(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🔥ဆူးကြိုး...🔥အခန်း(၃၅)🔥 ပထမပိုင်း
"ဒေါက်..ဒေါက်...ဒေါက်..."
"မမရေ...မမ...မမရေ..."
ကုတင်ပေါ်တွင် အိပ်နေမိရာမှ ပုံရိပ်လန့်နိုးသွားကာ ဆက်ကနဲထထိုင်လိုက်မိသည်...
"ဘယ်သူလဲ.."
အိပ်ချင်မူးထူးဖြစ်နေ၍ မျက်လုံးကမဖွင့်နိုင်သေးပေမဲ့ ပါးစပ်ကတော့ သူ့အလိုလိုထွက်သွားသည်။
"ပိစိမပါ...ထမင်းစားဖို့ဖွားညိုကခေါ်ခိုင်းလိုက်လို့..."
ထိုတော့မှ အိညှက်လှသော မွှေ့ယာအထူကြီးခင်းထားသည့် ကုတင်ပေါ်ကနေဆင်းလိုက်ပြီး တံခါးကိုသွားဖွင့်ပေးလိုက်သည်။
တံခါးအပြင်ဘက်တွင်တော့ ပိစိမသည်မနက်ကတွေ့ခဲ့သောနွမ်းနွမ်းဖက်ဖက်ပုံစံလေးမဟုတ်တော့ပဲ စပဲန့်သား၀မ်းဆက်အညိုရောင်ကို ၀တ်ထားလျှက် ပါးတွင်လည်း
သစ်ရွက်ပုံစံပါးကွက်ကလေးကို ကွက်ထားလေသည်။
"ဖွားညိုက..ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ပါ..
မမကအိပ်နေတာလား.."
"ဟုတ်တယ်...ကုတင်ပေါ်မှာလှဲချလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး.."
အခုထိမဖွင့်ချင်သေးသော မျက်လုံးတွေကို
ဖိပွတ်လိုက်ပြီး ပိစိကိုပြန်ဖြေလိုက်ရသည်။
လူကခန္ဓာကိုယ်တစ်ခုလုံးနုံးခွေနေပြီး
လေး၊ငါးနာရီခရီးနှင်လာရတော့ တွေဝေခြင်းမရှိပဲအိပ်ပျော်သွားမိသည်။ထမင်းစားဖို့ကိုတောင် တမင်လာခေါ်ရတာ အားနာဖို့တောင်ကောင်းသေးသည်။
"လာ..၀င်လေ...တို့မျက်နှာသစ်လိုက်အုံးမယ်နော်..အိပ်ပျော်သွားတော့ရေချိုးဖို့အချိန်မမှီမှာစိုးလို့...ထမင်းကခူးပြီးသွားပြီလား.."
တံခါးကိုပိုကျယ်ကျယ်ဟပေးလိုက်ပြီး
ပိစိမကို၀င်ဖို့ပြောလိုက်တော့ ပခုံးလေးကျုံ့ပြီးမရဲတရဲနှင့်၀င်လာသည်။မျက်လုံးလေးပြူးပြီး ကြောင်တောင်တောင်လေးနဲ့ အခန်းထဲကိုလိုက်ကြည့်နေ၍ ပုံရိပ်ရယ်ချင်သွားမိသည်။
"မမရဲ့အခန်းက..ကျန်တဲ့မောင်နှမတွေထက်ပိုကျယ်တယ်နော်..."
"ဟုတ်လား..."
တကယ်တော့ ပုံရိပ်လည်းစရောက်တည်းက အခန်းကိုသေချာမကြည့်ရသေးပေ။
ပင်ပန်းလာတာနဲ့ တန်းလှဲလိုက်တာပဲ။
ပုံရိပ်အတွက်ကတော့ အခန်းကျဉ်းကျဉ်းလေးမှာတောင် နေလာခဲ့ရတော့ မည်မျှကျယ်သည်၊မည်မျှ ခမ်းနားသည်ဆိုတာကအရေးမကြီးတော့ပေ။
"အန်တီလှခင်ပြောတာတော့ မမကိုထားတဲ့အခန်းက အရင်ကဖွားညိုရဲ့သားအငယ်ဆုံးနေခဲ့တဲ့အခန်းတဲ့...ကြည့်ရတာဖွားညိုကအငယ်ဆုံးသားကိုအချစ်ဆုံးထင်တယ်..
