿမဲတမ္းအႏိုင္ယူသြားလိမ့္မယ္တဲ့။
*ဒါေပမဲ့ ခ်စ္ခ်စ္က သူ႔ကိုဘယ္လိုမ်ိဳး
ႏိုင္ေအာင္လုပ္ႏိုင္ပါ့မလဲ..
အခုေတာင္ သူ႔ေၾကာင့္မဂၤလာပြဲကို
မလုပ္ဘူးဟု ျငင္းလိုက္မိၿပီမဟုတ္လား..
ေနာင္မွာ..ခ်စ္ခ်စ္ဘာေတြမ်ား ထပ္ၿပီး
လိုက္ေလ်ာရပါအုံးမလဲ...*
🌺🌺🌺🌺🌺🌺🌺🌺
မနက္ပိုင္းမွာ ရႈိင္းႏွင့္ခ်စ္ခ်စ္တို႔
႐ုံးတက္ၿပီး လက္မွတ္ထိုးျဖစ္ခဲ့ၾကသည္။
အသိသက္ေသအေနနဲ႔ ရႈိင္းဘက္ကေတာ့
သူ႔မိဘေတြႏွင့္ သူ႔ဦးေလးတစ္ေယာက္
လက္မွတ္ထိုးၾကၿပီး ခ်စ္ခ်စ္ဘက္ကေတာ့
ေလးေလးႏွင့္ေဒၚႀကီးအျပင္ ခ်မ္းေအးရဲ႕အေဖက
အသိသက္ေသ လုပ္ေပးခဲ့ၾကသည္။
မဂၤလာပြဲက်င္းပတာမ်ိဳးမဟုတ္ေတာ့
ကိုယ္လက္ထပ္လိုက္ရတဲ့ ကိစၥဟာ
ဘာအႏွစ္သာရမွ ရွိမေနသလိုပါပဲ။
လက္မွတ္ထိုးၿပီးေနာက္မွာ မိဘမဲ့ေဂဟာတစ္ခုကို
၀င္၍ ကေလးမ်ားအတြက္ လိုအပ္သည့္
ေငြေၾကးေထာက္ပံ့ေပးခဲ့ၿပီးေနာက္
႐ြာကိုသာ ျပန္လာခဲ့ၾကတယ္။
႐ြာဘုန္းႀကီးေက်ာင္းမွာလည္း
အန္တီစံပယ္တို႔ဟာ ခ်စ္ခ်စ္တို႔ႏွစ္ေယာက္၏
မဂၤလာပြဲအထိန္းအမွတ္အျဖစ္
ဘုရားေက်ာင္းေဆာင္တစ္ခု ေဆာက္လုပ္
လႉထမ္းဖို႔ တိုင္ပင္ခဲ့ၾကေလတယ္။
လုပ္ငန္းစဥ္တစ္ေလွ်ာက္လုံး လူႀကီးေတြ၏
အစီအစဥ္နဲ႔ပဲ ၿပီးဆုံးသြားခဲ့တယ္။
ဒါေပမဲ့ ခ်စ္ခ်စ္ရဲ႕ ခင္ပြန္းေလာင္းက
မေပ်ာ္မ႐ႊင္ျဖစ္ေနေတာ့ ခ်စ္ခ်စ္လည္း
ရဲရဲမေပ်ာ္ႏိုင္ေပ။
"ခ်စ္ခ်စ္..ဒါကအေမသမီးကို
သီးသန႔္ေပးတာ...ျမတစ္ဆင္ဆာ..
ခ်စ္ခ်စ္နဲ႔ဆိုရင္ သိပ္လိုက္မွာပဲကြယ္.."
