🌹ဆူးကြိုး🌹အခန်း(၃၆)ပထမပိုင်း

(ဖတ္မရသူေတြအတြက္ ေအာက္မွာ ဖတ္လို႔ရေအာင္လုပ္ေပးထားပါတယ္ )


🌹ဆူးကြိုး🌹အခန်း(၃၆)ပထမပိုင်း


အခြားကျောင်းသားများအတွက်တော့ နွေရာသီအားလပ်ရပ်ဆိုတာ  ပျော်စရာသိပ်ကောင်းမှာပဲ။ဒါပေမဲ့ ပုံရိပ်အတွက်ကတော့ ငရဲတွင်းထဲကို စတင်ခုန်ဆင်းရသော အချိန်ကာလတစ်ခု ဖြစ်‌‌နေသည်။


တဖြည်းဖြည်းနဲ့အဖွားရဲ့ရည်ရွယ်ချက်တွေကိုလည်း သိလာခဲ့ရတယ်။သူများထမင်းလုပ်ကို အလကားဘယ်တော့မှစားလို့မရဘူးဆိုသော အချက်ကိုလည်းနားလည်လာခဲ့ပါပြီ။


ပုံရိပ်၏နွေရာသီအားလပ်ရက်ဟာ ပုံရိပ်မထင်ထားလောက်အောင် ခက်ခဲနေခဲ့တယ်။နှစ်ဆယ့်လေးနာရီတောင် မလောက်ငှအောင်အထိ အလုပ်ရှုပ်ရသည့် ခံစားချက်ကို ခံစားဖူးလေပြီ။


သင်ယူစရာတွေနှင့်သာအချိန်တိုင်း လုံးပန်းနေရ၍ ထမင်း၊ဟင်းဆိုတာ ပါးစပ်ထဲသာရောက်သွားပြီး ဘာအရသာမှန်းပင်မသိလောက်အောင်အထိ စားဖို့၊သောက်ဖို့ကို အာရုံမရောက်နိုင်တော့ပေ။


ယခင်ကအလုပ်လုပ်ချင်သည်ဟု ညည်းတွားမိသောပုံရိပ်သည် တကယ်အလုပ်လုပ်ရသောအခါ ခန္ဓာကိုယ်ကိုတောင်နှစ်ကိုယ်ခွဲ၍ထားချင်မိသည်။

ရန်ကုန်က ဒေါ်လေးနှင့်ဆရာ့ကိုပင်လွမ်းဖို့အချိန်မပေးနိုင်လောက်အောင်အထိ ပုံရိပ်၏

အချိန်ဇယားများသည် ပြည့်ကြပ်နေခဲ့သည်။


"အရိပ်..ဒီနေ့ကစပြီး..ကွန်ပျူတာနှိပ်တတ်အောင် သင်ရမယ်..."


အဖွား၏တစ်ချက်လွတ်အမိန့်နှင့်အတူ

ပုံရိပ်၏အခန်းထဲသို့ ကွန်ပျူတာစက်ကြီးရောက်လာခဲ့သည်။ဆရာ့ဆီသို့ အီးမေးလ်ပို့လို့ရတော့မည်ဟု ပျော်နေခဲ့မိသေးသည်။

သို့ပေမဲ့ ကွန်ပျူတာသင်ပြီးသည်နှင့် ပုံရိပ်လုပ်ရသောအလုပ်သည်။


ဖွားညို၏အခန်းထဲသို့ သွားပြီးစီးပွားရေးဈေးကွက်အကြောင်းတွေကို နားဆင်နေရခြင်းဖြစ်သသည်။

ကျောက်မြတ်ရတနာ ကုမ္ပဏီဖွင့်ထားသောအဖွားသည်။

မြန်မာနိုင်ငံမှထွက်သော တန်ဖိုးအကြီးဆုံးကျောက်တွေအကြောင်းရှင်းပြသည်။


"တို့ဆီမှာက စိန်၊ပတ္တမြား၊နီလာ၊ကျောက်စိမ်းနဲ့ရောင်စုံကျောက်တွေထွက်တယ်.."မြ"တော့မထွက်ဖူးသေးဘူး...မိုးကုတ်မှာအကောင်းဆုံးနဲ့ပေါပေါများများထွက်တာကတော့ ပတ္တမြားနဲ့နီလာပဲ..အဲ့ဒီ့နှစ်ခုကလည်းပိုတန်ဖိုးကြီးတယ်..."


"စိန်နဲ့ပတ္တမြားဘယ်ဟာက ပိုတန်ဖိုးကြီးလဲ..."


"စိန်ကတပွင့်ခြင်း..တကလပ်ချင်းယှဉ်ရင်တောင်ပတ္တမြားကိုမမှီဘူး...အရွယ်အစားအရတော့စိန်ကပိုကြီးတာပေါ့...

စိန်နဲ့ကျောက်စိမ်းကတော့ တန်ဖိုးချင်းယှဉ်လို့ရပါတယ်...

ကျောက်စိမ်းမှာဆို...ဗမာကျောက်စိမ်းကအရေ‌အသွေးရော ထုတ်နိုင်တဲ့အရည်အတွက်ပါကောင်းတယ်...ကျောက်စိမ်းမှာတောင်ဂျေဒိုက်က တန်ဖိုးပိုကြီးပြီးအရောင်လည်းပိုလှတယ်..."


"ကျောက်တွင်းတွေကရော အဖွားတို့ပိုင်တာလား..."


"အရင်ကတော့ ဘိုးဘေးစဉ်ဆက်၀ယ်ထားမိတဲ့ကျောက်ကွက်တွေက အခုတော့အကျိုးရှိသွား‌တာပေါ့..လေလံဆွဲပြီးအစိုးရနဲ့ဖက်ဆက်လုပ်တာတွေလည်း ရှိတယ်..သိန်း၁၀၀၀နဲ့အထပ်ဆွဲရင် ၅နှစ်လုပ်ခွင့်ရတယ်လေ...

နိုင်ငံတော်ကတော့ လုပ်ကွက်နေရာချပေးပြီးတိုင်းတာပေးတာပေါ့..ကျန်တဲ့စရိတ်ကကိုယ့်ဘာသာဆိုက်ရတာပေါ့.."


"ကျောက်စိမ်းကြတော့ရော...ကျန်တာတော့သမီးသိလည်းမသိဘူး မြင်လည်းမမြင်ဖူးဘူး..ဒါပေမဲ့ကျောက်စိမ်းလေးတွေကိုတော့စိတ်၀င်စားတယ်...ကျောက်စိမ်းလက်ပတ်လေးတွေကို သူများတွေ၀ယ်ပတ်တာတွေ့တော့ သိပ်၀တ်ချင်တာပဲ..."


