(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )
🌹ဆူးကြိုး🌹
အခန်(၃၆)ဒုတိယပိုင်း
မီးဖိုဆောင်ဘက်ကိုရောက်တော့ အန်တီယဉ်တင့်နှင့်အတူပိစိမတို့ရော၊အန်တီခင်လှတို့ပါ ချက်ပြုတ်ရင်းအလုပ်ရှုပ်နေကြလေသည်။
အန်တီယဉ်တင့်ကတော့ ကော်ထိုင်ခုံပေါ်တွင်အကျအနထိုင်၍ အုန်းသီးခြစ်နေလေသည်။
သည်မိုးရိပ်အိမ်တွင် ပုံရိပ်နှင့်အရင်းနှီးဆုံးနေရာမှာ မီးဖိုချောင်ဖြစ်ပြီးအရင်းနှီးဆုံးစကားပြောဖော်များကတော့ အိမ်အကူများဖြစ်ကြသည်။
ပိစိမကတော့ ပုံရိပ်၏သူငယ်ချင်းပေါ့။
မီးဖိုဆောင်သည်ထမင်းစားခန်းနှင့်နံရံတစ်ခုသာခြားလေသည်။ဒီအိမ်၏မီးဖိုဆောင်သည် ပုံရိပ်၏ဒေါ်လေးတို့နေသော တိုက်ခန်းလေးထက်တောင်ကျယ်ပါသေးသည်။
ပုံရိပ်ကတော့ ညဘက်ဆိုလည်းအလုပ်သမားတွေနေသော အဆောင်ဘက်တွင်သွား၍စကားပြောချင်ပြောတာပါပဲ။
အန်တီမေဦးကတော့ အဆင့်အတန်းချင်းတူတော့ ပေါင်းဖြစ်တာပေါ့ဟု ရန်စကားပြောပေမဲ့ ပုံရိပ်ကတော့ရယ်ပဲပြလိုက်သည်။
ပုံရိပ်ကတော့ အဆင့်အတန်းဆိုတာကို
လူတစ်ယောက်ရဲ့စိတ်ဓာတ်ကောင်းမွန်မှုနှင့်ပဲဆုံးဖြတ်သည်။ဆင်းရဲသားရပ်ကွက်လေးထဲမှာ နေခဲ့ရ၍ဘယ်သူ့ကိုမှ ဆင်းရဲလို့၊ချမ်းသာလို့ဟုခွဲခြားခြင်းမရှိပေ။
ဆင်းရဲသောသူများသည်လည်း အခြေအနေအရပ်ရပ်ကြောင့် ကိုယ့်ထပ်သာသွားနိုင်သလို ချမ်းသာသောသူများသည်လည်း ကိုယ့်ထက်နိမ့်ကျသွားတတ်သည့် သဘောတရားကိုနားလည်ပြီး ရောက်သည့်နေရာမှာပျော်အောင် နေတတ်ရင်အဆင်ပြေနိုင်လိမ့်မည်ဟု တွေးတောမိသည်။ဆရာနေမျိူးပြောခဲ့သော စကားကိုသာ အမြဲအမှတ်ရမိပါသည်။
"အန်တီတင့်...သမီးဘာလုပ်ပေးရမလဲ.."
"ဟော့ဒီ့မှာ အုန်းသီးတွေခြစ်ရမှာ..ပြီးရင်
မုန့်ဆသဖူးလုပ်ရမယ်..."
"လုပ်လေ..အန်တီတင့်ရဲ့...သမီးလည်းကူမှာပေါ့..."
"အံမယ်...ဘာကူမှာလည်း..ညည်းလေးကိုယ်တိုင်လုပ်ရမှာလေ..မနေ့ကတင်ယိုးဒယားဟင်းချက်နည်းသင်ရတာကို
မေ့သွားတာလား..."
"ဟင်းအမယ်တွေကများတော့...မေ့သွားပြီ..ဒါပေမဲ့..စာအုပ်ထဲမှာမှတ်ထားပါတယ်..
ညရောက်ရင်ပြန်ဖတ်မှာ...ပေး..သမီးအုန်းသီးခြစ်ပေးမယ်..."
အုန်းသီးခြစ်ပေးမယ်ဆိုပြီး လက်ထဲမှအုန်းသီးခြစ်ကို တစ်ဆင့်ယူ၍ကျကျနနထိုင်ခြစ်နေသော ပုံရိပ်လေးကိုတင့်တင့်ငေး၍ကြည့်နေမိသည်။ရောက်ခါစတုန်းက ဂါ၀န်လေး၀တ်ထားသော ကလေးမလေးသည်ယခုတော့ ခရမ်းရင့်ရောင်ပိုးကတီပါသားကို ထဘီစကပ်လေးချုပ်၍အိင်္ကျီကိုတော့ လက်စကရင်စေ့လေး၀တ်ထား၍
ဖြူနုသောအသားအရည်ကပို၍အရောင်ထွက်နေကာ ကိုယ်လုံးကိုယ်ထည်လေးကအစ လှပသေသပ်၍ ယဉ်ယဉ်လေးဖြစ်နေသည်။
ရယ်လိုက်တိုင်းပန်းနုရောင်သန်းနေသော ပါးမို့လေးများက ပို၍အရောင်တောက်နေကာမျက်လုံးဝိုင်းလေးများကတော့ လခြမ်းကွေးသဏ္ဍန်လေးဖြစ်နေသည်။
နှုတ်ခမ်းပါးလေးများသည် ပြုံးလိုက်တိုင်းကလေးတစ်ယောက်ကဲ့သို့ ချစ်စရာကောင်းနေ၍ဟိုသားအမိတစ်သိုက်ကလွဲပြီး ကိုမင်းခန့်ရော၊တင့်တင့်ပါ သမီးလေးကိုချစ်ကြတာမှတအားပဲ။ဆံပင်လေးတွေ ထိပ်မှာစုထုံးပြီးနဖူးအပြောင်သိမ်းထား၍ နဖူးပြေပြေလေးသည် အရောင်လက်နေလျှက် နုသစ်စပန်းကလေးနှင့်ပင်တူနေသည်။
အသက်၁၅နှစ်ကျော်ပဲရှိသေးသည့် နုငယ်လွန်းသော ကောင်မလေးကိုဖွားညိုပေးအပ်ထားသော တာ၀န်တွေကမနည်းမနောဖြစ်နေသည်။ကလေးကိုကြည့်၍ တခါတလေကိုယ်တောင်စိတ်ပင်ပန်းရသည်။
မနက်ပိုင်းမှာ ကွန်ပြူတာဆရာမနဲ့အခန်းထဲမှာကွန်ပျူတာသင်ပြီးတာနဲ့ သူ့အဖွား၏
အခန်းထဲသို့ သွားကာ လုပ်ငန်းအကြောင်းတွေကို သွားနားထောင်ရသည်။
မေညို၏အခန်းထဲမှ ထွက်လာလျှင်အချက်အပြုတ်မျိုးစုံသင်ရသည်။
ဟိုအရင်ကဆိုလျှင် မေညိုသည်အိန္ဒိယအစားအစာ၊တရုတ်စာတွေကအစ ချက်တတ်သည်။ဆောင်းလည်းတီးတတ်ပြီး ကျောက်လုပ်ငန်းနှင့်ပတ်သတ်လျှင်လည်း စိတ်၀င်စားသည့်အပြင် ကျွမ်းလည်းကျွမ်းကျင်လွန်းသည်။
မေညိုသည် သူ့မြေးတွေထဲမှာ ပုံရိပ်တစ်ယောက်တည်းကိုပဲ ထိန်းချုပ်လို့ရမှန်းသိတော့ ပုံရိပ်ကိုသာသူနဲ့တထေရာတည်းတူ အောင် ပုံစံသွင်းနေသည်ဟုယူဆမိသည်။
တစ်ဖက်မှာလည်း ကလေးသာသာပဲရှိသေး၍ ဖိအားတွေကိုမခံနိုင်မှာစိုးရသည်။
"အန်တီတင့်...ခုရက်ပိုင်းမှာလေးလေးခန့်ကိုအိမ်မှာ သိပ်မတွေ့ရဘူးနော်..."
