(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၃)🔥 ဒုတိယပိုင်း
အချုပ်ခန်း၏သံတိုင်များနောက်တွင် ခေါင်းငိုက်ဆိုက်ကျ၍ ထိုင်နေသောဦးသက်ဆွေသည်
နံရံကိုမှီလျှက် မျက်လုံးများကို မှေးစင်းကာမှိန်းနေလေသည်။
အချုပ်ခန်းဆိုသည့်အတိုင်း အထဲကိုရောက်နေသောသူများသည် သူအပါအ၀င်နှစ်ရက်သုံးရက်လောက် ရေမချိုးကြရသေးသာသူများဖြစ်၍
အနံ့တွေကတော့ ညှီစို့စို့နှင့်အောင့်သက်ကာဟောင်ထွက်နေသည်။
လက်ထိပ်ခတ်ထားခံရသောလက်ကောက်၀တ်နေရာမှလည်း ရုန်းလိုက်တိုင်း နာကျင်နေသော ဝေဒနာသည်သူ့စိတ်တွေကို ချုပ်နှောင်ဖျစ်ညှစ်ထားသလို ခံစားနေရသည်။အရက်မူးပြီး စိတ်လွတ်ကာကြမ်းတမ်းခဲ့သော အပြုအမူတွေအတွက် သူ့အား ဇနီး၊မယားကိုယ်တိုင်က ဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။
သူ့အသားအရည်သည် မွဲညစ်ညစ်ဖြစ်နေပြီး
သူ့အ၀တ်အစားကအစ နွမ်းဖက်နေခဲ့သည်။
အမြဲတမ်း အသုဘနှင့်အရက်ဝိုင်းကိုသာရှာကြံနေခဲ့သော သူသည် မိသားစုရှိတာကို မေ့နေတတ်ပြီး သတိရလို့ အိမ်ပြန်တော့လည်း မိန်းမကလက်မခံချင်ပေ။
သက်ဆွေသည် သူ၏ဆံပင်များကို အကြောင်းမဲ့ဆွဲဆုပ်၍ အချုပ်ခန်း၏မျက်နှာကျက်ကိုမော့ကြည့်နေမိသည်။ယခင်တုန်းက သူသည်ဆိုးသွမ်းသောလူမဟုတ်ခဲ့ပါချေ။မိန်းမယူပြီးနောက် ရွာမှာလယ်လုပ်သည်။အစပိုင်းမှာ အဆင်ပြေပြီးနောက်ပိုင်းမိုးကြီးကာ ရေလွှမ်းတော့ လယ်တွေရေမြှုပ်သည့်အချိန်မှစတင်၍ ဘ၀ပျက်ခဲ့ရသည်။
မရင်းစပါးစိုက်ဖို့ရာ အခြားသူများဆီကဆေးဖိုးတွေချေး၊ပျိုး၀ယ်ဖို့တွေ ချေးပြီးလယ်ကိုပြန်ရင်းပေမဲ့ ကိုယ်တွေအလှည့်ကျမှ စပါးဈေးတွေထိုးကျသွားခဲ့၍ မရောင်းသေးပဲထားမိသောအခါ
ကြွေးသမားတွေကလည်းမနေ၊တကျီကျီလာအော်တောင်းကျသည်။ချေးထားသည့် ငွေကလည်းနည်းနည်းနောနောမဟုတ်တော့ စပါးတွေကိုရတဲ့ဈေးနဲ့ ဈေးဖြတ်ပြီးအရှုံးခံရောင်းလိုက်ရသည်။
အကြွေးတွေဆပ်ပြီးတည်းကအိမ်ကလည်း
နလံမထူနိုင်တော့သလို နောက်ထပ်လည်းလယ်လုပ်ဖို့ထပ်မရင်းနိုင်တော့ပေ။မိသားစုစီးပွားရေးကလည်း ထိုးကျလာခဲ့တော့ မလောက်ငှခြင်းတွေဖြစ်လာတဲ့အခါ မိန်းမကလည်း အသံထွက်လာခဲ့သည်။သားသမီးတွေ၏ နောင်ရေးကလည်း ရှိသေးတော့ အင်းထဲတွင် စားရင်းကိုင်၀င်လုပ်ခဲ့သည်။
အင်းထဲတွင် လုပ်ရသောအလုပ်သည်လူမပင်ပန်းပေမဲ့ လူအများနှင့်လုပ်ရသောအလုပ်ဖြစ်၍ စာရင်းတွေကို သေချာကြပ်မှတ်ပြီး လုပ်ရသောကြောင့် ဦးနှောက်တော့ခြောက်သည်။အကယ်၍ စာရင်းထဲတွင်ငွေလိုသွားခဲ့ပါက ကိုယ်အိတ်ထဲမှစိုက်ထုတ်ရမည့်ကိန်းဖြစ်၍ အင်မတန်ဂရုစိုက်ရသည်။
ကိုယ်ကစေ့စပ်သေချာသူဖြစ်၍ လူကြီးများကလည်းကိုယ့်ကိုယုံကြည်ကြသည်။
သူ့ဘ၀၏ပျက်ယွင်းမှုသည် ထိုမှစတင်ခဲ့လေသည်။
ကိုယ့်ထက်ပိုက်ဆံရှိသော လူကြီးများနှင့်ပေါင်းမိကာ အသောက်အစားကင်းမဲ့သူဖြစ်ခဲ့ရာမှ လုပ်ငန်းသဘောအရ မိတ်ဖွဲ့ရင်း သောက်တတ်၊စားတတ်လာခဲ့သည်။
ကိုယ့်စိတ်ကိုယ်ထိန်းချုပ်နိုင်မှု အားနည်းသောကြောင့် စိတ်အလိုကိုလိုက်မိရင်းဖြင့် အရက်ကိုစွဲလမ်းသွားခဲ့ရသည်။အင်းထဲမှာ စာရင်းမှတ်ရင်းနှင့်လည်း မနေနိုင်စွာအရက်တွေသောက်မိ၍ အမှားတွေဖြစ်ကာအလုပ်ပြုတ်ခဲ့ရသည်။
