Unicode/Zawgyi
(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌺အခန်း(၁၇)
🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺
ကောင်းကင်ယံက အုံ့မှိုင်းနေပြီး
မိုးဖွဲများလည်း ရွာကျနေလေသည်။
ထော်လာဂျီပေါ်သို့ ပစ္စည်းများအားလုံး
တင်ပြီးသောကြောင့် ခရီးစထွက်ဖို့
အချိန်ရောက်နေပေမဲ့ ယုယလှိုင်ကတော့
ချစ်ပန်းဝေကို မလွှတ်တမ်း
တင်းကြပ်စွာဖက်ထားလျှက်
မျက်ရည်ကျနေရှာသည်။
ဦးတင်မောင်ကတော့ ထော်လာဂျီကို
စက်နှိုးရင်းစတင်မောင်းဖို့
အဆင်သင့်ဖြစ်နေပေမဲ့
သူလည်း မျက်နှာမကောင်းရှာပေ။
ယုယချစ်နှင့် သဲသဲတုန်လေးသည်လည်း
ကျောင်းတောင်မသွားကြပဲ
ချစ်ပန်းဝေ၏ အနား၌ဟာ
တရစ်ဝဲဝဲရှိနေကြလေသည်။
သူတို့၏အနောက်တွင်တော့
ကုက္ကိုလ်ပင်လေးကို မှီလျှက်
လှိုင်မြင့်ဦးသည် မျက်စိပျက်၊မျက်နှာပျက်
ဖြစ်နေလေတော့သည်။
"ချစ်ချစ်..နင်ငါ့ကိုဖုန်းမကြာမကြာ
ဆက်ပါနော်..ငါလည်းဆက်မယ်သိလား
ဘာကိစ္စပဲရှိရှိ ငါ့ကိုလှမ်းတိုင်ပင်...
သိလား..ငါမှာတာမမေ့နဲ့နော်..."
"အင်းပါမမလှိုင်ရယ်..သမီးအားလုံး
မှတ်ထားပါတယ်.."
"အေးပါ..နင်မရှိတော့ရင်
ငါနေတတ်တော့မှာ မဟုတ်ဘူး..
ငါပျင်းနေတော့မှာဟ..
နင်မရှိရင် တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း
ရှိတော့မှာမဟုတ်ဘူး..
ငိုတောင် ငိုချင်လာပြီဟယ်"
မမလှိုင်ဟာ ပြောရင်းနှင့်
မျက်ရည်ဝဲလာလေသည်။
ချစ်ချစ်နှင့် မမလှိုင်ဆိုတာ
ဟိုးငယ်ငယ်တည်းက သွားအတူ၊လာအတူနှင့်
ညီအစ်မအရင်းတွေလို ချစ်ကြတာဆိုတော့
ချစ်ချစ်လည်း မမလှိုင်ကိုမခွဲနိုင်ပေ။
အပေါင်းအသင်း များများစားစား
သိပ်မရှိတော့ ဘာပဲလုပ်လုပ်
ဒီအစ်မနဲ့ပဲ ဆွေးနွေးဖြစ်ခဲ့တာများတယ်။
အိမ်မှာ ဒေါ်ကြီးကဆူပူကြိမ်းမောင်းတတ်ပေမဲ့
ချစ်ချစ်ဘက်ကနေ
အမြဲကာပြောပေးတတ်ပြီး
မိခင်တစ်ယောက်သဖွယ်
နွေးထွေးမှု ပေးတတ်တဲ့အစ်မမျိုးပေါ့။
အခုတော့ တစ်နေရာဆီ
ဝေးရတော့မှာပါလား။
"မမလှိုင်တို့လည်း ရန်ကုန်ကို
အလည်လာခဲ့ကြအုံးနော်..
ချစ်ချစ်မျှော်နေမယ်သိလား.."
"အေးပါ..လှိုင်မင်းစာမေးပွဲအောင်ရင်
ငါတို့ရန်ကုန်ကိုလာလည်မယ်..
အဲ့ကြရင် ငါတို့ကိုမုန့်တွေလည်း
၀ယ်ကြွေးရမယ်နော်..ပြီးတော့
ရွှေတိဂုံဘုရားလည်း လိုက်ပို့ရမယ်.."
"အင်းပါ.."
မမလှိုင်ကို နှုတ်ဆက်ပြီးနောက်
ကိုကြီးလှိုင်မြင့်ဦးကို ကြည့်လိုက်တော့
မျက်လုံးတွေ နီနေတာကိုတွေ့လိုက်ရသည်။
အရက်သောက်ထားသောကြောင့်
နီနေတာ ဖြစ်နိုင်ပေမဲ့ သူ့မျက်၀န်းထဲမှ
ဆွေးမြေ့မှုတွေကတော့
အစစ်အမှန်တွေလိုပါပဲ။
"ကိုကြီး..သမီးသွားတော့မယ်နော်..
ကိုကြီးလည်း ဖဲဝိုင်းတွေ၊အရက်ဝိုင်းတွေကြီးပဲ
သွားမနေနဲ့..သမီးမရှိတော့ရင်
လယ်အလုပ်တွေကို ကိုကြီးပဲ
ဦးစီးရမှာ...အရက်တွေလည်း
ဖိသောက်မနေနဲ့ဦး..
ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်.."
ချစ်ချစ်ဘက်မှ စကားပြောနေရင်းနှင့်
ငိုသံပေါက်လာရာ လှိုင်မြင့်ဦးလည်း
၀မ်းမနည်းပဲ မနေနိုင်တော့ပေ။
မျက်ရည်တော့ မကျပေမဲ့
သူ့မျက်နှာကြီးဟာ
ဟန်မဆောင်နိုင်လောက်အောင်
ရှုံ့မဲ့နေတော့သည်။
"ငါသိပါတယ်ဟာ..
နင်သာ..ကိုယ့်အတွက်ကိုယ်စိတ်ပူစမ်းပါ
တစ်ခုခု အခက်အခဲဖြစ်လာရင်
ငါတို့ကိုလှမ်းသာပြော..
တစ်ယောက်ယောက်က နင့်ကို
အနိုင်ကျင့်လာရင်..
ငါ့ကိုဖုန်းဆက်ပြီးသာလှမ်းခေါ်လိုက်..
ငါချက်ချင်း ရန်ကုန်တက်လာပြီး
အဲ့လူကို ဆုံးမပေးမယ်..
........
ချစ်ချစ်....ငါ့ညီမသိထားဖို့က
ညီမလေးနောက်မှာ..ကိုကြီးရှိတယ်..
အဲ့ဒါကိုအမြဲမှတ်ထား..
......
ဘယ်သူ့ကိုမှ အလကားနေ
သည်းခံစရာမလိုဘူး..ကြားလား.."
ဘာကိုရည်ရွယ်ပြီးပြောနေမှန်း
မသိပေမဲ့ ချစ်ချစ်ကတော့
ခေါင်းသာ ညိမ့်ပြလိုက်မိသည်။
အနည်းဆုံးတော့ ချစ်ချစ်အတွက်
ကိုကြီးရဲ့ စကားတွေက
ခွန်အားဖြစ်စေပါတယ်။
"ချစ်ချစ်ရေ..လာတော့လေ..ဒီမှာ
အားလုံးစောင့်နေကြတယ်..
မိုးအရမ်းရွာရင် အဆင်မပြေဖြစ်လိမ့်မယ်..."
ထော်လာဂျီပေါ်တွင်
ရှိုင်းတို့မိသားစုတွေအားလုံး
စောင့်နေကြရတော့
လေးလေးက လှမ်းခေါ်လာလေသည်။
တကယ်သွားရတော့မည်ဆိုသော
အသိကြောင့် မျက်ရည်များဝဲတက်လာပြီး
၀မ်းကွဲမောင်နှမတွေအားလုံးကို
ငိုမဲ့မဲ့နှင့် ကြည့်လိုက်ကာ
နောက်ဆုံးအနေနဲ့နှုတ်ဆက်မိပြန်သည်။
"သွားတော့မယ်နော်..."
"အေး..အေး..ဂရုစိုက်ပြီးသွားနော်.."
မမလှိုင်၏ နောက်ဆုံးသတိပေးစကားကို
ခေါင်းညိမ့်၍ နာခံလိုက်ပြီး
ထော်လာဂျီပေါ်သို့ တက်လိုက်ကာ
မေ့မေ့ဘေးမှာ ထိုင်လိုက်မိလေသည်။
ရွာ့နောက်ဖေး လှည်းလမ်းကြောင်းမှတစ်ဆင့်
ထော်လာဂျီလေးဟာ လှုပ်လီ၊လှုပ်လဲ့နှင့်
မောင်းနှင်နေသည့်အချိန်
ချစ်ချစ်အရမ်းနှစ်သက်ရတဲ့ စပါးပင်တွေနှင့်
ပြည့်နှက်နေသော လယ်ကွင်းတွေကို
ငေးမောရင်း သန့်ရှင်းလတ်ဆက်သော
လေထုကို တ၀ကြီးရှူရှိုက်လိုက်မိသည်။
တဖြည်းဖြည်းနှင့် ရွာထိပ်ကိုရောက်လာတော့
နောက်ဖေးမှာ စပါးတွေထည့်နေသော
ချမ်းအေးတို့ အုပ်စုကို
တွေ့လိုက်ရလေသည်။
"ချစ်ပန်းဝေ..နင်ရန်ကုန်ကိုသွားတာလားဟ.."
"အေး..နင့်အမေတို့ကိုလည်း
ငါနှုတ်ဆက်သွားတယ်လို့ ပြောပေးစမ်းပါ.."
"အေးပါ..သီတင်းကျွတ်ဖြစ်ဖြစ်၊
သင်္ကြန်ဖြစ်ဖြစ် တစ်ရက်ရက်တော့
ရွာကို ပြန်လာခဲ့အုံးပေါ့.."
"အေးပါ.."
ချမ်းအေးကတော့ ရယ်ကာမောကာဖြင့်
ပြန်နှုတ်ဆက်နေပေမဲ့ ချမ်းအေး၏
ဘေးနားတွင် ရပ်နေသောရဲရင့်ကတော့
မျက်နှာမကောင်းပေ။
ရဲရင့်က ချစ်ချစ်ကိုပိုးပန်းချင်နေမှန်း
ရိပ်မိတာပေါ့။
ဒါပေမဲ့ သူကသူ့အမေ ဒေါ်ငွေခင်ကို
သိပ်ကြောက်ရတဲ့ မာမားဘွိုင်းလေးဖြစ်ပြီး
သူ့အမေကြောင့် ချစ်ချစ်အနားသို့
ချည်းကပ်ဖို့ အမြဲတွန့်ဆုတ်နေခဲ့သူဖြစ်သည်။
တကယ်တော့ ချစ်ချစ်ကိုပိုးပန်းလာသူတွေ
ရှိခဲ့ပါတယ်။
ဒါပေမဲ့ တော်တော်များများက
ချစ်ချစ်ထက် အစစအရာရာ
သာလွန်နေတော့ သူတို့မိသားစု
အသိုင်းအဝိုင်း၏ အနှိမ်ခံဘ၀ကို
မရောက်ချင်၍ ဘယ်သူ့ကိုမှ
မရွေးချယ်ဖြစ်ခဲ့ဘူး။
အခုလည်း ကိုယ်တိုင်မရွေးချယ်လိုက်ရပဲ
သူ့အလိုလို ရှိုင်းနဲ့ဖူးစာလာဆုံရတယ်။
အခုထိ အိပ်မက်မက်နေတယ်လို့ပဲ
ကိုယ့်ကိုကိုယ် မြင်နေမိပါတယ်။
"ချစ်ချစ်..ဟိုမှာသခွတ်ပန်းတွေအများကြီးပဲ
သွားကောက်ပေးပါလားဟင်.."
"ဒီနေ့တော့ မကောက်တော့ပါဘူးအမေရယ်.."
"နင်ကလည်း..ငါသခွတ်ပွင့်သုတ်လေး
စားချင်လို့ ဥစ္စာကို..."
တစ်ခါတလေကြရင် မနက်အစောကြီး
ဒီအပင်ကနေ သခွတ်ပွင့်တွေ
လာကောက်လေ့ရှိသည်။
ဒီလိုလာကောက်တဲ့လူက
ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ
ရွာထဲကနေ အဖွဲ့လိုက်ကောက်ကြတာဆိုတော့
ပျော်ဖို့ သိပ်ကောင်းခဲ့တာပေါ့။
သခွတ်ပွင့်လေးတွေဟာ
လော်စပီကာပုံစံမျိုးလေးဖြစ်ပြီး
ပြုတ်၍ငါးပိရည်နှင့်
တို့စားလို့လည်းရသလို
အခြောက်လှမ်းကာ
သေးသေးလေးတွေညှပ်ပြီး
သုပ်စား၍လည်း အရမ်းကောင်းသည်။
အရင်ကတော့ မနက်မိုးမလင်းခင်တည်းက
ကလေးလူကြီး လာကောက်လေ့ရှိကြ၍
အခုချိန်ဆို အစ၊အနတောင်မကျန်တတ်ပေ။
မကြာသေးခင်ကမှ သည်အပင်မှာ
သရဲခြောက်သည်ဆိုသော သတင်း
ပျံ့နှံ့သွားပြီး ချစ်ချစ်တို့အပါအ၀င်
ဘယ်သူမှ လာမကောက်ရဲတော့ပဲ
သခွတ်ပွင့်လေးတွေဟာ
ပိုင်ရှင်မဲ့သွားလေတော့သည်။
"ချစ်ချစ်....ငါသခွတ်ပွင့်သုပ်
စားချင်လို့ပါဆိုနေ...နော်..လုပ်ပါနော်.."
"ကဲ..ချစ်ချစ်ရေ..သူလည်းတကယ်
စားချင်လို့နေမှာပေါ့..ထော်လာဂျီခဏ
ရပ်ခိုင်းလိုက်မယ်..သခွတ်ပွင့်တွေ
သွားကောက်လိုက်ပါကွယ်..."
ယောက္ခမကြီးပါ အမေ့ဖက်က
ပါနေပြီမို့ ချစ်ချစ်လည်း
သခွပ်ပွင့်တွေကောက်ဖို့
သဘောတူလိုက်ရတော့သည်။
"ကိုတင်မောင်ရေ..
ထော်လာဂျီရပ်ပေးစမ်းပါဦး.."
"ဘာဖြစ်လို့လဲဗျ.."
"သခွတ်ပွင့်ကောက်မလို့ပါရှင်.."