"အင်း...သူနဲ့စကားများထားတာလေ..."
"အန်တီတင့်ကလည်း...ကိုယ့်ယောက်ျားကိုစည်းရုံးတတ်ရမှာပေါ့..လေးလေးခန့်ကအသက်သာမငယ်တော့တာ...အရပ်ရှည်ရှည်နဲ့...ခန့်ချောကြီးနော်..သူများနောက်ပါသွားအုံးမယ်..."
"အမယ်လေးပါပါစေတော်..သူမရှိရင်ပိုတောင်ကောင်းအုန်းမယ်...သီလရှင်၀တ်ပြီးတရားပဲအားထုတ်လိုက်မှာပေါ့..."
"အိုး...အန်တီတင့်ကလည်း..နှမျောစရာကြီးလေးလေးခန့်က...ငိုပြီးကျန်ခဲ့မှာပေါ့..သနားပါတယ်.."
"ညည်းလေးနော်...စကားတွေတော်တော်တတ်နေတယ်..."
ခေါင်းလေးကို ပုတ်မယ်လုပ်လိုက်တော့ နှုတ်ခမ်းလေးစူပြီး ဇာတ်ကလေးပုသွား၍
တင့်တင့်လည်း မရိုက်ရက်တော့ပဲ
မုန့်လုပ်ဖို့ကိုပဲ အာရုံစိုက်လိုက်သည်။
"အန်တီတင့်...ဗမာမုန့်တွေက သမီးလုပ်တတ်ဖို့လိုလို့လားဟင်...ဖွားညိုကသမီးကိုဘာဖြစ်လို့..ဟင်းချက်တာတွေရောမုန့်လုပ်တာတွေရော သင်ခိုင်းနေရတာလည်းမသိဘူး...
မမနန္ဒာတို့ဆိုရင် လွတ်လပ်လိုက်တာ ဒီနေ့ပဲသူ့သူငယ်ချင်းတွေနဲ့ ပြင်ဦးလွင်ကိုအလည်သွားကြပြီ...ပုံရိပ်မှာသာ ရောက်တာတစ်လလောက်ရှိနေပြီပေမဲ့ ဒီအိမ်ထဲမှာပဲ ပိတ်မိနေရတယ်...ဘယ်မှလည်းပေးမလွှတ်ဘူး..."
"ကဲ..တို့ပုံပုံလေးညည်းပါပြီ..ဒီလိုလုပ် ..
မုန့်လုပ်ပြီးတာနဲ့...ပုံပုံလေးရဲ့အင်္ဂလိပ်ဆရာမလာရင် စာသင်လိုက်အုံး...ပြီးမှရေမိုးချိုးပြီး..
တို့တူ၀ရီးတွေ...အပြင်သွားဖို့ဖွားညိုဆီကနေခွင့်တောင်းလိုက်မယ်..အန်တီကလည်းဒီနေ့တစ်နေကုန်အိမ်မှာရှိနေမှာမို့.."
"တကယ်နော်...ဟား...ပျော်လိုက်တာ...
ပိစိကိုလည်း ခေါ်သွားမှာနော်..."
လက်ခုတ်လေးတီးပြီး ပါးမို့လေးတွေနီတက်လာအာင် ရယ်မောလိုက်သောကလေးကိုကြည့်ပြီး တင့်တင့်လည်းပြုံးရောင်သန်းကာခေါင်းကိုခါလိုက်မိသည်။
ပိစိမကတော့ အပြင်ကိုလိုက်ရတော့မည်ဆို၍ ကြိတ်၍ပျော်နေလေသည်။
မမသည် ဘာပဲလုပ်လုပ်ပိစိမကိုအမြဲထည့်တွေးပေးတတ်၍ ၀မ်းလည်းသာနေမိသည်။
"အပျော်မစောပါနဲ့အုံး ကြီးတော်ရယ်...
မနက်ဖြန်ကြရင်...စန္ဒယားဆရာရောက်လာတော့မှာနော်..စန္ဒယားတီးသင်ဖို့သာပြင်ထားလိုက်တော့..."
"ဟင်..စန္ဒယားတီးတာပါ..သင်ရအုံးမှာလား.."
"ဟုတ်တယ်လေ..ဖွားညိုကအကူအညီတောင်းလို့..အန်တီတင့်ကိုယ်တိုင်..
အတော်ဆုံးဆရာကို ရှာထားရတာ...အဲ့ဒီ့ဆရာလေးကငယ်ပေမဲ့...ပွဲအကြီးကြီးတွေမှာပါလိုက်တီးရတာနော်..နိုင်ငံခြားကိုမသွားခင်..
သမီးလေးကို သင်ပေးသွားမှာ..."
"ဟင်း...ဒါဆိုရင်..စန္ဒာယားရော..ကွန်ပျူတာရော..အင်္ဂလိပ်စာရော...ပြီးတော့ဟိုကျောက်တွေအကြောင်းပါလေ့လာရမှာပေါ့...
သေပါပြီ...အိပ်ချိန်တစ်ခုပဲအသက်ရှင်ခွင့်ရှိတော့မယ်..."
"သည်းခံလိုက်ပါပုံပုံရယ်...ဒီနေ့လုပ်တာကမနက်ဖြန်ကောင်းပဲအတွက်ပဲမဟုတ်လား...
မေညိုကအမျှော်အမြင်ကြီးတယ်ကလေးရဲ့..
ပုံပုံလေးကို မသိတာ၊မတတ်တာမရှိရအောင်သင်ကြားခိုင်းတာနေမှာပေါ့...မိန်းမဆိုတာမီးဖိုချောင်အလုပ်တစ်ခုတည်းမဟုတ်ပဲ..
အိမ်အပြင်ကိုထွက်လိုက်တဲ့အခါ...အများကြားမှာဦးမော့နေနိုင်အောင်..အားလုံးကိုသိနေတတ်နေမှ အဆင်ပြေမှာ...ဟိုမျောက်သုံးကောင်ကလွဲပြီး..ဒီအိမ်ကလူတွေအကုန်အလုပ်နဲ့အကိုင်နဲ့ချည်းပဲ...အန်တီတင့်ဆိုလည်းယွန်းဆိုင်မှာ ထိုင်ရတာပဲ..."
"အန်တီမေဦးကတော့ ပိုပြီးအမြင်စောင်းတော့မှာ..."
"ဘာဖြစ်လဲ...သူ့ကိုဂရုစိုက်မနေနဲ့..ပုံရိပ်ရဲ့အနောက်မှာ..မေညိုတို့..အန်တီတင့်တို့ရှိတယ်...ဟုတ်ပြီလား..."
"ဟုတ်ကဲ့..."