"အရိပ်ကတော့လေ...အဟင်း..."


ပုံရိပ်က ကလေးအတွေးနှင့်ကိုယ်ဖြစ်ချင်တာကိုပြောမိတော့ ရတနာစိန်၊‌ကျောက်ကို 

ဇယ်တောက်တိုင်းကစားနေသော ဖွားညိုကရယ်လေသည်။

ပုံရိပ် ပခုံးတွန့်၍ အံ့ဩစွာကြည့်မိတော့

ဖွားညိုကမီးခံသေတ္တာကိုဖွင့်၍ ကျောက်စိမ်းလက်ကောက်တစ်ကွင်းထုတ်ပြီး ပုံရိပ်၏

လက်မှာ၀တ်‌ပေးလေသည်။


"ဖွားညို...ဒါကတန်ဖိုးကြီးလားဟင်..."


"သိန်း၂၀၀လောက်ပါပဲ...အရိပ်ကကျောက်စိမ်းလက်ကောက်၀တ်ချင်တယ်ဆိုရင် အဲ့ဒါလေး၀တ်ထားလိုက်...."


"ဟမ်...မယူ..မယူတော့ပါဘူး..မယူပါရစေနဲ့..."


လက်ကောက်ကို အတင်းချွတ်ပြီးအဖွား၏လက်ထဲသို့ ထိုးထည့်ပေးတော့အဖွားကမယူပဲ ပြန်၍၀တ်ပေးပြန်သည်။

အမှန်ပြောရရင် ပုံရိပ်၏လက်ဖျားတွေတောင် အေးစက်လာသည်အထိ လန့်နေမိသည်။

ပုံရိပ်၏အပေါ်မှာ သိပ်ကိုရက်ရောလွန်းနေ၍ အံ့ဩနေမိတာလည်း အမှန်ပင်။


"စိတ်သန့်သန့်နဲ့ယူပါ..အရိပ်ကအဖွားနဲ့အတူ

မနေလာခဲ့ရတော့ အခုမှမုန့်ဖိုးပေးခွင့်ရတာလေ..မုန့်ဖိုးပေးတယ်လို့ သဘောထားလိုက်ပါ..အိမ်ကဟိုမျောက်သုံးကောင်ဆိုရင်..ဒါလောက်ကိုနည်းတယ်လို့ပြောကြအုံးမှာ..အရိပ်ကိုအဖွားယုံကြည်နေမိတာကလည်း..ဒီစိတ်ကြောင့်ပဲ..အမြဲတမ်းဒီလိုစိတ်ထားကို မှန်အောင်နေ...အဖွားကအရိပ်ကိုအများကြီးထပ်ပြီး ဆုချအုံးမှာ..အခုကတော့အရိပ်ကအရမ်းငယ်သေးတယ်..အခြားသူတွေအန္တရာယ်ပြုမှာကို စိုးရိမ်မိလို့အများကြီးတော့ အဖွားဆင်မပေးချင်သေးဘူး..."


"ဟုတ်ကဲ့အဖွား...အဖွားပေးတဲ့ပစ္စည်းကို သမီးအမြတ်တနိုး..တန်ဖိုးထားပြီး၀တ်ပါ့မယ်..ကျောက်စိမ်းလက်ကောက်တစ်ကွင်းကဒီလောက်အထိ တန်ကြေးမြင့်မယ်လို့ 

သမီးမထင်ထားမိဘူးသိလား..."


"အဲ့ဒီ့ထက်အစတစ်ထောင်မကဈေးကြီးတာတွေတောင် ရှိသေးတယ်..အခုမှစပြီး၀တ်ကြည့်ရုံရှိပါသေးတယ်...နောက်ပိုင်းကြရင်ကျောက်စိမ်းတုံးတွေကိုပါ ဈေးဖြတ်တတ်အောင်သင်ရမှာ..ကျောက်စိမ်းတုံးတစ်တုံးကို 

ကျောက်ကြည့်ဓာတ်မီးနဲ့ ကြည့်တတ်အောင်ပါသင်ရမှာ..အရိပ်ရဲ့လက်ထဲမှာကျောက်သံပတ္တမြားတွေက ကူးလူးဖြတ်သန်းနေတော့မှာ..ဘယ်လိုလည်း...အဲ့အလုပ်ကိုလုပ်ချင်ရဲ့လား..."


"ရှင်!!!"


အံ့ဩလွန်းလို့ ပုံရိပ်၏မျက်း၀န်းတွေပြူးကျယ်ထွက်ကုန်သည်။ကျောက်ဆိုလျှင် လမ်းဘေးကကျောက်ခဲကိုတောင် ငုံ့မကြည့်ဖူးသောပုံရိပ်ကို ဖွားညိုပြောလိုက်သောစကားများသည် အိပ်မက်လား၊တကယ်လားဆိုတာ ကိုယ်တိုင်တောင်မခန့်မှန်း‌တတ်တော့ပေ။၁၀တန်းတောင်မအောင်သေးသောသူတစ်ယောက်ကို ကျောက်ကုန်သည်ဘ၀သို့ကူးပြောင်းခိုင်းနေခြင်းသည် ယုတ္တိမရှိသော အိပ်မက်ကိုမက်ခိုင်းနေတာနှင့်ပင်တူနေသည်။


"အဖွားတကယ်ပြောနေတာလား..."


"ဟုတ်တယ်...အဖွားတကယ်ပြောနေတာ..

အရင်တုန်းကစိတ်နဲ့သန်တုန်းမြန်တုန်းဆိုရင်..

တရုတ်ပြည်အထိပါ အဖွားကအရိပ်ကိုခေါ်သွားပေးချင်တာ...အခုတော့အဖွားလည်းကိုယ့်စိတ်တိုင်းကျလုပ်နိုင်စွမ်းမရှိတော့ဘူး...

အဖွားသိပါတယ်...အဖွားရဲ့သက်တမ်းကအများဆုံးနေရ..သုံးလေးနှစ်ပေါ့.."


"ဟာ...အဖွားရယ်အဲ့လိုမပြောပါနဲ့..သမီးကအဖွားစိတ်တိုင်းကျအကုန်လုပ်ပေးမှာပါ..

အဖွားသမီးကိုကြိုက်တာခိုင်းပါ..သမီးလုပ်ပေးပါ့မယ်..."


"အဖွားက အရိပ်ကိုဘယ်တော့မှမခိုင်းဘူး..

ခိုင်းတတ်အောင်သင်ပေးမှာ..သူများနဲ့ယှဉ်ရင်ဘယ်တော့မှနိမ့်ကျမနေရအောင်...လုပ်ပေးမှာ...မေဦးရဲ့သားသမီးတွေကတော့ သူ့အဖေနဲ့အမေရဲ့စနက်တွေကြောင့်..အဖွားကိုင်တွယ်ဆုံးမလို့မရတော့ဘူး..လက်လည်းလျှော့လိုက်ပြီ...အရိပ်ကတော့အဖွားရဲ့အရိပ်ပဲ.."