ကိုယ့်ရဲ့ အသုံးမကျမှုကြောင့် မိသားစုစီးပွားရေးတွေ ထိုးကျခဲ့ပြီး ကိုယ်လည်းနေချင်သလိုနေ၊
ပေချင်သလိုပေခဲ့သည်။ရန်ကုန်ကို ပြောင်းလာပြီးနောက်မှာ လက်ထဲမှရှိတာလေးနှင့် သူများနှင့်အတူ ဖက်စပ်အနေနှင့် သစ်စက်ထောင်ခဲ့သည်။
အစပိုင်းမှာတော့ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာအရှုံးတွေ ဆက်တိုက်ပေါ်ခဲ့ပြီး အချင်းချင်းလူလည်ကျခြင်းခံလိုက်ရသည်။စီးပွားရေးအမြင်မရှိသောသူဖြစ်၍ အခြားသူလှိမ့်သမျှ ခံခဲ့ရပြီး ကိုယ်ပြန်ရခဲ့သောအကျိုးအမြတ်ကတော့ သစ်တိုအပိုင်းအစများသာ ဖြစ်ခဲ့သည်။
ထိုအချိန်မှ စ၍ဘာအလုပ်လုပ်အဆင်မပြေဖြစ်ပြီး စိတ်လေကာအရက်ကိုပဲဖိသောက်ပြစ်သည်။
လုပ်သမျှ အကျိုးပေးမှုနည်းပြီး အရာမထင်တော့ ဘာမျှ မလုပ်ချင်တော့ပေ။ကိုယ်စိတ်ပျော်သော အလုပ်တွေကိုသာလုပ်ပြီး ကျန်တာအားလုံးကို
လျစ်လျှူရှုခဲ့မိသည်။ကိုယ်တိုင်က အသုံးမကျခဲ့ပေမဲ့ နည်းနည်းလေးမှသေးသေးတင်မခံနိုင်၍
ဇနီးဖြစ်သူကရန်စကားပြောလာခဲ့လျှင် ပြန်၍ရန်ရှာဖို့ကြိုးစားခဲ့သည်။ကိုယ့်အပြစ်ကို ဖုံးဖိ၍မိုက်ကမ်းခဲ့ပါသည်။
"ကိုသက်ဆွေ...."
"ဟင်....ရှင်းသန့်...ရှင်းသန့်ပါလား..."
သံတိုင်များ၏ အပြင်ဘက်တွင်ရပ်နေသော မရှင်းသန့်သည်သူ့အား နာကျည်းမုန်းတီးနေသောမျက်၀န်းများဖြင့် စိမ်းကားစွာကြည့်နေလေသည်။
အဖန်တရာတေအောင် ပြောဆိုညှင်းဆဲခဲ့ဖူးသောအမျိုးသမီးသည် နောက်ဆုံးတော့အမုန်းကြီးမုန်းသွားခဲ့လေပြီလား။
"သားနဲ့သမီးရော အဆင်ပြေရဲ့လား...သူတို့ကိုယ့်ကိုအရမ်းမုန်းနေလားဟင်..."
"အဲ့ဒါတွေကို ရှင့်ခေါင်းထဲမှာ ထည့်မနေပါနဲ့တော့
ကျွန်မဒီကိုလာတာက နောက်ဆုံးတွေ့ဆုံပြီး ရှင့်ကိုစကားနည်းနည်းပြောချင်လို့ပဲ ...."
"အော်...နောက်ဆုံးတွေ့ဆုံမှုတဲ့လား ...ဒါဆိုရင်ကိုယ့်ကိုထောင်နန်းစံခိုင်းတော့မယ်ပေါ့...."
ဦးသက်ဆွေသည် နှုတ်ခမ်းကိုညွှတ်တက်သည်အထိ မဲ့ချလိုက်ပြီး ခနဲ့တဲ့တဲ့စကားဆိုသည်။
ဒေါ်ရှင်းသန့်၏ မျက်နှာကတော့ အေးခဲလွန်းသောရေခံတုံးကဲ့သို့ ခံစားချက်မဲ့နေခဲ့သည်။
ခံရပါများလာတော့ ထုံကျင်နေခဲ့လေပြီ။
ဘ၀တစ်ခုလုံးကို ဒီမိသားစုအတွက် အရင်းတည်
ထားခဲ့ပေမဲ့ ကံမကောင်းသောမိန်းမထဲမှ
တစ်ယောက်ဖြစ်ခဲ့လေတော့ ရွေးချယ်မှုလုပ်ခဲ့သော ကိုယ့်ကိုကိုယ်သာအပြစ်တင်ရတော့မည်။
လူတိုင်းကတော့ အကောင်းမွန်ဆုံးရပ်တည်ချင်ကြပေမဲ့ ကိုယ်ရှိတဲ့နေရာမှာထစ်ချုန်းမိုးကွက်ရွာတာတော့ ကိုယ်လည်းတားဆီးလို့မရနိုင်ခဲ့ပေ။
ယခုတော့ ပျက်သားစွာဆုံးဖြတ်မှ ဖြစ်တော့မည်။
"ကိုသက်ဆွေ...ရှင်ထောင်မကျပါဘူး...စိတ်မပူပါနဲ့...ကျွန်မမှာလည်းရှင့်ကိုထောင်ချပစ်လောက်အောင်အထိ လုပ်ဖို့အချိန်ရော၊ငွေရောမရှိဘူး...
ရှင့်အစ်ကိုကြီးကို ကျွန်မဆက်သွယ်ထားတယ်...
သူရှင့်ကို အာမခံနဲ့ထုတ်ပြီး ရွာကိုပြန်ခေါ်သွားလိမ့်မည်...ကျွန်မတို့မိသားစုဆီကို နောက်ဘယ်တော့မှ ပြန်မလာခဲ့ပါနဲ့တော့...
ကျွန်မတို့ကိုဒီလောက်နှိပ်စက်ရရင် တော်ရောပေါ့...'
"ကိုယ်...ကိုယ်မှားသွားပါတယ်ကွာ.. အခုကိစ္စကလည်း...ကိုယ်အရက်အရမ်းမူးနေလို့ဖြစ်သွားခဲ့တာပါ..."
"ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် ရှင်ဒီလိုအမှားမျိုးကိုလုပ်တာ တစ်ခါနှစ်ခါကတော့လို့လား..."
"ကိုယ်နောက်ဆို ပြင်ပါ့မယ်ကွာ...သားသမီးတွေရဲ့မျက်နှာကို ထောက်ပါအုံး...ကိုယ်ပြုပြင်ပါ့မယ်...
အရင်လို တို့မိသားစုပြန်နေရအောင်နော်..."
"ရှင်ဒီလိုပြောတာ ဒါပထမဆုံးမှမဟုတ်ပဲ...
ရှင့်အသက်အရွယ်ပဲရှင်ပြန်ကြည့်ပါအုံး...ကျွန်မဒီလောက်အထိ သည်းခံပေးတာပဲလွန်နေပါပြီ...
ရှင်သာပြုပြင်ပြောင်းလဲချင်ရင် အချိန်တွေအများကြီးရခဲ့သားပဲ...အချုပ်ကျမှဒီစကားပြောလည်း...
မယုံပေးနိုင်တော့ဘူး...."
"ကိုယ့်သားနဲ့သမီးကရော...ကိုယ့်ကိုအရမ်းမုန်းနေပြီလား...ကိုယ်မူးပြီးစိတ်တွေကဘာဖြစ်မှန်းမသိတော့ဘူး...တကယ်ကိုထိန်းလို့မရခဲ့တာ...သားလေးရောဘာဖြစ်သွားသေးလဲ...ကိုယ်သားလေးကိုတွန်းလိုက်မိတယ်..."
ဦးသက်ဆွေ၏ အချုပ်ထဲရောက်မှမျက်နှာငယ်နှင့် ဖြစ်နေသောပုံစံကိုကြည့်၍ ဒေါ်ရှင်းသန့်သည်မျက်နှာကို မဲ့ရွဲ့ပစ်လိုက်သည်။ဖခင်ကောင်းမပီသခဲ့တဲ့အပြင် သားသမီးတွေရဲ့အရှေ့မှာ အမြဲတမ်းကိုယ့်ကိုရိုက်ပုတ်နေခဲ့ပြီး ဒုက္ခရောက်မှအမိတသလို လာလုပ်ပြနေတာများ တရားကျဖို့ကောင်းလိုက်တာ။သူ့အကြောင်းကိုမသိတာမှတ်လို့ အခုနေများသနားလိုက်မိရင် အပြင်ရောက်လည်းစရိုက်ကပြောင်းလဲသွားမှာမဟုတ်ပါဘူး။
"ရှင်စိတ်မကောင်းဖြစ်ရမှာက ရှင့်သားအတွက်မဟုတ်ဘူး...ကျွန်မတူမလေးအတွက်စိတ်မကောင်းဖြစ်ရမှာ သိရဲ့လား...ရှင့်ကြောင့်အခုပုံရိပ်လေး ဘယ်လောက်စိတ်ဒဏ်ရာ ရသွားပြီထင်လည်း မျက်နှာတွေလည်းဖူးယောင်လို့...တွေးမိတိုင်းအသဲနာတယ်...ဒီနေ့ကသူ့ရဲ့စာမေးပွဲနောက်ဆုံးနေ့...
ဒဏ်ရာတွေနဲ့နာနေတာတောင် စာမေးပွဲကိုမရရအောင် သွားဖြေတယ်...ကလေးရဲ့မျက်နှာကဒဏ်ရာတွေကိုကြည့်မိတိုင်း...ရှင့်ကိုကျွန်မသတ်ပစ်ချင်မိလောက်အောင် နာကျည်းတယ်...."
"ကိုယ်တောင်းပန်ပါတယ်ကွာ...ကိုယ်အရက်မူးပြီး စိတ်လွတ်သွားလို့ပါ..."
"ဘာကိုအရက်မူးပြီးစိတ်လွတ်တာလဲ...
ဆင်ခြေလှလှလေးတော့ ပေးတတ်တယ်နော်..."
"အရက်မမူးလည်းရှင့်အကျင့်က ဒီအတိုင်းပဲ...အခုရှင့်ကြောင့်ကျွန်မတူမလေး မန္တလေးကိုသွားတော့မယ်...သူ့အဖွားသာသိရင်...ရှင်တော့မလွယ်ဘူး...
ရှင့်ကြောင့်သိလား...အားလုံးရှင့်ကြောင့်...ကျွန်မတို့မိသားစုဆီကို ရှင်ဘယ်တော့မှပြန်မလာခဲ့နဲ့....
ကျွန်မတင်မကပဲ သားနဲ့သမီးကပါရှင့်ကိုရွံမုန်းလွန်းလို့..."ကျွန်မသွားပြီ...."
