အခန်း(၁၈) 🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺

Unicode + Zawgyi 

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌺အခန်း(၁၈)

🌺မောင့်အသဲနုနုမလေးပန်ဖို့ယူ🌺


"ရှိုင်း..ရှင်ဘာဖြစ်နေတာလဲ

ကျွန်မလက်နာနေပြီ.."


ချစ်ပန်းဝေ၏ အသံကိုကြားတော့မှ

ဒေါသတကြီးနှင့် အောက်ကို

ငုံ့ကြည့်လိုက်မိလေသည်။

ထိုတော့မှ ချစ်ပန်းဝေ၏လက်ကို 

သူအားပါပါနှင့် ဆုပ်ကိုင်ထားမိမှန်း

သတိရလိုက်ကာ ချက်ချင်း

လွတ်ပေးလိုက်မိသည်။


ကောင်မလေး၏ 

လက်ကောက်‌၀တ်လေးကတော့ 

ညိုမဲ၍သွားသည်။

သျှင်နေခောတ်ဆိုသည့် ကောင်ကို

တွေ့လိုက်တိုင်း သူ့စိတ်တွေကအမြဲတမ်း

လွတ်ထွက်သွားတတ်တာ အကျင့်လို

ဖြစ်နေလေပြီ။


အဲ့ဒီ့ကောင်ကို အမြဲတမ်း

အနိုင်ယူချင်‌နေမိတယ်။

အရမ်းလည်းမုန်းတီးသလို အရမ်းလည်း

စက်ဆုတ်ရွံရှာတယ်။


ဒါကြောင့်လည်း ကိုယ်ကအေးဆေးသမားပေမဲ့

ဘယ်နေရာရောက်ရောက် 

ဒီကောင့်ကိုတော့ အမူအရာနဲ့ဖြစ်စေ၊

စကားနဲ့ဖြစ်စေ အမြဲအနိုင်ရအောင်

လုပ်နေကြဖြစ်သည်။


"ချစ်ပန်းဝေ..မင်းတော်တော်မလွယ်တာပဲ

အခုမှတွေ့တဲ့ကောင်နဲ့...ဒီလောက်

လွယ်လွယ်ရင်းနှီးသွားတယ်ဆိုတော့..

မင်းဘယ်လိုမိန်းမမျိုးလဲ.."


"ရှိုင်း..ရှင်ကျွန်မကို အဲ့လိုမပြောပါနဲ့

ရှင်အထင်လွဲနေပြီ..

ကျွန်မက ရန်ကုန်မှာနေတဲ့သူမဟုတ်တော့

ဒီလိုဆိုင်မျိုးတွေမှာ မ၀ယ်တတ်ဘူး

သူက လာကူညီပေးလို့

ဒီအတိုင်း ၀တ်ကျေတမ်းကျေ

ပြန်ပြောမိတာပဲရှိတာ....

ရှင်ပြောသလို ကျွန်မကအရမ်းလွယ်နေတဲ့

မိန်းမမဟုတ်ဘူး..ကျွန်မအဲ့လောက်အထိ

အရှက်မဲ့တဲ့သူမဟုတ်ဘူး..."


"ဒီမှာ...ဒါကရန်ကုန်..မင်းတို့တောလို

ဘယ်နေရာသွားသွား 

အမျိုးတွေချည်းပဲ ရှိနေတာမဟုတ်ဘူး..

စကားကောင်းလေးပြောပြီး

လာကူညီပေးတာနဲ့ အဟုတ်ကြီးမှတ်မနေနဲ့

ကျားဆိုတာ အသားစားတဲ့အမျိုး

........

မင်းကိုကြည့်နေတဲ့ ဟိုကောင့်မျက်လုံးတွေက

ဘာအဓိပ္ပာယ်လည်းဆိုတာ

ငါမသိဘူးမှတ်နေလား..."


ရှိုင်း၏မျက်၀န်းအကြည့်များသည်

 နက်ရှိုင်းလှသည့် ချောက်နက်ကြီးတစ်ခုပမာ

ချစ်ပန်းဝေကို ခြောက်ခြားသွားစေခဲ့သည်။

မယုံသင်္ကာဖြစ်နေသော အဓိပ္ပာယ်များ

ပြည့်နှက်၍နေသည်။


ချစ်ပန်းဝေက ငြင်းဆန်နေလည်းပဲ

အတ္တကြီးသူပီပီ သူထင်တာကိုပဲ

အမှန်ဟု ယူဆနေသောကြောင့်

ချစ်ပန်းဝေသည် မျက်ရည်၀ဲရုံမှတပါး

ဘာမှ မတတ်နိုင်ခဲ့ပေ။


"ရှိုင်း...သူ့ဘက်ကအကောင်းနဲ့ဖြစ်စေ

ရည်ရွယ်ချက်ရှိရှိကူညီတာဖြစ်စေ..

ကျွန်မကိစ္စမဟုတ်ဘူး..

ဒါပေမဲ့ ကျွန်မဘက်ကတော့

တစ်ရာရာခိုင်နှုန်း ရိုးသားတယ်..."


ချစ်ပန်း၏စကားကို ရှိုင်းကတော့

လှောင်ရယ်ပစ်လိုက်သည်။


"ဘယ်သူခိုးက...ခိုးတယ်လို့ပြောမှာလဲ

သစ္စာဖောက်တွေရဲ့ အကောင်းဆုံးလက်နက်က

ရိုးသားတယ်ဆိုတဲ့စကားပဲ..."


"အဟင့်...!!!"


သျှင်နေခောတ်နှင့် ပတ်သတ်သည့်ကိစ္စဆို

အမြဲတမ်း ပေါက်ကွဲလွယ်နေလေရာ

အခုလည်း စိတ်မထိန်းနိုင်ပဲ ချစ်ပန်းဝေကို

ပြောပစ်လိုက်မိသည်။


ရလဒ်ကတော့ ကားဘေးမှာ

မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်

ကျလာပြီး မချောက

ရှိုက်ကြီးတငင် ထငိုချလိုက်ခြင်းပဲ။


"ဟာ..ဟေ့..မင်းဘာလို့ ဒီလောက်တောင်

ငိုနေတာလဲ...လမ်းသွားလမ်းလာတွေနဲ့

မင်းမရှက်ဘူးလား..."


ရှိုင်းလည်း လုံး၀မထင်မှတ်ထားသည့်

ကိစ္စမို့ ခြေမကိုင်မိ၊လက်မကိုင်မိ

ဖြစ်သွားလေတော့သည်။


ကားဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး

ငိုကြီးချက်မ ဖြစ်နေသောမချောကို

အတင်းဆွဲထူလည်း မထတော့ပေ။


"ရှင်ကျွန်မကို သဘောမကျဘူးမဟုတ်လား

ရှင်ကျွန်မကိုမယုံကြည်ဘူး..

လက်မခံချင်ဘူးဆိုလည်း ဒီနေရာမှာပဲ

ထားခဲ့လိုက်တော့...."


"ဟေ့..ငါပြောတာ

အဲ့လိုသဘောမဟုတ်ဘူးလေ..."


"ဟုတ်တယ်..သိပ်ကိုဟုတ်တယ်...

ရှင်တို့ယောက်ျားတွေက ကိုယ်လိုချင်တာပဲ

ကိုယ်ဆွဲတွေးကြတာ...

.........

သူများ ဘယ်လောက်ရှင်းပြပြလက်မခံဘူး

ဟုတ်ပါတယ်..ကျွန်မပဲမှားတာပါ...

..........

..ကျွန်မက..ကြက်ကြော်လေးတောင်

ကောင်းကောင်းမ၀ယ်တတ်တဲ့ ငတုံးမ..

............

သူများစကားလာပြောတိုင်း ပြန်ပြောမိတဲ့

အရူးမ..အဟင့်...

ငယ်ငယ်တုန်းကဆို ကျောင်းမှာ

ယောက်ျားလေးတွေနဲ့တောင်

နပန်းလုံးခဲ့တာကို အခုကြမှ

စကားလေး တခွန်းနှစ်ခွန်းအပိုပြောမိတာနဲ့

အပြစ်ဖြစ်သွားရတယ်လို့...

........

လင်ကြီးငုတ်တုတ်ရှိနေတဲ့ဥစ္စာ

သူလာကြိုက်လည်း ကိုယ်မကြိုက်ပြီးရောပေါ့

ရှေးခောတ်ကလို ပခုံးချင်းတိုက်မိရုံနဲ့

ဗိုက်ကြီးသွားတာလည်းမဟုတ်ဘူး

အဟင့်..ဟင့်...

..........

ဒီလောက်တောင် မယုံကြည်ရင်လည်း

ရှင်ကျွန်မကို ထားခဲ့လိုက်ပါတော့

ဒီကနေပဲ ရွာပြန်သွားလိုက်တော့မယ်..."


"ဟာကွာ..."


ဘေးနားက လူတွေကလည်း

ကိုယ်တွေကို ကွက်ကြည့်ကွက်ကြည့်

လုပ်လာတော့ ရှိုင်းအခက်တွေ့နေရသည်။

ဒီကောင်မလေး ဒီလိုထငိုလိမ့်မယ်လို့လည်း

မထင်မိခဲ့ပေ။


အခုတော့ ဘုန်းကြီးသေလို့ 

အေးယဥ်ကျူးနေသလားမှတ်ရတယ်။

စကားတွေကလည်း တတ်လိုက်တာ။

ဇာတ်လမ်းက ကိုယ့်ဘက်မှစတာဆိုတော့

ကိုယ့်ဘက်က စချော့ရမလိုဖြစ်နေသည်။


ကိုယ်က စကားပြောလျှင်

ယဉ်ယဉ်ကျေးကျေး

မပြောတတ်ပေမဲ့ ဒီသားအမိကို

လမ်းခုလတ်မှာ ထားခဲ့ဖို့အထိတော့

မရက်စက်ပေ။


"ဟေ့..ငိုမနေနဲ့တော့..ထတော့..

သူများတွေကြည့်နေတယ်လေ..

ကားထဲကို၀င်တော့...


"မ၀င်ဘူး..မ၀င်ဘူး..ကိုယ့်ကိုဒီလောက်

မယုံမကြည်ဖြစ်နေတဲ့ ရှင့်နောက်လည်း

မလိုက်နိုင်တော့ဘူး..ဒီနေရာမှာပဲ

ကားတိုက်တိုက်..ဘာဖြစ်ဖြစ်..