အန္တီစံပယ္က ခ်စ္ခ်စ္ကို သူ႔အခန္းထဲသို႔
တိုးတိုးတိတ္တိတ္ေခၚ၍ ျမတစ္ဆင္စာ
ေပးေတာ့ ခ်စ္ခ်စ္အံ့ဩသြားမိေလသည္။
ကိုယ့္ဘ၀မွာ ေဈးအႀကီးဆုံး၀တ္ဖူးတာဆိုလို႔
ေ႐ႊဆြဲႀကိဳးရယ္၊လက္စြပ္ေလးရယ္ပဲ
ရွိခဲ့ဖူးတယ္။
အခုေတာ့ အဲ့ဒါေတြလည္းမရွိေတာ့ပါဘူး။
ခ်စ္ခ်စ္အခုျမင္ေနရသည့္ ျမေက်ာက္ဆိုတာက
စိမ္းလဲ့ေနကာ အရည္႐ႊမ္းေနၿပီး
ၾကည့္တာနဲ႔ တန္ဖိုးအရမ္းႀကီးမွန္း
သိႏိုင္တယ္။
"အေမ..သမီးဒါကိုမယူပါရေစနဲ႔ေနာ္..
အရမ္းတန္ဖိုးႀကီးေတာ့ သမီးေၾကာင့္
ေပ်ာက္သြားမွာစိုးလို႔..."
"အဲ့ဒါဆို မေပ်ာက္ေအာင္သိမ္းေပါ့ခ်စ္ခ်စ္ရဲ႕
ဘာပဲျဖစ္ျဖစ္ အခုကစၿပီး
ဒီပစၥည္းေတြကို ခ်စ္ခ်စ္ပိုင္သြားၿပီ..
အေမကေတာ့ လုံး၀ျပန္ယူေတာ့မွာမဟုတ္ဘူး..
ေရာ့..သမီးသိမ္းထား.."
ခ်စ္ခ်စ္ အတင္းျငင္းေပမဲ့ အန္တီစံပယ္က
လက္မခံ၍ ယူလိုက္ရေလသည္။
ဒါေပမဲ့ ကိုယ္နဲ႔မတန္တဲ့ ပစၥည္းမို႔လားမသိဘူး
လက္ေတြေတာင္ တုန္တယ္။
"သားေမာင္ေမာင္ကလြဲၿပီး
အေမတို႔ မိသားစုအားလုံး ဒီညတစ္ျခားအိမ္မွာ
သြားအိပ္ၾကမွာဆိုေတာ့ ေမာင္ေမာင့္ကို
ဒီညအပီစည္း႐ုံးထားေနာ္သမီး.."
"ရွင္..အေမတို႔ကဘာလို႔ တစ္ျခားမွာ
သြားအိပ္ၾကမွာလဲ.."
"ေအာ္..ခ်စ္ခ်စ္ကလည္း ဒီညကခ်စ္ခ်စ္နဲ႔
သားတို႔ရဲ႕ မဂၤလာဦးညေလ
အဲ့ဒီ့ေတာ့ အေမတို႔ကအလိုက္တသိ
ေရွာင္ေပးရမွာေပါ့...လာ..အခုေတာ့
ညစာသြားစားၾကမယ္.."
အန္တီစံပယ္ကေတာ့ တက္ႂကြလန္းဆန္းေနေပမဲ့
ခ်စ္ခ်စ္ကေတာ့ ႀကိဳ၍ေၾကာက္ေနမိေလသည္။
အန္တီစံပယ္တို႔က တစ္ျခားမွာ
သြားအိပ္မယ္ဆိုေတာ့ ခ်စ္ခ်စ္ရယ္၊သူရယ္
ႏွစ္ေယာက္တည္းသာ ဒီအိမ္မွာ
က်န္ခဲ့ရေတာ့မွာေပါ့။
"ခ်စ္ခ်စ္..စားေလ..ဟင္းမေကာင္းလို႔လား.."
"မဟုတ္ပါဘူး..ေကာင္းပါတယ္.."