ဦးသက်ဆွေကို ချန်ထားရစ်ခဲ့ပြီး စခန်းထဲမှထွက်လာခဲ့လိုက်သည်။ပိုက်ဆံအိတ်အနွမ်းလေးကို
ရင်မှာပိုက်ပြီး အနောက်သို့တစ်ချက်ပြန်လှည့်ကြည့်လိုက်မိသေးသည်။ကိုယ့်ယောက်ျားကိုယ် ပြန်ပြီးထောင်ချပစ်ဖို့ရာ သူသတ္တိမရှိပေ။တကယ်လို့ ထောင်ကျအောင် လုပ်လျှင်လည်းရနိုင်တယ်ဆိုတာ သိသည်။သို့ပေမဲ့ ရုံးချိန်းတွေဘာတွေရှိလာခဲ့လျှင် ခဏခဏသွားဖို့ရာ မတတ်နိုင်ပေ။
ရွာမှာ ကိုသက်ဆွေနှင့်ကျုံတနော်က သူ့မိတ်ဆွေတို့စက်လှေကိုနှစ်ယောက်စပ်တူမောင်းတော့ ပြဿနာတွေတက်ပြီး ရုံးရောက်၊ဂတ်ရောက်တွေဖြစ်ခဲ့သေးသည်။တရားရုံးမှာ တရားရင်ဆိုင်ကြတော့
ကုန်လိုက်တဲ့ဖြစ်ခြင်း။နောက်ဆုံးတော့ ရန်ကုန်ကိုပြောင်းလာပြီး အခန်းကျဉ်းလေးငှားနေရတဲ့အထိကိုယ်တွေမွဲတေခဲ့ရသည်။ထို့ကြောင့် တရားရင်ဆိုင်ရမည့်ကိစ္စတွေက်ု သိပ်ကြောက်ပါသည်။
အိမ်ထောင်မကျခင်တုန်းကတော့ ဂတိတွေအထပ်ထပ်ပေးခဲ့သည်။စိတ်ချမ်းသာအောင်ထားမည်ဆိုသော စကားသည် ယခုတော့ကြက်ဥအစပျောက်နေသလိုပါပဲ။ငယ်စဉ်အခါကတော့ မိဘတွေမသိအောင် ခိုးခိုးတွေ့ခဲ့ကာ ချစ်စိတ်မွှန်
လျှက် လေ့လာစမ်းစစ်ဖို့ မေ့လျှော့နေခဲ့သည်။
အိမ်ထောင်မကျခင်ကတော့ လူရည်မွန်လေးဖြစ်ပြီး
လူချောတစ်ယောက်ဖြစ်၍ ရင်ခုန်လှိုက်မောခဲ့ရသည်။
အိမ်ထောင်သက်နည်းနည်းကြာလာပြီးနောက်မှာမှ ဘာကြောင့်မူပျက်သွားခဲ့ရတာလဲ။မိဘလက်ထက်မှာ လူ့ပေါ်ကျော့လိုနေခဲ့တော့ အိမ်ထောင်ဦးစီးနေရာကိုရောက်တဲ့အခါ ဖိစီးမှုတွေကိုမခံနိုင်ဖြစ်သွားခဲ့တယ်ထင်ပါရဲ့။
ဒါပေမဲ့ လူဆိုတာလဲကျရင်ပြန်ထနိုင်ရမှာပေါ့။
ကျန်တဲ့နေရာမှာ စိတ်ဓာတ်ပျော့ညံ့ပြီး
မကောင်းတဲ့အလုပ်တွေကိုတော့ လုပ်ပြီးရင်းဆက်လုပ်နေခဲ့တယ်။အဲ့လိုလူကို အချိန်အကြာကြီးသည်းခံနေမိတဲ့ ကိုယ်တိုင်ကိုက အတာပါလေ။
ယခုတော့ သူ့အပေါ်မျာချစ်ခြင်း၊မုန်းခြင်းထက်
ဥပက္ခာတရားတွေသာ ရှိတော့သည်။
တူမလေးကိုလည်း အားနာမိသည်။ထို့ကြောင့်လည်း ၀မ်းနည်းလွန်း၍ မျက်နှာချင်းတောင်မဆိုင်ရဲလောက်အောင်ပါပဲ။မနေ့ညကဆိုလျှင် အိမ်ကိုပြန်မလိုက်ဘူးဆို၍ မနည်းချော့ခေါ်ခဲ့ရသည်။
ဒီမိသားစုကြားမှာ နေရတာပုံပုံ့အတွက်ငရဲကျနေသလို ဖြစ်နေမှာပဲ။အဲ့ဒီ့နေ့က ကလေးကိုချောင်ပိတ်ပြီး ရိုက်နေတဲ့မြင်ကွင်းတွေကို ပြန်မြင်ယောင်လာတိုင်း မကာကွယ်ပေးနိုင်ခဲ့တဲ့ ကိုယ့်ကိုကိုယ်ပြန်၍ထုရိုက်ပစ်ချင်မိသည်။
မမရဲ့ တစ်ဦးတည်းသောသမီးလေးဟာ ကိုယ့်လက်ထဲရောက်မှ ဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံရတယ်။
ဒီလိုဖြစ်မယ်မှန်း ကြိုတွေးခဲ့မိရင် အတ္တမကြီးပဲအစောတည်းကမန္တလေးကို ထည့်လိုက်ပါတယ်။
ကိုယ်တွေနဲ့အတူ ဆင်းရဲတွင်းထဲမှာနစ်ပြီး
သူလေးပင်ပန်းရတဲ့အပြင် စိတ်ဒဏ်ရာတွေပါရကုန်ပြီ။အခုတော့ စာမေးပွဲဖြေပြီးတာနဲ့ မန္တလေးကိုသွားတော့မည်တဲ့။ပုံရိပ်ဆိုသည်မှာ တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီးလျှင်လည်း တားမရသော
ကလေးဖြစ်သည်။
"ပုံရိပ်ရယ်...ဒေါ်လေးတောင်းပန်ပါတယ်..."