အန်တီယဉ်တင့်၏အားပေးစကားကြောင့်
ပုံရိပ်ပျော်ရွှင်သွားရပေမဲ့ စိတ်ထဲမှာလေးလံနေမိသည်။ပုံရိပ်ကိုယ်တိုင်ကလည်း သင်ယူချင်စိတ်အပြည့်ရှိခဲ့ပေမဲ့ ဒီလောက်အထိဖိအားပေးခံရမယ်လို့ မစဉ်းစားခဲ့ဖူးပေ။
ညနေဘက်မှာအလုပ်တွေအားလုံးပြီး၍ အန်တီတင့်ကပုံရိပ်ကို အပြင်သို့ခေါ်လည်ဖို့ရန်ဖွားညိုကိုပြောသော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်ပဲ ဖြစ်နေခဲ့ရသည်။
"မန္တလေးပဲ...ဘယ်အချိန်လည်လည်ရတယ်..
ကလေးကိုအပျော်အပါးမက်အောင်မလုပ်ပါနဲ့
မန္တလေးသူပဲဖြစ်တော့မယ်...နောက်ဒီနေရာတွေကအိမ်ဦးနဲ့ကြမ်းပျဥ်ဖြစ်တော့မှာလေ...
မသွားနဲ့..."
အဖွား၏တစ်ချက်လွှတ်အမိန့်တော်နှင့်အတူ ထိုညနေတွင် ပါးမှာလိမ်းထားသောသနပ်ခါးတွေကိုပါ ဖြတ်ပြစ်ပြီးအိပ်ယာထဲမှာခေါင်းမှောက်၍ ငိုမိသည်။အဖွားသည် ပုံရိပ်ကိုစက်ရုံတစ်ရုပ်များ မှတ်နေသလားမသိပေ။
ပုံရိပ်သည် အသဲနှလုံးနဲ့၊ခံစားချက်နဲ့ဆိုတာအဖွားမေ့နေတာများလား။
အဖွားကပုံရိပ်ကို သူ့လက်အောက်ကနေ
ရုန်းမထွက်နိုင်မှန်းသိလို့ တမင်သူလိုရာကိုကြိုးဆွဲနေတာများလား။
အန်တီယဉ်တင့်ကတော့ ပုံရိပ်ကိုအခန်းထဲအထိ လာပြီးနှစ်သိမ့်ပေးခဲ့ပါသည်။
"နွေရာသီကျောင်းပိတ်ရက်မို့..မေညိုကအားတုန်းလေး...သင်စရာရှိတာသင်ခိုင်းတာထင်ပါတယ်ကွယ်...နောက်ဆိုဆယ်တန်းကိုရောက်ပြီလေ...စာတွေနဲ့ပဲလုံးပန်းရတော့မှာ...စန္ဒယားဆိုလည်း..တီးချင်တယ်ဆိုရင်တောင်ရပါတော့မလားမသိဘူး...
ဆယ်တန်းမှာအင်္ဂလိပ်စာကအရေးကြီးတယ်လေ..ဒါကြောင့်အခုချိန်မှာအင်္ဂလိပ်ကို
ကြပ်ကြပ်မှတ်မှတ်လုပ်စေချင်တာနေမှာပါ..."
"အဖွားရဲ့စေတနာကိုနားလည်ပါတယ်..
အဟင့်...ဒါပေမဲ့ဖေကြီးကမန္တလေးမြို့
အကြောင်းကို ပြောပြထားတော့လျှောက်လည်ကြည့်ချင်တာပေါ့..."
"အမယ်လေး..စိတ်ချပါတော်ရယ်...
တက္ကသိုလ်တက်ရင်လွတ်လပ်ပြီလေ..အဲ့ကြရင်...လည်စမ်းပါလေ့...သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးသွားလို့ရပြီ..."
"ဟီး...တကယ်နော်.."
"တကယ်ပေါ့...."
တက္ကသိုလ်တက်ရင်လွတ်လပ်သွားပြီတဲ့။
အဲ့အချိန်ကျရင် အတိုးချပြီးတော့ကိုလည်ပစ်မည်ဟု စိတ်ထဲမှာတေးထားလိုက်မိသည်။
ဒီလိုနဲ့ နောက်နေ့မှာပညာရပ်အသစ်ဖြစ်သော စန္ဒယားကို သင်ရလေသည်။စန္ဒာယားတီးရတာကိုတော့ ပုံရိပ်ပျော်ရွှင်မိသည်။
စန္ဒာယားတီးသင်ပေးသော ဆရာလေး၏
နာမည်သည် ဆရာခင်မောင်ဆွေဖြစ်ပြီး ရုပ်ရည်သည်လည်းအနုပညာသမားဆိုသလို ချောမောနုဖက်လွန်းပါသည်။
မမနေခြည်သည် ရည်းစားများသူပီပီ ဆရာခင်မောင်ဆွေကို အင်မတန်တရင်းတနှီးနေလွန်းသည်။တပည့်ဖြစ်သော ပုံရိပ်ထက်ပင်လက်ပွန်းတနှီးနေ၍ ပြောဆိုဆက်ဆံလေသည်။စန္ဒာယားတီးအခြေခံသင်သွားပြီးနောက် တစ်ပတ်လောက်ကြာပြီးနောက်တစ်နေ့တွင် ဆရာခင်မောင်ဆွေရောက်မလာတော့ပေ။
ပုံရိပ်မှတ်မိပါသေးသည်။ထိုနေ့ညနေ့က ဆရာခင်မောင်ဆွေမပြန်ခင်မှာ အဖွား၏
အခန်းထဲသို့ ၀င်သွားခဲ့သေးသည်။
ပြန်ထွက်လာတော့ ဆရာ့မျက်နှာသည်လုံး
မကောင်းပဲ ပုံရိပ်ကိုသာ၀မ်းနည်းပူဆွေးစွာကြည့်လျှက် နှုတ်ဆက်သွားခဲ့သည်။
အဖွားနှင့်ဆရာခင်မောင်ဆွေတို့အကြားတွင် ဘယ်လိုပြဿနာမျိူးရှိသလဲမသိပေမဲ့ နောက်တစ်နေ့မှာပဲ အသက်ကြီးကြီးစန္ဒယားဆရာတစ်ယောက်ရောက်လာခဲ့သည်။
ပုံရိပ်၏ ဆဌမအာရုံနှင့်ခံစားလိုက်မိသည်က ဆရာခင်မောင်ဆွေနှင့်မမနေခြည်တို့နီးစပ်သွားမှာစိုး၍ အဖွားသည်ဆရာ့ကိုအလုပ်ဖြုတ်လိုက်ခြင်းဖြစ်နိုင်သည်။
"ညည်းလေးကို စိတ်မချလို့တဲ့လေ..သူ့မြေးအပျိုဖြူဖြူနုနုလေးကို စန္ဒယားဆရာနဲ့ငြိမှာစိုးလို့တဲ့...ကျုပ်တောင်အဆူခံလိုက်ရသေးတယ်...ဘာလို့ဒီလောက်ငယ်တဲ့စန္ဒယားဆရာကိုရှာရသလဲတဲ့လေ...အမယ်လေး..ပုံပုံ့ရဲ့အဖွားကလေ..သူ့မြေးကိုအာခံတွင်းထဲမှာ
ငုံထားတော့မဲ့အတိုင်းပဲ.. "
အန်တီယဉ်တင့်၏စကားများကိုကြားတော့မှ ဆရာခင်မောင်ဆွေကိုလည်းအားနာမိသည်။
ပုံရိပ်ကိုလုံး၀အပြစ်မပြောပဲ ဆရာကအသာတကြည်ထွက်သွားပေးခဲ့တယ်။
အဖွား၏ စေတနာနှင့်ပုံရိပ်အပေါ်သို့ထားရှိသော မျှော်မှန်းချက်တွေကိုလည်း တန်ဖိုးထားပါသည်။
အဖွားဖြစ်စေချင်သော ပုံစံအတိုင်းပဲ နေတော့မည်ဟုဆုံးဖြတ်လိုက်ပါပြီ။
"မမရေ...ခြံထဲကပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေပွင့်နေပြီ....အန်တီတင့်တို့၊ဦးဘချစ်တို့ပိတောက်တွေခူးနေကြတယ်.."