ကိုလေးဇွဲတို့၊မမနေခြည်နဲ့မမနန္ဒာတို့ထက် မမရဲ့အခန်းကအကျယ်ဆုံးပဲ...ဒါဆိုဖွားညိုကမြေးတွေထဲမှာ မမကိုအချစ်ဆုံးဖြစ်တာနေမယ်.."
"အဲ့လိုမပြောပါနဲ့..သူများတွေကြားရင်မကောင်းပဲနေလိမ့်မယ်..."
"ဟုတ်..ဟုတ်ကဲ့..ပိစိတောင်းပန်ပါတယ်..
မပြောတော့ပါဘူး...မမဘာလိုသေးလဲဟင်..
ပိစိကအောက်မှာကူလုပ်ပေးဖို့သွားတော့မယ်..."
ပုံရိပ်ကအခြားသူ တွေကြားရင် မျက်နှာပူစရာတွေဖြစ်နေမှာစိုး၍ လေသံနည်းနည်းမာလိုက်မိတော့ ပိစိမကချက်ခြင်းမျက်နှာပျက်သွားသည်။
"..နေပါအုံး..တို့ကထမင်းစားခန်းကိုမသိဘူး..
ခဏလောက်စောင့်ပေးပါလား..မျက်နှာသစ်၊သွားတိုက်ပြီး..အတူလိုက်ခဲ့မယ်..."
"ဟုတ်ကဲ့..."
ပိစိမက အခန်းထဲရှိ နံရံထောင့်ဘက်တွင်ကပ်ထားသော ဆက်တီကြီးပေါ်တွင်သွားထိုင်နေ၍ ပုံရိပ်လည်းအခန်းတွေကိုလိုက်ဖွင့်
ကြည့်ပြီး ရေချိုးခန်းဟုထင်ရသောအခန်းထဲသို့ ၀င်လိုက်သည်။
"ရေချိုးခန်းကလည်း ကိုင်တောင်မကိုင်ရက်စရာပါလား..."
ရေချိုးခန်းသည်တစ်ခန်းလုံးကို အလှကြွေပြားအပြည့်ကပ်ထားပြီး ရေပိုက်ခေါင်းလက်ကိုင်များကအစရွှေရောင်တွေဖြစ်နေသည်။ရေချိုးခန်းကတောင် ဒေါ်လေးတို့အိမ်မှာနေခဲ့ရသော အခန်းလေးထက်ပို၍ကျယ်နေသည်။
ရေ၀င်ချိုးရန်လုပ်ထားသော ခွက်ကြီးသည်လည်း လူတစ်ကိုယ်လုံး၀င်လှဲနေလို့ရလောက်သည်အထိ ကျယ်လွန်းသည်။အသင့်ရှိနေသောသွားတိုက်ဆေးနဲ့သွားတိုက်တန်ကိုယူပြီး သွားတိုက်လျှက်နှင့် ရေချိုးခန်းကိုတစ်ပတ်လှည့်၍ကြည့်နေမိသည်။
ရွှေရောင်ရေပိုက်တွေကလည်း နံရံမှာသွယ်ယှက်လျှက် လှည့်ရသောခလုတ်တွေကတစ်ခုမကပေ။လိုက်လှည့်ကြည့်ပြီး လက်နဲ့ခံကြည့်တော့မှ ရေပူ၊ရေအေးကိုခွဲထားသောခလုတ်များဖြစ်နေသည်။
"အိုး...ဆပ်ပြာတွေကဒီလောက်တောင်များတာလား..."