🔥ဆူးကြိုး...🔥အခန်း(၃၄)🔥 ပထမပိုင်း ပါ တင်ပေးထားပါတယ် ဆက်ဖတ်လို့ရပါပြီ
=======================================================================
🌹ဆူးႀကိဳး🌹အခန္း၃၃(ဒုတိယပိုင္း)
အခ်ဳပ္ခန္း၏သံတိုင္မ်ားေနာက္တြင္ ေခါင္းငိုက္ဆိုက္က်၍ ထိုင္ေနေသာဦးသက္ေဆြသည္
နံရံကိုမွီလ်ွက္ မ်က္လံုးမ်ားကို ေမွးစင္းကာမိွန္းေနေလသည္။
အခ်ဳပ္ခန္းဆိုသၫ့္အတိုင္း အထဲကိုေရာက္ေနေသာသူမ်ားသည္ သူအပါအ၀င္ႏွစ္ရက္သံုးရက္ေလာက္ ေရမခ်ိဳးၾကရေသးသာသူမ်ားျဖစ္၍
အနံ႔ေတြကေတာ့ ၫွီစို႔စို႔ႏွင့္ေအာင့္သက္ကာေဟာင္ထြက္ေနသည္။
လက္ထိပ္ခတ္ထားခံရေသာလက္ေကာက္၀တ္ေနရာမွလည္း ရုန္းလိုက္တိုင္း နာက်င္ေနေသာ ေဝဒနာသည္သူ႔စိတ္ေတြကို ခ်ဳပ္ေနွာင္ဖ်စ္ၫွစ္ထားသလို ခံစားေနရသည္။အရက္မူးၿပီး စိတ္လြတ္ကာၾကမ္းတမ္းခဲ့ေသာ အျပဳအမူေတြအတြက္ သူ႔အား ဇနီး၊မယားကိုယ္တိုင္က ဒဏ္ခတ္ခဲ့ျခင္းျဖစ္သည္။
သူ႔အသားအရည္သည္ မဲြညစ္ညစ္ျဖစ္ေနၿပီး
သူ႔အ၀တ္အစားကအစ ႏြမ္းဖက္ေနခဲ့သည္။
အၿမဲတမ္း အသုဘႏွင့္အရက္ဝိုင္းကိုသာရွာႀကံေနခဲ့ေသာ သူသည္ မိသားစုရိွတာကို ေမ့ေနတတ္ၿပီး သတိရလို႔ အိမ္ျပန္ေတာ့လည္း မိန္းမကလက္မခံခ်င္ေပ။
သက္ေဆြသည္ သူ၏ဆံပင္မ်ားကို အေၾကာင္းမဲ့ဆဲြဆုပ္၍ အခ်ဳပ္ခန္း၏မ်က္ႏွာက်က္ကိုေမာ့ၾကၫ့္ေနမိသည္။ယခင္တုန္းက သူသည္ဆိုးသြမ္းေသာလူမဟုတ္ခဲ့ပါေခ်။မိန္းမယူၿပီးေနာက္ ရြာမွာလယ္လုပ္သည္။အစပိုင္းမွာ အဆင္ေျပၿပီးေနာက္ပိုင္းမိုးႀကီးကာ ေရလႊမ္းေတာ့ လယ္ေတြေရၿမွဳပ္သၫ့္အခ်ိန္မွစတင္၍ ဘ၀ပ်က္ခဲ့ရသည္။
မရင္းစပါးစိုက္ဖို႔ရာ အျခားသူမ်ားဆီကေဆးဖိုးေတြေခ်း၊ပ်ိဳး၀ယ္ဖို႔ေတြ ေခ်းၿပီးလယ္ကိုျပန္ရင္းေပမဲ့ ကိုယ္ေတြအလွၫ့္က်မွ စပါးေဈးေတြထိုးက်သြားခဲ့၍ မေရာင္းေသးပဲထားမိေသာအခါ
ႂကြေးသမားေတြကလည္းမေန၊တက်ီက်ီလာေအာ္ေတာင္းက်သည္။ေခ်းထားသၫ့္ ေငြကလည္းနည္းနည္းေနာေနာမဟုတ္ေတာ့ စပါးေတြကိုရတဲ့ေဈးနဲ႔ ေဈးျဖတ္ၿပီးအရႈံးခံေရာင္းလိုက္ရသည္။
အႂကြေးေတြဆပ္ၿပီးတည္းကအိမ္ကလည္း
နလံမထူႏိုင္ေတာ့သလို ေနာက္ထပ္လည္းလယ္လုပ္ဖို႔ထပ္မရင္းႏိုင္ေတာ့ေပ။မိသားစုစီးပြားေရးကလည္း ထိုးက်လာခဲ့ေတာ့ မေလာက္ငျွခင္းေတျြဖစ္လာတဲ့အခါ မိန္းမကလည္း အသံထြက္လာခဲ့သည္။သားသမီးေတြ၏ ေနာင္ေရးကလည္း ရိွေသးေတာ့ အင္းထဲတြင္ စားရင္းကိုင္၀င္လုပ္ခဲ့သည္။
အင္းထဲတြင္ လုပ္ရေသာအလုပ္သည္လူမပင္ပန္းေပမဲ့ လူအမ်ားႏွင့္လုပ္ရေသာအလုပ္ျဖစ္၍ စာရင္းေတြကို ေသခ်ာၾကပ္မွတ္ၿပီး လုပ္ရေသာေၾကာင့္ ဦးေနွာက္ေတာ့ေျခာက္သည္။အကယ္၍ စာရင္းထဲတြင္ေငြလိုသြားခဲ့ပါက ကိုယ္အိတ္ထဲမွစိုက္ထုတ္ရမၫ့္ကိန္းျဖစ္၍ အင္မတန္ဂရုစိုက္ရသည္။
ကိုယ္ကေစ့စပ္ေသခ်ာသူျဖစ္၍ လူႀကီးမ်ားကလည္းကိုယ့္ကိုယံုၾကည္ၾကသည္။
သူ႔ဘ၀၏ပ်က္ယြင္းမႈသည္ ထိုမွစတင္ခဲ့ေလသည္။
ကိုယ့္ထက္ပိုက္ဆံရိွေသာ လူႀကီးမ်ားႏွင့္ေပါင္းမိကာ အေသာက္အစားကင္းမဲ့သူျဖစ္ခဲ့ရာမွ လုပ္ငန္းသေဘာအရ မိတ္ဖဲြ႔ရင္း ေသာက္တတ္၊စားတတ္လာခဲ့သည္။