နေခဲ့တော့မယ်..."


"ဟေ့..မင်းငါ့စိတ်ကိုလာမဆွနဲ့နော်..

ဘာလဲ..ငါကမင်းကို

မထားခဲ့ရက်ဘူးထင်လို့...

လာရွဲ့နေတာလား..

ကားပေါ်ကို အခုချက်ချင်းတက်စမ်းကွာ.."


"ဟင့်အင်း..ကျွန်မရှင့်ကိုရွဲ့နေတာလည်း

မဟုတ်ဘူး..

ရှင်ကျွန်မကိုမယုံကြည်ပေးတဲ့အတွက်

ကျွန်မစိတ်မကောင်းတာ..

ရှင်ကျွန်မကို ထားခဲ့ပြီးသာထွက်သွားပါတော့

အဟင့်..အီဟီး..

ကျွန်မထိုက်နဲ့ကျွန်မကံပဲ ရှိပါစေတော့

ကျွန်မကို လက်ထပ်ပေးခဲ့တဲ့အတွက်လည်း

ကျေးဇူးတင်ပါတယ်..

..........

ကျွန်မဘာသာ ဒီနေရာမှာသေချင်သေ

ပစ်ထားခဲ့လိုက်ပါတော့

.........

ရှင်လည်း တာ၀န်‌ပေါ့တာပေါ့...."


ဘယ်လိုခေါ်ခေါ် မယ်မင်းကြီးမက

 ပြောချင်ရာပြောပြီး 

အာပေါင်အာရင်းသန်သန်နှင့် ငိုနေတော့

ပတ်၀န်းကျင်က လူတွေဟာလည်း

ပိုပိုပြီး စူးစမ်းကာ

တကြည့်ကြည့်လုပ်လာကြသည်။


ကိုယ်က ရုပ်ရှင်မင်းသား‌ဆိုတော့ 

ကြည့်လာတဲ့လူတွေထဲမှာ 

ကိုယ့်ပရိတ်သတ်တွေ ပါလာခဲ့ရင်

နှာခေါင်းစည်းတပ်ထားလည်း

မှတ်မိသွားနိုင်တယ်။


ဒီတော့ ကိုယ့်ဘက်ကမှ မလျှော့ရင်

ဒီကောင်မလေး ဒီနေရာကနေ

ထနိုင်ဖွယ်ရာမရှိဘူး။


"ခုဏက ငါအထင်မှားပြီး

ပြောမိသွားတဲ့အတွက် တောင်းပန်တယ်ကွာ

မင်းကိုငါ ဘာမှထပ်မပြောတော့ပါဘူး

ဟုတ်ပြီလား..ကားပေါ်ကိုတက်စမ်းပါ..

မင်းအမေက ကြက်ကြော်စားချင်နေပြီ...

.........

ကားပေါ်ကို အမြန်တက်ပါတော့ကွာ

ငါလည်း အိမ်ကိုအမြန်ရောက်ချင်လှပြီ"


"ခုဏကတော့ ရှင်ပဲကျွန်မကို

ပြောဆိုလုပ်ပြီး..အခုကြဘာလို့

စိတ်ပြောင်းသွားရတာလဲ..

နောက်ကြ နောက်တစ်မျိုးပြောင်းသွားရင်ရော.."


"မပြောင်းဘူးကွာ..စိတ်ချ..

ငါကမင်းကို ကျိန်ပြရအုံးမှာလား..

ဟိုမှာ မင်းအမေလည်း ဗိုက်တော်တော်

ဆာနေလောက်ပြီး 

ကားပေါ်အမြန်တက်စမ်းပါကွာ.."


သူ့အမေကြက်ကြော်စားချင်နေပြီဆိုမှ

ကားပေါ်သို့ အလျှင်စလိုတက်သွားတော့သည်။

ရှိုင်းလည်း ဒီတော့မှသက်ပြင်းချနိုင်ပြီး

မောင်းသူနေရာကို ၀င်ထိုင်ရသည်။


"အမေ..ဒီမှာအမေစားချင်တဲ့ကြက်ကြော်.."


"ဟာ..ကြက်ကြော်အနံ့လေးက

မွှေးနေတာပဲ..ငါသွားရည်တောင်ကျလာပြီ..

ဒါတွေအကုန်လုံး ငါစားလို့ရလား.."


"ရတာပေါ့အမေရဲ့.."


"ဟေး..ပျော်လိုက်တာ..ပျော်လိုက်တာ..

ပျော်လွန်းလို့ အီးအီးတောင်ထွက်တော့မယ်.."


"ဟာ..အမေကလည်း..ကြံကြံဖန်ဖန်.."


နောက်ကြည့်မှန်မှတစ်ဆင့် ချစ်ပန်းဝေ

ပြုံးလိုက်သည့်အပြုံးကို မြင်လိုက်ရတော့

ရှိုင်းလည်း လိုက်ပြုံးမိသွားသည်။


ခုဏက အမျိုးမျိုးကြုံးဝါးပြီး

ငိုနေခဲ့သည့် သူမ၏မျက်၀န်းလေးတွေဟာ

နီရဲရဲလေး ဖြစ်နေသေးပေမဲ့

အခုတော့ အပြုံးလေးကြောင့်

ပြန်၍ အသက်၀င်သွားခဲ့သည်။


အရှေ့ဘက်သို့ သူမကြည့်လာစဉ်

နောက်ကြည့်မှန်ထဲကနေ ရှိုင်းနှင့်အကြည့်ချင်း

ဆုံသွားသည့်အခိုက် ရှက်ရွံ့ပြီး

မျက်လွှာလေးများ ချပစ်လိုက်သည်ကအစ

ရှိုင်းငေးကြည့်နေမိရင်း ခုဏက

စကားပြောတာ အရမ်းလွန်သွားသည်ဟု

တွေးလိုက်မိသည်။


*သူမအပေါ် နဂိုတည်းကအမြင်မကြည်မှုနှင့်

အမုန်းဓာတ်ခံတွေကြောင့် စကားတွေက

ပိုပြင်းထန်သွားခဲ့တယ် ထင်ပါရဲ့။


သူမကို နားလည်‌ပေးကြည့်ချင်ပေမဲ့ 

အမြင်မကြည်တဲ့စိတ်ကပိုများနေတော့

ဘယ်လိုမှ အကောင်းမြင်ပေးလို့ရမနေဘူး။

*ချစ်လာဖို့ဆိုတာကတော့ ပိုဝေးသွားတာပေါ့*



🍁🍁🍁🍁********🍁🍁🍁🍁

🍁🍁🍁🍁********🍁🍁🍁🍁


ကြက်ကြော်ဆိုင်မှာ ပြဿနာဖြစ်ပြီးနောက်

ရှိုင်းနေသော ကွန်ဒိုသို့ ချစ်ချစ်တို့

ရောက်လာခဲ့ကြလေသည်။


ကွန်ဒိုကြီးသည် ဆယ့်ငါးထပ်လောက်ရှိပြီး

အပြင်ဘက်က ကြည့်ရုံနှင့်တောင်

ရှိန်နေမိသည်။

ချစ်ချစ်လည်း ရှိုင်းကိုဘာမှ

မမေးရဲသည်နှင့် သူ့အနောက်ကနေသာ

ခပ်ကုတ်ကုတ်လိုက်လာခဲ့မိသည်။


ကွန်ဒိုကြီးထဲတွင် ကားပါကင်ထိုးရမည့်နေရာ

သီးသန့်ရှိနေပြီး ခြံထဲသို့၀င်လိုက်ရုံနှင့်

ရေကန်ကြီး တစ်ခုကိုပါတွေ့လိုက်ရ၍

အံ့ဩမိရလေသည်။


ချစ်ချစ်သည်လည်း 

ခောတ်လူငယ်တစ်ယောက်ဖြစ်၍

ဒါမျိုးတွေကို ဇာတ်လမ်းတွေထဲမှာ

ကြည့်ဖူးခဲ့ပါသည်။

သို့ပေမဲ့ အပြင်မှာတော့ဒါပထမဆုံး

တွေ့ဖူးခြင်းပဲ။


"လာလေ..အဲ့ဒီ့မှာဘာရပ်လုပ်နေတာလဲ.."


"အော်..ဟုတ်ကဲ့.."


မြင်မြင်သမျှ အထူးအဆန်းလုပ်ကာ

လိုက်ငေးနေမိချိန်မှာ ဓာတ်လှေကားထဲ

ရောက်နှင့်နေသော ရှိုင်း၏ခေါ်သံကြောင့်

အမေ့ကို လက်ဆွဲ၍ ဓာတ်လှေကားထဲသို့

အမြန်ပြေး၀င်ရတော့သည်။


"အမယ်လေး!!!ချစ်ချစ်..

ငါတို့ နတ်ပြည်ကိုရောက်နေတာများလား.."


"မဟုတ်ပါဘူးအမေရဲ့..ဒါကဓာတ်လှေကားနဲ့

အပေါ်ကို တက်နေတာ.."


"မသိပါဘူးဟယ်..ဓာတ်လှေကားကလဲ

ငှက်လှောင်အိမ်ကြီးထဲ ရောက်နေသလိုပဲ

ငါတို့ ဒီအခန်းထဲမှာသေတော့မှာလားဟင်.."


"ဟာ..အမေကလည်း

ဘာတွေလျှောက်ပြောနေတာလဲ..

မသေပါဘူး.."


အမေက စိတ်ဝေဒနာသည်ဆိုတော့

အလုံပိတ်ဓာတ်လှေကားကြီးကို

ကြောက်ပုံရသည်။

အပေါ်သို့ တက်နေသည့်တစ်လျှောက်လုံး

မျက်ရည်လေးတွေဝဲပြီး ချစ်ချစ်ကို

ဖက်ထားရှာသည်။


"ရောက်ပြီ..မင်းတို့ငါ့နောက်ကလိုက်ခဲ့ကြ.."