အဖွား၏အရိပ်ဆိုသော စကားသည်ပုံရိပ်ရောက်ခါစတည်းက အဖွားပြောနေကြစကားတစ်ခွန်းပင်ဖြစ်သည်။ပုံရိပ်ကိုကြည့်နေသော အဖွား၏မျက်၀န်းများသည် ကျောက်ရိုင်းတုံးတစ်တုံးကို သွေးဖို့အဆင်သင့်ဖြစ်နေဟန်ရှိ နေသည်။


ပုံရိပ်ဖွားညိုကို ယုံကြည်သည်။

သို့ပေမဲ့ ကိုယ့်ကိုကိုယ်သာ မယုံကြည်တာပါ။

အဖွားပြေးခိုင်းသလောက် ပုံရိပ်ပြေးနိုင်ပါရဲ့လား။အဖွားဖြစ်စေချင်သောအရာများသည် ပုံရိပ်ဖြစ်ချင်တာဟုတ်ပါရဲ့လား။သေချာတာကတော့ အဖွား၏အရိပ်အောက်ကနေပုံရိပ်ထွက်သွားလျှင် ပုံရိပ်သည်ရေမျှောကမ်းတင်ဘ၀သို့ရောက်ရပေလိမ့်မယ်။


🛑🛑🛑🛑🛑🛑🛑🛑🛑


ပြည်တွင်းမှကျောက်တွေကို ပြည်ပသို့ဘယ်လိုဈေးကွက်ဖြန့်ရသလဲ ပြည်တွင်းဈေးကွက်က ဘယ်လိုအနေအထားရှိတယ်ကအစ စီကာပတ်ကုံးတသီကြီးပြောပြနေ၍ 

ကိုးတန်းပြီးကာစ အလုပ်နှင့်စိမ်းသက်နေသော ပုံရိပ်သည်အဖွားပြောသော အကြောင်းအရာများကို နားထောင်နေရပေမဲ့ တခါတလေ အိပ်တောင်အိပ်ချင်သည်။


"အရိပ်...အိပ်မငိုက်ရဘူးနော်..အဖွားပြောနေတာတွေက အရိပ်သိသင့်တာတွေချည်းပဲ..

အခုကအစပျိူးထားရုံပဲရှိသေးတယ်...

လုပ်ငန်းသဘောကို သိတာနဲ့ ကွင်းဆင်းလေ့လာရတော့မှာ..."


"...အဖွားရဲ့လုပ်ငန်းတွေပုံရိပ်ကြောင့်ပျက်စီးသွားရင် ဘယ်နှယ့်လုပ်မလဲ..."


"ဟား..ဟား...အဖွားတို့ပိုင်တဲ့လုပ်ငန်းတွေကအများကြီးပဲ အရိပ်ကဘယ်နှစ်ခုကိုများဖြတ်စီးနိုင်မှာလဲ...စိတ်ချ..အရိပ်ကိုအရာအားလုံးသိနားလည်အောင် သင်ပေးပြီးမှအဖွားကလုပ်ငန်းတွေကို ဦးစီးခိုင်းမှာ..."


ရယ်ရိပ်မြူး၍ အဖွားကစကားကိုပေါ့ပေါ့လေးပြောသွားပေမဲ့ အဖွား၏လုပ်ရပ်တွေကို ပုံရိပ်လုံး၀နားမလည်နိုင်ပေ။

အဖွားမှာ မြေးတွေအများကြီးရှိပြီး သားသမီးတွေလည်းသက်ရှိထင်ရှားရှိနေပါသေးလျှက်နဲ့ ပုံရိပ်ကိုမှဘာကြောင့် ရွေးချယ်ရတာလဲ။


"ဖွားညို...လုပ်ငန်းတွေကိုဦးစီးခိုင်းဖို့ဆိုတာ ဘာကိုပြောတာလဲ..."


"တစ်နေ့နေ့တော့ သိလာပါလိမ့်မယ်..

အခုတော့ငါ့မြေးကငယ်သေးတယ်...အဖွားအကုန်မပြောချင်သေးဘူး...ဒါပေမဲ့နောက်တစ်လလောက်နေရင်...မန္တလေး၊‌ပြင်ဦးလွင်နဲ့ပုဂံကအဖွားတို့မိသားစုပိုင်ဟော်တယ်တွေကို သွားလေ့လာရမယ်...ပြီးရင်မိုးကုတ်ကကျောက်တွင်းတွေကိုပါ ကွင်းဆင်းလေ့လာရမယ်...အဲ့ဒါမှ..အောက်ခြေမှာဘယ်လိုလုပ်ကြတယ်..ကိုင်ကြတယ်ဆိုတာ ..နားလည်မှာ .."


အဖွား၏ ပလန်သည်ပုံရိပ်အတွက်ဘယ်အထိ ရေးဆွဲထားသလဲမသိပေမဲ့။ပုံရိပ်သည်အဖွားအတွက် အရေးပါသောလူတစ်ယောက်ဖြစ်နေခဲ့သည်။


"ကဲ...အခုတော့ဒီလောက်ပဲ...ယဉ်တင့်ဆီသွားလိုက်အုံး..."


"ဟုတ်ကဲ့..."


အဘွား၏အရှေ့တွင် လမ်းလျှောက်လျှင်

အိန္ဒြေရရလျှောက်ရမည်ဆို၍ ထဘီကိုညင်သာစွာ အဖျားခပ်ပြီးဆင်မယဉ်သာလမ်းလျောက်ခဲ့ရလေသည်။


"ဒုန်း..."


အဖွား၏အခန်းတံခါးကိုစေ့ပိတ်ပြီးတာနဲ့

အန်တီယဉ်တင့်ရှိနိုင်သော မီးဖိုဘက်အခန်းသို့သွားရန်ပြင်လိုက်စဉ် မမနေခြည်သည်

ပုံရိပ်၏ ပခုံးကိုဖြတ်တိုက်သွားသည်။


"အဖွားကိုကပ်ဖားပြီး အကုန်အပိုင်သိမ်းချင်တဲ့မြွေဟောက်မ..."


အနားမှကပ်ပြီးပြော‌သွားသောစကားကြောင့် ‌ပုံရိပ်၏ခန္ဓာကိုယ်ကြီးသည် မခံမရပ်နိုင်စိတ်ကြောင့် တောင့်တင်းသွားရသည်။


"ကျွန်မသာမြွေဟောက်ဆိုရင် အစ်မကိုအရင်ပေါက်မှာ...သတိတော့ထားနေ..."