အန္တီစံပယ္က ဟင္းေတြခပ္ထည့္ေပးေနေပမဲ့
ကိုယ့္အိမ္မဟုတ္ေတာ့ အမ်ားႀကီးလည္း
မစားရဲေပ။
ေဘးနားမွာအတူကပ္ထိုင္ေနသည့္ ရႈိင္းကို
ခိုးၾကည့္လိုက္မိေပမဲ့ သူ႔ကေတာ့
အိေျႏၵရွိလြန္းစြာ စကားတစ္ခြန္းေတာင္မေျပာပဲ
ထမင္းသာ စားေနေလသည္။
For Me, [9/3/2025 7:11 PM]
"ကြၽန္ေတာ္ၿပီးၿပီ..အေပၚတက္ႏွင့္ေတာ့မယ္.."
"ဟဲ့..ေမာင္ေမာင္..ကိုယ့္မိန္းမကို
ေစာင့္ဦးမွေပါ့.."
အန္တီစံပယ္က ၀င္ေျပာေတာ့ ခ်စ္ခ်စ္ကို
မၾကည္သလို ၾကည့္လာေလသည္။
သူ႔အၾကည့္က သိမ္ေမြ႕မႈမရွိတာေတာ့အမွန္ပဲ။
"မင္းဘာသာ တက္လာခဲ့ေတာ့.."
ခ်စ္ခ်စ္ကိုၾကည့္ကာ ထိုသို႔ခပ္ျပတ္ျပတ္
ေျပာသြားၿပီး အေပၚသို႔တက္သြားသည့္
သူ႔ေနာက္ေက်ာကိုသာ ေငးၾကည့္ေနမိေလသည္။
ခ်စ္ခ်စ္လည္း စားခ်င္စိတ္မရွိေတာ့ေပမဲ့
အေပၚထပ္သို႔ မတက္ခ်င္ေသး၍
အန္တီစံပယ္တို႔ စားၿပီးသည္အထိ
ေစာင့္ေနလိုက္မိသည္။
"သမီးပန္းကန္ေဆးေပးပါ့မယ္.."
"ရပါတယ္သမီးရယ္.."
"မဟုတ္တာအေမရယ္..
သမီးကုသိုလ္ယူခ်င္လို႔ပါ"
ခ်စ္ခ်စ္လည္း ပန္းကန္ေတြကို
ခ်က္ခ်င္းယူလိုက္ၿပီး ပန္းကန္ေဆးေပးလိုက္သည္။
အန္တီစံပယ္တို႔ကေတာ့ အိမ္မွာခဏပဲ
ဆက္ေနၾကၿပီး ညေနငါးနာရီထိုးေလာက္မွာ
အကုန္လုံး ထြက္သြားၾကေလေတာ့သည္။
အေပၚကိုတက္ၿပီး သူႏွင့္
မ်က္ႏွာခ်င္း မဆိုင္ခ်င္ေသး၍
တီဗြီသာဖြင့္ၿပီး ၾကည့္ေနလိုက္မိသည္။
အစကေတာ့ ကိုယ့္ဘာသာ
တီဗြီထဲ အာ႐ုံေရာက္ေန၍ အဆင္ေျပေနေပမဲ့
ရွစ္နာရီထိုးေလာက္အေရာက္မွာေတာ့
မ်က္လုံးေတြ ေမွးဆင္းလာေလေတာ့သည္။
"ဝါး..အိပ္ခ်င္လိုက္တာ...
သူလည္းအိပ္ၿပီထင္တယ္...
ေအာက္ထပ္ကို ဆင္းလာသံမၾကားရဘူး.."