ထော်လာဂျီရပ်သွားသည်နှင့် ချစ်ချစ်လည်း
အိတ်ကလေးတစ်ခုကို ထုတ်ယူလိုက်ပြီး
ထော်လာဂျီပေါ်မှာ ဆင်းကာ
သခွတ်ပင်ဆီသို့ ပြေး၍မြေပေါ်မှာ
ကြွေကျနေသည့် သခွတ်ပွင့်တွေကို
တစ်ခုချင်း လိုက်ကောက်မိလေသည်။
ဒေါ်စံပယ်မွှေးကတော့
ချစ်ပန်းဝေလေး သခွတ်ပွင့်တွေ
ကောက်နေသည်ကို ကြည့်ရင်းနှင့်
ဂိမ်းဆော့ဟန်ဆောင်နေသော
သားတော်မောင်ကို တစ်ချက်ကြည့်လိုက်ကာ
မျက်မှောင်ကြုံ့သွားမိလေသည်။
မြင်နေ၊တွေ့နေရတာ အဆင်မပြေတော့
ပြောချင်စိတ်က တဖွားဖွားဖြစ်လာရသည်။
"ဟဲ့..မောင်မောင်..ဟိုမှာနင့်မိန်းမ
သခွတ်ပွင့်တွေ လိုက်ကောက်နေတာကို
မမြင်ဘူးလား.."
"မြင်သားပဲ.."
"မြင်ရင် နည်းနည်းပါးပါး
သွားကူကောက်ပေးလိုက်ပါလားဟဲ့.."
"သူ့ဘာသာ ...
အလုပ်မရှိကြောင်ရေချိုးနေတာကို
ကျွန်တော်က ဘာကိစ္စ
ကူကောက်ပေးရမှာလဲ...စိတ်မ၀င်စားဘူး.."
မောင်မောင်တို့က စကားပြောလျှင်
အမြဲတမ်း ရိုက်ပေါက်ကြီးပဲ။
ယဉ်ယဉ်ကျေးကျေးပြောတတ်အောင်
ဒီအရွယ်ကြီးကြမှ ယဉ်ကျေးမှုသင်တန်း
သွားတက်ခိုင်းလို့လဲ တတ်မှာမဟုတ်ဘူး။
ဒီတော့ သူတောင်မယဉ်ကျေးတာ၊
ကိုယ်လည်း ယဉ်ကျေးစရာမလိုဘူးဟု
တွေးပစ်လိုက်ပြီး မောင်မောင့်၏
လက်မောင်းကို လှမ်းလိမ်ပစ်လိုက်သည်။
"အား!!!...နာတယ်အမေရ.."
"မနာချင်ရင် နင့်မိန်းမကိုသွားကူပေးလိုက်
မဟုတ်ရင် ဒီ့ထက်ပိုနာမယ်.."
အမေကပြောလျှင် ပြောသည့်အတိုင်း
တကယ်လုပ်တတ်သူမို့ ရှိုင်းလည်း
စိတ်အညစ်မခံနိုင်၍ ထော်လာဂျီပေါ်မှ
ဆင်းလိုက်ပြီး သခွတ်ပွင့်တွေကို
ကောက်နေသော ကောင်မလေးဆီသို့သာ
တန်း၍ သွားလိုက်လေသည်။
🌺🌺🌺🌺🌺🌺🌺🌺
မိုးဖွဲလေးတွေ ကျနေပေမဲ့
ချစ်ပန်းဝေကတော့ နေသာနေသည့်အလား
ဆောင်းစရာ မပါပဲသခွတ်ပွင့်တွေကို
ကောက်နေလေသည်။
သခွတ်ပွင့်လေးတွေဟာ မြေကြီးပေါ်မှာ
ကျဲချထားသကဲ့သို့ ပျံ့ကျဲနေသည့်အပြင်
လေတိုက်လိုက်သည့်အခါတိုင်း
အပင်ပေါ်မှာ တစ်ပွင့်စ၊နှစ်ပွင့်စ
ကြွေလွှင့်လာကြလေသည်။
ထိုသခွတ်ပွင့်လေးတွေကြားမှာ
မိန်းမငယ်လေးတစ်ယောက် ထိုင်နေသည့်
မြင်ကွင်းအား ရှိုင်းတစ်ယောက်
ငေးမောနေမိသည်။
ဆံပင်လေးတွေကို ကျောအထပ်မှာ
ဖြန့်ချထားပြီး သခွတ်ပန်း
လိုက်ကောက်နေသောမိန်းကလေး၏
ဘေးတိုက်မျက်နှာလေးကတောင်
အလွန်လှပပါသည်။
သေးသွယ်သော ကိုယ်လုံးကိုယ်ပေါက်နှင့်၊
ယဉ်စစမျက်နှာလှလှလေးကို
ပိုင်ဆိုင်ထားသည့်ချစ်ပန်းဝေဟာ
ကိုယ့်ဇနီးတဲ့လေ။
သူမလှတာကို လက်ခံတယ်။
သူမက စိတ်ထားယုတ်ညံ့သည့်
မိန်းကလေးတစ်ယောက်
မဟုတ်လောက်ဘူးဆိုတာလည်း
သိပါတယ်။
ဒါပေမဲ့ ကိုယ့်နှလုံးသားကတော့
သူမကို လုံး၀လက်မခံနိုင်ဘူးဖြစ်နေတယ်။
သူမအပေါ် ခံစားချက်နည်းနည်းလေးတောင်
ထားလို့ ရမနေဘူး။
ချစ်ဖို့မပြောနဲ့ သံယောဇဉ်တောင်မရှိတဲ့
မိန်းကလေးတစ်ယောက်ကို
လက်ထပ်လိုက်ရတဲ့ ကိုယ့်အတွက်တော့
စိတ်ရှုပ်စရာ အရာတစ်ခုပိုလာတာပဲ
အဖက်တင်တယ်။
အခြားလူတွေကတော့ ဒီလက်ထပ်ပွဲနဲ့
ပတ်သတ်ပြီး အပေါ်ယံလောက်ပဲ
တွေးကြလိမ့်မယ်။
လက်ထပ်လိုက်တော့
ဘာဖြစ်လဲဆိုတာမျိုးပေါ့။
ဒါပေမဲ့ ကိုယ့်လိုအနုပညာ
သမားတစ်ယောက်အတွက် အများကြီး
ပြဿနာဖြစ်သွားနိုင်တယ်။
For Me, [9/10/2025 7:57 PM]
မီဒီယာတွေဆိုတာ တစ်စိပ်ကို
တစ်အိတ်လုပ်တဲ့ ပြဿနာအိုးတွေ။
နဂိုကမှ ဘာမှမဟုတ်တဲ့အမူအရာ
သေးသေးလေးကိုတောင် ပုံကြီးချဲ့ပြီး
သတင်းလုပ်ချင်နေကြတာ။
ဒါကြောင့်လဲ အနုပညာသက်တမ်း
တစ်လျှောက် အမှားမလုပ်မိအောင်
နေခဲ့တဲ့အပြင် ဟိုမင်းသမီးနှင့်စွပ်စွဲ၊
ဒီမင်းသမီးနှင့် အပုပ်ချတာမျိုးတွေ
မဖြစ်စေရန် အချစ်ဇာတ်လမ်းမျိုးတွေပါ
ရှောင်ဖြစ်လာခဲ့တဲ့ကိုယ်လိုလူဟာ
အခုတော့ အခြားတစ်ယောက်ကို
သစ္စာမဲ့ပြီး နောက်တစ်ယောက်ကို
လက်ထပ်လိုက်ရတယ်။
ထိုကိစ္စကို တွေးမိတိုင်း
အဲ့ဒီ့ညကဖြစ်ခဲ့တဲ့ မိုးသက်မုန်တိုင်းကိုပဲ
အပစ်တင်ရမလိုလို
ချစ်ပန်းဝေကိုပဲ အပစ်ပုံချရတော့မလိုနဲ့။
ဒီမိန်းကလေးသာ ဒီရွာမှာရှိမနေခဲ့ရင်
ကိုယ့်အခြေအနေဟာ တည်ငြိမ်ပြီး
အဆင်ပြေနေမှာ သေချာတယ်။
အခုတော့ ရှုပ်လိုက်တဲ့ပြဿနာ။
စိတ်ထဲမှာ မကျေမနပ်တွေးနေမိပေမဲ့
သခွတ်ပွင့်တွေကိုတော့
လက်ခုပ်အပြည့်ရသည်အထိ
လိုက်ကောက်နေမိသည်။
ပြီးတာနှင့် ဟိုမိန်းကလေးထိုင်နေသော
နေရာဆီသို့ တစ်လှမ်းခြင်း
လှမ်းသွားလိုက်မိသည်။
🌺🌺🌺🌺🌺🌺🌺🌺
"ရှော့...ဒီမှာငါကောက်ထားတဲ့ဟာတွေ.."
သခွတ်ပွင့်တွေကို ကောက်နေသည့်ဘက်သို့
အာရုံရောက်နေတုန်းမှာ
ခပ်မာမာပြောလိုက်သော အသံနှင့်အတူ
ဘေးနားမှာ လာရပ်နေသော
ရှူးဖိနပ် အပြာရောင်ကြောင့်
မော့ကြည့်လိုက်မိတော့
ကိုယ့်မျက်လုံးကိုယ်တောင် မယုံကြည်နိုင်
ဖြစ်သွားရသည်။
သူက ချစ်ချစ်ကို ငုံ့မိုးကြည့်နေပြီး
သူ့ရဲ့ လက်ဖဝါးအပြည့်သခွတ်ပွင့်တွေကို
ကမ်းပေးလာလေသည်။
သူ့မျက်နှာက မကျေမနပ်ဖြစ်နေပုံ
ပေါ်ပေမဲ့ မနေ့ညကဒေါသတကြီး
သူ့အခန်းထဲမှ ဆွဲထုတ်ခဲ့သလောက်တော့
ခက်ထန်မနေတော့ပေ။
"အိတ်ပေးလေ..ဘာလုပ်နေတာလဲ.."
"ရှင်က ကျွန်မနဲ့အတူ..သခွတ်ပွင့်တွေ
လာကူကောက်ပေးနေလို့ အံ့ဩသွားတာပါ.."
"ကောက်ချင်လို့ကောက်ပေးတယ်မထင်နဲ့
အမေက အတင်းလာခိုင်းလို့
ငါ့အမေစကားမို့ ငါနားထောင်တာ..
အိတ်ပေးစမ်း...
သခွတ်ပွင့်ကောက်နေတာကလည်း
လိပ်လိုပဲ...ကြာလိုက်တာ
ရန်ကုန်မလိုက်ချင်လို့
တမင်လုပ်နေတာဆိုလည်း
အမေတို့ကိုပွင့်ပွင့်လင်းလင်းပြောပြီးနေခဲ့..."
ချစ်ချစ်၏ လက်ထဲမှအိတ်ကိုဆွဲယူသွားပြီး
တွေ့သမျှသခွတ်ပွင့်တွေကို
သူကပဲ ဦးဆောင်၍
လိုက်ကောက်နေတော့သည်။
**..ဘာကြောင့်များ စကားချိုချိုလေး
မပြောနိုင်ရတာလဲရှိုင်းရယ်...
ကျွန်မရဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့
ရှင့်ကို အားကိုးကြည့်ချင်ပေမဲ့..
ရှင်ကလည်း ကျွန်မကို
လက်ခံချင်ဘူးဆိုတော့
ကျွန်မပိုပြီး အားယုတ်ရတယ်..
............
ရှင်ခဏခဏ နှင်လွှတ်နေပေမဲ့
ထွက်မသွားနိုင်တဲ့ကျွန်မကို
သိပ်ကပ်တွယ်လွန်းတဲ့မိန်းမလို့
ထင်နေမှာပဲနော်...
..............
ကျွန်မက ရှင့်အတွက်စိတ်ရှုပ်စရာကြီး
ဖြစ်နေမယ်ဆိုရင် တစ်နေ့နေ့မှာ
ကျွန်မထွက်သွားပေးပါ့မယ်..
.............
ဒါပေမဲ့ ကျွန်မရဲ့မေတ္တာတွေနဲ့
ရှင်းရဲ့အမုန်းတွေကို
ချေဖြတ်ကြည့်ချင်တယ်
ကျွန်မကြိုးစားကြည့်ချင်တယ်..
............
ကျေးဇူးပြုပြီး ကျွန်မကိုတော့
မမုန်းလိုက်ပါနဲ့..ရှိုင်းရယ်..
............
ကိုယ်ရင်နင့်အောင် သဘောကျရသူဟာ
ကိုယ့်ကို သိပ်မုန်းနေတော့
ကျွန်မနေရာမှာ ရှင်သာဆို
ခံနိုင်ရည် ရှိပါ့မလား...**
🌺🌺🌺🌺🌺🌺🌺🌺
မြေကြီးပေါ်မှ သခွတ်ပွင့်တွေကို
အိတ်အပြည့်အထိ
သူကောက်ထည့်လိုက်သည်။
သခွပ်ပွင့်၏ပုံစံလေးဟာ
ရိုးရှင်းပြီးလှတဲ့ပန်းကလေးဖြစ်ပေမဲ့
တော်တော်လေးအသုံးတည့်မှန်း
သူလည်း သိသည်။
အဖြူရောင်လေးဆိုတော့ ကြည့်ရတာလည်း
အေးချမ်းသလို အထိအတွေ့ကလည်း
နူးညံ့သည်။
အစကတော့ အမေ့ကြောင့်မကျေမနပ်ဖြင့်
သခွတ်ပွင့်လေးတွေကို
ကူကောက်ခြင်းဖြစ်ပေမဲ့
အခုတော့ ကိုယ်တိုင်တောင်
ဒီပန်းလေးတွေကို သဘောကျနေမိတယ်။
"ဒီလောက်ဆို..တော်ပြီမဟုတ်လား.."
အိတ်ကိုကိုင်ပြီး အနောက်သို့
လှည့်မေးလိုက်တော့ မထင်မှတ်ထားသည့်
မြင်ကွင်းကြောင့် သူအံ့ဩသွားရသည်။
အဖြူရောင် သခွတ်ပွင့်လေးများ၏အလယ်မှာ
ငုတ်တုတ်လေးထိုင်ပြီး ငိုနေသော
ချစ်ပန်းဝေ..။
ခေါင်းလေးငုံ့ထားကာ သူ့ပါးစပ်ကို
လက်ဖဝါးနှင့် အုပ်ထား၍
အသံမထွက်ပေမဲ့မျက်ရည်တွေကတော့
သခွတ်ပွင့်လေးများပေါ်သို့
တစ်ပေါက်ပြီးတစ်ပေါက် စီးကျနေသည်။
*ဘာလဲဟ..ငါပြောလိုက်တဲ့
စကားကြောင့်..ငိုသွားတာလား.."