ကိုယ့္စိတ္ကိုယ္ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းေသာေၾကာင့္ စိတ္အလိုကိုလိုက္မိရင္းျဖင့္ အရက္ကိုစဲြလမ္းသြားခဲ့ရသည္။အင္းထဲမွာ စာရင္းမွတ္ရင္းႏွင့္လည္း မေနႏိုင္စြာအရက္ေတြေသာက္မိ၍ အမွားေတျြဖစ္ကာအလုပ္ျပဳတ္ခဲ့ရသည္။
ကိုယ့္ရဲ့ အသံုးမက်မႈေၾကာင့္ မိသားစုစီးပြားေရးေတြ ထိုးက်ခဲ့ၿပီး ကိုယ္လည္းေနခ်င္သလိုေန၊
ေပခ်င္သလိုေပခဲ့သည္။ရန္ကုန္ကို ေျပာင္းလာၿပီးေနာက္မွာ လက္ထဲမွရိွတာေလးႏွင့္ သူမ်ားႏွင့္အတူ ဖက္စပ္အေနႏွင့္ သစ္စက္ေထာင္ခဲ့သည္။
အစပိုင္းမွာေတာ့ အဆင္ေျပခဲ့ေပမဲ့ ေနာက္ပိုင္းမွာအရႈံးေတြ ဆက္တိုက္ေပၚခဲ့ၿပီး အခ်င္းခ်င္းလူလည္က်ျခင္းခံလိုက္ရသည္။စီးပြားေရးအျမင္မရိွေသာသူျဖစ္၍ အျခားသူလိွမ့္သမ်ွ ခံခဲ့ရၿပီး ကိုယ္ျပန္ရခဲ့ေသာအက်ိဳးအျမတ္ကေတာ့ သစ္တိုအပိုင္းအစမ်ားသာ ျဖစ္ခဲ့သည္။
ထိုအခ်ိန္မွ စ၍ဘာအလုပ္လုပ္အဆင္မေျပျဖစ္ၿပီး စိတ္ေလကာအရက္ကိုပဲဖိေသာက္ျပစ္သည္။
လုပ္သမ်ွ အက်ိဳးေပးမႈနည္းၿပီး အရာမထင္ေတာ့ ဘာမ်ွ မလုပ္ခ်င္ေတာ့ေပ။ကိုယ္စိတ္ေပ်ာ္ေသာ အလုပ္ေတြကိုသာလုပ္ၿပီး က်န္တာအားလံုးကို
လ်စ္လ်ွူရႈခဲ့မိသည္။ကိုယ္တိုင္က အသံုးမက်ခဲ့ေပမဲ့ နည္းနည္းေလးမွေသးေသးတင္မခံႏိုင္၍
ဇနီးျဖစ္သူကရန္စကားေျပာလာခဲ့လ်ွင္ ျပန္၍ရန္ရွာဖို႔ႀကိဳးစားခဲ့သည္။ကိုယ့္အျပစ္ကို ဖံုးဖိ၍မိုက္ကမ္းခဲ့ပါသည္။
"ကိုသက္ေဆြ...."
"ဟင္....ရွင္းသန႔္...ရွင္းသန႔္ပါလား..."
သံတိုင္မ်ား၏ အျပင္ဘက္တြင္ရပ္ေနေသာ မရွင္းသန႔္သည္သူ႔အား နာက်ည္းမုန္းတီးေနေသာမ်က္၀န္းမ်ားျဖင့္ စိမ္းကားစြာၾကၫ့္ေနေလသည္။
အဖန္တရာေတေအာင္ ေျပာဆိုၫွင္းဆဲခဲ့ဖူးေသာအမ်ိဳးသမီးသည္ ေနာက္ဆံုးေတာ့အမုန္းႀကီးမုန္းသြားခဲ့ေလၿပီလား။
"သားနဲ႔သမီးေရာ အဆင္ေျပရဲ့လား...သူတို႔ကိုယ့္ကိုအရမ္းမုန္းေနလားဟင္..."
"အဲ့ဒါေတြကို ရွင့္ေခါင္းထဲမွာ ထၫ့္မေနပါနဲ႔ေတာ့
ကၽြန္မဒီကိုလာတာက ေနာက္ဆံုးေတြ့ဆံုၿပီး ရွင့္ကိုစကားနည္းနည္းေျပာခ်င္လို႔ပဲ ...."
"ေအာ္...ေနာက္ဆံုးေတြ့ဆံုမႈတဲ့လား ...ဒါဆိုရင္ကိုယ့္ကိုေထာင္နန္းစံခိုင္းေတာ့မယ္ေပါ့...."
ဦးသက္ေဆြသည္ ႏႈတ္ခမ္းကိုၫႊတ္တက္သည္အထိ မဲ့ခ်လိုက္ၿပီး ခနဲ႔တဲ့တဲ့စကားဆိုသည္။
ေဒၚရွင္းသန႔္၏ မ်က္ႏွာကေတာ့ ေအးခဲလြန္းေသာေရခံတံုးကဲ့သို႔ ခံစားခ်က္မဲ့ေနခဲ့သည္။
ခံရပါမ်ားလာေတာ့ ထံုက်င္ေနခဲ့ေလၿပီ။
ဘ၀တစ္ခုလံုးကို ဒီမိသားစုအတြက္ အရင္းတည္
ထားခဲ့ေပမဲ့ ကံမေကာင္းေသာမိန္းမထဲမွ
တစ္ေယာက္ျဖစ္ခဲ့ေလေတာ့ ေရြးခ်ယ္မႈလုပ္ခဲ့ေသာ ကိုယ့္ကိုကိုယ္သာအျပစ္တင္ရေတာ့မည္။
လူတိုင္းကေတာ့ အေကာင္းမြန္ဆံုးရပ္တည္ခ်င္ၾကေပမဲ့ ကိုယ္ရိွတဲ့ေနရာမွာထစ္ခ်ဳန္းမိုးကြက္ရြာတာေတာ့ ကိုယ္လည္းတားဆီးလို႔မရႏိုင္ခဲ့ေပ။
ယခုေတာ့ ပ်က္သားစြာဆံုးျဖတ္မွ ျဖစ္ေတာ့မည္။
"ကိုသက္ေဆြ...ရွင္ေထာင္မက်ပါဘူး...စိတ္မပူပါနဲ႔...ကၽြန္မမွာလည္းရွင့္ကိုေထာင္ခ်ပစ္ေလာက္ေအာင္အထိ လုပ္ဖို႔အခ်ိန္ေရာ၊ေငြေရာမရိွဘူး...
ရွင့္အစ္ကိုႀကီးကို ကၽြန္မဆက္သြယ္ထားတယ္...
သူရွင့္ကို အာမခံနဲ႔ထုတ္ၿပီး ရြာကိုျပန္ေခၚသြားလိမ့္မည္...ကၽြန္မတို႔မိသားစုဆီကို ေနာက္ဘယ္ေတာ့မွ ျပန္မလာခဲ့ပါနဲ႔ေတာ့...
ကၽြန္မတို႔ကိုဒီေလာက္ႏိွပ္စက္ရရင္ ေတာ္ေရာေပါ့...'