အေပၚထပ္သို႔ တိတ္တဆိတ္
အကဲခပ္လိုက္ၿပီးေနာက္ သူဆင္းမလာမွသာ
ေျခသံဖြဖြနင္း၍ မဂၤလာအိပ္ခန္းအေရွ႕
အေရာက္သြားလိုက္မိသည္။
အခန္းတံခါးက ပိတ္မထား၍
တံခါးေခါက္စရာ မလိုေတာ့ဘူးဟု
ေတြးမိၿပီး ၀မ္းသာသြားမိသည္။
တံခါးေခါက္ေနရရင္
သူနဲ႔စကားေျပာေနရအုံးမယ္။
အခုေတာ့ ဘာစကားမွ ေျပာစရာမလိုေတာ့ေပ။
အခန္းထဲသို႔ ၀င္လိုက္ေတာ့ သူဟာ
ခ်စ္ခ်စ္ထင္ခဲ့သလို အိပ္ေနတာမ်ိဳးမဟုတ္ပဲ
လသာေဆာင္မွာ ရပ္ၿပီး
ေဆးလိပ္ေသာက္ေနျခင္းသာျဖစ္သည္။
အနက္ေရာင္ စြပ္က်ယ္ခ်ိဳင္းျပတ္ႏွင့္
အျဖဴေရာင္ ေဘာင္ဘီအပြကို တြဲဖက္၍
၀တ္ဆင္ထားသည့္ သူ႔ေက်ာျပင္ကိုသာ
ေတြ႕ရၿပီး သူ႔မ်က္ႏွာကိုေတာ့
မေတြ႕ရေပ။
ေဆးလိပ္ခိုးေတြကေတာ့
မီးခိုးေခါင္းတိုင္ကေန လႊတ္ထုတ္ေနသလိုကို
ေလထဲမွာ တဖြားဖြားျဖစ္ေနေလရဲ႕။
"ဟြန႔္...႐ုပ္ရွင္မင္းသားျဖစ္ၿပီး
ကိုယ့္က်န္းမာေရးကိုယ္ ဂ႐ုလည္းမစိုက္ဘူး.."
သူ႔အား တီးတိုးေဝဖန္လိုက္ၿပီး
သူလွည့္ၾကည့္မလာခင္ ကုတင္ေဘးသို႔
အျမန္သြားကာ ဘုရား၊တရား၊သံဃာ၊မိဘႏွင့္
ဆရာသမားမ်ားကို အျမန္ဦးခ်၍
ေစာင္ကို ေခါင္းမူးၿခဳံ၍
အိပ္ပစ္လိုက္သည္။
"ေဟ့..ခ်စ္ပန္းေဝ..မင္းေရာက္ေနတာလား.."
အိပ္မလို႔ မ်က္လုံးေတြကိုမွိတ္လိုက္မိစဥ္
ေက်ာက္နံရံေတြကို ေျပးတိုက္လိုက္ေသာ
လႈိင္းသံကဲ့သို႔ မာေက်ာခက္ထန္ၿပီး
ရန္လိုေသာ အသံကိုၾကားလိုက္ရာ
အသဲခိုက္မတက္ လန႔္သြားမိေလသည္။
တျဖည္းျဖည္း နီးကပ္လာေသာ သူ႔ေျခသံ
ျပင္းျပင္းေၾကာင့္ ေစာင္ၿခဳံထဲကေန
ေခြၽးေစးေတြပါထြက္လာမိေလသည္။
အေၾကာက္ေၾကာက္အလန႔္လန႔္ႏွင့္
ေစာင္အနားစေလးကို
ဆုပ္ကိုင္မိလိုက္သည့္အခိုက္
႐ုတ္တရက္ေစာင္ကို ဆြဲလွန္လိုက္ၿပီး
ခ်စ္ခ်စ္ထံသို႔ မ်က္ေမွာင္ႀကဳံ႕၍
စီးမိုးၿပီး ၾကည့္လာေသာ..ရႈိင္း..။
"ဘယ္သူ႔ခြင့္ျပဳခ်က္နဲ႔ ငါ့အခန္းထဲကို
၀င္လာတာလဲ..."
"ဒီ..ဒီအခန္းကကြၽန္မတို႔ရဲ႕ မဂၤလာဦးအခန္းေလ
ရွင့္ဆီကေန ခြင့္ျပဳခ်က္ယူစရာ
မလိုဘူးထင္တယ္.."
စူးရဲလြန္းသည့္ သူ႔အၾကည့္ေတြေၾကာင့္
ခ်စ္ခ်စ္မွာ စကားေတြေတာင္ထစ္ကုန္ေလသည္။
"လာခဲ့!!!!"