"ဟုတ်လား...သွားကြည့်ရအောင်..."
စာအုပ်တွေကို ခဏပစ်ထားခဲ့ပြီး လှေကားမှပြေးဆင်းကာ ပိစိမနှင့်အတူပိတောက်ပင်ကြီးရှိသော ခြံအနောက်ဘက်ဆီသို့ ပြေးလာခဲ့လိုက်သည်။
မြန်မာဆန်သော၀တ်စားဆင်ယင်မှုကိုသာ
သဘောကျသည့်အဖွားကြောင့် ချိတ်ထဘီနှင့်ဝါချည်သားအင်္ကျီဗြောင်လက်ပျက်
ရင်စေ့လေးကို ၀တ်ထားပြီးစည်းနှောင်မထားသော ဆံပင်ရှည်များသည် ခါးလယ်အထိဝေ့ဖြာကြနေလေသည်။
သင်္ကြန်မှာလည်ခွင့်မရသော ပုံရိပ်သည် သင်္ကြန်ပြီးမှရွာသောမိုးကြောင့် ပိတောက်ပင်ကြီးကို ပျော်ရွှင်၀မ်းသာစွာ ကြည့်နေမိသည်။
"မမရေ...ဒီပိတောက်ပန်းလေးပန်လိုက်ပါလား...သမီးခေါင်းကကလစ်ကိုဖြုတ်ပေးမယ်.."
"အင်...ပန်ပေးပါလား..."
ပိစိမကပိတောက်ပန်းအခက်လိုက်ကြီးကို
ပန်ချင်သလိုပန်ပေးနေသေည်ကို ငြိမ်ခံနေသောသနပ်ခါးအဖွေးသားနှင့် ကောင်မလေးကိုကြည့်ပြီး တင့်တင့်ပြုံးလိုက်မိသည်။
တနေ့တခြားလှသွေးကြွယ်လာသော ကလေးမသည်သူ့အဖွားဆင်ယင်ပေးသော မြန်မာ၀တ်စုံများကိုပဲ ၀တ်ရ၍အပျိုကြီးပေါက်စပုံပေါက်နေလေပြီ။ကျောင်းတက်ရင်တော့ သူ့မြေးကိုဘယ်သူကြည့်တာမှဆက်ဆက်ထိမခံသည့်သူ့အဖွားနဲ့ အလှကြီးလှ၍မြင်သူတိုင်း ချစ်ခင်စဖွယ်မြေးကတော့တွေ့ကြပြီပေါ့လေ။
"ပိစိရယ်...ပိတောက်ပန်းတွေကိုမွှေးလိုက်ရတော့ စာကျက်ရင်းနဲ့ညီးစိစိဖြစ်နေတာတွေပျောက်သွားသလိုပဲ..."
"ဒါတောင်မမကသင်္ကြန်ကိုမလည်လိုက်ရလို့..မန္တလေးသင်္ကြန်ကသိပ်စည်တာ..
ကျုံးဘက်မှာဆိုလည်းမဏ္ဍပ်ကြီးတွေထိုးလို့..
မမနေခြည်တို့ဆိုရင်..ယိမ်းအဖွဲ့ထဲမှာတောင်ပါသေးတယ်...ပိစိကအထုပ်လိုက်ဆွဲပေးရင်းသိရတာ..မမနန္ဒာကတော့သူငယ်ချင်းတွေနဲ့ နေ့တိုင်းရေပက်ခံထွက်နေတာပဲ.."
ပုံရိပ်တွေ့ပါသည်။တကယ်တော့ ကိုယ်တိုင်ကလည်းသင်္ကြန်လည်ရတာကိုမကြိုက်ပါဘူး။ဒါပေမဲ့ အတွေ့အကြုံရအောင်လျှောက်လည်ချင်မိသည်။သို့ပေမဲ့ ပုံရိပ်၏ဘ၀ကအဖွားပိုင်တာလေ။အဖွားကမသွားနဲ့ဆိုတော့လည်း မသွားရုံသာရှိတော့တာပေါ့။
ပိတောက်ပန်းတွေကို ကြည့်ပြီးရန်ကုန်မှာရှိသောဆရာနေမျိုးတို့၏
ဘုန်းကြီးကျောင်းကန်ဘက်အခြမ်း နဂါးရုံဘုရားဘေးမှ ပိတောက်ပင်ကြီးကိုသွား၍ သတိရမိပါသည်။
ထို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုလည်းအသေအချာချလိုက်သည်။ဆယ်တန်းပြီးရင်သင်္ကြန်မှာ ရန်ကုန်ကိုခဏပြန်ဖို့ရန်အဖွားကို မရရအောင်ပူဆာမည်ဟုပင်။ဆရာ့ကိုလည်းတွေ့ချင်သလိုဒေါ်လေးတို့ကိုလည်းတွေ့ချင်သည်။
ဒေါ်လေးတို့နဲ့ဖုန်းခဏခဏပြောရပေမဲ့ ဆရာနှင့်တော့ ပုံရိပ်တစ်ခါမှမပြောဖြစ်ခဲ့ပေ။
ပြောဖို့ရန် စကားလုံးရှာမရတာဆိုလျှင်ပိုမှန်ပါလိမ့်မယ်။ဆရာ့ကို လူချင်းတွေ့၍စကားပြောချင်သည်။ဆရာတို့ဒေါ်လေးတို့သာ ပုံရိပ်၏ကြိုးစားနေမှုတွေကိုမြင်ရင် ၀မ်းသာပေးကြမှာသေချာသည်။
(ပုံရိပ်ရဲ့ဘ၀ကကံကောင်းတာလား..ကံဆိုးတာလား)
=========================================================================
🌹ဆူးႀကိဳး🌹
အခန္(၃၆)ဒုတိယပိုင္း
မီးဖိုေဆာင္ဘက္ကိုေရာက္ေတာ့ အန္တီယဉ္တင့္ႏွင့္အတူပိစိမတို႔ေရာ၊အန္တီခင္လွတို႔ပါ ခ်က္ျပဳတ္ရင္းအလုပ္ရႈပ္ေနၾကေလသည္။
အန္တီယဉ္တင့္ကေတာ့ ေကာ္ထိုင္ခံုေပၚတြင္အက်အနထိုင္၍ အုန္းသီးျခစ္ေနေလသည္။
သည္မိုးရိပ္အိမ္တြင္ ပံုရိပ္ႏွင့္အရင္းႏွီးဆံုးေနရာမွာ မီးဖိုေခ်ာင္ျဖစ္ၿပီးအရင္းႏွီးဆံုးစကားေျပာေဖာ္မ်ားကေတာ့ အိမ္အကူမ်ားျဖစ္ၾကသည္။
ပိစိမကေတာ့ ပံုရိပ္၏သူငယ္ခ်င္းေပါ့။
မီးဖိုေဆာင္သည္ထမင္းစားခန္းႏွင့္နံရံတစ္ခုသာျခားေလသည္။ဒီအိမ္၏မီးဖိုေဆာင္သည္ ပံုရိပ္၏ေဒၚေလးတို႔ေနေသာ တိုက္ခန္းေလးထက္ေတာင္က်ယ္ပါေသးသည္။
ပံုရိပ္ကေတာ့ ညဘက္ဆိုလည္းအလုပ္သမားေတြေနေသာ အေဆာင္ဘက္တြင္သြား၍စကားေျပာခ်င္ေျပာတာပါပဲ။
အန္တီေမဦးကေတာ့ အဆင့္အတန္းခ်င္းတူေတာ့ ေပါင္းျဖစ္တာေပါ့ဟု ရန္စကားေျပာေပမဲ့ ပံုရိပ္ကေတာ့ရယ္ပဲျပလိုက္သည္။
ပံုရိပ္ကေတာ့ အဆင့္အတန္းဆိုတာကို
လူတစ္ေယာက္ရဲ့စိတ္ဓာတ္ေကာင္းမြန္မႈႏွင့္ပဲဆံုးျဖတ္သည္။ဆင္းရဲသားရပ္ကြက္ေလးထဲမွာ ေနခဲ့ရ၍ဘယ္သူ႔ကိုမွ ဆင္းရဲလို႔၊ခ်မ္းသာလို႔ဟုခဲြျခားျခင္းမရိွေပ။
ဆင္းရဲေသာသူမ်ားသည္လည္း အေျခအေနအရပ္ရပ္ေၾကာင့္ ကိုယ့္ထပ္သာသြားႏိုင္သလို ခ်မ္းသာေသာသူမ်ားသည္လည္း ကိုယ့္ထက္နိမ့္က်သြားတတ္သည့္ သေဘာတရားကိုနားလည္ၿပီး ေရာက္သၫ့္ေနရာမွာေပ်ာ္ေအာင္ ေနတတ္ရင္အဆင္ေျပႏိုင္လိမ့္မည္ဟု ေတြးေတာမိသည္။ဆရာေနမ်ိူးေျပာခဲ့ေသာ စကားကိုသာ အၿမဲအမွတ္ရမိပါသည္။
"အန္တီတင့္...သမီးဘာလုပ္ေပးရမလဲ.."