"ကိုယ္...ကိုယ္မွားသြားပါတယ္ကြာ.. အခုကိစၥကလည္း...ကိုယ္အရက္အရမ္းမူးေနလို႔ျဖစ္သြားခဲ့တာပါ..."
"ဘယ္လိုအေၾကာင္းမ်ိဳးနဲ႔ပဲျဖစ္ျဖစ္ ရွင္ဒီလိုအမွားမ်ိဳးကိုလုပ္တာ တစ္ခါႏွစ္ခါကေတာ့လို႔လား..."
"ကိုယ္ေနာက္ဆို ျပင္ပါ့မယ္ကြာ...သားသမီးေတြရဲ့မ်က္ႏွာကို ေထာက္ပါအံုး...ကိုယ္ျပဳျပင္ပါ့မယ္...
အရင္လို တို႔မိသားစုျပန္ေနရေအာင္ေနာ္..."
"ရွင္ဒီလိုေျပာတာ ဒါပထမဆံုးမွမဟုတ္ပဲ...
ရွင့္အသက္အရြယ္ပဲရွင္ျပန္ၾကၫ့္ပါအံုး...ကၽြန္မဒီေလာက္အထိ သည္းခံေပးတာပဲလြန္ေနပါၿပီ...
ရွင္သာျပဳျပင္ေျပာင္းလဲခ်င္ရင္ အခ်ိန္ေတြအမ်ားႀကီးရခဲ့သားပဲ...အခ်ဳပ္က်မွဒီစကားေျပာလည္း...
မယံုေပးႏိုင္ေတာ့ဘူး...."
"ကိုယ့္သားနဲ႔သမီးကေရာ...ကိုယ့္ကိုအရမ္းမုန္းေနၿပီလား...ကိုယ္မူးၿပီးစိတ္ေတြကဘာျဖစ္မွန္းမသိေတာ့ဘူး...တကယ္ကိုထိန္းလို႔မရခဲ့တာ...သားေလးေရာဘာျဖစ္သြားေသးလဲ...ကိုယ္သားေလးကိုတြန္းလိုက္မိတယ္..."
ဦးသက္ေဆြ၏ အခ်ဳပ္ထဲေရာက္မွမ်က္ႏွာငယ္ႏွင့္ ျဖစ္ေနေသာပံုစံကိုၾကၫ့္၍ ေဒၚရွင္းသန႔္သည္မ်က္ႏွာကို မဲ့ရဲြ႔ပစ္လိုက္သည္။ဖခင္ေကာင္းမပီသခဲ့တဲ့အျပင္ သားသမီးေတြရဲ့အေရ႔ွမွာ အၿမဲတမ္းကိုယ့္ကိုရိုက္ပုတ္ေနခဲ့ၿပီး ဒုကၡေရာက္မွအမိတသလို လာလုပ္ျပေနတာမ်ား တရားက်ဖို႔ေကာင္းလိုက္တာ။သူ႔အေၾကာင္းကိုမသိတာမွတ္လို႔ အခုေနမ်ားသနားလိုက္မိရင္ အျပင္ေရာက္လည္းစရိုက္ကေျပာင္းလဲသြားမွာမဟုတ္ပါဘူး။
"ရွင္စိတ္မေကာင္းျဖစ္ရမွာက ရွင့္သားအတြက္မဟုတ္ဘူး...ကၽြန္မတူမေလးအတြက္စိတ္မေကာင္းျဖစ္ရမွာ သိရဲ့လား...ရွင့္ေၾကာင့္အခုပံုရိပ္ေလး ဘယ္ေလာက္စိတ္ဒဏ္ရာ ရသြားၿပီထင္လည္း မ်က္ႏွာေတြလည္းဖူးေယာင္လို႔...ေတြးမိတိုင္းအသဲနာတယ္...ဒီေန့ကသူ႔ရဲ့စာေမးပဲြေနာက္ဆံုးေန့...
ဒဏ္ရာေတြနဲ႔နာေနတာေတာင္ စာေမးပဲြကိုမရရေအာင္ သြားေျဖတယ္...ကေလးရဲ့မ်က္ႏွာကဒဏ္ရာေတြကိုၾကၫ့္မိတိုင္း...ရွင့္ကိုကၽြန္မသတ္ပစ္ခ်င္မိေလာက္ေအာင္ နာက်ည္းတယ္...."
"ကိုယ္ေတာင္းပန္ပါတယ္ကြာ...ကိုယ္အရက္မူးၿပီး စိတ္လြတ္သြားလို႔ပါ..."
"ဘာကိုအရက္မူးၿပီးစိတ္လြတ္တာလဲ...
ဆင္ေျခလွလွေလးေတာ့ ေပးတတ္တယ္ေနာ္..."
"အရက္မမူးလည္းရွင့္အက်င့္က ဒီအတိုင္းပဲ...အခုရွင့္ေၾကာင့္ကၽြန္မတူမေလး မႏၲေလးကိုသြားေတာ့မယ္...သူ႔အဖြားသာသိရင္...ရွင္ေတာ့မလြယ္ဘူး...
ရွင့္ေၾကာင့္သိလား...အားလံုးရွင့္ေၾကာင့္...ကၽြန္မတို႔မိသားစုဆီကို ရွင္ဘယ္ေတာ့မျွပန္မလာခဲ့နဲ႔....
ကၽြန္မတင္မကပဲ သားနဲ႔သမီးကပါရွင့္ကိုရြံမုန္းလြန္းလို႔..."ကၽြန္မသြားၿပီ...."