"ဟင္..ရွင္ဘာလုပ္မလို႔လဲ..."
အိပ္ယာေပၚကေန ခ်စ္ခ်စ္၏လက္ေမာင္းကို
အၾကမ္းပတမ္းဆြဲကာ ထေစၿပီး
အိပ္ခန္းအေပါက္၀သို႔ ဒ႐ြတ္မတိုက္႐ုံတမယ္
ဆြဲေခၚလာကာ အခန္းအျပင္ဘက္သို႔
တြန္းထုတ္လိုက္သည့္တိုင္း ခ်စ္ခ်စ္မွာ
႐ုန္းဖို႔ေတာင္ အခ်ိန္မမွီလိုက္ေပ။
"ဒီမွာ ခ်စ္ပန္းေဝ..ငါနဲ႔လက္မထပ္ခင္တည္းက
ငါ့လိုေကာင္ကို လက္ထပ္ရဲရင္
ငါစိတ္ဒုကၡေပးတာကိုလည္း ခံရဲရမယ္လို႔
မင္းကို အသိေပးခဲ့ၿပီးသား..
ဒါမင္းအတြက္..သင္ခန္းစာနံပတ္တစ္ပဲ..
...........
မင္းေခါင္းထဲမွာ ၿမဲၿမဲမွတ္ထား
မင္းလိုမိန္းမကို ငါနဲ႔တစ္ကုတင္တည္း
အိပ္ဖို႔မေျပာနဲ႔...
......
တစ္ခန္းတည္း အတူေနရရင္ေတာင္
မသတီဘူး..ရွင္းလား..
ကိုယ္နဲ႔ တန္တာပဲမွန္း.."
"ဒုန္း!!!!"
အခန္းတံခါးကို ေစာင့္ပိတ္သြားသံအဆုံးမွာ
ခ်စ္ခ်စ္၏ ပါးျပင္ေပၚသို႔ မ်က္ရည္ေတြ
စီးက်လာေလေတာ့သည္။
အိက်ႌရင္ဘတ္စကို ဆုပ္ကိုင္လိုက္မိကာ
ႏႈတ္ခမ္းေတြကို ဖိႀကိတ္၍
အသံမထြက္ေအာင္ ႀကိဳးစားေနမိသည္။
"သူ..သူငါ့ကိုအဲ့ေလာက္အထိ
မုန္းေနတာလား...."
****အခန္း(၁၇)ဆက္ရန္...
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ရႈိင္းကေတာ့ သူ႔စကားအတိုင္းလုပ္ေနၿပီ
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)
ရှိုင်း နင်လဲမြဲမြဲမှတ်ထားချစ်ချစ်နဲ့နင်နဲ့လဲမတန်ဘူးဆိုတာ
ReplyDeleteရှိုင်းရယ်ရက်ရက်စက်စက်ချစ်ပန်းဝေပေါ်လုပ်ရက်လိုက်တာ။ချစ်ပန်းဝေလေးဒုက္ခတွေအမြန်ကင်းဝေးပါစေ
ReplyDeleteအဆက်လေး
ReplyDeleteဖတ်နေရလဲ ဖတ်မ၀ဘူး 👁👁
အေး ပြေားထားမင်းသား
ReplyDeleteဝဋ်လည်တဲ့နေ့လေးစောင့်ဖတ်မယ်
လှိုင်မြင့်ဦးရဲ့ဇတ်ပို့နေရာကိုသိပ်သဘေားကျတယ်
ReplyDeleteနောက်မှအတူတူချစ်ချစ်နဲအိပ်ချင်တယ်ပြောကြည့်
ReplyDeleteပါးချပစ်မယ်ငရိူင်းကို🙄
ချစ်ချစ်လေး သနားပါတယ်ကွယ်
ReplyDeleteမျှော်
ReplyDeleteကျေးဇူးပါ
ReplyDelete