"နင်ဘာပြောတယ်..."


"အဖွားကကျွန်မကိုမှာထားတယ်..အကျိုးမရှိပဲခေါင်းငုံ့မခံနဲ့တဲ့..."


"ဟဲ့...ငါကနင့်ထက်ကြီးတယ်နော်..အကြီးကိုပြန်ပြောတာ..နင်တော်တော်ရိုင်းတာပဲ..."


"အဲ့လိုပြောကြေးဆို..ပုံရိပ်ကလည်းမနေခြည်ထက်ငယ်တာပဲလေ..အငယ်ကိုလိုက်အနိုင်ကျင့်နေတာ မရှက်ဘူးလား..."


"ပုံရိပ်...နင်..."


"နေခြည်...ဘာဖြစ်နေတာလဲ..."


အပေါ်ထပ်မှဆင်းလာသော ကိုကြီးသီဟကြောင့်ပုံရိပ်အဖို့ ပိုပြီးစိတ်ညစ်သွားရသည်။

ကိုကြီးဇွဲသီဟမင်းသည် ဘွဲ့ရပြီးကာစဆရာ၀န်လောင်းဖြစ်ပြီး ဂုတ်ထောက်နေသောဆံပင်များကို အလည်ခွဲ၍ထားပြီး ပဲများကာ ခဏခဏသပ်တင်တတ်သည်။


ဆရာ၀န်ဆိုသည့် ဂုဏ်နှင့်မှမလိုက် အမြဲတမ်းဆိုင်ကယ်လ်တစ်စီးနှင့်လျှောက်လှိမ့်နေသူဖြစ်သောကြောင့် အိမ်ကပ်သည်ကရှားလေသည်။အဖွားနှင့်သိပ်မတည့်သလို သူ့မိဘများနှင့်ပါ မတည့်သောသူ့ကို မျက်နှာချင်း

ဆိုင်ပြီး စကားတစ်ခွန်းတောင်မပြောဖူးသေးပေ။


အခုချိန်မှာ သူတို့ကမောင်နှမနှစ်ယောက်ဆိုတော့ ပိုပြီးအပြောခံရတော့မှာသေချာတယ်။မနေခြည်ကတော့ သူ့အစ်ကိုဆရာ၀န်ထမင်းငတ်ကိုမြင်တာနဲ့ မျက်နှာကချက်ချင်းကို ပျော့ကျသွားလေရဲ့။


"ကိုကြီး...ဒီမှာသမီးကိုလေ...သူအနိုင်ကျင့်နေတယ်..."


သူ့အစ်ကိုလက်မောင်းကိုလှုပ်ပြီး ကလေးမသာပုံစံဖမ်းနေ၍ နှာခေါင်းရှုံ့ပစ်လိုက်မိသည်။ဘယ်လိုပဲဖြစ်ဖြစ် ပုံရိပ်ဘက်တွင်အဖွားရှိသည်ဆိုသော စိတ်နှင့်ထွက်မပြေးပဲပေတေပြီးတမင်ရပ်နေလိုက်သည်။


"သူကနင့်ကိုအနိုင်ကျင့်ရအောင်...နင်ကဘယ်နှနှစ်သမီးမို့လို့လဲ...နင့်အကြောင်းကိုငါမသိတာမှတ်လို့...အင်္ဂုလိမာလသမီး..

ရည်းစားတ‌စ်ထောင်တော့ပြည့်အောင်ထားချင်ပြီး..မွေးခါစအရွယ်လိုလာချွဲနေတယ်...

ဖယ်စမ်းပါ...ငါသွားစရာရှိတယ်..."


"အောင်မာ...ငါ့ဘက်ကလာကူသလိုလိုနဲ့...

လူကိုများပြောသွားလိုက်တာ...မကူညီပေးချင်ရင်လည်း...အစတည်းကဘာဖြစ်လဲလာမမေးနဲ့လေ....အား..စိတ်တိုလိုက်တာ.."


"အဟက်..."


"နင်ကဘာရယ်တာလဲ..."


ပြောင်လက်နေသောဂျာကင်အနက်ရောင်နှင့်ဂျင်းဘောင်းဂျီအနက်ကို၀တ်ထားပြီး

ဆိုင်ကယ်လ်သော့ဆွဲ၍ထွက်သွားသော

ကိုကြီးသီဟကိုကြိမ်ဆဲနေသည့် မနေခြည်ကိုကြည့်၍ ရယ်မိတော့ မျက်စောင်းကပုံရိပ်ဘက်သို့ထိုးလာပြန်သည်။


ဘယ်ရမလဲ။ခေါင်းမော့ ရင်ကော့ပြီးသူ့အရှေ့ကနေထွက်လာလိုက်သည်။အန်တီမေဦးကိုတော့ ဒီလိုပြန်အရွဲ့မတိုက်ရဲပေမဲ့ သူ့သား၊သမီးတွေကိုတော့ ပုံရိပ်အရှုံးမပေးချင်ပေ။

လူဆိုတာ နိုင်မှန်းသိရင်ပိုအနိုင့်ကျင့်တတ်ကြပြီး ပြန်တုန့်ပြန်ရင်လည်းရှိုင်းတယ်ဟုသတ်မှတ်တတ်ကြသည်။

ဒီအိမ်ထဲမှာတော့ ပုံရိပ်ကသမင်ဖြစ်လိုက်၊ကျားဖြစ်လိုက်ပေါ့။



🔥ဆူးကြိုး...🔥အခန်း(၃၆)🔥  ဒုတိယပိုင်းဆက်ဖတ်ရန်

========================================================================


🌹ဆူးႀကိဳး🌹အခန္း(၃၆)ပထမပိုင္း


အျခားေက်ာင္းသားမ်ားအတြက္ေတာ့ ေနြရာသီအားလပ္ရပ္ဆိုတာ  ေပ်ာ္စရာသိပ္ေကာင္းမွာပဲ။ဒါေပမဲ့ ပံုရိပ္အတြက္ကေတာ့ ငရဲတြင္းထဲကို စတင္ခုန္ဆင္းရေသာ အခ်ိန္ကာလတစ္ခု ျဖစ္‌‌ေနသည္။


တျဖည္းျဖည္းနဲ႔အဖြားရဲ့ရည္ရြယ္ခ်က္ေတြကိုလည္း သိလာခဲ့ရတယ္။သူမ်ားထမင္းလုပ္ကို အလကားဘယ္ေတာ့မွစားလို႔မရဘူးဆိုေသာ အခ်က္ကိုလည္းနားလည္လာခဲ့ပါၿပီ။