"မင်းဘာဖြစ်လို့ ငိုနေတာလဲ.."
သူမ၏အနားသို့ တစ်ဖန်ပြန်သွားလိုက်ပြီး
သူမနှင့်မျက်နှာချင်းဆိုင်၍ မုဆိုးဒူးထောက်
ထိုင်ချလိုက်မိသည်။
"ငါမေးနေတယ်လေ..
ဘာဖြစ်လို့ငိုနေတာလဲ..."
"ဘာမှမဖြစ်ပါဘူး..မျက်လုံးထဲကို
အမှုန်တွေ၀င်သွားလို့...ပြီးပြီဆိုရင်
သွားကြမယ်..."
ကိုယ်မေးတာကို အမှန်အတိုင်းမဖြေပဲ
မတ်တပ်ထရပ်ပြီး သူကပဲအရင်
အရှေ့မှာ စိတ်ဆိုးမာန်ဆိုးဖြင့်
ထွက်သွားလေသည်။
ကိုယ်ပြောလိုက်သည့်စကားကြောင့်
သူမ၀မ်းနည်းသွားတာ ဖြစ်နိုင်ပေမဲ့
သူမကလည်း မပြောပြချင်သလို
ကိုယ်လည်း စိတ်အရှုပ်ခံပြီး
ထပ်မမေးတော့ဖို့သာ ဆုံးဖြတ်လိုက်သည်။
သူမဘယ်လိုပဲ ခံစားရပါစေ
ကိုယ်နဲ့မှ မဆိုင်တာ..။
တွေ့တာသိပ်မကြာသေးတဲ့
ယောက်ျားတစ်ယောက်အတွက်
ခံစားချက်ရှိလို့ ငိုနေတာဆိုရင်တော့
ဒါဟာ ဟန်ဆောင်မာယာတွေပဲ။
*မင်းဘယ်လောက်အထိ ဟန်ဆောင်နိုင်မလဲ
ငါစောင့်ကြည့်မယ်...*
🚩🚩🚩🚩🚩🚩🚩🚩🚩
ချစ်ချစ်တို့၏ ထော်လာဂျီလေး
ကျုံတနော်သို့ ရောက်သည့်အခါမှာတော့
ဦးနေဂုဏ်မာန်သည် သူ၏အသိအိမ်တွင်
အပ်ထားခဲ့သော ကားကိုသွားယူနေ၍
ချစ်ချစ်တို့လည်း ခဏစောင့်ကြရလေသည်။
ရှိုင်းသည်လည်း အလာတုန်းက
ဓနုဖြူမှာပျက်၍ ပြင်ထားခဲ့သည့်
သူ့ကားကို ကျုံတနော်အထိ
လာပို့ခိုင်းထားပြီးပြီမို့ ကားကနှစ်စီး
ဖြစ်နေလေရာ လူမဆန့်မှာတော့
မစိုးရိမ်ရပေ။
ဒါပေမဲ့ ချစ်ချစ်ကတော့ သူ့ကားနှင့်
လုံး၀မလိုက်ချင်ပေ။
သူ့မျက်နှာကြီးက တစ်ချိန်လုံး
တည်တင်းနေတော့ အလိုလိုနေရင်း
ကြောက်နေမိသည်။
"ချစ်ချစ်ရေ..ဒီကိုခဏလာဦး..
လေးလေးပြောစရာရှိလို့..."
ချောင်းစပ်မှာ အမေနှင့်အတူရပ်၍
အနားယူနေတုန်း လေးလေးတင်မောင်က
အနားသို့ရောက်လာလေသည်။
"ဘာဖြစ်လို့လဲ လေးလေးရဲ့.."
"ရော့..ဒီမှာ..ချစ်ချစ်သုံးချင်တာ
သုံးလို့ရအောင် လေးလေးမုန့်ဖို့ပေးတာ.."
ချစ်ချစ်၏လက်ထဲသို့
ပိုက်ဆံအလိပ်လိုက်လေး ထည့်ပေးလာသည်မို့
ဖြန့်ကြည့်လိုက်တော့ တစ်ထောင်တန်ကနေ
ငါးရာတန်၊နှစ်ရာတန်အထိ စုံနေသော
ပိုက်ဆံရွက်လေးတွေ ဖြစ်နေသည်။
ဒါဟာ ဒေါ်ကြီးမသိအောင်
လေးလေးစုထားသည့်
ပိုက်ဆံတွေပဲနေလိမ့်မယ်။
"လေးလေးရယ်..သမီးမှာသုံးဖို့ရှိပါတယ်.."
"ရှိရှိ..မရှိရှိကွာ..
ဒါက..လေးလေးသီးသန့်ပေးတာ
ဟိုရောက်ရင်..
ငါ့တူမကြီးဘာအခက်အခဲပဲရှိရှိ
လေးလေးနဲ့ လှမ်းတိုင်ပင်လို့ရတယ်သိလား
မိလှိုင်ရဲ့ ဖုန်းနံပါတ်ယူထားတယ်မဟုတ်လား.."
"ယူထားပါတယ်လေးလေး..
ရန်ကုန်ရောက်ရင်..တင်တောင်းငွေထဲကနေ
နှုတ်ပြီး ဖုန်းအသစ်၀ယ်ပြီးတဲ့အခါ
မမလှိုင်ကို ဖုန်းနံပါတ်လှမ်းပေးပါ့မယ်..."
"အေးပါ..ဒါနဲ့...တင်တောင်းငွေကို
မဌေးက ချစ်ချစ်ကိုအကုန်ပြန်ပေးတယ်
မဟုတ်လား..."
"ဟုတ်..ပေးပါတယ်..."
တကယ်တော့ တင်တောင်းငွေက
သိန်းရာနဲ့ချီပေမဲ့ ဒေါ်ကြီးကချစ်ချစ်ကို
သိန်းငါးဆယ်သာ ပြန်ပေးခဲ့သည်။
ဒီအကြောင်းတွေ လေးလေးကို
ပြန်ပြောရင်တော့ ပြဿနာဖြစ်မှာ
ကျိန်းသေတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လေးလေးတို့အိမ်ကလည်း
ကြွေးမှီတွေရှိနေတော့ ချစ်ချစ်ဘက်က
ပြန်ကျေးဇူးဆပ်သည့်အနေနှင့်
ကူညီတာဟုပဲ သဘောထားလိုက်သည်။
"ရန်ကုန်ရောက်ရင် မမခိုင်ကို
သေချာဆေးကုပေးလိုက်ပါသမီးရယ်
ဟိုမှာ အားလုံးနဲ့လည်း
တည့်အောင်ပေါင်းနော်
ကိုယ့်ကြောင့် ပြဿနာမဖြစ်စေနဲ့ကြားလား.."
"ဟုတ်ကဲ့ပါလေးလေးရယ်..
သမီးအစစ၊အရာရာ ဂရုစိုက်ပါ့မယ်..
လေးလေးလည်း ကိုယ့်ကျန်းမာရေးကိုယ်
ဂရုစိုက်ပါနော်..."
"ချစ်ချစ်ရေ...သွားကြမယ်ဟေ့..."
အန်တီစံပယ်က လှမ်းခေါ်လာလေရာ
ချစ်ချစ်လည်း လေးလေးကို
အမြန်နှုတ်ဆက်ပြီး မေ့မေ့ကိုခေါ်ကာ
ရှိုင်း၏ကားဆီသို့ ပြေးသွားရတော့သည်။
အနောက်မှာကျန်ခဲ့သော ဦးတင်မောင်ကတော့
တဖြည်းဖြည်း ဝေးကွာသွားသော
တူမဖြစ်သူ၏ ပုံရိပ်လေး
ပျောက်ကွယ်သွားသည်အထိ ငေးနေမိရင်း
မျက်ရည်တွေ ရစ်သိုင်းလာလေတော့သည်။
*အော်..အချိန်တွေကုန်တာမြန်လိုက်တာ
ငါချီပိုးခဲ့တဲ့ ကလေးသေးသေးလေးက
အရွယ်ရောက်ပြီး...
အိမ်ထောင်ရက်သားကျ..တစ်နယ်တကျေးကို
ပြောင်းရွှေ့သွားပါပေါ့လား..
.........
ကိုသိန်းဇော်ရေ..ကျွန်တော်အလုံးစုံတော့
တာ၀န်ကျေချင်မှကျေမယ်..
ဒါပေမဲ့ ကျွန်အတတ်နိုင်ဆုံး
ကြိုးစားပြီး..ချစ်ချစ်တို့သားအမိကို
ကာကွယ်ပေးခဲ့ပါတယ်...
..........
အခုသူ့ဘ၀လေးအတွက်
ကျွန်တော့်လိုပဲ ခင်ဗျားလည်း
စိတ်အေးသွားပြီလို့ ထင်ပါတယ်.."
ချစ်ပန်းဝေ၏အဖေ ကိုသိန်းဇော်ကို
စိတ်ထဲမှ တမ်းတမိရင်းနှင့်
ဦးတင်မောင် ပြုံးလိုက်မိလေသည်။
သူ့ဘ၀မှာ အစိုးရိမ်ဆုံးက
ချစ်ချစ်တို့ သားအမိအပေါ်
တာ၀န်မကျေမှာကိုပဲ ။
အခုတော့ရင်ထဲက
အပူတစ်ခုလျော့သွားခဲ့လေပြီ။
🚩🚩🚩🚩🚩🚩
🍁ရန်ကုန်🍁
ရန်ကုန်မြို့ထဲသို့ ကားလေး၀င်လာသည်နှင့်
ကားလမ်းမပေါ်တွင် ပြေးလွှားနေသည့်
ရှုပ်ယှက်ခတ်နေသော ယာဉ်များ၊
အထပ်မြင့် အဆောက်အဦးများကို
လိုက်ကြည့်နေမိလေသည်။
"ချစ်ချစ်..ဟိုမှာကြည့်စမ်း..
ကြက်ကြော်တုံးကြီး..ငါ့ကိုအဲ့ဒါကြီး
သွားခွာပေးပါလား..."
"အမေကလည်း အဲ့ဒါကဆိုင်ရှေ့မှာ
ကပ်ထားတာလေ..သွားခွာလို့မရဘူး..."
"ဟင့်အင်းမရဘူး...ငါအဲ့ဒါကိုစားချင်တယ်လို့
ငါ့ကိုအခုချက်ချင်း ၀ယ်ကျွေး..
၀ယ်မကျွေးရင် ငါအော်ငိုလိုက်မှာနော်.."
"အမေကလည်း နောက်မှသမီး
ကြော်ကျွေးပါ့မယ်..မငိုပါနဲ့နော်.."
"ဟင့်အင်း..ဟင့်အင်း..
အဲ့ဒီ့ကပ်ထားတဲ့ဟာကိုပဲ ငါစားချင်တာ
ငါ့ကိုအဲ့ဒါပဲ ၀ယ်ပေး..
အီဟီး...အခု၀ယ်ပေးပါလို့ဆို..."
ကားလမ်းဘေးမှာရှိသည့်
ကြက်ကြော်ဆိုင်ကိုတွေ့ပြီး
စားချင်၍ ထအော်နေတော့
ချစ်ချစ်လည်း စိတ်ညစ်နေရတော့သည်။
"ချစ်ပန်းဝေ...မင်းအမေစားချင်ရင်
သွား၀ယ်ပေးလိုက်..
ငါအနောက်ပြန်ဆုတ်ပြီး ဆိုင်ရှေ့မှာ
ရပ်ပေးမယ်.."
အမေငိုတဲ့အသံက
ဘယ်လောက်ကျယ်သလဲဆို
ရှိုင်းတောင် မနေနိုင်တော့ပဲ
၀င်ပြောလာလေတော့သည်။
ဘယ်လိုပဲ ကိုယ့်ကိုမုန်းမုန်း
အမေ့အပေါ်မှာတော့ မငြိုငြင်လို့
တော်ပါသေးရဲ့။
"ကျေးဇူးတင်ပါတယ်ရှိုင်းရယ်.."
"ရတယ်..."
အမေ့အတွက်တော့ စေတနာရှိပေမဲ့
ချစ်ချစ်ကိုတော့ နဂိုအတိုင်း
လေသံမာမာဖြင့်သာ ပြန်ဖြေလာလေသည်။
"ဟိုလေ...ရှိုင်းရဲ့အမေတို့အတွက်ပါ
၀ယ်လိုက်ရမလားဟင်.."
"ရတယ်..မ၀ယ်နဲ့..သူတို့က
သူတို့အိမ်ကိုသွားမှာ..မင်းနဲ့မင်းအမေက
ငါ့ကွန်ဒိုကို လိုက်ခဲ့ရမှာ..."
သူ့စကားကို အဓိပ္ပာယ်ကောက်ရလျှင်
သူက သူ့မိသားစုနှင့်အတူမနေဘူးဟု
ဆိုလိုလိုက်ခြင်းဖြစ်သည် ။
အန်တီစံပယ်တို့နှင့် အတူနေချင်ပေမဲ့
သူ့ကိုတော့ မပြောရဲ၍
နှုတ်ဆိတ်နေလိုက်ရသည်။
ချစ်ချစ်လည်း ဆိုင်ရှေ့မှာ
ကားရပ်ပေးလိုက်သည်နှင့် ကားပေါ်မှာ
ချက်ချင်းဆင်းပြီး ဆိုင်ထဲသို့
တန်း၀င်သွားလိုက်သည်။
ဆိုင်အပြင်အဆင်လေးက သေသေသပ်သပ်
ရှိပြီး သန့်ရှင်းနေတော့ ကြက်ကြော်ကလည်း
ဈေးကြီးမှာပဲဟု တွေးလိုက်မိသည်။
ကောင်တာသို့ တန်းသွားလိုက်ပြီး
မေးကြည့်ဖို့ လုပ်ရသည်။
ဒီလိုမျိုးဆိုင်တွေနဲ့ နည်းနည်းစိမ်းနေတော့
ကြောက်စိတ်တော့ ဖြစ်မိတယ်။
"ဟိုလေ..ကြက်ကြော်၀ယ်ချင်လို့ပါ..."
"ဟုတ်ကဲ့..ပါဆယ်လား..ထိုင်စားမှာလားရှင့်.."
"ပါဆယ်ယူမှာပါ...အကြာကြီး
စောင့်ရမှာလားဟင်"
"..အခုကလူရှင်းနေတော့
အစ်မခဏပဲ ထိုင်စောင့်ပေးရမှာပါ...
ဘယ်ဟာလေး ယူချင်တာလဲရှင့်..."