"ေဟာ့ဒီ့မွာ အုန္းသီးေတျြခစ္ရမွာ..ၿပီးရင္
မုန႔္ဆသဖူးလုပ္ရမယ္..."
"လုပ္ေလ..အန္တီတင့္ရဲ့...သမီးလည္းကူမွာေပါ့..."
"အံမယ္...ဘာကူမွာလည္း..ညည္းေလးကိုယ္တိုင္လုပ္ရမွာေလ..မေန့ကတင္ယိုးဒယားဟင္းခ်က္နည္းသင္ရတာကို
ေမ့သြားတာလား..."
"ဟင္းအမယ္ေတြကမ်ားေတာ့...ေမ့သြားၿပီ..ဒါေပမဲ့..စာအုပ္ထဲမွာမွတ္ထားပါတယ္..
ညေရာက္ရင္ျပန္ဖတ္မွာ...ေပး..သမီးအုန္းသီးျခစ္ေပးမယ္..."
အုန္းသီးျခစ္ေပးမယ္ဆိုၿပီး လက္ထဲမွအုန္းသီးျခစ္ကို တစ္ဆင့္ယူ၍က်က်နနထိုင္ျခစ္ေနေသာ ပံုရိပ္ေလးကိုတင့္တင့္ေငး၍ၾကၫ့္ေနမိသည္။ေရာက္ခါစတုန္းက ဂါ၀န္ေလး၀တ္ထားေသာ ကေလးမေလးသည္ယခုေတာ့ ခရမ္းရင့္ေရာင္ပိုးကတီပါသားကို ထဘီစကပ္ေလးခ်ဳပ္၍အိက်ႌကိုေတာ့ လက္စကရင္ေစ့ေလး၀တ္ထား၍
ျဖဴႏုေသာအသားအရည္ကပို၍အေရာင္ထြက္ေနကာ ကိုယ္လံုးကိုယ္ထည္ေလးကအစ လွပေသသပ္၍ ယဉ္ယဉ္ေလးျဖစ္ေနသည္။
ရယ္လိုက္တိုင္းပန္းႏုေရာင္သန္းေနေသာ ပါးမို႔ေလးမ်ားက ပို၍အေရာင္ေတာက္ေနကာမ်က္လံုးဝိုင္းေလးမ်ားကေတာ့ လျခမ္းေကြးသ႑န္ေလးျဖစ္ေနသည္။
ႏႈတ္ခမ္းပါးေလးမ်ားသည္ ႃပံုးလိုက္တိုင္းကေလးတစ္ေယာက္ကဲ့သို႔ ခ်စ္စရာေကာင္းေန၍ဟိုသားအမိတစ္သိုက္ကလဲြၿပီး ကိုမင္းခန႔္ေရာ၊တင့္တင့္ပါ သမီးေလးကိုခ်စ္ၾကတာမွတအားပဲ။ဆံပင္ေလးေတြ ထိပ္မွာစုထံုးၿပီးနဖူးအေျပာင္သိမ္းထား၍ နဖူးေျပျပေလးသည္ အေရာင္လက္ေနလ်ွက္ ႏုသစ္စပန္းကေလးႏွင့္ပင္တူေနသည္။
အသက္၁၅ႏွစ္ေက်ာ္ပဲရိွေသးသၫ့္ ႏုငယ္လြန္းေသာ ေကာင္မေလးကိုဖြားညိုေပးအပ္ထားေသာ တာ၀န္ေတြကမနည္းမေနာျဖစ္ေနသည္။ကေလးကိုၾကၫ့္၍ တခါတေလကိုယ္ေတာင္စိတ္ပင္ပန္းရသည္။
မနက္ပိုင္းမွာ ကြန္ျပဴတာဆရာမနဲ႔အခန္းထဲမွာကြန္ပ်ူတာသင္ၿပီးတာနဲ႔ သူ႔အဖြား၏
အခန္းထဲသို႔ သြားကာ လုပ္ငန္းအေၾကာင္းေတြကို သြားနားေထာင္ရသည္။
ေမညို၏အခန္းထဲမွ ထြက္လာလ်ွင္အခ်က္အျပဳတ္မ်ိဳးစံုသင္ရသည္။
ဟိုအရင္ကဆိုလ်ွင္ ေမညိုသည္အိႏၵိယအစားအစာ၊တရုတ္စာေတြကအစ ခ်က္တတ္သည္။ေဆာင္းလည္းတီးတတ္ၿပီး ေက်ာက္လုပ္ငန္းႏွင့္ပတ္သတ္လ်ွင္လည္း စိတ္၀င္စားသၫ့္အျပင္ ကၽြမ္းလည္းကၽြမ္းက်င္လြန္းသည္။
ေမညိုသည္ သူ႔ေျမးေတြထဲမွာ ပံုရိပ္တစ္ေယာက္တည္းကိုပဲ ထိန္းခ်ဳပ္လို႔ရမွန္းသိေတာ့ ပံုရိပ္ကိုသာသူနဲ႔တေထရာတည္းတူ ေအာင္ ပံုစံသြင္းေနသည္ဟုယူဆမိသည္။
တစ္ဖက္မွာလည္း ကေလးသာသာပဲရိွေသး၍ ဖိအားေတြကိုမခံႏိုင္မွာစိုးရသည္။
"အန္တီတင့္...ခုရက္ပိုင္းမွာေလးေလးခန႔္ကိုအိမ္မွာ သိပ္မေတြ့ရဘူးေနာ္..."
"အင္း...သူနဲ႔စကားမ်ားထားတာေလ..."