ပံုရိပ္၏ေနြရာသီအားလပ္ရက္ဟာ ပံုရိပ္မထင္ထားေလာက္ေအာင္ ခက္ခဲေနခဲ့တယ္။ႏွစ္ဆယ့္ေလးနာရီေတာင္ မေလာက္ငွေအာင္အထိ အလုပ္ရႈပ္ရသၫ့္ ခံစားခ်က္ကို ခံစားဖူးေလၿပီ။


သင္ယူစရာေတြႏွင့္သာအခ်ိန္တိုင္း လံုးပန္းေနရ၍ ထမင္း၊ဟင္းဆိုတာ ပါးစပ္ထဲသာေရာက္သြားၿပီး ဘာအရသာမွန္းပင္မသိေလာက္ေအာင္အထိ စားဖို႔၊ေသာက္ဖို႔ကို အာရံုမေရာက္ႏိုင္ေတာ့ေပ။


ယခင္ကအလုပ္လုပ္ခ်င္သည္ဟု ညည္းတြားမိေသာပံုရိပ္သည္ တကယ္အလုပ္လုပ္ရေသာအခါ ခႏၶာကိုယ္ကိုေတာင္ႏွစ္ကိုယ္ခဲြ၍ထားခ်င္မိသည္။

ရန္ကုန္က ေဒၚေလးႏွင့္ဆရာ့ကိုပင္လြမ္းဖို႔အခ်ိန္မေပးႏိုင္ေလာက္ေအာင္အထိ ပံုရိပ္၏

အခ်ိန္ဇယားမ်ားသည္ ျပၫ့္ၾကပ္ေနခဲ့သည္။


"အရိပ္..ဒီေန့ကစၿပီး..ကြန္ပ်ူတာႏိွပ္တတ္ေအာင္ သင္ရမယ္..."


အဖြား၏တစ္ခ်က္လြတ္အမိန႔္ႏွင့္အတူ

ပံုရိပ္၏အခန္းထဲသို႔ ကြန္ပ်ူတာစက္ႀကီးေရာက္လာခဲ့သည္။ဆရာ့ဆီသို႔ အီးေမးလ္ပို႔လို႔ရေတာ့မည္ဟု ေပ်ာ္ေနခဲ့မိေသးသည္။

သို႔ေပမဲ့ ကြန္ပ်ူတာသင္ၿပီးသည္ႏွင့္ ပံုရိပ္လုပ္ရေသာအလုပ္သည္။


ဖြားညို၏အခန္းထဲသို႔ သြားၿပီးစီးပြားေရးေဈးကြက္အေၾကာင္းေတြကို နားဆင္ေနရျခင္းျဖစ္သသည္။

ေက်ာက္ျမတ္ရတနာ ကုမၸဏီဖြင့္ထားေသာအဖြားသည္။

ျမန္မာႏိုင္ငံမွထြက္ေသာ တန္ဖိုးအႀကီးဆံုးေက်ာက္ေတြအေၾကာင္းရွင္းျပသည္။


"တို႔ဆီမွာက စိန္၊ပႂတၲမား၊နီလာ၊ေက်ာက္စိမ္းနဲ႔ေရာင္စံုေက်ာက္ေတြထြက္တယ္.."ျမ"ေတာ့မထြက္ဖူးေသးဘူး...မိုးကုတ္မွာအေကာင္းဆံုးနဲ႔ေပါေပါမ်ားမ်ားထြက္တာကေတာ့ ပႂတၲမားနဲ႔နီလာပဲ..အဲ့ဒီ့ႏွစ္ခုကလည္းပိုတန္ဖိုးႀကီးတယ္..."


"စိန္နဲ႔ပႂတၲမားဘယ္ဟာက ပိုတန္ဖိုးႀကီးလဲ..."


"စိန္ကတပြင့္ျခင္း..တကလပ္ခ်င္းယွဉ္ရင္ေတာင္ပႂတၲမားကိုမမွီဘူး...အရြယ္အစားအရေတာ့စိန္ကပိုႀကီးတာေပါ့...

စိန္နဲ႔ေက်ာက္စိမ္းကေတာ့ တန္ဖိုးခ်င္းယွဉ္လို႔ရပါတယ္...

ေက်ာက္စိမ္းမွာဆို...ဗမာေက်ာက္စိမ္းကအေရ‌အေသြးေရာ ထုတ္ႏိုင္တဲ့အရည္အတြက္ပါေကာင္းတယ္...ေက်ာက္စိမ္းမွာေတာင္ေဂ်ဒိုက္က တန္ဖိုးပိုႀကီးၿပီးအေရာင္လည္းပိုလွတယ္..."


"ေက်ာက္တြင္းေတြကေရာ အဖြားတို႔ပိုင္တာလား..."


"အရင္ကေတာ့ ဘိုးေဘးစဉ္ဆက္၀ယ္ထားမိတဲ့ေက်ာက္ကြက္ေတြက အခုေတာ့အက်ိဳးရိွသြား‌တာေပါ့..ေလလံဆဲြၿပီးအစိုးရနဲ႔ဖက္ဆက္လုပ္တာေတြလည္း ရိွတယ္..သိန္း၁၀၀၀နဲ႔အထပ္ဆဲြရင္ ၅ႏွစ္လုပ္ခြင့္ရတယ္ေလ...

ႏိုင္ငံေတာ္ကေတာ့ လုပ္ကြက္ေနရာခ်ေပးၿပီးတိုင္းတာေပးတာေပါ့..က်န္တဲ့စရိတ္ကကိုယ့္ဘာသာဆိုက္ရတာေပါ့.."


"ေက်ာက္စိမ္းၾကေတာ့ေရာ...က်န္တာေတာ့သမီးသိလည္းမသိဘူး ျမင္လည္းမျမင္ဖူးဘူး..ဒါေပမဲ့ေက်ာက္စိမ္းေလးေတြကိုေတာ့စိတ္၀င္စားတယ္...ေက်ာက္စိမ္းလက္ပတ္ေလးေတြကို သူမ်ားေတြ၀ယ္ပတ္တာေတြ့ေတာ့ သိပ္၀တ္ခ်င္တာပဲ..."


"အရိပ္ကေတာ့ေလ...အဟင္း..."


ပံုရိပ္က ကေလးအေတြးႏွင့္ကိုယ္ျဖစ္ခ်င္တာကိုေျပာမိေတာ့ ရတနာစိန္၊‌ေက်ာက္ကို 

ဇယ္ေတာက္တိုင္းကစားေနေသာ ဖြားညိုကရယ္ေလသည္။

ပံုရိပ္ ပခံုးတြန႔္၍ အံ့ဩစြာၾကၫ့္မိေတာ့

ဖြားညိုကမီးခံေသတၲာကိုဖြင့္၍ ေက်ာက္စိမ္းလက္ေကာက္တစ္ကြင္းထုတ္ၿပီး ပံုရိပ္၏

လက္မွာ၀တ္‌ေပးေလသည္။


"ဖြားညို...ဒါကတန္ဖိုးႀကီးလားဟင္..."