ဓာတ်လှေကား၏ တံခါးပွင့်သွားသည်နှင့်

ချစ်ချစ်လည်း  ကျန်ခဲ့မည်စိုး၍

အမေ့လက်ကိုဆွဲကာ သူ့အနောက်မှ

ထပ်ကြပ်မခွာ လိုက်မိလေသည်။


ချစ်ချစ်တို့ရောက်နေတာဟာ

ဘယ်နှစ်ထပ်မြောက်မှန်း မသိပေမဲ့

ဒီအထပ်မှာ လူဆိုလို့ချစ်ချစ်တို့

သုံးယောက်တည်းသာ ရှိနေသလိုပဲ။

လုံး၀ တိတ်ဆိတ်ပြီးငြိမ်သက်လွန်းသည်။


ဓာတ်လှေကားထဲမှ ထွက်ပြီးသည်နှင့်

ရှိုင်းနေသော အခန်း၀သို့တန်းရောက်လေသည်။

ရှိုင်းသည် ဇာတ်ကားတွေထဲကလို

ဘဲလ်တီးတာမျိုး၊သော့နှင့် တံခါးကို

ဖွင့်တာမျိုးမလုပ်ပဲ တံခါးမှာကပ်ထားသည့်

ဂဏန်းလေးတွေကို တတီတီနှိပ်ကာ

တံခါးဖွင့်လိုက်လေသည်။


"ဒါငါနေတဲ့နေရာပဲ အထဲ၀င်ကြလေ

ဘာလုပ်နေကြတာလဲ.."


"ဟုတ်..ဟုတ်ကဲ့ပါ..."


ချစ်ချစ်လည်း သူတံခါးဖွင့်ပေးနေတုန်းလေး

အမေ့ကို လက်ဆွဲကာအခန်းထဲသို့

အမြန်ပြေး၀င်လိုက်ရသည်။


အခန်းထဲသို့ ရောက်တော့ အိမ်မက်တောင်

မမက်ဖူးသည့်နေရာကို ရောက်နေသလို

အံ့ဩနေမိသည်။

ရှိုင်းရဲ့အိမ်က ချစ်ချစ်တို့ဘွဲ့ယူခဲ့တဲ့

ဘွဲ့နှင်းသဘင်ထက်တောင် 

ခမ်းနားနေသေးတယ်။


"ဟာ...ဆရာရောက်လာပြီပဲ...

ခရီးဆောင်အိတ်တွေ ကျွန်တော့်ကိုပေးပါ

ဒီနေ့ပြန်ရောက်လာမယ်ဆိုလို့ 

ဆရာကြိုက်တာတွေကို

စာဖိုမှူးက ချက်ပေးထားပါတယ်.."


"စားတာကနောက်မှ..လောလောဆယ်..

ကျွန်တော်ခေါင်းမူးလာလို့ ဖျော်ရည်တစ်ခုခု

အခန်းထဲကို ပို့ပေးစမ်းပါ.."


"ဟုတ်ကဲ့ပါဆရာ..."


"အော်..နောက်ပြီးတော့..

သူတို့နှစ်ယောက်ကိုလည်း..

နေဖို့..နေရာချပေးထားလိုက်ပါ.."


ရှိုင်းဟာ သူစီးထားသောရှူးဖိနပ်ကိုချွတ်၍

ဖိနပ်အပါး တစ်ရံကိုလဲကာ 

သူ့အလုပ်သမားကို ခိုင်းချင်တာခိုင်းထားခဲ့ပြီး

အခန်းတစ်ခုထဲသို့ ၀င်သွားလေသည်။


ချစ်ချစ်နဲ့အမေ့အလှည့်မှာတော့

လဲပြီးစီးစရာ အိမ်စီးဖိနပ်လိုမျိုး မရှိတော့

နှစ်ယောက်သား ဖိနပ်တွေကို ချွတ်ပြီး

အိမ်ထဲမှာ ခြေဖလာနှင့်ပဲ 

သွားလာရလေသည်။


"ငါ့ညီမတို့ကရော နေ့လည်စာ

တန်းစားမှာလား

အရင်နားကြမှာလား..."


ရှိုင်း၏အိမ်အလုပ်သမားက ယောက်ျားလေး

ဖြစ်နေပြီး ချစ်ချစ်ထက်တော့

ကြီးပုံရသည်။

အတွင်းဘက်အထိ ဝေ့ဝဲပြီးလိုက်ကြည့်မိပေမဲ့

မိန်းကလေး အလုပ်သမားကို

တစ်ယောက်တောင် မတွေ့ရပေ။


*ဒီအိမ်မှာ မိန်းကလေးအလုပ်သမား

မထားဘူးထင်ပါရဲ့..

ယောက်ျားလေးတွေနဲ့ အတူနေရမှာဆိုတော့

ချစ်ချစ်အတွက် တစ်မျိုးကြီးပဲ..*


"ဟိုလေ..ညီမတို့တည်းရမဲ့ အခန်းကိုပဲ

လိုက်ပြပေးလို့ရမလား...ညီမအမေက

ခရီးပန်းနေလို့ အနားယူခိုင်းချင်လို့ပါ.."


"ရပါတယ်..ဒီဘက်ကိုကြွပါ.."


"ဟုတ်ကဲ့..."


ချစ်ချစ်တို့သားအမိလည်း ထိုအစ်ကို၏

အနောက်မှ လိုက်ကြရလေသည်။


"ဒီအခန်းပါ..တစ်ကယ်လို့ဗိုက်ဆာရင်

ထမင်းစားခန်းက 

ဟိုအနောက်ဘက်မှာရှိပါတယ်..

စာဖိုမှူးက ညနေ၆နာရီဆို အလုပ်ဆင်းပါပြီ

တကယ်လို့ ကိုယ်စားချင်တာသီးသန့်

ချက်ခိုင်းစေချင်ရင်တော့ စာဖိုမှူးမပြန်ခင်

ချက်ခိုင်းလို့ရပါတယ်..."


**အမယ်လေး...ကြီးကျယ်လိုက်တဲ့လူ

တစ်ယောက်တည်းနေတာကိုများ 

စာဖိုမှူးတွေဘာတွေနဲ့...

.......

ဒါကြောင့်လည်း ဘ၀င်ရူးပြီး

သူ့ကိုယ်သူသာ လူလို့ထင်

အခြားသူတွေကိုတော့

 အထင်သေးတတ်တာနေမှာပေါ့...**


"ဒါနဲ့..အစ်ကို့နာမည်ကို သိလို့ရမလား.."


"ရပါတယ်..ကျွန်တော့်နာမည်က

ပိုင်ဇော်ပါ...ကျွန်တော်ကဒီအိမ်မှာ

အိမ်သန့်ရှင်းရေး တာ၀န်ကိုယူထားပါတယ်ဗျ

ထမင်းစားခန်းထဲမှာတော့ စာဖိုမှူး

နှစ်ယောက်ရှိပါတယ်..တစ်ယောက်ကတော့

ဦးဟန်ထွန်းပါ..နောက်တစ်ယောက်က

သူ့ရဲ့လက်ထောက် ဂျင်မီပါ...

ကျွန်တော်တို့အားလုံးက 

မနက်၆နာရီဆိုဒီကို အရောက်လာပြီး

ညနေ၆နာရီဆိုတာနဲ့ အလုပ်ဆင်းကြပါပြီ..


"အော်...အဲ့လိုလား...

ဟုတ်ကဲ့..‌ရှင်းပြပေးလို့ကျေးဇူးပါနော်.."


"ရပါတယ်ဗျ..."


ချစ်ချစ်လည်း ကိုပိုင်ဇော်ပြောပြ၍

အားလုံး သိသွားရပြီမို့ အမေနှင့်အတူ

အခန်းထဲမှာ တရေးလောက်အိပ်ပြီး

အနားယူပစ်လိုက်တော့သည်။


"ချစ်ချစ်ရေ..ချစ်ချစ်.."


အိပ်မောကျနေတုန်းမှာ လှုပ်အနှိုးခံလိုက်ရ၍

ထကြည့်လိုက်မိသည်။


"ဘာဖြစ်လို့လဲအမေရဲ့..."


"ငါဗိုက်ဆာလာပြီ...ငါ့ကိုထမင်းကျွေးအုံး..."


"အမေဗိုက်ဆာနေတာလား..အဲ့ဒါဆို

ခဏစောင့်နော်..သမီးထမင်းစားခန်းထဲကို

ခဏသွားကြည့်လိုက်အုံးမယ်.."


"အင်း..မြန်မြန်ပြန်လာနော်..."


"ဟုတ်ကဲ့ပါ..."


ချစ်ချစ်လည်း အမေ့ကိုခဏထားခဲ့လိုက်ပြီး

အပြင်ထွက်လာလိုက်ကာ 

ထမင်းစားခန်းထဲသို့

၀င်သွားလိုက်တော့ ထမင်းစားခန်းထဲတွင်

ကိုပိုင်ဇော်အပါအ၀င် စာဖိုမှုးနှင့်

သူ့လက်ထောက်ပါရှိနေလေသည်။


ချစ်ချစ်၀င်သွားတော့ ဘာကြောင့်ရယ်မသိ

စာဖိုမှူးနှင့် သူ့လက်ထောက်ကပါလူကို 

ပြူးပြူးပြာပြာနှင့် ကြည့်လာကြသည်။


"ဟေ့လူတွေ..မျက်လုံးတွေလည်း

ကျွတ်ထွက်ကုန်ပါအုံးမယ်...

အဲ့ဒါ..ဆရာခေါ်လာတဲ့ကောင်မလေးဗျ..."


ကိုပိုင်ဇော်က သတိပေးလိုက်မှ 

ထိုလူတွေလည်း

သတိ၀င်သွားကြပြီး ချစ်ချစ်ကို

ပြုံးပြလာကြလေသည်။


"ဟုတ်ကဲ့..ဘာလိုချင်လို့လဲမသိဘူး.."


"ဟိုလေ..ကျွန်မအမေကဗိုက်ဆာနေလို့

အဲ့ဒါစားဖို့ တစ်ခုခုအဆင်သင့်

ရှိလား လာမေးတာပါ.."


"အော်..ရှိပါတယ်ခင်ဗျ..ဒီမှာပါ..

အဆင်သင့် အုပ်ထားပါတယ်..

ပြန်နွေးပေးရမယ်ဆို နွေးပေးပါ့မယ်ဗျ.."


စာဖိုမှူးကြီး၏ လက်ထောက်ဖြစ်ဟန်တူသည့်

ဂျင်မီဆိုသော ကောင်လေးသည်

 ပြာပြာသလဲ အုပ်ဆောင်းကို

ဖွင့်ပြလေရာ ဒီတစ်ခါ

မျက်လုံးပြူးသွားရသူက

ချစ်ချစ်ဖြစ်သွားလေသည်။


"ဒါ..ဒါတွေကဘာတွေလဲဟင်"


"အော်..အဲ့ဒါဆရာအကြိုက်ဆုံး

ပြင်သစ်အစားအစာတွေလေ.."