၀န်ထမ်းလေးဟာ ကောင်တာပေါ်တွင်
ကပ်ထားသော သူတို့ဆိုင်မှာရောင်းသည့်အစားအသောက် စာရင်းကိုပြနေလေရာ
ချစ်ချစ်လည်း လိုက်ကြည့်နေမိပေမဲ့
ဘယ်ကနေ ဘယ်လိုစမှာရမလဲမသိပေ။
"ညီမလေး..ဒီနှစ်သောင်းဆိုတာက
ဘယ်နှစ်ခုပါတာလဲဟင်..."
"ရှစ်ခုပါအစ်မ..."
"အဲ့လောက်ကြတော့လည်း
ကုန်မှာမဟုတ်လောက်ဘူး..."
"တစ်ခုချင်းဆီ ကိုယ်ကြိုက်တာ၀ယ်လေ
ညီမရဲ့..."
"ဟင်..."
အနောက်ဘက်မှ ပြောပြလာသော
အသံပိုင်ရှင်ကြောင့် လှည့်ကြည့်လိုက်မိတော့
ရှိုင်းနှင့်ရွယ်တူလောက်ရှိသည့်
ယောက်ျားတစ်ယောက်ဖြစ်နေလေသည်။
ရှိုင်းလောက်တော့ အရပ်မရှည်ပေမဲ့
သူ့အရပ်အမောင်းနှင့်သူ ကြည့်ကောင်းသူ
ဖြစ်ကာ ၀တ်ပုံစားပုံကလည်း
သပ်သပ်ရက်ရက်နှင့် ခန့်ညားလေသည်။
ချစ်ချစ်ကသာ ကိုယ်နှင့်မသိပဲ
သူစိမ်းတစ်ယောက် စကားလာပြောနေ၍
အထူးအဆန်းဖြစ်ပြီး သူ့ကိုတအံ့တဩ
ကြည့်နေမိပေမဲ့ သူ့ကတော့
ချိုသာစွာ ပြုံးပြလာလေသည်။
"ညီမအစား...အစ်ကိုကူမှာပေးရမလား..
အစ်ကိုလည်း ကြက်ကြော်၀ယ်မှာပဲလေ..."
သူစိမ်းတစ်ယောက်ကတောင်
ကူညီပေးချင်စိတ်ပေါက်လာတယ်ဆိုတော့
ချစ်ချစ်ရဲ့ပုံစံက ဘာမှမသိနားမလည်သည့်
တောသူမပုံစံ ပေါက်နေလို့များလား။
ဘာပဲ ဖြစ်ဖြစ်..မြန်မြန်ကိစ္စပျက်ပြီးရောပေါ့။
ကူညီပေးမဲ့သူရှိတာလည်း ကောင်းတာပဲ။
"ဟုတ်ကဲ့...ညီမကနည်းနည်းကြီးတာလေး
နှစ်ခုလောက် လိုချင်တာပါ..."
"အင်း..အဲ့ဒါဆို...၅၀၀၀တန်ထဲကနှစ်ခုလောက်
ယူလိုက်လေ..အစ်ကိုကဒီဆိုင်မှာ
လာ၀ယ်စားနေကြ..ဒီဆိုင်ရဲ့
ကြက်ကြော်က စားလို့ကောင်းတယ်.."
"ဟုတ်လား..ညီမကအခုမှပထမဆုံး
ကြက်ကြော်၀ယ်ဖူးတာ..
အမေကစားချင်တယ်ဆိုလို့လေ.."
"ဟုတ်လား..အစ်ကိုလည်းအမေ့အတွက်
လာ၀ယ်တာပဲ..
အစ်ကိုတို့နှစ်ယောက် ရည်ရွယ်ချက်
တူသွားတာပေါ့..."
ထိုအစ်ကိုက သဘောကောင်းပုံပါပဲ။
စကားပြောရင်လည်း မာန်မာနမရှိပဲ
ရယ်ရယ်မောမောနှင့်ဖော်ဖော်ရွေရွေရှိသည်။
ချစ်ချစ်ကလည်း ကိုယ့်ကို
ကူညီပေးထားသူမို့ ပြန်ပြီးဖော်ရွေစွာ
ဆက်ဆံလိုက်ပြီး အချင်းချင်း
မိတ်ဆက်မိကြလေသည်။
"ညီမကိုကြည့်ရတာ ရန်ကုန်က
မဟုတ်ဘူးနဲ့တူတယ်..."
"ဟုတ်ပါတယ်..ညီမက..ဒီနေ့မှ
တောကနေရန်ကုန်ကို တက်လာတာပါ.."
"အော်..ညီမတို့က ဘယ်ဘက်ကလဲ.."
"ဧရာ၀တီတိုင်းဘက်ကပါ.."
"ဟုတ်လား..အစ်ကိုကလည်း
ဧရာ၀တီတိုင်းသားပဲ...အစ်ကိုတို့က
ဇလွန်ဘက်ကလေ.."
"ညီမတို့က ဓနုဖြူဘက်ကပါ..
ဒါပေမဲ့ ညီမတို့ရွာကတော့
ဓနုဖြူနဲ့ နဲနဲဝေးပါတယ်.."
"ဘာပဲဖြစ်ဖြစ် ကိုယ့်တစ်နယ်တည်းသားချင်း
မထင်မှတ်ပဲ ဆုံကြတာဆိုတော့
၀မ်းသာစရာပဲပေါ့..တစ်ခုခုအကူအညီ
လိုတာရှိရင် အစ်ကို့ကိုပြောလို့ရအောင်
အစ်ကို့ ဖုန်းနံပါတ်ကိုယူထားလိုက်လေ..
ညီမဖုန်းနံပါတ်လည်း အစ်ကို့ကို
ပေးထားလိုက်ပေါ့..."
"ရှင်..ဟို..ညီမမှာဖုန်းမရှိဘူး..."
"ဟုတ်လား...ဒါဆိုလည်း
အစ်ကို့ဖုန်းနံပါတ်ပဲ ယူထားလိုက်ပေါ့
ဒါက အစ်ကို့ရဲ့သီးသန့်ကဒ်...
အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်က
အစ်ကို့ဖုန်းနံပါတ်လေ..
အောက်ကတော့ ရုံးဖုန်းပေါ့.."
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..."
"ရပါတယ်..
ကိုယ့်တစ်နယ်တည်းသားချင်းတွေပဲဥစ္စာ
အစ်ကို့နာမည်က သျှင်နေခောတ်ပါ...
ဒါနဲ့..ညီမနာမည်ကရော..."
"ဟို..ညီမနာမည်က.."
"ချစ်ပန်းဝေ!!!!...
မင်းအဲ့ဒီ့မှာဘာထိုင်လုပ်နေတာလဲ..."
အဆိပ်ပြင်းသည့် မျှားတစ်စင်းနှင့်
အပစ်ခံလိုက်ရသကဲ့သို့ ချစ်ချစ်၏
ခန္ဓာကိုယ်လေး တုန်တက်သွားပြီး
အသံလာရာကို လှည့်ကြည့်လိုက်မိတော့
*ရှိုင်း*ဖြစ်နေသည်။
နှာခေါင်းစည်းတပ်လာ၍
သူ့မျက်နှာတစ်၀က်ကို မမြင်နိုင်ပေမဲ့
သူ့မျက်လုံးကတော့
တန်ပြန်ကြည့်လိုက်သည့်လူ
လောင်ကျွမ်းသွားနိုင်လောက်အောင်
စူးရှနေသည်။
"မင်းကို ကြက်ကြော်သွား၀ယ်ခိုင်းလိုက်တာ
တွေ့ရာကောင်နဲ့ ပလူးဖို့မဟုတ်ဘူးကွ.."
"မင်းဘာစကားပြောတာလဲ..."
"ကြားတဲ့အတိုင်းပဲလေ..!!!"
ရှိုင်းက ဗြုန်းစားကြီးရောက်ချလာရုံမက
ချစ်ချစ်ကိုပါ သမုတ်နေလေသည်။
ဟိုလူကလည်း ဒေါသထွက်သွားပြီး
ရှိုင်းကို ပြန်ရန်တွေ့လာတော့ ကြားကနေ
ချစ်ချစ်က အားနာနေရသည်။
"ကြက်ကြော်ရပါပြီ..."
ထိုအချိန်မှာ ကယ်တင်ရှင်ကတော့
ကြက်ကြော်ဆိုင်မှ ၀န်ထမ်းလေးပါပဲ။
ပါဆယ်ထုပ်နှစ်ထုပ် လာချပေးသွားကာ
ပိုက်ဆံက ရှင်းပြီးသားဖြစ်၍
ယူသွားရုံပါပဲ။
"ရှိုင်း..ကျွန်မတို့သွားကြရအောင်...
လာပါ..."
For Me, [9/10/2025 7:57 PM]
ဒေါသထွက်နေသည့် ရှိုင်းကိုကြောက်ပေမဲ့
ပြဿနာမဖြစ်စေချင်၍ သူ့လက်မောင်းကို
မဝံ့မရဲလှမ်းဆွဲလိုက်ပြီး ဆိုင်ထဲမှ
ထွက်ဖို့ ကြိုးစားမိလေသည်။
"ရှိုင်း...သူကမင်းရဲ့ညီမလား..."
ရုတ်တရက် သျှင်နေခောတ်ဆိုသူဟာ
ရှိုင်း၏နာမည်ကို တရင်းတနှီးခေါ်လိုက်ရာ
ချစ်ချစ်တောင် အံ့ဩသွားမိသည်။
ရှိုင်းကတော့ ထိုလူကိုလှည့်ကြည့်လိုက်ပေမဲ့
သူ့အကြည့်တွေဟာ ရန်သူကိုကြည့်နေသော
ပုံစံမျိုး ဖြစ်၍နေသည်။
"ဒီတစ်ခါတော့ မင်းထင်တာမှားသွားပြီ..
..သူကငါ့ညီမ..မဟုတ်ဘူး..
ငါ့မိန်းမ..အဲ့တော့...ကြာကူလီဖို့
ကြိုးစားရင်..ဂျေးအောင်းဖို့သာပြင်ထား.."
တစ်ဖက်လူဟာ
သျှင်နေခောတ်ဖြစ်နေသည့်အတွက်
တမင် အနိုင်နှင့်ပိုင်းခဲ့ကာ ချစ်ပန်းဝေကို
ဆိုင်ထဲမှ ဆွဲခေါ်သွားလေသည်။
အနောက်မှာ ကျန်နေခဲ့သည့်
သျှင်နေခောတ်ကတော့ ထွက်သွားသူ
နှစ်ယောက်အား ခပ်မဲ့မဲ့ပြုံး၍
ကြည့်နေလိုက်ပြီး
သူ၏ နှုတ်ခမ်းမွှေးခပ်စိမ်းစိမ်းလေးတွေကို
ပွတ်သပ်လိုက်လေတော့သည်။
*မင်းရဲ့အပိုင်ကိုမှ ငါကလည်း
လုယူချင်တာကွ...အဟင်း...
အဲ့ဒါက ငါ့အကျင့်ဖြစ်နေပြီ...*
အခန်း(၁၈)ဆက်ရန်
🔥🔥🔥🔥🔥🔥🔥🔥🔥🔥
ကဲ ပြိုင်လုချင်သူတွေတော့ပေါ်လာပြီ...
(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို
ကျေးဇူးအထူး တင်ရှိပါတယ်နော်..)
=================================
=============================
🌺အခန္း(၁၇)
🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺
ေကာင္းကင္ယံက အုံ႔မႈိင္းေနၿပီး
မိုးဖြဲမ်ားလည္း ႐ြာက်ေနေလသည္။
ေထာ္လာဂ်ီေပၚသို႔ ပစၥည္းမ်ားအားလုံး
တင္ၿပီးေသာေၾကာင့္ ခရီးစထြက္ဖို႔
အခ်ိန္ေရာက္ေနေပမဲ့ ယုယလႈိင္ကေတာ့
ခ်စ္ပန္းေဝကို မလႊတ္တမ္း
တင္းၾကပ္စြာဖက္ထားလွ်က္
မ်က္ရည္က်ေနရွာသည္။
ဦးတင္ေမာင္ကေတာ့ ေထာ္လာဂ်ီကို
စက္ႏႈိးရင္းစတင္ေမာင္းဖို႔
အဆင္သင့္ျဖစ္ေနေပမဲ့
သူလည္း မ်က္ႏွာမေကာင္းရွာေပ။
ယုယခ်စ္ႏွင့္ သဲသဲတုန္ေလးသည္လည္း
ေက်ာင္းေတာင္မသြားၾကပဲ
ခ်စ္ပန္းေဝ၏ အနား၌ဟာ
တရစ္ဝဲဝဲရွိေနၾကေလသည္။
သူတို႔၏အေနာက္တြင္ေတာ့
ကုကၠိဳလ္ပင္ေလးကို မွီလွ်က္
လႈိင္ျမင့္ဦးသည္ မ်က္စိပ်က္၊မ်က္ႏွာပ်က္
ျဖစ္ေနေလေတာ့သည္။
"ခ်စ္ခ်စ္..နင္ငါ့ကိုဖုန္းမၾကာမၾကာ
ဆက္ပါေနာ္..ငါလည္းဆက္မယ္သိလား
ဘာကိစၥပဲရွိရွိ ငါ့ကိုလွမ္းတိုင္ပင္...
သိလား..ငါမွာတာမေမ့နဲ႔ေနာ္..."
"အင္းပါမမလႈိင္ရယ္..သမီးအားလုံး
မွတ္ထားပါတယ္.."
"ေအးပါ..နင္မရွိေတာ့ရင္
ငါေနတတ္ေတာ့မွာ မဟုတ္ဘူး..
ငါပ်င္းေနေတာ့မွာဟ..
နင္မရွိရင္ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္လည္း
ရွိေတာ့မွာမဟုတ္ဘူး..
ငိုေတာင္ ငိုခ်င္လာၿပီဟယ္"
မမလႈိင္ဟာ ေျပာရင္းႏွင့္
မ်က္ရည္ဝဲလာေလသည္။
ခ်စ္ခ်စ္ႏွင့္ မမလႈိင္ဆိုတာ
ဟိုးငယ္ငယ္တည္းက သြားအတူ၊လာအတူႏွင့္
ညီအစ္မအရင္းေတြလို ခ်စ္ၾကတာဆိုေတာ့
ခ်စ္ခ်စ္လည္း မမလႈိင္ကိုမခြဲႏိုင္ေပ။
အေပါင္းအသင္း မ်ားမ်ားစားစား
သိပ္မရွိေတာ့ ဘာပဲလုပ္လုပ္
ဒီအစ္မနဲ႔ပဲ ေဆြးေႏြးျဖစ္ခဲ့တာမ်ားတယ္။
အိမ္မွာ ေဒၚႀကီးကဆူပူႀကိမ္းေမာင္းတတ္ေပမဲ့
ခ်စ္ခ်စ္ဘက္ကေန
အၿမဲကာေျပာေပးတတ္ၿပီး
မိခင္တစ္ေယာက္သဖြယ္
ေႏြးေထြးမႈ ေပးတတ္တဲ့အစ္မမ်ိဳးေပါ့။
အခုေတာ့ တစ္ေနရာဆီ
ေဝးရေတာ့မွာပါလား။
"မမလႈိင္တို႔လည္း ရန္ကုန္ကို
အလည္လာခဲ့ၾကအုံးေနာ္..