"သိန္း၂၀၀ေလာက္ပါပဲ...အရိပ္ကေက်ာက္စိမ္းလက္ေကာက္၀တ္ခ်င္တယ္ဆိုရင္ အဲ့ဒါေလး၀တ္ထားလိုက္...."


"ဟမ္...မယူ..မယူေတာ့ပါဘူး..မယူပါရေစနဲ႔..."


လက္ေကာက္ကို အတင္းခၽြတ္ၿပီးအဖြား၏လက္ထဲသို႔ ထိုးထၫ့္ေပးေတာ့အဖြားကမယူပဲ ျပန္၍၀တ္ေပးျပန္သည္။

အမွန္ေျပာရရင္ ပံုရိပ္၏လက္ဖ်ားေတြေတာင္ ေအးစက္လာသည္အထိ လန႔္ေနမိသည္။

ပံုရိပ္၏အေပၚမွာ သိပ္ကိုရက္ေရာလြန္းေန၍ အံ့ဩေနမိတာလည္း အမွန္ပင္။


"စိတ္သန႔္သန႔္နဲ႔ယူပါ..အရိပ္ကအဖြားနဲ႔အတူ

မေနလာခဲ့ရေတာ့ အခုမွမုန႔္ဖိုးေပးခြင့္ရတာေလ..မုန႔္ဖိုးေပးတယ္လို႔ သေဘာထားလိုက္ပါ..အိမ္ကဟိုေမ်ာက္သံုးေကာင္ဆိုရင္..ဒါေလာက္ကိုနည္းတယ္လို႔ေျပာၾကအံုးမွာ..အရိပ္ကိုအဖြားယံုၾကည္ေနမိတာကလည္း..ဒီစိတ္ေၾကာင့္ပဲ..အၿမဲတမ္းဒီလိုစိတ္ထားကို မွန္ေအာင္ေန...အဖြားကအရိပ္ကိုအမ်ားႀကီးထပ္ၿပီး ဆုခ်အံုးမွာ..အခုကေတာ့အရိပ္ကအရမ္းငယ္ေသးတယ္..အျခားသူေတြအႏၲရာယ္ျပဳမွာကို စိုးရိမ္မိလို႔အမ်ားႀကီးေတာ့ အဖြားဆင္မေပးခ်င္ေသးဘူး..."


"ဟုတ္ကဲ့အဖြား...အဖြားေပးတဲ့ပစၥည္းကို သမီးအျမတ္တႏိုး..တန္ဖိုးထားၿပီး၀တ္ပါ့မယ္..ေက်ာက္စိမ္းလက္ေကာက္တစ္ကြင္းကဒီေလာက္အထိ တန္ေၾကးျမင့္မယ္လို႔ 

သမီးမထင္ထားမိဘူးသိလား..."


"အဲ့ဒီ့ထက္အစတစ္ေထာင္မကေဈးႀကီးတာေတြေတာင္ ရိွေသးတယ္..အခုမွစၿပီး၀တ္ၾကၫ့္ရံုရိွပါေသးတယ္...ေနာက္ပိုင္းၾကရင္ေက်ာက္စိမ္းတံုးေတြကိုပါ ေဈးျဖတ္တတ္ေအာင္သင္ရမွာ..ေက်ာက္စိမ္းတံုးတစ္တံုးကို 

ေက်ာက္ၾကၫ့္ဓာတ္မီးနဲ႔ ၾကၫ့္တတ္ေအာင္ပါသင္ရမွာ..အရိပ္ရဲ့လက္ထဲမွာေက်ာက္သံပႂတၲမားေတြက ကူးလူးျဖတ္သန္းေနေတာ့မွာ..ဘယ္လိုလည္း...အဲ့အလုပ္ကိုလုပ္ခ်င္ရဲ့လား..."


"ရွင္!!!"


အံ့ဩလြန္းလို႔ ပံုရိပ္၏မ်က္း၀န္းေတျြပဴးက်ယ္ထြက္ကုန္သည္။ေက်ာက္ဆိုလ်ွင္ လမ္းေဘးကေက်ာက္ခဲကိုေတာင္ ငံု႔မၾကၫ့္ဖူးေသာပံုရိပ္ကို ဖြားညိုေျပာလိုက္ေသာစကားမ်ားသည္ အိပ္မက္လား၊တကယ္လားဆိုတာ ကိုယ္တိုင္ေတာင္မခန႔္မွန္း‌တတ္ေတာ့ေပ။၁၀တန္းေတာင္မေအာင္ေသးေသာသူတစ္ေယာက္ကို ေက်ာက္ကုန္သည္ဘ၀သို႔ကူးေျပာင္းခိုင္းေနျခင္းသည္ ယုတၲိမရိွေသာ အိပ္မက္ကိုမက္ခိုင္းေနတာႏွင့္ပင္တူေနသည္။


"အဖြားတကယ္ေျပာေနတာလား..."


"ဟုတ္တယ္...အဖြားတကယ္ေျပာေနတာ..

အရင္တုန္းကစိတ္နဲ႔သန္တုန္းျမန္တုန္းဆိုရင္..

တရုတ္ျပည္အထိပါ အဖြားကအရိပ္ကိုေခၚသြားေပးခ်င္တာ...အခုေတာ့အဖြားလည္းကိုယ့္စိတ္တိုင္းက်လုပ္ႏိုင္စြမ္းမရိွေတာ့ဘူး...

အဖြားသိပါတယ္...အဖြားရဲ့သက္တမ္းကအမ်ားဆံုးေနရ..သံုးေလးႏွစ္ေပါ့.."


"ဟာ...အဖြားရယ္အဲ့လိုမေျပာပါနဲ႔..သမီးကအဖြားစိတ္တိုင္းက်အကုန္လုပ္ေပးမွာပါ..

အဖြားသမီးကိုႀကိဳက္တာခိုင္းပါ..သမီးလုပ္ေပးပါ့မယ္..."


"အဖြားက အရိပ္ကိုဘယ္ေတာ့မွမခိုင္းဘူး..

ခိုင္းတတ္ေအာင္သင္ေပးမွာ..သူမ်ားနဲ႔ယွဉ္ရင္ဘယ္ေတာ့မွနိမ့္က်မေနရေအာင္...လုပ္ေပးမွာ...ေမဦးရဲ့သားသမီးေတြကေတာ့ သူ႔အေဖနဲ႔အေမရဲ့စနက္ေတြေၾကာင့္..အဖြားကိုင္တြယ္ဆံုးမလို႔မရေတာ့ဘူး..လက္လည္းေလ်ွာ့လိုက္ၿပီ...အရိပ္ကေတာ့အဖြားရဲ့အရိပ္ပဲ.."