သွားတိုက်ဆေးအမြှုံ့တွေပြည့်ကြပ်နေသောကြောင့် အသံကဗလုံးဗထွေးနှင့်ထွက်သွားသည်။နံရံမှာကပ်ထားသော ဗီဒိုလေးတွေကိုလိုက်ဖွင့်ကြည့်လိုက်မိတော့
ကိုယ်တိုက်ဆပ်ပြာဗူးတွေက အရောင်အမျိုးမျိုးနှင့်အသေး၊အကြီးမျိုးစုံဖြစ်နေသည်။
သွားတိုက်တံလှလှလေးများနှင့်မျက်နှာသစ်ဆပ်ပြာဗူးတွေကလည်း အနံ့တွေကအစ
ဝါးစားချင်စရာဖြစ်နေသည်။သပါတ်အဖြူတွေလည်း ထည့်ပေးထားသေးသည်။
"အဖွားကငါ့ကိုလိုလေသေးမရှိအောင်
လုပ်ပေးထားတာပဲ...."
ပုံရိပ်အပေါ်တွင်ထားသော အဖွား၏စေတနာကို အသိအမှတ်ပြုလိုက်ပြီးနောက် ပြုံးမိသွားလေသည်။ပလုတ်ကျင်း၍ မျက်နှာကိုအမြန်သစ်လိုက်ပြီး အနည်းငယ်ပွယောင်းနေသောဆံပင်ရှည်တွေကို ဘောင်တန်းတွေပေါ်ရှိ ခွက်ကလေးထဲတွင် ထောင်လျက်သားဖြစ်နေသောဘီးလေးကို အသာယူ၍ဖီးသင်လျှက်ပြန်စည်းလိုက်သည်။
"မမ...ပြီးသွားပြီလား...ခဏလေးရယ်နော်..
မမနန္ဒာတို့ဆိုရင်..တစ်ခုခုလုပ်တိုင်းတစ်နာရီ၊နှစ်နာရီလောက်ကို ကြာတတ်တာ..."
"သူများအကြောင်းကို သိပ်မပြောပါနဲ့..
တော်ကြာ..အတင်းတုပ်တယ်ဖြစ်နေပါအုံးမယ်.."
"ဟုတ်ကဲ့ပါမမ..."
ခေါင်းလေးငုံ့ပြီး ပုံရိပ်၏စကားကိုနာခံသလိုလေးလုပ်ကာ အခန်းအပြင်သို့ထွက်သွားတာကြောင့်ပုံရိပ်လည်း သဘောတကျပြုံးလိုက်ပြီး ပိစိမနှင့်အတူအခန်းအပြင်သို့ထွက်လာလိုက်သည်။လှေကားကြီးကမြင့်လွန်း၍ လှေကားမှဆင်းတာကိုတောင် မိနစ်ပိုင်း လောက်အချိန်ယူလိုက်ရသည်။
"မမ...ဒီအခန်းလေ..."
ထမင်းစားခန်းသည် ကျွန်းလှေကားကြီးနှင့်အရမ်းမဝေးသောအခန်းတစ်ခန်းဖြစ်ပြီး
ပုံရိပ်၀င်သွားတော့ အခန်းထဲတွင်စားပွဲဝိုင်း၌လူတွေ ဝိုင်း၍ထမင်းစားနေကြလေသည်။
အဖွားတစ်ယောက်တည်းသာလျှင် ဝှီးချဲလ်နှင့်ထိုင်၍ ထမင်းမစားသေးပဲ မျက်နှာကတည်နေလေသည်။
"အဖွားသမီးရောက်ပါပြီ...."
ပုံရိပ်၏အသံက အားနာသံရောလျှက် တိုးတိုးလေးသာထွက်တော့သည်။ထိုစဉ်ပုံရိပ်၏
ဘက်သို့ လှည့်ကြည့်လာသောမျက်၀န်းများကြောင့် လန့်တောင်လန့်ချင်သွားသည်။
"ဒီမှာလာထိုင်လေ...အရိပ်..."