"ပြင်သစ်အစားအစာ!!!!..."


အံ့ဩလွန်း၍ ပါးစပ်ကနေပါ 

အသံထွက်သည်အထိ ရေရွတ်လိုက်မိပြီး

စားပွဲပေါ်မှ ပြင်သစ်ဟင်းပွဲတွေကို

လိုက်ကြည့်မိလေသည်။


ဟင်းပွဲအားလုံးနီးပါးဟာ တကယ်ကို

လှပပြီး ပန်းကန်တစ်ခုတွင်

နည်းနည်းစီသာ ထည့်ထား‌လေသည်။

ဂုံးခွံတွေရော အစင်းကြားလေးနှင့်

ပင်လယ်ခရုလေးတွေထဲမှာ 

အစာသွပ်ထားတာတွေရော စုံနေတာပဲ။


"ဒါကငရုတ်သီးနဲ့ ချက်ထားတာလားဟင်

အပေါ်ကဘာအသားလဲ.."


"အမဲသားပါ..ငရုတ်သီးနဲ့ချက်ထားတာ

မဟုတ်ပါဘူး..ဝိုင်နီနဲ့ချက်ထားတာပါ..

ဆရာက ဝိုင်သောက်ရတာအရမ်းကြိုက်တော့

ဒီနေ့ ဝိုင်နီနဲ့ ချက်တဲ့ဟင်းတွေကို

အသားပေးပြီး ပြင်ဆင်ထားတာပါ.."


ဝိုင်ဆိုတာကိုတော့ ချစ်ချစ်ကြားဖူးသည်။

အနောက်နိုင်ငံသားတွေ အသောက်များကြသည့်

မူးယစ်စေသည့် အရည်တစ်မျိုးပါပဲ။


"ဝိုင်နီက..မူးတယ်မလား.."


"ဟုတ်ကဲ့..အများကြီးတော့

ထည့်ချက်မထားပါဘူး.."


"ဒါနဲ့ ရှိုင်းကဒီလိုမျိုး ဘိုလ်စာတွေကိုပဲ

အမြဲစားတာလား.."


ချစ်ချစ်ကမေးလိုက်တော့ စာဖိုမှူးကြီးက

သဘောတကျ ထရယ်လိုက်လေသည်။


"မဟုတ်ပါဘူးဗျ..ဆရာကအပြင်သွားနေတာ

ကြာပြီဆိုတော့  

ဒီနေ့ ပြန်ရောက်တုန်း

သူကြိုက်တဲ့ဟာလေး

ချက်ကျွေးဖြစ်တာပါ..

ဆရာက ဒီလိုအမြဲမစားပါဘူး..

ရိုက်ကူးရေးနားတဲ့ လတွေလောက်ပဲ

အိမ်မှာ စားဖြစ်တာပါ..တစ်ခါတလေ

ရိုက်ကူးရေးကြောင့် 

လနဲ့ချီပြီးခရီးထွက်ရတာမျိုးလည်းရှိပါတယ်.."


"ဒါဆို..လစာကြတော့ရော..အပြည့်ရလား"


"ဟုတ်ကဲ့..လစာကတော့အပြည့်ရပါတယ်.."


"အော်.."


ချစ်ချစ်လည်း သူတို့တစ်လကို

ဘယ်လောက်ရသလဲ မေးချင်ပေမဲ့

စပ်စုလွန်းရာကျနေမည်စိုး၍ 

မမေးဖြစ်တော့ပေ။

သူတို့ချက်ထားသည့် ပြင်သစ်စာတွေကိုလည်း

အမေက ကြိုက်မည်မထင်ပေ။

ထို့ကြောင့် အားနာနာနှင့်

ထပ်ချက်ခိုင်းရတော့မည်။


"ဟိုလေ..ဒါတွေကိုအမေက

စားတတ်မှာမဟုတ်ဘူး

ဖြစ်နိုင်ရင် ဟင်းတစ်ပွဲလောက်

ထပ်ချက်ပေးလို့ရမလားဟင်.."


"ရပါတယ်ဗျ..ကျွန်တော်တို့မှာ

ကြက်သား၊၀က်သားလည်း အပိုရှိပါတယ်

အသီးအရွက်ကြော် စားချင်လည်း

ရပါတယ်...."


"ဒါဆို ကြက်သားကာလသားဟင်းကို

တောချက်လေး ချက်ပေးလို့ရမလားဟင်.."


"ရပါတယ်...ချက်ပေးပါ့မယ်.."


"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..

သမီးပါ ကူလုပ်ပေးရမလား.."


"ရပါတယ်..ချက်ပြီးရင်လာပြောလိုက်ပါ့မယ်

ကိုယ့်အခန်းထဲမှာပဲ ကိုယ်သွားနားလိုက်ပါနော်"


စာဖိုမှူးနှင့် သူ့လက်ထောက်က

ကူညီပေးစရာမလိုဘူးဆို၍ ချစ်ချစ်လည်း

ထမင်းစားခန်းထဲမှ ထွက်လာခဲ့လိုက်မိသည်။

ရင်ထဲမှာကတော့ အတွေးပေါင်းစုံနဲ့ပေါ့။


*အခုရှိုင်းရဲ့အိမ်ကိုရောက်တာ 

နေ့တစ်၀က်တောင် မပြည့်သေးပေမဲ့

သူနဲ့ကိုယ့်ဘ၀ဟာ ဘယ်လောက်အထိ

ကွာခြားသလဲဆိုတာ ပေတံနဲ့

လိုက်တိုင်းစရာမလိုပဲ တော်တော်လေးကို

သိသာထင်ရှားလွန်းနေပါပြီ...

..........

ရွာမှာ အချစ်ချစ်တို့ရဲ့

အရည်ဟင်းတစ်ခွက်က

လွယ်ကွင်းထဲက ကန်စွန်းရွက်နီတွေနဲ့

ချက်ပြုတ်ထားတဲ့ အရည်ကျဲဟင်းဖြစ်ပြီး

.........

ရှိုင်းရဲ့ ထမင်းစားပွဲပေါ်မှာတော့

ဈေးကြီးကြီး ဝိုင်နီနှင့်ချက်ပြုတ်ထားသော

ပါ၀င်ပစ္စည်းမျိုးစုံရောထားသည့်

ဟင်းပွဲတွေ....

.........

အရသာမပြောနဲ့ အမြင်နဲ့တောင်

ကွာခြားတယ်...

.........

ချစ်ချစ်ရဲ့ စိတ်ထဲမှာပိုပြီး

သိမ်ငယ်စိတ်၀င်သွားမိတာတော့ အမှန်ပဲ

.........

ရှိုင်းဟာ ရုပ်ရှင်ထဲမှာတင်မကပဲ

အပြင်မှာပါ ရွှေမင်းသားလေးတစ်ပါးဖြစ်ပြီး

ချစ်ချစ်ကတော့ သူနဲ့လုံး၀မလိုက်ဖက်တဲ့

အညတရ မိန်းကလေးတစ်ယောက်..

ဘ၀ချင်းက မိုးနဲ့မြေလိုပါပဲ...*


**အခန်း(၁၉)ဆက်ရန်**"


🌺🌺🌺🌺🌺🌺🌺🌺🌺


ချစ်ချစ်လေး သိမ်ငယ်နေပြီ

(ဘယ်လို ဆက်ဖြစ်ကြမလဲ)


(ဖတ်ရှုပေးသူတစ်ဦးတစ်ယောက်ချင်းဆီကို

ကျေးဇူးအထူး တင်ရှိပါတယ်နော်..)




********************
**********************

Zawgyi 🚩 

(ဖတၼရသူေၾတအၾတက္ ေအာကၼြာ ဖတႅိဳ႕ေရအာငႅဳပ္ေပးထားပါတယ္ )


🌺အခန္း(၁၈)

🌺ေမာင့္အသဲႏုႏုမေလးပန္ဖို႔ယူ🌺


"ရႈိင္း..ရွင္ဘာျဖစ္ေနတာလဲ

ကြၽန္မလက္နာေနၿပီ.."


ခ်စ္ပန္းေဝ၏ အသံကိုၾကားေတာ့မွ

ေဒါသတႀကီးႏွင့္ ေအာက္ကို

ငုံ႔ၾကည့္လိုက္မိေလသည္။

ထိုေတာ့မွ ခ်စ္ပန္းေဝ၏လက္ကို 

သူအားပါပါႏွင့္ ဆုပ္ကိုင္ထားမိမွန္း

သတိရလိုက္ကာ ခ်က္ခ်င္း

လြတ္ေပးလိုက္မိသည္။


ေကာင္မေလး၏ 

လက္ေကာက္‌၀တ္ေလးကေတာ့ 

ညိဳမဲ၍သြားသည္။

သွ်င္ေနေခာတ္ဆိုသည့္ ေကာင္ကို

ေတြ႕လိုက္တိုင္း သူ႔စိတ္ေတြကအၿမဲတမ္း

လြတ္ထြက္သြားတတ္သည္။


အဲ့ဒီ့ေကာင္ကို အၿမဲတမ္း

အႏိုင္ယူခ်င္‌ေနမိတယ္။

အရမ္းလည္းမုန္းတီးသလို အရမ္းလည္း

စက္ဆုတ္႐ြံရွာတယ္။


ဒါေၾကာင့္လည္း ကိုယ္ကေအးေဆးသမားေပမဲ့

ဘယ္ေနရာေရာက္ေရာက္ 

ဒီေကာင့္ကိုေတာ့ အမူအရာနဲ႔ျဖစ္ေစ၊

စကားနဲ႔ျဖစ္ေစ အၿမဲအႏိုင္ရေအာင္

လုပ္ေနၾကပါပဲ။


"ခ်စ္ပန္းေဝ..မင္းေတာ္ေတာ္မလြယ္တာပဲ

အခုမွေတြ႕တဲ့ေကာင္နဲ႔...ဒီေလာက္

လြယ္လြယ္ရင္းႏွီးသြားတယ္ဆိုေတာ့..

မင္းဘယ္လိုမိန္းမမ်ိဳးလဲ.."


"ရႈိင္း..ရွင္ကြၽန္မကို အဲ့လိုမေျပာပါနဲ႔

ရွင္အထင္လြဲေနၿပီ..