အဖြား၏အရိပ္ဆိုေသာ စကားသည္ပံုရိပ္ေရာက္ခါစတည္းက အဖြားေျပာေနၾကစကားတစ္ခြန္းပင္ျဖစ္သည္။ပံုရိပ္ကိုၾကၫ့္ေနေသာ အဖြား၏မ်က္၀န္းမ်ားသည္ ေက်ာက္ရိုင္းတံုးတစ္တံုးကို ေသြးဖို႔အဆင္သင့္ျဖစ္ေနဟန္ရိွ ေနသည္။


ပံုရိပ္ဖြားညိုကို ယံုၾကည္သည္။

သို႔ေပမဲ့ ကိုယ့္ကိုကိုယ္သာ မယံုၾကည္တာပါ။

အဖြားေျပးခိုင္းသေလာက္ ပံုရိပ္ေျပးႏိုင္ပါရဲ့လား။အဖြားျဖစ္ေစခ်င္ေသာအရာမ်ားသည္ ပံုရိပ္ျဖစ္ခ်င္တာဟုတ္ပါရဲ့လား။ေသခ်ာတာကေတာ့ အဖြား၏အရိပ္ေအာက္ကေနပံုရိပ္ထြက္သြားလ်ွင္ ပံုရိပ္သည္ေရေမ်ွာကမ္းတင္ဘ၀သို႔ေရာက္ရေပလိမ့္မယ္။


🛑🛑🛑🛑🛑🛑🛑🛑🛑


ျပည္တြင္းမွေက်ာက္ေတြကို ျပည္ပသို႔ဘယ္လိုေဈးကြက္ျဖန႔္ရသလဲ ျပည္တြင္းေဈးကြက္က ဘယ္လိုအေနအထားရိွတယ္ကအစ စီကာပတ္ကံုးတသီႀကီးေျပာျပေန၍ 

ကိုးတန္းၿပီးကာစ အလုပ္ႏွင့္စိမ္းသက္ေနေသာ ပံုရိပ္သည္အဖြားေျပာေသာ အေၾကာင္းအရာမ်ားကို နားေထာင္ေနရေပမဲ့ တခါတေလ အိပ္ေတာင္အိပ္ခ်င္သည္။


"အရိပ္...အိပ္မငိုက္ရဘူးေနာ္..အဖြားေျပာေနတာေတြက အရိပ္သိသင့္တာေတြခ်ည္းပဲ..

အခုကအစပ်ိူးထားရံုပဲရိွေသးတယ္...

လုပ္ငန္းသေဘာကို သိတာနဲ႔ ကြင္းဆင္းေလ့လာရေတာ့မွာ..."


"...အဖြားရဲ့လုပ္ငန္းေတြပံုရိပ္ေၾကာင့္ပ်က္စီးသြားရင္ ဘယ္ႏွယ့္လုပ္မလဲ..."


"ဟား..ဟား...အဖြားတို႔ပိုင္တဲ့လုပ္ငန္းေတြကအမ်ားႀကီးပဲ အရိပ္ကဘယ္ႏွစ္ခုကိုမ်ားျဖတ္စီးႏိုင္မွာလဲ...စိတ္ခ်..အရိပ္ကိုအရာအားလံုးသိနားလည္ေအာင္ သင္ေပးၿပီးမွအဖြားကလုပ္ငန္းေတြကို ဦးစီးခိုင္းမွာ..."


ရယ္ရိပ္ျမဴး၍ အဖြားကစကားကိုေပါ့ေပါ့ေလးေျပာသြားေပမဲ့ အဖြား၏လုပ္ရပ္ေတြကို ပံုရိပ္လံုး၀နားမလည္ႏိုင္ေပ။

အဖြားမွာ ေျမးေတြအမ်ားႀကီးရိွၿပီး သားသမီးေတြလည္းသက္ရိွထင္ရွားရိွေနပါေသးလ်ွက္နဲ႔ ပံုရိပ္ကိုမွဘာေၾကာင့္ ေရြးခ်ယ္ရတာလဲ။


"ဖြားညို...လုပ္ငန္းေတြကိုဦးစီးခိုင္းဖို႔ဆိုတာ ဘာကိုေျပာတာလဲ..."


"တစ္ေန့ေန့ေတာ့ သိလာပါလိမ့္မယ္..

အခုေတာ့ငါ့ေျမးကငယ္ေသးတယ္...အဖြားအကုန္မေျပာခ်င္ေသးဘူး...ဒါေပမဲ့ေနာက္တစ္လေလာက္ေနရင္...မႏၲေလး၊‌ျပင္ၪီးလြင္နဲ႔ပုဂံကအဖြားတို႔မိသားစုပိုင္ေဟာ္တယ္ေတြကို သြားေလ့လာရမယ္...ၿပီးရင္မိုးကုတ္ကေက်ာက္တြင္းေတြကိုပါ ကြင္းဆင္းေလ့လာရမယ္...အဲ့ဒါမွ..ေအာက္ေျခမွာဘယ္လိုလုပ္ၾကတယ္..ကိုင္ၾကတယ္ဆိုတာ ..နားလည္မွာ .."


အဖြား၏ ပလန္သည္ပံုရိပ္အတြက္ဘယ္အထိ ေရးဆဲြထားသလဲမသိေပမဲ့။ပံုရိပ္သည္အဖြားအတြက္ အေရးပါေသာလူတစ္ေယာက္ျဖစ္ေနခဲ့သည္။


"ကဲ...အခုေတာ့ဒီေလာက္ပဲ...ယဉ္တင့္ဆီသြားလိုက္အံုး..."


"ဟုတ္ကဲ့..."


အဘြား၏အေရ႔ွတြင္ လမ္းေလ်ွာက္လ်ွင္

အိႁႏၵေရရေလ်ွာက္ရမည္ဆို၍ ထဘီကိုညင္သာစြာ အဖ်ားခပ္ၿပီးဆင္မယဉ္သာလမ္းေလ်ာက္ခဲ့ရေလသည္။


"ဒုန္း..."


အဖြား၏အခန္းတံခါးကိုေစ့ပိတ္ၿပီးတာနဲ႔

အန္တီယဉ္တင့္ရိွႏိုင္ေသာ မီးဖိုဘက္အခန္းသို႔သြားရန္ျပင္လိုက္စဉ္ မမေနျခည္သည္

ပံုရိပ္၏ ပခံုးကိုျဖတ္တိုက္သြားသည္။


"အဖြားကိုကပ္ဖားၿပီး အကုန္အပိုင္သိမ္းခ်င္တဲ့ႁမြေဟာက္မ..."