ခ်စ္ခ်စ္ေမွ်ာ္ေနမယ္သိလား.."
"ေအးပါ..လႈိင္မင္းစာေမးပြဲေအာင္ရင္
ငါတို႔ရန္ကုန္ကိုလာလည္မယ္..
အဲ့ၾကရင္ ငါတို႔ကိုမုန႔္ေတြလည္း
၀ယ္ေႂကြးရမယ္ေနာ္..ၿပီးေတာ့
ေ႐ႊတိဂုံဘုရားလည္း လိုက္ပို႔ရမယ္.."
"အင္းပါ.."
မမလႈိင္ကို ႏႈတ္ဆက္ၿပီးေနာက္
ကိုႀကီးလႈိင္ျမင့္ဦးကို ၾကည့္လိုက္ေတာ့
မ်က္လုံးေတြ နီေနတာကိုေတြ႕လိုက္ရသည္။
အရက္ေသာက္ထားေသာေၾကာင့္
နီေနတာ ျဖစ္ႏိုင္ေပမဲ့ သူ႔မ်က္၀န္းထဲမွ
ေဆြးေျမ့မႈေတြကေတာ့
အစစ္အမွန္ေတြလိုပါပဲ။
"ကိုႀကီး..သမီးသြားေတာ့မယ္ေနာ္..
ကိုႀကီးလည္း ဖဲဝိုင္းေတြ၊အရက္ဝိုင္းေတြႀကီးပဲ
သြားမေနနဲ႔..သမီးမရွိေတာ့ရင္
လယ္အလုပ္ေတြကို ကိုႀကီးပဲ
ဦးစီးရမွာ...အရက္ေတြလည္း
ဖိေသာက္မေနနဲ႔ဦး..
ကိုယ့္က်န္းမာေရးကိုယ္ဂ႐ုစိုက္.."
ခ်စ္ခ်စ္ဘက္မွ စကားေျပာေနရင္းႏွင့္
ငိုသံေပါက္လာရာ လႈိင္ျမင့္ဦးလည္း
၀မ္းမနည္းပဲ မေနႏိုင္ေတာ့ေပ။
မ်က္ရည္ေတာ့ မက်ေပမဲ့
သူ႔မ်က္ႏွာႀကီးဟာ
ဟန္မေဆာင္ႏိုင္ေလာက္ေအာင္
ရႈံ႕မဲ့ေနေတာ့သည္။
"ငါသိပါတယ္ဟာ..
နင္သာ..ကိုယ့္အတြက္ကိုယ္စိတ္ပူစမ္းပါ
တစ္ခုခု အခက္အခဲျဖစ္လာရင္
ငါတို႔ကိုလွမ္းသာေျပာ..
တစ္ေယာက္ေယာက္က နင့္ကို
အႏိုင္က်င့္လာရင္..
ငါ့ကိုဖုန္းဆက္ၿပီးသာလွမ္းေခၚလိုက္..
ငါခ်က္ခ်င္း ရန္ကုန္တက္လာၿပီး
အဲ့လူကို ဆုံးမေပးမယ္..
........
ခ်စ္ခ်စ္....ငါ့ညီမသိထားဖို႔က
ညီမေလးေနာက္မွာ..ကိုႀကီးရွိတယ္..
အဲ့ဒါကိုအၿမဲမွတ္ထား..
......
ဘယ္သူ႔ကိုမွ အလကားေန
သည္းခံစရာမလိုဘူး..ၾကားလား.."
ဘာကိုရည္႐ြယ္ၿပီးေျပာေနမွန္း
မသိေပမဲ့ ခ်စ္ခ်စ္ကေတာ့
ေခါင္းသာ ညိမ့္ျပလိုက္မိသည္။
အနည္းဆုံးေတာ့ ခ်စ္ခ်စ္အတြက္
ကိုႀကီးရဲ႕ စကားေတြက
ခြန္အားျဖစ္ေစပါတယ္။
"ခ်စ္ခ်စ္ေရ..လာေတာ့ေလ..ဒီမွာ
အားလုံးေစာင့္ေနၾကတယ္..
မိုးအရမ္း႐ြာရင္ အဆင္မေျပျဖစ္လိမ့္မယ္..."
ေထာ္လာဂ်ီေပၚတြင္
ရႈိင္းတို႔မိသားစုေတြအားလုံး
ေစာင့္ေနၾကရေတာ့
ေလးေလးက လွမ္းေခၚလာေလသည္။
တကယ္သြားရေတာ့မည္ဆိုေသာ
အသိေၾကာင့္ မ်က္ရည္မ်ားဝဲတက္လာၿပီး
၀မ္းကြဲေမာင္ႏွမေတြအားလုံးကို
ငိုမဲ့မဲ့ႏွင့္ ၾကည့္လိုက္ကာ
ေနာက္ဆုံးအေနနဲ႔ႏႈတ္ဆက္မိျပန္သည္။
"သြားေတာ့မယ္ေနာ္..."
"ေအး..ေအး..ဂ႐ုစိုက္ၿပီးသြားေနာ္.."
မမလႈိင္၏ ေနာက္ဆုံးသတိေပးစကားကို
ေခါင္းညိမ့္၍ နာခံလိုက္ၿပီး
ေထာ္လာဂ်ီေပၚသို႔ တက္လိုက္ကာ
ေမ့ေမ့ေဘးမွာ ထိုင္လိုက္မိေလသည္။
႐ြာ့ေနာက္ေဖး လွည္းလမ္းေၾကာင္းမွတစ္ဆင့္
ေထာ္လာဂ်ီေလးဟာ လႈပ္လီ၊လႈပ္လဲ့ႏွင့္
ေမာင္းႏွင္ေနသည့္အခ်ိန္
ခ်စ္ခ်စ္အရမ္းႏွစ္သက္ရတဲ့ စပါးပင္ေတြႏွင့္
ျပည့္ႏွက္ေနေသာ လယ္ကြင္းေတြကို
ေငးေမာရင္း သန႔္ရွင္းလတ္ဆက္ေသာ
ေလထုကို တ၀ႀကီးရႉရႈိက္လိုက္မိသည္။
တျဖည္းျဖည္းႏွင့္ ႐ြာထိပ္ကိုေရာက္လာေတာ့
ေနာက္ေဖးမွာ စပါးေတြထည့္ေနေသာ
ခ်မ္းေအးတို႔ အုပ္စုကို
ေတြ႕လိုက္ရေလသည္။
"ခ်စ္ပန္းေဝ..နင္ရန္ကုန္ကိုသြားတာလားဟ.."
"ေအး..နင့္အေမတို႔ကိုလည္း
ငါႏႈတ္ဆက္သြားတယ္လို႔ ေျပာေပးစမ္းပါ.."
"ေအးပါ..သီတင္းကြၽတ္ျဖစ္ျဖစ္၊
သၾကၤန္ျဖစ္ျဖစ္ တစ္ရက္ရက္ေတာ့
႐ြာကို ျပန္လာခဲ့အုံးေပါ့.."
"ေအးပါ.."
ခ်မ္းေအးကေတာ့ ရယ္ကာေမာကာျဖင့္
ျပန္ႏႈတ္ဆက္ေနေပမဲ့ ခ်မ္းေအး၏
ေဘးနားတြင္ ရပ္ေနေသာရဲရင့္ကေတာ့
မ်က္ႏွာမေကာင္းေပ။
For Me, [9/10/2025 8:24 PM]
ရဲရင့္က ခ်စ္ခ်စ္ကိုပိုးပန္းခ်င္ေနမွန္း
ရိပ္မိတာေပါ့။
ဒါေပမဲ့ သူကသူ႔အေမ ေဒၚေငြခင္ကို
သိပ္ေၾကာက္ရတဲ့ မာမားဘြိဳင္းေလးျဖစ္ၿပီး
သူ႔အေမေၾကာင့္ ခ်စ္ခ်စ္အနားသို႔
ခ်ည္းကပ္ဖို႔ အၿမဲတြန႔္ဆုတ္ေနခဲ့သူျဖစ္သည္။
တကယ္ေတာ့ ခ်စ္ခ်စ္ကိုပိုးပန္းလာသူေတြ
ရွိခဲ့ပါတယ္။
ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ားက
ခ်စ္ခ်စ္ထက္ အစစအရာရာ
သာလြန္ေနေတာ့ သူတို႔မိသားစု
အသိုင္းအဝိုင္း၏ အႏွိမ္ခံဘ၀ကို
မေရာက္ခ်င္၍ ဘယ္သူ႔ကိုမွ
မေ႐ြးခ်ယ္ျဖစ္ခဲ့ဘူး။
အခုလည္း ကိုယ္တိုင္မေ႐ြးခ်ယ္လိုက္ရပဲ
သူ႔အလိုလို ရႈိင္းနဲ႔ဖူးစာလာဆုံရတယ္။
အခုထိ အိပ္မက္မက္ေနတယ္လို႔ပဲ
ကိုယ့္ကိုကိုယ္ ျမင္ေနမိပါတယ္။
"ခ်စ္ခ်စ္..ဟိုမွာသခြတ္ပန္းေတြအမ်ားႀကီးပဲ
သြားေကာက္ေပးပါလားဟင္.."
"ဒီေန႔ေတာ့ မေကာက္ေတာ့ပါဘူးအေမရယ္.."
"နင္ကလည္း..ငါသခြတ္ပြင့္သုတ္ေလး
စားခ်င္လို႔ ဥစၥာကို..."
တစ္ခါတေလၾကရင္ မနက္အေစာႀကီး
ဒီအပင္ကေန သခြတ္ပြင့္ေတြ
လာေကာက္ေလ့ရွိသည္။
ဒီလိုလာေကာက္တဲ့လူက
ကိုယ္တစ္ေယာက္တည္း မဟုတ္ပဲ
႐ြာထဲကေန အဖြဲ႕လိုက္ေကာက္ၾကတာဆိုေတာ့
ေပ်ာ္ဖို႔ သိပ္ေကာင္းခဲ့တာေပါ့။
သခြတ္ပြင့္ေလးေတြဟာ
ေလာ္စပီကာပုံစံမ်ိဳးေလးျဖစ္ၿပီး
ျပဳတ္၍ငါးပိရည္ႏွင့္
တို႔စားလို႔လည္းရသလို
အေျခာက္လွမ္းကာ
ေသးေသးေလးေတြညႇပ္ၿပီး
သုပ္စား၍လည္း အရမ္းေကာင္းသည္။
အရင္ကေတာ့ မနက္မိုးမလင္းခင္တည္းက
ကေလးလူႀကီး လာေကာက္ေလ့ရွိၾက၍
အခုခ်ိန္ဆို အစ၊အနေတာင္မက်န္တတ္ေပ။
မၾကာေသးခင္ကမွ သည္အပင္မွာ
သရဲေျခာက္သည္ဆိုေသာ သတင္း
ပ်ံ႕ႏွံ႔သြားၿပီး ခ်စ္ခ်စ္တို႔အပါအ၀င္
ဘယ္သူမွ လာမေကာက္ရဲေတာ့ပဲ
သခြတ္ပြင့္ေလးေတြဟာ
ပိုင္ရွင္မဲ့သြားေလေတာ့သည္။
"ခ်စ္ခ်စ္....ငါသခြတ္ပြင့္သုပ္
စားခ်င္လို႔ပါဆိုေန...ေနာ္..လုပ္ပါေနာ္.."
"ကဲ..ခ်စ္ခ်စ္ေရ..သူလည္းတကယ္
စားခ်င္လို႔ေနမွာေပါ့..ေထာ္လာဂ်ီခဏ
ရပ္ခိုင္းလိုက္မယ္..သခြတ္ပြင့္ေတြ
သြားေကာက္လိုက္ပါကြယ္..."
ေယာကၡမႀကီးပါ အေမ့ဖက္က
ပါေနၿပီမို႔ ခ်စ္ခ်စ္လည္း
သခြပ္ပြင့္ေတြေကာက္ဖို႔
သေဘာတူလိုက္ရေတာ့သည္။
"ကိုတင္ေမာင္ေရ..
ေထာ္လာဂ်ီရပ္ေပးစမ္းပါဦး.."
"ဘာျဖစ္လို႔လဲဗ်.."
"သခြတ္ပြင့္ေကာက္မလို႔ပါရွင္.."
ေထာ္လာဂ်ီရပ္သြားသည္ႏွင့္ ခ်စ္ခ်စ္လည္း
အိတ္ကေလးတစ္ခုကို ထုတ္ယူလိုက္ၿပီး
ေထာ္လာဂ်ီေပၚမွာ ဆင္းကာ
သခြတ္ပင္ဆီသို႔ ေျပး၍ေျမေပၚမွာ
ေႂကြက်ေနသည့္ သခြတ္ပြင့္ေတြကို
တစ္ခုခ်င္း လိုက္ေကာက္မိေလသည္။
ေဒၚစံပယ္ေမႊးကေတာ့
ခ်စ္ပန္းေဝေလး သခြတ္ပြင့္ေတြ
ေကာက္ေနသည္ကို ၾကည့္ရင္းႏွင့္
ဂိမ္းေဆာ့ဟန္ေဆာင္ေနေသာ
သားေတာ္ေမာင္ကို တစ္ခ်က္ၾကည့္လိုက္ကာ
မ်က္ေမွာင္ႀကဳံ႕သြားမိေလသည္။
ျမင္ေန၊ေတြ႕ေနရတာ အဆင္မေျပေတာ့
ေျပာခ်င္စိတ္က တဖြားဖြားျဖစ္လာရသည္။
"ဟဲ့..ေမာင္ေမာင္..ဟိုမွာနင့္မိန္းမ
သခြတ္ပြင့္ေတြ လိုက္ေကာက္ေနတာကို
မျမင္ဘူးလား.."
"ျမင္သားပဲ.."
"ျမင္ရင္ နည္းနည္းပါးပါး
သြားကူေကာက္ေပးလိုက္ပါလားဟဲ့.."
"သူ႔ဘာသာ ...