အဖွားကသူ့ဘေးနားကခုံကို လက်နှင့်ပုတ်ပြ၍ ပုံရိပ်လည်းအလိုက်သင့်၀င်ထိုင်လိုက်ရသည်။ထမင်းစားပွဲက လူတွေကိုမခို့တရို့လေး လိုက်ကြည့်မိတော့ အားလုံးကထမင်းစားတာကို လုံး၀ရပ်လိုက်ကြပြီး ပုံရိပ်ကိုသာကြည့်နေကြလေသည်။
အန်တီယဉ်တင့်ကိုတွေ့ရပေမဲ့ ဦးမင်းခန့်ကိုတော့မတွေ့ရပေ။စားပွဲဝိုင်းမှာ ထိုင်နေတာကအသက်ကြီးကြီး အန်တီတစ်ယောက်နှင့်ပုံရိပ်ထက်ကြီးပုံရသော မိန်းကလေးနှစ်ယောက်ဖြစ်နေသည်။
"အမေ...ဒါကမိုးရိပ်ရဲ့သမီးလား..."
"ဟုတ်တယ်.....မေဦး...ပုံရိပ်..ဒါကသမီးရဲ့အဒေါ်ယွန်းမေဦးလို့ခေါ်တယ်..ဟိုဘက်မှာထိုင်နေတာက..အလတ်မယွန်းနန္ဒာ..သူကတော့တက္ကသိုလ်တက်နေပြီ..ဒီဘက်ကတော့ယွန်းနေခြည်လို့ခေါ်တယ်...သူကဆယ်တန်းဒုတိယနှစ်တက်ရမှာလေ...
အရိပ်ထက်တစ်နှစ်ကြီးပေမဲ့...ဆယ်တန်းအတူတူတက်ရမှာပေါ့..."
"ဖွားညိုကလည်း...ဒါပဲပြောနေတယ်..."
အဖွားမိတ်ဆက်ပေးသောကြောင့်
တစ်ယောက်ချင်းဆီကိုလိုက်ကြည့်မိပေမဲ့ သူတို့ကမပြုံးပြတော့ ကိုယ်ကလည်းပြန်မပြုံးပြမိပေ။
အန်တီမေဦးကတော့ စတွေ့ကတည်းကမျက်နှာကို မော့ချီထားပုံကြောင့် ကိုယ့်ကို
မလိုလားမှန်းသိလိုက်ရလေသည်။
မမနန္ဒာကတော့ ပုံရိပ်ကိုမကြည့်ပဲထမင်းကိုသာ အာရုံစိုက်၍စားနေလေသည်။
မမနန္ဒာသည် ဆံပင်ကိုရွှေဝါရောင်ဆိုးထားသောကြောင့် ဖြူသောအသားအရည်ဟာ ပို၍အရောင်လက်နေပြီး မျက်နှာလေးကအစကြည်ရှင်းနေသည်။ သို့ပေမဲ့ မျက်နှာထားတည်နေ၍ စိတ်သဘောထားကောင်းသူဟု
မသတ်မှတ်ရဲပေ။
မမနေခြည်ကတော့ ပုံရိပ်ထပ်တစ်နှစ်ပဲကြီး၍ထင်သည် ပုံရိပ်နှင့်ရွယ်တူ ဖြစ်နေသလိုပင်။မမနန္ဒာထက်ပင် မိတ်ကပ်တွေသိသာစွာလိမ်းထား၍ အလှကြိုက်တတ်လွန်းမှန်းသိသာနေသည်။
🔥ဆူးကြိုး...🔥အခန်း(၃၅)🔥 ဒုတိယပိုင်းဆက်ဖတ်ရန်
=========================================================================
🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥 ပထမပိုင္း
"ေဒါက္..ေဒါက္...ေဒါက္..."
"မမေရ...မမ...မမေရ..."
ကုတင္ေပၚတြင္ အိပ္ေနမိရာမွ ပံုရိပ္လန႔္ႏိုးသြားကာ ဆက္ကနဲထထိုင္လိုက္မိသည္...