အနားမွကပ္ၿပီးေျပာ‌သြားေသာစကားေၾကာင့္ ‌ပံုရိပ္၏ခႏၶာကိုယ္ႀကီးသည္ မခံမရပ္ႏိုင္စိတ္ေၾကာင့္ ေတာင့္တင္းသြားရသည္။


"ကၽြန္မသာႁမြေဟာက္ဆိုရင္ အစ္မကိုအရင္ေပါက္မွာ...သတိေတာ့ထားေန..."


"နင္ဘာေျပာတယ္..."


"အဖြားကကၽြန္မကိုမွာထားတယ္..အက်ိဳးမရိွပဲေခါင္းငံု႔မခံနဲ႔တဲ့..."


"ဟဲ့...ငါကနင့္ထက္ႀကီးတယ္ေနာ္..အႀကီးကိုျပန္ေျပာတာ..နင္ေတာ္ေတာ္ရိုင္းတာပဲ..."


"အဲ့လိုေျပာေၾကးဆို..ပံုရိပ္ကလည္းမေနျခည္ထက္ငယ္တာပဲေလ..အငယ္ကိုလိုက္အႏိုင္က်င့္ေနတာ မရွက္ဘူးလား..."


"ပံုရိပ္...နင္..."


"ေနျခည္...ဘာျဖစ္ေနတာလဲ..."


အေပၚထပ္မွဆင္းလာေသာ ကိုႀကီးသီဟေၾကာင့္ပံုရိပ္အဖို႔ ပိုၿပီးစိတ္ညစ္သြားရသည္။

ကိုႀကီးဇဲြသီဟမင္းသည္ ဘဲြ႔ရၿပီးကာစဆရာ၀န္ေလာင္းျဖစ္ၿပီး ဂုတ္ေထာက္ေနေသာဆံပင္မ်ားကို အလည္ခဲြ၍ထားၿပီး ပဲမ်ားကာ ခဏခဏသပ္တင္တတ္သည္။


ဆရာ၀န္ဆိုသည့္ ဂုဏ္ႏွင့္မွမလိုက္ အၿမဲတမ္းဆိုင္ကယ္လ္တစ္စီးႏွင့္ေလ်ွာက္လိွမ့္ေနသူျဖစ္ေသာေၾကာင့္ အိမ္ကပ္သည္ကရွားေလသည္။အဖြားႏွင့္သိပ္မတၫ့္သလို သူ႔မိဘမ်ားႏွင့္ပါ မတၫ့္ေသာသူ႔ကို မ်က္ႏွာခ်င္း

ဆိုင္ၿပီး စကားတစ္ခြန္းေတာင္မေျပာဖူးေသးေပ။


အခုခ်ိန္မွာ သူတို႔ကေမာင္ႏွမႏွစ္ေယာက္ဆိုေတာ့ ပိုၿပီးအေျပာခံရေတာ့မွာေသခ်ာတယ္။မေနျခည္ကေတာ့ သူ႔အစ္ကိုဆရာ၀န္ထမင္းငတ္ကိုျမင္တာနဲ႔ မ်က္ႏွာကခ်က္ခ်င္းကို ေပ်ာ့က်သြားေလရဲ့။


"ကိုႀကီး...ဒီမွာသမီးကိုေလ...သူအႏိုင္က်င့္ေနတယ္..."


သူ႔အစ္ကိုလက္ေမာင္းကိုလႈပ္ၿပီး ကေလးမသာပံုစံဖမ္းေန၍ ႏွာေခါင္းရႈံ႔ပစ္လိုက္မိသည္။ဘယ္လိုပဲျဖစ္ျဖစ္ ပံုရိပ္ဘက္တြင္အဖြားရိွသည္ဆိုေသာ စိတ္ႏွင့္ထြက္မေျပးပဲေပေတၿပီးတမင္ရပ္ေနလိုက္သည္။


"သူကနင့္ကိုအႏိုင္က်င့္ရေအာင္...နင္ကဘယ္ႏွႏွစ္သမီးမို႔လို႔လဲ...နင့္အေၾကာင္းကိုငါမသိတာမွတ္လို႔...အဂၤုလိမာလသမီး..

ရည္းစားတ‌စ္ေထာင္ေတာ့ျပၫ့္ေအာင္ထားခ်င္ၿပီး..ေမြးခါစအရြယ္လိုလာခၽဲြေနတယ္...

ဖယ္စမ္းပါ...ငါသြားစရာရိွတယ္..."


"ေအာင္မာ...ငါ့ဘက္ကလာကူသလိုလိုနဲ႔...

လူကိုမ်ားေျပာသြားလိုက္တာ...မကူညီေပးခ်င္ရင္လည္း...အစတည္းကဘာျဖစ္လဲလာမေမးနဲ႔ေလ....အား..စိတ္တိုလိုက္တာ.."


"အဟက္..."


"နင္ကဘာရယ္တာလဲ..."


ေျပာင္လက္ေနေသာဂ်ာကင္အနက္ေရာင္ႏွင့္ဂ်င္းေဘာင္းဂ်ီအနက္ကို၀တ္ထားၿပီး

ဆိုင္ကယ္လ္ေသာ့ဆဲြ၍ထြက္သြားေသာ

ကိုႀကီးသီဟကိုႀကိမ္ဆဲေနသၫ့္ မေနျခည္ကိုၾကၫ့္၍ ရယ္မိေတာ့ မ်က္ေစာင္းကပံုရိပ္ဘက္သို႔ထိုးလာျပန္သည္။


ဘယ္ရမလဲ။ေခါင္းေမာ့ ရင္ေကာ့ၿပီးသူ႔အေရ႔ွကေနထြက္လာလိုက္သည္။အန္တီေမဦးကိုေတာ့ ဒီလိုျပန္အရဲြ႔မတိုက္ရဲေပမဲ့ သူ႔သား၊သမီးေတြကိုေတာ့ ပံုရိပ္အရႈံးမေပးခ်င္ေပ။

လူဆိုတာ ႏိုင္မွန္းသိရင္ပိုအႏိုင့္က်င့္တတ္ၾကၿပီး ျပန္တုန႔္ျပန္ရင္လည္းရိႈင္းတယ္ဟုသတ္မွတ္တတ္ၾကသည္။

ဒီအိမ္ထဲမွာေတာ့ ပံုရိပ္ကသမင္ျဖစ္လိုက္၊က်ားျဖစ္လိုက္ေပါ့။


🔥ဆူးႀကိဳး...🔥အခန္း(၃၆)🔥  ဒုတိယပိုင္းဆက္ဖတ္ရန္

No comments:

Post a Comment