အလုပ္မရွိေၾကာင္ေရခ်ိဳးေနတာကို
ကြၽန္ေတာ္က ဘာကိစၥ
ကူေကာက္ေပးရမွာလဲ...စိတ္မ၀င္စားဘူး.."
ေမာင္ေမာင္တို႔က စကားေျပာလွ်င္
အၿမဲတမ္း ႐ိုက္ေပါက္ႀကီးပဲ။
ယဥ္ယဥ္ေက်းေက်းေျပာတတ္ေအာင္
ဒီအ႐ြယ္ႀကီးၾကမွ ယဥ္ေက်းမႈသင္တန္း
သြားတက္ခိုင္းလို႔လဲ တတ္မွာမဟုတ္ဘူး။
ဒီေတာ့ သူေတာင္မယဥ္ေက်းတာ၊
ကိုယ္လည္း ယဥ္ေက်းစရာမလိုဘူးဟု
ေတြးပစ္လိုက္ၿပီး ေမာင္ေမာင့္၏
လက္ေမာင္းကို လွမ္းလိမ္ပစ္လိုက္သည္။
"အား!!!...နာတယ္အေမရ.."
"မနာခ်င္ရင္ နင့္မိန္းမကိုသြားကူေပးလိုက္
မဟုတ္ရင္ ဒီ့ထက္ပိုနာမယ္.."
အေမကေျပာလွ်င္ ေျပာသည့္အတိုင္း
တကယ္လုပ္တတ္သူမို႔ ရႈိင္းလည္း
စိတ္အညစ္မခံႏိုင္၍ ေထာ္လာဂ်ီေပၚမွ
ဆင္းလိုက္ၿပီး သခြတ္ပြင့္ေတြကို
ေကာက္ေနေသာ ေကာင္မေလးဆီသို႔သာ
တန္း၍ သြားလိုက္ေလသည္။
🌺🌺🌺🌺🌺🌺🌺🌺
မိုးဖြဲေလးေတြ က်ေနေပမဲ့
ခ်စ္ပန္းေဝကေတာ့ ေနသာေနသည့္အလား
ေဆာင္းစရာ မပါပဲသခြတ္ပြင့္ေတြကို
ေကာက္ေနေလသည္။
သခြတ္ပြင့္ေလးေတြဟာ ေျမႀကီးေပၚမွာ
က်ဲခ်ထားသကဲ့သို႔ ပ်ံ႕က်ဲေနသည့္အျပင္
ေလတိုက္လိုက္သည့္အခါတိုင္း
အပင္ေပၚမွာ တစ္ပြင့္စ၊ႏွစ္ပြင့္စ
ေႂကြလႊင့္လာၾကေလသည္။
ထိုသခြတ္ပြင့္ေလးေတြၾကားမွာ
မိန္းမငယ္ေလးတစ္ေယာက္ ထိုင္ေနသည့္
ျမင္ကြင္းအား ရႈိင္းတစ္ေယာက္
ေငးေမာေနမိသည္။
ဆံပင္ေလးေတြကို ေက်ာအထပ္မွာ
ျဖန႔္ခ်ထားၿပီး သခြတ္ပန္း
လိုက္ေကာက္ေနေသာမိန္းကေလး၏
ေဘးတိုက္မ်က္ႏွာေလးကေတာင္
အလြန္လွပပါသည္။
ေသးသြယ္ေသာ ကိုယ္လုံးကိုယ္ေပါက္ႏွင့္၊
ယဥ္စစမ်က္ႏွာလွလွေလးကို
ပိုင္ဆိုင္ထားသည့္ခ်စ္ပန္းေဝဟာ
ကိုယ့္ဇနီးတဲ့ေလ။
သူမလွတာကို လက္ခံတယ္။
သူမက စိတ္ထားယုတ္ညံ့သည့္
မိန္းကေလးတစ္ေယာက္
မဟုတ္ေလာက္ဘူးဆိုတာလည္း
သိပါတယ္။
ဒါေပမဲ့ ကိုယ့္ႏွလုံးသားကေတာ့
သူမကို လုံး၀လက္မခံႏိုင္ဘူးျဖစ္ေနတယ္။
သူမအေပၚ ခံစားခ်က္နည္းနည္းေလးေတာင္
ထားလို႔ ရမေနဘူး။
ခ်စ္ဖို႔မေျပာနဲ႔ သံေယာဇဥ္ေတာင္မရွိတဲ့
မိန္းကေလးတစ္ေယာက္ကို
လက္ထပ္လိုက္ရတဲ့ ကိုယ့္အတြက္ေတာ့
စိတ္ရႈပ္စရာ အရာတစ္ခုပိုလာတာပဲ
အဖက္တင္တယ္။
အျခားလူေတြကေတာ့ ဒီလက္ထပ္ပြဲနဲ႔
ပတ္သတ္ၿပီး အေပၚယံေလာက္ပဲ
ေတြးၾကလိမ့္မယ္။
လက္ထပ္လိုက္ေတာ့
ဘာျဖစ္လဲဆိုတာမ်ိဳးေပါ့။
ဒါေပမဲ့ ကိုယ့္လိုအႏုပညာ
သမားတစ္ေယာက္အတြက္ အမ်ားႀကီး
ျပႆနာျဖစ္သြားႏိုင္တယ္။
For Me, [9/10/2025 8:24 PM]
မီဒီယာေတြဆိုတာ တစ္စိပ္ကို
တစ္အိတ္လုပ္တဲ့ ျပႆနာအိုးေတြ။
နဂိုကမွ ဘာမွမဟုတ္တဲ့အမူအရာ
ေသးေသးေလးကိုေတာင္ ပုံႀကီးခ်ဲ႕ၿပီး
သတင္းလုပ္ခ်င္ေနၾကတာ။
ဒါေၾကာင့္လဲ အႏုပညာသက္တမ္း
တစ္ေလွ်ာက္ အမွားမလုပ္မိေအာင္
ေနခဲ့တဲ့အျပင္ ဟိုမင္းသမီးႏွင့္စြပ္စြဲ၊
ဒီမင္းသမီးႏွင့္ အပုပ္ခ်တာမ်ိဳးေတြ
မျဖစ္ေစရန္ အခ်စ္ဇာတ္လမ္းမ်ိဳးေတြပါ
ေရွာင္ျဖစ္လာခဲ့တဲ့ကိုယ္လိုလူဟာ
အခုေတာ့ အျခားတစ္ေယာက္ကို
သစၥာမဲ့ၿပီး ေနာက္တစ္ေယာက္ကို
လက္ထပ္လိုက္ရတယ္။
ထိုကိစၥကို ေတြးမိတိုင္း
အဲ့ဒီ့ညကျဖစ္ခဲ့တဲ့ မိုးသက္မုန္တိုင္းကိုပဲ
အပစ္တင္ရမလိုလို
ခ်စ္ပန္းေဝကိုပဲ အပစ္ပုံခ်ရေတာ့မလိုနဲ႔။
ဒီမိန္းကေလးသာ ဒီ႐ြာမွာရွိမေနခဲ့ရင္
ကိုယ့္အေျခအေနဟာ တည္ၿငိမ္ၿပီး
အဆင္ေျပေနမွာ ေသခ်ာတယ္။
အခုေတာ့ ရႈပ္လိုက္တဲ့ျပႆနာ။
စိတ္ထဲမွာ မေက်မနပ္ေတြးေနမိေပမဲ့
သခြတ္ပြင့္ေတြကိုေတာ့
လက္ခုပ္အျပည့္ရသည္အထိ
လိုက္ေကာက္ေနမိသည္။
ၿပီးတာႏွင့္ ဟိုမိန္းကေလးထိုင္ေနေသာ
ေနရာဆီသို႔ တစ္လွမ္းျခင္း
လွမ္းသြားလိုက္မိသည္။
🌺🌺🌺🌺🌺🌺🌺🌺
"ေရွာ့...ဒီမွာငါေကာက္ထားတဲ့ဟာေတြ.."
သခြတ္ပြင့္ေတြကို ေကာက္ေနသည့္ဘက္သို႔
အာ႐ုံေရာက္ေနတုန္းမွာ
ခပ္မာမာေျပာလိုက္ေသာ အသံႏွင့္အတူ
ေဘးနားမွာ လာရပ္ေနေသာ
ရႉးဖိနပ္ အျပာေရာင္ေၾကာင့္
ေမာ့ၾကည့္လိုက္မိေတာ့
ကိုယ့္မ်က္လုံးကိုယ္ေတာင္ မယုံၾကည္ႏိုင္
ျဖစ္သြားရသည္။
သူက ခ်စ္ခ်စ္ကို ငုံ႔မိုးၾကည့္ေနၿပီး
သူ႔ရဲ႕ လက္ဖဝါးအျပည့္သခြတ္ပြင့္ေတြကို
ကမ္းေပးလာေလသည္။
သူ႔မ်က္ႏွာက မေက်မနပ္ျဖစ္ေနပုံ
ေပၚေပမဲ့ မေန႔ညကေဒါသတႀကီး
သူ႔အခန္းထဲမွ ဆြဲထုတ္ခဲ့သေလာက္ေတာ့
ခက္ထန္မေနေတာ့ေပ။
"အိတ္ေပးေလ..ဘာလုပ္ေနတာလဲ.."
"ရွင္က ကြၽန္မနဲ႔အတူ..သခြတ္ပြင့္ေတြ
လာကူေကာက္ေပးေနလို႔ အံ့ဩသြားတာပါ.."
"ေကာက္ခ်င္လို႔ေကာက္ေပးတယ္မထင္နဲ႔
အေမက အတင္းလာခိုင္းလို႔
ငါ့အေမစကားမို႔ ငါနားေထာင္တာ..
အိတ္ေပးစမ္း...
သခြတ္ပြင့္ေကာက္ေနတာကလည္း
လိပ္လိုပဲ...ၾကာလိုက္တာ
ရန္ကုန္မလိုက္ခ်င္လို႔
တမင္လုပ္ေနတာဆိုလည္း
အေမတို႔ကိုပြင့္ပြင့္လင္းလင္းေျပာၿပီးေနခဲ့..."
ခ်စ္ခ်စ္၏ လက္ထဲမွအိတ္ကိုဆြဲယူသြားၿပီး
ေတြ႕သမွ်သခြတ္ပြင့္ေတြကို
သူကပဲ ဦးေဆာင္၍
လိုက္ေကာက္ေနေတာ့သည္။
**..ဘာေၾကာင့္မ်ား စကားခ်ိဳခ်ိဳေလး
မေျပာႏိုင္ရတာလဲရႈိင္းရယ္...
ကြၽန္မရဲ႕ ခင္ပြန္းတစ္ေယာက္အေနနဲ႔
ရွင့္ကို အားကိုးၾကည့္ခ်င္ေပမဲ့..
ရွင္ကလည္း ကြၽန္မကို
လက္ခံခ်င္ဘူးဆိုေတာ့
ကြၽန္မပိုၿပီး အားယုတ္ရတယ္..
............
ရွင္ခဏခဏ ႏွင္လႊတ္ေနေပမဲ့
ထြက္မသြားႏိုင္တဲ့ကြၽန္မကို
သိပ္ကပ္တြယ္လြန္းတဲ့မိန္းမလို႔
ထင္ေနမွာပဲေနာ္...
..............
ကြၽန္မက ရွင့္အတြက္စိတ္ရႈပ္စရာႀကီး
ျဖစ္ေနမယ္ဆိုရင္ တစ္ေန႔ေန႔မွာ
ကြၽန္မထြက္သြားေပးပါ့မယ္..
.............
ဒါေပမဲ့ ကြၽန္မရဲ႕ေမတၱာေတြနဲ႔
ရွင္းရဲ႕အမုန္းေတြကို
ေခ်ျဖတ္ၾကည့္ခ်င္တယ္
ကြၽန္မႀကိဳးစားၾကည့္ခ်င္တယ္..
............
ေက်းဇူးျပဳၿပီး ကြၽန္မကိုေတာ့
မမုန္းလိုက္ပါနဲ႔..ရႈိင္းရယ္..
............
ကိုယ္ရင္နင့္ေအာင္ သေဘာက်ရသူဟာ
ကိုယ့္ကို သိပ္မုန္းေနေတာ့
ကြၽန္မေနရာမွာ ရွင္သာဆို
ခံႏိုင္ရည္ ရွိပါ့မလား...**
🌺🌺🌺🌺🌺🌺🌺🌺
ေျမႀကီးေပၚမွ သခြတ္ပြင့္ေတြကို
အိတ္အျပည့္အထိ
သူေကာက္ထည့္လိုက္သည္။
သခြပ္ပြင့္၏ပုံစံေလးဟာ
႐ိုးရွင္းၿပီးလွတဲ့ပန္းကေလးျဖစ္ေပမဲ့
ေတာ္ေတာ္ေလးအသုံးတည့္မွန္း
သူလည္း သိသည္။
အျဖဴေရာင္ေလးဆိုေတာ့ ၾကည့္ရတာလည္း
ေအးခ်မ္းသလို အထိအေတြ႕ကလည္း
ႏူးညံ့သည္။
အစကေတာ့ အေမ့ေၾကာင့္မေက်မနပ္ျဖင့္
သခြတ္ပြင့္ေလးေတြကို
ကူေကာက္ျခင္းျဖစ္ေပမဲ့
အခုေတာ့ ကိုယ္တိုင္ေတာင္
ဒီပန္းေလးေတြကို သေဘာက်ေနမိတယ္။
"ဒီေလာက္ဆို..ေတာ္ၿပီမဟုတ္လား.."
အိတ္ကိုကိုင္ၿပီး အေနာက္သို႔
လွည့္ေမးလိုက္ေတာ့ မထင္မွတ္ထားသည့္
ျမင္ကြင္းေၾကာင့္ သူအံ့ဩသြားရသည္။
အျဖဴေရာင္ သခြတ္ပြင့္ေလးမ်ား၏အလယ္မွာ
ငုတ္တုတ္ေလးထိုင္ၿပီး ငိုေနေသာ
ခ်စ္ပန္းေဝ..။
ေခါင္းေလးငုံ႔ထားကာ သူ႔ပါးစပ္ကို
လက္ဖဝါးႏွင့္ အုပ္ထား၍
အသံမထြက္ေပမဲ့မ်က္ရည္ေတြကေတာ့
သခြတ္ပြင့္ေလးမ်ားေပၚသို႔
တစ္ေပါက္ၿပီးတစ္ေပါက္ စီးက်ေနသည္။
*ဘာလဲဟ..ငါေျပာလိုက္တဲ့
စကားေၾကာင့္..ငိုသြားတာလား.."
"မင္းဘာျဖစ္လို႔ ငိုေနတာလဲ.."