"ဘယ္သူလဲ.."
အိပ္ခ်င္မူးထူးျဖစ္ေန၍ မ်က္လံုးကမဖြင့္ႏိုင္ေသးေပမဲ့ ပါးစပ္ကေတာ့ သူ႔အလိုလိုထြက္သြားသည္။
"ပိစိမပါ...ထမင္းစားဖို႔ဖြားညိုကေခၚခိုင္းလိုက္လို႔..."
ထိုေတာ့မွ အိၫွက္လွေသာ ေမႊ့ယာအထူႀကီးခင္းထားသၫ့္ ကုတင္ေပၚကေနဆင္းလိုက္ၿပီး တံခါးကိုသြားဖြင့္ေပးလိုက္သည္။
တံခါးအျပင္ဘက္တြင္ေတာ့ ပိစိမသည္မနက္ကေတြ့ခဲ့ေသာႏြမ္းႏြမ္းဖက္ဖက္ပံုစံေလးမဟုတ္ေတာ့ပဲ စပဲန႔္သား၀မ္းဆက္အညိုေရာင္ကို ၀တ္ထားလ်ွက္ ပါးတြင္လည္း
သစ္ရြက္ပံုစံပါးကြက္ကေလးကို ကြက္ထားေလသည္။
"ဖြားညိုက..ထမင္းစားဖို႔ေခၚခိုင္းလိုက္လို႔ပါ..
မမကအိပ္ေနတာလား.."
"ဟုတ္တယ္...ကုတင္ေပၚမွာလွဲခ်လိုက္တာ ဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိလိုက္ဘူး.."
အခုထိမဖြင့္ခ်င္ေသးေသာ မ်က္လံုးေတြကို
ဖိပြတ္လိုက္ၿပီး ပိစိကိုျပန္ေျဖလိုက္ရသည္။
လူကခႏၶာကိုယ္တစ္ခုလံုးႏံုးေခြေနၿပီး
ေလး၊ငါးနာရီခရီးႏွင္လာရေတာ့ ေတြေဝျခင္းမရိွပဲအိပ္ေပ်ာ္သြားမိသည္။ထမင္းစားဖို႔ကိုေတာင္ တမင္လာေခၚရတာ အားနာဖို႔ေတာင္ေကာင္းေသးသည္။
"လာ..၀င္ေလ...တို႔မ်က္ႏွာသစ္လိုက္အံုးမယ္ေနာ္..အိပ္ေပ်ာ္သြားေတာ့ေရခ်ိဳးဖို႔အခ်ိန္မမွီမွာစိုးလို႔...ထမင္းကခူးၿပီးသြားၿပီလား.."
တံခါးကိုပိုက်ယ္က်ယ္ဟေပးလိုက္ၿပီး
ပိစိမကို၀င္ဖို႔ေျပာလိုက္ေတာ့ ပခံုးေလးက်ဳံ႔ၿပီးမရဲတရဲႏွင့္၀င္လာသည္။မ်က္လံုးေလးျပဴးၿပီး ေၾကာင္ေတာင္ေတာင္ေလးနဲ႔ အခန္းထဲကိုလိုက္ၾကၫ့္ေန၍ ပံုရိပ္ရယ္ခ်င္သြားမိသည္။
"မမရဲ့အခန္းက..က်န္တဲ့ေမာင္ႏွမေတြထက္ပိုက်ယ္တယ္ေနာ္..."
"ဟုတ္လား..."
တကယ္ေတာ့ ပံုရိပ္လည္းစေရာက္တည္းက အခန္းကိုေသခ်ာမၾကၫ့္ရေသးေပ။
ပင္ပန္းလာတာနဲ႔ တန္းလွဲလိုက္တာပဲ။
ပံုရိပ္အတြက္ကေတာ့ အခန္းက်ဉ္းက်ဉ္းေလးမွာေတာင္ ေနလာခဲ့ရေတာ့ မည္မ်ွက်ယ္သည္၊မည္မ်ွ ခမ္းနားသည္ဆိုတာကအေရးမႀကီးေတာ့ေပ။
"အန္တီလွခင္ေျပာတာေတာ့ မမကိုထားတဲ့အခန္းက အရင္ကဖြားညိုရဲ့သားအငယ္ဆံုးေနခဲ့တဲ့အခန္းတဲ့...ၾကၫ့္ရတာဖြားညိုကအငယ္ဆံုးသားကိုအခ်စ္ဆံုးထင္တယ္..