ကြၽန္မက ရန္ကုန္မွာေနတဲ့သူမဟုတ္ေတာ့

ဒီလိုဆိုင္မ်ိဳးေတြမွာ မ၀ယ္တတ္ဘူး

သူက လာကူညီေပးလို႔

ဒီအတိုင္း ၀တ္ေၾကတမ္းေၾက

ျပန္ေျပာမိတာပဲရွိတာ....

ရွင္ေျပာသလို ကြၽန္မကအရမ္းလြယ္ေနတဲ့

မိန္းမမဟုတ္ဘူး..ကြၽန္မအဲ့ေလာက္အထိ

အရွက္မဲ့တဲ့သူမဟုတ္ဘူး..."


"ဒီမွာ...ဒါကရန္ကုန္..မင္းတို႔ေတာလို

ဘယ္ေနရာသြားသြား 

အမ်ိဳးေတြခ်ည္းပဲ ရွိေနတာမဟုတ္ဘူး..

စကားေကာင္းေလးေျပာၿပီး

လာကူညီေပးတာနဲ႔ အဟုတ္ႀကီးမွတ္မေနနဲ႔

က်ားဆိုတာ အသားစားတဲ့အမ်ိဳး

........

မင္းကိုၾကည့္ေနတဲ့ ဟိုေကာင့္မ်က္လုံးေတြက

ဘာအဓိပၸာယ္လည္းဆိုတာ

ငါမသိဘူးမွတ္ေနလား..."


ရႈိင္း၏မ်က္၀န္းအၾကည့္မ်ားသည္

 နက္ရႈိင္းလွသည့္ ေခ်ာက္နက္ႀကီးတစ္ခုပမာ

ခ်စ္ပန္းေဝကို ေျခာက္ျခားသြားေစခဲ့သည္။

မယုံသကၤာျဖစ္ေနေသာ အဓိပၸာယ္မ်ား

ျပည့္ႏွက္၍ေနသည္။


ခ်စ္ပန္းေဝက ျငင္းဆန္ေနလည္းပဲ

အတၱႀကီးသူပီပီ သူထင္တာကိုပဲ

အမွန္ဟု ယူဆတတ္သူျဖစ္ေနေသာေၾကာင့္

ခ်စ္ပန္းေဝသည္ မ်က္ရည္၀ဲ႐ုံမွတပါး

ဘာမွ မတတ္ႏိုင္ခဲ့ေပ။


"ရႈိင္း...သူ႔ဘက္ကအေကာင္းနဲ႔ျဖစ္ေစ

ရည္႐ြယ္ခ်က္ရွိရွိကူညီတာျဖစ္ေစ..

ကြၽန္မကိစၥမဟုတ္ဘူး..

ဒါေပမဲ့ ကြၽန္မဘက္ကေတာ့

တစ္ရာရာခိုင္ႏႈန္း ႐ိုးသားတယ္..."


ခ်စ္ပန္း၏စကားကို ရႈိင္းကေတာ့

ေလွာင္ရယ္ပစ္လိုက္သည္။


"ဘယ္သူခိုးက...ခိုးတယ္လို႔ေျပာမွာလဲ

သစၥာေဖာက္ေတြရဲ႕ အေကာင္းဆုံးလက္နက္က

႐ိုးသားတယ္ဆိုတဲ့စကားပဲ..."


"အဟင့္...!!!"


သွ်င္ေနေခာတ္ႏွင့္ ပတ္သတ္သည့္ကိစၥဆို

အၿမဲတမ္း ေပါက္ကြဲလြယ္ေနေလရာ

အခုလည္း စိတ္မထိန္းႏိုင္ပဲ ခ်စ္ပန္းေဝကို

ေျပာျပစ္လိုက္မိသည္။

ရလဒ္ကေတာ့ ကားေဘးႀကီးမွာ

မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္

က်လာၿပီး မေခ်ာက

ရႈိက္ႀကီးတငင္ ထငိုခ်လိုက္ျခင္းပဲ။


"ဟာ..ေဟ့..မင္းဘာလို႔ ဒီေလာက္ေတာင္

ငိုေနတာလဲ...လမ္းသြားလမ္းလာေတြနဲ႔

မင္းမရွက္ဘူးလား..."


ရႈိင္းလည္း လုံး၀မထင္မွတ္ထားသည့္

ကိစၥမို႔ ေျခမကိုင္မိ၊လက္မကိုင္မိ

ျဖစ္သြားေလေတာ့သည္။

ကားေဘးနားမွာ ငုတ္တုတ္ထိုင္ၿပီး

ငိုႀကီးခ်က္မ ျဖစ္ေနေသာမေခ်ာကို

အတင္းဆြဲထူလည္း မထေတာ့ေပ။


"ရွင္ကြၽန္မကို သေဘာမက်ဘူးမဟုတ္လား

ရွင္ကြၽန္မကိုမယုံၾကည္ဘူး..

လက္မခံခ်င္ဘူးဆိုလည္း ဒီေနရာမွာပဲ

ထားခဲ့လိုက္ေတာ့...."


"ေဟ့..ငါေျပာတာ

အဲ့လိုသေဘာမဟုတ္ဘူးေလ..."


"ဟုတ္တယ္..သိပ္ကိုဟုတ္တယ္...

ရွင္တို႔ေယာက္်ားေတြက ကိုယ္လိုခ်င္တာပဲ

ကိုယ္ဆြဲေတြးၾကတာ...

.........

သူမ်ား ဘယ္ေလာက္ရွင္းျပျပလက္မခံဘူး

ဟုတ္ပါတယ္..ကြၽန္မပဲမွားတာပါ...

..........

..ကြၽန္မက..ၾကက္ေၾကာ္ေလးေတာင္

ေကာင္းေကာင္းမ၀ယ္တတ္တဲ့ ငတုံးမ..

............

သူမ်ားစကားလာေျပာတိုင္း ျပန္ေျပာမိတဲ့

အ႐ူးမ..အဟင့္...

ငယ္ငယ္တုန္းကဆို ေက်ာင္းမွာ

ေယာက္်ားေလးေတြနဲ႔ေတာင္

နပန္းလုံးခဲ့တာကို အခုၾကမွ

စကားေလး တခြန္းႏွစ္ခြန္းအပိုေျပာမိတာနဲ႔

အျပစ္ျဖစ္သြားရတယ္လို႔...

........

လင္ႀကီးငုတ္တုတ္ရွိေနတဲ့ဥစၥာ

သူလာႀကိဳက္လည္း ကိုယ္မႀကိဳက္ၿပီးေရာေပါ့

ေရွးေခာတ္ကလို ပခုံးခ်င္းတိုက္မိ႐ုံနဲ႔

ဗိုက္ႀကီးသြားတာလည္းမဟုတ္ဘူး

အဟင့္..ဟင့္...

..........

ဒီေလာက္ေတာင္ မယုံၾကည္ရင္လည္း

ရွင္ကြၽန္မကို ထားခဲ့လိုက္ပါေတာ့

ဒီကေနပဲ ႐ြာျပန္သြားလိုက္ေတာ့မယ္..."


"ဟာကြာ..."


ေဘးနားက လူေတြကလည္း

ကိုယ္ေတြကို ကြက္ၾကည့္ကြက္ၾကည့္

လုပ္လာေတာ့ ရႈိင္းအခက္ေတြ႕ေနရသည္။

ဒီေကာင္မေလး ဒီလိုထငိုလိမ့္မယ္လို႔လည္း

မထင္မိခဲ့ေပ။


အခုေတာ့ ဘုန္းႀကီးေသလို႔ 

ေအးယဥ္က်ဴးေနသလားမွတ္ရတယ္။

စကားေတြကလည္း တတ္လိုက္တာ။

ဇာတ္လမ္းက ကိုယ့္ဘက္မွစတာဆိုေတာ့

ကိုယ့္ဘက္က စေခ်ာ့ရမလိုျဖစ္ေနသည္။


ကိုယ္က စကားေျပာရင္ယဥ္ယဥ္ေက်းေက်း

မေျပာတတ္ေပမဲ့ ဒီသားအမိကို

လမ္းခုလတ္မွာ ထားခဲ့ဖို႔အထိေတာ့

မရက္စက္ေပ။


"ေဟ့..ငိုမေနနဲ႔ေတာ့..ထေတာ့..

သူမ်ားေတြၾကည့္ေနတယ္ေလ..

ကားထဲကို၀င္ေတာ့...


"မ၀င္ဘူး..မ၀င္ဘူး..ကိုယ့္ကိုဒီေလာက္

မယုံမၾကည္ျဖစ္ေနတဲ့ ရွင့္ေနာက္လည္း

မလိုက္ႏိုင္ေတာ့ဘူး..ဒီေနရာမွာပဲ

ကားတိုက္တိုက္..ဘာျဖစ္ျဖစ္..

ေနခဲ့ေတာ့မယ္..."


"ေဟ့..မင္းငါ့စိတ္ကိုလာမဆြနဲ႔ေနာ္..

ဘာလဲ..ငါကမင္းကို

မထားခဲ့ရက္ဘူးထင္လို႔...လာ႐ြဲ႕ေနတာလား..

ကားေပၚကို အခုခ်က္ခ်င္းတက္စမ္းကြာ.."


"ဟင့္အင္း..ကြၽန္မရွင့္ကို႐ြဲ႕ေနတာလည္း

မဟုတ္ဘူး..

ရွင္ကြၽန္မကိုမယုံၾကည္ေပးတဲ့အတြက္

ကြၽန္မစိတ္မေကာင္းတာ..

ရွင္ကြၽန္မကို ထားခဲ့ၿပီးသာထြက္သြားပါေတာ့

အဟင့္..အီဟီး..

ကြၽန္မထိုက္နဲ႔ကြၽန္မကံပဲ ရွိပါေစေတာ့

ကြၽန္မကို လက္ထပ္ေပးခဲ့တဲ့အတြက္လည္း

ေက်းဇူးတင္ပါတယ္..

..........

ကြၽန္မဘာသာ ဒီေနရာမွာေသခ်င္ေသ

ပစ္ထားခဲ့လိုက္ပါေတာ့

.........

ရွင္လည္း တာ၀န္‌ေပါ့တာေပါ့...."