"အန္တီတင့္ကလည္း...ကိုယ့္ေယာက္်ားကိုစည္းရံုးတတ္ရမွာေပါ့..ေလးေလးခန႔္ကအသက္သာမငယ္ေတာ့တာ...အရပ္ရွည္ရွည္နဲ႔...ခန႔္ေခ်ာႀကီးေနာ္..သူမ်ားေနာက္ပါသြားအံုးမယ္..."
"အမယ္ေလးပါပါေစေတာ္..သူမရိွရင္ပိုေတာင္ေကာင္းအုန္းမယ္...သီလရွင္၀တ္ၿပီးတရားပဲအားထုတ္လိုက္မွာေပါ့..."
"အိုး...အန္တီတင့္ကလည္း..ႏွေမ်ာစရာႀကီးေလးေလးခန႔္က...ငိုၿပီးက်န္ခဲ့မွာေပါ့..သနားပါတယ္.."
"ညည္းေလးေနာ္...စကားေတြေတာ္ေတာ္တတ္ေနတယ္..."
ေခါင္းေလးကို ပုတ္မယ္လုပ္လိုက္ေတာ့ ႏႈတ္ခမ္းေလးစူၿပီး ဇာတ္ကေလးပုသြား၍
တင့္တင့္လည္း မရိုက္ရက္ေတာ့ပဲ
မုန႔္လုပ္ဖို႔ကိုပဲ အာရံုစိုက္လိုက္သည္။
"အန္တီတင့္...ဗမာမုန္႔ေတြက သမီးလုပ္တတ္ဖို႔လိုလို႔လားဟင္...ဖြားညိုကသမီးကိုဘာျဖစ္လို႔..ဟင္းခ်က္တာေတြေရာမုန႔္လုပ္တာေတြေရာ သင္ခိုင္းေနရတာလည္းမသိဘူး...
မမနႏၵာတို႔ဆိုရင္ လြတ္လပ္လိုက္တာ ဒီေန့ပဲသူ႔သူငယ္ခ်င္းေတြနဲ႔ ျပင္ဦးလြင္ကိုအလည္သြားၾကၿပီ...ပံုရိပ္မွာသာ ေရာက္တာတစ္လေလာက္ရိွေနၿပီေပမဲ့ ဒီအိမ္ထဲမွာပဲ ပိတ္မိေနရတယ္...ဘယ္မွလည္းေပးမလႊတ္ဘူး..."
"ကဲ..တို႔ပံုပံုေလးညည္းပါၿပီ..ဒီလိုလုပ္ ..
မုန႔္လုပ္ၿပီးတာနဲ႔...ပံုပံုေလးရဲ့အဂၤလိပ္ဆရာမလာရင္ စာသင္လိုက္အံုး...ၿပီးမွေရမိုးခ်ိဳးၿပီး..
တို႔တူ၀ရီးေတြ...အျပင္သြားဖို႔ဖြားညိုဆီကေနခြင့္ေတာင္းလိုက္မယ္..အန္တီကလည္းဒီေန့တစ္ေနကုန္အိမ္မွာရိွေနမွာမို႔.."
"တကယ္ေနာ္...ဟား...ေပ်ာ္လိုက္တာ...
ပိစိကိုလည္း ေခၚသြားမွာေနာ္..."
လက္ခုတ္ေလးတီးၿပီး ပါးမို႔ေလးေတြနီတက္လာအာင္ ရယ္ေမာလိုက္ေသာကေလးကိုၾကၫ့္ၿပီး တင့္တင့္လည္းႃပံုးေရာင္သန္းကာေခါင္းကိုခါလိုက္မိသည္။
ပိစိမကေတာ့ အျပင္ကိုလိုက္ရေတာ့မည္ဆို၍ ႀကိတ္၍ေပ်ာ္ေနေလသည္။
မမသည္ ဘာပဲလုပ္လုပ္ပိစိမကိုအၿမဲထၫ့္ေတြးေပးတတ္၍ ၀မ္းလည္းသာေနမိသည္။
"အေပ်ာ္မေစာပါနဲ႔အံုး ႀကီးေတာ္ရယ္...
မနက္ျဖန္ၾကရင္...စႏၵယားဆရာေရာက္လာေတာ့မွာေနာ္..စႏၵယားတီးသင္ဖို႔သာျပင္ထားလိုက္ေတာ့..."
"ဟင္..စႏၵယားတီးတာပါ..သင္ရအံုးမွာလား.."
"ဟုတ္တယ္ေလ..ဖြားညိုကအကူအညီေတာင္းလို႔..အန္တီတင့္ကိုယ္တိုင္..
အေတာ္ဆံုးဆရာကို ရွာထားရတာ...အဲ့ဒီ့ဆရာေလးကငယ္ေပမဲ့...ပဲြအႀကီးႀကီးေတြမွာပါလိုက္တီးရတာေနာ္..ႏိုင္ငံျခားကိုမသြားခင္..
သမီးေလးကို သင္ေပးသြားမွာ..."
"ဟင္း...ဒါဆိုရင္..စႏၵာယားေရာ..ကြန္ပ်ူတာေရာ..အဂၤလိပ္စာေရာ...ၿပီးေတာ့ဟိုေက်ာက္ေတြအေၾကာင္းပါေလ့လာရမွာေပါ့...
ေသပါၿပီ...အိပ္ခ်ိန္တစ္ခုပဲအသက္ရွင္ခြင့္ရိွေတာ့မယ္..."
"သည္းခံလိုက္ပါပံုပံုရယ္...ဒီေန့လုပ္တာကမနက္ျဖန္ေကာင္းပဲအတြက္ပဲမဟုတ္လား...
ေမညိုကအေမ်ွာ္အျမင္ႀကီးတယ္ကေလးရဲ့..
ပံုပံုေလးကို မသိတာ၊မတတ္တာမရိွရေအာင္သင္ၾကားခိုင္းတာေနမွာေပါ့...မိန္းမဆိုတာမီးဖိုေခ်ာင္အလုပ္တစ္ခုတည္းမဟုတ္ပဲ..
အိမ္အျပင္ကိုထြက္လိုက္တဲ့အခါ...အမ်ားၾကားမွာဦးေမာ့ေနႏိုင္ေအာင္..အားလံုးကိုသိေနတတ္ေနမွ အဆင္ေျပမွာ...ဟိုေမ်ာက္သံုးေကာင္ကလဲြၿပီး..ဒီအိမ္ကလူေတြအကုန္အလုပ္နဲ႔အကိုင္နဲ႔ခ်ည္းပဲ...အန္တီတင့္ဆိုလည္းယြန္းဆိုင္မွာ ထိုင္ရတာပဲ..."
"အန္တီေမဦးကေတာ့ ပိုၿပီးအျမင္ေစာင္းေတာ့မွာ..."
"ဘာျဖစ္လဲ...သူ႔ကိုဂရုစိုက္မေနနဲ႔..ပံုရိပ္ရဲ့အေနာက္မွာ..ေမညိုတို႔..အန္တီတင့္တို႔ရိွတယ္...ဟုတ္ၿပီလား..."
"ဟုတ္ကဲ့..."