ဦးသက္ေဆြကို ခ်န္ထားရစ္ခဲ့ၿပီး စခန္းထဲမွထြက္လာခဲ့လိုက္သည္။ပိုက္ဆံအိတ္အႏြမ္းေလးကို
ရင္မွာပိုက္ၿပီး အေနာက္သို႔တစ္ခ်က္ျပန္လွၫ့္ၾကၫ့္လိုက္မိေသးသည္။ကိုယ့္ေယာက္်ားကိုယ္ ျပန္ၿပီးေထာင္ခ်ပစ္ဖို႔ရာ သူသတၲိမရိွေပ။တကယ္လို႔ ေထာင္က်ေအာင္ လုပ္လ်ွင္လည္းရႏိုင္တယ္ဆိုတာ သိသည္။သို႔ေပမဲ့ ရံုးခ်ိန္းေတြဘာေတြရိွလာခဲ့လ်ွင္ ခဏခဏသြားဖို႔ရာ မတတ္ႏိုင္ေပ။
ရြာမွာ ကိုသက္ေဆြႏွင့္က်ဳံတေနာ္က သူ႔မိတ္ေဆြတို႔စက္ေလွကိုႏွစ္ေယာက္စပ္တူေမာင္းေတာ့ ျပႆနာေတြတက္ၿပီး ရံုးေရာက္၊ဂတ္ေရာက္ေတျြဖစ္ခဲ့ေသးသည္။တရားရံုးမွာ တရားရင္ဆိုင္ၾကေတာ့
ကုန္လိုက္တဲ့ျဖစ္ျခင္း။ေနာက္ဆံုးေတာ့ ရန္ကုန္ကိုေျပာင္းလာၿပီး အခန္းက်ဉ္းေလးငွားေနရတဲ့အထိကိုယ္ေတြမဲြေတခဲ့ရသည္။ထို႔ေၾကာင့္ တရားရင္ဆိုင္ရမၫ့္ကိစၥေတြက္ု သိပ္ေၾကာက္ပါသည္။
အိမ္ေထာင္မက်ခင္တုန္းကေတာ့ ဂတိေတြအထပ္ထပ္ေပးခဲ့သည္။စိတ္ခ်မ္းသာေအာင္ထားမည္ဆိုေသာ စကားသည္ ယခုေတာ့ၾကက္ဥအစေပ်ာက္ေနသလိုပါပဲ။ငယ္စဉ္အခါကေတာ့ မိဘေတြမသိေအာင္ ခိုးခိုးေတြ့ခဲ့ကာ ခ်စ္စိတ္မႊန္
လ်ွက္ ေလ့လာစမ္းစစ္ဖို႔ ေမ့ေလ်ွာ့ေနခဲ့သည္။
အိမ္ေထာင္မက်ခင္ကေတာ့ လူရည္မြန္ေလးျဖစ္ၿပီး
လူေခ်ာတစ္ေယာက္ျဖစ္၍ ရင္ခုန္လိႈက္ေမာခဲ့ရသည္။
အိမ္ေထာင္သက္နည္းနည္းၾကာလာၿပီးေနာက္မွာမွ ဘာေၾကာင့္မူပ်က္သြားခဲ့ရတာလဲ။မိဘလက္ထက္မွာ လူ႔ေပၚေက်ာ့လိုေနခဲ့ေတာ့ အိမ္ေထာင္ဦးစီးေနရာကိုေရာက္တဲ့အခါ ဖိစီးမႈေတြကိုမခံႏိုင္ျဖစ္သြားခဲ့တယ္ထင္ပါရဲ့။
ဒါေပမဲ့ လူဆိုတာလဲက်ရင္ျပန္ထႏိုင္ရမွာေပါ့။
က်န္တဲ့ေနရာမွာ စိတ္ဓာတ္ေပ်ာ့ညံ့ၿပီး
မေကာင္းတဲ့အလုပ္ေတြကိုေတာ့ လုပ္ၿပီးရင္းဆက္လုပ္ေနခဲ့တယ္။အဲ့လိုလူကို အခ်ိန္အၾကာႀကီးသည္းခံေနမိတဲ့ ကိုယ္တိုင္ကိုက အတာပါေလ။
ယခုေတာ့ သူ႔အေပၚမ်ာခ်စ္ျခင္း၊မုန္းျခင္းထက္
ဥပကၡာတရားေတြသာ ရိွေတာ့သည္။
တူမေလးကိုလည္း အားနာမိသည္။ထို႔ေၾကာင့္လည္း ၀မ္းနည္းလြန္း၍ မ်က္ႏွာခ်င္းေတာင္မဆိုင္ရဲေလာက္ေအာင္ပါပဲ။မေန့ညကဆိုလ်ွင္ အိမ္ကိုျပန္မလိုက္ဘူးဆို၍ မနည္းေခ်ာ့ေခၚခဲ့ရသည္။
ဒီမိသားစုၾကားမွာ ေနရတာပံုပံု႔အတြက္ငရဲက်ေနသလို ျဖစ္ေနမွာပဲ။အဲ့ဒီ့ေန့က ကေလးကိုေခ်ာင္ပိတ္ၿပီး ရိုက္ေနတဲ့ျမင္ကြင္းေတြကို ျပန္ျမင္ေယာင္လာတိုင္း မကာကြယ္ေပးႏိုင္ခဲ့တဲ့ ကိုယ့္ကိုကိုယ္ျပန္၍ထုရိုက္ပစ္ခ်င္မိသည္။
မမရဲ့ တစ္ဦးတည္းေသာသမီးေလးဟာ ကိုယ့္လက္ထဲေရာက္မွ ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ႄကံုရတယ္။
ဒီလိုျဖစ္မယ္မွန္း ႀကိဳေတြးခဲ့မိရင္ အတၲမႀကီးပဲအေစာတည္းကမႏၲေလးကို ထၫ့္လိုက္ပါတယ္။
ကိုယ္ေတြနဲ႔အတူ ဆင္းရဲတြင္းထဲမွာနစ္ၿပီး
သူေလးပင္ပန္းရတဲ့အျပင္ စိတ္ဒဏ္ရာေတြပါရကုန္ၿပီ။အခုေတာ့ စာေမးပဲြေျဖၿပီးတာနဲ႔ မႏၲေလးကိုသြားေတာ့မည္တဲ့။ပံုရိပ္ဆိုသည္မွာ တစ္ခုခုကိုဆံုးျဖတ္ခ်က္ခ်ၿပီးလ်ွင္လည္း တားမရေသာ
ကေလးျဖစ္သည္။
"ပံုရိပ္ရယ္...ေဒၚေလးေတာင္းပန္ပါတယ္..."
🔥ဆူးႀကိဳး...🔥အခန္း(၃၄)🔥 ပထမပိုင္း ပါ တင္ေပးထားပါတယ္
No comments:
Post a Comment