ဘယ္လိုေခၚေခၚ မယ္မင္းႀကီးမက

 ေျပာခ်င္ရာေျပာၿပီး 

အာေပါင္အာရင္းသန္သန္ႏွင့္ ငိုေနေတာ့

ပတ္၀န္းက်င္က လူေတြဟာလည္း

ပိုပိုၿပီး စူးစမ္းကာ

တၾကည့္ၾကည့္လုပ္လာၾကသည္။


ကိုယ္က ႐ုပ္ရွင္မင္းသား‌ဆိုေတာ့ 

ၾကည့္လာတဲ့လူေတြထဲမွာ 

ကိုယ့္ပရိတ္သတ္ေတြ ပါလာခဲ့ရင္

ႏွာေခါင္းစည္းတပ္ထားလည္း

မွတ္မိသြားႏိုင္တယ္။


ဒီေတာ့ ကိုယ့္ဘက္ကမွမေလ်ာ့ရင္

ဒီေကာင္မေလး ဒီေနရာကေန

ထႏိုင္ဖြယ္ရာမရွိဘူး။

ဒီေတာ့ ကိုယ့္ဘက္ကပဲစၿပီး

 အေလွ်ာ့ေပးမွ ရေတာ့မယ္။


"ခုဏက ငါအထင္မွားၿပီး

ေျပာမိသြားတဲ့အတြက္ ေတာင္းပန္တယ္ကြာ

မင္းကိုငါဘာမွထပ္မေျပာေတာ့ပါဘူး

ဟုတ္ၿပီလား..ကားေပၚတက္ကိုစမ္းပါ..

မင္းအေမက ၾကက္ေၾကာ္စားခ်င္ေနၿပီ...

.........

ကားေပၚကို အျမန္တက္ပါေတာ့ကြာ

ငါလည္း အိမ္ကိုအျမန္ေရာက္ခ်င္လွၿပီ"


"ခုဏကေတာ့ ရွင္ပဲကြၽန္မကို

ေျပာဆိုလုပ္ၿပီး..အခုၾကဘာလို႔

စိတ္ေျပာင္းသြားရတာလဲ..

ၿပီးေတာ့မွ စိတ္ေျပာင္းသြားရင္ေရာ.."


"မေျပာင္းဘူးကြာ..စိတ္ခ်..

ငါကမင္းကို က်ိန္ျပရအုံးမွာလား..

ဟိုမွာ မင္းအေမလည္း ဗိုက္ေတာ္ေတာ္

ဆာေနေလာက္ၿပီး 

ကားေပၚအျမန္တက္စမ္းပါကြာ.."


သူ႔အေမၾကက္ေၾကာ္စားခ်င္ေနၿပီဆိုမွ

ကားေပၚသို႔ အလွ်င္စလိုတက္သြားေတာ့သည္။

ရႈိင္းလည္း ဒီေတာ့မွသက္ျပင္းခ်ႏိုင္ၿပီး

ေမာင္းသူေနရာကို ၀င္ထိုင္ရသည္။


"အေမ..ဒီမွာအေမစားခ်င္တဲ့ၾကက္ေၾကာ္.."


"ဟာ..ၾကက္ေၾကာ္အနံ႔ေလးက

ေမႊးေနတာပဲ..ငါသြားရည္ေတာင္က်လာၿပီ..

ဒါေတြအကုန္လုံး ငါစားလို႔ရလား.."


"ရတာေပါ့အေမရဲ႕.."


"ေဟး..ေပ်ာ္လိုက္တာ..ေပ်ာ္လိုက္တာ..

ေပ်ာ္လြန္းလို႔ အီးအီးေတာင္ထြက္ေတာ့မယ္.."


"ဟာ..အေမကလည္း..ႀကံႀကံဖန္ဖန္.."


ေနာက္ၾကည့္မွန္မွတစ္ဆင့္ ခ်စ္ပန္းေဝ

ၿပဳံးလိုက္သည့္အၿပဳံးကို ျမင္လိုက္ရေတာ့

ရႈိင္းလည္း လိုက္ၿပဳံးမိသြားသည္။


ခုဏက အမ်ိဳးမ်ိဳးႀကဳံးဝါးၿပီး

ငိုေနခဲ့သည့္ သူမ၏မ်က္၀န္းေလးေတြဟာ

နီရဲရဲေလး ျဖစ္ေနေသးေပမဲ့

အခုေတာ့ အၿပဳံးေလးေၾကာင့္

ျပန္၍ အသက္၀င္သြားခဲ့သည္။


အေရွ႕ဘက္သို႔ သူမၾကည့္လာစဥ္

ေနာက္ၾကည့္မွန္ထဲကေန ရႈိင္းႏွင့္အၾကည့္ခ်င္း

ဆုံသြားသည့္အခိုက္ ရွက္႐ြံ႕ၿပီး

မ်က္လႊာေလးမ်ား ခ်ပစ္လိုက္သည္ကအစ

ရႈိင္းေငးၾကည့္ေနမိရင္း ခုဏက

စကားေျပာတာ အရမ္းလြန္သြားသည္ဟု

ေတြးလိုက္မိသည္။


*သူမအေပၚ နဂိုတည္းကအျမင္မၾကည္မႈႏွင့္

အမုန္းဓာတ္ခံေတြေၾကာင့္ စကားေတြက

ပိုျပင္းထန္သြားခဲ့တယ္ ထင္ပါရဲ႕။


သူမကို နားလည္‌ေပးၾကည့္ခ်င္ေပမဲ့ 

အျမင္မၾကည္တဲ့စိတ္ကပိုမ်ားေနေတာ့

ဘယ္လိုမွ အေကာင္းျမင္ေပးလို႔ရမေနဘူး။

*ခ်စ္လာဖို႔ဆိုတာကေတာ့ ပိုေဝးသြားတာေပါ့*



🍁🍁🍁🍁********🍁🍁🍁🍁

🍁🍁🍁🍁********🍁🍁🍁🍁


ၾကက္ေၾကာ္ဆိုင္မွာ ျပႆနာျဖစ္ၿပီးေနာက္

ရႈိင္းေနေသာ ကြန္ဒိုသို႔ ခ်စ္ခ်စ္တို႔

ေရာက္လာခဲ့ၾကေလသည္။


ကြန္ဒိုႀကီးသည္ ဆယ့္ငါးထပ္ေလာက္ရွိၿပီး

အျပင္ဘက္က ၾကည့္႐ုံႏွင့္ေတာင္

ရွိန္ေနမိသည္။

ခ်စ္ခ်စ္လည္း ရႈိင္းကိုဘာမွ

မေမးရဲသည္ႏွင့္ သူ႔အေနာက္ကေနသာ

ခပ္ကုတ္ကုတ္လိုက္လာခဲ့မိသည္။


ကြန္ဒိုႀကီးထဲတြင္ ကားပါကင္ထိုးရမည့္ေနရာ

သီးသန႔္ရွိေနၿပီး ၿခံထဲသို႔၀င္လိုက္႐ုံႏွင့္

ေရကန္ႀကီး တစ္ခုကိုပါေတြ႕လိုက္ရ၍

အံ့ဩမိရေလသည္။


ခ်စ္ခ်စ္သည္လည္း 

ေခာတ္လူငယ္တစ္ေယာက္ျဖစ္၍

ဒါမ်ိဳးေတြကို ဇာတ္လမ္းေတြထဲမွာ

ၾကည့္ဖူးခဲ့ပါသည္။

သို႔ေပမဲ့ အျပင္မွာေတာ့ဒါပထမဆုံး

ေတြ႕ဖူးျခင္းပဲ။


"လာေလ..အဲ့ဒီ့မွာဘာရပ္လုပ္ေနတာလဲ.."


"ေအာ္..ဟုတ္ကဲ့.."


ျမင္ျမင္သမွ် အထူးအဆန္းလုပ္ကာ

လိုက္ေငးေနမိခ်ိန္မွာ ဓာတ္ေလွကားထဲ

ေရာက္ႏွင့္ေနေသာ ရႈိင္း၏ေခၚသံေၾကာင့္

အေမ့ကို လက္ဆြဲ၍ ဓာတ္ေလွကားထဲသို႔

အျမန္ေျပး၀င္ရေတာ့သည္။


"အမယ္ေလး!!!ခ်စ္ခ်စ္..

ငါတို႔ နတ္ျပည္ကိုေရာက္ေနတာမ်ားလား.."


"မဟုတ္ပါဘူးအေမရဲ႕..ဒါကဓာတ္ေလွကားနဲ႔

အေပၚကို တက္ေနတာ.."


"မသိပါဘူးဟယ္..ဓာတ္ေလွကားကလဲ

ငွက္ေလွာင္အိမ္ႀကီးထဲ ေရာက္ေနသလိုပဲ

ငါတို႔ ဒီအခန္းထဲမွာေသေတာ့မွာလားဟင္.."


"ဟာ..အေမကလည္း

ဘာေတြေလွ်ာက္ေျပာေနတာလဲ..

မေသပါဘူး.."


အေမက စိတ္ေဝဒနာသည္ဆိုေတာ့

အလုံပိတ္ဓာတ္ေလွကားႀကီးကို

ေၾကာက္ပုံရသည္။

အေပၚသို႔ တက္ေနသည့္တစ္ေလွ်ာက္လုံး

မ်က္ရည္ေလးေတြဝဲၿပီး ခ်စ္ခ်စ္ကို

ဖက္ထားရွာသည္။


"ေရာက္ၿပီ..မင္းတို႔ငါ့ေနာက္ကလိုက္ခဲ့ၾက.."


ဓာတ္ေလွကား၏ တံခါးပြင့္သြားသည္ႏွင့္

ခ်စ္ခ်စ္လည္း  က်န္ခဲ့မည္စိုး၍

အေမ့လက္ကိုဆြဲကာ သူ႔အေနာက္မွ

ထပ္ၾကပ္မခြာ လိုက္မိေလသည္။


ခ်စ္ခ်စ္တို႔ေရာက္ေနတာဟာ

ဘယ္ႏွစ္ထပ္ေျမာက္မွန္း မသိေပမဲ့

ဒီအထပ္မွာ လူဆိုလို႔ခ်စ္ခ်စ္တို႔

သုံးေယာက္တည္းသာ ရွိေနသလိုပဲ။

လုံး၀ တိတ္ဆိတ္ၿပီးၿငိမ္သက္လြန္းသည္။


ဓာတ္ေလွကားထဲမွ ထြက္ၿပီးသည္ႏွင့္

ရႈိင္းေနေသာ အခန္း၀သို႔တန္းေရာက္ေလသည္။

ရႈိင္းသည္ ဇာတ္ကားေတြထဲကလို

ဘဲလ္တီးတာမ်ိဳး၊ေသာ့ႏွင့္ တံခါးကို

ဖြင့္တာမ်ိဳးမလုပ္ပဲ တံခါးမွာကပ္ထားသည့္

ဂဏန္းေလးေတြကို တတီတီႏွိပ္ကာ

တံခါးဖြင့္လိုက္ေလသည္။


"ဒါငါေနတဲ့ေနရာပဲ အထဲ၀င္ၾကေလ

ဘာလုပ္ေနၾကတာလဲ.."