သူမ၏အနားသို႔ တစ္ဖန္ျပန္သြားလိုက္ၿပီး
သူမႏွင့္မ်က္ႏွာခ်င္းဆိုင္၍ မုဆိုးဒူးေထာက္
ထိုင္ခ်လိုက္မိသည္။
"ငါေမးေနတယ္ေလ..
ဘာျဖစ္လို႔ငိုေနတာလဲ..."
"ဘာမွမျဖစ္ပါဘူး..မ်က္လုံးထဲကို
အမႈန္ေတြ၀င္သြားလို႔...ၿပီးၿပီဆိုရင္
သြားၾကမယ္..."
ကိုယ္ေမးတာကို အမွန္အတိုင္းမေျဖပဲ
မတ္တပ္ထရပ္ၿပီး သူကပဲအရင္
အေရွ႕မွာ စိတ္ဆိုးမာန္ဆိုးျဖင့္
ထြက္သြားေလသည္။
ကိုယ္ေျပာလိုက္သည့္စကားေၾကာင့္
သူမ၀မ္းနည္းသြားတာ ျဖစ္ႏိုင္ေပမဲ့
သူမကလည္း မေျပာျပခ်င္သလို
ကိုယ္လည္း စိတ္အရႈပ္ခံၿပီး
ထပ္မေမးေတာ့ဖို႔သာ ဆုံးျဖတ္လိုက္သည္။
သူမဘယ္လိုပဲ ခံစားရပါေစ
ကိုယ္နဲ႔မွ မဆိုင္တာ..။
ေတြ႕တာသိပ္မၾကာေသးတဲ့
ေယာက္်ားတစ္ေယာက္အတြက္
ခံစားခ်က္ရွိလို႔ ငိုေနတာဆိုရင္ေတာ့
ဒါဟာ ဟန္ေဆာင္မာယာေတြပဲ။
*မင္းဘယ္ေလာက္အထိ ဟန္ေဆာင္ႏိုင္မလဲ
ငါေစာင့္ၾကည့္မယ္...*
🚩🚩🚩🚩🚩🚩🚩🚩🚩
For Me, [9/10/2025 8:24 PM]
ခ်စ္ခ်စ္တို႔၏ ေထာ္လာဂ်ီေလး
က်ဳံတေနာ္သို႔ ေရာက္သည့္အခါမွာေတာ့
ဦးေနဂုဏ္မာန္သည္ သူ၏အသိအိမ္တြင္
အပ္ထားခဲ့ေသာ ကားကိုသြားယူေန၍
ခ်စ္ခ်စ္တို႔လည္း ခဏေစာင့္ၾကရေလသည္။
ရႈိင္းသည္လည္း အလာတုန္းက
ဓႏုျဖဴမွာပ်က္၍ ျပင္ထားခဲ့သည့္
သူ႔ကားကို က်ဳံတေနာ္အထိ
လာပို႔ခိုင္းထားၿပီးၿပီမို႔ ကားကႏွစ္စီး
ျဖစ္ေနေလရာ လူမဆန႔္မွာေတာ့
မစိုးရိမ္ရေပ။
ဒါေပမဲ့ ခ်စ္ခ်စ္ကေတာ့ သူ႔ကားႏွင့္
လုံး၀မလိုက္ခ်င္ေပ။
သူ႔မ်က္ႏွာႀကီးက တစ္ခ်ိန္လုံး
တည္တင္းေနေတာ့ အလိုလိုေနရင္း
ေၾကာက္ေနမိသည္။
"ခ်စ္ခ်စ္ေရ..ဒီကိုခဏလာဦး..
ေလးေလးေျပာစရာရွိလို႔..."
ေခ်ာင္းစပ္မွာ အေမႏွင့္အတူရပ္၍
အနားယူေနတုန္း ေလးေလးတင္ေမာင္က
အနားသို႔ေရာက္လာေလသည္။
"ဘာျဖစ္လို႔လဲ ေလးေလးရဲ႕.."
"ေရာ့..ဒီမွာ..ခ်စ္ခ်စ္သုံးခ်င္တာ
သုံးလို႔ရေအာင္ ေလးေလးမုန႔္ဖို႔ေပးတာ.."
ခ်စ္ခ်စ္၏လက္ထဲသို႔
ပိုက္ဆံအလိပ္လိုက္ေလး ထည့္ေပးလာသည္မို႔
ျဖန႔္ၾကည့္လိုက္ေတာ့ တစ္ေထာင္တန္ကေန
ငါးရာတန္၊ႏွစ္ရာတန္အထိ စုံေနေသာ
ပိုက္ဆံ႐ြက္ေလးေတြ ျဖစ္ေနသည္။
ဒါဟာ ေဒၚႀကီးမသိေအာင္
ေလးေလးစုထားသည့္
ပိုက္ဆံေတြပဲေနလိမ့္မယ္။
"ေလးေလးရယ္..သမီးမွာသုံးဖို႔ရွိပါတယ္.."
"ရွိရွိ..မရွိရွိကြာ..
ဒါက..ေလးေလးသီးသန႔္ေပးတာ
ဟိုေရာက္ရင္..
ငါ့တူမႀကီးဘာအခက္အခဲပဲရွိရွိ
ေလးေလးနဲ႔ လွမ္းတိုင္ပင္လို႔ရတယ္သိလား
မိလႈိင္ရဲ႕ ဖုန္းနံပါတ္ယူထားတယ္မဟုတ္လား.."
"ယူထားပါတယ္ေလးေလး..
ရန္ကုန္ေရာက္ရင္..တင္ေတာင္းေငြထဲကေန
ႏႈတ္ၿပီး ဖုန္းအသစ္၀ယ္ၿပီးတဲ့အခါ
မမလႈိင္ကို ဖုန္းနံပါတ္လွမ္းေပးပါ့မယ္..."
"ေအးပါ..ဒါနဲ႔...တင္ေတာင္းေငြကို
မေဌးက ခ်စ္ခ်စ္ကိုအကုန္ျပန္ေပးတယ္
မဟုတ္လား..."
"ဟုတ္..ေပးပါတယ္..."
တကယ္ေတာ့ တင္ေတာင္းေငြက
သိန္းရာနဲ႔ခ်ီေပမဲ့ ေဒၚႀကီးကခ်စ္ခ်စ္ကို
သိန္းငါးဆယ္သာ ျပန္ေပးခဲ့သည္။
ဒီအေၾကာင္းေတြ ေလးေလးကို
ျပန္ေျပာရင္ေတာ့ ျပႆနာျဖစ္မွာ
က်ိန္းေသတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ေလးေလးတို႔အိမ္ကလည္း
ေႂကြးမွီေတြရွိေနေတာ့ ခ်စ္ခ်စ္ဘက္က
ျပန္ေက်းဇူးဆပ္သည့္အေနႏွင့္
ကူညီတာဟုပဲ သေဘာထားလိုက္သည္။
"ရန္ကုန္ေရာက္ရင္ မမခိုင္ကို
ေသခ်ာေဆးကုေပးလိုက္ပါသမီးရယ္
ဟိုမွာ အားလုံးနဲ႔လည္း
တည့္ေအာင္ေပါင္းေနာ္
ကိုယ့္ေၾကာင့္ ျပႆနာမျဖစ္ေစနဲ႔ၾကားလား.."
"ဟုတ္ကဲ့ပါေလးေလးရယ္..
သမီးအစစ၊အရာရာ ဂ႐ုစိုက္ပါ့မယ္..
ေလးေလးလည္း ကိုယ့္က်န္းမာေရးကိုယ္
ဂ႐ုစိုက္ပါေနာ္..."
"ခ်စ္ခ်စ္ေရ...သြားၾကမယ္ေဟ့..."
အန္တီစံပယ္က လွမ္းေခၚလာေလရာ
ခ်စ္ခ်စ္လည္း ေလးေလးကို
အျမန္ႏႈတ္ဆက္ၿပီး ေမ့ေမ့ကိုေခၚကာ
ရႈိင္း၏ကားဆီသို႔ ေျပးသြားရေတာ့သည္။
အေနာက္မွာက်န္ခဲ့ေသာ ဦးတင္ေမာင္ကေတာ့
တျဖည္းျဖည္း ေဝးကြာသြားေသာ
တူမျဖစ္သူ၏ ပုံရိပ္ေလး
ေပ်ာက္ကြယ္သြားသည္အထိ ေငးေနမိရင္း
မ်က္ရည္ေတြ ရစ္သိုင္းလာေလေတာ့သည္။
*ေအာ္..အခ်ိန္ေတြကုန္တာျမန္လိုက္တာ
ငါခ်ီပိုးခဲ့တဲ့ ကေလးေသးေသးေလးက
အ႐ြယ္ေရာက္ၿပီး...
အိမ္ေထာင္ရက္သားက်..တစ္နယ္တေက်းကို
ေျပာင္းေ႐ႊ႕သြားပါေပါ့လား..
.........
ကိုသိန္းေဇာ္ေရ..ကြၽန္ေတာ္အလုံးစုံေတာ့
တာ၀န္ေက်ခ်င္မွေက်မယ္..
ဒါေပမဲ့ ကြၽန္အတတ္ႏိုင္ဆုံး
ႀကိဳးစားၿပီး..ခ်စ္ခ်စ္တို႔သားအမိကို
ကာကြယ္ေပးခဲ့ပါတယ္...
..........
အခုသူ႔ဘ၀ေလးအတြက္
ကြၽန္ေတာ့္လိုပဲ ခင္ဗ်ားလည္း
စိတ္ေအးသြားၿပီလို႔ ထင္ပါတယ္.."
ခ်စ္ပန္းေဝ၏အေဖ ကိုသိန္းေဇာ္ကို
စိတ္ထဲမွ တမ္းတမိရင္းႏွင့္
ဦးတင္ေမာင္ ၿပဳံးလိုက္မိေလသည္။
သူ႔ဘ၀မွာ အစိုးရိမ္ဆုံးက
ခ်စ္ခ်စ္တို႔ သားအမိအေပၚ
တာ၀န္မေက်မွာကိုပဲ ။
အခုေတာ့ရင္ထဲက
အပူတစ္ခုေလ်ာ့သြားခဲ့ေလၿပီ။
🚩🚩🚩🚩🚩🚩
🍁ရန္ကုန္🍁
ရန္ကုန္ၿမိဳ႕ထဲသို႔ ကားေလး၀င္လာသည္ႏွင့္
ကားလမ္းမေပၚတြင္ ေျပးလႊားေနသည့္
ရႈပ္ယွက္ခတ္ေနေသာ ယာဥ္မ်ား၊
အထပ္ျမင့္ အေဆာက္အဦးမ်ားကို
လိုက္ၾကည့္ေနမိေလသည္။
"ခ်စ္ခ်စ္..ဟိုမွာၾကည့္စမ္း..
ၾကက္ေၾကာ္တုံးႀကီး..ငါ့ကိုအဲ့ဒါႀကီး
သြားခြာေပးပါလား..."
"အေမကလည္း အဲ့ဒါကဆိုင္ေရွ႕မွာ
ကပ္ထားတာေလ..သြားခြာလို႔မရဘူး..."
"ဟင့္အင္းမရဘူး...ငါအဲ့ဒါကိုစားခ်င္တယ္လို႔
ငါ့ကိုအခုခ်က္ခ်င္း ၀ယ္ေကြၽး..
၀ယ္မေကြၽးရင္ ငါေအာ္ငိုလိုက္မွာေနာ္.."
"အေမကလည္း ေနာက္မွသမီး
ေၾကာ္ေကြၽးပါ့မယ္..မငိုပါနဲ႔ေနာ္.."
"ဟင့္အင္း..ဟင့္အင္း..
အဲ့ဒီ့ကပ္ထားတဲ့ဟာကိုပဲ ငါစားခ်င္တာ
ငါ့ကိုအဲ့ဒါပဲ ၀ယ္ေပး..
အီဟီး...အခု၀ယ္ေပးပါလို႔ဆို..."
ကားလမ္းေဘးမွာရွိသည့္
ၾကက္ေၾကာ္ဆိုင္ကိုေတြ႕ၿပီး
စားခ်င္၍ ထေအာ္ေနေတာ့
ခ်စ္ခ်စ္လည္း စိတ္ညစ္ေနရေတာ့သည္။
"ခ်စ္ပန္းေဝ...မင္းအေမစားခ်င္ရင္
သြား၀ယ္ေပးလိုက္..
ငါအေနာက္ျပန္ဆုတ္ၿပီး ဆိုင္ေရွ႕မွာ
ရပ္ေပးမယ္.."
အေမငိုတဲ့အသံက
ဘယ္ေလာက္က်ယ္သလဲဆို
ရႈိင္းေတာင္ မေနႏိုင္ေတာ့ပဲ
၀င္ေျပာလာေလေတာ့သည္။
ဘယ္လိုပဲ ကိုယ့္ကိုမုန္းမုန္း
အေမ့အေပၚမွာေတာ့ မၿငိဳျငင္လို႔
ေတာ္ပါေသးရဲ႕။
"ေက်းဇူးတင္ပါတယ္ရႈိင္းရယ္.."
"ရတယ္..."
အေမ့အတြက္ေတာ့ ေစတနာရွိေပမဲ့
ခ်စ္ခ်စ္ကိုေတာ့ နဂိုအတိုင္း
ေလသံမာမာျဖင့္သာ ျပန္ေျဖလာေလသည္။
"ဟိုေလ...ရႈိင္းရဲ႕အေမတို႔အတြက္ပါ
၀ယ္လိုက္ရမလားဟင္.."
"ရတယ္..မ၀ယ္နဲ႔..သူတို႔က
သူတို႔အိမ္ကိုသြားမွာ..မင္းနဲ႔မင္းအေမက
ငါ့ကြန္ဒိုကို လိုက္ခဲ့ရမွာ..."
For Me, [9/10/2025 8:24 PM]
သူ႔စကားကို အဓိပၸာယ္ေကာက္ရလွ်င္
သူက သူ႔မိသားစုႏွင့္အတူမေနဘူးဟု
ဆိုလိုလိုက္ျခင္းျဖစ္သည္ ။
အန္တီစံပယ္တို႔ႏွင့္ အတူေနခ်င္ေပမဲ့
သူ႔ကိုေတာ့ မေျပာရဲ၍
ႏႈတ္ဆိတ္ေနလိုက္ရသည္။
ခ်စ္ခ်စ္လည္း ဆိုင္ေရွ႕မွာ
ကားရပ္ေပးလိုက္သည္ႏွင့္ ကားေပၚမွာ
ခ်က္ခ်င္းဆင္းၿပီး ဆိုင္ထဲသို႔
တန္း၀င္သြားလိုက္သည္။
ဆိုင္အျပင္အဆင္ေလးက ေသေသသပ္သပ္
ရွိၿပီး သန႔္ရွင္းေနေတာ့ ၾကက္ေၾကာ္ကလည္း
ေဈးႀကီးမွာပဲဟု ေတြးလိုက္မိသည္။
ေကာင္တာသို႔ တန္းသြားလိုက္ၿပီး
ေမးၾကည့္ဖို႔ လုပ္ရသည္။
ဒီလိုမ်ိဳးဆိုင္ေတြနဲ႔ နည္းနည္းစိမ္းေနေတာ့
ေၾကာက္စိတ္ေတာ့ ျဖစ္မိတယ္။
"ဟိုေလ..ၾကက္ေၾကာ္၀ယ္ခ်င္လို႔ပါ..."