အန္တီယဉ္တင့္၏အားေပးစကားေၾကာင့္
ပံုရိပ္ေပ်ာ္ရႊင္သြားရေပမဲ့ စိတ္ထဲမွာေလးလံေနမိသည္။ပံုရိပ္ကိုယ္တိုင္ကလည္း သင္ယူခ်င္စိတ္အျပၫ့္ရိွခဲ့ေပမဲ့ ဒီေလာက္အထိဖိအားေပးခံရမယ္လို႔ မစဉ္းစားခဲ့ဖူးေပ။
ညေနဘက္မွာအလုပ္ေတြအားလံုးၿပီး၍ အန္တီတင့္ကပံုရိပ္ကို အျပင္သို႔ေခၚလည္ဖို႔ရန္ဖြားညိုကိုေျပာေသာ္လည္း မွန္းခ်က္ႏွင့္ႏွမ္းထြက္မကိုက္ပဲ ျဖစ္ေနခဲ့ရသည္။
"မႏၲေလးပဲ...ဘယ္အခ်ိန္လည္လည္ရတယ္..
ကေလးကိုအေပ်ာ္အပါးမက္ေအာင္မလုပ္ပါနဲ႔
မႏၲေလးသူပဲျဖစ္ေတာ့မယ္...ေနာက္ဒီေနရာေတြကအိမ္ဦးနဲ႔ၾကမ္းပ်ဥ္ျဖစ္ေတာ့မွာေလ...
မသြားနဲ႔..."
အဖြား၏တစ္ခ်က္လႊတ္အမိန႔္ေတာ္ႏွင့္အတူ ထိုညေနတြင္ ပါးမွာလိမ္းထားေသာသနပ္ခါးေတြကိုပါ ျဖတ္ျပစ္ၿပီးအိပ္ယာထဲမွာေခါင္းေမွာက္၍ ငိုမိသည္။အဖြားသည္ ပံုရိပ္ကိုစက္ရံုတစ္ရုပ္မ်ား မွတ္ေနသလားမသိေပ။
ပံုရိပ္သည္ အသဲႏွလံုးနဲ႔၊ခံစားခ်က္နဲ႔ဆိုတာအဖြားေမ့ေနတာမ်ားလား။
အဖြားကပံုရိပ္ကို သူ႔လက္ေအာက္ကေန
ရုန္းမထြက္ႏိုင္မွန္းသိလို႔ တမင္သူလိုရာကိုႀကိဳးဆဲြေနတာမ်ားလား။
အန္တီယဉ္တင့္ကေတာ့ ပံုရိပ္ကိုအခန္းထဲအထိ လာၿပီးႏွစ္သိမ့္ေပးခဲ့ပါသည္။
"ေနြရာသီေက်ာင္းပိတ္ရက္မို႔..ေမညိုကအားတုန္းေလး...သင္စရာရိွတာသင္ခိုင္းတာထင္ပါတယ္ကြယ္...ေနာက္ဆိုဆယ္တန္းကိုေရာက္ၿပီေလ...စာေတြနဲ႔ပဲလံုးပန္းရေတာ့မွာ...စႏၵယားဆိုလည္း..တီးခ်င္တယ္ဆိုရင္ေတာင္ရပါေတာ့မလားမသိဘူး...
ဆယ္တန္းမွာအဂၤလိပ္စာကအေရးႀကီးတယ္ေလ..ဒါေၾကာင့္အခုခ်ိန္မွာအဂၤလိပ္ကို
ၾကပ္ၾကပ္မွတ္မွတ္လုပ္ေစခ်င္တာေနမွာပါ..."
"အဖြားရဲ့ေစတနာကိုနားလည္ပါတယ္..
အဟင့္...ဒါေပမဲ့ေဖႀကီးကမႏၲေလးၿမိဳ႔
အေၾကာင္းကို ေျပာျပထားေတာ့ေလ်ွာက္လည္ၾကၫ့္ခ်င္တာေပါ့..."
"အမယ္ေလး..စိတ္ခ်ပါေတာ္ရယ္...
တကၠသိုလ္တက္ရင္လြတ္လပ္ၿပီေလ..အဲ့ၾကရင္...လည္စမ္းပါေလ့...သူငယ္ခ်င္းေတြနဲ႔ေပ်ာ္ေပ်ာ္ပါးပါးသြားလို႔ရၿပီ..."
"ဟီး...တကယ္ေနာ္.."
"တကယ္ေပါ့...."
တကၠသိုလ္တက္ရင္လြတ္လပ္သြားၿပီတဲ့။
အဲ့အခ်ိန္က်ရင္ အတိုးခ်ၿပီးေတာ့ကိုလည္ပစ္မည္ဟု စိတ္ထဲမွာေတးထားလိုက္မိသည္။
ဒီလိုနဲ႔ ေနာက္ေန့မွာပညာရပ္အသစ္ျဖစ္ေသာ စႏၵယားကို သင္ရေလသည္။စႏၵာယားတီးရတာကိုေတာ့ ပံုရိပ္ေပ်ာ္ရႊင္မိသည္။
စႏၵာယားတီးသင္ေပးေသာ ဆရာေလး၏
နာမည္သည္ ဆရာခင္ေမာင္ေဆျြဖစ္ၿပီး ရုပ္ရည္သည္လည္းအႏုပညာသမားဆိုသလို ေခ်ာေမာႏုဖက္လြန္းပါသည္။
မမေနျခည္သည္ ရည္းစားမ်ားသူပီပီ ဆရာခင္ေမာင္ေဆြကို အင္မတန္တရင္းတႏွီးေနလြန္းသည္။တပၫ့္ျဖစ္ေသာ ပံုရိပ္ထက္ပင္လက္ပြန္းတႏွီးေန၍ ေျပာဆိုဆက္ဆံေလသည္။စႏၵာယားတီးအေျခခံသင္သြားၿပီးေနာက္ တစ္ပတ္ေလာက္ၾကာၿပီးေနာက္တစ္ေန့တြင္ ဆရာခင္ေမာင္ေဆြေရာက္မလာေတာ့ေပ။
ပံုရိပ္မွတ္မိပါေသးသည္။ထိုေန့ညေန့က ဆရာခင္ေမာင္ေဆြမျပန္ခင္မွာ အဖြား၏
အခန္းထဲသို႔ ၀င္သြားခဲ့ေသးသည္။
ျပန္ထြက္လာေတာ့ ဆရာ့မ်က္ႏွာသည္လံုး
မေကာင္းပဲ ပံုရိပ္ကိုသာ၀မ္းနည္းပူေဆြးစြာၾကၫ့္လ်ွက္ ႏႈတ္ဆက္သြားခဲ့သည္။
အဖြားႏွင့္ဆရာခင္ေမာင္ေဆြတို႔အၾကားတြင္ ဘယ္လိုျပႆနာမ်ိူးရိွသလဲမသိေပမဲ့ ေနာက္တစ္ေန့မွာပဲ အသက္ႀကီးႀကီးစႏၵယားဆရာတစ္ေယာက္ေရာက္လာခဲ့သည္။
ပံုရိပ္၏ ဆဌမအာရံုႏွင့္ခံစားလိုက္မိသည္က ဆရာခင္ေမာင္ေဆြႏွင့္မမေနျခည္တို႔နီးစပ္သြားမွာစိုး၍ အဖြားသည္ဆရာ့ကိုအလုပ္ျဖဳတ္လိုက္ျခင္းျဖစ္ႏိုင္သည္။
"ညည္းေလးကို စိတ္မခ်လို႔တဲ့ေလ..သူ႔ေျမးအပ်ိဳျဖဴႁဖူႏုႏုေလးကို စႏၵယားဆရာနဲ႔ၿငိမွာစိုးလို႔တဲ့...က်ဳပ္ေတာင္အဆူခံလိုက္ရေသးတယ္...ဘာလို႔ဒီေလာက္ငယ္တဲ့စႏၵယားဆရာကိုရွာရသလဲတဲ့ေလ...အမယ္ေလး..ပံုပံု႔ရဲ့အဖြားကေလ..သူ႔ေျမးကိုအာခံတြင္းထဲမွာ
ငံုထားေတာ့မဲ့အတိုင္းပဲ.. "
အန္တီယဉ္တင့္၏စကားမ်ားကိုၾကားေတာ့မွ ဆရာခင္ေမာင္ေဆြကိုလည္းအားနာမိသည္။
ပံုရိပ္ကိုလံုး၀အျပစ္မေျပာပဲ ဆရာကအသာတၾကည္ထြက္သြားေပးခဲ့တယ္။
အဖြား၏ ေစတနာႏွင့္ပံုရိပ္အေပၚသို႔ထားရိွေသာ ေမ်ွာ္မွန္းခ်က္ေတြကိုလည္း တန္ဖိုးထားပါသည္။
အဖြားျဖစ္ေစခ်င္ေသာ ပံုစံအတိုင္းပဲ ေနေတာ့မည္ဟုဆံုးျဖတ္လိုက္ပါၿပီ။
"မမေရ...ၿခံထဲကပိေတာက္ပင္ႀကီးမွာ ပိေတာက္ပန္းေတြပြင့္ေနၿပီ....အန္တီတင့္တို႔၊ၪီးဘခ်စ္တို႔ပိေတာက္ေတြခူးေနၾကတယ္.."