"ဟုတ္..ဟုတ္ကဲ့ပါ..."


ခ်စ္ခ်စ္လည္း သူတံခါးဖြင့္ေပးေနတုန္းေလး

အေမ့ကို လက္ဆြဲကာအခန္းထဲသို႔

အျမန္ေျပး၀င္လိုက္ရသည္။

အခန္းထဲသို႔ ေရာက္ေတာ့ အိမ္မက္ေတာင္

မမက္ဖူးသည့္ေနရာကို ေရာက္ေနသလို

အံ့ဩေနမိသည္။

ရႈိင္းရဲ႕အိမ္က ခ်စ္ခ်စ္တို႔ဘြဲ႕ယူခဲ့တဲ့

ဘြဲ႕ႏွင္းသဘင္ထက္ေတာင္ ခမ္းနားေနေသးတယ္။


"ဟာ...ဆရာေရာက္လာၿပီပဲ...

ခရီးေဆာင္အိတ္ေတြ ကြၽန္ေတာ့္ကိုေပးပါ

ဒီေန႔ျပန္ေရာက္လာမယ္ဆိုလို႔ 

ဆရာႀကိဳက္တာေတြကို

စာဖိုမႉးက ခ်က္ေပးထားပါတယ္.."


"စားတာကေနာက္မွ..ေလာေလာဆယ္..

ကြၽန္ေတာ္ေခါင္းမူးလာလို႔ ေဖ်ာ္ရည္တစ္ခုခု

အခန္းထဲကို ပို႔ေပးစမ္းပါ.."


"ဟုတ္ကဲ့ပါဆရာ..."


"ေအာ္..ေနာက္ၿပီးေတာ့..

သူတို႔ႏွစ္ေယာက္ကိုလည္း..

ေနဖို႔..ေနရာခ်ေပးထားလိုက္ပါ.."


ရႈိင္းဟာ သူစီးထားေသာရႉးဖိနပ္ကိုခြၽတ္၍

ဖိနပ္အပါး တစ္ရံကိုလဲကာ 

သူ႔အလုပ္သမားကို ခိုင္းခ်င္တာခိုင္းထားခဲ့ၿပီး

အခန္းတစ္ခုထဲသို႔ ၀င္သြားေလသည္။


ခ်စ္ခ်စ္နဲ႔အေမ့အလွည့္မွာေတာ့

လဲၿပီးစီးစရာ အိမ္စီးဖိနပ္လိုမ်ိဳး မရွိေတာ့

ႏွစ္ေယာက္သား ဖိနပ္ေတြကို ခြၽတ္ၿပီး

အိမ္ထဲသို႔ ေျခဖလာႏွင့္ပဲ သြားလာရေလသည္။


"ငါ့ညီမတို႔ကေရာ ေန႔လည္စာ

တန္းစားမွာလား

အရင္နားၾကမွာလား..."


ရႈိင္း၏အိမ္အလုပ္သမားက ေယာက္်ားေလး

ျဖစ္ေနၿပီး ခ်စ္ခ်စ္ထက္ေတာ့

ႀကီးပုံရသည္။

အတြင္းဘက္အထိ ေဝ့ဝဲၿပီးလိုက္ၾကည့္မိေပမဲ့

မိန္းကေလး အလုပ္သမားကို

တစ္ေယာက္ေတာင္ မေတြ႕ရေပ။


*ဒီအိမ္မွာ မိန္းကေလးအလုပ္သမား

မထားဘူးထင္ပါရဲ႕..

ေယာက္်ားေလးေတြနဲ႔ အတူေနရမွာဆိုေတာ့

ခ်စ္ခ်စ္အတြက္ တစ္မ်ိဳးႀကီးပဲ..*


"ဟိုေလ..ညီမတို႔တည္းရမဲ့ အခန္းကိုပဲ

လိုက္ျပေပးလို႔ရမလား...ညီမအေမက

ခရီးပန္းေနလို႔ အနားယူခိုင္းခ်င္လို႔ပါ.."


"ရပါတယ္..ဒီဘက္ကိုႂကြပါ.."


"ဟုတ္ကဲ့..."


ခ်စ္ခ်စ္တို႔သားအမိလည္း ထိုအစ္ကို၏

အေနာက္မွ လိုက္ၾကရေလသည္။


"ဒီအခန္းပါ..တစ္ကယ္လို႔ဗိုက္ဆာရင္

ထမင္းစားခန္းက ဟိုအေနာက္ဘက္မွာရွိပါတယ္..

စာဖိုမႉးက ညေန၆နာရီဆို အလုပ္ဆင္းပါၿပီ

တကယ္လို႔ ကိုယ္စားခ်င္တာသီးသန႔္

ခ်က္ခိုင္းေစခ်င္ရင္ေတာ့ စာဖိုမႉးမျပန္ခင္

ခ်က္ခိုင္းလို႔ရပါတယ္..."


**အမယ္ေလး...ႀကီးက်ယ္လိုက္တဲ့လူ

တစ္ေယာက္တည္းေနတာကိုမ်ား 

စာဖိုမႉးေတြဘာေတြနဲ႔...

.......

ဒါေၾကာင့္လည္း ဘ၀င္႐ူးၿပီး

သူ႔ကိုယ္သူသာ လူလို႔ထင္

အျခားသူေတြကိုေတာ့

 အထင္ေသးတတ္တာေနမွာေပါ့...**


"ဒါနဲ႔..အစ္ကိုနာမည္ကို သိလို႔ရမလား.."


"ရပါတယ္..ကြၽန္ေတာ့္နာမည္က

ပိုင္ေဇာ္ပါ...ကြၽန္ေတာ္ကဒီအိမ္မွာ

အိမ္သန႔္ရွင္းေရး တာ၀န္ကိုယူထားပါတယ္ဗ်

ထမင္းစားခန္းထဲမွာေတာ့ စာဖိုမႉး

ႏွစ္ေယာက္ရွိပါတယ္..တစ္ေယာက္ကေတာ့

ဦးဟန္ထြန္းပါ..ေနာက္တစ္ေယာက္က

သူ႔ရဲ႕လက္ေထာက္ ဂ်င္မီပါ...

ကြၽန္ေတာ္တို႔အားလုံးက 

မနက္၆နာရီဆိုဒီကို အေရာက္လာၿပီး

ညေန၆နာရီဆိုတာနဲ႔ အလုပ္ဆင္းၾကပါၿပီ..


"ေအာ္...အဲ့လိုလား...

ဟုတ္ကဲ့..‌ရွင္းျပေပးလို႔ေက်းဇူးပါေနာ္.."


"ရပါတယ္ဗ်..."


ခ်စ္ခ်စ္လည္း ကိုပိုင္ေဇာ္ေျပာျပ၍

အားလုံး သိသြားရၿပီမို႔ အေမႏွင့္အတူ

အခန္းထဲမွာ တေရးေလာက္အိပ္ၿပီး

အနားယူပစ္လိုက္ေတာ့သည္။


"ခ်စ္ခ်စ္ေရ..ခ်စ္ခ်စ္.."


အိပ္ေမာက်ေနတုန္းမွာ လႈပ္အႏႈိးခံလိုက္ရ၍

ထၾကည့္လိုက္မိသည္။


"ဘာျဖစ္လို႔လဲအေမရဲ႕..."


"ငါဗိုက္ဆာလာၿပီ...ငါ့ကိုထမင္းေကြၽးအုံး..."


"အေမဗိုက္ဆာေနတာလား..အဲ့ဒါဆို

ခဏေစာင့္ေနာ္..သမီးထမင္းစားခန္းထဲကို

ခဏသြားၾကည့္လိုက္အုံးမယ္.."


"အင္း..ျမန္ျမန္ျပန္လာေနာ္..."


"ဟုတ္ကဲ့ပါ..."


ခ်စ္ခ်စ္လည္း အေမ့ကိုခဏထားခဲ့လိုက္ၿပီး

အျပင္ထြက္လာလိုက္ကာ 

ထမင္းစားခန္းထဲသို႔

၀င္လာခဲ့လိုက္ေတာ့ ထမင္းစားခန္းထဲတြင္

ကိုပိုင္ေဇာ္အပါအ၀င္ စာဖိုမႈးႏွင့္

သူ႔လက္ေထာက္ပါရွိေနေလသည္။


ခ်စ္ခ်စ္၀င္သြားေတာ့ ဘာေၾကာင့္ရယ္မသိ

စာဖိုမႉးႏွင့္ သူ႔လက္ေထာက္ကလူကို 

ျပဴးျပဴးျပာျပာႏွင့္ ၾကည့္လာၾကသည္။


"ေဟ့လူေတြ..မ်က္လုံးေတြလည္း

ကြၽတ္ထြက္ကုန္ပါအုံးမယ္...

အဲ့ဒါ..ဆရာေခၚလာတဲ့ေကာင္မေလးဗ်..."


ကိုပိုင္ေဇာ္က သတိေပးလိုက္မွ 

ထိုလူေတြလည္း

သတိ၀င္သြားၾကၿပီး ခ်စ္ခ်စ္ကို

ၿပဳံးျပလာၾကေလသည္။


"ဟုတ္ကဲ့..ဘာလိုခ်င္လို႔လဲမသိဘူး.."


"ဟိုေလ..ကြၽန္မအေမကဗိုက္ဆာေနလို႔

အဲ့ဒါစားဖို႔ တစ္ခုခုအဆင္သင့္

ရွိလား လာေမးတာပါ.."


"ေအာ္..ရွိပါတယ္ခင္ဗ်..ဒီမွာပါ..

အဆင္သင့္ အုပ္ထားပါတယ္..

ျပန္ေႏြးေပးရမယ္ဆို ေႏြးေပးပါ့မယ္ဗ်.."