"ဟုတ္ကဲ့..ပါဆယ္လား..ထိုင္စားမွာလားရွင့္.."
"ပါဆယ္ယူမွာပါ...အၾကာႀကီး
ေစာင့္ရမွာလားဟင္"
"..အခုကလူရွင္းေနေတာ့
အစ္မခဏပဲ ထိုင္ေစာင့္ေပးရမွာပါ...
ဘယ္ဟာေလး ယူခ်င္တာလဲရွင့္..."
၀န္ထမ္းေလးဟာ ေကာင္တာေပၚတြင္
ကပ္ထားေသာ သူတို႔ဆိုင္မွာေရာင္းသည့္အစားအေသာက္ စာရင္းကိုျပေနေလရာ
ခ်စ္ခ်စ္လည္း လိုက္ၾကည့္ေနမိေပမဲ့
ဘယ္ကေန ဘယ္လိုစမွာရမလဲမသိေပ။
"ညီမေလး..ဒီႏွစ္ေသာင္းဆိုတာက
ဘယ္ႏွစ္ခုပါတာလဲဟင္..."
"ရွစ္ခုပါအစ္မ..."
"အဲ့ေလာက္ၾကေတာ့လည္း
ကုန္မွာမဟုတ္ေလာက္ဘူး..."
"တစ္ခုခ်င္းဆီ ကိုယ္ႀကိဳက္တာ၀ယ္ေလ
ညီမရဲ႕..."
"ဟင္..."
အေနာက္ဘက္မွ ေျပာျပလာေသာ
အသံပိုင္ရွင္ေၾကာင့္ လွည့္ၾကည့္လိုက္မိေတာ့
ရႈိင္းႏွင့္႐ြယ္တူေလာက္ရွိသည့္
ေယာက္်ားတစ္ေယာက္ျဖစ္ေနေလသည္။
ရႈိင္းေလာက္ေတာ့ အရပ္မရွည္ေပမဲ့
သူ႔အရပ္အေမာင္းႏွင့္သူ ၾကည့္ေကာင္းသူ
ျဖစ္ကာ ၀တ္ပုံစားပုံကလည္း
သပ္သပ္ရက္ရက္ႏွင့္ ခန႔္ညားေလသည္။
ခ်စ္ခ်စ္ကသာ ကိုယ္ႏွင့္မသိပဲ
သူစိမ္းတစ္ေယာက္ စကားလာေျပာေန၍
အထူးအဆန္းျဖစ္ၿပီး သူ႔ကိုတအံ့တဩ
ၾကည့္ေနမိေပမဲ့ သူ႔ကေတာ့
ခ်ိဳသာစြာ ၿပဳံးျပလာေလသည္။
"ညီမအစား...အစ္ကိုကူမွာေပးရမလား..
အစ္ကိုလည္း ၾကက္ေၾကာ္၀ယ္မွာပဲေလ..."
သူစိမ္းတစ္ေယာက္ကေတာင္
ကူညီေပးခ်င္စိတ္ေပါက္လာတယ္ဆိုေတာ့
ခ်စ္ခ်စ္ရဲ႕ပုံစံက ဘာမွမသိနားမလည္သည့္
ေတာသူမပုံစံ ေပါက္ေနလို႔မ်ားလား။
ဘာပဲ ျဖစ္ျဖစ္..ျမန္ျမန္ကိစၥပ်က္ၿပီးေရာေပါ့။
ကူညီေပးမဲ့သူရွိတာလည္း ေကာင္းတာပဲ။
"ဟုတ္ကဲ့...ညီမကနည္းနည္းႀကီးတာေလး
ႏွစ္ခုေလာက္ လိုခ်င္တာပါ..."
"အင္း..အဲ့ဒါဆို...၅၀၀၀တန္ထဲကႏွစ္ခုေလာက္
ယူလိုက္ေလ..အစ္ကိုကဒီဆိုင္မွာ
လာ၀ယ္စားေနၾက..ဒီဆိုင္ရဲ႕
ၾကက္ေၾကာ္က စားလို႔ေကာင္းတယ္.."
"ဟုတ္လား..ညီမကအခုမွပထမဆုံး
ၾကက္ေၾကာ္၀ယ္ဖူးတာ..
အေမကစားခ်င္တယ္ဆိုလို႔ေလ.."
"ဟုတ္လား..အစ္ကိုလည္းအေမ့အတြက္
လာ၀ယ္တာပဲ..
အစ္ကိုတို႔ႏွစ္ေယာက္ ရည္႐ြယ္ခ်က္
တူသြားတာေပါ့..."
ထိုအစ္ကိုက သေဘာေကာင္းပုံပါပဲ။
စကားေျပာရင္လည္း မာန္မာနမရွိပဲ
ရယ္ရယ္ေမာေမာႏွင့္ေဖာ္ေဖာ္ေ႐ြေ႐ြရွိသည္။
ခ်စ္ခ်စ္ကလည္း ကိုယ့္ကို
ကူညီေပးထားသူမို႔ ျပန္ၿပီးေဖာ္ေ႐ြစြာ
ဆက္ဆံလိုက္ၿပီး အခ်င္းခ်င္း
မိတ္ဆက္မိၾကေလသည္။
"ညီမကိုၾကည့္ရတာ ရန္ကုန္က
မဟုတ္ဘူးနဲ႔တူတယ္..."
"ဟုတ္ပါတယ္..ညီမက..ဒီေန႔မွ
ေတာကေနရန္ကုန္ကို တက္လာတာပါ.."
"ေအာ္..ညီမတို႔က ဘယ္ဘက္ကလဲ.."
"ဧရာ၀တီတိုင္းဘက္ကပါ.."
"ဟုတ္လား..အစ္ကိုကလည္း
ဧရာ၀တီတိုင္းသားပဲ...အစ္ကိုတို႔က
ဇလြန္ဘက္ကေလ.."
"ညီမတို႔က ဓႏုျဖဴဘက္ကပါ..
ဒါေပမဲ့ ညီမတို႔႐ြာကေတာ့
ဓႏုျဖဴနဲ႔ နဲနဲေဝးပါတယ္.."
"ဘာပဲျဖစ္ျဖစ္ ကိုယ့္တစ္နယ္တည္းသားခ်င္း
မထင္မွတ္ပဲ ဆုံၾကတာဆိုေတာ့
၀မ္းသာစရာပဲေပါ့..တစ္ခုခုအကူအညီ
လိုတာရွိရင္ အစ္ကို႔ကိုေျပာလို႔ရေအာင္
အစ္ကို႔ ဖုန္းနံပါတ္ကိုယူထားလိုက္ေလ..
ညီမဖုန္းနံပါတ္လည္း အစ္ကို႔ကို
ေပးထားလိုက္ေပါ့..."
"ရွင္..ဟို..ညီမမွာဖုန္းမရွိဘူး..."
"ဟုတ္လား...ဒါဆိုလည္း
အစ္ကို႔ဖုန္းနံပါတ္ပဲ ယူထားလိုက္ေပါ့
ဒါက အစ္ကို႔ရဲ႕သီးသန္႔ကဒ္...
အေပၚဆုံးမွာရွိတဲ့ ဖုန္းနံပါတ္က
အစ္ကို႔ဖုန္းနံပါတ္ေလ..
ေအာက္ကေတာ့ ႐ုံးဖုန္းေပါ့.."
"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္..."
"ရပါတယ္..
ကိုယ့္တစ္နယ္တည္းသားခ်င္းေတြပဲဥစၥာ
အစ္ကို႔နာမည္က သွ်င္ေနေခာတ္ပါ...
ဒါနဲ႔..ညီမနာမည္ကေရာ..."
"ဟို..ညီမနာမည္က.."
"ခ်စ္ပန္းေဝ!!!!...
မင္းအဲ့ဒီ့မွာဘာထိုင္လုပ္ေနတာလဲ..."
အဆိပ္ျပင္းသည့္ မွ်ားတစ္စင္းႏွင့္
အပစ္ခံလိုက္ရသကဲ့သို႔ ခ်စ္ခ်စ္၏
ခႏၶာကိုယ္ေလး တုန္တက္သြားၿပီး
အသံလာရာကို လွည့္ၾကည့္လိုက္မိေတာ့
*ရႈိင္း*ျဖစ္ေနသည္။
ႏွာေခါင္းစည္းတပ္လာ၍
သူ႔မ်က္ႏွာတစ္၀က္ကို မျမင္ႏိုင္ေပမဲ့
သူ႔မ်က္လုံးကေတာ့
တန္ျပန္ၾကည့္လိုက္သည့္လူ
ေလာင္ကြၽမ္းသြားႏိုင္ေလာက္ေအာင္
စူးရွေနသည္။
"မင္းကို ၾကက္ေၾကာ္သြား၀ယ္ခိုင္းလိုက္တာ
ေတြ႕ရာေကာင္နဲ႔ ပလူးဖို႔မဟုတ္ဘူးကြ.."
"မင္းဘာစကားေျပာတာလဲ..."
"ၾကားတဲ့အတိုင္းပဲေလ..!!!"
ရႈိင္းက ျဗဳန္းစားႀကီးေရာက္ခ်လာ႐ုံမက
ခ်စ္ခ်စ္ကိုပါ သမုတ္ေနေလသည္။
ဟိုလူကလည္း ေဒါသထြက္သြားၿပီး
ရႈိင္းကို ျပန္ရန္ေတြ႕လာေတာ့ ၾကားကေန
ခ်စ္ခ်စ္က အားနာေနရသည္။
"ၾကက္ေၾကာ္ရပါၿပီ..."
ထိုအခ်ိန္မွာ ကယ္တင္ရွင္ကေတာ့
ၾကက္ေၾကာ္ဆိုင္မွ ၀န္ထမ္းေလးပါပဲ။
ပါဆယ္ထုပ္ႏွစ္ထုပ္ လာခ်ေပးသြားကာ
ပိုက္ဆံက ရွင္းၿပီးသားျဖစ္၍
ယူသြား႐ုံပါပဲ။
"ရႈိင္း..ကြၽန္မတို႔သြားၾကရေအာင္...
လာပါ..."
For Me, [9/10/2025 8:24 PM]
ေဒါသထြက္ေနသည့္ ရႈိင္းကိုေၾကာက္ေပမဲ့
ျပႆနာမျဖစ္ေစခ်င္၍ သူ႔လက္ေမာင္းကို
မဝံ့မရဲလွမ္းဆြဲလိုက္ၿပီး ဆိုင္ထဲမွ
ထြက္ဖို႔ ႀကိဳးစားမိေလသည္။
"ရႈိင္း...သူကမင္းရဲ႕ညီမလား..."
႐ုတ္တရက္ သွ်င္ေနေခာတ္ဆိုသူဟာ
ရႈိင္း၏နာမည္ကို တရင္းတႏွီးေခၚလိုက္ရာ
ခ်စ္ခ်စ္ေတာင္ အံ့ဩသြားမိသည္။
ရႈိင္းကေတာ့ ထိုလူကိုလွည့္ၾကည့္လိုက္ေပမဲ့
သူ႔အၾကည့္ေတြဟာ ရန္သူကိုၾကည့္ေနေသာ
ပုံစံမ်ိဳး ျဖစ္၍ေနသည္။
"ဒီတစ္ခါေတာ့ မင္းထင္တာမွားသြားၿပီ..
..သူကငါ့ညီမ..မဟုတ္ဘူး..
ငါ့မိန္းမ..အဲ့ေတာ့...ၾကာကူလီဖို႔
ႀကိဳးစားရင္..ေဂ်းေအာင္းဖို႔သာျပင္ထား.."
တစ္ဖက္လူဟာ
သွ်င္ေနေခာတ္ျဖစ္ေနသည့္အတြက္
တမင္ အႏိုင္ႏွင့္ပိုင္းခဲ့ကာ ခ်စ္ပန္းေဝကို
ဆိုင္ထဲမွ ဆြဲေခၚသြားေလသည္။
အေနာက္မွာ က်န္ေနခဲ့သည့္
သွ်င္ေနေခာတ္ကေတာ့ ထြက္သြားသူ
ႏွစ္ေယာက္အား ခပ္မဲ့မဲ့ၿပဳံး၍
ၾကည့္ေနလိုက္ၿပီး
သူ၏ ႏႈတ္ခမ္းေမႊးခပ္စိမ္းစိမ္းေလးေတြကို
ပြတ္သပ္လိုက္ေလေတာ့သည္။
*မင္းရဲ႕အပိုင္ကိုမွ ငါကလည္း
လုယူခ်င္တာကြ...အဟင္း...
အဲ့ဒါက ငါ့အက်င့္ျဖစ္ေနၿပီ...*
အခန္း(၁၈)ဆက္ရန္
🔥🔥🔥🔥🔥🔥🔥🔥🔥🔥
ကဲ ၿပိဳင္လုခ်င္သူေတြေတာ့ေပၚလာၿပီ...
(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို
ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)
အရေးကြီးသတင်း
ReplyDeleteအစေားဆုံးကြေငြာလိုက်ပြီ
ငါ့မိန်းမတဲ့ 💕😁
ရှိုင်းကချစ်ပန်းဝေတို့သားအမိကိုသူရဲ့ကွန်ဒိုကိုခေါ်သွားမှာဆိုတော့ဘယ်လောက်အနိုင်ကျင့်ခံရမှန်းမသိကြောက်ဘို့တောင်ကောင်း။ရှင်းနေခေါတ်ကပေါ်လာပြန်ပေါ့
ReplyDeleteဘယ်လောက်ဖတ်ဖတ်မဝဘူးရယ် ဆူကြိုးတုန်းကလည်းတူတူပဲ ဘယ်ဝတ္ထုဖတ်ဖတ်အကုန်ကြိုက်တယ်
ReplyDeleteမျှေယ်လိုက်ရတယမင်မင်လည်ပင်းတောတော်ရှည်နေပါပြီ
ReplyDelete