ကိုေလးဇဲြတို႔၊မမေနျခည္နဲ႔မမနႏၵာတို႔ထက္ မမရဲ့အခန္းကအက်ယ္ဆံုးပဲ...ဒါဆိုဖြားညိုကေျမးေတြထဲမွာ မမကိုအခ်စ္ဆံုးျဖစ္တာေနမယ္.."
"အဲ့လိုမေျပာပါနဲ႔..သူမ်ားေတြၾကားရင္မေကာင္းပဲေနလိမ့္မယ္..."
"ဟုတ္..ဟုတ္ကဲ့..ပိစိေတာင္းပန္ပါတယ္..
မေျပာေတာ့ပါဘူး...မမဘာလိုေသးလဲဟင္..
ပိစိကေအာက္မွာကူလုပ္ေပးဖို႔သြားေတာ့မယ္..."
ပံုရိပ္ကအျခားသူ ေတြၾကားရင္ မ်က္ႏွာပူစရာေတျြဖစ္ေနမွာစိုး၍ ေလသံနည္းနည္းမာလိုက္မိေတာ့ ပိစိမကခ်က္ျခင္းမ်က္ႏွာပ်က္သြားသည္။
"..ေနပါအံုး..တို႔ကထမင္းစားခန္းကိုမသိဘူး..
ခဏေလာက္ေစာင့္ေပးပါလား..မ်က္ႏွာသစ္၊သြားတိုက္ၿပီး..အတူလိုက္ခဲ့မယ္..."
"ဟုတ္ကဲ့..."
ပိစိမက အခန္းထဲရိွ နံရံေထာင့္ဘက္တြင္ကပ္ထားေသာ ဆက္တီႀကီးေပၚတြင္သြားထိုင္ေန၍ ပံုရိပ္လည္းအခန္းေတြကိုလိုက္ဖြင့္
ၾကည့္ၿပီး ေရခ်ိဳးခန္းဟုထင္ရေသာအခန္းထဲသို႔ ၀င္လိုက္သည္။
"ေရခ်ိဳးခန္းကလည္း ကိုင္ေတာင္မကိုင္ရက္စရာပါလား..."
ေရခ်ိဳးခန္းသည္တစ္ခန္းလံုးကို အလွႂကြေျပားအျပၫ့္ကပ္ထားၿပီး ေရပိုက္ေခါင္းလက္ကိုင္မ်ားကအစေရႊေရာင္ေတျြဖစ္ေနသည္။ေရခ်ိဳးခန္းကေတာင္ ေဒၚေလးတို႔အိမ္မွာေနခဲ့ရေသာ အခန္းေလးထက္ပို၍က်ယ္ေနသည္။
ေရ၀င္ခ်ိဳးရန္လုပ္ထားေသာ ခြက္ႀကီးသည္လည္း လူတစ္ကိုယ္လံုး၀င္လွဲေနလို႔ရေလာက္သည္အထိ က်ယ္လြန္းသည္။အသင့္ရိွေနေသာသြားတိုက္ေဆးနဲ႔သြားတိုက္တန္ကိုယူၿပီး သြားတိုက္လ်ွက္ႏွင့္ ေရခ်ိဳးခန္းကိုတစ္ပတ္လွၫ့္၍ၾကၫ့္ေနမိသည္။
🔥ဆူးႀကိဳး...🔥အခန္း(၃၅)🔥 ဒုတိယပိုင္းဆက္ဖတ္ရန္
No comments:
Post a Comment