စာဖိုမႉးႀကီး၏ လက္ေထာက္ျဖစ္ဟန္တူသည့္

ဂ်င္မီဆိုေသာ ေကာင္ေလးသည္

 ျပာျပာသလဲ အုပ္ေဆာင္းကို

ဖြင့္ျပလာရာ ဒီတစ္ခါမ်က္လုံးျပဴးသြားရသူက

ခ်စ္ခ်စ္ျဖစ္သြားရသည္။


"ဒါ..ဒါေတြကဘာေတြလဲဟင္"


"ေအာ္..အဲ့ဒါဆရာအႀကိဳက္ဆုံး

ျပင္သစ္အစားအစားေတြေလ.."


"ျပင္သစ္အစားအစာ!!!!..."


အံ့ဩလြန္း၍ ပါးစပ္ကေနပါ 

အသံထြက္သည္အထိ ေရ႐ြတ္လိုက္မိၿပီး

စားပြဲေပၚမွ ျပင္သစ္ဟင္းပြဲေတြကို

လိုက္ၾကည့္မိေလသည္။


ဟင္းပြဲအားလုံးနည္းပါးဟာ တကယ္ကို

လွပၿပီး ပန္းကန္တစ္ခုတြင္

နည္းနည္းစီသာရွိသည္။

ဂုံးခြံေတြေရာ အစင္းၾကားေလးႏွင့္

ပင္လယ္ခ႐ုေလးေတြထဲမွာ 

အစာသြပ္ထားတာေတြေရာ စုံေနတာပဲ။


"ဒါကင႐ုတ္သီးနဲ႔ ခ်က္ထားတာလားဟင္

အေပၚကဘာအသားလဲ.."


"အမဲသားပါ..င႐ုတ္သီးနဲ႔ခ်က္ထားတာ

မဟုတ္ပါဘူး..ဝိုင္နီနဲ႔ခ်က္ထားတာပါ..

ဆရာက ဝိုင္ေသာက္ရတာအရမ္းႀကိဳက္ေတာ့

ဒီေန႔ ဝိုင္နီနဲ႔ ခ်က္တဲ့ဟင္းေတြကို

အသားေပးၿပီး ျပင္ဆင္ထားတာပါ.."


ဝိုင္ဆိုတာကိုေတာ့ ခ်စ္ခ်စ္ၾကားဖူးသည္။

အေနာက္ႏိုင္ငံသားေတြ အေသာက္မ်ားၾကသည့္

မူးယစ္ေစသည့္ အရည္တစ္မ်ိဳးပါပဲ။


"ဝိုင္နီက..မူးတယ္မလား.."


"ဟုတ္ကဲ့..အမ်ားႀကီးေတာ့

ထည့္ခ်က္မထားပါဘူး.."


"ဒါနဲ႔ ရႈိင္းကဒီလိုမ်ိဳး ဘိုလ္စာေတြကိုပဲ

အၿမဲစားတာလား.."


ခ်စ္ခ်စ္ကေမးလိုက္ေတာ့ စာဖိုမႉးႀကီးက

သေဘာတက် ထရယ္လိုက္ေလသည္။


"မဟုတ္ပါဘူးဗ်..ဆရာကအျပင္သြားေနတာ

ၾကာၿပီဆိုေတာ့  

ဒီေန႔ ျပန္ေရာက္တုန္း

သူႀကိဳက္တဲ့ဟာေလး

ခ်က္ေကြၽးျဖစ္တာပါ..

ဆရာက ဒီလိုအၿမဲမစားပါဘူး..

႐ိုက္ကူးေရးနားတဲ့ လေတြေလာက္ပဲ

အိမ္မွာ စားျဖစ္တာပါ..တစ္ခါတေလ

႐ိုက္ကူးေရးေၾကာင့္ 

လနဲ႔ခ်ီၿပီးခရီးထြက္ရတာမ်ိဳးလည္းရွိပါတယ္.."


"ဒါဆို..လစာၾကေတာ့ေရာ..အျပည့္ရလား"


"ဟုတ္ကဲ့..လစာကေတာ့အျပည့္ရပါတယ္.."


"ေအာ္.."


ခ်စ္ခ်စ္လည္း သူတို႔တစ္လကို

ဘယ္ေလာက္ရသလဲ ေမးခ်င္ေပမဲ့

စပ္စုလြန္းရာက်ေနမည္စိုး၍ 

မေမးျဖစ္ေတာ့ေပ။

သူတို႔ခ်က္ထားသည့္ ျပင္သစ္စာေတြကိုလည္း

အေမက ႀကိဳက္မည္မဟုတ္ေပ။


"ဟိုေလ..ဒါေတြကိုအေမက

စားတတ္မွာမဟုတ္ဘူး

ျဖစ္ႏိုင္ရင္ ဟင္းတစ္ပြဲေလာက္

ထပ္ခ်က္ေပးလို႔ရမလားဟင္.."


"ရပါတယ္ဗ်..ကြၽန္ေတာ္တို႔မွာ

ၾကက္သား၊၀က္သားလည္း အပိုရွိပါတယ္

အသီးအ႐ြက္ေၾကာ္ စားခ်င္လည္း

ရပါတယ္...."


"ဒါဆို ၾကက္သားကာလသားဟင္းကို

ေတာခ်က္ေလး ခ်က္ေပးလို႔ရမလားဟင္.."


"ရပါတယ္...ခ်က္ေပးပါ့မယ္.."


"ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္..

သမီးပါ ကူလုပ္ေပးရမလား.."


"ရပါတယ္..ခ်က္ၿပီးရင္လာေျပာလိုက္ပါ့မယ္

ကိုယ့္အခန္းထဲမွာပဲ ကိုယ္သြားနားလိုက္ပါေနာ္"


စာဖိုမႉးႏွင့္ သူ႔လက္ေထာက္က

ကူညီေပးစရာမလိုဘူးဆို၍ ခ်စ္ခ်စ္လည္း

ထမင္းစားခန္းထဲမွ ထြက္လာခဲ့လိုက္မိသည္။

ရင္ထဲမွာကေတာ့ အေတြးေပါင္းစုံနဲ႔ေပါ့။


*အခုရႈိင္းရဲ႕အိမ္ကိုေရာက္တာ 

ေန႔တစ္၀က္ေတာင္ မျပည့္ေသးေပမဲ့

သူနဲ႔ကိုယ့္ဘ၀ဟာ ဘယ္ေလာက္အထိ

ကြာျခားသလဲဆိုတာ ေပတံနဲ႔

လိုက္တိုင္းစရာမလိုပဲ ေတာ္ေတာ္ေလးကို

သိသာထင္ရွားလြန္းေနပါၿပီ...

..........

႐ြာမွာ အခ်စ္ခ်စ္တို႔ရဲ႕

အရည္ဟင္းတစ္ခြက္က

လြယ္ကြင္းထဲက ကန္စြန္း႐ြက္နီေတြနဲ႔

ခ်က္ျပဳတ္ထားတဲ့ အရည္က်ဲဟင္းျဖစ္ၿပီး

.........

ရႈိင္းရဲ႕ ထမင္းစားပြဲေပၚမွာေတာ့

ေဈးႀကီးႀကီး ဝိုင္နီႏွင့္ခ်က္ျပဳတ္ထားေသာ

ပါ၀င္ပစၥည္းမ်ိဳးစုံေရာထားသည့္

ဟင္းပြဲေတြ....

.........

အရသာမေျပာနဲ႔ အျမင္နဲ႔ေတာင္

ကြာျခားတယ္...

.........

ခ်စ္ခ်စ္ရဲ႕ စိတ္ထဲမွာပိုၿပီး

သိမ္ငယ္စိတ္၀င္သြားမိတာေတာ့ အမွန္ပဲ

.........

ရႈိင္းဟာ ႐ုပ္ရွင္ထဲမွာတင္မကပဲ

အျပင္မွာပါ ေ႐ႊမင္းသားေလးတစ္ပါးျဖစ္ၿပီး

ခ်စ္ခ်စ္ကေတာ့ သူနဲ႔လုံး၀မလိုက္ဖက္တဲ့

အညတရ မိန္းကေလးတစ္ေယာက္..

ဘ၀ခ်င္းက မိုးနဲ႔ေျမလိုပါပဲ...*


**အခန္း(၁၉)ဆက္ရန္**"


🌺🌺🌺🌺🌺🌺🌺🌺🌺


ခ်စ္ခ်စ္ေလး သိမ္ငယ္ေနၿပီ

(ဘယ္လို ဆက္ျဖစ္ၾကမလဲ)


(ဖတ္ရႈေပးသူတစ္ဦးတစ္ေယာက္ခ်င္းဆီကို

ေက်းဇူးအထူး တင္ရွိပါတယ္ေနာ္..)






8 comments:

  1. ချစ်ချစ်အတွက်စိတ်မကောင်းဘူး
    အခြေအနေတွေကအရမ်းကွာခြားနေတော့သူလည်းသိမ်ငယ်အားငယ်လောက်ပါတယ်ဦလေးအိမ်မှာတောင်ဦးလေးမိန်းမနိုင်ထက်စီးနင်းခိုင်းတာလုပ်ရရှာတာဦးလေးနဲ့မွေးထားတဲ့သားသ္မီးတွေကကောင်းလို့တော်သေးတယ်ဒီအိမ်မှာနေရတာစိတ်အားဘယ်လောက်ငယ်ရှာလိုက်မလည်းယောက်ျားလုပ်သူကလည်းချစ်လို့ယူထားတာမဟုတ်လေတော့သူ့အစားကိုယ်တောင်စိတ်ညစ်ပါရဲ့

    ReplyDelete
  2. ဘယ်လိုလေးဖြစ်လာအုံးမလဲ ချစ်ချစ်ရယ်

    ReplyDelete
  3. ကျေးဇူးပါ

    ReplyDelete
  4. မိုးနဲ့မြေလိုကွာပေမဲ့စာနာသနားကိုယ်ချင်းစာတဲ့စိတ်လေးကနီးခဲ့ပါတယ်..ချစ်ချစ်အမေပါ်မှာထားပေးနိုင်တဲ့စိတ်မထားခဲ့နိုင်တဲ့စိတ်လေးကိုကသက်သေပါ...ရှိုင်ကသူ့အဖေနဲ့တူသလို့ အမေနဲ့ပိုတူတယ်

    ReplyDelete
  5. မျှော်နေပါတယ် မတင်ဘူးလားဟင် 🥺

    ReplyDelete
  6. မျှော်နေတယ်‌သာသာ🥰

    ReplyDelete
  7. ကျေးဇူးပါ

    ReplyDelete
  8. စောင့်ရတာလည်ပင်းရှည်နေပါပီနော်

    ReplyDelete