"ဟုတ္လား...သြားၾကၫ့္ရေအာင္..."
စာအုပ္ေတြကို ခဏပစ္ထားခဲ့ၿပီး ေလွကားမွေျပးဆင္းကာ ပိစိမႏွင့္အတူပိေတာက္ပင္ႀကီးရိွေသာ ၿခံအေနာက္ဘက္ဆီသို႔ ေျပးလာခဲ့လိုက္သည္။
ျမန္မာဆန္ေသာ၀တ္စားဆင္ယင္မႈကိုသာ
သေဘာက်သၫ့္အဖြားေၾကာင့္ ခ်ိတ္ထဘီႏွင့္ဝါခ်ည္သားအက်ႌေျဗာင္လက္ပ်က္
ရင္ေစ့ေလးကို ၀တ္ထားၿပီးစည္းေနွာင္မထားေသာ ဆံပင္ရွည္မ်ားသည္ ခါးလယ္အထိေဝ့ျဖာၾကေနေလသည္။
သႀကၤန္မွာလည္ခြင့္မရေသာ ပံုရိပ္သည္ သႀကၤန္ၿပီးမွရြာေသာမိုးေၾကာင့္ ပိေတာက္ပင္ႀကီးကို ေပ်ာ္ရႊင္၀မ္းသာစြာ ၾကၫ့္ေနမိသည္။
"မမေရ...ဒီပိေတာက္ပန္းေလးပန္လိုက္ပါလား...သမီးေခါင္းကကလစ္ကိုျဖဳတ္ေပးမယ္.."
"အင္...ပန္ေပးပါလား..."
ပိစိမကပိေတာက္ပန္းအခက္လိုက္ႀကီးကို
ပန္ခ်င္သလိုပန္ေပးေနေသည္ကို ၿငိမ္ခံေနေသာသနပ္ခါးအေဖြးသားႏွင့္ ေကာင္မေလးကိုၾကၫ့္ၿပီး တင့္တင့္ႃပံုးလိုက္မိသည္။
တေန့တျခားလွေသြးႂကြယ္လာေသာ ကေလးမသည္သူ႔အဖြားဆင္ယင္ေပးေသာ ျမန္မာ၀တ္စံုမ်ားကိုပဲ ၀တ္ရ၍အပ်ိဳႀကီးေပါက္စပံုေပါက္ေနေလၿပီ။ေက်ာင္းတက္ရင္ေတာ့ သူ႔ေျမးကိုဘယ္သူၾကည့္တာမွဆက္ဆက္ထိမခံသၫ့္သူ႔အဖြားနဲ႔ အလွႀကီးလွ၍ျမင္သူတိုင္း ခ်စ္ခင္စဖြယ္ေျမးကေတာ့ေတြ့ၾကၿပီေပါ့ေလ။
"ပိစိရယ္...ပိေတာက္ပန္းေတြကိုေမႊးလိုက္ရေတာ့ စာက်က္ရင္းနဲ႔ညီးစိစိျဖစ္ေနတာေတြေပ်ာက္သြားသလိုပဲ..."
"ဒါေတာင္မမကသႀကၤန္ကိုမလည္လိုက္ရလို႔..မႏၲေလးသႀကၤန္ကသိပ္စည္တာ..
က်ဳံးဘက္မွာဆိုလည္းမ႑ပ္ႀကီးေတြထိုးလို႔..
မမေနျခည္တို႔ဆိုရင္..ယိမ္းအဖဲြ႔ထဲမွာေတာင္ပါေသးတယ္...ပိစိကအထုပ္လိုက္ဆဲြေပးရင္းသိရတာ..မမနႏၵာကေတာ့သူငယ္ခ်င္းေတြနဲ႔ ေန့တိုင္းေရပက္ခံထြက္ေနတာပဲ.."
ပံုရိပ္ေတြ့ပါသည္။တကယ္ေတာ့ ကိုယ္တိုင္ကလည္းသႀကၤန္လည္ရတာကိုမႀကိဳက္ပါဘူး။ဒါေပမဲ့ အေတြ့အႄကံုရေအာင္ေလ်ွာက္လည္ခ်င္မိသည္။သို႔ေပမဲ့ ပံုရိပ္၏ဘ၀ကအဖြားပိုင္တာေလ။အဖြားကမသြားနဲ႔ဆိုေတာ့လည္း မသြားရံုသာရိွေတာ့တာေပါ့။
ပိေတာက္ပန္းေတြကို ၾကၫ့္ၿပီးရန္ကုန္မွာရိွေသာဆရာေနမ်ိဳးတို႔၏
ဘုန္းႀကီးေက်ာင္းကန္ဘက္အျခမ္း နဂါးရံုဘုရားေဘးမွ ပိေတာက္ပင္ႀကီးကိုသြား၍ သတိရမိပါသည္။
ထို႔ေၾကာင့္ ဆံုးျဖတ္ခ်က္တစ္ခုကိုလည္းအေသအခ်ာခ်လိုက္သည္။ဆယ္တန္းၿပီးရင္သႀကၤန္မွာ ရန္ကုန္ကိုခဏျပန္ဖို႔ရန္အဖြားကို မရရေအာင္ပူဆာမည္ဟုပင္။ဆရာ့ကိုလည္းေတြ့ခ်င္သလိုေဒၚေလးတို႔ကိုလည္းေတြ့ခ်င္သည္။
ေဒၚေလးတို႔နဲ႔ဖုန္းခဏခဏေျပာရေပမဲ့ ဆရာႏွင့္ေတာ့ ပံုရိပ္တစ္ခါမွမေျပာျဖစ္ခဲ့ေပ။
ေျပာဖို႔ရန္ စကားလံုးရွာမရတာဆိုလ်ွင္ပိုမွန္ပါလိမ့္မယ္။ဆရာ့ကို လူခ်င္းေတြ့၍စကားေျပာခ်င္သည္။ဆရာတို႔ေဒၚေလးတို႔သာ ပံုရိပ္၏ႀကိဳးစားေနမႈေတြကိုျမင္ရင္ ၀မ္းသာေပးၾကမွာေသခ်ာသည္။
(ပံုရိပ္ရဲ့ဘ၀ကကံေကာင္းတာလား..ကံဆိုးတာလား)
No comments:
Post a Comment